အခန်း (၁၄၃)
Vol. 11 Ch. 143
ထိုစကားကို ကြားတော့ လင်ရှောင်းရှောင်း ရင်ထဲ ထိသွားပြီး အနည်းငယ် ဝမ်းနည်းသွားသည်။ သူမ ခေါင်းငုံ့သွားပြီး ပြောလိုက်သည်။
“ အမကြီးဟုန် စိတ်ပျက်နေရဖို့ မမျှော်လင့် ထားမိဘူး။ ညီမက အရမ်း အသုံးမကျတာပဲ။ အမကြီးကို ဆွဲချမိတယ်”
နှင်းဆီနီ ပြုံးလိုက်ကာ
“ မဟုတ်ဘူး တစ်ကယ်တော့ လင်းဖေးဟန်က အရမ်းကောင်းပါတယ်။ အခုကြည့်လိုက်၊ သူ့မှာ ပုံရိပ်ကောင်းလဲ ရှိတယ်။ အရမ်းလဲ သန်မာတယ်။ သူ့ရဲ့မိန်းမဖြစ်ရတာ ငါမှားတယ်လို့ မခံစားရဘူး။
လင်ရှောင်းရှောင်း ပြောလိုက်သည်။
“ အမကြီးဟုန် အဲဲဒီနေ့က ယဲ့ဖန်းက ပိုကောင်းတယ်လို့ ညီမထင်တယ်။ ဒီလင်းဖေးဟန်က မြေခွေးအိုကြီးလိုပဲ”
“ ညီမတို့ကို အသုံးချနေသလို ခံစားရတယ်”
နှင်းဆီနီ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
“ မင်း ယဲ့ဖန်းကို ကြိုက်နေတာလား?”
တစ်ဖက်က ဖုန်းကိုင်ထားတဲ့ လင်ရှောင်းရှောင်း မနေနိုင်စွာ ရှက်သွေးဖြာသွားပြီး ဝါးတားတား ပြောလိုက်သည်။
“ အမကြီးဟုန် ညီမ တစ်ကယ်တော့လေ ယဲ့ဖန်းက အဘက်ဘက်မှာ ကောင်းတယ်လို့ ထင်တယ်။ သူက တစ်ကယ့် လူကြီးလူကောင်းပဲ။ လင်းဖေးဟန်က သစ္စာမရှိတဲ့ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့သူ ဖြစ်မှာ”
လင်ရှောင်းရှောင်းက နှင်းဆီနီရဲ့ လက်အောက်ခံပဲ ဆိုပေမဲ့ သူမတို့ နှစ်ယောက် ကြားရှိ ဆက်ဆံရေးက ညီအမ ဆက်ဆံရေးနဲ့ ပိုတူသည်။ လင်ရှောင်းရှောင်းက နှင်းဆီနီကို စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း အကုန် ပြောတတ်သည်။
နှင်းဆီနီ ခါးသက်စွာ ပြုံးလိုက်သည်။
“ ရှောင်းရှောင်း တစ်ခါတစ်လေ ငါမင်းကို တစ်ကယ် မနာလိုတယ်။ မင်းကငါ့ထက် ပိုကံကောင်းပါတယ်။ အချစ်နောက်ကို စိတ်ကြိုက် လိုက်လို့ရတယ်။ ငါပြောမယ်။ တစ်ခါတစ်လေ လူဆိုးတွေက လူကြီးလူကောင်း တွေထက် ပိုကောင်းတတ်တယ်”
