← Chapters

နောက်ဆက်တွဲ (၅)

Vol. 40 Ch. 563

နောက်ဆက်တွဲ (၅)

Vol. 40 Ch. 563

သူတို့ (၂)ယောက် ခွန်လွန်တောင်ရှိရာသို့ ပြေးထွက်သွားကြသည်ကိုကြည့်ရင်း ဟုန်ယာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်သည်။

ကောင်ငယ်လေးက အရွယ်ရောက်လာသည့် လူငယ်လေးပမာ ဖြစ်လာသော်လည်း အရင်အတိုင်းပင် ဖြစ်သည်။ အရင်ကထက်ပင် ပိုပြီး ကလေးဆန်နေသလား ထင်မှတ်ရသည်။ ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်သည့် ကောင်လေး ဖြစ်သည်။

ထိုအချိန် ယန်ရှီးယွင် ဆိုင်ထဲဝင်လာသည်။

“ညီမလေး ၊ အစ်ကိုကြီးနဲ့ မောင်ငယ်လေးရော”

ဟုန်ယာက…

“သူတို့ ခွန်လွန်တောင်ကို သွားကြတယ်”

ယန်ရှီးယွင်က အသားကင်များကို နှိုက်စားရင်း…

“ဟုတ်လား ၊ ဒါဆို ကျွန်မလည်း လိုက်သွားမယ် ၊ ကျွန်မ ခွန်လွန်တောင်ကိုဝင်ဖို့ လုပ်ရဦးမယ်လေ”

ဟုန်ယာက ယန်ရှီးယွင်ကို တားဆီးလိုက်သည်။

“အလျှင်မလိုပါနဲ့”

ယန်ရှီးယွင် စိတ်ရှုတ်ထွေးသွားတော့ ဟုန်ယာက ရှင်းပြသည်။

“မင်းရဲ့မျိုးနွယ်ကလူတွေ မကြာခင် ဒီကိုရောက်လာကြလိမ့်မယ် ၊ ဒီမှာ (၂)ရက်လောက် စောင့်လိုက်ပါဦး”

ယန်ရှီးယွင် နားမလည်သော်လည်း ဟုန်ယာက သူမကို လိမ်ညာပြောမည်မဟုတ်ကြောင်း သိရှိသည်။ ထို့ကြောင့် (၂)ရက်ခန့် စောင့်ပြီးမှ ခွန်လွန်တောင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။

ကောင်တာနားမှ သားရဲဥလေးကတော့ ဥခွံထဲတွင် လှောင်ပြောင်စကားဆိုနေ၏။

“အမယ်… ဒင်းတို့ကများ ဒီခေတ်ရဲ့အဓိကဇာတ်ဆောင်လုပ်ကြမလို့တဲ့ ၊ ငါနဲ့ ပြိုင်ဝံ့သလား ၊ ဟာသပဲ”

ရေသဖန်းပင်လေးက…

“ဒါပေမဲ့ ကျွန်မတို့သခင်က သူတို့ကို ပညာသင်ပေးထားတာလေ”

သားရဲဥက ပြုံးလိုက်ရင်း…

“ကျုပ်ကို သူတို့က ဘယ်လိုလုပ် ပြိုင်နိုင်မှာလဲ ၊ ကျုပ်က ကံကြမ္မာအခွင့်ကောင်းတွေအများကြီး ရထားတဲ့အပြင် ဥခွံထဲကထွက်လာတာနဲ့ တန်းပြီး တာအိုအင်မော်တယ် ဖြစ်နေပြီ”

ရေသဖန်းပင်လေးက…

“ဒါပေမဲ့ သခင်က သူတို့တွေကိုကျတော့ ထိမ်းမြားလက်ထပ်ဖို့ စီစဉ်ပေးနေတယ်လေ”

သားရဲဥလေးက မထီမဲ့မြင်ဟန်ဖြင့် “ဟက်” ကနဲ ရယ်မောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက ကျုပ်သခင်က မင်းကို ကျုပ်အနား ပို့ပေးပြီးသားလေ ၊ ကျုပ်အတွက် သတို့သမီးကို သခင်က အစောကြီးကတည်းက ရှာထားပေတာ ၊ ဒီလူတွေ ကျုပ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

ရေသဖန်းပင်လေး : “……”

***

နဝမတောင်ထွတ်။

အဋ္ဌမမင်းသားနှင့် လူငယ်လေး ငြင်းခုန်နေသည်ကို နားထောင်ရင်း နဂါးဥလေးမှ အလင်းရောင်များ တောက်ပလာသည်။

လုန်ယွိက စိတ်ဝင်တစားဖြင့်…

“ကျွန်မရဲ့ ကလေးက ကျွန်မကို ဘာပြောချင်နေတာလဲ”

