← Chapters

နင့်မှာ အနာဂတ် မရှိတော့ဘူး

Vol. 159 Ch. 2384

နင့်မှာ အနာဂတ် မရှိတော့ဘူး

Vol. 159 Ch. 2384

ကောင်းကင်ဘုံကပ်းဘေးက ပြီးဆုံးသွားသော်လည်း တိုက်ပွဲက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

“သတိထားဦး”

ယန်ပေးချန်နှင့် အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှ အခြေအနေကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး အလောတ​ကြီး သတိပေးလိုက်ကြ၏။

“အရှက်မရှိလိုက်တာကွာ”

ကူထုံယိုက ကျိန်ဆဲလိုက်၏။

“အဲဒီလူတွေက အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ”

ယန်ကျစ်နှင့် နတ်မိမယ် ခရမ်းရောင်မြစ်တို့သည် မိစ္ဆာများကို ခေါ်ဆောင်ပြီး တစ်ကျော့ပြန်လာကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာ၏။ တစ်ခဏချင်းမှာပင် သူတို့က သူ့ရှေ့သို့ ရောက်ရှိလာကြ၏။

ယန်ပေးချန်နှင့် အခြားသူများ၏ သတိပေးမှု မရှိလျှင်တောင် သိုင်းတာအိုပင်မခန္ဓာ၏ အာရုံခံသတိစိတ်က ထိုရန်လိုစိတ်ကို သတိထားမိနေခဲ့ပြီဖြစ်သည်။

ဝှစ်… ဝှစ်…

ထက်ရှသော လက်နက်တစ်ခု၏ လေထုကို ဆုတ်ဖြဲလိုက်သော အသံက ထူးခြားစွာ ထွက်ပေါ်လာသည်။

သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်ခြင်း မရှိဘဲ လက်ပြန်ပစ်ထိုးလိုက်၏။

ဒသမမြောက် ကပ်ဘေးအပြီး၌ သူ၏ လက်သီးပေါ်မှာ အသားများစွာ မကျန်ရှိတော့ဘဲ အဲဒါက အရိုးများသက်သက်နီးပါး ဖြစ်နေသည်။

သို့သော်လည်း ထိုထိုးချက်မှာ လောကကို ဖျက်ဆီးပစ်နိုင်ပုံရသော ထိန်းမနိုင်သိမ်းမရ စွမ်းအားတစ်ခု ပါဝင်နေဆဲဖြစ်၏။

ချွမ်း…

ထက်ရှသော လက်နက်က သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ထိခတ်မိသောအခါ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက စင်ထွက်သွား၏။

အဲဒါသည် လှံတစ်လက်နှင့် ဆင်တူသော လက်နက်တစ်ခုဖြစ်၏။ သို့သော်လည်း လှံထိပ်ဖျားမှာ ထက်ရှသော ဆူးချိတ်များ ပါရှိနေ၏။

အဲဒါသည် ယန်ကျစ်၏ သန့်စင်ယန်စိတ်ဝိညာဉ်ရတနာ နှလုံးထိုးဖောက်ချိတ်ဆူးဖြစ်သည်။

နှလုံးထိုးဖောက်ချိတ်ဆူးသည် ယမမင်း၏ လက်နက်ကို တုပပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုလေသည်။ အဲဒါက ရင်ဘတ်ကို ထိုးဖောက်သွားခြင်းဖြင့် အဲဒါသည် နှလုံးကို အလွယ်တကူ ဆွဲထုတ်နိုင်ပြီး ထိုကျင့်ကြံသူ၏ သွေးချီကို ယိုယွင်းပျက်စီးစေပေလိမ့်မည်။ ထိုလက်နက်ဖြင့် ထိခတ်ခံရသော ကျင့်ကြံသူများအနေဖြင့် ရရှိထားသော ဒဏ်ရာကို ပြန်လည်အဖတ်ဆယ်နိုင်တော့မည် မဟုတ်ပေ။

ယန်ကျစ်၏ မျက်လုံးအနက်ပိုင်းထဲတွင် အံ့အားသင့်မှု အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် အသားများစွာ မကျန်ရှိတော့တာတောင် သူ၏ သန့်စင်ယန်စိတ်ဝိညာဉ်ရတနာကို ခုခံနိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အခြေခံအုတ်မြစ်က သူ၏ တာအိုအရိုးများ ဖြစ်သည်ကို ယန်ကျစ်က မသိရှိပေ။

