← Chapters

အခန်း (၆၀၁-၆၀၅)

Vol. 25 Ch. 601-605

အခန်း (၆၀၁-၆၀၅)

Vol. 25 Ch. 601-605

အပိုင်း(၆၀၁) နင့်အကြိုက်ကဆန်းလှချည်လား

——————————————————————

ရန်ကိုင်သာ ရှန်ချင်းလော့၏ စိတ်ထဲ သူ့ပုံရိပ်ကို မတော်တဆ ထားခဲ့မိသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရှန်ချင်းလော့သည်လည်း ဤနှိပ်စက်မှုကို ခံစားနေရလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်အပေါ် တပ်မက်စိတ်သည် အချိန်ကြာလာသည် နှင့်အမျှ ပို၍ ပြင်းထန်လာနေရာ ရှန်ချင်းလော့ အနေဖြင့် ရန်ကိုင်နှင့် ခွဲခွာ၍ သူမ၏ စိတ်ဆန္ဒများကို သီးသန့် အာရုံစိုက် ဖိနှိပ်ရပေတော့၏။

မဟုတ်လျှင် အကျိုးဆက်သည် ခန့်မှန်းမရနိုင်သည်အထိ ပြင်းထန်ပေလိမ့်မည်။

သူမ စိတ်လွတ်သွားသည်အခိုက် ရှန်ချင်းလော့ သေလျှင်သေ၊ မသေလျှင် ရန်ကိုင် သေပေလိမ့်မည်။

ထိုအကြောင်းပြချက်ကြောင့် ပီလော့ ရန်ကိုင်ကို အမုန်းကြီး မုန်းတီးနေရခြင်း ဖြစ်၏။

နှစ်ယောက်သား ငြင်းခုံနေစဉ်မှာပင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုနှစ်ယောက် အတွဲကို ကူကယ်ရာ မဲ့စွာဖြင့် ငေးကြည့်နေခဲ့၏။

“နင်…” ရှန်ချင်းလော့ ရန်ကိုင်ကို အလန့်တကြား ငေးကြည့်လိုက်ပြီး “နင်ဘာလို့ပြန်လာတာလဲ”

“နင်အခု အခြေအနေမကောင်းမှန်း ငါသိတယ်” ရန်ကိုင်က အသာအယာ သက်ပြင်းချလျက် ပြောလိုက်လေ၏။

ရှန်ချင်းလော့၏ ပုံမှန်မဟုတ်သည့် အခြေအနေသည် လွန်စွာကိုမှ သိသာလွန်းနေခဲ့ရာ ရန်ကိုင် အနေဖြင့် သတိမပြုဘဲ ဘယ်နေလိမ့်မည်နည်း။ ခုဏက သူထွက်သွားချင်ယောင် ဆောင်ခဲ့ခြင်းဖြစ်၏။ အဲ့လိုမှသာလျှင် ရှန်ချင်းလော့၏ ခံစားချက် အစစ်အမှန်တို့ကို နားထောင်နိုင်ပေမည်။

သူမ၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ သူ့အပေါ် လိုလိုလားလားဖြင့် အသက်စွန့် စတေးပေးလိုသော သူမ၏ ဆုံးဖြတ်ချက်သည် ရန်ကိုင် နှလုံးသားကို ရိုက်ခတ်သွားခဲ့လေ၏။

“နင်ကိုယ်တိုင် ပြန်လာမှတော့ အားလုံး ရှင်းရှင်းလေးပဲ ဖြစ်သွားပြီ။ သခင်မရေ၊ သခင်မရဲ့ စိတ်ဆန္ဒတွေကို ဆက်ပြီး ဖိနှိပ်ထားစရာ မလိုတော့ဘူး။ သူ့အသက်ကိုသာ ယူလိုက်တော့” ပီလော့က ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လျက် ရှန်ချင်းလော့ကို တိုက်တွန်းလိုက်လေ၏။

“နင်ကြည့်ရတာ ငါ့ကို တော်တော်လေး မုန်းတီးနေတဲ့ ပုံပဲနော်” ရန်ကိုင်က ပီလော့အား အကြည့်စူးစူးဖြင့် ကြည့်လိုက်၏။

“ဟုတ်တယ်” ပီလော့က ပြန်အော်လိုက်၏ “နင့်အရေခွံကို ခွာ၊ နင့်သွေးကိုသောက်ပြီး နင့်အသားကို ဝါးစားပစ်ချင်တာ။ နင့်ကြောင့်သာ မဟုတ်ရင် ငါ့သခင်မ ဘယ်လိုလုပ်ပြီး အခုလို ဖြစ်ရမှာလဲ”

“ငါမရှိရင်တောင် သူ့နှလုံးသားထဲ နေရာယူသွားမယ့် အခြား ယောကျာ်းတစ်ယောက် ရှိဦးမှာပဲလေ။ ဒါက အဆိပ်မုဆိုးမ ခန္ဓာကိုယ်တွေရဲ့ ကြွေကွဲဖွယ် ကံကြမ္မာဆိုးပဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏။

ပီလော့က ပြန်ငြင်းခုံချင်သော်ငြား ဘာပြန်ပြောလို့ ပြောရမှန်း မသိသည့်အတွက် နှုတ်ခမ်းလေးကိုကိုက်၍ ရန်ကိုင် ကိုသာ စူးစူးဝါးဝါး ပြန်စိုက်ကြည့်လိုက်လေ၏။

“နင်ထွက်သွားတော့၊ မြန်မြန် ထွက်သွားပါတော့” ရှန်ချင်းလော့၏ အသက်ရှူသံ မြန်ဆန်လာခဲ့လေ၏။ အစောပိုင်း (၆)လမှစ၍ သူမ၏ စိတ်ဆန္ဒများကို ဖိနှိပ်ဖို့ရာ ခက်ခဲလာခဲ့၏။ ရန်ကိုင်နှင့် မတွေ့ခဲ့ရသည့် လွန်ခဲ့သော (၆)လအတွင်း သူမ၏ အခြေအနေ အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့လေ၏။

သို့သော်ငြား ရန်ကိုင်နှင့်အတူ ပြန်လည်ပေါင်းစဉ်၍ အချိန် အတူတူ ကုန်ဆုံးခဲ့ရာ သူမနှလုံးသားထဲ ငြိမ်သက်နေသည့် စိတ်ဆန္ဒတို့ ရုတ်ချည်း ထကြွသောင်းကျန်း လာခဲ့ပြန်လေ၏။

အတင်းအကြပ် ဖိနှိပ်သော်လည်း ဘေးထွက်ဆိုးကျိုးသာ ရခဲ့၍ “အချိန်ရှိတုန်း မြန်မြန် သွားပါတော့”

ရန်ကိုင်ကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလျက် ခေါင်းမာမာဖြင့် ပြောလိုက်၏ “နင်နဲ့ငါ့ကြားက ပြဿနာက ကျိန်းသေကို ဖြေရှင်းရလိမ့်မယ်။ ရှောင်လွှဲနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”

“နင်ပြောတာနော်” ပီလော့က တောက်ပစွာ ပြုံးလိုက်၏။

သူမ၏ ခန္ဓာကိုယ်လေးကို ယိမ်းထိုးလိုက်ပြီး တလက်လက် တောက်ပလင်း အလင်းရောင်စဉ်ကို ထုတ်လွှတ်လိုက်၏။ ရုတ်တရက်ဆိုသလို တိုးလျလျ သာယာနာပျော်ဖွယ် တေးသံတို့ ဤလောကတစ်ခွင် ပြည့်နှက်သွားခဲ့ပြီး ပီလော့က ရှန်ချင်းလော့၏ နားထဲ တိုးတိုးလေး ပြောလိုက်လေ၏ “သခင်မ၊ အချိန် ရောက်လာခဲ့ပြီနော်။ သခင်မရဲ့ စိတ်ဆန္ဒတွေကို ဆက်ပြီး ဖိနှိပ်ထားစရာ မလိုတော့ဘူး။ လွှတ်ချလိုက်လို့ ရပြီ”

လူသုံးယောက် ပတ်လည်၌ လွန်စွာကိုမှ စွဲမက်ရစ်မူးဖွယ် ကောင်းသည့် ညို့ယူဖွယ် စွဲရမက်တို့ ထွက်ပေါ်လာခဲ့ပြီး ပီလော့ သည်လည်း ယခင်ကလို ဒေါသထွက် စိတ်တိုနေသည့် ကျားပေါက်မလေး တစ်ကောင် မဟုတ်တော့။ ရှန်ချင်းလော့နှင့် တူညီသော အရှိန်အဝါတို့ သူမကိုယ်တစ်ဝိုက် ရစ်ပတ်နေခဲ့၏။

ပီလော့သည်လည်း နက်နဲသော ညို့ဓါတ်ကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားပေ၏။

သူမ၏ ညို့ဓါတ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သော်လည်း ပစ်မှတ်သည် ရန်ကိုင် မဟုတ်ဘဲ ရှန်ချင်းလော့ ဖြစ်နေခဲ့ပေ၏။

“ပီလော့၊ နင်…” အစကတည်းမှပင် သူမ၏ စိတ်ဆန္ဒများကို ဖိနှိပ်ရန် ခက်ခဲနေရာ ပီလော့ကပါ သူမ၏ ညို့ဓါတ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည့်အတွက် တောက်လောင်နေသော မီးတောက်ထဲသို့ ဓါတ်ဆီလောင်းထည့်ပေးလိုက်သလို ဖြစ်သွားခဲ့ကာ ရှန်ချင်းလော့၏ စဉ်းစားဆင်ခြင်းနိုင်စွမ်းကို လုံးဝ သုံးစားမရ ဖြစ်သွားစေခဲ့၏။

ထိန်းချုပ်မရနိုင်သည့် စိတ်ဆန္ဒတို့သည့် ရှန်ချင်းလော့၏ ဆင်ခြင်တုံတရားကို တစ်မုဟုတ်ချည်း ဖျက်စီးသွားခဲ့ရာ ယခု သူမ၏ စိတ်ထဲ အတွေးတစ်ခုသာ ကြီးစိုး ကျန်ရစ်တော့လေ၏။

ရန်ကိုင်ကို ဖက်တွယ်ဖို့ပင်… သူမသည် ရှေးဟောင်း ရေခဲတုံးကြီး တစ်တုံးဖြစ်လျှင် ရန်ကိုင်သည် အရှိန်တညီးညီး တောက်လောင်နေသည့် မီးလျှံတစ်ခု ဖြစ်၏။ ရှန်ချင်းလော့ စိတ်ထဲ ကြီးစိုးနေသည်ကား ရန်ကိုင်ဆီသို့ ချဉ်းကပ်သွား၍ ထိုမီးတောက်ကို ပျောက်ကွယ်သွားအောင် လုပ်လျှင်လုပ် မလုပ်လျှင် သူမ တစ်ကိုယ်လုံးကို အရည်ပျော်ကျသွားအောင် လုပ်ဖို့ပင် ဖြစ်၏။

ရစ်မူးဖွယ် ညည်းသံသဲ့သဲ့လေး သူမ၏ နီးစွေးဖူးအိနေသော နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာခဲ့ပြီး သူမ၏ လည်တိုင် ကျော့ကျော့ လေးသည်လည်း ပန်းရောင်ဖျော့ဖျော့ သန်းလာခဲ့လေ၏။ စွဲမက် ရစ်မူးနေသည့် အမူအရာတို့က သူမ၏ မျက်နှာထက် အစားထိုး ဝင်ရောက်လာခဲ့ပြီး သူမ၏ မျက်ဝန်းများသည်လည်း ဝေဝါး လာခဲ့ရလေ၏။ ရန်ကိုင်အား ဝါးမြိုလိုသည့် သူမ၏ စိတ်ဆန္ဒကို ဆက်၍ မချုပ်တည်းထားတော့ချေ။

ဘေးပတ်ဝန်းကျင် တစ်ခုလုံး အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။ သီဆိုဖျော်ဖြေ ကပြနေသော မရေမတွက်နိုင်သည့် မိန်းမငယ်လေးတို့ဖြင့် ပြည့်နှက်နေသော အံ့ဩဖွယ်ကောင်းသည့် ကမ္ဘာတစ်ခု ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့လေ၏။

မိန်းကလေး တစ်ယောက်ချင်းစီတိုင်းသည် လှပ၍ စွဲမက်ဖွယ် ကောင်းလှပြီး အကုန်လုံးသည် မပေါ့်တပေါ် ဝတ်ဆင်ထားခဲ့ကြလေရာ သူမတို့၏ မို့မောက်နေသော ရင်အစုံနှင့် လျှို့ဝှက်တောင်ကြား နေရာများကို အလေးပေး ဖော်ပြနေသလို ဖြစ်နေခဲ့လေ၏။

ချက်ချင်း ဆိုသလို အားလုံးသည် ရန်ကိုင်အား ဝန်းရံ လိုက်ကြပြီး သူ့ကို စတင် မြူဆွယ်ဖြာယောင်း တော့လေ၏။

ရန်ကိုင် နှလုံးသား တင်းကြပ်သွားခဲ့လေ၏။

ရှန်ချင်းလော့၏ ညို့ဓါတ်ကျင့်စဉ်သည် ယခင်ကထက်ပင် ပို၍ ဆွဲဆောင်အား ကောင်းလာခဲ့လေ၏။ ယခုအချိန်သည် သူမသည် ထိုကျင့်စဉ်ကို ရည်ရွယ်ချက် ရှိရှိဖြင့် ထုတ်ဖော် လိုက်သည်ပင် မဟုတ်သေးချေ။ ထိုပုံရိပ်ယောင် ကမ္ဘာကြီးသည် သူမ၏ လက်ရှိအခြေအနေကြောင့် မသိစိတ်အရ ထုတ်ဖော် ထားသည့် ကမ္ဘာသက်သက်သာ ဖြစ်၏။

“ကျိုးပျက်စမ်း” ရန်ကိုင်က အေးစက်စက် လေသံဖြင့် အော်ဟစ်လိုက်ပြီး ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို လှည့်ပတ်လိုက်ရာ သူ့ကို လွှမ်းခြုံထားသော ပုံရိပ်ယောင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားခဲ့ရလေ၏။

“ဟဲဟဲ…” ပီလော့က နှစ်လိုစွဲမက်ဖွယ် ကောင်းစွာ ပြုံးလိုက်ပြီး “ကောင်စုတ်လေး၊ လက်လျှော့လိုက်စမ်းပါ။ ငါ့သခင်မရဲ့ ညို့ဓါတ်ကျင့်စဉ်ကို ခံနိုင်တဲ့ ယောကျာ်းဆိုတာ ဒီလောကကြီးမှာ မရှိသေးဘူးးး.. အန်…”

ပြောနေစဉ်မှာပင် သူမ၏ ဝမ်းဗိုက်ကြော တစ်လျှောက် အပူလှိုင်းလုံးတို့ ပေါက်ကွဲထွက်လာခဲ့သဖြင့် ခြေထောက်လေး နှစ်ချောင်းကို အလိုလို ပူးကပ်မိလိုက်၏။ လေအေးတစ်ရှိုက်က သူမ၏ အနည်းငယ် စိုစွတ်နေသော ချိုင့်ဝှမ်းနေရာလေးအား ဖြတ်သန်းတိုက်ခတ်သွားရာ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။ ထိုလေအေးကြောင့် သူမမှာ စိတ်လွတ်သွားလု နီးနီးပင် ဖြစ်သွားခဲ့ရသေး၏။

သူမသည်လည်း ရှန်ချင်းလော့ ထုတ်ဖော်လိုက်သော ညို့ဓါတ်ကျင့်စဉ်၏ လွှမ်းမိုးခြင်းကို ခံနေခဲ့ရလေပြီ။

“နောက်မှ နင်နဲ့တွေ့မယ်” ရန်ကိုင်က ပီလော့အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ စိတ်တိုတိုဖြင့် ပြောလိုက်၏။

“ဟန့်၊ နင့်သာ အသက်ရှင်အောင် အရင်လုပ်ပါဦး” ပီလော့သည် အမောတကော အသက်ရှူ၍ ခြေထောက် နှစ်ချောင်းကို ကျုံ့၊ တင်ပါးလေးကို လှုပ်ရမ်း၊ နှုတ်ခမ်းပါးလေးကို ကိုက်လျက် အပူမီးတောက်လောင်နေသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်နေလိုက်၏။

ရန်ကိုင်ဆီ ပြေးဝင်၍ သူမကိုယ်ထဲမှ အပူမီးတို့ကို တစ်ခါတည်း ဖွင့်ထုတ်ချင်မိသော်လည်း သူမစိတ်ကို မရမက ချုပ်တည်းထားခဲ့၏။

ထိုအချိန်မှာပင် ကျော့ရှင်းလှပလှသည့် ယပ်တောင်ပုံစံ လက်နက်တစ်ခု ညို့ကဝေ နတ်ဆိုးဘုရင်မ၏ လက်ထဲ ထွက်ပေါ်လာခဲ့လေ၏။

“ပိုးချည်ယပ်တောင်” ရန်ကိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရေရွတ်လိုက်၏။

ထိုလက်နက်သည် ရှန်ချင်းလော့၏ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော မိသားစု အမွေအနှစ် တစ်ခုဖြစ်၏။ သူမ၏ ညို့ဓါတ်ကျင့်စဉ်နှင့်ပါ ထပ်ပေါင်းလိုက်မည် ဆိုပါက ထိုလက်နက်သည် လွန်စွာကိုမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ပေ၏။

ရှန်ချင်းလော့သည် ထိုယပ်တောင်လေးကို အသာအယာ ဝှေ့ရမ်းလိုက်၏။ ယပ်တောင် မျက်နှာပြင်ထက်တွင် ရှိနေသော ယောကျာ်း၊ မိန်းမ အားလုံးတို့သည် အသက်ဝင်လာသည့်အလား မကြာခင်မှာပင် ယပ်တောင်ထဲမှ ခုန်ထွက်၍ ရန်ကိုင်စိတ်ထဲသို့ တိုးဝင်သွားခဲ့ကြလေ၏။

သူ့စိတ်ထဲ ကျူးကျော်ဝင်ရောက်လာသော ထိုပုံရိပ်ယောင် များသည် တဒင်္ဂသာ တည်ရှိနိုင်ခဲ့ပြီးနောက် ဗလာနတ္ထိအဖြစ် ပြောင်းလဲပျောက်ကွယ် သွားခဲ့ရလေ၏။

ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်သည် ရှန်ချင်းလော့၏ ညို့ဓါတ်ကျင့်စဉ်အား အလွယ်တကူပင် ချိုးဖျက်နိုင်ခဲ့၏။ ပိုးချည်ယပ်တောင် သုံး၍ တိုက်ခိုက်ခဲ့သော်လည်း ရန်ကိုင်၏ ယပ်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်သည် သူမ၏ တိုက်ခိုက်မှုကို ချိုးဖျက်နိုင်နေဆဲ။

သို့သော်ငြား လက်ရှိ ရှန်ချင်းလော့သည် စိတ်လွတ်နေခဲ့ရာ ပိုးချည်ယပ်တောင်ကို သုံးပြီးသည်နှင့် တခစ်ခစ် ရယ်မောလျက် ရန်ကိုင်ဆီ ပြေးဝင်သွားတော့လေ၏။ ပြီးသည်နှင့် ရန်ကိုင်၏ လည်တိုင်ကို သူမ၏ လက်သွယ်သွယ်လေး နှစ်ဖက်ဖြင့် ညင်သာစွာ ရစ်ပတ်လိုက်ပြီး ဖူးအိနေသော နှုတ်ခမ်းအစုံကို လျှာဖြင့် သပ်လိုက်လေ၏။

သူမ၏ အသက်ရှူသံသည် ကြမ်းတမ်းလာခဲ့ပြီး နှင်းဖြူရောင် တောင်မို့မို့ နှစ်လုံးသည်လည်း အသက်ရှူသံ နှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၍ ရန်ကိုင်၏ ကျယ်ပြောလှသော ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားခဲ့လေ၏။ သူမ၏ နှုတ်ခမ်းအစုံသည်လည်း ရန်ကိုင်၏ နှုတ်ခမ်းအစုံဖြင့် နီးသထက် နီးကပ်လာနေခဲ့၏။

ရန်ကိုင် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး ရမက်မီးတို့က သူ့ဝမ်းဗိုက်ကြောတစ်လျှောက် လှိုင်းထန်သွားခဲ့လေ၏။ ယခုအချိန်၌ ရန်ကိုင်သည် မယုံကြည်နိုင်လောက်အောင် လှပလွန်းလှသော ထိုအလှ နတ်သမီးလေးနှင့်သာ စိတ်ရှိလက်ရှိ ဝုန်းဒိုင်းကြဲပစ် လိုက်ချင်မိတော့၏။

