← Chapters

နောက်ဆက်တွဲ (၃)

Vol. 40 Ch. 561

နောက်ဆက်တွဲ (၃)

Vol. 40 Ch. 561

“အမေက ကျွန်မတို့ကို တွေ့ချင်ပါ့မလား”

လုန်ယွိက သူမ၏ နဂါးဥလေးကို ပွေ့ချီထားရင်း အပြင်ဘက်တွင် စိတ်ပူပန်စွာ စောင့်ဆိုင်းရင်း မေးမြန်းလိုက်သည်။

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

“ဒီလောက်လည်း စိတ်ပူမနေပါနဲ့”

လုန်ယွိ၏ မိခင်က လုန်ယွိကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပေ။ သူတို့ကို ကြည့်ရသည်မှာ သားအမိဟု မထင်ရလောက်အောင် စိမ်းကားလွန်းသည်။

အရင်ကဆိုလျှင် ကျန်းလန်က တွေ့ချင်သည်ဆိုလျှင်တောင်မှ နဂါးဧကရီရန်ကျင်းက ငြင်းဆိုခွင့်ရှိသည်။ သို့သော် ယခုတော့ ကျန်းလန်သည် အတိတ်အချိန်က ကျန်းလန် မဟုတ်တော့ပေ။

ဘေးအန္တရယ်ကပ်ဆိုးကြီးကို တားဆီးပေးခဲ့သူ လောကပထမသူတော်စင်နှင့် သူ၏ဇနီးကို နဂါးဧကရီရန်ကျင်းက အဘယ်မှာ တွေ့ဆုံရန် ငြင်းပယ်ဝံ့ပါမည်နည်း။

ကျန်းလန်အားကိုးဖြင့် ရှောင်ယွိက သူမ၏ အကြမ်းပန်းကန်များကို အတင့်ရဲစွာ ခိုးယူတော့မည်ကို စိုးရိမ်သည့်အတွက် ကျူးချင်သည်ပင် ရှောင်ယွိကို လျှို့ဝှက်အခန်းထဲ ပေးမဝင်ရဲတော့ပေ။ ကောင်းကင်ဘုံအရှင်၏အားကိုးဖြင့် ပိုပြီး အတင့်ရဲလာမည်ကို သူမက စိုးရိမ်လေသည်။

“ဒါပေမဲ့…”

ကျန်းလန်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ စကားဆက်ပြောသည်။

“မင်္ဂလာကိစ္စတောင်းဆိုတာကတော့ ပြောရခက်တယ်”

လုန်ယွိက…

“ယောကျ်ားကလည်း… အဲဒါက ကျွန်မပြောမှာ မဟုတ်ဘူးလေ ၊ ယောကျ်ားပြောရမှာ… နော်လို့…”

ကျန်းလန် : “……”

ဒီနဂါးမလေးကို အလိုလိုက်မိသည်က ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်ရချေပီ။ လုန်မန်နှင့် ယန်ရှီးယွင်တို့၏ မင်္ဂလာကိစ္စက ကောင်းကောင်းအဆုံးသတ်နိုင်ပါမည်လား မသိရှိနိုင်ပေ။ ပုံမှန်ဆိုလျှင်တော့ ပြဿနာကြီးကြီးမားမား မရှိနိုင်ဘဲ နဂါးမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များ၏ တုံ့ပြန်မှုအပေါ်တွင်သာ မူတည်သည်။

ခဏအကြာတွင်တော့…

နဂါးမျိုးနွယ်တစ်ယောက် ထွက်လာပြီး ကျန်းလန်နှင့် လုန်ယွိကို အထဲသို့ ဖိတ်ခေါ်သွားသည်။

သူတို့ (၂)ယောက် အထဲဝင်လိုက်သည်နှင့် သူတို့ကို ကြိုဆိုရန် ထွက်လာသည့် နဂါးဧကရီရန်ကျင်းနှင့် လုန်စီးစီးကို တွေ့လိုက်ရသည်။

“အမေ…”

ကျန်းလန်နှင့် လုန်ယွိက ဦးညွှတ်ဂါရဝပြု နှုတ်ဆက်လိုက်ကြသည်။

နဂါးဧကရီရန်ကျင်းက ကျန်းလန်ကို ပြန်လည်ဦးညွှန်နှုတ်ဆက်လိုက်ပြီးမှ လုန်ယွိလက်ထဲမှ နဂါးဥလေးကို ကြည့်လိုက်သည်။

"ဒါ မင်းရဲ့ကလေးလား"

နဂါးဥလေးကို မွေးမြူရခြင်းက သားရဲဥလေးကို မွေးမြူရခြင်းနှင့် မတူညီပေ။

သားရဲဥလေးက မည်သည့်တုန့်ပြန်မှုမှ မရှိပေ။ ရံဖန်ရံခါ ဝိညာဉ်ဆေးရည်များလောင်းပေးခြင်းသာ ပြုလုပ်ရသည်။

သို့ပေသိ နဂါးဥလေးကတော့ စိတ်ဆိုးလိုက် ၊ ဒေါသထွက်လိုက် ၊ ပျော်လိုက် ၊ မကျေမနပ်ဖြစ်လိုက်နှင့် ခံစားချက်များစွာ ရှိနေလေရာ အချိန်တိုင်း ဂရုတစိုက်ဖြင့် ချော့မြူနေရသည်။

