အခန်း (၅၇၁-၅၇၅)
Vol. 23 Ch. 571-575
အပိုင်း(၅၇၁) အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်၏ ဆန်းကြယ်နက်နဲမှုများ
~~~~~~~~~~~~~~~~~~~~~~~~~
“တော်တော်လေးကို ကြာသွားတာပဲ”
ရန်ကိုင်မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ရုတ်တရက် ပြုံးလိုက်ကာ
“ထွတ်မြတ်ရတနာတွေနဲ့ ပက်သက်တဲ့ကိစ္စဆိုရင် စီနီယာလီ စိုးရိမ်စရာ မလိုပါဘူး။ ပြောပြီးမှတော့ ဒီပြဿနာတွေ ပြေလည်သွားတာနဲ့ အဲ့လက်နက်တွေကို ကျိန်းသေပြန်ပေးမှာပါ”
အဆုံးမဲ့ပင်လယ်မှ လူတွေရောက်ရှိလာသည့် အချိန်က ထိုလူတွေကို နည်းနည်းတော့ အမြင်ကတ်မိ၏။ သိုသော်လည်း အခြေအနေက ယခုလို ဖြစ်လာသည့်အတွက် မုန်တိုင်းကို ထိုသူတွေနှင့် အတူရင်ဆိုင်ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်လေ၏။
အရေးအကြီးဆုံး အချက်ဟာဆိုရင် အဆုံးမဲ့ပင်လယ် မှကျင့်ကြံသူများသည် အားနည်းသူများ မဟုတ်ကြခြင်းပင်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အယောက် (၅၀)နှင့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ဆိုသော အင်အားသည် တကယ်ကို ကြောက်မခန်းလိလိပင်။
ရန်ကိုင်က ထိုသူတို့အား မည်သည့်အတွက်ကြောင့် အလွယ်လေး လက်လွှတ်လိုက်ရမည်နည်း။ ယခုလို သေရေးရှင်ရေး အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့် အချိန်မျိုးတွင် အားကောင်းသော မဟာမိတ်များ ရရှိထားခြင်းသည် မိမိအသက်အား ပို၍ အာမခံချက် ပေးနိုင်၏။ သူတို့အားလုံးသည် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူများ ဖြစ်လျှင်ပင် ရန်ကိုင်သည် ထိုသူတို့အား သွားခွင့်ပေးလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့၏ ထွတ်မြတ်ရတနာများကို မပေးသေးသောနည်းဖြင့် သူတို့အား ဤနေရာတွင် ဆက်နေအောင် လုပ်ခြင်းသည် အနည်းငယ် သောက်ကျင့်ယုတ်သည် ဆိုသော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့ လုပ်ရန် တွေဝေနေလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်နှင့် လီယွမ်ချွန်စကားပြောသည့် နှစ်ကြိမ်လုံး ထိုထွတ်မြတ်ရတနာ အကြောင်းချည်းပင်။ ထို့ကြောင့် လီယွမ်ချွန်က သူ့အား လာပြီးစကားပြောသည်ကိုမြင်တော့ လီယွမ်ချွန်က ထွတ်မြတ်ရတနာများအကြောင်း ပြောချင်သည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား လီယွမ်ချွန်က ပြုံးကာ သူ့လက်အား ဝှေ့ရမ်းလိုက်၍
“ဒီလူအိုကြီးက ကျုပ်တို့ဂိုဏ်းတွေရဲ့ ထွတ်မြတ် ရတနာတွေအကြောင်း ဆွေးနွေးဖို့ လာခဲ့တာမဟုတ်ဘူး”
“အို၊ စီနီယာက ဘာအကြောင်းများ ပြောချင်လို့လဲ မသိဘူး”
ရန်ကိုင်က မျက်ခုံးပင့်၍ စိတ်ဝင်စားတကြီး ပြန်မေးလိုက်လေ၏။
လီယွမ်ချွန်က ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောနေလိုက်ပြီး တစ်ခဏတာ တွေဝေနေပြီး သည့်နောက် အံတင်းတင်းကြိတ်၍ ဆက်ပြောလိုက်၏
“ကျုပ်တို့ အဆုံးမဲ့ပင်လယ်က လူတွေ ဒီဆေးရေကန်ထဲမှာ စိမ်ခွင့်ရမရ သခင်လေးကို မေးချင်လို့ လာခဲ့တာ”
ရှနင်းချန် ဖန်တီးထားသည့် ဆေးရေကန်သည် လွန်စွာကို အံ့အားသင့်ဖွယ် ကောင်းလှ၏။ ဆေးရေကန်ထဲ ဝင်သွားသော အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူများ အနက် အနည်းဆုံး အဆင့်သေးတစ်ဆင့် မတက်သွားသူ ဟူ၍ မရှိချေ။ အချို့ဆိုလျှင် အဆင့်သုံးဆင့်ပင် ချိုးဖျက် နိုင်ခဲ့ကြလေ၏။ ဆေးရေကန်ထဲဝယ် နေ့စဉ်နှင့်အမျှ တစ်ယောက်မဟုတ် တစ်ယောက် အဆင့်ချိုးဖျက်နေခဲ့၏။
တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်သည်ကို မြင်ပါများလားသည်ဖြစ်ရာ အဆုံးမဲ့ပင်လယ်မှ ကျင့်ကြံသူများသည်လည်း နေမထိထိုင်မထိ ဖြစ်လာခဲ့ကြ၏။
ထို့ကြောင့် သူတို့သည်လည်း ဆေးရေကန်ထဲ ဝင်စိမ်၍ သူတို့၏ ခန္ဓာကိုယ်အား သန့်စင်ချင်လာ၏။
ကံမကောင်းစွာဖြင့် လွန်ခဲ့သော တစ်လလုံးလုံး ရန်ကိုင်က တံခါးပိတ်ကျင့်စဉ် ဝင်နေသည့်အတွက် ရန်ကိုင်ဆီကနေ ခွင့်မတောင်းနိုင်ဖြစ်ခဲ့ရ၏။ ယနေ့ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ ထွက်လာပြီဆိုသည့် အကြောင်း ကြားသိလိုက်ရသည်နှင့် အလျင်အမြန် ပြေးလာခဲ့ခြင်း ဖြစ်၏။
ပြောပြီးသည်နှင့် လီယွမ်ချွန်က စိုးရိမ်တကြီးဖြင့် ရန်ကိုင်အား စိုက်ကြည့်နေခဲ့၏။ တကယ်တော့ အဆုံးမဲ့ပင်လယ်ကျွန်းမှ လူများသည် သူ့မိတ်ဆွေများ မဟုတ်သလို၊ သူ၏ မဟာမိတ်များလည်း မဟုတ်ချေ။ သူတို့တစ်တွေသည် အသိအကျွမ်းပင် မဟုတ်ကြချေ။ သူတို့အားလုံး ရန်ကိုင်ဆီ ရောက်လာရသည့် အကြောင်း အရင်းသည်လည်း သူတို့၏ ဆုံးရှုံးသွားသော ရတနာများ လာပြန်တောင်းလိုသည့် အတွက်ကြောင့် ဖြစ်၏။
သို့သော်ငြား အံ့အားသင့်စရာသည်ကား ရန်ကိုင်က ရှနင်းချန်ဘက် လှည့်၍ မေးလိုက်သော စကားဖြစ်၏။
“ဆေးရေကန်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ အတွက်ကော အကျိုးရှိလား”
“အင်း” စီနီယာမမလေးက အသာအယာ ခေါင်းညိတ်၍ လီယွမ်ချွန်ဘက်လှည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလျက် “ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် တွေအတွက်တော့ အကျိုးမရှိဘူး”
“ဒီလူအိုကြီးက ကိစ္စမရှိပါဘူး”
လီယွမ်ချွန်က အလျင်အမြန်ပဲ ထပ်ပေါင်း ပြောလိုက်၏
“ကျုပ်မသွားရလည်း ကိစ္စမရှိပါဘူး”
“ဆေးအမယ်တွေရော၊ လုံလောက်သေးလား”
ရန်ကိုင်က ဆက်မေးလိုက်လေ၏။
ရှနင်းချန်က တစ်ခဏတာလောက် စဉ်းစားပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။
ဆေးရေကန်ထဲရှိ ဆေးအမယ်များအား သုံးရက်တစ်ကြိမ် လဲလှယ်ပေးရသည် ဖြစ်သည့်အတွက် လွန်စွာကိုမှ အကုန်အကျ များလှပေ၏။ (၃)ရက် ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက် ဆေးရေကန်ထဲ စိမ်ရန်အတွက် အကောင်းဆုံး အချိန်ပင် ဖြစ်၏။
“လုံလောက်မှတော့ အဆုံးမဲ့ပင်လယ်ကျွန်းက ဧည့်သည့်တွေအတွက် တစ်လှည့်ပြင်ပေးလိုက်ပေါ့”
ရန်ကိုင်က ပြတ်ပြတ်သားသားပင် ပြောလိုက်၏။
ချူရီမန်က ခေါင်းညိတ်၍ အစီအစဉ်တစ်ခုအား အလျင်အမြန် စဉ်းစားလိုက်လေ၏။ ထို့နောက် လီယွမ်ချွန်ဆီ အပြုံးလေးဖြင့်ကြည့်၍
“စီနီယာလီ၊ အားလုံးပြီးမှပဲ အဆုံးမဲ့ပင်လယ်ကျွန်းက ဧည့်သည်တွေအလှည့် ရောက်လိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး အသုတ်ဆိုရင်တောင် ဆေးရေကန်ထဲက အာနိသင်က နည်းနည်းလေးတောင် လျော့သွားမှာ မဟုတ်ပါဘူး”
လီယွမ်ချွန်မှာ ဝမ်းသာပီတိဂွမ်းဆီထိသွားခဲ့လေ၏။ ရန်ကိုင်ဘက်က ဤမျှ မြန်မြန်ဖြင့် လက်ခံပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် အလျင်အမြန်ပဲ ပြန်ပြောလိုက်၏
“သခင်လေးရန်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“ယဉ်ကျေးနေစရာ မလိုပါဘူး”
ရန်ကိုင်က ရင်းနှီးဖော်ရွေစွာ ပြုံးလိုက်၍
“အခုကနေစပြီး ကျုပ်တို့အားလုံးက တစ်စုတစ်ဖွဲ့တည်း ပဲလေ။ ဒါကြောင့် အကျိုးအမြတ်နဲ့ ပက်သက်လာရင်လည်း အတူတူဝေမျှသုံးရမှာပေါ့”
“ဟားဟား…” လီယွမ်ချွန်၏ မျက်နှာအမူအရာ အနည်းငယ် ရှုံ့မဲ့သွားခဲ့၏။ ရန်ကိုင်သည် ယခုကဲ့သို့ ပြောလာသဖြင့် သူ့ဆီမှ ထွတ်မြတ်ရတနာများအား ပြန်တောင်းသည့်အခါ တော်တော်လေး ကွကျသွားပေလိမ့်မည်။
သို့သော်ငြား ထိုအရာတွေက အရေးမကြီးတော့ပေ။ သူတို့၏ ထွတ်မြတ်ရတနာများအား ပြန်ပေးမည်ဟု ရန်ကိုင်ဘက်က ကြေညာထားသဖြင့် သူတို့အား ကျိန်းသေ ပြန်ပေးပေလိမ့်မည်။
လွန်ခဲ့တဲ့ တစ်လ ရန်ကိုင်တံခါးပိတ်ကျင့်စဉ် ဝင်နေသည့် အချိန်အတွင်း ရန်ကိုင်စံအိမ်ထဲရှိ အဖွဲ့သား အားလုံး ကျားကုတ်ကျားခဲ့ ကြိုးစားလေ့ကျင့်နေခဲ့ကြ၏။ အပြင်သို့ မထွက်နိုင်၊ စစ်ပွဲကလည်း ဖြစ်နေသည်ဖြစ်ရာ အားလုံးတွင် အခြားသော လုပ်စရာ ကိစ္စမရှိသည့်အပြင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် အလို့ငှာ အားလုံးက သူတို့၏ ကျင့်ကြံခြင်းအား အရှိန်အဟုန်မြန်မြန်ဖြင့် တိုးတက်အောင် လုပ်ဆောင်နေခဲ့ကြလေ၏။
အင်အားစုကြီးများမှ အဖွဲ့သားများက ဆေးရေကန်ထဲ စိမ်၍ သူတို့၏ ခန္ဓာကိုယ်အား သန့်စင်နေသည့်အချိန်၌ သွေးစစ်သည်တော်(၉)ယောက်ကမူ တံခါးပိတ်ကျင့်စဉ် ဝင်နေခဲ့လေ၏။
ရန်ဝေနှင့် ရန်ကျောင်းအား ကာကွယ်ရန် တာဝန်ယူထားသည့် သွေးစစ်သည်တော် (၄)ယောက် ပင်လျှင် မနားမနေ ကြိုးစားလေ့ကျင့်နေခဲ့လေ၏။
လွန်ခဲ့သော တစ်လအတွင်း စံအိမ်တွင်း၌ မည်သို့မည်ပုံ ဖြစ်ခဲသည်ကို ချူရီမန်မှ ပြန်လည်ရှင်းပြပြီးသည့်နောက် ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်လေ၏။
စံအိမ်ထဲရှိ လူများသည် တိမ်မိစ္ဆာနယ်မြေ၏ ကျူးကျော် မှုကြောင့် စိတ်ဓါတ်ကျသွားခြင်း မရှိရုံမ အားလုံး၏စိတ်ထဲ သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ဆောင်လိုစိတ်များ တဖွါးဖွါး ပေါက်ဖွါးလာခဲ့လေ၏။
ထိုကိစ္စများအား ကိုင်တွယ်ပြီးသည့်နောက် ရန်ကိုင်က မန်ဝူရအခန်းရှိရာဆီ သွားလိုက်၏။
မန်ဝူရ၏အခန်းထဲ၌၊ လင်းတိုင်ရှု၊ နတ်ဆိုးအိုကြီးနှင့် မန်ဝူရတို့ (၃)ယောက် ရှိနေခဲ့လေ၏။
ထိုလူအိုကြီး(၃)ယောက်သည် ဤနေရာစုဝေ၍ သိုင်းတာအိုအကြောင်း ဆွေးနွေးလျက် သူတို့ လေလာထားသည့် ကိုယ်ပိုင်ကောင်းကင်လမ်းစဉ်များ အကြောင်း နှီးနှောဖလှယ်နေခဲ့ကြလေ၏။ လင်တိုင်ရှုသည် အများအားဖြင့် နားထောင်နေလေ့သာရှိ၏။ မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်ကမူ မကြာခဏ အပြန်အလှန် ငြင်းခုံနေခဲ့လေ၏။
ရန်ကိုင် ရောက်ရှိလာသည့် အချိန်၌ပင် မန်ဝူရနှင့် နတ်ဆိုးအိုကြီးက အပြန်အလှန် ငြင်းခုံလို့ ကောင်းနေဆဲ။ လင်းတိုင်ရှုက ဘေးနေသာ၍ ယဲ့ယဲ့လေး ပြုံး၍ သူတို့ ပြောနေသည်များအား ငြိမ်သက်စွာဖြင့် နားထောင်နေခဲ့၏။
ကွဲပြားသွားသော လမ်းကြောင်းများသည် ကွဲပြားသော အကျိုးရလဒ်ကို ဖြစ်ပေါ်လာစေ၏။ မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်သည် မယုံနိုင်ဖွယ်ရာ ပညာရှင်များ ဖြစ်ကြသော်လည်း သူတို့၏ ခွန်အားကို အမျိုးမျိုး ကွဲပြားသော နည်းလမ်းများမှတစ်ဆင့် ရရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သိုင်းတာအိုအပေါ် သူတို့၏ နားလည်မှုသည်လည်း တစ်ယောက်နှင့် တစ်ယောက် မတူညီကြတော့ချေ။
သို့သော်ငြား သူတို့လျှောက်လမ်းသည့် လမ်းကြောင်းနှင့် ကောင်းကင်တာအိုအပေါ် သူတို့၏ နားလည် သဘောပေါက်မှုသည် မည်သို့ပင် ကွဲပြားနေစေကာမူ၊ နှစ်ယောက်စလုံး၏ ရည်ရွယ်ချက်ပန်းတိုင်သည် တစ်ခုတည်းပင် ဖြစ်ချေ၏။
“စီနီယာတွေ စကားကောင်းနေကြတာပဲ”
ရန်ကိုင်က ပြုံးကာ သုံးယောက်ရှေ့၌ ထိုင်ချလိုက်၏။
မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး ငြင်းခုံနေခြင်းအလုပ်အား ရပ်တန့်၍ သုံးယောက်စလုံး ရန်ကိုင်ဆီ မယုံသင်္ကာဖြင့် လှည့်ကြည့်လိုက်၏။ ခဏအကြာ၌ သုံးယောက်စလုံး၏ မျက်နှာထက်က အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၍
“မင်းနောက်တစ်ဆင့်ကို ထပ်ပြီး ချိုးဖျက်သွားပြန် တာလား”
အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်ပြီးသည့် အချိန်မှစ၍ ရန်ကိုင်၏ ခွန်အားသည် ဒုံးပျံတစ်စင်အလား တိုးတက်လာနေခဲ့လေ၏။
ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၂) သို့ရောက်ခဲ့သည်မှာ (၁၀)ရက်သာ ကြာသေး၏။ ယခုမူ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၃)သို့ ရောက်ရှိ နေခဲ့လေပြီ။
လောကတစ်ခွင့်အနှံ့ ခြေဆံ့သွားလာခဲ့ပြီး အတွေ့အကြုံ ကြွယ်ဝသည့် မန်ဝူရလို လူမျိုးပင် ရန်ကိုင်၏ ကျင့်ကြံနှုန်းကြောင့် အံ့ဩတုန်လှုပ် နေခဲ့ရလေ၏။
ရန်ကိုင်ကတော့ နတ်ဆိုးအိုကြီးကို အံ့ဩတကြီးဖြင့် စိုက်ကြည့်လိုက်ပြီး ပျော်ရွှင်စွာပြုံး၍