သို့သော်လည်း ညို့ကဝေနတ်ဆိုးဘုရင်မ လွန်စွာကိုမှ ရမက်ထန်လာခဲ့လျှင် သူမ ရှူထုတ်လိုက်သည့်လေပင် မည်သည့် ယောကျာ်းမှ မခုခံနိုင်လောက်သညအထိ အဆိပ်ပြင်းလှသည်ကို သူသိထားလေရာ ရန်ကိုင်မှာ စိတ်ရှိသည့်အတိုင်း မလုပ်နိုင် ဖြစ်နေခဲ့ရလေ၏။

“ဒီစုန်းမလေးကတော့ကွာ…” ရန်ကိုင်က ကူကယ်ရာ မဲ့စွာဖြင့် ပြုံးလိုက်၍ ရှန်ချင်းလော့၏ လည်တိုင်နောက်ကို အစစ်အမှန်ချီသုံးကာ ရိုက်ချလိုက်လေ၏။

သူမကိုယ်သူမ မခုခံနိုင်သည့် အချိန်၌ ထိုကဲ့သို့ ရိုက်ချ ခံလိုက်ရသည်ဖြင့် ရှန်ချင်းလော့လည်း ချက်ချင်းဆိုသလို သတိလစ်သွားခဲ့ရလေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရန်ကိုင်၏ လက်မောင်းထဲသို့ ပျော့ခွေလဲပြို ကျသွားခဲ့လေ၏။

စိတ်လှုပ်ရှား ရင်ဖိုဖွယ် မြင်ကွင်းကို စောင့်မျှော်နေသည့် ပီလော့သည်လည်း ရှန်ချင်းလော့ ထုတ်ဖော်လိုက်သော ညို့ဓါတ်ကျင့်စဉ်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည့်အတွက် သူမ၏ နို့နှစ်ရောင် ရင်အစုံကို သူမ၏ လက်နှစ်ဖက်နှင့်ပင် ပြန်၍ ပွတ်သပ်ဆုပ်နယ်လျက် ရမက်ထန်စွာ ညည်းနေခဲ့လေ၏။ သို့သော်ငြား ရန်ကိုင်၏ အပြုအမူကို မြင်လိုက်သည်နှင့် သူမ မျက်နှာ တစ်ခုလုံး သွေးဆုတ်ဖြူလျော် သွားခဲ့လေ၏။

“ဒီကိုလာစမ်း” ရန်ကိုင်က ရှန်ချင်းလော့ကို ပုခုံးပေါ် အသာအယာ ထမ်းတင်လိုက်၍ ပီလော့ကို လှောင်ပြုံး ပြုံးပြလိုက်လေ၏။

“နင်ဘာလုပ်ချင်နေတာလဲ” ရမက် ထန်နေသည့်စိတ်တို့ ကြက်ပေါက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီး ရှေ့တက်၍ “ငါ့သခင်မ ဘာဖြစ်သွားတာလဲ”

“ငါသူ့ကို သတ်လိုက်ပြီ။ အခု နင့်အလှည့်ပဲ” ရန်ကိုင်က မျက်ဝန်းထဲ ရက်စက်လို အရိပ်အယောင်တို့ လက်သွားခဲ့ပြီး ပီလော့ကို လှောင်ပြုံးပြုံးကြည့်ကာ ပြောလိုက်လေ၏။

ပီလော့ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး မျက်ရည်ရွဲလဲဖြင့် ရုတ်တရက် အော်ငိုလိုက်၍ သွေးရူးသွေးတန်း ဖြင့် အော်ဟစ်လိုက်လေ၏ “ငါနင့်ကိုသတ်မယ်”

မုန်ယိုနေသည့် သားရဲတစ်ကောင်ပမာ သူမ၏ လက်သီး လေးများကို ဝှေ့ရမ်းလျက် ရန်ကိုင်ဆီသို့ အဆင်အခြင်မဲ့စွာ ပြေးဝင်သွားလိုက်လေ၏။

ကံမကောင်းစွာဖြင့် ရန်ကိုင်က သူ့လက်အား ဆန့်ထုတ်၍ သူမအား အလွယ်တကူ ဖမ်းချုပ်ထားလိုက်၏။

ရှန်ချင်းလော့အား ပုခုံးပေါ်တင်လျက် ပီလော့အား လက်မောင်းကြားထဲ ပိုက်ထားကာ သူ၏ အားနေသော လက်ဖြင့် သူမ၏ တင်ပါး လုံးဝိုင်းဝိုင်းလေးကို ရိုက်ချလိုက်လေ၏။

ဖြန်း…

ပီလော့ ခေါင်းမှခြေအဆုံး တစ်ကိုယ်လုံး တောင့်တင်း သွားခဲ့ရ၏။ ရှက်ရွံ့မှု၊ ဒေါသတို့က သူမ၏ နှလုံးသားထဲမှ အလိပ်လိုက် အလိပ်လိုက် ထိုးထွက်လာခဲ့သလို တစ်ချိန်တည်း မှာပင် သူမ ခန္ဓာကိုယ်တစ်လျှောက် လျှပ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသလို ခံစားလိုက်ရ၏။ ရန်ကိုင်၏ ခပ်ပြင်းပြင်း ရိုက်ချက်သည် သူမနှလုံးသားထဲ အချိန်ကာလ ကြာရှည်စွာ ဖိနှိပ် ထားခဲ့ရသော စိတ်ဆန္ဒတစ်ခုကို နိုးထသွားစေလိုက်သည့်အလား သူမစိတ်ထဲ လွန်စွာကိုမှ ခံစားလို့ ကောင်းနေမိခဲ့လေ၏။

ဖြန်း…

ဒုတိယတစ်ချက် ထပ်မံ အရိုက်ခံလိုက်ရပြီး နောက်မှာတော့ ပီလော့ အလန့်တကြား ထအော်ခဲ့လေပြီ။ ရန်ကိုင် ခန္ဓာကိုယ်ကို ထိုးကြိတ်ကန်ကျောက်ရင်း အပြင်းအထန် ရုန်းကန်တော့လေ၏။

ပထမရိုက်ချက်နှင့် ရန်ကိုင်သည် ပီလော့၏ အစစ်အမှန်ချီကို ပိတ်ဆို့ထားလိုက်သည့် အတွက်ကြောင့် ပီလော့၏ ရုန်းကန်မှုသည် အချည်းနှီး ဖြစ်သွားခဲ့ရ၏။

ပီလော့၏ စူးရှသည့် အော်ဟစ်သံတို့သည် ရမက် ထန်နေသည့် ညည်းသံတို့အဖြစ် တဖြည်းဖြည်း ပြောင်းလဲ လာခဲ့လေ၏။ တစ်ချက် ရိုက်လိုက်တိုင်း သူမ ခန္ဓာကိုယ် တစ်ခုလုံး ပိုပို၍ ပူလောင်းလာခဲ့ပြီး အားအင် ချည့်နဲ့ လာခဲ့ရလေ၏။ သူမ၏ မျက်နှာလေးသည်လည်း ရှက်သွေးဖြန်းဖြန်း ဖြာနေခဲ့ပြီး ရီဝေဝေ ပန်းနုရောင် သန်းနေခဲ့လေ၏။

သူမ၏ အမူအရာကို သတိပြုမိသည်နှင့် ရန်ကိုင် ကြက်သေသေသွားခဲ့ပြီး “နင့်အကြိုက်က ထူးဆန်းလှချည်လား”

“နင့်အကြိုက်ပဲ ထူးဆန်း၊ သူတောင်းစားကောင်။ ငါ့ကို ပြန်ချပေးစမ်း” ပီလော့လည်း ရုတ်တရက် အသိပြန်ဝင်လာရာ ဒေါသတကြီး အော်ဟစ်တော့လေ၏။

ဖြန်း…

သာယာမှုတို့ သူမ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်း စီးဆင်းသွားခဲ့ပြန်လေ၏။

----------------------------------

တစ်ရက်ကြာပြီးနောက်၊ တိမ်မိစ္ဆာနယ်မြေ၊ သင်းရနံ့မြို့တော်…

ရှန်ချင်းလော့၏ နန်းတော်အတွင်း၌ ရန်ကိုင်သည် ညို့ကဝေနတ်ဆိုးဘုရင်မ၊ ပီလော့အနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

သူအရင် တွေ့ခဲ့ဖူးသည် ရင့်ကျက်သော အလှလေး ယွန်လီနှင့် မိန်းမငယ်လေး နှစ်ယောက် ဖြစ်သည့် ရို့ယုနှင့် ရို့ချင် တို့သည် ရန်ကိုင် ရောက်နေကြောင်း သိလိုက်ရသည်နှင့် အလျင်စလို ပြေးလာခဲ့ကြလေ၏။ သုံးယောက်စလုံး ရန်ကိုင်ကို နောက်တစ်ကြိမ် ပြန်တွေ့ရသည့်အတွက် ပျော်ရွှင်နေခဲ့ကြ၏။

သို့သော်ငြား ရှန်ချင်းလော့နှင့် ပီလော့၏ လက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရသည်နှင့် သူတို့ သုံးယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြလေ၏။

ညို့ကဝေနတ်ဆိုးဘုရင်မသည် သတိလစ်နေခဲ့၍ ပီလော့၏ မျက်လုံးများသည် နီရဲပြီး မို့အစ်နေခဲ့၏။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာသည် နွေဦးစမ်းရေနှင့် ဆေးကြော၍ အစိုခံ ထားသည့်အလား ရွှန်းစိုကာ အရောင်တောက်နေခဲ့လေ၏။

ရန်ကိုင်က သူမကို ချပေးလိုက်သည့်အခါ ပီလော့က ယဲ့ယဲ့လေး အော်ဟစ်လိုက်ပြီး သူမတစ်ကိုယ်လုံး ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျသွားခဲ့လေ၏။ သူမ၏ လက်ကလေး နှစ်ဖက်သည်လည်း သူမ၏ တင်ပါး နှစ်ဖက်ဆီသို့သို့ အလိုလို ရောက်ရှိသွားခဲ့ပြီး အံတင်းတင်းကြိတ်ရင်း ပွတ်သပ်လိုက်၏။

“ပီလော့၊ နင်ဘာဖြစ်နေတာလဲ” ယွန်လီက အလျင်စလို မေးလိုက်လေ၏။

“ဘာ… ဘာမှမဖြစ်ဘူး…” ပီလော့က အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေ၏။ သူမ မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းဖြန်း ဖြာနေခဲ့ပြီး ရန်ကိုင်ကို စူးရဲစွာ စိုက်ကြည့် လိုက်လေ၏။ သူမ၏ မျက်ဝန်းများထဲ ယခင်ကလို မောက်မာဟန် မရှိတော့ပဲ ကြောက်ရွံ့သည့် အရိပ်အယောင် တို့ဖြင့်သာ ပြည့်နေတော့လေ၏။

လမ်းတစ်လျှောက် သူမ ခံစားခဲ့ရသည့် ရိုက်ချက်များသည် ဖျောက်ဖျက်မရနိုင်သည့် အရိပ်မဲကြီး တစ်ခုအဖြစ် သူမ၏ နှလုံးသားထဲ စွဲထင်သွားခဲ့လေပြီ။

“သခင်မက‌ကော၊ သခင်မ ဘာဖြစ်သွားတာလဲ”

“သခင်မက၊ သူ… မတော်တဆ တစ်ခုခု ဖြစ်သွားတာ” ပီလော့၏ အမူအရာ သုန်မှုန်သွားခဲ့ပြန်လေ၏။

“သူတို့ကို အရင်နားခိုင်းလိုက်” ရန်ကိုင် ပြောလိုက်၏။

“ကောင်းပါပြီ” ယွန်လီ၊ ရို့ယုနှင့် ရို့ချင်တို့ ရှန်ချင်းလော့နှင့် ပီလော့တို့အား သယ်ကာ သူတို့၏ အခန်းဆီသို့ အလျင်အမြန် ပြန်ပို့လိုက်လေ၏။

ဆိတ်ငြိမ်ဖီးနစ်စံအိမ်၊ ရန်ကိုင် တစ်ချိန်က နေခဲ့ဖူသော စံအိမ် ဖြစ်၏။

ဒုတိယအခန်းတွင်း၌၊ ရန်ကိုင်သည် သုန်မှုန်နေသော အမူအရာဖြင့် တင်ပလင်ခွေ ထိုင်နေခဲ့၏။

ရှန်ချင်းလော့နှင့် သူကြားက ဆက်ဆံရေးသည် အရမ်းကြီး နက်နဲကျွမ်းဝင်မှု မရှိချေ။ တကယ်ဆိုတော့ သူတို့ နှစ်ယောက်သည် မတော်တဆ တွေ့ခဲ့သူများသာ ဖြစ်၏။ သူက ရှန်ချင်းလော့၏ စိတ်ထဲ မရည်မရွယ်မိဘဲ အချစ်စေ့တစ်စေ့ စိုက်ပျိုးမိခဲ့သည့် အတွက်ကြောင့်သာ ရှန်ချင်းလော့သည် သူ့အား တမ်းတမ်းစွဲ ဖြစ်နေခဲ့ခြင်း ဖြစ်၏။ ရန်ကိုင်သည် ရှန်ချင်းလော့၏ လက်ရှိ ပြဿနာကို ဖြေရှင်းပေးချင်သော်ငြား ဘယ်ကနေစ၍ စရမှန်း မသိဖြစ်နေသည့် အတွက်ကြောင့် သူ့ရင်ထဲ သောကမီးတို့ တောက်လောင် လာခဲ့ရလေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၀၂) ဒီလိုရင်းနှီးတဲ့အနံ့အသက်

——————————————————————

ရှန်ချင်းလော့၏ လက်ရှိ အခြေအနေသည် အဆိပ်မိသည်နှင့် တူတော်လည်း သူမ၏ မွေးရာပါ အထူးခန္ဓာကိုယ်ကြောင့် ဖြစ်လာခြင်းဖြစ်ရာ ဆေးပေါင်းနို့နှစ်သည် သူမအပေါ်တွင် အကျိုးသက်ရောက် လိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းကို တစ်ခဏကြာအောင် စဉ်းစား ပြီးသည့်နောက် ဆိတ်ငြိမ်ဖီးနစ်စံအိမ်မှ ရန်ကိုင် ထွက်လာခဲ့လေ၏။

သူမ၏ အစစ်အမှန်ချီ ပိတ်ဆို့ထားခံရသဖြင့် ရှန်ချင်းလော့ အနေဖြင့် လောလောလတ်လတ်၌ အသက်အန္တရာယ် မရှိသေးသော်လည်း အသိပြန်လည်လာဖို့ရာ အချိန်တော်တော် လိုပေဦးမည်။ ထိုအချိန်အတောအတွင်း ရှန်ချင်းလော့၏ ခန္ဓာကိုယ်သည် သံဂဟေဆော်ရာတွင် သုံးသည့် မီးတောက်ပမာ ပူပြင်းလှသည့် အပူလှိုင်းတို့ကို ထုတ်လွှတ်နေခဲ့လေ၏။ ထိုအတိုင်းသာ အချိန်အတော်ကြာအောင် ဆက်ဖြစ်နေမည် ဆိုပါက ရှန်ချင်းလော့ ကျိန်းသေ သေရပေလိမ့်မည်။

သူမသည် အားကောင်းသော မသေမျိုးအဆင့် ပညာရှင် ဖြစ်နေလျှင်ပင် ထိုကံတရားကို ရှောင်လွှဲ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

ရှန်ချင်းလော့အား ယွန်လီနှင့် ထားခဲ့ပြီးနောက် ဤကပ်ဆိုးကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရလိုရငြား မေးမြန်ရန် အလို့ငှာ ပီလော့ကို သွားရှာလေ၏။

ရှန်ချင်းလော့၏ နန်းတော်သည် သေးလည်းမသေး၊ ကြီးလည်း မကြီးရာ တစ်ခဏအတွင်းမှာပင် ပီလော့၏ တည်နေရာအား အစေခံများဆီမှ ရန်ကိုင် သိလိုက်ရ၏။

ပီလော့ အခန်းဆီသို့ ရောက်သည်နှင့် ရန်ကိုင်က အခန်း တံခါးကို အသာအယာ ခေါက်လိုက်၏။ သို့သော်ငြား ပြန်ဖြေသံ မကြားရ။ အခန်းထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်သည့်အခါ ပီလော့သည် အခန်းတွင်း၌ ရှိနေသော်လည်း အိမ်ပျော်နေသည်ကို သူတွေ့လိုက်ရ၏။

တစ်ခဏလောက် တုန့်ဆိုင်းနေပြီး နောက်ဆုံးမှာတော့ အခန်းတံခါးကို တွန်းဖွင့်၍ အထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေ၏။

သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

ပီလော့သည် လှုပ်ရှားမှုကင်းမဲ့စွာ အိပ်ရာထက် ခြေကားလား၊ လက်ကားယားဖြင့် လဲလျောင်းနေခဲ့၍ သူမ ခန္ဓာကိုယ်ကို ခြုံလွှာပါးပါးလေး တစ်ခုသာ လွှမ်းခြုံထားခဲ့၏။ ထို့ကြောင့် သူမ၏ အမို့၊ အမောက်၊ ကောက်ကြောင်း အဖြာဖြာကို ရန်ကိုင် အထင်းသား မြင်တွေ့နေခဲ့ရလေ၏။

သို့သော်လည်း သူ၏ တင်ပါးပိုင်းသည် အနည်းငယ် ရောင်ကိုင်းနေသည့် ပုံပင်။ ယခင်ကတည်းက ထိုကဲ့သို့ ဖြစ်နေသည်လား၊ သူရိုက်လိုက်သည့် အတွက်ကြောင့်ပဲ ထိုကဲ့သို့ ဖြစ်နေရသည်လား ဆိုသည်ကိုတော့ ရန်ကိုင်လည်း အသေအချာ မသိချေ။

သူမ၏ ဝတ်လစ်စလစ် ဖြစ်နေသည့် ပုခုံးသားလေး များမှတစ်ဆင့် ပီလော့ အဝတ်ဝတ်ထားခြင်း မရှိသည်ကို ရန်ကိုင် တန်းသိလိုက်လေ၏။

ရန်ကိုင်ကမူ ရုပ်တည်ကြီးဖြင့် အိပ်ရာနား သွားလိုက်ပြီး ထိုင်ခုံတစ်ခုံကို ယူထိုင်လိုက်လေ၏။

အခန်းထဲသို့ တစ်ယောက်ယောက် ရောက်နေမှန်း သတိပြုမိလိုက်သည့်အလား ပီလော့၏ မျက်ဝန်းတို့ ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေ၏။ ရန်ကိုင်ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ခြုံလွှာထဲသို့ တိုးဝင်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။

“နင်ဒီမှာ ဘာလုပ်နေတာလဲ” ပီလော့က အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်၏။

“ငါနဲ့သူ့ကြားက ကိစ္စကို နင့်သခင်မ နင့်ကို ပြောပြခဲ့သေးလား” ရန်ကိုင်က မေးလိုက်လေလျှင် ပီလော့က ခေါင်းပြန်ညိတ်ပြလိုက်၏။ ရန်ကိုင်က မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာမှန်း မဟုတ်သည်ကို သိလိုက်ရမှပဲ ပီလော့ စိတ်သက်သာရာ ရသွားခဲ့လေ၏။

“ငါတို့ နှစ်ယောက်အကြောင်း သိမှတော့ အဆိပ်မုဆိုးမ ခန္ဓာကိုယ်ရဲ့ ကံကြမ္မာဆိုးအကြောင်းလည်း သိထားမှာပေါ့”

“ငါသိတော့ရော ဘာဖြစ်လို့လဲ…” ပီလော့က သူမ၏ လက်လေးပေါ် မေးတင်လျက် ဆက်ပြောလိုက်၏ “သခင်မရဲ့ ဝန်ထုပ်ကို ငါမှ ဝင်ထမ်းပေးလို့ မရတာ၊ ဒါပေမယ့် နင်ကတော့ …ဟွန့်၊ နင့်မှာသာ ကြင်နာတတ်တဲ့ စိတ်ရှိတယ်ဆိုရင် နင့်ကိုယ်နင် စတေးပြီး သခင်မကို ကူညီပေးသင့်တယ်”

“အရင် သင်ခန်းစာက မမှတ်မသေးတာလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပီလော့၏ တင်းပါးဆီ လှမ်း၍ ကြည့်လိုက်လေ၏။

ပီလော့ အံတင်းတင်း ကြိတ်လျက် ရန်ကိုင်အား ဒေါသတကြီးဖြင့် စူးစူးဝါးဝါး ပြန်စိုက်ကြည့်လိုက်၏။ တစ်ကြိမ် ခံရပြီးသည့်နောက် မကျေနပ်လျှင်ပင် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ရာ သူမသာ ပြန်၍ ငြင်းခုံနေပါက ထိုသကောင့်သားက သူမအား ထပ်၍ ပညာပြပေလိမ့်မည်။

“ငါသာ သူ့ရဲ့ ဆန္ဒတွေကို ဖြေသိမ့်ပေးလိုက်မယ် ဆိုရင် ငါသေသွားမှာပေါ့” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၍ “သူနဲ့ အတူရှိရတာ ဘယ်လောက်တောင် အန္တရာယ်များလဲ ဆိုတာကို နင်မသိလို့။ ငါသာ သူနဲ့ ဟိုဟာ လုပ်လိုက်ပြီ ဆိုတာနဲ့ အဆိပ်မိပြီး နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်နိုးလာနိုင်တော့မှာ မဟုတ်ဘူး။ ငါက ကိုယ့်သွေးတွင်း ကိုယ်တူးရလောက်တဲ့အထိ မရူးမိုက်သေးဘူး”

“နင်က အရူးမဟုတ်ပေမယ့် ငါ့သခင်မကတော့ မတူဘူးဟဲ့” ပီလော့၏ လေသံက ရုတ်ချည်း တင်းမာခက်ထန် သွားခဲ့ပြီး “နင့်အတွက်နဲ့ သူ့ကိုယ်သူ စတေးခံပြီး အသေခံဖို့ ပြင်နေတာ။ အဲ့နေ့တုန်းက နင်သာ ပြန်မလာခဲ့ရင်၊ သခင်မ၊ သူ… သူ….”

