← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

စင်ပေါ်တွင် တောက်ပလွန်းနေတဲ့ လင်းဖေးဟန်ကို ကြည့်ပြီး ကျောင်းသား တစ်ချို့ မပျော် တော့စွာ မကောင်းပြောကြသည်။ ဒါပေမဲ့ မကြာခင်မှာပဲ လင်းဖေးဟန်ရဲ့ ပရိတ်သတ်မလေးတွေဆီက ရန်စွာခံလိုက်ရတော့သည်။

ဒါပေမဲ့ အမှန်စင်စစ် ပြောရလျှင် ကောင်မလေးတွေ ငြင်းသာ ငြင်းနေပေမဲ့ လင်းဖေးဟန်ရဲ့ စန္ဒရားတီးတဲ့ စကေးကို သူမတို့လဲ အရမ်းမယုံကြည်ရဲဘူး။

ယောက်ျားလေးများ ပြောသွားတာလဲ မှန်သည်။ လိုတာ စားနိုင်၊ သောက်နိုင်ပြီး ကြိုက်သလို ပျော်လို့ရတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားက စန္ဒရားကိုပါ ကောင်းကောင်း တီးတတ်နေရင် ဒါက အရမ်းကို အံ့ဖွယ် ဖြစ်နေမှာ မဟုတ်ဘူးလား?

လုမုံ့ဟန်သည် လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်ထားပြီး လင်းဖေးဟန်ကိုပဲ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။

ထောင့်တွင် ထိုင်နေသော မိန်းကလေးလဲ လင်းဖေးဟန်ကိုပဲ ထူးဆန်းစွာ ကြည့်နေခဲ့သည်။ သူမ စန္ဒရားတီးတတ်ပေမဲ့ လင်းဖေးဟန် တီးတတ်တယ်လို့တော့ သူမ မမှတ်မိဘူး။ ဒီတစ်ခေါက် လင်းဖေးဟန် အရမ်း မောက်မာနေတာလို့ပဲ သူမတွေးသည်။ ဟုတ်ပါတယ်၊ ဒါက သူ့ပုံစံပဲကို။ အရမ်း စိတ်ပျက်ဖို့ကောင်းတာပဲ။

ထိုအချိန်တွင် ကောင်မလေးရဲ့ဘေးတွင် ထိုင်နေသော ကောင်လေးက မေးလာသည်။

“ မစ္စလု မျက်မှောင်ကြုတ်နေတာ ဘာမှားလို့လဲ?”

ဟုတ်ပါတယ်၊ ထိုကောင်မလေးက လုရွှယ်ယင် ဖြစ်ပြီး ဘေးတွင် ရှင်းလွေ့ ကုမ္ပဏီက လီယွင်လုံ ထိုင်နေတာ ဖြစ်သည်။

လုရွှယ်ယင်သည် လီယွင်လုံကို လုံးဝကို လျစ်လျူရှုထားပြီး စင်ပေါ်ကိုပဲ မလွတ်တမ်း ကြည့်နေခဲ့သည်။

ထိုအချိန်တွင် လင်းဖေးဟန် ခပ်ဖြည်းဖြည်းပဲ မျက်လုံးမှိတ်လိုက်သည်။ လက်နှစ်ဖက်ကို စန္ဒရားခလုတ်ပေါ် တင်ထားရင် ဈာန်ယူနေပုံ ပေါ်သည်။

ဒါပေမဲ့ တစ်ကယ်တော့ လင်းဖေးဟန် စိတ်ထဲမှ စနစ်နဲ့ ဆက်သွယ်နေတာ ဖြစ်သည်။

“ စနစ်၊ စနစ်ရေ မင်းရှိလား?”

“ ပိုင်ရှင် စနစ်ကို မရှာတာ အရမ်းကြာခဲ့ပြီ။ အခုဒုက္ခရောက်မှ စနစ်ကို ပြနိလာရှာတာလား?”

စနစ်ရဲ့ပုံစံက အနည်းငယ် မပျော်မရွှင် ဖြစ်နေခဲ့သည်။

“ စနစ် မပျော်တော့ဘူး။ စနစ် ခံစားသွားရပြီ”

“ စနစ်ရေ ပြဿနာမရှာပါနဲ့တော့ကွာ။ တစ်ကယ် အရေးကြီးတယ်လို့”

“ ကောင်းပြီ” စနစ်မှ သဘောတူပေးလိုက်သည်။

“ ဒါပေမဲ့ ဒါနောက်ဆုံးပဲ။ နော​က်တစ်ခေါက် ထပ်ဖြစ်ရင် စနစ်က လုံးဝလျစ်လျူရှုထား ပစ်မှာ”

သူ့မှာလုပ်စရာတွေ ဒီလောက် များနေတာကို စနစ်ကို နေ့တိုင်း ဘယ်လိုလုပ် အဖော်ပြုပေး နိုင်မှာလဲ?

