← Chapters

အခန်း (၁၄၉)

Vol. 11 Ch. 149

အခန်း (၁၄၉)

Vol. 11 Ch. 149

လုမုံ့ဟန်သည် လင်း​ဖေးဟန် အရှေ့တွင်တော့ ငှက်မလေးလို နူးညံ့စွာ ပြုမူတတ်ပေမဲ့ ချမ်ကျွမ်းကို မြင်တာနဲ့ သူမ ဒေါသထွက်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ ချန်ကျွမ်း နင်ဘာလုပ်နေတာလဲ?”

ချန်ကျွမ်းက လင်းဖေးဟန်အရှေ့ကို ပုံမှန်မဟုတ်စွာ ဘဝင်ဟပ်နေတဲ့ မျက်နှာထားနဲ့ သွားလိုက်ပြီး ပြောလိုက်သည်။

“ ဘာလာလုပ်တာလဲဟုတ်လား? ငါ လာရိုက်တာလေ။ ဒီကောင်ငါ့ကို ရိုက်ခဲ့တဲ့ အတိုင်း ပြန်လာရိုက်တာ!”

ချန်ကျွမ်း မျက်နှာကို မဲ့လိုက်ပြီး

“ မင်းငါ့နောက်မှာ ဘယ်သူရှိလဲ သိလား? ကျောက်အုပ်စုရဲ့ ကျောက်သရှောင်းပဲ။ ကျောက်သရှောင်းစီးတဲ့ကားက ဘာကားလဲ မင်းသိလား? သူရဲ့ အနိမ့်ဆုံးကားက Rolls-Royce ပဲ။ မင်းလို Audiပဲ စီးနိုင်တဲ့ကောင်က ဘယ်ယှဥ်နိုင်မှာလဲ?”

ချန်ကျွမ်းထံတွင် သူများအာဏာကို ခွေးတစ်ကောင်လို အမှီအသဲပြုပြီး ဟောင်ဖွာဟောင်ဖွာ လုပ်လိုစိတ်တို့ အပြည့် ရှိနေသည်။

လင်းဖေးဟန် စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ လုမုံ့ဟန်ကို သူ ယူလိုက်လို့သာ မဟုတ်ခဲ့ရင် ဒီချန်ကျွမ်းကော၊ ကျောက်တရှောင်းဆိုသူကောက ဇာတ်လိုက်ယဲ့ဖန်းဆီမှာ မျက်နှာဖြတ်ရိုက်ခံရမဲ့ အမြှောက်စာဇာတ်ကောင်တွေပဲ ဖြစ်နေရအုံးမှာ။

အခုတော့ ဒီခွေးသွေးပက်ဇာတ်ကွက်က သူ့ဆီမှာ လာဖြစ်နေခဲ့ပြီ။

ချက်ချင်းပဲ သခင်လေးကျောက်က ချန်ကျွမ်းရဲ့ခေါင်းကို တွန်းလိုက်ပြီး ချန်ကျွမ်းကို အထင်သေးစွာ ပြောလိုက်သည်။

“ လမ်းဖယ်ကြစမ်း။ ငါနဲ့မုံ့ဟန်နဲ့ တွေ့မှာကို မတားနဲ့”

ပြောပြီးတာနဲ့ သခင်လေးကျောက်က လုမုံ့ဟန်ဆီကို လက်ကမ်းလာကာ ရယ်မောရင်း

“ မုံ့ဟန် ရာသီဥတု အရမ်းပူတယ်။ ဒီပန်ကာလေးက မင်းအတွက်ယူလာတာ။ မင်း အေးအောင်လို့”

လုမုံ့ဟန် မတတ်နိုင်စွာ အနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားပြီး လင်းဖေးဟန် အနောက်မှာ ဝင်ပုန်းလိုက်သည်။ သခင်လေးကျောက်ကို နည်းနည်းတောင် မျက်နှာသာမပေးခဲ့ပေ။

လုမုံ့ဟန်ရဲ့ မျက်လုံးကို ကြည့်လိုက်တာနဲ့ အရှေ့ကနှစ်ယောက်ကို အရမ်းစိတ်ရှုတ်နေမှန်း လင်းဖေးဟန် သဘောပေါက်သွားသည်။

အခုအချိန်မှာ သူ့ရဲ့ကောင်မလေးကို လာနှောက်ယှက်နေတဲ့သူ ရှိနေပြီ။ သူသာ ရှေ့ထွက်ရပ်ပြီး မဖြေရှင်းရင် သူ ဘယ်လို လူစားဖြစ်သွားမယ် ထင်လဲ?

