← Chapters

တားဆီး၍မရနိုင်သော

Vol. 159 Ch. 2374

တားဆီး၍မရနိုင်သော

Vol. 159 Ch. 2374

ထိုထိုးချက်သည် ဘေးပတ်ဝန်းကျင်မှုရှိသော ကောင်းကင်နှင့်မြေကြီးအ​မြုတေချီများအားလုံးကို စုပ်ယူသွားပုံရ၏။

လီပိုထျန်၏ ဘေးပတ်လည်မှာရှိသော လေဟာနယ်က ၎င်း၏ အကန့်အသတ်ထိ ဖိချခံလိုက်ရ၏။

ထိုထိုးချက်က သူ့ကိုချိန်ရွယ်သည်မှာ သိသာသော်လည်း သူသည် နောက်ဆုတ်စရာနေရာမရှိတော့ဟု ခံစားရပြီး သူက အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။

လီပိုထျန်သည် စဥ်းစားတွေးတောနေဖို့အချိန်မရဘဲ သူ၏ ဆေဘာကို သူ၏ ရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ်မြှောက်တင်လိုက်၏။

ထိုသို့သူပြုလုပ်လိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ဆင်းသက်လာခဲ့ပြီး မိစ္ဆာဆေဘာကို ထိခတ်သွား၏။

ဘန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံထွက်ပေါ်လာ၏။

သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုက သူတို့ကြားမှာခြားနေလျှင်တောင် လီပိုထျန်သည် ဆေဘာကနေတစ်ဆင့် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ကူးပြောင်းဝင်ရောက်လာသည်ကို သူကအာရုံခံမိနိုင်ဆဲဖြစ်၏။ အဲ့ဒါက ခံ့ညားထည်ဝါ၍ တားဆီး၍မရနိုင်ပေ။

ဖောက်....

လီပိုထျန်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ပါးစပ်ထဲကနေသွေးများက ပန်းထွက်လာ၏။ သူ၏ အကြည့်က မှေးမှိန်သွားပြီး သူ၏ အသက်ဓာတ်အားက လျင်မြန်စွာလျော့ကျသွား၏။

နောက်ခဏ၌ သူ၏ ခန္ဓာကိုယ်ကနေ အရိုးများကျိုးသံ တဖြောက်​ဖြောက်ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် သူ၏ အရိုးများအားလုံးက ကျိုးကြေမွသွား၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်မပြေးနိုင်ခင် နေရာမှာပင်သေဆုံးသွား၏။

လီပိုထျန်က နောက်ပြန်လန်ကျသွား၏။

သူက မြေကြီးနှင့် ထိတွေ့သောအခါ သူက အသားပျော့ဖတ်တစ်ခုအဖြစ် စိစိညက်ညက်ကြေသွားပြီး သူက လူပုံစံမှာ ဆက်လက်၍မရှိတော့ပေ။

ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့်-၇ ဝင်ခဲ့သော လီပိုထျန်က သူ၏ မိစ္ဆာဆေဘာကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာထံမှ လက်သီးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရ၏။

မိစ္ဆာများက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး တုန်လှုပ်နေကြ၏။

ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်များပင်လျှင် ထျန်ဟွမ်ဂိုဏ်းချုပ်ထံမှ ထိုးချက်တစ်ချက်ကို ခံနိုင်ရည်မရှိဘူးဆိုပါက ဘယ်သူက ရှေ့ကိုမဆင်မခြင်တက်လှမ်းရဲတော့မှာလဲ။

ကျန်ရှိနေသော ပကတိမိစ္ဆာများကို မပြောနှင့် ယန်ကျစ်နှင့် နတ်မိမယ်ခရမ်းရောင်မြစ်တို့ပင်လျှင် စိုးရိမ်ထိတ်လန့်သည့်ပုံပေါ်လာပြီး နောက်သို့ဆုတ်ခွာချင်လာကြ၏။

ထိုအခိုက်အတန့်မှာ နဂါးမိစ္ဆာကလည်း အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရ၏။