“နတ်ဆိုးအိုကြီး၊ ခင်ဗျား အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားတာလား”
နတ်ဆိုးအိုကြီးက ရယ်ရယ်မောမောဖြင့် ခေါင်းညိတ်၍
“သခင်လေးပေးတဲ့ အဖိုးတန်လက်ဆောင်ကြောင့် ဒီလူအိုကြီး အလွယ်တကူ ချိုးဖျက်သွားနိုင်ခဲ့တာ”
ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်လေ၏။ နတ်ဆိုးအိုကြီး၏ အုတ်မြစ်နှင့် အင်မော်တယ် တက်လှမ်းခြင်းအဆင့်အပေါ် ထိုထွင်းနားလည်မှုသည် လုံးဝကို ကျစ်လစ်နေပြီဖြစ်ပြီး သူ့၏ မူရင်ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရသည့် အတွက်ကြောင့် သူ့ကျင့်ကြံခြင်းက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်သို့ ပြန်ကျသွားခြင်း ဖြစ်သည်ဟု မန်ဝူရ တစ်ခါ ပြောခဲ့ဖူး၏။
ဆေးပေါင်းအဆီအနှစ်၏ အကူအညီဖြင့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ချိုးဖျက်ရသည်မှာ နတ်ဆိုးအိုကြီးအတွက် လွန်စွာ လွယ်ကူလှပေ၏။
“ကဲ၊ ဘာကိစ္စရှိလို့ ရောက်လာပြန်ရတာတုန်း”
မန်ဝူရက ရန်ကိုင်ကို ကြည့်၍ မေးလိုက်၏။
ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့အမူအရာကို ပြင်လိုက်၍ မေးလိုက်လေ၏
“ဘဏ္ဏာထိန်းမန်၊ လွန်ခဲ့တဲ့(၁)လတုန်းက နတ်ဆိုးအရှင်သခင် ရန်ပိုင်ရဲ့ ခွန်အားက ကောင်းကင်ဘုံအောက် နံပါတ်တစ်လို့ ခင်ဗျားပြောခဲ့တယ် မလား”
“အမှန်ပဲ”
မန်ဝူရက လေးနက်တည်ကြည်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ခင်ဗျားရဲ့ စည်းကို ဖြေပြီးတိုက်ရင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလား”
“မဖြစ်နိုင်ဘူး။ ငါက သူ့အောက်နည်းနည်း ကျလိမ့်မယ်” မန်ဝူရက ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်၏။
“ကျုပ်သိပြီ။ ရန်ပိုင် ဘယ်အဆင့်ရောက်နေလဲ၊ ခင်ဗျားတို့ကော ဘယ်အဆင့်ရောက်နေလဲ ဆိုတာကို ကျုပ်သိချင်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဆိုတာ ဘာလဲ။ အဲ့အဆင့်က ကျန်တဲ့ အဆင့်တွေနဲ့ ဘာလို့ ကွဲပြားနေရတာလဲ”
ရန်ကိုင်က သူသိချင်နေသော မေးခွန်းများအား တရစပ် မေးမြန်းလိုက်လေ၏။
ရန်ကိုင် မေးသည့်မေးခွန်းများအား ကြားပြီးသည့်နောက် လူအိုကြီး(၃)ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
နောက်ဆုံးတွင် မန်ဝူရက သက်ပြင်းချ၍ ပြောလိုက်၏ “ငါမင်းကို မပြောပြသေးတဲ့ အကြောင်းအရင်းက အရမ်း စောသေးလို့ပဲ။ မင်းသိတာအရမ်းများရင် မင်းရဲ့ တိုးတက်မှုကို အနှောင့်အယှတ်ဖြစ်နိုင်တယ်”
“ကျုပ်ရဲ့ မူလလမ်းစဉ်ကနေ သွေဖယ်သွားပြီး အရမ်းမြင့်မြင့်ကြီး တွေးနေမှာကို ခင်ဗျားစိုးရိမ်နေတာလား”
ရန်ကိုင်က မျက်ခုံးပင့်၍ မေးလိုက်၏။
“မင်းသွေးကြောင်သွားမှာကို ငါကြောက်တာ။ ဒါပေမယ့် အခုတော့ ဘယ်လိုရန်သူမျိုးကို မင်းရင်ဆိုင်နေရလဲ ဆိုတာကို ငါရှင်းပြရတော့မယ့်ပုံပဲ”
မန်ဝူရက ပြုံး၍ ပြောလိုက်လေ၏။
ပြောနေရင်းနှင့် တစ်ချက်ရပ်တန့်လိုက်ပြီး ရန်ကိုင်အား မည်ကဲ့သို့ ပြောလျှင် အကောင်းဆုံးဖြစ်မည်နည်းဟု စဉ်းစားလိုက်ပြီးသည့်နောက် ဆက်ပြောလိုက်လေ၏
“ဒီလောကကြီးက လူတွေက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်လို့ ခေါ်ကြတယ်။ ဘာလို့လဲ ဆိုတော့ အဲ့အဆင့်က ဘယ်လိုအဆင့်မျိုးလဲ ဆိုတာကို သူတို့ နားမလည်ထားလို့ပဲ။ အမှန်တကယ်တော့ အဲ့အဆင့်ကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်လို့ မခေါ်ဘူး။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ဆိုတာ ဒီလောကကြီးလူတွေ ပေးထားတဲ့ နာမည်တစ်ခု သက်သက်ပဲ။ အဲ့အဆင့်မှာ အခြားနာမည်တစ်ခုရှိတယ်”
ရန်ကိုင်၏ အသက်ရှူသံတို့ ရုတ်တရက် တည်ငြိမ်သွားပြီး မန်ဝူရဆက်ပြောလာမည်ကို တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလိုက်၏။
“အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပြီး နောက်တစ်ဆင့်ကို မသေမျိုးအဆင့်လို့ ခေါ်တယ်”
မန်ဝူရက အလျင်အမြန်ပဲ ရှင်းပြလိုက်လေ၏။
“မသေမျိုးအဆင့်လား”
“သေမျိုးအဆင့်ကို ကျော်လွန်သွားတဲ့အခါ မသေမျိုး အဆင့်ကို ရောက်ကြတယ်။ မသေမျိုးအဆင့်ကို ရောက်တဲ့ လူတွေက သေမျိုးလောကရဲ့ အချုပ်အနှောင်တွေကနေ ရုန်းထွက်သွားနိုင်တာဖြစ်လို့ သူတို့တွေကို သာမန် သေမျိုးတွေလို့ သတ်မှတ်လို့ မရတော့ဘူး”
“ဘာကိုပြောချင်တာလဲ”
“မသေမျိုးအဆင့်ကို ရောက်တဲ့လူတွေအတွက်တော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်နဲ့ အောက်အဆင့်က လူတွေက သေမျိုးတွေပဲ။ အဲ့အဆင့်နှစ်ခုကြားက ခြားနားချက်က သေမျိုးတွေနဲ့ ကျင့်ကြံသူတွေကြားက ကွာခြားချက်လိုပဲ။ ပြောရရင် မသေမျိုးအဆင့် ကျင့်ကြံသူတစ်ယောက်ကို အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုမှ ယှဉ်မတိုက်နိုင်ဘူး”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေ၏။ မန်ဝူရ၏ ရှင်းပြချက်သည် လွန်စွာကိုမှ ယေဘုယျဆန်လွန်းသည် ဖြစ်ရာ မသေမျိုးအဆင့်၏ နက်နဲဆန်းကြယ်မှုများကို သူနားမလည်နိုင်ခဲ့ချေ။ သူကိုယ်တိုင် အဆင့်ချိုးဖျက် နိုင်သည့်အချိန်ထိ စောင့်ရတော့မည့်ပုံပင်။
“မင်းတွေ့ခဲ့တဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေက မသေမျိုးအဆင့် ကျင့်ကြံသူတွေပဲ။ ဒါပေမယ့် ဒီအဆင့်က အရင်အဆင့်တွေနဲ့ နည်းနည်းကွဲပြားတယ်။ အဆင့် အပိုင်းအခြားကလည်း အရင်ကလောက် အသေးစိတ်မကျတော့ဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို (၉)ဆင့်ခွဲထားပေမယ့် မသေမျိုး အဆင့်ကို ချိုးဖျက်ဖို့က ပိုပြီးခက်ခဲတယ်။ မသေမျိုးအဆင့်မှာ အဆင့်သေးတစ်ဆင့် ချိုးဖျက်သွားတိုင်း မင်းရဲ့ ခွန်အားကလည်း ကြောက်မခန်းလိလိကို တိုးတက်လာလိမ့်မယ်”
“အို၊ အဲ့လိုဆို မသေမျိုးအဆင့်ကို ဘယ်နှစ်အဆင့် ခွဲထားလဲ”
ရန်ကိုင်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်၏။
“သုံးဆင့်ပဲ”
“သုံးဆင့်ပဲလား”
ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေ၏။
“ဟုတ်တယ်။ မသေမျိုးပထမအဆင့်၊ မသေမျိုး ဒုတိယအဆင့်၊ မသေမျိုး တတိယအဆင့်တို့ပဲ။ စည်းတံဆိပ်တော် ဘုရားကျောင်းက လူရှစ်ယောက်က မသေမျိုးပထမအဆင့် ကျင့်ကြံသူတွေပဲ။ မိသားစုကြီးရှစ်ခုနဲ့ ဒီလောကကြီးတစ်ခုလုံးမှာ ရှိတဲ့ မသေမျိုးအဆင့် ကျင့်ကြံသူ စုစုပေါင်းရဲ့ (၉၀)ရာခိုင်နှုန်းက မသေမျိုးပထမအဆင့်တွေပဲ။ သူတို့ရဲ့ သိုင်းတာအိုနဲ့ ကောင်းကင်လမ်းစဉ်အပေါ် နားလည်မှုက အကန့်အသတ်နဲ့ ဖြစ်နေတာကြောင့်သာ နောက်တစ်ဆင့်ကို ထပ်မတက်နိုင် ဖြစ်နေခဲ့တာ”
မန်ဝူရက ပြုံး၍ ထပ်ပြောလိုက်၏
“လီယွမ်ချွန်ဆိုတဲ့ လူကတော့ ပထမအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီ။ ဒါကြောင့် သူက မသေမျိုးပထမအဆင့်တွေထက် နည်နးည်းပိုသန်မာတယ်။ တစ်ယောက်ယောက်ရဲ့ လမ်းညွန်မှုမရှိပဲနဲ့ မသေမျိုး ဒုတိယအဆင့်ကို သူဘယ်တော့မှ ရောက်နိုင်လိမ့်မှာ မဟုတ်ဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၇၂) ကျားကုတ်ကျားခဲ ကြိုးစားကြခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
“ခင်ဗျားတို့ သုံးယောက်ကျတော့ကော”
ရန်ကိုင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။
ငါတို့လား”
မန်ဝဓရက နတ်ဆိုးအိုကြီးဆီ လက်ညိုးထိုးပြ၍
“သူက မကြာသေးခင်ကပဲ အဆင့်ချိုးဖျက်ထားတာ ဆိုတော့ မသေမျိုးပထအဆင့်ပဲ ရှိဦးမယ်။ ဒါပေမယ့် သူက ဒီနယ်ပယ်နဲ့ အတွေ့အကြုံရှိဖူးတာရယ်၊ သူ့အုတ်မြစ်နဲ့ အတွေ့အကြုံရယ်ကြောင့် သူက သာမန်ထက်တော့ ပိုပြီးသန်မာတယ်။ ပြီးတော့ သူနောက်ပိုင်း အဆင့်ချိုးဖျက် မယ်ဆိုရင်လည်း အတားအဆီးတွေ ကြုံတွေ့ရမှာ မဟုတ်ဘူး”
“ခင်ဗျားရဲ့ အနာဂတ်က တောက်ပနေတဲ့ပုံပဲ”
ရန်ကိုင်က နတ်ဆိုးအိုကြီးဘက်လှည့်၍ ပြုံးပြလိုက်သည့်အခါ နတ်ဆိုးအိုကြီးကတော့ ခေါင်းလေး တရမ်းရမ်းဖြင့် ဂုဏ်ယူဝံ့ကြွားစွာနှင့် ပြုံးနေခဲ့လေ၏။
“ညီအစ်ကိုလင်းကျတော့၊ သူက လွန်ခဲ့တဲ့(၁)လတုန်းက ဆိုရင် လီယွမ်ချွန်နဲ့ အတူတူလောက်ရှိတယ်။ ဒါပေမယ့် အခုတော့… သူက မသေမျိုးဒုတိယအဆင့်ကို ချိုးဖျက် ဝင်ရောက်သွားခဲ့ပြီ”
ထိုစကားကြားသည့်အခါ ရန်ကိုင်လည်း တော်တော့်လေး ဝမ်းသာသွားခဲ့၍ လင်းတိုင်ရှုဘက် လက်သီးဆုပ်ပြာလိုက်ကာ ပျော်ရွှင်စွာဖြင့်
“ဆရာဖိုးဖိုးအတွက် ဂုဏ်ယူပါတယ်”
လင်းတိုင်ရှုက နောက်ဆုံးအကြိမ် တွေ့ခဲ့သည်နှင့် စာလျှင် အနည်းငယ်ကွဲပြားနေသည်ဟု ထင်ရသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။ အဖြစ်မှန်ကား သူသည် မသေမျိုးဒုတိယအဆင့်သို့ ချိုးဖျက်သွားခြင်းကြောင့်ပေကိုး။
“ဒီလူအိုကြီးကတော့”
မန်ဝူရက တစ်ခဏတာလောက် တွေဝေနေပြီးနောက်
“ဒီစည်းကို ချိုးဖျက်လိုက်ရင် ငါ့အကန့်အသတ်က မသေမျိုး ဒုတိယအဆင့်ပဲ”
မန်ဝူရ၏ လေသံထဲ မောက်မာဝံ့ကြွားသည့် အရိပ်အယောင် စိုးစဉ်းမျှမပါဝင်၊ ခပ်ပြတ်ပြတ် တုံးတိလေသံဖြင့်သာ ပြောဆိုသွားခဲ့၏။ သူခွန်အားကိုပင် မနှစ်ခြိုက်သည့် အရိပ်အယောင်တို့ သူ့လေသံထဲ ပါဝင်နေခဲ့၏။
ရန်ကိုင်၏ အမူအရာ ရှုံ့မဲ့သွားခဲ့လေ၏။ မန်ဝူရသည် မသေမျိုးဒုတိယအဆင့် ဖြစ်ရုံဖြင့် ကျေနပ်နေခြင်းမရှိလျှင် သူမ၏ အစစ်အမှန်ခွန်အားသည် မည်သည့်အတိုင်းအတာ အထိ ရောက်ရှိနေမည်နည်း။
“မိစ္ဆာဘုရင်(၆)ပါးနဲ့ ရန်ပိုင်ကျတော့ကော” ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့လေ၏။
“အဲ့မိန်းမကလွဲလို့ ကျန်တဲ့ မိစ္ဆာဘုရင်တွေ အကုန်လုံးက မသေမျိုးဒုတိယအဆင့်တွေပဲ။ တိုက်တန်ခွန်အားဘုရင်နဲ့ အလင်းရိပ်ဘုရင်က ဒီလူအိုကြီး နဲ့တောင် ယှဉ်လို့ရတယ်။ အဲ့မိန်းမကတော့ သူတို့အောက် နည်းနည်းကျတယ်။ သူက မသေမျိုးပထမအဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူက ဒီလောက်ငယ်ငယ်နဲ့ ဒီကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတယ် ဆိုကတည်းက သူမရဲ့ အရည်အချင်းက တကယ်ကို ထိတ်လန့်တုန်လှုပ်စရာ ဖြစ်နေပြီ”
“ရှန်ချင်းလော့မှာ အထူးခန္ဓာကိုယ်တည်ဆောက်ပုံ တစ်ခု ရှိတယ်။ သူရဲ့ ကျင့်ကြံခြင်းခွန်အား တော်တော် များများကို သူ့အမေဆီကနေ ဆက်ခံရရှိလာတဲ့ပုံပဲ”
ရန်ကိုင်က ဖြည့်ပေါင်းပြောလိုက်၏။
“အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” မန်ဝူရက ရုတ်တရက် နားလည်သွားခဲ့၏။ သူသည်လည်း ရှန်ချင်းလော့သည် ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် မသေမျိုး အဆင့်သို့ မည်ကဲ့သို့ ရောက်ရှိလာခဲ့သည်ကို အတော်အတန် သိချင်နေသည့်ပုံပင်။
“နတ်ဆိုးအရှင်သခင် ရန်ပိုင်ကတော့… မင်းခန့်မှန်းလို့ ရလောက်မှာပါ”
“မသေမျိုးတတိယအဆင့်လား”
ရန်ကိုင်က မေးလိုက်လေ၏။
“အမှန်ပဲ”
မန်ဝူရက ခေါင်းညိတ်၍ တည်ငြိမ်လေးနက်သည့် အမူအရာဖြင့်
“ဒီလောကကြီးထဲမှာ မသေမျိုးတတိယအဆင့် ရောက်တဲ့လူဆိုလို့ သူတစ်ယောက်ပဲ ရှိသေးတယ်။ ဗဟိုမြို့တော် မိသားစုကြီး(၈)ခုက ဘယ်သူကမှ သူ့ကို ထိန်းချုပ်ရပ်တန့်နိုင်မှာ မဟုတ်ဘူး”
လင်းတိုင်ရှုက သက်ပြင်းချလိုက်၍
“အဲ့ညတုန်းက ဟိုလူအိုကြီး(၈)ယောက်ကို ငါတို့ ဘာလို့ အလွယ်တကူ အနိုင်ယူခဲ့လဲဆိုတာကို မင်းနားလည် လောက်ပြီပေါ့။ လွန်ခဲ့တဲ့(၁)လတုန်းက လူအိုကြီး (၇)ယောက်စလုံး မိစ္ဆာဘုရင်(၃)ပါးလက်ထဲမှ ဘာလို့ သေဆုံးခဲ့ရလဲ ဆိုတာကိုပါ နားလည်လောက်မှာပေါ့၊ ဟုတ်တယ်မလား”
“အင်း၊ ကျုပ်နားလည်သွားပြီ”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။
မသေမျိုးအဆင့် ခွဲခြားသည့်ပုံစံကို မသိခင်အချိန်က မသေမျိုးအဆင့်လူအိုကြီး(၇)ယောက် မိစ္ဆာဘုရင် (၃)ပါးလက်ထဲမှာ လက်ဖက်ရည်ခွက်တစ်ဝက်စာပင် မခုခံနိုင်သည့် အချက်ကို ရန်ကိုင် လက်ခံနိုင်ရန် ခဲယဉ်းခဲ့၏။
