← Chapters

အခန်း (၅၁၆-၅၂၀)

Vol. 21 Ch. 516-520

အခန်း (၅၁၆-၅၂၀)

Vol. 21 Ch. 516-520

အပိုင်း(၅၁၆) မိစ္ဆာအသွင်ပြောင်းတိုက်ကွက်ရဲ့ အစွမ်း

ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် ၇ယောက်နဲ့ဆိုရင် ရန်ကိုင်ရဲ့ ခွန်အားက သူ့ကျင့်ကြံခြင်း ထက် သာလွန်နေရင်တောင်မှ သူတို့နောက်ကို ဆက်လိုက်ဖို မဖြစ်နိုင်တော့ပါဘူး။

ပြီးတော့ စစ်ပွဲမြို့တော်က ဒီနေရာနဲ့ သိပ်ဝေးတော့တာ မဟုတ်ပါဘူး။ အများဆုံးမှ နောက်ထက် ကီလိုမီတာ ၁၅၀လောက်ပဲ ဝေးတော့တာပါ။ အခုလောလောဆယ် သူစဉ်းစားမိတာဆိုလို့ ရန်ကိုင်ကို နှောင့်နှေးအောင် လုပ်ဖို့ပဲ ရှိပါတယ်။

ရှန်ချူရဲ့ စကားကို ကြားလိုက်တဲ့အချိန် ပညာရှင် ၇ယောက်စလုံး အံ့အားသင့်သွားခဲ့ပေမယ့် ခပ်မြန်မြန်ပဲ သူတို့ရဲ့ အမူအရာကို ပြန်ထိန်းလိုက်နိုင်ကြပါတယ် “သခင်လေး၊ စိတ်ချထားလိုက်ပါ။ ကျုပ်တို့ အသက်ကို ပေးရမယ်ဆိုရင်တောင် ရန်ကိုင် ဆက်မလိုက်နိုင်အောင် တားဆီးထားပေးပါ့မယ်”

ရှန်ချူက ခေါင်းညိတ်ပြလိုက်ပြီး “ကောင်းတယ်၊ အကြီးအကဲတို့ အားလုံး သတိထားကြဦးနော်၊ အဲ့ကောင်ကို သွားအထင်သေးလို့ မရဘူး”

“နားလည်ပါတယ် သခင်လေး”

ချက်ချင်းဆိုသလို ရှန်နဲ့နန်မိသားစုက ပညာရှင် ၇ယောက်စလုံး ပြေးနေတာကို ရပ်တန့်လိုက်ကြပြီး နောက်ပြန်လှည့်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြတယ်။

ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး တစ်ချက် ကလေးတောင် နောက်ပြန်လှည့်မကြည့်ပဲ ကျန်တဲ့ အဖွဲ့သားတွေနဲ့အတူ စစ်ပွဲမြို့တော်ဆီ ခြေကုန် သုတ်ပြေးကြပါတော့တယ်။

လူ၇ယောက်က သူ့ကို ရင်ဆိုင်ဖို့ ပြင်နေတာကို တွေ့လိုက်တာနဲ့ ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့ပြီး ထိုလူတွေကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။ သူ့ပြိုင်ဘက်တွေရဲ့ ခွန်အားကို နားလည်လိုက်တာနဲ့ ရန်ကိုင် စိတ်မရှည်ချင်တော့ပါဘူး။

“ကိုးယောက်မြောက်သခင်လေး၊ ကျုပ်တို့ရဲ့ သခင်လေးတွေနောက် ဆက်လိုက်ချင်တယ်ဆိုရင် ဒီလူအိုကြီးတွေကို အရင်ကျော်ဖြတ်သွားမှပဲ ရလိမ့်မယ်” အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေထဲက တစ်ယောက်က လှမ်းအော်လိုက်ပြီးတာနဲ့ ကျန်တဲ့ ပညာရှင်တွေ အကုန်လုံး ကိုယ်ပိုင် သိုင်ပညာရပ်တွေ၊ လက်နက်တွေကို သုံးကာ ရန်ကိုင်ကို တိုက်ခိုက်လိုက် ကြတယ်။

ဘယ်သူမှ ရန်ကိုင်ကို အပိုစကားတွေ သွားပြောနေဖို့ မလိုပါဘူး။ အခြေအနေတွေက အခုအတိုင်းအတာအထိ ဖြစ်လာမှတော့ တိုက်ဖို့ပဲ ရှိပါတော့တယ်။

“ခင်ဗျားတို့နဲ့တင်လား” ရန်ကိုင်က ရူးသွပ်စွာ ရယ်မောလိုက်ရင်း သူ့ဆီတိုးဝင်လာနေတဲ့ တိုက်ခိုက်မှုတွေ အားလုံးကို အရိုးဒိုင်းနဲ့ ခုခံလိုက်တယ်။

ဝုန်း… ဝုန်း… ဝုန်း…

ပေါက်ကွဲသံတွေ ပဲ့တင်ထပ်သွားခဲ့တယ်။ တစ်ကြိမ် တိုက်ခိုက်ခံလိုက်ရတိုင်း ရန်ကိုင် အမြန်နှုန်း အနည်းငယ် နှေးသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အရိုးဒိုင်းမျက်နှာပြင်ထက်က ပါးစပ်ကြီးက တိုက်ခိုက်မှုတွေ အကုန်လုံးကို စုပ်ယူသွားခဲ့ပါတယ်။ အမျိုးမျိုးသော အစစ်အမှန်ချီစွမ်းအင် တိုက်ခိုက်မှုတွေကို စုပ်ယူပြီးတာနဲ့ ရန်ကိုင်လက်ထဲက အရိုးဒိုင်းရဲ့ အရွယ်အစားက သာမန် မျက်စိနဲ့မြင်နိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ကျယ်ပြန့်လာခဲ့တယ်။

တိုက်ခိုက်မှုများစွာကို ရင်ဆိုင်ရပြီးနောက် ရန်ကိုင်က အကောင်းပကတိ ရှိနေသေးပေမယ့် သူ့ရဲ့ အမြန်နှုန်း ကတော့ သိသိသာသာကို လျော့ကျသွားခဲ့ပါပြီ။

“ခွဲထွက်မယ်” အရိုးဒိုင်းရဲ့ စွမ်းရည်ကို နားလည် လိုက်တာနဲ့ ပညာရှင်ခုနှစ်ယောက်စလုံး တစ်နေရာတည်းမှာ စုမနေကြတော့ပါဘူး။

အရိုးဒိုင်းရဲ့ ဟနေတဲ့ ပါးစပ်မျက်နှာပြင်မှ အလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ဒိုင်းထောင့်စွန်းမှာ ရှိနေတဲ့ ထက်ရှတဲ့ စူးချွန်တွေကလည်း ကျွတ်ထွက်တော့မယ့် အရိပ်အယောင်တို့ ပြလာခဲ့ပါပြီ။

ဘုန်းဆိုတဲ့ မြည်သံနဲ့အတူ ဝါးမြိုထားသမျှ စွမ်းအင်တွေ အကုန်လုံးကို ပြန်ထုတ်လွှတ်လိုက်တယ်။

ရွှစ်… ရွှစ်… ရွှစ်…

တစ်ချိန်တည်းမှာပဲ အရိုးဒိုင်းထောင့်စွန်းမှာ ရှိနေတဲ့ စူးချွန်တွေ အကုန်လုံး ကျွတ်ထွက်သွားခဲ့ပြီး ပညာရှင် ၇ယောက်ဆီ တိုးဝင်သွားခဲ့တယ်။

ပညာရှင်၇ယောက်စလုံးက ဒီတိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားပြီးသွားပါပြီ။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ကိုယ်ပိုင် အကာအကွယ် လက်နက်တွေကို ထုတ်လိုက်ကြပြီး ခပ်မြန်မြန်ပဲ ရှောင်တိမ်းလိုက်ကြတယ်။

ဒီတစ်ကြိမ်၌ ပညာရှင်၇ယောက်စလုံးက အရိုးဒိုင်းရဲ့ တန်ပြန်တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ကြပြီး စူးချွန်တွေရဲ့ တိုက်ခိုက်မှုကိုတော့ အမျိုးမျိုးသာ နည်းလမ်းတွေ သုံးကာ တားဆီးလိုက်နိုင်ကြတယ်။ မသက်မသာ ဖြစ်သွားရတယ် ဆိုပေမယ့် ဘယ်သူမှ ဒဏ်ရာမရခဲ့ကြပါဘူး။

အရိုးဒိုင်းက တကယ်ကို အားကောင်းလှပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈အောက်မှာ ရှိနေတဲ့ ဘယ်ပညာရှင်မဆို အရိုးဒိုင်းရဲ့ ခံစစ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရိုးဒိုင်းအကြောင်း ကောင်းကောင်း သိထားရင် ကိုင်တွယ်ဖို့က မခက်ခဲလှပါဘူး။ တကယ်တော့ လက်နက်တွေက ကိရိယာတွေပဲလေ။ လူတွေရဲ့ အသိဥာဏ်ကို ဘယ်လိုလုပ်ပြီး အစားထိုးနိုင်မှာလဲ။

ပြီးတော့ ထိုပညာရှင်၇ယောက်စလုံးက ရန်ကိုင်နဲ့ တိုက်ဖို့ မစဉ်စားထားပါဘူး။ သူတို့တွေက ရန်ကိုင်ကို လက်ဖက်ရည်တစ်အိုး ကျိုစာလောက်သာ နှောင့်နှေး ထားချင်တာပါ။ သူတို့ အချိန်ဆွဲနိုင်လေ၊ နန်ရှန်းနဲ့ ရှန်ချူတို့အတွက် ပိုပြီးဘေးကင်း လုံခြုံလေပါပဲ။

သူတို့အစီအစဉ် အောင်မြင်သွားတာကို တွေ့ရတော့ ပညာရှင်၇ယောက်စလုံး စိတ်သက်သာရ ရသွားခဲ့ပြီး ဒီရန်ကိုင်က သူတို့ ထင်ထားသလောက် ကြောက်ဖို့ မကောင်းပါလား ဆိုပြီး တွေးလိုက်ကြတယ်။

သူက အဆင့်တူအတွင်းမှာ ပြိုင်ဘက်ကင်းသလို အင်မော်တယ် တက်လှမ်းခြင်း အဆင့်နိမ့် ပညာရှင်တွေ နဲ့တောင် ယှဉ်တိုက်နိုင်ပေမယ့် လူပေါင်းတစ်ရာကျော်ကို သတ်ဖြတ်နိုင်ဖို့အတွက် ပြင်ပအကူအညီအပေါ် မှီခိုခဲ့ရပါတယ်။

သူ့မှာ ကြောက်မက်ဖွယ် ပြင်ပအကူအညီတွေ မရှိတဲ့ အခါကျ သူ့ခွန်အားက တော်တော်လေးကို လျှော့ကျ သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်တော့ ရန်ကိုင်ကို အချိန်ဆွဲနိုင်ရုံမက သူ့ကိုတောင် အသက်ရှင်လျှက် ဖမ်းကောင်း ဖမ်းနိုင်ပါသေးတယ်။ ထိုအကြောင်း စဉ်းစားမိလိုက်တာနဲ့ ပညာရှင်၇ယောက်စလုံး စိတ်အားတက်သွားခဲ့ကြတယ်။ ယုံကြည်ချက် ကင်းမဲ့နေသည့် သူတို့ရဲ့ အမူအရာတွေထက် စမ်းသပ်ကြိုးစားချင်နေသည့် အမူအရာတို့က အစားထိုး ဝင်ရောက်လာခဲ့တယ်။

ချက်ချင်းပဲ ပညာရှင်၇ယောက်စလုံး ဝိဥာဉ်ပညာရပ်တွေ ထုတ်သုံးကာ ရန်ကိုင်အား တိုက်ခိုက်လိုက်ကြတယ်။ ပင့်ကူအိမ်ပမာ စိတ်စွမ်းအင်ထုကြီးက ရန်ကိုင်က ဖုံးအုပ်လွှမ်းခြုံ သွားခဲ့တယ်။

မုန်တိုင်းအလယ်၌ ရပ်နေရင်း ရန်ကိုင်က ခေါင်းသာ ခါလိုက်ကာ ပညာရှင်၇ယောက်ကို အထင်အမြင် သေးသေးနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။

မိစ္ဆာလိုဏ်ဂူထဲက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သန့်စင်ပြီးကတည်းက ရန်ကိုင် မကြောက်ဆုံးအရာကို ပြောပါဆိုရင် စိတ်စွမ်းအင် တိုက်ခိုက်မှုတွေလို့ပဲ ဆိုရပါတော့မယ်။ ပြီးတော့ သူ့မှာရှိတဲ့ စိတ်စွမ်းအင် ပမာဏနဲ့ ပညာရှင်၇ယောက်ပေါင်းရဲ့ စိတ်စွမ်းအင်နဲ့ ယှဉ်လိုက်ရင် သမုဒ္ဒရာကြီးကို စမ်းချောင်းလေးနဲ့ သွားယှဉ်နေသလို ဖြစ်နေခဲ့ပါတယ်။ ဒီလောက် အားပျော့တဲ့ တိုက်ခိုက်မှုနဲ့ သူ့ကို ထိခိုက်အောင် လုပ်ဖို့က လုံးဝကို မဖြစ်နိုင်ပါဘူး။

အပြန်အလှန်အနေနဲ့ ရန်ကိုင်က တန်ပြန်တိုက်ခိုက် လိုက်တဲ့အခါ သူတို့ရဲ့ အသိစိတ်ပင်လယ်တွေ အေးခဲ သွားတော့မလို ပညာရှင်၇ယောက်စလုံး ခံစားလိုက်ရတယ်။

ထိုအချက်ကို နားလည်လိုက်တာနဲ့ ပညာရှင်၇ယောက် စလုံး ရန်ကိုင်မှာ ရှိနေတဲ့ ဝိဥာဉ်လက်နက်ရဲ့ အစွမ်းကို အံ့ဩတကြီး ဖြစ်သွားခဲ့တယ်။

“ရှန်ချူက ခင်ဗျားတို့ အားလုံးကို စတေးခံတွေအဖြစ် စွန့်လွှတ်ခဲ့တာတောင် ခင်ဗျားတို့တွေက ဘာလို့ သူ့အတွက် အရမ်းကို ကြိုးစားပေးနေရတာလဲ” ရန်ကိုင်က ခေါင်းခါ ရမ်းလိုက်ပြီး ထို၇ယောက်နဲ့ ဆက်ပြီး အလုပ်မရှုပ်ချင် တော့တဲ့အတွက် “စစ်ပွဲမြို့တော်ဆီ ထွက်ပြေးသွားနိုင် ရင်တောင် ကျုပ်က သူ့အသက်ကို ယူဦးမှာ။ ခင်ဗျားတို့ အားလုံး သေလိုက်ရတာက ဘာအကျိုးမှ ရှိသွားမှာ မဟုတ်ဘူးနော်”

ပညာရှင်ခုနှစ်ယောက်စလုံးရဲ့ အမူအရာ ညိုးကျ သွားခဲ့ပြီး သူတို့ထဲက တစ်ယောက်က ပြတ်ပြတ်သားသားနဲ့ ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက် သခင်လေး၊ ငါတို့ကြား သဘောထားကွဲလွဲအောင် လာလုပ်နေစရာ မလိုပါဘူး။ ငါက နန်မိသားစုဝင်တစ်ယောက်ပဲ။ ငါသေသွားခဲ့ရင်တောင် ငါ့ရဲ့ ဝိဥာဉ်က နန်မိသားစုရဲ့ တစ္ဆေ ဖြစ်နေဦးမှာ။ ငါတို့ သခင်လေးရဲ့ လုံခြုံရေးကို ကာကွယ် ပေးဖို့က ငါတို့ရဲ့ တာဝန်ပဲ။ ကိုးယောက်မြောက် သခင်လေး၊ မင်းက ငါတို့ကို အနိုင်ယူဖို့ ယုံကြည်ချက် ရှိနေမှတော့ အပြောထက် အလုပ်နဲ့ ဘာလို့ သက်သေမပြတာလဲ”

“ကောင်းပြီလေ၊ ခင်ဗျားတို့က မြင်ချင်နေမှတော့ ကျုပ်ကလည်း ပြပေးရတာပေါ့” ရန်ကိုင်က ခေါင်းညိတ် လိုက်ပြီး သူ့အမူအရာက ရုတ်တရက် အရမ်းကို တည်ငြိမ်သွားခဲ့တယ်။ သူ့လက်ထဲ အရိုးဒိုင်း ပျောက်ကွယ်သွားခဲ့ပြီး ညာဘက်လက်ကို မျက်ခုံးဆီ ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။

ရန်ကိုင်လက် မြောက်လာတာကို မြင်လိုက်တာနဲ့ ပညာရှင်၇ယောက်စလုံး အန္တရာယ်အငွေ့အသက်ကို ရလိုက်ကြတယ်။ ထိုအခိုက်အတန့်၌ ကောင်းကင်အောက်ရှိ အရာအားလုံး ရပ်တန့်သွားသယောင်၊ ပညာရှင် ခုနှစ်ယောက်စလုံးက မျက်လုံးအပြူးသားနဲ့ ရန်ကိုင်ကို စိုက်ကြည့်နေလို့၊ သူတို့ လှုပ်ချင်ပေမယ့် ထူးဆန်းစွာပဲ သူတို့ရဲ့ ခန္ဓာကိုယ်တွေက လှုပ်မရ ဖြစ်နေခဲ့တယ်။

ဒီကမ္ဘာကြီးထဲ ရန်ကိုင်တစ်ယောက်သာ လှုပ်ရှားနိုင် တာကို ရုတ်တရက် သူတို့တွေ သတိပြုမိလိုက်တယ်။

ညာဘက်လက်ကို နဖူးထက် ဖြည်းဖြည်းချင်း ဖြတ်ဆွဲလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ချောက်ချားဖွယ် လေသံနဲ့အတူ ရေရွတ်လိုက်တယ်

“မိစ္ဆာအသွင်ပြောင်းလဲခြင်း”

ကောင်းကင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့တယ်၊ ရပ်ကြည့်နေတဲ့ ပညာရှင်ခုနှစ်ယောက်စလုံး အားကောင်းလှတဲ့ မုန်တိုင်းတစ်ခုထဲ ရုတ်တရက်ကြီး ဆွဲခေါ်သွားခံလိုက်ရသလို ခံစားလိုက်ရတယ်။

အလင်းရောင်၊ မျှော်လင့်ချက်၊ အရာအားလုံးကို ဝါးမြိုနိုင်သယောင် ထင်ရတဲ့ အနက်ရောင်အမှောင်ထု တိမ်တိုက်တွေ ရန်ကိုင်ကိုယ်ထဲကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။ ထိုအနက်ရောင် စွမ်းအင်တွေက မယုံကြည်နိုင်လောက်အောင် သိပ်သည်းလွန်းလှပြီး ရက်စက်သွေးဆာ မိစ္ဆာဆန်သည့် အရှိန်အဝါတို့ဖြင့် ပြည့်နေခဲ့ကာ လေထုထဲသို့ တိုးဝင်ပျံ့နှံ့လာခဲ့တယ်။ ထိုမြင်ကွင်းကို ကြည့်ရင်း ပညာရှင်၇ယောက်စလုံး ကြောက်လန့်တကြား နောက်ဆုတ်လိုက်မိကြတယ်။

ရန်ကိုင် အရှိန်အဝါ မြင့်တက်လာခဲ့ပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုက သူတို့ပေါ် သက်ဆင်းလာသလို ခံစားလိုက်ရတယ်။ ထိုအရာအောက်၌ သူတို့မှာ ဘာမှမတတ်နိုင်တဲ့ ပုရွက်ဆိတ်လေးတွေလို ပညာရှင်၇ယောက်စလုံး ခံစားနေခဲ့ရတယ်။

အခုလက်ရှိ ရန်ကိုင် ပြသလိုက်တဲ့ စွမ်းအားက သူတို့၇ယောက်စလုံးကို ကြက်သေသေသွားခဲ့စေပါတယ်။

ရွှေရောင်အရိုးခြောက်ထဲက မိစ္ဆာစွမ်းအင်ကို အသုံးမပြုခဲ့တာ တော်တော်လေး ကြာသွားခဲ့ပါပြီ။ မိသားစုကြီး ရှစ်ခုနဲ့ တိမ်မိစ္ဆာနယ်မြေကြားက ဆက်ဆံရေးကြောင့် အခုဝှက်ဖဲကို ရန်ကိုင် အခုအချိန် မတိုင်ခင်အထိ တစ်ခါမှ အသုံးမပြုခဲ့တာပါ။

ဒါပေမယ့် အခုတော့ ရှန်ချူနဲ့ နန်ရှန်းကို သတ်နိုင်ဖို့ရာ သူ့ရဲ့ အားအကောင်းဆုံး ဝှက်ဖဲကို တုန့်ဆိုင်းခြင်းမရှိ ထုတ်သုံးလိုက်ပါပြီ။

