← Chapters

အခန်း (၅၄၆-၅၅၀)

Vol. 22 Ch. 546-550

အခန်း (၅၄၆-၅၅၀)

Vol. 22 Ch. 546-550

အပိုင်း(၅၄၆) နင်ဘာတွေ လုပ်နေတာလဲ

ရန်ကိုင်က ဟန်မပျက် အမူအရာဖြင့် တိုးဝင်လာနေတဲ့ ဓါးမြောင်ကို အပြုံးကြီးပြုံးရင်း စိုက်ကြည့်နေခဲ့တယ်။ အစစ်အမှန်ချီကိုတောင် စုစည်းမထားပါဘူး။ သူပြောခဲ့ သလိုပဲ ချူရီမန်ရဲ့ ဓါးချက်ကို နည်းနည်းလေးတောင် မခုခံပဲနေမှာလား။

ချူရီမန်ရဲ့ မျက်နှာလှလှလေးဟာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ကို ပြည့်လို့ပါ။ ရန်ကိုင်ဆီ တိုးဝင်နေတဲ့ ဓါးမြောင်ရဲ့ အမြန်နှုန်းကလည်း တဖြည်းဖြည်းနဲ့ကို ပိုမို မြန်ဆန်လာခဲ့လေရဲ့။

ဒါပေမယ့် နောက်တဒင်္ဂအတွင်းမှာတော့ ရန်ကိုင်ရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချူရီမန်ရဲ့ လက်လေးကို မြန်နိုင်သမျှမြန်မြန် ဖမ်းကိုင်လိုက်ပါတယ်။

စွက်…

ဓါးထိုးသံနဲ့အတူ သွေးတွေ ပန်းထွက်လာခဲ့တယ်။

နှစ်ဖက်စလုံးမှ အလန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး နှစ်ဖက်စလုံးမှ အဖွဲ့သားတွေကို ရှေ့ကို ပြေးတက်လာလိုက်ကြတယ်။

ချန်ရွှမ်နဲ့ ရွက်ကြွေခန်းမသားတွေကတော့ ရက်စက်တဲ့ အပြုံးကို ဆင်မြန်းလျက် ကြက်သေသေနေတဲ့ ရန်ကိုင်ကို ငေးကြောင်ကြည့်ရင်း အရှေ့သို့ တက်လာခဲ့ကြတယ်။

ရင်းဂျု၊ တန်ယုရှန်းနဲ့ နတ်ဆိုးအိုကြီးတို့တွေ အကုန်လုံး အစစ်အမှန်ချီကို အစွမ်းကုန် လှည့်ပတ်လိုက်ကြပြီး ရန်ကိုင်နဲ့ ချူရီမန်ကို ကျော်ဖြတ်သွားကာ ချန်ရွှမ်၊ ရွက်ကြွေခန်းမသားတွေဆီ ပြေးဝင်တိုက်ခိုက် လိုက်ကြတယ်။

တိုက်ပွဲက အရမ်းကို ပြင်းထန်လွန်းလို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက်က ဘယ်သူမှ တိုက်ပွဲနား မကပ်ရဲခဲ့ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်ပြီးသွားတဲ့ လူငယ်မျိုးဆက် ခေါင်းဆောင် တွေတောင် အဝေးကနေ မထိတထိနဲ့ တိုက်ခိုက်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ရောင်ခြည်တွေ တလက်လက် ဖြာဝေသွားခဲ့ပြီး လှိုင်းလုံးပမာ ပြင်းထန်လှတဲ့ အစစ်အမှန်ချီလှိုင်းတို့ အဘက်ဘက်သို့ ပြန့်နှံ့သွားခဲ့တယ်။

တိုက်ပွဲဖြစ်နေတဲ့ကြားမှ လော့ရှောင်မန်က ရန်ကိုင်ဆီ ဒယီးဒယိုင်နဲ့ လမ်းလျှောက်သွားလိုက်တယ်။ ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး ထမအော်မိအောင် ပါးစပ်လေးကို လက်နဲ့အုပ်ထားလိုက်ရတယ်။

ချူရီမန်က ရန်ကိုင်လက်ထဲ ပျော့ခွေစွာဖြင့် လဲလျောင်း နေရင်း သွေးဆုတ်ဖြူလျော်စွာဖြင့် သူမကို ပွေ့ပိုက်ထားတဲ့ လူကို ပြုံးကာ ကြည့်နေခဲ့တယ်။ သူမရဲ့ ဝမ်းဗိုက်နေရာမှာတော့ သူမအခုလေးတင် ထုတ်ယူခဲ့တဲ့ ဓါးမြောင်လေးတစ်ချောင်း စိုက်နေခဲ့ပါတယ်။

ရန်ကိုင်ကတော့ အကောင်းအတိုင်း ရှိနေဆဲပါပဲ။

“နင်ဘာတွေလုပ်နေတာလဲ” ရန်ကိုင်က ဒေါသတကြီး မေးလိုက်တယ်။

“ငါဘာမှမလုပ်နိုင်ဘူး…” ချူရီမန်က ဖျော့ဖျော့လေး ပြုံးလိုက်ပြီး “ဒီနည်းလမ်းတစ်ခုပဲ ငါစဉ်းစားလို့ရတယ်။ ဒါမှပဲ ဒီအရှုပ်အရှင်းကြီးထဲကနေ ခဏတာလောက် ဘေးထွက်နေလို့ ရမှာလေ”

ခုဏလေးတုန်းက၊ ချူရီမန်က လမ်းတစ်ဝက်မှာတင် ဓါးမြောင်ကို ပြန်ရုတ်လိုက်ပြီး သူမဝမ်းဗိုက်ကို ပြန်ထိုးချလိုက်ပါတယ်။ ထိုအခြင်းအရာကို မြင်လိုက်တဲ့ ရန်ကိုင်က သူမကို ရပ်တန့်ဖို့ အတတ်နိုင်ဆုံး ကြိုးစား ခဲ့ပါသေးတယ်။

ဒါပေမယ့် ချူရီမန် သရုပ်ဆောင်တာ အရမ်းကို ပီပြင်လွန်းခဲ့လို့ ရန်ကိုင်တောင် သူမရဲ့ လှည့်စားမှုထဲ မျောပါသွားခဲ့ကာ သူမက သူ့ကိုတကယ်ပဲ တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့တောင် ထင်သွားခဲ့ပါသေးတယ်။

သူလှည့်စားခံလိုက်ရပြီမှန်း နားလည်လိုက်တဲ့ အချိန်မှာတော့ သူမကို ရပ်တန့်ဖို့ အချိန်မမှီတော့ပါဘူး။

သူမဝမ်းဗိုက်ဆီမှ သွေးတွေ တသွင်သွင် စီးကျနေခဲ့ပြီး မကြာခင်မှာပဲ သူမရဲ့ အဝတ်အစားတွေ သွေးနီရောင် ပြောင်းလဲသွားခဲ့ရတယ်။

“စကားမပြောနဲ့” ရန်ကိုင် မျက်မှောင်ကြုံ့နေခဲ့ပေမယ့် တုန်လှုပ်ချောက်ချား မနေခဲ့ပါဘူး။ ချူရီမန်က သွေးကွင်းသွေကွက်နေရာ၌ ဒဏ်ရာရသွားခဲ့တာ မဟုတ်သလို ဓါးမြောင်ကလည်း သူမဝမ်းဗိုက်ထဲ အရမ်းအနက်ကြီး စိုက်ဝင်မသွားခဲ့ပါဘူး။ ဆေးပေါင်းရည်ရဲ့ အကူအညီနဲ့ဆို တစ်ရက်၊ နှစ်ရက်အတွင်း အမာရွတ်ပါ မကျန် အပြည့်အဝ ပြန်ကောင်းလာနိုင်ပါတယ်။

“ငါနင့်ကို မေးချင်တာတစ်ခုရှိတယ်” ချူရီမန်က အသည်းအသန် အသက်ရှူရှိုက်နေရင်း ရန်ကိုင်အား ခေါင်းမာမာနဲ့ စိုက်ကြည့်နေခဲ့တယ်။

“ပြောစရာရှိရင် ပြောသာပြော” ရန်ကိုင်က မှုန်ကုတ်နေတဲ့ အမူအရာနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ချူရီမန်ရဲ့ လုပ်ရပ်ကို သူတော်တော်လေး စိတ်ဘဝင်မကျ ဖြစ်နေခဲ့တယ်လို့ ပြောရင် မမှားပါဘူး။

ချူရီမန်က ခဏတာလောက် တိတ်ဆိတ်သွားခဲ့ပြီး မျှော်လင့်ချက်တို့ ရစ်သိုင်းနေတဲ့ မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်း တိုးတိုးလေးမေးလိုက်တယ် “ငါသာ နင့်ကိုတကယ် တိုက်ခိုက်ခဲ့ရင် နင်ပြန်ခုခံမှာလား”

“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က ချူရီမန်ကို ပြန်စိုက်ကြည့်လိုက်တယ်။

“ငါမသိဘူး၊ နင်ဘာတွေးနေလဲ ဆိုတာကို ငါဘယ်တုန်းကမှ မပြောနိုင်ခဲ့ဘူး”

“ငါက အရူးမှမဟုတ်တာ၊ နင်ဓါးနဲ့ထိုးတာကို ဘယ်လိုလုပ်ပြီး ငြိမ်ခံနေရမှာလဲ”

“ရပြီ…” ချူရီမန်က ခါးခါးသီးသီး ရယ်မောလိုက်ပြီး “နင်က အမြဲတမ်း တစ်ကိုယ်ကောင်းဆန်တဲ့ လူပဲ။ ဒါပေမယ့် အဲ့လိုသာ မဟုတ်ရင်လည်း နင်ဆိုတာ ရန်ကိုင်ဟုတ်တော့မှာ မဟုတ်ဘူး”

ရန်ကိုင်က အပြုံးကြီးပြုံးလိုက်ရင်း “နင်သာ ငါ့ကို တကယ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် နင့်ဘဝတော့ သွားပြီပဲ”

“နင်ငါ့ကို ဘာလုပ်မှာလဲ၊ သတ်မှာလား”

“အဲ့လောက် ဒရမ်မာ မဆန်စမ်းပါနဲ့လား။ ငါက နင့်အဝတ်အစားတွေ အကုန်လုံးကိုချွတ်၊ ပြီးတာနဲ့… ဟဲ၊ နင့်ရဲ့ ဖင်တုံးလေးကို နီရဲအောင် ရိုက်ပစ်မှာ”

ချူရီမန်ရဲ့ သွေးဆုတ်ဖြူလျော်နေတဲ့ မျက်နှာလေး ရဲတက်သွားခဲ့တယ်။ ဘယ်သူကမှ ဒီလောက်ရှက်စရာ ကောင်းတဲ့ စကားမျိုး သူမအား ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ အခု သူမဘယ်လိုပြန်ပြောလို့ ပြောရမှန်း မသိဖြစ်နေခဲ့လေရဲ့။ သူမစိတ်ထဲ ရန်ကိုင်က သူမ အဝတ်အစားတွေကိုချွတ်၊ သူမခန္ဓာကိုယ်ကို သူ့ပေါင်ပေါ် ပက်လက်မှောက်ခိုင်းကာ ဖတ်၊ဖတ်၊ဖတ်နဲ့ မြည်နေအောင် ရိုက်နေတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်တဲ့အခါ…

အရှက်မရှိလိုက်တာ

“နင်တို့ နှစ်ယောက်စလုံး ရပ်သင့်ပြီ” ဘေးနားမှာ ကူကယ်ရာမဲ့စွာဖြင့် ရပ်နေတဲ့ လော့ရှောင်မန်က ကြောက်ပေါက်လေး တစ်ကောင်လို သနားစဖွယ်ကောင်းစွာ အော်ပြောလိုက်တယ် “သူ့ဒဏ်ရာတွေကို မြန်မြန် ကုရမယ်”

“သူသေမှာမဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် မျက်နှာထားတဲ့ ပြောလိုက်ပြီး ချူရီမန်ကို တင်းတင်းကြပ်ကြပ် ပွေ့ချီကာ မတ်တပ်ရပ်လိုက်တယ်။ ထို့နောက် တိုက်ပွဲကွင်းပြင်ဆီ တစ်ချက် လှမ်းကြည့်လိုက်တယ်။ ထိုသို့ ကြည့်လိုက်တဲ့အချိန်၌ သူ့မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ ယှတ်ပြေး သွားခဲ့ပြီး ချူရီမန်ပို ပွေ့ချီထားရင်း စံအိမ်ဆီ လှည့်ပြန်သွားလိုက်တယ်။

လော့ရှောင်မန်လည်း သူ့နောက်ကနေ ခပ်မြန်မြန်ပဲ လိုက်သွားပါတယ်။ မကြာခင်မှာပဲ စုယန်အခန်းရှေ့သို့ သုံးယောက်သား ရောက်ရှိလာခဲ့တယ်။

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ လေးအေးတစ်ရှိုက် သူတို့ မျက်နှာကို ရိုက်ခတ်သွားခဲ့တယ်။

စုယန် ရေခဲကုတင်ပေါ်ထိုင်ရင်း ကျင့်ကြံနေပေမယ့် စိတ်ကတော့ ကျင့်ကြံရာမှာ အာရုံရှိမနေခဲ့ပါဘူး။ အပြင်ဘက်က တိုက်ပွဲသံတွေကြောင့် သူမစုယန်မှာ ကျင့်ကြံရာ၌ အာရုံမစိုက်နိုင် ဖြစ်နေခဲ့ပါတယ်။ တိုက်ပွဲထဲ ဝင်ပါချင်ပေမယ့် ကောင်းကင်စံအိမ်တပည့်ဆိုတဲ့ ဂုဏ်ပုဒ်က သူမကို ဟန့်တားနေလေရဲ့။ ဒီလိုနဲ့ပဲ စုယန်မှာ တိုက်ပွဲထဲ ဝင်ပါနိုင်ခဲ့ခြင်း မရှိတော့ပဲ ဒီမှာသာ တိတ်တဆိတ်နဲ့ ထိုင်စောင့်နေခဲ့ရပါတယ်။

“ဘာတွေ ဖြစ်ခဲ့တာလဲ။ သူဘယ်လိုလုပ်ပြီး ဒဏ်ရာ ရလာတာလဲ” ချူရီမန်ရဲ့ အခြေအနေကို မြင်လိုက်တာနဲ့ စုယန်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

“ဒီငမိုက်မလေးက ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်လိုက်တာလေ” ရန်ကိုင်က ချူရီမန်ကို ရေခဲကုတင်ပေါ် ချပေးရင်း ပြောလိုက်တယ်။ ရေခဲကုတင်ပေါ်က အအေးဓါတ်ကြောင့် စုယန်ရဲ့ ခန္ဓာကိုယ်လေး တုန်ရင် သွားခဲ့တယ်။

ဒါပေမယ့် ရေခဲကုတင်က အအေးချီကြောင့် ဒဏ်ရာ သွေးတိတ်သွားခဲ့ပြီး နာကျင်မှုလည်း ထုံးသွားခဲ့ရလေရဲ့။

“သူ့ကို နင့်ဆီထားခဲ့မယ်နော်” ရန်ကိုင်က နှာခေါင်းရှုံ့ပြောရင်း လှည့်ထွက်သွားလိုက်တယ်။

ချူရီမန် ဒဏ်ရာရထားတဲ့ နေရာက သူမကိုယ်တွယ်သင့်တဲ့ နေရာတစ်ခု ဖြစ်နေခဲ့တာ ဆိုးသွားပါတယ်။ အခြားနေရာတစ်ခုမှာသာ ဒဏ်ရာရထားခဲ့ရင် သူကိုယ်တိုင် ကိုင်တွယ်လိုက်လို့ ရတာပေါ့ ။ ဒါပေမယ့် အနာက ဝမ်းဗိုက်အောက်ပိုင်းနားမှာ ဖြစ်နေတဲ့အတွက် စုယန်ဆီ ထားပေးလိုက်တာ အကောင်းဆုံးပါပဲ။

စုယန်မှာလည်း ဆေးပေါင်းရည်အချို့ ရှိတဲ့အတွက် သူမလည်း ဘာလုပ်ရမလဲ ဆိုတာကို သိလောက်မှာပါ။

အပြင်ဘက်က တိုက်ပွဲသံတွေက တဖြည်းဖြည်းနဲ့ ပိုမို ကျယ်လောင်လာခဲ့တယ်။ ညကောင်းကင် တစ်ဝက်လောက်က တိုက်ပွဲကနေ ပေါက်ကွဲထွက်လာ နေတဲ့ အလင်းရောင်တွေကြောင့် လင်းထိန်းနေတယ်လို့ ပြောရင်တောင် မမှားပါဘူး။

စံအိမ်အပြင်ဘက်ဆီ ပြန်ရောက်သွားတာနဲ့ တိုက်ပွဲအရှိန်က အမြင့်ဆုံးအထိ ရောက်ရှိနေပြီမှန်း ရန်ကိုင် တွေ့လိုက်ရတယ်။

ရန်သူဘက်၌ ချူမိသားစု ရွက်ကြွေခန်းမမှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆)နဲ့အထက် ပညာရှင် အယောက်(၂၀) ရှိနေခဲ့ပါတယ်။

သူ့ဘက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေ ဖြစ်ကြတဲ့ ရင်းဂျု၊ တန်ယုရှန်းနဲ့ နတ်ဆိုးအိုကြီးတို့ ရှိနေခဲ့ကာ သုံးယောက်စလုံးက အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ ခွန်အားကို ထုတ်ဖော်ပြသနေခဲ့ပါတယ်။

ရွှေးလင်က သူမရဲ့ အထူးခန္ဓာကိုယ် အားသာချက်ကို အခွင့်ကောင်းယူပြီး ရန်သူတွေကို အာရုံစိုက်မရအောင် လိုက်လံ နှောင့်ယှတ်နေခဲ့ပါတယ်။

ရန်ကိုင်ဘက်မှာ ရှိနေတဲ့ အခြားအင်အားစုတွေမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေလည်း တိုက်ပွဲထဲ ဝင်တိုက်နေခဲ့ကြတာပေါ့။ အရေအတွက်ပိုင်းအရ ရန်ကိုင်ဘက်က အသာရနေတယ်ဆိုပေမယ့် ရွက်ကြွေ ခန်းမအဖွဲ့သားတွေ အကုန်လုံးက လက်ရွေးစင်တွေ ချည်းပါပဲ။ ထို့ကြောင့် သူ့ဘက်က အရေအတွက် အသာအရေနေပေမယ့် တိုက်ပွဲက ချိန်ခွင့်လျှာ ညီမျှနေခဲ့ပါတယ်။

အမွေခံတိုက်ပွဲစကတည်းက ရန်ကိုင်နဲ့ သူမဟာမိတ်တို့ အခုလို အခြေအနေမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ရပါဘူး။ တိုက်လိုက်တဲ့ တိုက်ပွဲတိုင်းကလည်း တစ်ဖက်စောင်းနင်း အနိုင်ပွဲတွေချည်းပါပဲ။

ချန်ရွှမ်နဲ့ ရွက်ကြွေခန်းမသားတွေကတော့ ပိုပြီးတော့တောင် ထိတ်လန့်နေခဲ့ကြလို့ပါ။ ယုံကြည်ချက် အပြည့်နဲ့ ရောက်လာခဲ့ပေမယ့် တိုက်ပွဲစတော့မှပဲ ကောလဟာလတွေက ချဲ့ကားပြေားထားတာ မဟုတ်မှန်း သူတို့တွေ နားလည်သွားခဲ့ရတယ်။ ရန်ကိုင် အိမ်မှာရှိနေတဲ့ ကျင့်ကြံသူတွေ ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ သူတို့ တကယ်ကို မထင်မှတ်ထားခဲ့ကြတာပါ။

ရန်ကိုင်ကို ဖမ်းဆီးနိုင်ဖို့ရာ ရွက်ကြွေခန်းမတစ်ခုလုံးကို ခေါ်လာခဲ့တာပါ၊ ဒါပေမယ့် ဒီလောက် လူအများကြီး ခေါ်လာခဲ့တာတောင် ရန်မိသားစု သခင်လေးတစ်ယောက်ကို အနိုင်မယူနိုင် ဖြစ်နေခဲ့ရပါတယ်။

ရန်သခင်လေး တစ်ယောက်ကိုတောင် အချိန်တိုအတွင်း အနိုင်မယူနိုင်တဲ့အတွက် ချန်ရွှမ် ရှက်သွားခဲ့ပေမယ့် သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး တိုက်ပွဲကို အလေးအနက်နဲ့ စတင်တိုက်ခိုက် ပါတော့တယ်။

