← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

လင်းဖေးဟန်ရဲ့ လက်သည် လေထဲတွင် ရပ်နေကာ အနည်းငယ် ကစားလိုက်သည်။ လင်းဖေးဟန် တစ်ယောက် ခက်ခဲတဲ့ သံစဥ်ကို တီးတော့မယ်လို့ လူများစွာ ခံစားမိလိုက်သည်။

ဒါပေမဲ့ လင်း​ဖေးဟန်ရဲ့ လက်နှစ်ဖက်လုံး စန္ဒရားခုံပေါ် ပြန်ရောက်သွားခဲ့ပြီး အသံထွက်လာ ချိန်မှာတော့ အကုန်လုံး အံ့သြ သွားရတော့သည်။

လင်းဖေးဟန် တီးလိုက်သော စန္ဒရား သံစဥ်သည် အလွန်ရိုးရှင်းသည်။ သူတို့ အစက တွေးထားသည်ထက်ကို ရိုးရှင်းသည်။

ဒါပေမဲ့ လင်းဖေးဟန်ရဲ့ လက်နှစ်ဖက်လုံး စန္ဒရားခုံပေါ် ကစားနေချိန်မှာပဲ ဝမ်းနည်းဖို့ကောင်းသော သံစဥ်များသည် ရင်ထဲထိ ဝင်ရောက်ရိုက်ခတ် လာခဲ့သည်။

အစသံစဥ်ပဲ ရှိသေးပေမဲ့ လူတွေကို ဝမ်းနည်းသွားစေသည်။

ပထမဟာမိုနီကို စတင်ချိန်မှာ လူတိုင်း ငိုမိတော့မတတ်ဖြစ်သွားသည်။

အစက လင်း​ဖေးဟန်ရဲ့ ရိုးရှင်းသော သံစဥ်ကို ကြားခဲ့တုန်းက သခင်လေးကျောက် လှောင်ရယ် ချင်ခဲ့သည်။ ဒါပေမဲ့ နောက်တစက္ကန့်အတွင်းမှာပဲ သူကိုယ်တိုင် မျောပါသွားတော့သည်။

သံစဥ်ကို ကြားလိုက်ရချိန်မှာ လုမုံ့ဟန်လဲ မှင်သက်သွားသည်။

လုရွှယ်ယင်လဲ အံ့သြသွားခဲ့တာပင်။ မျက်စိကို မှိတ်ပြီး ခံစားချက်ဝင်စွာ စန္ဒရားတီးနေသော လင်းဖေးဟန်သည် အရမ်းလဲ ကျွမ်းကျင်သလို မှုန်ဝါးဝါးနဲ့ တင့်တယ်လှသည်။

ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး လင်းဖေးဟန်ရဲ့ စန္ဒရားသံတစ်ခုသာ ကြီးစိုးနေသည်။ အနုပညာဋ္ဌာနရဲ့ ပွဲခင်း တစ်ခုလုံးတွင် ဝမ်းနည်းဖွယ် စန္ဒရားသံကိုပဲ ပဲ့တင်ထပ်စွာ ကြားနေနိုင်သည်။

ဝမ်းနည်းပြီး တင့်တယ်ဖွယ်ဖြစ်သော သံစဥ်နုတ်သည် လူတိုင်း၏ စိတ်ထဲတွင် ရစ်ဝဲနေသည်။ သံစဥ်များက လေပြေ တစ်ခု အဖြစ်ပြောင်းသွားပြီး ကမ္ဘာကြီးထဲ လှည့်ပတ် စီးဝင်သွားတယ်လို့ပင် ခံစားရသည်။

များစွာသော ကြိုးစားမှုအပြီးမှာ လေပြေသည် ကမ္ဘာအတွင်းမှာ နေထိုင်နိုင်ဖို့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပေမဲ့ အချိန်ကောင်းဆိုတာ ကြာကြာမခံသည့်အတိုင်းပင် ထိုနေရာလေး ပျက်ပျယ်သွားသည်။ သံစဥ်လေပြေသည် သူတို့ရဲ့ နှလုံးသားထဲမှ တစ်ဆင့် လေထဲမှာ မျောနေရုံသာ တတ်နိုင်တော့သည်။

ဒီသံစဥ်က အသိအသာကို အလွန်ရိုးရှင်းသည်။ ဒီထက်ရိုးရှင်းတာကို ရှာတွေ့နိုင်မည် မထင်ပေ။