တစ်ခဏကြာပြီးနောက် အနက်ရောင် စွမ်းအင်တွေက ရန်ကိုင် တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့တယ်။ ရန်ကိုင်ကို မမြင်ရတော့ပဲ သွေးနီရောင်မျက်ဝန်းအစုံနဲ့ အမှောင်ထုကြီး ကိုသာ သူတို့ မြင်ရပါတော့တယ်။

ခုဏလေးတင်တုန်းက ပညာရှင်၇ယောက်က အတူ ပူးပေါင်းပြီး ရန်ကိုင်ကို ဖမ်းဆီးဖို့ စိတ်ကူးယဉ် နေခဲ့ကြတာပါ။ ဒါပေမယ့် အခုတော့ ထိုအတွေးကို သူတို့ စိတ်ထဲကနေ အပြီးတိုင်ပယ်ဖျက်လိုက်ပါပြီ။

ဘာလို့လဲ သေချာနားမလည်ပေးမယ့် အခုရန်ကိုင်ရဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ နောက်ဆုံး အခိုက်အတန့်ကို ရင်ဆိုင်နေရသလိုမျိုး ပညာရှင်၇ယောက်စလုံး ခံစား‌ နေခဲ့ရတယ်။

မကြာခင်မှာပဲ ပညာရှင်၇ယောက်စလုံးရဲ့ မျက်ဝန်းအစုံကို အမှောင်ဖုံးသွားခဲ့တယ်။ ထိုအမှောင်ထုက အလင်းရောင်ကိုသာမက သူတို့ရဲ့ အသိစိတ်တွေကိုပါ ဝါးမြိုနေသလို ပညာရှင်၇ယောက် ခံစားနေခဲ့ရတယ်။

ရန်ကိုင်ရဲ့ အေးစက်၊ ရက်စက်ပြီး သနားညှာတာမှု မရှိတဲ့ သွေးနီရောင်မျက်ဝန်းအစုံကို ငေးစိုက်ကြည့်နေရင်း ပညာရှင်၇ယောက်စလုံး အလိုလို နောက်ဆုတ်မိလိုက်ကြတယ်။

ရန်ကိုင်က သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး အမှောင်စွမ်းအင်အချို့ကို သုံးကာ အနက်ရောင်မြွေလေးတွေကို ဖန်တီးလိုက်တယ်။ ပြီးတာနဲ့ ထိုမြွေလေးတွေကို ပညာရှင်၇ယောက်ထဲက တစ်ယောက်ဆီ ပစ်လွှတ်ပေးလိုက်တယ်။

တစ်ဟုန်ထိုး ပြေးဝင်လာနေတဲ့ အနက်ရောင် မြွေတွေကို မြင်လိုက်တာနဲ့ ထိုလူမျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး အလျင်စလို ရှောင်တိမ်းဖို့ ကြိုးစား လိုက်တယ်။ ဒါပေမယ့် အချိန်မှီ မရောင်တိမ်းခဲ့တဲ့အတွက် အမှောင်ထုက သူ့ရင်ဘတ်ကို ထုတ်ချင်းဖောက်သွားခဲ့တယ်။ နောက်…အနက်ရောင် စွမ်းအင်တွေက သူ့တစ်ကိုယ်လုံး ကနေ စိမ့်ထွက်လာနေခဲ့ပြီး ထိုလူလည်း မြေကြီးပေါ် မျက်နှာမူလဲကျသွားခဲ့တယ်။

တစ်ချက်တည်းနဲ့တင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ပညာရှင်မှာ ခုခံချိန်တောင်မရှိပဲ သေဆုံးခဲ့ရတယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ကျန်ရှိနေတဲ့ ပညာရှင် ၆ယောက်စလုံး သွေးပျက်ချောက်ချား သွားခဲ့ကြတယ်။

“ကျုပ်လမ်းမှာ ရပ်နေမှတော့… သွားသေလိုက်တော့” ရန်ကိုင်ရဲ့ အေးစက်စက်အသံ သူတို့နားထဲ ပဲ့တင် ထပ်သွားခဲ့တယ်။ ကောင်းကင်တစ်ခုလုံး မှိုင်းကျသွားခဲ့ပြီး ဧရာမလက်ဝါးကြီးတစ်ခုက မိုးကြိုးသွားတစ်စင်းပမာ ပညာရှင်၆ယောက်ပေါ်သို့ ကျဆင်းလာခဲ့တယ်။ အနက်ရောင် လက်ဝါးကြီး နီးကပ်လာတာနဲ့ ထိုလက်ဝါးက ပညာရှင်၆ယောက်စလုံးရဲ့ မြင်ကွင်းကို ဖုံးလွှမ်း သွားခဲ့တယ်။ ထိုလက်ဝါးကြီးကို ကြည့်ရင်း သူတို့ ဘယ်လိုပဲခုခံခုခံ၊ ရှောင်တိမ်း ရှောင်တိမ်း ထိုလက်ဝါးချက် ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးတွေ သူတို့စိတ်ထဲ ထွက်ပေါ်လာခဲ့တယ်။

ပညာရှင်ခြောက်ယောက်စလုံး စူးစူးဝါးဝါး အော်ဟစ်ရင်း အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်ကာ ရှောင်တိမ်းထွက်ပြေးဖို့ လုပ်လိုက်ကြပေမယ့် သူတို့ရဲ့ အားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားခဲ့ပြီး လက်ဝါးချက်ကြီးက သူတို့ပေါ် အုပ်မိုးကျဆင်းသွားခဲ့တယ်။

ဘုန်း… မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့တယ်။

အနက်ရောင်လက်ဝါးချက် ရိုက်ခတ်သွားခဲ့တာနဲ့ အရိုးကျိုးသံတွေနဲ့အတူ ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

လက်ဝါးကြီး ပျောက်ကွယ်သွားပြီးနောက် ပညာရှင် ၆ယောက်စလုံး လက်ဝါးချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ထဲ လဲလျောင်းနေခဲ့ကြတယ်။ သူတို့ထဲက ဘယ်သူမှ မသေသွားခဲ့ပေမယ့် မိစ္ဆာစွမ်းအင်က သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ်ကို တဖြည်းဖြည်းနဲ့ တိုက်စားနေခဲ့ပါပြီ။

သူတို့ခန္ဓာကိုယ်က မရေမတွက်နိုင်တဲ့ အကျိုးတွေပါ ကျိုးကြေသွားတာ ဖြစ်တဲ့အတွက် သူတို့ ဘယ်တော့မှ ပြန်ပြီး သက်သာလာနိုင်တော့မှာ မဟုတ်ပါဘူး။

“ကျုပ်ခင်ဗျားတို့ကို ပြောခဲ့ပါတယ်၊ ခင်ဗျားတို့တွေက စတေးကောင်တွေ သက်သက်ပါလို့၊ ဒါကိုတောင် ခင်ဗျားတို့က ရူးမိုက်ချင်နေဦးမှတော့ သွားလိုက်တော့ပေါ့” ရန်ကိုင် ခေါင်းခါရမ်းလိုက်တယ်။ သူ့မှာ သူ့ခွန်အားကို တစ်ဟုန်ထိုးတိုးတက် သွားစေနိုင်တဲ့ ပညာရပ် တစ်ခု ရှိနေမှန်း နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံး သိထားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။

ရန်ကိုင်ကို နှောင့်နှေးဖို့ ကျန်ရစ်ခဲ့တဲ့ လူတွေသာ ထိုအကြောင်းကို သိထားခဲ့ရင် သူတို့ထဲက ဘယ်သူကမှ သူ့ကိုဖမ်းဖို့အတွေးမျိုး တွေးရဲလိမ့်မှာ မဟုတ်ပါဘူး။ အဲ့လိုသာဆိုရင် အခုလိုမျိုး ရှက်ရွံ့ဖွယ် အခြေအနေမျိုးနဲ့ အဆုံးသတ်ရလိမ့်မှာ မဟုတ်ပါဘူး။

ထိုလူတွေ သေတာ၊ ရှင်တာကို ဆက်ဂရုမစိုက်တော့ပဲ စစ်ပွဲမြို့တော်ရှိရာဘက်ဆီ လှည့်လိုက်ပြီး‌ အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ကာ ကောင်းကင်ထက် နောက်တစ်ကြိမ် ပျံတက်သွားခဲ့တယ်။

ရှန်ချူနဲ့ နန်ရှန်းတို့က ရန်ကျောင်းစံအိမ်ဆီ ရောက်သွား ခဲ့ရင်တောင် သူတို့တွေ သေကိုသေရပါမယ်။

စစ်ပွဲမြို့တော်…

နန်ရှန်နဲ့ ရှန်ချူတို့ သူတောင်းစားတွေပမာ ထင်ရတဲ့ ကျင့်ကြံသူတစ်သိုက်ကို ဦးဆောင်ရင်း အပူတပြင်းနဲ့ ပြေးလွှားနေခဲ့ကြတယ်။ ရှက်လည်းရှက်၊ ကြောက်ကလည်း ကြောက်ဖြစ်နေတဲ့ ထိုကျင့်ကြံသူတွေကို ကြည့်ရင်း မြို့သူမြို့သားတွေ အကုန်လုံး သင်္ကာမကင်း ဖြစ်သွားခဲ့ကြတယ်။ သူတို့ စိတ်ထဲ၌လည်း ဘယ်လို မွန်းစတားဆီက ထွက်ပြေးလာလို့ အခုလိုမျိုး ဖြစ်နေလဲ ဆိုတာကို စဉ်းစားတွေးတော နေခဲ့ကြတယ်။

သူတို့တွေ အကုန်လုံး ချွေးသံတရဲရဲနဲ့ ဖြစ်နေကြပြီး မောကလည်းမော၊ ကြောက်ကလည်းကြောက် ဖြစ်နေခဲ့ကာ အစစ်အမှန်ချီဆိုရင်လည်း လုံးဝကို ကုန်ဆုံးလုမတတ် ဖြစ်နေခဲ့ပါတယ်။ သူတို့မှာ လမ်းပေါ်ကလူတွေကို လမ်းဖယ်ပေးဖို့ အော်နိုင်ရုံလေး ဆိုရုံသာ အော်နေနိုင်ခဲ့ပြီး ရန်ကျောင်းစံအိမ် အရူးတစ်ပိုင်း ပြေးလွှားနေခဲ့ကြတယ်။

ထိုသတင်းက ရန်ဝေနဲ့ ရန်ကိုင်စံအိမ်ဆီ အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့တယ်။

ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို စဉ်းစားရင်း ရန်ဝေ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။ ဒါပေမယ့် ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်ခဲ့တယ် ဆိုတဲ့အချက်ကို နားလည်လိုက်တာနဲ့ သူ့ရဲ့ သွေးစစ်သည်တော်နဲ့အတူ ရန်ကျောင်းစံအိမ်ဆီ ဦးတည်ထွက်ခွါသွားလိုက်တယ်။

ရန်ကိုင်စံအိမ်အတွင်း၊ ချူရီမန် ထိုသတင်းကို ရလိုက်တာနဲ့ သူမရဲ့ မျက်နှာလှလှလေးထက် သောကရိပ်တို့ ဖုံးလွှမ်းသွားခဲ့တယ်။ စံအိမ်အတွင်းမှာရှိနေတဲ့ ရှိနေတဲ့ အဓိကအင်အားစုတွေကို ရန်ကိုင်ပြန်လာတာကို စောင့်ကြိုဖို့ရာ စစ်ပွဲမြို့တော်ဆီ ဦးတည်သွားဖို့ ချက်ချင်းပဲ အမိန့်ပေးလိုက်တယ်။

နန်ရှန်းနဲ့ ရှန်ချူတို့ အခုလိုဘဝမျိုး ရောက်ရတဲ့အထိ ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာကို သူမနားမလည်ပေမယ့် ဒီကိစ္စက ရန်ကိုင်နဲ့ တစ်နည်းနည်း ပက်သက်နေလိမ့် မယ်လို့တော့ သူမစိတ်ထဲ ရေးတေးတေးလေး ခံစားမိနေခဲ့တယ်။

Martial Peak

အပိုင်း(၅၁၇) သတင်းကောင်းလား

ရန်ကိုင့် အဖွဲ့သားတွေ စထွက်ဖို့ လုပ်နေတုန်းမှာပဲ နတ်ဆိုးအိုကြီးက မျက်မှောင်ကြုံ့ရင်း ချူရီမန်ဘေး ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပြောလိုက်တယ် “သွားစရာ မလိုတော့ဘူး၊ သခင်လေး မကြာခင် ပြန်ရောက် လာတော့မှာ”

“သူပြန်လာပြီလား” ထိုစကားကို ကြားလိုက်မှပဲ ချူရီမန် စိတ်သက်သာရာ ရသွားခဲ့တယ်။ ရန်ကိုင်က ရင်းဂျု တစ်ယောက်တည်းနဲ့သာ ထွက်သွားခဲ့တာ ဖြစ်တဲ့အတွက် ချူရီမန်မှာ တစ်ချိန်တည်း မီးခဲပေါ် ဖင်ခုထိုင်နေရသလို စိတ်အေးလက်အေး မထိုင်နိုင်၊ ရတက်မအေးနိုင် ဖြစ်နေခဲ့ရပါတယ်။

သွားနေရင်း မတော်တဆ တစ်ခုခု ကြုံရမှာကို သူမကြောက်နေခဲ့တာပါ။ ဒါပေမယ့် နတ်ဆိုးအိုကြီး ပြောတာကို နားထောင်ပြီးနောက် သူမက စိုးရိမ်စရာ မလိုတာကို စိုးရိမ်နေမှန်း နားလည်လိုက်တယ်။ သူမ နှလုံးသား ထဲက စိုးရိမ်မှုတွေကို ဖိသိပ်ထားလိုက်ပြီး ခပ်မြန်မြန်ပဲ ထပ်မေးလိုက်တယ် “သူအခု ဘယ်ရောက်နေပြီလဲ”

နတ်ဆိုးအိုကြီးက မျက်လုံးမှေးကျဉ်းလိုက်ပြီး အဝေး တစ်နေရာဆီ လှမ်းကြည့်လိုက်ရင်း ပြောလိုက်တယ် “သခင်လေးက မြို့ဆီ ပြန်လာနေပြီဆိုပေမယ့် စံအိမ်ဆီ ပြန်လာနေတာ မဟုတ်ဘူး။ အဲ့အစား အရှေ့တောင်ဘက်ဆီ သွားနေတာ”

“အရှေ့တောင်…” ချူရီမန် မျက်မှောင် ကြုံ့သွားခဲ့တယ်။ အခုလေးတင် စိတ်အေးသွားရပါတယ်၊ နတ်ဆိုးအိုကြီး ထပ်ပြောလိုက်တဲ့ စကားကြောင့် နောက်တစ်ကြိမ် သောကဝေသွားရပြန်ပြီး “အဲ့နေရာက ရန်ကျောင်းစံအိမ်ပဲ”

“ငါ့လခွမ်း၊ ဘယ်သူကများ သခင်လေးကို သွားရန်စ လိုက်တာလဲ မသိဘူး။ သခင်လေး လုံးဝကို ဒေါသထွက်နေပြီ” နတ်ဆိုးအိုကြီးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အော်ပြောလိုက်တယ် “ဒီလူအိုကြီး သခင်လေးနဲ့ သွားတွေ့လိုက်ဦးမယ်”

ပြောပြီးတာနဲ့ နတ်ဆိုးအိုကြီးရဲ့ ပုံရိပ်က သွေးနီရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး အရှေ့တောင် အရပ်ဆီ ပျံသန်းထွက်သွားခဲ့တယ်။

ချူရီမန်ရဲ့ မျက်နှာလှလှလေး ရုတ်တရက် တည်ကြည် လေးနက်သွားခဲ့တယ်။ ဆက်ပြီး မတုန့်ဆိုင်း ရဲတော့တာနဲ့ စီစဉ်ထားတဲ့ အင်အားစုတွေနှင့်အတူ စံအိမ်ထဲကနေ အလျင်စလို ပြေးထွက်သွားလိုက်တယ်။

တစ်ချိန်တည်းမှာပဲ အခန်းတစ်ခုထဲ တင်ပလင်ခွေ ထိုင်နေတဲ့ မန်ဝူရ၊ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး မျက်ခုံးနှစ်ခုထိကပ်လုမတတ် မျက်မှောင်ကြုံ့ရင်း ရန်ကိုင် ရှိနေတဲ့ အရပ်ဆီ ငေးစိုက်ကြည့်လိုက်ကာ သူ့ဘာသာသူ ရေရွတ်လိုက်တယ် “အဲ့ကောင်စုတ်လေးဆီကနေ ဘယ်လို လုပ်ပြီး ဒီလောက်တောင် အားကောင်းတဲ့ မိစ္ဆာချီတွေကို ထုတ်လွှတ်နေရတာလဲ”

စိုးရိမ်သွားတာနဲ့ ထိုင်ရာကနေ ခပ်မြန်မြန်ထလိုက်ပြီး တစ်နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။ စစ်ပွဲမြို့တော်ရဲ့ ကောင်းကင်တစ်ခုလုံးကို အနက်ရောင်တိမ်မည်းကြီးတွေ ဖြည်းဖြည်းချင်း လွှမ်းခြုံသွားခဲ့ပြီး အလင်းရောင်မှန်သမျှကို တားဆီးသွားခဲ့တယ်။ အနက်ရောင်မှင်ရည်တွေနဲ့ ပက်ဖြန်းခြင်း ခံလိုက်ရသည့်အလား ဒီကမ္ဘာလောကကြီးကို ဖြည်းဖြည်းချင်း အနက်ရောင် ခြယ်သနေခဲ့တယ်။ စစ်ပွဲမြို့တော်ထဲ ရှိနေတဲ့လူတွေလည်း တဖြည်းဖြည်း စိတ်လေးလံလာခဲ့ရတယ်။

သက်ပြင်းတစ်ချက် ချလိုက်ပြီး စတင်ကာ ခြေလှမ်းလိုက်တယ်။ ခြေလှမ်းအနည်းငယ်နဲ့တင် မီတာ ရာပေါင်းများစွာကို ကျော်ဖြတ်ရောက်ရှိ သွားခဲ့တယ်။

စည်းတံဆိပ်တော် ဘုရားကျောင်းအတွင်း၌ ရှိနေသည့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် ၈ယောက်လည်း စိတ်စွမ်းအင် ကမ္ဘာကြီးထဲကနေ ထွက်လာလိုက်ကြပြီး အံ့အားသင့်နေတဲ့ အမူအရာနဲ့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြတယ်။

ချူတောင်းရန်က မျက်မှောင်ကြုံ့ကာ ပြောလိုက်တယ် “ညီအစ်ကိုရန်၊ မင်းမိသားစုက ကောင်စုတ်လေး မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားတော့မယ့် အရိပ်အယောင်တွေ ပြနေခဲ့ပြီ”

ထိုစကားကို ကြားလိုက်ရပေမယ့် ရန်လီတင်းရဲ့ မျက်နှာ အမူအရာက စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိပဲ ဒီအတိုင်းလေးသာ မျက်လုံးပိတ်ထားနေခဲ့တယ်။

ခပ်ဝဝ လူအိုကြီးက သွားပေါ်အောင် ပြုံးလိုက်ပြီး “မင်တကယ်ပဲ ဂရုမစိုက်တာလား။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် အဲ့ကောင်စုတ်လေး မိစ္ဆာလမ်းစဉ်ထဲ ကျသွားနိုင်တယ်နော်”

ရန်လီတင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ် “ငါတို့ တစ်ယောက် ချင်းစီတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ်တွေ ရှိကြတာကို သူသေသေ၊ ရှင်ရှင် ဒီလူအိုကြီးက ဘာလို့ ဂရုစိုက်နေရမှာလဲ”

“သူသာ စိတ်လွတ်သွားပြီး နတ်ဆိုးတစ်ကောင် ဖြစ်သွားရင် ငါတို့ ဘာလုပ်သင့်လဲ” ခန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်က မေးလိုက်တယ်။ ဒီလောက်သိပ်သည်းတဲ့ မိစ္ဆာချီတွေကို ထုတ်လွှတ်နေတဲ့ လူငယ်လေးတစ်ယောက်က မိစ္ဆာလမ်းစဉ်ထဲ ကျသွားလိမ့်မယ်ဆိုတာ ယုံမှား သံသယရှိစရာ မလိုပါဘူး။ မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားတာနဲ့ သူ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို မှတ်မိတော့မှာ မဟုတ်ပဲ မြင်မြင်သမျှ လူအကုန်လုံးကို သတ်လိမ့်မှာပါ။

