← Chapters

အခန်း (၆၁၁-၆၁၅)

Vol. 25 Ch. 611-615

အခန်း (၆၁၁-၆၁၅)

Vol. 25 Ch. 611-615

အပိုင်း(၆၁၁) ဒီကောင်က ခေါင်းထိထားတာလား

——————————————————————

ရန်ကိုင်၏ တောင်းဆိုချက်ကို ကြားလိုက်သည့်အခါ ရွှေးလင် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

ကျိမိုက အံတင်းတင်းကြိတ်လျက် မကျေမနပ်နဲ့ ညည်းတွားလိုက်လေ၏ “အစုတ်ပလုတ်ကောင်၊ ငါ့ကို ရှာဖို့ သက်သက်နဲ့ ဒီကိုလာမှာ မဟုတ်မှန်း ငါသိသားပဲ။ လတ်စသတ်တော့ နင့်မှာ အခြားရည်ရွယ်ချက် တစ်ခု ရှိနေသေးတာကိုး”

ရန်ကိုင် အရှက်ပြေ ရယ်မောလိုက်လေ၏။

ကျိမိုက ရှစ်ခေါက်ချိုး မျက်နှာထားဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချကာ “စွန့်ပစ်မြေကမ္ဘာက အခုတလော မငြိမ်းချမ်းဘူး”

“အို၊ ဘာတွေ ဖြစ်လို့လဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်လေရာ ကျိမိုက

“ဟိုးအချိန်တွေ ကတည်းက စွန့်ပစ်မြေကမ္ဘာဆိုတာ ရိုးရှင်းတဲ့ နေရာတစ်ခုမဟုတ်မှန်း တန်းလန်မင်းဆက်က လူတွေ သိပြီးသား။ ဒါကြောင့် တစ်ခါတစ်ရံ လူအချို့က အရဲစွန့်ပြီး အထဲကို ဝင်သွားလေ့ ရှိကြတယ်။ မကြာသေးခင်ကပဲ အင်အားစု တော်တော်များများက အဖွဲ့တွေစုပြီး စွန့်ပစ်မြေကမ္ဘာကို စူးစမ်း လေ့လာနေကြတယ်လေ။ နင်သာ အခုဝင်သွားလို့ နင့်ကို ရှာတွေ့သွားခဲ့မယ်ဆိုရင် နင့်ရဲ့ လက်ရှိခွန်အားနဲ့ အဆုံးသတ်က ကောင်းလိမ့်မှာ မဟုတ်ဘူး”

“အဲ့အကြောင်းနဲ့ ပက်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။ ငါဝင်ရဲမှတော့ အဲ့လူတွေကို မကြောက်လို့ပေါ့ဟ”

ကျိမိုက မကျေမနပ်ဖြင့် ညည်းတွာလိုက်ပြီး “နင့်လေသံက နည်းနည်းလေးတောင် အထိန်းအကွပ် မရှိပါလား”

တစ်ခဏတာ တုန့်ဆိုင်းနေပြီး နောက်ဆုံး၌ ကျိမိုက ပြောလိုက်၏ “နင်ဒီမှာ ခဏစောင့်နေဦး။ ငါ့ဆရာနဲ့ အရင်သွားဆွေးနွေး လိုက်ဦးမယ်။ ဆရာသွားခွင့်ပြုရင် နင်သွားချင်တဲ့ နေရာဆီ ငါနင့်ကို ခေါ်သွားပေးမယ်။ ခွင့်ပြုချက် မရရင်တော့ ငါနင့်ကို လမ်းညွှန်ပေးလိုက်မယ်လေ။ နင့်ဘာသာနင် သွားလိုက်ပေါ့။ စွန့်ပင်မြေကမ္ဘာက ရှာရ မခက်ပါဘူး”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။

ပြောပြီးသည်နှင့် လိုဏ်းဂူထဲမှ ကျိမို နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်လေ၏။

လမ်းတွင် တွေ့ခဲ့သော မိန်းကလေး နှစ်ယောက်ကမူ ရန်ကိုင်နှင့် ရွှေးလင်အား သိချင်စိတ် ပြင်းပြစွာဖြင့် စိုက်ကြည့်နေခဲ့လေ၏။ ရွှေးလင်က သူမလက်ထဲရှိ အနီရောင် အသီးကို တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားနေခဲ့ပြီး ရန်ကိုင်ကမူ ဆိတ်ဆိတ်သာ နေခဲ့လေ၏။

နာရီဝက်ကြာပြီးနောက် ကျိမို ပြန်ရောက်လာခဲ့၏ “နင်က ငါ့အသက်ကို ကယ်ခဲ့တယ်ဆိုတော့ ဒီတစ်ကြိမ်တော့ နင့်ကို ကူညီခွင့် ပေးလိုက်မယ်လို့ ဆရာက ပြောတယ်။ ငါ့နောက် လိုက်ခဲ့”

ရန်ကိုင်က ပြုံးလျက် မတ်တပ်ရပ်လိုက်ပြီး ကျိမိုနှင့်အတူ လမ်းလျှောက် ထွက်သွားလိုက်လေ၏။

တစ်ခဏကြာပြီးနောက် သုံးယောက်သား ကျောက်တုံးကြီးနားသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်၏။ ကျောက်တုံးကို ဖယ်ပြီးသည်နှင့် တောင်ခြေသို့ ထွက်လာလိုက်လေ၏။

သို့သော်လည်း သူတို့ အပြင်ရောက်သည်နှင့် ချက်ချင်း ဆိုသလို ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အကွာအဝေးတစ်ခုဆီ လှမ်း၍ ကြည့်လိုက်၏။

ကျိမိုသည်လည်း မျက်မှောင် ကြုံ့လိုက်ပြီး ရန်ကိုင် လှမ်းကြည့်လိုက်သည့် အရပ်ဆီ လှည့်ကြည့်လိုက်၏။

ထိုအရပ်ဆီမှနေ၍ လူငယ်လေးတစ်ယောက်သည် လှောင်ပြုံးပြုံးလျက် အဖွဲ့တစ်ခုကို ဦးဆောင်ကာ သူတို့ဆီသို့ လာနေခဲ့လေ၏။

ထိုလူငယ်လေးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၃) ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သူ့နားတွင် ရှိနေသော လူများကမူ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေချည်း ဖြစ်၏။ စုစုပေါင်း လူဒါဇင်ကျော်လောက် ရှိပေမည်။

ထိုအဖွဲ့သည် လှောင်ပြုံးပြုံးလျက် သူတို့၏ လမ်းကို ချက်ချင်း ပိတ်ရပ်လိုက်၏။

ရန်ကိုင်နှင့် ရွှေးလင်တို့၏ ပုံမှန်မဟုတ်သည့် ဝတ်စား ဆင်ယင်ပုံကို သတိပြုမိသည်နှင့် ထိုအဖွံသားများ မျက်မှောင် ကြုံ့လိုက်ကြလေ၏။ အထူးသဖြင့် ရွှေးလင်၏ မိုးပြာရောင် ဆံပင်များကို မြင်တွေ့လိုက်ရသည့် အခါ၌ ဖြစ်၏။ ထိုလူငယ်လေးသည် တဏှာကြီးသည့် အကြည့်ဖြင့် ရွှေးလင်တစ်ကိုယ်လုံးကို အထက်အောက် သိမ်းကြော လှန်လှော ကြည့်ရှုနေခဲ့၏။

ရွှေးလင်၏ မျက်နှာနှင့် ပုံပန်းသွင်ပြင်သည် လွန်စွာကိုမှ ချောမောလှပလှ၏။ သူမ၏ ရေရောင်တလက်လက် ထနေသော မိုးပြာရောင် ဆံပင်းလေးနဲ့ပါ ပေါင်းလိုက်ရာ ရွှေးလင်သည် လူများ၏ အာရုံစိုက်စရာ ဖြစ်လာသည်မှာ သဘာဝပင် ဖြစ်၏။

“ရှင်းပေါင်၊ နင်ဒီကို ဘာလာလုပ်တာလဲ” ကျိမိုက ချက်ချင်း ဆိုသလို ရှေ့တက်၍ ထိုလူငယ်လေးကို စူးစူးဝါးဝါး စိုက်ကြည့်လျက် အေးစက်စက် လေသံဖြင့် မေးလိုက်လေ၏။

ရှင်းပေါင် အမည်ရသော လူငယ်လေးက ပြန်ပြုံးပြလိုက်ပြီး ညစ်ပြုံးပြုံးလျက် “ဂျူနီယာညီမကျိရဲ့ မေးခွန်းက တကယ်ကို စိတ်ဝင်စားစရာပဲနော်။ ဒီနေရာက ငါတို့ ဆန်းလော့ဘုရားကျောင်းရဲ့ ပိုက်နက်လေ။ အဲ့ဒါကို ငါက ဘာလို့ ဒီမှာ မရှိနိုင်ရမှာလဲ။ အို၊ဟုတ်သားပဲ။ ဂျူနီယာညီမကျိကို ဆန်းလော့ဘုရားကျောင်းရဲ့ ဂိုဏ်းသားအဖြစ် အသိအမှတ် မပြုထားတော့ဘူးပဲ။ အခုကနေစပြီး နင့်ကို ကျိမိုလို့ ခေါ်သင့်ပြီပေါ့နော်”

လူငယ်လေးသည် မာနတစ်ခွဲသားဖြင့် ထိုစကားလုံးများကို ပြောလိုက်၏။

သူ့နောက်တွင် ရှိနေသော လူများသည်လည်း လှောင်ပြောင် အထင်သေးသော အမူအရာများဖြင့် ကျိမိုကို ကြည့်နေခဲ့ကြ၏။

သူ၏ စကားများကြောင့် ကျိမို၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီနေခဲ့ရလေ၏။ ချက်ချင်းပဲ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၍ ပြန်ပြောလိုက်လေ၏ “ငါ့တို့ အင်ပါရီယာအင်းစက် အဖွဲ့အစည်းက ဆန်းလော့ဘုရားကျောင်း ကနေ ယာယီနှုတ်ထွက်သွားတာပဲ ရှိတာ။ ဂိုဏ်းကနေ အပြီးတိုင် ခွဲထွက်သွားတာ မဟုတ်ဘူး”

“ဘာလဲ၊ ဂိုဏ်းချုပ်က နင်တို့ အဖွဲ့အစည်းကို ဆန်းလော့ ဘုရားကျောင်းကနေ ထုတ်ပယ်လိုက်ပြီလို့ အမိန့်ပေးထားတာကို နင်မသိသေးတာလား။ အဲ့လိုကြောင့်သာ မဟုတ်ရင် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတဲ့ နင့်ဆရာက နင်တို့ အမှိုက်တွေကို သူနဲ့အတူ အသက်ရှင်လျက် ခေါ်ထုတ်သွား နိုင်မယ်လို့ နင်ထင်လား။ ဘာပဲဖြစ်ဖြစ်၊ နင်က ဆန်းလော့ ဘုရားကျောင်းရဲ့ တပည့်မဟုတ်မှတော့ ဆန်းလော့ ဘုရားကျောင်းရဲ့ ပိုက်နက်ထဲ ဆက်နေလို့ မရတော့ဘူးဆိုတာကို သိသင့်တယ်။ မြန်မြန် ထွက်သွားလိုက်တော့၊ ဆက်နေမယ် ဆိုရင် နင်ထွက်သွားချင်ပြီ ဆိုရင်တောင် ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူးနော်”

ကျိမိုမျက်နှာက နီရာမှ ပြာနှမ်းသွားခဲ့ပြီး “နင်ဒီလောက်တောင် ရက်စက်ရလား”

“ဟတ်၊ ရက်စက်တာလား၊ ဘာလို့ မရက်စက်ရမှာလဲ” ရှင်းပေါင်က‌ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ကြက်သီးမွေးညင်းထစရာ ရယ်မောသံကြီဂနှင့် “ကဲ၊ ဆွေးနွေးလို့ မရတာတော့လည်း မဟုတ်ဘူးလေ။ နင့်ဆရာကိုသာ ငါ့အဖေ လက်အောက် အညံ့ခံဖို့ စည်းရုံးနိုင်မယ်ဆိုရင် နင်တို့လည်း ဆန်းလော့ဘုရားကျောင်းဆီ ပြန်လာလို့ ရသေးတယ်လေ”

“ဘယ်တော့မှပဲ” ကျိမိုက ပြန်၍ လှောင်ပြောင် ပြောဆိုလိုက်၏ “ငါ့ဆရာကို လေးဖက်ထောက်ပြီး နင့်အဖေဆီ အညံ့ခံခိုင်းချင်တာလား။ အိမ်မက်သာ မက်နေလိုက်”

ရှင်းပေါင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “နင်က ခေါင်းမာရတာကို ကြိုက်မှတော့ သင့်တော်တဲ့ တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရမှာပေါ့”

ပြောပြီးသည်နှင့် ရှင်းပေါင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ဟန်းမင်ဆက် ကျင့်ကြံသူနှစ်ယောက်ကို ဖမ်းလိုက်။ ငါ့တို့ကို ရန်စတဲ့ လူတွေကို ဘယ်လိုကံတရားက စောင့်ကြိုနေလဲ ဆိုတာကို ကျိမိုသိသွားအောင် ပြရတာပေါ့”

ရှင်းပေါင် အမိန့်ပေးလိုက်သည်နှင့် သူ့နောက်တွင် ရပ်နေသော လူအားလုံး ရန်ကိုင်နှင့် ရွှေးလင်တို့ဆီ ပြေးဝင်သွားလေ၏။

အကြောင်းပြချက် အချို့ကြောင့် ရှင်းပေါင်သည် ကျိမိုနှင့် တိုက်ရိုက် မရင်ဆိုင်ချင်ချေ။ သို့သော်လည်း ရန်ကိုင်နှင့် ရွှေးလင်သည် ဟန်မင်းဆက်သားများ ဖြစ်ကြသည့်အတွက် သူတို့ကို ကိုင်တွယ်ဖို့ရာ ပြဿနာ မရှိချေ။

ရန်ကိုက်ကမူ သက်ပြင်းသာချ၍ ခေါင်းခါရမ်းလိုက်၏။

ဆန်းလော့ဘုရားကျောင်းတွင် အတွင်းရေး ပဋိပက္ခအချို့ ဖြစ်ပွါးနေသည်ကို အစောကြီးကတည်းမှပင် သူနားလည်ခဲ့ပြီး ဖြစ်၏။ သို့သော်လည်း သူထွက်ခွါချိန်ကို နှောင့်နှေးသွားမည် ဆိုးသည့်အတွက် ဘာ‌တွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို ကျိမိုအား မမေးခဲ့ချေ။ သို့သော်လည်း မပါချင်ပါဘူးဆိုမှ ပြဿနာက သူ့တံခါးကို လာခေါက်နေခဲ့၏။

ရွှေးလင်သည် ရန်ကိုင်ဆီ တစ်ချက် လှမ်း၍ ကြည့်လိုက်၏။

ရန်ကိုင်ကမူ ‘နောက်ဖြစ်လာမယ့် ကိစ္စက ငါနဲ့မဆိုင်ဘူး’ ဟူသော ပုံစံဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့၏။

ရန်ကိုင်က ဂရုမစိုက်သည့် သဘောထားကို မြင်လိုက်သည်နှင့် ရွှေးလင်က နှာခေါင်းရှုံ့လိုက်ပြီး သူမတို့ဆီ ပြေးဝင်လာနေသော ကျင့်ကြံသူများဆီ ရေလုံးလေးတစ်လုံးစီ ပစ်လွှတ်ပေးလိုက်လေ၏။

ရေလုံးလေးများသည် လက်တစ်ဝါးစားသာ ရှိသော်လည်း ပြေးဝင်လာနေသော ကျင့်ကြံသူများနှင့် ထိတွေ့သွားသည်နှင့် ချက်ချင်းဆိုသလို ကြီးများကျယ်ပြန့်သွားခဲ့ပြီး သူတို့၏ ပစ်မှတ်များကို လွှမ်းခြုံဝါးမြို သွားခဲ့လေ၏။ သူမတို့ဆီ ပြေးဝင်လာနေသည့် လူအားလုံး ရေလုံးတွေထဲ ချုပ်နှောင် ခံနေခဲ့ရလေပြီ။

သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေသည့် ဆန်းလော့ ဘုရားကျောင်းမှ ကျင့်ကြံသူများသည် ယခုအချိန်၌ ရေနစ်နေသည့် ခွေးစုတ်တွေ ဖြစ်နေခဲ့ကြလေပြီ။ အပြင်းအထန် ရုန်းကန်နေခဲ့သော်လည်း လုံးဝကို မလွတ်မြောက်နိုင် ဖြစ်နေခဲ့ရ၏။

ရွှေးလင်က သူမလက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်၍ ရှင်းပေါင်းကို ရေပူပေါင်းထဲ ထည့်ပိတ်လိုက်လေ၏။

ဒါဇင်ကျော်သည့် ကျင့်ကြံသူများအားလုံး ရွှေးလင်၏ ရေပူပေါင်းထဲ ပိတ်မိနေခဲ့ရလေပြီ။ သူတို့ ဘယ်လောက်ပင် ရုန်းကန်ပါစေ ထိုကြောက်မက်ဖွယ်ကောင်းသည် ရေအကာအရံကို မဖောက်ထွင်းနိုင်ခဲ့ကြ။

ကျိမိုသည်လည်း ရွှေးလင်ပြသလိုက်သည့် စွမ်းရည်ကြောင့် ကြက်သေသေနေခဲ့ရလေ၏။ မိုးပြာရောင်ဆံပင်နှင့် ထိုမိန်းကလေးသည် ဤမျှကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည် သူမ ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ချေ။

ထိုအပြင် ရွှေးလင်အသုံးပြုလိုက်သည့် နည်းလမ်းများဟာလည်း ကျိမိုအနေဖြင့် မြင်ဖူးဖို့ပင် မပြောနှင့်၊ ကြားပင် မကြားဖူးခဲ့ချေ။

“ခွေးမ၊ ငါ့ကို လွှတ်ပေးစမ်း” ရှင့်ပေါင်းက ရုန်းကန်နေရင်း ရွှေးလင်ကို အော်ဟစ် ခြိမ်းခြောက်လိုက်လေ၏ “ငါ့ကို နာကျင်အောင် လုပ်ရဲရင် နင်အသေဆိုးနဲ့ သေရလိမ့်မယ်”

“ရယ်စရာပဲ” ရွှေးလင်က အထင်အမြင်သေးသေးဖြင့် ပြန်၍ လှောင်ပြောင် ပြောလိုက်လေ၏။ တကယ်တော့ ဤနေရာ်သည် တစ်ဖက်လူ၏ ပိုင်နက်ဖြစ်သည်။ ထို့ကြောင့် ထိုသကောင့်သား၏ အသက်ကို ယူဖို့ရာ မစဉ်းစားထားခဲ့ချေ။ ထိုသူတို့ကို မှတ်လောက်သားလောက် စေမည့် သင်ခန်းစာ တစ်ခုပေးဖို့သာ ရည်ရွယ်ထား၏။

သို့သော်လည်း ရှင်းပေါင်သည် ရွှေးလင်၏ သနားကြင်နာမှုကို တန်ဖိုးမထားပဲ ပို၍ပင် မောက်မာ ရမ်းကားလာခဲ့လေ၏။ ရွှေးလင်သည် သူ့ကို သတ်ဖို့ မစီစဉ်ထားမှန်း သိလိုက်ရသည်နှင့် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး အထိန်းအကွပ်မရှိ ပြောချင်တိုင်း ပြောတော့လေ၏ “နင့်ကို ငါမှတ်ထားမယ်၊ မိန်းမပျက်မ။ ဒီကနေ ထွက်သွားတာနဲ့ ငါ့အဖေကို ပြောပြီး နင့်ကို ဖမ်းခိုင်းရမယ်။ အဲ့ကျမှ ငါ့နင့်ကို ကောင်းကောင်း အပြစ်ပေးကုမယ်။ ငါ့အဖေက ဆန်းလော့ ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ပဲ၊ နင်စောင့်နေ၊ နင်ဆိုးဆိုးရွားရွားကို ခံစားစေရမယ်၊ ဟားဟားဟားဟား”

