အခန်း (၁၄၈)
Vol. 11 Ch. 148
လင်းဖေးဟန်ကို လုမုံ့ဟန်က အရင်လို အကိုကြီးလင်းလို့ မခေါ်တော့ဘဲ အစ်ကိုဟုသာ ခေါ်တော့ပေမဲ့လဲ ပြတ်ပြတ်သားသား သူမက လင်းဖေးဟန်ရဲ့ ကောင်မလေး ဖြစ်တယ်လို့လဲ မခံယူရဲသေးချေ။
လင်းဖေးဟန် ရယ်ရမလား ငိုရမလား မသိတော့ပေမဲ့ သူမကို တွန်းအား မပေးခဲ့ပေ။ လုမုံ့ဟန်က နည်းနည်း ချစ်ဖို့ကောင်းသည်လို့တောင် သူတွေးမိ သေးသည်။
ကျောင်းလုံခြုံရေးမှ အထူးထားပေးထားတဲ့ ကားပါကင်တွင် ကားထိုးပြီးနောက်မှာ လင်းဖေးဟန်နဲ့ လုမုံ့ဟန်သည် အနုပညာဋ္ဌာနဘက်ကို အတူတူ သွားလိုက်ကြသည်။
ထိုအချိန်တွင် အချိန်ကလဲ ကိုးနာရီထိုးပြီမို့ ကောင်းကင်ထက်တွင် နေလုံးသည် တောက်ပစွာ အလင်းပေးနေခဲ့ပြီ။ အနုပညာဋ္ဌာနက ကျောင်းသားတွေရဲ့ နှလုံးသားကို ပိုလို့ ပူလောင်စေသည်။
ထိုအချိန်မှာ လင်းဖေးဟန်နဲ့ လုမုံ့ဟန်တို့ အတူ လျှောက်ဝင်လာကြသည်။
လုမုံ့ဟန်လို အလှလေးကို မြင်တော့ အနုပညာဋ္ဌာနရဲ့ ကျောင်းသားတွေက သူတို့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်တွေကို ပြလာကြသည်။ ဂီတာသမားတွေက ဂီတာ မတီးတော့သလို ဒရမ်သမားတွေလဲ ဒရမ်မတီးတော့ပေ။
တစ်ယောက်ပြီးတစ်ယောက် လုပ်နေတာတွေ ရပ်တန့်သွားကြပြီး သူတို့ရဲ့ ကြွက်သားတွေကို ကြွားလုံးထုတ်နေတော့သည်။
အချိန်တစ်ခဏအတွင်းမှာ အနုပညာဋ္ဌာနရဲ့ ဝင်ပေါက်က အားကစားခန်းမအဖြစ် ပြောင်းလဲသွားလေပြီ။
လင်းဖေးဟန်ရဲ့ ခန့်ညားတဲ့ မျက်နှာကို တွေ့လိုက်တာနဲ့ ကျောင်းသူ တစ်အုပ်လဲ ရူးသွတ်လာကြပြီး လင်းဖေးဟန်အနားကို စုပြုံလာကြသည်။
လုမုံ့ဟန်သာ ဘေးမှာ ရှိမနေခဲ့ရင် လင်းဖေးဟန်ကို ချက်ချင်း တက်ခွ နေကြလောက်ပြီပင်။
လင်းဖေးဟန် အခုမှ ပတ်ဝန်းကျင်ကို ရုတ်တရပ် ခံစားမိတော့သည်။ နားထဲက ဆူညံသံတွေရယ်၊ လမ်းပေါ်ရှိ ကျောင်းသား ကျောင်းသူတွေရဲ့ အော်သံတွေအပြင်၊ နေရာတိုင်းတွင် သစ်လွင်သော အပြုံးများ ရှိနေကြပြီး လတ်ဆတ်သော လေအေးကြားမှ ပန်းရနံ့ သင်းသင်းလေးကို ခံစားနိုင်သည်။
လင်းဖေးဟန် ထင်ယောင်ထင်မှား ဖြစ်နေသလိုတောင် ခံစားလိုက်ရသည်။
အချိန်တွေ နေရာတွေကို ကျော်လွှားပြီး သူ့ရဲ့ ကျောင်းသားဘဝကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
လင်းဖေးဟန် ချက်ချင်းပဲ လှောင်ရယ်လိုက်သည်။ ကျောင်းသား ဘဝဟုတ်လား? သူပြန်သွားလို့ မရဘူး။ အဲ့ဒီအချိန်တွေက အဖိုးတန် မှတ်ဉာဏ်တွေထဲမှာ ထာဝရ သိမ်းဆည်းထားမဲ့ လူငယ်ဘဝရဲ့ အမှတ်တရအဖြစ်ပဲ ရှိနေတော့မှာ။
လုမုံ့ဟန် လင်းဖေးဟန်ကို ကြည့်လာပြီး နားနားကို ကပ်မေးလာခဲ့သည်။
“ အစ်ကို ဘာမှားလို့လဲ?”
