← Chapters

အခန်း (၅၇၆-၅၈၀)

Vol. 24 Ch. 576-580

အခန်း (၅၇၆-၅၈၀)

Vol. 24 Ch. 576-580

အပိုင်း(၅၇၆) အရှက်မဲ့ခြင်း မဟုတ်လေလော

~~~~~~~~~~~~~~~~~~~~~~~~~

အခြေအနေ အပြောင်းအလဲ လွန်စွာကိုမှန် မြန်ဆန်လှ၏။ ခုခံနိုင်ပုံမရသည့် ရန်ကိုင်အင်အားစုများမှ ထိပ်တန်းအဆင့် ပညာရှင်များစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့၍ ဟွမ်မိသားစုနှင့် ရှောင်ခြည်ဖြာနန်းတော် မှ တပည့်များအား တုန့်ပြန်ချိန်ပင် မပေးပဲ တိုက်ခိုက်ခဲ့လေ၏။

ထိတ်လန့်နေရာမှ အသိပြန်ဝင်လာခဲ့ပြီးနောက်ပင် သွေးစစ်သည်တော် ကိုးယောက်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအား စိုးစဉ်းမျှပင် ခုခံနိုင်ခြင်း မပြနိုင်ခဲ့ချေ။

သွေးစစ်သည်တော် ကိုးယောက်သည် မသေမျိုးအဆင့် ချိုးဖျက်ပြီးသည့်အချိန်မှစ၍ ယခုအချိန်ထိ တိုက်ပွဲ တစ်လေမျှပင် မတိုက်ခိုက်ရသေးသည် ဖြစ်၍ အားလုံးက ဟွမ်မိသားစုနှင့် ရှောင်ခြည်ဖြာနန်းတော်မှ ကျင့်ကြံသူများကို တိုက်ခိုက်ရာ၌ လွန်စွာကိုမှကို စိတ်အား ထက်သန်နေခဲ့ကြလေ၏။

သွေးစစ်သည်တော် ကိုးယောက်နှင့် ထိပ်တိုက်ရင်ဆိုင် လိုက်ရသည်နှင့် အဖြစ်အပျက်တွေသည် သူတို့ ထင်ထားခဲ့သည်နှင့် လုံးဝကို ကွဲပြားနေကြောင်းကို ဟွမ်ရှောင်နှင့် ကျန်းကျဲတို့ နားလည်သွားခဲ့ကြလေ၏။

သူ့တို့စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး တိုက်ပွဲဆီ လှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နှစ်ယောက်စလုံး အလွန့်အလွန့်အလွန့်ကို ထိန့်လန့်သွားသဖြင့် ပါးစပ်သာ ဟလိုက်နိုင်၍ အသံတော့ ထွက်မလာနိုင်ခဲ့ချေ။

ဂိုဏ်းအသီးသီးများမှ လက်ရွေးစင်များသည်လည်း ကျားကိုးကောင်နဲ့ ရင်ဆိုင်နေရတဲ့ သိုးငယ်လေးတွေပမာ အလွယ်တကူ ရှင်းထုတ်ခြင်း ခံနေခဲ့ရ၏။

ဟွမ်ရှောင် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည့် အချိန်မှ စ၍ တိုက်ပွဲပြီးသည့် အချိန်ထိ အသက်ရှူရှိုက်ချိန် (၁၀) ရှိုက်စာသာ ကြာခဲ့လေ၏။

ဟွမ်မိသားစုနှင့် ရှောင်ခြည်ဖြာမိသားစုမှ ပညာရှင် အယောက်(၇၀)ကျော်စလုံး အပြတ်ရှင်းခံလိုက်ရပြီး ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်ရီနေသော ဟွမ်ရှောင်နှင့် ကျန်ကျဲတို့သာ ကျန်ရှိတော့လေ၏။

မီတာဒါဇင်အဝေးတွင် ရှိနေသော လူမိသားစုမှ လက်ရွေးစင်များပင်လျှင် ထိုမြင်ကွင်းအား ကြည့်ရင်း တဆတ်ဆတ် တုန်ရီနေခဲ့ကြလေ၏။

လူစီက ရန်ကိုင်ကို ဖမ်းမည့် အစီအစဉ်တွင် ဝင်မပါဟု ဆိုလိုက်စဉ်တုန်းက သူတို့တစ်တွေ အနည်းငယ် စိတ်ပျက် သွားခဲ့ရ၏။ သို့သော်ငြား တစ်ဖက်လူသတ်ပွဲကြီးအား မြင်တွေ့ပြီးသည့်နောက် စဉ်းစားချင့်ချိန်တတ်သော၊ ဥာဏ်အမြော်အမြင်ကြီးသည့် သူတို့၏ အကြီးအကဲချုပ်အား ကျေးဇူးတင်မိလိုက်ကြလေ၏။

လူမိသားစု လက်ရွေးစင်များသာ ရန်ကိုင်နှင့် ရှန်ချင်းလော့အား ဖမ်းဆီးမည့် အစီအစဉ်တွင် ဝင်ပါလိုက်ပါက ဟွမ်မိသားစုနှင့်‌ ရောင်ခြည်ဖြာဂိုဏ်းမှ ပညာရှင်များလို ကျိုးပဲစုတ်ပြတ်နေသည့် အလောင်းကောင် တွေအဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။

ထိုမြင်ကွင်းအား ကြည့်ရင်း လက်အေးကြီးတစ်ဖက်က သူတို့၏ နှလုံးသားအား ဆုပ်ကိုင်လိုင်သလို၊ ရေခဲကန်ထဲ ပစ်ချခြင်းခံလိုက်ရသလို အားလုံး ရုတ်တရက် ခံစားလိုက်ရလေ၏။

ပထမအဆင့် အင်အားစုနှစ်ခုမှလာသော လက်ရွေးစင်များသည် မသေမျိုးအဆင့် ပညာရှင် ကိုးယောက်အတွက် သွားကြားပင်လျှင် မညက်ချေ။

ဟွမ်ရှောင်နှင့် ကျန်ကျဲတို့သည် ငေးငိုင်နေတုန်းပင်။ ယခုအချိန်ထိတိုင် သူတို့ မြင်နေရသည်အား မယုံကြည် နိုင်သေး။ သူတို့ ခေါ်ဆောင်လာသည့် လက်ရွေးစင် တပည့်များ တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံနေ ရချိန်၌ သူတို့မှာ မည်သည်ကိုမျှ မလုပ်ဆောင်နိုင်ပဲ ဘေးကနေသာ ရပ်ကြည့်နေခဲ့ရလေ၏။

ကိုးယောက်သော ပုံရိပ်တို့သည် တိုက်ပွဲဆီမှ ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ထံ ရုတ်တရက် ပြေးဝင်သွားလိုက်လေ၏။

မသေမျိုးအဆင့်သို့ ရောက်နေသော သွေးစစ်သည်တော် ကိုးယောက် သူတို့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်တွေ့ လိုက်သည်နှင့် ဟွမ်ရှောင်နှင့် ကျန်တဲတို့သည် အမြီးကုပ်ပြီး တန်းနေအောင် ထွက်ပြေးကြပါတော့သည်။

“သခင်လေးရန်၊ ကျေးဇူးပြုပြီး ညှာတာပေးပါ”

လူစီက စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်လေ၏

“သူတို့တွေက တိမ်မိစ္ဆာနယ်မြေကို ခုခံဖို့အတွက် တစ်စိတ်တစ်ပိုင်း ပါဝင်နေရတုန်းမို့လို့ပါ”

“ရန်ကိုင်…”

ချူရီမန်သည်လည်း ရန်ကိုင်အား လှမ်းအော်ခေါ်လိုက်လေ၏။

ချူရီမန်၏ အသံကို ကြားသည်နှင့် သွေးစစ်သည်တော် ကိုးယောက်စလုံး၏ လှုပ်ရှားမှု အနည်းငယ် နှေးကွေး သွားခဲ့ပြီး ရန်ကိုင် ညွှန်ကြားမည်ကို စောင့်နေလိုက်၏။ ထိုတစ်ခဏတာ နှောင့်နှေးသွားမှုကြောင့် ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ ထွက်ပြေးလွတ်မြောက် သွားနိုင်ခဲ့လေသည်။

ရန်ကိုင်က ထိုနှစ်ယောက်ကို လိုက်ဖမ်းကို အမိန့်မပေးသည်ကို မြင်မှပင် လူစီ သက်ပြင်းချနိုင်လေ၏။

ဟွမ်မိသားစုနှင့် ရှောင်ခြည်ဖြားနန်းတော်မှ လက်ရွေးစင် တပည့်များ ဤနေရာတွင် သေသွားခဲ့သော်လည်း ထိုအင်အားစုနှစ်ခု၏ အုတ်မြစ်အား ရာသက်ပန် ထိခိုက်သွားစေခြင်း မရှိခဲ့ချေ။ သို့သော်ငြား ဟွမ်ရှောင်နှင့် ကျန်ကျဲသာ သွေးသွားခဲ့လျှင် ပထမအဆင့် အင်အားစုနှစ်ခုစလုံး ကျိန်းသေကို ဖျက်စီးခံရပေလိမ့်မည်။

“သခင်လေးရန်ကို ကျေးဇူးအများကြီး တင်ပါတယ်”

လူစီက အလျင်စလို လက်သီးဆုပ်၍ ရိုးသေလေးစားစွာ ဦးညွှတ်ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

ရန်ကိုင်၏ မျက်နှာကမူ အနည်းငယ် ကိုးယိုးကားယား ဆန်နေခဲ့၏။ မျက်မှောင်ကြီးကြုံ့လျက် ပျော်ရွှင်ခြင်း မရှိသလို စိတ်ပျက်ဝမ်းနည်းနေခြင်း မရှိသော အမူအရာခြင့် နေရာမှသာ ရပ်နေမြဲရပ်နေခဲ့လေ၏။

လူစီ စိတ်ထဲ နေမထိထိုင်မထိ ဖြစ်နေခဲ့ပေမယ့် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့လေ၏။

ရန်ကိုင်၏ စိတ်အာရုံက ယခုနေရာတွင် ရှိမနေခဲ့ချေ။

သွေးစစ်သည်တော် ကိုးယောက် ပြေးထွက်သွားခဲ့၍ အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့် ပညာရှင် တစ်ယောက်ကို ရှင်းထုတ်ပစ်လိုက်သည့် အချိန်၌ သူ၏ အသိစိတ်ပင်လယ်မှ အားကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး နားလည်ရန် ခက်ခဲလှသည် စွမ်းအင်အပုံလိုက်ကြီးကို ဆွဲယူတော့လေ၏။

ဟွမ်မိသားစုနှင့် ရောင်ခြည်ဖြာနန်းတော်မှ ပညာရှင်များ သေဆုံးရာမှ ကျကျန်ခဲ့သော စွမ်းအင်းထု တစ်ခုပြီးတစ်ခုအား သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဆွဲယူနေခဲ့လေ၏။

ရန်ကိုင်လည်း အသိစိတ်ပင်လယ်အား စိတ်နှစ်၍ အသေအချာ စစ်ဆေးနေခဲ့လေ၏။

တစ်ခဏတာ စစ်ဆေးကြည့်ပြီးနောက် သူ့အသိစိတ် ပင်ယ်ထဲသို့ စုပ်ယူခံလိုက်ရသည့် စွမ်းအင်များသည် အင်မော်တယ် တက်လျမ်းခြင်း အဆင့် ပညာရှင်များ သေဆုံးရာမှ ကျကျန်ခဲ့သော စွမ်းအင်များဖြစ်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရလေ၏။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တိုင်းသည် အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ထားပြီးပြီ ဖြစ်သည့်အတွက် စိတ်စွမ်းအင် အနည်းနှင့်အများကို ပိုင်ဆိုင်ကြလေ၏။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက် သေဆုံးသွားသည့်အခါ သူတို့၏ အသိစိတ် ပင်လယ်ပြိုကျသွားခဲ့လေ၏။ ထိုကဲ့သို့ ဖြစ်သွားသည့်အခါ သူတို့၏ အသိစိတ်ပင်ယ်ထဲရှိ စိတ်စွမ်းအင်သည် လေထုထဲသို့ အလျင်အမြန် စိမ့်ဝင်ပျောက်ကွယ် သွားပေလိမ့်မည်။

ရေပြည့်နေသော ဖန်ခွက်တစ်ခွက် ကွဲသွားသည့်အခါ အထဲတွင်ပါဝင်နေသာ ရေများ မြေကြီးထဲသို့ စိမ့်ဝင်ပြီး လေထုထဲသို့ အငွေ့ပျံသွာသည့်နှင့် ဖြစ်စဉ်ချင်းတူ၏။

စိတ်စွမ်းအင် သိုလှောင်ထားနိုင်သည့် ထူးခြားသော အဖိုးတန်ရတနာ တစ်ခုမရှိလျှင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တစ်ယောက် သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော စိတ်စွမ်းအင်များကို စုစည်းထားနိုင်လိမ့်မည် မဟုတ်ချေ။

ဥပမာ ဝိဥာဉ်ကြာပန်းပင် ဖြစ်ချေ၏။

ယနေ့တွင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များစွာ သေဆုံးပြီးနောက် ကျကျန်ရစ်ခဲ့သော စိတ်စွမ်းအင်အားလုံးသည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဆွဲယူခြင်းခံခဲ့ရလေ၏။

စိတ်စွမ်းအင်များကို စုပ်ယူသောအရာသည် ဝိဥာဉ် ကြာပန်းမဟုတ်၊ ရွှေရောင်မျက်လုံးပင်ဖြစ်ချေ၏။

ရန်ကိုင်၏ အမူအရာ တည်ကြည်လေးနက် နေခဲ့၏။

ရွှေရောင်မျက်လုံး၏ ကြောက်မက်ဖွယ်အစွမ်းကို သူကြုံတွေ့ခဲ့ဖူး၏။ ထိုရွှေရှောင်မျက်လုံးအား တစ်လတိတိ ကြာအောင် သူထိုင်သန့်စင်ခဲ့ဖူးလေ၏။

ကံမကောင်းစွာဖြင့် သူ၏ ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီးဖြစ်ခဲ့ရလေ၏။ သူလုပ်နိုင်ခဲ့သောအရာမှာ သူနှင့် ရွှေရောင်မျက်လုံးကြား ပါးလျလှသည့် အဆက်အသွယ် တစ်ခု တည်ဆောက်နိုင်ခဲ့ခြင်းသာ ဖြစ်ချေ၏။

အစတုန်းက ရွှေရောင်မျက်လုံးကို မသန့်စင်နိုင်ခဲ့ခြင်း အပေါ် များများစားစား ဂရုမစိုက်ခဲ့ချေ။ သို့သော်ငြား ရွှေရောင်မျက်လုံး၏ ရုတ်တရက် လှုပ်ရှားလာမှုအား ရန်ကိုင်အား အကြီးအကျယ် အံ့အားသင့်သွားစေခဲ့လေ၏။

စိတ်စွမ်းအင်အပုံ(၂၀)က သူ့အသိစိတ်ပင်ယ်ထဲ ရှိနေခဲ့လေ၏။ ထိုစိတ်စွမ်းအင်တွေထဲ ဟွမ်မိသားစုနှင့် ရောင်ခြည်ဖြာနန်းတော်မှ ပညာရှင်များ၏ အတွေးများနှင့် အတွေ့အကြုံများ ရှိနေခဲ့ရာ ရန်ကိုင်သည်လည်း မျက်မှောင် ကြုံ့သွားခဲ့မိလေ၏။

သူ၏ ကောင်းကင်စိတ်အာရုံသည် အသိစိတ်ပင်ယ်ထဲ ရောက်ရှိနေသည်ဖြစ်ရာ အပြင်ဘက်မှ အော်ခေါ်နေသည့် အသံများအား ပြန်လည်မတုန့်ပြန်သည်မှာ သဘာဝပင် ဖြစ်ချေ၏။

အားလုံး၏ အမြင်တွင်မူ ရန်ကိုင်သည် လွန်စွာကိုမှ အရေးကြီးသည့် အကြောင်းအရာတစ်ခုအား စဉ်းစား နေသည်ဟု ထင်နေခဲ့လေ၏။

တစ်ခဏကြာပြီးသည့်နောက် ရန်ကိုင် အသိပြန်ဝင်လာခဲ့၍ တိုက်ပွဲကွင်းပြင်ဆီ တစ်ချက် ဝေ့ကြည့်လိုက်ရာ ဟွမ်ရှောင်နှင့် ကျန်းကျဲတို့၏ ခန္ဓာကိုယ်အား မတွေ့သဖြင့် ထိုနှစ်ယောက် လွတ်မြောက်သွားခဲ့ပြီး သူနားလည်လိုက်လေ၏။

ထိုကိစ္စနှင့် ဆက်ပြီးအာရုံမနောက်ချင်တော့သည့် အတွက် ရိုးရှင်စွာသာ ပြောလိုက်လေ၏

“အလောင်းတွေကို ရှင်းလိုက်တော့”

ပြောပြီးသည်နှင့် စံအိမ်ထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေ၏။

“သခင်လေးရန်၊ ကျေးဇူးပြုပြီး စောင့်ပါဦး”

လူစီက ရုတ်တရက် အော်ခေါ်လိုက်လေ၏။

ရန်ကိုင်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့၍ စိတ်မရှည်သည့် အမူအရာဖြင့် နောက်ပြန်လှည့်ကာ မေးလိုက်လေ၏

“စီနီယာလူ ဘာများ အကြံပေးချင်သေးလို့ပါလဲ”

သူ၏ နဖူးထက်မှ ချွေးအေးများကို လျစ်လျူရှု၍ လူစီက သူ့လက်အား အလျင်အမြန် ဝှေ့ရမ်းလိုက်၍

“သခင်လေးရန်ကိုင် ဘယ်လိုလုပ်ပြီး အကြံပေးရဲပါ့မလဲ…”

အတိတ်အခါက သူ၏ အဆင့်အတန်းနှင့် အသက်ကို အားကိုး၍ စီနီယာတစ်ယောက်လို ပြုမူပြောဆိုခဲ့သော်ငြား ရန်ကိုင်စံအိမ်ထဲတွင် စုဝေးနေသော အားကောင်းလှသည့် ပညာရှင်များစွာနှင့် သူ၏ ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းအား မြင်တွေ့ပြီးသည့်နောက် ရန်ကိုင်ရှေ့၍ သူ့ကိုယ်သူ စီနီယာတစ်ယောက်ဟု မဆိုရဲတော့ချေ။

သူသာ ဂရုမစိုက်လျှင် သူ့ကြောင့် ဤနေရာ၌ စုဝေးနေသည့် လူမိသားစုဝင်များ ဒုက္ခအကြီးကြီး ရောက်ရသွားပေလိမ့်မည်။

ချက်ချင်းဆိုသလို သူ့ကိုယ်သူနှိမ့်ချ၍ သတိထားလျက် မေးလိုက်လေ၏

“သခင်လေးရန်… ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲမသိဘူး”

“ဘာကိုဖြေရှင်းရမှာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။

“လူအများကြီး သတ်လိုက်တာကို ပြောတာပါ…”

“လုပ်ပြီးတာက လုပ်ပြီးသွားပြီလေ။ သူတို့အတွက် လက်စားချေချင်တယ်ဆိုရင် ကြိုက်တဲ့အချိန် လာရှာလို့ ရတယ်”

ရန်ကိုင်က အေးစက်စွာ ပြုံးလိုက်၍

“ဘာလဲ၊ စီနီယာလူက သူတို့အတွက် လက်စား ချေပေးချင်တာလား”

“သခင်လေးရန်ရယ်၊ ဒီလူအိုကြီးကို မနောက်စမ်းပါနဲ့”

လူစီနီယာက အလျင်စလို အမူအရာဖြင့်

“ဒီတစ်ကြိမ် ကျုပ်တို့ လူမိသားစုက ဟွမ်မိသားစု၊ ရှောင်ခြည်ဖြာနန်းတော်နဲ့ အတူပူးပေါင်းပြီး ဗဟိုမြို့တော်က မိသားစုကြီး(၈)ခုကို ကူညီဖို့ သွားနေတာ။ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဖူးဘူး။ မိသားစုကြီး(၈)ခုကသာ မေးလာခဲ့ရင် ဒီလူအိုကြီးအတွက် ရှင်းပြရခက်မယ်လို့ ပြောချင်ရုံသက်သက်ပါပဲ”

ရန်ကိုင်က လူစီကို စိုက်ကြည့်လိုက်ပြီး တည်တည် ငြိမ်ငြိမ်ဖြင့် မေးလိုက်လေ၏

“စီနီယာလူ၊ ကျုပ်မေးမယ်၊ အခုလိုဖြစ်ရတာ ကျုပ်အမှားကြောင့်လား”

“မဟုတ်ပါဘူး”

တစ်ခဏတာမျှ စဉ်းစားပြီးနောက် လူစီက ခေါင်းခါရမ်းပြလိုက်၏။

ယခုကဲ့သို့ ဖြစ်ပျက်သွားခဲ့ရခြင်းသည် ရန်ကိုင်၏ အမှားမဟုတ်။ ဟွမ်ရှောင်နှင့်ကျန်ကျဲသည်သာ ရန်ကိုင်ကို ပြဿနာရှာဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ ရန်ကိုင် အဖွဲ့သားများ၏ ခွန်အားကို အထင်သေးသည့်အတွက် ယခုကဲ့သို့ ဘဝမျိုး ရောက်ခဲ့ရခြင်းဖြစ်၏။ သူတို့ ရန်မစသင့်သည့် လူအား သွားရန်စမိသည့် သူတို့ကိုယ် သူတို့သာ အပြစ်တင်သင့်လေ၏။

ရန်ကိုင် အလွန်အကျွံ့ပြုမူခဲ့သော အပြုအမူဆို၍ လွန်စွာကိုမှ ရက်ရက်စက်စက် ပြုမူခဲခြင်း ဖြစ်လေ၏။ သူ့အနေဖြင့် ဤမျှ လူအများကြီးကို သတ်စရာ မလိုချေ။ သွေးစစ်သည်တော်ကိုးယောက်၏ အရှိန်အဝါကို ထုတ်ပြခိုင်းရုံဖြင့်ပင် ဟွမ်မိသားစုနှင့် ရှောင်ခြည်ဖြာ နန်းတော်တို့ အင်အားစုနှစ်ခုစလုံး ချက်ချင်း ပြန်ဆုတ် သွားပေလိမ့်မည်။

သို့သော်ငြား ရန်မိသားစု၏ သခင်ငယ်လေးသည် မည်ကဲ့သို့သော လူမျိုးဖြစ်သည်ဆိုသည်ကို လူစီ သတင်းများ ကြားဖူးခဲ့လေ၏။ သူသည် ပထမအဆင့်အင်အားစုနှစ်ခု၏ အမွေဆက်ခံသူများကိုပင် သတ်ရဲသည်ဖြစ်ရာ လက်ရွေးစင် ဆိုသော လူတစ်သိုက်အား မည်သည့်အတွက်ကြောင့် မသတ်ရဲပေမည်နည်း။

“ကျုပ်ဘက်မှ အရင်စမှားတာ မဟုတ်မှတော့ မိသားစုကြီး (၈)ခုက မေးလာခဲ့ရင် စီနီယာလူအနေနဲ့ အမှန်အတိုင်း ပြောလိုက်ရုံပဲလေ”

ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်လေ၏။

လူစီက ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်၍

“ကျုပ်တို့ အင်အားစု(၃)ခုက အတူတူလာခဲ့တာ ဆိုပေမယ့် ဟွမ်မိသားစုနဲ့ ရှောင်ခြည်ဖြာနန်းတော်က ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတဲ့အချိန် ကျုပ်တို့ လူမိသားစုက လူတွေကတော့ ဘေးကင်းကင်းနဲ့ ရှိနေခဲ့တယ်။ သူတို့တွေ ကျုပ်တို့ လူမိသားစုကို ကျိန်းသေ သံသယဝင်လိမ့်မယ်”

“စီနီယာလူ ပြောချင်တာသာ ပြောလိုက်၊ ကျုပ်မှာ ခင်ဗျားနဲ့ လေဖြုန်းနေဖို့ အချိန်မရှိဘူး”

လူစီက အံတင်းတင်းကြိတ်၍ သက်ပြင်းတစ်ချက် ချလိုက်ပြီး

“ဟွမ်ရှောင်နဲ့ ကျန်းကျဲတို့ နှစ်ယောက်အကြောင်းကို ဒီလူအိုကြီး ကောင်းကောင်းသိတယ်။ သူတို့ကြောင့် သူတို့ အဖွဲ့သားတွေ သေဆုံးသွားခဲ့ရပေမယ့် သူတို့ မျက်နှာ မပျက်ရစေဖို့အတွက် အပြစ်အားလုံးကို ကျုပ်ရဲ့ လူမိသာစုနဲ့ သခင်လေးရန်ဆီကိုပဲ ပုံချလိမ့်မယ်”

“ခင်ဗျားက ကျုပ်နဲ့ပူးပေါင်းပြီး သူတို့ကို အကွက်ချခဲ့တယ်လို့ ပြောပြီးတော့လား”

“အဲ့လို မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး”

လူစီ ခေါင်းညိတ်လိုက်လေ၏။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့်

“အဲ့လိုဆိုရင် ခင်ဗျားတို့ လူမိသားစုတော့ ဇာတ်သိမ်းပြီပဲ။ ဒီတစ်ကြိမ်ကျ၊ ချူမိသားစုတောင် ခင်ဗျားတို့ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး”

သူတို့ဒုက္ခရောက်သည်ကို ရန်ကိုင်က အားရကျေနပ်စွာ ရယ်မောနေသည်ကို မြင်ရသော်ငြား လူစီဒေါသ မထွက်ရဲချေ။ သက်ပြင်းသာ နောက်တစ်ကြိမ် ထပ်ချလိုက်၍ ရိုးရိုးသားသားပဲ ဝန်ခံပြောဆိုလိုက်လေ၏

“ဒါကြောင့် သခင်လေးရန်အနေနဲ့ ကျုပ်နဲ့အတူ ဗဟိုမြို့တော်ဆီ လိုက်ခဲ့ပေးဖို့ ဒီလူအိုကြီး နှိမ့်ချပြီး တောင်ဆိုပါတယ်”

ထိုတောင်းဆိုချက်အား ကြားသည်နှင့် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူ့မျက်ဝန်းအတွင်းပိုင်ထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့လေ၏။

“သခင်လေးရန်မှာ ပညာရှင်တွေ အများကြီး ရှိနေတာပဲ။ သခင်လေးရန်သာ ကျုပ်နဲ့အတူ ဗဟိုမြို့တော်ဆီ လိုက်ခဲ့ရင် ဒီမတိုးမဆုတ် အခြေအနေကြီးကို ချိုးဖျက်နိုင်မှာ အသေအချာပဲ။ အဲ့အချိန်ကျ မိသားစုကြီး(၈)ခုက သခင်လေးရန်ကို စွပ်စွဲအပြစ်တင်တော့မှာ မဟုတ်သလို ကျုပ်တို့ လူမိသားစုလည်း အလိုလို ဘေးကင်းပြီးသား ဖြစ်သွားလိမ့်မယ်။ သခင်လေးအတွက် အကျိုးအမြတ်ပဲ ရှိတယ်လေ။ တကယ်တော့… သခင်လေးရန် နတ်ဆိုးတွေနဲ့ ပူးပေါင်းနေတယ်ဆိုတာကို ဒီလူအိုကြီးတစ်ခါမှ မယုံကြည် ခဲ့ဖူးဘူး”

“ကျုပ်ကို အခုလိုမျိုး ယုံကြည်ပေးလို့ စီနီယာလူကို ကျေးဇူးတင်ပေမယ့်… “

ရန်ကိုင်က တိုးညင်းသော လေသံဖြင့် ပြောလိုက်၏

“ဒါပေမယ့် မိသားစုကြီး(၈)ခု သေသေရှင်ရှင်၊ ဗဟိုမြို့တော်တစ်ခုလုံး ဘာပဲဖြစ်ဖြစ်၊ ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ကျုပ်ဒီမှာရှိနေတာက စစ်ပွဲဆီကနေ ရှောင်ချင်လို့ပဲ။ နှုက်ဆက်ပါတယ် စီနီယာလူ၊ ခင်ဗျားကို လိုက်မပို့တော့ဘူး”

ပြောပြီးသည်နှင့် လူစီအား တုန့်ပြန်ပြောဆိုဖို့ အခွင့်အရေး တစ်ခုတစ်လေမျှပင် မပေးပဲ စံအိမ်ထဲသို့ လမ်းလျှောက် ဝင်သွားခဲ့လေ၏…

ရန်ကိုင်၏ အဖွဲ့သားများအားလုံးသည်လည်း အလောင်းများကို ရှင်းလင်းပြီးသည်နှင့် ခြံဝန်းထဲသို့ ပြန်ဝင်သွားခဲ့ကြလေ၏။ အရံအတား အပြင်ဘက်တွင်မူ လူမိသားစုဝင်များသာ ကျန်ရစ်ခဲ့လေ၏။

လူစီအနေဖြင့် ခါးခါးသီးသီးသာ ပြုံးနေခဲ့လေ၏။

စံအိမ်အတွင်းထဲ၌… ဒဏ်ရာရထားသော ပီလော့အား ကုသပေးနေခဲ့လေ၏။ ရှန်ချင်းလော့သည် ရန်ကိုင်နှင့်အတူ စံအိမ်ထဲသို့ လိုက်ပါလာခဲ့ပြီး ပီလော့အခြေအနေ မဆိုသည်ကို မြင်လိုက်ရမှ စိတ်သက်သာရာ ရသွားခဲ့လေ၏။

“ကျေးဇူးပါပဲ”

ရှန်ချင်းလော့က ရန်ကိုင်အား ကြည်သည်ဆိုရုံမျှ ကြည့်လိုက်လေ၏။ သူမ၏ ပြိုင်ဘက်ကင်းလှသည့် ဆွဲမက်နှစ်လိုဖွယ်ကောင်းသော မျက်နှာလေး ပန်းရောင်လေး သန်းနေခဲ့၍ သူမ၏ အသက်ရှူသံ သည်လည်း အနည်းငယ် လေးလံနေခဲ့လေ၏။

ရှန်ချင်းလော့၏ ပုံမှန်မဟုတ်သည့် အမူအရာအား သတိပြုမိလိုက်သည်နှင့် ချူရီမန်နှင့် လော့ရှောင်မန်တို့ နှစ်ယောက်စလုံးအား ရှန်ချင်းလော့အား ထူးထူးဆန်းဆန်း ဖြင့်စိုက်ကြည့်လိုက်ကြ၏။

ညို့ကဝေနတ်ဆိုးဘုရင်မက မည်သည်ကိုများကို တွေးနေသဖြင့် လူမြင်ကွင်းတွင် ယခုကဲ့သို့ အမူအရာမျိုး လုပ်ပြနေသည်ကို သူမတို့စိတ်ထဲ စဉ်းစားခန့်မှန်း နေခဲ့လေ၏။

“နင်အဆင်ပြေလား”

ရန်ကိုင်က ရှန်ချင်းလော့ကို ဝေ့ကြည့်လိုက်၍ မေးလိုက်၏။

“ငါအဆင်ပြေတယ်”

ရှန်ချင်းလော့က ချိုသားစွာ ပြုံးလိုက်၍ သူမ၏ မျက်ဝန်းထဲ ရစ်မူးဖွယ် အလင်းရောင်တို့ လက်သွားခဲ့ကာ

“ငါနင့်ကို စားချင်နေပြီ”

“ဟေး၊ဟေး… အခြားသူတွေ ရှိနေတယ်နော်”

ချူရီမန်လည်း ထိုမြင်ကွင်းအား သည်းမခံနိုင်သည်နှင့် ထအော်ပြောတော့လေ၏။ လူမြင်ကွင်းတွင် ပေါ်တင်ကြီး ဖြာယောင်နေခြင်းသည် အရှက်မဲ့ခြင်း မဟုတ်လေလော။ ထိုအခိုက်အတန့်၌ပင် ရှန်ချင်းလော့အပေါ် ထားရှိသည့် ကောင်းမွန်သော အထင်အမြင်လေးများ ပျောက်ကွယ်သွားခဲ့ရလေ၏။

===============================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅77) ဗဟိမြို့တော်သို့

