← Chapters

အခန်း (၅၄၁-၅၄၅)

Vol. 22 Ch. 541-545

အခန်း (၅၄၁-၅၄၅)

Vol. 22 Ch. 541-545

အပိုင်း(၅၄၁) ငါနင့်ကို တကယ် ရွံသွားပြီ

လူတွေရဲ့ အထင်အမြင်က ဒီရေအလား တကယ်ကို အပြောင်းအလဲ မြန်ဆန်ကြပါတယ်။ နေ့တစ်ဝက် အတွင်းမှာပဲ သတင်းတွေက ဗဟိုမြို့တော်နဲ့ စစ်ပွဲမြို့တော် တစ်ဝှမ်း ပျံ့နှံ့သွားခဲ့တယ်။ အခုဆို အားလုံးက ထိုအကြောင်း ပြောနေခဲ့ကြလေပြီ။ ရန်ကိုင် အနိုင်ရမယ်လို့ ထင်ကြေး ပေးနေကြတဲ့ လူတွေရဲ့ သဘေားထားတွေလည်း အပြောင်းကြီး ပြောင်းလဲသွားကုန်လေပြီ။

အတင်းအကြပ် ထွက်ခွါလာခဲ့ရတဲ့ ချူရီမန်နဲ့ ဟော်ရှင်းချန်တို့သည်လည်း ကောလဟာလတွေရဲ့ ဇာတ်ကောင်တွေ ဖြစ်လာခဲ့ရတယ်။ သခင်လေးနဲ့ သခင်မလေး ရန်ကိုင်ဆီကနေ ထွက်ခွါလာခဲ့ရတဲ့ အကြောင်းအရင်းက ရန်ကိုင်ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို မြင်တွေ့ခဲ့ရပြီး သူ့ကို မတားဆီးနိုင်တော့တာကြောင့် ဖြစ်တယ်ဆိုပြီး သတင်းတွေ ပြန့်လာခဲ့ပြန်ပါတယ်။

ဒီအတွက်ကြောင့်သာ မဟုတ်ရင် သူတို့တွေလည်း ရန်ကိုင်ကို သစ္စာဖောက်လိမ့်မှာ မဟုတ်ကြပါဘူး။

ဒီလို သတင်းတွေ ပြန့်လာခဲ့တဲ့အခါ မြို့ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့တယ်။ အကုန်လုံက ချူရီမန်နဲ့ ဟော်ရှင်းချန်ကို စာနာသနားနေကြပြီး ရန်ကိုင်ကို ရွံ့ရှာစက်ဆုပ် မုန်းတီးနေခဲ့ကြတယ်။

ရန်ဝေ ခြံဝန်း၊

ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်သွားကတည်းက ရန်ဝေခြံဝန်းက လုံးဝကို ငြိမ်သက် နေခဲ့ပါတယ်။ သူ့ကို လာထောက်ပံ့တဲ့ ကျင့်ကြံသူတွေ အကုန်လုံးက အပြင်ရေးရာ ကိစ္စတွေကို လျစ်လျူရှုထားကြပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေ ခဲ့ကြတယ်။ အကြီးဆုံးသခင်လေး ရန်ဝေက အနိုင်ရဖို့ ယုံကြည်ချက် မရှိမှတော့ သူရဲ့ မဟာမိတ်တွေက ဘာလုပ်နိုင်ဦးမှာ မို့လို့လဲ။

အခုလောလောဆယ် သူတို့အတွက် အရေးအကြီးဆုံးက သူတို့ရဲ့ ခွန်အားကို တိုးတက်အောင် လုပ်ဖို့ပါ။ ဘာလို့လဲ ဆိုတော့ စစ်ပွဲမြို့တော်ကနေ ထွက်သွားတာနဲ့ အခုလိုမျိုး များပြားလှတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ရရှိတော့မှာ မဟုတ်တော့လို့ပါပဲ။

ထိုတိတ်တဆိတ်တဲ့ စံအိမ်ထဲ ခြေသံတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ခြေသံတွေက အလျင်လိုနေဟန်ရပြီး ရန်ဝေရဲ့ အခန်းဆီသို့ ဦးတည်နေခဲ့ပါတယ်။ အခန်းရှေ့ ရောက်တာနဲ့ လူငယ်လေးက တံခါးကိုတောင် မခေါက် တော့ပဲ အခန်းတံခါးကို တွန့်ဖွင့်လိုက်ပြီး ကမန်းကတန်းနဲ့ အော်ဟစ်လိုက်တယ် “အကြီးဆုံးသခင်လေး၊ အကြီးဆုံး သခင်လေး”

ကျင့်ကြံနေတဲ့ ရန်ဝေက ဖြည်းဖြည်းချင်း မျက်တောင် ခတ်လိုက်ပြီး အံ့အားသင့် စိတ်လှုပ်ရှားနေတဲ့ မန်ရှန်းရီဆီ လှမ်းကြည့်လိုက်တယ်။ ရန်ဝေရဲ့ ဓါးသွားသဏ္ဏာန် မျက်ခုံးတို့ ပင့်တက်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ရှန်ရီ၊ အရာရာတိုင်းကို ပျာတီးပျာယာနဲ့ မလုပ်ဖို့ ငါမင်းကို ဘယ်နှစ်ခါ ပြောရမလဲ”

ပြောပြီးတာနဲ့ ရန်ဝေက ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။

“အကြီးဆုံးသခင်လေး၊ ဒီတစ်ကြိမ် ကိစ္စက အရင်နဲ့ မတူတော့ဘူး” မန်ရှန်းရီရဲ့ ပါးတွေက နီရဲတွတ်နေခဲ့ပါတယ်။ ကံကောင်းမှုတစ်ခုခုကို ကြုံတွေ့ခဲ့ရတဲ့ ပုံပါပဲ။ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက်မယ် ဆိုရင်တောင့် သူ့မျက်နှာထက် စိုးရိမ်၊ တုန့်ဆိုင်းနေသည့် အရိပ်အယောင် တို့ကို မြင်တွေ့ရနိုင်ပါတယ်။

“ဘာဖြစ်လို့လဲ” ဒီရက်အတောအတွင်း ရန်ဝေက တောက်လျှောက်ကို တံခါးပိတ် ကျင့်စဉ်ဝင်နေခဲ့တာပါ။ ထို့ကြောင့် အပြင်မှာဖြစ်ပျက်နေတဲ့ ကိစ္စတွေကို သူနည်းနည်းလေးတောင် မသိပါဘူး။

မန်ရှန်းရီက သူ့ကိုယ့်သူ ပြန်ထိန်းလိုက်ပြီး ပြန်ပြောလိုက်တယ် “ရန်ကိုင် သုတ်သင်ခံရတော့မယ်”

ရန်ဝေ မျက်ခုံးပင့်တက်သွားခဲ့ပြီး လေးနက်နေတဲ့ လေသံနဲ့ မေးလိုက်တယ် “ဒီအတင်းအဖျင်းတွေကို မင်းဘယ်က ကြားလာတာလဲ”

“အတင်းအဖျင်း မဟုတ်ဘူး” မန်ရှန်းရီ ခေါင်းခါ လိုက်တယ်။ လေးနက်တည်ကြည်တဲ့ အမူအရာဖြင့် ဒီရက်အတောအတွင်း ဖြစ်ပျက်သွားတဲ့ အကြောင်းစုံကို ရန်ဝေအား ပြန်ပြောပြလိုက်တယ်။

နားထောင်နေရင်း ရန်ဝေရဲ့ အမူအရာက ထူးဆန်းလာခဲ့တယ်။

ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ ရန်ကိုင် စံအိမ်ကနေ ထွက်သွားတာက သူဘယ်လို့မှ မမျှော်လင့်ထားခဲ့တဲ့ အရာပါ။

လုထူရဲ့အမြင် ဒီလောက် မြန်မြန်နဲ့ ပြောင်းလဲ သွားခဲ့ရတာက နောက်ကွယ်ကနေ တစ်ယောက်ယောက်က လောင်စာဖြည့်ပေးနေလို့ပဲ ဖြစ်ရပါမယ်။ နောက်ကွယ်က လက်မည်းကြီးရဲ့ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကိုတော့ ခန့်မှန်းစရာတောင် မလိုတော့ပါဘူး။ မိသားစုကြီးရှစ်ခုက လွဲပြီး ဘယ်အင်အားစုမှာများ ဒီလောက်လွှမ်းမိုးနိုင်စွမ်း ရှိမှာမို့လို့လဲ။

ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ကိုးယောက်မြောက်ညီလေးက မိသားစုကြီး ရှစ်ခုရဲ့ အာရုံစိုက်ရာ ဖြစ်သွားခဲ့ရလိမ့်မယ်လို့ ရန်ဝေ မမျှော်လင့်ထားခဲ့ပါဘူး။

တစ်ခုခု လွဲနေသလို ရန်ဝေ ရေးတေးတေးလေး ခံစားမိနေခဲ့တယ်…

ကိုးယောက်မြောက် ညီလေးက နတ်ဆိုးအရှင်သခင် ဖြစ်လာနိုင်ချေ ရှိရင်တောင် မိသားစုကြီးရှစ်ခုက သခင်လေး တစ်ယောက်ဆိုတဲ့ သူ့ရဲ့အဆင့်အတန်းအရ အခုလိုမျိုး သူ့ဂုဏ်သတင်း ပျက်စီးအောင် ပုံကြီးချဲ့စရာ မလိုပါဘူး။ သူတို့ ဘာတွေများ လုပ်ချင်နေတာလဲ.

ပြီးတော့ အခုလိုမျိုး လုပ်နေတဲ့ပုံစံက ကိုးယောက်မြောက် ညီလေးကို ချောင်ထဲမရောက် ရောက်အောင် တွန်းအားပေးနေသလို ဖြစ်နေခဲ့ပါတယ်။ အဲ့လိုဆိုရင် သူတို့က အမှန်တရား ဘက်တော်သား ပုံစံမျိုးနဲ့ လှုပ်ရှားလို့ရပါပြီ။ ဒီလိုသာဆိုရင်…

အခြေအနေကွင်းဆက်တွေကို စဉ်းစားကြည့် လိုက်ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို ရန်ဝေစဉ်းစားမိ သွားခဲ့ကာ သူ့အမူအရာလည်း တစ်မျိုးတစ်ဖုံ ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။

“အကြီးဆုံးသခင်လေးကို နောက်ထပ် သတင်းပို့စရာ တစ်ခု ရှိသေးတယ်” မန်ရှန်းရီက မျက်မှောင်ကြုံ့ကာ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်တယ်။

“ဘာလဲ”

“မန်မိသားစုက ငါ့ဆီ စာတစ်စောင် ပို့လိုက်တယ်။ ဒုတိယသခင်လေးနဲ့ ပူးပေါင်းပြီး… ရန်ကိုင်ကို အနိုင်ယူဖို့” မန်ရှန်းရီက ခါးသီးတဲ့ အမူအရာနဲ့ ထိုစကားတွေကို မနည်းပြောလိုက်ရတယ်။

“မန်မိသားစုကလား” ရန်ဝေ မျက်မှောင် ကြုံ့လိုက်ပြီး “ငါ့ရန်မိသားစုကကော”

“ဆတ်သားက… ရန်မိသားစုက ဒီကိစ္စမှာ ဝင်ပါမှာ မဟုတ်ဘူးလို့ ပြောသွားတယ်”

ဒီစာရောက်လာတဲ့ အချိန်တုန်းက မန်ရှန်းရီလည်း တံခါးပိတ် ကျင့်စဉ်ဝင်နေခဲ့တာပါ။ ဒါပေမယ့် စစ်ပွဲမြို့တော်က အခြေအနေကို အလျင်အမြန် သုံးသပ်ကြည်ပြီးနောက် လက်ရှိအခြေအနေကို နားလည် သွားတာနဲ့ ရန်ဝေဆီ အပြေးလာခဲ့တာပါ။

“ဒုတိယသခင်လေးနဲ့ ပူးပေါင်းလိုက်… ဟားဟား” ရန်ဝေ ရုတ်တရက် ရယ်မောလိုက်ပြီး “ငါတို့နှစ်ယောက်ရဲ့ အင်အားစုတွေ အကုန်လုံးကို ပူးပေါင်းလိုက်ရင်တောင် ကိုးယောက်မြောက် ညီလေးရဲ့ ပြိုင်ဘက် ဖြစ်နိုင်ဦးမှာ မဟုတ်သေးဘူး။ သူတို့ အခြားဘာတွေ စီစဉ်ထားသေးလဲ’

မန်ရှန်းရီက အားတင်း ပြုံးလိုက်ပြီး “အကြီးဆုံး သခင်လေး မသိချင်ယောင် ဆောင်နေစရာ မလိုပါဘူး… ဆတ်သားက ဘာကိုမှ စိတ်မပူဖို့ ပြောသွားတယ်။ ငါတို့ လုပ်ဖို့လိုတာဆိုလို့ မျက်နှာသွားပြရုံပဲ။ ကျန်တဲ့ကိစ္စတွေ ကတော့ ဒုတိယသခင်လေး စံအိမ်ရောက်မှ ကိုင်တွယ် ကြမယ်တဲ့…”

ရန်ဝေ တိတ်ဆိတ်သွားခဲ့ပြီး သူ့မျက်းဝန်းထဲ ထူးဆန်းသည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

“အကြီးဆုံးသခင်လေး…” မန်ရှန်းရီက အံတင်းတင်း ကြိတ်လိုက်ပြီး “ဒီဆတ်သားက ငါတို့ မန်မိသားစုက လာတာ ဆိုပေမယ့် ရန်မိသားစုကလည်း သဘောတူပြီးတဲ့ပုံပဲ”

ရန်ဝေ အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ ရန်မိသားစုကသာ သဘောမတူရင် မန်မိသားစုက အခုလိုမျိုး ဘယ်လိုလုပ်ပြီး လုပ်ရဲပါ့မလဲ။ သူတို့မှာ ဒီလို သတ္တိမျိုး မရှိပါဘူး။

“ဒုတိယသခင်လေးက တိုက်ခိုက်ချင်စိတ်ကို မရှိတော့တာ။ သူ့စံအိမ်က လူအင်အားကလည်း သိသိသာသာကို လျော့ကျသွားခဲ့ပြီး။ သူက ကိုးယောက်မြောက် သခင်လေးရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး” မန်ရှန်းရီက စူပုပ်နေတဲ့ မျက်နှာနဲ့ “ဒါပေမယ့် သူတို့ပြောတဲ့ပုံအရ ဒုတိယသခင်လေးက ရန်ကိုင်ကို အနိုင်ယူဖို့ ယုံကြည်ချက် ရှိနေတဲ့ပုံပဲ… သူ့ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလဲ”

“စစ်ကူတွေလေ။ မိသားစုကြီးရှစ်ခုက စစ်ကူတွေပေါ့” ရန်ဝေက ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောလိုက်တယ်။

မန်ရှန်းရီ ထိတ်လန့်သွားခဲ့တယ်။ ရန်ဝေက ပြောလိုက်တာနဲ့ သူတွေးနေတာနဲ့ အတူတူပါပဲ။ ရုတ်တရက် သုန်မှုန်စူပုပ်နေသည့် မျက်နှာထားဖြင့် မန်ရှန်းရီက မေးလိုက်တယ် “အကြီးဆုံးသခင်လေး… သူတို့တွေက ဒုတိယသခင်လေးကို နောက်မိသားစုခေါင်းဆောင်အဖြစ် သတ်မှတ်ပြီးပြီလို့ ဆိုလိုလိုက်တာပဲ မဟုတ်ဘူးလား”

စစ်ကူတွေကို ရန်ဝေဆီ မပို့ပဲ ရန်ကျောင်းဆီ ပို့လိုက်တယ် ဆိုကလည်းက သူတို့ရဲ့ သဘေားထားက ရှင်းနေပါပြီ။

ရန်မိသားစုက ရန်ကျောင်းကို နောက်မိသားစု ခေါင်းဆောင် အဖြစ် သတ်မှတ်ထားလို့သာ စစ်ကူတွေကို ရန်ကျောင်းဆီ ပို့လိုက်တာပါ။

ရန်ဝေက ပြုံးကာ ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး “ကိုးယောက်မြောက်ညီလေးရဲ့ လက်ရှိအခြေအနေကို ထည့်မတွက်ရင်တောင် လက်ရှိအခြေအနေက ရန်မိသားစုက အခုလိုဖြစ်ဖို့ တကယ်ကို မျှော်လင့်နေတာ”

“သူတို့ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး အကြီးဆုံး သခင်လေး ဒေါသမထွက်ဘူးလား” မန်ရှန်းရီ စိတ်တို ဒေါသထွက်သွားခဲ့တယ်။

အမွေခံတိုက်ပွဲ စလာခဲ့တာ တစ်နှစ်နီးပါးလောက် ရှိလာခဲ့ပါပြီ။ ဒီအတိုင်သာ ဆက်သွားမယ်ဆိုရင် နောက်ဆုံး အနိုင်ရမယ့်လူက ရန်ကိုင်ဖြစ်ပြီး နောက်ထွက်ရမယ့်လူက ရန်ကျောင်း ဖြစ်ရမှာပါ။ ဒါပေမယ့် အခုတော့ ဘာမှဟုတ်တဲ့ ကိစ္စလေးကြောင့် စိတ်ဓါတ်ကျပြီး ငေးငိုင်နေတဲ့ လူက ရန်မိသားစုခေါင်းဆောင် ဖြစ်လာတော့မယ်ပေါ့။

သူတို့ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုပိုင်းယှဉ်ရင် ရန်ဝေက မိသားစုခေါင်းဆောင် ရာထူးနဲ့ ပိုပြီး ထိုက်တန်ပါတယ်။

ဒါပေမယ့် ဒီလောက် သိသာနေတာတောင် စစ်ကူတွေကို ရန်ကျောင်းစံအိမ်ဆီ ပို့လိုက်ပါတယ်။

မန်ရှန်းရီပြောတာကို ကြားလိုက်တဲ့အခါ ရန်ဝေက သွားပေါ်အောင်သာ ပြုံးလိုက်ပြီး ခေါင်းခါရမ်းရင်း “ဘာလို့ ဒေါသထွက်နေရတာလဲ။ တကယ်တော့ ငါလည်း မိသားစုခေါင်းဆောင် ဖြစ်ချင်တာ မဟုတ်ဘူး။ ကိုးယောက်မြောက် ညီလေးနဲ့ ငါနဲ့အတူတူပဲလို့ ငါထင်တယ်”

“ဘယ်လိုလုပ်…” မန်ရှန်းရီ ကြက်သေသသွားခဲ့တယ်။ ရန်ကိုင်ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် နောက်ဆုံး အနိုင်ရလဒ်ကို သူ့ဆီကနေ ဘယ်သူကမှ လုယူနိုင်မှာ မဟုတ်ပါဘူး။

“ကိုးယောက်မြောက်ညီးလေးနဲ့ ငါ၊ နှစ်ယောက်စလုံးက သိုင်းတာအိုရဲ့ အထွတ်အထိပ်ကို ရောက်ရှိချင်တာ။ သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို လျှောက်လှမ်းဖို့ ရည်ရွယ်ထားတဲ့ လူတွေက ရန်မိသားစုခေါင်းဆောင် ဆိုတဲ့ ရာထူးကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒီရာထူးက အရေးကြီးပြီး ဟိန်ဟန်ကြီးတယ် ဆိုပေမယ့် အကွက်ချ စီစဉ်ရတဲ့ ကိစ္စတွေမှာတော့ သိပ်ပြီး အရေးပါလှတာ မဟုတ်ဘူး။ ပြီးတော့ မိသားစုခေါင်းဆောင် ထိုင်ခုံကို တက်ထိုင်လိုက်တာနဲ့ ကျင့်ကြံရာမှာ ဘယ်လိုလုပ်ပြီး အာရုံစိုက်နိုင်တော့မှာလဲ။ ငါသိသလောက်ဆိုရင် ကိုးယောက်မြောက်ညီလေး အမွေခံတိုက်ပွဲမှာ ဝင်ပြိုင် နေရတာက သူ့ဂိုဏ်းရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးချင်လို့ပဲ။ သူက မိသားစုခေါင်းဆောင်နဲ့ သဘောတူညီချက်တစ်ခု လုပ်ပြီးတဲ့ပုံပဲ။ သူသာ အနိုင်ရသရင် ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းနိုင်ပြီး အရင်ဂုဏ်သတင်းကို ပြန်ရစေလိမ့်မယ်”

