← Chapters

အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား

Vol. 159 Ch. 2378

အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား

Vol. 159 Ch. 2378

မျိုးဆက်သွေးကပ်ဘေးအပြီး၌ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်ပုံသဏ္ဌာန်မှမရှိဘဲ ကောင်းကင်ဘုံကပ်ဘေးနှစ်ခုက ဆက်တိုက်ဆင်းသက်လာ၏။

အမြုတေစိတ်ဝိညာဥ်ကပ်ဘေး...။

ဤအမျိုးအစား ကောင်းကင်ဘုံကပ်ဘေးသည် မာရ်နတ်မျက်နှာဖုံး၏ ခံစစ်ကို လုံးလုံးလျားလျား လျစ်လျူရှုနိုင်ပြီး သူ၏ အသိစိတ်ထဲမှာ မကောင်းဆိုးဝါးဆန်ဆန်ပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာက အလွန်တရာလျင်မြန်စွာ တုံ့ပြန်ပြီး အဲဒါကိုခုခံဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို လှည့်ပတ်လိုက်၏။

ခဏနေပြီးနောက် အမြုတေစိတ်ဝိညာဥ်ကပ်ဘေးက ပျက်ပြယ်သွား၏။

ဤအမျိုးအစား ကောင်းကင်ဘုံကပ်ဘေးသည် ကျင့်ကြံသူ၏ တာအိုနှလုံးသားအပေါ် သက်ရောက်စေနိုင်၏။

လူတစ်ယောက်၏ တာအိုနှလုံးသားက အားနည်းသည်ဆိုလျှင် သူတို့သည် ထိုကောင်းကင်ဘုံကပ်ဘေး၏ သက်ရောက်မှုအောက်မှာ သေချာပေါက်အတွင်းစိတ်နတ်ဆိုးများ ပေါ်ထွက်ပေါ်ပေမည်။

သို့သော်လည်း တာအိုနှလုံးသားကပ်ဘေးသည် သိုင်းတာအိုပင်မခန္ဓာအပေါ် လုံးဝသက်ရောက်မှုမရှိပေ။

သူသည် တစ်ခါက တာအိုနှလုံးသားလှေခါးမှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့ပြီး သူ၏ တာအိုနှလုံးသားက ဖျက်ဆီး၍မရနိုင်တော့ပေ။ ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲမှ တာအိုနှလုံးသားကပ်ဘေးကပင်လျှင် အဲဒါကို မလှုပ်ခတ်စေနိုင်ပေ။

တိတ်ဆိတ်၍မမြင်ရသော ကောင်းကင်ဘုံကပ်ဘေးသုံးခု အဆုံးသတ်သွားပြီးနောက် ကပ်ဘေးတိမ်စိုင်များက နောက်တစ်ဖန်ပြောင်းလဲသွား၏။

ခဏမျှရပ်တန့်ပြီးနောက် မီးပွားတစ်ခုက ကပ်ဘေးတိမ်စိုင်များ၏ အလယ်ကနေ ရုတ်တရက်ဆင်းသက်လာ၏။

ဝှစ်...

မီးပွားက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်ရောက်ရှိလာသောအခါ တဟုန်းဟုန်းတောက်လောင်နေသော မီးတစ်ခုအဖြစ် ထွန်းညှိသွားပြီး အဆက်မပြတ်ဖြန့်ကြက်ကာ ဒေါသူပုန်ထနေသော မီးတောက်များနှင့်အတူ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် မီးတိုင်တစ်တိုင်အဖြစ်ပြောင်းလဲသွား၏။

ကောင်းကင်ဘုံကပ်ဘေး၏ သတ္တမမြောက်ရိုက်ချက်... ကမ္မကပ်ဘေး..။

အဲဒါက မည်သူပင်ဖြစ်စေ သူတို့သည် မွေးဖွားလာသည့်ခဏမှာပင် ကမ္မကြိုးများဖြင့် ရစ်ပတ်ခံထားရ၏။

အချိန်ကြာလာသည်နှင့်အမျှ သူတို့ကိုရစ်ပတ်ထားသော ကမ္မကြိုးများ​က ပို၍ပင်များပြားလာပေလိမ့်မည်။