ရန်ကိုင်လည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေ၏။ ရှင်းပေါင်ကို အရူးတစ်ယောက်ပမာ စိုက်ကြည့်လျက် ကျိမိုကို တိုးတိုးလေး မေးလိုက်လေ၏ “ဒီကောင် ဘာဖြစ်နေတာလဲ။ ခေါင်းများ ထိထားတာလား”

ကျိမိုက၏ ရန်ကိုင်၏ မေးခွန်းကို လျစ်လျူရှုထားလိုက်ပြီး ရွှေးလင်ကိုသာ အာရုံအပြည့်စိုက်ထားခဲ့၏။

ဤတစ်ကြိမ်တော့ ရွှေးလင်လည်း လုံးဝကို ဒေါသ ထွက်သွားခဲ့ရလေပြီ။ သူမ၏ မျက်ဝန်းများသည် ချက်ချင်း ဆိုသလို အေးစက်သွားခဲ့ပြီး သူမ၏ လက်လေးကို တင်းတင်း ဆုပ်လိုက်ရာ ဒါဇင်မကသော ရေပူပေါင်းများအားလုံး အလျင်အမြန် ပေါက်ကွဲထွက်သွားခဲ့ရလေ၏။

“မလုပ်နဲ့” ကျိမိုက အလန့်တကြား ထအော်လိုက်လေ၏။

ဗွမ်း… ဗွမ်း… ဗွမ်း… ဗွမ်း…

ရေပူပေါင်း‌ ပေါက်သံနှင့်အတူ ဒါဇင်မကသော သွေးပန်းတို့သည်လည်း လေထဲ ပွင့်လန်းလာခဲ့ကြလေ၏။

သူတို့၏ အရိုးပင်မကျန်ချေ။ ထိုလူအားလုံး သွေးပုံ၊ အသားပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။

ကျိမို၏ ခန္ဓာကိုယ်လေး တသိမ့်သိမ့် တုန်ရင်နေခဲ့လေ၏။

“နင်ဘာလုပ်လိုက်တာလဲ” ရန်ကိုင်လည်း အသိ ပြန်ဝင်လာသည်နှင့် ရွှေးလင်ကို ဒေါသတကြီး အော်ဟစ် လိုက်လေ၏။

ရန်ကိုင်က အော်ဟစ်လာလေရာ ရွှေးလင်က အောက်ကျ မခံပဲ မတရားခံရသည့် အမူအရာနှင့် ပြန်အော်ပြောလေ၏ “သူတို့ကပဲ ငါ့ကို လာစော်ကားတာလေ။ ငါသူတို့ကို သတ်လိုက်တာ ဘာဖြစ်လို့လဲ”

ရန်ကိုင် သူ့နဖူးသူ ပြန်ပွတ်သပ်လိုက်၏။ ရုတ်တရက် ဆိုသလို သူခေါင်းကိုက်ချင်လာခဲ့လေပြီ။

“ဘာလဲ” ရွှေးလင်က စိတ်ရှုပ်ရှုပ်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်၍ “အမှိုက်စတွေကို သတ်လိုက်တာ ဘာဖြစ်လို့လဲ။ နင်တောင် လူအများကြီး သတ်ခဲ့သေးတာပဲ။ လူတွေ သေတာကို မခံစားနိုင်သေးဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်”

“အဲ့အမှိုက်တွေကို သတ်လိုက်တာ ပြဿနာ မရှိဘူး။ ပြဿနာ အခြားတစ်ယောက်ရဲ့ ပိုက်နက်ထဲမှာ သတ်လိုက်တာပဲ” ရန်ကိုင်က သက်ပြင်းချလျက် “ပြဿနာတာ့ များပြီပဲ”

“တကယ်ကို ပြဿနာ များလာတော့မှာ” ကျိမိုသည် ရန်ကိုင်ကို ဆွံ့အစွာဖြင့် ငေးကြောင် ကြည့်နေခဲ့လေ၏။ ထိုကောင့်ကို သူမ တကယ် နားမလည်နိုင်တော့။ တန်းလန် မင်းဆက်သို့ ရောက်သည်မှာ တစ်ရက်ပင် မပြည့်သေး သော်လည်း ပြဿနာအကြီးကြီး ရှာပြီးသွားခဲ့လေပြီ။

သက်ပြင်းတစ်ချက် ချလျက် ရန်ကိုင်က ပုခုံးတွန့်ပြလိုက်ပြီး “လုပ်ပြီးတာက လုပ်ပြီးသွားပြီ။ သေတဲ့လူကလည်း ပြန်ရှင်မလာ နိုင်တော့ဘူး”

သူတို့အနီး၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုပုံရိပ်သည် အောက်ရှိ မြင်ကွင်းကို အေးစက်စက် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ပြီးနောက် ရန်ကိုင်ဘက် လှည့်ကာ “ရောင်းရင်းလေး၊ ဒီလူအိုကြီးက အဲ့စကားလုံးတွေကိုသုံးပြီး ဆန်းလော့ဘုရားကျောင်း ဂိုဏ်းချုပ်ရဲ့ ဒေါသကို ဖြေဖျောက် ပေးနိုင်မယ်လို့ မင်းထင်နေတာလား”

“မထင်ဘူးလေ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြုံးပြလိုက်လေ၏။

“ဆရာ” ကျိမိုက် လှမ်းအော်လိုက်၍ “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ဘူး…”

အနီးတွင် ဝဲနေသော လူအိုကြီးသည် သူ့လက်ကို မြှောက်လိုက်ပြီး ခေါင်းခါရမ်းကာ “ဒါက နင့်အပြစ်မဟုတ်ဘူး။ သူတို့တွေကပဲ ဟိုကောင်တွေကို သတ်ခဲ့တာ”

ပြောပြီးသည်နှင့် အရာအားလုံးကို ပြုတ်ပြုတ်ပြုန်း စေနိုင်သော ဖိအားတစ်ခု ရန်ကိုင်နှင့် ရွှေးလင်တို့အပေါ် သက်ဆင်းလာခဲ့လေ၏။

သို့သော် ရန်ကိုင်က သာသာယာယာဖြင့်သာ ရှေ့တက်၍ လူအိုကြီးကို အကြောက်အလန့် ကင်းကင်းဖြင့် ပြန်စိုက်ကြည့် လိုက်ကာ “စီနီယာက ဘာလုပ်ချင်လို့လဲ”

“ဒီလူအိုကြီးက မင်းတို့ကို ဖမ်းပြီး ဆန်းလော့ဘုရားကျောင်း ဂိုဏ်းချုပ်လက်ထဲ ထည့်ပေးလိုက်မလို့လေ။ မင်းတို့ မဆင်မခြင် လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ငါ့ရဲ့ အင်ပါရီယာအင်းဆက် အဖွဲ့အစည်းကို ပြိုကွဲမသွားစေနိုင်ဘူး” လူအိုကြီးက ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်၏။

“ဆရာ” ကျိမိုက အော်ပြောလိုက်လေ၏။ သို့သော် သူမ ပါးစပ်ဟလိုက်သည့် အခိုက်မှာပင် လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်း၍ ကျိမိုအား‌ နောက်စကားတစ်ခွန်း မဆိုနိုင်အောင် လုပ်ထားလိုက်လေ၏။

ကျိမို လွန်စွာကိုမှ စိုးရိမ်နေခဲ့ပြီး ရန်ကိုင်အား ထွက်ပြေးရန် အသည်းအသန် အချက်ပြဖို့ ကြိုးစားနေခဲ့လေ၏။

သူမ၏ ဆရာသည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ ကျိမို၏ စိတ်ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆) ပညာရှင်တစ်ယောက်သည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မှ မခုခံနိုင်ဟု တွေးနေခြင်း ဖြစ်လေ၏။

သို့သော်လည်း ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေး၏။ အသာအယာလေး ခေါင်းတစ်ချက် ညိတ်လိုက်ပြီး “စီနီယာ အခုလိုလုပ်တာကလည်း သဘာဝပါပဲလေ။ ဒါပေမယ့် ကျုပ်တို့ကို ဖမ်းလို့ လွယ်လွယ်လေးလို့ တွေးနေရင်တော့ စီနီယာကိုပဲ စိတ်ပျက်စေမိရတော့မှာပေါ့”

ရန်ကိုင်သည် ‘သေခြင်း’ ဆိုသည်ကို မည်ကဲ့သို့ စကားလုံး ပေါင်းရမလဲ ဆိုသည်အား မသိသည့်အလား သူ့မျက်နှာထက် ပူပန်ကြောင့်ကြသည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရ။

ထိုကောင်စုတ်လေးသည် မည့်သည့်အကြောင်းကြောင့် ယခုအချိန်ထိတိုင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်လဲ ဆိုသည်ကို မသိရာ လူအိုကြီးသည် ရန်ကိုင်ကို သေသေချာချာ စူးစိုက် ကြည့်လိုက်လေ၏။ ရုတ်တရက် ဆိုသလို ဝါးလုံးကွဲ အော်ဟစ် ရယ်မောလိုက်ပြီး “စိတ်ဝင်စားစရာပဲ။ တကယ်ကို စိတ်ဝင်စားစရာပဲ။ ဟန်မင်းဆက် ကျင့်ကြံသူတွေ အကုန်လုံး မင်လိုလူတွေချည်းပဲလား”

“ကျုပ်တို့ အားလုံး မဟုတ်ပါဘူး” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ သူ၏ မျက်ခုံးကြောတို့သည်လည်း အနည်းငယ် တွန့်ကွေးနေခဲ့လေ၏။ ထိုလူအိုကြီးသည် သူ၏ သတ်ဖြတ်စိတ်ကို ရုတ်တရက် ဆိုသလို ပြန်ရုတ်သိမ်းသွားခဲ့ရာ ရန်ကိုင်မှာ ဇဝေဇဝါ ဖြစ်နေခဲ့ရလေ၏။

လူအိုကြီးက ခေါင်းညိတ်၍ ဆက်ပြောလိုက်လေ၏ “ကောင်းတယ်။ မင်းက အဲ့ကောင်စုတ်လေးကို သတ်ခဲ့တော့ ဒီလူအိုကြီးက မင်းကို ဖမ်းလိုက်သင့်တာ။ ဒါပေမယ့် အခုတော့ ဒီလူအိုကြီးက အဲ့လို မလုပ်ချင်တော့ဘူး။ မင်းရဲ့ မိတ်ဆွေလေးက ရူးရူးသွပ်သွပ် လုပ်မှတော့ မင်းမှာလည်း ဖုံးကွယ်ထားတဲ့ အထင်ကြီးစရာ နည်းလမ်းလေးတွေ ရှိဦးမှာပေါ့။ ဆန်းလော့ဘုရားကျောင်း ဂိုဏ်းချုပ် လိုက်ဖမ်းတာကို မင်တို့ ဘယ်လိုလွတ်အောင် ထွက်ပြေးမလဲဆိုတာကို ဒီလူအိုကြီး မြင်ချင်သေးတယ်”

ပြောပြီးသည်နှင့် လူအိုကြီးက သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်၍ ကျိမိုအား ပြန်လွှတ်ပေးလိုက်၏။ ပြီးသည်နှင့် “ကျိမို၊ သူတို့ကို စွန့်ပစ်မြေကမ္ဘာဆီ ခေါ်သွားပေးလိုက်။ ဒီတစ်ကြိမ် ပြီးတာနဲ့ ငါတို့ ဆန်းလော့ဘုရားကျောင်းဆီ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မလာစေတော့နဲ့”

သူပြောချင်သည်ကို ပြောပြီးသည်နှင့် လူအိုကြီး၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။

ကျိမိုလည်း လူအိုကြီး ပျောက်ကွယ်သွားသည့် အရပ်ဆီ အလျင်အမြန် ဦးညွှတ်၍ “ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်”

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၁၂) အင်းဆက်ကို ခြေရာခံခြင်း

——————————————————————

သူမ၏ ဆရာစိတ်ပြန်ပြောင်းသွားမှာ စိုးသည့်အတွက် ကျိမိုသည် ရန်ကိုင်နှင့် ရွှေးလင်တို့ကို ဦးဆောင်၍ တောအုပ်ကို အလျင်အမြန် ဖြတ်သန်းပြီး စွန့်ပစ်မြေကမ္ဘာဆီ တစ်ဟုန်ထိုး ပြေးသွားလေ၏။

နေ့တစ်ဝက်ကြာပြီးနောက် သူမ၏ အရှိန်ကို ဖြည်ဖြည်းချင်း လျှော့ချလိုက်ပြီး အသာအယာ သက်ပြင်း ရှိုက်လျက် ရန်ကိုင်နှင့် ရွှေးလင်ဘက်လှည့်ကာ ကူကျယ်ရာ မဲ့စွာဖြင့် “နင်တို့နှစ်ယောက်… ဟတ်…”

“နင့်ဆရာက တော်တော့်ကို စိတ်ဝင်စားစရာ‌ ကောင်းတာပဲ” ရန်ကိုင်က ပြောလိုက်လေ၏။

“ဆရာက ဘယ်သူမှန်တယ်၊ ဘယ်သူမှားလဲ ဆိုတာကို မခွဲခြားတတ်တဲ့ လူမျိုး မဟုတ်ပါဘူးဟာ။ နင်အဲ့လူတွေကို သတ်လိုက်လို့ သူကတောင် ကျေးဇူးတင်နေတာ။ ဒါကြောင့်ပဲ နင်တို့ကို သွားခွင့်ပေးလိုက်တာ”

“ကျေးဇူးတင်တာလား” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ဘာမှမဆိုင်ဘူး။ သူက အချို့ကိစ္စတွေကို သေချာ တွက်ချက် စဉ်းစားပြီးတော့မှ ငါတို့ကို လွှတ်ပေးလိုက်တာ”

“ဘာတွကို စဉ်းစားတွက်ချက်တာလဲ” ကျိမိုက မယုံသင်္ကာဖြင့် ပြန်မေးလိုက်လေ၏။

ရန်ကိုင်က အသာအယာ ပြုံးလိုက်ပြီး လက်ဖျန်ဘက် လှည့်ကာ ဖြတ်ရှရာလေး တစ်ခု ဖန်တီးလိုက်၏။ ပြီးသည်နှင့် ဒဏ်ရာမှ တွားသွားထွက်လာဟန် ထင်ရသည့် အနက်ရောင် အရာလေးတစ်ခုကို အလျင်အမြန် ဖမ်းယူလိုက်လေ၏။

“ခြေရာခံအင်းဆက်လား” ကျိမို၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ဘက်လှည့်ကာ “ဆရာ နင့်ပေါ် ထားခဲ့တာလား”

“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က ‘ငါသိနေပါတယ်’ ဆိုသော အပြုံးမျိုးဖြင့် ကျိမိုကို ပြန်ကြည့်လိုက်လေ၏။

ကျိမို ချက်ချင်းဆိုသလို ရှက်သွားခဲ့လေ၏။ ရန်ကိုင်အပေါ် ခြေရာခံအင်းဆက် တစ်ကောင်ကို တိတ်တဆိတ် ထည့်သွင်းဖို့ ဆိုသည်မှာ သူမ၏ ဆရာသည်သာ လုပ်နိုင်သော အရာဖြစ်၏။ ထို့အပြင် ထိုအင်းဆက်၏ အဆင့်သည် မနိမ့်ကျချေ။ တစ်ချက်ကြည့်ရုံနှင့်လျှင် ထိုအင်းဆက်သည် သူမဆရာအပိုင်ဖြစ်မှန်း သိသာထင်ရှားနေခဲ့လေပြီ။

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိတ်ပူမနေနဲ့။ နင့်ဆရာ အခုလို လုပ်ရတာကလည်း သူငါ့တို့ကို မသတ်ချင်လို့ပဲ။ တကယ်တော့ ငါတို့က နင်တို့ရဲ့ အင်ပါရီယာအင်းဆက် အဖွဲ့အစည်းအတွက် လက်စားချေပေးခဲ့တာလေ။ ပြီးတော့ နင့်အသက်ကိုလည်း တစ်ကြိမ် ကယ်ခဲ့သေးတယ်လေ။ သူအခုလို လုပ်ရတာက နင်တို့ ဆန်းလော့ဘုရားကျောင်း ဂိုဏ်းချုပ်ရဲ့ ဒေါသကို ဖြေသိမ့်ပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်မှာပါ” ရန်ကိုင်က ကျိမိုဆရာ၏ အတွေးများကို ထိုးဖောက် မြင်နေသည့်အလား အသေအချာကို ရှင်းပြသုံးသပ် ပြလိုက်၏။ ပြီးသည်နှင့် အင်းဆက်ကို သူ့ကိုယ်ထဲ အလျင်အမြန် ပြန်ထည့်လိုက်လေ၏။

“နင်…” ကျိမို ကြက်သေသေသွားခဲ့ပြီး “နင်ဘာလို့ ပြန်ထည့်လိုက်တာလဲ”

“ငါသာ အဲ့ကောင်ကို သတ်လိုက်ရင် ဆန်းလော့ ဘုရားကျောင်း ဂိုဏ်းချုပ်ကို နင့်ဆရာ ဘယ်လို ရှင်းပြမလဲ” ရန်ကိုင်က ပြုံးလိုက်ပြီး “ငါခန့်မှန်းတာသာ မမှားရင် ဒီပိုးကောင်လေးက ငါ့တည်နေရာကို အမှတ်အသား ပြုဖို့ အတွက် သုံးတာမလား”

“ဟုတ်တယ်။ ခြေရာခံအင်းဆက်တွေမှာ အဖိုနဲ့အမ ဆိုပြီး ရှိတယ်။ အခု နင့်ကိုယ်ပေါ်မှာ ရှိနေတဲ့ကောင်က အမကောင်၊ ဒါကြောင့် အဖိုကောင်သာ ရှိနေသရွေ့ သူတို့ နင့်ဘယ်မှာ ရှိနေလဲ ဆိုတာကို အလွယ်တကူ လိုက်ရှာလို့ရတယ်” ကျိမိုက အသာအယာ ခေါင်းညိတ်လိုက်လေ၏။

“အခုအချိန်လောက်ဆို အဖိုကောင်က ဆန်းလော့ ဘုရားကျောင်း ဂိုဏ်းချုပ်ရဲ့ လက်ထဲ ရောက်နေလောက်ပြီ” ရန်ကိုင်က ပြောလိုက်လေရာ ကျိမိုက ရန်ကိုင်ကို ပြန်၍ စိုက်ကြည့်လိုက်ပြီး “နင်မစိုးရိမ်ဘူးလား”

ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “သူသာ လာရဲရင် ပြန်လမ်းမရှိအောင် ငါလုပ်ပေးလိုက်မယ်”

“နင်က ခါတိုင်းလို ရူးသွပ်နေတုန်းပါပဲလား”

“အဲ့အကြောင်း တော်လောက်ပြီ။ ဆန်းလော့ ဘုရားကျောင်းမှာ ဘာတွေ ဖြစ်နေတာလဲ” နောက်ဆုံး၌ ရန်ကိုင်လည်း မေးလိုက်လေ၏။

ယခင်က ပြဿနာထဲ ဝင်ပါရမှာစိုးသည့်အတွက် ရည်ရွယ်ချက်ရှိရှိကို မမေးဘဲ နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုအချိန်၌ ပြဿနာထဲ ကြားဝင်ပက်သက်မိနေပြီ ဖြစ်ရာ မေးမေး၊ မမေးမေး ဘာမှ မထူးတော့ချေ။

