အခန်း (၁၄၂)
Vol. 11 Ch. 142
ဟွမ်လောင်ပ ရှုတ်ထွေးစွာ မေးလိုက်သည်။
“ အကိုကြီးယဲ့ ငါတို့တွေ အခု ဧရိယာနှစ်ခုပေါင်းလိုက်လို့ တိုက်ခိုက်ဖို့ ခဲယဥ်း သွားတယ်ဆိုပေမဲ့ အကိုကြီးယဲ့ရဲ့ လုပ်နိုင်စွမ်း နဲ့ဆိုရင် နှင်းဆီနီကို သတ်လိုက်ဖို့ကတော့ အလွယ်လေးပါ။ ဘာလို့အခုလို အလုပ်ရှုတ်ခံနေတာလဲ?
“ ဉာဏ်မရှိဘူး!”
ဟွမ်လောင်ပကို ယဲ့ဖန်း စိတ်တိုစွာစိုက်ကြည့်လိုက်သည်။
လင်းဖေးဟန်ရဲ့ လူဆိုရင် ကြည့်လိုက်၊ တုံးတယ်ဆိုပေမဲ့ ဘယ်တော့မှ လေကြော မရှည်ဘူး။ ဒါပေမဲ့ အခု ဒီဟွမ်လောင်ပဆိုတဲ့ ကောင်ကတော့ တုံးအရုံတင် မကသေးပဲ လေကလဲရှည်နေသေးတယ်။
မင်း တွေးတဲ့ကိစ္စလောက်က ငါ့ရဲ့ ခြေထောက်ကတောင် လိုက်တွေးနိုင်တယ်။ လင်းမိသားစုက ငါတို့ကို ဆန့်ကျင်လာမှာ ကြောက်လို့သာ မဟုတ်ရင် ငါအခုလောက် တွေးနေမှာလား?
ဟွမ်လောင်ပ ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ငါသိပါပြီ။ အခုပဲ သွားလုပ်လိုက်ပါ့မယ် အကိုကြီးယဲ့”
“ အင်း.. အမြန်ဆုံး လုပ်ခဲ့”
ယဲ့ဖန်း ဟွမ်လောင်ပကို ကောင်းကောင်းလေး စိုက်ကြည့်ပေးပြီးနောက်မှ အကြည့် ပြန်ရုတ် လိုက်သည်။ ဒီအချိန်မှာ ယဲ့ဖန်း သဘောပေါက် သွားခဲ့သည်။ ဝက်တစ်ကောင်ကို အဖွဲ့ကို ဦးဆောင်ခိုင်းလို့ မရတော့ဘူး ဆိုတာကို။
ဟွမ်လောင်ပဆိုတဲ့ ကောင်က သုံးစားမရဘူး။ ငါက ကျင်းပိုင်တစ်မြို့လုံးကို ပေါင်းစည်းချင်တာ။ နှင်းဆီနီက ကြီးမားတဲ့ အကူအညီ ဖြစ်လာနိုင်တယ်။
နှင်းဆီနီသာ သူ့ဘက်မှာ မရှိရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်မှာပဲ!
ယဲ့ဖန်း.ဆက်ပြောလိုက်သည်။
“ တစ်ခြား ဧရိယာတွေမှာလဲ အနိုင်ယူဖို့ လိုသေးတဲ့ အကောင်ကြီးတွေ ရှိသေးတယ်။ မင်းပြောလို့ရရင် ကောင်းကောင်းမွန်မွန် စကားစထားခဲ့။ စကားနဲ့ ပြောမရရင်လဲ ယဥ်ကျေးမနေနဲ့”
“ မနာခံတဲ့ကောင်တွေက ပညာပြပြီး အသတ်ခံ ရဖို့ပဲ တန်တယ်”
“ ပြီးရင် အဲ့ကောင်တွေနေရာမှာ ငါတို့လိုတာကို ဆက်သနိုင်အောင် နာခံတတ်တဲ့ ကောင်တွေနဲ့ သေချာ အစားထိုးခဲ့လိုက်”
ယဲ့ဖန်း ပြင်ဆင်ထားမှ ဖြစ်တော့မည်။ နှင်းဆီနီ ဘက်က အကူအညီ မလာဘူးဆိုရင် သူ့ရဲ့ အင်အားကို ဖြည့်တင်းထားမှ ရတော့မည်။