ကျန်းလန်က ခဏမျှ စဉ်းစားလိုက်ရင်း…

“သူကလည်း မင်းကို အိမ်ထောင်ဖက်ရှာပေးခိုင်းနေတာ ဖြစ်ရမယ်”

“ဝှစ်”

နဂါးဥလေးတွင် တောက်ပနေသည့် အလင်းရောင်က ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။

လုန်ယွိ : “……”

ကျန်းလန် : “……”

လုန်ယွိက…

“အမေနဲ့ ကမ္ဘာမြေရဲ့မိခင် ဒီမင်္ဂလာကိစ္စကို အဆင်ပြေအောင် ညှိနှိုင်းနိုင်မယ် ထင်ပါတယ်နော်”

လုန်ယွိအနေဖြင့် မင်္ဂလာကြောင်းလမ်းခြင်း ပြုလုပ်ပေးပြီးသည့်နောက် မင်္ဂလာပွဲကိစ္စတွင်တော့ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။ မျိုးနွယ်စု (၂)ခု၏ ထုံးတမ်းစဉ်လာများနှင့် ဆက်စပ်နေသည်ဖြစ်ရာ အရမ်း ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။

မင်္ဂလာကိစ္စကတော့ နှစ်ဖက်မျိုးနွယ်များ စိတ်တိုင်းကျ ညှိနှိုင်းစီစဉ်ရမည်သာ ဖြစ်သည်။

ကျန်းလန်က  နဂါးဥလေးကို (၂)ချက်မျှ ခေါက်လိုက်ရင်း…

“ပြဿနာသိပ်မရှိလောက်ပါဘူး ၊ ဆွေးနွေးညှိနှိုင်းစရာလ်း များများစားစား မရှိဘူး ထင်ရတာပဲ ၊ မင်္ဂလာပွဲကျင်းပတဲ့အခါ နည်းနည်းပါးပါး အခက်အခဲ ရှိနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (၂)ယောက် အိမ်ထောင်ရေးက ချောမွေ့တဲ့ အိမ်ထောင်ရေး ဖြစ်လာမှာပါ”

နဂါးမျိုးနွယ်ဖြစ်စေ ၊ ချီလင်မျိုးနွယ်ဖြစ်စေ မင်္ဂလာကိစ္စက အကျိုးအမြတ်မရှိသည့်တိုင် ညှိနှိုင်းမှုမှတစ်ဆ့် အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာရန်လည်း လိုအပ်သည်။

လုန်ယွိက ခြံဝင်းထဲတွင် ငြင်းခုန်နေကြသည့် လုန်မန်နှင့် ကောင်ငယ်လေးကို ကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

“မင်္ဂလာကိစ္စက သူတို့ကို ဒီခေတ်ရဲ့ အဓိကဇာတ်ကောင်ဖြစ်လာစေနိုင်တာလား”

ထို့နောက် သူမက ရင်ခွင်ထဲမှ နဂါးဥလေးကို ကြည့်လိုက်သည်။

“ဒီခေတ်ရဲ့ အဓိကဇာတ်ကောင်က ကျွန်မရဲ့ကလေးက ဖြစ်လာရမှာ မဟုတ်ဘူးလား”

နဂါးဥ : “……”

ထို့နောက် လုန်ယွိ ခေါင်းခါယမ်းလိုက်သည်။

သူမ၏ကလေးက ဥမှပေါက်မလာသေးပေ။ ထို့ပြင် သားလေးထက် သမီးလေးဖြစ်နိုင်ခြေရှိလေသည်။

***

အချိန် (၃)လ ကြာမြင့်ခဲ့ပြီးနောက်…

ပျက်သုဉ်းတစ်ပြင်လောကကြီးမှ ဧည့်သည်ဆောင်သည်များအားလုံး ခွန်လွန်တောင်သို့ ရောက်ရှိလာကြသည်။

မော့ကျန်းသုန့်နှင့် မြောင်ယွဲ့၏ မင်္ဂလာပွဲက မကြာမီ ကျင်းပတော့မည် ဖြစ်သည်။

စတုတ္ထတောင်ထွတ်၏တောင်သခင်နှင့် သတ္တမတောင်ထွတ်၏တောင်သခင်တို့သည်လည်း ခွန်လွန်ဗလာနယ်မှ ထွက်ခွာလာခဲ့ကြပြီဖြစ်သည်။

လျိုကျင်းကတော့ ကျင့်ကြံခြင်းအဆင့် ကျဉ်းထဲကျပ်ထဲရောက်နေသည့်အတွက် ဒုတိယတောင်ထွတ်တွင် ကျင့်ကြံလျှက်ရှိပြီး မော့ကျန်းသုန့်နှင့် မြောင်ယွဲ့၏ မင်္ဂလာပွဲအတွက်ပင် အပြင်သို့ ထွက်လာနိုင်ခဲ့ခြင်း မရှိပေ။