ကျိမိုက သက်ပြင်းလေးချလျက် “ဆန်းလော့ ဘုရားကျောင်းက တန်းလန်မင်းဆက်မှာရှိတဲ့ တစ်ခုတည်းသော မဟာအင်အားစုကြီးပဲ။ ဒါပေမယ့် ဆန်းလော့ဘုရားကျောင်း ထဲမှာ အဖွဲ့အစည်း (၅)ခုရှိပြီး ငါတို့ရဲ့ အင်ပါရီယာအင်းဆက် အဖွဲ့အစည်းက အားအနည်းဆုံးနဲ့ လူအနည်းဆုံးပဲ။ ဆယ်နှစ် ရောက်တိုင်း ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်ဖို့ အဖွဲ့အစည်း (၅)ခုကနေ လူတစ်ယောက်စီ ရွေးချယ်ရတယ်။ လက်ရှိ ဂိုဏ်းချုပ်က အဲ့သူတောင်းစားကောင် ရှင်းပေါင်ရဲ့ အဖေပဲ။ လက်ရှိ ဂိုဏ်းချုပ်ဖြစ်တဲ့ ရှင်းကျုံက အားလည်းကောင်း၊ အရည်အချင်းလည်း ရှိတယ်ဆိုပေမယ့် ဩဇာအာဏာနဲ့ စွမ်းအားအပေါ် တပ်မက်စိတ်က အရမ်းကို ပြင်းထန်လွန်းတယ်။ ဒါကြောင့် သူ့ဂိုဏ်းချုပ် လုပ်ရမယ့် အချိန်ကုန်ခါလည်း နီးရော အောက်တန်းကျတဲ့ နည်းလမ်း တွေကိုသုံးပြီး ကျန်တဲ့ အဖွဲ့အစည်းလေးခုရဲ့ ထောက်ခံမှုကို ရယူခဲ့တယ်လေ။ ဒါပေမယ့် ငါ့ဆရာက သူနဲ့ ပူးပေါင်း မလုပ်ချင်တော့ ခေါင်းမာမာနဲ့ ဘိုးဘေးတွေရဲ့ လမ်းစဉ်ကိုပဲ လိုက်နာမယ်လို့ ပြောခဲ့တယ်။ အကျိုးဆက်အနေနဲ့ ငါတို့ အင်ပါရီယာအင်းဆက် အဖွဲ့အစည်းက ရှင်းကျုံ ဖိနှိပ်တာ ခံရပြီး ဂိုဏ်းကနေ တဖြည်းဖြည်း တွန်းထုတ်ခံခဲ့ရတယ်။ နောက်ဆုံး ဒီတောင်တွေမှာ နေရဖို့ ဖြစ်လာခဲ့တာပဲ”

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်လေ၏။

အင်ပါရီယာ အင်းဆက် အဖွဲ့အစည်းတွင် လူ(၁၀၀) စွန်းစွန်းသာ ရှိ၏။ သူတို့ကို ဦးဆောင်နေသော မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ရှိသည် ဆိုသော်ငြား ကျန်အဖွဲ့အစည်း လေးခု၏ စုပေါင်းဖိနှိပ်မှုကိုတော့ သူတို့လည်း တောင်ခံနိုင်မည် မဟုတ်ချေ။

“ဆန်းလော့ဘုရားကျောင်းကနေ ထွက်ခွါလာပြီး ဂိုဏ်းရဲ့ အတွင်းရေ ပဋိပက္ခတွေထဲ ဝင်မပက်သက်ဖို့ လုပ်ပေမယ့် သူတို့တွေက ငါတို့ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေခွင့် မပေးဘူးလေ။ ရှင်းပေါင်က လူတွေ ခေါ်လာပြီး ငါတို့ကို အနိုင်ကျင့်၊ ဖိအားပေး နေကျတယ်လေ။ ပြီးတော့ သူ့အဖေကို အညံ့ခံဖို့ပြော။ ဒါပေမယ့် ဆရာကတော့ ခေါင်းမာမာနဲ့ကို ငြင်းဆန်ခဲ့တာ”

“ငါရောက်ရောက်ချင်းတုန်းက နင်အဲ့လို စကားမျိုး ပြောခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ရန်ကိုင်က ပြုံးလိုက်လေ၏။

ကျိမိုက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “နင်မှန်း မသိလို့ပေါ့ဟ။ တကယ်တော့ ငါတို့ ခွဲခွာခဲ့တာ နှစ်အများကြီး ကြာခဲ့ပြီလေ။ နင်အသက်ရှင်နေမှန်း ငါဘယ်လိုလုပ်ပြီး သိမှာလဲ”

ရုတ်တရက် သက်ပြင်းချလိုက်လျက် ကျိမိုက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏ “ကဲ၊ အခြေအနေကတော့ အဲ့လိုမျိုးပဲ”

ကျိမိုသည်သာ ဟန်မင်းဆက်သား တစ်ယောက် ဖြစ်နေခဲ့လျှင် သူမကို ဗဟိုမြို့တော်ဆီ အလွယ်တကူ ဖိတ်ခေါ် နိုင်၏။ သို့သော်လည်း သူမသည် တန်းလန်းမင်းဆက်သား တစ်ယောက် ဖြစ်နေရာ ရန်ကိုင်အနေဖြင့် အရမ်းကြီး ကြားဝင် နှောင့်ယှတ်၍ မကောင်းလှချေ။ သူမက ဆန္ဒရှိလျှင်ပင် သူမ၏ ဆရာသည် ဆန္ဒရှိလိမ့်မည် မဟုတ်ချေ။

ရှင်းကျုံနှင့် တွဲလုပ်ရမည်ကို အဆက်မပြတ် ငြင်းဆန်နေသော ကျိမို ဆရာ၏ သဘောထားကို ကြည့်မည်ဆိုပါက ထိုလူအိုကြီးသည် ခေါင်းမာသော လူတစ်ယောက် ဖြစ်ကြောင်း သိနိုင်၏။ ထိုကဲ့သို့သော လူမျိုးသည် သူတို့၏ မွေးရပ်မြေကို စွန့်ပစ်မည့် လူစားမျိုး မဟုတ်ချေ။

ရန်ကိုင်သည်လည်း အခြားဂိုဏ်းတစ်ခု၏ အတွင်းရေး ပဋိပက္ခတွေထဲ ဝင်ပါဖို့ရာ စိတ်မဝင်စားချေ။ ဒါပေမယ့် သူတို့ဘက်ကသာ သူအား ပြဿနာ လာရှာဖို့ ကြိုးစားခဲ့မည် ဆိုပါက သူကလည်း ကြင်ကြင်နာနာနှင့် တုန့်ပြန်လိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင်၊ ဆန်းလော့ ဘုရားကျောင်း အပြင်ဘက်၊ ထူထဲသော တောအုပ်ကြီးတစ်ခု၏ ကီလိုမီတာ (၅၀)အမြင့်၌…

ခက်ထန်သော မျက်နှာနှင့် အသက်(၄၀)ဝန်းကျင်နား ရှိလောက်မည့် အရပ်ရှည်ရှည် လူကြီးတစ်ဦး ရုတ်တရက် ပျံသန်းလာခဲ့လေ၏။

အောက်ဘက်ရှိ ပုံပွနေသော အသားပုံကြီးနှင့် သွေးအိုင်ကို မြင်တွေ့လိုက်ရပြီးနောက် ထိုခက်ထန်သော မျက်နှာနှင့် လူကြီး၏ အသက်ရှူသံ ကြမ်းတမ်းလာခဲ့ပြီး အစစ်အမျန်ချီ တို့သည်လည်း သူ၏ခန္ဓာကိုယ်မှ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့ကာ အနီးအနားရှိ တောင်ဆီသို့ လှည့်ကြည့်၍ ဒေါသတကြီး အော်လိုက်လေ၏ “လျူယွမ်၊ ထွက်လာခဲ့စမ်း”

“ဂိုဏ်းချုပ်၊ ငါမင်းကို စောင့်နေခဲ့တာ” ကျိမို၏ ဆရာက တည်တည်ငြိမ်ငြိမ်ဖြင့် နှုတ်ဆက်လိုက်လေ၏။

“ရှင်းပေါင်ကို ဘယ်သူသတ်လိုက်တာလဲ” ရှင်းကျုံက ဒေါသ အမျက်ချောင်းချောင်း ထွက်နေသည့် အမူအရာဖြင့် မေးမြန်းလိုက်လေ၏။ သူ့အမူအရာကလည်း ‘မင်းသာ ငါ့ကို ကျေနပ်လောက်မယ့် အဖြေမပေးရင် ငါမင်းကို တန်းသတ်မှာ’ဟု ပြောနေသယောင်ယောင်။

“ဟန်မင်းဆက်က ကျင့်ကြံသူ နှစ်ယောက်ပဲ”

“ဟန်မင်းဆက်က ကျင့်ကြံသူတွေလား” ရှင်းကျုံ ဒေါသတပုန် ထသွားခဲ့ပြီး “ဟန်မင်းဆက်က ကျင့်ကြံသူတွေ ဘာလို့ ဒီကို ရောက်နေရတာလဲ။ မင်က ဟန်မင်းဆက် လူတွေနဲ့ ပူးပေါင်းပြီး ငါ့သားကို သတ်လိုက်တာလား”

“ဂိုဏ်းချုပ်က နောက်နေတာပဲ။ ငါသာ မင်းသားကို သတ်ချင်တယ်ဆိုရင် ရှင်းပေါင် သေတာဖြင့် ကြာလောက်ပြီ။ အခုထိတောင် အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ရဲ့ မျက်နှာကြောင့်ပဲ သူ့ဆောင်ကြွားဆောင့်ကြွား လာလုပ်နေတာကို သည်းခံပေးနေတာ” လျူလွမ်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ သူ့အမူအရာက ရှင်းကျုံကို လုံးဝ မကြောက်သည့် ပုံပင်။

လျူယွမ်ပြောသည်ကို ကြားပြီးသည့်နောက် ရှင်းကျုံ၏ ဒေါသလည်း အနည်းငယ် ပြေလျော့သွားခဲ့လေ၏။ သို့သော်လည်း ဤကိစ္စကို လက်မလွှတ်ချင်သေးရာ “ဘာတွေ ဖြစ်ခဲ့တာလဲ”

အဖြစ်အပျက် တစ်ခုလုံးကို ပြန်ရှင်းပြပြီးသည့်နောက် လီယွမ်က ပုခုံးတွန့်လျက် “အဲ့နှစ်ယောက် ဒီလောက်အထိ ရက်စက် ပြတ်သားလိမ့်မယ်လို့ ဒီလူအိုကြိးလည်း မထင်ထားခဲ့မိဘူး။ ငါနားလည်လိုက်တဲ့ အချိန်က အရမ်းကို နောက်ကျသွားလွန်းခဲ့ပြီ”

“သူတို့တွေ အခုဘယ်မှာလဲ” ရှင်းကျုံက မေးလိုက်လေ၏ “မင်က သူတို့ကို မဖမ်းပဲ ငါရောက်လာမှာကို ဒီအတိုင်း စောင့်နေတာလား”

လျူယွမ်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “သူတို့ ထွက်ပြေးသွားပြီ”

ရှင်းကျုံဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး “မင်းရှိနေတာတောင် သူတို့တွေက ထွက်ပြေးသွားနိုင်တယ်လား။ မင်က သူတို့ကို ဒီအတိုင်း ထွက်သွားခွင့် ပေးလိုက်တာများလား”

“အဲ့လို ပြောလို့ရတယ်။ တကယ်တော့ ငါနဲ့ သူတို့ကြား ရန်ငြိုးရှိတာမှ မဟုတ်တာ။ အကြောင်းအရင်း မရှိဘဲနဲ့ သူတို့ကို ဘာလို့ သွားတိုက်ခိုက်ရမှာလဲ”

ထိုစကားလုံးများကို ကြားလိုက်သည်နှင့် ရှင်းကျုံ၏ ဒေါသ ပေါက်ကွဲထွက်လာခဲ့လေ၏။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ် တထောင်းထောင်း ထွက်ပေါ်လာခဲ့ပြီး အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေ၏ “အခုချက်ချင်း ရှင်းပြချက် မပေးဘူးဆိုရင် မင်းရဲ့ အင်ပါရီယာအင်းဆက် အဖွဲ့အစည်းကို ငါကိုယ်တိုင် သုတ်သင်ပစ်မှာနော်”

ထိုစကားကို ကြားသော်လည်း လျူယွမ်က နှာခေါင်းသာ ရှုံ့၍ “အသတ်ခံလိုက်ရတဲ့ ကိုယ့်ကလေးအတွက် ကလေး အဖေကိုယ်တိုင်က ပြန်လက်စားချေသင့်တယ်လို့ ဒီလူအိုကြီး တွေးနေခဲ့တာ။ ဒါကြောင့် ဒီလူအိုကြီးက နောက်တစ်လှမ်း ဆုတ်ပြီး ဒီအရေးကြီးတဲ့ ကိစ္စကနေ လက်ရှောင်နေလိုက်တာ”

ပြောပြီးသည်နှင့် အင်းဆက်လေး တစ်ကောင်ကို ထုတ်ယူလိုက်ပြီး “ဂိုဏ်းချုပ် ဒါဘာကောင်လဲ ဆိုတာ သိတယ်မလား”

“ခြေရာခံအင်းဆက်လား” ရှင်းကျုံ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့လေ၏။

“အမှန်ပဲ” လျူယွမ်က ယဲ့ယဲ့လေး ခေါင်းညိတ်လိက်ပြီး “ခြေရာခံ အမအင်းဆက်ကောင်ကို ရှင်းပေါင်ကို သတ်သွားတဲ့ လူဆီမှာ ထည့်သွင်းထားလိုက်ပြီ။ ဂိုဏ်းချုပ် မှာသာ ဒီကောင် ရှိနေသရွေ့ သူ့ကို ခြေရာခံပြီး လိုက်သတ်ဖို့က လွယ်လွယ်လေးပဲ”

“အဲ့ဒါငါ့ကိုပေးစမ်း” ရှင်းကျုံက သူ့လက်ကို အလျင်စလို ဆန့်ထုတ်လိုက်လေ၏။

သို့သော်လည်း လျူယွမ်က နောက်တစ်ကြိမ် ခေါင်းခါရမ်းလိုက်ပြီး “ဒီအခြေရာခံအင်းဆက်ကို ဂိုဏ်းချုပ်ဆီ ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလူအိုကြီး မှာလည်း အခြေအနေတွေ ရှိသေးတယ်လေ”

“ငါနဲ့ လာဆွေးနွေးညှိုနှိုင်းချင်တာလား” ရှင်းကျုံက ရက်စက်စွာ ပြုံးလျက် “ခြေရာခံအင်းဆက် မရှိတာနဲ့ အဲ့နှစ်ယောက်ကို မရှာနိုင်တော့ဘူးလို့ မင်းထင်နေတာလား။ ရယ်စရာပဲ။ သူတို့သာ တန်းလန်မင်းဆက်အတွင်း ရှိနေသရွေ့ သူတို့ကို ငါရှာနိုင်တယ်ကွ”

“ဂိုဏ်းချုပ်သာ သူတို့နှစ်ယောက် ဘယ်ကိုသွားလဲ ဆိုတာကို သိရင် အခုလိုစကားမျိုး ပြောထွက်မှာ မဟုတ်ဘူး” လျူယွမ်က ပြန်၍ လှောင်ပြောင်လိုက်လေ၏။

ရှင်းကျုံ မျက်မှောင် ကြုံ့သွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေ၏ “သူတို့ ဘယ်သွားတာလဲ”

“စွန့်ပစ်မြေကမ္ဘာ”

ရှင်းကျုံ၏ အမူအရာ ချက်ချင်းဆိုသလို အရုပ်ဆိုးသွားခဲ့လေ၏။ သူ့ဒေါသကို ငြိမ်အောင် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မေးလိုက်လေ၏ “မင်းရဲ့ အခြေအနေတွေကိုပြော၊ ငါနားထောင်ကြည့်တာပေါ့”

စွန့်ပစ်မြေကမ္ဘာထဲ သွားသည်ဆိုပါက ထိုနှစ်ယောက်ကို ရှာနိုင်မည်ဟု ရှင်းကျုံပင် အာမမခံနိုင်ချေ။ ထိုနေရာထဲမှ စွမ်းအင်သည် အရမ်းကို အန္တရာယ်များပြီး ပရမ်းပတာ ဖြစ်လွန်းပေ၏။ အားကိုရလောက်သည့် လမ်းညွှန်မရှိလျှင် ထိုစွန့်ပစ်မြေကမ္ဘာထဲ အပြီးတိုင် လမ်းပျောက်၍ ပြန်ထွက်မလာနိုင်သည်ပင် ဖြစ်နိုင်၏။

“အင်ပါရီယာအင်းဆက် အဖွဲ့အစည်းက ဆန်းလော့ ဘုရားကျောင်းဆီ ပြန်သွားရမယ်။ ဆယ်နှစ်တစ်ကြိမ် ဂိုဏ်းချုပ် ရွေးချယ်တဲ့ ပုံစံကိုလည်း ဘိုးဘေးတွေ ညွှန်ကြားတဲ့အတိုင်း ပြန်လုပ်ရမယ်။ ဂိုဏ်းချုပ်သာ ကျုပ်တောင်းဆိုချက်ကို လက်မခံဘူး ဆိုရင် ဒီလူအိုကြီးက ဒီအင်းဆက်ကို ချက်ချင်း သတ်ပစ်လိုက်မှာ”

“မင်းလုပ်ရဲလား” ရှင်းကျုံ ဒေါသပုန် ထသွားခဲ့ပြီး ပြန်အော်ဟစ်လိုက်လေ၏။

လျူယွမ်က လှောင်ပြုံးပြုံးလျက် သူ့လက်ဝါးထဲ အစစ်အမှန်ချီကို စုစည်းလိုက်ပြီး ထိုအင်းဆက်ကို အချိန်မရွေး သတ်ပစ်နိုင်အောင် ပြင်ဆင်ထားလိုက်လေ၏။

တစ်ခဏကြာမျှ ဒေါသပုန်ထနေပြီးနောက် ရှင်းကျုံက အံတင်းတင်းကြိတ်၍ ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ။ မင်းရဲ့ တောင်းဆိုချက်ကို ငါလက်ခံတယ်။ ငါ့သားအတွက် ပြန်ပြီး လက်စားချေနိုင်သရွေ့ မင်းရဲ့ အခြေအနေတွေကို ငါဖြည့်ဆည်းပေးမယ်”

“ဂိုဏ်းချုပ် အနေနဲ့ ကိုယ်ပြောတဲ့စကားကို တန်ဖိုး ထားမယ်လို့ ကျုပ်မျှော်လင့်ပါတယ်” လျူယွမ်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏။ ရှင်းကျုံအပေါ် ယုံကြည်ချက် များများစားစား မရှိသော်လည်း အခုအချိန်သည် သူ့အတွက် မျှော်လင့်နိုင်ချေ အရှိဆုံးအချိန်ဖြစ်၏။ ထို့ကြောင့် ခြေရာခံအင်းဆက်ကို ရှင်းကျုံဆီ ပြတ်ပြတ်သားသားပင် လှမ်း၍ ပစ်ပေးလိုက်လေ၏။

ခြေရာခံအင်းဆက်ကို လှမ်း၍ ဖမ်းလိုက်ပြီးသည်နှင့် ရှင်းကျုံက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး စွန့်ပစ်မြေကမ္ဘာရှိနေသည့် အရပ်ဆီ ပျံသန်းသွားလိုက်လေ၏။