~~~~~~~~~~~~~~~~~~~~~~~~~

“သခင်မလေးချူက သဝန်တိုနေတာလား”

ရှန်ချင်းလော့က ချူရီမန်အား ရိသဲ့ရိသဲ့ အကြည့်ဖြင့် ကြည့်၍ မေးလိုက်လေ၏။

ချူရီမန်က အထင်အမြင်သေးသေးဖြင့်သာ ပြန်ပြီး နှာခေါင်းရှုံ့ပြလိုက်လေ၏။

“နင်ထွက်သွားတော့ရင် ကောင်းမယ်။ မဟုတ်ရင် ငါနင့်ကို တကယ်ပဲ စားမိလိမ့်မယ်”

ရှန်ချင်းလော့က တောက်ပသော မျက်ဝန်းအစုံဖြင့် နှုတ်ခမ်းလေးအား လျှာဖြင့်သပ်လျက် ဆာလောင်နေသော သားရဲကောင်တစ်ကောင်ပမာ ရန်ကိုင်အား ကြည့်လိုက်၏။

“အင်း၊ ငါသွားတော့မယ်။ ငါမသေချင်သေးဘူး”

သူမမည်သည့်အတွက် ယခုကဲ့သို့ လုပ်နေရလဲဆိုတာကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေ၏။ ရှန်ချင်းလော့၏ အဆိပ်မုဆိုးမခန္ဓာကိုယ် အကြောင်းကို သူနှင့်ရှန်ချင်းလော့ တို့နှစ်ယောက်သာ သိထား၏။ ယခုအချိန်တွင် အဆိပ်မုဆိုးမ ခန္ဓာကိုယ်၏ ထူးခြားသော စရိုက်လက္ခဏာက သူမ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို လွှမ်းမိုးလာနေခဲ့လေပြီ.

“ငါတံခါးပိတ်ကျင့်စဉ်ဝင်တော့မယ်”

ရန်ကိုင်က လှည့်ထွက်သွားဖို့ လုပ်ရင်း ပြောလိုက်လေ၏။

“နင်အခုပဲ ထွက်လာတာ မဟုတ်ဘူးလား”

ချူရီမန်က နှာခေါင်းရှုံ့လိုက်လေ၏။ ရန်ကိုင်သည် ဤနေရာမှ ထွက်သွားနိုင်ဖို့ရာ အကြောင်းပြချက် ပေးနေသည်ဟု တွေးရင်း သူမစိတ်ထဲ အနည်းငယ် ခါးသီးသလို ခံစားလိုက်ရလေ၏။

“အခုလိုအခြေအနေမျိုးမှာ ငါမထွက်သွားလို့ကို မရတော့တာ”

ပြောပြီးသည်နှင့် ဆက်ရှင်းပြုခြင်း မပြုတော့ပဲ လှည့်ထွက်သွားလိုက်လေ၏။

အခန်းထဲ ပြန်ရောက်သည်နှင့် အလျင်အမြန် တင်ပလင်ခွေ ထိုင်ချလိုက်၍ ကောင်းကင်စိတ်အာရုံကို အသိစိတ်ပင်ယ်ထဲ ပို့လွှတ်၍ အသစ်ဆတ်ဆတ် ရရှိထားသည့် စိတ်စွမ်းအင်များကို စစ်ဆေးကြည့်လိုက် လေ၏။

ထိုစွမ်းအင်ထုကြီးသည် ရီမိသားစုအကြီးအကဲချုပ်ဆီမှ ကျန်ရစ်ခဲ့သည့် သန့်စင်သော စွမ်းအင်မျာနှင့် မတူညီစွာ (၇၀)ကျော်သော ပညာရှင်များ၏ အတွေးများ၊ အတွေ့အကြုံ များနှင့် ပြည့်နေခဲ့ကာ အတော်အတန်ကို ပရမ်းပတာ ဖြစ်နေခဲ့လေ၏။

သူသာ ထိုစွမ်းအင်များကို စုပ်ယူလိုက်မည်ဆိုလျှင် ထိုစွမ်းအင်တွေထဲတွင် ပါဝင်နေသော အတွေးများသည့် သူ့အတွေးမျာကို လွှမ်းမိုနှောင့်ယှတ်လာနိုင်ပြီး သူ့ကိုယ်တိုင် မည်သူလဲ ဆိုသည်ကို မေ့လျော့သွားနိုင်လေ၏။

ဤကား ပေါ့သေးသေး ကိစ္စတစ်ခုမဟုတ်ချေ။ သူ့ကိုယ်သူ မည်သူဆိုသည်ကို မသိသောလူတစ်ယောက်၏ ဘဝသည် လွန်စွာကိုမှ ဝမ်းနည်းဖွယ် ကောင်းပေလိမ့်မည်။

ရွှေရောင်မျက်လုံးဆီ မော့ကြည့်လိုက်၍ ကောင်းကင် စိတ်အာရုံကိုသုံးကာ ထိုမျက်လုံးနှင့် ဆက်သွယ်နိုင်ဖို့ရာ အာရုံစိုက်လိုက်လေ၏။

ထိုစွမ်းအင်များကို သူ့အသိစိတ်ပင်ယ်ထဲသို့ ရွှေရောင်မျက်လုံးမှ ဆွဲယူခဲ့ခြင်းဖြစ်သလို အရင်တစ်ခါ အတွေ့အကြုံ ယခုမည်ကဲ့သို့ လုပ်ရမည်ဆိုသည်ကို ရန်ကိုင် သိပေ၏။ သူ၏တာဝန်သည်ကား ရွှေရောင်မျက်လုံးကို ရွှေရောင်အလင်းတန်း ပစ်လွှတ်ခိုင်းပြီး သူ့အသိစိတ်ပင်လယ် ထဲရှိ စွမ်းအင်များအား သန့်စင်ခိုင်းဖို့ပင် ဖြစ်၏။

သို့သော်ငြား ရွှေရောင်မျက်လုံးကို နိုးထလာအောင် လုပ်ဆောင်နိုင်မည်လား၊ မလုပ်ဆောင်နိုင်ဘူးလား ဆိုသည်ကိုတော့ သူမသိချေ။

အချိန်အတော်ကြာ ကြိုးစားအားထုတ်ပြီးနောက် ရွှေရောင်မျက်လုံးနှင့် ဆက်သွယ်နိုင်ခဲ့လေ၏။ ရုတ်တရက် တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် တံခါးတစ်ချပ် ပွင့်သွားသည့်ပမာ ကြောက်မက်ဖွယ်ကောင်းလှသည့် မျက်စိတစ်ခုလုံးအား ကျိန်းစပ်သွားစေနိုင်သော ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်လာခဲ့လေ၏။

တင်းတင်းကြပ်ကြပ် ပိတ်နေသော ရွှေရောင်မျက်လုံး သည် ယခုအချိန်၌ ဖြည်းဖြည်းချင်း ပွင့်လာနေခဲ့လေပြီ.

ပထမအကြိမ်တုန်းလို ရွှေရောင်မျက်လုံး မြင့်မြတ်၍ လွှမ်းမိုးနိုင်စွမ်းကြီးမားသော၊ မြင်သူအပေါင်းအား ဒူးထောက်ဦးညွှတ်စေချင်သော အရှိန်အဝါးအား ပေးစွမ်းနေတုန်းပင်။

ထိုရွှေရောင်မျက်လုံးမှ ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး စွမ်းအင်တွေထဲ ပါဝင်နေသည့် မသန့်စင်မှုများအား ရှင်းလင်းဆေးကြော ပစ်လိုက်လေသည်။

ထူးဆန်းသည့် အနက်ရောင် အငွေ့များ စွမ်းအင်ထုကြီးထံမှ ထွက်ပေါ်လာခဲ့လေ၏။ ထိုအငွေ့များန သည် အပြင်းအထန် ရုန်းကန်နေခဲ့သော်ငြား ရွှေရောင်အလင်းတန်း၏ သုတ်သင်ခြင်းမှ လွတ်မြောက်ခြင်း မရှိခဲ့ချေ။

သေဆုံးသွားသော ပညာရှင်များစွာ၏ လက်ကျန် အတွေးမျိုးစုံတို့ ပါဝင်နေသည့် အနက်ရောင်အငွေ့များသည် ရွှေရောင်အလင်းတန်း၏ သန့်စင်ခြင်းကို ခံလိုက်ရလေ၏။

ပြီးသည့်နောက် ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားခဲ့ပြီး ပွင့်နေသည့် မျက်လုံးသည်လည်း ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့လေ၏။

ပရမ်းပတာဖြစ်နေသည့် စိတ်စွမ်းအင်များဟာတော့ လုံးဝကို သန့်စင်နေခဲ့လေပြီ။

နှစ်ထောင်အားရပျော်ရွှင်စွာဖြင့် ရန်ကိုင် ရယ်မောလိုက်လေ၏။

ခုနှစ်ရွက်မြောက် စာမျက်နှာမှ ရလာသော ရွှေရောင် မျက်လုံးအား မည်ကဲ့သို့ အသုံးပြုရမည်ကို နောက်ဆုံးတော့ သူသိသွားခဲ့လေပြီ.