လင်းဖေးဟန် လုမုံ့ဟန်ကို ဆွဲဖက်လိုက်သည်။ လုမုံ့ဟန် မနေတတ်စွာ တစ်ချက်တုန်သွားပြီး ပါးလေးတွေ အနီရောင်သန်းသွားပေမဲ့ မခုခံလာခဲ့ပေ။

လင်းဖေးဟန် အသာပြုံးလိုက်သည်။ သခင်လေး ​ကျောက် လက်ထဲက ပန်ကာအသေးလေးကို ယူလိုက်ကာ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ မုံ့ဟန်ကို ပေးတာဆိုမှတော့ သူ့ရည်းစားဖြစ်တဲ့ ငါယူပေးလိုက်မယ်”

လင်းဖေးဟန် ဆွဲယူလိုက်ပြီး ခလုတ်ဖွင့်ကာ လုမုံ့ဟန်ဘက်ကို ကပ်ထားပေးလိုက်သည်။

“ မင်းသိလား? ဒီပန်ကာက တော်တော် လေရတယ်”

ကျောက်တရှောင်းက လင်းဖေးဟန်ရဲ့ လုပ်ရပ်ကြောင့် မှင်သက်နေခဲ့သည်။

ဘေးက ချန်ကျွမ်းက ကျောက်တရှောင်း အနားကို ကပ်လာပြီး တီးတိုးပြောလိုက်သည်။

“ ကျောက်တရှောင်း ငါပြောတာ ဒီကောင်ပဲ”

ကျောက်တရှောင်း ခေါင်းညိတ်ပြလိုက်ပြီး အနောက်ပြန်လှည့်ကာ ရဲတင်းစွာ ပြောလိုက်သည်။

“ ဟေ့ကောင် ပါကင်မှာ ထိုးထားတဲ့ Audi A6က မင်းကားမလား? မင်းရဲ့ကားက တစ်သန်း တန်တယ်ဆိုပေမဲ့ ငါ့ရဲ့ ဆယ်သန်းတန်တဲ့ ဇိမ်ခံကားကို ယှဥ်နိုင်လို့လား? မင်းက မုံ့ဟန်ကို ပျော်အောင် လုပ်ပေးနိုင်မှာမလို့လား?”

ကျောက်တရှောင်းက သူ့ရဲ့ Rolls-Royce ကားသော့ကို မြင်အောင် ထုတ်ပြလိုက်ပြီး ဆက်ပြောလာသည်။

“ ဟေ့ကောင် ငါမင်းကို မုံ့ဟန်နားက အမြန်ဆုံး ထွက်သွားဖို့ အကြံပေးလိုက်မယ်။ မင်းက ဘာကိစ္စ မက်စ်တပ်ထားတာလဲ? မင်းကိုယ်မင်း အရမ်းရုပ်ဆိုးတယ်ထင်လို့ မျက်နှာ မပြရဲ​ တာလား? ဟားဟား”

“ဟားဟား”

ကျောက်တရှောင်း အရိုင်းဆန်စွာ ရယ်နေခဲ့သည်။

ချန်ကျွမ်းက လင်းဖေးဟန်ရဲ့ ရုပ်ကို မြင်ဖူးသူမို့ အနည်းငယ် ရှက်လာသည်။ ကျောက်တ​ရှောင်း ဖြစ်နေရင်တောင် လင်းဖေးဟန်နဲ့ ရုပ်ရည်ချင်းတော့ ယှဥ်နိုင်မှာ မဟုတ်ဘူး။

ချန်ကျွမ်း အရှေ့ကို တိုးလာပြီး ကျောက်တရှောင်းကို တစ်ခုခု ပြောချင်ခဲ့ပေမဲ့ ကျောက်တရှောင်းက ဘာကိုမှ ပြောခွင့် မပေးခဲ့ပေ။

“ ပါးစပ်ပိတ်ပြီး ငါ့လမ်းကနေ ဖယ်စမ်းကွာ”

သခင်လေးကျောက်က လင်းဖေးဟန်ကို ဆက်ပြီး ခနဲ့ပြန်သည်။

“ ကိုယ့်မျက်နှာကိုယ်တောင် မပြရဲတဲ့ ယောက်ျားကများ မုံ့ဟန်ကို ပျော်ရွှင်မှု ပေးမဲ့ အကြောင်း ပြောနေသေးတယ်”