ရန်ကိုင်က တိုက်ပွဲကို ကြည့်နေပေမယ့် တိုက်ပွဲထဲ ကိုယ်တိုင်ကိုယ်ကျတော့ ဝင်မပါသေးပါဘူး။ ကြည့်နေရင်း ဟိုးအဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်တယ်။ ထိုနေရာ၌ အားကောင်းတဲ့ ပညာရှင်များစွာတို့ရဲ့ အရှိန်အဝါကို သူအာရုံခံမိလိုက်ပါတယ်။

ထိုလူတွေရဲ့ ခွန်အားက ရွက်ကြွေခန်းမအောက် မနိမ့်ကျပေမယ့် သူတို့အရေအတွက်က ရွက်ကြွေခန်းမထက် အများကြီး ပိုများပါတယ်။ ထိုလူတွေ အကုန်လုံးက မိသားစုကြီး ခြောက်ခုက ပညာရှင်တွေဆိုတာ သံသယရှိစရာ မလိုပါဘူး။

ရန်ကိုင် တွေးထင်သံသယ ရှိသလိုပဲ တိုက်ပွဲကွင်းပြင်နဲ့ (၃)ကီလိုမီတာ အကွာရှိ သုံးထပ်တိုက် အဆောက်အအုံ တစ်ခုရဲ့ သုံးထပ်မြောက်၌ ရီရှင်းရို့ ဦးဆောင်တဲ့ မိသားစု(၆)ခုက ပညာရှင်တွေ စုဝေးနေခဲ့ကြပါတယ်။

ညဆိုပေမယ့် လပြည့်ညဖြစ်တဲ့အတွက် ရန်ကိုင်နဲ့ ရွက်ကြွေခန်းမ အဖွဲ့သားတွေကြားက တိုက်ပွဲကို သူတို့ မြင်နေရပါတယ်။

ချူရီမန် ရုတ်တရက် တိုက်ခိုက်လိုက်တာ၊ ရန်ကိုင်က ချက်ချင်း တန်ပြန်လှုပ်ရှားလိုက်တာ၊ အားလုံးကို သူတို့တွေ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ဆုံးရလဒ်ကတော့ သူတို့ကို လုံးဝကို အံ့အားသင့်သွားစေခဲ့တာတော့ အမှန်အကန်ပါပဲ။

သွေးအိုင်ထဲ လဲကျသွားခဲ့တဲ့လူက ရန်ကိုင်မဟုတ်ပဲ ချူရီမန် ဖြစ်နေလို့ပါ။

ချူရီမန် လဲကျသွားတဲ့ မြင်ကွင်းကို ကြည့်ရင်း ရီရှင်းရို့ မျက်နှာထက် ပီတိပန်းလို့ ပွင့်လန်းဖြာဝေသွားခဲ့ပြီး အေးစက်စက်လေသံနဲ့ နှာခေါင်းရှုံ့ပြောလိုက်ပါတယ် “ရန်ကိုင်က လူစိတ်မရှိတော့ဘူးပဲ။ သူ့ကို အချိန်အတော် ကြာအောင် ထောက်ပံ့ကူညီပေးခဲ့တဲ့ လူကိုတောင် တိုက်ခိုက်ရက်တယ်”

ခန်ကျန်းနဲ့ ကျန်တဲ့ သခင်လေးတွေလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြတယ်။ ရီရှင်းရို့ရဲ့ မာနထောင်လွှားတဲ့ စရိုက်ကို မကြိုက်ပေမယ့် ဒီစကားကိုတော့ သူတို့လည်း ထောက်ခံရပါမယ်။

တိုက်ပွဲကနေ ဝေးနေလို့ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို အသေအချာ မမြင်တွေ့လိုက်ရပေမယ့် ချူရီမန် ဒဏ်ရာရသွားခဲ့တာ ရန်ကိုင်ကြောင့်လို့ အကုန်လုံးက တဇွတ်ထိုး ယုံကြည်နေကြတာပါ။ လူဆိုတာက ဒီလိုပါပဲလေ။

လွန်ခဲ့တဲ့ ဆယ်လတုန်းက ရန်ကိုင်နဲ့ မဟာမိတ်ဖွဲ့ပြီး ရန်ကိုင်ရဲ့ ညာလက်ရုံးတစ်ဆူလို့ ပြောရလောက်တဲ့အထိ ရန်ကိုင် စံအိမ်ထဲက ကိစ္စရေးရာအဝဝကို စီမံပေး၊ သူ့အင်အားစုတွေကိုလည်း နေရာချလို့ချပေး၊ ရန်ကိုင် နောက်ဆုံးအောင်နိုင်သူဖြစ်ဖို့ရာ သူမဘက်ကနေ အမောဆို့တဲ့အထိ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ချူရီမန်၊ သူမတိုက်ခိုက်လာတာကို မြင်လိုက်တာနဲ့ ရန်ကိုင်က နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ချက်ချင်း တန်ပြန် တိုက်ခိုက်လိုက်ပါတယ်။

မြင်လိုက်တဲ့လူတိုင်း စိတ်ပျက်သွားလိမ့်မယ် ဆိုတာတော့ အသေအချာပါပဲ။

ဒီမြင်ကွင်းကို မြင်လိုက်တဲ့လူတိုင်း ရန်ကိုင် လူစိတ် မရှိတော့ဘူးလို့ ထင်ကြတော့မှာပါ။ ထင်ချင်လည်း ထင်ချင်စရာပါ။ ရန်ကိုင်ဆိုတာ မိတ်ဆွေ၊ မိသားစုကို ဂရုမစိုက်တော့ပဲ ကိုယ့်အကျိုးကိုသာ ဂရုစိုက်တော့တဲ့ လူတစ်ယောက်ဆိုပြီး အားလုံး ထင်ကုန်ကြလေပြီ။

ဟော်ရှင်းချန် တစ်ယောက်သာ ပြောင်းလဲခြင်းမရှိတဲ့ အမူအရာနဲ့ ရှိနေခဲ့တာပါ။ သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေ ဆိုရင် ယဲ့ယဲ့လေး ပြုံးနေလို့ပါ။ ဘာတွေ ဖြစ်ခဲ့လိုဆိုတာကို အသေအချာ မမြင်လိုက်ရပေမယ့် ရီရှင်းရို့ပြောတာကို လုံးဝ သဘောတူလက်ခံခြင်း မရှိပါဘူး။

“ငါ့အစီအစဉ် ကျရှုံးသွားတဲ့ပုံပဲ” ထိုကဲ့သို့ ပြောလိုက်တဲ့ အချိန်၌ ရီရှင်းရို့ရဲ့ မျက်နှာဟာ စိတ်ပျက်ခြင်း အလျင်းမရှိပဲ ပျော်ရိပ်တို့တောင် သန်းနေပါသေးတယ်။ ချူရီမန် အခုလိုမျိုး ခံစားလိုက်ရတာကို ကြည့်ရင်း သူမရင်ထဲ ကျေနပ်စိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် အခြားလူတွေ ရှိနေသေးတာ ဖြစ်တဲ့အတွက် အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်ပြီး ထူးမခြားနားဟန် အမူအရာနဲ့ “အခုလို ဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် အစ်မချူကို မလွှတ်လိုက်ပါဘူး။ ဟူး… ရန်ကိုင်ကို အရမ်းအထင်းကြီးမိသွားတဲ့ ငါ့အမှားပါလေ။ သူ့ကို ကယ်လို့ မရတော့ဘူး။ သူက ကိုယ့်မိတ်ဆွေတွေ၊ မိသားစုတွေကို တောင်မသိတော့တဲ့ တကယ့် နတ်ဆိုးတစ်ကောင် ဖြစ်နေပြီ”

“အခု ငါတို့ဘာလုပ်သင့်လဲ” ကောင်းရန်ဖုန်းက မေးလိုက်တယ်။ အလစ်ချောင်းတိုက်ခိုက်မယ်ဆိုတဲ့ ရီရှင်းရို့ရဲ့ အစီအစဉ်က ဘာမှ မဖြစ်မြောက် လာခဲ့ပါဘူး။ သူ့စိတ်ထဲ ရီရှင်းရို့က အခုလိုဖြစ်လာမယ်မှန်း ကြိုသိနေလို့ တမင်တကာကို အခုလိုမျိုး လုပ်ခဲ့တာလားလို့တောင် တွေးမိသွားခဲ့ရတဲ့အထိပါ။ ထိုကဲ့သို့ တွေးမိလိုက်တာနဲ့ ခေါင်းဆောင်ရာထူးကို အလွဲသုံးစားလုပ်တဲ့ ရီရှင်းရို့ကို သူရွံ့ရှာမုန်းတီး မိသွားခဲ့တယ်။

“အခြေအနေကို တစ်ချက်လောက် ဆက်စောင့်ကြည့် ကြတာပေါ့” ရီရှင်းရို့က စိုးရိမ်ခြင်း ကင်းမဲနေသည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်တယ်။ သူမ အမူအရာက လုံးဝကို တည်ငြိမ်နေလို့ပါ။ “အို၊ တိုက်ပွဲတောင် အရှိန်တက်လာပြီပဲ”

“ငါတို့ စစ်ကူတွေ မပို့သင့်ဘူးလား” ခန်ကျန်းက မျက်မှောင်ကြုံ့ကာ “ဘာမှမလုပ်ပဲ ဒီအတိုင်း ထိုင်နေရင် ချူမိသားစုက စောဒက တက်လိမ့်မယ်နော်”

“သူတို့ကို နည်းနည်းလောက် ဆက်တိုက်ခိုင်းလိုက်လို့ လည်း ဘာမှဖြစ်သွားမှာမှ မဟုတ်တာ” ရီရှင်းရို့က ဖျော့တော့တော့လေး ပြုံးလိုက်ပြီး “ရင်းဂျုနဲ့ တန်ယုရှန်းက သွေးရူးသွပ်ခြင်း ပညာရပ်ကို သုံးပြီး တိုက်ခိုက်နေတာ။ အခုလက်ရှိ သူတို့နှစ်ယောက်ကို နင်တို့ မိသားစုတွေထဲက ဘယ်ပညာရှင်ကမှ ရင်မဆိုင်ချင်လောက်ဘူး၊ ဟုတ်တယ်မလား။ နည်းနည်းလောက် စောင့်နေလိုက်၊ သွေးရူးသွပ်ခြင်း ပညာရပ်ရဲ့ အကျိုးသက်ရောက်မှု ကုန်ဆုံးသွားတာနဲ့ ငါတို့ဝင်တိုက်မယ်”

သခင်လေးတွေ အကုန်လုံး ကိုးယိုးကားယား ဖြစ်သွားခဲ့ပေမယ့် ဘယ်သူကမှ ပါးစပ်ဟပြီး မငြင်းဆိုခဲ့ပါဘူး။

ဘယ်သူကမှ သူတို့မိသားစုက ပညာရှင်တွေကို အဆုံးရှုံးမခံချင်ပါဘူး။ နောက်ထပ် ရွေးချယ်စရာ အခွင့်အရေး တစ်ခုရှိနေသရွေ့ပေါ့။

ပြောပြီးသွားတာနဲ့ အားလုံး တိတ်ဆိတ်သွားခဲ့ပြီး ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလိုက်ကြတယ်။

အချိန်တွေကြာလာတာနဲ့အမျှ တိုက်ပွဲက ပိုပြီး ပြင်းထန်လာခဲ့သလို အထိအခိုက် အကျအဆုံး ပိုများလာခဲ့တယ်။

ရန်ကိုင်ဘက်၌ ထိခိုက်ဆုံးရှုံးမှုရှိသလို ရွက်ကြွေခန်းမ ဘက်၌လည်း ထိုနည်းလည်းကောင်းပါပဲ။

ရွက်ကြွေခန်းမသားတွေက သူတို့ခွန်အားတွေကို နည်းနည်းလေးတောင် ထိန်ချန်မထားပဲ အစွမ်းကုန်ထုတ်သုံး တိုက်ခိုက်နေတယ် ဆိုပေမယ့် အစွမ်းကုန်ထုတ်တိုက်ရုံ နဲ့တင် သူတို့ရဲ့ လုံခြုံရေးကို အာမမခံနိုင်ပါဘူး။

ရန်ကိုင် ဝင်ပါလာတဲ့အခါ ရွက်ကြွေခန်းမသားတွေ ဘက်က ပိုပြီးအကျအဆုံး များလာတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ သူတိုက်ပွဲထဲဝင်လာလိုက်တာ နှစ်ဖက် မျှခြေက ပျက်စီးသွားခဲ့ရပါတယ်။ ရွှေရောင်အရိုးခြောက် ထဲက မိစ္ဆာချီတွေရဲ့ အကူအညီဖြင့် ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင် တစ်ယောက်ကို တကယ်ပဲ လက်ရည်တူ ယှဉ်တိုက် လာနိုင်ပါတယ်။

ပြီးတော့ အခု ရန်ကိုင်က အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပြီးသွားပြီ ဖြစ်တဲ့အတွက် သူ့အသုံးပြလိုက်တဲ့ ဝိဥာဉ်ပညာရပ်တွေ၊ ဝိဥာဉ်လက်နက်ရဲ့ အစွမ်းက အရင်ကထက် အများကြီး ပိုအားကောင်းလာခဲ့ပါပြီ။ ထိုနည်းလမ်းနှစ်ခုနဲ့ အကာအကွယ်မဲ့နေတဲ့ ပညာရှင်တွေကို မမျှော်လင့်ထားတဲ့ ရှုထောင့်တွေကနေ အလစ်ချောင်း တိုက်ခိုက်ပါတယ်။ တစ်ချက်တည်းနဲ့ ပွဲချင်းပြီးလိုက်နိုင်တဲ့ အခါမျိုးတွေတောင် ရှိပါသေးတယ်။

ရန်ကိုင် တိုက်ပွဲထဲ ဝင်လာတာကြောင့် ရွက်ကြွေခန်းမဘက်က အောက်စည်းရောက်သွားခဲ့ရတယ်။ ဆက်ပြီး မခုခံနိုင်တော့တာနဲ့ ချန်ရွှမ်းလည်း ကျန်အဖွဲ့သားတွေဆီ အော်ဟစ် အကူအညီ တောင်းရပါတော့တယ် “သခင်မလေးရီ”

Martial Peak

အပိုင်း(၅၄၇) ဒါက အမွေခံတိုက်ပွဲတစ်ခု မဟုတ်တော့ဘူး

စစ်ကူတွေကို အော်ခေါ်နေခဲ့ရလေပြီ။

ဘယ်သူကမှ လာမကူဘူးဆိုရင် သူ့လူတွေကို ပြန်ဆုတ်ဖို့ ချန်ရွှမ် အမိန့်ပေးတော့မှာပါ။ မဟုတ်ရင် သူတို့ တစ်ဖွဲ့လုံး မာလကီးယားကို ဂျောင်းရတော့မှာလေ။

ရန်ကိုင်စံအိမ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေရဲ့ ခွန်အားနဲ့ သူတို့အသုံးပြုသွားတဲ့ နည်းလမ်းနစ်တွေက တကယ်ကို လန့်စရာပါ။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေရဲ့ အစစ်အမှန်ချီတွေဆိုရင် အရမ်းအရမ်းကို သန့်စင်လှပါတယ်။ ပြီးတော့ တစ်ယောက်ချင်းစီကလည်း အဆင့်မြင့် လက်နက် ကိုယ်စီနဲ့ပါ။

အဲ့ပညာရှင်တွေ အကုန်လုံးက သာမန်ပထမအဆင့် အင်အားစုတွေကနေ လာတာ မဟုတ်ဘူးလား။ သူတို့တွေက သူ့တို့ထက်ဘာလို့ ပိုပြီးချမ်းသာ နေရတာလဲ။ ချန်ရွှမ် စိတ်ထဲကနေ ကြိတ်ပြီး နှိုင်းယှဉ်လိုက်တယ်။

ရွက်ကြွေခန်းမက ချူမိသားစုရဲ့ အရေးအကြီးဆုံး ခန်းမတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ချူမိသားစုကိုပဲ သစ္စာရှိတာကြောင့်ရယ်၊ အကုန်လုံးက လက်ရွေးစင်တွေ ဖြစ်နေတာကြောင့် ရယ်ပါပဲ။ သူတို့ ပိုင်ဆိုင်ထားတဲ့ လက်နက် အရေအတွက်ကလည်း မသေးသလို အအဆင့်အမြင့်စား လက်နက်တွေကိုမှ ကိုင်ဆောင်ထားကြတာပါ။ ဒါပေမယ့် ရန်ကိုင်ရဲ့ မဟာမိတ်တွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေနဲ့ ယှဉ်လိုက်ရင်တော့ သူတို့ရဲ့ လက်နက်တွေက လမ်းဘေးက ဈေးပေါပေါပစ္စည်းတွေလို ဖြစ်သွားခဲ့ရပါတယ်။

ပြီးတော့ ထိုလူတွေအသုံးပြုတဲ့ ဆေးလုံးတွေကလည်း ပုံမှန်မဟုတ်ကြပါဘူး။ ချန်ရွှမ်နဲ့ ရွက်ကြွေခန်းမကလူတွေ အမောတကော အသက်ရှူရှိုက်နေရတဲ့အချိန်၊ သူတို့ရဲ့ အစစ်အမှန်ချီတွေ ကုန်ဆုံးနေတဲ့အချိန်၊ ရန်ကိုင် အဖွဲ့သား တွေကတော့ နဂါးတွေ၊ ကျားတွေလို အားကောင်း၊ကြမ်းရမ်း နေတုန်းပါပဲ။ ထိုလူတွေက သူတို့ရဲ့ အစစ်အမှန်ချီ မကုန်မှာကို ကြောက်နေသည့်အလား အစွမ်းကုန်ကို ထုတ်သုံးနေကြလို့ပါ။

ဘယ်လို အစစ်အမှန်ချီ ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဆေးလုံးတွေကများ ဒီလိုမျိုးအစွမ်းရှိတာလဲ။

ရန်ကိုင်ကို ထောက်ပံ့ပေးနေတဲ့ မယုံနိုင်စရာ အင်အားစု နှစ်ခုဖြစ်တဲ့ ဆေးဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းတို့ ရှိနေတယ် ဆိုပေမယ့်၊ အခုမှပဲ ထိုအင်အားစုနှစ်ခု ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမှန်း ချန်ရွှမ် နားလည်သွားတော့တယ်။

ချန်ရွှမ်က အော်ခေါ်နေတော့ ရီရှင်းရို့မှာ အချိန်ထပ်ဆွဲ ချင်သေးပေမယ့် ဆွဲလို့ မရတော့ပါဘူး။

ချူမိသားစု ရွက်ကြွေခန်းမက လူများစွာ ဆုံးရှုံးသွားခဲ့ရတာကို မြင်တော့ ရီရှင်းရို့က အထင်အမြင် သေးသေးနဲ့ နှာခေါင်းရှုံ့လိုက်တယ် “အမှိုက်တွေပဲ”

အထင်သေး၊ အမြင်သေးနဲ့ ရှုံချပြောဆိုလိုက်ပြီးနောက် စိတ်ပျက်နေတဲ့ အမူအရာနဲ့ အော်ပြောလိုက်တယ် “သွားကြမယ်”

သူမပုံစံက မလုပ်ချင်တဲ့အလုပ်ကို အတင်းလုပ်နေရတဲ့ ပုံစံမျိုးပါ။

တိုက်ပွဲကွင်းပြင်နဲ့ အရမ်းကြီးမဝေးတဲ့အတွက် မကြာခင်မှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာဆီ ရောက်ရှိလာခဲ့တယ်။

ရီရှင်းရို့က စစ်ပွဲမြို့တော်တစ်ခုလုံးကို ပဲ့တင် ထပ်သွားစေလောက်တဲ့အသံနဲ့ အော်ပြောလိုက်တယ် “ရန်ကိုင်၊ နင် နတ်ဆိုးတွေနဲ့ဆက်ပြီး ပူးပေါင်းဆက်ဆံနေရင် မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားဖို့က အချိန်ပဲ လိုလိမ့်မယ်။ နင့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မာန ဖုံးမသွားစေနဲ့။ နိမ့်အိမ်ထဲမှာ ခိုလှုံခွင့်ပေးထားတဲ့ မိစ္ဆာကျင့်ကြံသူတွေကို လွှတ်ပေးပြီး နင့်အပြစ်တွေကို ကိုယ်တိုင် ဝန်ခံလိုက်။ အဲ့လိုဆိုရင် မိသားစုကြီး ရှစ်ခုကြားက ဆက်ဆံရေးကို ထောက်ထားပြီး နင့်ကို အရှက်ရအောင် မလုပ်တော့ဘူး။ နင်သာ ဆက်ပြီး ခေါင်းမာနေမယ် ဆိုရင်တော့ နင့်ကြောင့် နင့်ဘေးမှာ ရှိနေတဲ့ အပြစ်မဲ့သူတွေ သေကြေရလိမ့်မယ်”

