မဟာအလင်းတန်း ဂိူဏ်း
Vol. 23 Ch. 319
" ထွက်မသွားဘူးဆိုရင် ဘာဖြစ်မှာလဲ. "
လောထျန်း မျက်ခုံးပင့်သွားပြီး ပြန်မေးသည်။
" မသွားရင်တော့ အကျိးဆက်ကို ခံရမှာပေါ့ကွာ .. "
တဖက်လူက လှောင်သံဖြင့် ပြန်အော်ပြော၏။
သို့သော် .. သူတို့သည် လောထျန်းနောက်တွင် ကြောက်စရာ နောက်ခံအဖွဲ့ကြီး ရှိနေမည်စိုးသည့်အတွက် သတ်မည် ဘာညာ မပြောဘဲ တမင်တကာပင် စကားလှည့်စရာ အနည်းငယ် ချန်ထားခဲ့ပါသည်။
လောထျန်း မျက်မှောင်ကြုံ့သွားပြီး တိုက်ခိုက်တော့မည့် အချိန်မှာပင် ..
ဝီ ..
ခပ်လှမ်းလှမ်းမှ လေကိုခွင်း၍ လာနေသော အသံများ ထွက်ပေါ်လာပြီး ...
ကျားနက်ကြီးတစ်ကောင် ဦးဆောင်သည့် လူတစ်စု တောင်ကြားရှေ့သို့ ရောက်လာကြသည်။
အစောက လောထျန်းရှေ့တွင် မာထန်ထန် မျက်နှာပေးများဖြင့် ရှိနေခဲ့သည့် လူနှစ်ယောက်မှာလည်း ထိုကျားနက်ကို မြင်သည်နှင့် မျက်နှာထားများ ချက်ချင်း ပြောင်းသွားပြီး အလွန်လေးစားနေဟန် မျက်နှာများ ဖြစ်သွားကြ၏။
" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး ရှန့်မင် "
ထိုလူကြီးနှစ်ယောက်လုံး သံပြိုင် ပြောလိုက်ကြသည်။
ကျားနက်ကြီးပေါ်မှ လူမှာ အခြားသူမဟုတ်ပေ .. ရှန့်မင် ပင် ဖြစ်ပါသည်။
ထိုအချိန် ရှန့်မင်၏ ခေါင်းပေါ်၌ အဖြူရောင် ကျောက်ပြားတစ်ခု ရှိနေပြီး ၎င်းမှ မသေမျိုးအစွမ်း အနည်းငယ် ထွက်နေကာ နဂါးသင်္ချိုင်းမြေမှ ဖိအားကို ကာကွယ်ပေးထား၏။
ထိုကျောက်ပြားသာ မရှိပါက သူ့အစွမ်းဖြင့် ဤနဂါးသင်္ချိုင်းမြေမှ ဖိအားကို ခုခံနိုင်မည် မဟုတ်ပါချေ။
သူ့နောက်တွင်မူ အဘိုးအိုတစ်ယောက် ရှိနေပြီး ထိုအဘိုးအိုက အိပ်ပျော်နေသည့်အလား မျက်လုံးများ မှေးစင်းနေသည်။
သူတို့ ချင်းလုံကျွန်းပေါ်တွင် ရှိနေစဥ်က ထိုအဘိုးအိုကို လောထျန်း လုံးဝ မမြင်ဖူးခဲ့ပေ။
" ဟင် .. မင်းတို့က ကျုပ်ကို သိလို့လား "
နှုတ်ဆက်သံကို ကြားသွားသော ရှန့်မင်က လူကြီးနှစ်ယောက်အား လှမ်းကြည့်၏။
လူကြီးနှစ်ယောက်က ချက်ချင်း ဝမ်းသာအားရ ပြန်ဖြေကြသည်။
" သိတယ်ဗျ ၊ဟိုး လွန်ခဲ့တဲ့ နှစ်အနည်းက တောင်ပိုင်းဒေသကို သွားရင်းနဲ့ သခင်လေးနဲ့ တစ်ခါ တွေ့ခဲ့ဖူးပါတယ် "
ရှန့်မင်က ခေါင်းညိတ်ပြီး ပြန်ပြော၏။
" အဲ့လိုကိုး ၊ မင်းတို့က အခု ဒီမှာ ဘာလုပ်နေကြတာလဲ "
လူကြီးနှစ်ယောက်ထဲမှ တစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။