“အဲ့အချိန်ကျ ဒီလူအိုကြီးကိုယ်တိုင် သူ့အိမ်တစ်ခုလုံးကို ရှင်းလင်းပေးလိုက်မယ်။ မင်းတို့ ဘာမှလုပ်စရာမလိုဘူး” ရန်လီတင်းက ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ ကျန်တဲ့ လူအိုကြီး ခုနှစ်ယောက်စလုံး ဘာမှ ဆက်မပြောတော့ပါဘူး။ ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်ကြတယ်။ သူတို့ စိတ်ထဲမှာလည်း ရန်မိသားစုက အားကောင်း သန်မာရင်တောင် ဒီမိသားစုက အနှေးနဲ့အမြန် ပြိုကွဲသွားလိမ့်မှာပါ။

ဘာလို့လဲ ဆိုတော့ ရန်မိသားစုဝင် အချင်းချင်း ချစ်ခင်ရင်းနှီးမှုမှ မရှိကြတာကိုး။ သူတို့မိသားစုထဲက လူငယ်ဂျီးနီးယပ် တစ်ယောက်သာ အခုလို‌ အခြေအနေမျိုး ကြုံကြည့်ပါလား။ သူတို့ ဒီအတိုင်း ငြိမ်ပြီး ထိုင်နေကြမှာ မဟုတ်ပါဘူး။ ထိုလူငယ်ဂျီးနီးယပ်ကို သီးခြားနေရာတစ်ခုစီ ခေါ်ဆောင်သွားပြီး သူ့ကိုယ်ထဲက မိစ္ဆာချီကို ကူပြီး ဖိနှိပ်ပေးဖို့ ကြိုးစားမှာပါ။

ပြီးတော့ ဒီကောင်စုတ်လေးရဲ့ အရည်အချင်းနဲ့ ပါရမီနဲ့ ဆိုရင် သူဟာ ရန်မိသားစုရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမှ မလွဲမသွေပါပဲ။ ဒါပေမယ့် ရန်လီတင်းကတော့ ထိုလူငယ်လေးကို ဒီအတိုင်းပဲ စွန့်ပစ်ချင်နေခဲ့ပါတယ်။

ကျန်တဲ့လူအိုကြီး ခုနှစ်ယောက်စလုံး တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့တယ်။

ဒါပေမယ့် ဒါက သူတို့ကိစ္စမဟုတ်တာတော့ အမှန်ပါပဲ။ သူတို့တစ်ယောက်ချင်းစီတိုင်းက နှစ်ပေါင်းများစွာ ကြာအောင် ရှင်သန်လာခဲ့ပြီး လောကီရေးရာ ကိစ္စတွေထဲ ဝင်မပက်သက်တာ ကြာလှပါပြီ။ ရန်လီတင်းကတောင် ဂရုစိုက်မနေမှဖြင့် သူတို့ကကော ဘာလို့ ဂရုစိုက်နေရဦး မှာလဲ။ သူတို့ မိသားစုဝင်မှ မဟုတ်တာ။

ရန်မိသားစုက ဗဟိုမြို့တော်ရဲ့ နံပါတ်တစ်နေရာကို အချိန်အတော်ကြာအောင် သိမ်းပိုက်စိုးမိုး ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ နှစ်တစ်ရာအတွင်းမှာပဲ မိသားစုကြီးရှစ်ခုထဲကနေ ကျိန်းသေ နှုတ်ထွက်ရပါလိမ့်မယ်။

ထိုလူအိုကြီး ခုနှစ်ယောက်စလုံး ထိုအမှန်တရားကို မြင်နိုင်ပေမယ့် ရန်မိသားစု အကြီးအကဲတွေ အခုအချိန်ထိ သတိမမူမိသေးတာ တကယ်ကို ရယ်စရာ ကောင်းလှပါတယ်။

ရန်ကျောင်းစံအိမ်၌…

နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက် လမ်းဘေးခွေးဝဲစား နှစ်ကောင်လို စံအိမ်ထဲ အပြေးဝင်လာခဲ့ပြီး အလျင်စလိုနဲ့ အော်ခေါ်လိုက်တယ်။ ကိုယ်ပိုင်အခန်းထဲ ရှိနေတဲ့ ရန်ကျောင်းလည်း သူတို့နှစ်ယောက်ရဲ့ အော်ခေါ်သံကြောင့် နိုးနိုးကြားကြား ဖြစ်သွားခဲ့တယ်။

အိပ်ရာကနေ ထလိုက်ပြီး ရန်ကျောင်းလည်း အသံထွက်ပေါ်ရာ နေရာဆီ လှမ်းကြည့်လိုက်တယ်။

“ဒုတိယသခင်လေး၊ ဘာဖြစ်သွားခဲ့တာလဲ” ရီရှင်းရို့က ရေမြွေပမာ သေးသွယ်လှတဲ့ သူမရဲ့ ခါးလေးကို ကွေးကောက်ပြလိုက်တယ်။ အိပ်ရာခင်းတို့ သူမကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း လျှောကျသွားခဲ့ပြီး နှင်းဖြူရောင် အသားအရေတို့ ထွက်ပေါ်လာခဲ့တယ်။ သွယ်လျတဲ့ လက်နှစ်ဖက်က ရန်ကျောင်းရဲ့ ခါးထက် ရစ်ပတ်ထားခဲ့ပြီး သူမရဲ့ ရင်အစုံကို ရန်ကျောင်း ကျောပြင်ထက် ဖိကပ်ထားရင်း အနည်းငယ် ရှက်ရွံ့နေတဲ့ အမူအရာလေးနဲ့ မေးလိုက်တယ်။

“တစ်ခုခု ဖြစ်ခဲ့တာပဲ ဖြစ်ရမယ်။ ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ အသံကို ငါကြားလိုက်တယ်” ရန်ကျောင်းက မျက်မှောင်ကြုံ့ရင်း ပြောလိုက်တယ်။

“သူတို့ ပြန်တောင် ရောက်နေပြီလား” ရီရှင်းရို့က ချိုသာစွာ ပြုံးလိုက်ပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း “သူတို့တွေက ဒုတိယ သခင်လေး အတွက် သတင်းကောင်းတွေ သယ်လာတာ ဖြစ်ရမယ်”

ရန်ကျောင်း ရယ်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ ရီရှင်းရို့ရဲ့ လုံဝန်းတဲ့ တင်သားလေးကို အသာအယာလေး ဆိတ်လိုက်တယ်၊ စိတ်ထဲကနေလည်း ပျော့အိလှတဲ့ တင်သားအထိအတွေ့ကို ချီးကျူးခန်း ဖွင့်နေခဲ့ပါတယ်။

သူ့ရဲ့ အပြုအမူကြောင့် ရီရှင်းရို့ရဲ့ ပါးစပ်ဖျားမှ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာခဲ့တယ်။

“အဲ့လိုဖြစ်မယ်လို့ မျှော်လင့်ရတာပဲ” ရန်ကျောင်းလည်း ထိုကဲ့သို့ ဖြစ်လာဖို့ ကြိတ်ပြီး မျှော်လင့်နေခဲ့တယ်။ ဒီတစ်ကြိမ် ချုံခိုတိုက်ခိုက်မှုက လုံးဝကို ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။ ခန်ကျန်း၊ ချူဇိရိုနဲ့ သူစေလွှတ်လိုက်တဲ့ အင်အားစု၇ခုရဲ့ လူအင်အားနဲ့ဆိုရင် ရန်ကိုင်ကို ဖမ်းနိုင်လိမ့်မယ်လို့ ရန်ကျောင်း အပြည့်အဝ ယုံကြည်နေခဲ့ပါတယ်။

သူကိုယ်တိုင်လည်း နန်ရှန်းနဲ့ ရှန်ချူတို့ ပြန်သယ်လာမယ့် သတင်းကောင်းကို တော်တော်လေး မျှော်လင့်မိနေခဲ့ပါတယ်။ ရန်ကိုင်ကို အနိုင်ယူနိုင်တော့မယ့် အကြောင်းတွေးရင် ကျင့်တောင် မကျင့်ကြံနိုင်တော့ပဲ ရီရှင်းရို့သာ အိပ်ရာထဲမှာ တစ်ချိန်လုံး ပလူးနေခဲ့ပါတယ်။ သူ့စိတ်ထဲက စိုးရိမ်ပူပန်မှု၊ မျှော်လင့်စောင့်စားမှုတို့ကို ဖြေသိမ့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့။

မဟုတ်ရင် သူ့ပင်ကိုယ်စရိုက်အရ အခုလိုမျိုး အပျင်းထူ နေလိမ့်မှာ မဟုတ်ပါဘူး။ မိန်းမလှတွေက တကယ်ကို စွဲမက်ဖွယ်ကောင်းပါတယ်၊ ဒါပေမယ့် အခုလောလောဆယ် သူ့ရဲ့ ဦးစားပေးက သူ့ကိုယ်ပိုင် ခွန်အားနဲ့ စွမ်းအားပါ။

သူသာ ရန်ကိုင်ကို အနိုင်ယူနိုင်သရွေ့ အကြီးဆုံးအစ်ကို ရန်ဝေကို ရင်ဆိုင်ဖို့ မကြောက်ပါဘူး။ သူနဲ့ ရန်ဝေသာ နှစ်ယောက်တည်း ကျန်ခဲ့ရင် နောက်ဆုံးဖလားကို အလွယ်တကူ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ရန်ကျောင်း ယုံကြည်ချက် အပြည့်ရှိပါတယ်။

“သတင်းကောင်း ဖြစ်မှတော့ နည်းနည်း နောက်ကျမှ နားထောင်လည်း ကိစ္စမရှိပါဘူး” ရီရှင်းရို့ ဆော့ကစားလို့တဲ့ ဟန်ပန်မျိုးနဲ့ ပြောလိုက်တယ်။ သူမရဲ့ ကျောက်စိမ်းသဖွယ် လက်သွယ်သွယ်လေး နှစ်ဖက်ကို ရန်ကျောင်းလည်ပင်းထက် ရစ်ပတ်လိုက်ပြီး သူ့ကို အိပ်ရာထဲမှာ ထပ်ဆွဲခေါ်ထားဖို့ ကြိုးစားလိုက်တယ်။

“ပြဿနာမရှာနဲ့ဦး၊ သတင်းကောင်းဆိုတာနဲ့ ဒီတစ်ညလုံး ငါနင့်ကို အလိုလိုက်ပေးမယ်” ရန်ကျောင်းက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။ ထိုကဲ့သို့ ပြောလိုက်တဲ့ အခိုက် သူ့မျက်ဝန်းထဲ အဆုံးမရှိတဲ့ မျှော်လင့်မှုတို့ဖြင့် ပြည့်သွားခဲ့တယ်။

ရီရှင်းရို့မှာ အနည်းငယ် စိတ်ပျက်သွားခဲ့ပေမယ့်၊ ရန်ကျောင်းကို ဆက်ပြီး ဆွဲခေါ်ထားဖို့ မကြိုးစားတော့ပါဘူး။ ရန်ကျောင်းလို လူမျိုးကို ကိုင်တွယ်ဖို့ အတွက် သူမရဲ့ ခန္ဓာကိုယ်က သိပ်အရေးမပါလှပါဘူး။

“အဲ့လိုဆိုရင် ရှင့်ရဲ့ ရှင်းရို့လေးက ရှင့်ကို ကူဝတ်ပေးရတာပေါ့” ရီရှင်းရို့က အိပ်ရာကနေ အသာအယာလေး ထလိုက်ပြီး ပွစာကျဲနေတဲ့ အဝတ်အစား တွေကို ကောက်ယူလိုက်ကာ ရန်ကျောင်းကို ပြန်လည် ဝတ်ဆင်ပေးလိုက်တယ်။

အဝတ်ဝတ်နေတုန်းမှာပဲ ရန်ကျောင်း မျက်မှောင်ကြုံ့ လိုက်ပြီး ရီရှင်းရို့လည်း လုပ်လက်စအလုပ်ကို ရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ အော်ခေါ်သံကို ကြားလိုက်ပေမယ့် သူတို့အသံတွေက စိတ်လှုပ်ရှားနေတဲ့ ပုံစံပေါက်မနေခဲ့ပါဘူး။ အဲ့အစား ကျားလိုက်လို့ အမောတကော ပြေးလာပြီး အကူအညီ တောင်းနေတဲ့ အသံမျိုးနဲ့တောင် ဆင်နေပါသေးတယ်။

တစ်ခုခု မှားယွင်းနေပြီမှန်း နှစ်ယောက်စလုံး နားလည် လိုက်ကြတယ်။

ထိုလူတွေသာ ရန်ကျောင်းမျှော်လင့်နေတဲ့ သတင်းကောင်းကို ပြန်ပို့ဖို့လာတာ ဆိုရင် သူတိုအသံတွေက ထိတ်ထိတ်ပျာပျာလေသံမျိုး ဖြစ်မနေသင့်ပါဘူး။

“ဒုတိယသခင်လေး၊ ဒုတိယသခင်လေး” တံခါးအပြင်ကနေ ခြေသံတွေနဲ့တကွ၊ ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ အသံတွေ ထွက်ပေါ်လာခဲ့တယ်။

ရန်ကျောင်း ခပ်မြန်မြန်ပဲ ထခုန်လိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်တယ်။ ရှန်ချူနဲ့ နန်ရှန်းတို့ကို မြင်လိုက်တာနဲ့ သူ့မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။

နှစ်ယောက်စလုံးက သူတောင်းစားပုံစံ ပေါက်နေခဲ့ပါတယ်။ သူတို့ ခန္ဓာကိုယ်တစ်ခုလုံး ခြစ်ရာ၊ သွေးထွက်ရာတို့ဖြင့် ပြည့်နေခဲ့ပြီး သူတို့ မျက်နှာတွေ ဆိုရင်လည်း သွေးဆုတ်ဖြူလျော်နေခဲ့ပါတယ်။ အဝတ်အစားတွေ ဆိုရင်လည်း ဖရိုဖရဲကို ဖြစ်လို့ပါ။ သူတို့ရဲ့ အစစ်အမှန်ချီတွေ ဆိုရင်လည်း လုံးဝကို ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပါပြီ။ ဒါက အောင်ပွဲရပြီး ပြန်လာတဲ့ လူတွေရဲ့ ပုံစံနဲ့မတူပါဘူး။ အဲ့အစား တဂိန်ဂိန်မြည်အောင် ရိုက်လွှတ်ခံလိုက်ရတဲ့ ခွေးတွေနဲ့တောင် တူနေပါသေးတယ်။

ရီရှင်းရို့ စူးစူးရှရှ အော်ဟစ်လိုက်ပြီး ခပ်မြန်မြန်ပဲ အိပ်ရာပေါ် ခုန်တက်လိုက်ကာ သူမရဲ့ နှင်ဖြူရောင် တောင်ထွတ်လေးတွေနဲ့ ကျော့မော့လှတဲ့ ခန္ဓာကိုယ်လေးကို အိပ်ရာခင်းတွေနဲ့ လွှမ်းခြုံထားလိုက်ပါတယ်။ ထိတ်လန့် တကြားသာ ထအော်တာ၊ သူတို့တွေ ဘာတွေပြောနေလဲ ဆိုတာကို တစ်ခွန်းမှမလွတ်ရ‌လေအောင် အသေအချာတော့ နားစွင့်ထားခဲ့ပါတယ်။

“ဘာတွေဖြစ်ခဲ့တာလဲ” ရန်ကျောင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်တယ်။ မေးသာ မေးလိုက်ရတာ၊ ထိုနှစ်ယောက်ရဲ့ ပုံစံကိုမြင်ပြီး၊ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ရန်ကျောင်း နားလည်နေခဲ့ပါပြီ။ ဒါပေမယ့် သူ့စိတ်ကတော့ အခုထိ မယုံကြည်ချင်သေးပါဘူး။

“ဒုတိယသခင်လေး…” နန်ရှန်းမှာ ခက်ခက်ခဲခဲနဲ့သာ တံတွေးမျိုချလိုက်ပြီး ဘာမှ ထပ်မပြောနိုင်တော့ပါဘူး။

ရန်ကျောင်းက ရှန်ချူဆီ ချက်ချင်းပဲ အကြည့်ပြောင်း လိုက်တယ်။ ရှန်ချူရဲ့ မျက်ဝန်းအစုံက အသက်စွမ်းအင် ယုတ်လျော့သွားသလို ထိုင်းမှိုင်းနေခဲ့ပြီး ရန်ကျောင်းနဲ့ အကြည့်ချင်းမဆုံမိအောင် ခေါင်းကို ငုံ့နိုင်သမျှ ငုံ့ထားခဲ့တယ်။

“ကျရှုံးသွားခဲ့တာလား” ရန်ကျောင်းက အေးစက်စက် လေသံနဲ့ မေးလိုက်တယ်။ သူ့အမူအရာက ပြိုတော့မယ့်မိုးလို မဲမှောင်နေခဲ့ပါပြီ။

နန်ရှန်းက တိတ်တိတ်လေးသာ နေနေခဲ့တယ်။ သူ့ရဲ့ ဖြူလျော်နေတဲ့ မျက်နှာက ဖြည်းဖြည်းချင်း နီရဲသွားခဲ့ပြီး ရှန်ချူကတော့ လက်သီးတင်းတင်း ဆုပ်ကာ ခေါင်းညိတ် လိုက်တယ် “ဒုတိယသခင်လေးရဲ့ မျှော်လင့်ချက်ကို ကျုပ်တို့တွေ စိတ်ပျက်စေမိခဲ့ပြီ”

ရန်ကျောင်း ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး သူရှေ့မှာ ရှိနေတဲ့ နှစ်ယောက်ကို မယုံကြည့်နိုင်တဲ့ အမူအရာနဲ့ ငေးကြောင်ကြည့်နေလိုက်တယ်။ ထိုနှစ်ယောက်ပုံစံကို မြင်မြင်ချင်း သူ့စိတ်ထဲ သံသယဝင်သွားခဲ့ပေမယ့် သူတို့ဆီက အတည်ပြုစကား ကြားလိုက်ရပြီးတာတောင် ရန်ကျောင်းမှာ အခုထိ မယုံကြည်နိုင်သေးပါဘူး။

ဒီလောက်လူအများကြီးနဲ့ အဆင့်မြင့် ပညာရှင် အများကြီး လွှတ်လိုက်တာတောင် ဘယ်လိုလုပ်ပြီး ကျရှုံးသွားခဲ့ရတာလဲ။

“ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ပြန်ရှင်းပြ” ရန်ကျောင်း အမူအရာ ရုတ်တရက် အေးစက်သုန်မှုန်သွားခဲ့တယ်။

“ရင်းဂျု…က အင်မော်တယ်တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်သွားခဲ့ပါပြီ ဒုတိယသခင်လေး” ရှန်ချူက အံတင်းတင်း ကြိတ်ရင်း ပြောလိုက်တယ်။ ရင်းဂျု အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက် သွားလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈မှာ ရှိနေတုန်းကတောင် ရင်းဂျုက ရန်ကျောင်းကို တော်တော်လေး ခေါင်းကိုက်စေခဲ့တာပါ။

ထို့ကြောင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ရောက်နေတဲ့ ရင်းဂျုကို ထိန်းနိုင်ဖို့အတွက် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ပညာရှင်နှစ်ယောက်တောင် စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ရင်းဂျုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ ရောက်နေတဲ့ သွေးစစ်သည်တော် တစ်ယောက်ကို အဆင့်တူ သွေးစစ်သည်တော် တစ်ယောက်၊ ဒါမှမဟုတ် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ရောက်နေတဲ့ ပညာရှင် တစ်ယောက်ကပဲ ရင်ဆိုင်နိုင် ပါလိမ့်မယ်။

ထိုရှင်းပြချက်ကို ကြားလိုက်တာနဲ့ ရန်ကျောင်း ပိုပြီး မျက်မှောင် ကြုံ့သွားခဲ့တယ်။ ဒီသတင်းအမှားက ဒီတစ်ကြိမ်တာဝန် ရှုံးနိမ့်သွားခဲ့ရတာရဲ့ အဓိက အကြောင်းပြချက်ကြီး တစ်ခုဆိုရင်လည်း မမှားပါဘူး။

“ရင်းဂျု အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ ရောက်သွားရုံနဲ့ တာဝန်တစ်ခုလုံး ကျရှုံး သွားခဲ့ရတာတော့ မဟုတ်ဘူးမလား။ မင်းတို့ ခေါ်သွားတဲ့ လူအရေအတွက်က ရင်းဂျုကို ဖိနှိပ်နိုင်တာထက် အများကြီး ပိုပါတယ်” ရန်ကျောင်းက ထပ်ပြီး မေးလိုက်တယ်။