တစ်ခါတစ်ရံ နဂါးဥလေးက လုန်မန်တို့အုပ်စုဖြင့်ပင် ဆော့ကစားလေ့ရှိသည်။

လုန်ယွိက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး သူမ၏နဂါးဥလေးကို မိခင်ဖြစ်သူကို ပြလိုက်သည်။

“ဟုတ်… သူက အခုတော့ မမွေးလာသေးဘူး”

လုန်စီးစီးကတော့ ပျာယာခတ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ လုန်ယွိက အလွန်ယဉ်ကျေးသိမ်မွေ့နေသည့်အတွက် သူမက စိတ်ပူပန်နေမိသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လုန်ယွိက ဂုဏ်သတင်းနိမ့်ပါးသူ မဟုတ်လေရာ သူမက တည်ငြိမ်စွာပင် နေလေ့ရှိသူ ဖြစ်သည်။

ရန်ကျင်းက မြေးဖြစ်သူကို အနည်းငယ်ပွတ်သပ်လိုက်ရာ အလင်းရောင်များဖြင့် တုန့်ပြန်လာသည့်အတွက် အနည်းငယ် အံ့အားသင့်သွားသည်။

“အထဲကို အရင်ဝင်ကြပါ”

ခဏအကြာတွင်တော့…

ကျန်လးန်နှင့် လုန်ယွိက ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြပြီး ရန်ကျင်းနှင့် လုန်စီးစီးက သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

နဂါးဥလေးကိုတော့ စားပွဲတင်ထားလိုက်ကြသည်။ နဂါးဥလေးက သူ့ကိုထိလိုက်တိုင်း အလင်းရောင်များထွက်ပေါ်လာကာ တုံ့ပြန်တတ်သည်။ ဆော့ကစားရသည်ကို ပျော်ရွှင်နေဟန်ပင်။

ခဏမျှ စကားပြောဆိုပြီးနောက် ရန်ကျင်းက ကျန်းလန်နှင့် လုန်ယွိကို ကြည့်လိုက်ပြီး…

“မင်းတို့ရောက်လာကြတာ ကိစ္စတစ်ခုခုများ ရှိလို့လား”

လုန်စီးစီးက ကျန်းလန်ကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ “ဘာကိစ္စမှမရှိဘူး” ဟု ပြောပါစေရန် သူမက ဆုတောင်းနေမိ၏။

သို့သော် သူမ ဆုတောင်းမပြည့်ခဲ့ပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“နဂါးမျိုးနွယ်တွေနဲ့ပတ်သက်ပြီး မေးချင်တာလေးတချို့ ရှိလို့ပါ”

နဂါးမျိုးနွယ်များနှင့် ပတ်သက်၍တဲ့။

ထိုစကားကိုကြားသည့်အခါ လုန်စီးစီးသာမက ရန်ကျင်းသည်ပင် စိုးရိမ်လာမိသည်။

လုန်ယွိကတော့ သူမ၏မိခင်ဖြစ်သူကို မကြည့်ရဲဘဲ ခေါင်းငုံ့လျှက် မျက်ခုံးများကို တွန့်ချိုးထားသည်။

ရန်ကျင်းက ချက်ချင်းပင် ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း…

“ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပေးါ”

ကျန်းလန်စကားကို စောင့်နေသည့် လုန်စီးစီးမှာ အသက်ပင်မရှူဝံ့ဖြစ်နေသည်။

နဂါးဧကရီရန်ကျင်း၏ လေးနက်လွန်းသည့် အမူအရာကြောင့် ကျန်းလန်ပင် ခဏမျှ ဆွံ့အသွားသည်။ သို့သော် လုန်ယွိက ခေါင်းတွင်တွင်ငုံ့ထားသည့်အတွက် သူသာလျှင် ဖြစ်ကြောင်းကုန်စင်ကို ပြောရပေတော့မည်။

ကျန်းလန်က…

“အဋ္ဌမမင်းသားက အသက်မငယ်တော့ဘူးလေ ၊ နဂါးမျိုးနွယ်တွေဘက်က သူ့အတွက် အိမ်ထောက်ဖက် ရှာပေးဖို့ အစီအစဉ်ရှိလား မေးချင်တာပါ”

ရုတ်တရက် ကြားလိုက်ရသည့်စကားကြောင့် ရန်ကျင်း အံ့အားသင့်သွားသည်။

လုန်စီးစီး စိတ်ရှုတ်ထွေးသွားသည်။ ကျန်းလန်က အဋ္ဌမမင်းသားအကြောင်းကို ပြောဆိုနေသည်လား။

ကျန်းလန်က အဋ္ဌမမင်းသား၏ မင်္ဂလာကိစ္စနှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တော့မည်ဟု ချက်ချင်းပင် သဘောပေါက်သွားသည်။

ရန်ကျင်းက…

“သူ့အတွက် သတို့သမီးလောင်း မရှာရသေးဘူး ၊ သေသေချာချာ စဉ်းစားကြည့်ရင်တော့ လုန်မန်လည်း အသက်မငယ်တော့ဘူး ၊ လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ ၊ မင်းက သင့််တော်တဲ့သူတစ်ယောက် တွေ့ထားလို့လား”