သူနောင်တရနေသည့်အချက်သည် စည်းတံဆိပ်တော် ဘုရားကျောင်းမှ ပညာရှင်(၇)ယောက် သေဆုံးသွားစဉ်က ရွှေရောင်မျက်လုံးနှင့် မဆက်သွယ်နိုင်ခဲ့ပင်ဖြစ်၏။ သူသာ အကြီးအကဲချုပ်(၇)ယောက်၏ စိတ်စွမ်းအင်များကို စုပ်ယူနိုင်ခဲ့ရင် မည်မျှပင် ကောင်းလိုက်လေမည်နည်း။

သို့သော်ငြား ယခု ရွှေရောင်မျက်လုံးအား မည်ကဲ့သို့ အသုံးပြုရမည်ကို သိရှိသွားခဲ့လေပြီ.

သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော စိတ်စွမ်းအင် များအား စိတ်တက်တက်ကြွစွာဖြင့် ရန်ကိုင် စုပ်ယူနေခဲ့လေ၏။

မကြာခင်မှာပင် ထိုသန့်စင်သော စိတ်စွမ်းများသည် ရန်ကိုင်၏ အပိုင်အဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။

သူ၏ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံခြင်းသည် ရုတ်တရက်ဆိုသလို တည်ငြိမ်သွားခဲ့၍ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅သို့ပင် စတင် ခြေလှမ်းနေခဲ့ချေလေပြီ။

ထိုရလဒ်ကြောင့် ရန်ကိုင် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ရ၏၊ ဤမျှ များပြားလှသော စိတ်စွမ်းအင်များကို စုပ်ယူခဲ့သော်လည်း အဆင့်သေးတစ်ဆင့်ပင် ချိုးဖျက်သွားနိုင်ခြင်း မရှိခဲ့ချေ။

ယခုကြည့်ရသေလောက်တွင်မူ သူအရမ်း မျှော်လင့် နေခြင်းဖြစ်ရပေမည်။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် ထိုစိတ်စွမ်းအင်များသည် သေဆုံးသွားသော အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များဆီမှ ရရှိလာခဲ့ခြင်း ဖြစ်၏။ ပမာဏများသည် ဆိုသော်ငြား အရည်အသွေးပိုင်း တွင်မူ ရီမိသားစု အကြီးအကဲချုပ်၏ စိတ်စွမ်းအင်နှင့် လာလားမျှ မနှိုင်းယှဉ်အပ်။

အဆင့်၅အတားဆီးကို ထိတွေ့မိနေပြီဟု ရန်ကိုင်စိတ်ထဲ ရေးတေးတေး ခံစားမိနေခဲ့၏။

ပုံမှန်ဆိုလျှင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များ ကြုံတွေ့ရလေ့ရှိသည့် အဆင့်တက် အတားအဆီးများသည် သူတို့ သိုင်းတာအိုအပေါ် မည်ရွေ့ မည်မျှအထိ နားလည်ထားသည်နှင့် ဆက်စပ်နေပေသည်။ သို့သော်ငြား ကံကောင်းစွာဖြင့် ရီမိသားစုအကြီးအကဲချုပ်၏ စိတ်စွမ်းအင်ကို စုပ်ယူလိုက်စဉ်က ရီမိသားစု အကြီးအကဲချုပ်၏ သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ် အပေါ် နားလည်မှုများအား သူ့အပိုင်အဖြစ် ပြောင်းလဲ နိုင်ခဲ့လေသည်။ ထိုကဲ့သို့ မဟုတ်လျှင် ရန်ကိုင်၏ အဆင့်ချိုးဖျက်တက်နှုန်းနှင့် ဆိုပါက သူ၏ အခြေခံသည် လုံးဝကို မတည်မငြိမ် ဖြစ်နေပေလိမ့်မည်။

ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီးသည့်နောက် အတွေးထဲ ရန်ကိုင် နစ်မျောသွားခဲ့လေ၏။

နေ့တစ်ဝက် ကြာပြီးသည့်နောက် အခန်းမှထွက်၍ စံအိမ်အပြင်ဘက်သို့ လမ်းလျှောက်သွားလိုက်လေ၏။

မီတာဒါဇင်အကွာ၌ လူမိသားစုဝင်များသည် လူမိသားစု အကြီးအကဲချုပ် လူစီ၏ ဦးဆောင်မှုအောက်၌ ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်နေဆဲပင်။

“အကြီးအကဲချုပ်၊ ကျုပ်တို့ ဒီမှာပဲ စောင့်နေရမှာလား”

လူမူအမည်ရသော လူမိသားစုမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)ပညာရှင်က လူစီကို မေးလိုက်လေ၏။

“ဟုတ်တယ်၊ ငါတို့စောင့်ရမယ်”

လူစီက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်တို့ အခုလုပ်လို့ လိုရောလိုလို့လား”

လူမူ နားမလည်နိုင်ခဲ့။ သူသည်လည်း လူမိသားစု၏ အကြီးအကဲ တစ်ယောက်ဖြစ်သော်ငြား အကြီးအကဲချုပ် ဖြစ်သော လူစီနှင့် လားလားမှ မယှဉ်နိုင်။ အသက်အရ ဖြစ်စေ၊ အဆင့်အတန်းအရ ဖြစ်စေ၊ လူစီသည် သူ့ထက် သာ၏။ လူစီ၏ လက်ရှိ ပြုမူပုံကို သဘောမတွေ့သော်ငြား မကျေနပ်ဟန် မပြရဲသည့်အတွက် ယဉ်ယဉ်ကျေကျေးဖြင့် သာမေးလိုက်လေ

“ကျုပ်တို့ လူမိသားစုရယ်၊ ရှောင်ခြည်ဖြာနန်းတော်ရယ်၊ ဟွမ်မိသားစုရယ်၊ အင်အားစု (၃)ခုအတူစုပြီး သွားခဲ့ပေမယ့် သူတို့ အင်အားစုနှစ်ခု ဒုက္ခရောက်ခဲ့တာက သူတို့အမှားကြောင့်ပဲလေ။ ကျုပ်တို့ လူမိသားစုကို အပြစ်တင်လို့မှ မရတာ။ မိသားစုကြီး(၈)ခုက ဒီကိစ္စ အတွက်နဲ့ ကျုပ်တို့ကို တကယ်ပဲ အပြစ်ပေးမှာလား”

“အဲ့ဒါက ရန်မိသားစု သခင်ငယ်လေးကို ဒီလူအိုကြီး ပေးတဲ့ အကြောင်းပြချက် သက်သက်ပဲ”

လူစီက ပြုံးလိုက်ပြီး

“မိသားစုကြီး(၈)ခုက လူတွေက အရူးတွေမှ မဟုတ်တာ။ ငါသာ သေသေချာချာ ရှင်းပြလိုက်သရွေ့ သူတို့လည်း အနည်းနဲ့အများတော့ တီးမိခေါက်မိမှာပဲ”

“ဒါဆိုရင် ဘာလို့လဲ…”

လူမူ ပို၍ စိတ်ရှုပ်သွားခဲ့ရလေ၏။

လူစီ သက်ပြင်းဖျော့ဖျော့လေး ချ၍ ပြန်ပြောလိုက်၏

“ငါမင်းကိုမေးမယ်၊ ငါတို့သာ အခု ဗဟိုမြို့တော်ဆီ သွားရင် ဘယ်လိုဖြစ်လောက်မယ်လို့ မင်းထင်လဲ”

လူမူ တစ်ခဏကြာအောင် စဉ်းစားနေလိုက်ပြီးနောက်

“တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ခိုက်ရမှာပေါ့”

“အမှန်ပဲ။ တိမ်မိစ္ဆာနယ်မြေက အင်အားစုတွေနဲ့ တိုက်ခိုက်ရလိမ့်မယ်။ ပြီးတော့ ရှေ့တန်းကိုလည်း အပို့ခံရလိမ့်မယ်”

လူစီက လူမိသားစုဝင်တွေဘက်လှည့်၍

“ဒီတစ်ကြိမ် လူမိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်(၅)ယောက် ပို့ခဲ့တယ်။ ငါတို့သာ တိုက်ခိုက်ကြမယ်ဆိုရင် မင်းတို့ထဲက ဘယ်လောက်များများ အသက်ရှင်မယ်လို့ ထင်လဲ”

လူမူ တိတ်ဆိတ်သွားခဲ့လေ၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် (၃၅)ယောက်အနက် သုံးယောက်၊ လေးယောက် အသက်ရှင်လျှင်ပင် ကံကောင်းနေပြီဟု ဆိုနိုင်ပေ၏။

“ဒါပေမယ့် ငါတို့သာ သခင်လေးရန်ရဲ့ ဦးဆောင်မှုနဲ့ ဗဟိုမြို့တော်ဆီ သွားမယ်ဆိုရင်ကော”

လူစီက ဆက်ပြောလိုက်လေ၏။

ချက်ချင်းဆိုသလို လူမိသားစုဝင်အားလုံး သူတို့ မြင်တွေ့လိုက်ရသည့်မြင်ကွင်းအား ချက်ချင်း ပြန်အမှတ်ရလိုက်လေ၏။ မသေမျိုးအဆင့် ပညာရှင် ကိုးယောက် ရုတ်တရက် ထွက်ပေါ်လာသည့်မြင်ကွင်းက သူတို့စိတ်ထဲ တံဆိပ်ရိုက်ခတ်လိုက်သည့်ပမာ လုံးဝကို စွဲထင်နေခဲ့လေ၏။

“သခင်လေးရန်က ကောလဟာလတွေထဲကလို သစ္စာဖောက်လည်းမဟုတ်ဘူး၊ နတ်ဆိုးလည်း မဟုတ်ဘူး။ ငါသိသလောက်တော့ အမွေခံတိုက်ပွဲတုန်းက သူ့မဟာမိတ်တွေ အကုန်လုံး အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့တာ။ ငါတို့သာ ဒီသစ်ပင်ကြီးကို ဖက်တွယ်ထားနိုင်သရွေ့ ငါတို့လူမိသားစု ဘာအကျိုးအမြတ်မှ မရရင်တောင် အနည်းဆုံးတော့ စတေးကောင်တွေဖြစ် ရှေ့တန်းပို့ခံရမှာ မဟုတ်ဘူး။ ငါတို့ လူမိသားစုက မင်းတို့တွေကို ပျိုးထောင်ပေးဖို့ ခွန်အားတော်တော်များများ စိုက်ထုတ် ပေးခဲ့ရတာ… မင်းတို့ အားလုံး ဒီနေရာမှာ ကျဆုံးသွားမှာကို ငါမမြင်ချင်ဘူး”

“အကြီးအကဲက တကယ်ကို တွေးတောတတ်တာပဲ…”

လူစီ ရန်ကိုင်ကို မည်သည့်အတွက်ကြောင့် စောင့်နေမှန်း ယခုမှပင် လူမူနားလည်သွားလေတော့၏။

ရန်ကိုင်သာ သူတို့ကို ဦးဆောင်ပြီး ဗဟိုမြို့တော်ဆီ သွားမည်ဆိုလျှင် အခြေအနေတွေက သူတို့ကိုယ်တိုင် သွားသည်ထက် ဆိုးလိမ့်မည် မဟုတ်ချေ။

အမွေခံတိုက်ပွဲအတွင်း၌ သခင်ငယ်လေးသည် အများ မထင်မှတ်စရာများကို တစ်ခုပြီးတစ်ခု လုပ်ပြသွားသူ ဖြစ်၏။ သူ၏ စွမ်းဆောင်မှုကြောင့် သူ့နာမည်သည် ဟန်မင်းဆက် တစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေခဲ့လေ၏။

“ဒါပေမယ့် သခင်လေးရန်… ကကော ဗဟိုမြို့တော်ဆီ သွားပါ့မလား”

နောက်ထပ် လူမိသားစုဝင်တစ်ယောက်က မေးလိုက်လေ၏။

“မသွားလောက်ဘူး” လူစီခေါင်းခါရမ်းလိုက်လေ၏။

မိသားစုကြီး(၈)ခုသည် ရန်ကိုင်အား မတော်မတရား ဆက်ဆံခဲ့သည့်အတွက် ရန်ကိုင်သလည်း မိသားစုကြီး (၈)ခုကို အခဲမကျေ ဖြစ်နေခဲ့၏။ ထိုကြောင့်သာ မဟုတ်လျှင် သူ့နား၌ ဤမျှများပြားသော ပညာရှင်များ စုဝေးနေသည်ကို မည်သည့်အတွက်ကြောင့် မိသားစုကြီး(၈)ခုအား သွားမကူညီရသနည်း။ မိသားစုကြီးရှစ်ခု ကျိုးကျိုးပျက်ပျက်၊ ဗဟိုမြို့တော်တစ်ခုကြီး တစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ပင် ကြေပါစေ၊ ထိုကိစ္စအားလုံးသည် သူနှင့် စိုးစဉ်းမျှ မသက်ဆိုင်ဟု ယခုလေးတင် ရန်ကိုင် ပြောသွားခဲ့လေ၏။

သူသာ ဗဟိုမြို့တော်နှင့် မိသားစုကြီးရှစ်ခုအပေါ် သံယောဇဉ်ရှိသေးရင် ယခုကဲ့သို့ ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။

“ငါတို့ သုံးရက်လောက် စောင့်ကြတာပေါ့။ သုံးရက် ပြည့်တာတောင် သူဘက်က ဗဟိုမြို့တော်ဆီ သွားမယ့် အရိပ်အယောင်မပြရင် ငါတို့ လူမိသားစုကိုယ်တိုင်ပဲ ဗဟိုမြို့တော်ဆီ သွားကြတာပေါ့”

လူစီက သက်ပြင်းချ၍ ပြုံးကာ ပြောလိုက်လေ၏။

သို့သော်ငြား သူပြောပြီးပြီးချင်းမှာပဲ ရန်ကိုင်သည် စံအိမ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ လူစီ တစ်ခဏတာလောက် ကြောင်အငေးမောသွားခဲ့ပြီး အလျင်စလို လက်သီးဆုပ်၍

“သခင်လေးရန်”

ရန်ကိုင် အမှန်တကယ်ကို ထွက်လာခဲ့ပေ၏။ ရန်ကိုင် ထွက်လာလိမ့်မယ်လို့ လူစီ လုံးဝကို မမျှော်လင့်ထားခဲ့ချေ။

လူမိသားစုဝင်အားလုံးသည်လည်း လေးစားအားကျမှု အပြည့်ဖြင့် ရန်ကိုင်အား နှုတ်ဆက်လိုက်ကြလေ၏။ ရန်ကိုင်က သူတို့၏အသက်ကယ်ကောက်ရိုးမျှင်ဟု လူစီ ပြေားထားခဲ့သည့်အတွက် မည်သူကမှ ရန်ကိုင်အား မရိုမသေ မလုပ်ရဲချေ။

ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးနောက် သွားပေါ်အောင် ပြုံး၍

“စီနီယာလူ၊ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ခင်ဗျားရဲ့ လူမိသားစုနဲ့ ကျုပ်ကြားမှာ မိတ်ဆွေဆက်ဆံရေး အနည်းအကျဉ်းလောက်တော့ ရှိသေးတယ်လေ။ ခင်းဗျားလို စီနီယာတစ်ယောက်က ကျုပ်အိမ်ရှေ့မှာ ရပ်နေတာကို မြင်တော့ ကျုပ်လည်း နည်းနည်း ရှက်လာရတာပေါ့”

“ဘာမဟုတ်တဲ့ ကိစ္စလေးပါ”

လူစီက သူ့လက်အား ဝှေ့ရမ်း၍ အလျင်အမြန်ပင် ပြန်ပြောလိုက်လေ၏။

“အထဲသွားကြမယ်လေ”

ရန်ကိုင်က ဖိတ်ခေါ်လိုက်လေ’။

လူစီ မျက်ဝန်းအစုံ တောက်ပသွားခဲ့လေ၏။ ရန်ကိုင်ရဲ့ သဘောထား မည်သည့်အတွက်ကြောင့် ရုတ်တရက် ဆိုသလို (၁၈၀)ဒီဂရီတိတိ ပြောင်းလဲသွားရသည်ကို သူမသိသော်ငြား သေရေးရှင်းရေး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ၊ ပျော်ရွှင်စွာဖြင့် အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏

“ကောင်းပြီလေ။ သခင်လေးရဲ့ ဖော်ရွေပျူငှာမှုအတွက် ကျေးဇူးတင်ပါတယ်”

“ကျေးဇူးပြုပြီးတော့”

ရန်ကိုင် သူ့ကို စံအိမ်ထဲသို့ ဖိတ်ခေါ်သည်မှ ဗဟိုမြို့တော်ဆီ သွားမည့်ကိစ္စနှင့်ပက်သက်၍ ဆွေးနွေးလိုခြင်း ဖြစ်သည်ဟု လူစီထင်နေခဲ့ခြင်းဖြစ်၏။ သို့သော်ငြား စံအိမ်ထဲရောက်သည်နှင့် ရန်ကိုင်က သူတို့တစ်တွေ အားလုံးကို ချူရီမန်ဆီ အပ်ခဲ့ပြီး အခြားတစ်နေရာသို့ ထွက်သွားခဲ့လေသည်။

လူစီ တော်တော့်ကို စိတ်ရှုပ်သွားခဲ့ရလေ၏။ ရန်ကိုင် မည်သည်ကို လုပ်ဆောင်ချင်နေမှန်း သူတကယ်ကို နားမလည်နိုင်တော့ချေ။ ချူမိသားစု သခင်မလေးသည်ပင် ရန်ကိုင် မည်သည်အား လုပ်ဆောင်ချင်နေသည်ကို မသိသည့် အတွက်ကြောင့် လူစီစိတ်ထဲ စိုးရိမ်ပူပန် သွားခဲ့ရလေ၏။

မန်ဝူရ၏ အခန်းထဲ၌ ရန်ကိုင်က မန်ဝူရ၊ နတ်ဆိုးအိုကြီးနှင့် လင်းတိုင်ရှုတို့အား သူ့အတွေးတွေကို ထုတ်ပြောပြလိုက်၏။

“သခင်လေးက ဗဟိုမြို့တော်ဆီ သွားချင်နေတာလား”

နတ်ဆိုးအိုကြီး ထိတ်လန့်သွားခဲ့လေ၏။ ရန်ကိုင် မည်သည့်အတွက်ကြောင့် ဗဟိုမြို့တော်ဆီ ရုတ်တရက်ကြီး ထသွားချင်နေမှန်း သူလုံးဝကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ လွန်ခဲ့သော (၆)အတွင်း ရန်ကိုင်စံအိမ်ထဲရှိ လူများသည်း အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့် နေခဲ့ကြလေ၏။ ရလဒ်ကောင်းများစွာ ထွက်ပေါ်ခဲ့သော်ငြား ယခုအချိန်၌ သူတို့အနေဖြင့် တိမ်မိစ္ဆာနယ်မြေနှင့် စစ်ပွဲထဲ ပါဝင်ရန် မသင့်တော်သေးချေ။

“ဟုတ်တယ်၊ ကျုပ်ဗဟိုမြို့တော်ဆီ သွားချင်တယ်”

