← Chapters

ကောင်းကင်ဘုံ၏ စိတ်ဆန္ဒ

Vol. 159 Ch. 2381

ကောင်းကင်ဘုံ၏ စိတ်ဆန္ဒ

Vol. 159 Ch. 2381

အနက်ရောင်ဝတ်အမျိုးသမီးသည် သူမ၏ လက်ထဲရှိမြင်းမြီးကျာပွတ်ကို ညင်သာစွာကိုင်မြှောက်ပြီး ချည်မျှင်သုံးထောင်ကို စုစည်းကာ လှံတစ်ဘက်အဖြစ် သိုင်းတာအိုပင်မခန္ဓာကို ပစ်ထိုးလိုက်၏။

ထိုတိုက်ခိုက်မှုက ကိုင်လှုပ်၍ မရနိုင်ဘဲ အလွန်တရာကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဝေးကွာသော ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာရှိနေ၏။ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများကနေတစ်ဆင့် အဲဒါကိုတွေ့မြင်သောအခါ သူက အခြားတစ်စုံတစ်ရာကို အာရုံခံမိသွား၏။

အနက်ရောင်ဝတ်အမျိုးသမီးက သူမ၏ မြင်းမြီးကျာပွတ်ကို ဝေ့ယမ်းလိုက်ပုံသည် ရိုးရှင်းသည့်ပုံပေါ်သော်လည်း ၎င်းမှာ နက်ရှိုင်းသောလျှို့ဝှက်ချက်တစ်ခုပါဝင်နေပုံရပြီး အလွန်တရာလှပသိမ်မွေ့နေ၏။

အနက်ရောင်ဝတ်အမျိုးသမီး၏ တိုက်ခိုက်မှုမှာ သိုင်းတာအိုပင်မခန္ဓာက ကြောက်လန့်မသွားပေ။ သူကနောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့တက်လှမ်းကာ ပစ်ထိုးလိုက်၏။

ဘုန်း...

ချည်မျှင်သုံးထောင်က သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ကျယ်လောင်စွာထိတွေ့ရိုက်ခတ်သွား၏။

သိုင်းတာအိုပင်မခန္ဓာက ဆတ်ခနဲတုန်ယင်သွားသည်။

သူ၏ လက်သီးပေါ်မှာ သွေးစတချို့ပေါ်ထွက်လာ၏။

ချည်မျှင်သုံးထောင်ကနေဖြစ်ပေါ်လာသောလှံက သိုင်းတာအိုပင်မခန္ဓာ၏ အသားကို အမှန်တကယ် ဆုတ်ဖြဲနိုင်ခဲ့ပြီး သူက သွေးထွက်လာခဲ့၏။

သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသမီးသည် သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် နောက်သို့ ​ခြေတစ်လှမ်းဆုတ်မသွားပေ။

သေးသွယ်၍ လှပသိမ်မွေ့သော ထိုခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့စွမ်းအားများကို ဖုံးကွယ်ထားပုံရလေသည်။

“ဟုတ်ပြီလေ”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာခေါင်းညိတ်လိုက်၏။

“မင်းက ထိုးချက်ဘယ်လောက်များများကို ခံယူနိုင်မလဲကြည့်ရသေးတာပေါ့”

သူက ရှေ့သို့တက်လှမ်းလာစဥ်မှာပင် သူက တစ်စုံတစ်ရာကို အမှတ်ရသွားပြီး သူက ရင်တစ်ချက်ထိတ်သွား၏။

ဤအနက်ရောင်ဝတ်အမျိုးသမီး၏ တိုက်ခိုက်ရည်ခွန်အားက အရမ်းကိုကြောက်စရာကောင်းနေပြီး သူမက သူ့ထက်အားမနည်းပေ။

ဓားတစ်လက်ကို ကိုင်ဆွဲထားသည့် အဖြူရောင်ဝတ်အမျိုးသမီးကလည်း အားမနည်းလောက်ပေ။

ထိုသို့ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိထားသော ဖုန့်စန်းထျန်သည် အဖြူရောင်ဝတ်အမျိုးသမီးကို သေချာပေါက်ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ဖုန့်စန်းထျန်နှင့် အဖြူရောင်ဝတ်အမျိုးသမီးက တိုက်ခိုက်ဖလှယ်လိုက်ပြီဖြစ်၏။