လင်ရှောင်းရှောင်း သံသယ တစ်ချို့နဲ့ ပြောလိုက်သည်။
“ အမကြီးဟုန် ပြောတာကို ညီမ သိပ်နားမလည်ဘူး”
နှင်းဆီနီ ပြောလိုက်သည်။
“ အရေးမကြီးပါဘူး။ မင်း နားမလည်ဘူးဆိုရင် ဘယ်လိုလုပ်လုပ် နားလည်အုံးမှာ မဟုတ်ဘူး။ အနှေးနဲ့အမြန် မင်းဘာမင်း သဘောပေါက် သွားပါလိမ့်မယ်။ ကောင်းပြီ။ အိပ်တော့”
လင်ရှောင်းရှောင်း ထပ်ပြောချင်သေးပေမဲ့ တစ်ဖက်က ဖုန်းချသွားခဲ့လေပြီ။
လူတစ်ချို့က အချင်းချင်း နှုတ်ဆက်ပြီး အိပ်ယာဝင်သွားချိန်မှာ လူတစ်ချို့က ရုံးခန်းမှာ အလုပ်လုပ်နေဆဲ ဖြစ်ပြီး တစ်ချို့သော သူကတော့ ဂိမ်းဆော့နေလေသည်။
ဒါပေမဲ့ ဂိမ်းဆော့နေသူက လင်းဖေးဟန် မဟုတ်ဘူး။ လုရွှယ်ယင် ဖြစ်သည်။
အေးစက်ပြီး မြူအုပ်နေတဲ့ ဒီမိန်းမက တိတ်တိတ်လေး သူမရဲ့ ဆန္ဒရဲ့ ဆန့်ကျင်ပြီး HOK ကို ဒေါင်းထားတာပင်။
အံ့သြစရာ ကိစ္စနဲ့တူပေမဲ့ သေချာ တွေးကြည့်ရင် ဒါက ဒီလောက် မထူးဆန်းပါဘူး။
ဖြည်းဖြည်းချင်း လုရွှယ်ယင်ရဲ့ နှလုံးသားထဲကို တိုးဝင်နေတဲ့ လင်းဖေးဟန်က သူမကို ပြောင်းလဲလိုက်တာပင်။
လင်းဖေးဟန် တစ်ခါက သူမရဲ့ ဖုန်းကို ရဲရဲတင်းတင်းကြီး ချပစ်ခဲ့တဲ့ အကြောင်းအရင်းက HOK ကစားနေလို့ဆိုတာ လုရွှယ်ယင် ရှင်းရှင်းလင်းလင်း မှတ်မိသည်။
ဒီ ဂိမ်းကြောင့်ပဲ အလုပ်ဂျိုး လင်းဖေးဟန်က မနက်လဲ နောက်ကျမှရောက်၊ ညနေလဲ အစောကြီး ပြန်နေခဲ့သည်။ အလုပ်ထဲမှာပင် ဂိမ်းဆော့နေသေးသည်။
သူမ လျှို့ရှင်းယာကို စုံစမ်းခိုင်းခဲ့တုန်းက လင်းဖေးဟန်ရဲ့ အချိန်ဇယားမှာ ဂိမ်းတွေနဲ့ပဲ ပြည့်နေတာကို ပိုပြီးရှင်းနေအောင် မှတ်မိသေးသည်။ ဂိမ်းဆိုမှတော့ ဂိမ်းပဲကို။ ဒီလောက်ထိ ဖြစ်စရာလိုလို့လား?
လင်းဖေးဟန် စေ့စပ်ပွဲ ဖျက်မယ်လို့ ပြောခဲ့တုန်းက သူ ပြောင်းလဲသွားတာ သိသာသည်။ လင်းဖေးဟန် ဂိမ်းစွဲ သွားလို့များလား? ဒါမှမဟုတ် ဂိမ်းကသူ့ကို ပြောင်းလဲပစ်လိုက်တာလို့ ပြောရမလား?
