← Chapters

ဓမ္မတာအိုများကြားတိုက်ပွဲ

Vol. 159 Ch. 2382

ဓမ္မတာအိုများကြားတိုက်ပွဲ

Vol. 159 Ch. 2382

မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသမှာ...။

အရင်းအမြစ်များနှင့် ပိုင်နက်နယ်မြေများအတွက် နေရာတိုင်းမှာ တိုက်ခိုက်နေကြသော မဟူရာအဆင့်နှင့် ကမ္ဘာမြေအဆင့် ဂိုဏ်းများအပြင် အဲဒီမှာ ကောင်းကင်အဆင့် ဂိုဏ်းနှင့်အဖွဲ့အစည်းတချို့လည်း ရှိကြ​လေသည်။

ကောင်းကင်အဆင့်ဂိုဏ်းများအနေဖြင့် သူတို့မှာ ဂိုဏ်းကိုထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ကောင်းကင်လိုဏ်ဂူနယ်ပယ် ပညာရှင်များ သေချာပေါက်ရှိလေသည်။ ထိုသူများက မိစ္ဆာဘုရင်များဖြစ်ကြ၏။

မိုးကြိုးလေပြေနန်းတော်၏ ဤပိုင်နက်ဧရိယာသည် မဟူရာမိစ္ဆာဂိုဏ်း၏ အုပ်ချုပ်မှုအောက်မှာရှိနေသည်။

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့်မတူဘဲ ယေဘုယျအားဖြင့် ပြောရလျှင် ဤနယ်မြေမှာ ဂိုဏ်းနှင့်အဖွဲ့အစည်း ဘယ်လောက်များများက တစ်ဘက်နှင့်တစ်ဘက် ဘယ်လိုပင်တိုက်ခိုက်ကြသည်ဖြစ်စေ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက ဖျက်ဆီးခံရမည်ဆိုလျှင်တောင် မဟူရာမိစ္ဆာဂိုဏ်းက ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

မဟူရာမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မိစ္ဆာဘုရင်တစ်ပါးအနေဖြင့် မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်သည် ဂိုဏ်းများနှင့်အဖွဲ့အစည်းများ မြင့်မားခြင်းနှင့် ကျရှုံးခြင်းများစွာကို တွေ့မြင်ခဲ့ဖူးပြီး သူက အဲဒါနှင့်အသားကျနေပြီဖြစ်၏။

သူ၏ ထင်မြင်ချက်အရ ဤကဲ့သို့သော အဆက်မပြတ် တိုက်ခိုက်မှုနှင့် အောင်နိုင်မှုများကြားကနေသာ အစစ်အမှန်ပြိုင်စံရှားများကို မွေးထုတ်ပေးနိုင်မည်ဖြစ်၏။

ထိုဂိုဏ်းများနှင့်အဖွဲ့အစည်းများက သူ၏ ဦးဆောင်မှုအောက်မှာ ရှိနေသရွေ့ သူက ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤနေ့မှာ သူက ထွေရာလေးပါး စဥ်းစားတွေးတောနေစဥ် အဝေးတစ်နေရာမှ အလွန်တရာထူးခြားသော စွမ်းအင်အတက်အကျတစ်ခုကို သူကအာရုံခံမိလိုက်၏။

“ကျုံးယန်”

ရုတ်တရက် မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က ခေါ်လိုက်၏။

“ဒီမှာ ရှိပါတယ်”

သိပ်မကြာခင် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အေးစက်နေသောအမူအရာတစ်ခုနှင့်အတူ ခန်းမအောက်ဘက်ကနေ တက်လှမ်းလာ၏။ သူက မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်ရှေ့မှာ ဒူးထောက်ချလိုက်၏။

“အဲဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ််ရှားသွားပြီး လေထဲမှာ မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသ မြေပုံတစ်ချက်က ပေါ်ထွက်လာကာ သူက နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါက မိုးကြိုးလေပြေနန်းတော် တည်ရှိတဲ့နေရာပဲ”

ကျုံးယန်က လေးနက်စွာပြောလိုက်၏။

“ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ယန်ကျစ်နဲ့တခြားသူတွေက မိစ္ဆာစစ်တပ် ၁၈ တပ်နဲ့ မိစ္ဆာကျင့်ကြံသူ တစ်သန်းကို စုစည်းပြီး မိုးကြိုးလေပြေနန်းတော်ကို သွားရောက်တိုက်ခိုက်ခဲ့ကြတယ်”

