မိုးကြိုးပင်လယ်
Vol. 159 Ch. 2372
ပကတိဧကကောင်းကင်ဘုံကပ်ဘေး...။
ယန်ကျစ်နှင့် အခြားသူများ၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့၏ မျက်နှာများပေါ်မှာ မယုံကြည်နိုင်မှုက ထင်ဟပ်လာ၏။
ဖုန့်စန်းထျန်၊ ကူထုံယိုနှင့် အခြားသူများပင်လျှင် တုန်လှုပ်သွားကြ၏။ သိုင်းတာအိုပင်မခန္ဓာသည် ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို ခေါ်ယူလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။
သမိုင်းတစ်လျှောက်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းကိစ္စသည် အလွန်တရာအန္တရာယ်များပြီး လူတစ်ယောက်၏ သေရေးရှင်ရေးနှင့်ပတ်သက်နေ၏။
သူတို့သည် လုံခြုံစိတ်ချရ၍ လူသူကင်းမဲ့သောနေရာတစ်ခုကိုရှာလျှင်ရှာ မဟုတ်လျှင် သူတို့သည် သူတို့ဂိုဏ်းများမှ ပညာရှင်များ၏ စောင့်ရှောက်မှုအောက်မှာ ရှိနေရပေမည်။ ဘယ်သူကများ ကပ်ဘေးဆင်းသက်ခြင်းကိုခံယူဖို့ လူအုပ်ကြားထဲမှာ လျှောက်ပြီးနေမှာလဲ။
ဤငနဲက တကယ့်ကိုသေချင်နေတာဖြစ်ရပေမည်။
ဘေးပတ်ဝန်းကျင်မှကျင့်ကြံသူများက ပို၍စုဝေးလေလေ ကောင်းကင်ဘုံကပ်ဘေး၏ သက်ရောက်မှုဧရိယာက ပို၍ကျယ်ပြန့်လေဖြစ်ပြီး နှိုးဆွလိုက်သော ကောင်းကင်ဘုံကပ်ဘေး၏ စွမ်ပကားကလည်း ပို၍တိုးလာပေလိမ့်မည်။
ယခု... မိစ္ဆာတစ်သန်းစစ်တပ်က ရှိနေပြီး ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ အဆင့်က နှိုင်းဆ၍မရနိုင်အောင် မြင့်တက်လာပေလိမ့်မည်။
“ဟားဟားဟား...”
နဂါးမိစ္ဆာက ဟားတိုက်ရယ်မောလိုက်၏။
“လက်စသတ်တော့... မင်းက ကပ်ဘေးဆင်းသက်ခြင်းကိုတောင် အခုချိန်ထိမခံယူရသေးဘူးပဲ... မင်းကို ပကတိမိစ္ဆာတစ်ဦးလို့တောင် မသတ်မှတ်နိုင်သေးဘူး... မင်းက ပကတိဧကကောင်းကင်ဘုံကပ်ဘေးနဲ့ ငါတို့ကိုသတ်ဖြတ်ဖို့ကြိုးစားနေတာလား”
“ငါတို့တွေအားလုံးက ပကတိဧကနယ်ပယ်မှာ အထွတ်အထိပ်ကိုရောက်နေပြီ... ပကတိဧကကောင်းကင်ဘုံကပ်ဘေးက ငါတို့ကို လုံးဝမခြိမ်းခြောက်နိုင်ဘူး”
မိစ္ဆာဆေဘာလီပိုထျန်ကလည်း ရယ်မောလိုက်၏။
“မင်းတို့တွေ ဘာကိုရယ်နေကြတာလဲ”
ယန်ကျစ်က သူတို့နှစ်ယောက်ကို အေးစက်စွာစိုက်ကြည့်ပြီး အံကိုကြိတ်လိုက်၏။
“ငါတို့တွေက ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ခုခံနိုင်တယ်... ဒါပေမဲ့ ငါတို့ရဲ့ဘေးပတ်လည်က မိစ္ဆာတစ်သန်းစစ်တပ်ကိုရော ဘယ်လိုလုပ်မှာလဲ”
နဂါးမိစ္ဆာနှင့် အခြားသူများက ရင်တစ်ချက်ထိတ်သွားပြီး ဤကိစ္စ၏ ကြောက်စရာကောင်းသော အကျိုးဆက်များကို နောက်ဆုံးနားလည်သဘောပေါက်လာခဲ့၏။
ကပ်ဘေးတိမ်စိုင်များက ကောင်းကင်ထက်မှာပြည့်နှက်လာပြီး ကီလိုမီတာထောင်ချီဖြန့်ကြက်ကာ မိစ္ဆာတစ်သန်းစစ်တပ်ပေါ် အုပ်မိုးလာခဲ့၏။
မိစ္ဆာတစ်သန်းစစ်တပ်၏ စွမ်းပကားက ကြီးမားသော်လည်း သူတို့ကို ကမ္ဘာမြေအင်မော်တယ်များ၊ ကောင်းကင်အင်မော်တယ်များဖြင့် စုဖွဲ့ထား၏။