ဒသမမြောက် ကောင်းကင်ဘုံကပ်ဘေးကပင်လျှင် သူ၏ တာအိုအရိုးများကို မဖြတ်တောက်နိုင်ခဲ့ပေ။

နတ်မိမယ် ခရမ်းရောင်မြစ်က အော်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ ကပ်ဘေးဆင်းသက်ခြင်းက အခုမှ ပြီးဆုံးသွားတာ… အခုက သူ့ရဲ့ အားအနည်းဆုံးအချိန်ပဲ… သူက သူ့ရဲ့ ဝှက်ဖဲတွေ အားလုံးကို အသုံးပြုပြီးပြီ… အားလုံးပဲ အတူပူးပေါင်းပြီး တိုက်ခိုက်ကြ… သူ့ကို အသက်ရှူခွင့်တောင် မပေးနဲ့”

ရွှစ်… ရွှစ်… ရွှစ်…

ဘုန်း… ဘုန်း… ဘုန်း…

ယန်ကျစ် တိုက်ခိုက်လိုက်စဉ် မိစ္ဆာများ၏ အသိစိတ်ရှိ ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်လိုက်ကြ၏။

“မင်းတို့တွေက အဲလောက်နဲ့ ငါ့ကို ထိပါးနိုင်မယ် ထင်လို့လား”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး သူ၏မျက်လုံးက နက်ရှိုင်းလာခဲ့၏။ သူ၏ မျက်လုံးများထဲမှာ မီးတောက်လုံးနှစ်လုံးက လောင်ကျွမ်းလာသော်လည်း သူ၏ ငွေရောင်မျက်နှာဖုံးက အေးစက်နေ၏။

ရုတ်တရက်ဆိုသလို…

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်အောက်မှာ အပူလှိုင်းတစ်ခုက မိစ္ဆာများ၏ ခန္ဓာကိုယ်များထဲကနေ ဖြန့်ကြက်ထွက်ပေါ်လာခဲ့၏။

ထို့နောက် ချက်ချင်းပင် နီရဲနေသော မီးတောက်များက မိစ္ဆာများ၏ ခန္ဓာကိုယ်များထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ချက်ချင်းပင် လွှမ်းခြုံကာ ဒေါသူပုန်ထနေသော မီးတောက်လုံးများ ဖြစ်ပေါ်လာစေ၏။

အနီရောင်ကြာပန်းကြမ္မာမီးက ကမ္မကို လောင်ကျွမ်းစေနိုင်၏။

တစ်ခဏချင်းမှာပင် ပကတိမိစ္ဆာများစွာသည် သူတို့၏ အသားများ ကွဲထွက်ကုန်သည်အထိ လောင်ကျွမ်းခံလိုက်ရပြီး ထူးဆန်းစွာ လှပသော ပုံစံဖြင့် သူတို့၏ အရေပြားများပေါ်မှာ အနီရောင်ကြာပန်းများ ဖူးပွင့်လာ၏။

“အား… အား… အား…”

မိစ္ဆာများက စူးစူးဝါးဝါးအော်ဟစ်နေကြ၏။

ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က ပိုမိုမြင့်မားလေလေ… သူတို့ကို ငြိစွန်းနေသည့် ကမ္မက ပိုမိုနက်ရှိုင်းလေဖြစ်ပြီး ကြမ္မာမီးတောက်များကလည်း ပိုမိုသန်မာစွာ လောင်ကျွမ်းလာပေလိမ့်မည်။

အချိန်တိုအတွင်းမှာ ပကတိမိစ္ဆာများစွာသည် ကြမ္မာမီးကြောင့် သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။

ကြမ္မာမီးဖြင့် လောင်ကျွမ်းခံနေရသော မိစ္ဆာများ ထုတ်ဖော်ထားသည့် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကလည်း ဆင်းသက်မလာနိုင်ခင် ပျက်ပြယ်သွားကြသည်။

အသိစိတ်ရှိ ဓမ္မရတနာများက သိုင်းတာအိုပင်မခန္ဓာကို ထိခတ်သောအခါ သူတို့မှာ ခွန်အားများစွာ မကျန်ရှိတော့ဘဲ ပြန်ကန်ထွက်ကာ မြေပြင်ပေါ်ကို ပြန့်ကျဲကျဆင်းသွားကြ၏။

ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို ဖီဆန်သော အပြုအမူတစ်ခု ဖြစ်၏။ အဲဒါက မည်သူပင်ဖြစ်စေ… သူတို့က ဤအဆင့်ထိရောက်အောင် ကျင့်ကြံပြီးနောက် သူတို့သည် ကမ္မဖြင့် ရစ်ပတ်ခြင်းခံထားရပေလိမ့်မည်။ ဘယ်သူ့ရဲ့ လက်ကများ သွေးများစွာဖြင့် မစွန်းထင်းခဲ့ပဲ နေပါ့မလဲ။

နတ်မိမယ် ခရမ်းရောင်မြစ်သည် သူမ၏ အောက်လမ်းကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံဖို့အတွက် မရေမတွက်နိုင်သော အမျိုးသမီးများနှင့် ကလေးငယ်များကို သတ်ဖြတ်ခဲ့လေသည်။ သူမ ပြုလုပ်ခဲ့သော ပြစ်မှုများက ပို၍ ကြီးမားပြင်းထန်ပြီး သူမကို အကုသိုလ် ကမ္မများစွာက ရစ်ပတ်ထား၏။

အနီ​ရောင်ကြာပန်းကြမ္မာမီးက သူမအပေါ် ပျက်စီးထိခိုက်မှု အရှိဆုံးဖြစ်သည်။

“အထီးကျန်သိုင်းသခင်… အထီးကျန်သိုင်းသခင်….”

နတ်မိမယ် ခရမ်းရောင်မြစ်က ချောက်ချားဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူမက ရူးသွပ်သွားသည့်အလား သူမ၏ အဝတ်စများကို အဆက်မပြတ် ဆုတ်ဖြဲပစ်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို ငြှိမ်းသတ်ချင်နေ၏။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြမ္မာမီးတောက်များက ပိုမိုသိပ်သည်းအားကောင်းလာပြီး ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်ကာ ဧရာမ မီးတိုင်တစ်တိုင်ကို ဖြစ်ပေါ်လာစေ၏။

ကြမ္မာမီးတောက်များက ယန်ကျစ်၏ ခန္ဓာကိုယ်ကိုလည်း လောင်ကျွမ်းနေ၏။ သို့သော်လည်း သူက အဲဒါကို ဖိနှိမ်ပြီးနောက် မီးတောက်များက ဆက်လက်၍ သန်မာမလာတော့ပေ။

“ပျက်စမ်း”

ယန်ကျစ်၏ မျက်လုံးထဲကနေ အလင်းတန်းနှစ်ခုက ထွက်ပေါ်လာ၏။ တစ်ခုက အနက်ရောင်ဖြစ်ပြီး တစ်ခုက အနီရောင်ဖြစ်၏။ ချက်ချင်းပင် သူတို့က သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားပြီး ကြမ္မာမီးတောက်များကို လုံးလုံးလျားလျား ငြှိမ်းသတ်ပစ်လိုက်၏။

ယန်ကျစ်သည် မည်သို့ပင်ဆိုစေ အန္တိမ ပကတိမိစ္ဆာတစ်ဦးဖြစ်၏။ ကြမ္မာမီးတောက်တစ်ခုမျှက သူ့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်ပါ့မလဲ။

“ငါ နင်နဲ့ အသေအကြေ တိုက်ခိုက်မယ်”

အခြားတစ်ဖက်မှာ နတ်မိမယ် ခရမ်းရောင်မြစ်က ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ ကြမ္မာမီးတောက်များဖြင့် လွှမ်းခြုံခံထားရပြီး သူမက သူမ၏ လျှာကို ကိုက်ကာ အဆီအနှစ် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူမက သူမ၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး သူမ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ညှီဟောင်နေသော အနံ့တစ်ခုဖြင့် ခရမ်းနီရောင် သွေးများက ပစ်လွင့်ထွက်ပေါ်လာ၏။

ဇီး… ဇီး…

ခရမ်းနီရောင် သွေးများက ကြမ္မာမီးတောက်များအပေါ် ဖြန်းပက်ကျဆင်းသွားပြီး ထူးဆန်းသော အသံတစ်ခုနှင့်အတူ မီးခိုးစိမ်းများ အူထွက်လာ၏။

