အခန်း (၅၅၁-၅၅၅)
Vol. 23 Ch. 551-555
အပိုင်း(၅၅၁) (၃)ယောက်နှင့် (၈)ယောက်တိုက်ပွဲ
ယခုအချိန်ဝယ် စစ်ပွဲမြို့တော်လေးထဲ ထိပ်သီးပညာရှင်တွေ ဖြစ်ကြသည့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များစွာ စုဝေး နေခဲ့ကြပါသည်။ အခြေအနေတွေက ပြန်လည်ပြင်ဆင်လို့ မရသည်အထိ ကြီးထွားလာခဲ့လေပြီ။
အဖြစ်အပျက်များဟာ သည်အတိုင်းအတာထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့် မည်သည့်ဘက်က အလွယ်တကူ နောက်ပြန်ဆုတ်လို့ မဖြစ်တော့ချေ။ နှစ်ဖက်စလုံးဟာ သူတို့၏ အားအကောင်းဆုံးလူတွေကို ထုတ်ပြလာခဲ့ပြီ ဖြစ်ကာ အရင်ပြန်ဆုတ်သည့် မည်သည့်ဘက်မဆို ကြောက်ရွံ့ပြီး အားနည်းပါတယ်လို့ ဝန်ခံရာ ရောက်သွားပေလိမ့်မည်။
ရန်ကိုင်အား သတိထားနေဖို့ လင်းတိုင်ရှုက တိုးတိုးတိတ်တိတ်ဖြင့် သတိပေးလိုက်၏။
ရန်ကိုင်လည်း သူ့မဟာမိတ်များအား ပြန်ဆုတ်နေဖို့ တိတ်တဆိတ် အချက်ပြလိုက်ပါသည်။
တစ်ပြိုင်တည်း တစ်ချိန်တည်းမှာပဲ ရီရှင်းရို့သည်လည်း ရန်ကိုင်နဲ့ တူညီတဲ့ အမိန့်တွေကို ထုတ်ပြန်လိုက်၏။
အသက်ရှူရှိုက်စာ အချိန်အနည်းငယ် အတွင်းမှာပဲ လူသူများစွာ စုဝေးနေတဲ့ ကုန်းမြေကြီးထဲဝယ် လူသူ အနည်းငယ်သာ ကျန်ရှိတော့သည်။
ကောင်းကင်ထက် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၁၁)ယောက်ဟာ မျက်နှာချင်း ဆိုင်နေခဲ့သည်။ အောက်ဘက်၌ ရှိနေသည့် ရန်ကိုင်ဘက်နှင့် မိသားစုကြီး(၇)စုဘက်မှ ပညာရှင်တွေများဟာတော့ ပညာရှင်ကြီး(၁၁)ယောက်ဆီမှ မီတာ(၁၀၀၀)အကွာထိ ဆုတ်ခွါထားခဲ့ကြပသည်။ မီတာ(၁၀၀၀)မှာ တိုက်ပွဲ ကွင်းပြင်ရှိရာသို့ ရင်တမမ၊ စိုးရိမ်ပူပန်စွာဖြင့် လှမ်းကာ ငေးမောကြည့်ရှူ နေခဲ့ကြလေ၏။
“ငါတို့ တိုက်ကြတော့မလား” မန်ဝူရက တစ်ဖက်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၈)ယောက်ကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။
“အခုအတိုင်းအတာထိ ရောက်လာပြီ ဆိုမှတော့ အနည်းဆုံး လက်ရည်နည်းနည်းပါးလောက်တော့ ဖလှယ်ရမှာပေါ့” ပညာရှင်(၈)ယောက်ထဲ ခပ်ဝဝလူအိုကြီးက ပြောလိုက်သည်။ ဤလူအိုကြီးဟာ ရန်ကိုင်ကို မျက်မုန်းကျိုးခြင်း မရှိသည့်၊ အကောင်းမြင်သည့် တစ်ဦးတည်းသော လူလို့ပြောရင်တောင် မမှားနိုင်ရာ။ အခုလို နှစ်ဖက်အဖွဲ့ကြား အချင်းများမှာကို မလိုလားတဲ့ သူဆိုလည်း ဟုတ်မှန်၏။ သို့သော်ငြား သူ့ခြံဝန်းကို မီးစွဲနေပြီ ဖြစ်သည့်အတွက် မလှုပ်ရှားလို့ မရတော့။
အကြီးအကဲချုပ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းနဲ့တင် မိသားစုကြီး(၈)ခုဘက်မှ ရပ်တည်ရမှာဖြစ်သည်။ ထို့အတွက် ကြောင့် ရန်ကိုင်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားလျှင်တောင် ရန်ကိုင်အတွက် သူလုပ်ပေးနိုင်သည့်အရာ မည်သည့်အရာမျှ ရှိမနေခဲ့ချေ။
“ငါတို့လည်း အတူတူပဲ” မန်ဝူရက ပြုံးရုံလေး ပြုံးလိုက်ပြီး “အကုန်လုံး တစ်ပြိုင်တည်း တိုက်ကြမလား။ တစ်ယောက်ချင်းစီ တိုက်ကြမှာလား။ စဉ်ဆက်မပြတ် တိုက်ကြမှာလား။ မင်းတို့ ဘယ်လိုတိုက်ချင်လဲ။ တိုက်ခိုက်ချင်တဲ့ပုံစံကို ရွေးသာရွေးလိုက်။ ငါတို့ဘက်က ဘယ်ပုံစံမဆို အဆင်ပြေတယ်”
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၈)ယောက်ထဲမှ အကြီးအကဲချုပ် တော်တော် များများ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ကြ၏။ သူတို့ရဲ့ အမူအရာတွေ ဆိုရင်လည်း မည်းမှောင်အကျည်းတန်း နေခဲ့လေသည်။
မန်ဝူရရဲ့ စကားအသွားအရ သူဟာ သူတို့(၈)ယောက် စလုံးကို မျက်လုံးထဲ မထည့်ကြောင်း ပြောနေသလို ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် သူတို့ထဲက တော်တော် များများ စိတ်မပျော်မရွှင် ဖြစ်သွားခဲ့ရတာ သဘာဝပင်။
ခပ်ဝဝနဲ့ လူအိုကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်ပြီး “ဒီက သခင်ကြီးရဲ့ တော်တော်လေး စကားထွားလှပါလား”
သူတို့အားလုံးဟာ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေ ဖြစ်သည့်အတွက်ကြောင့် သူတို့ရဲ့ အဆင့်အတန်းဟာ မြင့်မားလှသလို သူတို့တွေ တိုက်ခိုက် တာကိုလည်း မြင်ရခဲလှပေသည်။ ဒါပေမယ့် ထိုကဲ့သို့ ဆိုရင်တောင်မှ ယနေ့တိုက်ပွဲဟာ ရှောင်လွှဲဖို့ရာ မဖြစ်နိုင်တော့သည့်ပုံပင်။ သို့သော်ငြား၊ သူတို့သာ (၈)ယောက် (၃)ယောက် တိုက်ခိုက်လို့ သည်သတင်းသာ လူအများကြား ပြန့်နှံ့သွားခဲ့လျှင် သူတို့၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ပေသည်။
အဖွဲ့လိုက်တိုက်ပွဲက မဖြစ်နိုင်သည့်အတွက်ကြောင့် အပြန်အလှန်စိန်ခေါ်ခြင်းနှင့် တရစပ် တိုက်ခိုက်ခြင်းကိုပဲ ရွေးချယ်ရပေတော့မည်။ တစ်ယောက်ချင်းသာ ယှဉ်တိုက်မည်ဆိုလျှင် ထိုသုံးယောက်ကို အနိုင်ယူနိုင်မယ်လို့ သူတို့ထဲက မည်သူကမှ ယုံကြည်ချက် မရှိ၊ ထို့ကြောင့် ရွေးချယ်တစ်ခု တစ်ခုပဲ ရှိပေတော့သည်။
သို့ပေမယ့် လူအိုကြီး ရှစ်ယောက်စလုံးသည်လည်း အရူးတွေ မဟုတ်ကြသည် ဖြစ်ရာ မန်ဝူရ မေးခွန်းအား ပြန်ဖြေကြမှာ မဟုတ်၊ ပြန်ဖြေလိုက်ရင် သူတို့ နိမ့်ကျသည်ကို ဝန်ခံရာ ရောက်သွားပေလိမ့်မည်။
ရန်လီတင်းက ရှေ့တက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ် ပြောဆိုလိုက်သည် “ဂိုဏ်းချုပ်လင်း၊ မင်းနဲ့ ငါ့ရန်မိသားစုကြားမှာ ရန်ငြိုးကြီးကြီး ရှိတယ်မလား။ ငါတို့ ရန်မိသားစုရဲ့ မျိုးဆက်နှစ်ဆက် တိုင်တိုင်က မင်းဂိုဏ်းမှာ လေ့ကျင့်လာခဲ့တာလေ။ ငါတို့ကြားမှာ ရန်ငြိုးတွေ ရှိနေမှတော့ ဒီနေ့ ဒီရန်က ဂိုဏ်းချုပ်လင်းနဲ့ လက်ရည် ဖလှယ်ရတာပေါ့”
လင်းတိုင်ရှုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြုံးပြ လိုက်ပြီး “ကောင်းပြီလေ။ ကျုပ်လည်း အဆင့်ချိုးဖျက် သွားကတည်းက အဆင့်တူတစ်ယောက်နဲ့ တစ်ခါမှ မတိုက်ခိုက်ရသေးဘူး။ ညီအစ်ကိုရန်ဘက်က ညှာတာပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ်”
“ကျေးဇူးပြုပြီး”
ပြောပြီးတာနဲ့ လင်းတိုင်ရှုနှင့် ရန်လီတင်းတို့ ကောင်းကင်ပေါ်သို့ တစ်ပြိုင်တည်း ပျံတက်သွားခဲ့ကြပြီး တစ်ခဏအတွင်းမှာပဲ အားလုံးရဲ့ မြင်ကွင်းဆီမှာ ပျောက်ကွယ် သွားခဲ့ကြ၏။ ခဏကြာပြီးနောက်၊ မီတာထောင်ပေါင်းများစွာ အကွာမှ တလက်လက် တောက်ပသည့် အလင်းရောင်တို့ဖြင့်အတူ ပြင်းစွာသော စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့လေသည်။
ဤကား အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်နှစ်ယောက် တိုက်ခိုက်ရာမှာ ဖြစ်ပေါ်လာခဲ့သည် ဖြစ်ကာ ယခုနေရာ၌ရှိနေသော လူတော်တော်များများ ဒီထက် ပိုမကြည့်နိုင်ကြတော့ချေ။
“နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ညီအစ်ကိုရန်က စိတ်မြန်၊ လက်မြန် ဖြစ်နေတုန်းပဲ” ခပ်ဝဝနဲ့ လူအိုကြီးက မဲ့ပြုံးပြုံးကာ မန်ဝူရဆီ လှမ်းကြည့်လိုက်ပြီး ပြောလိုက် လေသည် “ညီအစ်ကိုမန်၊ ငါတို့လည်း သွားကြတာပေါ့”
ပြောပြီးတာနဲ့ သူ့ပုံရိပ်တစ်ချက် လက်သွားခဲ့ပြီး မိုးပြာရောင် အလင်းတန်းတစ်ခုဟာ ညအာယံထက်ဆီသို့ ပျံသန်းတက်သွားခဲ့လေ၏။
မန်ဝူရလည်း သူ့နောက်ကနေ လိုက်ပါသွားခဲ့သည်။
“နတ်ဆိုးအိုကြီး၊ ဒီလူအိုကြီးက မင်းကို အဖော်ပြုပေးမယ်” နောက်တစ်ယောက်က ရှေ့ထွက်လာပြီး နတ်ဆိုးအိုကြီးကို ပြောလိုက်သည်။
သို့သော်ငြား နတ်ဆိုးအိုကြီးဟာတော့ ပြန်ပြီးတော့သာ လှောင်ပြောင်ပြောဆိုလိုက်၏ “ညီအစ်ကိုလင်းလည်း မရှိ၊ မန်ဝူရလည်း မရှိ၊ ငါပါ ထွက်သွားလိုက်မယ်ဆိုရင် သခင်လေးကို ဘယ်သူကာကွယ်ပေးမှာလဲ”
ထိုလူအိုကြီး ခဏတာလောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရပြီး ဒေါသကြီးနဲ့ ပြန်အော်ပြောလိုက်သည် “မင်းဘာပြောချင်တာလဲ။ မင်းတိုက်ခိုက်နေတုန်းက ငါတို့က ဂျူနီယာလေးတစ်ယောက်ကို မသိမသာ ချောင်းတိုက်မှာလို့ စောင်းပြောချင်နေတာလား”
“မင်းတို့ အဲ့လိုစီစဉ်နေတာ မဟုတ်လို့လား” နတ်ဆိုးအိုကြီး ထိုလူအိုကြီးကို ပြန်လည် လှောင်ပြောင် ပြောဆိုလိုက်ပြီး ရယ်မောလိုက်သည်။
လူအိုကြီးလည်း ဒေါသပုန်ထသွားခဲ့ပြီး အသံအကျယ်ကြီးနဲ့ ပြန်အော်ပြောလိုက်၏ “မင်းအဲ့လို ထင်နေတယ်ဆိုရင် ငါတို့ကို အရမ်းအထင်သေးလွန်းရာ ကျသွားပြီ။ ငါ့တို့ကိုယ်ငါတို့ နှိမ့်ချပြီး ဒီလောက် အရှက်မဲ့တဲ့ လုပ်ရပ်တစ်ခုကို လုပ်မှာမဟုတ်ဘူးကွ”
နတ်ဆိုးအိုကြီးက ရယ်ရယ်မောမောဖြင့် “မင်းတို့ တကယ်ဘာတွေးနေလဲ ဆိုတာကို ဘယ်သူသိလို့လဲ”
သူ့စိတ်ထဲ၌လည်း ဒီကနေ ခြေတစ်ဖဝါးတောင် မခွါဘူးလို့ သန္နိဠာန်ချလိုက်၏။
နတ်ဆိုးအိုကြီးက သူတို့စိန်ခေါ်သည်အား ငြင်းဆိုလာတော့ ထိုလူအိုကြီးရဲ့ မျက်နှာ ပြာနှမ်းသွားခဲ့၏။ ကျန်တဲ့ လူအိုကြီးရှစ်ယောက်စလုံးရဲ့ အမူရာလည်း မကောင်းတော့၊ သူတို့ဆီမှ အစစ်အမှန်ချီလှိုင်းတွေ တလှုပ်လှုပ်ဖြင့် လှုပ်ခတ်လာခဲ့နေလေပြီ။
“ကောင်းပြီလေ။ အားလုံးက ရိုးသားပြီး ဖြောင့်မတ် မှန်ကန်တဲ့ လူတွေဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်။ အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီး ငါ့သခင်လေးကို ထိခိုက်အောင်မလုပ်ဘူးလို့ ငါယုံကြည် ပေးလိုက်မယ်” နတ်ဆိုးအိုကြီးက လှောင်ရယ်သံ သဲ့သဲ့ဖြင့် ကျယ်နိုင်သမျှ ကျယ်အောင် အော်ပြောလိုက်သည်။
ထိုလူများ၏ အဆင့်အတန်းကြောင့် အောက်တန်းကျသည့် နည်းလမ်းတွေကို သုံးပြီး သခင်လေးကို ထိခိုက်အောင် လုပ်မှာမဟုတ်လောက်ပေမယ့် သေရေးရှင်ရေး အခြေအနေ ကြုံလာတဲ့အခါကျ လူတွေရဲ့ စိတ်က အရမ်းကို ခန့်မှန်းရ ခက်ခဲလှပေသည်။ ထို့အတွက်ကြောင့် သူ့ဘက်က ပိုပြီးသတိရှိနေတာ ပိုကောင်းပေလိမ့်မည်။
“သခင်လေး၊ ကျုပ်သွားနေတုန်း သတိထားဦနော်။ နည်းနည်းလေးတောင် သတိမလျော့ပေါ့လိုက်နဲ့နော်” နတ်ဆိုးအိုကြီးက တိုးတိုးလေး ပြောလိုက်ပြီးနောက် သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလျှက် ကောင်းကင်ထက် ပျံသန်းတက်သွားလျက် အော်ပြောလိုက်လေသည် “လာခဲ့၊ ဒီလူအိုကြီး မင်းကို စောင့်နေမယ်”
နတ်ဆိုးအိုကြီးကို စိန်ခေါ်ခဲ့သည့် လူအိုကြီးလည်း ချက်ချင်းဆိုသလို ကောင်းကင်ပေါ် ပျံသန်းတက်သွားခဲ့၏။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၆)ယောက်ဟာ ဝေဟင်ထက် တစ်ယောက်ချင်း ယှဉ်တိုက် နေခဲ့ကြလေပြီ။ အောက်မှာရှိနေသည့် လူတွေကတော့ လည်ပင်းတဆန့်ဆန့်လုပ်ရင်း အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေကြားက တိုက်ပွဲကို မြင်နိုင်ဖို့ရာ အသည်းအသန် ကြိုးစားနေခဲ့၏။ သူတို့၏ အမြင်အာရုံက သာမန်သေမျိုးတွေထက် ပိုပြီးအားကောင်းကြသော်ငြား မှုန်မှုန်ဝါးဝါးကိုပဲ လှမ်းမြင်နိုင်ခဲ့လေသည်။
ရန်ကိုင်တောင် တစ်စွန်းတစ်စလေးကိုပဲ လှမ်းမြင်ရ၏။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၆)ယောက်ရဲ့ လှုပ်ရှားမှုတွေထဲ ကောင်းကင်တာအိုအပေါ် သူတို့ရဲ့ ထိုးထွင်းနားမည်မှုတို့ ပါဝင်နေခဲ့ကြသည်။
တစ်စွန်းတစ်စလေးကိုတောင် ဖမ်းမိလိုက်နိုင်မည် ဆိုလျှင် သူတို့ရဲ့ ကျင့်ကြံခြင်းခရီးလမ်းကို တော်တော်လေး အကူအညီ ပေးစွမ်းနိုင်ပါလိမ့်မည်။
အားလုံးက မတ်တပ်ရပ်ရင်း တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်လေ့လာ နေခဲ့ကြလေ၏။ လေ့လာနေရင်း ထိုပညာရှင်တွေရဲ့ ဆန်းကြယ်သည့် လှုပ်ရှားကွက်ကို နားလည်နိုင်ဖို့ရာ ကျားကုတ်ကြားခဲ ကြိုးစားနေခဲ့သည်။
တိုက်ပွဲဟာ ပိုပိုပြီး ပြင်ထန်လာနေသည့်အတွက် တလက်လက် တောက်ပနေသည့် အလင်းရောင်တွေ ဟာလည်း ပိုပိုပြီး အရောင်မြိုင်လာခဲ့လေသည်။ မကြာခင်မှာပဲ ညကောင်းကင်ယံတစ်ခွင်လုံးကို တလက်လက် တောက်ပနေသည့် အလင်းရောင်တို့က လွှမ်းခြုံသွားခဲ့လေတော့သည်။
ဥာဏ်နည်းနည်းပိုကောင်းသည့် လူတွေဟာတော့ မတိုက်ခိုက်ရသေးသော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေဆီကို လှမ်းကြည်လိုက်သည်။ ပညာရှင်တွေ အမူအရာမကောင်းသည်အား မြင်လိုက်သည်နှင့် ကောင်းကင်ထက်က တိုက်ပွဲတွင် မိသားစုကြီး(၇)ခုမှ အကြီးအကဲချုပ်တွေ အသာရမနေမှန်း တန်းသိလိုက်၏။
ထိုတွေ့ရှိမှုက လူများစွာအား ထိတ်လန့် သွားစေခဲ့လေသည်။
စည်းတံဆိပ်တော် ဘုရားကျောင်းအတွင်း၌ ရှိနေသည့် အကြီးအကဲချုပ် ရှစ်ယောက်ဟာ ဒီလောကကြီးရဲ့ အားကောင်းဆုံး ကျင့်ကြံသူတွေထဲ အပါအဝင် ဖြစ်ကြသည်။ သို့သော်ငြား ရန်ကိုင်စံအိမ်မှ ပညာရှင်သုံးယောက်ကြောင့် ထိုပညာရှင်တွေမှာ ဖိနှိပ်ခံနေခဲ့ရပါသည်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်ဆိုတာ ဆန်းကြယ်မှုတွေနဲ့ ရစ်သိုင်းဖုံးလွှမ်းနေသည့် အဆင့်တစ်ခု ဖြစ်ပါသည်။ ထိုအဆင့်ဆီ မရောက်ပဲ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်နဲ့ နက်နဲဆန်းကြယ်မှုကို နားလည်နိုင်မှာ မဟုတ်ချေ။ ထိပ်တန်း ပညာရှင်တွေ ဖြစ်ကြသည့် တုဖုန်းလို လူမျိုးတောင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက်ဟာ မည်သည်ကိုဆိုလိုမှန်း နားမလည်ကြပေ။
ထို့ကြောင့် မိသားစုကြီးရှစ်ခုက အကြီးအကဲချုပ်တွေက ရန်ကိုင်စံအိမ်မှ ပညာရှင်သုံးယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံနေရကြောင်း သိလိုက်ရသည့် အချိန်၌ လူတိုင်း ထိတ်လန့် အံ့အားသင့်သွားခဲ့ကြသည်။