လုန်ယွိက ခေါင်းမော့ကြည့်လိုက်သည်။

သို့သော် မိခင်ဖြစ်သူ၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းပင် မဆိုရဲတော့ဘဲ ခေါင်းပြန်ငုံ့နေလိုက်သည်။

ကျန်းလန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“သင့်တော်တဲ့သူတစ်ယောက်တော့ တွေ့ထားတယ်”

ပဟေဠိဖြစ်နေဟန်ရှိသည့် ရန်ကျင်းနှင့် လုန်စီးစီးကို ကြည့်ရင်း ကျန်းလန်က စကားဆက်ပြောသည်။

“အဲဒီမိန်းကလေးကို အမေတို့လည်း သိမှာပါ ၊ သူက အရင်တုန်းက သေရည်ဆိုင်မှာပဲနေတဲ့ ချီလင်မျိုးနွယ် ကောင်မလေးလေ ၊ သူက လုန်မန်အတွက် သင့်တော်မလားလို့”

ထိုစကားကြားသည်နှင့် ရန်ကျင်းနှင့် လုန်စီးစီး မျက်နှာပျက်သွားပြီး ခဏတာမျှ စကားပြန်မပြောနိုင်ဖြစ်သွားသည်။

နဂါးမျိုးနွယ်များဘက်မှ သဘောမတူကြောင်း ရိပ်မိသည့်အခါ ကျန်းလန် တိတ်တဆိတ်ပင် စောင့်ဆိုင်းနေလိုက်သည်။ လုန်ယွိက သူမ၏မိခင်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ပြန်ခေါင်းငုံ့သွားပြန်သည်။

အတန်ကြာ ငြိမ်သက်နေပြီးမှ ရန်ကျင်းက စကားစပြောလိုက်သည်။

“တကယ်သင့်တော်ပါတယ်”

လုန်စီးစီးက ငြင်းဆန်ရန် ပါးစပ်ကိုဟလိုက်သော်လည်း စကားသံ ထွက်မလာပေ။ အမှန်တော့ လုံး၀ မသင့်တော်ပေ။

ရန်ကျင်းက ဆက်ပြောသည်။

“ဒါပေမဲ့ လွယ်တော့ မလွယ်လောက်ဘူး”

ကျန်းလန်က…

“နဂါးမျိုးနွယ်တွေဘက်က အခက်အခဲရှိလို့လား”

ကျန်းလန်က ယဉ်ကျေးသိမ်မွေ့စွာ ပြောနေသည့်တိုင် သူ့စကားကို ငြင်းဆန်မရနိုင်သည့် အရှိန်အဝါများ ပါဝင်နေသည်။

ရန်ကျင်းက ခေါင်းခါယမ်းလိုက်ရင်း…

“ငါတို့ နဂါးမျိုးနွယ်တွေဘက်က အခက်အခဲ မရှိပါဘူး ၊ ဒါပေမဲ့ ချီလင်မျိုးနွယ်တွေဘက်က သဘောတူပါ့မလား ၊ မင်းအနေနဲ့ နဂါးမျိုးနွယ်တွေကိုယ်စား ချီလင်မျိုးနွယ်တွေဆီကို သွားတွေ့ပြီး ကြောင်းလမ်းပေးမှ အဆင်ပြေမယ်ထင်တယ် ၊ သူတို့လည်း မကြာခင် ခွန်လွန်တောင်ကို ရောက်လာကြတော့မှာပါ”

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ၊ သူတို့ရောက်လာတာနဲ့ ကျွန်တော်သွားတွေ့လိုက်ပါ့မယ် ၊ အဲဒီကိစ္စတွေအားလုံး ညှိနှိုင်းပြီးရင် အမေ့ဆီကိုလည်း ချက်ချင်း သတင်းပို့ပေးပါ့မယ် ၊ ဒါမှ အမေလည်း စိတ်အေးမယ် မဟုတ်လား”

“အဲဒါ ကောင်းတယ်”

စားပွဲထက်မှ နဂါးဥလေးနှင့် ခဏမျှ ဆော့ကစားပြီးနောက် ရန်ကျင်းက လုန်ယွိနှင့် ကျန်းလန်ကို လိုက်ပို့ပေးသည်။

သူတို့ (၂)ယောက်ပြန်သွားသည်နှင့် လုန်စီးစီးက ခပ်တိုးတိုးလေသံဖြင့်…

“အဋ္ဌမမင်းသားကို ယန်ရှီးယွင်နဲ့ လက်ထပ်ခိုင်းဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ သူက ကမ္ဘာမြေရဲ့ သမီးပျိုဖြစ်သလို အဆင့်အတန်းမြင့်မားတယ် ၊ ပြီးတော့ မျိုးနွယ်မတူတဲ့သူကို လက်ထပ်လိုက်မယ်ဆိုရင် အဋ္ဌမမင်းသားရဲ့ မျိုးဆက်က ဘယ်လိုလုပ်မှာလဲ ၊ ချီလင်မျိုးနွယ်တွေဘက်ကကြည့်မယ်ဆိုရင်လည်း ကမ္ဘာမြေရဲ့သမီးပျိုဆိုတဲ့ သွေးမျိုးဆက်ကို ဆုံးရှုံးရလိမ့်မယ် ၊ ဒါက နှစ်ဖက်လုံး အရှုံးထွက်မယ့်ကိစ္စကြီးပဲ”