တိုက်ပွဲကြားမှ ရုတ်တရက် ခုန်ထွက်လာလိုက်ပြီး လေထဲဝဲနေရင်း မထူးခြားနားဟန်ဖြင့် ချဉ်းကပ်လာနေတဲ့ အဖွဲ့ဆီ လှမ်းကြည့်လိုက်တယ်။

မိသားစုအသီးသီးက သခင်လေး၊ သခင်မလေးတွေက ရှေ့ကနေ ဦးဆောင်နေပြီး ရွက်ကြွေခန်းမသားတွေအောက် ခွန်အား မနိမ့်ကျတဲ့ မိသားစုကြီး(၆)ခုမှ ပညာရှင်တွေက နောက်ကနေ လိုက်ပါလာခဲ့ကြတယ်။

အားလုံးက ရန်ကိုင်ကို အမူအရာမျိုးစုံကို ဆင်မြန်းရင်း မော့ကြည့်လိုက်ကြတယ်။ အချို့လူတွေရဲ့ အမူအရာက ခါးသီးနေပြီး အချို့တွေရဲ့ အမူအရာကတော့ လေးနက် တည်ကြည်နေခဲ့ကြပါတယ်။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတဲ့ ရီရှင်းရို့ကတော့ ချွင်းချက်ပေါ့။ မိသားစုကြီး (၇)ခုအားကိုးနဲ့ သွေးနားထင်ရောက်နေဲ့ ရီရှင်းရို့ကို ကြည့်ရင်း ဟော်ရှင်းချန်က လှောင်ပြောင်လိုက်တယ် “ဂျူနီယာညီမလေးရီက တကယ်ကို နှုတ်ရေး ကောင်းတာပဲနော်”

ရန်ကိုင်ကို မိစ္ဆာကောင်တွေလို့ စွပ်စွဲပြီး သူတို့ကိုယ် သူတို့ အမှန်တရားဘက်တော်သားတွေလို့ ရည်ညွှန်း သုံးစွဲလိုက်တဲ့ ရီရှင်းရို့ရဲ့ စကားကို သူလှောင်ပြောင် နေခဲ့တာပါ။ ရီရှင်းရို့က ရန်ကိုင်ကို ချောင်မပိတ်ပိတ်အောင် အစကတည်းက သေသေချာချာ အကွက်ချ စီစဉ်ထားတဲ့ ပုံပါပဲ။

“သခင်မလေးရီ” တစ်ခဏကြာ တိတ်ဆိတ်နေပြီး နောက် ရန်ကိုင်က ရုတ်တရက် ပြုံးလိုက်ရင်း “ငါတို့ တွေ့ခဲ့တာ ရက်နည်းနည်းပဲ ရှိသေးပေမယ့် အရင်လို တက်တက်ကြွကြွ ရှိနေသေးတာကို တွေ့ရလို့ ဝမ်းသား ပါတယ်။ ငါ့ရဲ့ ဟုတ်လှပါပြီဆိုတဲ့ ဒုတိယအစ်ကိုကော”

ရီရှင်းရို့ မျက်ဝန်းထဲ အမုန်းတရားတို့ ဖြတ်ပြေး သွားခဲ့တယ်။ အရင်တစ်ကြိမ်တုန်းက ရန်ကိုင်ကို ဖြာယောင်ဖို့ ကြိုးစားခဲ့ပေမယ့် ဖိနပ်စုတ်တစ်ရုံလို လွှင့်ပစ်ခြင်း ခံခဲ့ရပါတယ်။ သူမစိတ်ထဲ ရန်ကိုင်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် တစ်စစီ ခုတ်ပိုင်းပစ်ချင် နေပေမယ့် ဟန်မပျက်အမူအရာနဲ့ပဲ ပြန်ပြောလိုက်ပါတယ် “ဒုတိယသခင်လေးက တံခါးပိတ်ကျင့်စဉ် ဝင်နေတယ်လေ။ သူ့အိမ်ကိစ္စတွေကို အကုန်လုံးကို ငါကပဲ စီစဉ်နေတာ”

ရန်ကိုင်က ခေါင်းညိတ်ရုံးလေး ညိတ်လိုက်ပြီး ယဲ့ယဲ့လေး ပြုံးလိုက်ရင်း “ဒုတိယအစ်ကို အခုလိုမျိုး အရှက်မဲ့၊ အောက်တန်းကျတဲ့ လူမဟုတ်ပါဘူးလို့ ငါတွေးနေတာ။ လတ်စသတ်တော့ တစ်ယောက်ယောက်က သူ့နေရာကနေ လက်မည်းကြီး လုပ်နေတာကိုး၊ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”

ရီရှင်းရို့ မျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်ကို စိတ်ထဲကနေ ကြိတ်ပြီး ကျိန်ဆဲနေလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က ပြောနေရင်းနဲ့ ရယ်မောလိုက်ပြီး ထူးဆန်းတဲ့ အပြုံးကို ဆင်မြန်းရင်း နောင်တရနေတဲ့ လေသံဖြင့် “မိန်းကလေး အရင်ရက်ကိစ္စနဲ့ပက်သက်ပြီး ငါနင့်ကို စိတ်ထဲကနေ နက်နက်နဲနဲ တောင်းပန်ပါတယ်။ သေချာစဉ်းစားပြီးတဲ့နောက် ငါမှားသွားမှန်းသိလိုက်တယ်။ နင်ကိုယ်တိုင်က ငါ့တံခါးရှေ့ အရောက်လာခဲ့တာကို ငါမငြင်းလိုက်သင့်ဘူး။ ဒီလောက် မိမွေးဖမွေးအတိုင်း အဝတ်အစား ဗလာကျင်းနေတဲ့ သွယ်လျလှပလိုက်တဲ့ ခန္ဓာကိုယ်လေးကို ငါဘာလို့ လက်လွှတ်လိုက်မှန်း ငါတကယ်ကို နားမလည်နိုင်ခဲ့ဘူး။ တကယ်ဆို ငါဘက်က ရစရာပဲရှိတာ၊ အရှုံးရှိတာ မဟုတ်ဘူး။ ဘယ်လောက်တောင် ရူးမိုက်လိုက်လို့ အဲ့လိုအခွင့်အရေးကို လက်လွှတ်လိုက်မှန်း ငါတကယ်ကို နားမလည်နိုင်ခဲ့ဘူး။ ငါ့ဆုံးဖြတ်ချက်ကို ငါတကယ်နောင်ရမိတယ်” အသံကျယ်ကျယ်နဲ့ အော်ပြောနေရင်း တကယ်ကို နောင်တရနေတဲ့အလား သူ့ပေါင်းကို အားပါပါနဲ့ ရိုက်ချလိုက်တယ်။

ရန်ကိုင်ပြောတာကို နားထောင်ရင်း ခန်ကျန်း၊ ကောင်းရန်ဖုန်းနဲ့ ကျန်တဲ့ သခင်လေးတွေ အကုန်လုံးရဲ့ မျက်နှာအမူအရာ ထူးဆန်းသွားခဲ့ပြီး ကိုးယိုးကားယား အမူအရာနဲ့ ရီရှင်းရို့ကို ဝိုင်းကြည့်လိုက်ကြတယ်။

ရီရှင်းရို့ ရန်ကိုင်အား ဖြာယောင်းဖို့ ကြိုးစားခဲ့တဲ့ ကိစ္စကို သူတို့ထဲက ဘယ်သူမှ မသိခဲ့ကြပါဘူး။ ကြည့်ရတာက တက်တက်ကြွကြွနဲ့ ထွက်သွားပြီး စိတ်ဓါတ်ကျကျနဲ့ ပြန်လာခဲ့ရတဲ့ပုံပါပဲ…

ဒါ… ဒါက ကောင်းကင်က ပေးလိုက်တဲ့လက်ဆောင်ကို ငြင်းလိုက်တာနဲ့ အတူတူပါပဲ။

သခင်ငယ်လေးက စိတ်ဓါတ်က တကယ်ကို လေးစားစရာပါပဲ။ ရှိနေတဲ့လူအကုန်းလုံး ရန်ကိုင်ကို နည်းနည်းပါးပါးတော့ လေးစားမိသွားခဲ့ကြတယ်။ ရီရှင်းရို့သာ သူတို့ကို လာပြီး ဖြာယောင်းသွေးဆောင်ခဲ့ရင်… သူတို့ ငြင်းရက်မှာ မဟုတ်ပါဘူး။

“ငါပြန်ဆုံးဖြတ်ပြီးသွားပြီ” ရန်ကိုင်က ရုပ်တည်ကြီးနဲ့ “သခင်မလေးရီ၊ ချောင်ကျပြီး လူမရှိတဲ့ နေရာတစ်ခုရှာပြီး နင့်မျှော်လင့်ချက်တွေ ပြည့်အောင် ငါအကောင်းဆုံး ကြိုးစားပေးမယ်လေ။ ဘယ်လိုလဲ။ သက်လုံ၊ ကျွမ်းကျင်မှုနဲ့ ပက်သက်လာရင် ငါ့ကိုယ်ငါ ယုံကြည်ချက် အပြည့်ရှိတယ်။ နင်စိတ်မပျက်စေရဘူးလို့ ငါရဲရဲကြီး အာမခံရဲတယ်”

ရီရှင်းရီု့ရဲ့ မျက်နှာကတော့ ခရမ်းချဉ်းသီးပုပ် တစ်လုံးလို ရှုံမဲ့နေခဲ့ကာ သူမတစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ပါတယ်။ ရန်ကိုင် ဒီလောက်အထိ အရှက်မဲ့လိမ့်မယ် သူမ ထင်ကိုမထင်ထားတာပါ၊ ဒီလို လူကြားမကောင်းတဲ့ ကိစ္စကို လူမြင်ကွင်းမှာ ဖွင့်ပြော လိမ့်မယ်လို့ သူမ တကယ်ကို မထင်ထားခဲ့ပါဘူး။

တိုက်ရိုက်ပြန်ငြင်းလိုက်ချင်ပေမယ့် ယုံကြည်ချက်က မရှိ၊ ဒါကြောင့် ဒေါသတကြီး ပြန်ပြီး ခွန်းတုန့်ပြန်ရုံပဲ တတ်နိုင်ခဲ့ပါတယ် “ရန်ကိုင်၊ မဟုတ်တာတွေ လျှောက်ပြော မနေနဲ့။ ဒီလို ညစ်ပတ်တဲ့ စကားတွေကို သုံးပြီး ငါ့နာမည်ကို ပျက်အောင် လုပ်ချင်နေတာလား။ ငါ၊ ရီရှင်းရို့က အဲ့လို မိန်းမမျိုး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ထိုစကားကို ကြားလိုက်တာနဲ့ ကောင်းရန်ဖုန်း၊ ခန်ကျန်းနဲ့ ကျန်တဲ့လူတွေ အကုန်လုံး ကိုးယိုးကားယား အမူအရာဖြင့် တစ်ဖက်လှည့်လိုက်ကြတယ်။ သူမ ပြောတာကို ဘယ်သူမှ မယုံတဲ့ပုံပါပဲ။

ဟော်ရှင်းချန်ကတော့ ပြုံးစိပြုံးစိနဲ့ လေလေး တချွန်ချွန် လုပ်နေလို့ပါ။

“နင်တို့ ငါ့ကိုမယုံဘူးလား” ရီရှင်းရို့က ထိုလူ‌တွေကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်၊ သူမရဲ့ မျက်နှာ လှလှလေးဟာ ဆိုရင်ဖြင့် မီးဖုတ်ထားတဲ့ သံပူတုံတစ်တုံးလို နီရဲနေခဲ့ပါပြီ။

ဒါပေမယ့် သူမမေးတာကို ဘယ်သူမှ ပြန်မဖြေခဲ့ပါဘူး။

“ဟန့်၊ နင်တို့ယုံယုံ၊ မယုံယုံ ငါ့ကိစ္စမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့သူတောင်းစားကောင်းနဲ့ ငါ့ကြား ဘာမှ မဖြစ်ခဲ့ဘူး” ရီရှင်းရို့က ဒေါသတကြီး ပြန်ရှင်းပြလိုက်တယ်။

“ဟုတ်တာပေါ့၊ နင်နဲ့သူ့ကြား ဘာဖြစ်ခဲ့ရမှာလဲ။ သူ့အိမ်ဆီ ရောက်သွားခဲ့ပေမယ့် သူက တံခါးပိတ်ပြီး နင့်ကို ငြင်းလွှတ်လိုက်တယ်လို့ အခုလေးတင်ပဲ ရန်ကိုင် ပြောသွားခဲ့တာလေ။ နင့်ကို ငြင်းလွှတ်လိုက်မှတော့ နင်နဲ့ သူ့ကြား ဘာဖြစ်ရဦးမှာလဲ” ဟော်ရှင်းချန်က ချိုးချိုးဖဲ့ဖဲ့ဖြင့် ပြောလိုက်တယ်။

ရီရှင်းရို့ ရင်ဘတ် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့ပါပြီ။ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်ရင်း စိတ်ငြိမ်အောင် ကြိုးစားလိုက်တယ်။ ထို့နောက် ရေခဲတမျှအေးစက်သည့် အကြည့်ဖြင့် ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ပြီး သူမနှုတ်ခမ်းအစုံက ကောက်ကျစ် ယုတ်မာသည့် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့ကာ အသာအယာလေး ခေါင်းညိတ်လိုက်ရင်း “ရန်ကိုင်၊ ဒီတစ်ကြိမ်တော့ နင်နဲ့ လေကုန်ခံမနေတော့ဘူး။ ဒါပေမယ့် နင့်ကို ဗဟိုမြို့တော်ဆီ ပြန်ခေါ်သွားပြီး နင်လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် နင့်ကို ပြန်ပေးဆပ်ခိုင်းရမယ်။ မိသားစုကြီးရှစ်ခုကလည်း အခုလိုမျိုး ဖြစ်စေချင်နေတာ။ နင့်လုပ်ရပ်တွေကနေ ပြေးလွတ်နိုင်မှာ မဟုတ်ဘူး”

ပြောပြီးတာနဲ့ ရန်ကိုင်ကို လက်ညိုးထိုးပြီး အော်ပြောလိုက်တယ် “ရန်ကိုင်ကိုဖမ်းကြ၊ ခုခံရဲတဲ့ ဘယ်သူ့ကိုမဆို ညှာမနေနဲ့၊ သတ်သာသတ်ပစ်လိုက်”

ရန်ကိုင်နဲ့ စကားနိုင်မလုနိုင်မှတော့ ဆက်ပြီး စကားနိုင်လုဖို့ မကြိုးစားတော့ဘူး။ သူမ အမိန့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ဘက်မှာ ရှိနေတဲ့ မိသားစုကြီး(၆)ခု ပညာရှင်တွေ အကုန်လုံး ရန်ကိုင်ဆီ ပြေးဝင်သွားခဲ့ကြတယ်။

“ငါက ဘာမမလုပ်တတ်တဲ့ ယုန်ပေါက်လေးကိုး” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်ပြီး “တုဖုန်း”

တုဖုန်း ဦးဆောင်တဲ့ ပုံရိပ်၇ခုက စံအိမ်ထဲမှ ပြေးထွက်လာခဲ့ပါတယ်။ ထိုလူ(၇)ယောက်က အမွေခံ တိုက်ပွဲမှာ ဝင်ပြိုင်လို့ မရတဲ့ လက်ကျန် သွေးစစ်သည်တော် တွေပါ။

ရွက်ကြွေခန်းမသားတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ရင်းဂျု၊ တန်ယုရှန်းတို့ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ရန်ကိုင် စံအိမ်ထဲ ရှိနေတဲ့ သွေးစစ်သည်တော် (၉)ယောက်စလုံး စုံသွားပြီလို့ ပြောလို့ရပါတယ်။

“သွေးရူးသွပ်ခြင်း ပညာရပ်” သွေးစစ်သည်တော် (၇)ယောက်စလုံး ပြိုင်တူအော်ဟစ်လိုက်ကြပြီး အစစ်အမှန်ချီနဲ့ သွေးစွမ်းအားတို့ သူ့ခန္ဓာကိုယ်ကနေ ပြိုင်တူ ပေါက်ကွဲထွက်လာခဲ့ကြတယ်။ ထိုအခြင်းအရာကို မြင်လိုက်တဲ့ လူတိုင်းရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူတို့ဆီကနေ ထွက်ပေါ်လာတဲ့ ဖိအားကောင်း တစ်မြို့လုံး ကျိုးကြေပျက်စီးသွားတော့မယ့်အလား စစ်ပွဲမြို့တော် တစ်ခုလုံး တုန်ခါသွားခဲ့တယ်။

ရီရှင်းရို့ရဲ့ မျက်နှာလှလှလေး သုန်မှုန်သွားခဲ့ပြီး “ရန်ကိုင်၊ အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော် နှစ်ယောက်ထက် ပိုမပါရဘူးလို့ ရန်မိသားစုက တားမြစ်ထားတာကို နင်မေ့သွားပြီလား။ နင်သူတို့ကို တိုက်ခိုက်ခိုင်းရင် ရန်မိသားစုရဲ့ စည်းမျဉ်းကို ဖောက်ဖျက်လိုက်သလို ဖြစ်သွားမှာနော်”

“ဒါက အမွေခံတိုက်ပွဲ မဟုတ်တော့ဘူး” ရန်ကိုင်က လှောင်ရယ်သံနဲ့ “နင်လည်း ဒီအချက်ကို ကောင်းကောင်း နားလည်ပါတယ်၊ မဟုတ်ဘူးလား”

ရွက်ကြွေခန်းမသားတွေနဲ့ တိုက်ခိုက်နေတဲ့ နတ်ဆိုးအိုကြီးက ချောက်ချားစရာကောင်းတဲ့ ရယ်သံကြီးနဲ့ လှမ်းအော်ပြောလိုက်တယ် “သခင်ငယ်လေးက ဒီဘာမဟုတ်တဲ့ အမွေခံတိုက်ပွဲကို ဂရုစိုက်စရာလားလို့။ ရန်မိသားစုခေါင်းဆောင်၊ အဲ့ဒါ ဘာမို့လို့လဲ။ မင်းတို့အားလုံးက သူတော်ကောင်းယောင်ဆောင်ပြီး သခင်လေးကို အတင်းပြော၊ အပုပ်ချ စွမ်စွဲ ပြောဆိုနေကြတယ်။ သူစိုးရိမ်နေရတဲ့ ကိစ္စတွေ ရှိနေသေးတာ ကြောင့်သာ မဟုတ်ရင် သခင်ငယ်လေး ထွက်သွားတာကြာပြီ”

“မင်းဘာပြောချင်နေတာလဲ” နတ်ဆိုးအိုကြီးနဲ့ တိုက်ခိုက်နေတဲ့ ရွက်ကြွေခန်းမခေါင်းဆောင်က နတ်ဆိုးအိုကြီး ပြောတာကိုကြားတော့ သူပြောတဲ့ အဓိပ္ပါယ်ကို နားမလည်နိုင်တာနဲ့ မေးလိုက်မိတယ်။

နတ်ဆိုးအိုကြီး ရက်ရက်စက်စက် ပြုံးလိုက်ရင်း ပြန်ပြောလိုက်ပါတယ် “ငါပြောချင်တာက… မင်းသေပြီလို့”

ထိုစကားလုံးတွေထဲ ထူးဆန်းပြီး နက်နဲတဲ့ စွမ်းအားတွေ ပါဝင်နေသည့်အလား၊ ထိုစကားကို ကြားလိုက်တာနဲ့ ရွက်ကြွေခန်းမခေါင်းဆောင် စိတ်ဂယောင်ချောက်ချား ဖြစ်သွားခဲ့ပြီး တိုက်ခိုက်နေတာကို ရပ်တန့်ကာ မှိုင်းဝေနေတဲ့ မျက်ဝန်းအစုံနဲ့ ရေရွတ်လိုက်တယ် “ငါ… ငါသေပြီ၊ … ငါသေသွားပြီ”

“သောက်ရူး” နတ်ဆိုးအိုကြီးက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရွက်ကြွေခန်းမခေါင်းဆောင်ရဲ့ ရင်ဘတ်တည့်တည့်ကို သူ့လက်နဲ့ ထိုးဖောက်လိုက်ကာ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးကို ဆွဲထုတ်လိုက်တယ်။

သွေးစိမ်းရှင်ရှင်းတို့ ရေတံခွန်အား ပန်းထွက်လာခဲ့ပါတယ်။

နတ်ဆိုးအိုကြီးရဲ့ အမူအရာကလည်း ပိုပြီးရက်စက် ခန်ထန်လာခဲ့လေပြီ။ ရန်သူတွေ အများဆုံး ရှိနေတဲ့နေရာဆီ လှမ်းကြည့်လိုက်ပြီး “သွေးပင်လယ်တော် ကောင်းကင်ဘုံ တစ်ခုလုံးကို ချိတ်ပိတ်စေ”

