← Chapters

အခန်း (၅၆၁-၅၆၅)

Vol. 23 Ch. 561-565

အခန်း (၅၆၁-၅၆၅)

Vol. 23 Ch. 561-565

အပိုင်း(၅၆၁) ယုံကြည်အောင် မည်သို့ပြောပြော ပြောမရချေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခန်ကျန်း အမှန်အကန်ပင် စိတ်ရှုပ်နေခဲ့သည်။ အမွေခံတိုက်ပွဲ စသည့်အချိန်မှစ၍ ရန်ကိုင် စွမ်းဆောင် ပြခဲ့သည့် အရည်အချင်းများသည် မည်သူကမျှ သူ့အား အထင်အမြင်သေး နိမ့်ကျခြင်း မပြုရဲသည့် အဆင့်ထိ ရောက်စေခဲ့၏။ သို့သော်ငြား ရုတ်တရက် ဆိုသလို ယခုကဲ့သို့ အဓိပ္ပါယ်မရှိသော စကားများ ပြောလာသည့် ရန်ကိုင်အား ကြည့်ရင်း ခန်ကျန်း အမှန်အကန်ကို ရယ်ချင်နေမိသည်။

ရန်ကိုင်သည်လည်း ခန်ကျန်း မျက်နှာထက်က မယုံသည့် အမူအရာအား မြင်တွေ့လိုက်ပေ၏။ ထို့ကြောင့် အလျင်အမြန်ပဲ ထပ်ပေါင်းပြောလိုက်သည် “ငါ့မှာ မင်းကို ရှင်းပြနေဖို့ အချိန်မရှိဘူး။ မင်းငါကို ယုံယုံ၊ မယုံယုံ၊ ငါနဲ့ဘာမှ မဆိုင်ဘူး”

ပြောပြီးသွားသည်နှင့် အရှေ့ကို တစ်လှမ်းလှမ်းလိုက်၏။

သို့သော်လည်း ထိုရိုးရှင်းသော လှုပ်ရှားမှုလေးကြောင့် မိသားစုကြီး(၇)ခုမှ ပညာရှင်များသည် ချက်ချင်း ဆိုသလို လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပြီး သူတို့၏ အစစ်အမှန်ချီအား အလျင်အမြန် လှည့်ပတ်လိုက်၍ ရန်ကိုင်အား သတိအပြည့်ဖြင့် စိုက်ကြည့်နေလိုက်ကြ၏။

ရန်ကိုင်၏ မျက်ဝန်းအစုံသည် အေးစက်မှုတို့ဖြင့် တလက်လက် တောက်ပသွဦးခဲ့လေ၏။

“သခင်ငယ်လေး…” ရီရှင်းရို့က လူအုပ်ထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူမ၏ မျက်နှာလှလှလေး ထက် လှောင်ရိပ်တို့ရစ်သန်းနေသာ အပြုံးတစ်ခုအား ဆင်မြန်းတော်မူလျက် သက်ပြင်းပြင်းယဲ့ယဲ့လေးချကာ စကားဆိုလိုက်လေ၏ “သခင်ငယ်လေး အဲ့လိုမျိုး စကားတွေ ပြောနေတာ… ကျွန်မတို့ကို ခြောက်ဖို့ကြိုးစားနေတာလား။ တိမ်မိစ္ဆာနယ်မြေက ကိုယ်နယ်မြေကိုယ်မနေပဲ ဒီနေရာဆီ လာပြီး ဘာလို့ ကိုယ်သေတွင်း ကိုယ်တူးရမှာလဲ”

“အရူးမပဲ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လျက် “ရီရှင်းရို့၊ နင်ငါ့ကို ခါးခါးသီးသီး မုန်းတီးနေမှန်း ငါသိတယ်။ နောက်ဆုံးအကြိမ်တုန်းက ငါလွန်သွားခဲ့တယ်ဆိုတာကို ငါဝန်ခံတယ်။ ဒါပေမယ့် အခု ငါနင်နဲ့ပြိုင်မငြင်းချင်ဘူး။ ငါ့မှာလည်း အချိန်မရှိဘူး။ လမ်းဖယ်လိုက်၊ မဟုတ်ရင် ငါ့ဘက်က ရိုင်းတယ်ဆိုပြီး လာပြီးမပြစ်မတင်နဲ့နော်”

“အို၊ သခင်ငယ်လေးက အရမ်းကို ကြောက်ဖို့ကောင်းတာပဲရှင်” ဟု ရီရှင်းရို့က ကြောက်ရွံ့ဟန် လုပ်ပြ၍ တခစ်ခစ် ကြိတ်၍ ရယ်မောလိုက်ပြီး “တိမ်မိစ္ဆာနယ်မြေက လာတိုက်တော့မယ်လို့ ပြောနေတာ ဆိုတော့ သက်သေကကော ဘယ်မလဲဟင် သခင်လေး”

ရန်ကိုင်က သူမအား ထူးမခြားဟန်ဖြင့်သာ ကြည့်နေခဲ့ပြီး တစ်ခွန်းမှတော့ ပြန်လည်ပြောဆိုခြင်း မပြုခဲ့။

ပီလော့ပြောသည်ကို မည်သည့်အတွက်ကြောင့် အခိုင်အမာ ယုံကြည်နေရသနည်း။ ရှန်ချင်းလော့အပေါ် ထားသော သူ၏ ယုံကြည်မှုကြောင့်ပင် ဖြစ်၏။ ကင်းထောက် လွှတ်ထားသည့် ရွှေရောင်ငှက်မွှေး သိမ်းငှက်သည်လည်း ပြန်မလာသေး။ ပြန်လာခဲ့ပြီ ဆိုလျှင်ပင် အခြေအနေ မည်ရွေ့မည်မျှ လေးနက်နေသည်ကို သူတစ်ယောက်သာ နားလည်နိုင်၏။ ထို့အတွက်ကြောင့် သူပြောသည့်စကား အတွက် သက်သေမရှိချေ။

ရန်ကိုင် တိတ်ဆိတ်နေသည်ကို မြင်သည်နှင့် ရီရှင်းရို့က နှာခေါင်းရှုံ့ကာ ဆိုလိုက်၏ “ရှင့်မှာ သက်သေမရှိပဲနဲ့များ ဒီလှည့်ကွက်လေးကို ကျွန်မတို့ ယုံမယ်ထင်နေတာလား၊ သခင်ငယ်လေး”

“လှည့်ကွက်၊ ဘာလှည့်ကွက်တွေများ သုံးစရာ လိုလို့လဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၍ “ငါက အမွေခံတိုက်ပွဲကို နှုတ်ထွက်ပြီးသွားပြီလေ။ ရန်မိသားစု ခေါင်းဆောင်ရာထူးက ငါနဲ့နည်းနည်းလေးမှ မသက်ဆိုင်တော့တာ။ အစ်ကိုကြီးဖြစ်ဖြစ်၊ ဒုတိယအစ်ကို ဖြစ်ဖြစ်၊ ယူချင်တဲ့သူ ယူပါစေပေါ့။ ငါလုပ်ချင်တာက ငါ့လူတွေကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားချင်တာပဲ”

“ဟဲဟဲ” ရီရှင်းရို့က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “သခင်ငယ်လေး အမွေခံတိုက်ပွဲကနေ ထွက်ချင်သည် ဖြစ်စေ၊ မထွက်ချင်သည် ဖြစ်စေ၊ ဒီကနေတော့ ထွက်သွားလို့ မရဘူး”

“ငါထွက်သွားလို့ မရဘူးလို့ ဘယ်သူပြောလဲ”

“ရှင်ကြိုးစားကြည့်လို့ရတယ်”

“ငါ့ကို တွန်းအားလာမပေးနဲ့နော်” ရန်ကိုင်၏ ကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့ ရုတ်တရက် ဖြာထွက်လာခဲ့လေ၏။

ရီရှင်းရို့၏ အပြုံးသည်လည်း ဖြည်းဖြည်းချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့၍ အေးစက်စက်လေသံဖြင့် အတိအလင်း ပြောဆိုလိုက်၏ “ရန်ကိုင်၊ ပေးနေတုန်း လက်ခံထားလိုက်၊ အတင်းအကြပ် တွန်းအားပေးရအောင် လုပ်မလာနဲ့။ နင့်ကိုကာကွယ်ပေးနေတဲ့ ပညာရှင်တွေ အများကြီး ရှိတယ်ဆိုပေမယ့် မိသားစုကြီး(၈)ခုရဲ့ ရန်သူ ဖြစ်လာခဲ့တဲ့လူတိုင်း ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်လေ့ မရှိဘူးဆိုတာကို နင်သိသင့်တယ်။ နင့်ရဲ့ ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့ ဗဟိုမြို့တော် တစ်ခုလုံးရဲ့ ခွန်အားကို ခုခံနိုင်မယ်လို့ ထင်နေတာလား။ သွေးနားထင် ရောက်နေတာပဲ”

“ဂျူနီယာညီမရီ၊ အခုက ငြင်းနေရမယ့် အချိန်မဟုတ်ဘူး” ချူရီမန်လည်း ဆက်ပြီး ငြိမ်မနေနိုင်တော့ သဖြင့် ရှေ့တက်လိုက်ကာ “တိမ်မိစ္ဆာနယ်မြေက အင်အားစုတွေ ချီတက်လာနေပြီ။ ရန်ကိုင်၊ ငါနဲ့ နင့်ကြားမှ မကျေမနပ်ချက်တွေ ရှိတယ်ဆိုရင်တောင်မှ အဲ့မကျေနပ်ချက်တွေကို လက်ရှိပြဿနာတွေကို မဖြေရှင်းရသေးခင် အချိန်အထိ ဘေးချိတ်ထားသင့်တယ်”

“အစ်မချူလား” ရီရှင်းရို့က ကောက်ကျစ် ဥာဏ်များစွာ ပြုံးလိုက်ပြီး ချူရီမန်အား စိုက်ကြည့်လိုက်လျက် “ဘာတွေ ဖြစ်ခဲ့တာလဲ။ မနေ့ညကပဲ အစ်မချူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တာ မဟုတ်ဘူးလား။ ဒီနေ့ကျတော့ အကောင်းအတိုင်း ပြန်ကောင်းနေပါရောလား။ အစ်မချူရဲ့ ခန္ဓာကိုယ်ကို တကယ်ကို မနာလိုစရာ ကောင်းတာပဲ။ အဲ့လို မှမဟုတ်ရင် ဖြစ်နိုင်တာက ဧကန္တ… အစ်မချူ ဟန်ဆောင် နေခဲ့တာလား”

ချူရီမန်၏ မျက်နှာ ရုတ်တရက် အရုပ်ဆိုးသွားခဲ့လေ၏။

ရီရှင်းရို့သည် အချိန်အခါကို မသိသော လူတစ်ယောက် ပင်ဖြစ်ချေ၏။ ရန်ကိုင်အား မည်သည့်နည်းနှင့်မျှ ဤနေရာမှ ထွက်သွားခွင့်မပြုဟု ဆိုသောအဓိပ္ပါယ်နှင့် သူမ၏ လက်နှစ်ဖက်အား ဖြန့်ကားထားလေ၏။ သူမ၏ ခေါင်းမာ၍ ဦးနှောက်မရှိသည့် အပြုအမူကြောင့် ချူရီမန်မှာ ကြိတ်မနိုင်၊ ခဲမရ ဒေါသထွက်နေခဲ့ရ၏။ မူလက ရီရှင်းရို့နှင့် စကားနည်းနည်းပါးပါး ပြောဆိုဆွေးနွေးရန် စီစဉ် ထားသော်လည်း သူမ၏ အပြုအမူကို မြင်တွေ့ရပြီးသည့် နောက်တွင်တော့ သူမဆက်ပြောနေမည်ဆိုပါလျှင် ကျွဲပါးစောင်းဆီးသည်နှင့် ထူးမခြားနားမည်ဖြစ်မှန်း ချူရီမန် အတပ်သိလိုက်၏။

‘အမုန်းတရားရှေ့ထား အမြင်မှား’ ဆိုသည် အဟုတ်မှန်၏။

“ငါတို့ဘာပြောပြော သူနားဝင်မှာမဟုတ်ဘူး” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ဖြည်းလျှင်ဖြည်းချင်း ခေါင်းခါရမ်းလိုက်လေ၏။

ရီရှင်းရို့၏ အမူအရာ ရုတ်ချည်းအေးစက်သွားခဲ့ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “ရန်ကိုင်ကို ထောက်ပံ့ပေးနေတဲ့လူအား နားထောင်၊ သူ့ကို စွန့်ပစ်ပြီး မိသားစုကြီး(၈)ခုနှင့် ချက်ချင်းပဲ ပူးပေါင်းလိုက်။ အဲ့လိုလုပ်ရင် နင်းတို့ရဲ့ ပြစ်မှုတွေ အကုန်လုံးကို ကြေအေးပေးမယ်။ ငြင်းမယ်ဆိုရင်တော့ မိသားစုကြီး(၈)ခုက နင်တို့ရဲ့ ဂိုဏ်းနဲ့မိသားစုတွေကို ရန်သူအဖြစ် သတ်မှတ်ရလိမ့်မယ်။ မိသားစုကြီး(၈)ခုကို ရန်စတဲ့ အကျိုးဆက်ကို နင်တို့ကောင်းကောင်း နားလည်လိမ့်မှာပေါ့”

ရန်ကိုင်နောက်တွင် ရှိနေသော လူများစွာသည် ရီရှင်းရို့၏ ခြိမ်းခြောက်စားကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ရလေ၏။

ရီရှင်းရို့က ထပ်မံ၍ လှောင်ပြောင်စကား ဆိုလိုက်၏ “မိသားစုကြီး(၈)ခုနဲ့ ပူးပေါင်းလိုက်လို့ နင်တို့အတွက် ဆိုးကျိုးမရှိဘူး၊ ကောင်းကျိုးပဲရှိမှာ။ နင်တို့သာ ငါတို့ဘက် ရပ်တည်ဖို့ ဆန္ဒရှိနေသရွေ့ နင်တို့ရဲ့ မိသားစုတွေ၊ ဂိုဏ်းတွေလည်း အကျိုးအမြတ် အသီးအပွင့်ကို ခံစား ရစေရမယ်လို့ ငါကတိပေးတယ်။… ဒီကိစ္စနဲ့ပက်သက်ပြီး မယုံကြည်သေးရင် သခင်လေးလျူကို မေးလို့ရတယ်။ မဟုတ်ဘူးလား၊ သခင်လေးလျူ”

ပြောပြီးသည်နှင့် သူမ၏ အနောက်ဘက်ရှိ လူအုပ်ထဲသို့ အကြည့်တစ်ချက် လှမ်းပစ်လိုက်၏။

ရီရှင်းရို့၏ နောက်ဘက်ရှိ လူအုပ်ထဲ၌ လျူဖေးရှန်က ကိုးယိုးကားယား အမူအရာဖြင့် ရပ်နေခဲ့၏။ ရီရှင်းရို့၏ စကားကြောင့် ရန်ကိုင်စံအိမ်မှ မရမတွက်နိုင်သော အကြည့်များစွာသည် ချွန်ထက်သည့် စူးချွန်များပမာ သူ့ဆီသို့ ရုတ်ချည်း ရောက်ရှိလာခဲ့လေ၏။ ရှက်လွန်သည့် အတွက်ကြောင့် တွင်းတစ်တွင်းလောက် တူပြီးတော့သာ ပြေးပုန်းလိုက်မိချင်တော့ပေ၏။

“လျူဖေးရှန်၊ ခွေးသူတောင်းစားကောင်” ခဏအကြာ၌ လူအုပ်ကြီးထဲရှိ ဒေါင်ချင်းဟန်က ဒေါသတကြီးဖြင့် အော်ဟစ်ကျိန်ဆဲလိုက်၏။

ရှန်းယွမ်မြို့တော်၏ သခင်လေးသည် ရန်ကိုင် အိမ်တော်မှ ထွက်ခွါသွားသည်မှာ (၁)နာရီပင် မပြည့်တတ် သေးသော်လည်း ထိုသကောင့်သားသည် ရီရှင်းရို့နှင့် မဟာမိတ်ဖွဲ့ပြီး ဖြစ်နေခဲ့လေပြီ။

သူ၏ လုပ်ရပ်သည် ရန်ကိုင် မျက်နှာကို အားပြင်းပြင်းဖြင့် ဖြတ်ရိုက်ချလိုက်သည်နှင့် မခြားပေ။

ရန်ကိုင်စံအိမ်မှ ထွက်သွားစဉ်က သူ၏ ကြိုးစား အားထုတ်မှုအတွက် ရန်ကိုင်က သူ့အား ကျေးဇူးတင်စကား ဆိုခဲ့ရုံမက လွန်စွာကို အဖိုးတန်လှသည့် လက်ဆောင်ကိုများ သူ့အား ထပ်ပေါင်းပေးခဲ့၏။ သို့သော်ငြား ထိုအကောင်က ရန်ကိုင်ပေးသည့် လက်ဆောင်များကို အပြုံးလေးနှင့်ယူကာ ရီရှင်းရို့ဆီ သွားရောက်ပူးပေါင်း၍ ရန်ကိုင်မျက်နှာအား တစ်ဖက်လှည့်နှင့် ရိုက်ချသွားခဲ့လေ၏။

ဒေါင်ချင်းဟန်၏ ဒေါသတကြီး အော်သံကြောင့် လျူဖေးရှန်၏ မျက်နှာမှာ စိမ်းရာမှနီလိုက်၊ နီရာမှစိမ်းလိုက် ဖြစ်နေခဲ့ရ၏။

“လျူဖေးရှန်ပဲလား” ရန်ကိုင်က မတိုးမကျယ် လေသံဖြင့် ပြန်မေးလိုက်၏။

ထိုအမေးအား ကြားသော် ရီရှင်းရို့က “တွမ့်မူမိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက လူတွေက ငါ့လက်ကို ပုတ်ချခဲ့တယ်လေ။ ဒါပေမယ့် တစ်ယောက်နဲ့တင် လုံလောက်နေပါပြီ” ဟု အထင်အမြင်သေးသေးဖြင့် လှောင်ပြောင်ရှုံ့ချ ပြန်လည်ပြောဆိုလိုက်လေ၏။

ထိုစကားကို ကြားလိုက်မှပဲ လော့ရှောင်မန်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်နိုင်၏။ ရီရှင်းရို့၏ မက်လုံးကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ဖန်ဟောင်သည် ရီရှင်းရို့နှင့် ပူးပေါင်းသွားပြီး သူမနှင့်ရန်ဘက်တွေ ဖြစ်လာမှာကို လော့ရှောင်မန် စိုးရိမ်နေခဲ့ခြင်းပင် ဖြစ်၏။

ထိုကဲ့သို့သာ ဖြစ်လာခဲ့လျှင် လော့ရှောင်မန်မှာ ရန်ကိုင်၏ အဖွဲ့သားအဖြစ် မည်သည့်မျက်နှာနှင့် ဆက်လက် ကျန်ရှိနေရမည်နည်း။

“သခင်လေးလျူ၊ သူတို့ကို ပြောပြလိုက်။ သခင်လေးက သူတို့နဲ့ အချိန်အတော်ကြာအောင် အတူရှိလာခဲ့တာဆိုတော့ သူတို့အကြောင်း နားလည်လောက်မှာပေါ့။ သခင်လေးလျူရဲ့ ရှန်းယွမ်မြို့ ဘယ်လိုအကျိုးအမြတ်တွေ ရသွားခဲ့လဲဆိုတာ သူတို့ကို ပြောပြပေးလိုက်။ သခင်လေးရဲ့ စိတ်ရှိတိုင်းသာ ပြောပြပေးလိုက်” ရီရှင်းရို့က ရန်ကိုင်ကို နှစ်ထောင်းအားရစွာ စိုက်ကြည့်ရင်း လျူဖေးရှန်အား အမိန့်ပေးနေလိုက်၏။

လျူဖေးရှန်မှာလည်း အလွန်အမင်းကို စိတ်ညစ်နေခဲ့ရ၍ လက်သီးကို တင်းတင်းဆုပ်ထားခဲ့ရ၏။ ရန်ကိုင်စံအိမ် အဖွဲ့ဝင်များ၏ အထင်အမြင်သေး၊ ရှုံးချ၊ ဒေါသထွက်သည့် အကြည့်များကြောင့် လျူဖေးရှန်မှာ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်အောင် ဖြစ်နေခဲ့ရလေ၏။