“ မုံ့ဟန် သူ့ကို ထားခဲ့လိုက်ပါ။ ငါမင်းကို ပျော်အောင်ထားနိုင်တယ်”

ချန်ကျွမ်းလဲ ဝင်ပြောလိုက်သည်။

“ဟုတ်တယ် မုံ့ဟန်။ သခင်လေးကျောက် စကားကို နားထောင်လိုက်ပါ”

လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားသည်။ ဒီချန်ကျွမ်းက တစ်ကယ့်ကောင်ပဲ။

ဘာလား? မင်းပဲ လုမုံ့ဟန်ကို သေမတတ် ချစ်ပါတယ်ဆို အခုကျ သူများကို ထိုးပေးနေ တာလား?

လင်းဖေးဟန် မျက်နှာကို မဲ့လိုက်သည်။

“ မင်းက ကျောက်ရှစ်ကျုံးရဲ့ သား ကျောက်တရှောင်းလား?”

ထိုစကားကိုကြားတော့ ကျောက်တရှောင်း အေးစက်စွာ ပြောလိုက်သည်။

“ မင်းကိုယ်မင်း ဘာထင်နေလဲကွ? ငါ့ကိုများ နာမည်တပ်ပြီး ခေါ်ရဲတယ်!”

လင်းဖေးဟန်ရဲ့ မျက်နှာက ပိုမဲ့သွားပြီး

“ ဒါဆို ငါဘယ်သူလဲကော မင်းသိလား?”

သခင်လေးကျောက်က ပိုပြီး မောက်မာစွာ ပြောလိုက်သည်။

“ မင်းက ဘာကောင်မလို့လဲ? အဲ့ဒါငါနဲ့ ဘာဆိုင်လို့ ငါကသိရမှာလဲ? အခုဒီက ထွက်သွားလိုက်တော့။ မဟုတ်ရင် ငါ့ကို ရိုင်းလို့ဆိုပြီး အပြစ်မတင်နဲ့”

သခင်လေးကျောက်က သူ့အနောက်က နောက်လိုက်အငယ်တွေကို အချက်ပြလိုက်သည်။ ကျောင်းသားများ လင်းဖေးဟန်အနားမှာ ဝိုင်းလာကြသည်။

လုမုံ့ဟန်က လင်းဖေးဟန်ရဲ့ လက်မောင်းကို တင်းကျပ်စွာ ဆုတ်ကိုင်လာသည်။ သူမ ကြောက်နေပုံပင်။ လင်းဖေးဟန်က လုမုံ့ဟန်ရဲ့ လက်ကောက်ဝတ်ကို အသာပုတ်ပေးလိုက်ပြီး ဘာမှမဖြစ်ကြောင်း နှစ်သိမ့်ပေးလိုက်သည်။

လင်းဖေးဟန် သက်ပြင်းအသာချလိုက်သည်။ သူ မက်စ် မချွတ်ချင်ဘူး။ ဒါပေမဲ့ ကြည့်ရတာ သူ့မှာရွေးစရာ မရှိတော့ပုံပဲ။

ဒီကျောင်းသား သုံးယောက်လောက်ကို သူမကြောက်ဘူး။ ဒါပေမဲ့ မက်စ်မချွတ်ရင် တစ်ကယ် ချနေရလိမ့်မည်။

တစ်ယောက်ယောက်ကသာ ငါက ကျောင်းသားတွေကို ရိုက်ခဲ့တယ်လို့ သတင်းဖြန့်လိုက်ရင် လင်းမိသားစုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ငါက ကျင်းပိုင်မြို့မှာ ဘယ်လို ရှင်သန်ရတော့မလဲ?

ဒါ့အပြင် ဒီနေရာမှာ ငါ့အကြောင်း သိတဲ့သူလဲ ရှိမှာပဲ။ ငါ့ကိုကျောင်းသားလို ဆက်ဆံမှာ မဟုတ်ဘူး။

လင်း​ဖေးဟန် မက်စ်ချွတ်ပြီးနောက်တွင် အေးစက်စွာ ပြောလိုက်သည်။

“ သခင်လေးကျောက် မင်းငါ့ကိုသိလား?”