ရန်ကိုင်က ပြန်ခေါင်းညိတ်ပြလိုက်၏။ ရွှေရောင် မျက်လုံး၏ အလုပ်လုပ်ပုံနှင့် ရွှေရောင်မျက်လုံးမှ ပေးစွမ်းနိုင်သည့် အကျိုးအမြတ်များအား နားလည် သွားခဲ့ပြီဖြစ်ရာ ရန်ကိုင်သည်လည်း ရွှေရောင်မျက်လုံးကို အကျိုးရှိရှိ အသုံးချရပေလိမ့်မည်။

စစ်ပွဲမြို့တော်ထဲ နေခြင်းသည် လုံခြုံသော်လည်း သူ့ခွန်အား တိုးတက်နှုန်းကမူ နိမ့်ကျနေပေလိမ့်မည်။

ဗဟိုမြို့တော်တွင်တော့ အခြေအနေများသည် တစ်မျိုတစ်ဖုံ ကွဲပြားသွားနိုင်၏။ မရေမတွက်နိုင်သော အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များသည် နေ့စဉ်နှင့်အမျှ သေနေကြသည်ဖြစ်ရာ သူသာ သေဆုံးသွားသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များ၏ စိတ်စွမ်းအင်ကို စုပ်ယူနိုင်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းအား မြှင့်တင်နိုင်ပေလိမ့်မည်။

“မင်းက တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဗဟိုမြို့တော်ဆီ ဘာလို့သွားချင်နေလဲ ဆိုတာ ငါတို့ကိုပြော”

မန်ဝူရက ‘ငါသိပါတယ်’ဆိုသော အကြည့်မျိုးနှင့် ပြုံးကာ ပြောလိုက်လေ၏။

“အသေးစိတ်အချက်အလက်တွေက ရှင်းပြဖို့ မလွယ်ဘူး။ ပြောနိုင်တာကတော့ ကျုပ်မှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိလို့ပဲ”

ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်လေ၏။

လူသုံးယောက်စလုံး၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့လေ၏။

“ပြီးတော့၊ ဆရာဖိုးဖိုးလည်း ဗဟိုမြို့တော်ဆီ ပြန်ပြေးချင်နေတာမလား”

ရန်ကိုင်က ရုတ်တရက် လင်းတိုင်ရှုဘက်လှည့်၍ ပြောလိုက်လေ၏။

လင်းတိုင်ရှုက ငြင်းဆိုခြင်းမပြုပဲ ခေါင်းသာညိတ်၍

“ဟုတ်တယ်။ ဒီလူအိုကြီးမှာ တပည့်နှစ်ယောက်ပဲ ရှိခဲ့တာ။ သူတို့ရာ ဆရာတစ်ယောက်အနေနဲ့ ကိစ္စတွေကို တစ်ခါတည်း ဖြေရှင်းသင့်တာပေါ့”

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅၇၈) မြန်မြန် လက်ထပ်ခွင့်တောင်းပေတော့

~~~~~~~~~~~~~~~~~~~~~~~~~

“ညီအစ်ကိုလင်း…”

မန်ဝူရ အကြီးအကျယ် အံ့အားသင့်သွားခဲ့လေ၏။ လင်းတိုင်ရှု ပြောလိုက်သည့် စကားများကို ကြားသည်နှင့် တစ်ခုခုကို မန်ဝူရ နားလည်သွားခဲ့လေ၏။

လင်းတိုင်ရှုသည် ရန်ပိုင်နှင့် နောက်ဆုံးအကြိမ်အဖြစ် ထိပ်တိုက်တွေ့ချင်နေခြင်း ဖြစ်၏။ သို့သော်ငြား သူသည် မသေမျိုးဒုတိယအဆင့်သာ ဖြစ်ရာ ရန်ပိုင်နှင့် ယှဉ်တိုက်မည် ဆိုပါက သူ့ကိုစောင့်မျှော်နေမည်မှာ သေခြင်းတရားက လွဲ၍ အခြားမရှိချေ။

ရန်ပိုင်လို လူမျိုးကို ပြုစုပျိုးထောင်မိခဲ့သည့်အတွက် သူ့စိတ်ထဲ အပြစ်မကင်းသလို ခံစားနေရခြင်း ဖြစ်မည်။ ရန်ပိုင်ကို အနိုင်မယူနိုင်သည်ဖြစ်ရာ ရှိရှိသမျှအကုန်အစင် ထုတ်သုံး၍ ရန်ပိုင်ကိုပါ သူနှင့်တစ်ခါတည်း ခေါ်သွားဖို့ စီစဉ်နေခြင်း ဖြစ်ပေလောက်မည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် မန်ဝူရ၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့လေ၏။

ဤနှစ်များအတွင်း မန်ဝူရတွင် မိတ်ဆွေဟု ခေါ်ရသော လူဆို၍ အနည်းအကျဉ်းမျှသာ ရှိလေ၏။ ဆေးဘုရင် တောင်ကြား၏ တိပ်ဖုံးတောင်ထွတ်မှ ရှောင်ဖူချန်းကိုလည်း ထည့်တွက်၍ ရလောက်ပေ၏။ သို့သော်ငြား သူ၏ စစ်မှန်သော ညီအစ်ကိုဆို၍ လင်းတိုင်ရှုတစ်ယောက်သာ ရှိသည်။ မန်ဝူရနှင့် ရန်ကိုင်ကြားက ဆက်ဆံရေးသည် ကောင်းမွန်သည် ဆိုသော်ငြား ရန်ကိုင်သည် ဂျူနီယာ တစ်ယောက်သာ ဖြစ်၏။ ယခု သူ့မိတ်ဆွေဟောင်းကြီးသည် ကိုယ့်‌ေတွင်း ကိုယ်တူးဖို့ ကြိုးစားနေသည့်အတွက် မန်ဝူရ အနေဖြင့် တားကို တားရပေလိမ့်မည်။

“ညီအစ်ကိုလင်းကလည်း ဒီလိုမျိုး စဉ်းစားနေတယ် ဆိုမှတော့ ငါတို့အားလုံး ဗဟိုမြို့တော်ဆီ အတူတူ သွားကြတာပေါ့။ အဲ့လိုဆို ပိုပြီးလုံခြုံနိုင်လိမ့်မယ်”

မန်ဝူရက ပြောလိုက်လေ၏။

“အစ်ကိုမန်…”

လင်းတိုင်ရှု ရင်ထဲ ထိသွားခဲ့လေ၏။

“ငါသာ မင်းနဲ့အတူသွားရင် မင်းအသက်ကို အာမခံနိုင်သေးတယ်”

မန်ဝူရက ပြုံး၍ ရန်ကိုင်ဘက်လှည့်ကာ

“ဘယ်အချိန်စထွက်မယ်လို့ မင်းစဉ်းစားထားလဲ”

“ရက်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ခေါ်လာတဲ့ သွေးစစ်သည်တော် လေးယောက်က လေ့ကျင့်တဲ့နေရာမှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ။ သူတို့ အဆင့်ချိုးဖျက်ပြီးတော့မှ သွားကြတာပေါ့”

ရန်ကိုင်က ပြောလိုက်လေ၏။

ထိုအချိန်ကျ၊ မသေမျိုးအဆင့် သွေးစစ်သည်တော် (၁၃)ယောက်၊ မန်ဝူရ၊ လင်းတိုင်ရှု၊ နတ်ဆိုးအိုကြီးနှင့် လီယွမ်ချွန်တို့၏ စုပေါင်းအားသည် မည်သည့်အင်အားစုကို မဆို ကြောက်ဒူးတုန်သွားစေနိုင်ပေ၏။

ထို့အပြင် မကြာသေးခင်မှ ရောက်ရှိလာခဲ့သော လူစီသည်လည်း မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။

ထိုကဲ့သို့သော စုဖွဲ့မှုမျိုးနှင့်ဆိုလျှင် ဗဟိုမြို့တော်၏ ကသောင်းကနင်းဖြစ်မှုကို ငြိမ်သက်စေနိုင်ဖို့ရာ မဖြစ်နိုင်သော်ငြား သူ့အဖွဲ့သားများအား ကာကွယ်လျက် သူ့ရည်ရွယ်ချက်အား အထက်မြောက်အောင် လုပ်ဆောင်ရန် လုံလောက်ပေ၏။ နတ်ဆိုးဘုရင်သာ အားကုန်ထုတ်သုံး၍ သူတို့အား ကိုယ်တိုင်ကိုယ်ကျ လာမတိုက်ခိုက်သရွေ့ပေါ့။

အသေစိတ်အချက်အလက် အနည်းငယ်အား ထပ်မံ ဆွေးနွေးပြီးသည့်နောက် ဗဟိုမြို့တော်ဆီ သူလည်း အတူ လိုက်ပါမည်ဖြစ်ကြောင်း လူစီအား သွားပြောခဲ့လေ၏။ လူစီမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး မည်သည်ကို ပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့ကာ ရန်ကိုင်ဟာ သမာသမတ်ကျ၍ ရန်ငြိုးတွေးကို ဘေးဖယ်ထားပြီး အခြေအနေတစ်ခုလုံးကို စဉ်းစားဆုံးဖြတ်ပေးတတ်တဲ့လူမျိုး ဖြစ်သည်ဟု အလျင်အမြန် ချီးကျူးပြောဆို၍ သူတို့ လူမိသားစုသည်လည်း ရန်ကိုင်၏ အမိန့်များအား လိုက်နာပါမည်ကို ကြေညာပြောဆိုခဲ့လေ၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက် ရန်ဝေနှင့် ရန်ကျောင်းတို့နှင့် အတူပါလာသော သွေးစစ်သည်တော် လေးယောက်သည် မသေမျိုးအဆင့် အတားအဆီးကို စတင်ချိုးဖျက်ဖို့ ကြိုးစားတော့လေသည်။ သူတို့တစ်တွေ ရန်ကိုင်နှင့် အတူရှိနေသည်မှာ နှစ်ဝက်ရှိသွားခဲ့လေပြီ။ ပထမ(၃)လအတွင်း၌ ရန်ကိုင်သည် ဆေးပေါင်းရည် များစွာကိုသုံး၍ သူတို့၏ ခန္ဓာကိုယ်အား သန့်စင့်ပေးခဲ့ကာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)သို့ ချိုးဖျက် စေခဲ့လေ၏။

ထို့နောက် ကျန်သည့်(၃)လတွင်မူ တစ်ယောက်ချင်းစီကို ဆေးပေါင်းအဆီအနှစ် အနည်းငယ်စီ ပေး၍ မသေမျိုးအဆင့်ကို ချိုးဖျက်ခိုင်းခဲ့လေ၏။ ယခု သူတို့တစ်တွေသည် မသေမျိုးအဆင့်သို့ ချိုးဖျက်ရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

ဤရက်ပိုင်းအတွင်း၌ လူမိသားစုသည် ရန်ကိုင်၏ စံအိမ်အတွင်းတွင် နားခိုနေခဲ့သည်။

မြင်သမျှ အရာအားလုံးကြောင့် လူစီမှာ လွန်စွာကိုမှ အံ့ဩနေခဲ့ရလေ၏။

စံအိမ်တွင်း၌ ရှိနေသော ကျင့်ကြံသူများထဲတွင် (၈၀)ရာခိုင်နှုန်းသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်ထားကြပြီး ကျန်သော (၂၀)ရာခိုင်နှုန်းသည် အစစ်အမှန်ဒြပ်စင်အဆင့်(၈) ကျင့်ကြံသူများ ဖြစ်ကြလေ၏။

ထို့အပြင် ထိုကျင့်ကြံသူတွေထဲမှ များစွာသည် လူငယ်မျိုးဆက်ဝင်များ ဖြစ်ကြလေ၏။

အသက်(၂၀)ပင် မပြည့်သေးသော လူငယ်များစွာ ထိုအဆင့်သို့ ရောက်နေသည်ကို မြင်ပါများတော့ လူစီမှာ ထိတ်လည်းထိတ်လန့်၊ မနာလည်းလိုမိလေ၏။

သူတို့၏ လူမိသားစုတွင် လူငယ်တစ်ယောက်သည် အသက်(၂၀)မပြည့်ခင် အစစ်အမှန်ဒြပ်စင်အဆင့်သို့ ရောက်ရှိပါက ပါရမီရှင်အဖြစ် သတ်မှတ်ခြင်းခံရ၍ မိသားစု၏ မြေတောင်မြှောက် ပျိုးထောင်ပေးခြင်း ခံရ၏။

သို့သော်ငြား ရန်ကိုင်၏ စံအိမ်ထဲတွင် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူများသည် စကားထဲ ထည့်ပြောဖို့ရာပင် မထိုက်တန်ချေ။

မသေမျိုးအဆင့်သို့ ရောက်ရှိနေသော သွေးစစ်သည်တော်(၉)ယောက်၊ အခြား မသေမျိုးအဆင့် ပညာရှင်လေးယောက်။ ဤစံအိမ်လေး၏ အင်အားစုသည် ဗဟိုမြို့တော်ရှိ မိသားစုကြီး(၈)ခုထဲမှ မည်သည့် မိသားစုကြီးထက်မဆို ပို၍အားကောင်းနေပေသည်။

ရန်ကိုင်စံအိမ်တွင်းရှိ ပညာရှင်များ၏ ခွန်အားနှင့် ယှဉ်လျှင် သူတို့လူမိသားစုသည် တောရွာရှိတော်ဝင် အိမ်တော်တစ်ခုနှင့်ပင် တူနေပါသေး၏။ သူတို့ကြားက ခွန်အားသည် ထိုမျှခြားနားနေသည့်အတွက်ကြောင့် လူမိသားစုဝင်အားလုံး အစွယ်ကျိုးနေသည့် မြွေပမာ မာန်ကိုချ၊ နှိမ့်ချရိုကျိုးစွာဖြင့် နေခဲ့ကြလေ၏။

(၇)ရက်ကြာပြီးသည့်နောက်၊ စံအိမ်ထက် ကောင်းကင်ယံတွင် များပြားလှသည့် စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့လေ၏။

ကြီးကျယ်မြင့်မြတ်လှသည့် မိုးမြေကောင်းချီးတော်များ ထွက်ပေါ်လာသည့်အတွက် လူစီလည်း အိမ်ထဲကနေ ပြေးထွက်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေ၏။

တစ်ယောက်ယောက်က မသေမျိုးအဆင့်သို့ ချိုးဖျက်နေခဲ့လေပြီ။

ပြီးတော့ တစ်ယောက်ပင် မကချေ။

သို့သော်ငြား ဤသည်နှင့်ပင် အဆုံးမသတ်သေးချေ။ လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည့် အရှိန်အဝါနှစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေ၏။

လူစီ ကြက်သေသေသွားခဲ့၍ စကားတစ်ခွန်းပင် မဆိုနိုင်တော့ချေ။

အဆုံးမဲ့ပင်လယ်ကျွန်းမှ လီယွမ်ချွန်သည်လည်း မည်သည့်အချိန်ကပင်မသိ လူစီဘေးသို့‌ ရောက်ရှိနေခဲ့ကာ သူနှင့်အတူ ကောင်းကင်ပေါ်သို့ မော့ကြည့်၍ သက်ပြင်း ဖျော့ဖျော့လေးချကာ ပြောလိုက်လေ၏

“ဒါက ဘာမှမဟုတ်သေးဘူး။ လူကိုးယောက်စလုံး မသေမျိုးအဆင့်ကို တစ်ပြိုင်တည်းချိုးဖျက်သွားတဲ့ မြင်ကွင်းကို မင်းမမြင်ရသေးလို့သာ”

သူ့လေသံထဲ ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်အချို့ ပါဝင်နေခဲ့လေ၏။

ထိုအသံကို ကြားလိုက်သည်နှင့် လူစီက သူ့ကိုယ်ဟန် အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်၍ လက်သီးဆုပ်ကာ မေးလိုက်လေ၏

“ဒီက ညီအစ်ကိုကို ဘယ်လိုခေါ်ရမလဲ”

“အဆုံးမဲ့ပင်လယ်ကျွန်း မဟာထွတ်မြတ်ဂိုဏ်းတော်က လီယွမ်ချွန်”

“မဟာထွတ်မြတ်ဂိုဏ်းတော်လား”

လူစီ အံ့အားသင့်သွားခဲ့လေပြီး

“အဆုံးမဲ့ပင်လယ်ကျွန်းက မဟာအင်အားစုဖြစ်တဲ့ မဟာထွတ်မြတ်ဂိုဏ်းတော်လား”

လီယွမ်ချွန်က ခေါင်းပြန်ညိတ်ပြလိုက်လေ၏။ မဟာထွတ်မြတ်တော်ဂိုဏ်းပင် အသားထား၊ ဗဟိုမြို့တော်မှ မိသားစုကြီး(၈)ခုထဲမှ မည်သည့်မိသားစုကမှ ရန်ကိုင်အား မယှဉ်နိင်တော့ချေ။

ဤစံအိမ်သည် ဤလောကကြီးရှိ အားအကောင်းဆုံး အင်အားစုတစ်ခုဖြစ်လေ၏။ စံအိမ်၏ စုပေါင်းခွန်အားသည် မည်သည့်ဂိုဏ်းနှင့် မိသားစုထက်ကိုမဆို သာလွန်ပေ၏။

“ညီအစ်ကိုလူမှာ မြေးသမီးတစ်ယောက်လောက်ရှိလား”

လီယွမ်ချွန်က ရုတ်တရက် ထူးထူးဆန်းဆန်း မေးခွန်း တစ်ခုကို မေးလိုက်လေ၏။

“ဒီလူက သူ့ဘဝတစ်ခုလုံးကို ကျင့်ကြံခြင်းမှာပဲ နစ်မြှပ်ထားတာဆိုတော့ အဲ့လိုမျိုး တိုက်ရိုက်မျိုးဆက် တစ်ယောက်မှ မရှိဘူး”

လူစီက အမှန်အတိုင်းပင် ပြန်ဖြေလိုက်လေ၏။ လီယွမ်ချွန် မည်သည့်စိတ်ပေါက်၍ ယခုကဲ့သို့ မေးခွန်းမျိုး လာမေးနေမှန်း လူစီ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။

“မင်းတို့ လူမိသားစုက ပထမအဆင့် အင်အားစု တစ်ခုဆိုတော့ ငယ်ရွယ်ပြီးလှပတဲ့ မိန်းမလှလေး နည်းနည်းပါးပါးလောက်တော့ အနည်းဆုံး ရှိတယ်မလား”

“အင်း၊ ရှိတယ်”

“အဲ့လိုဆိုရင် လက်ထပ်ပွဲ မြန်မြန် ကမ်းလှမ်းသင့်တယ်။ မင်းတို့ကုန်းတွင်းပိုင်းက အင်အားစုတွေထဲကနေ ဒီလိုမျိုး အံ့အားသင့်ဖွယ်ကောင်းတဲ့ လူငယ်လေးတစ်ယောက် ပေါ်လာတာကို ငါတကယ်ပဲ မနာလိုဖြစ်မိတယ်။ ညီအစ်ကိုလူသာ ဒီအခွင့်အရေးကို မဖမ်းဆုပ်ပဲ သူနဲ့ ဆက်ဆံရေးတစ်ခု မတည်ဆောက်ထားရင် နောက်ပိုင်းကျ အဲ့လိုအခွင့်အရေးမျိုး ရနိုင်တော့မှာ မဟုတ်ဘူးနော်။ ကျုပ်ရဲ့ မဟာထွတ်မြတ်တော်ဂိုဏ်းသာ ကုန်းတွင်းပိုင်မှာ ရှိကြည့်။ ကျုပ်မြေးသမီးမပြောနဲ့၊ သမီးဆိုရင်တောင် ဝမ်းပန်းတသာနဲ့ သခင်လေးရန်ဆီ ပေးလိုက်မှာ”

လူစီမျက်နှာ မည်းမှောင်သွားခဲ့လေ၏။ လီယွမ်ချွန်ဆိုတဲ့ လူက တကယ်ကို အရှက်မဲ့တာပဲဟု သူ့စိတ်ထဲတွင်လည်း တွေးလိုက်လေ၏။ လီယွမ်ချွန်တွင်သာ သမီးတစ်ယောက် ရှိနေခဲ့လျှင် အသက်မည်မျှ ရှိနေမည်နည်း။ အနည်းဆုံး (၄၀)၊ (၅၀)လောက် ရှိနေပေလိမ့်မည်။

နွားအိုကြီးကို မြက်နုစားစေချင်နေတာလား။ ထိုကဲ့သို့ လုပ်လုပ်လို့ ရန်ကိုင်ကို ပျော်စေမှာမို့လို့လား။

ထိုအတွေးတို့ သူ့စိတ်ထဲ ဖြတ်ပြေးသွားခဲ့ပေမယ့် လူစီက ဆိတ်ဆိတ်သာ နေခဲ့လေ၏။ လီယွမ်ချွန် ပြောသည့်အတိုင်း လိုက်မလုပ်သင့်ဘူးဟုလည်း သူ့ကိုယ်သူ အဆက်မပြတ် သတိပေးနေခဲ့လေ၏။ သို့သော်ငြား…

လူမိသားစုတွင် ငယ်ရွယ်၊ အရည်အချင်းရှိပြီး လှပသည့် မိန်းမပျိုလေးများစွာ ရှိပေ၏။ ထိုထဲက တစ်ယောက်သာ ရန်ကိုင်၏ နှစ်သက်ခြင်းခံရလျှင် သူတို့လူမိသားစုသည် ချူမိသားစုထက်ပင် ပို၍ကြီးမားသည့် သစ်ပင်အရိပ် အောက်၌ ခိုလှုံခွင့်ရနိုင်ပေလိမ့်မည်။

ရန်ကိုင် လူငယ်တစ်ယောက်သာ ဖြစ်သေး၏။ မည်သည့် လူငယ်ကများ အပျော်အပါးကို စိတ်မဝင်စားသနည်း။

ယောကျာ်းတွေဆိုတာ မိန်းမလှလေးတွေရဲ့ ဖြာယောင်း ဆွဲဆောင်မှုအောက်၌ ကျရှုံးရချည်းသည်ပင်။ လူစီလည်း ထိုကဲ့သို့ အတွေးမျိုး ရှိခဲ့ဖူးသည့် အခိုက်အတန့်များ ရှိခဲ့ဖူးလေ၏။ ထို့ကြောင့် ထိုအစီအစဉ် ဖြစ်နိုင်ချေ ရှိမရှိကို သူ့စိတ်ထဲ ကြိတ်ပြီး စဉ်းစားတွေးတောနေလိုက်လေ၏။

လီယွမ်ချွန်၏ အကြံကို သူစိတ်မဝင်စားဘူးဟု မဆိုနိုင်ချေ။

သွေးစစ်သည်တော်လေးယောက်၏ အဆင့်ချိုးဖျက်မှု သည် လေးရက်တိုင်တိုင် ကြာမြင့်ခဲ့လေ၏။

လေးရက်ကြာပြီးသည့်နောက် ကောင်းချီးတော် ပုံရိပ်တော်တို့သည်လည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့၍ မသေးမျိုးအဆင့် ပညာရှင် လေးယောက် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့လေ၏။

သူတို့၏ အခြေခံကို တည်ငြိမ်အောင် လုပ်ဖို့ရာ ရန်ကိုင်က သွေးစစ်သည်တော်လေးယောက်အား အချိန်(၃)ရက်ပေးခဲ့လေ၏။ တုဖုန်းနှင့် ကျန်သော သွေးစစ်သည်တော်များကိုလည်း မန်ဝူရဆီမှ ရရှိခဲ့သော အတွေ့အကြုံများကို ထိုလေးယောက်အား သွားမျှဝေပေးဖို့ ညွှန်ကြားခဲ့လေ၏။

(၃)ရက်ကြာပြီးသည့်နောက်တွင်တော့ အားလုံး အဆင်သင့် ဖြစ်နေခဲ့လေပြီ။

ရန်ကိုင်၏ မူလအစီအစဉ်သည် သွေးစစ်သည်တော် (၁၃)ယောက်၊ နတ်ဆိုးအိုကြီး၊ လီယွမ်ချွန်၊ လူစီတို့နှင့်အတူ ဗဟိုမြို့တော်ဆီ သွားဖို့ဖြစ်၏။

သို့သော်ငြား မန်ဝူရသည် အခြားအစီအစဉ်တစ်ခုအား အကြံပေးခဲ့လေ၏။

“စံအိမ်ထဲမှာ ရှိတဲ့လူအားလုံးကို ဗဟိုမြို့တော်ဆီ ငါခေါ်သွားပေးလို့ရတယ်”

“အားလုံးကိုလား။ ဘယ်လိုခေါ်သွားမှာလဲ”

ရန်ကိုင်က အနည်းငယ် စိတ်ရှုပ်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်လေ၏။

မန်ဝူရက သွားပေါ်အောင်ပြုံး၍ သူ့လက်အား ဝှေ့ရမ်းလျက် အလင်းတန်းတစ်ခုအား လေထဲသို့ ပစ်လွှတ်လိုက်လေ၏။ တစ်ခဏကြာပြီးသည်နောက် ကောင်းကင်နန်းတော် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။ အရံအတားတစ်ခုလုံးကမူ စံအိမ်တစ်ခုလုံးအား ရစ်ပတ်ထားဆဲ။

ဒီတစ်ကြိမ်တွင်တော့ အရံအတားအပေါ်၌ များစွာသော မျဉ်းကြောင်းများ ရှိနေခဲ့ကာ ထူးဆန်းရှုပ်ထွေးသည့် စိတ်ဝိဥာဉ်အစီအရင် တစ်ခု ဖြစ်နေခဲ့လေ၏။

“မြင့်တက်စမ်း”

မန်ဝူရက အော်ဟစ်လိုက်၏။

တကျွီကျွီမြည်သံနှင့်အတူ အားကောင်းလှသည့် တုန်ခါလှိုင်းတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ စံအိမ် တစ်ခုလုံးသည် ကောင်းကင်နန်းတော်၏ ကာကွယ်မှု အောက်၌ လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာခဲ့လေ၏။ ကျောက်တုံး၊ အုတ်ခဲနှင့် မြက်ပင်တစ်ပင်မကျန် ကောင်းကင် ပေါ်သို့ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့လေ၏။

“ဝါး…”

အားလုံး မှင်းသက်သွားခဲ့ကြလေသည်။

ထိုရွေ့လျားမှုအား ခံစားမိသည်နှင့် စံအိမ်ထဲရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်နန်းတော်၏ အဖျားပိုင်းဆီသို့ ပြေးထွက်သွားခဲ့ပြီး ငေးကြည့် လိုက်ကြလေ၏။ ငုံ့ကြည့်လိုက်သည့်အခါ အားလုံး သက်ပြင်းရှိုက်လိုက်မိကြပြီး စိတ်အားထက်သန်စွာဖြင့် အော်ဟစ်သူကဟစ်၊ လူနားမလည်နိုင်သည့် စကာများကို ရေရွတ်သူကရွတ်၊ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မည်သူမျှ မထိတ်လန့်၊ မအံ့ဩပဲ မနေနိုင်ခဲ့ချေ။

မသေမျိုးအဆင့် ပညာရှင်များသည်ပင်လျှင် မန်ဝူရ၏ နည်းလမ်းများကြောင့် ထိတ်လန့်တုန်လှုပ် နေခဲ့ရလေ၏။

“ကောင်းကင်နန်းတော်က ရွေ့လို့ မရဘူးလို့ ငါပြောခဲ့လို့လား”

မန်ဝူရက ရန်ကိုင်အား ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်လေ၏။

ရန်ကိုက်ကတော့ ခါးခါးသီးသီသာ ပြုံးလိုက်လေ၏။

ဗဟိုမြို့တော်ဆီ သူသွားချင်တယ်ဟု ပြောသည့် အချိန်တုန်းက မန်ဝူရ ကန့်ကွက်ခြင်း မပြုခဲ့သည်မှာ အံ့ဩစရာမဟုတ်တောချေ။ အဲ့အစား သူ့ကိုပင် ထောက်ခံ့ခဲ့ပြီး အားလုံးကိုပါ ကာကွယ်ပေးမည်ဟု ဆိုလိုက်သေးလေ၏။

ရှနင်းချန်ကို ဒီနေရာမှာထားခဲ့ပြီး ဗဟိုမြို့တော်ဆီ ဘယ်လိုတောင် သွားရက်တာလဲလို့ ရန်ကိုင် တွေးနေခဲ့ခြင်း ဖြစ်လေ၏။

မန်ဝူရသည် သူ့၏ ချစ်တပည့်လေး ရှနင်းချန်အား ဤနေရာတွင် တစ်ယောက်တည်း ထားခဲ့မည် မဟုတ်မှန်း ရန်ကိုင်သိ၏။ သူ့အတွက်ဆိုလျှင် ရှနင်းချန်၏ လုံခြုံရေးသည် အားလုံးထက်သာကမ၊ သူ့အသက်ထက်ပင် ပိုအရေးကြီးလေ၏။ သို့သော်ငြား မန်ဝူရသည် ရှနင်းချန်၏ လုံခြုံရေးအား စိုးရိမ်မနေခဲ့ခြင်း မဟုတ်ပဲ ရှနင်းချန်သည်သာ အစကတည်းက လုံးဝကို အန္တရာယ်မရှိခြင်းပဲ ဖြစ်လေ၏။

ကောင်းကင်နန်းတော်သည် ရွေ့လျားနိုင်သော ထိုးဖောက်မရနိုင်သည့် ခံတပ်ကြီးနှင့် လုံးဝကို တူနေခဲ့လေပြီ။

“ကောင်းတယ်၊ အရမ်းကောင်းတယ်”

ရန်ကိုင်က မန်ဝူရအား ပျော်ရွှင်စွာ ပြုံးလိုက်ပြီး

“ဘဏ္ဏာထိန်းမန်၊ အခုလို ကြိုးစားပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်”

“သောက်ပိုတွေ တိတ်တော့”

မန်ဝူရက ပြန်အော်လိုက်လေ၏။ မန်ဝူရမှာ စံအိမ်အား ဝန်းရံထားသည့် အရံအတားဆီ အဆက်မပြတ် လက်ဝှေ့ရမ်းလျက် လွန်စွာကိုမှာ အာရုံစိုက်နေရသည့် ပုံပေါ်လေ၏။ ကောင်းကင်စံအိမ်ကို ရွေ့လျားဖို့က သူ့အတွက် တော်တော်လေး ပင်ပန်းအာစိုက်ထုတ်ရသည်နှင့် တူ၏။

“ဟားဟားဟားဟား”

ရန်ကိုင်က ရယ်မောလိုက်လေ၏။

အောက်ခြေတွင် ရှိနေသာ ရှန်ချင်းလော့နှင့် ပီလော့တို့ နှစ်ယောက်သည် ကောင်းကင်ထက်တွင် ဝဲ၍ ဗဟိုမြို့တော်ဆီ ပျံသန်းနေသော ရန်ကိုင်၏စံအိမ်အား အံ့ဩမှင်သက်စွာဖြင့် ငေးမောကြည့်နေခဲ့ကြလေ၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ပီလော့က ရေရွတ်လိုက်လေ၏။

မသေမျိုးအဆင့် ပညာရှင်တစ်ယောက်ကြောင့် ဒဏ်ရာရပြီးနောက် ရန်ကိုင်စံအိမ်ထဲတွင် ရက်အနည်းငယ် ကုသအနားယူခဲ့လေ၏။ ပြီးသည်နှင့် ရှန်ချင်းလော့နှင့်အတူ ရန်ကိုင်စံအိမ်မှ ထွက်လာခဲ့ခြင်း ဖြစ်၏။

“ငါလည်းမသိဘူး”

ထိုကဲသို့သော မြင်ကွင်းအား ရှန်ချင်းလော့အနေဖြင့် ကြားဖူးဖို့ပင် မပြောနှင့်၊ အိမ်မက်ထဲတွင်ပင် မမက်ဖူးချေ။

“သခင်မ၊ ကျွန်မတို့ ဘာလုပ်သင့်လဲ”

ပီလော့က မေးလိုက်လေ၏။

“ဗဟိုမြို့တော်ဆီ ပြန်ရမယ်။ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး”

သူမနှင့်ပီလော့သည် ရန်ကိုင်ကို စောင့်ကြည့်ဖို့ရာ ဤနေရာတွင် ကျန်နေရစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စံအိမ်တစ်ခုလုံးက ဗဟိုမြို့တော်ဆီ ရွေ့သွားပြီဖြစ်ရာ သူမတို့လည်း ဤနေရာတွင် ဆက်နေရန် မလိုတော့ချေ။

သူမ၏ ပုံရိပ်သည် ရိပ်ခဲနက်သွားခဲ့ပြီး အလင်းတန်း တစ်ခုအသွင်ပြောင်းကာ ရန်ကုင်စံအိမ်ဆီသို့ အမှီလိုက်၍ အော်ပြောလိုက်လေ၏

“ရန်ကိုင်၊ ဗဟိုမြို့တော်ဆီ ပြန်ပြီး ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ဆာနတ်ဆိုးအရှင်သခင်ကို သွားသတင်းပေးလိုက်ဦးမယ်”

သူမဘာလုပ်မည် ဆိုသည်ကို သူ့အား ပွင့်ပွင့်လင်းလင်း လာပြောနေသည်ကို မြင်သည်နှင့် ရန်ကိုင်က မဲ့ပြုံးပြုံး၍ ခေါင်းခါရမ်းလိုက်ပြီး အမိန့်ပေးလိုက်လေ၏

“နတ်ဆိုးအိုကြီး၊ သူ့ကို သွားတာထားလိုက်”

နတ်ဆိုးအိုကြီးက ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကိုကုတ်၍ ပြန်မေးလိုက်လေသည်

“သခင်လေး၊ အခြားတစ်ယောက်ကို ခိုင်းလို့ မရဘူးလား။ အစေခံအိုကြီး မသွားချင်ဘူး”

ရန်ကိုင်နှင့် ရှန်ချင်းလော့ကြားက ဆက်ဆံရေးသည် မရှင်းမလင်းပင်။ သို့သော်ငြား ညို့ကဝေနတ်ဆိုးဘုရင်မ သည် ရန်ကိုင်အား စိုးစဉ်းမျှပင် ရန်လိုအကောက်ကြံလိုခြင်း မရှိပဲ ရန်ကိုင်နှင့် လွန်စွာကိုမှ ရင်းရင်းနှီးနှီး ပြုမူနေသည်ကို လူတိုင်း မြင်တွေ့နိုင်ပေသည်။ သူမပေါ်ထားသည့် ရန်ကိုင်၏ သဘောထားသည်လည်း မရှင်းမလင်းပင်။

သူမ ယခုကဲ့သို့ အသံကျယ်ကျယ်ဖြင့် အော်ပြောရသည့် အကြောင်းအရင်းမှာ ရန်ကိုင်ကို လူလွှတ်ပြီး သူမအား တားဆီးစေလိုခြင်းကြောင့်ပင် ဖြစ်၏။

သူမကို တားဆီရပေမည်။ သို့သော်ငြား သူမကိုတော့ ထိခိုက်အောင် လုပ်၍ မဖြစ်ပေ။ ထိုကဲ့သို့ လက်ဝင်သည့် အလုပ်မျိုး နတ်ဆိုးအိုကြီး မလုပ်ချင်ချေ။

သို့သော်ငြား ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ သူ့ကို ကြည့်လာသည့်အခါမှတော့ နတ်ဆိုးအိုကြီးက အလျင်အမြန်ပဲ ပြန်အော်ပြောလိုက်လေ၏

“သခင်လေးရဲ့ အမိန့်ကို ဒီအစေခံအိုကြီးက လေးစားစွာနဲ့ လုပ်ဆောင်ပေးပါ့မယ်”

ပြောပြီးသည်နှင့် ပြေးထွက်သွားလိုက်ပြီး ရှန်ချင်းလော့အား သွားတားတော့လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅79) လက်စားပြန်ချေချင်လို့များ ဖြစ်နေမလား