“အဲ့အတွက်လေးနဲ့လား” မန်ရှန်းရီ အလွန်အံ့ဩ သွားခဲ့တယ်။ သူကြားနေရတာကို မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒီလိုမျိုး ဂုဏ်သိက္ခာနဲ့ ကြီးမြတ်မှုကို မလိုလားတဲ့လူတွေ ဒီလောကကြီးမှာ တကယ်ပဲ ရှိနေသေးတာလာဂ။

“အဲ့အတွက်ပဲ” ရန်ဝေ ခေါင်းညိတ်လိုက်ပြီး “ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ ငါဝင်ပြိုင်ရတဲ့ အကြောင်းအရင်းက မိသားစုစည်းမျဉ်းတွေကြောင့်ရယ်၊ ငါ့ကိုယ်ငါ ကိုယ်ရည် သွေးချင်တာကြောင့်ရယ်ပဲ။ မိသားစုခေါင်းဆောင် ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စကတော့ ငါ့အတွက် အရေးမကြီးဘူး”

မန်ရှန်းရီ တိတ်ဆိတ်နေခဲ့တယ်။

“ဒီအချက်ကနေ သုံးသပ်ကြည့်မယ်ဆိုရင် သူတို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်က ဒုတိယညီလေးကို ထောက်ပံ့ဖို့ ရွေးချယ်လိုက်တာပဲ။ ဒုတိယသခင်လေးက စိတ်ပိုင်းဆိုင်ရာ အားနည်းပေးမယ့် ငါနဲ့ ကိုးယောက်မြောက် ညီလေးနဲ့ ယှဉ်လိုက်ရင် သူက မိသားစုခေါင်းဆောင် ဖြစ်ဖို့ ပိုပြီး ထိုက်တန်တယ်” ရန်ဝေက ပွင့်ပွင့်လင်းလင်းပဲ ဘာကိုမှ မဖုံးကွယ်ပဲ ပြောချလိုက်တယ်။

“မင်းစိတ်ပျက်သွားလား။ ငါကိုကူညီဖို့ ကြိုးစား အာထုတ်ခဲ့ရတာတွေ အားလုံး ရေစုံမျှောသွားပြီလို့ မင်းတွေးနေတာလား” ရန်ဝေက တိတ်ဆိတ်နေတဲ့ မန်ရှန်းရီဘက်လှည့်ပြီး မေးလိုက်တယ်။

နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ မန်ရှန်းရီက ယဲ့ယဲ့လေး ခေါင်းခါလိုက်ပြီး “အကြီးဆုံးသခင်လေးရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ကြားသိရတာကို ဒီရှန်းရီက ဂုဏ်တောင် ယူနေသင့်တာ။ အကြီးဆုံးသခင်လေးက မိသားစုခေါင်းဆောင် ဖြစ်မလာချင်မှတော့ ငါ့ရဲ့ သဘေားထား၊ အထင်အမြင်ကို နည်းနည်းပါးပါး ပြောင်းလဲ လိုက်ရုံပဲပေါ့”

ပြောပြီးတာနဲ့ ဆက်မေးလိုက်တယ် “ဒုတိယသခင်လေးနဲ့ သွားပူးပေါင်းမှာလား”

ရန်ဝေက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြုံးပြလိုက်ပြီး “မန်မိသားစုက စာပို့လိုက်မှတော့ မိသားစကြီးခုနှစ်ခုက ရန်မိသားစုနဲ့ ပူးပေါင်းသွားပြီလို့ ဆိုလိုက်တာပဲပေါ့။ ငါက ငြင်းလို့ရမှာလား။ မျက်နှာသွားပြုံရုံလေးပဲလေ၊ မင်းသွားရုံနဲ့တင် လုံလောက်နေပါပြီ။ အခုကနေစပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေက အမွေခံတိုက်ပွဲနဲ့ ဘာမှ သက်ဆိုင်တော့မှာ မဟုတ်ဘူး”

ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်သွားတဲ့ အချိန်ကစပြီး အမွေခံတိုက်ပွဲက ပြီးဆုံးသွားပြီလို့တောင် ပြောလို့ရပါတယ်။

နောက်ဖြစ်လာတဲ့ အပိုင်းကတော့ မိသားစုကြီး ရှစ်ခုက အမွေခံတိုက်ပွဲကို အကာအကွယ်ယူပြီး ရန်ကိုင်ကို ဖိနှိပ်မယ့် ဇာတ်လမ်း ဖြစ်သွားခဲ့ပါပြီ။

“ငါနားလည်ပြီ” မန်ရှန်းရီ အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ ပြီးတောနဲ့ လှည့်ထွက်ပြီး ရန်ကျောင်းဆီ သွားဖို့ စတင်ပြင်ဆင်ပါတော့တယ်။

မန်ရှန်းရီ ထွက်သွားပြီးနောက် ရန်ဝေ အတွေး ရေယာဉ်ကြောထဲ နစ်မြောသွားခဲ့တယ်။ ဒါပေမယ့် အချိန်အတော်ကြာအောင် တွေးပြီးတာတောင် ကိုးယောက်မြောက် ညီလေးက ရုတ်တရက်ကြီး မိသားစုရှစ်ရဲ့ သားကောင်း ဘာလို့ ဖြစ်သွားရမှန်း သူမစဉ်းစားနိုင်ခဲ့ပါဘူး။

သူ့စိတ်ထဲမှာတော့ အနည်းငယ် မကျေမနပ် ဖြစ်မိနေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ရန်ကျောင်းစံအိမ်အတွင်း၌…

ပညာရှင်တွေ စုဝေးနေတဲ့ အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့တယ်။ ထိုလူတွေက အမွေခံတိုက်ပွဲမှာ တစ်ကြိမ်တစ်ခါတောင် ပေါ်မလာခဲ့ဖူးတဲ့ လူတွေပါ။ ဒါပေမယ့် ဒီနေ့မှာတော့ အကုန်လုံးက ကြိုတင်ဇာတ်တိုက် ထားသည့်အလား တစ်ချိန်တည်း၊ တစ်နေရာတည်းကို ရောက်ရှိလာခဲ့ကြပါတယ်။

ရန်ကျောင်းရဲ့ မဟာမိတ်အဟောင်းတွေကတော့ အသစ်ရောက်ရှိလာတဲ့ လူတွေကို ငေးကြောင် ကြည့်နေ ခဲ့ကြပါတယ်။

ထိုလူတွေထဲက တော်တော်များများက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ ပညာရှင်တွေ ဖြစ်ကြပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊ အဆင့်၈ ပညာရှင်တွေကတော့ အများအများကြီးကို ရှိနေခဲ့ကြပါတယ်။

စုစုပေါင်း အဖွဲ့ခုနှစ်ခုရှိပါတယ်၊ ခုနှစ်ဖွဲ့စလုံးရဲ့ လူအင်အားကလည်း အတူတူလောက်ပါပဲ။

ထိုလူတွေက မိသားစုကြီးရှစ်ခုက လာခဲ့ကြတာပါ။ ရန်မိသားစုကလွဲလို့ ကျန်တဲ့ မိသားစုတွေ အကုန်လုံး ရောက်ရှိလာခဲ့ပါပြီ။

အဖွဲ့ခုနှစ်ဖွဲ့ထဲ လူငယ်လေးတစ်ယောက်နဲ့ မိန်းမငယ်လေး တစ်ယောက်က စိတ်ဓါတ်ကျ၊ စိတ်ညစ် နေတဲ့အမူအရာဖြင့် တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။

တစ်ခဏကြာပြီးနောက် လူငယ်လေးက မိန်းမငယ်လေးဆီ လမ်းလျှောက်သွားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် လမ်းလျှောက်ပြလိုက်တယ်။

နှစ်ယောက်သား ချောင်ကျတဲ့ နေရာတစ်ခုကို ရှာလိုက်ပြီး စုဝေးနေတဲ့ ပညာရှင်တွေကို ကူကယ်ရာ မဲ့နေသည့် အမူအရာဖြင့် ငေးစိုက်ကြည့်နေလိုက်တယ်။

ထိုလူနှစ်ယောက်က ဟော်ရှင်းချန်နဲ့ ချူရီမန်ကလွဲပြီး ဘယ်သူဖြစ်ရဦးမှာလဲ။

ဒီမနက် သူတို့နှစ်ယောက်က စစ်ပွဲမြို့တော်ဆီကနေ ထွက်လာခဲ့ကြပြီး တစ်ညနေတည်းမှာပဲ ပြန်ရောက် လာခဲ့ကြပါတယ်။

တစ်ရက်အတွင်းမှာပဲ နှစ်ယောက်စလုံးက ရန်ကိုင် မဟာမိတ်အဖြစ် ရန်ကျောင်းရဲ့ မဟာမိတ်အဖြစ်သို့ အတင်းအကြပ် ဖိအားပေး ပြောင်းရွေးခြင်း ခံလိုက်ရတယ်။

“နင့်အဖေကို နင့်ကို ဘာကတိပေးခဲ့လဲ” ဟော်ရှင်းချန်က ချူရီမန်ကို ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ်ပဲ မေးလိုက်တယ်။

“နောင်ပိုင်းကျရင် ဒီသခင်မလေးက ချူမိသားစု ခေါင်းဆောင် ရာထူးကို ဆက်ခံခွင့်ရလိမ့်မယ်” ချူရီမန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်တယ်။

“ဂုဏ်ယူပါတယ်၊ ဒီလိုဖြစ်ဖို့ နင်အမြဲတမ်း မျှော်လင့် တောင့်တနေခဲ့တာ မဟုတ်ဘူးလား” ဟော်ရှင်းချန်က ပြုံးကာ ပြောလိုက်တယ်။

“ဟုတ်တယ်” ချူရီမန်က ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ပြီး နည်းနည်းလေးတောင် ပျော်ရွှင်ခြင်း မရှိသည့် အမူအရာနဲ့ “နင်ကော”

“ငါမလာခဲ့ရင် ငါ့ကို ဟော်မိသားစုကနေ နှင်ထုတ်မယ်လို့ လူအိုကြီးက ခြိမ်းခြောက်တယ်လေ။ ဒီတစ်ကြိမ် အိမ်က လူအိုကြီးက အလေးအနက်နဲ့ ပြောနေတာဟ၊ ဒီတော့ ငါလည်း မငြင်းနိုင်တော့ဘူးလေ” ဟော်ရှင်းချန်က မဲ့ပြုံးပြုံးလိုက်တယ်။

“ငါတို့နှစ်ယောက်စလုံးက အတူတူပဲနဲ့တူတယ်”

“ဟုတ်လောက်တယ်”

နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အထင်အမြင်သေးတဲ့ အမူအရာနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ရေရွတ်လိုက်ကြတယ် “ငါနင့်ကို တကယ်ပဲ ရွံ့သွားပြီ”

Martial Peak

အပိုင်း(၅၄၂) မိသားစုကြီး၇ခုမှ စစ်ကူများ

ချူမိသားစုအဖွဲ့ကို ချူရီမန်က ဦးဆောင်လာခဲ့ပြီး ဟော်မိသားစု အဖွဲ့ကိုတော့ ဟော်ရှင်းချန်က ဦးဆောင် လာခဲ့ပါတယ်။

ခန်မိသားစုက ပညာရှင်တွေက ခန်ကျန်းနောက်ကနေ လိုက်လာခဲ့ပြီး ကောင်းမိသားစု အဖွဲ့သားတွေကတော့ ကောင်းရန်ဖုန်းနဲ့ ဦးဆောင်မှုနောက်ကနေ လိုက်လာ ခဲ့ကြတယ်။

ဗဟိုမြို့တော်ရဲ့ နံပါတ်တစ်သခင်လေး လျူချင်းယောင်တောင် ပညာရှင်တစ်ဖွဲ့ကို ဦးဆောင်ပြီး ရောက်ရှိလာခဲ့ပါတယ်။ သို့ပေမယ့် ဘယ်သူနဲ့မှ စကားမပြောပဲ ဘေးမှာသာ တိတ်တိတ်လေး ရပ်နေခဲ့ပါတယ်။

စုဝေးနေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း ဟော်ရှင်းချန်က အထင်အမြင်သေးသေးနဲ့ ပြောလိုက်တယ် “အရှက် မရှိလိုက်တာ”

“ဟုတ်တယ်၊ တကယ်ကို အရှက်မရှိတာ” ချူရီမန်က အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး “မိသားစုကြီး ရှစ်ခုထဲက ခုနှစ်ခုက ရန်ကိုင်ကို ပစ်မှတ်ထားနေတာ။ ဒါကိုတောင် လူငယ်ခေါင်းဆောင် တစ်ယောက်ဆီကို ခေါင်းဆောင်အဖြစ် စေလွှတ်လိုက်သေးတယ်။ သူတို့တွေက ရန်မိသားစု အမွေခံတိုက်ပွဲကို အကာအကွယ်ယူပြီး လူရဲ့ အမြင်အာရုံကို လှည့်စားဖို့ ကြိုးစားနေတာ အသိသာကြီး”

ဟော်ရှင်းချန်က ပခုံးတွန့်ပြလိုက်ပြီး “ငါတို့လည်း ဘာမှမတတ်နိုင်ဘူးလေ။ အတွင်းဇာတ်လမ်းကို သိတဲ့လူတွေကတော့ ရန်ကိုင်ကို သီးသန့်ပစ်မှတ် ထားနေမှန်း နားလည်ကြမှာပေါ့။ ဘာမှမသိတဲ့လူတွေ ကတော့ အမွေခံတိုက်ပွဲ မပြီးသေးဘူးလို့ ထင်နေကြဦး မှာပေါ့။ အမွေခံတိုက်ပွဲ ပြီးသွားပြီလို့ ရုတ်တရက် သွားကြေညာလိုက်တယ်ထား၊ ရန်ကိုင်က အကြောင်းပြချက် ရေရေရာရာ မရှိပဲ အမွေခံတိုက်ပွဲကနေ ထွက်သွားခဲ့ရရင် ဘယ်သူကမှ လက်ခံနိုင်လိမ့်မှာ မဟုတ်ဘူး”

အကြီးဆုံးသခင်လေး ရန်ဝေက ဒီအခြေအနေကို သေသေချာချာကို နားလည်ထားပါတယ်။ ချူရီမန်နဲ့ ဟော်ရှင်းချန်တို့လည်း နားလည်ထားပါတယ်။

နောက်ဖြစ်လာမယ့် ဇာတ်လမ်းက အမွေခံတိုက်ပွဲ ဇာတ်ညွှန်းနဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။ ရှင်းရှင်းပြောရရင် အမွေခံတိုက်ပွဲဆိုတာ မိသားစုကြီး ခုနှစ်ခုရဲ့ လှည့်ကွက်တွေကို ဖုံးကွယ်ဖို့အတွက် သုံးတဲ့ နာမည်တစ်ခုသာသာပါပဲ။

သူတို့ နှစ်ယောက်သား ပြောနေတာတွေကို ဗဟိုမြို့တော်က သခင်လေးတွေလည်း ကြားခဲ့ရပါတယ်။

ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့ အချိန်အတော် ကြာအောင် တုန့်ဆိုင်းနေခဲ့ကြပြီး နောက်ဆုံးမှာတော့ ဟော်ရှင်းချန်နဲ့ ချူရီမန်ဆီ လမ်းလျှောက်သွားလိုက်တယ်။

ဟော်ရှင်းချန်က သူ့ဆီ ချဉ်းကပ်လာနေတဲ့ သခင်လေး နှစ်ယောက်ကို ကြည့်လိုက်ပြီး ယဲ့ယဲ့လေး ပြုံးရင်း မေးလိုက်တယ် “ညီအစ်ကိုခန်၊ မင်းဒဏ်ရာအခြေအနေ ဘယ်လိုလဲ”

“ညီအစ်ကိုဟော်၊ စိုးရိမ်စရာ မလိုပါဘူး။ ငါ့ဒဏ်ရာက အရမ်းကြီး ပြင်းတာမှ မဟုတ်တာ။ သခင်ငယ်လေးက ငါ့ကို အရမ်းပြင်းပြင်း ဒဏ်ရာရသွားအောင် မတိုက်ခဲ့ဘူးလေ” ခန်ကျန်းက ထူးမခြားနားဟန်နဲ့ ပြန်ပြောလိုက်တယ်။ ရန်ကိုင်ကိုလည်း နည်းနည်းလေးတောင် ဒေါသထွက်ခြင်း မရှိတဲ့ပုံပါပဲ။

“အဲ့ဒါကောင်းတယ်၊ အဲ့ဒါကောင်းတယ်၊ ဟားဟား” ဟော်ရှင်းချန်က ဟန်ဆောင်ပြုံးပြုံးရင်း ပြောလိုက်တယ်။

သူတို့နှစ်ယောက်ကို မောင်းထုတ်ချင်နေတဲ့ ဟော်ရှင်းချန်ကို ကြည့်ရင်း ကောင်းရန်ဖုန်းနဲ့ ခန်ကျန်းတို့ နှစ်ယောက်စလုံး ကူကယ်ရာမဲ့သွားခဲ့တယ်။ ကောင်းရန်ဖုန်းက ပြောလိုက်တယ် “ညီအစ်ကိုဟော်၊ အစတုန်းက ငါတို့ နှစ်ယောက်စလုံး သခင်ငယ်လေးနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့တယ် ဆိုပေမယ့် အခြေအနေက ငါတို့တွေကို ပြိုင်ဘက်ဖြစ်အောင် တွန်းအားပေးလို့လေ။ အမှန်အတိုင်း ပြောရရင် ငါတို့ နှစ်ယောက်စလုံးက သခင်ငယ်လေးရဲ့ နည်းလမ်းတွေနဲ့ ခွန်အားကို အရမ်းလေးစားနေခဲ့တာ။ ဖြစ်နိုင်ရင် ငါတို့ နှစ်ယောက်စလုံးက သခင်ငယ်လေးနဲ့ မိတ်ဆွေ ဖွဲ့ချင်နေတာ”

“တကယ်လား” ဟော်ရှင်းချန်က အံ့အားသင့်သွားတဲ့ အမူအရာလေး လုပ်ပြလိုက်ပြီး “ငါတော်တော် အံ့အား သင့်သွားခဲ့ပြီ။ ညီအစ်ကိုဟော်နဲ့ ညီအစ်ကိုခန်တို့က ဒီလောက် သဘောထားကြီးတဲ့ လူတွေဖြစ်မှန်း ငါတကယ်ကို မသိခဲ့ဘူး။ ရန်ကိုင်က မင်းတို့နှစ်ယောက်စလုံးကို ရက်ရက်စက်စက်နဲ့ ပြုမူဆက်ဆံခဲ့တာတောင် မင်းတို့က သူနဲ့ မိတ်ဆွေဖွဲ့ချင်သေးတယ်ပေါ့။ ဟားဟားဟား၊ ဒါက မင်းတို့ စိတ်ရင်းအမှန်ကော ဟုတ်ရဲ့လားကွာ”

