အခန်း (၁၄၁)
Vol. 11 Ch. 141
ထိုအချိန်မှာ ရုတ်တရက် လူတစ်ယောက်က အခန်းထဲ အပြေးဝင်လာခဲ့သည်။
အခန်းတံခါးသည် ကျယ်လောင်သော အသံတစ်ခုနဲ့ အလောတကြီး အဖွင့်ခံလိုက်ရသည်။
“ အကိုကြီးယဲ့၊ အကိုကြီးပ မကောင်းတော့ဘူး။ ကိစ္စကြီးဖြစ်နေပြီ”
ဒီသူတောင်းစား အလောတကြီးနဲ့ မလေးမစား ပေါ်လာတာပဲ။
ဟွမ်လောင်ပ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ နံပါတ်တစ် လက်အောက် ခံတစ်ယောက်အနေနဲ့ အရင်ဆုံး သခင်ကို ထည့်တွေးမှရမည်။ အခုလို နားလည်မှု မရှိ ဝင်လာတာက အကိုကြီးယဲ့ကို စော်ကား လိုက်တာပဲ။
ဝင်လာတဲ့ကောင်ကို ဟွမ်လောင်ပ စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“ ဘာဖြစ်လို့လဲ? မင်းက ဘာတွေ ကြောက်လန့် နေတာတုန်း? အကိုကြီးယဲ့ ဒီမှာ ရှိနေမှတော့ ဘာကိစ္စမှမဖြစ်ဘူးကွ”
ထိုလူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး နဖူးပေါ်က ချွေးကို အရင်သုတ်လိုက်သည်။ ထို့နောက်မှာ အသက်ပင် မရှုဘဲ ပြောလာသည်။
“ အကိုကြီးယဲ့၊ အကိုကြီး ပ တစ်ကယ်ကို ကိစ္စကြီးဖြစ်နေပြီ”
“ ဘာဖြစ်တာလဲပြော”
ယဲ့ဖန်းပိုပြီး မျက်မှောင်ကြုတ်လာသည်။
ဘာတွေ ဖြစ်နေရတာလဲ? ဒီကောင်က တော်တော်လေး ကြောက်လန့်နေတာပဲ။ တစ်ခုခု ဖြစ်နေပြီဆိုတဲ့ မကောင်းတဲ့ခံစားချက်ကို ရနေတယ်။
“ အကိုကြီးယဲ့ နှင်းဆီနီ ကျွန်တော်တို့ကို သစ္စာဖောက်သွားပြီ”
ဟွင်းကျီ ဆက်ပြောလိုက်သည်။
“ အခုတင် လင်းဖေးဟန်က လင်ရှောင်းရှောင်းရဲ့ဘားကို သွားခဲ့ပြီး နှင်းဆီနီကို သွားရှာခဲ့တာ”
“ သူတို့ဘာတွေ ပြောခဲ့ကြတယ် ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ လင်းဖေးဟန် ထွက်သွားတဲ့ အခါမှာ နှင်းဆီနီကို ပွေ့ပြီးထွက်လာပြီးတော့ နှင်းဆီနီရဲ့ သီးသန့်ဗီလာကို သွားခဲ့ကြတယ်”
“ ဒါ့အပြင် ကျွန်တော့်တို့ရဲ့ လူတွေကို ဖန်းဟွာဧရိယာကနေ နှင်းဆီနီက ဖယ်ခိုင်း ထားတယ်”
ဟွင်းကျီက ရိုသေစွာ ခါးချိုးထားရင်း မေးလိုက်သည်။
“ အကိုကြီးယဲ့ ကျွန်တော်တို့ အခုဘာလုပ် သင့်လဲ? နှင်းဆီနီက ကျွန်တော်တို့ကို မတိုက်ခိုက်ဘူးမလား?”