မန်ဝူရနဲ့ နတ်ဆိုးအိုကြီးက ထူးဆန်သော နည်းလမ်း တစ်ခုခုကို အသုံးပြုပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်ဆင့်ဆီ ချိုးဖျက်ဝင်ရောက်တာ ဖြစ်ပြီး လင်းတိုင်ရှု ဟာတော့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို လွန်ခဲ့သည့် တစ်နှစ်ကတည်းက ချိုးဖျက်ခဲ့တာ ဖြစ်ပေသည်။
ထိုအကြီးအကဲချုပ် တစ်ယောက်ချင်းစီဟာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို လွန်ခဲ့သော နှစ်ပေါင်း(၅၀) ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပေ၏။ ထိုကဲ့သို့ဆိုရင် သူတို့ နှစ်ပေါင်း(၅၀)ကျော် လေ့လာခဲ့ရ တာတွေက လွန်ခဲ့တဲ့ (၁)နှစ်လေးကမှ ချိုးဖျက်လာခဲ့တဲ့ လူတစ်ယောက်ရဲ့ ဆင်ခြင်နားလည်နိုင်မှုကိုတောင် မယှဉ်နိုင်ဘူးလို့ ဆိုလိုက်တာပဲ မဟုတ်ပါလား။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်၊ ထိုအဆင့်ဟာ မည်ကဲ့သို့အဆင့်မျိုးနည်း။
အားလုံးစိတ်ထဲ သိချင်စိတ်တို့ဖြင့် လှိုင်းထန်နေချိန် ကောင်းကင်ယံထက်မှ တိုက်ပွဲတစ်ပွဲဟာတော့ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့လေပြီ။
ခဏအကြာ၌ ပုံရိပ်နှစ်ခုက ကောင်းကင်ယံမှ အောက်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။ တစ်ယောက်က မန်ဝူရဖြစ်ပြီး နောက်တစ်ယောက်ဟာတော့ သူ့ပြိုင်ပဲ ဖြစ်ချေသည်။
မန်ဝူရ၏ လက်ရှိအမူအရာ တည်ငြိမ်နေသော်ငြား လူဝဝကြီးရဲ့ မျက်နှာဟာတော့ ပြာနှမ်းနေချေသည်။ ဆန္ဒမရှိသော်ငြား အလျင်စလို လက်သီးဆုပ်လိုက်ပြီး ဦးညွှတ်ကာ “အခုလို ညွှန်ကြားပြသပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်”
“အင်” မန်ဝူရ အသာအယာလေးသာ ခေါင်းပြန်ညိတ် ပြလိုက်၏။
တိုက်သာ တိုက်ခဲ့ကြတာ၊ နှစ်ယောက်စလုံး မည်သူမှ ဒဏ်ရာမရထားကြပါချေ။ ဆိုလိုလိုက်သည်က သူတို့ နှစ်ယောက်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့် ဆင်ခြင်နားလည် နိုင်စွမ်း ဖလှယ်ခဲ့တာ၊ ဒါမှမဟုတ် သူတို့ကြားက ကွာခြားချက်က အရမ်းကို ကြီးမားလွန်းနေတာပဲ ဖြစ်ရပေမည်။
ပထမတစ်ချက်က မဖြစ်နိုင်သည်မို့၊ ဒုတိယ တစ်ချက်သာ ရှိပေတော့သည်… နောက်ဆက်တွဲ ရလဒ်ကို မည်သူမှ ဆက်မတွေးရဲတော့ပေ။
ခဏအကြာ၌ လင်းတိုင်ရှုနှင့် ရန်လီတင်းတို့ ပြန်ဆင်း လာခဲ့၏။ နှစ်ယောက်စလုံးက အမောတကော အသက်ရှူနေရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့် နေခဲ့ကြသည်။
“ဂိုဏ်းချုပ်လင်းရဲ့ နည်းလမ်းတွေက တကယ်ကို နက်နဲလွန်းပါတယ်၊ ဒီရန် ရှုံးသွားခဲ့ပြီ” ပြောပြီးတာနဲ့ ရန်လီတင်းဟာ နောက်ပြန်ဆုတ်နေလိုက်၏။
လူအုပ်ကြီး မှင်သက်သွားခဲ့သည်။
မန်ဝူရ နိုင်သွားခဲ့၏။ လင်းတိုင်ရှုလည်း နိုင်သွားခဲ့၏။ မိသားစုကြီး(၈)ခုမှ ဘိုးဘေးအဆင့်ရှိသည့် ပုဂ္ဂိုလ်တွေက ရန်ကိုင် အင်အားစုဘက်မှ လူအိုကြီးနှစ်ယောက်ရဲ့ ပြိုင်ဘက် တကယ်ပဲ မဟုတ်တာလား။
နောက်ဆုံးတိုက်ပွဲကကော…
လူပေါင်းများစွာ လှမ်းမော့ကြည့်လိုက်တဲ့ အချိန်မှာပဲ တစ်စုံတစ်ခုက လေကို ထိုးခွင်းပြီး မြေပြင်ပေါ် အရှိန်ပြင်းပြင်းဖြင့် ကျဆင်းလာနေသည်ကို မြင်တွေ့လိုက်သည်။ ‘ဘုန်း’ ဆိုသည့် မြည်သံကြီးနှင့်အတူ တွင်းပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီး ဖုန်တွေအလုံးလုံး ထသွားခဲ့လေ၏။
ဖုန်ရှင်းသွားသည့်အခါ ဖြစ်ပေါ်လာသော ချိုင်းထဲမှလူအား ချောင်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံးမှာ ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည်။
ဘာကြောင့်လဲဆိုတော့ နတ်ဆိုးအိုကြီးကို စိန်ခေါ်ခဲ့သည့် လူအိုကြီးဟာ တွင်းပေါက်ဆီမှ ကုန်းထလာနေသည်ကို သူတို့ မြင်တွေ့လိုက်ရတာကြောင့် ဖြစ်၏။ လူအိုကြီးရဲ့ မျက်နှာဟာ အရမ်းကို အရုပ်ဆိုးနေခဲ့ပြီး သူ့အသာအရေက ဖြူလျော်နေခဲ့ကာ သူ့ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျ နေခဲ့ပါသည်။
နတ်ဆိုးအိုကြီး မြေကြီးပေါ် ပြန်ဆင်းလာခဲ့သည်။ ထိုလူကြီးထက် မီတာဒါဇင်ကျော်အမြင့်၌ ရပ်လိုက်ပြီး သူ့ပြိုင်ဘက်ကို ငုံကြည့်လိုက်ကာ ထေ့ငေါ့ပြောလိုက်၏ “တောင်းပန်ပါတယ်ကွာ။ ဒီလူကြီးက ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပဲ ဆိုတော့ ငါ့ခွန်အားကို ဂိုဏ်းချုပ်လင်းနဲ့ မန်ဝူရတို့လို ကောင်းကောင်း မထိန်းချုပ်လိုက်နိုင်ဘူး”
ထိုလူအိုကြီးက ခေါင်းမော့ကာ နတ်ဆိုးအိုကြီးကို စိုက်ကြည့်လိုက်ပေမယ့် စကားတစ်ခွန်းမှ ပြန်ပြောခြင်း မပြုခဲ့ချေ။ လူအုပ်ကြီးထဲကနေ ခွဲထွက်သွားလိုက်ပြီး ထိုင်ချလိုက်ကာ သူ့ဒဏ်ရာကို ပြန်လည် ကုစားနေလိုက်၏။ ခဏကြာပြီးနောက် ပါးစပ်ဟကာ နီနက်ရောင် လေတွေကို ရှူထုတ်လိုက်သည်။
သူရှူထုတ်လိုက်သည့် လေတွေထဲ ထူးဆန်းသည့် မိစ္ဆာအရှိန်အဝါတို့ ပါဝင်နေခဲ့ကာ နတ်ဆိုးအိုကြီးရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကိုယ်ထဲ ကျန်ရစ်ခဲ့သော မိစ္ဆာစွမ်းအင် အကြွင်းအကျန်တွေပဲ ဖြစ်ချေရပေမည်။
သုံးတိုက်ပွဲတိုက်၊ သုံးပွဲရှုံး။ ရလဒ်ကတော့ လုံးဝကို အထင်ကြီးစရာ ကောင်းလှပေသည်။
လူအုပ်ကြီး ကြောင်သွားခဲ့သည်၊ အားလုံးက မယုံကြည်နိုင်စွာဖြင့် ပညာရှင်တွေကို ငေးကြည့်နေခဲ့၏။ မိသားစုကြီး(၈)ခုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေက သည်လောက်တောင် အားနည်းတာလား။
သူတို့တွေက သိုင်းတာအိုရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေကြသည့် လူတွေ မဟုတ်ချေဘူးလား။
“မင်းတို့ မျက်နှာတွေကို ကြည့်ရသလောက်တော့ သိပ်ပြီး မကျေနပ်ကြသေးတဲ့ပုံပဲ။ ကောင်းပြီလေ။ တစ်ပွဲတစ်လမ်း ထပ်နွှဲကြတာပေါ့။ ဒီကိစ္စကို ဒီနေ့ ဒီမှာပဲ အပြတ်ရှင်းကြတာပေါ့” နတ်ဆိုးအိုကြီးက မကောင်းဆိုးဝါး ဆန်ဆန်ပြုံးလျက် ပြန်ပြောလိုက်သည်။
နတ်ဆိုးအိုကြီးက ထိုပညာရှင်တွေကို ရန်စနေပုံ ရသည်။ သို့ပေမယ့် မိသားစုကြီး(၈)ခုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် လုံးဝ မရှုံးနိမ့်သေးပဲ ပြန်ဆုတ်မှာ မဟုတ်မှန်း အကုန်လုံး သိထားကြ၏။
သုံးယောက် ရှုံးသွားခဲ့တယ် ဆိုရင်တောင်မှ နောက်ထပ် ငါးယောက် ကျန်နေပါသေးသည်။ အားလုံးက ဒီအချက်ကို နားလည်ထားကြ၏။
နတ်ဆိုးအိုကြီးရဲ့ စကားကို တုန့်ပြန်သည့်အလား နောက်ထပ် လူသုံးယောက် ရှေ့ထွက်လာခဲ့လေသည်။
လင်းတိုင်ရှုက သက်ပြင်းချလိုက်ပြီး မန်ဝူရဟာတော့ ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းခါရမ်းလိုက်၏။ ပြီးတာနဲ့ နှစ်ယောက်စလုံး ကောင်းကင်ပေါ် ပျံတက်သွားလိုက် လေသည်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၆)ယောက်မှာ ပြင်းထန်သည့် တိုက်ပွဲ နောက်တစ်ကြိမ် ထပ်မံစတင် လာခဲ့ပြန်လေသည်။ မိသားစုကြီး(၇)ခုမှ ပညာရှင်တွေဟာတော့ ‘အရှင်ဘုရား၊ ဒီတစ်ကြိမ် ကျုပ်တို့ဘက်က မရှုံးရအောင် ကူညီစောင်မပေးတော်မူပါဘုရား’ ဆိုပြီး စိတ်ထဲကနေ ကြိတ်ဆုတောင်းနေခဲ့ကြလေ၏။
စည်းတံဆိပ်တော် ဘုရားကျောင်းထဲဝယ် ရှိနေသည့် အကြီးအကဲချုပ် ရှစ်ယောက်ဆိုသည်မှာ ဒီလောကကြီးမှ သာမန်လူတွေရဲ့ ယုံကြည်ကိုးစားရာ ဖြစ်သည်။ သူတို့ အကုန်လုံးသာ သူတို့တစ်ဝက်တောင် မရှိသည့် လူတွေရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရမည်ဆိုလျှင် မိသားစုကြီး(၈)ခုရဲ့ ဂုဏ်သိက္ခာပျက်စီးသွားရနိုင်ပေသည်။
Martial Peak
အပိုင်း(၅၅၂) နွေဦးမိုးပေါက်
မိသားစုကြီး ခုနှစ်ခုမှ အင်မော်တယ်တက်လှမ်းခြင်း အဆင့် ပညာရှင်တွေဟာ မျက်တောင်မခတ်တမ်း တိုက်ပွဲကို စူးစမ်းလေ့လာ ကြည့်နေခဲ့ကြ၏။
သွားမတိုက်ခိုက်ရသေးသည့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်နှစ်ယောက် ဟာလည်း တိုက်ပွဲအား သေသေချာချာ လေ့လာ ကြည့်နေခဲ့လေသည်။
“ညီအစ်ကိုဟော်၊ အဲ့မန်ဝူရက… ဘယ်လောက်တောင် အားကောင်းတာလဲ” လေးထောက်မျက်နှာနှင့် လူအိုကြီးက ခပ်ဝဝ လူအိုကြီးအား တိုးတိုးလေး မေးလိုက်သည်။ တိုက်ပွဲ တစ်ခုလုံးကို မြင်တွေ့ခဲ့ရသော်ငြား သူကိုယ်တိုင်က ဘေးကနေ ကြည်နေသည့်လူသာ ဖြစ်တဲ့အတွက် တကယ် တိုက်ခိုက်ခဲ့သော ခပ်ဝဝလူအိုကြီးလောက် မန်ဝူရ၏ ခွန်အားကောင်း မသိပေ။
ဟော်မိသားစုမှ ခပ်ဝဝလူအိုကြီးက သက်ပြင်း အရှည်ကြီး ချလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ “သူ့ခွန်အားနဲ့ ပက်သက်ပြီး ပြောရမယ်ဆိုရင်တော့ ‘ငါလုံးဝကို ဥာဏ်မမှီနိုင်ဘူး’လို့ပဲ ပြောရလိမ့်မယ်”
ခပ်ဝဝလူအိုကြီး ပြောသည်အား ကြားလိုက်သည့်အချိန် လေးထောင့်မျက်နှာနှင့် လူအိုကြီး လုံးဝကို အံ့အားသင့်သွား ခဲ့လေသည်။
ခပ်ဝဝနဲ့ လူအိုကြီးက ခေါင်းခါရမ်းလိုက်ပြီး ဆက်ပြောလိုက်တယ် “ငါ့ဂုဏ်သိက္ခာ မပျက်ရအောင် အဖြစ်အပျက်တွေကို ချဲ့ကားပြောဆိုနေတာ မဟုတ်ဘူး။ ငါအသက်ရှင်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်က နက်နဲတဲ့ သဘောတရားတွေကိုလည်း အချိန်အတော်ကြာအောင် လေလာခဲ့ပြီးသွားပြီ။ ဒါပေမယ့် သူ့လိုလူမျိုး ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ တစ်ယောက်ချင်းကို အသာထားလိုက်ဦး။ ငါတို့ ရှစ်ယောက်၊ တစ်ယောက်ပြီးတစ်ယောက် မနားတမ်း သူ့ကိုသွားတိုက်မယ် ဆိုရင်တောင် သူက ငါတို့ အားလုံးကို အနိုင်ယူနိုင်းဦးမှာ”
“ဘယ်လို” လေးထောင့်မျက်နှာနဲ့ လူအိုကြီး အလန့်တကြား ထအော်လိုက်ကာ သူ့မျက်နှာသည်လည်း ဖြူလျော်သွားခဲ့ရ၏။
မန်ဝူရက ရိုးရှင်းသည့် ပြိုင်ဘက်တစ်ယောက် မဟုတ်မှန်း သူသော်ငြား ခပ်ဝဝလူအိုကြီး၏ မန်ဝရအပေါ် အထင်အမြင်က မိုးထိမတတ် မြင့်မားလွန်နေခဲ့လေသည်။ သို့ပေမယ့် ခပ်ဝဝနဲ့ လူအိုကြီးက ယခုကဲ့သို့ ပြောရဲမှတော့၊ သူ့ပြောခဲ့သည့် အကြောင်းအရာနှင့် ပက်သက်ပြီး အပြည့်အဝ ယုံကြည်ချက် ရှိနေတာကြောင့်ပဲ ဖြစ်ရပေမည်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၈)ယောက်ဟာ အတူတူ ပေါင်းသင်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့်အတွက်ကြောင့် တစ်ယောက်စရိုက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားကြပေသည်။ ထို့ကြောင့် ဟော်မိသားစု အကြီးအကဲချုပ်က ချဲ့ကားပြောတတ်သည့် လူတစ်ယောက် မဟုတ်ကြောင်း သူအသိပင်။
“အဲ့မိစ္ဆာအရှင်သခင်ကလည်း ပုံမှန်မဟုတ်ဘူး…” နတ်ဆိုးအိုကြီးရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရသည့် ပညာရှင်က မျက်လုံးဖွင့်လာလိုက်ပြီး ခါးခါးသီးသီးဖြင့် ပြောလိုက်သည် “သူ့ခွန်အားက မန်ဝူရလောက် မဟုတ်ပေမယ့် တစ်ယောက်ချင်းဆိုရင် ငါတို့ထဲက ဘယ်သူမှ သူ့ကိုမနိုင်ဘူး”
ခပ်ဝဝနှင့်လူအိုကြီး၏ မျက်ဝန်းအစုံ မှေးကျဉ်း သွားခဲ့ပြီး “သန်မာရုံတင် မဟုတ်ဘူး။ ငါတို့ကြားက… တကယ့် အကြီးမားဆုံး ခြားနားချက်က… ငါတို့တွေက တစ်ဆင့်တည်းက မဟုတ်သလိုပဲ”
“မင်းဘာပြောချင်နေတာလဲ။ ငါတို့တွေက ဘာလို့ တစ်ဆင့်တည်း မဟုတ်ရမှာလဲ။ ငါတို့တွေက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေပဲ မဟုတ်ကြဘူးလား”
ခပ်ဝဝနဲ့ လူအိုကြီး မျက်မှောင်ကြုံ့လိုက်သည်။ မန်ဝူရဲနဲ့ယှဉ်ရင် မန်ဝူရ တိမ်ပေါ် ရပ်နေသည့်သူဖြစ်ကာ သူကတော့ အောက်ခြေမှ မော့ကြည့်နေရသည့် လူတစ်ယောက်လို့ ခံစားနေခဲ့ရသည်။
“လင်းတိုင်ရှုကတော့ သာမန်လောက်ပဲ” ရန်လီတင်းက ဝင်ပြောလိုက်သည် “လင်းတိုင်ရှုရဲ့ ကျင့်ကြံခြင်းက ငါတို့နဲ့ အတူတူပဲ။ ဒါပေမယ့် သူ့ရဲ့ တိုက်ကွက်တိုင်းမှာ မန်ဝူရဲ့ အရိပ်တွေ ပါဝင်နေတယ်။ ကောင်းကင်စံအိမ်မှာ နှစ်ပေါင်းများစွာကြာအောင် သိုင်းတာအိုကို အတူ ဆွေးနွေးလာခဲ့တော့ မန်ဝူရဆီကနေ တော်တော်များများ သင်ကြားလိုက်ရတာဖြစ်မယ်။ နှစ်ကြိမ်လောက်ပဲ သူတိုက်နိုင်လိမ့်မယ်။ နှစ်ကြိမ်ပြီးတာနဲ့ သူအားကုန်ပြီပဲ”
“နှစ်ကြိမ်လား” လေးထောင့်မျက်နှာစပ်စပ်နှင့် လူအိုကြီး၏ အမူအရာ အရုပ်ဆိုးသွားခဲ့ပြီး “ဆိုလိုတာက ရှစ်ကြိမ်စလုံး ငါတို့ရှုံးရတော့မှာပေါ့၊ ဟုတ်လား”
သူတို့ပြိုင်ဘက် အရေအတွက်က စုစုပေါင်း သုံးယောက် ရှိတာဖြစ်သည့်အတွက် လင်းတိုင်ရှု ဆက်မတိုက် နိုင်လျှင်တောင်မှ ကျန်သည့် နှစ်ယောက်သက်သက်နှင့်တင် သူတို့တွေကို အလွယ်လေး အနိုင်ယူနိုင်လေသည်။
‘တစ်ကြိမ်တောင် မနိုင်ရင်’ ထိုကဲ့သို့သာ ဖြစ်သွားခဲ့လျှင်တော့ အရမ်းကို ရယ်စာကောင်းနေတော့မှာ အမှန်ပင်။
ငါးယောက်စလုံးဟာ အလွန့်အလွန်ကို စိတ်ဓါတ်ကျ ကူကယ်ရာ မဲ့နေခဲ့ကြလေသည်။
ထိုလူတွေဟာ စည်းတံဆိပ်တော်ဘုရားကျောင်းထဲ၌ ထိုင်ပြီး မိသားစုကြီးရှစ်ခုရဲ့ အကြီးအကဲချုပ်ဆိုတဲ့ ဂုဏ်ပုဒ် ချီးမြှင့်ထားခြင်း ခံရထားရသည့် လူတွေဖြစ်ပါသည်။ သူတို့ အားလုံးဟာ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပြီး တစ်လောကလုံးမှ လူများ၏ လေးစားအားကျင်ခြင်း ခံရသည့် လူတွေလည်း ဖြစ်၏။ သူတို့ထက် ပိုအားကောင်းသည့် လူတွေ ရှိနေသေးသည်ကို သိသော်ငြား အရမ်းကြီး ကွဲပြားသွားမှာ မဟုတ်တာတော့ အသေအချာပင်။ ယနေ့ဝယ် ယခုအချိန်မှပဲ သူတို့တွေဟာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေကြောင်း နားလည် သွားခဲ့ကြလေသည်။
