အခန်း (၁၄၄)
Vol. 11 Ch. 144
ယဲ့ဖန်းက အသန်မာဆုံး ဆရာဝန် တဖြစ်လဲ လုံခြုံရေး အစောင့်ဖြစ်လာချင်ပြီး လုမိသားစုရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာရမည်။
ဒါက ယဲ့ဖန်းရဲ့ လက်ရှိ အစီအစဥ်ပဲ ဖြစ်သည်။
ဒါပေမဲ့ ဒီအချိန်မှာ သူ့ရဲ့ လုံခြုံရေး အစောင့် လုပ်ပိုင်ခွင့်ကိုပါ လုရွှယ်ယင်က ပြန်ရုတ်သွားပြီမှန်းတော့ သူ မသိခဲ့ဘူး။ လင်းဖေးဟန်ရဲ့ အပြင်ဘက်က တိုက်ခိုက်မှုတွေ အပြင် သူ့ရဲ့ ကိုယ်ပိုင် လုပ်ရပ်တွေကြောင့်ပါ အခုလို ဇာတ်ကြောင်း ပြောင်းသွားရခြင်း ဖြစ်သည်။
ဒါပေမဲ့ အခုမှာတော့ ယဲ့ဖန်းက တုံးအစွာ ယုံကြည်ထားဆဲပင်။ သူ့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ သန်မာမှုတွေကို ထုတ်ပြလိုက်တာနဲ့ လုရွှယ်ယင် ကြွေဆင်းသွားမယ် လို့ပေါ့။
လုရွှယ်ယင်ရဲ့ အနေအထားက အရမ်းမြင့်တာဆိုတော့ သူမကို ထောက်လှမ်းနေတဲ့ သူတွေ အများကြီး ရှိမှာပဲ။ သူမရဲ့ အခြေအနေက အန္တာရယ် များနေမှာ။
ဒီ ပုန်းကွယ်နေတဲ့ အန္တာရယ်တွေကို တစ်ခုပြီး တစ်ခု ရှင်းပေးလိုက်ရင် လုရွှယ်ယင် ငါ့ကို ထားသွားရက်အုံးမယ်လို့တော့ မထင်ဘူး။
သူ့လို ဘုရင်ဖြစ်ချင်တဲ့ စိတ်ဓာတ်မြင့်မားတဲ့ သူတစ်ယောက်က လုံခြုံရေး အစောင့်နေရာကို အလုပ်လျှောက်ရမယ်လို့ မမျှော်လင့်ထား ခဲ့ဘူး။
လုံခြုံရေး အစောင့် နေရာလေး တစ်ခုအတွက်နဲ လတ်မှတ်အတုတွေကော၊ တက္ကသိုလ် ဘွဲ့အတု စာတမ်းတွေပါ ပြင်ဆင်ရအုံးမည်။
ယဲ့ဖန်း လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူပြီးနောက်မှာ လူကုမ္ပဏီဆီကို လမ်းလျှောက် သွားလိုက်သည်။
ယဲ့ဖန်း သီချင်းတောင် ညည်းနေလိုက်သေးသည်။
“ ငါက အစောင့်တစ်ယောက်၊ အချစ်ဆိုတာ ငါ့အတွက်တော့ နောက်ပေါက်.. yeah..yeah
တစ်နပ်စာလောက်ပဲ ရှိမယ့် လစာကို ထုတ်ပိုး၊ မိန်းမလှတွေကတော့ ငါ့ကို မြင်ရင် နွမ်းပါးလို့ ဂျောင်ထိုး… yeah… yeah..
ကပ္ပတိန်ကတော့ တစ်ရက် သုံးနပ်ကျွေးမယ် ညာသွားတယ်.. ငါ့မှာအဟုတ်တွေ ထင်ပြီး ယုံခဲ့တယ်..
အလုပ်လာတိုင်း နေ့စဥ်နဲ့အမျှ..
ငါ့မှာ စိတ်ဆင်းပဲ ရဲနေရ.. သူမကျွေးတဲ့ ဘီစကစ်လေးပဲ ပျားရည်မှတ်ရင်း စားနေရ.. yeah.. yeah..
ငါ့ဘဝထဲ ဝင်လာတဲ့ ဒီမီးအိမ်ရှင် မလေးက..
တော်ကီတော့ အခြွေမခံတဲ့ အထာလေးဗျ!
အထာလေး နည်းနည်းကိုင်ပြီး မူမှာပေါ့..
ဒီကိုကိုက ဂိတ်စောင့်ရတဲ့ အခြေအနေမို့..
