← Chapters

အခန်း (၆၁၆-၆၂၀)

Vol. 25 Ch. 616-620

အခန်း (၆၁၆-၆၂၀)

Vol. 25 Ch. 616-620

အပိုင်း(၆၁၆) အဲ့လူတွေကို သူဘယ်လိုလုပ်ပြီး ရန်စလိုက်တာလဲ

——————————————————————

ရန်ကိုင် ယဲ့ယဲ့လေး ခေါင်းခါလိုက်လေ၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇သည် ယခင်လောကကြီးတွင် မဆိုးလှဟု ဆိုနိုင်သော်လည်း ထုန်းရွှမ်းလောကကြီးအကြောင်း သိလိုက်ရပြီး မသေမျိုးအဆင့်နှင့် သူတော်စင် အဆင့်များ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သဘောပေါက်ပြီး သကာလ သူ့ကိုယ်သူ အရမ်းကြီး အထင်မကြီးရဲတော့ချေ။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များသည် မသေမျိုးအဆင့် ပညာရှင်များနှင့် ယှဉ်လျှင် အားနည်းနေဆဲ။

ဤကျယ်ပြောပြီး ပညာရှင်ပေါင်းစုံတို့ဖြင့် ပြည့်နေသည့် လောကကြီးထဲ ရှင်သန်နိုင်ရန်၊ စုယန်နှင့် သူ၏ စီနီယာမမလေး တို့ကို ရှာနိုင်ရန် အလို့ငှာ သူ့ခွန်အားကို မြန်နိုင်သမျှမြန်အောင် တိုးမြှင့်ဖို့ လိုအပ်၏။

လုံလောက်သည့် ခွန်အား မရှိလျှင် အခြားသူများကို မပြောနှင့်၊ သူ့ကိုယ်သူပင် ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

“ငါတို့ ဘယ်ရောက်နေလဲ ဆိုတာကို နင်သိပြီးပြီလား” ရန်ကိုင်က မေးလိုက်လေ၏။

ရန်ကိုင် အဆင့်ချိုးဖျက်နေစဉ်အတွင်း ရွှေးလင်သည် သူတို့တစ်တွေ မည်သည့်နေရာဆီ ရောက်နေလဲဟု သိရအောင် ဘေးပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းနေခဲ့လေ၏။

ရန်ကိုင်မေးခွန်းကို ရွှေးလင်က ခေါင်းခါရမ်း၍ “ဒီဗွက်အိုင်လို နေရာမျိုးက ထုန်းရွှမ်လောကကြီးမှာ အများကြီးပဲ။ ငါတို့ ဘယ်ရောက်နေလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ ဒါပေမယ့် ငါတို့တွေက လူသားပိုင်နက်အတွင်းမှာ ရှိနေသေးတယ် ဆိုတာကိုတော့ ငါသိတယ်”

“လူသားပိုင်နက်လား” ကြားနေကျမဟုတ်သည့် စကားကို ကြားလိုက်သည်နှင့် ရန်ကိုင်လည်း မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

“အို၊ အဲ့ဒါအမှန်ပဲ။ ငါနင့်ကို ပြောဖို့ မေ့နေတာ။ ထုန်းရွှမ် လောကကြီးမှာ လူသားမျိုးနွယ်စုတင် မဟုတ်ဘူး။ နတ်ဆိုးမျိုးနွယ်စုနဲ့ မွန်းစတားမျိုးနွယ်စုဆိုပြီး နောက်ထပ်မျိုးနွယ်စု နှစ်ခု ထပ်ရှိသေးတယ်။ အဲ့မျိုးနွယ်စု နှစ်ခုစလုံးက အားကောင်းပြီး ငါတို့ လူသားမျိုးနွယ်စုနဲ့ တန်းတူ ရပ်တည်နိုင်တဲ့ မျိုးနွယ်စုတွေပဲ။ လူသားမျိုးနွယ်စုတွေ အုပ်ချုပ်တဲ့ နယ်မြေကို လူသားပိုင်နက်လို့ ခေါ်ပြီး နတ်ဆိုးမျိုးနွယ်စုတွေ အုပ်ချုပ်တဲ့ နယ်မြေကိုတော့ နတ်ဆိုးကုန်းမြေလို့ ခေါ်တယ်။ မွန်းစတားမျိုးနွယ်စုတွေ အုပ်ချုပ်တဲ့ နယ်မြေကိုကျတော့ မွန်းစတားပိုင်နက်လို့ ခေါ်တာပေါ့။ အဲ့နယ်မြေကြီးသုံးခုကြားမှာ ဘယ်သူမှ မပိုင်ဆိုင်တဲ့ နယ်မြေတစ်ခုလည်း ရှိသေးတယ်။ အဲ့နယ်မြေမှာကျတော့ အခြားမျိုးနွယ်စုလေးတွေ နေကြတယ်။ နင်အဲ့အကြောင်းကို နောက်ပိုင်းကျရင် သိလာမှာပါ” ရွှေးလင်က စိတ်မပါလက်မပါဖြင့် ရှင်းပြလိုက်လေ၏။ သူမ ပြောသွားသမျှ အရာအားလုံးသည် ထုန်းရွှမ်လောကကြီးတွင် နေထိုင်သူအားလုံး သိထားသော အကြောင်းအရာများဖြစ်၏။ ရန်ကိုင်သာ ဤနေရာ၌ နေနေသရွေ့ သူသိသင့်သည်များကို ဖြည်းဖြည်းချင်း သိလာပေလိမ့်မည်။

ရန်ကိုင်ကမူ ကြက်သေသေနေခဲ့လေ၏။

ရွှေးလင်က ပြုံး၍ ဆက်ပြောလိုက်လေ၏ “အရင် လောကကြီးက အဆင့်၇ မွန်းစတားသားရဲကို မှတ်မိသေးတယ်မလား။ အဲ့ပင့်ကူကြီးသာ ပြီးပြည့်စုံတဲ့ လူသားအသွင် ပြောင်းနိုင်ပြီဆိုရင် မွန်းစတားမျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အဲ့လို ဖြစ်ဖို့ကျ သားရဲအသွင်ပြောင်းရေကန်ရဲ့ အကူအညီ လိုသေးတယ်။ သားရဲ အသွင်ပြောင်း ရေကန်ဆိုတော မွန်းစတားမျိုးနွယ်စုရဲ့ မဟာ ရတနာတော်တစ်ပါးပဲ။ ကဲ၊ အဲ့ကိစ္စနဲ့ပက်သက်ပြီး အရမ်းကြီး စိုးရိမ်နေစရာလည်း မလိုပါဘူး။ နင်မကြား၊ မမြင်ဖူး၊ စိတ်တောင် မကူးဖူးတဲ့ အရာတွေ အများကြီးကို အနှေးနဲ့အမြန်ဆိုသလို မြင်လာရတော့မှာ”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်လျက် “ကြည့်ရတာက ငါက တော်တော်ကို ဗဟုသုတကင်းမဲ့တဲ့ ပုံပဲ”

ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ရန်ကိုင်က မေးလိုက်၏ “နတ်ဆိုးဗိုလ်ချုပ်မန်ကဲ ဆိုတဲ့နာမည်ကို နင်ကြားဖူးလား”

ထိုနာမည်ကို ကြားလိုက်သည်နှင့် ရွှေးလင်က အံ့ဩနေသည့် အမူအရာဖြင့် ရန်ကိုင်ဘက်လှည့်၍ “သူ့အကြောင်း နင်ဘယ်လိုသိတာလဲ”

“သူတကယ် ရှိတာလား” ရန်ကိုင် အံ့ဩသွားခဲ့ရလေပြီ။ သူက သတိရလိုက်သည့် အတွက်ကြောင့်သာ မေးလိုက်ခြင်းဖြစ်၏။ သို့သော်လည်း ရွှေးလင်၏ တုန့်ပြန်မှုအရ နတ်ဆိုးဗိုလ်ချုပ် မန်ကဲသည် ထုန်းရွှမ်လောကကြီးမှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်ပုံပင်။

နတ်ဆိုဗိုလ်ချုပ် မန်ကဲကို ရန်ကိုင် မေ့လုလုပင် ဖြစ်နေခဲ့လေပြီ။ ရွှေးလင်က မွန်းစတားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုအကြောင်း စကားစလာမှသာ နတ်ဆိုးဗိုလ်ချုပ် မန်ကဲအကြောင်း ရုတ်တရက် စဉ်းစားမိလိုက်ခြင်း ဖြစ်၏။

“သူက လူသားမျိုးနွယ်စုဝင် တစ်ယောက် မဟုတ်ဘူး။ နတ်ဆိုးမျိုးနွယ်စုက အားကောင်းတဲ့ ပညာရှင်တစ်ယောက်ပဲ” ရွှေးလင်က တုန်လှုပ်ချောက်ချားနေသည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်လျက် ခါးခါးသီးသီး ပြုံးကာ “နင်က တော်တော့်ကို ထူးဆန်းတဲ့လူပဲ။ ဒီလောကကြီးဆီ တစ်ခါမှ မရောက်ဖူးဘဲနဲ့ နတ်ဆိုးဗိုလ်ချုပ်မန်ကဲကို ဘယ်လိုလုပ်ပြီး သိနေတာလဲ’

ရန်ကိုင်က မိစ္ဆာလိုဏ်ဂူအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုသာ ပြန်ရှင်းပြလိုက်လေ၏။

ရန်ကိုင် ပြောပြသည့် ဇာတ်လမ်းကို နားထောင်ပြီးနောက် ရွှေးလင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်နား သနားစဖွယ် အမူအရာဖြင့် စိုက်ကြည့်ကာ “သူ့ဝိဥာဉ်ကိုယ်ပွါးကို နင်တကယ်ပဲ ဖျက်စီးပစ်ခဲ့တယ်ပေါ့… အခုကနေစပြီး နင်သူ့ကို လုံးဝ ရှောင်ကို ရှောင်ရလိမ့်မယ်။ သူက နတ်ဆိုးမျိုးနွယ်စုရဲ့ အစစ်အမှန် ပညာရှင်တစ်ယောက်ပဲ။ နင်ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး”

“သူဘယ်လောက်တောင် အားကောင်းတာလဲ” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် မေးလိုက်၏။

“နင်ပြောခဲ့တဲ့ပုံအရ သူ့ရဲ့ ဝိဥာဉ်ကိုယ်ပွါးက မသေမျိုးအဆင့် မရောက်သေးတဲ့ပုံပဲ။ ဒါပေမယ့် သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကတော့ သူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတယ်။ ဘယ်အဆင့် ရောက်နေတဲ့ သူတော်စင်လဲ ဆိုတာကိုတော့ ငါလည်း သေချာမိသဘူး။ ဒါပေမယ့် လူသားပိုင်နက်က လူတော်တော်များများက သူ့ကို ကြောက်ကြတယ်”

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုမျှ အားကောင်းလှသည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရန်စမိလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ချေ။ အသာအယာ ခေါင်းညိတ်လိုက်ပြီး “ငါနားလည်ပြီ”

သူပြောပြီးစဉ်မှာပင် ရန်ကိုင်မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ဘေးဘက်ဆီ လှမ်း၍ ကြည့်လိုက်၏။

ရွှေးလင်သည်လည်း မျက်မှောင်ကြုံ၍ ရန်ကိုင် လှည့်ကြည့်လိုက်သည့် အရမ်ဆီ လှမ်းကြည့်လိုက်လေ၏။

ထိုနေရာဆီမှ၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်အဖွဲ့တစ်ဖွဲ့သည် သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့၏။ သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့ရာ ကြိုးစားနေခဲ့သော်လည်း ရန်ကိုင်၏ ထောက်လှမ်းမှု အောက်ကနေ မရှောင်ပုန်းနိုင်ခဲ့ချေ။

ထိုလူများ၏ ဦးတည်ချက်အရ သူတို့ဆီ လာနေသည့်ပုံပင်။

“ငါတို့ ဘယ်ရောက်နေလဲ ဆိုတာသိရဖို့ အခွင့်အရေး ဆိုက်ရောက်လာပြီနဲ့တူတယ်” ရန်ကိုင်က ရွှေးလင်အား ပြုံးပြလိုက်ရာ ရွှေးလင်ကလည်း သူ့ကို ပြန်ပြုံးပြလိုက်လေ၏။

အချိန်အတော်ကြာအောင် ရန်ကိုင်နှင့် အတူရှိလာခဲ့ပြီးနောက် ရွှေးလင်သည်လည်း ပို၍ ရဲတင်း သတ္တိရှိလာခဲ့လေ၏။ အတိတ်တုန်းကသာ ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့မည်ဆိုပါက သူမ ထွက်ပြေးမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ခဏအကြာ၌ ရန်ကိုင်ရှေ့တွင် လူရှစ်ယောက် ထွက်ပေါ်လာခဲ့လေ၏။ အဖွဲ့ခေါင်းဆောင်သည် ရင့်ကျက်သည့် ဟန်ပင်အမူအရာ၊ မို့မောက်သော ရင်အစုံ၊ လုံးဝန်းစွံ့ကားလှသော တင်းပါများနှင့် သွယ်လျသော ခြေတံရှည်များကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေးတစ်ယောက်ပင် ဖြစ်၏။ အမျိုးသမီးသည် ခွဲကြောင်းရှည်နှင့် မိုပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။

သူမ၏ မြင်လိုက်သည်နှင့် ရန်ကိုင်မျက်ဝန်းထဲ ချီးကျူးလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။

ထုန်းရွှမ်လောကကြီးဆီသို့ ရောက်ရှိလာပြီးနောက် သူပထမဆုံး မြင်လိုက်ရသည့် လူစိမ်းသည် မိန်းမလှလေး တစ်ယောက် ဖြစ်နေခဲ့လေ၏။

သို့သော်လည်း မိန်းမလှလေး၏ အမူအရာသည် ပြိုတော့မည့် မိုးပမာ သုန်မှုန်နေခဲ့လေ၏။

သူမနောက်တွင် ရှိနေသော လူ(၇)ယောက်သည်လည်း အေးစက်စက် အရှိန်အဝါများကို ထုတ်လွှတ်လျက် ရန်ကိုင်နှင့် ရွှေးလင်တို့အား စူးရဲစွာ စိုက်ကြည့်နေခဲ့ကြလေ၏။

ထိုအဖွဲ့၏ သဘောထားကြောင့် ရန်ကိုင်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။ ထိုလူများကို မည်ကဲ့သို့ ရန်စမိလိုက်မှန်း ရန်ကိုင် နားမလည်နိုင်ချေ။

သို့သော်လည်း သူ့ခွန်အားအပေါ်တွင် ယုံကြည်ချက် ရှိသည့် အတွက်ကြောင့် ရန်ကိုင်သည် ဆိတ်ဆိတ်နေဖို့ကိုသာ ရွေးချယ်လိုက်လေ၏။

အဖွဲ့ခေါင်းဆောင် မိန်းမငယ်လေးသည် ရန်ကိုင်ဆီမှ (၁၀)မီတာ အကွာသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့ပြီး စိတ်ညစ်၊ စိတ်ပျက်နေသည့် အမူအရာဖြင့် ရန်ကိုင်နှင့် ရွှေးလင်တို့အား‌ ဝေ့ကြည့်လိုက်လေ၏။

“ရှင်တို့က ဘယ်သူတွေလဲ။ ဘာလို့ ဒီနေရာကို ရောက်နေရဝါလဲ” မိန်းမငယ်လေးက အေးစက်စက်လေသံဖြင့် မေးလိုက်၏။

“ကျုပ်တို့က ဒီနေရာကို ဖြတ်သွားနေတဲ့ ခရီးသွားတွေပဲ” ရန်ကိုင်က ဖြစ်သလိုသာ ပြန်ပြောလိုက်လေ၏ “ကျုပ်တို့ ဒီဗွက်အိုင်ထဲ ရောက်ပြီး လမ်းပျောက်နေတာ။ ကျုပ်တို့ အခု ဘယ်နေရာ ရောက်နေလဲ ဆိုတာ ခင်ဗျားတို့ဘက်က တစ်ချက်လောက် ပြောပြပေးလို့ ရမလားမသိဘူး”

“ဒီနေရာက ဘယ်နေရာလဲ ဆိုတာကို ရှင်က သိချင်တယ်ပေါ့” မိန်းမငယ်လေးက ပို၍ ဒေါသထွက်သွားခဲ့ပြီး အော်ပြောလိုက်လေ၏ “ဒီနေရာက ဘယ်နေလဲဆိုတာကို ငါ့ကို လာမေးရဲသေးတယ်ပေါ့”

“ဟုတ်တယ်လေ။ ကျုပ်တို့က လမ်းမှ မတွေ့တာကိုးဗျ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပုခုံးတွန့်ပြလိုက်လေ၏။ သူတို့သည် လေဟာနယ်လျှောက်လမ်းမှ ဤနေရာသို့ ကြုံရာကျပန်း ပို့ခံလိုက်ရရာ ယခု မည်သည့်နေရာသို့ ရောက်နေမှန်း သူတို့ နှစ်ယောက်စလုံး မသိကြချေ။

“အဆင်ပြေရင် ပြောပြပေးလို့ ရမလားဟင်” ရန်ကိုင်က အပြုံးပန်းဆင်လျက် ဆက်မေးလိုက်လေ၏။

“အဆင်ပြေရင်လား၊ ဘာလို့ အဆင်မပြေရမှာလဲ” အမျိုးသမီးငယ်လေးက လှောင်ပြောင်၍ သူမ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး “ကျိဟုန်၊ အဲ့နှစ်ယောက်ကို ဖမ်းလိုက်။ သွေးသစ်ခွကို မရမှတော့ သူတို့ကိုပဲ ပြန်ခေါ်သွားကြတာပေါ့”

“ဟုတ်ကဲ့ပါ၊ သခင်မလေး” မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူကြီးက အော်ထူးလိုက်လေ၏။ ထို့နောက် အဖွဲ့ထဲရှိ ကျန်လူများကို ဦးဆောင်ကာ ရန်ကိုင်တို့ဆီ ပြေးဝင်သွားလေ၏။