“ရင်းဂျု တကယ်ပဲ လှုပ်မရခဲ့ပါဘူး…” ရှန်ချူက ခါးခါးသီးသီးနဲ့ ပြန်ပြောလိုက်တယ်။ ဖြစ်ပျက် ခဲ့တာတွေကို ပြန်စဉ်းစားမိလိုက်တာနဲ့ သူ့တစ်ကိုယ်လုံး မသိမသာလေး တုန်ရင်သွားခဲ့ပြီး “ဒါပေမယ့် ရန်ကိုင်က ဆန်းကြယ်အဆင့် လက်နက်နှစ်ခုတောင် ပိုင်ဆိုင်ထားတယ် ဒုတိယ သခင်လေးရဲ့…”

သူတို့ ကြုံတွေ့ခဲ့ရတာတွေကို အကျဉ်းချုံး ပြန်ရှင်းပြလိုက်တယ်။

နားထောင်လေ နားထောင်လေ၊ ရန်ကျောင်းရဲ့ နှလုံးသား ပိုပြီးအေးစက်သွားလေပါပဲ။ အခုပဲ သူ့ရဲ့ ကိုးယောက်မြောက်ညီလေး ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာကို သူနားလည်သွားခဲ့ပါပြီ။

“ခန်ကျန်းနဲ့ ချူဇိရိုတို့ကော။ မင်းတို့နှစ်ယောက်ပဲ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာရတာလဲ” တစ်ခုခု ပုံမှန်မဟုတ်တာကို သတိပြုမိလိုက်တာနဲ့ ချက်ချင်းပဲ ကောက်မေးလိုက်တယ်။

“သခင်လေးခန်၊ သူ…သူ… သူ့ရင်ဘတ်ကို ရန်ကိုင် ဓါးနဲ့ထိုးလိုက်လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်။ အခုလောလောဆယ် သူ့ဒဏ်ရာကို ပြန်ကုသနေတုန်းပဲ ရှိဦးမယ်”

“ဘာ” ရန်ကျောင်း မျက်လုံး ပြူးကျယ်သွားခဲ့တယ်။ အိပ်ရာပေါ်မှာ လဲနေတဲ့ ရီရှင်းရို့တောင် ထိတ်လန့်တကြားနဲ့ ထအော်ပါတော့တယ်။ ပါစပ်လေးကို လက်လေးနဲ့ အုပ်ရင်း အံ့အားသင့်နေတဲ့ အမူအရာဖြင့် နန်ရှန်နဲ့ ရှန်ချူတို့ နှစ်ယောက်ကို ငေးကြည့်နေခဲ့တယ်။

ခန်ကျန်ရင်းရဲ့ ညာဘက်ရင်အုံကို ရန်ကိုင် ဓါးနဲ့ ထိုးလိုက်တယ်… ဒါက သတင်းကြီးတစ်ခုပါ။

အမွေခံတိုက်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပကတည်းက အခုအချိန်ထိ မိသားစုကြီးရှစ်ခုမှ ဘယ်ကလေးမှ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာမျိုး မရခဲ့ဖူးပါဘူး။ သမိုင်းမှတ်တမ်းတွေအရ မိသားစုကြီးမှ သခင်လေး၊ သခင်မလေးတွေ ဒဏ်ရာရခဲ့တယ် ဆိုရင်တောင် အများဆုံးမှ အညိုအမဲစွဲတာတို့၊ ခြစ်ရာရှရာတို့လောက်ပဲ ရှိပါတယ်။

အခုတော့ ခန်မိသားစု ဆက်ခံသူရဲ့ ညာဘက်ရင်အုံကို ဓါးနဲ့ထိုးခံလိုက်ရလေပြီ။

ထိုသတင်းကို ကြားကြားချင်း ရန်ကျောင်းနဲ့ ရီရှင်းရို့တို့ နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့တယ်။ ရန်ကိုင် ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထားခဲ့ပါဘူး။

“ချူဇိရိုကော”

“မသိသေးပါဘူး။ ပြန်လာတဲ့လမ်းမှာ ခွဲထွက်သွားခဲ့တာ။ သူအခုဘယ်ရောက်နေလဲ ကျုပ်တို့လည်း မသိဘူး”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” ရန်ကျောင်းမှာ အရူးတစ်ယောက်လို စတင် ရယ်မောပါတော့တယ်။ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး မျက်နှာထက် မီးထတောက်နေသလို ခံစားလိုက်ရပြီး တွင်းတစ်တွင်း တူးပြီးတော့သာ ပြေးပုန်းလိုက်ချင် ပါတော့တယ်။

“မင်းတို့ကောင်တွေ အရမ်းကို တော်လွန်းတယ်၊ သိလား။ ကိုးယောက်မြောက် ညီလေးက အကွဲကွဲ အပြဲပြဲ ဖြစ်အောင် ရိုက်လွှတ်လိုက်တာကို ခံခဲ့ရတယ်ဆိုတော့ ပထမအဆင့် အင်အားစုတွေရဲ့ သခင်လေးတွေ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ အမြဲတမ်း မင်းတို့ဘယ်လောက် တော်ကြောင်းတတ်ကြောင်း ကြွားနေကြတာ မဟုတ်ဘူးလား။ အခုတော့ ခွေးဝဲစားတွေလို စုတ်ပြတ်သတ်အောင် ရိုက်လွှတ်ခံလိုက် ရပါလား။ ဒီလောက် လူအများကြီး လွှတ်လိုက်တာတောင် ကိုးယောက်မြောက် ညီလေးကို မဖမ်းနိုင်ဘူးဆိုတော့ မင်းတို့ ငါ့အတွက် ဘာအသုံးကျသေးလဲ”

အခုလိုမျိုး ရစရာမရှိအောင် ပြစ်တင်ဆူပူ ကြိမ်းမောင်း ခံရလို့ သူတို့စိတ်ထဲ ဒေါသထွက်နေပေမယ့် ဘာမှတော့ ပြန်မပြောရဲခဲ့ပါဘူး။

Martial Peak

အပိုင်း(၅၁၈) ရဲလိုက်တာ

ရန်ကျောင်းက နန်ရှန်းနဲ့ ရှန်ချူကို ပြစ်တင်ပြောဆို နေတဲ့ အချိန်မှာပဲ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသည့် စူးရှတဲ့ အသံတစ်သံက လေထုကိုထိုးခွင်းပြီး စံအိမ်တစ်ခုလုံးထဲ ပဲ့တင်ထပ်သွားခဲ့တယ် “ရှန်ချူ၊ နန်ရှန်း၊ မင်းတို့ ခွေးနှစ်ကောင် ထွက်လာပြီး လာအသေခံစမ်း”

အသံက မကျယ်ပေမယ့် မည်သူမဆို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်။

ထိုစကားတွေကို ကြားလိုက်တာနဲ့ ရှက်ရွံ့ပြီး မကျေမနပ် ဖြစ်နေတဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး သွေးဆုတ်ဖြူလျော်သွားခဲ့တယ်။

ရန်ကျောင်းရဲ့ မျက်နှာအမူအရာ ရုတ်တရက် ထူးထူး ဆန်းဆန် ဖြစ်သွားခဲ့ပြီး ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်ကို မျက်လုံး မှေးစဉ်းကြည့်လိုက်ရင်း အေးစက်စက် အမူအရာနဲ့ ပြုံးကာ ပြန်ပြောလိုက်တယ် “ဒါဘာဖြစ်တာလဲ။ ကိုးယောက်မြောက် ညီလေး ငါ့စံအိမ်ဆီ ရုတ်တရက်ကြီး ဘာလို့ ရောက်ချလာရတာလဲ”

နန်ရှန်းက ပါးစပ်ကို တင်းတင်းစေ့ထားခဲ့ပြီး တစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။

ရှန်ချူကတော့ စိုးရိမ်တကြီးနဲ့ အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်တယ် “ရန်ကိုင်က ကျုပ်တို့ နှစ်ယောက်နောက်ကို လိုက်နေတာ။ အခု သူရောက်လာတာ ဖြစ်မယ်…”

“အရူးကောင်းတွေ” ရန်ကျောင်းက အံတင်းတင်း ကြိတ်လိုက်ပြီး “မင်းတို့နောက်ကို လိုက်နေမှန်း ငါသိတာပေါ့ကွာ။ ငါသိချင်နေတာက မင်းတို့နောက်ကို ဘာလို့ လိုက်နေရတာလဲ ဆိုတာပဲ။ မင်းတို့ ငါ့ကို အဲ့အကြောင်း မပြောရသေးဘူးမလား”

အစောပိုင်းတုန်းက ရန်ကိုင်နဲ့ တိုက်ပွဲအကြောင်းကိုပဲ သူရှင်းပြသွားခဲ့ပါတယ်။ ရန်ကျောင်းကို ပိုပြီး ဒေါသထွက် သွားစေမှာစိုးလို့ သူတို့နဲ့ ကောင်းကင်စံအိမ် အဖွဲ့သား တွေကြား ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကို ချန်ရစ်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ရန်ကိုင်က လမ်းတစ်လျှောက် သတ်ဖြတ်လာပြီး ရန်ကျောင်းစံအိမ်ရှေ့သို့ ရောက်ရှိ လာခဲ့ပါပြီ။ ထို့ကြောင့် ရှန်ချူလည်း ထိုကိစ္စအကြောင်းကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ပါဘူး။

“ပြောစမ်း၊ မင်းတို့ ဘာတွေများ လုပ်လိုက်လို့ ကိုးယောက်မြောက် ညီလေးက ဒီလောက်တောင် ဒေါသ ထွက်နေရတာလဲ” ရန်ကျောင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။

“ကောင်းကင်စံအိမ်က လူတွေနဲ့ ပက်သက်ပါတယ်… အစ်ကိုနန်က ကောင်းကင်စံအိမ် အဖွဲ့သားတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်လို့ပါ”

“ကောင်းကင်စံအိမ်လား။ ကိုးယောက်မြောက် ညီလေး နေခဲ့တဲ့ ဂိုဏ်းပေါ့” ရန်ကျောင်း မျက်မှောင် ကျုံ့လိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ “ထပ်ရှိသေးတယ်မလား”

“ဒုတိယသခင်လေး၊ ဒီလိုပါ…” ရှန်ချူက မျက်မှောင်ကြုံ့ကာ ဖြစ်ပျက်သမျှ အကြောင်းစုံကို ကူကယ်ရာမဲ့စွာနဲ့ ပြန်ရှင်းပြလိုက်တယ်။

အဖြစ်အပျက် တစ်ခုလုံးကို နားထောင်ပြီးနောက် ရန်ကျောင်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါကျ နိုင်နိုင်မယ့် နည်းလမ်းမျိုးစုံကို အသုံးပြုကို ပြုရမယ်။ မင်းတို့ လုပ်ခဲ့တာ မမှားဘူး”

ရန်ကျောင်းဆီက ထိုစကားတို့ ထွက်လာတော့မှပဲ ရှန်ချူ စိတ်သက်သာရာ ရသွားခဲ့တယ်။ ပြုံးတော့ဖို့ လုပ်နေတဲ့ အချိန်မှာပဲ ရန်ကျောင်းရဲ့ အမူအရာက နောက်တစ်ကြိမ် သုန်မှုန်သွားခဲ့ပြီး သူ့ကို အေးစက်စက်နဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်ကာ “မင်းတို့မှာ ကိုးယောက်မြောက် ညီလေး လက်စားပြန်ချေမှာကို ခုခံနိုင်စွမ်းရှိရင် ငါလက်ခုပ်တီးပြီး ချီးတောင် ကျူးလိုက်ဦးမှာ။ ဒါပေမယ့် မင်းတို့မှာ ဘာစွမ်းရည် ရှိလို့လဲ။ ဘာစွမ်းရည်မှ မရှိပဲနဲ့ အခုလို လုပ်လိုက်တာက စောက်ရူး တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ဘာမှ မကွာခြားသွားဘူး။ မင်းတို့ နှစ်ကောင်စလုံးက အမုန်းတရားကြောင့် ဘာကိုမှ မမြင်နိုင်တော့တဲ့ ဝက်နှစ်ကောင် သာသာပဲ ရှိတော့တယ်”

ရှန်ချူ အေးခဲသွားခဲ့ပြီး စကားတစ်ခွန်းတောင် ပြန်မပြောနိုင်ခဲ့။

ထိုအချိန်မှာပဲ တစ်ချိန်တည်း တိတ်ဆိတ်နေခဲ့တဲ့ နန်ရှန်းက ခေါင်းမော့လိုက်ပြီး ပြောလိုက်တယ် “ကျုပ်တို့ လုပ်ခဲ့တာ မှန်မှန်၊ မှားမှား၊ ရန်ကိုင်က ဒုတိယသခင်လေးရဲ့ စံအိမ်အပြင်ဘက်မှာ မတ်တပ်ရပ်ပြီး အသံအကျယ်ကြီးနဲ့ အော်ဟစ်နေတာ။ ဒုတိယသခင်လေးသာ သူ့ကို ဒီအတိုင်း လျစ်လျူရှုထားလိုက်မယ်ဆိုရင် လူတိုင်းက ဒုတိယသခင်လေးကို ငကြောက်လို့ လှောင်ပြောင် ကြကုန်လိမ့်မယ်နော်”

“ဒီနည်းလမ်း သုံးပြီး ငါ့ကို ဖိအားပေးချင်နေတာလား” ရန်ကျောင်းက ရယ်မောလိုက်ပြီး “နန်ရှန်း၊ မင်းငါ့ကို အရမ်း အထင်သေးလွန်းနေတာပဲ။ မင်းနဲ့ ရှန်ချူတို့ နှစ်ယောက် စလုံး ကိုးယောက်မြောက် ညီလေးလက်ထဲကနေ ခွေးပြေး၊ ဝက်ပြေး ပြေးလာခဲ့ရတာလည်း မထူးဆန်းတော့ပါဘူးလေ”

နန်ရှန်းခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ချက်ချင်းပဲ ပြန်တောင်းပန်လိုက်တယ် “ကျုပ်အဲ့လိုမျိုး ရည်ရွယ်ချက်နဲ့ ပြောလိုက်တာ မဟုတ်ပါဘူး။ ကျုပ်ရိုင်းပြသွားခဲ့တာရှိရင် တောင်းပန်ပါတယ်၊ ဒုတိယသခင်လေး”

ရန်ကျောင်းက နန်ရှန်းကို အေးစက်စက်နဲ့ စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ် “မင်းပြောသွားတဲ့ အထဲ အမှန်တရားအချို့ပါပါတယ်။ ကိုးယောက်မြောက် ညီလေးက ငါ့အိမ်မှာ လာပြဿနာရှာမှတော့ ငါကကော ဘယ်လိုလုပ်ပြီး လျစ်လျူရှုထားနိုင်မှာလဲ”

ထိုစကားကို ကြားလိုက်တာနဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး ပျော်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ဦးညွှတ်လိုက်ကာ “ဒုတိယသခင်လေးကို ကျေးဇူး အများကြီး တင်ပါတယ်”

“မလိုဘူး” ရန်ကျောင်း ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်ပြီး ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ် “မင်းတို့တွေက ငါ့ရဲ့ မဟာမိတ်တွေ ဖြစ်နေလို့ ဒီတစ်ကြိမ် မင်းတို့ကို ကာကွယ်ပေးလိုက်မယ်။ ဒီနေ့ပြီးတာနဲ့ မင်းတို့ လူတွေကိုခေါ်ပြီး ငါ့စံအိမ်ကနေ ထွက်သွားလိုက်တော့။ စစ်ပွဲမြို့တော် မှာကော၊ အမွေခံတိုက်ပွဲမှာကော မင်းတို့အတွက် နေရာမရှိတော့ဘူး”

အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး နောက်ဆုံး အဝတ်အစားတွေကို ကောက်ယူလိုက်ကာ အခန်းထဲကနေ လမ်းလျှောက် ထွက်သွားလိုက်တယ်။

နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံး သူတို့ ဝိဥာဉ်ကို ဆုံးရှုံ့းလိုက်ရသည့်အလား နေရာမှာပဲ ငူငူငိုင်ငိုင်နဲ့ ထိုင်နေခဲ့ကြတယ်။ ဒီကိစ္စကြောင့် ရန်ကျောင်းရဲ့ စံအိမ်ကနေ မောင်းထုတ်ခံရလိမ့်မယ်လို့ သူတို့တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

သူတို့ နှစ်ယောက်က ရှန်နဲ့နန်မိသားစုကို ကိုယ်စား ပြုသလို ရန်ကျောင်းကို အစောဆုံး လာရောက်ထောက်ပံ့ ပေးခဲ့တဲ့ အင်အားစုတွေလည်း ဖြစ်ပါတယ်။ အခုအချိန်ထိ လေဒဏ်၊ မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး ရန်ကျောင်းနဲ့ ပုခုံးချင်းယှဉ် အတူလက်တွဲ တိုက်ခိုက်ခဲ့တာပါ။

ဒီအမွေခံတိုက်ပွဲကို အနိုင်ရဖို့အတွက် မိသားစုနှစ်ခု စလုံးက လူအားကော၊ ပစ္စည်းအင်အားကော၊ ငွေအင်အားပါ အမြောက်အမြား စိုက်ထုတ်ထားခဲ့ရပါတယ်။

ဒါပေမယ့် အမွေခံတိုက်ပွဲ အဆုံးသတ်တော့မယ့် အချိန်မှာပဲ ရန်ကျောင်းက သူတို့နှစ်ယောက်ကို သူ့စံအိမ် ထဲကနေ နှင်ထုတ်ပစ်လိုက်ပါတယ်။

ဒီသတင်းသာ ပြန့်သွားခဲ့ရင် သူတို့ မိသားစု နှစ်ခုစလုံး လူရယ်စရာ ဖြစ်သွားပါလိမ့်မယ်။ ဒီလောက်အများကြီး ရင်းနှီးထားခဲ့ပြီးမှ ဘာမှပြန်မရခဲ့ရင် မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားနိုင်ပါတယ်။

ရန်ကိုင်ကို ရန်စမိသလို ရန်ကျောင်း နှင်ထုတ်တာပါ ခံလိုက်ရတဲ့အတွက် နောက်ပိုင်းကျ ရန်မိသားစုနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ဆိုတာ စိတ်ကူးယဉ် အိမ်မက်သက်သက် ဖြစ်သွားခဲ့ပါပြီ။

ဒီအကြောင်းပြချက်ကြောင့် အခြားအင်အားစုတွေလည်း သူတို့ကို ဖယ်ကြဉ်သွားတော့မှာပါ။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် သူတို့ မိသားစုတွေ တိုးတက်ဖို့ဆိုတာ အရမ်းအရမ်းကို ခက်ခဲသွားပါလိမ့်မယ်။

ဒီတစ်ကြိမ် ရှုံးနိမ့်မှုကြောင့် မိသားစုဆက်ခံသူ ရာထူးကနေ ဆင်းကောင်း ဆင်းရနိုင်ပါသေးတယ်။

ထိုအချက်တွေ အားလုံးကို စဉ်းစားမိလိုက်တာနဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ တုန်ရီသွားခဲ့ပြီး သူတို့ကျောပြင် တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲသွားခဲ့တယ်။

ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ မျက်ဝန်းအစုံက ဒေါသ၊ အမုန်းတရားတို့ဖြင့် ပြည့်သွားခဲ့ကာ အံတင်းတင်း ကြိတ်လိုက်ရင်း လက်သီးတင်းတင်း ဆုပ်လိုက်တယ်။

ရန်ကိုကြောင့်သာ မဟုတ်ရင်… အဲ့ခွေးသူတောင်းစား ရန်ကိုင်သာ မရှိခဲ့ရင်… သူတိုတွေ ဘယ်လိုလုပ်ပြီး အခုလို ဘဝမျိုး ရောက်ခဲ့မှာလဲ။

“သခင်လေးတို့ နှစ်ယောက်…” ရုတ်တရက် ဆောင်းဦးမိုးစက်ပမာ သာယာချိုမြိန်လှတဲ့ အသံတစ်သံက သူတို့နားထဲ ပျံ့လွင့်လာခဲ့တယ်။ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး အသံလာရာဆီ လှမ်းကြည့်လိုက်တဲ့အခါ ရင်ဘတ်ပိုင်းကို ဂွမ်းကပ်စောင်ဖြင့် ဖုံးကာထားပြီး ပခုံးသားတွေကို လှစ်ဟာထားကာ အသာအယာလေး ပြုံးနေသည့် ရီရှင်းရို့ကို တွေ့လိုက်ရတယ်။

သာမန်အခြေအနေမှာသာိဆိုရင် ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး ဒီပုံရိပ်ကို သူတို့စိတ်ထဲ မြဲနေအောင် ရိုက်နှိပ်ထားလိုက်မှာပါ။ ဒါပေမယ့် အခုတော့ သူတို့စိတ်ထဲ ဒီလိုစိတ်ဆန္ဒတို့ မရှိတော့ပါဘူး။