“သခင်ငယ်လေး… ကျုပ်တောင်းပန်ပါတယ်။ ကျုပ်မှာ ရွေးချယ်စရာ မရှိလို့ပါ” သူ့ဝိဥာဉ် ဆွဲထုတ်ခံနေရသည့်ပမာ လျူဖေးရှန်းမှာ ထိုစကားများအား ပြောရုံလေးသာ ပြောထွက်နိုင်ခဲ့၏။

“ကိစ္စမရှိဘူး။ ဒါက မင်းရဲ့ ရွေးချယ်မှုပဲလေ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်၏။ လျူဖေးရှန်၏ သစ္စာဖောက်မှုသည့် သူ့အား စိုးစဉ်မျှပင် သက်ရောက်ခြင်း မရှိသည့်အလား ရန်ကိုင်၏ အမူအရာမှာ အကြွင်းမဲ့တည်ငြိမ်နေသည့် ရှေးဟောင်းကန်ရေပြင်တစ်ခု ပမာ ငြိမ်သက်၊ တည်ငြိမ်နေခဲ့၏။

ရီရှင်းရို့ ကြက်သေသေသွားခဲ့ရ၏။ သူမစိတ်ထဲ ရုတ်တရက် ဒေါသထွက်လာခဲ့ရ၏။ အားပြင်းပြင်းဖြင့် ထိုးချလိုက်သော်ငြား ဝါးဂွမ်းပုံကြီးကိုသာ ထိုးလိုက်ရသလို ခံစားလိုက်ရသဖြင့် ရီရှင်းရို့၏ မျက်နှာမှာ ဒေါသမာန်ကြောင့် ရှုံ့မဲ့နေခဲ့လေ၏။

“လေကုန်နေလို့လည်း အပိုပဲ။ ငါ့စံအိမ်က လူတွေကို နင့်ဘက်ဆီ ဆွဲခေါ်နိုင်မှာ မဟုတ်ဘူး” ရန်ကိုင်က ပြတ်ပြတ်သားသားဖြင့် “ဒီတစ်ကြိမ်ပဲ ပြောတော့မယ်။ ငါတို့ ဒီနေရာက ထွက်သွားရမယ်။ ဖယ်မလား၊ မဖယ်ဘူးလား။ မဖယ်ရင်၊ မဖယ်လူမှန်သမျှ ငါအကုန်သတ်ပစ်တော့မှာ”

“သခင်ငယ်လေးက တော်တော်လေးကို လေကြီးတာပဲ နော်” ရီရှင်းရို့က လက်သီးတင်းတင်းဆုပ်၊ အံတင်းတင်း ကြိတ်၍ ပြန်အော်ပြောလိုက်၏ “သခင်လေးမှာ ပြောတဲ့ လုပ်နိုင်စွမ်းရှိမလား ဆိုတာကို ကြည့်ရသေးတာပေါ့”

ရန်ကိုင် ဆက်ပြီး သည်းမခံနိုင်တော့ချေ။ ရီရှင်းရို့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင် သူ့လက်ကို ဖြည်းဖြည်းချင်း မြှင့်တင်လိုက်၏။

“မိစ္ဆာကောင်၊ မင်းကများ ငါတို့နဲ့ တိုက်ခိုက် ရဲတယ်ပေါ့”

ရန်ကိုင် မျက်နှာ မှုန်ကုတ်သွားခဲ့ပြီး သူတို့ရှိရာဆီ ပျံသန်းလာနေသော လူအိုကြီး (၇)ယောက်အား လှမ်းကာ ကြည့်လိုက်၏။ ထိုလူအိုကြီး(၇)ယောက်မှာ စည်းတံဆိပ်တော် ဘုရားကျောင်းထဲရှိ လူအိုကြီးများပင် ဖြစ်ချေ၏။

ထိုလူအိုကြီး(၇)ယောက်အား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းတိုင်ရှုနဲ့ အခြားသူများ၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့ကြလေ၏။

မနေ့ညက တိုက်ပွဲတွင် သူတို့ဘက်က အသာစီး ရခဲ့သော်လည်း ထိုတိုက်ပွဲပြီးနောက် မန်ဝူရနှင့် နတ်ဆိုးအိုကြီး တို့နှစ်ယောက်စလုံး အပြည့်အဝ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပါချေ။ ထို့ကြောင့် သူတို့သာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်မည်ဆိုလျှင် သူတို့ဘက်က ကျိန်းသေရှုံးနိမ့်ရပေလိမ့်မည်။

“ထွက်သွားရမယ့်လမ်း မမြင်တော့ဘူး” ဟု မန်ဝူရက သက်ပြင်းချလျက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ အပြုံးလေးဖြင့် ဆိုလိုက်၏။ စစ်ပွဲမြို့တော်ထဲမှ ထွက်သွားဖို့က လွန်စွာကိုမှ ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်မည်မှန်း ဘယ်သောအခါကမှ သူမတွေးထင်ခဲ့။

“မိသားစုကြီး(၈)ခုက လူအများကြီးကို သတ်ပြီး သွားတာတောင် မလုံလောက်သေးဘူးပေါ့၊ ဟုတ်လား” ရန်လီတင်းက ရန်ကိုင်က ရွံရှာစက်ဆုပ်၊ မုန်းတီးသည့် အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် “ရန်မိသားစုရဲ့ ကလေးတစ်ယောက် ဖြစ်ပေမယ့် မင်းကိုယ်ထဲ စီးဆင်းနေတဲ့ သွေးမျိုးဆက်ကို နည်းနည်းလေးတောင် ဂရုစိုက်တယ်လို့ ငါမထင်ဘူး။ ဒီနေ့ကနေစပြီး မင်းက ရန်မိသားစုဝင် တစ်ယောက် မဟုတ်တော့ဘူး”

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

ရန်လီတင်းက ရန်ကိုင်အား မိသားစုမှ အမှန်အကန်ပင် ထုတ်ပယ်ခဲ့၏။

မိသားစုကြီး (၈)ခု၏ သမိုင်းကြောင်းတစ်လျှောက် တိုက်ရိုက်မျိုးဆက် တစ်ယောက်ကို မိသားစုမှ ထုတ်ပယ်သည့် ကိစ္စမှ အရမ်းကို ဖြစ်ခဲလှ၏။ ဤသတင်းသာ ပြန့်သွားသည်နှင့် လောကကြီးတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပေလိမ့်မည်။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့် “မိသားစုကနေ ထုတ်ပယ်တာလား။ ပြီးတာပဲလေ၊ ထုတ်ပယ်လည်း ထုတ်ပယ်ပေါ့။ ဘာဖြစ်လဲ။ ကျုပ်အခုလုပ်ချင်နေတာဆိုလို့ ကျုပ်လူတွေကိုခေါ်ပြီး ဒီကနေ ထွက်သွားဖို့ပဲ။ အကြီးအကဲတွေ အနေနဲ့ ကျုပ်တို့ကို မတာဆီးဖို့ မျှော်လင့်ပါတယ်”

“ထွက်သွားချင်နေတာလား” နောက်ထပ် လူအိုကြီး တစ်ယောက်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “မိသားစုကြီး(၈)ခုက ဒီလောက် လူအများကြီးကို သတ်ပြီးတာတောင် ထွက်သွားချင်သေးတယ်ပေါ့။ ငါတို့ မိသားစုကြီး(၈)ခုက လူတွေရဲ့ အသက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဈေးပေါသွားရတာလဲ။ ငါတောင် မသိလိုက်ပါလား”

ဟော်မိသားစုမှ ခပ်ဝဝလူအိုကြီးက မျက်မှောင်ကြုံ့၍ “ရန်ကိုင်၊ မင်းစိတ်ခံစားချက်တွေကို ဦးစားမပေးသင့်ဘူး။ ငါတို့ဘက်ကလည်း ဝင်တွေးကြည့်ပေးဦး။ အခုလိုတွေ ဖြစ်ခဲ့ပြီးတာတောင် မင်းကို သွားခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့ မိသားစုကြီး(၈)ခုရဲ့ မျက်နှာကို ဘယ်နား သွားထားရတော့မှာလဲ”

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သက်ပြင်းချလိုက်၏။ ထိုခပ်ဝဝ လူအိုကြီးကိုမူ သူအတော်အတန်ကို အကောင်းမြင်ပေ၏။ ထိုလူအိုကြီးက သူ့အား တစ်ခြားသော လူအိုကြီးများလို့ ပုတ်ခတ်စော်ကား ရန်စခြင်းမရှိ၊ အဆင့်အတန်းအပေါ် မှီခိုပြီး သူ့ကို အညံ့ခံခိုင်းဖို့ရာ ဖိအားပေးခဲ့ခြင်း တစ်ကြိမ်တစ်ခါမျှပင် မပြုခဲ့။

“စီနီယာ၊ ဒီနေရာက အပျက်အစီးပုံ ဖြစ်တော့မှာ။ ကျုပ်သတိပေးတာကိုသာ နားမထောင်ပဲ ခေါင်းမာနေဦးမယ် ဆိုရင် ဒီမှာရှိနေတဲ့လူအားလုံး သေရမှာနော်”

ခပ်ဝဝနှင့်လူအိုကြီး၏ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ရပြီး “ချူရီမန်နဲ့ဟော်ရှင်းတို့ နှစ်ယောက်ကို ငါတို့ဆီ သတင်းလာပေးခိုင်းခဲ့တယ်။ မင်းမှာ သက်သေ အဖြစ်ယူဆနိုင်မယ့် အရာရှိလို့လား။ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော်”

ရန်ကိုင်က ခေါင်းခါရမ်းလိုက်၍ “ပြောပဲ ပြောနိုင်လိမ့်မယ်။ ကျုပ်ကိုယုံရင် ခပ်မြန်မြန်သာ ကြိုတင် ပြင်ဆင်ထားပေတော့။ မယုံရင်တော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး”

“အာ…” ခပ်ဝဝလူအိုကြီး၏ သက်ပြင်းချလိုက်ပြီး “မင်းအခုလို လုပ်နေတာကိုက မင်းမှာ အခြားရည်ရွယ်ချက် ရှိလား၊ မရှိဘူးလား ဆိုတာကို ငါတို့အတွက် ယုံကြည်ဖို့ ပိုခက်သွားစေတာကွ”

“အခြားရည်ရွယ်ချက်လား” ရန်ကိုင်က တစ်ခုခုကို ရုတ်တရက် နားလည်သွားကာ “ကျုပ်က ဒီအကြောင်းပြချက်နဲ့ အကုန်လုံးကို ပရမ်းပတာဖြစ်အောင် လုပ်ပြီး အခွင့်အရေးရှာ ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ စီနီတာတို့တွေ ယုံကြည်နေတာလား”

“မင်းအဲ့လိုမျိုး လုပ်ချင်နေတာ မဟုတ်ဘူးလား” လူအိုကြီး (၇)ယောက်ထဲက တစ်ယောက်က လှောင်ပြောင် ပြောဆိုလိုက်၏?

“ဟဲဟဲ၊ ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး “အဲ့ဒါ ကျုပ်အစီအစဉ် မဟုတ်ဘူး။ ကျုပ်သာ ထွက်ပြေးချင်ရင် ခင်ဗျားတို့ကို လာပြီး သတင်းပေးနေမှာ တောင် မဟုတ်ဘူး။ ဒီမှာရှိနေတဲ့လူတွေ အကုန်လုံက ကလေးတွေမှ မဟုတ်ဘူးဆိုပေမယ့် အသက်တွေရလာတော့ အသိဥာဏ်တွေ ခေါင်းပါးလာတယ်နဲ့ တူပါတယ်ဗျာ”

“ရိုင်းလိုက်တာ” ရန်လီတင်းက စူးစူးဝါးဝါးဖြင့် “ငါတို့လို လူအိုကြီးတွေကို သင်ခန်းစားလာပေးရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ” ဟု အော်ပြောလိုက်လေလျှင်

နောက်တစ်ယောက်က ထပ်မံ၍ “မင်းစကားတွေ ယုံရတာ၊ မယုံရတာကို ဘေးချထားလိုက်ဦး။ ဒီသတင်းကို ဘယ်ကနေ ရလာလဲဆိုတဲ့အချက်နဲ့တင် တော်တော်လေးကို သံသယဝင်စရာ‌ ကောင်းနေပြီ… ညို့ကဝေနတ်ဆိုးဘုရင်မရဲ့ အစေခံမဆီကနေ ဒီသတင်းကို ရခဲ့တာလို့ မင်းပြောခဲ့တယ်၊ ဟုတ်တယ်နော်”

“အမှန်ပဲ”

ရန်ကိုင်က ခေါင်းညိတ်ဝန်ခံလိုက်သည်ကို မြင်တွေ့ လိုက်သည်နှင့် ထိုလူကြီးက “ရဲတင်းလိုက်တာ။ မိသားစုကြီး (၈)ခုရဲ့ ကလေးတစ်ယောက်က မိစ္ဆာဘုရင်(၆)ပါးထဲက တစ်ပါးနဲ့ အဆက်အသွယ် လုပ်ရဲတယ်ပေါ့။ ဒီပြစ်မှုက ဘယ်လိုမှကို ခွင့်လွှတ်ပေးလို့မရတဲ့ ပြစ်မှုမျိုးပဲ”

“ညို့ကဝေနတ်ဆိုးဘုရင်မက လူလွှတ်ပြီး မင်းဆီဘာလို့ သတင်းလှမ်းပေးရတာလဲ။ နတ်ဆိုးတစ်ယောက်ရဲ့ စကားတွေကို ဘယ်လိုလုပ်ပြီး ယုံလို့ရမှာလဲ”

“မင်းရဲ့ ဇာတ်လမ်းက ဟာပေါက်တွေနဲ့ချည်းပဲ။ ငါတို့လို လူအိုကြီးတွေကို မင်းနှပ်ချတိုင်း ရမယ့် (၃)နှစ်သား ကလေးလေးတွေလို့ ထင်နေတာလား”

လူအိုကြီး အကုန်လုံးသည် ရန်ကိုင်အား စွပ်စွဲပြစ်တင် ပြောဆိုနေခဲ့ကြ၏။ ခပ်ဝဝနှင့် လူအိုကြီးပင် ရန်ကိုင်အား စိတ်ပျက်ပျက်ဖြင့် ကြည့်နေခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅၆2) နောက်ကျသွားလွန်းခဲ့ပြီ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ဖက်လူတို့က ရန်ကိုင်က ရစရာမရှိအောင် စွပ်စွဲပြစ်တင် ပြောဆိုနေသဖြင့် နှစ်ဖက်အဖွဲ့ကြားကာ အခြေအနေမှာ တင်းမာသည်ထက် တင်းမာလာခဲ့၏။

ရီရှင်းရို့က နှာခေါင်းရှုံ့လျက် “ရန်ကိုင် အညံခံလိုက်စမ်းပါ။ နင်က အမွေခံတိုက်ပွဲကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးသွားပြီလေ။ ခေါင်းမာမာနဲ့ ခုခံနေတာ နင့်အတွက်ကော၊ နင့်လူတွေအတွက်ပါ မကောင်းဘူးနော်။ နင့်မှာသာ အသိစိတ်ရှိသေးရင် သူတို့တွေကိုပါ နင်နဲ့အတူ ဆွဲမချသင့်ဘူး။ ငါတို့နဲ့လိုက်လာပြီး သူတို့သွားခွင့် ပေးလိုက်တာ နင့်အတွက် အကောင်းဆုံးပဲ”

ရန်ကိုင်၏ အသွင်အပြင်ဟာ လှိုင်းထန်ခြင်း မရှိသည့် ကန်ရေပြင်တစ်ခုပမာ တည်ငြိမ်နေ၏။ သို့သော် သူ့ကို မြင်လိုက်သည့် သူတိုင်း သူစိတ်မရှည်တော့မှန်း ပြောနိုင်၏။ ထိုအေးစက်ဖွယ် တိတ်ဆတ်မှုဟာ မုန်တိုင်းမလာခင် လေပြေသွေးနေခြင်းပင် ဖြစ်၏။

“မင်းအကူအညီလိုလား” လီယွမ်ချွန်က ရန်ကိုင်နား ကပ်လာ၍ တိုးတိုးလေး မေးလိုက်၏။

ရန်ကိုင်အား သူတို့ဂိုဏ်းအသီးသီး၏ ထွတ်မြတ်ရတနာ များအား မြန်မြန်ပြန်ပေးစေချင်သည်ထက် သူပိုလိုချင်သည့် အရာ မရှိတော့။ သို့ပေမယ့် ယခုအချိန်၌ ထိုကောင်စုတ်လေးက ခက်ခဲသည့် အခြေအနေထဲ ရောက်ရှိနေခဲ့၏။ လီယွမ်ချွန် ယခုကဲ့သို့ လမ်းလှမ်းပေး ရခြင်းသည်လည်း ဤဘေးကပ်ဆိုးမှ လွန်မြောက်သွားသော် သူတို့ဆွေးနွေးညိနှိုင်းသည့်အခါ သူတို့ဘက်က အသာစီး ရစေရန်ဖြစ်၏။

ထိုအင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၇)ယောက်အား ယှဉ်တိုက်၍ နိုင်မည်ဟု လီယွမ်ချွန် အတပ်မဆိုရဲ။ သို့သော် ရန်ကိုင်အား ခေါ်ပြီး ထွက်ပြေးချင်လျှင်မူ ထွက်ပြေးနိုင်၏။

သို့သော်လည်း ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းရမ်းလျက် သူ၏ ကမ်းလှမ်းမှုအား ငြင်းပယ်လိုက်၏။

လီယွမ်ရှန် မည်သို့စဉ်းစားနေလဲ ဆိုသည်ကို သူမသိပဲ နေမည်လား။

ရန်ကိုင်သာ ထွက်ပြေးချင်လျှင် မည်သူကမှ သူ့အား တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ယန်မီးတောက်တောက်ပံ သုံး၍ ထွက်ပြေးမည်ဆိုပါက သာမန် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ပင်လျှင် သူ့ကို လိုက်ဖမ်းမည်ဆိုပါက ဖုန်ပဲ ရှူရပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်အနေဖြင့် ယခုနေရာ၌ ရှိနေသည့် လူများအား တစ်ယောက်တည်း ထားသွားဖို့ရာ မဖြစ်နိုင်ချေ။

ရန်ကိုင်နှင့် လီယွမ်ချွန်တို့နှစ်ယောက် စကားချင်း ဖလှယ်လိုက်သည်ကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်(၇)ယောက်စလုံး မြင်လိုက်၏။ တကယ်တော့ ရောက်ရောက်ချင်း လီယွမ်ချွန်၏ တည်ရှိမှု၊ တစ်နည်းဆိုရသော် အခြားသော နောက်ထပ် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် တစ်ယောက်၏ တည်ရှိမှုအား သတိပြုမိခဲ့ပေ၏။ ဤကဲ့သို့ အားကောင်း လှသော နောက်ထပ် ပညာရှင်တစ်ယောက်အား မည်သည့် နေရာမှ ရန်ကိုင် ရုတ်တရက် တွေ့ရှိသည်ကို သူတို့လည်း သိချင်နေမိ၏။

ထို့အပြင် မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်၏ လက်ရှိခြေအနေကို သူတို မသိကြသေးချေ။ ပါးစပ်ကသာ တပွမ်ပွမ်မြည်အောင် ပြစ်တင်၊ လှောင်ပြောင်၊ ရှုံချ နေသော်လည်း တကယ်တမ်းတွင်တော့ သူတိုသည်လည်း မတိုက်ခိုက်ရဲသေးပါချေ။

အခြေအနေက မတိုးသာ၊ မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

သို့သော်ငြား ထိုမတိုးသာ မဆုတ်သာ အခြေအနေသည် မကြာခင်၌ပင် စူးရှသည့် သိမ်းငှက်အော်သံတစ်သံကြောင့် ပြိုကွဲသွားခဲ့ရလေ၏။ သားရဲထိန်းကျောင်းသူ မဟုတ်လျှင်ပင် ထိုသိမ်းငှက်၏ အော်သံထဲ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ သတိပေးလို့သည့် အရိပ်အယောင်တို့ ပါဝင်နေသည်ကို ပြောနိုင်ပေ၏။

ထိုသိမ်းငှက်အော်သံအား ကြားလိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ သုန်မှုန်သွားခဲ့၏။