“နေပါဦး” ရန်ကိုင်က သူ့လက်ကို အလျင်စလို မြှောက်ပြလိုက်လေ၏။ ထိုလူများသည် သူတို့အပေါ် ရန်လိုနေသည် ဆိုသည်ကို သိထားသော်ငြား ထုန်းရွှမ်လောကကြီး ဆီသို့ ရောက်ရောက်ချင်း ပြဿနာ မရှာချင်ချေ။ အဖွဲ့ထဲရှိ လူအားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်ထားကြပြီး အားလုံးသည် အတိုင်အဖောက်ညီညီဖြင့် လှုပ်ရှားနေကြရာ ထိုသူများသည် ဒေသခံအင်အားစုတစ်ခုမှ ဖြစ်လောက်ပေ၏။ သူတို့ကို သတ်ဖို့သည် မခက်ခဲသော်လည်း ဖြစ်လာမည့် နောက်ဆွဲတွဲ ပြဿနာများကို ဖြေရှင်းဖို့ လွယ်ကူလိမ့်မည် မဟုတ်ချေ။

ထို့ပြင် မိန်းမငယ်လေး၏ စကားလုံးများသည် ရန်ကိုင်အား စိတ်ရှုပ်သွားစေခဲ့လေ၏။

အကြောင်းပြချက် မရှိဘဲ ပစ်မှတ်ထားခံနေရရာ ထိုလူများသည် သူတို့အား တမင်သက်သက် ပြဿနာရှာနေသည်ဟုပင် ရန်ကိုင် ထင်မှတ်မိလိုက်၏။

“သွေးသစ်ခွက ဘာကြီးလဲ” ရန်ကိုင်က မေးလိုက်ရာ ရွှေးလင်က ဝင်ပြောလိုက်၏ “လောကစိတ်ဝိဥာဉ် ရတနာပဲ”

“ဟုတ်တယ်။ လောကစိတ်ဝိဥာဉ် ရတနာတစ်ခုဖြစ်တဲ့ အရွက်(၇)ရွက် သွေးသစ်ခွပဲ” မိန်းမပျိုလေးက အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။

“အဲ့ဒါ ကျုပ်နဲ့ဘာဆိုင်လို့လဲ။ ကျုပ်တို့က လောကစိတ်ဝိဥာဉ် ရတနာတစ်ခုတစ်လေကိုတောင် မြင်မိတာ မဟုတ်ဘူး” ရန်ကိုင်က ပြန်၍ ငြင်းခုံလိုက်လေ၏။ သူ့စိတ်ထဲတွင်တော့ သူသည် ထိုလူများ၏ ရတနာကို ခိုးယူသွားသည်ဟု ထင်သဖြင့် ထိုလူများသည် သူ့အား ရန်လိုနေခြင်း ဖြစ်သည်ဟု တွေးနေခဲ့ခြင်း ဖြစ်၏။

“မမြင်ဘူးလား… ဟားဟား…” မိန်းမပျိုလေးက ရုတ်တရက် ပြုံးလိုက်လေ၏။ ထိုနှစ်ယောက်အား မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးခြင်းသည် ကမူးရှူးထိုး ဆန်လွန်းသည်ဟု ရုတ်တရက် တွေးမိလိုက်ကာ မိန်းမပျိုလေးက စိတ်ရှည်ရှည်ဖြင့် မေးလိုက်လေ၏ “ရှင်တို့ထဲက ဘယ်တစ်ယောက်က အဆင့်ချိုးဖျက်သွားတာလဲ”

“ကျုပ်ပဲ၊ ဘာဖြစ်လို့လဲ” ရန်ကိုင်က ပြန်မေးလိုက်လေ၏။ သူရှေ့တွင် ရှိနေသော မိန်းမငယ်လေးသည် အလှဂဟေး တစ်ယောက် ဖြစ်သော်လည်း သူမ၏ စကားလုံးနှင့် အပြုအမူသည် ရန်ကိုင်အား တော်တော့်ကို စိတ်ပျက်သွားစေခဲ့လေ၏။

သူအဆင့်ချိုးဖျက်စဉ်က ထွက်ပေါ်လာခဲ့သော အသံသည် လွန်စွာကိုမှ ကျယ်လောင်လွန်းခဲ့ရာ ရန်ကိုင်အနေဖြင့် သူအဆင့်ချိုးဖျက်ခဲ့သည့် အကြောင်းကို ဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။

“ဟုတ်ပြီ။ ရှင်အဆင့်ချိုးဖျက်တုန်းက လုပ်လိုက်တဲ့ အနှောင့်အယှတ်ကြောင့် သွေးသစ်ခွက လန့်ပြီး ထွက်ပြေး သွားတယ်လေ။ သွေးသစ်ခွက ရှင်ကြောင့် ထွက်ပြေးသွားတော့ ကျွန်မတို့ တစ်လလုံးလုံး ကြိုးစားအားထုတ်ခဲ့ရတာတွေ အားလုံး အချည်းနှီး ဖြစ်သွားရတော့တာပေါ့။ ဒီတော့ ကျွန်မကို ပြောပါဦး။ ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောချင်တုန်းလား”

“အာ…” ရန်ကိုင် ကြောင်သွားခဲ့ပြီး ရွှေးလင်ဆီ လှမ်း၍ ကြည့်လိုက်ရာ ရွှေးလင်ကလည်း ကူကယ်ရာ မဲ့နေခဲ့လေ၏။

သူသည်လည်း လောကစိတ်ဝိဥာည် ရတနာများကို မြင်တွေ့ခဲ့ဖူး၏။ ယင်ယန်မွန်းစတားဂျင်ဆင်းနှင့် ယင်ကိုးသွယ် နှင်းပုံဆောင်ခဲတို့သည် လောကစိတ်ဝိဥာဉ် ရတနာများ ဖြစ်ကြ၏။ ထိုထူးခြားသည့် ရတနာများသည် ကိုယ်ပိုင် အသိဥာဏ်ကို ပိုင်ဆိုင်ထားကြပြီး အန္တရာယ်ကို မည်ကဲ့သို့ ရှောင်ရှားရမည်ကို သိကြ၏။ ထို့ကြောင့် သူအဆင့်ချိုးဖျက်ရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် သွေးသစ်ခွကို ထိတ်လန့်သွားစေပြီး ထွက်ပြေးသွားစေခြင်း ဖြစ်နိုင်ပေသည်။

အကြောင်းစုံကို သိလိုက်ရပြီးနောက် ရန်ကိုင်သည်လည်း ယခင်ကလို မကျေမနပ် မဖြစ်တော့ဘဲ အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ရလေ၏။

“ကျုပ်တောင်းပန်ပါတယ်ဗျာ… ခင်ဗျားတို့က လောက စိတ်ဝိဥာဉ်ရတနာကို ဖမ်းဆီးနေဖို့ ကြိုးစားနေမှန်း ကျုပ်တို့ တကယ်ကို မသိလိုက်ဘူး။ ကျုပ်တို့သာ သိခဲ့ရင်… အဟမ်း…” ရန်ကိုင်က ကူကယ်ရာ မဲ့စွာဖြင့် ပြောလိုက်လေ၏။

အမှန်အတိုင်း ပြောရမည် ဆိုပါက သူသိခဲ့လျှင်လည်း ထိုရုတ်တရက် အဆင့်ချိုးဖျက်မှုသည် သူရပ်တန့်နိုင်သည့် အရာမျိုး မဟုတ်ချေ။

အဖြစ်တစ်ခုလုံးသည် မတော်တဆသာ ဖြစ်သော်လည်း ရန်ကိုင်စိတ်ထဲ နောင်တ အနည်းငယ် ရမိပေ၏။ ထိုလူများ ကံအရမ်းဆိုးနေသည်ဟုသာ ပြောရပေတော့မည်။

“နင်တောင်းပန်တာ အသုံးမဝင်ဘူး” မိန်းမပျိုလေးက လှောင်ပြောင်လိုက်ပြီး “အဲ့သွေးသစ်ခွက ငါတို့အတွက် အရမ်းကို အသုံးဝင်တာ။ စကားလေး နည်းနည်းပါပါးနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ နင်ထင်နေတာလား”

“အဲ့ဒါဆို ခင်ဗျားဘာလိုချင်တာလဲ” သူတို့ဘက်မှ အားသုံးချင်နေလေရာ ရန်ကိုင်သည်လည်း အားနာမနေတော့ချေ။

ထိုအဖွဲ့သည် အားသုံး၍ တဇွတ်ထိုး လုပ်ချင်နေလေရာ ရန်ကိုင်သည်လည်း သူ့ကိုယ်သူ နှိမ့်ချနေတော့မည် မဟုတ်ချေ။

တိုက်ပွဲသာ ဖြစ်ခဲ့ရင် အသက်(၁၀)ရှိုက်စာအတွင်း ထိုလူ အားလုံးကို သတ်နိုင်မည်ဟု သူယုံကြည်ပေ၏။

ရန်ကိုင်၏ ရုတ်တရက် ပြောင်းလဲသွားသော သဘေားထားသည် အမျိုးသမီးငယ်လေးကို ကြောင်သွား‌စေခဲ့ပြီး အလျင်အမြန်ပင် ပြန်ပြောလိုက်လေ၏ “ဘာလဲ၊ နင်က ငါတို့ လွတ်လပ်သောအဖွဲ့အစည်းကို ငါတို့ပိုင်နက်ထဲမှာ တိုက်ခိုက် ချင်နေတာလား”

“လွတ်လပ်သော အဖွဲ့အစည်းလား” ရွှေးလင်က ရုတ်တရက် ပြုံးလိုက်ပြီး “လတ်စသတ်တော့ နင်တို့က လွတ်လပ်သော အဖွဲ့အစည်းကကိုး။ ဒါဆို ဒီနေရာက အနောက်ပိုင်းစိမ့်တော့ပေါ့၊ ဟုတ်တယ်မလား”

“ဟုတ်တယ်” အမျိုးသမီးငယ်လေးက ခေါင်းညိတ်၍ ရွှေးလင်အား သင်္ကာမကင်းဖြစ် ကြည့်လိုက်ကာ “ကြည့်ရတာ နင်က ဘာမှမသိတဲ့လူတော့ မဟုတ်ဘူးပဲ။ နင်ဘယ်သူလဲ”

ရွှေးလင်မျက်နှာထက်က အပြုံးသည် ပိုပို၍ တောက်ပလာခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏ “ငါက ရေဝိဥာဉ်ဘုရားကျောင်းကပဲ”

ထိုစကားကို ကြားလိုကသည်နှင့် တစ်ပြိုင်နက် မိန်းမငယ်လေးနှင့် သူမနောက်တွင် ရှိနေသော လူ(၇)ယောက်လုံး၏ မျက်နှာ အမူအရာများ ပြောင်းလဲ သွားခဲ့ကြလေ၏။

ထိုပြောင်းလဲမှုကို မြင်လိုက်သည်နှင့် ရေဝိဥာဉ်ဘုရားကျောင်း၏ ခွန်အားသည် ရွှေးလင် ပြောခဲ့သလောက် အားမနည်းပါလားဟု သူ့စိတ်ထဲ တွေးမိလိုက်လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၁၇) ငါကူညီပေးနိုင်လောက်တယ်

——————————————————————

ရွှေးလင်သည် ဤနေရာရှိ ဂိုဏ်းများကို မည်ကဲ့သို့ ခွဲခြားထားသည်နှင့် ပက်သက်၍ ရန်ကိုင်အား အချက်အလက် တော်တော်များများကို မပြောဘဲ ထားခဲ့၏။ ရေဝိဥာဉ်ဘုရားကျောင်းသည် သူတို့ကို ကာကွယ်ပေးနေသော သူတော်စင်အဆင့် ပညာရှင်တစ်ယောက်သာ ရှိသည့်အတွက် ပထမအဆင့် အင်အားစုတစ်ခု ဖြစ်ရုံလေးဟု ဆိုခဲ့၏။

သူမ၏ ပြောစကားကြောင့် ရေဝိဥာဉ်ဘုရားကျောင်းသည် အရမ်းကြီး မသန်မာလောက်ဘူးဟု ရန်ကိုင် ထင်မှတ်သွားခဲ့ရ၏။

သို့သော်လည်း ထိုလွတ်လပ်သော အဖွဲ့အစည်းမှ လူများ၏ အပြောင်းကြီးပြောင်းလဲသွားသော အမူအရာကို မြင်လိုက်သည်နှင့် ရေဝိဥာဉ်ဘုရားကျောင်းသည် အားနည်းသော အင်အားစုတစ်ခု မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့လေ၏။

အနည်းဆုံး ရေဝိဥာဉ်ဘုရားကျောင်း ဟူသော နာမည်ကို ကြားလိုက်သည်နှင့် မိန်းမပျိုလေး၏ အမူအရာ လေးနက် တည်ကြည်သွားခဲ့ပြီး သူမ၏ မျက်ဝန်းထဲ ကြောက်ရွံ တုန်လှုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေ၏။

ရန်ကိုင်သည် သူတို့တစ်တွေ မည်သည့် အကြောင်းအရာကို ဆွေးနွေးနေလဲ ဆိုသည်အား စိတ်မဝင်စားသည့်အတွက် ဘေးကနေသာ အေးအေးဆေးဆေး ရပ်ကြည့်နေခဲ့လေ၏။

ရွှေးလင်ကမူ လုံးဝကို စိတ်လက်ပေါ့ပါးသည့် အမူအရာဖြင့် ရှိနေခဲ့လေ၏။ ထိုလူများ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို မသိစဉ်က သူမ၏ မည်သူဆိုသည်ကို မထုတ်ဖော်ရဲခဲ့။ ယခု ထိုလူများသည် လွတ်လပ်သောအဖွဲ့အစည်းသားများ ဖြစ်သည်ကို သိလိုက်ရပြီးနောက် သူမအနေဖြင့် ဘာကိုမှကို စိုးရိမ်စရာ မလိုတော့ချေ။

ရေဝိဥာဉ်ဘုရားကျောင်းသည် လွတ်လပ်သော အဖွဲ့အစည်းနှင့် အရမ်းကြီး မဝေးကွာချေ။ အလွန်ဆုံးမှ လဝက် ခရီးသာဝေးကွာ၏။ ထို့ကြောင့် ထိုအဖွဲ့အစည်း နှစ်ခုသည် မကြာခဏ ကုန်သွယ်လေ့ရှိပြီး အင်အားစုနှစ်ခုကြား ရင်းနှီး ကျွမ်းဝင်မှုလည်း ရှိကြ၏။

လွတ်လပ်သော အဖွဲ့အစည်းမှ လူများသည် အချင်းချင်း တီးတိုးပြောလျက် ရန်ကိုင်နှင့် ရွှေးလင်ဆီ မကြာခဏ လှမ်းလှမ်းကြည့်နေခဲ့ကြလေ၏။ ရွှေးလင် ပြောသည်ကို သူတို့တစ်တွေ အပြည့်အဝ မယုံကြည်သေးသည့် ပုံပင်။

တစ်ခဏကြာ ဆွေးနွေးပြီးနောက် တစ်ဖက်အဖွဲ့ကို ဦးဆောင်လာသည့် ခေါင်းဆောင် အမျိုးသမီးက ရွှေးလင်ကို ပြောလိုက်၏ “ရှင်က ရေဝိဥာဉ်ဘုရားကျောင်းရဲ့ တပည့် ဖြစ်တယ်လို့ ပြောနေမှတော့ ရှင်ဘယ်သူဘယ်ဝါ ဆိုတာကို အတည်ပြုပေးနိုင်တဲ့ အထောက်အထားလေး ဘာလေးများ ပြပေးလို့ရမလား မသိဘူး”

“ရတာပေါ့” ရွှေးလင်က ပြုံး၍ အပြာရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ကာ အမျိုးသမီးငယ်လေးဆီ လှမ်း၍ ပစ်ပေးလိုက်လေ၏။

တံဆိပ်ပြားကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် မိန်းမပျိုလေး၏ အမူအရာ ပို၍ လေးနက်တည်ကြည် သွားခဲ့လေ၏။ အသာအယာ ခေါင်းညိတ်လျက် ပြောလိုက်၏ “ဒီကျောက်စိမ်း တံဆိပ်ပြားမှာ ရေချီအရိပ်အယောင်တွေ ပါဝင်နေတော့ ဒီတံဆိပ်ပြားကို ရေအမျိုးအစား ချီစွမ်းအင် ကျင့်ကြံတဲ့ ပညာရှင်တစ်ယောက်က ဖန်တီးထားတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် ကျွန်မ‌ အားတော့နာပါရဲ့။ ဒီလို ကျောက်စိမ်း တံဆိပ်ပြားမျိုးကို ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် ရှင်က ရေဝိဥာဉ်ဘုရားကျောင်းရဲ့ တပည့်တစ်ယောက် ဟုတ်၊ မဟုတ်ဆိုတာကို ကျွန်မ မခွဲခြားနိုင်ဘူး”

ပြောပြီးသည်နှင့် ကျောက်စိမ်းတံဆိပ်ပြားကို ရွှေးလင်ဆီ ပြန်ပစ်ပေးလိုက်လေ၏။

တစ်ခဏကြာ တုန့်ဆိုင်းနေပြီးနောက် အမျိုးသမီးက ဆက်၍ ပြောလိုက်၏ "ဒီတော့ အဆင်ပြေရင် ကျွန်မတို့ရဲ့ လွတ်လပ်သော အဖွဲ့အစည်းဆီ တစ်ချက်လောက် လိုက်လာ ပေးလို့ရမလား မသိဘူး။ ရှင်က‌ ရေဝိဥာဉ်ဘုရားကျောင်းရဲ့ တပည့်တစ်ယောက် ဖြစ်တယ်ဆိုတာကို အတည်ပြုပြီးတာနဲ့ ဒီနေ့ ဖြစ်ပျက်တဲ့ ကိစ္စတွေအားလုံးကို ဒီမှာပဲ ကျေအေး ပေးလိုက်ပါမယ်။ ဒါပေမယ့် မဟုတ်ရင်တော့… ရှင်တို့ နားလည်မှာပါ”

မိန်းမငယ်လေး၏ စကားလုံးများသည် ဒေါသမောဟ ကင်းသလို မောက်မာခြင်း၊ နှိမ့်ချခြင်းလည်း ကင်း၏။ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်းကို အပြည့်အဝ ထုတ်ဖော်ပြသွားခဲ့လေ၏။

“ကောင်းပြီလေ” ရွှေးလင်က ပြုံးကာ ခေါင်းညိတ် လက်ခံလိုက်လေ၏။

မည်သို့ပင်ဖြစ်စေကာမူ သူမသည် အဆင့်အတန်းသည် ပြောင်းသွားမည် မဟုတ်လေရာ လွတ်လပ်သော အဖွဲ့အစည်းသာ စုံစမ်းလိုက်သရွေ့ သူမ၏ အဆင့်အတန်းကို အတည်ပြုပေးနိုင်ပေလိမ့်မည်။