ထိုစကားကို ကြားတော့ သခင်လေးကျောက်က အာရုံမစိုက်လိုစွာ တစ်ချက်ပဲ လှည့်ကြည့်လိုက်သည်။ သို့ပေမဲ့ သူ့ရဲ့ နှလုံးသားက ရုတ်ချည်းတုန်ယင်သွားသည်။ တိုက်ခိုက်တော့မဲ့ သူ့ရဲ့နောက်လိုက်တွေကို အမြန်အော်ပြီး တားလိုက်ရသည်။

“ ရပ်လိုက်!”

လင်းဖေးဟန် အရိုက်ခံရတော့မှာမို့ ချန်ကျွမ်းက ဒေါသတွေ ပုံချဖို့ အသင့်ဖြစ် နေချိန်မှာ ရုတ်တရပ် အတားခံလိုက်ရသည်။ ချန်ကျွမ်း အလျင်စလို မေးလိုက်သည်။

“ သခင်လေးကျောက် မင်းဘာလို့ ရပ်ချင် တာတုန်း?”

“ ဒီကနေ ထွက်သွားစမ်း!”

သခင်လေးကျောက်က ချန်ကျွမ်းရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး ရှေ့ထွက်လာသည်။

လင်းဖေးဟန်ကို ကြည့်နေရင်း ပိုမို တုန်ယင်လာသော နှလုံးသား တစ်စုံနဲ့ သူပြော လိုက်သည်။

“ မင်း.. မင်းက သခင်လေးလင်းလား?”.

လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးကာ

“ မင်းဘယ်လို ထင်လဲ?”

သခင်လေးကျောက် ရှုတ်ထွေးသွားပြီး မတတ်နိုင်စွာ အံ့သြတကြီး ​ခြေလှမ်းတွေ အနောက် ဆုတ်သွားသည်။

လင်းဖေးဟန်ရဲ့ အရပ်က သူ့ထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ရုပ်ရည်ကလဲ သူ့ထက် အဆများစွာ ပိုချောသည်။

ပိုပြီးအရေးကြီးတဲ့အချက်က လင်းဖေးဟန်က သူ့ထက် ဘီလီယံနဲ့ချီပြီး အရမ်းကိုသာလွန်စွာ ချမ်းသာသည်။ လင်းဖေးဟန်အရှေ့မှာဆို သူ့အဖေတောင် ယဥ်ကျေးစွာ ပြုမူရမည်။

ဒါပေမဲ့ သခင်လေးကျောက်က ခေါင်းမာဆဲပင်။

“ မဟုတ်ဘူး။ မုံ့ဟန်မှာ ရည်းစားရှိမယ်လို့ ငါမယုံဘူး။ ဒါတွေအားလုံးက အတုအယောင် တွေပဲ။ ငါဒီနေ့အတွက်နဲ့ စန္ဒရားကို အသေအလဲ လေ့ကျင့်ခဲ့ရတာ”

သူ့ရဲ့စကားဆုံးတာနဲ့ သခင်လေးကျောက်က အနောက်လှည့်ကာ ဝမ်းနည်းတကြီး ထွက်ပြေးသွားတော့သည်။

ဒီအခြေအနေမှာ သူကြမ်းတမ်းတဲ့ စကားတွေ ပြောထားခဲ့ပြီးပြီမို့ ထွက်ပြေးမှပဲ ဖြစ်တော့မည်။

လင်းဖေးဟန်တွင် တိုက်ခိုက်လိုစိတ် မရှိပေမဲ့ လင်းဖေးဟန် ရိုက်လာမှာကိုတော့ သခင်လေးကျောက် ကြောက်ရွံ့ဆဲပင်။

ပြီးတော့ လင်းဖေးဟန်က အရမ်းချောသည်။ လင်းဖေးဟန်ရဲ့ ဘေးမှာ ရပ်နေရတာက တစ်ဖက်လူကို ကိုယ်က ချီးထုတ်တစ်ကောင်လို ခံစားချက်မျိုးပဲ ပေးသည်…

သခင်လေးကျောက် ထွက်ပြေးသွားတာကို မြင်တော့ ကျန်တဲ့သူတွေလဲ လင်းဖေးဟန်ရဲ့ ဘေးမှာ မရပ်နေရဲတော့ပေ။ အကုန်လုံး အသီးသီး ထွက်ပြေးသွားကြသည်။

All Chapters