စည်းတံဆိပ်တော်ဘုရားကျောင်းဆီမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များသည်၏ အမူအရာလည်း လေးနက်တည်ကြည် သွားခဲ့ကာ ရွှေရောင်ငှက်မွှေးသိမ်းငှက်ရှိရာ အရပ်ဆီ လှမ်းကြည့်လိုက် ကြ၏။

“အရမ်းနောက်ကျသွားခဲ့ပြီး” စိတ်ပျက်ဖွယ်အတိ အမူအရာဖြင့် ရန်ကိုင်က “နောက်ဆုံးတော့ ရန်သူတွေ ရောက်လာခဲ့ပြီ” ဟု ဆိုလိုက်၏။

ရွှေရောင်ငှက်မွှေး၏ ဆိုလိုရင်းအား သူတစ်ယောက်သာ သိနိုင်၏။

ရန်ကို ပြောလိုက်သည့် စကားများနှင့် ရွှေရောင် သိမ်းငှက်၏ အော်သံကို ကြားလိုက်ရပြီးသည့်နောက် ရန်ကိုင်က သူတို့ကို ခြောက်လှန့်ရုံသက်သက်ဖြင့် ပြောနေသည်မဟုတ်မှန်း လူအိုကြီး(၇)ယောက်စလုံး သိလိုက်၏။ တိမ်မိစ္ဆာနယ်မြေမှ လူများ အမှန်အကန် ရောက်ရှိလာသည့်ပုံပင်။

ချက်ချင်းပင် အကုန်လုံး ကြောက်ရွံ့သွားခဲ့ကြပြီး ပိုသိလိုသိငြား ရန်ကိုင်ဆီ ဝိုင်းကြည့်လိုက်ကြ၏။

“ပီလော့” ရန်ကိုင်က လူအုပ်ကြီးကြားထဲ ပုန်းအောင်းနေသည့် ပီလော့ဘက် လှည့်လိုက်ပြီး “နင်ပြောတော့ သူတို့ဒီညမှ ရောက်လာမှာဆို” ဟု အော်မေးလိုက်၏။

“အဲ့လိုမဖြစ်သင့်ဘူး” ပီလော့သည်လည်း စိတ်ရှုပ် သွားခဲ့ပြီး “သူတို့ချီတက်လာနေတဲ့ အမြန်နှုန်းနဲ့ဆို ဒီညမှပဲ စစ်ပွဲမြို့တော်ဆီ ရောက်သင့်တာ”

ထိုစကားကို ကြားလိုက်လေလျှင် ရန်ကိုင်က “အဲ့လိုဆို၊ သူတို့တွေက စစ်ပွဲမြို့တော်နဲ့ ဘာလို့ ကီလိုမီတာ (၁၀၀)ပဲ ဝေးတော့တာလဲ” ဟု ပြန်မေးလိုက်သည့်အခါ ပီလော့ “နင်ငါ့ကို လာမေးနေရင် ငါက ဘယ်သူ့ကို သွားမေးရမှာလဲ” ဟု ပြန်ပြောလိုက်လေ၏။

ကီလိုမီတာ(၁၀၀)က များစွာ မကွာဝေးလှချေ။ ရွှေရောင်ငှက်မွှေးသိမ်းငှက် ပြန်လာသည့် အချိန်ကိုပါ ထည့်တွက်လျှင် သူတို့အတွက် ပြင်ဆင်ချိန် မရှိတော့သည်မှာ အမှန်ပင် ဖြစ်ချေ၏။

ရီရှင်းရို့၏ အမူအရာ ထူးဆန်သွားခဲ့ပြီး အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လျက် “ဘယ်လောက်တောင် သရုပ်ဆောင် ကောင်းလိုက်ပါလိမ့်မယ်။ တကယ်ကို အစစ်အမှန် ဆန်လွန်းပါတယ်။ အခုတောင် နင်က…”

သို့သော်ငြား ပြောလက်စ စကားတို့အား အလျင်အမြန်ပဲ ပြန်မျိုချလိုက်ရ၏။ ရန်ကိုင်၏ စူးရှပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသော အကြည့်ဖြင့် ရင်ဆိုင်ရလေလျှင် ရီရှင်းရို့မှာ နည်းနည်းမျှပင် အားတင်း၍ ဆက်မပြောနိုင်တော့။

“သူတို့ တကယ်ရောက်လာပြီ” ရန်လီတင်း၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ရင်း ရေရွတ်လိုက်လေ၏။

ကျန်တဲ့ လူအိုကြီး(၆)ယောက်စလုံး၏ အမူအရာတို့ သည်လည်း လွန်စွာပင် ရုပ်ဆိုးအကျည်းတန်နေခဲ့ကြ၏။

ရန်ကိုင် အမှန်ကို ပြောနေမှန်း မြူမှုန်တစ်မှုစာမျှပင် သူတို့ သံသယမရှိတော့။

လူအိုကြီး(၇)ယောက်၏ တုန့်ပြန်မှုကို ကြည့်လိုက် မိသည်နှင့် မိသားစု(၇)ခုစုပေါင်းအဖွဲ့မှ ပညာရှင်များ ကြက်သေသေသွားခဲ့ကြ၏။

ရုတ်တရက်ဆိုသလို ဝေးကွာသော မိုးကုတ်စက်ဝိုင်း နေရာတစ်ခုဆီမှ အနက်ရောင်မုန်တိုင်း တိမ်တိုက်တို့သည် လျင်မြန်စွာဖြင့် သူတို့ဆီ လာနေသည်ကို အကုန်လုံး တွေ့လိုက်ရ၏။ ထိုအနက်ရောင်တိမ်တိုက်ထဲတွင် ဝိုးတဝါး ပုံရိပ်အချို့ ရှိနေခဲ့လေ၏။

လျှပ်စီးတန်းတို့ တလက်လက် လက်နေခဲ့၍ နီးကပ် လာနေသည့် အမှောင်ထုမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု သူတို့အားလုံးအပေါ်သို့ သက်ရောက်လာခဲ့လေ၏။

အနက်ရောင်တိမ်တိုက်ဆီမှာ ထွက်ပေါ်လာသည့် ဖိအားသည် မြို့တစ်မြို့လုံးအား လှုပ်ခါသွားစေဖို့ရာ လုံလောက်ပေ၏…

အားလုံး၏ မျက်လုံးအစုံတို့သည် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်သွားခဲ့စဉ် ပီလော့က “အလင်းအရိပ်ဘုရင်ပဲ” ဟု ရုတ်တရက် အလန့်တကြား ထအော်လိုက်လေ၏။

“သူပဲ အဲ့လောက်မြန်တာ။ သူနဲ့အတူ အခြားဘုရင် တွေလည်း ကျိန်းသေပါလာလိမ့်မယ်။ ရန်ကိုင်၊ ငါသွားရတော့မယ်။ ငါဒီမှာရှိနေတာကိုသာ သူတို့ မြင်သွားခဲ့ရင် သခင်မအတွက် ရှင်းပြရခက်လိမ့်မယ်”

ပြောပြီသည်နှင့် ပီလော့ အလျင်စလို ဆုတ်ခွါ ထွက်ပြေးသွားလေ၏။

“သူ့ကိုတားကြစမ်း” ရီရှင်းရို့က အော်ပြောလိုက်၏။

အခုလိုသေမင်းမျက်စိရှေ့ ရောက်နေသည့် အချိန်းမျိုး၌ပင် ရန်ကိုင်ကို ဖိနှိပ်နိုင်မည့် မည်သည့်အခွင့်အရေးကိုမှ လက်လွတ်မခံနိုင်သေး။

ကံမကောင်းစွာဖြင့် မည်သူကမှ သူမ၏ အမိန့်ကို နာခံခြင်း မရှိလေရာ ပီလော့မှာ ချက်ချင်းပင် ပျောက်ကွယ် သွားခဲ့လေ၏။

သေဘေးက နီးကပ်လာနေပြီ ဖြစ်ရာ မည်သူကများ ထိုကဲ့သို့ အကျိုးမရှိသည့် အလုပ်များအား လုပ်မည်နည်း။ ပီလော့သည် ရှန်ချင်းလော၏ အစေခံတစ်ယောက်သာ ဖြစ်၏။ သူမအား ဖမ်းမိနိုင်လျှင်ပင် သူတို့ကို ကူညီပေးနိုင် မည်လော။

မိစ္ဆာဘုရင်(၆)ပါး ရောက်မရှိမလာသေးသော်ငြား သူတို့ဆီမှ ဖြာထွက်လာနေသည့် ဖိအားသက်သက်နှင့်ပင် စစ်ပွဲမြို့တော် တစ်ခုလုံးအား တိတ်ဆိတ်သွားစေခဲ့၏။

“ကျုပ်ပြောတာ ယုံပြီလား” ရန်ကိုင်က ရီရှင်းရို့နှင့် စည်းတံဆိပ်တော်ဘုရားကျောင်းမှ လူအိုကြီး(၇)ယောက်ကို လှမ်း၍ ထေ့ငေါ့လှောင်ပြောင်လိုက်၏။

အကြီးအကဲချုပ် (၇)ယောက်၏ မျက်နှာမှာမူ ဘီလူး သံပုရာသီးကိုက်ထားသည်ထက်ပင် ရုပ်ဆိုး အကျည်းတန် နေခဲ့လေ၏။

ချူရီမန်နှင့် ဟော်ရှင်းချန် ပြောသည်ကိုသာ နားထောင် ခဲ့လျှင် အခုလိုအဖြစ်မျိုးသို့ ရောက်ခဲ့လိမ့်မည်မဟုတ်။

ရန်ကိုင်ပြောသည်ကို ယုံကြည်၍ ထွက်သွားလျှင်ပင် ဆိုးဆိုးရွားရွား နောက်မကျသေး။ အနည်းဆုံး အသက်ရှူချိန် ရသေး၏။

သို့သော် ယခုမှာတော့… ရန်သူတစ်တွေက ဂိတ်ဝသို့ ရောက်နေခဲ့လေပြီ။ သူတို့အတွက် ပြင်ဆင်ဖို့ရာ အချိန် မရှိတော့ချေ။

ယခု အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ(၇)ယောက်နှင့် (၂၀၀)၊ (၃၀၀) မကသော အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တို့ စစ်ပွဲမြို့တော်ထဲ ရှိနေခဲ့၏။ ထိုလူအားလုံးသာ အသတ် ခံလိုက်ရလျှင် ဗဟိုမြို့တော် တစ်ခုလုံးအတွက် လွန်စွာကိုမှ ထိချက်ပြင်းသွားပေလိမ့်မည်။

“ရန်သူတွေကို အနားတိုးလာခိုင်းလို့ မဖြစ်ဘူး” ရန်လီတင်းက လုံးဝကို ပြတ်သားသည့် လေသံဖြင့် “သူတို့ကို တားကြ”

အော်ဟစ်ပြီးသည်နှင့် နည်းနည်းမျှပင် တုန့်ဆိုင်းနေခြင်း မပြုပဲ လှုပ်ရှားမှုပညာရပ်အား အသက်သွင်းကာ ချီတက် လာနေသော ရန်သူတပ်စုဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ကျန်တဲ့ လူအိုကြီး(၆)ယောက်စလုံးသည်လည်း ပြေးထွက်သွားကြလေ၏။ ဟော်မိသားစုမှ လူအိုကြီးသည်သာ မသွားခင် နောင်တရနေသည့် အကြည့်ဖြင့် ရန်ကိုင်အား တစ်ချက် လှမ်းကြည့်ခဲ့လေ၏။ တိုးလျလျ ညည်းညူသံဖြင့် ရီရှင်းရို့အား ချက်ချင်းပင် လှမ်းအော်ပြောလိုက်လေ၏ “ရီမိသားစုက ကလေးမလေး၊ ဒီမှာရှိတဲ့ အရာမှန်သမျှ နင့်တာဝန်ဖြစ်သွားခဲ့ပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမှာရှိနေတဲ့ လူအကုန်လုံးကို ဗဟိုမြို့တော်ဆီ လုံလုံခြုံခြုံနဲ့ ပြန်ရောက်အောင် ပို့ပေးရမယ်”

“ဟုတ်ကဲ့ပါ” ရီရှင်းရို့က အလျင်အမြန်ပဲ ပြန်ဖြေလိုက်လေ၏။

အနက်ရောင်တိမ်တိုက်၏ အမြန်နှုန်းသည် လွန်စွာမှ မြန်ဆန်လေရာ သူတို့ စကားပြောနေစဉ်အတွင်းမှာပင် ထိုအနက်ရောင်တိမ်တိုက်ဟာ သူတို့နှင့် ကီလိုမီတာ(၂၀) အကွာအတွင်းသို့ ရောက်ရှိလာခဲ့လေပြီ။ ရန်လီတင်းနဲ့ ကျန်တဲ့ အကြီးအကဲသို့ သူတို့၏ အမြန်ဆုံးအမြန်နှုန်း နှင့်ပင် နီးကပ်လာနေသည့် အနက်ရောင်တိမ်တိုက်အား စစ်ပွဲမြို့တော်နှင့် (၁၀)ကီလိုမီတာ အတွင်း၌သာ ကြားဖြတ် ဟန့်တားနိုင်ခဲ့လေ၏။

ချက်ချင်းဆိုသလို တိုက်ပွဲကြီးတစ်ခု စတင် ဖြစ်ပွါးတော့လေ၏။

အနက်ရောင်တိမ်တိုက် ပျက်စီးသွားခဲ့ပြီး ထိုထဲမှ လူ(၃)ယောက် ထွက်ပေါ်လာခဲ့၏။

တစ်ယောက်၏ ခန္ဓာကိုယ်ထက် လျှပ်စီးတို့ ရစ်သိုင်း နေခဲ့ပြီး အခြားတစ်ယောက်သည် တုတ်ခိုင်ထွားကြိုင်း လှသည့် လူကြီးတစ်ယောက် ဖြစ်၍နောက်ဆုံး တစ်ယောက်ဟာတော့ အားကောင်းလှသည့် မိစ္ဆာသားရဲ တစ်ကောင်ထက် ထိုင်နေခဲ့လေ၏။

လျှပ်စီးအရိပ်ဘုရင်၊ တိုက်တန်ခွန်အားဘုရင်၊ မိုးကြိုးသားရဲဘုရင်။

(၃)ယောက် (၇)ယောက် ဆိုသော်ငြား မိစ္ဘာဘုရင် (၃)ယောက်က တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ခိုက် နေနိုင်ပြီး အကြီးအကဲချုပ် (၇)ယောက်ဟာတော့ ပျာယာကို ခတ်နေခဲ့လေ၏။

ထိုသုံးယောက်နှင့် ကပ်လျက်နောက်တွင် လူတစ်ပိုင်း၊ ပင့်ကူတစ်ပိုင်း မိစ္ဆာသားရဲတစ်ကောင် ရှိနေခဲ့၏။

လူမျက်နှာဟာ လွန်စွာကိုမှ နှစ်သက်စွဲမက်ဖွယ် ကောင်းလှပြီး ရှည်လျားပျော့ပျောင်းလှသည့် ဆံသားအား ပိုင်ဆိုင်ထားသည့် အသက်(၂၀)လောက်သာ ရှိသေးမည့် မိန်းမငယ်လေး တစ်ယောက်၏ မျက်နှာမျိုးပင်။

“ပင်ကူအမေကြီး” ထိုဧရာမပင့်ကူမိစ္ဆာသားရဲအား သတိပြုမိလိုက်သည်နှင့် ရန်ကိုင် အံ့အားသင့်တကြီး ဆိုလိုက်၏။ ထိုလူတစ်ပိုင်း၊ ပင့်ကူတစ်ပိုင်း မိစ္ဆာသားရဲသည် တိမ်မိစ္ဆာနယ်မြေထဲ ရှန်ချင်းလော့နှင့်အတူ ကြုံတွေ့ ခဲ့ရသည့် အဆင့်(၇)ပင့်ကူ မိစ္ဆာကြီးပင် ဖြစ်ချေ၏။

ထိုမိစ္ဆာသားရဲ ယခုနေရာသို့ မည်သည့်အတွက် ရောက်နေရသနည်း။

“အန်၊ ဒီလိုမိစ္ဆာသားရဲလည်း ဒီမှာရှိနေတယ်ပေါ့။ ဒီလိုမိစ္ဆာမျိုး ပထမဆုံးမြင်ဖူးတာပဲ” ရွှေးလင်က အံ့အားသင့်သွားနေသည့် လေသံဖြင့် “ဒါပေမယ့်… သနားစရာပဲ၊ သားရဲအသွင်ပြောင်းရေကန် မရှိပဲနဲ့ သူက စစ်မှန်တဲ့လူသားတစ်ယောက်အသွင်ကို ဘယ်တော့မှ ယူလို့ရမှာမဟုတ်ဘူး”

“ဘဏ္ဏာထိန်းမန်၊ ခင်ဗျားဘယ်လိုထင်လဲ” ရန်ကိုင်က မန်ဝူရအား အလျင်စလို သွားမေးလိုက်၏။

“အခြေအနေမကောင်းဘူး” မန်ဝူရက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူ့ခွန်အားအား ချိတ်တံဆိပ်ထားသည့် စည်းအား ယခုလောလောဆယ်၌ ပြန်မဖြေနိုင်သေး သော်လည်း သူ၏ အမြင်နှင့်အသိပညာ ဗဟုသုတက ရှိနေသည့် လူအားလုံးထက် သာလွန်ပေ၏ “မင်းတို့ မိသားစုကြီး(၈)ခုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေက အားအနည်းဆုံးထဲမှာ ပါတယ်။ ဒါပေမယ့် တစ်ဖက်က (၃)ယောက်ကတော့ တော်တော်လေးကို အားကောင်းတယ်။ ဒါကြောင့် အရေအတွက် နည်းနေရင်တောင် အဲ့(၃)ယောက်ကို ရပ်တန့် နိုင်မှာ မဟုတ်ဘူး… သူတို့(၇)ယောက်စလုံး ဒီမှာပဲ သေကြရဖို့ များတယ်”

ထိုစကားကိုကြားသော် ရန်ကိုင်မျက်နှာ ဖြူလျော် သွားခဲ့လေ၏။

မန်ဝူရသည် ထိုလူအိုကြီး(၇)ယောက်နှင့် ကိုယ်တိုင် ကိုယ်ကျ ယှဉ်တိုက်ခိုက်ဖူးသည့်အတွက် အကြီးအကဲချုပ် (၇)ယောက်၏ ခွန်အားကို သူကောင်းကောင်းသိပေ၏။ ထို(၇)ယောက်နဲ့ဆိုလျှင် စစ်ပွဲမြို့တော်သည်လည်း ရန်သူ၏ ထိုးစစ်အား အချိန်တစ်ခဏကြာသည်အထိ ခုခံနိုင်လိမ့်မည်ဟု ရန်ကိုင်ထင်နေခဲ့ခြင်း ဖြစ်၏။

“ဘဏ္ဏာထိန်းမှန်၊ အခုအခြေအနေကို ဖြေရှင်းဖို့ ခင်ဗျားမှာ နည်းလမ်းလေးဘာလေးများ မရှိဘူးလား” ရန်ကိုင်က သက်ပြင်းအမောကြီး ချလိုက်၍ မန်ဝူရဆီ ကူကယ်ရာမဲ့စွာဖြင့် အပူကပ်လိုက်၏။

မန်ဝူရက သွားပေါ်အောင် ပြုံး၍ “ငါ့မှာ နည်းလမ်းတစ်ခု ရှိလိမ့်မယ်လို့ မင်းဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ” ဟုမေးလာလေလျှင် ရန်ကိုင်က

“ခင်ဗျားရဲ့ အဖိုးတန် တပည့်လေးက ဒီမှာပဲ ရှိနေသေးတာလေ။ အခြေအနေက ခင်ဗျားမကိုင်တွယ် နိုင်တဲ့ အဆင့်ထိ ရောက်နေပြီဆိုရင် ခင်ဗျားလည်း အခုလိုမျိုး တည်ငြိမ်နေမှာ မဟုတ်ဘူး” ဟု အတင်းလုပ်ယူထားသည့် အပြုံးတစ်ခုအား ဆင်မြန်းလျက် ပြန်ပြောလိုက်၏။

အကြွင်းမဲ့ခွန်အား ကွာခြားချက်အား လှည့်ကွက်များဖြင့် အစားထိုး၍ မရချေ။ ထို့ကြောင့် နက်နဲဆန်းကြယ် လွန်းလှသည့် မန်ဝူရကိုသာ အားဖို့ရပေတော့မည်။