“ရန်ကိုင်၊ နင်ကော ဘယ်လိုထင်လဲ” ရွှေးလင်က ရန်ကိုင်ဘက် လှည့်၍ မေးလိုက်လေ၏။ တကယ်တော့ ရန်ကိုင်သည် အကြမ်းနည်းကို အကြမ်းနည်းဖြင့် တုန့်ပြန်တတ်သော လူစားမျိုးဖြစ်၏။ ထိုလူများသည် သူတို့အား အကျယ်ချုပ် ဖမ်းချုပ်ထားလိုခြင်း ဖြစ်၏။ သူတို့သည်သာ ရန်ကိုင်ကို ဒေါသထွက်အောင်လုပ်မိ၍ ရန်ကိုင်သည်လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်လိုခြင်း မရှိပါက နောက်ဆုံး တိုက်ခိုက်ရန်သာ ရှိတော့၏။

သို့သော်လည်း ဤတစ်ကြိမ်၌ ရန်ကိုင်က ပုခုံးတွန့်၍ "ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်သွားရမလဲ ဆိုတာကို ငါသိသေးတာမှ မဟုတ်တာ”

ရွှေးလင် သက်ပြင်း အမောကြီး ချလိုက်လေ၏။

အမျိုးသမီဂက ခေါင်းညိတ်၍ သူမလက်ကို ဝှေ့ရမ်းလိုက်ပြီး "ဒီကိစ္စကို ဒီမှာတင် ရပ်ထားလိုက်ကြတာပေါ့”

ပြောပြီးသည်နှင့် ရှေ့ကနေ ဦးဆောင် ထွက်သွားလေ၏။ ရန်ကိုင်နှင့် ရွှေးလင်လည်း သူမနောက်ကနေ လိုက်သွားခဲ့၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်(၇)ယောက်ကမူ နောက်ဆုံးကနေ လိုက်လာခဲ့ကြ၏။

သူတို့ သွားလာပုံအရ ထိုလူများသည် ရွှေးလင်၏ အဆင့်အတန်းကို မယုံသေးကြောင်း ဖော်ပြနေခဲ့လေ၏။

သွားလာနေစဉ်အတွင်း အမျိုးသမီးသည် ရွှေးလင်အား ရည်ရွယ်၍လား၊ မရည်ရွယ်ဘဲနှင့်လား မသိသော်ငြား မေးခွန်း အနည်းငယ်ကို မေးမြန်းခဲ့လေ၏။ ရွှေးလင်ကမူ ပေါ့ပေါ့ပါးပါး ဟန်ပန်ဖြင့်သာ ပြန်လည်ဖြေဆိုပေးခဲ့လေ၏။

“ဟုတ်ပြီ။ ရှင်တို့ သွေးသစ်ခွအကြောင်း ပြောခဲ့တယ်နော်။ ဟုတ်တယ်မလား။ အဲ့အကြောင်းလေး တစ်ချက်လောက် ရှင်းပြပါဦး” ရွှေးလင်က မေးလိုက်ရာ အမျိုးသမီးက အားတင်း ပြုံး၍ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို အကျဉ်းချုံး ရှင်းပြလိုက်လေ၏။

အမျိုးသမီး ပြောပြသည့် ဇာလမ်းကို နားထောင်ပြီးနောက် ရွှေးလင်က ရန်ကိုင်ဘက်လှည့်၍ လျှာလေး တစ်လစ်တစ်လစ် ထုတ်ပြလိုက်လေ၏။

ရန်ကိုင်ကမူ အူကြောင်ကြောင် အမူအရာဖြင့်သာ ရှိနေခဲ့၏။ သွေးသစ်ခွသည် ထိုလူများအတွက် မည်မျှ အရေးပါသည်ကို သူလည်း မသိချေ။

“ဒီတစ်ကြိမ် ထွက်ပြေးသွားရင် နောက်တစ်ကြိမ် ပြန်ပေါ်လာဖို့ အနည်းဆုံး နှစ်ဝက်လောက် ကြာလိမ့်မယ်။ ဒီနေရာတစ်ဝိုက်မှာ ရှိနေတဲ့ ကန်ထဲကနေ ထွက်ပြေးသွားတာတောင် ဖြစ်နိုင်တယ်။ ပြန်ရှာတွေ့ဖို့က တော်တော်လေးကို ခက်ခဲသွားပြီ” အမျိုးသမီးက သက်ပြင်း ချလိုက်လေ၏။

“သွေးသစ်ခွက ရှင်တို့အတွက် ဘာလို့ ဒီလောက် အရေးကြီးနေရတာလဲ’

“သွေးသစ်ခွကို လွတ်လပ်သော အဖွဲ့အစည်းက အရေးတကြီး လိုအပ်နေတာ မဟုတ်ဘူး။ လန်းရထွတ်မြတ် ကုန်းမြေရဲ့ သခင်လေးက လိုအပ်နေတာ။ သွေးသစ်ခွကို လဝက်အတွင်း ပို့ပေးမယ်လို့ ကျွန်မတို့က လန်းရထွတ်မြတ် ကုန်းမြေကို ကတိပေးထားတာ။ ဒါပေမယ့် အဲ့သွေးသစ်ခွကို ရဖို့ အခွင့်အရေး ဆုံးရှုံးသွားတော့ သူတို့တွေကို ဘယ်လို ရှင်းပြရမလဲ ဆိုတာကို ကျွန်မလည်း မသိတော့ဘူး”

“လန်းရထွတ်မြတ်ကုန်းမြေရဲ့ သခင်လေး မူဟွေ ဒဏ်ရာရထားတာလား” ရွှေးလင် အံ့အားသင့်သွားခဲ့လေ၏။

“မိန်းကလေးက သခင်လေးမူကို သိတာလား”

“အင်း၊ ကျွန်မတို့ အရင်က တွေ့ဖူးတယ်လေ” ရွှေးလင်က ခေါင်းညိတ်လိုက်လေ၏။

မိန်းမပျိုလေး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ရယ်ရယ်မောမောဖြင့် “ကြည့်ရတာ မိန်းကလေး ရေဝိဥာဉ်ဘုရားကျောင်းရဲ့ အစစ်အမှန် တပည့်တစ်ယောက်နဲ့ တူတယ်”

“ကျွန်မတို့ရဲ့ ရေဝိဥာဉ်ဘုရားကျောင်းနဲ့ လန်းရထွတ်မြတ် ကုန်းမြေက ရင်းနှီးတဲ့ မိတ်ဆွေတွေလေ။ ဒဏ်ရာရထားတဲ့ လူက မူဟွေဖြစ်နေတာ့ ကျွန်မရှင့်ကို ကူညီနိုင်မယ် ထင်တာပဲ”

“အန်” အမျိုသမီးသည် သွားနေသည်ကို ရပ်တန့်လိုက်ပြီး ဇဝေဇဝါ အမူအရာဖြင့် ရွှေးလင်ကို လှမ်း၍ ကြည့်လိုက်လေ၏။

“သွေးသစ်ခွက ကန်အောက်ခြေ အနက်ပိုင်းထဲကို ငုံ့ဆင်းသွားတယ်လို့ ရှင်ပြောခဲ့တယ်မလား”

“ဟုတ်တယ်လေ”

“ကျွန်မကို သွေးသစ်ခွ ပျောက်သွားတဲ့ နေရာဆီ ခေါ်သွားပေး။ နောက်တစ်ကြိမ် ထပ်ရှာကြည့်လို့ ရ၊မရ ကြည့်ကြည့်ရတာပေါ့”

လွတ်လပ်သော အဖွဲ့အစည်းသားများအားလုံး ရွှေးလင်ကို ငေးကြောင်ကြည့်လိုက်ကြလေ၏။ တစ်ခဏကြာ တိတ်ဆိတ် နေပြီးနောက် အမျိုးသမီးက ပြုံး၍ ခေါင်းခါရမ်းလျက် “ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးပါပဲ။ ဒါပေမယ့် ရေအိုင်က အရမ်းကို နောက်တယ်။ ပြီးတော့ မီတာထောင်ကျော်လောက် နက်တာ။ ရှင်က ရေစွမ်းအင် ကျင့်ကြံသူတစ်ယောက် ဆိုရင်တောင် အဲ့လို နေရာမျိုးမှာ သွေးသစ်ခွကို သွားရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရေဝိဥာဉ်ဘုရားကျောင်းက လူတိုင်းက ရေအမျိုးအစား ကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံမှန်း ကျွန်မသိတယ်။ ဒါပေမယ့်…”

“ကျွန်မက ရေအမျိုးအစား နည်းစနစ်တွေမှာတင် ကျွမ်းကျင်တာ မဟုတ်ဘူးသေးဘူး” ရွှေးလင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်လေ၏။

ရွှေးလင်သည် အထူးခန္ဓာကိုယ်ဖြစ်သည့် ရေဝိဥာဉ် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားရာ ရေပေါကြွယ်ဝသော နေရာမျိုးသည် သူမ၏ စွမ်းရည်အားလုံးကို (၁၀)မှ (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်၏။

မိန်းမငယ်လေးက တစ်ခဏလောက် စဉ်းစားလိုက်ပြီး နောက်ဆုံး၌ သဘောတူလိုက်ကာ ဦးတည်ရာဘက် တစ်ခုသို့ လှည့်၍ လက်ဝှေ့ရမ်းပြလိုက်ပြီး “ဒီလမ်းပဲ”

ယခုလို အခြေအနေမျိုး၌ ရွှေးလင်အား ကြိုးစားကြည့် ခိုင်းဖို့သာ ဆုံးဖြတ်လိုက်လေ၏။ ရွှေးလင် မအောင်မြင်လည်း ကိစ္စမရှိချေ။ သို့သော်လည်း အောင်မြင်ခဲ့လျှင်မူ လန်းရထွတ်မြတ် ကုန်းမြေကို အပြစ်ပြုမိစရာ မလိုတော့ချေ။

တစ်ခဏကြာပြီးနောက် ရန်ကိုင်တို့ အဖွဲ့တစ်သိုက် သွေးသစ်ခွ ပျောက်ကွယ်သွားရာ နေရာဆီ ရောက်လာခဲ့လေ၏။ ထိုနေရာ၌ ထောင်ချောက်နှင့် အရံအတားများစွာကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထိုလူများသည် သူတို့အား လိမ်နေသည့်ပုံ မဟုတ်ချေ။

“အဲ့မှဦပဲ” မိန်းမငယ်လေးက သူမတို့ရှေ့ရှိ ရေအိုင်ကို လက်ညိုးထိုးပြလိုက်လေ၏။

ရန်ကိုင်က ကောင်ကင်စိတ်အာရုံကို ထုတ်လွှတ်၍ ရေအိုင် အောက်ခြေကို စူးစမ်းကြည့်သော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ချေ။

“ကျွန်မ တစ်ချက် ဆင်းကြည့်လိုက်မယ်” ပြောပြီးသည်နှင့် နောက်ကျိနေသော ရေအိုင်ထဲ ဒိုင်ဗင်ထိုးချသွားလေ၏။

မိန်းမငယ်လေးနှင့် လွတ်လပ်သော အဖွဲ့အစည်းမှ ကျန်သူများသည် ရန်ကိုင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် သူ့ကို အာရုံမစိုက်တော့ဘဲ စိုးရိမ်တကြီးဖြင့်သာ စောင့်ဆိုင်းနေခဲ့ကြလေ၏။

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းချိန် ကုန်ဆုံးပြီးနောက် ရေအိုင်မျက်နှာပြင်ထက် ရေပူပေါင်းလေးတွေ ထွက်ပေါ်လာခဲ့ရာ အားလုံး၏ အသက်ရှူသံများလည်း မြန်ဆန်လာခဲ့ရလေ၏။

ဗွမ်း…

ရွှေးလင် ရေကန်ထဲမှာ ခုန်ထွက်လာခဲ့လေ၏။ သူမ၏ အဝတ်အစားမျာသည် ယခင်ကလို ခြောက်သွေ့နေဆဲ၊ ရေစိုနေခြင်း မရှိ။ သို့သော်လည်း သူမ၏ မျက်နှာသည် အနည်းငယ် ဖြူလျော်နေခဲ့ပြီး သူမ၏ နှုတ်ခမ်းများသည်လည်း ပြာနှမ်းနေခဲ့ကာ သူမ ခန္ဓာကိုယ်တစ်ခုလုံသည်လည်း တဆတ်ဆတ် တုန်ရင်နေခဲ့လေ၏။

လွတ်လပ်သော အဖွဲ့အစည်းမှ လူများသည် ရွှေးလင်အား မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်ကြလေ၏။

ကံမကောင်းစွာဖြင့် ရွှေးလင်က ခေါင်းသာ ခါရမ်းလိုက်၏။

ရွှေးလင် ခေါင်းခါရမ်းပြသည်ကို မြင်လိုက်သည်နှင့် အားလုံး စိတ်ပျက်ပျက်ဖြင့် ခေါင်းရမ်းလိုက်ကြလေ၏။

“အောက်မှာ ဘာတွေဖြစ်ခဲ့တာလဲ” ရန်ကိုင်က စိုးရိမ်တကြီး မေးလိုက်လေ၏။ ရွှေးလင် တစ်ကိုယ်လုံးကို အအေးချီတို့ဖြင့် ဝန်းရံနေလေရာ သူမ၏ လက်ရှိပုံပန်းသွင်ပြင်သည် နှစ်တစ်ထောင် ရေခဲတုံးကြီးထဲမှ ထွက်လာသည်နှင့်ပင် တူသေး၏။

“နောက်မှ ရှင်းပြမယ်” ရွှေးလင်က သူမ၏ အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ ကိုယ်ထဲက အအေးချီတွေကို အရင် ထုတ်ပယ်လိုက်လေ၏။

တစ်ခဏကြာပြီးမှပင် ရွှေးလင် ပြန်သက်သာလာခဲ့ကာ သက်ပြင်းလေးတစ်ချက် ချလျက် “ပြန်မယူလာနိုင်ပေမယ့် သွေးသစ်ခွ ဘယ်မှာ ပုန်းနေလဲ ဆိုတာကိုတော့ ငါရှာတွေ့ခဲ့တယ်”

“တွေ့ခဲ့တာလား" မိန်းမငယ်လေး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး အလန့်တကြား‌ အော်မေးလိုက်လေ၏။

“ဟုတ်တယ်၊ ဒါပေမယ့် ကျွန်မ တစ်ယောက်တည်းနဲ့တော့ ယူနိုင်မှာ မဟုတ်ဘူး”

“ဘာလို့လဲ” မိန်းမငယ်လေးက အဆောတလျင် မေးလိုက်ရာ ရွှေးလင်က “ဘာလို့လဲဆိုတော့ သွေးသစ်ခွက ရေခဲမီးတောက်ကြယ်သဲ အလွှာက်အောက်မှာ ပုန်းနေတာ မို့လို့ပဲ”

“ရေခဲမီးတောက် ကြယ်သဲလား” လွတ်လပ်သော အဖွဲ့အစည်းမှ လူအားလုံး အလန့်တကြား ဆိုလိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲ လောဘကြီးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။

“ရေခဲမီးတောက်ကြယ်သဲ ဆိုတာ ဘာလဲ” ရန်ကိုင်က ဝင်မေးလိုက်လေ၏။ အားလုံး၏ တုန့်ပြန်မှုကို မြင်လိုက်သည်နှင့် ရေခဲမီးတောက် ကြယ်သဲသည် အဖိုးတန်ရတနာတစ်ခု ဖြစ်မယ်မှန်း သူတန်းသိလိုက်၏။

“စိတ်ဝိဥာဉ် အထွတ်အထပ်အဆင့် လက်နက်သန့်စင်တဲ့ ရတနာတစ်ခုလေ။ အဲ့ပစ္စည်းက အရမ်းကို အေးပြီး မသေမျိုးအဆင့် ပညာရှင်များစွာက လိုချင်တပ်မက်ကြတာ။ အဲ့ပစ္စည်းကို လက်နက်သန့်စင်ရာမှာ သုံးတဲ့ အချို့သူတော်စင် တွေတောင် ရှိသေးတယ်”

လွတ်လပ်သော အဖွဲ့အစည်းမှ လူအားလုံး၏ အမူအရာ ဝင်းပသွားခဲ့လေ၏။

“ဒီတော့ သွေးသစ်ခွက ရေခဲမီးတောက်ကြယ်သဲအောက်မှာ ပုန်းနေတာပေါ့” မိန်းမငယ်လေးက ထပ်တလဲလဲ ခေါင်းညိတ်လိုက်ပြီး “လောကစိတ်ဝိဥာဉ် ရတနာတွေ ဖြစ်တည်တဲ့ နေရာမှာ အဖိုးတန်ရတနာတွေ ရှိတတ်တယ်လို့ သိထားပေမယ့် ရေခဲမီးတောက်ကြယ်သဲ ဖြစ်နေလိမ့်မယ် လိုတော့ ကျွန်မ တစ်ခါမှ မထင်ထားခဲ့ဘူး”

“ရေခဲမီးတောက်ကြယ်သဲက သွေးသစ်ခွကို ဖြစ်တည် စေခဲ့တာ ဖြစ်နိုင်လောက်တယ်” ရွှေးလင်က ပြုံးလိုက်ပြီး “ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ အောက်မှာ ရှိနေတဲ့ရေခဲအလွှာက အရမ်းထူလွန်းတယ်။ ကျွန်မ မချိုးဖျက်နိုင်ဘူး”

“ကျုပ်ခင်ဗျားကို ကူညီပေးမယ်” လွတ်လပ်သော အဖွဲ့အစည်းမှ ဝကစ်ကစ်လူတစ်ယောက်က ရှေ့ထွက်လာပြီး မီးဘောလုံးတစ်လုံးကို ဆင့်ခေါ်ပြကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်လေ၏ “ကျုပ်က မီးအမျိုးအစား ကျင့်စဉ်ကို လေ့ကျင့်ထားတော့ ရေခဲကို အရည်ပျော်အောင် လုပ်ဖို့ ကျုပ်ကို ခေါ်သွားတာ အကောင်းဆုံးပဲ”

သို့သော်ငြား ရွှေးလင်က ခေါင်းခါရမ်းလိုက်ပြီး “မရဘူး၊ ရှင့်ခွန်အားက အရမ်းနိမ့်ကျလွန်းတယ်”

“ကျုပ်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတစ်ယောက်ဗျ” ဝကစ်ကစ်နှင့် လူကြီးက သူ့အရှိုက်ကို ရိုက်ချခံလိုက်ရသည့်အလား မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏။