ဒါမှန်တယ်။ ဒီHOK ကြောင့်ပဲ။
ဒါတွေကြောင့် ဒီဂိမ်းနဲ့ပတ်သတ်ပြီး လုရွှယ်ယင် အရမ်းကိုသိချင်စိတ် ဝင်လာခဲ့သည်။ ပိုများတဲ့ အကြောင်းအရင်းက လင်းဖေးဟန် ကြောင့်ပဲဆိုပေမဲ့ ဂိမ်းရဲ့ အညွှန်းကြောင့်လဲ တစ်ခုအပါအဝင် ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်ရက်က လင်းဖေးဟန်နဲ့ ပူးပေါင်းမှု ဆွေးနေခဲ့ပြီးနောက်မှာ လင်းဖေးဟန်က ဂိမ်းအတူဆော့ဖို့ ဖိတ်ခေါ်တာကို သူမ ငြင်းခဲ့သည်။
ငြင်းလိုက်ပေမဲ့ စိတ်ထဲ မရောက်သွားဘူးလို့ မဆိုလိုဘူးလေ။
သူမရဲ့ နှလုံးသားထဲ ပေါက်ဖွားလာတဲ့ အဲ့ဒီ စိတ်ဝင်စားမှု အစေ့က အမြစ်ပေါက်ကြီးထွား လာပြီး ဒီလိုနဲ့ပဲ ဂိမ်းကို ဒေါင်းဖြစ်သွားခဲ့သည်။
အလုပ်ပြီးသွားချိန်မှာ ပုံမှန်လို ပေါ့ပါးတဲ့ သီချင်းဖွင့်ဖို့ လုရွှယ်ယင် မလုပ်ခဲ့ပေ။ သူမရဲ့ ဘေးမှာရှိတဲ့ ‘ယောက်ျားတစ်ယောက်ကို မင်းတစ်ကယ် နားလည်ရဲ့လား?’ ဆိုတဲ့ စာအုပ်ကို ကောက်ကိုင်လိုက်သည်။
ထို့နောက်မှာ အနည်းငယ် တုံ့ဆိုင်းနေသေး ပေမဲ့ အဆုံးမှာတော့ သူမရဲ့ ဝီချက် အကောင့်နဲ့ မှတ်တမ်းတင်ပြီး ကိုယ်ပိုင် အကောင့်ဖွင့်လိုက် တော့သည်။
ဂိမ်းဆော့နေချိန်မှာ လုရွှယ်ယင် မတတ်နိုင်စွာ မျက်နှာပူသလို ခံစားရပြီး အနည်းငယ် ရှက်မိသည်။
သူမ HOK ကစားနေတယ်ဆိုတာ တစ်ခြားသူကို မသိစေချင်ဘူး။ အထူးသဖြင့် လုပ်ငန်းပါတနာတွေကိုပင်။ မဟုတ်ရင် သူတို့ရဲ့ စိတ်ထဲမှာရှိတဲ့ သူမရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။
ဒါတင်မကဘူး။ ငါ ဂိမ်းဆော့နေတာကို တစ်ယောက်ယောက်သာ သိသွားလို့ကတော့ ကျင်းပိုင်ရဲ့ မနက်ခင်းသတင်းစာကနေ တစ်မြို့လုံး သိသွားကြမှာပဲ။
ငါ့ရဲ့ သီးခြားနတ်ဘုရားမဆိုတဲ့ ပုံရိပ် ပျောက်ပြီး ကျင်းပိုင်မြို့က ငါ့ကိုစွဲလန်းနေတဲ့ ယောက်ျားထုကြီး စိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ?
ဒီတော့ စိတ်ချရတဲ့ ပြင်ဆင်မှုတွေတော့ လုပ်ထားမှရမည်။
“ကျေးဇူးပြုပြီး နာမည်ဖြည့်သွင်းပါ ဧည့်သည်”
လုရွှယ်ယင် မနေနိုင်စွာ ခဏလောက် တွန့်ဆုတ်သွားသည်။ ထို့နောက်တွင် သူမရဲ့ လက်များကို လှုပ်ရှားလိုက်ကာ
“ ပျံနေတဲ့စုန်းမငယ်”
“ စိတ်မကောင်းပါဘူး။ နာမည်က ယူပြီးသား ရှိပြီမလို့ နောက်တစ်ခု ဖြည့်သွင်းပါ”
“ ဒါဖြစ်နိုင်လို့လား?”
လုရွှယ်ယင် ကြောင်သွားသည်။
နာမည်က ထပ်လို့မရဘူးလား?
မှတ်ပုံတင် ကဒ်တွေလို အကုန်လုံး နာမည်တူရှိလဲ ရမယ်လို့ သူမ တွေးခဲ့မိသည်။
မှတ်ပုံတင်မှာသာ နာမည်တူ မရဘူးလို့ တွေးကြည့်လိုက်၊ ဒါဆို ဘယ်လို ခေါ်ခံရမယ် ထင်လဲ? လုရွှယ်ယင် 9527လို့လား?