လင်းဖေးဟန် တိုးတိုးလေး ကပ်ဖြေလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး။ ကိုဒီတိုင်း မင်းတို့ ကျောင်းသားဘဝလေးကို မနာလိုမိလို့ပါ”
လုမုံ့ဟန် မျက်စိမှိတ်ပြလိုက်ပြီး စနောက်စွာ ပြောလိုက်သည်။
“ ဒါဆို အစ်ကိုလဲ နောက်နေ့ကျ ကောလိပ်ကို ဘာလို့မလာရမှာလဲ?”
လင်းဖေးဟန် ရယ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ယဲ့ဖန်းကြောင့်သာ မဟုတ်ရင် သူ တစ်ကယ်ကို ကောလိပ်ကျောင်းသားဘဝကို ပြန်ခံစားချင်သည်။
ကျောင်းသားဘဝမှာ လူမှုဘဝရဲ့ ကြံစည်မှုတွေ၊ အရှုတ်အထွေးတွေ မရှိဘူး။ အတန်းဖော်တွေကြားက ရင်းနီးခင်မင်မှုတွေပဲ ရှိသည်။ ဒါပေါ့ မိန်းကလေးတွေကို လိုက်ရတာလဲ တစ်ခု အပါအဝင်ပေါ့။
တစ်ဖက်က ကျောင်းသူလေးတွေရဲ့ အမြင်က အရမ်းစူးရှတာမို့ လင်းဖေးဟန်နဲ့ လုမုံ့ဟန်ရဲ့ကြားက မရိုးရှင်းတဲ့ အနေအထားကို သတိထားမိကြသည်။ ကောင်မလေးတစ်ယောက်သည် မျက်လုံးများ ပြူးကျယ်လာပြီး လက်ညိုးထိုးလာကာ
“ မင်း…မင်းတို့”
ဘေးရှိ သူမ၏ သူငယ်ချင်းသည် စိတ်မရှည်တော့ပေ။ သူငယ်ချင်းဖြစ်သူ အံ့သြပြီး ပြောမထွက်နေတာကို မြင်တော့ သူမကပဲ စိတ်လှုပ်ရှားစွာ မေးလိုက်တော့သည်။
“နင်တို့က အတွဲတွေလား?”
လုမုံ့ဟန်ရဲ့ မျက်နှာက ချက်ချင်း နွေးသွားပြီး လင်းဖေးဟန်ကို ကြည့်လိုက်သည်။ဒါပေမဲ့ သူမက ကြောက်လန့်စွာ ငြင်းဆိုလိုက်ဆဲပင်။
“ မဟုတ်ဘူး။ မဟုတ်ဘူး။ သူကငါ့အစ်ကိုပါ”
ထိုစကားကိုကြားတော့မှ ကောလိပ်ကျောင်းသူလေးတွေ စိတ်သက်သာ သွားကြပြီး တစ်ခုခုကို သတိရသွားကြသည်။
“ ဒါကြောင့်ကိုး.. နင်တို့နှစ်ယောက်လုံး အရမ်း ချောကြတာ မအံ့သြတော့ပါဘူး။ နင်တို့ကို ရုပ်ဆင်တယ်လို့ကော အပြောခံရဖူးလား?”