အဆင့်-၉ ကောင်းကင်အင်မော်တယ်များပင်လျှင် ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ခုခံနိုင်မည် မဟုတ်ပေ။
မိစ္ဆာတစ်သန်းစစ်တပ်ကလည်း ကပ်ဘေးတစ်ခု ချဥ်းကပ်လာနေပြီဆိုတာကို နားလည်သိရှိသွား၏။ မိစ္ဆာများအားလုံးက ကောင်းကင်ထက်ကိုမော့ကြည့်ပြီး ကပ်ဘေးတိမ်စိုင်များ၏ ကြောက်စရာကောင်းသောစွမ်းပကားကို ခံစားမိလိုက်၏။
သူတို့က မအီမသာနှင့် နေမထိထိုင်မသာဖြစ်လာကြ၏။
“မင်းတို့တွေက ဘာကိုစောင့်နေတာလဲ မြန်မြန်ထွက်ပြေးကြလေ”
နဂါးမိစ္ဆာက ဟိန်းဟောက်ပြောဆိုလိုက်၏။
မိစ္ဆာတစ်သန်းစစ်တပ်က လူခွဲပြီး အပြင်ဘက်သို့ ပြေးလွှားလိုက်ကြ၏။
ကျင့်ကြံသူတိုင်းသည် သူတို့၏ လှုပ်ရှားမှုနည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး ဤနေရာကနေ အလျင်အမြန် ထွက်ခွာသွားချင်ကြသည်။ သို့သော်လည်း တည်နေရာခုန်ကူးခြင်းကပင် ပေတစ်ထောင်အကွာအဝေးထိသာရောက်ရှိနိုင်၏။
“မြန်မြန်သွားကြ”
ကောင်းကင်ဘုံဝံပုလွေက အရင်ဆုံးတုံ့ပြန်လိုက်ပြီး ယန်ပေးချန်၊ မင်းကျန်နှင့် အခြားသူများကို ငရဲဖိနှိမ်မီးဖိုအောက်သို့ ပြေးသွားဖို့ လောဆော်လိုက်၏။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ပကတိဧကနယ်ပယ်သို့ မရောက်ရှိသေးပေ။ သူတို့သည် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ သက်ရောက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယန်ပေးချန်နှင့် အခြားသူများကလည်း အဲ့ဒါက သေးငယ်သောကိစ္စမဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်သွားပြီး မဆင်မခြင်မပြုလုပ်ရဲကြပေ။ သူတို့က ငရဲဖိနှိမ်မီးဖိုအောက်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြ၏။ ထိုအခိုက်အတန့်မှသာလျှင် ကူထုံယိုနှင့် ချိုးစစ်လောသည် ယခင်က သိုင်းတာအိုပင်မခန္ဓာ ပြောခဲ့သည့် အဓိပ္ပါယ်မရှိပုံရသော စကားတချို့ကို နားလည်သဘောပေါက်လာခဲ့၏။
ချိုးစစ်လောက အံ့အားသင့်မှင်တက်စွာဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်အထီးကျန်သိုင်းသခင်က လူအများကြီးခေါ်လာဖို့ မသင့်လျော်ဘူးလို့ပြောခဲ့တာ မထူးဆန်းတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာနှင့် ငရဲဖိနှိမ်မီးဖို၏ ထိန်းချုပ်မှုအောက်မှာ မီးဖိုကိုယ်ထည်က အနည်းငယ်ကြီးထွားလာသော်လည်း ၎င်းဖုံးအုပ်ပေးနိုင်သည့်ဧရိယာက သိပ်ပြီးမကြီးမားပေ။ လူဆယ်ယောက်လောက်ကတော့ ကိစ္စမရှိပေ။
သူက လူများစွာကို ခေါ်လာမည်ဆိုလျှင် သူတို့က ဝန်းထုပ်ဝန်ပိုးဖြစ်လာပေလိမ့်မည်။
ပကတိဧကကောင်းကင်ဘုံကပ်ဘေးမှာ ကျင့်ကြံသူများကို သူ့လူကိုယ့်လူခွဲခြားနိုင်သော သူ့ကိုယ်ပိုင်အသိစိတ်မရှိပေ။
ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာသောအခါ အဲ့ဒါသည် မည်သူကမှ မရှောင်တိမ်းနိုင်သည့် တရကြမ်းတိုက်ခိုက်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