“ညီအစ်ကိုဟော်က ငါတို့တွေကို သတိထား နေသေးတာလား။ အဲ့လိုဆိုရင် ငါနဲ့ညီအစ်ကိုခန်လည်း ဘာမှပြောစရာ မရှိတော့ဘူး” ကောင်းရန်ဖုန်းက အလေးအနက်နဲ့ ပြောလိုက်တယ်။

ဟော်ရှင်းချန်က ထိုနှစ်ယောက်ကို အချိန်အတော် ကြာအောင် စိုက်ကြည့်နေခဲ့ပြီးနောက် သူ့မျက်နှာထက်က ဟန်ဆောင်ပြုံးကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး သူ့အမူအရာက လေးနက်တည်ကြည် လာခဲ့တယ်။

“နင်တို့ ဘာပြောချင်နေတာလဲ” စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေတဲ့ ချူရီမန်က ရုတ်တရက် ကောက်မေးလိုက်တယ်။

ကောင်းရန်ဖုန်း မျက်မှောင် ကြုံ့သွားခဲ့ပြီး လေသံတိုးတိုးနဲ့ “ညီအစ်ကိုခန်နဲ့ ငါတို့ နှစ်ယောက်စလုံး အရမ်းကို ခေါင်းရှုပ်နေခဲ့ကြတာ။ ငါတို့ မိသားစု၇ခုက သခင်လေးကို ဘာလို့ ပစ်မှတ်ထားနေကြတာလဲ။ ရန်မိသားစုကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာလို့ ဘာမှ မပြောတာလဲ။ နင်တို့ နှစ်ယောက်စလုံးက အရင်တုန်းက ရန်ကိုင် မဟာမိတ်တွေဆိုတော့ အခုအခြေအနေကို နင်တို့က ငါတို့ထက် ပိုသိမှာပေါ့”

“ဟုတ်တယ်” ခန်ကျန်း ခေါင်းညိတ် ထောက်ခံလိုက်ပြီး “ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ငါလည်း တကယ်ကို နားမလည်နိုင်တော့ဘူး။ ငါ့ဒဏ်ရာကို ပြန်ကုသနေတုန်းပဲ ဒီကိုလာဖို့ ငါ့အဖေက ရုတ်တရက်ကြီး အမိန့်ပေးလာခဲ့တာ။ ဘာလို့လဲလို့ မေးခဲ့တာတောင် ဘာမှ ပြန်မပြောခဲ့ဘူး။ မိန်းကလေးချူ၊ ညီအစ်ကိုဟော်၊ မင်းတို့သိရင်၊ ငါတို့ကို ပြောပြနိုင်တယ်ဆိုရင် ငါတို့ အရမ်းကို ကျေးဇူးတင်မိမှာ။ မသိဘူး၊ မပြောနိုင်ဘူး ဆိုရင်လည်း ငါတို့ဘယ်တုန်းကမှ မမေးဘူးလို့ပဲ သဘောထားလိုက်ပါ”

ဟော်ရှင်းချန်က တိတ်ဆိတ်နေခဲ့ပြီး ချူရီမန်ဘက် လှည့်လိုက်တယ်။

သူနဲ့ချူရီမန် နှစ်ယောက်စလုံး တစ်ချိန်တည်းမှာပဲ ရန်ကိုင် မဟာမိတ် ဖြစ်ခဲ့တာ ဆိုပေမယ့် ရန်ကိုင်စံအိမ်ထဲ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပက်သက်ရင် သူတစ်ခါမှ ဝင်မဆွေးနွေးဖူးပါဘူး။ ချူရီမန်ကတော့ ရန်ကိုင်နဲ့ လူမြင်ကွင်းမှာရော၊ နှစ်ယောက်သား သီးသန့်ရော၊ မကြာခဏ စကားပြောခဲ့ဖူးပါတယ်။ ရန်ကိုင် ဆုံးဖြတ်လိုက်တဲ့ အစီအစဉ်မှန်သမျှတိုင်းမှာ ချူရီမန် ပါပါတယ်။ ထို့ကြောင့် ချူရီမန်က သူ့ထက် ပိုသိတယ် ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။

တကယ်တော့ ကောင်းရန်ဖုန်းနဲ့ ခန်ကျန်းတို့ မေးတဲ့ မေးခွန်းရဲ့ အဖြေကို သူလည်း သိချင်နေတာပါ။

မျှော်လင့်မှုတွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းသုံးစုံကို ကြည့်ရင်း ချူရီမန်က အသာအယာလေး ခေါင်းရမ်းလိုက်ပြီး “ငါဘည်း မသိဘူး၊ နင်တို့ လူမှားမေးမိသွားပြီ”

ချက်ချင်းဆိုသလို ကောင်းရန်ဖုန်းနဲ့ ခန်ကျန်းတို့ နှစ်ယောက်စလုံး စိတ်ပျက်သွားခဲ့ကြတယ်။

“ဒါပေမယ့် အသေစိတ်ကို ငါမပြောနိုင်ပေမယ့် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကိုတော့ အကြမ်းဖျင်း ခန့်မှန်းလို့ ရတယ်” ချူရီမန်က ရုတ်တရက် ထပ်ပြောလိုက်တယ်။

“အို၊ ငါတို့ကို အလင်းပြပေးပါဦး သခင်မလေးချူ” ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့ရဲ့ မျက်နှာတွေ ဝင်းပ သွားခဲ့တယ်။

“ရန်ကိုင် အခုလိုမျိုး ပစ်မှတ်ထားခံရတာက သူက မိသားစုကြီး ရှစ်ခုက အောက်စည်းကို သွားကျော်မိလိုက်လို့ပဲ ဖြစ်ရမယ်” ချူရီမန်က စိတ်ခံစားချက် မရှိတဲ့ စက်ရုပ်တစ်ရုပ်ပုံစံမျိုးနဲ့ “ဥပမာ၊ လူတွေကြားထဲ ပျံ့နေတဲ့ သတင်းတွေပေါ့”

နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ထားခြင်း၊ နတ်ဆိုး အရှင်သခင်နဲ့ တစ်ဂိုဏ်းတည်းက လာခြင်း၊ နတ်ဆိုးတွေနဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကို ခိုလှုံခွင့်ပေးထားခြင်း၊ မိစ္ဆာလမ်းစဉ်ထဲ ကျသွားနိုင်တဲ့ လက္ခဏာတွေ ပြခဲ့ခြင်း…

ဒါတွေအားလုံးက လူတစ်ယောက်ရဲ့ အထင်အမြင်ပေါ် မူတည်ပြီး အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်သွားနိုင်သလို အရေးမပါတဲ့ ကိစ္စတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်အမြင်ပေါ်ပဲ မူတည်တာပါ။

“ငါတို့လည်း အဲ့အကြောင်းကိုသိတယ်။ ငါတို့ကို စစ်ကူအဖြစ် ပို့လိုက်တုန်းက ငါတို့မိသားစုတွေက အဲ့လို အကြောင်းပြချက်တွေ ပေးခဲ့တာလေ။ ဒါပေမယ့်… အဲ့ဒါတွေက မှန်နေရင်တောင် ဒီကိစ္စက မရိုးရှင်းသလို ငါတို့ နှစ်ယောက်စလုံး ခံစားနေရတယ်” ကောင်းရန်ဖုန်း မျက်မှောင် ကြုံ့လိုက်တယ်။

“အခြားအကြောင်းပြချက် ရှိသေးလား” ခန်ကျန်းက အလျင်စလို မေးလိုက်တယ်။

“ဒါကြောင့်မှမဟုတ်ရင်တောင် ရှင်းပြစရာ တစ်ခုပဲ ရှိတော့တယ်။ ရန်ကိုင်မှာ မိသားစုကြီး၇ခုစလုံး လိုချင်နေတဲ့ တစ်ခုခုရှိလို့ပဲ ဖြစ်ရမယ်” ချူရီမန်က လှောင်ပြောင် ပြောဆိုလိုက်တယ်။ ပြောပြီးသွားတာနဲ့ သူမမျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူမရဲ့ မျက်ခုံးနှစ်ဖက် ကလည်း ထိကပ်လုမတတ် ပူးကပ်သွားခဲ့တယ်။

ထိုစကားအနည်းငယ်က လူငယ်လေးတွေရဲ့ သံသယတွေကို ပျက်ပြယ်သွားစေခဲ့တယ်။

လူတစ်ယောက် ချမ်းသာတဲ့အခါ အကျိုးအမြတ်က အရေးအကြီးဆုံးပါပဲ။ လောကကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတဲ့အခါ အကျိုးအမြတ်က အရေးအကြီးဆုံးပါပဲ။

ဒီလိုသာဆိုရင် အခုလိုဘာလို့ ဖြစ်လာရတာလဲ ဆိုတာ နားလည်လို့ ရသွားပါပြီ။

ချူရီမန်ရဲ့ အမူအရာအရ သူတို့ မိသားစုကြီး၇ခု ဘာလိုချင်နေလဲ ဆိုတာကို သူမသိလောက် ပါတယ်။ ဒါပေမယ့် သူမက ဆက်မရှင်းပြမှတော့ ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့လည်း ဒီလောက်နဲ့ပဲ ကျေနပ်ပြီး ဆက်မမေးသင့်တော့မှန်း နားလည်လိုက်တယ်။

ဒါပေမယ့် မိသားစုကြီးရှစ်ခုရဲ့ ဒီတစ်ကြိမ် အပြုအမူကြောင့် သူတို့စေလို့ရာ‌ ရွေ့ရတဲ့ ပွန်းရုပ်တွေ၊ ကြိုးဆွဲရာကရတဲ့ ရုပ်သေးရုပ်တွေလို သူတို့တွေ အားလုံး ခံစားလိုက်ရတယ်။

သူတို့တွေက ရန်ကိုင်နဲ့ ရင်ဆိုင်ချင်မှတော့ သူတို့ မိသားစုကြီးရဲ့ ခွန်အားအရ ရန်ကိုင်နဲ့ ထိပ်တိုက်သွားရင်ဆိုင် လိုက်လို့ ရပါတယ်။ ဒါပေမယ့် ရန်ကိုင်နဲ့ ထိပ်တိုက် သွားရင်မဆိုင်ပဲ အမွေခံတိုက်ပွဲကို အကြောင်းပြပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ ရန်ကိုင်ကို ပစ်မှတ်ထားဖို့ ကြိုးစား နေခဲ့ပါတယ်။

ဒီမှာစုဝေးနေတဲ့ လူငယ်လေးတွေ တော်တော်များများရဲ့ စိတ်ထဲ မကျေမနပ် ဖြစ်မိသလို စိတ်ဓါတ်လည်း ကျနေခဲ့ရတယ်။

သူတို့လေးယောက် စကားပြောနေစဉ် လျူချင်းယောင်ကတော့ ဘယ်သူ့ကိုမှ အာရုံမစိုက်ပဲ မျက်လုံးသာ ပိတ်နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူမဆို သူတို့ကို စူးစမ်းစစ်ဆေးနေတဲ့ ကောင်းကင်စိတ်အာရုံ အမျှင်တန်းလေး တစ်ခုကို ခံစားမိပါမယ်။ လျူချင်းယောင်လည်း သူတို့စကားဝိုင်းကို စိတ်ဝင်စားတဲ့ ပုံပါပဲ။

တစ်ချိန်တည်းမှာပဲ၊ စံအိမ်အတွင်းပိုင်း၌…

ရန်ကျောင်းအခန်းထဲ၌၊ ဒုတိယသခင်လေးက သူ့အိပ်ရာထက် ကျောက်ရုပ်ကြီးတစ်ရုပ်လို ထိုင်နေခဲ့တယ်။

ဆက်ရက်ကြာ ကုန်ဆုံးသွားပြီးနောက် မောက်မာပြီး အထက်စီးဆန်တဲ့ သခင်လေး ရန်ကျောင်းဟာ ဆိုရင်ဖြင့် ညိုးခြောက်နေတဲ့ ပန်းတစ်ပွင့်ပမာ ပြောင်းလဲ သွားခဲ့ပါပြီ။ သူ့မျက်လုံးတွေက သွေးနီရောင်လို နီရဲနေခဲ့ပြီး မျက်ကွင်း တွေကပါ ညိုမည်းနေတဲ့အတွက် ရန်ကျောင်းပုံစံက ကြောက်စရာ ကောင်းနေခဲ့ပါတယ်။

ရီရှင်းရို့က ရန်ကျောင်းရှေ့ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း လက်ရှိအခြေအနေကို သူ့အား ရှင်းပြနေခဲ့တယ်။

တဖြည်းဖြည်းနဲ့ ရန်ကျောင်းရဲ့ သုန်မှုန်ထိုင်းမှိုင်းနေတဲ့ မျက်နှာက တဖြည်းဖြည်း အရောင်ပြန်လည်လာပြီး သူ့ရဲ့ နီရဲနေတဲ့ မျက်ဝန်းတွေကလည်း မသိမသာလေး မှေးကျဉ်းသွားခဲ့တယ်။

“ဒုတိယသခင်လေး မိသားစုကြီးခုနှစ်ခုက စစ်ကူတွေ ရောက်လာပြီ။ မိသားစုတစ်ခုချင်းစီက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ ပညာရှင်အယောက်၂၀ဆီ စေလွှတ်လိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေလည်း အများကြီးပဲ။ ဒီလူတွေကို ဦးဆောင်ပြီး ရန်ကိုင်ကို မြန်နိုင်သမျှမြန်မြန် အနိုင်ယူပြီး အမွေခံတိုက်ပွဲကို ပွဲသိမ်းလိုက်ဖို့ သူတို့တွေ မျှော်လင့်နေကြတယ်”

“မိသားစုကြီး၇ခုက အမွေခံတိုက်ပွဲဆီ ရုတ်တရက်ကြီး ဘာလို့ လူအများကြီး ပို့လိုက်ရတာလဲ” ရန်ကျောင်းက တိုးတိုးလေး ပြောလိုက်တယ်။

စကားမပြောတာကြာတော့ သူ့အသံက အနည်းငယ် အက်ရှရှ ဖြစ်နေခဲ့ပါတယ်။

ရီရှင်းရီု့က ကျော့ရှင်းစွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “ကျွန်မ ခုလေးတင်ပဲ ပြောခဲ့တယ်။ ရန်ကိုင်က နတ်ဆိုးအရှင်သခင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များတဲ့ လူတစ်ယောက်။ ရန်မိသားစုက ဒီလို လူမျိုးကို နောက်တက်မယ့် မိသားစုခေါင်းဆောင် ဖြစ်မလာစေချင်ဘူး။ မိသားကြီးခုနှစ်ခုနဲ့ ရန်မိသားစုက ဗဟိုမြို့တော်ကို နှစ်ပေါင်းများစွာကြာအောင် အတူ စိုးမိုးလာခဲ့တာ။ ဒါကြောင့် သူတို့တွေကလည်း ဒီကိစ္စကို စိတ်ပူတာပေါ့။ အခု သူတို့တွေက သခင်လေးရဲ့ စံအိမ်မှာ စုဝေးနေပြီး သခင်လေး အမိန့်ပေးမှာကို စောင့်နေကြတယ်။ ဒုတိယသခင်လေး၊ ရန်မိသားစုရဲ့ ခေါင်းဆောင်ရာထူးက သခင်လေးလက်ထဲ ရောက်နေပြီနော်”

“အဲ့ဒါက တကယ့် အကြောင်းပြချက်‌ရော ဟုတ်ရဲ့လား” ရန်ကျောင်းရဲ့ အကြည့်က အေးစက်သွားခဲ့ပြီး သူ့ရှေ့မှာ ရှိနေတဲ့ မိန်းမငယ်လေးကို စိုက်ကြည့်လိုက်တယ်။

“အခြား ဘာအကြောင်းပြချက် ရှိသေးလို့လဲ” ရီရှင်းရို့က ရန်ကျောင်းကို ပြန်ငေးကြည့်လိုက်တယ်။

ရုတ်တရက် သူမမျက်နှာထက် စိတ်မရှည်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ကလေးဆိုးလေး တစ်ယောက်လို့ ရန်ကျောင်းရဲ့ လက်မောင်းကို ဖက်လိုက်ကာ “ဒုတိယသခင်လေး၊ အဲ့အကြောင်း အများကြီး မတွေးတော့နဲ့။ သခင်လေးရဲ့ ပုံစံကို မြန်မြန်ပြင်ပြီး သွားကြမယ်လေ။ အားလုံးက သခင်လေးရဲ့ အမိန့်ကို စောင့်နေကြတာ။ အဲ့လူတွေကို အချိန်အကြာကြီး စောင့်ခိုင်းတာ မကောင်းဘူးနော်”

“ငါသွားမှာမဟုတ်ဘူး” ရန်ကျောင်းက ရုပ်သေကြီးနဲ့ ပြန်ပြောလိုက်တယ်။ ထိုထိတ်လန့်ဖွယ်သတင်းကြောင့် သူ့မျက်နှာထက် ပျော်သွားသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ရီရှင်းရို့ရဲ့ လက်မောင်းကို ခပ်မြန်မြန်ပဲ ဖယ်ရှားပစ်လိုက်တယ်။

ရီရှင်းရီု့ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်တယ်။ ရန်ကျောင်း ပျော်ဖို့ သူမမမျှော်လင့်ပါဘူး။ ဒါပေမယ့် သူမ မစဉ်းစားပဲ မနေနိုင်အောင်တောင် ဖြစ်ခဲ့ရပါတယ်။ “ဒုတိယသခင်လေး၊ ဘာမှားနေလို့လဲ”

ရန်ကျောင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အမွေခံတိုက်ပွဲက ငါတို့ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တွေကြားက တိုက်ပွဲပဲ၊ ဥာဏ်ရည်ဥာဏ်သွေး၊ ပရိယာယ်ချင်း ယှဉ်တဲ့ပွဲ၊ အဆက်အသွယ်တွေပြိုင်တဲ့ပွဲ၊ ကိုယ်ပိုင်စွမ်းရည်ချင်း ပြိုင်တဲ့ပွဲ။ ငါရှုံးသွားခဲ့ပြီးပြီလေ။ ရှုံးသွားမှတော့ ဘာလို့ ဆက်ပြိုင်နေရဦးမှာလဲ”

“အဲ့လိုလား။ ဒါပေမယ့် သခင်လေးစံအိမ်မှာ စောင့်ဆိုင်းနေတဲ့ လူတွေ အများကြီး ရှိနေသေးတယ်လေ။ ပြီးတော့ သခင်လေးကို ကူညီပေးဖို့ ရောက်နေတဲ့ အားကောင်းတဲ့ ပညာရှင်တွေ အများကြီးလည်း ရှိသေးတယ်လေ။ အခုအချိန်က တန်ပြန်တိုက်ခိုက်ဖို့ အချိန်ကောင်းပဲ” ရီရှင်းရို့က ဆက်ပြီး စည်းရုံးလိုက်တယ်။

“မိသားစုကြီး၇ခုက လူတွေလား…ဟဲဟဲ” ရန်ကျောင်းက လှောင်ပြောင်လိုက်တယ် “သူတို့ကို အသုံးပြုပြီး ကိုးယောက်မြောက် ညီလေးကို အနိုင်ယူမယ်ဆိုရင် မိသားစုခေါင်းဆောင် ထိုင်ခုံမှာ ထိုင်ရရင်တောင်၊ မီးခဲဖင်ခုထိုင်ရသလို ဖြစ်နေမှာ”

