← Chapters

အခန်း (၅၅၆-၅၆၀)

Vol. 23 Ch. 556-560

အခန်း (၅၅၆-၅၆၀)

Vol. 23 Ch. 556-560

အပိုင်း(၅၅၆) ဘယ်သူထွက်သွားရမှာလဲ

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “ဘယ်အဆင့်လဲ”

အမှန်အတိုင်းပြောရလျှင် ဆေးပေါင်းရည်၊ ဆေးပေါင်းနို့နှစ်နှင့် ဆေးပေါင်းအဆီအနှစ်များသည် မည်သည့်အဆင့် ရတနာတွေဖြစ်မှန်း ရန်ကိုင်လည်း မရှင်းမလင်းပင်။ ယခု မန်ဝူရ မေးခွန်းထုတ်လာသည်အား မြင်တော့ သူလည်း သိချင်စိတ်ဖြင့် မေးမိလိုက်၏။

မန်ဝူရက ပြန်မဖြေပဲ “မိသားစုကြီး(၈)ခုက ဒါကို လိုချင်နေတာလား”ဟု ပြန်မေးလိုက်ရာ ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး “ဖြစ်နိုင်တယ်” ဟုဆိုလိုက်သည်။ ဤလောကကြီး၏ ဘောင်းအပြင်ဘက် ဝယ်ရောက်ရှိနေသည့် ကိစ္စများဆီ ရောက်လာခဲ့လျှင် မန်ဝူရသည် ချက်ချင်း ဆိုသလို ခေါင်းစဉ်လွှဲပစ်လေ့ရှိ၏။ မည်သည့် အတွက်ကြောင့် သူထိုကဲ့သို့လုပ်မှန်း ရန်ကိုင် နားမလည်နိုင်ချေ။

သို့သော် မန်ဝူရက ရှင်းပြလိုစိတ် မရှိသည့်အတွက် ရန်ကိုင်လည်း ထိုကိစ္စအား ဆက်လက် မေးမြန်းခြင်း မပြုတော့။

“ငါ့အတွက် အသုံးမဝင်ဘူး၊ မင်းပဲ သိမ်းထားလိုက်” ဟု မန်ဝူရက လက်သည်းခွံ အရွယ်အစားရှိ ဆေးပေါင်း အဆီအနှစ်အား ပြန်ပေးရင်း ပြောလိုက်သည်။ တွေးတွေး ဆဆနှင့် နတ်ဆိုးအိုကြီးဆီ လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ “နတ်ဆိုးအိုကြီး၊ မင်းတော့ကံကောင်းပြီ။ ဒီအရာနဲ့ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို တကယ်ပဲ ချိုးဖျက်နိုင်လိမ့်မယ်”ဟု ဆိုလိုက်သည်။

မန်ဝူရ ပြောသည်ကို ကြားလိုက်သည်နှင့် ရန်ကိုင်က “ဒါနဲ့ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အထက် အဆင့်ကို တကယ်ပဲ ချိုးဖျက်စေနိုင်တာလား” ဟု အလွန့်အလွန်ကို ပျော်ရွှင်နေသည့် လေသံဖြင့် မေးလိုက်၏။ လင်းတိုင်ရှု ဆေးပေါင်းအဆီအနှစ်ကို သုံး၍ အဆင့်ချိုးဖျက် ခဲ့တုန်းက တိုက်ဆိုင်ခဲ့တာပဲ ဖြစ်ရမည်ဟု ရန်ကိုင် ထင်မှတ်ခဲ့တာ ဖြစ်သည်။ သို့သော်ငြား မန်ဝူရ ပြောသည်ကို ကြားလိုက်ပြီးသည့်နောက် ဆေးပေါင်းအဆီအနှစ်၏ တန်ဖိုးသည် သူထင်မှတ်ထားခဲ့သည်အထက် အဆများစွာ ပိုမိုသာလွန်နေမှန်း ရန်ကိုင် နားလည်လိုက်၏။

“ဒီပစ္စည်းထဲမှာ ကောင်းကင်တာအို တစ်ပိုင်းတစ်စ ပါဝင်နေတယ်။ ဒါနဲ့သာဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အတားအဆီးကို ချိုးဖျက်နိုင်လိမ့်မယ်။ နတ်ဆိုးအိုကြီးမှာ ကျစ်လစ်တောင့်တင်းတဲ့ အုတ်မြစ် ရှိနေပြီ ဖြစ်တဲ့အတွက် ဒါသုံးပြီးတော့တောင် မချိုးဖျက်နိုင်ရင် ကိုယ့်ကိုယ်ကို သက်သေလိုက်တာပဲ ကောင်းလိမ့်မယ်”

နတ်ဆိုးအိုကြီးက ပြုံးဖြီးဖြီးဖြင့် ထိုဆေးပေါင်း အဆီအနှစ်အား အလျင်အမြန်ပဲ လက်ခံယူလိုက်လေသည်။

“ဒီပစ္စည်း ဖြစ်တည်လာဖို့ လိုတဲ့အချိန်က မနည်းလောက်ဘူးမလား”ဟု မန်ဝူရက မေးလိုက်ရာ ရန်ကိုင်က “နှစ်(၅၀၀၀)နဲ့(၆၀၀၀)ကြားလောက်ပေါ့” ဟု အမှန်အတိုင်းပဲ ပြန်ဖြေလိုက်၏။

ရန်ကိုင် အဖြေအား ကြားလိုက်သည်နှင့် မန်ဝူရက သက်ပြင်းချပြီး “ဟုတ်တော့ ဟုတ်နေတာပဲ။ နှစ်ပေါင်း များစွာကြာပြီးမှ ဖြစ်တည်လာတာ ဆိုတော့… တကယ်ကို ရတနာကောင်းတစ်ခုပဲ၊ အရမ်းကောင်းတယ်။ ဒါပေမယ့် ဒါက ငါ့ရဲ့ စည်းကို ပြန်ဖြေပေးနိုင်မှာ မဟုတ်သေးဘူး” ဟု ဆိုလိုက်ရာ ရန်ကိုင်က “ဒါဆိုရင် ဒါကိုသုံးကြည့်လေ” ဟုဆိုပြီး ဆေးပေါင်းရည်အချို့ ထပ်ထုတ်ပေးလိုက်သည်။

မန်ဝူရက ရန်ကိုင်ထုတ်လာပေးသည့် ဆေးပေါင်းရည်ကို အချိန်တစ်ခဏကြာသည်အထိ စစ်ဆေးကြည့်လိုက်ပြီး နောက် ခေါင်းလေးတညိတ်ညိတ်ဖြင့် “ဒါလည်း မဆိုးဘူး။ ပထမဆုံး ထုတ်ယူခဲ့တဲ့ အရာလောက် မသန့်စင်ပေမယ့် ဒါကလည်း ရှားပါးရတနာ တစ်ခုဖြစ်နေတုန်းပဲ။ ဒါက ဒဏ်ရာကိုကို အမြန်ဆုံး ပြန်သက်သာလာစေနိုင်တယ်၊ ခဏ… ဒါက ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း သန့်စင်ပေးနိုင်တဲ့ပုံပဲ”

“ဘဏ္ဏာထိန်းမန်က တကယ်ကို အမြင်စူးရှတာပဲ” လို့ ရန်ကိုင်က ချီးကျူး အမွမ်းတင်လိုက်သည့်အခါ မန်ဝူရက “ဒီလူအိုကြီးက အမြင်မစူးရှပဲ ဘယ်နေမလဲ။ မင်းမှာ ဘယ်လောက်ထပ်ရှိသေးလဲ” ဟု နှာခေါင်းရှုံ့ကာ တုန့်ပြန် ပြောဆိုလိုက်၏။

ရန်ကိုင်က ခေါင်းလေး တကုတ်ကုတ်နှင့် တွေးတော စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ခဏအကြာမှ ပြန်ပြောလိုက်သည်။

ရန်ကိုင် ပိုင်ဆိုင်ထားသည့် ရတနာပမာဏအား ကြားသိလိုက်ရချိန် လူအိုကြီး(၃)ယောက်စလုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ကြရ၏။

“ဒီလူအိုကြီးရဲ့ တပည့်ကို နည်းနည်းလောက်‌ ပေးလိုက်ဦး။ ဒါက ငါ့အတွက် အသုံးမဝင်ပေမယ့် ချန်အာ အတွက်တော့ အရမ်းကို အသုံးဝင်မှာ” မန်ဝူရက နည်းနည်း လေးတောင် ယဉ်ကျေးနေခြင်းမရှိပဲ ချက်ချင်း တောင်းဆို လိုက်လေသည်။

မန်ဝူရ စကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က “ကျုပ် သူ့ကိုပေးပြီးသွားပြီ”ဟု ချက်ချင်းပဲ ပြန်ပြောလိုက်၏။

မန်ဝူရက တစ်ခုခုအား ရုတ်တရက် နားလည် သဘောပေါက်သွားဖြင့်ဟန်ဖြင့် “သူ့ရဲ့ ကျင့်ကြံနှုန်း ဒီလောက် မြန်နေတာလည်း အံ့ဩစရာ မဟုတ်တော့ ပါဘူးလေ။ လတ်စသတ်တော့ ဒါကြောင့် ဖြစ်နေတာကိုး။ မင်းအိမ်ထဲက လူတွေသောက်တဲ့ ဆန်းကြယ်အဆင့် ဆေးလုံးတွေထဲမှာလည်း ဒါတွေ နည်းနည်းပါးပါး ရောထည့်ထားတယ်မလား” ဟုမေးလိုက်ရာ ရန်ကိုင်က ခေါင်းသာ ပြန်ညိတ်ပြလိုက်သည်။

လင်တိုင်းရှုက မဲ့ပြုံးပြုံးရင်း ခေါင်းခါရမ်း၍ “ရန်မိသားစုက ကိုယ်ခြေထောက်ပေါ် ကျောက်တုံး ပြန်ပစ်ချမိသွားပြီ”

ရန်ကိုင်မှာသာ ဤရွေ့ဤမျှ များပြားလှသည့် ဆေးပေါင်းရည်များ ရှိနေကြောင်း သိလိုက်ရလျှင် ရန်မိသားစုမှာ သူတို့၏ ဆုံးဖြတ်ချက်ကြောင့် ရင်ထုမနာ ဖြစ်နေရပေလိမ့်မည်။

ရန်မိသားစုသာ ရန်ကိုင်အား ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့လျှင်၊ သူ့အား နတ်ဆိုးတစ်ကောင် ဖြစ်သည်ဟု စွပ်စွဲပြောဆိုခြင်း မပြုခဲ့လျှင်၊ သူ့ကျင့်ကြံခြင်းကို ဖျက်စီးပစ်မည်ဟု မပြောဆိုခဲ့လျှင် သူပိုင်ဆိုင်ထားသည့် အရင်းအမြစ်တွေထဲ နည်းနည်းလောက် ဖဲ့ပေးဖို့အား ရန်ကိုင် စိတ်ထဲထားလိမ့်မည် မဟုတ်ချေ။

ဒီလောက်များပြားတဲ့ ဆေးပေါင်းရည်၊ ဆေးပေါင်းနို့နှစ် နှင့် ဆေးပေါင်းအဆီအနှစ်များ ရှိနေမှဖြင့် သူ့မိတ်ဆွေ၊ မိသားစုနှင့် ဝေမျှသုံးစွဲခဲ့မည် ဆိုလျှင်ပင် ဒီတစ်သက် သုံးလို့ ကုန်လိမ့်မည် မဟုတ်။ ထိုကဲ့သို့သာဆိုလျှင် သူ့မိသားစု၏ ခွန်အားကို တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ရာ မည်သည့် အတွက်ကြောင်း နည်းနည်းပါးပါးလောက် မကူညီရမည်နည်း။

သို့သော်လည်း ရန်မိသားစုသည် ရန်ကိုင်လက်ဝယ်၌ ရှိနေသည့် ရတနာများစွာတို့အား အတင်းအကြပ် ရယူရန် ကြိုးစားလာခဲ့သည် ဖြစ်၍ ရန်ကိုင်လည်း ရန်မိသားစုအား နည်းနည်းလေးမျှပင် ဝေမျှပေးဖို့ မစဉ်းစားတော့။

မန်ဝူရအခန်းမှ ထွက်သွားပြီးသည်နှင့် ချူရီမန်ဆီ ခြေဦးလှည့်လိုက်သည်။

ချူမိသားစု ပထမသခင်မလေးသည် ဓါးအား သူမ၏ ဝမ်းဗိုက်အတွင်းပိုင်းထဲထိ ရောက်အောင် ထိုးစိုက်ခဲ့ခြင်း မပြုခဲ့သည်ဖြစ်၍ စုယန်၏ ပြုစုကုသမှုအား ခံယူပြီးသည့် နောက် တစ်ရက်လောက် အနားယူလိုက်ရုံဖြင့်လျှင် အပြည့်အဝ ပြန်ကောင်းလာနိုင်လေသည်။

ချူရီမန်အား သူ့ဆုံးဖြတ်ကို အသိပေးပြီးနောက် ချူရီမန်သည် ခါးခါးသီးသီးသာ ပြုံးလိုက်၍ ကန့်ကွက်ငြင်းဆိုခြင်း မပြုခဲ့။ ယခုလို အခြေအနေမျိုးတွင် ရန်ကိုင်အတွက် ထွက်သွားသည်က အကောင်းဆုံးပင်။

“အဓိကခန်းမထဲမှာ စုဝေးဖို့ အားလုံးကို သွားအသိ ပေးလိုက်။ ငါမှာသူတို့အားလုံးကို ပြောစရာရှိတယ်” ဟု ရန်ကိုင်က ရိုးရိုးရှင်းရှင်းဖြင့်ပင် ပြောလိုက်၏။

တစ်ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ အသိပြန်ဝင်လာခဲ့သည်။ ရန်ကိုင် မည်သည်ကို လုပ်ချင်နေမှန်း နားလည်လိုက်သည်နှင့် အသာအယာလေး ခေါင်းညိတ်၍ အားလုံးကို စုဝေးဖို့ရာ ထွက်သွားလိုက်၏။

မနေ့မနက်ပိုင်းတွင် ရန်ကိုင်စံအိမ်မှာ ထွက်သွားခဲ့ပြီး ထိုညမှာပဲ ချူမိသားစုမှ ပညာရှင်တွေကို ခေါ်ဆောင်ကာ ရန်ကိုင်အား တိုက်ခိုက်ဖို့ ကြိုးစားခဲ့သော်ငြား ကိစ္စအားလုံး ပြီးစီးသွားသည့်နောက် သူမ၏ အခက်အခဲများကို အားလုံး နားလည်သွားခဲ့ကြကာ မည်သူမှ သူမနှင့်ဟော်ရှင်းချန်အား အပြစ်တင်လိုခြင်း မရှိတော့ပဲ သူတို့နှစ်ယောက်အား သနားပင် သနားကြသွားပေသည်။

မိမိချစ်ခင်ရသည့် မိတ်ဆွေများကို ဓါးနဲ့ရွယ်ဖို့ အတင်းအကြပ် တွန်းအားပေးခံတဲ့အခါ ထိုသူရင်ထဲ ဘယ်လောက်တောင် နာကျင်နေမည်ဆိုသည်အား မည်သူမှ နားမလည်နိုင်ပဲ နေမည်နည်း။

ချူရီမန်သည် စံအိမ်၏ ရန်ကိုင်ပြီး ဒုတိယအာဏာ အရှိဆုံး လူတစ်‌ယောက် ဖြစ်နေဆဲပင်ဖြစ်၏။ မည်သူကမှ သူမ၏ နေရာအား လှုပ်ခါနိုင်ခြင်းမရှိ။

စံအိမ်၏ အဓိကခန်းမထဲ လူပေါင်းများစွာ စုဝေး နေခဲ့ကြသည်။ သို့ရာတွင် အားလုံး၏ မျက်နှာများသည် ညိုးညိုးငိုင်ငိုင်ဖြင့် ဖြစ်နေကြကြာ လူရမ်းကာလေး ဟော်ရှင်းချန်တောင် လေးနက်သည့် အမူအရာဖြင့် ရှိနေခဲ့၏။

အားလုံးသည် ငြိမ်သက်တိတ်ဆိတ်စွာဖြင့်ပဲ စောင့်ဆိုင်း နေခဲ့ကြလေသည်။

ခဏအကြာတွင် ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ပြောစရာရှိသည်အား စတင်ပြောကြတော့လေ၏ “အမွေခံတိုက်ပွဲ စလာခဲ့တာ အကြမ်းအားဖြင့် (၁၀)လလောက် ရှိသွားခဲ့ပြီ။ အခက်အခဲများစွာကို ရင်ဆိုင်ရတာတောင် စိတ်ပျက်သွားခြင်းမရှိပဲ ငါ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မင်းတို့အားလုံးက ငါ့စိတ်ထဲကနေ နက်နက်နဲနဲ ကျေးဇူးတင်လိုပါတယ်။ အောင်နိုင်သူဖြစ်ဖို့ အကြိမ်များစွာ နီးကပ်ခဲ့ရပေမယ့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အောင်နိုင်သူရာထူးနဲ့ ဝေးကွာခဲ့ရတယ်။ အခုအချိန်မှာ ဒီတိုက်ပွဲက အမွေခံတိုက်ပွဲ မဟုတ်တော့ဘူး။ ငါကလည်း အကျိုးမဲ့တဲ့ အလုပ်အတွက် ဆက်ပြီး အချိန်ကုန် ရုန်းကန်နေတော့မှာ မဟုတ်ဘူး။ မင်းတို့အားလုံး မျှော်လင့်ထားတဲ့ ဖြစ်မလာနိုင်တဲ့အတွက် ငါ့ဘက်ကနေပဲ တောင်းပန်ပါတယ်”

မည်သူမှ စကားတစ်ခွန်းတောင် ပြန်မပြောခဲ့၊ အကုန်လုံးသည် ရန်ကိုင်အား ငြိမ်သက်စွာဖြင့်သာ ငေးစိုက်ကြည့်နေခဲ့ကြ၏။

ရန်ကိုင်သည်လည်း‌ ရွေးချယ်စရာ မရှိတော့သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ရမှန်း အားလုံး နားလည်ထားကြပေသည်။

“ငါပြောခဲ့သလိုပဲ၊ ငါ့နောက်ကို ဆက်လိုက်နေရင် မိသားစုကြီး(၈)ခုရဲ့ ရန်သူဖြစ်လာနိုင်သလို မင်းတို့ မိသားစုတွေ၊ ဂိုဏ်းတွေအတွက်လည်း မလုံခြုံရဘူး။ အရင်တုန်းကတော့ အခုလို ဖြစ်လာမယ်မှန်း မသေချာ သေးတဲ့အတွက် အားလုံးကို သတိပေးရုံပဲ သတိပေးခဲ့တာ။ ဒါပေမယ့် ဒီညပြီးတဲ့နောက် ငါစိုးရိမ်နေတဲ့ကိစ္စက တကယ် ဖြစ်လာခဲ့ပြီ။ လက်ရှိအခြေအနေက မင်းတို့တွေ တာဝန်ယူနိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ ဒီတော့ မင်းတို့ မဆုံးဖြတ်ခင် မင်းတို့ရဲ့ မိသားစုတွေ၊ ဂိုဏ်းတွေအတွက် သေသေချာချာ စဉ်းစားပြီးတော့မှ ဆုံးဖြတ်ဖို့ ငါအကြံပေး ချင်တယ်။ မင်းတို့ ဘယ်လိုပဲ ဆုံးဖြတ်၊ ဆုံးဖြတ်၊ ငါမင်းတို့ကို တားမှာမဟုတ်ဘူး။ မင်းတို့ ထွက်သွားရမယ် ဆိုရင် မင်းတို့ ဆုံးရှုံးခဲ့ရတာတွေအတွက် ငါ့ဘက်က အတတ်နိုင်ဆုံး အလျော်ပြန်ပေးမယ်။ ဒီအချိန် အတောအတွင်း ဆေးဖော်စပ်ခန်းနဲ့ လက်နက်သန့်စင်ရုံက တော်တော်လေး စုမိဆောင်းမိထားတယ်။ မင်းတို့ အားလုံး အတွက် လျော်ကြေးပေးဖို့ လောက်ပြီးသားပဲ”

ပြောပြီးသည်နဲ့ ရန်ကိုင်သည် ထိုနေရာမှာပဲ ငြိမ်သက်စွာဖြင့် ရပ်နေ၍ အားလုံး၏ အဖြေအား တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေလိုက်သည်။

လူတိုင်း သူ့ဆီ လှမ်းကြည့်လိုက်သော်လည်း မည်သူမှ စကားမပြောခဲ့။ မည်သူကမှ ထွက်သွားဖို့ စဉ်းစားထားခြင်း မရှိသည့်ပုံပင်။

ရန်ကိုင်က ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ပြီး “ငါက ဒီနေရာကနေ ထွက်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီ။ အမွေခံတိုက်ပွဲမှာ ဆက်ပြီး ဝင်ပြိုင်တော့မှာ မဟုတ်ဘူး။ မင်းတို့ ဆက်နေလို့လည်း ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ ငါတို့ အခုနေခွဲခွါလိုက်ရမယ် ဆိုရင်တောင် ငါတို့တွေက မိတ်ဆွေတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲ သွားမှာမဟုတ်ဘူး။ ဒါက ငါတို့ရဲ့ နောက်ဆုံးနှုတ်ဆက် ခွဲခြာခြင်းမှ မဟုတ်တာ” ဟုဆိုလိုက်လေသည်။

ပြောပြီးသော် ရန်ကိုင်၏ အမူအရာသည် ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့၍ ဆက်ပြီးတော့ ဆိုလိုက်၏ “မဖုံးမကွယ်ပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ဒီမှာ ဆက်နေမယ်ဆိုရင် မင်းတို့ရဲ့ မိသားစုတွေ၊ ဂိုဏ်းတွေကိုပဲ အန္တရာယ်ဖြစ်စေလိမ့်မယ်။ အခုအချိန် ငါနဲ့စည်းတစ်ခု ခြားလိုက်တာ အကောင်းဆုံးပြ။ ငါက မင်းတို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ အမှန်ကို ပြောနေတာ။ မင်းတို့ထဲက အချို့အပေါ် ငါ့ကျေးဇူးအကြွေးတွေ တင်းကောင်း တင်နေနိုင်လိမ့်မယ်။ ဒါပေမယ့် (၁၀)ကျော် ငါ့အတွက် အားစိုက်ထုတ်ပြီး ကြိုးစားလုပ်ကိုင် ပေးခဲ့ပြီးနောက် မင်းတို့က ပြန်ပေးဆပ်ရမှာထက်ကို ပိုပြီး ပေးဆပ်ပြီးသွားခဲ့ကြပြီ။ မင်းတို့ ငါ့ကိုဘာမှ အကြွေးတင်မနေတော့ဘူး။ အခုနေ ထွက်သွားလိုက်လို့ မင်းတို့စိတ်ထဲ ‘ငါအခုလို လုပ်လိုက်တာ သင့်တော်ပါ့မလား’ ဆိုပြီး စိတ်မလုံမလဲ ဖြစ်နေစရာလည်း မလိုဘူး”