" သခင်လေး ရှန့်မင် ၊ ဒီနေရာမှာ နဂါးသင်္ချိုင်းဂူ တစ်ခုကို ကျုပ်တို့ ရှာတွေ့ထားတယ်ဗျ။ ဒါပေမယ် အရှက်မရှိတဲ့ ကောင်လေးတစ်ယောက်က အပိုင်သိမ်းထားတယ် .. ။ ကျုပ်တို့က သူ့ကို မောင်းထုတ်ဖို့ ပြင်နေကြတာ "
ရှန့်မင်က နှာခေါင်းရှုံ့ပြီး ပြော၏။
" မင်းတို့တွေက ဟိုကောင်ကို မောင်းထုတ်ပြီးတော့ ဒီနဂါးသင်္ချိုင်းဂူကို အပိုင်သိမ်းချင်နေကြတယ်ပေါ့လေ "
သူ့စကားကြောင့် တဖက်မှ လူကြီးနှစ်ယောက် အံ့သြမှင်သက်သွားကြသည်။ ကျန်လူကြီးတစ်ယောက်က မြန်မြန်ပင် ခေါင်းယမ်း၍ ပြောလာ၏။
" မဟုတ်ပါဘူးဗျာ .. ကျုပ်တို့က ဒီ နဂါးသင်္ချိုင်းဂူကို သခင်လေး ရှန့်မင်ကို ပေးမှာပါ "
ထိုစကားကို ကြားမှသာ ရှန့်မင် ပြုံးလိုက်သည်။
နဂါးသင်္ချိုင်းဂူများထဲတွင် အဖိုးတန် ရတနာများ ပေါကြွယ်ဝလှသည် မဟုတ်ပါလား ။
သူ မိုင်တစ်ရာကျော် အကွာအဝေးမှပင် ဤနေရာမှ အစွမ်းထက်သော နဂါးအစွမ်းကို ခံစားမိခဲ့ရပါသည်။
ထို့ကြောင့်လည်း သူ မြန်နှုန်းအပြည့်ဖြင့် လာခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူ့ စီးတော်ယာဥ်ကသာ ထို နဂါးစွမ်းအင်များ အားလုံးကို စူပ်ယူလိုက်နိုင်ပါက ၎င်း၏ ကိုယ်ထဲမှ နတ်ဘုရားသွေးက အဆပေါင်းများစွာ တိုးတက်သွားမည်မှာ ပြောနေစရာပင် မလိုပါချေ။
ယခု ထိုလူကြီးနှစ်ယောက်ကလည်း ဤနေရာအား သူ့ကို ပေးမည်ဟု ပြောလာသည်ဖြစ်ရာ သူ့အတွက် များစွာ သက်သာသွားလေပြီ ။
" ကောင်းတယ် ၊ ဒါဆိုရင် ဒီကိစ္စကို မင်းတို့ကိုပဲ တာဝန်ပေးလိုက်မယ်။ ကျုပ်ရဲ့ စီးတော်ယာဥ်ကို ခေါ်သွားပြီး နဂါးသင်္ချိုင်းဂူကို သန့်စင်ခိုင်းလိုက်ပါ။ ကျုပ် ဒီအဖြစ်ပျက်ကို မှတ်ထားပါ့မယ် "
ရှန့်မင်က ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်လေး "
လူကြီးနှစ်ယောက်က သံပြိုင် ပြန်ပြောလိုက်သည်။
သူတို့သည် နဂါးသင်္ချိုင်းဂူတစ်ခုကို ဆုံးရှုံးလိုက်ရသော်လည်း ရှန့်မင်ထံမှ မျက်နှာသာပေးခြင်း ခံရတော့မည်ဖြစ်ရာ ဤခရီးက သူတို့အတွက် ထိုက်တန်ပါ၏။
လူကြီးနှစ်ယောက်လုံး ထိုသို့ တွေးကာ ချက်ချင်း နောက်လှည့်ပြီး နဂါးသင်္ချိုင်းဂူ ရှိရာဆီသို့ ပျံသန်းသွားလိုက်ကြသည်။
" ကောင်လေး ၊ ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးလိုက်မယ်နော် ။ မင်းနောက်က သားရဲ သုံးကောင်ကို ခေါ်ပြီး ဒီကနေ ချက်ချင်း ထွက်သွားကြပါ ။ မဟုတ်လို့ကတော့ မင်း သေရမယ်သာမှတ် "
သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ရှန့်မင်ရှေ့၌ ဟန်ရေးပြလို၍ လူသတ်အရိပ်အငွေ့ပင် ထုတ်လွှတ်ထားပြီဖြစ်၏။