နဂါးဧကရီရန်ကျင်းက…

“ဆိုတော့… ငါက ငြင်းလိုက်ရမှာလား”

လုန်စီးစီး ပါးစပ်ပိတ်သွားသည်။

ငြင်းရမည်လား။

ကျန်းလန်က ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကယ်တင်ခဲ့သည့် ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင် ဖြစ်သည်။ သူ့ကို မည်သူက ငြင်းဆန်ဝံ့ပါမည်နည်း။

မိုးကောင်းကင်တာအိုဖြစ်သည့် ဧကရာဇ်ရှီးဟယ်သည်ပင် ကျန်းလန်၏ဆန္ဒကို မလွန်ဆန်နိုင်ပေ။ ကျန်းလန်က ကမ္ဘာကြီး၏ တည်နေရာကိုပင် ဆုံးဖြတ်နိုင်စွမ်းရှိအောင် သြဇာကြီးမားသူတစ်ယောက် ဖြစ်သည်။

နဂါးမျိုးနွယ်များက ငတုံးများ မဟုတ်လေရာ ကောင်းကင်ဘုံအရှင်၏ စိတ်ဆန္ဒကို ငြင်းဆန်ကြမည် မဟုတ်ပေ။ သို့မှသာ ကောင်းမွန်သောဘဝတွင် ဆက်လက်နေထိုင်နိုင်ကြမည် ဖြစ်သည်။

ပျခွန်လွန်တောင်၏ လောကပထမသူတောင်စင်ကို ငြင်းဆန်မိပါက က်သုဉ်းတစ်စပြင်လောကကြီးတွင် မည်သူမှ စိတ်အေးလက်အေး နေထိုင်နိုင်တော့မည် မဟုတ်ပေ။

ရန်ကျင်းက တည်ငြိမ်သည့်လေသံဖြင့်…

“ဒီကိစ္စက သိပ်တော့ ပြဿနာကြီးကြီးမားမား မရှိပါဘူး ၊ ချီလင်မျိုးနွယ်ကလည်း ငြင်းဆန်ရဲမှာ မဟုတ်ဘူး ၊ ပြီးတော့ လုန်မန်နဲ့ ယန်ရှီးယွင်တို့ကလည်း အချိန်အကြာကြီး ရင်းနှီးခဲ့ကြသူတွေဖြစ်သလို ကောင်းကင်ဘုံအရှင်နဲ့လည်း ခင်မင်ကြတယ် ၊ ဒီတော့ မကောင်းတဲ့ကိစ္စတော့ မရှိပါဘူး”

သူမ အရာအားလုံးကို တွေးတောပြီး အားနည်းချက် အားသာချက်များကို ချိန်ဆပြီး ဖြစ်သည်။ ပြဿနာ ကြီးကြီးမားမားရှိနိုင်သည်တော့ မဟုတ်ပေ။

လုန်စီးစီး ခေါင်းညိတ်လိုက်သည်။ လုန်မန်က အခြားမျိုးနွယ် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လျှင်လည်း နဂါးမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို မထိခိုက်နိုင်ပေ။

နောင်တစ်ချိန်တွင် အဋ္ဌမမင်းသားက နဂါးဓားသိုင်းကို အခြားသောနဂါးမျိုးနွယ်များကို ပြန်လည်သင်ကြားပေးနိုင်လေသည်။

သို့ပေသိ နဂါးဓားသိုင်းက အလွန်ခက်ခဲလေရာ နဂါးမျိုးနွယ်များထဲတွင် သင်ယူနိုင်သူတစ်ယောက် ထွက်ပေါ်လာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည် ဖြစ်သည်။

ပထမတောာင်ထွတ်မှ ထွက်ခွာလာပြီးနောက် လုန်ယွိက ကျန်းလန်ကို မေးလိုက်သည်။

“အမေက တကယ်ပဲ သင့်တော်တယ်လို့ ထင်တာလား”

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

“မဟုတ်ဘူး ၊ ဟန်ဆောင်ပြီးပြောတာ ဖြစ်နိုင်တယ်”

နဂါးမျိုးနွယ်များက အဋ္ဌမမင်းသားကို ချီလင်မျိုးနွယ်မှ ယန်ရှီးယွင်နှင့် သဘောမတူလိုသည်မှာ ထင်ရှားသည်။ လုန်မန်နှင့် ယန်ရှီးယွင် လက်ထပ်ခြင်းအားဖြင့် မျိုးနွယ် (၂)ခုလုံးအတွက် မည်သည့်အကျိုးအမြတ်မှ မရှိပေ။

တစ်ယောက်က ကမ္ဘာမြေနှင့်ပတ်သက်သူဖြစ်ပြီး တစ်ယောက်က ပင်လယ်ထဲတွင်နေသူဖြစ်ရာ သူတို့ (၂)ယောက်သည် လုံး၀ မတူခြားနားသူများဖြစ်ကြပြီး ပူးပေါင်း၍ရနိုင်သူများ မဟုတ်ကြပေ။

လုန်ယွိက…

“ကျွန်မက တမင် ပြဿနာရှာတယ်လို့များ အမေက ထင်မလား မသိဘူး”

“တကယ်ပဲ ပြဿနာရှာနေတာ မဟုတ်ဘူးလား”