ထိုစကားကို ကြားသည်နှင့် ဒေါင်ချင်းဟန်က ရုတ်တရက် ပြုံးလိုက်ပြီး “မင်းအဲ့လောက်လည်း ကြိုးစားနေစရာ မလိုဘူးပါဘူးကွာ။ ငါတို့မှာ ကိုယ်ပိုင် ရွေးချယ်ခွင့်ရှိတယ်လို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား။ ထွက်သွားချိန်တန်ပြီလို့ ဆုံးဖြတ်ပြီးရင် ငါတို့ထွက်သွားမယ်။ အကြွေးတင်တဲ့ ကိစ္စကတော့လား… မျှမျှတတပြောရရင် ဒီမှာ ရှိနေတဲ့ဘယ်သူကမှ မင်းကို အကြွေးမတင်တော့ဘူး။ ငါတို့ဘက်က ဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုပေမယ့်…. ငါတို့ဘက်ကနေ ပြန်မရလိုက်လို့လား။ မင်းပေးတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးတွေကြောင့်သာ မဟုတ်ရင် အခုငါတို့ဆိုတာ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် မင်းပေးတဲ့ဆေးလုံးတွေ မရှိပဲနဲ့ အခုလက်ရှိ ခွန်အားကို ပိုင်ဆိုင်နိုင်ဖို့အတွက် ငါတို့အနေနဲ့ နှစ်ပေါင်း များစွာ ကြိုးစားဖို့ လိုလိမ့်မယ်။ ပြီးတော့ အသက်ရှင်နေတဲ့ လူတွေကလည်း ပထမအဆင့် မိသားစုအများစုတောင် မရရှိနိုင်တဲ့ အဆင့်မြင့်လက်နက် သုံးစုံစီကို ပိုင်ဆိုင် ထားကြတာလေ” ဟု ကန့်ကွက်ပြောဆိုလိုက်ရာ ရန်ကိုင်က

“မင်းနဲ့ငါက အမျိုးတွေလေ။ မင်းမှာဝင်ပြောခွင့် မရှိဘူး” ဟုဆို၍ ဒေါင်ချင်းဟန်အား စူးစူးဝါးဝါးဖြင့် စိုက်ကြည့်လိုက်၏။

ထိုစကားကို ကြားသော် ဒေါင်ချင်းဟန်က မျက်ဆံလေး လှန်တင်ပြလိုက်ပြီး “ငါမင်းဆက်က ခုခံပြောဆိုပေးနေတာ မဟုတ်ဘူးကွ”ဟု ပြန်အော်ပြောလိုက်ရာ ဟန်ရှောင်ချီက “သခင်လေးဒေါင် ပြောတာနဲ့ ငါတို့တွေးနေတာနဲ့ အတူတူပဲ။ ငါ့မှာရော စကားပြောခွင့်မရှိဘူးလား”ဟု ရယ်သွမ်းသွေးပြီး ပြန်မေးလိုက်၏။

ရန်ကိုင်က သက်ပြင်းချလိုက်ပြီး “ငါနင်တို့ကို တွန်းအား ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ဒါပေမယ့်…”ဟု ဆိုလိုက်လျှင် ဟန်ရှောင်ချီက

“ငါနားလည်တယ်”ဟု ကြားဝင်ကန့်ကွက်စကား ဆိုလိုက်လေသည်။

ဆက်ပြီးပြောချင်သော်ငြား စကားတစ်ခွန်းကိုပင် ထပ်မပြောရသေးခင်မှာပဲ ကျယ်လောင်လှသည့် အသံတစ်သံသည် စံအိမ်အပြင်ဘက်မှ ဗုံးပေါက်သလို ပေါက်ကွဲထွက်လာခဲ့လေ၏။

“ရန်ကိုင် စံအိမ်မှာ ရှိနေတဲ့ လူတွေအားလုံး နားထောင်။ နိုင်လိုမင်းထက် ပြုမူလိုသူ တစ်ယောက်ကို ကူညီပြီး အပြစ်မဲ့သူတွေကိုဖိနှိပ်၊ လူဆိုးတစ်ကောင်ကို ကူညီပြီး မကောင်းတာတွေလုပ်၊ ဒီလို အပြစ်တွေက ခွင့်လွှတ်မရနိုင်တဲ့ အပြစ်တွေပဲ။ ဒါပေမယ့် မင်းတို့ အားလုံးက ငယ်ရွယ်၊ မောက်မာပြီး အတွေ့အကြုံမရှိတာကို ထောက်ထာပြီး သခင်မလေးရီက မင်းတို့ရဲ့ အပြစ်တွေကို ဆင်ခြင်နိုင်ဖို့အတွက် အခွင့်အရေး တစ်ခုပေးလိုက်တယ်။ မင်းတို့သာ နတ်ဆိုးကောင်ရန်ကိုင်ကို စွန့်ခွါပြီး သခင်မလေးရီဆီ လာရောက်ခစားမယ်ဆိုရင် ငါတို့တွေက မင်းတို့ရဲ့ အပြစ်တွေအားလုံးကို ကြေအေးပေးလိုက်မယ်။ ဒါပေမယ့် ဗဟိုမြို့တော်မိသားစုကြီး (၈)ခုကိုသာ ဆက်ပြီး ဆန့်ကျင်နေဦးမယ် ဆိုရင်တောင် အချိန်ကျလာတဲ့အခါကျ ပြင်းထန်တဲ့ အကျိုးဆက်တွေကို မင်းတို့ဘာသာပဲ ရင်ဆိုင်ရလိမ့်မယ်”

ဧရာမခေါင်းလောင်းကြီး တစ်ခုလုံးအား တီးခတ်လိုက်ရာမှ ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံပမာ ကျယ်လောင်လှသော ထိုအသံသည် စစ်ပွဲမြို့တော် တစ်ခွင် ပြန့်နှံ့သွားခဲ့ပြီး ရန်ကိုင်စံအိမ်ထဲတွင် ရှိနေသည့် လူအားလုံးသည်လည်း စကားလုံး တစ်လုံးချင်စီးတိုင်အား အသေအချာ ကြားလိုက်ရလေသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ ထိုဆတ်သားသည် ထပ်ခါထပ်ခါ အော်ပြောနေခဲ့၏။

ရန်ကိုင်၏ အမူအရာသည် တစ်မျိုးတစ်မည် ထူးဆန်းလို့ သွားခဲ့၍ အထင်အမြင်သေးသေးဖြင့် လှောင်ပြောင့်ရှုံ့ချ ပြောလိုက်လေသည် “ရီရှင်းရို့က တကယ်ကို စိတ်ဝင်စားစရာပဲ။ ဒီလို နည်းလမ်းကိုသုံးပြီး ငါ့ဘက်က လူအင်အားကို နည်းပါးသွားအောင် လုပ်ချင်နေတယ်ပေါ့”

သူသည် ထွက်ခွါဖို့ကိုပြင် ပြင်ဆင်ပြီးနေပြီဖြစ်၏။ သို့သော်ငြား နောက်ဆုံးအခိုက်အတန့် အရောက်၌ ယခုကဲ့သို့ ရယ်ဖွယ်ရာ ပြဇာတ်တစ်ခုအား မြင်တွေ့ခဲ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့။

ဟော်ရှင်းချန်က ခေါင်းခါရမ်းလိုက်ပြီး “ငါတို့ကို လာြခိမ်းခြောက်ဖို့ ကြိုးစားနေတာလား” ဟု ဆိုလိုက်သည်။ ရီရှင်းရို့၏ ထုတ်ပြန်ကြေညာချက်သည် ဤနေရာတွင် ရှိနေသော လူအချို့၏ စိတ်နှလုံးအား လှုပ်ခါကောင်း လှုပ်ခါသွားနိုင်ပေလိမ့်မည်။

အကျိုးဆက်လား၊ မည်ကဲ့သို့ အကျိုးဆက်များအား ရင်ဆိုင်ရမည်နည်း။

ရန်ကိုင် ပြောခဲ့သည့် အကြောင်းအရာအရမူ ရီရှင်းရို့ ဆိုလိုက်သည့် အကျိုးဆက်ဆိုသည်မှာ သူတို့၏ မိသားစု၊ ဂိုဏ်းများနှင့် ဆက်စပ်နေမည်ဖြစ်မှန်း လူတိုင်းက ဆက်စပ်မိကြ၏။

သူမ၏ ကြေညာချက်ကြောင့် ရန်ကိုင်စံအိမ်ထဲရှိ လူအချို့ စတုန်တုန့်ဆိုင်းလာခဲ့ကြလေသည်။

ဤနေရာတွင် ရှိနေသည့်လူအားလုံးကို ရန်ကိုင်နှင့် သေအတူ၊ ရှင်မခွါ တည်ရှိနေမည့် မိတ်ဆွေများဟု မဆိုနိုင်ရာ။ ထို့အပြင် သူတို့ ယခုနေ ထွက်သွားဖို့ လုပ်မည် ဆိုလျှင်ပင် ရန်ကိုင်သည် သူတို့အား အပြစ်တင်လိမ့်မည် မဟုတ်။

“သခင်ငယ်လေး”ဟု တစ်ယောက်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည်။

ရန်ကိုင်လည်း အသံထွက်ပေါ်လာရာ နေရာသို့ လှမ်းကြည့်လိုက်ရာ ရှန်းယွမ်မြို့တော် သခင်လေး လျူဖေးရှန် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အသာအယာ ခေါင်းညိတ်ပြ၍ လူငယ်လေးအား စကားဆက်ဖို့ အချက်ပြလိုက်လျှင် လျူဖေးရှန်က “ကျုပ်ရှန်းယွမ် မြို့တော်… ထွက်သွားရမယ်” ဟု မျက်နှာနီနီဖြင့် အားတင်း ပြောဆိုလိုက်လေသည်။

“မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ”ဟု ခေါင်းညိတ်ရင်း ဆိုလိုက်လျက် လှောင်ပြောင်အရှက်ရစေရန် လုပ်ချင်သည့် ရည်ရွယ်ချက် စိုးစဉ်းမျှ မပါဝင်သော လေသံဖြင့် “မင်းအားထုတ်ပေးခဲ့ရတာတွေအတွက် သခင်လေးလျူနဲ့ ရှန်းယွမ်မြို့တော်ကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဆိုပြီးလျှင် တစ်ဖက်သို့လှည့်၍ လှမ်းအော်လိုက်လေ၏ “ပစ္စည်းတွေကို သယ်လာခဲ့”

ရန်ကိုင်အော်ပြောသံအား ကြားသည်နှင့် ကောင်းကင် စံအိမ်တပည့်များသည့် လင်ဗန်းတစ်ချပ်စီအား သယ်ဆောင် လျက် ခန်းမထဲသို့ အစီအရီဖြင့် လမ်းလျှောက် ဝင်လာ ခဲ့ကြလေသည်။

“ဒါတွေက ဆန်းကြယ်အဆင့် ဆေးလုံးတွေပါဝင်နေတဲ့ ဆေးပုလင်း(၁၀) ပုလင်းရယ်၊ လက်နက်ငါးခုရယ်၊ ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတဲ့ တံဆိပ်ပြားတစ်ခုရယ်ပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါဦး၊ သခင်လေးလျူ” ဟု ရန်ကိုင်က ဆိုလိုက်လေလျှင် လျူဖေးရှန်မှာ “ဒါက…” ဟု စကားအထစ်ထစ် အငေါ့ငေါ့ဖြင့် ဆိုလျက် တုန့်ဆိုင်း နေခဲ့လေသည်။ သူသိထားသော ရန်ကိုင် စရိုက်အရ ဆိုလျှင် ယခုကဲ့သို့ အဖိုးတန်လှသည့် လက်ဆောင်များအား ခွဲခွာလက်ဆောင်အဖြစ် ပေးလိမ့်မည်ဟု လျူဖေးရှန် မည်သည့် အချိန်ကမှ မထင်ထားမှတ်ထားခဲ့တာ ဖြစ်၏။

တစ်ဖက်လူက သူ့အား လှောင်ပြောင်ထေ့ငေါ့ ပြောဆိုလာလျက် သူ့ကို စံအိမ်ထဲမှ ကန်ထုတ်လိုက်မည့် မြင်ကွင်းအား ကြိုတင်မြင်ယောင်ထားခဲ့တာ ဖြစ်သည်။

Martial Peak

အပိုင်း(၅၅၇) အဆုံးမယ့်ပင်လယ်ကျွန်းမှ ဧည့်သည်များ

ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ မည်သူကမှ သူ့အား လှောင်ပြောင်ပြောဆိုခြင်း မပြုပဲ ရိုးရိုးရှင်းရှင်းဖြင့်သာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ယခုကဲ့သို့ အခြေအနေ မျိုးနှင့်ကြုံတွေ့ရသည့်အခါ လျူးဖေးရှန် အနေဖြင့် ရှက်လွန်းသည့်အတွက်ကြောင့် တွင်းတစ်တွင်း တူးပြီးတော့သာ ချက်ချင်း ပြေးပုန်းအောင်း လိုက်ချင်မိသည်။

ထိုလူများ၏ မျက်နှာထက်ရှိ ထူးမခြားနားဟန် အမူအရာသည် လှောင်ပြောင်ကဲ့ရဲ့သည်ထက် ပိုပြီး လက်ခံနိုင်ရန် ခက်ခဲလှ၏။

“သခင်ငယ်လေးက အရမ်းရက်ရောနေတာပဲ။ ဒီလအတောအတွင်း ဒီလူက သခင်လေးကို များများစားစား ကူညီပေးနိုင်ခဲ့တာလည်း မဟုတ်ပါဘူး။ ဒီပစ္စည်းတွေက…” ဟု လျူဖေးရှန်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်သည်။

လက်နက်ငါးစုံသည် အဆင့်မြင့်လက်နက် ဖြစ်သည် ဆိုသော်ငြား လျူဖေးရှန် ဆိုသည်မှာ ပထမအဆင့် အင်အားစု တစ်ခု၏ သခင်လေးတစ်ယောက် ဖြစ်၏။ ယခု ရန်ကိုင် ပေးလာသည့် လက်နက်မျိုးကို ရယူဖို့ရာ သူ့အတွက် မခဲယဉ်းလှပေ။ သို့ရာတွင် ဆန်းကြယ်အဆင့် ဆေးပုလင်း (၁၀)ပုလင်းကမူ သူလျစ်လျူရှူနိုင်သည့် အရာမျိုးမဟုတ်။ ထိုဆေးပုလင်းများက သူအား (၂)နှစ်၊ (၃)နှစ်လောက် အချိန် သက်သာစေနိုင်သည်ဖြစ်ရာ လျူဖေးရှန်မှာ ထိုးဆေးပုလင်း များကို လက်လွှတ်ဖို့ရာ တုန့်ဆိုင်းနေခဲ့ရသည်။

“ယူသွားလိုက်” ဟု တစ်ယောက်ယောက်က သူ့အား ပြောလိုက်ရာ လျူဖေးရှန်က “ကောင်းပါပြီ။ ဒီလျူသာ ဆက်ပြီးငြင်းဆိုနေရင် သခင်လေးရဲ့ စေနာကို မလေးစားရာပဲ ကျလိမ့်မယ်”ဟုဆိုကာ အံတင်းတင်း ကြိတ်ရင်း ဆေးပုလင်း(၁၀)ပုလင်း၊ လက်နက်(၅)ခုကို လက်ခံယူလိုက်ပြီး ရန်ကိုင်အား လက်သီးဆုပ်နှုတ်ဆက် လိုက်ပြီးသည်နှင့် ခန်းမထဲမှ လှည့်ထွက်သွားလိုက်၏။

“သခင်ငယ်လေး၊ ကျုပ်တို့လည်း သွားရတော့မယ်” ဟု တွမ့်မူမိသားစုမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တစ်ယောက်က ရှေ့တက်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာလေသည်။

တွမ့်မူမိသားစုသည် အစပထမက တတိယသခင်လေး ရန်ထိုက်၏ မဟာမိတ်ဖြစ်၏။ သို့သော် အမွေခံတိုက်ပွဲ ပထမညတွင်ပင် တတိယသခင်လေး ရန်ထိုက်မှာ ပြိုင်ပွဲမှ ထွက်သွားခဲ့ပြီး တွမ့်မူမိသားစုမှ ပညာရှင်များစွာသည်လည်း ထိုတိုက်ပွဲမှာပင် အသက်ပျောက်ခဲ့ရသည်။ ကျန်ရှိနေသည့် တွမ့်မူမိသားစုမှ ပညာရှင်ငါးယောက်သည် တတိယ သခင်လေး၏ ညွှန်ကြားချက်ဖြင့် ရန်ကိုင်နှင့် လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

တစ်နေ့ညတိုက်ပွဲ၌ ထိုပညာရှင်(၅)ယောက်စလုံး စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့၍ ထိုတိုက်ပွဲတွင် (၃)ယောက် ကျဆုံးသွားခဲ့ကာ ယခုမူ (၅)ယောက်ထဲမှ (၂)ယောက်သာ ကျန်ရှိတော့လေ၏။

သူတို့သည် ကျဆုံးသွားသည့် တွမ့်မူမိသားစုမှ ပညာရှင်များအတွက် လက်စားချေနိုင်ရန် အကြောင်းပြချက် ကြောင့်သာ ရန်ကိုင်နောက် လိုက်နေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဆန္ဒလည်း ပြည့်ဝသွားခဲ့ပြီ။ ရောက်လာသည့် (၅)ယောက်အနက် ယခုမူ နှစ်ယောက်သာ အသက်ရှင် ကျန်ရစ်တော့သည်။ သူတို့နှစ်ယောက်သည်ပင် ကိုယ့်အသက်ကို အာမမခံနိုင်ချေ။ ဆက်လက်၍ တိုက်ခိုက်ချင်သည့် စိတ်လည်း မရှိတော့၊ အထူးသဖြင့် ရန်ကိုင်က သူထွက်ခွါတော့မည်ဟု ကြေညာလိုက်သည့် အချိန်တွင်ပင် ဖြစ်သည်။

ထို့ထက်သာမက မိသားစုကြီး(၈)ခုကပေးသည့် ဖိအားကိုထပ်ပါ ထပ်လျက် စည်းခံနေရသည် ဖြစ်သည့် အတွက်ကြောင့် ထွက်သွားဖို့ ရွေးချယ်လိုက်တာပဲ ဖြစ်လေ၏။

သူတို့ပြောသည်ကို ကြားသော် ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်လျက် “ဒီအငြင်းပွါးဖွယ် အဖြစ်အပျက် အတွင်း စီနီယာတို့ဘက်က ကူညီပေးခဲ့သမျှအတွက် ကျေးဇူးအများကြီး တင်ပါတယ်” ဟုပြန်ပြောလိုက်သည်။

ပြီးသည်နှင့် ကောင်းကင်စံအိမ်အဖွဲ့ နောက်တစ်သုတ်က ဆေးပုလင်း(၁၀)ပုလင်းနှင့် လက်နက် (၅)စုံအား သယ်လာခဲ့ကြ၏။ တွမ့်မူမိသားစုမှ ပညာရှင် (၂)ယောက်သည်လည်း ထိုပစ္စည်းများအား ကျေးဇူးတင်တင် ဖြင့်လက်ခံရယူပြီးသည်နှင့် ခန်းမထဲမှ ခပ်မြန်မြန်ပဲ ထွက်သွားလိုက်လေသည်။

“သခင်ငယ်လေး၊ ကျုပ်ရဲ့ ခရမ်းဖန်းတောင်ကြားလည်း သွားတော့မယ်” ဟု ဖန်ဟောင်က ခါးခါးသီးသီးပြုံးရင်း ရှေ့တက်လျက် ပြောလိုက်၏။

ရန်ကိုင် နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်၍ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြန်သည်။

ဖန်ဟောင်က ဆန်းကြယ်အဆင့် ဆေးပုလင်း (၁၀)ပုလင်းနှင့် လက်နက်(၅)ခုကို လက်ခံယူလိုက်၍ ရန်ကိုင်အား နှုတ်ဆက်စကား ဆိုပြီးသည်နှင့် ခန်းမထဲမှ ထွက်သွားလိုက်၏။

ခြေတစ်လှမ်း၊ နှစ်လှမ်းလောက် လှမ်းပြီးသည်နှင့် ရုတ်တရက် ရပ်တန့်လိုက်၍ ပြန်လှည့်မေးလိုက်သည် “ဂျူနီယာညီမလေး၊ နင်ကော ငါတို့နဲ့ပြန်လိုက်မှာလား”

သူက လော့ရှောင်မန်အား မေးနေခြင်းဖြစ်သည်။

ဖန်ဟောင်နှင့်လော့ရှောင်မန်တို့ နှစ်ယောက်သည် ခရမ်းဖန်းတောင်ကြားမှ လာခဲ့သည်ဖြစ်ရာ သူတို့ နှစ်ယောက်ကြား စီနီယာနှင့်ဂျူနီယာဆက်ဆံရေး ရှိကြ၏။

ဖန်ဟောင်အမေးကို ကြားသည်နှင့် လော့ရှောင်မန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်လျက် “အစ်မချူနဲ့ပဲ နေခဲ့ချင်တယ်။ စီနီယာအစ်ကို ငါမပါပဲ အရင်ပြန်နှင့်လေ” ဟု ပြန်ပြောလိုက်သည်။

ဖန်ဟောင် ခဏလောက် စဉ်းစားလိုက်သော်ငြား သူမအား အတင်းအကြပ် ပြန်ခေါ်သွားဖို့ မကြိုးစားခဲ့။ စကားတစ်ခွန်းမှပင် မဆိုတော့ပဲ ထွက်သွားလိုက်၏။

“ထွက်သွားချင်တဲ့လူ ရှိသေးလား” ရန်ကိုင်က လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီး “တုန့်ဆိုင်းနေစရာ မလိုဘူးနော်။ အခုထွက်သွားရင် အချိန်ရှိသေးတယ်။ နောက်ကျသွားရင်တော့ မိသားစုကြီး(၈)ခုရဲ့ ရန်သူအဖြစ် ကြေညာခြင်းခံရမှာ။ ကိုယ့်အတွက် မစဉ်းစားရင်တောင် မင်းတို့ရဲ့ မိသားစုတွေ၊ ဂိုဏ်းတွေအတွက် သေချာစဉ်းစား ပြီးမှ ဆုံးဖြတ်ချက် ချသင့်တယ်”