ပြောပြီးတာနဲ့ ကျောင်းသူလေးက ဖုန်းကိုထုတ်ပြီး လင်းဖေးဟန်ဘက်ကို အမြန်ကပ်လိုက်ကာ မေးလိုက်သည်။
“ ကောင်ချောလေး အရမ်းအမြန်ကြီး ထွက်ပြေး မလို့လား?”
လင်းဖေးဟန် ကြောင်သွားသည်။ ဒါပေမဲ့လဲ သူ ယဥ်ကျေးစွာ ပြန်ဖြေပေးလိုက်ပါသည်။
“ ဘာမှမဖြစ်ပါဘူး”
ကျောင်းသူလေးက ပြုံးသွားကာ
“ နင်က ငါ့နှလုံးသားထဲ မိုင်ပေါင်းများစွာ ပြေးလွှားနေခဲ့တာ မအံ့သြတော့ပါဘူး”
ထိုကျောင်းသူလေးက ခြေသွက်လက်သွက်ဖြင့် ရဲတင်းစွာ ဖလစ်နေတာကို မြင်လိုက်ရတော့ ကျန်တဲ့ကျောင်းသူများလဲ နောက်ကျ မကျန်နေလိုကြပေ။ ပင်လယ်ကို ဖြတ်သန်းလာတဲ့ နတ်သမီးမျိုးနွယ် ရှစ်ပါးကဲ့သို့ တစ်ယောက်ချင်းဆီက မှော်အစွမ်းတွေကို ထုတ်ပြလာကြတော့သည်။
“ကောင်ချောလေး ကောင်ချောလေး ဝီချက်အပ်ရအောင်! ဒီပိတ်ရက်ကျရင် ငါတစ်နေကုန် အားတယ်”
“ ကောင်ချောလေး နင်ငါ့ရဲ့ ဂုဏ်သတင်းကို ယုံကြည်ပြီး ဝီချက်အပ်လိုက်သင့်တယ်။ ငါက တစ်ပတ်လုံးကို အားတယ်”
“ သူတို့တွေရဲ့ ကောင်ချောလေးဆိုပြီး ခေါ်တာတွေကို နားမယောင်မိစေနဲ့။ ငါ့ကိုပဲ အပ်ပါ။ ငါ့ရဲ့ ကျောင်းဘွဲ့အတွက် ကြိုးစား နိုင်သလို နင့်ကိုလဲ နေ့တိုင်း အချိန်ရအောင် ပေးနိုင်တယ်”
“ ငါ့ကိုအပ်!”
“ ဝီချက်ကို ငါနဲ့ပဲအပ်!”
“...”
ကောလိပ်ကျောင်းသူတွေက ရူးသွပ်လာကြပြီး လုမုံ့ဟန်ကိုပါ ဘေးကို တွန်းလွှတ်ကာ လင်းဖေးဟန်ကို ဝိုင်းထားကြသည်။
ဒါကိုမြင်တော့ လုမုံ့ဟန် အနည်းငယ် မသက်မသာ ဖြစ်လာရပြီး သတိလွတ်သွားသည်။
တစ်ဖက်ခြမ်းက ကောလိပ်ကျောင်းသားများလဲ လုမုံ့ဟန်ဆီကို ကပ်ချင်ကြပေမဲ့ လင်းဖေးဟန်ရဲ့ အကိုဆိုတဲ့ အနေအထားကြောင့် ရှိန်နေကြသည်။ ကျောင်းသူတွေလို ရဲတင်းစွာ လက်ဦးမှု မယူရဲကြဘူး။
အကိုရဲ့အရှေ့မှာ ညီမကို သွားလိုက်လို့ မရဘူးမလား? အဲ့ဒါ လက်သီးတောင်းတာပဲ!