ဟု ကျန်းလန် စိတ်ထဲက မေးလိုကသည်။

သို့ပေသိ ဤ နဂါးမလေးက ဘယ်သောအခါမှ အကောင်းအဆိုး ၊ အကြောင်းအကျိုး နားလည်သူ မဟုတ်ပေ။

အခြားသူများက သူတို့မျိုးနွယ်၏ ရှုထောင့်မှကြည့်ပြီး မသင့်တော်ဟု ယူဆသော်လည်း လုန်ယွိကတော့ လုန်မန်၏ အိမ်ထောင်ရေးကို ကိုုယ်ပိုင်ရှုထောင့်မှ ဆုံးဖြတ်သည်။

အမှန်တော့ လုန်မန်နှင့် ယန်ရှီးယွင် လက်ထပ်ခြင်းက နဂါးမျိုးနွယ်အတွက်ရော ချီလင်မျိုးနွယ်အတွက်ပါ လုံး၀ အကျိုးမရှိပေ။

အဋ္ဌမမင်းသားနှင့် ယန်ရှီးယွင်ကို ထိခိုက်မည်မဟုတ်သော်လည်း သူတို့ (၂)ယောက်လုံးက ငယ်ရွယ်သူများ ဖြစ်ကြလေရာ ပြဿနာများရှိမည်မှာ သေချာလေသည်။

သို့သော် သူနှင့် လုန်ယွိသည်လည်း ဤသို့ပင် လက်ထပ်ခဲ့ကြသော်လ်း မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

ကျန်းလန်က…

“ချီလင်မျိုးနွယ်တွေ ခွန်လွန်တောင်ကိုရောက်လာရင် ဂိုဏ်းတူအစ်မ သွားတွေ့မှာလား”

လုန်ယွိက…

“ဟုတ်တယ် ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက ကျွန်မကို ထောက်ပံ့ပေးဖို့ မမေ့ပါနဲ့”

ရက်အနည်းငယ်တော့ ကျန်းလန်နှင့် လုန်ယွိတို့ နဝမတောင်ထွတ်တွင်ပင် ငြိမ်ချမ်းစွာဖြင့် နေထိုင်ခဲ့ကြသည်။

ပဉ္စမတောင်ထွတ်မှ တပည့်များနှင့် ပထမတောင်ထွတ်မှ တပည့်များကတော့ အစီအရင်ပညာလေ့လာရန် ရံဖန်ရံခါ လာရောက်လေ့ရှိကြသည်။

တစ်ခါတစ်ရံ လင်စီးယာလာရောက်လည်ပတ်တတ်သည်။ ထိုအချိန်မျိုးတွင် လုန်ယွိက သူမ၏ နဂါးဥကို ပစ်ထားပြီး လင်စီးယာနှင့် စကားပြောလေ့ရှိသည်။ ထိုအချိန်မျိုးတွင် ကျန်းလန်က နဂါးဥလေးနှင့် ဆော့ကစားလေ့ ရှိသည်။

ယနေ့တော့ ကျန်းလန်က သစ်သားဓားဖြင့် နဂါးဥလေးကို အသာပုတ်လိုက်သည်။ နဂါးဥလေးမှာ ကြောက်လွန်းသဖြင့် ငိုတော့မည့်အလား ထင်မှတ်ရသည်။

ကျန်းလန်စိတ်ထဲ ပဟေဠိ ဖြစ်သွားသည်။

လုန်ယွိသည်ပင် သစ်သားဓားကို မကြောက်ရွံ့လေရာ သူ့သားက ဘာလို့ သစ်သားဓားကို ကြောက်ရပါမည်နည်း။ ထို့ပြင် နဂါးဥလေးမှာ ကျန်းလန်၏ လူသားသွေးတစ်ဝက်ပါဝင်လေရာ နဂါးအစစ်လည်းမဟုတ်ပါဘဲ နဂါးသုတ်သင်ဓားကို ကြောက်ရွံ့စရာ အကြောင်း မရှိပေ။

ထိုသို့ဆိုလျှင် နဂါးဥလေးက သစ်သားဓားနှင့် ဆော့ကစားရသည်ကို ပျော်ရွှင်နေခြင်း ဖြစ်နိုင်သည်။

ကျန်းလန်က သူ့အတွေးများကို ပြောင်းလဲလိုက်ပြီးနောက် သစ်သားဓားကို ဝှေ့ယမ်းလိုက်သည်။ သူက နဂါးဥလေး သူနင့် ပျော်ရွှင်စွာ ဆော့ကစားနေသည်ဟု ခံစားလိုက်သည်။

ကျန်းလန်က သစ်သားဓားကိုကိုင်ပြီး နဂါးဥလေးကို ဓားဖြင့် ထိုးခုတ်တော့မည့်ဟန် ပြုလုပ်လိကု်ရာ နဂါးဥလေးထံမှ ရှည်လျားသည့်အလင်းတန်းတစ်ခု တောက်ပလာသည်။

ကျန်းလန်က သစ်သားဓားကို ဖြည်းညှင်းစွာ ပြန်လည်ဆုတ်ခွာလိုက်ပြီး ထပ်မံထိုးနှက်ရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ခွန်လွန်တောင်ခြေမှ ထူးခြားသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်ကို ကျန်းလန် ခံစားလိုက်မိရာ သတိလွတ်သွားပြီး သစ်သားဓားက သားရဲဥလေးကို ထိုးစိုက်မိတော့မလို ဖြစ်သွားသည်။