ယခုမူ မသေမျိုးအဆင့်၏ အဆင့်ခွဲခြားပုံကို သူသိသွားခဲ့လေပြီ။ နှစ်ဖက်အဖွဲ့ကြား ခွန်အား မည်ရွေ့မည်မျှ ခြားနားနေသည်ကိုလည်း သူနားလည် သွားခဲ့လေပြီ။
မိသားစုကြီး(၇)ခုမှ အကြီးအကဲချုပ် (၇)ယောက်သည် မသေမျိုးပထမအဆင့်များသာ ဖြစ်ကြ၏။ မသေမျိုး ဒုတိယအဆင့်သို့ ရောက်ရှိနေသည့် မိစ္ဆာဘုရင် (၃)ယောက်ကို သူတို့အနေဖြင့် မည်ကဲ့သို့ ယှဉ်တိုက် နိုင်မည်နည်း။
ဒီလောကကြီးအတွင်းရှိ၊ သာမန်လူများသည်သာ ‘အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်’ကို သေချားနားမလည်ထားသည်မဟုတ်၊ ထိုအဆင့်သို့ ချိုးဖျက်သွားသူများပင် မသေမျိုးအဆင့်အကြောင်း အသေအချာ နားလည်ထားခြင်း မရှိချေ။
မန်ဝူရကမူ တစ်ချက်ကြည့်လိုက်ရုံဖြင့်လျှင် အားလုံးကို ထိုးဖောက်မြင်သွားခဲ့လေ၏။
“မင်းတို့ မိသားစုကြီး တစ်ခုစီမှာ မသေမျိုးအဆင့် ပညာရှင် လေးယောက်၊ ငါးယောက်လောက် ရှိကြတယ်။ ဒါပေမယ့် မသေမျိုး ဒုတိယအဆင့် ပညာရှင်ကတော့ အများဆုံးမှ တစ်ယောက်စီလောက်ပဲ ရှိလိမ့်မယ်။ အရေအတွက်က မင်းတို့မိသားစုကြီး(၈)ခုဘက်က သာတယ် ဆိုပေမယ့် မသေမျိုးအဆင့်ပညာရှင်ချင်း ယှဉ်လိုက်ရင် တိမ်မိစ္ဆာနယ်မြေဘက်မှာ ရန်ပိုင်ရှိနေတယ်… သူ့တည်ရှိမှု တစ်ခုတည်းနဲ့တင် တိုက်ပွဲကို အထက်အောက်ပြောင်းပြန် လှန်ပစ်လိုက်လို့ရတယ်”
“ဗဟိုမြို့တော်မှာ မျှော်လင့်ချက်ကော ရှိသေးရဲ့လား”
“ငါမသိဘူး”
မန်ဝူရက ခေါင်းခါရမ်း၍
“လက်ရှိ အခြေအနေအရတော့ နောက်ဆုံးရလဒ် ဘယ်လို ဖြစ်လာမလဲဆိုတာကို ဘယ်သူမှ ကြိုတင် မခန့်မှန်းနိုင်ဘူး”
ရန်ကိုင် အသာအယာ သက်ပြင်းချလိုက်၏။
“ဒါကြောင့်ပဲ မသေမျိုးအဆင့်ရဲ့ လျှို့ဝှက်ချက်ကို ပြောဖို့ ဒီလူအိုကြီး တုန့်ဆိုင်းနေခဲ့တာ။ မင်းရဲ့လက်ရှိ ခွန်အား ဘယ်လောက်တောင် နိမ့်ကျနေမှန်း နားလည် လိုက်တာနဲ့ မင်းစိတ်ဓါတ်ကျသွားမှာကို ငါကြောက်တာ”
မန်ဝူရက ပြုံးကာ ခေါင်းခါရမ်းလိုက်၍
“အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်လို့ ခေါ်တဲ့အဆင့်က သိုင်းတာအိုရဲ့ အထွတ်အထိပ်လို့ မင်းထင်နေတာမလား။ အမှန်တော့ အဲ့လိုမဟုတ်သေးဘူး”
“စိတ်ဓါတ်ကျသွားရမှာလား”
ရန်ကိုင်က သွားပေါ်အောင် ပြုံး၍
“ကျုပ်က စိတ်ဓါတ်ကျသွားတာ မဟုတ်ဘူး။ အဲ့အစား ကျုပ်ရဲ့ ရည်ရွယ်ချက်က ပိုပြီးတော့တောင် ရှင်းလင်း သွားသေးတယ်”
လူအိုကြီး(၃)ယောက်စလုံး ရန်ကိုင်ကို အံ့ဩတကြီး စိုက်ကြည့်လိုက် ပြီးသည့်နောက် ကျေကျေနပ်နပ်ဖြင့် ပြုံးလိုက်လေ၏။
မသေမျိုးအဆင့်အကြောင်း မသိချင်အချိန်အခါက ရန်ကိုင်၏ ရည်ရွယ်ချက်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်ဖို့သာ ဖြစ်၏။ သို့သော် မန်ဝူရ ရှင်းပြသည်ကို ကြားသိလိုက်ရပြီးသည့်နောက် ရန်ကိုင်၏ ရည်ရွယ်ချက်သည် မသေမျိုးတတိယအဆင့် ဖြစ်သွားခဲ့လေ၏။
ငါးနှစ်၊ ဆယ်နှစ်၊ သို့မဟုတ် ထို့ထက် ကြာပြီးသည့်နောက် ထိုအဆင့်ဆီသို့ ရန်ကိုင် တစ်နေ့ ရောက်ရှိနိုင်ပေ၏။
မန်ဝူရရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် ရန်ကိုင်လည်း စိတ်အားတက်ကြွသွားခဲ့ပြီး စုယန်ကို ချက်ချင်း သွားရှာလိုက်၏။ ပြီးသည်နှင့် နှစ်ယောက်သား ရေခဲတင်ကုတင် ထိုင်၍ လေ့ကျင့်ကြလေတော့၏။
စံအိမ်အတွင်းရှိ အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေခဲ့၏။
တစ်လကြာပြီးသည့်နောက် ရန်ကိုင်စံအိမ်တွင်ရှိ ကျင့်ကြံသူအားလုံး ခန္ဓာကိုယ်သန့်စင်ခြင်းလုပ်ငန်းအား ပြီးဆုံးသွားခဲ့လေ၏။ အဆုံးမဲ့ပင်လယ်ကျွန်းမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အယောက်(၅၀)သည် ပင်လျှင် အကျိုးအမြတ်များစွာ ရရှိခဲ့၏။
ဆေးဖော်စပ်ခန်းမှ ဆန်းကြယ်အဆင့်ဆေးလုံးများအား ရရှိပြီးသည့်အချိန်မှာတော့ တော်တော်များများက ဒီနေရာမှာသာ ပိုပြီးကြာကြာ နေလို့ရလျှင် ကောင်းမှာပဲဟု အားလုံး တွေးတောမိလိုက်ကြ၏။ ယခင်ကမူ အဆုံးမဲ့ပင်လယ်မှ ကျင့်ကြံသူများသည် သူတို့ဂိုဏ်း၏ ထွတ်မြတ်ရတနာများအား ပြန်လိုချင်သည့်အတွက် ကြောင့်သာ ရန်ကိုင်ဆီသို့ ရောက်လာခဲ့ခြင်းဖြစ်၏။
သို့သော်ငြား ရန်ကိုင်စံအိမ်တွင် နှစ်လကြာ နေပြီး၍ အကျိုးအမြတ်များစွာကို ရရှိခံစားပြီးသည့်နောက် ဤနေရာမှာ ထွက်ခွါဖို့ အလျင်မလိုကြတော့ချေ။
နောက်တစ်လကြာပြီးသည့်နောက် သွေးစစ်သည်တော်များ တံခါးပိတ်ကျင့်ကြံရာမှာ သတင်းကောင်းနှင့်အတူ ထွက်လာခဲ့၏။
ဆေးပေါင်းအဆီအနှစ်၏ အကူအညီကြောင့် (၃)လကြာ တံခါးပိတ် ကျင့်ကြံပြီးသည့်နောက် အားလုံးသည် မသေမျိုး အဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့ကြလေ၏။
သူတို့အဆင့်ချိုးဖျက်သည့်နေ၌ ကောင်းကင်တစ်ခွင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော မြင်ကွင်းအဖုံဖုံတို့ဖြင့် ပြည့်နေ၏။ ထိုထူးဆန်းသော မြင်ကွင်းအစုံသည် တစ်လထိထိုင် ကြာမြင်ခဲ့၏။
လီယွမ်ချွန်နှင့် အဆုံးမဲ့ပင်လယ်ကျွန်းမှာ ကျင့်ကြံသူ များသည်လည်း ကြောင်အငေးမောသွားခဲ့ကြရ၏။
အဆုံးမဲ့ပင်လယ်ကျွန်း၏ မဟာအင်အားစုကြီးဖြစ်သော မဟာထွတ်မြတ်တော်ဂိုဏ်းတွင်ပင် မသေမျိုးအဆင့် ပညာရှင်သုံးဦးသာ ရှိချေ၏။
သို့သော်ငြား ရန်ကိုင်စံအိမ်တွင်းတွင် ထိုကဲ့သို့ အားကောင်းလှသည့် မသေမျိုးအဆင့် ပညာရှင်(၉)ယောက် ပေါ်ထွက်လာသည်ကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ကြရာ အကုန်လုံး လေးစား၊ အံ့ဩ၊ သံသယဝင်သွားခဲ့ကြရလေ၏။
အချိန်တိုအတွင်း ထိုကိုးယောက်စလုံး တစ်ပြိုင်တည်း ချိုးဖျက်သွားသည်အား တိုက်သွားသည်ဟု ပြောဖို့ရာ ယုတ္တိမရှိ။ သို့သော်ငြား တိုက်ဆိုင်မှုသာ မဟုတ်လျှင် မည်သည့် အတွက်ကြောင့်နည်း။
ရန်မိသားစု၏ အငယ်ဆုံးသခင်လေးမှများ ပညာရှင် တွေကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဆီ ရောက်အောင် လုပ်ပေးနိုင်သော နည်းလမ်းများ ရှိနေတာလား။ ထိုဖြစ်နိုင်ချေအား စဉ်းစားမိလိုက်သည်နှင့် လီယွမ်ချွန်၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့လေ၏။
ထိုအတိုင်းသာဆိုလျှင် ရန်မိသားစု၏ အငယ်ဆုံး သခင်လေးသည် တစ်နေ့ကျ ကောင်းကင်ကို သူ့၏လက်ထဲ လှန်လိုလှန်၊ မှောက်လိုမှောက် လုပ်ဆောင်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေဖွဲ့ခြင်းသည်သာ အကောင်းဆုံးဖြစ်၍ ရန်စခြင်းကို လုံးဝမလုပ်သင့်ချေ။
တုဖုန်းနှင် ကျန်သည့် သွေးစစ်သည်တော်များ၏ အဆင့်ချိုးဖျက်မှုသည် သူတို့ကိုယ်သူတို့ပင် အံ့အားသင့်သွားစေခဲ့၏။
အမွေခံတိုက်ပွဲ မစခင်အချိန်က သွေးစစ်သည်တော် ကိုးယောက်စလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)၌သာ ရှိသေး၏။ မသေမျိုးအဆင့်ရောက်ဖို့ရာ ကြိုးစားအားထုတ်သော်ငြား ထိုအဆင့်သို့ ရောက်ရှိ လိမ့်မည်ဟု သူတို့ထဲက မည်သူမှ အတပ်မပြောနိင်ချေ။
ရန်မိသားစု၏ သွေးစစ်သည်တော်ခန်းမ စတင် ဖြစ်တည်လာသည့် အချိန်မှစ၍ မသေမျိုးအဆင့်သို့ ရောက်ရှိခဲ့သော သွေးစစ်သည်တော်ဟူ၍ ဟွမ်ဂျုကျို့ တစ်ဦးတည်းသာ ရှိလေ၏။
လက်ရှိသွေးစစ်သည်တော်ခန်းမသခင် ဖုန်းရှန်နှင့် လက်ထောက်ခန်းမသခင် ကျိုးဖုန်းသည်ပင်လျှင် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်၌သာ တန့်နေခဲ့၏။
ရန်ကိုင်စံအိမ်ရှိ သွေးစစ်သည်တော်များအနက် ကျုကောင်းရီနှင့် ရင်းဂျု၏ အရည်အချင်းသည်သာလျှင် ဖုန်းရှန်နျင့် ကျိုးဖုန်းတို့နှင့် နှိုင်းယှဉ်နိုင်၏။
သို့သော်ယနေ့တွင်မူ သူတို့ကိုးယောက်စလုံး မသေမျိုးအဆင့်သို့ ချိုးဖျက်တက်လှမ်း သွားနိုင်ခဲ့လေ၏။
မယုံကြည်နိုင်ဖွယ်ရာဖြစ်ရပ်ကြောင့် အိမ်မက်များ မက်နေသလားဟုပင် သူတို့ကိုယ်သူတို့ ပြန်တွေးလိုက်မိ၏။
သူတို့ကိုးယောက်စလုံး မသေမျိုးအဆင့်သို့ ချိုးဖျက် ဝင်ရောက်သွားပြီးသည်နောက် မန်ဝူရက သွေးစစ်သည်တော် ကိုးယောက်စလုံးကို ဆင့်ခေါ်၍ မသေမျိုးအဆင့်နှင့် ပက်သက်သည့် အကြောင်းအရာ များအား ထိုကိုးယောက်ကို ရှင်းပြခဲ့လေ၏။
မန်ဝူရ ပြောသည့်အကြောင်းအရာများသည် မိသားစုကြီး (၈)ခုပင်လျှင် မသိသော အကြောင်းအရာ ဗဟုသုများ ဖြစ်ချေ၏။
ရန်ဝေနှင့် ရန်ကျောင်းကို ကာကွယ်ပေးရန် တာဝန် ယူထားသည့် သွေးစစ်သည်တော် လေးယောက်သည် ပင်လျှင် ကျားကုတ်ကျားခဲ့ ကြိုးစားလေ့ကျင့်နေခဲ့လေ၏။ သုံးလကျော် လေ့ကျင့်ကြိုးစားပြီးသည့်နောက် လေးယောက် စလုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)သို့ ရောက်ရှိလာခဲ့လေ၏။ ရန်ကိုင်ဆီမှ ဆေးပေါင်းအဆီအနှစ် တစ်စက်စီရယူပြီးသည့်နောက် လေးယောက်စလုံး တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့လေ၏။
မတော်တဆ ဖြစ်ရပ်များသာ မကြုံတွေ့ရသရွေ့ လအနည်းငယ်အတွင်း ထိုလေးယောက်စလုံး မသေမျိုး အဆင့်သို့ ချိုးဖျက်ဝင်ရောက် နိုင်ပေလိမ့်မည်။
သွေးစစ်သည်တော်ကိုးယောက်၏ အဆင့်ချိုးဖျက်မှု သည်ရင်သက်ရှုမောဖွယ်ကောင်းသော်ငြား စံအိမ်တွင်ရှိ အခြားကျင့်ကြံသူများ၏ ခွန်အားသည်လည်း မြန်ဆန်စွာ တိုတးက်နေခဲ့လေ၏။
ခန္ဓာကိုယ်သန့်စင်ခြင်း ခံရပြီးသည့်နောက် စံအိမ်ထဲရှိ အားလုံး၏ ကိုယ်တွင်းဖွဲ့စည်းပုံနှင့် အလားအလာများ တိုးတက်သွားခဲ့ရလေ၏။ ထို့ကြောင့် သူတို့၏ ကျင့်ကြံနှုန်းသည်ပင် ယခင်ကထက် ပို၍ မြန်ဆန် လာခဲ့လေ၏။ အထူးသဖြင့် အင်အားစုအသီးသီး၏ လူငယ် ခေါင်းဆောင်အများဆိုလျှင် ပို၍ မှန်ပေမည်။ ထိုသူတို့၏ အရည်အချင်းနှင့် ပါရမီသည် မူလကပင် ကောင်းမွန်ထားပြီး ဖြစ်ရာ ဆေးပေါင်းရည်နှင့် သန့်စင်ဆေးကြောခြင်း ခံရပြီးသည့်နောက် အားလုံး၏ အရည်အချင်းသည် ကြောက်မခန်းလိလိ မြင့်တက်လာခဲ့ရလေ၏။
တိမ်မိစ္ဆာနယ်မြေ၏ ကျူးကျော်စစ်သည်သည် သူတို့နှင့် လားလားမျှ မသက်ဆိုင်သည့်အလား စံအိမ်ထဲရှိ လူအားလုံးသည် ကျားကုတ်ကျားခဲ့ ကြိုးစားလေ့ကျင့် နေခဲ့ကြလေ၏။
သို့သော်ငြား ရန်ကိုင်ကမူ ဗဟိုမြို့တော်၏ အခြေအနေအား အစဉ်မပြတ် နားစွင့်နေခဲ့လေ၏။
ရှန်ချင်းလော့သည် ရန်ကိုင်အား စောင့်ကြပ်ဖို့ ဆိုသော အကြောင်းပြချက်ဖြင့် စစ်ပွဲမြို့တော်ထဲတွင် ရှိနေဆဲပင်။ သူမဆီမှတစ်ဆင့် ဗဟိုမြို့တော်၏ အခြေအနေနှင့် ပက်သက်သော သတင်းများအား အစဉ်မပြတ် ရနေခဲ့၏။
တိမ်မိစ္ဆာနယ်မြေသည် ကောင်းမိသားစုအား ကျူးကျော် တိုက်ခိုက်ပြီးသည့်နောက် သူတို့၏ နယ်မြေအား တဖြည်းဖြည်း တိုးချဲ့လာလေ၏။
ရန်ပိုင်၏ ကြောက်မက်ဖွယ်ခွန်အားနှင့် မိစ္ဆာဘုရင် ငါးပါး၏ မယုံနိုင်ဖွယ်ရာ ခွန်အားကြောင့် မိသားစုကြီးရှစ်ခုမှ ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးလို့ နေခဲ့လေ၏။
မန်မိသားစု၊ ခန်မိသားနျင့် ချူမိသားစုတို့သည် သူတို့ နှစ်ပေါင်းများစွာကြာအောင် အခြေချလာခဲ့သော နေရာမှ ဆုတ်ခွါ၍ ကျန်တဲ့မိသားစုကြီးများ၏ ပိုင်နက်နယ်မြေ အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြရလေ၏။
သုံးလအတွင်း ဗဟိုမြို့တော်၏ တစ်ဝက်တိတိသည် ရန်သူလက်တွင်းသို့ ကျရောက်သွားခဲ့ရလေပြီ။
ကျယ်ပြောလှသော ဗဟိုမြို့တော်ကြီးသည် ယခုအချိန်၌ နှစ်ပိုင်းကွဲနေခဲ့လေပြီ။ မြောက်ဘက်ပိုင်းတစ်ဝက်ကို တိမ်မိစ္ဆာနယ်မြေက ပိုင်ဆိုင်ထားခဲ့ပြီး မိသားစုကြီး ရှစ်ခုဟာတော့ တောင်ဘက်ပိုင်းနှင့် အလယ်နားတစ်ဝိုက်ကို ပိုင်ဆိုင်ထားခဲ့ကြလေ၏။
သုံးလအတွင်း ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် နှစ်ဖက်စလုံး အကျအဆုံး များခဲ့ရ၏။ ထိုအချိန် အတောအတွင်း မသေမျိုးအဆင့် ပညာရှင် ဒါဇင်ကျော်လောက် ကျဆုံးသွားခဲ့ရလေပြီ။ သေဆုံးသူ အများစုသည် မိသားစုကြီးရှစ်ခုမှ ဖြစ်ကာ တိမ်မိစ္ဆာနယ်မြေဘက်မှ မသေမျိုးအဆင့်ပညာရှင် လေး၊ ငါးယောက်လောက် ကျဆုံးသွားခဲ့ကြရ၏။