နတ်ဆိုးအိုကြီးရဲ့ နောက်ကျောဘက်မှ သွေးနီရောင် အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့ပြီး လေထု တစ်ခုလုံးကို မှုန်မှိုင်းနေသည့် အရှိန်အဝါတို့ဖြင့် ပြည့်သွားစေခဲ့ပါတယ်။ မြေပြင်တစ်ခုလုံးဟာ ဆိုရင်လည်း ပူပေါင်းတွေ ပလုံစီထနေတဲ့ သွေးနွံ့တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ကံကြမ္မာရဲ့ မျက်မုန်းကျိုးခံရတဲ့ လူတွေကတော့ ထိုသွေးနွံ့အိုင်ထဲ ခြေပိတ်မိသွားခဲ့တာပေါ့။

ရီရှင်းရို့၊ ကောင်းရန်ဖုန်းနဲ့၊ ခန်ကျန်းနဲ့ မန်ရှန်းရီတို့တွေ သွေးပျက်ကြောက်လန့် သွားခဲ့ကြပြီး တည်ငြိမ်လေ့ရှိတဲ့ လျူချင်းယောင်တောင်ရဲ့ အမူအရာတောင် တဖြည်းဖြည်း ပျက်ယွင်းလာခဲ့ရလေပြီ။

နတ်ဆိုးအိုကြီးရဲ့ နည်းလမ်းတွေက သူတို့ လက်သင့်ခံနိုင်တာထက်ကို ရက်စက်လွန်းနေခဲ့ပါတယ်။ အခုအချိန်မတိုင်ခင်အထိ ဒီလောက်ရက်စက်တဲ့ မိစ္ဆာကျင့်စဉ်နဲ့ သိုင်းပညာရပ်ကို လေ့ကျင့်တဲ့ လူတစ်ယောက် ရှိတယ်လို့ သူတို့ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

ညှီစို့စို့သွေးနံ့ကို ခံစားမိလိုက်တာနဲ့ ရီရှင်းရို့ ပျို့အန်ပါတော့တယ်။

ရီရှင်းရို့တို့ဘက်မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ဒါဇင်ကျော် သွေးနွံ့ထဲ ဆွဲချဲခံလိုက်ရပြီး ချိတ်ပိတ် ခံလိုက်ရတယ်။ သူတို့ထဲက ဘယ်သူမှ မလွတ်မြောက် နိုင်ခဲ့ပါဘူး။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ကောင်းရန်ဖုန်း မယုံကြည်နိုင်တဲ့ လေသံနဲ့ အော်ပြောလိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆နဲ့အထက် ပညာရှင်ပေါင်း (၁၀၀)ကျော် စုစည်းထားတဲ့ မိသားစုကြီး (၇)ခုရဲ့ စုပေါင်းတပ်စုက ရန်ကိုင်စံအိမ်က ကျင့်ကြံသူ တွေအား အချိန်တိုအတွင်း တကယ်ပဲ အနိုင်မယူနိုင် သေးပါဘူး။

ရန်ကိုင်တို့ဘက်နဲ့ ယှဉ်လိုက်ရင် သူတို့ဘက်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် အရေအတွက် ပိုများပေမယ့် ရန်ကိုင်တို့ အဖွဲ့သားတွေကို အခုအချိန်ထိ အနိုင်မယူနိုင်သေးပါဘူး။

တိုက်ပွဲကို သေချာစူးစမ်းလေ့လာ နေပြီးနောက် ကောင်းရန်ဖုန်းက တစ်ခုခုကို ရုတ်တရက် နားလည်သွားလိုက်ကာ “ရန်ကိုင်ဘက်က သွေးစစ်သည်တော်တွေ အကုန်လုံးက ဘယ်လိုလုပ်ပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)တွေချည်း ဖြစ်နေရတာလဲ”

သူပြောလိုက်တဲ့ စကားကြောင့် အကုန်လုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ရတယ်။ ချက်ချင်းပဲ စစ်ဆေးကြည့်လိုက်တဲ့ အခါ ကောင်းရန်ဖုန်း ပြောတဲ့အတိုင်း ဖြစ်နေတာကို သူတို့ တွေ့ရှိလိုက်ရတယ်။

သွေးစစ်သည်တော်(၉)ယောက်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉) ပညာရှင်တွေ…

ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်နေတဲ့ အချိန်တုန်းက သွေးစစ်သည်တော် (၄)ယောက်ပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)ကို ရောက်သေးတာပါ။ အခုတော့ (၉)ယောက်စလုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)ကို ရောက်နေခဲ့ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉) ရောက်နေတဲ့ သွေးစစ်သည်တော်တွေ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေနဲ့တောင် အကွက်အနည်းငယ် လောက် ယှဉ်ပြိုင်တိုက်ခိုက် နိုင်ပါတယ်။ မိသားစုကြီး (၇)ခုက လွှတ်လိုက်တဲ့ ပညာရှင်တွေက ရွက်ကြမ်းရေကျို မဟုတ်ကြပေမယ့် တစ်ယောက်ချင်းယှဉ်တိုက်ရင် သွေးစစ်သည်တော် (၉)ယောက်ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ အကုန်လုံး ပူးပေါင်း တိုက်ခိုက်မယ် ဆိုရင်တောင် သွေးစစ်သည်တော် (၉)ယောက်ကို အနိုင်ယူနိုင်မယ်လို့ အတပ် မပြောနိုင်ပါဘူး။

ရန်ကိုင် အင်အားစုတွေ အခုအချိန်ထိ ကြံ့ကြံ့ခံ ရပ်နေနိုင်သေးတာ သွေးစစ်သည်တော် (၉)ယောက် ကြောင့်လို့တောင် ပြောလို့ရပါတယ်။

“သူ့ဘက်က အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်လည်း အခုထိ ထွက်မလာသေးဘူး” လျူချင်းယောင် ရုတ်တရက် ကောက်ပြောလိုက်တဲ့ စကားကြောင့် ကျန်တဲ့လူတွေ အကုန်လုံး စိတ်တင်းကြပ် သွားခဲ့ကြရတယ်။

Martial Peak

အပိုင်း(၅၄၈) လျူချင်းယောင်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း

သူပြောတာ အမှန်ပါပဲ။ မန်ဝူရဆိုတဲ့ ပညာရှင် အခုထိ မထွက်ပေါ်လာသေးပါဘူး။ တိုက်ပွဲက စတာဖြင့် ကြာလှပြီ။ သူဘာလို့ မထွက်လာသေးတာလဲ။ သူဘာလို့ မလှုပ်ရှားသေး တာလဲ။ ဘာလဲ၊ ဂျူနီယာတွေကြားက တိုက်ပွဲထဲ ဝင်ပါလိုက်ရင် သူ့ကိုယ်သူ နိမ့်ကျသွားမယ်လို့ တွေးနေတာလား။ သူတို့ကို လာအထင်သေးနေတာလား။ ဒါမှမဟုတ် အခုဒီနေရာမှာ သူမရှိသေးတာလား။

“နှောင့်နှေးနေတာက ပိုပြီး ပြဿနာတက်နိုင်တယ်” ခန်ကျန်းက မျက်မှောင်ကြုံ့ရင်း ရေရွတ်လိုက်တယ်။ ဒီစစ်ဆင်ရေး စကတည်းက သူ့စိတ်ဂနာမငြိမ် ဖြစ်နေခဲ့တာပါ။ ရန်ကိုင် သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ အချိန်ကတည်းက ရန်ကိုင်ကို ကြောက်တဲ့ စိတ်တို့ သူ့စိတ်ထဲ ခိုအောင်းသွားတာလည်း ဖြစ်နိုင်တာပါပဲ။

ကောင်ရန်ဖုန်းလည်း ခေါင်းညိတ် ထောက်ခံလိုက် ပါတယ်။ ရန်ကျောင်းကို အဖော်ပြုပြီး ရန်ကိုင်အား ဆန့်ကျင် တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးပေမယ့် အခြေအနေက ဘယ်လောက်ပဲ အဆိုးဘက်‌ ရောက်နေပါစေ ရန်ကိုင်ဟာ အောင်မြင်မှုလမ်းကြောင်းတစ်ခုကို ထွင်းဖောက် သွားနိုင်ခဲ့တာချည်းပါပဲ။

အခုအကြိမ်လည်း ရန်ကိုင်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်အပြည်နဲ့ ရောက်လာခဲ့ပေမယ့် ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ ဆိုတာကို ဘယ်သူသိမှာလဲ။

တကယ်တော့ ရန်ကိုင်ဆိုတာ အဆန်းတကြယ် ဖြစ်ရပ်တွေကိုချည်း လုပ်ပြနေတဲ့လူလေ။

“ငါသွားကူညီပေးလိုက်ဦးမယ်” ပြောပြီးသွားတာနဲ့ ရီရှင်းရို့ ပြန်ပြောမှာကိုတောင် စောင့်မနေတော့ပဲ တစ်ခါတည်း ပြေးထွက်သွားပါတော့တယ်။

ရီရှင်းရို့ ကြောင်သွားခဲ့လေပြီ။ ဒါပေမယ့် မကြာခင်မှာပဲ အသိပြန်ဝင်လာခဲ့ပြီး အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပါတယ်။ ဟော်ရှင်းချန်အား ရပ်တန့် ဖို့ကိုတော့ နည်းနည်းလေးတောင် မကြိုးစားခဲ့ပါဘူး။

“ငါသခင်ငယ်လေးကို သွားစိန်ခေါ်လိုက်ဦးမယ်” လျူချင်းယောင်လည်း ထွက်သွားလိုက်လေပြီ။

ဒီတစ်ကြိမ်မှာတော့ ရီရှင်းရို့မှာ ဆက်ပြီး သည်းမခံနိုင်တာ့ကာ ခပ်မြန်မြန်ပဲ တားဆီးလိုက်ပါတယ် “သခင်လေးလျူ၊ နေဦး။ ရှင်ကသူ့…”

စကားတောင် ပြောလို့မပြီးသေးခင်မှာပဲ လျူချင်းယောင် က ရေခဲတမျှ အေးစက်စူးရဲသည့် အကြည့်ဖြင့် သူမအား ပြန်စိုက်ကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် ပြောလက်စ စကားတွေကို ပြန်မျိုချလိုက်ရပါတယ်။ မိသားစု(၇)ခု စုပေါင်းထားတဲ့ တပ်စုရဲ့ ခေါင်းဆောင် ဆိုပေမယ့် ကောင်းရန်ဖုန်းနဲ့ ခန်ကျန်းကိုသာ အထက်စီးကနေ ပြောဆိုရဲတာပါ၊ လျူချင်းယောင်ကိုတော့ သူမ ကြောက်ပါတယ်။

ဒါက ဗဟိုမြို့တော် နံပါတ်(၁) သခင်လေးရဲ့ လောင်ရိပ်အောက် နှစ်ပေါင်းများစွာ နေခဲ့ရတာကြောင့်ပါပဲ။

‘ရှင်က သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး’လို့ ပြောချင်ပေမယ့် ထိုကဲ့သို့ ပြောလိုက်တာနဲ့ လျူချင်းယောင် ဒေါသထွက်သွား လိမ့်မယ်မှန်း ရီရှင်းရို့ သိနေခဲ့ပါတယ်။

“သခင်ငယ်လေး အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်သွားတာနဲ့ သူနဲ့ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်မယ်လို့ ပိုကျင်းရေကန်မှာတုန်းက ငါပြောခဲ့ဖူးတယ်။ အခု ငါပြောခဲ့တဲ့အချိန်ကို ရောက်လာခဲ့ပြီ။ ငါ့ကို တာရဲတဲ့လူမှန်သမျှ ငါ့အဆိုးမဆိုနဲ့” လျူချင်းယောင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

ရီရှင်းရို့မှာ အပြုံးတစ်ခုကို အားတင်းဖျစ်ညစ် ပြုံးလိုက်ပြီး သိမ်မွေ့ညင်သာတဲ့ လေသံလေးနဲ့ ပြန်ပြောလိုက်ပါတယ် “အဲ့ဆိုရင် သခင်လေးလျူ သတိထားပါ။ ရန်ကိုင်ရဲ့ ဂုဏ်သိက္ခာကို နင်းခြေပြီး မြန်ဆန်တဲ့ အောင်ပွဲတစ်ခုကို‌ ဆောင်ယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

အောက်မှာတော့…. ဟော်ရှင်းချန်က တိုက်ပွဲ အပြင်ဘက် ပြေးထွက်သွားခဲ့ပြီး ရန်ကိုင်စံအိမ် အပြင်ဘက်၌ ရှိနေတဲ့ သခင်လေးတွေ အကုန်လုံးကို တပြုံးပြုံးနဲ့ လိုက်နှုတ်ဆက်နေခဲ့ပါတယ်။

သို့ပေမယ့် အားလုံးက ဟော်ရှင်းချန်ကို ဒေါသတကြီးသာ ပြန်စိုက်ကြည့်လိုက်ကြပါတယ်။

အခြေအနေတွေ ဘာလို့ အခုလိုတွေ ဖြစ်လာရမှန်း သူတို့ထဲက ဘယ်သူကမှ နားမလည်ခဲ့ကြပါဘူး။ ဟော်ရှင်းချန်ရဲ့ ဟော်မိသားစုက ရန်ကိုင်စံအိမ်ကို လာတိုက်ခိုက်တဲ့ အဖွဲ့တွေထဲပါဝင်နေတဲ့အတွက် သူတို့တွေက အကုန်လုံးကို ဟော်ရှင်းချန်ကို ဒေါသ ထွက်နေခဲ့ကြတာပါ။

ဟော်ရှင်းချန်က သူ့ကို စားမတတ်ဝါးမတတ် စူးရဲစွာ စိုက်ကြည့်နေတဲ့ အကြည့်တွေကို မသိကျေးကျွံပြုထား လိုက်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဟန်ပန်အမူအရာဖြင့် “ဖက်တီး၊ မင်းသတ္တိရှိရင် ဒီကိုလာခဲ့။ ဒီသခင်လေးက မင်းကို ကြည့်မရတာဖြစ်နေတာကြာပြီ။ ဝတုတ်တုတ် ဝက်တစ်ကောင်ကများ လူကြီးလူကောင်းယောင် ဆောင်နေတယ်တဲ့ကွာ။ မင်းလိုကောင်က ဒီသခင်လေးရဲ့ ကျော့ရှင်းခံ့ညားတဲ့ ရုပ်နဲ့ ဘယ်လိုလုပ်ပြီး လာယှဉ်ချင်နေရတာလဲ”

“မင်းဘာပြောလိုက်တာလဲ” ဒေါင်ချင်းဟန်ရဲ့ မျက်လုံးအစုံ မှေးစဉ်းသွားခဲ့ပြီး အေးစက်စက် အမူအရာဖြင့် ဟော်ရှင်းချန်ကို စိုက်ကြည့်လိုက်တယ်။

“ငါပြောတာ မကြားဘူးလား။ ဒါမှမဟုတ် မင်းရဲ့ နားတွေကပဲ အဆီပိတ်နေတာလား” ဟော်ရှင်းချန်က အထင်အမြင်သေးသေးဖြင့် ထေ့ငေါ့လှောင်ပြောင် လိုက်တယ်။

ဒေါင်ချင်းဟန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး တဖြောက်ဖြောက်မြည်အောင် လက်ဆစ်ချိုးရင်း ဖြည်းဖြည်းချင်း ရှေ့တက်သွားလိုက်လေပြီ။

“ကောင်းတယ်၊ ကောင်းတယ်” ဟော်ရှင်းချန်က ရယ်မောလိုက်ပြီး “ဘာမဟုတ်တဲ့ ပထမအဆင့် အင်အားစု တစ်ခုက သခင်လေးကများ မိစ္ဆာကောင်ရန်ကိုင်နဲ့ ပူးပေါင်းရဲတယ်။ ဒီသခင်လေး မင်းကို ဘယ်လိုအပြစ် ပေးမလဲဆိုတာကို စောင့်ကြည့်နေလိုက်”

ပြောပြီးတာနဲ့ ကျန်တဲ့ သခင်လေးတွေကို ဝေ့ကြည့်လိုက်ပြီး ဆောင့်ကြွားဆောင့်ကြွား ဟန်ပန်နဲ့ “မင်းတို့အားလုံးလည်း သောက်ရူးတွေပဲ။ မသေချင်ရင် ရန်ကိုင်ကို စွန့်ခွါပြီး ဝေးနိုင်သမျှ ဝေးဝေးသာ ထွက်ပြေးကြပေတော့”

ထိုလူတွေငယ်ရဲ့ မျက်နှာလေးတွေက ပြိုတော့မယ့် မိုးလို မည်းမှောင်နေခဲ့လေပြီ။

“ဆန္ဒမရှိဘူးလား၊ ဒီသခင်လေး သတိပေးတာကို လက်မခံချင်တာလား။ ရတယ်လေ၊ လက်မခံချင်ရင် ဒီသခင်လေးနဲ့ လာတိုက်၊ လာခဲ့၊ ဒီသခင်လေးက ထွက်လည်း မပြေးသလို ပုန်းလည်းပုန်းမှာ မဟုတ်ဘူး” ဟော်ရှင်းချန်က လှောင်ပြောင်ပြောဆိုလိုက်တယ်။

ဟန်ရှောင်ချီက ဟော်ရှင်းချန်ကို အေးစက်စက် အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်ပြီး အသာအယာလေး မျက်မှောင်ကြုံ့လိုက်ရင်း ရုတ်တရက် တောက်ပစွာ ပြုံးလိုက်ကာ အော်ပြောလိုက်တယ် “အားလုံး၊ ငါတို့ ပထမအဆင့် အင်အားစုတွေကို အထင်သေးလို့ မရဘူးဆိုတဲ့အကြောင်း ဒီမောက်မာနေတဲ့ သခင်လေးသိသွားအောင် သင်ပေးလိုက် ကြရအောင်”

သူမအော်ပြောပြီးတာနဲ့ လူငယ်ဒါဇင်ကျော်လောက် ဟော်ရှင်းချန်ဆီ ပြေးဝင်သွားပြီး ဆောင့်ကြွားဆောင့်ကြွား လုပ်နေတဲ့ ထိုသကောင့်သားကို စပြီး လက်သီးမိုး ကြဲချပါတော့တယ်။

အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ဟော်ရှင်းချန်မှာ ခွေးသေတစ်ကောင်လို ဒေါင်ချင်းဟန်ရဲ့ စံအိမ်ထဲ ဆွဲခေါ်သွားခြင်း ခံခဲ့ရတယ်။ ဒေါင်ချင်းဟန်က အစစ်အမှန်ဒြပ်စင်အဆင့် ရောက်နေတဲ့ လူငယ်ပေါင်း များစွာကို အော်ခေါ်လိုက်ပြီး ရက်စက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ် “သူ့အဝတ်အစားတွေကို ချွတ်ပြီး အခန်းတစ်ခန်းထဲ သိုလှောင်ခန်းတွေက တစ်ခန်းထဲ ညအနည်းငယ်နောက် လော့ပိတ်ထားလိုက်။ ခွေးသူတောင်းစားကောင်၊ ငါ့ကိုများ ဖက်တီးလို့ မင်းဘယ်လို ခေါ်ရဲရတာလဲ”

ထိုအခြင်းအရာကို ကြည့်နေတဲ့ ကောင်ရန်ဖုန်းနဲ့ ခန်ကျန်းတို့ရဲ့ အမူအရာ တစ်မျိုးတစ်မည် ထူးဆန်း သွားခဲ့တယ်။

“သခင်လေးဟော် အဖမ်းခံလိုက်ရပြီ၊ ငါတို့ ဘာဆက်လုပ်ကြမှာလဲ” မန်ရှန်းရီက မဲ့ပြုံးပြုံးရင်း ရုတ်တရက် ဝင်ပြောလိုက်တယ်။

“ကလေးကွက်တွေ” ရီရှင်းရို့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံလိုက်ပြီး ထိုကိစ္စကို ခေါင်းထဲကနေ ထုတ်ထားလိုက်တယ်။ ဟော်ရှင်းချန် အဖမ်းခံလိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး၊ ဟော်မိသားစုက ပညာရှင်တွေ ဆက်တိုက်နေဖို့ပဲ လိုတာပါ။

ဟော်ရှင်းချန် အဖမ်းခံလိုက်ရတာနဲ့ လျူချင်းယောင် လည်း ရန်ကိုင်ရှေ့သို့ ရောက်ရှိလာခဲ့တယ်။

“ပိုကျင်းရေကန်မှာတုန်းက ကောင်းကောင်း မတိုက်ခိုက်လိုက်ရဘူး။ ဒီနေ့ သခင်ငယ်လေးဆီကို ရည်ရွယ်ချက်ရှိရှိနဲ့ အရောက်လာခဲ့တာပါ။ သခင်ငယ်လေး မငြင်းဆိုဖို့ မျှော်လင့်ပါတယ်” လျူချင်းယောင်က မျက်နှာသေကြီးနဲ့ ရန်ကိုင်ကို ကြည့်ရင်း အသာအယာလေး ပြောလိုက်တယ်။