“ဒီမီးဖိုက ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ခုခံနိုင်ပါ့မလားမသိဘူး”
ကူထုံယိုက သူ၏ ဦးခေါင်းထက်ရှိ ငရဲဖိနှိမ်မီးဖိုကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
ကောင်းကင်ဘုံဝံပုလွေက မျက်လုံးစွေကြည့်ပြီး သူ၏ ပခုံးကို ပုတ်လိုက်၏။
“မပူပါနဲ့... ဒီပစ္စည်းကသာ အဲဒါကို မခုခံနိုင်ဘူးဆိုရင် ဒီလောကမှာ အဲဒါကိုခုခံနိုင်တဲ့ တခြားဘယ်လက်နက်မှရှိမှာမဟုတ်တော့ဘူး”
မိုးကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များက သိပ်သည်းပြင်းထန်လာပြီး စတင်၍ အဆက်မပြတ်လည်ပတ်ကာ အတွင်းမှာ ခပ်ရေးရေးမြင်နိုင်သော အနီရောင်မိုးကြိုးလျှပ်စီးနှင့်အတူ ဧရာမ ကပ်ဘေးတိမ်စိုင်ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဖြောက်...
နောက်ဆုံးမှာ... ပထမဆုံး ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်ရောက်ရှိလာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ တည်နေရာက ကပ်ဘေးတိမ်စိုင်ဝဲကတော့၏ အလယ်တည့်တည့်မှာရှိနေ၏။
ကောင်းကင်ဘုံကပ်ဘေး၏ သက်ရောက်မှုအတိုင်းအတာကလည်း ကြောက်စရာအကောင်းဆုံးဖြစ်နေသည်။
လက်မောင်းလုံးလောက်တုတ်ခိုင်သည့် နီရဲနေသောမိုးကြိုးလျှပ်စီးကြောင်းတစ်ခုက ဒေါင်လိုက်ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းပေါ်ကို ပစ်ချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက မလှုပ်မယှက်ရပ်နေပြီး သူ၏ လက်ကိုပင် မမြှောက်ပေ။ ထိုကဲ့သို့ပင် သူက ပထမဆုံး ကောင်းကင်ဘုံကပ်ဘေးကို ခံယူလိုက်၏။
တစ်ချိန်တည်းမှာပင် သိပ်သည်းပြင်းထန်သော အနီရောင်မိုးကြိုးစီးကြောင်းများက ကပ်ဘေးတိမ်စိုင်များထံကနေ မုန်တိုင်းတစ်ခုကဲ့သို့ အရေအတွက်သန်းချီဆင်းသက်လာ၏။
အဲ့ဒါက တကယ့်ကို မိုးကြိုးမုန်တိုင်းတစ်ခုဖြစ်နေ၏။
ဖြစ်ပျက်နေသည့်အရာက တုန်လှုပ်စရာကောင်းလွန်းလေသည်။
ငရဲဖိနှိမ်မီးဖိုအောက်မှာ ကောင်းကင်ဘုံဝံပုလွေ၊ ကူထုံယိုနှင့် အခြားသူများက တုန်လှုပ်စွာဖြင့် မျက်လုံးများပြူးကျယ်နေကြ၏။
သူတို့၏ မြင်ကွင်းထဲမှာ သူတို့ရှေ့မှပိုင်နက်နယ်မြေသည် သွေးနီရောင်မိုးကြိုးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ မိစ္ဆာတစ်သန်းစစ်တပ်သည် ထိုအထဲမှာ ကျဆင်းသွားပြီး မည်သူကမှ ချမ်းသာရာမရပေ။
မိစ္ဆာတစ်သန်းစစ်တပ်၏ စွမ်းပကားက အလွန်းကြီးမားပြီး ခုခံဖို့ မလွယ်ကူပေ။ သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးနှင့် ရင်ဆိုင်ရချိန်မှာ သူတို့က အရေးမပါအရာမရောက်ဘဲ အလွန်တရာနုနယ်နေပုံရ၏။
ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များအတွက် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားက ဖွတ်ဖွတ်ညက်ညက်သေစေနိုင်သော ကပ်ဘေးတစ်ခုဖြစ်နေ၏။