----------------------------------

နှစ်ရက်ကြာပြီးနောက် စွန့်ပစ်မြေကမ္ဘာရှိရာသို့ ရန်ကိုင်တို့ သုံးယောက်သား ရောက်ရှိလာခဲ့လေ၏။

စွန့်ပစ်ကျတ်တီးမြေကြီးကို ကြည့်လျက် ရန်ကိုင်နှင့် ရွှေးလင်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြလေ၏။

ထိုနေရာတစ်ခုလုံးကို ဝန်းရံနေသည့် အရှိန်အဝါသည် လွန်စွာကိုမှ ထူးဆန်း၏။ ထိုအရှိန်အဝါသည် အနားရောက်လာသည့် လူတိုင်းအား မကောင်းသည့် ခံစားချက် တို့ကို ရစေ၏။ ဤစွန့်ပစ်မြေကမ္ဘာသည် တန်းလန်မင်းဆက်၏ အန္တရာယ်အများဆုံး တားမြစ်နယ်မြေတစ်ခု ဖြစ်လာသည်မှာ မထူးဆန်းတော့ချေ။

“ငါတို့ရောက်ပြီ” ကျိမိုက အနည်းငယ် တုန်လှုပ် ချောက်ချားနေသည့် အမူအရာဖြင့် ပြောလိုက်လေ၏။

“ကျေးဇူးပါ” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းပြန်ညိတ် ပြလိုက်လေ၏။ ဤရက်အတောအတွင်း ကျိမိုသည် စွန့်ပစ်မြေကမ္ဘာနှင့် ပက်သက်သော အသုံးဝင်လောက်မည့် အကြောင်းအရာများကို သူ့အား ပြောပြခဲ့၏။

“နင်တကယ် သွားချင်တာလား” ကျိမိုက ရန်ကိုင်က စိုးရိမ်တကြီးဖြင့် စိုက်ကြည့်လျက် မေးလိုက်၏။ သူမ စိတ်ထဲတွင်လည်း ‘ဒီကောင် စွန့်ပစ်မြေကမ္ဘာထဲ ဘာသွားလုပ်နေတာလဲ’ ဟု တွေးနေသေး၏။

“ငါသွားရမယ်”

“အဲ့လိုဆိုရင် နင်ထွက်လာမှာကို ငါစောင့်နေမယ်” ကျိမိုက သက်ပြင်းချလိုက်ပြီး ရန်ကိုင်အား ဆက်၍ ဖျောင့်ဖျဖို့ရာ မကြိုးစားတော့ချေ။

“မလိုပါဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ “ငါသွားပြီးတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် အချိန်အတော်အတော့်ကို ကြာတဲ့အထိ ပြန်တွေ့ဖြစ်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ဒီနေရာကို နောက်တစ်ကြိမ် ပြန်လာတော့မှာ မဟုတ်ဘူး။ ဆန်းလော့ဘုရားကျောင်းဆီ နင်ပြန်သင့်တယ်”

ကျိမို မှင်သက်သွားခဲ့လေ၏။

“ပြန်သွားပြီး နင့်ဆရာကို ပြောလိုက်။ သူသာ ငါ့ကို နောက်တစ်ကြိမ် အကွက်ချကြံစည်ရဲတယ် ဆိုရင် နင့်ဆရာ ဖြစ်နေရင်တောင် သူ့ကို သတ်ပစ်မယ်လို့” ရန်ကိုင်က ကြမ်းကြုတ်စွာ ပြုံးဖြီးလျက် ရူးသွပ်စွာ ရယ်မောလိုက်၍ ရွှေးလင်နှင့်အတူ စွန့်ပစ်မြေကမ္ဘာထဲသို့ ဝင်သွားခဲ့လေ၏။

ကျိမိုလည်း ထိုနေရာ၌ အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ရပ်နေပြီးနောက် အသိပြန်ဝင်လာသည်နှင့် အလျင်အမြန် အော်ဟစ်လိုက်လေ၏ “ရန်ကိုင်၊ ဂရုစိုက်၊ မသေစေနဲ့ဦး”

ရန်ကိုင်က ပြန်လှည့်မကြည့်ဘဲ သူ့လက်ကို ဝှေ့ရမ်း ပြ၍သာ ရှေ့ဆက်သွားနေခဲ့လေ၏။

မကြာခင်မှာပင် ရန်ကိုင်နှင့် ရွှေးလင်တို့သည် ကျိမို၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

သူပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် သူမစိတ်ထဲ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ကျိမို ခံစားလိုက်ရလေ၏။

အမှန်အတိုင်း ပြောရမည် ဆိုလျှင် ရန်ကိုင်နှင့် သူမသည် အရမ်းကြီး မရင်းနှီးကြချေ။ သီးခြားကမ္ဘာအတွင်းတွင် ရန်ကိုင် ပြသခဲ့သော စွမ်းရည်များကြောင့်သာ သူ့အပေါ် သူမ စွဲလန်းမိသွားခဲ့ခြင်း ဖြစ်၏။ ဒီတစ်ကြိမ် သူမတို့ ပြန်တွေ့သည့် အခါ သူမမှာ ပို၍ပင် ထိတ်လန့်သွားခဲ့ရ၏။

မသိလိုက်မသိဘာသာနှင့် ထိုကောင်စုတ်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆) ပညာရှင် တစ်ယောက်ပင် ဖြစ်နေခဲ့လေပြီ။

ရန်ကိုင်သည် သူမတွေ့ခဲ့ဖူးသော လူများအနက် အတော်ဆုံး၊ အထူးချွန်ဆုံး လူတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် သူ၏ ထွက်ခွါသွားမှုသည် သူ့မအား အနည်းငယ် နောင်တရစေခြင်း ဖြစ်နိုင်ပေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၁၃) စွန့်ပစ်မြေကမ္ဘာ

——————————————————————

မည်သည့် သက်ရှိမှ မရှိသော၊ မြက်ပင် မပေါက်သော၊ လေထဲ ဝဲချင်သလို တဝဲလည်လည် ဖြစ်နေသော ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲတို့ဖြင့် ပြည့်နေသော အဆုံးမဲ့ စွန်ပစ်မြေတစ်ခု၊ ထိုစွန့်ပစ်မြေထဲ မိမိ၏အရှေ့ဘက် (၁၀)မီတာ အကွာကိုပင် မြင်ရုံသာ မြင်နိုင်၏။

ဤနေရာသည် စွန့်ပစ်မြေကမ္ဘာ ဖြစ်၏။

ဤနေရာသို့ ခြေချလိုက်သည်နှင့် ရန်ကိုင်သည် ပို၍ သတိချပ်ထားလိုက်၏။ ကျိမိုပြောစကားအရ စွန့်ပစ်‌ မြေကမ္ဘာအတွင်းရှိ စွမ်းအင်စီးကြောင်းများသည့် ပရမ်းပတာ ဖြစ်နေပြီး ဘေးအန္တရာယ်သည်လည်း အချိန်မရွေး ရောက်ရှိ လာနိုင်၏။ တစ်စုံတစ်ယောက်သည် တစ်ချက်ကလေးပင် သတိလွတ်သွားမြည် ဆိုပါက ဤနေရာသည် သူတို့၏ သင်္ချိုင်းကုန်း ဖြစ်သွားရပေလိမ့်မည်။

ထို့အပြင် ထိုပရမ်းပတာ ဖြစ်နေသော စွမ်းအင်များကြောင့် အလွယ်တကူ လမ်းပျောက်နိုင်၏။ နှစ်စဉ်နှစ်တိုင်း ဤနေရာသို့ ကံလာစမ်းကြသူများ ရှိသော်လည်း အများစုသည် ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ကြချေ။

စွန့်ပစ်မြေကမ္ဘာ မည်ကဲ့သို့ ဖြစ်တည်လာခဲ့လေသနည်း။ ကျိမို အများကြီး မသိချေ။ ဤနေရာသည် လွန်ခဲ့သော နှစ်(၂၀၀) ခန့်က ရုတ်တရက် ပေါ်လာခဲ့သည် ဆိုသည်ကိုသာ သိထား၏။

စွန့်ပစ်မြေကမ္ဘာ ရှိနေသော နေရာသည် တစ်ချိန်က ဤမျှ ခြောက်သွေ့အရိုင်းဆန်ခြင်း မရှိချေ။ အရမ်းကြီး စည်ကား သိုက်မြိုက်သော နေရာတစ်ခု မဟုတ်သော်ငြား ပန်းပွင့်များ၊ သစ်ပင်များနှင့် ဤနေရာ၌ နေထိုင်ခဲ့သော လူများ ရှိခဲ့၏။

စွန့်ပစ်မြေကမ္ဘာ၏ ထွက်ပေါ်လာမှုကြောင့် လွန်ခဲ့သော နှစ်(၂၀၀)ခန့်အချိန်က တန်းလန်မင်းဆက် တစ်ခုလုံး အကြီးအကျယ် ဂယက်ရိုက်သွားခဲ့ရ၏။ ယနေ့ထိတိုင် စွန့်ပစ်မြေကမ္ဘာသည် တန်းလန်မင်းဆက်အတွင်းရှိ အလျှို့ဝှက် အဆန်းကြယ်ဆုံး နေရာတစ်ခု ဖြစ်နေဆဲ။

ကျိမိုသည် စွန့်ပစ်မြေကမ္ဘာ မည်ကဲ့သို့ ဖြစ်ပေါ်လာသည် ဆိုသည်ကို မသိသော်လည်း ရန်ကိုင်သိ၏။

တန်းလန်မင်းဆက် တားမြစ်နေရာ တစ်ခုဖြစ်သော စွန့်ပစ်မြေကမ္ဘာကို မန်ဝူရ ဖန်တီးခဲ့ခြင်း ဖြစ်၏။

ထုန်းရွှမ်လောကဆီသို့ သွားသည့်‌ လေဟာနယ်လျှောက်လမ်း မပြိုကျခင် နောက်ဆုံး အခိုက်အတန့်၌ မန်ဝူရသည် ရန်ကိုင်အား သတင်စကား တစ်ခုပါးခဲ့၏။

ထိုသတင်းစကားအရ မန်ဝူရသည် ရန်ကိုင်အား ထုန်းရွှမ် လောကဆီသို့ သွားနိုင်မည့် နည်းလမ်းတစ်ခုကို ပြောပြခဲ့၏။ မန်ဝူရဆီမှ ကြားခဲ့ရသည့် သတင်းကြောင့်သာ ရန်ကိုင်သည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

မန်ဝူရကြောင့်သာ မဟုတ်လျှင် စွန့်ပစ်မြေကမ္ဘာ အတွင်း၌ ဖုံးကွယ်နေသော လေဟာနယ်လျှောက်လမ်း တစ်ခု ရှိနေလိမ့်မည်ဟု ရန်ကိုင် ဘယ်သောအခါမှ တွေးခဲ့မိလိမ့်မည် မဟုတ်ချေ။ သူသာ ထိုလေဟာနယ်လျှောက်လမ်းကို ရှာနိုင်လျှင် တစ်ဖက်လောကကြီးဆီ သွားနိုင်ပေလိမ့်မည်။

မန်ဝူရ ထုံးရွှမ်လောကမှ ဤလောကြီးဆီသို့ ရောက်လာခဲ့စဉ် အခါက စွန့်ပစ်မြေကမ္ဘာအတွင်း၌ ရှိနေသော လေဟာနယ်လျှောက်လမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ ထိုလမ်းကြောင်းကို ကာကွယ်ထားနိုင်ဖို့ရာ မန်ဝူရသည် နက်နဲသည့် နည်းစနစ် တစ်ခုကို အသုံးပြု၍ ဤနေရာ၌ အကာအကွယ် အစီအရင်တစ်ခုကို ဖန်တီးခဲ့လေ၏။ ထိုအကာအကွယ် အစီအရင်ကြောင့်ပဲ ဤနေရာသည် တန်းလန်မင်းဆက်၏ နာမည်ကျော်ကြားသော တားမြစ်နယ်မြေ တစ်ခု ဖြစ်လာခဲ့ရလေ၏။

ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်များကို စုပ်ယူချိန် ကြာလာသည့်အခါ ထိုအစီအစဉ်သည် ပိုပို၍ အန္တရာယ် များလာခဲ့လေ၏။ နောက်ဆုံး၍ မန်ဝူရပင် ထိန်းချုပ် မရနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီး လက်ရှိ အခြေအနေသို့ တဖြည်းဖြည်း ကူးပြောင်းသွားခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သော နှစ်(၂၀၀)ကပင် မန်ဝူရသည် ဤလောကကြီး ဆီသို့ ရောက်ရှိလာခဲ့ရာ ယခု မန်ဝူရ၏ အသက် ဘယ်လောက် ရှိနေမည်နည်း။ မန်ဝူရပြောခဲ့သည့် အကြောင်းအရင်းများကို ပြန်စဉ်းစားရင်းမှ ရန်ကိုင် တွေးတောလိုက်လေ၏။

မန်ဝူရသည် တကယ်ကို ဆန်းကြယ်လွန်းပေ၏။ မန်ဝူရ အကြောင်းကို နားလည်သွားပြီဟု တွေးလိုက်သည့်အခါတိုင်း မန်ဝူရ ဘာမှ နားမလည်သေးသည်ကို ရန်ကိုင် အလျင်အမြန်ပင် နားလည်သွားခဲ့ရ၏။ မန်ဝူရ၏ လက်ရှိ မသေမျိုးတတိယအဆင့် ကျင့်ကြံခြင်းသည်လည်း သူ၏ အစစ်အမှန် ကျင့်ကြံခြင်း မဟုတ်သေးဟု ရန်ကိုင်စိတ်ထဲ ရေးတေးတေးလေး ခံစားမိနေခဲ့၏။

အဲ့မြေခွေးအိုကြီးကတော့ကွာ ရန်ကိုင်က မကျေမနပ်ဖြင့် ခေါင်လေးရမ်းလျက် ရေရွတ်လိုက်လေ၏။

ရွှေးလင်သည် ရန်ကိုင်၏ ခြေလှမ်းများအတိုင်း အနီးကပ် လိုက်သွားခဲ့၏။ သူမသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း ဤနေရာသည် သူမအား မလုံခြုံသည့် ခံစားချက်ကို ရစေ၏။ ထို့ကြောင့် ရန်ကိုင်နဲ့ လမ်းကွဲသွားမှာကို ကြောက်သည့်အတွက် ရန်ကိုင်ဆီမှာ အကွာကြီး ခွါမလိုက်ရဲချေ။

တစ်ခဏတာမျှ လမ်းလျှောက်ပြီးနောက် ရန်ကိုင်က သွားနေသည်ကို ရပ်တန့်၍ မျက်လုံးစုံမှိတ်ကာ သေသေချာချာ နားထောင်လိုက်လေ၏။ တစ်ခဏကြာပြီးနောက် သူ့အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြီး ရွှေးလင်၏ လက်ကို ဖမ်းဆွဲကာ အရှေ့ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလေ၏။

မီတာပေါင်းများစွာ ပြေးပြီးသည်နှင့် ကြောက်မက်ဖွယ် ကောင်းသည် လေပြင်းတိုက်ခတ်သံတို့ သူတို့နောက်ဘက်မှ ထွက်ပေါ်လာခဲ့လေ၏။

ရွှေးလည်လည်း စပ်စုလိုစိတ်ဖြင့် နောက်လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ မျက်နှာ ရုတ်ချည်းဆိုသလို သွေးစုတ် ဖြူလျော်သွားခဲ့ရ၏။ သူမတို့ ရပ်နေခဲ့သည့် နေရာ၌ တိမ်ယံထိတိုင် ရောက်ရှိနေခဲ့သော ဧရာမလေပွေကြီးတစ်ခု ရှိနေခဲ့၏။ ကြောက်မက်ဖွယ် စွမ်းအင်တို့ ပါဝင်နေသော ပြင်းထန်လှသည့် လေဓါးသွားတို့သည် ထိုလေပွေကြီးမှ အဆက်မပြတ် ဖြာထွက်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ မြေသားတို့ကို အဆက်မပြတ် လှီးဖြတ်နေခဲ့လေ၏။

“ငါနဲ့အနီးကပ်နေ” ရန်ကိုင် ပြောလိုက်လေ၏ “ဒီမှာ ရှိနေတဲ့ စွမ်းအင်တွေက အရမ်းကို ပရမ်းပတာ ဖြစ်လွန်းတယ်။ သတိမထားရင် ဒီမှာတင် တစ်ခါတည်း အသက်ပျောက်သွား နိုင်တယ်”

ရွှေးလင်သည် သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာဖြင့် အဆက်မပြတ် ခေါင်းညိတ်ပြကာ စိုးရိမ်တကြီး မေးလိုက်လေ၏ “ဒီနေတစ်ခုလုံးက အရမ်းကို အန္တရာယ်များလွန်းတယ်။ ဘာအဖိုးတန် ရတနာမှလည်း ရှိတာ မဟုတ်ဘူး။ အဲ့ဒါကို ဒီနေရာမှာ ကံလာစမ်းတဲ့ ပညာရှင်တွေ အများကြီး ရှိနေတယ်လို့ ကျိမိုမိန်းကလေး ဘာလို့ ပြောခဲ့တာလဲ မသိဘူး”

“ဘာလို့လဲဆိုတော့ ဒီပရမ်းပတာ ဖြစ်နေတဲ့ စွမ်းအင် စီးကြောင်းတွေက နက်နဲဆန်းကြယ်တဲ့ သိုင်းပညာရပ် တစ်ခုကနေ ဖြစ်လာတာကြောင့်ပဲလေ” ရန်ကိုင်က အမြန်အဆန် ရှင်းပြလိုက်လေ၏။

“သိုင်းပညာရပ်ကြောင့် ဖြစ်လာတာလား” ရွှေးလင် မှင်သက်သွားခဲ့လေ၏။

“ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ဖို့အတွက် တစ်ယောက်ယောက်က အဆင့်မြင့် သိုင်းပညာရပ်တစ်ခုကို ထုတ်လွှတ်ခဲ့တယ်လေ။ ပြီးတာနဲ့ နည်းလမ်းအချို့သုံးပြီး အဲ့သိုင်းပညာရပ်ရဲ့ အဖျက် စွမ်းအားကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားခဲ့တာ။ ဒီလိုနဲ့ပဲ အချိန်တွေ ကြာလာတော့ သိုင်းပညာရပ်ရဲ့ ပုံစံက ပျောက်ကွယ်သွားပြီး စွမ်းအင်တွေက ပရမ်းပတာ ဖြစ်လာတော့တာပဲ။ ဒါပေမယ့် အဲ့စွမ်းအင်တွေထဲ သိုင်းပညာရပ်ကို အသုံးပြုသွားတဲ့ ပညာရှင်ရဲ့ သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှုတွေ ပါဝင်နေသေးတယ်။ တစ်ယောက်ယောက်သာ ပရမ်းပတာ ဖြစ်နေတဲ့ စွမ်းအင်တွေကို လေ့လာရင်း ဥာဏ်အလင်းပွင့်သွားခဲ့ရင် ပုံပျက်နေတဲ့ သိုင်းပညာရပ်ကိုလည်း ပြန်ပြီး ပုံဖော်ကောင်း ပုံဖော်နိုင်လိမ့်မယ်။ ဒီတော့… အဲ့ပညာရှင်တွေက ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်ခံမယ်လို့ ထင်လား”

“ဘယ်လိုပညာရှင်ကများ ဒီလို သိုင်းပညာရပ်ကို ပိုင်ဆိုင် ထားတာလဲမသိဘူး” ရွှေးလင် မှင်သက်သွားခဲ့ပြီး “သိုင်းပညာရပ်တွေရဲ့ အဖျက်စွမ်းအင်ကို ဒီလောက်အချိန်အထိ မပျောက်မပျက် ထိန်းသိမ်းထားဖို့က မဖြစ်နိုင်ဘူးမလား”