ရို့..ရို့..”
ယဲ့ဖန်း ဆိုပြီးနောက်မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ငါ လုံခြုံရေး အစောင့်ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ တစ်ကယ်ကို ဒီလိုနေ့မျိုး ရောက်လာသေးတာပဲ။ ဟွမ်လောင်ပနဲ့ ကျန်တဲ့ကောင်တွေနဲ့သာ ဆုံလို့ကတော့ ငါ့ရဲ့ ဘော့စ်ဆိုတဲ့ ပုံရိပ် ချက်ချင်း ကျဆင်းတော့မှာ။
“ နောက်တစ်စက္ကန့်နေရင် ဘယ်လို ဗူးသွတ် ခေါက်ဆွဲ အရသာသစ်ကို စားရတော့မယ် မသိဘူး”
ယဲ့ဖန်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
တစ်ကယ်ကို ကြိုတင် ခန့်မှန်လို့မရဘူးပဲ။
လမ်းလျှောက်ရင်း ယဲ့ဖန်း ဟာသ လုပ်နေတုန်းမှာပဲ အရှေ့မှာ ဖြစ်သွားတဲ့ ကားအက်ဆီဒန့်က သူ့ရဲ့အာရုံကို ဆွဲဆောင် သွားခဲ့သည်။
ယဲ့ဖန်း ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ BMWက ဖြတ်ဝင်လာတာဖြစ်ပြီး အနောက်က Audi က အရှိန်နဲ့ မောင်းလာခဲ့သည်။ BMW က ရုတ်တရက်ကြီး ဝင်ချလာတော့ ဘရိတ်နင်းလို့ မရတော့ဘဲ တိုက်မိကုန်တာပဲ။
BMW ပိုင်ရှင်က ကားထဲကနေ ချက်ချင်း ထွက်လာခဲ့သည်။ Audi ပိုင်ရှင်က မိန်းကလေး ဆိုတာ ထိုသူ တွေ့သွားသည်။ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားပြီး Audi ရဲ့ ကားမှန်ကို ထုရိုက်တော့သည်။
အရှေ့က သူ့ရဲ့ကားကို လက်ညိုးထိုးပြရင်း အလွန်ဒေါသတကြီး ဆဲဆိုနေသည်။
“ မင်း ကားကော မောင်းတတ်လား? ငါ့ကားကို အခု မင်းတွေ့လား? ငါ့ကား အသစ်လေး!”
မကြာခင်မှာပဲ ပွဲကြည့်ပရိတ်သတ်တွေ ပြည့်လာခဲ့သည်။
Audi ပိုင်ရှင်က ကားထဲက အမြန်ထွက်လာ ခဲ့သည်။
ပိုင်ရှင် မိန်းကလေးသည် ဒေါက်ဖိနပ်အမဲရောင်ကို ဝတ်ဆင်ထားပြီး ခြေတံရှည်ရှည်ကို ပေါ်လွင်စွာ မီနီ စကပ် အောက်ကနေ အသားကပ် အနက်ရောင် ဝတ်ထားသည်။
ယဲ့ဖန်းရဲ့ မျက်လုံးတွေ လက်သွားတော့သည်။ သူမမှာ လှပတဲ့ ခန္ဓာကိုယ် ရှိတာပဲ။ ယွမ်တစ်သောင်းလောက် အနည်းဆုံး တန်တဲ့ ကာစီနို နာရီကို ဝတ်ထားပြီး ခြေတံလဲ ရှည်သည်။ ဆယ်မှတ်အတွင်း ဆုံးဖြတ်ရရင် ဒီကောင်မလေးက ရှစ်မှတ်လောက် တန်သည်။ တစ်ကယ်ကို အလှလေးပဲ။
သူမရဲ့ မျက်နှာကို ကြည့်လိုက်ရင် အလွန် စိတ်ညစ်နေပုံလေးက ကြည့်တဲ့သူတိုင်းကို ကာကွယ်ချင်စိတ်ပါ ပေါက်လာစေသည်။ ယဲ့ဖန်း မနေနိိုင်စွာ နှစ်ကြိမ်ကျော်တောင် ကြည့်လိုက်မိပြီး တစ်ဖြည်းဖြည်း လူအုပ်ကြား ထဲကို သွားလိုက်သည်။
ဒီမိန်းမက တစ်ကယ် လှတယ်.. အကောင်းဆုံးပဲ။
ငါ ယဲ့ဖန်းက နောက်ဆုံးတော့ အကွက်တွေ ထုတ်ပြီး မိန်းမလှကို သိမ်းနိုင်တော့မယ်။
နတ်ဘုရားက ငါ့ကို မေတ္တာ ရှိသေးသားပဲ။
အခုမှပဲ ဒီကမ္ဘာရဲ့ လှပမှုကို ယဲ့ဖန်း နောက်တစ်ကြိမ် ပြန်ခံစားနိုင်တော့သည်။
ယဲ့ဖန်းရဲ့ ဖိနှိပ်ထားတာ ကြာပြီဖြစ်တဲ့ ဒီသူရဲကောင်းလုပ်ချင်တဲ့ ခံစားချက် ပြန်နိုးထလာရတဲ့ ပျော်ရွှင်မှုကို ဖော်ပြဖို့ စကားလုံးတောင် မရှိတော့ပေ။ တစ်ကယ်ကို ရင်ထဲထိပြီး လန်းဆန်းသွားစေတဲ့ ခံစားချက်ပဲ။ ရှည်ကြာတဲ့ မိုးခေါင်မှုအပြီးမှာ ရွာချတဲ့ ချိုမြိန်တဲ့မိုးပဲ ဒါက!