ကျောက်တရှောင်း တီးသွားတဲ့ ပျားပိတုန်းတိုက်ပွဲထက် အလွန့်အလွန် ရိုးရှင်းပေမဲ့ လင်းဖေးဟန်ရဲ့ လက်ထဲမှာတော့ ဒီသီချင်းက အင်မတန်ကို ထူးခြားကောင်းမွန် လှတဲ့သီချင်းတစ်ပုဒ်အဖြစ် ပြောင်းသွားသည်။

လင်းဖေးဟန်ရဲ့ လက်ထဲက စန္ဒရားသည် ပန်းချီကားတစ်ချပ်လိုပင်။

အကုန်လုံးက ထိုပန်းချီကားကို မြင်နိုင်ကြပြီး အဆုံးမှာ ပန်းချီကားထဲ ကိုယ်တိုင်ဝင်ရောက်ကာ သံစဥ်ချက် တစ်ခုဆီတိုင်းမှာ ဆီးမျောလိုက်ပါသွားကြသည်။

တစ်ချိန်ထဲမှာ ပွဲခင်းထဲက လူအားလုံးသည် လင်းဖေးဟန်ရဲ့ ခံစားချက်နဲ့ အထိန်းချုပ် ခံလိုက်ရသလိုပင်။

လင်းဖေးဟန်ရဲ့ ဘေးထောင့်ရှိ စန္ဒရားကို တာဝန်ယူရသော ကောင်မလေးသည် မျက်ရည်များပင် ပြည့်နှက်လာခဲ့သည်။

လင်းဖေးဟန် အဆုံးမှာ တီးခတ်လို့ ပြီးသွားခဲ့ပေမဲ့ အချိန်တစ်ခုကြာသည်အထိ မျက်လုံးမဖွင့်သေးချေ။ ပွဲခင်းထဲမှ ဘာသံမှ မကြားရသေးဘူး။ လင်းဖေးဟန် ဆက်စောင့် နေခဲ့သည်။

“ တစ် နှစ် သုံး လေး ငါး..”

ပွဲခင်းထဲမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လက်ခုတ်သံတွေ လျှံထွက်လာတော့သည်။

ထိုအချိန်မှာ လုရွှယ်ယင်လဲ အံ့သြလွန်းစွာ မတ်တပ်ရပ်မိသွားသည်။ လင်းဖေးဟန် ဒီနောက်ပိုင်း များစွာသော စပရိုက်တွေ တိုက်ခဲ့သည်။ ဒီတစ်ခုက အံ့သြဖို့ အကောင်းဆုံးပဲ။

လင်းဖေးဟန်က စန္ဒရား တီးတတ်တာပဲ။ ပြီးတော့ သူ့ရဲ့ ကျွမ်းကျင်မှုက အပြည်ပြည် ဆိုင်ရာက ကျွမ်းကျင်တွေထက် နည်းနည်းမှ မလျော့ဘူး။ မဟုတ်ဘူး၊ ပိုတောင် သာအုံးမည်။

ထိုအချိန်မှာ လုရွှယ်ယင် အနည်းငယ် မယုံနိုင် ဖြစ်နေခဲ့ရသည်။

ဘယ်တုန်းက လင်းဖေးဟန်က ဒီလောက် စန္ဒရားမှာ ကျွမ်းကျင် သွားခဲ့တာလဲ?

လီယွင်လုံ အနည်းငယ် ရှုတ်ထွေးစွာ မတ်တပ်ရပ်လိုက်ပြီး

“ မင်း ဘာဖြစ်လို့လဲ?”

လီယွင်လုံ ထိုအချိန်ကျမှ လုရွှယ်ယင်ရဲ့ အကြည့်ကို လိုက်ကြည့်လိုက်မိပြီး လင်းဖေးဟန်ကို မှတ်မိသွားတော့သည်။ လင်းဖေးဟန်ကို သူ စင်ပေါ်က ကန်ချ ချင်သွားသည်။

ဒါပေမဲ့ အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး။

သူက အနုပညာကို စိတ်မဝင်စားဘူး။ ဒီနေ့ကလဲ လုရွှယ်ယင်ရဲ့ အကြိုက်ကို လိုက်ရအောင်သာ ဒီပွဲကို လာကြည့်ခဲ့ရုံ ဖြစ်သည်။

လီယွင်လုံ အလွန်ဒေါသထွက်သွားသည်။ သူ အရမ်းကြိုးစားထားပြီးမှ နောက်ဆုံး လုရွှယ်ယင်နဲ့ အတူပွဲကြည့်ဖို့ အခွင့်အရေး ရခဲ့တာက အခုလို မြင်ကွင်းကို ကြည့်ရဖို့လား?