မူလက ယဲ့ဖန်းက နှင်းဆီနီကို သူ့လက်အောက် ခေါ်ပြီး ဟွမ်လောင်ပနဲ့ အင်အားပေါင်းခိုင်းဖို့ တွေးထားခဲ့သည်။ ပြီးတာနဲ့ လင်းဖေးဟန်ရဲ့ လက်အောက်က ဖုန်းလုံ ဧရိယာကို အလွယ်လေး သိမ်းပိုက်ခိုင်းမည်လို့ ကြံထားတာပင်။ ဒီလိုဆိုရင် ဧရိယာသုံးခုလုံး လက်ထဲကိုင်ထားနိုင်ပြီမို့ တစ်ခြားဧရိယာက ခေါင်းဆောင်တွေလဲ ကြောက်လန့်ပြီး ဘာမှ ပြောစရာမလိုပဲ အလိုလို အညံ့ခံလာကြမှာပဲ။
နှင်းဆီနီက လွဲပြီး ကျန်တဲ့ဧရိယာက ကောင်တွေကို သူ ခံစားချက်မလာသလို ဂရုလဲ မစိုက်ဘူး။
ဒါပေမဲ့ အခု အဲ့လိုလုပ်လို့ မရတော့ဘူး။ နှင်းဆီနီက သစ္စာဖောက်သွားခဲ့ပြီ။
နှင်းဆီနီ သူ့ဆီကို သေချာပေါက် ပြန်လာမယ်လို့ ယဲ့ဖန်း ယုံကြည်ချက် ရှိပေမဲ့ ဇာတ်လိုက်တစ်ယောက်က မပြင်ဆင်ထားတဲ့ တိုက်ပွဲကို မတိုက်ဘူး။
ထို့ကြောင့်မို့ ကျန်တဲ့ ဧရိယာရဲ့ ခေါင်းဆောင် တွေအားလုံးကို သူ့ရဲ့ လက်အောက်ရောက်အောင် သိမ်သွင်းဖို့ အမြန်ဆုံး လိုအပ်နေခဲ့သည်။
လင်းဖေးဟန် နှင်းဆီနီကို ရသွားခဲ့ရင်တောင် သူနဲ့ အဆင့်အတူတူ ဖြစ်မှရမည်။ ကျင်းပိုင်မြို့ရဲ့ မြေအောက်လောကကို လင်းဖေးဟန်နဲ့ ညီမျှသွားအောင် နှစ်ပိုင်းပိုင်း ပစ်ပြီး ကျန်တဲ့ဧရိယာ အားလုံးကို သိမ်းပစ်ဖို့ ယဲ့ဖန်း ကြံစည်နေခဲ့သည်။
ယဲ့ဖန်း အခုလို များစွာ ပြင်ဆင်နေတာကို လင်းဖေးဟန် ထိုအချိန်မှာ မသိခဲ့ပေ။
နှင်းဆီနီနဲ့ အချိန်ခဏလောက် ပူးကပ် တွယ်ဖက်နေပြီးနောက်မှာ လင်းဖေးဟန်က နှင်းဆီနီရဲ့ ဗီလာကနေ ထွက်သွားခဲ့သည်။ နှင်းဆီနီသည် အိပ်ယာမှာ ဆက်လက် လှဲလျောင်းနေရင် မဖျားနာရတဲ့ ကောင်းမွန်လှတဲ့ သာယာမှုကို ခံစားနေခဲ့သည်။
ထိုအချိန်မှာပဲ ဖုန်းမြည်လာခဲ့သည်။ လင်ရှောင်းရှောင်းထံမှ ဖြစ်သည်။
နှင်းဆီနီ မတ်တပ်ရပ်လိုက်ပြီး သူမအတွက် ဝိုင်နီတစ်ခွက်ကို ခပ်ဖြည်းဖြည်း လောင်းထည့် ပြီးနောက်မှာမှ ဖုန်းဖြေလိုက်သည်။
ဖုန်းဝင်သွားတာနဲ့ နှင်းဆီနီ တန်းပြီး ပြောလိုက်သည်။
“ သူ ဒီမှာ မရှိဘူး။ မင်း ပြောစရာ ရှိရင် တန်းပြောလို့ရတယ်”
လင်ရှောင်းရှောင်း ခဏကြောင်သွားပြီးနောက်မှာ မေးလာခဲ့သည်။
“ လင်းဖေးဟန်က အဲ့လောက် အမြန် ထွက်သွားတယ်လား?”
နှင်းဆီနီ ပြုံးသွားကာ
“ မင်းဘာတွေ တွေးနေတာလဲ? ငါရာသီ လာနေတယ်”
“ ဟဟ ကောင်းတာပေါ့”
လင်ရှောင်းရှောင်း ထို့နောက်မှာ လေသံ ပြန်ပြင်လိုက်ကာ
“ အမကြီးဟုန် လင်းဖေးဟန်ကို လိုက်လျော မိလိုက်တာကို ကိုယ့်ကိုယ်ကို သိတယ် မလား? သူ့ရဲ့ စကားအနည်းငယ်လောက်နဲ့ ကြောင့်ပဲ ဟုတ်ရဲ့လား?”