စကားဆုံးအောင်ပင် မပြောနိုင်တော့ဘဲ ပီလော့ ငိုချတော့လေ၏။

ရန်ကိုင်သာ ပြန်မလာခဲ့လျှင် သူဗဟိုမြို့တော်က ကိစ္စတွေကို ဖြေရှင်းပြီးကို သူမကို သွားပြန်တွေ့သည့် အချိန်ထိ ရှန်ချင်းလော့ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“သူရဲ့ ဆုံးဖြတ်ချက်က ငါ့ရဲ့ နှလုံးသားကို တကယ် လှုပ်ရှားသွားစေခဲ့တယ် ဆိုတာ အမှန်ပဲ” ရန်ကိုင်က သက်ပြင်း တစ်ချက်ချလိုက်ပြီး “အဆိပ်မုဆိုးမ ခန္ဓာကိုယ်ပိုင်ရှင်တွေက အကြင်နာတရား ကင်းမဲ့တယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ သူတို့တွေက အခြားမိန်းမတွေကထက် ပိုပြီး အချစ်ကြီးသလို သူတို့ ချစ်ရတဲ့ သူတွေအပေါ် အရမ်းလည်း ဂရုစိုက်တတ်ကြတယ်”

ထိုစကားလုံးများသည် ပီလော့၏ အတွင်းနှလုံးသားကို ရိုက်ခတ်သွားသည့် ပုံပင်။ ပီလော့သည် ရန်ကိုင်အား တောက်ပသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်၍ မျက်ရည်များကို သုတ်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေ၏ “နင်ပြောတဲ့ စကားတွေကိုသာ သခင်မ ကြားခဲ့ရင် သူအရမ်း ပျော်နေမှာပဲ”

“ငါနင့်ကို လာရှာတာ နင်နဲ့ စကားများရန်ဖြစ်ဖို့ မဟုတ်ဘူး။ နင်က ရှန်ချင်းလော့နဲ့ အတူတူ နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူ့နှလုံးသားထဲက ချစ်ဇောအဟုန်ကို ပြေပျောက်စေနိုင်မယ့် နည်းလမ်းတစ်ခုခုကို သူပြောတာမျိုး နင်မကြားခဲ့ဖူးဘူးလား”

ကံမကောင်းစွာဖြင့် ပီလော့က ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလျက် “သူ့ရဲ့ ချစ်လိုစိတ်က အခုလိုအခြေအနေမျိုး ရောက်သွားတာနဲ့ ဆက်ပြီး ကယ်လို့ မရတော့ဘူး။ သခင်မရဲ့ အသက်ကို ကယ်ချင်တယ်ဆိုရင် နည်းလမ်း တစ်ခုပဲ ရှိတယ်။ နင်နဲ့သူ… ဟို… ဟို…”

ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်လျက် “ဒီတော့ အခု အခြေအနေက သူသေရင်သေ၊ မသေရင် ငါသေမှပဲ ရမယ့် ပုံမျိုးပေါ့”

ပီလော့က အသာအယာ ခေါင်းညိတ်လိုက်၍ “ငါကတော့ နင့်ကိုပဲ သေစေချင်တယ်”

ရန်ကိုင်ကတော့ ပီလော့၏ စကားကို မသိကျေးကျွံ ပြုထားလိုက်၏။

ပီလော့သည် အချိန်အတော် ကြာသည်အထိ အဆက်မပြတ် ငိုကြွေးနေခဲ့ပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရမိသွားပုံရာက အလျင်စလို ပြောလိုက်လေ၏ “ဟုတ်သားပဲ၊ ငါ့သခင်မက တစ်ကြိမ်ပြောခဲ့ဖူးတယ်။ သူ့ရဲ့ ချစ်စိတ်အဟုန်ကို မဖြေဖျောက် နိုင်တော့ဘူးဆိုရင် တစ်ခုတည်းသော ဖြေရှင်းနိုင်မယ့် နည်းလမ်းက သူ့ရဲ့ စိတ်ခံစားချက် အခြေအနေကြောင့် ထွက်ပေါ်လာတဲ့ အဆိပ်ပြဿနာကို ဖြေရှင်းမှပဲ ရလိမ့်မယ်တဲ့။ အဆိပ်ပြဿနာကိုသာ ဖြေရှင်းလိုက်နိုင်ရင်၊ နင်နဲ့ သခင်မနဲ့ ဟိုဟာ… နင်သိပါတယ်… အဲ့လိုလုပ်ရင်တောင် နင်တို့ နှစ်ယောက်စလုံး ဘယ်သူမှ သေလိမ့်မှာ မဟုတ်တော့ဘူး”

“အို” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး မျှော်လင့်ချက်တို့ ရစ်သိုင်းနေသည့် မျက်ဝန်းအစုံဖြင့် “အဲ့လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သူသိလား”

“အဲ့ဒါက သခင်မရဲ့ စိတ်ကူးယဉ် သက်သက်ပဲ။ သူရဲ့ အဆိပ်ကို ဖယ်ရှားနိုင်မယ် နည်းလမ်းကို ဘယ်ကနေ သွားရှာရမှာလဲ” ပီလော့၏ အမူအရာ သုန်မှုန်သွားခဲ့ပြန်လေ၏။

ရန်ကိုင်ကမူ အတွေးရေယဉ်ကြောထဲ နစ်မြောသွားခဲ့လေ၏။ ထိုကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်း တစ်ခုအား သူသိသလိုလို၊ မသိသလိုလို ဖြစ်နေခဲ့လေ၏။

ပီလော့သည်လည်း တိတ်ဆိတ်သွားခဲ့ပြီး ထိုကောင်စုတ် ဘာတွေ ကြံစည်နေတာလဲဟု တွေးတောလျက် ရန်ကိုင်အား တိတ်တဆိတ် ငေးစိုက်ကြည့်နေလိုက်၏။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အားပါးတရ ပြုံးကာ သည်းလှိုက်အူလှိုက် ရယ်မောလိုက်လေ၏။

“နင်ဘာတွေ ဒီလောက် ပျော်နေတာလဲ” ပီလော့လည်း ရန်ကိုင်၏ ရုတ်တရက် ရယ်မောသံကြောင့် ထိတ်လန့် စိတ်ရှုပ်သွားခဲ့ရ၏။

“နည်းလမ်းတစ်ခုကို စဉ်းစားမိပြီလို့ ငါထင်တာပဲ”

“ဘာနည်းလမ်းလဲ” ပီလော့လည်း စိတ်ဝင်စားသွားခဲ့၏။

“ရှန်ချင်းလော့ရဲ့ အထူး ခန္ဓာကိုယ်က သူ့အမေဆီကနေ ဆက်ခံလာခဲ့တာ။ သူ့အမေကလည်း သူ့အဖွားဆီကနေ ဆက်ခံလာခဲ့တာ။ ဒီလိုနဲ့ပဲ ဆက်ဆက် သွားခဲ့တာပေါ့။ ဒါပေမယ့် သူ့ရဲ့ အထူးခန္ဓာကိုယ်က သူ့ဘိုးဘေး ပင့်ကူအသိုက်ထဲ ရောက်ပြီး ပင့်ကူ အဆိပ်မိခံရတုန်းက စဖြစ်လာခဲ့တာလို့ ရှန်ချင်းလော့ ငါ့ကို တစ်ကြိမ် ပြောခဲ့ဖူးတယ်။ သူ့ဘိုးဘေးက အဆိပ်မိပြီး ချက်ချင်း သေရမယ့်အစား မသေပဲ အဆိပ်မုဆိုးမ ခန္ဓာကိုယ်ရဲ့ ပထမဆုံးပိုင်ရှင် ဖြစ်လာခဲ့တာတဲ့။ အဲ့နေကနေစပြီး အဆိပ်မုဆိုးမ ခန္ဓာကိုယ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု လွှဲပြောင်း လာခဲ့တာ။ သူ့အထူးခန္ဓာကိုယ် ဖြစ်တည်လာရတဲ့ အကြောင်းအရင်းက ပင့်ကူအမေကြီးရဲ့ အဆိပ်ကြောင့် ဆိုမှတော့ ဒီချို့ယွင်းချက်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အဲ့မိစ္ဆာသားရဲ သိရင်သိမှာပေါ့…”

ပိုတွေးလေ ပို၍ ဖြစ်နိုင်ချေ ရှိသည်ဟု သူထင်လာလေ ဖြစ်၏။ မေ့စေ့ကို ပွတ်လျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း အစီအစဉ်တစ်ခုကို အလျင်အမြန် စဉ်းစားလိုက်ကာ မေးလိုက်၏ “ပင့်ကူအမေကြီး ဘယ်သွားလဲ ဆိုတာကို နင်သိလား ပီလော့။ အဲ့ကောင်မကြီး နောက်ဆုံး တိုက်ပွဲမှာ သေသွားခဲ့လား”

ဗဟိုမြို့တော်နှင့် တိမ်မိစ္ဆာနယ်မြေကြား နောက်ဆုံး တိုက်ပွဲဖြစ်ပွါးခဲ့ချိန်၌ သူသည် မြေအောက်ထဲသို့ ရောက်ရှိနေခဲ့ရာ ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ ဆိုသည်ကို ရန်ကိုင်လည်း ရှင်းရှင်းလင်းလင်း မသိချေ။

“ပင့်ကူအမေကြီး မသေလောက်ဘူး။ တိမ်မိစ္ဆာနယ်မြေ တစ်ခုလုံး ပြင်းပြင်းထန်ထန်ကို အထိနာသွားတာ။ မိစ္ဆာဘုရင် ခြောက်ပါးထဲက လေးပါးသေသွားတယ်။ ငါ့သခင်မနဲ့ အလင်းအရိပ်ဘုရင်ပဲ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့တာ။ ဒါပေမယ့် ဗဟိုမြို့တော် အင်အားစုတွေက ပင့်ကူအမေကြီးရဲ့ အလောင်းကို ဘယ်တော့မှ ရှာလို့မတွေ့ခဲ့ဘူး။ ဒါကြောင့် အဲ့ကောင်မကြီးလည်း ထွက်ပြေး လွတ်မြောက်သွားမယ်လို့ ငါထင်တာပဲ”

“လွတ်သွားတာလား… ကောင်းလိုက်တာ။ အဲ့လိုသာဆိုရင် အဲ့ပင့်ကူအမေကြီးကို သွားရှာလို့ ရသေးတယ်”

“အဲ့မိစ္ဆာသားရဲ ဘယ်မှာ ရှိလဲဆိုတာကို နင်သိလို့လား” ပီလော့က ပြန်မေးလိုက်လေလျှင် ရန်ကိုင်က “သိတာပေါ့” ဟု ပြုံးကာ ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်လေ၏။

ရှန်ချင်းလော့နှင့် စတွေ့စဉ်အခါက ပင့်ကူအမေကြီး၏ အသိုက်ထဲ မတော်တဆ အတူတူ ပြုတ်ကျသွားခဲ့ဖူး၏။ ထို့ကြောင့် ယခုအချိန်၌ ပင့်ကူအမေကြီး မည်သည့်နေရာ၌ ရှိနေသည်ကို သူအကြမ်းဖျင်း ခန့်မှန်းမိပေ၏။

“အဲ့လိုသာဆိုရင် သခင်မပိုင်နက်ထဲက ပညာရှင်တွေကို ဆင့်ခေါ်ပြီး အဲ့ပင်ကူအမေကြီးကို သွားဖမ်းမယ်။ ပြီးရင် ငါတို့ လိုချင်တဲ့ အကြောင်းအရာကို မေးမြန်းစစ်ထုတ်ရမယ်”

“မလိုဘူး။ ငါကိုယ်တိုင် သွားလိုက်ရင် ပိုမြန်လိမ့်မယ်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်လေ၏။

ပီလော့ အံ့အားသင့်သွားခဲ့ပြီး “ပင့်ကူအမေကြီးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်နဲ့ ညီမျှတဲ့ မိစ္ဆာသားရဲ တစ်ကောင်နော်။ နင်တစ်ယောက်တည်းနဲ့ နိုင်မှာမို့လို့လား”

“စောင့်သာ စောင့်နေစမ်းပါ။ ငါသတင်းကောင်းနဲ့ ပြန်လာခဲ့မယ်” ရန်ကိုင်က ပြုံးလိုက်ပြီး ခြေလှမ်းကျဲကျဲ လှမ်းကာ အခန်းထဲမှ ထွက်သွားလေ၏။

“စောင့်ဦး။ ငါ့ကိုစောင့်ဦးလေး၊ ငါပါ နင်နဲ့လိုက်မယ်…” ပီလော့က အလျင်စလို အော်ဟစ်၍ ကုတင်ပေါ်မှ ထဖို့ရာ ကြိုးစားလိုက်သော်လည်း သူမ၏ တင်ပါးများသည် တဆစ်ဆစ် ကိုက်ခဲနာကျင်လာခဲ့ရာ မထနိုင်ခဲ့ပဲ အိပ်ရာပေါ် ပြန်လဲကျ သွားခဲ့ရလေ၏။ သူမ အသိအပြန်ဝင်လာသည့် အချိန်တွင်မူ ရန်ကိုင် မရှိတော့လေပြီ။

သင်းရနံ့မြို့တော်မှ ထွက်လာပြီးသည်နှင့် သူ့မှတ်ဥာဏ်ထဲမှ လမ်းအတိုင်း ပင့်ကူအမေကြီး၏ အသိုက်ရှိရာဆီသို့ သွားလိုက်၏။

သူ့မှတ်ဥာဏ်အရ ပင့်ကူအမေကြီး၏ အသိုက်အနီးတွင် ရေကန်တစ်ကန် ရှိလေ၏။

တိမ်မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင်(၆)ယောက်အနက် (၄)ယောက် သေသွားခဲ့လေပြီ။ အလင်းအရိပ်ဘုရင်သည် အောင်အောင်မြင်မြင် ထွက်ပြေး လွတ်မြောက်နိုင်ခဲသော်လည်း သူမည်သည့် နေရာသို့ ရောက်ရှိနေသည် ဆိုသည်ကို မည်သူမှ မသိကြချေ။

ဗဟိုမြို့တော်မှ ပညာရှင်များ စုပေါင်း၍ သူ့ကို အမဲလိုက်မည် ဆိုးသည့်အတွက်ကြောင့် အလင်းအရိပ်ဘုရင် တစ်နေရာရာ၌ သွားပုန်းအောင်းနေသည်မှာ ဖြစ်နိုင်၏။

နောက်ဆုံးတိုက်ပွဲအတွင်း တိမ်မိစ္ဆာနယ်မြေသည် လွန်စွာကိုမှ အထိနားသွားခဲ့ရာ ရန်ကိုင် သွားသည့် ခရီးလမ်း တစ်လျှောက် မည်သည့် ပညာရှင်ကိုမှ ရင်ဆိုင် မတွေ့ခဲ့ရချေ။

ယခုအချိန်၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၃) ပညာရှင်များသည် တိမ်မိစ္ဆာနယ်မြေ၏ အားအကောင်းဆုံး ပညာရှင်များ ဖြစ်နေခဲ့ကြလေပြီ။

ရန်ပိုင်၏ လှည့်ကွက်ကြောင့် တိမ်မိစ္ဆာနယ်မြေ၏ အုတ်မြစ် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရကာ ဆယ်စုနှစ်များစွာ ကြားသွားခဲ့လျှင်ပင် သူတို့၏ မူလခွန်အားကို ပြန်လည်ရရှိဖို့ရာ မဖြစ်နိုင်ချေ။

ထို့ကြောင့် ရန်ကိုင်သည် သူ့ကိုယ်သူ ဖုံးကွယ်ဖို့ရာ နည်းနည်းမျှပင် ကြိုးစားခြင်း မပြုခဲ့ပဲ လွတ်လွတ်လပ်လပ်သာ သွားလာနေခဲ့လေ၏။ မည်သူမှ သူ့ကို လာမရှာခဲ့ကြပဲ အများစုသည် သူ့ကို မြင်သည်နှင့် ချက်ချင်း ပုန်းရှောင်ထွက်ပြေး ကြလေတော့၏။

(၃)ရက်ကြာပြီးနောက် တစ်ချိန်က ရင်းနှီးခဲ့ဖူးသည့် တောအုပ်လေးနားသို့ ရန်ကိုင် ပြန်ရောက်လာခဲ့လေ၏။ နေ့တစ်ဝက်လောက် ရှာပုံတော် ဖွင့်လိုက်ပြီးနောက် သူနှင့် ရှန်ချင်းလော့တို့ အနားယူခဲ့သည့် လိုဏ်ဂူကို ရန်ကိုင် တွေ့လိုက်ရလေ၏။

ရှန်ချင်းလော့၏ အသိစိတ်ပင်လယ်ထဲသို့ မတော်တဆ ကျူးကျော်ဝင်မိပြီး သူမ၏ နှလုံးသားထဲ သူ့ပုံရိပ် ရေးထွင်းမိခဲ့သည်မှာ ဤနေရာပင် ဖြစ်ချေ၏။

ထိုအချိန်က ရန်ကိုင်သည် အစစ်အမှန်ဒြပ်စင်အဆင့်၃ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးရာ ရှန်ချင်းလော့၏ အလွယ်တကူ ဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။

ယနေ့တွင်မူ သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆သို့ ရောက်ရှိနေခဲ့လေပြီ။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်လေ၏။

စီးဆင်းနေသည့် ရေကို တွေ့လိုက်တိုင်း ထိုနေရာ ပတ်လည်၌ သူတို့ ဖြတ်သွားခဲ့ဖူးသည့် ရေကန်များ ရှိနေမလားဟု ရန်ကိုင် သေသေချာချာ စစ်ဆေးကြည့်လိုက်၏။

နှစ်ရက်ကြာ ကျားကုတ်ကျားခဲ ရှာဖွေပြီးသည့်နောက် နေရာမှန်ကို ရန်ကိုင် ရှာတွေ့သွားခဲ့လေ၏။

တစ်ချိန်က နေခဲ့ဖူးသည့် ကန်ဘေးနား ဆင်းလိုက်ပြီးနောက် အသာအယာ ပြုံးလိုက်လျက် ပင့်ကူ အမေကြီး၏ အသိုက်ရှိရာဘက်ဆီ လှမ်း၍ ကြည့်လိုက်၏။

ကောင်ကင်းပေါ်သို့ နောက်တစ်ကြိမ် ခုန်တက်လိုက်ပြီး ပင့်ကူအမေကြီး၏ အသိုက်ရှိရာဘက်ဆီ တစ်ဟုန်ထိုး ပျံသန်းသွားလိုက်လေ၏။

တစ်နာရီ ကြာပြီးသည့်နောက် ချောက်နက်ကြီးနှင့် တူသည့် နယ်ပယ်တစ်ခု ရန်ကိုင်ရှေ့၌ ထွက်ပေါ်လာခဲ့လေ၏။ အောက်ခြေဆီသို့ စိုက်ကြည့်လိုက်သည့်အခါ မြောင်းအောက်ခြေကြော တစ်လျှောက်၌ များစွာသော ပင့်ကူအိမ် များစွာနှင့် စီတန်းနေသော ပင့်ကူဥများစွာကို တွေ့လိုက်ရလေ၏။