အဲဒီမှာ ကုသိုလ်ကမ္မနှင့် အကုသိုလ်ကမ္မ နှစ်မျိုးစလုံးရှိနေသည်။

ကောင်းကင်ဘုံကပ်ဘေးကတော့ အဲဒါသည် သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ ကမ္မများအားလုံးကို ထွန်းညှိပြီး သူ့ကိုအဆက်မပြတ်လောင်ကျွမ်းလိုက်၏။

သူသည် မည်သည့်နာကျင်မှု သို့မဟုတ် မည်သည့် ညှင်းပန်းနှိပ်စက်မှုကိုမှ မခံစားရသည့်အလား သိုင်းတာအိုပင်မခန္ဓာကို လွှမ်းခြုံထားသည့် ကောင်းကင်နှင့်မြေကြီးကိုချိတ်ဆက်ထားသော မီးတိုင်က ဖြောင့်မတ်၍လှုပ်ရှားယိမ်းယိုင်ခြင်းမရှိပေ။

အကြောင်းမှာ ထိုမီးတောက်များသည် မဟာအဝီစိမှာ ငရဲမီးကြောင့်ဖြစ်ပေါ်လာသော နာကျင်မှုနှင့် နှိုင်းယှဥ်လျှင် ဘာမှဟုတ်မနေသောကြောင့်ပင်။

ကြမ္မာမီးတောက်များကသာ ဤလောကမှာ ကမ္မကို ထွန်းညှိနိုင်သောအရာဖြစ်၏။

ကြမ္မာမီးတောက်များက ကမ္မကိုလောင်ကျွမ်းနေစဥ် သူတို့က သူ၏ အသားကိုလည်း မီးဆေးပေးနေ၏။

လူတိုင်း၏ ရှေ့မှောက်မှာ သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးမဲ့ချောက်နက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် ကြမ္မာမီးတောက်များကို စုပ်ယူဝါးမျိုနေ၏။

ထူးဆန်း၍ ချောက်ချားစရာကောင်းသော အနီရောင်ကြာပန်းများက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး နတ်ဆိုးဆန်ဆန်လှပနေ၏။

သိုင်းတာအိုပင်မခန္ဓာက အနီရောင်ကြာပန်း ကြမ္မာမီးပေါ်တက်လှမ်းသွားပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်မြင့်တက်သွား၏။

ကောင်းကင်ဘုံကပ်ဘေး၏ သတ္တမမြောက်ရိုက်ချက်က သိုင်းတာအိုပင်မခန္ဓာကို မကိုင်လှုပ်နိုင်ပေ။

မိစ္ဆာများက တုန်လှုပ်သွားပြီး ရင်တထိတ်ထိတ်ဖြစ်လာကြ၏။

ဘေးတစ်ဘက်မှာရှိသော ဖုန့်စန်းထျန်ပင်လျှင် ကမ္မကပ်ဘေးကနေ ကြီးမားသောရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။

သူသည် မီးသွေးတုံးတစ်တုံးဖြစ်လုနီးပါး လောင်ကျွမ်းခံလိုက်ရပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။ သူ၏ အရေပြားက ကွဲအက်၍ သူ၏ မျိုးဆက်သွေးက စီးဆင်းကာ ​မြေပြင်ပေါ်မှာ အနီရောင်ကြာပန်းများကို ဖြစ်ပေါ်လာစေ၏။

သတ္တမမြောက်ရိုက်ချက်အဆုံးသတ်သွားပြီးနောက် အဋ္ဌမမြောက်ရိုက်ချက်က ဆင်းသက်လာလေသည်။

ချွင်...ချွင်...

ဝှစ် ဝှစ် ဝှစ်....