“ရေတွင်းထဲက ဖားသူငယ်တွေပဲ။ ရေတွင်းထဲကနေ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ငါတို့သာ အကုန်သိ၊ အကုန်တတ်လို့ ထင်နေခဲ့ကြတာ…” ရန်လီတင်း တိုးလျလျ လေသံဖြင့် ရေရွတ်လိုက်၏။ သူပြောလိုက်သည့် စကားထဲဝယ် လူအိုကြီးများ အားလုံးရဲ့ အတွေးတို့ ထင်ဟပ်နေလေသည်။
“ညီအစ်ကိုရီ၊ မန်ဝူရနဲ့ပဲတိုက်တိုက်၊ မိစ္ဆာအရှင်သခင် နဲ့ပဲ မင်းအရမ်းအရမ်းကို သတိထားသင့်တယ်။ မန်ဝူရက တော်သေးတယ်။ သူက နည်းနည်းပါးပါး လျှော့ပေါ့ ပေးသေးတယ်။ ဒါပေမယ့် ဟိုမိစ္ဆာအရှင်သခင်ဆိုတဲ့ လူကတော့ အသေကိုဗျင်းတာ၊ နည်းနည်းလေးတောင် ညှာတာမဟုတ်ဘူး” နတ်ဆိုးအိုကြီး၏ သင်ခန်းစာပေးခြင်း ခံလိုက်ရသည့် လူအိုကြီးက အလေးအနက်ဖြင့် သတိပေးစကား ပြောလိုက်သည် “မင်းလည်းအတူတူပဲ၊ ညီအစ်ကိုလျူ။ ဘာပဲဖြစ်ဖြစ်၊ သူ့နတ်ဆိုးချီနဲ့ ဒဏ်ရာ မရမိအောင် သေချာဂရုစိုက်… နတ်ဆိုးချီက ပြန်ဖြေဖို့ ခက်တယ်”
ပြောပြီးပြီးချင်းမှာပဲ ထိုလူအိုကြီး၏ အမူအရာ နောက်တစ်ကြိမ် ဖြူလျော်သွားခဲ့ပြန်ကာ အစစ်အမှန်ချီကို အလျင်အမြန် လှည့်ပတ်လိုက်ရ၏။ နတ်ဆိုးချီ တိုက်စား ခံရသည့် အခြေအနေမှ အပြည့်အဝ ပြန်သက်လာခြင်း မရှိသေးသည့် ပုံပင်။
ရီနဲ့လျူမိသားစုမှ အကြီးအကဲချုပ် နှစ်ယောက်လည်း တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရီမိသားစု အကြီးအကဲဟာ လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရုတ်တရက် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်၏။
ယခုအချိန်၌ ရန်ကိုင်ဟာ ကောင်းကင်ထက်မှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ခြောက်ယောက်ကြားမှ တိုက်ပွဲထဲ အာရုံမျှောနေခဲ့လေသည်။
ရုတ်တလက် သူ့စိတ်ထဲ တလှပ်လှပ် ဖြစ်သွားခဲ့၏။
သူ့ကျောပြင်တစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားမိလျှင်မိခြင်းပဲ သူ့ကိုယ်သူ ကပျာကယာ စစ်ဆေး ကြည့်လိုက်၏။ သို့ပေမယ့် ပုံမှန်မဟုတ်သည့်အရာ တစ်ခုတစ်လေကိုမှ မတွေ့ခဲ့ရချေ။
မျက်မှောင်ကြုံ့လိုက်ပြီး မိသားစုကြီး ရှစ်ခုမှ လူအိုကြီးများဆီ လှမ်းကြည့်လိုက်သည်။ လှမ်းကြည့် လိုက်သည့် အချိန်မှာပဲ လေးထောင့်စပ်စပ် မျက်နှာနှင့် လူအိုကြီးဖြင့် အကြည့်ဆိုက်သွားခဲ့သည်။
တစ်ဖက်လူက မထူးခြားနားဟန်ဖြင့် သူ့အား အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေခဲ့ပြီးနောက် အကြည့်လွှဲဖယ်သွားခဲ့၏။
“သခင်ငယ်လေး…” ရန်ကိုင် ရတက်မအေး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်နှင့် တန်ယုရှန်းက ချက်ချင်းပဲ မေးလိုက်သည် “ဘာဖြစ်တာလဲ”
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ငါစိတ်အထင်မှားတာပဲ နေမှာပါ”
“အင်း” ရန်ကိုင်နှင့် ပက်သက်ပြီး မည်သည်မှ မှားယွင်းနေခြင်း မရှိသည့်အတွက် တန်ယုရှန်လည်း မေးနေခြင်းအား ရပ်တန့်လိုက်၏။
မျက်လုံးမှေးစဉ်းလိုက်ပြီး လေးထောင့်စပ်စပ် မျက်နှာဖြင့် လူအိုကြီးအား တစ်ခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။ သူ့ကိုယ်နဲ့ ပက်သက်ပြီး မည်သည်မှ မှားယွင်းနေခြင်း မရှိသော်ငြား သူ့စိတ်ထဲ တလှပ်လှပ် ခံစားလိုက်ရသည် ကတော့ အစစ်အမှန်ပင်။
သားရဲတွေက ထက်ရှသည့် မသိစိတ်အာရုံအား ပိုင်ဆိုင်ထားသလို ကျင့်ကြံသူတွေလည်း ထက်ရှသည့် ဆဠမအာရုံကို ပိုင်ဆိုင်ထားပါသည်။ ကျင့်ကြံသူ တစ်ယောက်၏ ဆဠမအာရုံက သားရိုင်းတစ်ကောင်၏ မသိစိတ်အာရုံထက် ပိုပြီး အစွမ်းထက်ပေ၏။
လေးထောင့်မျက်နှာနှင့် လူအိုကြီးက သူ့အား တစ်ခုခု လုပ်ချင်နေသည် ဖြစ်ရင်ဖြစ် မဖြစ်ရင် လုပ်ပြီးသွားတာပဲ ဖြစ်ရပေမည်။ ထို့ကြောင့်ပဲ တစ်ခုခုကို သူအာရုံခံမိလိုက်တာ ဖြစ်နိုင်ပေသည်။
အခြေအနေတွေက မဟန်တော့တာကြောင့် ထိုလူအိုကြီးက နည်းလမ်းတစ်ခုခုရှာပြီး သူ့အား ပစ်မှတ်ထားဖို့ ကြိုးစားနေတာလား။ ရန်ကိုင် အမူအရာ သုန်မှုန်လာခဲ့ပြီး သူ့စိတ်ထဲ ကြိတ်ပြီး ကျိန်ဆဲလိုက်သည်။
နည်းနည်းလေးတောင် သတိမမူရဲတော့။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်သာ ပုန်းလျှိုးကွယ်လျှိုးဖြင့် သူ့အား တစ်ခုခုလုပ်ဖို့ ကြံရွယ်ခဲ့လျှင် မည်သည့်အရာကိုမှ သူသတိမပြုမိတာ သဘာဝပင်။
သက်ပြင်းလေး တစ်ချက်ရှိုက်လိုက်ပြီးနောက် ရန်ကိုင်က ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး သူ့ကိုယ်အနှံ့ အသေအချာ စစ်ဆေးကြည့်လိုက်သည်။ သို့ပေမယ့် မူမမှန်သည့် ဘာတစ်ခုကိုမှ သူမတွေ့ခဲ့ရ။
ဤသို့ဖြင့် ရန်ကိုင်က သူ့ကောင်ကင်စိတ်အာရုံအား အသိစိတ်ပင်လယ်ထဲ ပို့လွှတ်လိုက်၏။ ရန်ကိုင် ဝိဥာဉ်ပုံရိပ်ဟာ အသိစိတ်ပင်လယ်ထဲ လွင့်မျောနေခဲ့ပြီး ဘေးပတ်ဝန်းကျင်အား ကြည့်ရှူစစ်ဆေးနေခဲ့သည်။
သူ့အသိစိတ်ပင်လယ်က ခါတိုင်းလိုပဲ တည်ငြိမ်နေခဲ့၏။ ရောင်စုံငါးလေးတွေ ရေကြောတစ်လျှောက် ကူးခတ် သွားလာနေခဲ့ပြီး ငှက်လေးများဟာတော့ ကောင်းကင်ထက် ပျံဝဲနေခဲ့ကြသည်။ ငှက်လေးများနှင့် ငါးလေးများဟာ ရန်ကိုင် ဝိဥာဉ်အမျှင်တန်း တစ်ခုစီအား သယ်ဆောင်ထားရာ သူ့မှတ်ဥာဉ်တွေကို သယ်ဆောင်ထားတယ်လို့ ဆိုနိုင်ပေ၏။
အသိစိတ်ပင်လယ် အထက်တွင်တော့ ငါးရောင်ခြယ် ကျွန်းကြီးဟာ ရတနတောင်ထွတ် တစ်ခုသဖွယ် ငြိမ်သက်စွာဖြင့် တည်ရှိနေလေသည်။
ကျွန်းထက်၌ ဓါးတိုလေးတစ်ချောင်းနှင့် ထူးဆန်းသည့် အရာဝတ္တုတစ်ခု လွင့်မျောနေခဲ့၏။
ငါးရောင်ခြယ်ကျွန်းဟာ ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်ပြီး ဓါးတိုလေးဟာတော့ ရန်ကိုင်၏ ဝိဥာဉ်လက်နက်ပင် ဖြစ်ပေသည်။ ထူဆန်းတဲ့ ခပ်လုံးလုံး သဏ္ဍာန်အရာဝတ္ထုကတော့ အနက်ရောင်စာအုပ်၏ ခုနှစ်ခုမြောက် စာမျက်နှာမှ ရရှိလာတာပဲ ဖြစ်၏။
သို့ပေမယ့် ထိုလုံးဝိုင်းဝိုင်း အရာဝတ္တုကို မည်ကဲ့သို့ အသုံပြုရမလဲ ဆိုသည်အား အသာထား၊ ထိုအရာဝတ္တထုက ဘာလဲ ဆိုသည်ကိုတောင် သူမသိသေးပါချေ။ ထိုလုံးဝိုင်းဝိုင်း အရာဝတ္ထုဟာ အခုလောလောဆယ်၌ သူ့အသိစိတ်ပင်လယ် ထက်ဝဲနေခဲ့ကာ သူ့ကို မည်သို့မျှ ကောင်းကျိုး မပြုပေးသေ သလို မည်သည့်အန္တရယ်မှလည်း မပေးသေးပေ။
မိုးဖွဲ့လေးတွေ ရွာသွန်းနေသည့် ရန်ကိုင်၏ အသိစိတ်ပင်လယ်အား အလှမျိုးစုံတို့ဖြင့် ဝေဆာနေသည့် နိဗ္ဗာန်ဘုံတစ်ခုလို့ပဲ ဖော်ညွှန်းရပေလိမ့်မည်။
ငါပဲ အထင်မှားသွားတာလား ရန်ကိုင် တွေးလိုက်၏။ တစ်ဖက်လူက သူ့အပေါ် လှုပ်ရှားဖို့ တကယ်ပဲ မကြိုးခဲ့တာလား။
တကယ်တော့ အစောပိုင်းကတည်းက နတ်ဆိုးအိုကြီးက သည်ဖြစ်နိုင်ချေအား လူသိရှင်းအား အသံကျယ်ကျယ်ဖြင့် အော်ပြောခဲ့တာလေ။ လေးထောင့်မျက်နှာနှင့် လူအိုကြီး ကလည်း ထိုကဲ့သို့ လုပ်မည်မဟုတ်ကြောင်း ပြန်လည် ခုခံချေပ ပြောဆိုခဲ့သည်လေ။ ထို့ကြောင့် မန်ဝူရ၊ လင်းတိုင်ရှုနှင့် နတ်ဆိုးအိုကြီးတို့ ရှိမနေသည့် အချိန်၌ သူ့အပေါ် တကယ်ကော လှုပ်ရှားရဲပါ့မလား။
ဘိုးဘေးအဆင့် အကြီးအကဲချုပ် ရှစ်ယောက်၏ စကားတွေဟာ အလေးချိန်မစီးတဲ့ စကားတွေ မဟုတ်ကြချေ။
မဲ့ပြုံးပြုံးလိုက်ရင်း ရန်ကိုင်က သူ့အသိစိတ်ပင်လယ်မှ ပြန်ထွက်ဖို့ လုပ်လိုက်သည်။
သို့ပေမယ့် ထိုအခိုက်အတန့်မှာပဲ သူ့လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ပြီး သူ့မျက်ဝန်းအစုံသည်လည်း အေးစက်စက် အလင်းတို့ဖြင့် လက်သွားခဲ့၏။ အေးစက်ပြီး စူးရှထိုးဖောက် မတတ်အကြည့်ဖြင့် သူ့အသိစိတ်ပင်လယ်အား စိုက်ကြည့်ရင်း ရုတ်တရတ် ရယ်မောလိုက်ပြီး ရေရွတ်လိုက်သည် “စိတ်ဝင်စားစရာပဲ၊ ငါ့အသိစိတ် ပင်လယ်ထဲ တစ်ခါမှမိုးမရွာဖူးဘူးလားလို့”
အသိစိတ်ပင်လယ်ထဲဝယ် ဖြစ်သည့် အရာတိုင်းဟာ ပိုင်ရှင်၏ စိတ်ခံစားချက်နှင့် ထင်ဟပ်နေပါသည်။ ပျော်ရင် အပြာရောင်မိုးသားကောင်းကင်ကြီးကို နောက်ခံထားပြီး အသူရာနေမင်း ထွန်းလင်းနေပေလိမ့်မည်။ စိတ်ညစ်၊ စိတ်ဓါတ်ကျနေရင်တော့ မုန်တိုင်းတွေထန်၊ မိုးသားမည်းမည်းတွေ အုံးဆိုင်းနေပြီး မြင်မြင်ရာ အရပ်ဝယ် မိုးရွာသွန်းနေပေလိမ့်မည်။
မိုးဖွဲဖွဲရွာနေရသည့် အကြောင်းအရင်းက သူ့ယခု စိတ်ခံစားချက်ကြောင့်လို့ ရန်ကိုင် အထင်ရောက်နေခဲ့တာ ဖြစ်သည်။ သို့သော်ငြား တစ်ခုခု လွဲမှားနေသည်ကို အလျင်အမြန်ပဲ သူသတိပြုမိလိုက်သည်။ မိုးဖွဲလေးတွေကို ထိန်းချုပ်ဖို့ရာ ကြိုးစားခဲ့လိုက်ပေမယ့် မိုးဖွဲ့လေးတွေက သူစေစားရာအတိုင်း ပြုမူခြင်း မရှိသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
မိုးက သူနဲ့ဆက်သွယ်ခြင်း မရှိမှဖြင့် ဤမိုးဟာ တစ်ယောက်ယောက်၏ စီစဉ်ထားခြင်းပဲ ဖြစ်ရပေမည်။
“ကိုယ်ထင်ပြစမ်း” ရန်ကိုင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ရန်ကိုင်၏ လက်ရှိစိတ်အခြေအနေ ကြောင့် သူ့အသိစိတ်ပင်လယ်လည်း လှိုင်းထန်လာခဲ့၏။ လှိုင်းလုံးတွေဆိုရင် မိုထိလုမတတ် မြင့်မားနေခဲ့လေသည်။
မိုးဖွဲ့လေးတွေက ခဏတာလောက် တည်ငြိမ်သွားခဲ့၏။ ထို့နောက် ရန်ကိုင့်ကောင်းကင်စိတ်အာရုံ၏ တရစပ် တိုက်ခိုက်မှုကြောင့် မိုးဖွဲလေးတွေ ရပ်တန့်သွားခဲ့ရသည်။
ဝေဝါးဝါးပုံရိပ်တစ်ခု ရန်ကိုင်နှင့် မလှမ်းမကမ်း၌ ထွက်ပေါ်လာခဲ့ကာ လေးနက်တည်ကြည်သည့် အမူအရာဖြင့် သူ့အား စိုက်ကြည့်နေခဲ့၏။
“ခင်ဗျားမှန်းကျုပ်သိတယ်” ရန်ကိုင်က လှောင်ပြုံး ပြုံးကာ “ဘာလဲ၊ မြင့်မြင့်လှပါပေ့ဆိုတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် တစ်ယောက်ရဲ့ စကားတွေက ခွေးချီးလောက်တောင် အရေးမပါတာလား”
တစ်ဖက်လူက ရီမိသားစု လေးထောင့်မျက်နှာ အကြီအကဲချုပ်၏ ဝိဥာဉ်ပုံရိပ်ပဲ ဖြစ်ပေသည်။
ယနေ့ည သူပေါ်လာကတည်းက ရန်ကိုင်အား အဆက်မပြတ် ဆန့်ကျင့်နေခဲ့တာ ဖြစ်ပေသည်။ ‘ငါ ဒီအကြီးအကဲချုပ်ကို ဘယ်တုန်းကများ ရန်စမိခဲ့တာပါလိမ့်’ လို့ တွေးခဲ့ရတဲ့အထိတောင် စဉ်းစားမလိုက်ရတဲ့ အထိပင်။ နောက်ဆုံး သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ရန်ကိုင် အဖြေတစ်ခု ရလိုက်၏။ ထိုအကြီးအကဲချုပ်က ရီရှင်းရို့အား ကူညီပေးနေတာပဲ ဖြစ်ရပေမည်။
တကယ်တော့ သူကိုယ်တိုင်သည်လည်း ရီမိသားစု၏ အကြီးအကဲချုပ် တစ်ယောက်ပေပဲကိုး။
လေးထောင့်မျက်နှာနှင့် လူအိုကြီး၏ မျက်နှာထက်၌ အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ရှိနေခဲ့၏။ ရန်ကိုင် သူ့အစီအစဉ်အား ထွင်းဖောက်မြင်သွားခဲ့လိမ့်မယ်လို့ တစ်ကြိမ်တစ်ခေါ်လေးတောင် မတွေးထင်ဖူးတဲ့ပုံပင်။ ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး ချီးကျူးစကား ဆိုလိုက်သည် “မင်းက တကယ်ကို သာမန် မဟုတ်ဘူးပဲ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂လေးနဲ့တင် ဒီလူအိုကြီးရဲ့ ဝိဥာဉ်ပညာရပ်ကို သတိပြုမိနိုင်တယ်။ ဒီလူအိုကြီးရဲ့ နွေဦးမိုးပေါက်ဆိုတာ အရင်တုန်းက တစ်ကြိမ်တစ်ခါလေးတောင် ကျရှုံးဖူးတာ မဟုတ်ဘူး”
နွေးဦးမိုးပေါက်ဆိုသည့် ပညာရပ်မှာ တစ်ဖက်သူ၏ အသိစိတ်ပင်လယ်ထဲ တိတ်တဆိတ် ခိုးဝင်သည့် ထိုလူအိုကြီး၏ ဝိဥာဉ်ပညာရပ်တစ်ခုပဲ ဖြစ်ပေသည်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် အနေဖြင့် ယခုနည်းလမ်းအား အသုံးပြုပြီး ရန်ကိုင်အား တိုက်ခိုက်ဖို့ ကြိုးစားတာက အရမ်းကို ပိုလွန်းသွားတယ်လို့ တွေးထင်နေခဲ့တာ ဖြစ်သည်။ သို့ပေမယ့် သူဘက်က ဘာဆိုဘာမျှ မလုပ်ရသေးခင်မှာပဲ ရန်ကိုင်က သူ့အား ရှာတွေ့သွားခဲ့လေသည်။
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး စကားတစ်ခွန်းပင် မပြောတော့ပဲ လူအိုကြီးအား အေးစက်စက် အမူရာဖြင့် စိုက်ကြည့်နေလိုက်၏။
“ရန်မိသားစုက ကောင်စုတ်လေး၊ မင်းရဲ့ အသိစိတ် ပင်လယ်ကို ဘယ်လိုလေ့ကျင့်ထားတာလဲ” လူအိုကြီးက မေးလိုက်သည် “အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ လေးနဲ့ ဒီလောက်များပြားသန့်စင်တဲ့ စိတ်စွမ်းအင်တွေ ရှိနေဖို့ မဖြစ်နိုင်ဘူး။ ဒီလိုစိတ်စွမ်းအင်မျိုးက ဒီလူအိုကြီးထက် အများကြီးပိုနိမ့်ကျပေမယ့် သာမန် အင်မော်တယ်တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ရဲ့ စိတ်စွမ်းအင်ထက် အများကြီး ပိုအားကောင်းတယ်”
“ခွေးအိုကြီး၊ ခင်ဗျားကျုပ်အသိစိတ်ပင်လယ်ထဲ ခိုးဝင်လာတာ ဒီလိုမျိုး အရေမရအဖတ်မရ မေးခွန်းတွေ မေးဖို့တော့ မဟုတ်ဘူးမလား” ရန်ကိုင်က လှောင်ပြောင် လိုက်သည်။ တစ်ဖက်လူ ပြန်ပြောမှာကိုတောင် မစောင့်တော့ပဲ ဆက်ပြောလိုက်၏ “ခင်ဗျားရဲ့ အစီအစဉ် မအောင်မြင်လို့ ကျုပ်အပေါ် လှုပ်ရှားဖို့ ကြိုးစားနေတာမလား”
လူအိုကြီးက ရန်ကိုင်၏ လှောင်ပြောင်ထေ့ငေါ့ စကားများအား မသိကျေးကျွန်ပြုထားလိုက်ပြီး သူပြောချင်သည့် အကြောင်းအရာကိုသာ ပြောလိုက်သည် “ဒီလူအိုကြီးက သိချင်ရုံသက်သက်ပါပဲ။ မင်းငါ့ကို မပြောရင်တောင် အလုပ်ရှုပ်ခံပြီး မင်းကို မေးနေမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် သိရတော့မှာပဲလေ။ ဒီလူအိုကြီး မင်းရဲ့ အသိစိတ်ပင်လယ်ထဲ ခိုးဝင်လာခဲ့ရတဲ့ အကြောင်းအရာကို ပြောပါဆိုရင်တော့ မင်းရဲ့ လျှို့ဝှက်ချက် အချို့ကို သိချင်တာကြောင့်ပဲလို့ ပြောရမှာပေါ့”
“ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေလား” ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး မဲ့ပြုံးပြုံးလိုက်ရင်း “ကျုပ်မဟာမိတ်တွေရဲ့ ခွန်အားကို ဘယ်လိုမြန်မြန် မြှင့်တင်ပေးလဲ ဆိုတဲ့ လျှို့ဝှက်ချက်လား”
လူအိုကြီးက မရှက်စတမ်း ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ ရန်မိသားစု မင်းကိုလာမကူညီတာက သူတို့ဆီ မင်းအကူအညီလာတောင်ခံမှာကို စောင့်နေချင်လို့ပဲ။ ရန်မိသားစုရဲ့ သဘောထားကို အသုံးချပြီး မင်းရဲ့ နည်းလမ်းတွေကို သိရမလားလို့ ငါတို့လည်း ကြိုးစားကြည့်တာ။ ဒါပေမယ့် မင်းရဲ့ လျှို့ဝှက်ချက်တွေကို မသိရရင်တောင် ရန်မိသားစုရဲ့ ဇာတ်အတိုင်း လိုက်ကပေးပြီး ငါတို့မိသားစု(၇)ခုက ဘာအကျိုးအမြတ်မှ မရပဲ ဘယ်နေပါ့မလဲ”
Martial Peak
အပိုင်း(၅၅၃) ဝိဥာဉ်နှစ်ခုကြားက တိုက်ပွဲ
လူအိုကြီးက မိသားစုကြီး(၈)ခု၏ အကြံအစဉ်တွေကို အလွယ်တကူပဲ ထုတ်ဖော်ပြောကြားလိုက်သည်။
၎င်းသည် အမှန်တရားပင် ဖြစ်၏။
ရန်မိသားစုသည် ရန်ကိုင်အား မိသားစုဆီ ပြန်လာဖို့ အမိန့်မပေးခဲ့ချေ။ ရန်ကျန်းနှင့် အကြီးအကဲများစွာကိုသာ သူနှင့် စေ့စပ်ညိုနှိုင်းဖို့ စေလွှတ်ခဲ့၏။
မိသားစု၏ အမြင်၌၊ အားလုံးသည် ရန်ကိုင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်အား သိချင်နေကြသည် ဖြစ်ရာ၊ ရန်ကိုင်က မိသားစုကြီး(၇)ခုပေါင်း၏ ဖိအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်။ ထိုအချိန်ကျ သူ့ဘာသာသူ မိသားစုဆီ ပြန်လာခဲ့ပြီး မိသားစု၏ အကူအညီအတွက် သူ့မဟာမိတ်များ၏ ခွန်အားကို မြန်မြန်တိုးတက်အောင် လုပ်သည့် နည်းလမ်းများဖြင့် လဲလှယ်ပေလိမ့်မည်။
အတင်းအကြပ် ဖျစ်ညစ်ထားသည့် ဖရဲသီးသည် ချိုမြိန်လေ့မရှိ။ ထို့ကြောင့် မိသားစုဘက်က အင်အားသုံးပြီး ရန်ကိုင်အား ဖိအားပေးဖို့ မည်သည့်အချိန်ကမှ မကြိုးစားခဲ့။ ပထမအချက်အနေဖြင့်၊ ရန်ကိုင်သည် သူတို့အား ရန်ငြိုး ထားသွားနိုင်၏။ ဒုတိယအချက် အနေဖြင့် ရန်ကိုင်စံအိမ်၌ စုဝေးနေသည့် အင်အားစုများ၏ ခွန်အားကို လျှော့မတွက်သင့်သည့် အတွက်ကြောင့် ဖြစ်သည်။ သူတို့တစ်တွေ ယခုကဲ့သို့ လုပ်ရသည့် အဓိက အကြောင်းအရင်းကိုပြောပါလို့ ဆိုလာခဲ့လျှင် ရန်ကိုင် ဆိုသည်မှာ ရန်မိသားစုဝင် တစ်ယောက်ဖြစ်၍ မိသားစုဆီ လိုလိုလားလားဖြင့် အညံ့ခံသင့်သည်ဟု တွေးထားကြသည့် အတွက်ကြောင့်ပဲ ဖြစ်သည်ဟု ပြောရပေမည်။
ရန်မိသားစုအတွက်တော့ သူတို့၏ မျိုးဆက်ထဲမှ ရန်မိသားစုဝင်တစ်ယောက်သည် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားအား အမြန်အဆန် တိုးတက်စေနိုင်သည့် နည်းလမ်းကို ရှာတွေ့လျှင် မိသားစုဆီ အပ်နှံသင့်သည်ဟု ယုံကြည်လက်ခံထားကြခြင်း ဖြစ်ကြ၏။
သို့သော်ငြား ရန်ကိုင်သာ မိသားစုဆီ ပြန်မည်ဆိုလျှင် သူ့ကျင့်ကြံခြင်းသည် ဖျက်စီးခံရပေလိမ့်မည်။ ရန်ကိုင် မည်သည့်အခါမှ လက်ခံလိမ့်မည် မဟုတ်သည့် အချက်ပင်။
ရန်မိသားစုနှင့် ရန်ကိုင်ကြားက ဝိရောဓိကို အခွင့်ကောင်းယူ၍ ကျန်တဲ့ မိသားစုကြီး(၇)ခုက အမြတ်ဝင်ထုတ်ဖို့ ကြိုးစားတာပဲ ဖြစ်ပေသည်။
ရန်ကိုင်အား တိုက်ပွဲ၌ ဖမ်းမိနိုင်လျှင် အကောင်းဆုံးပင်။ ဖမ်းမိသွားသည်နှင့် အကျိုးအမြတ်ကို မည်ကဲ့သို့ ခွဲဝေ ပိုင်းခြားမလဲ ဆိုသည်အား ရန်မိသားစုနှင့် တိုက်ရိုက် ဆွေးနွေးနိုင်ပေ၏။
သို့ရာတွင် ရန်ကိုင်အား ဒီညမဖမ်းမိလျှင်လည်း သူ့အား ရန်မိသားစုဆီ ပြန်အောင် လုပ်လိုက်နိုင်လျှင် အဆင်ပြေပါ သေး၏။
လေးထောင့်မျက်နှာနှင့် လူအိုကြီး ပြောခဲ့သလို မိသားစုကြီး(၇)ခုသည် ရန်မိသားစု၏ ဇာတ်အတိုင်း လိုက်က ပေးနေခဲ့တာ ဖြစ်သည်။ ရန်မိသားစု၏ ဇာတ်ညွှန်းအတိုင်း လိုက်ကပေးရာ၌ ပညာရှင်များစွာ ဆုံးရှုံးသွားခဲ့သည် ဖြစ်ရာ ရန်မိသားစုကသာ ဖြေရှင်းရှင်းကောင်းကောင်း တစ်ခု မပေးနိုင်ခဲ့လျှင် သူတို့ဘက်ကကော လိုလိုလားလားနှင့် မည်ကဲ့သို့ လက်လျှော့ပေးနိုင်မည်နည်း။
ရန်လီတင်း ယနေ့ထွက်ပေါ်ရလာသည့် အကြောင်းအရင်းသည် ထိုအချက်များကြောင့်ဟု ဆိုလျှင် မမှားနိုင်ရာ။ တစ်ဖက်၌ မိသားစုကြီး(၇)ခုမှ အကြီးအကဲများနှင့်အတူ ရန်ကိုင်အား ဖိအားပေးဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်ပြီး အခြားတစ်ဖက်၌ မိသားစုကြီး (၇)ခု၏ လက်ထဲသို့ ရန်ကိုင် ကျရောက်မသွားစေဖို့ သေချာအောင် ဖြစ်သည်။
အကျဉ်းချုံးပြောရလျှင် အားလုံးသည် ရန်မိသားစု အကျိုးအမြတ် အများဆုံး ရဖို့ရာ လုပ်ခဲ့ခြင်းပင် ဖြစ်၏။
လူအိုကြီး၏ ရှင်းပြချက်အား နားထောင်ပြီးသည့်နောက် ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲ အဖော်မဲ့သလို ခံစားလိုက်ရသည်။
၎င်းသည် မိသားစုကြီး(၈)ခု၏ လုပ်နေကျပုံစံ ဆိုလျှင်လည်း မမှားနိုင်ရာ။ မိသားစု၏ အကျိုးအမြတ်နှင့် ယှဉ်လျှင် မိသားစုဝင် တစ်ယောက်ဟာ အရေးမပါတော့။ မိသားစုသည် မိသားစုဝင် တစ်ယောက်ဆီမှ လိုချင်သည်ကို တောင်းဆိုလျှင် ထိုမိသားစုဝင် အနေနှင့် မိသားစု တောင်းဆိုသည်အား ပြန်လည်ငြင်းဆိုခြင်းမပြုပဲ မိသားစုဆီ ပေးအပ်ရမည်။ ဤသည်ကား မိသားစုကြီးများ၏ လုပ်ထုံးလုပ်နည်းပင် ဖြစ်လေသည်။
လူအိုကြီးက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည် “အစတုန်းက အခုလို လုပ်မလို့ပဲ။ ဒါပေမယ့် အခုတော့၊ ဒီလူအိုကြီးက အခြားတစ်ခုကို ပိုပြီးစိတ်ဝင်စားသွားပြီ”
“အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချက်ချင်း တက်လှမ်းသွားစေနိုင်တဲ့ နည်းလမ်းတစ်ခုကို လိုချင်နေတာမလား” ရန်ကိုင် သွားပေါ်အောင် ပြုံးဖြီးလိုက်၏။ သူသည် အရူးတစ်ယောက် မဟုတ်ရာ တစ်ဖက်လူ မည်သည်အား လိုချင်နေသည်ကို ပြောနိုင်သည်မှာ သဘာဝပင်။
ယနေ့ည၌ မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့သည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် နည်းလမ်းများကို အသုံးပြု၍ သူတို့၏ ကျင့်ကြံခြင်းအား အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဆီသို့ ချက်ချင်းဆိုသလို တက်လှမ်းရောက်ရှိသွားစေခဲ့သည်။ သူတို့၏ နည်းလမ်းအား မြင်လိုက်ခဲ့ရသူတိုင်း အံ့အားသင့်သွားခြင်း မရှိသည့်လူ မရှိချေ။
မန်ဝူရသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်အား ရောက်ရှိခဲ့ပြီးသား လူတစ်ယောက် ဖြစ်နိုင်ပေ၏။ သို့ပေမယ့် သူ့ခွန်အားတစ်ချို့တစ်ဝက်သည် ချိတ်ပိတ်ထားခြင်း ခံထားရသည်ဖြစ်ရာ ချိတ်ကို ပြန်ဖြေလိုက်မှ မူလ ကျင့်ကြံခြင်းအဆင့်အား ပြန်လည် ရောက်ရှိသွားခဲ့တာ ဖြစ်နိုင်သည်။
ယခုကဲ့သို့နည်းလမ်းသည် အခြားသူများအတွက် အသုံးမဝင်နိုင်။ မန်ဝူရ တစ်ယောက်တည်း အတွက်သာ အသုံးဝင်နိုင်ရာ၏။
သို့ပေမယ့် နတ်ဆိုးအိုကြီး၏ နတ်ဆိုးတစ္ဆေသူတော်စင် နည်းစနစ်ကို သုံးလျှင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ချိုးဖျက်ကောင်း ချိုးဖျက်နိုင်သေးသည်။ မိသားစုကြီးရှစ်ခုသည်သာ ယခုကဲ့သို့ နည်းစနစ် တစ်ခုအား ပိုင်ဆိုင်သွားခဲ့သည်ရှိသော် ထိုနစ်းစနစ်သည် မိသားစုကြီးတိုင်း၏ အဖိုးအနဂ္ဂအထိုက်တန်ဆုံး ရတနာ တစ်ခုဖြစ်လာမှာမည် ဧကန်မလွဲပင်။
မိသားစုကြီးတစ်ခုချင်းစီသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကသူ ဒါဇင်ကျော်မကအား ပိုင်ဆိုင်ထား၏။ သေရေးရှင်းရေး အခြေအနေဖြင့် ရင်ဆိုင်ကြုံတွေ့လာရလျှင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဒါဇင်ကျော်အား ချက်ချင်း မွေးထုတ်ပေးနိုင်မည့် အခွင့်အရေးကို မည်သူကမှ လက်လွှတ်ချင်လိမ့်မည် မဟုတ်။
ဤသည်မှာ မည်ကဲ့သိုသော အယူအဆနည်း။
ရီမိသားစု အကြီးအကဲသာ ဤနည်းစနစ်အား ရခဲ့လျှင် ရန်မိသားစုအား ပြားပြားဝပ် နင်းခြေဖျက်စီးဖို့ ဆိုသည်မှာ အိမ်မက်တစ်ခုသက်သက် မဟုတ်တော့။
ထို့ကြောင့် နတ်ဆိုးအိုကြီး၏ နည်းလမ်းများသည် ရက်စက်ပြီး သွေးသံတရဲရဲ ဖြစ်လျှင်ကော မည်သည့် အရေးနည်း။ ရရှိလာမည့် အကျိုးအမြတ်နှင့် ယှဉ်လျှင် အားလုံးသည် အရေးမပါတော့ပေ။
ကြောင်နက်ပဲ ဖြစ်ဖြစ်၊ ကြောင်ဖြူပဲ ဖြစ်ဖြစ်၊ ကြွက်ကိုသာ ဖမ်းနိုင်သရွေ့ ကြောင်ကောင်း တစ်ကောင် ဖြစ်နေမည်မှာ အမှန်ပင်။
“စိတ်ဝင်စားစရာပဲ၊ ဒီတစ်ကြိမ်ကျတော့ မိစ္ဆာကျင့်စဉ်၊ နတ်ဆိုးကျင့်စဉ် ဖြစ်နေလို့ပါဆိုပြီး လိုက်ဂရုမစိုက် တော့ဘူးလား” ရန်ကိုင်က ထိုလူအိုကြီးအား ချိုးချိုးဖဲ့ဖဲ့ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည် “ကျုပ်မှာ နတ်ဆိုးအရှင်သခင် ဖြစ်လာဖို့ အလားအလာရှိတာကြောင့် ခင်ဗျားတို့အားလုံးပေါင်းပြီး ကျုပ်ကို ဆန့်ကျင်ခဲ့တယ်။ အခုလည်းကျရော နတ်ဆိုးအိုကြီးရဲ့ နည်းလမ်းတွေကို သေကောင်ပေါင်းလဲ လိုချင်နေပြန်ရော။ ဒီတော့ ခင်ဗျားလည်း မိစ္ဆာပညာရပ်တစ်ခုကို လေ့ကျင့် ချင်တယ်ပေါ့”
“သိုင်းပညာရပ်တစ်ခုက မိစ္ဆာဖြစ်ဖြစ်၊ နတ်ဆိုးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အရေးမပါဘူး၊ မိသားစုအတွက် အသုံးဝင်သရွေ့ ရယူဖို့ ထိုက်တန်တယ်” လူအိုကြီးက မရှက်စတမ်း ပြန်ဖြေလိုက်ပြီး အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး “ဒီတော့ ခင်ဗျားတို့ အားလုံးက ဒီအချက်ကို နားလည်ထားတာတောင် သူတော်ကောင်းယောင် ဆောင်နေကြသေးတယ်ပေါ့။ ကျုပ်ကို ဖိနှိပ်ဖျက်စီးနိုင်ဖို့အတွက် ကြောင်သူတော်ယောင် ဆောင်နေတာ နည်းနည်းလေးတောင် မရှက်ဘူးလား”
လူအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ကိုယ်ရပ်နေတဲ့ နေရာပေါ်မူတည်ပြီး ရပ်နေတဲ့ အမှတ်နေရာက ပြောင်းလဲသွားနိုင်တယ်။ အဲ့လိုနည်းလမ်းကို သုံးပြီး မင်းကို ဖိနှိပ်ဖျက်ဆီးဖို့ ကြိုးစားရတဲ့ အကြောင်းပြချက်ကို လိုချင်နေတယ် ဆိုရင်တော့… မင်းက အရမ်းအားနည်းနေတာကြောင့်လိုပဲ ပြောရမယ်။ မင်းသာ ငါလိုအဆင့်မျိုး ရောက်နေကြည့်ပါလား၊ ဘယ်သူက မင်းကို စွပ်စွဲပြောဆိုရဲမှာလဲ”
“ကျုပ်သိသွားပြီ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး လေးနက်တည်ကြည်သည့် အမူအရာဖြင့် “နောက်ဆုံးတော့ ကျုပ်မှာစွမ်းအား မရှိလို့ပဲပေါ့”
“ဟုတ်တယ်။ မင်းက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေတယ် ဆိုရင်တောင် ငါတို့ရှေ့မှာတော့ မင်းဆိုတာ ပုရွက်ဆိတ်တစ်ကောင်နဲ့ မခြားဘူး”
“အခုလို အလင်းပြပေးတဲ့အတွက် ကျေးဇူးပါပဲ။ နောက်ပိုင်းကျ အားလုံးမော်ကြည့်ရတဲ့ အဆင့်တစ်ခုအထိ ရောက်အောင် ကြိုးစားပြီး ကျုပ်ဆန္ဒကို ဆန့်ကျင်ရဲတဲ့ သူမရှိအောင် ကြိုးစားရမယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး မာန်ဟုန်ပြင်းသည့် မီးတောက်တို့က သူ့မျက်ဝန်း အတွင်းအနက်ပိုင်းထဲ လောင်ကျွမ်း လာခဲ့၏။
“မင်းမှာ အဲ့လိုအခွင့်ရေး မရှိတော့ဘူး” လူအိုကြီးက မထူးခြားနားဟန် အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်သည်။ အေးစက်စက် အထက်စီးဆန်သည့် အမူအရာဖြင့် “မင်းသာ ဒီလူအိုကြီးရဲ့ နည်းစနစ်ကို မချိုးဖျက်ခဲ့ရင် အဲ့လိုအခွင့်အရေးမျိုး ရကောင်းရနိုင် သေးတယ်။ ဒါပေမယ့် အခုတော့ မင်းငါ့ကို ရှာတွေ့သွားခဲ့ပြီ။ ဒီလူအိုကြီးက မင်းကို ဒီအတိုင်းလွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား”
“ကျုပ်ကို သတ်ချင်နေတာလား” ရန်ကိုင်က လေးထောင့်မျက်နှာနှင့် လူအိုကြီးအား ကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိသည့်၊ တိုက်ခိုက်ဖို့ကိုပင် စိတ်ထား ထက်သန်နေသော အမူအရာဖြင့် ပြန်စိုက်ကြည့်နေလိုက်၏။
“ငါမင်းကို သတ်မှာမဟုတ်ဘူး။ မင်းသေသွားရင် မိစ္ဆာအရှင်သခင်ဆီက နည်းစနစ်ကို ငါဘယ်လိုလုပ်ပြီး ရတော့မှာလဲ။ ဒီလူအိုကြီးအတွက် မင်းကိုထိန်းချုပ်တာက သတ်လိုက်တာထက်တောင် ပိုပြီးအကျိုးရှိသေးတယ်” လူအိုကြီးက တိုးဖျော့ဖျော့လေသံဖြင့် ဘာမှမဟုတ်သည့် ကိစ္စလေးတစ်ခုဟာ ပြောနေရသည့်အလား “ငါရှိနေတဲ့ အကြောင်းကို ထုတ်ပြောဖို့ မင်းဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ အသိစိတ်ပင်လယ်ကို ငါစည်းခတ် ပြီးသွားပြီ”
“ကျုပ်ထွက်သွားမယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်၏။ ပြောပြီးသည်နှင့် သူ့အသိစိတ်ပင်လယ် တစ်ခုလုံး လှိုင်းထန်လာခဲ့ကာ “ခွေးအိုကြီး၊ ခင်ဗျား မေ့နေတာလား။ ဒါက ကျုပ်ရဲ့ အသိစိတ်ပင်လယ်ဆိုတာကိုလေ၊ ဒီနေရာမှာ ကျုပ်က အရှင်သခင်ပဲ”
ပြောပြီးသည်နှင့် မရေမတွက်နိုင်သော ရေတိုင်လုံးကြီး များဟာ ရေနဂါးကြီးများပမာ ပင်လယ်အောက်ခြေမှ လူအိုကြီး၏ ဝိဥာဉ်ပုံရိပ်ဆီ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ လေသည်။
လူအိုကြီးဟာတော့ နေရာမှာသာ တည်တည်ငြိမ်ငြိမ် ဖြင့် ရပ်နေခဲ့၏။ ရန်ကိုင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရနေ ပေမယ့်လို့ စိုးစဉ်းမျှတောင် စိုးရိပ်ပူပန်ခြင်း မရှိသည့်ပုံပင်။ ရေးတိုင်လုံးများသည့် သူ့အား ရိုက်ခတ်လာတော့မည်ကို မြင်တွေ့လိုက်သည်နှင့် သူ့လက်ကို အသာအယာလေး ဝှေ့ရမ်းလိုက်သည်။