သို့သော်လည်း ရွှေးလင်က ခေါင်းသာခါရမ်း၍ “ကျွန်မ စိတ်ထဲ ဘယ်သူ့ကို ကူညီခိုင်းရမလဲ ဆိုတာကို တွေထားပြီးသား။ ရှင်လာကူစရာ မလိုဘူး။ ရန်ကိုင်၊ ငါနဲ့လိုက်ခဲ့။ ဒီမှာရှိနေတဲ့ လူတွေအားလုံးထဲမှာ နင်တစ်ယောက်ပဲ အဲ့ရေခဲအလွှာကို ဖျက်စီးနိုင်လောက်တယ်”

ဝကစ်ကစ်နှင့်လူကြီးက ရန်ကိုင်ကို မျက်လုံးမှေးစဉ်း၍ ကြည့်လိုက်ပြီး ရုတ်တရက် ဒေါသထွက်သွားခဲ့ကာ “ငါက အားနည်းတယ်လို့ ပြောပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ကလေးတစ်ယောက်ကို နင်နဲ့အတူ ဘာလို့ ခေါ်သွားရတာလဲ”

“ကျွန်မက သူကူနိုင်တယ်လို့ ပြောမှတော့ သူပဲ ကူနိုင်လို့ပေါ့။ ဘာလဲ၊ ရှင်တို့က သွေးသစ်ခွကို မလိုချင်တော့တာလား။ အခု၊ ကျွန်မက ရှင်တို့တွေကို အလကား ကူညီပေးနေတာနော်”

ထိုလူ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့လေ။

မိန်းမငယ်လေးက ရုတ်တရက် ရယ်မောလိုက်ပြီး ဝင်ရောက် ဖြန်ဖြေပေးလိုက်လေ၏ “ရန်ဖြစ်စရာ မလိုပါဘူး။ ဒီကိစ္စနဲ့ပက်သက်ပြီး ရှင့်ကိုပဲ အားကိုးလိုက်ပါ့မယ်”

ရေခဲမီးတောက်ကြယ်သဲသည် အဖိုးတန်သော်လည်း လွတ်လပ်သောအဖွဲ့အစည်း၏ လက်ရှိ ဦးစားပေးသည် သွေးသစ်ခွဖြစ်၏။ ထို့ကြောင့် မိန်းမငယ်လေးသည် ရွှေးလင်အား စိတ်မပျော်အောင် မလုပ်လိုခြင်း ဖြစ်၏။

ရွှေးလင်က ခေါင်းညိတ်လိုက်၍ ရန်ကိုင်ကိုပါ ကန်ထဲသို့ ဆွဲခေါ်သွားလေ၏။

သူတို့ ပျောက်ကွယ်သွားပြီးနောက် ကျိဟုန်ဟုခေါ်သော မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူကြီးသည် ရုတ်တရက် တစ်ခုခုကို နားလည်သွားကာ ကျိန်ဆဲလိုက်လေ၏ “ငိုးမပဲ၊ သခင်မလေး။ အဲ့နှစ်ယောက်က ဒီအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ ကြိုးစားနေတာလို့ မထင်ဘူးလား”

ထိုစကားကို ကြားလိုက်သည်နှင့် မိန်းမငယ်လေး၏ အမူအရာ ရုတ်တရက် ဖြူလျော်သွားခဲ့လေ၏။ ကျိဟုန် ပြောသည်မှာလည်း ဖြစ်နိုင်ချေရှိ၏။

အမှန်းအတိုင်း ဆိုရမည်ဆိုလျှင် ရွှေးလင်သည် သူစိမ်း တစ်ယောက်ကို သူမနှင့်အတူ မခေါ်ဘဲ မည်သည့် အတွက်ကြောင့် အားနည်းလှသည့် ရန်ကိုင်ကိုသာ ခေါ်သွားရလေသနည်း။

“သူတို့ မလုပ်လောက်ပါဘူး” မိန်းမငယ်လေးက တိုးတိုးလေး ပြန်ပြောလိုက်လေ၏။

“ဒါဆိုရင် အားနည်းမှန်း သိလျက်နဲ့တောင် အဲ့ကောင်ကို ဘာလို့ ခေါ်သွားရတာလဲ။ သူက ဒီအခွင့်အရေးကို သုံးပြီး ရတနာတွေကိုခိုးယူ ထွက်ပြေးချင်လို့ပဲ”

ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် လွတ်လပ်သော အဖွဲ့အစည်း တစ်ခုလုံး ရန်ကိုင်နှင့် ရွှေးလင်တို့ နှစ်ယောက်ကို ကျိန်ဆဲမိကြသလို ဒေါသလည်း ထွက်သွားခဲ့ကြလေ၏။

မိန်းမငယ်လေး၏ မျက်နှာသည် အရုပ်ဆိုးသထက် ဆိုးလာခဲ့လေ၏။ ရေခဲဆင်းပြီး သူတို့၏ သံသယတွေ မှန်ကန်ခြင်းရှိမရှိ စစ်ဆေးချင်သော်လည်း သူတို့အဖွဲ့ထဲ၌ မည်သူကမှ ရေအမျိုးအစား ကျင့်စဉ်ကို လေ့ကျင့်ထားခြင်း မရှိခဲ့ကြချေ။ ထို့ကြောင့် သူတို့အနေဖြင့် ကန်အောက်သို့ ဆင်ပြီး စစ်ဆေးရန်မှာလည်း မဖြစ်နိုင်ချေ။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်သော်လည်း ထိုနှစ်ယောက်၏ အရှိန်အဝါကို နည်းနည်းမျှပင် အာရုံခံ၍ မရခဲ့ချေ။

ထိုအချိန်၌ မိန်းမငယ်လေးသည် စိတ်ဓါတ်ကျလာခဲ့ရလေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၁၇) ငါကူညီပေးနိုင်လောက်တယ်

——————————————————————

ကန်ရေသည် လွန်စွာကိုမှ နောက်ကျိနေလေရာ နေအလင်းရောင်ပင် ကန်အောက်သို့ မထိုးဖောက်နိုင်ချေ။

အောက်သို့ ဆင်းလာစဉ်တွင် ရွှေးလင်သည် ရန်ကိုင် အသက်ရှူမကြပ်စေရန်အတွက် ရန်ကိုင် ခန္ဓာကိုယ်ကို ရေပူပေါင်းလေးတစ်ခုဖြင့် ဝန်းရံထားပေးခဲ့လေ၏။

ကောင်းကင်စိတ်အာရုံဖြင့် သူတို့၏ ဘေးပတ်ဝန်းကျင်ကို အလွယ်တကူ စစ်ဆေးနိုင်ပေ၏။

ရေအောက်ထဲသို့ အချိန်တစ်ခဏကြာအောင် ငုပ်လျှိုး လာပြီးနောက် ရေကန်သည် လွတ်လပ်သော အဖွဲ့အစည်းမှ မိန်းမငယ်လေး ပြောခဲ့သလိုမျိုး မီတာတစ်ထောင်မက နက်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရလေ၏။

ရေဝိဥာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ရွှေးလင်လို လူမျိုးများသည်သာ ဤကန်ရေပြင်ထဲ လွတ်လွတ်လပ်လပ် သွားနိုင်ကြပေလိမ့်မည်။ အခြားသူ ဆိုလျှင်မူ သူတို့သည် ရေအမျိုးအစား ကျင့်စဉ်ကို ကျင့်ကြံထားလျှင်ပင် ဤအနက်ထိ ငုံ့ဆင်းလာနိုင်လိမ့်မည် မဟုတ်ချေ။

အနက်တစ်ခုဆီသို့ ရောက်သည်နှင့် ဘေးပတ်ဝန်းကျင် အပူချိန် ရုတ်ချည်း ထိုးကျသွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။

အောက်ကိုဆင်းလာသည်နှင့် ပိုပို၍ အေးလာခဲ့လေ၏။

မကြာခင်မှာပင် ရွှေးလင်သည်လည်း အအေးဓါတ်ကို မခုခံနိုင်တော့ရာ သူမ၏ သွားများသည်ပင် တုန်ရင်လာခဲ့ရ၏။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်က သူ၏ အစစ်အမှန်ယန်ယွမ်ချီ အနည်းငယ်ကို ထုတ်လွှတ်၍ ဘေးပတ်ဝန်းကျင် အပူချိန်ကို ဖယ်ရှားပေးလိုက်လေ၏။

“နင့်ကို ခေါ်လာတာ မှန်သွားတယ်” ရွှေးလင်က တခစ်ခစ် ရယ်မောလိုက်လေ၏။ ရန်ကိုင်၏ အစစ်အမှန်ချီအပေါ် ထိန်းချုပ်နိုင်စွမ်းသည် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့လေပြီ. သူမသာ လွတ်လပ်သော အဖွဲ့အစည်းမှ မီးစွမ်းအင်ကျင့်ကြံသူကို ခေါ်လာခဲ့ပါက သူ၏ အစစ်အမှန်ချီနှင့် သူမ၏ အစစ်အမှန်ချီတို့ ပဋိပက္ခဖြစ်ပြီး နှစ်ယောက်စလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။

ရန်ကိုင်ကမူ ကွဲပြား၏။ သူသည် သူ့ဘေးပတ်ဝန်းကျင်ရှိ အအေးဓါတ်များကို သူမဖန်တီးထားသည် ရေပူပေါင်းအား ထိခိုက်စေခြင်း မရှိဘဲ အလွယ်တကူ ဖယ်ထုတ်နိုင်၏။

အဖြူရောင်မီးတောက်များ လေနှင့်အတူ ယိမ်းနွဲ့နေသလား ဟုထင်ရလောက်အောင် အလင်းရောင် မှိန်မှိန်လေးကို သူတို့ စတင် မြင်တွေ့လာရခဲ့လေပြီ။

သို့သော်လည်း သူတို့ကြား အလှမ်းဝေးနေခဲ့ကာ ထိုအလင်းရောင် အရင်းအမြစ်နှင့် သူတို့ကား ရေခဲအရံအတား တစ်ခုက ကာဆီးနေခဲ့လေရာ ရန်ကိုင်အနေဖြင့် ထိုအလင်းရောင် အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ခဲ့ချေ။

“အဲ့တလက်လက် တောက်ပနေတဲ့ အဖြူရောင် မီးတောက်တွေက ရေခဲမီးတောက်ကြယ်သဲစေ့တွေပဲ။ သွေးသစ်ခွက အဲ့အောက်မှာ ပုန်းနေတာ” ရွှေးလင်က ရှင်းပြလိုက်လေ၏ “ဒီရေခဲ မီတာဒါဇင်ကျော်လောက် ထူတယ်။ နင်ချိုးဖျက်နိုင်လား”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ငါကြိုးစားကြည့်မယ်လေ”

ပြောပီဲးသည်နှင့် ရွှေးလင်ဖန်တီးထားသည့် ရေပူပေါင်းထဲမှ ထွက်လိုက်လေ၏။

ရေပူပေါင်းထဲမှ ခုန်ထွက်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံးကို ဧရာမတောင်ကြီးတစ်လုံးက ဖိချထားသည့်အလား သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး သူ့အရိုးများပင် အက်ချင်လာခဲ့ရလေ၏။

ရွှေးလင်ဖန်တီးထားသည့် အကာအရံ၏ အကူအညီ မပါဘဲ ရေထုဖိအားကို သူ့ဘာသာ ခုခံဖို့သည် လွန်စွာကိုမှ ခက်ခဲလေ၏။

“အရမ်းကြီး ခက်ခဲနေရင် နင့်ကိုယ်နင် အရမ်းကြီး တွန်းအားပေးနေစရာ မလိုဘူးနော်” ရွှေးလင်က သတိပေးလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်၍ သူ့မျက်ဝန်းအစုံကို ပိတ်ချလိုက်၏။ ထို့နောက် ရေထုဖိအားနှင့် အလိုက်သင့်အောင် ပြုလုပ်လိုက်ပြီးနောက် စတင်လှုပ်ရှားတော့လေ၏။

သူ့လက်ဝါးထက်မှ အစစ်အမှန်ယန်ယွမ်ချီတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး ထက်ရှသည့် ဓါးတစ်ချောင်းအသွင် ပြောင်းသွားကာ သူ့ရှေ့ရှိ ရေခဲထုကြီးကို လျင်မြန်လှသော အမြန်နှုန်းဖြင့် စတင် အရည်ဖျော်တော့လေ၏။

ရန်ကိုင်၏ အစစ်အမှန်ယန်ယွမ်ချီသည် ရေခဲအလွှာကို သစ်ဆွေးတုံတစ်ခုပမာ အလျင်အမြန် အရည်ဖျော်သွားခဲ့လေ၏။

ရွှေးလင်သည်လည်း ရေပူးပေါင်းနှင့်အတူ ရန်ကိုင်၏ နောက်မှ အလျင်အမြန် လိုက်ပါသွားခဲ့လေ၏။

ဤနည်းဖြင့် ရန်ကိုင်သည် လက်ဖက်ရည် တစ်ခွက်စာ ဆူချိန်ပင် မရှိသေးသည့် အချိန်အတွင်းမှာပဲ ရေခဲအလွှာကြီး တစ်ခုလုံးကို ချိုးဖျက်သွားခဲ့လေ၏။

နှစ်ယောက်သား မကြာခင်မှာပင် ရေခဲမီးတောက်ကြယ်သဲ ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။

“ငါသွေးသစ်ခွကို သွားဖမ်းနေတဲ့အချိန် နင်က ကြယ်သဲတွေကို စုဆောင်းထားနှင့်လိုက်” ပြောပြီးသည်နှင့် ရွှေးလင်သည် သွေးသစ်ခွဆီသို့ ထွက်ခွါသွားလေ၏။

ဆန်းကြယ့်သည့် အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးသစ်ခွအား ထွက်မပြေးနိုင်အောင် ပိတ်လှောင်ထားလိုက်၏။

ရန်ကိုင်က ရွှေးလင်၏ နည်းလမ်းများကို တစ်ချက်သာ ကြည့်လိုက်ပြီး အဖြူရောင်မီးတောက်ပုံစံ သဲစေ့များကို ကြည့်၍ စတင်တူးထုတ်ပြီး အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲသို့ ပစ်ထည့်တော့လေ၏။

ထိုအရာများသည် မီးတောက်နှင့် တူသော်ငြား ကြယ်သဲ အစေ့အစိုင်များသာ ဖြစ်ကြလေ၏။ သို့သော်လည်း ကြယ်သဲသည် သာမန်သဲနှင့် မတူညီဘဲ သဲစေ့သဲဆံ တစ်ခုချင်းစီသည် လှပသော ကျောက်မျက်ရတနာတုံးလေး တစ်ခုနှင့် တူညီပြီး အေးစက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

အတွေ့အကြုံမရှိသည့် ရန်ကိုင်ပင် ထိုအရာသည် အဖိုးတန် ရတနာတစ်ခုဖြစ်ကြောင်း ပြောနိုင်၏။

ထုန်းရွှမ်လောကကြီးဆီသို့ ရောက်လျှင်ရောက်ချင်းမှာပင် ဤကဲ့သို့ အခွင့်အရေးမျိုးနှင့် ကြုံတွေ့ရသည်မှာ အစကောင်းနေပြီဟု ဆိုနိုင်ပေ၏။

ဤနေရာ၌ ကြယ်သဲအစေ့ (၁၀၀)သာ ရှိ၏။ သို့သော်လည်း ရန်ကိုင်က အလျင်မလိုပါချေ။ မကြာခင်မှာပင် ရွှေးလင်သည် အရွက်(၇)ရွက်ပါသော သွေးသသစ်ခွကို ကိုင်လျက် ပြန်ရောက်လာခဲ့လေ၏။

သူမ၏ ရေစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကြောင့် သွေးသစ်ခွမှာ ရွှေးလင်လက်ထဲမှ ထွက်မပြေးနိုင် ဖြစ်ခဲ့ရ၏။

ရွှေးလင်လည်းရောက်၊ သူ့အလုပ်လည်းပြီး သည်နှင့် ရန်ကိုင်သည် သူမ၏ ရေပူပေါင်းထဲ ခုန်ဝင်လိုက်လေ၏။

“သွားကြစို့၊ အပေါ်မှာရှိနေတဲ့ အဖွဲ့သားတွေ အခုလောက်ဆို ရင်တမမ ဖြစ်နေလောက်ပြီ” ရွှေးလင်က သွားပေါ်အောင် ပြုံးလိုက်လေ၏။ လွတ်လပ်သော အဖွဲ့အစည်းမှ လူများ ဘာတွေ တွေးနေလောက်မည်ကို သူမ မသိဘဲ နေမည်လော။

ရေအိုင်ထက်၌၊ လွတ်လပ်သော အဖွဲ့အစည်းမှ လူများသည် သုန်မှုန်နေသော အမူအရာများဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြလေ၏။

မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူကြီး၏ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၍ “တစ်နာရီတောင် ပြည့်တော့မယ်။ အခုထိ ပြန်ရောက်မလာသေးပုံ ထောက်ရင် သူတို့ ထွက်ပြေးသွားတာပဲ ဖြစ်ရမယ်”

“ငါနဲ့ နောက်တစ်ကြိမ် ပြန်မတွေ့စေနဲ့ပေါ့ကွာ။ တွေ့သာ တွေ့ကြည့်၊ သူတို့ရဲ့ အလောင်းတွေကို အပိုင်းတစ်ထောင်လောက် ဖြစ်အောင် တစ်စစီ ခုတ်ထစ်ပစ်မယ်”

သို့သော်လည်း မိန်းမငယ်လေး၏ သူမ၏ အဖွဲ့သားများကို အသာအယာ ကြိမ်းမောင်းလိုက်လေ၏ “ရမ်းသမ်းပြီး ခန့်မှန်း ပြောမနေနဲ့။ အဲ့မိန်းကလေးက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ပဲ။ ပြီးတော့ သူ့ရဲ့ အဆင့်အတန်းက မနိမ့်ကျလောက်ဘူး”

“သခင်မလေးက ဘာလို့ အခုလို ပြောရတာလဲ”

“သူက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထပ် အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ရေဝိဥာဉ်ဘုရားကျောင်းလို အားကောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းက အဆင့်အတန်းမြင့်တဲ့ တပည့်တစ်ယောက်က လွဲလို့ ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီလို ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို နင်တွေ့ဖူးလို့လား။ အဆင့်အတန်းမြင့်မားတဲ့ လူမျိုးတွေက ငါတို့တွေကို မလိမ်လောက်ဘူး…” ပြောသာပြောသော်လည်း သူမ၏ လေသံထဲ ယုံကြည်ချက်တို့ ပါဝင်မနေချ။

