ဘယ်သူက အန္တိမလို့ ပြောဆိုရဲမှာလဲ
Vol. 159 Ch. 2385
ယန်ကျစ်သည် နတ်မိမယ်ခရမ်းရောင်မြစ် သေဆုံးသွားသည်ကို တွေ့မြင်ချိန်မှာ ဘာမှမတတ်နိုင်ပေ။
သူက ငရဲမီး၏ သက်ရောက်မှုမှာ သူ့ကိုယ်သူသာ အနိုင်နိုင်ခုခံကာကွယ်နေရသည်။
ဝေါ....
တရုန်းရုန်းထကြွနေသောသွေးချီသံက ယန်ကျစ်၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ဆူနာမီတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
သို့သော်လည်း သူသည် ငရဲမီး၏ သက်ရောက်မှုကို သူ၏ သွေးချီသက်သက်ဖြင့် မဖိနှိမ်နိုင်ပေ။
ယန်ကျစ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုကို ကြိတ်မှိတ်ခံစားရင်း သူ၏ သွေးချီကို အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။
သူ၏ နောက်ဘက်မှာ သရဖူ ၉ခုဆောင်းထားသော မြင့်မားသည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။
သူက အင်္ကျီလက်အိုးကျယ်သော ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး မတ်မတ်ထိုင်နေ၏။ သူက နှလုံးထိုးဖောက်ချိတ်ဆူးနှင့် အလွန်တရာဆင်တူသည့် လက်နက်တစ်ခုကို ကိုင်ဆွဲထား၏။
သူ၏ နောက်ဘက်မှာ သွေးများပေစွန်းနေသော ဧရာမခေါင်းဖြတ်စက်တစ်ခုလည်းရှိနေသည်။
ထို့ပုံရိပ်ဆင်းသက်လာပြီးနောက် အဲဒါသည် မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့် ပြည့်နှက်နေ၏။ အဲဒါက ထိုနေရာမှာ ထိုင်နေသော်လည်း သူက အန္တိမစွမ်းပကားတစ်ခုကို ထုတ်ဖော်ထား၏။
အဲဒါသည် ယန်ကျစ်၏ မျိုးဆက်သွေးနယ်မြေ ဒဏ္ဍာရီလာ ယမမင်းဖြစ်၏။
ယမမင်း၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည့်ခဏမှာပင် ကောင်းကင်က မှောင်မည်းသွားပြီး ယန်ကျစ်၏ ခန္ဓာကိုယ်ထဲရှိ ငရဲမီးက လုံးလုံးလျားလျား ဖိနှိမ်ခံလိုက်ရ၏။ အဲဒါက တဖျပ်ဖျပ်ဖြစ်၍ အချိန်မရွေးငြိမ်းသေသွားနိုင်သည့်ပုံပင်။
သူ့မျိုးဆက်သွေးနယ်မြေ၏ အကူအညီနှင့်အတူ ယန်ကျစ်၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး သူကအော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက ငါ့ထက်သာလွန်ကောင်းသာလွန်လိမ့်မယ်... ဒါပေမဲ့ မင်းက အန္တိမပကတိမိစ္ဆာတစ်ဦးကို သတ်ဖြတ်နိုင်မယ်လို့တွေးနေရင်တော့ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”
“အဲလိုလား”
သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
ရုတ်တရက်သူက သူ၏ ပါးစပ်ကိုဖွင့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။
ရွှစ်...
ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ အဆုံးမဲ့စီးကြောင်းတစ်ခုက အစိုင်အခဲဖွဲ့လုနီးပါးပုံစံဖြင့် သိုင်းတာအိုပင်မခန္ဓာထံသို့ တလိပ်လိပ်တိုးဝင်လာ၏။
သူ၏ တာအိုခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းမှော်စာလုံးများက တောက်ပလာပြီး သူ၏ အသားများက လျင်မြန်စွာကြီးထွားလာ၏။
အသက်ရှုချိန်အနည်းငယ်မျှမှာ သိုင်းတာအိုပင်မခန္ဓာက သူ၏ အသားများကို ပြန်လည်ရရှိလာခဲ့ပြီး သူက အသစ်စက်စက်ခရမ်းရောင်ဝတ်စုံတစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်၏။
ယန်ကျစ်၏ အမူအရာက ပြောင်းလဲသွား၏။
ကပ်ဘေးဆင်းသက်ခြင်းအပြီး၌ အထီးကျန်သိုင်းသခင်သည် များစွာအားနည်းသွားချင်မှ အားနည်းသွားလိမ့်မည်ဖြစ်ပြီး ထိုအစား သူကပို၍ပင် သန်မာလာပုံရသည်ကို ယန်ကျစ်က ရုတ်တရက်နားလည်သိရှိလိုက်၏။
ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသည့် ဒသမမြောက်ကပ်ဘေးသည် ဤလူ၏ အခြေခံအုတ်မြစ်ကို အပြင်းအထန်မထိခိုက်စေခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးက လည်ပတ်လာပြီး ၎င်း၏ အကန့်သတ်ထိ ချက်ချင်းပင်မြှင့်တင်လိုက်၏။
သူသည် ကောင်းကင်ဘုံကပ်ဘေး၉ခုထဲမှ ၉ခုကို တွေ့ကြုံဖြတ်ကျော်ခဲ့စဥ် သူသည် သူ၏မျိုးဆက်သွေးနယ်မြေ.. ကောင်းကင်နှင့်မြေကြီးမီးဖိုကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်၏။
ကြားကာလက တိုတောင်းလွန်းပြီး သူ့အနေဖြင့်အဲဒါကို တစ်ဖန်ပြန်လည်မထုတ်ဖော်နိုင်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ ဧရာမသက်ရှိတစ်ကောင်က ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။ ၎င်းက ချစ်ချစ်တောက်ပူလောင်၍နီရဲနေသော ချော်ရည်များဖြင့်လွှမ်းခြုံနေပြီး နဂါးဖီးနစ်တစ်ကောင်နှင့်ဆင်တူနေ၏။
၎င်းမှာ နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် ဖီးနစ်၏ အမြီးပါရှိပြီး ၎င်း၏ အောက်ဘက်မှာရှိသော လက်သည်းများက ကြောက်စရာကောင်း၍ စူးရှနေကာ အသက်ဝင်နေ၏။
ထိုသတ္တဝါ၏ နောက်ကျောပေါ်မှာ မီးတောက်များဖြင့်နီရဲနေသည့် တောင်ပံတစ်စုံပါရှိလေသည်။ ၎င်းက တောင်ပံများကို ညင်သာစွာတဖျပ်ဖျပ်ခတ်ပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။
ထိုသတ္တဝါက ပုရွက်ဆိတ်တစ်ကောင်ကိုကြည့်နေသည့်အလား အေးစက်နေသောအကြည့်ဖြင့် ယန်ကျစ်ကိုငုံ့ကြည့်နေ၏။
ဘာကြောင့်ရယ်မသိ ယန်ကျစ်သည် သူ၏ ဝိညာဥ်အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည့်အကြောက်တရားကို ခံစားလာရပြီး သူ၏ မျိုးဆက်သွေးကပင် တဖြည်းဖြည်းငြိမ်သက်လာခဲ့၏။
“ဒါက...”