ရီရှင်းရို့က လှစ်ဟာနေတဲ့ ပခုံးသားလေးတွေကို ဂရုမစိုက်သည့်အလား တခစ်ခစ် ရယ်မောလိုက်ပြီး နှင်းသာပမာ ဖြူဖွေးအိစက်လှတဲ့ ရင်အစုံရှေ့ ကာရံထားတဲ့ ဂွမ်းကပ်စောင် အနေအထားကို ပြင်ဆင်လိုက်ကာ ပြောလိုက်တယ် “ရှင်တို့နှစ်ယောက်ပဲ အဲ့မှာပဲ ရပ်နေမယ်ဆိုရင် ကျွန်မ အဝတ်မဝတ်တတ်တော့ဘူး။ အပြင်ခဏလောက် ထွက်ပေးလို့ရမလား။ ပြီးတော့ ဒုတိယသခင်လေးက ထွက်သွားပြီလေ။ ရှင်တို့လည်း သူ့နောက် လိုက်ထွက်သွားသင့်တာ မဟုတ်ဘူးလား”

ငေးကြောင်နေရာမှာ အသိပြန်ဝင်လာတာနဲ့ ရှန်ချူနှင့် နန်ရှန်းတို့ နှစ်ယောက်စလုံး သူတို့အကြည့်ကို ခပ်မြန်မြန် ပြန်ရုတ်လိုက်ပြီး အခန်းထဲကနေ ပြေးထွက်သွားလိုက်တယ်။ ရန်ကျောင်းက သူတို့ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့ပေမယ့် သူအမှန်ကို ပြောနေတာ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို ဘယ်သူသိမှာလဲ။

သူတို့ နှစ်ယောက်ထွက်သွားပြီးနောက် ရီရှင်းရို့က မကျေမနပ်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “တံခါးလေးတောင် ပိတ်မသွားပေးဘူး၊ ဟွန့်”

ပြောနေရင်းနဲ့ သူမရဲ့ ပါးနှစ်ဖက် နီမြန်းသွားခဲ့ပြီး သူမဘာသာသူမ ရေရွတ်လိုက်တယ် “ဒီရန်ကိုင်က တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ ခန်ကျန်းကိုတောင် ဓါးနဲ့သွားထိုးရဲတယ်။ ရဲလိုက်တာ…”

ရန်ကိုင်ကို တွေ့ခဲ့ဖူးပေမယ့် တစ်ကြိမ်တစ်ခါ လေးတောင် တစ်ခါမှ စကားမပြောခဲ့ဖူးပါဘူး။ ထို့ကြောင့် ရန်ကိုင် စိတ်နေစိတ်ထား၊ စရိုက်အကြောင်း သူမ ဘာမှ မသိထားပါဘူး။ ဒါပေမယ့် ဒီနေ့အဖြစ်အပျက်ပြီး နောက်ပိုင်း ရန်ကိုင်အကြောင်း နည်းနည်းပါးပါးတော့ နားလည် လာခဲ့ပါပြီ။ ရန်ကိုင်အပေါ်လည်း အနည်းငယ် စိတ်ဝင်စားမိ သွားခဲ့ပါတယ်။ အခုဆိုရင် သူမစိတ်ထဲ ရန်ကျောင်းဟာ အမွေခံတိုက်ပွဲရဲ့ နောက်ဆုံးအောင်နိုင်သူ တကယ်ပဲ ဖြစ်လာနိုင်မှာလား၊ မဖြစ်လာနိုင်ဘူးလား ဆိုတာကို စတင်ပြီး တွေးတောနေခဲ့ပါပြီ။

ရန်ကျောင်း အပြင်ထွက်သွားလာခဲ့တဲ့အခါ ကောင်းကင်ပေါ်၌ တစ်ယောက်တည်း ထီးထီးကြီး ဝဲနေတဲ့ ရန်ကိုင်ကို တွေ့လိုက်ရတယ်။ ရန်ကိုင် တစ်ကိုယ်လုံးကနေ သိပ်သည်းလှတဲ့ မိစ္ဆာစွမ်းအင်တွေ ထွက်ပေါ်နေခဲ့ပြီး သူ့ရဲ့ ကောင်းကင်စိတ်အာရုံက ရန်ကျောင်း ခြံဝန်းတစ်ခုလုံး၊ ချောင်ကျိုချောင်ကြားပါ မကျန် ဖုံးအုပ်လွှမ်းခြုံ ထားခဲ့တယ်။

အရပ်မျက်နှာမျိုးစုံမှ လူပေါင်းများစွာက ရန်ကျောင်း စံအိမ်ဆီ အပြေးလာနေခဲ့ကာ တဖြည်းဖြည်းနဲ့ လူအုပ်ကြီး ဖြစ်လာခဲ့တယ်။ ထိုလူတွေအားလုံးက ရန်ကိုင်ရဲ့ အော်သံကို သတိပြုမိသွားခဲ့ကာ ဘာတွေဖြစ်နေတာလဲဆိုတာကို သိချင်တဲ့အတွက်ကြောင့် ရောက်ရှိလာခဲ့တာပါ။

နှစ်လကြာ ငြိမ်သက်နေတဲ့ စစ်ပွဲမြို့တော်ရဲ့ တည်ငြိမ်မှုက တဖြည်းဖြည်းနဲ့ စတင် တင်းမာစ ပြုလာခဲ့ပါပြီ။

မီတာထောင်ဂဏန်း အနည်းငယ် အကွာရှိ လက်ဖက်ရည် အိပ်တော်ရဲ့ အပေါ်ထပ် ပြတင်းပေါက် တစ်ခုနား၌… ရန်ဝေက ထိုပြတင်းပေါက်မှ တစ်ဆင့် ရန်ကျောင်းစံအိမ်ဆီ လှမ်းကြည့်နေခဲ့တယ်။ သူ့အမူအရာ ကလည်း ဆယ်နှစ်မျိုးဂျင်းသုပ်အလား အမျိုးမျိုး ပြောင်းလဲနေခဲ့တယ်။

ဒီလောက်ပြင်းထန် သိပ်သည်းတဲ့ သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ထားတာနောင် ကန်ရေပြင်တစ်ခုပမာ တည်ငြိမ်နေတဲ့ ရန်ကိုင်ကို ကြည့်ရင်း ရန်ဝေမျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင်က သန္နိဠာန် ချထားတဲ့ပုံပါပဲ။ သူ့မျက်နှာ အမူအရာကို မြင်လိုက်တဲ့လူတိုင်း သူရည့်ရွယ်ချက်ကို မပြီးမြောက် သေးသမျှ ကာလပတ်လုံး လုံးဝ လက်လျှော့လိမ့်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ချက်ချင်း တန်းနားလည် နိုင်ပါတယ်။

“ကိုးယောက်မြောက်ညီလေး ဘာလုပ်ချင်နေတာလဲ” ရန်ဝေ သူ့ဘာသာ ရေရွတ်လိုက်တယ်။ စစ်ပွဲမြို့တော် ငြိမ်းချမ်းနေခဲ့တာ နှစ်လရှိနေခဲ့ပါပြီ။ အားလုံးက သူတို့ရဲ့ ပြိုင်ဘက်တွေကို အပြည့်အဝ ဖိနှိပ်နိုင်ဖို့ရာ သူတို့ကိုယ် သူတို့သန်မာအောင် ကြိတ်ကြိုးစားနေခဲ့ကြတာပါ။ ကိုးယောက်မြောက် ညီလေးရဲ့ ရုတ်တရက် ထွက်ပေါ် လာမှုက ရန်ဝေကို စိတ်ရှုပ်ထွေးသွားစေခဲ့တယ်။

အဓိကအချက်တစ်ချက်ကို သူလက်လွတ်သွားခဲ့တယ်လို့ ရန်ဝေ ခံစားနေခဲ့ရတယ်။

ကိုးယောက်မြောက် ညီလေးနဲ့ ဒုတိယညီလေးကြားမှာ သူသတိမပြုမိလိုက်တဲ့ အငြိုးအတေး တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်လို့ ရန်ဝေ တွေးလိုက်တယ်။ မဟုတ်ရင် အခုလိုမျိုး ဖြစ်စရာ အကြောင်းမရှိပါဘူး။

ရုတ်တရက် သိပ်သည်းလှတဲ့ နတ်ဆိုးချီစွမ်းအင်တို့ဖြင့် ဝန်းရံနေသည့် သွေးနီ‌ရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံထက် ထွက်ပေါ်လာခဲ့တယ်။ ထိုအနီရောင် အလင်းတန်းကို ကြည့်မိလိုက်တဲ့အခိုက် သူ့အသက်ရှူနှုန်း ရပ်တန့်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်။

တစ်ခဏကြာပြီးနောက် ထိုသွေးနီရောင် အလင်းတန်က ရန်ကိုင်ဘေး၌ ပြန်လည် ထွက်ပေါ်လာခဲ့တယ်။ ဒီလူက ရန်ကိုင်စံအိမ်သို့ လွန်ခဲ့တဲ့ ၂လလောက်က ရောက်ရှိလာခဲ့တဲ့ နတ်ဆိုးအိုကြီးပါ။

“သခင်လေး” ရောက်တာနဲ့ ရန်ကိုင်ကို နှုတ်ဆက်လိုက်ပြီး ဘေးပတ်ဝန်းကျင်တစ်ဝိုက်ကို သတိထားကာ စစ်ဆေးကြည့်လိုက်တယ်။

ရန်ကိုင်က အသာအယာလေး ပြန်ခေါင်းညိတ် ပြလိုက်တယ်။ နတ်ဆိုးအိုကြီး ရောက်လာမယ်မှန်း သူကြိုသိထားပြီးသားပါ။ ထို့ကြောင့် ထွေထွေထူးထူး ဘာမှပြောမနေတော့ပါဘူး။

“ဘယ်လိုလူကြီးလဲဟ” ရန်ဝေ အလန့်တကြား အော်ပြောလိုက်တယ်။ ထိုနတ်ဆိုးအိုကြီး ဘယ်က ရောက်လာတာလဲ ဆိုတာကို သူတော်တော်လေး သိချင်နေမိပါတယ်။

ရင်းနှီးတဲ့ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ထိုင်ချလိုက်တာကို ရန်ဝေ သတိပြုမိလိုက်တယ်။

လှည့်ကြည့်လိုက်တဲ့အခါ လျူမိသားစုက လျူချင်းယောင် ဖြစ်နေမှန်း ရန်ဝေ တွေ့ရှိလိုက်ရတယ်။

ရန်ဝေ အသာအယာလေး ခေါင်းညိတ်လိုက်ပြီး လျူချင်းယောင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်တယ်။

“အဲ့လူ ဘယ်ကရောက်လာလဲ ဆိုတာကို အားလုံး သိချင်နေကြတာ” လျူချင်းယောင်က ရုတ်တရက် စကားစလိုက်တယ် “သူက လေထဲကနေ ထွက်ပေါ်လာသလိုပဲ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက အဲ့လူက တိမ်မိစ္ဆာနယ်မြေထဲ လှည့်လည်သွားလာနေခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ် ဆိုတာကိုပဲ ငါတို့ သိရသေးတယ်”

“အို” ရန်ဝေ မျက်မှောင် ကြုံ့သွားခဲ့ပြီး “ဒီတော့၊ သူက တိမ်မိစ္ဆာနယ်မြောက လူတစ်ယောက်ပေါ့”

“မဟုတ်လောက်ဘူး၊ တိမ်မိစ္ဆာနယ်မြေထဲက မိစ္ဆာဘုရင် ခြောက်ပါးထဲမှာ သူ့လိုလူမျိုး မရှိဘူး” လျူချင်းယောင် ခေါင်းခါရမ်းလိုက်တယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းက နတ်ဆိုးအိုကြီးဟာ အများသူငါ ထိတ်လန့် သွားစေလောက်မယ့် ခွန်အားနဲ့ နည်းလမ်းမျိုးစုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ထို့ကြောင့် သူလည်း နတ်ဆိုးအိုကြီးအကြောင်း တော်တော်လေး စိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမယ့် လျူမိသားစုရဲ့ သတင်းကွန်ရက်နဲ့တောင် ထိုလူကြီး ဘယ်ကရောက်လာလဲ ဆိုတာကို သူမသိသေးပါဘူး။

“ဒါပေမယ့် အဲ့လူက ကိုးယောက်မြောက် ညီလေးကို အရမ်းကို ရိုသေတဲ့ပုံပဲ။ ဒီလောက်တောင် အားကောင်းတဲ့ ပညာရှင်တစ်ယောက်က သူ့ကို ဘာလို့ ကြောက်ရွံ့ ရိုသေနေရတာလဲ၊ ငါတကယ်ကို နားမလည်နိုင်ဘူး” ရန်ဝေက သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီး နားမလည်နိုင်သည့် အမူအရာနဲ့ ပြောလိုက်တယ်။

နတ်ဆိုးအိုကြီးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။ ဒီလိုလူမျိုးတွေဟာ ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခုမှာတောင် ရှားပါးစားရင်း ဝင်ပါတယ်။ ဒီလို ပညာရှင်တွေက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ရောက်နေတဲ့ အကြီးအကဲချုပ် တွေလောက် လေးစားခြင်း မခံရပေမယ့်၊ သူတို့သာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်သွားတာနဲ့ အများသူငါရဲ့ လေးစားကြည်ညိုခြင်းကို ခံရမှာပါ။

“သူ့ကို မေ့ထားလိုက်ဦး၊ မင်းရဲ့ ကိုးယောက်မြောက် ညီလေးကိုတောင် နားလည်ဖို့ မဖြစ်နိုင်သေဘူး” လျူချင်းယောင်က လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။ သူ့မျက်ဝန်းအစုံက အဝေးတစ်နေရာမှာ ရပ်နေတဲ့ ရန်ကိုင်ပုံရိပ်ကို စူးစိုက်ကြည့်နေခဲ့တယ်။

ရန်ဝေက လျူချင်းယောင်ဆီ လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြုံးဖြီးလိုက်ကာ “ငါတို့ လူငယ် မျိုးဆက်ထဲက တစ်ယောက်ယောက်ကို သခင်လေးလျူ အခုလိုမျိုး မှတ်ချက်ပေးလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ကိုးယောက်မြောက် ညီလေးသာ ဒီအကြောင်းကြားလိုက်ရင် သူဂုဏ်ယူနေလောက်တယ်”

လျူချင်းယောင်က ခေါင်းခါပြလိုက်ပြီး “ငါ့မှာ သူ့ကို မှတ်ချက်ပေးဖို့ အရည်အချင်းမရှိဘူး။ သူ့အနာဂတ် အောင်မြင်မှုတွေက ငါ့ထက် ကျိန်းသေကို မြင့်မားမှာ”

“အခုတောင် မင်းထက်မြင့်မားနေခဲ့ပြီ” ရန်ဝေက အဓိပ္ပါယ်ပါပါ ပြုံးကာ ပြောလိုက်တယ်။

ရန်ကိုင်ဆီကနေ ထွက်ပေါ်နေတဲ့ သွေးစွမ်းအားနဲ့ အရှိန်အဝါက အစစ်အမှန်ဒြပ်စင်အဆင့်၉လို့သာ ပြနေပေမယ့် ဒီလောက်အဝေးမှာ ထိုင်နေတဲ့ ရန်ဝေကိုတောင် ဖိအားခံစားရစေပါတယ်။

အခုရန်ကိုင်နဲ့သာ သွားတိုက်ရင် အသက်တစ်ရှိုက်စာ အတွင်းမှာပဲ ရှုံးနိမ့်သွားမယ်လို့ ရန်ဝေ ခန့်မှန်းမိပါတယ်။

လျူချင်းယောင်က ရန်ဝေထက် သန်မာရင်တောင် အခုရန်ကိုင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။

ရန်ဝေတောင် ဒီအချက်ကို မြင်နိုင်မှတော့ လျူချင်းယောင်လည်း မမြင်နိုင်စရာ အကြောင်းမရှိပါဘူး။ လျူချင်းယောင်ရဲ့ အမူအရာက အနည်းငယ် ရှုပ်ထွေး နေခဲ့ပေမယ့် ရန်ဝေ ပြောတာကို ငြင်းဆိုခြင်း မပြုခဲ့ပဲ ခေါင်းသာ ညိတ်ပြလိုက်ပြီး “ဒါပေမယ့် ဒီလိုပုံစံနဲ့ဆိုရင် အနှေးနဲ့အမြန် သူမိစ္ဆာတစ်ကောင် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကြီးမားတဲ့ခွန်အားနဲ့ အံ့ဩဖွယ်ကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားရင်တောင် သူ့ကိုယ်ထဲက အစစ်အမှန်ချီကို ဒီလောက်သိပ်သည်းတဲ့ မိစ္ဆာချီတွေက တိုက်စားနေတာဖြစ်လို့ အဲ့မိစ္ဆာချီတွေကို သူဖိနှိပ်နိုင်မှာ မဟုတ်ဘူး”

လျူချင်းယောင် ပြောတာကို နားထောင်ပြီး ရန်ဝေ မျက်မှောင် ကြုံ့လိုက်တယ်။ လျူချင်းယောင်သာ ထိတ်လန့်နေတာ မဟုတ်ပဲ သူကိုယ်တိုင်လည်း ရန်ကိုင် ဘယ်လိုလုပ်ပြီး အခုလို အခြေအနေမျိုးထဲ ရောက်သွား ရတာလဲဆိုတာကို စဉ်းစားနေခဲ့တာပါ။

ကိုးယောက်မြောက်ညီလေးက ဒီနှစ်လအတွင်း အရမ်းကို အားကောင်းတဲ့ မိစ္ဆာကျင့်စဉ် တစ်ခုခုကိုများ လေ့ကျင့်နေတာလား ရန်ဝေ တွေးလိုက်တယ်။

Martial Peak

အပိုင်း(၅၁၉) တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည့် နဂါးနက်

ရန်ကျောင်းရဲ့ မဟာမိတ် အဖွဲ့သားတွေ စံအိမ်ထဲကနေ ထွက်လာခဲ့ပြီး ဒေါသတကြီးနဲ့ ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ ဒါပေမယ့် ရန်ကိုင်နား ရပ်နေတဲ့ နတ်ဆိုးအိုကြီးကို မြင်တွေ့လိုက်တာနဲ့ သူတို့ မျက်ဝန်းထဲ ကြောက်လန့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေး သွားခဲ့ပြီး အလိုလို နောက်ဆုတ်လိုက်ကြတယ်။

နတ်ဆိုးအိုကြီးရဲ့ ရက်စက်ပြီး ချောက်ချားဖွယ် ကောင်းတဲ့ နည်းလမ်းတွေက အမွေခံတိုက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ လူအားလုံးကို ထိတ်လန့်သွားစေခဲ့တယ်လို့ ပြောရင် မမှားပါဘူး။

နတ်ဆိုးအိုကြီး ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ချူရီမန်က ရန်ကိုင် အဖွဲ့သားတွေကို ဦးဆောင်ပြီး ထွက်ပေါ်လာခဲ့တယ်။

မိစ္ဆာချီတွေ ဖုံးလွှမ်းနေတဲ့ ရန်ကိုင်ပုံစံကို မြင်တွေ့ လိုက်ရပြီးနောက် ချူရီမန်ရဲ့ နှလုံးသားတင်းကြပ် သွားခဲ့ပြီး ခပ်မြန်မြန်ပဲ လှမ်းအော်မေးလိုက်တယ် “ရန်ကိုင်၊ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာတွေ မှားနေတာလဲ”

ရန်ကိုင်ဆီက ထွက်ပေါ်နေတဲ့ သိပ်သည်းလှတဲ့ မိစ္ဆာအရှိန်အဝါကြောင့် ဟော်ရှင်းချန် တုန်ရီ သွားခဲ့တယ်။

အောက်မှာရှိနေတဲ့ လူအုပ်ကြီးလည်း ရန်ကိုင်ကို လက်ညိုးထိုးရင်း အချင်းချင်း တိုးတိုး တိုးတိုးနဲ့ ပြောနေခဲ့ကြတယ်။ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးက မိစ္ဆာလမ်းစဉ်ထဲ တကယ်ပဲ ကျရောက်သွားမလား၊ မကျရောက်သွားဘူးလား ဆိုတာကိုပေါ့။

ရန်ကိုင်သာ မိစ္ဆာလမ်းစဉ်ထဲ တကယ်ရောက်သွားခဲ့ရင် တကယ်ကို အရယ်ရဆုံး ဟာသတစ်ပုဒ် ဖြစ်သွားမှာပါ။