~~~~~~~~~~~~~~~~~~~~~~~~~

သီးခြားကမ္ဘာတောင်မြောက်ဟာ

မိုးမြေတစ်ခွင်အောက် အကြီးဆုံးပါ။

ထိုစကားသည် ဗဟိုမြို့တော် မည်မျှ ကျယ်ဝန်းကြောင်း ပြောထားခြင်း ဖြစ်၏။ သို့သော် တိမ်မိစ္ဆာနယ်မြေ ကျူးကျော်စစ် စတင်ပြီးနောက် ထိုစကားလုံးများသည် ရွှဲ့ပြီး ပြောထားသည်ဟုပင် ထင်ရသည့် အမှန်တရားတစ်ခု ဖြစ်လာခဲ့လေ၏။

တောင်နှင့်မြောက်သည် အမှန်ကိုပင် ကွဲပြားသည့် ကမ္ဘာနှစ်ခု ဖြစ်သွားခဲ့လေပြီ။

မြောက်ဘက်ပိုင်းကို တိမ်မိစ္ဆာနယ်မြေက အပိုင်းသိမ်းထားခဲ့ပြီး တောင်ဘက်ပိုင်းကိုမူ မိသားစုကြီး (၈)ခုက အပိုင်သိမ်းထားခဲ့လေသည်။

တိုက်ပွဲသည် နှစ်ဝက်ကြာခဲ့ပြီးဖြစ်၍ ယခုအချိန်၌ မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်နေခဲ့လေ၏။

အထွဋ်အထိပ် ပညာရှင်ချင်း ဆိုရလျှင် တိမ်မိစ္ဆာနယ်မြေဘက်၌ မသေမျိုးအဆင့်၃ ပညာရှင်ဖြစ်သည့် ရန်ပိုင် ရှိနေခဲ့၏။

အရေအတွက်ပိုင်းတွင်တော့ မိသားစုကြီးရှစ်ခုက အသာရထားလေ၏။ စစ်ပွဲအတွင်း မသေမျိုးအဆင့် ပညာရှင် အတော်များများ အသတ်ခံခဲ့ရသော်ငြား သူတို့ကြားက ကွာဟချက်သည် လျော့ကျသွားခြင်း မရှိသေးချေ။

မည်သည့်ဘက်ကမှ အခြားတစ်ဖက် မလွှမ်းမိုးနိုင်သည် ဖြစ်ရာ သူတို့အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ခါးသီးစွာဖြင့် ထိပ်တိုက်တွေ့နေရုံသာ ရှိတော့လေ၏။ မည်သည့်ဘက်မှ ဗဟိုမြို့တော်အား လက်လျှော့လိုစိတ် မရှိကြချေ။

သုံးရက်တိုင်း တိုက်ပွဲငယ်တစ်ခုဖြစ်၍ ငါးရက်တိုင်း တိုက်ပွဲတစ်ခု ဖြစ်လေ၏။ ယခုအချိန်တွင် အားလုံးက သူတို့ ပြိုင်ဘက်အား သေသေချာချာ နားလည်နေခဲ့လေပြီ။

ယခုအချိန်တွင် ဗဟိုမြို့တော်ကြီးသည် တောင်နှင့်မြောက် နှစ်ဖက်ကွဲနေခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတို့သည်လည်း စဉ်ဆက်မပြတ် ဖြစ်ပွါးနေခဲ့လေ၏။

အသက်ရှူရှိုက်လိုက်တိုင်းတွင် လူများစွာ သေကြေနေခဲ့ကြသော်လည်း စစ်ကူများသည် စဉ်ဆက်မပြတ် ရောက်ရှိလာသည့်အတွက် တိုက်ပွဲသည် ရပ်တန့်သွားသည်ဟူ၍ မရှိချေ။

သို့သော်ငြား နှစ်ဖက်စလုံးသည် တိုက်ပွဲ အကြီးအကျယ် မဆင်နွှဲသေးချေ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှင့် ပညာရှင်များသည်သာ တိုက်ခိုက်နေခဲ့ကြ၍ မသေမျိုးအဆင့် ပညာရှင်များကမူ တိုက်ပွဲနောက်ကနေသာ အမိန့်များ ပေးနေခဲ့ကြလေ၏။

တိမ်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်ငါးပါးကမူ သွေသံတရဲရဲ ဖြစ်နေသည့် တိုက်ပွဲအား ဂရုစိုက်ဟန်အရှင်းမပြပဲ ထူးမခြားနားဟန်ဖြင့် ကြည့်နေခဲ့ကြလေ၏။ အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့ဆိုလျှင် ပြုံးပင် ပြုံးနေလိုက်သေး၏။ သူတို့၏ လက်အောက်ငယ်သားတို့ သေသည်ရှင်သည်ကို နည်းနည်းမျှပင် အရေးစိုက်ခြင်းမရှိပဲ တိုက်ပွဲဆီသွားဖို့သာ မနားတမ်း အမိန့်ပေးနေခဲ့ကြလေ၏။

