← Chapters

အခန်း (၆၂၁-၆၂၅)

Vol. 25 Ch. 621-625

အခန်း (၆၂၁-၆၂၅)

Vol. 25 Ch. 621-625

အပိုင်း(၆၂၁) ကြိုးစားကြည့်ရုံသာ

——————————————————————

ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကုတ်လိုက်လေ၏။ သလင်းကျောက် အတုံး (၁၅၀) ရစဉ်အခါက တော်တော်ကြီးကို ချမ်းသာပြီပဲဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထို သလင်းကျောက် (၁၅၀) ဆိုသော ပမာဏသည် ဘာဆိုဘာမှ မဟုတ်သေးသည်ကို ယခု ရန်ကိုင် နားလည်သွားခဲ့ရလေပြီ။

“ငါ့ကိုလာမကြည့်နဲ့၊ ငါ့မှာလည်း မရှိဘူး” ရွှေးလင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေ၏။ သူမသည် ယခင်နှစ် တစ်လျှောက်လုံး ဗဟိုမြို့တော်တွင်သာ နေထိုင်ခဲ့ရာ သူမတွင်လည်း သလင်းကျောက်တို့ ပြတ်လပ်နေခဲ့လေ၏။

ယွန်ရွှမ်က တစ်ခဏကြာ တုန့်ဆိုင်းနေပြီးနောက် အံကြိတ်ကာ ပြောလိုက်လေ၏ “ငါ့မှာ ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်း ရှိတယ်”

ရန်ကိုင် သူမကို ငေးကြောင် ကြည့်နေလိုက်၏။

“ငါ့အတွက် အသုံးမဝင်တော့ နင့်ကိုပဲ ပေးလိုက်မယ်လေ” ပြောပြီးသည်နှင့် ယွန်ရွှမ်က သူမ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းအပိုင်းအစ တစ်ခုကို ထုတ်ယူလိုက်လေ၏။

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ကျောက်စိမ်း အပိုင်းအစကို လက်ခံယူလိုက်ရင်း “ချေးတယ်လို့ပဲ မှတ်ထားလိုက်”

“မလိုပါဘူး” ယွန်ရွှမ်က ယဲ့ယဲ့လေး ပြုံးလိုက်လေ၏။

ရန်ကိုင်က ဘယ်သူလဲ၊ သူနဲ့ ယွန်ရွှမ်ကြားက ဆက်ဆံရေးကကော ဘယ်လိုမျိုးလဲ ဆိုသည်ကို သေချာမသိ၊ ယွန်ရွှမ်က ရန်ကိုင်ကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံ၍ ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းကို လက်ဆောင်ပင် ပေးနေခဲ့သည်ကို မြင်ရာ ဂရမ်းမာစတာမာ အတွေးများခဲ့ရ၏။

ကောင်းကင် ပုစဉ်းရင်ကွဲကျောက်စိမ်းနှင့် ရေခဲမီးတောက် ကြယ်သဲကို ရန်ကိုင်က ပေးလာသည့်အခါမှပဲ ဂရမ်းမာစတာ မာလည်း သူ့အတွေးကမ္ဘာထဲမှ အသိပြန်ဝင်လာခဲ့ပြီး အသာအယာ ချောင်းဟန့်လျက် “မင်းက လွတ်လပ်သော အဖွဲ့အစည်းရဲ့ တပည့်တစ်ယောက် မဟုတ်တော့ လက်နက် ပြုပြင်ခက (၂၀)ရာခိုင်နှုန်း ပိုများသင့်တာ…”

ပြောပြီးသည်နှင့် ယွန်ရွှမ်ဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီး ယဲ့ယဲ့လေး ပြုံးလိုက်လျက် “ဒါပေမယ့် ဒီမိန်းကလေးရဲ့ မျက်နှာကို ထောက်ထားပြီး ဒီလူအိုကြီးက သလင်းကျောက် အတုံး(၁၀၀)ပဲ ယူလိုက်မယ်။ မင်းမှာ အနည်းဆုံး အဲ့လောက်တော့ ရှိတယ်မလား”

ရန်ကိုင်ကဲ့သို့ ချောင်ကြိုချောင်ကြားမှ လာသည့် လူတစ်ယောက်ကို ဂရမ်းမာစတာမာလည်း အများကြီး မတောင်းရဲချေ။ အများကြီး တောင်းလိုက်၍ မရှိမှဖြင့် ဟိုက အရှက်တကွဲ အကျိုးနည်း ဖြစ်နေရပေလိမ့်မည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်၍ သလင်းကျောက် အတုံး(၁၀၀)ကို ထုတ်ယူလိုက်ပြီး ဂရမ်းမာစတာမာဆီ ပေးလိုက်လေ၏။

ဂရမ်းမာစတာက စိတ်ကျေနပ်သွာသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏ “ကောင်းတယ်၊ (၁၀)ရက်ကြာရင် ပြန်လာခဲ့၏။ မင်းလက်နက်အသစ်ကို ပြန်ပေးမယ်။ မင်းစိတ်မပျက်စေရဘူးလို့ ငါအာမခံတယ်”

“အဲ့လိုဆိုရင် ကျုပ်တို့ အရင်ထွက်သွားပါတော့မယ်” ယွန်ရွှမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နှင့် ရွှေးလင်ကို ခေါ်ကာ အခန်းထဲမှ ပြန်ထွက်သွားလိုက်လေ၏။

လက်နက်သန့်စင်ခန်းမကနေ ထွက်လာပြီးနောက် ရန်ကိုင်က မေးလိုက်၏ “ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းက ဘယ်လောက်တန်ဖိုးရှိလဲ”

သို့သော်ငြား ယွန်ရွှမ်က ရယ်သာရယ်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့။ ရွှေးလင်ကမူ ကောင်းကင်ပေါ်ကိုသာ လက်ညိုးထိုးပြလိုက်လေ၏။

ရန်ကိုင်မျက်နှာ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့လေ၏။

ယွန်ရွှမ် ပြန်ပေးနိုင်သည့် အဖိုးတန်းပစ္စည်းဆို၍ သူ့တွင် ဘာမှ မရှိချေ။ ဆေးပေါင်းရည်ကို ထုတ်ပြဖို့ စီစဉ်ထားခြင်း မရှိသလို ရေခဲမီးတောက်ကြယ်သဲ အားလုံးကိုလည်း ဂရမ်းမာစတာမာဆီ ပေးလိုက်ပြီ ဖြစ်၏။ ယခင်ကမူ ထိုရေခဲမီးတောက်ကျောက်စိမ်းကို ရွှေးလင်နှင့် ဝေစုပြန်ခွဲဖို့ စီစဉ်ထားခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ရွှေးလင်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ မင်းသမီးလေး ဖြစ်နေရာ ထိုကဲ့သို့သော အကျိုးအမြတ်လေးကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

“ကျုပ်ကျိန်းသေ ပြန်ပေးမယ်” ရန်ကိုင်က ပြောလိုက်၏။ အခြားသူအပေါ် အကြွေးတင်ခြင်းကို ရန်ကိုင် မနှစ်သက်။ အထူးသဖြင့် မရင်းနှီးသည့် လူများကို ဖြစ်၏။ ထို့အပြင် ယွန်ရွှမ်သူ့အား ယခုကဲ့သို့ ရင်းနှီးဖော်ရွေ ပြနေသည်မှာ ရွှေးလင်၏ အဆင့်အတန်းကြောင့်ပင် ဖြစ်၏။

သူ့လက်ရှိ အဆင့်အတန်း၊ ခွန်အားနှင့်ဆိုလျှင် ယွန်ရွှမ် အနေဖြင့် ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းကို သူ့အား လက်ဆောင်အဖြစ် လုံးဝကို ပေးလိမ့်မည် မဟုတ်ချေ။

“မလိုပါဘူးဆို၊ ရှင်..” ယွန်ရွှမ်က နှုတ်ခမ်းလေး ကွေးလိုက်ပြီး ပြုံးကာ ခေါင်းခါရမ်းလိုက်၍ “ကောင်းပြီ၊ ကောင်းပြီ။ ရှင်ကြိုက်သလိုသာ လုပ်တော့။ အခုတော့ အရင်ပြန်ကြတာပေါ့”

“ကျုပ်ဝယ်စရာ တစ်ခုရှိသေးတယ်” ရန်ကိုင်က ပြောလိုက်ရာ ယွန်ရွှမ်က စိတ်ဝင်တစားဖြင့် “အို၊ ရှင်ဘာဝယ်ချင်လို့လဲ။ ကျွန်မကို ပြောလေ။ ရှင်ဝယ်ချင်တဲ့ ပစ္စည်းရှိတဲ့ ဆိုင်ဆီ ကျွန်မ ခေါ်သွားပေးမယ်”

“ဆေးပင်အချို့ပါပဲ”

“ဆေးပင်တွေနဲ့ ဘာလုပ်ချင်လို့လဲ” ယွန်ရွှမ်က ပြန်မေးပြီး သည်နှင့် သူမ၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး “ရှင်က ဆေးပညာရှင်တစ်ယောက်လား”

ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ဆေးပညာရှင် မဟုတ်ဘူး။ ဆေးပညာရှင်ကို စိတ်ဝင်စားလို့ လက်တွေ့ ကြိုးစားကြည့်မလားလို့”

“နင်စိတ်ဝင်စားတာလား” ရွှေးလင် မှင်သက်သွားခဲ့ရလေပြီ။ ရန်ကိုင်နှင့် အတူနေခဲ့သည်မှာ အရမ်းကြီး မကြာသော်လည်း ရန်ကိုင် ဆေးဖော်စပ်ခြင်းကို စိတ်ဝင်စားသည်အား သူမ တစ်ကြိမ်တစ်ခါမှပင် မမြင်ဖူးခဲ့။ ရန်ကိုင်သည် သူ၏ ‘စီနီယာမမလေး’ ဖြစ်သော ရှနင်းချန်နှင့် အလွန် ရင်းနှီးသည်ကို သူမသိ၏။ ရှနင်းချန်သည် ဆေးတာအိုတွင် လွန်စွာကိုမှ ပါရမီပါသူ တစ်ဦး ဖြစ်သော်ငြား ရန်ကိုင်သည်လည်း ဆေးဖော်စပ်ခြင်းကို စိတ်ဝင်စားလိမ့်မည်ဟု ရွှေးလင် တစ်ခါမှ စိတ်မကူးဘူးပေ။ ထို့ကြောင့် ရွှေးလင် စိတ်မရှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

“ကြိုးစားကြည့်ချင်ရုံပါပဲ” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။

ဂရမ်းမာစတာမာဆီမှ အရိုးဒိုင်းကို ပြန်ယူရန် အချိန်(၁၀)ရက် လိုနေသေးရာ ထို(၁၀)ရက်အချိန်ကို ကုန်ဆုံးရန် တစ်ခုခုကို ရှာနေခြင်း ဖြစ်၏။

ထို့အပြင် ဆေးပညာကို စိတ်ဝင်စားသည်ဟု ပြောခြင်းမှာ လိမ်ပြောနေခြင်း မဟုတ်။ လက်တွေ့ ကြိုးစားဖို့ရာ တစ်ခါမှ အခွင့်အရေး မရခဲ့ခြင်းသာ ဖြစ်၏။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် မရောက်ခင် အချိန်အထိ ဆေးပညာကို မလေ့ကျင့်ရဘူးဟု ရှောင်ဖူချန်းက သူ့အား ပြောခဲ့၏။ ယခု သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်သလို အခြေအနေကလည်း အခွင့်သင့် တိုက်ဆိုင်လာခဲ့လေပြီ။

ယခင်က သူ၏ စီနီယာမမလေး ရှိနေသည့်အတွက် ကျင့်ကြံရန် ဆေးလိုးမလိုအပ်မည်ကို စိုးရိမ်စရာ မလိုချေ။ ယခု သူသည် ထုန်းရွှမ်လောကကြီး၌ တစ်ယောက်တည်း ဖြစ်နေသလို စုယန်၊ ဘဏ္ဏာထိန်းမန်နှင့် ရှန်ချင်းတို့လည်း ဘယ်ဆီ ဘယ်ပျောက်နေမှန်း မသိရသေးချေ။ ထို့ကြောင့် အနာဂတ် အတွက် ကြို၍ အစီအစဉ် ဆွဲထားရပေမည်။

