အခန်း (၅၃၁-၅၃၅)
Vol. 22 Ch. 531-535
အပိုင်း(၅၃၁) ချူရီမန် ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပြီ
ထိုလူတွေရဲ့ မျက်လုံးတွေ၊ နားတွေ အောက်ကနေ ရှောင်ရှားနိုင်မယ့် စစ်ပွဲမြို့တော်ကနေ ဝေးကွာသည့် နေရာတစ်ခုကို ရှာမတွေ့သရွေ့ပေါ့။
အခု အခြေအနေတွေက တော်တော်လေးကို ရှုပ်ထွေး လာနေခဲ့ပါပြီ။ ဒါပေမယ့် အမွေခံတိုက်ပွဲကိုတော့ အကျိုး မသက်ရောက်သင့်ပါဘူး။ မိသားစုက သူအမွေခံတိုက်ပွဲမှာ ဝင်ပါနိုင်မယ့် အခွင့်အရေးကို ပယ်ဖျက်လိုက်မှာလား ဆိုတာကို ရန်ကိုင် မသိပါဘူး။ ဒါပေမယ့် သူတို့ အဲ့လို လုပ်ဖို့ကတော့ မဖြစ်နိုင်ဖို့ များပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ချူရီမန်စိတ်ထဲ သံသယတို့ ကိန်းအောင်းလာခဲ့တယ်။ ဒါကြောင့်ပဲ ရန်ကိုင်ကို အခန်းတစ်ခန်းစီ ဆွဲခေါ်သွားလိုက်ပြီး ဘယ်သူမှမသိအောင် ဆွေးနွေးနေခဲ့ကြတာပါ။
ဒါပေမယ့် အခု သူမဘယ်လိုပဲ စိုးရိမ်ပူပန်နေပါစေ၊ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ရန်မိသားစုရဲ့ ဆုံးဖြတ်ချက်က ရန်ကိုင် ဝင်ရှုပ်လို့ ရတဲ့အရာမျိုး မဟုတ်ပါဘူး။ သွေးစစ်သည်တော် ကိစ္စတုန်းကလိုပဲ၊ မိသားစုက သွေးစစ်သည်တော် နှစ်ယောက်ပဲ ပါဝင်ခွင့် ပြုတယ်လို့ ပြောလိုက်တဲ့အချိန်တုန်းက ရန်ကိုင် ဘယ်လိုပဲကြိုးစား ကြိုးစား မိသားစုရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲ နိုင်ခဲ့ပါဘူး။
ဒီတစ်ကြိမ် ရန်ကိုင် တော်တော်လေး အကျိုးအမြတ် ရခဲ့ပေမယ့် သူတို့ မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့တာ စိတ်ပျက်စရာပါပဲ။
“အခြားမရှိတော့ရင် ငါအရင်သွားတော့မယ်” ရန်ကိုင်က အလျင်စလို မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။
ချူရီမန်က ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ရပါတယ်။
“နင့်ရဲ့ ရေခဲနတ်သမီးလေးတွေကို သွားရှာဖို့ မစောင့်နိုင်တော့ဘူးမလား” ချူရီမန်က ရှစ်ခေါက်ချိုး အမူအရာနဲ့ ပြောလိုက်တယ်။
ရန်ကိုင်က သူမပြောတာကို လျစ်လျူရှုထားလိုက်ပြီး လမ်းလျှောက် ထွက်သွားလိုက်တယ်။
“နင့်ကိုယ်နင်လည်း ဝန်မပိစေနဲ့ဦးနော်” ချူရီမန်က ရုပ်တည်ကြီးနဲ့ ပြောလိုက်တယ်။
“နင်ငါ့ကို စိုးရိမ်နေတာလား” ရန်ကိုင်က သွားနေရင်း ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ အပြုံးလေးနဲ့ ပြောလိုက်တယ်။ ပြီးတာနဲ့ ချူရီမန်တည့်တည့်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “နင်ငါ့ကို တကယ်ကြီး ကြိုက်နေတာတော့ မဟုတ်ဘူးမလား”
ချူရီမန် မျက်နှာ နီရဲသွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်တယ် “ငါကြိုက်တော့ကော ဘာဖြစ်လဲ”
ရန်ကိုင် မှင်သက်သွားခဲ့တယ်။ ချူရီမန်က အခုလိုမျိုး ပွင့်ပွင့်လင်းလင်းကြီး ဝန်ခံလိမ့်မယ်လို့ သူတကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ရုတ်တရက် သူဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားခဲ့တယ်။ ချူရီမန်ကို ထပ်တလဲလဲ စနေပေမယ့် စတာက စတာပဲလေ။ အတည်မှ မဟုတ်တာ။ သူမဘက်က ရုတ်တရက်ကြီး အခုလို တုန့်ပြန်လာတော့ ရန်ကိုင်လည်း ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။
ရန်ကိုင်က နေရာမှာပဲ ကြောင်အမ်းအမ်းနဲ့ ရပ်နေခဲ့တယ်။
ချူရီမန်က သူမပြောတာကို နည်းနည်းလေးမှ ဂရုမစိုက်ပဲ ရန်ကိုင်ကိုသာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “နင့်ကို ကြိုက်တာက နင်နဲ့အတူ ရှိနေရမယ်လို့ မဆိုလိုဘူး။ ငါနင့်ဇနီးကောင်း တစ်ယောက် ဖြစ်နိုင်ဖို့အတွက် နင့်သွားတဲ့နောက် လိုက်နိုင်သလို၊ အားလုံးကိုလည်း လက်လျှော့ပေးနိုင်တယ်။ ဒါပေမယ့် ငါ့ချူမိသားစုထဲကို ဝင်လာမှ ရလိမ့်မယ်။ နင်အဲ့လို လုပ်နိုင်မှာလား”
ရန်ကိုင် ခေါင်းခါလိုက်တယ်။
“အဲ့ဒါအမှန်ပဲ။ ဒီတော့ ငါနင့်ကို ကြိုက်ရုံကလွဲပြီး ဘာမှ ဆက်ဖြစ်မလာနိုင်ဘူး။ နောက်ပိုင်းကျ ဗဟိုမြို့တော်က သခင်လေးတစ်ယောက်ယောက်ကို ငါလက်ထပ်ရင် ထပ်မှာပေါ့။ အဲ့အချိန်က သူက ငါ့ချူမိသားစုထဲ ဝင်လာလိမ့်မယ်။ မိသားစုရဲ့ အထောက်အပံ့နဲ့ ငါတို့ ချူမိသားစုက နင်တို့ရန်မိသားစုကို အပြတ် လှဲသိပ်နိုင်ပြီလေ။ အဲ့အချိန်ကျ ငါတို့ ရန်သူတွေ တောင် ဖြစ်လာနိုင်သေးတယ်” ချူရီမန်က ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ် “ဟော်ရှင်းချန်၊ ကောင်းရန်ဖုန်း၊ ခန်ကျန်း ဒါမှမဟုတ် လျူချင်းယောင်၊ အဲ့လိုမှမဟုတ်ရင် မန်ရှန်းရီကိုတောင် လက်ထပ်ကောင်း လက်ထပ်နိုင်တယ်။ သူတို့တွေက လက်ရှိအသင့်တော်ဆုံး လူတွေပဲ”
“သူတို့ နင်နဲ့မထိုက်တန်ဘူး” ရန်ကိုင် ခေါင်းခါရမ်းပြီး ပြန်ပြောလိုက်တယ်။ ရုတ်တရက် သူ့စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိသွားခဲ့တယ်။
ချူရီမန် ရယ်မောလိုက်ပြီး သူမ မျက်ဝန်းအစုံက တလက်လက် တောက်ပသည့် မျက်ရည်စတို့ဖြင့် ဝဲတက်လာခဲ့တယ်။ သို့ပေမယ့် ထိုမျက်ရည်တွေကို သုတ်မပစ်ခဲ့ပါဘူး။ ရန်ကိုင်ဆီကနေ မျက်နှာလွှဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “သူတို့ ငါနဲ့မထိုက်တန်ရင်၊ ငါကလည်း နင်နဲ့မထိုက်တန်ဘူးလေ။ အဲ့ဒါ အမှန်ပဲ မဟုတ်ဘူးလား။ နင်က အရမ်းအားကောင်းလွန်းတယ်၊ နင့်အနာဂတ်ကလည်း လုံးဝကို တောက်ပနေမှာ၊ နင်နဲ့ တန်းတူ အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ နင်နဲ့ ထိုက်တန်လိမ့်မယ်။ ဒီလောကကြီးမှာ ရှိတဲ့ ယောကျာ်းတွေ အားလုံးကို ငါအထင်သေးခဲ့တယ်။ ဒါပေမယ့် အခုတော့ ယောကျာ်းတစ်ယောက်ကို ငါမော့ကြည့်ရမယ့် အချိန် ရောက်လာခဲ့ပြီ…”
သူမနဲ့ဆက်ပြီး စကားမပြောနိုင်တော့သလို ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရတယ်။ သူမသာ ဆက်ပြောနေရင် သိပ်မကြာခင်မှာ ချုံးချုံးချ ငိုပွဲဆင်တော့မှာပါ။
ပြုံးလိုက်ပြီး ခွတီးခွကျ ရယ်သံနဲ့ “အခုလောလောဆယ် ဒီအကြောင်း ပြောတာ ရပ်ထားလိုက်ကြတာပေါ့။ နင့်စိတ်ကို ခဏလောက် လွှတ်ပေးထားလိုက်ပြီး နည်းနည်းပါးပါး သွားပျော်လိုက်စမ်းပါဟာ”
ဒီလို ရက်စက်တဲ့ စကားတွေ ပြောထွက်တဲ့ သူ့ကိုယ်သူ ရွံ့ရှာမိသွားခဲ့တယ်။
“အဲ့အကြောင်းတွေကို မတွေးပဲကို မနေနိုင်တာ။ ငါဘယ်လိုမှ မနေနိုင်တာ။ နင်သိလား… ဒီအကြောင်းကို ငါလက်ထပ်တဲ့နေ့အထိ မတွေးပဲ မနေနိုင်ဘူး ဆိုတာကိုလေ။ အဲ့အချိန် နင့်ကို မိတ်ဆွေတစ်ယောက် အဖြစ် ငါမြင်ကောင်းမြင်နိုင်မှာပေါ့။ ပျော်လည်း ပျော်နိုင်မှာတော့။ အခုတော့ ငါနင့်ကို မိတ်ဆွေ တစ်ယောက်အဖြစ် လုံးဝကို မမြင်နိုင်သေးဘူး” ချူရီမန်က အလေးအနက်နဲ့ ခေါင်းခါလိုက်တယ်။
ရန်ကိုင်က သူမကို ငေးကြောင်စိုက်ကြည့်လိုက်ပြီး “နင်နောက်နေတာလား ချူရီမန်”
ချူရီမန်က သွားပေါ်အောင် ပြုံးလိုက်ပြီး လှောင်ပြောင် လိုက်တယ် “နင်ဘယ်လိုထင်လို့လဲ”
“ကလေးကွက်တွေ” ရန်ကိုင် မျက်နှာ ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး ဘာပြောလို့ ပြောရမှန်း မသိတော့တာနဲ့ အခန်းထဲကနေ ပြေးထွက်သွားလိုက်တယ်။
ပျော့ပျောင်းလှတဲ့ အက်ကွဲသံတို့ ခန်းမတစ်လျှောက် ပြည့်နေခဲ့တယ်။ လရောင်အောက်၌၊ ကျက်သရေရှိလှတဲ့ ပုံရိပ်တစ်ခုက ပြတင်းပေါက်ဘောက်ကို မှီရင်း ကြယ်တာရာ ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့တယ်။ လက်ထဲမှာတော့ သစ်အယ်သီးအချို့ကို ကိုင်ထားခဲ့ပြီး ကိုယ်ပိုင်အတွေး ကမ္ဘာထဲ မျောနေခဲ့တယ်။
သူမရဲ့ လှပနှစ်လိုဖွယ် ကောင်းတဲ့ မျက်နှာလေးကို ဖုံးကွယ်ထားတဲ့ မိုးပြာရောင်ဆံသား ပျော့ပျော့လေးကို ကြည့်ရင်း ရန်ကိုင် ဦးတည်ချက် ပျောက်ကွယ်သွားခဲ့တယ်။ သူမရဲ့ နီရဲနေခဲ့တဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက အနည်းငယ် ပွင့်အာနေတဲ့အတွက် ကြွေသားရောင် သွားဖြူဖြူလေး တွေကို သူမြင်နေခဲ့ရတယ်။ ညသန်ခေါင်ယံ လေညင်းအောက် သူမရဲ့ ပြစ်ချက်ကင်းမဲ့ပြီး ကျောက်စိမ်းသားလို့ ချောမွတ်လှတဲ့ သွယ်လျတဲ့ ပေါင်တံ ရှည်ရှည်လေးက တကယ်ကို မှင်သက်စရာ မြင်ကွင်း တစ်ခုကို ဖန်တီးနေခဲ့တယ်။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးကို ငေးစိုက်ကြည့်လိုက်တယ်။
“နင်ရောစားဦးမလား” ရွှေးလင်းက သစ်အယ်သီး တွေကို ရန်ကိုင်ဆီ ကမ်းပေးလိုက်ရင်း မေးလိုက်တယ်။
“မစားတော့ဘူး၊ ကျေးဇူးပါ” ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး “နင်ဘာလို့ ဒီကို ရောက်နေတာလဲ”
“အဲ့အခန်းမှာ ငါနေတာလေ” ရွှေးလင်က ရန်ကိုင်အခန်းနဲ့ ကပ်လျက်အခန်းကို လက်ညိုး ထိုးပြလိုက်ပြီး “ညဘက် အရမ်းပျင်းဖို့ကောင်းတော့ ကြယ်တွေ ထွက်ကြည့်နေတာ”
“အဲ့မတိုင်ခင် ငါ့မှာ အရေးကြီးတဲ့ မေးစရာ မေးခွန်း တစ်ခုရှိတယ်။ နင်ဘာလို့ ငါ့အိမ်ထဲ ရောက်နေတာလဲ” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“ဘာကိစ္စလဲဟုတ်လား၊ နင့်အိမ်က အကြီးကြီးပဲလေ။ ငါဒီမှာ လာနေတာ ဘာကိစ္စရှိလို့လဲ” ရွှေးလင်က ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “အရမ်းကြီး ကပ်စေနဲမနေစမ်းပါနဲ့နော်”
“ငါနဲ့လာဆော့စကားဖို့ ကြိုးစားမနေနဲ့။ နင်ဒီမှာနေနေ၊ မနေန ကိစ္စမရှိဘူး။ နင်တစ်ခုခုလုပ်ဖို့ ကြိုးစားနေမှန်း ငါတွေ့ခဲ့ရင်တော့ နင်သေရလိမ့်မယ်”
“အိုး၊ ငါအရမ်း ကြောက်နေပါပြီ” ရွှေးလင်းက နှုတ်ခမ်းလေးကို ကိုက်ပြီး ကြောက်လန့်တကြား ရန်ကိုင်အား စိုက်ကြည့်လိုက်တယ်။ သူမ မျက်ဝန်းတွေ ဆိုရင်လည်း ကြောက်ရွံ့တုန်လှုမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။
“ဟေး” သူမ ကြောက်ဟန်ဆောင်မှန်း ရန်ကိုင် သိတာပေါ့။ ဒါပေမယ့် ပုံမှန်လေသံနဲ့ပဲ မေးလိုက်တယ် “ငါတို့ပြောတာ ဘယ်လောက်အထိ နင်ကြားခဲ့လဲ”
ရွှေးလင်က နှာခေါင်းရှုံ့ကာ “ပထမတစ်ဝက်ကို မကြားလိုက်ဘူး၊ ဒါပေမယ့် ဒုတိယတစ်ဝက်ကိုတော့ ကြားလိုက်တယ်”
“သူ့ကို သွာအဖော်လုပ်ပေးလိုက်” ရန်ကိုင်က မျက်စိမှိတ်ပြရင်း ပြောလိုက်တယ်။
ရွှေးလင်ပါးစပ်ထဲက သစ်အယ်ထဲ အောက်သို့ လွတ်ကျ သွားခဲ့ပြီး “နင်သူ့ကို အဖော်မပြုပေးဘူးလား”
“သွားအဖော်ပြုပေးရင်ပေး၊ မပေးရင် ငါ့အိမ်ထဲကနေ အခုထွက်သွားလိုက်တော့”
“နင်…” ရွှေးလင် အံတင်းတင်းကြိတ်ရင်း သစ်အယ်သီး တွေကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ကာ ခပ်မြန်မြန်ပဲ လမ်းလျှောက်ထွက်သွားလိုက်တယ်။ သွားနေရင်းနဲ့ ရန်ကိုင်အား အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို စိုက်ကြည့်သွားလိုက်ပြီး “ငါနင့်ကို မှတ်ထားမယ်”
ပြောပြီးတာနဲ့ ချူရီမန်အခန်းဆီ ဒေါသတကြီး လမ်းလျှောက်သွားလိုက်တယ်။
ခဏကြာပြီးနောက် မိန်းကလေးနှစ်ယောက် စကားစမြည် ပြောနေတဲ့အသံတို့ အခန်းထဲကနေ ထွက်ပေါ် လာခဲ့တယ်။ ကျေနပ်သွားတာနဲ့ ရန်ကိုင်လည်း သူဦးတည်ရာဆီ ဆက်သွားလိုက်တယ်။
ရွှေးလင်က အားလုံး စံအိမ်ဆီ ပြန်လာတဲ့ လွန်ခဲ့တဲ့ ၃ရက်တုန်းက ရောက်လာခဲ့ပါ။ သူမက သူ့ကို ဂရုမစိုက်မှန်း ရန်ကိုင် သိပါတယ်။ ဒီမိန်းရဲ့ နောက်ခံက လျှို့ဝှက် ဆန်းကြယ်တဲ့အပြင် သူမရဲ့ ကျင့်ကြံခြင်းအဆင့်က အသက်အရွယ်နဲ့ မလိုက်အောင်ကို မြင့်မားနေခဲ့ပါတယ်။ သူမရဲ့ မိုးပြာရောင်ဆံပင်တွေကလဲ တကယ်ကို ပုံမှန် မဟုတ်ပါဘူး။
ရွှေးလင်က သာမန်မိန်းမတစ်ယောက်နဲ့ လုံးဝကို မတူပါဘူး။
သူမက ရေစိတ်ဝိဥာဉ်ဘုရာကျောင်းမှာ မွေးခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ဂိုဏ်းမျိုး တည်ရှိတဲ့ အကြောင်း ရန်ကိုင် တစ်ခါမှ မကြားခဲ့ဖူးပါဘူး။
သူမမှာ အခြားဘာရည်ရွယ်ချက် ရှိလား၊ မရှိဘူးလား မသိသေးတဲ့အတွက် ရွှေးလင်ကို စောင့်ကြည့်ထားဖို့ ရန်ကိုင်က နတ်ဆိုးအိုကြီး ပြောခဲ့တယ်။ ရန်ကိုင် အခုလို လုပ်ရတဲ့ အခြားအကြောင်းအရင်းလည် ရှိပါသေးတယ်။ သူမရဲ့ လျှို့ဝှက်ချက်တွေကို သိချင်တာပါ။
ရွှေးလင်က သူ့လူတွေအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိမှန်း ရန်ကိုင် ပြောနိုင်ပါတယ်။ ဒါကြောင့် သူမဒီမှာနေနေတာကို သူဘာမှ မပြောခဲ့တာပါ။
ချူရီမန်က သူမအခန်းကို သူ့နဲ့ကပ်လျက်မှာ စီစဉ်ပေးထားလိမ့်မယ်လို့ ရန်ကိုင် မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် အဲ့လို ကပ်လျက်ဖြစ်နေတော့ သူမကို အနီးကပ် စောင့်ကြည့်လို့ရတာပေါ့။
လသာတဲ့ ညတစ်ည၌ လေတွေက တဝှီဝှီမြည်အောင် တိုက်ခတ်နေခဲ့တယ်။
ရန်ကိုင် ရှနင်းချန် အခန်းဆီ သွားလိုက်တယ်။
စုယန်လည်း ရောက်နေခဲ့ပါတယ်။
ရန်ကိုင်က ညအချိန်မတော်ကြီး ရောက်ချလာတော့ မိန်းကလေး နှစ်ယောက်စလုံး ရှက်သွားခဲ့တယ်။ စုယန်က အဆင်ပြေပါသေးတယ်။ ရှနင်းချန်ကတော့ လည်ပင်းထိတိုင် ရဲရဲနီနေခဲ့ပါတယ်။
စုယန်မရှိတဲ့ အချိန်တုန်းကဆို ရန်ကိုင်နဲ့ အတူတူ မကြာခဏ အိပ်လေ့ရှိပါတယ်။ ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ မလုပ်ခဲ့ပေမယ့် ရန်ကိုင်နဲ့ စုယန်တို့ နှစ်ယောက်စလုံးကို အတူတူမြင်တဲ့အခါ ရှနင်းချန် မရှက်ပဲ မနေနိုင်ပါဘူး။
