အခန်း (၅၈၆-၅၉၀)
Vol. 24 Ch. 586-590
အပိုင်း(၅၈၆) ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်း
~~~~~~~~~~~~~~~~~~~~~~~~~
ဗဟိုမြို့တော် ရန်မိသားစု…
ရန်မိသားစုသည် ဗဟိုမြို့တော်၏ တောင်ဘက်ပိုင်းတွင် ရှိသည့်အတွက်ကြောင့် တိမ်မိစ္ဆာနယ်မြေ၏ ကျူးကျော်စစ်ပွဲတွင် အထိအခိုက်၊ အပျက်အစီး မရှိခဲ့ချေ။
တစ်ခုသောလည်း ပြောင်းလဲသွားသည်မှာ ရန်ကိုင်အပေါ် ရန်မိသားစု၏ သဘောထားပင် ဖြစ်၏။
ရန်ကိုင် ယနေ့ ပြန်လာမည်မှန်း သိထားသည့်အတွက် ရန်မိသားစု အစောင့်အကြပ်များသည်၊ ခါးကိုမတ်၊ ရင်ကိုကော့၍ အရှေ့ဘက်စူးစူးသို့ ငေးစိုက်ကြည့်နေခဲ့ကြ၏။
ရန်မိသားစုဂိတ်ပေါက်သို့ ဝင်လာသည်နှင့် ရန်ထိုက်ဦးဆောင်သော သူ့ကို စောင့်ကြိုနေသည့် လူတစ်စုကို တွေ့လိုက်ရ၏။
“မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်” ရန်ထိုက်က ဦးဆောင် အော်ဟစ်လိုက်သည်နှင့် သူ့နောက်တွင် ရှိနေသော လူများသည်လည်း အလျင်စလို ဦးညွှတ်၍ ပြိုင်တူအော်ပြောလိုက်ကြလေ၏။
ရန်ကိုင်က မည်ကဲ့သို့သော် မသိသည့် အမူအရာနှင့်အတူ အလျင်အမြန် ရှေ့တက်လိုက်၍ တိုးတိုးလေး ပြောလိုက်၏ “တတိယမြောက်အစ်ကို၊ မင်းဒီမှာ ဘာလုပ်နေတာလဲ”
“ဦးလေးကြီးက မင်းကို လာကြိုဖို့ ပြောထားတာလေ” ရန်ထိုက်က မတိုးမကျယ်လေသံဖြင့် “မင်းက ရန်မိသားသစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်သွားပြီဆိုတော့ မင်းကို မိသားစုခေါင်းဆောင်လို ဆက်ဆံရမှာပေါ့”
“မိသားစုခေါင်းဆောင်…” ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့၏။
ရန်ထိုက်က ခါးကိုမတ်၍ ပြုံးလိုက်ပြီး ပြောလိုက်လေ “မိသားစုခေါင်းဆောင်၊ ကျေးဇူးပြုပြီး ကြွပါ။ အကြီးအကဲတွေ စောင့်နေတာ တော်တော်လေး ကြာနေခဲ့ပြီ”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး မျက်နှာ အမူအရာကို ပြင်၍ လမ်းလျှောက်သွားလိုက်၏။
သူ့နောက်တွင် ဂုဏ်ယူဝံ့ကြွားနေသည့် အပြုံးကို ဆင်မြန်းထားသည့် လေးယောက်မြောက် သခင်ကြီးနဲ့ နတ်ဆိုးအိုကြီးတို့ အနီးကပ် လိုက်ပါလာခဲ့လေ၏။
ရန်ကိုင်သည် မိသားစု၏ ခေါင်းဆောင် ဖြစ်သွားရာ သူ့မိဘများ သူ့အတွက် လွန်စွာကိုမှ ဂုဏ်ယူသည်မှာလည်း သဘာဝပင် ဖြစ်ချေ၏။
နတ်ဆိုးအိုကြီးကမူ ရန်ကိုင် ဘေးပတ်ဝန်းကျင်အား သတိမပြတ် စောင့်ကြည့် စစ်ဆေးနေခဲ့၏။ သူသည် နတ်ဆိုးအရှင်သခင် တစ်ပါးဖြစ်၏။ ရန်မိသားစုသည် ရန်ကိုင်အား အလျင်စလို ပြန်လာခိုင်းရာ သူ့အနေဖြင့် သံသယမဝင်မှသာလျှင် ထူးဆန်းနေမှ ဖြစ်၏။
ရန်ထိုက်၏ လမ်းညွှန်မှုအောက်တွင် ရန်ကိုင်နှင့် ကျန်လူများသည် ခန်းမကျယ်ကြီး တစ်ခုဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့လေ၏။
ခန်းမအတွင်း၌ အကြမ်းဖျင်း လူလေးဆယ်လောက် ရှိမည့် လူတန်းရှည်ကြီး နှစ်ခုကို ရန်ကိုင် တွေ့လိုက်ရ၏။ ထိုလူများသည် ရန်မိသားစု၏ အကြီးအကဲများ ဖြစ်ကြ၍ သူ့စံအိမ်ဆီ လာရောက်ခဲ့သော ရန်ကျန်းနှင့် ကျန်အကြီးအကဲများသည် ထိုအကြီးအကဲတွေထဲ ရှိနေခဲ့၏။
ရန်ကိုင်အား တစ်ချိန်က လှောင်ပြောင်ပြောဆိုခဲ့သော အကြီးအကဲသည် ရန်ကိုင်အား တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရသည်နှင့် သူ့မျက်နှာထက် ရှုပ်ထွေးသည့် ခံစားချက်တို့ ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်က သူတို့တစ်တွေကို ခက်ခဲအောင် လုပ်လာမည်ကို ကြောက်နေကြခြင်း ဖြစ်၏။ သို့သော်ငြား ရန်ကိုင်ကမူ သူတို့အား မသိကျေးကျွန်ပြု၍ ရှေ့တန်းတန်းကိုသာ ဆက်လျှောက်သွားလေ၏။
ထိုအချိန်ကျမှပင် ထိုအကြီးအကဲများ စိတ်သက်သာရာ ရသွားခဲ့ကြ၏။
ရန်ရင်ဟောင်က လက်နောက်ပစ်လျက် အဓိကခန်းမရှေ့၍ ရပ်စောင့်နေခဲ့၏။ ခါးကိုမတ်၍ တောက်ပသည့် မျက်ဝန်းအစုံဖြင့် သူ့ဆီ လှမ်းလာနေသော ရန်ကိုင်အား ကြည့်နေခဲ့လေ၏။
ရန်ကိုင် ရောက်ရှိလာသည်နှင့် အားလုံး ပြိုင်တူအော်ဟစ် လိုက်ကြလေ၏ “မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ထိုအကြီးအကဲများကို လျစ်လျူရှုကာ ရှေ့ဆက်လျှောက်သွားလိုက်၏။
ရန်ရင်ဟောင်ရှေ့ ရောက်သည်နှင့် လက်သီးဆုပ်လိုက်ပြီး “ဦးလေးကြီးကို နှုတ်ဆက်ပါတယ်”
“မိသားစုခေါင်းဆောင်” ရန်ရင်ဟောင်က ပြုံး၍ “ကျေးဇူးပြုပြီး ဒီလမ်းအတိုင်းကြွပါ”
ပြောပြီးသည်နှင့် အဓိကခန်းမထဲသို့ ရန်ကိုင်အား ဦးဆောင် ခေါ်သွားလေသည်။
သူ့ဘေးနားတွင် ရှိနေသည် ရန်မိသားစု၏ အကြီးအကဲချုပ် သုံးယောက်ကမူ နတ်ဆိုးအိုကြီးနှင့် လေးယောက်မြောက် သခင်ကြီးရှေ့ ပိတ်ရပ်လိုက်လေ၏။
“ဟေး၊ ဒါဘာသဘောလဲ” နတ်ဆိုးအိုကြီးက လှောင်ပြုံးပြုံး၍ စူးရဲသည့်အကြည့်ဖြင့် သူ့ရှေ့တွင် ပိတ်ရပ်နေသော အကြီးအကဲချုပ် သုံးယောက်အား စိုက်ကြည့်လိုက်၏။
“ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ ဒါက ရန်မိသားစုရဲ့ မြေတော် ဖြစ်တဲ့အတွက် မိသားစုခေါင်းဆောင်ကလွဲပြီး ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး” ရန်မိသားစု၏ အကြီးအကဲချုပ်များထဲမှ တစ်ယောက်က အသာအယာ ပြောလိုက်လေ၏။
“ငါ့ကိုလာမတားနဲ့။ သခင်လေးနောက်ကို ငါလိုက်ကို လိုက်ရလိမ့်မယ်” နတ်ဆိုးအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ပြန်ပြောလိုက်၏။
သူယခုနေရာထိတိုင် ရောက်ရှိလာရသည့် အကြောင်းအရင်းက ရန်ကိုင်၏ လုံခြုံရေးကြောင့်ပင် ဖြစ်သည်။ ယခု ထိုလူများသည် ရန်ကိုင်နှင့် သူ့ကို ခွဲထုတ်ဖို့ရာ ကြိုးစားနေခဲ့ကြလေ၏။ နတ်ဆိုးအိုကြီး သဘောတူမည်လော။
“နတ်ဆိုးအိုကြီး၊ ဒီမှာနေခဲ့လိုက်” ရန်ကိုင်က နောက်လှည့်၍ ပြန်ပြောလိုက်၏။
“သခင်လေး…”
ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၍ ‘သူအဆင်ပြေသည်’ ဖြစ်ကြောင်း အချက်ပြလိုက်၏။
“ဂရုစိုက်ပါ သခင်လေး” နတ်ဆိုးအိုကြီးက မျက်မှောင်ကြုံကာ ပြောလိုက်၏။
ရန်ရင်ဟောင်က နတ်ဆိုးအိုကြီးဘက်လှည့်၍ ပြုံးကာ “ငါတို့ရဲ့ မိသားစုခေါင်းဆောင်ကို ငါတို့က ပြန်ပြီးဒုက္ခပေးမှာကို မင်းစိုးရိမ်နေတာလား”
“လူတစ်ယောက်နဲ့ အချိန်အတော်ကြာအောင် အချိန်ကုန်ဆုံးပြီးရင် အဲ့လူအကြောင်းကို ငါနားလည်သလို သူတို့ရဲ့ မျက်နှာအမူအရာကိုလည်း ငါဖတ်နိုင်တယ်။ ဒါပေမယ့် စကားလုံး သက်သက်နဲ့ဆိုရင် လူတစ်ယောက်ရဲ့ နှလုံးသားကို အပြည့်အဝ ဖတ်နိုင်လိမ့်မှာ မဟုတ်ဘူး” နတ်ဆိုးအိုကြီးက ပြန်၍ လှောင်ပြောင် ပြောဆိုလိုက်၏။
“နတ်ဆိုးအိုကြီး ထားလိုက်တော့” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ သခင်လေး” နတ်ဆိုးအိုကြီးက အလျင်အမြန်ပဲ ပြန်ပြောလိုက်လေ၏။
အကြီးအကဲချုပ်သုံးယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်၍ ရယ်မောလိုက်ကြပြီး နတ်ဆိုးအိုကြီးကို ကြည့်ကာ “ခင်ဗျားက မိသားစု ခေါင်းဆောင်ကို သစ္စာရှိတာဆိုတော့ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ဆိုတာကို ကျုပ်တို့သလို့ရမလား”
နတ်ဆိုးအိုကြီးအကြောင်း သိသော်ငြား သူ့နာမည်ကိုတော့ တစ်ကြိမ်မျှပင် မကြားဖူးခဲ့ချေ။
နတ်ဆိုးအိုကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏ “ဒီလူအိုကြီးကို နတ်ဆိုးအိုကြီးလို့ ခေါ်တယ်”
အကြီးအကဲချုပ် သုံးယောက်စလုံး သူ့သဘေားထားကြောင့် စိတ်အနှောင့်အယှတ် ဖြစ်သွားခြင်း မရှိပဲ သူတို့ထဲက တစ်ယောက်က ပြန်ပြောလိုက်၏ “ဒီက ညီအစ်ကိုနဲ့ ကျုပ်တို့သုံးယောက် ဒီမှာ ခဏလောက် စောင့်ကြတာပေါ့။ မိသားစုခေါင်းဆောင်သာ မြန်ရင် နှစ်နာရီ၊ သုံးနာရီလောက်ပဲ ကြာလိမ့်မယ်။ နှေးရင်တော့ ထွက်လာဖို့ ရက်ပေါင်းများစွာ ကြာလိမ့်မယ်။ လာခဲ့လေ၊ လက်ဖက်ရည်သောက်ပြီး စောင့်ကြတာပေါ့”
တစ်ယောက်ယောက်က နတ်ဆိုးအိုကြီးအတွက် ချက်ချင်းပဲ လက်ဖက်ရည် သွားပြင်ပေးလေ၏။
ရန်ကိုင်သည် ရန်ရင်ဟောင်နောက်မှနေ၍ အဓိကခန်းမဆီသို့ ရောက်သည်အထိ လိုက်သွားခဲ့လေ၏။ ခဏကြာပြီးနောက် အဓိက ခန်းမထဲသို့ သူတို့ ရောက်ရှိလာခဲ့လေ၏။ ရန်ကိုင်က မော့ကြည့်၍ ရေရွတ်လိုက်၏ “ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်းလား”
“ဟုတ်တယ်။ ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်းပဲ” ရန်ရင်ဟောင်က အသာအယာ ခေါင်းညိတ်လိုက်၍ “ဒါက ရန်မိသားစုရဲ့ အရေးအကြီးဆုံး ခန်းမပဲ။ ပြီးတော့ ရန်မိသားစုရဲ့ အုတ်မြစ်ဆိုလည်း ဟုတ်တယ်။ မိသားစု ခေါင်းဆောင်တွေကလွဲပြီး ဘယ်သူမှ ဒီနေရာဆီ လာခွင့်မရှိဘူး။ အကြီးအကဲချုပ်တွေတောင် လာခွင့်မရှီဘူး။ သတ်မှတ်ထားတဲ့ အခြေအနေနဲ့ မကိုက်ညီရင် ဒီထဲဝင်လို့မရဘူး”
ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်လေ၏။ ဤနေရာ အကြောင်း သူကြားခဲ့ဖူး၏။ ဤနေရာသည် ရန်မိသားစု၏ ထွတ်မြတ်မြေတော် တစ်ခုဖြစ်၏။ ဤနေရာရှိ လျှို့ဝှက်ချက်သည် လွန်စွာကိုမှ အဖိုးအနဂ္ဂ ထိုက်တန်ပြီး ရန်မိသားစုထဲရှိ နဂါးအသွင်ပြောင်းရေကန်ထက်ပင် ပို၍ ထိုက်တန်လေ၏။ သို့သော်ငြား ဤနေရာ၌ မည်ကဲ့သို့သော လျှို့ဝှက်ချင်မျိုး ရှိနေသည်ဆိုသည်အား တစ်ခါမှ မကြားခဲ့ဖူးချေ။
“ဦးလေးကြီး၊ ကျုပ်က ယာယီမိသားစုခေါင်းဆောင်ပဲလေ။ ကျုပ်က ရန်မိသားစု အရေးကိစ္စတွေကို ဆက်ပြီး တာဝန်ယူသွားမှာ မဟုတ်ပါဘူး။ မိသားစုကြီးရှစ်ခုက ကျုပ်နဲ့ ကျုပ်နောက်လိုက်ငယ်သားတွေကို အသုံးပြုချင်လို့ မိသားစုခေါင်းဆောင် နေရာကို ကျုပ်ယူလိုက်ရတာလေ။ ကျုပ်လည်း ဒီနေရာကို ဝင်လို့ မသင့်ဘူးမလား”
“ယာယီမိသားစုခေါင်းဆောင်က… မိသားစုခေါင်းဆောင် ဖြစ်နေတုန်းပဲလေ” ရန်ရင်ဟောင်က ယဲ့ယဲ့လေးပြုံး၍ “စိတ်မပူနဲ့။ ဝင်သာသွားလိုက်”
ပြောပြီးသည်နှင့် ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်း၏ တံခါးကို တွန်းဖွင့်လိုက်လေ၏။
တံခါး ဖြည်းဖြည်းချင်း ပွင့်သွားခဲ့ပြီး ရန်ကိုင်လည်း တံခါးအတွင်းပိုင်းသို့ ချောင်းကြည့်လိုက်၏။ သို့သော်ငြား ရှေ့တန်းတွင် ရှိနေသော မွှေးရနံ့အိုး တစ်ခုမှလွဲ၍ အခန်းတစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်နေခဲ့လေသည်။
ရန်ရင်ဟောင် ခန်းမထဲသို့ ဝင်သွားစဉ် ရန်ကိုင် လှည့်ပတ် ကြည့်လိုက်သည့်အခါ ပုံမှန်မဟုတ်သည့် အရာအချို့ကို မြင်တွေ့ လိုက်ရ၏။
အဓိကခန်းမ၏ ထောင့်လေးထောင့်တွင်း ဂုဏ်ဒြပ်ကြီးမားဟန် ရသည့် ကျောက်တုံးရုပ်ထု လေးခု ရှိနေခဲ့၏။
မိုးပြာနဂါး၊ ကျားဖြူ၊ ဟင်္သာငှက်နှင့် အနက်ရောင်လိပ်တို့သည် ခန်းမ၏ ထောင့်လေးထောင့်တွင် အသီးသီး တည်ရှိနေခဲ့ကြလေ၏။
ရန်ရင်ဟောင်သည် ရန်ကိုင်အား ခန်းမအလယ်သို့ ခေါ်ဆောင်သွားခဲ့ပြီး သူ့လက်ကို ဖောက်ချလိုက်၏။ သူ့လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ သွေးလေးစက်သည် ခန်းမထောင့်စွန်း၌ ရှိနေသည့် ကျောက်တုံးရုပ်ထုလေးခု၏ ပါးစပ်တွင်းသို့ စိမ့်ဝင်သွားခဲ့လေသည်။
သွေးလေးစက်သည် ကျောက်ရုပ်ထုလေးခု၏ ပါးစပ်ထဲသို့ စိမ့်ဝင်သွားသည်နှင့် ကျောက်တုံးရုပ်ထု လေးခုစလုံး လင်းလက်လာခဲ့ပြီး ရှင်းပြမရနိုင်သည့် စွမ်းအားများသည် ကျောက်ရုပ်ထုလေးခု၏ ပါးစပ်မှ ထွက်ပေါ်လာကာ လေထဲ၌ အလျင်အမြန် စုဝေးသွားခဲ့လေ၏။
ရန်ကိုင် မော့ကြည့်လိုက်၍ လေထဲဝယ် လင်းလက်နေသည့် အလင်းလုံးလေး တစ်ခုလုံးကို မြင်တွေ့လိုက်ရ၏။ ကျောက်ရုပ်ထုလေးခုမှ စွမ်းအားများသည် ထိုအလင်းလုံးလေးထဲသို့ အဆက်မပြတ် စီးဝင်နေရာ အလင်းလုံးလေးသည် လင်းလက်သထက် လင်းလက်လာခဲ့လေ၏။
“မင်းမြင်ရတော့မှာ ရန်မိသားစုခေါင်းဆောင်တွေသာ ခံစားခွင့် ရရှိတဲ့ အခွင့်အရေးပဲ။ ဒါက ရန်မိသားစုရဲ့ ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုလည်း ဟုတ်တယ်။ ရန်မိသားစုခေါင်းဆောင်တိုင်းက ဘာလို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေပဲ ဖြစ်နေရတာလဲ ဆိုတာကို မင်းငါ့ကို မေးခဲ့ဖူးတယ်မလား။ လျှို့ဝှက်ချက်က မင်းရှေ့မှာပဲ။ မင်းကို ပြောပြာတာနဲ့ ယှဉ်ရင် ကိုယ်တိုင် တွေ့ကြုံကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်။ ဒါက ရန်မိသားစုခေါင်းဆောင် ဖြစ်ခွင့်ရတဲ့ အကျိုးကျေးဇူးပဲ” ရန်ရင်ဟောင်က လေထဲ တလက်လက် တောက်ပနေသည့် အလင်းလုံးလေးကို ကြည့်လျက် ရှင်းပြလိုက်လေ၏။
“ဦးလေးကြီ” ရန်ကိုင် တုန့်ဆိုင်းသွားခဲ့၍ “ဒါက တကယ်ကော အဆင်ပြေပါ့မလား”
“ဘာလို့ အဆင်မပြေရမှာလဲ” ရန်ရင်ဟောင်က ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်လေ၏။
“ဒါက ဒီလောက်အဖိုးတန်မှတော့ ကျုပ်သာ ယူသွားလိုက်ရင် ပထမအစ်ကို ဒါမှမဟုတ် ဒုတိယအစ်ကို ရောက်လာခဲ့ရင် သူတို့ ဘာမှ ရတော့မှာမဟုတ်ဘူးမလား” ရန်ကိုင်မှာလည်း ထိုအချက်တွေကို ပူရသေး၏။ သူ့တစ်ဘဝလုံးကို ရန်မိသားစုထဲ ကုန်ဆုံးမသွားချင်ချေ။
ရန်ရင်ဟောင်က ရန်ကိုင်ကို ငေးကြောင်ကြည့်လိုက်ပြီး ပြုံးလိုက်၏။ ပြီးသည့်နောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်လေ၏ “အရည်အချင်းအရှိရင် အကုန်လုံးကို ယူသွားလို့ရတယ်။ ဒါပေမယ့် ငါကတော့ သံသယတော့ ရှိမိသား။ ငါ့ကို အများကြီး မေးမနေနဲ့။ ကြိုးစားကြည့်ပြီးသွားရင် ငါဘာလို့ဒါကို ပြောခဲ့လဲ ဆိုတာကို မင်းနားလည် လာလိမ့်မယ်”
ရန်ရင်ဟောင် ပြောသည်ကို နားထောင်ရင်း ရန်ကိုင် ခေါင်းရှုပ် သွားခဲ့ရလေ၏။
“ဒါပေမယ့် အထဲမှာ အန္တရာယ် နည်းနည်းပါးပါး ရှိတယ် ဆိုတာကိုတော့ မင်းသိထားဖို့လိုတယ်။ မင်းသာ အာရုံမခံနိုင်ရင် ချက်ချင်း ထွက်လာလိုက်တာ အကောင်းဆုံးပဲ”
“ကျုပ်သိပြီ”
ထိုအချိန်မှာပဲ လေဟာနယ်ထဲရှိ အလင်းလုံးလည်း တည်ငြိမ် သွားခဲ့လေ၏။ ကျောက်ရုပ်ထုလေးခုမှ စွမ်းအင်များ ဆက်လက် စီးထွက်လာခြင်း မရှိတော့ချေ။ ခန်းမတစ်ခုလုံးသည် တစ်ဖန် တိတ်ဆိတ် သွားခဲ့လေပြီ.
