← Chapters

အခန်း (၉၅၈-၉၆၀)

Vol. 64 Ch. 958-960

အခန်း (၉၅၈-၉၆၀)

Vol. 64 Ch. 958-960

အခန်း(၉၅၈)

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကပင် သူ့ကို စိန်ခေါ်မည့် လူများ ရှိလာနိုင်သည်ကို သူ့ဆရာ ရှောင်တုလီက သတိပေးထားခဲ့သည့်အတွက် ကျန်းချန်သည် ထူး၍ အံ့သြမနေခဲ့ပေ။

သူက ရှောင်ကြွယ်၏ စိန်ခေါ်မှုကို ရှောင်လွဲရန် စိတ်ကူးမရှိခဲ့ပေ။

ဆိုရလျှင် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်တစ်ဦး အနေဖြင့် သူသည် သူ့ဆရာ၏ ဂုဏ်သိက္ခာကို မကျဆင်းစေလိုချေ။

ဤယန်ဒီမြို့မှ တပည့်များ၏ စိန်ခေါ်မှုကိုပင် လက်ခံရဲခြင်းမရှိလျှင် သုံးလအတွင်း ဖွင့်လှစ်တော့မည့် အင်ပါယာအမွေအနှစ်နယ်မြေတွင် မြို့တော်ငါးမြို့မှ ထိပ်တန်းပါရမီရှင်များနှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ခဏအကြာတွင် ယန်ဒီမြို့၏ ရှေးကျသော သိုင်းစင်မြင့် တစ်ခု၏ ပတ်ဝန်းကျင်တွင် ယန်ဒီမြို့မှ တပည့်ပေါင်းများစွာသည် စုဝေးနေခဲ့ကြသည်။

ထိုတပည့်များသည် ရှောင်ကြွယ် နှင့် ကျန်းချန်တို့၏တိုက် ပွဲကိုကြည့်ရန် ရောက်လာကြသည်မှာ ထင်ရှားကြ၏။

သူတို့အထဲတွင် ဧကရာဇ်အဆင့် ပါရမီရှင်များပင် များစွာ ပါဝင်နေခဲ့သည်။

"ဟိုမှာကြည့်စမ်း စီနီယာအကို ရှောင်နန်တောင် ရောက်လာခဲ့ပြီ.. စီနီယာအကို ရှောင်နန်က ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲက တစ်ဦးပဲ.. သူက နတ်ဝိညာဥ် ဘုရင်တစ်ပိုင်းအဆင့်ကျင့်ကြံသူကိုတောင် စိန်ခေါ်နိုင်တဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်"

လူတိုင်းက ပွဲကြည့်စင်၏ အရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသည့် ပုံရိပ်တစ်ခုကို ကြည့်နေခဲ့ကြသည်။

သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့လေးစားသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

ကျုံးကျိုးကုန်းမြေ၏ မြင့်မြတ်သော မြို့တော် ငါးမြို့ထဲမှ တစ်မြို့ အနေဖြင့် ယန်ဒီမြို့တွင် တိမ်တိုက်များ ကဲ့သို့ ပါရမီရှင် အမြောက်အမြား ရှိသည်။

ဤထောင်ပေါင်းများစွာရှိသော တပည့်များထဲတွင် အထင်ရှားဆုံးမှာ အင်ပါယာအဆင့် ပါရမီရှင်ငါးဦး ဖြစ်သည်။

ထိုအင်ပါယာအဆင့် ပါရမီရှင်ငါးဦးအောက်တွင် ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦး ရှိသည်။

ရှင်းလင်းစွာဆိုရလျှင် ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးသည် ယန်ဒီမြို့တွင် အင်ပါယာအဆင့် ပါရမိီရှင်ငါးဦး ပြီးလျှင် အင်အားအကြီးဆုံးဟု ပြော၍ရသည်။

အင်ပါယာအဆင့် ပါရမီရှင် ငါးယောက်နှင့် ဧကရာဇ်အဆင့်ပါရမီရှင် ဆယ်ယောက်သည် ယန်ဒီမြို့၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ပြီး ယန်ဒီမြို့၏ အဓိက တပည့်များလည်း ဖြစ်သည်။