ဤနေရာတွင် ရှိနေသော မိစ္ဆာသားရဲများ၏ ဖမ်းစားခြင်း ခံလိုက်ရသော ကံမကောင်း အကြောင်းမလှသည့် ကျင့်ကြံသူများ၏ အရိုးဖြူဖြူများကိုလည်း သူတွေ့လိုက်ရ၏။

အောက်ခြေ၌ လှည့်ဘီးအရွယ်မျှရှိသည့် ပင့်ကူ များစွာတို့သည် ကူးကလန်ခတ် သွားလာနေခဲ့ရာ လွန်စွာကိုမှ စည်ကား အသက်ဝင်နေခဲ့လေ၏။ ချောက်နက်ကြီး၏ အစွန်ဆုံးဘက်တွင်မူ ဧရာမ ပင့်ကူရုပ်ထုကြီးတစ်ခု ရှိနေခဲ့၏။

ချောက်နက်အပေါ်ထက် ဝဲနေလျက် ကောင်းကင် စိတ်အာရုံဖြင့် ထိုရုပ်ထုကြီး၏ အတွင်းပိုင်ကို စစ်ဆေး ကြည့်လိုက်လေ၏။

ရုပ်ထုအတွင်းပိုင်းထဲ မသေမျိုးအဆင့် ပညာရှင်အောက် မနိမ့်ကျသည့် အရှိန်အဝါတစ်ခုကို သူခံစားမိလိုက်၏။

ပင့်ကူအမေကြီးပင်… ပင့်ကူအမေကြီးသည် ဗဟိုမြို့တော်မှ ဤနေရာဆီသို့ ပြန်လည် ထွက်ပြေးလာနိုင်ခဲ့လေ၏။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ပင့်ကူအမေကြီး၏ တည်ရှိမှုကို ခံစားမိလိုက်သည်နှင့် ဝါးလုံးကွဲ ရယ်မောသံတို့ သူ့စိတ်ထဲ ပဲ့တင်ထပ်သွားခဲ့ပြီး “ဟဲဟဲ… ဒီလို ရင်းနှီးတဲ့ အနှံ့အသက်၊ ဒီအရသာမျိုးက… ဗဟိုမြို့တော် ရန်မိသားစုရဲ့ ကောင်စုတ်လေးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား”

ရန်ကိုင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ အော်ပြော လိုက်လေ၏ “ပင်ကူအမေကြီး အထဲကနေ ထွက်လာပြီး ကျုပ်နဲ့ လာတွေ့လှည့်ပါဦးလား”

“ဒီအထိ ရောက်လာပြီးမှ ဘာလို့ အထဲ ဝင်မလာခဲ့ရတာလဲ” ထိုအသံထဲ ကြားလိုက်သူတိုင်းကို အလိုလို နာခံသွားစေနိုင်သည့် ညို့ဓါတ်တို့ ပါဝင်နေခဲ့လေ၏။

ရန်ကိုင်သည်သာ ပင့်ကူအမေကြီး၏ အစစ်အမှန်မျက်နှာကို မြင်တွေ့ဖူးခြင်း မရှိခဲ့လျှင် ထိုအသံကို မှင်သက်ဖွယ် ကောင်းလှသော မိန်းမပျိုးလေး တစ်ယောက်၏ အသံနှင့်ပင် အထင်မှားသွား နိုင်ပေ၏။

တကယ်တော့ ပင့်ကူအမေကြီး၏ မျက်နှာသည် တော်တော့်ကို စွဲမက်ဖွယ်ကောင်းကာ မည်သည့် ထိပ်တန်း အလှပိုင်ရှင်အောက်မဆို နိမ့်ကျခြင်း မရှိချေ။ သူမ၏ မျက်နှာ လှလှလေးကို မြင်လိုက်သည် ဘယ်ယောကျာ်းသားမဆို သူမ၏ ဆွဲဆောင်မှုထဲ မျောပါသွားနိုင်ပေ၏။

သို့သော်ငြား ခြေရှစ်ချောင်းနှင့် သူမ၏ ဧရာမ ပင့်ကူ ခန္ဓာကိုယ်ကြီးကြောင့် သူမ၏ အလှသည် လွန်စွာကိုမှ အကျည်းတန်သွားခဲ့ရလေ၏။ သူမ၏ မျက်နှာအလှအား မည်ကဲ့သို့မှ ခံစားနိုင်စွမ်း မရှိချေ။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၀၃) ခင်ဗျားအောက်ပိုင်းကို ကျုပ်စိတ်မဝင်စားဘူး

——————————————————————

ပင့်ကူအမေကြီးက နွေးထွေးစွာ ဖိတ်ခေါ်နေမှဖြင့် သူက ငြင်းလိုက်လျှင် ရိုင်းရာ ကျသွားပေလိမ့်မည်။ ထို့ကြောင့် ချောက်နက်ထဲသို့ ဆင်းသွားလိုက်ပြီး ပင့်ကူရုပ်ထုကြီးရှေ့ ဝဲနေလိုက်၏။

“ဟဲဟဲ၊ မောင်ငယ်လေးရဲ့ သတ္တိက မသေးလှပါလား” ပင့်ကူအမေကြီး၏ ပျားသကာလို ချိုမြိန်သော အသံ ရန်ကိုင်နားထဲ ပဲ့တင်ထပ်သွားခဲ့လေ၏။

အနည်းဆုံး နွားသိုးအရွယ်တစ်ဝက်လောက် ရှိသော ကျန်ဧရာမက ပင့်ကူကြီးများသည် ချက်ချင်းဆိုသလို ရန်ကိုင်ကို ဝိုင်းလိုက်ကြလေ၏။ ထိုပင့်ကူများ၏ ပုတီးစေ့အရွယ် မျက်လုံးများသည် ရန်ကိုင်ကို အန္တရာယ်ပြုတော့မည် ဟန်ဖြင့် ငေးစိုက်ကြည့်လျက် အချိန်မရွေး ပင့်ကူမျှင်များကို ပစ်ထုတ်နိုင်ရန် ပြင်ဆင်ထားလေ၏။

ဧရာမ ပင့်ကူကြီးများသည် အဆင့်(၆)မိစ္ဆာသားရဲများ ဖြစ်ကြ၍ စုစုပေါင်း (၅၀)ထက်မက ရှိနေကာ အခြားသော မရေမတွက်နိုင်သည့် ပင့်ကူငယ်လေးများလည်း ရှိသေး၏။

ရန်ပိုင် တိမ်မိစ္ဆာနယ်မြေကို ကျူးကျော်စဉ်က ပင့်ကူအမေကြီးသည် မိုးကြိုးသွားဘုရင်နှင့် သဘောတူညီမှု တစ်ခုပြုလုပ်၍ သူ့အမိန့်ကို ယာယီနာခံခဲ့သည်ဟု ရန်ကိုင် သတင်းကြားခဲ့ရ၏။ အပြန်အလှန် အနေဖြင့် ပင့်ကူအမေကြီး သည်လည်း မိုးကြိုးသွားဘုရင်ဆီမှ အကျိုးအမြတ် များစွာကို ရရှိခဲ့လေ၏။

ထိုအဆင့်(၆)မိစ္ဆာသားရဲများသည် မိုးကြိုးသွားဘုရင်ဆီမှ အကျိုးအမြတ်များကြောင့် ဖြစ်ဟန်ရ၏။

ရန်ကိုင် အရင်တစ်ခါ လာခဲ့စဉ်က ယခုနေရာမှ အဆင့်(၆)မိစ္ဆာသားရဲ အများကြီး မရှိသေးချေ။

ပင့်ကူရုပ်ထုကြီး၏ ဟိုးအောက်ခြေ အနက်ပိုင်းဆီမှ တစ်ခုခုက တိုးထွက်လာနေသည့်အလား မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ရီသွားခဲ့လေ၏။

တစ်ခဏကြာပြီး နောက်ဆုံး၌ ပင့်ကူအမေကြီး ထွက်ပေါ်လာခဲ့လေ၏။

အောက်ပိုင်းသည် ပင့်ကူခန္ဓာပင် ဖြစ်နေဆဲဖြစ်ပြီး အထက်ပိုင်းကမူ မိန်းမလှလေးတစ်ယောက် ဖြစ်နေခဲ့လေ၏။ သူမ၏ အပြစ်အနာအဆာ ကင်းမဲ့နေသာ မျက်နှာလေးနှင့် တွဲဖက်နေသည်မှာတော့ ချောမွတ်သော ပုခုံးသားလေးများနှင့် နို့နှစ်ရောင် ရင်မို့မို့အစုံပင် ဖြစ်ချေ၏။ ပုခုံးသားလေးများနှင့် ရင်အစုံတို့ကို ဘာကမျှ ဖုံးကွယ်ထားခြင်းမရှိပဲ အထင်းသား လှစ်ဟာထားခဲ့လေ၏။

ထိုတောင်မို့မို့ ရင်အစုံနှစ်လုံးသည် လွန်စွာကိုမှ ပျော့အိ နူးညံ့ပုံရ၍ နှစ်လိုစွဲမက်ဖွယ်ကောင်းသည့် ပန်းနုရောင် ချယ်ရီသီးလေး နှစ်လုံးသည် ထိုတောင်ထိပ်နှစ်ခုထက်တွင် သီးနေခဲ့လေ၏။

သူမ၏ ပုံပန်းသွင်ပြင် တစ်ခုလုံးသည် ယောကျာ်းများ၏ နှလုံးသား ဟိုးအတွင်းပိုင်းမှ စိတ်ရိုင်းများကို လှုံ့ဆော်ဖို့ရာ ဖန်တီးလားသလားဟုပင် အောက်မေ့ရ၏။ မြင်သူတိုင်းလိုလို သူမ၏ ချယ်ရီသီးလေး နှစ်လုံးကို ပြေးကိုက်ချင်မည်မှာ မလွဲမသွေပင် ဖြစ်၏။

ပင့်ကူအမေကြီး၏ လက်ရှိ ပုံပန်းသွင်ပြင်ကို မြင်လိုက်သည်နှင့် ရန်ကိုင်က နှာခေါင်းရှုံ့၍ လှောင်ပြောင်စကား ဆိုလိုက်၏ “ခင်ဗျား ကြည့်ရတာ ဗဟိုမြို့တော်နဲ့ တိုက်ပွဲမှာတုန်းက တော်တော်လေးကို မြတ်သွားခဲ့တယ်နဲ့ တူတယ်နော်”

သူမကို နောက်ဆုံးအကြိမ် မြင်ခဲ့စဉ်က ပင့်ကူအမေကြီး၏ မျက်နှာလှလှလေး တစ်ခုသာ စွဲမက်ဖွယ် ကောင်းနေခဲ့ခြင်း ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်အထက်ပိုင်း တစ်ခုလုံးသည် ယခုကဲ့သို့ စွဲမက်ဖွယ်ကောင်းလှသော မိန်းမပျိုလေး တစ်ယောက်ပုံစံ အဖြစ်သို့ ပြောင်းလဲခြင်း မရှိသေးချေ။

ပင့်ကူအမေကြီးက နှစ်လိုဖွယ်ကောင်စွာ ရယ်မောလိုက်ပြီး ခေါင်းညိတ်၍ “ဟုတ်တယ်။ အဲ့မှာရှိနေတဲ့ ပညာရှင်တွေ အများကြီးကို ငါစားသောက်ခဲ့တာလေ။ ဒီတော့ ငါ့ရဲ့ အစစ်အမှန်ချီနဲ့ ခန္ဓာကိုယ်လည်း အဆင့်မြင့်သွားခဲ့ရတာပေါ့။ ဒါကြောင့်ပဲ ငါလည်း နင်အခု မြင်နေရတဲ့ ပုံစံအဖြစ်သို့ အသွင်းပြောင်း လာနိုင်ခဲ့တာ။ အဲ့ပညာရှင်တွေရဲ့ အသွေးအသားနဲ့ အစစ်အမှန်ချီက တကယ်ကို အံ့ဩစရာပဲ။ ဒါပေမယ့် တိမ်မိစ္ဆာနယ်မြေက စစ်ရှုံးသွားတော့ ငါလည်း ရွေးစရာမရှိတော့ပဲ ပြန်ထွက်ပြေးလာခဲ့ရတယ်လေ။ စားချင်သလောက် စားခဲ့ရတဲ့ အဲ့နေ့တွေအကြောင်း ပြန်တွေးလိုက်တာနဲ့ ငါ့တကယ်ကို ဆာလာပြီ”

ပြောပြီးသည်နှင့်် သူမ၏ မျက်ဝန်းလှလှးလေးများသည် ရန်ကိုင်ဆီသို့ ရောက်ရှိသွားခဲ့ပြီး လျှာနီနီလေးဖြင့် နှုတ်ခမ်း ဖူးဖူးလေးကို သပ်လိုက်လျက် “နင့်ရဲ့ အနံ့ကလည်း တကယ်ကို အံ့အားသင့်ဖို့ကြောင်းတယ်။ နင်ဘယ်လို အရသာရှိမလဲ ဆိုတာကိုတောင် ငါတကယ်ကို သိချင်နေပြီ”

“ကျုပ်ကို စားချင်နေတာလား” ရန်ကိုင်က သူ့ကိုဘ်သူ လက်ညိုးထိုး၍ ရယ်မောလိုက်ပြီး အထင်အမြင်သေးသေးဖြင့် ခေါင်းခါရမ်းလျက် “ပင့်ကူအမေကြီး၊ ခင်ဗျား အခုလို စဉ်းစားတာ ဘာမှမဖြစ်ပေမယ့် ခင်ဗျားမှာ အဲ့လိုလုပ်နိုင်စွမ်း မရှိမှာကိုတော့ ကျုပ်ကြောက်မိသား”

ပင့်ကူအမေကြီးက ရိသဲ့သဲ့ပြုံးလျက် “နင်သေချာလို့လား”

“ကျုပ်ဒီကို လာရဲမှတော့ ခင်ဗျားကို ကိုင်တွယ်ဖို့ ကျုပ်ကိုကျုပ် ယုံကြည်ချက် အပြည့်ရှိလို့ပဲပေါ့” ရန်ကိုင်က အေးစက်စက် မျက်ဝန်းအစုံဖြင့် ပင့်ကူအမေကြီးကို ကြည့်လျက် ကြုံးဝါးပြောဆိုလိုက်လေ၏။

ပင့်ကူအမေကြီး၏ မျက်နှာလှလှလေး လေးနက်တည်ကြည် သွားခဲ့လေ၏။ သူမသာ လူတစ်ဝက်၊ မိစ္ဆာသားရဲတစ်ဝက် ဆိုသော်ငြား သူမ၏ အတွေးများသည် လူသား တစ်ယောက်အောက် မနိမ့်ကျချေ။ ထို့ကြောင့် ရန်ကိုင်၏ အကြောက်အလန့်ကင်းသည့် အမူအရာကိုကို သူမလည်း သတိပြုမိပေ၏။

ရန်ကိုင်သည် မည်သည့်အပေါ် မှီခိုနေ၍ ဤမျှ ယုံကြည်ချက် ရှိနေသည်ဆိုသည်ကို သူမ မသိသော်လည်း သေသေချာချာ လှုပ်ရှားလျှင် ပိုကောင်းမည်ဟု သူမ ဆုံးဖြတ်လိုက်၏။

“ဟုတ်တာပေါ့၊ ကျုပ်ကလည်း ခင်ဗျားကို အခက်တွေ့စေလို့ ဘယ်ဖြစ်မလဲ” ရန်ကိုင်က ရုတ်တရက် ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် “ကျုပ်ဒီနေ့ ဒီကိုလာခဲ့တာ ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ခင်ဗျားသာ ဗဟိုမြို့တော်ကို ရန်ပြုဖို့ မကြုံရွယ်သရွေ့ ဒီနေရာမှာ ဘုရင်မ တစ်ပါးလို ပြုမူနေမယ် ဆိုရင်တောင် ကျုပ်ဂရုစိုက်မှာ မဟုတ်ဘူး”

“အို” ပင့်ကူအမေကြီး အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး “အဲ့လိုဆိုရင် ဒီက သခင်လေးရန်က ဘာရည်ရွယ်ချက်နဲ့များ ဒီကို ရောက်လာခဲ့ရတာလဲ၊ ဆိုစမ်းပါဦး”

“ခင်ဗျားနဲ့ အလဲအလှယ်တစ်ခု လုပ်မလို့”

“ဘယ်လို အလဲအလှယ်မျိုးလဲ”

“အဆိပ်မုဆိုးမ ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်ကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကျုပ်ကို ပြောပြ။ အပြန်အလှန်အနေနဲ့ ပြီးပြည့်စုံတဲ့ လူသားအသွင်ပုံစံ ဘယ်လို ပြောင်းလဲရမလဲ ဆိုတာ ကျုပ်ခင်ဗျားကို ပြောပြမယ်” ရန်ကိုင်က ဝေ့ဝိုက် လှည့်ပတ် ပြောဆိုနေခြင်း မပြုပဲ တိုက်ရိုက်သာ ပြောလိုက်၏။ ရှန်ချင်းလော့သည် သင်းရနံ့မြို့တော်တွင် စောင့်နေသည်ဖြစ်ရာ သူ့အနေဖြင့် မြန်မြန် လှုပ်ရှားမှ တော်ကာရာ ကျပေလိမ့်မည်။

“လူသားအသွင် ပြောင်းလဲနိုင်မယ့် နည်းလမ်းကို နင်တကယ်ပဲ သိထားတာလား” ပင့်ကူအမေကြီး၏ အမူအရာ ရုတ်ချည်း လင်းလက်တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားတကြီးဖြင့် အော်ပြောလိုက်လေ၏။

ပင့်ကူအမေကြီး ဤမျှ သည်းသည်းလှုပ် ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် ရန်ကိုင် အမူအရာ လင်းလက်တောက်ပ သွားခဲ့လေ၏။ သူ့စိတ်ထဲတွင်လည်း ငါ့ခန်မှန်းတာ မှန်သားပဲဟု တွေးနေလိုက်လေ၏။

ပင့်ကူအမေကြီးသည် သူမြင်ဖူးသည့် တစ်ကောင်တည်းသော အဆင့်(၇)မိစ္ဆာသားရဲဖြစ်၏။ ထိုကဲ့သို့သော မြင့်မားသော ဥာဏ်ရည်ကို ပိုင်ဆိုင်ထားသည့် မိစ္ဆာသားရဲများအတွက် ၎င်း၏ အကြီးမားဆုံးသော ပန်းတိုင်သည် လူသားအသွင် အပြည့်အဝ ပြောင်းလဲနိုင်ဖို့ ဖြစ်ဟန်တူ၏။

ထို့အပြင် ပင့်ကူအမေကြီးသည် လူသားအသွင်သို့ အပြည့်အဝ ပြောင်းလဲနိုင်ရန်အတွက် အပြင်းအထန် ကြိုးစား အားထုတ်နေသာ သားရဲတစ်ကောင် ဖြစ်လေ၏။

“သားရဲအသွင်ပြောင်းရေကန်ကို ခင်ဗျား ကြားဖူးလား” ရန်ကိုင် ညစ်ကျယ်ကျယ် ပြုံးလျက် ငါးစားချလိုက်လေ၏။

“သားရဲအသွင်ပြောင်း ရေကန်လား” ပင့်ကူအမေကြီး၏ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ် မသိမသာ တုန်ရင်သွားခဲ့ကာ သင်္ကာမကင်း အမူအရာဖြင့် ပြန်မေးလိုက်လေ၏ “အဲ့ဒါဘာလဲ”

“လူသား အသွင်ပြောင်းဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အဓိက အရာတစ်ခုပေါ့၊ နက်နက်ဆန်းကြယ်တဲ့ နေရာ တစ်ခုဆိုလည်း မမှားဘူး” ရန်ကိုင်က ဆက်ပြီး မက်လုံး ပေးလိုက်လေ၏။

“အဲ့ဒါ ဘယ်နေရာမှာလဲ” ပင့်ကူအမေကြီး၏ အမူအရာ ပိုပို၍ စိတ်လှုပ်ရှားလာခဲ့ကာ ချက်ချင်းဆိုသလို ရှေ့တိုးလိုက်ပြီး သူမဆီမှ ထွက်ပေါ်သည့် အရှိန်အဝါသည်လည်း တဖြည်းဖြည်း ပြင်းထန် ကြောက်မက်ဖွယ် ကောင်းလာခဲ့လေ၏။

ရန်ကိုင်ကမူ ပေါ့ပါးသည့် အမူအရာဖြင့်သာ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် “သိချင်ရင် အဆိပ်မုဆိုးမခန္ဓာကိုယ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ခင်ဗျား အရင်ဆုံး ပြောပြပေးဖို့ လိုတယ်”