လေဟာနယ်ထဲမှ မြင်ကွင်းကို ကြည့်ပြီးသည့်နောက် ထိုမြင်ကွင်းကို ရင်းနှီးနေသလို ရန်ကိုင်ခံစားလိုက်ရ၏။ သေချာ ပြန်စဉ်းစား ကြည့်လိုက်သည့်အခါ နောက်ဆုံး သူမှတ်မိသွားနိုင်ခဲ့၏။
လေဟာနယ်ထဲရှိ အလင်းလုံးသည် စည်းတံဆိပ်တော် ဘုရားကျောင်းထဲတွင် တွေ့ရသည့် အလင်းလုံးနှင့် လုံးဝနီးပါး တူညီနေခဲ့၏။
ထိုအလင်းလုံးလေးထဲ အဘယ်သို့သော အရာများ ပုန်းကွယ်နေသည်ကို ရန်ကိုင် ရေးတေးတေးလေး ခံစားမိနေခဲ့၏။
“မင်းဝင်နိုင်ပြီ။ မင်းရဲ့ ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်”
ရန်ရင်ဟောင် ပြောသည့်အတိုင်း ရန်ကိုင်သည် သူ၏ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်၍ အလင်းလုံးလေးထဲသို့ စိမ့်ဝင် သွားစေလိုက်၏။
ရန်ရင်ဟောင်ကမူ ဘေးကနေသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။
သူဝင်သွားခဲ့သည့် အချိန်တုန်းက အကျိုးအမြတ်အချို့ကို သူရခဲ့၏။ ထိုထဲမှ ထွက်လာပြီးသည့်နောက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်သည်အထိ သူ့ကျင့်ကြံခြင်း၌ မည်သည့်အတားအဆီးမှ ကြုံတွေ့ရခြင်း မရှိခဲ့ချေ။
ဤအတွေ့အကြုံအတွက် ရန်ကိုင်၏ အရည်အချင်းသည် လွန်စွာကိုမှ မြင့်နေမှာကို ရန်ရင်ဟောင် ကြောက်မိသော်လည်း ထိုထဲမျှ ရန်ကိုင် အကျိုးအမြတ် မည်မျှအထိ ရရှိမည်ကို သူလည်း သိချင်နေမိ၏။
ထိုနေရာထဲ ရန်မိသားစု မျိုးရိုးအစဉ်အဆက် မိသားစုခေါင်းဆောင် များ၏ အတွေ့အကြုံများ ရှိနေခဲ့၏။
ထိုအလင်းလုံးကြီးထဲ ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေ၏။
ဤလောကကြီးသည် အစစ်အမှန်နှင့် ဆင်တူသော စည်းတံဆိပ်တော် ဘုရားကျောင်းမှ ကမ္ဘာကြီးနှင့် ခြားနားကာ ဤနေရာရှိ ကမ္ဘာကြီးသည် လုံးဝကို ပုံရိပ်ယောင်ပင် ဖြစ်ချေ၏။
လေညင်း တသုံသုံ တိုက်ခတ်နေခဲ့၍ ကောင်းကင်ကြီးသည် ကြည်လင်နေခဲ့ကာ အရာအာလုံးသည် စဦးနေ့သစ်တစ်ခုအလား လန်းဆန်သစ်လွင် လှပနေခဲ့လေ၏။
မှိန်ဖျဖျ အလင်းရောင် တောက်နေသည့် အဖြူရောင် အလင်းစက်များသည် ရန်ကိုင်ပတ်လည်၌ ဝဲနေခဲ့လေ၏။
ထိုအဖြူရောင်အစက်များကို သိချင်စိတ်ဖြင့် ကြည့်မိလိုက်သည့် အခိုက် ရန်ကိုင် ချက်ချင်း နိုးကြားသတိရှိသွားခဲ့လေ၏။
ရုတ်တရက် ရယ်မောသံတို့ ပဲ့တင်ထပ်သွားခဲ့ပြီး အဖြူရောင် အစက်လေးမျာသည် အလျင်အမြန် ပြန့်ကျဲသွားခဲ့ကာ ရန်ကိုင် ပတ်လည်ကို ရစ်ပတ်ဝိုင်းလိုက်ကြလေ၏။
ချက်ချင်းဆိုသလို ထိုအဖြူရောင်အစက်လေးများသည် ဝိဥာဉ်ပုံရိပ်များ အဖြစ်ပြောင်းလဲသွားခဲ့လေ၏။ ထိုဝိဥာဉ်ပုံရိပ်များသည် အားကောင်းကြပြီး အားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ရောက်နေခဲ့ကြကာ အားလုံးသည် ဆံဖြူ အိုကြီး၊ အိုမများ ဖြစ်ကြလေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅87) ရန်မိသားစု၏ ဘိုးဘေးများ
~~~~~~~~~~~~~~~~~~~~~~~~~
ထိုဆံဖြူအိုကြီး၊ အိုမများသည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စူးစိုက်ကြည့်နေခဲ့ကြလေ၏။ အချို့သည် ပြုံးပြုံးရယ်ရယ်ဖြင့် ရန်ကိုင်အား စိုက်ကြည့်နေခဲ့ကြ၍ အချို့သည် စိတ်ရှုပ်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ကြလေ၏။
“ဘယ်နှစ်နှစ် ကြာသွားပြီလဲ” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး “အဲ့ကောင်စုတ်လေး ရန်ရင်ဟောင် ဒီနေရာကို ဝင်လာတာ နှစ်(၂၀)တောင် မရှိတတ်သေးဘူးမလား”
“နှစ်နှစ်ဆယ်အတိပဲ” အခြားတစ်ယောက်က ပြန်ပြောလိုက်၏။
“နှစ်နှစ်ဆယ်၊ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ကုန်ဆုံးသွားပါလား”
“နှစ်နှစ်ဆယ်ပဲ ရှိသေးတာကို အခြားတစ်ယောက်က ဘယ်လိုလုပ်ပြီး ထပ်ရောက်လာရတာလဲ။ ရန်ရင်ဟောင် သေသွားတာလား။ မဟုတ်ဘူး၊ သူသာ သေသွားရင် သူ့ရဲ့ ဝိဥာဉ်က ဒီနေရာကို ရောက်လာရမှာလေ’။ သူအပြင်မှာ သေသွားခဲ့ရင်ကော”
“ဟေး၊ အဲ့ကောင်စုတ်လေးက မိသားစုခေါင်းဆောင် ဖြစ်ဖို့ မသင့်ဘူးလို့ ငါပြောခဲ့သားပဲ”
“ဒါကောင်စုတ်လေးလည်း မထူးဘူး။ သူ့ကို ကြည့်ကြည့်လိုက်၊ အသက်ဘယ်လောက်မှိ ရှိသေးတာ မဟုတ်ဘူး။ အောက်မွှေးတောင် ပေါက်လောက်ဦးမှာ မဟုတ်ဘူး”
“ဟေး၊ ရန်မိသားစု မျိုးဆက်တွေက တဖြည်းဖြည်းနဲ့ ကျဆင်းလာနေတာလား။ ဒီလောက်ငယ်ရွယ်တဲ့ လူငယ် တစ်ယောက်ိုတောင် မိသားစုခေါင်းဆောင် ဖြစ်လာခိုင်းတယ်လို့ကွာ။ ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲ”
“ဟေး၊ ကောင်စုတ်လေး၊ မင်းက ရန်မိသားစုက မဟုတ်ဘူးမလား။ အမှန်အတိုင်းဖြေနော်၊ ငါ့ကို လှည့်စားရဲရင် မင်းကို စောင့်ကြိုနေမှာက သေခြင်းတရားပဲ ဖြစ်လိမ့်မယ်”
အရပ်ရပ်မှ အော်သံတို့ ပျံ့နှံ့လာခဲ့၏။ ဝိဥာဉ်ပုံရိပ်အားလုံးသည် သူတို့၏ အထင်အမြင်မျိုးစုံးအား အသီးသီး ထုတ်ပြောနေခဲ့လေ၏။ အချိန်အတော်ကြာအောင် စကားမပြောခဲ့ရသည့်အတွက် ထိုလူများသည် ရန်ကိုင်အား လျစ်လျူရှူ၍ သူတို့ ပြောချင်သည်များကို အတိုးချ၍ ပြောနေခဲ့ကြလေ၏။
ရန်ကိုင်ကမူ တိတ်ဆိတ်နေခဲ့၏။ အေးစက်စက် မျက်ဝန်းအစုံဖြင့် ဘေးပတ်လည်သို့ စူးစမ်းကြည့်ပြီးနောက် စိတ်ငြိမ်သွားသည့်အခြား မည်ကဲသို့သော အခြေအနေထဲသို့ သူရောက်နေမှန်း နားလည်သွားခဲ့၏။
“ဟေး၊ မင်းဘာလို့ ဘာမှပြန်မပြောတာလဲ။ မင်းနားပင်းနေတာလား”
“သူက ရန်မိသားစုက မဟုတ်လောက်ဘူး။ သူ့ကို သတ်ပဲ သတ်ပစ်လိုက်ကြတာပေါ့ကွာ၊ ဟဲဟဲ”
“ရန်မိသားစုက လူတွေပဲ ဒီနေရာဆီ လာလို့ရတာ။ ရန်မိသားစုရဲ့ သွေးကပဲ ဒီနေရာကို ဖွင့်လှစ်နိုင်တာ”
“ဒီကောင်စုတ်လေးက နည်းနည်းလေးတောင် ကြောက်ပုံမရဘူး။ ရန်ရင်ဟောင် ရောက်လာတုန်းကဆို ငါတို့ခြောက်လို့ ကြောက်သွားလိုက်တာ”
“ရန်ရင်ဟောင်၊ ဟွန့်၊ အသုံးမဝင်တဲ့လူတွေက သူတို့ဘယ်လောက်ပဲ ကြိုးစားကြိုးစား အသုံးမဝင် ဖြစ်နေဦးမှာပဲ။ သူဘယ်နေရာမှ သေသွားမှန်း ဘယ်သူမှ မသိလောက်မှာကို ငါကြောက်မိတယ်”
“နင်တို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း” ဒေါသတကြီး အော်ဟစ်သံ တစ်သံက ဆူညံနေသော အသံအားလုံးကို တိတ်သွားစေခဲ့လေ၏။
အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ပျိုရွယ်သည့် မျက်နှာဖြင့် ကြိမ်တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် အဘွားအိုကြီး တစ်ယောက်ကို ရန်ကိုင် တွေ့လိုက်ရ၏။ ရန်ကိုင်က သူမကို မှင်သက်နေသည့် အမူအရာဖြင့် ကြောင်ကြည့်နေခဲ့လေ၏။
ဒီအဘွားအိုကြီး ငယ်ရွယ်စဉ်အခါက သူမသည် မိန်းမလှလေး တစ်ယောက် ဖြစ်ခဲ့ဟန်ရ၏။ ထို့ပြင် သူမသည် လုံးဝကို အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ချေ၏။ သူမသည် ဤနေရာ၌ ခေါင်းဆောင် ဖြစ်ပုံရ၏။ မဟုတ်လျှင် သူမ၏ အော်သံသည် အားလုံးကို တိတ်သွားစေခဲ့လိမ့်မည် မဟုတ်ချေ။
သူမရှိရာဆီ မျက်နှာမူ၍ လက်သီးဆုပ်လျက် ရန်ကိုင်က “ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ကိုးယောက်မြောက် သခင်လေး ရန်ကိုင်က ဘိုးဘေးတို့ကို နှုတ်ဆက်ပါတယ်”
ထိုအဘွားအိုကြီး၏ မျက်လုံးထဲ အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားခဲ့ပြီး “ငါတို့တွေက ရန်မိသားစု ဘိုးဘေးတွေမှန်း နင်ဘယ်လိုလုပ်ပြီး သိသွားတာလဲ”
“ခန့်မှန်းကြည့်လိုက်တာလေ” ရန်ကိုင်က ပြန်ပြောလိုက်၏။
အဘွားအိုကြီးက ရန်ကိုင်အား ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး “ဟုတ်တယ်၊ နင်တကယ်ကို အမြင်ထက်ရှတာပဲ။ နင်က ရန်ရင်ဟောင်ထက် အများကြီး ပိုတော်တယ်။ သူလာတုန်းကတော့ ဒီအဘွားအိုကြီးက သူ့ကို အာပေါက်မတတ် ရှင်းပြလိုက်ရတာ။ ရန်ရင်ဟောင်ကော ဘယ်လိုနေလဲ။ သူသေသွားပြီလား”
“ဦးလေးကြီးက အသက်ရှင်နေတုန်းပါပဲ။ သူကိုယ်တိုင်ပဲ ဒီနေရာကို ဖွင့်ပေးပြီး ကျုပ်ကို ဝင်လာခိုင်းလိုက်တာပါ” ရန်ကိုင်က ရှင်းပြလိုက်၏။
“အင်း” အဘွားအိုကြီးက အသာအယာ ခေါင်းညိတ်၍ ပြောလိုက်၏ “ဒီနေရာက ဘာနေရာလဲ ဆိုတာကို နင်သိလား”
“ဒီနေရာက ရန်မိသားစုရဲ့ ထိပ်တန်းလျှို့ဝှက်ချက်လို့ ဦးလေးကြီး ပြောခဲ့ဖူးပါတယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ကျွန်တော် အထင်အရဆို၊ ဒါက သေဆုံးသွားတဲ့ ရန်မိသားစုခေါင်းဆောင်တွေရဲ့ ကောင်းကင်စိတ်အာရုံတွေ ရှိနေတဲ့ နေရာဖြစ်လောက်တယ်”
အားလုံး ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ငေးကြောင် ကြည့်နေလိုက်ကြ၏။
“အဲ့ဒါကိုလည်း ခန့်မှန်းနိုင်တာလား”
“ရန်ရင်ဟောင်ပဲ ဖြစ်ရမယ်။ အဲ့အစုတ်ပလုတ်ကောင်က သူ့ကို ပြောခဲ့တာ ဖြစ်ရမဘ်” လူအိုကြီးတစ်ယောက်က ပြောလိုက်လေ၏ “မိသားစုခေါင်းဆောင်ကို ဒီနေရာဆီ ခေါ်လာပေးတဲ့လူက ဘာမှ ကြိုပြီး ပြောထားလို့မရဘူး။ သူဘာပြောမလဲ ကြည့်ရတာပေါ့။ တကယ့် အသက်ရှိနေတဲ့ လူတစ်ယောက်နဲ့ စကားပြောနိုင်ဖို့က ရှားတယ်ကွ။ အခုတော့ ဒီအခွင့်အရေးက သူ့ကြောင့် ပျက်စီးသွားရပြီ။ အဲ့သူတောင်းစားကို ဒီလူအိုကြီး သွားသတ်ချင်နေပြီကွာ”
“တတိယအရှင်သခင်၊ ဒေါသကို ထိန်းပါ”
“ဟုတ်တယ်၊ မင်းအရိုးတွေက ဖုန်မှုန့်တွေအဖြစ် ပြောင်းတော့မှာကို မင်းဘာတွေ ကြောက်နေတာလဲ’
ထိုလူအားလုံးသည် နှစ်ပေါင်းများစွာကြာအောင် စကားတစ်ခွန်းပင် မပြောခဲ့ရသည့်ပုံပင်။ ယခု ရန်ကိုင်ကို မြင်သည်နှင့် အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့လေ၏။ အခွင့်အရေးရသည်နှင့် မနားတမ်း ပြောနေရာ လွန်စွာကိုမှာ စိတ်တိုဖို့ ကောင်းလေ၏။
အဘွားအိုကြီးက အားလုံးကို ခက်ထန်စွာဖြင့် ကြည့်လိုက်ရာ အကုန်လုံး ပါးစပ်ပိတ်သွားကြလေတော့၏။
“ဟုတ်တယ်၊ နင်ပြောခဲ့သလိုပဲ ဒီနေရာက သွေးဆုံးသွားခဲ့တဲ့ ရန်မိသားစု အကြီးအကဲတွေရဲ့ ကောင်းကင်စိတ်အာရုံတွေ စုဝေးနေတဲ့ နေရာ။ ဒီနေရာမှာ ရှိနေတဲ့ ဝိဥာဉ်ပုံရိပ်တွေ အကုန်လုံးက ရန်မိသားစုရဲ့ အကြီးအကဲချုပ်တွေပဲ” အဘွားအိုကြီးက ပြောနေရင်း တစ်ချက် ရပ်လိုက်ပြီး “ဒီအဘွားအိုကြီးက ရန်မိသားစု ဒုတိယမျိုးဆက်ရဲ့ အကြီးအကဲချုပ် ရန်ရီပဲ”
ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ ရန်မိသားစု၏ ဒုတိယမျိုးဆက်၊ ဒုတိယမျိုးဆက်သည် လွန်ခဲ့သော နှစ်ပေါင်း မည်မျှအကြာက ရှိခဲ့သည်ကို ရန်ကိုင် မသိချေ။
“ရန်မိသားစုရဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက် သက်တမ်းကုန်ခါနီးအချိန် ရောက်လာခဲ့ရင် ဒီနေရာဆီ လာပြီး သူတို့ရဲ့ ဘဝအတွေ့အကြုံတွေကို ချန်ထား ရစ်ခဲ့ကြတယ်။ အဲ့လိုမှပဲ ရန်မိသားစုရဲ့ နောက်မျိုးဆက်တွေ သူတို့ဆီကနေ ပြန်လည် လေ့လာသင်ယူနိုင်မှာလေ။ အခုလိုမျိုး ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် အချိန်ယူခဲ့ရတာ”
ရန်ကိုင် လှည့်ပတ်ကြည့်လိုက်သည့်အခါ ဤနေရာ၌ မသေမျိုးအဆင့် ပညာရှင် အယောက် လေး၊ငါးဆယ်လောက် ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုအတွေ့အကြုံအားလုံးကိုသာ စုပ်ယူနိုင်မည်ဆိုလျှင် မည်မျှ အကျိုးအမြတ် ရသွားလိမ့်မည်နည်း။
“ရန်မိသားစုခေါင်းဆောင် တစ်ယောက်ပဲ ဒီနေရာဆီ ဝင့်ခွင့်ရပြီး ဒီမှာရှိနေတဲ့ ဝိဥာဉ်တွေဆီက အကျိုးအမြတ်ကို ခံစားနိုင်တယ်။ ငါတို့ရဲ့ အတွေ့အကြုံနဲ့ဆို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် မတိုင်ခင်အထိ ဘယ်အတားအဆီးကိုမှ ကြုံတွေ့ရမှာမဟုတ်ဘူး။ နင်နားလည်လား”
ရန်ကိုင် အသာအယာ ခေါင်းညိတ်ပြလိုက်၏။
သူတို့၏ အကူအညီနှင့်ဆိုလျှင် မသေမျိုးအဆင့် မတိုင်ခင်အထိ မည်သည့်အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။ ခွန်အားသာ လုံလောက်သရွေ့ အပူအပင်ကင်းမဲစွာ အဆင့်ချိုးဖျက် တက်နိုင်ပေ၏။
ရန်ရီက ထပ်ပြောလိုက်ပြန်၏ “ရန်ရင်ဟောင်က နင့်ကို ဒီနေရာဆီ ပို့လိုက်မှတော့ နင်က မိသားစုခေါင်းဆောင်လို့ ဆိုလိုက်တာနဲ့ အတူတူပဲပေါ့။ ငါတို့တွေက သေသွားပြီဖြစ်လို့ ရန်မိသားစု ဘာတွေ ဖြစ်နေလဲ ဆိုတာကို ဂရုမစိုက်တော့ပေမယ့် မေးတော့မေးရဦးမယ်။ နင်လို အသက်ငယ်ငယ် လူတစ်ယောက်က ရန်မိသားစုခေါင်းဆောင် ဘာလို့ ဖြစ်လာရတာလဲ။ နင့်မှာ ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ”
“ကျုပ်မှာ ဘယ်လို အရည်အချင်းတွေ ရှိလဲဆိုတော့” ရန်ကိုင်က ထူးထူးဆန်းဆန်း မျက်နှာထားဖြင့် “ဂျူနီယာက အသက်၁၉နှစ်တောင် ရှိသေးတာမဟုတ်ဘူး။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ကို ရောက်နေခဲ့ပြီး။ ကျုပ်ရဲ့ နောက်လိုက်တွေထဲက (၂၇)ယောက်ကလည်း မသေမျိုးအဆင့်ကို ရောက်နေခဲ့ပြီး။ ဒီလောက်ဆို လုံလောက်ပြီ”
“နင့်ကျင့်ကြံခြင်းကို ဒီအဘွားအိုကြီးလည်း ခံစားမိတယ်။ နင့်လို အားကောင်းလွန်းတဲ့ စိတ်စွမ်းအင်မျိုး ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ဒီအဘွားအိုကြီး တစ်ခါမှ မကြားခဲ့ဖူးဘူး။ ဒါပေမယ့် မသေမျိုးအဆင့် ဆိုတာက ဘာကြီးလဲ” ရန်ရင် မျက်မှောင်ကြုံ့သွားခဲ့လေ၏။ ကျန်သူ အားလုံးသည်လည်း ရန်ကိုင်နား နားမလည်နိုင်စွာဖြင့် ငေးကြည့် နေခဲ့ကြလေ၏။
ရန်ကိုင် အံ့ဩသွားခဲ့၏။ မသေမျိုးအဆင့်အား သူ့စံအိမ်ထဲတွင် ရှိနေသော ထိပ်တန်းအဆင့် ပညာရှင်တွေသာ ကြားဖူသည်ကို ရန်ကိုင် ပြန်အမှတ်ရလိုက်၏။ ရန်မိသားစု ဘိုးဘေးများသည်လည်း ထိုအဆင့် အကြောင်း ကြားခဲ့ဖူးသည့်ပုံ မပေါ်ချေ။
“မသေမျိုးအဆင့်… ဆိုတာက ခင်ဗျားတို့ ဘိုးဘေးတို့ ခေါ်ခေါ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်လေ” ရန်ကိုင်က ရှင်းပြလိုက်လေ၏။
“လတ်စသတ်တော့ ဒီလောကကြီးက ဒီအဆင့်ကို နာမည်တစ်ခု ပေးပြီးသွားပြီပဲကိုး” ရန်ရီက ခေါင်းညိတ်ကာ ဆက်ညိတ်လိုက်၏။ မသေမျိုးအဆင့်အပေါ် သူတို့၏ နားလည်မှုသည် ဝေဝေဝါးဝါးပင် ဖြစ်၏။
“မသေမျိုးအဆင့်လား” တစ်ယောက်ယောက်က ထိတ်လန့်တကြား ဆိုလိုက်ပြီး ရန်ကိုင်အား မယုံကြည်နိုင်သည့် အကြည့်ဖြင့် စိုက်ကြည့် လိုက်ကာ ရယ်မောလိုက်လျက် “ကောင်စုတ်လေး၊ မင်းက လိမ်တဲ့နေရာမှာ တကယ်ကို ညံ့တာပဲကွ”
အားလုံးသည်လည်း ရန်ကိုင်အား မယုံသည့်အကြည့်ဖြင့် စိုက်ကြည့် နေခဲ့ကြလေ၏။
“သေပြီးသားလူတွေကို လိမ်လို့ ကျွန်တော် ဘာရမှာမို့လို့လဲ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏။
အားလုံး၏ ရယ်မောလှောင်ပြောင်သံတို့ တိတ်သွားခဲ့ပြီး ရန်ကိုင် ပြောသည်မှာ မှန်လောက်သည်ဟု တွေးလိုက်ကြ၏။
သို့သော်ငြား ရန်ကိုင်သည် မသေမျိုးအဆင့် ပညာရှင် (၂၇)ယောက်အား စုဆောင်းထားသည် ဆိုသော အချက်ကိုတော့ သူတို့တစ်တွေ လက်ခံနိုင်ဖို့ရာ ခက်ခဲနေသေး၏။ (၂၇)ယောက် ဆိုသော အရေအတွက်သည် လွန်စွာကိုမှ များလှ၏။
“နင်လိမ်ပဲပြောပြာ၊ ညာပဲပြောပြော အရေးမကြီးဘူး။ ဒါပေမယ့် ငါတို့ဆီက အကျိုးအမြတ် လိုချင်ရင် ငါတို့အတွက် တစ်ခုခု လုပ်ပေးရမယ်” ရန်ရီက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
“စီနီယာ၊ အကြံပေးပါဦး”
“ရန်မိသားစုရဲ့ ဒုတိယမျိုးဆက်တွေက သူတို့ရဲ့ မျိုးဆက်အတွင်း ဒီထွတ်မြတ်သားရဲ လေးကောင်ကို ဖန်တီးဖို့ မနည်း ရုန်းကန်ခဲ့ရတာ။ ဒီနေရာ တည်ရှိနေရတဲ့ အကြောင်းအရင်းကလည်း နောင်မျိုးဆက်တွေ အတွက် အတွေ့အကြုံတွေ ချန်ထားပေးခဲ့ချင်လို့ပဲ။ ဒီနေရာကို လာတဲ့ လူတိုင်း အကျိုးအမြတ်ကြီးတွေ ရကြတယ်။ ဒါပေမယ်… အဲ့ဒါက ကြာခဲ့ပြီ” ရန်ရီက အနည်းငယ် နာကျင်နေသည့် အမူအရာလေးနှင့် “ငါ့ရဲ့ ဝိဥာဉ်ပုံရိပ် ဒီနေရာမှာ ပိတ်မိနေတာ နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ ဆိုတာကို ငါမမှတ်မိတော့ဘူး။ အကြွင်းမဲ့ တိတ်ဆိတ်ပြီး ဘာဆိုဘာမှ မရှိတဲ့ ဗလာနယ်ကြီးထဲမှာ ဒီလောက်အချိန်အကြာကြီး ရှိလာခဲ့ရတာဆိုတော့ ဘယ်သူမဆို စိုးလည်းစိုးရိမ်သလို နောင်တလည်း ရမိကြမှာပဲ။ အချိန်တွေ ကြာလာတာနဲ့ ငါတို့ရဲ့ မူရင်း ရည်ရွယ်ချက် တွေတောင် တဖြည်းဖြည်းနှင့် ယိုယွင်းလာခဲ့ရတယ်”
“ဘိုးဘေးဘာပြောချင်တာလဲ’ ရန်ကိုင် မျက်မှောင်ကြုံလိုက်၏။
အားလုံးသည် သူ့အား အရသာရှိသည့် အသားဖတ်တစ်ခုပမာ ဝိုင်း၍ ကြည့်နေခဲ့ကြလေ၏။
“ဒီနေရာဆီ လာတာနဲ့ အန္တရာယ်တစ်ခုခုကို ရင်ဆိုင်ရလိမ့်မယ်လို့ ရန်ရင်ဟောင် နင့်ကို ပြောခဲ့တယ်မလား။ သူပြောခဲ့တဲ့ အန္တရာယ်က ဒီအဘွားအိုကြီးနဲ့ ကျန်တဲ့သူတွေ ဆီကနေ လာတာပဲ” ရန်ရီက အေးစက်စက် လေသံဖြင့် “ငါတို့ရဲ့ အကြီးမားဆုံးသော ဆန္ဒက ဒီနေရာကနေ ထွက်သွားနိုင်ဖို့ပဲ။ ပြီးတော့ နင်က အကောင်းဆုံး နည်းလမ်းပဲ”
“ကျုပ်ခန္ဓာကိုယ်ကို အပိုင်စီးချင်တာလား” ရန်ကိုင် ထိတ်လန့် တုန်လှုပ်သွားခဲ့လေ၏။
“ဒါက ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိပြီးနောက် ငါတို့စိတ်ထဲ အလိုလို ဖြစ်လာတဲ့ အတွေးတွေပဲ။ ထိန်းချုပ်ဖို့ ကြိုးစားမယ် ဆိုပေမယ့် နင်သတိတော့ ထားသင့်တယ်” ရန်ရီက သတိပေးလိုက်၏ “နင်က ငါတို့ဆီကနေ အတွေ့အကြုံရဖို့အတွက် လာခဲ့တာဆိုတော့ နင်ပြန်ထွက်သွားရင် အကောင်းဆုံးပဲ။ မဟုတ်ရင် နင့်ဝိဥာဉ်ပုံရိပ်ကို ငါတို့တွေထဲက တစ်ယောက်ယောက်က ဝါးမြိုပြီး နင့်ခန္ဓာကိုယ်ကို အပိုင်စီးရလိမ့်မယ်”
အခြေအနေက တော်တော်လေးကို အန္တရာယ် များလာခဲ့ပြီ။ ဤနေရာတွင် အချိန်အတော်ကြာအောင် ပိတ်မိနေခဲ့သည့် အတွက်ကြောင့် သူတို့စိတ်ထဲ ချုပ်တည်းထားခဲ့ရသည့် စိတ်ဆန္ဒများသည်လည်း အားကောင်းသထက် အားကောင်းလာခဲ့လေ၏။
“ဒီနေရာမှာ အချိန်တွေ အများကြီး ပိတ်မိလာခဲ့ရတော့ အချို့ ဝိဥာဉ်ပုံရိပ်တွေဆို စိတ်လွတ်ပြီး ရက်စက်ပြီး အသိမရှိတဲ့ စိတ်ဝိဥာဉ်တွေ ဖြစ်သွားကြတယ်လေ။ အဲ့လို ဝိဥာဉ်တွေကို ငါတို့တွေ အတူပူးပေါင်းပြီး ဖျက်းစီးပစ်ခဲ့ရတယ်။ ဒီမှာရှိနေတဲ့ အားလုံးရဲ့ အနာဂတ်ကံကြမ္မာကလည်း အတူတူပဲ”
“ခင်ဗျားတို့တွေက တကယ်ကို သနားစရာ ကောင်းတာပဲ” ရန်ကိုင်က သူတို့တစ်တွေအား သနားစဖွယ်အကြည့်ဖြင့် ကြည့်လိုက်လေ၏။
ရန်ကိုင် မျက်ဝန်းထဲမှ အဓိပ္ပါယ်ကို သိလိုက်ရသည်နှင့် အားလုံးစိတ်ထဲ အံ့အားသင့်သွားမိခဲ့ကြ၏။
ဤနေရာထဲသို့ ဝင်လာတဲ့သူ မှန်သမျှ ပျော်လျှင်ပျော်၊
ှကြောက်လျှင်ကြောက် သို့သော်ငြား သူတို့တစ်တွေအား သနားဂရုဏာသက်သည့်လူ တစ်ဦးတစ်လေမျှပင် မရှိချေ။
ရန်ကိုင်သည်သာ သူတို့အား သနားဂရုဏာသက်သည့် ပထမဆုံး လူဖြစ်၏။
ရန်ရီမျက်နှာ ပျော့ပျောင်း ညင်သာသွားခဲ့ပြီး ရန်ကိုင်အား ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ တစ်ခဏကြာပြီးသည့်နောက် သူမက ပြောလိုက်လေ၏ “ငါတို့အတွက် ဝမ်းနည်းမနေနဲ့။ ဒါက ငါတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။ နင့်ခံစားချက်တွေက အဓိပ္ပါယ်မရှိဘူး။ နင်သာ အနာဂတ်ကျ မတော်တဆ အသတ်မခံရရင် နင့်ရဲ့ ဝိဥာဉ်ပုံရိပ်ကလည်း ဒီနေရာဆီ ရောက်လာမှာ။ နင့်ရဲ့ ကျင့်ကြံခြင်း အတွေ့အကြုံတွေ အားလုံးကို နင့်ရဲ့ မျိုးဆက်တွေအတွက် ချန်ထားပေးခဲ့ရမှာ”
“အဲ့လိုမျိုး ဖြစ်မှာမဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ ခိုင်မြဲသည့် အကြည့်အစုံဖြင့် “ဒါပေမယ့် ခင်ဗျားတို့ရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ကံကြမ္မာကို ဒီနေ့ဒီအချိန်မှာပဲ ကျွန်တော် အဆုံးသတ်ပေးလိုက်မယ်”
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၈၈) အားလုံးကို သန့်စင်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
ရန်မိသားစု၏ (၄၅)ယောက်မြောက်သော ဘိုးဘေးများ၏ ဝိဥာဉ်ပုံရိပ်အားလုံးသည် ရန်ကိုင်အား ကြောက်လန့်ချောက်ချားစွာ ငေးငေးစိုက်ကြည့်လိုက်ကြ၏။
တစ်ခဏကြာပြီးနောက် ဝါးလုံးကွဲ ရယ်မောသံတစ်သံ ထွက်ပေါ်လာပြီး “လေးကြီးလေကျယ်တွေ”
ရန်ရီက ထူးထူးဆန်းဆန်း ပြုံးလျက် “ငါတို့အားလုံးကို ဝါးမြိုမယ်လို့ မင်းပြောချင်နေတာလား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“ဟားဟားဟားဟား” ဝါးလုံးကွဲ ရယ်မောသံတို့ ထွက်ပေါ်လာ၏။ အားလုံးက ရန်ကိုင်၏ ပြောစကားအား ဟာသတစ်ပုဒ်နှယ် ထင်မှတ်နေပုံရ၏။ မည်သူမှ သူ၏ ပြောစကားကို အတည်မယူကြချေ။