ဗဟိုမြို့တော်မက မိသားစုကြီးရှစ်ခုနဲ့ တိမ်မိစ္ဆာနယ်မြေက ရေနဲ့မီးလို အမြဲမတည့်ကြတာပါ။ မိသားစုကြီးရှစ်ခုစလုံးက တိမ်မိစ္ဆာနယ်မြေက နတ်ဆိုးတွေ အကုန်လုံးကို ရှင်းလင်း သုတ်သင်နေချင်တာပါ။ ဒါပေမယ့် အခုတော့ ရန်မိသားစုရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်သလို့ အမွေခံတိုက်ပွဲကို အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ရန်ကိုင်က နတ်ဆိုးတစ်ကောင် ဖြစ်လာတော့ပါမယ်။ ဒီသတင်းက စစ်ပွဲမြို့တော်မှာ ထိပ်စီးခေါင်းစဉ် သတင်း တစ်ခု ဖြစ်နေခဲ့ပါတယ်။

တန်ယုရှန်း၊ ဟူညီအစ်မနှစ်ယောက်၊ ဒေါင်ချင်းဟန်၊ ပန်းပေါင်းတစ်ထောင် နန်းတော်က မိန်းမလှလေး လေးယောက်၊ လော့ရှောင်မန်… အကုန်လုံးက ရန်ကိုင်အား စိုးရိမ်တကြီးနဲ့ ငေးစိုက်ကြည့်နေခဲ့ကြတယ်။

“နင်အဆင်ပြေလား…” ချူရီမန်က ရန်ကိုင်ရဲ့ သွေးနီရောင် မျက်ဝန်းထဲ စိုက်ကြည့်လိုက်ရင်း အသိစိတ် အရိပ်အယောင်တွေကို အသည်းအသန် လိုက်ရှာကြည့် လိုက်တယ်။ ကံမကောင်းစွာဖြင့် သူမစိတ်ပျက် သွားခဲ့ရပါတယ်။ ရန်ကိုင် မျက်ဝန်းအစုံက ကြည်လင်နေခဲ့ ပါတယ်။ ဒါပေမယ့် ထိုကြည်လင်နေတဲ့ မျက်ဝန်းတွေထဲ မုန်းတီးစိတ်၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့ကာ နွေးထွေးကြင်နာသည့် အရိပ်အယောင် နည်းနည်းလေးမှ မရှိတော့ပါဘူး။

ထိုမျက်ဝန်းအစုံကို စိုက်ကြည့်နေရင်း သူမကိုယ်လုံးလေး တုန်ရီသွားခဲ့ပြီး ချူရီမန် နှလုံးသားလေး တင်းကြပ်သွားခဲ့ရတယ်။ အမွေခံတိုက်ပွဲ စကတည်းက ချူရီမန်က ရန်ကိုင်ပြီး ဒုတိယအာဏအရှိဆုံးလူအဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာပါ။ သူမဘယ်လိုပဲ ဆောင်ရွက်ပါစေ၊ ချူရီမန်က ရန်ကိုင်ကို သူတို့အားလုံးရဲ့ ကျောရိုးအဖြစ် အမြဲသတ်မှတ်ထားပါတယ်။ အဓိက တာဝန်တွေကျရင် ရန်ကိုင်ရဲ့ အမိန့်တွေကိုပဲ အမြဲလိုက်နာ ကြတာပါ။

ရန်ကိုင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူမ ကြိုးစားအားထုတ် ထားခဲ့ရသမျှ အကုန်လုံး ရေစုန် မျှောသွားရပါလိမ့်မယ်။

ရန်ကိုင်က ချူရီမန်ကို တစ်ခဏကြာအောင် ပြန်စိုက် ကြည့်နေလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ကာ “ငါအဆင်ပြေတယ်”

ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန် အေးခဲသွားခဲ့ရတယ်။ အခုအခြေအနေမျိုးမှာတောင် ရန်ကိုင် စိတ်မလွတ်သေးတာကို ချူရီမန် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

သူ့နေရာမှာသာ အခြားတစ်ယောက်ဆိုရင် အခုလိုမျိုး လုပ်နိုင်ပါ့မလား။

နတ်ဆိုးအိုကြီးက အထင်အမြင် သေးသေးနဲ့ ကြိတ်ရယ်မောလိုက်ပြီး “သခင်လေးပုံစံက ဒီအစေခံအိုကြီးနဲ့ အရမ်းကို လိုက်ဖက်တယ်။ ဟားဟားဟားဟား၊ ဆရာနဲ့ အစေခံက တကယ်ကို တစ်ပုံစံတည်းပါလား”

ချူရီမန်က နတ်ဆိုးအိုကြီး ဒေါသတကြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး စိုးရိမ်တကြီးနဲ့ ရန်ကိုင်အား မေးလိုက်တယ် “နင်ပြန်လာမှတော့ စံအိမ်ဆီ ပြန်မလာပဲ ဘာလို့ ဒီနေရာဆီ လာခဲ့တာလဲ။ နင်ဘာလုပ်ချင်နေတာလဲ”

“တစ်ယောက်ယောက်ကို သတ်ဖို့လေ”

“နင်ဘယ်သူ့ကို သတ်ချင်နေတာလဲ”

“ရှန်ချူနဲ့ နန်ရှန်း”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံးရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ်။

ရှန်ချူနဲ့ နန်ရှန်းတို့က ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုမှ သခင်လေး၊ သခင်မလေးတွေနဲ့ အဆင့်မတူပေမယ့် သူတို့တွေက ပထမအဆင့် အင်အားစုတွေရဲ့ ဆက်ခံသူတွေ ဖြစ်နေကြတုန်းပါပဲ။ သူတို့တွေက သတ်ချင်တိုင်း သတ်လို့ရတဲ့ ကြက်တွေ၊ဘဲတွေ မဟုတ်ကြပါဘူး။

မျက်ကန်းတစ္ဆေမကြောက်တဲ့ လူဆောင်းလို လူမျိုးတောင် ရန်ကိုင်ကို ဒီလောက်အထိ ဒေါသထွက်အောင် မလုပ်ခဲ့ပါဘူး။ ဒါဆိုရင် ရန်ကိုင်က ရုတ်တရက်ကြီး ရှန်ချူနဲ့ နန်ရှန်းကို ဘာလို့ ထသတ်ချင်နေရတာလဲ။

မြင်းရိုင်း ကဆုန်ဆိုင်းနေတဲ့ သူမရဲ့ နှလုံးသားလေးကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်တယ်၊ ရန်ကိုင် ရူးများရူးသွားတာလားလို့ ချူရီမန်မတွေးပဲ မနေနိုင် ဖြစ်နေခဲ့တယ်။

“ရန်ကိုင် ငါတို့အရင်ပြန်ကြမယ်လေ” ချူရီမန်က ရန်ကိုင် လက်မောင်းကို အသာအယာလေး ဖမ်းကိုင် လိုက်ပြီး ညင်ညင်သာသာဖြင့် တိုးတိုးလေး ပြောလိုက်တယ် “အရင်ပြန်သွားပြီးမှ ဒီအကြောင်း ဆက်ပြောကြမယ်လေ။ ပြန်ရောက်ပြီးမှ ရှန်ချူနဲ့ နန်ရှန်းကို သတ်နိုင်မယ့် ပိုသင့်တော်တဲ့ နည်းလမ်းတစ်ခုလောက် ရှိမလား စဉ်းစားကြရင် ပိုမကောင်းဘူးလား”

ရန်ကိုင်က ချူရီမန်ကို ထူးထူးဆန်းဆန်းနဲ့ စိုက်ကြည့်လိုက်တယ်။

“နင်ဒီအတိုင်း ဆက်လုပ်နေရင် သူတို့တွေကို သတ်နိုင်မှာ မဟုတ်ဘူး။ ရန်ကျောင်းစံအိမ်မှာ ကျင့်ကြံသူတွေ အများကြီးပဲ။ ငါတို့အားလုံး ပြေးဝင် သွားရင်တောင် သူတို့တွေကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး” ချူရီမန်က ဆက်ပြီး ဖြောင့်ဖြလိုက်တယ် “ဒါကြောင့် အရင်ပြန်ကြမယ်လေ။ အဆင်ပြေတယ်မလား”

ထိုမြင်ကွင်းကို ကြည့်ရင်း ဟော်ရှင်ချန်းရဲ့ မျက်ဝန်းအစုံမှာ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေခဲ့တယ်။

ချူရီမန်မှာ အခုလို ကြင်နာတဲ့ ဘက်ခြမ်း ရှိတယ် ဆိုတာကို သူတစ်ခါမှလည်း မကြားဖူးသလို၊ မြင်လည်း မမြင်ဖူးပါဘူး။ ချူမိသားစုရဲ့ ပထမသခင်မလေးဆိုတာက အားလုံးမော်ကြည့်ရတဲ့ ဥာဏ်ကောင်းလွန်းတဲ့ မိန်းကလေး တစ်ယောက်။ သူမက အရမ်းကို ဥာဏ်များပြီး ရက်လည်း ရက်စက်ပါတယ်။ ဒါကြောင့် သူမက မိန်းမငယ်လေး တစ်ယောက်ဆိုတာကို အားလုံး မေ့လျော့လုမတတ် ဖြစ်နေခဲ့တာပါ။

ဒီလိုမိန်းမလှလေး တစ်ယောက်သာ အပြောချိုချိုလေးတွေ ပြောတတ်ရင် ယောကျာ်းသားတိုင်း အတွက် သေစေနိုင်တဲ့ စူးတစ်ချောင်း ဖြစ်လာနိုင်သလို ဘယ်ယောကျာ်းသား ကမှလည်း သူမရဲ့ ဆွဲဆောင် ဖြာယောင်းမှုကို ခုခံနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ချူရီမန်ကသာ သူ့ကို အခုလိုမျိုး လာပြောခဲ့ရင် သူ့စိတ်နှလုံးသား ခိုင်မာရင်တောင် သူမပြောသလို လုပ်မိမှာလို့ သူ့စိတ်ထဲ တွေးနေလိုက်တယ်။

“ဟုတ်တယ်၊ ရန်ကိုင်၊ အရင်ပြန်သွားပြီးမှ ဆွေးနွေးကြမယ်လေ။ တစ်ရက်၊ နှစ်ရက်လောက် လွှတ်ပေးထားလိုက်ရင်လို့ ဘာမှမဖြစ်ပါဘူး” လော့ရှောင်မန်က ရဲဆေးတင်ပြီး ဘာကြောင့်မှန်း မသိပေမယ့် ရန်ကိုင်ကို ဖြောင့်ဖြဖို့ ကြိုးစားလိုက်ပါတယ်။

ပန်းပေါင်းတစ်ထောင် နန်းတော်က မိန်းမလှလေး တစ်ယောက်ချင်းစီတိုင်းကလည်း ဟုတ်မှန်ကြောင့် ထောက်ခံ ခေါင်းညိတ်လိုက်တယ်။ သူတို့ တစ်ယောက် ချင်းစီတိုင်းက ရန်ကိုင်စိတ်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြရတယ်။

သူတို့ရဲ့ အကြောင်းပြချက်၊ ဆွေးနွေးငြင်းခုံစကား တွေက ကွဲပြားပေမယ့်လို့ မိန်းမလှလေး တစ်ယောက်ချင်းစီ တိုင်းက ရန်ကိုင်အတွက် စိုးရိမ်ပေးနေခဲ့ကြပါတယ်။

မိန်းမလှလေးတွေ အကုန်လုံးက မိခင်တစ်ယောက် ပမာ ရန်ကိုင်အား ဂရုတစိုက်နဲ့ ဖြောင့်ဖြနေတာကို မြင်တော့ လူအုပ်ကြီးတစ်ခုလုံး ကိုးယိုးကားယားနဲ့ ထိုမြင်ကွင်းအား ငေးစိုက်ကြည့်နေမိခဲ့ကြတယ်။

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး သူ့ရှေ့မှာ ရှိနေတဲ့ လူအုပ်ကြီး ဝေ့ကြည့်လိုက်တယ်။ နောက်ဆုံး သူ့အကြည့်က ချူရီမန်ဆီ၌ ရပ်တန့်သွားခဲ့ပြီး ပြန်မေးလိုက်တယ် “နင်တို့အားလုံက ငါ့ကို ကလေးတစ်ယောက်လို့ ထင်နေကြတာလား”

ထိုစကားတွေက ထက်ရှပြီး အေးစက်နေပေမယ့် ရန်ကိုင် စိတ်ထဲမှာတော့ တကယ်ကို နွေးထွေးခဲ့ရပါတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ထိုလူတွေ အကုန်လုံးက သူ့အတွက် စိုးရိမ်ပေးနေခဲ့ကြတယ် ဆိုတာ ယုံမှာ သံသယ ရှိစရာ မလိုပါဘူး။

မိန်မလေးတွေ အကုန်လုံး ရှက်သွေး ဖြာသွားခဲ့တယ်။ ရန်ကိုင်က အသိစိတ်ရှိပြီး အကောင်းအတိုင်း ရှိနေမှန်း အခုမှပဲ သူမတို့အားလုံး နားလည်သွားခဲ့တယ်။

သူမတို့တွေ ရှက်သွားတာကို မြင်တော့ ရန်ကိုင် လှောင်ပြုံးပြုံးလိုက်ပြီး သူ့မျက်နှာထက် ကြင်နာသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ကာ ကျေးဇူးတင်တင် ဖြင့် ပြန်ပြောလိုက်တယ် “ငါတကယ်ကို အဆင်ပြေပါတယ်။ နင်တို့ စိုးရိမ်နေစရာ မလိုပါဘူး”

ချူရီမန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ အမူအရာကို ပြန်ပြင်လိုက်တယ်။ ထို့နောက် ခေါင်းလေး ညိတ်ပြလိုက်ပြီး “ကောင်းတယ်၊ နင်တကယ်ကို အဆင်ပြေနေတယ် ဆိုတာကို ငါယုံသွားပြီ။ ဒါပေမယ် ရှန်ချူနဲ့ နန်ရှန်းတို့ သတ်ချင်တယ် ဆိုတော့ သူတို့ကို ဘယ်လိုသတ်မယ်လို့ စဉ်းစားထားလဲ။ ဒါက ရန်ကျောင်းရဲ့ စံအိမ်နော်။ သူ့စံအိမ်ထဲမှာ ကျင့်ကြံသူတ၁၀၀၀ နီးပါးလောက် ရှိနေတာ။ ငါတို့ရဲ့ လက်ရှိအင်အားထက် ၅ဆလောက်များတယ်။ အဲ့နှစ်ယောက်ကို သတ်နိုင်ရင်တောင် နင့်မဟာမိတ်အများစုက ဒီနေရာမှာပဲ အလောင်းဖြစ်သွားခဲ့ရမှာ။ နင့်အဲ့လိုလုပ်ရက်လို့လား”

“နင်က အဲ့နှစ်ယောက်ရဲ့ တန်ဖိုးကို အရမ်းကြီး မြှင့်ထားတာပဲ” ရန်ကိုင်ရဲ့ အမူအရာ နောက်တစ်ဖန် အေးစက်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ် “အရေအတွက် ကွာခြားတာက ဘာမှမဟုတ်ဘူး။ ဒုတိယ အစ်ကိုက အရမ်းကို သတိကြီးတဲ့ လူတစ်ယောက်ပဲ၊ နိုင်မယ်မထင်တဲ့ တိုက်ပွဲတစ်ခုကို သူတိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့နှစ်ယောက်အတွက်နဲ့တင် ငါနဲ့ တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲလိမ့်မှာ မဟုတ်ဘူး”

“အကြီးဆုံးအစ်ကိုကြီးကိုလည်း သူလန့်နေရသေးတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က အမွေခံတိုက်ပွဲကို နိုင်ဖို့ပဲ။ ငါ့အတွက်တော့ ငါက အမွေခံတိုက်ကို နိုင်နိုင်၊ မနိုင်နိုင် ဂရုစိုက်တာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် ပြုံးရင်း ပြန်ပြောလိုက်တယ်။

ချူရီမန် ကြက်သေသသွားခဲ့တယ်။ ရန်ကိုင်က အကောင်းပကတိ ရှိနေရုံမက သူ့ရဲ့ ထိုးထွင်းသုံးသပ် နိုင်စွမ်းက အရင်လို စူးရှထက်မြက် နေတုန်းပါပဲ။

တစ်ယောက်က စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ပေမယ့် ကျန်တစ်ယောက်က အခြားကိစ္စတွေအတွက် စိုးရိမ် ပူပန်နေရပါတယ်။ ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင် ပြောတာလည်း ဟုတ်တာပဲလို့ ချူရီမန် တွေးလိုက်တယ်။

ချူရီမန် အတွေးရေယဉ်ကြောထဲ နစ်မြောနေစဉ် မှာပဲ ရန်ကျောင်းဟာ သူ့စံအိမ်ထဲကနေ လမ်းလျှောက် ထွက်လာခဲ့တယ်။ သူ့မျက်နှာက ဘဲဖင်လို့ ရှုံ့မဲ့နေခဲ့ပြီး နောက်လိုက်နောက်ပါများစွာနဲ့ မတ်ရပ်နေရင်း အေးစက်စက် လေသံနဲ့ ပြောလိုက်တယ် “ကိုးယောက်မြောက်ညီလေး၊ ဒါဘာသဘောလဲ”

အခု ရန်ကျောင်း တော်တော်လေး ဒေါသ ထွက်နေခဲ့ပါတယ်။ ချုံခိုက်တိုက်ခိုက်တဲ့တာဝန် မအောင် မြင်ရတာက တစ်မှောက်၊ ရှန်ချူနဲ့ နန်ရှန်းတို့ မွှေလိုက်တဲ့ အရှုပ်ထုပ်ကို လိုက်ရှင်းပေးရပြန်ပါပြီ။ ရန်ကျောင်း တော်တော်လေး စိတ်ညစ်စိတ်ပျက် နေခဲ့ပါတယ်။ ရန်ကိုင်ရဲ့ လက်ရှိခွန်အားကြောင့် သူတော်တော်လေး ထိတ်လန့် သွားခဲ့မိပေမယ့် ရန်ကိုင်က ရမ်းရမ်းကားကားနဲ့ သူ့စံအိမ် ဝင်ပေါက်ကို ပိတ်ရပ်ထားတဲ့အတွက် ရန်ကျောင်းလည်း မျက်စိပိတ်၊ နားပိတ် လုပ်နေလို့ မရတော့ပါဘူး။

နေ့အချိန်ဖြစ်နေသေးပြီး နေရောင်တောင် မမြင်ရအောင် ကောင်းကင်တစ်ခုလုံးကို တိမ်မည်းတွေ ဖုံးနေပေမယ့် ကိုးယောက်မြောက် ညီလေးရဲ့ လုပ်ရပ်က သူ့ကို မျက်လုံးထဲ မထည့်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက် နေခဲ့ပါတယ်။

“ဒုတိယအစ်ကို” ရန်ကိုင်က ရန်ကျောင်းကို အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်ပြီး “ဒုတိယအစ်ကိုရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ ဒီတစ်ကြိမ် ကိုးယောက်မြောက်ညီလေး ပြိုင်ပွဲကနေ ထွက်ရတော့မလို့”

ရန်ကျောင်းမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး အေးစက်က်နဲ့ ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက်ညီလေး ငါ့ကို လာလှောင်နေစရာမလိုပါဘူး။ ငါမင်းရဲ့ တကယ့်ခွန်အားကို လျှော့တွက်မိသွားခဲ့လို့ပဲ။ ဒီတစ်ကြိမ် ငါကိုယ်တိုင်သာ လိုက်သွားခဲ့ရင် ကိုးယောက်မြောက် ညီလေး အနေနဲ့ ဒီနေရာမှာ ငါနဲ့ရပ်စကားပြောနေနိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်မျက်နှာထက် မာန်ပါသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြန်ပြောလိုက်တယ် “ဒုတိယအစ်ကို ကိုယ်တိုင် လိုက်လာခဲ့ရင် နောက်ဆုံး ရလာဒ်က ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ရန်ကျောင်း တစ်ဒင်္ဂလောက် ကြောင်သွားခဲ့ပြီး လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက်၊ ရန်မိသားစုရဲ့ တိုက်ရိုက် မျိုးဆက်တွေထဲမှာ မင်းထက် ရူးမိုက်ရဲတင်းတဲ့ လူရှိတော့မှာ မဟုတ်ဘူးဆိုတာကို ငါအခုလေးပဲ နားလည်သွားခဲ့ပြီ”