မိန်းမငယ်ရဲ့ ပုံစံကို တွေ့တော့ BMW ပိုင်ရှင်က မောက်မာစွာ ပြောလိုက်သည်။
“ မိန်းကလေး မောင်းတာပဲ။ မင်း မမောင်း တတ်ဘူးလား? တွေ့လား? မင်းငါ့ကားကို တိုက်သွားတယ်။ ငါအခုမှ ကားအသစ် ဝယ်လာတာကို မင်းဒါမျိုး တိုက်ပစ်လိုက်တယ်။ မင်းက လူသတ် သမားပဲ”
မိန်းကလေးက စိတ်လှုပ်ရှားနေပေမဲ့ ပြန်တော့ ရန်တွေ့နိုင်ပါသေးသည်။
“ သေချာကြည့်။ ဖြတ်ဝင်လာတဲ့သူက ရှင်ပဲ။ ငါနဲ့ ဘာဆိုင်လဲ? ငါ့ရဲ့ လေကာကိုလဲ ချိုးပစ်ခဲ့တယ်။ အရမ်းတော်တတ်နေတယ်ပေါ့!”
“ အေး စောက်ရမ်း တော်တတ်နေတာ! မင်းတို့ တစ်မိသားစုလုံးထက် တော်တတ်တယ်ကွာ!”
ထိုမိန်းကလေးက အလျင်စလို အလုပ်သွားဖို့ လိုနေခဲ့တာပင်။ တစ်ကယ်ကို ကံဆိုးတာပဲ။
“ ပြောလိုက်။ မင်းဒါကို သီးသန့်ရှင်းချင်လား? လူသိရှင်ကြားရှင်းမလား?”
ထားတော့။ ငါဒီနေ့ကံဆိုပြီး လူလိမ်ကောင်နဲ့ တွေ့သွားတာပဲ။
ထိုကောင်မလေး ဖြူလျော့သွားပြီး ပြောလိုက်သည်။
“ ဒါက ငါ့ပြဿနာမဟုတ်ဘူး။ ရှင်က လမ်းကြောင်း ရုတ်တရက် ပြောင်းတဲ့ အပြင် ငါ့ရဲ့လေကာကိုလဲ ချိုးခဲ့သေးတယ်။ ဥပဒေကို မသိဘူးလား?”
“ ငါဒီမှာ လူလိမ်နဲ့တွေ့နေတာပဲ။ ရဲခေါ်မလား? ခေါ်လိုက်။ ဂရုမစိုက်ဘူး”
BMW လူက ကြောက်စရာ မျက်နှာနဲ့ ပြောလိုက်သည်။
“ ခေါ်လေ။ ငါ့ကိုများ ကြောက်မယ်ထင်နေလား? ကျင်းပိုင်လို မြို့ကြီးမှာ အသိမိတ်ဆွေ မရှိတဲ့သူ ရှိမယ် ထင်လားကွ?”