ဟု ထပ်ဆိုလာပြန်သဖြင့် ဟူကျောင်းအာက နှာခေါင်းရှုံ့လျက်

“ဆက်ပြောနေစရာ မလိုတော့ဘူး။ အခု ဒီမှာရှိနေတဲ့ လူတွေအကုန်လုံးထဲ ထွက်သွားချင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး” ဟု ပြန်ပြောလိုက်ရာ ခန်းမထဲ ရှိနေသည့် လူအားလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။

ယခုလေးတင် ထွက်သွားသည့် အင်အားစုများသည် ရန်ကိုင်အား အကြောင်းအမျိုးမျိုးကြောင့် လာရောက် ထောက်ပံ့ခဲ့ကြသော လူများဖြစ်ကြပြီး အခန်းထဲ၌ ကျန်ရှိနေသော အင်အားစုကများကမူ ရန်ကိုင်အား ကူညီပေးလို့သည့် ဆန္ဒသက်သက်ဖြင့် သူ့အား လာရောက်၍ ထောက်ပံ့ကူညီပေးခဲ့ကြသူများဖြစ်သည်။

“ဟုတ်တယ်” ချန်ရွှယ့်ရှုကလည်း ထောက်ခံ ခေါင်းညိတ်ပြလိုက်လျက် “ညီအစ်ကိုရန်၊ မကြာခင်မှာပဲ ဒီကနေ ထွက်သွားတော့မယ်လို့ မင်းပြောခဲ့တယ်မလား။ အဲ့တော့၊ မင်းထွက်သွားတာနဲ့ ငါတို့လည်း ထွက်သွားမယ်… ရက်နည်းနည်းလောက်ပဲလေ၊ မိသားစုကြီး(၈)ခုက မင်းနဲ့အတူ ရက်နည်းနည်းလောက် ဆက်ရှိနေလို့ ငါတို့ကို သူတို့ရန်သူအဖြစ် သတ်မှတ်လောက်မှာ မဟုတ်ပါဘူးကွာ”

လှည်ပတ်ကြည့်လိုက်ရာ အားလုံးမျက်နှာထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များအား မြင်တွေလိုက်ရသောကြောင့် ရန်ကိုင် အချိန်တဒင်္ဂလောက် တိတ်ဆိတ်သွားခဲ့ပြီး “ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့ အခုကနေစပြီး ရက်နည်းနည်းကြာရင် ငါတို့အားလုံး အတူထွက်ခွါကြတော့ပေါ့”

ဟုဆိုလိုက်ရာ ဒေါင်ချင်းဟန်က

“ကောင်းတယ်၊ ကောင်းတယ်၊ အားလုံး ကိုယ့်ကိစ္စ ကိုယ်သွားလုပ်ကြတော့”ဟု အော်ပြောလိုက်၏။

ရက်အနည်းငယ်အတွင်း ထွက်သွားမည်ဟု ဆုံးဖြတ်ပြီး သည့်အတွက်ကြောင့် အားလုံးရင်ထဲ ပင့်မြှောက်ထားရသည့် ဝန်ထုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ် သွားခဲ့ရတော့လေသည်။

သို့သော်ငြား မကြာခင် သူတို့အချင်းချင်း ခွဲခွါရတော့မည်ကို တွေးရင်း အားလုံးစိတ်ထဲ ဝမ်းနည်း စိတ်ဓါတ်ကျသွားခဲ့ကြ၏။

လူတစ်ယောက်ရဲ့ ဘဝတွင် အမှန်အကန် ယုံကြည် အားကိုးထိုက်သည့် မိတ်ဆွေအစစ်အမှန်အား ရရှိဖို့ရာ ခက်ခဲလှပေသည်။ သို့သော်ငြား စံအိမ်ထဲ၌ ရှိနေသော လူအားလုံးမှာမူ ထိုကဲ့သို့သော လူများ ဖြစ်ကြ၏။

မကြာခင်၌ ရန်ကိုင်နှင့် ချူရီမန်တို့သာ ခန်းမထဲ၌ ကျန်ရှိနေတာ့သည်။

ရန်ကိုင်က ချူရီမန်အား အပြုံးလေးဖြင့် ကြည့်၍ “နင်ဘာပြောချင်တာလဲ” ဟုမေးလိုက်ရာ ချူရီမန်က ခေါင်းခါရမ်းလိုက်ပြီး “ဘာမှမဟုတ်ပါဘူး။ အခုလိုတွေ ဖြစ်လာရတာ နည်းနည်းနောင်တရစရာ ကောင်းတယ်လို့ ငါခံစားမိလိုက်ရုံတင်ပါ။ ဒါက နင့်အတွက် အရမ်းကို မတရားရာ ကျလွန်းတယ်” ဟု ပြန်ပြောလိုက်သည်။

ရန်ကိုင် မတ်တပ်ရပ်လိုက်၍ တစ်လှမ်း၊ နှစ်လှမ်းလောက် လမ်းလျှောက်လိုက်ပြီး သက်ပြင်းယဲ့ယဲ့လေး ချလိုက်လျက် “ဒါက ဒီလောကကြီးရဲ့ ပုံစံပဲလေ။ ပြီးတော့ ကံကြမ္မာက ငါ့အပေါ် ဘယ်တော့မှ တရားမမျှတဘူးလို့ ငါမခံစားခဲ့ဖူးဘူး။ အနည်းဆုံးတော့ ငါ့ဘက်က အကောင်းဆုံး လုပ်ဆောင်နိုင်တယ်လေ။ အလှလေး၊ ငါကို ပျောက်သွားတဲ့ အိမ်မွေးခွေးလေး တစ်ကောင်လို ကြည့်သလို ကြည့်မနေစမ်းပါနဲ့ဟာ။ ငါအခုထိ ကျရှုံးသေးတာမှမဟုတ်တာ၊ မဟုတ်ဘူးလား” ဟု ပြောလိုက်လေလျှင် ချူရီမန် တခစ်ခစ်ဖြင့် ရယ်မောလိုက်၏။

“နင်နဲ့ဟော်ရှင်ချန်းတို့ နှစ်ယောက်စလုံး မြန်မြန် ထွက်သွားရမယ်။ ဒီမှာ အကြာကြီးနေနေလို့ နင့်အတွက် ကောင်းကျိုးရှိမှာ မဟုတ်ဘူး”

လူငယ်လေး နှစ်ယောက်သာ မရိုးလှည့်ဖျားသည့် နည်းလမ်းများကို သုံးပြီး ရန်ကိုင်စံအိမ်ဆီ ပြန်လာခဲ့၏။ ဟော်ရှင်းချန် သုံးသွားသော နည်းလမ်းဆိုလျှင် လွန်စွာကို အပေါစားဆန်လှ၏။ သို့သော်ငြား မိသားစုကြီး(၈)ခုမှ ပညာရှင်များ ရှိနေသည်ဖြစ်ရာ သူတို့သည်လည်း ထိုနှစ်ယောက်၏ လုပ်ရပ်အား မမြင်တွေ့ပဲ မည်သို့ နေမည်နည်း။

“ငါ့ဒဏ်ရာက အပြည့်အဝ ပြန်ကောင်းသေးတာ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ဆိုရင် နောက်ထပ် ရက်နည်းနည်းလောက် ထပ်အနားယူမှ ရလိမ့်မယ်” ချူရီမန်က လျှာလေးတစ်လစ် ထုတ်လျှက် ရွှတ်နောက်နောက်ပုံစံဖြင့် ပြောလိုက်သည်။ သူမသည်လည်း ထိုလူများဖြင့် ရက်နည်းနည်းလောက် ထပ်မံ အချိန်ဖြုန်းချင် ပါသေး၏။

ရန်ကိုင် မချိမဆံပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။ သို့ပေမယ့် ရုတ်တရက် ဆိုသလို သူ့မျက်ခုံးအစုံ တွန့်ကွေးသွားခဲ့လေသည်။

သူနားမလည်နိုင်သည့် အကြောင်းပြချက် အချို့ကြောင့် သူ့ကိုယ်ထဲရှိ အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင်သွေးပန်းများ ဂနာမငြိမ် ဖြစ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ ထိုလက်နက်နှစ်ခုကို ထူးဆန်းသော အားအင်တစ်မျိုးမျိုးက ဆင့်ခေါ်နေသည့် ပုံစံမျိုးပင်။

ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်သည်လည်း တော်တော့်ကို အံ့အားသင့်သွားခဲ့ရကာ အစစ်အမှန်ချီအား လှည့်ပတ်၍ ထိုလက်နက်နှစ်ခုအား ငြိမ်သက်သွားအောင် ဖိနှိပ်လိုက်၏။

ထိုကဲ့သို့ မည်သည့်အကြောင်းကြောင့် ဖြစ်ပျက်သွားခဲ့ရလဲ ဆိုသည်အား အဖြေထုတ်၊ မစဉ်းစားနိုင်သေးခင်မှာပင် လေးနက်တည်ကြည်သည့် အသံတစ်သံက သူ့စံအိမ် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည် “မဟာထွတ်မြတ်တော်ဂိုဏ်းမှ လီယွမ်ချွန် လာရောက် တွေ့ဆုံပါတယ်။ ဒီအိမ်က ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေး ရန်ကိုင်ရဲ့ အိမ်များလားခင်ဗျာ”

ထိုအသံထွက်ပေါ်လာသည့်အခါ ရန်ကိုင်နှင့် ချူရီမန်တို့ နှစ်ယောက်စလုံး၏ အမူအရာ ထူးဆန်းသွားခဲ့ရ၏။

တစ်ချိန်တည်းမှာပဲ မန်ဝူရနှင့် လင်းတိုင်ရှုတို့၏ အသံကို သူကြားလိုက်ရလေသည် “အဲ့တစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ပဲ”

“မဟာထွတ်မြတ်တော်ဂိုဏ်းလား” ချူရီမန် မျက်မှောင် ကြုံ့သွားလျက် “အဆုံးမယ့်ပင်လယ်ကျွန်းက မဟာ အင်အားစုကြီးလား။ ဿူတို့တွေက ဒီကို ဘာလာလုပ်တာလဲ။ သူတို့တွေက ဘာလို့ နင့်ကို ရှာနေကြတာလဲ”ဟု ချူရီမန် မေးလာသည်အား ကြားလိုက်လျှင် ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့ပြီး သူ့ကိုယ်ဟန်ပန် အမူအရာအား အလျင်အမြန်ပဲ ပြန်ထိန်းလိုက်ကာ သွားပေါ်အောင်ပြုံး၍ “တကယ်ကို ပွဲတော်တွေ ဝေစည်ကားတဲ့ အချိန်ပါပဲလား” ဟု ဆိုလိုက်၏။

အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင်သွေးပန်း ရုတ်တရက်ကြီး မည်သည့်အတွက်ကြောင့် ဂနာမငြိမ် ဖြစ်သွားခဲ့မှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ မဟာထွတ်မြတ်တော်ဂိုဏ်း ရောက်လာသည့် အတွက်ကြောင့်ပင် ဖြစ်ရပေမည်။

အိမ်အပြင်ဘက်၌ အသားနီနီ၊ ဆံဖြူအဖိုးကြီး တစ်ယောက် ဦးဆောင်လာသည့် လူတစ်အုပ် ရှိနေခဲ့၏။ ၎င်းအဖွဲ့ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များစွာ ရှိနေခဲ့၍ အချို့ တော်တော်များများမှာမူ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့သူများဖြစ်သည်။

လီယွမ်ချွန် အော်ပြောလိုက်ပြီးသည့်နောက် သူ့ဘေးတွင် ရှိနေသော လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏ “ငါခံစားမိတယ်။ ငါတို့ အသူရာဂိုဏ်းက ထွတ်မြတ်ရတနာ ဖြစ်တဲ့ အသူရာဓါးက ဒီမှာပဲ”

အနီးအနားရှိ လှပပြီးနှစ်လိုဖွယ်ကောင်း၍ လက်သည်းများအား မဲနက်နေအောင် ဆေးဆိုးထားလျက် သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်တို့နှင့် ရစ်သိုင်းနေသော အမျိုးသမီးက ညင်သာသိမ်မွေ့စွာဖြင့် “ပန်းကြွေနန်းတော်ရဲ့ ထွတ်မြတ် ရတနာဖြစ်တဲ့ ပွင့်ချပ်တစ်ထောင် သွေးပန်းလည်း ဒီမှာ ရှိနေတယ်” ဟု တိုးတိုးလေး ဆိုလိုက်လျှင် အစောပိုင်းတုန်းက စကားပြောခဲ့သည့် လူကြီးက အလျင်အမြန်ပဲ “အသူရာဓါးကို အခြားတစ်ယောက်က သန့်စင်ပြီးသွားတာ ကံဆိုးတာပဲ။ ငါ့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းကို သုံးရင်တောင် ပြန်ယူဖို့မလွယ် တော့ဘူး” ဟုထပ်ပေါင်းပြောလိုက်သည်။

ထိုစကားကိုကြားသော် လီယွမ်ချွန်က ခေါင်းညိတ်သည် ဆိုရုံမျှ ညိတ်လိုက်လျက် “ရှေးဟောင်းတိမ်တိုက်ကျွန်းက သူတို့ရဲ့ ထွတ်မြတ်ရတနာ ကျိုးပျက်လကျင့်စဉ်ကို ရရှိခဲ့တဲ့ လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက အဆုံးမယ့်ပင်လယ်ကျွန်းထဲမှာ ရှိနေတဲ့ ငါတို့ဂိုဏ်းတွေအကုန်လုံး လွန်ခဲ့တဲ့ နှစ်(၃၀၀)က အခိုးခံလိုက်ရတဲ့ ငါတို့ရဲ့ ထွတ်မြတ်ရတနာတွေကို ပြန်ရဖို့ မနားမနေ ကြိုးစားရှာဖွေနေခဲ့ကြတာ။ အခု နောက်ဆုံး အဲ့ထွတ်မြတ် လက်နက်တွေ ဘယ်ရောက်နေလဲ ဆိုတာကို ငါတို့ ရှာတွေ့ခဲ့ပြီ။ ဒါကြောင့် မင်းတို့အားလုံး စိတ်လိုက် မာန်ပါ မလုပ်ကြရင် ကောင်းမယ်။ တစ်ဖက်လူနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဆွေးနွေးနိုင်ရင် အကောင်းဆုံးပဲ။ တကယ်တော့ ဒီနေရာက အဆုံးမယ့်ပင်လယ်ကျွန်း မဟုတ်ဘူးလေ။ အခြားတစ်ယောက်ရဲ့ ပိုင်နက်လာပြီး နိုင်လိုမင်းထက် ပြုမူတာ ဥာဏ်ရှိတဲ့ လုပ်ရပ်တစ်ခု မဟုတ်ဘူး” ဟု ပြောလိုက်ရာ ကျန်တဲ့လူ အကုန်လုံးက “အဲ့အချက်ကို ကျုပ်တို့ နားလည်ပါတယ်။ ကျုပ်တို့အားလုံး စီနီယာရဲ့ ညွှန်ကြားမှုအတိုင်းပဲ ဆောင်ရွက်ကြမှာပါ” ခေါင်းညိတ်၍ ပြန်ပြောလိုက်ကြ၏။

စကားပြောနေစဉ်အတွင်း လီယွမ်ချွန်မျက်နှာထက် သံယသံ အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့လေသည်။ အသူရာဂိုဏ်း၏ ကိုယ်စားပြုက အသူရာဓါးအား အာရုံခံမိသလို ပန်းကြွေနန်းတော်၏ ကိုယ်စားပြုသည်လည်း ပွင့်ချပ်တစ်ထောင် သွေးပန်းအား အာရုံခံမိပေသည်။ သို့ရာတွင် သူကမူ မဟာထွတ်မြတ ချိတ်တံဆိပ်တော် အားမည်သည့်အတွက်ကြောင့် အာရုံမခံမိရသနည်း။

သူသိထားရသည့် သတင်းအချက်အရ ဆိုလျှင် အဆုံးမယ့်ပင်လယ်ကျွန်းရှိ ဂိုဏ်းပေါင်းများစွာ၏ ထွတ်မြတ် ရတနာများစွာအား လူတစ်ယောက်တည်းက ရရှိသွားခဲ့ခြင်း ဖြစ်သည့်အတွက် ထိုရတနာအားလုံးသည်လည်း တစ်နေရာ တည်း၌ပင် ရှိနေရပေမည်။

သူတို့ကြား ဆွေးနွေးနေစဉ်အတွင်း၌ သူတို့နှင့် မနီးမဝေးတွင် ရပ်နေသည့် တစ်ယောက်တည်းသော မိန်းမပျိုလေးအား ရံဖန်ရခါ လှမ်းကြည့်တတ်၏။

ထိုမိန်းကလေးသည် အားကောင်းလှသည့် ညို့ငင်နိုင်စွမ်းအား ပိုင်ဆိုင်ထားပေသည်။

ပိတုန်းရောင် ဆံကေသာ ရှည်ရှည်လေးများသည် လေနှင့်အတူ ယိမ်းနွဲ့နေ၏။ ပါးလျ၍ ကော့ညွှတ်နေသည့် မျက်ခုံးလေးများ၊ အရောင်ရွှန်းလဲ့ တောက်ပနေသော မျက်ဝန်းတစ်စုံ၊ ဖြောင့်စင်း၍ နုနယ်လှသည့် နှာတံ ချွန်ချွန်လေး၊ ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းနေသည့် သင်းပျံ့လှသော ပန်းရနံ့တို့၊ ဖူးအိလှသည့် နှုတ်ခမ်းအစုံ၊ အရောင်ရွှန်းစိုလှသော နှင်းသားပမာ ဖြူဖွေးနူးညံ့လှသည့် အသားအရေ၊ အပြစ်အနာမရှိအောင် ထုဆစ်ထားသည့် ကြွေရုပ်လေးတစ်ရုပ်ပမာ ပြီးပြည့်စုံအချိုးကျလှသော ကိုယ်လုံးကိုယ်ပေါက်၊ ရင်သက်ရှူမောဖွယ်ရာ သူတော်စင်ပင် ဈာန်လျှောရနိုင်သည့် ရစ်မူးဖွယ် ပန်ချီကား တစ်ချပ်ပေတည်း။

သို့သော်ငြား အဓိက စိတ်စင်စားဖွယ်ရာ အချက်တစ်ခုအား ဆိုပါဟုဆိုလာလျှင် အနှီကောင်းမလေးသည် အသက်ငယ်ငယ်မှာပင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်နေသည်ဆိုသော အချက်ကိုသာ ညွှန်းရပေလိမ့်မည်။

လူပေါင်းများစွာ အံ့အားသင့်သွားခဲ့ကြရသည့်ပမာ လီယွမ်ချွန်သည်ပင် ကုန်းတွင်းသားတို့၏ ခွန်အားကြောင့် သက်ပြင်းယဲ့ယဲ့လေး ချလိုက်ရ၏။ လမ်းကြုံတွေ့လိုက်သည့် မိန်းမငယ်လေးတစ်ယောက်ပင် ယခုကဲ့သို့ ကြောက်မက် ဖွယ်ရာ ခွန်အားအား ပိုင်ဆိုင်ထားပေသည်။

ထိုမိန်းမငယ်လေးသည် သူတို့နှင့် တစ်ချိန်တည်း ရောက်လာသည် ဆိုသော်ငြား သူတို့နှင့် တစ်ဖွဲ့တည်း မဟုတ်ပါချေ။

မိန်းမငယ်လေးသည် လူအုပ်ကြီးဆီမှ အကွာအဝေး တစ်ခုခြား၍ ရပ်နေခဲ့၏။ ငြိမ်သက်တိတ်ဆိတ်စွာဖြင့် ရပ်နေစဉ် ထိုလူတွေအား အစဉ်မပြတ် သတိထားနေခဲ့သည်။

ထိုအလည်အပတ် ရောက်ရှိလာသည့် ဧည့်သည့်များဟာ အပြင်ဘက်တွင် စောင့်ဆိုင်းနေစဉ် ရန်ကိုင်ကမူ ချူရီမန်အား အဆုံးမယ့်ပင်လယ်ကျွန်းဆီ သွားခဲ့စဉ်က သူ့အတွေ့အကြုံများကို ပြန်ရှင်းပြနေခဲ့၏။

အတိတ်အခါက အဆုံးမယ့်ပင်လယ်ကျွန်းဆီ အတွေ့အကြုံ ရှာထွက်စဉ် တိမ်တိုက်နီကျွန်း၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ပျောက်ဆုံးနေသောကျွန်းဆီ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ပျောက်ဆုံးနေသောကျွန်းပေါ်တွင် ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်းနှင့် အဆုံးမယ့်ပင်လယ်ကျွန်းဆီမှ အင်အားစုများ၏ ထွတ်မြတ်ရတနာများအား ရရှိခဲ့လေ၏။

ထိုထွတ်မြတ်ရတနာ များစွာများထဲမှာမှ အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင်သွေးပန်းကိုပဲ ယခုအချိန်အထိ အသုံးပြုခဲ့ ဖူးသည်။

ရန်ကိုင်ကိုယ်တိုင်သည် သေသေချာချာကို ဂရုစိုက်ပေမယ့် အတိတ်အချိန်အခါက ထိုလက်နက် နှစ်ခုအား အသုံးပြုခဲ့သည့် အကြိမ်အရေမှာ မနည်းလှချေ။ အဆုံးမယ့်ပင်လယ်ကျွန်းမှ အင်အားစုများသာ မဆုတ် မနစ်နှင့် ကြိုးစားရှာဖွေခဲ့လျှင် အချိန်များစွာ ကြာခဲ့ပြီးသည့် နောက် သဲလွန်စရသွားခဲ့သည်မှာ အထူးအဆန်းမဟုတ်။

သဲလွန်စ ရသွားခဲ့သည့် အချက်ကြောင့်ပဲ ထိုကျင့်ကြံသူ တစ်သိုက်သည် သူတို့ဂိုဏ်း၏ ထွတ်မြတ်ရတနာများအား ပြန်လည် ရယူနိုင်ရည် ရည်ရွယ်ချက်ဖြင့် ကီလိုမီတာ သောင်းကျော်ကို ဖြတ်သန်းလာခဲ့ခြင်း ဖြစ်ပေသည်။

“ဒီတော့ ဒီလိုပေါ့” ရန်ကိုင် ရှင်းပြသည်အား ကြားရပြီးသည့်နောက် ချူရီမန်က ခေါင်းလေး တညိတ်ညိတ်နှင့် “သူတို့တွေ ပိုင်ဆိုင်တဲ့ ထွတ်မြတ် ရတနာတွေကို ပြန်ပေးလိုက်တာ မှန်ကန်တဲ့လုပ်ရပ်ပဲ။ ဒါပေမယ့် ဒီနေရာမှာ နင်လည်း မမှားခဲ့ဘူး။ နင်က အဲ့ပစ္စည်းတွေကို မတော်တဆ ရခဲ့တာလေ။ ဒါပေမယ့် သူတို့တွေက နင့်အိမ်တံခါးကို လာခေါက်နေပြီ။ နင်ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ” ဟုပြန်မေးလိုက်၏။