“အဲဒါက အခုချိန်ထိမပြီးသေးဘူးလား”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ်လည်း သေချာမသိပါဘူး”

ကျုံးယန်က ပြောလိုက်၏။

“ဖုန့်စန်းထျန်မှာ ဝှက်ဖဲတချို့ရှိတယ်လို့ ကျုပ်ကြားတယ်... သူက တစ်ခါတုန်းက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေရဲ့ အန္တိမပကတိအင်မော်တယ်ဖြစ်ခဲ့ဖူးတယ်... သူက ယန်ကျစ်ထက် အားမနည်းဘူး”

“ဒါပေမဲ့... နတ်မိမယ်ခရမ်းရောင်မြစ်နဲ့ တခြားသူတွေရဲ့အကူညီနဲ့ဆို ယန်ကျစ်တို့အဖွဲ့က မိုးကြိုးလေပြေနန်းတော်ကို ချေမှုန်းဖျက်ဆီးဖို့ ပြဿနာရှိမှာမဟုတ်လောက်ဘူး”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။

“တစ်ခုခုတော့လွဲနေတယ်... အဲဒီဘက်ကနေ အရမ်းကိုအင်အားကြီးမားတဲ့ စွမ်းအင်အတက်အကျတစ်ခု ရုတ်တရက်ပေါ်ထွက်လာတယ်... အဲဒီမှာ တစ်ခုခုဖြစ်နေတာဖြစ်ရမယ်”

“ယန်ကျစ်က အဆင့်ချိုးဖျက်ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းနေတာများလား”

ကျုံးယန်ကမေးလိုက်၏။

“အဲဒါဖြစ်နိုင်တယ်”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က ခေါင်းညိတ်၍ ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။

“ဖုန့်စန်းထျန်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်နေတာလည်း ဖြစ်နိုင်တာပဲ”

“အဲဒါက ဘယ်သူပဲဖြစ်ဖြစ်... ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... ခင်ဗျားရဲ့လက်အောက်မှာ နောက်ထပ် မိစ္ဆာဘုရင်တစ်ပါး.. အစွမ်းထက်တဲ့တပ်မှူးတစ်ယောက်ကို ရရှိလာခဲ့ပြီ”

ကျုံးယန်က အလောတကြီး ဂုဏ်ပြုစကားပြောဆိုလိုက်၏။

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က တံဆိပ်ပြားတစ်ခုကို ပစ်ထုတ်ပေးလိုက်၏။

“ငါ့ရဲ့ တံဆိပ်ပြားကိုယူပြီး တစ်ချက်သွားကြည့်လိုက်... ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို လာတွေ့ခိုင်းလိုက်”

“နားလည်ပါပြီ”

ကျုံးယန်က ဦးညွှတ်၍ နောက်သို့ဆုတ်ခွာသွား၏။

တစ်ချိန်တည်းမှာပင် အခြားသောကောင်းကင်အဆင့် အဖွဲ့အစည်း ငရဲမြစ်စံအိမ်မှာ ဆေးပင်စိုက်ခင်းများကို ရေလောင်းပေါင်းသင်နေသည့် အမျိုးသားတစ်ယောက်က တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မိုးကြိုးလေပြေနန်းတော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။

“အဲဒီမှာ ဘာတွေဖြစ်နေတာပါလိမ့်... ဒီလိုမျိုး ကြီးမားတဲ့ အုတ်အော်သောင်းနင်းတစ်ခုက ဘာလို့ပေါ်ထွက်လာတာလဲ”

အမျိုးသားက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

နတ်ဘုရားမိစ္ဆာတောင်ကြောရိုးမှာ...။

ရွှေရောင်ဆံပင်... အပြာရောင်မျက်လုံးများနှင့် အမျိုးသားတစ်ယောက်က ပြိုးပြိုးပြက်ပြက်နန်းတော်တစ်ခုထဲမှာထိုင်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူနေ၏။

ရုတ်တရက်ဆိုသလို...။

သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အမျိုးသားက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး လေထဲသို့ပျံတက်ကာ အိုးတိုးအမ်းတမ်းအမူအရာတစ်ခုနှင့်အတူ အဝေးတစ်နေရာကို ငေးကြည့်နေ၏။