“ဒုတိယသခင်လေး၊ ရှင်ဘာတွေ ပြောနေတာလဲ” ရီရှင်းရို့က ဆက်ပြောလိုက်တယ် “သခင်လေးရဲ့ စံအိမ်မှာ ရှိနေတဲ့ လူသက်သက်နဲ့ဆိုရင် ရန်ကိုင်ကို အနိုင်ယူဖို့ လုံးဝကို မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီလို အခွင့်ကောင်းကြီးက သခင်လေးရှေ့ ရောက်လာပြီလေ။ ဘာလို့ မလှုပ်ရှားရ သေးတာလဲ။ ဒီအခွင့်အရေးကို ဘာလို့ မဖမ်းဆုပ် ရသေးတာလဲ”

ပြောနေရင်းနဲ့ တစ်ချက်ရပ်လိုက်ပြီး ရီရှင်းရို့ ရယ်ရယ် မောမောနဲ့ ဆက်ပြောလိုက်တယ် “ဒုတိယသခင်လေးက အခြားလူတွေ ဝေဖန်ခံရမှာကို ကြောက်နေတာလား။ ဒုတိယသခင်လေး၊ ကိုယ့်ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့က အရေးအကြီးဆုံးပဲ။ သမိုင်းကြောင်းလား၊ သမိုင်းကြောင်းကို အောင်နိုင်သူတွေကပဲ ရေးခဲ့တာ။ သခင်လေးသာ ရန်မိသားစု ခေါင်းဆောင် ဖြစ်သွားတာနဲ့ ဘယ်သူကများ သခင်လေးကို ဝေဖန်ရဦးမှာလဲ”

ရန်ကျောင်းက နည်းနည်းလေးတောင် မလှုပ်သွားပါဘူး။

ရီရှင်းရို့လည်း စိတ်မရှည်နိုင်တော့ပဲ အေးစက်စက် လေသံနဲ့ အော်လိုက်တယ် “ဒုတိယသခင်လေး၊ အခြေအနေ တစ်ခုလုံးကို ဦးစားပေးစဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။ ရန်မိသားစုကလည်း ဒီကိစ္စကို သဘောတူပြီးသွားပြီ။ သခင်လေးသာ မလှုပ်ရှားရင် မိသားစုကို ပုန်ကန်လိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပြီနော်။ ဟန့်၊ မြင့်မြတ်တဲ့ ရန်မိသားစု ဒုတိယသခင်လေးတဲ့၊ အရိုက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို ကုတ်နေလိုက်တာများ၊ ရယ်ဖို့ကောင်းလိုက်တာ”

ရန်ကျောင်း ခေါင်းမော့လိုက်ပြီး ရီရှင်းရို့ကို ရဲရဲနီနေတဲ့ မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်တယ်။ ရန်ကျောင်း အကြည့်ကို မြင်လိုက်တာနဲ့ ရီရှင်းရို့ တုန်လှုပ် ချောက်ချား သွားခဲ့ပြီး သူမ မတုန့်ပြန်နိုင်သေးခင်မှာပဲ အေးစက်စက် လက်ကြီးတစ်ဖက် သူမလည်ပင်းထက် ရောက်နေတာကို ခံစားမိလိုက်တယ်။ သူမရဲ့ အမြင်အာရုံလည်း တဖြည်းဖြည်း ဝေဝါးလာခဲ့ရတယ်။ အသိပြန်ဝင်လာတာနဲ့ ရန်ကျောင်းက သူမကို အိပ်ရာပေါ် လှဲချထားတာကို ရီရှင်းရို့ တွေ့လိုက်တယ်။

သူတို့ မျက်နှာနှစ်ခုစလုံးက ထိစပ်လုမတတ် နီးကပ် နေခဲ့တယ်။ ရန်ကျောင်း ထွက်သက်လေပူတွေကိုတောင် သူမ ခံစားမိနေပါတယ်။ ဒါပေမယ့် ထိုလေပူတွေက ရမက် ကြောင့်ဖြစ် ဖြစ်လာတာ မဟုတ်ပဲ ဒေါသကြောင့် ဖြစ်တည် လာခဲ့တာပါ။

ထိုလက်ကြီးက သံကွင်းတစ်ခုပမာ သူမလည်ပင်းကို တင်းတင်းညစ်ထားခဲ့တယ်။

ရီရှင်းရို့ ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့ သွားခဲ့တယ်။ အခုမှပဲ သူမက ရန်ကျောင်းပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ရီရှင်းရို့ မှတ်မိလိုက်တယ်။

“ဒုတိယသခင်လေး၊ ရှင်လာလုပ်ချင်…” ရီရှင်းရို့ ကနာျကင်နေတဲ့ အမူအရာနဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး ဖျော့တော့အားနည်းတဲ့ လေသံနဲ့ ရန်ကိုင်ကို ကြည့်ရင်း ပြောလိုက်တယ်။

အပိင်း(၅၄၃) ငါ့ကို ဝေဖန်ဖို့ နင့်မှာ ဘာအရည်အချင်းရှိလို့လဲ

“ငါရန်ကျောင်းက ကောက်ကျစ်ပြီး ဥာဏ်များပေမယ့် ဒီလိုမျိုး မတရားတဲ့ နည်းလမ်းတွေကို သုံးပြီး ကိုးယောက်မြောက် ညီလေးကို အနိုင်ယူဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ဒီအမွေခံတိုက်ပွဲမှာ ငါ့အစွမ်းကုန်သုံးပြီး ကိုးယောက်မြောက်ညီလေးကို တိုက်ခိုက်ခဲ့ပေမယ့် ငါရှုံးခဲ့တယ်။ ဒါကြောင့် ငါဘာမှ အထွန့်မတက်ခဲ့ဘူး။ မိန်းမပျက်မ၊ နင့်မှာ ငါ့ကို လာပြီးဝေဖန်ဖို့ အရည်အချင်း မရှိဘူး။ အဲ့လိုမျိုး နောက်တစ်ကြိမ် ထပ်ပြောရင် အမွေခံတိုက်ပွဲမှာ ပထမဆုံးသေသွားတဲ့ မိသားစုကြီးက သခင်မလေးက နင်ဖြစ်သွားလိမ့်မယ်နော်။ … ကိုးယောက်မြောက် ညီလေး လုပ်ရဲတာကို၊ ငါလည်း လုပ်ရဲတယ်။ ငါ၊ ရန်ကျောင်းက သူ့ထက်တောင် ပိုပြီး ရက်စက်ရဲသေးတယ်ကွ”

ရန်ကျောင်းရဲ့ အေးစက်စက် အက်ရှရှအသံက ငရဲကြီး ကိုးထပ်မှ တက်လာသည့် နတ်ဆိုးတစ်ကောင်ရဲ့ အသံအလား ရီရှင်းရို့ရဲ့ မျက်နှာလေးကို ကြောက်ရွံ့မှု၊ နောင်တတို့ဖြင့် ပြည့်နှက်သွားစေခဲ့တယ်။

ရန်ကျောင်းရဲ့ မျက်ဝန်းအစုံကို စိုက်ကြည့်လိုက်တဲ့အခါ ရီရှင်းရို့ တကယ်ကို ကြောက်လန့်သွားခဲ့ပါတယ်။

ရန်ကျောင်းက သူမကို ခြောက်နေတာမဟုတ်ပါဘူး။ သူမသာ ထိုကဲ့သို့ စကားမျိုး နောက်တစ်ကြိမ် ထပ်ပြောပြီး သူ့ကို ဒေါသထွက်အောင် လုပ်လိုက်တာနဲ့ သူမရဲ့ အသက်လေး ဒီမှာတင် ပျောက်ကွယ်သွားရဖို့ များပါတယ်။

“ရှင့်ရဲ့ ရှင်းရို့မှားသွားပါတယ်။ သူမလုပ်ရဲ…” ရီရှင်းရို့က ချက်ချင်း နောက်ပြန်ဆုတ်လိုက်တယ်။ မိန်းမ တစ်ယောက်ဆိုပေမယ့် သူမက အခုလိုမျိုး ပြောလိုက်ရလို့ နည်းနည်းလေးတောင် မရှက်ပါဘူး။

ရန်ကျောင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး သူမကို လွှတ်ပေးလိုက်တယ်။

အိပ်ရာကနေ ထလိုက်ပြီးနောက် ရန်ကျောင်းက ရေရွတ်လိုက်တယ် “ငါ့အိမ်စုဝေးနေတဲ့ လူတွေအကုန်လုံးက ငါ့နာမည်ကို ငှားယူအသုံးချဖို့ပဲ။ ငါသဘောမတူရင်တောင် အစ်ကိုကြီးရဲ့ နာမည်ကို သွားငှားယူ အသုံးပြုဦးမှာ။ ရန်မိသားစုကိုယ်တိုင်က သဘောတူထားမှတော့ ငါလည်း ငြင်းလို့မရတော့ဘူးပေါ့။ ဒါပေမယ့် ငါ့ကို ဒိုင်းအဖြစ် အသုံးချပြီး ကိုးယောက်မြောက် ညီလေးကို အနိုင်ယူချင်တယ် ဆိုရင်တော့ သူတို့ အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်။ ထွက်သွားတော့၊ အခုကနေစပြီး ဒီအိမ်ရဲ့ ကိစ္စအကုန်လုံးကို နင်ပဲ တာဝန်ယူလိုက်တော့”

အစောပိုင်းတုန်းက ရန်ကျောင်းရဲ့ အပြုအမူကြောင့် အကြောက်မပြေသေးတဲ့ ရီရှင်းရို့၊ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ကတုန်ကရင်နဲ့ “ဒုတိယသခင်လေး၊ ပြောချင်တာက…”

“ဘာမှ သင်္ကာမကင်း ဖြစ်နေစရာ မလိုပါဘူး။ အခုကနေ စပြီး ဒီအိမ်က နင့်အပိုင်ပဲ။ မိသားစု၇ခုက ပညာရှင်တွေနဲ့ ငါ့မဟာမိတ်တွေအကုန်လုံးကို နင်အမိန့်ပေးလို့ရတယ်။ နင်က အာဏာနောက်ကို လိုက်နေတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးလား။ ငါတို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက် တူညီနေတာကြောင့်သာ မဟုတ်ရင် ငါတို့တွေ မဟာမိတ် ဖြစ်လာခဲ့မှာမဟုတ်ဘူး။ အခု နင်လိုချင်ရတာကို ရနိုင်ပြီလေ။ ဘာတွေ တုန့်ဆိုင်းနေသေးတာလဲ”

ရီရှင်းရို့က ရန်ကျောင်းရဲ့ လှောင်ပြောင်းထေ့ငေါ့ စကားကို နည်းနည်းလေးမှာ ဂရုမစိုက်ပါဘူး။ သူမ မျက်ဝန်းထဲ စိတ်လှုပ်ရှားမှုတွေနဲ့သာ ပြည့်နေခဲ့ပါတယ်။ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ရီရှင်းရို့က မေးလိုက်တယ် “ဒါပေမယ့်… အိမ်ထဲမှာ ရှိနေတဲ့လူတွေကို ဘယ်လို ရှင်းပြရမှာလဲ”

“ရှင်းပြဖို့ လိုသေးလို့လား။ ငါ့နာမည်ကို ငှားယူခွင့် ပေးပြီးသွားပြီလေ။ ရှင်းပြချက်လိုရင်တော့လား… နင်ပြောချင်တာသာ ပြောလိုက်ပေါ့”

ရီရှင်းရို့မျက်နှာထက် အပြုံးပန်းကြီးတစ်ပွင့် ပွင့်လန်း လာခဲ့ပြီး ခေါင်းညိတ်လိုက်ကာ “အရင်အဖြစ်အပျက် ပြီးနောက် ဒုတိယသခင်လေးက စိတ်ဓါတ်ကျမသွားရုံမကလို့ ပြာပုံကနေရုန်းထွက်ပြီး နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါကြောင့် သူက အခုလောလောဆယ် တံခါးပိတ်ကျင့်စဉ်ဝင်နေတုန်းပဲ ရှိသေးတယ်”

“ကောင်းတယ်” ရန်ကျောင်းက ကြိတ်ရယ်လိုက်ပြီး “ငါ့မျက်နှာက် မပျက်ရအောင် လုပ်ပေးလို့ပဲ နင့်ကို ကျေးဇူးတင်ရမလားတောင် မသိတော့ဘူး”

“ကျွန်မတို့က လူစိမ်းတွေမှ မဟုတ်တာ၊ ယဉ်ကျေးနေစရာ မလိုပါဘူး” ရီရှင်းရို့ မျက်လုံးမှေးကျဉ်းရင်း ရန်ကျောင်းကို လှမ်းကြည့်လိုက်ပြီး “ဒီကိစ္စပြီးရင် ရှင်းရို့က ဒုတိယသခင်လေးရဲ့ အပိုင် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒုတိယသခင်လေး ရန်မိသားစုခေါင်းဆောင် ထိုင်ခုံပေါ် ထိုင်တဲ့အခါ ရီမိသားစုကို စောင့်ရှောက်ပေးဖို့ မမေ့လျော့ဖို့ မျှော်လင့်ပါတယ်”

ရန်ကျောင်းက အထင်အမြင်သေးသေးဖြင့် ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေးလက်ကနေ ဘယ်လိုအသက်ရှင်အောင် လုပ်ရမလဲ ဆိုတာကို နင်အရင်စိတ်ပူသင့်တယ်”

ရီရှင်းရို့ မျက်နှာလေး ရှုံ့မဲ့သွားခဲ့ပြီး သူမမျက်ဝန်းထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြော လိုက်တယ် “ဒီမှာရှိနေတဲ့ အင်အားစုတွေနဲ့ ရန်ကိုင် ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ”

ရန်ကျောင်းက မျက်လုံးသာပိတ်ပြီး ဆိတ်နေလိုက်တယ်။

“အဲ့လိုဆိုရင် ရှင်းရို့သွားပါတော့မယ်” ရီရှင်းရို့က ဦးညွှတ်လိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။

ရန်ကျောင်းစံအိမ်ထဲကနေ ထွက်လာပြီးနောက် တစ်ချက် ရပ်လလိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့် လိုက်တယ်။

ညကောင်းကင်ယံထက် လပြည့်ဝန်း ထိန်ထိန်သာ နေခဲ့ပြီး လရောင်ခြည်တို့ကို သက်ရှိအားလုံးအပေါ် ပက်ဖြန်းပေးနေခဲ့တယ်။

ရီရှင်းရို့မှာ ပျော်လွန်းလို့ သွားမစိနိုင်အောင် ပြုံးနေခဲ့ပါတယ်။ ရန်ကျောင်းအိမ်ဘက် တစ်ချက် ပြန်လှည့်ကြည့်လိုက်ပြီး အထင်အမြင်သေးသေးနဲ့ နှာခေါင်းရှုံ့လိုက်တယ်။

ရန်ကျောင်း အခုလိုမျိုး ဆုံးဖြတ်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် သူက ဆုံးဖြတ်ပြီးမှတော့ သူမလည်း သူမစိတ်ကြိုက် လုပ်ရုံပဲ ရှိတော့တာပေါ့။

သူမ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ ပျော်လွန်းလို့ ဝါးလုံးကွဲ အော်ရယ်မော လိုက်တယ်။ သူမရဲ့ အော်ရယ်သံကြီးက စံအိမ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့ပြီး ကြားလိုက်ရတဲ့ သူတိုင်းရဲ့ ကျောရိုး တစ်လျှောက်ကို အေးစိမ့်သွားစေခဲ့တယ်။

တစ်ခဏကြာပြီးနောက် မိသားစု၇ခုမှ ပညာရှင်တွေ အကုန်လုံး ရန်ကိုင်စံအိမ်ရဲ့ အဓိကခန်းမအတွင်း၌ စုဝေး လိုက်ကြတယ်။

ရီရှင်းရို့ကတော့ ခေါင်းဆောင် ထိုင်ခုံ၌ ထိုင်နေလို့ပါ။

အနီးမှာရှိနေတဲ့ လျူမိသားစုက လျူချင်းယောင်၊ ခန်မိသားစုက ခန်ကျန်း၊ ကောင်းမိသားစုက ကောင်းရန်ဖုန်း၊ ချူမိသားစုက ချူရီမန်၊ ဟော်မိသားစုက ဟော်ရှင်းချန်နဲ့ မန်မိသားစုက မန်ရှန်းရီတို့ အားလုံးက သူမသား သိလိုစိတ်ဖြင့် ငေးကြည့်နေခဲ့တယ်။

ရီရှင်းရို့က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ထိုင်နေခဲ့တယ်။ သူမမျက်နှာထက် မသက်မသာ၊ စိုးရိမ်နေတဲ့ အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။

လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ရီရှင်းရို့က အရင်စ ပြောလိုက်တယ် “ညီအစ်ကိုမန်၊ အကြီးဆုံးသခင်လေး မလာဘူးလား”

ရီရှင်းရို့က သူ့နာမည့်အား ခေါ်လိုက်တာကို ကြားလိုက် တာနဲ့ မန်ရှန်းခန္ဓာကိုယ် တသိမ့်သိမ့် တုန်ရင်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “အကြီးဆုံးသခင်လေးက အဆင့်ချိုးဖျက်တော့မှာမို့လို့ တံခါးပိတ်ကျင့်စဉ် ဝင်နေပါတယ်။ ဒါကြောင့် အကြီးဆုံးသခင်လေးက ဒီမန်ကို သူ့အစားလာဖို့ စေလွှတ်လိုက်တာပါ”

ရီရှင်းရို့ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး မကြာခင်မှာပဲ အောင်နိုင်သူအပြုံးကို ဆင်မြန်းရင်း “တိုက်ဆိုင်လိုက်တာ၊ ဒုတိယသခင်လေးက နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ တံခါးပိတ်ကျင့်စဉ် ဝင်နေတယ်။ အချိန်အတော်ကြာအောင် သူထွက်လာ လောက်ဦးမှာ မဟုတ်သေးဘူး။ ရန်မိသားစု သခင်လေးတွေက လူတွေထဲက နဂါးတွေပဲ။ ညီအစ်ကိုနှစ်ယောက်စလုံးက တစ်ပြိုင်တည်း အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေကြတာ တကယ်ကို အံ့အားသင့်စရာပဲ’

သူမပြောတာကို ကြားလိုက်တာနဲ့ အားလုံးမျက်နှာ ခွကျသွားခဲ့ကြရတယ်။

ဟော်ရှင်းချန်က ခပ်မြန်မြန်ပဲ ခေါင်းစဉ်ပြောင်း လိုက်တယ် “ဂျူနီယာညီမလေးရီ၊ ဒုတိယသခင်လေး မလာရင်၊ အင်အားစုခုနှစ်ခုကို ဘယ်သူဦးဆောင်မှာလဲ။ နင်တော့မဟုတ်လောက်ဘူးမလား”

“အမှန်ပဲ” ရီရှင်းရို့က အသာအယာလေး တုန့်ပြန် လိုက်တယ်။ နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ကိုယ်နေ ဟန်ထားကို ပြင်လိုက်ကာ “ဒီတစ်ကြိမ် တာဝန်ကို ကျွန်မက ဦးဆောင်မှာ”

ဟော်ရှင်းချန်က လှောင်ပြောင်ရယ်မောလိုက်တယ်။

“တံခါးပိတ်ကျင့်စဉ် မဝင်တုန်းက ဒီစံအိမ်ထဲက ကိစ္စတွေအကုန်လုံးကို ကျွန်မကပဲ တာဝန်ယူဖြေရှင်းထားဖို့ ဒုတိယသခင်လေးက အမိန့်ပေးထားတယ်။ ဒါကြောင့် ဒီမှာ စုဝေးနေတဲ့ လူတွေအကုန်လုံး ကျွန်မအမိန့်ကို နာခံ ရလိမ့်မယ်” ရီရှင်းရို့က မျက်နှာလှလှလေး အေးစက်သွားခဲ့ပြီး ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။