ရန်ရီက အသာအယာ ခေါင်ညိတ်၍ “နင့်မှာ စွမ်းရည်ရှိရင်တော့ ငါ့ဘက်က လိုလိုလားလားနဲ့ ဝါးမြိုခံမှာပေါ့။ တကယ်တော့ ငါတို့ အားလုံးရဲ့ အကြီးမားဆုံးသော ရည်မှန်းချက်က ဒီနေရာကနေ ထွက်သွားရဖို့ပဲလေ။ ဒါပေမယ့် နင့်ရဲ့ အရည်အချင်း သက်သက်နဲ့ ဆိုရင်တော့ မဖြစ်နိုင်သေးဘူး”
“စောင့်သာ ကြည့်လိုက်စမ်းပါ၊ စီနီယာရယ်” ရန်ကိုင်က အပိုတွေ ပြောနေခြင်းကို ရပ်တန့်လိုက်၍ သူ၏ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်လေ၏။
ဤနေရာသို့ ရောက်ရှိလာသည့်အချိန်မှစ၍ သူ့အသိစိတ် ပင်လယ်ထဲရှိ ရွှေရောင်မျက်လုံးဆီမှ ဝါးမြိုလိုစိတ်သည့် စိတ်ဆန္ဒတို့ အလိုလို ထွက်ပေါ်လာခဲ့၏။
ယခု ထိုစိတ်ဆန္ဒအား ချုပ်ထိန်းထားသည်ကို သူလွှတ်ချလိုက်လေပြီ။ လေဟာနယ်တစ်ခုလုံးကို အားကောင်းသည့် စုပ်အားတစ်ခုက လွှမ်းခြုံ သွားခဲ့၏။ (၄၅)ငါးယောက်သော ရန်မိသားစု ဘိုးဘေးတို့၏ ဝိဥာဉ်ပုံရိပ်များ လှုပ်ရှားသွားခဲ့ကြလေ၏။ သို့သော်ငြား အဘယ်သို့သော အရားများ ဖြစ်ပျက်နေသည်ကို ဆိုသည်ကိုမူ သူတို့ မသိခဲ့ကြ၏။ အားလုံးသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေ၏။
ကြည်လင်နေသော ကောင်းကင်ပြာအောက် တည်ငြိမ်နေသော ပင်လယ်ရေပြင်ထက် ငါးရောင်ခြယ်ကျွန်းကြီးတစ်ကျွန်းသည် တိတ်ဆိတ် ငြိမ်သက်စွာ တည်ရှိနေခဲ့၏။
ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းအဖုံဖုံကြောင့် (၄၅)ယောက်သော ဘိုးဘေးစိတ်ဝိဥာဉ်တို့ ထိတ်လန့် တုန်လှုပ်သွားခဲ့ကာ အားလုံးသည် ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သော်ငြား မည်သူမှ မတုန့်ပြန်နိုင်ခဲ့ကြ။
“အားလုံးကို ကြိုဆိုပါတယ်ဗျာ” ရန်ကိုင်က လက်နောက်ပစ်လျက် အာလုံးကို ကြိုဆိုနှုတ်ဆက်လိုက်လေ၏။
“ဒါက နင့်ရဲ့ အသိစိတ်ပင်လယ်လား” ရန်ရီက အလန့်တကြား ဆိုလိုက်၏။
“ဟုတ်တယ်၊ ဒါက ဒီဂျူနီယာရဲ့ အသိစိတ်ပင်လယ်ပါ”
“နင်ငါ့တို့ကို ဘယ်လိုရွေ့လိုက်တာလဲ” ရန်ရီက ရန်ကိုင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ မည်ကဲ့သို့သော နည်းလမ်းကိုသုံး၍ သူမတို့တစ်တွေ အားလုံးကို သူ၏ အသိစိတ်ပင်လယ်ထဲသို့ ရွေးလိုက်မှန်း သူမ တကယ်ကို နားမလည်နိုင်ခဲ့ချေ။
“ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး။ လုပ်တာက အဲ့ဒါ” ရန်ကိုင်က ငါးရောင်ခြယ်ကျွန်းထက် မျောနေသည့် ရွှေရောင်မျက်လုံးဆီ ညွှန်ပြလိုက်၏။
ရန်ကိုင် ညွှန်ပြရာဆီ လှမ်းကြည့်လိုက်သည့်အခိုက် အားလုံး၏ စိတ်ထဲ ရှင်းပြမရနိုင်သည့် မလွယ်ကူသော ခံစားချက်တို့ လှိုက်တက်လာခဲ့၏။ ထိုအမည်မသိ အရာဝတ္ထုသည် သူတို့၏ အိမ်မက်ဆိုး ဖြစ်သည်ဟု သူတို့စိတ်ထဲ အလိုလို ခံစားမိနေ၏။
“ဘာကြီးလဲ” ရန်ရီ တုန်လှုပ်ချောက်ချား သွားခဲ့၏။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာညောင်းခဲ့ပြီးနောက် ကြောက်ရွံ့မှုဆိုသည်ကို သူမ မသိတော့။ ယခုမူ ကြောက်ရွံ့မှုဆိုသော ခံစားချက်အား သူမ တစ်ဖန်ပြန်လည် ခံစားမိလာခဲ့လေပြီ။
သူမသာမက ကျန်(၄၅)ယောက်သော ရန်မိသားစု ဘိုးဘေးများသည်လည်း ထိုနည်းတူ ခံစားနေခဲ့ရ၏။ အားလုံးသည် ရွှေရောင်မျက်လုံးအား ငေးစိုက်ကြည့်ရင် အလိုလို တုန်ရီနေခဲ့ကြလေ၏။
“အဲ့ဒါက ဘာလဲဆိုတာကို ကျွန်တော်လည်း မသိပေမယ့် ဘိုးဘေးတို့ကို နှစ်ပေါင်းများစွာကြာအောင် ချုပ်နှောင်ထားတဲ့ အတားအဆီးတွေကို ချိုးဖျက်ပေးနိုင်တယ် ဆိုတာကိုတော့ ကျွန်တော် သိတယ်” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရန်ရီနှင့် ကျန်သူများအား ကြည့်၍ “ထွတ်မြတ်သားရဲလေးကောင် ရုပ်ထုထဲကို ခင်ဗျားတို့ရဲ့ အသိစိတ်ကို မထည့်သွင်းခင် ခင်ဗျားတို့ရဲ့ ခံစားချက်တွေက ဘယ်လိုရှိနေလဲ ဆိုတာကို ကျွန်တော် မသိပေမယ့် နှစ်ကာလက ခင်ဗျားတို့ရဲ့ စိတ်ဆန္ဒကို ယိမ်းယိုင်လာစေခဲ့မှတော့ ခင်ဗျားတို့ ခံစားနေရတဲ့ နှိပ်စက်ညင်းပန်းမှုကို ဒီနေ့ ဒီအချိန်မှာပဲ အဆုံးသတ် လိုက်ကြတာပေါ့”
သူတို့ စကားပြောနေစဉ်အတွင်း ရွှေရောင်မျက်လုံးသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေ၏။
ရန်ကိုင်သည် အပိုစကား ပြောမနေချင်တော့ရာ လုပ်စရာရှိတာကိုသာ လုပ်ဖို့ ပြင်လိုက်လေ။
ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မည်သူမှ မတုန့်ပြန်ရသေးခင်မှာပင် အားလုံးကို လွှမ်းခြုံသွားခဲ့လေ၏။
စူးရှရှ အော်မြည်သံတို့နှင့်အတူ (၄၅)ယောက်သော ရန်မိသားစု ဘိုးဘေးတို့၏ ဝိဥာဉ်ပုံရိပ်တို့ ချက်ချင်းဆိုသလို အသန့်စင်ခံလိုက်ရကာ များပြားလှသော စိတ်စွမ်းအင်သက်သက်တို့သာ ကျန်ခဲ့လေ၏။
ရွှေရောင်အလင်းတန်းများစွာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်မိသားစု၏ ဘိုးဘေးစိတ်ဝိဥာဉ်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် အသန့်စင်ခံလိုက်ရလေသည်။ ကြီးကျယ်မြင့်မြတ်သော ရွှေရောင်အလင်းတန်း၏ ရှေ့မောက်၌ ထိုဝိဥာဉ်ပုံရိပ်များသည် လုံးဝကို ခုခံနိုင်စွမ်း ကင်းမဲ့နေခဲ့ကြ၏။
ရန်ရီ၏ မျက်ဝန်းအစုံတို့ သည်လည်း ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့လေ၏။ သူတို့အားလုံးကို ဝါးမြိုမည်ဟု မည်သည်
ကြောင့် ရန်ကိုင် ပြောခဲ့မှန်း ယခုမှပင် သူမ နားလည် သွားတော့၏။
ထိုထူးဆန်းသော ရွှေရောင်အလင်းတန်းသည် အသိစိတ်ပင်ကို ရှင်းထုတ်ပစ်၍ မည်သူမဆို စုပ်ယူနိုင်သော သန့်စင်လှသည့် စိတ်စွမ်းအင် အဖြစ် ကူးပြောင်းပေးနိုင်၏။
“ငါမသေချင်သေးဘူး” ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့၏။ သို့သော်ငြား မည်သည့်မျိုးဆက်မှ ရန်မိသားစု အကြီးအကဲချုပ် ဖြစ်သည်ဆိုသည်ကိုမူ မသိခဲ့ရ။ ဝိဥာဉ်ပုံရိပ်များ တစ်ခုပြီးတစ်ခု အသန့်စင်ခံနေရသည်ကို မြင်ရသည့်အခါ သူတို့၏ အတွင်းပိုင်း၌ ဖိနှိပ်ထားသော စိတ်ဆန္ဒရိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး တစ္ဆေတစ်ကောင်ပမာ အော်ဟစ်လျက် ပါးစပ်ကိုဖြဲကာ ရန်ကိုင်ဆီ ပြေးဝင်သွားခဲ့ကြလေ၏။
ရန်ကိုင်ကမူ သနားဂရုဏာနှင့် နောင်တတို့ ရောပြွမ်းနေသည့် အကြည့်ဖြင့်သာ သူတို့အား ပြန်စိုက်ကြည့်လိုက်၏။
“ရပ်လိုက်စမ်း” ရန်ရီက ဒေါသတကြီး အော်ဟစ်လိုက်၏။
ထိုအော်သံကို ကြားသည်နှင့် ရန်ကိုင်ကို သတ်ချင်နေသော ထိုအကြီးအကဲ၏ ဝိဥာဉ်ပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားကာ သူ့မျက်ဝန်းများသည် စိတ်ခံစားချက်မျိုးစုံတို့ဖြင့် လွန်ဆွဲရုန်းကန် နေရလေ၏။ ရန်ကိုင်နှင့် လက်တစ်ကမ်းသာ လိုတော့သော်လည်း ရန်ကိုင်ကိုသာ တွေတွေကြီး စိုက်ကြည့်နေခဲ့ပြီး လှုပ်ရှားခြင်း မပြုခဲ့ချေ။
“နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းလာခဲ့တဲ့ ရန်မိသားစု ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်ချင်နေတာလား” ရန်ရီက မတိုးမကျယ်လေသံဖြင့် လှမ်းပြောလိုက်၏။
ထိုစကားကို ကြားသည်နှင့် မိုးကြိုးအပစ်ခံလိုက်ရသည့်ပမာ ထိုအကြီးအကဲ၏ မျက်ဝန်းအစုံတို့သည်လည်း တစ်ဖန်ပြန်လည် ကြည်လင်လာခဲ့လေ၏။
ထို့နောက် အသံရှည်ဆွဲကာ အော်ဟစ်လိုက်ပြီး ရွှေရောင်မျက်လုံးဆီ ပြေးဝင်သွားလိုက်လေ၏။
ရွှေရောင်အလင်းတန်းသည် သူ၏ ကိုယ်ထက် ကျဆင်းလာခဲ့ပြီး သူ့အသိစိတ်ကို သန့်စင်သွားခဲ့၏။
ကျန်သော ဝိဥာဉ်ပုံရိပ်များသည်လည်း ရွှေရောင်မျက်လုံးစီ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားခဲ့ကြလေ၏။
ရန်ကိုင်သည် နေရာတွင်သာ ရပ်နေ၍ စောင့်ကြည့်နေခဲ့၏။ ထိုအကြီးအကဲများကို တားဆီးဖို့ရာ မကြိုးစားခဲ့။
ရန်ရီလည်း စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ အလျင်အမြန် ပြောလိုက်၏ “အားလုံးကိုယ်စား နင့်ကို ကျေးဇူးတင်ပါတယ်”
ရန်ကိုင်ကို သူမကို ကြည့်၍ တိုးတိုးလေး ပြောလိုက်၏ “ရပါတယ်၊ မလိုပါဘူး”
“ရန်မိသားစုမှာ နင်လိုလူမျိုး ရှိနေမှတော့ ရန်မိသားစုရဲ့ ဒီမျိုးဆက်က တကယ်ကို ထွန်းပေါက်တော့မှာပဲ” ရန်ရီ ပြုံးလိုက်၏။ သူမ၏ အိုးမင်နေသော မျက်နှာသည် ပန်းပွင့်လေး တစ်ပွင့်ပမာ လှပသော မိန်းမလှတစ်ယောက်၏ မျက်နှာအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲ သွားခဲ့လေ၏။
ပိတုန်းရောင် ဆံပင်ရှည်များသည် သူမ၏ ကျောထက် ဝဲကျနေခဲ့၏။ မက်မွန်ရောင် မျက်လုံးဝိုင်းဝိုင်းကြီးများမှ နှစ်လိုဖွယ် စွဲရမက်တို့ ဖြာထွက်နေခဲ့ပြီး ဖြောင့်စင်လှပလှသည့် နှာတံလေးနှင့် လွန်စွာကိုမှ ပနံသင့်လှကာ သင်းရနံ့ထုံသော နီစွေးစွးနှုတ်ခမ်းဖူးလေးနှင့် နှင်းသားပမာ ဖြူဖွေလှသည့် ပါးမို့မို့လေးများသည် သူမ၏ အလှကို ပိုမိုမြိုင်ဆိုင် သွားစေခဲ့၏။ ကျောက်စိမ်းသားပမာ ချောမွတ်၍ နှင်သားပမာ ဖြူဖွေးလှသော သူမ၏ မျက်နှာလေးသည် လွန်စွာကိုမှ နှစ်လို လှပဖွယ် ကောင်းပေသည်။
ရန်ကိုင်သည် ပြောစရာစကား မဲ့နေခဲ့ရလေ၏။
“ဒါက ဒီအဘွားအိုကြီး အရွယ်ကောင်းအချိန်မှ ရှိနေခဲ့တုန်းက ပုံစံပေါ့။ ငါ့ရဲ့ နောက်ဆုံးအခိုက်အတန့်မို့ ဒီပုံစံလေးနဲ့ပဲ ကုန်ဆုံးသွားချင် မိတယ်” ရန်ရီက ပြုံးလိုက်ပြီးနောက် ရုတ်တရက် ခက်ထန်သည့် လေသံဖြင့် “ကောင်စုတ်လေး၊ ဒီအကြောင်းကို လျှောက်ဖွရဲရင် ဒီတစ္ဆေအိုကြီးက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူးနော်”
“ဂျူနီယာမလုပ်ရဲပါဘူး…” ရန်ကိုင်၏ အမူအရာသည် တစ်မျိုးတစ်မည် ထူးဆန်းနေခဲ့လေ၏။
ရန်ရီ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်လေ၏။ သူမ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအသွင် ပြောင်းကာ ရွှေရောင်မျက်လုံးဆီ ပြေးဝင်သွားလေ၏။
ရွှေရောင်မျက်လုံးဆီမှ ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူမအား ထိမှန်သွားခဲ့လေ၏။
စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ရန်ရီ၏ အသိစိတ်လည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေ၏။
ရွှေရောင်မျက်လုံးသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့ပြီး ပင်လယ်လေညင်း တိုက်ခတ်လာခဲ့၏။ အသိစိတ်ပင်လယ်ပင်ထက်တွင်မူ လေးဆယ်ငါးခုသော သန့်စင်လှသည့် စိတ်စွမ်းအင်အစုအဝေးများ ရှိနေခဲ့၏။
ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ထိုစိတ်စွမ်းအင်အားလုံးကို တစ်နေရာတည်း၌ စုစည်းလိုက်၏။
ရန်မိသားစုအနေဖြင့် သူတို့၏ စိတ်ဝိဥာဉ် အမှတ်အသားများကို ထွတ်မြတ်သားရဲလေးကောင် ရုပ်ထုထဲ ထည့်ဖို့ရာ ကြီးစွာသော နာကျင်မှုကို ခံစားခဲ့ရ၏။ မထည့်ခင်စဉ်က ရန်မိသားစု၏ သားစဉ်မြေးဆက်များအတွက် ရည်ရွယ်ခဲ့သော်လည်း သူတို့၏ ဆန္ဒများသည် အချိန်၏ တိုက်စားမှုကို မခံစားနိုင်ခဲ့ချေ။
ရန်မိသားစုသည် မိသားစုခေါင်းဆောင်များကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ရောက်အောင် ကူညီခဲ့ကြ၏။ သူတို့၏ ဆုံးဖြတ်ချက် မှန်ကန်လား၊ မှားယွင်းလား ဆိုသည်ကိုမူ ရန်ကိုင် မဝေဖန်ချင်ချေ။
ခဏအကြာနောက် စိတ်စွမ်းအင် အစုအဝေး ဘေးနားသို့ သွား၍ ထိုင်ချကာ ထိုစိတ်စွမ်းအင်များကို စတင် စုပ်ယူတော့လေ၏။
ထိုစွမ်းအင်တွေထဲ ပါဝင်နေသည့် စိတ်စွမ်းအင်များသည့် လွန်စွာကိုမှ နည်းပါးရာ လျစ်လျူရှူထားရလောက်သည်အထိ နည်းပါးလှ၏။
ရက်စက်ကြမ်းကြုတ်ပြီး အဆုံးမဲ့သော နှစ်အချိန်ကလာ များစွာသည် ရန်မိသားစု ဘိုးဘေးများ၏ ကောင်းကင်စိတ်အာရုံ စွမ်းအင်အား အားနည်းသွားစေ၏။ သူတို့၏ ဝိဥာဉ်ပုံရိပ်ထဲ စွမ်းအင် မည်မျှ ကျန်ရှိဦးမည်နည်း။
ထိုစိတ်စွမ်းအင်များထဲ သူတို့ အထွဋ်အထိပ်ရောက်စဉ်က စွမ်းအင်၏ တစ်ထောင်ပုံတစ်ပုံပင် မရှိမှာ စိုးရပေ၏။
ထိုစွမ်းအင် ပမာဏသည် ဆင်ပါးစပ် နှမ်းပက်သလောက်သာ ရှိ၏။
သို့သော်ငြား ထိုစိတ်စွမ်းအင်ထဲ တည်ရှိနေသည့် ရန်မိသားစု ဘိုးဘေးများ၏ သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုများသည် အကောင်းအတိုင်း တည်ရှိနေသေး၏။
ထိုထိုထွင်းသိမြင်မှုများ သက်သက်နှင့်ပင် ရန်ကိုင် အတော့်ကို အကျိုးအမြတ် ရသွားခဲ့၏။
ရန်ရီပြောခဲ့သလိုပင် တစ်ယောက်ယောက်သာ ဤစွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် မသေမျိုးအဆင့် မတိုင်ခင်အထိ မည်သည့် အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်စဉ်က သူသည် ပထမအဆင့်မှ နောက်တစ်ဆင့် တက်ဖို့ရာ ခဲယဉ်းခဲ့ရ၏။ သူ၏ ကိုယ်ပိုင် စွမ်းအားကြောင့် မဟုတ်ပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပေါ် သူ၏ နားလည်မှုသည် လွန်စွာကိုမှ နိမ့်ကျနေသောကြောင့်ပင် ဖြစ်၏။
ယခု ရန်ကိုင်သည် ရန်မိသားစု ဘိုးဘေးများ၏ ထိုးထွင်း နားလည်မှုများကို စုပ်ယူခဲ့ရာ သူ၏ ထိုးထွင်းနားလည်မှုသည် ပြဿနာ တစ်ခုမဟုတ်တော့ချေ။
မသေမျိုးအဆင့် စွမ်းအင်နှင့် သူတို့၏ အတွေ့အကြုံများနှင့်ပါ ထပ်ပေါင်းလိုက်ရာ အချိန်အတော်ကြာသည်အထိ မည့်သည့် အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ဟု ရန်ကိုင် ခန့်မှန်း တွက်ချက်လိုက်၏။
မသေမျိုးအဆင့်၃ ရောက်သည်အထိ မကြုံတွေ့ရလောက်၏။
ရန်ကိုင် စိတ်အား တက်ကြွသွားခဲ့လေ၏။ ဤသို့ဖြင့် ရန်ကိုင်သည်လည်း ထိုစိတ်စွမ်းအင်များကို အားတက်သရော စုပ်ယူတော့လေ၏။
နှစ်ရက်ကြာပြီးနောက် ရန်ကိုင် မျက်လုံးပွင့်လာခဲ့၏။ သူ့ကျင့်ကြံခြင်း အဆင့် ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် အင်မော်တယ်တက်လှမ်းခြင်း အဆင့်အပေါ် သူ၏ နားလည်မှုသည် ပြိုင်ဘက်ကင်းသည့် အဆင့်ထိ ရောက်ရှိသွားခဲ့လေပြီ။ ၎င်းသည် ရန်မိသားစု ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် ရတနာများ ဖြစ်ပေသည်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်အပေါ် နားလည်သွားရုံမက မသေမျိုးအဆင့်ကိုပါ အတော်အတန် နားလည်နေခဲ့လေပြီ။
ပုံရိပ်တစ်ခုသည် ဝိဥာဉ်အုတ်မြစ် ဘုရားကျောင်း၏ အလယ်တွင် ရပ်နေခဲ့၏။ သူ့နောက်တွင်တော့ ရန်မိသားစု၏ ယခင်မိသားစု ခေါင်းဆောင် ဖြစ်သော ရန်ရင်ဟောင် ရှိနေခဲ့လေ၏။
ရန်ကိုင်က ရန်ရင်ဟောင်ဘက်လှည့်၍ “ဦးလေးကြီး”
“မင်းအောင်မြင်သွားလား” ရန်ရင်ဟောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။
ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်းသည် ရန်မိသားစု ခေါင်းဆောင်များ အတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပေ၏။ မိသားစုခေါင်းဆောင်သာ ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်းမှ အကျိုးအမြတ် မရခဲ့လျှင် ထိုလူသည် မိသားစုခေါင်းဆောင် ရာထူးနှင့် မသင့်တော်ချေ။ ရန်ကိုင်အသိစိတ် သူ့ကိုယ်ထဲသို့ ပြန်ရောက်လာသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ရင်ဟောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၈၉) ခေါင်းဆောင်ရာထူး လွှဲပြောင်းပွဲ
~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကိုင် အောင်မြင်နိုင်လိမ့်မည်ဟု ရန်ရင်ဟောင် ခံစားမိသော်လည်း ထိုနှစ်ရက်အတွင်း မည်ကဲ့သို့သော အရာများ ဖြစ်ပွါးခဲ့သည်ကိုမူ သူမသိချေ။
ရန်ကိုင်က ပြန်၍ ခေါင်းညိတ်ပြလိုက်၏။
ရန်ရင်ဟောင် တုန့်ဆိုင်းနေပုံရ၏။ တစ်ခဏတာမျှ တွေးတော စဉ်းစားပြီးသည့်နောက် ရန်ကိုင်ကို ကြည့်၍ မေးလိုက်၏ “မင်းဘယ်လောက် စုပ်ယူခဲ့လဲ”
“အကုန်လုံးပဲ”
“အကုန်လုံလား” ရန်ရင်ဟောင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ပြီး မယုံကြည်နိုင်သည့် အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့် နေခဲ့လေ၏။
“အဲ့လောက်အများကြီးကို ဘယ်လိုတောင် စုပ်ယူလိုက်တာလဲ” ရန်ရင်ဟောင် လုံးဝကို ထိတ်လန့် တုန်လှုပ်နေခဲ့လေ၏။
သူကိုယ်တိုင်လည်း ဝင်ခဲ့ဖူရား ထိုထဲတွင် မည်ကဲ့သို့သော အခွင့်အရေးနှင့် မည်ကဲ့သို့သော အန္တရာယ်များ ရှိနေသည်ကို သူသိ၏။ သူဝင်သွားခဲ့သည့် အချိန်က သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။ သို့သော်ငြား အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ရန်မိသားစု ဘိုးဘေးနှစ်ယောက်၏ ဝိဥာဉ်ပုံရိပ်ကိုသာ စုပ်ယူနိုင်ခဲ့၏။
ထိုကဲ့သို့ ဆိုလျှင်ပင် သူစုပ်ယူခဲ့သော ဝိဥာည်ပုံရိပ်များ၏ လက်ကျန် အသိစိတ်ကို ရှင်းထုတ်ဖို့ရာ (၂)နှစ်၊ (၃)နှစ်လောက် အချိန်ယူခဲ့ရ၏။
တကယ်တော့ သူတို့၏ သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုများကို စုပ်ယူနေစဉ် အချိန်အတွင်း သူတို့တစ်တွေ ခံစားခဲ့ရသည့် အဆုံးမဲ့သော နှိပ်စက်ညင်းပန်းမှုဒဏ်များ ကဲ့သို့သော ကိုယ်ပိုင်အတွေ့ကြုံများ၊ နာကျင်မှုများ၊ ထိုကဲ့သို့သော အရာများကို ရှင်းထုတ်ပစ်ရပေမည်။ မဟုတ်လျှင် သူတို့၏ စိတ်ကို သက်ရောက်နိုင်ပေ၏။
သူသာ ထပ်မံစုပ်ယူလျှင် သူဆက်တောင့်ခံနိုင်မည် မဟုတ်မှန်း ရန်ရင်ဟောင်သိ၏။ အတင်းအကြပ်သာ ခေါင်းမာမာဖြင့် ဆက်လက် စုပ်ယူမည်ဆိုလျှင် သူကိုယ်တိုင်က အမှိုက်တစ်စ ဖြစ်သွားနိုင်ပေ၏။
သို့သော်ငြား ရန်မိသားစုးဘိုးဘေး အကုန်လုံး၏ ကောင်းကင် စိတ်အာရုံများကို သူစုပ်ယူခဲ့သည်ဟု ရန်ကိုင်က ပြောလာနေခဲ့လေပြီ။
ရန်ရင်ဟောင် မယုံကြည်နိုင်သော်ငြား ယုံကြည်ရပေမည်။
အဘယ်ကြောင့်ဆိုသော် ထွတ်မြတ်သားရဲလေးကောင် ရုပ်ထုသည် အက်ရာတို့ဖြင့် ပြည့်နေခဲ့သောကြောင်ပင် ဖြစ်၏။ ထိုကဲ့သို့ ဖြစ်လာခြင်းသည် ထိုလေဟာနယ် နေရာလွတ်သည် ဆက်လက်၍ မတည်ရှိတော့ဟု ညွှန်းဆိုလိုက်ခြင်း ဖြစ်သလို ရန်မိသားစု ဘိုးဘေးများ၏ ကောင်းကင်စိတ်အာရုံ အကုန်လုံးသည်လည်း စုပ်ယူခံလိုက်ရပြီဟု ဆိုလိုလိုက်ခြင်း ဖြစ်၏။
ထွတ်မြတ်သားရဲလေးကောင် ရုပ်ထုကို ပြန်လည် ပြင်ဆင်နိုင်မည့် တစ်ခုခုကိုသာ ရှာမတွေ့သရွေ့ ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်းသည် ရန်မိသားစုအတွက် ဆက်လက်၍ အသုံးဝင်တော့လိမ့်မည် မဟုတ်ချေ။
ရန်ရင်ဟောင် မျက်နှာထက် ရှုပ်ထွေးသည့် အကြည့်တို့ ရှိနေခဲ့၏။ ရန်ကိုင်ကို ကြည့်သည့် သူ့အကြည့်ထဲ လေးစားသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့၏။
ထိုကဲ့သို့သော် အကြည့်မျိုးသည် အကြီးအကဲ တစ်ယောက်မှ လူငယ်မျိုးဆက် ဂျူနီယာတစ်ယောက်အား ထုတ်ဖော်ပြသည့်သည့် အကြည့်မျိုး မဟုတ်သော်လည်း ရန်ရင်ဟောင် အနေဖြင့် ဖုံးကွယ်ဖို့ရာ မတတ်နိုင်ခဲ့ချေ။
သူ့ကျင့်ကြံခြင်းသည် ယခုအချိန်၌ ရန်ကိုင်ထက် မြင့်နေသော်ငြား အချိန်တွေ ကြာလာသည်နှင့် ရန်ကိုင်သည် သူမတက်လှမ်းနိုင်သည့် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါကျ ရန်ကိုင်သည် ကောင်းကင်တိမ်ယံထက် ရပ်၍ သေမျိုးအားလုံးအာ စီး၍ ကြည့်ပေလိမ့်မည်။
“ရန်မိသားစုရဲ့ အုတ်မြစ်ကို ဖျက်စီးလိုက်မိလို့ တောင်းပန်ပါတယ်။ ဒီအတွက် နောက်ပိုင်းကျ လျော်ကြေးပြန်ပေးပါ့မယ်” ထွတ်မြတ် သားရဲလေးကောင် ရုပ်ထု ပျက်စီးသွားသည်ကို သတိပြုမိသည်နှင့် ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၍ ပြောလိုက်လေ၏။
“မလိုပါဘူး၊ ဒါက ရန်မိသားစု ခေါင်းဆောင်တွေ အတွက်ပါ” ရန်ရင်ဟောင်က ခေါင်းခါရမ်း၍ ပြန်ပြောလိုက်လေ၏ “မိသားစုခေါင်းဆောင်၊ ရန်မိသားစု ကောင်းကင်ဘုံသို့ ကန်တော့ခြင်း စင်မြင့်မှာ ကျင်းပမယ့် ရာထူးလွှဲပြောင်းခြင်း အခမ်းအနားက အဆင်သင့် ဖြစ်နေပြီ။ ကျုပ်တို့အားလုံး မိသားစုခေါင်းဆောင်ကို အစကတည်းက စောင့်နေခဲ့ကြတာပါ”
“အို” ရန်ကိုင် မျက်ခုံးပင့်လိုက်၏။ အချိန်တွေက ပြောင်းလဲသွားကုန်ခဲ့လေပြီ။ ယခင်က စောင့်ခဲ့ရသူသည် သူဖြစ်ခဲ့သော်လည်း ယခုမူ အခြားသူများက သူ့အား စောင့်နေခဲ့ရ၏။ “အဲ့လိုဆိုတော့လည်း သွားကြတာပေါ့။ သူတို့တွေကို အကြာကြီး စောင့်ခိုင်းလို့ မဖြစ်ဘူးလေ”
ရန်ရင်ဟောင် အသာအယာ ခေါင်းညိတ်လိုက်ပြီး ရှေ့ကနေ ဦးဆောင် သွားလိုက်လေ၏။
ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်း အပြင်ဘက်…
ရန်ရင်ဖုန်းနှင့် အကြီးအကဲသုံးယောက်တို့ မရှိတော့ချေ။ နတ်ဆိုးအိုကြီး တစ်ယောက်သာ ရှိတော့၏။
ရန်ကိုင် ဘေးကင်းကင်းနှင့် ပြန်ထွက်လာသည်ကို မြင်သည်နှင့် နတ်ဆိုးအိုကြီးက အဓိပ္ပါယ်ပါပါ ပြုံးဖြီးလိုက်၏။
ရန်မိသားစုသည်ကောင်း ကောင်းကင်ဘုံကို ပူဇော်ပသနေလေပြီ.