အဖြူရောင်ဝတ်အမျိုးသမီးက သူမ၏ ဓားကို ဝေ့ယမ်းပြီး ဓားအရိပ်များစွာကို ဖန်တီးလိုက်၏။ သူမ၏ ကြော့ရှင်းသိမ်မွေ့သောပုံရိပ်က ညှို့ငင်ဖမ်းစားနိုင်သောပုံစံဖြင့် ဓားချီများကြားမှာ တဖျပ်ဖျပ်လူးလွန့်လှုပ်ရှားနေ၏။

ထိုဓားနည်းစနစ်နှင့် ရင်ဆိုင်ရချိန်မှာ ဖုန့်စန်းထျန်သည် ပြန်လည်တိုက်ခိုက်ရမည့်နည်းလမ်းကို ရှာမတွေ့တော့ပေ။

သူက တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ၏ ရှေ့မှာရှိသော လှပသည့်မြင်ကွင်းက ပျောက်ကွယ်သွားတော့မည့်အလား ထင်ရ၏။

“သတိထား”

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖုန့်စန်းထျန်က သူ၏ နတ်ဆိုးနှိမ်နှင်းလှံကို အလိုလိုကိုင်မြှောက်လိုက်၏။

ဓားအလင်းတန်းက ခဏမျှလင်းလက်သွား၏။

ချွမ်း...

နတ်ဆိုးနှိမ်နှင်းလှံက ဓားနှင့်ထိတွေ့ရိုက်ခတ်သွားပုံရ၏။ ထို့နောက်ချက်ချင်းပင် ဖုန့်စန်းထျန်၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဆယ်ခုကျော် ပေါ်ထွက်လာပြီး သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာ၏။

ဖွီ...

ဖုန့်စန်းထျန်က သွေးများစွာကို ထွေးထုတ်လိုက်ရပြီး နောက်ပြန်လန်ကျကာ ဆက်လက်၍ တောင့်ခံမထားနိုင်တော့ပေ။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ပေါ်ထွက်လာပြီး အဖြူရောင်ဝတ်အမျိုးသမီး၏ ဓားဘေးကို ပစ်ထိုးလိုက်၏။

စွမ်းအား၏ အလျင်အဟုန်နှင့်အတူ သူက ရုတ်တရက်ကွေ့ပတ်လှုပ်ရှားပြီး ငရဲဖိနှိမ်မီးဖို၏ ဘေးသို့ရောက်ရှိလာကာ ဖုန့်စန်းထျန်ကို ထိုအောက်သို့ ပို့လွှတ်လိုက်၏။

ဖုန့်စန်းထျန်သည် လက်ရှိအခြေအနေအရ ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာ ရောက်မလာသည်နှင့် အဖြူရောင်ဝတ်အမျိုးသမီး၏ ဒုတိယဓားချက်က ဖုန့်စန်းထျန်၏ အသက်ကို နုတ်ယူသွားနိုင်၏။

“သတိထား”

ဖုန့်စန်းထျန်က အကူအညီများစွာမပေးနိုင်တော့ဘူးဆိုတာကို သိရှိလိုက်ပြီး သူက သတိပေးရုံသာသာ တတ်နိုင်တော့၏။

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာခေါင်းညိတ်ပြပြီး အမျိုးသမီးနှစ်ယောက်ထံသို့ ပြန်လှည့်သွား၏။

ဘုန်း...

သိုင်းတာအိုပင်မခန္ဓာက အနက်ရောင်ဝတ်အမျိုးသမီးထံ ပြေးဝင်သွားပြီး ပစ်ထိုးလိုက်၏။ မီးတောင်ပေါက်ကွဲသလို လောကက ပြိုလဲသွားပြီး မနှိုင်းယှဥ်သာအောင် လွှမ်းမိုးခြယ်လှယ်သော စွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

အနက်ရောင်ဝတ်အမျိုးသမီး၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး သူမ၏ မြင်းမြီးကျာပွတ်ကို ဆက်လက်၍ကိုင်မြှောက်လိုက်၏။

သို့သော်လည်း ဤတစ်ခေါက်မှာ ချည်မျှင်သုံးထောင်က အလွန်တရာ နူးညံ့သိမ်မွေ့လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရစ်ပတ်လာခဲ့သည်။