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ပြီးတော့၊ နင်လည်း အဲ့လူကို တွေ့ခဲ့ပြီးပြီလေ” ရန်ကိုင်က ပြောလိုက်လေ၏။

“ဘယ်သူလဲ” ရွှေးလင် ပို၍ စိတ်ရှုပ်သွားခဲ့ရလေပြီ။

ရွှေးလင်က မေးခွန်းပေါင်းများစွာ မေးခဲ့သော်လည်း ရန်ကိုင်က ပြန်မဖြေခဲ့ချေ။ ကြာလာသည့် အချိန်မှာတော့ ရွှေးလင်က အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “နင်ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ်။ ဒီနေရာမှာ တစ်ဘဝလုံး နေခဲ့တဲ့ ကျိမိုတောင် နားမလည်ထားတဲ့ အရာတွေကို ဟန်မင်းဆက်က နင့်လိုလူတစ်ယောက်က ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ်ပြီး နားလည်နေရတာလဲ”

သို့သော်လည်း ရန်ကိုင် ရှင်းပြသွားသည်က ယုတ္တိရှိနေခဲ့ရာ ရွှေးလင်မှာလည်း မစဉ်းစားတတ်အောင် ဖြစ်နေခဲ့ရလေ၏။ ရန်ကိုင် ရှင်းပြသွားသည့် အကြောင်းအရာမှ လွဲ၍ တန်းလန် မင်းဆက်မှ ပညာရှင်များ အသက်စွန့်ပြီး ကြိုးစားရလောက်တဲ့ အထိ ဆွဲဆောင်မှုရှိသည့် မည်သည့်အရာကိုမှ ရွှေးလင် စဉ်းစားမရခဲ့ချေ။

ထိုကဲ့သို့ သွားနေစဉ်အတွင်း ရန်ကိုင်နှင့် ရွှေးလင်တို့သည် ပြင်းထန်လှသည့် စွမ်းအင်မုန်တိုင်းများကို နာရီတိုင်းလိုလို ကြုံတွေ့ခဲ့ရ၏။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် အန္တရာယ် ရောက်မလာခင် ပုံမှန်မဟုတ်သည်များကို အမြဲလိုလို အာရုံခံမိတတ်ရာ သူနှင့် ရွှေးလင်တို့သည် ယခုတိုင် ဘေးကင်းနေခဲ့လေ၏။

နှစ်ရက်သုံးရက်လောက် လမ်းလျှောက်ပြီးနောက် ရွှေးလင်၏ မျက်နှာလှလှလေးသည် ဖုန်များဖြင့် ညစ်ပတ် ပေရေနေခဲ့ပြီး ရေရောင်တလက်လက် ထနေသော သူမ၏ ဆံပင်သည်လည်း ဖရိုဖရဲဖြစ်နေခဲ့လေပြီ။

အတွင်းပိုင်းသို့ ရောက်လာလေ အန္တရာယ်များကို ပိုတွေ့ရလေဖြစ်ပြီး စွမ်းအင်မုန်တိုင်းများကိုလည်း မကြာခဏ ကြုံတွေ့ခဲ့ရလေ၏။

ရွှေးလင်းမှာမူ တော်တော်လေးကို ကူကယ်ရာမဲ့နေခဲ့၏။ ထို့ကြောင့် ရန်ကိုင် မည်သည့် နေရာဆီသွားနေလဲ ဆိုသည်ကို မသိရသေးသော်ငြား သူမအနေဖြင့် နောက်ကနေသော ငြိမ်သက်စွာ လိုက်ပါသွားခဲ့လေ၏။

ရန်ကိုင်သည် သူမကို အိမ်ပြန်ခေါ်သွားလိမ့်မည် ဆိုသည်ကို ရွှေးလင် အတပ်သိ၏။

တစ်ချိန်တည်းမှာပင် စွန့်ပစ်မြေကမ္ဘာ၏ အခြားတစ်နေရာ၌…

ဒါဇင်ကျော်သော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များသည် အလင်းလုံ‌လေးတစ်လုံး နောက်သို့ လိုက်နေခဲ့ကြလေ၏။ ထိုအလင်းလုံးလေး ရောက်သွားသည့် နေရာတိုင်း အပျက်အစီးပုံတို့ဖြင့် ပြည့်သွားခဲ့ရ၏။

ထိုဒါဇင်ကျော်သော အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များသည် တစ်ယောက်ကို တစ်ယောက် အော်ဟစ်အော်ပြောလျက် လူတစ်ယောက် ဦးဆောင်မှုနှင့်အတူ လူချင်းခွဲထားကာ ထိုအလင်းလုံးလေး၏ ဆန်းကြယ် မှုများကို လေ့လာနေခဲ့လေ၏။

ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ပြီးနောက် အောင်မြင်ခါနီး ဆဲဆဲပင်မှာ ပုံရိပ်တစ်ခုသည် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ထိုအသစ် ရောက်လာသည့် လူ၏ အရှိန်အဝါသည် ပြင်းထန်၍ ကြောက်မက်ဖွယ် ကောင်းလှပြီး ထိုသူတွေ၏ ရှေ့သို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့လေ၏။

မြေပေါ်သို့ သူခြေချလိုက်သည်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့လေ၏။

“ခင်ဗျားဘယ်သူလဲ” ခေါင်းဆောင်က ဒေါသတကြီး မေးခွန်းထုတ်လိုက်လေ၏။

“ရှင်းကျုံ” ရောက်ရှိလာသည့် လူသည် လေသံတိုးတိုးဖြင့် သူ၏ နာမည်ကို ပြောလိုက်လေ၏။ သူ့ဒေါသတကို အတင်းအကြပ် ချုပ်တည်းထားသော်ငြား သူ့ကို မြင်သည့် လူတိုင်း သူမပျော်ဘူးဆိုသည်ကို တန်းပြောနိုင်ပေ၏။

“ရှင်းကျုံလား” ထိုနာမည်ကို ကြားလိုက်သည်နှင့် ထိုအဖွဲ့ခေါင်းဆောင်၏ မျက်နှာအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ရှေ့တက်လိုက်လေ၏။ ရှင်းကျုံ၏ မျက်နှာသည် သူဘယ်သူဘယ်ဝါ ဆိုသည်ကို အတည်ပြုပြီးသည်နှင့် ထိုခေါင်းဆောင်သည် ချက်ချင်းဆိုသလို ရိုရိုသေသေဖြင့် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏ “ဆန်းလော့ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေတာကိုး”

ဆန်းလော့ဘုရားကျောင်းသည် တန်းလန်မင်းဆက်၏ တစ်ခုတည်းသော မဟာအင်အားစုကြီး ဖြစ်လေ၏။ ထို့ကြောင့် ဆန်းလော့ဘုရားကျောင်း၏ အဆင့်အတန်းသည် တန်းလန် မင်းဆက်တွင် လုံးဝကို ပြိုင်ဘက်ကင်းပေ၏။

ယခုနေရာတွင် ရှိနေသော လူများသည် တန်းလန်မင်းဆက် အတွင်း၌ အဆင့်နိမ့်သည့် လူများ မဟုတ်သော်လည်း ရှင်းကျုံနှင့် ရင်ဆိုင်ရသည့်အခါက တစ်ဖက်လူကို မရိုသေဘဲ မနေရဲချေ။ အားလုံးသည် ရှင်းကျုံကို ရိုသေစွာဖြင့် နှုတ်ဆက်လိုက်လေ၏။

ရှင်းကျုံက အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်လေ၏။

အဖွဲ့ခေါင်းဆောင်သည် အပြုံးကြီး ပြုံးလျက် သတိကြီးကြီးဖြင့် မေးလိုက်လေ၏ “ဂိုဏ်းခေါင်းဆောင်ရှင်း စွန့်ပစ်မြေကမ္ဘာဆီ ရောက်လာတာ ကံလာစမ်းချင်လို့များလား မသိဘူး”

ရှင်းကျုံကမူ အေးစက်စက်ဖြင့် နှာခေါင်းရှံလိုက်၍ “ငါ့မှာ အဲ့လောက် အချိန်မရှိဘူး”

“အဲ့လိုဆိုရင် ဂိုဏ်းချုပ်ဆောင်ရှင်း ဒီနေ့ ဒီနေရာဆီ ဘာလို့ ရောက်လာရတာလဲ ဆိုတာကိုများ သိလို့ရမလား” ခေါင်းဆောင်က နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်မေးလိုက်လေ၏။

စွန့်ပစ်မြေကမ္ဘာသည် ငြိမ်းချမ်းသည့် နေရာတစ်ခုမဟုတ်။ ရှင်းကျုံသည် ဤနေရာသို့ ကံစမ်းရန် ရောက်လာခြင်း မဟုတ်ပါက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်ရှိ လာခဲ့ရလေသနည်း။

“ငါ့သားကို ဟန်မင်းဆက်က ကျင့်ကြံသူနှစ်ယောက် သတ်သွားတယ်လေ။ မင်းတို့က ငါ့ထက်စောပြီး ဒီနေရာကို ရောက်နေတာဆိုတော့ အဲ့လူစိမ်းနှစ်ယောက်အတွဲကိုများ မြင်လိုက်မိလား ဆိုတာကို သိချင်လို့”

ထိုစကားကို ကြားသည်နှင့် ခေါင်းဆောင် မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “ဂိုဏ်းချုပ်ရဲ့သားကို ဟန်မင်းဆက်က ကျင့်ကြံသူတွေက သတ်သွားတာလား”

ဤနေရာ၌ စုဝေးနေသည့် ကျန်သော ပညာရှင်များသည်လည်း အံ့အားသင့်သွားခဲ့ကြရလေ၏။

တန်းလန်မင်းဆက်ရှိ ဆန်းလော့ဘုရားကျောင်း၏ ဂုဏ်သတင်းသည် အရမ်းကြီး မကောင်းလှချေ။ သို့သော်လည်း ဆန်းလော့ဘုရားကျောင်း ဂိုဏ်းချုပ်၏ သားကို ဟန်မင်းဆက်က ကျင့်ကြံသူနှစ်ယောက် သတ်သွားသည့်အချိန်တွင်မူ သူတို့ ဒေါသမထွက်ဘဲ မနေနိုင်ချေ။

ဘယ်လိုတွေ ဖြစ်နေပါစေ၊ သူစိမ်း ရန်သူများကို ရင်ဆိုင်ရသည့်အခါ ထိုရန်သူကို ရန်မမူဘဲ မနေနိုင်ပါချေ။

“အဲ့နှစ်ယောက်အတွဲကို ကျုပ်တို့ထဲက ဘယ်သူမှ မတွေ့ခဲ့ဘူး။ ဒါပေမယ့် သူတို့က ဒီနေရာဆီ လာရဲမှတော့ သူတို့မှာလည်း အရည်အချင်း နည်းနည်းပါးပါးတော့ ကျိန်းသေ ရှိမှာပေါ့” ခေါင်းဆောင်က ရေရွတ်လိုက်လေ၏။

ဘာအရည်အချင်းမှ မရှိဘဲနှင့် ဘယ်သူကများ စွန့်ပစ် မြေကမ္ဘာထဲသို့ ဝင်ရဲမည်နည်း။

“ဂိုဏ်းချုပ်ရှင်း၊ ကျုပ်တို့ရဲ့ အကူအညီ လိုသေးလား”

တစ်ခဏလောက် စဉ်းစားပြီးနောက် ရှင်းကျုံက ခေါင်းညိတ်၍ ပြောလိုက်လေ၏ “လိုတယ်။ သူတို့၏ တည်နေရာ အကြမ်းဖျင်းကို ခြေရာခံနိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်။ ဒါကြောင့် သူတို့ကို ရှာတွေ့ဖို့ဆိုတာ အချိန်ပဲလိုတယ်။ မင်းတို့ အားလုံး ငါ့နောက်လိုက်ခဲ့။ သူတို့ ထွက်ပြေဖို့ ကြိုးစားရင် ငါ့ကိုကူပြီး သူတို့ကို ဝိုင်းတားပေး”

“ဂိုဏ်းချုပ်ရှင်းကို ကူညီပေးရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ” ခေါင်းဆောင်က အော်ပြောလိုက်ပြီး အလင်းလုံးအား ဆက်လေ့လာမည့် အတွေးကို ဘေးဖယ်ထား၍ ရှင်းကျုံနောက်လိုက်ရန် သူ့အဖွဲ့သားများအား ချက်ချင်း အမိန့်ပေးလိုက်လေ၏။

ယခုလိုအချိန်၌ ရှင်းကျုံကို ကူညီပေးလိုက်ခြင်းသည် နောက်ပိုင်းကျ သူတို့အတွက် အကျိုးရှိလာနိုင်၏။

မကြာခင်မှာပင် ထိုအဖွဲ့သည် တန်းလန်မင်းဆက်မှ နောက်အဖွဲ့တစ်ခုနှင့် တွေ့သွားခဲ့လေ၏။ ထိုအဖွဲ့သည် လူတော်တော်လေး နည်းကာ စုစုပေါင်းမှ (၅)ယောက်သာ ရှိ၏။ သို့သော်လည်း ဤနေရာသို့ ရှင်းကျုံ မည်သည့်အတွက်ကြောင့် ရောက်ရှိလာရသလဲ ဆိုသည်ကို ကြားသိရပြီးနောက် သူတို့ပါ ကူညီပေးမည်ဟု ချက်ချင်း ပြောလိုက်လေ၏။

ဤသို့ဖြင့် မသေမျိုးအဆင့် ပညာရှင်တစ်ယောက်နှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်အယောက် (၂၀)ကျော်တို့သည် ရန်ကိုင်နှင့် ရွှေးလင်တို့နောက် လိုက်ကြလေ၏။

ခြေရာခံအင်းဆက် ရှိနေသည်ဖြစ်ရာ ရန်ကိုင်အား ရှာမတွေ့မည်ကို ရှင်းကျုံ စိတ်မပူချေ။

အင်းဆက်ဖိုနှင့် အင်းဆက်မကြားက ဆက်သွယ်မှုသည် ဤကဲ့သို့ ပရမ်းပတာ ဖြစ်နေသော ပတ်ဝန်းကျင်မျိုးတွင်ပင် အကျုံးဝင်၏။

ရန်ကိုင်နှင့် ရွှေးလင်တို့သည် မနှေးမမြန် အရှိန်ဖြင့် စွန့်ပစ်မြေကမ္ဘာအတွင်းပိုင်းသို့ လမ်းလျှောက် သွားနေခဲ့ကြ၏။ နှစ်ယောက်စလုံးသည် သူတို့အား မသေမျိုးအဆင့် ပညာရှင် တစ်ယောက်နှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် အယောက်(၂၀)ကျော် လိုက်ဖမ်းနေသည်ကို သတိမမူမိကြချေ။

အချိန်အတိုင်းအတာ တစ်ခုအထိ လမ်းလျှောက် လာပြီးသည့်နောက် ရန်ကိုင်နှင့် ရွှေးလင်တို့သည် လုံးဝကို တည်ငြိမ်ပြီး အနက်ရောင် အကာအရံတစ်ခု လွှမ်းခြုံထားသည့် နယ်မြေတစ်ခုဆီသို့ ရောက်ရှိလာခဲ့လေ၏။ ယခုမှပင် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့ပြီး သူ့မျက်နှာသည် ပျော်ရွှင်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေ၏။

ဘဏ္ဏာထိန်းမန်သည် ရန်ကိုင်ကို အလျင်စလို ပြောသွားခဲ့ရာ သူပြောသွားသည့် သတင်းစကားထဲ အသေးစိတ် အချက်အလက်များ မပါဝင်ခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်သည် စွန့်ပစ်မြေကမ္ဘာထဲ လမ်းပျောက်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း စွမ်းအင်မုန်တိုင်းများကြား တည်ငြိမ်သည့် နယ်မြေတစ်ခုကို တွေ့လိုက်ရပြီးနောက် ရန်ကိုင် စိတ်လျှော့နိုင်ခဲ့လေပြီ။

သူတို့ ရောက်ရှိလာခဲ့လေပြီ။

ထိုနယ်မြေထဲ၌ ထုန်းရွှမ်လောကဆီသို့ ဦးတည်နေသည့် လေဟာနယ်လျှောက်လမ်းတစ်ခု ရှိနေခဲ့၏။

“ရန်ကိုင်၊ ဒီနေရာကနေ မကောင်းတဲ့ ခံစားချက်ကို ငါရနေတယ်” ရွှေးလင်က ရေရွတ်လိုက်လေ၏။ သူမ၏ ခန္ဓာကိုယ်သည်လေးသည် တဆတ်ဆတ် တုန်ရင်နေခဲ့၏။ ယခုလေးပင် နက်နဲဆန်းကြယ်သည့် အအေးလှိုင်းတစ်ခု သူမ၏ မျက်နှာအား ပွတ်တိုက်သွားသည်ကို ခံစားမိလိုက်၏။ သူမသာ ရှေ့တိုးလိုက်သရွေ့ သေမင်းခံတွင်းထဲ သက်ဆင်း ရပေလိမ့်မည်။

“အန္တရာယ်က ငါတို့ရှေ့မှာ မဟုတ်ဘူး” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်လျက် နောက်သို့ လှည့်ကြည့်လိုက်လေ၏။

ထိုနေရာ၌ ဝေဝါးလှသည့် လူရိပ်များစွာကို မြင်တွေ့နိုင်၏။ နှစ်ဖက်ကြား မီတာ(၁၀၀)သာ ခြားထား၏။ သို့သော်လည်း တစ်ဖက်အဖွဲ့သည် ရှေ့ဆက်မတိုးရဲသဖြင့် ထိုနေရာတွင်သာ ရပ်နေခဲ့လေ၏။

ရွှေးလင် အလန့်တကြား ထအော်လေ၏။ ယခုလို အရေးကြီးသည့် အခိုက်အတန့် ရောက်သည့်အခါမှ လူပေါင်းများစွာ ပေါက်ချလာလိမ့်မည်ဟု ရွှေးလင် မမျှော်လင့် ထားခဲ့ချေ။ ထိုလူများ၏ အရှိန်အဝါအရ သူတို့တစ်တွေသည် ကောင်မွန်သော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း မဟုတ်သည်မှာ သိသာနေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

——————————————————————

အပိုင်း(၆၁၄) အားလုံးကို နှုတ်ဆက်ပါတယ်

——————————————————————

ရန်ကိုင်နှင့် ရွှေးလင်တို့နောက်ဘက် မီတာ(၁၀၀) အကွာ၌ ရှင်းကျုံသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် အယောက် (၂၀)ကျော်ဖြင့် မတ်တပ်ရပ်နေခဲ့လေ၏။ အားလုံးသည် လေးနက်တည်ကြည်သည့်၊ ကြောက်ရွံ့ရိပ်တို့ ယှတ်သန်းနေသည့် အကြည့်တို့ဖြင့် ငေးစိုက်ကြည့်နေခဲ့ကြ၏။

“ဂိုဏ်းချုပ်ရှင်း၊ စွန့်ပစ်မြေကမ္ဘာရဲ့ သေခြင်းတရားဇုံက ကျုပ်တို့ အရှေ့မှာနော်။ ဂိုဏ်းချုပ် တကယ်ပဲ အထဲကို ဝင်သွားချင်တာလား” တစ်ယောက်က ကြောက်ရွံ့စွာဖြင့် မေးလိုက်လေ၏။

ထိုသေခြင်းတရားဇုံသည် မည်သူကမှ အသက်ရှင်လျက် ထွက်လာနိုင်ခြင်း မရှိသည့် နေရာတစ်ခုပင် ဖြစ်၏။