ဘဏ္ဏာထိန်းမန်က တစ်ဖက်လှည့်လိုက်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏ “အခုနေ ထွက်သွားဖို့ ရွေးချယ်မယ်ဆိုရင် ဒီမှာရှိနေတဲ့ လူတွေထဲ (၁၀)ရာခိုင်နှုန်းလောက်ပဲ အသက်ရှင်သန်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီလူအိုကြီးနဲ့ ညီအစ်ကိုလင်းရဲ့ နှစ်ယောက်ပေါင်း အကူအညီနဲ့ဆိုရင် မင်းရဲ့လုံခြုံရေးကို နည်းနည်းလေးမှ စိုးရိမ်စရာမလိုဘူး။ မင်းကို ဒီနေရာကနေ ခေါ်သွားပေးဖို့ ငါတို့အတွက် ပြဿနာမရှိဘူး”

“ကျုပ်က အားလုံးကို အသက်ရှင်စေချင်တာ”

ထိုစကားကို ကြားသော် မန်ဝူရ သွားပေါ်အောင် ပြုံး၍ “မင်းအခုလို ပြောလာမယ်မှန်း ငါသိပြီးသား” ဟု ပြန်ပြောလိုက်လေ၏။

ရန်ကိုင် စကားအား ကြားလိုက်သည်နှင့် သူ့မဟာမိတ် အဖွဲ့သားတို့၏ မျက်နှာထက် အပြုံးယဲ့ယဲ့လေး ထွက်ပေါ် လာခဲ့လေ၏။ အဆုံးမယ့်ပင်လယ်ကျွန်းမှ ရောက်ရှိသည့် လူများသည်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ကြရ၏။

ရီဖန်းနှင့် ဟွာသွမ့်ဟွန်တို့ နှစ်ယောက်သာ လီယွမ်ချွန်နား ချဉ်းကပ်သွားလျက် တိုးတိုးတိတ်တိတ်ဖြင့် မေးလိုက်၏ စီနီယာလီ၊ ကျွန်မတို့ ဘာလုပ်ကြမလဲ”

လီယွမ်ချွန်က ရန်ကိုင်နှင့် မန်ဝူရတို့ နှစ်ယောက်အား အသေအချာကို စိုက်ကြည့်နေခဲ့ပြီးနောက် “အခု လောလောဆယ်တော့ သူတို့နဲ့ အတူပေါင်းနေတာ ပိုကောင်းလိမ့်မယ်။ အခြေအနေ ပိုဆိုးလာရင် အဲ့ကောင်စုတ် လေးကို ဒီလူအိုကြီး ခေါ်သွားလိုက်မယ်။ မင်းတို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်သာ ရှာပြီး ထွက်ပြေးကြပေတော့” ဟု ပြန်ပြောလိုက်၏။

ရန်ကိုင် အသက်ရှင်ဖို့သည် အရေးအကြီးဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရန်ကိုင် တစ်ယောက်တည်းသာ သူတို့ ဂိုဏ်းအသီးသီး၏ ထွတ်မြတ်ရတနာများ မည်သည့် နေရာ၌ ရှိနေသည်ဆိုသည်ကို သိနေသောကြောင့် ဖြစ်၏။ ထို့ကြောင့် လီယွမ်ချွန်အနေဖြင့် ရန်ကိုင်အား မည်သည့် အမှားအယွင်းမှ အဖြစ်မခံနိုင်ချေ။

“ကောင်းပါပြီ” ရီဖန်းနှင့် ဟွာသွမ့်ဟွန်တို့ နှစ်ယောက်စလုံး လီယွမ်ချွန်၏ စကားကို ချက်ချင်း လက်ခံ သဘောတူလိုက်၏။

မန်ဝူရက အလျင်အမြန် ထပ်ပြောလိုက်လေ၏ “အဲ့(၃)ယောက်က တိမ်မိစ္ဆာနယ်မြေရဲ့ ရှေ့ပြေးတပ် ခေါင်းဆောင်တွေပဲ ဖြစ်ရမယ်။ ကျန်တဲ့ စစ်တပ်တစ်ခုလုံး ကတော့ မကြာခင်မှာပဲ ရောက်လာလိမ့်မယ်။ ပြီးတော့ မင်းတို့ မြင်တဲ့အတိုင်း… အဲ့မိုးကြိုးသားရဲဘုရင်က သူနဲ့အတူ မိစ္ဆာသားရဲ အုပ်လိုက်ကြီးကို ခေါ်လာခဲ့တာဟ”

မန်ဝူရ ညွှန်ပြရာအရပ်ဆီ လှမ်းကြည့်လိုက်သည့်အခါ သူတိုနှင့် ကီမီတာဒါဇင်ကျော်အကွာရှိ နေရာတစ်ခုလုံး ဖုန်ထနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။ ထိုဖုန်တွေထဲ မရေမတွက်နိုင်သည့် မိစ္ဆာသားရဲတို့ ရှိနေခဲ့လျက် မိစ္ဆာသားရဲ များ၏ ခွန်အားကို သိလိုသိငြား ရည်ရွယ်ချက်ဖြင့် ကောင်းကင်စိတ်အာရုံကိုသုံး၍ ထိုမိစ္ဆာသားရဲများ၏ ခွန်အားကို လှမ်း၍ စစ်ဆေးကြည့်လိုက်၏။

စစ်ဆေးပြီးသည်နှင့် ရန်ကိုင်၏ အမူအရာ လေးနက် တည်ကြည်သွားခဲ့ရလေ၏။ အားအနည်းဆုံး မိစ္ဆာသားရဲ သည်ပင် အဆင့်၅သားရဲ ဖြစ်နေခဲ့၍ အဆင့်၆ မိစ္ဆာသားရဲ များမှာမူ ဖွတ်သပ်၍ မကုန်နိုင်အောင် ရှိနေခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅၆3) ပညာရှင်တွေ ရှိနေသေးတာပါလား

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“အခုတော့၊ အရင်ဆုတ်နှင့်ကြတာပေါ့” မန်ဝူရက အလျင်အမြန်ပဲ ပြောလိုက်ရာ ရန်ကိုင်က “ဆုတ်ဖို့လား။ ဘယ်ကိုဆုတ်မှာလဲ” ဟု အလျင်စလို ပြန်မေးလိုက်၏။ ရန်ကိုင်၏ အမေးအား ကြားလျှင် မန်ဝူရက “မင်းစံအိမ် ဆီကိုလေ”ဟု ပြန်ပြောလိုက်၏။

ရန်ကိုင်က မန်ဝူရအား တစ်ခဏကြာအောင် စိုက်ကြည့် နေခဲ့ပေမယ့် ခဏတာ တုန့်ဆိုင်းနေပြီးသည့်နောက် သူ့အကြည့်က ခိုင်မာပြတ်သားသွားခဲ့လေ၏။ မန်ဝူရက ယခုကဲ့သို့ ပြောလာမှဖြင့် ယခုကပ်ဆိုးအား ကျော်လွှားနိုင်မည့် နည်းလမ်းတစ်ခုခု သူ့တွင် ကျိန်းသေရှိနေသောကြောင့်ပဲ ဖြစ်ရပေမည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် ရီရှင်းရို့က သူမ၏ ဟန်ပန်အမူအရာကို ပြန်ထိန်းလိုက်ပြီး မိသားစုကြီး (၇)ခု၏စုပေါင်းတပ်စုအား ဗဟိုမြို့တော်ဆီ အစီအစဉ်တကျ တပ်ပြန်ဆုတ်ဖို့ အမိန့်ပေးနေခဲ့လေ၏။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရကာ ရန်ကိုင်ဘက်လှည့်၍ ပြောလိုက်၏ “ရန်ကိုင်၊ နင့်အဖွဲ့သားတွေလည်း ပါဝင်ပေးဖို့ လိုအပ်တယ်”

ရန်ကိုင်ကမူ သူမအား အထင်အမြင်သေး၊ လှောင်ပြောင် လိုသည့် အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လိုက်၏။

“နင့်မဟာမိတ်တွေထဲမှာ ပညာရှင်တွေ အများကြီး ရှိနေတာဆိုတော့ ငါတို့နှစ်ယောက် အတူတူပူးပေါင်း သင့်တယ်။ ငါတို့သာ အတူတူပူးပေါင်းလိုက်တာနဲ့ ငါတို့ရဲ့ လုံခြုံရေးကို ပိုပြီးအားမခံပေးနိုင်တယ်။ ဒီလိုအခြေအနေ မျိုးမှာ ငါတို့ကြားက မကျေနပ်ချက်တွေကို ဘေးချထားပြီး ပိုအရေးကြီးတာကို ဦးစားပေးစဉ်းစားပေးမယ်လို့ ငါမျှော်လင့်တယ်”

ထိုစကားလုံးများသည်… ချူရီမန် ယခုလေးတင် ပြောခဲ့သော စကားများပင် ဖြစ်၏။ ထိုအချိန်တုန်းကမူ ရီရှင်းရို့က မသိကျေးကျွန်ပြုခဲ့၏။ ယခုမူ ချူရီမန် ပြောခဲ့သော စကားများအား အရှက်တရားကင်းမဲစွာဖြင့် ပြန်ပြောလာခဲ့ရာ လူပေါင်းမျာတို့သည် သူမအား ရွံ့ရှာ စက်ဆုပ်သွားခဲ့ကြလေ၏။

ရန်ကိုင်က ခေါင်းသာခါရမ်း၍ “ငါနင်နဲ့လိုက်မှာ မဟုတ်ဘူး။ နင်ပြန်ချင်ရင်၊ ပြန်လိုက်တော့။ ငါတို့ကို လာမရှုပ်တော့နဲ့” ဟု ပြန်ပြောလိုက်၏။

ထိုစကားအားကြားလျှင် ရီရှင်းရို့က ဒေါသတကြီးဖြင့် “ရန်ကိုင်၊ နင်ဘာလို့ အမြဲတမ်းတစ်ကိုယ်ကောင်းဆန် ရတာလဲ။ ငါတို့နဲ့မလိုက်ရင် သေမင်းက နင်တို့ကို လက်ကမ်း ကြိုဆိုနေမှာနော်။ နင့်အသက်ကို ဂရုမစိုက်ရင်တောင် နင့်နားမှာ ရှိနေတဲ့ လူတွေရဲ့ အသက်ကို ဂရုစိုက်သင့်တယ်”

“ငါ့စံအိမ်က နင်စိုးရိမ်ရမယ့်ကိစ္စမဟုတ်ဘူး” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။ နီးကပ်လာ နေသည့် အန္တရာယ်အကို သတိမပြုမိသည့်အလား အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်၏ “နင့်အင်အားစု တွေကို အရင်စိုးရိမ်သင့်တယ်။ အဲ့(၇)ယောက်က အကြာကြီး ခုခံနိုင်မှာ မဟုတ်ဘူး။ နင်တို့ လေးတိလေးဖင့်နဲ့ လုပ်နေမယ် ဆိုရင်တော့ ဗဟိုမြို့တော်ဆီ ဘယ်တော့မှ ပြန်ရောက် လိမ့်မှာမဟုတ်ဘူး”

ရီရှင်းရို့၏ အမူအရာ မှုန်ကုတ်သွားခဲ့ပြီး အားကျမခံ ပြန်ပြောလိုက်လေ၏ “ရန်သူက သုံးယောက်တည်းရှိတာ။ ငါတို့ဘက်က (၇)ယောက်ကို ဘယ်လိုလုပ်ပြီး နိုင်မှာလဲ”

ယခုအချိန်ထိတိုင် ရီရှင်းရို့က အခြေအနေအကြောင်း ကောင်းကောင်းနားမလည်သေးပေ။ မိသားစုကြီး(၇)ခုမှ အကြီးအကဲချုပ်တွေက တစ်ဖက် ရန်သူ(၃)ယောက်ကို ဟန့်တားနိုင်ပြီး အနိုင်ယူနိုင်မည်ဟုပင် ထင်နေသေး၏။

“ရီရှင်းရို့၊ သခင်ငယ်လေးပြောတာ မှန်တယ်။ ငါတို့ မြန်မြန်ထွက်သွားရင် ကောင်းလိမ့်မယ်နော်” ကောင်းရန်ဖုန်းက တိုက်တွန်းလိုက်၏။

“ဟုတ်တယ်” ခန်ကျန်းကလည်း ခေါင်းညိတ်ထောက်ခံ လိုက်၏။ အဖျက်စွမ်းအင် အရှိန်အဝါကို ခံစားမိသည်နှင့် ဤနေရာ၌ တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့။ သူတို့ စိတ်ထဲမှာတော့ ဗဟိုမြို့တော်ကြီးသည်သာ အားကိုးရာ ဖြစ်၏။ “ညီအစ်ကိုမန်က အကြီးဆုံးသခင်လေးကို သွားသတင်း ပေးနေပြီ။ ငါတို့ မြန်မြန်လုပ်သင့်တယ်။ အကြီးဆုံးသခင်လေး၊ ဒုတိယသခင်လေးရဲ့ အင်အားစုတွေနဲ့ လမ်းမှာတွေ့လိမ့်မယ်။ သခင်ငယ်လေး မလိုက်ဖူး ဆိုရင်လည်း ဆက်ပြီးတိုက်တွန်းနေစရာ မလိုတော့ဘူး”

ကောင်းရန်ဖုန်းနဲ့ ခန်ကျန်းတို့၏ အဆွယ်တော်ကြောင့် ရီရှင်းလို့သည်လည်း ဆက်နေဖို့ရာ မသင့်တော်တော့ဟု တွေးလိုက်မိပြီး “အဲ့လိုဆိုမှတော့ သွားကြတာပေါ့”

ပြောပြီးသည်နှင့် ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်လိုက်၍ သွားပေါ်အောင် ပြုံးလိုက်ပြီး “ရန်ကိုင်၊ မြန်မြန်မသေစေနဲ့ဦး။ ဒီကိစ္စပြီးသွားတဲ့အထိစောင့်။ နင်လုပ်ခဲ့တာတွေအတွင် နင့်ကို ပြန်ပေးဆပ်ရအောင် ငါလုပ်ပြမယ်”

ခြိမ်းခြောက်စကား ဆိုပြီးသည်နှင့် ရန်ကိုင်အား တစ်ချက်မျှပင် လှည့်မကြည့်တော့ပဲ ချက်ချင်းဆိုသလို လှည့်ထွက်သွားလေ၏။

မိသားစုကြီး(၇)ခုမှ ပညာရှင်များသည့်လည်း သူမနောက် ပြေးလိုက်သွားကြလေ၏။

“စံအိမ်ဆီ ပြန်ကြမယ်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလျက် အော်ဟစ်လိုက်ပြီး သူ့များကို ဦးဆောင်ကာ စံအိမ်ဆီ ပြန်တော့လေသည်။

ယခုလေးတင် အလျင်စလို အထုပ်ပိုက် ထွက်လာပြီးနောက် ယခုပဲ စံအိမ်ဆီပြန်ရမည်ဟု အမိန့်ပေး လာသဖြင့် အကုန်လုံး စိတ်ရှုပ်သွားခဲ့ကြ၏။ အထူးသဖြင့် မကြာခင် စစ်ပွဲမြို့တော်တစ်ခုလုံး ဖျက်စီးခံရတော့မည်ကို သိလျက်နှင့် မည်သည့်အတွက်ကြောင့် စံအိမ်ဆီ ပြန်သွားဖို့ အမိန့်ပေးရသည်ကို သူတို့တစ်တွေ အားလုံး နားမလည် နိုင်အောင် ဖြစ်နေခဲ့ကြလေ၏။

သေမင်းလက်အေးကြီးက သူတို့ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည့်အလား အကုန်လုံး စိုးရိမ်ပူပန် နေလေ၏။

“ငါတို့ဘာလုပ်ကြမှာလဲ” အားလုံးက ရန်ကိုင်အား စိုးရိမ်စွာဖြင့် မေးလိုက်ကြ၏။

အားလုံးက မေးလာသည်နှင့် ရန်ကိုင်က ဘဏ္ဏာထိန်းမန်ဆီ လှမ်းကြည့်လိုက်၏။

ဘဏ္ဏာထိန်းမန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံး၍ “စိတ်မပူနဲ့။ ဒီလူအိုကြီးက ဒီနေရာကို ပြန်ဆုတ်ခိုင်းမှတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိနေလို့ပဲပေါ့။ မင်းတို့ လုပ်ဖို့လိုတာက စံအိမ်အပြင်ဘက်ဆီ ခြေတစ်လှမ်းတောင် မထွက်ဖို့ပဲ။ နံရံအပြင်ဘက် ဘယ်နေရာကမှ လုံခြုံမနေဘူး”

အားလုံး အံ့အားသင့်ထိတ်လန့် သွားခဲ့ကြလေ၏။ မန်ဝူရ မည်သည်ကို လုပ်ချင်နေမှန်း မည်သူမှ နားမလည်နိုင်ခဲ့ချေ။

တိမ်မိစ္ဆာနယ်မြေမှ အင်အားစုများသည် သူတို့ရှေ့ ရောက်လို့ နေခဲ့လေပြီ။ သူသာ မထွက်သွားသေးလျှင် အနည်းဆုံး ကြိုတင်ပြင်ဆင်မှုတော့ လုပ်ထားသင့်ပေ၏။ သို့သော်လည်း မန်ဝူရက သူတို့အား စံအိမအပြင် မထွက်ဖို့သာ ပြောလာသဖြင့် အကုန်လုံး ဇဝေဇဝါ ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။

မန်ဝူရက အသာအယာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏ “ဒီလူအိုကြီးက မင်းတို့အသက်တွေနဲ့ အပျော်တမ်း ကစားပွဲ လုပ်မှာမဟုတ်ဘူး။ အခြေအနေက အန္တရာယ်များလာတဲ့ အခါက မင်းတို့ နားလည်လိမ့်မယ်။ ဒီလူအိုကြီးကို ယုံရင် စိုးရိမ်တကြီးနဲ့ ငါ့ကို အဲ့လိုမျိုး စိုက်ကြည့်မနေကြနဲ့လေ”

မန်ဝူရ၏ ပြောပုံဆိုဟန်ကြောင့် အကုန်လုံး ထပ်မံ စိတ်ရှုပ်သွားခဲ့ရပြန်၏။ သူပြောသည်ကို နားထောင်ကြည့် လျှင် မန်ဝူရသည် သူတို့အားလုံးကို ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိနေသည့်ပုံပင်။

မန်ဝူရ ဆက်ပြီးမရှင်းပြသည်မှာ ဆက်ပြောဖို့ရာ အဆင်မပြေတော့သည့် အတွက်ကြောင့် ဖြစ်၏။ ထို့ကြောင့် ရန်ကိုင်က မျက်မှောင်ကြုံ့လျက် အော်ပြောလိုက်၏ “ဘဏ္ဏာထိန်းမန်က အခုလို ပြောလာမှတော့… အားလုံး၊ ကိုယ့်ကိစ္စကိုယ် သွားလုပ်ကြတော့”

ရန်ကိုင် ပြောပြီးသည်နှင့် အကုန်လုံး ခွဲထွက် သွားကြလေ၏။ သူတို့စိတ်ထဲ သံသယများစွာတို့ ရစ်ဝဲနေသာ်ငြား ရန်ကိုင်အား ယုံကြည်ဖို့ကိုသာ ရွေးချယ်ခဲ့၏။

လီယွမ်ချွန်ကမူ မန်ဝူရအား မယုံသင်္ကာဖြင့် စိုက်ကြည့်ရင်း ကောင်းကင်စိတ်အာရုံကို သုံး၍ စစ်ဆေး ကြည့်နေ၏။ အချိန်အတန်ကြာပြီးသည့်နောက် “မိတ်ဆွေ၊ ခင်ဗျားမှာ အဲ့လိုစွမ်းရည်မျိုး တကယ်ပဲ ရှိတာလား။ အခု အချိန်က နောက်သင့်တဲ့အချိန် မဟုတ်ဘူးနော်” ဟု မေးလိုက်လေ၏။

လီယွမ်ချွန်သည် လွန်ခဲ့သော တစ်နာရီမှ ရောက်ရှိ လာခဲ့သည်ဖြစ်ရာ မန်ဝူရအကြောင်း နည်းနည်းမျှပင် မသိချေ။ မန်ဝူရအား သာမန် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ဟုသာ ထင်နေခြင်းဖြစ်၏။