မသေမျိုးအဆင့်အောက်ရှိ သေဆုံးသူ၏ အရေအတွက် မှာတော့ မရေမတွက်နိုင်အောင် များပြားလှပေ၏။
ဗဟိုမြို့တော်တစ်ခုလုံး ဝမ်းနည်းဖွယ်ရာ ငိုကြွေး၊ အော်ဟစ်သံတို့ဖြင့် ပြည့်နေခဲ့ပြီး အလောင်းများသည် ဆိုလျှင်လည်း မြို့တော်အနှံ့ ရှိနေခဲ့လေ၏။
မကြာသေးခင်အချိန်အတွင်း နှစ်ဖက်ကြားတိုက်ပွဲသည် မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားသည့် အတွက်ကြောင့် အခြေအနေက အနည်းငယ် အဆင်ပြေနေခဲ့ခြင်း ဖြစ်၏။
မိသားစုကြီး(၈)ခုသည် ဟန်မင်းဆက်အနှံ့တွင် ရှိနေသည့် အဓိကမိသားစုများနှင့် ဂိုဏ်းများအား စစ်ကူများ မစေလွှတ်မနေဟူသော အမိန့်ထုတ်ပြန်ကြေညာခဲ့လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၇၃) နှလုံသားနှင့် ဝိဥာဉ်တစ်သားတည်း ဖြစ်တည်ခြင်း အဆင့်
~~~~~~~~~~~~~~~~~~~~~~~~~
စုယန်၏အခန်းအပူအချိန်သည် အသက်ရှူလိုက်တိုင်း ရေခဲမြူတွေ ထွက်ပေါ်လာသည်အထိ အေးစက်နေခဲ့၏။
ဤအခန်းသည် စုယန်အတွက် အထူး ပြင်ဆင်ပေးထားခြင်း ဖြစ်၏။ ရေခဲကုတင်ကို သုံးပြီး ကျင့်ကြံမှသာလျှင် သူမ အမြန်ဆုံးကျင့်ကြံနှုန်းကို ရောက်ရှိနိုင်၏။ သို့သော်ငြား ထိုဆန်းကြယ်နက်နဲသည့် အအေးဓါတ်သည် စံအိမ်ထဲရှိ လူတိုင်း ခုခံနိုင်သည့် အရာမျိုးမဟုတ်။
ကောင်းကင်စံအိမ် အဖွဲ့သားတွေ ရောက်ရှိလာသည့် အချိန်မှစ၍ ရန်ကိုင်က ဤအခန်းကို စုယန်အတွက် အထူး ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် အခန်းထဲရှိ ရေခဲကုတင်ပေါ်၌ စုယန်နှင့် ရန်ကိုင်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေလျက် သူတို့ရဲ့ အစစ်အမှန်ချီသည်လည်း အပြန်အလှန်ပေါင်းစပ်ရင်း လှပသော အလင်းစီးကြောင်းတစ်ခုအသွင်ဖြင့် နှစ်ဦးသားကြား လှည့်ပတ်နေခဲ့လေ၏။
တောက်ပသည့် အရောင်အဝါတစ်ခု နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့၍ မကြာခင်မှာပဲ အခန်း တစ်ခုလုံးအား ပြည့်လျမ်းသွားစေခဲ့ကာ အေးစက်စက် ခြောက်သွေ့သောအခန်းအား ရွှင်းမြူဖွယ် အရောင်တို့ဖြင့် ဆေးရောင်ခြယ်သပေးလိုက်လေ၏။
ရန်ကိုင်နှင့်စုယန်၏ အစစ်အမှန်ချီ၊အသိစိတ်နှင့် ဝိဥာဉ်တို့ ချိတ်ဆက်မိသွားသည်နှင့် ထိုအရောင်အဝါသည် ပိုမိုထွန်းလင်း တောက်ပလာခဲ့ပြီး စုယန်နှင့်ရန်ကိုင် တို့နှစ်ယောက်သည်လည်း တဖြည်းဖြည်းဝေဝါးလာခဲ့၍ တစ်ခုတည်းအဖြစ် ပေါင်းစပ် သွားသယောင်ထင်ရ၏။
နဂါးဟိန်းသံမြည်ဟည်သွားခဲ့ပြီး ဧရာမနဂါးခေါင်းကြီး တစ်ခု ရန်ကိုင်၏ ကျော်ပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင် ခန္ဓာကိုယ်မှ ခုန်ထွက်လာခဲ့သော နဂါးပုံရိပ်သည် မျက်စိတ်ကျိန်းမတတ် ရွှေရောင်ခြည်အား ထုတ်လွှတ်ရင်း လေထဲပျံသန်းသွားလာနေခဲ့၏။
ထိုနည်းတူစွာပင် စုယန်ဆီမှ စူးရှသော ဖီးနစ်ငှက် အော်မြည်သံတစ်သံ ထွက်ပေါ်လာခဲ့ကာ စုယန်၏ ကျောပြင်ဘက်မှ သလင်းဖြူရောင် တောက်ပနေသာ ဖီးနစ်ငှက်တစ်ကောင် ထွက်ပေါ်လာခဲ့လေ၏။
မြင့်မြတ်တင့်တယ်သော ရေခဲဖီးနစ်သည် ဂုဏ်သရေ ကြီးမြတ်သော ရွှေနဂါးနောက်ပြေးလိုက်၍ အတူတကွ လုံးထွေးသွားလျက် ကောင်းကင်ပေါ် ပျံတက်သွားခဲ့လေ၏။
လေထုပေါက်ကွဲသံနှင့်အတူ နဂါးဟိန်းသံနှင့် ဖီးနစ်ငှက်အော်ကြွေးသံတို့က ဤလောကတစ်ခွင်ကို ဂယက်ရိုက်ခတ်သွားစေခဲ့လေ၏။
ဆန့်ကျင်ဘက်စွမ်းအင်နှစ်ခုသည် အတူတကွ ပေါင်းစည်းသွားခဲ့လေ၏။ သို့သော်ငြား အပြန်အလှန် တွန်းကန်ခြင်းမရှိ၊ တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေ ဖြစ်စွာ အတူတကွ ဖြည့်စွက်ပေါင်းစပ်လျက် တစ်ဖက် စွမ်းအားကိုတစ်ဖက်က ဖြည့်ဆည်းပေးနေခဲ့လေ၏။
ရန်ကိုင် အိမ်တစ်ခုလုံးသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာတို့သည် အခန်းထဲမှ ပြေးထွက်လာ၍ ကောင်းကင်ထက် ပျံဝဲကခုန် နေသည့် ရွှေနဂါးနှင့် ရေခဲဖီးနစ်အား ငေးမောစိုက်ကြည့် နေခဲ့ကြ၏။
ထိုသက်ရှိနှစ်ကောင် မည်သည့်နေရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့မှန်း မည်သူမှမသိကြချေ။
“ဒါက အရင်တုန်းက ငါမြင်ဖူးခဲ့သလိုပဲ…”
လူအုပ်ကြီးထဲ၌ ရှိနေသည့် တစ်ယောက်ယောက်က ရေရွတ်လိုက်၏။
သူ့အထင်မှန်ပေ၏။ မုန်တိုင်းစံအိမ်၊ သွေးတိုက်ပွဲဂိုဏ်း နှင့်ကောင်းကင်စံအိမ်တို့သည် ထိုမြင်ကွင်းနှင့် အစိမ်းသက်သက် မဟုတ်ကြချေ။
လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်အချိန်၊ သွေးတိုက်ပွဲဂိုဏ်း၏ မိုင်းတွင်းရှိ ကောင်းကင်အမွေအနှစ် လိုဏ်ဂူပွင့်လာသည့် အချိန်အခါက ထိုနဂါးနှင့်ဖီးနစ် စုံတွဲတစ်ကြိမ် ထွက်လာခဲ့ဖူး၏။ ထိုအဖြစ်အပျက်ကြောင့် ဂိုဏ်းသုံးဂိုဏ်းသည် လက်ရွေးစင်တပည့်များကို စုစည်း၍ အတွင်းပို့သို့ စေလွှတ်ခဲ့လေ၏။
အတွင်းထဲသို့ ဝင်သွားသော ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များသည့် အကျိုးအမြတ် များစွာကို ရရှိခဲ့သော်ငြား နောက်ဆုံး အမွေအနှစ်အား ရရှိခဲ့သူကို မည်သူမှ မသိခဲ့၏။
ယခု နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ထိုမြင်ကွင်းကို တစ်ဖန်ပြန်လည် မြင်လိုက်ရသည့် အချိန်တွင်မူ သူတို့၏ မှတ်ဥာဏ်ဟောင်းတို့ ပြန်လည် ထွက်ပေါ်လာခဲ့လေ၏။
အမွေအနှစ်ကို ရရှိခဲ့သော ပိုင်ရှင်သည် ကျင့်စဉ် အဆင့်တစ်ခုအထိ ပေါက်မြောက်သွားသောကြောင့် ယခုမြင်ကွင်းအား တစ်ဖန်ပြန်လည် မြင်ယောင်ရခြင်း ဖြစ်ရပေမည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် အားလုံး၏ စိတ်ထဲ ရန်ကိုင်ကို ချက်ချင်း ပြေးမြင်ယောင်လိုက်မိ၏။
ရွှေနဂါးနှင့် ရေခဲဖီးနစ်တို့ ထွက်ပေါ်လာသည့် နေရာအား လှမ်းကြည့်လိုက်သည့်အခါ သူတို့စိတ်ထဲမှ သံသယတို့ ရှင်းလင်းသွားခဲ့လေ၏။
သူတို့၏ ခန့်မှန်းချက်များ အမှန်အကန်ပင် မှန်နေခဲ့၏။ အမွေအနှစ်ကို ရန်ကိုင် ရရှိသွားခဲ့ခြင်းပင်ဖြစ်၏။
ထိုအခိုက်အတန့်၌ အားလုံး ထပ်မံ စိတ်အားတက်ကြွ လာခဲ့ပြန်၏။ အမွေအနှစ်ကို ရရှိခဲ့သူသည် သူတို့ မဟုတ်သော်ငြား ထိုမြင်ကွင်းအား တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရသည့်အတွက် ရန်ကိုင်၏ ခွန်အား ထပ်မံတိုးတက်သွားပြီမှန်း သူတို့သိလိုက်၏။ ရန်ကိုင်၏ ခွန်အား တိုးတက်လာခြင်းသည် စံအိမ်၏ အခြေအနေ ပိုမိုအဆင်ပြောလာသည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်၏။
ဒုက္ခရောက်နေသည့် အချိန်မျိုးတွင် ခေါင်းဆောင်ကောင်း တစ်ယောက်နောက် လိုက်ခြင်းသည် အသက်ရှင်နိုင်ချေ ပိုများ၏။ အထူးသဖြင့် လက်အောက် ငယ်သားတို့၏ အသက်ကို ဂရုစိုက်သည့် ခေါင်းဆောင်မျိုးပင်။
“နဂါးနဲ့ဖီးနစ်ဆိုတာ မင်္ဂလာအတိတ်နိမိတ်ရဲ့ ပြယုဂ်တော်ပဲ”
ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ထက်ရှိ နဂါးနှင့်ဖီးနစ်အား ပြုံး၍ကြည့်နေသည့် မန်ဝူရက သူ့ဘာသာ ရေရွတ်လိုက်လေ၏။
လင်းတိုင်ရှုက သူ၏ မုတ်ဆိတ်မွှေးအား ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့် ပွတ်သပ်နေခဲ့၏။
စံအိမ်အပြင်ဘက်ရှိ ရှန်ချင်းလော့နှင့် ပီတော့တို့ အကြည့်ချင်း ဖလှယ်လိုက်၏။ ရုတ်တရက်က ရှန်ချင်းလော့က နှစ်လိုစွဲမက်ဖွယ်ကောင်းစွာ ပြုံး၍ “ပီလော့၊ ဒါက ဟိုကောင်စုတ်လေးကြောင့် ဖြစ်လာတာလို့ ပြောရင် နင်ယုံမှာလား”
ပီလော့က ရှန်ချင်းလော့အား ကြည့်လျက် အလိုလို ခေါင်းညိတ်မိလိုက်၏။ တစ်ခဏတာတာ တွေဝေတုန့်ဆိုင်း နေပြီးသည့်နောက်
“သခင်မ၊ သခင်မသာ ဆန္ဒရှိရင် ထွတ်မြတ်နယ်မြေကို ပုန်ကန်လို့ရတယ်နော်။ သခင်မသာ အဲ့အတားအဆီးကို ကျော်ဖြတ်သွားလိုက်တာနဲ့ ဆာနတ်ဆိုးအရှင်သခင်လည်း သခင်မကို ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး”
သို့သော်ငြား ရှန်ချင်းလော့ဟာတော့ ခေါင်းသာခါ၍
“ငါမသွားနိုင်ဘူး၊ ဆာနတ်ဆိုးအရှင်သခင်ကို ကြောက်လို့တော့ မဟုတ်ဘူး၊ သူ့ကို ထိခိုက်မိအောင် လုပ်မိမှာကို ကြောက်လို့ပဲ”
“သူ့ကို ထိခိုက်မိမှာစိုးလို့လား”
ပီလော့ စိတ်ရှုပ်သွားခဲ့လေ၏။ ရှန်ချင်းလော့၏ အဆိပ်မုဆိုးမခန္ဓာကိုယ်အကြောင်း နားမလည်ထားသဖြင့် ရှန်ချင်းလော့သည် ထိုသူတောင်းစားကောင်နှင့် အတူ ရှိနေချင်သော်ငြား မည်သည့်အတွက်ကြောင့် အပြင်၌ပင် တဝဲလည်လည် လုပ်နေသည်ကို ပီလော့နားမလည်ခြင်း ဖြစ်၏။
သူမ၏ သခင်မသည် ထိုကောင်စုတ်အား အမှန်အကန်ပင် နှစ်သက်၏။ ငေးငေးငိုင်ငိုင်ဖြင့် ရန်ကိုင် စံအိမ်ရှိရာဆီ သူ့သခင်မ စိုက်ကြည့်နေသည်ကို ပီလော့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူး၏။
“သူနဲ့အနေနီးလေ၊ သူမြန်မြန်သေရလေပဲ”
ရှန်ချင်းလော့က ခါးသီးစွာဖြင့် ပြုံးလိုက်၏။
စံအိမ်အပြင်ဘက်တွင် နေလျှင်ပင် ရန်ကိုင်အပေါ် သူမ၏ ချစ်စိတ်တို့သည် အချိန်နှင့်အမျှ ပြင်းထန်လာနေ ပေလိမ့်မည်။ အချိန်ကျလာသည့်အခါကျ ညို့ကဝေ နတ်ဆိုးဘုရင်အနေဖြင့် စံအိမ်ထဲသို့ ဝင်ကာ ရန်ကိုင်အား သွားမရှာပဲ နေနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား အကြိမ်တိုင်း၌ သူမ၏ စိတ်ဆန္ဒအား ချုပ်တည်းနိုင်ခဲ့၏။
“ကျွန်မနားမလည်ဘူး”
ပီလော့က ခေါင်းခါ၍ အသာအယာ သက်ပြင်းချလိုက်၏။ သူမ လေစားမြတ်နိုးရသည့် သူမ၏ သခင်မ ယခုလို ဖြစ်နေသည်ကို ပီလော့ မမြင်ချင်ပေ။
“နင်နားမလည်တာလည်း ပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ဒါက ငါတိုညို့ကဝေနတ်ဆိုးဘုရင်မ သွေးမျိုးဆက်ရဲ့ ကံကြမ္မာပဲကိုး”
ရှန်ချင်းလော့၏ မျက်ဝန်းထဲ ဝမ်းနည်းသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
ကီလိုမီတာ(၁၀၀)အဝေးတွင် တည်ရှိနေသည့် ဗဟိုမြို့၌…
ကီလိုမီတာ(၁၀၀) ခြားထားသော်ငြား ရွှေနဂါးနှင့် ရေခဲဖီးနစ်တို့ ထွက်ပေါ်လာသည့် မြင်ကွင်းအား အသေအချာ မြင်နေရ၏။
မိစ္ဆာဘုရင်ငါးယောက်သည် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ရှိနေခဲ့၏။ ထိုမြင်ကွင်းကြောင့် သူတို့ငါးယောက်စလုံး အနည်းငယ် အံ့အားသင့်သွားသော်ငြား ထိုအရာနှင့် ပက်သက်၍ သူတို့ထဲမှ မည်သူမှ ထူးထူးခြားခြား မခံစားခဲ့ရ။ နတ်ဆိုးအရှင်သခင် ရန်ပိုင်သာ စစ်ပွဲမြို့တော်ရှိရာဆီ မနာလိုအားကျစွာဖြင့် လှမ်း၍ ငေးစိုက်ကြည့်နေ၏။
မိသားစုကြီး(၈)ခုထဲ အသံဗလံတို့ဖြင့် ညံသွားခဲ့လေ၏။ ထိုကဲ့သို့သော မြင်ကွင်း မည်သည့်အတွက်ကြောင့် စစ်ပွဲမြို့တော်၌ ဖြစ်ပျက်သွားခဲ့သည်ကို သူတို့ထဲရှိ မည်သူမှ နားမလည်နိုင်ခဲ့ချေ။
တိမ်မိစ္ဆာနယ်မြေ၏ ကျူးကျော်စစ်ကြောင့် ဗဟိုမြိုတော် တစ်ခုလုံး စစ်ပွဲမြို့တော်နှင့် အဆက်ပြတ်နေခဲ့လေ၏။ ရန်ကိုင်နှင့် သူ့မဟာမိတ်များ လုံလုံခြုံခြုံဖြင့် ရှိနေသည်ကို သိသော တစ်ယောက်သောသူဆို၍ လေးယောက်မြောက် သခင်ကြီးသာ ရှိ၏။
စစ်ပွဲမြို့တော် တစ်ခုလုံးသည် လုံးလုံးလျားလျား ဖျက်စီးခံလိုက်ရပြီး ထိုနေရာ၍ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်တစ်လေမျှပင် မရှိဟု အားလုံး ထင်နေခဲ့ကြခြင်း ဖြစ်၏။
ထိုမြင်ကွင်းအား လှမ်း၍ ငေးကြည့်နေစဉ် ရန်ရင်ဟောင်သည် ရုတ်တရက် တစ်ခုခုကို နားလည်သွားကာ ရန်ရင်ဖုန်းဘက်လှည်၍ “လေးယောက်မြောက်ညီလေး၊ ရန်ကိုင်နဲ့ ကျန်တဲ့ လူတွေရော အဆင်ပြေရဲ့လား”
ထိုမေးခွန်းကို ကြားလိုက်သည်နှင့် ဒေါင်စုကျုက ရန်ရင်ဖုန်းအား ပြန်မဖြေဖို့ မျက်စလှမ်းပစ်လိုက်၏။
ရန်မိသားစုသည် ရန်ကိုင်အပေါ် လွန်စွာကိုမှ မမျှမတ ဆက်ဆံခဲ့၏။ ကျန်သော မိသားစု(၇)ခုပေါင်း၍ ရန်ကိုင်အား တိုက်ဖို့ကြိုးစားနေသည့်အချိန်တွင် ရန်မိသားစုက ငုတ်တုတ် ထိုင်ကြည့်နေခဲ့၏။ ထိုအချိန်ကစ၍ ဒေါင်စုကျုသည် ရန်မိသားစုအပေါ် အမြင်မကြည်တော့ခြင်းဖြစ်၏။