သူက အနက်ရောင်ဝတ်အမျိုးသမီးကို မထိတွေ့နိုင်ခင်မှာပင် ထိုထိုးချက်၏ ကြမ်းကြုတ်ခက်ထန်သော စွမ်းအားက လုံးလုံးလျားလျား ပျက်ပြယ်သွား၏။

အနက်ရောင်ဝတ်အမျိုးသမီး၏ လက်ထဲမှာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်သည် မာကြောမှုနှင့် နူးညံ့သိမ်မွေ့မှု၏ ပေါင်းစည်းမှုတစ်ခုဖြစ်နေ၏။ အဲဒါက ချောမွေ့ပြေပြစ်နေပြီး တိုက်ခိုက်မှုတိုင်းက သာမန်ပုံစံဟု ထင်ရသော်လည်း သူတို့မှာ အဆုံးမဲ့ဓမ္မတာအိုပါဝင်နေ၏။

သူတို့နှစ်ယောက်ကြား အကွာအဝေးက တစ်ကြိမ်လျော့ကျသွားတိုင်း အနက်ရောင်ဝတ်အမျိုးသမီးက ပေါ့ပါးသောခြေလှမ်းများကိုလှမ်းကာ သူမ၏ ​ခြေဖဝါးအောက်တွင် စစ်တုရင်ခုံတစ်ခုနှင့်ဆင်တူသော လျှို့ဝှက်ဆန်းကြယ်သည့် အကွက်အပြောက်များက ပေါ်ထွက်လာတတ်၏။

အနက်ရောင်ဝတ်အမျိုးသမီးက ခြေတစ်လှမ်းချင်းစီလှမ်းရင်း သူမက ထူးခြားသောပုံစံဖြင့် ရွေ့လျားကာ အကွာအဝေးထိန်း၍ သိုင်းတာအိုပင်မခန္ဓာကို သူမ၏ ကျာပွတ်ဖြင့် လွှဲရိုက်နေ၏။

သိုင်းတာအိုပင်မခန္ဓာက အဆက်မပြတ်တိုက်ခိုက်နေသော်လည်း အနားကို မချဥ်းကပ်နိုင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မြင်းမြီးကျာပွတ်ကြောင့် သွေးစီးကြောင်းများက ပေါ်ထွက်လာ၏။

အခြားတစ်ဘက်မှာတော့ အဖြူရောင်ဝတ်အမျိုးသမီးက ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားပြီး သိုင်းတာအိုပင်မခန္ဓာကို ကြီးမားစွာခြိမ်းခြောက်နိုင်နေဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုပင်မခန္ဓာက တဖြည်းဖြည်းအရေးနိမ့်လာပြီး အမျိုးသမီးနှစ်ယောက်၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကို ခုခံနေရသည်။

ထိုစဥ်မှာပင် ကပ်ဘေးတိမ်စိုင်များက ပြောင်းလဲသွားပြီး နောက်ထပ်ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။

ထိုပုံရိပ်ယောင်က လူသားမဟုတ်ဘဲ ပေသုံးဆယ်မြင့်မားသည့် မျောက်ဝံအိုကြီးတစ်ကောင်ဖြစ်နေ၏။ သူ၏ လက်နှစ်ဖက်က အလွန်တရာရှည်လျားပြီး သူ၏ ဒူးနှစ်ဖက်ကြားမှာ တွဲလောင်းကျလုနီးပါးဖြစ်နေ၏။ သူ၏ မုတ်ဆိတ်များက ဖြူဖွေးနေသော်လည်း သူ၏ မျက်လုံးများက ထူးဆန်းသော သွေးရောင်အလင်းဖြင့် တောက်ပနေ၏။

“မျောက်…”

သိုင်းတာအိုပင်မခန္ဓာက မျော​က်ဝံအိုကြီးကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။

မျောက်ဝံအိုကြီးသည် မျောက်နှင့်ဆင်တူသောမျိုးဆက်သွေးရှိပြီး မျောက်ဝံမျိုးနွယ်၏ သီးခြားမျိုးဆက်တစ်ခုဖြစ်ပုံရ၏။

မျောက်ဝံအိုကြီးပေါ်ထွက်လာပြီးနောက် သူကလည်း တလက်လက်တောက်ပနေသော ရွှေရောင်တောင်ဝှေးတစ်လက်ကို ကိုင်ဆွဲထား၏။

“ဂါး...”