ထိုပါရမီရှင် ဆယ့်ငါးဦးသည် လူပေါင်းများစွာ၏ လေးစားမှုကို ခံရရုံသာမက မြင့်မားသော အခွင့်အရေးများကိုလည်း ပိုင်ဆိုင်ထားကြသည်။

ဥပမအားဖြင့် အင်ပါယာ အမွေအနှစ်နယ်မြေ ဖွင့်လှစ်သောအခါတွင် ယန်ဒီမြို့သည် ဝင်ခွင့်နေရာသုံးဆယ်ကို ရရှိခဲ့သည်။

ထို့ကြောင့် ဤထိပ်တန်းပါရမီရှင် ဆယ့်ငါးယောက်သည် သံသယဖြစ်စရာ မရှိလောက်အောင်ပင် နေရာ တစ်နေရာစီကို ရရှိခဲ့ကြသည်။

ယန်ဒီမြို့မှ ထောင်ပေါင်းများစွာသော တပည့်များသည် ကျန်ရှိသည့်နေရာ ဆယ့်ငါးနေရာ အတွက်သာ ယှဥ်ပြိုင်နိုင်ကြ၏။

မှန်ပါသည်၊ ခြံဝင်းထဲမှ ထွက်ပေါ်လာသော ကောင်လေးသည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီ၏ တပည့်တစ်ဦး ဖြစ်ရာ လူတိုင်း၏ အာရုံစိုက်မှုကို အတော်လေး ရရှိနေခဲ့သည်။

ဧကရာဇ်အဆင့်ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်နန်ပင် ပေါ်ထွက်လာခဲ့ပြီး ယန်ဒီမြို့ရှိ အဆင့်မြင့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများသည်လည်း လေထဲကနေ ကြည့်ရှုနေခဲ့ကြသည်။

"ဟမ့်.. မင်းက ရှောင်တုလီရဲ့တပည့် ဖြစ်နေရင်တောင် ငါ့ကိုလွယ်လွယ်နဲ့ အနိုင်ယူန်ိုင်မယ်လ်ို့ မထင်နဲ့ "

"ရှောင်ကြွယ်.. ဒီတိုက်ပွဲကို မင်းအနိုင်ရရင် မင်းရဲ့ဝင်ခွင့်နေရာကို ပြန်လည်ရယူဖို့ အကြီးအကဲကို ငါပြောပေးမယ်"

လေထဲမှ ရှောင်နန်က ပြောလိုက်၏။

သူ၏ မျက်နှာထားက အလွန်တရာ အေးစက်နေခဲ့သည်။

ပြိုင်ပွဲစင်မြင့်ထက်တွင် ရှောင်ကြွယ်နှင့် ကျန်းချန် တို့သည် အနည်းငယ်ခွာ၍ ရပ်နေခဲ့ကြသည်။

သူက ကျန်းချန်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

"စတိုက်လို့ရပြီ.. နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့တပည့်က ငါ့ကိုဘယ်လိုမျိုး ယှဥ်ပြိုင်မလဲဆိုတာ ငါသိချင်တယ် "

"မင်းက ငါ့ကို အရင်တိုက်ခိုက်ခိုင်းမှာ သေချာရဲ့လား"

ကျန်းချန်က ရှောင်ကြွယ်ကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။

"မင်းကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေးတာ ပိုကောင်းမယ်လို့ ငါထင်တယ်.. မဟုတ်ရင် မင်းငါ့က်ို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရလိုက်မှာမဟုတ်ဘူး "

"ဘာ.. ဘယ်လို"

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှ တပည့်အားလုံးသည် အံ့အားသင့်သွားခဲ့ပြီး မျက်လုံးများပင် ပြူးကျယ်သွားခဲ့ကြသည်။

"ဒီကောင်က နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီကောင့်ရဲ့ စရိုက်က သူ့ဆရာနဲ့ အတူတူပဲ ဒါပေမယ့် သူ့ဆရာလို အစွမ်းထက် မထက်တော့ အသေအချာ မသိရသေးဘူး"

"ရှောင်ကြွယိရဲ့ အင်အားက ယန်ဒီမြို့ရဲ့ တပည့်တွေထဲမှာ သာမန်မဟုတ်ဘူး.. ဒီကောင်လေး ဒီစကားကိုပြောဖို့ ဘယ်ကနေ သတ္တိရလာသလဲ ငါတကယ် မသိတော့ဘူး"

"..............."