“သူ့အဆင့်အတန်းက မြင့်တယ် ဆိုရင်တောင် သွေးသစ်ခွနဲ့ ရေခဲမီးတောက်ကြယ်သဲဆိုတာ ရှားပါးတဲ့ ရတနာတွေပဲလေ။ သူတို့လည်း အဲ့ရတနာတွေကို မတပ်မက်ဘူးလို့ အာမခံနိုင်တာ မဟုတ်ဘူး”

“အဲ့လိုသာဆိုရင်လည်း အမှန်တရားအတိုင်း လက်ခံလိုက်ဖို့ပဲ ရှိတော့တာပေါ့” မိန်းမငယ်လေးက သက်ပြင်းချလိုက်ပြီး “ဒါက လုံလောက်တဲ့ စွမ်းရည် မရှိခြင်းရဲ့ အကျိုးရလဒ်ပဲ”

“ဟူး…” အားလုံး သက်ပြင်းချလိုက်လေ၏။

ဤလောကကြီး၌ အရည်အချင်းရှိလျှင် ပစ္စည်းကောင်း များကို ရယူနိုင်သော်လည်း အရည်းအချင်း မရှိပါမူ အဝေးကနေသာ လှမ်းမျှော်ကြည့်ရပေလိမ့်မည်။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ပုံမှန်ပင်ဖြစ်၏။ ရှားပါးပစ္စည်းတစ်ခုကို လူနှစ်ယောက်က ရှာတွေ့သည့်အခါ အားကြီးသူသာ ထိုပစ္စည်းကို ရရှိလေ့ရှိကြ၏။

“ကြည့်၊ ဟိုမှာ လှုပ်ရှားနေတယ်” သက်ပြင်းချနေစဉ်မှာပင် မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူကြီးက ကန်ရေပြင်ကို ကြည့်လျက် အလန့်တကြား အော်ပြောလို်ကလေ၏။

ကန်အောက်ခြေမှ စွမ်းအင် လှိုင်းတွန့်များ ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေခဲ့လေ၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လွတ်လပ်သော အဖွဲ့အစည်းမှ လူများ စိတ်သက်သာရာ ရသွားခဲ့ကြလေ၏။ မိန်းငယ်လေးသည် ထမ်းပိုးထားရသည့် ဝန်ထုပ်ကြီးတစ်ခုကို လွှတ်ချလိုက်ရသည့်အလား သက်ပြင်း အမောကြီး ချလိုက်လေ၏။

တစ်ခဏကြာပြီးနောက် ဧရာမရေပူးပေါင်းကြီးတစ်ခု နှင့်အတူ ရန်ကိုင်နှင့် ရွှေးလင်တို့ ထွက်ပေါ်လာခဲ့လေ၏။

ရွှေးလင်က အဖွဲ့သားများရှေ့ အလျင်အမြန် ဆင်းသက်လိုက်ပြီး “ဒီလောကစိတ်ဝိဥာဉ် ရတနာကို ထည့်သိမ်းဖို့အတွက် အထူးထည့်စရာ ပစ္စည်းတစ်ခုကို ယူလာခဲ့တယ်မလား”

“အင်း” မိန်းမငယ်လေးက အမြန်အဆန်ပဲ ပြန်၍ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ခါး၌ ချိတ်ဆွဲထားသော အထုပ်လေးကို ဖြေလိုက်လေ၏။ စိတ်ဝိဥာဉ် အစီအရင် မျဉ်းကြောင်းများစွာ ထိုးထွင်းထားသည့် အဖြူရောင် ကျောက်စိမ်း သေတ္တာတစ်လုံး အားလုံးရှေ့ ထွက်ပေါ်လာခဲ့လေ၏။

သူမခါး၌ ချိတ်ဆွဲထားသော အိမ်လေးသည် သိုလှောင်အိတ်ပင် ဖြစ်လေ၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရွှေးလင်က အသာအယာ ခေါင်းညိတ်လျက် “ရှင်တို့က အပြည့်အဝကို ပြင်ဆင်လာခဲ့တာပဲ”

ပြောပြီးသည်နှင့် သွေးသစ်ခွကို သူမဆီ ဖြစ်သလို ပစ်ပေးလိုက်လေ၏။

မိန်းမငယ်လေး၏ အမူအရာသည် အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့လေ၏။ သို့သော်လည်း ချက်ချင်းဆိုသလို ပျော်ရွှင်စွာ ရယ်မောလိုက်၍ သွေးသစ်ခွကို လက်ခံယူလိုက်ကာ “ကျေးဇူးတင်ပါတယ်”

သွေးသစ်ခွကို ကျောက်စိမ်းသေတ္တာထဲ ထည့်ပြီးသည်နှင့် မိန်းမငယ်လေးသည် အစီအရင်ကို အသက်သွင်းလိုက်လေ၏။

“ရေခဲမီးတောက်ကြယ်သဲကကော” မုတ်ဆိတ်မွှေး ထူလပြစ်နှင့် လူကြီးက မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

“ကျိုဟုန်” မိန်းမငယ်လေး၏ အမူအရာ အေးစက်သွားခဲ့ပြီး ဒေါသတကြီး လှမ်းအော်လိုက်လေ၏။

“ဟားဟား၊ ကျုပ်က မေးရုံလေးပါ” ကျိဟုန်က ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကို ကုတ်လျက် ရန်ကိုင်ကို ပြုံးပြလိုက်ပြီး “ရောင်းရင်း ကျုပ်ကို စိတ်ထဲမထားပါနဲ့။ ကျုပ်က စပ်စုချင်ရုံပါ။ မပြောချင်လည်း ရပါတယ်။ ရရ၊ မရရ အဲ့ပစ္စည်းက ခင်ဗျားအပိုင်ပဲလေ”

ရန်ကိုင်က ပြန်ပြုံးပြလိုက်လေ၏။ ‘ဒီလူကြီးက စိတ်ဝင်စားစရာတော့ ကောင်းသား’ဟု သူ့စိတ်ထဲ ရုတ်တရက် တွေးမိလိုက်၏။ စိတ်မပူဖို့ ပြောနေသော်ငြား ရေခဲမီးတောက် ကြယ်သဲအကြောင်းကိုတော့ သွယ်ဝိုက်ပြီး မေးချင်နေတုန်းပင်။

“ဘာမှမဖြစ်ပါဘူး။ အဲ့ပစ္စည်းကို ကျုပ်ရခဲ့တယ်” ရန်ကိုင်က ပွင့်ပွင့်လင့်လင့်ပင် မဖုံးကွယ်ပဲ ပြောလိုက်လေ၏။

“ရောင်းရင်းက တကယ်ကို ကံကောင်းတာပဲ။ ကျုပ်တောင် မနာလိုချင်သွားပြီ’ ကျိဟုန်က ပြုံး၍ သူ့အတွေးများကို ထုတ်ဖော်ပြောလိုက်လေ၏။

သူတို့ နှစ်ယောက် ပြောနေသည်ကို ကြည့်ရင်း မိန်းမငယ်လေးက ခေါင်းခါရမ်းလိုက်ပြီး ရွှေးလင်ဘက် လှည့်၍ “အခုလို ကူညီပေးတဲ့ မိန်းကလေးကို ကျေးဇူးတင်ပါတယ်။ အင်း၊ အဖွဲ့အစည်းရဲ့ စည်းမှည်းတွေရ ကျွန်မတို့ တစ်ယောက်ချင်းစီက သလင်းကျောက် အတုံး(၂၀)ဆီ ရမှာ။ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်မကတော့ အတုံး(၅၀)ပေါ့။ ဆုရဲ့ (၈၀)ရာခိုင်နှုန်းကို ကျွန်မတို့ရဲ့ ကျေးဇူးတင်လက်ဆောင်အဖြစ် လက်ခံပေးပါ”

မိန်းမငယ်လေးက ထိုကဲ့သို့ ရုတ်တရက် ဆိုလာလေရာ ကျန်အဖွဲ့သားများ အားလုံး၏ မျက်နှာ အမူအရာ မည်းမှောင် သွားခဲ့ကြလေ၏။

သို့သော်လည်း တစ်ခဏလောက် စဉ်းစားပြီးနောက်၊ ရွှေးလင်နှင့် ရန်ကိုင်သာ သူတို့ကို ကူညီမပေးခဲ့လျှင် သူတို့သည်လည်း ဒီတစ်ကြိမ်တာဝန်အတွက် မည်သည့် ဆုလာဒ်မှ မရနိုင်သည့်အပြင် အပြစ်ပင်ပေးခံရနိုင်သေး၏။

ရွှေးလင်က ပြုံးလိုက်ပြီး ရန်ကိုင်ဆီ လက်ညိုးထိုးပြကာ “ကျွန်မကို မပေးနဲ့။ သူ့ကိုသာပေးလိုက်။ ကျွန်မက သလင်းကျောက် လိုတဲ့လူ မဟုတ်ဘူး”

ရန်ကိုင်သည် များများစားစား မေးမနေခဲ့ချေ။ သလင်းကျောက် အဖိုးတန်သည်၊ မတန်သည်ကို ထိုလူများ၏ မျက်နှာ အမူအရာကို ကြည့်ရုံနှင့်ပင် သိနိုင်၏။

“ကောင်းပြီလေ” မိန်းမငယ်လေးက ပြုံးလိုက်ပြီး “ပြီးတော့ ရေခဲမီးတောက်ကြယ်သဲကို ရောင်းချင်တယ် ဆိုရင်လည်း ရတယ်နော်။ ရှင်တို့ ကျေနပ်လောက်မယ့် ဈေးရစေရမယ်လို့ ကျွန်မ အာမခံတယ်”

“ဟဲဟဲ…” ရွှေးလင် တခစ်ခစ် ရယ်မောလိုက်ပြီး “စိတ်ဝိဥာဉ် ထိပ်တန်းအဆင့် လက်နက်သန့်စင်တဲ့ ပစ္စည်းတစ်ခုကို ရောင်းဖို့ ကျွန်မတို့ မစီစဉ်ထားပါဘူး။ သိပ်ထားတာက ပိုပြီး အသုံးဝင်လာနိုင်တယ်လေ”

“ဒါက…” မိန်းမငယ်လေး စိတ်ပျက်သွားခဲ့ရလေ၏။ သို့သော်လည်း တုန့်ဆိုင်းတွေဝေမနေဘဲ ခေါင်းညိတ်၍ “ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။ ရှင်တို့ ရောင်ချင်းတယ်ဆိုရင် ကျွန်မဆီ လာပြောပေါ့။ ဒီနေရာနဲ့ ကျွန်မတို့ရဲ့ လွတ်လပ်သော အဖွဲ့အစည်းက သိပ်မဝေးဘူး။ သုံးရက်လောက်ပဲ ကြာတယ်။ ရှင်တို့ကော ကျွန်မတို့နဲ့အတူ လိုက်ချင်လား”

ဤအဖြစ်အပျက်ပြီးနောက် မိန်းမငယ်လေးသည် သူတို့အား ယခင်ကလို ရန်လိုခြင်း မရှိတော့ချေ။ အဲ့အစား သူတို့ နှစ်ယောက်နှင့်ပင် စတင်၍ မိတ်ဆွေဖွဲ့ရန် ကြိုးစားလာခဲ့လေပြီ။

ရွှေးလင်က ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင်က ခေါင်းညိတ်ပြသဖြင့် သူမလည်း လက်ခံဖို့ ဆုံးဖြတ်လိုက်လေ၏။

ရွှေးလင်က ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ ကျွန်မတို့ကလည်း နားဖို့နေရာတစ်ခု ရှာနေတာနဲ့ ဆိုတော့ အတော်ပဲ ဖြစ်သွားတာပေါ့”

“ကျေးဇူးပြုပြီး” ပြောနေရင်းနှင့် မိန်းမငယ်လေး၏ အကြည်သည့် ရန်ကိုင်ဆီ အလိုလို ရောက်ရှိသွားခဲ့လေ၏။

ရွှေးလင်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ အဆင့်မြင့် တပည့်တစ်ယောက် ဖြစ်သော်လည်း ထိုလူငယ်လေ၏ ဆုံးဖြတ်ချက်ကို အဘယ်ကြောင့် လိုက်နာနေရသနည်း။ သူမ ဆုံးဖြတ်ချက်တစ်ခု မချခင် အချိန်တိုင်း ထိုလူငယ်လေး၏ အထင်အမြင်ကို အမြဲမေးလေ့ရှိ၏။ ရွှေးလင်၏ အပြုအမူကြောင့် မိန်းမငယ်လေး၏ စိတ်ထဲ သံသယလှိုင်းတို့ ပဲ့တင် ထပ်နေခဲ့ရလေ၏။

ထိုလူငယ်လေးသည် မည်ကဲ့သို့သော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသဖြင့် ရေဝိဥာဉ်ဘုရားကျောင်း၏ အဆင့်မြင့် တပည့်ပင် သူ့ကို လေးစားနေရပါသနည်း။

မိန်းငယ်လေးသည် နားမလည်နိုင်ခြင်း များစွာဖြင့် ရန်ကိုင်ကို ပို၍ စိတ်ဝင်စားမိသွားခဲ့လေ၏။

စကားပြောနေစဉ်အတွင်း ရန်ကိုင်၏ အဆင့်အတန်းကို သိရအောင် အောက်အစ်မေးမြန်း ကြည့်သော်လည်း ရန်ကိုင်က လွန်စွာကိုမှ နှုတ်လုံနေလေရာ မိန်းမငယ်လေးမှာ စိတ်ညစ် သွားခဲ့ရလေ၏။

စကားပြောနေစဉ်အတွင်း ထိုမိန်းမငယ်လေး၏ နာမည်မှာ ယွန်ရွှမ်ဖြစ်ပြီး လွတ်လပ်သော အဖွဲ့အစည်း အပြင်ရေးရာ အဖွဲ့သားများ၏ အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်သည်ကို ရန်ကိုင်နှင့် ရွှေးလင်တို့ သိလိုက်ရ၏။

လွတ်လပ်သော အဖွဲ့အစည်းသည် အခြားသော အင်အားစုများနှင့် မတူချေ။ လွတ်လပ်သော အဖွဲ့အစည်းတွင် ရှာဖွေခြင်း၊ စုဆောင်းခြင်း၊ ပစ္စည်းသယ်ယူ ပို့ဆောင်ခြင်း စသော လုပ်ငန်းများကို တာဝန်ယူထားရသော အဖွဲ့အသီးသီး ရှိ၏။ ထိုအဖွဲ့များသည့် တစ်နှစ်ပတ်လုံး ခရီးထွက်၍ မိမိတို့ တာဝန်ယူထားရသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြရကာ လွတ်လပ်သော အဖွဲ့အစည်းအတွက် အကျိုးအမြတ်များ ယူဆောင်ပေးကြရ၏။ အပြန်အလှန် အနေဖြင့် လွတ်လပ်သော အဖွဲ့အစည်းသည် သူတို့အား အရင်းအမြစ်နှင့် ကျင့်ကြံဖို့ရာ နေစရာ ပြန်၍ ထောက်ပံ့ပေး၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၁၉) ရွှေးလင်၏ တောင်းဆိုချက်

——————————————————————

လွတ်လပ်သော အဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်ဆင့်ကြောင့် လွတ်လပ်သော အဖွဲ့အစည်းသည် လေလွင့် ကျင့်ကြံသူများကြား လွန်စွာကိုမှ နာမည်ကြီးကာ ထိုလျော့ရဲသည့် ဖွဲ့စည်းပုံကို အခွင့်ကောင်းယူ၍ လွတ်လပ်သော အဖွဲ့အစည်းထဲသို့ ဝင်ချင်သည့် လူတစ်ပုံတစ်ခေါင်းကြီး ရှိနေခဲ့၏။

လွတ်လပ်သော အဖွဲ့အစည်းသည် တပည့်အရေအတွက် များစွာကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူတို့ ပိုင်ဆိုင်ထားသော အားကောင်းလှသည့် ပညာရှင် အရေအတွက်မှာ နိမ့်ကျလှ၏။ အခြား ဒေသခံအင်အားစုများနှင့် ယှဉ်လျှင် လွတ်လပ်သော အဖွဲ့အစည်းသည် အားနည်းသည်ဟု ဆိုနိုင်၏။

ရွှေးလင်သည် ရေဝိဥာဉ်ဘုရားကျောင်းက တပည့်တစ်ယောက် ဖြစ်သည်ဟု ကြားလိုက်စဉ်အခါက ယွန်ရွှမ် ထိတ်လန့်သွားခဲ့ရခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်၏။ ရေဝိဥာဉ်ဘုရားကျောင်း၏ အဆင့်အတန်းကို ကောင်းကောင်း သိထားရာ ယွန်ရှန်သည် ရွှေးလင်နှင့် ရန်မီးမပွါးချင်ချေ။

သို့သော်လည်း ယခုမူ သူတို့ လိုချင်သည့် သွေးသစ်ခွကို ရရှိပြီးဖြစ်သလို သူတို့၏ တာဝန်လည်း ချောချောမွေ့မွေ့နှင့် ပြီးမြောက်သွားခဲ့လေပြီ။ ရွှေးလင်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်သည်၊ မဖြစ်သည် ဆိုသည်ကို သူတို့ ဆက်၍ ဂရုစိုက်စရာ မလိုတော့ချေ။

နှစ်ရက်ကြာပြီးနောက် ထိုအဖွဲ့သည့် ရေအိုင်ဆီမှ ထွက်လာခဲ့လေ၏။

တစ်ရက်ကြာပြီးနောက် ကျယ်ပြောလှသော တောတန်းတို့ဖြင့် ဝန်းရံထားသည့် ဧရာမမြို့ကြီးတစ်မြို့ ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့လေ၏။ လွတ်လပ်သော အဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်သော လွတ်လပ်သောမြို့တော်။

ထိုသုံးရက်ကြာခရီးအတွင်း ထုန်းရွှမ်လောကကြီး၌ မိုးမြေစွမ်းအင် မည်မျှ ပေါကြွယ်ဝ သိပ်သည်းသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်သွားခဲ့ရ၏။ လမ်းတစ်လျှောက် စကားစမြည် ပြောလာရင်း ဤထုန်းရွှမ်လောကကြီး မည်မျှ ကျယ်ဝန်းသည်ကိုလည်း သူသဘောပေါက်ခဲ့ရ၏။ တစ်ကြိမ်တစ်ခါမှပင် သူမကြားဖူးခဲ့သော အရင်းအမြစ် များကိုလည်း ကြားခဲ့ရသေး၏။