အမျိုးမျိုးသော နတ်ဘုရားလက်နက်များက ထူးပိန်းသောကပ်ဘေးတိမ်စိုင်များကနေ ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၊ ဖုန့်စန်းထျန်နှင့် ငရဲဖိနှိမ်မီးဖိုပေါ်သို့ ကျဆင်းလာ၏။

လက်နက်ကပ်ဘေး...။

အဲဒီမှာ လက်နက်ပေါင်းစုံပါဝင်နေ၏။ ဓမ္မရတနာများ၊ ဆေဘာများ၊ လှံများ၊ ဓားများဘ လှံပုဆိန်များ၊ ချိတ်ကောက်များ၊ မှိန်းများ...။

အဲဒီမှာ ဧရာမမီးဖိုများ၊ ရှေးဟောင်းခေါင်းလောင်းများ၊ ကြေးမီးဖိုများနှင့် မြင်းမြီးကျာပွတ်များ၊ ရတနာကြေးမုံများနှင့် လှံတိုများ… ကဲ့သို့ ထူးဆန်းသောလက်နက်များလည်းပါဝင်နေ၏။

ဤလက်နက်များက ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားနှင့်အတူ ပေါ်ထွက်လာသောအခါ သူတို့၏ စွမ်းပကားက ကပ်ဘေး၉ခု သန့်စင်ယန်စိတ်ဝိညာဥ်ရတနာများ၏ အဆင့်ထိရောက်ရှိနေနိုင်၏။

သူတို့က သိပ်သည်းများပြားစွာ ကျဆင်းလာပြီး ကောင်းကင်တစ်ခွင် အုပ်မိုးနေ၏။

“ဟားဟား... လုံးဝအချိန်ကိုပ်ပဲ”

ဖုန့်စန်းထျန်က အော်ဟစ်ရယ်မောပြီး သူ၏နတ်ဆိုးနှိမ်နှင်းလှံကို ဝေ့ယမ်းကာ သူရဲကောင်းဆန်ဆန်ပုံစံဖြင့် ကောင်းကင်ထက်ကိုပျံတက်သွား၏။

လက်နက်ကပ်ဘေးကနေရှင်သန်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ ဖုန့်စန်းထျန်ကဲ့သို့ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကိုအသုံးချကာ တိုက်ခိုက်ရန်ဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ငရဲဖိနှိမ်မီးဖိုက ယန်ပေးချန်နှင့် အခြားသူများကို စောင့်ရှောက်ပေးနေရပြီး ထွက်ခွာမလာနိုင်ပေ။

ကောင်းကင်တစ်ခွင်အုပ်မိုးလာသော သန့်စင်ယန်စိတ်ဝိညာဥ်ရတနာများနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ပြေးတက်သွား၏။

ဘုန်း... ဘုန်း.. ဘုန်း...

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်သီးနှစ်ဖက်ကို ဝေ့ယမ်းပြီး အဆက်မပြတ်တိုက်ခိုက်နေ၏။ သူက ဆင်းသက်လာသော သန့်စင်ယန်စိတ်ဝိညာဥ်ရတနာများကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး ကျယ်လောင်သောမြည်သံများကို ထွက်ပေါ်လာစေ၏။

ထိုသည်ကိုကြည့်ပြီး မိစ္ဆာများ၏ မျက်နှာများက ရှုံ့မဲ့သွားကြသည်။

သန့်စင်ယန်စိတ်ဝိညာဥ်ရတနာများက အစစ်အမှန်အစိုင်အခဲများ မဟုတ်သော်လည်း သူတို့ကို ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကနေ အသွင်ပြောင်းလဲထားခြင်းဖြစ်၏။ ဒါတောင် ဤလူက ထိုအရာများကို သူ၏ ကိုယ်ကာယနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။

တကယ်တော့ အဆက်မပြတ် ထိတွေ့ရိုက်ခတ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးများက သွေးများဖြင့် စွန်းထင်းသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများပေါ်ထွက်လာ၏။

သို့သော်လည်း ထိုဒဏ်ရာများက သိုင်းတာအိုပင်မခန္ဓာအတွက် လျစ်လျူရှု၍ရသလောက်နီးပါးဖြစ်၏။

သူက အဲဒါကို ချက်ချင်းပင် ပြန်လည်ကုသနိုင်၏။

နောက်ဆုံးမှာ ကောင်းကင်ထက်ရှိ နတ်ဘုရားလက်နက်များက တဖြည်းဖြည်းလျော့ပါး၍ ပျက်ပြယ်သွားကြ၏။