ရန်သူ ပညာရှင်သုံးယောက်ဆီမှ ဖိအားကို ထပ်မံ ခံစားနေရသည်ဖြစ်ရာ မန်ဝူရ၏ အားလုံးကို ကာကွယ်ပေးမည့် နည်းလမ်းအား လီယွမ်ချွန် အတော်အတန် သိချင်နေမိ၏။

သို့သော်ငြား မန်ဝူရကမူ မသိနားမလည်နိုင်သည့် အမူအရာဖြင့်သာ ရယ်မောနေ၏။

နတ်ဆိုးအိုကြီးပင် မန်ဝူရအာ သင်္ကာမကင်းဖြင့် စိုက်ကြည့်နေ၏။ အားလုံးကို လုံခြုံအောင် ကာကွယ် ပေးနိုင်မည်ဟူသော ယုံကြည်ချက်ကို မည်သည့်နေရာမှ မန်ဝူရ ရလာခဲ့မှန်း နတ်ဆိုးအိုကြီး နားမလည်နိုင်ခဲ့။

“ချူရီမန်၊ အဆုံးမယ့်ပင်လယ်ကျွန်းက စီနီယာတွေ နေဖို့အတွက် နေရာတစ်ခု စီစဉ်ပေးလိုက်” ရန်ကိုင်က အမိန့်ပေးလိုက်၏။

“နားလည်ပြီ” ချူရီမန်က ခေါင်းညိတ်လိုက်၍ ပညာရှင် အယောက်(၅၀)အား သူမနောက် လိုက်လာဖို့ အချက်ပြ လိုက်၏။

လီယွမ်ချွန်ကမူ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၍ “ဒီလူအိုကြီးက သခင်လေးရန်နဲ့ နည်းနည်းလောက် ထပ်နေလိုက်ဦးမယ်”

မဟာထွတ်မြတ်တံဆိပ်တော်အား ရသည့်အချိန်အထိ ရန်ကိုင်နားမှ မခွါဟု စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

ချူရီမန် တစ်ခဏတာ တုန့်ဆိုင်းသွားခဲ့သော်ငြား ရန်ကိုင်က ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်ရာ ထိုကိစ္စအား ဆက်၍ အာရုံစိုက်ခြင်း မပြုတော့ပဲ ကျန်သည့် ပညာရှင်များအား ဦးဆောင်ခေါ်သွားလိုက်လေ၏။

ပညာရှင်(၁၀)ယောက်ကြားက ပြင်းထန်လှသည့် တိုက်ပွဲကြောင့် စစ်ပွဲမြို့တော်တစ်ခုလုံး တုန်ခါနေခဲ့၏။

ရန်ကိုင်၏ မျက်နှာသည် မှုန်ကုတ်၊ သုန်မှုန်နေခဲ့၍ ကောင်းကင်စိတ်အာရုံအား ထုတ်လွှတ်လျက် တိုက်ပွဲအား အစဉ်မပြတ် စစ်ဆေးနေခဲ့လေ၏။

မိသားစုကြီး(၈)ခုနှင့်၏ လုပ်ရပ်ကို မကျေနပ်သလို မိသားစုကြီး(၈)ခုစလုံးနှင့် ရန်သူဖြစ်သည်ဟုပင် ဆိုနိုင်သော်ငြား ယမန်နေ့မှ တိုက်ပွဲကြောင့် နှစ်ဖက် စလုံမှ လူပေါင်းများစွာ သေကြေခဲ့ကြရ၏။ ယုခု တိမ်မိစ္ဆာ နယ်မြေက ကျူကျော်လာသည်ဖြစ်ရာ ရန်ကိုင်သည်လည်း အကြီးအကဲချုပ်(၇)ယောက်အား မသေစေချင်ပေ။

လူအိုကြီး(၇)ယောက်သာ ကျဆုံးသွားခဲ့ရင် စစ်ပွဲ မြို့တော်တစ်ခုလုံး ပြာပုံဘဝ ရောက်သွားနိုင်ပေ၏။ ထိုကဲ့သို့သာ ဖြစ်သွားခဲ့လျှင် မိသားစုကြီး(၈)ခုစလုံး အပြင်းအထန် အထိနာသွားမည် ဖြစ်ပြီး ဗဟိုမြို့တော်ပင် အကျပ်ရိုက်သွားနိုင်ချေရှိ၏။

ဗဟိုမြို့တော်တွင် သူမိဘများ ရှိနေပေသည်။

ထို့အတွက်ကြောင့်သာ မဟုတ်လျှင် မိသားစုကြီး (၈)ခု၊ သေသေရှင်ရှင်၊ သူဂရုစိုက်လိမ့်မည်မဟုတ်။

ဘေးပတ်ဝန်းကျင်အား စစ်ဆေးနေစဉ် ရန်ကိုင်၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး စစ်ပွဲမြို့တော် အတွင်းရှိ နေရာတစ်ခုစီ သူ့၏ ကောင်းကင်စိတ်အာရုံအား ဖြန့်ကျက်လိုက်၏။

-----------------------------------------------------------

ထိုနေရာ၌ တိတ်တဆိတ် ပုန်းအောင်နေသော ကြောက်မက်ဖွယ် အရှိန်အဝါ နှစ်ခုရှိနေခဲ့၏။

“သူတို့မှာ ပညာရှင်တွေ ရှိနေသေးတာပဲ” ရန်ကိုင် ထိတ်လန့်သွားခဲ့လေ၏။

လင်းတိုင်ရှုနှင့် လီယွမ်ချွန်းတို့သည်လည်း ရန်ကိုင် စကားကြောင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ကာ သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် ချက်ချင်း စစ်ဆေးလိုက်လေလျှင် သူတို့၏ အမူအရာ ရုတ်ချည်း မဲမှောင် သွားခဲ့ရလေ၏။

သူတို့သည်လည်း ထိုပညာရှင်နှစ်ယောက်၏ တည်ရှိမှုကို ချက်ချင်း ရှာတွေ့သွားခဲ့လေပြီ။

တစ်ခြားသော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်နှစ်ယောက်သည် စစ်ပွဲမြို့တော်ထဲ တိတ်တဆိတ် ခိုးဝင်လာနိုင်ခဲ့၏။ မိစ္ဆာဘုရင်(၃)ယောက်နှင့် ပင့်ကူအမေကြီးပေါ် အာလုံး အာရုံစိုက်နေချိန် ထိုနှစ်ယောက်က စစ်ပွဲမြို့တော်ထဲသို့ မည်သူမှ မသိရအောင် ခိုးဝင်လာခဲ့ခြင်း ဖြစ်ရပေမည်။

သို့သော်ငြား တစ်ခဏကြာပြီးသည့်နောက် လီယွမ်ချွန်၏ အမူအရာထူးဆန်းသွားခဲ့၏။ ထို့နောက် မျက်လုံးမှေးကျဉ်း၍ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂သာ ရှိသေးသော ရန်သခင်လေးသည် ထိုနှစ်ယောက်၏ တည်ရှိမှုအား အမှန်ပင် သတိပြုမိခဲ့လေ၏။

ဒီကောင်စုတ်လေး… ရန်ကိုင်ကို အပြည့်အဝ နားမလည်နိုင်သေးမှန်း လီယွမ်ချွန် ရုတ်တရက် သတိပြုမိ လိုက်လေ၏။

“အဆိပ်ဘုရင်၊ ယင်တစ္ဆေဘုရင်” လင်းတိုင်ရှုက လေနက်တည်ကြည်သည့် လေသံဖြင့် အော်ပြောလိုက်၏။

ထိုထူးနှစ်ယောက်၏ တစ်မူထူးခြားသည့် အရှိန်အဝါကို အာရုံခံမိသည်နှင့် ထိုနှစ်ယောက် မည်သူဖြစ်သည် ဆိုသည်ကို လင်းတိုင်ရှု ချက်ချင်း တန်းသိလိုက်လေ၏။ သူတို့ထဲမှ တစ်ယောက်ကို အဆိပ်အရှိန်အဝါတို့ဖြင့် ရစ်ပတ်လွှမ်းခြုံထားခဲ့၍ အခြားတစ်ယောက်ကိုမူ သိပ်သည်းလှသည့် ယင်ချီတို့က ရစ်သိုင်းထားခဲ့လေ၏။

“သူတို့တွေက မိသားစုကြီး(၇)ခုပေါင်း တပ်စုစီ သွားနေတာ” ပြောပြီးသည်နှင့် လင်းတိုင်ရှုက ရန်ကိုင်ဘက် လှည့်ကြည့်လိုက်၏။

ယမန့်နေ့ည တိုက်ပွဲကြောင့် မိသားစုကြီး(၇)ခုပေါင်း တပ်စု ပြင်းပြင်းထန်ထန် အထိနာသွားခဲ့ရ၏။ ရန်ဝေနှင့် ရန်ကျောင်းတို့ စံအိမ်မှ အဖွဲ့သားများသည် သူတို့နှင့်အတူ ပူပေါင်းရှိနေသော်ငြား သူတို့၏အဖွဲ့ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တစ်ယောက်မျှပင် မရှိချေ။ ရန်ဝေ၊ ရန်ကျောင်းအား ကာကွယ်ပေးနေသည့် သွေးစစ်သည်တော်(၄)ယောက် သက်သက်ဖြင့် မိစ္ဆာဘုရင် (၂)ယောက်၏ တိုက်ခိုက်မှုအား ခုခံနိုင်လိမ့်မည် မဟုတ်။

မိစ္ဆာဘုရင်(၂)ယောက်သည် သူတို့၏ အရှိန်အဝါက ဖွင့်ထုတ်လိုက်ပြီး စတင်လှုပ်ရှားဖို့ ပြင်ဆင်နေခဲ့လေပြီ။

ရန်ကိုင်သည်လည်း တစ်ခဏတာမျှ တုန့်ဆိုင်းနေခဲ့ပြီး သည့်နောက် အခိုင်အမာ ဆိုလိုက်၏ “ကျုပ်တစ်ချက် သွားကြည့်လိုက်မယ်”

လင်းတိုင်ရှုက ပြုံးကာ ခေါင်းညိတ်၍ “ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်”

နတ်ဆိုးအိုကြီးလည်း ရှေ့ထွက်လိုက်ပြီး “အစေခံအိုကြီးလည်း သခင်လေးနောက် လိုက်ခဲ့မယ်”

“ကျုပ်တို့လည်း သခင်လေးနောက် လိုက်ခဲ့မယ်” တုဖုန်းနဲ့ ကျန်ရှိနေသော သွေးစစ်သည်တော်တွေ အကုန်လုံး ပြိုင်တူအော်ပြောလိုက်ကြ၏။

မန်ဝူရက အသာအယာ ချောင်းဟန့်လိုက်၍ “ငါမလိုက်တော့ဘူး”

သူနေကို နေခဲ့ရပေမည်။ မဟုတ်လျှင် ရန်ကိုင်စံအိမ်ရှိ လူအများ၏ လုံခြုံရေးအား မည်သူမှ အာမခံနိုင်လိမ့်မည် မဟုတ်ချေ။

လီယွမ်ချွန် ကြက်သေသေသွားခဲ့ပြီး အလိုလို ပြောလိုက်မိလေ၏ “မင်းတို့ အားလုံးရူးနေကြတာလား”

အန္တရာယ်များလွန်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် အချိန်တွင်ပင် မည်သည့်အတွက်ကြောင့် အပြင်သို့ ပြေးထွက်ချင်နေကြမှန်း သူနားမလည်နိုင်ချေ။

ကုန်းတွင်းပိုင်းသားတွေရဲ့ စိတ်ထားက အဆုံးမဲ့ ပင်လယ်ကျွန်းသားတွေရဲ့ စိတ်ထားနှင့် မည်သည့် အတွက်ကြောင့် အကွဲကြီး ကွဲပြားနေခဲ့ရလေနည်း။ လီယွမ်ချွန်စိတ်ထဲ ထိုကဲ့သို့သော အတွေးမျိုး ထွက်ပေါ် လာခဲ့၏။

ရန်ကိုင်က လီယွမ်ချွန်ဆီ လှမ်းကြည့်လိုက်ပြီး “စီနီယာလီ၊ ခင်ဗျားကျန်ခဲ့ရင် အကောင်းဆုံးပဲ”

လီယွမ်ချွန်က ဂျောက်ဂျက်တစ်ခုပမာ ခေါင်းကို အဆက်မပြတ် လှုပ်ခါရမ်းလိုက်၍ “မကျန်ခဲ့ဘူး။ ဒီလူအိုကြီး မင်းနောက်ကို လိုက်ခဲ့မယ်”

ရန်ကိုင် မျက်ခုံးပင့်လိုက်၍ သာမန်အတိုင်း ပြန်ပြောလိုက်၏ “ခင်ဗျားကြိုက်သလိုသာလုပ်”

လီယွမ်ချွန် သေအန်လုမတတ် ဖြစ်သွားခဲ့ရ၏။ ရန်ကိုင်၏ အမူအရာကို မြင်လိုက်သည်နှင့် သူအခုလို ပြောလာမည်မှန်း ရန်ကိုင် ကြိုတင်မျှော်လင့်ထားကြောင်း လီယွမ်ချွန် အတပ်သိလိုက်၏။ သို့သော် သူလုပ်သည့်အရာ ရှိလေသလော။

လွန်စွာကို စိတ်ဓါတ်ကျနေသော်ငြား ပြောမထွက်နိုင်ခဲ့။ သူ့နှလုံးသားထဲ မြိုသိပ်၊ သိမ်းဆည်းထားဖို့ရာ ရှိတော့၏။

“နတ်ဆိုးအိုကြီး၊ ခင်ဗျားဒီနေခဲ့။ ခင်ဗျားရဲ့ ခွန်အား ပြန်ပြည့်လာဖို့က ပိုအရေးကြီးတယ်” ရန်ကိုင် အမိန့်ပေးလိုက်လေ၏။ လွန်ခဲ့သောညက တိုက်ပွဲတွင် နတ်ဆိုးအိုကြီးက နတ်ဆိုးတစ္ဆေသူတော်စင် ပညာရပ်အား ထုတ်သုံးခဲ့ရာ ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရပြီး ထိုတန်ပြန် ဘေးထွက်ဆိုးကျိုးမှ ယခုထိတိုင် ပြန်သက်သာလာခြင်း မရှိသေးချေ။ ထို့ကြောင့် သူပါလိုက်လာမည်ဆိုလျှင်ပင် သူကူညီပေးနိုင်သည်မှာ အကန့်အသတ်နှင့်ပင် ဖြစ်၏။

နတ်ဆိုးအိုကြီးလည်း ခဏတာမျှ စဉ်းစားလိုက်ပြီး ပြန်လည်ငြင်းဆိုခြင်း မပြုပဲ “သခင်လေး ဂရုစိုက်ပါ”

“စိတ်မူပါနဲ့၊ ရန်သူဘက်မှာက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် နှစ်ယောက်ပဲရှိတာ။ ကျုပ်ဘက်ကမှာက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်နှစ်ယောက်အပြင်ကိုမှ သွေးစစ်သည်တော် (၈)ယောက်လည်း ရှိသေးတယ်။ ကျုပ်အန္တရာယ်ရှိမှာ မဟုတ်ဘူး” ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူ၍ စံအိမ်ထဲကနေ ပြေးထွက်သွားလိုက်လေ၏။

-----------------------------------------------------------

စစ်ပွဲမြို့တော်၏ တစ်နေရာ၌၊

ရီရှင်းရို့၏ အမိန့်အောက်၌ မိသားစုကြီး(၇)ခုပေါင်း တပ်စုသည် ဗဟိုမြို့တော်ဆီသို့ မြန်ဆန်စွာ ရွေ့လျားနေခဲ့ကြလေ၏။

လမ်းတစ်လျှောက် ရန်ကျောင်း၊ ရန်ဝေတို့၏ အင်အားစုများနှင့် ပူးပေါင်းမိသွားခဲ့၍ သူတို့၏ စုပေါင်းတပ်အင်အားသည်လည်း ယခင်ထက်ပိုပြီး ကြီးမားတောင့်တင်း လာခဲ့ရ၏။

ထိုအဖွဲ့၌ အဖွဲ့ဝင်အရေအတွက် စုစုပေါင်း (၈၀၀) နီးပါး ရှိနေခဲ့၍ အများစုသည် အားအရမ်းမကောင်းလှသော်ငြား လူပေါင်းများစွာ၏ ဝန်ခံထားခြင်း ခံရသည့်အတွက် ရီရှင်းရို့၊ ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့၏ စိတ်ထဲ အနည်းငယ် ပိုပြီးလုံခြုံသလို ခံစားလိုက်ရ၏။

ထိုကဲ့သို့အားကောင်းလှတဲ့ တပ်စုဖြင့်ဆိုလျှင် တိမ်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင် ရောက်လာခဲ့လျှင်ပင် ခုခံနိုင်လိမ့်မည်ဟု သူတို့စိတ်ထဲ စိတ်ကူတွေ ယဉ်မိနေခဲ့ကြလေ၏။

ရန်ကျောင်းနှင့်ရန်ဝေတို့ နှစ်ယောက်လည်း ရှိနေခဲ့ကာ နှစ်ယောက်စလုံးက တိမ်သွားမြင်ကိုယ်စီပေါ် ထိုင်ကာ ဘေးချင်းယှဉ် သွားနေခဲ့ကြ၏။

“ကိုးယောက်မြောက်ညီလေးကော” ရန်ကိုင်ကို လူအုပ်ထဲ မတွေ့သဖြင့် ရန်ဝေက မေးလိုက်လေရာ ရီရှင်းရို့က အထင်အမြင်သေးသေးဖြင့်

“သခင်ငယ်လေးက ကျွန်မတို့နဲ့ အတူပူးပေါင်းဖို့ အထင်အမြင် သေးတယ်လေ။ သူ့အိမ်မှာပဲ နေခဲ့မယ်တဲ့? သူက သေချင်နေမှတော့ ကျွန်မလည်း သူ့ကို ဘာပြောနိုင်ဦး မှာလဲ” ဟုရေရွတ်လိုက်လေ၏။

ရန်ကျောင်းက အေးစက်စက်အမူအရာဖြင့် ရီရှင်းရို့အား စိုက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းအစုံအား မှေးကျဉ်းလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အပိုင်း(၅၆၄) မိစ္ဆာဘုရင်များ၏ တိုက်ခိုက်မှု

ရန်ကိုင်နှင့် သူ့အဖွဲ့သားများက ရန်ကိုင်စံအိမ်မှာပဲ နေရစ်ခဲ့သည်ဆိုသော အကြောင်းအား ကြားလိုက်သည်နှင့် ရန်ဝေက “ကိုးယောက်မြောက်ညီလေးက မဆင်မခြင် လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူအခုလို နေဖို့ ရွေးချယ်ခဲ့တယ် ဆိုမှတော့ သူ့မှာ ကြိုစီစဉ်ထားတာတွေ ရှိလို့ပဲ ဖြစ်ရလိမ့်မယ်။… ဗဟိုမြို့တော်ဆီ ပြန်ပြေးမယ့် အစား သူနဲ့အတူ ပူးပေါင်းလုပ်သင့်တယ်လို့ ငါထင်တယ်” ဟု ဆိုလိုက်လေ၏။

ရီရှင်းရို့ စိတ်ထဲ၌ ကြိတ်ရယ်လိုက်လေ၏။ ပါးစပ်က တစ်ခွန်းမှ ထုတ်မပြောသော်ငြား ရန်ဝေ၏ အထင်အမြင်က အလွန့်အလွန်ကို ကြောက်ရွံ့လွန်းသည်ဟု သူမစိတ်ထဲ ထင်မြင်မိ၏။

ခန်ကျန်းသည်လည်း ပြုံးလိုက်၍ “အကြီးဆုံးသခင်လေး၊ အကြီးအကဲချုပ်(၇)ယောက်က သူတို့အသက်ကို ရင်းပြီး မိစ္ဆာဘုရင်တွေကို ဟန့်တားထားတုန်း ဗဟိုမြို့တော်ဆီ အမြန်ပြန်သင့်တယ်နော်”

သို့သော်ငြား ရန်ဝေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ “အဲ့လူတွေကိုသာ အနိုင်ယူနိုင်ရင် ငါတို့သွားသွား၊ မသွားသွား ကိစ္စမရှိဘူး။ ဒါပေမယ့် သူတို့သာ ရှုံးသွားခဲ့လို့ ငါတို့သာ ဗဟိုမြို့တော်ဆီ အချိန်မှီ ပြန်မရောက်ရင်…”ဟု ဆိုလိုက်လေလျှင် ရီရှင်းရို့၊ ခန်ကျန်းနှင့် ကောင်းရန်ဖုန်း တို့၏ အမူအရာ မှုန်ကုတ်သွားခဲ့ကြလေ၏။