လူငယ်ခြောက်ယောက်စလုံးရဲ့ မျက်နှာ နောက်တစ်ကြိမ် ရှုံ့မဲ့သွားခဲ့ပြန်တယ်။

“စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မက ဂျူနီယာညီမရဲ့ အရည်အချင်းကို မေးခွန်းထုတ်နေတာလား” ရီရှင်းရို့က သာမန်မျှပြုံးရင်း အားလုံးကို မေးလိုက်တယ်။

“ဘယ်ဟုတ်ပါ့မလဲ” ခန်ကျန်း ခေါင်းခါရမ်းလိုက်ပြီး “ဒုတိယသခင်လေး ကိုယ်တိုင်မလာပဲ သခင်မလေးရီကို လွှတ်လိုက်တာက သိပ်ပြီးမသင့်တော်ဘူးလားလို့။ တကယ်တော့ ကျုပ်တို့မိသားစုတွေက ဒုတိယသခင်လေးနဲ့ သွားပူးပေါင်းခိုင်းတာလေ”

“အစ်ကိုခန်က ဒုတိယသခင်လေးက ကျွန်မကို အခုလို အာဏာ တကယ်ပဲပေးလား၊ မပေးဘူးလား ဆိုတာကို မယုံသင်္ကာဖြစ်နေတာလား” ရီရှင်းရို့ ကတခစ်ခစ် ရယ်မောလိုက်ပြီး “ကျွန်မမှာ အဲ့လိုလုပ်ရဲ့ သတ္တိ ဘယ်လိုလုပ်ပြီး ရှိမှာလဲ။ မယုံဘူးဆိုရင် ဒုတိယသခင်လေးကို ကိုယ်တိုင်သွားမေးလိုက်လို့ ရတယ်နော်‌ေ။ သူအခု သူ့အခန်းထဲမှာ ရှိနေတယ်”

ခန်ကျန်း မျက်မှောင် ကြုံ့သွားခဲ့တယ်။ အခုအခြေအနေနဲ့ ပက်သက်ပြီး သူ့စိတ်ထဲ ဘဝင်မကျပေမယ့် ထပ်ပြီး ပြောလို့လည်း မသင့်တော် ပါဘူး။ ရီရှင်းရို့က ထိုစကားကို ပြောရဲမှတော့ ရန်ကျောင်းက သူမကို အာဏာပေးထားလို့ပဲ ဖြစ်ရပါမယ်။

ဟော်ရှင်းချန်က ရုတ်တရက် ဝင်ပြောလိုက်တယ် “ဒုတိယသခင်လေး မရှိတာ ကံမကောင်းတာပဲ။ ဒါပေမယ့် အခုလိုဆိုမှတော့ ဒီကိစ္စကို ဆက်ပြီး တိုင်ပတ်နေစရာ မလိုတော့ပါဘူးလေ။ ဒါပေမယ့် ဂျူနီယာညီမလေးရီက ဒုတိယသခင်လေးနေရာကို တကယ်ပဲ အစားထိုးနိုင်မှာလား ဆိုတာကတော့ တကယ်ကို စဉ်းစားစရာပဲ”

“အို၊ သခင်လေးဟော်က အခုလိုမျိုး ပြောတယ် ဆိုတော့… သခင်လေးဟော်စိတ်ထဲမှာ ခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်တဲ့ အခြားတစ်ယောက်များ ရှိနေလို့လား”

ရီရှင်းရို့ ထိုစကားကို ပြောပြီးတာနဲ့ တစ်ချိန်လုံး မထူးခြားနားဟန်ဖြင့် ထိုင်နေတဲ့ ချူရီမန်ဆီ လှမ်းကြည့်လိုက်တယ်။

ရီရှင်းရို့သာမက ကျန်တဲ့ လူငယ်လေးတွေ အကုန်လုံးရဲ့ အကြည့်ကလည်း ချူရီမန်ဆီ ရောက်ရှိလာခဲ့တယ်။

ရီရှင်းရို့နဲ့ယှဉ်ရင် ချူရီမန်က ရန်ကျောင်းရဲ့ အင်အားစုတွေကို ဦးဆောင်ပြီး သင့်လျောတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ဒါပေမယ့် ချူရီမန်က ဒီမနက်တင်ပဲ ရန်ကိုင်စံအိမ် ဆီကနေ ထွက်လာခဲ့တာပါ။ ရန်ကိုင်စံအိမ်က ထွက်လာပြီးပြီးချင်း ရန်ကျောင်းရဲ့ အင်အားစုတွေကို ဦးဆောင်ပြီး ရန်ကိုင်ကို သွားပြန်တိုက်ဖို့ လုပ်တာကတော့ သိပ်ပြီး မသင့်တော်လှပါဘူး။

သူမက ခေါင်းဆောင်လုပ်မယ် ဆိုရင်တောင် အင်အားစု၇ခု ပညာရှင်တွေက သူမအမိန့်ကို နာခံကြမှာ မဟုတ်ပါဘူး။

“အစ်မချူကော ဘယ်လိုထင်လဲဟင်” ရီရှင်းရို့က မျက်လုံးမှေးစဉ်းပြီး ချူရီမန်ကို လှမ်းကြည့်လိုက်တယ်။

အားလုံးရဲ့ အာရုံက သူမဆီ ရောက်လာပြီ ဖြစ်တဲ့ အတွက် ချူရီမန်လည်း ဆက်ပြီး တိတ်ဆိတ်နေလို့ မဖြစ်တော့ပါဘူး။ ထို့ကြောင့် လေသံတိုးတိုးနဲ့ပဲ ပြန်ပြောလိုက်တယ် “ဂျူနီယာညီမလေးရီက ခေါင်းဆောင် ရာထူးနဲ့ ပိုပြီးသင့်တော်တယ်လို့ ငါယုံတယ်”

ဟော်ရှင်းချန် သက်ပြင်းချလိုက်တယ်။ ချူရီမန် ခေါင်းဆောင် ရာထူးကို ရယူဖို့ ဘာလို့ မကြိုးစားလဲ ဆိုတာကို သူနားလည်ပါတယ်။ ဒါပေမယ့် အဲ့လို ဆိုရင်တောင် သူ့ရင်ထဲက ဒေါသကို ဖိနှိပ်ဖို့ရာ တော်တော်လေးကို ခက်ခဲနေခဲ့ပါတယ်။

ရီရှင်းရို့ရဲ့ လက်ရှိပုံစံက အရမ်းကို ဥာဏ်များ ကောက်ကျစ်တဲ့ မြွေတစ်ကောင်နဲ့တောင် တူလှပါတယ်။

သူမက ကျော့လည်း ကျော့ရှင်းသလို ဆွဲဆောင်မှုလည်း ရှိတဲ့ အလှလေးတစ်ယောက်ဆိုတာကို မငြင်းဆန်လို့ပါဘူး။ ဒါပေမယ့် ဟော်ရှင်းချန် အနေနဲ့ သူမကို နည်းနည်းလေး တောင် အကောင်းမမြင်နိုင်ပဲ ကြည့်လေကြည့်လေ ပိုပြီးတော့ ရွံ့ရှာလေ ဖြစ်နေခဲ့ပါတယ်။

ရီရှင်းရို့မှာ ဗဟိုမြို့တော်ရဲ့ မြေခွေးဟော်ရှင်းချန် ရွံရှာစက်ဆုပ် ရတဲ့ ပထမဆုံးမိန်းမအဖြစ် စားရင်းဝင်သွားခဲ့ပါပြီ။

“ဒီအကြောင်း တော်လောက်ပြီ” ရီရှင်းရို့က ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။ သူမက ခေါင်းဆောင် ဆိုတာကို ဆုံးဖြတ်ပြီးတာနဲ့ အဓိကကိစ္စဆီ သွားလိုက်တယ် “အခုဒီမှာ ဘာလို့စုဝေးနေရတာလဲ ဆိုတာကို ရှင်းတို့ရဲ့ မိသားစုအသီးသီးက ပြောပြပြီးလောက်မှာပေါ့။ မောက်မောက်နေတဲ့ ရန်ကိုင်ကို အနိုင်ယူဖို့ပဲ။ ကျွန်မတို့သာ ကျရှုံးသွားခဲ့ရင် ဘယ်လိုအကျိုးဆက်တွေကို ရင်ဆိုင် ရမလဲဆိုတာကို ရှင်တို့သိလောက်မှာပါ။ ကျွန်မတို့ရဲ့ လက်ရှိခွန်အားက ရန်ကိုင်ထက် သာတယ်ဆိုပေမယ့် အကောင်းဆုံး ပြင်ဆင်သွားတာ ပိုကောင်းလိမ့်မယ်။ အကျအဆုံးနည်းနည်းနဲ့ ရန်ကိုင်ကို ဘယ်လိုအနိုင်ယူနိုင် မလဲဆိုတာနဲ့ပက်သက်ပြီး ရှင်တို့စဉ်းစားမိတာလေးတွေ ရှိရင် ပြောကြည့်ပါဦး။ ဂျူနီယာညီမလေးက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတော့ ရှင်တို့အားလုံးဆီက အကြံယူရဦးမယ်”

ပြောပြီးတာနဲ့ ရီရှင်းရို့က စားပွဲဝိုင်းကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီး တိတ်တဆိတ်နဲ့ စောင့်ဆိုင်း နေလိုက်တယ်။

စကားဝိုင်းစကတည်းက လျူချင်းယောင်က တောက်လျှောက်ကို မျက်လုံးပိတ်ထားခဲ့ပါတယ်။ စကား တစ်လုံးတောင် ဝင်မပြောခဲ့ပါဘူး။ ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့ နှစ်ယောက်ကတော့ ခေါင်းချင်းဆိုင်ပြီး တိုးတိုးတိုးတိုးနဲ့ သာလိကာလုပ်နေကြပါတယ်။ သူတို့ရဲ့ အမူအရာတွေက တကယ်ကို လေးနက်နေခဲ့ပါတယ်။

ဟော်မိသားစု သခင်လေးကတော့ ထိုင်ခုံပေါ် ခေါင်းမှီရင်း ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့တယ်။

ချူရီမန်ကတော့ မထူးခြားနားဟန်ဖြင့် ရှိနေခဲ့တယ်။ ဝမ်းနည်းသည့် အရိပ်အယောင် တစ်စွန်းတစ်စတို့က သူမမျက်ဝန်းထဲ ရံဖန်ရံခါ ဖြတ်သန်းသွားတာက လွဲလို့ပေါ့။

မန်ရှန်းရီကတော့ ခေါင်းကုတ်ရင်း ကူကယ်ရာ မဲ့စွာဖြင့်သာ သက်ပြင်းချနေခဲ့တယ်။

လူငယ်ခြောက်ယောက်စလုံးရဲ့ အမူအရာတွေက တစ်ယောက်တစ်မျိုးစီပါ။ ဒါပေမယ့် ဘယ်သူကမှ စကားစမပြောကြပါဘူး။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် ရီရှင်းရို့က ပြုံးပြီး ပြောလိုက်တယ် “ဘယ်သူကမှ အကြံတစ်ခုတောင် မစဉ်းစာမိတဲ့ပုံပဲ။ အဲ့လိုဆိုမှတော့ ဂျူနီယာညီမလေးရဲ့ အကြံကို ဘာလို့ နားမထောင် ကြည့်ရတာလဲ”

ပြောပြီးတာနဲ့ ဘယ်သူကမှ မတုန့်ပြန်ရသေးခင်မှာပဲ ရီရှင်းရို့က ဆက်ပြောလိုက်တယ် “အခုဒီမှာ စုဝေးနေတဲ့ ပညာရှင်တွေရဲ့ ခွန်အားနဲ့ အရေအတွက်က ရန်ကိုင် အင်အားစုတွေထက် ပိုသာပေမယ့် ရန်ကိုင်ရဲ့ အင်အားကိုလည်း သွားလျှော့တွက်လို့ မရဘူး။ ပထမ အချက်အနေနဲ့ မိစ္ဆာဂိုဏ်းခေါင်းဆောင် လင်းတိုင်ရှု ရှိနေတယ်။ သူက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမယ့် အမွေခံတိုက်ပွဲ ဖြစ်နေတဲ့အတွက် သူဝင်ပါမှာ မဟုတ်လောက်ဘူး။ သွေးစစ်သည်တော်တွေကတော့ ရန်မိသားစုရဲ့ အရင်ကန့်သတ်ချက်ကြောင့် သူတို့ထဲက နှစ်ယောက်ပဲ တိုက်ခိုက်လို့ ရလိမ့်မယ်။ သူတို့အပြင် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် နတ်ဆိုးတစ်ကောင် ရှိသေးတယ်… အဲ့လူတွေက အကြီးမားဆုံး အနှောင့်အယှတ်တွေပဲ”

“ကျွန်မတို့သာ ဒီအတိုင်း ပြေးဝင်တိုက်ခိုက်မယ် ဆိုရင် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်တယ်။ ရန်ကိုင်နား စုဝေးနေတဲ့ လူတွေကို သွားလျှော့တွက်လို့ မရဘူး။ သူတို့တွေက မမျှော်လင့်ထားတဲ့ လှုပ်ရှားမှုတွေ လုပ်လာနိုင်တယ်။ သခင်လေးဟော်နဲ့ အစ်မချူတို့ ဒီအချက်ကို နားလည်နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”

ဟော်ရှင်းချန်က ရယ်လိုက်ပြီး “ငါ့ကို မမေးနဲ့။ ငါဘာမှ မသိဘူး။ သူ့အိမ်မှာ ငါက မိန်းမလှလေးတွေကို လိုက်ပိုးဖို့ ကြိုးစားနေတာကလွဲပြီး အခြားဘာမှ လုပ်တာ မဟုတ်ဘူး။ တကယ်တမ်း ပြောရရင် သူ့အိမ်ထဲမှာ မိန်းမလှလေးတွေ အများကြီးပဲ…”

ရီရှင်းရို့ မျက်နှာထက်က အပြုးက တစ်ခဏလေးတောင် မဲ့ရွဲ့သွားခြင်း မရှိပါဘူး “အစ်ကိုဟော်က အရမ်းကို နှိမ့်ချနေတာပ။ အစ်ကိုဟော် ခွန်အား တစ်ဟုန်ထိုး တိုးတက်လာတာကို ဘယ်သူက မသိပဲနေလို့လဲ။ ညီအစ်ကိုကောင်းတောင် အစ်ကိုဟော်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး”

ကောင်းရန်ဖုန်းမျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့ပြီး အခြားသူတွေရဲ့ အားနည်းချက်ကို လိုက်ပစ်မှတ်ထားတဲ့ မိန်းမပျက်မ ရီရှင်းရို့ကို သူ့စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။ ရန်ကိုင် ရန်ကျန်းကို တိုက်ခိုက်ခဲ့တဲ့ ညတုန်းက ဟော်ရှင်းချန်နဲ့ ကောင်းရန်ဖုန်းတို့ တိုက်ခိုက် ခဲ့ကြပါတယ်။ ဒါပေမယ့် ကောင်းရန်ဖုန်းရဲ့ အတိုင်အတွင်း မှာပဲ ဟော်ရှင်းချန်ရဲ့ အနိုင်ယူခြင်း ခံလိုက်ရပါတယ်။ ထိုအဖြစ်အပျက်ကြောင့် သူ့လုံးဝ မျက်နှာပျက်သွားခဲ့ ရပါတယ်။ အခုရက်အတွင်း သူ့မျက်နှာ ပြန်အဖတ် ဆယ်နိုင်ဖို့ အတွက်နဲ့ ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်နေခဲ့တာပါ။

ရီရှင်းရို့က အထိုအကြောင်း ပြောလာတော့ ကောင်းရန်ဖုန်း မကျေမနပ် ဖြစ်သွားခဲ့ပြီး ယဉ်လည်း မယဉ်၊ ရိုင်းလည်း မရိုင်းတဲ့ လေသံနဲ့ ရေရွတ်လိုက်တယ် “သခင်မလေးရီ၊ အဓိအကြောင်းအရာကို အာရုံစိုက်ရင် ကောင်းမယ်”

ရီရှင်းရို့ပြုံးလိုက်ပြီး တောင်းတောင်းပန်ပန်နဲ့ ခေါင်းညိတ်လိုက်ကာ “ကျွန်မပြောလိုက်တာကို စိတ်ထဲ မထားပါနဲ့အစ်ကိုကောင်း။ ဂျူနီယာညီမလေးက မစဉ်းစား မဆင်ခြင်ပဲ ပြောလိုက်မိတာပါ၊ အစ်ကိုကောင်းကို အပုပ်ချချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာ မဟုတ်ပါဘူး”

ကောင်းရန်ဖုန်း မျက်နှာ ပိုပြီး အရုပ်ဆိုးသွားခဲ့ရတယ်။

သူ့ကို လျစ်လျူရှုထားလိုက်ပြး ရီရှင်းရို့က ဆက်ပြော လိုက်တယ် “အခြေအနေကို စဉ်းစားကြည့်ပြီးနောက် အင်အားစုတစ်ခုကို သုံးပြီး ရန်ကိုင်ကို သတိမထားမိတဲ့ အချိန် အလစ်ချောင်းတိုက်ခိုက်ရင် ကောင်းလိမ့်မယ်လို့ ငါထင်တယ်”

Martial Peak

အပိုင်း(၅၄၄) အလစ်ချောင်းတိုက်မယ့် အင်အားစု

သခင်လေးနဲ့ သခင်မလေး ၇ယောက်တို့ စားပွဲတစ်ဝိုင်း တည်း၌ ထိုင်နေခဲ့ကြကာ ရီရှင်းရို့ကတော့ ခေါင်းဆောင် နေရာမှာ ထိုင်နေခဲ့ပါတယ်။ အားလုံးက ရီရှင်းရို့ ခေါင်းဆောင် ဖြစ်တာကို သိပ်ပြီးလက်ခံ သဘောတူလိုစိတ် မရှိကြပါဘူး။ ဒါပေမယ့် သူမရဲ့ ရှင်းပြချက်တွေ၊ သုံးသပ်ချက်တွေကို နားထောင်ပြီးနောက် သူမအပေါ် သူတို့ရဲ့ အထင်အမြင်ကို နောက်တစ်ကြိမ် ပြန်လည် ပြောင်းလဲရပါတော့တယ်။

ဒီမိန်းမငယ်လေးက သူတို့ထင်ထားသလို စကားချိုချို လေးတွေ ပြောတတ်တဲ့ မျက်နှာလှလှ မိန်းကလေး တစ်ယောက် မဟုတ်ပါဘူး။

ခေါင်းဆောင်နေရာ၌ ထိုင်နေတဲ့အခါ ခေါင်းဆောင် တစ်ယောက်ပုံစံအတိုင်း ပြောပါတယ်။

သူမရဲ့ အကြံဥာဏ်ကို ထုတ်ဖော်ပြောပြီးနောက် ကျန်တဲ့ ခြောက်ယောက်စလုံးကို သူမအား သိချင်စိတ်ဖြင့် ငေးကြည့်လိုက်ကြတယ်။

“အလစ်အငိုက်ချောင်းတိုက်ဖို့ အင်အားစုလား” ကောင်းရန်ဖုန်းက သံယောင်လိုက်ပြောလိုက်ပြီး “ဘယ်လို အင်အားစုကို အလစ်ချောင်းတိုက်ဖို့အတွက် အသုံးပြုမှာလဲ’