ထို့ပြင် ဆေးပညာကို ကျွမ်းကျင်ထား၍ သူ့အတွက် အကျိုးမယုတ်ချေ။

“နင့်ကို ငါတကယ် နားမလည်နိုင်တော့ဘူး” ရွှေးလင်က ခေါင်းခါရမ်းလိုက်လေ၏။

“အဲ့လိုဆို ကျွန်မနဲ့ လိုက်ခဲ့လေ။ ကျွန်မ ရှင့်ကို ဆေးဆိုင်တစ်ခုဆီ ခေါ်သွားပေးမယ်။ ဘယ်လိုဆေးပင်မျိုး ရှင်လိုချင်တာလဲ”

“အဆင့်နိမ့်လေ ပိုကောင်းလေပဲ” ရန်ကိုင်က ပြန်ပြောလိုက်ရာ ယွန်ရွှမ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး “အဆင့်နိမ့်လေ ပိုကောင်းလေ ဟုတ်လား။ ရှင်တစ်ခါမှ ဆေးမဖော်စပ်ဖူးဘူးလား”

ဆေးပညာရှင် လမ်းစဉ်ထဲ စတင်အခြေချသည့် မနူးမနပ်လေးများသာ လေကျင့်ဖို့အတွက် အဆင့်နိမ့် ဆေးပင်များကို ဝယ်ပေလိမ့်မည်။

“သူတစ်ခါမှ ဆေးမဖော်စပ်ဖူးဘူး” ရွှေးလင်က ပြုံးကာ ဆိုလိုက်၏။

“ရှင်က တကယ်ကို ကြိုးစားကြည့်ချင်ရုံပဲနဲ့ တူတယ်” ယွန်ရွှမ်က ပြုံးလိုက်ပြီး ရန်ကိုင်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့ရာ ကြိုးစားခြင်း မပြုဘဲ သူ့သဘောအတိုင်း ရန်ကိုင်နှင့် ရွှေးလင်တို့ကို မြို့၏ အခြားတစ်ဖက်ခြမ်းဆီ ခေါ်သွားပေးလိုက်လေ၏။

မြို့ထဲမှ တော်တော်ဝေးဝေးသို့ လမ်းလျှောက်လာပြီးနောက် အဆင့်နိမ့်ဆေးပင်များ ရောင်းချသည့် နေရာတစ်ခုဆီ ရောက်ရှိ လာခဲ့လေ၏။ အနီးအနား၌ ရှိနေသည့် ကျင့်ကြံသူများ ထဲ၌ပင် မြို့ထဲ၌ တွေ့ခဲ့ရသော ကျင့်ကြံသူများလောက် အားကောင်းသည့် သူများကို မတွေ့ရတော့။

ဤနေရာသည် လွတ်လပ်သော အဖွဲ့အစည်း၏ အဆင့်နိမ့် ကျင့်ကြံသူများ ပစ္စည်းလာဝယ်သည့် နေရာတစ်ခုဖြစ်ကြောင်း ရန်ကိုင် သိလိုက်၏။

မကြာခင်မှာပင် သူတို့သုံးယောက်သည် အဆင့်နိမ့် ဆေးပင်များဖြင့် ပြည့်နေသော ဆေးဆိုင်တစ်ခုဆီသို့ ရောက်ရှိ လာခဲ့လေ၏။ ဤနေရာ၌ ဆေးဖော်စပ်ရန် ဆေးပင် လာဝယ်နေသည့် လက်လုပ်လက်သင် ဆေးပညာရှင် များကိုလည်း ရန်ကိုင်တို့ တွေ့ခဲ့ရ၏။

ဆေးပင်အဆင့်များသည် နိမ့်ကျသော်လည်း ဈေးနှုန်းသည်လည်း နိမ့်ကျ၏။ သို့သော်လည်း ဆေးပညာရှင် လက်သစ်များစွာက ဆေးပင်များကို တစ်ပုံတစ်ခေါင်းကြီး ဝယ်ကြရာ စီးပွါးရေးက တော်တော့်ကို ကောင်းနေသည်ဟု ဆိုရပေမည်။

ယွန်ရွှမ်၏ အကူအညီဖြင့် ရန်ကိုင်သည် သူ၏ လက်ကျန် သလင်းကျောက် အတုံး(၅၀)ဖြင့် အဆင့်နိမ့်ဆေးပင် များစွာကို ဝယ်ယူခဲ့လေ၏။

ယွန်ရွှမ် အဖွဲ့သားများ နေသည့်အိမ်ဆီသို့ ပြန်ရောက်သည်နှင့် ရန်ကိုင်သည် သူ့အခန်းထဲ တန်းဝင်သွား၍ အခန်းတံခါးကိုပိတ်ကာ ရိုးရှင်းသည့် အရံအတား တစ်ခုကို ချထားလိုက်၏။ ပြီးသည်နှင့် သူ၏ ဆေးပညာရှင် ခရီးလမ်းကို အစပြုတော့လေ၏။

ဆေးပညာရှင်နှင့် ပက်သက်၍ ရန်ကိုင်လည်း အတော့်ကို နားလည်ထား၏။

လွန်ခဲ့သော နှစ်များအတွင်း ရန်ကိုင်သည် အစစ်အမှန် ဆေးပညာနည်းလမ်းကို အစဉ်မပြတ် လေ့လာနေခဲ့ရာ ဆေးပညာအကြောင်း သူကောင်းကောင်း သိထား၏။ ရှနင်းချန် သိထားသည်ထက်ပင် ပို၍ သိထား၏။

စိတ်ဝိဥာဉ် အစီအရင်များ တည်ဆောက်ခြင်း၊ ဆေးပင်များကို ရွေးချယ်ခြင်း၊ မီးကို ဘယ်အခြေအနေထိ ထား၍ သုံးစွဲရမည်ကို သိကျွမ်းနားလည်ခြင်း၊ အမျိုးမျိုးသော ဆေးပညာရှင် ဂရမ်းမာစတာများ၏ အတွေ့အကြုံများကို သဘောပေါက်ထားခြင်း… စသည့် နေရာမျိုး၍ ရန်ကိုင်ကို မှီသည့်သူ မရှိသေးချေ။

ရန်ကိုင် လိုအပ်နေသည်မှာ လက်တွေ့လေ့ကျင့်မှုပင် ဖြစ်၏။

ထို့အပြင် သူ့၏ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် အမျိုးအစားသည် ဆေးပညာအတွက် အတော့်ကို သင့်တော်၏။

သူ၏ လွန်စွာမှ သန့်စင်သော ယန်ယွမ်ချီသည် ဆေးပင်များကို လောင်ကျွမ်း သန့်စင်ရာ၌ လုံးဝကို သင့်တော်၏။

ဆေးပညာနှင့် ပက်သက်လာလျှင် ရန်ကိုင်၏ အခြေခံ လိုအပ်ချက်များသည် လုံးဝကို ပြီးပြည့်စုံနေခဲ့၏။ ရှနင်းချန်၏ ထွတ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်နှင့် မယှဉ်နိုင်သော်ငြား သူ၏ စမှတ်သည် အခြားဆေးပညာရှင်များထက် အများကြီး ပိုသာလွန်၏။

သူဝယ်လာသော အဆင့်နိမ့်ဆေးသပင်များကို ပုံပြီးသည်နှင့် အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲမှ မွှေးရနံ့အိုးလေးကို ထုတ်ယူလိုက်လေ၏။

ထိုမွှေးရနံ့အိုးသည် အနက်ရောင်စာအုပ်၏ တတိယမြောက် စာမျက်နှာကို ပွင့်သွားစဉ်အခါက ရရှိခဲ့ခြင်း ဖြစ်၏။ အစစ်အမှန် ဆေးပညာနည်းလမ်းကို စတင်လေ့လာပြီးနောက် ထိုမွှေးရနံ့အိုးသည် သာမန်မွှေးရနံ့အိုး တစ်ခုသာ မဟုတ်သည်ကို ရန်ကိုင်‌ တွေ့ရှိခဲ့ရလေ၏။

ထိုမွှေးရနံ့အိုးသည် ဆေးဖော်စပ်ရန်သုံးသည် ဆေးမီးဖို တစ်လုံး ဖြစ်၏။

မွှေးရနံ့အိုးနှင့် အစစ်အမှန် ဆေးပညာနည်းလမ်းသည် တစ်ခုနှင့်တစ်ခု ဖြည့်ဖော်ဖြည့်ဖက်များ ဖြစ်ကြ၏။ သို့သော်လည်း ဆေးဘုရင်တောင်ကြား၌ မတော်တဆ အဖြစ်အပျက်သာ မဖြစ်ခဲ့လျှင် ဆေးသူတော်စင်ရုပ်ထုထဲရှိ အစစ်အမှန်ဆေးပညာနည်းလမ်းသည် သူ့ဝိဥာဉ်ထဲသို့ အတင်းအကြပ် လွှဲပြောင်းခြင်းခံရလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ရန်ကိုင်လည်း အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာနိုင်မည့် အခွင့်အရေးကို လက်လွှတ်ရပေလိမ့်မည်။

အနက်ရောင်စာအုပ်၏ မူရင်းပိုင်ရှင်သည် သူ၏ ဆက်ခံသူအား ဆေးပညာရှင်တစ်ယောက် မဖြစ်စေချင်သည့် ပုံပင်၊ သို့မဟုတ် သူ့အား အစစ်အမှန် ဆေးပညာနည်းလမ်းကို ပေးဖို့ မရည်ရွယ်ထားသည့် ပုံပင်။

သို့သော်လည်း ကောင်းကင်ဘုံသည် ရန်ကိုင်အား ဆေးပညာရှင် ဖြစ်စေချင်ပုံရ၏။

မွှေးရနံ့အိုးကို ထုတ်ယူပြီးသည်နှင့် အိုးထဲသို့ အစစ်အမှန်ချီကို ထည့်သွင်းလိုက်လေ၏။ မကြာခင်မှာပင် မွှေးရနံ့အိုး၏ မျက်နှာပြင်ထက် မျဉ်းကြောင်းလေးများ ထွက်ပေါ်လာခဲ့ပြီး အိုးသည်လည်း လက်ဆေးရေဇလုံ တစ်ခုလုံး တစ်ခု၏ အရွယ်အထိ ကြီးမားလာခဲ့လေ၏။

သူ့လက်ကို ပြန်ရုတ်၍ ရန်ကိုင်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေ၏။

ဆေးမီးဖိုတစ်ခု၏ အရွယ်အစားသည် ဆေးပညာရှင် တစ်ယောက်၏ အရည်အချင်းကို အတိုင်းအတာ တစ်ခုအထိ ဖော်ပြနိုင်၏။

ဆေးဖော်ရန် လိုအပ်သည့် ဆေးအိုးအရွယ်အစား ပိုကြီးလေ ထိုဆေးပညာရှင်၏ အရည်အချင်း ပို၍ ညံ့ဖျင်းလေးပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်နေစဉ်တွင် ဆေးပညာရှင် တစ်ယောက်သည် ဆေးမီဖိုထဲတွင် ရှိနေသော အမျိုးမျိုး စိတ်ဝိဥာဉ် အစီအရင်များကို အသက်သွင်းလျက် ထိုစိတ်ဝိဥာဉ် အစီအရင်များဖြင့် ဆေးပင်များကို သန့်စင်စစ်ထုတ်၍ ရရှိလာသော ဆေးအရည်များကို အစိုင်အခဲ ဆေးလုံးတစ်လုံး အဖြစ် သိပ်သည်းရသောကြောင့်ပင် ဖြစ်၏။

ဆေးပညာရှင် တစ်ယောက်သည် လုံလောက်သော စွမ်းရည်ကို ပိုင်ဆိုင်ထားမည် ဆိုပါက ဆေးမီးဖို မည်မျှပင် သေးပါစေ၊ ထိုဆေးမီးဖိုအတွင်းရှိ စိတ်ဝိဥာဉ် အစီအရင်များကို ကောင်းကောင်း အသုံးချနိုင်ကြ၏။

လက်ရှိ လက်ဆေးဇလုံ အရွယ်အစား ဆေးမီးဖိုသည် ရန်ကိုင် လေ့ကျင့်ဖို့အတွက် အကောင်းဆုံးပင် ဖြစ်၏။ ထိုဆေးမီးဖို အရည်အစားဖြင့်ဆိုလျှင် ရန်ကိုင်အနေဖြင့် ဆေးမီးဖိုအတွင်းရှိ စိတ်ဝိဥာဉ် အစီအရင်များကို ပို၍ တိကျစွာ အသုံးချထိန်းချုပ် နိုင်ပေလိမ့်မည်။