လီယွင်လုံ ပိုပြီးဒေါသထွက်မိတာက အနုပညာ ပွဲတွေထဲကမှ ဒီကျောင်းရဲ့ အနုပညာပွဲကို ရွေးမိတဲ့ သူ့ကိုယ်သူပင်။

လီယွင်လုံရဲ့ မျက်လုံးများ တွန့်လိမ်သွားသည်။ သူ့ရဲ့မျက်လုံးထဲမှ ကြောက်မက်ဖွယ် ဒေါသများ လျှံထွက်နေသည်။

လင်းဖေးဟန်ရဲ့ မျက်လုံးများက ပရိတ်သတ် ကြားထဲမှ ထင်းထွက်နေတဲ့ အလှလေးကို သတိထားမိသွားသည်။

သူမဒီကို ရောက်နေတာလား?

အံ့သြစရာပဲ။

လင်းဖေးဟန် စိုက်ကြည့်လိုက်ချိန်မှာ အေးစက်တဲ့ နတ်ဘုရားမလေး လုရွှယ်ယင်နဲ့ ဘေးတွင် သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် အတူရှိနေတာကို မြင်လိုက်ရသည်။

လင်းဖေးဟန် ကြောင်သွားသည်။ လုရွှယ်ယင် ဒီကိုရောက်လာမယ်လို့ သူ မထင်ထားမိဘူး။ ပွဲခင်းထဲ ဝင်တုန်းက သူမကို တွေ့တောင် မတွေ့မိခဲ့ဘူး။

အမှန်တရားကို ပြောရလျှင် သခင်လေးကျောက်ကို သူ့ရဲ့ စိတ်အတွင်း အနက်ပိုင်းကနေကို မကြိုက်လှသည်မို့ ကြွားဝါဖို့ သက်သက်နဲ့ သူ စန္ဒရားတက်တီး ခဲ့တာဖြစ်သည်။

လုပ်မည်ဆုံးဖြတ်မှတော့ အကောင်းဆုံး လုပ်မည်လေ။ သူ့ရဲ့ ထို အကျင့်ကြောင့် တစ်ဆတ်ထဲ စန္ဒရားစကေးကို ကျွမ်းကျင်အထိ မြှင့်တင်ခဲ့သည်။

ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်သည် မတော်တဆ အပင်တစ်ချို့ စိုက်မိသလို ဖြစ်သွားပြီး မမျှော်လင့်စွာ အဲ့ဒီအပင်က အပင်ကောင်းတစ်ခု ဖြစ်လာခဲ့သည်။

ဒါကိုမြင်တော့ လင်းဖေးဟန် မျက်နှာမှာ ဘာခံစားချင်မှ မပြထားဘဲ မသိသလို ဟန်ဆောင်နေပေမဲ့ စိတ်ထဲမှာတော့ မဲ့ရွဲ့ လှောင်ပြောင်နေတာဖြစ်သည်။

လီယွင်လုံ မင်း ဒီနေရာကို ကိုယ်တိုင် ရောက်လာပြီး ငါ့လက်နားကို မင်းမျက်နှာကြီး ကပ်ပေးပြီး ဖြတ်ရိုက်ဖို့ တောင်းဆိုလိုက်တာပဲ မလား?

ထိုအချိန်တွင် စနစ်ထံမှ နှစ်သက်မှုတိုးကြောင်း အသိပေးချက် ထွက်ပေါ်လာသည်။ လုရွှယ်ယင်ကော လုမုံ့ဟန်ထံကောက ရလိုက်တာမို့ တစ်ကယ်ကို လန်းဆန်း သွားတော့သည်။

လင်းဖေးဟန် အနည်းငယ် စိတ်ရှုတ်စွာ မေးလိုက်သည်။

“ စနစ်ရေ ဒီအသိပေးချက် အသံကြီးကို ပိတ်ပေးလို့ရမလား?”