ထိုအချိန်မှာတော့ ကောင်မလေးတစ်စုသည် လင်းဖေးဟန်ရဲ့ အပြုံးကိုမြင်ပြီး ချက်ချင်းကို ရင်ထဲလှုတ်ခတ်သွားကြသည်။
တစ်ချို့ အနာဂတ်ရည်မှန်းချက် မရှိတဲ့ ကျောင်းသူများဆို ရင်ခုန်လွန်းပြီး မူးတောင် လဲသွားကြသည်။
လင်းဖေးဟန် အနည်းငယ် ကူကယ်ရာမဲ့ လာသည်။
စောက်ချောကြီးဖြစ်ရတာလဲ ပြဿနာပဲ!
လူတွေပါ မေ့လဲကုန်ပြီ။ အချိန်ရရင်တော့ ငါ့ရဲ့ ဆွဲဆောင်မှုတွေကို စနစ်နဲ့ ပြန်ထိန်းညှိမှ ရတော့မယ်။ ငါက ဗုံးတစ်လုံးလိုကို အန္တာရယ်များစွာ ချောမောနေပါ့လား?
လင်းဖေးဟန် အနည်းငယ် စိတ်လှုပ်ရှားနေသော လုမုံ့ဟန်ကို စိုက်ကြည့် လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ ဆောရီးပါ ငါက ဖုန်းသုံးပြီး အလုပ်ရှုတ် မခံတတ်လို့”
လင်းဖေးဟန် တိုက်ရိုက်ပဲ ငြင်းလိုက်သည်။
ဒီခတ်မှာ ဘယ်သူက ဖုန်းမရှိလို့လဲ? ဘယ်သူက ဖုန်းမသုံးလို့လဲ?
အခုခေတ်မှာ သူတောင်းစားတောင် ကိုင်တဲ့ ဖုန်းက iPhone12 ဖြစ်နေပြီ။
လင်းဖေးဟန်ရဲ့ ဆိုလိုရင်းကို ကောင်မလေး အများကြီးက သဘောပေါက်ကြပေမဲ့ လက်မလျော့လိုစွာ လင်းဖေးဟန်အနောက်ကို ဆက်လိုက်နေကြသည်။
လင်းဖေးဟန် ခါးသီးစွာ ပြုံးလိုက်သည်။ သူ့ကိုယ်သူ မျက်နှာပြောင်တိုက်စွာ ငြင်းလိုက် နိုင်ပြီမှတ်တာ၊ မထင်ထားဘူး။ ဒီကောင်မလေးတွေက ပိုမျက်နှာပြောင် တိုက်တတ်ပြီး သူ့နောက်ကတောင် ဇွဲမလျော့ဘဲ လိုက်နေကြအုံးမယ်လို့။
လင်းဖေးဟန် အနောက်လှည့်ပြီး လုမုံ့ဟန်နဲ့ အကုန်လုံးဆီက ထွက်ပြေးသွားလိုက်သည်။ ကျောင်းသူတွေအားလုံးရဲ့ အဝေးကို အရှည်ကြီး ထွက်ပြေးခဲ့လိုက်သည်။
ထွက်ပြေးပြီးနောက်မှာ စတိုးဆိုင်ကို သွားပြီး မက်စ်တစ်ခု သွားဝယ်လိုက်သည်။ မထင်ထားတာက စတိုးဆိုင် ပိုင်ရှင်ဆီကနေပါ စနောက်တာ ခံနေရမယ်လို့။ သူမယောက်ျား သာ လှမ်းဆူလို့ မဟုတ်ရင် လင်းဖေးဟန် ဆိုင်ကနေတောင် ထွက်လို့ရမှာ မဟုတ်ခဲ့ဘူး။