ခေါင်းလေငုံ့ပြီး တိတ်တိတ်လေးသာ နေလိုက်ပါတယ်။
စုယန်က ရန်ကိုင်ကို ကြည့်လိုက်ပြီး ညင်သာတဲ့ လေသံလေးနဲ့ မေးလိုက်တယ် “နင်ဒီကို ဘာလာလုပ်တာလဲ”
“ငါဒီမှာနေတာလေ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။
စုယန် သက်ပြင်းချလိုက်ပြီး ခစ်ခစ် ခစ်ခစ်နဲ့ ရယ်မောလိုက်တယ်။
ရန်ကိုင်နဲ့ ရှနင်းချန် အတူတူနေတာကို သူမ မကန့်ကွက်ပါဘူး။ ယောကျ်ား၊ မိန်းမ ဆက်ဆံရေးနဲ့ ပက်သက်ပြီး ရန်ကိုင်ကို စုယန်ဘယ်တော့မှ မတားဆီး ခဲ့ပါဘူး။ ဒီလို ကိစ္စမျိုးတွေနဲ့ ပက်သက်လာတဲ့ အခါကျရင်လည်း သူ့ကို အပိုအကြောင်းအရာတွေ ဘာမှ မမေးခဲ့ပါဘူး။
ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့်သာ မဟုတ်ရင် စုယန်ဆီကနေ ထိုကဲ့သို့ တောင်းဆိုချက်မျိုး လိုမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ရန်ကိုင်က အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ထားခဲ့တာပါ၊ ပြီးတော့ သူက အားမန်တက်ကြွနေတဲ့ လူငယ်တစ်ယောက်ပဲ ရှိပါသေးတယ်။ ဒီကြောင့် ကျင့်စဉ်ကြောင့် သူခံစားရတဲ့ စိတ်ဆန္ဒတွေက သူမနဲ့ ယှဉ်ရင် ပိုပြီး ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။
ရန်ကိုင်ရဲ့ အဆင့်အတန်းက မနိမ့်ကျပါဘူး။ သူလိုချင်တဲ့ မိန်းမတွေကို မရပဲ ဘယ်နေပါ့မလဲ။ အထူးသဖြင့် သူ့စံအိမ်ထဲမှာပေါ့။ အခုလက်ရှိအချိန်၌ သူ့စံအိမ်ထဲမှာ မိန်းမလှလေးတွေ အများကြီး ရှိနေတာ ဖြစ်ပြီး ထိုမိန်းမလှလေးများစွာကလည်း သူ့ကို လေးစား နေခဲ့ကြတာပါ။
ဒါပေမယ့် စုယန်သိသလောက်ဆိုရင် အခုအချိန်ထိ ရန်ကိုင်မှ မိန်းကလေး တစ်ယောက်ပဲ ရှိပါသေးတယ်။
ဒီလိုယောကျာ်းတစ်ယောက်ကို မိန်းမတွေနဲ့ ပက်သက်တဲ့ ကိစ္စမျိုးမှာ သူမ သွားမချုပ်ချယ် ချင်ပါဘူး။
“နင်အနားယူချင်လား” စုယန်က ရန်ကိုင်ကို ပြုံးကာ မေးလိုက်တယ်။
“နောက်ဆုံးအကြိမ်တုန်းက လေ့ကျင့်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါကြောင့် ငါဒီကို ရောက်နေတာ” ရန်ကိုင်က ပြောလိုက်တယ်။
“အို” ရန်ကိုင် ပြောတာကို ပြန်စဉ်းစားမိလိုက်တာနဲ့ စုယန် မျက်နှာလေး ရဲတက်သွားခဲ့တယ်။
“ငါသွားအိပ်တော့မယ်” ရှနင်းချန်က ရုတ်တရက် ကောက်ပြောလိုက်ပြီး အိပ်ရာပေါ် ချက်ချင်း လှဲချလိုက်တယ်။ ထို့နောက် ခေါင်းကို စောင်လေးနဲ့ ခြုံလိုက်ပြီး ချက်ချင်း တန်းအိပ်ပျော်သွားပါတော့တယ်။
ရန်ကိုင်နဲ့ စုယန်တို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး ရယ်မောလိုက်ကြတယ်။ ကောင်းကင်စံအိမ် ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေက လိုဏ်ဂူလေးအတွင်းမှာတုန်းက အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်ရင် ရှနင်းချန်လည်း အခုကိစ္စနဲ့ အသားကျနေခဲ့ပါပြီ။
ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး ဆက်ရှင်းပြဖို့ မကြိုးစား တော့ပါဘူး။ ရန်ကိုင်နဲ့ စုယန်တို့ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး လက်ဝါးချင်း ပူးကပ်လိုက်ကြတယ်။
ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်က ဒုတိယအဆင့် ရောက်နေပြီ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်နှစ်ခု ပေါင်းစပ်ဖို့ မလိုအပ်တော့ပါဘူး။
သူတို့ကိုယ်ထဲရှိ အစစ်အမှန်ချီတွေ စတင် ပေါင်းစည်း သွားခဲ့ကြတယ်။ ရန်ကိုင်ကိုယ်ထဲရှိ အစစ်အမှန်ချီတွေက စုယန်ကိုယ်ထဲ ရောက်ရှိသွားခဲ့ပြီး စုယန်ကိုယ်ထဲရှိ အစစ်အမှန်ချီတွေက ရန်ကိုင်ကိုယ်ထဲ ရောက်ရှိသွားခဲ့ကာ အဆုံးမရှိတဲ့ ချီစက်ဝန်းတစ်ခုကို ဖန်တီးနေခဲ့တယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲက စစ်ပွဲမြို့တော်တစ်ခုလုံးကို လှုပ်ခတ်သွား ခဲ့ပါတယ်။ အခုအချိန်အထိတိုင် ထိုတိုက်ပွဲမီးစတို့က မငြိမ်းနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း ရန်ကိုင်က ထိတ်လန့်ဖွယ် စွမ်းအားဖြင့် ရှန်ချူနဲ့ နန်ရှန်းကို ရန်ကျောင်း ကာကွယ်နေသည့်ကြားမှ မရရအောင် သတ်သွားခဲ့ပါတယ်။ ပြီးတာနဲ့ ရန်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားမှပဲ အဆင့်ချိုးဖျက်တက် ပြသွားခဲ့ပါတယ်။
ရန်ကိုင် အဆင့်ချိုးဖျက်တက်နေစဉ် အတွင်း သူ့ကိုယ်ကနေ ထွက်ပေါ်လာတဲ့ မိစ္ဆာစွမ်းအင်တွေကြောင့် စည်းတံဆိပ်တော် ဘုရားကျောင်းက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်စလုံး လူလုံးထွက်ပြလာခဲ့ရတယ်။ သူတို့တွေက ရန်ကိုင် အဆင့်ချိုးဖျက်နေတာကို ရပ်တန့်ချင်ခဲ့ပေမယ့် ရန်ကိုင်ရဲ့ အားကောင်းလှတဲ့ အဆက်အသွယ်တွေကြောင့် နောက်ပြန်ဆုတ်လာခဲ့ရပါတယ်။
အဲ့နောက် ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်သွားနိုင်ခဲ့ပြီး အကြီးအကဲချုပ် ရှစ်ယောက်လည်း စည်းတံဆိပ်တော် ဘုရားကျောင်းစီ ပြန်သွားခဲ့ကြရပါတယ်။
ရန်ကျောင်းကတော့ မျက်တွင်းတွေ ချောင်လို့၊ မစားနိုင်၊ မသောက်နိုင်၊ မကျင့်ကြံနိုင် ဖြစ်နေခဲ့ပါတယ်။
နောက်တစ်နေ့၌၊ အကြီးဆုံး သခင်လေးက အမွေခံတိုက်ပွဲ အဆုံးသတ်ချိန် မတိုင်ခင်အထိ လှုပ်ရှားမှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ကြေညာခဲ့တယ်။
သူပြောလိုက်တဲ့ ကြေညာချက်ကြောင့် စစ်ပွဲမြို့တော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
ရန်ဝေ ဆိုလိုရင်းက ရှင်းပါတယ်။ အမွေခံတိုက်ပွဲကို မနိုင်နိုင်တော့မှန်း သိနေတဲ့အတွက် ခုခံတဲ့အနေအထားပဲ နေပါတော့မယ်တဲ့။ ဒါပေမယ့် အားလုံးလည်း နားလည်ပေးနိုင်ပါတယ်၊ သူအခုလိုလုပ်လိုက်လို့လည်း ဘယ်သူမှ သူ့ကို အပြစ်မတင်ကြပါဘူး။
ရန်ကိုင်ရဲ့ ကြောက်မခန်းလိလိ စွမ်းမိုးနိုင်စွမ်း ကြီးမားတဲ့ ခွန်အားအောက်မှာ ရန်ဝေခုခံမယ် ဆိုရင်တောင် ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ပါဘူး။
ရန်ကိုင်သာ ဆန္ဒရှိရင် ရန်ဝေကို တစ်ခဏအတွင်း အနိုင်ယူပြီး အမွေခံတိုက်ပွဲကို ပွဲဖြတ်ပစ်လိုက်လို့ ရပါတယ်။
Martial Peak
အပိုင်း(၅၃၂) နောက်တစ်ကြိမ် ထပ်အဆင့် ချိုးဖျက်သွားတာလား
ရန်ဝေကြေညာချက်က ကျင့်ကြံခြင်း လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တယ်။
ရန်ကျောင်းစံအိမ်ဆီမှ ဘာသတင်းမှ မကြားရပေမယ့် သူ့အခြေအနေက သုံးယောက်ထဲမှာ အဆိုးဆုံးဆိုတာကို အားလုံး သိကြပါတယ်။
ရှန်ချူနဲ့ နန်ရှန်းတို့ ရန်ကျောင်းရှေ့ အသတ်ခံရ ပြီးကတည်းက ရန်ကျောင်းရဲ့ အင်အားက တစ်ဝက်တိတိ ဆုတ်ယုတ်သွားခဲ့ပါတယ်။ အများစုက အမွေခံတိုက်ပွဲကနေ လုံးဝကို နှုတ်ထွက်သွားခဲ့ကြပါတယ်။ ထိုအင်အားစုတွေ အကုန်လုံး ရန်ကိုင်နဲ့ တိုက်ပွဲပြီးလို့ နာရီဝက်လောက် အကြာမှာပဲ ထွက်သွားခဲ့ကြတာပါ။
အခုအချိန်၌ ရန်ကျောင်းရဲ့ လက်ကျန် အင်အားစုတွေက မနေ့က တစ်ဝက်တောင် မရှိတော့ပါဘူး။ ရန်မိသားစု ရန်သခင်လေးတွေ လက်အောက်မှာ ရှိနေတဲ့ ကျင့်ကြံသူ အရေအတွက်နဲ့ ယှဉ်လိုက်ရင် ရန်ကျောင်းက အောက်ဆုံးသို့ ရောက်ရှိသွားခဲ့ပါပြီ။
ထို့ပြင် ရန်ကျောင်းရဲ့ လက်ရှိခွန်အားက ရန်ကိုင်နဲ့ နည်နးည်းလေးမှ မယှဉ်နိုင်ပါဘူး။
အဲ့နေ့ကစပြီး ရန်ကျောင်းက အသိစိတ်ကင်းမဲ့နေတဲ့ လူတစ်ယောက်ကို ငူငူငိုင်ငိုင် ဖြစ်နေတယ်လို့ ကောလဟာလတွေတောင် ထွက်နေပါသေးတယ်။
ရန်ကျောင်းစံအိမ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေလည်း တိုက်ခိုက်ချင်စိတ်တို့ ပျောက်နေခဲ့ကြတယ်။
အမွေခံတိုက်ပွဲက အရှိန်မြင့်လာပြီးမှ တစ်ဖက်သတ် တိုက်ပွဲကြီးတစ်ခုအဖြစ် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပါတယ်။
ရန်ဝေ ပြောခဲ့သလိုပဲ ဆက်တိုက်တာက ဘာအကျိုးမှ မရှိတော့ပါဘူး။ ကျန်တဲ့ ညီအစ်ကိုတွေ အားလုံး ရန်ကိုင်နဲ့ ရန်မိသားစု ခေါင်းဆောင်နေရာကို ဘယ်လိုမှ ယှဉ်မလု နိုင်တော့ပါဘူး။
ဗဧိုမြို့တော်မှာ ရှိနေတဲ့ လူအများစုက ရန်ကိုင်ဟာ ရန်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ရန်မိသားစုကို ခေတ်သစ်တစ်ခုစီသို့ ဦးဆောင်သွားမယ်လို့တောင် မှတ်ချက်တွေ ပေးနေခဲ့ကြပါတယ်။
ဒီရက်အတောအတွင်း၌ ရန်ကိုင်ရဲ့ စံအိမ်တွေက အသက်ဝင်ပျော်ရွှင်ဖွယ် ကောင်းနေခဲ့တယ်။ ဧည့်သည်တွေ ဆိုရင်လည်း မြစ်ရေပမာ သူတို့စံအိမ်ထဲ ဝင်လိုက်၊ ထွက်လိုက်ကို လုပ်နေခဲ့ကြပါတယ်။
ထိုလူတွေအားလုံးက နောက်ဆုံးအချိန် အခိုက်အတန့်၌ ရန်ကိုင်နဲ့ ဆက်ဆံရေး တည်ဆောက်နေချင်ကြတာပါ။
ထိုလူတွေက အမွေခံတိုက်ပွဲအတွင်း ဘာတိုက်ပွဲမှာမှ မပါဝင်ခဲ့ကြသလို အချို့ဆိုရင် ရန်ကိုင့် ရန်သူတွေလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် အမွေခံတိုက်ပွဲ နီးလာတော့ သူတို့လည်း အကျိုးအမြတ်အချို့ ရိတ်သိမ်းချင်တာပေါ့။
ရန်ကိုင်အနေနဲ့ သူ့ဆီ လာရောက်လည်ပတ်ခဲ့တဲ့ အင်အားစုတွေနဲ့ သဘောတူညီချက် တစ်ခုခုလုပ်ခဲ့ခဲ့၊ မလုပ်ခဲ့ခဲ့ အနည်းဆုံးတော့ သူတို့နဲ့ ရင်းနှီးအောင် လုပ်ရပါမယ်။
ဒါကြောင့် ရန်မိသားစု မိသားစုခေါင်းဆောင် ဖြစ်လာတဲ့ အခါ ကိစ္စတွေကို ဖြေရှင်းဖို့ သူ့အတွက် ပိုပြီး လွယ်ကူ သွားပါလိမ့်မယ်။
ဧည့်သည့်တွေ အကုန်လုံးက ရန်ကိုင်နဲ့တွေ့ပြီး စကားလေးဘာလေးများ ပြောနိုင်မလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ဆောင်များစွာကို သယ်လာခဲ့ကြပါတယ်။
အောင်သွယ်တော် လုပ်ချင်နေတဲ့လူတွေလည်း အများကြီး ရှိပါတယ်။ မိန်းမလှလေးတွေ မရှိတဲ့ ဘယ်အင်အားစုများ ရှိလို့လဲ။ ရန်ကိုင်က လူငယ်တစ်ယောက်၊ ဘယ်လိုလူငယ်ကများ မိန်းမလှလေးကို မကြိုက်လို့လဲ။ ဒါက ပြောင်းလဲလို့ မရတဲ့ အမှန်တရား တစ်ခုပါ။
ကံကောင်းသွားလို့ ရန်ကိုင်က အင်အားစုတွေထဲက တစ်ခုရဲ့ မိန်းကလေး တစ်ယောက်ကိုများ ကြိုက်နှစ်သက် သွားခဲ့ရင် သူမက ရန်မိသားစုဝင် တစ်ယောက် ဖြစ်လာမှာလေ။ အဲ့လိုမဖြစ်ချင်တဲ့ ဘယ်လိုအင်အားစုများ ရှိနေလို့လဲ။
ရန်ကိုင်ရဲ့ စံအိမ်က ဧည့်သည့်တွေနဲ့ ကြိတ်ကြိတ်တိုး နေခဲ့ပါတယ်။
ချူရီမန်လည်း အပြုံလိုက်ကြီး ရောက်ချလာမယ့် ဧည့်သည်တွေအတွက် ကြိုတင် ပြင်ဆင်ထားခြင်း မရှိခဲ့ပါဘူး။ ထို့ကြောင့် ဧည့်သည်တွေ အများကြီး ရောက်လာတဲ့အခါ သူမလည်း ပျာယာခတ်သွားခဲ့ရတယ်။ စာရွက်လှန်တာထက်တောင် မျက်နှာ အပြောင်းအလဲမြန်တဲ့ လူတွေကို သူမ အရမ်းမုန်းပါတယ်။
ဧည့်သည်တွေ အများကြီး ရောက်လာတာကို သတိပြု မိလိုက်တာနဲ့ ရန်ကိုင်က ရှိသမျှ တာဝန်အားလုံးကို ချူရီမန်ပေါ် ပုံအပ်ထားခဲ့တယ်။ ဘာကြောင့်မှန်းမသိပေမယ့် ရန်ကိုင် ပြောတာကို သူမ အလိုလို လိုက်နာမိနေခဲ့တယ်။
အင်အားစုများစွာက လက်ဆောင်ကိုယ်စီဖြင့် ရောက်လာခဲ့ပြီး ချူရီမန်လည်း သူတို့တွေကို ကိုယ်တိုင်ကိုယ်ကျ စံအိမ်ထဲ ဖိတ်ခေါ်ဧည့်ခံခဲ့ပါတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ စကားလေး နည်းနည်းပါးပါးပြော၊ လက်ဆောင်တွေကို လက်ခံ၊ ပြီးတာနဲ့ ပြန်လွှတ်လိုက်ပါတယ်။
ရန်ကိုင်နဲ့ အဆက်အသွယ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ လူတွေက စံအိမ်ကနေ ချက်ချင်း ပြန်မထွက်သွားချင်ကြပါဘူး။ ထို့ကြောင့် တံခါးပေါက်နား ပိတ်ရပ်နေပြီး ရန်ကိုင်နဲ့ စကားမပြောရပဲ ထွက်မသွားဖို့ ငြင်းဆန်နေခဲ့ကြတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ရန်ကိုင်စံအိမ်က အင်အားစု ၁၀၀ကျော်ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ များစွာသော အရင်းအမြစ်တွေကိုလည်း မယုံနိုင်စရာ အမြန်နှုန်းဖြင့် စုဆောင်းနိုင်ခဲ့ပါတယ်။
ချူရီမန် လုံးဝကို ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။
ချူမိသားစုရဲ့ ပထမသခင်မလေး ဖြစ်တာတောင် လက်ဆောင် ပမဏနဲ့ အရည်အသွေးကြောင့် ထိတ်လန့် သွားခဲ့ရပါတယ်။
ငါးရက်ကြာပြီးနောက် ရန်ကိုင် စံအိမ်လည်း တစ်ဖန် ပြန်လည်ငြိမ်းချမ်း သွားခဲ့တယ်။
ဟိုးစံအိမ်အတွင်းပိုင်းမှ ချီစွမ်းအင်တွေ လှုပ်ခတ် သွားတာကို စံအိမ်ထဲ ရှိနေသည့် ပညာရှင်အားလုံး ခံစားမိလိုက်တယ်။ အားလုံးရဲ့ အမူအရာ ပြောင်းလဲသွားခဲ့ပြီး စွမ်းအင် အရင်းအမြစ်ရှိရာနေရာဆီ လှမ်းကြည့်လိုက်ကြတယ်။
“ဘာတွေ ဖြစ်နေတာလဲ” ဟော်ရှင်းချန် အော်မေး လိုက်တယ်။ သူက ရတနာဂိုဏ်းက လက်နက်အသစ်ရယူပြီး ပြန်လာနေခဲ့တာပါ။ ထိုရလာတဲ့ လက်နက်ကို သန့်တောင် မသန့်စင်ရသေးခင်မှာပဲ ထွက်ပေါ်လာတဲ့ ချီစွမ်းအင် လှိုင်းကြောင့် အံ့အားသင့်သွားခဲ့ရတယ်။
“တစ်ယောက်ယောက်က နောက်တစ်ဆင့် ချိုးဖျက် သွာတာနဲ့တူတယ်” ချူရီမန် မျက်မှောင် ကြုံ့လိုက်ပြီး “တစ်ယောက်မကတဲ့ပုံပဲ”
“လူနှစ်ယောက်က တစ်ချိန်တည်းမှာ ချိုးဖျက် သွားတယ်လို့ ငါခံစားနေရလားလို့…” ဒေါင်ချင်းဟန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။ ထိုထွက်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေထဲ စွမ်းအင်နှစ်မျိုး ရောစပ်ပါဝင်နေခဲ့ပါတယ်၊ ထို့ကြောင့် လူတစ်ယောက်တည်း အဆင့်ချိုးဖျက်သွားတာ မဖြစ်နိုင်လောက်ပါဘူး။