ရီရှင်းရို့က အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ် “သခင်ငယ်လေး မမျှော်လင့်ထားလောက်တဲ့ အလစ်အငိုက် ချောင်းတိုက်ခိုက်မှုပေါ့”

ကောင်းရန်ဖုန်း မျက်မှောင်ကြုံ့လိုက်တယ်၊ ရီရှင်းရို့က အဆုံးထိမပြောပဲ သူတို့ကို ခန့်မှန်းခိုင်းနေတာကြောင့် သူ့စိတ်ထဲ မကျေမနပ် ဖြစ်သွားခဲ့ပြီး “နင်ပြောချင်တာကို သေသေချာချာ ရှင်းပြလေ”

ရီရှင်းရို့က တခစ်ခစ် ရယ်မောလိုက်ပြီး ချူရီမန်ဘက် လှည့်ကာ ချိုသာစွာဖြင့် ပြောလိုက်တယ် “အစ်မချူက သခင်ငယ်လေးကို အလစ်ချောင်းတိုက်ဖို့ အကောင်းဆုံးလူ ဖြစ်တယ်ဆိုတာ လုံးဝကို သံသယရှိစရာ မလိုဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန်က ရီရှင်းရို့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။

ဟော်ရှင်းချန်ရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။

ရီရှင်းရို့ ဘာတွေးနေလဲဆိုတာကို နားလည်လိုက်တာနဲ့ ကျန်တဲ့သခင်လေးတွေ အကုန်လုံးရဲ့ အမူအရာ ကိုးယိုးကားယား ဖြစ်သွားပါတော့တယ်။

“အစ်မချူက သခင်ငယ်လေးရဲ့ ညာဘက်ရုံးလို့တောင် ပြောလို့ရတယ်။ သူ့စံအိမ်ထဲက အတွင်းအခြေအနေ အကြောင်းကို သူမထက်လွဲပြီး အခြားဘယ်သူကမှ ပိုသိမှာ မဟုတ်ဘူး။ ပြီးတော့ အစ်မချူက ရန်ကိုင်ဆီကနေ ဒီမနက်လေးတင်ကပဲ ထွက်လာခဲ့တာလေ။ သခင်ငယ်လေး ဘယ်လောက်ပဲ ဥာဏ်ကောင်းကောင်း၊ အစ်ချူက သူဆီကနေ ထွက်သွားပြီး နေ့တစ်ဝက်တောင် မကြာသေးခင်မှာပဲ သူ့ရန်သူဖြစ်သွားခဲ့ပြီး သူ့ကို လာတိုက်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး”

“ရီရှင်းရို့၊ နင်ဘာပြောနေလဲဆိုတာ သေချာ သတိထားပြီး ပြောရင်ကောင်းမယ်” ဟော်ရှင်းချန်က သုန်မှုန်နေတဲ့ အမူအရာနဲ့ ရီရှင်းရို့ကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်တယ်။

ရီရှင်းရို့ကတော့ ပြုံးပြုံးလေးနဲ့သာ နှာခေါင်းရှုံ့ရင်း “သခင်လေးဟော်၊ ရှင်ဘာပြောချင်နေတာလဲ။ ကျွန်မ ပြောနေတာကို ကျွန်မသိတယ်။ သခင်လေးရဲ့ သဘေားထားကသာ… သခင်လေးက ကျွန်မရဲ့ အစီအစဉ်နဲ့ ပက်သက်ပြီး မကျေမနပ် ဖြစ်နေတာလား”

ဟော်ရှင်းချန်ကတော့ ပြန်ပြီးတော့သာ လှောင်ပြုံး ပြုံးပြလိုက်တယ်။

“ကျွန်မက ဒုတိယသခင်လေးကို ကိုယ်စားပြုနေတယ် ဆိုတာကိုလည်း မမေ့နဲ့ဦးနော်။ ကျွန်မရဲ့ အမိန့်ကို ငြင်းဆန်တာက ဒုတိယသခင်လေးရဲ့ အမိန့်ကို ငြင်းဆန်တာနဲ့ အတူတူပဲ။ သခင်လေးဟော်သာ အခုလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် အိမ်ထဲကနေ ထွက်သွား လိုက်တော့။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်မယ့် အဖြစ်မျိုး ကျွန်မမမြင်ချင်ဘူး။ ဒုတိယသခင်လေးရဲ့ အိမ်က မကောင်းတဲ့မျိုးစေ့တွေကို အလိုမရှိဘူး” ရီရှင်းရို့က လှောင်ပြုံးပြုံးရင်း ရက်ရက်စက်စက်နဲ့ ပြန်ပြောလိုက်တယ်။

ဟော်ရှင်းချန် အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး ထိုင်ရာကနေ ချက်ချင်း ထထွက်သွားချင်ပေမယ့် သူ့အဖေပြောခဲ့တာကို ပြန်သတိရလိုက်တာနဲ့ သူ့စိတ်ထဲက ဒေါသတွေကို အတင်းပြန်ချုပ်တည်း ထားလိုက်တယ်။

သူ့ပါးစပ်က မသိမသာလေး လှုပ်ရှားသွားပေမယ့် ဘာအသံမှတော့ ထွက်မလာခဲ့ပါဘူး၊ တိတ်တဆိတ် ကျိန်ဆဲနေတဲ့ပုံပါပဲ။

ရီရှင်းရို့က တစ်ဖန်ပြန်လည် နွေးထွေးစွာဖြင့် ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ် “တကယ်တော့ သေသေချာချာ ဆုံးဖြတ်ပြီးမှ ဂျူနီယာညီမလေးက အခုအစီအစဉ်ကို ထုတ်ပြောခဲ့တာပါ။ ကျွန်မပြောခဲ့တာ တစ်ချက်ပဲ ရှိသေးတယ်”

“အခြားဘာတွေ ရှိသေးလို့လဲ” ကောင်းရန်ဖုန်းက မေးလိုက်တယ်။ အမွေခံတိုက်ပွဲအတွင်း ရီရှင်းရို့ တော်တော်လေးကို တိုးတက်လာခဲ့မှန်း ကောင်းရန်ဖုန်း ရုတ်တရက် သတိပြုမိလိုက်တယ်။ အရင်တုန်းကဆိုရင် ရီရှင်းရို့က ဘာကိုမှ သေချာမစဉ်းစားတတ်တဲ့ လူပါ။ အခု သူမရဲ့ အတွေးတွေက ထက်ရှပြီး ပြတ်သားလို့ နေပါတယ်။

ဒုတိယသခင်လေးနဲ့ အနေများတော့ သူမပါ သူ့စရိုက်ရဲ့ လွှမ်းမိုးခြင်းခံလိုက်ရတာများလား။

“သခင်ငယ်လေး ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်ကို သတ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ရင် သခင်ငယ်လေးက သူ့မိတ်ဆွေတွေကို တော်တော်လေး အလေးထားမှန်း သိသာတယ်။ အစ်မချူကလည်း သူ့မိတ်ဆွေပဲ။ သခင်ငယ်လေးရဲ့ စရိုက်အရ၊ သူက အစ်မချူကို ရက်ရက်စက်စက်နဲ့ ဆက်ဆံမှာ မဟုတ်ဘူး။ ကျွန်မက ဒီအချက်ကို အခွင့်ကောင်းယူချင်တာ”

“သူက အဲ့လိုလူပဲ” ခန်ကျန်း ခေါင်းညိတ်လိုက်ပြီး ရီရှင်းရို့ ပြောတာ ကျိုးကြောင်းသင့်မှန်း တွေးလိုက်တယ်။

အရင်တုန်းက နန်ရှန်းနဲ့ ရှန်ချူ ငတုံးနှစ်ကောင်က ကောင်းကင်စံအိမ် အဖွဲ့သားတစ်ယောက်ကို ဒဏ်ရာ ရအောင်လုပ်ခဲ့လို ရန်ကိုင်က ကီလိုမီာတာ၃၀၀၀ကျော်ကို ဖြတ်သန်းပြီး သူတို့ကို လိုက်သတ်ခဲ့ပါတယ်။ ရန်ကျောင်း စံအိမ်မှာ ဝင်ပုန်းပြီးတာတောင် ရန်ကိုင်ရဲ့ လက်ကနေ မလွတ်မြောက် နိုင်ခဲ့ပါဘူး။

ချူရီမန်က ရန်ကိုင်နဲ့ အတူရှိနေတာကြာခဲ့ပါပြီ။ ချူရီမန်က အမွေခံတိုက်ပွဲအတွင်း ရန်ကိုင်ရဲ့ ညာလက်ရုံးလို့ ပြောရလောက်တဲ့အထိ သူ့ကို ကူညီဖေးမပေးခဲ့တာပါ။ သူ့အနေနဲ့ သူမကို မတိုက်ခိုက်ရင်တောင် ထူးဆန်းမနေပါဘူး။

“ဒီလိုဆိုမှတော့ အစ်မချူပဲ သွားရလိမ့်မယ်။ သခင်ငယ်လေးကို သွေးမြေမကျပဲ အနိုင်ယူနိုင်ရင်တောင် ယူနိုင်သေးတယ်” ရီရှင်းရို့က ချူရီမန်ကို ကြည့်ကာ အပြုံးလေးနဲ့ မေးလိုက်တယ် “အစ်မချူကော ဘယ်လိုထင်လဲ”

ချူရီမန်က အဖော်မဲ့နေတဲ့ အမူအရာမျိုးနဲ့ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ပြီး အတက်အကျ မရှိတဲ့လေသံနဲ့ “နင်တွေးတာ အရိုးရိုးရှင်းလွန်းတယ်။ ရန်ကိုင်က မိတ်ဆွေတွေကို ဂရုစိုက်ပေမယ့် သူကိုယ်တိုင်ကလည်း အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့ လူပဲ။ ငါတို့ကြား အချင်းများခဲ့ရင် သူက သူ့ကိုယ်ကျိုး အတွက်ပဲ ကြည့်မှာ”

ရီရှင်းရို့က အံ့အားသင့်သွားတဲ့ အမူအရာလေးနဲ့ “အစ်မချူက သခင်ငယ်လေးကို တကယ် နားလည်တာပဲ။ ဒါပေမယ့် ဒီအစီအစဉ်က အောင်မြင်နိုင်ချေ ရှိတယ်လို့ ကျွန်မယုံတယ်။ မကြိုးစားပဲနဲ့ မအောင်မြင်နိုင်ဘူးလို့ ဘယ်လိုလုပ်ပြီး အတပ်ပြောနိုင်မှာလဲ”

ပြောပြီးတာနဲ့ သူမမျက်ဝန်းထဲ ရက်စက်ကြမ်းကြတ်တဲ့ အလင်းတို့ ဖြတ်ပြေးသွားခဲ့တယ်။ ချူရီမန် သဘောမတူ သရွေ့ သူမ လက်လျှော့မှာ မဟုတ်ပါဘူး။

“ကောင်းပြီလေ” ချူရီမန် ရုတ်တရက် ပြုံးလိုက်ပြီး “ဂျူနီယာညီမက သေချာနေမှတော့ အစ်မကလည်း နင်ပြောတာကို နားထောင်ကြည့်ရတာတော့၊ ရန်ကိုင်ကို ငါကိုယ်တိုင် အနိုင်ယူနိုင်၊ မယူနိုင်ကိုလေ”

“အစ်မချူက တကယ်ကို ယုံကြည်ရှိတဲ့ လူစားမျိုးပဲ။ ဂျူနီယာညီမ လေးစားပါတယ်”

“ဒီကိစ္စနဲ့ပက်သက်ပြီး ဂျူနီယာညီမလေးရဲ့ ကြင်နာမှုကို စီနီယာအစ်မ ကျိန်းသေ မှတ်ထားပါ့မယ်” ချူရီမန်က တောက်ပစွာ ပြုံးကာ ပြောလိုက်တယ်။

ရီရှင်းရို့က ပြန်ပြုံးလိုက်ပြီး “ညီအစ်မတွေကြားမှာ အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး။ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကပဲ စီနီယာအစ်မက ဂျူနီယာညီမလေးကို ကောင်းကောင်း စောင့်ရှောက် ပေးခဲ့တာလေ၊ ဟဲဟဲ… စီနီယာအစ်မရဲ့ စောင့်ရှောက်မှုကို ဂျူနီယာညီမ သေတဲ့အထိ မေ့မှာမဟုတ်ဘူး”

အခန်းအပူချိန် ရုတ်တရက် ထိုးကျသွားခဲ့ပြီး နှစ်ဖက် ကြားက အခြေအနေ တင်းမာလာခဲ့တယ်။

ကောင်းရန်ဖုန်း၊ ခန်ကျန်းနဲ့ ကျန်တဲ့လူတွေ အကုန်လုံး တုန်တုန်ရီရီနဲ့ ခေါင်းငုံ့နေလိုက်ကြတယ်။

ထိုမိန်းကလေးနှစ်ယောက် ဘာအကြောင်းပြောနေလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် သူတို့ကြား ကြေအေးလို့မရတဲ့ ရန်ငြိုးတစ်ခုခု ဖွဲ့တည်ခဲ့တာတော့ သေချာပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရန်ကိုင်ကို ဆွဲဆောင် ဖြာယောင်းဖို့အတွက် ရန်ကိုင်အိမ်ထဲ ရီရှင်းရို့ ခိုးဝင် သွားခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်က သူမ အဝတ်အစားတွေ အကုန်လုံးကို တစ်စစီဖြစ်အောင် လုပ်ပြီး အဝတ်ဗလာနဲ့ အခန်းထဲ ချန်ထားရစ်ခဲ့ပါတယ်။ ထိုအချိန်တုန်းက ချူရီမန်လည်း ရှိပါတယ်။ သူမက အစောင့်တွေချပြီး အခန်းနား ဘယ်သူမှ ကပ်မလာအောင် တားခဲ့တာပါ။

ရီရှင်းရို့မှာ မိမွေးဖမွေးအတိုင်း အခန်းထဲ သုံးရက်၊ သုံးညတိုင်တိုင် နေခဲ့ရပါတယ်။

သုံးရက်ပြည့်တော့မှပဲ ချူရီမန်က အစေခံတစ်ယောက်နဲ့ အတူ အဝတ်အစားတစ်စုံ ပို့ပေးခဲ့ပါတယ်။

ဒီလိုမျိုး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတဲ့ ကိစ္စကို ရီရှင်းရို့ ဘယ်မေ့နိုင်ပါ့မလဲ။ အခု မိသားစုကြီးခုနှစ်ခုက စေလွှတ်လိုက်တဲ့ အင်အားစုတွေကို ထိန်းချုပ်ခွင့်ရတဲ့ အချိန် သူမရဲ့ ပထမဆုံး အစီအစဉ်က ချူရီမန်ကို အရှက်ခွဲဖို့ပါ။ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အပြင်ကိစ္စတို့ ရောထွေးနေတဲ့ အစီအစဉ်တစ်ခုပါ၊ သူမပေးလိုက်တဲ့ အကြောင်းပြချက်တွေကလည်း တကယ်ကို ကောင်းမွန် လှပါတယ်။ ချူရီမန်ကို ပြန်ငြင်းဆိုခွင့်တောင် မပေးခဲ့ပါဘူး။

“အဲ့လိုဆိုတော့ အစ်မချူကိုပဲ အားကိုးတော့မယ်နော်”

“အစ်မလည်း ဂျူနီယာညီမပြောတာ၊ ဟုတ်မဟုတ် ကြည့်ရတာတေပါ့”

“မြန်မြန်လှုပ်ရှားရင် ပိုကောင်းမယ်၊ အခုပဲ သွားလိုက်တော့” ရီရှင်းရို့က ပြောလိုက်တယ်။

“အခုလား” သခင်လေးတွေ အကုန်လုံး အံ့အားသင့်တကြီးနဲ့ ပြန်မေးလိုက်တယ်။ ရီရှင်းရို့ ဒီလောက် အဆောတလျင်နဲ့ လှုပ်ရှားလိမ့်မယ်လို့ သူတို့ထဲ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။

“ဒီညသွားတိုက်ရင် သခင်ငယ်လေးက ပြင်ဆင်ထားပြီးဦးမှာ မဟုတ်သေးဘူး။ နည်းနည်းလေး အားစိုက်ထုတ်လိုက်ရုံနဲ့တင် လွယ်ကူတဲ့နိုင်ပွဲကို ရနိုင်သေးတယ်” ရီရှင်းရို့က အေးစက်စက်ပြုံးရင်း ပြန်ပြောလိုက်တယ်။

“ကောင်းပြီလေ၊ အဲ့လိုဆိုတော့ အစ်မလည်း ချက်ချင်း ထွက်ခွါရတာပေါ့” ချူရီမန်က ရယ်မောလိုက်ပြီး ထိုင်ခုံကနေ ထလိုက်ကာ လမ်းလျှောက်ထွက်သွားလိုက်တယ်။

“ချူရီမန်…” ဟော်ရှင်းချန် မတ်တပ်ရပ်လိုက်ပြီး လှမ်းအော်ခေါ်လိုက်တယ်။ ဒါပေမယ့် ချူရီမန်ကတော့ တစ်ချက်ကလေးတောင် နောက်ပြန်လှည့်မကြည်ခဲ့ပါဘူး။ လမ်းလျှောက်သွားနေရင်း ဖြည်းဖြည်းချင်းသာ ခေါင်းခါ သွားလိုက်ပါတယ်။

ချူရီမန် ထွက်သွားတာနဲ့ ဟော်ရှင်းချန်က ရီရှင်းရို့ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “လူပျက်မလေး၊ ချူရီမန်သာ တစ်ခုခုဖြစ်သွားကြည့်၊ ဒီသခင်လေးက နင့်ကို ဈေးအပေါဆုံး၊ အညစ်ပတ်ဆုံး၊ ရွံ့စရာအကောင်းဆုံး ဆောင်ကြာမြိုင်ဆီ ရောင်းစားပစ်မှာ မယုံမရှိနဲ့သိလား။ အဲ့အချိန်ကျ လမ်းဘေးက သူတောင်းစား တွေတောင် နင့်ကို မြည်းစမ်းပြီး သုံးလအတွင်း နင့်နား ခွေးဝဲးစားတွေတောင် မကပ်ချင်လာအောင် ငါလုပ်ပြမယ်”

ရီရှင်းရို့မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့ပေမယ့် ဟော်ရှင်းချန်ရဲ့ စကားကြောင့် ဒေါသထွက်သွားခြင်း အလျင်းမရှိပဲ နှစ်လိုဖွယ်ကောင်းစွာ တခစ်ခစ်ရယ်မေားရင်းနဲ့သာ ပြန်ပြောလိုက်တယ် “သခင်လေးဟော်က အစိုးရိမ်ပိုလွန်းမနေဘူးလား။ အစ်မချူက ဘယ်လိုလုပ်ပြီး မတော်တဆ တစ်ခုခု ဖြစ်နိုင်ရမှာလဲ။ သခင်ငယ်လေးက သူ့ကို တိုက်ခိုက်မယ်လို့ ရှင်ထင်နေတာလား။ သခင်ငယ်လေးသာ တိုက်ခိုက်ခဲ့ရင် သူက မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားပြီလို့ ပြောလိုက်တာနဲ့ အတူတူပဲမလား”

ပြောနေရင်းနဲ့ တစ်ချက်ရပ်လိုက်ပြီး ဆက်ပြောလိုက်တယ် “ဒါပေမယ့် သခင်လေးဟော်က စိုးရိမ်နေမှတော့ သူ့နောက်လိုက်ပြီး အခြေအနေကို စူးစမ်းကြည့်ကြတာပေါ့”

ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး ရီရှင်းရို့ ဆုံးဖြတ်တာ မှန်တယ်လို့ သူတို့စိတ်ထဲ တွေးလိုက်ကြတယ်။