ကျန်တစ်ယောက်ကလည်း နောက်ကောက်ကျ ကျန်မနေလိုဟန်ဖြင့် ဝင်ပြောသည်။
" နေဦး ၊ မင်း..သွားလို့ရတယ် ၊ မင်းနောက်က နတ်ဆိုးသားရဲ သုံးကောင်ကတော့ သွားလို့မရဘူး ။ အဲ့ကောင်တွေက သခင်လေး ရှန့်မင်ပိုင်တဲ့ နဂါးအစွမ်းတွေကို သန့်စင်ထားကြပြီးပြီဆိုတော့ သခင်လေးရှန့်မင်ရဲ့ စီးတော်ယာဥ် စားတာကို ခံကြရမယ် "
သူတို့စကားကြောင့် လောထျန်း မျက်ခုံးပင့်သွား၏။
ထိုလူနှစ်ယောက်က သူ့ကို ခြိမ်းခြောက်နေရုံတင်မက သူ့သားရဲ သုံးကောင်ကိုပါ အခြားသားရဲအား အစာအဖြစ် ကျွေးမည်ဟု ပြောနေသတဲ့လား ။
ထိုသူများက သူ့ကို စိတ်သဘောထားကောင်းပြီး သူတို့ ပြောသည့်အတိုင်း လုပ်မည့်သူဟု ထင်နေကြသည်လား ။
ချက်ချင်းပင် သူ့တစ်ကိုယ်လုံး လူသတ်အရိပ်အငွေ့များဖြင့် ပြည့်လာသည်။
" မင်းတို့တွေက သေချင်နေမှတော့လဲ ငါ့ဘက်က မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "
လောထျန်း အေးစက်စက် ပြန်ပြောလိုက်သည်။
" ဘာ .. ငါတို့က သေချင်တယ် .. ဟုတ်လား ။ ကောင်လေး .. မင်း ဦးနှောက် ပျက်သွားပြီလား ။ အဲ့လိုဆိုမှတော့လဲ ငါတို့က မင်းကို ငရဲ မြန်မြန်ရောက်ရောင် ပို့ပေးရတော့မှာပေါ့ကွာ "
လူကြီးနှစ်ယောက်ထဲမှ တစ်ယောက်က အေးစက်စက် ပြန်ပြောကာ နှာခေါင်းရှုံ့လိုက်ပြီး လောထျန်းအား သူ့လက်ဝါးဖြင့် ခုတ်ချလိုက်သည်။
သို့သော် .. ထို့နောက်တွင်မူ ..
ဝုန်း ..
သူ့တစ်ကိုယ်လုံးက သွေးမှုန်များအဖြစ် ပြောင်းသွားကာ အစအနပင် မကျန်ဘဲ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
" ဘယ်လိုဖြစ်ပြီ ... "
၎င်းကို မြင်လိုက်ရသော ကျန်တစ်ယောက်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။
သူနှင့် အတူ ပါလာသူမှာ သူ့ကဲ့သို့ပင် အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်ရှိပြီး သူတို့နှစ်ယောက်လုံး အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြပါသည်။
သို့သော် .. ထိုသို့သော သူက တဖက်လူငယ်၏ သိုင်းကွက်တစ်ကွက်ကိုပင် မခံနိုင်ခဲ့ဘူးတဲ့လား ။
ထို့ထက်ပို ဆိုးသည်မှာ တဖက်လူငယ်က မည်သို့ လှုပ်ရှားလိုက်သည်ကို သူ မတွေ့လိုက်ရခြင်းပင် ။
ထိုအချိန်မှသာ သူ နံရံကြီးနဲ့ ဝင်တိုးမိပြီဖြစ်ကြောင်း သိလိုက်ရတော့၏။
သူ ထိုသို့တွေးပြီး ချက်ချင်း လှည့်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ..