“ဒါပေမယ့်… သခင်လေးကိုင်ရဲ့ အရှိန်အဝါကို ငါဘာလို့ ခံစားမိနေတာလဲ” ဟော်ရှင်းချန် နားမလည်ခဲ့ပါဘူး။ ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ချိုးဖျက်သွားခဲ့တာပါ။ သူ့အရည်အချင်းက ထူးချွန်ပြီး သူ့စွမ်းအင်ရည်က အံ့ဩဖို့ ကောင်းရင်တောင် ရက်နည်းနည်းလေးနဲ့ နောက်တစ်ဆင့်ကို ထိပ်ချိုးဖျက်ဖို့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား။
“သွားစစ်ဆေးကြည့်တာပေါ့” ချူရီမန်လည်း မစပ်စုပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ ထို့နောက် လူတစ်အုပ်ကို ဦးဆောင်ပြီး စွမ်းအင်လှိုင်း ထွက်ပေါ်လာတဲ့ နေရာဆီ သွားလိုက်တယ်။
ခဏလောက် လမ်းလျှောက်လိုက်ပြီးနောက် ချူရီမန်တို့ အဖွဲ့ ရှနင်းချန် အခန်းရှေ့ ရောက်ရှိလာခဲ့ပြီး အခန်းတံခါးကို ခေါက်ဖို့လုပ်နေတဲ့ အချိန်မှာပဲ တံခါးက ရုတ်တရက် ပွင့်သွားခဲ့တယ်။
ရန်ကိုင် ထွက်ပေါ်လာခဲ့ပြီး သူ့နောက်မှာတော့ အေးစက်စက် အလှလေး စုယန်ရှိနေခဲ့ပါတယ်။ သူတို့တွေ တည်ငြိမ်နေပေမယ့် ဘယ်သူမဆို သူတို့မျက်ဝန်းထဲက ကိန်းအောင်နေတဲ့ အပျော်နဲ့စိတ်လှုပ်ရှားမှုကို ခံစား နိုင်ပါတယ်။
“ဘာလဲ။ ငါ့အခန်းအပြင်ဘက်မှာ ဘာလို့ ဒီလောက် လူအများကြီး စုဝေးနေရတာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။
“ဘယ်သူ အဆင့်ချိုးဖျက်သွားတာလဲ” ချူရီမန်က အခန်းထဲ စပ်လိုစပ်စုစိတ်ဖြင့် စူးစမ်းကြည့်လိုက်ပေမယ့် ဘာမှ မမြင်တွေ့ခဲ့ရပါဘူး။ ကောင်းကင်စိတ်အာရုံကို သုံးပြီး ရန်ကိုင်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူမ မျက်နှာ အရောင်ပြောင်းသွားခဲ့ပြီး “နင်တကယ်ပဲ…”
ဒီအဖွဲ့သားတွေထဲ ချူရီမန်သာမက အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ ချိုးဖျက်ရောက်ရှိနေတဲ့ အခြား ကျင့်ကြံသူတွေ အများကြီး ရှိနေပါသေးတယ်။ ချူရီမန် လေသံပြောင်းလဲသွားတာကို သတိပြုမိလိုက်တာနဲ့ ကောင်းကင်စိတ်အာရုံကိုသုံးကာ ရန်ကိုင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်တယ်။
ရန်ကိုင်ဟာ အင်မော်တယ် တက်လှမ်းခြင်း ဒုတိယအဆင့်၌ ရှိနေခဲ့ပါပြီ။
ဒါဆိုရင် အစောပိုင်းတုန်းက ထွက်ပေါ်လာတဲ့ စွမ်းအင် လှိုင်းတွေက သူ့ကြောင့် ထွက်ပေါ်လာခဲ့တာပေါ့။
အားလုံး ထိတ်လန့်မှုကြောင့် မျက်လုံးအပြူးသား ဖြစ်သွားခဲ့တယ်၊ အကုန်လုံးကို မယုံကြည်နိုင်တဲ့ မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား တစ္ဆေသရဲတစ်ကောင်ကို ကြည့်သလို ငေးကြည့်နေခဲ့ကြတယ်။
“အဆင့်လေးတစ်ဆင့် ချိုးဖျက်သွားတာကို ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ” ရန်ကိုင်က မေးလိုက်တယ်။
“ရေးကြီးခွင်ကျယ်လား” ဟော်ရှင်းချန်က ပြန်အော်ပြောလိုက်တယ် “သခင်ကိုင်၊ ဘယ်အချိန်တုန်းက မင်းအဆင့်ချိုးဖျက်ခဲ့တယ် ဆိုတာကိုရော မှတ်မိသေးလား”
ဒီမေးခွန်းကို မသိတဲ့လူ ဘယ်သူရှိလို့လဲ။
ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်နေတုန်းက သူတို့တွေ အကုန်လုံးက ရန်ကိုင်ရှေ့ ရပ်တည်ပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အကြီးအကဲချုပ် ရှစ်ယောက်ကို အံတုခဲ့တာလေ။
သူအဆင့်ချိုးဖျက်သွားတာ တစ်ပတ်ပဲ ရှိပါသေးတယ်။
တစ်ပတ်ကြာပြီးနောက် ရန်ကိုင်က နောက်တစ်ဆင့်သို့ ထပ်မံချိုးဖျက်သွားခဲ့ပါတယ်။ ဒါကျင့်ကြံနှုန်းကို ပါရမီပါတယ်လို့ ပြောလို့မရတော့ပါဘူး၊ အရမ်းကို မွန်းစတား ဆန်လွန်းတယ်လို့ပဲ ပြောရပါတော့မယ်။
“သူနင်နဲ့အတူ ချိုးဖျက်သွားခဲ့တာလား” ချူရီမန်က မဲ့ပြုံးပြုံးရင်း စုယန်ဆီ လှမ်းကြည့်လိုက်တယ်။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်တယ်။ ဒီတစ်ကြိမ် အတူတူ လေ့ကျင့်ပြီးနောက် ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂သို့ ချိုးဖျက်သွားတဲ့အချိန် စုယန်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄သို့ ချိုးဖျက် သွားခဲ့ပါတယ်။ သူတို့ရဲ့ အခြေခံဆိုရင် ချက်ချင်းဆိုသလိုကို တည်ငြိမ်သွားခဲ့ပါတယ်။
စုယန်က ရန်ကိုင်ထက် ပိုပြီး အကျိုးအမြတ် များခဲ့ပါတယ်၊ ဘာလို့လဲ ဆိုတော့ ရန်ကိုင် အဆင့်ကြီး တစ်ဆင့် ချိုးဖျက်ထားခဲ့တာ ကြာမှမကြာသေးတာကိုး။
ဟော်ရှင်းချန်က စိတ်ဆင်းရဲနေတဲ့ အမူအရာနဲ့ ရုတ်တရက် ကောက်ပြောလိုက်တယ် “ဒီရက်အတွင်း မင်းက အခန်းထဲမှာပဲ ရှိနေတာဆိုတော့၊ မင်းတို့…”
သူ့စကားကို ဆုံးအောင် မပြောရသေးခင်မှာပဲ စုယန်ရဲ့ ရေခဲတမျှ အေးစက်သည့်အကြည့်က သူ့အပေါ် ရောက်ရှိ လာခဲ့တယ်။
ဟော်ရှင်းချန် စကားထစ်သွားခဲ့တယ်။ ဟော်ရှင်းချန်က မြင့်မြတ်ပြီး စိတ်ကြီးတဲ့ မိန်းမတွေကို တော်တော်လေး စိတ်ဝင်စားမိတယ် ဆိုပေမယ့် စုယန်နဲ့ ရင်ဆိုင်လိုက်ရင်း သူမကို အလိုလို ကြောက်မိနေခဲ့ပါတယ်။
ဒီမိန်းမက ပုံမှန်မဟုတ်ဘူး ဟော်ရှင်းချန် တွေးလိုက်တယ်။ လျူချင်းယောင်တောင် သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။
ဘာလို့လဲ မသိပေမယ့် သူတွေးတာ မှန်တယ်လို့ ဟော်ရှင်းချန် ခံစားမိလိုက်တယ်။
ပြီးတော့ ရန်ကိုင်ကို လေးစားတဲ့ မိန်းကလေးတွေကို လိုက်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး၊ ရန်ကိုင် မိန်ကလေးဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။
“မင်းတို့မှာ အရေးမပါတဲ့ မေးခွန်းတွေ မေးနေဖို့ အချိန်ရှိနေမှတော့ သွားပြန်လေ့ကျင့်ကြပေတော့” ရန်ကိုင်က ပြောလိုက်တယ်။ သူ့အဆင့်ချိုးဖျက်တာ အရမ်းကို မြန်သွားခဲ့တယ် ဆိုပေမယ့် ဒါက သူစုဆောင်း လာခဲ့တဲ့ အတွေးအကြုံတွေကြောင့်ပါ၊ ထို့ကြောင့် အဆင့်ကြီး တစ်ဆင့် ချိုးဖျက်ပြီးသွားတာနဲ့ မကြာခင်မှာပဲ အဆင့်သေးတစ်ဆင့် ထပ်မံ ချိုးဖျက်သွားခဲ့တာပါ။
အားလုံး ရှက်သွားခဲ့တယ်၊ ချက်ချင်းပဲ သူတို့နေထိုင်ရာ နေရာဆီ ပြန်သွားလိုက်ကြတယ်။ အကုန်လုံးက သူတို့ရဲ့ ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး စတင် စိတ်ပူစပြုလာကြပါပြီ။
ချူရီမန်လည်း ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့တယ်။ ကျင့်ကြံချင်ပေမယ့် အားလုံးက အခုလိုမျိုး ရှုပ်ထွေးနေတာ ဖြစ်တဲ့အတွက် သူမမှာ အချိန်မရှိ ဖြစ်နေခဲ့တယ်။
“သခင်ငယ်လေး၊ ကျုပ်ပြောစရာလေးရှိလို့” ရှန်ထန်းရှောင်က ထွက်မသွားခဲ့ပြီး ရန်ကိုင်ကို လေးလေးနက်နက်နဲ့ စိုက်ကြည့်ပြီး ပြောလိုက်တယ်။
တိုက်ပွဲပြီးကတည်းက ရှန်ထန်းရှောင်က ရန်ကိုင်နဲ့ စကားပြောဖို့ အခွင့်အရေးရှာနေခဲ့တာပါ။ ဒါပေမယ့် ရန်ကိုင်က အမြဲလိုလို အလုပ်ရှုပ်နေတာ ဖြစ်တဲ့အတွက် စကားပြောဖို့ အခွင့်အရေးမရ ဖြစ်နေခဲ့ရပါတယ်။
ရှန်ထန်းရှောင်ဆီ လှည့်ကြည့်လိုက်ပြီး ရန်ကိုင် ခေါင်းညိတ်ပြလိုက်တယ်။
“ငါဂျူနီယာညီမလေးရှကို သွားရှာလိုက်ဦးမယ်” ပြောပြီးတာနဲ့ စုယန် လှည့်ထွက်သွားလိုက်တယ်။ ရန်ကိုင့် ကိစ္စတွေမှာ သူမဝင်မရှုပ်ချင်ပါဘူး။
ရန်ကိုင်၊ ချူရီမန်နဲ့ ရှန်ထန်းရှောင်တို့ သုံးယောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။
သူတို့ကြားက လေထုက တင်းကြပ်လာခဲ့တယ်။ ရှန်ထန်းရှောင် ဘာပြောချင်နေလဲ နားလည်လိုက်တာနဲ့ ချူရီမန်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “သခင်လေးရှန်၊ နင်ပြောမယ့်ဟာ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ ပြောရင်ကောင်းမယ်လို့ ငါအကြံပေးချင်တယ်”
ရှန်ထန်းရှောင်က ဘာအမူအရာမှ မပြပဲ အသာအယာလေးသာ ခေါင်းညိတ်ပြလိုက်တယ်။
“ပြောလေ၊ ဘာကိစ္စလဲ” ရန်ကိုင်က ရှန်ထန်းရှောင်ကို ကြည့်ပြီး မေးလိုက်တယ်။
ရှန်ထန်းရှောင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး လိုရင်းတိုရှင်းပဲ ပြောလိုက်တယ် “အမွေခံတိုက်ပွဲကနေ ကျုပ်နှုတ်ထွက်ချင်တယ်”
ချူရီမန် အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်တယ်။ ရှန်ထန်းရှောင်ကို သတိပေးခဲ့ပေမယ့် သူက မရရအောင်ကို လုပ်သွားခဲ့ပါတယ်။ ချူရီမန်လည်း သူ့အတွက် အနည်းငယ် ဝမ်းနည်းသွားမိခဲ့တယ်။
“မင်းသေချာ ဆုံးဖြတ်ပြီးသွားပြီလား” ရန်ကိုင် အံ့အားသင့်မသွားခဲ့ပါဘူး။ အစကတည်းက ဒီလို ဖြစ်လာမယ်မှန်း အစောကြီးကတည်း ကြိုသိထားတဲ့ ပုံပါပဲ။
“အင်း”
“မင်းက သေချာဆုံးဖြတ်ပြီးသွားမှတော့… အဆင်ပြေသွားပြီပေါ့၊ မင်းသွားလို့ရပြီ” ရန်ကိုင်လည်း စကားအများကြီး မပြောခဲ့ပါဘူး။
ချူရီမန် ထိတ်လန့်တုန်လှုပ် ကြက်သေသသွားခဲ့ပြီး “ရန်ကိုင်”
ရန်ကိုင်က ချူရီမန်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုး လေသံနဲ့ ပြောလိုက်တယ် “ငါက သူ့အစ်ကိုကြီး သတ်ခဲ့တာ။ သူသာ ငါ့စံအိမ်မှာ ဆက်နေရင် သူ့အကြောင်း မကောင်းသတင်းတွေ ထွက်လာလိမ့်မယ်။ ဒါကြောင့် သူငါ့စံအိမ်ကနေ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံးပဲ”
ရှန်ထန်းရှောင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို ကျေးဇူးတင်တင်နဲ့ ကြည့်လိုက်တယ်။
ညီအစ်ကိုနှစ်ယောက်ကြားက တိုက်ပွဲက ဖုံးကွယ်ထားခြင်း မရှိတဲ့ လျှို့ဝှက်ချက် တစ်ခုပါ။ ရှန်ချူက သူ့အစ်ကိုကြီး ဖြစ်ပေမယ့် ရှန်ချူက သူ့ကို သုတ်သင် ဖယ်ရှားဖို့ အမြဲတစေ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့တွေက ညီအစ်ကိုတွေ ဖြစ်နေကြတုန်းပါပဲလေ။
ရှန်ချူက ရန်ကိုင်လက်ထဲမှာ သေသွားခဲ့တာ ဖြစ်တဲ့ အတွက် သူသာ ရန်ကိုင်စံအိမ်ဆက်နေရင် အများ အတင်းပြောစရာ ဖြစ်ကုန်မှာပါ။ ရန်ကိုင်စံအိမ်မှာ ရှိနေတဲ့ လူတွေက သူဆက်နေရတဲ့ အကြောင်းပြချက်ကို နားလည် ရင်တောင် လူတိုင်းနားလည်နိုင်မှာ မို့လို့လား။ ဒီလောကကြီးမှာ လူအများကြီး ရှိနေတာလေ၊ အကုန်လုံးက သူ့အကြောင်းပြချက်ကို လက်ခံနားလည် နိုင်မှာလား။
ရန်ကိုင်ပြောတာကိုနားထောင်ပြီး ချူရီမန် အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ကာ ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။
အခြားလူတွေက ရန်ကိုင် မဟာမိတ်ဖြစ်ဖို့အတွက် အသည်းအသန် ကြိုးစားနေခဲ့ကြတာပါ၊ ဒါပေမယ့် ထိုအခွင့်အရေးကို သူတို့လုံးဝ မရနိုင်ခဲ့ပါဘူး၊ ရကို မရနိုင်တာပါ။
အမွေခံတိုက်ပွဲ ပြီးတော့မယ့် အချိန်မှာပဲ ရှန်ထန်းရှောင်က ထွက်ခွါဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ဒီရွေးချယ်မှုက ယုတ္တိမတန်မှန်း တန်းသိနိုင်ပါတယ်။
ဒါပေမယ့် ရှန်ထန်းရှောင်မှာလည်း ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိနေမှန်း ရန်ကိုင် သိပါတယ်။ သူက အကျိုးအမြတ်ကို ကြည့်ပြီး အလုပ်လုပ်တတ်တဲ့ လူမဟုတ်ပါဘူး။
သူသာ ဒီလိုမျိုး လူတစ်ယောက် ဆိုရင် ရန်ကိုင် အခြေအနေ အောက်ဆုံးမှာ ရောက်နေတုန်းက သူ့ဆီ ရောက်လာခဲ့မှာ မဟုတ်ပါဘူး။ သူခေါ်လာတဲ့ လူအရေအတွက်က နည်းသလို သူ့ရဲ့ ခွန်အားကလည်း မမြင့်လှပါဘူး။ ဒါပေမယ့် တိုက်ပွဲ စရင်တော့ သူတို့ဘက်က အကောင်းဆုံး အားစိုက်ထုတ် တိုက်ခိုက်ပေးကြပါတယ်။
“ကူညီပေးခဲ့တဲ့ ဒီနှစ်ဝက်အတွက် ကျေးဇူးပဲ” ရန်ကိုင်က ရှန်ထန်းရှောင်ကို ပြောလိုက်တယ်။
အမြဲလိုလို ရုပ်တည်ကြီးနဲ့ နေနေတတ်တဲ့ ရှန်ထန်းရှောင်က အသာအယာလေး ပြုံးကာ ပြန်ပြောလိုက်တယ် “ဒီနှစ်ဝက်အတွင်း ဂရုစိုက်ပေးခဲ့လို့ သခင်လေးကိုင်ကို ကျေးဇူးတင်ပါတယ်”
ဆေးဖော်စပ်ခန်းက ဆေးလုံးတွေ၊ ရတနာဂိုဏ်းက သန့်စင်ပေးတဲ့ လက်နက်တွေကြောင့် ရှန်မိသားစုက လူတွေရဲ့ ခွန်အားက အတိုင်းအတာ တစ်ခုအထိ မြင့်တက် လာခဲ့ပါပြီ။
အပြုံးက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက် မျက်နှာထားက ပြန်လည် အစားထိုး နေရာယူလာခဲ့တယ်။ ရှန်ထန်းရှောင်က လေသံတိုးတိုးနဲ့ ပြောလိုက်တယ် “သခင်လေး၊ ကျုပ်တို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ၊ ရန်သူတွေ ဖြစ်နေကြလိမ့်မယ်၊ အဲ့အချိန်ကျ ကျုပ်က သခင်လေးရဲ့ နောက်လိုက် ဖြစ်နေတော့မှာ မဟုတ်တော့ဘူး… နှုတ်ဆက်ပါတယ်”
“ငါမင်းကို လိုက်ပို့ပေးမယ်”
Martial Peak
အပိုင်း(၅၃၃) နင်အသွေးအသားတွေ အကုန်လုံးကို ဝါးမြိုမသွားစေနဲ့
စံအိမ်အပြင်ဘက်၌ ရှန်ထန်းရှောင်က သူ့မိသားစုက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ရန်ကိုင်နဲ့ ချူရီမန်ကို နှုတ်ဆက်ပြီး ထွက်သွားခဲ့ကြတယ်။
နေဝင်သွားခဲ့လေပြီ… ရှန်မိသားစုရဲ့ သခင်လေးက ခါးကိုကော့၊ ခေါင်းကိုမော့ရင်း ခြေလှမ်းခပ်ကျဲကျဲ လှမ်းကာ ခရီးဆက်နေခဲ့တယ်။
သူလုပ်ခဲ့တာနဲ့ ပက်သက်ပြီး ဘာမှ ရှက်စရာ မလိုပါဘူး။
သူ့နောက်မှာတော့ ဆယ်ယောက် မပြည့်တဲ့ လူတွေ ရှိနေခဲ့တယ်။
ရန်ကိုင်စံအိမ်ကို လာတုန်းက အထောက်အပံ့ ပစ္စည်းတွေနဲ့အတူ လူနှစ်ဆယ်ကျော်လောက်ကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ရပြီးနောက် ဒီလောက်ပဲ ကျန်ရစ်ပါတော့တယ်။