ရိုးသားဖြောင့်မတ်သည့် လေးယောက်မြောက် သခင်ကြီးသည် ရန်ရင်ဟောင်၏ အမေးကိုကြားသော် တစ်ခဏတာ တွေဝေနေပြီးသည့်နောက် ခေါင်းညိတ်၍
“ရန်ကျောင်းနဲ့ ရန်ဝေတို့ နှစ်ယောက်စလုံး လုံခြုံတယ်။ သူတို့ နှစ်ယောက်က ကိုင်အာနဲ့အတူ ရှိနေတာ ဖြစ်လောက်မယ်”
ရန်ရင်ဟောင်၏ ကျုံ့ကွေးနေသည့် မျက်ခုံကြောတို့ အနည်းငယ် ပြေလျော့သွားခဲ့ပြီး သူ့ကိုယ်ဟန်ပန်အား အလျင်အမြန် ပြန်ထိန်းလိုက်ကာ တိုးတိုးလေး ပြောလိုက်၏
“အခွင့်အရေးရရင် ရန်ကိုင်ကို ငါ့အစား တောင်းပန်ပေးစမ်းပါကွဦ”
ရန်ကျောင်းသည် သူ့သားဖြစ်သည့်အတွက် သူ့သား၏ လုံခြုံရေးကို စိတ်ပူသည်မှာ သဘာဝပင်ဖြစ်၏။ သို့သော်ငြား တိမ်မိစ္ဆာနယ်မြေ ကျူးကျော်လာသည့် အချိန်မှစ၍ ရန်မိသားစု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရန်ရင်ဟောင်သည် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား ဖြေရှင်းရန် အချိန်မရှိခဲ့။ ထို့ကြောင့် ရန်ကျောင်း သေသည်၊ ရှင်သည်ကို အခုအချိန်အထိ မသိသေးခြင်း ဖြစ်လေ၏။
ယခု ရန်ရင်ဖုန်းက သူ့သား အသက်ရှင်နေသည်ဟု ပြောလာသဖြင့် ရန်ရင်ဟောင်သည်လည်း တော်တော့်ကို စိတ်သက်သာရာ ရသွားခဲ့လေ၏။
“ဟန့်၊ တော်စမ်းပါရှင်၊ ကျွန်မသားကို ဒုက္ခပေးဖို့ ရပ်ပါတော့။ ရှင့်ရဲ့ ကျေးဇူးတင်စကားကိုလည်း ရှင့်ဘာသာရှင်ပဲ သိမ်းထားလိုက်တာ အကောင်းဆုံးပဲ”
ဒေါင်စုကျုက နှာခေါင်းရှုံ့လိုက်လေ၏။
ရန်ရင်ဟောင်က နောင်တရနေသည့် မျက်ဝန်းအစုံဖြင့် ဒေါင်စုကျုအား လှမ်း၍ ကြည့်လိုက်၏။
----------------------------------
အခန်းထဲ၌၊ ရန်ကိုင်နှင့် စုယန်တို့ တစ်ချိန်တည်း မျက်လုံးပွင့်လာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ ပြုံးပြလိုက်ကြလေ၏။
ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်သည် နောက်ဆုံး၌ တတိယအဆင့်ဖြစ်သော နှလုံးသားနှင့်ဝိဥာဉ် တစ်သားတည်း ဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်သည်သာ အဆင့်တက် သွားခဲ့ရုံမက အချိန်အတော်ကြာအောင် နှစ်ယောက်သား အတူတကွ လေ့ကျင့်ပြီးသည့်နောက် သူတို့၏ ကျင့်ကြံခြင်း သည်လည်း မြင့်တက်လာခဲ့ရ၏။
ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၄)သို့ ချိုးဖျက်သွားခဲ့ပြီး စုယန်ကမူ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၅)သို့ ချိုးဖျက်သွားခဲ့လေ၏။ သူတို့ နှစ်ယောက်ကြား၌ အဆင့်လေးတစ်ဆင့်သာ ကွာခြား တော့လေ၏။
(၃)လ တံခါးပိတ်ကျင့်ကြံပြီသည့်နောက် အဆင့်သေးတစ်အဆင့် ချိုးဖျက်နိုင်ခြင်းသည် အလွန်အမင်း မြန်ဆန်သည်ဟု ဆိုနိုင်ပေ၏။ ဟုတ်ပေ၏၊ ဤရလဒ်သည် ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ် သက်သက်ကြောင့် ရရှိလာခဲ့ခြင်းပင် ဖြစ်ပေ၏။
သို့သော်ငြား သူ၏အရင်အမြန်နှုန်းနှင့် စာလျှင် ယခုရလဒ်နှင့် ပက်သက်ပြီး ရန်ကိုင်သည် သိပ်ပြီး စိတ်ကျေနပ်မှု မရှိသေးချေ။
ထိုအဆင့်ကို ရောက်ရှိလာပြီသည့်နောက် သူနှင့်စုယန်၏ ဝိဥာဉ်နှင့်နှလုံးသားသည် တစ်သားတည်း ဖြစ်သွားခဲ့ကာ သူတို့ကြားက ဆက်သွယ်မှုသည်လည်း အရင်ကထက် ပိုမိုခိုင်မြဲလာခဲ့လေ၏။
သူတို့သာ ဆန္ဒရှိနေသရွေ့ တစ်ယောက်၏ စိတ်ထဲတွင် ရှိနေသည့် အလျှို့ဝှက်ဆုံး အတွေးများကိုပင် မြင်နိုင်၏။ ဤအခြင်းအရာသည် မိမိ၏ အသိစိတ်ပင်လယ်ကို အခြားတစ်ယောက်အား ပေးကြည့်လိုက်ခြင်းနှင့် မခြားချေ။
သို့သော်ငြား နှစ်ယောက်စလုံး အားယားနေကြသူများ မဟုတ်ရာ ထိုကဲ့သို့ အကျိုးမရှိသည့်အလုပ်အား အချိန်ကုန်ခံ၍ လုပ်နေလိမ့်မည် မဟုတ်။ နှစ်ယောက်သား အတူယှဉ်တွဲ တိုက်ခိုက်သည့်အခါမှသာ သူတို့၏ ဝိဥာဉ်ကို ယခုကဲ့သို့ ချိတ်ဆက်မှာဖြစ်၏။
ထိုအချိန်ကျ သူတို့နှစ်ယောက်၏ လွန်စွာကိုမှ အတိုက်အဖောက် ညီသွားမည်ဖြစ်ကာ သူတို့၏ တွဲဖက် တိုက်စစ်သည်လည်း လွန်စွာကိုမှ အားကောင်း လာပေလိမ့်မည်။
“ဟုတ်တယ်၊ ငါပြောဖို့မေ့နေတာ”
ရန်ကိုင်က တစ်ခုခုကို ရုတ်တရက် သတိရသွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
“ဘာလဲ”
“ဒါပဲ” ရန်ကိုင်က သူ့လက်အား လှုပ်ခါ၍ ယင်ယန်မွန်းစားဂျင်ဆင်းအား ထုတ်ယူလိုက်၏။
ယင်ယန်မွန်းစားဂျင်ဆင်းကို ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲတွင် မတော်တဆ ရခဲ့ခြင်းဖြစ်၏။ နတ်ဆိုးအိုကြီး က ယောကျာ်းနှင့်မိန်းမတို့ နှစ်ယောက်ကြား ဆက်ဆံရေး သည် နှလုံးသားနှင့်စိတ်ဝိဥာဉ် တစ်သားတည်း ဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ဤပစ္စည်းအား အသုံးပြုနိုင်လိမ့်မည်ဟု ဆို၏။ ယခုအချိန်မတိုင်ခင်အထိ ရန်ကိုင်နှင့် စုယန်တို့ကြားက ဆက်ဆံရေးသည် ထိုအဆင့်ထိ မရောက်ရှိသေးချေ။
ယခုအချိန်သည် ယင်ယန်မွန်းစားဂျင်ဆင်း၏ အစွမ်းအား အသုံးပြဖို့ အချိန်ကောင်းပင်ဖြစ်ချေ၏။
“အို၊ဒါလား”
ယန်ယန်မွန်းစတားဂျင်ဆင်းကို မြင်လိုက်သည်နှင့် စုယန်က ရုတ်တရက် ပြုံးလိုက်လေ၏။
ယင်ယန်မွန်းစတားဂျင်ဆင်းသည် ကောင်းကင်နှင့် မြေပြင်မှ အလိုလို ဖြစ်လာခဲ့ခြင်းဖြစ်၏။ တစ်ခြမ်းသည် ချစ်ချစ်တောက် ပူလောင်နေ၍ တစ်ဖက်သည် ရေခဲတမျှ အေးစက်နေခဲ့ကာ မည်ကဲ့သို့ ပုန်းရှောင်ရမည်၊ ပြဿနာများအား မည်ကဲ့သို့ ရှောင်ရှားရမည်ကို ဟူသော အသိစိတ်ကိုလည်း ပိုင်ဆိုင်ထား၏။
ကောင်းကင်ဘုံအောက်၌ ယင်ယန်မွန်းစတား ဂျင်ဆင်းလို အသိစိတ်ပိုင်ဆိုင်ထားသည် ကမ္ဘာစိတ်ဝိဥာဉ် ရတနာ အမျိုးမျိုး ရှိသော်လည်း တစ်ခုကိုပင် တွေ့မြင်ဖို့ရာ လွန်စွာမှ ခဲယှဉ်းလှပေ၏။
ကမ္ဘာစိတ်ဝိဥာည်ရတနာများသည် ရှားပါးပြီး အဖိုးတန်သည့် ပစ္စည်းများပင် ဖြစ်ချေ၏။
“ဘယ်လိုသုံးရမှာလဲ”
ရန်ကိုင် အကြံအိုက်သွားခဲ့လေ၏။ ယန်ယန်မွန်းစတား ဂျင်ဆင်းသည် ယောကျာ်းနှင့် မိန်းမတို့နှစ်ယောက် နှလုံးသားနှင့် ဝိဥာဉ်တစ်သားတည်း ပေါင်းစည်းခြင်း အဆင့်ရောက်မှာသာလျှင် အစွမ်းပြမည်ဟု ပြောခဲ့သော်လည်း မည်ကဲ့သို့ အသုံးပြုရမည်ကိုတော့ ရှင်းပြမသွားခဲ့ချေ။
တစ်ယောက်တစ်ဝက်ပဲ ကိုက်စားလိုက်ရမှာလား။
သို့သော်ငြား ထိုနည်းလမ်းဟာ မမှန်ဘူးဟု ရန်ကိုင်စိတ်ထဲ ခံစားနေရ၏။ ထိုဂျင်ဆင်းသည် စိတ်ဝိဥာဉ် ဆေးပင်ဆိုသော နယ်ပယ်အား ကျော်လွန်၍ အသိစိတ် အသက်ပုံစံဖြစ်တည်ဖို့ရာ နီးကပ်နေခဲ့လေပြီ။ ထိုကဲ့သို့သော အရာမျိုးကို တစ်ယောက်တစ်ဝက် ကိုင်စားရမည် ဆိုသည့် အကြောင်း တွေးလိုက်မိရုံပင်လျှင် ရန်ကိုင်စိတ်ထဲ အော်ဂလီဆန်ချင်သွားခဲ့၏။
မည်ကဲ့သို့ လုပ်ဆောင်ရမလဲဟု စဉ်းစားနေစဉ်မှာပဲ ယင်ယန်မွန်းစားဂျင်ဆင်းသည် သူ့အလိုလို တုန့်ပြန်လာခဲ့၏။ ယခုအချိန်မတိုင်ခင်အထိ ထိုဂျင်ဆင်းသည် အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်၏။ သို့သော်ငြား ထွက်လာလျှင် ထွက်လာခြင်း ဂျင်ဆင်း၏ ထူးဆန်းသော မျက်နှာထက် ပျော်ရွှင်သည့် အမူအရာတို့ ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်နှင့် စုယန်တို့ နှစ်ယောက်ကို မြင်တွေ့လိုက်ရသည့် အတွက်ကြောင့် ပျော်နေခြင်း ဖြစ်လောက်ပေမည်။
အလင်းစီးကြောင်း တစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်နှင့် စုယန်နား လှည့်ပတ်နေခဲ့လေ၏။
ရန်ကိုင်နှင့်စုယန်နား လှည့်ပတ်နေခြင်း ကလေးလေး တစ်ယောက် ပျော်ရွှင်စွာ ရယ်မောနေသည့် အသံနှင့် အနည်းငယ် ဆင်တူသော ထူးဆန်းသည့်အသံအား ပြုနေခဲ့၏။
ဆန်းကြယ်သည့် စွမ်းအင်တစ်ခုက ယင်ယန်မွန်းစတား ဂျင်ဆင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်နှင့်စုယန်တို့အား အလျင်အမြန် ရစ်ပတ်သွားခဲ့လေ။
ပျံသန်းသည့် အရှိန်နှုန်းလည်း ပိုပိုမြန်ဆန်လာခဲ့ပြီး အကန့်အသတ် တစ်ခုအထိ ရောက်ရှိသွားသည်နှင့် ယင်ယန်မွန်းစတားဂျင်ဆင်းသည် တလက်လက် တောက်ပနေသည့် အလင်းမှုန်များအဖြစ် ပေါက်ကွဲ ထွက်သွား၍ ရန်ကိုင်နှင့်စုယန် နှစ်ယောက်စအလုံးကို အပြည့်အဝ ဖုံးအုပ်သွားခဲ့လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၇၄) လူစီလား
~~~~~~~~~~~~~~~~~~~~~~~~~
တလက်လက် တောက်ပနေသည့် အလင်းမှုန်တို့သည် ရန်ကိုင်နှင့် စုယန်တို့၏ မွှေးညင်းပေါက်များထဲသို့ အလျင်အမြန် စိမ့်ဝင်သွားခဲ့လေ၏။ ထိုကဲ့သို့ စိမ့်ဝင် သွားသည်နှင့် နွေးထွေးပြီးသက်သောင့်သက်သာရှိသည့် ခံစားချက်က နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင် များသည်လည်း နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်ထဲသို့ လှိုင်းလုံးပမာ တိုးဝင်လာခဲ့လေ၏။
ထိုကဲ့သို့ ဖြစ်ပျက်နေစဉ် သူတို့နှစ်ကြားမှ ဆက်သွယ်မှုသည်လည်း ခိုင်မြဲသထက် ခိုင်မြဲလာခဲ့လေ၏။
ယင်ယန်မွန်းစတားဂျင်ဆင်း၏ တာဝန်သည် နှစ်ယောက်သားကြား ချိုးဖျက်မရနိုင်သော မမြင်နိုင်သည့် တံတားတစ်စင်းကို တည်ဆောက်ပေးဖို့ ဖြစ်နိုင်၏။
စစ်ဆေးကြည့်လိုက်သည့်အခါ အစစ်အမှန် ယန်ကျင့်စဉ်အား လှည့်ပတ်ခြင်း မပြုပင်လျှင် သူ၏ အစစ်အမှန်ချီသည် မြန်ဆန်စွာလှည့်ပတ်နေ၍ စုယန်၏ အစစ်အမှန်ချီနှင့် ပေါင်းစပ်နေသည်ကို ရန်ကိုင် ရေးတေးတေးလေး ခံစားနေမိ၏။
ထို့အပြင် သူ့ကျင့်စဉ်သည် အရင်ကထက် ပို၍ မြန်မြန် လှည့်ပတ်နေနိုင်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ ထိုရလဒ်ကြောင့် ရန်ကိုင်မျက်နှာတစ်ခုလုံး အပြုံးပန်းတို့ဖြင့် ဝေဆာသွားခဲ့လေ၏။
ယင်ယန်မွန်းစတားဂျင်ဆင်းကို အသုံးပြုရန် မည်သည်ကိုမှ လုပ်စရာမလိုချေ။ နှလုံးသားနှင့် ဝိဥာဉ် တစ်သားတည်း ဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိရန်သာ လိုအပ်ပေ၏။
ယင်ယန်မွန်းစားဂျင်ဆင်း လှည့်ပတ်ခြင်း ရပ်တန့် သွားသည့်အခါ ရန်ကိုင်နှင်စုယန်ကြား မှော်ဆန်ဆန် ချိတ်ဆက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေ၏။
သူတို့သာ အရမ်းကြီး ဝေကွာနေခြင်း မရှိသရွေ့ သူတို့၏ ကျင့်စဉ်ကို လှည့်ပတ်ခြင်း မပြုလျှင်ပင် ဘေးပတ်ဝန်ကျင်ရှိ မိုးမြေစွမ်းအင်များအား အလိုလို စုပ်ယူနေပေလိမ့်မည်။ ကျင့်စဉ်ကို လှည့်ပတ်လိုက်လျှင်မူ စုပ်ယူနိုင်စွမ်းက နှစ်ဆထိ မြင့်တက်သွားပေလိမ့်မည်။
ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်၏ အစွမ်းပါ ရှိနေသည်ဖြစ်ရာ သူတို့နှစ်ဦး၏ ကျင့်ကြံနှုန်းသည် ကြောက်မခန်းလိလိ မြင့်တက်သွားခဲ့လေ’။
“ငါတို့ရဲ့ကလေးလိုပဲ”
စုယန်က သူမ၏ ရင်ဘတ်ကို အသာအယာလေး ထိထားရင်း ယင်ယန်မွန်းစားဂျင်ဆင်းကြောင့် ဖြစ်လာသည့် ဆက်သွယ်မှုအား ခံစားနေခဲ့၏။ သူမ၏ မျက်ဝန်းများသည် နှင့် မိခင်တစ်ယောက်၏ ကြင်နာရိပ်တို့ဖြင့် ပြည့်နေခဲ့၏။
“လိုချင်လား”
ရန်ကိုင်က စုယန်ကို သွားပေါ်အောင်ပြုံးပြ၍ အဓိပ္ပါယ်ပါပါ ရယ်မောလိုက်လေ၏။
စုယန် ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်အား ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်လေ၏။
ရန်ကိုင်က နှုတ်ခမ်းလေးများကို သပ်လိုက်ရင်း စုယန်ပေါ် ခုန်အုပ်ဖို့ ပြင်လိုက်၏။
ရန်ကိုင်၏ အမူအရာအား မြင်လိုကသ်ည်နှင့် ရန်ကိုင် မည်သည်ကို တွေးနေမှန်း စုယန် ချက်ချင်း သိလိုက်၏။ သူမ၏ ရင်ထဲ တလှပ်လှပ် ဖြစ်သွားခဲ့ပြီး ပါးလေးများသည် လည်း နီမြန်းလာခဲ့ကာ ရန်ကိုင်၏ သားရဲကောင်ပမာ ရမ္မက်ထန်နေသည့် အကြည့်အား ခပ်မြန်မြန်ပဲ လွှဲဖယ် ရှောင်ရှားလိုက်လေ၏။
စုယန်၏ ရှက်ရွံ့နေသည့် ပုံစံလေးကို ကြည့်ရင်း ရန်ကိုင်၏ အသက်ရှူသံ ပိုမိုလေးလံလာခဲ့လေ၏။
ခုန်အုပ်ပြီး သားကောင်းကို ဝါးမြိုဖို့လုပ်နေစဉ်မှာပဲ တိုက်ပွဲသံတို့ ထွက်ပေါ်လာခဲ့ပြီး အားကောင်းသော စွမ်းအင်လှိုင်းများ စံအိမ်အပြင်ဘက်မှ ထွက်ပေါ် လာခဲ့လေ၏။
ရန်ကိုင် အေးခဲသွားခဲ့ပြီး သူ့မျက်နှာသည်လည်း အေးစက်သွားခဲ့လေ၏။