ဘုန်း
ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်ကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ သွေးမှုန်များအဖြစ် ပြောင်းသွားရပြန်တော့၏။
" ဒါ .... "
ကျန်လူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်ကြောက်လန့် တုန်လှုပ်သွားကြကာ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးလိုက်ကြသည်။
သို့သော် လောထျန်းက သူတို့အား ထွက်ပြေးရန် အခွင့်အရေး မပေးပါချေ။
ဝုန်း ... ဝုန်း ... ဝုန်း ..
သူ့ လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် ကျန်လူများအားလုံးလည်း ပြာမှုန်များအဖြစ်သို့ ပြောင်းသွားကြပြန်တော့၏။
" ဟင် .. မင်းလား .. "
ထိုအချိန်မှသာ .. လေထဲမှ ရှန့်မင်က လောထျန်းအား သတိထးမိသွားသည်။
ယခင် လျှို့ဝှက်နဂါးကျောက်ပြားရှေ့တွင်လည်း လောထျန်းက ကျွန်းပေါ်တွင် ရှိနေကြသည့် ပါရမီရှင်များအားလုံးကို ကျော်ပြီး နာမည်ကြီး ဖြစ်သွားခဲ့ပါ၏။
ထို့ကြောင့် ရှန့်မင်မှာ မည်သို့မှ မတတ်နိုင်ဘဲ တိတ်တဆိတ်သာ ထွက်သွားခဲ့ရသည်။
သူ့ရင်ထဲတွင်မူ လောထျန်းအား အလွန်မုန်းတီးနေခဲ့ကာ နဂါးသင်္ချိုင်းမြေထဲသို့ ရောက်သည်နှင့် ပြဿနာရှာရန် တွေးထားခဲ့၏။
သို့သော် လမ်းတလျှောက်တွင် လောထျန်း၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပါချေ။
ယခု နောက်ဆုံး .. လောထျန်းနှင့် တွေ့ရသည့်အချိန်တွင်ကား .. လောထျန်းက အလွန်အစွမ်းထက်နေသဖြင့် သူ အနည်းငယ်ပင် ကြောက်လန့်သွားခဲ့ရသည်။
" မင်းကိုး ... "
ထိုအချိန်တွင် လောထျန်းကလည်း ရှန့်မင်အား လူသတ်အရိပ်အငွေ့ဖြင့် ပြည့်နေသော မျက်လုံးများနှင့် ကြည့်နေ၏။
ရှန့်မင်မှာ သူ့အကြည့်ကြောင့် အနည်းငယ်လန့်သွားပြီး .. ကိုယ်တိုင်ပင် သတိမထားမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
သို့သော် .. ထိုအချိန်တွင် ..