သူမှတ်ထားခဲ့သည့် အရိုးရှင်းဆုံး ဆေးညွှန်းတစ်ခုကို ပြန်စဉ်းစားလိုက်ပြီး သက်ဆိုင်သည့် ဆေးအမယ်များကို သူ့ဘေး၌ ချစီထားလိုက်၏။ ပြီးသည်နှင့် လက်ကွက်စဉ် တစ်ခုဖန်တီး၌ ဆေးမီးဖိုထဲသို့ အစစ်အမှန်ချီကို ထည့်သွင်း တော့လေ၏။

မကြာခင်မှာပင် ဆေးမီးဖိုအတွင်း၌ ရှိုးရှင်သော စိတ်ဝိဥာဉ် အစီအရင်တစ်ခု ဖြစ်ပေါ်လာလေ၏။

လေ့ကျင့်ခြင်း ဖြစ်သည့်အတွက် ဆေးလုံးကို‌ အောင်အောင်မြင်မြင် သန့်စင်နိုင်မည့် အခွင့်အရေးကို တိုးတက်စေသည့် အစီအရင်ကိုသာ ရွှေးချယ်လိုက်လေ၏။ ထိုစိတ်ဝိဥာဉ် အစီအရင်သည် သူသိထားသမျှ စိတ်ဝိဥာဉ် အစီအရင်များအနက် အရိုးရှင်းဆုံး ဖြစ်ပြီး ဖန်တီးဖို့လည်း မခက်ခဲချေ။

သူ၏ လက်ရှိ ချီထိန်းချုပ်ခြင်း စွမ်းရည်နှင့်ဆိုလျှင် ထိုစိတ်ဝိဥာဉ် အစီအရင်ကို အလွယ်တကူ ထိန်းချုပ်နိုင်ပေ၏။

ဆေးပင်များကို ဆေးမီးဖိုထဲ ထည့်လိုက်ပြီးနောက် ရန်ကိုင်သည် ဆေးမီးဖိုထဲသို့ သူ၏ အစစ်အမှန်ချီများကို စတင်ထည့်သွင်းကာ ဆေးပင်များထဲမှ ဆေးအဆီအနှစ်ကို ထုတ်ယူဖို့ရာ စတင်ကြိုးစားတော့လေ၏။

ရန်ကိုင်သည် သေသေချာချာ ဂရုတစိုက်ကို လုပ်ဆောင် နေခဲ့လေ၏။ အဘယ်ကြောင့်ဆိုသော ဆေးမီးဖိုထဲ ထည့်သွင်းလိုက်သည့် သူ၏ အစစ်အမှန်ချီ ပမာဏသည် ဆေးပင်များ၏ ဆေးအာနိသင်ကို အကျိုးသက်ရောက် နိုင်သောကြောင့်ပင် ဖြစ်လေ၏။ အစစ်အမှန်ချီ များသွားလျှင် ဆေးပင်များကို လောင်ကျွမ်းသွားစေနိုင်ပြီး နည်းသွားလျှင် ဆေးပင်ကို အပြည့်အဝ သန့်စင်နိုင်ခြင်း မရှိဘဲ ဆေးလုံး ဖော်စပ်နိုင်တော့မည် မဟုတ်ချေ။

ဆေးသန့်စင်ရာ၌ အစစ်အမှန်ချီကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ရန် လိုအပ်၏။

ဆေးပင်များကို သန့်စင်ပြီးမှ ရရှိလာသော ဆေးအဆီအနှစ် များသည် ရန်ကိုင် အစစ်အမှန်ချီ၏ ထိန်းချုပ်မှုအောက်၌ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားခဲ့လေ၏။

သို့သော်လည်း အောင်မြင်ခါနီး ဆဲဆဲမှာပင်၊ ဆေးမီးဖိုထဲမှ မီးခိုးများ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး ညော်နံ့တို့ဖြင့် ပြည့်သွားခဲ့လေ၏။

မီးဖိုထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်းနေခြင်းကို ရပ်တန့်လိုက်ပြီး ရန်ကိုင် မျက်မှောင် ကြုံ့လိုက်လေ၏။

ဒီတစ်ကြိမ် ဆေးဖော်စပ်ခြင်း ကျရှုံးသွားခဲ့သည်ကို ရန်ကိုင် သိ၏။ ဆေးမီးဖိုထဲသို့ ထည့်သွင်းလိုက်သည့် အစစ်အမှန်ချီ ပမာဏ အရမ်း များသွားပြီး မီးဖိုထဲရှိ ဆေးပင်များကို လောင်ကျွမ်းသွားစေသည့် ပုံပင်။

ဆေးမီးဖိုထဲမှ လောင်ကျွမ်းထားခံရသည့် အမှိုက် ပစ္စည်းများကို ထုတ်ယူပြီးသည့်နောက် ထပ်မံဖော်စပ်ခြင်း မပြုသေးဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် သူလုပ်ဆောင်ခဲ့သည် များကို ပြန်၍ ဆန်းစစ်တွေးတောလိုက်၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၂၂) ပထမဆုံးသော ဆေးလုံး

——————————————————————

အချိန်နည်းနည်းကြာမှသာ ဒုတိယအကြိမ် ပြန်စလေ၏။

အရင်အကြိမ် ရှုံးနိမ့်မှုကြောင့် ဆေးမီးဖိုထဲ သူဖန်တီးခဲ့သည့် စိတ်ဝိဥာဉ်အစီအရင်သည် ပျက်စီးသွားခဲ့လေပြီ။ ထို့ကြောင့် နောက်တစ်ကြိမ် ပြန်ရေးဆွဲရပေဦးမည်။

အစစ်အမှန်ချီကို သေသေချာချာ ထိန်းချုပ်လျက် သူဖန်တီးချင်သော စိတ်ဝိဥာဉ်အစီအရင်ကို ဆေးမီးဖိုထဲ ဖန်တီးလိုက်လေ၏။

သို့သော်လည်း ယခုတစ်ကြိမ်မှု အလွယ်တကူ မအောင်မြင်ခဲ့ချေ။ အနည်းငယ်လေးသော သတိမထားမှုကြောင့် ရန်ကိုင် ဆွဲသားလိုက်သည့် အစစ်အမှန်ချီစွမ်းအင် မျဉ်းကြောင်း တစ်ခုသည် တွန့်လိမ်သွားခဲ့ကာ တစ်ဝက်တစ်ဝက် ပြီးမြောက်နေပြီ ဖြစ်သော စိတ်ဝိဥာဉ်အစီအရင်ကို ပေါက်ကွဲ သွားစေခဲ့လေ၏။

ဆေးမီးဖိုထဲမှ ပရမ်းပတာ ဖြစ်နေသော စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့လေ၏။

ရန်ကိုင် ရုတ်တရက် ခေါင်းကိုက်လာခဲ့လေ၏။ လက်တွေ့နှင့် သီအိုရီသည် လွန်စွာကိုမှ ကွာခြားကြောင်းကို ယခုမှပင် ရန်ကိုင် နားလည်သွားခဲ့လေ၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် သူ့စီနီယာမမလေး၏ အရည်အချင်း မည်မျှ မနာလိုအားကျစရာ ကောင်းသည်ကို ရန်ကိုင် သဘောပေါက်သွားခဲ့လေ၏။ ထွတ်မြတ် စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကြောင့် ရှနင်းချန်သည် ဆေးဖော်စပ်ခြင်းနှင့် ပက်သက်လာလျှင် လွန်စွာကိုမှ ပါရမီရှိလှ၏။ ရှနင်းချန်သည် ဆေးမီးဖိုကိုပင် အသုံးမပြုဘဲ ဆေးပင်များမှ အဆီအနှစ်ကို ထုတ်ယူ၍ ဆေးဖော်စပ်နိုင်၏။

သုံးကြိမ်ဆက် ကျရှုံးပြီးနောက်၌ ရန်ကိုင်သည် ဆေးမီးဖို၌ စိတ်ဝိဥာဉ် အစီအရင်ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေ၏။

ထိုစိတ်ဝိဥာဉ်အစီအရင်များကို ရေးဆွဲရာ၌ နည်းနည်းမျှပင် အမှားမရှိရသလို တစ်ဆက်တည်း ပြီးအောင်လည်း ရေးဆွဲရ၏။ နည်းနည်းမျှပင် အမှားပါသွားသည်နှင့် စိတ်ဝိဥာဉ် အစီအရင် တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

စိတ်ဝိဥာဉ် အစီအရင် ဆွဲသားခြင်းသည် တော်တော့်ကို အစစ်အမှန်ချီ ကုန်ဆုံးပြီး ပင်လည်းပင်ပန်း၏။

ပြီးပြည့်စုံသော စိတ်ဝိဥာဉ် အစီအရင်ကိုသာ ဆေးဖော်စပ်ရာ၌ အသုံးပြုနိုင်၏။

အပြောလွယ်သော်လည်း လက်တွေ့ လုပ်ကြည့်သည့်အခါ အခက်အခဲများစွာကို ကြုံတွေ့ရလေ၏။ စိတ်မရှည်ခြင်းသည် အမှား များတတ်စေ၏။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ဇွဲကြီးသော လူတစ်ယောက် ဖြစ်လေရာ တစ်ကြိမ်၊နှစ်ကြိမ် ရှုံးနိမ့်သွားခြင်းသည် သူ့အား လက်မလျှော့စေနိုင်ခဲ့ချေ။

သူ့အတွက်မူ ရှုံးနိမ့်ခြင်းသည် အတွေ့အကြုံတစ်ခုပင် ဖြစ်လေ၏။

စိတ်ဝိဥာဉ်အစီအရင် ဖန်တီးသည်နှင့် သူ့ဘေးတွင် ချထားသော ဆေးပင်များကို ဆေးမီးဖိုထဲ ပစ်ထည့်၍ ဆေးအဆီအနှစ်များကို စတင်ထုတ်ယူတော့လေ၏။ ထုတ်ယူပြီးသည်နှင့် ထိုဆေးအဆီအနှစ်များကို ဖြည်းဖြည်းချင်း ပေါင်းစပ်တော့၏။

အမျိုးမျိုးသော အာနိသင်များ ပါဝင်နေသော ဆေးအဆီအနှစ်များသည် တစ်ခုခုနှင့်တစ်ခု ပေါင်းစပ် သွားခဲ့လေ၏။

ယခုတစ်ကြိမ်၌ ရန်ကိုင်သည် အစစ်အမှန်ချီကို ယခင်ကထက်ပင် ပို၍ သေသေချာချာ ထိန်းချုပ်ခဲ့သော်လည်း ကျရှုံးခဲ့ရလေ၏။

နောက်တစ်ကြိမ် ထပ်မံဖော်စပ်ခြင်း မပြုသေးဘဲ ယရင်အမှားကို ပြန်၍ ဆင်ခြင်သုံးသပ်ကြည့်လေ၏။

စိတ်အဆင်သင့် ဖြစ်လောက်ပြီ ဆိုမှသာ နောက်တစ်ကြိမ် ထပ်မံ ဖော်စပ်လေ၏။

ရှုံးနိမ့်သွားခဲ့ပြန်၏။

ရှုံးနိမ့်သွားခဲ့ပြန်၏။

ထပ်တလဲလဲ ရှုံးနိမ့်ခြင်းသည် မည်သူကိုမဆို စိတ်ဓါတ်ကျသွားစေနိုင်၏။ သို့သော်လည် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေး၏။ အမှိုက်ပြာများကို ထုတ်လိုက်၊ အမှားကို ပြန်ဆင်ခြင်သုံးသပ်လိုက်၊ နောက်တစ်ကြိမ် ပြန်ဖော်စပ်လိုက်… စသဖြင့် ရန်ကိုင်သည် ဤအတိုင်း သံသယရာ လည်နေခဲ့လေ၏။

ရှုံးနိမ့်သော်ငြား တဖြည်းဖြည်းနှင့် တိုးတက်မှု ရှိလာခဲ့၏။

‘လေ့ကျင့်မှ ပြီးပြည့်စုံမည်’ ထိုစကားပုံသည် လျှာအရိုးမရှိ လျှောက်ပြောနေခြင်း မဟုတ်။ ဆေးပညာဆိုသည်မှာ လေ့လာ သင်ယူရုံဖြင့် တတ်နိုင်သော အရာမဟုတ်သလို ညတွင်းချင် သင်ယူ တတ်မြောက်နိုင်သော အရာလည်း မဟုတ်ချေ။ ရန်ကိုင်သည် လမ်းစတွင်သာ ရှိနေသေး၏။