လေမိစ္ဆာဂိုဏ်းတွင်...။

မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်ထွက်လာကာ ပေါ့ရွှတ်ရွှတ် အမူအရာတစ်ခုနှင့်အတူ အဝေးတစ်နေရာကို ငေးကြည့်နေ၏။

မိုးကြိုးလေပြေနန်းတော်မှာ...။

မတူညီသောမျိုးနွယ်များမှ မိုးကြိုးပုံရိပ်ယောင်၅ခုက သိုင်းတာအိုပင်မခန္ဓာကို အတူပူးပေါင်းတိုက်ခိုက်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် မိုးကြိုးပုံရိပ်ယောင် ၅ခုကို တစ်ယောက်တည်းဖြင့် ထိခိုက်အောင်မလုပ်နိုင်သော်လည်း သူတို့ငါးယောက်ကလည်း အတူပူးပေါင်းထားတာတောင် သူ၏ အခြေခံအုတ်မြစ်ကို ပျက်စီးထိခိုက်အောင် မလုပ်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် အနည်းငယ်ဆိုးဆိုးဝါးဝါးပုံပေါက်၍ ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း ထိုဒဏ်ရာအများစုက အပေါ်ယံဒဏ်ရာများသာဖြစ်၏။

တိုက်ပွဲက ရပ်ဆန့်သွားသည်နှင့် ထိုဒဏ်ရာများက သိပ်မကြာခင် သက်သာပျောက်ကင်းသွားပေလိမ့်မည်။

မိုးကြိုးပုံရိပ်ယောင် ၅ခုထဲမှ တစ်ခုချင်းစီသည် မတူညီသောနည်းလမ်းများနှင့် ဓမ္မတာအိုများကို အသုံးပြုနေကြ၏။

အနက်ရောင်ဝတ်အမျိုးသမီး၏ ဓမ္မတာအိုက လျှို့ဝှက်ဆန်းကြယ်ပြီး သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ကိုယ်တွယ်ရအခက်ခဲဆုံးဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း အနက်ရောင်ဝတ်အမျိုးသမီးက သူ၏ စိတ်ကိုဖတ်နိုင်ပြီး အဲဒါကို ကြိုတင်တွက်ချက်နိုင်ပုံရလေသည်။

ဒါ့အပြင် အနင်ရောင်ဝတ်အမျိုးသမီး၏ လှုပ်ရှားမှုနည်းစနစ်က ပေါ့ပါးဖျတ်လတ်နေ၏။ သိုင်းတာအိုပင်မခန္ဓာက ထပ်တလဲလဲတိုက်ခိုက်နေသော်လည်း အချည်းနှီးသာဖြစ်ရ၏။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာကလည်း သူ၏ အာရုံခံသတိစိတ်ပေါ်မှီခိုထားပြီး အနက်ရောင်ဝတ်အမျိုးသမီးကလည်း သူ့ကို သေကွင်းသေကွက် ပျက်စီးထိခိုက်အောင် မပြုလုပ်နိုင်ပေ။

အဖြူရောင်ဝတ်အမျိုးသမီး၏ ဓမ္မတာအိုက စိတ်ဝိညာဥ်အပေါ်မှာ မှီခိုထား၏။ သူမ၏ ပုံရိပ်က လှပကြော့ရှင်း၍ နှစ်သက်ဖွယ်ရာကောင်းနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားက ကျောက်ဆောင်ကဲ့သို့ခိုင်မာပြီး ကိုင်လှုပ်၍မရနိုင်ပေ။ အဖြူရောင်ဝတ်အမျိုးသမီး၏ ဓမ္မတာအိုက သူ့အပေါ်မှာ သက်ရောက်မှုနှင့်ခြိမ်းခြောက်မှု အနည်းဆုံးဖြစ်၏။

မျောက်ဝံအိုကြီးကတော့ သူက အလွန်တရာသန်မာပြီး သိုင်းတာအိုပင်မခန္ဓာပင်လျှင် သူနှင့်ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။

နောက်ပိုင်းမှာပေါ်ထွက်လာသော လူနှစ်ယောက်မှာလည်း သန်မာသောဓမ္မတာအိုများနှင့် ကောင်းကင်ဘုံကိုဖီဆန်သော တိုက်ခိုက်ရည်ခွန်အားများရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ဒဏ်ရာအများစုသည် မျောက်ဝံအိုကြီးနှင့် ထိုလူနှစ်ယောက်ကြောင့် ရရှိလာခဲ့ခြင်းဖြစ်၏။