ရန်ဝေ၏ စကားများသည် သူတို့တစ်တွေ မတွေးရဲသည့်… ရှောင်တွေးနေသည်ဟုပြောလျှင် ပိုမှန်ပေမည်… ထိုရှောင်တွေးနေသည့် ဖြစ်နိုင်ချေအား တည့်တည့် ထိမှန်သွားခဲ့လေ၏။ မူလက ထိုဖြစ်နိုင်ချေအား ရှောင်တွေးနေခဲ့ခြင်းဖြစ်၏။ ယခု ရန်ဝေက ထုတ်ပြော လာခဲ့လေပြီဖြစ်ရာ သူတို့လည်း ထိုဖြစ်နိုင်ချေအား ဆက်ပြီး ရှောင်မတွေးနိုင်တော့ချေ။

“မဖြစ်နိုင်ဘူး…” ခန်ကျန်းက အားတင်းပြုံးလိုက်၍ “ငါတို့ဘက်မှာ လူ(၇)ယောက်တောင် ရှိနေတာလေ”

“ဟုတ်တယ်” ကောင်းရန်ဖုန်းကလည်း ခေါင်းညိတ်၍ “အကြီးအကဲချုပ်(၇)ယောက်က ရန်သူတစ်ယောက် တည်းကို ဘာလို့ရှုံးရမှာလဲ။ အနိုင်မယူနိုင်ရင်တောင် အနည်းဆုံးတော့ ငါတို့ဗဟိုမြို့တော်ဆီ ပြန်ရောက်တဲ့အထိ အချိန်ဆွဲပေးထားနိုင်လောက်လိမ့်မယ်…”

ထိုအချိန်မှာပဲ ရန်ဝေနှင့် ရန်ကျောင်းတို့အား စောင့်ရှောက် ကာကွယ်ပေးနေသည့် သွေးစစ်သည်တော် တွေက ရုတ်တရက် အော်ပြောလိုက်လေ၏ “သခင်လေးတို့၊ သတိထား”

အော်ပြောရင်းနှင့်ပင် လေးယောက်စလုံးက ရန်ဝေနှင့် ရန်ကျောင်းတို့ဆီ ပျံသန်းသွားလိုက်ပြီး ခုခံဟန်ပုံစံ ပြင်လိုက်ကြ၏။

အဖွဲ့တစ်ခုလုံး တန့်သွားခဲ့၏၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များသည်လည်း ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် အရှေ့သို့ ငေးကြောင်ကြည့်နေခဲ့ကြ၏။

သူတို့အရှေ့၌မူကား ပုံရိပ်နှစ်ခုက လေထဲဝဲနေလျက် အောက်ခြေရှိ လူအုပ်ကြီးအား စီးကာငုံ့ကြည့်နေ၏။

ထိုပုံရိပ်နှစ်ခု၏ မျက်နှာအား အသေအချာမမြင်ရချေ။ တစ်ယောက်ကို အစိမ်းရောင်မြူခိုးတို့ဖြင့် ဖုံးလွှမ်းထားခဲ့ပြီး အခြားတစ်ယောက်ကိုမူ မည်းနက်နေသည့် အနက်ရောင် ချီတို့က ရစ်သိုင်းထားလေ၏။ တလက်လက် စူးရှတောက်ပ နေသည့် မျက်ဝန်းနှစ်စုံကိုသာ မြင်တွေ့ရ၍ မည်သူကမျှ ထိုမျက်လုံးနှစ်စုံနှင့် အကြည့်ချင်း မဆုံရဲချေ။

“ကျဲ ကျဲ ကျဲ ကျဲ…” အစိမ်းရောင်မြူခိုးတို့ဖြင့် ရစ်သိုင်းနေသည့် လူကြီးက ချောက်ချားဖွယ်ကောင်းစွာ အော်ဟစ်ရယ်မောလိုက်ပြီး ရန်ဝေဆီ စိုက်ကြည့်ကာ ချီးကျူးသည့် လေသံဖြင့် “အဲ့မှာရှိနေတဲ့မင်း၊ မဆိုးဘူး။ တော်တယ်၊ အခြေအနေကို ကောင်းကောင်း သုံးသပ်နိုင်တယ်။ မင်းတို့အားလုံးက အရူးတွေချည်း မဟုတ်ကြဘူးပဲ။ တကယ်တော့ မင်းတို့မိသားစုကြီး (၈)ခုက ခွေးအိုကြီး(၇)ကောင်လည်း ငါတို့ထွတ်မြတ်နယ်မြေက ပညာရှင်တွေကို တားဆီးနိုင်မှာ မဟုတ်ဘူး။ မတားနိုင်ရုံတင် မဟုတ်ဘူး၊ မိနစ်အနည်းငယ်အတွင်း သူတို့တွေ သေသွား ရတော့မှာ”

“မင်းတို့အားလုံးလည်း သေရလိမ့်မယ်” အနက်ရောင် အငွေ့တို့ဖြင့် ရစ်သိုင်းနေသည့် လူအိုကြီးက ငရဲကြီး ကိုးထပ်မှ ထွက်ပေါ်လာသည့် အသံကဲ့သို့သော အက်ခြောက်ခြောက်အသံဖြင့် အော်ပြောလိုက်၏။ သူ့အသံ ကြားလိုက်ရသူတိုင်း ကျောချမ်းသွားခဲ့ရလေ၏။

လူအိုကြီးနှစ်ယောက် ပြောသည်ကိုကြားသော် ရီရှင်းရို့က “အရှက်မရှိ ကြွားဝါနေလိုက်တာ။ ရှင်တို့တွေက ဘယ်သူမို့လို့လဲ”ဟု ပြန်အော်ပြောလိုက်လေ၏။

သူမပြောသည်အား ကြားလိုက်သည်နှင့် ဝါးလုံးကွဲ ရယ်မောသံတို့ ထွက်ပေါ်လာခဲ့ပြီး အစိမ်းရှောင်မြူထုဖြင့် ရစ်ပတ်လွှမ်းခြုံထားသည့် လူအိုကြီးက သူ့အဖော်အား “တစ္ဆေဘုရင်ရေ၊ ငါတို့ကိုမသိတဲ့ လူတွေတောင် ရှိသေးတယ်ဟ။ ဒီကောင်စုတ်လေးတွေက မိသားစုကြီး(၈)ခုရဲ့ တက်သစ်စကြယ်ပွင့်လေးတွေကော ဟုတ်ရဲ့လားကွာ။ ငါတို့ကိုတောင် မသိဘူးဆိုတော့ မိသားစုကြီး(၈)ခုက တကယ်ကို နိမ့်ကျလာတဲ့ပုံပဲ”

“ဟန့်၊ မိသားစုကြီး(၈)ခုလား။ ဒါက သူတို့ကိုယ်သူတို့ ပေးထားတဲ့ နာမည်သက်သက်ပဲလေ။ ဘာတွေ လာထည့်ပြောနေသေးတာလဲ” တစ္ဆေဘုရင်ဟု ခေါ်သည့် လူက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အဆိပ်ဘုရင်၊ ငါတို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်နည်းလမ်းလေးတွေ ရှိတယ်ဆိုတော့ ဘယ်သူ့နည်းလမ်းက ပိုကောင်းလဲ ဆိုတာကို ပြိုင်ပွဲလေး မလုပ်ချင်ဘူးလား” ဟုမေးလိုက်၏။

“အနိုင်ရတဲ့သူကို ဘယ်လိုဆုံးဖြတ်မှာလဲ”

“လူအများကြီး ရှိနေတာလေ။ အများဆုံး သတ်နိုင်တဲ့ လူက အနိုင်ပဲပေါ့”

“ကောင်းပြီလေ။ ဒါက ငါ့အကြိုက်နဲ့ကွက်တိပဲ”

အောက်တွင်ရှိနေသည့် လူ(၈၀၀)ကျော်က လေထဲဝဲနေသည့် ပုံရိပ်နှစ်ခုအား ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေခဲ့လေ၏။

သို့သော်ငြား ခဏအကြာ၌ ရီရှင်းရို့က ထိတ်လန့် တကြားဖြင့် အော်ဟစ်လိုက်ပြီး “ယင်တစ္ဆေဘုရင်၊ အဆိပ်ဘုရင်”

ထိုနှစ်ယောက်စလုံး သူတို့ကြားက ပြောစကားများကို နည်းနည်းမျှပင် ဖုံးကွယ်ဖို့ရာ ကြိုးစားခဲ့ခြင်း မပြုခဲ့သည် ဖြစ်၍ ရီရှင်းရို့သည်လည်း သူတို့ မည်သူမည်ဝါ ဆိုသည်အား မခန့်မှန်းနိုင်ပါကမ တိုင်နဲ့ခေါင်းဆောင့်ပြီးတော့သာ ကိုယ့်ကိုယ်ကို သက်သေလိုက်သင့်တော့၏။

တိမ်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်နှစ်ပါး… ထိုနှစ်ယောက် မည်သူမည်ဝါ ဆိုသည်အား သိလိုက်သည်နှင့် အကုန်လုံး ချောက်ချား သွားခဲ့ကြလေ၏။

မိစ္ဆာဘုရင်(၆)ပါးထဲ အဆိပ်ဘုရင်နှင့် ယင်တစ္ဆေဘုရင် နှစ်ပါးသည် သွေးအဆာဆုံး၊ အရက်စက်ဆုံဆုံးအဖြစ် လူသိများကျော်ကြားလေ၏။

ထို့အပြင် သူတို့နှစ်ယောက် လေ့ကျင့်ထားကြသည့် နည်းစနစ်နှင့် ကျင့်စဉ်များကြောင့် နှစ်ယောက်စလုံးသည် အစုလိုက်အပြုံလိုက် လူသတ်ရာ၍ အသင့်တော်ဆုံး ဖြစ်၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်နှစ်ဦးက သူတို့ရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဘယ်သူလူအများဆုံး ပိုသတ်နိုင်လဲ ပြိုင်ကြမည်ဟု ပြောနေလေရာ သူတိုထဲက မည်သူကများ မကြောက်ပဲ နေမည်နည်း။

“အားလုံး လူစုခွဲလိုက်ကြ” သွေးစစ်တော် တစ်ယောက်က အော်ပြောလိုက်၏။ အခြားတစ်ယောက်သာ ဆိုလျှင် စုပေါင်းပြီး တန်ပြန်ခုခံတိုက်ခိုက်ကောင်း တိုက်ခိုက် နိုင်ဦးပေလိမ့်မည်။

သို့သော်ငြား သူတို့ရင်ဆိုင်နေရသည့်သူမှာ အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်ဖြစ်ရာ အရေအတွက်က အရေးမပါတော့ချေ။ အတူတူပူးကပ်နေခြင်းဟာ ထိုပညာရှင်နှစ်ယောက် လူသတ်ဖို့အတွက် ပိုပြီး လွယ်ကူအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူ့အော်ပြောလိုက်သော်လည်း မည်သည်မှ မတုန့်ပြန်ခဲ့ကြ။ မိသားစုကြီး(၈)ခုမှ ထိပ်တန်းအဆင့် ပညာရှင်များသည်ပင်လျှင် ထိုပုဂ္ဂိုလ် နှစ်ယောက်အား ကြောင်ငေးနေခဲ့ကြလေ၏။

ယမန်နေ့ ရန်ကိုင်စံအိမ်မှ ပညာရှင်များနှင့် ရင်ဆိုင်ရစဉ် အခါက အထက်စီးဆန်းဆန်ဖြင့် ပြုမူခဲ့ကြ၏။ သို့သော်ငြား တိမ်မိစ္ဆာနယ်မြေမှ ဘုရင်နှစ်ပါးနှင့် ရင်ဆိုင်သည့်အခါတွင်မူ အကုန်လုံး ကြက်သေသေနေခဲ့ကြလေ၏။ ထို့ကဲ့သို့ ကြောင်ငေးနေလိုက်သည့်အတွက် ခုခံနိုင်မည့်၊ ထွက်ပြေး နိုင်မည့် အကောင်းဆုံးသော အခွင့်အရေးအား လက်လွှတ်လိုက်ရလေ၏။

“လွတ်နိုင်မယ်လို့ ထင်နေတာလား” ယင်တစ္ဆေဘုရင်က လှောင်ပြောင်ပြောဆို လိုက်ပြီးသည်နှင့် များလှစွာသော ကြောက်မက်ဖွယ် တစ္ဆေဝိဥာဉ်များ သူ့ကိုယ်မှ စတင် ထွက်ပေါ်လာခဲ့လေ၏။ စူးစူးရှရှ အော်မြည်လျက် ထိုတစ္ဆေဝိဥာဉ်များသည် လျှပ်စီးတန်းတစ်ခုအလား လူအုပ်ထဲ ပြေးဝင်သွားခဲ့ပြီး စိတ်ရှိလက်ရှိ သတ်ဖြတ် ကြတော့လေသည်။

ထိုတစ္ဆေဝိဥာဉ်များ ဖြတ်သန်းသွားသည့် နေရာတိုင်း လေအေးတို့ ဖြတ်ပြေးသွားခဲ့ပြီး အနီးအနား၌ ရှိနေသူ များအား တဆတ်ဆတ် တုန်ရီသွားစေခဲ့၏။

ထိုမြင်ကွင်းကို ကြည့်ရင်း တစ္ဆေဘုရင်က ကျေနပ်နေဟန်ဖြင့် အသံအကျယ်ကြီး အော်ဟစ် ရယ်မော လိုက်ရာ သူ၏ ရယ်သံကို ကြားလိုက်ရသူအားလုံး ပိုပြီး ထိတ်လန့်ကြောက်ရွံ့ သွားခဲ့ကြလေ၏။

တစ်ချို့သော ပြတ်သားသည့် ကျင့်ကြံသူများကမူ သူတို့ရဲ့ သိုင်းပညာရပ်များအား ထုတ်သုံးကာ ထိုတစ္ဆေဝိဥာဉ်များအား တိုက်ခိုက်လိုက်ကြ၏။ သို့သော်ငြား သူတို့၏ တိုက်ခိုက်မှုများသည် တစ္ဆေဝိဥာဉ်များ၏ ခန္ဓာကိုယ်အား ထောက်ထွင်သွားခဲ့ပြီး ၎င်းတို့ကို ဒဏ်ရာ အနည်းငယ်မျှပင် ရအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ချက်ချင်းဆိုသလို တစ္ဆေဝိဥာဉ်များက ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားခဲ့ကြ၏။ တစ္ဆေဝိဥာဉ် ပူးကပ်ခြင်း ခံလိုက်ရသည့် ကျင့်ကြံသူများမှာ အသိစိတ်ပျောက်ကာ သူတို့၏ မိတ်ဆွေများအား ပြန်တိုက်ကြတော့လေသည်။

“ဝိဥာဉ်ပညာရပ်၊ ဝိဥာဉ်ပညာရပ်ကိုသုံးပြီး တိုက်ကြ” ပညာရှင်တွေထဲက တစ်ယောက်က အလျင်စလို အော်ပြော သတိပေးလိုက်၏။

တစ္ဆေဘုရင်ထုတ်လွှတ်သည့် တစ္ဆေဝိဥာဉ်များကို ထိတွေ့ကိုင်တွယ်၍ မရချေ။ ထို့ကြောင့် သာမန်တိုက်ခိုက် မှုများသည့် ထိုတစ္ဆေဝိဥာဉ်များ ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခြင်း မရှိပဲ ဝိဥာဉ်ပညာရပ်များသည်သာ ၎င်းတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နိုင်၏။

သို့သော်ငြား လူအုပ်ကြီးတစ်ခုလုံး၏ သုံးပုံတစ်ပုံသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်သေး၏။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်း၏ ဝိဥာဉ် ပညာရပ်သည်လည်း အကျိုးသက်ရောက်နိုင်မှုခြင်း မတူညီကြချေ။

သူတို့ထဲမှ အားအကောင်းဆုံးသည် ထိုတစ္ဆေဝိဥာဉ် များအား ဟန့်ထား၊ ဖျက်စီးနိုင်ပြီး ကျန်သည့် ပညာရှင်များ ကမူ ထိုတစ္ဆေဝိဥာဉ်များအား နှေးကွေးသွားအောင်ပင် မလုပ်ဆောင်နိုင်ချေ။

မျက်တောင်တစ်ခတ်အတွင်း၌ပင် လူတစ်ရာကျော် သေဆုံးသွားခဲ့လေပြီ။

ထိုလူ(၁၀၀)ကျော်စလုံးသည် အသိစိတ် မရှိတော့သည့် လူတွေဖြစ်ကုန်ကြ၏။ တစ္ဆေဝိဥာဉ်များ၏ ပူးကပ်ခြင်း ခံလိုက်ရပြီးသည့်နောက် ထိုလူများ၏ စိတ်နေစိတ်ထား သည်လည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ချိန်က မိတ်ဆွေဟု ခေါ်ဆိုခဲ့ဖူးသော လူများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေတော့၏။

အော်သံတို့ ပဲ့တင်ထပ်နေခဲ့ပြီး သွေးများသည်လည်း မြစ်အလားစီးကျနေခဲ့၏။ များမကြာမီ၌ပင် ထိုဧရိယာ တစ်ခုလုံး ငရဲခန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ ရလေတော့၏။

“ကျဲ ကျဲ ကျဲ ကျဲ…” တစ္ဆေဘုရင်က အရိုင်းဆန်စွာ အော်ဟစ်ရယ်မောလိုက်၏။ လူကိုယ်တိုင် လှုပ်ရှားခြင်း မပြုပဲ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်ကို ဖန်တီးနိုင်သည်ကို ကြည့်လျှင် တစ္ဆေဘုရင် မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်းကို မြင်တွေ့နိုင်ပေ၏။

ထိုအချိန်၌ အဆိပ်ဘုရင်ခန္ဓာကိုယ်မှ အဆိပ်ငွေ့တို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့လေ၏။

မကြာခင်မီ အချိန်မှာပဲ ထူထည်းလှသည့် အဆိပ်ငွေ့ များသည် ဧရိယာတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့လေ၏။

အဆိပ်မြူခိုးထဲ ပိတ်မိသွားသည့်လူမှန်သမျှ မြေကြီးပေါ်သို့ လျင်မြန်စွာ လဲကျသွားခဲ့ပြီး သွေးအိုင်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။ အချိန်တိုအတွင်း၌ အရိုးများပင် ပျောက်ကွယ်သွားခဲ့ရလေ၏။

“အဆိပ်တွေကိုသတိထား” တစ်ယောက်ယောက်က အော်ဟစ်သတိပေးလိုက်သော်ငြား သူသတိပေးသံက နောက်ကျသွားခဲ့လေပြီ။ အဆိပ်ဘုရင်က များစွာသော အင်မော်တယ် တက်လှမ်းခြင်း အဆင့်များအပါဝင် လူပေါင်း မြောက်များစွာ၏ အသက်များကို ချွေယူပြီးသွားခဲ့လေပြီ။

အဆိပ်မြူအောက် လူအနည်းငယ်သာ အသက်ရှင်သန် နိုင်ခဲ့လေ၏။ အင်မော်တယ် တက်လှမ်းခြင် အဆင့်၇ အထက် ကျင်ကြံသူများသာ တစ်မုဟုတ်ချည်း သွေးအိုင်အဖြစ် ပြောင်းလဲသွားရခြင်းမှ ရှောင်ရှားနိုင်ခဲ့၏။

ထိုထိပ်တန်းအဆင့် ပညာရှင်များသည်ပင် သူတို့၏ အစစ်အမှန်ချီအား ရူးသွပ်စွာလှည့်ပတ်၍ ကိုယ်ထဲ တိုးဝင်လာသည့် အဆိပ်များအား အမြန်အဆန် ချေဖျက်ကြရလေ၏။

ယခုအခြေအနေတွင် တစ္ဆေဘုရင် ထိန်းချုပ်ထားသည့် ပညာရှင်များသည် သာမန်ရိုက်ချက် အနည်းငယ်ဖြင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက်ပြီး တစ်ယောက်၏ အသက်ကို ချွေယူနေခဲ့၏။