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်ငြိမ်အောင် အရင်လုပ်လိုက်တယ်။ ပြီးတာနဲ့ ရန်ကျောင်းက ဖြည်းဖြည်းချင်း ထပ်ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေး၊ ကောင်းကင်စံအိမ် အဖွဲ့သားတစ်ယောက် ဒဏ်ရာရသွားတာလေးပဲ၊ အခုလိုလုပ်ဖို့ ထိုက်တန်လို့လား။ ငါလည်း အဖြစ်အပျက်တစ်ခုလုံးကို ကြားပြီးသွားခဲ့ပြီးပြီ။ မင်းနဲ့ ခန်ကျန်းတို့ လုပ်ထားတဲ့ သဘောတူညီချက်ကို နန်ရှန်းနဲ့ ရှန်ချူတို့ ချိုးဖောက်ခဲ့ပြီး ကောင်းကင်စံအိမ် အဖွဲ့သားတစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားအောင် လုပ်ခဲ့မိတာ မှန်တယ်။ သူတို့လုပ်ခဲ့တာ အတွက် သူတို့ကို အပြစ်ပေးရယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် သူတို့ကို သေမိန့်ပေးရလောက်တဲ့အထိ မပြင်းထန် လောက်ဘူးလားလို့။ ပြီးတော့ လူအများကြီး ကိုလည်း မင်းသတ်ခဲ့ပြီးသွားပြီလေ။ အဲ့လောက် လူသတ်ထားတာတောင် မင်းဒေါသ မပြေနိုင်သေး ဘူးလား။ ဒီလောက်လူအများကြီး ခေါ်လာပြီး ဒုတိယအစ်ကိုရဲ့ ဝင်ပေါက်ကို ပိတ်ဆို့ထားတာက သင့်တော်တယ်လို့ မင်းထင်နေတာလား။ ဒါမှမဟုတ်… ဒုတိယအစ်ကိုက အနိုင်ကျင့်လို့ လွယ်တဲ့ လူတစ်ယောက်လို့ မင်းထင်နေတာလား”

ပြောနေရင်း ရန်ကျောင်းရဲ့ လေသံက အေးစက်သထက် အေးစက်လာခဲ့တယ်။

ရန်ကျောင်းရဲ့ ထက်ရှတဲ့ မေးခွန်းထုတ်လိုတဲ့ မေးမြန်းစကားကို ကြားလိုက်တာနဲ့ ရန်ကျောင်းနားမှာ ရှိနေတဲ့ ကျင့်ကြံသူတွေအကုန်လုံး တိုက်ခိုက်ဖို့ တိတ်တဆိတ် အဆင့်သင့်ပြင်ထားလိုက်ကြတယ်။ နှစ်ဖွဲ့ကြားက လေထုက ရုတ်ချည်း တင်းကြပ်လာခဲ့တယ်။

ဒါပေမယ့် ရန်ကိုင်ရဲ့ အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ တည်တည် ငြိမ်ငြိမ်၊ အေးစက်စက် အမူအရာနဲ့ ရှိနေဆဲဖြစ်ပြီး “ဒုတိယအစ်ကို၊ ငါဒီနေ့ ဒီကိုလာရတာ ရည်ရွယ်ချက် တစ်ခုပဲ ရှိပါတယ်။ ငါအဲ့နှစ်ယောက်ကို သတ်ချင်တယ်။ သူတို့ အသက်ကို ယူပြီးတာနဲ့ ဒီကနေ ချက်ချင်း ထွက်သွားလိုက်မယ်”

“ငါရှိနေတာကိုတောင် သူတို့ နှစ်ယောက်ကို သတ်နိုင်မယ်လို့ မင်းတွေးနေသေးတာလား”

“အဲ့လိုဆိုတော့လည်း ဆက်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူးပေါ့” ရန်ကိုင်က စိတ်ပျက်နေတဲ့ လေသံနဲ့ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ပြောလိုက်တယ်။ ထို့နောက် သူ့အကြည့်က ကျင့်ကြံသူတွေကြားထဲ ရောယောင် ပုန်းကွယ်နေတဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်ဆီ ရောက်ရှိသွားခဲ့တယ်။

ရန်ကိုင်ရဲ့ ရေခဲတမျှ အေးစက်လှသည့် အကြည့်ကို ခံစားမိလိုက်တာနဲ့ နှစ်ယောက်စလုံး သွေးဆုတ် ဖြူလျော်သွားခဲ့တယ်။

“မင်းတို့ကို ဘယ်သူကာကွယ်နေ ကာကွယ်နေ၊ ဒီနေ့ မင်းတို့နှစ်ယောက် မုချသေကိုသေရမယ်” ရန်ကိုင် မျက်နှာထက် စိတ်မရှည်တော့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့မျက်ဝန်းထဲ ရေခဲတမျှ အေးက်လှသည့် သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေး သွားခဲ့တယ်။

ခရက်…

ရုတ်တရက် လူတစ်ယောက်ရဲ့ ဝိဥာဉ်ကိုတောင် အေးခဲသွားစေနိုင်တဲ့ အအေးဓါတ်ကို သယ်ဆောင် ထားသည့် ရေခဲလွှာတစ်ခုက မြေကြီးထက် ရုတ်တရက် ပြန့်နှံ့လာခဲ့တယ်။ ရန်ကိုင်ကို ဗဟိုပြု၍၊ ရေခဲလွှာကက သူ့အရှေ့တစ်ဝိုက် ခေါက်ယပ်တောင်တစ်ချောင်းပုံစံ ပြန့်နှံ့သွားခဲ့ပြီး ထိုနေရာတစ်ဝိုက်ကို ရေခဲငရဲအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

ထိုရေခဲလွှာထဲ ကိန်းအောင်းနေတဲ့ အန္တရာယ်ကို ခံစားမိလိုက်တာနဲ့ ရန်ကျောင်းစံအိမ် အပြင်ဘက် စုဝေးနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ကြပြီး ခပ်မြန်မြန်ပဲ လေပေါ် ခုန်တက်လိုက်ကြတယ်။

ရွှေရောင်အရိုးခြောက်ထဲ သိုလှောင်ထားတဲ့ စွမ်းအင်တွေက အစစ်အမှန်ယန်ယွမ်ချီနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါ။ အစစ်အမှန်ယန်ယွမ်ချီက ချစ်ချစ်တောက် ပူလောင်တယ် ဆိုရင် ထိုမိစ္ဆာစွမ်းအင်တွေက အရမ်းကို အေးစက်ပြီး မိစ္ဆာဆန်လှပါတယ်။

ရန်ကိုင် ထုတ်လွှတ်လိုက်တဲ့ အေးစက်စက် မိစ္ဆာစွမ်းအင်ကြောင့် ဘေးပတ်ဝန်းကျင် အပူအချိန် ရုတ်ချည်း ထိုးကျသွားခဲ့ရတယ်။

နတ်ဆိုးအိုကြီးက ပျော်ပျော်ပါးပါးနဲ့ ရယ်မောလိုက်ရင်း အေးခဲနေတဲ့ မြေမျက်နှာပေါ် ကြက်သွေးရောင် အလင်းတန်း တစ်ခုပစ်လွှတ်လိုက်တယ်။ ရေခဲလွှာတစ်ခုလုံ သွေးနီရောင် ဖုံးသွားခဲ့ပြီး ထိုသွေးနီရောင် မျက်နှာပြင်ထက်မှာတော့ လူသားပုံစံနဲ့တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင် ရှိနေခဲ့ပါတယ်။

ထိုကောင်က နတ်ဆိုးအိုကြီး သွေးနတ်ဆိုး ရုပ်သေးရုပ်ပါ။ သွေးပင်လယ်သာ ရှိနေသရွေ့ ဘယ်တော့မှ ဖျက်စီးမရနိုင်တ့ အကောင်းတစ်ကောင်ပေါ့။

သွေးနတ်ဆိုးရုပ်သေးရုပ်က မလှုပ်ရှားသေးပဲ အံ့အားသင့်ဖွယ် ကောင်းတဲ့ မိစ္ဆာချီကို ထုတ်လွှတ်ရင်းနဲ့သာ ဒီအတိုင်း ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေခဲ့တယ်။

တန်ယုရှန်လည်း မာန်သွင်းအော်ဟစ်လိုက်ပြီး အားကောင်းတဲ့ စိတ်စွမ်းအင်ထုကြီးကို ထုတ်လွှတ်လိုက်တယ်။

ရန်ကျောင်းနောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေလည်း ဆက်ပြီး တုန့်ဆိုင်းမနေတော့ပါဘူး။ သူတို့ရဲ့ အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်လိုက်ကြပြီး ကိုယ်ပိုင် လက်နက်တွေကို ဆင့်ခေါ်လိုက်ကြတယ်။

ဝေါင်း… နားအူမတက် ဟိန်းသံတစ်သံနဲ့အတူ အနက်‌ရောင် စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည့် ဧရာမခေါင်းကြီးတစ်ခု ရန်ကိုင်နောက်ကျောဘက်ကနေ ဖြည်းဖြည်းချင်း တိုးထွက်လာခဲ့တယ်။

ကြေးနီခေါင်းလောင်း အရွယ်အစားလောက်ရှိတဲ့ မျက်ဝန်းအစုံက ကြောက်မက်ဖွယ် အလင်းတို့ဖြင့် လက်နေခဲ့ပြီး တစ်ဖက်ရှိ လူအုပ်ကြီးကို ငေးစိုက်ကြည့်နေခဲ့တယ်။

ထိုထိတ်လန့်ဖွယ် မျက်ဝန်းအစုံကို ကြည့်ရင်း ဘယ်သူမှ အလျင်စလို မလှုပ်ရှားရဲတော့ပါဘူး။

တဖြည်းဖြည်း အနက်ရောင်ချီတွေက အပြည့်အဝ သိပ်သည်းသွားခဲ့ပြီး ပုံသဏ္ဍာန်တစ်ခု ဖြစ်တည်လာခဲ့တယ်။ ထိုပုံစံကို မြင်လိုက်တာနဲ့ လူအုပ်ကြီးထံမျာ ထိတ်လန့်၊ ကြောက်လန့်တကြား အော်သံတို့ ထွက်ပေါ်လာခဲ့တယ်။

ကတ္တရာစေးလို့ မည်းနက်နေသည့် မီတာ၁၀၀အရှည် ရှိသည့် နဂါးတစ်ကောင်က တကယ့် သက်ရှိနဂါး တစ်ကောင်လို့ ရန်ကိုင်ခေါင်းထက် ဝဲနေရင်း အောက်ဘက်ရှိ ကျင့်ကြံသူတွေ အကုန်လုံးကို ငုံ့ကြည့်နေခဲ့တယ်။

ထိုအနက်ရောင် နဂါးကို မြင်လိုက်တာနဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ ဒူးမခိုင်ချင် ဖြစ်သွားခဲ့ကာ လဲကျမလုမတတ် ဖြစ်သွားခဲ့ရတယ်။

ထိုက်ဖန်းတောင်မှာတုန်းက ထိုနဂါးကိုသုံးပြီး ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ပညာရှင်နှစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ် သွားခဲ့ပါတယ်။

Martial Peak

အပိုင်း (၅၂၀)

မီတာတစ်ရာ အရှည်ရှိနဲ့ အနက်ရောင် နဂါးကြီးက ထိတ်လန့်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပြီး မြင်လိုက်တဲ့ လူတိုင်းအား ကြောက်ဒူးတုန်သွား စေနိုင်ပါတယ်။ ရန်ကိုင်က အခုလိုမျိုး ကြောက်မက်ဖွယ် ကောင်းတဲ့ မွန်းစတားကြီးကို ဆင့်ခေါ်လိုက်တာ မြင်တော့၊ ရန်ကိုင်အပေါ် သူတို့တွေရဲ့ သဘောထားတွေလည်း တိတ်တဆိတ် ပြောင်းလဲသွားခဲ့ရတယ်။

အစတုန်းကတော့ ရန်ကိုင်ကို အနိုင်ယူဖို့ လွယ်တယ် ထင်နေခဲ့ကြတာပါ။ သူတို့ရဲ့ အင်အားစုလေးကို သူတို့ရဲ့ အရေအတွက်အသာကြီးနဲ့ လွှမ်းမိုးနိုင်မယ်လို့ တွေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ အံ့အားသင့်တုန်လှုပ်ဖွယ် နည်းလမ်းတွေကို မြင်တွေ့ လိုက်ရပြီးနောက် သူတို့ရဲ့ တွေးဆမျှော်လင့်ချက်တွေကို ခပ်မြန်မြန်ပဲ ပြန်ဖယ်ထုတ်လိုက်ရတယ်။

သူ့ရဲ့ ကြောက်မက်ဖွယ် ခွန်အားကို သာမန်လူတွေနဲ့ သွားထိန်းထားလို့ မရပါဘူး။ ဒီကနေ့ ရန်ကိုင်ကို ပြန်နှင်လွှတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပေမယ့် ရန်ကိုင်ကို အနိုင်ယူနိုင်မယ်လို့တော့ မျှော်လင့်ချက် မရှိတော့ပါဘူး။

သူတို့ စိတ်သက်သာရာ ရနေတာက နတ်ဆိုးအိုကြီး ဖြစ်စေ၊ တန်ယုရှန်း ဖြစ်စေ၊ နှစ်ယောက်စလုံးက မလှုပ်ရှားကြသေးတာပါပဲ။ နှစ်ယောက်စလုံးက လူသတ်ပွဲကြီး ကျင်းပရမှာထက် သူတို့တွေကို တိုက်ပွဲထဲ ဝင်မပါအောင် ခြောက်လှန့်ချင်ရုံတင် ခြောက်လှန့်ချင် နေတာနဲ့ တူပါတယ်။

ရန်ကျောင်း အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ခပ်မြန်မြန်ပဲ အော်ပြောလိုက်တယ် “ကိုးယောက်မြောက်ညီလေး၊ မင်းဒီမှာ တကယ်ပဲ တိုက်ခိုက်ဖို့ စီစဉ်နေတာလား”

ရန်ကိုင် ပြောခဲ့သလိုပဲ ရန်ကျောင်းမှာ စိုးရိမ်စရာ အများကြီး ရှိပါတယ်။ သူ့အင်အားစုတွေက သူ့ထက် အရေအတွက် များနေပေမယ့် အားလုံးလိုလိုက အားနည်းကြပြီး သူ့မှာရှိတဲ့ ထိပ်သီးပညာရှင် အရေအတွက် ကလည်း ရန်ကိုင်ထက် ပိုနည်းပါတယ်။ တိုက်ပွဲဖြစ်တာနဲ့ ထွက်ပေါ်လာမယ့် တစ်ခုတည်းသော ရလဒ်က နှစ်ဖက်စလုံး အထိနာတာပါပဲ။

အဲ့အချိန်က တံငါသည်ဖြစ်တဲ့ အကြီးဆုံးအစ်ကို ရန်ဝေက ကြားကနေ အမြတ်ဝင်ထုတ်လိမ့်မှာပါ။

သူ့အစ်ကိုကြီးကို ဒီလို လက်ဆောင်ကြီး မပေးချင်ပါဘူး။

အပြတ်အသတ်ကို မသာသေးဘူးလို့ စိတ်ထဲ မထင်သေးသရွေ့ သူ့ဘက်က တိုက်ပွဲစမှာ မဟုတ်ပါဘူး။

ကံမကောင်းစွာနဲ့ ရန်ကိုင်ရဲ့ အတင်းအကြပ် ထိုးဖောက် ဝင်ရောက်လာတာကြောင့် အမွေခံတိုက်ပွဲရဲ့ နောက်ဆုံး ဖလားကို ရယူမယ့် သူ့အစီအစဉ်က မျှော်လင့်ထားသလို ချော့ချော့မွေ့မွေ့ ဖြစ်တော့မှာ မဟုတ်မှန်း ရန်ကျောင်း နားလည်လိုက်တယ်။

“ဒုတိယအစ်ကိုရယ်၊ ငါပြောခဲ့တယ်လေ။ ငါက လူနှစ်ယောက်ပဲ သတ်ချင်တာပါလို့၊ မင်းသာ အဲ့နှစ်ယောက်ကို ငါ့လက်ထဲ ထည့်ပေးလိုက်တာနဲ့ ငါချက်ချင်း ထွက်သွားပေးမှာပါ” ရန်ကိုင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။

“မျှော်လင့်မနေနဲ့” ရန်ကျောင်းက ပြတ်ပြတ်သားသားပဲ ငြင်းဆိုလိုက်တယ်။ ရှန်ချူနဲ့ နန်ရှန်းကိုသာ ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ရင် သူ့အဖွဲ့သားတွေက သူ့ကို ယုံကြည်ပါဦးမလား။ ဒါပေမယ့် ရန်ကိုင်ရဲ့ စကား အသွားအလာအရ သူ့ရဲ့ ကိုးယောက်မြောက် ညီလေးလည်း ဒီမှာ မတိုက်ခိုက်ချင်မှန်း သူရိပ်မိလိုက်တယ်။

နှစ်ဖက်စလုံး အထိနာမယ့် ရလဒ်မျိုး သူတို့ နှစ်ယောက်စလုံး မမြင်ချင်ကြပါဘူး။

ရန်ကျောင်းက ရန်ဝေ အမြတ်ဝင်ထုတ်မှာကို စိုးရိမ်နေတဲ့အချိန် ရန်ကိုင်ကတော့ သူ့မိတ်ဆွေတွေ အကျိုးမဲ့သေရမှာကို မမြင်ချင်ဖြစ်နေခဲ့တယ်။ သူတို့ စိုးရိမ်နေရတာချင်း မတူညီကြပေမယ့် နောက်ဆုံး ရလဒ်ကတော့ အတူတူပါပဲ။

သက်ပြင်းတစ်ချက် ချလိုက်ပြီး ရန်ကျောင်းက ရုတ်တရက် ပြုံးကာ ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေး၊ မင်းနဲ့ ဒုတိယအစ်ကိုတို့ နှစ်ယောက်စလုံး စိုးရိမ်စရာတွေ ရှိနေတာဖြစ်လို့ ငါမှာအကြံတစ်ခုရှိတယ်။ မင်းနားထောင်ကြည့်မလား”

ရန်ကျောင်းဘာကို စီစဉ်ချင်နေမှန်း မသိတဲ့အတွက် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။ ဒါပေမယ့် ခေါင်းကတော့ ညိတ်ပြလိုက်တယ် “ပြောကြည့်လေ”

“ဒီကိစ္စက ငါတို့ရန်မိသားစုရဲ့ အတွင်းရေး ပြဿနာလို့ ပြောလို့ရတယ်။ ဒါက အတွင်းရေး ကိစ္စတစ်ခု ဆိုမှတော့ ရန်မိသားစုကလူတွေပဲ ပါဝင်သင့်တာပေါ့။ မင်းက သတ်ချင်တယ်၊ ငါက ကာကွယ်ချင်တယ်။ ဘယ်သူ့ နည်းလမ်းက ပိုပြီးကောင်းမွန်လဲ ဆိုတာကတော့ ကိုယ့်ပေါ်မှာပဲ မူတည်တာပေါ့။ ဘယ်လိုလဲ”

ရန်ကိုင် နှုတ်ခမ်းနှစ်ဖက် ကွေးတက်သွားခဲ့ပြီး ဆော့စကားလိုဟန်နဲ့ ရယ်မောလိုက်ကာ “အတွင်းရေး ကိစ္စလား”

“အမှန်ပဲ”

“ရန်မိသားစုဝင်တွေပဲ ပါဝင်နိုင်တယ်ပေါ့”

“ဟုတ်တယ်”

“သွေးစစ်သည်တော်တွေပါ ပါတယ်မလား”

“ပါတာပေါ့။ သွေးစစ်သည်တော်တွေရဲ့ မျိုးရိုး နာမည်က ရန်မဟုတ်ပေမယ့် သူတို့တွေက ရန်မိသားစု ဝင်တွေပဲလေ”

“ငါနားလည်ပြီ’ ရန်ကိုင် အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကျောင်း မျက်ဝန်းတည့်တည့် စိုက်ကြည့်လိုက်ကာ ပြောလို်ကတယ် “အဲ့လိုဆို တော့လည်း ဒုတိယအစ်ကို ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ဒီတစ်ကြိမ်တိုက်ပွဲက ရန်မိသားစုဝင်တွေကြားက အတွင်းတိုက်ပွဲတစ်ခုပဲ”

“ငါ့ဘက်က ရိုးရိုးသားသားပဲ” ရန်ကိုင်အား လှည့်ကွက်ကြီးထဲ ရိုက်သွင်းနိုင်လိုက်သလို ရန်ကျောင်း အားရပါးရနဲ့ ရယ်မောလိုက်တယ်။

ရန်ကိုင်မှာ ချူရီမန်တောင် မျက်မှောင်ကြုံရ လောက်တဲ့အထိ အသံအကျယ်ကြီးနဲ့ အော်ရယ် လိုက်ပါတယ်။ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိပေမယ့် ဘာမှားနေမှန်း သူမနားမလည်ခဲ့ပါဘူး။

လက်ဖက်ရည်အိမ်ထဲ ရှိနေတဲ့ ရန်ဝေနဲ့ လျူချင်းယောင်တို့လည်း ဇဝေဇဝါ ဖြစ်သွားခဲ့ကြတယ်။ ရန်ကျောင်း ဘာလို့ ဒီလောက် ယုံကြည်ချက် ရှိနေလဲ၊ သူဘာကို စီစဉ်နေလဲ ဆိုတာကို သူတို့ နှစ်ယောက်စလုံး နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။ ရန်ကိုင်လည်း ဘာလို့ ဒီလောက်အကျယ်ကြီး အော်ရယ်နေမှန်းကိုလည်း သူတို့ နားမလည်ခဲ့ပါဘူး။