ရန်ကိုင်လည်း ယခင်ကထက် ပို၍ ဗဟုသုတ ပေါကြွယ်ဝလာခဲ့ပြီး သူ့စိတ်အခြေအနေပင် မဆိုသလောက် ပြောင်းလဲသွားခဲ့ရလေ၏။

လွတ်လပ်သော အဖွဲ့အစည်း၏ ဂိတ်ပေါက်၌ ဂိတ်စောင့်များစွာသည် မြို့ထဲသို့ ဝင်မည့်သူများကို စစ်ဆေးနေခဲ့ကြလေ၏။

ယွန်ရွှမ်၏ ဦးဆောင်မှုနှင့် ရန်ကိုင်၏ အဖွဲ့သည် မြို့ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့လေ၏။

မြို့ထဲသို့ ဝင်လာသည်နှင့် အဆုံးမယ့် စမ်းရေစီးကြောင်း တစ်ခုပမာ ဟိုသွားဒီသွားဖြင့် အလုပ်ရှုပ်နေသော လူများစွာကို တွေ့လိုက်ရလေ၏။

ထိုအခြင်းအရာကို ကြည့်လျက် ယွန်ရွှမ်က ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြုံးကာ ရှင်းပြလိုက်လေ၏ “ငါတို့ လွတ်လပ်သော အဖွဲ့အစည်းက ကျင့်ကြံခြင်း အရင်းအမြစ်နဲ့ ပက်သက်လာရင် ပထမပဲ။ ဒါကြောင့် ဌာနချုပ်က အမြဲတမ်း သက်ဝင်စည်ကား နေလေ့ရှိတယ်။ ကျင့်ကြံသူအများကြီးက ငါတို့ ဌာနချုပ်ဆီလာပြီး ဆေးအမယ်တွေ၊ လက်နက်သန့်စင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို လာဝယ်လေ့ ရှိတယ်လေ။ ဒီနယ်ပယ်ကမှာ ကုန်အသည်အဖွဲ့အစည်းရဲ့ ဌာနချုပ်ဖြစ်တဲ့ ကုန်သည်မြို့တော် ကလွဲပြီး ငါတို့ လွတ်လပ်သောမြို့တော်က အကြီးဆုံး ရောင်းဝယ်ဖောက်ကားရေး မြို့တော်တစ်ခုပဲ။ တစ်ချက်တော့ ရှိတယ်။ ကုန်သည်အဖွဲ့အစည်းလိုမျိုး အဓိကမျိုးနွယ်စုကြီး သုံးခုနဲ့ အဆက်အသွယ် လုပ်တာမျိုးကတော့ ငါတို့ လုပ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်သေးဘူး”

“အဓိကအင်အားစုကြီး သုံးခုလား” ရန်ကိုင်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်လေ၏။

“အင်း၊ ကုန်သည်အဖွဲ့အစည်းရဲ့ ကုန်သည်မြို့တော်က စပ်ကြားနယ်မြေထဲမှာ ရှိတာလေ။ အဲ့တော့ သူတို့တွေက နတ်ဆိုးမျိုးနွယ်၊ မွန်းစတားမျိုးနွယ်၊ လူသားမျိုးနွယ် တို့နဲ့ လွတ်လွတ်လပ်လပ် ကုန်သွယ်နိုင်တာပေါ့။ နင်မသိဘူးလား” ယွန်ရွှမ်သည် ကြောင်အနေသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်လေ၏။

“ငါက အပြင်ထွက်ခဲတော့ ဒီလောကကြီးအကြောင်း သိပ်မသိဘူးလေ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေ၏။

ယွန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး ဆက်၍ မမေးတော့ချေ။ ယခင်သုံးရက်အတွင်း ရန်ကိုင်သည် စကားများများစားစား မပြောခဲ့သော်လည်း သူသည် လွန်စွာကိုမှ သိလိုစိတ် ကြီးမားသူ ဖြစ်၏။ သာမန်လူများ နားလည်ထားသည့် အရာမျိုးကိုပင် သူမသိချေ။ ထိုအခြင်းအရာသည် အတွေ့အကြုံမရှိသည့် လူများ၏ ပုံစံပင်ဖြစ်၏။

“နင်တို့သာ စိတ်မကွက်ဘူးဆိုရင် မြို့ထဲရောက်နေတုန်း ငါတို့ အဖွဲ့နေတဲ့နေရာမှာ လိုက်နေလေ။ မြို့ထဲမှာ ငါတို့ ကိုယ်ပိုင်အိမ်တွေ ရှိတယ်။ အရမ်းကြီး မကောင်းပေမယ့် တည်းခိုခန်းမှာ နေရတာထက်စာရင်တော့ ပိုကောင်းတာပေါ့” ယွန်ရွှမ်က ကမ်းလှမ်းလိုက်လေ၏။

“သေချာတာပေါ့” ရွှေးလင်က အလျင်စလို လက်ခံ သဘောတူလိုက်လေ၏။ ဤရက်အတောအတွင်း သူမကိုယ်သူမ ကိုယ်လက်သန့်စင်ဖို့ရာ အခွင့်အရေး မရခဲ့သည့်အတွက် ရွှေးလင်မှာ လွန်စွာကိုမှ ရေမိုးချိုးချင်နေခဲ့လေ၏။

“ကျိဟုန်၊ သူတို့ကို ခေါ်သွားပေးလိုက်” ယွန်ရွှမ်က ပြောလိုက်လေရာ ကျိဟုန်ဆိုသောလူက “ကျုပ်နောက်လိုက်ခဲ့”

“ရှေ့ကအရင်သွားနှင့်ကြလေ။ ဒီသွေးသစ်ခွကို အဖွဲ့အစည်းဆီ သွားပြန်ပို့ရဦးမယ်။ တာဝန်ပြီးစီးကြောင်း အစီရင်ခံပြီးတာနဲ့ ကျွန်မတို့ ပြန်လာခဲ့မယ်”

ရန်ကိုင်က ခေါင်းညိတ်၍ ရွှေးလင်နှင့်အတူ ကျိဟုန်ဆိုသော လူနောက် လိုက်သွားခဲ့လေ၏။

တစ်ခဏကြာပြီးနောက် သူတို့သုံးယောက်သည် အိမ်သေးသေးလေး အိမ်တစ်အိမ်သို့ ရောက်ရှိလာခဲ့ပြီး စိတ်အား ထက်သန်စွာဖြင့် ရှင်းပြခဲ့လေ၏။ ခြံဝန်းထဲသို့ ရောက်သည်နှင့် အစေခံအချို့ကို ခေါ်လိုက်ပြီး ရန်ကိုင်နှင့် ရွှေးလင်တို့အတွက် ရေချိုးကန်နှင့် အခန်းတွေ စီစဉ်ပေးဖို့ ပြောလိုက်လေ၏။

အိမ်သည် တော်တော်လေးကို ရိုးရှင်း၏။ မြို့ထဲတွင် တည်ရှိသော်လည်း အကာအကွယ် အရံအတားကြောင့် အပြင်ဘက်မှ ဆူညံသံများသည် တော်တော်လေးကို လျော့ကျသွားခဲ့ရလေ၏။

စုတ်ပြတ်နေသော တဲအိမ်လေးထဲ နှစ်ပေါင်းများစွာ တိုင်အောင် နေလာပြီး ကျောက်လိုဏ်ဂူတူးကာ နေထိုင်ခဲ့သော ရန်ကိုင်အတွက်မူ ဤကဲ့သို့သော နေရာမျိုးသည် သူ့အား နည်းနည်းမျှပင် မသက်မသာ ဖြစ်အောင် မလုပ်နိုင်ချေ။

ညနေပိုင်း၌ အစေခံတစ်ယောက် ရောက်လာခဲ့ပြီး ညစာ အသင့်ဖြစ်ပြီး ဖြစ်ကြောင်း သူ့အား လာပြောခဲ့လေ၏။

အခန်းထဲမှ ထွက်လိုက်သည်နှင့် ရေမိုးချိုး၊ ကိုယ်လက် သန့်စင်ပြီးသည့် ရွှေးလင်နှင့် ထိပ်တိုက်တိုးခဲ့၏။

နှစ်ယောက်သား အကြည့်ချင်း ဆုံသွားခဲ့ပြီး ယဲ့ယဲ့လေး ရယ်မော၍ ညစာစားခန်းဆီသို့ အတူသွားခဲ့ကြလေ၏။

ထိုညစာစားပွဲ၌ ယွန်ရွှမ်နှင့် သူမ၏ အပေါင်းအပါတို့သည် ရန်ကိုင်တို့နှင့် ခွက်ချင်းတိုက်၊ ခွက်မြှောက်ကာ ချီးယား လုပ်ခဲ့ကြ၏။ ရွှေးလင်ကမူ မသောက်ခဲ့သော်လည်း ရန်ကိုင်ကမူ ငြင်းဆိုခြင်း မပြုခဲ့။ စိတ်အားထက်သန်စွာဖြင့် လောက အသစ်ကြီး၏ စားဖွယ်သောက်ဖွယ် အသစ်များကို မြည်းစမ်း ခဲ့လေ၏။

ယွန်ရွှမ်သည် ပြောခဲ့သည့်အတိုင်း သလင်းကျောက် (၁၅၂)တုံးကို ရန်ကိုင်ဆီ ပေးခဲ့လေ၏။ ပြီးသည်နှင့် ပျော်ရွှင်စွာ တခစ်ခစ် ရယ်မောလိုက်၍ အရွှန်းဖောက်လိုက်၏ “သေချာ သိမ်းထားနော်။ တစ်ခါတည်း ဖြုန်းပစ်မနေနဲ့ဦး။ ရှင်တို့လို လူငယ်တွေ စိတ်အားထက်သန်တဲ့ နေရာမျိုးတွေ လွတ်လပ်သော အဖွဲ့အစည်းထဲမှာ အများကြီးပဲ၊ ဟဲဟဲ…”

ယမကာကြောင့် သူမ၏ လေသံသည် ယခင်ကလို တောင့်တောင့်ကြီး ဖြစ်မနေတော့။ မျက်နှာလေးသည်လည်း နီတီတီလေး ဖြစ်နေခဲ့ပြီး သူမအား ပို၍ ဆွဲဆောင်မှု ရှိနေစေခဲ့၏။

ညတစ်ဝက်လောက် ကြာပြီးနောက် ရန်ကိုင်နှင့် ရွှေးလင်တို့ သူတို့အခန်းဆီ ပြန်သွားခဲ့ကြလေ၏။ လွတ်လပ်သော အဖွဲ့အစည်းမှ လူများကမူ ကျန်ရစ်ခဲ့ကြကာ ဆက်လက် သောက်စားနေခဲ့ကြ၏။

အခန်းသို့ ပြန်ရောက်သည်နှင့် ရန်ကိုင်သည် အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲမှ သလင်းကျောက်တစ်တုံးကို ထုတ်ယူ၍ အသေအချာ စစ်ဆေးကြည့်လိုက်လေ၏။

ထိုသလင်းကျောက်ထဲ လွန်စွာကိုမှ သန့်စင်လှသည့် မိုးမြေစွမ်းအင်တို့ ပါဝင်နေသည်ကို ရန်ကိုင် အလျင်အမြန် တွေ့ရှိသွားခဲ့လေ၏။

ထိုသလင်းကျောက်များကို မည်ကဲ့သို့ အသုံးပြုရကြောင်း၊ မည်မျှအဖိုးတန်းကြောင်း ရွှေးလင်အား မေးမြန်းပြီးသော်လည်း ယခုမှပင် ထိုသလင်းကျောက်များ မည်မျှ အဖိုးတန်သည်ကို ရန်ကိုင် အမှန်အကန် နားလည်သွားခဲ့လေ၏။

ထိုကျောက်တုံးများသည် ယခင်လောကကြီး၌ ရှိနေခဲ့မည် ဆိုပါက ထိုလောကကြီးရှိ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံနှုန်းကို အရှိန်အဟုန် မြန်မြန်ဖြင့် မြှင့်တင်နိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ထိုနေရာ၌ ဤကဲ့သို့သော အရင်းအမြစ်မျိုး ရှိမနေခဲ့ချေ။

သလင်းကျောက်သည် ထုန်းရွှမ်လောကကြီး၏ ငွေကြေး ဖြစ်၏။ ထိုသလင်းကျောက်များကို ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် လက်နက်သန့်စင်ရာတွင်လည်း အသုံးပြုကြသလို ဤလောကကြီးရှိ ကုန်ပစ္စည်းအားလုံး လိုလိုအား သလင်းကျောက်ဖြင့် ပေးချေဝယ်နိုင်၏။

ဤလောကကြီး၌ ဤကဲ့သို့သော ပစ္စည်းမျိုး ရှိနေလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်မှတ်ထားခဲ့ချေ။

ထုန်းရွှမ်လောကကြီးသို့ ခြေချလိုက်စဉ်မှ အစပြု၍ သူသည် ကွဲပြားခြားနားသော လောကကြီးတစ်ခုထဲသို့ ရောက်ရှိသွားခဲ့ရ၏။ အားလုံးသည်း သူ့အတွက် အသစ်အဆန်းပင် ဖြစ်နေခဲ့၏။

ရုတ်တရက် တံခါးခေါက်သံကို ရန်ကိုင် ကြားလိုက်ရလေ၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘယ်သူက တံခါးလာလောက်သလဲ ဆိုသည်ကို စစ်ဆေးပြီးနောက် အလျင်အမြန်ပင် အခန်းတံခါးကို ဖွင့်ပေးလိုက်လေ၏။ တံခါးပွင့်သွားသည်နှင့် လရောင်ခြည်အောက် ပွင့်လန်းနေသည် အလှလေး ရွှေးလင်ကို မြင်တွေ့လိုက်ရလေ၏။

“ဘာကိစ္စလဲ” ရန်ကိုင်က မေးလိုက်လေ၏။

“ဘာမှမဟုတ်ဘူး။ အိမ်မရလို့ နင်နဲ့စကားလာပြောတာ” ရွှေးလင်က အနီးအနားရှိ ထိုင်ခုံတစ်ခုံတွင် ထိုင်ချ၍ လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်လေ၏။

“ဒီနေ့ စောစောတုန်းက နင်ထွက်သွားတာကို ငါတွေ့လိုက်သေးတယ်။ နင့်မိသားစုနဲ့ ဆက်သွယ်လို့ရလား” ရန်ကိုင်က မေးလိုက်ရာ ရွှေးလင်က အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် “နင်သတိပြုမိတယ်လား”

ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်လေ၏။

“အင်း၊ ငါ့မိသားစုနဲ့ အဆက်အသွယ် ရလိုက်တယ်။ လွတ်လပ်သော အဖွဲ့အစည်းထဲမှာ ရေဝိဥာဉ်ဘုရားကျောင်း ကိုယ်စားရှိနေတယ်လေ။ အဲ့နေရာဆီ သွားလိုက်ပြီး ဒီနှစ်အတောအတွင်း ငါဘာတွေ ဖြစ်နေလဲဆိုတာကို သူတို့ကို ပေးသိလိုက်တယ်။ လဝက်လောက်ကြာရင် ဂိုဏ်းကနေ ငါ့ကို လာပြန်ခေါ်ဖို့ လူလွှတ်လိုက်လိမ့်မယ်”

“ရေဝိဥာဉ်ဘုရားကျောင်းထဲမှာ နင့်အဆင့်အတန်းက ဘယ်လိုမျိုးလဲ။ ငါသိထားသလောက်ကတော့ နင့်အဆင့်အတန်းက မနိမ့်လောက်ဘူးမလား”

“ဟဲဟဲ၊ ငါက ရေဝိဥာဉ်ဘုရားကျောင်း လက်ရှိဂိုဏ်းချုပ်ရဲ့ သမီးလေ”

ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ “လတ်စသတ်တော့ နင်က ရေဝိဥာဉ်ဘုရားကျောင်းရဲ့ မင်းသမီးလေးကိုး”

ရွှေးလင်က ကျီစယ်လိုဟန်ဖြင့် ပြုံး၍ “မင်းသမီးလေး ဖြစ်တော့ရော ဘာဖြစ်လို့လဲ။ နင့်စံအိမ်မှာတုန်းက အနိုင်ကျင့်ခံခဲ့ရတာပဲ မဟုတ်ဘူးလား။ နင်ကြိုက်သလို ငါ့ကို အမိန့်ပေးစေခိုင်းနေခဲ့တာလေ”

ရန်ကိုင်က ပြုံး၍ ပြန်မေးလိုက်၏ “လက်စားပြန်ချေချင် နေတာလား”

“ငါက အဲ့လောက်အထိ အားယားပျင်းရိနေတဲ့ လူမျိုး မဟုတ်ဘူး” ရွှေးလင်က သူမလက်ကို ဝှေ့ရမ်းပြလိုက်၏။ ရန်ကိုင်က သူမမွေးရပ်ဆီ ပြန်ခေါ်လာပေးသည်ကိုပင် လွန်စွာမှ ကျေးဇူးတင်နေသည် ဖြစ်ရာ ဘာမဟုတ်သည့် ကိစ္စလေးအတွက် မည်သည့်အတွက်ကြောင့် လက်စားပြန်ချေဖို့ စဉ်းစားနေရမည်နည်း။

“ဒါပေမယ့်၊ ငါ့မှာတောင်းဆိုချက်တစ်ခုရှိတယ်။ နင်သေချာ နားထောင်ပေးမယ်လို့ ငါမျှော်လင့်တယ်” ရွှေးလင်၏ အမူအရာ ရုတ်တရက် လေးနက်တည်ကြည် သွားခဲ့လေ၏။

“အို”

“ငါ့ရဲ့ ရေဝိဥာဉ်ဘုရားကျောင်းထဲ နင်မဝင်ချင်ဘူးလား” ရွှေးလင်က လိုရင်းကိုပင် တိုက်ရိုက်ပြောလိုက်၏။

ရန်ကိုင်က ရွှေးလင်အား ထူးလိုထူးဆန်း စိုက်ကြည့်၍ အသာအယာ မျက်မှောင် ကြုံ့လျက် “နင့်ဂိုဏ်းထဲ ဘာလို့ ဝင်စေချင်တာလဲ”