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းပြန်ညိတ်ပြလိုက်ပြီး “ညီအစ်ကိုလျူ၊ ရိုင်းသွားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ ငါအခု သိပ်မအားတော့ ပွဲမြန်မြန် ဖြတ်ကြတာပေါ့”

လျူချင်းယောင်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။ ချက်ချင်းဆိုသလို သူ့ဆီမှ အားကောင်းလှတဲ့ အရှိန်အဝါနဲ့ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့တယ်။

တစ်လှမ်းချင်းတစ်လှမ်းချင်း၊ လျှောက်နေခဲ့ရင်း သူ့ခြေတစ်လှမ်းစီတိုင်းက ကောင်းကင်ဘုံကိုးခုနဲ့ မြေအောက်ကမ္ဘာကိုးထပ်ကြား ပဲ့တင်ထပ်သွားတဲ့ မောင်းသံသဖွယ် မြည်သိဟိန်းထွက်သွားခဲ့ပါတယ်။

လျူမိသားစုရဲ့ ပဲ့တင်သံခြေလှမ်းကိုးသွယ် ပညာရပ်…

ပိုကျင်းရေကန်မှာတုန်းက ဒီသိုင်းပညာရပ်ကိုသုံးပြီး ရန်ကိုင်ကို သူတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီသိုင်းပညာရပ်က လျူမိသားစုရဲ့ အဓိကသိုင်းပညာရပ်တွေထဲက တစ်ခု ဖြစ်သလို ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ လျူချင်းယောင်ရဲ့ အားအကောင်းဆုံး တိုက်ကွက်တစ်ခုဆိုလည်း မမှားပါဘူး။

ဒါပေမယ့် အရင်အကြိမ်တုန်းက သူနဲ့ရန်ကိုင်ကြားက ကျင့်ကြံခြင်းကွာဟချက်ကြောင့် သူ့ခွန်အားကို တော်တော်လေး လျှော့ချထားခဲ့ပြီး တိုက်ခိုက်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ သူ့စွမ်းအား အကုန်အစင်ကို ထုတ်သုံးလာခဲ့ပါပြီ။

ဒီတစ်ကြိမ် ထုတ်သုံးလိုက်တဲ့ ပဲ့တင်သံခြေလှမ်းကိုးသွယ်က ပိုကျင်းရေကန်မှာ အသုံးပြုခဲ့တဲ့ သိုင်းပညာရပ်ထက် အများကြီး ပိုအားကောင်းပါတယ်။

‘ဒုန်း…’ လျူချင်းယောင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အားလုံးရဲ့ နားစည်တွေ တုန်ခါသွားခဲ့တယ်။ အားနည်းတဲ့ ကျင့်ကြံသူတွေဆို တစ်ခါတည်း တန်းသတိလစ်ကုန်ကြပါပြီ။

‘ဒုန်း ဒုန်း ဒုန်း…’

လျူချင်းယောင်ရဲ့ ပုံရိပ်က အရင်ကထက် ပိုပြီး ကြီးမား၊ မြင့်မြတ်ခမ်းနား လာသလိုပါပဲ။

ကိုးလှမ်းမြောက် ခြေလှမ်းကို လှမ်းပြီးတဲ့ အချိန်မှာတော့ လျူချင်းယောင်ဟာ အားလုံးရဲ့ မျက်လုံးထဲ တိုက်တန်ကြီးတစ်ကောင် ဖြစ်လာခဲ့ပါပြီ။

သူ့ခေါင်းက ကောင်းကင်ယံထက်တိုင် ရောက်ရှိ နေခဲ့ပြီး သူ့ခြေတစ်လှမ်းက စစ်ပွဲမြို့တော် တစ်ခုလုံးကို ပြားပြားဝပ် နင်းခြေပစ်နိုင်ပါတယ်။

ခြေကိုးလှမ်းနဲ့ ကောင်းကင်ဘုံး တစ်ခုလုံးကို ပျက်သုဉ်းသွားစေမယ်။ ဒါက လျူမိသားစုရဲ့ ပဲ့တင်သံခြေလှမ်းကိုးသွယ်ပါပဲ။

ကိုးလှမ်းမြောက် ရောက်တဲ့အချိန်မှာတော့ လျူချင်းယောင်ရဲ့ အရှိန်အဟုန်က အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် အဆင့်ထိကို ရောက်ရှိနေခဲ့ပါပြီ။

မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှသည့် ခြေထောက်ကြီးက ရန်ကိုင်ရဲ့ ပြေးပေါက်တွေ အကုန်လုံးကို ပိတ်ဆိုးထားပြီး သူ့ဆီ နင်းချလာခဲ့တယ်။

အားလုံး ရုတ်တရက် ပုံရိပ်ယောင်ထဲ ရောက်ရှိ သွားခဲ့ရတယ်။ ခြေထောက်ကြီး ကျဆင်းလာတဲ့အချိန် ထိုခြေထောက်က သူတို့ကိုပါ ဖုန်မှုန်တွေဖြစ်အောင် နင်းခြေပစ်တော့မလို အားလုံး ခံစားလိုက်ရတယ်။

ကျင့်ကြံခြင်းနိမ့်တဲ့ ပညာရှင်တွေဆို ကြောက်ရွံ့မှု ကြောင့် တဆတ်ဆတ် တုန်ရီနေလို့ပါ။

ဒီကြောက်မက်ဖွယ် တိုက်ကွက်နဲ့ ရင်ဆိုင်ရနေပေမယ့် ရန်ကိုင်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့လက်ကို ဆန့်တန်းလိုက်ပြီး ထိုးချလိုက်တယ်။

ဘာခွန်းမှမရှိတဲ့ သာမန်သာ ထင်ရတဲ့ လက်သီးချက်က ကြောက်မက်ဖွယ် အဖျက်စွမ်းအားတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

လက်သီးလေးနဲ့ ဧရာမခြေထောက်ကြီး ထိပ်တိုက် တွေ့သွားခဲ့တဲ့ ညကောင်းကင်ယံတစ်ခုလုံး လင်းထိန် သွားခဲ့တယ်။

တွေ့ဆုံမှုအပြီး၌ လျူချင်းယောင်မှာ ဒယီးဒယိုင်ဖြင့် နောက်သို့ ယိမ်းထိုးသွားခဲ့ပါတယ်။

အုန်း… မြေကမ္ဘာတစ်ခုလုံးကို တုန်ခါအက်ကွဲ သွားစေနိုင်တဲ့ မြည်သံကြီးနဲ့အတူ ဧရာမခြေထောက်ကြီး အလင်းမှုတွေအဖြစ် ပေါက်ကွဲထွက်သွားခဲ့ကာ လေထဲ ဝဲနေတဲ့ လျူချင်းယောင်လည်း ရုတ်တရက် သွေးအန်လိုက်ရတယ်။ သူ့ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း ရန်ကိုင်ကို ငေးကြောင်စိုက်ကြည့်နေမိလိုက်လေရဲ့။ ထိုမျက်ဝန်း အတွင်းပိုင်းထဲ အံ့ဩကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလို့ပါ။

“အခုလို ညွှန်ကြားပြသပေးလို့ ကျေးဇူးပါပဲ” ရန်ကိုင်က ပြောလိုက်တယ်။

“ကြမ်းလိုက်တာ” လျူချင်းယောင်က ရိုးရိုးသားသား ဝန်ခံလိုက်တယ် “ဒီလျူ ရှုံးနိမ့်သွားခဲ့ပြီ။ အခုလိုမျိုး ညှာတာပေးလို့ သခင်ငယ်လေးကို ကျေးဇူးအများကြီး တင်ပါတယ်”

အရင်အကြိမ်တုန်းက လျူချင်းယောင်ရဲ့ အခုတိုက်ကွက်ကို ခုခံဖို့ ကြယ်အမှတ်အသား ပညာရပ်ကို အသုံးပြုခဲ့ရပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ လက်သီးတစ်ချက်နဲ့တင် လျူချင်းယောင်ရဲ့ အားအကောင်းဆုံး တိုက်ကွက်ကို ဖြိုဖျက်နိုင်ခဲ့ပါပြီ။

သူတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်က လုံးဝကို သိသွားနေခဲ့ပါပြီ။

“သခင်လေးလျူက အရမ်း ယဉ်ကျေးလွန်းနေတာပဲ” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်တယ်။

“ငါရှုံးသွားခဲ့ပေမယ့် အခုကိစ္စနဲ့ပက်သက်ပြီး ငါလည်း ဘာမှ မတတ်နိုင်ဘူး။ သခင်ငယ်လေးကို တောင်းပန်ပါတယ်။ ငါလုပ်နိုင်တာဆိုလို့ ဒီအရှုပ်အထွေး ထဲကနေ ငါကိုယ်တိုင် ထွက်သွားနိုင်တာပဲ ရှိတယ်” ပြောပြီးတာနဲ့ လှည့်ထွက်သွားလိုက်ပြီး ညကောင်းကင်ယံထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။

“သခင်လေး၊ သခင်လေး” လျူချင်းယောင် ထွက်သွားတာကို မြင်လိုက်တာနဲ့ လျူမိသားစုက ပညာရှင်တွေ အံ့အားသင့်တကြီး အော်ခေါ်လိုက်ကြတယ်။

ပြန်ဖြေသံတော့ မကြားလိုက်ရပါဘူး။

ရီရှင်းရို့ရဲ့ မျက်နှာလည်း ဘီလူးမ သံပုရာသီး ကိုက်ထားသလို ရှုံ့မဲ့နေခဲ့လေပြီ။

နာရီဝက်အတွင်းမှာပဲ သခင်လေးနှစ်ယောက်၊ သခင်မလေး တစ်ယောက် ထွက်သွားခဲ့ရပါပြီ။

ချူရီမန် ထွက်သွားခဲ့ရတာက သူမရဲ့ အစီအစဉ် ကြောင့်ပါ၊ ရီရှင်းရို့က ချူရီမန် အခုလိုမျိုး ဖြစ်သွားအောင် တမင်ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်လိုက်တာလို့တောင် ပြောလို့ ရပါတယ်။

ဟော်ရှင်းချန် အဖမ်းခံလိုက်ရတဲ့ ကိစ္စကလည်း သူမရပ်တန့်နိုင်တဲ့၊ ဒါမှမဟုတ် ဂရုမစိုက်တဲ့ ကိစ္စတစ်ခုပါ။ ဟော်ရှင်းချန်က သူမတို့အဖွဲ့ထဲ ရောက်နေပေမယ့် သူ့စိတ်က ရန်ကိုင်တို့ဘက်ကပါ။ သူရှိနေတာထက် ထွက်သွားတာကတောင် ပိုပြီး ကောင်းပါသေးတယ်။

ဒါပေမယ့် လျူချင်းယောင် ကိုယ်တိုင်ကိုယ်ကျ ထွက်သွားတာကတော့ ရီရှင်းရို့ လက်ခံနိုင်တာမျိုး မဟုတ်ပါဘူး။

လျူချင်းယောင်ရဲ့ ဗဟိုမြို့တော်ရဲ့ နံပါတ်(၁) သခင်လေးရာထူးကို လက်ကိုင်ထားဆဲပါ။ သူ့စကားနဲ့ အပြုအမူက ကိစ္စများစွာနဲ့ ပက်သက်လာရင် တော်တော်လေး လွှမ်းမိုးမှုရှိပါတယ်၊ အထူးသဖြင့် လူထုရဲ့ အထင်အမြင်နဲ့ ပက်သက်လာရင်ပေါ့။

လျူချင်းယောင်က လုထူအပေါ် တော်တောလေးကို ဩဇာညောင်းပါတယ်။

အဖြစ်အပျက်တွေက ထင်ထားသလို ဖြစ်မလာခဲ့ပဲ အခုလိုမျိုး ဖြစ်လာတော့ ရီရှင်းရို့ စိတ်ပျက်သွားခဲ့တာပေါ့။

အခု၊ သူမဘေးမှာ သခင်လေး(၃)ယောက်ပဲ ရှိပါတော့တယ်။

ခန်ကျန်း၊ ကောင်းရန်ဖုန်းနဲ့ မန်ရှန်းရီတို့ကလည်း သူမနဲ့ အတွေးအတူတူပဲလား ဆိုတာကိုတော့ ရီရှင်းရို့ မသေချာသေးပါဘူး။ ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းကို ယုံကြည်လို့ ရပေမယ့် မန်ရှန်းရီရဲ့ အတွေးတွေကိုတော့ နားလည်ဖို့ ခက်ခဲလှပါတယ်။

“စီနီယာအစ်ကိုတွေကကော ထွက်သွားကြဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား” ရီရှင်းရို့ လူလည်လုပ်လိုက်တယ်၊ သူတို့ဘက်က မစခင် ကိစ္စတွေကို အရှင်ဖြေရှင်းထားရပါမယ်။

“ဂျူနီယာညီမ စိုးရိမ်စရာ မလိုပါဘူး” ခန်ကျန်း ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒီတစ်ကြိမ် စစ်ဆင်းရေက မိသားစုကြီးရှစ်ခုလုံးရဲ့ ဆန္ဒလေ။ ဘယ်လိုလုပ်ပြီး မဆင်မခြင်နဲ့ ပြန်ဆုတ်သွားလို့ ဖြစ်ပါ့မလဲ။ အခုလိုလုပ်တာ အရမ်းကို တာဝန်မဲ့ရာ ရောက်လွန်းတယ်”

ကောင်းရန်ဖုန်းလည်း ထောက်ခံခေါင်းညိတ် လိုက်တယ်။ ရန်ကိုင်ရဲ့ လက်ရှိအခြေအနေကို သူ့စိတ်ထဲ သနားစိတ်ဝင်မိပေမယ့် တကယ်တော့ သူနဲ့ ရန်ကိုင်က ရင်းနှီးမှုမရှိသလို မိတ်ဆွေတွေလည်း မဟုတ်ကြပါဘူး။ ထို့ကြောင့် သူ့မိသားစုရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ဖို့ ပြဿနာမရှိပါဘူး။

သူတို့ ပြောတာကို ကြားလိုက်တဲ့အခါ ရီရှင်းရို့က ရှက်သွားတဲ့ အမူအရာလေးနဲ့ အသာအယာလေး ခေါင်းညိတ် လိုက်ပြီး “အဲ့လိုဆိုရင် ဂျူနီယာညီမလေး စိတ်သက်သာရာ ရသွားပြီ… ဒီလို စစ်ဆင်ရေးကြီးကို ဂျူနီယာညီမလေး တစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး။ ဒါကြောင့် စီနီယာအစ်ကိုတို့ရဲ့ အကူအညီကို ဆက်ပြီး တောင်းခံရဦးမှာပဲ”

အခုလို အခြေအနေသို့ ရောက်ရှိနေပြီဖြစ်တဲ့အတွက် သူမရဲ့ မာနာကို ခဝါချထားရပါဦးမယ်၊ ရန်ကျောင်း စံအိမ်မှာတုန်းကလို အထက်စီးဆန်ဆန် အမူအရာနဲ့ သွားလုပ်လို့ မဖြစ်ပါဘူး။

ချူရီမန်၊ ဟော်ရှင်းချန်နဲ့ လျူချင်းယောင်တို့ရဲ့ သုံးယောက်ဆက် ထွက်သွားမှုက မိသားစုကြီးရှစ်ခုမှ ပညာရှင်တွေရဲ စိတ်ဓါတ်ပိုင်းကို သက်ရောက် သွားခဲ့ပါတယ်။ သူတို့ သခင်လေး၊ သခင်မလေးတွေ မရှိတော့တဲ့အတွက် အခြားသူတွေရဲ့ အကျိုးအတွက် အလုပ်လုပ်ပေးနေရသလို သူတို့စိတ်ထဲ ခံစားလာခဲ့ရတယ်။ ထို့ကြောင့် စိတ်ပါလက်ပါ မတိုက်ခိုက်ကြတော့ပဲ ခံစစ်ကိုသာ အားပြုပြီး တိုက်ခိုက်ကြလာပါတော့တယ်။

ချူမိသားစုက ရွက်ကြွေခန်းမသားတွေအတွက်ဆို ပိုမှန်ပါလိမ့်မယ်။ ဒီည၌ သူတို့တွေက ရှေ့ပြေးတပ်အဖြစ် ဦးဆောင်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ သူတို့အဖွဲ့က အကျအဆုံး အများဆုံး ဖြစ်သွားခဲ့ရပါတယ်။ မရမယ့် ဆုအတွက်နဲ့ သူတို့အသက်ကို ဘာလို့ စတေးနေရ ဦးမှာလဲ။ စစ်ကူတွေရောက်လာကတည်းက ချူမိသားစုရဲ့ ရွက်ကြွေခန်းမသားတွေက ရန်ကိုင်အင်အားစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေတာကို ရပ်တန့်လိုက်ပါတယ်။

ထိုပညာရှင်တွေ အားလုံးက ငတုံးတွေ မဟုတ်ကြပါဘူး။ အပြင်လူတစ်ယောက်ရဲ့ အကျိုးအမြတ်အတွက် သူတို့ အသက်ကို ဘယ်သူမှ မစတေးချင်ကြပါဘူး။

မိသားစုကြီးခုနှစ်ခုစလုံးက အပြင်ပိုင်းမှာသာ တကယ်ကို ဟုတ်လှပြီ ထင်နေရတာ၊ အတွင်းပိုင်းမှာတော့ ခြစားနေတာပါ။ တကယ်ကို ရယ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။

Martial Peak

အပိုင်း(၅၄၉) လုံလောက်ပြီ

တိုက်ပွဲကတော့ ပြင်းထန်နေဆဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ မိသားစုကြီး(၇)ခု စုပေါင်းထားတဲ့ တပ်စုဘက်မှ အကျအဆုံး ပိုပိုများပြား လာခဲ့ပြီး သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားတဲ့ သွေးစစ်သည်တော် ကိုးယောက်ဟာတော့ ရန်ကိုင်အား အနိုင်ယူနိုင်ဖို့ရာ ကျော်ဖြတ်ရမယ့် အကြီးဆုံး အဟန့်အတားတွေ ဖြစ်လာခဲ့ကြပါတယ်။

အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးပေမယ့် သွေးစစ်သည်တော် ကိုယောက်ရဲ့ တံတိုင်းကိုးထပ်ကို မကျော်ဖြတ်နိုင်သေး။

သွေးစစ်သည်တော် ကိုးယောက်ဟာ နှစ်ယောက်တစ်ဖွဲ့ ခွဲပြီး ရန်သူစစ်တပ် တစ်ခုလုံးကို မွှေနှောက်သောင်းကျန်း နေချိန် ရင်းဂျုကလည်း ရန်ကိုင်နား ချဉ်းကပ်လာတဲ့ ရန်သူ မှန်သူမျှကို သုတ်သင်ရှင်းလင်း ပစ်နေခဲ့ပါတယ်။

ရီရှင်းရို့နဲ့ ကောင်းရန်းဖုန်းတို့ရဲ့ မျက်နှာထားတွေဟာ ဆိုရင်ဖြင့် ပိုပြီး မည်းမှောင်သုန်မှုန် လာနေခဲ့လေရဲ့။

သွေးစစ်သည်တော်‌တွေ သွေးရူးသွပ်ခြင်း ပညာရပ်အား ထုတ်သုံးထားခဲ့တာ အချိန်အတော်ကြာနေခဲ့ပါပြီ။ သူမတို့ ရရှိထားတဲ့ သတင်းအချက်အလက် အရတော့ သွေးစစ်သည်တော်တွေက ဒီတားမြစ် ပညာရပ်ကို နာရီဝက်ပဲ ထုတ်သုံးနိုင်တာပါ။

နာရီဝက်ကျော်လို့ ကြာသွားခဲ့ပေမယ့် သွေးစစ်သည်တော်တွေကတော့ သွေးစွမ်းအင်ယုတ်လျော့ သွားမယ့် အရိပ်အယောင် မပြသေး။ တစ်ယောက်ချင်းစီ တိုင်းက အရင်လို တက်ကြွအားကောင်းနေဆဲ။

ရန်မိသားစုက ဗဟိုမြို့တော်ရှိ မိသားစုကြီး(၇)ခုရဲ့ ခေါင်းဆောင်အဖြစ် ဘာလို့ အချိန်အတန်ကြာအောင် ရပ်တည်နေနိုင်လဲ ဆိုတာကို အခုမှပဲ ဒီမှာရှိနေတဲ့လူတွေ အတော်အတန် နားလည်သွားခဲ့ကြတယ်။