သူတို့ရှေ့မှမြင်ကွင်းသည် ကောင်းကင်ဘုံ၏ အမျက်ဒေါသကနေလာသော မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ဖြစ်နေ၏။ ချက်ချင်းပင် မရေမတွက်နိုင်သော မိစ္ဆာကျင့်ကြံသူများက လောင်ကျွမ်းပြာကျကာ သေဆုံးသွားကြ၏။
မိစ္ဆာတစ်သန်းစစ်တပ်ကြားမှာ အရေအတွက်အလွန်နည်းသော ထိပ်သီးကောင်းကင်အင်မော်တယ်များကသာ သူတို့၏ အမျိုးမျိုးသောဝှက်ဖဲများ၊ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ၊ ဓမ္မစွမ်းအားများနှင့် အဆောင်လက်ဖွဲ့များအပေါ်မှီခိုကာ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးကို အနိုင်နိုင်ခုခံ၍ ရှင်သန်နိုင်ခဲ့ကြ၏။
သို့သော်လည်း ကမ္ဘာမြေအင်မော်တယ်များအားလုံးသည် ပထမဆုံးကောင်းကင်ဘုံကပ်ဘေးမှာ လောင်ကျွမ်းပြာကျသွားပြီး မည်သူကမှ ချမ်းသာရာမရပေ။
မျိုးဆက်သွေး သို့မဟုတ် အရိုးတစ်စွန်းတစ်စပင်လျှင် မကျန်ရစ်ခဲ့ဘဲ သူတို့သည် ဤကမ္ဘာမြေပေါ်ကနေ တိုက်ရိုက်ဖျောက်ဖျက်ခံလိုက်ရ၏။
ကောင်းကင်အင်မော်တယ်အများစုကလည်း အဲ့ဒါကို ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်းပေါက်ကွဲထွက်ကာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံလိုက်ရသည်။
မိုးကြိုးလေပြေနန်းတော်၏ ပိုင်နက်နယ်မြေ ကီလိုမီတာငါးထောင်ကို ဗဟိုပြု၍ အလောင်းများက ပြန့်ကျဲကာ သွေးများက နေရာတိုင်းမှာ စီးဆင်းနေ၏။ အဲ့ဒါက သက်ရှိငရဲတစ်ခုကဲ့သို့ဖြစ်နေ၏။
ပကတိမိစ္ဆာလေးဦးဖြစ်သော ယန်ကျစ်၊ နတ်မိမယ်ခရမ်းရောင်မြစ်၊ နဂါးမိစ္ဆာနှင့် လီပိုထျန်တို့က ဒေါသချောင်းချောင်းထွက်သွားပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။
သူတို့၏ မြင်ကွင်းထဲမှာ အသက်ရှင်နေသောသက်ရှိများ မရှိသလောက်နီးပါးပင်။
အဲ့ဒါက တကယ့်ကို ရက်စက်ကြမ်းတမ်းလွန်း၏။
ပကတိမိစ္ဆာရာချီကလည်း တုန်လှုပ်သွားပြီး ကြက်သီးမွေးညင်းများ ထလာ၏။
သူတို့က အသက်ရှင်နေသေးသော်လည်း သူတို့ခေါ်ယူလာသည့် မိစ္ဆာစစ်တပ် ၁၈ တပ်နှင့် မိစ္ဆာတစ်သန်းက တစ်ခဏချင်းမှာပင် အားလုံးနီးပါး ချေမှုန်းသုတ်သင်ခံလိုက်ရ၏။
အဲ့ဒါက လက်ရှိလူတိုင်းအတွက် စဥ်းစားကြည့်၍မရနိုင်သော ရိုက်ချက်တစ်ခုဖြစ်နေ၏။
ငရဲဖိနှိမ်မီးဖိုအောက်မှာ ချိုးစစ်လောက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမကိုယ်သူမ အတတ်နိုင်ဆုံးဣန္ဒြေဆယ်ဖို့ ကြိုးစားနေ၏။
သူမက တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်အထီးကျန်သိုင်းသခင်က ကပ်ဘေးဆင်းသက်ခြင်းကိုခံယူဖို့ အလောတကြီးရှိမနေတာ သိပ်ပြီးတော့မထူး.. မထူးဆန်းတော့ဘူး... သူ့..သူ့မှာ ဒီလိုမျိုးရူးသွပ်တဲ့အကြံအစည်တစ်ခု တကယ်ရှိနေတာပဲ”
ကောင်းကင်ဘုံဝံပုလွေကလည်း ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။
“အဲဒီငနဲကြီးက ပုံမှန်လူမဟုတ်ဘူး... သူက ဘာမဆိုလုပ်နိုင်တယ်”