ယခုကဲ့သို့ အချိန်မျိုးမှာမှ နှောင့်ယှတ်ခြင်း ခံလိုက်ရသည့်အတွက် ရန်ကိုင် မည်မျှအထိ စိတ်ပျက်နေမည်မှန်း ခံစားကြည့်နိုင်၏။
စုယန်က ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက် ပြီးသည့်နောက် အသာအယာလေ သက်ပြင်းရှိုက်လိုက်၍
“ကြည့်ရတာ စစ်ပွဲမြို့တော်ဆီ အဖွဲ့သစ်တစ်ခု ရောက်လာပြီး ညို့ကဝေနတ်ဆိုးဘုရင်မနဲ့ တိုက်ခိုက်နေတဲ့ ပုံပဲ”
“ငါတစ်ချက် သွားစစ်ဆေးကြည့်လိုက်မယ်”
ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မတ်တပ်ရပ်ကာ လမ်းလျှောက် ထွက်သွားလိုက်လေ၏။
မည်သို့ပင်ဖြစ်ဖြစ်၊ ရှန်ချင်းလော့သည် သူနှင့် ဆက်စပ်နေသေး၏။ သူမအား ယခုဲ့သို့ ပစ်ပယ် မထားနိုင်ချေ။ သူ့စိတ်ထဲတွင်လည်း ဘယ်သူကများ ရှန်ချင်းလော့နှင့် တိုက်ခိုက်နေသလဲဟု တွေးတော မိနေခဲ့၏။
အိမ်ထဲမှ ထွက်လာပြီးသည့်နောက် အဖွဲ့သစ်အခုက သူတို့နှင့် မီတာထောင်ပေါင်းများစွာ အကွာ၍ ရပ်နေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
အဖွဲ့သစ်၏ ခွန်အားက မသေးလှချေ၊ အနည်းဆုံး လူ(၁၀၀)လောက် ရှိပေ၏။ အများစုသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များ ဖြစ်ကြပြီး အားလုံးက ကောင်းကင်ပေါ်သို့ မော့ကြည့်နေခဲ့ကြလေ၏။
ကောင်းကင်ထက်တွင်တော့…
လူ(၃)ယောက်က ရှန်ချင်းလော့အား ဝန်းရံထားခဲ့၏။ တစ်ယောက်ချင်းစီတိုင်းသည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြပြီး ရှန်ချင်းလော့၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့၍ တိုက်ခိုက်နေခဲ့ကြ၏။
ရှန်ချင်းလော့သည်လည်း မသေမျိုးအဆင့် ပညာရှင် တစ်ယောက်ဖြစ်၏။ သို့သော်ငြား သူမက တော်တော်လေး ငယ်ရွယ်သေးပြီး တိုက်ခိုက်ရင်း ပီလော့အား ကာကွယ်ပေးနေရသေးရာ သူမအနေဖြင့် ထိုသုံးယောက်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ တိုက်ခိုက်နေစဉ် သူမ၏ အစစ်အမှန်ချီဖြင့် ဖန်တီးထားသည့် ပင့်ကူပိုးမျှင်အား သုံး၍ သူမနှင့်ပီလော့အား ကာကွယ်ထားသော်ငြား တစ်ဖက်လူ သုံးယောက်၏ ဖိနှိပ်ခြင်းကို ခံနေခဲ့ရ၏။
“နတ်ဆိုးမ၊ မတိုက်ခိုက်ပဲ လက်လျှော့မယ်ဆိုရင် နင့်အသက်ကို ချမ်းသားပေးမယ်”
တိုက်ခိုက်နေသော လူသုံးယောက်ထဲမှ အသားအရေ ဝါကြင့်ကြင့်နှင့်လူအိုကြီးက အော်ပြောလိုက်လေ၏။
“ညို့ကဝေနတ်ဆိုးဘုရင်မကို ကြုံတွေ့လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဘာမှအားမစိုက်ရပဲနဲ့ နတ်ဆိုးဘုရင်မနဲ့ လာတိုးရတယ်၊ ကောင်းလိုက်တဲ့ကံကွာ”
နောက်ထပ်လူအိုကြီးတစ်ယောက်က ထပ်မံ လှောင်ပြောင် ပြောဆိုလိုက်လေ၏။
“ရောင်းရင်းတို့၊ သူ့ကို မသတ်မိအောင် သတိထားနော်။ နတ်ဆိုးအရှင်သခင်နဲ့ ရင်ဆိုင်ရတဲ့အခါကျ သူက အသုံးဝင်တဲ့ ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်တယ်”
တတိယလူက အကျယ်ကြီး အော်ပြောလိုက်လေ၏။
“သူက ဒီလောက် လွယ်လွယ်နဲ့ သေမယ့်လူ မဟုတ်ပါဘူး။ ဒီမိစ္ဆာမရဲ့ နည်းလမ်းတွေက အရမ်းကို လှည့်ကွက်များတယ်ဟ”
အသားအရောင် ဝါကြင့်ကြင့်နှင့် လူအိုကြီးက စိတ်ပျက်ပျက်နှင့် ရေရွတ်လိုက်လေ၏။ သုံးယောက် တစ်ယောက် ယှဉ်တိုက်နေသော်ငြား ထိုစုန်းမအနေနှင့် ကူကယ်ရာမဲ့နေခြင်း လုံးဝမရှိသည်ကို သူအပြည့်အဝ နားလည်ထား၏။ သူတိုအ့နေနှင့် အချိန်တိုအတွင်း သူမအား အနိုင်ယူလိမ့်မည် မဟုတ်ချေ။ ရှန်ချင်းလော့သာ ပီလော့အာ ကာကွယ်နေခြင်းမပြုရလျှင် သူတို့သုံးယောက်၏ ဝိုင်းရံမှုမှ လွတ်မြောက်သွားသည်မှာ ကြာလေပြီ။
“သခင်မ၊ ကျွန်မအတွက် မစိုးရိမ်ပါနဲ့”
ပီလော့က နှုတ်ခမ်းလေးကိုကိုက်ရင်း စိုးရိမ်စွာဖြင့် ပြောလိုက်၏။ သူမသည် ရှန်ချင်းလော့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ကို ပီလော့လည်း မြင်ပေ၏။ သူမကြောင့် ရှန်ချင်းလော့ ဒုက္ခရောက်မည့်မြင်ကွင်းကို ပီလော့ မည်သို့ မြင်ရက်မည်နည်း။
ရှန်ချင်းလော့ ပြန်ဖြေမှာကိုပင် စောင့်မနေတော့ပဲ ရှန်ချင်းလော့၏ ကာကွယ်မှုအောက်မှ ချက်ချင်း ပြေးထွက်သွားလိုက်လေ၏။
“ပီလော့”
ရှန်ချင်းလော့က အလန့်တကြား ထအော်လေ၏။ တားဆီဖို့ ကြိုးစားလိုက်သော်ငြား အချိန်မမှီလိုက် ဖြစ်သွားခဲ့၏။
အသား ဝါးကြင့်ကြင့်လူအိုကြီးက သူ့ဆီ ပြေးဝင်လာနေသည့် ပီလော့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ သာမန်ကာလျှံကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ သူ့လက်ဝါးချက်ကြောင့် ကျာမလေးပီလော့မှာ လွင့်စင်ထွက်သွားခဲ့ရပြီး သူမ၏ပါးစပ်ထောင့်စွန်းမှလည်း သွေးတွေ စီးကျသွားခဲ့လေ၏။
မသေမျိုးပထမအဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် ပီလော့အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
ချက်ချင်းဆိုသလို သူမ၏ ကိုယ်တွင်းအင်္ဂါတွေ နေရာရွေ့သွားသလို ပီလော့ခံစားလိုက်ရပြီး သူမ၏ သွေးစွမ်းအားသည်လည်း ပျောက်ကွယ်သွားခဲ့လေ၏။ သူမ၏ မျက်နှာသည်လည်း စက္ကူတစ်ရွက်ပမာ ဖြူလျော် သွားခဲ့ပြီး အမြင်အာရုံတို့သည်လည်း ဝေဝါးလာခဲ့ရလေ၏။
တိုက်ပွဲအား ရပ်ကြည့်နေသည့် လူအုပ်တွင်းမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက်သည် ပီလော့အား ဖမ်းဆီးရန် ပြေးထွက်သွားလိုက်လေ၏။
သူမနား မကပ်ရသေးခင်မှာပင် အလင်းတန်း တစ်ခုသည် သူ့အားကျော်ဖြတ်သွား၍ ပီလော့အား သူ၏ လက်တွင်းမှ ဆွဲယူသွားခဲ့လေ၏။
သူ့လက်တွင်းမှ ပစ်မှတ်အား လုယူသွားသော သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄သာ ရောက်သေးကြောင့် သတိပြုမိလိုက်သည်နှင့် ထိုလူ၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ အော်ပြောလိုက်လေ၏ “ချထားလိုက်စမ်း”
ပြောပြီးသည်နှင့် အစစ်အမှန်ချီကို ရူးသွပ်စွာ လှည့်ပတ်၍ ထိုလူဆီ လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်၏။
တစ်ဖက်လူ၏ လက်သီးချက်မှ ဖြာထွက်လာသည့် သတ်ဖြတ်လိုစိတ်အား ခံစားမိသည်နှင့် ရန်ကိုင်၏ အမူအရာ မဲမှောင်သွားခဲ့ပြီး သူ၏လက်သီးနှင့် ထိပ်တိုက်တွေ့ပေး လိုက်လေ၏။
လက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့သွားသည်နှင့် ရန်ကိုင်က အမူအရာကင်းမဲ့စွာဖြင့် နေရာမှာပင် ရပ်နေနိုင်သော်ငြား တစ်ဖက်လူမှာမူ နာကျင်စွာ အော်ဟစ်ရင်း အောက်ဘက်ရှိ လူအုပ်ကြီးထဲသို့ လွင့်စင်ထွက်သွားခဲ့လေ၏။
ထိုတိုက်ပွဲက လူအုပ်ကြီး၏ အာရုံကို ချက်ချင်းဆိုသလို ဖမ်းစားသွားခဲ့ပြီး အားလုံးသည် ရန်ကိုင်အား ထိတ်လန့် တုန်လှုပ်နေသည့် အကြည့်များဖြင့် ဝိုင်း၍ ကြည့်လိုက် ကြလေ၏။ တော်တော်များများ၏ မျက်နှာထက်တွင်မူ အေးစက်စက် အမူအရာတို့ ရှိနေခဲ့လေ၏။
ထိုလူအများစုသည် ရန်ကိုင် မည်သူဆိုသည်ကို မသိခဲ့ကြ၊ ရန်ကိုင်သည် ပီလော့အား ကယ်လိုက်သဖြင့် သူ့အား ရှန်ချင်းလော့၏ နောက်လိုက်တစ်ယောက်ဟုသာ ထိုလူများ ထင်နေခဲ့ခြင်း ဖြစ်၏။
“သခင်လေးရန်”
ရှန်ချင်းလော့နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် လူအိုကြီး သုံးယောက်ထဲမှ တစ်ယောက်သည် ရန်ကိုင်အား မြင်လိုက်လျှေင် အံ့အားသင့်တကြီး လှမ်းအော်ခေါ်လိုက်ပြီး တိုက်ခိုက်နေရာမှာ ချက်ချင်း ခုန်ထွက်လာလေ၏။
ရန်ကိုင်လည်း အသံကြားရာဘက် လှည်ကြည့်လိုက်ရာ လူစီကို တွေ့လိုက်ရလေ၏ “စီနီယာလီ”
ထိုလူသည် လူမိသားစု၏ အကြီးအကဲချုပ် လူစီမှလွဲ၍ အခြားမဟုတ်ချေ။ ယခုနေရာ၌ တွေ့ဆုံမည်ဟု မထင်မှတ်ထားသဖြင့် နှစ်ယောက်စလုံး တော်တော်လေး အံ့အားသင့်သွားခဲ့ကြလေ၏။
ရန်ကိုင်၏ စံအိမ်သည် စစ်ပွဲမြို့တော်ထဲ ရှိနေသေး သည်ကို လူစီမသိသလို လူစီသည် ဤနေရာ၌ မည်သည့် အတွက်ကြောင့် ရုတ်တရက် ပေါ်လာရသည်ကိုလည်း ရန်ကိုင် မသိချေ။
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အော်ခေါ်နေစဉ် ရှန်ချင်းလော့နှင့် လူအိုကြီး နှစ်ယောက်ကြားက တိုက်ပွဲသည်လည်း ပြီးဆုံး သွားခဲ့လေ၏။
ညို့ကဝေနတ်ဆိုးဘုရင်မသည် သူမအား တိုက်ခိုက်သည့် လူသုံးယောက်အား သတိတကြည့်ကြည့်နှင့် ကြည့်လျက် သူမ၏ ပုံရိပ်သည် ရိပ်ခနဲလက်သွားခဲ့ပြီး ရန်ကိုင်ဘေးတွင် ပြန်လည်ထွက်ပေါ်လာခဲ့ကာ ပီလော့အား စိုးရိမ်တကြီး စိုက်ကြည့်၍ မေးလိုက်၏
“သူ့အခြေအနေ ဘယ်လိုရှိလဲ”
“အခုချက်ချင်းကြီးတော့ အသက်အန္တရာယ်မရှိသေးဘူး”
ရန်ကိုင်သည် ခေါင်းခါရမ်း၍ သူ့အိမ်ရှေ့ဆီ ရှန်ချင်းလော့နှင့်အတူ ဆင်းသွားလိုက်ပြီး ပီလော့အား တန်ယုရှန်းဆီ အပ်၍ သူမ၏ ဒဏ်ရာများကို ကုသပေးဖို့ အချက်ပြလိုက်၏။
ထိုကိစ္စအား ကိုင်တွယ်ပြီးသည်နှင့် ရန်ကိုင်က တစ်ဖက်လှည့်၍ အသစ်ရောက်လာသူများကို စစ်ဆေးကြည့်လိုက်လေ၏။
ထိုအချိန်တွင် ထိုလူအားလုံးသည် ရန်ကိုင်အား နားမလည်နိုင်သည့် မျက်ဝန်းများစွာဖြင့် သိချင်တကြီး စိုက်ကြည့်နေခဲ့ကြလေ၏။ သူတို့ သိလောက်ဆိုလျှင် စစ်ပွဲမြို့တော်သည် လွန်ခဲ့သော လပေါင်းများစွာ ကတည်းက စိစိညက်ညက်ကြေအောင် ဖျက်စီးခံခဲ့ရခြင်း ဖြစ်၏။ သို့သော်ငြား ယနေ့တွင်မူ လူပေါင်းများစွာဖြင့် စည်ကားနေသော အကောင်းပကတိအတိုင်း ရှိနေသည့် ခြံဝန်းတစ်ခုသည် သူတို့ရှေ့၌ ရှိနေခဲ့လေ၏။
လူစီ၏ အမူအရာသည် ဟိုတစ်မျိုး၊ ဒီတစ်မျိုး ပြောင်းလဲလို့ နေခဲ့၏။ သူ့အမူအရာသည် အကြောင်းအရာ များစွာကို စဉ်းစားတွေးတောနေဟန် ရပြီး နောက်ဆုံးတွင်မူ သူ့အမူအရာ တဖြည်းဖြည်း ပြေလျော့သွားခဲ့လေ၏။ သို့သော်ငြား ကျန်သည့် လူအိုကြီးနှစ်ယောက်ကမူ ရန်ကိုင်အား ဒေါသ၊ ရက်စက်လိုသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေ၏။
မကြာခင်မှာပင် ချူရီမန်သည်လည်း စံအိမ်ထဲနေ ထွက်လာခဲ့ပြီး လူစီကိုမြင်သည်နှင့် စပ်စုလိုစိတ်ဖြင့်
“လူစီ၊ ရှင်ဘာလို့ ဒီကို ရောက်နေတာလဲ”
“မိန်းကလေးချူပါလား”
လူစီက ယဉ်ယဉ်ကျေးကျေးဖြင့် ခေါင်းညိတ်၍
“မိသားစုကြီး(၈)ခုစီက အမိန့်ရလို့ ကျုပ်လည်း အပြေးလာခဲ့တာ။ ဒါပေမယ့် ဒီထူးဆန်းတဲ့ အတားအဆီးကို မြင်တော့ လာစစ်ဆေးကြည့်တာ၊ ဒါပေမယ့် မိစ္ဆာဘုရင် တစ်ပါးနဲ့ မမျှော်လင့်ပဲ လာတွေ့လိုက်ရတယ်လေ”
ပြောနေစဉ်အတွင်း သူ့အကြည့်သည် ရန်ကိုင်နှင့် ရှန်ချင်းလော့ကြား ကူးကလန်ခတ်နေခဲ့လေ၏။ ရန်ကိုင်သည် မိစ္ဆာဘုရင်တစ်ပါးနှင့် မည့်သည့်အတွက် ကြောင့် အဆက်အသွယ်လုပ်နေမည်မှန်း သူနားမလည်နိုင်ချေ။
“အဲ့တော့ ဒီလိုပေါ့”
ချူရီမန်က အသာအယာ ခေါင်းညိတ်လိုက်လေ၏။
တိမ်မိစ္ဆာနယ်မြေ ကျူးကျော်စစ် ပြုခဲ့သည်မှာ နှစ်ဝက်ကြာသွားခဲ့လေပြီ။ မိသားစုကြီး(၈)ခုသည် ဟန်မင်းဆက်တစ်ပြည်လုံးရှိ အင်အားစုများဆီသို့ စစ်ကူစေလွှတ်ရင် အကြောင်းကြားခဲ့သော်ငြား အနည်းငယ်သည်သာ တုန့်ပြန်ခဲ့လေ၏။
သို့သော်ငြား လူမိသားစုသည် ချူမိသားစု၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်သည့်အတွက် သူအနေနှင့် ဆန္ဒမရှိလျှင်ပင် မိသားစုမှ ပညာရှင်များအား သူကိုယ်တိုင် ဦးဆောင်၍ ဗဟိုမြို့တော်သို့ လာခဲ့ရပေ၏။
“ပြီးတော့ အဲ့နှစ်ယောက်ကကော…” ချူရီမန်က အခြား မသေမျိုးပညာရှင်နှစ်ယောက်ဆီ အကြည့်ပြောင်း၍ မေးလိုက်၏။
လူစီက ထိုနှစ်ယောက်ကို အလျင်အမြန်ပဲ မိတ်ဆက်ပေးလိုက်လေ၏
“ဒီတစ်ယောက်က ဟွမ်မိသားစုရဲ့ အကြီးအကဲ ဟွမ်ရှောင်ဟွမ်၊ ဒီတစ်ယောက်ကတော့ ရောင်ခြည်ဖြာ နန်းတော်ရဲ့ အကြီးအကဲ ကျန်းကျဲပါ။ နှစ်ယောက်စလုံးက ကျုပ်နဲ့အတူ ဗဟိုမြို့တော်ဆီ သွားနေကြတာပါ”
ချူရီမန်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်၏။ ဟွမ်မိသားစုနှင့် ရောင်ခြည်ဖြာနန်းတော်၊ လူမိသားစုနှင့် အလားသဏ္ဍာန်တူညီစွာ ထိုအင်အားစုနှစ်ခုသည်လည်း ဗဟိုမြို့တော်နှင့် ဆက်ဆံရေးတစ်ခု ရှိနေခဲ့လေ၏။ ထိုအချက်ကြောင့်ပင် မိသားစုကြီး(၈)ခုမှ စစ်ကူ စေလွှတ်ရန် အကြောင်းကြားလာသည့်အခါ သူတို့သည်လည်း ဗဟိုမြို့တော်ဆီ လာခဲ့ရခြင်း ဖြစ်ပေ၏။