ဒဏ္ဍာရီတစ်ခုက ယန်ကျစ်၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာပြီး သူ၏ အမူအရာကပြောင်းလဲသွားကာ အံ့အားတသင့်ပြောဆိုလိုက်၏။
“တဗူးနဂါးဖီးနစ်ပဲ”
အဲဒါသည် မျိုးဆက်သွေးနယ်မြေ တဗူးနဂါးဖီးနစ်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို အရည်ဖျော်ချပေါင်းစည်းခဲ့ပြီးနောက် သူသည် နဂါးဖီးနစ်မျိုးဆက်သွေးကိုလည်း ဆက်ခံရရှိခဲ့ကာ ဤမျိုးဆက်သွေးနယ်မြေကို ကျွမ်းကျင်တတ်မြောက်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
သို့သော်လည်း သူ့မှာ ကောင်းကင်နှင့်မြေကြီးမီးဖိုကဲ့သို့ ပို၍ပင်သန်မာသော မျိုးဆက်သွေးနယ်မြေတစ်ခုရှိနေပြီး သူက နဂါးဖီးနစ်မျိုးဆက်သွေးနယ်မြေကို အသုံးပြုမှု မရှိသလောက်နီးပါးပင်။
ယခု... ယန်ကျစ်၏ မျိုးဆက်သွေးနယ်မြေနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက တဗူးနဂါးဖီးနစ်ကို ဆင့်ခေါ်လိုက်၏။
ဒဏ္ဍာရီလာ ယမမင်းနှင့် ရင်ဆိုင်ရလျှင်တောင် တဗူးနဂါးဖီးနစ်က အော်ရာနှင့် စွမ်းအားချင်းယှဥ်ရာမှာ အရေးနိမ့်မှုမရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ယန်ကျစ်၏ သွေးချီက ဖိနှိမ်ခံလာရ၏။ သူ၏ မျိုးဆက်သွေးက ငြိမ်သက်လာပြီဆိုမှတော့ ယန်ကျစ်၏ နောက်ဘက်ရှိ မျိုးဆက်သွေးနယ်မြေကလည်း အနည်းငယ်ယိမ်းထိုးလာပြီး ပျက်ပြယ်တော့မည့် လက္ခဏာများပြသလာ၏။
ယန်ကျစ်က သတိဝင်လာပြီး သူက ဤအခိုက်အတန့်မှာ အားနည်းမှုကိုပြသလို့မဖြစ်ဘူးဆိုတာ နားလည်သိရှိလိုက်၏။
မဟုတ်ပါက သူသည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရပေလိမ့်မည်။
သူက သူ၏ မျိုးဆက်သွေးနယ်မြေနှင့်အတူ သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်စဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ရှိ တဗူးနဂါးဖီးနစ်က ဟိန်းဟောက်၍ ပြေးဝင်လာ၏။
သိုင်းတာအိုပင်မခန္ဓာကလည်း ယမမင်းပုံရိပ်ယောင်ထံသို့ ပြေးဝင်သွား၏။
ယမမင်းပုံရိပ်ယောင်လည်း အားနည်းမှုကိုမပြသပေ။ လက်တစ်ဖက်က နှလုံးထိုးဖောက်ချိတ်ဆူးကိုဝေ့ယမ်းပြီး အခြားတစ်ဘက်က ဧရာမခေါင်းဖြတ်စက်ကို ကိုင်မြှောက်ကာ တဗူးနဂါးဖီးနစ်နှင့် ဆန့်ကျင်တိုက်ခိုက်လိုက်၏။
ဖောက်.. ဖောက်... ဖောက်..