“ စန္ဒရားစကေးကို ကျွမ်းကျင်အဆင့်ထိ တိုးပေးအုံး”

“ ကောင်းပြီ”

“ ဒင်! စနစ်မှ အသိပေးပါတယ်။ ပိုင်ရှင်ရဲ့ စုစုပေါင်း အမှတ်က 1450 ရှိပါတယ်။ စန္ဒရားစကေးကို ကျွမ်းကျင်အဆင့်ထိ တိုးမယ်ဆိုရင် အမှတ်1000 ကျပါမယ်။ လုပ်မှာလား?”

“အင်း”

“ဒင်! စနစ်မှ အသိပေးပါတယ်။ ပိုင်ရှင်ရဲ့ စန္ဒရားစကေးက ကျွမ်းကျင်အဆင့်ကို တိုးသွားပါပြီ။ လက်ရှိအမှတ်က 450 ကျန်ပါတယ်”

“ ကျန်တဲ့ 450 မှတ်ကို သုံးပြီး ငါ့အတွက် သီချင်း ရှာပေး”

“ ဒင်! စနစ်မှ အသိပေးပါတယ်။ ပိုင်ရှင် အကောင်းဆုံး စန္ဒရား သီချင်းလေးပုဒ်ကို ကျွမ်းကျင်စွာ တတ်မြောက်သွားပါပြီ”

လင်းဖေးဟန်မှာ အကျင့်တစ်ခု ရှိသည်။ သူဘာကိုပဲလုပ်လုပ်၊ အမြဲတမ်း ပြီးပြည့်စုံအောင် လုပ်တတ်သည်။

ကျွမ်းကျင်အဆင့် စကေးကို ရရုံနဲ့ဆို လုံလောက် သင့်ပြီပေမဲ့ သူကပိုပြီး ပြီးပြည့်စုံတာကို လိုချင်သည်။

စနစ်ရဲ့ လုပ်ဆောင်မှုကြောင့် လင်းဖေးဟန်ရဲ့ ခေါင်းထဲတွင် စန္ဒရားသီချင်းများစွာ ဝင်လာခဲ့သည်။ စန္ဒရားရဲ့ တီးကွက်အားလုံးကိုလဲ ကျွမ်းကျင်သွားပြီး စန္ဒရားနဲ့ပတ်သတ်ရင် မသိတာ မရှိတော့ သလောက်ပဲ။

လင်းဖေးဟန် နောက်ဆုံးတွင် မျက်လုံးဖွင့်ကာ ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

“ အလျင်လိုနေတာမို့ မကျွမ်းမကျင်နဲ့ပဲ ကျွန်တော် အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို တီးပြပေးပါ့မယ်”

လင်းဖေးဟန်ရဲ့ မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ရှိတာမို့ လူတွေကို လင်းဖေးဟန်က ချဥ်းကပ်ရလွယ် ကူတဲ့ တောက်ပတဲ့ လူငယ်လေးလို၊ တောက်ပတဲ့ နတ်ဘုရားတစ်ပါးလိုမျိုး ခံစားချက် ပေးစွမ်းသည်။

ဒါပေမဲ့ တီးတော့မည့် အချိန်ရောက်ချိန်တွင် လင်းဖေးဟန်ရဲ့ မျက်နှာက တည်တံ့သွားပြီး လုံးဝ မပြုံးတော့ပေ။

လင်းဖေးဟန်ရဲ့ မြင့်မြတ်တဲ့ အရှိန်အဝါက လူတွေကို လက်လှမ်းမမှီနိုင်တဲ့ နတ်ဘုရားတစ်ပါးကို မြင်နေရသလို ခံစားချက်မျိုး ပေးနေသည်။

ထူးခြားတဲ့ ရောင်ဝါတစ်မျိုးက လင်းဖေးဟန်ရဲ့ အနားမှာ ဖြာကျနေခဲ့ပြီး လင်း​ဖေးဟန်ရဲ့ ပတ်ပတ်လည်တွင် လှပစွာ ဝန်းရံစီးဆင်းနေသကဲ့သို့ပင်။

ဒီလူက ချောမောလွန်းသည်။ တစ်ကယ်ကို ချောမောလှသည်။

လင်းဖေးဟန် အခုထိ သီချင်းမစသေးပေ။ သာမာန် ဝတ်စုံပြည့်တစ်ထည်နဲ့ စင်ပေါ်တွင် ရှိနေခဲ့သည်။ လင်းဖေးဟန်ရဲ့ ထိုပုံရိပ်ကိုက ပွဲခင်းတစ်ခုလုံးရဲ့ အာရုံစိုက်မှုကို အပြည့် ရထားပြီး ညအလယ်က အတောက်ပဆုံးသော ကြယ်တစ်ပွင့်လိုပင်။

“ ငါသူ့ကို ကြိုက်လိုက်တာ!”