လောင်ကျွမ်းသွားခံခဲ့ရသည့် ဆေးပင်အရေအတွက်သည် ပုံထပ်လာခဲ့သလို အခန်းထဲရှိ ညော်နံ့သည်လည်း နာရီနှင့်အမျှ ပို၍ ပြင်းထန်လာနေခဲ့၏။ သို့သော်လည်း ရန်ကိုင်၏ စိတ်သည် နည်းနည်းမှပင် ယိမ်းယိုင်သွားခြင်း မရှိခဲ့ချေ။

အချိန်စက်ဝန်းသည် ဖြည်းဖြည်းမှန်မှန် လည်ပတ်နေခဲ့၏။

ယခု၌ ဝယ်ယူလာသော ဆေးပင်များ၏ (၈၀)ရာခိုင်နှုန်းကို အသုံးပြုပြီးသွားပြီ ဖြစ်သော်လည်း ရန်ကိုင်သည် ဆေးတစ်လုံးကိုပင် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခြင်း မရှိသေးချေ။

ရန်ကိုင်သည် ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်အတွင်း၌သာ အာရုံစိုက်ထားပြီး ကျန်အရာများအားလုံးကို လျစ်လျူရှုထားခဲ့လေ၏။

အသက်ပြင်းပြင် တစ်ချက်ရှူသွင်းလိုက်၏။ အကြိမ်မည်မျှ ကျရှုံးသွားသည်ကို ရန်ကိုင် မှတ်ပင် မမှတ်မိတော့ချေ။

သို့သော်လည်း ယခုတစ်ကြိမ်ကမူ ခြားနား၏။ သူ့စိတ်ထဲ ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့ကာ ယခုတစ်ကြိမ် ကျိန်းသေ အောင်မြင်လိမ့်မည်ဟု သူ၏ မသိစိတ်က ပြောနေခဲ့လေ၏။

စိတ်ဝိဥာဉ် အစီအရင်ကိုလည်း ထပ်တလဲလဲ ရေးဆွဲနေခဲ့ရသည် ဖြစ်သောကြောင့် အသက်(၁၀)ရှိုက်စာ အတွင်းမှာပင် အစီအရင်ကို‌ ရေးဆွဲပြီးသွားခဲ့လေ၏။

ဆေးပင်များကို ဆေးမီးဖိုထဲသို့ ထည့်ပြီး အစစ်အမှန်ချီကို ထည့်သွင်းလိုက်ကာ ဆေးပင်များကို စတင် သန့်စင်လေ၏။ ထို့နောက် ရရှိလာသော ဆေးအဆီအနှစ်ကြမ်းများထဲ၌ ပါဝင်‌သော အညစ်အကြေးများကို စသင် သန့်စင်တော့လေ၏။

ဖြစ်စဉ်တစ်ခုလုံး အမှားအယွင်း မရှိခဲ့ချေ။ ရန်ကိုင်၏ လုပ်ပုံကိုင်ပုံသည် ဝါရင့် ဆေးပညာရှင် တစ်ယောက်နှင့်ပင် တူနေသေးကာ ဆေးလုံးသည် ဖြည်းဖြည်းချင်း ပုံပေါ်လာနေခဲ့လေပြီ။

မကြာခင်မှာပင် ဆေးမီးဖိုထဲမှ ရနံဖျော့ဖျော့လေး စတင် ထွက်ပေါ်လာခဲ့လေ၏။

ရန်ကိုင်လည်း ယခင်ကထက် ပို၍ အာရုံစိုက်လိုက်ကာ အစစ်အမှန်ချီ ထည့်သွင်းသည့် ပမာဏကိုလည်း ပို၍ ဂရုစိုက်လိုက်လေ၏။

ခဏကြာပြီးနောက် ဆေးအရည်အားလုံးကို အကန့်အသတ် အထိ သန့်စင်ပြီးသည်နှင့် အစစ်အမှန်ချီ ထည့်သွင်နေခြင်းကို ရပ်တန့်လိုက်လေ၏။

ဆေးမီးဖိုထဲရှိ စိတ်ဝိဥာဉ်အစီအရင်သည် ပိုက်ကွန်တစ်ခု ပမာ ကျုံ့သွားခဲ့ပြီး ဆေးရည်အားလုံးကို ဆေးလုံးတစ်လုံးအဖြစ် ပေါင်းစပ်လိုက်လေ၏။

ရန်ကိုင် တစ်ကိုယ်လုံး ချွေးသံတရဲရဲ ဖြစ်နေခဲ့လေ၏။ သို့သော်လည်း လူသာမော၊ စိတ်ကမူ ပျော်နေသည်ဟု ဆိုရပေမည်။ ဆေးမီးဖိုအဖုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး ဖော်စပ်ပြီးသွားသော ဆေးလုံးကို ထုတ်ယူလိုက်လေ၏။

သူ့လက်ထဲရှိ ဆေးလုံးလေးကို ငေးစိုက်ကြည့်ရင်း စွဲမက်ဖွယ် သင်းရနံ့ သူ့နှာခေါင်းထဲ ပျံ့လွင့်လာခဲ့လေ၏။ ကျားကုတ်ကျားခဲ ကြိုးစားပြီးနောက် ဆေးအဆီအနှစ် အားလုံးကို လက်သည်းခွံအရွယ်ရှိ ဆေးလုံးတစ်လုံးအဖြစ် ပေါင်းစည်းနိုင်ခဲ့လေ၏။

သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် သူပထမဆုံး ဖော်စပ် အောင်မြင်ခဲ့သည့် ဆေးလုံးသည် အဆင့်နိမ့်သာမန်အဆင့် ဆေးလုံး ဖြစ်နေသည်ကို ရန်ကိုင်‌ တွေ့လိုက်ရလေ၏။

သူအသုံးပြုခဲ့သည့် ဆေးအမယ်အားလုံးသည် မြေကမ္ဘာ အဆင့် ဆေးအမယ်များ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထုန်းရွှမ်လောကကြီး၌ မည်သူကမှ သာမန်အဆင့် ဆေးပင်များကို မရောင်းချသောကြောင့် ဖြစ်၏။ သာမန်အဆင့် ဆေးပင်များသည် လမ်းဘေးရှိ ပန်းပင်များပမာ ပေါသော လွန်းလှ၏။

မြေကမ္ဘာအဆင့်နှင့် အထက်အဆင့် ပစ္စည်းများသာ တန်ဖိုး ရှိခြင်းဖြစ်၏။

မြေကမ္ဘာအဆင့် ဆေးပင်များကို သုံး၍ သာမန်အဆင့်နိမ့် ဆေးလုံးအား ဖော်စပ်ခြင်းသည် ဆေးပင်များကို ဖြန်းတီးခြင်း မည်၏။ သို့သော်လည်း ရန်ကိုသည် ထိုရလဒ်နှင့် ပက်သက်၍ လွန်စွာကိုမှ ကျေနပ်နေခဲ့လေ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံးသည် သူကိုယ်တိုင် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့သည့် ပထမဆုံး ဆေးလုံး ဖြစ်သောကြောင့်ပင် ဖြစ်၏။

ဆေးလုံးကို ကိုင်ထားလျက် ရန်ကိုင်သည် ထိုဆေးလုံးရဖို့ မည်ကဲ့သို့ လုပ်ဆောင်ခဲ့ရသည်၊ ဖော်စပ်နေစဉ်အတွင်း မည်ကဲ့သို့ ခံစားခဲ့ရသည်များကို သေချာပြန်၍ စဉ်းစားတွေးတော လိုက်လေ၏။

သူသာ ဆေးအဆီအနှစ်များကို ထပ်မံထုတ်ယူခဲ့လျှင်၊ အညစ်အကြေးများကို ထပ်မံ ဖယ်ထုတ်ခဲ့လျှင်၊ အပူဖြန့်ဝေနိုင်မှု ပို၍ ကောင်းမွန်ခဲ့လျှင် ပိုအဆင့်မြင့်သည့် ဆေးလုံးကို ရနိုင်သည်ဟု ရန်ကိုင် တွေးလိုက်လေ၏။

ပထမတစ်ကြိမ် အောင်မြင်ပြီးနောက် ဆေးလမ်းစဉ်၏ နက်နဲများကို ရန်ကိုင် အသေအချာ နားလည်သွားခဲ့သလို ဆေးဖော်စပ်ခြင်း၏ နောက်ကွယ်ရှိ ဆန်းကြယ်မှုများကိုလည်း အတော်အတန် သိနားလည် သဘောပေါက်သွားခဲ့ရ၏။

အရည်အချင်း ပြည့်မှီသော ဆေးပညာရှင် တစ်ယောက် ဖြစ်လာရန် ဗဟုသုတ ရှိရုံနှင့် မလုံလောက်။ ထပ်တလဲလဲ လေ့ကျင့်မှုများစွာလည်း လိုအပ်၏။

တစ်ခဏတာ အနားယူပြီးနောက် ဆေးဖော်စပ်ခြင်း အမှုကို ထပ်မံလုပ်ဆောင်လိုက်လေ၏။

အချိန်ရထားသည် နှေးသွားခြင်း၊ မြန်သွားခြင်း မရှိဘဲ ပုံမှန်အတိုင်း ခုတ်မောင်းသွားလာနေခဲ့၏။ မကြာခင်မှာပင် (၁၀)ရက် ပြည့်သွားခဲ့လေပြီ။

သလင်းကျောက် (၅၀)ဖြင့် ဝယ်ခဲ့ရသော ဆေးပင်များလည်း ကုန်သွားခဲ့လေပြီ။

ထွက်ဖို့လုပ်နေစဉ်မှာပင် အခန်းအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထိုခြေသံအရ သူ့ဆီ မည်သူလာနေသည် ဆိုသည်ကို ရန်ကိုင် ချက်ချင်း ခန့်မှန်းမိလိုက်၏။

အသာအယာ ပြုံးလျက် သူ့အခန်းပတ်လည်၌ ချထားသည့် အရံအထားကို ဖယ်ရှားလိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်၏။

အခန်းရှေ့၌ ရွှေးလင်သည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် စောင့်နေခဲ့လေ၏။

ရန်ကိုင် အခန်းတွင်းမှ လှိုက်ထွက်လာသော ရနံ့ကို ရှူရှိုက်ပြီးနောက် ရွှေးလင်က သူမ၏ လက်ကို နှာခေါင်းရှေ့ တရမ်းရမ်းလုပ်လျက် “ဘာကြီးလဲ”

ရန်ကိုင်ကမူ ရှက်ကိုးရှက်ကန်း အမူအရာဖြင့်သာ ခေါင်းကုတ်လိုက်လေ၏။

မနီးမဝေးမှ ယွန်ရွှမ်နှင့် မုတ်ဆိတ်ကြီးတို့ လမ်းလျှောက် လာခဲ့လေ၏။

ဤရက်အတောအတွင်း၌ ရန်ကိုင် ဆေးဖော်စပ်နေသည်ကို သိထားရာ မုတ်ဆိတ်ကြီးက ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး သွားပေါ်အောင် ပြုံးကာ “ညီအစ်ကိုရန်၊ အခြေအနေ ဘယ်လိုလဲ။ ဆေးကောင်းလေး ဘာလေးများ သန့်စင်ခဲ့သေးလား။ ငါတို့ကို ပြစမ်းပါဦး”

“ကျိဟုန်” ယွန်ရွှမ်က မုတ်ဆိတ်ကြီးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေ၏။

သူသည် ဆေးဖော်စပ်ခြင်းကို တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးသလို ထိုဆေးပင်များအား စပ်ကြည့်ရုံချင်၍သာ ဝယ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကိုင်က သူမအား ပွင့်ပွင့်လင်းလင်း ပြောခဲ့၏။ သင်ကြားပေးမည့်သူ၊ ညွှန်ကြားပေးမည့်သူ မရှိဘဲ ဆေးတစ်လုံးမှ မဖော်စပ်နိုင်ခြင်းက မထူးဆန်းချေ။ ဖော်စပ်နိုင်မှသာ ထူးခြားမှာ ဖြစ်၏။

ဆေးပညာသည် ဤမျှ သင်ရလွယ်နေလျှင် ဆေးပညာရှင်များသည်လည်း ယခုကဲ့သို့ လေးစားခံနေရမည် မဟုတ်ချေ။

အခန်းထဲမှ တထောင်းထောင်း ထွက်လာသော ရနံ့နှင့် အမှိုက်ပုံးကြီးကို ကြည့်၍ ဤရက်အတောအတွင်း ရန်ကိုင်၏ အခြေအနေ မည်ကဲ့သို့ ရှိသည်ကို ယွန်ရွှမ် နားလည်လိုက်၏။