ကျန်တဲ့လူတွေ အားလုံး ရန်ကိုင် အောင်မြင်မှု ရနိုင်ဖို့အတွက် တိုက်ပွဲဝင်ရင်း သူတို့အသက်ကို စွန့်လွှတ် လိုက်ကြရပါတယ်။
ကျန်ရှိနေတဲ့ ရှန်မိသားစုဝင်တွေ ပျောက်ကွယ် သွားတော့မှပဲ ရန်ကိုင် အကြည့်ပြန်ရုတ်လိုက်တယ်။
ရှန်မိသားစုလူတွေအနက် ရှန်ထန်းရှောင် တစ်ယောက်ကိုပဲ သူသိပါတယ်။ ကျန်တဲ့လူတွေနဲ့က စကားသိပ်မပြောဖြစ်တော့ နာမည်မသိတာ မဆန်းပါဘူး။ ဒါပေမယ့် ထိုလူတွေကိုလည်း သူကျေးဇူးတင်ပါတယ်။
ရှန်မိသားစုကိုရော၊ သူ့စံအိမ်ထဲမှာ ရှိနေတဲ့ လူအားလုံးကိုပါ ရန်ကိုင် ကျေးဇူးလည်းတင်သလို လေးလည်း လေးစားပါတယ်။ သူတို့သာ သူ့ကို လာမကူညီခဲ့ရင် အခုအချိန်လောက်ဆို သူအမွေခံတိုက်ပွဲကနေ ထွက်ရလောက်ပါပြီ။ သူ့ရဲ့ သန်မာလှပါပေ့ ဆိုတဲ့ ကိုယ်ပိုင်ခွန်အားနဲ့တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။
ချူရီမန်လည်း စိတ်လေးလံသွားခဲ့တယ်။
ဒါက ရန်ကိုင်စံအိမ်ကနေ ပထမဆုံး ထွက်သွားခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ၊ မုန်းလို့လည်း မဟုတ်သလို အကျိုးအမြတ် အတွက် ငြင်းခုံကြလို့လည်း မဟုတ်ပါဘူး၊ ဂုဏ်သိက္ခာနဲ့ မိသားစုဆီက အမိန့်ကြောင့်ပါ။
“ရှန်မိသားစုက ရှန်ထန်းရှောင်ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီး တိုးတက်လာလိမ့်မယ်” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ပြောလိုက်တယ်။
အနည်းဆုံးတော့ သူက ရှန်ချူထက် ပိုပြီး အားကိုးလို့ ရပါတယ်။ ရှန်ထန်းရှောင်သာ ရှန်မိသားစုကို ဦးဆောင် ခဲ့ရင် ရှန်မိသားစုနဲ့ သူ့ကြား ရန်ငြိုးတွေကို ပြေအေးပေးလိုက်လို့ ကိစ္စမရှိပါဘူး။
ချူရီမန်က သူမဆံပင်ကို နားသယ်နောက် အသာအယာလေး သပ်တင်လိုက်ပြီး တခစ်ခစ် ရယ်မော လိုက်ရင်း “တစ်နည်းပြောရရင် ရှန်မိသားစုက နင့်အပေါ် အကြွေးတင်သွားတာပေါ့”
“ကံမကောင်းစွာနဲ့ ရှန်မိသားစုက ငါ့ကူညီမှုကို ကျေးဇူးတင်မှာ မဟုတ်ဘူး” ရန်ကိုင်က သူ့ကိုယ်သူ လှောင်ရယ်လိုက်ပြီး “အထဲပြန်သွားကြရအောင်”
ဒါပေမယ့် ရန်ကိုင် လှည့်လိုက်ပြီး စံအိမ်ထဲ ခြေတစ်လှမ်း လှမ်းလိုက်ရုံပဲ ရှိသေး၊ သူ့မျက်နှာအမူအရာ အေးစက်သွားခဲ့ပြီး ဘာမှမရှိတဲ့ လေထုကို လှမ်းဖမ်းကိုင် လိုက်တယ်။
သူ့လက်က ဘာမှမရှိတဲ့ လေဟာနယ်ထဲကို မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းပမာ ဖြတ်သန်းသွားခဲ့တယ်။
အလန့်တကြား အော်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ချူရီမန်လည်း အသံထွက်ပေါ်လာရာ နေရာဆီ မျက်မှောင်ကြုံ့ကာ လှမ်းကြည့်လိုက်တယ်။
သူတို့နဲ့ မီတာဒါဇင် အဝေးမှာတော့ အနက်ရောင် အဝတ်အစားတွေ ကိုယ်အပြည့် ခြုံထားတဲ့ ပုံရိပ်တစ်ခုက လေထဲဝဲနေခဲ့တယ်။ ထိုပုံရိပ်ရဲ့ လည်ပင်းကို မမြင်နိုင်တဲ့ လက်တစ်ဖက်က ဆုပ်ကိုင်ထားသည့်အလား သူ့ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့တယ်။ ရန်ကိုင် လက်ကနေ လွတ်မြောက်အောင် ရုန်းကနေရင်း ခြေထောက် နှစ်ဖက်ကလည်း ဘာမှမရှိတဲ့ လေထဲဆီ ရှေ့နောက် အဆက်မပြတ် ကန်ကျောက်နေခဲ့တယ်။
“ဟန်” ချူရီမန် ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။ ထိုလူရဲ့ အသံကို သူမရင်းနှီးနေသလိုပါပဲ။ ဒါပေမယ့် အနက်ရောင်ဝတ်ရုံဝတ်လူရဲ့ မျက်နှာကို မမြင်ရတဲ့ အတွက် ထိုလူဘယ်သူလဲ ဆိုတာကို သူမ မပြောနိုင် ဖြစ်နေခဲ့တယ်။
ရန်ကိုင် အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး အစစ်အမှန်ချီလှိုင်း တစ်ခုကို ပစ်လွှတ်လိုက်ကာ အနက်ရောင် ဝတ်ရုံဝတ် လူရိပ်ရဲ့ ခေါင်းအကာအကို ဖယ်ရှားလိုက်တယ်။
သူမမျက်နှာ အစစ်အမှန်ကို မြင်တွေ့လိုက်ရပြီးနောက် ရန်ကိုင်ရဲ့ အေးစက်စက်အကြည့်က ပိုပြီး စူးရဲသွားခဲ့တယ်။
ချူရီမန်ကတော့ စိတ်သက်သာရာ ရသွားတဲ့ ပုံစံနဲ့ သူမရှေ့ရှိ ရုန်းကန်နေတဲ့ မိန်းကလေးကို တည်တည်ငြိမ်ငြိမ်နဲ့ ရပ်ကြည့်နေရင်း တခစ်ခစ် ရယ်မောကာ ပြောလိုက်တယ် “နင်ပဲ”
“ငါ့ကို လွှတ်ပေးလို့ မရဘူးလား” ထိုမိန်းကလေးက နှုတ်ခမ်းလေးကို ကိုက်ရင်း ချူရီမန်ရဲ့ လှောင်ရယ်သံကို လျစ်လျူရှုကာ ရန်ကိုင်ကို ကြည့်ပြီး ပြောလိုက်တယ်။ သူမ မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲရဲနီနေခဲ့ပြီး သူမရဲ့ ရင်အစုံ ကလည်း ပင်လယ်လှိုင်းလုံးတွေပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့တယ်။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ချက်ချင်းကြီး ဘာဆက်လုပ်ရမယ်မှန်း မသိဖြစ်သွားခဲ့တယ်။ တစ်ယောက်ယောက် သူ့နား ပုန်းကွယ် ချဉ်းကပ် လာနေတာကို သတိပြုမိလိုက်လို့ နှုတ်ဆက်စကားတောင် မဆိုပဲ ချက်ချင်း တိုက်ခိုက်လိုက်တာပါ။
တစ်ခဏလောက် စဉ်းစာလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး တစ်ဖက်လူကို လွှတ်ပေးလိုက်တယ်။ ရန်ကိုင်က ရုတ်တရက်ကြီး လွှတ်ချပေးလိုက်တော့ ထိုမိန်းမမှာ ခြေကားယား၊ လက်ကားယားဖြင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ပါတယ်။ ရန်ကိုင်ကို ဒေါသတကြီး စူးစူးဝါးဝါး စိုက်ကြည့်လိုက်ရင်း ကြမ်းပြင်ပေါ်ကနေ ကုန်းထလိုက်တယ်။
သူမအကြည့်တဲ့ အမုန်းတရားတို့ ဖြတ်ပြေးသွား ခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ဖုံးကွယ်ထားလိုက်ပါတယ်။
သူမကို ဘယ်သူကမှ အခုလိုမျိုး မဆက်ဆံ ခဲ့ဖူးပါဘူး။
“သခင်မလေးရီ” ချူရီမန်က ကြိတ်ရယ်လိုက်ပြီး ရန်ကိုင်ဘေး ဂုဏ်ယူဝံ့ကြွားစွာဖြင့် မတ်တပ်ရပ်နေရင်း ရိသဲ့သဲ့နဲ့ မေးလိုက်တယ် “နင်က ဒုတိယသခင်လေးကို ပြုစုရင်း သာယာပျော်ရွှင်ဖွယ် ဘဝကြီးထဲမှာ နေနေတာ မဟုတ်ဘူးလား။ ဘာအကြောင်းရှိလို့ ဒီကို ပေါက်ချ လာရတာပါလဲ”
ချူရီမန် စကားအသွားအလာထဲက လှောင်ပြောင်သည့် အရိပ်အယောင်တို့ကို သတိပြုမိလိုက်တာနဲ့ သူမစိတ်ထဲ မကျေနပ်ပေမယ့် မျက်နှာထက်တော့ နည်းနည်းလေးမှ မထုတ်ဖော်ပြခဲ့ပါဘူး။ တောက်ပစွာ ပြန်ပြုံးပြ လိုက်ပြီး “အစ်မချူ ဘာပြောနေတာလဲ ဆိုတာကို ကျွန်မ နားမလည်ဘူး။ ကျွန်မက ဒုတိယသခင်လေးရဲ့ မဟာမိတ် တစ်ယောက်ပဲလေ။ ဘာလို့ သူ့ကို ပြုစုစောင့်ရှောက် ပေးရမှာလဲ။ ဒီလို ကိစ္စတွေကို အိမ်အစေခံတွေကပဲ တာဝန်ယူရတာလေ။ ကျွန်မကိုယ်တိုင် ဝင်ရှုပ်စရာမှ မလိုတာ”
“တကယ်ကြီးလား” ချူရီမန်က အံ့အားသင့်သွားတဲ့ အမူအရာလေးနဲ့ ဆက်ပြောလိုက်တယ် “ဒုတိယသခင်လေးနဲ့ မဟာမိတ်ဖွဲ့ကတည်းက ညီမရီက ဒုတိယသခင်လေးနဲ့ တပူးတွဲတွဲ ဖြစ်နေတယ်လို့ ငါဘာလို့ ကြားခဲ့ရတာလဲ။ ညီမရီရဲ့ လက်ထပ်ရက်ကို ပြောဖို့အချိန်တန်ပြီလို့တောင် အစ်မတွေးနေတာ”
ရီရှင်းရို့ မျက်နှာထက်က အပြုံးက တစ်ခဏလေးတောင် ပျောက်ကွယ်သွားခြင်း မရှိပဲ ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “အစ်မချူ မှားနေတာပဲ ဖြစ်ရမယ်။ ဂျူနီယာညီမက ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လိုလုပ်ပြီး ဖြစ်သလို ဆုံးဖြတ်ရမှာလဲ။ အစ်မချူက ငယ်တော့တာလည်း မဟုတ်ဘူး။ အစ်မအနေနဲ့ မှီခိုဖို့ လူတစ်ယောက်လောက်ကို ရှာသင့်ပြီနော်။ အစ်မသာ စိတ်ဝင်စားရင် ဒုတိယသခင်လေးနဲ့ အစ်မကို ညီမ အောင်သွယ်တော် လုပ်ပေးလို့ ရတယ်။ ဒုတိယ သခင်လေးက အခုလောလောဆယ် စိတ်ဓါတ်ကျနေတာ။ သူသာ ဒီလို သတင်းကောင်းကို ကြားလိုက်ရတာနဲ့ သူကျိန်းသေ စိတ်ကျေနပ်သွားမယ်လို့ ညီမ အာမခံရဲတယ်”
“မလိုပါဘူး” ချူရီမန်က ချိုသာစွာ ရယ်မောလိုက်ပြီး ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ကာ “လက်ထပ်ဖို့အတွက် ရွေးထားတဲ့လူ ရှိပြီးသား”
ချူရီမန်လည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တယ်။ ချူရီမန်အနေနဲ့ ဒီလောက်ရဲတင်းတဲ့ စကားကို ထုတ်ပြောလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ရန်ကိုင်ရှေ့မှာတောင် သူမအချစ်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံရဲပါတယ်။ တစ်ခဏကြာတော့မှ သူမ အသိပြန်ဝင်လာ နိုင်ခဲ့တယ်။ ချက်ချင်းပဲ လေးစားအားကျတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ် “အစ်မချူက တကယ်ကို ပုံမှန် မဟုတ်ဘူးပဲ။ ညီမက အရှက်သည်းတော့ ဒီလိုစကားမျိုး မပြောရဲဘူး”
ချူရီမန်က ချိုသာစွာပြုံးရင်း ရီရှင်းရို့ကို နွေးထွေးစွာဖြင့် စိုက်ကြည့်နေခဲ့တယ်။ တစ်ယောက်မျက်လုံး တစ်ယောက် စိုက်ကြည့်နေရင်း နှစ်ယောက်သားကြား မီးစတို့ ပွင့်ထွက်လာခဲ့တယ်။
စံအိမ်ဝင်ပေါက်၌ ဘယ်အင်အားစုကမှန်းမသိတဲ့ အစောင့် နှစ်ယောက် သူမတို့ ပြောနေတာကို အကုန် ကြားနေခဲ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အစ်မကြီး၊ ညီမလေးလို့ ခေါင်းစဉ်တပ်နေခဲ့ကြကာ သူတို့ရဲ့ လေသံတွေကလည်း အရမ်းကို နွေးထွေးသိမ်မွေ့ လှပါတယ်။ မသိရင် နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခင်ကြတဲ့ ညီအစ်မတွေလို့တောင် ထင်မှတ်သွားရ နိုင်ပါတယ်။ ဒါပေမယ့် သူမတို့ ဘယ်လိုပဲ နွေးထွေးကြင်နာတဲ့ စကားတွေ ပြောနေပါစေ၊ နှစ်ယောက် စလုံးက တစ်ယောက်နဲ့တစ်ယောက် ဓါးနဲ့ချိန်ရွယ်နေကြ တယ်လို့ အစောင့်နှစ်ယောက်စလုံး ခံစားလိုက်ရကာ သူတို့ နဖူးထက်မှ ချွေးအေးတို့ စီးကျလာခဲ့တယ်။
“ပြောစရာရှိရင်၊ ပြော၊ နင်တို့နှစ်ယောက် ကိုက်နေတာကို နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး” ရန်ကိုင်က သူမတို့ နှစ်ယောက် ကိုက်နေတာကို ကြည့်ရင်း စိတ်မရှည်ဖြစ်လာတဲ့အတွက် ချက်ချင်းပဲ ကြားဖြတ် ပြောလိုက်တယ်။ သူ့မှာ လုပ်စရာတွေ ရှိပါသေးတယ်၊ ဒီမှာ အချိန်ဖြုန်းမနေချင်ပါဘူး။
“သခင်လေးငယ်လေးက အရမ်းအေးစက်တာပဲ” ရီရှင်းရို့က မကျေမနပ်နဲ့ နှုတ်ခမ်းဆူလိုက်ပြီး “အို၊ ကောင်းပြီလေ။ ကျွန်မဒီရောက်လာမှတော့ ပြောစရာ ရှိတာကို ပြောရမှာပေါ့”
ရန်ကိုင်က ပြောင်းလဲသွားခြင်း မရှိတဲ့ အမူအရာနဲ့သာ သူမကို စိုက်ကြည့်နေခဲ့တယ်။
ရန်ကိုင်ရဲ့ သဘောထားကို မြင်တွေ့လိုက်တာနဲ့ ရီရှင်းရို့ မျက်မှောင်ကြုံ့သွားခဲ့ပြီး “သခင်ငယ်လေးက ကျွန်မကို ဒီမှာပဲ ပြောစေချင်တာတော့ မဟုတ်ပါဘူးနော်”
“ဒီမှာပြောလို့ အဆင်မပြေလို့လား”
“ဒီမှာပြောလို့ ဘယ်အဆင်ပြေပါ့မလဲ” ရီရှင်းရို့ အမူအရာ သုန်မှုန်သွားခဲ့တယ်။ အခု သူမက ခိုးထွက်လာခဲ့တာပါ။ သူမက ရန်ကိုင်နဲ့ ဆက်သွယ်နေတဲ့ သတင်းသာ ပေါက်ကြားသွားခဲ့ရင် သူမဂုဏ်သတင်း ပျက်စီးသွားနိုင်ပါတယ်။
တကယ်တော့ အခုလက်ရှိ၌ သူမက ရန်ကျောင်းရဲ့ မဟာမိတ်လေ။
ချူရီမန်လည်း ဒါကိုပဲ စိုးရိမ်နေတာပါ။ ခြေဖျားလေး ထောက်ပြီး ရန်ကိုင်နားနား တိုးတိုးလေး ကပ်ပြောလိုက်တယ်။
သူရီရှင်းရို့နဲ့ တွေ့နေတဲ့ သတင်းပြန့်သွားခဲ့ရင် လူတွေက မဟုတ်တဲ့ အကြောင်းအရာတွေကို ဇာချဲ့ပြောနေမှာကို သူမစိုးရိမ်နေတာပါ။ ဒီသတင်းသာ အပြင်ကို ပြန့်သွားခဲ့ရင် ရီရှင်းရို့အတွက် မကောင်းရုံမက ရန်ကိုင်ရဲ့ ဂုဏ်သတင်းကိုပါ စွန်းထင်းသွားစေနိုင်ပါတယ်။
ချူရီမန်ပြောတာကို နားထောင်ပြီးနောက် ဆန္ဒမရှိ ရင်တောင် သူ့ဘက်က လက်ခံရုံပဲ တတ်နိုင်ပါတော့တယ် “အထဲသွားပြောကြတာပေါ့”
သူပြောပြီးသွားတာနဲ့ ရီရှင်းရို့က ခပ်မြန်မြန်ပဲ အထဲကို ပျံသန်းသွားလိုက်တယ်။ ရန်ကိုင် နားကနေ ဖြတ်သွားတဲ့ အခိုက် ကလူညူတူတူ လုပ်သွားရင်း တခစ်ခစ်နဲ့ ရယ်မောသွားခဲ့တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်အမူအရာ ထူးဆန်းသွားခဲ့တယ်။ ဒီရီရှင်းရို့ သူထင်ထားတာနဲ့ လုံးဝကို တစ်ခြားစီ ဖြစ်နေခဲ့ပါတယ်။
“သူမက ဘာမှမသိ၊ ရိုးသားတဲ့ မိန်းကလေး တစ်ယောက်လို့ ထင်နေတာလား” ချူရီမန်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“ငါအဲ့လို ထင်နေခဲ့တာ” ရန်ကိုင် ခေါင်းညိတ်ပြ လိုက်တယ်။ ရီရှင်းရို့ရဲ့ ဂုဏ်သတင်း၊ သူမရဲ့ ရုပ်ရည် အသွင်အပြင်၊ သူမနဲ့ တစ်ခဏတာ ဆက်ဆံခဲ့ဖူးတာ အားလုံးကို ပေါင်းစပ်ခြုံငုံ ကြည့်လိုက်ပြီးနောက် ရီရှင်းရို့က သူ့ပြိုင်ဘက်ဖြစ်ပေမယ့် သူမက ဆိုးတဲ့လူတစ်ယောက် မဟုတ်ဘူးလို့ သူထင်နေခဲ့တာပါ။
ဒါပေမယ့် အခုတော့ သူ့ထင်တာ မှားသွားခဲ့တဲ့ ပုံပါပဲ။
“ဟန့်၊ သတိထားဦး၊ နင့်ရဲ့ အသွေးအသားတွေကို ဝါးမြိုသွားဦးမယ်” ချူရီမန်က အောက်သိုးသိုး မျက်နှာထားနဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“ငါဘယ်လိုလူလို့ နင်ထင်နေလို့လဲ” ရန်ကိုင်က မထူးခြားနားဟန်ဖြင့် ချူရီမန်ကို ပြန်ကြည့်ကာ ပြောလိုက်တယ်။
ထိုအကြည့်ကို တွေ့လိုက်တာနဲ့ ချူရီမန်က ပြုံးရွှင်စွာဖြင့် ရယ်မောလိုက်တယ်၊ စိုးရိမ်စရာ မရှိတာကို သွားစိုးရိမ်နေတဲ့ပုံပါပဲ။
ရန်ကိုင်သာ ဟော်ရှင်းချန်လိုဆိုရင် ရီရှင်းရို့ရဲ့ ညို့ကွင်းထဲ ကျသွားမှာကို စိုးရိမ်ဖို့လိုပါလိမ့်မယ်။ ဒါပေမယ့် ရန်ကိုင်က တစ်ခါတစ်ရံ မုန်းဖို့ကောင်းပေမယ့် သူက သူ့စည်းသူ့ကမ်းနဲ့ နေတဲ့လူတစ်ယောက် ဖြစ်နေတုန်းပါပဲ။