ထိုအချိန်အတွင်း၊ မိသားစုကြီး(၈)ခုဘက်၌…

ရီကွမ်ရန်၊ ခန်ရူ၊ ကောင်းမိုနှင့် မန်ရှီပင်တို့သည် အဆက်မပြတ် ချီတက်လာနေသည့် တိမ်မိစ္ဆာနယ်မြေမှ အဖွဲ့သားများကို မျက်လုံးနီးနီးကြီးများဖြင့် စိုက်ကြည့် နေခဲ့ကြလေ၏။

ထိုလေးယောက်သည် ရီမိသားစု၊ ခန်မိသားစု၊ ကောင်းမိသားစုနှင့် မန်မိသားစုတို့၏ လက်ရှိမိသားစု ခေါင်းဆောင်များ ဖြစ်ကြလေ၏။

လွန်ခဲ့သော နှစ်ဝက်က၊ တိမ်မိစ္ဆာနယ်မြေသည် စစ်ပွဲမြို့တော်အား စတင်ဖျက်စီးခဲ့၏။

ထိုတိုက်ပွဲအတွင်း၌ ကောင်းမိသားစုမှ ကောင်းရန်ဖုန်း၊ တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့၏ လက်၌ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရကာ ရီမိသားစုမှ ရီရှင်းရို့နှင့် ခန်မိသားစုမှ ခန်ကျန်းကမူ အကျဉ်းသားများအဖြစ် ဖမ်းဆီ ခေါ်ဆောင် သွားခြင်း ခံခဲ့ရလေသည်။

ထိုအချိန်တုန်းက မန်ရှန်းရီသည် ဥာဏ်ကိုလွှာသုံး၍ လှုပ်ရှားသွားနိုင်ခဲ့သည်။ မန်ရှန်းရီသည် သာမန်လူအဖြစ် ရုပ်ဖျက်ကာ ထွက်ပြေးသွားခဲ့သခြင့် မိစ္ဆာဘုရင် နှစ်ပါးဆီမှ လွတ်မြောက်သွားနိုင်ခဲ့၏။ သို့သော်ငြား မသေမျိုးအဆင့် ပညာရှင်နှစ်ယောက်၏ အဆိပ်ငွေ့နှင့် ယင်ချီများ၏ သက်ရောက်ခြင်း ခံလိုက်ရသည့်အတွက် ဒုက္ခိတဘဝ ရောက်သွားခဲ့ရလေသည်။ ဗဟိုမြို့တော်ဆီ ပြန်ရောက် ပြီးသည့်နောက် မန်မိသားစု၏ အကောင်းဆုံး ဆေးပညာရှင်များနှင့် အဖိုးအတန်ဆုံး အရင်းအမြစ်များအား သုံး၍ ကုသခဲ့သော်လည်း အခြေအနေက နည်းနည်းမျှပင် တိုးတက်လာခြင်း မရှိခဲ့ချေ။

မိသားစုကြီး လေးခု၏ ဆက်ခံသူလေးယောက်တွင် သေသောသူကသေ၊ ဒုက္ခိတဖြစ်သောသူကဖြစ်၊ အဖမ်းခံရသည့်သူက အဖမ်းခံခဲ့ရသည်ဖြစ်ရာ သူတို့၏ အဖေများ ဖြစ်ကြသော မိသားစုခေါင်းဆောင်များ ယခုကဲ့သို့ တုန်ပြန်သည်မှာ သဘာဝပင်ဖြစ်ချေ၏။ လွန်ခဲ့သော (၆)လအတွင်း၌ ထိုလေးယောက်သည် ကျန်လေးယောက်ထက် ပို၍ ရက်စက်ကြမ်းကြုတ် ခဲ့လေ၏။

ယနေ့တိုက်ပွဲတွင် ပါဝင်သော အဓိက ကျင့်ကြံသူများမှာ ရီမိသားစု၊ ကောင်းမိသားစု၊ ခန်မိသားစုနှင့် မန်မိသားစုတို့မှ ဖြစ်ကြလေ၏။

ရုတ်တရက် အဖွဲ့နှစ်ခုက တစ်ဖက်နှင့်တစ်ဖက် အသေအကြေ တိုက်ခိုက်ကြနေချိန် ထူးဆန်းပြီး အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့သည် မိုးကုတ်စက်ဝိုင်းဆီမှ တိုက်ပွဲဖြစ်နေရာဆီသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့လေ၏။

အမည်မသိ အရှိန်အဝါအား အာရုံခံမိလိုက်သည်နှင့် အားလုံး တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ကြပြီး အရှိန်အဝါ ထွက်ပေါ်လာသည့်ဘက်ဆီ လှမ်း၍ ကြည့်လိုက်ကြလေ၏။

မကြာခင်မှာပဲ အနက်ရောင်အစက်လေးတစ်စက်က အားလုံးမြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့လေ၏။ သို့သော် ထိုအစက်သည် လွန်စွာကိုမှ သေးငယ်လှသေး၏။ ထိုချဉ်းကပ်လာနေသည့်အရာက မည်သည့်အရာဖြစ်မှန်း မည်သူမှ အတပ်မပြောနိုင်ကြချေ။

တစ်ခဏကြာပြီးသည့်နောက် ဝိုးဝါးဝါးပုံရိပ်အား မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြရလေသည်။

သူတို့ဆီ ပျံသန်းလာနေသည့်အရာသည် အမှန်အကန်ပင် အိမ်တစ်လုံး ဖြစ်နေခဲ့လေ၏။

လေထဲတွင်ဝဲလျက် စံအိမ်ကြီးသည် ဧရာမ လွင့်မျောခံတပ်တစ်ခုအလား လွန်စွာကိုမှ ဟိတ်ဟန်ကြီးလှပေသည်။

စံအိမ်အပြင်ဘက်၌ တလက်လက် တောက်ပနေသော နန်းတော်ပုံသဏ္ဍာန် အရံအတာ တစ်ခုရှိနေခဲ့လေ၏။

“ဘာကြီးလဲ”

လွင့်မျောစံအိမ်ကြီးအား ငေးကြည့်နေရင်း အဆိပ်ဘုရင်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေ၏.

အစစ်အမှန်ဒြပ်စင်အဆင့်သို့ ရောက်သူတိုင်း ပျံသန်းနိုင်ကြ၏။ သို့သော်ငြား သူ့အတွေ့အကြုံနှင့်ပင်လျှင် ပျံသန်းနိုင်သည့် အိမ်ရှိသည်ဆိုသည်အား တစ်ခါမှ မကြားဖူးခဲ့ချေ။

“တစ္ဆေဘုရင် အဲ့နန်းတော်ပုံစံ အရံအတားက ရင်းနှီးနေတယ် မထင်ဘူးလား”

အဆိပ်ဘုရင်၏ အစိမ်ရောင်မျက်ဝန်းအစုံသည် တောမီးအလား တဖျတ်ဖျတ်လတ်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေ၏။

အဆိပ်ဘုရင်ပြောသည်ကို ကြားသည်နှင့် တစ္ဆေဘုရင်၏ မျက်ခုံးကြောတို့ တွန့်သွားခဲ့ပြီး စဉ်းစားခန်း ဝင်လိုက်၏။ တစ်ခဏကြာပြီးသည့်နောက် အလန့်တကြား

“မင်းပြောချင်တာက…”

“ဟုတ်တယ်၊ အဲ့ဒါက အဲ့နေရာကနေ ငါတို့ဆီ ချဉ်းကပ်လာနေတာ”

“အဲ့ဒါကြီးက ပျံနိုင်တာလား”

တစ္ဆေဘုရင် မယုံကြည်နိုင်စွာဖြင့် ထအော်လိုက်လေ၏။ သူသည် အတွေ့အကြုံရှိသည့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူ့ရှေ့က မြင်ကွင်းသည် ဒဏ္ဏာရီထဲတွင်ပင် မကြားဖူးသည့် မြင်ကွင်းမျိုး ဖြစ်နေခဲ့နေ၏။

“အဲ့လက်နက်က အရမ်းကို အားကောင်းပြီး နက်နဲလွန်းတယ်။ အဲ့လက်နက်က အခုလိုမျိုး ပျံသန်းလို့ရတယ် ဆိုတာကို ငါတို့နားမလည်တာ ဘာထူးဆန်းလို့လဲ”

အလင်းအရိပ်ဘုရင်က ရုတ်တရက် ဝင်ပြောလိုက်လေ၏။

“အဲ့မိန်းမပျက်မကော။ အဲ့နေရာရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ဆာနတ်ဆိုးအရှင်သခင်က သူ့ကို အမိန့်ပေးထားတာ မဟုတ်ဘူးလား။ ဒီလို ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားပြီးတာတောင်မှ သူ့ဆီကနေ ဘာလို့ ဘာအဆက်အသွယ်မှ မရရသေးတာလဲ” အဆိပ်ဘုရင်က မိုးချိန်းသံတမျှ ကျယ်လောင်သည့်အသံဖြင့် အော်ပြောလိုရာ သူ၏အသံသည် ဗဟိုမြို့တော်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့လေ၏။

“ဟဲ ဟဲ၊ အဲ့ခွေးမလေးရဲ့ စိတ်က ငါတို့ဘက်မှာ ရှိမနေတဲ့ပုံပဲ”

အဆိပ်ဘုရင်က ပြုံး၍ လေးနက်သည့်စကားအား ဆိုလိုက်လေ၏။

“ဟန့်၊ ငါသိနေတယ်”

မိုးကြိုးသားရဲဘုရင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍

“တစ်နေ့ကျ အဲ့မိန်းမပျက်မကို ငါ့အောက်ရောက်အောင် လုပ်ပြမယ်”

မိစ္ဆာဘုရင်ငါးယောက်သည် ပျံဝဲလာနေသည့် အိမ်အား လက်ညိုးထိုး၍ ဆွေးနွေးပြောဆိုနေကြစဉ် မိသားစုကြီး (၈)ခုသည်လည်း ခေါင်းချင်းဆိုင် ဆွေးနွေးနေခဲ့ကြလေ၏။

စစ်ပွဲမြို့တော်၌ ဘာတွေ ဖြစ်ပျက်သွားခဲ့သည် ဆိုသည်ကို သူတို့ထဲက မည်သူမှ မသိခဲ့။ ထို့ကြောင့် ရန်ကိုင်စံအိမ် ရုတ်တရက်ကြီး သူတို့ဆီ ပျံသန်းလာနေသည်ကို မြင်သည်နှင့် ထိုစံအိမ်ထဲ တိမ်မိစ္ဆာနယ်မြေမှ စစ်ကူတို့ ပါဝင်နေမှာကို အလွန်အမင်း စိုးရိမ်သွားခဲ့လေ၏။

ရန်ရင်ဟောင်သာ လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပျံသန်းလာနေသည့် စံအိမ်ဆီသို့ ငေးကြည့်နေခဲ့လေ၏။

ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးဆီမှ ရန်ကိုင်နှင့် သူ့အဖွဲ့သားများ လုံလုံခြုံခြုံရှိနေသည်ဟု သူကြားသိခဲ့ပြီးဖြစ်၏။ မည်ကဲ့သို့သော နည်းလမ်းများကို အသုံးပြု၍ သူ့စံအိမ်အား ကာကွယ်ထားသည်ကို သူမသိသော်ငြား ရန်ကိုင်တွင် ထိုကဲ့သို့သော လုပ်နိုင်စွမ်း ရှိသည်ဟု ရန်ကိုင်စိတ်ထဲ အလိုလို ခံစားမိနေ၏။

ယခု ထိုဥာဏ်မမှီနိုင်သည့် မြင်ကွင်းအား မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲမှ သံသယတို့ လျော့ပါး ပျောက်ကွယ်သွားခဲ့ရလေ၏။

မကြာခင်ပဲ ရန်ကိုင်၏ ပျံသန်းနေသည့်စံအိမ်သည် ဗဟိုမြို့တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး များစွာသော လူပုံရိပ်တို့သည် စံအိမ်အပြင်ဘက်စွန်း၍ ရပ်နေခဲ့ကြလေ၏။

ထိုလူများ၏ အသွင်အပြင်ကို မြင်ပြီးသည့်နောက် မိသားစုကြီးရှစ်ခုမှလူများ ရုတ်တရက် ထအော်တော့လေ၏။

“ရန်ကိုင်ပဲ၊ ရန်မိသားစုရဲ့ အငယ်ဆုံးသခင်လေး ရန်ကိုင်ပဲ”

“သူမသေသေးဘူးလား။ စစ်ပွဲမြို့တော်မှာရှိနေတဲ့ လူအကုန်လုံး တစ်ယောက်မကျန် အသတ်ခံလိုက်ရပြီလို့ ပြောနေကြတာ မဟုတ်ဘူးလား”

“အဲ့စံအိမ်က ဘာဖြစ်နေတာလဲ.။ ဘာလို့ ပျံသန်းလို့ ရနေတာလဲ”

“သူနဲ့အတူ လူအများကြီး ခေါ်လာတယ်ဟ”

ရန်ကိုင်က စံအိမ်၏အစွန်ဖျား၌ သူ့မဟာမိတ်များ အားလုံး၏ ရှေ့မှနေ၍ ရပ်နေခဲ့၏။ သူ့နောက်တွင်တော့ (၁၃)ယောက်သော မသေမျိုးအဆင့် သွေးစစ်သည်တော် တို့သည် တောက်ပသော လပြည့်ဝန်းကြီးကို ဝန်းရံနေသည့် ကြယ်စဉ်များပမာ စီတန်းရပ်နေခဲ့ကြလေသည်။

သူတို့၏ နောက်တွင် နတ်ဆိုးအိုကြီး၊ လင်းတိုင်ရှု၊ လူစီနှင့် လီယွမ်ချွန်တို့ ရှိနေခဲ့လေ၏။

မြောက်မြားလှစွာသော အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များကမူ ဟိုးနောက်ဆုံးအပိုင်းတွင် ရှိနေခဲ့လေသည်။

ရန်ရင်ဟောင်ဘေးတွင် ရပ်နေသော သွေးစစ်သည်တော် ခန်းမသခင် ဖုန်းရှန်သည် (၁၃)ယောက်သော သွေးစစ်သည်တော်များအား ငေးကြည့်နေရင်း မျက်မှောင် ကြုံ့လိုက်ပြီး သူ့နား၌ရပ်နေသည့် လက်ထောက်ခန်းမသခင် ကျိုးဖုန်းအား

“အဲ့(၁၃)ယောက်ဆီက ရတဲ့ အရှိန်အဝါက… အရင်ကနဲ့ သိပ်မတူတော့သလို မင်းမခံစားရဘူးလား”

“သူတို့(၁၃)ယောက်စလုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်သွားလို့ အဲ့လိုမျိုး ခံစားနေရတာ ဖြစ်လိမ့်မယ်”

ကျိုးဖုန်း အနည်းငယ် စိတ်ရှုပ်သွားခဲ့လေ၏။

“မဟုတ်ဘူး”

ဖုန်းရှန်က ခေါင်းခါရမ်းလိုက်ပြီး

“တစ်ယောက်ချင်းစီတိုင်းကနေ ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါကို ငါခံစားမိနေတယ်။ အဲ့လိုအရှိန်အဝါမျိုးကို အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် မပေးစွမ်းနိုင်ဘူး”

သွေးစစ်သည်တော် ခန်းမ၏ သခင်ဖြစ်သော ဖုန်းရှန်သည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်သို့ ဟိုးယခင်တည်းမှ ရောက်ရှိနေခဲ့သူတစ်ဦးဖြစ်၏။ ထို့ကြောင့် တုဖုန်းနှင့် အခြားသွေးစစ်သည်တော်များ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)သို့ ချိုးဖျက်သွားရုံမျှဖြင့် သူတို့ဆီမှ ဖိအား မခံစားရသင့်ချေ။

ရန်ကိုင်၏ စံအိမ်တစ်ခုလုံးကို ကောင်းကင်နန်းတော်၏ အရံအတားဖြင့် ဖုံးလွှမ်းထားသဖြင့် မည်သူကမှ ကောင်းကင် စိတ်အာရုံကိုသုံး၍ သူတို့အား စစ်ဆေးနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူ့ရဲ့ ညီအစ်ကို၊ ညီအစ်မများသည် အရင်ကနဲ့ လုံးဝကို မတူကွဲပြားသွားသည်ဟု ခံစားမိသည်မှလွဲ၍ မည်ကဲ့သို့ ပြောင်းလဲသွားသည် ဆိုသည်ကိုတော့ အသေအချာ မပြောနိုင်ချေ။

အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)ကို ကျော်လွန်ပြီး နောက်တစ်လှမ်း ထက်လှမ်းလိုက်နိုင်တာလား။ ထိုအကြောင်း စဉ်းစားမိသည်နှင့် အမြဲလိုလို တည်ငြိမ်နေတတ်သော ဖုန်းရှန်းသည်ပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ရပြီး ချက်ချင်းပဲ ဖြည်းဖြည်းခေါင်းခါရမ်း၍ ထိုဖြစ်နိုင်ချေအား ပယ်ထုတ်လိုက်လေ၏။

“ညီအစ်ကိုရန်၊ သူဒီနေရာမှာ ဘာလို့ ထွက်ပေါ်လာရတာလဲ”

မန်ရှီပင်းနှင့် ကျန်သူများအားလုံး၏ အကြည့်သည့် ချက်ချင်းဆိုသလို ရန်ရင်ဟောင်ဆီသို့ ရောက်ရှိလာခဲ့လေ၏။

“သိချင်ရင် ကိုယ်တိုင်သွားမေးကြည့်လေ”

ရန်ရင်ဟောင်က စိတ်မပါသည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏။ တကယ်ဆို သူကိုယ်တိုင်ပင်လျှင် ရန်ကိုင် မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရုတ်တရက်ကြီး ရောက်လာမှန်း မသိချေ။

“လက်စားချေချင်တာလား”

ရီကွမ်းရန်က သူ့အတွေးအား တိုးတိုးလေး ရေရွတ်လိုက်လေ၏။

သူပြောသည်ကို နားထောင်ပြီးသည့်နောက် မိသားစုကြီး (၈)ခုမှ မိသားစုခေါင်းဆောင်များ၏ အမူအရာ လငပုပ်ဖမ်းသလို ဖြစ်သွားခဲ့လေ၏။

တကယ်တော့ ရီကွမ်းရန် ပြောတာကလည်း မဖြစ်နိုင်တာမှ မဟုတ်တာ။ လွန်ခဲ့သော (၈)လက မိသားစုကြီး (၈)ခုက ရသမျှနည်းလမ်းအကုန်ကို သုံးပြီး ရန်ကိုင်ကို ဖိနှိပ်အနိုင်ကျင့်ခဲ့ကြတာလေ။ သူက အသက်(၂၀) အရွယ်သာရှိသေးသည့် သွေးဆူလွယ်သော လူငယ်တစ်ယောက်ဖြစ်ရာ သူခံစားခဲ့ရသည်များအတွက် လက်စားပြန်ချေသည်မှ ဖြစ်တန်ရာ၏။

လက်ရှိအခြေအနေအရ ရန်ကိုင်သည်သာ တိမ်မိစ္ဆာနယ်မြေနှင့် ပူးပေါင်း၍ သူတို့အား တိုက်ခိုက်ခဲ့မည် ဆိုပါက …

“သူအဲ့လိုလုပ်ရဲရင် ဒီအဖေက သူ့ကို သေတာတဲ့ ဆိုးတဲ့ ကံကြမ္မာကို မြည်းစမ်းခိုင်းလိုက်မယ်”

ကောင်းရန်ဖုန်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။

ခန်ရူကလည်း ဆက်ပြောလိုက်လေသည်

“ညီအစ်ကိုရန်၊ ဘာတွေပဲဖြစ်ခဲ့ခဲ့၊ သူက ရန်မိသားစုဝင် တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ဒီကိစ္စကို မင်းဖြေရှင်းရလိမ့်မယ်”