တစ်လက်မခန့်အလိုတွင် ကျန်းလန်က ချက်ချင်းပင် ဓားကို ပြန်လည်ရုတ်သိမ်းလိုက်၏။ သို့သော် နဂါးဥလေးထံမှ အလင်းရောင်တစ်ချက်လက်ခနဲဖြစ်သွားပြီး တုန့်ပြန်မှုမရှိတော့ဘဲ ငြိမ်သက်သွားတော့သည်။

“ဒေါက် ဒေါက်”

ကျန်းလန် ဥခွံကို (၂)ချက်မျှ ခေါက်ကြည့်လိုက်သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရှိတော့ပေ။

ကျန်းလန် သစ်သားဓားကို ငုံ့ကြည့်လိုက်သည်။ သူများ နားလည်မှုလွဲသွားလေသလား။ သူ့ကလေးက သစ်သားဓားနှင့် ဆော့ကစားရသည်ကို တကယ်တမ်း မပျော်ရွှင်သည်လည်း ဖြစ်နိုင်သည်။

ကျန်းလန် သစ်သားဓားကို ဘေးသို့ချလိုက်ပြီး နဂါးဥလေးကို ကောက်ချီလိုက်သည်။ ထို့နောက် နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။

***

တောင်ခြေသေရည်ဆိုင်။

“ဒေါက် ဒေါက်”

သန့်ရှင်းရေးလုပ်နေသည့် လူငယ်က တံခါးခေါက်သံကြားသည့်အတွက် လှည့်ကြည့်လိုက်သည်။ ထိုအခါ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုသူက ယဉ်ယဉ်ကျေးကျေးဖြင့်ပင်…

“အခန်းငှားလို့ရမလား မသိဘူးဗျ”

လူငယ်လေးက အဖြူရောင်ဝတ်လူကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။

ဆိုင်အနောက်ဘက်မှ ဝင်လာသည့် ဟုန်ယာမှာလည်း ထိုသူကို တွေ့သည့်အခါ အံ့သြတုန်လှုပ်သွားသည်။

လူငယ်က အသက်တစ်ချက်ရှူသွင်းလိုက်ပြီး…

“ဟုတ်… ဟုတ်ကဲ့ ၊ အခန်း ရှိပါတယ် ၊ ဒါပေမဲ့ ခင်ဗျားလို အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ခွန်လွန်တောင်ကို သွားရမှာ မဟုတ်ဘူးလား”

အဖြူရောင်ဝတ်လူငယ်မှာ နတ်လူသားမျိုးနွယ် ယွင်ရှောင်း ဖြစ်သည်။

“ခွန်လွန်တောင်က မင်္ဂလာပွဲကိုလာတာဆိုပေမယ့် ဒီမှာကျတော့ အေးအေးဆေးဆေး တည်းခိုနိုင်တာပေါ့”

ပြောရင်း ယွင်ရှောင်းက ကောင်တာဆီသို့ လျှောက်လာသည်။

“အခန်းခကို ဘာနဲ့ ရှင်းရမလဲ ၊ ငွေသားနဲ့လား ဝိညာဉ်ကျောက်တုံးနဲ့လား”

လူငယ်က…

“ဝိညာဉ်ကျောက်တုံးနဲ့ပါ”

ယွင်ရှောင်းက…

“တစ်ရက်ကို ဝိညာဉ်ကျောက်တုံးဘယ်လောက်ပေးရမလဲ”

လူငယ်လည်း စည်းကမ်းအတိုင်းပင် ပြောလိုက်သည်။

“တစ်ရက်ကို ဝိညာဉ်ကျောက်တုံး (၃)တုံးပါ”

ယွင်ရှောင်းက ကောင်တာထက်သို့ ဝိညာဉ်ကျောက်တုံး (၃)တုံးချလိုက်ပြီး…

“ကောင်းပြီ ၊ ကျုပ် နေ့စဉ်အခန်းခ ရှင်းပေးပါ့မယ်”

ထိုအချိန် သေရည်ဆိုင်ထဲတွင် နဂါးဥတစ်လုံးပိုက်ထားသည့် လူတစ်ယောက်ပေါ်လာ၏။ ထိုသူက ကျန်းလန်ပင် ဖြစ်သည်။

သူက တောင်ခြေတွင် သူတော်စင်ရောင်ဝါထွက်ပေါ်နေသည်ကို ခံစားရသည့်အတွက် ရောက်လာခြင်း ဖြစ်သည်။ အမှန်တကယ်လည်း ယွင်ရှောင်းရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“ကောင်းကင်ဘုံအရှင်ကို နှုတ်ဆက်ပါတယ်”

ကျန်းလန်ကိုတွေ့သည်နှင့် ယွင်ရှောင်းက ယဉ်ကျေးစွာပင် ဦးညွှတ် နှုတ်ဆက်သည်။

ကျင့်စဉ်လမ်း လျှောက်လှမ်းရာတွင် မည်မျှပင် အသက်ကြီးသူဖြစ်နေပါစေ ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်ကို ဦးမညွှတ်ဘဲနေရဲသူ လောကတွင် မရှိပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ကျုပ်ဆရာရဲ့ မင်္ဂလာပွဲအတွက် ရောက်လာတာလား”