သူက သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အလွန်တရာနီးကပ်နေပြီဖြစ်၏။ သူ့အနေဖြင့် နောက်ဆုတ်ဖို့က နောက်ကျသွားခဲ့လေပြီ။

“သတ်”

နဂါးမိစ္ဆာက နက်ရှိုင်းစွာ မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ အဝတ်စများက စုတ်ပြဲသွား၏။

အေးစက်စက်အလင်းဖြင့်တောက်ပနေသော ရွှေရောင်နဂါးကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် သူ၏ ခန္ဓာကိုယ်က ထွက်ပေါ်လာ၏။

ချွင်.. ချွင်...

နဂါးမိစ္ဆာ၏ လက်နှစ်ဖက်က နတ်နဂါးတစ်ကောင်၏ လက်သည်းများအဖြစ် လုံးလုံးလျားလျားအသွင်ပြောင်းလဲသွားပြီဖြစ်၏။ သူ၏ လက်ဆစ်များက ပြူထွက်လာပြီး သူက အရမ်းကို သန်မာနေ၏။ သူ၏ ထက်ရှသောနဂါးလက်သည်းများက လောကမှာရှိသော အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်ပုံရ၏။

တစ်ချိန်တည်းမှာပင် နဂါးမိစ္ဆာ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး ရွှေရောင်နဂါးတစ်ကောင်က သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာကာ သူ့ကိုလှည့်ပတ်နေ၏။

ဧရာမ နဂါးဦးခေါင်းက ထောင်တက်သွားပြီး ခံ့ညားသောအကြည့်တစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ငုံ့ကြည့်နေ၏။

သို့သော်မကြာခင် ရွှေရောင်နတ်နဂါးသည် သိုင်းတာအိုပင်မခန္ဓာထံမှ တစ်မူထူးခြားသော အော်ရာတစ်ခုကို အာရုံခံမိသွားပုံရပြီး အကြောက်တရားအငွေ့အသက်တစ်ခုက သူ့မျက်လုံးများ၏ အနက်ပိုင်းထဲကနေတစ်ဆင့် ထင်ဟပ်ပေါ်ထွက်လာ၏။

မျိုးဆက်သွေးနယ်မြေ...။

နဂါးမိစ္ဆာသည် လုံးဝထိန်ချန်ခြင်းမရှိဘဲ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူက ရှောင်တိမ်းခြင်း သို့မဟုတ် သူ၏ သွေးချီကို အသုံးပြုခြင်းပင် မရှိပေ။ သူက မည်သည့်အပိုအလိုလှုပ်ရှားကွက်မှမပါဘဲ ရိုးရှင်း၍ တဲ့တိုးဆန်သောပုံစံဖြင့် ထိုးချက်တစ်ချက်ကိုသာ ဆက်လက်ထုတ်ဖော်လိုက်၏။

မည်သည့်သိုင်းနည်းစနစ်ကိုမှ အသုံးပြုခြင်းမရှိလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် တုန်လှုပ်စရာကောင်းသော နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်သည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တာအိုနှင့် ဓမ္မပညာရပ်များကို အရိုးရှင်းဆုံးပုံစံဖြစ်သည်အထိ အဆက်မပြတ် ပေါင်းစည်းကာ စုဖွဲ့ထားခဲ့၏။ သူသည် ထိုအရာများကို သူ၏ လက်သီးနည်းစနစ်ထဲသို့ ထည့်သွင်းပေါင်းစည်းခဲ့ပြီး သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက သိုင်းတာအို၏ အန္တိမစိတ်စွမ်းအားကို ထုတ်ဖော်နိုင်၏။

ဘန်း...

လက်သီးနှင့် လက်သည်းက ခပ်ထိုင်းထိုင်းအသံတစ်သံနှင့်အတူ ထိတွေ့ရိုက်ခတ်သွား၏။

နဂါးမိစ္ဆာ၏ ထက်ရှသောလက်သည်းများက အောက်သို့ ကုတ်ဆွဲမချနိုင်ခင်မှာပင် သူ၏ လက်ဖဝါးဆီမှ စူးရှသောနာကျင်မှုတစ်ခုကို သူက ခံစားလိုက်ရ၏။

“အား...”