ဟွမ်ရှောင်နှင့်ကျန်းကျဲတို့သည် ချူရီမန်အား တည်ငြိမ် လေးစားသည့်အမူအရာဖြင့် နှုတ်ဆက်လိုက်သော်ငြား ရန်ကိုင်အား ကြည့်သည့်အကြည့်တွင်မူ အထင်အမြင်သေးမှု၊ ရွံ့ရှာမှုတို့ဖြင့် ပြည့်နေခဲ့လေ၏။
အမွေခံတိုက်ပွဲ နောက်ဆုံးအခိုက်အတန့်အတွင်း မိသားစုကြီး(၈)ခုသည် ရန်ကိုင်အား ရနိုင်သမျှ အပုပ်ချခဲ့ကြ၏။ ရန်ကိုင်သည် နတ်ဆိုးများနှင့် ပူးပေါင်း၍ ဗဟိုမြို့တော်အား ပုန်ကန်နေချင်သည် ဟူသော သတင်းများကိုလည်း လွှင့်ခဲ့ကြလေ၏။ ထိုကဲ့သို့သော သတင်းများသည် ဟန်မင်းဆက်အနှံ့ ပျံ့နှံ့သွားခဲ့ပြီး ယခု ရန်ကိုင်သည် ရှန်ချင်းလော့နှင့် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံနေသည်ကို မြင်လိုက်သည့်အခါ ကောလဟာလ များသည် အတုအယောင်မဟုတ်မှန်း သူတို့ ချက်ချင်း နားလည်လိုက်ကြ၏။
ထိုကောင်စုတ်လေးသည် မိစ္ဆာ၊ နတ်ဆိုးများနှင့် အမှန်ပင် ပူးပေါင်းနေခဲ့၏။
“သခင်မလေးချူ ဘာလို့ ဒီကိုရောက်နေရတာလဲ”
လူစီက မေးလိုက်လေ၏။ သူ့ခေါင်းထဲဝယ် များစွာသော သံသယတို့ ကြီးစိုးနေခဲ့လေ၏။ ထိုအရံအတားကြောင့်သာ မဟုတ်လျှင် စစ်ပွဲမြို့တော်ထဲ လူအများကြီး ရှိနေသည်ကို သိခဲ့လိမ့်မည် မဟုတ်ချေ။
“ခိုလှုံနေတာလေ”
ချူရီမန်က ပြုံးလိုက်လေ၏။
“ခိုလှုံတာလား”
လူစီက ထိတ်လန့်တုန်လှုပ်စွာဖြင့် သံယောင် လိုက်ပြောလိုက်လေ၏။
“ဟုတ်တယ်၊ ကျွန်မက ဒီမှာခိုလှုံနေတာ”
ဟွမ်ရှောင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့၍
“သခင်မလေးချူ၊ ဒီနေရာမှာ ဘာမှီခိုစရာ ရှိလို့လဲ။ ဒီနေရာက တိမ်မိစ္ဆာနယ်မြေရဲ့နောက်ဘက်ဌာနချုပ် တစ်ခုမဟုတ်ဘူးလား”
ထိုစကားကို ကြားလိုက်သော်ငြား ချူရီမန်၏ အမူအရာသည် စိုးစဉ်းမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိပဲ ပြုံးကာ ပြန်ပြောလိုက်လေ၏
“အကြီးအကဲဟွမ်က ဘာလို့ ဒီလို့ပြောရတာလဲ”
ဟွမ်ရှောင်က ရှန်ချင်းလော့နဲ့ ရန်ကိုင်ဆီ လက်ညိုးထိုး၍ ကျယ်ကျယ်လောင်လောင်ဖြင့် အော်ပြောလိုက်လေ၏
“တိမ်မိစ္ဆာနယ်မြေက မိစ္ဆာဘုရင် တစ်ယောက်၊ ရန်မိသားစုရဲ့ သစ္စာဖောက်သခင်ငယ်လေး၊ သခင်မလေးချူ၊ သခင်မလေးက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိပေမယ့် ဒီလို မိစ္ဆာကောင်တွေ လှည့်စားတာကို မခံရစေနဲ့နော်၊ မဟုတ်ရင် တစ်ဘဝလုံး နောင်တရနေရလိမ့်မယ်”
“သစ္စာဖောက်မိစ္ဆာကောင် လှည့်စားတာကို ခံရမှာလား”
ချူရီမန်က ရန်ကိုင်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်၏
“အခုလို စိုးရိမ်ပေးတဲ့အတွက် အကြီးအကဲဟွမ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ကျွန်မက အကြီးအကဲဟွမ် ပြောသလို အတွေ့အကြုံမရှိဘူး ဆိုရင်တောင် ကျွန်မဘာလုပ်နေလဲ ဆိုတာကိုတော့ ကျွန်မသိတယ်”
ဟွမ်ရှောင်၏ အမူအရာ သုန်မှုန်သွားလျက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်လေ၏။ ချူရီမန်က ရန်ကိုင်လှည့်စားခြင်း ခံလိုက်ရလို့ အမှန်တရားကို မမြင်နိုင်တော့ခြင်း ဖြစ်သည်ဟု သူထင်နေခြင်း ဖြစ်၏။
ဒီစံအိမ်သေးသေးလေးက တိမ်မိစ္ဆာနယ်မြေ စစ်တပ်တစ်ခုလုံး ကျူးကျော်မှုကို ခုခံနိုင်သည်မှာ လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် ရှင်းပြချက် တစ်ခုသာရှိတော့၏။ ရန်ကိုင်နှင့် တိမ်မိစ္ဆာနယ်မြေတို့ ပူးပေါင်းနေသည်ဟူသော ဖြစ်နိုင်ချေကိုသာ ဟွမ်ရှောင်စဉ်းစားမိ၏။ မဟုတ်လျှင် စစ်ပွဲမြို့တော်၏ ကျန်သည့်အပိုင်းများအားလုံး အဖျက်အစီး ခံထားရချန် ရန်ကိုင်၏ စံအိမ်သည် မည်သည့်အတွက်ကြောင့် အကောင်းပကတိ ရှိနေရသနည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၇၅) Falling into a Fiery Pit
~~~~~~~~~~~~~~~~~~~~~~~~~
ကြားသိထားရသော သတင်းများနှင့် ရန်ကိုင်၏ ပြုမူပုံကြောင့် ဟွမ်မိသားစု အကြီးအကဲရှောင် ယခုကဲ့သို့ တွေးသည်မှာ သဘာဝပင်ဖြစ်၏။ ထို့ကြောင့် ချူရီမန်သည် ဆက်ရှင်းပြဖို့ရာ မကြိုးစားတော့ချေ။
ယခုအချိန်တွင် ဤလောကကြီး၌ ရန်ကိုင်၏ ခြံဝန်းထက် လုံခြုံသောနေရာသည် မရှိ။
“အကြီးအကဲဟွမ်၊ ကောလဟာလတွေ၊ ကောလဟာလတွေ အကုန်လုံးက ယုံရတာ မဟုတ်ဘူးနော်”
လူစီက ရုတ်တရက် ကြားဝင်ပြောလိုက်လေ၏။
ဟွမ်ရှောင်နှင့် ရောင်ခြည်ဖြာနန်းတော်မှ ကျန်ကျဲ တို့သည် လူစီအား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်လေ၏။ ယခုလိုအချိန်မျိုးတွင်ပင် လူစီသည် ရန်ကိုင်ဘက်က အဘယ်ကြောင့် ခုခံပြောဆိုပေးနေမှန်း သူတို့ နားမလည်နိုင် ဖြစ်နေခဲ့၏။
လူစီက ထိုနှစ်ယောက်၏ အကြည့်ကို အမှုမထားပဲ ဆက်၍ ပြောလိုက်လေ၏
“အရင်တုန်းက ကျုပ်ကိုယ်တိုင်လည်း သခင်လေးရန်နဲ့ ဆက်ဆံဖူးတယ်။ သူက ကောက်ကျစ်ပြီး မကောင်းတဲ့ လူတစ်ယောက်မဟုတ်မှန်း ကျုပ်အာမခံပေးလို့ရတယ်။ သူက နည်းနည်းပါးပါး ဥာဏ်များတယ်ဆိုရင်တောင်မှပေါ့”
လူစီ၏ စကားအသွားအလာအရ ရန်ကိုင် လူမိသားစု၏ ဧည့်သည့်ဖြစ်ခဲ့သည့် အချိန်က သူ၏ ယန်သလင်း ကျောက်စိမ်း ကုတင်အား ဓါးပြတိုက်သွားသည်ကို ယခုထိ မဖြေသိမ့် နိုင်သေးသည့်ပုံပင်။
ရန်ကိုင်၏ ကျေးဇူးတော်ကြောင့် ရှောင်ဖူချန်းဆီအား ဆန်းကြယ်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ခိုင်နိုင်ခဲ့၍ သူ့ဒဏ်ရာအား အမြစ်ပြတ်ပျောက်ကင်းသွားအောင် ကုသ နိုင်ခဲ့သော်ငြား ယန်သလင်းကျောက်စိမ်းကုတင်သည် ပေါပေါသောသော မဟုတ်ချေ။
“စီနီယာလူက အရမ်းယဉ်းကျေးလွန်းနေတာပါလား”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံး၍ ပြောလိုက်လေ၏။
“ဒီကောင်စုတ်လေးက နတ်ဆိုးတွေ၊ မိစ္ဆာတွေနဲ့ မပူးပေါင်းဘူးလို့ အကြီးအကဲလူ ပြောချင်နေတာလား”
ဟွမ်ရှောင်က အေးစက်က်ဖြင့် နှာခေါင်းရှုံ့၍
“ကောင်းပြီလေ။ ဒီလူအိုကြီးက အကြီးအကဲလူကို မျက်နှာသာပေးပြီး ခင်ဗျားစကားတွေကို အခု ယုံပေးလိုက်မယ်။ ဒါပေမယ့် ဒီအဖြစ်ပျက်ကိုကော ဘယ်လိုရှင်းပြမှာလဲ”
မေးခွန်းက ရန်ကိုင်ဆီ တိုက်ရိုက်ဦးတည်နေခဲ့လေ၏။
“ကျုပ်က ခင်ဗျားကို ဘာလို့ ရှင်းပြရမှာလဲ”
ရန်ကိုင်က လှောင်ပြောင်လိုက်၍ ‘ဒီဟွမ်ရှောင်ဆိုတဲ့ လူက တကယ်ကို စိတ်ဝင်စားစရာပဲ’လို့ စိတ်ထဲကနေ တွေးနေလိုက်လေ။ မိသားစုကြီး(၈)ခု၏ အမိန့်ကို လက်ခံထားသော်ငြား ဗဟိုမြို့တော်ဆီ မသွားပဲ ဤနေရာဆီ လာ၍ ပြဿနာရှာနေခဲ့လေ၏။
၎င်းသည် အမှန်ကိုပင် ယုတ္တိမတန်၏။
တစ်ခဏလောက် စဉ်းစားပြီးသည်နောက် ထိုလူ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်နေရသည်ကို ရန်ကိုင် နားလည်သွားခဲ့လေ၏။
ယခုလောလောဆယ်၌ ဗဟိုမြို့တော်သည် ဟန်မင်းဆက် တစ်ခုလုံး၏ အန္တရာယ်အများဆုံး နေရာ ဖြစ်နေခဲ့၏။ ထို့ကြောင့် သူသည်လည်း ဗဟိုမြို့တော်သို့ မသွားချင်ချေ။ ကံကောင်းစွာဖြင့် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပျက်လာသည့်အတွက် ဤအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ကာ သူ့အရှိန်အား တတ်နိုင်သမျှ လျှော့ချပစ်ရပေမည်။ ထို့အပြင် ဤနေရာမှ အခြေအနေအား အခွင့်ကောင်းယူ၍ ဗဟိုမြို့တော်မှ မိသားစုကြီးအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးနိုင်၏။ ထိုကဲ့သို့သာ ဆိုလျှင် ဟွမ်မိသားစု၏ အဆင့်အတန်းကိုလည်း အကြီးအကျယ် မြင့်တင်ပေးနိုင်ပေလိမ့်မည်။
အနည်းဆုံး မိသားစုကြီး(၈)ခုက သူနှင့်သူ့မိသားစုမှ တပည့်များကို စတေးခံပွန်းကောင်းတွေအဖြစ် အသုံးမည်အား စိုးရိမ်စရာ မလိုတော့ချေ။
ငါ့ကိုများ ခင်ဗျားကြီးရဲ့ ကိုယ်ကျိုးအတွက် အသုံးချချင်တယ်ပေါ့ ရန်ကိုင်မှာ စိတ်ထဲမှ ကြိတ်ရယ်စဉ် သူ့ရင်ထဲ ဒေါသတို့ အလိပ်လိုက်အလိပ်လိုက် ဆူဝေ တက်လာခဲ့ရလေ၏။
“သခင်လေးရန်က ရှင်းပြမချင်ဘူးဆိုလည်း ဒီအတိုင်းပဲ ထာလိုက်တော့ပေါ့”
ဟွမ်ရှောင်က အသာအယာ ခေါင်းညိတ်လိုက်၍ ရှန်ချင်းလော့ဆီ လက်ညိုးထိုးကာ
“သခင်လေးသာ ဒီစုန်းမကို သတ်လိုက်သရွေ့ သခင်လေးက တိမ်မိစ္ဆာနယ်မြေနဲ့ ပူးပေါင်းမနေဘူးဆိုတာကို ကျုပ်ယုံကြည်ပေးလိုက်မယ်”
“ခင်ဗျားက ဘာမို့လို့ ခင်ဗျားယုံတာ၊ မယုံတာကို ကျုပ်က သောက်ဂရုစိုက်နေရမှာလဲ”
ရန်ကိုင်က ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်လေ၏။ ထိုသက်ကြားအိုကြီးသည် သူ့အား အပြစ်ရှာရန် စိတ်ဒုံးဒုံးချထားသည်လား အောက်မေ့ရ၏။
သူတို့၏ ကိုယ်ပိုင်လက်ရွေးစင် တပည့်များအား ဦးဆောင်၍ ဗဟိုမြို့တော်ဆီ သွားနေသော လူများအား အတိုင်းအတာတစ်ခုအထိ ရန်ကိုင် လေးစား၏။ တကယ်တော့ ထိုလူများသည် အမှန်တရားဟူသော နိယာမအား ကိုင်ဆောင်ထားသော လူအနည်းငယ်ထဲမှ အချို့ပင် ဖြစ်သည်ကိုး။
သို့သော်လည်း ဟွမ်ရှောင်ဆိုသော လူသည် မည်သည့် အချိန်တွင်ဆုတ်၍ မည်သည့်အချိန်တွင် ရှေးတိုးရမည်ကို မသိသောသူဖြစ်၏။ ထို့ကြောင့် ရန်ကိုင်သည်လည်း ဒေါသ ထွက်လာခဲ့ရပြီး ထိုလူအိုကြီးအား လေးစားသမှု မပြုနိုင်တော့ပဲ ခပ်ရိုင်းရိုင်းသာ ပြောချလိုက်ခြင်း ဖြစ်ပေ၏။
“ဟုတ်သွားပြီ။ ညီအစ်ကိုလူ၊ မင်းဘာပြောချင်သေးလဲ”
ဟွမ်ရှောင်က စွပ်လိုစွပ်စွဲဖြင့် လူစီဘက်လှည့်၍ မေးလိုက်လေ၏။
လူစီသက်ပြင်းချ၍ ခေါင်းခါရမ်းလိုက်လေ၏။ ရန်ကိုင်သည် မိစ္ဆာများနှင့် ပူးပေါင်းနေသည်ဟု ဟွမ်ရှောင်က တထစ်ချမှတ်ယူထားရာ သူဘာပြောပြော နားဝင်တော့မည် မဟုတ်ချေ။ ပြီးတော့ ဟွမ်ရှောင် ဘာတွေကြုံနေလဲ ဆိုသည်ကိုလဲ လူစီနားလည်၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူမိသားစု၊ ဟွမ်မိသားစုနှင့် ရှောင်ခြည်ဖြာနန်းတော်မှ လက်ရွေးစင် များသည် အတူတကွခရီးသွားနေခြင်း ဖြစ်၏။ သူတို့၏ အရှိန်သည် မမြန်သော်ငြား နှေးလည်းမနှေးချေ။ မည်သူမှ ဗဟိုမြို့တော်ဆီသို့ မြန်မြန်မရောက်ချင်ကြချေ။ သူတို့ တစ်တွေ ဗဟိုမြို့တော်ဆီ မရောက်ခင်၌ ဗဟိုမြို့တော် အတွင်း အလှည့်အပြောင်း တစ်ခုခု ဖြစ်သွားပါစေဟု အားလုံး မျှော်လင့်နေကြခြင်း ဖြစ်၏။
အားလုံးသည် လမ်းတွင် ထူးခြားသော အဖြစ်အပျက် တစ်ခုခု ကြုံသည်နှင့် တွေးဝေခြင်းမရှိ ချက်ချင်း စုံစမ်း စစ်ဆေးလေ၏။ သို့သော်ငြား ဘာဆိုဘာမှ အရေးတယူ လုပ်ဖွယ်ရာ မရှိချေ။ သို့သော်ငြား စစ်ပွဲမြို့တော်ထဲ၌ ရန်ကိုင်နှင့် ညို့ကဝေနတ်ဆိုးဘုရင်မအား လမ်းကြုံ တွေ့လိုက်သည်နှင့် အခွင့်ကောင်းတစ်ခု ရပြီဟုဆိုတာ ဘာမှမဟုတ်သည့် အဖြစ်အပျက်အား မကြီးကြီးအောင် ဇာချဲ့ဖို့ ကြိုးစားတော့လေ၏။
“ညီအစ်ကိုလူ၊ ညီအစ်ကိုကျန်း၊ တိမ်မိစ္ဆာနယ်မြေဆိုတာ ဒီလောကကြီးရဲ့ ကပ်ဘေးပဲ။ အခုတော့ မိစ္ဆာဘုရင်တစ်ပါး ငါတို့ရှေ့မှာ ထွက်ပေါ်လာပြီဆိုမှတော့ ငါအနေနဲ့ ဒီအတိုင်း ငြိမ်ကြည့်မနေနိုင်ဘူး”
ဟွမ်ရှောင်က ရုတ်တရက် အော်ပြောလိုက်လေ၏။
လူစီမှာ ပျာတီးပျာယာ ဖြစ်သွားခဲ့၍ အလျင်စလို ပြန်အော်ပြောတော့လေ၏
“ညီအစ်ကိုလူ၊ မင်းဘာလုပ်ချင်နေတာလဲ”
“ငါဘာလုပ်ချင်နေတာလဲလား”
ဟွမ်ရှောင်က လှောင်ပြုံးပြုံး၍
“ငါက ဒီနေရာကို သန့်သန့်ရှင်းရှင်းလေး ဖြစ်သွားအောင် လုပ်ချင်တာလေ။ ဒီမိစ္ဆာဘုရင်မရယ်၊ တိမ်မိစ္ဆာနယ်မြေနဲ့ ပူးပေါင်းနေတဲ့ ရန်မိသားစု သစ္စာဖောက်ကောင်စုတ်ကို ဖမ်းပြီး ဗဟိုမြို့တော်က မိသားစုကြီဂ(၈)ခုစီ ပို့ဖို့ စီစဉ်ထားတာလေ”
ဟွမ်ရှောင်၏ လေကြီးလေကျယ်စကားအားကြောင့် ရန်ကိုင် မျက်လုံးပင့်မိလိုက်ပြီး ထိုသက်ကြားအိုကြီးကို လှောင်ပြောင်လိုသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။
ရန်ကိုင်သည်သာမက၊ သူ၏ နောက်တွင်ရှိနေသော သူများပင်လျှင် ဟွမ်ရှောင်အား အံ့အားသည့် ထူးဆန်းသော အကြည့်မျိုးစုံဖြင့် ဝိုင်း၍ ကြည့်နေကြလေ၏။