‘ဘန်း’ဆိုသည့် မြည်သံနှင့်အတူ ရေတိုင်လုံးများ အားလုံး မမြင်နိုင်သော အကာအရံတစ်ခုအား ရိုက်ခတ်သွားလိုက်ရသည့်အလား လူအိုကြီး၏ အဝတ်စအား စိုးစွတ်အောင်ပင် လုပ်နိုင်ခြင်း မရှိခဲ့ပေ။
“မင်းဝိဥာည်က အရမ်းအားကောင်းတယ်၊ ဒါပေမယ့် ငါတို့ကြားမှာ ကွာဟချက်ကြီး အကြီးကြီးရှိနေသေးတယ်။ ဒီလူအိုကြီး မင်းကို မပြောခဲ့ဖူးလား” လူအိုကြီးက ရန်ကိုင်က အထင်သေးအမြင်သေးဖြင့် လှောင်ပြောင်ထေ့ငေါ့လိုက်၏။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ သူသတိမမူမိသည့် အချိန်အခိုက်အတန့် အတွင်းမှာပဲ လူအိုကြီး၏ စိတ်စွမ်းအင်ဟာ သူ့အသိစိတ်ပင်လယ်၏ နေရာအနှံ့ဆီသို့ စိမ့်ဝင်ပျံ့နှံ့ပြီးနေသည်အား ရန်ကိုင် ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တစ်ခုလုံးသည် အသိစိတ်ပင်လယ်ထဲ အပြည့်အဝ စိမ့်ဝင်အာရုံစိုက်နေသည် ဖြစ်ရာ သူ့ရဲ့ မူရင်းခန္ဓာကိုယ်ဟာတော့ အကာအကွယ် မဲ့နေခဲ့ရ၏။
သို့ပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၆)ယောက်ကြားမှ တိုက်ပွဲသည်လည်း မပြီးပြတ်သေးသည် ဖြစ်ရာ အားလုံး၏ အာရုံက တိုက်ပွဲတွင်သာ ရောက်ရှိနေခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်၏ ပုံမှန်မဟုတ်သော အခြေအနေအား မည်သူကမှ သတိမပြုမိခဲ့ပေ။
တစ်နည်းဆိုရသော် ရန်ကိုင်သာ လူအိုကြီးကို သူကိုယ်တိုင် မကိုင်တွယ်နိုင်လျှင် လူအိုကြီး၏ ရုပ်သေးရုပ် ဘဝရောက်သွားပေလိမ့်မည်။
သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ကောင်းကင်ထက် ပျံဝဲနေသည့် ငှက်များစွာနှင့် ရေထဲ ကူးခတ်သွားလာနေသော ငါးတွေအား ဆင့်ခေါ်လိုက်ကာ အကုန်လုံးကို လူအိုကြီးဆီ ပျံသန်းသွားစေလိုက်သည်။
လေးထောင့်မျက်နှာနှင့် လူအိုကြီး၏ အမူအရာ အနည်းငယ် လေးနက်တည်ကြည်သွားခဲ့တယ်။ သူ့ဝိဥာဉ်သည် ရန်ကိုင်ထက် အားကောင်းသည် ဆိုသော်ငြား ရန်ကိုင်၏ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သည့် အဆင့်ထိတော့ မရောက်ရှိသေးပါချေ။ ထိုကောင်စုတ်လေး၏ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ ကောင်းကင်စိတ်အာရုံသည် သာမန် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်၏ ကောင်းကင် စိတ်အာရုံထက်ပင် ပိုပြီးအားကောင်းနေသည်ဖြစ်ရာ လူအိုကြီးအနေနဲ့ ရန်ကိုင်၏ တိုက်ခိုက်မှုများအား လျစ်လျစ်ရှုဖို့ရာ မဝံ့ရဲ့ခဲ့ပါပေ။
မမြင်နိုင်သည့် စွမ်းအင်တစ်ခုသည် ရီမိသားစု အကြီးအကဲချုပ်၏ ဝိဥာဉ်ပုံရိပ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး သူ့ဆီ တိုးဝင်လာနေသည့် ငါးတွေ၊ ငှက်တွေနှင့် ထိပ်တိုက် တွေ့သွားခဲ့၏။
အခြေအနေဟာ အခုအတိုင်းအတာထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ရော၊ လူအိုကြီးပါ သူတို့၏ ခွန်အားအား နည်းနည်းလေးမှ ထိန်ချန်ထားခြင်း မရှိတော့။ အကုန်လုံးက ရှိရှိသမျှ ပညာရပ်၊ စွမ်းအင် အားလုံးကို အိတ်သွန်ဖာမှောက် အသုံးပြီး ကြီးကျယ်ခမ်းနားသည့် တိုက်ပွဲတစ်ခုကို ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ ဆင်နွှဲနေခဲ့ကြလေသည်။
ငါများသည် အဖြူရောင်အလင်းများအဖြစ် ပေါက်ကွဲ ထွက်သွားခဲ့ပြီး ငှက်များဟာတော့ ကောင်းကင်ယံထက်မှ ပြုတ်ကျလာခဲ့၏။ ရန်ကိုင်၏ တိုက်ခိုက်မှုများသည် လူအိုကြီးက ထိထိမိမိ ဒဏ်ရာရသွားအောင် မလုပ်နိုင်သော်ငြား လူအိုကြီး၏ အမူအရာကိုတော့ အချိန်နှင့်အမျှ ပိုပြီးလေးနက်လာစေခဲ့၏။ လူအိုကြီး၏ စိတ်စွမ်းအင်သည် သိသာသည့် အမြန်နှုန်းဖြင့် ကျဆင်းလာနေခဲ့သည်ဖြစ်ရာ ရန်ကိုင်အား ယခုနေရာ၌ အနိုင်ယူနိုင်ဖို့က ထင်ထားသည်ထက် ပိုခက်မည်မှန်း သူနားလည်သွားခဲ့လေသည်။
ရွှစ်…
ငါးရောင်ခြယ်ကျွန်းထက် ဝဲနေသည့် ဝိဥာဉ်အမျိုးအစား လက်နက်ဖြစ်သည့် ဓါးတိုလေးသည် တလက်လက် တောက်ဖြာရင်း လေကိုခွင်းကာ လူအိုကြီးဆီ တိုးဝင်လာ သဖြင့် လူအိုကြီးသည်လည်း အရင်လို ဆက်ပြီး မတည်ငြိမ် နိုင်တော့ချေ။
သူ့လက်နက်သည် ကောင်းကင်အထွတ်အထိပ် အဆင့် လက်နက်တစ်ခုသာ ဖြစ်သော်ငြား ထိုဓါးတိုလေးဟာ ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်ကို တိုက်ခိုက်ဖို့အတွက် သီးသန့်ဖန်တီးထားသည် ဖြစ်၍ လူအိုကြီး၏ ဝိဥာဉ်ပုံရိပ် အတွက်တော့ အရမ်းကို အန္တရာယ်များသော လက်နက် တစ်ခု ဖြစ်နေခဲ့လေ၏။
ရန်ကိုင်သည် လူအိုကြီး လျစ်လျူရှူ၍ မရသည့် လက်နက်ကို သုံး၍ တိုက်ခိုက်နေခဲ့လေပြီ။
လူအိုကြီးဆီမှ အစိမ်းရောင်းအလင်းတို့ဖြင့် တောက်ပ နေသည့် စိတ်စွမ်းအင်အမျှင်တန်းများစွာ ပေါက်ကွဲ ထွက်လာခဲ့ပြီး ပိုက်ကွန်တစ်ခုအဖြစ် အသွင်းပြောင်း၍ ရန်ကိုင်ဆီ တိုးဝင်သွားခဲ့သည်။
အစိမ်းရောင် ပိုက်ကွန်သည် အလွန့်အလွန်ကို ခိုင်ခံ မာကျောသည့်အတွက်ကြောင့် ဓါးတိုလေးပင် ပိုက်ကွန်အား ချက်ချင်း မဖျက်စီးပစ်နိုင်ခဲ့ချေ။ အဲ့အစား နွံ့တောထဲ တစ်ခုအတွင်းသို့ ကျဆင်းသွားလိုက်ရသည့်အလား ဓါးတိုလေး၏ အမြန်နှုန်းမှာ သိသိသာသာကို ယုတ်လျော့ သွားခဲ့ရလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ လူအိုကြီးက “ရန်မိသားစု ကောင်စုတ်လေး၊ အေးအေးချမ်းချမ်းနဲ့သာ လက်လျှော့လိုက်စမ်းပါကွာ။ မင်းကို မျက်နှာသာပေးပြီး ဒီလူအိုကြီးက ချက်ချင်း မဖမ်းသေးတာ။ ပေးနေတုန်း လက်ခံထားနော်၊ အတင်းအကြပ် တွန်းအားပေးရအောင် မလုပ်နဲ့”ဟု အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံလိုက်ရာ ရန်ကိုင်က “ဟန်ဆောင်နေတာ ရပ်လိုက်ပါတော့ဗျာ။ ခင်ဗျားသာ အဲ့လိုလုပ်နိုင်ရင် လေကုန်ခံပြီး ဘာလို့ စကားတွေ လာပြောနေဦးမှာလဲ”ဟု ပြန်အော်ပြောလိုက်၏။
ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခါ လူအိုကြီး၏ မျက်နှာ ဆေးခါးကြီး စားလိုက်ရသည့်အလား ရှုံ့မဲ့ သွားခဲ့လေသည်။ ဝန်မခံချင်ပေမယ့် ရန်ကိုင်က အမှန်ကို ပြောလိုက်သည် ဆိုသော အချက်ကိုတော့ ပြင်လို့မရပေ။
ရန်ကိုင် အသိစိတ်ပင်လယ်ထဲ ခိုးမဝင်စဉ်က ထိုကောင်စုတ်၏ အသိစိတ်ပင်လယ်သည် ဤအတိုင်း အတာအထိ အားကောင်းလိမ့်မယ်လို့ လူအိုကြီး တစ်ကြိမ်တစ်ခါလေးတောင် မတွေးခဲ့ဖူးချေ။ မည်ကဲ့သို့ မြန်မြန်အဆုံးသတ်ရင် ကောင်းမလဲ ဆိုသည်ကိုသာ အာရုံစိုက် တွေးတောစဉ်းစားနေခဲ့တာ ဖြစ်သည်။
သူတို့ စကားပြောနေစဉ် အတွင်းမှာပဲ ဓါးတိုးလေသည် အစိမ်းရောင်ပိုက်ကွန်ကို ချိုးဖျက်ပြီး ရန်ကိုင်လက်ထဲ ပြန်လည် ရောက်ရှိလာခဲ့၏။ ဓါးတိုလေး သူ့လက်ထဲ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုဓါးတိုလေးထဲ သူ့စိတ်စွမ်းအားကို နောက်တစ်ကြိမ် သွန်းလောင်း လိုက်ပြန်သဖြင့် ဓါးတိုလေးမှ ကြောက်မက်ဖွယ်ဓါးချီတို့ ဖြာထွက်လာခဲ့ပြန်လေသည်။
ဓါးတိုလေးကို လက်ထဲကိုင်ဆွဲရင်း လူကြမ်း တစ်ယောက်ပမာ ပြုံးဖြီးလိုက်ပြီး လူအိုကြီးဆီ အကြမ်းပတမ်း ပြေးဝင်သွားလိုက်၏။ ရောက်တောင် မရောက်သေးခင်မှာပဲ ရန်ကိုင်က ဓါးတိုလေးကို သုံး၍ စိတ်စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည့် ဓါးလှိုင်းတစ်ခုကို ဖန်တီးကာ လူအိုကြီးဆီ ပစ်လွှတ်လိုက်လေသည်။
သူ့ဆီ ပြေးဝင်လာနေသည့် စိတ်စွမ်းအင်ဓါးလှိုင်းအား ကြည့်ရင်း ရီမိသားစု အကြီးအကဲချုပ် မျက်နှာ ဖြူလျော် သွားခဲ့ပြီး “ခွေးကောင်လေး၊ မင်းရူးနေတာလား” ဟု အသံကုန် အော်ဟစ်ဆဲဆိုလိုက်လေသည်။
ယခုအချိန်ထိ နှစ်ယောက်စလုံးသည် စိတ်စွမ်းအင် ချင်းသာ အပြန်အလှန် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဝိဥာဉ် အားနည်သွားခဲ့လျှင်ပင် နောက်ဆက်တွဲ အကျိုးရလဒ်အား ခံစားစရာ မလိုပါဘူး။ သို့သော်ငြား သူတို့၏ ဝိဥာဉ်သာ ဒဏ်ရာရသွားခဲ့လျှင်တော့ အကျိုးဆက်က ချောက်ချားဖွယ်အတိပင်။
ဒဏ်ရာပေါ့လျှင်၊ အရူးတစ်ယောက်အဖြစ် ဘဝပြောင်းသွား ရနိုင်၏။ ဒဏ်ရာပြင်းလျှင်တော့ သေခြင်းကို ရှောင်လွှဲလို့ ရလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်သည် ဓါးတိုလေးကို မဆင်မခြင် အသုံးပြုလာသည်ကို လူအိုကြီး မြင်တွေ့လိုက် သည်နှင့် ထိုလူ မထိတ်လန့်ပဲ မနေနိုင်တော့ပါချေ။ မည်ကဲ့ သို့သော အရူးကများ ယခုကဲ့သို့ နည်းလမ်းကိုသုံး၍ တိုက်ခိုက်ပါမည်နည်း။
ရန်ကိုင်၏ ဝိဥာဉ်လက်နက်သည် လူအိုကြီး၏ အစိမ်းရောင် ပိုက်ကွန်အလွှာပေါင်း များစွာကို ချိုးဖျက်၍ ထိုလူနား ချဉ်းကပ်သွားခဲ့သည်။
အသက်ကြီးနေပြီ ဆိုသော်ငြား အချိန်မတန်သေးပဲ သေရမည်ကိုတော့ လူအိုကြီး ကြောက်ပေ၏။
တစ်ကွက်ပင်မျှ မဖလှယ်ရသေးခင်၌ လူအိုကြီးက အလျင်စလို နောက်ပြန်ဆုတ်လိုက်ကာ ရန်ကိုင်နှင့် အကွာအဝေး တစ်ခု ခြားနေလိုက်နေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်က “ခွေးအိုကြီး၊ ငကြောက်တစ်ကောင်လိုပဲ ပြေးတတ်တာလား” ဟု လူအိုကြီးနောက် လိုက်ဖမ်းနေရင်း ထေ့ငေါ့လှောင်ပြောင် ပြောဆိုလိုက်၏။
ယခုနေရာသည် ရန်ကိုင်၏ အသိစိတ်ပင်လယ် ဖြစ်ရာ သူ့ဘက်က လုံးဝကို အသာရထားသည်ဟု ပြောလျှင် မမှားပါချေ။ အောက်ခြေရှိ ရေကိုသုံး၍ လူအိုကြီးနောက် ပြေးလိုက်နေရင်း ၎င်းအား တရစပ် တိုက်ခိုက်နေခဲ့ပါသည်။
“ခုဏတုန်းကတော့ ကျုပ်ကို ထိန်းချုပ်မယ်ဆိုပြီး ခင်ဗျားပဲ ပြောနေတာလေ။ အခုကျတော့ ဘာဖြစ်နေတာလဲ။ လာစမ်းပါ၊ လာလေ။ ခင်ဗျား ဘယ်လိုတွေ လုပ်မယ် ဆိုတာကို ကျုပ်ကို လာပြောပြပါဦး” ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း လူအိုကြီးအား အဆက်မပြတ် လှောင်ပြောင်နေခဲ့လေသည်။
Martial Peak
အပိုင်း(၅၅၄) တစ်လုံးတည်း ရွှေမျက်လုံး
ရန်ကိုင်၏ အသိစိတ်ပင်လယ် အတွင်း၌ ရန်ကိုင်နှင့် လူအိုကြီးတို့နှစ်ယောက် ငါးရောင်ခြယ်ကျွန်းတစ်ဝိုက် ကြောင်နှင့်ကြွက် လိုက်တမ်း၊ ပြေးတမ်း ဆော့ကစား နေခဲ့ကြသည်။
လူအိုကြီးသည် ရန်ကိုင်နှင့် ထိပ်တိုက်ရင်မဆိုင်ချင်သည့် အတွက် အဆက်မပြတ် တိမ်းရှောင်ထွက်ပြေးနေခဲ့၏။ ရန်ကိုင်ဟာတော့ အားမာန်အပြည့်ဖြင့် လူအိုကြီးနောက် မနားစတမ်း ပြေးလိုက်နေခဲ့သည်။
အရှိန်အဟုန်ပိုင်းမှာတော့ လူအိုကြီးသည် ရန်ကိုင်အား ရှုံးနိမ့်နေခဲ့၏။
သို့ပေမယ့် အမှန်အတိုင်းပြောရင်လျှင်တော့ သူ့ပြိုင်ဘက်အား ပြတ်ပြတ်သားသား အနိုင်ယူနိုင်မည့် နည်းလမ်းတစ်ခုအား ယခုအချိန်အထိ ရန်ကိုင် မစဉ်းစားမိနိုင်သေးချေ။ ယခုနေရာသည် ရန်ကိုင်၏ အသိစိတ် ပင်လယ်ဖြစ်သလို သူသည်သာ ဤနေရာ၏ အရှင်သခင် ဖြစ်သည်ဆိုပေမယ့် သူနှင့်လူအိုကြီးကြားမှ ကျင့်ကြံခြင်း အဆင့်ကွာခြားချက်က အရမ်းကို ကြီးမှားလှသည့် အပြင် လူအိုကြီးက စိတ်စွမ်းအင်အားကို ရန်ကိုင်ထက် အနှစ်(၁၀၀) လောက်စောပြီး အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်ကလည်းကွာ၊ အတွေ့အကြုံကလည်း ကွာဖြစ်နေရာ လူအိုကြီးမှာ ရန်ကိုင်လက်ကနေ ဘေးကင်းလုံခြုံစွာဖြင့် ထွက်ပြေးလွတ်မြောက်နေခဲ့၏။
ပြေးလွှားနေစဉ်အချိန်တွင်ပင် လူအိုကြီးက ငါးရောင်ခြယ်ကျွန်းကို စစ်ဆေးလေ့လာ ကြည့်ရှဒနေနိုင်ပါသေး၏။
လေ့လာလေ၊ လေ့လာလေ၊ ထိုကျွန်းအား အပိုင်ယူချင်သည့် သူ့လောဘကို ဖိနှိပ်ဖို့ရာ ပိုပြီး ခဲယဉ်းလာခဲ့ရပေသည်။ ထိုငါးရောင်ခြယ်ကျွန်းက မည်သည့် အရာလဲဆိုသည်ကို သူမသိပေမယ့် ပုံမှန်မဟုတ်ဘူး ဆိုသည်ကိုတော့ သူနားလည်ထားပေ၏။
ကျွန်းနားရောက်တဲ့အချိန်၌ တိုက်ခိုက်နေစဉ်အချိန်တွင် ဆုံးရှုံးသွားခဲ့သည့် စိတ်စွမ်းအင်တို့ သိသာသည့်အမြန်နှုန်း ဖြင့် ပြန်ပြည့်လာသည်ကို လူအိုကြီးခံစားမိလိုက်သည်။
ခဏကြာပြီးနောက် ထိုငါးရောင်ခြယ်ကျွန်းဟာ မဟာဝိဥာဉ်ရတနာတော် တစ်ပါဖြစ်မည်မှန်း လူအိုကြီး နားလည်သွားလိုက်၏။ ထိုကဲ့သို့ဆိုလျှင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂မှာပင် ရန်ကိုင်၏ စိတ်စွမ်းအင် မည်သည့်အတွက်ကြောင့် အလွန်အားကောင်းနေသလဲ ဆိုသည်ကို သူနားလည်သွားခဲ့လေပြီ။
ငါးရောင်ခြယ်ကျွန်းသည့် အားလုံးရဲ့ ဇာတ်မြစ်ပဲ ဖြစ်ပေသည်။
ဒီကျွန်း၏ တန်ဖိုးသည် မိစ္ဆာအရှင်သခင်၏ နည်းစနစ်ထက်ပင် ပိုပြီးတန်ဖိုးကြီးနိုင်ပေ၏။
ထိုအချက်အား နားလည်လိုက်သည်နှင့် လူအိုကြီး၏ အသက်ရှူသံတို့ မြန်ဆန်လာခဲ့ရသည်။
ကောင်းကင်စိတ်အာရုံသုံးပြီး ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲ ခိုးဝင်ကာ ရန်ကိုင်အား ထိန်းချုပ်ဖို့ ကြိုးစားခဲ့သော်လည်း ရန်ကိုင်သည် သူ့အစီအစဉ်များအား မြင်တွေ့ခဲ့သွားခဲ့လေသည်။ သူကြိုတင်ကြံစည်ထားသည့် အတိုင်း ဖြစ်မလာသော်ငြား အဖိုးအနဂ္ဂထိုက်တန်သော ရတနာတစ်ပါးကို သူရှာတွေ့ခဲ့ရပါ၏။
သည်အကြိမ်၌ သူအချီကြီး မြတ်သွားခဲ့ရလေပြီ။
သူ့ဝိဥာဉ်ပုံရိပ် ဒဏ်ရာရမည်ဆိုလျှင်တောင်မှ ထိုကောင်စုတ်လေးကို ဖမ်းဆီးပြီး သူပိုင်ဆိုင်သမျှ အရာအားလုံးကို အပိုင်သိမ်းရပေမည်။ လူအိုကြီး စိတ်ဒုံးဒုံးချလိုက်၏။
လူအိုကြီး၏ အမူအရာပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ သုန်မှုန်သွားခဲ့လေသည်။
သူအပြည့်အဝ ယုံကြည်သည့် သူမှလွဲ၍ အခြားမည်သူ့ကိုမှ သိခွင့်မပေးနိုင်သော လျှို့ဝှက်ချက် (၃)ခု သူ့တွင်ရှိနေ၏။