ဒီအချိန်မှာ ဟွင်းကျီ အနည်းငယ် ကြောက်နေခဲ့သည်။
ဟွမ်လောင်ပရဲ့ လက်အောက်ခံအနေနဲ့ သူလဲပဲ နှင်းဆီနီရဲ့ စာရင်းထဲတွင် ရှိခဲ့ဖူးသည်။ နှင်းဆီနီရဲ့ စိတ်ရိုင်းဝင်တဲ့ အခြေအနေကို ရင်ဆိုင်ရမှာကို တွေးကြည့်လိုက်ရင်ကို မတတ်နိုင်စွာ ကြောက်နေဆဲပင်။
ဒါကိုကြားတော့ ဟွမ်လောင်ပ ဒေါသထွက်သွားသည်။ သူ စားပွဲခုံကို ရိုက်ချပြီး မတ်တပ်ရပ်သွားကာ ဆဲရေးတော့သည်။
“ ဒီနှင်းဆီနီဆိုတဲ့ဟာမက စကားမတည်ဘူး”
ဟွမ်လောင်ပ ယဲ့ဖန်းဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ အကိုကြီးယဲ့ ကျွန်တော် ဖန်းဟွာဧရိယာကို အခုပဲ လူတွေခေါ်သွားလိုက်မယ်။ ကျွန်တော် အခုပဲသွားတိုက်မယ်”
“ ဟုတ်တယ်! အဲ့စောက်ကောင်မကို သတ်ပစ်!”
“ အဲ့ဒီကောင်မက အကိုကြီးယဲ့ကို လှည့်စားရဲမှတော့ သေချင်နေတာပဲ!”
“ သတ်ပစ်!”
“ သွားတိုက်ကြမယ်”
ဟွမ်လောင်ပက သွားတိုက်မယ်လို့ ဒေါသတကြီး အော်ပြီးတာနဲ့ ကျန်တဲ့ အငယ်တန်း ခေါင်းဆောင်များလဲ အားလုံး ရန်လိုစွာ အော်ဟစ်လာကြသည်။ စိတ်ထဲမှာ ကြောက်နေသည် ဖြစ်စေ၊ မကြောက်နေပါစေ အကုန်လုံးက ရောရောင်ကာ သွားတိုက်မယ်လို့ အော်ဟစ်လာကြသည်။
အခုက သစ္စာရှိမှုကို ပြရမဲ့အချိန်ပဲ။ ယဲ့ဖန်း အရှေ့မှာ ကြောက်နေရင်တောင် ထုတ်ပြလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ မှင်သေရမည်လေ။
ယဲ့ဖန်းရဲ့ မျက်နှာက အလွန်မည်းမှောင်နေသည်။ သူ တစ်ယောက်ချင်းဆီကို ကြည့်ပြီး အေးစက်စွာ ဆူလိုက်သည်။
“ မင်းတို့ ဘာလုပ်နေတာလဲ? ပြန်ထိုင်ကြစမ်း!”
“ နှင်းဆီနီက အခု လင်းဖေးဟန်ကို အညံ့ခံလိုက်ပြီ။ လင်းဖေးဟန်ရဲ့ လက်အောက်မှာ ခေါင်းဆောင်အငယ် တစ်ချို့ ထားထားပေးမှာပဲ။ ဖန်းဟွာဧရိယာနဲ့ ဖုန်းလုံဧရိယာက ပူးပေါင်းလိုက်တော့မှာ!”
“ မင်းတို့ စကားမပြောခင် ဦးနှောက်ကော သုံးဖူးလား? ဦးနှောက်မပါတဲ့ ဖြုတ်ကောင် တွေလိုပဲ! မင်းတို့ရဲ့ အတွေ့အကြုံတွေ ဘယ်ရောက်သွားလဲကွ? ဟမ်!”
ယဲ့ဖန်းရဲ့ စကားဆုံးတာနဲ့ အကုန်လုံး ခေါင်းတွေ ငုံ့ပြီး တိတ်ဆိတ်သွားတော့သည်။ ထိုအချိန်မှာ အကုန်လုံး ထူးထူးဆန်းဆန်း အနေအထားမှာ ဖြစ်နေကြသည်။ ထိုင်လဲ မထိုင်ရဲ၊ ထလဲ မထရဲကြဘူး။
သူတို့ နှင်းဆီနီ တစ်ယောက်ထဲကိုတောင် မနိုင်ခဲ့တာ။ အခုလို အင်အားပူးပေါင်း ထားပြီးသွားရင် ဘယ်လိုလုပ် အနိုင်တိုက် နိုင်တော့မှာလဲ?
ဟွမ်လောင်ပ ဒေါသထွက်စွာ အံကြိတ်လိုက်သည်။
“ အကိုကြီးယဲ့ ငါတို့ ဒေါသတွေကို မြိုပဲချနေရမှာလား? အဲ့ဒီကောင်မက စကားမတည်ဘဲ နောက်ကျောကို ဓားထိုးသွားတာ အကိုကြီးယဲ့။ ငါ သည်းမခံ နိုင်ဘူး”
ယဲ့ဖန်းရဲ့ မျက်လုံးထဲမှာ ရက်စက်မှုတစ်ချို့ ဖြတ်ပြေးသွားပြီး အေးစက်စွာ ပြောလိုက်သည်။
“ ငါ သည်းခံမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ?”