“ဘာကို ဖြေရှင်းရမှာလဲ။ မင်းတို့မိသားစု(၇)ခုပေါင်းပြီး သူ့ကို တိုက်ခိုက်တုန်းက ငါတို့ ရန်မိသားစု နည်းနည်းလေးတောင် ဝင်ရှုပ်ခဲ့တာ မဟုတ်ဘူးနော်။ သူအခု လက်စားချေချင်တယ် ဆိုရင်လည်း ငါတို့ရန်မိသားစုက ဝင်ရှုပ်မှာ မဟုတ်ဘူး”

“မင်းတို့ဘာတွေ ဒီလောက်တောင် စိုးရိမ်နေကြတာလဲ”

မန်ရှီပင်းက လှောင်ပြုံးပြုံး၍

“ရန်ကိုင်မှာ အားကောင်းတဲ့ ပညာရှင်အများကြီး ရှိနေတယ် ဆိုပေမယ့် သူ့ခွန်အားနဲ့ ဘာများ လုပ်နိုင်မှာ မို့လို့လဲ။ သူသာ ငါတို့မိသားစုကြီး(၈)ခုကို တုန့်ပြန် လက်စားချေချင်တယ်ဆိုရင် သူ့သေလမ်း သူရှာနေတာပဲ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ မိဘတွေလည်း ရန်မိသားထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလား”

ရန်ရင်ဟောင်က မန်ရှီပင်းဘက်လှည့်၍ သတိပေးသည့် အနေဖြင့်

“သူ့မိဘတွေအကြောင်း နည်းနည်းလေးတောင် မစဉ်းစားနဲ့။ သူ့ကို ဒေါသထွက်အောင် လုပ်လိုက်တာက အခြေအနေကို ပိုဆိုးသွားစေတာပဲ ရှိမှာ”

မန်ရှီပင်း ခေါင်းခါရမ်း၍ ‘ဒီရန်ရင်ဟောင်က ဘာမဟုတ်တဲ့ ကိစ္စလေးကို အလေးအနက် လုပ်ပြနေတာပဲ’ ဟုတွေးနေလိုက်လေ၏။ ရန်မိသားစု သခင်လေး တစ်ယောက်ကို ဒီလောက် အလေးအနက် သတိထား ဆက်ဆံနေစရာ လိုသည်လော။

သူတို့ စကားပြောနေစဉ်တွင် ရန်ကိုင်စံအိမ်သည် ဗဟိုမြို့တော် အလယ်တည့်တည့်၌ ရပ်တန့်သွားခဲ့ပြီး မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်နေခဲ့လေပြီ။

အသက်ရှူရှိုက်စာ အချိန်အနည်းငယ် ကြာပြီးနောက် ဘုန်းဆိုသော မြည်သံနှင့်အတူ ရန်ကိုင်စံအိမ်သည် ဗဟိုမြို့တော်၌ အခြေချသွားခဲ့လေသည်။

မန်ဝူရ သက်ပြင်းရှိုက်လိုက်ပြီး ချွေးသီးတို့က သူ၏ နဖူးထက်မှ တတောက်တောက် စီးကျလာခဲ့လေသည်။ သူ့မှာ ပင်ပန်းလွန်းသဖြင့် လှဲ၍သာ အိပ်ပစ်လိုက် ချင်တော့သည်။

ကောင်းကင်နန်းတော်ကို အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံခြင်းနှင့် ပျံသန်းအောင် လုပ်ရသည်မှ မန်ဝူရအတွက် လွန်စွာကိုမှ ပင်ပန်းလှပေသည်။ ကီလိုမီတာ အနည်းငယ်သာ ပျံခဲ့ရ၍ ကံကောင်းသွားခဲ့လေ၏။ ခရီးရှည်ကြီးသာ ပျံသန်းရလေလျှင် သူ့မှာ မတ်တပ်ရပ်ဖို့ပင် အားရှိတော့မည် မဟုတ်ချေ။

“အခုလို ကြိုးစားပေးတဲ့အတွက် ဘဏ္ဏာထိန်းမန်ကို ကျေးဇူးအများကြီးတင်ပါတယ်”

ရန်ကိုင်က အလေးအနက်ဖြင့် ပြောလိုက်လေ၏။

မန်ဝူရက ရန်ကိုင်အား ခေါင်းပြန်ညိတ်ပြ လိုက်ပြီးသည့်နောက် ချက်ချင်း ထိုင်ချလိုက်ကာ သူ့အသက်ရှူသံအား တည်ငြိမ်သွားအောင် စတင် လုပ်ဆောင်တော့လေသည်။

စံအိမ်သည် အဖွဲ့နှစ်ခုအလယ်၌ ရပ်တန့်နေခဲ့လေ၏။ အရှေ့ဝင်ပေါက်ဘက်တွင် မိသားစုကြီး(၈)ခု ရှိနေခဲ့ပြီး နောက်ဘက်တွင်မူ တိမ်မိစ္ဆာနယ်မြေ ရှိနေခဲ့လေ၏။

ထိုကဲ့သို့သော လွန်စွာကိုမှ မောက်မာလှသည့် အပြုအမူသည် ‘ငါက မင်းတို့ နှစ်ဖက်စလုံးကို သောက်ဂရုစိုက်မှ မစိုက်ဘူးကွ’ ဟု ပြောနေသည်နှင့် တူပေ၏။

“စိတ်ဝင်စားစရာပဲ”

လူအုပ်ကြီးရှေ့၌ ရပ်နေသည့် ရန်ကိုင်အား ငေးစိုက်ကြည့်ရင် မိစ္ဆာဘုရင်များစွာ ရယ်မောလိုက်လေသည်။

“ရဲတင်းလိုက်တာ”