လူတိုင်းက ကျန်းချန်ကို ဘာစကားမျှ မပြောနိုင်ဘဲ ကြည့်နေခဲ့ကြသည်။

ရှောင်ကြွယ်ကို လှုပ်ရှားဖို့ အခွင့်အရေးပင် ရလ်ိမ့်မည်မဟုတ်ဟု ဆိုခြင်းသည် ထိုကောင်လေးက ရှောင်ကြွယ်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူန်ိုင်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

"ရှောင်ကြွယ်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူမှာလား.. ဒါ ဒါ ဘယ်လ်ိုလုပ် ဖြစ်နိုင်မှာလဲ "

အခန်း(၉၅၈)ပြီး၏။

အခန်း(၉၅၉)

"ဟားဟား.. ကျန်းချန် မင်းက တကယ်ကို မာန်တက်နေတာပဲ .. ငါက လှုပ်ရှားဖို့ အခွင့်အရေးတောင် မရှိဘူးပေါ့လေ.. ဟုတ်လား"

ရှောင်ကျွယ်က မထီမဲ့မြင် ရယ်မောလိုက်သည်။

အင်ပါယာ အမွေအနှစ်နေရာအတွက် နေရာတစ်နေရာ ရနိုင်ခဲ့သည်ဖြစ်ရာ ရှောင်ကြွယ်၏ စွမ်းအားနှင့် ပါရမီသည် လုံးဝမနိမ့်ပေ။

သူက သိုင်းသခင်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူသာ ဖြစ်သော်လည်း သူ၏ တိုက်ပွဲဝင်စွမ်းအင်သည် သာမန်သိုင်းသခင်နယ်ပယ် သတ္တမ အဆင့် ကျင့်ကြံသူထက် မနိမ့်ပေ။

သူ၏ စွမ်းအင်ဖြင့်ဆိုလျှင် ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးကိုပင် အတိုင်းအတာတစ်ခုအထိ ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။

သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူချင်လျှင် အင်ပါယာအဆင့် ပါရမီရှင် ငါးဦးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

သူ့ထက် ကျင့်ကြံမှု အဆင့်တစ်ဆင့် နိမ့်သည့် ထိုကောင်လေးတွင် အင်ပါယာအဆင့် ပါရမီရှင်နှင့် ယှဥ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအင် ရှိသည်ဟု ရှောင်ကြွယ် အမှန်တကယ် မယုံကြည်ပေ။

"လှုပ်ရှားဖို့ အခွင့်အရေး ရှိမရှိ ဆိုတာကို မကြာခင် မင်းသိလာလိမ့်မယ်"

ကျန်းချန်က သူ၏ လက်ကို လှုပ်ရှားလိုက်သည်နှင့် သွေးနဂါးဓားသည် သူ၏လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သူက ရှောင်ကြွယ်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"နောက်ဆုံးအနေနဲ့ မင်းကို အရင် တိုက်ခိုက်ဖို့ အခွင့်အရေးပေးမယ်.. မဟုတ်ရင် မင်းတကယ်ပဲ အခွင့်အရေးရတော့မှာ မဟုတ်ဘူး"

ကျန်းချန်က သူ့ကို မျက်စိထဲ လုံးဝ မထည့်သည်ကို မြင်လျှင် ရှောင်ကြွယ် ဒေါသထွက်သွားခဲ့သည်။

သူက ကျန်းချန်ကို တုံ့ပြန်ပြောဆိုရန် ပြင်ဆင်နေစဥ်မှာပင် ရင်းနှီးသော အသံတစ်သံသည် သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"တပည့်လေး လုံးဝ ပေါ့မဆနဲ့.. ဒီကောင်လေးက သာမန် မဟုတ်ဘူး.. သူ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်က မင်းထက်မနိမ့်မှာ ငါစိုးရိမ်မိတယ်"

သူ့ဆရာရဲ့ အသံကို ကြားလျှင် ရှောင်ကြွယ်က စိတ်နှလုံးတုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို အထင်သေးသည့်စိတ်များအား ဖယ်ရှားလိုက်သည်။

သူ့ဆရာသည် ယန်ဒီမြို့တွင် အတော်လေး အရေးပါသည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့ဆရာ၏ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုအရ ထိုစကားကို အကြောင်းမဲ့ပြောမည် မဟုတ်လောက်ပေ။