နှင်းဆီနီ လုပ်သွားတာ မကောင်းဘူး။ ဟွမ်လောင်ပတောင် သည်းမခံနိုင်တဲ့ ကိစ္စကို ယဲ့ဖန်းက ဘယ်သည်းခံနိုင်မှာလဲ?
ဒါပေမဲ့ အချိန်မကျသေးဘူး။ အခုက လှုပ်ရှားလို့ မသင့်သေးတာကို ယဲ့ဖန်း ကောင်းကောင်းသိသည်။ သူအခု အခြေအနေမှာ လင်းမိသားစုကို သေချာပေါက် ရိုက်မချနိုင်သေးဘူး။
သူ ဟွမ်လောင်ပနဲ့ တစ်ခြားသူတွေကို နှင်းဆီနီနဲ့ ဖုန်းလုံဧရိယာရဲ့ ခေါင်းဆောင်ကို သတ်ခိုင်းဖို့ စီစဥ်လိုက်လို့ရသည်။ အရင်ကတော့ အရမ်းကို လွယ်ကူတဲ့ ကိစ္စပေမဲ့ အခုအချိန်မှာ သူတို့ နှစ်ယောက်လုံးရဲ့ အနောက်မှာ လင်းဖေးဟန် ရှိနေသည်။ လင်းဖေးဟန်ရဲ့ နောက်မှာ လင်းမိသားစု ရှိသည်။ လင်းမိသားစုက အရမ်းအားကြီးသည်။ သူ အကုန်လုံးကို သတ်ပစ်ချင်လိုက်ပေမဲ့ ဒါက မဖြစ်နိုင်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေကို ဆွဲခေါ်မိပြီး ဒုက္ခရောက်သွားနိုင်သည်။ ဒါကြောင့် သူ သတိကပ်ထားမှ ဖြစ်မည်။
ဝူ မိသားစုနဲ့ လုမိသားစုဘက်က အကူအညီ ရရင်တော့ လွယ်ကူလိမ့်မည်။ ဒါပေမဲ့ ဟွမ်လောင်ပနဲ့ ဒီလူမိုက်တစ်သိုက်ကိုပဲ အားကိုးလို့ ရမည်တဲ့လား? စောက်ရမ်းမိုက်မဲတဲ့ အိပ်မက် မက်ခိုင်း နေတာပဲ။
“ လင်းဖေးဟန် ဆိုတဲ့ ကောင်စုတ်! ငါ အနှေးနဲ့အမြန် မင်းရဲ့အသားကို အရေခွံနွှာပြီး အစိမ်းလိုက်ဝါးစားပစ်မယ်”
ယဲ့ဖန်း အံကြိတ်ထားပြီး ကြောက်မက်ဖွယ် မျက်နှာနဲ့ လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်ထားရင်း ပြောလိုက်သည်။
ဒီအချိန်မှာ သူ လင်းဖေးဟန်ကို မုန်းလွန်းလို့ အစိမ်းလိုက် အသားတစ်ခြား အရိုးတစ်ခြား လုပ်ချင်စိတ်ပင် ပေါက်နေခဲ့ပြီ။ ဒီ လင်းဖေးဟန် ဆိုတဲ့ကောင်က ဘာကြောင့် သူ့ကို အမြဲဆန့်ကျင်နေရတာလဲ?
သူအစက အခြေအနေ သိပ်မကောင်းဘူး။ ဒါပေမဲ့ နှင်းဆီနီကို သူ့လက်အောက် သွင်းနိုင်ခါနီးခဲ့ပြီ။ ဒီလင်းဖေးဟန်ဆိုတဲ့ကောင် ဖြတ်ခုတ်သွားမယ် မထင်ထားမိဘူး။
ယဲ့ဖန်း တည်ငြိမ်အောင်လုပ်ပြီး ဘာကြောင့် ဖြစ်ရတယ်ကို စတင် စဥ်းစားလိုက်သည်။
နှင်းဆီနီက ဘာကြောင့်အခုလို လုပ်လိုက်တာလဲ?
သူမရဲ့ တစ်ဘဝလုံး နာကျင်မှုကို တောင့်ခံချင် နေလို့လား?