“ မင်း ခေါ်ချင်သပဆိုလဲ ခေါ်၊ မတားဘူး။ ငါ့မှာမင်းနဲ့ ဖြုန်းပေးဖို့ အချိန်တွေ အများကြီး ရှိတယ်။ တရားမျှတမှုဆိုတာ နောက်ကျမှ ပေါ်ပေါက်ရင်တောင် ပျောက်ကွယ်နေတဲ့ အရာတစ်ခုမဟုတ်ဘူး”
BMW ပိုင်ရှင်က အော်ဟစ်နေခဲ့သည်။
Audi ပိုင်ရှင်မလေး ခေါင်းကိုက်လာသည်။ မကြာခင်က လုကုမ္ပဏီမှာ ပြောင်းလဲမှုကြီးတွေ ရှိခဲ့သည်။ လူသားရင်းမြစ် ဋ္ဌာနရဲ့ မန်နေဂျာ အနေနဲ့ သူမတစ််ကယ်ကို မအားဘူး။အခုလို အလုပ်လာရင်းနဲ့ လူလိမ်နဲ့ တွေ့နေရမယ်လို့ တွေးတောင် မတွေးထားမိဘူး။
တရားမျှတမှုက နောက်ကျရင်တောင် ပျောက်ကွယ်နေတာ မဟုတ်ဘူး ဟုတ်လား? ငါ့အထင်တော့ နောက်ကျမှလာတဲ့ မျှတမှုက မျှတမှု မဟုတ်တော့ဘူး။
ဒီ ဘဝင်မြင့်နေတဲ့ ကောင်ကို ကြည့်ရတာ မြို့တော်ဗျူရိုကို ရောက်သွားရင်တောင်မှ သူ့မှာအဆက်အသွယ် တစ်ချို့ရှိမဲ့ပုံပဲ။ ကိစ္စကို စုံစမ်းအုံး စစ်ဆေးအုံးမှာနဲ့ဆို ကြာမှာ၊ ဒီလိုဆို မစ္စလု ဒေါသထွက်လိမ့်မယ်။
နတ်ဆိုးနဲ့ ရင်ဆိုင်ရတာ လွယ်တယ်။ မကောင်းတဲ့ကောင်နဲ့ ရင်ဆိုင်ရတာတော့ တစ်ကယ်ကို ခက်တယ်။
ငါ့ရဲ့ကားလဲ ပျက်ဆီးသွားတာကို ငါကပဲ အလျော်ပြန်ပေးရအုံးမှာလား? ဘယ်မှာလဲ? တရားမျှတမှု!
ထိုမိန်းကလေးက စိတ်ထဲကနေ အကျိုးအမြတ်ကို တွက်ပြီးနောက်မှာ အံကြိတ်ပြီး ဒေါသတကြီး ပြောလိုက်သည်။
“ ကောင်းပြီ ရှင်ပြော၊ ဘယ်လောက် လိုချင်လဲ?”
BMW ပိုင်ရှင်က ရယ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ ငါးသန်း! ဒါငါအသစ်ဝယ်ထားတဲ့ ကားပဲ။ ငါ အာမခံကုမ္ပဏီကို ရှာလိုက်ရင်တောင် ဆုံးရှုံးခအတွက် ဒီလောက်တော့ မင်းပေးရမှာပဲ!”
“ ကောင်းပြီ။ ငါ လိုင်းပေါ်က လွှဲလိုက်မယ်”
မိန်းမလှလေးက ချက်ချင်းသဘာတူလိုက်သည်။
ငါးသန်းက ငါ့ရဲ့လစာတစ်ဝက်ပဲရှိတယ်။ ရတယ်၊ ခွေးစာကျွေးတယ် မှတ်လိုက်မယ်။
ထိုကောင်မလေး အမြန်သဘောတူလိုက်တာ တွေ့တော့ BMW ပိုင်ရှင် အနည်းငယ် ရင်ထဲ ထိသွားသည်။ ကြည့်ရတာ ဒီကောင်မလေးက ချမ်းသာတဲ့ပုံပဲ။ ဘော့စ်ကြီးတွေရဲ့ စပွန်ဆာ ခံထားရတဲ့ ကောင်မလေး ဖြစ်လောက်တယ်။ ငါအရမ်း မောက်မာမိသွားလား?
ဒါပေမဲ့လဲ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ သူထပ်ပြီး ပြဿနာ မရှာရဲတော့ဘူး။ အသာစီးရထားတုန်းမှာ အမြန်ရပ်လိုက်ပြီး အနာဂတ်အတွက်လဲ လွတ်လမ်းရှာထားရမည်။
သူ ဒီကိစ္စတွေကို ကောင်းကောင်း နားလည်သည်။ အချိန်ပိုဆွဲမိလို့ ယာဥ်ထိန်းရဲတွေ ရောက်လာရင် တာဝန်အကုန်က သူ့ခေါင်းပေါ်ပဲ ကျမှာ။ အချိန်ရှိတုန်း အနောက်ဆုတ်လိုက်တာ အကောင်းဆုံးပဲ။