လွန်ခဲ့သော (၂)နှစ်၊ ရန်မိသားစု အမွေခံတိုက်ပွဲ ကျင်းပသည့် အချိန်အခါက ရန်မိသားစု၏ လူငယ်မျိုးဆက် ရှစ်ယောက်သည် အတူတကွ စုဝေး၍ ရန်ရင်ဟောင်၏ မိန့်ခွန်းစကားကို နားထောင်ပြီးနောက် စစ်ပွဲမြို့တော်ဆီသို့ တိမ်သွားမြင်းများစီ၍ ခရီးနှင်ခဲ့ကြလေ၏။
(၂)နှစ်ကြာပြီးသည့်နောက် မိသားစုကြီး(၇)ခုစလုံး စုဝေးကြမည့် ရာထူးလွှဲပြောင်းမည့် အခမ်းအနားကို ထိုနေရာမှာပဲ တစ်ဖန်ပြန်လည် ကျင်းပကြတော့ပေမည်။
ရန်ကိုင် ရောက်သွားသည့်အခါ အားလုံး အဆင်သင့် ဖြစ်နေခဲ့လေပြီ။ “ရန်မိသားစုခေါင်းဆောင် ရောက်ရှိလာပြီ” ဟူသော အော်ဟစ်သံနှင့်အတူ အားလုံး မတ်တပ်ရပ်လိုက်ကြပြီး လေးလေးစားစား နှုတ်ဆက်လိုက်ကြ၏။
ရန်ကိုင်က စင်မြင့်ထက်သို့ ခပ်မြန်မြန် လမ်းလျှောက်သွားလိုက်ပြီး ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်၍ ပြောလိုက်၏ “ဂျူနီယာက ရန်မိသားစုခေါင်းဆောင် ဆိုပေမယ့် အခမ်းအနားရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားမလည်တဲ့အတွက် ဒီအခမ်းအနားကို ဦးလေးကြီးကပဲ ဦးဆောင် ကျင်းပလိမ့်မယ်”
ဒီရာထူးလွှဲပြောင်းပွဲ အခမ်းအနားကို ရန်ကိုင်အနေဖြင့် တာဝန်ယူ ဆောင်ရွက်ဖို့ရာ မဖြစ်နိုင်ချေ။ ဤအခမ်းနားသည် လူ(၇)ယောက်အတွက် အဓိကအခမ်းအနားကြီး တစ်ခုဖြစ်၏။ သူသာ မည်သည်ကိုမှ နားမလည်၊ မသိပဲ သဘာပတိအဖြစ် ဆောင်ရွက်လျှင် မိမိကိုယ်ကို အရူးလုပ်သလိုသာ ဖြစ်သွားပေလိမ့်မည်။
ရန်ရင်ဟောင်က အသာအယာ ခေါင်းညိတ်၍ ချက်ချင်းဆိုသလို စင်မြင့်ပေါ် တက်သွားလိုက်၏။
ရန်ရင်ဟောင် မိန့်ခွန်းစပြောသည့်အခါ ရန်ကိုင်က နောက်ဆုတ် နေလိုက်ပြီး ချူရီမန်၊ ကျန်သူများ၏ အခြေအနေကို မေးမြန်းလိုက်၏။
“နင်ဘယ်လို ခံစားရလဲ” ရန်ကိုင်က သူ့ရဲ့နောက်လိုက်များကို ကြည့်၍ အပြုံးလေးဖြင့် မေးလိုက်၏။
“စိတ်မသက်မသာ ဖြစ်လွန်းတယ်ကွာ” ဟော်ရှင်းချန်က အထင်အမြင် သေးသေးဖြင့် “ဒီသခင်လေး မဟုတ်တဲ့ အခြား တစ်ယောက်က ဟော်မိသား ခေါင်းဆောင် ဖြစ်လာတယ် ဆိုတဲ့ အကြောင်း တွေးလိုက်ရုံနဲ့တင် ငါ့နှလုံးသားလေး ကိုက်ခဲလာရတယ်ကွာ”
“မင်းက အဲ့ရာထူးနဲ့ တကယ်ကို မကိုက်ဘူး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။
“ရန်ကိုင်၊ ကျေးဇူးပဲ” ချူရီမန်က ရုတ်တရက် ဝင်ပြောလိုက်၏။
“ဘာတွေ လာကျေးဇူးတင်နေတာလဲ” ရန်ကိုင်က ချူရီမန်ကို ခေါင်းလေးစောင့်ကြည့်၍ မေးလိုက်လေ၏။
“တုံးချင်ယောင် ဆောင်မနေနဲ့။ နင့်ဆီ လာပူးပေါင်းတဲ့ အင်အားစုတွေကို လက်ခံလိုက်တာက မိသားစုကြီးရှစ်ခုကို ဖိအားပေးပြီး အညံ့ခံခိုင်းဖို့မှန်း နင်ရောငါရော သိတယ်” ချူရီမန်က ‘ငါသိနေပါတယ်’ ဟူသော အပြုံးလေးနှင့် “အခြားသူတွေ အမြင်မှာတော့ နင်က အင်အား စုဆောင်းနေတယ်ပေါ့။ ဒါပေမယ့် နင်က အခုလိုဖြစ်လာအောင် လုပ်လိုက်တာမှန်း ငါသိတယ်”
ရန်ကိုင် ကြောင်သွားခဲ့ပေမယ့် ပြန်ပြီးတော့ မငြင်းခဲ့ချေ။ “ဒီအတွက် အကြောင်းပြချက် ရှိသေးတယ်”
“ငါက ချူမိသားစုရဲ့ မိသားစုခေါင်းဆောင် ရာထူးကို အမြဲတမ်း ဆက်ခံချင်ခဲ့တာ။ အခု ငါလိုချင်တဲ့ ရည်မှန်းချက်ကို ရရှိခဲ့ပြီလေ။ ဒါကြောင့် ငါနင့်ကို ကျေးဇူးတင်ချင်တာပေါ့” ချူရီမန်က ခံစားချက်တို့ သက်ဝင်နေသည့် မျက်နှာထားလေးဖြင့် “ပြော၊ ကျေးဇူးတင် လက်ဆောင် အဖြစ် ဘာလိုချင်လဲ။ ငါ့ကိုလိုချင်ရင်လည်း ရတယ်နော်”
ဟော်ရှင်းချန်နှင့် ကျန်သူအားလုံး ထိတ်လန့်သွားခဲ့ပြီး ချူရီမန်ကို ထူးထူးဆန်းဆန်း ငေးစိုက်ကြည့်လိုက်၏။
မန်ရှန်းရီမှာ ချောင်းတဟွတ်ဟွတ် ဆိုးတော့လေ၏။ သူ့မျက်နှာ တစ်ခုလုံး ဖြူလျော်နေခဲ့ပြီး အသက်မရှူတမ်း ပြောလိုက်လေ၏ “ချူရီမန်၊ နင်က ချူမိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်နေပြီနော်။ လူမြင်ကွင်းမှာ အခုလို စကားမျိုးပြောတာ နင့်အတွက် မကောင်းဘူး။ နင်တို့ ချူမိသားစုရဲ့ ဂုဏ်သတင်းကို ထိခိုက်သွားစေနိုင်တယ်”
“မန်ရှန်းရီ၊ မင်းရဲ့ ဒဏ်ရာ မပျောက်သေးဘူးလား” ယခုကဲ့သို့ ခေါင်းစဉ်ပြောင်းပေးတဲ့ မန်ရှန်းရီကို ရန်ကိုင်က ကျေးဇူးတင်တကြီး ကြည့်လိုက်၏။
မန်ရှန်းရီက ခါးခါးသီးသီး ပြုံလိုက်ပြီး “ဒီတစ်သက် ဒီဒဏ်ရာကို ကုလို့ရမယ်တော့ မထင်ပါဘူးကွာ”
မန်ရှန်းရီသည် အဆိပ်ဘုရင်၏ အဆိပ်ငွေ့နှင့် ယင်တစ္ဆေဘုရင်၏ ယင်စွမ်းအား သက်ရောက်ခြင်း ခံလိုက်ရပြီး အသက်ရှင်လျက် ထွက်ပြေး လွတ်မြောက်ခဲ့သော်ငြား နှစ်ဝက်လောက် အိမ်ရာထဲ လှဲနေခဲ့ရ၏။ ယနေ့ အခမ်းအနားကြောင့်သာ မဟုတ်လျှင် မန်ရှန်းရီသည်လည်း ဤနေရာ၌ ရှိနေလိမ့်မည် မဟုတ်ချေ။
ရန်ကိုင် မျက်မှောင်ကြုံလိုက်ပြီး တစ်ခဏလောက် စဉ်းစားလိုက်ကာ တိုးတိုးလေး ပြောလိုက်လေ၏ “ပါးစပ်ဟလိုက်”
“အာ” မန်ရှန်းရီ သင်္ကာမကင်း ဖြစ်သွားခဲ့၏။
ထို့နောက် ရန်ကိုင် သူ့ပါးစပ်ထဲ တစ်ခုခု ပစ်ထည့်လိုက်သည်ကို ခံစားမိလိုက်ပြီး သူလည်း ထိုအရာကို အလိုလို မျိုချမိလိုက်၏။ နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုသည် သူ့ရင်ဘတ်မှတစ်ဆင့် သူ့ကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး အားအင်တို့ ပြည့်ဝလာသလို ခံစားလိုက်ရကာ သူ၏ ဖြူလျော်နေသော မျက်နှာသည်ပင် နှင်းဆီရောင် သန်းလာခဲ့လေ၏။
မန်ရှန်းရီ မျက်နှာထက် အပြုံးပန်းတို့ ပွင့်လန်းဖြာဝေသွားခဲ့ပြီး လက်သီးဆုပ်ကာ “ညီအစ်ကိုရန်ကို ကျေးဇူးတင်ပါတယ်”
ရန်ကိုင်က ပြုံးကာ ခေါင်းသာ ခါရမ်းလိုက်ပြီး ပြန်လည် ပြောဆိုခြင်း မပြုခဲ့ချေ။
ထိုအချိန်မှာပဲ ရန်ရင်ဟောင်လည်း မိန့်ခွန်း ပြောကြားပြီးသွားခဲ့ကာ အော်ပြောလိုက်၏ “အခမ်းအနားကို ကျုပ်ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်မယ်။ စလိုက်တော့”
ဆိုင်းသံဗုံသံတို့ ခြိမ့်ခြိမ့်ညံသွားခဲ့ပြီး သီးချင်းသံတို့ ပျံ့လွင့်လာခဲ့လေသည်။
ရန်ကိုင် နှုတ်ခမ်းထောင့်စွန်းအစုံသည် ထူးဆန်းသည့် အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားခဲ့ပြီး တောင်ဘက် ကောင်းကင်ယံရှိရာ အရပ်ဆီ လှမ်း၍ မော့ကြည့်လိုက်လေ၏။
ဆိုင်းသံဗုံသံတို့နှင့်အတူ တောင်ဘက်အရပ်ဆီမှ ပုံရိပ်အချို့သည် သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့နေခဲ့ပြီး အားလုံး၏ စိတ်ထဲ တုန်လှုပ်ချောက်ချားမှုတို့ ပျံ့နှံ့လာခဲ့လေ၏။
“ထင်တဲ့အတိုင်းပဲ” ချူရီမန်က ရန်ကိုင်ဘေးတွင် ရပ်လျက် တောင်းအရပ်ဆီသို့ ငေးကြည့်နေခဲ့၏။
“သူတို့လာခဲ့ပြီ” ရန်ကိုင်က အေးစက်စက်ဖြင့် နှာခေါင်း ရှုံ့လိုက်လေ၏။
ဗုံသံတို့ ဆက်လက် မည်ဟည်းနေခဲ့သော်လည်း မိသားစုကြီး ရှစ်ခုမှ လက်ရွေးစင်များကမူ ဖြစ်လာတော့မည် တိုက်ပွဲအတွက် အားအင် စုဆောင်းထားကြလေ၏။ အားလုံး၏ မျက်နှာထက် တိုက်ခိုက်လိုစိတ် တို့ဖြင့် ပြည့်နေခဲ့လေ၏။
တောင်အရပ်ဆီမှ လူများသည် ဤနေရာရှိ လူများကို မကြောက်သည့် အလား လျင်မြန်စွာ ပျံသန်းမြဲ ပျံသန်းနေခဲ့၏။
ဝိဥာဉ်အုတ်မြစ် ဘုရားကျောင်းတွင် ရှိကတည်းမှပင် ယခုကဲ့သို့ ဖြစ်လာမည်ဟု မျှော်မှန်းထားခြင်း ဖြစ်၏။
ရာထူးလွှဲပြောင်း အခမ်းအနားသည် ဟန်ပြသာ ဖြစ်ချေ၏။ တကယ့် ရာထူးလွှဲပြောင်းပွဲကို မနေ့ညကတည်းကပင် တိတ်တဆိတ် ကျင်းပ ပြီးစီးသွားခဲ့ပြီဖြစ်၏။
တစ်နည်းဆိုရသော် ချူရီမန်နှင့် ကျန်သူများသည် သူတို့ မိသားစု အသီးသီး၏ မိသားစုခေါင်းဆောင်များ ဖြစ်နေခဲ့ကြလေပြီ။
လူငယ်မျိုးဆက်များသည် မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်များ ဖြစ်လာပြီဖြစ်ရာ ရန်ကိုင်နှင့် တရာဝင်မဟာမိတ်ဖွဲ့ခြင်းကို ပြီးစီးသွားပြီ ဖြစ်ကြောင်း ကိုယ်စားပြုလိုက်သည်နှင့် အတူတူပင်ဖြစ်၏။ တိမ်မိစ္ဆာနယ်မြေသာ ယခု မလှုပ်ရှားလျှင် ယနေ့ အခမ်းအနား ပြီးသည်နှင့် ရန်ကိုင်သည် ဗဟိုမြို့တော်၏ လက်ရွေးစင် တပ်သားများကို ဦးဆောင်၍ တိမ်မိစ္ဆာနယ်မြေဆီ ချီတက်ပေလိမ့်မည်။
လက်ဦးမှု ရယူခြင်းသည် အမြဲလိုလို အသာရ၏။ ၎င်းသည် လူတိုင်း သိသည့်အချက်ပင် ဖြစ်သည်။
ထို့ကြောင့် ဤအခမ်းအနားသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ရန်ပိုင် သိသော်ငြား သူ့အနေနဲ့ မလှုပ်ရှား၍ မရချေ။
တစ်ခဏအတွင်းမှာပင် မိစ္ဆာဘုရင်ခြောက်ယောက် အားလုံးရှေ့ ထွက်ပေါ်လာခဲ့၏။ ထိုခြောက်ယောက်သည် ဆဠဂံပုံစံဖြင့် လေထဲတွင် ဝဲနေခဲ့၏။ အားလုံး မျက်နှာထက် လှောင်ရိပ်တို့ သန်းနေခဲ့ပြီး တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့ဆီမှ ဝါးလုံးကွဲ ရယ်မောသံတို့ ထွက်ပေါ်လာခဲ့လေ၏။ သူတို့၏ ရယ်သံကြောင့် အဆင့်နိမ့် ကျင့်ကြံသူများ၏ သွေးနှင့်အစစ်အမှန်ချီတို့ ကသောင်းကနင်း ဖြစ်သွားခဲ့ရ၏။
“မိစ္ဆာဘုရင်ခြောက်ပါးလား” ရန်ရင်ဟောင်က ထိုခြောက်ယောက်ကို မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်လိုက်သလို ကျန်သူအားလုံးသည်လည်း ထိုခြောက်ယောက်အား မုန်းတီးစိတ် အပြည့်ဖြင့် စိုက်ကြည့်နေကြ၏။
ယင်တစ္ဆေဘုရင်လက်ထဲတွင် ကိုင်ထားသည့် လူနှစ်ယောက်အား ရီကွမ်းရန်နှင့် ခန်ရူတို့ လှမ်းကြည့်လိုက်၏။
ထိုနှစ်ယောက်သည် လွန်ခဲ့သော နှစ်ဝက်တုန်းက ဖမ်းဆီးသွားခြင်း ခံခဲ့ရသည့် ရီရှင်းရို့နှင့် ခန်ကျန်းတို့ပဲ ဖြစ်ပေသည်။
ယခုအချိန်၌ ထိုနှစ်ယောက်၏ အဝတ်အစားများသည် စုတ်ပြဲ၊ စုတ်ပြတ် နေခဲ့ပြီး သူတို့၏ အစစ်အမှန်ချီသည်လည်း လုံးဝကို ပျောက်ကွယ် သွားခဲ့လေပြီ။ နှစ်ယောက်စလုံးသည် သာမန်လူနှင့် မခြားတော့ချေ။
လွန်ခဲ့သော နှစ်ဝက်အတွင်း ထိုနှစ်ယောက်သည် လူမဆန်သော နှိပ်စက်ညင်းပန်းမှုဒဏ်ရာကို ခံစားခဲ့ရသည့်ပုံပင်။
သူ့လက်ထဲတွင် ကိုင်ထားသော လူနှစ်ယောက်အား ငေးကြည့်နေသည့် အကြည့်များကို ခံစားမိသည်နှင့် ယင်တစ္ဆေဘုရင်က အော်ဟစ်ရယ်မောလိုက်ပြီး “မိသားစုကြီးရှစ်ခုရဲ့ ခေါင်းဆောင်ရာထူး လွှဲပြောင်းပွဲပါလား၊ ဒီလောကကြီးမှာ အကြီးအကျယ် အခမ်းနားဆုံး ပွဲလို့ ပြောရင်တောင် မှားမှာမဟုတ်တဲ့ ပွဲပါလား။ အရှင်သခင်က မင်းတို့ဆီ လက်ဆောင် ပို့ပေးလိုက်တာ။ အားလုံး ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ခံလိုက်ကြနော်”
ပြောပြီးသည်နှင့် ရီရှင်းရို့နှင့် ခန်းကျန်းကို အောက်သို့ လွင့်ပစ်ချ ပေးလိုက်၏။
ရီကွမ်းရန်နှင့် ခန်ရူတို့သည် ပြိုင်တူအော်ဟစ်၍ ရီရှင်းရို့နှင့် ခန်ကျန်းတို့အား ပြေးဖမ်းလိုက်ကြ၏။
“မလုပ်နဲ့” ရန်ရင်ဟောင်က လှမ်းအော်ပြောလိုက်၏။
တစ္ဆေဘုရင်သည် လွန်စွာကိုမှ ကောက်ကျစ်ဥာဏ်များသူ ဖြစ်ရာ ထိုနှစ်ယောက်က ဤအတိုင်း ပြန်ပေးလိုက်လိမ့်မည် မဟုတ်ချေ။ ထိုနှစ်ယောက်၏ ခန္ဓာကိုယ်အား သူတစ်ခုခု ထုပ်ထားတာပဲ ဖြစ်ရပေမည်။