“ဘာလို့လဲဆိုတော့ နင်က အဆန်းတကြယ်တွေချည်း ဖန်တီးပြတာကို ငါအကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ပြီးပြီလေ။ နင်သာ အရည်အချင်း၊ ပါရမီနဲ့ဆိုရင် ထုန်းရွှမ်းလောကမှာ နင်ကျော်ကြားလာဖို့က အချိန်ပဲလိုမှာ။ ဒါကြောင့် နင့်ကို ငါ့ရဲ့ ရေဝိဥာဉ်ဘုရားကျောင်းဆီ ဝင်စေချင်တာ။ နင်သာ သဘောတူသရွေ့၊ နင့်ခွန်အား မြန်မြန်ဆန်ဆန် တိုးတက်နိုင်ဖို့ အတွက် ကျင့်ကြံဖို့ အကောင်းဆုံး မြေနေရာ၊ အရင်းအမြစ်တွေကို ရစေရမယ်လို့ ငါအာမခံတယ်။ နင့်မိတ်ဆွေကို ပြန်ရှာချင်နေတာမလား။ ငါ့ရေဝိဥာဉ် ဘုရားကျောင်းရဲ့ အကူအညီနဲ့ဆိုရင် သူတို့တွေကို ရှာဖို့က ပိုလွယ်သွားပြီလေ”

“နင့်ကမ်းလှမ်းချက်က တော်တော့်ကို ကောင်းလွန်းတယ်” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်လေ၏။

“အဲ့လိုကမ်းလှမ်းမှုမျိုးနဲ့ နင်ထိုက်တန်တယ်လေ။ ပြီးတော့ ငါ့မှာ အဲ့လိုလုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိပါ့မလား ဆိုတဲ့ အချက်ကို သံသယမဝင်သင့်ဘူး”

“ငါနင့်ကိုယုံတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ ရွှေးလင်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ မင်းသမီးလေး ဖြစ်သဖြင့် သူမတွင် ယခုကဲ့သို့ လုပ်နိုင်စွမ်း ကျိန်းသေရှိပေ၏။

“အဲ့လိုဆိုရင် နင်သဘောတူမှာလား၊ မတူဘူးလား” ရွှေးလင်က ထပ်၍ မေးလိုက်၏။

ကံမကောင်းစွာဖြင့် ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး ပြတ်ပြတ်သားသားကို ငြင်းဆန်လိုက်လေ၏။ “ငါ့ကို အခုလိုမျိုး တွေးပေးလို့ ကျေးဇူးပဲ။ ဒါပေမယ့် နင်လည်း ငါနဲ့ အချိန်အတော် ကြာအောင် အတူရှိခဲ့တာဆိုတော့ ငါ့အကြောင်း ကောင်းကောင်း သိမှာပေါ့”

“သိတာပေါ့။ နင့်အပေါ် ဘာကန့်သတ်ချက်မှ မထားဘူးလို့ ငါကတိပေးတယ်။ နင်သာ ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းထဲ ဝင်လိုက်သရွေ့ နင်လုပ်ချင်တာ လုပ်လို့ရတယ်”

“ရေဝိဥာဉ်ဘုရားကျောင်းထဲ ဝင်တာနဲ့တင် အကြီးမားဆုံး ကန့်သတ်ချက်ကြီး ဖြစ်သါားပြီလေ” ရန်ကိုင်က ပြုံးလိုက်၏။

“ငါသိနေတယ်…” ရွှေးလင်က သက်ပြင်းယဲ့ယဲ့လေး ချလိုက်၏။ ရန်ကိုင် ငြင်းဆန်နိုင်ချေ (၈၀)ရာခိုင်နှုန်းလောက် ရှိသည်ဆိုသည်ကို သိထားသော်လည်း ကြိုးတော့ ကြိုးစား ကြည့်ချင်ခဲ့၏။ သို့သော်လည်း ရန်ကိုင်ကမူ ငြင်းဆန်နေဆဲ။

“မေ့လိုက်တော့။ ငါနင့်ကို တွန်းအားမပေးတော့ဘူး။ ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းဆီ လာချင်ရင် ပြောသာပြောလိုက်”

ရန်ကိုင်က ထိုနောက်ဆုံး တောင်းဆိုချက်ကို ငြင်းလည်း မငြင်းဆန်ခဲ့သလို လက်ခံသဘောတူခြင်းလည်း မပြုခဲ့ချေ။

ငြိမ်းချမ်းသည့် တစ်ညတာ ကုန်ဆုံးပြီးနောက် ယွန်ရွှမ်သည် ရန်ကိုင်နှင့် ရွှေးလင်အား လွတ်လပ်သော မြို့တော်ထဲ လိုက်လံ လှည့်ပတ်ဖို့ လာရောက် ဖိတ်ခေါ်ခဲ့၏။

ရန်ကိုင်သည်လည်း ဤလောကကြီး၏ ရိုးရာဓလေ့များကို သိချင်နေသည် ဖြစ်ရာ သူမ၏ ဖိတ်ခေါ်ချက်ကို သဘောတူခဲ့၏။

သူမ၏ လန်းလန်းဆန်းဆန်း ရှိနေသေးသည့် အမူအရာကို မြင်တွေ့လိုက်သည်နှင့် ယွန်ရွှမ်သည် ဝိုင်သောက်နိုင်သူ တစ်ယောက်ဖြစ်သည်ကို ရန်ကိုင် သိလိုက်လေ၏။

အိမ်အစေခံများအရ၊ သူမ၏ အဖွဲ့သားများ အကုန် မှောက်သွားသည့်တိုင် ယွန်ရှန်သည် အနည်းငယ်ပင် ထပ်၍ သောက်ပြီး သူမ၏ အိပ်ခန်းဆီသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်သွားသည်ကို ရန်ကိုင် သိရလိုက်၏။

လွန်လပ်သောမြို့တော်သည် မသေးချေ။ ဗဟိုမြို့တော်လောက် မကျယ်သော်လည်း ယခင်လောကကြီးမှ အခြားမြို့များနှင့် ယှဉ်လျှင် ပို၍ ကြီး၏။

အချိန်နှင့်အမျှ လူများစွာသည် မွန်းစတားသားရဲများကို စီး၍ သူတို့‌ခေါင်းပေါ်မှ ဖြတ်ပျံသန်းသွားကြသလို ပျံသန်းရေး လက်နက်များကို သုံး၍ သွားနေကြသူများလည်း ရှိ၏။ ထိုပျံသန်းရေး ကိရိယာများကို လှပသေသပ်စွာ ပြုလုပ်ထားသည့်အတွက် လွန်စွာကိုမှ မျက်စိဖမ်းစားစရာ ကောင်းပေ၏။

လွပ်လပ်သော မြို့တော်ထဲ ပျံသန်းနိုင်သူများသည် မြင့်မားသော အဆင့်အတန်း ပိုင်ဆိုင်ထားသူများ သို့မဟုတ် ခွန်အား ကြီးမားလှသူများ ဖြစ်ကြ၏။ သူတို့ကဲ့သို့ အားနည်းလှသော လူများကမူ လမ်းလျှောက်သွားရုံသာ ရှိ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၂၀) အရိုးဒိုင်းကို ပြန်လည်ပြုပြုခြင်း

——————————————————————

ဂုဏ်ဆင့်အတန်း ကွဲပြားခြားနားမှုသည် နေရာတိုင်းတွင် ရှိနေခဲ့၏။

လွတ်လပ်သော မြို့တော်သည် လူပေါင်းများစွာဖြင့် ရှုပ်ယှတ်ခတ်နေခဲ့၏။ လမ်းပေါ်တွင်း သွားလာနေသူများ၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

တုန်းရွှမ်းလောကကြီး၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သည် သာမန် ဖြစ်ပုံရ၏။ လမ်းပေါ်တွင် သွားလာနေသူ (၆၀) ရာခိုင်နှုန်းကျော်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး မသေမျိုးအဆင့် ပညာရှင်များ ကိုလည်း ရံဖန်ရံခါ တွေ့ရတတ်၏။

ယခင်လောကကြီး၌ ဆိုလျှင် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များသည် ပညာရှင်ကြီးများ ဖြစ်ကြ၍ အချို့နေရာများ၌ အစစ်အမှန်ဒြပ်စင် အဆင့် ပညာရှင်များသည် ဘုရင်များအဖြစ်ပင် ဆက်ဆံခံကြရ၏။ သို့သော်လည်း ဤနေရာ၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများကို လမ်းဘေးက ဂေါ်ဖီထုပ်များပမာ နေရာတိုင်းတွင် တွေ့နေရလေ၏။

ယွန်ရွှမ်သည် ရန်ကိုင်ကို အဆောက်အအုံကြီးတစ်ခုဆီ ခေါ်သွားခဲ့၏။ ထိုအအောက်အုံကြီးသည် အခြားနေရာများ ထက်ပင် ပို၍ လူစည်ကာားနေ၏။ အဆောက်အအုံထဲ ဝင်ထွက်နေသည့် ကျင့်ကြံသူများစွာ ရှိနေခဲ့ပြီး အားလုံး၏ မျက်နှာထက် ပျော်နေသည့်၊ တင်းကြပ်နေသည့်၊ ရင်ခုန် စိတ်လှုပ်ရှားနေသည့် အမူအရာများကို တွေ့မြင်နေခဲ့ရ၏။ ထိုလူများ၏ အမူအရာများကြောင့် ရန်ကိုင်သည်လည်း စိတ်ရှုပ်သွားခဲ့ရလေ၏။

ခန်းမကြီးတစ်ခု အတွင်း၌ ဘေးဘက် အခန်းလေးများဆီသို့ ဦးတည်နေသည့် လမ်းကြောင်းလေး များစွာ ရှိနေခဲ့ကာ အပြင်ဘက်တွင်မူ လူတန်းရှည်များစွာ ရှိနေခဲ့လေ၏။

ယွန်ရွှမ်သည် ရန်ကိုင်နှင့် ရွှေးလင်တို့ကို အတွင်းဆုံး အခန်းတစ်ခုဆီ ခေါ်ဆောင်သွားခဲ့လေ၏။

အခန်းအတွင်း… ကြမ်းပြင်ကို ကော်ဇောအထူကြီး ခင်ထားခဲ့ပြီး နံရံများထက်တွင် အသက်ဝင်လှသည့် ရုပ်လုံး၊ ရုပ်ကြွ များစွာ ရှိနေခဲ့လေ၏။ အခန်းအလယ်တွင်မူ သင်းပျံ့သည့် မွှေးရနံ့တို့ကို ထုတ်လွှတ်ပေးနေသော မွှေးရနံ့အိုး တစ်အိုး ရှိနေခဲ့ကာ သင်းပျံ့မွှေးကြိုင်လှသော ရနံ့များသည် ထိုမွှေးရနံ့အိုးဆီမှ အစဉ်မပြတ် ထွက်ပေါ်လာနေခဲ့၏။

နောက်ဘက်ရှိ စားပွဲခုံ၏ နောက်ဘက်၌ အနည်းငယ် ဝသော လူအိုကြီးတစ်ယောက်သည် လက်တင်သစ်သား ထိုင်ခုံကြီးတစ်လုံးပေါ် ထိုင်လျက် သူ့ရှေ့ရှိ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်အား စိတ်မရှည်ဟန်ဖြင့် ငေးစိုက်ကြည့်နေခဲ့၏။

ယွန်ရွှမ်နှင့်အတူ အခန်းထဲ ဝင်လာသည့်အခါ ထိုလူအိုကြီး ပြောလိုက်သည်ကို ရန်ကိုင် လှမ်း၍ ကြားလိုက်ရ၏ “ကောင်းကင်အဆိပ်ငှက်မွှေး မရှိဘဲနဲ့ မင်းပစ္စည်းကို ပြင်ပေးလို့ ရမှာမဟုတ်ဘူး။ ပြီးတော့ မင်းက လွတ်လပ်သော အဖွဲ့အစည်းရဲ့ တပည့်မဟုတ်တဲ့အတွက် ကုန်ကျစရိတ်က (၂၀)ရာခိုင်နှုန်း အလိုလို ပိုမြင့်သွားပြီ။ လိုအပ်တဲ့ ပစ္စည်းလည်းမရှိ၊ ကုန်ကျစရိတ်ကိုလည်း မပေးနိုင်ဘဲနဲ့များ ဒီလူအိုကြီးက မင်းလက်နက်ကို ပြင်ပေးမယ်လို့ ထင်နေတယ်ပေါ့။ ဒီလူအိုကြီး ဘယ်သူလို့ မင်းထင်နေတာလဲ”

ပြောပြီးသည်နှင့် လူကြီးသည် သူ့ရှေ့တွင် ရှိနေသော လူအား မောင်းထုတ်လိုက်လေ၏ “သွားတော့။ လုံလောက်တဲ့ ပစ္စည်းရယ်၊ ကုန်ကျစရိတ်ရယ်၊ ရတော့မှာပဲ ဒီလူအိုကြီးဆီ ပြန်လာခဲ့တော့။ မဟုတ်ရင် အခြာလးက်နက် သန့်စင်တဲ့ လူတစ်ယောက်ကိုသာ သွားရှာလိုက်။ သူတို့ တောင်းဆိုတဲ့ တန်ဖိုးက ဒီလူအိုကြီးလောက် မြင့်မှာ မဟုတ်ဘူး”

“ဂရမ်းမာစတာ…” ထိုကျင့်ကြံသူက ဆက်၍ တောင်းပန် တိုးလျှိုးချင်သော်လည်း လူအိုကြီး၏ အေးစက်စက် စူးရဲသည့် အကြည့်ကို သတိပြုမိသည်နှင့် ပြောချင်သည့် စကားများကို ပြန်မျိုချလိုက်ပြီး ခေါင်းခါရမ်းကာ ကူကယ်ရာမဲ့စွာဖြင့် ထွက်သွားလေ၏။

ထိုလူအိုကြီးသည် အပြင်ဘက်၌ ရှိနေသော ယွန်ရှန်ကို အလျင်အမြန် သတိပြုမိလိုက်ပြီး တောက်ပစွာ ပြုံးလိုက်ကာ လက်ယပ်ခေါ်လိုက်လေ၏ “ယွန်မိန်းကလေး၊ ဝင်လာခဲ့လေ။ လာခဲ့”

ယွန်ရွှမ်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ဆိုလိုက်၏ “ဂရမ်းမာစတာမာ”

ယွန်ရွှမ်၏ ယဉ်ကျေးချိုသာသော စကားကို ကြားသည်နှင့် လူအိုကြီး၏ အပြုံး ပို၍ တောက်ပသွားခဲ့ပြီး သူ့မျက်နှာထက်မှ မောက်မာမှု၊ စိတ်မရှည်မှုတို့ အားလုံးသည် နေလာနှင်းပျောက် သည့်အလား ပျောက်ကွယ်သွားခဲ့ကာ နွေးထွေးမှု၊ ရင်းနှီးဖော်ရွေမှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။ ထိုလူအိုကြီး၏ အပြုအမူကြောင့် ရန်ကိုင်သည်ပင် တော်တော်လေး အံ့အားသင့်သွားခဲ့ရလေ၏။

ယွန်ရှန်သည် မည်သို့သော စန်းကိုများ ပိုင်ဆိုင်ထားသဖြင့် ထိုလူအိုကြီး၏ အမူအရာကို ယခုကဲ့သို့ ပြောင်းလဲသွားစေ ခဲ့ရသနည်း။

လွတ်လပ်သော အဖွဲ့အစည်း၏ တပည့်တစ်ယောက် ဖြစ်နေလျှင်ပင် ထိုလူအိုကြီး၏ သဘောထားကို ယခုကဲ့သို့ ပြောင်းလဲသွားစေနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် လူအိုကြီး မျက်နှာထက်က ရင်းနှီးဖော်ရွေသည့် အပြုံးသည် အကြီးအကဲတစ်ယောက်မှ သူ၏ အဖိုးတန် မြေလေးကို နှုတ်ဆက်သည့်ပုံပင်နှင့် တူနေသေး၏။

“ဒီတစ်ကြိမ် ဘယ်လက်နက် ထိခိုက်သွားပြန်ပြီလဲ” ဂရမ်းမာစတာမာက ပြုံး၍ ခေါင်းခါရမ်းလျက် “ငါ့ကို ပြကြည့်ပါဦး”

ယွန်ရှန်က လျှာလေးတစ်လစ်လစ် ထုတ်လျှက် ပြုံးလိုက်ပြီး လက်လေးဖြန့်ကာ လက်နက်တစ်ခုကို ဆင့်ခေါ်လိုက်လေ၏။ အလင်းလက်သွားသည်နှင့် သူမလက်ထဲ လှံပုံစံ လက်နက်တစ်ခု ပေါ်လာသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။

သို့သော်လည်း လှံကိုယ်ထည်ထက် အက်ကြောင်းအချို့ ရှိနေခဲ့ပြီး လှံခေါင်းသည်လည်း တစ်ခုခုနှင့် တိုက်စားထားခံရသည့် အလား အစက်အပြောက် များစွာ ရှိနေခဲ့၏။

“နင်တိုက်ခိုက်ရတဲ့ တိုက်ပွဲက မရိုးရှင်းတဲ့ ပုံပဲနော်” ဂရမ်းမာစတာမာ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး ယွန်ရွှမ်ကို တွေးတွေးဆဆဖြင့် ကြည့်လိုက်ကာ သက်ပြင်းချလိုက်ပြီးနောက် “ဟူး… အရူးမလေးရေ၊ နင်ဘာလို့ ဒီလောက်တောင် အဆင်အခြင် မဲ့ရတာလဲ”

ယွန်ရွှမ်က တခစ်ခစ် ရယ်မောလိုက်ပြီး “ဂရုစိုက်ပေမယ့် မတော်တဆ ဖြစ်သွားခဲ့တာကိုး”

“နင်ဘာလို့၊ ဒီလူအိုကြီး တကယ်ကို ဘာပြောလို့ ပြောရမှန်း မသိတော့ဘူး”

“အို၊ ကျွန်မကို ကလေးတစ်ယောက်လို မဆက်ဆံ သင့်တော့ဘူးနော်” ယွန်ရွှမ်က ကလေးဆိုးလေး တစ်ယောက်ပမာ ပြောလိုက်လေ၏။ ပြီးသည်နှင့် ပစ္စည်းအချို့နှင့် သလင်းကျောက်အချို့ကို ထုတ်ယူလိုက်ပြီး ဂရမ်းမာစတာမာဆီ လှမ်းပေးလိုက်ကာ “ကုန်ကြမ်းပစ္စည်း တွေရယ်၊ လက်နက်ပြင်ဖို့ အဖိုးအခရယ်”