“ ဟုတ်ကဲ့ အဲ့တာကို ပိတ်ပစ်လို့ရပါတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် အကျိုးရှိမဲ့ သတင်းတွေကို မရတော့ပဲ နေလိမ့်မယ်နော်”

“ပိတ်လိုက်”

“ ကောင်းပါပြီ”

“ ဘုရားရေ! ဒီလူက အရမ်းကြောက်ဖို့ ကောင်းတာပဲ။ သူ့ရဲ့ စကေးကို အထင်ကြီးသွားပြီ”

“ အရမ်းမိုက်တာပဲ။ တီးသွားတာ အရမ်း ကောင်းလွန်းတော့ ငါ့မှာ ငိုလဲငိုမိ၊ ရယ်လဲ ရယ်မိပဲ။ ငါ့ရဲ့ကွယ်လွန်သွားတဲ့ အဖိုးကို သတိရမိပြီး တစ်ဆတ်ထဲ ကိုယ်ဝန်လွယ်ထားရတဲ့ ငါ့မိန်းမနဲ့ မွေးလာမဲ့ ငါတို့ရဲ့ ကလေးလေးကိုလဲ တွေးမိသွားတယ်”

“ ငါဆို ကလေးဘဝကိုတောင် ပြန်အမှတ်ရသွားတာ”

“ ဒီလူက ငါ့အပိုင်ပဲ။ ငါအရမ်းတွေ ချစ်မိသွားပြီ”

“ ငါသူ့အတွက် ကလေးမွေးပေးချင် လိုက်တာဟယ်”

ချီးကျူးသံတွေကို ကြားလိုက်ရပြီးနောက်မှာ သခင်လေးကျောက် မျက်နှာကို အုပ်မိုးရင်း တစ်ဖြည်းဖြည်း ပြိုလဲသွားတော့သည်။

သူအခု အလွန်ရှက်သည်။ သူ့ တစ်ဘဝလုံး လင်းဖေးဟန်ရဲ့ စန္ဒရားစကေးကို အမှီလိုက်နိုင်မှာ မဟုတ်တော့ဘူး။ သူ့ဘဝမှာ မိန်းမလေးယောက် ဘယ်တော့မှ ယူနိုင်တော့မယ် မထင်ဘူး!

အစောက လင်းဖေးဟန်ကို ရန်စမိတာ အရမ်းရှက်ဖို့ကောင်းတာပဲ။ ကံကောင်းလို့ လူတွေ သူ့ကို အာရုံမစိုက်မိလို့သာပေါ့။

လင်းဖေးဟန် မတ်တပ်ရပ်ပြီးနောက်တွင် လုရွှယ်ယင်ဘက်ကို တစ်ချက်သာ ကြည့်မိခဲ့ပေမဲ့ သူမကို တွေ့လိုက်တာ လုရွှယ်ယင် သေချာ သိမှာပင်။

လင်းဖေးဟန် မိုက်ကို ယူလိုက်ပြီး ပြောလိုက်သည်။

“ မင်းဒီမှာဆိုတာ ငါသိတယ်။ တစ်ကယ်တော့ ငါ့ရင်ထဲမှာ မင်းကို စောင့်နေခဲ့တာ ကြာပြီ”

လုရွှယ်ယင်- “ …..”

ထိုစာကြောင်းက ရေကြီးမှု တစ်ခုလိုမျိုး ပွဲခင်းတစ်ခုလုံးရှိ လူတွေကို တိုက်စားသွား လေသည်။

ကောင်းကင်ရဲ့ နတ်ဘုရားနဲ့ တူညီလှတဲ့ ဒီလူသားက တစ်ကယ်ပဲ အချစ်စကား ​ပြောလိုက်တာလား?

အကုန်လုံး ရှုတ်ထွေးသွားကြသည်။

သူ.ဘယ်သူ့ကို ရည်ညွှန်းတာများလဲ? ကျောင်းသားများအားလုံး စိတ်ထဲမှာ တွေးနေကြသည်။

မိန်းကလေးတွေလဲ စိတ်ထဲမှ တွေးလိုက်သည်။

ငါ့ကို ပြောတာများလား…

ထိုအချိန်မှာ မိန်းကလေး ကျောင်းသူများ အားလုံး ရူးသွပ်လာကြပြီး မထိန်းနိုင်စွာ ပွဲခင်း တစ်ခုလုံး ဆူညံသွားသည်။ သူတို့တွေ စင်ပေါ်ကို အပြေးတက်လာကြပြီး လင်းဖေးဟန်ဆီမှ လက်မှတ်တောင်းကြ တော့သည်။

ဒါကြီးက အရမ်းရူးနှမ်းလွန်းတယ်။ ဒီ ပရိတ်သတ်တွေက အရမ်း ပြင်းထန်တာပဲ။

အစက လင်းဖေးဟန်သည် စင်ပေါ်မှ ခပ်လန်းလန်းဆင်းဖို့ တွေးထားခဲ့သည်။

အခုတော့ စင်နောက်ဖက်လှည့်ကာ ထွက်ပြေး ရလေပြီ။

All Chapters