"ကျန်းချန် မင်းက သေဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

စကားဆုံးသည်နှင့် ရှောင်ကြွယိက လုံးဝ တုံ့ဆိုင်းမနေဘဲ ကောင်းကင် အထက်သို့ ခုန်တက်ကာ စတင် တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကြည်လင်သော ဓားခတ်သံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့၏။

နောက်ထပ် တခဏမှာပင် အပြာရောင်ဖျော့ဖျော့ ဓားရှည်တစ်လက်သည် ရှောင်ကြွယ်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

"ငရဲမီးဓါးသိုင်း"

ရှောင်ကြွယ်က ကြွေးကြော်လိုက်ရာ ရှောင်ကြွယ် နှင့် မီတာ တစ်ရာ ပတ်လည်အတွင်းရှိ နေရာကနေ ထူးဆန်းသော အပြာရောင် မီးတောက် အများအပြားသည် ရုတ်တရက် စုဝေးလာခဲ့သည်။

ထိုထူးဆန်းသော မီးတောက်များသည် ပြင်းထန်သော စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

"ဘုရင့်အဆင့် သိုင်းပညာဖြစ်တဲ့ ငရဲမီးဓားသိုင်းပါလား.. ငရဲမီးဓားသိုင်းက အစွမ်းထက်ဆုံး ဘုရင်အဆင့် ဓားသိုင်းပညာရပ်တွေထဲက တစ်ခုပဲ.. ရှောင်ကြွယ်က ငရဲမီးဓါးသိုင်းကို ကျင့်ကြံထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"......."

လူတိုင်းက ထိုမြင်ကွင်းကိုမြင်လျှင် တအံ့တသြ ရေရွတ်လိုက်ကြသည်။

သူတို့က ရှောင်ကြွယ်၏ ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

ရှောင်ကြွယ်က တိုက်ပွဲစတင်သည်နှင့် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ခဲ့သည်။

သူ၏ရည်ရွယ်ချက်က အလွန်ပင် ရှင်းလင်းနေ၏။

သူက ကျန်းချန်ကို အခွင့်အရေးပေးရန် လုံးဝ ရည်ရွယ်ချက် မရှိပေ။

ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် ရှောင်ကြွယ်၏ ဓားကို တားဆီးရန် ခက်ခဲလိမ့်မည်ကို အားလုံးက ထင်မှတ်ထားကြသည်။

လေထုထဲတွင် အသံလှိုင်းများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။

အပြာရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဓားစွမ်းအင် အများအပြားသည် ပြင်းထန်သော လှိုင်းလုံးများ ကဲ့သို့ ဆယ်ပေခန့် ရှည်လျားသည့် ဓားစွမ်းအင်ကို ဖြစ်ပေါ်စေကာ အရာအားလုံးကို ဖျက်ဆီးတော့မည့် ပုံစံနှင့် ကျန်းချန် ဆီသို့ တိုက်စားလာခဲ့သည်။

ရှောင်ကြွယ်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

သူက သွေးနဂါးဓားကို ညာလက်ဖြင့် ကိုင်ထားရင်း ရှောင်ကြွယ် ဆီသို့ ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

"ရွှစ်"

ထိုဓားချက်က ရိုးရှင်းသော ဓားချက်တစ်ချက်သာ ဖြစ်သည်။

သို့သော်လည်း ကမ္ဘာကြီးကိုပင် ဖျက်စီးပစ်နိုင်သည့် ဧရာမ ဓားပုံရိပ်တစ်ခု အဖြစ် စုစည်းသွားစေခဲ့သည်။

၎င်းက မီတာ ထောင်ပေါင်းများစွာ ရှည်လျားသည့် လေစီးကြောင်းကို ဖြစ်ပေါ်စေကာ ရှောင်ကြွယ်၏ တိုက်စားလာသည့် ဓားစွမ်းအင် စီးကြောင်းကို ရင်ဆိုင်လိုက်သည်။

"ဝုန်း"

မိုးချုန်းသံ ကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံသည် ကမ္ဘာတခွင်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး မီတာတစ်ရာ ပတ်ပတ်လည်သည် ထိုအချိန်တွင် တုန်ခါသွားခဲ့သည်။