နှင်းဆီနီ ဘာမှ မပြောခဲ့ပေ။ ဗီလာကနေ တစ်ဖြည်းဖြည်း သွားနေတဲ့ လင်းဖေးဟန်ရဲ့ ကားကို မမှိတ်မသုန် ကြည့်နေရင်း ဝိုင် တစ်ငုံ သောက်လိုက်သည်။
“ သူ့ရဲ့ အခြေအနေတွေကို အမကြီးဟုန် တစ်ကယ် သဘောတူမှာလား? အခုလဲ နောင်တရဖို့ အရမ်းမနောက်ကျသေးဘူး”
ဟုန်မိန်ကွေ့ ပြုံးလိုက်ပြီး လင်ရှောင်းရှောင်းရဲ့ အမေးကို မဖြေဘဲ အမေးနဲ့ တုံ့ပြန်လိုက်သည်။
“ သူက မကောင်းလို့လား?”
လင်ရှောင်းရှောင်း ကြောင်အ သွားသည်။
ဘာလို့ အမကြီးဟုန်က အခုလို မေးရတာလဲ?
လင်ရှောင်းရှောင်း တွေးနေရင်း မျက်မှောင် ကြုတ်သွားပေမဲ့ ပြန်ဖြေလိုက်သည်။
“ သူက… အင်း သူက ကောင်းပါတယ်။ ဒါပေမဲ့ ညီမအထင် သူက အရမ်းမောက်မာတယ်”
“ ပါးစပ်ဟတာနဲ့ အမကြီးကို မိန်းမအဖြစ် လိုချင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒါ အရမ်း မောက်မာတာပဲ။ အရမ်းကို ရဲတင်းတယ်လို့လဲ ပြောလို့ရတယ်”
“ အမကြီးဟုန် ညီမအထင် သူက အမကြီးရဲ့ အလှကိုပဲ စွဲလန်းနေတဲ့သူပဲ။ အဲ့လိုလူတွေ အများကြီး ညီမ တွေ့ဖူးတယ်။ အမကြီးဟုန်ကို နေရာတစ်ခုလဲ မပေးနိုင်ဘဲ တစ်ခြားမိန်းမ တွေလဲ ရှာမှာ။ သူက အဲ့လိုပင်လယ်ဘုရင်ပဲ။ သူ့မှာ ဘယ်လောက်မိန်းမတွေ ရှိခဲ့မှန်းလဲ မသိဘူး။ ညီမ အကြံပေးမယ်။ သူနဲ့ဆိုရင် အမကြီး ဘယ်တော့မှ ပျော်ရမှာ မဟုတ်ဘူး”
နှင်းဆီနီ ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ ရှောင်းရှောင်း မင်းမှားနေပြီ။ သူက မိန်းမတွေကို ဘယ်လို ရန်စရမလဲပဲ သိတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသား တစ်ယောက် မဟုတ်ဘူး”
“ ဒါ့အပြင် ယောက်ျားတစ်ယောက်အတွက် ငါ့အလှမှာ စွဲလန်းတာ ပုံမှန်ပဲလို့ ပြောလို့ရတယ်။ မိန်းမနဲ့ ယောကျ်ားကြားမှာ သန့်စင်တဲ့ ဆက်ဆံရေးဆိုတာ ရှိလို့လား? သူငါ့ရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူကအရမ်း ပွင့်လင်းခဲ့တယ်လို့ ငါခံစားရတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေကြပြီး သူတော်ကောင်းယောင်ဆောင်တဲ့ ယောက်ျား အများကြီး ငါတွေ့ဖူးပြီးပြီ။ တစ်ဖက်က ကြည့်ရင် သူက တစ်ကယ့်ကို ဗီလိန်အစစ်ပဲ”
လင်းဖေးဟန် သူမရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ် ဆိုတဲ့ကိစ္စက နှင်းဆီနီရဲ့ အမြင်မှာ စက်ဆုတ်စရာ တစ်ခု မဟုတ်ခဲ့ဘူး။ ယောက်ျားတိုင်း သူမကို စွဲလန်းနေအောင် လုပ်နိုင်စွမ်း ရှိပြီးသားပဲ။ သူမရဲ့ ခန္ဓာကိုယ်လန်းလန်းကော၊ လှပတဲ့ ရုပ်ရှည်ကော၊ ယုံကြည်ချက်ကော ရှိသည်။
ဒီနှစ်ပိုင်းတွေထဲမှာ သူမရဲ့ ခန္ဓာကိုယ်ကို ငမ်းငမ်းတက် လိုချင်နေတဲ့ ကောင်တွေ အသက် ဆယ့်ခြောက်လောက်ကနေ ခြောက်ဆယ်ကျော်ထိ အများကြီး ရှိခဲ့သည်။ ဒါချဲ့ကားပြောနေတာ မဟုတ်ဘူး။ အမှန်တရားပဲ။
သူမရဲ့ အသက်ဆယ့်ငါးနှစ် အရွယ်လောက် တည်းက ကြီးထွားလာတဲ့ အချိန်တစ်လျှောက်လုံး သူမကို ယောက်ျားတွေ ဆက်တိုက် လိုချင်နေခဲ့ကြတာပင်။
မြေအောက်လောကမှာ ကျင်လည်နေတာလဲ ကြာနေပြီမို့ ဒီလိုနှာဗူးထတဲ့ ကိစ္စက သူမအတွက် သာမာန်ဖြစ်နေပြီ။ ရွံစရာ တစ်ခုလို မမြင်တော့ဘူး။
ဟုန်မိန်ကွေ့ရဲ့ စကားကို ကြားပြီးနောက်မှာ လင်ရှောင်းရှောင်း မှင်သက်သွားခဲ့သည်။ မထင်ထားစွာဘဲ အမကြီးဟုန်က လင်းဖေးဟန်ကို ကူညီပေးနေခဲ့သည်။ လင်ရှောင်းရှောင်း ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့… ဒါပေမဲ့.. သူက အမကြီးကို စပွန်ဆာ သဘောမျိုး”
“ အမကြီးဟုန်က ဖန်းဟွာဧရိယာရဲ့ ဘော့စ် တစ်ယောက်ပဲ။ ဒီအနေအထားမှာ ဘယ်လို နေရမှာလဲ?”