………
မနက်ခင်းရောက်ပြီ ဖြစ်တဲ့အတွက် နေမင်းကြီး ထွက်လာခဲ့ပြီ။
ယဲ့ဖန်း မနက်အစောတွင် ထပြီး လုပ်စရာ ရှိသည့်အတွက် သေချာ မအိပ်ထားခဲ့ပေ။
ဒီအချိန်မှာ ယဲ့ဖန်း မနက်စာ စားချင်စိတ်တောင် မရှိနေခဲ့ပေ။ သူ အလွန် စိတ်ဓာတ်ကျနေသည်။
ငါ ကျင်းပိုင်မြို့ကို ကြီးမားတဲ့ အောင်မြင်မှုတွေ ယူမယ်လို့ စိတ်ကူးယဥ်ပြီး ရောက်လာခဲ့တယ်။ လင်းဖေးဟန်ကြောင့်နဲ့ နေရာစုံကနေ အပိတ်ခံရပြီး စိတ်ပျက်နေရမယ် မထင်ထား ခဲ့ဘူး။
အဲ့ဒီ ပန်းဆိုင်က အလှလေးကြောင့်နဲ့ ငါ့ကို ဘက်ပေါင်းစုံကနေ လိုက်တိုက်ခိုက်နေတာ။ ပြီး ငါထိလိုက်သမျှ အလှလေးတိုင်းက ဘာလို့ လင်းဖေးဟန် အပိုင်ကြည့် ဖြစ်နေရတာလဲ?
ငါအခု ရှိတာဆိုလို့ ရုပ်ရည်သာမာန်ထက် နည်းနည်းပိုကြည့်ကောင်းတဲ့ လျိုရှုယွင်ပဲ ရှိတယ်။
ငါ့မှာ ဘာမှမရှိတော့ဘူး။ လင်းဖေးဟန်ကြောင့် ငါ့မှာ ဘာဆိုဘာမှ မရှိတော့ဘူး။
ဆရာကိုယ်တိုင် စီစဥ်ပေးခဲ့တဲ့ ဘော်ဒီဂတ် နေရာတောင်မှ အလုပ်ထုတ်ခံလိုက်ရပြီး ဆရာကိုယ်တိုင် ဖုန်းဆက်ပြီး ငါ့ကို ပြောလာတယ်။ မင်း ကျရှုံးပြီဆိုပြီး!
ဒါအရမ်း များနေပြီ။ ငါကြိုက်သမျှ စော် တိုင်းက ဘာကိစ္စ လင်းဖေးဟန်ဆီပဲ ပါနေရတာလဲ? သူ ကျင်းပိုင်မြို့မှာ နာမည်တစ်ခု ဖန်တီးမယ်ဆိုပြီး ရောက်လာခဲ့ပေမဲ့ ဒီအချိန်မှာ သူ့ကို တစ်ခုခုက ချည်နှောင်တာ ခံထားရသလို တစ်ကယ်ပဲ ခံစားနေရတယ်။ သူ့မှာ သန်မာမှုတွေ ရှိတယ်။ ဒါပေမဲ့ သုံးစရာနေရာမရှိဘူး။
လင်းဖေးဟန်က ဘာကိစ္စ ကိစ္စကောင်းတွေကြည့် တွေ့နေရတာလဲ?
ယဲ့ဖန်း လင်းဖေးဟန်ကို အလွန် အာရုံစိုက် နေမိသည်။
လင်းဖေးဟန်က ချောလဲချောသလို ပိုပြီး လွတ်လွတ်လပ်လပ် ရှိတဲ့ကောင်ဆိုတာ လက်တော့ခံပါတယ်။
ငါ ဆက်ပြီး စောင့်ကြည့်နေလို့ မရတော့ဘူး။
ယဲ့ဖန်း လက်ဦးမှုယူပြီး လှုပ်ရှားဖို့ ဆုံးဖြတ် လိုက်တော့သည်။
သူ တိတ်တိတ်လေး လုမိသားစုရဲ့ လုံခြုံရေး ရာထူးကို သွားလျှောက်ဖို့ တွေးထားခဲ့သည်။ လုရွှယ်ယင်ကို တိတ်တဆိတ် ကာကွယ်ပေးရင်း သူမရဲ့နှလုံးသားကို အောင်မြင်စွာ သိမ်းပိုက်ပြီးသွားပြီဆိုရင် လုမိသားစုရဲ့ အကူအညီနဲ့ လုပ်ချင်တာ လုပ်လို့ရပြီ။