လက်နက်ကပ်ဘေးက ပြီးဆုံးသွားပြီဖြစ်၏။

ကောင်းကင်ဘုံကပ်ဘေး၉ခုထဲမှ နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးသာလျှင် ကျန်တော့လေသည်။

အဝေးကနေ နတ်မိမယ်ခရမ်းရောင်မြစ်သည် သုန်မှုန်နေသောအမူအရာဖြင့် သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။

“အစ်ကိုယန် နောက်ဆုတ်ကြရအောင်... ကြည့်ရတာတော့ နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးကတောင် သူ့ကိုဒဏ်ရာအပြင်းအထန် ရရှိအောင် ပြုလုပ်နိုင်မှာ မဟုတ်တော့ဘူး”

“မဟုတ်သေးဘူး”

ယန်ကျစ်၏ အမူအရာက တည်ငြိမ်နေသည်။

“နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးကို ခုခံဖို့က မလွယ်ဘူး... သူက ရှင်သန်နိုင်ခဲ့မယ်ဆိုရင်တောင်မှ သေလုမျောပါးဖြစ်သွားလိမ့်မယ်”

“အစ်ကိုယန်... အဲ့ဒါက ရှင်ယုံကြည်နေတာမလား”

နတ်မိမယ်ခရမ်းရောင်မြစ်က မျက်မှောင်ကြုတ်၍မေးလိုက်၏။

ယန်ကျစ်က ပြန်မဖြေဘဲ ပြန်မေးလိုက်၏။

“ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲမှာ နောက်ဆုံးကပ်ဘေးက ဘာလဲဆိုတာ နင်သိလား”

နတ်မိမယ်ခရမ်းရောင်မြစ်က ပြောလိုက်၏။

“အစ်ကိုယန်... ကျွန်မ မသိဘူး ကျေးဇူးပြုပြီး အလင်းပြပါဦး”

“နောက်ဆုံးကပ်ဘေးက နတ်ဘုရားစွမ်းအားကပ်ဘေးပဲ”

ယန်ကျစ်က မှင်သေသေဖြင့် ပြောလိုက်၏။

နတ်မိမယ်ခရမ်းရောင်မြစ်က နားမလည်နိုင်သေးပေ။

“အခုချိန်ထိကို အဲဒီလူက နတ်ဘုရားစွမ်းအား ဒါမှမဟုတ် လျှို့ဝှက်အတတ်တွေကို အသုံးမပြုခဲ့ဘူး... နတ်ဘုရားစွမ်းအားကပ်ဘေးကတောင် သူ့ကိုဘာမှလုပ်နိုင်မှာ မဟုတ်လောက်ဘူး”

“ဟဲဟဲ”

ယန်ကျစ်ကပြုံး၍ ထပ်မေးလိုက်၏။

“မဟာလောကသုံးထောင်ရဲ့ ပထမဆုံး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက ဘယ်လိုမျိုးပျံ့နှံ့သွားခဲ့သလဲ နင်သိလား”

“ကျွန်မမသိဘူး”

နတ်မိမယ်ခရမ်းရောင်မြစ်က သူမ၏ ခေါင်းကိုခါပြပြီး အကဲစမ်းမေးလိုက်၏။

“တစ်မူထူးခြားတဲ့ ပါရမီအရည်အချင်းရှိတဲ့လူတစ်ယောက်က အဲဒါကိုဖန်တီးပြီး ဖြန့်ဝေခဲ့တာလား”

“မဖြစ်နိုင်တာ”

ယန်ကျစ်က ပြောလိုက်၏။

“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေက ဓမ္မတာအိုရဲ့ အနက်ရှိုင်းဆုံးနဲ့ အဓိကအကျဆုံးလေးနက်သိမ်မွေ့မှုတွေကို ထိတွေ့နိုင်နေပြီ... အဲဒါကို တစ်ယောက်ယောက်က ကိုယ်တိုင်ဖန်တီးဖို့နေနေသာ နားလည်ဆင်ခြင်ဖို့ဆိုတာတောင် မဖြစ်နိုင်သလောက်နီးပါးပဲ”