မသေမျိုးအဆင့် ပညာရှင်များပင် ထိုနေရာ၌ အသက် မရှင်နိုင်ချေ။

တစ်ချိန်က စွန့်ပစ်မြေကမ္ဆာ၏ ဆန်းကြယ်မှုများကို ဖော်ထုတ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာသော မသေမျိုးအဆင့် ပညာရှင်တစ်ယောက်သည် သေခြင်းတရားဇုံထဲသို့ မတော်တဆ ဝင်သွားမိခဲ့ပြီး သေဆုံးသွားခဲ့ရလေ၏။

ထိုသတင်းသည် တန်းလန်မင်းဆက် တစ်ခုလုံးကို ထိတ်လန့် တုန်လှုပ်သွားခဲ့လေ၏။ ထိုအချိန်မှစ၍ ရှင်းကျုံနှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် အယောက်(၂၀)ကျော်ရှိ အရှေ့ဘက် မီတာ(၁၀၀)ပတ်လည်သည် သေခြင်းတရားဇုံ တစ်ခုဖြစ်လာခဲ့လေ၏။

စွန့်ပစ်မြေကမ္ဘာသို့ ရောက်လာသည့်လူတိုင်း ထိုနေရာမှ ဝေးဝေးရှောင်ကြ၏။

သူတို့ လိုက်ဖမ်းနေသည့် ဟန်မင်းဆက်မှ ကျင့်ကြံသူ နှစ်ယောက်သည် ဤနေရာသို့ ထွက်ပြေးလာခဲ့လိမ့်မည်ဟု သူတို့ထဲမှ မည်သူကမှ မထင်ထားခဲ့ချေ။

ရှင်းကျုံပင် စိုးရိမ်စိတ် ဝင်နေခဲ့ရလေ၏။ ယခင်လူများ၏ အမှားအရ သူသည်လည်း ဤနေရာကို အထင်မသေးရဲချေ။

သို့သော်လည်း တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရှင်းကျုံသည် စိတ်ခိုင်ခိုင်ထားလိုက်ပြီး “ဘာတွေ ကြောက်နေတာလဲ။ အဲ့နှစ်ယောက်တောင် အကောင်းအတိုင်း ရှိနေသေးတာကို မင်းတို့ မတွေ့ဘူးလား။ ကောလဟာလ အဟောင်းတွေက မှားနေတဲ့ပုံပဲ။ မင်းတို့ ဝင်မလာရဲဘူးဆိုရင် နောက်မှာ ကျန်ပြီး ရပ်သာ ကြည့်နေ။ ဟန်မင်းဆက်က ဘာမှမဟုတ်တဲ့ အဲ့နှစ်ယောက်ကို ငါတစ်ယောက်တည်းနဲ့တင် အလွယ်တကူ ဖြေရှင်းလို့ရတယ်”

ရှင်းကျုံ ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အယောက်(၂၀)ကျော်ကို ခေါ်လာရခြင်းမှာ လိုရမယ်ရ ဖြစ်၏။ သူသည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့် အတွက် ဟန်မင်းဆက်မှ ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖို့ ဆိုသည်မှာ လက်ခုံလက်ဖဝါးမှောက်သလို လွယ်ကူပေ၏။ သို့သော်လည်း စွန့်ပစ်မြေကမ္ဘာအတွင်းရှိ အရာအာလုံးကို သာမန် အမြင်အတိုင်း သွားမြင်၍ မရချေ။

စိတ်ဒုံးဒုံးချပြီးသည်နှင့် ရှင်းကျုံသည် ဒေါသ၊ မုန်းတီးမှုတို့ ပြည့်လျမ်းနေသည့် မျက်နှာဖြင့် ရှေ့တိုးလိုက်လေ၏။

ကျန်သည့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် အယောက်(၂၀)ကျော်သည်လည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးသည့်နောက် ရှင်းကျုံနောက်မှ တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် လိုက်ပါသွားလေ၏။

သူတို့ကြားမှ မီတာ(၁၀၀) အကွာအဝေးသည် လျင်မြန်စွာ ကျဉ်းမြောင်းလာခဲ့လေ၏။

ရန်ကိုင်နှင့် ရွှေးလင်တို့ရှေ့ ရောက်၍ ထိုနှစ်ယောက်၏ မျက်နှာများကို မြင်လိုက်သည်နှင့် ရှင်းကျုံ အံ့အားသင့်သွားခဲ့ရလေ၏။

သူလိုက်ဖမ်းနေသည့် ဟန်မင်းဆက် ကျင့်ကြံသူ နှစ်ယောက်သည် ဤမျှ ငယ်ရွယ်လိမ့်မယ်ဟု ရှင်းကျုံ ဘယ်သောအခါမှ မထင်ထားခဲ့ဖူးချေ။

သူ့တွင်ရှိနေသည့် အဖွဲ့ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်က ဂုတ်ပေါ်လက်တင်၍ ခြေရာခံအင်းဆက်ကို ဖယ်ရှားကာ မီးရှို့ပြချပစ်လိုက်လေ၏။

“ဒီတော့ ခင်ဗျားက ဆန်းလော့ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ပေါ့” ရန်ကိုင်က ရှင်းကျုံကို အရေးမစိုက်သည့် ဟန်ဖြင့် ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးလိုက်၏။

ရှင်းကျုံက အေးစက်စက်ဖြင့် နှာခေါင်းရှံ့လိုက်ပြီးနောက် သူ၏ မျက်လုံးများသည်လည်း အနည်းငယ်‌ သွေးရောင် သန်းလာခဲ့ကာ “မင်းက ငါဘယ်သူလဲ ဆိုမှတော့ မင်းက ငါ့သားကို သတ်သွားတဲ့လူဖြစ်မှာပေါ့၊ ဟုတ်တယ်မလား”

သို့သော်ငြား ရန်ကိုင်က ပြုံး၍ ခေါင်းခါရမ်းကာ “မဟုတ်ဘူး။ သတ်တဲ့လူက သူပဲ”

ပြောပြီးသည်နှင့် အနီးအနားတွင် ရှိနေသော ရွှေးလင်ဆီ လက်ညိုးထိုးပြလိုက်လေ၏။ ရွှေးလင်ကမူ အမှားလုပ်ထားပြီး တာဝန်မယူရဲသည့် လူတစ်ယောက်ပမာ ကြောက်ကြောက် ရွံ့ရွံ့ဖြင့် ရန်ကိုင်နောက်သို့ အလျင်အမြန် ပြေးပုန်းလေ၏။

မသေမျိုးအဆင့် ပညာရှင် တစ်ယောက်ကို ရင်ဆိုင်ရာ၌ မည်သည့်အတွက်ကြောင့် ရန်ကိုင် ဤမျှ တည်ငြိမ်နေရလဲ ဆိုသည်ကို ရွှေးလင် နားမလည်နိုင်ချေ။ သို့သော်လည်း ရန်ကိုင်သည် မပိုင်လျှင် ခြင်ပင်ရိုက်မည့် လူစားမျိုးမဟုတ်မှန်း သိထားလေရာ ပြဿနားအာလုံးကို သူ့အပေါ်ပုံချဖို့ရာ ရွှေးလင် ဝန်လေးမနေတော့ချေ။

ရှင်းကျုံ၏ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ရွှေးလင်ကို စူးစူးရဲရဲ စိုက်ကြည့်လျက် ဒေါသတကြီး အော်ပြောလိုက်လေ၏ “ဘယ်သူပဲသတ်သတ်၊ မင်းတို့ နှစ်ယောက်စလုံး တန်ဖိုးတစ်ခု ကျိန်းသေ ပြန်ပေးဆပ်ရလိမ့်မယ်”

ရန်ကိုင်က ခေါင်းလေး ဆတ်ခနဲ မော့လိုက်၍ ရှင်းကျုံးကို တစ်ခဏလောက်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ရယ်ရယ်မောမောဖြင့် မေးလိုက်လေ၏ “ဂိုဏ်းချုပ်ရှင်းက ဘယ်တို တန်ဖိုးကိုများ ပေးစေချင်တာလဲ မသိဘူး”

“ငါ့သားကို သတ်တဲ့အတွက် မင်းတို့အသက်တွေနဲ့ ပြန်ပေးဆပ်ရမယ်။ မင်းတို့ရဲ့ သွေးနဲ့ ဝိဥာဉ်ကပဲ ကောင်းကင်ဘုံ ရောက်နေတဲ့ ငါ့သားရဲ့ စိတ်ဝိဥာဉ်ကို ဖြေသိမ့်ပေးနိုင်လိမ့်မယ်”

“ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးလို့ မရဘူးလား” ရန်ကိုင် မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့ပြီး “ရိုးရိုးသားသား ပြောရရင်၊ ခင်ဗျားသားရဲ့ အပြုအမူက သောက်မြင်ကပ်စရာ ကောင်းတယ် ဆိုပေမယ့် ကျုပ်က သူ့ကို သတ်ချင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်မိတ်ဆွေက စိတ်ကြီးတဲ့ လူမျိုးဗျ။ ဒီတော့ ခင်ဗျားသားက သူ့ကိုသွားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုလည်း လုပ်ရော သူက ခင်ဗျားသားကို တစ်ချက်တည်း တန်းသတ်ပစ်လိုက်တော့တာပဲ။ ခင်ဗျားသာ သေချာစဉ်းစားကြည့်မယ်ဆိုရင် ဘယ်သူ့အပြစ်လဲ ဆိုတာကို သိမှာပေါ့”

“ခွေးသူတောင်းစားတွေ” ရှင်းကျုံက ရန်ကိုင်၏ ရှင်းပြချက်ကို ဒေါသတကြီး အော်ဟစ်လျက် ကြားဝင် ဖြတ်ပြောလိုက်လေ၏ “သူ့ကို စော်ကားစကား ပြောလိုက်ရုံနဲ့ ငါ့သားရဲ့ အသက်ကို ယူစရာ လိုလို့လား”

“ကျွန်မသာ သူ့ကိုမသတ်ရင် စော်ကားစကား ပြောတာနဲ့တင် ပြီးမှာမဟုတ်ဘူး။ ရှင်းသားအကြောင်း ရှင်အသိဆုံး ဖြစ်မှာပေါ့” ရွှေးလင်က ရန်ကိုင်နောက်မှ ခေါင်းလေး ပြူထွက်လာလျက် ပြန်၍ ခွန်းတုန့်ပြန်လိုက်လေ၏။

ရှင်းကျုံ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရွှေးလင်ဆီ လှမ်း၍ ကြည့်လိုက်လေ၏။ ဖုန်တွေ ညစ်ပေနေသော်လည်း သူမ၏ ပုံရိပ်သည် တော်တော့်ကို စွဲမက်စရာ ကောင်းနေသေးမှန်း ရှင်းကျုံသတိပြုမိလိုက်၏။ သူ့သား ရှင်းပေါင် သူမအား မည်သည့်အတွက်ကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့လဲ ဆိုသည်ကို သူနားလည်သွားခဲ့လေပြီ။

“ငါ့သားက အရင်စပြီး အမှားလုပ်တဲ့လူလို့ နင်က ပြောချင်နေတာလား”

“အမှန်ပဲ” ရွှေးလင်က ခေါင်းညိတ်ပြလိုက်လေ၏။

“ကောင်းပြီလေ။ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းတို့ ဘယ်လို သေချင်လဲ ဆိုတာကို ကိုယ့်ဘာသာကိုယ် ရွေးလိုက်”

ရှင်းကျုံနောက်၌ ရှိနေသော ပညာရှင်များသည်လည်း ကြိတ်၍ ရယ်မောရင်း ခေါင်းလေး တရမ်းရမ်းဖြင့် ရန်ကိုင်နှင့် ရွှေးလင်တို့ကို ငေးစိုက်ကြည့်နေခဲ့လေ၏။ ရှင်းကျုံ၏ သားကိုမှ သွားသတ်ရလေလော… ဤသည်မှ ကိုယ့်ထိုက်နှင့် ကိုယ်ကံပင် ဖြစ်၏။

“ဆွေးနွေးညှိနှိုင်းလို့ မရတော့ဘူးနဲ့တူတယ်” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်က တန်းလန်မင်းဆက်ကို ခင်ဗျားတို့ တန်းလန်မင်းဆက်သားတွေနဲ့ ဘာပြဿနာမှ မဖြစ်ဘဲ ဖြတ်သွားချင်တာ။ ပြီးတော့ ကျုပ်က တကယ် မလိုအပ်လဲ လူသတ်ချင်တာ မဟုတ်ဘူး”

“မင်က လူသတ်ဖို့တောင် စဉ်းစားနေတာလား” ရန်ကိုင် စကားကို ကြားလိုက်သည်နှင့် ရှင်းကျုံက ရန်ကိုင်အား အရူးတစ်ယောက်ပမာ ငေးစိုက်ကြည့်လိုက်ပြီး အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ကာ “အဲကိစ္စတွေအကြောင်း စိုးရိမ်နေစရာ မလိုတော့ဘူး။ မကြာခင်မှာပဲ မင်းက အလောင်းကောင် တစ်ကောင် ဖြစ်ရတော့မှာလေ။ ဘယ်သူ့ကိုမှ ထပ်ပြီး သတ်စရာ မလိုတော့ဘူး”

ရန်ကိုင်ကမူ ရိုးရိုးရှင်းရှင်းသာ ပြန်ပြုံးပြလိုက်ပြီး အရိုးဒိုင်းကြီး တစ်ခုကို ရုတ်တရက် ဆင့်ခေါ်လိုက်လေ၏။ အရိုးဒိုင်းသည် သူ့ထက် အဆများစွာ ပိုကြီးကာ ထောင့်စွန်းရှိ စူးချွန်များသည်လည်း ဧရာမှလှံတံကြီးများနှင့်ပင် တူနေသေး၏။ ဒိုင်းမျက်နှာပြင်ပေါ်ရှိ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတို့ဖြင့် အဆက်မပြတ် လှုပ်ခါနေခဲ့လေ၏။

“နှုတ်ဆက်ပါတယ်နော်…” ရန်ကိုင်က အရိုးဒိုင်းကို မြှောက်၍ တန်းလန်မင်းဆက်သားတွေဆီ ရိုက်ချလိုက်လေ၏။

သေမင်းခံတွင်းထဲ ရုတ်တရက် သက်ဆင်းသွားလိုက်ရသလို ရှင်းကျုံနှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အယောက်(၂၀)ကျော်စလုံး ခံစားလိုက်ရလေ၏။

ထိုအတွေးတို့ သူတို့စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့် မိုးမြေ တစ်ခွင်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်စီးပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအင်တန်းတစ်ခု သူတို့ဆီ တိုးဝင်လာခဲ့လေ၏။

အရိုးဒိုင်း၏ သားရဲပါးစပ်မှ လေဟာနယ်စွမ်းအားတို့ ပါဝင်နေသည့် စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ် လာခဲ့ပြီး ဘေးပတ်ဝန်းကျင် မီတာ(၁၀၀)ပတ်ဝန်းကျင်ကို ပြောင်ရှင်း သွားစေခဲ့လေ၏။

ထိုရပ်တန့်မရနိုင်သည့် လေဟာနယ် စွမ်းအင်ကြောင့် မီတာ(၁၀၀) အကွာအတွင်း၌ ရှိနေသမျှ အရာအားလုံး ချက်ချင်း ဆိုသလို ဗလာနတ္ထိဖြစ်သွားခဲ့ရလေ၏။

တန်းလန်မင်းဆက် အင်မော်တယ်တက်လှမ်းခြင်း အဆင့် ပညာရှင်များသည် အော်ချိန်ပင် မရလိုက်ဘဲ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။

မသေမျိုးအဆင့် ရောက်နေသည့် ရှင်းကျုံတစ်ယောက်သာ တဒင်္ဂတာမျှ တောင့်ခံနိုင်ခဲ့လေ၏။ သို့သော်ငြား သူသည်လည်း တစ်ချက်သာ အော်ဟစ်လိုက်နိုင်ပြီး အသက်ပျောက်ခဲ့ရလေ၏။

ရွှေးလင် မှင်သက်သွားခဲ့လေ၏။

ရန်ကိုင်တွင် ဝှက်ဖဲရှိသည့်အတွက် ယခုလို တည်တည် ငြိမ်ငြိမ် ပြုမူနေနိုင်သည်ဟု သိထားသော်လည်း သူ၏ ဝှက်ဖဲသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

သူမ အသိပြန်ဝင်လာသည့် အချိန်၌ မသေမျိုးအဆင့် ပညာရှင် အပါအဝင် အားလုံး သေဆုံးသွားခဲ့ရလေပြီ။

မသေမျိုးအဆင့် ပညာရှင်တစ်ယောက်သည် ဤမျှ အားနည်း ပျော့ညံ့လိမ့်မည်ဟု ရွှေးလင် ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ဖူးချေ။

များစွာသော စိတ်စွမ်းအင် အကြွင်းအကျန်တို့သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ဆွဲယူခြင်း ခံလိုက်ရလေ၏။

ထို့အပြင် အရိုးဒိုင်းသည်လည်း မူရင်းအရွယ်အစားသို့ ပြန်ကျုံးသွားခဲ့လေပြီ။

ခရက်…

များစွာသော အက်ကွဲကြောင်းတို့ အရိုးဒိုင်း မျက်နှာပြင်ထက် ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သက်ပြင်းတစ်ချက် ချလျက် အရိုးဒိုင်းကို ပြန်သိမ်းထားလိုက်လေ၏။

လေဟာနယ်လျှောက်လမ်း ပြိုကျစဉ်အခါက သူ့ကိုယ်သူ ကာကွယ်ရန် အရိုးဒိုင်းကို ထုတ်အသုံးပြလိုက်ရာ အရိုးဒိုင်း ကြီးကြီးမားမား ပျက်စီးသွားခဲ့ရလေ၏။ ယခုတစ်ကြိမ် ထပ်မံ အသုံးပြုလိုက်ပြီးနောက် အရိုးဒိုင်းသည် ပို၍ ပျက်စီးသွားခဲ့ရလေပြီ။

လက်နက်သန့်စင်သူ ဂရမ်းမာစတာတစ်ယောက်ကိုသာ ရှာမတွေ့လျှင် ထိုအရိုးဒိုင်းကို နောက်တစ်ကြိမ် ထပ်၍ အသုံးပြုနိုင်လိမ့်မည် မဟုတ်တော့ချေ။

ပရမ်းပတာ ဖြစ်နေသည့် စွမ်းအင်များသည်လည်း ပြောင်းလဲစ ပြုလာခဲ့လေပြီ။ ရန်ကိုင် ထုတ်သုံးလိုက်သည့် တိုက်ခိုက်မှုသည် ဤနေရာတစ်ဝိုက်ရှိ စွမ်းအင် စီးကြောင်းများကို ပို၍ ပရမ်းပတာ၊ မတည်ငြိမ် ဖြစ်သွားစေခဲလေ၏။ ထိုအချက်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်နှင့် ရွှေးလင်တို့ နှစ်ယောက်စလုံး၏ အမူအရာ လေးနက် တည်ကြည်သွားခဲ့လေ၏။

“ငါ့အနားကပ်နေ” ရန်ကိုင်က တုန့်ဆိုင်းမနေတော့ဘဲ ရွှေးလင်ကို ဆွဲခေါ်လိုက်လျက် တစ်ဟုန်ထိုး ပြေးတော့လေ၏။

အနက်ရောင် အကာအရံဆီသို့ ပြေးလွှားနေစဉ် ရန်ကိုင်သည် အထူးပုံစံတစ်ခုအသွင်ဖြင့် အစစ်အမှန်ချီ လှိုင်းများကို တရစပ် ထုတ်လွှတ်သွားခဲ့၏။