“အဖိုးအခ မလိုဘူး” ဂရမ်းမာစတာမာက ခေါင်းခါရမ်းလိုက်လေ၏။

“ကျွန်မကလည်း လွတ်လပ်သော အဖွဲ့အစည်းရဲ့ သာမန် တပည့်တစ်ယောက်ပဲလေ။ စည်းမျဉ်းတွေကို ဘယ်လိုလုပ်ပြီး ချိုးဖျက်ရဲမှာလဲ”

“ငါက မလိုဘူးလို့ ပြောမှတော့ မလိုလို့ပေါ့။ ဘာလဲ၊ နင်က ဒီလူအိုကြီးကို အထင်အမြင် သေးနေတာလား” ဂရမ်းမာစတာ ဒေါသထွက်ချင်ယောင် ဆောင်ပြလိုက်လေ၏။

ယွန်ရွှမ်က လျှာလေး တစ်လစ်တစ်လစ် ထုတ်ပြလိုက်ရင်း သလင်းကျောက်များကို ပြန်ယူလိုက်လေ၏။

“သုံးရက်ကြာရင် ပြန်လာခဲ့။ ဒီတစ်ကြိမ် ဒီလက်နက်ကို နင်နောက်တစ်ကြိမ် ထပ်ပြီး ထိခိုက်အောင် လုပ်လို့မရတဲ့ အထိကို ဒီလူအိုကြီး ပြင်ပေးလိုက်မယ်” ဂရမ်းမာစတာမာက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

“ဂရမ်းမာစတာမာကို ကျေးဇူးတင်ပါတယ်” ယွန်ရှန်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေ၏။

“ဂရမ်းမာစတာမာက လက်နက်တွေကို ပြင်ပေးတာလား” ဘေးနားကနေ တိတ်တဆိတ် စောင့်ကြည့်နေတဲ့ ရန်ကိုင်က မေးလိုက်လေ၏။

ဂရမ်းမာစတာမာ ဝတ်ဆင်ထားသည့် ဝတ်ရုံသည် သာမန်ဝတ်ရုံများနှင့် ကွဲပြားပြီး ရင်ဘတ်နေရာ၌ အမှတ်အသား တစ်စုံ ရှိနေခဲ့လေ၏။ ထိုအမှတ်အသားများသည် ဘာကို ကိုယ်စားပြုလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ထိုအမှတ်အသားသည် လက်နက်သန့်စင်သူများ၏ အမှတ်အသား ဖြစ်လောက်ပေ၏။

ထိုစကားကို ကြားလိုက်သည်နှင့် ဂရမ်းမာစတာမာသည် ကြောင်အမ်းအမ်း အမူအရာဖြင့် ရန်ကိုင်ဆီ လှမ်းကြည့်၍ “ဒီလူအိုကြီးက လက်နက်သန့်စင်တဲ့ ပညာရပ်ကို လေ့လာခဲ့တာ ဆယ်စုနှစ်ကျော်လာခဲ့ပြီ။ ဟုတ်တာပေါ့၊ ငါက လက်နက် သန့်စင်သူတစ်ယောက်လေ။ မင်းက ယွန်ရွှမ် အဖွဲ့ရဲ့ အဖွဲ့သား အသစ်လား”

ရန်ကိုင် ခေါင်းခါပြလိုက်လေ၏။

ယွန်ရွှမ်က အလျင်အမြန် ရှင်းပြလိုက်လေ၏ “ဂရမ်းမာစတာ။ သူက… အန်… ကျွန်မ မိတ်ဆွေ၊ အဖွဲ့သား မဟုတ်ဘူး”

ဂရမ်းမာစတာမာက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “နင့်မိတ်ဆွေက ဘာမှမသိတဲ့ပုံပဲ။ အဖွဲ့အစည်းရဲ့ လက်နက် သန့်စင်တဲ့ ခန်းမထဲ ဝင်လာပြီးတာတောင်မှ ငါတို့ ဘာလုပ်နေလဲ ဘာမေးနေသေးတယ်”

“သူက ချောင်ကျတဲ့ နေရာတစ်ခုကနေ မကြာသေးခင်ကမှ ရောက်လာခဲ့တာလေ။ ဒါ့ကြောင့် သူက ဒီနေရာနဲ့ နေသား မကျသေးတာ” ပြောပြီးသည်နှင့် ယွန်ရွှမ်သည် ရန်ကိုင်ဘက် လှည့်၍ ရှင်းပြလိုက်၏ “ဒီနေရာက ငါတို့ လွတ်လပ်သော အဖွဲ့အစည်းရဲ့ လက်နက်သန့်စင်ခန်းမလေ။ ခန်းမထဲမှာ လက်နက်သန့်စင်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်။ အဲ့ထဲမှာမှ ဂရမ်းမာစတာမာက အတော်ဆုံးဘဲ။ ဘယ်လို လက်နက်မျိုးပဲဖြစ်ဖြစ်၊ နင်သာ သူ့ဆီ ယူလာပေးတာနဲ့ သူပြင်ပေးနိုင်လိမ့်မယ်”

ပြောပြီးည်နှင့် ယွန်ရွှမ်သည် တစ်ခုခုကို ရုတ်တရက် နားလည်သွားကာ “နင့်မှာ ပြင်စရာ လက်နက်ရှိလို့လား”

ရန်ကိုင်က ခေါင်းညိတ်၍ အရိုးဒိုင်းကို ထုတ်ယူလိုက်လေ၏။

အရိုးဒိုင်းသည် လေဟာနယ်လျှောက်လမ်း ပြိုကျသည့် ဒဏ်ရာကို ခံခဲ့ရရာ ဒိုင်းတစ်ခုလုံး ကြီးကြီးမားမားကို ထိခိုက်သွားခဲ့ရလေ၏။

လက်နက်ကို ပြန်ပြင်သော်ငြား လက်နက်ပြင်ဆရာ တစ်ယောက် ရှာမတွေ့ ဖြစ်နေခဲ့၏။ ယွန်ရှန်သည် သူ့အား ဤနေရာသို့ ဗြုန်းစားကြီး ခေါ်လာလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။ ရေဆာနေချိန် အိုအေစစ်ကို တွေလိုက်ရသလိုမျိုးပင် ဖြစ်၏။

ဂရမ်းမာစတာမာသည် အရိုးဒိုင်းကိုယူ၍ ဟိုတောက် ဒီတောက် စစ်ဆေးကြည့်လိုက်၏။ ထို့နောက် အစစ်အမှန်ချီကို ထုတ်လွှတ်၍ လက်နက်အတွင်းကို စစ်ဆေးကြည့်လိုက်၏။ ပြီးသည်နှင့် သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ကာ “ဘယ်သူတောင်းစားကများ ဒီလက်နက်ကို သန့်စင်ခဲ့တာလဲ မသိဘူး”

ရန်ကိုင်က ပုခုံးတွန့်ပြ၍ “ကျုပ်လည်း မသိဘူး”

“မနူးမနပ်လေး။ မနူးမနပ်လေးတွေပဲကွ။ လက်နက်ထဲမှာ သုံးထားတဲ့ ပစ္စည်းတွေက အရမ်း ဈေးမကြီးပေမယ့် လက်နက် အဆင့်က ဒီလောက်အထိ မနိမ့်ကျသင့်ဘူး”

ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေ၏။ သူ့ယခင် လောကကြီး၌သာ ဆိုလျှင် ဆန်းကြယ်အဆင့် လက်နက် များသည် ရှားပါပြီး အဖိုးတန်လက်နက်များ ဖြစ်ခဲ့၏။ သို့သော် ဂရမ်းမာစတာမာကမူ ထိုဆန်းကြယ်အဆင့် လက်နက်ကို အမှိုက်ဟု ခေါ်နေခဲ့လေ၏။

“ဒီလက်နက်ကို ထုလုပ်ဖို့ သုံးထားတဲ့ နည်းစနစ်က တကယ်ကို အမှိုက်ပဲ။ ဒီလက်နက်ကို သန့်စင်တဲ့ လူအနေနဲ့ သူ့ကိုယ်သာသာ ဇွဲကြိုးချပြီး သေလိုက်သင့်တယ်” ဂရမ်းမာစတာမာက စိတ်ပျက်နေသည့် လေသံဖြင့် အော်ပြောလိုက်လေ၏။

ယွန်ရွှမ်က တိုးတိုးလေး ပြောလိုက်လေ၏ “ဂရမ်းမာစတာက လက်နက်သန့်စင်တဲ့ နေရာမှာ သူ့စံသတ်မှတ်ချက်က အရမ်းကို တင်းကြပ်တယ်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။ တစ်ခဏကြာပြီးနောက် ဂရမ်းမာစတာမာက ခေါင်းမော့၍ ရန်ကိုင်ကို ကြည့်ကာ “မင်းက ချောင်ကျတဲ့ နေရာတစ်ခုက လာတယ်လို့ ယွန်ရွှမ်ပြောခဲ့တာ သေချာသွားပြီ။ အဲ့လို နေရာကလူတွေပဲ ဒီလိုအပေါစား နည်းလမ်းတွေကို သုံးပြီး ဒီလိုအမှိုက်လက်နက်တွေကို ထုလုပ်ကြမှာ။ သူတို့ သုံးနေတဲ့ နည်းလမ်းတွေက လွန်ခဲ့တဲ့ နှစ်(၁၀၀၀) လောက်ကတည်းက ပျောက်ကွယ်သွားတာ”

“ဂရမ်းမာစတာ ဒီလက်နက်ကို ပြန်ပြင်ပေးနိုင်မလား”

“မင်းသာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ပေးနိုင်သရွေ့ ငါလည်း ပြင်ပေးနိုင်တယ်” ဂရမ်းမာစတာမာက ယုံကြည်အချက် အပြည့်ဖြင့် ဆိုလိုက်လေ၏။

“ဘယ်လိုကုန်ကြမ်းပစ္စည်းတွေ မင်းမှာရှိလဲ”

တစ်ခဏလောက် စဉ်းစားကြည့်လိုက်ပြီးနောက် သူ့တွင်ရှိသော ကုန်ကြမ်းပစ္စည်းဆို၍ ရေခဲမီးတောက်ကြယ်သဲ သာ ရှိသည်ဆိုသည်ကို ရန်ကိုင် နားလည်လိုက်၏။ ထို ရေခဲမီးတောက်ကြယ်သဲကို အလျင်အမြန် ထုတ်ယူလိုက်ပြီး “ဒါဆိုရင်ရော အဆင်ပြေလား”

“စိတ်ဝိဥာဉ်အထွတ်အထိပ် အဆင့် ရေခဲမီးတောက် ကြယ်သဲလား” ဂရမ်းမာစတာမာ၏ အမူအရာ ဝင်းလက် သွားခဲ့ပြီး ရန်ကိုင်လက်ထဲရှိ တလက်လက် တောက်ပနေသာ အဖြူရောင် မီးတောက်အစေခံကို စိုက်ကြည့်လိုက်လေ၏။

ထိုရေခဲမီးတောက်ကြယ်သဲကို ထုတ်ယူလိုက်သည်နှင့် အခန်းအပူချိန် ရုတ်ချည်း ထိုးကျသွားခဲ့ပြီး အေးစက်မှုကြောင့် ယွန်ရွှမ်နှင့် ရွှေးလင်တို့ပင် တုန်ရင်သွားခဲ့ရလေ၏။

ထိုအခြင်းအရာကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်သည် ထိုရေခဲမီးတောက်ကြယ်သဲကို သူ၏ အစစ်အမှန်ချီဖြင့် အလျင်အမြန် ဖုံးကာထားလိုက်လေ၏။

ရန်ကိုင်၏ အပြုအမူကို မြင်သော ဂရမ်းမာစတာမာက ဤသို့ မှတ်ချက်ပေးလိုက်လေ၏။

ဒီကောင်စုတ်လေးရဲ့ အစစ်အမှန်ချီက အရမ်းကို သန့်စင်တာပဲ။ အစစ်အမှန်ချီအပေါ် သူ့ရဲ့ ထိန်ချုပ်နိုင်စွမ်း ကလည်း တော်တော်လေးကို ကောင်းတယ်။ သူ့နည်းလမ်း တွေက မကောင်းပေမယ့် အကြမ်းနည်းလမ်းလေးတွေတော့ ရှိသားပဲ

“ရေခဲမီးတောက်ကြယ်သဲကို သုံးပြီး မင်းလက်နက်ကို ပြန်ပြင်လို့ရတယ်” ဂရမ်းမာစတာမာက အလျင်အမြန်ပင် ပြန်၍ တည်ငြိမ်သွားခဲ့လေ၏။ သူသည် လွတ်လပ်သော အဖွဲ့အစည်း၏ နာမည်ကျော်ကြားသော လက်နက်သန့်စင်သည် ပညာရှင် တစ်ယောက်ဖြစ်လေရာ ထိုကဲ့သို့‌သော ရှားပါးကုန်ကြမ်း ပစ္စည်းများကို မြင်တွေ့ခဲ့ဖူးလေ၏။ ထို့ကြောင့် သူ့၏ ဟန်အမူအရာကို အလျင်အမြန်ပင် ပြန်၍ ထိန်းလိုက်နိုင်၏။

“ဒါပေမယ့် စိတ်ဝိဥာဉ် အထွတ်အထိပ်အဆင့် ကုန်ကြမ်းပစ္စည်း တစ်ခုကိုသုံးပြီး ဆန်းကြယ်အဆင့်နိမ့် လက်နက်တစ်ခုကို ပြန်ပြင်ဖို့က၊ မင်းနားလည်မယ် ထင်ပါတယ်။ ရေခဲမီးတောက်ကြယ်သဲကို အရိုးဒိုင်းအပေါ် သုံးလိုက်တာက…” ဂရမ်းမာစတာမာ၏ ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး “တကယ်ကို ဖြုန်းတီးလွန်းတဲ့ အပြုအမူပဲ”

“ကိစ္စမရှိဘူး။ အရိုးဒိုင်းကိုသာ ပြန်ပြင်နိုင်သရွေ့ အဆင်ပြေတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏။

“မင်းတကယ် သုံးချင်တာလား”

“အင်း”

ဂရမ်းမာစတာမာ မျက်မှောင်ကြုံသွားခဲ့သော်လည်း ဘာမှတော့ ဆက်၍ မပြောခဲ့။ တကယ်တမ်းတွင် ထိုပစ္စည်းသည် ရန်ကိုင်အပိုင် ဖြစ်လေရာ ထိုပစ္စည်းကို မည်ကဲ့သို့ အသုံးပြုမည် ဆိုသည်ကို သူ့စိတ်ကြိုက် ဆုံးဖြတ်နိုင်လေ၏။ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဂရမ်းမာစတာမာက ဆက်ပြောလိုက်၏ “ကောင်းပြီလေ။ မင်းက ဒီကြယ်သဲကို သုံးချင်နေမှတော့ ဒီလူအိုကြီးကလည်း မင်းရဲ့ တောင်းဆိုချက်ကို လက်ခံပေးရမှာပေါ့။ ဒါပေမယ့် ဒီလက်နက်ကို အကောင်းအတိုင်း ပြန်ဖြစ်အောင် ပြန်ပြင်ချင်တယ် ဆိုရင်တော့ နောက်ထပ် ကုန်ကြမ်းပစ္စည်းတွေ လိုသေးတယ်”

“ဘယ်လိုပစ္စည်းတွေလဲ” ရန်ကိုင်က မေးလိုက်ရာ ဂရမ်းမာစတာမာက ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်လေ၏ “မြူခိုးနက်သံ ဒါမှမဟုတ် ကောင်းကင်ပုစဉ်းရင်ကွဲကျောက်စိမ်း၊ နှစ်ခုထဲက ဘာဖြစ်ဖြစ် အသုံးပြုလို့ရတယ်။ မြူခိုးနက်သံနဲ့ ဆိုရင် ဒီအရိုးဒိုင်းကို ဆန်းကြယ်အလယ်အလတ် အဆင့်ထိ မြှင့်ပေးလို့ရတယ်။ ကောင်းကင်ပုစဉ်းရင်ကွဲကျောက်စိမ်းနဲ့ ဆိုရင်တော့ ဒီလက်နက်ကို ဆန်းကြယ်အထွတ်အထိပ် အဆင့်ထိ မြှင့်တင်ပေးနိုင်လိမ့်မယ်။ စိတ်ဝိဥာဉ်အဆင့်တောင် ဖြစ်နိုင်သေးတယ်။ အားလုံးက မင်ဘာတတ်နိုင်လဲ ဆိုတဲ့အပေါ် မူတည်တယ်”

“မြူခိုးနက်သံ၊ ကောင်းကင်ပုစဉ်းရင်ကွဲကျောက်စိမ်း” ရန်ကိုင်က ထိုနာမည်နှစ်ခုကို ရေရွတ်လိုက်လေ၏။

“တစ်ခုက ဆန်းကြယ်အဆင့်၊ နောက်တစ်ခုက စိတ်ဝိဥာဉ်အဆင့်ပဲ” ရွှေးလင်က အလျင်အမြန် ရှင်းပြလိုက်၏။

“အဲ့ပစ္စည်းနှစ်ခုကို ဘယ်မှာ သွားရှာရမှာလဲ” ရန်ကိုင်၏ သုံးစားမရသည့် အသိဥာဏ်ကြောင့် ဂရမ်းမာစတာမာက စိတ်ပျက်စွာဖြင့် နှာခေါင်းရှုံ့၍ “မင်းမှာသာ လုံလောက်တဲ့ သလင်းကျောက်တွေ ရှိနေသရွေ့ လွန်လပ်သော မြို့တော်ထဲမှာ သွားဝယ်လို့ ရတယ်။ မြူခိုးနက်သံရယ်၊ ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းရယ်က ရှားပါတဲ့ ပစ္စည်းတွေ မဟုတ်တော့ သာမန်ဆိုင်တွေမှာတောင် ရှိနေနိုင်တယ်”

“အွန်း၊ အဲ့လိုဆိုမှတော့ အဲ့ပစ္စည်းတွေကိုဝယ်ဖို့ သလင်းကျောက် ဘယ်လောက်ကုန်မလဲ” ရန်ကိုင်က ရွှေးလင်ကို မေးလိုက်ရာ ရွှေးလင်က အသာအယာ ပြုံးလျက် “နင့်ရဲ့ လက်ရှိ ပိုင်ဆိုင်မှုလောက်နဲ့ အဲ့ပစ္စည်းတွေကို မတတ်နိုင်သေးဘူး”

================================

All Chapters