“ဟားဟား၊ ငါက မေးရုံလေးပါ” မုတ်ဆီကြီးက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။

ယွန်ရွှမ်က ရန်ကိုင်ကို အားတုံ့အားနာ အကြည့်ဖြင့် ကြည့်လျက် တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်လေ၏ “နင်သာ ဆေးပညာကို သင်ယူချင်တယ် ဆိုရင် အဖွဲ့အစည်းက ဆရာကိုတွေကို နင့်ကိုယ်စား ပြောပေးလို့ရတယ်။ နင့်မှာ ဆရာရှိရင် အရည်အချင်း ပြည့်မှီတဲ့ ဆေးပညာရှင် တစ်ယောက် ဖြစ်လာနိုင်ချေက နင့်ဘာသာနင် ရမ်းသန်း ကြိုးစားနေတာထက် ပိုများတယ်နော်”

“ကျေးဇူးပါပဲ။ ဒါပေမယ့် မလိုဘူး။ ကျုပ်က စမ်းကြည့်ရုံပါပဲ” ရန်ကိုင်က ပြုံးကာ ခေါင်းခါပြလိုက်၏။

ယွန်ရွှမ်က ခေါင်းညိတ်ပြ၍ ထိုအကြောင်း ဆက်မပြောတော့ချေ။ ‘ဒီလူက နည်းနည်းတော့ ထူးဆန်းသား’ ဟုစိတ်ထဲကနေသာ တွေးနေလိုက်လေ၏။ သူသည် ဆေးဖော်စပ်ရသည်ကို စိတ်ပါဝင်စားသော်လည်း အသင်မခံချင်ချေ။ အခန်းတွင်းအောင်း၍ သူ့ဘာသာသူ တစ်ယောက်တည်း ကြိတ်၍ လေ့ကျင့်နေရသည်ကို ပို၍ ကြိုက်လေ၏။

ယွန်ရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်လေ၏။ ရန်ကိုင်သာ ဤအတိုင်း ဆက်သွားမည် ဆိုပါက သူ့တစ်ဘဝလုံး ဆေးတစ်လုံးကိုပင် အောင်အောင်မြင်မြင် ဖော်စပ် သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ၎င်းသည် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ရာ သူမအနေဖြင့် အရမ်းဝင်ပါနေ၍ မကောင်းချေ။

“ရန်ကိုင်၊ ဘုရားကျောင်းက ငါ့ကို လာခေါ်ဖို့ လူလွှတ်လိုက်ပြီ” ရွှေးလင်က ပြောလိုက်ရာ ရန်ကိုင်က နွေးထွေးစွာ ပြုံး၍ “အိုး၊ ဂုဏ်ယူပါတယ်”

“အင်း၊ ထွက်မသွားခင် နင့်ကို လူကိုယ်တိုင် လာနှုတ်ဆက်ချင်တာ” ရွှေးလင်က ဆက်ပြောလိုက်လေ၏။

ရေဝိဥာဉ်ဘုရားကျောင်းမှ လူများသည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် လွတ်လပ်သော မြို့တော်ဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် တံခါးတွင်းပိတ် ဆေးဖော်စပ် လေ့ကျင့်နေသဖြင့် သူ့ကိုယ် ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်စကားပြောဖို့ရာ စောင့်နေခြင်း ဖြစ်၏။

တကယ်တော့ ရန်ကိုင်သည် သူမကို ဤလောကကြီးဆီသို့ ပြန်ခေါ်လာပေးခဲ့သူ ဖြစ်၏။

ယခု ခွဲခွရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်ရာ ရွှေးလင် အရမ်းကြီး ဝမ်းနည်းမနေခဲ့ချေ။ အဲ့အစား တော်တော်လေးကို စိတ်လက်ပေါ့ပါး နေခဲ့ကာ ရန်ကိုင်ဖြင့် ပျော်ပျော်ရွှင်ရွှင် စကားများပြောလျက် အခြားသူများနှင့်အတူ အပြင်သို့ လမ်းလျှောက် ထွက်လာခဲ့လေ၏။

ယွန်ရွှမ်တို့ အဖွဲ့၏ အိမ်အပြင်ဘက်၌ မွန်းစတားသားရဲ များစွာ ဆွဲသော ရွှန်းစို ခံ့ညားလှသည့်လှည်းတစ်စီး ရှိနေခဲ့လေ၏။ ထိုမွန်းစတားသားရဲများ၏ ခြေထောက်အောက်၌ လေပွေစီးကြောင်းလေးများ ရှိနေခဲ့၏။

အထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင် မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

“သခင်မလေး” အပြင်ဘက်၌ မသေမျိုးအဆင့် ပညာရှင် တစ်ယောက် စောင့်နေခဲ့၏။ ရွှေးလင်ကို မြင်သည်နှင့် ယဉ်ယဉ်ကျေးကျေး ခေါ်လိုက်၏။

ရွှေးလင်သည် ထိုပညာရှင်ကို အသာအယာ ခေါင်းညိတ်ပြလိုက်၍ ရန်ကိုင်ဆီ ပြန်လှည့်ကာ “ဘာပဲဖြစ်ဖြစ်၊ ငါနင့်ကို ကျေးဇူးတင်ရဦးမယ်။ ဒီမှာ၊ ဒါက ရေကျောက်စိမ်း တံဆိပ်ပြားပဲ။ နင်အကူအညီ လိုတဲ့တစ်နေ့ကျ ဒီတံဆိပ်ပြားနဲ့ ရေဝိဥာဉ်ဘုရားကျောင်းဆီ လာပြီး ငါ့ကို လာရှာလို့ရတယ်။ ပြီးတော့ နင့်မိတ်ဆွေတွေ ဘယ်မှာ ရှိလနေလဲ ဆိုတာကိုလည်း ငါအကောင်းဆုံး ကူရှာပေးမယ်။ သူတို့အကြောင်း သတင်းရတာနဲ့ နင့်ဆီ ချက်ချင်း အကြောင်းကြားလိုက်မယ်”

“ကျေးဇူးပဲ” ရန်ကိုင်က ထိုရေကျောက်စိမ်း တံဆိပ်ပြားကို လက်ခံယူ၍ ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း မသေမျိုးအဆင့် ပညာရှင်သည် ရန်ကိုင်ဆီ တစ်ချက် လှမ်း၍ ကြည့်လိုက်၏။

ယွန်ရွှမ်၏ မျက်ဝန်းအစုံသည်လည်း လက်ခနဲ ဖြစ်သွားခဲ့ပြီး ရန်ကိုင်ကို သင်္ကာမကင်း စိုက်ကြည့်လိုက်လေ၏။

ရွှေးလင်သည် သူတို့နှင်အတူ ရက်အတော်ကြာအောင် အတူနေခဲ့၍ သူတို့ကြား အနည်းငယ် ရင်းနှီးသော်လည်း ရန်ကိုင်နှင့် ရွှေးလင်ကြားက အစစ်အမှန် ဆက်ဆံရေးကို သူမ မထုတ်ဖော်နိုင်သေးချေ။

“ကဲ၊ ငါသွားတော့မယ်” ရွှေးလင်က ပြုံးလိုက်ပြီး လှည်ဆီ လမ်းလျှောက်သွားလိုက်လေ၏။

အစမှအဆုံးထိ မသေမျိုးအဆင့် ပညာရှင်သည် ပညာရှင်ကြီး တစ်ယောက်ဟန်ပန်ဖြင့်သာ နေခဲ့၏။ ရန်ကိုင်နှင့် ကျန်သူများကို ဒုတိယတစ်ချက်ပင် ထပ်မကြည့်ဘဲ ယာဉ်မောင်းနေရာ ဝင်ထိုင်လိုက်လေ၏။ မွန်းစတားသားရဲများ၏ ခွါများအောက်မှ လေစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး လှည်းတစ်ခုလုံးကို ရစ်ပတ်သွားခဲ့ကာ ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားခဲ့လေ၏။

“ရေဝိဥာဉ်ဘုရားကျောင်းတဲ့ မင်းသမီးဆိုတဲ့အတိုင်း သူ့ရဲ့ ကိုယ်ပိုင်လှည်းကတင် တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ” မုတ်ဆီးကြီးက မနာလိုအားကျနေသည့် လေသံဖြင့် ပြောလိုက်၏။

ထိုကဲ့သို့သော လှည်းမျိုးသည် အထူးပျံသန်းရေး အမျိုးစား ကိရိယာတစ်ခု ဖြစ်၏။ ထိုလှည်း၏ အဆင့်သည် ကျိန်းသေ မနိမ့်ကျချေ။ ထိုကဲ့သို့သော လှည်းမျိုးကို သန့်စင်ခြင်းသည် အကုန်အကျ များသလို လွယ်လည်း မလွယ်ကူလေရာ ရေဝိဥာဉ်ဘုရာကျောင်းလို အားကောင်းသော အင်အားစု များသည်သာ ပိုင်ဆိုင်နိုင်ကြလေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၂၃) အံ့အားသင့်စရာ

——————————————————————

ရွှေးလင်ထွက်ခွါသွားသည်ကို ကြည့်နေပြီးနောက် ယွန်ရွှမ်က ပြုံးကာ ပြောလိုက်လေ၏ “ကောင်းပြီလေ။ နင့်ရဲ့ အရိုးဒိုင်းကို ပြန်ယူဖို့ လက်နက်သန့်စင်ခန်းမဆီ သွားကြတာပေါ့။ ဂရမ်းမာစတာမာလည်း အခုအချိန်လောက်ဆို ပြီးလောက်ပြီ”

ရန်ကိုင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။

သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ဓါးတိုလေးမှ လွဲ၍ သူ့၌ရှိသော အခြားလက်နက် ဆို၍ အရိုးဒိုင်းသာ ရှိ၏။

ထို့အပြင် ထုန်ရွှမ်းလောကကြီးသည် ပညာရှင်များစွာ မှိုလိုပေါက်နေသော နေရာတစ်ခု ဖြစ်သလို အန္တရာယ် ဆိုသည်မှာလည်း နေရာတိုင်းတွင် ရှိနေသည်ဖြစ်ကာ အရိုးဒိုင်း ရှိနေခြင်းက ပို၍ ကောင်းလိမ့်မည်ဟု ရန်ကိုင် တွေးလိုက်လေ၏။ ထို့ကြောင့် အဖိုးတန် ရေခဲမီးတောက် ကြယ်သဲနှင့် ယွန်ရွှမ်၏ ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းကို ချေးငှားဖို့အား လက်မတွန့်ခဲ့ခြင်း ဖြစ်ပေ၏။

အရိုးဒိုင်းနှင့် သာဆိုလျှင် သူ့တွင် နောက်ထပ် အကာအကွယ် တစ်ခုထပ်မံ ရှိနေပြီ ဖြစ်၏။

ယခု ဆယ်ရက်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ အရိုးဒိုင်းလည်း ပြီးလောက်ပေပြီ။

ထိုစကားကို ကြားလိုက်သည်နှင့် မုတ်ဆိတ်ကြီးနှင့် ကျန်သူများအားလုံး ရန်ကိုင်သည် မည်ကဲ့သို့သော လက်နက် မျိုးကို ပြင်နေလဲဆိုသည်ကို စိတ်ဝင်စားသွားခဲ့ကြ၏။ ထို့ကြောင့် ယွန်ရွှမ်သည်လည်း သူတို့အား ကူကယ်ရာမဲ့စွာဖြင့် လိုက်ခိုင်းရုံသာ တတ်နိုင်တော့၏။

လက်နက်သန့်စင်ခန်းမရှေ့ ရောက်သည်နှင့် ယွန်ရွှမ်သည် ရန်ကိုင်အား ဂရမ်းမာစတာမာ ရှိနေသည့် အတွင်းပိုင်းနေရာဆီ ခေါ်သွားခဲ့လေ၏။

ရန်ကိုင်ကို မြင်သည်နှင့် ဂရမ်းမာစတာမာသည် စကား အများကြီး ပြောနေခြင်း မပြုဘဲ လက်နက်ကိုသာ တိုက်ရိုက် ပေးလိုက်လေ၏။

အရိုးဒိုင်း၏ ပုံစံသည် ယခင်အတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိခဲ့။ သို့သော်လည်း လက်ထဲ ကိုင်လိုက်သည်နှင့် တစ်မျိုးတစ်မည် ကွဲပြားသည်ကို ရန်ကိုင် ခံစားမိလိုက်လေ၏။

အရိုးဒိုင်းမျက်နှာပြင်ထက်မှ အက်ရာများ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်သလို ထောင့်စွန်းရှိ စူးချွန် များသည်လည်း ယခင်အတိုင်း ပြန်ကောင်းသွားခဲ့လေပြီ။ သို့သော်ငြား ရေခဲမီးတောက်ကြယ်သဲကြောင့် ထိုစူးချွန်များ တစ်ဝိုက် အေးစက်မှုတို့ ရစ်သိုင်းနေခဲ့လေ၏။

အရိုးဒိုင်း၏ အဆင့်သည်လည်း ယခင်ထက် ပို၍ မြင့်လာခဲ့လေပြီ.