သူမသာ ရန်ကိုင်ကို အသည်းအသန် လိုက်ဖို့ ကြိုးစားမယ် ဆိုရင် ရန်ကိုင် သူမကို ငြင်းဆိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရီရှင်းရို့လား… သူမမှာ အဲ့လို အရည်အချင်းမျိုး မရှိပါဘူး။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ သူမကိုယ်သူမ ပိုပြီးမြင့်မြတ်သွားသလို ချူရီမန် ခံစားလိုက်ရတယ်။
စံအိမ်ထဲ လမ်းလျှောက် ဝင်သွားပြီးနောက် တိတ်ဆိတ်တဲ့ အခန်းတစ်ခု အပြင်ဘက်ရောက်တာနဲ့ ချူရီမန်က သွားနေတာကို ရပ်တန့်လိုက်ပြီး လှောင်ပြောင် လိုက်တယ် “သူ့ကို နင်ဘာသာပဲ စကားပြောလိုက်တယ်။ ငါသာ လိုက်ဝင်သွားရင် နှစ်ယောက်သား ထပ်ပြီး စကားများနေရဦးမယ်။ ဒါကြောင့် ငါမရှိတာ အကောင်းဆုံးပဲ”
ရန်ကိုင် အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ အပြင်မှာ တစ်ကြိမ် ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ချူရီမန် အမှန်ကို ပြောနေမှန်း သူသိပါတယ်။
နှစ်ယောက်စလုံးက မိသားစုကြီးရှစ်ခုက သခင်မလေးတွေ ဖြစ်ကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်၊ နှိုင်းယှဉ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ချူရီမန်ရဲ့ ဂုဏ်သတင်းက ရီရှင်းရို့ထက် ပိုပြီး ခမ်းနားကြီးကျယ်တယ် ဆိုတာကိုတော့ ယုံမှားသံသယ ရှိစရာ မလိုပါဘူး။ သူမရဲ့ ဂုဏ်သတင်းက ရီရှင်းရို့ သွားယှဉ်ပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။
အခန်းထဲ၌၊ ရီရှင်းရို့က အနက်ရောင်ဝတ်ရုံကို ချွတ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အသက်ရှူရင်း စိတ်အေးလက်အေးနဲ့ ထိုင်နေခဲ့တယ်။ သူမက လုံးဝအပြစ်ဆိုဖွယ် မရှိအောင် သေသေချာချာကို ဝတ်စားထားပါတယ်။ ရီရှင်းရို့က အလှဂဟေး တစ်ယောက်မှန်း သူသိပေမယ့် သေချာ အနီးကပ်ကြည့်လိုက်တော့မှပဲ သူမအလှကို ပိုပြီး အထင်ကြီးသွားခဲ့ရတယ်။
သူမရဲ့ ကျောက်စိမ်းသဖွယ် လက်သွယ်သွယ်လေး နှစ်ချောင်းကို ထုတ်ဖော်ထားခဲ့ပြီး သူမရဲ့ အသားအရေက နှင်းသားပမာ ဖြူဖွေးနေခဲ့ပါတယ်။ သူမရဲ့ ရင်အစုံက အရမ်းကြီးလည်း မကြီးသလို အရမ်းကြီးလည်း မသေးပါဘူး။ အနေတော်လောက်ပါပဲ။ သူမရဲ့ ခါးသွယ်သွယ်လေးက တကယ်ကို တင့်တယ်လှပြီး စွံ့ကားနေတဲ့ တင်သားတွေ၊ သွယ်လျတဲ့ ခြေတံရှည်ရှည်တွေက မြင်သူတိုင်း သရေကျချင်စရာပါ။
သူမရဲ့ ခြေကျင်းဝတ်မှာတော့ ခေါင်းလောင်း သေသေးလေး အချို့ကို အလှအပအနေနဲ့ ဝတ်ထား ခဲ့ပါတယ်။ ခေါင်းလောင်းလေးတွေက အသံမမြည်ပေမယ့် သူမရဲ့ အလှကို ပိုပြီး ဆွဲမက်ဖွယ် ကောင်းသွားစေပါတယ်။
သူမကို မြင်လိုက်တာနဲ့ ဒီမိန်းကလေးက ညင်သာ သိမ်မွေ့ပြီး မိန်းမဆန်တဲ့ မိန်ကလေးတစ်ယောက်ပဲလို့ ထင်မြင်မိကြပါလိမ့်မယ်။
ဒါပေမယ့် တစ်ခဏလောက်ကြာအောင် လေ့လာ ကြည့်လိုက်ပြီးနောက် သူမရဲ့ လှုပ်ရှားမှုတိုင်းမှာ တစ်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ညို့ငင်နိုင်စွမ်းတို့ ပါဝင်နေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။
“ပြောစရာရှိတယ်ဆိုရင် ပြောတော့” ရန်ကိုင်က စိတ်မရှည်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
“သခင်လေးက ရေခဲတုံးလိုပဲ” ရီရှင်းရို့က ပြုံးလိုက်ပြီး နှုတ်ခမ်းဆူလိုက်တယ်။
“အဲ့ဒါနဲ့ ပက်သက်ပြီး နင်မှားသွားပြီ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ငါက အေးစက်စက် လူတစ်ယောက် မဟုတ်ဘူး။ ငါက မိန်းမလှလေးတွေ ကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် အခုငါ့မှာ လုပ်စရာ ရှိသေးတယ်။ ဒီမှာအချိန်ဖြုန်းမနေနိုင်သေးဘူး”
“လှတာလား၊ သခင်ငယ်လေးရဲ့ ချီးကျူးစကားကို ကျွန်မ ယူဆလိုက်ရမလား” ရီရှင်းရို့ မျက်နှာထက် တောက်ပသည့် အပြုံးတစ်ခု ထွက်လာပြီး ရန်ကိုင်အား ပရောပရည် လုပ်လိုက်တယ်။
“လူတိုင်းမှာ ကိုယ်ပိုင်အလှဆိုတာ ရှိကြတာပဲလေ။ ငါ့အမြင်အရဆိုရင် နင်က တကယ်ကို မိန်းမလှလေး တစ်ယောက်ပဲ” ရန်ကိုင်က ထောက်ခံသဘောတူတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် မိန်းမလှလေး ဆိုရင်တောင် ငါ့အချိန်ကို လာဖြုန်းလို့ မရဘူး”
“အဲ့လိုဆိုမှတော့၊ ရှင်းရို့လည်း လိုရင်းကိုပဲ ပြောတာပေါ့” ရီရှင်းရို့လည်း ဟိုကွေ့ပတ်၊ ဒီကွေ့ပတ် ပြောနေဖို့ မကြိုးစားတော့ပါဘူး။ ရန်ကိုင်စရိုက်ကို ရီရှင်းရို့တောင် တော်တော်လေး နားလည်ထားပါတယ်။ သူက အခြားတစ်ယောက်ရဲ့ ဦးဆောင်မှုအောက်၌ နေချင်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး၊ သူကပဲ အခြားလူတွေကို ဦးဆောင်ချင်တာပါ။ ဘယ်လိုဂိမ်းကိုပဲ သူမကစားဖို့ ကြိုးစားပါစေ၊ သူ့ကို စိတ်ညစ်အောင် လုပ်မိတာပဲ အဖတ်တင်သွားနိုင်ပါတယ်။
ရန်ကိုင်က နားထောင်တဲ့ အမူအရာပုံစံမျိုး လုပ်နေလိုက်တယ်။
“လွန်ခဲ့တဲ့ ၇ရက်က တိုက်ပွဲပြီးတဲ့နောက် ဒုတိယ သခင်လေး လုံးဝကို တိုက်ခိုက်ချင်စိတ် မရှိတော့ဘူး။ ကျွန်မက သူရဲ့ မဟာမိတ်ဖြစ်တာကြောင့် အခုလို အချိန်မျိုးမှာ သူ့ကို ထောက်ပံ့ပေးပြီး သူ့ယုံကြည်ချက်ကို မြှင့်တင်ပေးသင့်တယ် ဆိုပေမယ့် ကျွန်မ ဘယ်လိုပဲ ကြိုးစားကြိုးစား၊ အကုန်လုံးက အချည်းပဲလို့ ကျွန်မ ယုံကြည်တယ်။ တစ်နည်းပြောရရင် ဒုတိယသခင်လေးက အမွေခံတိုက်ပွဲကို ရှုံးဖို့ကံကြမ္မာပါသွားပြီ”
“နင်ဘာပြောချင်နေတာလဲ” ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့ပြီး သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ကာ “ဒုတိယသခင်လေးကို စွန့်လွှတ်ပြီး ငါ့ဘက်လာပေါင်းဖို့ စီစဉ်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်”
Martial Peak
အပိုင်း(၅၃၄) နင်ငါ့ကို ဘာပေးနိုင်လဲ
ရီရှင်းရို့က မျက်လုံး မှေးစဉ်းလိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်နေလိုက်တယ်၊ ခဏကြာပြီးနောက် သူမ မျက်နှာထက် အပြုံးတစ်ခု ပွင့်လန်းလာခဲ့တယ်။
တခစ်ခစ် ရယ်မောလိုက်ပြီး လိုရင်းကို တိုက်ရိုက်ပဲ ပြောလိုက်တယ် “သခင်ငယ်လေးက လူတွေကို အရမ်း အထင်သေးလွန်းနေတာပဲ။ ကျွန်မအနေနဲ့ ဒုတိယ သခင်လေးကို စွန့်လွှတ်ပြီး သခင်ငယ်လေးဆီ ဘယ်လိုလုပ်ပြီး လာပူးပေါင်းနိုင်မှာလဲ။ ကျွန်မသာ အဲ့လိုလုပ်လိုက်ရင် အတင်းပြောစရာတွေ ဖြစ်ကုန်မှာပေါ့။ ကျွန်မတို့ ရီမိသားစုကိုကော လူတွေ ဘယ်လို ထင်ကုန်ကြမလဲ”
“နောက်နေရုံသက်သက်ပါ၊ အတည်မှတ်နေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်တယ်။
ရီရှင်းရို့အနေနဲ့ သူပြောတာကို သဘောတူဖို့ လုံးဝ မဖြစ်နိုင်မှန်း သူသိပြီးသားပါ။
အမွေခံတိုက်ပွဲက ရန်မိသားစုရဲ့ နောက်ထပ် ခေါင်းဆောင် အသစ်ကို ရွေးချယ်ဖို့ လုပ်တဲ့ သခင်လေးတွေ ကြားက တိုက်ပွဲတစ်ခုပါ။ ဒီတိုက်ပွဲမှာ ဟန်မင်းဆက် တစ်ခုလုံးမှာ ရှိတဲ့ အမျိုးမျိုးသော အင်အာစုတွေက ရန်မိသားစုနဲ့ အဆက်အသွယ်တစ်ခု တည်ဆောက်နိုင်ဖို့ လာရောက် ယှဉ်ပြိုင်ကြပါတယ်။
ဒါပေမယ့် ဗဟိုမြို့တော်က မိသားစုကြီး ခုနှစ်ခုကတော့ မတူပါဘူး။
သူတို့တွေရဲ့ အင်အား၊ ပိုင်ဆိုင်မှု၊ ကြွယ်ဝချမ်းသာမှုက ရန်မိသားနဲ့ မယှဉ်နိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ အဆင့်တူနီးပါးလောက်မှာ ရှိပါတယ်။
ထို့ကြောင့် သူတို့တွေ အနေနဲ့ ရန်မိသားစုကို တမင် ရည်ရွယ်ပြီး သွားဖားနေစရာ မလိုပါဘူး။
အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ကြတဲ့ အခြားမိသားစု၇ခုက သခင်လေး၊ သခင်မလေးတွေက သူတို့ကိုယ်သူတို့ ကိုယ်ရည်သွေးဖို့နဲ့ သူတို့အရည်အချင်းကို ပြသချင်တဲ့အတွက် ဝင်ပြိုင်ကြတာပါ။ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး၊ သူတို့ အတွက် အရမ်းကြီး အရေးမပါလှပါဘူး။
ရန်ကျောင်းရဲ့ အခြေအနေက မျှော်လင့်စရာ မရှိတော့ပေမယ့် သူ့ကို သစ္စာဖောက်ပြီး ရန်ကိုင်ဘက် သွားပေါင်းလို့ မဖြစ်ပါဘူး။ ဒီလိုလုပ်လို့ ဘာအကျိုးအမြတ်မှ မရတဲ့အပြင် ရီမိသားစုရဲ့ ဂုဏ်သိက္ခာကိုတောင် ထိခိုက် သွားစေနိုင်ပါတယ်။
“ဒီတော့ နင်ဘာလိုချင်နေတာလဲ” ရန်ကိုင် အကြည့်စူးစူးဖြင့် ရီရှင်းရို့ရဲ့ မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး “ငါထင်တာသာ မမှားရင် နင်ဒီမှာ စောင့်နေတာ တော်တော်လေး ကြာနေပြီမလား”
ရန်ကိုင် အထဲဝင်လာတာနဲ့ သူမနဲ့ ထိပ်တိုက်တိုးတယ် ဆိုတာ အရမ်းကို တိုက်ဆိုင်လွန်းနေပါတယ်။ ထို့ကြောင့် တွေးစရာဆိုလို့ ဒီမိန်းမက ဒီမှာကြိုပြီး စောင့်နေတာပဲ ဖြစ်ရပါမယ်။
“ကျွန်မဘာမှမလိုချင်ဘူး” ရီရှင်းရို့က ခေါင်းခါပြလိုက်ပြီး “အခြေအနေက ရှင်းနေတာပဲ။ သခင်ငယ်လေးက အမွေခံတိုက်ပွဲကို နိုင်ဖို့ အချိန်ပဲလိုတော့တာ။ သခင်ငယ်လေးသာ ဆန္ဒရှိရင် အမွေခံတိုက်ပွဲကို အခုချက်ချင်း ပွဲသိမ်းပစ်လိုက်လို့တောင် ရတယ်”
ရန်ကိုင်က ဆိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်ဝန်းထဲ သတိချပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေး သွားခဲ့တယ်။ ရီရှင်းရို့က သတင်းစုံးစမ်းဖို့ပဲ လာခဲ့တာလား၊ အခြားမကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုနဲ့ပဲ ရောက်လာတာလား ဆိုတာကို သူမဆုံးဖြတ်နိုင်သေးပါဘူး။
“အမွေခံတိုက်ပွဲကို အနိုင်ရမယ့်လူက သခင်ငယ်လေး ဆိုတာ လုံးဝကို ယုံမှားစရာမလိုဘူး” ရီရှင်းရို့က နှစ်လိုဖွယ် ကောင်းအောင် ပြုံးလိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့် လိုက်တယ်။ ပြောနေရင်းနဲ့ သူမရဲ့ အသက်ရှူသံက အနည်းငယ် လေးလံလာခဲ့ပြီး အရက်သောက်လိုက်ရသဖြင့် အနည်းငယ် ရီဝေမူးယစ်သွားသည့်အလား “ကျွန်မက အာကောင်းတဲ့လူတွေကို အမြဲတမ်း နှစ်သက်ခဲ့တာ။ သခင်ငယ်လေးက အဲ့လိုလူမျိုးပဲ”
“နင်က ငါ့ကို စိတ်ဝင်စားနေတယ်ပေါ့” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး အထင်တသေးဖြင့် ပြောလိုက်တယ်”
ရီရှင်းရို့ရဲ့ မျက်ဝန်းထဲ အေးစက်စက် အလင်းရောင် ဖြတ်ပြေးသွားခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ပြန်ပြီး ဖုံးကွယ် ထားလိုက်တယ်။ ချိုသာစွာ ရယ်မောလိုက်ပြီး “အဲ့လိုဆိုတော့ ကျွန်မလိုရင်းကိုပဲ တိုက်ရိုက်ပြောတော့မယ်။ ရှင်းရို့က သခင်ငယ်လေးဆီမှာ တောင်းဆိုစရာ တစ်ခုရှိလို့ ဒီကို ရောက်လာခဲ့တာ”
“ဘာကို တောင်းဆိုချင်လို့လဲ”
“သခင်ငယ်လေး ရန်မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရင် ကျွန်မတို့ ရီမိသားစုကို စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ရန်ကိုင် အမူအရာ တစ်မျိုးတစ်ဖုံး ထူးဆန်းလို့ သွားခဲ့တယ်၊ ရီရှင်းရီု့ကို မျက်စိမှေးစဉ်းကာ ကြည့်လိုက်ပြီး “နင်တို့ ရီမိသားစုက မိသားစုကြီး ရှစ်ခုထဲက တစ်ခုလေ။ ငါဘာကို စောင့်ရှောက်ပေးစရာ လိုလို့လဲ”
ရန်ကိုင် စကားကို ကြားတော့ ရီရှင်းရို့က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ကူကယ်ရာမဲ့နေတဲ့ အမူအရာလေးနဲ့ “သခင်ငယ်လေး မသိလောက်ဘူး။ မိသားစုကြီး ရှစ်ခုက အကျဘက်ရောက်နေပြီ သခင်ငယ်လေးရဲ့။ တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမှာ မိသားစုကြီးက ပညာရှင်တော်တော်များများ ကျသွားခဲ့တယ်။ လူငယ်မျိုးဆက်တွေကလည်း ပျင်းနေကြတဲ့လူတွေ များတယ်။ တော်တော်များများက အပျော်အပါးပဲ မက်နေကြတာ။ သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်ဖို့ကို သိပ်စိတ်မဝင်စားကြပါဘူး။ တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမှာတုန်းက အကျအဆုံးသာ များခဲ့တာ၊ တိမ်မိစ္ဆာနယ်မြေကို မဖျက်စီးနိုင်ခဲ့ဘူး။ ဒါကြောင့် မိသားစုကြီးရှစ်ခုရဲ့ ဂုဏ်သတင်းလည်း တော်တော်လေး ထိခိုက်သွားခဲ့ရတယ်။ ကျွန်မတို့ရဲ့ လက်ရှိအဆင့်အတန်း၊ ဂုဏ်ကျက်သရေက ဘယ်လောက် ကြာအောင် တည်ရှိနေနိုင်မလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် သခင်ငယ်လေးက အားလုံး အံ့ဩဘနန်း ဖြစ်ရလောက်တဲ့ ဆန်းကြယ်မှုတွေကို လုပ်ပြနိုင်တယ်လို့ ကျွန်မခံစားမိတယ်။ အကောင်းဆုံး ဥပမာက အမွေခံတိုက်ပွဲပဲလေ။ ဒီကိုးလအတွင်း သခင်လေး လုပ်ပြသွားတဲ့ အရာတော်တော်များများက ဘယ်သူမှ မမျှော်လင့်ထားတာတွေချည်းပဲလို့ ပြောရင်တောင် ချဲ့ကား ပြောရာ ကျမှာမဟုတ်ဘူး။ သခင်ငယ်လေးရဲ့ ဦးဆောင်မှုနဲ့ ဆိုရင် ရန်မိသားစုက ဆုတ်ယုတ်နိမ့်ပါးသွားမယ့်အစား ပိုပြီးတော့တောင် တိုးတက်လာဦးမယ်။ ဒါပေမယ့် ကျွန်မတို့ မိသားစု ခုနှစ်ခုမှာတော့… ဟဲဟဲ၊ သခင်လေးလို လူမျိုး တစ်ယောက်မှ မရှိဘူးလေ”
“အဲ့လိုဖြစ်လာတဲ့ အခါကျ ရန်မိသားစု အနေနဲ့ ဗဟိုမြို့တော်နဲ့ ဒီလောကကြီး တစ်ခုလုံးကို စိုးမိုးဖို့ ဝေးကွာတော့တာမှ မဟုတ်တာ”
ရန်ကိုင်လည်း အနည်းနည်းပါးပါးတော့ အံ့အားသင့် သွားခဲ့ရတယ်။ ဒီမိန်းမရဲ့ အမြော်အမြင်ကို သူအထင်းသေး လိုက်မိပြီမှန်း ရန်ကိုင် သိလိုက်တယ်။
မိသားစုကြီးတစ်ခုရဲ့ အမွေဆက်ခံသူရာထူးနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ သူမရဲ့ ပင်ကိုယ်စရိုက်ပြဿနာက လွဲလို့ သူမကိုယ်တိုင်က ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ဖြစ်နေတုန်းပါပဲ။