ယွင်ရှောင်းက…

“ဟုတ်လည်းဟုတ်တယ် ၊ ဟုတ်လည်းမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“မင်္ဂလာပွဲအကြောင်းပြပြီး ခွန်လွန်တောင်ကိုလည်း လာရောက်လည်ပတ်ရင်း ကောင်းကင်ဘုံအရှင်နဲ့လည်းတွေ့ချင်လို့ ရောက်လာတာပါ”

ကျန်းလန်က ယွင်ရှောင်းကို ကြည့်လိုက်ရင်း…

“ကျုပ်ကို တွေ့ချင်လို့ ဟုတ်လား”

ကျန်းလန်နှင့် ယွင်ရှောင်းတို့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးကြသည်။ သို့သော် သူတို့သည် ရင်းနှီးသူများ မဟုတ်သည့်အပြင် ရန်သူများပင် ဖြစ်ကြ၏။

ယွင်ရှောင်းက ကျန်းလန်ကို ထပ်မံ ဦးညွှတ်လိုက်ပြီး…

“ကောင်းကင်ဘုံအရှင်ကို ကျေးဇူးတင်စကားပြောဖို့ ရောက်လာတာပါ ၊ နတ်လူသားမျိုးနွယ်တွေရဲ့ မိုက်မဲမှုတွေကို စိတ်ထဲမထားတဲ့အတွက် ကျေးဇူးတင်စကားဆိုချင်တာပါ”

ကျန်းလန် ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူက နတ်လူသားမျိုးနွယ်များကို အကုန်ရှင်းပစ်လိုသော်လည်း ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်ပြီးသည့်နောက် ရှင်းပစ်ရန် မသင့်တော်သေးသည့်အတွက် ငြိမ်နေခြင်း ဖြစ်သည်။

ယခု ယွင်ရှောင်းက သူ့ကို ကျေးဇူးတင်စကားဆိုနေပြီဖြစ်ရာ ရန်ငြိုးကို ကျေအေးစေလိုဟန် ရှိသည်။

သူ့စိတ်ထဲတွင် ဖုန်းကျီနှင့် အခြားသူများကို အနည်းငယ် တောင်းပန်လိုက်မိသည်။ နတ်လူသားမျိုးနွယ်များအားလုံးကို သေလမ်းပို့ပေးမည်ဟု ကတိပေးထားခဲ့လေရာ ယခုဆိုလျှင် ငရဲသွားသည့်လမ်းတွင် ထိုင်စောင့်နေမည်လား မပြောတတ်ပေ။ ယခုတော့ ပေးထားသည့် ကတိကို မတည်နိုင်ဖြစ်ခဲ့ရသည်။

ကျန်းလန်က…

“ကိစ္စမရှိပါဘူး ၊ ဒါနဲ့ … မင်္ဂလာပွဲလာတယ်ဆိုရင်လည်း ခွန်လွန်တောင်မှာ တည်းခိုပါလား ၊ ခင်ဗျားက ထူးခြားပုဂ္ဂိုလ်တစ်ယောက်ဆိုတော့ ဧကရာဇ်ရှီးဟယ်က လက်ခံတွေ့ဆုံမှာပါ ၊ ဘာပြဿနာမှ မရှိလောက်ပါဘူး”

သူတော်စင်ဆိုသည်က နေရာတိုင်းတွင် ဂုဏ်သရေရှိသူများ ဖြစ်ကြသည်။

ယခုအချိန်ထိ ခွန်လွန်တောင်တွင် မည်သူမှ သူတော်စင် ဖြစ်မလာသေးပေ။ သားရဲဥလေးက သူတော်စင်ဖြစ်လာရန် အခွင့်အရေး အများဆုံး ဖြစ်သည်။

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက် ၊ အဋ္ဌမတောင်ထွတ်၏တေင်သခင် ကျိုးကျုန်းထျန်းနှင့် ကျန်းလန်၏ဆရာဖြစ်သူသည်ပင် သူတော်စင်ဖြစ်လာရန် အခွင့်အလမ်း အနည်းငယ်သာ ရှိသည်။

သူတော်စင်ဖြစ်လာရန်အတွက် ကျင့်ကြံခြင်းနှင့် မသက်ဆိုင်သလို တာအိုကိုနားလည်ခြင်း တန်ခိုးစွမ်းအားဖြင့်လည်း မသက်ဆိုင်ပေ။

သေမျိုးလူသားလောကအကြောင်းကို နားလည်ပြီး အများအကျိုးဆောင်ရွက်ရင်း မိုးမြေအသိအမှတ်ပြုမှုကို ရယူနိုင်မှသာ သူတော်စင်ဖြစ်လာနိုင်မည် ဖြစ်သည်။

ကျန်းလန်က ဆရာဖြစ်သူအပေါ်တွင် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား အကြွေးတင်နေသည်ကို မှတ်မိနေသေးသည်။ သို့သော် သူက ထိုတန်ခိုးစွမ်းအားကို ဆရာဖြစ်သူထံ ပြန်လည်ပေးအပ်လျှင်တောင်မှ သူတော်စင်ဖြစ်လာရန် မလွယ်ကူပေ။