ရန်ကိုင်အိမ်ကို… ဖျက်စီးဖို့ ဤမျှလွယ်သည်ဟု သူတို့တွေ ထင်နေကြသည်လား။ ဤနေရာနောက်ကွယ်တွင် မည်ကဲ့သို့သော ပညာရှင်များ ပုန်းအောင်းနေသည်ကို ထိုသူများ မသိသည်လော။
လွန်ခဲ့သော နှစ်ဝက်အချိန်က စည်းတံဆိပ်တော် ဘုရားကျောင်းရှိ အကြီးအကဲချုပ် (၈)ယောက်သည်ပင်လျှင် ရန်ကိုင်စံအိမ်မှ အင်အားစုကိုများ အနိုင်ယူနိုင်ခဲ့ခြင်း မရှိရာ ဟွမ်ရှောင်သည် မည်သည်မျှ ယုံကြည်ချက်ရလို့ ထိုစကားမျိုး ပြောရဲလေသနည်း။
ခဏတာစဉ်စားကြည့်လိုက်ပြီးသည့်နောက် အားလုံး နားလည်သွားခဲ့လေ၏။
လွန်ခဲ့သော (၆)လက၊ မိသားစုကြီး(၇)စုပေါင်းတပ်စုနှင့် စည်းတံဆိပ်တော်ဘုရားကျောင်းမှ အကြီးအကဲချုပ် (၈)ယောက်သည် ရန်ကိုင်စံအိမ်အား အင်ပြည့်အားပြည့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့၏။ ထိုတိုက်ပွဲတွင် ရန်ကိုင်စံအိမ်မှ မသေမျိုးအဆင့် ပညာရှင်(၃)ယောက် ထွက်ပေါ်လာခဲ့ပြီး အကြီးအကဲချုပ် (၈)ယောက်အား အနိုင်ယူခဲ့လေ၏။ ထိုတိုက်ပွဲအကြောင်း စစ်ပွဲမြို့တော်တွင် ရှိနေသူမှန်သမျှ သိကြ၏။ သို့သော်ငြား ထို့နေပြီး နောက်တစ်နေ့တွင် တိမ်မိစ္ဆာနယ်မြေသည် စစ်ပွဲမြို့တော် တစ်ခုလုံးအား ဖွတ်ဖွတ်ညက်ညက် ကြေအောင် ဖျက်စီးပစ်ခဲ့လေ၏။
ရန်ကိုင်နှင့် သူ၏ မဟာမိတ်အဖွဲ့များမှ လွဲ၍ စစ်ပွဲမြို့တော်ထဲရှိ အားလုံးနီးပါး အသက်ပျောက်ခဲ့ရ၏။ ထို့ကြောင့် ထိုတိုက်ပွဲအကြောင်း သတင်းပြန့်မည်မှာ လုံးဝကို မဖြစ်နိုင်ချေ။
ဤနေရာသည် အမွေခံတိုက်ပွဲတွင် ဝင်ပြိုင်နေသော ရန်မိသား၏ သခင်လေးတစ်ယောက် နေထိုင်သည် နေရာသက်သက်ဟု ဟွမ်ရှောင်ထင်နေသည်နှင့်တူ၏။
ရန်ကိုင်တွင် နောက်လိုက်နောက်ပါ များစွာ ရှိသည် ဆိုလျှင်ပင် ရန်မိသားစုသခင်လေးတစ်ယောက်၏ တပ်စုတင်အားသည် မည်မျှ အားကောင်းမည်မို့နည်း။ ဒီတစ်ကြိမ်တာဝန်အတွက် ဟွမ်မိသားစုက မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ဦးဆောင်သည့် သူတို့၏ လက်ရွေးစင် တပည့်အားလုံးနီးပါးကို တိုက်ပွဲသို့ စေလွှတ်ခဲ့လေ၏။
ဟွမ်ရှောင်၏ အထင်အမြင်အရ သူသာ ရှန်ချင်းလော့ကို အပြတ်ရှင်းနေသရွေ့ ဤနေ၌ ရှိနေသည့် အခြားသူ အားလုံးကို ရှင်းပစ်ဖို့ဆိုသည်မှာ ငှက်ပျောသီးအခွံနွှာစား သည်ထက်တောင် လွယ်ကူပေ၏။
“ညီအစ်ကိုဟွမ်၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်။ တစ်ခုခုကို မလုပ်ရင် အရင်ဆုံး သေချာစဉ်းစားသင့်တယ်”
လူစီက ဟွမ်ရှောင်အား ခပ်မြန်မြန်ပဲ ဖြောင့်ဖျ တားမြစ်လိုက်လေ၏။ ရန်ကိုင်အား တစ်ကြိမ် အထင်သေးခဲ့သောကြောင့် ရန်ကိုင်၏ အောင်မြင်မှု ဂုဏ်ကျက်သရေအောက် ခိုလှုံခွင့်ဆုံးရှုံးလိုက်ရပြီး ဆုံးရှုံးမှုများစွာ ခံစားလိုက်ရ၏။ ထိုအဖြစ်အပျက် များကြောင့် ရန်ကိုင်နှင့် နောက်ထပ် ပြဿနာ ထပ်မဖြစ်ချငတော့ခြင်းဖြစ်၏။
ထို့ကြောင့် ရှောင်ဟွမ်က ရန်ကိုင်အား ဖမ်းဆီးဖို့ လုပ်လာသည့်အခါ လူစီက တွေဝေခြင်းမရှိ ဝင်းတားလိုက်ခြင်း ဖြစ်၏။
“ညီအစ်ကိုလူ…” ဟွမ်ရှောင်က လူစီကို စိတ်ပျက်ပျက်ဖြင့် ကြည့်လိုက်ပြီး “မင်းဘာကို စိုးရိမ်နေလဲ ဆိုတာကို ငါမသိပေမယ့် စိုးရိမ်စရာ မလိုဘူးလို့ ငါပြောချင်တယ်။ ရန်မိသားစုရဲ့ သစ္စာဖောက်နဲ့ ဒီစုန်းမကို ဖမ်းတာက အကျိုးကျေးဇူး ကြီးကြီးမားမား ပြုလိုက်တာပဲ။ ဒီလို အခွင့်အရေးမျိုး မင်းလက်ထဲ ရောက်လာတာကို မင်းက ဒီအတိုင်း လက်လွှတ်ခံလိုက်မှာလား”
ပြောပြီးသည်နှင့် ကျန်းကျဲဘက် လှည်၍ အလျင်အမြန်ပဲ ပြောလိုက်လေ၏
“ညီအစ်ကိုကျန်း၊ မင်းကော ဘယ်လိုထင်လဲ”
ဟွမ်းရှောင်၏ အမေးအား ကြားလိုက်သည့်အခါ ကျန်းကျဲ မျက်လုံးထဲ တွေဝေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပေမယ့် မကြာခင်မှာပဲ ခေါင်းညိတ်၍
“ငါလည်း ညီအစ်ကိုဟွမ်နဲ့ သဘောချင်း တိုက်ဆိုင်တယ်”
ဟွမ်ရှောင်က အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်၍
“ညီအစ်ကိုကျန်းက ပြောတာ ကောင်းတယ်။ ညီအစ်ကိုလူက ဝင်မပါချင်မှတော့ ဒီအောင်မြင်မှုရဲ့ အသီးအပွင့်ကို ကျုပ်နဲ့ညီအစ်ကိုကျန်းတို့ကပဲ ခွဲဝေယူရတော့မှာပေါ့”
“အရမ်းကောင်းတယ်”
ကျန်ကျဲက အသာအယာ ခေါင်းညိတ်လိုက်လေ၏။
လူအိုကြီးနှစ်ယောက်သည် ရန်ကိုင်နှင့် ရှန်ချင်းလော့ကို သူတို့လက်ထဲက ပြေးမလွတ်နိုင်သည့် သားကောင်ပမာ သဘောထား၍ ပြောဆိုနေခဲ့ကြ၏။
ချူရီမန်အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး အလျင်အမြန်ပဲ အော်ပြောလိုက်လေ၏
“စီနီယာတို့နှစ်ယောက်၊ ဘာလို့ အခုလိုမျိုးလို ရန်လိုနေရတာလဲ။ ကျွန်မတို့ကြား အမုန်းတရားလည်း မရှိသလို ရန်ငြိုးလည်း ရှိတာမဟုတ်ပဲနဲ့”
ဟွမ်ရှောင်က ခေါင်းခါရမ်း၍ ပြန်ပြောလိုက်၏
“သခင်မလေးချူလည်း ဒီသစ္စာဖောက် လှည့်ဖျားတာကို ခံလိုက်ရဝါလား။ သခင်မလေးအနေနဲ့ သူ့အတွက် ဝင်ပြောပေးနေစရာ မလိုပါဘူး။ ဒါပေမယ့် စိတ်ချထားလိုက်၊ ကျုပ်တို့ သခင်မလေးချူကို နည်းနည်းမှ အခက်အခဲ ဖြစ်အောင် မလုပ်ပါဘူး။ ကျုပ်ရဲ့ ဟွမ်မိသားစုနဲ့ ရောင်ခြည်ဖြာနန်းတော်က ဒီစုန်းမနဲ့ ရန်မိသားစုကို သစ္စာဖောက်ကိုပဲ ဖယ်ရှားမှာပါ”
“ရှင့်မှာအဲ့လိုလုပ်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် မြန်မြန် ပြန်ဆုတ်ထားရင်ကောင်းမယ်။ ရှင်သာ ခေါင်းမာနေဦးမယ် ဆိုရင်တော့ ရှင်ထွက်ပြေးချင်ရင်တောင် ပြေးလို့လွတ်မှာ မဟုတ်ဘူးနော်”
ချူရီမန်က စိုးရိမ်စွာဖြင့် ပြောလိုက်လေ၏။ ထိုကဲ့သို့ အော်ပြောနေစဉ် ရန်ကိုင်၏ အမူအရာအား တိတ်တဆိတ် စူးစမ်းနေခဲ့လေ၏။
ဟွမ်မိသားစုနဲ့ ရှောင်ခြည်ဖြာနန်းတော်တို့ မီးထဲ တိုးဝင်နေသည့် ပိုးဖလံကောင်တွေ ဘဝရောက်သွားမှာကို သူမ မမြင်ချင်ပါဘူး။ မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေ အရ ဗဟိုမြို့တော်သည် လူအင်အား လိုအပ်လို့နေ၏။ သူတို့သာ ဤနေရာ၌ အသတ်ခံလိုက်ရလျှင် လုံးဝကို အဓိပ္ပါယ်မဲ့သွားရပေလိမ့်မည်။
ရန်ကိုင်၏ စိတ်နေစိတ်ထားအကြောင်းကို ချူရီမန် ကောင်းကောင်း နားလည်ထား၏။ ဟွမ်ရှောင်သာ ရန်ကိုင်ကို ရန်မိသားစု၏ သစ္စာဖောက်တစ်ယောက်အဖြစ် ဆက်လက် စွပ်စွဲပြောဆို လှောင်ပြောင်နေမည်ဆိုပါ ရန်ကိုသည်လည်း ဟွမ်ရှောင်အား အလွတ်ပေးတော့လိမ့်မည် မဟုတ်ချေ။
“ပြေးလို့လွတ်မှာ မဟုတ်ဘူးလား”
ဟွမ်ရှောင်က ရယ်ရယ်မောမောဖြင့်
“ကျုပ်တို့က ထွက်ပြေးဖို့ နည်းနည်းလေးတောင် စဉ်းစားမထားဘူး”
“ချူရီမန်၊ ဘေးဖယ်နေလိုက်”
ရန်ကိုင်က ချူရီမန်ဘက်လှည့်၍ ထူးမခြားနား လေသံဖြင့် အမိန့်ပေးလိုက်လေ၏။
“ရန်ကိုင်” ချူရီမန်က ရန်ကိုင်၏ လက်မောင်းကို ဖမ်းဆွဲ၍ ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်လေ၏။
“ငါဘက်က အရင်စလှုပ်ရှားမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကိုယ့်သေလမ်းကို မရှာပဲမနေနိုင်ဘူး ဆိုရင်တော့ ငါကလည်း သူတို့ကို ယမမင်းနဲ့ တစ်ခါတည်း ပြေးတွေ့ ခိုင်းလိုက်ရမှာပေါ့”
ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။
“အရှက်မရှိ ကြွားလိုက်တာများ”
ဟွမ်ရှောင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး သူ့မျက်နှာထက် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွားခဲ့ကာ လူစီဘက်လှည့်၍
“ညီအစ်ကိုလူ၊ ဒီဟွမ်က နောက်ဆုံးအကြိမ် မင်းကို ထပ်မေးမယ်။ မင်းပါမှာလား၊ မပါဘူးလား။ မင်ပါရင် ဒီတစ်ကြိမ် အကျိုးအမြတ်ကို ငါနဲ့ညီအစ်ကိုကျန်းတို့ပဲ ခွဲဝေယူရလိမ့်မယ်။ မင်းနည်းနည်းလေးတောင် ရမှာ မဟုတ်ဘူး”
လူစီမျက်နှာထက် တွေဝေနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး တစ်ခဏကြာပြီးသည့်နောက် သက်ပြင်း တစ်ချက်ချလိုက်၍ နောက်ဆုတ်နေလိုက်လေ၏။
လူစီ၏ တုန့်ပြန်မှုကို မြင်လိုက်သည် ဟွမ်ရှောင်က အထင်အမြင်သေးသေးဖြင့် နှာခေါင်းရှုံ့၍ သူ့စိတ်ထဲ ‘ငကြောက်ကောင်’ဟု တိတ်တဆိတ် လှောင်ပြောင်လိုက်၏။
ရန်ကိုင်သည် ရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဝင် တစ်ယောက်ဖြစ်သော်ငြား၊ လွန်ခဲ့သော (၆)လအချိန် ရန်ကိုင်က မိစ္ဆာများနှင့် ပူးပေါင်းနေသည်ဟု သတင်းပြန့်လာခဲ့သလို ယခု မိစ္ဆာဘုရင်တစ်ပါးနှင့် နီးကပ်သော ဆက်ဆံရေးရှိနေသဖြင့် သူသည် မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားသည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။ သူ့အား တိုက်ခိုက်သည့်အတွက်ကြောင့် မည်သည့်အကျိုးဆက်ကိုမှ ရင်ဆိုင်စရာ လိုလိမ့်မည် မဟုတ်ချေ။
သူ့ကို ဖမ်းလိုက်သည့်အတွက်ကြောင့် ရန်မိသားစုကို ရန်စရာမရောက်ပဲ ရန်မိသားစုအတွက် အကျိုးဆောင် ပေးလိုက်သလိုတောင် ဖြစ်သွားနိုင်၏။
“ညီအစ်ကိုလူက မပါချင်မှတော့ ထားလိုက်တော့ပေါ့။ ညီအစ်ကိုကျန်း၊ လှုပ်ရှားကြစို့”
ဟွမ်ရှောင်က လှောင်ပြောင်စကားဆိုလိုက်ပြီး သူ့လက်အား ဖြည်းဖြည်းချင်းမြှောက်၍ ဝှေ့ရမ်းလိုက်ကာ
“ဟွမ်မိသားစုနဲ့ ရောင်ခြည်ဖြာဂိုဏ်းက တပည့်တွေ၊ ဒီစုန်းမနဲ့ ရန်မိသားစု သစ္စာဖောက်ကောင်ကို ဖမ်းကြိစို့၊ သခင်မလေးချူက လွဲပြီး ပြန်ခုခံရဲတဲ့လူရှိရင် သတ်သာ သတ်ပစ်လိုက်”
အမိန့်ရလိုက်သည်နှင့် ဟွမ်မိသားစုနှင့် ရှောင်စုံဖြာနန်းတော်မှ လက်ရွေးစင် တပည့်များသည် ရန်ကိုင်စံအိမ်သို့ ပြေးဝင်သွားခဲ့ကြပြီး ဟွမ်ရှောင်နှင့် ကျန်ကျဲကမူ ရန်ကိုင်နှင့်ရှန်ချင်းလော့ဆီ ပြေးဝင် သွားခဲ့လေ၏။
ရန်ကိုင်သည် ချောက်ချားဖွယ် ကောင်းလောက်အောင်ကို တည်ငြိမ်နေကာ သူ့ကိုယ်သူ ကာကွယ်ဖို့ စိုးစဉ်းမျှပင် ပြင်ဆင်ခြင်း မပြုခဲ့ချေ။
သူ့ဘေး၌ ရှိနေသည့် ချူရီမန်ကမူ ပြေးဝင်လာနေသည့် လူအုပ်ကြီးအား ငေးကြောင်ကြည့်နေခဲ့လေ၏။
“ငါအခွင့်အရေး မပေးတော မဟုတ်ဘူး။ သူတို့တွေကကို ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ”
ရန်ကိုင်က ချူရီမန်ကို ကြည့်၍ အသာအယာ ပြောလိုက်၏။
ချူရီမန်က ပါးစပ်ဖွင့်၍ ပြောဖို့လုပ်လိုက်သော်ငြား မည်သည့်စကားမှ ပြောမထွက်ခဲ့။ နောက်ဆုံးတွင်မူ အခြားတစ်ဖက်သာ ခေါင်းလှည့်သွားလိုက်၍ ဆိတ်ဆိတ်သာ နေလိုက်လေ၏။
ဟွမ်မိသားစုနှင့် ရောင်ခြည်ဖြာနန်းတော်မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရန်ကိုင်စံအိမ်ဆီ အပြေး ချီတက်သွားခဲ့ကြလေ၏။
“အားလုံးကို သတ်ပစ်လိုက်၊ နည်းနည်းလေးတောင် ညှာတာစရာ မလိုဘူး”
ရန်ကိုင်က အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေ၏။
တစ်ဖက်လူက ညှာဖို့ ရည်ရွယ်ချက် မရှိမှဖြင့် သူကကော မည်သည့်အတွက်ကြောင့် ညှာပေးရမည်နည်း။
ရန်ကိုင် အော်ပြောလိုက်ပြီသည်နှင့် သွေးစစ်သည်တော် ကိုးယောက်က သူ့နောက်မှ ထွက်ပေါ်ခဲ့၍ ပြေးဝင်လာနေသည့် လူအုပ်ကြီးဆီ လျှပ်စီးတန်းတစ်ခုပမာ တိုးဝင်သွားခဲ့လေ၏။ သွေးစစ်သည်တော်များသည် မည်သည့် သိုင်းပညာရပ်ကိုမှ အသုံးမပြုခဲ့၊ ထို့အစား ခုန်အုပ်လိုက်သည့် ကျားရဲများပမာသာ ခုန်ဝင်သွားခဲ့၏။
ကြောက်မက်ဖွယ် ချီစွမ်းအင်များ ပေါက်ကွဲ ထွက်လာခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် သေကြေ ဒဏ်ရာရသွားခဲ့ကြလေ၏။
ရန်ကိုင်နှင့်ရှန်ချင်းလော့ဆီ ပြေးဝင်လာနေသည့် ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ပင်လျှင် သနားစဖွယ်ကောင်းစွာ အော်ဟစ်ရင်း လွင့်ပျံထွက်သွားခဲ့ရလေ၏။
မီတာများစွာအကွာ၌ ရှိနေသည့် လူစီနှင့်လူမိသားစုမှ လက်ရွေးစင်တပည့်များသည် ထိုမြင်ကွင်းအား ပါးစပ် အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ငေးကြောင် ကြည့်နေခဲ့ကြလေ၏။
မသေမျိုးအဆင့် ပညာရှင်ကိုးယောက် ထွက်ပေါ်လာသည့် အချိန်၌ လူစီမှ အသက်ရှူဖို့ပင် မေ့လျော့နေခဲ့လေ၏။