မိသားစုကြီး ရှစ်ခုကြားက ခွန်အားက အများကြီး မကွာခြားလှပါဘူး။ ကျန်တဲ့ မိသားစုခုနှစ်ခုက ရန်မိသားစုဆီမှ မိသားစုကြီးရှစ်ခုရဲ့ ခေါင်းဆောင် ဆိုတဲ့ ရာထူးကို လုယူဖို့ စိတ်အားထက်သန် နေကြတာပါ။
ဟုတ်တာပေါ့၊ ဒီလို အခွင့်အရေးမျိုးဆိုတာ လိုချင်တိုင်း ရနိုင်တာမျိုးမှ မဟုတ်တာ။
ဒါပေမယ့် မိသားစုကြီးထဲက ဘယ်တစ်ခုပဲဖြစ်ဖြစ် သူတို့ရဲ့ ခွန်အားက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာနေပြီ ဆိုတာတော့ အမှန်ပါပဲ။
ရီရှင်းပြောလိုက်တဲ့ ပြဿနာနဲ့ ပက်သက်ပြီး ရန်ကိုင်လည်း တစ်ခါတစ်ရံ စဉ်းစားတွေးတော ခဲ့ဖူးပါတယ်။ ဒါပေမယ့် ခေါင်းခြောက်လောက်တဲ့အထိ မစဉ်းစားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက သူနဲ့ သက်ဆိုင်တာမှ မဟုတ်တာ။ သက်ဆိုင်ရင်တောင် နည်းနည်းလောက်ပဲ သက်ဆိုင်မှာပါ။
ဒါပေမယ့် သူမ ရှင်းပြသုံးသပ်ပြတာကို နားထောင်ပြီးနောက် သူမပြောတာလည်း ဟုတ်တာပဲလို့ ရန်ကိုင်စိတ်ထဲ တွေးလိုက်မိတယ်။
မိသားစုကြီးရှစ်ခုက သူတို့ရဲ့ လက်ရှိအဆင့်အတန်းမှာ နေနေခဲ့ကြတာ အချိန်အတော် ကြာခဲ့ပြီဖြစ်သလို မိသားစုကြီး ဆိုတဲ့ကမ္ဘာလေးထဲမှာ ပျော်မွေ့လာနေခဲ့ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ ဂုဏ်ရောင်ပြောင်ခဲ့ပြီးနောက် ကျဆုံးမှုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ အနှေးနဲ့အမြန် မိသားစုကြီး ဆိုတဲ့ ထိုင်ခုံကနေ သူတို့ ဆင်းရတော့မှာပါ။
မိသားစုကြီးရှစ်ခုစလုံး ဆုတ်ယုတ်နေတဲ့ အရိပ်အယောင်တွေကို ဖြည်းဖြည်းချင်း ပြသလာနေခဲ့ပါတယ်။
ဗဟိုမြို့တော်က သခင်လေး၊ သခင်မလေး တစ်ယောကချင်းစီတိုင်းက သူတို့ကိုယ်သူတို့ အရမ်း အားကောင်းတယ်၊ အခြားလူတွေထက် ပိုပြီး သာလွန်တယ်လို့ တွေးနေခဲ့ကြပါတယ်။ အကုန်လုံးက သူတို့ အခုလိုမျိုး နေနေနိုင်တာက သူတို့ဘိုးဘေးတွေရဲ့ သွေး၊ ချွေးနဲ့ ရင်းပြီး ကြိုးစားအားထုတ်ခဲ့ရတာကြောင့် ဆိုတာကို မေ့လျော့နေခဲ့ကြပါတယ်။
ဥပမာ… ချူဇိရိုသာ ချူမိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရင် ချူမိသားစုမှာ တိုးတက်ဖို့ ဘာမျှော်လင့်ချက် ရှိဦးမှာလဲ။
ကောင်းရန်ဖုန်း၊ ခန်ကျန်း၊ မန်ရှန်းရီ၊ လူချင်းယောင်… သူတို့အားလုံးမှာ အရည်အချင်းရှိတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဦးဆောင်မှုအောက်မှ မိသားစုအင်အား ဆုတ်ယုတ် လာတာကို ရပ်တန့်နိုင်မှာလား။ ဒါကို ဘယ်သူမှ မခန့်မှန်း နိုင်ကြပါဘူး။
“အဲ့လိုမျိုး မဖြစ်လာနိုင်တာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူးလေး။ အခု ကြိုပြင်ထားက ကြိုမပြင်ထားတာထက်တော့ ပိုကောင်း တာပေါ့” ရီရှင်းရို့က ယုံကြည်ချက်အပြည့်နဲ့ ရန်ကိုင်ကို ပြောလိုက်တယ်။
ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
“ဘာပဲဖြစ်ဖြစ်၊ သခင်ငယ်လေးက သာမန်လူ တစ်ယောက် မဟုတ်ဘူးလို့ ကျွန်မယုံတယ်။ သခင်ငယ်လေး ရဲ့ဦးဆောင်မှုနဲ့ဆိုရင်၊ ရန်မိသားစုက အခုလက်ရှိထက် ပိုပိုပြီး သန်မာအားကောင်းလာမှာ။ ရှင်းရို့သာ အခုနေ သခင်ငယ်လေးနဲ့ ဆက်ဆံရေးတစ်ခု မတည်ဆောက် ထားရင် နောင်ကျ အခုလို အခွင့်ရေးမျိုး မရနိုင်လောက် တော့ဘူး” ရီရှင်းရို့က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ သူအသံရော၊ မျက်နှာမှာပါ လိမ်နေတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။ သူမ အမှန်အတိုင်း ပြောနေခဲ့တာပါ။
“နင်ပြောတာ အဓိပ္ပါယ်ရှိမှန်း ငါလက်ခံတယ်” ရန်ကိုင်ကတော့ ပြောင်းလဲခြင်း မရှိတဲ့ အမူအရာနဲ့ ရီရှင်းရို့ကို စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းအစုံက ကွေးတက် သွားခဲ့ကာ “ဒါပေမယ့် နင်တောင်းဆိုတာကို လက်ခံလိုက်လို့ ဘယ်လိုအကျိုးအမြတ်တွေ ငါရမှာ မို့လို့လဲ”
ရီရှင်းရို့က သူမရဲ့ နှုတ်ခမ်းလေးကို အသာအယာလေး ကိုက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “ဘယ်လို အကျိုးအမြတ်မျိုး သခင်ငယ်လေး လိုချင်တာလဲ”
ထိုစကား ပြောပြီးတာနဲ့ သူမမျက်နှာလေး ရဲတက် သွားခဲ့ပြီး သူမမျက်ဝန်းထဲ စွဲမက်ဖွယ်ကောင်းတဲ့ ညို့ယူရိပ်တို့ ယှတ်ပြေးသွားခဲ့တယ်၊ သူမ ဘာကိုဆိုလိုမှန်း အရမ်းကို သိသာလွန်းနေခဲ့ပါတယ်။
ရန်ကိုင်က သူမကိုကြည့်ကာ သွားပေါ်အောင် ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ရင်း ပြန်မေးလိုက်တယ် “ငါလည်းမသိဘူး၊ နင်ငါ့ကို ဘာပေးနိုင်လဲ”
ရီရှင်းရို့ ညူတူတူလေသံလေးနဲ့ ရယ်မောလိုက်ပြီး ထိုင်ရာကနေ ဖြည်းဖြည်းချင်း ထလိုက်တယ်။ ပြီးတာနဲ့ ရန်ကိုင်ဆီ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း လမ်းလျှောက် သွားလိုက်တယ်။
ရန်ကိုင်ဆီမှ ခြေလှမ်းတစ်ဝက် အကွာလောက် ရောက်တဲ့ အချိန်မှာတော့ ခြေဖနှောက်ထောက်က သူမကိုယ်လုံးလေးကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ရန်ကိုင်ပေါင်ပေါ် ထိုင်ချလိုက်တယ်။ ထို့နောက် သူမရဲ့ ကျောက်စိမ်းလက်လေး နှစ်ဖက်ကို ရန်ကိုင်လည်းပင်ထက် ရစ်ပတ်လိုက်တယ်။ ပြီးတာနဲ့ သူ့နားနား တိုးကပ် သွားလိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ် “သခင်ငယ်လေး လိုချင်တာ မှန်သမျှ ပေးနိုင်ပါတယ်”
“တကယ်လား” ရန်ကိုင် မျက်ဝန်းထဲ ရမက်ရိပ်တို့ ဖြတ်ပြေးသွားခဲ့တယ်၊ သူရဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ရီရှင်းရို့က အဖိုးတန်နေရာလေးတွေကို ပွတ်သပ်လိုက်၊ ဖိနယ်လိုက်၊ ဆိတ်လိုက် လုပ်ပါတော့တယ်။
ရီရှင်းရို့ဆီမှ ညည်းသံယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်အား ကလူညူတူတူ အကြည့်ဖြင့် ကြည့်လိုက်ရင်း နှုတ်ခမ်းလေးဆူကာ ပြောလိုက်တယ် “ရှင်းရို့ကို ညှာညှာ တာတာလေး လုပ်ပါ သခင်ငယ်လေးရဲ့”
ထိုစကားတွေကို ပြောလိုက်တဲ့အခိုက် ရီရှင်းရို့ရဲ့ နီးစွေးစွေး နှုတ်ခမ်းအစုံမှ အားကောင်းလှတဲ့ ဆွဲမက်ဖွယ် ညို့ယူနိုင်စွမ်းတို့ ဖြာထွက်လာခဲ့တယ်။
သူမရဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းအစုံထဲ ဂုဏ်ယူသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။
ရန်ကိုင်က ထူးချွန်ပေမယ့် သူမက အသက်၁၈နှစ် အရွယ် လူငယ်လေးတစ်ယောက် သာသာပဲ ရှိပါသေးတယ်။ ရန်ကျောင်းတောင် သူမရဲ့ သားကောင် ဖြစ်ခဲ့ရတာ၊ သူ့ထက် ငယ်တဲ့ ရန်ကိုင်က သူမရဲ့ ကျော့ကွင်းကနေ ဘယ်လိုလုပ်ပြီး ပြေးလွတ်နိုင်ပါ့မလဲ။ ထိုအကြောင်းကို တွေးလိုက်မိတာနဲ့ ရီရှင်းရို့က သူမစိတ်ထဲကနေ အထင်သေးအမြင်သေးဖြင့် လှောင်ပြောင်လိုက်တယ်။
အရသာပေးမြည်းပြီးတာနဲ့ ရန်ကိုင်ရဲ့ ရင်ခွင်ထဲကနေ လျှောထွက်သွားလိုက်တယ်။
သူမက ဒီလို နည်းစနစ်တွေ သုံးတဲ့နေရာမှာ ဆရာကြီးပါ။ နည်းနည်းလေး ပေးမြည်းခိုင်ပြီး အရင်ဆုံး သားရေယိုအောင် လုပ်ရပါမယ်။ ချက်ချင်းကြီးတော့ သူ့လက်ထဲ ဘယ်လိုလုပ်ပြီး ခုန်ဆင်းလိုက်နိုင်ပါ့မလဲ။
သူမက အပျိုစင် မိန်းကလေး တစ်ယောက်မှ မဟုတ်တော့တာ။ ဒါကြောင့် ဒီလို ကိစ္စနဲ့ပက်သက်လာရင် ယောကျာ်းတွေရဲ့ အတွေးတွေကို သူမကောင်းကောင်း နားလည်ထားပါတယ်။
ရန်ကိုင်လည်း သူမကို ရပ်တန့်ဖို့ မကြိုးစားခဲ့ပါဘူး။ အဲ့အစား ရီရှင်းရို့ကို အပြုံးလေးနဲ့သာ ကြည့်နေခဲ့တယ်။ သူ့အမူအရာကတော့ မျှော်လင့်ချက် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။ ဒါပေမယ့် သေသေချာချာသာ ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင် သူ့အကြည့်ထဲ ရမက်မီးတောက်တို့ ဖုံးလွှမ်းနေပေမယ့် ဟိုးအတွင်းပိုင်ထဲ ပုန်းကွယ်နေတဲ့ အေးစက်စက် အကြည့်စူးစူးကို သတိပြုမိနိုင်ပါတယ်။
သူမရပ်လိုက်ပြီးတာနဲ့ ရီရှင်းရို့ရဲ့ အဝတ်အစားတွေ အကုန်လုံး တစ်စစီဖြစ်သွားခဲ့တယ်။
ကျော့ရှင်းလှပ၊ သရေယိုစရာ ကောက်ကြောင်း အဖုံဖုံဖြင့် ပြီးပြည့်စုံနေသည့် နှင်းသားပမာ ဖြူဖွေးလှသည့် ခန္ဓာကိုယ်လေးက ရန်ကိုင်ရှေ့ အကာအကွယ်မပါ ထွက်ပေါ်လာခဲ့တယ်။ ပိုးသားပမာ ပျော့ပျောင်းလှပြီး အရောင်ရွှန်းစို တောက်ပလှဿည့်ပိတုန်းရောင် ဆံကေသာ လေးတွေကတော့ ကျောပြင်ထက် ဝဲကျနေခဲ့ပါတယ်။ တကယ်ကို ရင်သက်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်း တစ်ခုပါပဲ။
ရီရှင်းရို့ ထိတ်လန့်တကြား ထအော်လိုက်တယ်၊ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူမ လုံးဝကို မမျှော်လင့် ထားခဲ့ပါဘူး။
ရန်ကိုင် သူမခန္ဓာကိုယ်ကို ကိုင်တွယ်ပွတ်သပ်နေစဉ် အတောအတွင်းတုန်းက သူတစ်ခုခု လုပ်ခဲ့တယ် ဆိုတာကို ရီရှင်းရို့ ချက်ချင်းပဲ နားလည်လိုက်တယ်။
သသူမစိတ်ထဲ တုန်လှုပ်ချောက်ချား သွားသလို ကြောက်လည်း ကြောက်ရွံ့မိတာနဲ့ သူမရဲ့ လက်သွယ်သွယ် လေးတွေကို အသုံးပြီး အဖိုးတန်နေရာလေးတွေကို အလျင်စလို ဖုံးကွယ်လိုက်တယ်။ ရှက်ရွံ့မှုကြောင့် သူမရဲ့ အသားအရေ ရဲတက်သွားခဲ့တယ်။ အံတင်းတင်းကြိတ်ရင်း ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “ရှင်…”
ဒါပေမယ့် ထိုစကားတစ်ခွန်း ပြောပြီးတာနဲ့ သူမရဲ့ ဒေါသကို ခပ်မြန်မြန် ပြန်မျိုချလိုက်ပြီး ရှက်တစ်ဝက်၊ နောက်တစ်ဝက် အမူအရာလေးနဲ့ အရည်လဲ့နေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်ကာ မေးလိုက်တယ် “သခင်ငယ်လေး၊ ဘာလို့ အခုလို လုပ်ရတာလဲ”
“နင့်ကိုယ်တိုင်ပဲ ငါ့ဆီ ခုန်ဝင်လာတာလေ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးမှေးစဉ်းလိုက်ကာ အမိန့်ပေးတဲ့ လေသံနဲ့ “နင့်လက်ကို ဖယ်လိုက်”
ရီရှင်းရို့ ရုတ်တရက် ရှက်သွားခဲ့ပြီး တုန့်ဆိုင်း သွားခဲ့တယ်။
“ငါလိုချင်တာ ဘာမဆို ပေးမယ်လို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား” ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး “ဒါမှမဟုတ်၊ နင်က လျှာအရိုးမရှိတိုင်း လျှောက်ပြော နေတာလား”
“ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်မ အတည်ပြောခဲ့တာပါ” ရီရှင်းရို့က နှုတ်ခမ်းလေးကို ကိုက်ရင်း ပြန်ပြောလိုက်တယ်။ သူမရဲ့ ဒေါသမီးတောက်တို့ လောင်မြိုက်လာခဲ့ရလေပြီ။ ရန်ကိုင်နဲ့ ဘာညာကွိကွ လုပ်ရမှာကို သူမ ဆန္ဒမရှိတာ မဟုတ်ပါဘူး၊ သူမကတောင် လုပ်ချင်နေတာပါ။ ဒါပေမယ့် အကျိုးအမြတ် ရမယ်ဆိုတာ မသေချာသေးခင်၊ အနည်းဆုံးတော့ ရန်ကိုင်ပါးစပ်က သဘောတူပါတယ်၊ ကတိပေးပါတယ် ဆိုတဲ့ စကားတစ်ခွန်းတောင် မကြားရ သေးပဲနဲ့ သူမခန္ဓာကိုယ်ကို သူ့လက်ထဲ ထည့်မပေးချင်ပါဘူး။
ဒါပေမယ့် အခုတော့ သူမမှာ ရွေးချယ်စရာ မရှိတော့တဲ့ ပုံပါပဲ။
သူမစိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေပြီးနောက် ရီရှင်ရို့က အလျင်အမြန်ပဲ ပြန်ပြောလိုက်တယ် “သခင်ငယ်လေး၊ မရယ်နဲ့နော်…”
ရန်ကိုင်က အထက်အရာရှိ တစ်ယောက်ပုံစံမျိုးနဲ့ ရုပ်တည်တည်ဖြင့်သာ သူမကို ငုံ့ကြည့်နေခဲ့တယ်။
ထို့နောက် ရီရှင်းရို့က သူမလက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်ပြီး ခေါင်းလေးငုံကာ ရှက်နေတဲ့ ဟန်လေး လုပ်ပြလိုက်တယ်။
ရန်ကိုင်က ပေါ်ပေါ်ထင်ထင်ပဲ ရမက်လွှမ်းနေသည့် အကြည့်ဖြင့် သူမတစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်တယ်။
မို့မောက်နေတဲ့ ရင်စုံ၊ အဆီအပိုမရှိ ချပ်ရပ်နေတဲ့ ဗိုက်သားလေး၊ သေသပ်လှပပြီး အံ့ဩဖွယ်ရတနာ တစ်ခုကို ဖုံးကွယ်ထားတဲ့ အနက်ရောင်မြက်ခင်းပြင်တစ်ခု၊ နှင်းလို ဖြူဖွေးနေတဲ့ အသားအရေ၊ မြင်သူတိုင်းကို နှာခေါင်းသွေး လျှံသွားစေနိုင်တဲ့ ညို့ချက်ပြင်းလွန်းတဲ့ စုတ်ချက် ပန်ချီကား တစ်ချပ်ပါပဲ။ မကြည့်ပဲ မနေနိုင်အောင်၊ ကြည့်မိပြီဆိုရင် အကြည့်မလွှဲနိုင်အောင် ဖြစ်ရတဲ့ အလှရှင်လေး တစ်ပါးပါပဲ။
ရီရှင်းရို့က ဘာကိုမှ ဖုံးကွယ်မထားပဲ အဝတ်အစား ဗလာနဲ့ ရန်ကိုင်ရှေ့ မတ်တပ်ရပ်နေခဲ့တယ်။ အလှပ၊ အသက်ဝင်၊ အပြီးပြည့်စုံး ပန်းပုရုပ်လေး တစ်ခုပမာ၊ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကို ရန်ကိုင်အား အရသာ ခံစားစေလိုက်တယ်။
ဒီမိန်းမက မာနာကြီးချင်လည်း ကြီးချင်စရာပဲလို့ ရန်ကိုင် တွေးလိုက်တယ်။ အထူးသဖြင့် သူမမျက်နှာက် ရှက်ရွံ့နေဟန်လည်းက သူမရဲ့ ဆွဲဆောင်နိုင်စွမ်းကို ပိုပြီး တိုးမြင့်သွားခဲ့ပါတယ်။ သူမကို မြင်လိုက်တဲ့ ယောကျာ်းတိုင်း၊ သူတို့ရဲ့ စိတ်ထဲ သူမကိုတွန်းလှဲပြီး ဝုန်းဒိုင်းကြဲချင်စိတ်တို့ ပေါက်ဖွါးလာမှ မလွဲမသွေပါပဲ။
ရန်ကိုင် အကြည့်ထဲက ရမက်မီးတောက်ကို သတိပြုမိ လိုက်တာနဲ့ ရီရှင်းရို့ရဲ့ ကျောက်စိမ်းသဖွယ် ချောမွတ်လှတဲ့ ဖြူဖွေးဖွေး ခန္ဓာကိုယ်လေး အနည်းငယ် နီမြန်းလာခဲ့တယ်။ သူမရဲ့ အသက်ရှူသံကလည်း တဖြည်းဖြည်းနဲ့ မြန်ဆန် လာခဲ့ပါတယ်။
သူမက အပျိုစင်မိန်းကလေး တစ်ယောက် မဟုတ်တော့ ပေမယ့် သူမက မိန်းမတစ်ယောက် ဖြစ်နေတုန်းပါပဲ။ အဝတ်ဗလာကြီးနဲ့ ယောကျာ်းတစ်ယောက်ရှေ့ မတ်တပ် ရပ်နေရတာကို သူမမရှက်ပဲ ဘယ်နေပါ့မလဲ.