ထိုတခဏမှာပင် တိုက်စားလာသော ရှောင်ကြွယ်၏ ဓားစွမ်းအင် စီးကြောင်းသည် ဧရာမဓားပုံရိပ်အောက်တွင် တိုက်ရိုက် ပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားစွမ်းအင်စီးကြောင်းက ပျောက်ကွယ်သွားခဲ့ပြီး ဧရာမဓားပုံရိပ်၏ ကျန်ရှိနေသော စွမ်းအားသည် ရှောင်ကြွယ်၏ အသက်စွမ်းအင် အကာအကွယ်ပေါ်ကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျရောက်သွားခဲ့သည်။

အခန်း(၉၅၉)ပြီး၏။

အခန်း(၉၆၀)

ရှောင်ကြွယ်က ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များဗြောင်းဆန်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

သူ၏ ရင်ဘက်တွင် အရိုးထိ နစ်ဝင်နေသည့် ဓားဒဏ်ရာ တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရပြီး သူ၏ အဝတ်အစားများသည်လည်း ထက်ရှသော ဓားစွမ်းအင်ကြောင့် စုတ်ပြတ်သတ်သွားခဲ့သည်။

"ဝုန်း"

ကျန်းချန်၏ ဓားချက်ကြောင့် ရှောင်ကြွယ်၏ ပုံရိပ်သည် ကြိုးပြတ်သွားသည့် စွန်တစ်ကောင်နှယ် လွှင့်စင်သွားခဲ့သည်။

အဝတ်အစားများက သွေးများ စွန်းပေနေပြီး တစ်ကိုယ်လုံးတွင်လည်း သွေးများပေပွနေခဲ့၏။

"မင်း.. မင်း"

ရှောင်ကြွယ်က ကျန်းချန်ကို ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူ၏ ရင်ဘတ်ထဲတွင် အသက်ရှူမဝသလို ခံစားလာရပြီး ချက်ချင်းဆိုသလို သွေးတစ်ပွက်ကို ထပ်မံ အန်ထုတ်လိုက်ကာ မေ့လဲကျသွားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း၏ ကျန်းချန်ကို ကြည့်နေသော အကြည့်များသည် ချက်ချင်း ဆိုသလို လုံးဝ အေးခဲသွားခဲ့သည်။

"ရှောင်ကြွယ်က ကျန်းချန်ရဲ့ ဓားကွက်တစ်ကွက်တည်းနဲ့ အနိုင်ယူတာကို ခံလိုက်ရတာလား...ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကြောက်စရာအကောင်းဆုံးအရာက ဒီကောင်လေးရဲ့ ဓားကွက်က ဓားဆန္ဒနဲ့ ပေါင်းစပ်ထားတဲ့ သာမန်ဓားကွက် တစ်ကွက်ပဲ.. ဘာလို့ ဒီကောင်ရဲ့ ဓားစိတ်ဆန္ဒက ဒီလောက်ထိ ကြောက်စရာ ကောင်းနေရတာလဲ"

"..............."

လူတိုင်းက မှင်တက်နေရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူတို့က ပြိုင်ပွဲစင်မြင့်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ တအံ့တသြ ဖြစ်နေခဲ့ကြသည်။

ရှောင်ကြွယ်ငည် သာမန်တပည့်တစ်ဦး မဟုတ်ပေ။

အင်ပါယာအဆင့်ပါရမီရှင်ငါးဦးနှင့် ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးကို ဖယ်ထုတ်လိုက်လျှင် ယန်ဒီမြို့ရှိ ကျန်ရှိနေသော တပည့်အားလုံး ထဲတွင် ရှောင်ကြွယ်သည် အသန်မာဆုံး တပည့်နှစ်ဆယ်ထဲမှ တစ်ဦး ဖြစ်သည်။

သူ၏စွမ်းအားဖြင့်ဆိုလျှင် ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးပင် သူ့ကို ဓားတစ်ကွက်ထဲဖြင့် ဤမျှလောက် လွယ်လွယ်ကူကူ အန်ိုင်ယူရန် မဖြစ်န်ိုင်ပေ။