နဂါးမိစ္ဆာက နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။

ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက သူ၏ လက်ဖဝါးထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ လက်တံတစ်လျှောက် ဖြန့်ကြက်သွား၏။

သူ့လက်ပေါ်ရှိ ရွှေရောင်နဂါးကြေးခွံများက ထောင်ထလာပြီး ရုတ်တရက်သိပ်သည်းပြင်းထန်သောစွမ်းအားကြောင့် ကွာကျကုန်၏။

နဂါးကြေးခွံများ၏ ကာကွယ်မှုကြောင့်မဟုတ်လျှင် သူ၏ လက်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ဆုတ်ပြဲသွားပေလိမ့်မည်။

“သတ်”

နဂါးမိစ္တာက ဟိန်းဟောက်လိုက်ပြီး သူ၏ နောက်ဘက်မှာရှိသော မျိုးဆက်သွေးနယ်မြေကို ရူးသွပ်စွာလှည့်ပတ်ကာ သိုင်းတာအိုပင်မခန္ဓာကို ကိုင်တွယ်ဖို့အတွက် ရွှေရောင်နတ်နဂါးကို ကူညီပေးလို၏။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူသည် ဤတစ်ခေါက်မှာ သူ၏ မျိုးဆက်သွေးနယ်မြေကို မထိန်းချုပ်နိုင်တော့ပေ။

ရွှေရောင်နတ်နဂါးကလည်း သိုင်းတာအိုပင်မခန္ဓာကို နက်ရှိုင်းစွာ မာန်ဖီဟိန်းဟောက်နေ၏။ သို့သော်လည်း ၎င်း၏ အော်ရာက အားနည်းလာပြီး အဲ့ဒါက အော်ငိုသံနှင့်ပင်ပို၍တူနေကာ သူက ရှေ့သို့တက်လှမ်းရဲခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သိုင်းတာအိုမီးဖိုထဲသို့ ထည့်သွင်းပြီး သူ၏ အသားနှင့် အဲ့ဒါကို ပေါင်းစည်းထားခဲ့၏။

သူသည် နဂါးဖီးနစ်အော်ရာကို ထုတ်ဖော်လိုက်သည့်အချိန်မှာ နတ်နဂါးမျိုးဆက်သွေးနယ်မြေက သူ့ကိုလုံးဝတိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

“တော်တော်နားငြီးတာပဲ”

သိုင်းတာအိုပင်မခန္ဓာက ဟိန်းဟောက်လိုက်ပြီး ဒုတိယမြောက်ထိုးချက်ကို ထုတ်ဖော်လိုက်၏။

ဘန်း...

နဂါးမိစ္ဆာက သူ၏ နဂါးလက်သည်းများကိုသာ ဆန့်ထုတ်ကာ ခုခံလိုက်ရ၏။

ဝုန်း...

ဤတစ်ခေါက်မှာ​တော့ နဂါးမိစ္ဆာ၏ မျိုးဆက်သွေးနယ်မြေက ချက်ချင်းပင် ပျက်ပြယ်သွား၏။ သူ၏ သွေးချီက တုန်ခါလှိုင်းကြောင့် မတည်မငြိမ်ဖြစ်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက နေရာရွေ့ကုန်၏။ သူ၏ အရွတ်များနှင့် အရိုးများက နောက်ခဏ၌ ကွဲထွက်ကုန်တော့မည့်အလား တကျွိကျွိမြည်လာ၏။

သူက အသက်ကောင်းကောင်းမရှုနိုင်ခင်မှာပင် တတိယမြောက်ထိုးချက်က ဆင်းသက်လာခဲ့၏။

ထိုထိုးချက်က ချောက်ချားစရာကောင်းသော သေခြင်းအော်ရာတစ်ခုနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့၏။