ထိုပုံစံသည် လေဟာနယ်လျှောက်လမ်း ရှိစရာဆီ သွားနိုင်ရန် အလို့ငှာ အနက်ရောင် အကာအရံကို ချိုးဖျက်ဖို့ အတွက် မန်ဝူရ ပြောကြားခဲ့သည့် အရာပင် ဖြစ်လေ၏။

ထိုနည်းလမ်းသာ မရှိဘဲ အနက်ရောင် အရံအတားဆီ ပြေးဝင်သွားမည် ဆိုပါက မန်ဝူရ ချန်ရစ်ခဲ့သည့် အဖျက် စွမ်းအင်များ၏ သုတ်သင်ခြင်းကို ခံရပေလိမ့်မည်။

ဤနေရာတစ်ဝိုက်ရှိ စွမ်းအင်များသည် ပရမ်းပတာ ပုံစံဖြင့် ဆက်လက် လှည့်ပတ်နေသေးသော်လည်း ရန်ကိုင်သည် မည်သည့် ခုခံတားဆီးမှုကို မကြုံတွေ့ခဲ့ရချေ။

မီးပင်လယ်၊ ရေခဲပင်လယ်၊ လျှပ်စီးတံတိုင်းနှင့် အခြား အမျိုးမျိုးသော စွမ်းအင်များကို ဖြတ်ကျော်လာပြီးနောက် ဧရာမကျောက်တုံးနံရံ တစ်ခုရှေ့သို့ ရန်ကိုင် ရောက်ရှိလာခဲ့လေ၏။

ပန်းတိုင်ဆီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်က သူ့လက်ကို ကျောက်တုံးနရံပေါ် ကပ်လိုက်ပြီး အစစ်အမှန်ချီ များကို ကျောက်တုံးနံရံထဲသို့ အဆက်မပြတ် ဖြည့်သွင်း တော့လေ၏။

ကျောက်တုံးသည် ပုံသဏ္ဍာန် ပျက်ယွင်းလာခဲ့ပြီး မကြာခင်မှာပင် ထိုကျောက်တုံးဆီမှ လေဟာနယ် စွမ်းအင်တို့ စတင် ထွက်ပေါ်လာခဲ့လေ၏။

“အိမ်အပြန်လမ်းပဲ” ရွှေးလင်၏ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ထအော်လိုက်လေ၏။

“သွားကြစို့” ရန်ကိုင်သည် ရွှေးလင်၏ လက်ကို ဆွဲလျက် လေဟာနယ်လျှောက်လမ်းထဲသို့ ခုန်ဝင်သွားလလေ၏။

လေဟာနယ်လျှောက်လမ်း တစ်ခုလုံးသည် ဗလာနတ္ထိ မည်းမှောင်နေခဲ့လေ၏။ ဘာဆိုဘာမျှ မတည်ရှိသည့်အလား နေ၊ လ၊ ကြယ်၊ ကောင်းကင်၊ မြေပြင် စသည်တို့ကိုလည်း မမြင်တွေ့ရချေ။

ဗဟာနတ္ထိဟူသော ခံစားချက်က သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံထားလေရာ တည်တည်ငြိမ်ငြိမ် ရှိတတ်သော ရန်ကိုင်ပင် စိုးရိမ်စိတ် ဝင်လာခဲ့ရလေ၏။

ချက်ချင်းဆိုသလို အမှောင်ထုထဲမှ လက်သွယ်သွယ်လေး တစ်ဖက်သည် ရန်ကိုင်၏ လက်မောင်းကို ဆုပ်ကိုင်လာခဲ့၏။

ရွှေးလင်သည်လည်း ကြောက်လန့်နေသောကြောင့် ရန်ကိုင်လက်ကို အလိုလို ဖမ်းကိုင်မိခြင်းဖြစ်လေ၏။

ရန်ကိုင်သည် သူမ၏လက်ကို အသာအယာ ပြန်ဖမ်းဆုပ် ထားလိုက်လေ၏။

ယခုတစ်ကြိမ်၌ လေဟာနယ်လျှောက်လမ်းထဲ ရှိနေရသည့် အချိန်သည် ယခင်ကထက် ပို၍ ကြာညောင်း၏။ နောက်ဆုံး အကြိမ် လေဟာနယ်လျှောက်လမ်းကို အသုံးပြုရစဉ်အခါက ဟန်မင်းဆက်အတွင်းတွင်သာ သွားလာခဲ့ခြင်း ဖြစ်သည့် အတွက် အရမ်းကြီး မဝေးလှချေ။ ယုခတစ်ကြိမ်ကမူ ဤလောကကြီးမှ အခြားလောကကြီး တစ်ခုဆီသို့ ဖြတ်ကူးသွားနေခြင်း ဖြစ်၏။

ရန်ကိုင်သာ ဖော်ပြရမည်ဆိုလျှင်… အဆုံးမရှိသော ချောက်တစ်ခုထဲသို့ ကျဆင်းနေသလို ခံစားရသည်ဟုသာ ဖော်ပြရပေလိမ့်မည်။

အချိန်အတိုင်းအတာ တစ်ခုအထိ ကြာသွားပြီးနောက် အလင်းရောင်မှိန်မှိန်လေးကို ရန်ကိုင် ရုတ်တရက် မြင်လိုက်ရကာ သူတို့အား ဝန်းရံနေသည့် အမှောင်ထုသည်လည်း အလျင်အမြန် ပျောက်ကွယ်လာခဲ့လေ၏။ မကြာခင်မှာပင် သူတို့ မြင်ကွင်းရှေ့ဝယ် ကျယ်ပြောလှသော ကောင်းကင်ပြာကြီး ထွက်ပေါ်လာခဲ့ပြီး မြေသင်းရနံ့တို့သည်လည်း သူတို့၏ နှာခေါင်းဖျားထက် ဆွတ်ပျံ့လာခဲ့လေ၏။

ဗွက်… ဗွက်…

ရန်ကိုင်နှင့် ရွှေးလင်တို့ နှစ်ယောက်စလုံး ပြုတ်ကျ လာခဲ့ကြလေ၏။

အသိပြန်ဝင်လာသည်နှင့် နှစ်ယောက်စလုံး မတ်တပ်ရပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေ၏။

သူတို့သည် ထူထဲလှသော စိမ်ပြာရောင်တောတန်း၏ ဝန်းရံထားခြင်း ခံရသည့် ရွံ့အိုင်တစ်ခုထဲ ရောက်နေသည်ကို ရန်ကိုင်နှင့် ရွှေးလင်တို့ နှစ်ယောက်စလုံး တွေ့လိုက်ရလေ၏။

အနား၌ မည်သည့် အန္တရာယ်မှ မရှိဟန်ရသော်လည်း ရန်ကိုင်၏ အမူအရာသည် လေးနက်တည်ကြည် နေဆဲ။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ မိုးမြေစွမ်းအင်သည် လွန်စွာကိုမှ သိပ်သည်းလွန်းလှသောကြောင့် ဖြစ်၏။ မည်မျှ သိပ်သည်းသလဲ ပြောရလျှင် မြေကမ္ဘာချီကြောမကြီး ပေါက်ကွဲ ပြီးသွားသည့် ဗဟိုမြို့တော်ရှိ မိုးမြေစွမ်းအင်ထက်ပင် ပို၍ သိပ်သည်း၏။

ဤနေရာသို့ ရောက်သည့်နှင့် သူ့ကိုယ်အနှံ့ရှိ မွှေးညင်းပေါက်တို့ အလိုလို ပွင့်လာခဲ့ပြီး အစစ်အမှန် ယန်ကျင့်စဉ်သည်လည်း အလိုလို လည်ပတ်လာခဲ့ကာ ဘေးပတ်းဝန်းကျင်ရှိ မိုးမြေစွမ်းအင်များကို ရင်သက်ရှုမောဖွယ် အမြန်နှုန်းဖြင့် စတင်စုပ်ယူတော့လေ၏။

“ဟားဟား” ရွှေးလင်က ပျော်ရွှင်အူးမြူးစွာ အော်ရယ်လိုက်ပြီး “ငါပြန်လာခဲ့ပြီ။ ငါပြန်လာခဲ့ပြီ။ နောက်ဆုံးတော့ ငါပြန်လာနိုင်ခဲ့ပြီ”

“ဒါက ထုန်းရွှမ်လောကကြီးလား” ရန်ကိုင်က ရွှေးလင်ဘက် လှည့်၍ မေးလိုက်လေ၏။

ရွှေးလင်သည် လွန်စွာကိုမှ ပျော်ရွှင်အူမြူးနေရာ သူမ တစ်ကိုယ်လုံး ရွှံ့ဗွက်တွေဖြင့် ပေရေနေသည်၊ သူမတစ်ခေါင်းလုံး ဖရိုဖရဲဖြစ်နေသည်ကိုလည်း သတိမမူမိတော့။ အဲ့အစား ရန်ကိုင်ဆီကိုသာ ပြေးဝင်သွားလိုက်ပြီး သူ့အား အသက်ရှူကြပ်အောင် တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ “ကျေးဇူးပဲ။ ငါ့ကို အိမ်ပြန်ခေါ်လာပေးလို့ ကျေးဇူးပဲ”

ရန်ကိုင် နှလုံးခုန်မြန်သွားခဲ့ပြီး အတွေးပေါင်းစုံတို့ သူ့စိတ်ထဲ ဖြတ်ပြေးသွားခဲ့လေ၏။ ထို့နောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး အပြုံးကြီး ပြုံးလိုက်လေ၏။

ထုန်းရွှမ်လောကကြီးရေ… ငါရောက်လာခဲ့ပြီကွ

ဤကောင်းကင်သည့် စုယန်နှင့် စီနီယာမမလေးတို့ မော့ကြည့်နေခဲ့သည့် ကောင်းကင်ဖြစ်ပြီး ဤမြေသည် သူတို့တစ်တွေ ရပ်ခဲ့သည့် မြေကမ္ဘာပင် ဖြစ်၏။

ဤနေရာသည် မန်ဝူရနှင့် နတ်ဆိုးအိုကြီးတို့ လာခဲ့သည့် နေရာလည်း ဖြစ်ပေ၏။

သူတို့သာ ဤနေရာ၌ ရှိနေသရွေ့ တစ်ချိန်ချိန်ကျ ထိုနှစ်ယောက်ကို ရှာတွေ့နိုင်ပေလိမ့်မည်။

ရန်ကိုင် ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်ပြီး သူ့စိတ်ကို ငြိမ်အောင် လုပ်လိုက်လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်းလောကကြီး

——————————————————————

အပိုင်း(၆၁၅) သွေးသစ်ခွ

——————————————————————

ထိုဗွက်အိုင်ကြီးထဲ ရွှေးလင် အပြတ်ကဲနေခဲ့လေ၏။ သူမ၏ ညစ်ပတ်ပေရေနေသော ပုံပန်းသွင်ပြင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိတ်ရှိလက်ရှိ ပျော်ပါးအော်ဟစ် ကခုန်နေခဲ့လေ၏။

သူမကြောင့်ပင် ရန်ကိုင်၏ စိတ်အခြေအနေသည်လည်း တဖြည်းဖြည်း ကောင်းမွန်လာခဲ့ရလေ၏။

စိတ်တင်းကြပ်မှု အားလုံးကို လွှတ်ချလိုက်သည်နှင့် တစ်ခုခု ပုံမှန်မဟုတ်သည်ကို ရန်ကိုင် ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူ့တစ်ကိုယ်လုံး ထမ်းပိုးထားရသည့် အချုပ်အနှောင်၊ အလေးအပင်များ ရုတ်တရက် ပျောက်ကွယ် သွားသလို ရန်ကိုင် ခံစားလိုက်ရသောကြောင့်ပင် ဖြစ်၏။

အစစ်အမှန်ယန်ကျင့်စဉ်သည် မြန်သထက်မြန်အောင် လည်ပတ်လာခဲ့ပြီး သူ့သွေးကြောများထဲ အစစ်အမှန်ချီ များသည်လည်း ပို၍မြန်မြန် စီးဆင်လာနိုင်ခဲ့လေ၏။

“ရွှေးလင်…” ရန်ကိုင်က မျက်မှောင်လေး ကြုံ့လျက် လှမ်း၍ အော်ခေါ်လိုက်လေ၏။

ရွှေးလင်လည်း ကခုန်နေခြင်း အမှုကို ရပ်တန့်၍ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်လေ၏။

“ငါအဆင့်ချိုးဖျက်ရမယ်”

ရွှေးလင်က သူမ၏ ပါးစပ်လေးကို အုပ်၍ အလန့်တကြား အော်မေးလိုက်လေ၏။

“အင်း” ရန်ကိုင်က ခေါင်းညိတ်၍ ချက်ချင်း တင်ပလင်ခွေထိုင် မျက်လုံးပိတ်လိုက်လေ၏။

ခဏလောက် စဉ်းစားပြီးနောက် ရွှေးလင်ရုတ်တရက် နားလည်သွားခဲ့လေ၏ “ဟုတ်သားပဲ၊ နင်တို့ လောကကြီးမှာတုန်းက နင်တို့ ကျင့်ကြံသူတွေကို နောက်တစ်ဆင့်ဆီ အလွယ်တကူ မချိုးဖျက်နိုင်အောင် ချုပ်နှောင်ထားတဲ့ အတားအဆီးတွေ ရှိတယ်လေ။ ဒီလောကကြီးလည်း ရောက်ရော၊ အဲ့အတားအဆီးတွေက ပျောက်ကွယ်သွားတော့ နင်ရုတ်တရက်ကြီး အဆင့်ချိုးဖျက် ချင်သွားတာပေါ့”

ဘေးပတ်လည်သို့ တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် ရွှေးလင် အသာအယာ မျက်မှောင်ကြုံ့လိုက်လေ၏။ သူတို့ ရောက်နေသော နေရာသည် မည်သည့်နေရာမှန်း မသိရသေး။ ထိုကဲ့သို့သော နေရာမျိုး၌ အဆင့်ချိုးဖျက်ဖို့ ဆိုသည်မှာ ကောင်းမွန်သော အကြံတစ်ခု မဟုတ်ချေ။ အဆင့်ချိုးဖျက်နေစဉ် အားကောင်းသာ သားရဲတစ်ကောင်၊ သို့မဟုတ် လျှို့ဝှက် ပညာရှင်တစ်ယောက်၏ ဝင်ရောက်နှောင့်ယှတ်ခြင်းကို ခံလိုက်ရပါက ပြဿနာ အကြီးကြီး တက်ပေလိမ့်မည်။

“နင်ဖိနှိပ်ထားလို့ မရဘူးလား”

ရန်ကိုင်က မျက်လုံးကို ကြိုးစားဖွင့်လိုက်၏။ ထိုတစ်ချက်နှင့်ပင် ဆက်၍ ပြောစရာ မလိုတော့ချေ။ မျက်လုံးကို အလျင်အမြန် ပြန်ပိတ်လိုက်ပြီး အဆင့်ချိုးဖျက်ရာတွင် ပြန်၍ အာရုံစိုက်ထားလိုက်လေ၏။

“ငါမမေးဘူးလို့သာ သဘောထားလိုက်” ရွှေးလင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေ၏။ ထိုကဲ့သို့သော အဆင့်ချိုးဖျက်မှုမျိုးသည် ကံကောင်းမှသာလျှင် ရနိုင်သည့် အခွင့်အရေးမျိုး ဖြစ်၏။ ဖိနှိပ်ရန် တောင်းဆိုသည်မှာ ယုတ္တိမရှိချေ။

ယခု ဤအတိုင်းအတာအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ရွှေးလင်အနေဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို စူးစမ်းရုံမှအပ အခြားလုပ်စရာ မရှိတော့ချေ။

စစ်ဆေးနေချိန် အတောအတွင်း (၁၀)ကီလိုမီတာ အကွာအတွင်း၌ သူမတို့အား အန္တရာယ် ပေးနိုင်သည့် မည်သည့် အရာကိုမှ မတွေ့ရတော့မှပဲ ရွှေးလင် စိတ်သက်သာရာ ရသွားခဲ့လေ၏။ ရန်ကိုင် အဆင့်ချိုးဖျက်ပြီးမှာကို စောင့်ဆိုင်းရင်း သူမတို့တစ်တွေ မည်သည့်နေရာ ရောက်နေလဲ သိရအောင် ဟူသော ရည်ရွယ်ချက်ဖြင့် ဘေးပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းကြည့်နေခဲ့လေ၏။

ရွှေးလင်နှင့် ရန်ကိုင်တို့ ရှိနေသေည့် ကီလိုမီတာ ဒါဇင်ကျော် အကွာအဝေး၌ အဖွဲ့တစ်ခုသည် ချုံပုတ်တွေထဲ ပုန်းအောင်း ချောင်းမြောင်းနေခဲ့ကြလေ၏။

ထိုအဖွဲ့၌ လူရှစ်ယောက်ရှိ၏။ သိုသော်လည်း ထိုလူ အားလုံး၏ ခေါင်းဆောင်များသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ထိုအဖွဲ့၏ ခေါင်းဆောင်သည် ရင်းကြီးကြီး၊ လှပသော ကိုယ်လုံးကိုယ်ပေါက် နှင့်မိန်းမလှလေး တစ်ယောက်ဖြစ်၏။ သူမက သူမ၏ ကျောက်စိမ်းဖြူရောင် ပေါင်တံရှည်ကို လှစ်ဟာနေစေသော စကတ်တစ်လျှောက် ဟကြောင်းရှိနေသည့် မိုးပြာရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့လေ၏။

ထိုလှပသော မြင်ကွင်းကြောင့် သူမတို့ အဖွဲ့ထဲရှိ ယောကျာ်းသားများမှာ အသက်ရှူရပင် ခက်ခဲလာ၍ အာကောင်းများပါ ခြောက်သွေ့လာခဲ့ကြလေ၏။ သူမနောက်မှ ယောကျာ်းသားများသည် အချိန်နှင့်အမျှ လှစ်ဟာထွက်နေသော သူမ၏ နှင်းဖြူရောင် အသားအရေလေးနှင့် ပုံပန်းညီအချိုးကျ လုံးဝိုင်းလှသော တင်ပါးလုံးလေးများကို လှမ်း၍ ကြည့်ကြည့်မိတတ်ကြ၏။

သူမ၏ မွေးရာပါ ဆွဲဆောင်အားနှင့် လက်ရှိ ပုံပန်းသွင်ပြင်သည် သူမ၏ အရှိုက်၊ အမို့နေရာများကို အသားပေး ဖော်ပြနေသလို ဖြစ်နေလေရာ မြင်သူတိုင်းကို နှာခေါင်းသွေးလျှံ သွားစေနိုင်၏။

သို့သော်လည်း သူမ၏ အဆင့်အတန်းကြောင့် ထိုလူအားလုံးသည် သူမကို တိတ်တဆိတ် ချောင်းကြည့်ရုံသာ တတ်နိုင်ခဲ့၏။ မည်သူကမှ သူမ အထင်အမြင် လွဲမှားအောင် သွား၍ မလုပ်ရဲချေ။

မိန်းမငယ်လေးသည် သူမနောက်မှ စိုးရိမ်နေသည့် အကြည့်များကို ဂရုမထားသည့်အလား၊ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် သူမကိုယ်သူမှ လုံအောင်ဖုံးဖို့ မကြိုးစားရုံမက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြုံးနေသေး၏။

“ရှင်တို့အားလုံးရဲ့ အသက်ရှူသံတွေက အရမ်းကို ကျယ်လွန်းတယ်။ တိုးတိုးရှူကြ။ အဲ့ဒါသာ ရှင်တို့ကြောင့် ထိတ်လန့်ပြီး ထွက်ပြေးသွားခဲ့ရင် ရှင်တို့အားလုံး တာဝန်ယူရမှာနော်” မိန်းမပျိုလေးက တိုးတိုးလေး သတိပေးလိုက်၏။