“ဆန်းကြယ် အထွတ်အထိပ်အဆင့်။ ကံဆိုးစွာနဲ့ပဲ အရိုးဒိုင်းကို စိတ်ဝိဥာဉ်အဆင့်ထိ မြှင့်လို့မရခဲ့ဘူး။ ဒါပေမယ့် ဒီလောက်က မင်းအတွက် လုံလောက်နေပါပြီ။ မသေမျိုး အဆင့်အောက်က ဘယ်သူမှ မင်းရဲ့ ခံစစစ်ကို ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူး။ မသေမျိုးအဆင့်နဲ့ ရင်ဆိုင်ရရင်တောင်မှ နည်းနည်းပါးပါးတော့ ခုခံနိုင်လိမ့်မယ်” ဂရမ်းမာစတာမာက အသာအယာ ပြောလိုက်လေ၏။

“ဂရမ်းမာစတာမာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“မလိုပါဘူး။ ဒါက စီးပွါးရေးပဲလေ။ ဒီတစ်ကြိမ် ယွန်မိန်းကလေးရဲ့ မျက်နှာကို ထောက်ပြီး မင်းအတွက် အထူး လုပ်ပေးခဲ့တာ။ နောက်တစ်ကြိမ် ဆိုရင်တော့ ဒီလောက် ဈေးသက်သာမှာ မဟုတ်တော့ဘူး”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြ၍ ယွန်ရွှမ်ဘက် လှည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်၏ “အဲ့လိုဆိုရင် ကျုပ်တို့လည်း သွားကြတာပေါ့”

ထိုစကားကို ကြားလိုက်သည်နှင့် ဂရမ်းမာစတာမာက ရုတ်တရက် သက်ပြင်းချလိုက်ပြီး “ယွန်မိန်းကလေး၊ နင့်ကိုယ်နင်လည်း ဂရုစိုက်ဦး။ တစ်ခုခုမလုပ်ကို သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှလုပ်၊ နာလည်လား”

“ဟုတ်၊ နားလည်ပါတယ်။ အခုလို စိုးရိမ်ပေးလို့ ဂရမ်ားမာတာမာကို ကျေးဇူးအများကြီး တင်ပါတယ်”

လက်နက်သန့်စင်ခန်းမဆီမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မုတ်ဆိတ်ကြီးနှင့် ကျန်လူများကို ရန်ကိုင်ဆီ အပြေးသွားလိုက်ပြီး သူ့လက်နက်ကို ကြည့်လိုက်ကြ၏။ ရန်ကိုင်သည်လည်း ငြင်းဆိုခြင်း မပြုခဲ့ချေ။ အရိုးဒိုင်းကို ထုတ်ယူပြီး ထိုလူများကို ပေးကြည့်လိုက်လေ၏။

သူတို့တွင် ဆန်းကြယ်အဆင့်လက်နက်များ ရှိသော်ငြား အများစုသည် ဆန်းကြယ်အဆင့်နိမ့် လက်နက်များ ဖြစ်ကြ၏။ ဆန်းကြယ် အထွတ်အထိပ်အဆင့် လက်နက်နှင့် သူတို့ လက်နက်များကြား ကွာဟချက်ကြီး အကြီးကြီး ရှိနေသေး၏။

ပြီးလျှင် အရိုးဒိုင်းသည် အကာအကွယ် လက်နက်တစ်ခု ဖြစ်ရာ အရိုးဒိုင်းကို ရထားခြင်းသည် အသက်ပိုတစ်ချောင်း ရထားသည်နှင့်ပင် တူ၏။ ထို့ကြောင့် ထိုလူအားလုံးသည် ရန်ကိုင်အား မနာလို အားကျနေခဲ့ကြလေ၏။

“ရန်ကိုင်၊ ရှင့်နောက်ဆက်လိုက်ပေးလို့ မရလောက်တော့ဘူး” ယွန်ရွှမ်က ရန်ကိုင်ကို‌ တောင်းတောင်းပန်ပန် အကြည့်ဖြင့် ကြည့်လိုက်ပြီး “အဖွဲ့အစည်းက ကျွန်မတို့ကို နောက်ထပ် တာဝန်အသစ်တစ်ခု ပေးလာခဲ့ပြီ။ ရှင်နေချင်တယ်ဆိုရင် အခုလောလောဆယ်တော့ ကျွန်မတို့အိမ်မှာပဲ ဆက်နေလေ။ ဒါပေမယ့် ကျွန်မတို့ ဘယ်အချိန် ပြန်ရောက်မယ် ဆိုတာကိုတော့ ကျွန်မအတိအကျ မပြောနိုင်ဘူး”

ရန်ကိုင်အမူအရာ လေးနက်သွားခဲ့ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ခင်ဗျားတို့တို့နောက် လိုက်မယ်လေ”

“ကျွန်မတို့နဲ့အတူ သွားချင်တာလား” ယွန်ရွှမ် စိတ်ရှုပ် သွားခဲ့ပေမယ့် ချက်ချင်းဆိုသလို ပြန်ပြုံးလိုက်ကာ “ကျွန်မတို့ရဲ့ လွတ်လပ်သော အဖွဲ့အစည်းထဲ ဝင်ချင်တာလား”

သို့သော်ငြား ရန်ကိုင်က ခေါင်းခါရမ်း၍ “ကျုပ်ခင်ဗျားကို ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်း အပိုင်းတစ်ခုအတွက် အကြွေးတင်နေသေးတယ်လေ။ ခင်ဗျားနောက်လိုက်ပြီး အခွင့်အရေး တစ်ခုခုရရင် ခင်ဗျားကို အကြွေး ပြန်ပေးနိုင်မှာပေါ့။ စိတ်မပူနဲ့၊ ခင်ဗျားတို့ တာဝန်ကနေ ဘယ်ဆုကိုမှ ကျုပ်ယူမှာ မဟုတ်ဘူး”

ယွန်ရွှမ် ရုတ်တရက် မျက်မှောင်ကြုံ့သွားခဲ့လေ၏။ တကယ်တော့ သူမသည် ရန်ကိုင်နှင့် အရမ်းကြီး မရင်းနှီးချေ။ ရန်ကိုင်ကို ဤမျှ နွေးနွေးထွေးထွေး ဆက်ဆံနေရသည်မှာလည်း ရွှေးလင်ကို ထောက်ထားနေသောကြောင့် ဖြစ်၏။

ယခု ရွှေးလင်ထွက်သွားခဲ့ပြီ ဖြစ်ရာ ရန်ကိုင်ကို ဆက်၍ အရေးစိုက်စရာ မလိုတော့ချေ။

သူ့ကို ကောင်းကင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းအား လက်ဆောင် ပေးရသည့် အကြောင်းအရင်းမှာလည်း ရေဝိဥာဉ် ဘုရားကျောင်းနှင့် ဆက်ဆံရေးတစ်ခု ထူထောင်ချင်သောကြောင့် ဖြစ်၏။

သို့သော်လည်း သူသည် ယခုတစ်ကြိမ် တာဝန်ကို သူမတို့နှင့်အတူ လုပ်ဆောင်ချင်သည်ဟု ပြောလာခဲ့ရာ ယွန်ရွှမ်မှာ ကျဉ်းထဲကြပ်ထဲ ရောက်သွားခဲ့ရလေ၏။

အင်မော်တယ် တက်လှမ်းခြင်း အဆင်(၇) ကျင့်ကြံခြင်းသည် မနိမ့်ကျသော်လည်း ရန်ကိုင်သည် အတော့်ကို ငယ်ရွယ်သေးရာ သူ၏ တိုက်ခိုက်စွမ်းရည်သည် မေးခွန်းထုတ်စရာ ဖြစ်၏။ သူမအဖွဲ့ ရုတ်တရက် အန္တရာယ် ကြုံရသည့်အခါ ရန်ကိုင်သည် တုန်လှုပ်ချောက်ချား သွားမှဖြင့် သူမတို့ အဖွဲ့အား ပို၍ပင် ဒုက္ခရောက်သွားစေနိုင်၏။

အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေဖြင့် ယွန်ရွှမ်သည် ထိုအချက်များကို ထည့်သွင်း စဉ်းစားရပေမည်။

သူမ၏ တုန့်ဆိုင်းနေသော အမူအရာကို မြင်သည်နှင့် ရန်ကိုင်က ပြောလိုက်လေ၏ “ခင်ဗျားတို့နဲ့သာ ကျုပ်ကို လိုက်ခွင့်ပေးရင် အံ့အားသင့်စရာလေးတွေ မြင်တွေ့ရင် မြင်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့နဲ့ အတူရှိနေတဲ့ အခါကျ ခင်ဗျားရဲ့အမိန့်ကို ကျုပ်လိုက်နာမှာပါ”

“အံ့အားသင့်မှာလား” ယွန်ရွှမ်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရုတ်တရက် ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ။ ရှင်က ကျွန်မရဲ့ အကူအညီကို ဒီနည်းနဲ့ ပြန်ပေးချင်တယ် ဆိုမှတော့ ကျွန်မလည်း ရှင့်ကို မငြင်းတော့ပါဘူးလေ။ ဒါပေမယ့် တာဝန်ချိန်အတွင်းမှာ ကျွန်မရဲ့ အမိန့်ကို တသဝေမသိမ်း လိုက်နာရမယ် ဆိုတာကိုတာ့ ရှင်မှတ်ထားဖို့ လိုတယ်နော်။ ရှင့်ကြောင့် ကျွန်မ အဖွဲ့သားတွေ အသက်အန္တရာယ် ရင်ဆိုင်ရရင် ရှင်လည်း တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်”

ရန်ကိုင်က သူမစကားကို ဂရုမထားသည့် ပုံစံဖြင့်သာ ပုခုံးတွန့်ပြလိုက်လေ၏။

သူသည် တစ်ဖက်သားအပေါ် အကြွေးတင်ရသည်ကို မနှစ်ခြိုက်ချေ။ ထို့ကြောင့် ယွန်ရွှမ်အပေါ် တင်ထားသည့် အကြွေးအား ပြန်ဆပ်နိုင်မည့် အခွင့်အရေးကို အစဉ်မပြတ် ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ ထိုအတိုင်းမှသာလျှင် သူလည်း ဤနေရာမှ ထွက်၍ စုယန်ကို သွားရှာနိုင်ပေလိမ့်မည်။

“အဲ့လိုဆိုရင် သွားကြတာပေါ့” ယွန်ရွှမ်က သူမ၏ လက်ကို ဝှေ့ရမ်းလိုက်၏။

ဘာမှထပ်၍ ပြင်ဆင်စရာမ လိုတော့ချေ။ ယွန်ရွှမ်တို့ အဖွဲ့သားများသည် ဤကဲ့သို့သော ကိစ္စမျိုး၌ ဝါရင့်များ ဖြစ်လေရာ သူတို့လိုအပ်သည့် ပစ္စည်း၊ အထောက်အပံ့များကို ကြိုတင်ပြင်ဆင်ပြီးထားကြလေပြီ။

လွတ်လပ်သော အဖွဲ့အစည်းမှ ထွက်လာသည်နှင့် မုတ်ဆိတ်ကြီးသည် ရန်ကိုင်နောက် အလျင်အမြန် ပြေးလိုက်၍ သူ့လက်မောင်းကို ဆွဲကာ သိလိုစိတ်ဖြင့် မေးလိုက်လေ၏ “ညီအစ်ကိုရန်၊ အံ့အားသင့်မယ် ဆိုတာ မင်းဘာကို ပြောချင်တာလဲ။ မင်းသာ ငါတို့နဲ့ လိုက်လာရင် ဘယ်လို အံ့အားသင့်စရာတွေ ငါတို့ ကြုံတွေ့ရမှာလဲ”