ပထမတစ်ခုက အနက်ရောင်စာအုပ်ဖြစ်၏။ ထိုလျှို့ဝှက်ချက်ကို ယခုအချိန်ထိ မည်သူမှ မသိသေးပေ။ ဒုတိယတစ်ခုက ငါးရောင်ခြယ်ကြာပန်း ဖြစ်ပေသည်။ ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်း သူ့တွင်ရှိနေသည်ကို နတ်ဆိုးအိုကြီး တစ်ယောက်သာ သိထား၏။ နောက်ဆုံး တစ်ခုဟာတော့ ဆေးပေါင်းရည်ပဲ ဖြစ်ပေသည်။
ယခု သူ၏ ဒုတိယအကြီးမားဆုံး လျှို့ဝှက်ချက်အား ရန်သူသိသွားခဲ့လေပြီ။ တစ်ဖက်လူက ဝိဥာဉ်ကြာပန်းအား လိုချင်တက်မက်နေသည်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင်ဆီမှ ပြင်းထန်အားကောင်လှသော သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာခဲ့ရ၏။
မည်သို့ပင်ဖြစ်စေကာမူ ထိုလူအိုကြီးကို သူ့၏ အသိစိတ်ပင်လယ်မှ အသက်ရှင်လျှက် ထွက်သွားခွင့်ပြုလို့ မဖြစ်တော့။
ရန်ကိုင်၏ စိတ်အခြေအနေအလိုက် အသိစိတ်ပင်လယ် သည်လည်း လှိုင်းထန်လာခဲ့ကာ မြောက်မြားစွာသော တိုက်ခိုက်မှုများစွာတို့သည် လူအိုကြီးဆီ တစ်ပြိုင်တည်း တစ်ဟုန်ထိုး တိုးဝင်သွားခဲ့လေကြသည်။
သို့ပေမယ့် လူအိုကြီးက ပြေးလွှားနေခြင်းအား ရုတ်တရက် ရပ်တန့်လိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ အထင်အမြင် သေးသေးဖြင့် လှောင်ပြောင်ပြောဆိုလိုက်၏ “ရန်မိသားစုက ကောင်စုတ်လေး၊ မင်းက အရမ်းကို ကြင်နာလွန်းနေတာပဲ”
ရန်ကိုင် နှလုံးသားတင်းကြပ်သွားခဲ့ပြီး ရုတ်တရက် ဆိုသလို သူ့စိတ်ထဲ အန္တရယ်အငွေ့အသက်တို့ ရလိုက်သည်။
လူအိုကြီးက အားရပါးရ အော်ဟစ်ရယ်မောလိုက်ပြီး “မင်းက ငါ့ကိုလိုက်ဖမ်းနေတယ်လို့ ထင်နေတာလား။ ဟားဟားဟား၊ ဒီလူအိုကြီး ပြင်ဆင်စရာလေးတွေ ရှိနေလို့ မင်းအာရုံကို အခြားရောက်အောင် လွှဲထားတာကွ။ အခုထိတောင် မင်းနားမလည်သေးဘူး။ လူငယ်တွေများ မောက်မာလိုက်တာ”
ပြောပြီးသွားသည်နှင့် လေထုထဲ အစိမ်းရောင် အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဧရာမ အလင်းအကာအရံ တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ကာ ငါးရောင်ခြယ်ကျွန်းတစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်သွားလိုက်လေသည်။
ဖုံးအုပ်သွားသည့်အချိန်မှာပဲ ဝိဥာဉ်ကြာပန်းက သူ့အသိစိတ်ပင်လယ်ဖြင့် အဆက်အသွယ် ပြတ်သွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး ဓါးတိုလေးကို တင်းတင်းဆုပ်ကိုင်လျှက် အလင်းအကာအရံဆီ တစ်ဟုန်ထိုး ပြေးဝင်းသွားလိုက်သည်။
“အိမ်မက်မက်နေလိုက်” လူအိုကြီးက ဒေါသတကြီး ပြန်အော်လိုက်သည်။ ထိုအစိမ်းရောင်အကာအရံကို ဖန်တီးဖို့ရာ ထုလိုက်ထည်လိုက်ရှိသော စိတ်စွမ်းအင် ပမာဏ မြောက်မြားစွာအား အသုံးပြုခဲ့ပါသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား အလင်းအကာအရုံကို လုံးဝ ဖျက်စီးခွင့် ပေးလိုက်လို့ မဖြစ်ပေ။
ရန်ကိုင်သာ အောင်မြင်သွားခဲ့လျှင် သူကြိုးစား အားထုတ်ရခဲ့သမျှအားလုံး အချည်းနှီး ဖြစ်သွားရပေလိမ့်မည်၊။
သူ့လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် အစိမ်းရောင် ပိုက်ကွန်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်း ချုပ်နှောင်ဖို့ ကြိုးစားလိုက်၏။
ရန်ကိုင်သည် တစ်ဖက်လှည့်ကာ ပိုက်ကွန်ကို ဓါးဖြင့် ခုတ်ပိုင်းလိုက်သည်။ သို့သော်ငြား အစိမ်းရောင်ကြိုးမျှင် တော်တော်များများကိုသာ ပိုင်းဖြတ်လိုက်နိုင်ပြီး ပိုက်ကွန်ဆီမှ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိချေ။
ရန်ကိုင်၏ စိတ်အခြေအနေကို လိုက်ပြီး သူ့အသိစိတ် ပင်လယ်သည်လည်း ပိုပြီးလှိုင်းထန်လာခဲ့၏။
လူအိုကြီးဟာတော့ ထီမထင်ဟန် အမူအရာဖြင့် ရန်ကိုင်အား လှောင်ပြောင်ရယ်မောနေခဲ့သည်။
ပိုက်ကွန်သည် ရန်ကိုင်အား ချုပ်နှောင်တော့မည့် အချိန်မှာပဲ အံ့အားသင့်ဖွယ် ပြင်းထန်လွန်းလှသော ဖိအားတစ်ခု အားလုံးပေါ်သို့ သက်ဆင်းလာခဲ့၏။
ချက်ချင်းဆိုသလို ရန်ကိုင်ဖြစ်စေ၊ လူအိုကြီးဖြစ်စေ သူတို့၏ ကြွက်သားတစ်မျှင်ကိုပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ ထိုဖိအားကြောင့် သူတို့၏ ဝိဥာဉ်နှစ်ခုစလုံး တစ်ခဏအတွင်းမှာပဲ ဖုန်မှုန့်အဖြစ် ဖိချေခြင်း ခရတော့မလို နှစ်ယောက်စလုံး ခံစားလိုက်ရသည်။
လူအိုကြီး ကြက်သေသေသွားခဲ့သည်။ မည်သည့်အရာတွ ဖြစ်ပျက်နေလဲ ဆိုသည်ကို သူလုံးဝ နားမလည်နိုင်တော့။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်၍ အဖြစ်အပျက် များစွာကို ကြုံတွေ့ရင်ဆိုင်ခဲ့ဖူးသည် ဆိုသော်ငြား ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားမျိုးကိုတော့ တစ်ခုမှ မခံစားခဲ့ဖူးချေ။
ရန်ကိုင်အား ချုပ်နှောင်တော့မည့် ပိုက်ကွန်မှာ အရှိန်ညီးညီး တောက်လောင်နေသည့် နေမီးလျှံအောက် ရောက်နေသည့် နှင်းစက်လေးပမာ အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့ရလေ၏။
ရန်ကိုင်သည်လည်း ဖိအားခံစားရသည် ဆိုပေမယ့်လို့ လူအိုကြီးထက်တော့ အများကြီး ပိုအဆင်ပြေပါသည်။ ထိုဖိအားသည် လူအိုကြီးကို ပစ်မှတ်ထားနေသည့် ပုံပင်။ ရန်ကိုင်ဟာတော့ ဘေးထွက်အကျိုးအသက်ရောက်မှုကိုသာ ခံစားလိုက်ရခြင်း ဖြစ်၏။
ခရက်…
အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ အထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက်ဆိုသလို ရန်ကိုင်နှင့် လူအိုကြီးတို့ နှစ်ယောက်စလုံး ငေးကြောင်တိတ်ဆိတ် သွားခဲ့၏။
ငါးရောင်ခြယ်ကျွန်းထက် လွင့်မျောနေသော ထူးဆန်းဆန်း အရာဝတ္ထုကြီး၏ မျက်နှာပြင်ထက် ရေပြင်ညီ အက်ကွဲကြောင်း တစ်ခုထွက်ပေါ်လာသည်ကို နှစ်ယောက် စလုံး မြင်တွေ့လိုက်ရသည်။
တစ်ယောက်ယောက်က လေဟာနယ်အား ဆုတ်ဖြဲ နေသည့်အလား ထိုအက်ကွဲကြောင်းဟာလည်း ဖြည်းဖြည်းချင်း ကျယ်ပြန့်လာခဲ့၏။ ကျယ်ပြန်လာသည်နှင့် အမျှ ကြောက်မက်ဖွယ်ဖိအားသည်လည်း အားကောင်းသထက် အားကောင်းလာခဲ့လေသည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ မဖြစ်စဖူး လေတွေ ထန်လာနေခဲ့လေပြီ။
သူ့စိတ်ထဲ အရမ်းကို အားကောင်းပြင်းထန်လှသည့် အန္တရာယ် အငွေ့အသက်တို့ ရလိုက်သည်နှင့် လူအိုကြီး၏ စိတ်နှလုံးအစုံ တုန်ရင်သွားခဲ့ရသည်။ သူ့တစ်ကိုယ်လုံး မြေကြီးပေါ် ပျော့ခွေလဲပြိုချင်လာခဲ့သည်။ သူ့ဝိဥာဉ် ပုံရိပ် သည်လည်း မတည်မငြိမ် ဖြစ်လာခဲ့ပြီး ယူးကျုံးမရ ဖြစ်နေသည့် အော်ညည်းသံတစ်သံ သူ့ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့၏။
ထိုထူးဆန်းသည့် အရာဝတ္ထုကို ကြည့်နေရင်း ရုတ်တရက်ဆိုသလို သူ့ကျောရိုးတစ်လျှောက် အေးစိမ့်တက်သွားခဲ့လေသည်။
ခုနှစ်ရွက်မြောက်စာမျက်နှာကို ဖွင့်လှစ်ပြီးနောက်မှစ၍ ထိုထူးဆန်သည့် အရာဝတ္ထု၏ ဆန်းကြယ်မှုတွေအား အဖြေရှာဖို့ ကြိုးစားခဲ့သော်ငြား တစ်ကြိမ်တစ်ခါမှ အောင်မြင်ခဲ့သည် မရှိ။ သူသေရေးရှင်းရေး အခြေအနေနှင့် ကြုံတွေ့နေရသည့် အချိန်မှပဲ ထိုထူးဆန်းသည့် အရာဝတ္ထု တုန့်ပြန်လာလိမ့်မည်ဟု ရန်ကိုင် မည်သည့်အခါကမှ မျှော်လင့်ထားခြင်း မရှိခဲ့။
ဒါက အမှန်တကယ်ဆိုရင် ဘာကြီးဖြစ်မလဲ ရန်ကိုင်က ထိုထူးဆန်းသည့် အရာဝတ္ထုအား ငေးစိုက်ကြည့်နေရင်း ‘အဲ့ဒါ ဘာကြီးလဲ၊ ဘာလုပ်နေတာာလဲ၊ ငါကကော ဘယ်လို တုန့်ပြန်သင့်လဲ’ စသဖြင့် သူ့စိတ်ထဲ အတွေးရှာပုံတော် ဖွင့်နေခဲ့လေသည်။
အက်ကြောင်းကျယ်ပြန်လာသည်နှင့်အညီ ဖိးအားသည်လည်း ဆထက်ထမ်းပိုး တိုးများလာခဲ့၏။ လူအိုကြီး အားသွန်ခွန်စိုက် ကြိုးစားတည်ဆောက်ခဲ့ရသော အကာအရံဟာ ဆိုလျှင်လည်း တစ်စီစီ ပျက်စီးသွားခဲ့ ရလေပြီ။
ခဏကြာပြီးသည့် အချိန်၌ အက်ကြောင်းဟာ လုံးဝကို ပွင့်သွားခဲ့လေသည်။ သို့ပေမယ့် ထိုအက်ကြောင်းနောက် မည်သည့်အရာ ရှိနေသလဲ ဆိုသည်အား မြင်တွေ့ ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် လူအိုကြီးတို့ နှစ်ယောက်စလုံး သွေးပျက်မတတ် ကြောက်လန့် သွားခဲ့ကြရလေသည်။
လူအိုကြီးက မျက်လုံးပြူးမျက်ဆံပြူးဖြင့် ထိတ်လန့်တကြား ထအော်လိုက်၏ “မျက်လုံးတစ်လုံးလား”
မျက်လုံးတစ်လုံးပင်။
ဧရာမမျက်လုံးကြီး တစ်လုံးပင်။
ထိုအရာဝတ္ထုကို စရရှိစဉ် အခါတုန်းက ထိုအရာဟာ မည်သည့်အရာ ဖြစ်လောက်မလဲ ဆိုသည်အား ရန်ကိုင်လည်း ခန့်မှန်းချက် ထုတ်ခဲ့ဖူးပေသည်။ သူထင်ခဲ့တာကတော့ ထိုအရာဟာ မျက်လုံးနှင့်ဆင်သည့် အသီးတစ်လုံး ဖြစ်လောက်မည်ဟု ထင်မှတ်ခဲ့ခြင်းပဲ ဖြစ်သည်။
သို့သော်ငြား ထိုအရာဟာ တင်းတင်းကြပ်ကြပ် ပိတ်နေသည့် မျက်လုံးတစ်လုံး ဖြစ်နေခဲ့လေသည်။
ယခု ထိုပိတ်နေသော မျက်လုံးသည် နောက်ဆုံး၌ အပြည့်အဝ ပွင့်လာခဲ့လေပြီ။
ထိုမျက်လုံးသည် သာမန်မျက်လုံးတစ်လုံးနှင့် မဆင်။ မျက်ဆန်သည် ကတ္တရာစေးလို မည်းနက်နေပြီး မျက်လုံး သူငယ်အိမ်ဟာတော့ ရွှေရောင်တောက်နေခဲ့၏။
ထိုမျက်လုံးစီမှ မြင်သူသမျှအား ဦးညွှတ်ဂါဝပြု စေချင်စိတ်တို့ ပေါက်ဖွားလာစေနိုင်သည့် ကြီးကြယ် မြင့်မြတ်သော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေသည်။
မျက်လုံးက တစ်လုံးတည်းသာ ဆိုသော်ငြား ငါးရောင်ခြယ်ကျွန်းထက် တိတ်ဆိတ်စွာဖြင့် ဝဲနေလျှက် မိုးမြေတစ်ခွင်းအား အစိုးရသည့် အန္တိမအုပ်စိုးသူ တစ်ပါးပမာ ကြီးကျယ်ခံ့ညားသည့် ဟန်ပန်ဖြင့် အောက်၌ရှိနေသော လူအိုကြီးအား ငုံ့ကြည့်နေခဲ့၏။ ထိုမျက်လုံးရှေ့တွင် အင်မော်တယ်တက်လှမ်းခြင်း အဆင့်ပညာရှင် ဆိုသည်မှာ ကြိုက်သည့်အချိန် ဖိသတ်နင်းခြေပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်နှင့် မည်သို့မျှ ခြားနားခြင်း မရှိသည်ပုံပင်။
“ရန်မိသားစုကောင်စုတ်လေး၊ ဒါဘာကြီးလဲ” လူအိုကြီးက အော်မေးလိုက်၏။ ထိုမျက်လုံး၏ အကြည့် အောက်၌ ကြီးလှစွာသော ဖိအားကြောင့် သူ့ဝိဥာဉ်သည် တစ်ခဏအတွင်းမှာပဲ နတ္ထိဗလာအဖြစ် ပျက်စီး ပျောက်ကွယ်သွားတော့မလို လူအိုကြီး ခံစားနေခဲ့သည်။
လူအိုကြီး၏ မေးခွန်းကို ရန်ကိုင် ပြန်ဖြေဆိုခြင်း မပြုခဲ့ပေ။ သူ့ကိုယ်တိုင်ပင်လျှင် အတွေးများစွာတို့ဖြင့် ယောက်ယတ်ခတ်နေခြင်း ဖြစ်ပေသည်။
အမှန်အတိုင်း ဆိုရလျှင် ထိုအရာဝတ္ထုသည် မည်သည့် အရာဖြစ်မှန်း ရန်ကိုင် ကိုယ်တိုင်ပင်လျှင် မသိပါချေ။
လူအိုကြီးက ထိုဖိအားအောက် ရှင်သန်နိုင်ဖို့ရာ သေကောင်ပေါင်းလဲ ကြိုးစားနေစဉ်မှာပဲ ထိုမျက်လုံးဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လူအိုကြီး၏ ဝိဥာဉ်အား သုတ်သင်ရှင်းလင်း ပစ်လိုက်၏။
အသံတစ်သံပင် မထွက်နိုင်၊ တစ်ချက်မျှပင် မလှုပ်ရှားနိုင်ခဲ့ပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိဥာည်ပုံရိပ်သည် ချက်ချင်းပဲ ရှင်းလင်းခြင်း ခံလိုက်ရသည်။ သူ့ဝိဥာဉ် ရှင်းလင်းခံလိုက် ရပြီးသည့်နောက် သိပ်သည်းလှသည့် သန့်စင်လှသော စွမ်စွမ်းအင်တို့ ထုလိုက်ထည်လိုက် ကျန်ရှိနေခဲ့ကာ လေထဲမျောနေခဲ့လေ၏။
ရန်ကိုင် ကြက်သေသေသွားခဲ့လေသည်။
လူအိုကြီး၏ ဝိဥာဉ်ပုံရိပ် ပျောက်ကွယ်သွားသည်နဲ့ ဧရာမမျက်လုံးကြီး ဖြည်းဖြည်းပြန်လည်း ပိတ်သွားခဲ့ပြီး ဆန်းကြယ်သည့် အိပ်စက်ခြင်း အခြေအထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့လေ၏။
သို့သော်ငြား ထိုမျက်လုံး ပိတ်မသွားခင် အချိန်လေး၌ ထိုမျက်လုံးက သူ့အား စိတ်ပျက်တစ်ဝက်၊ ကျေနပ်တစ်ဝက် အကြည့်ဖြင့် ကြည့်သွားသလို ရန်ကိုင် ခံစားရလိုက်သည်။
သူ့အသိစိတ်ပင်လယ်ထဲရှိ ရာသီဥတု တစ်ဖန်ပြန်လည် ကြည်လင်လာခဲ့ပြီး အသူရိန်နေမင်းလည်း နောက်တစ်ဖန် ထွန်းလင်းတောက်ပလာခဲ့၏။ ငါးမျိုးစုံတို့ ပင်လယ်ထဲ ကူးခတ်နေပြီး ငှက်အုပ်များစွာက ကောင်းကင်ထက် ပျော်ပျော်ပါးပါးဖြင့် ပျံသန်းနေခဲ့သည်။
ရန်ကိုင်လည်း ခဏကြာသည်အထိ ကြောင်အမ်းအမ်း ဖြစ်နေခဲ့၏။ သို့ရာတွင် ရွှေရောင်မျက်လုံး၏ ဆန်းကြယ် နက်နဲမှုများအား ဆက်လက် နားမလည်နိုင်မှန်း နားလည်လိုက်သည်နှင့် အသိစိတ်ပင်လယ်မှ အလျင်အမြန်ပဲ ပြန်လည်ထွက်ခွါလာလိုက်လေသည်။
သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်ထွက်ချင်းမှာပဲ ထိတ်လန့်တကြား အော်ဟစ်သံများစွာကို တစ်ဆက်တည်း ကြားလိုက်ရ၏။
ခပ်ဝဝလူအိုကြီးသည် လေးထောင့်မျက်နှာလူအိုကြီးကို ပင့်ထူမထားလျှက် စိုးရိမ်တကြီးဖြင့် အော်ခေါ်နေခဲ့သည် “ညီအစ်ကိုရီ၊ ညီအစ်ကိုရီ၊ မင်းဘာဖြစ်တာလဲ”
ရန်လီတင်းက အခြေအနေကို အသေအချာ စစ်ဆေး ကြည့်ပြီးသည့်နောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်သည် “သူသေပြီ”
ရန်ကိုင် မဟာမိတ် အဖွဲ့သားများဖြစ်စေ၊ မိသားစုကြီး (၇)ခုမှ အဖွဲ့သားများဖြစ်စေ၊ အကုန်လုံး ကြက်သေသေကုန် ကြတော့လေသည်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်… သေသွားခဲ့ခြင်းလား။
“ဘာဒဏ်ရာလက္ခာဏာမှ မတွေ့ရဘူး။ ဘာတွေ ဖြစ်သွားခဲ့တာလဲ ဆိုတာကို ငါလည်း မသိဘူး” ရန်လီတင်းက မျက်မှောင်ကြုံ့လိုက်ပြီး နိုးကြား သတိအပြည့်ဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်၏။
ရီမိသားစု အကြီးအကဲချုပ်၏ ခွန်အားက သူခွန်အားနှင့် အတူတူလောက်ပဲ ရှိပါ၏။ သို့သော် ထိုအကြီးအကဲချုပ်သည် အကြောင်းပြချက်မရှိ မည်သည့် ဒဏ်ရာအနာတရမျှ ရရှိခြင်း မရှိပဲ ရုတ်တရက်ကြီး သေဆုံးသွားခဲ့သည်။ သူ့အသက် စွမ်းအင်ပဲ ကုန်ဆုံးသွားခြင်းလား၊ သို့မဟုတ် တစ်ယောက် ယောက်ကပဲ သူ့ကို အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်းလား။