" ဟားဟား .. ရှန့်မင် ၊ ရန်သူနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဘာဖြစ်လို့ နောက်ဆုတ်နေရတာလဲကွ ။ အဲ့လိုပုံမျိုးနဲ့ဆို .. ငါတို့ မဟာအလင်းတန်း ဂိုဏ်းဝင်တစ်ယောက် ဘယ်ပီသတော့မှာလဲ "
ရှန့်မင်နောက်မှ မျက်လုံးမှိတ်နေသည့် အဘိုးအိုက တစ်လုံးချင်း ပြောလာသည်။
ထိုစကားကို ကြသောအခါ ရှန့်မင်တစ်ယောက် ချက်ချင်း မျက်နှာနီသွား၏။။
" ဒါပေမယ့် သခင်ကြီး ယဲ့ ၊ ဒီကောင်လေးရဲ့ အစွမ်းက ... "
ယဲ့လောင်က လောထျန်းအား တစ်ချက်လှည့်ကြည့်ပြီး ခေါင်းအသာညိတ်၍ ပြောသည်။
" အင်း .. ဒီကောင်လေးက တကယ်လဲ တော်တော်လေး အစွမ်းထက်တာပဲကွ ၊ ဒါပေမယ့် သူက ငယ်ငယ်လေး ရှိသေးတယ် ။ ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ် "
သူက ထိုသို့ပြောပြီးနှင့် လောထျန်း ရှိရာသို့ တဖြည်းဖြည်း ပျံသန်းသွားလိုက်သည်။
၎င်းကို မြင်သောအခါ ရှန့်မင် ချက်ချင်း စိတ်သက်သာရာ ရသွား၏။
" ဟား ဟား .. သခင်ကြီးယဲ့ ၊ ဒီကောင့်ကို လွယ်လွယ်လေးနဲ့ မသတ်လိုက်နဲ့ဦးနော် ။ သူ့ဆီမှာ လျှို့ဝှက်နဂါးကျောက်ပြားက ရထားတဲ့ အဖိုးတန် ရတနာလဲ ရှိဦးမှာဗျ ။ အဲ့ရတနာကို အရင် ထုတ်ခိုင်းရမယ် "
ရှန့်မင်က အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
ယဲ့လောင်က ခေါင်းညိတ်ပြီး ပြန်ပြော၏။
" ငါ သိတယ် "
သူ့စကား ဆုံးသည့် အချိန်တွင်မူ လောထျန်းရှေ့သို့ပင် ရောက်သွားခဲ့လေပြီ ။
" လူငယ်လေး ၊ ငါက ကြင်နာတတ်ပြီးတော့ ပါရမီရှင်တွေကိုလဲ တန်ဖိုးထားတဲ့သူ တစ်ယောက်မို့ မင်းကို မသတ်ချင်ဘူး ။ ဒါပေမယ့် မင်းက သခင်လေး ရှန့်မင်ကို စော်ကားခဲ့တာဆိုတော့ ဒါကို လက်ခံပေးလို့ မရဘူးကွ "
" ဒီတော့ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ် ။ အခုချက်ချင်း ဒူးထောက်ပြီးတော့ သခင်လေးရှန့်မင်ကို တောင်းပန်ပြီး သူ့ကို သခင်အဖြစ် အသိအမှတ်ပြုပါ။ ပြီးရင် သူ့ရဲ့ ကျွန်အနေနဲ့နေပြီး သူ့အပေါ်လဲ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာကို ကျိန်ပါ ။ အဲ့လိုဆို ငါ မင်းကို လွှတ်ပေးလိုက်မယ် ၊ ဘယ်လိုလဲ "
ယဲ့လောင်က ထိုသို့ပြောကာ လောထျန်းအား အပြုံးဖြင့် ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင်လည်း ထိုအဆိုက အလွန်သင့်လျော်သည်ဟု ထင်နေ၏။
သို့သော် .. လောထျန်းကမူ သူ့စကားကို ကြားသည်နှင့် ချက်ချင်း မျက်နှာကြီး မည်းမှောင်သွားသည်။
" ခင်ဗျားတို့က မဟာအလင်းတန်း ဂိုဏ်းကလို့ ပြောလိုက်တာလား "
လောထျန်း အေးစက်စက် မေးလိုက်သည်။
" ဟမ် ..ဟုတ်တယ်လေ ၊ ရှန့်မင်ရဲ့ အဖေက မဟာအလင်းတန်းဂိုဏ်းက အကြီးအကဲတစ်ယောက် ဖြစ်ပြီးတော့ အစွမ်းထက်တဲ့ မသေမျိုးတစ်ယောက်ပဲကွ ။ သူ့ရဲါ့ ကျွန်ဖြစ်ရမှာ မင်းအတွက် ဂုဏ်ယူစရာတောင် ကောင်းသေးတယ် ။ ကောင်လေး .. ငါ စိတ်ရှည်တာကလဲ အတိုင်းအတာ ရှိတယ်နော် ။ မင်းအဖြေကို ခုချက်ချင်း ပြောပါ "
အဘိုးအိုက တဖြည်းဖြည်း မျက်နှာကြီး ညိုလာပြီး ပြော၏။