သူက မရှိမှုအာကာသအဆင့်မှ ရှေ့ဆက်မတက်နိုင်ဖြစ်နေခြင်းပင်။ ထို့ကြောင့် မင်္ဂလာပွဲကိုပင် အရေးမစိုက်နိုင်ဖြစ်နေရသည်။

ခွန်လွန်တောင်တစ်ခုလုံးကို စီမံခန့်ခွဲသည့် ကိစ္စမျိုးတွင် ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက အလွန်တော်လေသည်။ သူသာ ပါဝင်ကူညီပေးမည်ဆိုလျှင် မင်္ဂလာပွဲကိစ္စ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ကျန်းလန်က ဒုတိယတောင်ထွတ်သို့ သွားရောက်ခဲ့သည်။ ကျန်းလန် ပြန်လာချိန်တွင် လျိုကျင်းက အင်မော်တယ်အဖြစ် အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။

သို့မှသာ အရာအားလုံး အဆင်ပြေပြေဖြင့် မင်္ဂလာပွဲကို အမြန်ဆုံး ကျင်းပနိုင်မည် ဖြစ်သည်။ မဟုတ်ပါက လျော့တိလျော့ရဲဖြင့် အချိန် (၁၀)နှစ်ခန့်ပင် ကြာသွားနိုင်သည်။

လျိုကျင်းထွက်လာသည့်အခါ မင်္ဂလာပွဲက အစစအရာရာ အဆင်ပြေချောမွေ့သွားသည်။ နောက် (၇)ရက်နေလျှင် မင်္ဂလာပွဲ ကျင်းပတော့မည် ဖြစ်သည်။

ထိုအခါမှသာ ကျန်းလန်သည်လည်း သက်ပြင်းချနိုင်လေတော့၏။

***

အဋ္ဌမတေင်ထွတ်။

မော့ကျန်းသုန့်နှင့် ကျုးကျုန်းထျန်းတို့ ရေကန်နံဘေးရှိ အဆောင်ငယ်လေးထဲတွင် ထိုင်နေကြသည်။

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံမော့သောက်လိုက်ရင်း…

“ဘယ်လိုခံစားရလဲ”

မော့ကျန်းသုန့်က ရေကန်ဆီသို့ငေးကြည့်နေရင်း ခေါင်းခါယမ်းလိုက်သည်။

ကျိုးကျုန်းထျန်းက ပြုံးလိုက်ရင်း…

“မင်းရဲ့တပည့်က မင်္ဂလာပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ လျိုကျင်းကိုတောင် သူတော်စင်စွမ်းအားအသုံးပြုပြီး သွားကူညီပေးခဲ့တယ်”

ထို့နောက် သူက သက်ပြင်းချလိုက်ရင်း…

“ကျုပ်မှာ တပည့်တွေ အများကြီးရှိပေမယ့် ဘယ်သူမှ အသုံးမကျဘူး ၊ မင်းမှာတော့ တပည့်တစ်ယောက်ပဲ ရှိပေမယ့် အရမ်းတော်လွန်းတယ်”

မော့ကျန်းသုန့်က…

“ကျုပ်တပည့်တွေအားလုံးက အရမ်းတော်ကြတယ်”

ကျိုးကျုန်းထျန်း : “……”

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံမော့သောက်လိုက်ရင်း…

“အေးပါ… အဲဒီတပည့်တွေအားလုံးကပဲ တောင်သခင် ဖြစ်ချင်နေကြတာလေ”

မော့ကျန်းသုန့် တိတ်ဆိတ်နေသည်။

“ဟားဟား…”

ကျိုးကျုန်းထျန်းက ရယ်မောလိုက်၏။

လေပြေတစ်ချက် တိုက်ခတ်လာသည့်အခါ ကျိုးကျုန်းထျန်း၏ အဖြူရောင်ဆံပင်များက လေထဲတွင် ဝဲပျံနေသည်။ သူက သေရည်တစ်ငုံသောက်လိုက်ရင်း မော့ကျန်းသုန့်ကို လှမ်းကြည့်သည်။

“မင်းဘဝတော့ အခုချိန်ကစပြီး ခက်ခဲတော့မယ်”