မထမတစ်ချက်သည် ဖြစ်နိုင်ချေ မရှိလှချေ။ ထိုအကြီးအကဲနှင့် အတူပေါင်းသည်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် ထိုအကြီးအကဲသာ သေတော့မည်ဆိုလျှင် ရန်လီတင်းလည်း သတိပြုမိမှာ မလွဲမသွေပင်။
ထို့ကြောင့် သူ့အသက်စွမ်းအင် ကုန်ဆုံးသွားခဲ့သည့် အတွက်ကြောင့် သေးဆုံးသွားခဲ့ရသည်ဆိုသော အချက်ဟာ ဖြစ်နိုင်ချေမရှိတော့ချေ။
အဆိပ်ခတ်ခံရတာများ လူများစွာ ရှိနေသည့်ကြားမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်အား မည်သူမျှ မသိအောင် သတ်ဖြတ်နိုင်သော လူရှိသည့်အကြောင်း ရန်လီတင်း တစ်ကြိမ်တစ်လေမျှ မကြားဖူးခဲ့ချေ။ ဤလောကကြီး၌ ထိုကဲ့သို့ လုပ်ဆောင် နိုင်သည့် ပညာရှင်တစ်ယောက်ပင် ရှိမနေပေ။ တိမ်မိစ္ဆာ နယ်မြေ၏ နတ်ဆိုးအရှင်သခင်ပင်လျှင် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ချေ။
“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်က မသိဟန် ဆောင်လျှက် အနား၌ ရှိနေသည့် သွေးစစ်သည်တော် နှစ်ယောက်အား မေးလိုက်သည်။
တုဖုန်းက တံတွေးတစ်လုတ် မျိုချလိုက်ပြီး လေးနက် တည်ကြည်သည့် လေသံဖြင့် ရှင်းပြလိုက်သည် “ကျုပ်လည်း သေချာမသိဘူး။ ဘာမှလည်း မမြင်လိုက်ရဘူး။ ရီမိသားစု အကြီးအကဲချုပ်ရဲ့ ပါးစပ်ကနေ အမြုံ့တွေထွက်လာပြီး မြေကြီးပေါ် လဲပြိုကျသွားတာကိုပဲ တွေ့လိုက်ရတယ်”
ရန်ကိုင် အသာအယာလေး ခေါင်းညိတ်လိုက်၏။ သူ့မျက်နှာအမူအရာသည် စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ့ရင်ထဲတွင်တော့ ရွှေရောင်မျက်လုံး၏ အဖျက်စွမ်းအားကြောင့် နောက်တစ်ကြိမ် အံ့အားသင့် နေခဲ့လေသည်။
တစ်ချက်တည်းနှင့်ပင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်အား အပြီးတိုင် သုတ်သင်နိုင်ခဲ့လေ၏။
ရီမိသားစု၏ ဝိဥာဉ်ပုံရိပ်သည် သူ့အတွေးတို့ကို သယ်ဆောင်ထားသည့် ဖြစ်ရာ ၎င်းက ပျက်စီးသွားမှတော့ သူ့ခန္ဓာကိုယ်ကကော မည်ကဲ့သို့ အသက်ရှင်နိုင်တော့ မည်နည်း။
ရွှေရောင်မျက်လုံး၊ ထိုအရာက တကယ်တမ်း မည်သည့်အရာကြီး ဖြစ်နေသနည်း။
တိုက်ပွဲကွင်းပြင်းထက်ရှိ အခြေအနေသည် ရုတ်တရက် ဆိုသလို ငြိမ်ကျသွားခဲ့သည်။ မိသားစု(၇)ဘက်မှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များ ဖြစ်စေ၊ လင်းတိုင်ရှုနှင့် မန်ဝူရတို့ ဖြစ်ပါစေ၊ ထိပ်သီးပညာရှင် အားလုံးသည် မျက်မှောင်ကြုံ့လျှက် ရုတ်တရက် ဖြစ်သွားသော ဆန်းကြယ်နက်နဲသည့် ကိစ္စနှင့် ပက်သက်ပြီး အတွေးထဲနစ်မြောနေခဲ့ကြလေ၏။
နတ်ဆိုးအိုကြီးက ကြင်နာနွေးထွေးခြင်း မရှိသည့် ရယ်မောသံကြီးနှင့် တိတ်ဆိတ်မှုအား ရုတ်တရက် ဖြိုခွဲလိုက်လေသည် “ငါတို့တွေက အောက်တန်းကျတဲ့ နည်းလမ်းတွေကိုသုံးပြီး သူ့ကို သတ်ဖို့ကြိုးစားနေတယ် ဆိုပြီး လိုက်စဉ်းစားမနေနဲ့။ သူသေသွားတဲ့အချိန်တုန်းက ငါတို့က ဒီနေရာနဲ့ မီတာ(၁၀၀၀) အကွာမှာ တိုက်ခိုက် နေကြတာ။ ငါတို့ထဲက ဘယ်သူကမှ အခုလိုမျိုး မလုပ်နိုင်ဘူး”
Martial Peak
အပိုင်း(၅၅၅) ထွက်ခွါဖို့ ဆုံးဖြတ်ချက်
နတ်ဆိုးအိုကြီး၏ စကားများသည် အပြစ်ကင်းဟန် ဆောင်နေသည့်ပုံစံ ပေါက်သော်ငြား သူအမှန်တရားကို ပြောနေသည်ဖြစ်မှန်း အကုန်လုံး ပြောနိုင်လေသည်။
ရီမိသားစု အကြီးအကဲ မြေကြီးပေါ်လဲကျသွားသည့် အချိန်၌ မန်ဝူရ၊ လင်းတိုင်ရှုနှင့် နတ်ဆိုးအိုကြီးတို့သည် ကောင်းကင်ထက်တွင် တိုက်ခိုက်နေတုန်းပဲ ရှိပါသေးသည်။ ထိုထူးဆန်းသည့် အခြေအနေကို သတိပြုမိသည့် အခါမှပဲ မြေကြီးပေါ် ပြန်ဆင်းလာခဲ့ခြင်း ဖြစ်၏။
သူတို့သုံးယောက်စလုံး၌ ထိုကဲ့သို့ လုပ်ဆောင်နိုင်သော အခွင့်အရေး မရှိသည်ကို အားလုံး ကောင်းကောင်း နားလည်သဘောပေါက်ထားကြပါ၏။ သူတို့တွင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်အား မည်သူမှ မသိအောင် တိတ်တဆိတ် ချောင်းမြောင်းလုပ်ကြံနိုင်သည့် စွမ်းရည်မရှိပေ။ မဟုတ်ရင် အစကတည်းက ယခုကဲ့သို့ ယှဉ်တိုက်ဖို့ သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက် အကြောင်းပြချက် ရေရေရာရာ မရှိလျှက် ရုတ်တရက်ကြီး သေဆုံးသွားခဲ့သည့် သတင်းသည် ဤလောကကြီး တစ်ခုလုံးအား ဝရုန်းသုန်းကား ဖြစ်သွား စေမည်မှာ မလွဲမသွေပင်။ ယခုလောလောဆယ် အချိန်၌၊ မိသားစုကြီး (၇)မှ မည်သည့်ပညာရှင်မှ ရန်ကိုင်အား ပြဿနာ ရှာလိုစိတ် မရှိတော့ပါချေ။
ရီမိသားစုအကြီးအကဲချုပ် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့သည့် အကြောင်းကြောင့်း ရှိနေသည့်လူ အကုန်လုံး မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးအား စိုးရိမ်စ ပြုလာခဲ့ရလေပြီ။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်အား လူမြင်ကွင်းမှာပင် မည်သူမှ မသိအောင် တိတ်တဆိတ် သတ်ဖြတ်သွားနိုင်သည်ကို ကြည့်လျှင် ထိုရန်သူသည် ယခုနေရာ၌ ရှိနေသော လူအားလုံးကို သတ်ပစ်နိုင်မည်ဖြစ်ကောင်း သံသယရှိစရာ မလို။
“ဒီညကိစ္စမှာ မင်းတို့ရဲ့ ရင်းနှီးဖော်ရွေမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်” ရန်လီတင်းက နတ်ဆိုးအိုကြီး၊ မန်ဝူရနှင့် လင်းတိုင်ရှုတို့အား ကြည့်လိုက်ပြီး တိုးလျလျလေသံဖြင့် ပြောလိုက်၏ “နောက်ပိုင်းကျ၊ ခင်ဗျားတို့ဆီက လမ်းညွှန်မှု ထပ်ရဖို့ မျှော်လင့်ပါတယ်”
ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရီမိသားစု အကြီးအကဲချုပ်၏ အလောင်းခန္ဓာကိုယ်အား ကောက်ယူလိုက်ပြီး စည်းတံဆိပ်တော် ဘုရားကျောင်းဆီ ပျံသန်းသွားလိုက်သည်။
မန်ဝူရနှင့် ကျန်၍ရှိနေသော ပညာရှင်နှစ်ယောက် သည်လား သူတို့ထွက်သွားသည်ကို မတားပါချေ။ သူတို့ ယခုကဲ့သို့ ထွက်ပေါ်ရသည့် အကြောင်းပြချက်က ရန်ကိုင် အသက်အန္တရာယ် ရှိနေမှာကို စိုးရိမ်သည့် အတွက်ကြောင့်ပဲ ဖြစ်ပေသည်။
“ကျဆုံးသွားတဲ့ မိတ်ဆွေတွေရဲ့ အလောင်းတွေကို လိုက်သိမ်းလိုက်ကြ၊ ငါတို့ ပြန်ကြမယ်” အသိစိတ် မကပ်သည့် အမူအရာဖြင့် ရီရှင်းရို့သည် ကျန်ရှိနေသည့် အဖွဲ့များအား အမိန့်ပေးလိုက်၏။
ယနေ့ညတိုက်ပွဲ၌ မိသားစုကြီး (၇)ခုစလုံး ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသော်လည်း မဟာ အရှုံးသမား ဟာတော့ ရီမိသားစုမှလွဲ၍ အခြားမဖြစ်နိုင်ပါချေ။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်အား ဆုံးရှုံးလိုက်ရသည့်အားက ပေါ့သေးသေး ဆုံးရှုံးမှုတစ်ခုမဟုတ်။
အလောင်းများကို ပြန်ကောက်ပြီးသွားသည်နှင့် အားမန်တက်ကြွစွာဖြင့် ရန်ကိုင်စံအိမ်အား လာရောက် တိုက်ခိုက်ကြသည့် ကျူးကျော်သူတို့မှာ စိတ်ဓါတ်ကျကျဖြင့် ပြန်လည်ဆုတ်ခွါသွားခဲ့ရလေသည်။
“ဘာတွေများ ဖြစ်ခဲ့တာလဲ” မန်ဝူရက ရေရွတ်လိုက်၏။ လေးထောင့်မျက်နှာနှင့် လူအိုကြီး ဘယ်လိုသေသွားလဲ ဆိုသည့်ကိစ္စကို သူလည်း အဖြေမရှာနိုင် ဖြစ်နေခဲ့သည်။ ထိုမေးခွန်းအား မေးပြီးသည့်နှင့် သူ့အကြည့်က မယောင် မလည်ဖြင့် ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့၏။
“ကျုပ်ကို ဘာလို့ လာကြည့်နေရတာလဲ” မန်ဝူရ သူ့အား ကြည့်နေသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်က ပြန်ပြောလိုက်သည် “ကျုပ်ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး”
သူ့စကားအား ကြားလိုက်သည်နှင့် လူတော်တော် များများ ပြုံးဖြီးလိုက်ကြ၍ အသက်မရှူစတမ်း ရယ်မော ကြတော့လေသည်။
သခင်ငယ်လေးသည် ဆန်းကြယ်နက်နဲသည့် နည်းလမ်းများစွာ၊ အံ့အားသင့်ဖွယ် ကောင်းသော အရည်အချင်း၊ အလားအလားတို့အား ပိုင်ဆိုင်ထားသလို မယုံကြည်နိုင်ဖွယ်ရာ အဆန်းတကြယ် ဖြစ်ရပ်များစွာကို ထပ်တလဲလဲ ဖန်းတီးနိုင်ခဲ့သည် ဆိုသော်ငြား အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ကို လူမြင်ကွင်းမှာပဲ မည်သည်မျှ မသိရလေအောင် တိတ်တဆိတ် ချောင်းမြောင်းသတ်ဖြတ်ခြင်း ဆိုသော အမှုကိုတော့ မစွမ်းနိုင်ရာ။
“မင်းလို့ ငါမပြောဘူး၊ ဘာတွေ ဆတ်ဆတ်ထိမခံ ဖြစ်နေတာလဲ” မန်ဝူရက မျက်လုံးလေ ကလယ်ကလယ် လုပ်လိုက်ချိန် သူ့ခေါင်းထဲ တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားခဲ့သည်။
ရန်ကိုင်သာ ငြင်းဆိုခြင်း မပြုခဲ့လျှင် သူသည် တရားခံ တစ်ယောက် ဖြစ်ပါသည် ဆိုသော အချက်အား မန်ဝူရ မည်ကဲ့သို့မှ စဉ်းစားမိခဲ့လိမ့်မည် မဟုတ်။ သို့သော်ငြား၊ ရန်ကိုင်၏ ဆတ်ဆတ်ထိမခံ တုန့်ပြန်မှုသည် အရမ်းကို သံသယဝင်စရာကောင်းတဲ့ အပြုအမူတစ်ခုဖြစ်၏။ ရန်ကိုင်ဘက်မှ လေကုန်ခံပြီး ငြင်းဆိုဖို့မလိုသည့် အချက်အား ပြန်ငြင်းဆိုလိုက်သည့် အပြုအမူဟာ မန်ဝူရအား ပိုပြီး သံသယဝင်စေခဲ့သည်။
ဒီကိစ္စက… အဲ့ကောင်စုတ်လေးနဲ့ တကယ်ပဲ ဆက်စပ်နေတာလား မန်ဝူရ ခေါင်းရှုပ်သွားခဲ့၏။
“ငါတို့လည်း ငါတို့ညီအစ်ကိုတွေရဲ့ အလောင်းတွေကို ပြန်ကောက်သင့်တယ်” ရန်ကိုင်က တည်ကြည်လေးနက် စွာဖြင့် တိုက်ပွဲကွင်းပြင်အား ဝေ့ကြည့်လိုက်သည်။
သူ့အဖွဲ့သားများ အကုန်လုံးသည် ချက်ချင်း ခွဲထွက်သွား၍ ကျဆုံးသွားသည့် သူတို့မိတ်ဆွေတို့၏ အလောင်းများအား သွားပြန်ကောက်ကြလေသည်။
ကောင်းကင်သည် ရောင်နီလာစ ပြုလာခဲ့လေပြီ။ ကနေ့၏ ပြင်းထန်သည့် တိုက်ပွဲ အဆုံးသတ်သလို့ ရောက်ရှိ သွားခဲ့လေပြီ။ တိုက်ပွဲသည် အရှိန်မြင့်လာမှ ရုတ်တရက်ကြီး အဖျားရှူးသွားခဲ့သော်ငြား ထိုကဲ့သို့ အရေးကြီးသည့် အဖြစ်အပျက်တစ်ခု ရုတ်တရက် ကောက်ကာငင်ကာ ဖြစ်ပွါးလာခဲ့ရသည့်အတွက် တိုက်ပွဲကို ယာယီရပ်တန့် ထားဖို့ကလွဲ၍ အခြားမရှိတော့ချေ။
သို့ရာတွင် ကနေ့ည တိုက်ပွဲပြီးသည့်နောက် အရေးကြီးသော အချက်တစ်ချက်အား ရန်ကိုင် အဖွဲ့သားများ နားလည်သွားခဲ့ကြသည်။
ယခုလက်ရှိ အခြေအနေသည် ရန်ကိုင် ထင်မှတ်ထားခဲ့သည်ထက် ပို၍ စိုးရိမ်စရာ ကောင်းနေခဲ့၏။ တစ်နည်းဆိုရသော် ရန်ကိုင်သည် သူတို့အား ခြောက်လှန့်ဖို့ ကြိုးစားနေခြင်း မဟုတ်ပဲ သူတို့သည်သာ ယခုလက်ရှိ အခြေအနေရဲ့ လေးနက်မှုကို အထင်သေးမိနေခဲ့ခြင်း ဖြစ်ကြောင်း အားလုံး နားလည်သိရှိသွားခဲ့သည်။
ရန်ကိုင်သည် မိသားစုကြီးရှစ်ခု၏ရန်သူ တကယ်ပဲ ဖြစ်လာခဲ့လေပြီ။
ထို့အပြင်ကိုမှ ဤအငြင်းပွါးဖွယ် ကိစ္စထဲ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များစွာပင် ဝင်ပါခဲ့ကြလေသည်။
မည်ကဲ့သို့သော ပညာရပ်၊ စွမ်းရည်များကို ရန်ကိုင် ပိုင်ထားထာ၍ ဗဟိုမြို့တော်မှ မိသားစုကြီးတွေ ယခုကဲ့သို့ အားအင်အပြည့်ဖြင့် ရောက်လာခဲ့ရလေသနည်း။ ရန်မိသားစုသည် မည်သည့် အတွက်ကြောင့် တိတ်ဆိတ်နေခဲ့ရသနည်း။ ရန်ကိုင်၏ တည်ရှိမှုအား မည်သည့်အတွက်ကြောင့် လုံးဝဥဿုံ လျစ်လျူရှုထားခဲ့ရသနည်း။
မည်သူမှ မသိကြ။ သို့သော်ငြား ယခုအခြေအနေသည် မည်သည့်အတိုင်းအတာထိ လေးနက်၊ အရေးကြီးနေလဲ ဆိုသည်ကိုတော့ သူတို့တွေ နားလည်သွားခဲ့ကြသည်။
တစ်ရက်တာ အနားယူပြီးသည့်နောက် လူများစွာသည် ထူထူထောင်ထောင် ဖြစ်မလာရုံမက အရင်ကထက်ပင် ပိုပြီး စိတ်ဓါတ်ကျလာခဲ့ကြလေသည်။ ယမန်နေ့ည တိုက်ပွဲကြောင့် လူပေါင်းများစွာ ကျဆုံးသွားခဲ့ရ၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များစွာ သေဆုံးသွားခဲ့ရသည့်ဖြစ်၍ ထိုအင်အားစုများစွာ ပြင်ပြင်းထန်ထန် အထိနားသွားခဲ့ရသည်။
လူတိုင်း စိုးလည်း စိုးရိမ်လာမိကြသလို စိတ်ဓါတ်လည်း ကျလာခဲ့ကြသည်။
ဘဏ္ဏာထိန်းမန် အခန်းတွင်း၌၊ ရန်ကိုင်သည် နောင်ဘက်ဆက်လုပ်မည် ဆိုသည့်အကြောင်း စီစဉ်ဖို့ရာ မန်ဝူရ၊ လင်းတိုင်ရှုနှင့် နတ်ဆိုးအိုကြီးတို့ဖြင့် ပြောဆိုဆွေးနွေး နေခဲ့ကြ၏။
“ရန်ကိုင်လေး၊ မင်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ” အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်သို့ ပြန်ရောက်နေပြီ ဖြစ်သည့် မန်ဝူရက လေးနက်သည့် အမူအရာဖြင့် ရန်ကိုင်အား ကြည့်၍ မေးလိုက်သည်။
ယမန်နေ့တုန်းက မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး မည်သည့်ဒဏ်ရာမှ မရခဲ့သော်လည်း ယနေ့မှာတော့ သူတို့နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ် နေသယောင်ထင်ရ၏။
“ကျုပ်ဒီကနေ ထွက်သွားတော့မယ်” ရန်ကိုင်က အားတင်းပြုံးလိုက်ပြီး ခေါင်းခါရမ်းလျှက် “ဒီနေရာက ကျုပ်နဲ့မသင့်တော်တော့ဘူး”
ရန်ကိုင်ပြောသည်အား ကြားလိုက်သည်နှင့် မန်ဝူရက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “အစောကြီး ကတည်းက မင်းထွက်သွားခဲ့သင့်တာ။ ရန်မိသားစု ခေါင်းဆောင် မဖြစ်ချင်မှတော့ အမွေခံတိုက်ပွဲမှာလည်း ဆက်ပြီး ဝင်ပြိုင်မနေသင့်တော့ဘူး။ အစကလည်း မင်းအလုပ်မဟုတ်တာ”
မန်ဝူရရဲ့ ပြစ်တင်လိုသံ စကားကို ကြားသည့်အခါ ရန်ကိုင်က သက်ပြင်း အသာအယာ ချလိုက်၍ “ကျုပ်ဝင်ပြိုင်နေရတာလည်း ဂိုဏ်းရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးချင်လို့လေ။ ဒါပေမယ့် အခြေအနေက ကျုပ်မျှော်မှန်းခဲ့သလို့ ဖြစ်မလာတော့တဲ့ ပုံပဲ”
ရန်ကိုင် လေသံထဲက ဝမ်းနည်း၊ စိတ်ပျက်နေသည့် အခြင်းအရာကို သတိပြုမိလိုက်သည်နှင့် လင်းတိုင်ရှုက “စိတ်ပျက်မနေခဲ့လေ။ ဂိုဏ်းနာမည်ဆိုးကို ရှင်းရမှာ ဂိုဏ်းရဲ့ တာဝန်ပဲလေ။ ဒီကိစ္စနဲ့ပက်သက်ပြီး မင်းစိုးရိမ်စိတ်ပူ နေစရာမလိုဘူး” ဟုဆိုကာ နှစ်သိမ့်ပေးလိုက်၏။