ချူရီမန်က ရန်ကိုင်ကို အနိုင်ယူနိုင်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ကြပါဘူး။ မိတ်ဆွေတွေကို အလေးထား ရင်တောင်မှ သူက အရူးမှမဟုတ်တာ။ မတိုက်ခိုက်ပဲ ဘယ်လိုလုပ်ပြီး အလျှော့ပေးမှာလဲ။

ဒါပေမယ့် သူတို့အားလုံး အတူတူထွက်သွားခဲ့ရင် ရန်ကိုင် ပြန်တိုက်ခဲ့ရင်တောင် သူတို့ဘက်က ချက်ချင်း ဝင်ကူပေးလို့ ရတယ်လေ။

ဆွေးနွေးတာ ပြီးသွားခဲ့ပြီးနောက် အားလုံး လမ်းလျှောက် ထွက်လာလိုက်ကြတယ်။

လမင်းကြီးကတော့ ကောင်းကင်ထက် ထိန်ထိန် သာနေဆဲ၊ ကြယ်လေးတွေကလည်း တလက်လက် တောက်ပနေဆဲ။ သို့ပေမယ့် စစ်ပွဲမြို့တော်ဟာတော့ မကြာခင်၌ စစ်ပွဲသံတို့ဖြင့် ညံပါတော့မယ်။

ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ ထွက်သွားခဲ့ပေမယ့် ရန်ကိုင် အင်အားက ကြောက်မက်ဖွယ် ကောင်းနေတုန်းပါပဲ။ ရန်ကိုင် အမွေခံတိုက်ပွဲကို နိုင်လိမ့်မယ်လို့ သူ့မဟာမိတ်တွေ အားလုံး ထင်နေခဲ့ကြတာပါ။

သူတို့တွေကို စိုးရိမ်ပူပန်နေစေတဲ့ တစ်ခုတည်းသော အချက်က ဒီနေ့မနက်တုန်းက ရန်ကိုင်ပြောခဲ့တဲ့ မိသားစုကြီး ရှစ်ခုနဲ့ ရန်သူဖြစ်လာတော့မယ်ဆိုတဲ့ စကားပါပဲ။

ရှိနေတဲ့ လူငယ်မျိုးဆက် ကျင့်ကြံသူတွေထဲမှာ ဘယ်သူကများ မိသားစုကြီးရှစ်ခုကို ပွင့်ပွင့်လင်းလင်း သွားဆန့်ကျင်ချင်ပါ့မလဲ။ ဒါက သူတို့တွေကိုသာမက၊ သူတို့ မိသားစုတွေ၊ ဂိုဏ်းတွေကိုပါ အကျိုးသက်ရောက်မှာပါ။

ညသန်ခေါင်းယံအချိန်၌ အိမ်တစ်ခုလုံးက ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ် နေခဲ့တယ်။

ကျင့်ကြံနေတဲ့ ရန်ကိုင်၊ ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီး သူ့မျက်ဝန်းအစုံက ထက်ရှတဲ့ အလင်းတို့ဖြင့် လက်သွားခဲ့တယ်။

အလျင်စလို ထလိုက်ပြီး အပြင်ကို ခပ်မြန်မြန် လမ်းလျှောက် ထွက်သွားလိုက်တယ်။

တံခါးပွင့်လိုက်တာနဲ့ အဝတ်စလှုပ်ခတ်သံတွေနဲ့ ရင်းဂျု၊ နတ်ဆိုးအိုကြီးနဲ့ တန်ယုရှန်းတို့ သူ့ရှေ့၌ ထွက်ပေါ် လာခဲ့တယ်။

“သခင်ငယ်လေး…” တန်ယုရှန်းက ခေါ်လိုက်တယ်။

“ငါသိတယ်” ရန်ကိုင် အမူအရာ လေးနက်နေခဲ့ပြီး “အားလုံးကို ခေါ်လိုက်”

တန်ယုရှန်းက သူမရဲ့ ကောင်းကင်စိတ်အာရုံအား စံအိမ်တစ်ခုလုံးကို ဖြန့်ကျက်လိုက်တယ်။ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စိတ်စွမ်းအင်ကို ခံစားမိလိုက်ပြီး ထိုအခြင်းအရာက ဘာကိုဆိုလိုမှန်း သိလိုက်တာနဲ့ အင်အားစုတွေ အကုန်လုံး အိမ်ထဲကနေ အလျင်အမြန် ပြေးထွက်လာခဲ့ကြတယ်။

“ဟန့်” အေးစက်စက် နှာခေါင်းရှံ့သံနဲ့အတူ ဝေဝါးတဲ့ ပုံရိပ်တစ်ခုက လေထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ် လာခဲ့ပြီး နောက်ဆုံးမှာတော့ ရွှေးလင် ဖြစ်တည်လာခဲ့တယ်။

ရင်းဂျုရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။ ဒီမိန်းမပျိုလေးရဲ့ ပေါ်ပျောက်၊ နည်းလမ်းနည်းလမ်းကို သူတော်တော်လေး လန့်မိနေတုန်းပါပဲ။

အရမ်းကို ငယ်ပါတယ်၊ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။ ပြီးတော့ အထူးခန္ဓာကိုယ်တစ်ခုကိုလည်း ပိုင်ဆိုင် ထားပါသေးတယ်။ တစ်ယောက်ချင်းသာ ယှဉ်တိုက်ရင် သူမကို အနိုင်ယူနိုင်မယ်လို့ ရင်းဂျု ယုံကြည်ချက် ရှိပါတယ်။ ဒါပေမယ့် သူမသာ ထွက်ပြေးချင်တယ် ဆိုရင်တော့ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးရင်တောင် သူမကို ဖမ်းမိနိုင်မှာ မဟုတ်ပါဘူး။

“လာနေတဲ့လူက ချူရီမန်နဲ့ တူတယ်” ရွှေးလင် သက်ပြင်းယဲ့ယဲ့လေး ချလိုက်ပြီး “သနားစရာပဲ၊ သူ့ကို ငါတော်တော်လေး ကြိုက်တာ။ ရန်ကိုင်၊ နင်တို့နှစ်ယောက် ဘယ်လိုလုပ်ပြီး အခုလိုမျိုး ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်ရတာလဲ”

“ငါမသိဘူး၊ ငါ့ကို လာမမေးနဲ့” ရန်ကိုင် စိတ်ရှုပ်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။

ရောက်လာတဲ့လူတွေက ဘယ်သူလဲဆိုတာကို ရွှေးလင်တောင် သိမှတော့ ရန်ကိုင်က မသိပဲ ဘယ်နေပါ့မလဲ။

ပြီးတော့ အဖွဲ့ကို ဦးဆောင်လာတဲ့လူက ဒီမနက်ပိုင်းလေးတင်ကပဲ ထွက်သွားခဲ့တဲ့ ချူရီမန် ဖြစ်နေခဲ့ပါတယ်။

သူမနောက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆၊ ဒါမှမဟုတ် အဲ့ထက်ပိုမြင့်တဲ့ ပညာရှင် အယောက်၂၀ ရှိနေခဲ့ပါတယ်။ ထူးမခြားနားဟန်နဲ့ ချူရီမန်က လွဲလို့ ကျန်တဲ့လူတွေ အကုန်လုံးက သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ချီတက်လာနေခဲ့တာပါ။

ချူရီမန်ဟာ ဒီနောက်ကွယ်က ကြိုးကိုင်သူ ဖြစ်တယ်လို့ ရန်ကိုင် မထင်ပါဘူး။ သူမနဲ့ အချိန်အတော်ကြာအောင် အတူ ရှိလာခဲ့ပြီးနောက် သူမအကြောင်း သူပိုသိလာခဲ့ပါတယ်။ သူမစရိုက်အကြောင်း သူကောင်းကောင်း သိထားပါတယ်။ ဒါပေမယ့် သူမက လူတွေခေါ်လာပြီး သူ့စံအိမ်ကို လာတိုက်တာကတော့ ငြင်းဆိုလို့ မရတဲ့ အမှန်တရားပါပဲ။

“တစ်ချက် သွားထွက်ကြည့်ကြတာပေါ့” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ဦးဆောင်ကာ ထွက်သွားလိုက်တယ်။

ရင်းဂျု၊ တန်ယုရှန်းနဲ့ နတ်ဆိုးအိုကြီးတို့ကတော့ သူ့နောက်ကနေ ခပ်မြန်မြန်ပဲ လိုက်သွားခဲ့ကြတယ်။

တစ်ခဏကြာပြီးနောက် အဓိကဝင်ပေါက် အရှေ့၌ လူအနည်းငယ် စုဝေးလာခဲ့ပါပြီ။ စံအိမ်ထဲကနေ လူတွေ အဆက်မပြတ် ထွက်လာနေတုန်းပါပဲ။ အားလုံးက ရန်ကိုင်နဲ့အတူ အစီအစဉ်တကျ စီတန်းရပ်နေခဲ့ကြတယ်။

Martial Peak

အပိုင်း(၅၄၅) နင့်ကို ဘာလို့ ဂရုစိုက်နေရဦးမှာလဲ

ဘာတွေ ဖြစ်နေလဲဆိုတာကို သူတို့တွေ အကုန်လုံး မသိကြပါဘူး။ ဒါပေမယ့် အပြင်ရောက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူတို့တွေ အကုန်လုံး ကြက်သေသွေားခဲ့ရတယ်။

သူတို့စံအိမ်နဲ့ မနီးမဝေး၌ ချူရီမန်က တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့တယ်။

သူမအနောက်ဘက် ဆယ်မီတာ အကွာမှာတော့ ချူမိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်အယောက်၂၀ ရှိနေခဲ့တယ်။ သူတို့ တစ်ယောက် ချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါကို ပေးစွမ်းနေခဲ့ပါတယ်။

တစ်ခဏကြာအောင် တိတ်ဆိတ်ကြောင်အ နေပြီးနောက် လော့ရှောင်မန်က အလန့်တကြား ထအော်လိုက်တယ် “အစ်မချူ”

အော်ခေါ်ပြီးတာနဲ့ လူအုပ်ကြီးထဲနေ ပြေးထွက်ပြီး ချူရီမန်ဆီ ပြေးသွားလိုက်တယ်။ ပြေးလွှားနေတဲ့အချိန် သူမရဲ့ မို့မောက်မောက် ကျောက်စိမ်းတောင်ထွတ် နှစ်လုံး ကတော့ ဘယ်ညာယိမ်းကာ ကခုန်နေခဲ့ပါတယ်။

ရှိနေတဲ့လူအားလုံးထဲ ချူရီမန်နဲ့ သူမ အရင်းနှီးဆုံးပါ။ တစ်ယောက်က ဖျက်လတ်ထက်မြက်ပြီး အခြား တစ်ယောက်ကတော့ ရိုးသား အပြစ်ကင်းစင်ပြီး ချစ်ဖို့ ကောင်းပါတယ်။ စရိုက်မတူတဲ့ နှစ်ယောက်က လုံးဝကို ပလဲပနံသင့်နေခဲ့ပါတယ်။ ချူရီမန်က သူမအပေါ် အမြဲတမ်း ကောင်းပါတယ်။ အခက်အခဲများစွာကို အတူတူ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပြီးနောက် သူမတို့ နှစ်ယောက်က သွေးရင်းညီအစ်မတွေလို ရင်းနှီးနေခဲ့ပါပြီ။

ဒီမနက် ချူရီမန် ထွက်ခွါလာခဲ့တုန်းက လော့ရှောင်မန် အချိန်အတော်ကြာအောင် ငိုယိုနေခဲ့ပါတယ်။ ငိုလွန်းလို့ သူမ မျက်ဝန်းတွေ နီရဲပြီး မို့အစ်နေခဲ့ပါတယ်။ တစ်နေ့လုံးလည်း တငေးငေး တငိုင်ငိုင်နဲ့ ဖြစ်နေခဲ့တာပါ။

ချူရီမန် ပြန်လာတာကို ရုတ်တရက် မြင်လိုက်တာနဲ့ အပျော်ဆုံးလူက လော့ရှောင်မန်ဖြစ်မှာ မလွဲမသွေပါပဲ။ လမ်းပျောက်သွားတဲ့ ကလေးငယ်လေးတစ်ယောက် အိမ်ကို ပြန်တွေ့လို့ ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် ပြေးနေတာနဲ့တာင် တူနေပါသေးတယ်။

ချူရီမန်မျက်ဝန်းထဲ ဝမ်းနည်းသည့် အရိပ်အယောင် တစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းပဲ ထူးမခြားမှုက ထိုဝမ်းနည်းမှုကို အစားထိုးသွားခဲ့တယ်။

သူတို့ကြားက အကွာအဝေးက မီတာ၂၀တောင် မရှိတော့တဲ့ အချိန်မှာပဲ ချူရီမန်က သူမလက်ကို အသာအယာလေး ပင့်မြှောက်လိုက်တယ်။

သူမလက်ဝါးထက်က အလင်းတန်းတစ်ခု တိုးထွက် သွားခဲ့ပြီး လော့ရှောင်မန်ရှေ့မှ မြေကြီးကို ထိမှန်သွားခဲ့တယ်။

ဖုန်တွေ ထသွားခဲ့ပါတယ်။

လော့ရှောင်မန် ချက်ချင်း ရပ်တန့်လိုက်ပြီး ကြောင်အမ်းအမ်းနဲ့ ချူရီမန်ကို စိုက်ကြည့်နေလိုက်တယ်။

“ဆက်တိုးမလားနဲ့တော့။ မဟုတ်ရင် ငါ့လက်အောက် ငယ်သားတွေ မညှာလို့ဆိုပြီး အပြစ်မတင်နဲ့” ချူရီမန်က လော့ရှောင်မန်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ရင်း နွေးထွေးမှုမရှိတဲ့ လေသံနဲ့ လူစိမ်းတစ်ယောက်ကို ပြောသလိုမျိုး ပြောလိုက်တယ်။

“အစ်မချူ…” လော့ရှောင်မန်က တုန်တုန်ရီရီ ဖြစ်နေတဲ့ နှုတ်ခမ်းအစုံဖြင့် တိုးတိုးလေး ရေရွတ်လိုက်တယ်။ ဘာတွေ ဖြစ်နေမှန်း သူမ တကယ်ကို နားမလည်နိုင်တော့ပါဘူး။

ချူရီမန်က သူမကို ထိအောင် မတိုက်ခိုက်ခဲ့ပါဘူး။ ဒါပေမယ့် သူမသာ နည်းနည်းလေး ပိုမြန်မြန်ပြေးလိုက်ရင် ဒါမှမဟုတ် ချူရီမန်သာ ရှေ့ကို နည်းနည်းတိုး ပစ်လိုက်ရင် လော့ရှောင်မန်ရဲ့ ခြေထောက်တွေ ပျက်စီသွားရပါလိမ့်မယ်။

ချူရီမန်ဆီကနေ ထွက်ပေါ်နေတဲ့ အေးစက်ပြီး တသီးတခြားဆန်တဲ့ အရှိန်အဝါကို ခံစားမိလိုက်တာနဲ့ လော့ရှောင်မန် နှလုံးသားလေး အပ်ပေါင်းတစ်သောင်းဖြင့် ထိုးစိုက်ခံရသလို နာကျင်သွားခဲ့ရတယ်။ မျက်ရည်ဝဲလာခဲ့ပြီး ပါးစပ်လေးကို ဖွင့်ဟကာ စကားပြောဖို့ လုပ်လိုက်ပေမယ့် စကားတစ်ခွန်းမှ ထွက်မလာနိုင်ခဲပါဘူး။ သူမစိတ်ထဲ ချူရီမန်ကို အလိုလို ကြောက်ရွံ့မိသွားခဲ့တယ်။

သူမစိတ်ရှုပ်နေတဲ့ အချိန်မှာလဲ လက်ကြီးတစ်ဖက်က သူမပခုံးကို အသာအယာလေး လာကိုင်လိုက်တာကို လော့ရှောင်မန် ခံစားမိလိုက်တယ်။ လှည့်ကြည့်လိုက်တဲ့အခါ ဖြည်းဖြည်းချင်း ခေါင်းခါပြနေတဲ့ ရန်ကိုင်ကို တွေ့လိုက် ရပါတယ်။

“ပြန်သွားတော့” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်ပြီး သူမကို အနောက်ဘက်ရှိ လူအုပ်ကြီးဆီ အသာအယာလေး လှမ်းပစ်ပေးလိုက်တယ်။

အနောက်ပြန်ရောက်ပြီးနောက် အခြေအနေက တစ်မျိုးတစ်ဖုံ ထူးဆန်းနေတာကို လော့ရှောင်မန် သတိပြုမိလိုက်တယ်။

စံအိမ်အပြင်ဘက်၌ ချူရီမန်နဲ့ ရန်ကိုင်တို့ မျက်နှာချင်းဆိုင်နေခဲ့ကြလေပြီ။ ဒီနေ့မနက်တုန်းက ဖြစ်ပျက်ခဲ့သလိုမျိုး ချူမိသားစု ပထမသခင်မလေး ထွက်ခွါလာတုန်းက ဘာမှမပြောခဲ့ပါဘူး။ ဘာကိုမှ ပြောစရာ မလိုတာပါ။

ဒါပေမယ့် ဒီတစ်ကြိမ်တွေ့ဆုံးမှုက ဒီနေ့မနက်တုန်းက ပုံစံနဲ့ လုံးဝကို မတူညီဘူးဆိုတာကိုတော့ အားလုံးလုံး သတိပြုမိပါတယ်။ အခြေအနေက လုံးဝကို ကွဲပြားနေခဲ့ပါပြီ။

“နင်တွန်းအားပေးခံရတာလား” ရန်ကိုင် ချူရီမန်ရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

“မဟုတ်ဘူး” ချူရီမန်က အသာအယာလေး ခေါင်းခါပြလိုက်တယ်။

“မဟုတ်ဘူးလား” ရန်ကိုင်က လှောင်ရယ်သံနဲ့ “နင်တွန်းအား ပေးခံတာမဟုတ်ဘူးဆိုရင် အဲ့လူတွေကို ဘာလို့ ခေါ်လာရတာလဲ။ သူတို့တွေကို ငါ့ဆီပေးဖို့ ခေါ်လာတယ်လို့တော့ လာမပြောနဲ့နော်”

“ငါဘာလို့ ရောက်နေလဲဆိုတာကို နင်သိပြီးသားပဲကို။ ဘာလို့ အရေမရတဲ့ မေးခွန်းတွေ မေးနေရသေးတာလဲ’ ချူရီမန်က ပြန်ပြောလိုက်တယ်။ သူမရဲ့ အမူအရာကတော့ ရေခဲတမျှ အေးစက်နေလို့ပါ။

“နင်မရှင်းပြရင် ငါဘယ်လိုလုပ်ပြီး သိမှာလဲ”

“နင်လည်း အတူတူပဲ မဟုတ်ဘူးလား။ နင့်ငါ့ကို ဘယ်တုန်းက ရှင်းပြခဲ့ဖူးလို့လဲ။ ငါကရော နင့်ကို ဘာလို့ ပြန်ရှင်းပြရမှာလဲ” ချူရီမန်က ပြန်ပြောလိုက်တယ်။

ရန်ကိုင်က ပခုံးတွန့်ပြလိုက်တယ်။ သူမပြောတာလည်း မမှန်တာ မဟုတ်ပါဘူး။

“ပထမသခင်မလေး၊ သူနဲ့ အပိုစကားတွေ ပြောနေစရာ မလိုတော့ဘူး” ရုတ်တရက် အသံတိုးတိုးတစ်သံက ချူရီမန် နောက်ကနေ ထွက်ပေါ်လာခဲ့တယ်။