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်ရင်း စကားဆက်ပြောသည်။

“ကျုပ်တို့တွေက တာအိုအင်မော်တယ်တွေပါ ၊ အနာဂတ်မှာ ဘယ်တော့မှ ပျက်စီးသွားမယ့်သူတွေ မဟုတ်ဘူး ၊ ဒါပေမဲ့ မင်းတပည့်ကတော့ မင်းကို အတင်း မိန်းမပေးစားပြီး တောင်သခင်နေရာကို ယူဖို့ လှည့်ဖြားတာကို မင်းခံလိုက်ရတာပဲ ၊ ကျင့်ကြံသူတွေက အသက်ရှည်ကြပြီး ဘယ်တော့မှ အိုမင်းသွားကြမှာမှ မဟုတ်တာ”

မော့ကျန်းသုန့် တိတ်ဆိတ်နေသည်။

နဝမတောင်ထွတ်၏ တောင်သခင်ရာထူးက အခြားတောင်သခင်များနှင့် မတူညီပေ။ ယခင်ကဆိုလျှင် နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်မှ မရှိခဲ့ပေ။

မရဏလောက၏ အနှောက်အယှက်များ ကင်းဝေးသွားသည့်တိုင် ငရဲတံခါးက တည်ရှိနေဆဲ ဖြစ်ပြီး မရဏအငွေ့အသက်များသည်လည်း ထွက်ပေါ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် တပည့်အများစုက နဝမတောင်ထွတ်တွင် ကြာရှည်စွာ မနေနိုင်ကြပေ။ အခြေအနေများက အရင်အတိုင်းပင် ဖြစ်လေသည်။

ထို့ကြောင့် သူက တောင်သခင်ဖြစ်သည်ဖြစ်စေ ၊ ကျန်းလန်က တောင်သခင်ဖြစ်သည်ဖြစ်စေ အခြေအနေက မထူးခြားပေ။

ကျိုးကျုန်းထျန်းက မော့ကျန်းသုန့်ကို ကြည့်လိုက်ပြီး အလေးအနက် ဆိုသည်။

“အသုံးမဝင်ဘူးလို့ မင်းထင်ခဲ့တယ်မလား ၊ မင်း ကျန်းလန်ကို ဆက်ခံသူတပည့်အဖြစ် လက်ခံလိုက်တဲ့နေ့က သာမန်တပည့်နဲ့ ဆက်ခံသူတပည့်ဘာကွာလဲလို့ မေးတော့ မင်း ဘယ်လိုပြန်ဖြေလိုက်လဲ”

မော့ကျန်းသုန့် အံ့အားသင့်သွားသည်။

ဒီ ကျန်းလန်ကတော့ ဘယ်လိုများ တောင်သခင်ဖြစ်အောင် လုပ်လိုက်ရတာလဲ။

ထိုစဉ်က သာမန်တပည့်နှင့် ဆက်ခံသူတပည့် ဘာကွာလဲဟု မေးတော့ “နာမည်ခေါင်းစဉ်ကွာတယ်” ဟု မော့ကျန်းသုန့် ပြန်ဖြေခဲ့သည်။

ယခုလည်း အတူတူပင် ဖြစ်သည်။ ဆက်ခံသူတပည့်နှင့် တောင်သခင် ဘာကွာသလဲဟုမေးလျှင် နာမည်ခေါင်းစဉ်ကွာတယ်ဟုပင် ဖြေရပေမည်။

မော့ကျန်းသုန့် ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။

“တကယ် အသုံးဝင်တာပဲ”

ကျိုးကျုန်းထျန်းနှင့် မော့ကျန်းသုန့်တို့ (၂)ယောက် အဆောင်ငယ်ထဲတွင် စကားပြောရင်း သေရည်သောက်နေကြလေရာ လုကျန်းမှာ ဘူးသီးခြောက်ကို သေရည်ဖြည့်ပေးနေရသည်မှာ (၆)ကြိမ်တိတိ ရှိပြီ ဖြစ်သည်။

(၇)ကြိမ်မြောက်တွင်တော့ လုကျန်းက သူတို့ကို သတိပေးလိုက်သည်။

“ဆရာ… ဆရာဦးလေးက ဒီနေ့ မင်္ဂလာဆောင်ရမှာမဟုတ်လား ၊ ဒီထက်ပိုပြီး မသောက်သင့်တော့ဘူးထင်ပါတယ်”

လုကျန်းမှာ ဆရာဖြစ်သူ၏ တစ်ဦးတည်းသော လက်ထောက်ဖြစ်သည်။ ပင်ပန်းသည့်အလုပ်များအားလုံး သူတစ်ယောက်တည်း သိမ်းကျုံးလုပ်ရလေ့ရှိသည်။

ဤသည်က စိတ်ပျက်ဖွယ်ရာ ကောင်းချီးမင်္ဂလာတစ်ခုပင်။

ထိုအချိန် ချန်ရှီက ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာပြီး အဆောင်ငယ်အနားသို့ ရောက်ရှိလာသည်။