အဲဒါက အပိုချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

ယန်ကျစ်သည် အန္တိမပကတိမိစ္ဆာအဖြစ်ကျော်ကြားခဲ့ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုနှင့် ထိတွေ့ခွင့်ရခဲ့၏။ သို့သော်လည်း သူက အဲဒါကို လုံးဝနားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိပေ။

“ကိုယ်တိုင်ဖန်တီးဖို့ မဖြစ်နိုင်ဘူးလား”

နတ်မိမယ်ခရမ်းရောင်မြစ်က ရင်တစ်ချက်ထိတ်သွားပြီး ယန်ကျစ်ပြောချင်သည့်အရာကို နားလည်သဘောပေါက်လာ၏။

“ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲက နောက်ဆုံးကပ်ဘေးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်တယ်လို့ ရှင်ပြောချင်တာလား”

“အမှန်ပဲ”

ယန်ကျစ်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေက အရမ်းကိုရှားပါးတယ်... အခုချိန်ထိ ဒီလောကမှာ ပျံ့နှံ့နေတဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေအားလုံးက ကောင်းကင်ဘုံကပ်ဘေး၉ခုကနေ ဆင်းသက်လာခဲ့တာပဲ”

ထိုစကားကိုကြားသောအခါ နတ်မိမယ်ခရမ်းရောင်မြစ် တစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ အခြားသောမိစ္ဆာများကပါ တုန်လှုပ်နေကြ၏။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် နတ်ဘုရားစွမ်းအားများ၏ အထွတ်အထိပ် စံနမူနာဖြစ်၏။

ပကတိအင်မော်တယ်တစ်ယောက်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူက ပကတိဧကနယ်ပယ်မှာ ပြိုင်ဘက်ကင်းပြီး အန္တိမပကတိအင်မော်တယ်ဘွဲ့ကို ရရှိနိုင်မည်ဆိုပါက ချဲ့ကားပြောဆိုရာကျမည်မဟုတ်ပေ။

တကယ်ဆို သူသည် နောက်ထပ်တစ်ဆင့်တက်လှမ်းပြီး ကောင်းကင်ဘုံကမ္ဘာ၏ နံပါတ်တစ် ပကတိအင်မော်တယ်ပင် ဖြစ်လာနိုင်သည်။

ယန်ကျစ်က ​ပြောလိုက်၏။

“အဲဒါကြောင့်ပဲ ဘာပဲဖြစ်ဖြစ်... ငါတို့တွေက ဒီနောက်ဆုံးကောင်းကင်ဘုံကပ်ဘေးကို စောင့်ကြည့်ရမယ်”

“လူတိုင်းက အနှိုင်းမဲ့နတ်ဘုရားစွမ်းတစ်ခုကို မျက်မြင် မြင်တွေ့ခွင့်ရဖို့ အခွင့်အရေးမရှိကြဘူး... ဒါက ငါတို့အတွက် အရမ်းကို ကြီးမားတဲ့အခွင့်အလမ်းတစ်ရပ်ပဲ”

“ဆင်းသက်လာမယ့် အဲဒီပြိုင်စံရှားနတ်ဘုရားစွမ်းအားကနေ ဘယ်လောက်များများ နားလည်ဆင်ခြင်နိုင်မလဲဆိုတာကတော့.... မင်းတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မူတည်လိမ့်မယ်”

နတ်မိမယ်ခရမ်းရောင်မြစ်က မေးလိုက်၏။

“ဒီတစ်ခေါက် ဘယ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက ဆင်းသက်လာမှာလဲ”

“အဲဒါတော့... ငါလည်းမသိဘူး”

ယန်ကျစ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“သမိုင်းတစ်လျှောက်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေက အများကြီးမရှိဘူး... ငါသိထားတာတော့ ထာဝရည၊ ကြယ်တာရာအကျဥ်းချခြင်းနဲ့ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်.. တို့ပဲ”

“အဲဒီထဲကတစ်ခုခု ဆင်းသက်လာတာဖြစ်နိုင်တယ်... ဒါမှမဟုတ် အရင်က တစ်ခါမှပေါ်ထွက်မလာခဲ့ဖူးတဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုလည်း ဖြစ်နေနိုင်တာပဲ”

All Chapters