ကြမ္မာမီးတောက်များက လျင်မြန်စွာ ငြိမ်းသေသွား၏။

မီးခိုးစိမ်းများထဲမှာ နတ်မိမယ် ခရမ်းရောင်မြစ်၏ ဆံပင်က ဖိုသီဖတ်သီဖြစ်နေပြီး သူမ၏ အဝတ်အစားများက စုတ်ပြဲနေ၏။ သူမသည် ချက်ချင်းပင် အိုစာ၍ သူမ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားပုံရ၏။ သူမ၏ မျက်နှာက အဘွားကြီးအိုတစ်ယောက်လို ပါးရည်နားရည်များ တွန့်သွားပြီး အဲဒီမှာ မည်သည့် ငယ်ရွယ်မှု သို့မဟုတ် မည်သည့် လှပမှုတို့မှ မကျန်ရှိတော့ပေ။

နတ်မိမယ် ခရမ်းရောင်မြစ်က သိုင်းတာအိုပင်မခန္ဓာကို မုန်းတီးစွာဖြင့် အံကို တင်းတင်းကြိတ်ကာ ကြည့်နေ၏။

“အထီးကျန်သိုင်းသခင်… ငါ့ရဲ့ ကျင့်ကြံမှု ဖျက်ဆီးခံလိုက်ရတာကို ငါမှတ်ထားတယ်… အနာဂတ်မှာ ငါ နင့်ကို သေချာပေါက် ဆယ်ဆ…”

နတ်မိမယ် ခရမ်းရောင်မြစ်က စကားဆုံးအောင် မပြောရသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး သူမကို မှင်သေသေဖြင့် ဖြတ်ပြောလိုက်၏။

“အများကြီး လျှောက်တွေးမနေနဲ့… နင့်မှာ အနာဂတ်ဆိုတာ မရှိတော့ဘူး”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်လာခဲ့၏။

ရွှစ်…

ရုတ်တရက်ဆိုသလို သိုင်းတာအိုပင်မခန္ဓာ၏ ခြေဖဝါးအောက်မှာ အနက်ရောင် မီးတောက်လုံးတစ်လုံးက ပေါ်ထွက်လာ၏။

မကောင်းဆိုးဝါးဆန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အနက်ရောင် မီးတောက်က အဘက်ဘက်ကို လျင်မြန်စွာ ဖြန့်ကြက်တိုက်ခတ်သွား၏။ အဝေးကနေ ကြည့်လျှင် အဲဒါက တဖြည်းဖြည်း ကြီးထွားလာသော ဧရာမ အနက်ရောင်မီးကြာပန်းတစ်ခုနှင့် တူလေသည်။

ချက်ချင်းပင် ယန်ကျစ်၊ နတ်မိမယ် ခရမ်းရောင်မြစ်နှင့် ကျန်ရှိနေသော မိစ္ဆာများက လွှမ်းခြုံခံလိုက်ရ၏။

အနက်ရောင်မီးတောက်များက ဘေးပတ်ဝန်းကျင် လေဟာနယ်ကို​ တွန့်လိမ်သွားစေ၏။ မိစ္ဆာများသည် တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်ဖို့ ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ ဖြစ်ရ၏။ သူတို့က ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ငရဲမီး…

မီးတောက်များက မည်သည့် ပူလောင်မှုကိုမှ မဖြစ်စေပေ။ ထိုအစား သူတို့က မကောင်းဆိုးဝါးဆန်၍ အေးစက်နေပြီး အတွင်းမှာ မည်သူကမှ ခံနိုင်ရည်မရှိသည့် သန်းပေါင်းများစွာသော သက်ရှိများ၏ နာကျင်ခြင်းစိတ်ဆန္ဒများ ပါဝင်နေ၏။

မိစ္ဆာများက ကြမ္မာမီးတောက်များကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားပြီဖြစ်၏။

ယခု သူတို့သည် ငရဲမီးဖြင့် လွှမ်းခြုံခံလိုက်ရ​ပြီး အဲဒါကို ဆက်လက်၍ ခံနိုင်ရည် မရှိတော့ပေ။ တစ်ခဏချင်းမှာပင် ပကတိမိစ္ဆာတစ်ရာကျော်က အနက်ရောင်ပြာမှုန့်များအဖြစ် လောင်ကျွမ်းခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ပျက်စီးသွား၏။