မိသားစုကြီး(၇)ခု လက်ရွေးစင် တပ်ဖွဲ့တွေကို စေလွှတ် လိုက်ပေမယ့်မယ်လို့ သွေးစစ်သည်တော်(၉)ယောက်ကို အခုထိ အနိုင်မယူနိုင်သေးပါဘူး။ ဒီအချက်က သူတို့ကို ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်သွားစေခဲ့သလို စိုးလည်းစိုးရိမ် သွားစေခဲ့ပါတယ်။

ပရမ်းပတာ တိုက်ပွဲကြီးအလယ် ရပ်နေရင်း ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်စစ်ဆေး နေခဲ့ပါတယ်။

သွေးစစ်သည်တော်(၉)ယောက်နဲ့ နတ်ဆိုးအိုကြီးရဲ့ ခွန်အားက ပိုပြီးတော့တောင် အံ့ဩစရာကောင်းပေမယ့် သူ့မဟာမိတ်တွေဘက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေတာက ပြဿနာပါ။ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် တိုက်ပွဲအရှိန်အဟုန်ကို အကြီးအကျယ် သက်ရောက် သွားမှာ မလွဲဧကန်ပါပဲ။

လင်းတိုင်ရှုနဲ့ မန်ဝူရတို့ ထွက်မလာတာကို သူနားလည် ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထဲကတစ်ယောက် လှုပ်ရှားလိုက်တာနဲ့ အခြေအနေက ပြန်ပြင်လို့မရတဲ့အထိ ဆိုးရွားသွားမှာ၊ အပျက်အစီး များပြားသွားမှာ မို့လို့ပါပဲ။

စစ်ပွဲမြို့တော်ထဲမှာ သူတို့တွေသာ ထိပ်သီးပညာရှင် တွေမဟုတ်ကြပါဘူး။

အခုအခြေအနေမျိုးမှာ ရန်ကိုင်လည်း သူတို့ နှစ်ယောက်ကို ထွက်မလာစေချင်ပါဘူး။ လင်းတိုင်ရှုနဲ့ မန်ဝူရတို့ ထွက်မလာသေးတာက ရန်သူတွေကို မဝံ့မရဲ ဖြစ်စေတာ အမှန်ပါပဲ။

ပြီးတော့ ဒီစစ်ပွဲကလည်း ပြီးဆုံးသေးတာ မဟုတ်သလို နောက်ဆုံး ရလဒ်က ဘာဖြစ်သွားမလဲ ဆိုတာကို ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။

နှင်းသားပမာ ဖြူဖွေးသန့်စင်လှတဲ့ ပုံရိပ်တစ်ခုက ရန်ကိုင်စံအိမ်ထဲမှ ထွက်ပေါ်လာခဲ့တယ်။ ရင်းနှီးတဲ့ အရှိန်အဝါကို အာရုံခံမိလိုက်တာနဲ့ ရန်ကိုင်ဟာ အနောက်သို့ ခပ်မြန်မြန်ပဲ ပြန်ဆုတ်သွားလိုက်ပြီး ထိုပုံရိပ်ကို သွားရောက် နှုတ်ဆက်လိုက်ပါတယ်။

စုယန်ကတော့ သူ့နားဆီသို့ ပြေးလာနေခဲ့ပါပြီ။

“ချူရီမန် အန္တရာယ် မရှိတော့ဘူး၊ အခု သူအနားယူ နေတယ်” စုယန်က သိမ်မွေ့လှတဲ့ စမ်းကြောင်းရေပမာ ပျော့ပျောင်းလှတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။

ရန်ကိုင်တော့ ခေါင်းပဲ ပြန်ညိတ်ပြလိုက်သား။

“ငါနင့်ကိုကူပေးမယ်”

“ကောင်းပြီလေ”

အစကတော့ စုယန်လည်း ဝင်မပါချင်ပေမယ့် ရန်သူ့တပ်က ပိုပြီးအားကောင်း လူများတော့ သူမလည်း မပါလို့ မဖြစ်တော့။ ဒီတိုက်ပွဲက အမွေခံတိုက်ပွဲ မဟုတ်တော့ဘူးလို့ ရန်ကိုင် ပြောခဲ့ပြီးသွားပြီလေ။ သူမက ဘာကို ဆက်ဂရုစိုက်နေရဦးမှာလဲ။ ဒါကြောင့်ပဲ ချူရီမန်ရဲ့ ဒဏ်ရာကို ကုသပေးပြီးတာနဲ့ ချက်ချင်း ပြေးထွက် လာခဲ့တာပါ။

သူမနဲ့အတူ ကောင်းကင်စံအိမ်က အကြီးအကဲ လေးယောက်ပါ ထွက်လာခဲ့ပါတယ်။ သူတို့လေးယောက်က အားမနည်းကြတဲ့အတွက် သူတို့ သွားလိုက်တဲ့နေရာဘက်က ရန်ကိုင် အင်အားစုတွေ အသာရသွားခဲ့ကြတာပေါ့။

ဆန်းကြယ်အဆင့် ရေခဲကြေးမုံကို ဆင့်ခေါ်လိုက်ပြီး နောက် နက်နဲအေးစက်တဲ့ အအေးဓါတို့က စုယန် ပတ်လည် တစ်ဝိုက် ပြန့်နှံ့သွားခဲ့တယ်။ လက်နက်ထဲသို့ အစစ်အမှန်ချီကို ဖြည့်သွင်းလိုက်တာနဲ့ ကြေးမုံထဲမှ နှင်းဖုံးတောင်ထွတ်က ငွေရောင်အရောင်အဝါကို စတင် ထုတ်လွှတ်လာခဲ့ပြီး ရေခဲတမျှ အေးစက်လှတဲ့ အေးစက်စက် အရှိန်အဝါကို စတင် ဖြန့်ကျက်လာခဲ့တယ်။

အလင်းတစ်ချက် ပွင့်လန်းဖြာဝေ သွားခဲ့ပြီး ဧရာမ အရံအတားတစ်ခုကြီး တစ်ခု ထွက်ပေါ်လာခဲ့ကာ မိသားစုကြီး(၇)စုဘက်မှ ပညာရှင်တွေကို မြောက်မြားလှစွာသော အထဲသို့ သိမ်းကျုံးခေါ်ဆောင် သွားခဲ့တယ်။

ခန်ကျန်းရဲ့ မျက်ဝန်းအစုံ‌ မှေးကျဉ်း၊ သူ့တစ်ကိုယ်လုံး ကတုန်ကရင် ဖြစ်သွားခဲ့ပြီး အလန့်တကြား ထအော်လိုက်တယ် “အဲ့လက်နက်ပဲ”

လွန်ခဲ့တဲ့(၁၀) ရက်တုန်းက၊ ဒီလက်နက်ထဲမှာ ပိတ်မိသွားတာကြောင့် ခန်နဲ့ ချူမိသားစုမှ အင်မော်တယ် တက်လှမ်းခြင်းအဆင့်(၅) ပညာရှင်လေးယောက်ဟာ ရေခဲရုပ်ထုအဖြစ် အသွင်ပြောင်းသွားခဲ့ရတာကို သူဘယ်မေ့ပါ့မလဲ။ ဒီမြင်ကွင်းကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့လာရတောာ့ ခန်ကျန်း သွေးပျက်ချောက်ချား သွားခဲ့ရလေပြီ။

“အဲ့လက်နက်က ဘာများ ထူးခြားနေလို့လဲ” ခန်ကျန်းရဲ့ သွေးပျက်ကြောက်လန့်နေတဲ့ အမူအရာကို မြင်တော့ ရီရှင်းရို့လည်း သိချင်မိသွားခဲ့ပါတယ်။

ခန်ကျန်းလည်း သူ့ကိုယ်ဟန်အမူအရာကို ပြန်ထိန်းလိုက်ပြီး အကြောင်းစုံကို ရှင်းပြခန်း စတင် ဖွင့်တော်မူလေတယ်။

သူရှင်းပြတာကို နားထောင်ပြီးနောက် ရီရှင်းရို့ရဲ့ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး ကောင်းရန်ဖုန်းနဲ့ မန်ရှန်းရီတို့ရဲ့ မျက်နှာတွေကတော့ ယင်ကောင်ကို စားလိုက်မိသည့်အလား ရှုံမဲ့နေလို့ပါ။

ဒီလိုအားကောင်းတဲ့ လက်နက်တစ်ခုနဲ့ဆိုရင် သူတို့ရဲ့ ပူးပေါင်းတိုက်စစ်ကို ဘယ်သူကများ တောင့်ခံနိုင်မှာလဲ။

ခန်ကျန်းရှင်းပြလို့ ပြီးသွားတဲ့အချိန်မှာပဲ သူတို့ရှေ့က အရံအတားလည်း ကျိုးပျက်သွားပြီး ပုံရိပ်နှစ်ခု ပြန်လည် ထွက်ပေါ်လာခဲ့တယ်။ အားလုံးလှည့်ကြည့်လိုက်တဲ့အခါ သူတို့ မျှော်လင့်ထားသလိုပဲ ထွက်လာတဲ့လူတွေက ရန်ကိုင်နဲ့ စုယန် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

အရံအတားထဲ ပိတ်မိသွားခဲ့တဲ့ မိသားစုကြီး(၇)စုမှ ပညာရှင်တွေကတော့ ထူးဆန်းတဲ့ ပုံစံအမျိုးမျိုးဖြင့် ရေခဲရုပ်ထုအဖြစ် ဘဝပြောင်းသွားခဲ့ရပါပြီ။ သူတို့ သေလား၊ ရှင်လား ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

အရံအတားထဲက တိုက်ပွဲက လက်ဖက်ရည် ခွက်တစ်ဝက်စာလောက်ပဲ ကြာမြင့်ခဲ့ပါတယ်။

ဒါပေမယ့် ဒါက အစပဲ ရှိပါသေးတယ်။ စုယန်က ရေခဲကြေးမုံထဲ အစစ်အမှန်ကို ထပ်မံဖြည့်သွင်းလိုက်ပြန် ပါပြီ။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရီရှင်းရို့နဲ့ သူမတို့ ဘက်က မဟာမိတ်တွေမှာ သွေးထွက်မတတ်ကို ကြောက်လန့်ချောက်ချား သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်၊ အရံအတားထဲ နောက်ထပ် ပညာရှင်ဒါဇင် ကျော်လောက် ထပ်မံ ဆွဲခေါ်သွားခံခဲ့ရပြန်လေပြီ။

“မဖြစ်နိုင်ဘူး” ရီရှင်းရို့က စူးစူးဝါးဝါး အော်ဟစ် လိုက်ပြီး “ဒီလိုလက်နက်ကို အသုံးပြုဖို့ဆိုရင် အစစ်အမှန်ချီ အများကြီးလိုအပ်တာ။ သူကအင်မော်တယ် တက်လှမ်းခြင်း အဆင့်ဆိုရင်တောင် အဲ့လက်နက်ကို တစ်ပြိုင်တည်း နှစ်ကြိမ် အသက်သွင်းနိုင်မှာ မဟုတ်ဘူး”

စုယန်ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ဆိုရင် ဒီလက်နက်ကို နှစ်ကြိမ်ဆက်တိုက် အသက်သွင်းဖို့ဆိုတာ တကယ်ပဲ မဖြစ်နိုင်ပါဘူး။ ပထမတစ်ကြိမ်က အဆင်ပြေပေမယ့် ဒုတိယအကြိမ် အသက်သွင်းမယ်ဆိုရင်တော့ သူမရဲ့ အစစ်အမှန်ချီ လုံးဝကို ကုန်ဆုံးခြောက်သွေ့သွားမှာပါ။ ရန်သူတွေကို အထဲမှာ ပိတ်လှောင်နိုင်ပေမယ့် သူမ လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ မလှုပ်ရှားနိုင်တဲ့အပြင် တစ်ဖက်ရန်သူတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကိုတောင် ခံစားသွားရနိုင်ပါတယ်။

ဒါပေမယ့် သူမဘေးမှာ ရှိနေတာ ဘယ်သူလဲ၊ ရန်ကိုင်လေ။ ရန်ကိုင် ရှိနေမှတော့ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ရဲ့ အကူအညီနဲ့ ဘာကိုများ သူမ စိုးရိမ်နေရ ဦးမှာလဲ။

ရီရှင်းရို့စိတ်ထဲ တုန်လှုပ်ချောက်ချား လာခဲ့ရလေပြီ။

ဆန်းကြယ်အလယ်အလတ်အဆင့် လက်နက်တစ်ခုရဲ့ အားကိုးဖြင့် ရန်ကိုင်နဲ့စုယန်တို့ဟာ ရန်သူဒါဇင်ကျော်ကို တစ်ပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူမတို့ဘက်မှာ လူကော ကျန်ပါဦးပါ့မလား။

သူမရဲ့ အတွေးတွေ ယောက်ယတ်ခတ် ဆူဝေနေတုန်း မှာပဲ အရံအတား နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ် သွားခဲ့ပြီး ရေခဲရုပ်ထု ဒါဇင်ကျော် ရီရှင်းရီု့ ထပ်မံမြင်တွေ့ လိုက်ရတယ်။

အလင်းနောက်တစ်ကြိမ် ထပ်လက်သွားခဲ့ပြန်ပါပြီ။ မိသားစုကြီး(၇)စုဘက်ကမှ ပညာရှင်တွေမှာ အသည်းအသန် ထွက်ပြေးခဲ့ကြပေမယ့် ရေခဲရုပ်ထု ဘဝပြောင်းရမယ့် ကံကြမ္မာကနေတော့ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ရီရှင်းရို့ရဲ့ မျက်နှာထက် ကြောက်ရိပ်တို့ စတင် ယှတ်ပြေးလာခဲ့လေပြီ။ သူမ အမူအရာဟာ ဆိုရင်လည်း ဘီလူးမတောင် အရှုံးပေးရလောက်တဲ့အထိ မည်းမှောင် ရှုံ့မဲ့နေခဲ့ကာ လက်ရှိ အခြေအနေကို အထက်အောက် ပြောင်းပြန်လှန်နိုင်မယ့် နည်းလမ်းတစ်ခုကို ခေါင်းခြောက် အောင် အသည်းအသန် စဉ်းစားလိုက်ပေမယ့် နည်းလမ်းက ရှာမတွေ့။

ပထမဆုံးအကြိမ်အဖြစ် ‘ငါက အရမ်းကို ညံ့ဖျင်းပါလား၊ အားနည်းလှပါလား’လို့ စတင်တွေးတော မိလာခဲ့လေပြီ။ ဒုတိယသခင်လေးသာ ဒီမှာရှိနေရင် သူ့ရဲ့အစီအစဉ်၊ ကြံရည်ဖန်ရည်နဲ့ ဆိုရင် ထိုနှစ်ယောက်ပေါင်းတိုက်စစ်ကို ချိုးဖျက်နိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားမိလောက် မှာပဲလို့လည်း တွေးတောမိလာခဲ့လေပြီ။

ရန်ကိုင်နဲ့ စုယန်တို့ရဲ့ နည်းလမ်းက အရမ်းကို အရှက်မဲ့ပြီး တစ်ခါလာလည်း ဒီပုံစံ၊ နှစ်ခါလာလည်း ဒီပုံစံ ဆိုပေမယ့် နည်းလမ်းက ထိရောက်မှုရှိလားဆိုတာကတော့ မေးနေစရာတောင် မလိုပါဘူး။ ရီရှင်းရို့မှာ သူ့တို့ နှစ်ယောက်ရဲ့ ပူးပေါင်းအတွဲတိုက်ကွက်ကို ဖြိုခွင်းနိုင်မယ့် နည်းလမ်းရှာမရ ဖြစ်နေတဲ့အတွက် မိသားစုကြီး(၇)စု စုပေါင်းထားတဲ့ တပ်စုမှာ ချောင်ထဲပိတ်ရိုက်သွင်း ခံနေရသလို ဖြစ်လာခဲ့ရပါတယ်။

“တော်လောက်ပြီ” အဆုံးမဲ့တဲ့ မြင့်မြတ်ဖုန်းကျက်သရေ တို့ပါဝင်နေသည့် ဒေါသတကြီး အော်သံတစ်သံက အားလုံးရဲ့ နားထဲပဲ့တင်ထပ်သွားခဲ့ပြီး ပရမ်းပတာ ဖြစ်နေတဲ့ တိုက်ပွဲ ကွင်းပြင်တစ်ခုလုံးကို အကြွင်းမဲ့ ငြိမ်သက်သွားစေခဲ့တယ်။

ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်လို့ မော့ကြည့်လိုက်တဲ့အခါ ဧရာမ လက်ဝါးကြီးတစ်ခုက သူတို့အားလုံ‌ပေါ် စီးမိုးကျဆင်း လာနေတာကို မြင်တွေ့လိုက်ရတယ်။

ထိုလက်ဝါးချက်ကြီးက ရေခဲကြေးမုံ ဖန်တီးထားတဲ့ အကာအရံကို ဖြည်းဖြည်းချင်း ရိုက်ခတ်သွားခဲ့လေပြီ။

ဘုန်း…

လက်ဝါးချက်နဲ့ အရံအတား ထိတွေ့သွားတာနဲ့ နာစည်တွေကို ပင်းသွားစေနိုင်လောက်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မြေပြင်တစ်ခုလုံးလည်း ပြင်းပြင်ထန်ထန် တုန်ခါသွားခဲ့တယ်။

အရမ်းကို ကြံ့ခိုင်လှပါတယ် ဆိုတဲ့ ရေခဲအရံအတားဟာ ဆိုရင်ဖြင့် ထိုလက်ဝါးချက်ကြီးအောက်၌ အစိတ်စိတ် အမြွှာမြွှာြဖစ်သွားတဲ့ ဖန်သားတစ်ချပ်လို့ ကြွေမွပျက်စီး သွားခဲ့ရလေပြီ။

ရန်ကိုင်နဲ့ စုယန်တို့ တစ်ပြိုင်တည်း သွေးအန်လိုက် ရကာ သူတို့ရဲ့ မျက်နှာလည်း အနည်းငယ် ဖြူလျော်သွားခဲ့ လေရဲ့။

ရေခဲကြေးမုံကို သူတို့နှစ်ယောက်‌ ဝေမျှသုံးစွဲ နေတာပါ။ လက်နက်ကို ရန်ကိုင်က သန့်စင်ပြီး စုယန်က သုံးစွဲနေတာ ဖြစ်လို့ အရံအတား အတင်းအကြပ် ဖျက်စီးခံလိုက်ရတဲ့အခါ နှစ်ယောက်စလုံး ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရတာပါ။

အရံအတားထဲ ပိတ်မိနေတဲ့လူတွေ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရတာနဲ့ ဘုရား၊တရားမပြီလို့ တွေးလိုက် ကြကာ အကုန်လုံး ဝမ်းသားအူမြူးစွာဖြင့် ခပ်မြန်မြန်ပဲ ထွက်ပြေးကြပါတော့တယ်။

ဘယ်သူကမှ ရေခဲရုပ်ထု မဖြစ်ချင်ပါဘူး။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရီရှင်းရို့ရဲ့ မျက်နှာလေး ရွှန်းရွှန်းစိုအောင် တောက်ပသွားခဲ့ကာ ကျန်တဲ့ သခင်လေးတွေကတော့ စိတ်သက်သာရာ ရသွားတဲ့ဟန်နဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကောင်းကင်ပေါ် လှမ်းမော့ ကြည့်လိုက်ကြတယ်။

ကောင်းကင်ပေါ်မှာတော့ စည်းတံဆိပ်တော် ဘုရားကျောင်းထဲမှ ဖင်ကြွလေ့မရှိတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်၈ယောက် ရှိနေခဲ့လေရဲ့။ သို့ပေမယ့် လူအိုကြီးရှစ်ယောက်ရဲ့ အကြည့်ဟာ ဆိုရင်တော့ ရန်ကိုင်နဲ့စုယန်တို့ထက် ဝဲနေလို့ပါ။ သူတို့ အကြည့်တွေထဲ ထိတ်လန့်မှု၊ အံ့အားသင့်မှု နှင့်ကြောက်လန့်မှုတို့ကိုတောင် မြင်တွေ့ရနေခဲ့ရပါတယ်။

ရန်ကိုင်က ခေါင်းမော့လိုက်ပြီး လူအိုကြီး ရှစ်ယောက်ကို အေးစက်စူးရဲတဲ့ အကြည့်နဲ့ ပြန်စိုက်ကြည့်လိုက်လေပြီ။

အကြီးအကဲချုပ် ရှစ်ယောက်စလုံး ပေါ်လာလိမ့်မယ်လို့ ရန်ကိုင်နဲ့ သူ့မဟာမိတ်တွေ မျှော်လင့်ထားပြီးသားပါ။

လူအိုကြီးရှစ်ယောက်ထဲ တစ်ယောက်ဟာ သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်နေလေရဲ့။ ဒီလူဟာ သူတို့ကို တိုက်ခိုက်ခဲ့တဲ့ လူမှန်းသေချာသွားပါပြီ။