တကယ်တမ်းတွင်မူ သားရဲအသွင်ပြောင်း ရေကန် မည်သည့်နေရာ၌ ရှိလဲ ဆိုသည်ကို ရန်ကိုင်လည်း မသိချေ။

စစ်ပွဲမြို့တော်အတွင်း ရွှေးလင်ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသော စကားကို ကြားပြီး အကျိုးကျို ပြန်အသုံးချနေခြင်း ဖြစ်၏။

ပင့်ကူအမေကြီး စစ်ပွဲမြို့တော်သို့ ပထမဆုံးအကြိမ်အဖြစ် စတင် ကျူးကျော်လာသည့် အချိန်၌ သူမသည် သားရဲ အသွင်ပြောင်းရေကန်၏ အကူအညီ မပါလျှင် ပြီးပြည့်စုံသည့် လူသား အသွင်ပုံစံသို့ လုံးဝ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ကြောင်း ရွှေးလင်က အတိအလင်း ပြောဆိုသွားခဲ့၏။

ရန်ကိုင်က ရွှေးလင်ပြောလိုက်သည့် စကားကို အသေအချာ မှတ်သားထားခဲ့လေ၏။ သူ့တွင် ပင့်ကူအမေကြီးနှင့် အလဲအလှယ် လုပ်နိုင်သော အရာဆို၍ သားရဲအသွင်ပြောင်း ရေကန်သာ ရှိလေ၏။

ပင့်ကူအမေကြီး၏ စိတ်လှုပ်ရှားနေသော အမူအရာသည် အလျင်အမြန် ဆိုသလို ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်အား စူးစိုက်ကြည့်လိုက်လျက် တစ်ခဏကြာပြီးနောက် နှစ်လိုစွဲမက်ဖွယ် ကောင်းသည့် အပြုံးကို ပြုံးကာ “နင်ငါ့ကို အမှန်အတိုင်း ပြောနေတာလား၊ ညာပြောနေတာလား ဆိုတာကို ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ သားရဲအသွင်ပြောင်းရေကန်လား၊ ဟတ်၊ အဲ့လိုနေရာမျိုး ငါတစ်ခါမှ မကြားဖူးဘူး”

“ကိုယ်မကြားဖူးတိုင်း အမှန်တကယ် မတည်ရှိဘူးလို့ မဆိုလိုဘူး။ ဒီပုံစံအတိုင်းပဲ ခင်ဗျားတစ်ဘဝလုံး ဆက်ပြီး နေထိုင်သွားချင်လို့လား။ ပြီးပြည့်စုံတဲ့ လူသားအသွင်ကို မပြောင်းလဲချင်ဘူးလား” ရန်ကိုင်က ပင့်ကူအမေကြီးကို အထက်အောက် စုံဆန်ကြည့်လိုက်ပြီး ချိုးချိုးဖဲ့ဖဲ့ဖြင့် ပြောလိုက်လေ၏ “ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်တဲ့ ခန္ဓာကိုယ်လဲလို့”

“နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း၊ ငါ့ခန္ဓာကိုယ်ကို နင်ပြောချင်သလို လာပြောမနေနဲ့” ပင့်ကူအမေကြီးက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ သူမသည်လည်း ထိုလူသားတစ်ဝက်၊ မိစ္ဆာသားရဲတစ်ဝက် ခန္ဓာကိုယ်နှင့် ပက်သက်၍ တော်တော်လေး မကျေမနပ် ဖြစ်နေသည့‌ေပုံပင်။

သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ပင့်ကူအမေကြီးက မေးလိုက်၏ “ညို့ကဝေနတ်ဆိုးဘုရင်မ အတွက် ငါ့ဆီ ရောက်လာခဲ့တာမလား။ သူ့ အခြေအနေ ဘယ်လိုလဲ။ သူ့ရဲ့ ချစ်ဇောအဟုန်က ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်ရှိသွားပြီး နင်နဲ့ ဟိုဒင်းလုပ်ဖို့ လိုနေပြီမလား”

“ခင်ဗျားက တော်တော် သိထားတာပဲ” ရန်ကိုင် နှလုံးခုန် မြန်သွားခဲ့လေ၏။ ပင့်ကူအမေကြီးသည် ဤအကြောင်းကို သိထားရာ သူမအနေဖြင့် အဆိပ်မုဆိုးမခန္ဓာကိုယ်ကို အခြား မည်သူထက်မဆို ပို၍ နားလည်နိုင်ပေလိမ့်မည်။ တကယ်တမ်းတွင်မူ ရှန်ချင်းလော့တို့ မျိုးရိုးအစဉ်အဆက် လက်ဆင့် ကမ်းလာခဲ့သော ထိုအဆိပ်မုဆိုးမခန္ဓာကိုယ်သည် သူမကြောင်းသာ ရရှိလာခဲ့ခြင်း ဖြစ်၏။

“ကောင်းပြီလေ၊ နင့်ရဲ့ တောင်းဆိုချက်ကို ငါလက်ခံတယ်” ပင့်ကူအမေကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် သားရဲအသွင်ပြောင်းရေကန် ဘယ်နေရာမှာ ရှိလဲ ဆိုတာ ငါ့ကို အရင်ပြောပြ။ နင်ပြောပြပြီးတာနဲ့ အဆိပ်မုဆိုးမ ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်ကို ဘယ်လို ပြုပြုရမလဲ ဆိုတာကို ငါနင့်ကို ပြောပြမယ်”

“ကျုပ်ကို သုံးနှစ်သား ကလေးတစ်ယောက်လို့ ခင်ဗျား ထင်နေတာလား” ရန်ကိုင်က နှာခေါင်းရှုံ့ ခေါင်းခါလိုက်ပြီး “ကျုပ်ခင်ဗျားကို မယုံဘူး”

“ငါလည်း နင့်ကို မယုံဘူး” ပင့်ကူအမေကြီးက စွဲမက်ဖွယ် ကောင်းစွာ ပြုံးလျက် “နင့်ပြောလာအောင် အတင်းတွန်းအား ပေးမှ ရတော့မယ်နဲ့တူတယ်”

သူမ ထိုကဲ့သို့ ပြောလိုက်သည်နှင့် ရန်ကိုင်နား ဝိုင်းနေသည့် ပင့်ကူကြီးတွေ အားလုံး၏ အမူအရာ ခက်ထန်သွားခဲ့လေ၏။ ပင့်ကူ အမေကြီးဆီမှ အမိန့်ရသည်နှင့် သူတို့အားလုံး ရန်ကိုင်ကို ဝိုင်း၍ တိုက်ခိုက်ကြပေလိမ့်မည်။

“ကြိုးစားကြည့်လို့ရတယ်နော်။ ခင်ဗျားပဲ သေမလား။ ကျုပ်ပဲ သေမလား ကြည့်ရတာပေါ့” ရန်ကိုင်က ပြန်အော်ပြောလိုက် ပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်၍ ဧရာမ အရိုးဒိုင်းကြီးတစ်ခုကို ဆင့်ခေါ်လိုက်လေ၏။

ထိုအရိုးဒိုင်းသည် ရန်ကိုင်တွင် ရှိခဲ့ဖူးသော အရိုးဒိုင်းနှင့် စာလျှင် အဆများစွာ ပိုကြီး၏။ သို့သော်ငြား အရိုးဒိုင်း မျက်နှာပြင်ထက် ခြစ်ရာ၊ အက်ရာတို့ဖြင့် ပြည့်နေခဲ့ပြီး ဒိုင်းထောင့်စွန်းဘက်ရှိ အရိုးစူးချွန်များကမူ ပျက်စီကျိုးကြေ နေခဲ့လေပြီ။

သို့သော်လည်း မည်ရွေ့မည်မျှပင် ထိခိုက်ထားစေကာမူ အရိုးဒိုင်းဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် ပင့်ကူအမေကြီးအား ရင်တုန်သွားစေခဲ့လေ၏။

“ဘယ်လိုလက်နက်ကြီးလဲ” ပင့်ကူအမေကြီးက အရိုးဒိုင်းကို ကြည့်လျက် နောက်အနည်းငယ် ပြန်ဆုတ်လိုက်ရင်း သတိထား၍ မေးလိုက်၏။

“ဆန်းကြယ်အဆင့် လက်နက်တစ်ခုလေ” ရန်ကိုင်က လှောင်ပြုံးပြုံး၍ တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်လေ၏ “အစတုန်းက ဒီလက်နက်က လက်ဆေးကန် အရွယ်အစား လောက်ပဲ ရှိတာ။ ဒါပေမယ့် ဒီလက်နက်င တိုက်ခိုက်မှုတွေကို စုပ်ယူနိုင်တယ်။ ပိုပြီး စုပ်ယူရလေ ပိုပြီး ကြီးလာလေပဲ။ အဲ့စုဆောင်းထားတဲ့ စွမ်းအင်တွေနဲ့ ရန်သူကို ပြန်တိုက်ခိုက်လို့ ရသေးတယ်။ လက်ရှိ အရွယ်အစားအရတော့ ဒီထဲမှာ စွမ်းအင် ဘယ်လောက်များများ သိုလှောင်ထားလဲ ဆိုတာကို ခင်ဗျားလည်း ခန့်မှန်းမိလောက်မှာပေါ့။ ဒီတော့ ကျုပ်မေးချင်တာက ကျုပ်သာ ဒီထဲ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်လိုက်မယ်ဆိုရင် ခင်ဗျား အသက်ရှင်နိုင်မှာလား”

ထို့ပြင် အရိုးဒိုင်းထဲ သိုလှောင်ထားသည့် စွမ်းအင်သည် ရိုးရိုးစွမ်းအင်မျိုး မဟုတ်ချေ။ ထိုထဲ သိုလှောင်ထားသည့် စွမ်းအင်သည် လေဟာနယ်လျှောက်လမ်း ပြိုကျရာမှ ပေါက်ကွဲ ထွက်လာသည့် လေဟာနယ်စွမ်းအင်ပင် ဖြစ်ချေ၏။

မသေမျိုးအဆင့် ပညာရှင်တစ်ယောက် အနေဖြင့် ထိုစွမ်းအင်ကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ပင့်ကူအမေကြီးနှင့် တိုက်ခိုက်ရသည့်အခါ ထိုအရိုးဒိုင်းကိုသုံး၍ မတိုက်ခိုက်ရလျှင်ပင် အောက်စည်း လုံးလုံး ရောက်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အရိုးဒိုင်းကို ထုတ်ယူလိုက်ခြင်းသည် ပင့်ကူအမေကြီးအား တော်တော့်ကို ခြိမ်းခြောက်လိုက်နိုင်ခဲ့လေ၏။

ပင့်ကူအမေကြီး၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်ကို ရက်စက်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ အချိန် အတော်ကြာပြီးနောက် ပင့်ကူအမေကြီးက ရုတ်တရက် ရယ်မောလိုက်လေ၏။ သူမ ကျောက်စိမ်းဖြူရောင် ရင်အစုံသည်လည်း သူမ၏ ရယ်မောသံနှင့်အတူ စည်းချက်ညီညီ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ကာ “နင်ငါ့ကို မသတ်ပါဘူး။ နင်က အဆိပ်မုဆိုးမ ခန္ဓာကိုယ်ရဲ့ ချိုးယွင်းချက်ကို ပြင်ဆင် ပေးနိုင်မယ့် နည်းလမ်းကို အရမ်း သိချင်နေတာလေ”

ရန်ကိုင်က ပုခုံးတွန့်လိုက်ပြီး “အမှန်ပဲ။ ဒါကြောင့်ပဲ အခုလို စကားပြောနေခဲ့တာ။ နှစ်ယောက်စလုံး ကိုယ်လိုချင်တဲ့ အဖြေကို ရနိုင်မယ့် နည်းလမ်းတစ်ခုလောက် စဉ်းစားကြည့်စမ်းပါဦး”

“မစဉ်းစားတတ်ဘူး” ပင့်ကူအမေကြီးက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်လေ၏။

ရန်ကိုင်အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြီး အတွေးရေယာဉ်ကြောထဲ နစ်မြောသွားတော့လေ၏။ တစ်ခဏ ကြာပြီးသည့်နောက် တစ်ခုခုကို တွေးမိသွားပုံရကာ သူ့အထင်အမြင်ကို ထုတ်ဖော်ပြောလိုက်လေ၏ “ဒီလိုဆိုရင်‌ရော ဘယ်လိုလဲ။ ခင်ဗျားရဲ့ ဝိဥာဉ်ကို ကျုပ်အသိစိတ်ပင်လယ်ထဲ ပို့လိုက်။ သားရဲအသွင်ပြောင်းရေကန်နဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျားကို ပြောပြမယ်။ အဲ့နည်းလမ်းနဲ့ ဆိုရင် ကျုပ်လိမ်နေလား၊ မလိမ်ဘူးလား ဆိုတာကို ခင်ဗျား သိနိုင်တာပေါ့”

“အို” ပင့်ကူအမေကြီး၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက်သွားခဲ့ပြီး နှုတ်ခမ်းလေးကို သပ်ကာ “ငါနင့်ကို ဒုက္ခရောက်အောင် လုပ်မှာကို မကြောက်ဘူးလား။ နင်က အရမ်းကို မဆင်မခြင် နိုင်လွန်းတယ်လို့ ငါထင်တာပဲ”

“ခင်ဗျားရဲ့ စွမ်းရည်ကို အဲ့လောက် ယုံကြည်ချက် ရှိနေမှတော့ ကျုပ်ရဲ့ ကောင်းကင်စိတ်အာရုံကို ခင်ဗျားရဲ့ အသိစိတ်ပင်လယ်ထဲ ပို့ရင်ကော” ရန်ကိုင်က ပြုံးကာ ဆိုလိုက်၏။

ပင့်ကူအမေကြီးကမူ ပြတ်ပြတ်သားသားကို ငြင်းဆန်လိုက်လေ၏။

အသိစိတ်ပင်လယ်ထဲ လူတစ်ယောက်၏ အလျှို့ဝှက်ဆုံးသော လျှို့ဝှက်ချက်တို့ ရှိနေလေရာ သာမန် အခြေအနေမျိုးတွင် မည်သူကမှ မိမိ၏ အသိစိတ်ပင်လယ်ထဲသို့ အခြားတစ်ယောက်ကို ဝင်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် ရိုးရိုးသားသား ပြောလိုက်ပုံရသော်လည်း သူတစ်ခုခု စီစဉ်နေသည်ဟု ပင့်ကူအမေကြီး အနေဖြင့် မခံစားမိပဲ မနေနိုင်ခဲ့ချေ။

“အဲ့လိုဆိုရင် ကျုပ်ရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်လာခဲ့လေ။ အဲ့ကျမှပဲ လျှို့ဝှက်ချက် အသီးသီးကို ထုတ်ပြောကြတာပေါ့။ ပြီးတော့ ကျုပ်ကျင့်ကြံခြင်းက ခင်ဗျားထက် နိမ့်ကျနေလို့ ကျုပ်ရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ရမှာကို ခင်ဗျား ကြောက်မနေသင့်ဘူးမလား” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလိုက်လေ၏ “ဒီတောင်ဆိုချက်ကို ခင်ဗျား သဘောမတူဘူးဆိုရင် အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ပဲ ရှိတော့တယ်။ ခင်ဗျားကိုသတ်၊ ခင်ဗျားဝိဥာဉ်ကို ဖမ်းပြီး ကျုပ်လိုချင်တဲ့ အချက်အလက်ကို ထုတ်ယူရတာပေါ့”

ပင့်ကူအမေကြီးက သူ၏ တောင်းဆိုချက်ကို ငြင်းဆန်သည်နှင့် ချက်ချင်း တိုက်ခိုက်တော့မည့်အလား ရန်ကိုင်၏ မျက်ဝန်းအစုံ အေးစက်သွားခဲ့လေ၏။

ပင့်ကူအမေကြီးက အံတင်းတင်းကြိတ်လျက် ပြန်ပြောလိုက်၏ “အဲ့လောက် စိုးရိမ်နေဖို့ မလိုပါဘူး။ နင့်ရဲ့ တောင်းဆိုချက်က ငါက လက်မခံသေးတာမှ မဟုတ်တာ။ မောင်ငယ်လေး၊ လျှို့ဝှက်ချက်တွေ ဖလှယ်ပြီးတာနဲ့ ဝိဥာဉ်ချင်း ပျော်ပါးကြရင်ကော ဘယ်လိုလဲ။ နင့်ဝိဥာဉ် အငွေ့အသက်က တော်တော်လေးကို စွဲမက်ဖွယ် ကောင်းနေတာ။ အစ်မကြီးက နင့်ကို တော်တော်လေး မြည်းစမ်းချင်နေပြီ”

“မလိုပါဘူး၊ ကျေးဇူးပါပဲ” ရန်ကိုင်က ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်၏ “ခင်ဗျားရဲ့ အောက်ပိုင်းကို ကျုပ်စိတ်မဝင်စားဘူး”

“ဟဲဟဲဟဲ…” ပင့်ကူအမေကြီးက ရိသဲ့သဲ့ ဟန်ပန်ဖြင့် တခစ်ခစ် ရယ်မောလိုက်ပြီး “ငါ့အပေါ်ပိုင်းကိုတော့ စိတ်ဝင်စားတယ်ပေါ့”

“ပေါက်ကရတွေ ပြောတာ တော်လောက်ပြီ။ လုပ်စရာ ရှိတာကိုပဲ လုပ်ကြတာပေါ့” ရန်ကိုင်က စိတ်မရှည်တော့သည့် အမူအရာဖြင့် ပြောလိုက်လေ၏။

“ကောင်းပြီလေ။ နင့်အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့လိုက်” ပင့်ကူအမေကြီးက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ သူမ၏ ဝိဥာဉ်ပုံရိပ်ကို ပို့လွှတ်လိုက်လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၀၄) ကိုယ်သေလမ်းကိုယ်ရှာခြင်း

——————————————————————

ပင့်ကူအမေကြီးက သူမ၏ ဝိဥာဉ်ပုံရိပ်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ အမှန်အကန် ပို့လွှတ်လိုက်သည်ကို မြင်သည်နှင့် ရန်ကိုင် နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့လေ၏။

ထူးထူးဆန်းဆန်း ပြုံးလျက် တိုးတိုးလေး ရေရွတ်လိုက်လေ၏ “ပင့်ကူအမေကြီး၊ ကျုပ်ရဲ့ အသိစိတ်ပင်လယ်ထဲ လာပြီး ပြဿနာရှာဖို့တော့ မကြိုးစားနဲ့နော်။ ကျုပ်ကျင့်ကြံခြင်းအဆင့်က ခင်ဗျားထက် နိမ့်ကျပေမယ့် ကျုပ်ရဲ့ စိတ်စွမ်းအင်က သာမန် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေထက် အများကြီး ပိုအားကောင်းတယ်”

ရန်ကိုင်၏ သတိပေးချက်ကို ကြားသည်နှင့် ပင့်ကူအမေကြီး မျက်နှာထက် စိုးရိမ်ပူပန် တုန့်ဆိုင်းနေသည့် အမူအရာတို့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်အား ပြန်စိုက်ကြည့်လိုက်ကာ “စိတ်ပူစရာမလိုဘူး။ နင်သာ ဆန္ဒရှိရင် ငါတို့ ဝိဥာဉ်ချင်းတောင် ပေါင်းစပ်လို့ ရတယ်။ ဒါပေမယ့် နင်က မကြိုက်မှတော့ ငါလည်း နင့်ကို တွန်းအားမပေးတော့ပါဘူး”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ၏ အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့ ပေးလိုက်လေ၏။

ချက်ချင်းဆိုသလို ပင့်ကူအမေကြီး၏ ဝိဥာဉ်သည် ရန်ကိုင် အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာခဲ့လေ၏။

အဆုံးမဲ့ပင်လယ်ထက်တွင် ပင့်ကူအမေကြီး၏ ဝိဥာဉ်ပုံရိပ် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေ၏။ သို့သော်ငြား သူမ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် မတူပဲ သူမ၏ လက်ရှိ ပုံပန်းသွင်ပြင်သည် ပြီးပြည့်စုံသည့် လူသားတစ်ယောက် ဖြစ်နေခဲ့၏။ သူမ၏ အထက်ပိုင်း ခန္ဓာကိုယ် စွဲမက်နှစ်လိုဖွယ် ကောင်းသည့်အလျောက် အောက်ဘက်ပိုင်းသည်လည်း မနိမ့်ကျချေ။ သွယ်လျသော ခြေတံရှည် နှစ်ချောင်းသည် အသန့်စင်ဆုံး၊ အပျော့ပျောင်းဆုံး ကျောက်စိမ်းမှ ထုလုပ် ထားသည့်အလား၊ ထိုခြေတံရှည်နှစ်ချောင်း ကြားတွင်မူ ချောမွတ်သည့် ပန်းပွင့်ချပ်တစ်ခု တည်ရှိနေခဲ့လေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မိမွေးဖမွေးအတိုင်း ရန်ကိုင် မြင်တွေ့နေခဲ့ရလေ၏။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထက် ဝဲနေလျက် ဘေးပတ်ပတ်လည်ကို နည်းနည်းမျှပင် ပူပန်ကြောင့်ကြ စိုးရိမ်ခြင်းမရှိဘဲ လှည့်ပတ်စူးစမ်း ကြည့်နေခဲ့လေ၏။