“မင်းတို့တွေ အခုထိ သောက်နေကြသေးတာလား”

ကျိုးကျုန်းထျန်းက အံ့အားသင့်သွားပြီး…

“ရှားရှားပါးပါး ဧည့်သည်ရောက်လာပါလား”

ပြောရင်း ဘူးသီးခြောက်ကို ချန်ရှီထံ လှမ်းပေးလိုက်သည်။

ချန်ရှီက ဘူးသီးခြောက်ကို မယူဘဲ သူမယူဆောင်လာသည့် သေရည်ခွက်တစ်ခွက်ကို ထုတ်ယူလိုက်ပြီး…

“ယောကျ်ားလေးနဲ့ မိန်းကလေး မထိသင့်ဘူးတဲ့ ၊ ဒီတော့ ဘူးသီးခြောက်ထဲက သေရည် ဒီခွက်ထဲကို ငှဲ့ထည့်လိုက်”

လုကျန်း : “……”

သေရည် (၃)ခွက်ခန့် သောက်ပြီးတော့မှ ချန်ရှီက သူမရောက်လာရသည့်အကြောင်းရင်းကို သတိရသွားသည်။

“ဒီနေ့ မင်္ဂလာပွဲနေ့နော် ၊ မင်းတို့ (၂)ယောက် မူးပြီးမေ့သွားပြီလို့တော့ မပြောနဲ့”

မော့ကျန်းသုန့်က ခေါင်းခါယမ်းလိုက်ရင်း…

“မမေ့ပါဘူး ၊ ကျုပ်အမျးကြီးမသောက်ပါဘူး”

သူက မင်္ဂလာပွဲအတွေ့အကြုံမရှိသဖြင့် စိတ်သက်သာရာရစေရန် ဤနေရာတွင် လာထိုင်နေခြင်း ဖြစ်သည်။

ချန်ရှီက…

“ဒါဖြင် သတို့သားဝတ်စုံ သွားမလဲသေးဘူးလား ၊ မင်္ဂလာအခမ်းအနားက စတော့မယ် ၊ ဂိုဏ်းချုပ်က စကားနည်းနည်းပါးပါး ပြောဦးမှာဆိုပေမယ့် အခု မိုးချုပ်ပြီဆိုတော့ ပြင်ဆင်သင့်ပြီလေ”

ချန်ရှီက ကျိုးကျုန်းထျန်းကို လှည့်ကြည့်လိုက်ရင်း…

“မင်္ဂလာပွဲမှာ သတို့သားရောက်မလာရင် မြောင်ယွဲ့က အဋ္ဌမတောင်ထွတ်ကို နုတ်နုတ်စင်းလိမ့်မယ်”

ထိုစကားကြောင့် ကျိုးကျုန်ထျန်း ချက်ချင်းပင် အမူးပြေသွားသည်။

မကြာခင် မော့ကျန်းသုန့် ၊ ကျိုးကျုန်းထျန်းနှင့် ချန်ရှီတို့ နဝမတောင်ထွတ်သို့ ထွက်ခွာသွားကြလေသည်။ လုကျန်းကတော့ တောင်သခင် (၃)ယောက်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ယခုမှပဲ အနားရပေတော့မည်။

***

နေဝင်တော့မည် ဖြစ်သည်။

ခြောက်သွေ့တိတ်ဆိတ်နေလေ့ရှိသည့် ခွန်လွန်တောင်သည် ယနေ့တော့ ဧည့်ပရိတ်သတ်များစွာဖြင့် စည်းကားလျှက် ရှိ၏။

ကျင့်ကြံသူအချို့က ဓားများစီးနှင်ပျံသန်းကာ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ ထွက်ခွာလာကြသည်။ အချို့လည်း ဝိညာဉ်သားရဲများ စီးနှင်လာကြသည်။

တာ့လော်အင်မော်တယ်များ ၊ တာအိုအင်မော်တယ်များနှင့် သူတော်စင်တစ်ဝက်တို့ကတော့ လေထဲမှာပင် ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်။

နတ်မိစ္ဆာများ ၊ နဂါးမျိုးနွယ်များ ၊ ဇာမဏီမျိုးနွယ်များ ၊ ချီလင်မျိုးနွယ်များ ၊ မြေအောက်နတ်ဆိုးမျိုးနွယ်များ ၊ တစ္ဆေတိုင်းပြည် ၊ နတ်လူသားမျိုးနွယ်များ ၊ ဘီလူးဝိညာဉ်မျိုးနွယ်များ ၊ မှော်ဝိညာဉ်တောင်မှ မှော်ဆရာများအားလုံးသာမက အခြားသော ကျင့်ကြံသူများစွာ ခွန်လွန်တောင်သို့ စုရုံးရောက်ရှိနေကြသည်။