ချူရီမန်၏ အမေးအား ကြားသော် ရန်ကိုင်က “အရင် စကားပြောကြည့်ရမှာပေါ့” ဟု ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။ အရင်နှစ်တွေအတွင်း အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင် သွေးပန်းသည့် သူ့အား များစွာ အကူအညီပေးနိုင်ခဲ့သော်ငြား သူ့ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့်အမျှ ထိုလက်နက်နှစ်ခု၏ အသုံးဝင်မှုမှာ ပိုပိုပြီး နည်းပါးလာခဲ့ရ၏။ အထူးသဖြင့် ပိုးကျင်ရေကန်၌ ဆန်းကြယ်အဆင့် လက်နက်နှစ်ခုကို ရပြီသည့် အချိန်မှ စ၍ပေါ့။

အစကတည်းမှပင် သူ့ခွန်အား တိုးတက်နိုင်ဖို့ရာ လက်နက်တွေအပေါ် အရမ်းမမှီခိုချင်ခဲ့တာ ဖြစ်သည်။

ထို့ကြောင့် အခြေအနေတွေသာ အဆင်ပြေမယ် ဆိုရင် ထိုလက်နက်နှစ်ခုအား ပြန်ပေးလိုက်ရလျှင်ပင် ကိစ္စမရှိချေ။ မည်သို့ပင် ဆိုစေကာမူ ထိုလက်နက်နှစ်ခုကို သိမ်းထား လျှင်ပင် သူ့အတွက် အကျိုးမရှိရာ။ လက်နက်နှစ်ခုအား ပြန်မပေးပဲ သိမ်းထားလိုက်လျှင် မလိုလားအပ်သည့် ပြဿနာများကိုပင် ဖြစ်လာစေနိုင်၏။

ချူရီမန်အား ရှင်းပြနေစဉ် အပြင်ဘက်မှ အော်သံများသည် ပိုပိုကျယ်လောင်လာပြီး ပိုပို အလျင်လိုလာခဲ့လေသည်။

စိုးရိမ်တကြီး အော်ခေါ်သံများအား ကြားလိုက်ရလျှင် ရန်ကိုင်က ပြုံးကာ “အပြင်တစ်ချက် သွားထွက် ကြည့်တာပေါ့”ဟု ဆိုလိုက်လေ၏။

ချူရီမန်သည်လည်း အသာအယာလေး ခေါင်းညိတ်လျက် ရန်ကိုင်နောက်မှာ အလျင်စလို လိုက်ပါသွားလေသည်။

Martial Peak

အပိုင်း(၅၅၈) ခင်ဗျားတို့ဘာတွေ ကမ်းလှမ်းနိုင်လဲပေါ် မူတည်တယ်

အပြင်ရောက်လာသည့်အခါ တစ်ဖက်လူအုပ်၏ လူအင်အားနှင့် ခွန်အားကြောင့် ရန်ကိုင်ပင် အံ့အားသင့်သွား ခဲ့ရ၏။

တစ်ဖက်လူများသည် ကြိုတင်ပြင်ဆင်လားခဲ့ပြီးမှ ရောက်လာခဲ့သည်ပဲ ဖြစ်ရပေမည်။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့ တောင့်တင်းလှသည့် လူအင်အားကို ပိုင်ဆိုင်ထားဖို့ ရာ မဖြစ်နိုင်လှ။ အထူးသဖြင့် တစ်ဖက်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည့် လူအိုကြီးပင်။ ထိုလူအိုကြီးဆီမှ ဖိအားအကြီးကြီးကို ရန်ကိုင် ခံစားနေခဲ့ရသည်။

ထိုလူသည် အင်မော်တယ် တစ်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ဆိုသည် လွဲမှားဖွယ်မရှိ။

ရန်ကိုင် ထွက်လာသည်ကို မြင်တွေ့လိုက်သည်နှင့် မရေမတွက်နိုင်သော အကြည့်တို့သည့် သူ့အပေါ်သို့ ရောက်ရှိလာခဲ့၏။

လီယွမ်ချွန်က နွေးထွေးစွာဖြင့် ပြုံးပြလိုက်ပြီး “ဒီက ရန်မိသားစုရဲ့ သခင်ငယ်လေး ရန်ကိုင်လား ဆိုတာကို ကျုပ်သိလို့ရမလား” ဟု လက်ဦးမှုရယူ၍ မေးလိုက်ရာ ရန်ကိုင်က “အမှန်ပဲ၊ ခင်ဗျားတို့ကကော…”

“မဟာထွတ်မြတ်တော်ဂိုဏ်းက လီယွမ်ချွန်ပါ”

“အသူရာဂိုဏ်းရဲ့ ရီဖုန်းပါ”

“ပန်းကြွေဘုရားကျောင်းက ဟွာသွမ့်ဟွန်ပါ၊ဟဲဟဲ…”

“စဉ်လာတော်ရဲသွေးနီဂိုဏ်းက ရှုချန်းဟောင်ပါ”

“ဂျီမနီကျွန်း…”

“တိမ်နဂါးကျွန်း…”

ရန်ကိုင်အား ဂရုတစိုက် လေ့လာနေစဉ်မှာပဲ အဆုံးမယ့် ပင်လယ်ကျွန်းမှ ဂိုဏ်းကိုယ်စားပြုများသည် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လိုက်ကြလေသည်။

ရန်ကိုင်အား ကြည့်နေလေ သူတို့ ပိုပြီး အံ့အားသင့် ရလေ ဖြစ်နေခဲ့ရ၏။ အပြင်ဘက်၌ စောင့်နေသည့် မိန်းကလေးနဲ့တင် သူတို့တစ်တွေ အတော်အသင့်ကို ထိန်းလန့်သွားခဲ့ရပြီးချေလေပြီ။ သို့သော်ငြား ရန်ကိုင်အား တွေ့မြင်ရပြီးသည့်နောက် ၎င်းတို့ထဲမှ လူများစွာတို့သည် မှင်သက်သွားခဲ့ကြရလေသည်။

ရန်မိသားစု သခင်ငယ်လေးသည် ထိုမိန်းကလေးထက် ငယ်မည်မှာ လွဲမှားစရာမရှိချေ။ သို့သော်လည်း သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂သို့ ရောက်ရှိနေခဲ့ လေပြီ။

ရန်ကိုင်သည် ခေါင်းလေး တငြိမ်ငြိမ့်ဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။ သို့သော်ငြား တစ်ဖက်၌ တစ်ယောက် တည်း သီးခြားရပ်နေသော မိန်းမငယ်လေးအား တွေ့လိုက် ရသည့်အခါတွင်မူ သူ၏ အမူအရာ အနည်းငယ်ဆိုသလို ထူးဆန်းသွားခဲ့ပြီး “ပီလော့လား”

မိန်းငယ်လေးကတော့ ရန်ကိုင်အား မြင်တွေ့ရသည်ကို မပျော်သည့်အလား အေးစက်စက်ဖြင့်သာ ပြန်ပြီး နှာခေါင်းရှုံ့ပြလိုက်လေသည်။

ချူရီမန်သည်လည်း ထိုတစ်ယောက်တည်း သီးခြား ရပ်နေ‌သော မိန်းမငယ်လေးဆီ အကြည့်ရွေ့လိုက်၏။ ပီလော့မှန်း မှတ်မိလိုက်သည်နှင့် သူမသည်လည်း အလားတူ အံ့အာ့သင့်သွားခဲ့ရလေသည်။ ပီလော့အား သတိပြုမိ လိုက်သည်နှင့် ချူရီမန်၏ အကြည့်သည့် ရန်ကိုင်ဆီ မယောင်မလည်ဖြင့် ရောက်ရှိသွားခဲ့ပြီး သူမ၏ မျက်နှာထက် ဒွိဟဖြစ်စေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။

ပီလော့သည် တိမ်မိစ္ဆာနယ်မြေမှ ညို့ကဝေနတ်ဆိုး ဘုရင်မ ရှန်ချင်းလော့၏ အယုံကြည်ရဆုံးတော့ အိမ်ဖော် အစေခံမလေး တစ်ယောက်ဖြစ်သည်။ ချူရီမန်နှင့် လော့ရှောင်မန်တို့ နှစ်ယောက် ရှန်ချင်းလော့နန်းတော်၌ နေအိမ်အကျယ်ချုပ် ကျခံရစဉ်က သူတို့အမျက်ဆုံး ထိတွေ့ဆက်ဆံဖူးသည့်လူသည် ပီလော့ပဲ ဖြစ်၏။ ထို့ပြင် တစ်နေ့၊ ရန်ကိုင်ဆီမှ အကူအညီရလိုရငြား တောင်းခံဖို့ရာ သူ့ဆီသွားတွေ့သည့်အခါက၊ ထိုနှစ်ယောက်…

သူမအား နောက်တစ်ကြိမ် ထပ်မြင်တွေ့လိုက်ရသည့် အခါ ထိုကနေ့မှ အဖြစ်အပျက်အား ပြန်မတွေးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ပီလော့ နှုတ်ခမ်း ထောင့်စွန်းမှ နို့နှစ်ရောင်ပျစ်ချွဲချွှဲ အရည်များအား ပြန်စဉ်းစား မိလိုက်သည်နှင့်…

ချူရီမန်မျက်နှာလေး ရဲရဲနီသွားခဲ့လေသည်။

ရန်ကိုင်၏ အမူအရာသည်လည်း အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေခဲ့၏။ သူ၏အကြည့်သည်လည်း ပီလော့ နှုတ်ခမ်းအစုံဆီ အလိုလို ရောက်ရှိသွားခဲ့၍… သူ့စိတ်ထဲ…

ဒီပါးစပ်လေးက… မဆိုးဘူးဟ…

“ဒီတော့ သခင်လေးရန်နဲ့ ဒီမိန်းကလေးက အသိဟောင်း တွေပေါ့၊ ကျုပ်တို့လည်း သူ့ကို အခုလေးတင် တွေ့ခဲ့တာ။ ကျုပ်တို့ အတူတူလာခဲ့ကြတာ မဟုတ်ဘူး” ဟုဆိုလိုက်လျှင် ရန်ကိုင်က “ကျုပ်သိတယ်” ဟုဆိုတာ ခေါင်းပြန်ညိတ်လိုက်ပြလိုက်လေ၏။

ပီလော့သည် တိမ်မိစ္ဆာနယ်မြေမှ ဖြစ်၍ လီယွမ်ချွန်သည် အဆုံးမယ်ပင်လယ်ကျွန်းမှ ဖြစ်သည့်အတွက် သူတို့နှစ်ယောက် အတူတူလာခြင်း မဟုတ်သိမှာ အသိသာကြီးပင်ဖြစ်သည်။

ဒါပေမယ့် ပီလော့က ဒီကို ဘာလာလုပ်တာလဲ ရန်ကိုင်စိတ်ထဲ မကောင်းသည့် အငွေ့အသက်တို့ ရလာခဲ့၏။

“ခင်ဗျားတို့အားလုံး ဘာလို့ ဒီနေရာဆီ ရောက်နေမှန်း ကျုပ်သိတယ်။ စကားပြောလို့ရတဲ့ နေရာ သွားကြတာပေါ့” ဟု ရန်ကိုင်က လက်ယပ်ပြလိုက်ပြီး ရှေ့ကနေ ဦးဆောင်ကာ စံအိမ်ထဲသို့ ပြန်ဝင်သွားလိုက်လေသည်။

သူပြောသည်အား ကြားလိုက်ရပြီးသည့်နောက် အဆုံးမဲ့ပင်လယ်ကျွန်းမှ လူအားလုံး ပျော်ရွှင်စွာ ပြုံးလိုက် ကြလေသည်။ သူတို့ အကြည့်များသည်လည်း ပိုလို့ နွေးထွေးလာခဲ့လေ၏။ အနည်းဆုံးဆိုရလျှင် ရန်ကိုင်သည် သူတို့ဂိုဏ်းအသီးသီး၏ ထွတ်မြတ်ရတနာများအား ပိုင်ဆိုင်ထားသည်ကို ငြင်းချက်ထုတ်မသွားခဲ့ချေ။

သူတို့ဂိုဏ်း၏ ထွတ်မြတ်ရတနာ အသီးသီးအား ရန်ကိုင်က လိုလိုလားလားဖြင့် ပြန်ပေးမည်လား။

“ပီလော့၊ နင်လည်းလာခဲ့” ဟု ရန်ကိုင်က ဆိုလျှင် ပီလော့က “နင်အရင်သွား၊ ငါနင်နဲ့ နီးနီးကပ်ကပ် မနေချင်ဘူး”ဟု ခါးခါးသီးသီး ပြန်ခွန်းတုန့်ပြန်လိုက်၏။ ထိုကနေ့၏ အဖြစ်အပျက်အား သူမစိတ်ထဲ အထင်အရှား မှတ်မိနေဆဲပင်။ ရန်ကိုင်လက်ထဲ ကြီးကြီးမားမား ဆုံးရှုံး ခဲ့စားရသည်ဖြစ်ရာ ရန်ကိုင်အား အရင်ကထက် ပိုပြီး သတိထားလာသည်မှာလည်း အထူးအဆန်းမဟုတ်။

သူမ ပြန်ပြောလိုက်သည့် စကားအား ကြားလိုက်ရလျှင် ကိုးယိုးကားယား ရယ်သံဖြင့် ရယ်မောလိုက်သည်မှ လွဲ၍ သူမအား တွန်းအားပေးဖို့ရာ အနည်းငယ်မျှပင် ကြိုးစားခြင်း မပြုခဲ့။ ခေါင်းသာ ညိတ်ပြလိုက်၍ ချူရီမန်ဘက်လှည့်ကာ “သူ့ကို ဂရုစိုက်ပေးလိုက်” ဟုပြောလိုက်လေ၏။

“အင်း” ချူရီမန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အပြုံးလေးပြုံးလျက် ပီလော့ဆီလမ်းလျှောက်သွားလိုက်၍ “မိန်းကလေးပီလော့၊ မတွေ့ရတာတောင် တော်တော်လေး ကြာသွားပြီနော်”ဟု နှုတ်ဆက်စကားဆိုလိုက်လေသည်။

ချူရီမန်အား မှတ်မိလိုက်သည်နှင့် ပီလော့က နှစ်လိုဖွယ် ကောင်းစွာ ပြုံးလိုက်၍ “နင်ပဲ၊ ဟုတ်တယ်။ မတွေ့ရတာ တကယ်ကို တော်တော်လေး ကြာသွားခဲ့ပြီ” ဟု ယဉ်ယဉ်းကျေးကျေးဖြင့် ပြန်နှုတ်ဆက်လိုက်၏။

ပြောပြီးသည်နှင့် ချူရီမန်ဆီ ပြေးသွားလိုက်ပြီး လွန်စွာကို ရင်းနှီးကျွမ်းဝင်သည့် ပုံစံဖြင့် ချူရီမန်၏ လက်လေးအား ဖမ်းကိုင်လိုက်လျက် သူမဆီ ပိုပြီးနီးကပ် သွားအောင် ဆွဲခေါ်လိုက်သည်။

ပီလော့၏ အပြုအမူသည် အနည်းငယ် ထူးဆန်းနေသည်ဟု ထင်မိသော်ငြား သူမစိတ်ထဲ ထိုအချက်အား မသိကျေးကျွန် ပြထားလိုက်လေ၏။ ပီလော့သည် သူမအား နွေးထွေးစွာဖြင့် ဆက်ဆံနေသည် ဖြစ်ရာ သူမ၏ လက်အားကိုင်ထားခွင့်ပေးလိုက်ပြီး နှစ်ယောက်သား အတူတူ စံအိမ်ထဲ လမ်းလျှောက် ဝင်သွားလိုက်လေသည်။

“ရင်သားကြီးကြီးနဲ့ မိန်းကလေးရာ” ပီလော့၏ မျက်ဝန်းလှလှလေးများ တောက်ပစွာ ရွှန်းဖြာသွားခဲ့၍ ချူရီမန်အား မေးလိုက်၏။

ထိုစကားကို ကြားသော် ချူရီမန်က ယဲ့ယဲ့လေး ပြုံးလျက် “ရှောင်မန်ကို ပြောချင်တာလား။ သူလည်း ဒီမှာ ရှိနေတယ်။ နောက်ကျရင် သူ့ကို တွေ့ရမှာပါ”ဟု ပြန်ပြောလိုက်ရာ ပီလော့က “တကယ်လား။ ကောင်းလိုက်တာ” ဟု မျှော်လင့်ချက်တို့ ရစ်သိုင်းနေသည့် အပြုံးလေးဖြင့် ရွှင်လန်းတက်ကြွစွာ ပြန်ပြောလိုက်သည်။

ခန်းမထဲ၌ အဆုံးမယ်ပင်လယ်ကျွန်းမှ ဂိုဏ်းအသီးသီး၏ ကိုယ်စားပြုများသည် ထိုင်ခုံတစ်ခုံစီ ယူထိုင်နေလိုက်ကြ၍ ရန်ကိုင်သည် အစေခံမလေးများအား လက်ဖက်ရည်ငှဲ့ တည့်ခင်းပေးခိုင်းလိုက်၏။ မြင်ကွင်းသည် လွန်စွာကို ငြိမ်းအေးလှ၏။ ရောက်သည့် လူအားလုံးသည် သူတို့၏ ရည်ရွယ်ချက်နှင့် ပက်သက်ပြီး ဆွေးနွေးရန် အလျင်လိုခြင်း မရှိ၊ လက်ဖက်ရည်၏ သင်းပျံ့ပျံ့ မွှေးရနံ့နှင့် ခါးတတ အရသာလေးအား တစိမ့်စိမ့် မြည်းစမ်းနေခဲ့သည်။

ရန်ကိုင်သည်လည်း ဆိတ်ဆိတ်သာ နေခဲ့၏။ တစ်ဖက် အဖွဲ့သားများ လက်ဖက်ရည် သောက်နေသည်နှင့် ပီလော့၏ ချူရီမန်အပေါ် အားမနာတမ်း ပြုမူနေသည်ကိုသာ ငေးကြည့်နေခဲ့၏။

ချူမိသားစု သခင်မလေးသည်လည်း တစ်ခုခု မှားယွင်းနေသည်လား သတိပြုမိခဲ့သည်။ ပီလော့သည် ချူရီမန်၏ လက်လေးအား ပွတ်သပ်၊ အသားအရေက မည်ရွေ့မည်မျှ ချောမွတ်ကြောင်း ချီးကျူးစကားဆိုလျက် သူမ၏ အလှအား မည်ကဲ့သို့ ထိန်းသိမ်းသည်ကို ဇွတ်တရွတ် မေးခွန်းထုတ်နေ၏။ ထိုမှသည် သူမ၏ခါးနှင့် ရင်ကိုပင် ရဲတင်းစွာ ထိကိုင်ခြင်းအမှုကိုလည်း ပြုလေ၏။

ချူရီမန်၏ အသာအရေးမှာ ကြက်သွေးရောင် ရဲရဲတောက် နေခဲ့လေပြီ။

သို့သော်ငြား လူအုပ်ကြီးရှေ့ အဖြစ်သည်း၊ ဇီဇာကြောင်ပြလို့ကလည်း မကောင်းသည်ဖြစ်၍ ရန်ကိုင်ဆီသာ တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့် လှမ်း၍ ကြည့်ရပါတော့သည်။

ရန်ကိုင်ကမူ သူမ၏ အကြည့်အား မသိကျေးကျွန်သာ ပြထားခဲ့လေ၏။

ခဏကြာသော် လီယွမ်ချွန်က ပြုံးကာ စကားလိုက်သည် “သခင်လေးရန်က လူကြားက နဂါးပဲ။ လမ်းတစ်လျှောက် အမွေခံတိုက်ပွဲနဲ့ ပက်သက်တဲ့သတင်းတွေ၊ သခင်လေးရန် ဘယ်လောက်တောင် တော်တဲ့သတင်းတွေ ကြားခဲ့ရပေမယ့် ဒီကို ရောက်လာတော့မှပဲ ကောလဟာလတွေက အဆံမပါတဲ့ သစ်အယ်သီးတွေ မဟုတ်မှန်း သိလိုက်ရတယ်။ သခင်လေးရန်ရဲ့ စံအိမ်က ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ဝပ်နေတဲ့ ကျားတွေနဲ့ ပြည့်နေတာပဲ၊ တကယ်ကို အံ့အားသင့်ဖို့ ကောင်းလှပါတယ်”

ထိုစကားအား ကြားလိုက်လျှင် ရန်ကိုင်က “စီနီယာက မြှောက်ပင့်ချီးကျူးနေတာပဲ။ ကုန်းတွင်းပိုင်းက ပင်လယ်ဘက်နဲ့ ယှဉ်လို့ မရပါဘူးဗျာ။ အဆုံးမယ့်ပင်လယ် ကျွန်းမှာက မိုးမြေစွမ်းအင်လည်းကြွယ်ဝ၊ မရေမတွက်နိုင်တဲ့ အဖိုးတန်ရတနာတွေလည်း ရှိတာဆိုတော့ ကျုပ်တောင် မနာလိုရတာဗျ။ ကျင့်ကြံခြင်းအတွက် အရမ်းကို ကောင်းလှတဲ့ သုခဘုံကြီး ဖြစ်နေတာလေ” ဟုဆိုလိုက်သည် ရှိသော် လီယွမ်ချွန်က ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ပြီး

“အဆုံးမယ်ပင်လယ်ကျွန်းမှာ အဲ့လိုလေးတွေ ရှိတယ် ဆိုပေမယ့် ကုန်းတွင်းပိုင်းမှာလည်း အားသားချက်တွေ ရှိပါတယ် သခင်လေးရန်ရဲ့။ ဒါပေမယ့် သခင်လေးရန် ပြောခဲ့တဲ့ပုံအရဆို သခင်လေးရန်လည်း အဆုံးမယ့်ပင်လယ် ကျွန်းဆီ ရောက်ခဲ့ဖူးတဲ့ ပုံပဲနော်”

“အင်း၊ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက အဆုံးမယ့်ပင်လယ်ကျွန်းဆီ တစ်ကြိမ်‌ ရောက်ခဲ့ဖူးတယ် လေ။ အဲ့တုန်းက ရောက်ရောက်ချင်းပဲ တိမ်တိုက်နီ ဂိုဏ်းသားတွေရဲ့ လက်မှာ ခံလိုက်ရတာဗျာ”

ထိုစကားအား ကြားလိုက်ရလျှင် လီယွမ်ချွန်၏ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး “တိမ်တိုက်နီဂိုဏ်းက ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ ဖျက်စီးခြင်းခံလိုက်ရတဲ့ ကျွန်းမလား” ဟု မေးလိုက်လျှင် ရန်ကိုင်က “အမှန်ပဲ” ဟုခေါင်းညိတ် ပြန်ဖြေလိုက်လေ၏။

“ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ ဂိုဏ်းခေါင်းဆောင် ကူဖုန်းက သူတို့ဂိုဏ်း လွန်ခဲ့တဲ့ နှစ်(၃၀၀)တုန်းက ပျောက်ဆုံး သွားခဲ့တဲ့ ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်ကို တိမ်တိုက်နီဂိုဏ်းမှာ ပြန်တွေ့ခဲ့တာဆိုတော့ ဒီအဖြစ်အပျက် တွေအားလုံးကို သခင်လေးရန် စီစဉ်ခဲ့တာလား”

“အင်း၊ ကျုပ်က တိမ်တိုက်နီကျွန်းကို တော်တော်လေး မကျေမနပ် ဖြစ်နေတာလေ။ ဒါပေမယ့် အဲ့တုန်းက ကျုပ်က အရမ်းအားနည်းနေခဲ့တော့ တိမ်တိုက်နီကျွန်းကို ဖျက်စီး နိုင်ဖို့အတွက် ရှေးဟောင်းတိမ်တိုက်ကျွန်းဆိုတဲ့ ဓါးကို ငှားရုံကလွဲပြီး အခြားမတတ်နိုင်ခဲ့ဖူးလေ”

ရန်ကိုင် ရှင်းပြသည်အား ကြားလိုက်လေလျှင် လီယွမ်ချွန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး “သခင်လေးရန်ရဲ့ နည်းလမ်းတွေက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ” ဟုမှတ်ချက်ပေးလိုက်လေ၏။

အခန်းထဲရှိနေသည့် လူအားလုံး၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့ကြလေသည်။

လွန်ခဲ့တဲ့ (၃)နှစ်ကဆိုလျှင်၊ သူတို့ရှေ့၌ ရှိနေသည့် လူငယ်လေးသည် ငယ်ငယ်လေးပင် ရှိချေဦးမည်။ သို့သော်လည်း သူ၏ လှည့်ကွက်လေးတစ်ခုကြောင့် တိမ်တိုက်နီဂိုဏ်းတစ်ခုလုံး အဖြစ်ဖျက်သုတ်သင်ခံရသည့် ကံကြမ္မာကို ကြုံတွေ့ခဲ့ရလေသည်။ ထိုကဲ့သို့ သွေးအေး ရက်စက်ပြီး ပရိယာကြွယ်သည့် အရည်အချင်းမျိုးသည် သာမန်လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်။

“သခင်ငယ်လေးက ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်ကို ရှာတွေ့မှာတော့ ကျန်တဲ့ရတနာတွေကိုလည်း တွေ့မှာပေါ့၊ ဟုတ်တယ်မလား” လီယွမ်ချွန်က မျှော်လင့်ချက်တို့ ရစ်ဝဲနေသည့်အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်း မေးလိုက်ရာ ရန်ကိုင်က “အင်း၊ ဟုတ်တယ်။ ကျုပ်တကယ်ပဲ ရခဲ့တယ်” ဟု အပြုံးလေးဖြင့် ပြန်ပြောလျက် လက်ဝါးတစ်ဖက်ပေါ် သွေးနီရောင် ဓါးတစ်ချောင်းကို ဆင့်ခေါ်ပြလိုက်ပြီး ကျန်လက်ဝါး တစ်ဖက်ပေါ်၌မူ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသော သွေးနီရောင်ပန်းပွင့်တစ်ခု ဆင့်ခေါ်ပြလိုက်၏။

ပန်းရနံ့တို့ လေထဲသင်းကြူမွှေးကြိုင် သွားခဲ့လေသည်။

“အသူရာဓါး”

“ပွင့်ချပ်တစ်ထောင်သွေးပန်း”

အသူရာဓါးဂိုဏ်းမှ ရီဖန်းနှင့် ပန်းကြွေဘုရားကျောင်းမှ ဟွာသွမ့်ဟွန်တို့ နှစ်ယောက်၏ မျက်နှာဝင်းလက် သွားခဲ့ပြီး ထိုင်ရာကနေထ၍ ရန်ကိုင်လက်ထဲတွင် ရှိနေသော လက်နက်နှစ်ခုအား လောဘတကြီး စိုက်ကြည့်နေခဲ့၏။

ထိုလက်နက်များအား သူတို့ ရှာနေခဲ့သည်မှာ နှစ်(၃၀၀) ကျော်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုလက်နက်များနှင့် ပက်သက်သည့် သဲလွန်စ တစ်ခုတစ်လေမျှကိုမှ သူတို့ ရှာလို့မတွေ့ခဲ့။ ယခု ထိုလက်နက်သည် သူတို့ မျက်လုံး ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်ရာ သူတို့စိတ်မလှုပ်ရှားပဲ မည်သို့နေနိုင်မည်နည်း။

“ထိုင်နေစမ်း” လီယွမ်ချွန်က အသာအယာလေး အော်လိုက်၏။

ရီဖန်းနှင့် ဟွာသွမ့်ဟွန်တို့ မထိုင်ချင်ထိုင်ချင်ဖြင့် ပြန်ထိုင်လိုက်ရလေသည်။ သို့သော်လည်း သူတို့၏ အကြည့် များသည်တော့ ထိုလက်နက်နှစ်ခုဆီ တစ်လက်မျှပင် ရွေ့လျားခြင်း မရှိခဲ့ချေ။

ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံးလိုက်၍ ထိုလက်နက် နှစ်ခုအား ပြန်သိမ်းထာလိုက်လေ၏။ အဆုံးမယ့်ပင်လယ် ကျွန်းမှ ပညာရှင်များစွာသည် သူ့အား စိုက်ကြည့်နေသာ်ငြား ရန်ကိုင်သည် စိုးရိမ်ပူပန်းခြင်း အလျှင်းမရှိပဲ တည်ငြိမ်ဆဲ တည်ငြိမ်မြဲ အမူအရာဖြင့်သာ ရှိနေဆဲပါ။

လီယွမ်ချွန်က အသာအယာ ချောင်းဟန့်လိုက်ပြီး လေးလေးနက်နက်ဖြင့် “သခင်လေးရန်၊ ကျုပ်တို့ရဲ့ ထွတ်မြတ်ရတနာတွေ အားလုံးက သခင်လေး လက်ထဲမှာဆို။ ဒီလူအိုကြီးတို့ဂိုဏ်းက မဟာထွတ်မြတ် ချိတ်တံဆိပ်တော်ကို ဘာလို့ မတွေ့ရတာလဲ” ဟု မေးလိုက်၏။

ရန်ကိုင်သည် ထိုမဟာထွတ်မြတ် ချိတ်တံဆိပ်တော်ကို သန့်စင်ပြီး သူ့ကိုယ်ထဲ ထည့်သိမ်းဆည်းထားနိုင်လျှင်ပင် လီယွမ်ချွန်အနေဖြင့် ထိုလက်နက်၏ တည်ရှိမှုအား အာရုံခံနိုင်သင့်ပေ၏။

မဟာထွတ်မြတ် ချိတ်တံဆိပ်တော်သည် မဟာထွတ်မြတ်တော် ဂိုဏ်း၏ ထွတ်မြတ်ရတနာပင် ဖြစ်ချေသည်။

“မဟာထွတ်မြတ်ချိတ်တံဆိပ်တော်ကို သန့်စင်ဖို့ဆိုရင် မဟာထွတ်မြတ်တော်ဂိုဏ်းရဲ့ အထူးကျင့်စဉ်ကို လိုအပ်တယ်လေ။ ဒါကြောင့်ပဲ အဲ့လက်နက်ကို ကျုပ်အခုထိ မသန့်စင်ရသေးတာ။ အဲ့အစား အဲ့လက်နက်ကို အခြား ရတနာတွေနဲ့ လုံခြုံရတဲ့ နေရာမှာ သိမ်းထားလိုက်တယ်” ဟု အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။

ထိုလက်နက်အားလုံးကို သူ့၏ အနက်ရောင်စာအုပ်ထဲ ထည့်သိမ်းထားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် လီယွမ်ချွန်နှင့် အဆုံးမယ့်ပင်လယ်ကျွန်းမှ ဧည့်သည့်များ အနေဖြင့် ထိုလက်နက်များ၏ တည်ရှိမှုအား အာရုံခံစား မိလိမ့်မည် မဟုတ်ချေ။

“အဲ့တော့ ဒီလိုပေါ့”ဟု ခေါင်းလေးတညိတ်ညိတ်ဖြင့် ဆိုပြီးလျှင် လီယွမ်ချွန်က လက်ဆက်၍ “ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာကိုမှ မဖုံးမကွယ်ပဲ ရိုးရိုးသားသားနဲ့ ပြောပြပေးတဲ့ သခင်လေးကို ဒီလူအိုကြီး အလေးစားကြီး လေးစားသွားပြီ”ဟု ထပ်ပေါင်းချီးကျူး ပြောဆိုလိုက်၏။

ဤနေရာသို့ မလာစဉ်က တစ်ဖက်လူသည် သူမယူ ထားပါဟု အတင်းဘူးခံ ငြင်းနေမည်ကို စိုးရိမ်နေခဲ့ကြရာ ယဉ်ကျေးသိမ်မွေ့သော နည်းလမ်းဖြင့် ရန်ကိုင်အား စတင်ချဉ်းကပ် ခဲ့ခြင်းဖြစ်သည်။ ထိုနည်း အလုပ်မဖြစ်မှသာ အားသုံးမည်ဟု ကြံရွယ်ထားခြင်း ဖြစ်၏။ ထိုကဲ့သို့ မဟုတ်လျှင် အင်မော်တယ် တက်လှမ်းခြင်းအထက်အဆင့် ဦးဆောင်သည့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် အယောက်(၅၀)ကျော်ကို စေလွှတ်ခဲ့လိမ့်မည် မဟုတ်ချေ။

သူတို့ ခေါ်ဆောင်လာသည့် လူအင်းအားကို ထောက်ရှု ကြည့်လျှင် ထိုလက်နက်များသည် သူတို့အတွက် မည်မျှ အရေးပါကြောင်း သိနိုင်ပေ၏။

ရန်ကိုင် မျှော်လင့်ထားခဲ့သလိုပင် လွန်ခဲ့သော နှစ်အနည်းအကြာက၊ ရှေးဟောင်းတိမ်တိုက်ကျွန်းသည် ၎င်းတို့၏ ပျောက်ဆုံးသွားခဲ့သော ကျိုးပျက်လ ပြောင်းလဲခြင်း ကျင့်စဉ်အား ပြန်လည်ရှာတွေ့သွားခဲ့သည် ဆိုသော သတင်းအား ကြားသိလိုက်ရသည်နှင့် အဆုံးမယ့် ပင်လယ်ကျွန်းမှ ဂိုဏ်းအသီးသီးသည် ၎င်းတို့၏ ကိုယ်စားပြု အသီးသီးကို စေလွှတ်၍ ၎င်းတို့ဆုံးရှုံးသွားခဲ့ရသော ထွတ်မြတ်ရတနာများအကြောင်း မေးမြန်းခိုင်းခဲ့သည်။ ကံမကောင်းစွာဖြင့် အသုံးဝင်လောက်သည့် မည်သည့် အချက်အလက်မျှ မရရှိခဲ့ကြချေ။

ဂိုဏ်းအားလုံး စိတ်ငြိမ်သွားခဲ့ကြပြီး အခြေအနေအား သေသေချာချာ ပြန်လည်စဉ်းစား သုံးသပ်ကြည့်ပြီးသည့် နောက် ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်သည် တိမ်တိုက်နီဂိုဏ်းတွင် ရုတ်တရက်ကြီး ပေါ်လာသည်မှာ ထူးဆန်းလို့နေမှန်း ၎င်းတို့တွေ အကုန်လုံး သတိပြုမိလိုက်ကြ၏။ ထိုအချိန်မှပင် တစ်ယောက်ယောက် သည် ခိုးယူထားခဲ့ရသော ရတနာအားအသုံးပြုကာ တိမ်တိုက်နီဂိုဏ်းကို ဓါးငှားဖျက်စီးခဲ့လိုသည် ဖြစ်သည်ကို သူတို့ စဉ်းစားသုံးသပ်မိလိုက်ကြသည်။

သို့သော်ငြား ထိုတစ်ယောက်သည် ရှေးဟောင်း တိမ်တိုက်ကျွန်း၏ ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်အား ရရှိထားသည်ဖြစ်ရာ ကျန်ရှိနေသော ထွတ်မြတ်ရတနာ အားလုံးသည်လည်း သူနှင့်အတူပင် ရှိနေရချေမည်။

လွန်ခဲ့သည့် (၃)နှစ်အတွင်း အဆုံးမဲ့ပင်လယ်ကျွန်းမှ အင်အားစုများသည် ထိုထွတ်မြတ်ရတနာအကြောင်း စုံးစမ်းရအလိုငှာ ကုန်းတွင်းပိုင်းသို့ မကြာခဏ လူစေလွှတ်လေ့ ရှိ၏။ ထိုကဲ့သို့ လူလွှတ်ရင်းမှ ရန်ကိုင် အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင်သွေးပန်းတို့အား အသုံးပြုခဲ့သည် ဆိုသည့်သတင်းကို ရရှိခဲ့လေသည်။ ထိုမှတစ်ဆင့် သဲလွန်စတစ်ချို့ သူတို့ရရှိသွားခဲ့ကြ၏။ သတင်းရလျှင်ရခြင်း ယခုကဲ့သို့ တောင့်တင်းလှသည့် လူအင်အားစုကို ဦးဆောင်၍ ရန်ကိုင်ဆီ အပြေးချီတက် လာခဲ့ခြင်းဖြစ်သည်။

ယခု သူတို့စိတ်ထဲရှိ သံသယများ အကုန်အစင် ရှင်းလင်းသွားခဲ့ပြီဖြစ်၍ အားလုံး စိတ်လှုပ်ရှားသွားကြ သည်မှာ ပုံမှန်ပင်ဖြစ်ချေ၏။

“အဲ့လက်နက်တွေက အရမ်းကြီး အဖိုးမတန်ဘူး ဆိုတာကိုလည်း သခင်လေးရန် သိမှာပါ။ အချို့ဆိုရင် ကျင့်ကြံသူတွေအတွက်တောင် အသုံးဝင်တာ မဟုတ်ဘူး။ ဒါပေမယ့် အဆုံးမယ့်ပင်လယ်ကျွန်းက ဂိုဏ်းတွေ အတွက်တော့ ထူးခြားတဲ့ တည်ရှိမှုတွေပါ။ လက်နက် တစ်ခုချင်းစီတိုင်းက ဂိုဏ်းကိုတည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ လက်နက်တွေပဲ။ အချို့ တော်တော်များများဆိုရင် ဂိုဏ်းချုပ်အမှတ်အသား လို့တောင် ပြောလို့ရတယ်” ဟု လီယွမ်ချွန်က အသက် အရွယ်၊ ကျင့်ကြံခြင်းနှင့် အဆင့်အတန်းအားသုံး၍ ရန်ကိုင်အား ဖိနှိပ်ခြင်းမပြုပဲ ရိုးရိုးသားသားဖြင့်သာ ဆိုလိုက်လေ၏။

ရန်ကိုင်သည် အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်၏။ ထိုအကြောင်းကို သိထားခဲ့သည်မှာ ကြခဲ့လေချေပြီ။ ပျောက်ဆုံးနေသောကျွန်းထက် သူရခဲ့သည့် အချို့ပစ္စည်းများ ဆိုလျှင် အမှန်အကန်ကို အသုံးမဝင်ခြင်းဖြစ်၏။

“ဒီလိုဆိုမှတော့ သခင်လေးရန်လည်း ကျုပ်တို့ ရောက်လာရတဲ့ အကြောင်းအရင်းကို သိလောက်မှာပေါ့” ဟုဆိုပြီးလျှင် တစ်ခဏတာမျှ တုန့်ဆိုင်း၍ နေပြီးနောက် ထပ်မံမေးမြန်းလိုက်လေ၏ “ဒီလက်နက်တွေကို ကျုပ်တို့ဆီ ပြန်ပေးနိုင်ဖို့အတွက် ဘယ်လိုအခြေအနေတွေများ လိုအပ်လဲ ဆိုတာကို ကျုပ်သိလို့ရမလား သခင်လေးရန်”

ထိုအမေးအား ကြားသော် ရန်ကိုင်က “ဒါက ခင်ဗျားတို့ ဘာတွေကမ်းလှမ်းနိုင်လဲ ဆိုတာအပေါ် မူတည်တယ်” ဟု ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၍ ရည်ရွယ်ချက် ရှိရှိဖြင့် အဖွင့်ဈေး သတ်မှတ်ခဲ့ခြင်း မပြုပေ။

ပျောက်ဆုံးနေသာ ကျွန်းဆီမှ ရရှိသည့်ခဲ့သည့် ထိုပစ္စည်းများ အရမ်းကြီး အရေးစိုက်ခြင်း မရှိတော့ပေ။ အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင် သွေးပန်းတို့သည်လည်း သူ့အတွက် များများစားစား အသုံးမဝင်လှတော့ချေ။ သူ့ခွန်အား တိုးတက်လာသည်နှင့်အမျှ ထိုလက်နက် နှစ်ခု၏ အသုံးဝင်မှုသည်လည်း နိမ့်ကျသထက် နိမ့်ကျလာခဲ့ရ၏။ သို့သော်ငြား ထိုပစ္စည်းများအား အလကားပေးဖို့ကတော့ မဖြစ်နိုင်ရာ။

သူသည် ရက်ရောလွန်းသူ မဟုတ်။ ထိုထွတ်မြတ် ရတနာများအား ပြန်လိုချင်သည် ဆိုလျှင် တန်ရာတန်ကြေး တစ်ခုတော့ ပြန်ပေးရပေလိမ့်မည်။

အထူးသဖြင့် ယခုကဲ့သို့ အချိန်မျိုး၌၊ ပြဿနာ ပေါင်းစုံ ဝိုင်းဝိုင်းလည်သည့် အချိန်မျိုး၌၊ ရေငတ်နေသောသူရှေ့ ရေကန်တစ်ခု ရောက်ရှိလာသည့်အလား အဆုံးမယ့် ပင်လယ်ကျွန်းမှ ကျင့်ကြံသူများသည့် သူ့ရှေ့သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့လေသည်။ ထိုလူများအား မြင်တွေ့ လိုက်ရကတည်းက သူ့စိတ်ထဲ အစီအစဉ်တစ်ခု ဆွဲပြီးသွားခဲ့လေပြီ။

“ဒါ…” လီယွမ်ရှန်း ရုတ်တရက် ရှက်သွားခဲ့၏။ ယခု အကြိမ်၌ သူတို့နှင့်အတူ မည်သည့် အဖိုးတန်ပစ္စည်းမှ သယ်မလာခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်က သူတို့အား တန်ရာတန်ကြေး တစ်ခု တောင်းဆိုလာသည်အား ကြားလိုက်ရသည်နှင့် သူတို့အားလုံး ကူကယ်ရာ မဲ့သွားခဲ့ရလေသည်။

Martial Peak

အပိုင်း(၅၅၉) ညို့ကဝေရှန်ချင်းလော့ဆီမှ သတင်းစကား

ရန်ကိုင်သည် ယခုကဲ့သို့ ဖော်ဖော်ရွေရွေ ရှိလိမ့်မည်ဟု မထင်မှတ်ထားသည့်အတွက် အဆုံးမယ့်ပင်လယ်ကျွန်းမှ ကျင့်ကြံသူများ သတိလက်လွတ် ဖြစ်သွားခဲ့ကြ၏။ သူတို့၏ မူရင်းအစီအစဉ်မှာ ဆွေးနွေးဖို့ရာ အဆင်မပြေပါက အားသုံးဖို့ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အဆုံမယ့်ပင်လယ်ကျွန်းမှ လာသည်ဖြစ်ရာ မိသားစုကြီး (၈)ခု၏ လွှမ်းမိုးမှုသည် သူတို့အပေါ် မသက်ရောက်ချေ။

တိုက်ပွဲဖြစ်ပွားခဲ့လျှင်ပင် သူတို့ပိုင်ဆိုင်သည့် ထွတ်မြတ် ရတနာများအား သယ်ဆောင်၍ ဂိုဏ်းဆီပြန်သွားသည်နှင့် မိသားစုကြီး(၈)ခု၏ စောဒကနှင့် ခြိမ်းခြောက်မှုတို့သည် သူတို့အပေါ် စိုးစဉ်းမျှ သက်ရောက်နိုင်လိမ့်မည် မဟုတ်။

သို့သော်ငြား ရန်ကိုင်စံအိမ်တွင်း၌ ရှိနေသော ကျင့်ကြံသူများ၏ ခွန်အားကြောင့် အဆုံးမယ့်ပင်လယ်ကျွန်း မှလူများ သူတို့၏ မူရင်းအစီအစဉ်အား အကောင်းအထည် မဖော်နိုင် ဖြစ်ခဲ့ရ၏။ တိုက်ပွဲသာ ဖြစ်သွားခဲ့လျှင် မည်သည့်ဘက်နိုင်မည်ဆိုသည်မှာ မရေရာမသေချာချေ။ ထို့အပြင် အသူရာဓါးနှင့် ပွင့်ချပ်တစ်ထောင်သွေးပန်ကိုသာ မြင်တွေ့ရသေး၏။ ကျန်ရှိနေသော ရတနာများ၏ တည်နေရာကိုမူ မသိရသေးပါချေ။

သူတို့သည်သာ ရန်ကိုင်ဆိုသော လူလေးအား သွားရန်စလိုက်လျှင် သူတို့အတွက် ကောင်းကျိုး ရှိလိမ့်မည် မဟုတ်။

“အင်း၊ သခင်လေးရန်ပြောတာ ယုတ္တိရှိပါတယ်” ဟုဆိုလိုက်၏။ လီယွမ်ချွန်သည် မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည် ဖြစ်ရာ အချိန်ဆွဲနိုင်မည့် နည်းလမ်းတစ်ခုအား အလျင်အမြန်ပင် ရှာတွေ့သွားခဲ့ပြီး ရန်ကိုင်ဘက် လှည့်၍ “ဒီကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးဖို့ အချိန်လေး နည်းနည်း ပါးပါးလောက် ပေးလို့ရမလား” ဟု မေးလိုက်၏။

ရန်ကိုင်ကမူ ပြုံးပြုံးဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။

သည်လိုနှင့် အဆုံးမယ့်ပင်လယ်ကျွန်းမှ ကျင့်ကြံသူများ အဓိပ္ပါယ်ပါပါ အကြည့်ချင်း ဖလှယ်ရင်း ကောင်းကင် စိတ်အာရုံကိုသုံးကာ သူတို့ကြား စတင်ဆွေးနွေးကြပါ တော့လေ၏။