သို့သော်ငြား ရီရှင်းရို့နှင့် ခန်ကျန်းအား ရီကွမ်းရန်နှင့် ခန်ရူတို့ ဖမ်းမိလိုက်သည့်အချိန်၌ ဘာဆိုဘာမျှ ဖြစ်မလာခဲ့ချေ။ နှစ်ယောက် စလုံးသည် သူတို့၏ ဝိဥာဉ်ကို ဆုံးရှုံးလိုက်ရသည့်အလား မှိုင်းတိုင်းတိုင်းနှင့် ရှိနေခဲ့၏။ သူတို့ဆီမှ မည်သည့် ယွမ်ချီကိုမှ မခံစားရတော့ချေ။ နှစ်ယောက်စလုံးသည် အသက်ရှူနေသော အလာင်းကောင်းများနှင့်ပင် တူနေသေး၏။
ရီကွမ်းရန်နှင့် ခန်ရူတို့သည် ထိုနှစ်ယောက်အား အသေအချာ စစ်ဆေးကြည့်လိုက်သော်လည်း ပုံမှန်မဟုတ်သော တစ်ခုတစ်လေကိုမှ မတွေ့ခဲ့ပေ။ သို့သော်ငြား သတိမမဲ့ရဲ။ ထိုနှစ်ယောက်အား သူတို့၏ မိသားစု အသီးသီးဆီ ပြန်ပေးလိုက်၍ “သူတို့နှစ်ယောက်ကို အခြားတစ်နေရာဆီ ခေါ်သွားပြီး ပိတ်ထားလိုက်”
ပြောပြီးသည်နှင့် မိစ္ဆာဘုရင်ခြောက်ပါးအား မော့ကြည့်လိုက်၏။
“ရီမိသားစုခေါင်းဆောင်နဲ့ ခန်မိသားစုခေါင်းဆောင်တို့က တကယ်ကို သတိရှိတဲ့ လူတွေပါပဲလား” တစ္ဆေဘုရင်က လှောင်ပြုံးပြုံးလျက် ထေ့ငေါ့ ပြောဆိုလိုက်၏။
“သောက်ပိုတွေ လာပြောမနေနဲ့။ မင်းတို့က ဒီနေရာဆီလာပြီး လူလုံးထွက်ပြရဲမှတော့ ငါတို့ကလည်း ကောင်းကာင်းကြီး ကြိုဆိုပေးလိုက်ရတာပေါ့” ရီကွမ်းရမ်က အော်ဟစ်ပြောဆိုလိုက်၏။
မိစ္ဆာဘုရင်ခြောက်ပါးရှေ့ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထိုလူ မည်သူဆိုသည်ကို သိပြီးသည်နျင့် အားလုံး သွေးဆုတ်ဖြူလျော် သွားခဲ့လေ၏။
မိစ္ဆာအရှင်သခင် ရန်ပိုင်…
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅90) တိုက်ကြ…
~~~~~~~~~~~~~~~~~~~~~~~~~
သူမည်ကဲ့သို့ ပေါ်လာသည်ကို မည်သူမှ မသိခဲ့ကြ။ သူရှိနေခဲ့လျှင်ပင် သူ့ဘာသာသူ ကိုယ်ထင်ပြဖို့ရာ မဆုံးဖြတ်သရွေ့ မည်သူကမှ သူ၏ တည်ရှိမှုအား ရှာတွေ့နိုင်လိမ့်မည် မဟုတ်။
“မင်းတို့ မိသားစုခေါင်းဆောင်ကြီး နှစ်ယောက်က တကယ်ကို ဖြောင့်မတ်မှန်ကန်တာပဲ။ ငါဒီနေ့ တိုက်ခိုက်ဖို့အတွက် လာခဲ့တာ မဟုတ်ဘူး” ရန်ပိုင်က လူအုပ်ကြီး ဝေ့ကြည့်၍ ပြောလိုက်၏။
“တိုက်ခိုက်ဖို့ မဟုတ်ဘူးလား” ရန်ရင်ဟောင်က အေးစက်စက် လေသံဖြင့် “ကဲ ဒါဆိုရင် နတ်ဆိုးအရှင်သခင်နဲ့ မိစ္ဆာဘုရင်ခြောက်ပါး ကြွရောက်လာရတဲ့ အကြောင်းအရင်းလေး ဆိုစမ်းပါဦး”
ရန်ပိုင်က ပြန်ပြောလိုက်၏ “စကားပြောဖို့လေ”
“စကားပြောဖို့လား” အားလုံး၏ အမူအရာ ထူးဆန်းသွားခဲ့လေ၏။ ရန်ပိုင်ပါးစပ်မှ ထိုကဲ့သို့သော စကားလုံးများ ထွက်လာလိမ့်မယ်လို့ သူတို့ထဲ မည်သူမှ ထင်မှတ်မထားခဲ့ချေ။
သို့သော်ငြား ရန်ပိုင်က သူတို့၏ ကိုးယိုးကားယား မျက်နှာ အမူအရာများကို လျစ်လျူရှု၍ ရန်ကိုင်အပေါ်မှာသာ အာရုံစိုက်လိုက်၏။ ရန်ကိုင်အား သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းထဲ လေးနက်တည်ကြည်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အလျင်အမြန်ပဲ လှမ်းခေါ်လိုက်၏ “ဂိုဏ်တူတူလေး၊ ငါတို့မတွေရတာတောင် တော်တော်လေး ကြာသွားခဲ့ပြီနော်”
“ဂိုဏ်းတူဦလေး၊ ကျုပ်တို့ မတွေ့ခဲ့တဲ့ နောက်ပိုင်း ကောင်းကောင်း မွန်မွန်နဲ့ ရှိနေလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”
ရန်ပိုင်က အသာအယာ ခေါင်းညိတ်လိုက်၍ “မင်းရဲ့ ဂိုဏ်းတူဦးလေးက မင်းကို အထင်သေးမိသွားတာပဲ။ တစ်နေ့ကျ မင်းက ငါ့ရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ဒီနေ့လိုမျိုး ဖြစ်မြောက်အောင် လုပ်ဖို့အတွက် ဂိုဏ်းတူတူလေး တော်တော့်ကို ကြိုးစားအားထုတ်ခဲ့တာပဲ”
“ဂိုဏ်းတူဦးလေးက ကျုပ်ကို အထင်တွေ ဇွတ်ကြီးနေတာပဲ။ သူရဲကောင်းတွေဆိုတာ ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့အချိန်မှ ထွက်ပေါ်လာလေ့ရှိတာလေ။ ဂိုဏ်းတူတူလေးကသာ ကျုပ်ရဲ့ စွမ်းရည်တွေကို ပြသခွင့်ရအောင် လုပ်ပေးတဲ့ ဂိုဏ်းတူဦးလေးကို ကျေးဇူးတင်သင့်တာ”
“ငါတို့အားလုံးက မိသားစုတစ်ခုတည်းပဲလေ။ အခုလိုမျိုး ကျေးဇူးတင်စရာ မလိုပါဘူး” ပါးစပ်က ယဉ်ယဉ်ကျေးကျေး ပြောနေသော်ငြား မျက်နှာကမူ တိမ်ညိုတိမ်မည်းတို့ဖြင့် မှိုင်ညို့အုံ့ဆိုင်း နေခဲ့လေ၏။ သူ၏ နည်းလမ်းနှင့် တွက်ချက်မှုများသည် ကောင်းမွန် ခဲ့သော်ငြား ယခုတစ်ကြိမ်တော့ မှားယွင်း တွက်ချက်မိသွားခဲ့လေ၏။ ရန်ကိုင်လို လူငယ်လေးတစ်ယောက်က လေ၊မိုးကို ဆင့်ခေါ်နိုင်တဲ့အထိ အစွမ်းထက်လာပြီး သူကိုယ်တိုင် ထွက်ပေါ်လာရတဲ့အထိ တွန်းအား ပေးနိုင်လိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ချေ။
“ဂိုဏ်းတူတူလေး၊ ဒီနေ့၊ ဂိုဏ်းတူဦးလေးက မင်းနဲ့ စကားပြောချင်တယ်” ရန်ပိုင် အမူအရာ လေးနက်သွားခဲ့ပြီး “မင်းစုဆောင်းထားတဲ့ အင်အားစုတွေရဲ့ ခွန်အားက ငါတို့ ထွတ်မြတ် နယ်မြေထက် ကျော်လွန်တယ် ဆိုပေမယ့် တကယ်တမ်းသာ တိုက်ခိုက် ကြမယ်ဆိုရင် လူဘယ်လောက်များများ သေကြေမလဲဆိုတာ မင်းသိလား။ ဒီနေ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြရင် မကောင်းဘူးလား”
“ကောင်းတယ်လေ” ရန်ကိုင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “ဂိုဏ်းတူဦးလေးက ငြိမ်းချမ်းရေး ယူချင်မှတော့ ဂိုဏ်းတူတူလေးက သဘောမတူပဲ ဘယ်နေလို့ ဖြစ်ပါ့မလဲ။ ဂိုဏ်းတူဦးလေးလို ပညာရှင် တစ်ယောက်နဲ့ ဂိုဏ်းတူတူလေးလည်း ရန်သူတွေ ဖြစ်မလာချင်ပါဘူး”
“ဂိုဏ်းတူတူလေးက တကယ်ကို တွေးတတ်တာပဲ” ရန်ပိုင်က ရယ်မောလိုက်၏။
ရုတ်တရက် ရန်ကိုင်၏ အမူအရာ အေးစက်သွားခဲ့ပြီး ဆက်ပြောလိုက်၏ “ဒါပေမယ့် စကားမပြောခင် ဂိုဏ်းတူဦးလေးရဲ့ ဦးခေါင်းကို ကျုပ်ဆီ အရင်ပေးလို့ရမလား။ ဆရာဖိုးဖိုးနဲ့ ကျုပ်အဖေက ဂိုဏ်းတူဦးလေးရဲ့ ဦးခေါင်းကို တော်တော်လေး စိတ်ဝင်စားနေတာ”
“ရိုင်းလိုက်တာ” တိုက်တန်ခွန်အားဘုရင်က အော်ဟစ်လိုက်၍ “မင်းလို ခွေးသူတောင်းစား ကောင်စုတ်ကများ…”
သူပြောလို့ မပြီးသေးခင်မှာပဲ ရန်ပိုင်က သူ့လက်ကို မြှောက်၍ တားလိုက်၏။
ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် ရန်ပိုင်က သက်ပြင်းချ၍ ပြောလိုက်လေ၏ “ဂိုဏ်းတူတူလေးက ငါနဲ့ ရန်သူဖြစ်ဖို့ လုံးဝကို စိတ်ပိုင်းဖြတ်းထားတဲ့ပုံပဲ”
သူ့အမူအရာက ရန်ကိုင်၏ ဆုံးဖြတ်ချက်ကြောင့် တော်တော်လေး နောင်တရ၊ ဝမ်းနည်းနေသည့် ပုံပင်။
“ဂိုဏ်းတူတူလေး၊ မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် မရေမတွက်နိုင်တဲ့ လူဘယ်လောက်များများ သေကြေပျက်စီးရမလဲ ဆိုတာကို မင်းသိလား။ သေသေချာချာ တွေးဖို့ ငါမင်းကို အကြံပေးချင်တယ်” ရန်ပိုင်က နောက်ဆုံး အကြိမ်အဖြစ် ထပ်ပြောလိုက်၏။
“ကျုပ်ကို အဲ့မေးခွန်း လာမမေးသင့်ဘူး။ မိသားစုကြီး ရှစ်ခုက လူတွေကို သွားမေးသင့်တယ်။ သူတို့သာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်တယ် ဆိုရင် ကျုပ်ဘက်ကလည်း ဘာမှ ကန့်ကွက်စရာ မရှိဘူး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်အော်ပြောလိုက်လေ၏။
ရန်ပိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “အဲ့လိုဆိမှတော့ ထပ်ပြီး ပြောနေစရာ မလိုတော့ဘူးပေါ့”
ပြောပြီးသည်နှင့် နှစ်ဖက်အဖွဲ့ကြားမှ အခြေအနေ ရုတ်တရက် တင်းမာလာခဲ့လေ၏။
ရန်ကိုင်က ရန်ပိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လျက် အော်ဟစ် အမိန့်ပေးလိုက်၏ “တိုက်ကြ”
မိသားစုကြီးရှစ်ခုမှ ပညာရှင်များ ပြေးထွက်သွားခဲ့ကြပြီး လူအုပ်ကြီးထဲ ပုန်းအောင်းနေသည့် ရန်ကိုင်စံအိမ်မှ ပညာရှင်များလည်း လှုပ်ရှားလိုက်ကြလေ၏။ သွေးစစ်သည်တော်(၁၃)ယောက်၊ လူစီ၊ လီယွမ်ချွန်၊ လင်းတိုင်ရှုနှင့် ရန်ကိုင်စံအိမ်ဆီသို့ လာရောက်ခိုလှုံခဲ့သည့် မသေမျိုးအဆင့် ပညာရှင် (၁၀)ယောက်တို့သည့် မိစ္ဆာဘုရင်(၆)ပါးအား ဝိုင်းလိုက်ကြလေ၏။
ညစ်ကျယ်ကျယ် ပြုံးလျက် အဆိပ်ဘုရင်က အဆိပ်တိမ်တိုက် တစ်ခုကို ထုတ်လွှတ်၍ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ရာပေါင်းများစွာသော စိတ်ဝိဥာဉ်တို့ ထွက်ပေါ်လာခဲ့ပြီး ဗဟိုမြို့တော်မှ အင်အားစုများဆီသို့ ပြေးဝင် သွားခဲ့ကြလေ၏။
အလင်းအရိပ်ဘုရင်သည် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလျက် တိုက်ပွဲကွင်းပြင်ထဲ ရိပ်ခရဲ၊ လက်ခနဲဖြင့် လှုပ်ရှားနေခဲ့၏။ မည်သူမှ သူ၏ လှုပ်ရှားမှုအား မခန့်မှန်းနိုင်ခဲ့။ အရိပ်တစ်ခုသာ သူ့နောက်သို့ ထပ်ကြပ်မခွါ လိုက်ပါနိုင်နေခဲ့၏။
ထိုအရိပ်သည် ရင်းဂျုပင် ဖြစ်သည်။
မသေမျိုးအဆင့်သို့ ချိုးဖျက်သွားသော ရင်းဂျုသည် အလင်းအရိပ် ဘုရင်လောက် မမြန်သော်ငြား သူ၏ လှုပ်ရှားမှုများကို ကန့်သတ်ဖို့ရာ ပြဿနာမရှိချေ။
တိုက်တန်ခွန်းအားဘုရင်သည် မြေကမ္ဘာတစ်ခုလုံးက တုန်ခါ သွားစေနိုင်သည့် အော်ဟစ်သံကို ပြုလျက် လက်သီးပေါင်း မြောက်များစွာကို တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်နေခဲ့၏။ သူ့လှုပ်ရှားမှုထဲ မည်သည့် အလှကွက်မှ ပါဝင်မနေချေ။ လွန်စွာကိုမှ ရိုးရှင်းသည့် လက်သီးကွက်များပင် ဖြစ်၏။ သူ့၏ လက်သီးချက်ကြောင့် ရန်မိသားစု၏ ယဇ်ပူဇော်စင်မြင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရ၏။
မိုးကြိုးသားရဲဘုရင်သည် ထူးထူးဆန်းဆန်း အော်ြမည်လျက် အနီးအနားတွင် ရှိနေသော အဆင့်၅၊ အဆင့်၆ မိစ္ဆာသားရဲများနှင့် အဆင့်၇ ပင့်ကူမိစ္ဆာသားရဲအား ဆင့်ခေါ်လိုက်လေ၏။
တစ်ချိန်တည်းမှာပင် တိမ်မိစ္ဆာနယ်မြေမှ ကျင့်ကြံသူများသည် ပျံသန်းသူက ပျံသန်း၊ မိစ္ဆာသားရဲကို စီးသူက စီးလျက် ဗဟိုမြို့တော်မှ ကျင့်ကြံသူများဆီ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ကြလေ၏။
မိစ္ဆာဘုရင် ခြောက်ပါးမှ ငါးပါးစလုံး အားကုန်သုံးကာ စတင် တိုက်ခိုက်နေခဲ့ကြလေပြီ။
ရှန်ချင်းလော့ တစ်ယောက်သည်သာ တုန့်ဆိုင်းနေခဲ့၏။ ရှုပ်ထွေးသော ခံစားချက်တို့ဖြင့် ပြည့်နေသည့် မျက်နှာအမူအရာဖြင့် အဝေးတစ်နေရာဆီ ဆုတ်ခွါနေလိုက်ပြီး သာမန်ကာလျှံကာ လက်ဝါးချက်လေးများကိုသာ ထုတ်လွှတ်တိုက်ခိုက်နေခဲ့၏။
ဤတိုက်ပွဲကို မတိုက်ခိုက်ချင်သော်လည်း ရန်ပိုင် ရှိနေသေည့် အတွက်ကြောင့် မတိုက်ပဲ နေ၍ မရချေ။
“တပည့်မိုက်၊ ဒီနေ့က မင်းရဲ့ သေနေ့ပဲ” လင်းတိုင်ရှူသည် ရန်ပိုင်ဆီ ပြေးဝင်သွား၍ မိသားစုကြီးရှစ်ခုမှ မသေမျိုးအဆင့် ပညာရှင်များနှင့် ပူးပေါင်းကာ ရန်ပိုင်ကို တိုက်ခိုက်လိုက်၏။