မိစ္ဆာဘုရင်နှစ်ယောက်သည် အတူပူပေါင်း၍ (၈၀၀)သော ကျင့်ကြံသူများကို စိတ်ရှိလက်ရှိ သတ်ဖြတ် နေခဲ့လေ၏။

ထို့အပြင် မိစ္ဆာဘုရင်နှစ်ယောက်၏ အမူအရာက ထိုကဲ့သို့ လုပ်ဆောင်ဖို့ရာ သူတို့အတွက် အားအများကြီး စိုက်စရာမလိုသည့်ပုံပင်။

“သွေးရူးသွပ်ခြင်းပညာရပ်” ရန်မိသားစု သွေးစစ်သည်တော် လေးယောက်သည် သွေးရူးသွပ်ခြင်း ပညာရပ်အား တုန့်ဆိုင်းခြင်းမရှိ အသက်သွင်းလိုက်ပြီး ရန်ကျောင်းနှင့်ရန်ဝေတို့ ထွက်ပြေးနိုင်ဖို့ရာ လမ်းပေါက် တစ်ခုကို ရှာဖွေလိုက်ကြ၏။

ရီရှင်းရို့မှာမူ တိမ်သွားမြင်ပေါ်ထိုင်လျက် ကြက်သေသေနေခဲ့၏။ သူမ၏ မျက်နှာထက် ကြောက်ရွံ့မှု၊ တုန်လှုပ်ချောက်ချားမှုတို့ဖြင့် ပြည့်နေခဲ့လေ၏။

တိမ်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်များသည် ယခုကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မယ် သူမ တစ်ကြိမ်မျှပင် မတွေးခဲ့ဖူး။

ခန်ကျန်းနှင့် ကောင်းရန်ဖုန်းတို့သည်တောင် ကြောက်ရွံ့မှုကြောင့် မရွေ့၊ မလှုပ်ရှားနိုင် ဖြစ်နေခဲ့လေ၏။

သူတို့ နှစ်ယောက်သည် ခန်နှင့်ကောင်းမိသားစု၏ အမွေဆက်ခံသူများ ဖြစ်ကြ၏။ ဗဟိုမြို့တော်၌ မည်သည်ကိုမှ စိုးရိမ်ပူပန်စရာမလိုပဲ နေလာခဲ့ကြရာ သူတို့၏ အနာဂတ်သည် လုံးဝကို အတားအဆီးကင်းမဲ့ ဖြောင့်စင်းနေသည်ဟု ဆိုနိုင်ပေ၏။ အမွေခံတိုက်ပွဲ ဝင်ပြိုင်သည့်အခါ အခက်အခဲအချို့ ရင်ဆိုင်ခဲ့ရသော်ငြား ယခုအချိန်လိုမျိုး ဘာမှမလုပ်နိုင်သည့် အချိန်မျိုး မကြုံတွေ့ခဲ့ဖူးချေ။

ရန်ကိုင်နှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ် ရုန်းကန် နိုင်သေး၏။ သို့သော်ငြား ထိုမိစ္ဆာဘုရင်နှစ်ယောက်နှင့် ရင်ဆိုင်ရသည့် အခါတွင်မူ နှစ်ယောက်စလုံးမှာ လုံးဝကို မျှော်လင့်ချက် မဲ့နေခဲ့ရ၏။

“သခင်မလေး”

“သခင်မလေး”

ရီ၊ခန်နှင့် ကောင်းမိသားစုမှ ပညာရှင်များက ရီရှင်းရို့၊ ကောင်းရန်ဖုန်းနှင့် ခန်ကျန်းတို့အား တိမ်သွားမြင်းပေါ်မှ ဆွဲခေါ်သွားခဲ့ကာ ရန်မိသားစုမှ သွေးစစ်သည်တော်များလို ထွက်ပေါက်တစ်ခုအား ရှာဖွေကြလေ၏။

ကံမကောင်းစွာဖြင့် သူတို့၏ အပြုအမူအား တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်က သတိထားမိသွားခဲ့၏။

“အဆိပ်ဘုရင်၊ အဲ့ကောင်စုတ်လေးသုံးကောင်ရဲ့ အဆင့်အတန်းက ပုံမှန်မဟုတ်တဲ့ပုံပဲ” တစ္ဆေဘုရင်က ညစ်ကျယ်ကျယ်ဖြင့် ပြုံးကာ ဆိုလိုက်၏။

“သူတို့တွေက မိသားစုကြီး(၈)ခုရဲ့ တိုက်ရိုက် မျိုးဆက်တွေ ဖြစ်လောက်တယ်” အဆိပ်ဘုရင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ထိုပညာရှင်သုံးဖွဲ့အား ဝေ့ကြည့်လိုက်ကာ သူ့လက်ကို ဝှေ့ရမ်းလိုက်၏။

မရေမတွက်နိုင်အောင် များပြားလှသည့် မမြင်နိုင်သော စွမ်းအင်အလင်းတန်းများသည် အဆိပ်ဘုရင်၏လက်မှ ပြေးထွက်သွားခဲ့ပြီး ရီ၊ခန်နှင့် ကောင်းမိသားစုမှ ပညာရှင် များ၏ သက်တော်စောင့်များကို ထိမှန်သွားခဲ့လေ၏။

ထိုရီ၊ခန်နှင့်ကောင်းမိသားစု သက်တော်စောင့်များ အားလုံး သွေးအိုင်များအဖြစ် ပြောင်းလဲသွားခဲ့ကြရလေ၏။

“လာခဲ့” အဆိပ်ဘုရင်က သူ့လက်ကို ဆန့်တန်း၍ အော်ပြောလိုက်၏။ ရီရှင်းရို့၊ ခန်ကျန်းနှင့် ကောင်းရန်ဖုန်း တို့အား မမြင်နိုင်သော အားတစ်ခုက ရစ်ပတ်သွားခဲ့ပြီး တစ္ဆေဘုရင်ဆီ ဆွဲခေါ်သွားခဲ့လေ၏။

လူငယ်သုံးယောက်၏စလုံး၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူတို့ရှေ့၌ ရှိနေသည့် အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့ နှစ်ယောက်အား ကြောက်ရွံ့မှုတို့ ပြည့်လျမ်းနေသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

“မင်းတို့တွေက မိသားစုကြီဂ(၈)ခုရဲ့ တိုက်ရိုက်မျိုးဆက်တွေလား” တစ္ဆေဘုရင်က မေးလိုက်၏။

လူငယ်သုံးယောက်စလုံး လျှော့ရိုက်ခံထားရသည့် သစ်သားကြက်တွေပမာ တုန်ရီစွာဖြင့် ရပ်နေခဲ့ကြပြီး မည်သူမှက ပြန်မဖြေခဲ့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅၆၅) ရန်ကိုင်၊ ငါတို့ကို ကယ်ပါဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဆိပ်ဘုရင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ၍ သူ့လက်ကို ဆန့်ထုတ်ကာ လီရှင်းရို့၏ ပါးလေးအား ခြစ်ချလိုက်၏။

ရှရာတစ်ခုနှင့်အတူ နွေးထွေးလှသည့်သွေးစီးကြောင်း တစ်ခု ရီရှင်းရို့၏ နူးညံ့သိမ်မွေ့လှသည့် ပါးပြင်နုနုပေါ်မှ မြေကြီးထက်သို့ စီးကျသွားခဲ့လေ၏။

ရီရှင်းရို့၏ သွားများတခိုက်ခိုက် တုန်ရင်သွားခဲ့ပြီး သွားချင်းထိခတ်နေသည့် အသံအား သူမ၏ပတ်လည်၌ ရှိနေသော လူများပင် ကြားနိုင်၍ ကောင်မလေး၏ မျက်ဝန်းမျာဆီမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပါတော့လေ၏။

ယခုလေးပင် ခံစားလိုက်ရသည့် သေခြင်းတရား၏ အထိအတွေ့အား တစ်ကြိမ်တစ်ခါမျှပင် မခံစားဖူးခဲ့။

အိမ်မက်ဆိုးဆန်လှသော အရှိန်အဝါအား ခံစားမိသည်နှင့် သူမကိုယ်သူမ သေသွားပြီဟုပင် ထင်မှတ်ခဲ့မိသေး၏။

“ဒီလူအိုကြီးရဲ့ မေးခွန်းကို ဖြေနော်၊ မဟုတ်ရင် ဒီတစ္ဆေအိုကြီးရဲ့ တစ္ဆေဝိဥာဉ်တွေထဲက တစ်ကောင် ဖြစ်သွားရလိမ့်မယ်။ ဒီလူအိုကြီး၏ အကြိုက်ဆုံး အစားက နူးညံ့ပျော့ပျောင်းတဲ့ အသားရေကို ပိုင်ဆိုင်ထားတဲ့ မိန်းမငယ်လေးတွေပဲဆိုတာကို သိထားသင့်တယ်”

ထိုတစ္ဆေမိစ္ဆာဘုရင်သည် အသားစိမ်းကို စားသောက်၏ ဟူသော ကောလဟာလအား ပြန်အမှတ်ရလိုက်သည့်အခါ ရီရှင်းရို့သည် ထိတ်လန့်ချောက်ချားစွာ တစ္ဆေဘုရင်အား လှမ်း၍ ကြည့်လိုက်မိ၏။

ထို့အတွက်ကြောင့် ရီရှင်းရို့သည် မည်သည့်နေရာမှ ရလာမှန်းမသိသော သတ္တိအားစုစည်း၍ အမြန်အဆန် ပြန်လည်အော်ပြောလိုက်လေ၏ “မဟုတ်ဘူး”

ယခုလိုအခြေအမျိုး၌ပင် ကျိုးကြောင့်သင့်စွာ ဆုံးဖြတ်နိုင်သော သူမကိုယ်သူမ အံ့အားသင့်သွားခဲ့ရ၏။ တိမ်မိစ္ဆာနယ်မြေနှင့် မိသားစုကြီး(၈)ခုသည် ရေနှင့်မီးပမာ အမြဲမတည့်ကြခြင်းဖြစ်၏။ ထိုမိစ္ဆာဘုရင်နှစ်ယောက်သာ သူမတို့ မည်သည်မည်ဝါ ဆိုသည်အား သိသွားသည်နှင့် မည်ကဲ့သို့သော ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော နှိပ်စက်ညင်းပန်းမှုတို့က သူမတို့အား စောင့်ကြိုနေမည်ကို မည်သူမှ မပြောနိုင်။

ထိုကဲ့သို့ စဉ်းစားမိသည်နှင့် ရီရှင်းရို့က အခိုင်အမာပင် ငြင်းဆိုလိုက်လေ၏။

“မဟုတ်ဘူးလား” အဆိပ်ဘုရင်က ရက်စက်စွာ ပြုံး၍ ခေါင်းညိတ်ကာ “မဟုတ်မှတော့ မင်းတို့ကို အသက်ရှင်လျက် ထားစရာ မလိုတော့ဘူးပေါ့”

ထိုစကားကို ကြားလိုက်သည်နှင့် ကောင်းရန်ဖုန်းနှင့် ခန်ကျန်းတို့ ဖြူလျော်သွားခဲ့လေ၏။

ချက်ချင်းဆိုသလိုပင် ကောင်းရန်ဖုန်း၏ ခန္ဓာကိုယ်သည် မူလထက် နှစ်ဆမျှဖောင်းတင်းလာခဲ့၍ အော်ဟစ်သံပင် မပြုရသေးခင် သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့ရလေ၏။

အနား၌ရှိနေသော ခန်ကျန်းနှင့်ရီရှင်းရို့၏ တစ်ကိုယ်လုံး ကောင်းရန်ဖုန်း၏ သွေးစသွေးနတို့ဖြင့် စိုးရွှဲသွားခဲ့လေ၏။ သွေးစများသည် သူတို့၏ မျက်နှာနှင့်ပါးစပ်များထိပင် ရောက်ရှိနေခဲ့လေ၏။

ဘေးပတ်လည်ကမ္ဘာကြီးတစ်ခုလုံး ကြက်သွေးရောင် ပြောင်းသွားသည့်ပမာ…

“ဟုတ်ပါတယ်” ခန်းကျန်းက အလျင်စလို အော်ပြောလိုက်လေ၏ “ကျုပ်တို့က မိသားစုကြီး(၈)ခုရဲ့ တိုက်ရိုက်မျိုးဆက်တွေပါ။ ကျုပ်က ခန်မိသားစုရဲ့ ဆက်ခံသူ ခန်ကျန်းပါ”

“နင်ကကော” အဆိပ်ဘုရင်က စိတ်မရှည်တော့သည့် အမူအရာဖြင် ရီရှင်းရို့အား စူးစူရဲရဲစိုက်ကြည့်လိုက်၏။

ရီရှင်းရို့သည်လည်း ကောင်းရန်ဖုန်း၏ သွေးအိုင်ကြီးကို ကြည့်လျက် အလိုလို ခေါင်းညိတ်မိလိုက်၏။

ထိုလူ ဤလောကကြီးတွင် ဆက်မရှိနိုင်တော့ချေ။

မိသားစုကြီး(၈)ခု၏ သခင်းလေးတစ်ယောက်၊ ကောင်းမိသားစု၏ ဆက်ခံသူဖြစ်သော ကောင်းရန်ဖုန်းသည် သူမတို့၏ မျက်စိရှေ့တည့်တည့်၌ပင် သေဆုံးသွားခဲ့လေ၏။

“အဆိပ်ဘုရင်၊ သူတို့တွေက မိသားစုကြီး(၈)ခုရဲ့ တိုက်ရိုက်မျိုးဆက်တွေ ဆိုမှတော့ သူတို့တွေကို အသက်ရှင်လျက် ထားလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ဗဟိုမြို့တော်ကို တိုက်ခိုက်တဲ့အခါကျ နည်းနည်းပါးပါး ပိုအသုံးဝင်လာနိုင်တယ်” ယင်တစ္ဆေဘုရင်က ပြောလိုက်၏။

အဆိပ်ဘုရင်က အသာအယာ ခေါင်းညိတ်လိုက်၍ ပြန်လည် ငြင်းဆိုခြင်းမပြုခဲ့။ ရီရှင်းရို့သာ စိုက်ကြည့်လိုက်ပြီး “ကောင်မလေး၊ နင့်ရဲ့ မှားယွင်းတဲ့ အဖြေက နင့်သူငယ်ချင်းကို သတ်သွားခဲ့တာနော်”

ရီရှင်းရို့၏ မျက်ဝန်းအစုံမှာမူ အနက်ရောင် တိမ်တိုက်များ၏ ဖုံးလွှမ်းခြင်း ခံလိုက်ရသည့်ပမာ အရောင်အဆင်း ကင်းမဲ့နေခဲ့လေ၏။

“နှစ်ယောက်ရှိသေးတယ်” အဆိပ်ဘုရင်က သွေးစစ်သည်တော် လေးယောက်၏ စောင့်ကြပ် ကာကွယ်ပေးခြင်း ခံနေရသော ရန်ဝေနှင့် ရန်ကျောင်းအား လှမ်းကြည့်လိုက်ပြီး “အဲ့လေးယောက်က ရန်မိသားစု သွေးစစ်သည်တော်ခန်းမက ဖြစ်လောက်တယ်။ ဒီတော့ အဲ့ကောင်စုတ်လေးနှစ်ကောင်က ရန်မိသားစုနဲ့ ကျိန်းသေ ဆက်စပ်နေရလိမ့်မယ်”

ပြောပြီးသည်နှင့် သူ၏အမူအရာ အေးစက်သွားခဲ့၏။

မိသားစုကြီး(၈)ခုနှင့် တိမ်မိစ္ဆာနယ်မြေကြား မကျေအေး နိုင်သည့် အမုန်းတရားတို့ ရှိသည်ဆိုသော်ငြား သူတို့ အမုန်းဆုံး လူအား ပြောပါဆိုလျှင် ရန်မိသားစုကိုပဲ လက်ညိုးထိုး ညွှန်ပြရပေလိမ့်မည်။

ရန်မိသားစုသည် မိသားစုကြီး(၈)ခု၏ ဦးစီးဦးဆောင် ဖြစ်သည်ဆိုသည်က တစ်ကြောင်း၊ သိပ်တော့အရေးမပါလှ၊ အဓိက အကြောင်းပြချက်မှာ လွန်ခဲ့သောတိုက်ပွဲတွင်း၌ ရန်မိသားစုမှ သွေးစစ်သည်တော်များသည် တိမ်မိစ္ဆာနယ်မြေ၏ ပညာရှင်ပေါင်းများစွာအား သတ်ဖြတ် ခဲ့သောကြောင့်ပင်ဖြစ်၏။ ထိုအတွက်ကြောင့် ရန်မိသားစု သွေးစစ်သည်တော်များ၏ နာမည်သည် တိမ်မိစ္ဆာနယ်မြေ တစ်ခွင်ကျော်ကြားလာခဲ့၍ သူတို့၏ အမည်နာမအား ဆိုလိုက်လျှင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ ကြောက်ဒူးတုန် ရလေ၏။

ယခု သွေးစစ်သည်တော် (၄)ယောက်နှင့် ရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်နှစ်ယောက်သာ သူတို့ရှေ့၌ ရှိနေသည် ဖြစ်ရာ အဆိပ်ဘုရင်က မည်သို့သော အကြောင်းကြောင့် ထိုသူများအား လွှတ်ပေးရမည်နည်း။

“အဲ့နှစ်ယောက်က ငါ့အပိုင်ပဲ” ဆိုပြီးသည်နှင့် ယင်တစ္ဆေဘုရင်သည် အနက်ရောင် အလင်းတန်းတစ်ခု အသွင်ပြောင်းလဲကာ သွေးစစ်သည်တော်လေးယောက်ဆီ တိုးဝင်သွားခဲ့လေ၏။

သူ၏ ပစ်မှတ်မှာ သွေးစစ်သည်တော်လေးယောက်၊ ရန်ကျောင်းနှင့် ရန်ဝေတို့ပင် ဖြစ်ချေ၏။

“သခင်လေးနှစ်ယောက်၊ မြန်မြန် ထွက်ပြေးတော့” ယင်တစ္ဆေဘုရင်ချဉ်းကပ်လာနေသည်ကို မြင်သည်နှင့် သွေးစစ်သည်တော် လေးယောက်က ရန်ကျောင်းနှင့် ရန်ဝေတို့ကို လူအုပ်ကြီးထဲမှ လွင့်ပစ်လိုက်ပြီး ရန်သူအား မျက်နှာချင်းဆိုင်လိုက်၏။

မနိုင်မှန်း သိနေလျက်နှင့်ပင် ရင်ဆိုင်ဖို့ရာ တွေဝေနေခြင်း မရှိခဲ့။ သူတို့၏ စတေးမှုသည် ရန်ဝေနှင့် ရန်ကျောင်းတို့အတွက် ရှင်သန်ရာ အခွင့်အရေးတစ်ခုအား ဖန်တီးပါစေဟုသာ မျှော်လင့်ရုံရှိ၏။

“သနားစရာကောင်း၊ အားနည်းလှတဲ့ သတ္တဝါတွေ ပါလား” ယင်တစ္ဆေဘုရင်က ကြိတ်၍ရယ်မောလိုက်ပြီး အစိုင်အခဲဖြစ်လုနီးပါး သိပ်သည်းလှသည့် အမှောင်ထုအား ထုတ်လွှတ်၍ သွေးရူးသွပ်ခြင်းပညာရပ် ထုတ်သုံးထားသော သွေးစစ်သည်တော် (၄)ယောက်အား အနည်းငယ်မျှပင် အရေးတယူပြုခြင်းမရှိပဲ သူ့လက်ဝါးအား သာမန်ပုံစံဖြင့် ဖိချလိုက်လေ၏။

အေးစက်စက်လေပြင်းနှင့်အတူ အော်ဟစ် ညည်းညသံတို့ မြည်ဟည်းသွားခဲ့ပြီး ရှုံ့မဲ့နေသော မျက်နှာနှင့် ဧရာမမွန်းစတားကြီးတစ်ကောင် သွေးစစ်သည်တော် (၄)ယောက်ရှေ့ ရုတ်တရက် ထွက်ပေါ် လာခဲ့လေ၏။

ထိုဧရာမ မွန်းစတားကောင်ကြီးအား ယင်တစ္ဆေဘုရင်၏ တစ္ဆေဝိဥာဉ်များဖြင့် ဖန်တီးထားသည်ဖြစ်ရာ ရုပ်ခန္ဓာ မရှိသော်ငြား ၎င်း၏တိုက်ပွဲစွမ်းအားသည် အမှန်အကန်ကို ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