ထိုစဥ်မှာပင် ကပ်ဘေးတိမ်စိုင်များထဲကနေ နောက်ထပ်ပုံရိပ်နှစ်ခုက တစ်ဖန်ပေါ်ထွက်လာ၏။

သူတို့ထဲမှတစ်ယောက်က နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်ဖြစ်ပြီး ဓားရှည်တစ်လက်ကိုကိုင်ဆွဲထား၏။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ မျက်လုံးများထဲမှာ မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သူ၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံသို့ ရွေ့လျားရောက်ရှိသွား၏။

ရွှစ်...

အဖြူရောင်ဝတ်အမျိုးသားက တိုက်ခိုက်လိုက်၏။

ဓားအလင်းတန်းတစ်ခုက ရုတ်တရက်လင်းလက်သွားပြီးနောက် ပြန်လည်ရုပ်သိမ်းသွား၏။

သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့ ကြောက်စရာကောင်းသော ဓားနည်းစနစ်တစ်ခုကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

ထိုဓားခုတ်ချက်က အလျင်အဟုန်နှင့် သတ်ဖြတ်ခြင်းစွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ ပေါင်းစည်းထား၏။ အဲဒါက ပြီးပြည့်စုံနေပြီး မနှိုင်းယှဥ်သာအောင် မှင်တက်စရာကောင်းနေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ယခင် မိုးကြိုးပုံရိပ်ယောင် ၅ခုဖြင့် ငြိတွယ်တိုက်ခိုက်နေရပြီး အဲဒါက သူ၏ အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်၏။ သူသည် ထိုဓားချက်ကို လုံးဝမခုခံနိုင်ပေ။

ဖောက်...

သွေးရောင်က ဖြာလက်သွား၏။

ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာက နောက်ဆုတ်၍ သေကွင်းသေကွက် ပျက်စီးထိခိုက်မှုကို ရှောင်တိမ်းလိုက်၏။

သို့သော်လည်း သူ၏ ဝမ်းဗိုက်က ဓားဖြင့်ထိုးဖောက်ခံလိုက်ရဆဲဖြစ်ပြီး သွေးသံရဲရဲအပေါက်တစ်ပေါက်ကျန်ရစ်ခဲ့၏။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုဓားချက်ကိုတွေ့မြင်သောအခါ တုန်လှုပ်သွား၏။

ယခင်က သူသည် တက္ကသိုလ်၏ လျှို့ဝှက်စံအိမ်မှာ ဆုတ်ဖြဲခံလိုက်ရသည့် အဖြူရောင်စာရွက်ပိုင်းတစ်ပိုင်းကို တွေ့မြင်ခဲ့ပြီး ၎င်းပေါ်မှာ ဓားပညာရပ်တစ်ခုကို ရေးထိုးထား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုဓားပညာရပ်၏ သုတ္တန်ကို အလွတ်ကျက်မှတ်ထားခဲ့၏။ သို့သော်လည်း အဲဒါက ပြီးပြည့်စုံမှုမရှိသောကြောင့် သူသည် အထဲမှာပါဝင်သည့်သဘောတရားကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိပေ။

သို့သော်ယခု သူသည် အဖြူရောင်ဝတ်အမျိုးသား၏ တိုက်ခိုက်မှုကို တွေ့မြင်သောအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နားလည်ဆင်ခြင်မှုတချို့ရရှိလာသည့်ပုံပင်။

ရုတ်တရက် သူက ထိုဓားပညာရပ်၏ အစပိုင်းနက်နဲမှုနှင့် မပြီးပြည့်စုံသောသုတ္တန်အကြောင်း အနည်းငယ်နားလည်သဘောပေါက်လာသည်ဟုခံစားရ၏။

အဖြူရောင်ဝတ်အမျိုးသားထွက်ပေါ်လာပြီးနောက် နောက်ထပ်ပုံရိပ်တစ်ခုကလည်း ပေါ်ထွက်လာ၏။ ကြယ်စုများပေါ်တက်လှမ်းပြီး သူက သူ၏ လက်ကိုဝေ့ယမ်းကာ ကြယ်များကို ရွေ့လျားသွားစေ၏။

သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ငါးယောက်တစ်ယောက် တိုက်ခိုက်ရခြင်းက အကန့်အသတ်ဖြစ်နေခဲ့လေပြီ။