“ကျုပ်နားလည်ပါတယ်” ဟုဆိုလိုက်လျှက် ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်သည်။
နတ်ဆိုးကြီးက ရုတ်တရက် ရယ်ရယ်မောမောဖြင့် “ဒီနေရာက ထွက်သွားတာ အကောင်းဆုံးပဲ။ ဝေဟုန်ကိုပျံ၊ ပင်လယ်ပြာကြီးကို ဖြတ်သန်း၊ အစေခံအိုကြီးဖြစ်တဲ့ ကျုပ်ကပါ သခင်လေးနား ရှိနေမှတော့ သခင်လေးရဲ့ အနာဂတ်က မမျှော်မှန်းနိုင်တဲ့ အဆင့်တစ်ခုထိ ရောက်ရှိလာမှာ အသေအချာပဲ။ အနည်းဆုံး ဒီဘာမဟုတ်တဲ့ ရန်မိသားစုခေါင်းဆောင် ရာထူးထက် အဆ(၁၀၀)လောက် ပိုမြင့်မားလိမ့်မယ်။ သခင်လေး ကြည့်နေလိုက်၊ သခင်လေးသာ ဒီလောကကြီးရဲ့ အထွတ်အထိပ် အဆင့်ကို ချိုးဖျက်ပြီး ဒီလောကကြီးထဲ ပြန်လာခဲ့ရင်း အဲ့မိသားစုကြီး (၈)ခုစလုံး သခင်လေးရဲ့ ခြေထောက်ကို လျှက်ခွင့် ရဖို့ အသည်းအသန် ကြိုးစားကြတော့မှာ” ဟု ဝင်ပြောလိုက်ရာ ရန်ကိုင်က မကျေနပ်သည့် အကြည့်ဖြင့် ကြည့်၍ “ခင်ဗျား စကားတွေက အရမ်းကို ရွံဖို့ကောင်းတာပဲ” ဟုပြန်ပြော လိုက်လေ၏။
မန်ဝူရက ခေါင်းခါရမ်းလိုက်ပြီး ကြားဝင်၍ ပြောလိုက်၏ “သူ့စကားတွေက တကယ်ကို ရွံစရာကောင်းပေမယ့် အခု ချက်ချင်းလှုပ်ရှားတာ အကောင်းဆုံးပဲ။ ပြီးတော့ မင်းရဲ့ အရည်အချင်းနဲ့ဆို သူပြောသလိုမျိုး ဖြစ်လာဖို့က ခက်ခဲတာမှ မဟုတ်တာ။ မင်းအနေနဲ့ အနှောင်အဖွဲ့ကင်းတဲ့ ကျင့်ကြံခြင်းကို လိုက်စားသင့်တယ်။ ဂိုဏ်း ဒါမှမဟုတ် မိသားစုရဲ့ အချုပ်အနှောင်ကနေ ကင်းလွတ်တဲ့ ပုံစံမျိုးပေါ့။ မင်းသာ အဲ့လိုအရာတွေကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် မင်းရဲ့ အနာဂတ်က အကန့်အသတ်နဲ့ပဲ ဖြစ်သွား ရလိမ့်မယ်”
ထိုစကားကို ကြာသော် ရန်ကိုင်က သူ့ရှေ့၌ ရှိနေသည့် လူအိုကြီး သုံးယောက်အား ဝေ့ကြည့်လိုက်၏။ တစ်ယောက် ချင်းစီ၏ မျက်နှာများဟာ ခိုင်းမြဲသည့် ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့လေသည်။ ရုတ်တရက် စိတ်အားတက်သွားခဲ့ပြီး “အဲ့လိုဆိုရင် ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်အတိုင်း နေနိုင်အောင် ကြိုးစားပါ့မယ်”ဟု ပြောလိုက်ရာ လင်းတိုင်းရှုက “အင်း၊ ကောင်းတယ်”
လင်းတိုင်ရှုကပဲ ပြုံး၍ ဆက်ပြောလိုက်၏ “ဂိုဏ်း၊ ဒါမှမဟုတ် အဖွဲ့သားတွေ ကိစ္စနဲ့ပက်သက်ပြီး မင်းစိုးရိမ်နေစရာ မလိုဘူး။ ဒီလူအိုကြီးသာ အသက်ရှိနေ သရွေ့ သူတို့တွေကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ်။ မင်းမိသားစုအတွက်ကတော့လား… မင်းမိဘတွေရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီးတော့ စိုးရိမ်နေစရာ မလိုပါဘူး။ ရန်မိသားစုက မင်းအပေါ် မမျှမတ ဆက်ဆံခဲ့ပေမယ့် မင်းမိဘတွေကို ဒုက္ခရောက်အောင်လုပ်ပြီး ပြဿနာတွေကို လက်ယပ်ခေါ်ဖို့ ကြိုးစားမှာမဟုတ်ဘူး”
“အင်း၊ ကျုပ်သိတယ်” ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဆိုလိုက်ရာ နတ်ဆိုးအိုကြီးက
“သခင်လေး၊ ဘယ်အချိန်ထွက်သွားမယ်လို့ စဉ်းစား ထားလဲ”
“မြန်နိုင်သမျှ မြန်မြန်ပေါ့” ရန်ကိုင်က အနည်းငယ် စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ပြောလိုက်၏။ အချိန်နှင့် အားစိုက်ထုတ်မှု များစွာ ရင်းနှီးခဲ့ရပြီးမှ နောက်ဆုံးအချိန်မှ ထွက်လိုက်ရခြင်းမှာ အရမ်းကို ရင်နာစရာ ကောင်းလှပေ၏။
“ဒီလူအိုကြီး ရက်နည်းနည်းလောက်နားဖို့ လိုလိမ့်မယ်၊ ဒီမိစ္ဆာအိုကြီးရောပဲ” မန်ဝူရက ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ပြီး “အဟမ်း၊ ကဲ၊ ဒီရက်နည်းနည်းပါးပါးကို မင်းမိတ်ဆွေတွေနဲ့ စကားပြောပြီး ဖြုန်းလိုက်ဦး။ သူတို့ တွေလည်း မင်းအတွက် တော်တော်လေး ကြိုးစား ပေးထားခဲ့ရတာ”
မန်ဝူရ၏ စကားကိုကြားလျှင် ရန်ကိုင်က အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်ပြီး သူ့စိတ်ထဲ သိလိုနေသည့် သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ရာ “ဘဏ္ဏာထိန်းမန်၊ ခင်ဗျားနဲ့ နတ်ဆိုးအိုကြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ဘယ်လိုလုပ်ပြီး ရုတ်တရက် ချိုးဖျက်သွားနိုင်ရတာလဲ” ဟု ရုတ်တရက် ကောက်မေးလိုက်သည်။
ထိုကိစ္စနဲ့ပက်သက်ပြီး လူတိုင်း သိချင်နေကြတာ ဖြစ်၏။ ရန်ကိုင်သည်လည်း ချွင်းချက်မဟုတ်ခဲ့။
ရန်ကိုင် အမေးကို ကြားလိုက်ရသည့်အခါ မန်ဝူရနှင့် နတ်ဆိုးအိုကြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်ကြလေ၏။
“ခင်ဗျားတို့ စိတ်ထဲမထားရင် ကျုပ်လည်း ကြားချင်တယ်နော်” လင်းတိုင်ရှုလည်း သိချင်စိတ် ဖြစ်မိသည့်အတွက် ဝင်ပြောလိုက်သည်။
မန်ဝူရက တစ်ခဏလောက် တွေးတော စဉ်းစား နေလိုက်ပြီးနောက် အသာအယာလေး ခေါင်းညိတ်ပြ လိုက်၏။ သူ့လက်ကို ဝေ့ရမ်းလိုက်ပြီး အခန်းထဲမှာ ပြောစကားတွေအား အပြင်လူများ မကြားရစေရန် အကာအရံတစ်ခု ဖန်တီးလိုက်ပြီးသည့်နောက် စတင် ရှင်းပြပါတော့လေသည်။
“မနေ့ညတုန်းက ငါနဲ့မိစ္ဆာအိုကြီး ပြသခဲ့တဲ့ နည်းလမ်း တွေက အားလုံးရဲ့ သိချင်စိတ်ကို နှိုးဆွမိမယ်မှန်း ဒီလူအိုကြီး သိပြီးသား” ဟု ဆိုပြီးသည့်နောက် မန်ဝူရက အထင်အမြင် သေးသေးဖြင့် ဆက်ပြောလိုက်၏ “ဒါပေမယ့် ငါတို့ရဲ့ နည်းလမ်းတွေကို ရလိုက်တာနဲ့ သူတို့လည်း ငါတို့လို လုပ်နိုင်မယ်လို့ ထင်နေကြတယ်၊ ဒီကောင်တွေ အရမ်းအမြင် ကျဉ်းလွန်းတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး “နည်းလမ်းကို သိရင်တောင်မှ သူတို့အတွက် ဘာအကျိုးမှ ရှိမှမဟုတ်ဘူးပေါ့” ဟု ဆိုလိုက်ရာ နတ်ဆိုးအိုကြီးက ခေါင်းညိတ်လိုက်ပြီး
“အမှန်ပဲ။ ဒီလူအိုကြီးရဲ့ နည်းလမ်းတွေက သင်ရ လွယ်တယ်လို့ သူတို့တွေ ထင်နေကြာတာ ဖြစ်မယ်။ ဒါပေမယ့် ဒီအစေခံအိုကြီး အသုံးပြုခဲ့တဲ့ နည်းလမ်းကို သူတို့ ရသွားခဲ့ရင်တောင် သူတို့မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်က ဒီနည်းလမ်းကို သုံးပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်လို့ ရမှာမဟုတ်ဘူး။
ရန်ကိုင်က “ဘာလို့လဲ”ဟု ပြန်မေးလိုက်ရာ နတ်ဆိုးအိုကြီးက
“ဘာလို့လဲဆိုတော့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဆိုတာ အရင်အဆင့်တွေနဲ့ လုံးဝကို ခြားနားလို့ပဲ။ သေချာတဲ့ အုတ်မြစ်မရှိပဲနဲ့ အဲ့အဆင့်ကို ချိုးဖျက်ဖို့ဆိုတာ အိမ်မက်မက်နေမှပဲ ရလိမ့်မယ်။ အခြားတစ်နည်းနဲ့ ပြောရရင်တော့ အဲ့အဆင့် နှစ်ခုကြားကို တံတားထိုးပြီး ဖြတ်လမ်းလိုက်လို့ မရဘူးလို့ ပြောချင်တာ”
သို့ပေမယ့် သူလိုဆိုချင်သော အဓိပ္ပါယ်အား သေချာ မရှင်းပြနိုင်သည်ဖြစ်ရာ ဆက်ရှင်းပြဖို့ကို လက်လျှော့ လိုက်ပြီး မန်ဝူရဘက်လှည့်ကာ “လူအိုကြီးမန်၊ ခင်ဗျားပဲ ရှင်းပြလိုက်တော့” ဟု ပြောလိုက်လေသည်။
နတ်ဆိုးအိုကြီး၏ ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေသည့် အမူအရာကို ကြည့်ရင်း မန်ဝူရက ယဲ့ယဲ့လေး ရယ်မောလိုက်ပြီး “ရှင်းရှင်းပြောရရင် နတ်ဆိုးအိုကြီးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်ခဲ့ဖူးတာကြောင့်လိုပဲ ပြောရမှာပေါ့။ သူ့မူရင်း ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ပြီး ခန္ဓာကိုယ်အသစ်ကို ရယူလိုက်တော့ သူ့ကျင့်ကြံခြင်းက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ကို ပြန်ရောက် သွားတယ်။ ဒါပေမယ့် သူကိုယ်တိုင်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်ဖူးတဲ့သူ ဖြစ်လို့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်နဲ့ ပက်သက်တဲ့ ဆန်းကြယ်နက်နဲမှုတွေကို နားလည်တယ်။ ဒါကြောင့်ပဲ နတ်ဆိုးတစ္ဆေသူတော်စင် နည်းစနစ်ကို သုံးပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ယာယီ ချိုးဖျက်သွားနိုင်ခဲ့တာ”
မန်ဝူရ ရှင်းပြသည်ကို ကြားလိုက်ရသည့် အချိန်မှပဲ ရန်ကိုင် နားလည်သဘောပေါက်သွားခဲ့၏။
မိသားစုကြီး(၈)ခုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များသည် ထိုအဆင့်သို့ မရောက်မှီ အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့ရပါသည်။ ၎င်းအဆင့်သို့ မရောက်သေးဘဲနှင့် ထိုအဆင့်၏ နက်နဲဆန်းကြယ်မှုများ အား မည်ကဲ့သို့ နားလည်နိုင်မည်နည်း။
“ဒီလူအိုကြီးကတော့၊ ဟဲဟဲ…” မန်ဝူရက ပြုံးဖြီးဖြီး လုပ်ရင်း “ငါ့ကျင့်ကြံခြင်းက ချိတ်ပိတ်ထားခံရတာ။ မနေ့ညက ငါလုပ်ခဲ့တာဆိုလို့ အဲ့ချိတ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုကို ဖြေလိုက်ရုံပဲ”
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ အနည်းငယ် လေးနက်တည်ကြည် သွားခဲ့ရ၏။
သူ့စိတ်ထဲ ထိုကဲ့သို့ ဖြစ်မည်ဟု ကြိုတင်ခန့်မှန်း ထားခဲ့သော်လည်း မန်ဝူရ၏ အတည်ပြုချက်ကို ကြားသိရပြီးနောက် ရန်ကိုင်မှာ ယုံကြည်နိုင်ဖို့ရာ ခက်ခဲနေပါသေးသည်။
မန်ဝူရ၏ ခွန်အားသည် တကယ်ပဲ ချိတ်ပိတ်ထားခြင်း ခံခဲ့ရတာလား။
သူ့ကိုယ်သူပဲ ချိတ်ပိတ်ခဲ့တာလား၊ သို့မဟုတ် အခြား တစ်ယောက်၏ အကွက်ချကြံစည်ခြင်းကို ခံလိုက်ရလို့ ချိတ်ပိတ်ခံလိုက်ရတာလား။
သူ့ကျင့်ကြံခြင်းကို သူကိုယ်တိုင် ပြန်ချိတ်ပိတ်သည် ဆိုသော အချက်သာမှန်လျှင် အကြောင်းပြချက်သည် မည်သည့်အရာများ ဖြစ်မည်နည်း။ အခြားတစ်ယောက် ဆိုလျှင်လည်း မန်ဝူရ၏ ခွန်အားကို ချိတ်ပိတ်နိုင် လောက်အောင် ထိုလူက မည်သည့်အတိုင်းအတာထိ အားကောင်းနေသနည်း။
ဘဏ္ဏာထိန်းမန် အမြဲတမ်းလိုလို လျှို့ဝှက်ဆန်းကြယ် နေသည်မှာလည်း အထူးအဆန်း မဟုတ်တော့၊ အမွေခံ တိုက်ပွဲထဲ ဝင်ပါဖို့ရာ အမြဲတစေ တုန့်ဆိုင်းနေသည် မှာလည်း အဆန်းတကြယ် မဟုတ်တော့။ သူအခု ပြောလိုက်သည့် အကြောင်းပြချက်ကြောင့် ဖြစ်နေသည်ကိုး။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များသည် သူတို့၏ ဂုဏ်သိက္ခာအား အရမ်းကို ဂရုစိုက်ကြပါသည်။ ထို့ကြောင့် သူ့အဆင့်အတန်းကို နှိမ့်ချပြီး စာမဖွဲ့လောက်သည့် အမွေခံတိုက်ပွဲလေး အတွက်နှင့် ဂျူနီယာတွေကို မည်သည့်အတွက်ကြောင့် အနိုင်ကျင့်ရမည်နည်း။
“ဒါပေမယ့် ငါပဲဖြစ်ဖြစ်၊ နတ်ဆိုးအိုကြီးဖြစ်ဖြစ်၊ နည်းလမ်း အမျိုးမျိုးကို သုံးပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ယာယီချိုးဖျက် နိုင်ခဲ့ပေမယ့် အဲ့လိုလုပ်လိုက်လို့ ဘေးထွက်ဆိုးကျိုး အချို့ ခံစားလိုက်ရတယ်။ မိစ္ဆာအိုကြီးရဲ့ လက်ရှိ အသားအရေကို မြင်ရုံနဲ့တင် မင်းနားလည်လောက်မှာပါ။ ဒါကြောင့် ဒီကနေ ထွက်သွားချင်တယ်ဆိုရင် ငါတို့ အပြည့်အဝ ပြန်သက်သာ လာတဲ့အထိ စောင့်သင့်တယ်။ အဲ့ကျမှပဲ ထွက်ခွါ ကြတာပေါ့”
မိသားစုကြီး(၈)ခုက ရန်ကိုင်အား ယခုနေရာမှ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ထွက်ခွါခွင့်ပေးမည်၊ မပေးမည်ကို မည်သူမှ မသိပေ။ ထို့အတွက်ကြောင့် အောင်အောင်မြင်မြင် ထွက်ခွါနိုင်ဖို့ရာ မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး အထွတ်အထိပ် အခြေအနေ၌ ရှိနေဖို့ လိုအပ်ပေသည်။
“ကောင်းပြီလေ။ ဒီရက်နည်းနည်းလောက်ကတော့ ငြိမ်းချမ်းနေဦးမှာပဲ။ မိသားစုကြီး(၈)ခုက ရီမိသားစု အကြီးအကဲချုပ် သေတဲ့ကိစ္စနဲ့ အရူးမီးဝိုင်း ဖြစ်နေမယ်လို့ ကျုပ်ကျိန်းသေပြောရဲတယ်။ ဒါကြောင့် အခုလောလောဆယ် ကျုပ်တို့ဘက် အာရုံလှည့်နိုင်ဦးမှာ မဟုတ်သေးဘူး” ဟု ဆိုပြီးနောက် ကြိတ်ရယ်လိုက်ပြီး ရန်ကိုင်က ဆက်ပြောလိုက်သည် “နောက်ပိုင်းကျ၊ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ရဲ့ ဆန်းကြယ်မှုတွေကို ကျုပ်ကို ရှင်းပြဖို့ လိုလိမ့်မယ်”
ရန်ကိုင် ပြောသည်ကို ကြားလိုက်သည်နှင့် နတ်ဆိုးအိုကြီးက “အင်း၊ ပြဿနာမဟုတ်ဘူး။ အစေခံအိုကြီးက သခင်လေးဘေးနားမှာ ရှိနေမှတော့ အချိန်တန်တဲ့အခါ သခင်လေးကို ကျုပ်ကိုယ်တိုင် ပြောပြမှာပါ” ဟု ပြန်ပြောလိုက်သည်။
တစ်ခဏလောက် ကြာပြီးနောက် ရန်ကိုင်က ဆေးပေါင်းအဆီအနှစ်အချို့ကို ထုတ်ယူလိုက်ပြီး မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်ဆီ ပေးလိုက်ရင်း “ဒါက ခင်ဗျားတို့ကို မြန်မြန်ပြန်သက်သာလာအောင် ကူညီကောင်း ကူညီပေးနိုင်လောက်တယ်” ဟုပြောလိုက်၏။
ရန်ကိုင် ထုတ်ယူလိုက်သည့် ဆေးပေါင်းအဆီအနှစ်ကို မြင်တွေ့လိုက်သည်နဲ့ “အဲ့ဒါလား” ဟု လင်းတိုင်ရှုက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်၏။
မန်ဝူရက သိလိုစိတ်ဖြင့် လင်းတိုင်ရှုအား ကြည့်၍ “ဘယ်လို ရတနာမျိုးမို့လို့ မင်းဒီလောက် စိတ်လှုပ်ရှား သွား၇တာလဲ”
ဟုမေးလိုက်ကာ လင်းတိုင်ရှူက
“အစ်ကိုမန်၊ ကျုပ်က ဒီပစ္စည်းကိုသုံးပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်ခဲ့တာလေ” ဟု အသာအယာလေး ပြန်ပြောလိုက်လေသည်။
မန်ဝူရ ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်ပေးလာသည့် ဆေးပေါင်းအဆီအနှစ်ကို ကောင်းကင်စိတ်အာရုံသုံး၍ အလျင်အမြန်ပဲ စစ်ဆေးကြည့်လိုက်၏။ အချိန် အတော်ကြာသွားပြီးသည့်နောက် ထိတ်လန့်တုန်လှုပ် နေသည့်လေသံဖြင့် “ဒီလိုအဆင့်ပစ္စည်းမျိုး ဒီလို နေရာမျိုးမှာ တကယ်ပဲ ရှိနေတာလားဟ” ဟုဆိုလိုက်၏။