“လေးစားရတဲ့ ဆရာပါလား…” ရန်ပိုင်သည် လင်းတိုင်ရှုအား သနားစဖွယ် အကြည့်ဖြင့် ကြည့်လိုက်ပြီး ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုခဲ့ချေ။ အဲ့အစား အဝေးတစ်နေရာဆီ ပျံသန်းသွားလိုက်ပြီး မျက်တောင် တစ်ခတ်အတွင်းမှာပင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
သူဘာကြံနေလဲ ဆိုသည်ကို မည်သူမှ မသိကြ။
တိမ်မိစ္ဆာနယ်မြေနှင့် ဗဟိုမြို့တော်ကြားမှ မဟာတိုက်ပွဲကြီး စတင်ခဲ့လေပြီ။
ဗဟိုမြို့တော်မှ မိသားစုကြီးရှစ်ခု၊ ရန်ကိုင်၏ စံအိမ်နှင့် တိမ်မိစ္ဆာနယ်မြေသည် ဤတိုက်ပွဲအတွက် သူတို့တွင် ရှိသမျှ စွမ်းအား အကုန်အစင် နီးပါးကို အသုံးချခဲ့ကြ၏။
လက်နက်နှင့် သိုင်းပညာရပ်များမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် တိုက်ပွဲကွင်းပြင်တစ်ဝိုက်ရှိ မိုးမြေစွမ်းအင်များ ပရမ်းပတာ ဖြစ်နေခဲ့ရလေ၏။
မိသားစုကြီး(၇)ခု၏ ခေါင်းဆောင်သစ်များသည် တိုက်ပွဲတွင် ဝင်ပါချင်သော်ငြား နောက်ချန်နေရစ်ရုံမှ လွဲ၍ ရွေးချယ်စရာ မရှိခဲ့။ အခြေအနေသည် မသေချာသေးသရွေ့ မိသားစုက ထိုလူများကို တိုက်ပွဲထဲ ဝင်ပါခွင့်ပြုလိမ့်မည် မဟုတ်ချေ။
ရန်ကိုင် တစ်ယောက်သည်သာ နတ်ဆိုးအိုကြီးနှင့်အတူ တိုက်ပွဲ ကွင်းပြင်ထဲ ရွေ့လျား လှုပ်ရှားနေခဲ့သည်။
သူ့အသိစိတ်ပင်လယ်ထဲမှ ရွှေရောင်မျက်လုံးသည် စုပ်အားတစ်ခုကို ထုတ်လွှတ်၍ မီတာ(၁၀၀)အတွင်း၌ ရှိသော သေဆုံးသွားသည့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူများ၏ စိတ်စွမ်းအင်များကို စုပ်ယူနေခဲ့သည်။
ရန်ကိုင်သည် မည်သည့် မသေမျိုးအဆင့် ပညာရှင်များကိုမှ သွားပြဿနာမရှာခဲ့။ သူ၏ ပစ်မှတ်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများသာ ဖြစ်ချေ၏။
နတ်ဆိုးအိုကြီး မလှုပ်ရှားလျှင်ပင် ရန်ကိုင်ကို မည်သူမှ မရပ်တန့်နိုင်ချေ။ မည်သည့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်မှ ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
တိမ်မိစ္ဆာနယ်မြေတွင် မသေမျိုးအဆင့် ပညာရှင်ဒါဇင်ကျော်သာ ရှိ၏။ ထိုအရေအတွက်သည် မိသားစုကြီးရှစ်ခုတွင် ရှိသော မသေမျိုးအဆင့် ပညာရှင် စုစုပေါင်း၏ ငါးပုံတစ်ပုံထက်ပင် နည်းနေသေး၏။
ရန်ရင်ဟောင် ခန့်မှန်းခဲ့သည်မှာ မှန်ပေ၏။ ရန်ကိုင်သည်သာ မိသားစုကြီး ရှစ်ခုနှင့်ပူးပေါင်းလိုက်သရွေ့ တိမ်မိစ္ဆာနယ်မြေကို အနိုင်ဖို့ ဆိုသည်မှာ ခက်ခဲသော ပြဿနာတစ်ခု မဟုတ်ချေ။
တိုက်ပွဲသည် နေ့လယ်ပိုင်းတွင် စခဲ့ပြီး နောက်တစ် မနက်ခင်းပိုင်း အထိ ဆက်လက် ဖြစ်ပွါးနေခဲ့သည်။ ရန်ကိုင်နှင့် မိသားစုကြီးရှစ်ခုဘက်မှ အင်အားစုများစွာ အထိအခိုက်၊ အကျအဆုံး များပြားခဲ့သော်လည်း တိမ်မိစ္ဆာနယ်မြေမှ ပညာရှင်အားလုံးနီးပါး သေကြေခဲ့ကြရ၏။
ဤတိုက်ပွဲပြီးသည့်နောက် တိမ်မိစ္ဆာနယ်မြေအတွက် နလန်ပြန်ထူနိုင်ဖို့ရာ မဖြစ်နိုင်တော့ချေ။ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရာ မိသားစုကြီးရှစ်ခုနှင့် တိမ်မိစ္ဆာနယ်မြေမှ အင်အားစုများသည် တိုက်ခိုက်ရာ၌ ပိုမိုကြမ်းတမ်းလာခဲ့ကြကာ တိမ်မိစ္ဆာနယ်မြေမှ အင်အားစုများကမူ တစ်ယောက်ပြီးတစ်ယောက် သေကြေနေခဲ့ကြရလေ၏။
မိသားစုကြီးရှစ်ခုမှ ပညာရှင်တစ်သိုက်နှင့် တိုက်ခိုက်နေစဉ် ဆန်းကြယ်သည့် အရှိန်အဝါတစ်ခုက သူမနား ရုတ်တရက် ချဉ်းကပ် လာနေသည်ကို ရှန်ချင်းလော့ ခံစားလိုက်ရ၏။ သူမ၏ နှလုံးသားလေး တင်းကြပ်သွားခဲ့ပြီး ရန်ပိုင် သူမရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ချင်းလော့၊ ငါနဲ့လိုက်ခဲ့” ရန်ပိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် အမိန့်ပေးလိုက်ပြီး သာမန်ကာလျှံကာ လက်ဝါးချက်နှစ်ချက် ရိုက်ထုတ်လိုက်၏။
မသေမျိုးတတိယအဆင့်သို့ ရောက်နေသည့် ရန်ပိုင်၏ လက်ဝါးချက်ကို ထိုပညာရှင်များ အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ အကုန်လုံး ကြိုးပြတ်သွားသည့် စွန်ပမာ သွေးအန်လျက် လွင့်ပျံထွက်သွား ခဲ့ကြရလေ၏။
ရှန်ချင်းလော့ မှင်သက်သွားခဲ့သော်ငြား အလျင်အမြန် ခေါင်းပြန်ညိတ်ပြလိုက်၏။ ရန်ပိုင်က ရှေ့ကသွားနေစဉ် သူမက နောက်ကနေ လိုက်သွားခဲ့၏။
ရန်ပိုင်က သူ၏လက်ကို ဝှေ့ရမ်း၍ ရန်ပိုင်နှင့် ရှန်ချင်းလော့တို့၏ အရှိန်အဝါကို သီးခြားခွဲထုတ်ထားလိုက်၏။ ထို့နောက် ထူးမခြားနားဟန်ဖြင့် အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်ကို ဝေ့ကြည့်လိုက်၏။ ဝင်ပါဖို့ နည်းနည်းမျှပင် စိတ်မကူးထားသည့်ပုံပင်။
“အရှင်သခင်က ဘာများ လုပ်ချင်လို့လဲ” ရှန်ချင်းလော့က ရန်ပိုင်ကို တစ်ခဏကြာသည်အထိ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သော်လည်း ရန်ပိုင်က စကားစမလာခဲ့ရာ သူမကပင် ရဲဆေးတင်၍ စမေးလိုက်၏။
“ငါ့လုပ်ချင်တာလား” ရန်ပိုင်က သူမဆီ ပြန်ကြည့်လိုက်၏။
“ကျွန်မတို့ ထွတ်မြတ်နယ်မြေက တပည့်ပေါင်း မြောက်မြားစွာ သေကြေခဲ့ရသလို မိစ္ဆာဘုရင်ငါးပါးရဲ့ အခြေအနေကလည်း သိပ်မဟန်တော့ဘူး။ အရှင်သခင် သူတို့ကို မကယ်ဘူးလား”
“ဘာလို့ ကယ်ရာမှာလဲ” ရန်ကိုင်က အသာအယာ ပြုံးလိုက်၍ “သူတို့ သေသေရှင်ရှင်၊ ငါ့အတွက် အရေးကြီးတာမှ မဟုတ်တာ”
“ထင်တဲ့အတိုင်းပဲ၊ ဆာနတ်ဆိုးအရှင်သခင်က ထွတ်မြတ်နယ်မြေက လူတွေကို ပွန်းရုပ်တွေအဖြစ်ပဲ မြင်တာပဲ” ရှန်ချင်းလော့၏ လှပသော မျက်ဝန်းအစုံထဲ ရှုပ်ထွေးသည် အကြည့်တို့ ဖြတ်ပြေးသွားခဲ့ပြီး “ဆာနတ်ဆိုးအရှင်သခင်က ထွတ်မြတ်နယ်မြေ၏ ရှင်သန်ရေးကို တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး။ တစ္ဆေဘုရင်နဲ့ ကျန်တဲ့လူတွေက အရှင်သခင်ရဲ့ ဦးဆောင်မှုနဲ့ဆိုရင် မိသားစုကြီးရှစ်ခုကို ချေမှုန်းပြီး ဒီလောကကြီးရဲ့ ပြိုင်ဘက်ကင်း အုပ်စိုးသူ ဖြစ်လာလိမ့်မယ်လို့ တွေးနေကြတာ တကယ်ကို ရယ်ချင်စရာပဲ”
“သူတို့ဘာသာ စိတ်ကူးယဉ် နေကြာတာလေ။ အဲ့လိုစကားမျိုး ငါတစ်ခါမှ မပြောခဲ့ဖူးဘူး” ရန်ပိုင်က တုန့်ဆိုင်းတွေဝေခြင်းမရှိ ခေါင်းညိတ်လိုက်၏။
“အဲ့လိုဆိုရင် ကျွန်မကို လိုက်လာဖို့ ဆာနတ်ဆိုးအရှင်သခင်က ဘာလို့ အမိန့်ပေးရတာလဲ” ရှန်ချင်းလော့၏ ရင်မို့မိုသည် စိတ်ပျက်မှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။
“ဘာလို့လဲဆိုတော့ ငါ့နောက်မှာ ရပ်တည်ပေးဖို့ မိန်းမတစ်ယောက် လိုလို့ပဲ” ရန်ပိုင်က ရှန်ချင်းလော့ကို စိတ်ဝင်တစားဖြင့် ကြည့်၍ ပြောလိုက်၏။ သို့သော်ငြား သူ့မျက်ဝန်းအစုံသည် လုံးဝကို ကြည်လင်နေကာ တဏှာရမက်တို့ အရှင်း ကင်းမဲ့နေခဲ့လေ၏။
ရှန်ချင်းလော့က ပြုံးကာ အလျင်အမြန်ပဲ ပြန်ပြောလိုက်လေ၏ “ဆာနတ်ဆိုးအရှင်သခင်က မိန်းမအကြောင်း ဂရုစိုက်လိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားခဲ့ဘူး”
“ငါက ယောကျာ်းတစ်ယောက် ဖြစ်နေတုန်းပဲလေ။ ယောကျာ်းဆိုတာ မိန်းမတစ်ယောက်ကိုတော့ လိုတာပဲလေ” ရန်ပိုင်က လိုရှင်းတိုရှင်းသာ ပြန်ပြောလိုက်၏ “ဒါပေမယ့် ကောင်းကင်ဘုံအောက်မှာ နင်တစ်ယောက်ပဲ ငါ့မိန်းမဖြစ်ဖို့ ထိုက်တန်တယ်။ နင်စိတ်ချထားလို့ရတယ်။ ငါ့နင်ကို ဘာမှ လုပ်မှာမဟုတ်ဘူး။ ငါ့ကို အဖော်ပြုပြီး ဆက်ဖြစ်လာမည့်အရာတွေကို စောင်ကြည့်ပေးဖို့ပဲ လိုတာ။ အမြဲလိုလို တစ်ယောက်တည်း လှုပ်ရှားရတာ တော်တော်လေး အထီးကျန် ပျင်းရိဖို့ကောင်းတယ်လေ”
“စောင့်ကြည့်ဖို့လား။ ဘာကို စောင့်ကြည့်ရမှာလဲ” ရှန်ချင်းက နားမလည်နိုင်စွာ ပြန်မေးလိုက်၏။
“နင် မကြာခင်နားလည်လာမှာပါ။ မကြာတော့ပါဘူး” ရန်ပိုင်က ဆန်းကြယ်စွာ ပြုံးလိုက်၏။ ရန်ပိုင်၏ မျက်ဝန်း အတွင်းပိုင်းထဲ သူမ တစ်ကြိမ်တစ်ခါမျှပင် မမြင်တွေ့ခဲ့ဖူးသော စိတ်လှုပ်ရှားမှုတို့ကို ရှန်ချင်းလော့ မြင်တွေ့လိုက်ရ၏။ နောက်ဆက်ဖြစ်လာတော့မည့် အရာသည် သူ့အတွက် လွန်စွာကိုမှ အရေးပါသည့် ပုံပင်။
“ချင်းလော့၊ နင့်နဲ့ ငါ့ရဲ့ ဂိုဏ်းတူတူလေးကြားက ဆက်ဆံရေးက မရိုးရှင်းဘူးမလား” ရန်ပိုင်က မတော်တဆ ပုံစံမျိုးဖြင့် မေးလိုက်၏။
ရှန်ချင်းလော့ နှလုံးသားလေး ခုန်ပေါက်သွားခဲ့သော်ငြား မကြာခင်မှာပင် ပြန်လည် တည်ငြိမ်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ဖြေလိုက်၏ “အကြောင်းပြချက် အချို့ကြောင့် ကျွန်မက သူ့ရဲ့ အမျိုးသမီး ဖြစ်နေခဲ့ပြီ”
ရန်ပိုင် အနည်းငယ် အံ့အားသင့်သွားခဲ့လေ၏။ ဒါပေမယ့် ထိုကိစ္စနှင့် ပက်သက်၍ အရမ်းကြီးဆိုသလို ဂရုစိုက်နေခြင်း မပြုပဲ တည်တည်ငြိမ်ငြိမ် ဖြင့်သာ ခေါင်းညိတ်၍ “အဲ့ဒါကတွေက အတိတ်မှာ ဖြစ်ခဲ့တာလေ။ အခုကနေစပြီး သူ့အကြောင်းကို မေ့လိုက်တော့။ သူက တော်တော်လေး တော်ပေမယ့် ငါ့နောက်လိုက်ခဲ့ရင် ဒီလောကကြီးက နင်ထင်သလောက် မရိုးရှင်းမှန်း နင်နားလည်လာလိမ့်မယ်။ နင်စိတ်ကူးတောင် မယဉ်ဖူးတဲ့ အရာ၊ မြင်ကွင်းတွေကို မြင်တွေ့ရလိမ့်မယ်”
ရှန်ချင်းလော့က ရန်ပိုင်ကို သိလိုစိတ်ဖြင့် စိုက်ကြည့်နေခဲ့၏။ မည်သည်ကို စးပြောချင်နေမှန်း သူမ တကယ်ကို နားမလည်နိုင်ခဲ့ချေ။
----------------------------------
“ဆာနတ်ဆိုးအရှင်သခင် ဘယ်မှာလဲ” ရန်ကိုင်စံအိမ်မှ မသေမျိုးအဆင့် ပညာရှင်များ၏ ဝိုင်းရံထားခြင်း ခံရသည့် တိုက်တန်ခွန်အား ဘုရင်ဆီမှ ဟိန်းသံကြီး ထွက်ပေါ်လာခဲ့လေ၏။ သူ့ခွန်အားသည် အံ့အားသင့်ဖွယ် ကောင်းသော်ငြား လက်နှစ်ဖက်သည် လက်လေးဖက် မကာကွယ်နိုင်ချေ။ ရန်ကိုင်စံအိမ်မှ ပညာရှင်များစွာ၏ အကြမ်းပတမ်း ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူသည်လည်း ဖြည်းဖြည်းချင်း ဖိနှိပ်လာခံနေခဲ့ရ၏။
ထွတ်မြတ်နယ်မြေမှလူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေသော်လည်း ရန်ပိုင် လှုပ်ရှားသည်ကို မမြင်တွေ့ရသေးရာ တိုက်တန်ခွန်းအားဘုရင်လည်း ဒေါသထွက်လာခဲ့ရလေ၏။
တိမ်မိစ္ဆာနယ်မြေ အနေဖြင့် ဗဟိုမြို့တော်ကို ယခုကဲ့သို့ စစ်မက်ပြုရဲခြင်းသည် ရန်ပိုင်၏ ကြောက်မက်ဖွယ် ခွန်အားကြောင်းပင် ဖြစ်သည်။ နတ်ဆိုးအရှင်သခင်ကြောင့်သာ မဟုတ်လျှင် ထိုမိစ္ဆာဘုရင်များသည် စိတ်ရူးပေါင်း၍ ဗဟိုမြို့တော်ဆီလာကာ မည်သည့်အတွက်ကြောင့် ကိုယ့်သေတွင်း ကိုယ်လာတူးမည်နည်း။
“ဆာနတ်ဆိုးအရှင်သခင်က ငါတို့ကို စွန့်ပစ်သွားခဲ့ပြီနဲ့ တူတယ်” တစ္ဆေဘုရင်က ဒေါသတကြီး အော်ပြောလိုက်လေ၏။ ရှုံ့မဲ့နေသော ဧရာမမျက်နှာကြီးတစ်ခု ပုံစံတိမ်တိုက်ကြီးသည် သူ့အား ဝန်းရံထားခဲ့၏။ သူသွားသည့် နေရာတိုင်း ထိုမျက်နှာကြီးသည် ရန်သူဘက်မှ ကျင့်ကြံသူများကို ဝါးမြိုကာ ကိုက်ဝါးလိုက်ပြီးနောက် အသားစ၊ သွေးစ၊ အရိုးစများကို ပြန်းထွေးထုတ်လေ၏။
===============================