“လှလား” ရီရှင်းရို့က သူခန္ဓာကိုယ်အား ရန်ကိုင်ကို တစ်ခဏကြာအောင် ကြည့်ခွင့်ပေးထားလိုက်တယ်။ ထို့နောက် အသာအယာလေး ခေါင်းလေးမော့ပြီး ညင်သာသိမ်မွေ့တဲ့ လေသံလေးနဲ့ မေးလိုက်တယ်။
ရန်ကိုင် ခေါင်းပြန်ညိတ်ပြလိုက်ပြီး သက်ပြင်း အမောကြီး ရှူထုတ်လိုက်တယ်။
“သခင်ငယ်လေးသာ ကျွန်မကို ကတိပေးလိုက်တာနဲ့၊ ရှင်းရို့က သခင်ငယ်လေးရဲ့ စိတ်အလိုအားလုံးကို လိုက်လျောပေးမှာပါ…” အခုလို အခြေအနေ ရောက်လာပြီ ဖြစ်တဲ့အတွက် ဘာလှည့်ကွက်မှ သူမဆက်ကစားလို့ မရတော့ပါဘူး။ ထို့ကြောင့် ငါစားလှမ်းပစ်ရုံပဲ ရှိပါတော့တယ်။
ပြီးတော့ ရန်ကိုင်ပုံစံအရ ဒီကောင်စုတ်လေးက သူမရဲ့ ဖြာယောင်းသွေးဆောင်မှုကို မခုခံနိုင်တဲ့ ပုံပါပဲ။ ထို့ကြောင့် သူမယုံကြည်ချက် အပြည့်ရှိနေခဲ့ပါတယ်။
သူမက ရီမိသားစုက ပထမသခင်မလေးပါ။ သူမရဲ့ အဆင့်အတန်းနဲ့တင် သူမကို လိုချင်နေတဲ့ ယောကျာ်းတွေ ဝိုင်းဝိုင်းလည်လို့ပါ။ ပြီးတော့ သူမကိုယ်တိုင်ကလည်း ရှားမှရှားတဲ့ အလှဂဟေး တစ်ယောက် ဖြစ်နေပါသေးတယ်။
Martial Peak
အပိုင်း(၅၃၅) အနက်ရောင်စာအုပ်ရဲ့ ၇ခုမြောက် စာမျက်နှာ
ရီရှင်းရို့က ဗြောင်ကျကျ ဖြာယောင်သွေးဆောင်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ရန်ကိုင် ထိုင်ရာကနေ ထလိုက်ပြီး သူမဆီ လမ်းလျှောက်သွားလိုက်တယ်။
ရီရှင်းရို့က မျက်လုံးလေး ပင့်လိုက်ပြီး ရန်ကိုင်အား ရှက်ကိုးရှက်ကန်းနဲ့ ကြည့်လိုက်တယ်။ သူမ နှလုံးခုန်သံက ဒရမ်းတီးနေသလို တရစပ် ခုန်နေခဲ့ပြီး သူမမျက်နှာထက် မျှော်လင့်နေသည့် အရိပ်အယောင်တို့ ရှိနေခဲ့တယ်။
ရီရှင်းရို့က ရန်ကိုင်ကို တော်တော်လေး စိတ်ဝင်စား ပါတယ်။ သူ့လို ထူးချွန်တဲ့ လူတစ်ယောက်နဲ့ ပျော်ပါးရမှာကို သူမ မကြိုက်ပဲ ဘယ်နေပါ့မလဲ။
ရန်ကိုင် သူမနားကပ်လာတာနဲ့ ရီရှင်းရို့ရဲ့ အသက်ရှူသံ ပိုပြီးမြန်ဆန်လာခဲ့တယ်။
ဒါပေမယ့် ရန်ကိုင်က သူမကို ဖြတ်ကျော်သွားခဲ့ပြီး အထင်အမြင်သေး၊ ရွံ့ရှာစက်ဆုပ်သည့် လေသံမျိုးနဲ့ သူမ နားနားကပ်ကာ တိုးတိုးလေး ပြောသွားလိုက်တယ်။
“စိတ်တော့မကောင်းပေမယ့် ငါက မိန်းမပျက်တွေကို စိတ်မဝင်စားတာ ဆိုးတာပဲ”
ရီရှင်းရို့ မျက်နှာထက် မျှော်လင့်ချက်တို့ ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့ပြီး သူမအမူအရာ သွေးဆုတ် ဖြူလျော်သွားခဲ့တယ်။ သူမရဲ့ ခန္ဓာကိုယ်နုနုလေး ဒေါသနဲ့ ရှက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့တယ်။ ချာခနဲ လှည့်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်တယ် “ရန်ကိုင်၊ အဲ့မှာ ရပ်နေလိုက်စမ်း”
ဒါပေမယ့် ရန်ကိုင် သူမအော်သံကို လျစ်လျူရှုထားပြီး တစ်ချက်ကလေးတောင် နောက်ပြန်လှည့်မကြည့်ပဲ အခန်း ထဲကနေ ထွက်သွားလိုက်တယ်။
ရီရှင်းရို့ ကြိတ်မနိုင်ခဲမရဖြစ်ကာ ရှေ့သို့ခုန်ကာ ရန်ကိုင်ကို တိုက်ခိုက်ဖို့ လုပ်လိုက်ပေမယ့် မမြင်နိုင်တဲ့ အားတစ်ခုက သူမအား ပြန်တွန်းထုတ်ခဲ့တယ်။ သူမ ရပ်နေတဲ့နေရာသို့ ပြန်ပြုတ်ကျလာတဲ့ အချိန်၌ ရန်ကိုင်က သူမမြင်ကွင်းကနေ ပျောက်ကွယ် သွာခဲ့ပါပြီ။
“ရန်ကိုင်၊ နင်ငါ့ကို အခုလို လုပ်ရဲမှတော့ နင်အသေဆိုးနဲ့ သေအောင် ငါလုပ်ပြမယ်” ရီရှင်းရို့ သွေးရူးသွေးတန်းနဲ့ အော်ပြောလိုက်တယ်။
အခန်းအပြင်ဘက်၌ ချူရီမန်က ကိုးယိုးကားယား အမူအရာနဲ့ ရန်ကိုင်အား ကြည့်နေခဲ့တယ်။ သူမ မျက်နှာလေးက ပန်းနုရောင် သန်းနေခဲ့ပြီး “ဒါနည်းနည်း မများလွန်းဘူးလား။ သူမက မိန်းမငယ်လေး တစ်ယောက် ပဲလေ”
“များတာလား၊ ဘာလို့ များရမှာလဲ” ရန်ကိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်တယ် “ဟော်ရှင်းချန်ကို မခေါ်လိုက်တာတောင် ကြင်နာရာကျနေပြီ။ ငါက မိန်းမတွေကို အမြဲကြင်နာတယ်။ ကဲ ဘာပဲဖြစ်ဖြစ် အခု သူမက နင့်အပိုင်ဖြစ်သွားပြီ၊ နင့်စိတ်ကြိုက်သာ လုပ်တော့”
“ဟဲဟဲ…” ချူရီမန် မပြုံးပဲ မနေနိုင်အောင် ဖြစ်သွား ခဲ့ရတယ်။ သူမမျက်နှာ မျှော်လင့်နေသည့် အရိပ်အယောင်တို့ ယှတ်သိုင်းလာခဲ့တယ်။
ရီရှင်းရို့ရဲ့ အဆင့်အတန်းကြောင့် သူမကို ထိခိုက်အောင် လုပ်လို့ မရပေမယ့် အသီးခါးခါးတော့ ကျွေးလို့ ရပါသေးတယ်။ မိန်းမပျိုလေးနှစ်ယောက် အမြဲတမ်း ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြတာပါ။ အခု ရီရှင်းရို့က သူမပိုင်နက်ထဲလာပြီး အရှက်မရှိ ရန်ကိုင်ကို လာရောက် မြဆွယ်ရဲပါတယ်။ ရီရှင်းရို့ကို အခုလိုမျိုး အရူးလုပ်လိုက်ရလို့ သူမစိတ်ထဲ အနည်းငယ် စိတ်မကောင်း ဖြစ်မိပေမယ့် လုံးဝကို စိတ်မကောင်း ဖြစ်သွားတယ်လို့တော့ မဆိုလိုဘူးလေ။
ရန်ကိုင် ထွက်သွားပြီးနောက် ချူရီမန်က အသာအယာ လေး လက်ခုပ်တီးလိုက်တယ်။
ချက်ချင်းဆိုသလို အဆင့်နိမ့် ကျင့်ကြံသူများစွာ သူမဆီ ပြေးလာခဲ့ပြီး မေးလိုက်တယ် “သခင်မလေးချူ ဘာများ မှာကြားချင်လို့ပါလဲ’
သူမရဲ့ နှုတ်ခမ်းအစုံက မိစ္ဆာဆန်ဆန် အပြုံးတစ်ခု အဖြစ် ကွေးတက်သွားခဲ့ပြီး မတိုးမကျယ်လေသံနဲ့ ပြောလိုက်တယ် “ဒီနေရာတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်။ ငါ့အမိန့်မရှိပဲနဲ့ ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့”
“ဟုတ်ကဲ့ပါ”
အခန်းထဲမှာ ရှိနေတဲ့ ရီရှင်းရို့၊ ထိုစကားကို ကြားလိုက် တာနဲ့ သူမမျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ထအော်ပါတော့တယ် “အစ်မချူ၊ အစ်မချူ၊ ဂျူနီယာညီမကို ညှာတာပေးပါနော်။ ဂျူနီယာညီမ မှားမှန်းသိပါပြီ။ အစ်မချူ…”
ချူရီမန် အေးခဲသွားခဲ့ပြီး အသာအယာလေး မျက်မှောင် ကြုံ့လိုက်ကာ အသံကျယ်ကျယ်နဲ့ ရေရွတ်လိုက်တယ် “ဟန်၊ ဘာတွေ ဖြစ်နေတာလဲ။ ငါ့နားတွေကများ ငါ့ကို လာကစား နေတာလား။ အသံတစ်သံသံကို ငါကြားလိုက်ရသလားလို့၊ နင်တို့ကော ကြားလိုက်လား”
ချူမိသားစု ပထမသခင်မလေး မျက်ဝန်းထဲ တရိပ်ရိပ် လက်နေသည့် အန္တရာယ်များသည့် အလင်းရောင်တို့ကို သတိပြုမိလိုက်တာနဲ့ အစောင့်တွေအကုန်လုံး ခါးမတ်လိုက်ပြီး ပြိုင်တူ ခေါင်းခါလိုက်ကြတယ်။
“အင်း၊ အခုပဲ ငါ့နာမည်ကို တစ်ယောက်ယောက် အော်ခေါ်လိုက်တာ ကြားလိုက်သလိုပဲ။ မှားပြီး ကြားမိတာပဲ နေမှာပါ” ချူရီမန်က တခစ်ခစ် ရယ်မောလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လမ်းလျှောက် ထွက်သွားလိုက်တယ်။
အစောင့်တွေ အကုန်လုံးရဲ့ ကျောပြင်တွေထက် ချွေးအေးတို့ တတောက်တောက် စီးကျနေခဲ့ပါတယ်။
ချူရီမန်မှာ ရက်စက်ပြီး အငြိုးကြီးတဲ့ အခုဘက်ခြမ်း ရှိမှန်း အခုပဲ သူတို့တွေ့ရှိ လိုက်ရပါတယ်။ အားလုံးက ပိတ်ထားတဲ့ အခန်းဆီ ဂရုဏာသက်တဲ့အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြတယ်။
အခန်းထဲမှာတော့ အဝတ်အစား ဗလာဖြစ်နေတဲ့ ရီရှင်းရို့ ရှိနေခဲ့ပါတယ်…
သူ့အခန်း ပြန်ရောက်တာနဲ့ တင်ပလင်ခွေ ထိုင်လိုက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်တယ်။
ရီရှင်းရို့ကြောင့် မဟုတ်ပဲ နောက်ဖြစ်လာမယ့် ကိစ္စတွေ ကြောင့်ပါ။
လွန်ခဲ့တဲ့ ၇ရက်တုန်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ သူချိုးဖျက်ခဲ့ပါတယ်။ အဲ့တုန်းက တိုက်ပွဲပြီးလို့ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတော့ သူသတိမပြုမိဘူး ဖြစ်သွား ခဲ့ပါတယ်။ ဒါပေမယ့် ထိုကိစ္စတွေ အားလုံးကို ဖြေရှင်းပြီး ငြိမ်းချမ်းတဲ့ အချိန်အခိုက်အတန့် တစ်ခဏတာကို ရရှိလိုက်ပြီးနောက် အရေးကြီးတဲ့အချက်တစ်ခုကို ရန်ကိုင် သတိပြုမိလိုက်တယ်။
အနက်ရောင်စာအုပ်က တုန့်ပြန်နေခဲ့ပါပြီ။
ဆင့်ခေါ်လိုက်တာနဲ့ ဝိဥာဉ်ကျောက်တုံးဖြင့် ထုလုပ်ထားသည့် အနက်ရောင်စာအုပ်တစ်အုပ် သူ့ရှေ့ ထွက်ပေါ်လာခဲ့တယ်။
အနက်ရောင်စာအုပ်ကို ရပြီးတော့မှပဲ သိုင်းပညာ လမ်းကြောင်းထဲ သူခြေချနိုင်ခဲ့တာပါ။ ထိုအချိန်က စတင်ပြီး သူ့ခရီးကို ဘယ်သူကမှ မရပ်တန့်နိုင်ခဲ့ပါဘူး။
အနက်ရောင်စာအုပ်ရဲ့ စာမျက်နှာ အသစ်တစ်ခု ပွင့်သွားတိုင်း အဖိုးတန်ရတနာတစ်ခုကို ရန်ကိုင် ရစမြဲပါ။ ဒါပေမယ့် သူအခုလို အရှိန်အဟုန် မြန်မြန်နဲ့ တိုးတက် နေရတဲ့ အဓိက အကြောင်းအရင်းကတော့ သူရဲ့ မလျှော့သော ဇွဲကြောင့်ပါပဲ။
အနက်ရောင်စာအုပ်က သူရခဲ့ပစ္စည်းအကုန်ကို ရန်ကိုင် သေသေချာချာ မှတ်မိပါတယ်။
အနက်ရောင်စာအုပ်ရဲ့ ပထမစာမျက်နှာထဲမှာ ရွှေရောင်အရိုးခြောက် ရှိနေခဲ့ပါတယ်။ ထိုအရိုးခြောက်ကပဲ သိုင်းကျင့်ကြံလို့ မရတဲ့ သူ့ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲ ပေးခဲ့တာပါ။
ဒုတိယစာမျက်နှာတော့ သူ့ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးနိုင်တဲ့ ခန္ဓာသန့်စင်ခြင်းမှတ်တမ်း ရှိနေခဲ့ပါတယ်။
တတိယစာမျက်နှာမှာတော့ မှော်ဆန်တဲ့ မွှေးရနံ့အိုး ရှိနေခဲ့ပါတယ်။ ထိုမွှေးရနံ့အိုးက သူ့ကျင့်ကြံနှုန်းကို မြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
လေးခုမြောက် စာမျက်နှာက အစစ်အမှန်ယန်ကျင့်စဉ် ကို ပေးခဲ့ပါတယ်။
ငါးခုမြောက် စာမျက်နှာကတော့ ဆေးဘုရာင် တောင်ကြားက ဆေးရေကန်ဆီ သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
ခြောက်ခုမြောက် စာမျက်နှာ ပွင့်သွားတာနဲ့ အနက်ရောင်စာအုပ်ကို သိုလှောင်နေရာလွတ်အဖြစ် အသုံးပြုလာနိုင်ခဲ့ပါတယ်။
ထိုအချိန်ကတည်းကစပြီး အနက်ရောင်စာအုပ်က ငြိမ်နေခဲ့တာပါ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ပြီးသွားတော့မှပဲ အနက်ရောင်စာအုပ်က နောက်တစ်ဖန် ပြန်လည် တုန့်ပြန်လာခဲ့ပါတယ်။
ဆိုလိုတာက သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ အနက်ရောင်စာအုပ်ရဲ့ ခုနှစ်ခုမြောက် စာမျက်နှာကို ဖွင့်လှစ်ပြီး ထိုထဲ ဖုံးကွယ်းထားထဲ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လို့ ရပြီလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
အနက်ရောင်စာအုပ်ရဲ့ စာမျက်နှာအသစ်တစ်ခု ပွင့်သွားတိုင်း မယုံနိုင်ဖွယ်ရာ အကျိုးအမြတ်တွေကို ရန်ကိုင် ရရှိခဲ့ပါတယ်။
ထို့ကြောင့် အခု ရန်ကိုင် စိတ်မလှုပ်ရှားပဲ ဘယ်နေနိုင်ပါ့မလဲ။
အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်။ ပြီးတာနဲ့ အနက်ရောင် စာအုပ်ကိုဖွင့်လိုက်ပြီး အစစ်အမှန်ချီကို စာအုပ်ထဲ ဖြည့်သွင်းလိုက်တယ်။