ပွဲခင်းထဲမှ ကောင်မလေး တစ်ယောက်သည် သူမကိုယ်သူမ ခပ်တိုးတိုး ရယ်ရွတ်လိုက်သည်။ သူမရဲ့ ခေါင်းသည် ထောင်မတ်နေပြီး မျက်လုံးတစ်စုံတွင် လင်းဖေးဟန်အတွက် လေးစားမှုတို့ ပြည့်နေသည်။

“ ရှို့ရှို့ မင်းဘာကိုဆိုလိုတာလဲ? မင်းအခု ကိုနဲ့ ဒိတ်နေတာနော်။ ကို့အရှေ့မှာ တစ်ခြားယောက်ျားကို အခုလို ပြောတာ ကို ခွင့်မပြုဘူး!”

ထိုကောင်မလေးရဲ့ ဘေးခုံတွင် ထိုင်နေသူမှာ ကောင်မလေးရဲ့ ရည်းစားဖြစ်သူ အနုပညာကျောင်းသား ဖြစ်သည်။ ကောင်မလေးရဲ့ စကားကို ကြားပြီး နောက်မှာ သူ့ရဲ့မျက်နှာက ချီးတုံးမြိုချမိတာထက်ပင် ဆိုးရွားသွားတော့သည်။

ကောင်လေးရဲ့ ဒေါသကို ရင်ဆိုင်ရပေမဲ့ ကောင်မလေးက လုံးဝ စိတ်မဆိုးချေ။ အခုအချိန်မှာ သူမရဲ့ ရည်းစားဘက်ကို လှည့်ကြည့်မိရင်ကို အော်ဂလီဆန်သလို ခံစားနေရသည်။ ကောင်မလေးက လှည့်လဲ မကြည့်လာသလို အဖက်လဲ မလုပ်ခဲ့​ပေ။ သူမရဲ့ ခေါင်းကိုသာ ခပ်ဖွဖွ ရမ်းလိုက်ပြီး

“ ရှင် နားမလည်ပါဘူး”

အစကနေ အဆုံးထိ သူမရဲ့ မျက်လုံးသည် လင်း​ဖေးဟန်ကို တစ်ချက်တောင် အလွတ် မခံခဲ့ပေ။

ဒါက အရမ်းလွန်လွန်းသွားပြီ!

ကောင်လေးက အလွန်ဒေါသထွက်နေသည်။ ရှို့ရှို့ကို သူမ မှားနေမှန်း အသိစိတ် ဝင်လာအောင် အကြိမ်ရေတစ်ချို့ ရိုက်ပြီးပင် ပညာပေးချင်နေပြီ။

လူကို အရှေ့တည့်တည့်ထားပြီး ဒါမျိုး စကားတွေ ပြောတာ အကြီးကြီး စော်ကား နေတာပဲ။

ငါ့မှာတော့ သူ့ရဲ့ နှုတ်ခမ်းနီတွေ၊ အိတ်တွေ၊ အဝတ်တွေ၊ ဒါအပြင် iPhone 12 လိုချင်တယ်ဆိုလို့ သုံးလလောက် ပိုက်ဆံတွေ စုခဲ့ပြီး အင်တာနက်ကနေပါ ငွေချေးပြီး ဝယ်ပေးထားရတာ။ အခုဆို လတိုင်း သူ့မှာ ချေးငွေ ဆက်နေရသည်။

ဒါပေမဲ့ ရှို့ရှို့ ဘာလုပ်လိုက်သလဲ? သူ့ကို ဘယ်လိုတောင် တုံ့ပြန်လိုက်တာလဲ?