သူမသည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက်နှင့် တူညီသော အဆင့်(၇)မိစ္ဆာသားရဲ တစ်ကောင်ဖြစ်၏။ ရန်ကိုင်ကမူ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆)သာ ရှိသေးသော ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ဤမျှ ကျင့်ကြံခြင်း အဆင့် ကွာခြားနေလေရာ သူမ အဘယ်ကို ကြောက်ရမည်နည်း။

ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်သည် သူမရှေ့ လျင်မြန်စွာဖြင့် ထွက်ပေါ်လာခဲ့လေ၏။ သူမ၏ ပုံရိပ်အား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အသာအယာ မျက်မှောင်ကြုံ့လျက် နှာခေါင်းရှုံကာ “ဒါက ခင်ဗျား ပြောင်းလဲချင်နေတဲ့ ပုံစံပေါ့”

“အမှန်ပဲ” ပင့်ကူအမေကြီးက အသာအယာ ခေါင်းညိတ်လျက် သူ၏ ခန္ဓာကိုယ်ကို ဝိုင်းဝိုင်းလည်အောင် လှည့်ပြလိုက်လေ၏။ သူမ၏ ချောမွတ်လှသော တင်းပါး လုံးလုံးများနှင့် နို့နှစ်ရောင် ရင်အစုံကို အသားပေး ဖော်ပြလျက် “ဘယ်လိုလဲ။ စိတ်ဝင်စားလား”

“မိန်းမပျက်မပဲ” ရန်ကိုင်က ရွံရှာစက်ဆုပ်စွာဖြင့် ပြန်ပြောလိုက်လေ၏။

“ဟဲဟဲ…” ပင့်ကူအမေကြီး၏ ရန်ကိုင်၏ စကားကို အမှုမထားဘဲ ပြုံးလျက် “အဆိပ်မုဆိုးမခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ညို့ကဝေနတ်ဆိုးဘုရင်မကကော ညစ်ညမ်း မနေလို့လား။ တော်ပြီ၊ တော်ပြီ။ အပိုစကားတွေကို ဒီမှာပဲ ရပ်ထားလိုက်ကြတာပေါ့။ ဘယ်မှာလဲ၊ နင်ပြောတဲ့ သားရဲအသွင်ပြောင်းရေကန်၊ ငါ့ကို မြန်မြန်ပြ”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် “အမှန်ပဲ၊ ကျုပ်ကလည်း ခင်ဗျားနဲ့ အပိုစကားတွေ မပြောချင်တော့တာ”

ပြောနေရင်း သူမျက်နှာထက် ကောက်ကျစ်ဥာဏ်များသည့် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

ပင့်ကူအမေကြီး၏ အမူအရာ ရုတ်တရက် လေးနက်တည်ကြည် သွားခဲ့ပြီး ရန်ကိုင်ကို မျက်တောင် မခတ်တမ်း စူးစိုက်ကြည့်လိုက်လိုက်လေ၏။ ရန်ကိုင်၏ ထူးဆန်းသော အပြုအမူသည် သူဘာကြုံနေလဲ ဆိုသည်ကို ပင့်ကူအမေကြီးအား နားလည် သဘောပေါက်သွားစေခဲ့၏။

သူမကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ရေရွတ်လိုက်၏ “ဒီတော့ ဒါက ထောင်ချောက် တစ်ခုပဲပေါ့”

“ဟုတ်တယ်” အခြေအနေတွေက ဤအတိုင်းအတာအထိ ဖြစ်လာခဲ့ပြီ ဖြစ်ရာ ရန်ကိုင်လည်း ဆက်၍ ဟန်ဆောင်နေစရာ မလိုတော့ချေ။

“ဟွန့်” ပင့်ကူအမေကြီးက နှာခေါင်းရှုံ့လိုက်ပြီး “နင့်ရဲ့ သရုပ်ဆောင် စွမ်းရည်က တကယ်ကို တော်တာပဲနော်။ ငါ့ဝိဥာဉ်ကိုတောင် နင့်ရဲ့ အသိစိတ်ပင်လယ်ထဲ ရောက်လာတဲ့ အထိ ဆွဲဆောင်နိုင်ခဲ့တာ ဆိုတော့လေ”

“အခုမှ သိသွားရင်တော့ နောက်ကျလွန်းသွားခဲ့ပြီ”

“နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်လေးနဲ့ ငါ့ကို ဒီမှာ ထောင်ပိတ်ဖမ်းနိုင်မယ်လို့ ထင်နေတာလား။ ငါထွက်သွားချင်ရင် နင်ငါ့ကို ဘယ်လိုမှ တားလို့ ရမှာမဟုတ်ဘူး”

“အဲ့နေရာမှာ ခင်ဗျား မှားသွားတာ။ ကျုပ် ပြောခဲ့ပြီးပြီလေ။ ယုံကြည်ချက် မရှိဘဲနဲ့ ကျုပ် အခုလိုလုပ်မယ်လို့ ထင်နေတာလား။ ခင်ဗျား ရောက်လာမှတော့ ခင်ဗျားကို ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ”

“ဟွန့်၊ ကောင်းကင် ဘယ်လောက်မြင့်လဲ ဆိုတာကို မသိတဲ့ ကောင်စုတ်လေး တစ်ကောင်ပါပဲလား”

ပင့်ကူအမေကြီး၏ ဝိဥာဉ်ပုံရိပ်သည် အလင်းတန်းတစ်ခု အသွင် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ ထွက်သွားဖို့ လုပ်လိုက်လေ၏။

သို့သော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် ရန်ကိုင်၏ အသိစိတ်ပင်လယ် တစ်ခုလုံး လှိုင်းထန်သွားခဲ့ပြီး ပင်လယ် လှိုင်းလုံးများသည် ကောင်းကင်ယံထိတိုင် ရောက်ရှိလာခဲ့ကာ သူ၏မ ပြေးလမ်းကြောင်း မှန်သမျှကို ပိတ်ဆို့သွားခဲ့လေ၏။

ပင့်ကူအမေကြီး၏ ဝိဥာဉ်ပုံရိပ်သည် ထိုရေနံရံများကို အကြိမ်ကြိမ် တိုးဝင်ဆောင့်သော်လည်း မချိုးဖျက်နိုင် ဖြစ်နေခဲ့ရ၏။ နောက်ဆုံးတွင် အကျိုးမရှိသည့် အလုပ်ကို လုပ်နေခြင်းအား ရပ်တန့်လိုက်ပြီး ရန်ကိုင်ကို ထိတ်လန့် တကြားဖြင့် ငေးစိုက်ကြည့်လိုက်ကာ “နင့်ရဲ့ စိတ်စွမ်းအင်က ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ”

ကောင်စုတ်လေး၏ စိတ်စွမ်းအင်သည် သူမ၏ စိတ်စွမ်းအင် အောက် မနိမ့်ကျချေ။ သူမထက်ပင် ပို၍ အားကောင်းနိုင်သေး၏ …ထို့အတွက်ကြောင့်သာ မဟုတ်လျှင် သူမလည်း ထွက်ပြေး၍ မရဘဲ နေလိမ့်မည် မဟုတ်ချေ။

“ရှန်ချင်းလော့ ကိုယ်ထဲက အဆိပ်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုသာ ပြော၊ ကျုပ်ခင်ဗျားကို ထွက်သွားခွင့်ပေးမယ်။ မဟုတ်ရင်တော့ ဒီနေရာမှာပဲ ခင်ဗျားရဲ့ နောက်ဆုံး အခိုက်အတန့်ကို ရှူရှိုက်သွားရလိမ့်မယ်နော်” ရန်ကိုင်က ကြုံးဝါး ပြောဆိုလိုက်လေ၏။

“အိမ်မက်သာ မက်နေလိုက်။ နင့်ဝိဥာဉ်ကို ငါဝါးမြိုပြီးမှပဲ ဆက်ပြောဖို့ ကြိုးစားလိုက်” ပင့်ကူအမေကြီး၏ မျက်ဝန်းအစုံ ရုတ်ချည်း အေးစက်သွားခဲ့ပြီး သွေးရူးသွေးတန်းဖြင့် အော်ဟစ်လျက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေ၏။

သို့သော်လည်း မီတာ အနည်းငယ်ပင် မသွားရသေးခင်မှာပဲ ကြီးကျယ်မြင့်မြတ်သည့် အရှိန်အဝါတစ်ခု ရန်ကိုင်၏ အသိစိတ် ပင်လယ်တွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူမပေါ်သို့ သက်ဆင်းလာခဲ့လေ၏။

ထိုအရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ပင့်ကူအမေကြီး ရုတ်တရက် အေးခဲသွားခဲ့ပြီး ဖိအားထွက်ပေါ်လာသည့် နေရာဆီ အလိုလို လှမ်း၍ ကြည့်လိုက်မိ၏။ သူမ မြင်လိုက်ရသည့် အရာကြောင့် ပင့်ကူအမေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ရလေ၏။

အဝေးတစ်နေရာ၌ ရွှေရောင် တလက်လက် တောက်နေသည့် ဧရာမ မျက်လုံးကြီးတစ်လုံး ရှိနေခဲ့လေ၏။ ထိုမျက်လုံးကို မြင်လိုက်သည်နှင့် နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသည့်အလား အလိုလို ဒူးထောက်ဝပ်တွား ခယချင်မိ၏။

ရွှစ်…

ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၍ ပင့်ကူအမေကြီး၏ ခန္ဓာကိုယ်ကို ရှပ်ကာ ပွတ်တိုက်သွားခဲ့၏။

ရှဲ…

ရွှေရောင်အလင်းတန်သည် ပင့်ကူအမေကြီး၏ ဝိဥာဉ် ပုံရိပ်ကို ထိသွားသည်နှင့် တစ်ပြိုင်နက် ပူပြင်းလှသည့် နေရောင်ခြည် အလင်းတန်းတစ်ခုက နှင်းထုပေါ် ကျသွားသည့်အလား သူမ၏ ဝိဥာဉ်တစ်စိတ်တစ်ပိုင်း ချက်ချင်း ဆိုသလို အရည်ပျော်ကျသွား၍ သန့်စင်ခံလိုက်ရလေ၏။

နာနာကျင်ကျင် အော်ဟစ်သံတစ်သံ ပင့်ကူအမေကြီး၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး ကြောက်ရွံ့မှု အတိပြည့်နေသည့် မျက်ဝန်းအစုံဖြင့် ရွှေရောင်မျက်လုံးအား ငေးကြေည့်လိုက်၏။

“ဘာ… ဘာကြီးလဲ” ပင့်ကူအမေကြီးက တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် မေးလိုက်လေ၏။

“ခင်ဗျားကို ထိန်းချုပ်မယ့် အရာလေ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏ “အဲ့ ရွှေရောင် အလင်းတန်းသာ ခင်ဗျား ခန္ဓာကိုယ်ကို တိုက်ရိုက် ထိတွေ့သွားမယ် ဆိုရင် ခင်ဗျားရဲ့ အသိစိတ်လည်း ရှင်းထုတ် ပစ်ခံရလိမ့်မယ်။ အခုက သတိပေးတာပဲ ရှိသေးတယ်။ ကျုပ်မှာ အချိန်မရှိဘူး။ ဒါကြောင့် ကျုပ်သိချင်တာကိုသာ မြန်မြန် ပြောပြတော့။ မဟုတ်ရင် ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့နော်”

ပင့်ကူအမေကြီးသည် ကြီးစွာသော အမုန်းတရားတို့ ပြည့်လျမ်းနေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်နှင့် ရွှေရောင် မျက်လုံးကို တစ်လှည့်စီ ကြည့်နေခဲ့၏။

အမောတကော အသက်ရှူနေရရာ ပင့်ကူအမေကြီး၏ ရင်အစုံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။ ပင့်ကူအမေကြီး ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့လေပြီ။

“တစ်ကနေ သုံးအထိ ရေတွက်မယ်။ အဲ့အချိန် အတွင်းမှာမှ မပြောသေးဘူး ဆိုရင်တော့ ခင်ဗျား သေရမယ်” ပြောပြီးသည်နှင့် ရန်ကိုင် စတင် ရေတွက်တော့လေ၏ “တစ်… နှစ်…”

“နေဦး” ပင့်ကူအမေကြီးက အလန့်တကြားဖြင့် “ငါပြောပြမယ်။ ဒါပေမယ့် နင်သိချင်တာကို ငါပြောပြီးတာနဲ့ ငါ့ကို လွှတ်ပေးမယ်လို့ နင်ကတိပေးရမယ်”

“ကျုပ်ကတိပေးတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၍ တုန့်ဆိုင်းခြင်း တွေဝေခြင်းမရှိ ပြန်ပြောလိုက်လေ၏။

ပင့်ကူအမေကြီးက ရန်ကိုင်ကို တစ်ခဏတာထိ ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် သူမ၏ လက်ကို ဝှေ့ရမ်းလိုက်ကာ အလင်းလုံးလေး တစ်လုံးကို ရန်ကိုင်ဆီ ပစ်လွှတ်ပေးလိုက်၏။

အလင်းလုံးသည် ပင့်ကူအမေကြီး၏ ကိုယ်ပိုင်ဝိဥာဉ်နှင့် စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ထိုအလင်းလုံး သူမဆီမှ ခွဲထွက်သွားခြင်းသည် သူမအနေဖြင့် ထိုမှတ်ဥာဏ် အပိုင်းအစကို ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုက်ခြင်း ဖြစ်၏။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် သူမ၏ ဝိဥာဉ်ကို ထိခိုက်စေနိုင်ပေ၏။

ရန်ကိုင်က ပျော်ရွှင်စွာ ပြုံးလိုက်၍ အလင်းလေးကို လက်လှမ်းယူလိုက်လေ၏။ သို့သော်လည်း သူ မဆုပ်ကိုင် ရသေးခင်မှာပင် ပင့်ကူအမေကြီးက သူ့ဆီ ရုတ်တရက် ခုန်ဝင်လာခဲ့လေ၏။

ရန်ကိုင် ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်ပြီး ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်၍ “နင့်ဝိဥာဉ်ကို ငါဝါးမြိုတော့မယ်။ နင့်စိတ်စွမ်းအင်က အရမ်းကို အားကောင်းတာဆိုတော့ ငါ့ကို တော်တော်လေး တိုးတက်စေနိုင်မှာပြ။ ဟားဟားဟား။ ငါတို့ ဒီလောက် နီးကပ်နေမှတော့ အဲ့ ရွှေရောင်အလင်းတန်းကို ငါ့အပေါ် ထပ်သုံးရဲဦးမလား သိချင်မိသား”

ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်နှင့် သူမ၏ ဝိဥာဉ်ပုံရိပ်ကို ပူးကပ် ထားလိုက်သရွေ့ ရန်ကိုင်အနေဖြင့် သူမအား သတ်ခြင်းသည် သူ့ကိုယ်သူ သတ်သည်နှင့် တူနေမည်ဟု ပင့်ကူအမေကြီး ထင်နေခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပဲ သူမ၏ ကောင်းကင်စိတ်အာရုံကို သုံး၍ ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်ကို အဆက်မပြတ် နှောင့်ယှတ်ကာ သူ၏ အကာအကွယ်ကို ဖျက်စီး၍ သူ့ကို ဖြည်းဖြည်းချင်း ဝါးမြိုစားသုံး မည်ဟု တွေးနေခြင်း ဖြစ်၏။

သို့သော်လည်း ရန်ကိုင်ကမူ သူမကို အေးစက်စက် အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လိုက်ပြီး သူမ၏ အပြုအမူကို ဂရုမထားသည့် ဟန်ပန်ဖြင့် လှောင်ပြောင်လိုက်လေ၏ “အဲ့ဒါက ကျုပ်ဟာလေ။ ကျုပ်ဟာဆိုမှတော့ ငါ့ကို ထိခိုက်အောင် လုပ်မလား၊ ငတုံးမရဲ့”

ပင့်ကူအမေကြီး၏ အပြုံး ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ရန်ကိုင်၏ မျက်ဝန်းထဲသို့ သွေးရူးသွေးတန်းဖြင့် စိုက်ကြည့်လိုက်လေ၏။

ရွှစ်…

ရွှေရောင်အလင်းတန်းသည် သူတို့နှစ်ယောက်ဆီသို့ တိုးဝင်လာခဲ့ပြီး ပင့်ကူအမေကြီး၏ ဝိဥာဉ်ပုံရိပ်ကို တစ်မုဟုတ်ချည်း ဖုံးလွှမ်းသွားခဲ့လေ၏။

အော်ချိန်ပင် မရလိုက်ဘဲ ပင့်ကူအမေကြီး၏ အသိစိတ်သည် ဗဟာနတ္ထိအဖြစ် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီး သန့်စင်သော စိတ်စွမ်းအင် အပုံလိုက်ကြီးသာ ကျန်ရစ်ခဲ့လေ၏။

“ဟန့်၊ ကိုယ်လေလမ်း ကိုယ်ရှာသွားတာပဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်လေ၏။ ပင့်ကူအမေကြီး သည်သာ သူနှင့် နာနာခံခံ ပူးပေါင်းလုပ်ဆောင်မည်ဆိုလျှင် ရန်ကိုင်က သူမကို လွှတ်ပေးမည် ဖြစ်၏။

သို့သော်လည်း ပင့်ကူအမေကြီး ပေးလိုက်သည့် မှတ်ဥာဏ်များကို ဖတ်ပြီးသည့်နောက် ရန်ကိုင်၏ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့လေ၏။

ပင့်ကူအမေကြီးသည် သူ့ကို လိမ်ညာခြင်း မပြုခဲ့ချေ။ သူမ ပေးခဲ့သည့် အလင်းလုံးလေးထဲ ရှန်ချင်းလော့၏ ခန္ဓာကိုယ် ချို့ယွင်းချက်ကို ကုသပေးနိုင်မည့် နည်းလမ်း တစ်ခုရှိနေခဲ့၏။ ထို့သော်လည်း ထိုနည်းလမ်းသည်… ပင့်ကူအမေကြီး၏ အသက်ကို လိုအပ်၏။

ရှန်ချင်းလော့ အနေဖြင့် ပင့်ကူအမေကြီး၏ သွေးအဆီအနှစ် နှင့် သားရဲအမြူတွေကို မျိုချဖို့ လိုအပ်၏။ ထိုနည်းလမ်းသည် အဆိပ်ကိုသုံး၍ အဆိပ်ကို ကုသခြင်း ဖြစ်၏။

ကိုယ်ထိုက်နှင့်ကိုယ့်ကံပင် ဖြစ်လေသည်။

ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းလိုက်လေ၏။

ပင့်ကူအမေကြီး သေပြီးနောက် ကျန်ရစ်ခဲ့သော စိတ်စွမ်းအင် အပုံလိုက်ကြီးကို တစ်ခဏတာ မေ့ထားလိုက်ပြီး အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လိုက်၏။

ပင့်ကူအမေကြီး သေသွားသည်ကို သတိပြုမိသည်နှင့် ရန်ကိုင်နားတွင် ဝန်းရံနေသော ပင့်ကူသားရဲများသည် ရန်ကိုင်ကို အကြမ်းပတမ်း ရူးသွပ်စွာ တိုက်ခိုက်ကြလေတော့၏။

အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၍ အစစ်အမှန်ချီကို လှည့်ပတ်ပြီး စွမ်းအင်လှိုင်းတစ်ခု ရိုက်ထုတ်လိုက်ရာ အနီးအနား၌ ရှိနေသော ပင့်ကူများစွာ သေလျှင်သေ၊ မသေလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ကြလေ၏။

ထိုအဆင့်(၆)မိစ္ဆာသားရဲများသည် အဆင့်နိမ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများနှင့်သာ ခွန်အား တူညီလေရာ ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။

အသက်သုံးရှိုက်စာ အတွင်းမှာပင် ပင့်ကူများစွာ သေဆုံးသွားခဲ့ပြီး ဆက်လက် အသက်ရှင်နေသေးသည့် ပင့်ကူများကမူ အဘက်ဘက်သို့ တကွဲတပြား စတင် ထွက်ပြေးနေခဲ့ကြလေပြီ။ ရန်ကိုင်သည် ထိုပင့်ကူများကို လျစ်လျူရှု၍ ပင့်ကူရုပ်ထုကြီး ဘေးနားရှိ ပင့်ကူအမေကြီး၏ အလောင်းဘေးနား ဆင်းသက်လိုက်၏။