ညီအစ်ကိုနှစ်ယောက်အနက် တစ်ယောက်က ရှန်ချူနဲ့ နန်ရှန်းကို ကာကွယ်ချင်ပြီး တစ်ယောက်က ထိုနှစ်ယောက်ကို သတ်ချင်နေခဲ့တယ်။ ဘယ်သူက သူတို့ လိုချင်တာကိုရသွားမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

ဒီတစ်ကြိမ် တိုက်ပွဲက ရန်မိသားစုဝင်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ရန်ကျောင်းဘက်က သွေးစစ်သည်တော်က တန်ယုရှန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ရန်ကျောင်းက ရန်ကိုင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူညီနေတယ်ဆိုပေမယ့် ရန်ကိုင်က မိစ္ဆာလမ်းစဉ်ထဲ ကျရောက်တော့မယ့် အရိပ်အယောင်တို့ ပြနေခဲ့ကာ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါ ကလည်း အရမ်းကို ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါတယ်။

ရန်ကိုင်ကို တားဆီးနိုင်မယ်လို့ ဘာကများ ရန်ကျောင်းကို ယုံကြည်ချက်တွေ ပေးနေတာလဲ။

ရန်ဝေနဲ့ လျူချင်းယောင်တို့ နှစ်ယောက်စလုံး ရန်ကျောင်း နိုင်မယ်လို့ မထင်ပါဘူး။ လွန်ခဲ့တဲ့ လအတွင်း သူဘယ်လောက်ပဲ တိုးတက်ခဲ့၊ တိုးတက်ခဲ့ အခုလက်ရှိ ရန်ကိုင်ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပါဘူး။

“ယုရှန်း” ရန်ကိုင် ရုတ်တရက် အော်ခေါ်လိုက်တယ်။

တန်ယုရှန်း ညင်ညင်သာသာလေး ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ပေါ် ပျံတက်သွားလိုက်တယ်။

ရန်ကျောင်းဘေးမှာ ရှိနေတဲ့ သွေးစစ်သည်တော်လည်း အသာအယာလေး ပြုံးလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ ကောင်းကင်ပေါ် ပျံတက်သွားလိုက်တယ်။

သွေးစစ်သည်တော် နှစ်ယောက်က စကားတစ်ခွန်းတောင် မပြောပဲ ချက်ချင်း စတိုက်ကြပါတော့တယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို ဘယ်သူမှ အာရုံမစိုက်ကြပါဘူး။ သူတို့တွေက ဒီလောက်ကကြီးမှာ ရှိတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေထဲ အားအကောင်းဆုံး ဖြစ်ကြပေမယ့် ဒီနေ့ပြဇတ်ရဲ့ အဓိကဇာတ်ကောင် နှစ်ကောင်က ရန်မိသားစု သခင်လေး နှစ်ယောက်ပါ။

“ကိုးယောက်မြောက်ညီလေး” ရန်ကျောင်းက စိတ်အားတက်ကြွစွာဖြင့် အော်ဟစ်လိုက်တဲ့အတွက် အကုန်လုံး အံ့အားသင့်သွားခဲ့ရတယ်။ လက်ရှိ ရန်ကိုင်နဲ့ ရင်ဆိုင်နေရတာကို သူက သူ့ကိုယ်သူခုခံကာကွယ်ဖို့ မကြုံးစားရုံမက လက်ဦးမှု ရယူပြီးတော့တောင် အရင် စတိုက်လိုက်ပါသေးတယ်။

ရန်ကျောင်းကို ဗဟိုပြုု၍ မြေပြင်တစ်လျှောက် အက်ကြောင်းတွေ ပြန့်နှံ့သွားခဲ့တယ်။ သားရဲ တစ်အုပ်က အောက်ခြေကနေ တူးထွက်လာသည့်အလား မကြာခင်မှာပဲ ဟိုးကမ္ဘာအတွင်းပိုင်းဆီမှာ ချောက်ချားဖွယ် စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီ ခုန်ဝင်သွားခဲ့တယ်။

မိစ္ဆာစိတ်ဝိဥာဉ်မြေနဂါး ပညာရပ်…

အမွေခံတိုက်ပွဲရဲ့ ပထမညတုန်းက ဒီပညာရပ်ကို ရန်ကျောင်း ထုတ်သုံးခဲ့ဖူးပါတယ်။

မြေနဂါးပုံရိပ် တစ်ခုချင်းစီတိုင်းက ရန်ကျောင်း ခန္ဓာကိုယ်ထဲမှာ ပြုစုစောင့်ရှောက်လာခဲ့တဲ့ အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်းချင်စီရဲ့ ဝိဥာဉ်ကနေ ဖြစ်တည် လာခဲ့တာပါ။ ထိုနဂါးတွေနဲ့ တိုက်ခိုက်ရတာ မိမိရဲ့ ကိုယ်ပိုင်လက်နဲ့ တိုက်ခိုက်ရသလို ခံစားချက်ကို ရရှိစေပြီး တိုက်ခိုက်တာရော၊ ခုခံတာပါ တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်ပါတယ်။

ပုံမှန်ဆိုရင် ရန်ကျောင်းက မြေနဂါး ခုနှစ်ကောင်ကိုပဲ တစ်ပြိုင်တည်း ထိန်းချုပ်နိုင်တာပါ။ ဒါပေမယ့် သူ့ခွန်အား တိုးတက်လာခဲ့တဲ့အတွက် အခုဆို မြေနဂါးဆယ်ကောင်ကို တစ်ပြိုင်တည်း ထိန်းချုပ်နေနိုင်ပါပြီ။ မြေနဂါး တစ်ကောင် ချင်းစီတိုင်းကလည်း အရင်ကထက် ပိုပြီးအားကောင်း လာနေခဲ့ပါပြီ။

ရန်ကျောင်းရဲ့ အသေသတ်တိုက်ကွက်နဲ့ ရင်ဆိုင် နေရပေမယ့် ရန်ကိုင် အမူအရာက နည်းနည်းလေးမှ ပြောင်းလဲမသွားခဲ့ပါဘူး။ အတွေးတစ်ချက်နဲ့တင် သူ့နောက်မှာ ရှိနေတဲ့ အနက်ရောင်နဂါးက အနက်ရောင် ချီစွမ်းအင်အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်ပါတယ်။

ရွှစ်….

အနက်ရောင်အလင်းတန်းနဲ့ ထိတွေ့သွားတဲ့ မြေနဂါး မှန်သမျှ ဖုန်မှုန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး နည်းနည်းလေးတောင် မခုခံနိုင်ခဲံပါဘူး။

သူ့တိုက်ကွက်ကို ရန်ကိုင် အလွယ်တကူ ချိုးဖျက် သွားလို့ ရန်ကျောင်း စိုးရိမ်သွားခဲ့ပါဘူး။ အဲ့အစား နေရာမှာရပ်နေပြီး ညစ်ပြုံးတောင် ပြုံးနေ လိုက်ပါသေးတယ်။ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်နေရင်း ရန်ကိုင်အား ဂရုဏာသက်စွာဖြင့် လှမ်းကြည့်လိုက်ကာ အသာအယာလေး ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေး၊ ဒါက အဆုံးသတ်ပဲ”

လက်ဖက်ရည်အိမ်ထဲ ထိုင်နေတဲ့ ရန်ဝေနဲ့ လျူချင်းယောင်တို့ နှစ်ယောက်စလုံး ရန်ကိုင် ဘာကို စီစဉ်နေလဲဆိုတာကို နားလည်သွားခဲ့တယ်။

ချူရီမန်ရဲ့ မျက်နှာအမူအရာလည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ်။ ဖုန်မှုန်တွေကြားထဲမှ ပုံရိပ်တစ်ခုက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရန်ကိုင်ဆီ တိုးဝင် လာနေတာကို သူမတွေ့လိုက်ရပါတယ်။

ထိုပုံရိပ်က သူ့ကိုယ်သူက ကျွမ်းကင်စွာ ဖုံးကွယ် ထားခဲ့တဲ့အတွက် သူမသတိပြုမိတဲ့အချိန် ရန်ကိုင်ကို လှမ်းသတိပေးဖို့ နောက်ကျသွားခဲ့ပါပြီ။

“ဒုတိယအစ်ကို၊ မင်းဘာကြံနေလဲ ဆိုတာကို ငါမသိဘူးလို့ တကယ်ပဲ ထင်နေတာလား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး လှမ်းအော်ပြောလိုက်တယ်။ အနက်ရောင်နဂါးက ချက်ချင်းပြန်လှည့်ပြီး တိုးကပ် လာနေတဲ့ ပုံရိပ်ဆီ လေးကိုင်းမှာ လွှတ်လိုက်တဲ့ မြှားတစ်စင်းပမာ တိုးဝင်သွားပြီး ကိုက်ချလိုက်တယ်။

ရန်ကိုင်ဆီ တိုးဝင်လာနေတဲ့ ပုံရိပ်လည်း ကြက်သေ သေသွားခဲ့တယ်။ သူရှိနေတဲ့ နေရာကို ရန်ကိုင်သိသွား လိမ့်မယ်လို့ နည်းနည်းလေးတောင် စိတ်မကူးထားတဲ့ ပုံပါပဲ။ အနက်ရောင်နဂါးကို ကိုင်တွယ်ဖို့ ဘယ်လောက်တောင် သတိထားဖို့လိုလဲ ဆိုတာကို သတိပြုမိလိုက်တာနဲ့ ချက်ချင်း ပြန်ဆုတ်လိုက်ပြီး ရန်ကျောင်းဘေးနား ပြန်သွားလိုက်ကာ ရန်ကိုင်ကို ထူးထူးဆန်းဆန်းနဲ့ ငေးကြည့်နေလိုက်တယ်။

ရန်ကိုင်က အေးစက်စက်နဲ့သာ ပြန်ပြီး နှာခေါင်းရှုံ့လိုက်ပြီး မလှုပ်မယှတ်နဲ့ နေရာမှပဲ ရပ်နေကာ ရန်ကျောင်းဆီ တည့်တည့်စိုက်ကြည့်လိုက်တယ်။

“ဒုတိယညီလေးအိမ်မှာ ရှိနေတဲ့ သွေးစစ်သည်တော်က သူ့ရဲ့ ချီချုပ်နှောင်ချိတ်တံဆိပ်ကို ချိုးဖျက်သွားနိုင်တာကိုး” ရန်ဝေ သူ့ဘာသာ ရေရွတ်လိုက်တယ်။

ပိုကျင်းရေကန်တိုက်ပွဲတုန်းက သခင်လေတိုင်းကို ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော် ခြောက်ယောက် အကြီးအကဲချုပ် ဟွမ်ဂျုကျို့ရဲ့ ကောင်းချီးတော်ကြောင့် ချီချုပ်နှောင်ချိတ်တံဆိပ်စာ မိသွားခဲ့ရပါတယ်။ ထိုချီချုပ်နှောင် ချိတ်တံဆိပ်ကို ချိုးဖျက်ဖို့အတွက် သွေးစစ်သည်တော်တိုင်း အချိန်နှစ်လလောက် အသုံးပြုဖို့ လိုအပ်ပါတယ်။

ချီချုပ်နှောင်ချိတ်တံဆိပ်စာ မိသွားတဲ့ ရန်ဝေရဲ့ သွေးစစ်သည်တော်ဆိုရင် ထိုချိတ်တံဆိပ်ကို ချိုးဖျက်ဖို့ ကြိုးစားနေတုန်းပါ။ သို့ပေမယ့် မကြာခင်မှာပဲ ချိုးဖျက်နိုင်တော့မှာပါ။

ချီချုပ်နှောင်ချိတ်တံဆိပ်စာ မိသွားတဲ့ ရန်ကျောင်းရဲ့ သွေးစစ်သည်တော်ကတော့ တံဆိပ်တော်ကနေ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပါပြီ။

ဒုတိယညီလေးက ဒီလိုမျိုးတောင်းဆိုရဲတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ဒါက သူ့ရဲ့ အားကိုးအားထားကိုး။

ရင်းဂျုမရှိတဲ့ ရန်ကိုင်က ရန်ကျောင်းနဲ့သာမက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈သို့ ရောက်နေတဲ့ သွေးစစ်သည်တော်ကိုပါ တိုက်ခိုက်ရပါလိမ့်မယ်။ အမြင်လူတွေရဲ့ အမြင်မှာတော့ ရန်ကိုင်မှာ အနိုင်ရနိုင်ချေ လုံးဝ မရှိတော့ပါဘူး။

“မင်းသိနေပြီးသားလား” ရန်ကျောင်းမျက်နှာ မဲ့ရွဲ့သွားခဲ့တယ်။ ရန်ကိုင်ကို အောင်အောင်မြင်မြင်နဲ့ လှည့်စားလိုက်နိုင်ပြီလို့ ထင်ကာ ဒီအခွင့်အရေးကို သုံးပြီး ရန်ကိုင်ကို တစ်ခါတည်း ထုတ်ပယ်ဖို့တောင် စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် သူ့ပြိုင်ဘက်က သူ့ရဲ့ ဒုတိယ သွေးစစ်သည်တော် ရှိနေတာကို ကြိုတင်သတိပြုမိပြီး ဖြစ်လိမ့်မယ်လို့တော့ ရန်ကျောင်း မထင်ထားခဲ့ပါဘူး။

“သိတာပေါ့” ရန်ကိုင်က အထင်အမြင်သေးသေးနဲ့ ပြန်ပြောလိုက်တယ်။ သူ့ရဲ့ ကောင်းကင်စိတ်အာရုံ အောက်ကနေ ရန်ကျောင်းစံအိမ်ထဲမှာ ရှိနေတဲ့ ဘယ်သူမှ ပြေးမလွတ်ခဲ့ပါဘူး။

“ဒါဆိုရင် မင်းဘာလို့ သဘောတူခဲ့တာလဲ” ရန်ကျောင်းက ရန်ကိုင်ကို သရဲသဘက်အား ကြည့်သလို ကြည့်ရင်း ပြန်မေးလိုက်တယ်။

“ဘာလို့ သဘောမတူရမှာလဲ” ရန်ကိုင်က ခေါင်းခါရမ်းကာ အထက်စီးဆန်ဆန်နဲ့ ပြန်ပြောလိုက်တယ် “မင်းက ငါ့ကို ရပ်တန့်နိုင်မှာမှ မဟုတ်တာ”

သူ့စကားလုံးက လုံးဝကို မိုးထိုး နေခဲ့တယ်၊ မောက်မာ၊ အထက်စီးဆန်တယ် ဆိုတာ ဒါမျိုးကို ပြောတာပါ။

အားလုံး မှင်သက်သွားခဲ့တယ်။ အကုန်လုံးက မယုံကြည်နိုင်သည့် အမူအရာတွေနဲ့ ရန်ကိုင်အား ငေးစိုက်ကြည့်နေခဲ့တယ်။ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးက ရူးများရူးသွားတာလား ဆိုပြီး အားလုံးစိတ်ထဲ တွေးတောနေခဲ့ကြတယ်။ အနည်းဆုံးတော့ သူ့ကို သာမန်အမြင်နဲ့ သွားဆုံးဖြတ်လို့ မရတော့ပါဘူး။

လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့ ရန်ဝေနဲ့ လျူချင်းယောင်တောင် ကြက်သေသေသွားခဲ့တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ရောက်နေတဲ့ သွေးစစ်သည်တော် တစ်ယောက်နဲ့ ရင်ဆိုင်နေရတာတောင် ရန်ကိုင်က အခုလိုမျိုး ရဲတင်တဲ့ စကားကို ဆိုရဲတယ်ပေါ့။

သူ့စကားက ရန်မိသားစု သွေးစစ်သည်တော်ကို မျက်စိထဲမထည့်သည့်သဘော ရောက်သွားခဲ့ပါတယ်။

သူတို့ကြား လေထုက အနည်းငယ် ထူးဆန်းလာခဲ့ပါတယ်။

ရန်ကျောင်းဘေးနား ရပ်နေတဲ့ သွေးစစ်သည်တော်က ခါးသီးတဲ့ အမူအရာနဲ့ ပြောလိုက်တယ် “သခင်ငယ်လေး၊ ကျုပ်တို့ သွေးစစ်သည်တော် အားလုံးက သခင်ငယ်လေးကို စိတ်ထဲနှလုံးသားထဲကနေ လေးစားတယ်ဆိုပေမယ့် အခုလိုမျိုး လျစ်လျူရှုခံရတာက နည်းနည်းတော့ ကသိကအောက် ဖြစ်စရာကောင်းတယ်။ ကျုပ်ရဲ့ ခွန်အားကို သက်သေပြနိုင်ဖို့အတွက် ကျုပ်ခွန်အားကို ဆက်ပြီး ထိန်ချန်မနေ တော့ပါဘူး”

“လုပ်လိုက်လေ၊ ကျုပ်ကို ရပ်တန့်ဖို့ ကြိုးစားကြည့်လိုက်ပေါ့” ရန်ကိုင်က ရယ်ရယ်မောမောနဲ့ လက်ကွက်စဉ် တစ်ခုကို ဖန်တီးလိုက်ပြီး အနက်ရောင် ချီလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်တယ်။

သူ့ခေါင်းထက် ဝဲနေတဲ့ အနက်ရောင် နဂါးကလည်း မာန်သွင်းဟိန်းဟောက်လိုက်ပြီး ရန်ကျောင်းနဲ့ သွေးစစ်သည်တော်ဆီ ပြေးဝင်သွားခဲ့တယ်။

ရန်ကိုင် အချိန်ဆက်ဖြုန်းဖို့ ကြိုးစားမနေတော့ပဲ ခွန်အားကုန်သုံးကာ တိုက်ခိုက်လိုက်တယ်။

အခုလိုမျိုး ပြင်းထန်လှတဲ့ တိုက်ကွက်နဲ့ ရင်ဆိုင်ရတဲ့ အခါ ရန်ကျောင်းမှာ အသက်မရှူနိုင် ဖြစ်သွားခဲ့ပြီး သူ့ခွန်အား နည်းနည်းလေးကိုမှ ထုတ်မသုံးနိုင် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူ့ဘေးနားမှာ ရပ်နေတဲ့ သွေးစစ်သည်တော်ဆီကနေ အားကောင်းလှတဲ့ အစစ်အမှန် ချီစွမ်းအင်နဲ့ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူနဲ့ ရန်ကျောင်းပတ်လည်၌ အကာအရံတစ်ခု ဖြစ်ပေါ် စေလိုက်တယ်။

အနက်ရောင်ချီက အတားအဆီးကို ရိုက်ခတ် သွားခဲ့တယ်။ ကြည်လင်နေတဲ့ ရန်ဇလုံထဲ မှင်ရေတို့ ဖိတ်စင်ကျသွားသည့်အလား အဖြူရောင်အရံအတားမှာ မျက်တောင်တစ်ခတ်အတွင်း မည်းညစ် သွားခဲ့တယ်။

ရန်ကိုင်ရဲ့ နည်းလမ်းတွေက ဒီလောက်အထိ ထိတ်လန့်ဖွယ် ကောင်းလိမ့်မယ်လို့ သွေးစစ်သည်တော် လည်း မမျှော်လင့်ထားခဲ့ပါဘူး။ နည်းနည်းလေးတောင် သတိမမဲ့ရဲတော့ပဲ ရန်ကျောင်းကို အလျင်စလို ဆွဲခေါ်သွားလိုက်တယ်။

ဒါပေမယ့် အနက်ရောင်ချီတိမ်တိုက်က အသိစိတ် ရှိနေသည့်အလား အရိပ်ကြီးတစ်ခုပမာ ရန်ကျောင်းနဲ့ သွေးစစ်သည်တော်တို့ နှစ်ယောက်ဆီ ပြေးလိုက် သွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ မီတာ၁၀၀ ရှည်လျားသည့် အနက်ရောင်နဂါးက ကောင်းကင်ယံထက်မှ ရန်ကျောင်းနဲ့ သွေးစစ်သည်တော်ဆီ တစ်ဟုန်ထိုးဆင်းလာခဲ့ပြီး ပါစပ်ကြီးကိုဟာ နှစ်ယောက်စလုံးကို ကိုက်ချလိုက်တယ်။

ပြင်းထန်ကြမ်းရမ်းတဲ့ စွမ်းအင်တို့ အနက်ရောင်နဂါးကို ဗဟိုပြုပြီး ဘေးပတ်ပတ်လည်ဆီ လျှံထွက် ပြန့်နှံ့သွားခဲ့ကာ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်ချီတွေကို လောင်ကျွမ်း ပေါက်ကွဲသွားစေခဲ့တယ်။

All Chapters