လင်းဖေးဟန်က နှင်းဆီနီရဲ့ရောဂါကို ကုပေး နိုင်လို့လား?
ဒါမဖြစ်နိုင်ဘူး။ လင်းဖေးဟန်က ဒီတိုင်း လင်းမိသားစုရဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသား တစ်ယောက်ပဲ။
လင်းဖေးဟန်က သူ့ရဲ့ ကျွမ်းကျင်မှုတွေကို ဖွက်ထားတာမို့ မသိခဲ့ရတာ ဆိုရင်တောင်မှ လင်းဖေးဟန်ရဲ့ ဦးနှောက်နဲ့ သန်မာမှုအပြင် ဘယ်လိုဆေးကုနည်းကိုပါ တတ်နိုင်အုံးမှာလဲ?
တစ်ကယ်ကို ဆေးကုသနည်းကို သူ အနည်းအကျဥ်း သိတယ်ပဲထား။ ဒါပေမဲ့ ဒီလောကမှာ နှင်းဆီနီရဲ့ရောဂါကို ကုပေးနိုင်တဲ့ ကျွမ်းကျင်ဆရာဝန်က နှစ်ယောက်ပဲ ရှိတယ်။ ဆရာနဲ့ သူပဲ။ လင်းဖေးဟန်မှာ ဘယ်လိုလုပ် ဒီလောက်ပြောင်မြောက်တဲ့ ဆေးဝါးကျွမ်းကျင် အတတ်ပညာ ရှိနေနိုင်မှာလဲ?
“ ဒါက လုံးဝ မဖြစ်နိုင်ဘူး!”
ယဲ့ဖန်း ပိုပြီးတွေးမိလေလေ ဒီကိစ္စက ပိုပြီး ထူးဆန်းတယ်လို့ ခံစားရလေလေပဲ။
နှင်းဆီနီက သူမရဲ့ ရောဂါက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ မသိတာ မဖြစ်နိုင်ဘူး။ သူမကိုယ်သူမ ကုသဖို့ စိတ်အားထက်သန် နေသင့်တာလေ။ နှင်းဆီနီကို တန်းပြီး သဘောတူ စေရုံတင်မကပဲ ရောဂါရဲ့ နာကျင်မှုကိုပါ လျစ်လျူရှုစေလောက်တဲ့ အထိ လင်းဖေးဟန်က ဘယ်လိုအကြောင်းကြောင့် စည်းရုံးနိုင်သွားရတာလဲ?
နှင်းဆီနီကို ဘယ်လို ချိုသာတဲ့ စကားတွေနဲ့ လင်းဖေးဟန် အချိုသတ်ထားတာမလို့လဲ?
ယဲ့ဖန်း အနည်းငယ် ကံကောင်းသေးတယ် ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်သည်။
“ လင်းဖေးဟန်မှာ နှင်းဆီနီကို ကုသနိုင်စွမ်း သေချာပေါက် မရှိဘူး။ နှင်းဆီနီရဲ့ရောဂါက ဘာဆိုတာကိုသိပြီး ဖြုန်းစရာ ပိုက်ဆံတွေ ဘီလီယံချီပြီး ရှိနေရင်တောင် နှင်းဆီနီကို ကုပေးလို့ ရမှာမဟုတ်ဘူး။ ဘာလို့ဆို ကုသနည်း မရှိလို့ပဲ။ တရုတ်တိုင်းရင်း နည်းလမ်းနဲ့ပဲ ကုသလို့ရမှာ”
“ အခု လင်းဖေးဟန်က နှင်းဆီနီကို အရူးလုပ်နေတာပဲ။ ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရမယ်။ လင်းဖေးဟန်က နှင်းဆီနီကို ကုသပေးမယ်လို့ ကတိပေးလိုက်တော့ နှင်းဆီနီက ငါတို့ကို သစ္စာဖောက်သွားတာပဲ။ လင်းဖေးဟန် သူမကို လိမ်နေမှန်းသိတာနဲ့ ငါ့ဆီကိုပြန်လာပြီး ဒူးထောက်တောင်းဆို ရမှာပဲ!”
ယဲ့ဖန်း ဟွမ်လောင်ပအတွက် တာဝန် စတင်ပေးလိုက်သည်။
“ လင်းဖေးဟန် နှင်းဆီနီကို ဘာပြောခဲ့လဲ အတိအကျသိရအောင် သွားစုံစမ်းခဲ့”