ထိုစကားတွေ ထွက်ပေါ်လာတာနဲ့ ထယ်ဝါတဲ့ ဟန်ပန် အမူအရာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက်က ရှေ့တက်လာလိုက်ပြီး ချူရီမန်ဘေး ရပ်လိုက်တယ်။

“ခင်ဗျားက” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။

“ချူမိသားစုရဲ့ ရွက်ကြွေခန်းမခေါင်းဆောင် ချန်ရွှမ်ပဲ” ထိုလူက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး အသာအယာလေး ခေါင်းမော့လိုက်ကာ အထက်စီး ဆန်ဆန်ဖြင့် ပြောလိုက်တယ် “ပထမသခင်မလေးက အတိတ်က ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး မင်းနဲ့ စကားနည်းနည်းပါးပါးလောက် ပြောခဲ့တာ။ ဒါပေမယ့် ဒီလောက်ဆို လုံလောက်သွားပြီ”

ရန်ကိုင် အမူအရာက စိုးစဉ်းမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိပဲ အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ခန်းမသခင်ကို နှုတ်ဆက်ပါတယ်။ ခန်းမသခင်ရဲ့ နာမည်ကို ဂျူနီယာကြားဖူးနေခဲ့တာ ကြာပါပြီ”

ချူမိသားစုရဲ့ ရွက်ကြွေခန်းမက ရန်မိသားစုရဲ့ သွေးစစ်သည်တော် ခန်းမနဲ့ အတူတူပါပဲ။ ဒီလိုပုံစံတူ ခန်းမမျိုး မိသားစုကြီးရှစ်ခုစလုံးမှာ ရှိကြပါတယ်။ ထိုခန်းမတွေက မိသားစုကို အကြွင်းမဲ့သစ္စာစောင့်သိပြီး မိသားစုအတွက် အသက်ပဲပေးရပါစေ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးမယ့် စစ်သည်တော်တွေကိုပဲ ပြုစုပျိုးထောင် ပေးတာပါ။

မိသားစု အမွေအနှစ်၊ ဂုဏ်သတင်းနဲ့ လေ့ကျင့်ပုံ နည်းလမ်းတွေ ကွဲပြားသွားတာကြောင့် ထိုခန်းမတွေထဲ သွေးစစ်သည်တော်ခန်းမက အကျော်ကြားဆုံး ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ တိုက်ပွဲစွမ်းရည်ချင်း ယှဉ်ရမယ်ဆိုရင် သွေးစစ်သည်တော်တွေက ကျန်တဲ့ မိသားစုကြီးခုနှစ်ခု ပြုစုပျိုးထောင်ပေးထားတဲ့ စစ်သည်တော်တွေရဲ့ အထက်မှာ ရှိနေခဲ့ပါတယ်။

ရှင်းရှင်းပြောရရင် တားမြစ်ပညာရပ်ဖြစ်တဲ့ သွေးရူးသွပ်ခြင်း ပညာရပ် တစ်ခုတည်းနဲ့တင် သွေးစစ်သည်တော် ခန်မးကို အခြားခန်းမတွေအထက်မှာ ရပ်တည်စေဖို့ လုံလောက်နေပါပြီ။

ချူမိသားစုရဲ့ ရွက်ကြွေခန်းမကလည်း ဒီလို ခန်းမမျိုးပါပဲ။ ရွက်ကြွေခန်းမမှာ ပညာရှင်တွေချည်း စုဝေးနေတာပါ။ သူတို့ လှုပ်ရှားပြီးဆိုတာနဲ့ မြောက်ပြန်လေအလား လျင်မြန်စွာ လှုပ်ရှားတတ်ကြပြီး တားဆီးမရနိုင်တဲ့ ခွန်အားဖြင့် သူတို့ရန်သူတွေကို အသက်ရှူချိန်တောင် မပေးပဲ လွှမ်းမိုးတိုက်ခိုက် တတ်ကြပါတယ်။

ဒီအကြောင်းကြောင့်ပဲ ရွက်ကြွေခန်းမသားတွေက စိတ်မြန်လက်မြန် ရှိကြပါတယ်။ ထို့ကြောင့် ရွက်ကြွေ ခန်းမသားတွေက စိတ်သိပ်ရှည်လေ့မရှိပဲ အချိန်ဖြုန်း ရတာကို မုန်းတီးကြပါတယ်။

ချူရီမန်နဲ့ ရန်ကိုင်ကို စကားလေး နည်းနည်းလေးပဲ ပြောရသေးပေမယ့် ရွက်ကြွေခန်းမခေါင်းဆောင်က စိတ်မရှည်တော့ပါဘူး။

ချန်ရွှမ်က နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်စကားကို မသိကျေးကျွံပြုထားလိုက်တယ်။ ပြီးတာနဲ့ ပြန်ပြီး လှောင်ပြောင် ပြောဆိုလိုက်တယ် “ပြောလို့ပြီးသွားပြီ ဆိုတော့ ပထမသခင်မလေး နောက်ဆုတ်နေလိုက်ပါ” ထို့နောက် ရန်ကိုင်ဆီ အကြည့်ပြောင်းလိုက်ပြီး အေစက်စက် လေသံဖြင့် ပြောလိုက်တယ် “ကောင်စုတ်လေး၊ သေမင်းက မင်းရှေ့ရောက်နေပြီ။ မင်းက ရန်မိသားစုဝင် တစ်ယောက် ဆိုပေမယ့် နတ်ဆိုးကျင့်စဉ်ကိုလေ့ကျင့်၊ နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး မိသားစုကြီးရှစ်ခုကို ဖျက်စီးဖို့ ကြံရွယ်နေတဲ့ အတွက် ဒီနေ့က မင်းပျက်သုဉ်းရမယ့်နေ့ ဖြစ်သွားခဲ့ပြီ”

ချန်ရွှမ်နဲ့ ရွက်ကြွေခန်းမသားတွေဥ ဗဟိုမြို့တော်မှာသာ မျက်စိပိတ်၊ နားပိတ်လုပ်နေကြတဲ့အတွက် ရန်ကိုင်ကို ထောက်ပံ့ပေးနေတဲ့ အင်အားစုတွေ ဘယ်လောက် အားကောင်းလဲ၊ အရေအတွက် ဘယ်လောက်များလဲ ဆိုတာကို မသိပါဘူး။ အမွေခံတိုက်ပွဲအကြောင်းကို အာရုံစိုက်နေပေမယ့် သူတို့ သိထားတာတွေက အခြားသူတွေဆီကနေ သတင်းကြားရတာပါ။ ရန်ကိုင်နဲ့ သူ့စံအိမ်ထဲမှာ ရှိနေတဲ့ ပညာရှင်တွေ အရမ်းကို အားကောင်းတယ်ဆိုတဲ့ သတင်းကိုတော့ ဆိုတာကိုတော့ ချန်ရွှမ်မယုံပါဘူး။ သတင်းတွေက ချဲ့ကားပြောထားတာလို့ပဲ သူ့ထင်နေတာပါ။

အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်တဲ့သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ ပညာရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး မျက်လုံးထဲ ထည့်ပါ့မလဲ။

ချန်ရွှမ်သာမက မိသားစုကြီးခုနှစ်ခုက ပညာရှင် အများစုကလည်း အခုလိုတွေးနေကြတာပါ။ သူတို့ အမြင်မှာတော့ မိသားစုကြီးခုနှစ်ခုက ဘာမဟုတ်တဲ့ ကိစ္စလေးကို ဇာချဲ့နေကြတာပါ။

ထို့ကြောင့် ချူရီမန်က သူတို့တွေကို‌ ခေါ်ပြီး ရန်ကိုင်ကို သွားတိုက်ခိုက်တော့မယ့် သတင်းကြားလိုက်တာနဲ့ ချန်ရွှမ်နဲ့ ရွက်ကြွေခန်းမသားတွေ အကုန်လုံး စိတ်လှုပ်ရှား သွားခဲ့တယ်။ သူတို့ အမြင်မှာတော့ ရန်ကိုင်ဆိုတာ အလွယ်တကူ နင်းခြေပစ်လိုက်လို့ ရတဲ့ ပုရွက်ဆိတ် တစ်ကောင်နဲ့ ဘာမှ မခြားပါဘူး။

စံအိမ်ထဲ ရှိနေတဲ့ လင်းတိုင်ရှုကိုတောင် သူတို့မျက်စိထဲ မထည့်ပါဘူး။

လင်းတိုင်ရှုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေမယ့် သူရဲ့ ဂိုဏ်းက မိစ္ဆာဂိုဏ်းအဖြစ် နာမည်တပ်ခြင်း ခံထားရတာပါ။ သူသာ လှုပ်ရှားရဲရင် စည်းတံဆိပ်တော် ဘုရားကျောင်းထဲမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်ကလည်း ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။

ချန်ရွှမ်ရဲ့ ကိုယ့်ကိုယ်ကို သူကောင်းပြုထားတဲ့ စကားတွေကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်ဝန်းထဲ အေးစက်စက်အလင်းတို့ ဖြတ်ပြေးသွားခဲ့ပြီး “ရဲလိုက်တဲ့ စကားတွေ”

“ခန်းမသခင်ချန်၊ ခဏလောက် စောင့်ပါဦး” ချူရီမန်က ရုတ်တရက် ဝင်တားလိုက်တယ် “ကျွန်မမှာ ရန်ကိုင်နဲ့ ပြောစရာ ရှိသေးတယ်”

ချန်ရွှမ်အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ဒါပေမယ့် လူမြင်ကွင်းရှေ့မှာ ချူရီမန်ကို မျက်နှာသာ မပေးလို့ မကောင်းပါဘူး။ ဒီစစ်ဆင်ရေးက အမွေခံတိုက်ပွဲကို ဗန်းပြ၊ သခင်လေး၊ သခင်မလေးတွေကို အကာအကွယ်ယူ၊ အဲ့လိုလုပ်ထားတာပါ။ တကယ့် ဆုံးဖြတ်ပိုင်ခွင့်ကိုတော့ ချန်ရွှမ်ပိုင်ဆိုင်ထားပါတယ်။

တစ်နည်းပြောရရင် ချူရီမန်အနေနဲ့ ချန်ရွှမ်အမိန့်ကို နာခံရမယ်လို့ ဆိုလိုက်တာနဲ့ အတူတူပါပဲ။

ဒါပေမယ့် သူမက စကားအနည်းငယ်လောက်ပဲ ပြောချင်တာ ဆိုတော့ သူ့ဘက်က သည်းခံပေးရမှာပေါ့။

ရန်ကိုင်က ချန်ရွှမ်ကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး ချူရီမန်ဘက်လှည့်ကာ တိုးတိုးလေး မေးလိုက်တယ် “ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ နင့်ကို အနိုင်ယူပြီး ဖမ်းဆီး ပေးနိုင်တာနဲ့ မိသားစုခေါင်းဆောင် ရာထူးကို ငါ့လက်ထဲ ထည့်ပေးမယ်လို့ ပြောလို့ပဲ။ ဒီလိုနေ့မျိုးရောက်ဖို့ ငါဘယ်လောက်တောင် မျှော်လင့်နေခဲ့ရလဲ ဆိုတာကို နင်လဲသိတာပဲ။ ငါတို့ အချိန်အတော်ကြာအောင် အတူရှိခဲ့ပေမယ့် ငါ့တစ်သက်တာ ပျော်ရွှင်မှုနဲ့ ယှဉ်ရင် နင်ကိုဘာလို့ အရေးစိုက်နေရဦးမှာလဲ”

“ဟဲဟဲ” ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်ပြီး “ငါ့ကို မေးထားလိုက်ဦး၊ နင်ပေးတဲ့ အကြောင်းပြချက်ကို နင်ကိုယ်တိုင်တောင် ယုံလို့လား”

“အနှစ်မပါတဲ့ အကြောင်းပြချက်တွေလား၊ ငါအမှန်ကို ပြောနေတာ။ ဒီနေ့ ငါနင့်ကို အနိုင်ယူမယ်။ ရန်ကိုင်၊ ငါနင့်ကို လုပ်ပေးခဲ့တာတွေကို ထောက်ထားပြီး မတိုက်ခိုက်ပဲ လိုလိုလားလားနဲ့ လက်လျှော့လိုက်ပါ။ နင်သာ ခေါင်းမာနေမယ် ဆိုရင် ဘယ်သူမှ အကျိုးရှိမှာမဟုတ်ဘူး။ ပြီးတော့ ငါနင့်ကို အနိုင်မယူနိုင်မှန်း ငါသိတယ်”

“ကောင်းပြီ” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက်နောက်မှာ ရှိနေတဲ့ ချန်ရွှမ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တယ်။ ရန်ကိုင် လှည့်စားမှာကို ကြိုတင်ကာကွယ်ဖို့ရာ သူ့ရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ အာရုံစိုက်ထားလိုက်တယ်။

ရန်ကိုင်နောက်မှာ ရှိနေတဲ့ လူတွေလည်း ကိုးယိုးကားယား အမူအရာတွေနဲ့ပါ။

တစ်ရက်အတွင်းမှာပဲ ချူရီမန်က ဘက်ပြောင်းသွားပြီး ပညာရှင်တစ်ဖွဲ့ကို ဦးဆောင်ကာ ရန်ကိုင်ကို လာတိုက်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထား ခဲ့ကြပါဘူး။ သူမစကားပြောနေတုန်းက သူမလေသံထဲ တုန့်ဆိုင်းနေသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ သူမဆီပြောလိုက်တဲ့ အေးစက်ပြီး အကြင်နာတရား ကင်းမဲ့သည့် စကားလုံးတို့ကြောင့် သူတို့တွေအကုန်လုံး ဒေါသထွက်သွားခဲ့ကြတယ်။ သို့ပေမယ့် အတိတ်က ခင်မင်ရင်းနှီးမှုကြောင့် ဘယ်သူကမှ သူမကို စွပ်စွဲအပြစ်မတင်ရက်ပါဘူး။

ချူရီမန်နေရာမှာသာ အခြားတစ်ယောက်ဆိုရင် သူတို့တွေ အကုန်လုံး သူမကို ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး။ သူမရဲ့ မျိုးဆက်၁၈ဆက်လောက်ကို ရက်ရက်စက်စက် ကျိန်ဆဲပြီးသွားလောက်ပါပြီ။

အဲ့လိုဆိုရင်တောင် ဘယ်သူကမှ သူမကို ခင်မင်ရင်းနှီးတဲ့ အကြည့်နနဲ့ ကြည့်မနေကြတော့ပါဘူး။ လော့ရှောင်မန် တောင် ချူရီမန်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်ရင်း မျက်ရည်ပေါက်ပေါက် ကျနေခဲ့ပါတယ်။

“နင်တကယ်ပြောနေတာလား” ချူရီမန် ကြောင်သွားခဲ့တယ်။

“အတည်ပေါ့။ နင်ငါ့ကို ဖမ်းနိုင်ရင် ချူမိသားစုရဲ့ ခေါင်းဆောင်ရာထူးကို ဆက်ခံနိုင်ပြီမလား” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “နင်က ငါ့အတွက် အများကြီး ပေးဆပ်ခဲ့တာလေ။ ငါက အကြွေးပြန်ပေးရုံလေးပဲ ရှိတာ။ ဘာမှားနေလို့လဲ”

ချူရီမန် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ထူးဆန်းတဲ့ အလင်းရောင်တို့ သူမမျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင်ရဲ့ စကားလုံးလေးတွေက ချူရီမန်ရဲ့ စိတ်ဝိဥာဉ်ထိတိုင် ထိသွားတဲ့ပုံပါပဲ။ သူမမှာ ငိုတောင် ငိုချင်လာပါတယ်။

“ပထမသခင်မလေး…” ချူရီမန်ရဲ့ ဆုံးဖြတ်ချက် ယိမ်းယိုင်လာတာကို သတိပြုမိလိုက်တာနဲ့ ချန်ရွှမ်က ချူရီမန်ကို ခပ်မြန်မြန်ပဲ လှမ်းအော်ခေါ်လိုက်တယ်။

နည်းနည်းလေးတောင် မတိုက်ခိုက်ရပဲ ရန်ကိုင်ကို အနိုင်ယူနိုင်မယ်ဆိုရင် ချူမိသားစုအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးလိုက်သလို ဖြစ်သွားပါပြီ။ ရန်ကိုင်ကို ဖမ်းမိတာနဲ့ ဗဟိုမြို့တော်က ချူမိသားစု ရနိုင်သမျှ နည်းလမ်းသုံးပြီး ပြန်ပို့ပေးရမယ်လို့ ချူရှို့ချန်က မှာထားပါတယ်။

ချူရီမန်က ချန်ရွှမ်ကို မသိကျေးကျွံပြုထားလိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ရုတ်တရက် အံကြိတ်အော်ဟစ် လိုက်တယ် “အဲ့လို အချိုပေါ်သကာလောင်းထားတဲ့ စကားလုံးလေးတွေနဲ့ ငါ့စိတ်ကို ယိမ်းယိုင်အောင် လုပ်နိုင်မယ်လို့ နင်ထင်နေတာလား။ သူတောင်းစားကောင်၊ နင်အရမ်း ယုတ်ညံ့တာပဲ”

ရန်ကိုင် မျက်နှာ ပြုံးဖြီးသွားခဲ့ပြီး စတစ်ဝက်၊ တောင်းပန်တစ်ဝက် အမူအရာဖြင့် သူ့ရှေ့မှာရပ်နေတဲ့ မိန်းမလှလေးကို လှမ်းကြည့်လိုက်တယ်။

“ဒါက နင့်အစီအစဉ်ပေါ့” ချူရီမန်က စိတ်ပျက်ပျက်နဲ့ ပြန်ပြောလိုက်တယ်။ အခုလေးတင်ပဲ သူ့ရဲ့ သကာရည် လောင်းထားတဲ့ စကားတွေကြောင့် သူမတကယ်ကို ထိသွားခဲ့ရတာပါ။ ထို့ကြောင့် သူမကိုယ်သူမ ပိုပြီး မုန်းတီးမိသွားခဲ့ပါတယ်။ “နင်ဘာပဲပြောပြော၊ ဒီအထိ ရောက်လာပြီးမှတော့ လက်ဗလာနဲ့ ငါပြန်သွားမှာ မဟုတ်ဘူး”

ထိုကဲ့သို့ ပြောပြီးတာနဲ့ သူမရဲ့ လက်လေးကို အသာအယာလေး မြှောက်လိုက်ပြီး ဓါးမြှောင်ရှည် တစ်ချောင်းကို ဆင့်ခေါ်လိုက်တယ်။ ထိုလက်နက်တစ်ဝက် ငွေရောင်လေးသန်းနေခဲ့ကာ အဆင့်မြင့်လက်နက် တစ်ခုမှန်း သိသာလှပါတယ်။

သူမဆီမှ သိပ်သည်းလှတဲ့ သတ်ဖြတ်လိုစိတ်တို့က အစစ်အမှန်ချီတွေနဲ့အတူ ပေါက်ကွဲ ထွက်လာခဲ့တယ်။

လူများစွာ အလန့်တကြား ထအော်လိုက်ကြတယ်။ အဖြစ်အပျက်တွေက အခုလိုမျိုး မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပါဘူး။ ရင်းဂျုတောင် တုန့်ပြန်ချိန် မရခဲ့ပါဘူး။

ချန်ရွှမ်နဲ့ ရွက်ကြွေခန်းမ အဖွဲ့သားတွေရဲ့ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့ပြီး ဖြစ်ပျက်လာမယ့် မြင်ကွင်းကို အသက်တောင်မရှုနိုင်တော့ပဲ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေခဲ့ကြတယ်။

All Chapters