နဂါးမိစ္ဆာက သူ၏ လက်နှစ်ဖက်ကိုမြှောက်ပြီး သူ၏ ရှေ့မှာ ပိတ်ကာလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်ပြီး သူ၏ အမြုတေလျှို့ဝှက်အတတ်ကိုထုတ်ဖော်ကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်သွား၏။

သူသည် ဤမျှအတိုင်းတာထိ ဖိအားပေးခံရပြီးနောက် ကမူးရှူးထိုးတိုက်ခိုက်လိုက်ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက နဂါးမိစ္ဆာ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို လျစ်လျူရှုလိုက်၏။

မာရ်နတ်မျက်နှာဖုံးပေါ်တွင် ဝဲဂယက်များပေါ်ထွက်လာပြီး အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အလွယ်တကူပျက်ပြယ်သွားစေ၏။ သိုင်းတာအိုပင်မခန္ဓာက လုံးဝသက်ရောက်ခြင်းမခံရပေ။

တတိယမြောက်ထိုးချက်က ရောက်ရှိ၍ ပေါက်ကွဲထွက်ပေါ်လာ၏။

ဖောက်...

ပေတစ်ရာမြင့်မားသော နဂါးမိစ္ဆာ၏ ကြီးမားသောခန္ဓာကိုယ်က ထိုထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွား၏။

နက်မှောင်နေသော အလင်းတစ်ခုက ကျိုးကြေမွသွားသော ခန္ဓာကိုယ်ထဲကနေ အချိန်မီထွက်ပြေးလာ၏။ အဲ့ဒါက နဂါးမိစ္ဆာ၏ အမြုတေစိတ်ဝိညာဥ်ဖြစ်လေသည်။

နဂါးမိစ္ဆာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူက သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုချင်၏။

သို့သော်လည်း သူက ထိုအန္တိမနတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်စဥ် မည်သည့်တုံ့ပြန်မှုမှ ရှိမလာတော့ပေ။

သူ၏ အမြုတေစိတ်ဝိညာဥ်က ထိတ်လန့်တကြားအမူအရာဖြင့် ပြန်လှည့်လာရ၏။

စောစောက သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားပြီး ပြန့်ကျဲကျဆင်းသွားသော အသားစများမှာ မည်သည့်အသက်ဓာတ်မှမကျန်ရှိတော့ဘဲ သေခြင်းအော်ရာက လုံးလုံးလျားလျားလွှမ်းခြုံထား၏။

သိုင်းတာအိုပင်မခန္ဓာ၏ တတိယထိုးချက်က သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များကို ဖျက်ဆီးပစ်ခဲ့၏။

ဖြောက်...

နီရဲနေသောမိုးကြိုးတစ်စင်းက ဆင်းသက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ပစ်ချလိုက်၏။

နဂါးမိစ္ဆာ၏ အမြုတေစိတ်ဝိညာဥ်က တဆတ်ဆတ်တုန်ယင်သွားပြီး တဖြည်းဖြည်းကြည်လင်လာကာ ၎င်း၏ အသက်ဓာတ်အားက ယိုယွင်းပျက်စီးသွား၏။

သူ့ခန္ဓာကိုယ်၏ ကာကွယ်မှုနှင့်ဆိုလျှင် ကောင်းကင်ဘုံကပ်ဘေး၏ ပထမရိုက်ချက်က သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ သို့သော်လည်း အမြုတေစိတ်ဝိညာဥ်တစ်ခုသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ခုခံနိုင်စရာအကြောင်းမရှိပေ။ နေရာမှာပင် သူ၏ အသက်ဓာတ်အားက ဖျက်ဆီးခံလိုက်ရပြီး သူ၏ ဝိညာဥ်က ပျက်ပြယ်သွား၏။

သိုင်းတာအိုပင်မခန္ဓာက အဆက်မပြတ်တိုက်ခိုက်၍ တစ်ခဏချင်းမှာပင် တားဆီး၍မရနိုင်သော ပုံစံဖြင့် ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပကတိမိစ္ဆာနှစ်ဦးကို သတ်ဖြတ်လိုက်၏။