ထိုအချိန်၌ ရန်ကိုင်က ပီလော့ဘက်လှည့်ပြီး “ပီလော့၊ နင်ဒီကို ဘာလို့ရောက်လာရတာလဲ” ဟု မေးလိုက်သည်။

ပီလော့မှာ ချူရီမန်၏ လက်အား တယုတယဖြင့် ကိုင်ဆွဲထားသည်ဖြစ်ရာ ချူရီမန် လွန်စွာကို နေမထိ ထိုင်မသာ ဖြစ်နေခဲ့၏။ သူမ၏ လက်အား ပြန်ရုတ်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့သော်ငြား မအောင်မြင်နိုင်ခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်က ပီလော့အား မေးလာသည်ကို ကြားလိုက်ရသည်နှင့် ချူရီမန်စိတ်ထဲ ပျော်သွားခဲ့ပြီး စိတ်သက်သာရာလည်း ရသွားခဲ့၏။

ပီလော့သည်လည်း ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ “ငါမေ့တော့မလို့၊ သခင်မက နင့်ဆီသတင်းစကား ပို့ခိုင်းလိုက်တာ” ဟုဆိုလိုက်လျှင် ရန်ကိုင်က “အို၊ ဘာတင်းများလဲ” ဟု ပြန်မေးလိုက်လေသည်။

ပီလော့က “ဒီကနေ မြန်နိုင်သမျှ မြန်မြန် ထွက်သွားတော့၊ ထွတ်မြတ်နယ်မြေက အင်အားစုတွေ လာနေပြီ” ဟု ပြောလာလျှေင် ရန်ကိုင်မျက်နှာ ချက်ချင်း ဆိုသလို ဖြူစွတ်သွားခဲ့ပြီး “ဘာ၊ သူတို့တွေ ဘယ်နေရာဆီ သွားနေကြတာလဲ” ဟု အထိတ်တလန့်ဖြင့် ပြန်မေးလိုက်၏။

“ဒီကိုပဲ” ပီလော့က လေးနက်တည်ကြည်သည့် အသံဖြင့် ဆိုလိုက်ပြီးလျှင် ဆက်၍ “နင်တို့ ရန်မိသားစု အမွေခံတိုက်ပွဲကို စလိုက်တာနဲ့ မိသားစုကြီး(၈)ခုရဲ့ စုပေါင်းအင်အားစုလည်း တပ်ပျက်သွားခဲ့တယ်။ ဒါကြောင့် ငါတို့ရဲ့ အစီအစဉ်က စစ်ပွဲမြို့တော်ကို အရင်တိုက်ပြီး ဗဟိုမြို့တော်ကို တိုက်ဖို့ပဲ။ မိစ္ဆာအရှင်သခင်(၆)ပါး ဦးဆောင်တဲ့ စစ်တပ်တွေကို နတ်ဆိုးအရှင်သခင် ကိုယ်တိုင် ဦးစီးကွပ်ကဲပြီး စတင် ထွက်ခွါလာနေကြပြီ။ စစ်ပွဲမြို့တော် အနေနဲ့ သူတို့ရဲ့ တိုက်စစ်ကို ခုခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် နင်မြန်မြန် ထွက်သွားသင့်တယ်” ဟု သတိပေးစကား ပြောလိုက်၏။

“သူတို့ဘယ်အချိန် ရောက်မှာလဲ” အခြေအနေက သူထင်ထားသည်ထက် ပိုပြီးဆိုးရွားနေသည်ကို နားလည် လိုက်သည်နှင့် လေးနက်တည်ကြည်သည့် လေသံဖြင့် ပြန်မေးလိုက်ရာ ပီတော့၏ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် အသာအယာလေး ကွေးတက်သွားခဲ့ပြီး မခို့တရို့ အပြုံးနှင့် “ဒီညပဲ” ဟု ပြန်ပြောလိုက်လေသည်။

“ဒီလောက် အရေးကြီးတဲ့ ကိစ္စကိုတောင် ဘာလို့ စောစောမရတာလဲ၊ ငါ့နှယ်ကွာ” ဟု ရန်ကိုင်က ဒေါသတကြီး အော်ပြောလိုက်ပြီးမှ ပီလော့၏ မဲ့ပြုံးအား မြင်လိုက်သည်နှင့် ထိုမိန်းမက ရည်ရွယ်ချက်ရှိရှိဖြင့် အခုလို လုပ်ခဲ့သည်မှန်း ရန်ကိုင် နားလည်သွားလိုက်၏။

သူသာ မမေးခဲ့လျှင် သူမသည်လည်း စကားတစ်ခွန်းတောင် ပြောခဲ့လိမ့်မည် မဟုတ်ချေ။

ဒီမိန်းမကတော့ကွာ…

ယခုအချိန်၌ သူမ၏ တင်ပါးနှစ်ဖက်စလုံးကို ရဲရဲနီသွားစေလေအောင် တဖြန်းဖြန်း၊ တဖြန်းဖြန်းဖြင့်သာ ရိုက်ပစ်လိုက်မိချင်တော့လေသည်။

ရှန်ချင်းလော့၏ အမိန့်အရ ပီလော့သည် သူ့အား သတင်းစကား လာပို့ပေးသည့် ကိစ္စမှာ သူတောင်းဆို နိုင်သည်ထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။ သို့သော်ငြား ထိုမိန်းမက ရှန်ချင်းလော့အား မည်ရွေ့မည်မျှအထိ နှစ်သက်စွဲလန်းနေသည်မှန်း သိထားသည်ဖြစ်ရာ ပီလော့က သူဘဝတစ်ပေါင်းကူးပြောင်းသွားမှာကို မြင်ချင်နေမှန်း ရန်ကိုင် သိထားလေသည်။

ချူရီမန်သည်လည်း ကြက်သေသေသွားခဲ့၏။ ကြောင်အ တိတ်ဆိတ်သွားခဲ့ရာမှ အချိန်တစ်ခဏကြာသွားမှပင် အသိပြန်ဝင်လာခဲ့ပြီး “နင်ပြောချင်တာက နတ်ဆိုး အရှင်သခင်က မိစ္ဆာသခင်(၆)ပါးကို ဦးဆောင်ပြီး ငါတို့ဆီ ချီတက်လာနေတယ်ပေါ့” ဟုမေးလိုက်လေလျှင် ပီလော့က ထပ်၍ပြောလိုက်လေ၏ “ထွတ်မြတ်နယ်မြေက ပညာရှ-င်တွေပါ ပါတယ်”

“သူတို့သတ္တိက မသေးဘူးပဲ။ ငါတို့ မိသားစုကြီး (၈)ခုက ဘယ်တုန်းကများ ဒီလောက် အနိုင်ကျင့်လွယ်သွား ရတာလဲ” ဟုအေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လေလျှင် ပီလော့က ချူရီမန်က လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်ပြီး “နင်တို့ ခုခံနိုင်မယ်လို့ ထင်နေတာလား။ ထွတ်မြတ်နယ်မြေက လူတွေ ဒီကိုလာရဲမှတော့ သူတို့နိုင်မယ်လို့ ယုံကြည်ချက် အပြည့်အဝ ရှိနေလို့ပဲပေါ့။ ငါပြောလိုက်မယ်၊ နင်သူတို့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး” ဟု ပြန်ပြီး ငြင်းချက် ထုတ်လိုက်၏။

ထိုအခါ ချူရီမန်လည်း ပီလော့နှင့် ဆက်ပြီး ငြင်းခုံနေခြင်း မပြုတော့ပဲ သိလိုသည့် အကြောင်းအရာကိုပဲ မေးလိုက်ပါတော့၏ “သူတို့နဲ့အတူ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် ဘယ်လောက်တောင် ပါလာတာလဲ”

“ဒါဇင်ကျော်လောက်တယ်။ ငါ့သခင်မနယ်မြေက လွဲပြီး ကျန်တဲ့ ဘုရင်(၆)ပါးမှာ အဲ့လိုပညာရှင် နှစ်ယောက်စီ ရှိကြတယ်။ ငါ့သခင်မမှာတော့ သူတစ်ယောက်တည်းပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက် နိုင်သေးတာ” ဟု ပီလော့က ပြောလိုက်လေလျှင် ရန်ကိုင်က ထိတ်လန့်ကြောင်အသွားသည့် လေသံဖြင့် “ရှန်ချင်းလော့ လည်းချိုးဖျက်သွားပြီလား” ဟုမေးလိုက်လေသည်။

သူတို့ ခွဲခွါစဉ်က ရှန်ချင်းလော့မှာ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အဆင့် ပညာရှင်သာ ဖြစ်သေး။ ယခုမူကား သူမသည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ရောက်နေခဲ့ချေလေပြီ။ သူတို့ ခွဲခွါခဲ့သည်မှာ တစ်နှစ်ကျော်စွန်းစွန်းလေးသာ ရှိချေသေး၏။

တိမ်မိစ္ဆာနယ်မြေ၏ ဘုရင်(၆)ပါးစလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များသာ ဖြစ်ကြပေသည်။ ထိုကဲ့သို့ မပြောချင်လျှင် တိမ်မိစ္ဆာနယ်မြေ၏ ဘုရင်တစ်ပါး ဖြစ်နိုင်ဖို့ရာ ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားဖို့ လိုအပ်သည်ဟု ပြောနိုင်ပေ၏။

ထိုကျွမ်းကျင် အားကောင်းသူများကြောင့်သာ မဟုတ်လျှင် တိမ်မိစ္ဆနယ်မြေဆိုသည်မှာ သမိုင်းထဲမှ ဟိုးအချိန်ကတည်းကပင် ပျောက်ကွယ်သွားနေလေပြီ။

“ဒါဇင်ကျော်လား၊ စစ်ပွဲမြို့တော်တစ်ခုတည်းမှာတင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၇)ယောက်ရှိတယ်” ဟု ချူရီမန်က နှာခေါင်းရှုံ၍ ဆိုလိုက်လျှင် ပီလော့က ခေါင်းခါရမ်းလိုက်ပြီး အထင်အမြင် သေးသေးဖြင့် “အသုံးမဝင်ဘူး။ ဒီမှာရှိနေတဲ့ ပညာရှင် (၇)ယောက်ကို မေ့ထားလိုက်ဦး။ မိသားစုကြီး(၈)ခုက သူတို့ရဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်အားလုံးကို စေလွှတ်လိုက်မယ် ဆိုရင်တောင် နတ်ဆိုးအရှင်သခင်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဆာနတ်ဆိုးအရှင်သခင်က အခြားသူတွေနဲ့ မတူဘူး။ ဒီလောကကြီးထဲမှာ ဘယ်သူကမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ သူသာ ဆန္ဒရှိရင် သာမန်အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူလို့ရတယ်။ သုံးကွက်အတွင်းမှာပဲ အသေသတ်နိုင်တယ်လို့ သခင်မ ငါ့ကိုပြောခဲ့တယ်” ဟုပြန်ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် ချူရီမန်၏ မျက်နှာလှလှလေး သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။

“ပြီးတော့ ဆာနတ်ဆိုးအရှင်သခင် တစ်ယောက်တည်း လာခဲ့တာမှ မဟုတ်တာ။ မိုးကြိုးသားရဲဘုရင်၊ တိုက်တန်ခွန်အားဘုရင်၊ ယင်တစ္ဆေဘုရင်၊ လျှပ်စီးအရိပ် ဘုရင်၊ အဆိပ်ဘုရင်နဲ့ ညိ့ကဝေနတ်ဆိုးဘုရင်မတို့ ရှိနေ‌ သေးတယ်လေ။ အဲ့(၆)ယောက်ထဲမှာ ငါ့သခင်မက အားအနည်းဆုံးပဲ” ဟု ပီလော့က ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်လေသည်။

(ဘုရင်တွေရဲ့ နာမည်ကို ပြောင်းထားပါတယ်နော်)

ပီလော့၏ ရှင်းပြချက်ကြောင့် ချူရီမန်က ဘာလုပ်ရ၊ ဘာကိုင်ရမှန်း မသိဖြစ်ကာ “ရန်ကိုင်ရေ၊ ငါတို့ဘာလုပ် သင့်လဲဟင်” ဟု ရန်ကိုင်ဆီသာ ပျာတီးပျာယာဖြင့် မေးလိုက်ရလေ၏။

ရန်ကိုင်သာ ယခုနေရာ၌ မရှိလျှင် ခေါင်းအေးအေး ထားပြီး သင့်လျော်အဆင်ပြေမယ့် ဆုံးဖြတ်ချက်အား ချကောင်းချနိုင်ပေလိမ့်မည်။ သို့သော် အားကိုးအားထား ပြုနိုင်သည့် လူတစ်ယောက် ရှိနေသည်ဖြစ်ရာ ချူရီမန်မှာ ကိုယ့်အားကိုယ်ကိုးခြင်း ပြုဖို့ရာ စဉ်းစားခြင်း မရှိတော့ပဲ ရန်ကိုင်ဆီသာ အပူကပ်ချေတော့လေသည်။

ရန်ကိုင်သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပီလော့အား စိုက်ကြည့်နေခဲ့လေ၏။

ပီလော့ကိုယ်တိုင် လာပြောသည်ဖြစ်ရာ ထိုသတင်းသည် သတင်းအမှား မဟုတ်တန်ရာ။ ရှန်ချင်းလော့သည် မိစ္ဆာဘုရင်(၆)ပါးထဲမှ တစ်ပါးဖြစ်သည် ဆိုသော်ငြား သူမနှင့် ဆက်ဆံဖူးသည့် အတွေ့အကြုံအရ ရှန်ချင်းလော့သည် ကောက်ကျစ်ယုတ်မာ၊ ဥာဏ်များသည့် မိန်းမတစ်ယောက် မဟုတ်မှန်း သူသိပေသည်။ ထိုသတင်းသာ မမှန်ကန်လျှင် ပီလော့အား သူ့ဆီသို့ မည်သည့်အတွက်ကြောင့် စေလွှတ် လိုက်ရမည်နည်း။ ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် သူမ အတွက်လည်း အကျိုးရှိလိမ့်မည် မဟုတ်ချေ။

“ချူရီမန်၊ စည်းတံဆိပ်တော် ဘုရားကျောင်းဆီ ဟော်ရှင်ချန်နဲ့ အတူသွားပြီး အကြီးအကဲချုပ် (၇)ယောက်ကို ဒီသတင်းအကြောင်း သွားပြောလိုက်”ဟု ရန်ကိုင်က စတင်ညွှန်ကြားလေတော့သည်။

“ကောင်းပြီလေ။ ဒီသတင်းကို ဘယ်လိုရတာလဲလို့ မေးလာရင်ကော၊ ငါဘယ်လိုပြန်ဖြေရမှာလဲ” ဟု ချူရီမန်က အလျင်အမြန်ပဲ ပြန်မေးလာလိုက်ရာ ရန်ကိုင်က “အမှန်အတိုင်းပဲ ပြောလိုက်”ဟု ပြန်ပြောလိုက်၏။

ချူရီမန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး မတ်တပ်ရပ်ကာ “ငါသွားနှင့်မယ်” ဟုဆိုကာ ခန်းမထဲမှ သုတ်သီးသုတ်ပျာဖြင့် ထွက်သွားလိုက်လေသည်။

ထိုသတင်းအား မည်သည့်နေရာမှ ရသနည်းဟု အကြီးအကဲ (၇)ယောက်စလုံး မေးမည်မှာ မလွဲမသေပင် ဖြစ်၏။ ထိုကဲ့သို့ မေးလာသော် ချူရီမန်သည် အမှန်အတိုင်း ဖြေလိုက်လျှင်မူ ရန်ကိုင်သည် မိစ္ဆာများနှင့် ပူးပေါင်းနေသည် ဟူသော သူတို့၏ ထင်မြင်ချက်ကို ပိုပြီး ခိုင်မာသွားစေ လိမ့်မည် ဖြစ်သည်။

ညို့ကဝေနတ်ဆိုးဘုရင်မနှင့် အဆက်အသွယ် ရှိနေမှဖြင့် ရန်ကိုင် မိစ္ဆာများနှင့် ပူးပေါင်းနေသည် ဆိုခြင်းမှာ ထင်မြင်ယူဆချက် မဟုတ်တော့ရာ။

သို့သော်ငြား ကပ်ဆိုးသည် သူတို့၏ အိမ်တံခါးကို လာရောက်နေပြီဖြစ်၍ ရန်ကိုင်သည်လည်း ထိုအချက်အား ဆက်ပြီး ဖုံးကွယ်ထားဖို့ရာ နည်းလမ်းမရှိတော့ချေ။

ရန်ကိုင်က တစ်ခုပြီးတစ်ခု စီမံစီစဉ် ဆောင်ရွက်နေစဉ် ပီတော့သည် အနီးအနားတွင်သာ တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့လေသည်။ ရန်ကိုင်အား ကူညီဖို့ မကြိုးစားသလို နှောင့်ယှတ်ဖို့လည်း မကြိုးစားခဲ့ပေ။ ရန်ကိုင် လုပ်သမျှအားလုံးသည် သူမနှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိသည့်အလား အေးအေးဆေးဆေးဖြင့်သာ ထိုင်နေခဲ့၏။

ချူရီမန် ထွက်သွားပြီးနောက် ရန်ကိုင်သည်လည်း ထွက်ပေါက်ဆီသို့ အလျင်စလို လမ်းလျှောက်သွားလိုက်၏။

ရန်ကိုင် ထွက်သွားသည်ကို မြင်တွေ့လိုက်သည်နှင့် လီယွမ်ချွန်က အသံကျယ်ကျယ်ဖြင့် အလျင်စလို လှမ်းခေါ်လိုက်လေသည် “သခင်လေးရန်…”

သူတို့ဂိုဏ်းအသီးသီး၏ ထွတ်မြတ်ရတနာများအား ရှာဖွေနိုင်ဖို့ရာ ကီလိုမီတာသောင်ကျော်အား ဖြတ်သန်း လာခဲ့တာဖြစ်၏။ သဘောတူညီမှုပင် မလုပ်ရသေးခင်မှာပဲ ယခုလို အခြေအနေမျိုး ဖြစ်ပျက်လာခဲ့ရာ အဆုံးမယ့် ပင်လယ်ကျွန်းမှ အကြီးအကဲများ မစိုးရိမ်ပဲ မည်သို့ နေနိုင်မည်နည်း။

မဖြစ်နိုင်ဖို့ များသော်လည်း ရန်ကိုင်သာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့လျှင် သူတို့၏ ထွတ်မြတ်ရတနာများအား မည်သည့် နေရာတွင် သွားရှာရမည်နည်း။

“အားလုံး ဒီမှာခဏ စောင့်နေကြပါဦး” ရန်ကိုင်လည်း ထိုသူများအား အာရုံမစိုက်နိုင်တော့ချေ။ ချက်ချင်းဆိုသို အခန်းထဲမှ ပျောက်ကွယ်သွားခဲ့လေ၏။

လီယွမ်ချွန် အရုပ်ဆိုးသွားခဲ့လေသည်။

အဆုံးမယ့်ပင်လယ်ကျွန်းမှ ပညာရှင်များ အားလုံး ပီလော့အား ခါးခါးသီးသီးဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်ကြ၏။ သူမသာ ထိုသတင်းအား သယ်ဆောင်မလာခဲ့လျှင် အခုအချိန်လောက်ဆို ရန်ကိုင်နှင့် သဘောတူညီမှု တစ်ခု ပြုလုပ်ပြီးနေလောက်ပြီဖြစ်သည်။

ပညာရှင်များစွာသည် သူမအား တစ်ပြိုင်တည်း စူးရဲစွာ စိုက်ကြည့်လာသည့်အတွက် ပီလော့မှာ အနည်းငယ် ထိတ်လန့်သွားခဲ့ရပြီး ခပ်မြန်မြန်ပဲ ထိုင်ရာမှ ထထွက်သွားလိုက်၏။

သွေးစစ်သည်တော်များ ရှိနေသည့် နေရာသို့ ရောက်သည်နှင့် ရန်ကိုင်က အကျယ်ကြီးလေချွန်လိုက်သည်။ လေချွန်သံထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို ပုံရိပ် (၉)ခုက ရန်ကိုင်ရှေ့ စီစီရီရီဖြင့် ထွက်ပေါ်လာခဲ့၏။

“သခင်လေး ဘာများညွှန်ကြားချင်လို့ပါလဲ” တုဖုန်းက မေးလိုက်၏။

“အားလုံး ကျုပ်နောက်လိုက်ခဲ့” ပြောပြောဆိုဆိုဖြင့် ရန်ကိုင်က မန်ဝူရအခန်းဆီ လမ်းလျှောက်သွားလိုက်သည်။

မန်ဝူရအခန်း ရောက်သည်နှင့် တံခါးအား ဆောင့်ကန် ဖွင့်လိုက်ပြီး အခန်းထဲတန်းဝင်သွားလိုက်၏။ မန်ဝူရ၏ ဒေါသတကြီးဖြင့် စိုက်ကြည့်နေသော အကြည့်အား လျစ်လျူ ရှုထား၍ အနားရှိ စုတ်တံနှင့်စာရွက်ကိုယူကာ စာတစ်စောင် ချရေးတော့လေသည်။

“ဘာတွေဖြစ်နေလို့ မင်းဒီလောက် ပျာယာခတ် နေတာလဲ” မန်ဝူရက စိတ်ညစ်၊ စိတ်ပျက်နေသည့် လေသံဖြင့် အော်ပြောလိုက်၏။ လင်းတိုင်ရှုသည်လည်း ရန်ကိုင်၏ အပြုအမူကြောင့် ထိန့်လန့်သွားခဲ့ကာ ရန်ကိုင်အား သင်္ကားမကင်းဖြင့် စိုက်ကြည့်နေလိုက်သည်။

“တိမ်မိစ္ဆာနယ်မြေက အင်အားစုတွေ ကျူးကျော် လာနေပြီလေ” ရန်ကိုင်က ပီလော့ထံမှ သိရသမျှ သတင်းအစုံအား အကျဉ်းချုံးရှင်းပြပေးလိုက်၏။ ထိုထိတ်လန့်ဖွယ် သတင်းအား ကြားသိလိုက်ရသည်နှင့် ခန်းမထဲတွင် ရှိနေသည့် လူအားလုံး၏အမူအရာ ဖြူလျော် သွားခဲ့ကာ သတင်းသည် ယုံရောယုံလို့ရပါ့မလားဟု စတင်မေးမြန်းကြတော့လေသည်။

“၉၀ရာခိုင်နှုန်း သေချာတယ်” ရန်ကိုင်က လေးနက်စွာ ဖြင့် ပြန်ပြောပြီးသည်နှင့် ယခုလေးတင်ရေးလိုက်‌သော စာကို ရင်းဂျုဆီပေး၍ “ရန်မိသားစုဆီ ပြန်ပြီး ငါ့အဖေကို ဒီစာပေးလိုက်”