မိသားစုကြီး(၈)ခုမှ မိသားစုခေါင်းဆောင်များသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ ရန်ကိုင်အပေါ် အမြင်မကြည်မှုများသည်လည်း တိုးသတက် တိုးလာခဲ့လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း(၅၈၀) သတ်…

~~~~~~~~~~~~~~~~~~~~~~~~~

မိသားစုကြီး(၈)ခုအဖွဲ့ဘက်မှ မသေမျိုးအဆင့် ပညာရှင် နှစ်ယောက်သည် ရန်ကိုင်ကို မျက်ထောင့်နီးကြီးဖြင့် လှမ်း၍ ငေးကြည့်နေခဲ့လေ၏။

ဟွမ်ရှောင်နှင့် ကျန်ကျဲ…

လွန်ခဲ့သော (၁၀)ရက်က၊ ထိုနှစ်ယောက်သည် ရန်ကိုင်၏လက်မှ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့၏။ ဗဟိုမြို့တော်ဆီ ပြန်ရောက်သည်နှင့် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်လည်အစီခံတင်ပို့သော်လည်း သူတို့ ပြောသည်ကို မည်သူမှ မယုံကြ။

ရန်ကိုင်စံအိမ်ထဲတွင် လူမည်မျှရှိ၍ သူတို့၏ ကျင့်ကြံခြင်းအဆင့် မည်သည့်အဆင့်ထိ ရောက်နေသည်ကို မိသားစုကြီး(၈)ခုစလုံး အကြမ်းဖျင်း သိထားကြ၏။ ထိုသတင်းအချက်အလက်သည် လွန်ခဲ့သော နှစ်ဝက်က ရရှိထားသည့် အချက်အလက်ဟောင်းကြီး ဖြစ်သော်လည်း နှစ်ဝက်အတွင်း ဟွမ်ရှောင်နှင့် ကျန်ကျဲပြောခဲ့သလို မသေမျိုးအဆင့် ပညာရှင်ကိုးယောက် ထွက်ပေါ်လာဖို့မှာ မဖြစ်နိုင်ချေ။

သူတို့နှစ်ယောက်ပြောခဲ့သည့် အကြောင်းအရာသည် လွန်စွာကိုမှ ယုတ္တိမတန်၏။

ဟွမ်ရှောင်နှင့်ကျန်ကျဲသည် သူတို့ပြောသည်မှာ အမှန်ဖြစ်ကြောင်း မိုးကောင်းကင်ကို တိုင်တည်၍ ကျိန်ဆို ပြောဆိုခဲ့သော်လည်း မိသားစုကြီး(၈)ခုသည် သူတို့၏ ရှင်းပြချက်ကို လက်မခံခဲ့ချေ။ သူတို့နှစ်ယောက်သည် သူတို့အင်အားစုများမှ လက်ရွေးစင်များ လာမကူနိုင်စေဖို့ရာ ထိုကဲ့သို့သော ယုတ္တိမတန်သည့် အကြောင်းပြချက်ကို သုံးနေသည်ဟုသာ မိသားစုကြီးက တထစ်ချ မှတ်ယူခဲ့၏။

ထိုအကြောင်းကြောင့်ပင် ဟွမ်ရှောင်နှင့်ကျန်ကျဲမှာ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရပြီး အရေးကြီးသော မည်သည့်တာဝန်ကိုယူ တာဝန်ယူစေခိုင်းခြင်း မခံခဲ့ရသည့်အပြင် ဗဟိုမြို့တော်ဆီ လာရောက်ကူညီကြသည့် အခြားသော ပထမအဆင့် အင်အားစုများ၏ ဝိုင်းဝန်းဖယ်ကြဉ်ခြင်းကိုလည်း ခံခဲ့ရလေသည်။

ထို့ကြောင့် သူတို့ ယခုလိုဖြစ်ရသည့် အရင်းခံမှာ ရန်ကိုင်ကြောင့် ဖြစ်သည်ဟု သူတို့၏ အပြစ်မှန်သမျှကို ရန်ကိုင်ဆီ ပုံချသည်မှ သဘာဝပင်ဖြစ်ချေ၏။

ရန်ကိုင်သည်သာ သူ၏ လက်အောက်ငယ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းခြင်း မရှိခဲ့လျှင် သူတို့သည်လည်း ယခုကဲ့သို ကျဉ်းထဲကြပ်ထဲ ရောက်ခဲ့ရလိမ့်မည်လော။

နှစ်ယောက်စလုံးသည် လွန်စွာကိုမှ ဒေါသထွက်၊ ယူကြုံးမရ ဖြစ်နေလျှင်ပင် သူတို့၏ စဉ်းစားဆင်ခြင်း နိုင်စွမ်းကို ဆုံးရှုံးသွားခြင်း မရှိခဲ့ချေ။ သူတို့၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် ရန်ကိုင်ကို သွား၍ ပြဿနာ ရှာနိုင်မည် မဟုတ်မှန်း နှစ်ယောက်စလုံး သိထားကြ၏။

နှစ်ယောက်သား တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။ တိုးတိုး တိုးတိုး ကြိတ်ရယ်၍ အခြားသော မသေမျိုးအဆင့် ပညာရှင်နှစ်ယောက်ဆီ သွားလိုက်လေ၏။

ဟွမ်ရှောင်နှင့် ကျန်ကျဲတို့လိုပင်၊ မသေမျိုးအဆင့် ပညာရှင်နှစ်ယောက် အခဲမကြေနိုင်သည့်သော အဆုံးမရှိသည့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ရန်ကိုင်စံအိမ်ကို ငေးစိုက်ကြည့်နေခဲ့ကြလေ၏။

“ညီအစ်ကိုရှန်၊ ညီအစ်ကိုနန်၊ အဲ့ကောင်စုတ်လေးက မင်းတို့ရဲ့ ဆက်ခံသူနှစ်ယောက်ကို သတ်သွားတဲ့သူမလား။ အခု သူက မင်းတို့ရှေ့ပေါ်လာပြီလေ။ မင်းတို့ရဲ့ သေဆုံးသွားတဲ့ ဆက်ခံသူတွေအတွက် သွားပြီး လက်စား မချေချင်ဘူးလား”

ဟွမ်ရှောင်က သွေးထိုးလှုံ့ဆော်လိုက်လေ၏။

ဟွမ်ရှောင်၏ အနှစ်ကင်းမဲသည့် သွေးထိုးစကားကို ကြားလျှင် ရှန်ချင်က အေးစက်စက်ဖြင့် ပြန်၍ နှာခေါင်းရှုံကာ

“ငါတို့ရှန်နဲ့နန်မိသားစုက ရန်ကိုင်နဲ့ ဘယ်တော့မှ အတူတကွဲ ပူးတွဲတည်ရှိနိုင်မှာ မဟုတ်ဘူး။ အခွင့်အရေးသာ ရရင် ဒီလူအိုကြီးက သူ့အသက်ကို မရရအောင် ယူပစ်မှာ။ ညီအစ်ကိုဟွမ်နှင့် ညီအစ်ကိုကျန်တို့ ဒီကိစ္စထဲ ဝင်ရှုပ်စရာ မလိုပါဘူး”

ရှန်နှင့်နန်မိသားစုသည် ပထမအဆင့် အင်အားစုများ ဖြစ်ကြသည့်အတွက် မိသားစုကြီး(၈)ခု၏ အမိန့်စာကို ရရှိခဲ့လေ၏။ သူတို့မိသားစု(၂)သည် ဗဟိုမြို့တော်ရှိ မိသားစုကြီး(၈)ခုအား လာကူညီသည့် ကြီးကြီးမားမား အကူအညီတွေထဲ နှစ်ခုအပါအဝင် ဖြစ်လေ၏။

ရက်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက် သူတို့၏ မိသားစုဝင်များစွာ ဆုံးရှုံးသွားခဲ့ရသည့်အတွက် ရှန်မိသားစု ခေါင်းဆောင် ရှန်နင်နှင့် နန်မိသားစုခေါင်းဆောင် နန်ရှီလို့သည် စိတ်ကြည်၍ မနေချေ။ ဗဟိုမြို့တော်ဆီမှ ပြန်ဆုတ်ရန် အကြိမ်ပေါင်းများစွာ တွေးခဲ့သော်လည်း မိသားစုကြီး(၈)ခုကို မဆန့်ကျင်ရဲခဲ့ချေ။ သို‌သော်လည်း ယခု ရှန်ချူနှင့် နန်ရှန်းတို့ကို သတ်ဖြတ်သွားသည့် လူသတ်ကောင်အား မြင်လိုက်ရသည့်အခါ မိသားစုခေါင်းဆောင် နှစ်ယောက်စလုံး၏ ခေါင်းထဲ ကိုယ်စီ၊ ကိုယ်ပိုင် အတွေးအကြံတို့ ဖြစ်တည်လာခဲ့လေ၏။

နန်ရှီလို့က မိသားစုကြီး(၈)ခုဘက်မှ မိသားစုခေါင်းဆောင်များဘက် လှည့်၍ မည်းမှောင်သုန်မှုန် နေသည့်အမူအရာဖြင့်

“သူတို့တွေက ရန်ကိုင်ကို ဘယ်လိုသဘေားထားလဲ ဆိုတာကို ငါမသိသေးဘူး”

ထိုစကားအားကြားလျှင် ဟွမ်ရှောင်က လှောင်ပြုံးပြုံး၍

“ရန်ကိုင်နဲ့ မိသားစုကြီး(၈)ခုက ကမ္ဘာမကြေရန်သူတွေ ဖြစ်နေပြီလေ။ ဒါက လူတိုင်းသိနေတဲ့အချက်ပဲ။ ဘာတွေ စိုးရိမ်စရာ ရှိလို့လဲ”

ကျန်ကျဲက မီးလောင်ရာ လေဝင်ပင့်လိုက်ပြန်၏

“မင်းတို့ရဲ့ ရန်သူက မင်းတို့ရှေ့မှာ မြောက်ကြွမြောက်ကြွနဲ့ လုပ်ပြနေတာနော်၊ ညီအစ်ကိုနန်နဲ့ ညီအစ်ကိုရှန်တို့က အခုလိုမျိုး အစော်ကားခံရတာကို ဒီအတိုင်း မြိုသိပ်ထားတော့မလို့လား”

ရှန်နင်နှင့် နန်ရှီလို့တို့ နှစ်ယောက်စလုံး အေးစက်စွာဖြင့် ပြိုင်တူ နှာခေါင်းရှုံ့လိုက်ကြလေ၏။ ရန်ကိုင်ကိုသတ်၍ ရှန်ချူနှင့် နန်ရှန်းတို့အတွက် ပြန်၍ လက်စားချေပေး ချင်သော်လည်း နှစ်ယောက်စလုံးသည် အရူးများ မဟုတ်ကြရာ ရန်ကိုင်စံအိမ်ပတ်လည်၍ ရှိနေသော နန်းတော်ပုံသဏ္ဍာန် အရံအတားသည် သာမန်မဟုတ်မှန်း သူတို့ မြင်နိုင်ပေ၏။

ထိုတလက်လက် တောက်ပနေသော အရံအတားကို သူတို့၏ ခွန်အားသက်သက်ဖြင့် ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။

အရံအတားကိုသာ မချိုးဖျက်နိုင်လျှင် လက်စား ချေနိုင်မည် မဟုတ်ချေ။

မသေမျိုးအဆင့် ပညာရှင်လေးယောက် စကားပြောနေစဉ် ရန်ကိုင်က စတင်လှုပ်ရှားလိုက်လေ၏။

ရန်ကိုင်သည် သွေးစစ်သည်တော်(၁၃)ယောက်၊ နတ်ဆိုးအိုကြီး၊ လီယွမ်ချွန်၊ လူစီနှင့် ကျန်သော အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များနှင့်အတူ အရံအတားထဲမှ တုန့်ဆိုင်းတွေဝေနေခြင်းမရှိ လမ်းလျှောက် ထွက်လာခဲ့လေသည်။

သူ၏ အပြုအမူသည် တိုက်ပွဲကွင်းပြင်တွင် ရှိနေသည့် လူအားလုံးကို ငေးကြောင်သွားစေခဲ့လေ၏။

ရန်ကိုင် ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူတို့ထဲက မည်သူမှ မထင်မှတ်ထားခဲ့ကြချေ။ အရံအတားထဲတွင် မနေပဲ ပရမ်းပတာဖြစ်နေသော တိုက်ပွဲကွင်းပြင်ထဲသို့ လမ်းလျှောက်ဝင်လာရဲသော သတ္တိမှာ သေးသည်မဟုတ်။

ဘေးပတ်ဝန်းကျင် အခြေအနေအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က အလျင်အမြန်ပင် အော်ဟစ်ပြောလိုက်လေ၏

“သတ်”

သူ၏ အမိန့်ပေးသံကို ကြားသည်နှင့် ရန်ကိုင်၏ နောက်တွင် ရှိနေသော အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များ အားလုံးသည် တိမ်မိစ္ဆာနယ်မြေ အဖွဲ့သားများဆီ ပြေးဝင်တိုက်ခိုက်ကြလေတော့သည်။

ရန်ကိုင်စံအိမ်မှ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်အယောက်(၅၀၀)သည် တောင်ပေါ်မှ ဆင်းလာသည့် ကျားရဲများပမာ တိုက်ပွဲကွင်းပြင်ထဲသို့ ပြေးဝင်သွားခဲ့ကြလေသည်။ စိတ်ရောကိုယ်ပါ ပင်ပန်း နွမ်းနယ်နေသော တိမ်မိစ္ဆာနယ်မြေမှ ကျင့်ကြံသူများမှာ လည်စင်းပေးထားသည့် သိုးငယ်လေးများပမာ ရန်ကိုင် အဖွဲ့သားများ၏ အင်တိုက်အားတိုက် တိုက်ခိုက်လာမှုကို နည်းနည်းမျှပင် ကာကွယ်ခုခံနိုင်ခဲ့ခြင်း မရှိချေ။ များစွာသည် နေရာမှာပင် အသက်ပျောက်ခဲ့ရ၍ ကျန်သူများမှာလည်း ပြန်ဆုတ်ကြရလေတော့၏။

အော်ဟစ်သံတို့ တိုက်ပွဲကွင်းပြင်ထဲ ပဲ့တင်ထပ်သွားခဲ့ပြီး သွေးများသည်လည်း မြစ်များ၊ ချောင်းများပမာ မြေပြင်ထက် စီးဆင်းနေခဲ့လေ၏။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ ရွှေရောင်မျက်လုံးမှ အားကောင်းလှသည့် စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး စစ်ပွဲထဲမှ ကျကျန်ရစ်ခဲ့သော စိတ်စွမ်းအင်များအားကို စတင်စုပ်ယူတော့လေသည်။

များပြားလှသည့် စိတ်စွမ်းအင်များကို ခံစားမိသည်နှင့် ရန်ကိုင်မျက်နှာထက် အပြံးပန်ကြီး ပွင့်လန်းလာခဲ့လေ၏။ မိန့်မိန့်ကြီးပြုံးလျက် စိတ်စွမ်းအင်များကို ရသလောက် စုဆောင်းနေခဲ့လေ၏။

သွေးစစ်သည်တော် (၁၃)ယောက်ကမူ တိမ်မိစ္ဆာနယ်မြေမှ ပညာရှင်များ ရန်ကိုင်ကို တိုက်ခိုက်ဖို့ ကြိုးစားလာမှာစိုးတဲ့အတွက် ရန်ကိုင်ဆီမှ ခြေတစ်ဖဝါးပင် မခွါခဲ့ချေ။

ထိုမြင်ကွင်းကို မြင်လိုက်ပြီးသည်နှင့် မိသားစုကြီး(၈)ခု၏ မိသားစုခေါင်းဆောင်များ စိတ်လက် ပေါ့ပါးသွားခဲ့ကြသည်။ ရန်ကိုင်က လက်ဦးမှုရယူ၍ တိမ်မိစ္ဆာနယ်မြေမှ ပညာရှင်များကို တိုက်ခိုက်ခဲ့လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ချေ။

“တိုက်ကြ”

ရန်ရင်ဟောင် စိတ်ဓါတ်တက်ကြွသွားခဲ့ပြီး အသံအကျယ်ကြီး အော်ဟစ်လိုက်ကာ

“ရန်ကိုင် အင်အားစုတွေနဲ့ ပူးပေါင်းပြီး နတ်ဆိုးတွေကို သုတ်သင်ပစ်ကြ”

ရန်ရင်ဟောင် အမိန့်ပေးသည်ကို ကြားသည်နှင့် မိသားစုကြီး(၈)ခု၏ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များ၊ ဗဟိုမြို့တော်ဆီ လာရောက်ကူညီပေးကြသည့် အမျိုးမျိုးသော အင်အားစုများမှ လက်ရွေးစင်များသည် ရန်ကိုင် ထွင်းဖောက်ပေးထားသော ဟာပေါက်ကို အခွင့်ကောင်းယူ၍ တိမ်မိစ္ဆာနယ်မြေသားများဆီ ပြေးဝင် တိုက်ခိုက်ကြတော့လေသည်။

“အခွင့်အရေးရောက်လာပြီ၊ ညီအစ်ကိုရှန်၊ ညီအစ်ကိုနန် မင်းတို့ ဖမ်းဆုပ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်”

ဟွမ်ရှောင်က ပြုံး၍ နက်နဲသော စကားကို ဆိုလိုက်၏။

ရှန်နင်နှင့် နန်ရှီလို့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေ၏။ နှစ်ယောက်စလုံး၏ မျက်လုံးထဲ တွေးဝေနေသည့် အရိပ်အယောင်တို့ ရှိနေခဲ့သော်လည်း လက်စားချေလို့သည့် ဆန္ဒက ပိုမိုအားကောင်းနေခဲ့ရာ သူတို့၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို လောင်မြိုက် သွားပစ်ခဲ့လေ၏။

ရှန်နှင့်နန်မိသားစုမှ လက်ရွေးစင်များသည်လည်း သူတို့၏ မိသားစုခေါင်းဆောင်နှင့်အတူ တိုက်ပွဲဆီသို့ ပြေးဝင်သွားခဲ့ကြလေ၏။

ဟွမ်ရှောင်နှင့် ကျန်ကျဲတို့သည် နေရာတွင် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ရပ်နေ၍ ရှန်နင်နှင့် နန်ရှီလို့ကို ကြည့်ရင်း ကြိတ်ရယ်နေခဲ့ကြလေ၏။ ရှန်နင်နှင့် နန်ရှီလို့၏ စဉ်းစား ဆင်ခြင်နိုင်စွမ်းကို ဒေါသအမှောင် ဖုံးလွှမ်းသွားပြီးမှန်း သူတို့နှစ်ယောက်စလုံး သိနေခဲ့ပြီးပါပြီ။ ယခု၊ ရန်ကိုင်စံအိမ်၏ ကြောက်မက်ဖွယ်ခွန်အားကို အေးဆေးရှုစားဖို့ပဲ ရှိတော့ပေသည်။

ယခင်ရက်တွေ အတောအတွင်း ရှန်နင်နှင့် နန်ရှီလို့သည် သူတို့နှစ်ယောက်ကို အထင်အမြင်သေးသေးဖြင့် ရှုံ့ချ၍ သူတို့ကို ပြဿနာလိုက်ရှာခဲ့၏။ ယခု လက်စားပြန်ချေနိုင်ဖို့ အခွင့်အရေးရရှိပြီဖြစ်ရာ သူတို့စိတ်ထဲက ယခင်ကိစ္စများကို ဤနေရာ၌ပင် တစ်ခါတည်း အပြတ်ရှင်းထုတ်ရပေမည်။

ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ နှစ်ယောက်စလုံး စိတ်သာသာရ၍ ပျော်နေခဲ့ကြလေ၏။

“ရန်ကိုင်၊ မင်းအသက်နဲ့ပြန်ပေးစမ်း”

ရုတ်တရက် ဒေါသတကြီးအော်ဟစ်သံတစ်သံက ရန်ကိုင်နားထဲသို့ ပျံ့လွင့်လာခဲ့လေ၏။

စိတ်စွမ်းအင်ကို စုပ်ယူနေစဉ် အသံကြားသဖြင့် လှမ်းမော့ကြည့်လိုက်ရာ သူ့ဆီ ပျံသန်းလာနေသည့် မသေမျိုးအဆင့် ပညာရှင်နှစ်ယောက်ကို လှမ်း၍ တွေ့လိုက်ရလေ၏။

တစ်ယောက်လူ နှစ်ယောက်ကို သူမသိသည့်အတွက် ရန်ကိုင် စိတ်ရှုပ်သွားခဲ့ရလေ၏။ ထိုနှစ်ယောက်ကို မည်သည့် အချိန်က သူရန်စမိခဲ့မှန်း သူမသိချေ။

သို့သော်ငြား သူ့အမူအရာလည်း ပြောင်းလဲသွားခြင်း မရှိခဲ့သလို ထိုပညာရှင်နှစ်ယောက်ကို ရှောင်ရှားဖို့ နည်းနည်းမျှပင် ကြိုးစားခြင်း မပြုခဲ့ချေ။ အဲ့အစား ထူးမခြားနားဟန်ဖြင့်သာ ထိုပညာရှင်နှစ်ယောက်ကို ပြန်စိုက်ကြည့်နေလိုက်၏။

ရန်ကိုင် မျက်လုံးထဲက အထင်သေးသည့် အရိပ်အယောင်တို့ကို မြင်တွေ့လိုက်ရသည်နှင့် ရှန်နန်၊ နန်ရှီလို့တို့ မျက်လုံးထဲမှ စိုးရိမ်မှုတို့ လေနှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားခဲ့လေ၏။ ယခုအချိန်တွင် သူတို့ မျက်လုံးထဲ၌ ရှန်ချူနှင့်နန်ရှန်းတို့အတွက် လက်စား ပြန်ချေပေးလိုသည့် အဆုံးမဲ့သတ်ဖြတ်လိုစိတ်တို့ဖြင့်သာ ပြည့်နေခဲ့တော့လေ၏။

တုဖုန်းနှင့် ကျန်သော သွေးစစ်သည်တော်များသည် ရှန်နင်နှင့် နန်ရှီလို့ နှစ်ယောက်ကို တိတ်ဆိတ်ငြိမ်သက်စွာ ငေးကြည့်နေလိုက်လေ၏။ ထိုနှစ်ယောက် ရန်ကိုင်ပတ်လည် မီတာဒါဇင် အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူတို့တစ်တွေ အကုန်လုံး သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်လိုက်၍ ကြောက်မက်ဖွယ်အရှိန်အဝါများကို ပြိုင်တူဖော်ထုတ်လိုက်ကြလေ၏။

သူတို့ရှေ့မှ ထွက်ပေါ်လာသည့် အစစ်အမှန်ချီ အားလှိုင်းများကို ခံစားမိသည်နှင့် ရှန်နင်နှင့် နန်ရှီလို့တို့ မျက်လုံးထွက်ကျလုမတ် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့ကြလေသည်။

(၁၃)ယောက်ထဲမှ မည်သူကမှ သူတို့အောက် မနိမ့်ကျချေ။ တော်တော်များများဆို သူတို့ထက်ပင် ပို၍ သန်မာပေသေး၏။

မည်သည်ကိုမှ သေချာမမြင်လိုက်၊ ဝေဝါးဝါး အရိပ်တစ်ခုကိုသာ မြင်လိုက်၏။ အသိပြန်ဝင်လာသည့် အချိန်မှာတော့ သူတို့နှစ်ယောက်စလုံး သွေးစစ်သည်တော် (၁၃)ယောက်ကြောင့် မီတာပေါင်းများစွာအထိ ကျွမ်းပြန် လွင့်ထွက်သွားခဲ့ရလေပြီ။

တိုက်ပွဲကွင်းပြင်ထဲ ရှိနေသည့်အားလုံး၊ ရန်ကိုင်၏ မဟာမိတ်များမှ လွဲ၍၊ ကျန်သူများအားလုံးသည် ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ငေးကြောင် ကြည့်နေခဲ့ကြလေ၏။

မိသားစုကြီး(၈)ခုမှ မိသားစုခေါင်းဆောင်များဆိုလျှင် အံ့အားသင့်လွန်းလို့ သူတို့၏ပါးစပ်များသည် ကြက်ဥတစ်လုံး ပစ်ထည့်လို့ ရသည်အထိပင် ပွင့်အာနေခဲ့လေ၏။

သွေးစစ်သည်တော်(၁၃)ယောက် မလှုပ်ရှားစဉ်က ထို(၁၃)ယောက်၏ ခွန်အားကို သူတို့ မမြင်နိုင်ခဲ့ချေ။ ယခု သူတို့ လှုပ်ရှားလိုက်သည့် အခိုက်အတန့်၌ ထို(၁၃)ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မိသားစုကြီး (၈)ခု၏ ခေါင်းဆောင် (၈)ယောက်စလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြလေ၏။ ထို(၁၃)ယောက်သည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေ မဟုတ်တော့၊ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ဖြစ်နေခဲ့ကြလေပြီ။

“ငါထင်တာ ဟုတ်နေတာပဲ” သွေးစစ်သည်တော်ခန်းမ သခင် ဖုန်းရှန်က ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ပြီး ပါးစပ် နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးနေခဲ့လေ၏။

ခန့်မှန်းထားခဲ့သော်ငြား သူမြင်နေသည်ကို ဖုန်းရှန် မယုံနိုင်သေးချေ။ သို့သော်ငြား ထိတ်လန့်သည်ထက် သူ့ညီအစ်ကိုမောင်နှမတွေအတွက် ဝမ်းသာပျော်ရွှင်သည့် စိတ်က ပိုပြီးအားကောင်းပေ၏။

တစ်ချိန်တည်းဆိုသလို ထို(၁၃)ယောက်အား ဖုန်းရှန် မနာလိုအားကျမိသွားခဲ့၏။

“မိသားစုခေါင်းဆောင်ရှန်၊ မိသားစုခေါင်းဆောင်နန်၊ မင်းတို့ ဘာလုပ်နေကြတာလဲ”

ထိတ်လန့်ရာမှ အသိပြန်ဝင်လာသည်နှင့် လူစီက ချက်ချင်း ကောက်မေးလိုက်လေ၏။

“ရှန်နဲ့နန်မိသားစုရဲ့ မိသားစုခေါင်းဆောင်တွေလား”

ထိုနာမည်များကို ကြားလိုက်သည်နှင့် ထိုနှစ်ယောက် မည်သည့်အတွက်ကြောင့် သူ့ကို လွန်စွာမှ ရန်လိုနေမှန်း ရန်ကိုင် သိသွားခဲ့လေ၏။

နန်နင်နှင့် နန်ရှီလို့တို့ နှစ်ယောက်စလုံး၏ မျက်နှာတွေ ပြာနှမ်းသွားခဲ့လေ၏။ နှစ်ယောက်စလုံးသည် သွေးစစ်သည်တော်များ၏ အမှောက်သိမ်ဖိနှိပ်ထားခြင်း ခံရသော်ငြား နှစ်ယောက်စလုံးက ခေါင်းမော့နိုင်ရုံးလေး မော့ကာ ရန်ကိုင်အား ကြောက်လန့်ချောက်ချားစွာဖြင့် ငေးစိုက်ကြည့်နေခဲ့ကြလေသည်။

“သခင်ငယ်လေး၊ ဒီနှစ်ယောက်ကို ဘယ်လိုလုပ်ရမလဲ”

တုဖုန်းက မေးလိုက်လေ၏။

“သတ်ပစ်လိုက်”

ထိုစကားများကို ပြောလိုကသ်ည်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ ချက်ချင်း အေးစက်သွားခဲ့လေသည်။ ထိုနှစ်ယောက် မည်သူမှန်းမသိစဉ်က ထိုနှစ်ယောက်အပေါ် ရက်ရက်စက်စက် မပြုမူချင်ခဲ့။ ယခု သိသွားခဲ့ပြီဖြစ်ရာ ရန်ကိုင်အနေဖြင့် ထိုနှစ်ယောက်အား လုံးဝကို ချမ်းသာပေးလိမ့်မည် မဟုတ်ချေ။

ရှန်နင်နှင့် နန်ရှီလို့တို့ နှစ်ယောက်စလုံး တုန်လှုပ်ချောက်ချား ငေးကြောင်သွားခဲ့ကြလေ၏။ သူတို့၏ အဆင့်အတန်းကို သိသွားခဲ့သော်ငြား၊ ရန်ကိုင်က ယခုကဲ့သို့ ရက်ရက်စက်စက် ပြုမူလိမ့်မည်ဟု သူတို့၏ အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးချေ။

ရှန်နင်က အလျင်စလို ပြန်အော်လိုက်လေ၏

“ရန်ကိုင်၊ ငါတို့ကို ချမ်းသားပေးပါကွာ။ နောင်းပိုင်ကျ မင်းကို ပြန်ပြီးအလျော်ပေးပါ့မယ်”

သို့သော်ငြား ရန်ကိုင်က နှာခေါင်းရှုံ၍သာ ပြန်လည် လှောင်ပြောင်ပြောဆိုလိုက်လေသည်

“ဆွေးနွေးစရာ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ နောက်ပိုင်းကျ ကျုပ်တို့အချင်းချင်း ထပ်တွေ့တော့မှာ မဟုတ်လို့ပဲ။ ဒီလောကကြီးမှာ ရှန်နဲ့နန်မိသားစုဆိုတာ ဆက်ရှိတော့မှာ မဟုတ်ဘူး”

ရှန်နင်နှင့် နန်ရှီလို့တို့ နှစ်ယောက်စလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ကြလေ၏။

တုဖုန်းနှင့် ရင်းဂျုတို့သည် နည်းနည်းမျှပင် တုန့်ဆိုင်း မနေခဲ့ချေ။ အစစ်အမှန်ချီကို စုစည်း၍ ထိုနှစ်ယောက်အား ချက်ချင်း တန်းသတ်ပစ်လိုက်လေ၏။

သူတို့နှစ်ယောက် သေဆုံးသွားရာမှ ကျကျန်ခဲ့သော စိတ်စွမ်းအင်များသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရလေ၏။ ထိုအားကောင်းလှသည့် စိတ်စွမ်းအင်များကို ခံစားမိလိုက်သည်နှင့် ရန်ကိုင် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေ၏။

ရှန်နန်နှင့် နန်ရှီလို့တော့ သေသွားတာကိုကြည့်ရင်း ကြိတ်ပျော်နေသော မီတာတစ်ထောင်အကွာတွင် ရှိနေသည့် ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ နှစ်ယောက်အား လှမ်း၍ ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ

“အဲ့နှစ်ယောက်ကိုပါ သတ်ပစ်လိုက်”

ယခင်အကြိမ်တုန်းက ရွှေရောင်မျက်လုံး၏ နက်နဲ ဆန်းကြယ်မှုများကို ခံစားမိသည့်အတွက်ကြောင့် ထိုလူအိုကြီးနှစ်ယောက်အား လွတ်မြောက်ခွင့် ပေးလိုက်ရလေ၏။ ထို့အတွက်ကြောင့် ရန်ကိုင် တော်တော်လေး နောင်တရခဲ့ရ၏။ ယခု ပြန်တွေ့ကြပြီ ဖြစ်ရာ ထိုနှစ်ယောက်အား မည်သည့်အတွက်ကြောင့် လွှတ်ပေးရမည်နည်း။

ရန်ကိုင်၏ အမိန့်ပေးသံကို ကြားသည်နှင့် သွေးစစ်သည်တော် (၁၃)ယောက်ထဲမှ ငါးယောက်သည် ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ဆီ ချက်ချင်း ပြေးဝင်သွားခဲ့၏။ နှစ်ယောက်စလုံး တုန့်ပင်မတုန်ပြန်ရသေးခင် အချိန်မှာပဲ သွေးစစ်သည်တော်၏ ဝိုင်းလိုက်ခြင်း ခံလိုက်ရလေ၏။ ခုခံခဲ့သော်ငြား အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် လောက်သာ ခုခံနိုင်၍ ပြီးသည်နှင့် နှစ်ယောက်စလုံး အသတ်ခံလိုက်ရလေ၏။

သွေးစစ်သည်တော် (၁၃)ယောက်သည် မသေမျိုးအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်မှာ ခဏသာ ကြာသေးသော်လည်း ဆန်းကြယ်သော ပညာရှင်ဖြစ်သည့် မန်ဝူရဆီမှ လမ်းညွှန်မှု ရရှိပြီးသည့်နောက် အားလုံးသည် သာမန် မသေမျိုးအဆင့် ပညာရှင်များထက် ပိုမိုသာလွန်သော ခွန်အားကို ထုတ်ပြလာနိုင်ခဲ့ကြလေ၏။

သူတို့ထက်လည်း ပိုမိုများပြားသည့်အပြင် ငါးယောက်၊ နှစ်ယောက်ပါ ဖြစ်နေသည်ဖြစ်ရာ ဟွမ်ရှောင်နှင့် ကျန်ကျဲတို့ နှစ်ယောက်စလုံး မည်သည့်အတွက်ကြောင့် သူတို့၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။

ထိုနှစ်ယောက် သေသွားပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုံ၍ ထိုနှစ်ယောက် သေသွားသော နေရာဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။ မီတာတစ်ရာ အကွာအတွင်းသို့ ရောက်သည်နှင့် သူ့အသိစိတ်ပင်လယ်ထဲ ပျံသန်းလာသည့် စိတ်စွမ်းအင်စုနှစ်စုကို ခံစားမိလိုက်၏။

မီတာတစ်ရာ… ထိုအကွာအဝေးသည် ရွှေရောင်မျက်လုံး စိတ်စွမ်းအင်ကို စုပ်ယူနိုင်သည့် အတိုင်းအတာ ဖြစ်၏။

မရည်ရွယ်ပဲ အချက်အလက် အသစ်တစ်ခုအား ရန်ကိုင် ရှာတွေ့သွားခဲ့၏။

“ခွေးသူတောင်းစား”

ရီကွမ်းရန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျန်သော မိသားစုခေါင်းဆောင် ခုနှစ်ယောက်စလုံး သက်ပြင်း ရှိုက်လိုက်ကြလေ၏။

ရန်ကိုင် ဗဟိုမြို့တော်ဆီ ရောက်ရှိလာခဲ့ရသည့်မှာ သူတို့နှင့်အတူ ပူးပေါင်း၍ တိမ်မိစ္ဆာနယ်မြေအား တိုက်ခိုက်ဖို့ဟု သူတို့တစ်တွေ ထင်ခဲ့ကြ၏။ ယခုမူ ရန်ကိုင်သည် မိသားစုကြီးရှစ်ခုအား လာရောက်ကူညီသည့် မသေမျိုးအဆင့် ပညာရှင်လေးယောက်ကို ရုတ်တရက်ကြီး သတ်ဖြတ်သွားခဲ့လေသည်။

All Chapters