သွေးစစ်သည်တော်(၄)ယောက် အတူပူးပေါင်းပြီး ထိုမွန်းစတားကောင်ကြီးကို ခုခံဖို့ ကြိုးစားလိုက်၏။

သို့သော်ငြား သူတို့လေးယောက်ပေါင်း၍ ဧရာမ တစ္ဆေဝိဥာဉ်ကြီးအား မရပ်တန့်နိုင်သေးခင်မှာပင် ယင်တစ္ဆေဘုရင်က သူတို့ခေါင်းပေါ်မှ ကျော်ဖြတ်၍ ရန်ဝေနှင့် ရန်ကျောင်းတို့အား ဖမ်းဆီးဖို့ လုပ်နေလေပြီ။

ရန်ဝေနှင့် ရန်ကျောင်းတို့၏ အမူအရာ ဖြူလျော်သွားခဲ့၏။ သူတို့နှစ်ယောက်၏ အရည်အချင်းသည် လူငယ်မျိုးဆက်ကြား ထိပ်တန်းဟု ဆိုနိုင်၍ အသက် ငယ်ငယ်နှင့်ပင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ ချိုးဖျက်ထားနိုင်သော်ငြား ယင်တစ္ဆေဘုရင်၏ ရှေ့တွင်မူ သူတို့သည် အားနည်းလှသော ပုရွက်ဆိတ်များနှင့် မခြားချေ။

နှစ်ယောက်ထဲမှ မည်သူကမျှ ခုခံစဉ်းစားဖို့ရာ မစဉ်းစားပဲ တစ္ဆေပမာ ဧရာမလက်သည်းကြီး သူတို့ဆီ တိုးဝင်လာနေသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ရပ်၍ ငေးကြည့်နေခဲ့လေ၏။

ထိုအခိုက်အတန့်၌ အလင်းတန်းတစ်ခုသည် လေထုကို ထိုးခွင်းပြီး ရန်ကျောင်းနှင့် ရန်ဝေတို့အား ဖမ်းဆီးဖို့ ကြိုးစားနေသည့် တစ္ဆေလက်သည်းအား ကြားဝင် ဟန့်တားလိုက်လေ၏။

“ဟန်” ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် တစ္ဆေဘုရင် မျက်မှောင်ကြုံ့သွားခဲ့၏။ ထိုအလင်းတန်း၏ နောက်ကွယ်ရှိ ခွန်အားကို သတိပြုမိလိုက်ရာ ထိုအားသည် သူလျစ်လျူရှုနိုင်သော အရာတစ်ခု မဟုတ်မှန်းသိသည်နှင့် သူ့လက်အား အလျင်အမြန် ပြန်ရုတ်လိုက်၍ သူ့ကိုယ်သူ ခုခံကာကွယ်လိုက်လေ၏။

တလက်လက် အလင်းရောင်တို့ ပေါက်ကွဲထွက်သွား၍ တစ်ခုခုက ယင်တစ္ဆေဘုရင်၏ ခန္ဓာကိုယ်အား ပွတ်တိုက် သွားခဲ့ကာ သူနှင့်လူငယ်လေးနှစ်ယောက်ကြား သက်ဆင်း သွားခဲ့၏။

ပေါက်ကွဲမှုကြား ပုံရိပ်တစ်ခု ရိပ်ခနဲလက်သွားခဲ့ပြီး ရန်ဝေနှင့် ရန်ကျောင်းတို့ရှေ့ ရန်ကိုင် ရောက်ရှိလာခဲ့၏။ ရန်ဝေနှင့်ရန်ကျောင်းတို့အား ပခုံးမှဖမ်းဆွဲ၍ သူ့နောက်မှ အနီးကပ်လိုက်ပါလာသည့် တုဖုန်းနှင့်အခြား သွေးစစ်သည်တော်များဆီ လှမ်း၍ ပစ်ပေးလိုက်၏။

ရန်ဝေနှင့်ရန်ကျောင်းသည် သွေးစစ်သည်တော် (၄)ယောက်၏ အကာအကွယ်ကြောင့် ဒဏ်ရာရထားခြင်း မရှိသော်ငြား အဆိပ်ငွေ့နှင့်ယင်ချီတို့၏ ဒဏ်ကြောင့် သူတို၏ အသွင်အပြင်မှာ စိမ်းကာ ဖြူလျော်နေခဲ့လေ၏။ တဖုန်းသည် ထိုနှစ်ယောက်အား သယ်ဆောင်၍ စံအိမ် ရှိရာဘက်ဆီ ချက်ချင်းပြန်ပြေးသွားလေ၏။

“နောက်ထပ်ပညာရှင်တစ်ယောက်လား” အဆိပ်ဘုရင်က သွားပေါ်အောင် ပြုံး၍ သူ့လက်အား ဝှေ့ရမ်းလျက် အဆိပ်တိမ်တိုက်ကို ရန်ကိုင်နှင့် သူ့အဖွဲ့ဆီ ပို့လွှတ်လိုက်လေ၏။

လင်းတိုင်ရှုနှင့် လီယွမ်ချွန်တို့ နှစ်ယောက်အတူ ပူးပေါင်း၍ တိုးဝင်လာနေသော အဆိပ်မြူထုအား ပြိင်တူ ဟန့်တားလိုက်ကြ၏။

“ဟန်၊ မဆိုးဘူး” အဆိပ်ဘုရင်က လင်းတိုင်ရှုနှင့် လီယွမ်ချွန်အား ဝေ့ကြည့်လိုက်ပြီး ချီးကျူးစကား ဆိုလိုက်၏။

တုဖုန်းထွက်ပြေးသွားရာ အရပ်ဆီ လှမ်းကြည့်နေစဉ် ယင်တစ္ဆေဘုရင်၏ မျက်ဝန်းထဲ ထူးဆန်းချောက်ချားဖွယ် အစိမ်းရောင်အလင်းတို့ လက်သွားခဲ့၏။ သို့သော်ငြား အဆုံးတွင် အထင်အမြင် သေးသေးဖြင့်သာ နှာခေါင်းရှုံ့၍ ဆက်လိုက်ခြင်းမပြုခဲ့။ ထို့အစား အဆိပ်ဘုရင်နှင့် ပူးပေါင်းကာ လင်းတိုင်ရှု၊ လီယွမ်ချွန်တို့နှင့် ရင်ဆိုင်လိုက်၏။

လင်းတိုင်ရှု၏ အမူအရာသည် ကန်ရေပြင်တစ်ခုပမာ တည်ငြိမ်နေခဲ့၏။ ထိုကဲ့သို့သော အားကောင်းကြမ်းတမ်း လှသော ရန်သူများနှင့် မတိုက်ခိုက်ချင်သော်ငြား၊ ယခုအချိန်သည် တွေဝေတုန့်ဆိုင်းနေရမည့် အချိန် မဟုတ်ကြောင်း သိထားရာ အာကုန်သုံး၍ ရန်သူများအား တိုက်ခိုက်နေခဲ့လေ၏။

လီယွမ်ချွန်ကမူ အတော်အတန်ပင် စိတ်ဓါတ်ကျနေ ခဲ့လေ၏။

အဆုံးမဲ့ပင်လယ်ကျွန်း၌ သူသည် ဘိုးဘေးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ မဟာထွတ်မြတ်တော်ဂိုဏ်းသည် အဆုံးမဲ့ပင်လယ်ကျွန်း၏ တစ်ခုတည်းသော မဟာ အင်အားစုကြီး တစ်ခုဖြစ်၍ သူတို့၏ဂိုဏ်းအတွင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ပညာရှင် (၃)ယောက်သာ ရှိ၏။

ထိုအချက်အား စဉ်းစားထောက်ရှုကြည့်လျှင် အဆုံးမဲ့ပင်လယ်ကျွန်းရှိ လီယွမ်ချွန်၏ အဆင့်အတန်းအား သိမြင်နိုင်၏။ မည်သူဖြစ်စေ၊ မည်သည့်ဂိုဏ်းမှ လာခဲ့သည် ဖြစ်စေ သူ့အား ရိုရိုသေသေ လေးလေးစားစားဖြင့် ဆက်ဆံ ရပေမည်။

လွန်ခဲ့သော နှစ်(၃၀၀)က ခိုးယူသွားခြင်း ခံခဲ့ရသည့် အဆုံးမဲ့ပင်လယ်ကျွန်းရှိ ဂိုဏ်းအသီးသီး၏ ထွတ်မြတ် ရတနာများကို ရန်ကိုင်ဆီမှ ပြန်လည်တောင်းယူနိုင်ဖို့ရာ လူအင်အားများစွာကို သူကိုယ်တိုင် ဦးဆောင်လာခဲ့လေ၏။

သို့သော် ယခုမူ သူတို့ဂိုဏ်းအသီးသီး၏ ထွတ်မြတ် ရတနာများအား ပြန်လည်မရှိသေးရုံမက ထိုကောင်စုတ်လေး ရန်ကိုင်၏ သက်တော်စောင့်အဖြစ် အလကား တာဝန် ထမ်းဆောင်ပေးနေရလေ၏။

မိသားစုကြီး(၈)ခုနှင့် တိမ်မိစ္ဆာနယ်မြေအား ရန်စမိမှာကို လီယွမ်ချွန်မကြောက်။ သို့သော်ငြား သူ၏ ရည်ရွယ်ချက် မပြီးမြောက်သေးခင်အချိန်မှာပင် ထိုကောင်စုတ်လေး၏ ကြိုးရှည်ရှည်ဖြင့် လှန်ဆွဲထားခြင်းကို ခံခဲ့ရလေ၏။ ယခုရလဒ်သည် သူမျှော်လင့်ထားခဲ့သော ရလဒ်မျိုး မဟုတ်ချေ။

အထူးသဖြင့် အဆိပ်ဘုရင်လို၊ ယင်တစ္ဆေဘုရင်လို ပုဂ္ဂိုလ်မျိုးနှင့် တိုက်ခိုက်ရသည်မှာ မိမိအတွက် အကျိုး မရှိသော အလုပ်ဖြစ်၏။

ပြန်ရောက်တဲ့အထိစောင့်၊ ဒီရန်ကောင်စုတ်ကို ငါတို့ရဲ့ ထွတ်မြတ်ရတနာတွေ ပြန်အန်ထုတ်ခိုင်းရမယ်၊ ဒီကောင့် တင်ပါးကိုလည်း ဖင်မထိုင်နိုင်တဲ့အထိ နီရဲသွားအောင် ရိုက်ပေးရမယ်… ကောင်စုတ်လေး၊ ငါ့ကိုများ မလှိမ့်တပတ် နဲ့အသုံးချရဲတယ် တိုက်ခိုက်နေစဉ်အချိန်အတွင်း လီယွမ်ချွန် စိတ်ပိုင်းဖြတ်လိုက်၏။

တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့အား လင်းတိုင်ရှုနှင့် လီယွမ်ချွန်တို့က တားဆီးထားသည့် အခိုက်အတန့်အား အခွင့်ကောင်းယူ၍ ရန်ကိုင်က ဘေးပတ်ဝန်းကျင်အား တစ်ချက် စူးစမ်းကြည့်လိုက်၏။ သို့သော်ငြား မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ကိုယ်အပူအချိန်ပင် သုညမှတ်နား ရောက်ရှိသွားခဲ့ရလေ၏။

ထိုပညာရှင်(၈၀၀)နီးပါး စလုံးသည် သူနှင့်ရန်သူတွေ ဖြစ်ခဲ့သော်ငြား ယခုအချိန်သည် ထိုရန်ငြိုးများအား အရေးတယူ လုပ်နေရမည့် အချိန်မဟုတ်။

အဘယ်ကြောင့်ဆိုသော် ပညာရှင်(၈၀၀) နီးပါးစလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင် ဖြစ်၏။

မြေပြင်ထက်ဝယ် သွေးအိုင်များ၊ ကျိုးပြတ်နေသာ ခြေလက်များ၊ အသားစအသားနများ နေရာအနှံ့ ပြန့်ကျဲနေခဲ့၏။

လက်ဖက်ရည် ခွက်တစ်စာပင် မရှိသေးသည် အချိန်၌ မိသားစုကြီး(၇)ခု၏ စုပေါင်းတပ်စုသည် မိစ္ဆာဘုရင် (၂)ပါး၏ သုတ်သတ်ရှင်းလင်းခြင်း ခံလိုက်ရလေ၏။

အိမ်မက်ဆိုး မက်နေသည်ဟုပင် ရန်ကိုင် ခံစားမိလိုက်လေ၏။

မိစ္ဆာဘုရင်(၂)ပါးသည် လွန်စွာကို အားကောင်းလှ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် ပိုပြီးကျွမ်းကျင်သည် ဆိုသော်ငြား (၈၀၀)နီးပါးသော ပညာရှင်တစ်သိုက်သည် မည်သည့်အတွက်ကြောင့် အလွယ်တကူ ချေမှုန်းခံရမည်နည်း။

ဘေးပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ရုတ်ချည် အေးစက်သွားခဲ့ရလေ၏။

အနီးအနား၌ များစွာသော ပညာရှင်တို့သည် ဗဟိုမြို့တော်ဆီ ကိုယ်လွတ်ရုန်း ထွက်ပြေးနေခဲ့ကြ၏။

ထိုလူများသည် (၈၀၀)သော ပညာရှင်များထဲ ထိပ်တန်းအဆင့် တည်ရှိမှုများ ဖြစ်ကြ၏။

တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့၏ နည်းလမ်းများသည် အံ့အားသင့်ဖွယ် ကောင်းနေလျှင်ပင် လူအုပ်ကြီးထဲ၌ ပညာရှင်များစွာ ရှိနေပေသေး၏။

သို့သော်ငြား တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့ တိုက်ခိုက် လာကြသည့်အခါ ထိုပညာရှင်များသည် အတူပူးပေါင်း၍ ပြန်လည်တိုက်ခိုက်ဖို့ မစဉ်းစားပဲ ထင်းစည်းပြေသလို အကွဲကွဲအပြားပြားဖြင့် ကိုယ်လွတ်ရုန်းပြေးကြတော့လေ၏။ ပညာရှင်များစွာတို့သည် သူတို့၏ ခွန်အားပေါ် မှီခို၍ ထွက်ပြေးနေသည့်အချိန်တွင် အားနည်သည့် ကျင့်ကြံသူတို့မှာ ဆိုးဆိုး ရွားရွား သေဆုံးနေကြရလေ၏။

အထူးသဖြင့် ချူမိသားစု၊ ဟော်မိသားစုနျင့် လျူမိသားစု မှပညာရှင်အတွက်ဆိုလျှင် ပိုမှန်ပေမည်။ အဘယ်ကြောင့် ဆိုသော် ချူရီမန်၊ ဟော်ရှင်းချန်နှင့် လျူချင်းယောင်တို့သည် ယခုနေရာ၌ မရှိတော့ရာ သူတို့သည်လည်း မည်သူ့ကိုမှ ကာကွယ်ပေးဖို့ရာ မလိုအပ်တော့။

ရီ၊ခန်နှင့် ကောင်းမိသားစုမှ ပညာရှင်များဟာတော့ အလဲလဲအကွဲကွဲ သေဆုံးခဲ့ကြရလေ၏။ သူတို့၏ သခင်မလေး၊ သခင်လေးတို့သည် တိုက်ပွဲအတွင်း၌ ရှိနေသေးသည် ဖြစ်သည့်အတွက် သူတိုသည်လည်း ပြန်ဆုတ်၌ မရသေးသောကြောင့်ပင်ဖြစ်၏။

ကောင်းရန်ဖုန်း သေဆုံးသွားပြီးသည့်နောက် ကောင်းမိသားစုမှ လက်ကျန်ပညာရှင်များသည် ခုခံဖို့ရာ မကြိုးစားတော့ပဲ ခြေကုန်သုတ် ထွက်ပြေးကြလေတော့၏။

လူပေါင်း(၈၀၀)နီးပါး ရှိသည့်အနက် (၁၀၀)ပင် မပြည့်တတ်သော ပညာရှင်များသည်သာ လွတ်မြောက် သွားခဲ့၍ ကျန်ရှိနေသော ကျင့်ကြံသူအားလုံးတို့သည် တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်၏ လက်အောက်၌ အသက် ဆုံးခဲ့ကြရလေ၏။

“မိသားစုကြီး(၈)ခုဆိုတဲ့အတိုင်း ဆိုပါရောလား” ရန်ကိုင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ အားလုံးအား ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်၏ “ပြန်ဆုတ်ကြမယ်”

ယခုတစ်ကြိမ် ထွက်လာရသည့် အဓိက အကြောင်းပြချက်က ရန်ကျောင်းနှင့် ရန်ဝေတို့အား ကယ်ဖို့ပင် ဖြစ်၏။

အကြီးဆုံးသခင်လေးရန်ဝေသည် အမွေခံတိုက်ပွဲ စသည့်အချိန်မှစ၍ ရန်ကိုင်နှင့် တစ်ကြိမ်တစ်ခါမျှပင် အချင်းမများခဲ့ဖူး၊ အတူတူပူးပေါင်းခဲ့သည် အကြိမ်ပင် ရှိခဲ့သေး၏။ ထို့ကြောင့် သူ့အစ်ကိုအကြီးဆုံးအပေါ် ရန်ကိုင်၏ သဘောထားသည် ကောင်းသည်ဟု ပြောနိုင်၏။

ဒုယတိအစ်ကို ရန်ကျောင်းကမူ မိသားစုကြီး(၇)ခုပေါင်း တပ်စု၏ ခေါင်းဆောင်ရာထူးကို ငြင်းပယ်ခဲ့၍ အခွင့်အာဏာကို ရီရှင်းရို့ဆီ လွှဲပြောင်းပေးခဲ့လေ၏။ မိသားစုကြီး(၇)ခု၏ အင်အားကိုသုံး၍ သူ့အား အနိုင်ယူဖို့ ကြိုးစားခြင်းမပြုခဲ့သာ ရန်ကျောင်း၏ လုပ်ရပ်ကို ရန်ကိုင် လေးစားပေ၏။

မည်သို့ပင်ဆိုစေကာမူ၊ ကမ္ဘာပျက်သွားခဲ့လျှင်ပင် သူတို့သည် သွေးသားတော်စပ်နေသည် ဟူသော အမှန်တရားအား ဖျောက်ဖျက်၍မရနိုင်။ ရန်ကျောင်းသည် သူ့၏ ရည်မှန်းချက် ဖြစ်မြောက်စေနိုင်ရန်အတွက် မည်သည့် နည်းလမ်းကိုမဆို ထုတ်သုံးတတ်သူ ဖြစ်သော်ငြား ရန်ကိုင် အနေဖြင့် သူသေမှာကို ထိုင်ပြီးကြည့်မနေနိုင်ပါချေ။

သူ့ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဖြစ်ရာ ယခုနေရာ၌ မည်သည့်အတွက်ကြောင့် ဆက်နေရမည်နည်း။ ထို့ကြောင့် သူ့အဖွဲ့သားတွေကို ပြန်ဆုတ်ဖို့ အမိန့်ပေးခဲ့ခြင်း ဖြစ်၏။

ရန်ကိုင်၏ အမိန့်အား ကြားလိုက်သည်နှင့် သူ့နောက် ထပ်ချပ်မခွါ လိုက်ပါလာသည့် သွေးစစ်သည်တော်များသည် ရန်ကိုင်အား ဝိုင်းရံ၍ ပြန်ဆုတ်ဖို့ ပြင်ဆင်လေ၏။

ထိုအခိုက်အတန့်၌ “ရန်ကိုင်၊ ငါတို့ကို ကယ်ပါဦး” ဟူသော ရီရှင်းရို့၏ လည်ချောင်းကွဲမတတ် အော်ဟစ် အကူအညီတောင်းသံအား သူကြားလိုက်ရ၏။ သူမ၏ လှပသော မျက်ဝန်းအစုံတို့သည် သွေးရူးသွေးတန်း ဖြစ်နေသည့် အလင်းရိပ်တို့ဖြင့် ပြည့်နှက်နေခဲ့ပြီး မျှော်လင့်ချက် မျှင်မျှင်လေးအား မြင်လိုက်ရသည်နှင့် လက်မလွှတ်တမ်း ဖမ်းဆွဲကိုင်နိုင်ဖို့ရာ ကြိုးစားတော့လေ၏။

All Chapters