“ဟုတ်ကဲ့ပါ” ရင်းဂျုက စာကိုယူပြီးသည်နှင့် လျှပ်စီးတန်းတစ်ခုအလား အခန်းထဲမှ ပြေးထွက် သွားလိုက်လေသည်။

သွေးစစ်သည်တော် အားလုံးအနက် ရင်းဂျုသည် အမြန်ဆုံးဖြစ်၏။ ထို့ကြောင့် ဆတ်သားတာဝန်အား သူ့ကိုပေးလိုက်သည်မှာ အသင့်တော်ဆုံးဖြစ်လေသည်။

“မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ” မန်ဝူရက လေးနက် တည်ကြည်သည့်အမူအရာဖြင့် မေးလာလျှင် ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး “ဒီကနေ ထွက်သွားရမှာပေါ့။ ကျုပ်တို့သာ မြန်မြန် မထွက်သွားရင် ထွက်သွားဖို့ အချိန်မှီတော့မှာ မဟုတ်ဘူး” ဟု အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရင်း ပြန်ပြောလိုက်၏။

သူ့အိမ်ထဲ၌ ပညာရှင်များစွာ ရှိနေသော်ငြား ယခုနေရာ၌ ရှိနေသည့် လူအများစုမှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ပင် မရောက်ရှိသေးသည့် ရန်ကိုင်၏ ကိုယ်ပိုင်မိတ်ဆွေများ ဖြစ်လေသည်။ တိမ်မိစ္ဆာနယ်မြေနှင့် တိုက်ပွဲသာဖြစ်လျှင် သူတို့အားလုံး သေသွားနိုင်ပေ၏။

တိမ်မိစ္ဆာနယ်မြေသည် ယခုလို အချိန်အတွက် ဟိုးအစောကြီးကတည်းကပင် ကြိုတင်ပြင်ဆင်ထားသည်မှာ သိသာလှသည်။ ရန်မိသားစု၏ အမွေခံတိုက်ပွဲ စစ်ပွဲမြို့တော်ဆီ ရောက်နေချိန်၊ မိသားစုကြီး(၈)ခု၏ ခွန်အား မြို့နှစ်မြို့ကြား ခွဲထွက်နေချိန်ကို အခွင့်ကောင်း ယူကာ တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြခြင်း ဖြစ်၏။ စစ်ပွဲမြို့တော်၏ ခံစစ်သည် ဗဟိုမြို့တော်လောက် မတောင့်တင်းရာ ဤနေရာ ဖျက်စီးခံရမည်မှာ မလွဲမသွေပင် ဖြစ်ချေသည်။

ယခုနေရာတွင် ဆက်နေဖို့ ကြိုးစားခြင်းမှာ မိုက်မဲသော ဆုံးဖြတ်ချက်ကို ချလိုက်ခြင်းပင် ဖြစ်သည်။

သူလုပ်နိုင်သည်မှာ ချူရီမန်သား စည်းတံဆိပ်တော် ဘုရားကျောင်းရှိ အကြီးအကဲ(၇)ယောက်အား လက်ရှိ အခြေအနေအား သွားသတင်းပေးခိုင်းခြင်းနှင့် ရင်းဂျုအား သူ့အဖေဆီ စာသွားပို့ခိုင်းခြင်းများကိုသာ လုပ်နိုင်၏။ သူ့မိဘများမှတစ်ဆင့် ထိုသတင်းအား ရန်မိသားစု ကြားသိလိုက်ရပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ရာ သူမမျှော်လင့်ရပေမည်။

သူလုပ်နိုင်သည်ကို လုပ်ဆောင်ပေးခဲ့ ပြီးသွားလေပြီ။

ရန်ကိုင်၏ အစီအစဉ်အား နားထောင်ပြီးသည့်နောက် မန်ဝူရက ခေါင်းလေး တညိတ်ညိတ်ဖြင့် ပြောလိုက်၏ “အကြံကောင်းပဲ”

ရှင်းပြပြီးသည်နှင့် ရန်ကိုင်က ချက်ချင်းဆိုသလို သွေးစစ်သည်တော်များဆီသို့ အကြည့်ပြောင်းလိုက်ကာ “တုဖုန်း၊ ငါ့အမိန့်ကိုထုတ်ပြန်လိုက်။ အိမ်ထဲကနေလူတွေ အကုန်လုံး ပြင်ဆင်ထားလို့၊ နာရီဝက်ကြာရင် တစ်ယောက် မကျန် ထွက်ဖို့ အဆင်သင့်ဖြစ်နေရမယ်လို့”

“ဟုတ်ကဲ့ပါ” တုဖုန်းက ချက်ချင်း ခွန်းတုန့် ပြန်လိုက်၏။

များမကြာမီတွင် ရန်ကိုင်စံအိမ်တစ်ခုလုံး တလှုပ်လှုပ်၊ တရွရွ ဖြစ်လာလေတော့၏။ မည်သည် အတွက်ကြောင့် ရန်ကိုင် အခုလို အမိန့်ထုတ်ပြန်လိုက်မှန်း မည်သူမျှ နားမလည်နိုင်သော်လည်း တုဖုန်း မျက်နှာထက်မှ လေးနက်တည်ကြည်သော အမူအရာအား မြင်တွေ့လိုက် သည်နှင့် အခြေအနေ မဟန်တော့မှန်း အားလုံး ချက်ချင်း နားလည်တန်းသဘောပေါက်လိုက်သည်။

လူငယ်မျိုးဆက်ခေါင်းဆောင် များစွာသည် မေးခွန်း အစုံစံအလင်လင်ဖြင့် ရန်ကိုင်ဆီ ရောက်လာခဲ့လေ၏။ သို့သော် ရန်ကိုင်ဆီက အဖြေကြားလိုက်ရသည်နှင့် အားလုံး မှင်သက်ကြက်သေသွားခဲ့ကြရလေသည်။

“မဖြစ်နိုင်ဘူး။ တိမ်မိစ္ဆာနယ်မြေက ဒီလောက် စစ်တပ်အကြီးကြီးနဲ့ ချီတက်လာနေတာတောင် ငါတို့ ဘာလို့ ဘာသတင်းမှ မရသေးတာလဲ”ဟု ရွေရွတ်နေသာ ကျိုးဖန်၏ အသံကို ကြားသော် ဒေါင်ချင်းဟန်၏ မျက်ခုံးကြောများ တွန့်ကွေး သွားခဲ့ရပြီး “တိုက်ခိုက်ခံရတဲ့ နေရာမှန်သမျှက လူတွေ အကုန်လုံး တစ်ယောက်မကျန် အသတ်ခံလိုက်ရတယ်နဲ့ တူတယ်” ဟု ပြန်ပြောလိုက်သည်။

နတ်ဆိုးအရှင်သခင်က မိစ္ဆာအရှင်သခင် (၆)ပါးနှင့် နောက်လိုက်နောက်ပါ များစွာအား ဦးဆောင်ပြီး လမ်းတစ်လျှောက် မြင်သမျှ လူအားလုံးနှင့် အဆောက်အအုံ များအား သတ်ပစ်၊ ဖျက်စီးနေသည့် မြင်ကွင်းအား မြင်ယောင်မိလိုက်သည်နှင့် လူငယ်ခေါင်းဆောင်များ အားလုံး မြင်ယောင်မိလိုက်သည်နှင့် သူတို့တစ်ကိုယ်လုံ ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ကြလေသည်။

သိမ်းငှက်သံတစ်သံ ရန်ကိုင် စံအိမ်တစ်ခွင် ပဲ့တင် ထပ်သွားခဲ့ပြီး ရွှေရောင်ငှက်မွှေးသိမ်းငှက် ရန်ကိုင် စံအိမ်ဆီမှ အဝေးသို့ ပြန်ထွက်သွားခဲ့တယ်။ ထိုရွှေရောင် ငှက်မွှေးသိမ်းငှက် ရန်ကိုင်စံအိမ်၌ ရှိနေသည်မှာ (၁၀)လ ကျော်ရှိသွားခဲ့ပြီ ဖြစ်ပြီး အဆင့်(၆) သားရဲတစ်ကောင် အဖြစ်လည်း အောင်အောင်မြင်မြင် အဆင့်တက်ပြီး သွားခဲ့ပြီဖြစ်၏။ ကံမကောင်းစွာဖြင့် အမွေခံတိုက်ပွဲ၏ အဆုံးသတ်သို့ ရောက်ရှိလာသည်နှင့်အမျှ ထိုသိမ်းငှက်၏ အခန်းကဏ္ဍာဟာ အရင်ကလောက် တွင်ကျယ်ခြင်း မရှိတော့ချေ။ ထိုကြောင့် သူ၏ အချိန်အများစုကို စံအိမ်ထဲရှိ အလှလေးများဖြင့်သာ ဖြုန်းတီးနေခဲ့လေသည်။

သို့သော်ငြား ယခုအချိန်ဟာ ကင်းထောက်လွှတ်ဖို့ အကောင်းဆုံးအချိန်ပင်။

နာရီဝက်ကြာပြီးသည့်နောက် အားလုံး ပြင်ဆင်လို့ ပြီးစီသွားခဲ့လေ၏။

စံအိမ်ထဲရှိ ပုံမှန်မဟုတ်သည့် အခြေအနေအား သတိပြုမိလိုက်သည်နှင့် အဆုံးမယ့်ပင်လယ်ကျွန်းမှ ကိုယ်စားလှယ်များအားလုံး ရန်ကိုင်ဆီ အလျင်စလို ပြေးသွားလိုက်လေသည်။ သို့သော်လည်း သူတို့ဘက်မှ စကားတစ်ခွန်းမျှ မပြောရသေးခင်မှာပဲ ရန်ကိုင်က အရင်စကားဆိုလိုက်၏ “စီနီယာလီ၊ ထွတ်မြတ်ရတနာ တွေကို ပြန်ယူဖို့ စိတ်မစောပါနဲ့ဦး။ အဲ့လက်နက်တွေ အကုန်လုံးကို စီနီယာဆီပြန်ပေးမယ်လို့ ဂျူနီယာ ကတိပေးပါတယ်၊ အခုတော့ မဟုတ်သေးဘူးပေါ့။ အခုလောလောဆယ် ကျုပ်တို့နဲ့ ဘာလို့ အရင် မလိုက်ခဲ့တာလဲ။ လမ်းသွားရင်း ဆွေးနွေးသွားလို့ ရတယ်လေ”

Martial Peak

အပိုင်း (၅၆၀) တိမ်မိစ္ဆာနယ်မြေ၏ တိုက်ခိုက်မှု

ရန်ကိုင်က ယခုကဲ့သို့ ပြောလာမှဖြင့် လီယွမ်ချွန်လည်း မည်သို့မျှ ဆက်မပြောနိုင်တော့ချေ။

ရန်ကိုင်သည် သူတို့တစ်တွေအား အငှား သက်တော်စောင့်များအဖြစ် အလကား အသုံးပြုနေသည်ကို သိသော်လည်း ယခုလက်ရှိ အခြေအနေကြောင့် သူမှာ သဘောမတူချင်ပင်လျှင် သဘောတူရန်သာ ရှိတော့၏။ အပြုံးတစ်ခုကို အားတင်းဖျစ်ညစ်ပြုံးလိုက်ပြီး ခေါင်းညိတ် လိုက်ကာ “ကောင်းပြီလေ”ဟု ဆိုလိုက်လေသည်။

၎င်းတို့၏ အခြေအံအုတ်မြစ်သည် ကုန်းတွင်းပိုင်၌ မဟုတ်သည့်အတွက် အဆုံးမယ့်ပင်လယ်ကျွန်းမှ ကျင့်ကြံသူများသည် မိသားစုကြီး(၈)ခုနှင့် တိမ်မိစ္ဆာ နယ်မြေမှ ကျင့်ကြံသူများအား မျက်လုံးထဲ မထည့်ချေ။

တစ်ချိန်းတည်းမှာပဲ၊ စစ်ပွဲမြို့တော်မှ ကီလိုမီတာ (၃၀၀၀) အကွာအဝေး၌…

ဖုန်တွေ၊ သဲတွေ လှိုင်လှိုင် ထနေခဲ့ပြီး မရေမတွက် နိုင်သည့် ပုံရိပ်များစွာဟာ စစ်ပွဲမြို့တော်ရှိရာဆီသို့ ချီတက်လာနေခဲ့ကြသည်။

ထိုစစ်တပ်ကြီး၏ ထိပ်ပိုင်းတွင် ဧရာမမိစ္ဆာသားရဲ တစ်ကောင် ရှိနေခဲ့၏။ လူတစ်ယောက်သာ ထိုမိစ္ဆာသားရဲ၏ ကျောထက်၌ မတ်တပ်ရပ်နေခဲ့ပြီး စစ်ပွဲမြို့တော်ရှိရာဆီ ထူးမခြားနားဟန်ဖြင့် လှမ်း၍ ငေးကြည့်နေခဲ့လေသည်။

ထိုလူသည် အသက်(၅၀)၊(၆၀)ဝန်းကျင်သာ ရှိ၍ သူနှင့်ပက်သက်ပြီး မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရ။ သူ၏ အစိမ်းရောင်ဝတ်ရုံများသည် အတော်အတန်ကို သာမန်ဆန်ကာ လမ်းပေါ်ရှိ သာမန်ဆိုင်တစ်ဆိုင်မှာပင် မြင်တွေ့နိုင်ပေသည်။ ထူးခြားသည့် အရာဆိုလျှင် သူ၏ မျက်ဝန်းများဆီကိုသာ လက်ညိုးထိုး ညွှန်ပြရပေမည်။ ယုံကြည်ချက်တို့ဖြင့် ပြည့်လျမ်းနေသော မျက်ဝန်းအစုံသည် စစ်ပွဲမြို့တော် ရှိရာအရပ်ဆီသို့ လှမ်းမျှော်ကြည့်နေခဲ့ပြီး ဒီလောကကြီးနှင့် လားလားမျှ မသက်ဆိုင်ဘူးဟူ၍တောင် ထင်မှတ်ရပေသည်။

ထိုလူသည် တိမ်မိစ္ဆာနယ်မြေ၏ အရှင်သခင်တစ်ဖြစ်လဲ နတ်ဆိုးအရှင်သခင်ဟု ကျော်ကြားနေသည့် ရန်ပိုင် ပေတည်း။

သူ့သတင်းများကိုသာ ကြားနေရသည့် လူများသာ ဆိုလျှင်နတ်ဆိုးအရှင်သခင်ဆိုသည်မှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် အရမ်းကိုကြောက်မက်ဖွယ် ကောင်းသည့် မွန်းစတားတစ်ကောင် ဖြစ်သည်ဟု ထင်မိကောင်း ထင်မိကြလိမ့်မည်။ သို့ပေမယ့် သူနှင့် တွေ့ခဲ့ဖူးသော လူများသည်သာ ရန်ပိုင်၏ အသွင်အပြင်သည် သာမန်လူတစ်ယောက်နှင့် ခြားနားခြင်းမရှိသည်ကို သိကြပေ၏။

ထိုရန်ပိုင်ကိုသာ လမ်း၌ မတော်တဆတွေ့ခဲ့လျှင် ထိုလူဟာ တိမ်မိစ္ဆာနယ်မြေတစ်ခုလုံးကို အုပ်ချုပ်နေသော နတ်ဆိုးအရှင်သခင်နှင့် နည်းနည်းမျှပင် ဆက်စပ်မိလိမ့်မည် မဟုတ်ချေ။

လွန်ခဲ့သော နှစ်(၂၀)က ရန်ပိုင်သည် ကောင်းကင်စံအိမ် ဂိုဏ်းချုပ် လင်းတိုင်ရှု၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်ခဲ့ဖူး၏။ သို့သော် စွမ်းအားကို လိုချင်တပ်မက်သည့်စိတ် ပြင်းပြလွန်းသည့်အတွက် အမည်မသိ နတ်ဆိုးကျင့်စဉ် တစ်ခုအား လေ့ကျင့်မိလိုက်ပြီး မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားခဲ့ရလေသည်။ နောက်ဆက်တွဲ ရလဒ် အနေဖြင့် သူ၏ စီနီယာအစ်ကို ရန်ရင်ဖုန်းအားနှင့် သူ့ဆရာ လင်းတိုင်းရှုအား ရက်ရက်စက်စက် တိုက်ခိုက်ခဲ့၏။

တိုက်ပွဲပြီးနောက် ရန်ရင်ဖုန်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ပြီး လင်းတိုင်ရှုဟာတော့ စိတ်ပိုင်းဆိုင်ရာ အထိနာ သွားခဲ့ရသည်။ ထိုအချိန်မှစ၍ လင်းတိုင်ရှုမှာ စိတ်ဓါတ် ကျကာ အခန်းတွင်းအောင်း၍သာ နေတော့လေသည်။ ဂိုဏ်းနှင့်ပက်သက်သော မည်သည့်ကိစ္စတွင်မှ ဝင်မပါတော့ချေ။

ထိုတိုက်ပွဲပြီး နှစ်အနည်းငယ် ကြာပြီးသည့်နောက် လင်းတိုင်ရှုဟာ အခန်းတွင်းအောင်းရာမှ ထွက်လာခဲ့ပြီး ရန်ပိုင်ကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးကာ သူ့ကျင့်ကြံခြင်း အားဖျက်စီး၍ ကောင်းကင်စံအိမ်၏ ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေ၌ အကျဉ်းချထားလိုက်လေသည်။

သို့သော်ငြား သူ၏ လုပ်ရပ်သည် ရန်ပိုင်အား လွန်စွာကို အံ့အားသင့်ဖို့ကောင်းသည့် အခွင့်အရေးတစ်ခုဆီ လမ်းညွှန် ပေးလိုက်သလို ဖြစ်သွားခဲ့၏။ ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေ၌ တစ်ဖန်ပြန်လည် ကျင့်ကြံပြီးနောက် အရင်ရောက်ရှိခဲ့သည့် အမြင်ကို ကျော်လွန်သွားခဲ့ကာ နောက်ဆုံး၌ အကျဉ်းချထားခံရာမှ လွတ်မြောက်သွားခဲ့ပြီး ကောင်းကင်စံအိမ်ကိုတိုက်၊ အကြီးအကဲတစ်ယောက်အား သတ်ဖြတ်၍ လင်းတိုင်ရှုအား သေစေလောက်သည်အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွာစေခဲ့ပြီးသည်နှင့် တစ်ချက်မျှပင် လှည့်မကြည်ပဲ ထွက်သွားခဲ့လေ၏။

ကောင်းကင်စံအိမ်မှ လွတ်မြောက်လာခဲ့ပြီးသည့်နောက် တိမ်မိစ္ဆာနယ်မြေဆီ သွားကာ မိစ္ဆာအရှင်သခင်(၆)ပါး သူ့လက်အောက်သို့ သွတ်သွင်းခဲ့လေသည်။ နောက်ဆုံး ယနေ့အချိန်မှာတော့ သူဟာ တိမ်မိစ္ဆာနယ်မြေ၏ အကြွင်းမဲ့ အုပ်စိုးသူတစ်ယောက် ဖြစ်လာခဲ့လေပြီ။

ရန်ပိုင်နောက်တွင်တော့ အနီးကပ်လိုက်ပါလာသည့် လူ(၆)ယောက် ရှိနေခဲ့၏။ ရံဖန်ရံခါ အံ့ဩအားကျ၊ ကြောက်ရွံသည့် အကြည့်ဖြင့် သူ့အား ငေးကြည့် မိနေတတ်ကြသည်။

ထိုလူများသည် တိမ်မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင် (၆)ပါးပင် ဖြစ်ချေသည်။ ထို(၆)ယောက်ထဲ၌ (၅)ယောက်မှာ ယောကျာ်းဖြစ်ကြပြီး ကျန်တစ်ယောက်မှာ မိန်းမဖြစ်၏။

တစ်ယောက်ချင်းစီသည် အမျိုးမျိုး ကွဲပြားလှသော အသွင်အပြင်နှင့် စရိုက်လက္ခဏာတို့အား ပိုင်ဆိုင်ထားကြ ပေသည်။

တစ်ယောက်က မိစ္ဆာသားရဲကြီးကို စီးနေပြီး အခြား တစ်ယောက်ကိုတော့ အဆိပ်မြူခိုးတို့ ဝန်းရံနေခဲ့၏။ တစ်ယောက်၏ ပတ်လည်၌ ယင်ချီတို့ ဝန်းရံနေခဲ့ပြီး တစ်ယောက်ဟာတော့ သားရဲကောင်ပမာ ကြီးမားလှသည့် ကိုယ်ခန္ဓအား ပိုင်ဆိုင်ထားကာ အခြားတစ်ယောက် ကိုမူ တဖျတ်ဖျတ်လက်နေသည့် လျှပ်စီးပွင့်တို့က ဝန်းရံနေခဲ့သည်။

ပုံမှန်ဖြစ်သည့် သူကမူ တစ်ဦးတည်းသော မိန်းမပျိုလေး၊ ညို့ကဝေနတ်ဆိုးဘုရင်မ ရှန်ချင်းလော့သာ ရှိ၏။

သို့သော်ငြား ရှန်ချန်းလော့ ကိုယ်ပတ်၌ ဤလောကမှ မဟုတ်လေငြားဟု ထင်မှတ်ရနိုင်သည့် ညို့ငင်နှစ်လိုဖွယ် ကောင်းလွန်းလှသည့် အရှိန်အဝါတို့ ရစ်ဝဲနေခဲ့သည်။ သူမအား စိုက်သည့်မိလိုက်သူမှန်သမျှ သူမ၏ ညို့ကွင်းနွံတွင်းမှ ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။

ကျန်သည့် မိစ္ဆာဘုရင်(၅)ယောက်ပင် ရှန်ချန်းလော့၏ မျက်ဝန်းအစုံကာ အချိန်ကြာကြာ မစိုက်ကြည့်ရဲပါချေ။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက် ဝင်ရောက်ပြီသည့် အချိန်မှစ၍ ထိုမိစ္ဆာမ၏ ညို့ငင်ခြင်း နည်းစနစ်ဟာ အရင်ကထက် ပိုပြီးအစွမ်းထွက်လာခဲ့လေ၏။ သူမထက် ကျင့်ကြံခြင်းအဆင့်မြင့်သည့် မိစ္ဆာဘုရင် (၅)ပါးပင် သူမရဲ့ ညို့ငင်နွံထဲ ကျဆင်မသွားဖို့ရာ အထူး ဂရုစိုက်ကြရပေသည်။

ထိုလူ(၆)က မိစ္ဆာသားရဲအား စီးလျှင်စီး၊ မစီးလျှင် ပျံသန်းရင်းဖြင့် ရန်ပိုင်နောက်မှ လိုက်နေခဲ့ကြ၏။