ရန်ကိုင်က ထိုလူအိုကြီးဆီ အကြည့်ပြောင်းလိုက်ပြီး သူ့မျက်ဝန်းအစုံက ဖြည်းဖြည်းချင်း မှေးကျဉ်းသွားခဲ့တယ်။ သူမှတ်မိသလောက်ဆို ဒီလူအိုကြီးက သူ့အပေါ် အမြဲတမ်း အကောင်းမမြင်တဲ့ လူအိုကြီးပါ။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်” ရီရှင်းရို့မှာတော့ ပျော်လွန်းလို့ မျည်ရည်တွေတောင် ဝဲနေလို့ပါ။

ထိုလူအိုကြီးက အသာအယာလေး ခေါင်းပြန် ညိတ်ပြလိုက်တယ်။

ကောင်းရန်ဖုန်း၊ ခန်ကျန်း၊ မန်ရှန်းရီနဲ့ မိသားစုကြီး(၇)စုမှ ပညာရှင်တွေ အကုန်လုံး အကြီးအကဲချုပ် (၈)ယောက်ကို လက်သီးဆုပ် ပြိုင်တူ နှုတ်ဆက်လိုက်ကြတယ်။

(၁၀)ရက်ကြာပြီးနောက် အကြီးအကဲချုပ် (၈)ယောက် နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြန်လေပြီ။ သူတို့ ရောက်လာတဲ့ ရည်ရွယ်ချက်က မေးနေစရာတောင် မလိုပါဘူး၊ အားလုံး သိနေခဲ့ကြပါပြီ။ အောက်မှာရှိနေတဲ့ လူတော်တော်များများလည်း ရှက်လည်းရှက်မိ၊ စိတ်သက်သာရာလည်း ရလို့ရသွားခဲ့ကြတယ်။

သူတို့ မိသားစုကြီး(၇)စု ပူးပေါင်းထားတဲ့ တပ်စုသာ ရန်ကိုင်ကို အနိုင်ယူနိုင်ခဲ့မယ် ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၈)ယောက်လည်း ထွက်ပေါ်လာစရာ မလိုပါဘူး။ သူတို့ မိသားစုကြီး(၇)စု ပူးပေါင်းထားတဲ့ တပ်စုက ရန်ကိုင်ကို အနိုင်မယူနိုင်မှန်း နားလည်လိုက်လို့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၈)ယောက် လူလုံးထွက်ပြ လာခဲ့တာ ဖြစ်နိုင်ပါတယ်။

အခုလို ဖြစ်ရတာတွေက ရီရှင်းရို့ရဲ့ မှားယွင်းတဲ့ တွက်ချက်မှု၊ သေချာ မစီစဉ်နိုင်မှုကြောင့်ပါပဲ။ မဟုတ်ရင် အခြေအနေက အခုလိုမျိုး ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

“ရန်မိသားစုကောင်စုတ်လေး” လေးထောင့်မျက်နှာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အကြီးအကြချုပ်က ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာထားနဲ့ “အရင်အကြိမ်တုန်းက မင်းကို ငါတို့မဖယ်ရှား၊ မသုတ်သင် ခဲ့ဘူး။ ဘာလို့လဲဆိုတော့ မင်းက မိသားစုကြီးရှစ်ခုက ကလေးတစ်ယောက် ဖြစ်နေလို့ပဲ။ ဒါပေမယ့် အခွင့်အရေး ပေးတာကို ကိုယ့်အပြစ်ကိုယ် ဆင်ခြင်ဖို့ မကြိုးစားပဲ၊ အရင်ကထက်တောင် ပိုပြီး စည်းမဲ့ကမ်းမဲ့ ပြုမူလာခဲ့တယ်။ အခုဆို မိသားစုကြီး(၈)ခုရဲ့ သစ္စာရှိပညာရှင်တွေကိုတောင် စည်းလွတ်ဝါးလွတ် သတ်ဖြတ်နေခဲ့ပြီ။ မင်းပုန်ကန်ချင် နေတာလား”

ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပရမ်းပတာ ဖြစ်နေတဲ့ သူ့သွေးတွေကို ငြိမ်သက်သွားအောင် လုပ်လိုက်တယ်၊ ပြီးမှပဲ အေးစက်စက်လေသံနဲ့ ပြန်ပြောလိုက်ပါတယ် “ကျုပ်လည်ပင်းမှာ ဓါးလာထောက် ထားတာကို ကျုပ်က ငြိမ်ခံပေးနေရမှာလား။ စီနီယာသာ ကျုပ်နေရာမှာဆိုရင်ကော ဒီအတိုင်းလေး ငြိမ်နေ ပေးလိုက်မှာလား”

“မင်းသာ ဘာအမှားမှ မလုပ်ထားရင် ငါတို့မိသားစုကြီး (၈)ကကော မင်းကို သုတ်သင်ဖို့ ဘာလို့ ကြိုးစားရမှာလဲ။ ရန်မိသားစုကကော မင်းကို ဂရုမစိုက်ပဲ ဘယ်နေပါ့မလဲ။ ရူးမိုက်တဲ့ အမှားတွေကို ထပ်တလဲလဲလုပ်ပြီးတာတောင် အခုထိ ခေါင်းမာချင်နေတုန်း”

“ကျုပ်ဘာအမှားတွေ လုပ်ခဲ့လို့လဲ” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ် “ကျုပ်သာ ဒုတိယ နတ်ဆိုးအရှင်သခင်တစ်ယောက် ဖြစ်လာမှာကို ကြောက်နေရင် ကျုပ်အမွေခံတိုက်ပွဲကနေ နှုတ်ထွက် လိုက်မယ်။ ရန်မိသားစုခေါင်းဆောင် ရာထူးကိုလည်း ဆက်ပြီး ယှဉ်ပြိုင်နေတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ စိတ်အေးအေးထားလို့ရတယ်”

“မိသားစုကြီး(၈)ခုက မင်းလို သိုးမဲတစ်ကောင်ကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး။ မင်းရဲ့ တည်ရှိမှုက ရန်မိသားစုနဲ့ မိသားစုကြီးရှစ်ခုအတွက် အမည်းစက်ပဲ” လေးထောင့် မျက်နှာနဲ့ လူအိုကြီးက ပြန်အော်ပြော လိုက်တယ်။

“ဒီတော့ ခင်ဗျားတို့ လိုချင်တာက ကျုပ်အညံ့ ခံချင်တာကိုပဲမလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်ပြီး “ကျုပ်တောင်းပန်တယ်၊ ကျုပ်က ခေါင်းမာတဲ့ လူတစ်ယောက် ဖြစ်နေတာ ဆိုးတာပဲ။ ခင်ဗျားတို့သာ ကျုပ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ ကြိုးစားခဲ့မယ် ဆိုရင်တော့ သဘောတူညီချက် တစ်ခုခုလောက်ရကောင်း ရနိုင်ဦးမယ်။ ဒါပေမယ့် ခင်ဗျားတို့က အားသုံးလာမှတော့၊ ကျုပ်ဘက်ကလည်း ပြန်ပြီး ခုခံရမှာပေါ့။ တစ်ခုတော့ မှတ်ထားလိုက်၊ ခင်ဗျားတို့ လိုချင်နေတာ ဘာတစ်ခုမှ မရစေရဘူး”

“ရိုင်းလိုက်တာ” လေးထောင့်မျက်နှာနဲ့ လူအိုကြီးက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်ပါတယ် “ငါတို့နဲ့များ ဆွေးနွေးချင်သေးတယ်၊ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။ ဒီနေ့ မင်းကို သိကြားမင်းတောင် ဆင်းမကယ်နိုင်စေရဘူး”

“အစ်ကိုကြီးရယ်၊ ခင်ဗျားအသက်ကြီးနဲ့ ဂျူနီယာ တစ်ယောက်နဲ့ သွားငြင်းခုံရန်ဖြစ်နေတာ မရှက်ဘူးလား” ပျော့ပျောင်းညင်သာတဲ့ အသံတစ်သံနဲ့အတူ ရန်ကိုင် စံအိမ်ထဲမှ ပုံရိပ်နှစ်ခု ပျံသန်းထွက်ပေါ်လာခဲ့တဘ်။

မန်ဝူရနဲ့ လင်းတိုရှုတို့ ထွက်ပေါ်လာခဲ့လေပြီ။

မန်ဝူရက ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်ပြီး “လူငယ်မျိုးဆက်ကြားက ကိစ္စကို ကျုပ်တို့ ဝင်နှောက်ယှတ်ရမှ ဖြစ်မှာလား”

“မန်ဝူရ” လေးထောင့်မျက်နှာနဲ့ လူအိုကြီးက ပြောင်းလဲခြင်း မရှိတဲ့ အမူအရာဖြင့် ဘဏ္ဏာထိန်းမန်အား စိုက်ကြည့်နေခဲ့လိုက်တယ်။ သူနဲ့ လင်းတိုင်ရှုတို့ ထွက်ပေါ်လာမယ်လို့ မထင်ထားခဲ့ ပုံပါပဲ “ဘယ်လို လျှို့ဝှက်ချက်တွေကို မင်းဖုံးကွယ်ထားမှန်း ငါမသိပေမယ့် မင်းတစ်ယောက်တည်းနဲ့ ဆိုရင်တော့ ငါတို့ မိသားစုကြီး (၈)ကို တားဆီးနိုင်မှာ မဟုတ်ဘူး”

အရင်အကြိမ် ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်တုန်း အကြီးအကဲချုပ်(၈)ယောက် ထွက်ပေါ်လာခဲ့ပေမယ့် ရက်ရက်စက်စက် မပြုမူခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အခြေအနေက လက်ခံနိုင်တဲ့ ဘောင်အတွင်းမှာ ရှိနေသေးလို့ပါပဲ။ ပထမတစ်ချက် အနေနဲ့ ရန်ကိုင်က စိတ်လွတ်သွားခဲ့ခြင်း မရှိပါဘူး၊ ဒါကြောင့် သူ့ကို ချက်ချင်းသတ်ပစ်စရာ မလိုသေးပါဘူး။ ဒုတိယ အချက်အနေနဲ့ မန်ဝူရနဲ့ သူတို့ မတိုက်ခိုက်ချင်ပါဘူး။ လင်းတိုင်ရှုကတော့ သူတို့ရဲ့ ပြန်ဆုတ်သွားခဲ့ရတဲ့ အဓိက အကြောင်းအရင်းဆိုရင် မမှားပါဘူး။

Martial Peak

အပိုင်း(၅၅၀) ကောင်းကင်အံတုမယ့် နည်းလမ်း အသွယ်သွယ်

မန်ဝူရက လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်မှန်း သူတို့ အကုန်လုံး သိနေကြပါတယ်။ ဘယ်သူကမှ သူ့ကို ထွင်းဖောက် မမြင်နိုင်ကြပါဘူး။ လင်းတိုင်ရှုကတော့ ပြောစရာမလိုအောင်ကို အားကောင်းလှတဲ့ ပညာရှင် တစ်ယောက်ပါ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ရောက်နေတဲ့ ပညာရှင်တစ်ယောက်ကို ယှဉ်တိုက်ဖို့ဆိုတာ ဟာသမဟုတ်ပါဘူး။

“ငါက အရည်အချင်း မပြည့်မှီဘူး၊ ဟုတ်လား။ ဟဲဟဲ” မန်ဝူရက သွားပေါ်အောင် ပြုံးဖြဲလိုက်ပြီး ရှေးဟောင် ကန်ရေပြင်တစ်ခုပမာ အကြွင်းမဲ့ တည်ငြိမ်တဲ့ အမူအရာ ဟန်ပန်ဖြင့် “ငါ့ကို မပြောနဲ့ဦး။ အောက်မှာရှိနေတဲ့ ကောင်ကိုတောင် တစ်ယောက်ချင်း ယှဉ်တိုက်မယ်ဆိုရင် မင်းတို့ ထဲက ဘယ်သူမှ သူ့ကိုအနိုင်ယူနိုင်မှာ မဟုတ်ဘူး”

ပြောပြီးတာနဲ့ နတ်ဆိုးအိုကြီးဆီ လက်ညိုးထိုး ညွှန်ပြလိုက်တယ်။

နတ်ဆိုးအိုကြီးကတော့ သွားကြီးကို ဖြီးလို့ပါ။

“သူလား” လေးထောင့်မျက်နှာနဲ့ လူကြီး အံ့အား သင့်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ရင်း “သူက ဘာမို့လို့လဲ”

သူလေသံကို ကြားလိုက်ရုံနဲ့ နတ်ဆိုးအိုကြီးကို နည်းနည်းမှ သောက်ထင်မကြီးပဲ အထင်အမြင် သေးနေတယ် ဆိုတာကိုတောင် တွေ့မြင်နိုင်ပါတယ်။

သူသာမက ကျန်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေလည်း ထိုနည်းလည်းကောင်း ပါပဲ။

နတ်ဆိုးအိုကြီး၊ လင်းတိုင်ရှုနဲ့ မန်ဝူရတို့ကြား သူတို့ သတိအထားဆုံး လူတစ်ယောက်ကို ပြောပါဆိုရင် လင်းတိုင်ရှုကိုပဲ လက်ညိုးထိုးရမှာပါ။ လင်းတိုင်ရှုက သူတို့နဲ့ အဆင့်တူ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ရုံမကလို့ သူတို့ထက်လည်း ပိုပြီး အားကောင်းပါတယ်။ ပြီးတော့ လင်းတိုင်ရှုဆိုတာ လက်ရှိ နတ်ဆိုးအရှင်သခင်ရဲ့ ဆရာပါ။

လင်းတိုင်ရှုပြီးရင်တော့ မန်ဝူရကို ဒုတိယ အစိုးရိမ်ဆုံးပါ။ မန်ဝူရက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ပဲ ဆိုပေမယ့် သူတို့ထဲက ဘယ်သူကမှ မန်ဝူရကို အပြည့်အဝ နားမလည် နိုင်ကြပါဘူး။ သူတို့မသိနားမလည်တဲ့ ရန်သူတစ်ယောက်ကို ကြောက်စိတ်ဝင်မိတာ သဘာဝပါပဲ။

နတ်ဆိုးအိုကြီးလား… သူက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဆိုပေမယ့် သူတို့ထဲက ဘယ်သူကမှ နတ်ဆိုးအိုကြီးကို မျက်လုံးထဲ မထည့်ပါဘူး။

သူတို့အဆင့် ကျင့်ကြံသူတစ်ယောက် လက်ဖျောက် တစ်ချက်နဲ့တင် သတ်ပစ်လိုက်လို့ ရပါတယ်။ ရန်လီတင်းရဲ့ လက်ဝါးချက်ကြောင့် သွေးနတ်ဆိုးရုပ်သေးရုပ် ပျက်စီး သွားတုန်းက နတ်ဆိုးအိုကြီးဘက်မှ ဘာမှ မတုန့်ပြန်ခဲ့တာ တစ်ချက်တည်းနဲ့တင် နတ်ဆိုးအိုကြီးက သူတိုပြိုင်ဘက် မဟုတ်မှန်း မြင်နိုင်ပါတယ်။

လေးထောင့်မျက်နှာနဲ့ လူကြီးရဲ့ လှောင်ပြောင် ထေ့ငေါ့စကားကို ကြားလိုက်တဲ့အခါ မန်ဝူရက ရယ်မောလိုက်ပြီး “မိစ္ဆာအိုကြီး၊ ဒီလူတွေက မင်းကို အထင်သေးနေတဲ့ပုံပဲ။ မင်းဘာမှ မပြောတော့ဘူးလား”

“အထင်သေးချင် သေးပါစေပေါ့။ သူတို့ရဲ့ လုပ်ပိုင်ခွင့်လေ။ ငါက သူတို့အထင်သေးတာ၊ မသေးတာကို ဘာလို့ လိုက်ဂရုစိုက်နေရမှာလဲ” နတ်ဆိုးအိုကြီးက ရှက်သွားသည့် အရိပ်အယောင် နည်းနည်းလေးတောင်မပြ၊ ထိုလူအိုကြီး ရှစ်ယောက်ကို နည်းနည်းလေးတောင် သောက်ဂရုမစိုက်သည့် အမူအရာဖြင့် မိစ္ဆာန်ဆန်သာ ပြုံးဖြီးလိုက်ပါတယ်။

“မင်းသည်းခံနိုင်တယ်ပေါ့” မန်ဝူရက မခို့တရို့ပြုံးရင်း နတ်ဆိုအိုကြီးကို ကြည့်လိုက်ကာ “မင်းရဲ့ ရက်စက်တဲ့ စရိုက်နဲ့ဆိုရင် ဒီလိုမသိနားမလည်၊ မမြင်တတ်တဲ့ ကလေးတွေကို သင်ခန်စားကောင်းကောင်း ပေးသင့်နေတာ မဟုတ်ဘူးလား”

“မင်းပြောတာမှန်တယ်။ သူတို့အားလုံးက မသိ နားမလည်တဲ့ ကောင်စုတ်လေးတွေပဲ။ ဒါပေမယ့် ဒီလူအိုကြီးက ငါ့အဆင့်ကို သူတို့အဆင့်ထိ ဘာလို့ လိုက်နှိမ့်ချနေရမှာလဲ” နတ်ဆိုးအိုကြီးက ပြန်ပြီး ထေ့ငေါ့ လိုက်တယ်။ နှစ်ယောက်စလုံး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်ကို မသိကျေးကျွံပြုထားပြီး အပြန်အလှန် ငြင်းခုံနေခဲ့ကြတယ်။

ထိုနှစ်ယောက်ကို ကြည့်လိုက်၊ လူအိုကြီးရှစ်ယောက်ကို ကြည့်လိုက်နဲ့ အကုန်လုံး ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။

သူတို့ ပြောနေတဲ့ပုံအရ၊ ထိုမိစ္ဆာအိုကြီးက စီနီယာဖြစ်ပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အကြီးအကဲချုပ်(၈)ယောက်ကတော့ အတွေ့အကြုံမရင့်ကျက်သေးတဲ့ ဂျူနီယာလေးတွေပေါ့။

သူ့မှာအဲ့လို ပြောဖို့ တကယ်ပဲ အရည်အချင်း ရှိနေတာလား။

အားလုံးက ခေါင်းစားနေတုန်းမှာပဲ နတ်ဆိုးအိုကြီးရဲ့ မျက်နှာက ရုတ်တရက် တည်ကြည်သွားခဲ့ပြီး တည်တည် ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ဒီလူအိုကြီးက မင်တို့အဆင့်ထိ ငါ့ကိုယ်ငါ မနှိမ့်ချချင်ပေမယ့်၊ ငါက ဆက်ပြီး ငြိမ်ခံပေးလိုက်မယ် ဆိုရင် မင်းတို့တွေက ငါ့ခေါင်းပေါ် ချီးတက်ယိုတော့မှာ။ ဒီနည်းလမ်းက အရမ်းကို လက်ဝင်လို့ ဒီလူအိုကြီးက ဒီနည်းလမ်းကို မသုံချင်ပေမယ့် မင်းတို့က တောင်းဆိုလာမှတော့ ငါလည်း သုံးပေးရတော့မှာပေါ့”

ပြောပြီးတာနဲ့ နတ်ဆိုးအိုကြီးဆီကနေ ထွက်ပေါ်နေတဲ့ လှိုင်းလုံးပမာ အစစ်အမှန်ချီတွေက ရုတ်တရက် ငြိမ်ကျ သွားခဲ့တယ်။

“နတ်ဆိုးတစ္ဆေသူတော်စင်ပညာရပ်” ကောင်းကင်နဲ့ မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားသယောင် ထင်မှတ်တဲ့ ဟိန်းသံတစ်သံ နတ်ဆိုးအိုကြီး ပါးစပ်မှ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဘေးပတ်ဝန်းကျင့်ရှိ မိုးမြေစွမ်းအင်တွေ အကုန်လုံး ပရမ်းပတာ ဖြစ်သွားခဲ့တယ်။

တစ်ပြိုင်တည်းဆိုသလို သူတို့ကိုယ်ထဲမှာ ရှိနေတဲ့ သွေးတွေအကုန်လုံးကို တစ်ခုခုက နတ်ဆိုးအိုကြီးဆီ အတင်းအကြပ် ဆွဲခေါ်နေသလို အားလုံး ခံစားလိုက်ရတယ်။ သူတို့ကိုယ်ထဲရှိ‌ သွေးတွေအကုန်လုံးက ပေါက်ကွဲထွက်ပြီး သူတို့ဆီမှ နတ်ဆိုးအိုကြီးဆီ သွားချင်နေတဲ့ပုံပါပဲ။

ထိုထူးဆန်းတဲ့ စုပ်အားကြောင့် အဆင့်နိမ့် ကျင့်ကြံသူတွေရဲ့ အသားအရေတွေ နီရဲလာခဲ့ပြီး သူတို့ရဲ့ ဒွါရပေါက်ခုနှစ်ခုက သွေးတွေ တသွင်သွင် စီးထွက်လာခဲ့တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်နေတဲ့ လူတွေတောင် ထိုစုပ်အားကို ခုခံနိုင်ဖို့ရာ သူတို့ရဲ့ ကျင့်စဉ်တွေကို အသည်းအသန် လှည့်ပတ်လိုက်ရပါတယ်။