ဟုန်မိန်ကွေ့ ပြုံးလိုက်သည်။
“ တစ်ကယ်တော့ ဒါက အဓိပ္ပါယ် ရှိတယ်။ တွေးကြည့်လိုက်၊ လင်းမိသားစုက ကျင်းပိုင်မြို့ရဲ့ အဓိက မိသားစုလေးခုထဲက တစ်ခုပဲ။ ကျင်းပိုင်မြို့မှာ အားကြီးတဲ့ တည်ရှိမှုပဲလို့ ပြောလို့ရတယ်။ လင်းဖေးဟန်က လင်းမိသားစုရဲ့ အနာဂတ် ဆက်ခံသူ ဖြစ်သလို လက်ရှိမှာ လင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌပဲ။ မိသားစု ကြီးတွေက အမြဲတမ်း အဆင့်အတန်း တူတဲ့ သူတွေနဲ့ပဲ လက်ထပ်ကြတာ။ သူ့ရဲ့ မိန်းမဖြစ်မဲ့ သူက လင်းမိသားစုရဲ့ ဂုဏ်ဒြပ်နဲ့ ကိုက်ညီတဲ့ ကံကြမ္မာရှိမှ ဖြစ်မှာ”
“ သူငါ့ကို လက်ထပ်လို့ရတယ်လို့ ပြောခဲ့တယ် ဆိုရင် အဲ့ဒါ လိမ်နေပြီး အရူးလုပ်နေတာပဲ။ ငါ သေချာပေါက် ယုံမှာ မဟုတ်ဘူး”
“ သူအခုငါ့ကို မလက်ထပ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒါအရမ်း ပွင့်လင်းပေးခဲ့တာပဲ။ ငါကျေနပ်တယ်။ ပြီး အနေအထားကို ငါ ဂရုမစိုက်ဘူး”
“ ငါသူနဲ့ အတူရှိနေရတဲ့ အရေးအပါဆုံး အကြောင်းအရင်းက အကျိုးအမြတ်ပဲ။ ဒါတွေက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် လေးတွေပါပဲ။ ရှောင်းရှောင်း မင်းက ငယ်သေးတယ်။ အများကြီး နားလည်အုံးမှာ မဟုတ်ဘူး။ ငါ့အရွယ်နဲ့ ငါ့နေရာကို ရောက်လာရင် မင်း ချက်ကျလက်ကျ နားလည် သွားလိမ့်မယ်။ ကိုယ်ရေးကိုယ်တာ အရေးပေးမှုတွေက အရေးမကြီးဘူး”
“ အရေးအကြီးဆုံး အရာက အကျိုးအမြတ်ပဲ”
“ အကျိုးအမြတ်က လုံလောက်နေသရွေ့ ငါသူ့ကို မကြိုက်ရင်တောင်မှ လိုက်လျော ပေးမှာပဲ”
နှင်းဆီနီ ခါးသက်စွာ ပြုံးလိုက်သည်။
“ သူက အသက်ရှစ်ဆယ် အဖိုးကြီး ဖြစ်နေရင်တောင် ငါ သဘောတူ လိမ့်မှာပဲ။ ဘာလို့ဆို ငါက လူတစ်ယောက်ထဲကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင် အချစ်ဘာညာဆိုပြီး ရွေးနေလို့ မရဘူး။ ငါ့မှာ မင်းတို့အတွက်တာဝန်ရှိတယ်။ မင်းတို့ တစ်ဂိုဏ်းလုံးအတွက်”