မကြာခင်မှာပဲ ပုံမှန်မဟုတ်တာ တစ်ခုခုကို ရန်ကိုင် သတိပြုမိလိုက်တယ်။
သူ့ရဲ့ အစစ်အမှန်ချီကို အနက်ရောင်စာအုပ်ထဲ ဖြည့်သွင်းလိုက်တဲ့အခါ ခုနှစ်ခုမြောက် စာမျက်နှာထက် စည်းက နည်းနည်းလေးတောင် ပြောလျော့မသွားခဲ့ပါဘူး။ အဲ့အစား သူ့ရဲ့ အစစ်အမှန်ချီကို ငြင်းဆန်ကာ သူ့ဆီ ပြန်ပို့ပေးခဲ့ပါတယ်။
ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့တယ်။
အစစ်အမှန်ချီကို လှည့်ပတ်တဲ့ ပုံစံနဲ့ပက်သက်ပြီး တစ်ခုခုများ မှားယွင်းနေတာလား။ ဒါမှမဟုတ် သူ့ရဲ့ အစစ်အမှန် ပမာဏက မလုံလောက်သေးတာလား။
ဖြစ်နိုင်တာ… ခုနှစ်ခုမြောက် စာမျက်နှာကို အခုလိုမျိုး ဖွင့်လို့မရတာလည်း ဖြစ်နိုင်တာပါပဲ။
ခုနှစ်ခုမြောက် စာမျက်နှာက သူအင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ပြီး အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပြီးမှ စတင်တုန့်ပြန် လာခဲ့တာပါ။
ဒီတော့ သူ့အသိစိတ်ပင်လယ်နဲ့ ကောင်းကင်စိတ်အာရုံ ထွက်ပေါ်လာတာက ခုနှစ်ခုမြောက်စာမျက်နှာရဲ့ စည်းပြေလျော့သွားတဲ့ လုံးဝကို ဆက်စပ်နေရပါမယ်။
ထိုအကြောင်း စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင်က အနက်ရောင်စာအုပ်ထဲ အစစ်အမှန်ချီ ဖြည့်သွင်းနေတာကို ရပ်တန့်လိုက်တယ်။ အဲ့အစား သူ့ရဲ့ အစစ်အမှန်ချီကို စုစည်းလိုက်ပြီး ခုနှစ်ခုမြောက် စာမျက်နှာထဲ ပို့လွှတ် လိုက်တယ်။
သူ့စိတ်စွမ်းအာကို လက်ခံရရှိလိုက်တာနဲ့ ခုနှစ်ခုမြောက် စာမျက်နှာက်က အရောင်မှိန်မှိန်လေး လင်းလာခဲ့ပါတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ သူထင်တာ မှန်သွားပြီ ဖြစ်ကြောင်း ရန်ကိုင် သိလိုက်တယ်။ ခုနှစ်မြောက် စာမျက်နှာရဲ့ စည်းကိုဖြည်ဖို့ဆိုရင် သူ့စိတ်စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။
အဖြေမှန်ကို တွေ့ရှိလိုက်တာနဲ့ ခုနှစ်ခုမြောက် စာမျက်နှာထဲ ပို့လွှတ်နေတဲ့ သူ့စိတ်စွမ်းအင် အရှိန်အဟုန်ကို တိုးမြှင့်လိုက်တယ်။
အချိန်ကြာလာတာနဲ့ ခုနှစ်ခုမြောက်စာမျက်နှာရဲ့ စည်းက ပူးပြင်းလှတဲ့ နေရောင်အောက် တဖြည်းဖြည်း အရည်ပျော်နေတဲ့ ရေခဲတုံးကြီးပမာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။
ဖြစ်စဉ်က အရမ်းကို နှေးကွေးလှပါတယ်။ ဒါပေမယ့် နှေးတာက နှေးတာပါ၊ တိုးတက်မှုကတော့ ရှိနေဆဲပါ။
အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားခဲပြီး အခုဆို မနက်နေထွက်လို့ လာခဲ့ပါပြီ။ ခုနှစ်မြောက်စာမျက်နှာထဲ စိတ်စွမ်းအင်တွေ ပို့လွှတ်နေတဲ့အချိန် စိတ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ ဆေးလုံး များစွာကို ရန်ကိုင် သောက်သုံးခဲ့ရတယ်။ နောက်ဆုံး မှာတော့ ခုနှစ်ခုမြောက် စာမျက်နှာ ပွင့်သွားခဲ့ပါပြီ။
ခုနှစ်ခုမြောက် စာမျက်နှာထက် ကြက်ခြေရာပမာ ရှုပ်ယှတ်ခတ်နေတဲ့ မျဉ်းကြောင်းတွေ ထွက်ပေါ်လာခဲ့တယ်။
စိတ်ဝိဥာဉ်အစီအရင် တစ်မျိုးမျိုး ဖြစ်တဲ့ပုံပါပဲ။
စိတ်ဝိဥာဉ်အစီအရင်တစ်ခုလုံးကို အပြည့်အဝ အသက်သွင်းပြီးတာနဲ့ အရာအားလုံးကို ဝါးမြိုနိုင်တဲ့ ဝဲကတော့ သေးသေးလေး တစ်ခုထွက်ပေါ်လာပြီး စတင် လှည့်ပတ်လာခဲ့ပါတယ်။
လှည့်ပတ်နှုန်းက တဖြည်းဖြည်းနဲ့ ပိုပိုမြန်ဆန်လာခဲ့ပြီး တစ်ခုခုက ခုနှစ်ခုမြောက် စာမျက်နှာကနေ စတင် ထွက်ပေါ် လာခဲ့တယ်။
ရန်ကိုင် တုန်လှုပ်ချောက်ချား သွားခဲ့ရတယ်။ သူ့ဝိဥာဉ်က မမြင်နိုင်တဲ့ အားတစ်မျိုးမျိုးရဲ့ ဆွဲယူခြင်းကို ခံလိုက်ရသည့်အလား သူ့အသိစိတ်ပင်လယ်ထဲကနေ လွတ်ထွက်သွားတော့မတတ် ဖြစ်သွားခဲ့ရတယ်။
ရန်ကိုင် ထိတ်လန့်၊ ကြက်သေသေသွားခဲ့ပြီး ခပ်မြန်မြန်ပဲ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်တယ်။
သူ့ဝိဥာဉ်သာ စုပ်ထုတ်ခံလိုက်ရရင် သူ့ကိုယ်တိုင်က အသိစိတ်မရှိတဲ့ အရူးတစ်ယောက် ဖြစ်သွားတော့မှာပါ။
ထိုအခိုက်အတန့်၌ စံအိမ်ထဲရှိနေသည့် မန်ဝူရတို့၊ လင်းတိုင်ရှုတို့လို လူတွေရဲ့ စိတ်တောင် ဂနာမငြိမ် ဖြစ်သွား ခဲ့ကြရတယ်။
ထိုခံစားချက်က တဒင်္ဂပဲ ကြာမြင်ခဲ့ပါတယ်။ မြန်မြန် လာပြီး မြန်မြန်ဆန်ဆန်ပဲ ပြန်လည် ပျောက်ကွယ် သွားခဲ့ပေမယ့် လက်ရွေးစင် ပညာရှင်နှစ်ယောက်ကိုတော့ သတိတကြည့်ကြည့် ဖြစ်သွားစေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ လူအိုကြီးနှစ်ယောက်စလုံး ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ နေရာတစ်ဝိုက်ကို သူတို့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမယ့် ဘာထူးခြားတာကိုမှ သူတို့ ရှာမတွေ့ခဲ့ပါဘူး။ တစ်ခုခုက သူတို့ရဲ့ ကောင်းကင်စိတ်အာရုံတွေနဲ့ စစ်ဆေးလို့ မရအောင် တားဆီးနေတဲ့ပုံပါပဲ။
ထိုတွေ့ရှိမှုက လူအိုကြီးနှစ်ယောက်ကို ပိုပြီး သံသယ ဝင်သွားစေခဲ့တယ်။ သူတို့စိတ်ထဲမှာလည်း ဘာတွေများ ဖြစ်နေတာလဲဆိုပြီး အတွေးနယ်ချဲ့ မိနေခဲ့တယ်။
အခန်းထဲမှာတော့ ရန်ကိုင်က ကိုးယိုးကားယား အမူအရာနဲ့ ခုနှစ်ခုမြောက် စာမျက်နှာကနေ ထွက်ပေါ် လာတဲ့ ပစ္စည်းကို စိုက်ကြည့်နေခဲ့တယ်။
ထိုအရာက ကြက်ဥအသေးစားလေး တစ်လုံး အရွယ်အစားလောက် ရှိပါတယ်။ ချွန်ထွက်နေတဲ့ အဆုံး နှစ်ဖက်၊ အလယ်မှာ ဝိုင်းနေခဲ့ပြီး အဖျားတစ်ဖက်က ပြားနေခဲ့ပါတယ်။ မျက်နှာပြင်မှာလည်း သွေးကြောတွေလို မျဉ်းကြောင်းလေးတွေ အများကြီး ရှိနေခဲ့ပါတယ်။
မြင်မြင်ချင်း ထိုအရာက ထူးဆန်းတဲ့ အသီးတစ်လုံးလို့ ရန်ကိုင် ထင်သွားခဲ့တယ်။
ဒါပေမယ့် သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ထိုအရာက ပိတ်နေတဲ့ မျက်လုံးတစ်လုံးနဲ့ ပိုပြီးဆင်တူ နေတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။
ထိုကဲ့သို့ စဉ်းစားတွေးတော မိလိုက်တာနဲ့ သူ့နှလုံးသား တစ်ခုလုံး အေးစက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ကြက်သီး မွှေးညင်းတို့ ထသွားခဲ့တယ်။
ဒါက ဘယ်လိုအရာလဲ ဆိုတာကို သူမသိပါဘူး။ အတိတ်တုန်းက အနက်ရောင်စာမျက်နှာ အသစ်တစ်ခု ပွင့်လာတိုင်း သူဘာပစ္စည်းအား ရလိုက်လဲဆိုတာကို ရေးထားပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘာစာမှ ရေးမထားခဲ့ပါဘူး။ ပစ္စည်းသက်သက်ပါပဲ။
ဒီစည်းကို ဖြည်ဖို့က ရန်ကိုင် မျှော်လင့်ထားတာထက်ကို အများကြီး ပိုခက်ခဲပါတယ်။
ဒီထူးဆန်းတဲ့ပစ္စည်းက မရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလို့ ရန်ကိုင် ခံစားနေခဲ့ရတယ်။ ဒါပေမယ့် ဒီပစ္စည်းကို ဘယ်လို အသုံပြုရမလဲ ဆိုတာကိုတော့ ရန်ကိုင် မသိဖြစ်နေ ခဲ့ပါတယ်။ သူပြောနိုင်တာဆိုလို့ ဒီပစ္စည်းက သူ့ဝိဥာဉ်နဲ့ တစ်နည်းနည်းဖြင့် ဆက်စပ်နေတယ် ဆိုတာကိုပါပဲ။
ထိုပစ္စည်းဆီ သူ့ရဲ့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်တဲ့အချိန်၌ ထိုမျက်လုံးနဲ့တူတဲ့ အရာက ချက်ချင်း ပျောက်ကွယ် သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့အသိစိတ်ပင်လယ်ထဲ တည်ရှိမှုအသစ်တစ်ခု ရောက်ရှိ နေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။
အသိစိတ်ပင်လယ်ထဲ သူ့အသိစိတ်ကို ဆွဲခေါ်လိုက်ပြီး ဘေးပတ်လည်ကို ရန်ကိုင် လှည့်ပတ်ကြည့်လိုက်တယ်။
ထိုထူးဆန်းတဲ့ ပစ္စည်းက သူ့အသိစိတ် ပင်လယ်ထဲ ရှိနေခဲ့ပြီး ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်းမှ အသွင်ပြောင်း ထားသည့် ငါးရောင်ခြယ်ကျွန်းထက် လွင့်မျောနေခဲ့ပါတယ်။ ထိုပစ္စည်းက သူ့ဝိဥာဉ်နဲ့ လိုက်ဖက်ညီစွာ ရှိနေခဲ့တယ်။
ထိုပစ္စည်းနဲ့ ဝိဥာ်ဉ်ကြာပန်းအပြင် သူ့အသိစိတ် ပင်လယ်ထဲ ဝဲနေတဲ့ ဓါးတိုလေး တစ်ချောင်းလည်း ရှိနေပါသေးတယ်။
ထိုဓါးတိုလေးက နန်ရှန်းနဲ့ ရှန်ချူတို့ရဲ့ အသက်ကို ချွေယူခဲ့တဲ့ ဝိဥာဉ်အမျိုးအစား လက်နက်ပါ။
ဒီဓါးတိုလေးကို သန့်စင်နိုင်ဖို့အတွက် ရန်ကိုင် တော်တော်လေး အားစိုက်ထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် ထိုထူးဆန်းတဲ့ မျက်လုံးနဲ့ တူတဲ့ ပစ္စည်းကတော့ သူ့အသိစိတ် ပင်လယ်ထဲ အလိုလို ဝင်လာခဲ့ပါတယ်။
ခေါင်းသာ ခါရမ်းလိုက်တယ်၊ ဒီပစ္စည်းကို ဘယ်လို အသုံပြုရမလဲဆိုတာကို သူလုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါပြီ။
ထိုအချိန်၌ အသံတစ်သံက သူ့နားထဲ ပျံ့လွင့် လာခဲ့သဖြင့် ရန်ကိုင်လည်း အသိစိတ်ပင်လယ်ထဲကနေ ပြန်ထွက်လာလိုက်တယ်။
အခန်းတံခါး ဖွင့်လိုက်တဲ့အခါ လေးနက်တည်ကြည်တဲ့ အမူအရာဖြင့် ရပ်စောင့်နေကြတဲ့ မန်ဝူရနဲ့ လင်းတိုင်ရှုတို့ နှစ်ယောက်ကို သူတွေ့လိုက်ရတယ်။ သူ့ကို မြင်မြင်ချင်း အားကောင်းလှတဲ့ ကောင်းကင်စိတ်အာရုံနဲ့ ရန်ကိုင် တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမယ့် ပုံမှန်မဟုတ်တာ ဘာမှမတွေ့တာနဲ့ ဇဝေဇဝါ အမူအရာဖြင့် ရန်ကိုင်ကို အချိန်ခဏကြာအောင် စိုက်ကြည့်နေလိုက်ပြီး ပြန်ထွက်သွားလိုက်ကြတယ်။
“သခင်လေး အဆင်ပြေရဲ့လား” ချက်ချင်းဆိုသလို နတ်ဆိုးအိုကြီး ပေါက်ချလာပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
“ငါအဆင်ပြေပါတယ်” ရန်ကိုင် အသာအယာလေး ခေါင်းခါရမ်းလိုက်တယ်။ ထိုလူတွေက သူ့ကို စိတ်ပူလို့ ရောက်လာမှန်း သိလိုက်တဲ့အတွက် ရန်ကိုင်စိတ်ထဲ နွေးထွေးသွားခဲ့ရတယ်။
“သခင်လေးသာ အဆင်ပြေနေသရွေ့ အားလုံး အဆင်ပြေတယ်” ရန်ကိုင် အဆင်ပြေနေမှန်း သိလိုက်ရမှပဲ နတ်ဆိုးအိုကြီး စိတ်သက်သာရာ ရသွားခဲ့ပြီး လှည့်ထွက်ဖို့ လုပ်လိုက်တယ်။
“ခဏနေဦး” ရန်ကိုင် ရုတ်တရက် အော်ခေါ်လိုက်တယ်။
“သခင်လေး ဘာပြောစရာ ရှိလို့လဲ’
“လန်ရှန်းကို သွားခေါ်လိုက်”
“ဟုတ်ကဲ့ပါ”
အသက်ရှူရှိုက်စာ ဒါဇင်ကျော်လောက် ကြာပြီးနောက် တစ္ဆေဘုရင်တောင်ကြားက လန်ရှန်းက နတ်ဆိုးအိုကြီးနဲ့ အတူ ရန်ကိုင်ဆီ လမ်းလျှောက်လာခဲ့တယ်။
ရန်ကိုင်ကို သိချင်စိတ်အပြည့်နဲ့ စူးစမ်းကြည့်လိုက်ရင်း လန်ရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် “ဘာကိစ္စလဲ”
“အရင်ထိုင်လိုက်” ရန်ကိုင် ထိုင်ရာကနေ မထခဲ့၊ အဲ့အစား သူမအား ထိုင်ဖို့သာ အချက်ပြလိုက်တယ်။
ရန်ကိုင် ဘာလုပ်ချင်နေမှန်း နားမလည်တဲ့အတွက် နန်ရှန်း တဒင်္ဂတာလောက် တန့်သွားခဲ့ရတယ်။