ရှင်နားမလည်ပါဘူးဆိုတဲ့ စကားက ထ​က်ရှတဲ့ ဓားတစ်ချောင်းလို နှလုံးတည့်တည့် စိုက်ဝင်ပြီး သူ့ရဲ့အသားတွေကို လှီးထုတ်နေသလိုပဲ။

အဆုံးမှာ သူ့ရဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းကို ဒေါသက ဖုံးလွှမ်းသွားတော့သည်။

သူတို့အတွဲသည် ပွဲထဲကို နောက်ကျမှ ရောက်သည်မို့ နောက်ဆုံးခုံသာ ရခဲ့ပြီး ထို့အပြင် သူက အဝေးမှုန်နေတာမို့ လင်းဖေးဟန်ရဲ့ မျက်နှာကို လုံးဝမမြင်ရပေ။ စင်ပေါ်က ကောင်က ပန်းတွေဘာတွေများ ပွင့်အောင်လုပ်နေလို့လား သူ သိချင်မိသည်။

ကောင်လေးက စိတ်တိုတိုနဲ့ ကျောပိုးအိတ် ဖွင့်လိုက်ပြီး သူ့ရဲ့မျက်မှန်ကို ထုတ်ကာ တပ် လိုက်တော့သည်။

သူ့ရဲ့ ဘေးပတ်ပတ်လည်ရှိ အရာအားလုံးက ရုတ်တရက် ကြည်လင်သွားသည်။

ချက်ချင်းပဲ သူ့ရဲ့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာသည်လဲ ဖြူဖတ် သွားသည်။ သူဘာလို့ ယောက်ျား ဖြစ်လာတာလဲဟုတောင် တွေးမိသွားတဲ့အထိပင်။ သူသာ မိန်းကလေးဆိုရင် လင်းဖေးဟန်နောက်ကို ပြေးလိုက်နေလောက်ပြီ။

“ ငါရှုံးပြီ… ငါလုံးဝကို ရှုံးသွားပြီ”

ထိုကောင်လေးက မတတ်နိုင်စွာ ခေါင်းငုံ့သွားပြီး နာကျင်စွာ ပြောလိုက်သည်။

တစ်ဖက်ခြမ်းရှိ ထိုင်ခုံတွင်လဲ အရွယ်ရောက်ပြီးသား မိန်းကလေး တစ်ယောက်သည် လင်းဖေးဟန်ရဲ့ တောက်ပနေတဲ့ မျက်နှာကိုပဲ ကြည့်နေခဲ့သည်။

ထိုမိန်းမက ဘေးမှ ဘော်ဒီဂတ်ကို ပြောလိုက်သည်။

“ သုံးမိနစ်အတွင်း သူ့ရဲ့အချက်အလက်အားလုံးကို ငါလိုချင်တယ်။ ငါသူ့ကို လိုချင်တယ်!”

ထိုအချိန်တွင် မျက်လုံးများစွာက လင်းဖေးဟန်ကိုပဲ ကြည့်နေကြသည်။

လေးစားမှု၊ မနာလိုမှု၊ မကျေနပ်မှု၊ အံ့သြမှု၊ စိတ်ပျက်မှု၊ ခံစားချက်ပေါင်းစုံနဲ့ လူပေါင်းစုံက ကြည့်နေကြပေမဲ့ လင်းဖေးဟန်ကတော့ ဘယ်သူ့ကိုမှ မကြည့်ဘဲ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

ငါ အရမ်းချောနေမိတာပဲ။ အခုလို ဝိုင်းကြည့် ခံရတာကို အနည်းငယ် ကျင့်သားမရသေးပေမဲ့ ငါကဒီလိုဖြစ်ဖို့ ကံကြမ္မာပါလာတဲ့သူပဲ။ အမြန်ဆုံး အသားကျအောင် လုပ်ရမယ်။ စောက်ချောကြီးဖြစ်နေရတဲ့ ပြဿနာကလဲ မသေးပါလား။

လင်းဖေးဟန်ရဲ့ လက်တွေ စတင်လှုပ်ရှား လိုက်သည်။ သူ ဖြည်းညင်းစွာ ခလုတ်တစ်ခုကို ဖိချပြီး အဝင်သံစဥ်အပြီးမှာ လက်သွယ်သွယ်ကို ပြန်မြှောက်လိုက်သည်။

လင်းဖေးဟန်ရဲ့ လက်ကို လူတိုင်း အနီးကပ် လိုက်ကြည့်နေမိကြပြီး လက်သွယ်သွယ်များက လေထဲမှာ အနည်းငယ် လှုပ်ရှားသွားတာကို မြင်လိုက်ရသည်။ အနုပညာ ကျောင်းသား ကျောင်းသူများ ဖြစ်သည့်အတွက် စန္ဒရားကို အတော်အသင့် လေ့ကျင့်ဖူးကြသည်မို့ လင်းဖေးဟန် ခက်ခဲတဲ့ သံစဥ်ကို တီးတော့မှာမှန်း သဘောပေါက် လိုက်ကြသည်။

All Chapters