ထို့နောက်မှာ လုမုံ့ဟန်ရဲ့ အိပ်ဆောင် တံခါးရှေ့မှာ လင်းဖေးဟန် သွားစောင့် နေလိုက်သည်။ ခဏအကြာတွင် လုမုံ့ဟန် ပစ္စည်းတစ်ချို့ကို ထုတ်ပိုးပြီး ထွက်လာခဲ့ပြီး သူမတို့တွေအတူ အနုပညာဋ္ဌာနရဲ့ ပွဲကျင်းပရာ နေရာကို သွားလိုက်ကြပြီး ခုံတွင်ထိုင်လိုက်ကြသည်။
ခဏအကြာတွင် လုမုံ့ဟန်သည် သန့်စင်ခန်း သွားချင်ကြောင်း ဆိုလာသည်။ လင်းဖေးဟန်လဲ ပွဲကို သိပ်မကြိုက်တာမို့ လုမုံ့ဟန်ကို အဖော်လိုက်ပေးလိုက်သည်။
ယောက်ျားနဲ့ မိန်းမကတော့ အချိန်ယူတဲ့နေရာမှာ အနည်းငယ် ကွာသည်လေ။ လင်းဖေးဟန် လက်ဆေးပြီး ထွက်လာပြီး တံခါးအရှေ့မှာ ခဏလောက် ရပ်စောင့်လိုက်ရသည်။
လုမုံ့ဟန်ထွက်လာပြီးနောက်တွင် အရင်ဆုံး ရှက်ရွံ့စွာ ပြောလိုက်သည်။
“ အစ်ကို့ကို အကြာကြီး စောင့်ရအောင် လုပ်မိသွားပြီ..”
လင်းဖေးဟန် လုမုံ့ဟန်ရဲ့ ခေါင်းကို ပုတ်ပေးလိုက်ပြီး ပြုံးကာ
“ မင်းဘာလို့ အရမ်းရှက်နေတာလဲ? ကိုတို့က တွဲတာဖြင့် ကြာနေပြီကို”
တစ်လုံးချင်း ပြောရင်းနဲ့ တစ်ဖြည်းဖြည်း တိုးကပ်လာတဲ့ လင်းဖေးဟန်ရဲ့ မျက်နှာကြောင့် အဆုံးသတ် စာကြောင်း အပြီးတွင် လုမုံ့ဟန်ရဲ့ နားရွက်ကို ကိုက်လုနီးနီး ထိကပ်သွားသည်။
လုမုံ့ဟန်ရဲ့ ပါးမို့တို့ ရှက်သွေးဖြာရပြန်ပြီ။
“ ဒီကောင်ပဲ။ မင်း ဒီကိုလာရဲမယ် ငါမထင် ထားခဲ့ဘူး”
ရင်းနီးတဲ့ အသံကိုကြားလိုက်တာမို့ လင်းဖေးဟန် မော့ကြည့်လိုက်သည်။ 1.9 မီတာ ရှည်တဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဘေးတွင် တောက်ပတဲ့ အဝတ်အစားများနဲ့ ဂီတာတစ်လက်ကို ကိုင်ထားတဲ့ ကောင်လေး တစ်ယောက်ကို မြင်လိုက်သည်။
လင်းဖေးဟန် မှတ်ဉာဏ်တွေကို ပြန်ဖော် ကြည့်လိုက်ချိန်မှာ စကားပြောနေတဲ့ ကောင်လေးက လုမုံ့ဟန်ရဲ့ ရည်းစားဟောင်း ချန်ကျွမ်းဆိုတာ မှတ်မိသွားသည်။ ဘေးက ဂီတာနဲ့လူကတော့ ဒီနေ့ပွဲမှာ ဖျော်ဖြေမဲ့ အနုပညာကျောင်းသား တစ်ယောက် ဖြစ်လိမ့်မည်။