သိုင်းတာအိုပင်မခန္ဓာသည် ယန်ပေးချန်အတွက် အဝီစိသို့သွားရောက်ဖို့ ဆုံးဖြတ်လိုက်ခဲ့စဥ်က သူက အဲဒီအချက်ကို နားလည်သဘောပေါက်ခဲ့၏။
ဖုန့်စန်းထျန်က ဘာပဲပြောပြာ အန္တိမပကတိအင်မော်တယ်ဖြစ်လေသည်။ သူက ဒဏ်ရာအပြင်းအထန်ရရှိထားသော်လည်း သူက ငရဲဖိနှိမ်မီးဖိုအောက်သို့ ဝင်ရောက်မလာခဲ့ပေ။
သူသည် မရေမတွက်နိုင်သော လောကဓံမုန်တိုင်းများကို ဖြတ်ကျော်ခဲ့ဖူးသော်လည်း သူသည် စောစောက ဖြစ်ပွားခဲ့သောအရာမှာ တုန်လှုပ်နေ၏။
“သူ့ကိုသတ်ကြ”
ယန်ကျစ်က ဟိန်းဟောက်ပြောဆိုပြီး တိုက်ခိုက်လိုက်၏။
သူက သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်နိုင်သည်နှင့်အမျှ ကောင်းကင်ဘုံကပ်ဘေးကလည်း အဆုံးသတ်သွားပေလိမ့်မည်။
ပကတိမိစ္ဆာရာချီက သူတို့၏ သွေးချီစွမ်းအားကို ထိန်ချန်ခြင်းမရှိဘဲ ထုတ်ဖော်လိုက်ကြ၏။ သူတို့၏ အသိစိတ်ထဲမှ သူတို့၏ တာအိုသစ်သီးများက ဝင်းလက်တောက်ပလာပြီး သူတို့၏ ဦးခေါင်းနောက်ဘက်မှာ ရောင်လျှံစက်ဝန်းများပေါ်ထွက်လာ၏။
ဘုန်း... ဘုန်း... ဘုန်း...
ပကတိမိစ္ဆာရာချီက သူတို့၏ အစစ်အမှန်အမြုတေကို လှည့်ပတ်ပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်လွှတ်လိုက်ကြ၏။
ရွှစ်.. ရွှစ်... ရွှစ်...
အသိစိတ်ရှိ ဓမ္မရတနာတစ်ထောင်က လေထုကို ဆုတ်ဖြဲပြီး မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုအဖြစ် အုပ်မိုးကျဆင်းလာ၏။
ဝေါ...
ယန်ကျစ်က သူ၏ လက်ထဲရှိ သွေးစွန်းနေသောချိန်းကြိုးဖြင့် သိုင်းတာအိုပင်မခန္ဓာထံသို့ လှမ်း၍ရစ်ပတ်လိုက်၏။
ချိန်းကြိုးက တဝီဝီအော်မြည်၍ ထက်ရှသောစူးချွန်များက တစ်ခုပြီးတစ်ခုပြူထွက်လာပြီး အေးစက်စွာတောက်ပနေ၏။
နတ်မိမယ်ခရမ်းရောင်မြစ်က ခရမ်းရောင်ဆန်းကြယ်မိခင်-ကလေးအောင်လံတံခွန်ကို ဆင့်ခေါ်ပြီး အဲ့ဒါကိုဆွဲဖြန့်လိုက်၏။ မရေမတွက်နိုင်သော တစ္ဆေကလေးငယ်များနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသော အမျိုးသမီးတစ္ဆေမျက်နှာများက ပေါ်ထွက်လာပြီး အဲ့ဒါက ချောက်ချားစရာကောင်းလွန်းနေ၏။
နဂါးမိစ္ဆာက မာန်သွင်းအော်ဟစ်ပြီး သူ၏ နဂါးတစ်ပိုင်းလူတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်သွား၏။
ရွှစ်...
လီပိုထျန်က သူ၏ ဆေဘာကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး နက်ရှိုင်းသောအကြည့်တစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်၏။
သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ အနက်ရောင်ချီက တလိပ်လိပ်ထိုးတက်လာ၏။
ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်လေးဦးနှင့် ပကတိမိစ္ဆာရာချီက တစ်ချိန်တည်းနီးပါးမှာ တိုက်ခိုက်လိုက်ကြပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ကျဆင်းလာစေ၏။ သူတို့က သူ့ကို ချက်ချင်းပင် သတ်ဖြတ်လိုနေကြ၏။