ရန်ကိုင်သည် ထိုမုတ်ဆိတ်ကြီး၏ အရှက်မရှိသည့် စရိုက်ကို သိနားလည်ပြီး ဖြစ်ရာ ဆိတ်ဆိတ်နေခြင်း ရွှေလိုအဖိုးတန်၏ ဟူသော အယူအဆကိုသာ လက်တွေ့ကျင့်သုံးလိုက်လေ၏။

ခရီးတစ်လျှောက်၌ ရန်ကိုင်သည် အဖိုးတန်သည့် ရတနာများ တွေ့ရမလား ဟူသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်ကို အစဉ်မပြတ် စစ်ဆေးခဲ့လေ၏။

ကံမကောင်းစွာဖြင့် ဘာဆိုဘာမှ သူမတွေ့ခဲ့ချေ။

သို့သော်လည်း ယွန်ရွှမ်း အဖွဲ့သားများ၏ ပြောစကားကို နားထောင်ရင်း သူတို့၏ ယခုတစ်ကြိမ် တာဝန်သည် မည်သည် ဖြစ်သည် ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့၏။

လွတ်လပ်သော အဖွဲ့အစည်းမှ အကြမ်းဖျင်း (၇)ရက်၊ (၈)ရက်လောက် သွားရသော ရွက်တစ်ထောင် တောအုပ်၌ မွန်းစတားသားရဲများစွာ ထွက်ပေါ်လာခဲ့လေ၏။ ဖြတ်သွား ဖြတ်လာ ကျင့်ကြံသူများနှင့် လွတ်လပ်သော အဖွဲ့အစည်း၏ တပည့်များဖြင့် ထိုသားရဲများအောက်၌ သူတို့၏ အသက်ကို ဆုံးရှုံးခဲ့ရ၏။

ရွက်တစ်ထောင် တောအုပ်သည် လွတ်လပ်သော အဖွဲ့အစည်းအတွက် လွန်စွာကိုမှ အရေးပါလှ၏။ ရွက်တစ်ထောင် တောအုပ်ထဲ ရှားပါးသည့် ဆေးပင်များစွာ ပေါက်ရောက်နေသည့် အတွက်ကြောင့်သာ မဟုတ်၊ တောအုပ် အလွယ်၍ နေမီးတောက်သံ သတ္တုကြောကြီး ရှိနေသည့် အတွက်ကြောင့် ဖြစ်၏။

ထိုနေမီးတောက် သံသတ္တုသည် ထူးထူးခြားခြားကို အဆင့်မြင့်လှသည့် ပစ္စည်းတစ်ခု မဟုတ်သော်လည်း လက်နက် သန့်စင်သူများသည် ထိုသတ္တုကို ကျိုချက်သန့်စင်မည် ဆိုပါက အခြားနေရာများစွာ၌ ပြန်၍ အသုံပြုနိုင်၏။

ထိုအတွက်ကြောင့်ပင် ရွက်တစ်ထောင် တောအုပ်သည် လွတ်လပ်သော အဖွဲ့အစည်းအတွက် အရေးပါနေခြင်း ဖြစ်၏။

ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ထိုမွန်းစတား သားရဲများ၏ ခွန်အားသည် အရမ်းကြီး မမြင့်လှချေ။ အားလုံးသည် အဆင့်(၆) သားရဲများသာ ဖြစ်ကြ၏။ သို့သော်လည်း သားရဲ အရေအတွက်သည် အတော့်ကို များလှ၏။

အခြေအနေကို စူးစမ်းလေ့လာဖို့ရာ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီးသွားခဲ့ပြီ ဖြစ်၏။ ယခု ယွန်ရွှမ်တို့ အဖွဲ့အသည် ထိုမွန်းစတား သားရဲများကို သုတ်သင်ပစ်ဖို့အတွက် တပ်ကူ အနေဖြင့် စေလွှတ်ခံရခြင်း ဖြစ်၏။

မွန်းစတား သားရဲများ၏ သားရဲအမြူတေနှင့် ခန္ဓာကိုယ် အစိတ်ပိုင်းများသည် ဆေးပညာရှင်နှင့် လက်နက်သန့်စင်သူ များအတွက် အဖိုးတန်ကြ၏။ ထိုကဲ့သိုသော အဆီတဝင်းဝင်းနှင့် အသားတုံးကြီးကို သူတို့ရှေ့ လာအရောက်ပို့မှဖြင့် လွတ်လပ်သော အဖွဲ့အစည်းကကော မည်သည့်အတွက်ကြောင့် ထမဝါးပဲ ငြိမ်ထိုင်နေရမည်နည်း။

ခရီးတစ်ခုလုံး မည်သည့် အနှောင့်အယှတ်ကိုမှ သူတို့ မကြုံတွေ့ခဲ့ရ၏။ ရှစ်ရက်ကြာပြီးနောက် အကန့်အသတ်မဲ့ တောအုပ်ကြီးတစ်ခု သူတို့ရှေ့ ထွက်ပေါ်လာခ့လေ၏။

တောအုပ်အပြင်ဘက်၌ လူငယ်လေး တစ်ယောက် ရပ်စောင့်နေခဲ့၏။ ယွန်ရွှမ်တို့ အဖွဲ့ပေါ်လာသောအခါ၊ ဒါမှမဟုတ် ယွန်ရွှမ် ပေါ်လာသည့်အခါ ဟူ၍ပဲ ဆိုရလေမလား၊ လူငယ်လေး၏ မျက်နှာ ချက်ချင်း ဝင်းပသွားခဲ့ပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်လေ၏ “ယွန်ရွှမ်၊ နောက်ဆုံးတော့ နင်တို့ ရောက်လာပြီပဲ”

သူ့အပြုံးထဲ ချစ်ရိပ် အငွေ့အသက်တို့ ရောပါနေခဲ့၏။ သူသည် ယွန်ရွှမ်အား အတော့်ကို နှစ်သက်နေသည့် ပုံပင်။ စကားနေသော်လည်း သူ၏ အကြည့်သည့် ယွန်ရွှမ်ဆီမှ တစ်ခဏပင် ရှောင်ခွါသွားခြင်း မရှိခဲ့ချေ။

ယွန်ရွှမ်က ထိုလူငယ်လေးကို အံ့အားသင့်တကြီး ပြန်ကြ်ည့လိုက်ပြီး “ကျိုးလော့၊ ရှင်ဒီကို ဘာလို့ ရောက်နေတာလဲ။ ရှင်က အခြားတာဝန်တစ်ခု လုပ်နေတာ မဟုတ်ဘူးလား”

ကျိုးလော့ ဆိုသော လူငယ်လေးက ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းသာ ဆိုလိုက်လေ၏ “နင်ဒီကို လာမယ်ကြားလို့ နင့်ကို လာကူဖို့ ဆုံးဖြတ်လိုက်တာလေ”

ထိုစကားကို ကြားသည်နှင့် ယွန်ရွှမ် မျက်မှောင် ကြုံ့သွားခဲ့ပြီး သူမ၏ အမူအရာသည် ချက်ချင်းဆိုသလို အေးစက်သွားခဲ့ကာ “အခု အခြေအနေ ဘယ်လိုလဲ”

“ရှင်ယုတို့ အဖွဲ့က လွန်ခဲ့တဲ့ (၁၀)ရက်ကျော်လောက် ကတည်းက ဒီနေရာကို ကြိုရောက်နေခဲ့တာ။ မွန်းစတား သားရဲအုပ်နဲ့ ပက်သက်တဲ့ အားလုံးကိုလည်း စစ်ဆေးပြီးသွားပြီ။ သူတို့ လေ့လာရသလောက်တော့ မွန်းစားသားရဲတွေက အရမ်းကြီး မသန်မာဘူး။ ဒီသုတ်သင်‌ရေးကို စတင်ဖို့ နင်တို့ အဖွဲ့ကို စောင်နေရုံသက်သက်ပဲ”ကျိုးလော့က ယဉ်ယဉ်ကျေးကျေးဖြင့် ရှင်းပြလိုက်လေ၏။

“ကောင်းပြီလေ။ ရှေ့ကနေ ဦးဆောင်သွားလိုက်” ယွန်ရွှမ်က အသာအယာ ခေါင်းညိတ်လိုက်လေ၏။

ကျိုးလော့သည် ပျော်ရွှင်စွာ ပြုံး၍ ယွန်ရွှမ်တို့ အဖွဲ့ကို အနီးအနား နေရာတစ်ခုဆီ ခေါ်သွားလိုက်လေ၏။

“လခွမ်း၊ အဲ့ခွေးသူတောင်းစားကောင်းပဲ” မုတ်ဆိတ်ကြီးနှင့် ကျန်လူအားလုံးသည် ကျိုးလော့ အမည်ရသော လူငယ်လေးကို စူးစူးရဲရဲ စိုက်ကြည့်လျက် ကြိတ်၍ ကျိန်ဆဲလိုက်ကြလေ၏။ အချို့ဆိုလျှင် အံတကြိတ်ကြိတ် လုပ်နေခဲ့ရာ အနီး၌ ရှိနေသော ရန်ကိုင်ပင် သူတို့၏ အံကြိတ်သံကို ကြားရလေ၏။

“အဲ့ကောင်နဲ့ ခင်ဗျားတို့ကြား မကျေနပ်ချက်တွေ ရှိနေတာလား” ရန်ကိုင်က မေးလိုက်ရာ ကျိဟုန်က “ငါတို့ကြားမှ မကျေနပ်ချက် ရှိတာတော့ မဟုတ်ဘူး။ ဒီကောင့်ကို ကြည့်မရတာပဲ။ အဲ့သူတောင်းစားကောင်းရဲ့ ပါးစပ်က အရေမရ၊ အဖတ်မရတွေနဲ့ပဲ ပြည့်နေတာ။ သူ့အရည်အချင်းကလည်း ကောင်းလှတာ မဟုတ်ဘူး။ ပြီးတော့ အဲ့ကောင်က နေ့စဉ်နဲ့အမျှ မိန်းမအကြောင်းပဲ တွေးနေတဲ့ကောင်။ လွတ်လပ်သော အဖွဲ့အစည်းထဲက မိန်းကလေး တပည့်တော်တော်များများ သူ့ကြောင့် ဒုက္ခရောက်ခဲ့ကြရတာ။ လွန်ခဲ့တဲ့ (၆)လက စပြီး အဲ့သူတောင်းစားက ငါတို့ အဖွဲ့ခေါင်းဆောင်ဆီ စပြီး ခြေဦးလှည့်လာတယ်လေ။ ခေါင်းဆောင်ကတော့ သူ့ကို ဘယ်အရေးစိုက်မလဲ။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်… သူ့ရဲ့ အပေါ်ယံဆီလူထားတဲ့ အပြုအမူကို ကြည့်ပြီး ဒီကောင်က လူကောင်းပါလား ဆိုပြီး သွားမတွေးလိုက်နဲ့။ အဲ့ကောင်က တာဝန်ရှိလို့ပါဆိုပြီး ခေါင်းဆောင်နား လိုက်ကပ်ဖို့ ကြိုးစားနေတဲ့ သောက်ကျင့်မကောင်းတဲ့ ကောင်ပဲ”

“အို…” ဆက်ပြီး မမေးသင့်တော့ဘူးဟု ရန်ကိုင် ခံစားမိလိုက်၏။

လွတ်လပ်သော အဖွဲ့အစည်း၏ အတွင်းရေး ပြဿနာများသည် သူနှင့် ဘာမှ မသက်ဆိုင်ချေ။ ထို့ကြောင့် သူလည်း အခြားသူများ၏ အရေးကိစ္စကို ဝင်ရောက် စွက်ဖက်နေလိမ့်မည် မဟုတ်ချေ။

ကျိဟုန် အသံနှိမ့်ပြီး မပြောလေရာ သူပြောသည်ကို ကျိုးလော့လည်း ကြားပေ၏။ ကျိုးလော့သည် ကျိဟုန်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး အထင်အမြင် သေးသေးဖြင့် ပြုံးလိုက်လေ၏။

ကျိုးလော့နောက် နေ့တစ်ဝက်ကြာအောင် လိုက်လာပြီးနောက် သူတို့ရှေ့၌ ရပ်စောင့်နေသော လူများစွာ၏ အရှိန်အဝါကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်လေ၏။