ထိုမိစ္ဆာဘုရင်(၆)ပါး နောက်တွင်တော့ တိမိစ္ဆာနယ်မြေမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် များစွာအပြင် မရေမတွက်နိုင်သော အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် ပညာရှင်တို့ လိုက်ပါ လာခဲ့ကြလေသည်။

ထို့အပြင် မြင်ရခဲလောက်သည့် များပြားလှစွာသော အဆင့်(၅)ရောက်နေသည့် မိစ္ဆာသားရဲများနှင့် အဆင့်(၆) သားရဲ အတာ်များများကိုလည်း တွေ့မြင်နေခဲ့ရပါတယ်။

အဆင့်(၇)မိစ္ဆာသားရဲ တစ်ကောင်ပင် ပါလာခဲ့၏။

ထိုအဆင့်(၇)မိစ္ဆသားရဲသည် ရန်ကိုင် ကြုံတွေ့ခဲ့ဖူးသည့် ပင့်ကူအမေကြီးပင် ဖြစ်ချေသည်။

အဆင့်(၇) မိစ္ဆာသားရဲတစ်ကောင်သည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်နှင့် တူညီပေသည်။ ယနေ့၌ ထိုအဆင့်(၇) ပင့်ကူအမေကြီသည် မိုးကြိုးသားရဲဘုရင်နှင့် အတူရှိနေခဲ့လေ၏။ မိုးကြိုးသားရဲ ဘုရင်သည် သူမအား လက်အောက်ခံအဖြစ် သိမ်းသွင်း ထားခဲ့ခြင်းမဟုတ်၊ သူတို့ကြား သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ခြင်းပဲ ဖြစ်ပေသည်။ ထို့အတွက်ကြောင့်ပင် ဗဟိုမြို့တော်အား တိုက်ခိုက်မယ့် အင်အားစုထဲ ပင့်ကူအမေကြီးပါ လိုက်ပါလာခဲ့ခြင်း ဖြစ်ချေသည်။

ရန်ကိုင်နှင့် ရှန်ချင်းလော့တို့ ပင့်ကူအသိုက်ထဲ သောင်းကျန်းခဲ့သည့် အတွက်ကြောင့် ပင့်ကူအမေကြီးသည် ရှန်ချင်းလော့အား အတော်အတန်ကို ရန်လိုနေခဲ့၏။ သို့သော်လည်း နတ်ဆိုးအရှင်သခင်၏ ကြောက်မက်ဖွယ် ပင့်ကူအမေကြီးမှာ မဆင်မခြင် မလှုပ်ရှားရဲခဲ့ချေ။

နတ်ဆိုးအရှင်သခင် ရန်ပိုင်သာ ရှိမနေခဲ့လျှင် ပင့်ကူအမေကြီးသည် ရှန်ချင်းလော့အား တိုက်ခိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ဆရာ၊ စစ်ပွဲမြို့တော်ရောက်ဖို့၊ (၈၀၀) ကီလိုမီတာပဲ လိုတော့တယ်” ဟု ယင်တစ္ဆေဘုရင်က ရုတ်တရက် ကောက်ပြောလိုက်၏ “လက်အောက်ငယ်သား အခြေအနေကို ကြိုတင်ပြီး သွားရောက်ထောက်လှမ်း ချင်ပါတယ်”

ရန်ပိုင်၏ အမူအရာ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိ၊ စကားတစ်ခွန်းမျှ ပြန်လည်တုန့်ပြန် ပြောဆိုခြင်း မပြုပဲ ပုံမှန်အမြန်နှုန်းဖြင့်သာ ရှေ့ဆက်နေလေ၏။

“တစ္ဆေဘု၊ နှစ်ဝက်လောက် လူမသတ်ရတာနဲ့ မင်းလက်တွေ ကိုက်နေပြီပေါ့၊ ဟုတ်လား” ဟု အဆိပ်ဘုရင်က တစ္ဆေဘုရင်ကို ကြည့်ပြီး လှောင်ပြောင် ပြောဆိုလိုက်လေလျှင် ယင်တစ္ဆေဘုရင်က သွားပေါ်အောင် ပြုံးလိုက်ပြီး အဆိပ်ဘုရင်ဘက် လှည့်ကာ “တစ္ဆေဘုရင်က ငါ့ကို ကောင်းကောင်းနားလည်သားပဲ။ စစ်ပွဲမြို့တော်မှာ ပညာရှင်တွေ အများကြီး စုဝေးနေတယ်လို့ ငါသတင်း ကြားတယ်။ အရင်အကြိမ်တုန်းက အဲ့လူတွေ အကုန်လုံးက ငါတို့ ထွတ်မြတ်နယ်မြေကို လာတိုက်ကြတာလေ။ ဒီတော့ ငါတို့လည်း သူတို့ကို သူတို့ဆေးပြန်မကျွေးရင် မသင့်တော် ဘူးလို့ ငါယုံတယ်။ ဒီလူအိုကြီးက သူတို့ကို အထူး လက်ဆောင်လေး မြန်နိုင်သမျှ မြန်မြန် ပေးချင်နေရုံပါပဲကွာ”

ထိုစကားကို ကြားသော် အဆိပ်ဘုရင်က ပြုံးလိုက်ပြီး “အစုလိုက်အပြုံလိုက် သတ်တာမျိုးမှာ ဒီလူအိုကြီးက နည်းလမ်းမျိုးစုံကို ပိုင်ဆိုင်ထားတာကွ။ ဆရာ၊ ကျုပ်ကို အရင်သွားခွင့်ပြုပါ” ဟု ဆိုလာလိုက်လေလျှင် တစ္ဆေဘုရင်က အောက်ကျမခံ ပြန်ပြောလိုက်လေ၏ “မင်းရဲ့ အဆိပ်က ကောင်းတယ်ဆိုပေမယ့် ဒီလူအိုကြီးက စိတ်ဝိဥာဉ်လေးတွေ အများကြီးကို ပိုင်ဆိုင်ထားတာလေ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့အခါမျိုးကျ ဒီလူအိုကြီးရဲ့ နည်းလမ်းတွေက မင်းနည်းလမ်းအောက် မလျော့ကျ ပါဘူးကွာ”

ပြောပြီးသည်နှင့် ချောက်ချားဖွယ်ကောင်းသည့် အော်မြည်သံတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့ကိုယ်မှ တွန့်လိမ့်ပြီး ထွင်းဖောက်မြင်နေရသည့် မျက်နှာတို့ ထွက်ပေါ်လာခဲ့လေသည်။ ထိုအရိပ်မျက်နှာများသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့လေ၏။ ထိုဝိဥာဉ်များမှာ တစ္ဆေဘုရင်၏ ခန္ဓာကိုယ်တွင်း ပိတ်လှောင်ထားခြင်း ခံရသည့် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်များ ဖြစ်နိုင်ချေရှိပေသည်။

“မင်းတို့သွားချင်ရင် သွားသာသွားလိုက်” ရန်ပိုင်က တိုးလျလျလေသံဖြင့် ပြောလိုက်၏။ ထိုသူများအား တားဆီဖို့ရာ အနည်းငယ်မျှပင် ကြိုးစားခဲ့ခြင်း မပြုခဲ့။

“ကျေးဇူးအများကြီးတင်ပါတယ်” ထိုစကားအား ကြားလိုက်သည်နှင့် တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့ နှစ်ယောက် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး လှုပ်ရှားမှု ပညာရပ်များအား အသက်သွင်းကာ မိုးကုတ်စက်ဝိုင်း အောက်ဆီ မည်သည်ပိုမြန်စတမ်း ပြိုင်ဆိုင်နေသည့်အလား တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့ကြလေသည်။

“ငါလည်း သွားရတာပေါ့” ဟု ပြောပြီးသည်နှင့် လျှပ်စီးအရိပ်ဘုရင်၏ ခန္ဓာကိုယ် ရိပ်ခနဲလက်သွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းအောက် တိုးဝင်ပျောက်ကွယ် သွားခဲ့လေ၏။

“ဟိုငမြန်ကောင်သူတောင်းစားလည်း သွားတာလား” မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံကြီး ပေါက်ကွဲ ထွက်လာခဲ့သည်။ လူကြီးတစ်ယောက်၏ ပေါင်းတံ အရွယ်အစားအရွယ်မျှ ရှိသည့် ဧရာမလက်မောင်းကြီး နှစ်ဖက်အား ပိုင်ဆိုင်ထားပြီး သွေးဆာသည့် မျက်ဝန်းအစုံနှင့် လူကြီးတစ်ယောက် ရှေ့တက်လာခဲ့ပြီး “မင်းတို့အားလုံး အခုပြေးသွားခဲ့ရင် ငါရောက်လာတဲ့အခါ သတ်ဖို့လူကျန်ပါတော့မလားကွ” ဟုအော်ပြောလိုက်၏။

ပြောပြီးသည်နှင့် တိုက်တန်ခွန်အား ဘုရင်သည် ထိုသူများနောက် အလျင်စလိုဖြင့် ပြေးလိုက်သွားခဲ့ကြသည်။ သူ့ခြေထောက်နှင့် မြေပြင်ထိခတ်သွားသည့် အချိန်တိုင်း မြေပြင်တစ်ခုလုံး သွက်သွက်ခါခါအောင် လှုပ်ရမ်း သွားခဲ့၏။

“ဟဲဟဲ… ငါလည်း ဝင်ပျော်ရတာပေါ့” မိုးကြိုးသားရဲ ဘုရင်က သူ့၏စီးတော်သားရဲနှင့်အတူ မိစွာသားရဲ များစွာကို ဦးဆောင်ရင်း အရှေ့ကသွားသည့် လူများနောက် လိုက်ပါ သွားခဲ့လေသည်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ မိစ္ဆာဘုရင် (၆)ပါးထဲ၌ ရှန်ချင်းလော့ တစ်ယောက်သာ ကျန်ရစ် တော့ပေသည်။

“ချင်းလော့၊ နင်ရောမသွားဘူးလား” ရန်ပိုင်က ရှန်ချင်းလော့ဆီ လှမ်းကြည့်လိုက်ပြီး မေးလိုက်ရာ ရှန်ချင်းလော့က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မလိုပါဘူး။ သူတို့ငါးယောက်နဲ့တင် လုံလောက်နေပါပြီ”

“အင်း၊ နင်မသွားတာလည်း ကောင်းတာပဲ။ သူတို့ ငါးယောက်ရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းကို ကြီးမား လွန်းတယ်။ ဒီလိုပုံစံနဲ့ဆိုရင် သိုင်းတာအိုလမ်းကြောင်းမှာ ဆက်ပြီး တိုးတက်နိုင်မှာ မဟုတ်ဘူး”

ရှန်ချင်းလော့ ရန်ပိုင်အား ထူးထူးဆန်းဆန်းဖြင့် စိုက်ကြည့်လိုက်၏။ ထိုငါးယောက်အား ယခုကဲ့သို့ မှတ်ချက်ပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

“ပြီးတော့ နင့်နဲ့အမြဲအတူတူ ရှိတတ်တဲ့ အစေခံ ကောင်မလေး ပီလော့ရော… သူ့ကို ငါမတွေ့မိပါလား” ရန်ပိုင်က တစ်ခုခုကို မှတ်မိသွားသည့်ပုံစံဖြင့် လေသံ တိုးတိုးနှင့် မေးလိုက်၏။

ထိုမေးခွန်းအား ကြားလိုက်သည်နှင့် ရှန်ချင်းလော့၏ ခန္ဓာကိုယ်လေး မသိမသာ တုန်ရင်သွားခဲ့လေသည်။ သို့ပေမယ့် သူမ၏ ကိုယ်နေဟန်ထားအား အလျင်အမြန်ပဲ ပြန်လည်ပြင်ဆင်လိုက်ပြီး အသက်ရှူသံအား တည်ငြိမ်အောင် လုပ်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏ “သူ့ကို ကိစ္စတစ်ခုခု လုပ်ခိုင်းထားတာ”

“အင်း” ရန်ကိုင်က ခေါင်းလေးသာ ညိတ်ပြလိုက်၏။

ယခုအချိန်၌ ရှန်ချင်းလော့ ရင်တထိတ်ထိတ် ဖြစ်နေခဲ့လေ၏။ ရန်ပိုင် ဆက်မေးလာမှာကို ကြောက်သော် ငြား ရန်ပိုင်က ဆက်၍ မေးမလာခဲ့ချေ။

ထိုအခါမှ ရှန်ချင်းလော့လည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းလေး တစ်ချက်ချလိုက်သည်။

စစ်ပွဲမြို့တော်ရှိရာဆီ လှမ်းငေးကြည့်ရင်း သူမစိတ်ထဲ ထိုသေနာကောင်လေး မြန်မြန် ထွက်သွားပါစေဟု ကြိတ်ပြီး ဆုတောင်းနေမိသည်။ ထွတ်မြတ်နယ်မြေ၏ အင်ပြည့် အားပြည့်ဖြင့် ချီတက်လာသည့် စစ်တပ်အား စစ်ပွဲမြို့သည် လုံးဝကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဗဟိုမြို့တော်ပင် ရန်ပိုင်အား မရပ်တန့်နိုင်ဟု ရှန်ချင်းလော့ သံသယရှိနေမိ၏။

ရန်ပိုင်၏ ခွန်အား တိုးတက်လာသည့် အမြန်နှုန်းမှာ ကြောက်မခန်းလိလိပင် ဖြစ်သည်။ တိမ်မိစ္ဆာနယ်မြေဆီ ရောက်လာ၍ မိစ္ဆာဘုရင်(၆)ပါးအား သူ့လက်အောက်ခံ အဖြစ် သွတ်သွင်းစဉ်က ရန်ပိုင့်ခွန်အား အကန့်အသတ်အား ရှန်ချင်းလော့ မြင်နိုင်ခဲ့၏။ သို့သော်ငြား ယခု သူမ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ချိုးဖျက်ပြီးသွား ခဲ့တာတောင် ရန်ပိုင်ခွန်အား၏ အကန့်အသတ်အား မမြင်နိုင်တော့ချေ။

ထိုလူ၏ ခွန်အား အလွန့်အလွန်ကို ကြောက်မက်ဖွယ်‌ ကောင်းပေသည်။ ဗဟိုမြို့တော်ရှိ မည်သူကမှ သူ့အား ရပ်တန့်နိုင်မည် မဟုတ်ချေ။

မျက်လုံးမှိတ်ပြီး အာရုံခံကြည့်လိုက်သောအခါ ရန်ကိုင်က ဗဟိုမြို့တော်အတွင်း၌ ရှိနေသေးသည်ကို တွေ့ရှိလိုက်သဖြင့် ရှန်ချင်းလော့ စိုးရိမ်သွားခဲ့ရလေ၏။

ကီလိုမီတာ(၈၀၀) အကွာအဝေးသည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် အတွက်ပင် အာရုံခံမိဖို့ရာ ခဲယဉ်းလွန်းလှပေသည်။

သို့သော်ငြား ရန်ကိုင်ကိုယ်ပေါ်ရှိ သူမ ချန်ထားရစ်သည့် ဝိဥာဉ်ရှာအမှတ်အသားကြောင့် ရန်ကိုင် ရေအဆုံး၊ မြေအဆုံးထိ ပြေးမည်ဆိုလျှင်တောင်မှ သူရှိနေသည့် နေရာကို သူမအာရုံခံနိုင်ပေသည်။

ရန်ကိုင်ပုံရိပ်သည် သူမ၏ စိတ်လုံးသားထဲ အခိုင်အမာ စွဲထင်နေပြီ ဖြစ်သည့်အတွက် ရန်ကိုင်အပေါ် ဝိဥာဉ်ရှာ အမှတ်အသားအား အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူမလက်ထဲမှ သူထွက်ပြေးသွားမှာကို ကြိုတင်ကာကွယ်ထားခြင်းဖြစ်၏။ သို့ပေမယ့် ထိုနည်းလမ်းက အခုလိုအခြေအနေမျိုး၌ အသုံးဝင်လာလိမ့်မည် ရှန်ချင်းလော့ မထင်ထားခဲ့ချေ။

သေနာကောင်က ဘာလုပ်နေတာလဲ၊ အခုထိ ဘာလို့ မထွက်ပြေးသေးတာလဲ။ ပီလော့ သူ့ဆီရောက်တာ အချိန် ကြာနေလောက်ပြီ။

စစ်ပွဲမြို့တော် ရန်ကိုင်၏ စံအိမ်၌၊

အားလုံးက ထွက်ခွါဖို့ အဆင်သင့် ဖြစ်နေကြလေပြီ။

အခြေအနေက အရမ်းအရမ်းကို စိုးရိမ်နေရပြီမှန်း ရန်ကိုင်က အားလုံးကို သတိပေးထားပြီဖြစ်သည့်အတွက် ရန်ကိုင်က ထွက်ခွါတော့မယ်လို့ ပြောလာသည့်အခါ မည်သူမှ ကန့်ကွက်စကား မဆိုခဲ့ကြ။

ထွက်ခွါဖို့ ပြင်ဆင်နေစဉ်မှာပင် ချူရီမန်နှင့် ဟော်ရှင်းချန်တို့ နှစ်ယောက် ပြန်ရောက်လာခဲ့၏။ ထိုနှစ်ယောက်သည် ရန်ကိုင်၏ ညွှန်ကြားချက်အတိုင်း တိမ်မိစ္ဆာနယ်မြေမှ လူများ သူတို့ဆီ ချီတက်လာနေပြီ ဆိုသည့်အကြောင်း စည်းတံဆိပ်တော် ဘုရားကျောင်းထဲရှိ ပညာရှင်(၇)ယောက်အား သွားရောက် သတင်းပေးခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုလဲ” ဟု ရန်ကိုင်က မေးလာလေလျှင် ချူရီမန်က ခါးခါးသီးသီးပြုံးလျက် ခေါင်းခါရမ်းလိုက်ပြီး “ငါတို့ပြောတာကို မယုံဘူး” ဟု ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသော် ရန်ကိုင်က နှာခေါင်းရှုံလိုက်ပြီး “ဝက်ခေါင်းနဲ့လူတွေပါလား။ သေမင်းက တံခါးလာခေါက် နေတာကိုတောင် တစ်ဇွတ်ထိုး ရူးမိုက်ချင်နေတုန်း။ သူတို့ကို စိတ်ထဲမထားနဲ့တော့၊ ငါတို့ လုပ်ပေးနိုင်သမျှ လုပ်ပေး ပြီးသွားခဲ့ပြီ။ နင်ရော ဘာလုပ်မှာလဲ၊ မဟိုမြို့တော်ဆီပဲ ပြန်မှာလား၊ ဒါမှမဟုတ်…”

“နင်နဲ့အတူလိုက်မယ်” ချူရီမန်က ပြတ်ပြတ်သားသား ဆိုလိုက်သည်။

“ကောင်းပြီလေ သွားကြတာပေါ့” ရန်ကိုက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး စကားတစ်ခွန်းတစ်လေမျှ ထပ်မဆိုတော့။ အခုအချိန်၌ အချိန်တဒင်္ဂလေးဟာ လွန်စွာကို အဖိုးတန် လှပေသည်။ ချူရီမန်နှင့် ဟော်ရှင်းချန်တို့ အနေဖြင့် ဗဟိုမြို့တော်ဆီ ပြန်သွားလျှင် ပိုကောင်းမည်ဟု တွေးမိသော်လည်း ငြင်းချက်ထုတ်ဖေို့ မချိန့်မရှိတော့၊

ရန်ကိုင်၏ ဦးဆောင်မှုနှင့်အတူ လူအုပ်ကြီးသည် စတင်ထွက်ခွါလာခဲ့ကြလေသည်။

လွန်ခဲ့သည့် အချိန်ကတည်းက လူအုပ်သည် ရန်ကိုင် အိမ်အပြင်ဘက်မှ သူ့မဟာမိတ်များအား ခြောက်လှန့်၊ ခြိမ်းခြောက်စကား ဆိုနေခဲ့၏။

ယခုအချိန်ထိတိုင် ထိုလူတွေက အော်ဟစ်နေဆဲ။

သို့သော်လည်း ရန်ကိုင်က လူပေါင်းများစွာအား ဦးဆောင်ပြီး ထွက်လာသည်ကို မြင်တွေ့လိုက်သည်နှင့် ခြိမ်းခြောက်စကား ဆိုနေသော လူများသည်လည်း အံ့အားသင့်သွားခဲ့ရသည်။ ရန်ကိုင်က အကွက်ကြီး တစ်ကွက်ရွေ့ဖို့ ကြိုးစားနေသည်ဟု အထင်မှားသွားကာ ချက်ချင်းပဲ အချက်ပြမီးတွေ လွှတ်ကြတော့လေသည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ ပညာရှင် များစွာ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်တို့၏ လမ်းအား ပိတ်ဆို့ လိုက်ကြသည်။

မနေ့ညမှ တိုက်ပွဲပြီးသွားသည့်နောက် မိသားစုကြီး (၇)၏ စုပေါင်းတပ်စုမှာ ကြီးကြီးမားမား ဆုံးရှုံးလိုက်ရ သော်ငြား သူတို့ရဲ့ အုတ်မြစ်အား လှုပ်ခါနိုင်ခဲ့ခြင်း မရှိခဲ့။ ပြန်လည်စုဖွဲ့ထားသည့် ထိုအဖွဲ့၏ အင်အားမှာ ယခင်ကိုပင် ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းနေဆဲပင်ဖြစ်သည်။

“သခင်ငယ်လေး၊ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ခန်ကျန်းက လူအုပ်ကြီးထဲ ထွက်လာလိုက်ပြီး မေးလိုက်၏။

ရန်ကိုင်က ခန်ကျန်းကို စိုက်ကြည့်နေရင်း မျက်မှောင် ကြုံကာ တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် “ငါမင်းကို သတိမပေးဘူးလို့ မပြောနဲ့။ တိမ်မိစ္ဆာနယ်မြေက အင်အားစုကို နတ်ဆိုးအရှင်သခင်က ဦးဆောင်ပြီး ငါတို့ဆီ ချီတက်လာနေကြပြီ။ မင်းတို့ မသေချင်ရင်၊ စစ်ပွဲမြို့တော် ကနေ ထွက်သွားပြီး ဗဟိုမြို့တော်ဆီ မြန်မြန်ပြန်ရင် ကောင်းလိမ့်မယ်”

ခန်ကျန်းက ရန်ကိုင်အား တစ်ခဏကြာသည်အထိ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေခဲ့၏။

တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် မရယ်မိဖို့ ကြိုးစားခဲ့ပေမယ့် ရယ်မောမိလိုက်ပြီး မဲ့ပြုံးပြုံးရင်း ခေါင်းခါရမ်းလိုက်လျက် “သခင်ငယ်လေး၊ ဒီလိုမျိုးတွေ လာပြောနေတယ်ဆိုတော့… မင်းဘာကို ပြောချင်နေတာလဲ”

All Chapters