ဘေးအန္တရယ်ကပ်ဆိုးကာလတွင် ဆရာဖြစ်သူက သူတော်စင်တစ်ပိုင်း ဖြစ်လာခဲ့သော်လည်း တကယ်တမ်း သူတော်စင်ဖြစ်လာရန်မှာ အလှမ်းဝေးလှသည်။

ထို့ကြောင့် ဆရာနှင့် ဆရာကတောတွင် သားသမီးရလာမှသာ သူ၏ အနာဂတ်ဂိုဏ်းတူညီလေး ၊ သို့မဟုတ် ဂိုဏ်းတူညီမလေးကို နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ထားသည်။

ယွင်ရှောင်းက…

“ခွန်လွန်တောင်ကိုတော့ သတင်းသွားပို့လိုက်မယ် ၊ ဒါပေမဲ့ တည်းခိုတာကတော့ ဒီသေရည်ဆိုင်မှာပဲ အေးအေးဆေးဆေး တည်းခိုချင်တယ်ဗျာ”

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

ယွင်ရှောင်း ခွန်လွန်တောင်သို့ ထွက်ခွာသွားချိန် ကျန်းလန်က ကောင်တာပေါ်တင်ထားသည့် နဂါးဥလေးကို လှမ်းကြည့်လိုက်သည်။

စောစောက ငြိမ်သက်နေသည့် ထိုအကောင်သည် ဟုန်ယာနှင့် ပျော်ရွှင်စွာ ဆော့ကစားနေပြီး အလင်းရောင်ကလည်း မှိတ်တုပ်မှိတ်တုပ်လင်းလက်လျှက်ရှိသည်။

ကျန်းလန် အံ့အားသင့်သွားသည်။

စောစောက သူနှင့်ဆော့ကစားတုန်းကတော့ အလင်းရောင် လင်းမလာဘဲ ငြိမ်သက်သွားသည်။ ယခုတော့ အလင်းရောင်က ပြန်လင်းနေပြန်သည်။ ခွဲခြားဆက်ဆံခံရသလို ကျန်းလန် ခံစားလိုက်ရ၏။

ထိုအချိန် အဋ္ဌမမင်းသား အမဲလိုက်ရာမှ ပြန်ရောက်လာသည်။

“ယောက်ဖ… အာ… ကျုပ်တူလေးလည်း ပါလာတာကိုး”

ထိုအချိန် လူငယ်လေးက သေရည်တစ်အိုးယူလာပြီး နဂါးဥလေးဆီသို့ ပြေးလာသည်။

“ကျုပ်တို့ရဲ့တူလေးအတွက် အကောင်းစားသေရည်လုပ်ပေးထားတယ် ၊ သူ ကြိုက်မလား မသိဘူး”

အဋ္ဌမမင်းသားက…

“သူ့ကို အကောင်းစားသေရည် ဘယ်လိုတိုက်မှာလဲ ၊ ဥခွံပေါ်ကို လောင်းချမှာလား”

“စမ်းကြည့်ကြမယ်လေ”

ကျန်းလန် : “……”

နောက်ဆိုလျှင်တော့ သူ့ကလေးကို ဒီနှစ်ကောင်နှင့် ဝေးဝေးမှာထားရမည်ဟု ကျန်းလန်တွေးလိုက်သည်။

ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန်က မေးလိုက်သည်။

“အဋ္ဌမမင်းသား ခွန်လွန်ကိုရောက်တာ ဘယ်လောက်ကြပြီလဲ”

အဋ္ဌမမင်းသားက…

“အနှစ်တစ်ထောင်နီးပါးတော့ရှိပြီ”

ကျန်းလန်က…

“မင်း အရွယ်ရောက်တာ တော်တော်ကြာနေပြီပဲ”

လုန်မန်က အနည်းငယ် မာန်တက်သွားဟန်ဖြင့်…

“ကျုပ်က မွေးကတည်းက အရွယ်ရောက်ပြီးသား ၊ မွေးရာပါ အင်မော်တယ်လေ”

ထို့နောက် သူက လေသံလျှော့ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ယောက်ဖနဲ့ယှဉ်ရင်တော့ ဘာကောင်မှ မဟုတ်ပါဘူး”

ကျန်းလန်က…

“မိန်းမယူဖို့ စိတ်မကူးသေးဘူးလား”

“ကလန်”

အဋ္ဌမမင်းသားလက်ထဲတွင်ကိုင်ထားသည့် ကောင်းကင်နဂါးဓားမှာ ကြမ်းပြင်ထက်သို့ လွတ်ကျသွားရလေသည်။

အဋ္ဌမမင်းသားက ထိတ်လန့်တကြားဖြင့်…

“ယောက်ဖ ၊ ကျုပ်ကို မိန်းမပေးစားတော့မလို့လား”

ကျန်းလန်က ခေါင်းခါယမ်းလိုက်သည်။

“မဟုတ်ဘူး”

အဋ္ဌမမင်းသား စိတ်သက်သာရာရသွားပြီး သက်ပြင်းချရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းလန်က စကားဆက်ေ်ပြာလိုက်သည်။

“ဒါပေမဲ့ လုန်ယွိက မင်းကို မိန်းမပေးစားတော့မယ်”

***

All Chapters