သူတို့က မော့ကျန်းသုန့်နှင့် မြောင်ယွဲ့၏ မင်္ဂလာပွဲကို တက်ရောက်ခြင်းအပြင် ဧကရာဇ်ရှီးဟယ် ဟောကြားမည့် တာအိုတရားကို နားထောင်ရန် ရောက်လာကြခြင်း ဖြစ်သည်။

ဧကရာဇ်ရှီးဟယ် တာအိုတရားဟောပြောသည်မှာ ကြုံတောင့်ကြုံခဲ အလွန်ရှားပါးသည့် ကိစ္စရပ် ဖြစ်သည်။

သေရည်ဆိုင်တွင်တော့ ကျန်းလန်က လုန်မန်တို့ အုပ်စုကို စောင့်နေလေသည်။ လုန်ယွိက သူတို့ကို သွားခေါ်ပြီး အဖွဲ့လိုက် အတူတူသွားချင်သည်ဟုဆိုသဖြင့် ကျန်းလန် သေရည်ဆိုင်သို့ ရောက်နေခြင်း ဖြစ်သည်။

အထူးသဖြင့် နဂါးဥလေးက လုန်မန်တို့အုပ်စုဖြင့် ဆော့ကစားရသည်ကို သဘောကျလေသည်။

အဋ္ဌမမင်းသားက…

“မိုးကောင်းကင်တာအို တရားဟောပြောတာ စနေပြီ ၊ မင်းတို့ မြန်မြန်လုပ်လို့မရဘူးလား”

လူငယ်လေးက…

“ဒီမှာ အကောင်းစားသေရည်တွေ အိုးထဲထည့်နေတာ ၊ ခဏနေရင် ပြီးတော့မယ်”

အဋ္ဌမမင်းသား မထီမဲ့မြင်ဟန်ဖြင့်…

“ဧည့်သည်တွေအတွက် အသားကင်နေရတဲ့ ကျုပ်တောင် မင်းလောက်မနှေးကွေးဘူး ၊ ဇာမဏီကောင်မလေးနဲ့ တွဲပြီးကတည်းက ဘာမှကို လုံ့လမရှိတော့ဘူး ၊ တကယ်တော့ ဝင်ငွေရှာနိုင်ဖို့က အဓိကပဲ မဟုတ်ဘူးလား”

လူငယ်က…

“နဂါးစုတ် ၊ ကျုပ်အတွက်တော့ ဟုန်ယာက အဓိကပဲ ၊ ပြီးတော့ ခင်ဗျား ကျုပ်ကို ဝေဖန်နိုင်တယ် ၊ ဟုန်ယာကို ဆွဲဆွဲ မထည့်နဲ့”

လုန်မန်က…

“မင်းက တကယ့်ငတုံး”

လူငယ်က…

“ခင်ဗျားကမှ ငတုံး”

ထိုအချိန် ဟုန်ယာက သပ်ရပ်စွာထုပ်ပိုးထားသည့် သေရည်အိုးများကို သယ်ဆောင်လာသည်။

“အားလုံး အဆင်သင့်ဖြစ်ပါပြီ”

ထိုအချိန် ယွင်ရှောင်းက သူ့အခန်းထဲမှ ထွက်လာပြီး…

“အချိန်မီသေးတယ်ထင်တယ် ၊ သွားပြီဗျို့”

သူက ကျန်းလန်ကိုတွေ့တော့ ယဉ်ကျေးစွာပင် နှုတ်ဆက်သည်။

ကျန်းလန်ကလည်း သူ့ကို ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။

အဋ္ဌမမင်းသားနှင့် လုန်မန်တို့ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ သူတော်စင်တစ်ယောက်ရှေ့တွင် သူတို့ ငြင်းခုန်မနေဝံ့ကြပေ။

နတ်လူသားမျိုးနွယ်ယွင်ရှောင်း ထွက်ခွာသွားပြီးနောက် ကျန်းလန်က အားလုံးကို ပြောလိုက်သည်။

“အဆင်သင့်ဖြစ်ရင် သွားကြရအောင်”

လုန်ယွိက သူမနောက်မှလိုက်လာသည့် အဋ္ဌမမင်းသားနှင့် အခြားသူများကို လှည့်ကြည့်လိုက်ပြီး…

“မင်းတို့အားလုံးကလေ ဂိုဏ်းချုပ်ဟောပြောပွဲကိုတော့ အရမ်းသွားချင်ကြပေမယ့် ဂိုဏ်းတူမောင်လေး တစ်ခုခု သင်ပေးရင်တော့ အရမ်းချေးများကြတာပဲ”