သို့သော်လည်း သူတို့ရှေ့မှ လူငယ်ကမူ လုပ်ပြနိုင်ခဲ့သည်။

ဤလူငယ်က နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်မှု ရှိ၏။

၎င်း၏ ပါရမီက တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ပြိုင်ပွဲစင်မြင့် ပတ်ပတ်လည်ရှိ ယန်ဒီမြို့မှ တပည့်များသာလျှင် တုန်လှုပ်ခဲ့ခြင်း မဟုတ်ပေ။

ထိုမြင်ကွင်းကို လေထဲမှတစ်ဆင့် လာရောက်ကြည့်ရှုနေကြသည့် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူများစွာကလည်း ကျန်းချန်၏ ဓားချက်ကြောင့် အံ့သြတုန်လှုပ်နေခဲ့ကြသည်။

"ဒီကောင်လေးက မဟာအဆင့် ဓားစိတ်ဆန္ဒကိုတောင် နားလည်သွားပြီတဲ့လား.. နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ မျက်စိကျတဲ့လူက သာမန်မဟုတ်ဘူးလို့ ငါထင်သားပဲ.. ဒီကောင်လေးရဲ့ စွမ်းရည်အရဆိုရင် သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့လည်း အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ ဝင်ခွင့်တစ်နေရာကို ရရှိဖို့က ခက်ခဲမှာ မဟုတ်ဘူး "

"................"

နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ အချို့သည် လေထဲကနေ ဆက်သွယ် ပြောဆိုနေခဲ့ကြသည်။

သူတို့က ဤနေရာသို့ ကိုယ်ပွားများ စေလွှတ်၍ ကြည့်ရှုနေခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ အသံများတွင် အံ့သြသော အရိပ်အယောင်များ ဖုံးဖိမရစွာ ပေါ်ထွက်နေခဲ့သည်။

ယန်ဒီမြို့ကို လွန်ခဲ့သည့် ရက်အနည်းငယ် အကြာက ရောက်ရှိလာပြီး အင်ပါယာအမွေအနှစ် ဝင်ခွင့်တစ်နေရာကို အောင်မြင်စွာ ရရှိပြီး ကတည်းကပင် ကျန်းချန်သည် လူအများ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။

ယနေ့တိုက်ပွဲကို လာရောက် ကြည့်ရှုခဲ့သော နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများတွင် အင်အားကြီးမားသော တပည့်များ ကိုယ်စီရှိကြသည်။

သူတို့က တိုက်ပွဲ၏ အခြေအနေကို အကဲခတ်ခဲ့ကြပြီး သူတို့၏ ချစ်တပည့်များ အတွက် အင်ပါယာအမွေအနှစ် နယ်မြေတွင် ဝင်ခွင့်တစ်နေရာ ရနိုင်မလား ဆိုသည်ကို ကြည့်ရှုချင်ခဲ့ကြပုံ ရသည်။

သို့သော်လည်း တိုက်ပွဲ၏ ရလဒ်သည် သူတို့ စိတ်ကူးထား သည်ကို လုံးဝနီးပါး ကျော်လွန်သွားခဲ့သည်။

ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က ဤမျှအထိ ကောင်းကင်ကို ဆန့်ကျင်နေပြီး ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူများ မမျှော်လင့်ထားခဲ့ကြပေ။

သူတို့၏ တပည့်များထဲမှ အသန်မာဆုံးလူပင် ရှောင်ကြွယ်၏ စွမ်းအားလောက်သာ ရှိသည်။

ထို့ကြောင့် ကျန်းချန်၏ လက်ထဲမှ ဝင်ခွင့် တစ်နေရာစာကို သိမ်းပိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ဟုသာ ဆိုရပေတော့မည်။

"ကျန်းချန်.. ယန်ဒီမြို့ရဲ့ တပည့်အချင်းချင်း မင်း ဒီလောက်ရက်စက်ရလား"

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ များစွာက ဝင်ခွင့်နေရာနှင့် ပတ်သက်၍ စိတ်ပျက်နေသော အချိန်တွင် အေးစက်စက်လေသံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ပိန်သွယ်သော ပုံရိပ်တစ်ခုသည် ရှောင်ကြွယ်၏ နံဘေးတွင် တစ္ဆေကဲ့သို့ ရုတ်တရက် ပေါ်လာခဲ့သည်။

အခန်း(၉၆၀)ပြီး၏။

All Chapters