မျောက်ဝံအိုကြီးက သိုင်းတာအိုပင်ခန္ဓာဘက်ကို ဟိန်းဟောက်ပြီး သူ၏ သွေးချီက ပစ်လွင့်ထွက်ပေါ်လာ၏။ သူက တောင်ဝှေးကိုကိုင်ဆွဲပြီး ထိုသူကိုလွှဲရိုက်လိုက်၏။

ဘန်း...

သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ပစ်ထိုးပြီး ထိပ်တိုက်ရင်ဆိုင်လိုက်၏။

လက်သီးနှင့်တောင်ဝှေးက ထိတွေ့ရိုက်ခတ်သွားသော်လည်း သိုင်းတာအိုပင်မခန္ဓာက နောက်သို့ဆုတ်မသွားပေ။ ထိုအစားမျောက်ဝံအိုကြီးက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရ၏။

မျောက်ဝံအိုကြီးက ​ဒေါသချောင်းချောင်းထွက်သွားပြီး သူ၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက သိပ်သည်းအားကောင်းလာ၏။ သူက ရူးသွပ်ပေါက်ကွဲသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိသွားသည့်အလား သူ၏ တောင်ဝှေးကို ကိုင်မြှောက်ကာ နောက်တစ်ဖန် ပစ်ရိုက်ချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက တူညီသောပုံစံဖြင့် ပြန်လည်ပစ်ထိုးလိုက်၏။

ဘန်း...

ဤတစ်ခေါက်မှာ နှစ်ဘက်စလုံးက နောက်သို့ဆုတ်ခွာမသွားသော်လည်း သိုင်းတာအိုပင်မခန္ဓာက ဆတ်ခနဲတုန်ယင်သွား၏။

မျောက်ဝံအိုကြီး၏ ခွန်အားက တကယ်ပင်အဆများစွာတိုးလာခဲ့သည်။ မျောက်ဝံအိုကြီးက နောက်တစ်ဖန်ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်၏။

ဘန်း..

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးထဲရှိ တုန်လှုပ်နေသော အကြည့်နှင့်အတူ အဆက်မပြတ် နောက်သို့ဆုတ်ခွာသွားရ၏။

မျောက်ဝံအိုကြီး၏ တိုက်ခိုက်မှုတိုင်းက တစ်ခါထက်တစ်ခါ ပိုမိုကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းလာခဲ့၏။ သူပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိတော့ပေ။

ဂါး...

မျော​က်ဝံအိုကြီးက နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး သူ၏ တောင်ဝှေးက လေထုကိုဆုတ်ဖြဲလာခဲ့၏။

အဲဒါက အရမ်းကိုမြန်ဆန်နေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ့ရှေ့မှာ ပုံရိပ်ယောင်တစ်ခု ဖျတ်ခနဲလက်သွားသည်ဟုခံစားလိုက်ရပြီး သူ၏ လက်နှစ်ဖက်ကို အလိုလိုမြှောက်လိုက်၏။

ဘန်း...

အလွန်ကြီးမားသည့် နတ်ဘုရားစွမ်းအားတစ်ခုက သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာပစ်ရိုက်လိုက်ပြီး သူက လွင့်စင်ထွက်သွား၏။ သူသည် ပေပေါင်းများစွာလိမ့်ဆင်းသွားပြီးနောက် မြေပြင်ပေါ်မှာ နက်ရှိုင်းသောလျှိုမြောင်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်နှစ်ဖက်ကနေ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရဿည်။

မျောက်ဝံအိုကြီး၏ တောင်ဝှေးက သူ၏ လက်နှစ်ဖက်ကို သွေးသံရဲရဲစုတ်ပြဲသွားအောင် ​ပစ်ရိုက်ချခဲ့ပြီး အထဲမှာ အရိုးများကပင် ထွက်ပေါ်လာ၏။

သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို စဦးကျွမ်းကျင်မှုရရှိထားပြီး သူ၏ အရိုးများကို သိုင်းတာအိုနည်းစနစ်ဖြင့် ခတ်နှိပ်ထားခဲ့ခြင်းကြောင့်မဟုတ်လျှင် ထိုတောင်ဝှေးရိုက်ချက်က သူ၏ လက်နှစ်ဖက်ကို ကျိုးသွားစေပေလိမ့်မည်။