ယန်ရှီးယွင်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်တယ် ဟုတ်တယ် ၊ အစ်ကိုကြီးနဲ့ မောင်ငယ်လေးက ဘယ်တော့မှ စကားနားမထောင်ဘူး ၊ ရန်ဖြစ်ဖို့ပဲ စဉ်းစားနေတာ ၊ ချီလင်မျိုးနွယ်တွေကတော့ အဲဒီလို မဟုတ်ပါဘူး”

“ဘန်း”

အဋ္ဌမမင်းသားက ကောင်းကင်နဂါးဓားဖြင့် ရိုက်ချလိုက်ရာ ယန်ရှီးယွင် လွင့်ထွက်သွားသည်။

“အိမ်တွင်းအကြမ်းဖက်မှုပဲ”

ဟု ကျန်းလန်တွေးလိုက်သည်။

သို့သော် လုန်မန်နှင့် ယန်ရှီးယွင်က လက်ထပ်ရခြင်း မရှိသေးသည့်အတွက် အိမ်တွင်းအကြမ်းဖက်မှုဟု ပြော၍ မရနိုင်ပေ။

လူငယ်က…

“ပြောလိုက်ရင်တော့ ယန်ရှီးယွင်ကို မရိုက်တော့ဘူး မရိုက်တော့ဘူးနဲ့ ၊ ပြီးတော့ ပြောင်းလဲနိုင်တာလည်း မဟုတ်ဘူး ၊ နဂါးစုတ်”

ဟုန်ယာက…

“ဒါပေမဲ့ အဋ္ဌမမင်းသားက အရင်ကလောက် မကြမ်းတမ်းတော့ပါဘူး ၊ သူ့ရိုက်ချက်တွေမှာ အားမပါတော့ဘူး”

လုန်မန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ထို့နောက် ဝမ်းနည်းခြင်းများဖြင့် ပြည့်နက်နေသည့် အသံဖြင့်…

“အချိန်တွေကြာလာတာနဲ့အမျှ အရာအားလုံးက ပြောင်းလဲသွားပေမယ့် ကျုပ်ကတော့ ဒီလောကကြီးမှာ ဘယ်တော့မှ မပြောင်းလဲဘဲ အသက်ရှင်သန်နိုင်မယ်လို့ ထင်ခဲ့မိတယ် ၊ ဒါပေမဲ့ အခုတော့ အစ်မရဲ့ ဖိအားပေးမှုတွေအောက်မှာ ကိုယ့်ဘဝနဲ့ကိုယ်တောင် မရှင်သန်နိုင်တော့ပါဘူး”

“ဘန်း”

လုန်ယွီက လုန်မန်ကို ခြေထောက်ဖြင့် ပိတ်ကန်လိုက်သည်။

“ပေါက်ကရတွေ ပြောမနေဘဲ မြန်မြန်သွားလို့ မရဘူးလား”

လုန်မန် ဒေါသတကြီးဖြင့် ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

ကျန်းလန်ကတော့ ဆည်းဆာရောင်ခြည်အောက်တွင် ရယ်မောပြေးလွှားနေသည့်အုပ်စုကို ကြည့်နေသည်။

ယန်ရှီးယွင်ကတော့ စကားဝင်ပြောလိုက် အဋ္ဌမမင်းသားနှင့်ဝေးရာကို ပုန်းရှောင်လိုက် ဖြင့် အလုပ်ရှုတ်နေသည်။

ထိုအချိန် ကျန်းလန်၏လက်တစ်ဖက်ကို လုန်ယွိ၏ လက်ချောင်းများက လာရောက်ယှက်ကိုင်လိုက်သည်။

“ဒီနေ့ ခွန်လွန်မှာ လူတွေအများကြီးပဲ ၊ ကျွန်မလက်ကို ကိုင်ထားနော် ၊ တော်ကြာ ကျွန်မ ပျောက်သွားဦးမယ်”

လုန်ယွိက ကျန်းလန်ကို မော့ကြည့်ရင်း တိုးလျစွာဆိုသည်။

ယန်ရှီးယွင်က သူမ၏ နဂါးဥလေးကို ပွေ့ချီသွားသည့်အတွက် သူမနှင့် ကျန်းလန်က လွတ်လပ်လျှက် ၇ှီသည်။

ကျန်းလန်က လုန်ယွိ၏ လက်လေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းတူအစ်မလည်း ကိုယ့်အနားမှာပဲနေ ၊ လျှောက်မသွားနဲ့”

လုန်ယွိက အလေးအနက်ထားကာ ခေါင်းညိတ်လိုက်သည်။

“အင်း”