အသက်ရှူချိန် ဆယ်ကြိမ်မပြည့်ခင်မှာပင် ကျန်ရှိနေသော ပကတိမိစ္ဆာများက ဤနေရာမှာ မြုပ်နှံခံရပေလိမ့်မည်။

နတ်မိမယ် ခရမ်းရောင်မြစ်သည် ကြမ္မာမီးတောက်များကို ငြှိမ်းသတ်ဖို့အတွက် နှစ်ပေါင်းသိန်းချီကြာအောင် သူမ ကျင့်ကြံထားခဲ့သည့် သူမ၏ သွေးအဆီအနှစ်များကို ဆုံးရှုံးခဲ့ရသည်။

ယခု သူမက ငရဲမီးနှင့် ရင်ဆိုင်ရသောအခါ သူမသည် ဆက်လက်၍ မခုခံနိုင်တော့ဘဲ လောင်ကျွမ်းပြာကျကာ သေဆုံးသွားတော့၏။

သူမ၏ ဆန်းကြယ်ယင်မိခင်ကလေးအောင်လံတံခွန်က ကြမ္မာမီးနှင့် ငရဲမီးဖြင့် လောင်ကျွမ်းခံရပြီးနောက် လုံးလုံးလျားလျား ပျက်စီးသွား၏။ မရေမတွက်နိုင်သော ကလေးငယ်များနှင့် အမျိုးသမီးများ၏ ပုံရိပ်ယောင်များက အောင်လံတံခွန်ထဲကနေ လွတ်မြောက်လာခဲ့၏။

သို့သော်လည်း ဤတစ်ခေါက်မှာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ မျက်နှာများက ကြောက်စရာကောင်းခြင်း သို့မဟုတ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခြင်း မရှိတော့ပေ။ ထိုအစား သူတို့က လွတ်မြောက်လာမှုဖြင့် ဝမ်းသာအားရဖြစ်နေကြ၏။

ဒေါသူပုန်ထနေသော မီးတောက်များကြားမှာ မရေမတွက်နိုင်သော အမျိုးသမီးများသည် သူတို့၏ ကလေးများကို ပွေ့ချီပြီး သိုင်းတာအိုပင်မခန္ဓာ ရှိရာဘက်သို့ အဆုံးမဲ့ ကျေးဇူးတင်မှုနှင့်အတူ နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြ၏။

မီးတောက်နှစ်ခုကြောင့် မဟုတ်လျှင် နတ်မိမယ် ခရမ်းရောင်မြစ်က သေဆုံးလိမ့်မည် မဟုတ်ဘဲ သူတို့အားလုံးက သူမ၏ ထာဝရကျွန်ပြုခြင်း ခံနေရပေလိမ့်မည်။ သူတို့၏ ကိုယ်ပိုင်အသိစိတ် မရှိဘဲ သူတို့သည် နေရာတိုင်းမှာ ဆိုးယုတ်မှုများကို ပြုလုပ်မိပေလိမ့်မည်။

သို့သော် ယခု နတ်မိမယ် ခရမ်းရောင်မြစ်က သေဆုံးသွားပြီး ဆန်းကြယ်ယင်မိခင်ကလေးအောင်လံတံခွန်ကလည်း ပျက်စီးသွားကာ ကလေးများနှင့် အမျိုးသမီးများက နောက်ဆုံးမှာ လွတ်မြောက်လာခဲ့၏။

မရေမတွက်နိုင်သော မိခင်များနှင့် ကလေးများက ပြန်လည်ဆုံစည်းမိပြီး သူတို့သည် ပြန်လည်ဝင်စားဖို့အတွက် တမလွန်လောကသို့ သွားရောက်ကြပေလိမ့်မည်။

“​အော မီ တော ဖော”

ထိုသည်ကို တွေ့မြင်သောအခါ မင်းကျန်က ဗုဒ္ဓအာလုပ်စကားတစ်ခုကို ညင်သာစွာ ရွတ်ဆိုပြီး အငြိုးအတေးကြီးမားသော စိတ်ဝိညာဉ်များကို သန့်စင်ကယ်ချွတ်ပေးဖို့အတွက် ကမ္ဘာ့ကွန်ချာဗောဓိသတ်၏ မေတ္တာစာကို ရွတ်ဆိုကာ သူတို့ကို လွတ်မြောက်မှု ရရှိစေရန် ကူညီပေးနေ၏။

(ဗောဓိသတ်- ဘုရားလောင်း[မဟာယာန])

All Chapters