သူမ၏ နှလုံးသား ရှိလောက်မည့် နေရာဖြစ်သည့် ရင်ဘတ်နေရာသို့ လက်နှိုက်၍ ခုနှစ်ရောင်ခြယ် အမြူတေ တစ်ခုကို ထုတ်ယူလိုက်လေ၏။ ထိုမွန်းစတားသားရဲ အမြူတေထဲ မြောက်များစွာလှသော စွမ်းအင်တို့ ပါဝင်နေခဲ့၏။ ထိုအမြူတွေကို စိုက်ကြည့်နေစဉ်မှာပင် သူ့လက်ထုံကျဉ်လာပြီး မည်းလာသည်ကို တွေ့လိုက်ရလေ၏။

(ဤအပိုင်းမှစ၍ မိစ္ဆာသားရဲကို မွန်းစတားသားရဲ ဟု သုံးနှုန်းသွားပါမည်။ နောက်ပိုင်းတွေအတွက်ကြောင့် ကြိုပြီး ပြောင်းလဲလိုက်ရတာပါ)

ဘယ်လောက်တောင် ပြင်းလိုက်တဲ့ အဆိပ်လဲလို့ ရန်ကိုင် မျက်နှာအမူအရာ ချက်ချင်း ဆိုသလို ပြောင်းလဲသွားခဲ့ပြီး ထိုမွန်းစတားသားရဲ အမြူတွေကို အနက်ရောင်နေရာလွတ်ထဲ အလျင်စလို ပစ်ထည့်လိုက်လေ၏။ ပြီးသည်နှင့် အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ သူ့ကိုယ်ထဲ တိုးဝင်လာသည့် အဆိပ်များကို ထုတ်ပယ်တော့လေ၏။

သူ့လက်မောင်းထဲရှိ အဆိပ်များကို ထုတ်ပယ်ပြီးသည်နှင့် ပင့်ကူအမေကြီး၏ သွေးအဆီအနှစ်ကို ထုတ်ယူပြီး ရှန်ချင်းလော့ နန်းတော်ဆီ ပြန်သွားလိုက်လေ၏။

နှစ်ရက်ကြာပြီးနောက်… သင်းရနံ့ မြို့တော်အတွင်း၌…

ရန်ကိုင် ပြန်ရောက်လာသည့် အချိန်၌ ရှန်ချင်းလော့၏ အခန်းထဲမှ ငိုကြွေးသံတို့ကို သူကြားလိုက်ရလေ၏။

သူ့အမူအရာ သုန်မှုန်သွားခဲ့ပြီး အခန်းတံခါးကို အလျင်စလို တွန်းဖို့ကာ အခန်းထဲသို့ ပြေးဝင်သွားလေ၏။

အခန်းတွင်း၌၊ ပီလော့သည် ရှန်ချင်းလော့၏ ကုတင်ဘေး ဒူးထောက်လျက် မျက်ရည်ကြီးစွာကျကာ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့၏။ ယွန်လီ၊ ရို့ယု နှင့်ရို့ချင်တို့သည်လည်း အခန်းထဲ၌ ရှိနေခဲ့ပြီး သူမတို့ သုံးယောက်စလုံး ဝမ်းနည်းတကြီး ငိုကြွေးနေခဲ့ကြ၏။

အခန်းတစ်ခုလုံးသည် မီးပြင်းဖိုတစ်ခုအလား ပူပြင်း၊ ပူလောင် နေခဲ့လေ၏။

အခန်းတစ်ခုလုံး ပူပြင်းနေခြင်း၏ အကြောင်းအရင်းသည် ရှန်ချင်းလော့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်လှစွာသော အပူကြောင့်ပင် ဖြစ်ချေ၏။

သူမ၏ အသက်ရှူနှုန်း လွန်စွာကိုမှ မြန်ဆန်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း အရည်ပျော်နေသည့် သံရည်ပူနှင့်ပင် တူနေသေး၏။ သူမ၏ အတွေးများသည်လည်း ဝေးဝါးနေခဲ့ကာ သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေခဲ့လေ၏။

ရန်ကိုင် ပြန်လည်သည်ကို သတိပြုမိသည်နှင့် ယွန်လီ ချက်ချင်း ပျော်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်လေ၏ “သခင်လေးရန် ပြန်လာပြီ”

ထိုစကားကို ကြားလိုက်သည်နှင့် ပီလော့ မှင်သက်သွားခဲ့ပြီး ရန်ကိုင်ရှိရာဆီ အလျင်အမြန် လှည့်ကြည့်လိုက်လေ၏။ သူမ၏ မျက်လုံးများသည် နီရဲမို့အစ်နေခဲ့ကာ ရန်ကိုင်ကို စိုးရိမ်တကြီးဖြင့် ငေးကြည့်နေခဲ့လေ၏။ နှုတ်ခမ်းများသည်လည်း တစ်ခုခုကို ပြောချင်နေသည့်အလား တဆတ်ဆတ် တုန်ရီနေခဲ့၏။ သို့သော်လည်း သူမ၏ ပါးစပ်ဖျားဆီမှ မည်သည့် စကားမှ ထွက်မလာခဲ့ချေ။

“သူ့အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်က စိုးရိမ်တကြီး မေးလိုက်၏။

ပီလော့ကမူ ခေါင်းသာ ခါရမ်းလိုက်၍ နောက်တစ်ကြိမ် ထပ်မံ ငိုကြွေးတော့ပြန်လေ၏။ အခြေအနေ မကောင်းသည့် ပုံပင်။

“ဘေးဖယ်နေ” ရန်ကိုင်သည် ပီလော့ကို ရှန်ချင်းလော့၏ အိမ်ရာဘေးမှ အသာအယာ ဆွဲထူမလိုက်လျက် သူမ၏ နေရာ၌ ဝင်ထိုင်လိုက်ကာ ပင့်ကူအမေကြီး၏ မွန်းစတားအမြူတေနှင့် သွေးအဆီအနှစ်ကို အလျင်စလို ထုတ်ယူပြီး ညို့ကဝေ နတ်ဆိုးဘုရင်မကို ကျွေးလိုက်လေ၏။

“ငါ့သခင်မကို နင်ဘာကျွေးလိုက်တာလဲ” ပီလော့က စိုးရိမ်တကြီးဖြင့် အလျင်စလို မေးလိုက်လေ၏။

ရန်ကိုင်က အကျဉ်းချုဉ်း ရှင်းပြလိုက်၏။

ပီလော့ မှင်သက်သွားခဲ့ပြီး “ပင့်ကူအမေကြီးကို နင်သတ်ခဲ့တာလား”

“ဟုတ်တယ်။ ရှန်ချင်းလော့ ကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်ကို ဖြေဖို့က အဆိပ်နဲ့အဆိပ်ချင်း တိုက်မှပဲ ရလိမ့်မယ်” ရန်ကိုင်က သက်ပြင်းအမောကြီး ချလိုက်ပြီး “ဒီနည်းလမ်း အဆင်ပြေဖို့ ငါမျှော်လင့်ရတာပဲ”

“အဆင်ပြေမှကို ဖြစ်မယ်။ မပြေရင်… တောင်းပန်တဲ့ အနေနဲ့ နင့်ကိုယ်နင် သတ်သေပြီး သခင်မကို အဖော်ပြုပေးလိုက်” ပီလော့က ဝမ်းနည်းပူဆွေးနေသည့် လေသံဖြင့် ရန်ကိုင်ကို အော်ပြောလိုက်လေ၏။

ရန်ကိုင်က ပီလော့ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူမကို ဆက်၍ အာရုံမထားတော့ချေ။ ရှန်ချင်းလော့ဘက်သို့လှည့်၍ သူ့လက်ကို မီးတောက်ပမာ နီရဲနေသော တင်၍ သူမကိုယ်ထဲသို့ အစစ်အမှန်ချီများကို ထည့်သွင်းပေးကာ ပင့်ကူအမေကြီး၏ မွန်းစတားသားရဲ အမြူတေနှင့် သွေးအဆီအနှစ်ထဲတွင် ပါဝင်နေသော စွမ်းအင်များကို ကူညီချေဖျက် ပေးလေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၀၅) ဗဟိုမြို့တော်ဆီသို့ ပြန်လာခြင်း

——————————————————————

ဆိတ်ငြိမ်ဖီးနစ်နန်းတော် အတွင်း၌ ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်၍ ပင့်ကူအမေကြီး သေဆုံးရာမှ ကျန်ခဲ့သည့် စိတ်စွမ်းအင်များကို စုပ်ယူနေခဲ့၏။

ရုတ်တရက် သူ့နှာခေါင်းထိပ်ကို ပွတ်တိုက်ဖြတ်သန်း သွားသည့် နှစ်လိုစွဲမက်ဖွယ် သင်းရနံ့ကို ခံစားမိသည်နှင့် ရန်ကိုင် မျက်လုံးဖွင့်ကြည့်လိုက်သည့် အခါ သူ့အား ထူးဆန်းပြီး သိလိုစိတ်တို့ ပြင်းပြသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေသာ ပီလော့ကို တွေ့လိုက်ရ၏။

“ဘာလဲ” ရန်ကိုင် ချက်ချင်း ဆိုသလို သတိချပ်လိုက်၏။ ထိုကောင်မလေးသည် အမြဲတမ်းလိုလို သူ့ကို မကြည်ဖြူသော သူဖြစ်၏။ ရုတ်တရတ် ဆိုသလို သိလိုစိတ် ပြင်းပြသော၊ စွဲမက်ဖွယ် ကောင်းလှသော အမူအရာဖြင့် သူ့ကို စိုက်ကြည့် နေသည်ကို မြင်လိုက်ရသည့်အခါ ရန်ကိုင်စိတ်ထဲ နေမထိ ထိုင်မထိ ဖြစ်သွားခဲ့ရလေ၏။

“နင်က တော်တော်လေးကို ကြမ်းတာပဲလို့ ငါရုတ်တရက် တွေးလိုက်မိလို့ပါ” ပီလော့က ပြုံးဖြီးလျက် “ပင့်ကူအမေကြီးကို နင်တစ်ယောက်တည်းနဲ့ ဘယ်လို သတ်လိုက်တာလဲ။ ပင့်ကူ အမေကြီးက အဆင့်(၇)မိစ္ဆာသားရဲ တစ်ကောင်လေ။ ငါ့သခင်မတောင် အဲ့ကောင်မကြီးကို အနိုင်မယူနိုင်တာ။ မိုးကြိုးသားရဲ ဘုရင်လည်း အဲ့ပင့်ကူအမေကြီးကို အနိုင်မယူ နိုင်လို့ နှစ်ဦးအကျိုးတူ ဆက်ဆံရေးတစ်ခုကိုပဲ တည်ဆောက် ခဲ့တာ။ အဲ့ကောင်မကြီးကို ဘယ်နည်းတွေသုံးသတ်ပြီး မွန်းစတား အမြူတေကို ထုတ်ယူလာနိုင်ရတာလဲ”

ရန်ကိုင် ရှန်ချင်းလော့ကို ကယ်တင်ပြီးသည့် အချိန်မှစ၍ သူ့အပေါ် ပီလော့၏ သဘောထား ပြောင်းလဲသွားသည့် ပုံပင်။

သို့သော်လည်း ရန်ကိုင်က မျက်မှောင်သာ ကြုံ့နေလျက် သူမ၏ မေးခွန်းကို ပြန်မဖြေဘဲ ပြန်သာ မေးလိုက်၏ “နင့်သခင်မ အခြေအနေ ဘယ်လိုရှိလဲ”

“အားလုံး အဆင်ပြေတယ်။ သူ့မှာ အဆိပ်မုဆိုးမ ခန္ဓာကိုယ် ရှိသေးပေမယ့် အဆိပ်ဘေးထွက်ဆိုးကျိုးက ဖြေရှင်းပြီးသွားပြီ” ပီလော့က နှစ်လိုဖွယ်ကောင်စွာ ပြုံးလျက် ရန်ကိုင်၏ မျက်ဝန်း တည့်တည့်ဆီသို့ စိုက်ကြည့်လိုက်လေ၏။ ပီလော့ကိုယ်တိုင် ကပင် နှစ်လိုဖွယ်ကောင်းသော မိန်းမလှလေး တစ်ဦးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှန်ချင်းလောနှင့်အတူ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး နက်နဲဆန်းကြယ်သည့် ညို့ဓါတ် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ခဲ့သောကြောင့်ပင် ဖြစ်၏။ သူမသည် ရှန်ချင်းလော့လောက် ညို့ဓါတ်မပြင်းလျှင်ပင် ၊ပီလော့၏ ညို့ဓါတ်သည် သာမန်မိန်းမများထက် အဆများစွာ ပိုပြင်းလေ၏။

“သခင်မက အခု အတားအဆီးကို ချိုးဖျက်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် သူထွက်လာတဲ့အခါကျ သူ့ခွန်အား တစ်ဟုန်ထိုး မြင့်တက်လာလိမ့်မယ်”

“ကောင်းတယ်” ယခုမှပင် သူ့နှလုံးသားထဲမှ ဝန်ထုပ်ကြီးကို ရန်ကိုင် လွှတ်ချနိုင်တော့လေ၏ “အဲ့လိုဆိုရင် ငါနဲ့သူ့ကြားက ကိစ္စလည်း ဖြေရှင်းပြီးသွားပြီလို့ ဆိုလိုလိုက်တာပဲပေါ့”

ပြောနေရင်း တစ်ချက် ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်၏ “ဟုတ်တယ်၊ သူတံခါးပိတ်ကျင့်စဉ် ဝင်နေမှတော့ ငါသူ့ကို မနှောင့်ယှတ်တော့ဘူး။ ဗဟိုမြို့တော်ဆီ ပြန်ပြီး ဟိုက အခြေအနေတစ်ကို တစ်ချက် သွားကြည့်သင့်ပြီ။ သူ တံခါးပိတ်ကျင့်စဉ်ဝင်နေရာက ထွက်လာတဲ့အခါက ငါဘယ်ရောက်နေလဲ ဆိုတာကို သူ့ကို အသိပေးဖို့ နင့်ကိုပဲ အားကိုးရတော့မယ်”

“နင်သွားလို့ မရဘူး” ပီလော့က ရန်ကိုင်၏ လက်မောင်း တစ်ဖက်ကို ရုတ်ချည်း ပြေးဖက်လိုက်လေ၏။

ရန်ကိုင်က ကြက်သေသေနေသည့် အမူအရာဖြင့် ပီလော့ကို စိုက်ကြည့်လိုက်ပြီး “ဘာလို့ သွားလို့မရတာလဲ။ ဒီမှာ ငါလုပ်စရာ ဘာကျန်သေးလို့လဲ”

“အဲ… ဘာပဲဖြစ်ဖြစ်၊ နင်သွားလို့ မရဘူး။ သခင်မ တံးခါးပိတ်ကျင့်စဉ် ဝင်နေရာကနေ ထွက်လာတဲ့အခါကျ သူပထမဆုံး လုပ်ချင်မှာက နင့်ကို တွေ့ချင်တာပဲ။ နင်သာ အခုထွက်သွားလိုက်ရင် သခင်မ ကျိန်းသေ ဝမ်းနည်းရလိမ့်မယ်”

“နင်တကယ်ကြီး ပြောနေတာတော့ မဟုတ်ဘူးမလားဟင်” ရန်ကိုင် ခေါင်းကိုက်ချင်လာခဲ့လေ၏။

ပီလော့လည်း တစ်ခဏလောက် အတွေးထဲ မျောသွားခဲ့ပြီး ရုတ်တရက် ပြုံးလိုက်ကာ “နင်ဒီမှာနေမယ်ဆိုရင် ငါနင့်ကို ကောင်းတာ တစ်ခုခု ပြမယ်”

“ကောင်းတာ တစ်ခုခုလား”

ပီလော့မျက်နှာ ရဲရဲနီသွားခဲ့၏။ ရုတ်တရက် မတ်တပ်ရပ်၍ တုန်တုန်ရီရီဖြင့် သူမ၏ ဝတ်ရုံကို တစ်လွှာချင်း တစ်လွှာချင်း ဖြည်းဖြည်းချင်း ချွတ်ချတော့လေ၏။ မကြာခင်မှာပင် အချိုးအစား ပြီးပြည့်စုံလှသည့် သူမ၏ နှင်းဖြူရောင် ခန္ဓာကိုယ်လေး ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့လေ၏။ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းမှ ထုလုပ်ထားသည့်အလား လွန်စွာကိုမှ စွဲမက်မြတ်နိုးဖွယ် ကောင်းလှ၏။

သူမ၏ ပျော့အိအိ ရင်မို့မို့အစုံသည် မြေကမ္ဘာဆွဲအားကို ဆန့်ကျင်၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် မို့မောက်နေခဲ့၏။ ခါးလေးသည် သေးကျဉ်လှပြီး အဆီအပို အနည်းငယ်မျှပင် မရှိချေ။ သူမ၏ သွယ်လျလျ ခြေတံရှည်နှစ်ချောင်းကို ရှေ့မှနောက်သို့ စွဲမက်ဖွယ်ကောင်းစွာ လှုပ်ရှားနေသဖြင့် သူမ၏ အလျှို့ဝှက်ဆုံးသော ထွတ်မြတ်နယ်မြေလေးသည်လည်း ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေခဲ့လေ၏။ အခန်းတစ်ခုလုံး သူမ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်မှ ထွက်ပေါ်လာဟန်ရသည့် စွဲမက်ရစ်မူးဖွယ် သင်းရနံ့တို့ဖြင့် ပြည့်နေခဲ့လေတော့၏။

မိမွေးဖမွေးအတိုင်း ရန်ကိုင်ရှေ့ ရပ်လျက် သူမ၏ စွံကားလုံးဝန်းလှသည့် တင်ပါးလေးများကို လှုပ်ရှားပြလိုက်၏။ ထိုမြင်ကွင်းသည် မည့်သည့် ယောကျ်ားသားကိုမဆို စိတ်လွတ်သွားစေနိုင်၏။ ပီလော့သည် မသေမျိုးနတ်သမီး တစ်ပါးအလား တင့်တယ် လှပနေခဲ့လေရာ သူမကို မြင်လိုက်သူ ပုရိသယောကျာ်း အပေါင်းတို့သည်လည်း သူမအား ပွေ့ဖက်၍ စိတ်ရှိလက်ရှိ ဝုန်းဒိုင်းကြဲချင်မည်မှာ အသေအချာပင် ဖြစ်၏။

သူမ၏ မျက်နှာလှလှလေးသည် ကြက်သွေးရောင် ဆိုးထားသည့်အလား ရဲရဲနီနေခဲ့ပြီး လည်တိုင် ကျော့ကျော့ လေးဟာ ဆိုရင်လည်း ပန်းနုရောင် သန်းနေခဲ့လေ၏။ အရည်ရွှမ်းနေသာ နှုတ်ခမ်းဖူးဖူးလေးများကို အသာအယာ ကိုက်လျက် ရန်ကိုင်ဆီမှ အကြည့်လွှဲဖယ် နေခဲ့လေ၏။

“လှလား” ပီလော့က မေးလိုက်၏။ သို့သော်လည်း သူမ၏ အသံသည် ခြင်အော်သံပမာ တိုးညင်းလွန်းလှ၏။

သို့ရာတွင် ထိုအော်သံလေးသည် ငေးငိုင်မိန်းမောနေသော ရန်ကိုင်အား အသိပြန်ဝင်လာစေခဲ့လေ၏။ သူ၏ မှင်သက်နေသော အမူအရာကို တဏှာမီးတောက်တို့ လောင်ကျွမ်းနေသော ရမက်ထန်နေသည့် အမူအရာက အစားထိုး နေရာယူသွားခဲ့လေ၏။

သို့သော်လည်း ထိုရမက်ထန်သော အကြည့်သည် တစ်ခဏတာသာ ကြာမြှင့်ခဲ့ပြီး မကြာခင်မှာပင် သူ၏ အကြည့်သည့် ယခင်ကလို တစ်ဖန်ပြန်လည် ကြည်လင် သွားခဲ့လေ၏။

ရန်ကိုင်က ပီလော့ကို ပြန်ပြုံးပြလျက် လက်ကို ဆန့်ထုတ်ကာ သူမ၏ ခါးလေးကို အသာအယာ ပွေ့ဖက်လိုက်၏။ ပြီးနောက် သူမ၏ ခန္ဓာကိုယ်လေးကို မကာ ကုတင်ပေါ် တင်ပေးလိုက်ပြီး အနီးအနားရှိ ခြုံလွှာပါးပါးနှင့် မိမွေးဖမွေးအတိုင်း ဗလာကျင်းနေသော ခန္ဓာကိုယ်လေးကို ရစ်ပတ်လွှမ်းခြုံပေးထားလိုက်ကာ စကားတစ်ခွန်းမှပင် မပြောပဲ ဘေးတွင် ရပ်နေလိုက်လေ၏။