ခဏအကြာမှာတော့…

ကျန်းလန်နှင့်အ ခြားသူများ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ထက်သို့ ရောက်ရှိလာကြသည်။ ကျန်းလန်က သူ့ကို အခြားသူများ မရိပ်မိစေရန် လူနည်းသည့် ထောင့်တစ်နေရာတွင် မတ်တတ်ရပ်နေသည်။

နတ်လူသားမျိုးနွယ်ယွင်ရှောင်းကတော့ ဧကရာဇ်ရှီးဟယ် တာအိုတရားဟောပြောမည့် စင်မြင့်နှင့် အနီးဆုံးနေရာတွင် ရှိနေသည်။

ဆည်းဆာရောင်ခြည်အောက်တွင် ဧကရာဇ်ရှီးဟယ်က အဖြူရောင်တွင် အနီရောင်အနားသပ်များပါဝင်သည့် တာအိုဝတ်စုံကိုဝတ်ဆင်ထားသည်။ နဂါးငယ်တစ်ကောင်က သူ့ပခုံးထက်တွင် နားနေပြီး ထိုနဂါးငယ်လးထံမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်နေသည်။

ကျန်းလန်က ဧကရာဇ်ရှီးဟယ်၏ တရားဟောပြောချက်ကို စတင်နားထောာင်လိုက်သည်။

လုန်ယွိ ၊ လုန်မန် ၊ လူငယ်လေး ၊ ဟုန်ယာနှင့် ယန်ရှီးယွင်တို့အားလုံးသည်လည်း မိုးကောင်းကင်တာအို၏ တရားဟောပြောခြင်းကို နားထောင်နေကြသည်။

မည်သူကမှ အသံထွက်ရဲခြင်းမရှိဘဲ ဧကရာဇ်ရှီးဟယ်ကသာလျှင် ဟောပြောနေသည်။

“မိုးကောင်းကင်က သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ထုတ်လွှတ်တဲ့အခါ ကြယ်စင်တွေကိုတောင် ရွေ့လျားစေတယ် ၊ လူတစ်ယောက်က သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်တဲ့အခါ မိုးမြေပြောင်းပြန်လြန်သွားနိုင်တယ် ၊ ဒါပေမဲ့ သူတော်စင်တစ်ယောက်က တန်ခိုးစွမ်းအားကို ထုတ်လွှတ်တဲ့အခါ လောကရဲ့ အခြေခံအုတ်မြစ်ကို တည်စေတယ်”

ဧကရာဇ်ရှီးဟယ် တရားဟောသည့်အခါ လူတိုင်းက တာအိုတရားတွင် နစ်မြုပ်သွားကြသည်။

တစ်ရက် ၊ ဆယ်ရက် ၊ ရက်တစ်ရာ ၊ ရက်တစ်ထောင် ၊ ရက်တစ်သောင်းမက အချိန်က အဆုံးမရှိသည့်အလား ထင်မှတ်ရသည်။

နောက်ဆုံးတော့ ဧကရာဇ်ရှီးဟယ်၏ စကားသံက ရပ်တန့်သွားသည်။

ထိုအခါမှ လူတိုင်း သတိပြန်ဝင်လာကြသည်။ နှစ်တစ်ရာခန့် ကုန်ဆုံးသွားသည်ဟု ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် အချိန် (၂)နာရီခန့်သာ ဖြစ်လေသည်။

ညအမှောင်သို့လည်း ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်က…

“ကျုပ် စကားနည်းနည်းပဲ ဟောပြောခဲ့ပေမယ့် လူတိုင်း တစ်ခုခုတော့ ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဧကရာဇ်ရှီးဟယ်က လူတိုင်ကို ကြည့်လိုက်သည်။ သူ့အသံက အေးဆေးတည်ငြိမ်ပြီး အပြုံးရိပ်သမ်းလျှက် ရှိသည်။

လူတိုင်းက သူ့ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

“အခုလို တရားဟောပြော သင်ပြပေးတာ ကျေးဇူးတင်ပါတယ် ဧကရာဇ်ရှီးဟယ်”

ကျန်းလန်လည်း ဦးညွှတ်ဂါရဝပြုလိုက်သည်။ သူက ခွန်လွန်ဂိုဏ်းခချုပ်နှင့် တောင်သခင်များကို အစဉ်အမြဲ လေးစားစွာ ဆက်ဆံလေသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လူတိုင်းက သူ့ကို ဦးညွှတ်ကြရသော်လည်း သူကတော့ သူ၏ ဆရာဦးလေးများနှင့် အကြီးအကဲများကိုတော့ ရိုင်းစိုင်းသည့် အပြုအမူမျိုး မပြုလုပ်နိုင်ပေ။

***

All Chapters