အဖြူရောင်ဝတ်ဓားကျင့်ကြံသူ၏ ပေါ်ထွက်လာမှုက သူ့ကိုသေရတော့မည့်ဆဲဆဲအခြေအနေသို့ တွန်းပို့လိုက်သည်။

ကြယ်များနှင့် ဤပုံရိပ်ယောင်ရောက်ရှိလာသောအခါ သိုင်းတာအိုပင်မခန္ဓာသည် သေခြင်းတရားကနေ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အန္တရာယ်ကို အာရုံခံမိသွားပြီး ငရဲဖိနှိမ်မီးဖိုက တဆတ်ဆတ်တုန်ယင်ကာ အထွတ်အမြတ်ဝိညာဉ်လေးခုသည် ကျယ်လောင်စွာဟိန်းဟောက်၍ ငရဲဖိနှိမ်မီးဖိုကနေ သူတို့ဘာသာသူတို့ ထွက်ခွာလာကြသည်။

ပကတိဧကနယ်ပယ်၏ အထွတ်အထိပ်မှာရှိနေသော အထွတ်အမြတ်ဝိညာဥ်လေးခုက ကြယ်ပုံရိပ်ယောင်ကို အနောက်ဘက်ကနေ ဝိုင်းပတ်၍ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။

ကြယ်ပုံရိပ်ယောင်ကတော့ သူ၏ လက်ကို တစ်ချက်ဝေ့ယမ်းပြီး ကြယ်ပင်လယ်တစ်စင်းကို ပေါ်ထွက်လာစေကာ အရေမတွက်နိုင်သော ကြယ်စုများက လွင့်မျောနေ၏။ သူက အထွတ်အမြတ်ဝိညာဥ်လေးခုကို သက်တောင့်သက်သာတိုက်ခိုက်နေပြီး အရေးနိမ့်ခြင်းမရှိပေ။

ဖောက်... ဖောက်... ဖောက်...

အဖြူရောင်ဝတ် ဓားကျင့်ကြံသူထပ်တိုးလာခြင်းနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် ပုံရိပ်ယောင်၆ခု၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုမှာ အရေးနိမ့်စွာဖြင့် နောက်သို့ဆုတ်ခွာနေရပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်သောဒဏ်ရာများ ပေါ်ထွက်လာကာ သွေးများက ပန်းထွက်နေ၏။

သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ပျက်စီးထိခိုက်သွားပြီး ၎င်းပေါ်မှာ အသားစတချို့ကပ်ငြိနေသည့် အရိုးစုတစ်ခုသာကျန်ရစ်တော့၏။ သူ၏ လူပုံသဏ္ဌာန်ကို ဆက်လက်၍ မတွေ့မြင်ရတော့သလောက်နီးပါးပင်။

တကယ်တော့... သိုင်းတာအိုပင်မခန္ဓာသည် အလွန်တရာ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရောက်ရှိနေသည်ဟုထင်ရသော်လည်း ဤအခြေအနေက လုံးဝအဖတ်ဆယ်လို့မရတော့တာတော့ မဟုတ်သေးပေ။

ပုံရိပ်ယောင်၆ခုက ပူးပေါင်းထားပြီး သိုင်းတာအိုပင်မခန္ဓာကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သော်လည်း သူတို့က သူ၏ အရိုးများကို မဖြတ်တောက်နိုင်ပေ။

သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ စဦးကျွမ်းကျင်မှုကို ရရှိထားသောကြောင့် သိုင်းတာအိုနည်းစနစ်သည် သူ၏ အရိုးများနှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။

ပုံရိပ်ယောင်၆ခု၏ တိုက်ခိုက်ရည်ခွန်အားက သန်မာ၍ သူတို့၏ ဓမ္မတာအိုများက လျှို့ဝှက်ဆန်းကြယ်သော်လည်း သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို ဖြတ်တောက်နိုင်ခြင်း သို့မဟုတ် ဖိနှိမ်နိုင်ခြင်းမရှိပေ။

အဲဒါသည် ကပ်ဘေဆင်းသက်ခြင်းနှင့် ဆက်လက်၍မတူတော့ဘဲ ဓမ္မတာအိုများကြားက တိုက်ပွဲတစ်ခုဖြစ်လာခဲ့သည်။

All Chapters