အခုလိုဖြစ်အောင် နတ်ဆိုးအိုကြီး ဘယ်လိုနည်းလမ်းကို သုံးလိုက်မှန်း ဘယ်သူမှ မသိတဲ့အတွက် အကုန်လုံးရဲ့ အမူအရာ လေးနက်တည်ကြည် သွားခဲ့တယ်။

ရွှစ်… ရွှစ်… ရွှစ်…

အရပ်မျက်နှာ အနှံ့မှ သွေးနီရောင်အလင်းတန်းတွေ နတ်ဆိုးအိုကြီးရဲ့ ခန္ဓာကိုယ်ထဲ တိုးဝင်သွားခဲ့တယ်။

ထိုအလင်းတန်းတွေ အကုန်လုံးက သေဆုံးသွားခဲ့တဲ့ ကျင့်ကြံသူတွေဆီကနေ သွေးတွေနဲ့ ဖွဲ့စည်းထားခဲ့တာပါ။ မိသားစုကြီး (၇)ခုဘက်မှ သေသွားတဲ့ ကျင့်ကြံသူတွေ ဖြစ်စေ၊ ရန်ကိုင်ဘက်မှ သေဆုံးသွားတဲ့ ကျင့်ကြံသူတွေ ဖြစ်စေ၊ သူတို့ရဲ့ အလောင်းတွေအကုန်လုံး ညိုးရော် ခြောက်သွေ့သွားခဲ့ပါတယ်။

မြေကြီးထဲစိမ့်ဝင်သွားတဲ့ သွေးတွေတောင် နတ်ဆိုးအိုကြီးရဲ့ ခန္ဓာကိုယ်ထဲ ဆွဲယူခံလိုက်ရပါတယ်။

သွေးတွေအားလုံးကို စုပ်ယူပြီးတာနဲ့ နတ်ဆိုးအိုကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရဲရဲနီမြန်းသွားခဲ့တယ်။

ရုတ်တရက် ရန်မိသားစု သွေးစစ်သည်တော်တွေ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးလိုက်တဲ့အခါ ပေါက်ကွဲထွက်လာတဲ့ သွေးစွမ်းအားထက် ပိုပြီးများပြား ပြင်းထန်တဲ့ သွေးစွမ်းအားတို့ နတ်ဆိုးအိုကြီးရဲ့ ကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့တယ်။

ပိုင်ရှင်မဲ့နေတဲ့ မီတာတစ်ထောင်အတွင်းမှာ ရှိနေတဲ့ အလောင်းတွေဆီမှ သွေးတွေကို စုပ်ယူပြီးနောက် ထိုစုပ်အားကြီး ရပ်တန့်သွားခဲ့တယ်။

ထိုအချိန်အတောအတွင်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက် ရှိနေတဲ့ကျင့်ကြံသူတွေ အားလုံးရဲ့ ခန္ဓာကိုယ်မှ သွေးတွေယိုစီးကျလာခဲ့ရတယ်။ ရန်ကိုင်ရဲ့ မဟာမိတ်တွေတောင် ပါပါတယ်။

ဒါပေမယ့် ဘယ်သူ့မှ အသက်အန္တရာယ် မရှိခဲ့ပါဘူး။ နတ်ဆိုးအိုကြီးက ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ခဲ့တဲ့အတွက် ဘယ်သူမှ သေဆုံးခြင်း မရှိခဲ့ပါဘူး။

ထိုအချိန်၌ နတ်ဆိုးအိုကြီးဆီမှ မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေနိုင်တဲ့ စွမ်းအင်လှိုင်တို့ ဖြာထွက်လာခဲ့တယ်။

အားကောင်းလှသည့် ဖိအားစက်ကွင်းတစ်ခုက နတ်ဆိုးအိုကြီးကို ဗဟိုပြုကာ ပတ်ပတ်အနှံ့သို့ ပြန့်သွားခဲ့တယ်။

သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါလည်း အရင်ကထက် အဆများစွာ ပိုပြီးအားကောင်းလာခဲ့တယ်။ မကြာခင်မှာပဲ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်ဆင့်ကို ကျော်လွန်ကာ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ဆက်လက် မြင့်တက်နေခဲ့တယ်။

ထိုအခြင်းအရာကို ကြည့်ရင်း အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင်တွေ မျက်ခမ်းတဆတ်ဆတ် လှုပ်သွားခဲ့ရလေပြီ။ ထိတ်လန့် ကြောက်ရွံ့မှု လက်အေးကြီးက သူတို့ရဲ့ ဝိဥာဉ်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လာနေခဲ့တယ်။

တစ်ခဏကြာပြီး စွမ်းအင်လှိုင်းတွေ တည်ငြိမ် သွားခဲ့ပြီး နတ်ဆိုးအိုကြီးလည်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်တယ်။ မျက်ဝန်းတွေထဲ အားမည်ပါသည့် အလင်းတို့ ဖြတ်ပြေးသွားခဲ့ပြီး လက်ချောင်းတွေကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်ပြီး ကျေးကျေနပ်နပ်ဖြင့် ခေါင်းညိတ် နေခဲ့တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် (၈)ယောက် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ပြီး နတ်ဆိုးအိုကြီးကို စစ်ဆေးကြည့်လိုက်တာနဲ့ သူတို့တွေ အကုန်လုံး ကြက်သေသသွားခဲ့ရတယ်။

အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်

အခုအချိန်၌ နတ်ဆိုးအိုကြီးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

သူတို့ ဟန်ပန်အမူအရာကို မနည်းပြန်ထိန်းရပြီး မတွေမတွက်နိုင်တဲ့ မေးခွန်းမြောက်မြားစွာတို့ သူတို့စိတ်ထဲ ယှတ်ပြေးသွားခဲ့တယ်။ နတ်ဆိုးအိုကြီး သုံးလိုက်တဲ့ နတ်ဆိုးတစ္ဆေသူတော်စင်းနည်းစနစ်က ဘယ်လို သိုင်းပညာရပ်မျိုး ဖြစ်လောက်မလဲ။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို အချိန်တိုအတွင်း ဘာလို့ ချိုးဖျက် သွားနိုင်ခဲ့ရတာလဲ။

ရန်မိသားစုရဲ့ မဟာနည်းစနစ်ဖြစ်တဲ့‌ သွေးရူးသွပ်ခြင်း ပညာရပ်တောင် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ပါဘူး။

တဖုန်းနဲ့ ကျန်တဲ့သွေးစစ်သည်တော်တွေ သွေးရူးသွပ်ခြင်း ပညာရပ်ကို သုံးလိုက်ရင်တောင် သူတို့နဲ့ လက်ရည်အနည်းငယ်လောက်ပဲ ယှဉ်နိုင်တာပါ။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ တစ်ယောက်လောက်တော့ ဘယ်လိုမှ အားမကောင်း နိုင်ပါဘူး။

ဒါပေမယ့် နတ်ဆိုးတစ္ဆေသူတော်စင် နည်းစနစ်ကို အသုံးပြုပြီးနောက် နတ်ဆိုးအိုကြီးက သူတို့နဲ့အဆင်တူ ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အကြီးအကဲချုပ်(၈)ယောက်စလုံးရဲ့ အသက်ရှူသံတွေ မြန်ဆန်လာခဲ့ပြီး သူတို့ရဲ့ မျက်လုံးတွေလည်း နီရဲလာခဲ့တယ်။

ဒီလို ကောင်းကင်ကို အံတုနိုင်လောက်တဲ့ နည်းစနစ်ကိုသာ ရလိုက်ရင် သူတို့ရဲ့ မိသားစုခွန်အား ဘယ်လောက်တောင် တိုးတက်လာမှာလဲ။

မိသားစုကြီးရှစ်ခုမှာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်နည်းနည်းပဲ ရှိကြပါတယ်။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်ပညာရှင်တွေကတော့ အများကြီးပါ။ ဒီနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုက အချိန်တိုအတွင်းပဲ ဆိုရင်တောင် သေရေးရှင်ရေး အခြေအနေမျိုးမှာကျ ဒီနည်းစနစ်က အဓိကအကူအညီတစ်ခု ဖြစ်လာနိုင်ပါတယ်။

“ဒီလူအိုကြီးက မင်းတို့ရဲ့ လက်ရည်ဖလှယ်ဖို့ အရည်အချင်း ပြည့်သွားပြီလား” နတ်ဆိုးအိုကြီးက လှောင်ရယ်သံဖြင့် မေးလိုက်တယ်။ သို့ပေမယ့် လူအိုကြီး(၈)ယောက်ထဲ ဘယ်သူကမှ ပြန်မဖြေခဲ့ပါဘူး။

နတ်ဆိုးအိုကြီးကို လှောင်ပြောင်ပြောဆိုခဲ့တဲ့ လေးထောင့်မျက်စပ်စပ်နဲ့ လူအိုကြီးရဲ့ မျက်နှာဟာ ဆိုရင်တော့ အခြားသူလတွေထက်ကို ပိုပြီးအရုပ်ဆိုး မည်းမှောင်နေခဲ့ပါတယ်။

သူတို့နှစ်ယောက်က အဆင့်တူသွားပြီ ဖြစ်တဲ့အတွက် သူ့ဘက်က အထက်စီးဆန်ဆန်နဲ့ သွားပြောလို့ မရတော့ပါဘူး။

“နတ်ဆိုးတစ္ဆေသူတော်စင်နည်းစနစ်၊ မဆိုးဘူး” မန်ဝူရက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “အဲ့နည်းစနစ်နဲ့ မင်းသန့်စင်တဲ့ သွေးနတ်ဆိုးရုပ်သေးရုပ်က တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတာမလား”

နတ်ဆိုးအိုကြီးက မဲ့ပြုံးပြုံးရင်း ရယ်မောလိုက်ပြီး “ငါ့လျို့ဝှက်ချက်တွေကို လိုက်ပြီး ထုတ်ပြောပြမနေနဲ့လေ”

မန်ဝူရရဲ့ မြင်နိုင်စွမ်းက တကယ်ကို အထင်ကြီးစရာ ကောင်းလှပါတယ်။ အကြည့်တစ်ချက်နဲ့တင် နတ်ဆိုးတစ္ဆေသူတော်စင်နည်းစနစ်နဲ့ သွေးနတ်ဆိုး ရုပ်သေးရုပ်ကြားက ဆက်နွှယ်မျိုး တန်းသိသွားခဲ့ပါတယ်။

နတ်ဆိုးတစ္ဆေသူတော်စင် နည်းစနစ်က သွေးပမာဏ အများအပြားလိုအပ်ပါတယ်။ အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ ဆီကနေ ရတဲ့သွေးက နတ်ဆိုးအိုကြီးရဲ့ ခွန်အားကို ပိုပြီး မြှင့်တင်ပေးနိုင်ပါတယ်။

ဒါပေမယ့် သူကိုယ်တိုင်က အဲ့လောက်များတဲ့ သွေးပမာဏကို ဘယ်လိုလုပ်ပြီး ထုတ်ပေးနိုင်မှာလဲ။

သို့သော်ငြား သွေးနတ်ဆိုးရုပ်သေးရုပ်နဲ့ဆိုရင် ဒီပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ။ တကယ်တော့ သွေးနတ်ဆိုးရုပ်သေးရုပ်က အဓိကတာဝန်က သွေးတွေကို စုဆောင်းဖို့ပါ။ ရုပ်သေးရုပ်ရဲ့ တိုက်ပွဲစွမ်းရည်က ဒုတိယ လိုက်ပါတယ်။

လိုအပ်ရင် သွေးနတ်ဆိုးရုပ်သေးရုပ်ကို စတေးပြီး နတ်ဆိုးတစ္ဆေသူတော်စင် နည်းစနစ်ကို အသက်သွင်းလို့ ရပါတယ်။

“ခင်ဗျားတကယ်ကို ဖုံးထားတာပဲ” ရန်ကိုင်က နတ်ဆိုးအိုကြီးကို အံ့အားသင့်တကြီးနဲ့ ငေးကြည့်မိနေ လိုက်တယ်။ နတ်ဆိုးအိုကြီးနဲ့ မန်ဝူရတို့ နှစ်ယောက်ဟာ ပုံမှန်မဟုတ်ကြောင်း သိထားပေမယ့်လို့ ထိုနှစ်ယောက်ကို အထင်သေးမိနေဆဲဖြစ်မှန်း အခုမှပဲ သူနားလည် သဘောပေါက်သွားခဲ့တယ်။

“ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ သခင်လေး။ အစေခံအိုကြီး ကိုယ်တိုင်က ဒီအကွက်ကို တစ်ခါမှ အသုံးမပြုဖူးတာ ဖြစ်တဲ့အတွက် တစ်ခါမှ ထုတ်မပြခဲ့တာပါ” နတ်ဆိုးအိုကြီးက ပြန်ပြောလိုက်တယ်။

ရန်ကိုင်လည်း အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ထိုအကြောင်း ဆက်မမေးတော့ပါဘူး။ အခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို စပ်လိုစပ်စု လုပ်တတ်တဲ့အကျင့်မျိုး သူ့မှာ မရှိပါဘူး။ ပြောပြီးတာနဲ့ နတ်ဆိုးအိုကြီးက မန်ဝရဘက် လှည့်လိုက်ပြီး “လူအိုကြီး၊ မင်းအလှည်ပဲ။ ဒီလူအိုကြီးနဲ့ ဂိုဏ်းခေါင်းဆောင်လင်းတို့ သက်သက်နဲ့ဆိုရင် လုံလောက်ဦးမှာ မဟုတ်သေးဘူး”

တကယ်တော့ တစ်ဖက်အဖွဲ့မှာ ရှစ်ယောက် ရှိနေခဲ့တာလေ။ အရေအတွက်က အရမ်းကို ကွာခြားနေတာပါ။

နတ်ဆိုးအိုကြီးနဲ့ လင်းတိုင်ရှုတို့ အားကောင်းတယ် ဆိုပေမယ့် သူတို့နှစ်ယောက် သက်သက်နဲ့ဆိုရင် ရန်သူတွေကို ပြန်ဆုတ်သွားအောင် လုပ်ဖို့ မလုံလောက် သေးပါဘူး။

မန်ဝူရက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ ရိုးရိုး ရှင်းရှင်းလေးပဲ အော်ဟစ်လိုက်တယ် “ပြေလျော့သွားလိုက်စမ်း”

ခရက်…

မန်ဝူရကိုယ်တွင်းမှ ရက်စက်တဲ့ မြွေတစ်ကောင်ပမာ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ချုပ်နှောင်ထားသည့် ချိန်းကြိုး ပုံစံကွက် တစ်ခုထွက်ပေါ်လာခဲ့ပြီး ‘ခရက်’ဆိုတဲ့ မြည်သံနှင့်အတူ အလင်းမှုန်လေးတွေအဖြစ် ပြောင်းလဲ သွားခဲ့တယ်။

ခံ့ညားထယ်ဝါ၊ ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါ၊ ဖိအားတို့ မန်ဝူရကိုယ်မှ ပေါက်ကွဲ ထွက်လာခဲ့ပြီး မိုးမြေတစ်ခွင်ကို တုန်ခါသွားစေခဲ့တယ်။

မန်ဝူရဲ့ အမူအရာ၊ အသွင်အပြင် စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့၊ ဒါပေမယ့် အရင်ကနဲစာရင် သူ့အရှိန်အဝါက လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်

စကားတစ်ခွန်းနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ဖြစ်သွားခဲ့ပါတယ်။

သူအသုံးပြုလိုက်တဲ့ နည်းလမ်းက နတ်ဆိုးအိုကြီး အသုံးပြုလိုက်တဲ့ နည်းလမ်းနဲ့ လုံးဝကို ကွာခြားပါတယ်။

နတ်ဆိုးအိုကြီးက တားမြစ်နည်းစနစ်တစ်ခုရဲ့ အကူအညီဖြင့် ဘေးပတ်ဝန်ကျင်မှ သွေးပမာများစွာကို စုစည်းပြီး သူ့ခွန်အားကို မြှင့်တင်ခဲ့တာပါ။

ဒါပေမယ့် မန်ဝူရတော့ သူ့ကိုယ်ထဲမှာရှိနေတဲ့ အချုပ်အနှောင်တစ်ခုခုကို ဖြေလိုက်တဲ့ပုံပါပဲ။

ဒီတစ်ချက်နဲ့တင် မန်ဝူရဆိုတာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ဆိုတာကို သိသာမြင်သာနေပါပြီ။ ဒါပေမယ့် အကြောင်းပြချက် အချို့ကြောင့် သူ့ခွန်အား တစ်ချို့တစ်ဝက်က ချိတ်ပိတ်ထားခြင်း ခံရပါတယ်။

မန်ဝူရို မော့ကြည့်လိုက်တဲ့အခိုက် ပညာရှင်(၈)ယောက် စလုံးရဲ့ အမူအရာ ပိုပြီး‌လေးနက်တည်ကြည် သွားခဲ့တယ်။

မန်ဝူရနဲ့ ပိုပြီးထိတွေ့ဆက်ဆံ မိလာလေ၊ သူ့အကြောင်း ပိုမသိလာလေပါပဲ။ မန်ဝူရနဲ့ ဆက်စပ်တဲ့ အကြောင်း မှန်သမျှဟာ သူတို့နားလည်နိုင်တဲ့ တစ်ဖက်ကမ်းကို ကျော်လွန်နေပါတယ်။

အခုအချိန်၌ မန်ဝူရဆီကရတဲ့ ဖိအားက အကြီးမားဆုံး ပါပဲ။ သူ့နောက်မှာတော့ နတ်ဆိုးအိုကြီးက ရှိနေခဲ့ပြီး အားအကောင်းဆုံးလို့ ထင်မှတ်ထားရတဲ့ လင်းတိုင်ရှုက တတိယနေရာ ရောက်နေခဲ့ပါတယ်။

အခြေအနေက သူတို့ မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့ပါပြီ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၈)ယောက်ရဲ့ မျက်နှာ အမူအရာတွေဟာ ဆိုရင်ဖြင့် တစ်မျိုးတစ်ဖုံး ကိုးယိုးကားယား ဖြစ်နေလို့ပါ။ သူတို့ လူလုံးထွက်ပြ လိုက်ရုံနဲ့တင် ပြဿနာတွေကို ဖြေရှင်းလိုက်နိုင်မယ်လို့ ထင်မှတ်ထားခဲ့တာပါ။ အခုတော့ သူတို့ အကြီးကြီး လွဲသွားခဲ့လေပြီ။

ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်နေစဉ်က လင်းတိုင်ရှုနဲ့ မန်ဝူရတို့ ထွက်ပေါ်လာတဲ့အခါ သူတို့မျက်နှာထက် ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှမပြခဲ့တာ ဘာကြောင့်မှန်း အခုမှပဲ သူတို့ နားလည်သွားပါတော့တယ်။

ထိုနေ့တုန်းကသာ တိုက်ပွဲဖြစ်ခဲ့ရင် စစ်ပွဲမြို့တော် တစ်ခုလုံး အပျက်အစီးပုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ ရမှာပါ။

ဒီနေ့ညတိုက်ပွဲက မမြင်နိုင်တဲ့ အလှည့်အပြောင်း များစွာဖြင့် ပြည့်နှက်နေခဲ့ရာ တကယ်ကို ရင်ဖို၊ စိတ်ရှုပ်၊ စိတ်လှုပ်ရှားဖွယ် ကောင်းလှပါတယ်။

နတ်ဆိုးအိုကြီးနဲ့ မန်ဝူရတို့ နှစ်ယောက်စလုံး ရှေ့တက်လာခဲ့ကြပြီး သူတို့ရဲ့ ကောင်းကင်အံတုဖွယ် နည်းလမ်းတွေကို သုံးကာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်ပြသွားခဲ့ပါတယ်။ ဒီလို ရင်သက်ရှူမောဖွယ်ရာ စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းက သာမန်လူတွေ မြင်နိုင်တဲ့ မြင်ကွင်းမျိုး မဟုတ်ပါဘူး။ လူတော်တော်များများရဲ့စိတ်ထဲ ‘ငါဒီညသေရရင်တောင် သေပျော်သွားပြီ’ဆိုပြီးလို့တောင် တွေးနေခဲ့ကြပါတယ်။ သူတို့စိတ်ထဲ ထပ်မံဖြစ်ပေါ်လာမယ့် (၃)ယောက် (၈)ယောက်ကြားက တိုက်ပွဲကို ရင်တလှပ်လှပ်နဲ့ မျှော်လင့် စောင့်စားလို့ နေခဲ့တယ်။

All Chapters