“နင်…” ဒီတစ်ကြိမ်တွင်တော့ ပီလော့ မှင်သက်ခဲ့ရလေပြီ။ ပီလော့သည် အံ့ဩကြောင်အနေသည့် အမူအရာဖြင့် ရန်ကိုင်ကို ငေးစိုက်ကြည့်နေမိခဲ့လေ၏။

ယခင် သူမ ဆိတ်ငြိမ်ဖီးနန်စံအိမ်ဆီ လာစဉ်က ရန်ကိုင်သည် ဤကဲ့သို့သော လူကြီးလူကောင်းတစ်ယောက် မဟုတ်ချေ။ သူသည် သူမ ဘဝတစ်သက်သာ တစ်ကြိမ် တစ်ခါမျှပင် မမြည်းစမ်းခဲ့ဖူးသော အရာကို မြည်းစမ်းခိုင်းခဲ့၏။ သို့သော်ငြား ယခု သူမဘက်မှစ၍ သူ့ကို မြူဆွယ်ဖြာယောင်းဖို့ ကြိုးစားခဲ့သော်လည်း ရန်ကိုင်သည် သူမ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်လေးကို လုံးဝ လျစ်လျူရှုထားခဲ့လေ၏။

သူ၏ ယောကျ်ားဘဝကိုများ ဆုံးရှုံးထားခဲ့ရခြင်းလော၊ သို့မဟုတ် အခြား အကြောင်း တစ်ခုခုကြောင့်လော။

“ငါစိတ်မပါသေးဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ သက်ပြင်းချကာ ပြောလိုက်၏။

စုယန်ကို မန်ဝူရက ဤလောကကြီးနှင့် လုံးဝကွဲပြားသည့် လောကကြီးတစ်ခုဆီ ခေါ်သွားခဲ့ပြီး သူမ၏ အခြေအနေ မည်ကဲ့သို့ ရှိနေသည်ကို သူလုံးဝ မသိရသေးချေ။ ထို့အပြင် သူ့၌ ဖြေရှင်းစရာ ကိစ္စများစွာ ရှိနေသေးရာ ရန်ကိုင် အနေဖြင့် မိန်းမလှလေးများနှင့် ပျော်ပါးရန် စိတ်မပါသေးချေ။ အထူးသဖြင့် ပီလော့ကဲ့သို့ လွန်စွာကိုမှ စွဲမက်ဖွယ်ကောင်းသည့် မိန်းမလှလေး များဖြစ်၏။ သူသာ ပီလော့နှင့် တစ်ခုခု လုပ်မိလိုက်လျှင် အကျိုးဆက်သည် သူခံနိုင်သည်ထက် ပို၍ ပြင်းထန်သွားနိုင်၏။

“ချင်းလော့…” ရန်ကိုင်က ရုတ်တရက် အော်ခေါ်လိုက်၏။

သူ့စိတ်ထဲ ရှန်ချင်းလော့၏ အသံပဲ့တင်ထပ်လာခဲ့လေ၏ “ကောင်စုတ်လေး၊ နင်ဘယ်တုန်းကများ လူကြီးလူကောင်း တစ်ယောက် ဖြစ်သွားရတာလဲ”

ဤနေရာရှိ လှုပ်ရှားမှုများကို စူးစမ်းလေ့လာနေသော သူမ၏ ကောင်းကင်စိတ်အာရုံကို ရန်ကိုင် သတိမပြုမိပဲ ဘယ်နေလိမ့်မည်နည်း။

“ငါက လူကြီးလူကောင်း တစ်ယောက်ပဲလေ” ရန်ကိုင်က သူ့ကိုယ်သူ ချီးမွမ်းပြောဆိုလိုက်လေ၏။

ရှန်ချင်းလော့ ပျော်ရွှင်စွာ တခစ်ခစ် ရယ်မောလိုက်လေ၏။

တစ်ခဏကြာပြီးနောက် ရှန်ချင်းလော့ ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်လျက် “နင်ထွက်သွားတော့မှာလား”

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းပြန်ညိတ်ပြ၏။

“အဲ့လိုဆိုရင်လည်း သွားတော့လေ။ ငါထွက်လာတဲ့ အခါကျ နင့်ကို လာရှာမယ်”

“ဒီတစ်ကြိမ် နင်ငါ့ကို ရှာလို့တွေ့မှာ မဟုတ်ဘူး။ ငါသွားမယ့် နေရာက ဒီလောကကြီးထဲမှာ မဟုတ်ဘူး”

ရှန်ချင်းလော့ သိလိုစိတ် ပြင်းပြင်းသွားခဲ့ပြီး “နင်က ပိုပြီး အဆင့်မြင့်တဲ့ အခြားလောကကြီးတစ်ခုဆီ သွားဖို့လား”

“နင်လည်း သိထားတာလား” ရန်ကိုင်က အံ့အားသင့်တကြီး ပြန်မေးလိုက်လေ၏။

“ရန်ပိုင်ဆီကနေ ကြားခဲ့ဖူးတာလေ… ဒါပေမယ့် ကြားပဲ ကြားဖူတာ။ အများကြီးတော့ မသိထားဘူး… ငါ့ရဲ့ ဝိဥာဉ်ရှာ အမှတ်အသားက နင့်ကိုယ်ထဲမှာ ရှိနေတာဆိုတော့ မြေကမ္ဘာ အဆုံးထိ နင်လျှောက်ပတ်သွားမယ်၊ ဒါမှမဟုတ် ဒီလောကကြီး အပြင်ဘက်ကို ထွက်သွားမယ် ဆိုရင်တောင် ငါနင့်ကို ရှာနိုင်ဦးမှာပဲ” ရှန်ချင်းလော့က ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေသော အမူအရာဖြင့် ပြောလိုက်၏။

ထိုစကားကို ကြားသော် ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး “အဲ့လို တွေးနေမှတော့ နင်တွေးတဲ့အတိုင်း ကြိုးစားကြည့်ပေါ့။ ဘာ၌ဖြစ်ဖြစ် နင့်ကိုယ်နင်လည်း ဂရုစိုက်ဦး။ ငါသွားတော့မယ်”

ပြောပြီးသည်နှင့် ရန်ကိုင်က ကုတင်ပေါ် လဲလျောင်းနေသာ ပီလော့ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ပြီးသည်နှင့် အစစ်အမှန်ချီဖြင့် ကြာပွတ်တစ်ချောင်းကို ဖန်တီး၍ ပီလော့၏ တင်ပါးလုံးလုံးလေးများကို အသာအယာ ရိုက်နှက်လိုက်လေ၏။

ညည်းတစ်ဝက်၊ အော်တစ်ဝက် အသံတစ်သံ ပီလော့၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့ကာ တစ်ချိန်လိုလိုပင် သူမ၏ မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ဖြင့် ပြည့်သွားခဲ့လေ၏။

သူမ၏ တုန့်ပြန်မှုကို ကြည့်လျက် ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ပြတင်းပေါက်ကနေ ပျံသန်းသွားလိုက်ကာ မကြာခင်မှာပင် မိုးကုတ်စက်ဝိုင်းအောက် တိုးဝင် ပျောက်ကွယ်သွားတော့လေ၏။

ပီလော့သည် ခြုံလွှာပါးပါးလေး ရစ်ပတ် လွှမ်းခြုံထားလျက် ကုတင်ပေါ်မှ ထလာခဲ့လေ၏။ ထို့နောက် ပြတင်းပေါက်ဆီ သွားလိုက်ပြီး ပြတင်းဘောင်ကို မှီ၍ ရန်ကိုင် ထွက်ခွါသွားသည့် အရပ်ဆီ ငေးမောကြည့်လိုက်လျက် ရေရွတ်လိုက်၏ “သခင်မ၊ သူ့ကို ဒီအတိုင်း သွားခွင့်ပေးလိုက်တာ သခင်မအတွက် အဆင်ပြေပါ့မလား”

“နင်ဘက်ကနေ သူ့ကို အရင်သွားမြူဆွယ်တာတောင် သူဒီမှာ အသက်တစ်ရှိုက်စာလောက် ပိုနေအောင် မလုပ်နိုင်ခဲ့ဘူးလေ။ အခုလောလောဆယ် သူ့စိတ်ထဲ ကြီးစိုးနေတဲ့ အခြားအရေးကြီး ကိစ္စတွေ အများကြီး ရှိနေလို့ပဲ ဖြစ်ရမယ်။ အဲ့ကောင်စုတ်လေးက အရှက်မရှိပေမယ့်၊ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်သက်သက်နဲ့တင် သူ့ကို စိတ်ရှုပ်အောင် လုပ်ဖို့ဆိုတာ မလုံလောက်သေးဘူး။ အလှသက်သက်နဲ့ သူ့ကို ဖြာယောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့နှလုံးသားထဲမှာ ငါ့အတွက် နေရာတစ်နေရာ ရှိတယ်။ ဒါပေမယ့် အဲ့နေရာက သူ့အတွက် အရမ်းကြီး အရေးမပါသေးဘူး။ အဲ့နေရာက သူ့အတွက် အရမ်းအရေးပါလာတဲ့ တစ်နေ့ကျ ငါတို့နှစ်ယောက် အတူတူ ရှိနိုင်လိမ့်မယ်”

“အချစ်ဆိုတာ လူတွေကို စိတ်အနှောင့်အယှတ်‌ ပေးနိုင်လွန်းတဲ့ အရာပါလား” ပီလော့က ရေရွတ်လိုက်လေ၏။

“သူနင့်အတွက် ကောင်းတာ တစ်ခုခု ချန်ထားပေးခဲ့တဲ့ ပုံပဲ။ နင့်ဘာသာနင် တစ်ချက် ကြည့်ကြည့်လိုက်” ရှန်ချင်းလော့က ပီလော့ကို သတိပေးပြီးသည်နှင့် ကျင့်ကြံခြင်းထဲ ပြန်လည် ဈာန်ဝင်စားသွားခဲ့လေ၏။

ထိုစကားကို ကြားလိုက်သည်နှင့် ပီလော့သည် ကုတင်ရှိရာ ဘက်သို့ လမ်းလျှောက်သွားလိုက်ပြီး ရှုပ်ပွနေသော အိပ်ရာခင်းကို မြှောက်လိုက်ရာ ပုလင်းလေးလေး တစ်ပုလင်းကို တွေ့လိုက်သဖြင့် ထိုပုလင်းကို ကောက်ယူ၍ သိလိုစိတ်တကြီး စူးစမ်းတော့လေ၏။

----------------------------------

ဗဟိုမြို့တော်…

ဗဟိုမြို့တော်၏ နေရာအများစုသည် အပျက်အစီးပုံကြီး အတိုင်းသာ ရှိနေသေး၏။ ဟန်မင်းဆက်တစ်ခွင်ရှိ ကျင့်ကြံသူ များစွာသည် ဗဟိုမြို့တော်၏ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို လာရောက် ကူညီကြသော်လည်း လုပ်ငန်းစဉ်သည် တော်တော်လေးကို နှေးကွေးပေသေး၏။ ဤနှုန်းအတိုင်းသာ ဆိုလျှင် ဆယ်နှစ်ခုနှစ်များစွာ ကြာမှသာ ယခင်ကလို ခမ်းနားထည်ဝါသော ဗဟိုမြို့တော်ကို ပြန်လည်တည်ဆောက် နိုင်ပေလိမ့်မည်။

မိသားစုကြီးရှစ်ခုမှ ပညာရှင်များသည်လည်း ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွင် တက်တက်ကြွကြွ ပါဝင် လုပ်ကိုင်နေခဲ့ကြ၏။

မိသားစုကြီးရှစ်ခု၏ တက်သစ်စ လူငယ်ခေါင်းဆောင် ရှစ်ယောက်မှာမူ လူကြီးမျိုးဆက်များ အကူအညီဖြင့် အားလုံးကို စီမံခန့်ခွဲ၊ အမိန့်ပေးနေခဲ့လေ၏။

ချူရီမန်လည်း ပိုးချည်ခေါင်းစည်း တစ်ခုကို သူမ၏ ခေါင်းထက် စီးပတ်ထားလျက် အလုပ်ရှုပ်နေခဲ့လေ၏။ ယခု ချူရီမန်သည် လှပသော ရွာသူလေး တစ်ယောက်နှင့်ပင် တူနေသေး၏။

“ခေါင်းဆောင်၊ ဒီလို ကိစ္စတွေကို ကိုယ်တိုင်ဝင်လုပ်စရာ မလိုပါဘူး။ ဘေးကနေပြီး ညွှန်ကြားလိုက်ရုံပဲလေ။ နေပူကြီးထဲ ဒီလို အပျက်အစီးပုံထဲ ဝင်လုပ်နေလို့ ခေါင်းဆောင်ရဲ့ အသားအရေကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလို့တုန်း” ကျောက်ပုံကြီးကို သူမ၏ လက်ဗလာဖြင့် တူးထုတ်နေသည့် ချူရီမန်ကို ကြည့်လျက် ချူမိသားစုမှ အမျိုးသမီး အကြီးအကဲအိုကြီး၏ ကြင်နာစွာ အသိပေးစကား ဆိုလိုက်လေ၏။

သို့သော်လည်း ချူရီမန်က ပြုံးလျက် ခေါင်းသာ ခါရမ်းလိုက်ပြီး “အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီအတိုင်း ထိုင်နေပြီး စာရွက်တွေပေါ်မှာ လိုက်ပြီး လက်မှတ်ထိုးနေရတာ ပျင်းလာပြီ။ တစ်ခုခုနဲ့သာ အာရုံလွှဲမထားရင်… မတွေးချင်တဲ့ အတွေးတွေကို အမြဲတမ်း တွေးတွေးမိနေတယ်”

“မိသားစုခေါင်းဆောင်က ရန်မိသားစုက ကောင်စုတ်လေး အကြောင်းကို တွေးနေတုန်းလား” ဘွားတော်ကြီးက မကျေမနပ်ဖြင့်း ညီးတွား ရေရွတ်လိုက်ပြီး ရုတ်တရက် သက်ပြင်းချလိုက်ကာ “ဒီလောက် အသက်ငယ်ငယ်နဲ့ သေသွားရတာ ကောင်းကင်ဘုံက သူ့ရဲ့ ပါရီကို မနာလိုဝန်တို နေလို့ပဲ ဖြစ်ရမယ်”

“အဖွား” ချူရီမန် မျက်နှာထက် စိတ်ပျက်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း ပြန်လည် ငြင်းချက်ထုတ်လိုက်၏ “သူမသေသေးဘူး”

ဘွားတော်ကြီးမှာ ပါးစပ်ဟ၍ ချူရီမန်ကို နှစ်သိမ့် ပေးချင်သောလည်း သူမ၏ ပါးစပ်မှ စကားတစ်ခွန်းမှပင် ထွက်မလာနိုင်ခဲ့ချေ။

ရန်မိသားစု၏ ကောင်စုတ်လေး ပျောက််နေသည်မှာ နှစ်ဝက်ကြာခဲ့လေပြီ။ သူသာ အသက်ရှင်နေသေးလျှင် မည်သည့် အတွက်ကြောင့် မထွက်လာရသေးသနည်း။

လူအားလုံး၏ (၉၉) ရာခိုင်းနှုန်းသည် ရန်ကိုင် သေပြီဟု မှတ်ယူထားကြလေ၏။

အမွေ့ခံတိုက်ပွဲအတွင်း သူ့စံအိမ်ထဲ သူနှင့်အတူ ရှိခဲ့သည့် လူငယ်များသာလျှင် ရန်ကိုင် မသေသေးဟု ယုံကြည်နေခြင်း ဖြစ်၏။ သို့သော်လည်း သူမည်သည့် နေရာသို့ ရောက်ရှိနေသည် ဆိုသည်ကို မည်သူမှ မသိကြချေ။

လူငယ်တွေပဲ လူတစ်ယောက်အပေါ် အခုလို မတုန်မလှုပ်၊ မယိမ်းယိုင်တဲ့ စိတ်ဖြင့် ယုံကြည်နိုင်တာပါလား… ဟု တွေးတောလျက် ဘွားတော်ကြီး ကြိတ်၍ ဝမ်းနည်းပူဆွေး နေခဲ့လေ၏။

ရုတ်တရက် စူးရှသည့် သိမ်းငှက်အော်သံတစ်သံ ကောင်းကင်ယံထက် ပဲ့တင်ထပ်သွားခဲ့လေ၏။ ထိုသိမ်းငှက်၏ အော်သံထဲ အံ့အားသင့်နေသည့်၊ ပျော်ရွှင်နေသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့၏။ သိမ်းငှက်အော်သံကို ကြားသည်နှင့် ချူရီမန်လည်း ကောင်းကင်ပေါ်သို့ အလိုလို မော့ကြည့်မိလိုက်ရာ ရွှေရောင်ငှက်မွှေးသိမ်းငှက်သည် ရွှေရောင် အလင်းတန်းတစ်ခု အသွင်ပြောင်း၍ ဗဟိုမြို့တော် အပြင်ဘက်ဆီ ပျံသန်းထွက်သွားနေသည်ကို မြင်တွေ့လိုက်ရ၏။

ရန်ကိုင် ရှာဖွေရာတွင် ရန်မိသားစု၏ ရွှေရောင်မျက်လုံး သိမ်းငှက်၏ အာရုံခံစွမ်းရည်ကိုပါ အသုံးပြု၍ ရှာဖွေခဲ့ကြ၏။

သို့သော်လည်း ဒါဇင်ထက်မကသော ရွှေရောင်ငှက်မွှေး သိမ်းငှက်များသည် ရန်ကိုင်ကို နှစ်ဝက်မျှကြာအောင် ရှာဖွေနေခဲ့သော်လည်း သူ့နှင့် ပက်သက်သော သဲလွန်စ တစ်ခုတစ်လေကိုပင် မကြားခဲ့ရချေ။

ရန်ကိုင် ပိုင်ဆိုင်ခဲ့သော ရွှေရောင်ငှက်မွှေး သိမ်းငှက်သည်သာ ယနေ့ထိတိုင် ဗဟိုမြို့တော်ထဲ ရစ်ဝဲနေခဲ့ခြင်း ဖြစ်၏။ ယနေ့မူ ထိုသိမ်းငှက်သည် စူးစူးရှရှ အော်ဟစ် မြည်တမ်းလျက် နေရာတစ်ခုစီသို့ ရုတ်ချည်း ပြေးထွက် သွားခဲ့လေ၏။

“အဲ့သိမ်းငှက် ဘာဖြစ်တာလဲ” ချူရီမန်က အနည်းငယ် အံ့အားသင့်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်လေ၏။

သိမ်းငှက်ပျောက်ကွယ်သွားရာ အရပ်ဆီသို့ ငေးကြည့်နေသာ ချူရီမန်သည် ရုတ်တရက် အလွန့်အလွန်ကို စိတ်လှုပ်ရှားပျော်ရွှင်သွားခဲ့ပြီး သူမ၏ မျက်နှာသည် ရင်ခုန်စိတ်လှုပ်ရှားမှုတို့ဖြင့် ဝင်းလက် တောက်ပသွားခဲ့ပြီး ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်လေ၏ “သူပြန်လာပြီ။ နောက်ဆုံးတော့ သူပြန်လာခဲ့ပြီ”

စိတ်လှုပ်ရှားတကြီး အော်ဟစ်ပြီးသည်နှင့် ရွှေရောင် ငှက်မွှေးသိမ်းငှက် ပျံသန်းထွက်သွားရာ အရပ်ဆီ အလျင်စလို ပြေးလိုက်သွားလေ၏။

“သူတကယ်ပဲ မသေခဲ့တာလား” ဘွားတော်ကြီး အံ့ဩ မှင်သက်နေသည့် အမူအရာဖြင့် အော်ပြောမိလိုက်၏။ ချက်ချင်းပဲ ချူရီမန် ပျံသန်းသွားသည့် အရပ်ဆီ သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေ၏။ ကံမကောင်းစွာဖြင့် ဘာကိုမှ သူမ အာရုံမခံမိခဲ့ချေ။ အားလုံးသည် ပုံမှန်အတိုင်းသာ ရှိနေခဲ့၏။

မြို့တော်အပြင်ဘက် ကီလိုမီတာ (၃၀)အကွာ၌…

သူ့ဆီပျံသန်းလာနေသည် ရွှေရောင်အလင်းတန်ကို မြင်လိုက်သည်နှင့် ရန်ကိုင် နွေးထွေးစွာ ပြုံးလိုက်ပြီး သူ၏ မိတ်ဆွေဟောင်းဆီ ပျံသန်းသွားလိုက်လေ၏။

All Chapters