သူမနောက်တွင် ရှိနေသော လူအားလုံး ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြပြီး သူမဆီမှ ချက်ချင်း ဆိုသလို အကြည့်လွှဲဖယ်လိုက်ကြလေ၏။

“ဒီတစ်ကြိမ် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်တို့ သိတယ်မလား” မိန်းမငယ်လေးက အသာအယာ မေးလိုက်၏။

ဒီတစ်ကြိမ်တွင်မူ အားလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။

“ကောင်းတယ်” မိန်းမငယ်လေးလည်း ကျေနပ်သွားခဲ့ပြီး ပြုံးလိုက်ကာ “သွေးသစ်ခွဆိုတာ လောကစိတ်ဝိဥာဉ်ရတနာ တစ်ခုပဲ။ ဒါကြောင့် အဲ့ရတနာက အသိဥာဏ်ကို အတိုင်းအတာ တစ်ခုအထိ ပိုင်ဆိုင်ထားပြီးသွားပြီ။ ကျွန်မတို့ရထားတဲ့ သတင်းအရ ဆိုရင်တော့ သွေးသစ်ခွမှာ အရွက်(၇)ရွက် ရှိနေပြီတဲ့။ ဆိုလိုတာက အဲ့သွေးသစ်ခွက အနည်းဆုံး နှစ်ထောင်ဂဏန်း သက်တမ်းရှိတယ်။ ဒါကြောင့် အဲ့ရတနာက အရမ်းကို အဖိုးတန်တယ်။ ကျွန်မတို့သာ ရလိုက်နိုင်တာနဲ့ အားလုံးလည်း အကျိုးအမြတ် အများကြီး မလွဲမသွေ ရလိမ့်မယ်”

သူမနောက်တွင် ရှိနေသော လူများထဲမှ မုတ်ဆိတ်ထူလပြစ်နှင့် လူက သွားပေါ်အောင် ပြုံးလိုက်ပြီး “သခင်မလေး၊ ကျုပ်တို့သာ အောင်မြင်ရင် ဘယ်လို ဆုလာဒ်မျိုး ရမှာလဲ”

“တစ်ယောက်ကို သလင်းကျောက်တုံး အတုံး(၂၀) ရလိမ့်မယ်” မိန်းမငယ်လေးက ပြန်ပြောလိုက်လေ၏။

ထိုစကားကို ကြားလိုက်သည်နှင့် အားလုံး၏ အသက်ရှူသံ နောက်တစ်ကြိမ် လေးလံလာခဲ့ပြန်လေ၏။

ချက်ချင်းဆိုသလို အားလုံး တိုက်ခိုက်လိုစိတ် ပြင်းပြသွားခဲ့လေ၏။ သူတို့၏ မျက်ဝန်းထဲ အမျိုးသမီး ငယ်လေးရဲ့ ပုံရိပ်ဖုံးလွှမ်းမနေတော့ချေ။ အားလုံးသည် အသက်ရှူသံကို ထိန်းထားရင် သွေးသစ်ခွ ထွက်ပေါ်လာမည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေ၏။

“မကြာတော့ဘူး” မိန်းမငယ်လေး တိုးတိုးလေး ပြောလိုက်လေ၏ “လတိုင်း၊ သွေးသစ်ခွက နေရောင်ကို စုပ်ယူဖို့ ထွက်ပေါ်လာလေ့ရှိတယ်။ ဒီနေ့က သွေးသစ်ခွ ထွက်ပေါ်လာမယ့် အချိန်ပဲ။ ကျွန်မတို့ ရည်ရွယ်ချက် ပြီးမြောက်ဖို့ မကြာတော့ဘူး”

“မပူပါနဲ့၊ သခင်မလေး။ ကျုပ်တို့ ချထားတဲ့ ထောင်ချောက်တွေက အဲ့ဒါကို ဖမ်းဖို့ လုံလောက်တာ ထက်တောင် ပိုသေးတယ်။ အဲ့သွေးသစ်ခွသာ ပေါ်လာသရွေ့ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး” မုတ်ဆိတ်မွှေးထူလပြစ်နဲ့ လူကြီးက တခစ်ခစ်ရယ်မောရင်း ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်လေ၏။

“ကောင်းတယ်။ လန်းရထွတ်မြတ်ကုန်းမြေရဲ့ သခင်လေးက သူ့ဒဏ်ရာတွေကို ပြန်သက်သာအောင် လုပ်ဖို့အတွက် သွေးသစ်ခွကို အသည်းအသန် လိုအပ်နေတယ်။ ကျွန်မတို့ရဲ့ လွတ်လပ်သော အဖွဲ့အစည်းသာ လန်းရထွတ်မြတ်ကုန်းမြေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် ဘယ်လို အကျိုးအမြတ်မျိုး ရနိုင်မလဲ ဆိုတာကို ရှင်တို့လည်း သိလောက်မှာပါ” အမျိုးသမီးငယ်လေးက အသာအယာ အသက်ရှူလိုက်ရာ သူမ၏ ရင်မို့မို့အစုံသည် အသာအယာ လှုပ်ခါသွားသဖြင့် များစွာသော အကြည့်များကို နောက်တစ်ကြိမ် ဆွဲဆောင်မိလိုက်ပြန်လေ၏။

အားလုံး ထပ်မံ ခေါင်းညိတ်လိုက်ကြလေ၏။

လွတ်လပ်သော အဖွဲ့အစည်း၏ အင်အားသည် မဆိုးလှသော်လည်း ထိုအဖွဲ့အစည်း၌ အားကောင်းလှသော အစစ်အမှန် ပညာရှင်တစ်ယောက် ရှိမနေသည့်အတွက် ဘေးပတ်ဝန်းကျင်မှ အင်အားစုများ၏ ဖိနှိပ်ခြင်းကို ခံရ၏။ သို့သော်လည်း လန်းရထွတ်မြတ်ကုန်းမြေသည် အစစ်အမှန် မဟာအင်အားစုကြီး တစ်ခုဖြစ်၏။ သူတို့သာ လန်းရထွတ်မြတ်ကုန်းမြေနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက် နိုင်မည်ဆိုပါက လွတ်လပ်သောအဖွဲ့အစည်း၏ တိုးတက်မှုကို တော်တော်လေး အကျိုးရှိသွားစေနိုင်၏။

“ဒီမှာပဲ” ထိုအချိန်မှာပင် တစ်ယောက်ယောက်က ရုတ်တရက် အော်ပြောလိုက်လေ၏။

အားလုံးသည်လည်း သူတို့ရှေ့ရှိ ရေပြင်ကို ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်ကြလေ၏။

နောက်ကျိနေသော ရေပြင်ထက် အနီရောင် ဖျော့ဖျော့လေး တောက်လာခဲ့လေ၏။ ထိုအနီရောင်လေးသည် အချိန်နှင့်အမျှ ပို၍ တောက်ပလာနေခဲ့လေ၏။

တဖြည်းဖြည်း အရွက်(၇)ရွက်ပါသော သွေးစစ်ခွသည် ကန်ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့လေ၏။ အရွက် မျက်နှာပြင်ရှိ မျဉ်းကြောင်းလေးများသည် သွေးကြောများနှင့်ပင် တူနေသေး၏။

အားလုံး၏ အသက်ရှူသံ မြန်ဆန်လာခဲ့ပြီး လူတိုင်းသည် ထိုသွေးနီရောင်သစ်ခွပန်းကို ရင်တဒိတ်ဒိတ်ဖြင့် ငေးစိုက် ကြည့်နေခဲ့ကြလေ၏။ သို့သော်လည်း ကံကောင်းစွာဖြင့် အားလုံးသည် သူတို့စိတ်ကို ပြန်ငြိမ်သွားအောင် အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့လေ၏။

တစ်ခဏကြာပြီးနောက် သွေးသစ်ခွ အပြည့်အဝ ထွက်ပေါ်လာခဲ့လေ၏။

အပင်ဆိုသော်ငြား လောကစိတ်ဝိဥာဉ် ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ထိုသစ်ခွသည် ကိုယ်ပိုင် အသိဥာဏ်ကို ပိုင်ဆိုင်ထားပြီး အန္တရာယ်ကို ထောက်လှမ်းနိုင်ကာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိလေ၏။

“သခင်မလေး…” မုတ်ဆိတ်မွှေး ထူလပြစ်နှင့်လူကြီးက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အော်ခေါ်လိုက်လေ၏။

“စောင့်ဦး” အမျိုးသမီးငယ်လေးက အလျင်အမြန် ပြန်ပြောလိုက်လေ၏ “အဲ့ကောင်က တော်တော်လေးကို ဥာဏ်များတယ်။ ဒီလို ကိုယ်ထင်ပြတယ် ဆိုတာက ပတ်ဝန်းကျင်ကို အရင်စစ်ဆေးကြည့်ဖို့ လုပ်တာပဲ”

ဟုတ်သွားပါပြီ။ မိန်မပျိုလေး ပြောပြီးသည်နှင့် သွေးသစ်ခွသည် ချက်ချင်းဆိုသလို ရွှံ့အိုင်ထဲ ပြန်၍ ငုံ့လျှိုးသွားခဲ့လေ၏။

တစ်ခဏကြာပြီးသည်အထိ ကန်မျက်နှာပြင်ပေါ် ပြန်တက်မလာသေးရား အားလုံး၏စိတ်ထဲ စိုးရိမ်စိတ်တို့ ချဉ်းနင်း ဝင်ရောက်လာခဲ့လေ၏။ အကုန်လုံးသည် သူတို့ ပုန်းနေသည့် နေရာကိုမျိုး သွေးသစ်ခွ သတိပြုမိ သွားလေသလား ဆိုပြီး စိုးရိမ်နေခဲ့ကြလေ၏။

မိန်မပျိုလေး တစ်ယောက်သည်သာ ယုံကြည်ချက်ရှိသည့် အမူအရာကို ဆင်မြန်းထားခြင်း ဖြစ်လေ၏။

နာရီဝက်လောက် ကြာပြီးသည်နောက် အနီရောင် အလင်းသည် နောက်ကျိနေသေည့် ရေမျက်နှာပြင်ပေါ်သို့ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေ၏။ ဤသို့ဖြင့် သွေးသစ်ခွသည် ကန်မျက်နှာပေါ်သို့ ဒုတိယအကြိမ်အဖြစ် ထပ်မံ ထွက်ပေါ်လာခဲ့လေပြီ.

ဒီတစ်ကြိမ်တွင်မူ သွေးသစ်ခွသည် ကန်မျက်နှာပေါ်သို့ အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီး မြက်ထူသည့် နေရာတစ်ခုသို့ သွား၍ အမြစ်တွယ်ကာ အရွက်(၇)ရွက်ကို နေရာဆီ ပြထားလိုက်လေ၏။

“အခုပဲ” အမျိုးသမီးငယ်လေးက အော်လိုက်လေ၏။

သူမ၏ အမိန့်ပေးသံကို ကြားလိုက်သည်နှင့် လက်ကွက် များစွာကို အလျင်အမြန် ဖန်တီးလိုက်ကာ ချထားသည့် ထောင်ချောက်များကို အလျင်အမြန် အသက်သွင်းတော့လေ၏။

သို့သော်လည်း ထောင်ချောက်နှင့် အတားအဆီးများကို အသက်မသွင်းရသေးခင်မှာပင် ကီလိုမီတာဒါဇင်ကျော် အကွာမှ အားကောင်းလှသည့် စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့လေ၏။ ထိုစွမ်းအင်လှိုင်းများကို သတိပြုမိလိုက်သည်နှင့် အားလုံး၏ အမူအရာ မဲမှောင်သွားခဲ့လေ၏။

အမျိုးသမီးငယ်လေးသည် တုန့်ဆိုင်းတွေနေခြင်း မရှိပဲ အလင်းတန်းတစ်ခုအသွင် ပြောင်းလျက် သွေးသစ်ခွဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ကံမကောင်းစွာဖြင့် သူမ နောက်ကျသွားခဲ့ရ၏။ စွမ်းအင်လှိုင်းတို့ကို သတိပြုမိသည်နှင့် သွေးသစ်ခွသည် ရွံအိုင်ထဲသို့ ချက်ချင်း ပြန်ခုန်ဆင်းသွားလေရာ အမျိုးသမီးငယ်လေး၏ လက်သည် လေကိုသာ ဖမ်းဆုပ် မိသွားခဲ့လေ၏။ သူမ၏ မျက်နှာလှလှလေး တစ်ခုလုံး ရှုံ့မဲ့မည်းမှောင် နေခဲ့ပြီး မိုးထိမတတ် ဒေါသမီးတောက်တို့သည့် သူမ၏ ရင်တွင်း၌ လောင်မြိုက်လာခဲ့ကာ နေရာတွင်သာ တောင့်တောင့်ကြီး ရပ်နေခဲ့လေ၏။

ကျန်သည့် အဖွဲ့သားများသည်လည်း စိတ်ညစ်နေသည့် အမူအရာဖြင့် လမ်းလျှောက်ထွက်လာခဲ့ကြလေ၏။

သလင်းကျောက်တုံး အတုံး(၂၀)သည် သူတို့၏ မျက်စိရှေ့မှာတင် ထွက်ပြေးပျောက်ကွယ်သွားခဲ့ရာ မည်သူမှ ပျော်နေလိမ့်မည် မဟုတ်ချေ။

“ဒီမှာ အခြားလူတွေ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ” အမျိုးသမီးငယ်လေးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူကြီးဆီ လှည့်၍ “ရှင်ပြောတော့ ကီလိုမီတာ(၅၀)အတွင်းမှာ ရှိတဲ့ဘယ်သူ့ကိုမဆို မောင်းထုတ်လိုက်ပြီဆို”

သွေးသစ်ခွကိုရဖို့ရာ လွတ်လပ်သော အဖွဲ့အစည်းသည် တစ်လတိုင်တိုင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ဤနေရာပတ်လည် ကီလိုမီတာ(၅၀) အတွင်းကို တားမြစ်ဇုံအဖြစ် သတ်မှတ်ပြီး မည်သူ့ကိုမှ ခြေချခွင့် မပြုခဲ့ချေ။

သွေးသစ်ခွ ဖမ်းဆီရေးလုပ်ငန်းမစခင် ဤနေရာတစ်ဝိုက်ကို အသေအချာ စူးစမ်းရှာဖွေ ကြည့်ခဲ့သေး၏။ သို့သော်လည်း မည်သည့် အပြင်လူကိုမှ မတွေ့ခဲ့ရချေ။ ယခုလေးတင် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် တစ်ယောက်ယောက် အဆင့်ချိုးဖျက်ရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများပင် ဖြစ်ချေ၏။

မုတ်ဆိတ်မွှေး ထူလပြစ်နှင့် လူကြီး၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောလိုက်လေ၏ “ဒီနေရာရဲ့ ကီလိုမီတာ(၅၀)အတွင်းမှာ ဘယ်သူ့ကိုမှ ကျုပ်တို့ မတွေ့ခဲ့တာပါ”

“ဒါဆိုရင် အခုကိစ္စက ဘယ်လိုဖြစ်ရတာလဲ” မိန်းမငယ်လေးက ဒေါတသကြီးဖြင့် “သွေးသစ်ခွကို လဝက်အတွင်း ပို့ပေးမယ်လို့ လန်းရထွတ်မြတ်ကုန်းမြေကို ကျွန်မတို့ ကတိပေးပြီးသွားပြီဟဲ့။ အခု ဘာဆက်လုပ်ကြမလဲ”

မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူကြီး ကြက်သေသေသွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်ပြောလိုက်လေ၏ “ကျုပ်တို့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်လို့ ရတယ်လေ…”

“ထပ်ကြိုးစားကြည့်ဖို့လား” မိန်းမငယ်လေးက ပြန်၍ လှောင်ပြောင်လိုက်လေ၏ “သွေးသစ်ခွက အကြောက်လွန်ပြီး ရွံ့အိုင်အနက်ထဲအထိ ဆင်းသွားပြီ။ အခုကနေစပြီး နောက်နှစ်ဝက်အတွင်း ပြန်ပေါ်လာရင်တောင် ကံကောင်း။ ကျွန်မတို့ ဘယ်လို ထပ်ကြိုးစားရမှာလဲ။ ရှင်ကိုယ်တိုင် အောက်ဆင်းပြီး သွားရှာချင်လို့လား”

သူမ ပြောသည်မှာ မှန်ကန်နေသည့်အတွက် မည်သူမှ ပြန်၍ ငြင်းချက် မထုတ်နိုင်ခဲ့ချေ။ အားလုံး၏ အမူအရာသည် အရုပ်ဆိုးသထက်ကို ဆိုးလာခဲ့လေ၏။

အမျိုးသမီးငယ်လေးသည် အမောတကော အသက်ရှူလျက် ထိုလူများကို ပြစ်တင်ကျိန်းမောင်းနေခဲ့လေ၏။

အောင်မြင်မှုသည် လက်တစ်ကမ်း အလိုတွင်သာ ရှိနေသော်ငြား မမျှော်လင့်ထားသည့် ရုတ်တရက် အဖြစ်အပျက် တစ်ခုကြောင့် သူမတို့ ကြိုးစားအားထုတ်ထားခဲ့ရသမျှ အားလုံး ရေစုန်မျောသွားခဲ့ရလေ၏။ ထို့ကြောင့် အမျိုးသမီးငယ်လေး ဒေါသယမ်းမီးပုံ ကျနေသည်မှာလည်း အံ့အားသင့်စရာ မဟုတ်။

စိတ်ငြိမ်အောင် လုပ်ပြီးသည့် အချိန်မှပဲ အမျိုးသမီးငယ်လေးက စွမ်းအင်လှိုင်း ထွက်ပေါ်လာရာ အရပ်ဆီ လှမ်းကြည့်၍ “ကျွန်မနဲ့လိုက်ခဲ့။ ဘယ်သူကများ ငါ့အစီအစဉ်ကို ဖျက်စီးရဲလဲ ဆိုတာ ကြည့်ရသေးတာပေါ့”

“အဲ့သူတောင်းစားကို ရှာတွေ့တာနဲ့ ငါသူ့ကို သတ်ပစ်မယ်” မုတ်ဆိတ်မွှေး ထူလပြစ်နှင့်လူကြီးက ဒေါသတကြီး ပြောလိုက်လေ၏။

အမျိုးသမီးငယ်လေးက သူ့အား ဒေါသတကြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်လေရာ ထိုလူကြီးမှာ ချက်ချင်း ပါးစပ် ပိတ်သွားခဲ့လေ၏။

ကီလိုမီတာ ဒါဇင်အကွာ၌၊ ရန်ကိုင်သည် လက်သီးများကို ဆုပ်လိုက်ဖြေလိုက် လုပ်နေရင် ကျေနပ်စွာဖြင့် ပြုံးနေခဲ့၏။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇… ဤလောကကြီးဆီသို့ ရောက်လျှင်ရောက်ချင်း နောက်တစ်ဆင့်သို့ အဆင့်ချိုးဖျက် တက်ရောက်နိုင်ခဲ့၏။ အဆင့်သေးတစ်ဆင့် ချိုးဖျက်နိုင်ခဲ့သလို့ သူ့အသိစိတ်ပင်လယ်ထဲ ရှိနေသော စိတ်စွမ်းအင်များကိုလည်း စုပ်ယူနိုင်ခဲ့လေ၏။

“ဂုဏ်ယူပါတယ်” ရွှေးလင်က ရန်ကိုင်ဆီ လမ်းလျှောက် သွားလိုက်ပြီး ဂုဏ်ပြုစကား ဆိုလိုက်လေ၏။

================================

All Chapters