ကပ်ဘေးတိမ်စိုင်များက နောက်တစ်ဖန်ပြောင်းလဲသွား၏။

နောက်ထပ် ပုံရိပ်ယောင်နှစ်ခုက ပေါ်ထွက်လာ၏။

သူတို့ထဲမှတစ်ခုက ဆင်းသက်လာပြီးနောက် ကောင်းကင်ကမှောင်မည်းသွား၏။

ထိုပုံရိပ်၏ တည်နေရာကို အမှောင်ထုက လွှမ်းခြုံထားပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ အဲဒီမှာ ဝေဝါးနေသောအရိပ်တစ်ခုသာရှိနေ၏။

အခြားသောပုံရိပ်က ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများနှင့်အတူ အရပ်အမောင်းမြင့်မားလေသည်။ သူ၏ ခန္ဓာကိုယ်က ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး ရွှေရောင်သွေးချီက သူ၏ ခန္ဓာကိုယ်ကနေ တလိပ်လိပ်ထိုးတက်နေ၏။ သူက အရမ်းကိုချောမောနေသည်။

ထိုပုံရိပ်နှစ်ခုထဲမှတစ်ခုသည် အမှောင်ထုကို ကိုယ်စားပြုပြီး အခြားတစ်ခုက အလင်းကို ကိုယ်စားပြုပုံရ၏။

“အဲဒါတွေက ဘယ်သူတွေလဲ... သူတို့တွေ ဒီလောက်အများကြီး ဘာလို့ရုတ်တရက်ပေါ်ထွက်လာရတာလဲ”

ငရဲဖိနှိမ်မီးဖိုအောက်မှာ ကူထုံယိုက စိုးရိမ်ပူပန်နေသောအမူအရာဖြင့် မေးလိုက်၏။

ထိုပုံရိပ်ယောင်များသည် ကောင်းကင်ဘုံကပ်ဘေး၏ မိုးကြိုးစွမ်းအားကနေ ဖွဲ့တည်ထားပြီး အစစ်အမှန်ခန္ဓာများမဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် ပုံရိပ်ယောင်များကနေ ထုတ်ဖော်ထားသည့် တိုက်ခိုက်ရည်ခွန်အားက အရမ်းကိုကြောက်စရာကောင်းနေ၏။

ကောင်းကင်ဘုံကိုဖီဆန်သော တိုက်ခိုက်ရည်ခွန်အားနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုပင် ခုခံနိုင်ခဲ့သော အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတား ထျန်ဟွမ်ဂိုဏ်းမှ ဤဂိုဏ်းချုပ်သည် ဤပုံရိပ်ယောင်များကြောင့် သူ၏ လက်ရှိအခြေအနေထိ ဖိအားပေးခံနေရ၏။

“အစ်ကိုယန်... ဘာတွေဖြစ်နေတာလဲ”

နတ်မိမယ်ခရမ်းရောင်မြစ်နှင့် အခြားသူများက မေးလိုက်၏။

ထိုပုံရိပ်ယောင်များထဲမှ မည်သည့်တစ်ခုမဆို မိစ္ဆာများအားလုံးကို ထိတ်လန့်သွားစေနိုင်၏။

ဒါ့အပြင် အဲဒီမှာ သူတို့က ၅ဦးအထိ ရှိလာခဲ့ပြီဖြစ်၏။

ထိုပုံရိပ်ယောင် ၅ခု တစ်ချိန်တည်းမှာပေါ်ထွက်လာခြင်းကို လောကတစ်ခုလုံးက ခံနိုင်ရည်မရှိတော့သည့်အလား အနည်းငယ်တုန်ခါလာခဲ့၏။

ယန်ကျစ်၏ မျက်နှာပေါ်တွင် နောက်ဆုံး... အပြုံးတစ်ခုထွက်ပေါ်လာ၏။

“အဲဒီလူတွေက ဘယ်သူတွေလဲ ငါမသိဘူး... ငါသိတာတစ်ခုတော့ရှိတယ်... အဲဒီလူကို ကောင်းကင်ဘုံက ဖျက်ဆီးပစ်ချင်နေပြီ... အဲဒါက ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒပဲ... ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒကို ဘယ်သူကမှ မနာခံဘဲ နေလို့မရဘူး”

All Chapters