အဲဒါသည် မျိုးဆက်သွေးနယ်မြေနှစ်ခုကြား တိုက်ပွဲတစ်ခုသာဖြစ်သော်လည်း အဲဒါက ကမ္ဘာတုန်လောက်ပြီး စောစောက ပေါ်ထွက်ခဲ့သော နဝမမြောက်ကောင်းကင်ဘုံကပ်ဘေးထက် အားမနည်းပေ။
တဗူးနဂါးဖီးနစ်၏ ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော ကြေးခွံများက နှလုံးထိုးဖောက်ချိတ်ဆူးကြောင့် ကွာကျလာပြီး ခေါင်းဖြတ်စက်၏ ခုတ်ချက်ကြောင့် အရိုးထိတိုင်နက်သောဒဏ်ရာများက ပေါ်ထွက်လာကာ သွေးများက တစ်စက်စက်စီးကျနေ၏။
ယမမင်းပုံရိပ်ယောင်၏ အခြေအနေကလည်း ပို၍ပင်ဆိုးရွားနေ၏။ အဲဒါသည် တဗူးနဂါးဖီးနစ်ကြောင့် ဆုတ်ဖြဲခံရလုနီးပါးဖြစ်ပြီး ဒဏ်ရာတစ်ခုချင်းစီက မငြှိမ်းသတ်နိုင်သော နဂါးဖီးနစ်မီးတောက်များဖြင့် လောင်ကျွမ်းခံနေရ၏။
ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းလာပြီး ယန်ကျစ်ကို ပစ်ထိုးလိုက်၏။
ယန်ကျစ်ကလည်း သူ၏ လက်နှစ်ဖက်ကိုဖြန့်ပီး ထိန်းဟောက်လိုက်၏။
“ယမမင်းမိစ္ဆာလက်သီး”
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိဘဲ ထိုးချက်နှစ်ချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
သူတို့က ခံ့ညားထည်ဝါပြီး ယန်ကျစ်၏ လက်သီးအင်အားကို အလွယ်တကူကြေမွသွားစေ၏။
ယန်ကျစ်က မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကို ထုတ်ဖော်သည်ဖြစ်စေ သိုင်းတာအိုပင်မခန္ဓာက အရာရာတိုင်းကို ရိုးရှင်းစွာပစ်ထိုးနေ၏။
အဲဒါသည် ပကတိခွန်အားသက်သက်ဖြင့် အရာရာတိုင်းကို စိုးမိုးခြယ်လှယ်နေခြင်းဖြစ်သည်။
ယန်ကျစ်သည် နလုံးထိုးဖောက်ချိတ်ဆူးကိူ လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်နှစ်ဖက်ကို ပစ်ထိုးလိုက်၏။ တစ်ချိန်တည်းမှာပင် သူက သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်လေသည်။
တစ်ခုကအနက် တစ်ခုကအဖြူ အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာကို လွှမ်းခြုံချင်နေသည့်အလား လည်ပတ်၍ဝင်ရောက်လာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲကနေလည်း မီးတောက်နှစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
ရွှစ်...
မီးတောက်နှစ်ခုက အနက်နှင့်အဖြူအလင်းတန်းနှစ်ခုပေါ်သို့ ဆင်းသက်သွားပြီး ဒေါသတကြီးလောင်ကျွမ်းနေ၏။
သူသည် အစစ်အမှန်သိုင်းတာအိုကို အဆင့်မြင့်ကျွမ်းကျင်မှုမရရှိနိုင်ခင် သိုင်းတာအိုနည်းစနစ်က သူ၏ မျက်လုံးများနှင့် ပေါင်းစည်းခြင်း မရှိသေးပေ။
ထို့ကြောင့် ထို့စက္ခုနည်းစနစ်က ယန်ကျစ်ကို ပျက်စီးထိခိုက်မှုများစွာ မဖြစ်စေနိုင်ပေ။
သူက အစစ်အမှန်သိုင်းတာအိုခန္ဓာကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားမည်ဆိုလျှင် ထိုစက္ခုနည်းစနစ်ကို ထုတ်ဖော်သည့်အခါ မီးတောက်နှစ်ခုက ယန်ကျစ်၏ မျက်လုံးကို ထိုးဖောက်ကာ လောင်ကျွမ်းစေနိုင်မည်ဖြစ်၏။
ချွင်...
နှလုံးထိုးဖောက်ချိတ်ဆူးက သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ယန်ကျစ်က ဆတ်ခနဲတုန်ယင်သွားပြီး နှလုံးထိုးဖောက်ချိတ်ဆူးကနေတစ်ဆင့် ထိန်းမနိုင်သိမ်းမရ စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
တုန်လှုပ်စရာကောင်းသော ထိုနတ်ဘုရားစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာလှုပ်ခါ၍ နေရာရွေ့ကုန်၏။
ဖွီ...
ယန်ကျစ်က သွေးများကို ထွေးထုတ်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်သီးကိုဖြန့်ပြီး နှလုံးထိုးဖောက်ချိတ်ဆူးကို ဖမ်းဆုပ်လိုက်၏။ သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ပြီး သူက နှလုံးထိုးဖောက်ချိတ်ဆူးကိုလုယူကာ လက်ပြန် ပြန်လည်ပစ်ထိုးလိုက်၏။
ဖောက်....