ထိုအခိုက်အတန့်မှာ အဲ့ဒါသည် ပထမဆုံး ကောင်းကင်ဘုံကပ်ဘေး၏ စတုတ္ထမြောက်ရိုက်ချက်သာဖြစ်လေသည်။

ပကတိဧကကောင်းကင်ဘုံကပ်ဘေးများမှာ ရိုက်ချက်ကိုးချက်စီပါဝင်သော အနည်းဆုံးစက်ဝန်း ၆ခု ရှိလေသည်။ အဲ့ဒါကို ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲမှ ၆ခုဟု ခေါ်ဆိုကြ၏။

စက်ဝန်းတစ်ခုချင်းစီတိုင်းမှာ စွမ်းအားက ပို၍တိုးလာပေလိမ့်မည်။

“အရင်ဆုံးနောက်ကိုဆုတ်ကြမယ်... အလောတကြီး လုပ်နေစရာမလိုဘူး”

ယန်ကျစ်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒီလူက မိစ္ဆာတစ်သန်းစစ်တပ်ကြားမှာ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူခဲ့တယ်... ကောင်းကင်ဘုံကပ်ဘေးရဲ့စွမ်းအားက ဆပွားတိုးလာလိမ့်မယ်... ကပ်ဘေးဆင်းသက်ခြင်းပြီးဆုံးသွားတာနဲ့ သူက မသေဘူးဆိုရင်တောင် ဒဏ်ရာအပြင်းအထန်ရရှိသွားမှာပဲ”

“အဲ့ဒီအချိန်ကျရင် ငါတို့က သူ့ကိုသတ်ဖို့ အရမ်းလွယ်ကူသွားလိမ့်မယ်”

နတ်မိမယ်ခရမ်းရောင်မြစ်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

“အဲ့ဒါဟုတ်တယ်”

ပကတိမိစ္ဆာနှစ်ဦးက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် အပြန်အလှန်ပြောဆိုပြီး အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် နောက်သို့ဆုတ်ခွာသွားကြ၏။

ယခု... မိစ္ဆာတစ်သန်းစစ်တပ်က လောင်ကျွမ်းပြာကျသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းထက်မှာရှိသော ကပ်ဘေးတိမ်စိုင်များက လျင်မြန်စွာကျုံ့ဝင်၍ ပုံမှန်အတိုင်းပြန်ဖြစ်လာ၏။

ယန်ကျစ်နှင့် နတ်မိမယ်ခရမ်းရောင်မြစ်၏ လှုပ်ရှားမှုနည်းစနစ်များအရ သူတို့သည် သိပ်မကြာခင် ကပ်ဘေးတိမ်စိုင်များ၏ သက်ရောက်မှုကနေ ထွက်ခွာသွားပေလိမ့်မည်။

“ထွက်ပြေးဖို့ကြိုးစားနေတာလား”

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။

“အဲ့လောက်ဘယ်လွယ်ကူပါ့မလဲ”

ဖျတ်ခနဲဆို သူက ယန်ကျစ်နှင့် နတ်မိမယ်ခရမ်းရောင်မြစ်ထံသို့ ပြေးဝင်သွားပြီး အေးစက်စွာပြောလိုက်၏။

“မင်းတို့နှစ်ယောက်... ငါနဲ့အတူ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူကြပါဦး”

ယန်ကျစ်နှင့် နတ်မိမယ်ခရမ်းရောင်မြစ်က သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ယန်ကျစ်က အခြားတစ်ဘက်မျာရှိသော ပကတိမိစ္ဆာပညာရှင် သုံးရာကျော်ကျော်ထံသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဟိုစတုရန်းကြေးမီးဖိုအောက်လူတွေကို မြန်မြန်တိုက်ခိုက်သတ်ဖြတ်ပြီး အဲ့ဒါကို လုယူလိုက်ကြ”

All Chapters