နှလုံးထိုးဖောက်ချိတ်ဆူးက ယန်ကျစ်၏ ရင်ဘတ်နှင့် နှလုံးကို ချက်ချင်းပင် ထိုးဖောက်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက အပြင်ဘက်သို့ဆောင့်ဆွဲလိုက်သောအခါ နှလုံးထိုးဖောက်ချိတ်ဆူးသည် မသတီစရာနီရဲနေသော တဒိတ်ဒိတ်ခုန်နေသည့်နှလုံးကို ချိတ်ဆွဲယူလာခဲ့၏။
ယန်ကျစ်၏ သွေးချီက ချက်ချင်းပင် ယိုယွင်းယုတ်လျော့သွား၏။
သူ၏ နောက်ဘက်ရှိ ယမမင်းပုံရိပ်ယောင်ကလည်း ပျက်ပြယ်သွားလေသည်။
ငရဲမီးက တစ်ချိန်လုံး ပျက်ပြယ်သွားခဲ့ခြင်း မရှိပေ။
အစကတော့ ယန်ကျစ်သည် သူ၏ မျိုးဆက်သွေးနယ်မြေနှင့်အတူ ငရဲမီး၏ သက်ရောက်မှုကို ဖိနှိမ်ထားနိုင်ခဲ့၏။ သို့သော်ယခု သူ၏ သွေးချီက ခန်းခြောက်လာပြီး သူ၏ မျိုးဆက်သွေးနယ်မြေက ပျက်ပြယ်သွားကာ သူသည် ငရဲမီးကို မဖိနှိမ်နိုင်တော့ပေ။
အနက်ရောင်မီးတောက်များက တစ်ခုပြီးတစ်ခု တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင်အုပ်မိုးသွား၏။
အေးစက်နေသော စိတ်ဆန္ဒတစ်ခုက သူ၏ အရိုးများနှင့် ဝိညာဥ်ထဲထိ စိမ့်ဝင်ထိုးဖောက်လာခဲ့၏။
အား...
ယန်ကျစ်က စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူက ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးသည့် နာကျင်မှုကို ခံစားလိုက်ရ၏။
“ငါက အန္တိမပကတိမိစ္ဆာပဲ... ငါက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲ”
ယန်ကျစ်က ချောက်ချားဖွယ်ရာအော်ဟစ်နေပြီး သူက ငရဲမီးကြားမှာ စိတ်လွတ်သွားခဲ့ပြီဖြစ်၏။
“မိစ္ဆာမဟာနယ်မြေမှာ ငါရှိနေသရွေ့ ဘယ်သူက အန္တိမလို့ ခေါ်ဆိုရဲမှာလဲ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခြေဖဝါးအောက်မှာ ရုန်းကန်အော်ဟစ်နေသော ယန်ကျစ်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“ငါရှိနေသရွေ့... ဘယ်သူက အန္တိမလို့ ထုတ်ဖော်ပြောဆိုရဲမှာလဲ”
ထိုစကားကို ကြားသောအခါ ယန်ကျစ်က တုန်လှုပ်သွားပြီး ချက်ချင်းပင်သတိဝင်လာခဲ့၏။
ရုတ်တရက် ကူကယ်ရာမဲ့သောခံစားချက်တစ်ခုက သူ၏ နှလုံးသားအနက်ပိုင်းထဲမှာ တလိပ်လိပ်လှိုက်တက်လာပြီး အဲဒါက သူ့ကို မျှော်လင့်ချက်ပျက်သုဥ်းစေလုနီးပါးပင်။
ငါရှိနေသရွေ့ ဘယ်သူက အန္တိမလို့ ပြောဆိုရဲမှာလဲ...
ထိုစကားလုံးများက သူ့ကိုမွန်းကျပ်သွားစေ၏။
“ဘယ်လောက်တောင်ရဲတင်းလိုက်တဲ့ စကားလဲ”
ထိုစဥ်မှာပင် အဝေးကနေ အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။