အနည်းဆုံး လူဒါဇင်ကျော်လောက် ရှိပေ၏။

လွတ်လပ်သော အဖွဲ့အစည်း၌ အဖွဲ့သေးပေါင်း များစွာခွဲ၍ တာဝန်အသီးသီးကို လုပ်ဆောင်လေ့ရှိ၏။ အဖွဲ့တစ်ခုစီတိုင်း၌ လူ(၅)ယောက်မှ (၈)ယောက်အထိ ရှိကြ၏။ ဥပမာ၊ ယွန်ရွှမ်၏ အဖွဲ့၌ စုစုပေါင်း လူ(၈)ယောက် ရှိပေ၏။

ကျိုးလော့သည် ကူညီဖို့သူ့ အဖွဲ့ကို ခေါ်လာခဲ့သလို့ ထိုရှင်းယု ဆိုသောသူသည်လည်း သူမအဖွဲ့၏ ခေါင်းဆောင် ဖြစ်ပေ၏။

သို့သော်ငြား သူတို့ကို စောင့်ကြိုနေသော ကျင့်ကြံသူများ ထဲ၌ မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ရှိနေသည်ကို ရန်ကိုင် အသေအချာ သတိပြုမိ၏။

လွတ်လပ်သော အဖွဲ့အစည်းသည် မထင်မှတ်ထားသည့် မတော်တဆ အဖြစ်အပျက် တစ်ခုခု ဖြစ်ပျက်လာမှာ စိုးသည့်အတွက်ကြောင့် မသေမျိုးအဆင့် တစ်ယောက်ကို စေလွှတ်ထားသည့် ပုံပင်။ ထိုကဲ့သို့သော ပညာရှင် တစ်ယောက် ရှိနေရာ အားလုံးသည်လည်း ပို၍ လုံခြုံစိတ်ချရသလို ခံစားရမည်မှာ အသေအချာပင်။

အကုန်လုံး တောအုပ်ထဲမှ ထွက်လာပြီးနောက် ကျိုးလော့က သူ၏ လက်ကို ဝှေ့ရမ်း၍ အော်ပြောလိုက်လေ၏ “ယွန်ရွှမ်တို့အဖွဲ့ ရောက်ပြီ”

မသေမျိုးအဆင့် သက်လတ်ပိုင်းလူကြီးက အသာအယာသာ ခေါင်းညိတ်ပြလိုက်၏။

ထိုပညာရှင်၏ ဘေး၌ မောက်မာသော မျက်နှာထားနှင့် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လစ် လှပသော မိန်းကလေး တစ်ယောက် ရပ်နေခဲ့၏။ ထိုမိန်းကလေးသည် ရင်သားကြီးပြီး တင်ပါးများသည်လည်း အချိုးကျ စွံကားနေရာ ကျိုဟုန်နှင့် ကျန်လူများ၏ မျက်ဝန်းအစုံသည် အနည်းငယ် နီရဲသွားခဲ့ပြီး သူတို့၏ ကိုယ်အပူချိန်သည်ပင် မြင့်တက် လာခဲ့ရလေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၂၄) ဘယ်အပေါက်ကနေ မင်းကုန်းထွက်လာတာလဲ

——————————————————————

ယွန်ရွှမ်က ရှေ့တက်၍ ထိုမသေမျိုးအဆင့် ကျွမ်းကျင်သူကို အလျင်အမြန် နှုတ်ဆက်လိုက်လေ၏ “ဦးလေးစွန်း၊ ရှင့်ကို စောင့်နေစေမိပြီ”

စွန်းယင်က ပြုံး၍ ခေါင်းခါရမ်းလိုက်ပြီး “ငါအခုလေးတင် ရောက်လာခဲ့တာ။ ယွန်လေး၊ နင်ကော အခြေအနေ ဘယ်လိုလဲ”

“အားလုံး အဆင်ပြေပါတယ်။ အခုလို လာကူညီပေးတဲ့ ဦးလေးစွန်းကို ကြိုပြီး ကျေးဇူးတင်ထားပါရစေ”

“အင်း” စွန်းယင်က အသာအယာ ခေါင်းညိတ်လိုက်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ဆက်ပြောလိုက်လေ၏ “နင့်မှာ အချိန်ရှိရင် နင့်အဖေဆီ သွားတွေ့လိုက်ဦး။ သူ…”

“ဦးလေးစွန်း” ယွန်ရွှမ် မျက်မှောင်ကြုံက ချက်ချင်းပင် စကားကို ဖြတ်ပြောလိုက်လေ၏။

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ငါဆက်မပြောတော့ဘူး” စွန်းယင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ထိုအဖွဲ့၌ အမျိုးမျိုးသော အကြောင်းကိစ္စများ ရှိနေသည်ကို ရန်ကိုင် နားလည်လိုက်၏။ သို့သော်လည်း လူတော်တစ်ယောက်ပမာ ဆိတ်ဆိတ်သာ နေလိုက်လေ၏။

ယွန်ရွှမ်က စွန်းယင်ဘေးနား ရပ်နေသည့် မိန်းမငယ်လေးဆီ လှည့်၍ ခေါင်းညိတ်ကာ “ဂျူနီယာညီမရွမ်၊ နင်လည်း အဆင်ပြေတယ်မလား”

ရွမ်ရှင်းယုက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏ “နင်သာ စောစောရောက်လာခဲ့ရင် ပိုကောင်းမှာ။ အခုတော့ နင့်အတွက်နဲ့ ရက်တော်တော်ကြာအောင် ငါတို့ အလကား အချိန်ဖြုန်းလိုက်ရတယ်။ အဖွဲ့အစည်းရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် ငါ့အဖွဲ့ကိုဦးဆောင်ပြီး ဒီတာဝန်ကို ငါတို့ဘာသာ ပြီးအောင် လုပ်ပစ်လိုက်ပါတယ်”

ယွန်ရွှမ်က ယဲ့ယဲ့လေး ပြန်ပြုံးလျက် “ဂျူနီယာညီမလေးက နောက်နေတာပဲ။ အဖွဲ့အစည်းက အခုလို အမိန့်ထုတ်ထားမှတော့ သူတို့မှာလည်း အကြောင်းအရင်း ရှိလို့နေမှာပေါ့”

ရွမ်ရှင်းယု၏ မျက်နှာလှလှလေးသည် သုန်မှုန်သထက် သုန်မှုန်လာခဲ့လေ၏။ ပြန်ပြောဖို့ လုပ်မည်အပြု၊ စွန်းယင်က လက်ခုပ်တီး၍ ကြားဖြတ်ပြောလိုက်လေ၏ “တော်လောက်ပြီ။ နင်တို့ မိန်းကလေး နှစ်ယောက်စလုံးက လွတ်လပ်သော အဖွဲ့အစည်းရဲ့ တပည့်တွေပဲလေ။ ဘာလို့ တွေ့တဲ့အကြိမ်တိုင်း ရန်ဖြစ်နေရတာလဲ။ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမရနိုင်တဲ့ ရန်ငြိုးတွေများ နင်တို့ကြား ရှိနေလို့လား”

စွန်းယင် ဝင်ရောက်ဖြန်ဖြေခဲ့သော်လည်း ရွမ်ရှင်းယုက အေးစက်စက် အမူအရာဖြင့်သာ ရှိနေဆဲဖြစ်ပြီး ယွန်ရွှမ်ကမူ ဖျော့ဖျော့လေး ပြုံးလိုက်ရာ ထိုမသေမျိုးအဆင့် ပညာရှင်သည် ခေါင်းအကြီးကြီး ကိုက်သွားရလေ၏။

“အို…” ရုတ်တရက်၊ စွန်းယင်သည် ရန်ကိုင်ကို သတိပြုမိသွားပြီး သူ့မျက်နှာထက် သံသယ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ကာ “ယွန်မိန်းကလေး၊ ဒီနေ့ နင့်အဖွဲ့မှာ ဘယ်လိုလုပ်ပြီး လူသစ်တစ်ယောက် ရှိနေတာလဲ။ သူက အဖွဲ့အစည်းရဲ့ တပည့်အသစ်လား”

ပြောပြီးသည်နှင့် စွန်းယင်သည် ရန်ကိုင်ကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေ၏။ ရန်ကိုင်၏ ကျင့်ကြံခြင်း အဆင့်ကို မြင်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်လေ၏။ သူ့အသက်အရွယ်ဖြင့် ဤကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်မှာ မဆိုးလှဟု ဆိုနိုင်၏။ သူ့အား နားမလည်စေနိုင်သည့် တစ်ခုတည်းသော အရာမှာ ရန်ကိုင်သည် လွတ်လပ်သော အဖွဲ့အစည်း၏ ဝတ်ရုံကို ဝတ်ဆင်မထားခြင်းပင် ဖြစ်၏။

“သူက အဖွဲ့အစည်းရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး” ယွန်ရွှမ်က ပြောလိုက်လေ၏။

ယခုတစ်ကြိမ်၌ ရွမ်ရှင်းယုနှင့် ကျိုးလော့တို့ပင် သိလိုစိတ် ပြင်းပြသွားခဲ့ရလေ၏။

လွတ်လပ်သော အဖွဲ့အစည်းမှ တပည့်များ တာဝန် ထမ်းဆောင်သည့်အခါ အပြင်လူများကို ခေါ်လာလေ့ မရှိသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ကြောင့် ယွန်ရွှမ်၏ အပြုအူသည် သူတို့အား အတော့်ကို ဇဝေဇဝါ ဖြစ်သွားစေ၏။

“သူက လွတ်လပ်သော အဖွဲ့အစည်းထဲ ဝင်ချင်နေတာ။ ဒါကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး အဖွဲ့အစည်းထဲ ဝင်ဖို့ အရည်အချင်း ရှိမရှိ သိရအောင် ခေါ်လာခဲ့တာ” ယွန်ရွှမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်ပြီး ရန်ကိုင်ကို မျက်လုံး မှိတ်ပြလိုက်လေ၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်လည်း ဆိတ်ဆိတ်သာနေ၍ ယွန်ရွှမ်၏ ဇာတ်အတိုင်း လိုက်ကပေးဖို့ ဆုံးဖြတ်လိုက်လေ၏။

“လတ်စသတ်တော့ အဲ့လိုကိုး” စွန်းယင်က ခေါင်းညိတ်၍ “ကောင်းတယ်။ အဲ့လိုဆိုမှတော့ ဒီလူအိုကြီးကလည်း သူ့ရဲ့ အလားအလာကို စောင့်ကြည့်ရတာပေါ့။ ဒါပေမယ့် သူ့မှာ လုံလောက်တဲ့ အရည်အချင်း ရှိတယ်ဆိုရင်တော့ သူ့ကို ဘယ်အဖွဲ့ဆီ ပို့မှာလဲ။ နင့်အသင်းက လူပြည့်နေပြီနော် ယွန်ရွှမ်”

“မင်းစိတ်မရှိရင် ငါ့အသင်းထဲ ဝင်လိုက်လေ” ကျိုးလော့ ဖိတ်ခေါ်လိုက်လေ၏။

ရန်ကိုင် မည်ကဲ့သို့ ပြန်ဖြေရမှန်း မသိသည်နှင့် မဆိုသလောက်ကလေး မျက်မှောင် ကြုံ့သွားခဲ့လေ၏။ သို့သော်လည်း ယွန်ရွှမ်က ရှေ့တက်၍ “အဲ့အကြောင်း အရင်မပြောပါနဲ့ဦး။ သူ့က အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို မပြည့်မှီတာလည်း ဖြစ်နိုင်တာပဲလေ။ တာဝန်ကို အရင် ပြီးဆုံးအောင် လုပ်ဖို့ကိုပဲ အာရုံစိုက်ကြတာပေါ့”

“ကောင်းတယ်” ကျိုးလော့က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ညီလေး၊ အလုပ်ကြိုးစားနော်။ ယွန်ရွှမ်ရဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းက မဆိုးဘူးလို့ ငါထင်တယ်။ သူ့ကို အရှက်ရအောင် မလုပ်မိစေနဲ့”

ရွမ်ရှင်းယုကမူ ရန်ကိုင်ကို ကြည့်သာ ကြည့်လိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်လေ၏ “ဒုံးဝေးလိုက်တဲ့ကောင်ပဲ”

ရန်ကိုင်သည် တစ်ချိန်လုံး စကားတစ်ခွန်းမှပင် မပြောခဲ့ရာ ရန်ကိုင်သည် ဥာဏ်ထိုင်းသောသူဟု သူမ အထင်မှားသွားခဲ့ခြင်း ဖြစ်လေ၏။ ယွန်ရွှမ်အပေါ် သူမ၏ မကျေနပ်ချက်များနှင့်ပါ ဆိုတော့ကာ၊ သူမ ရန်ကိုင်ကို ကြည့်မရသည်မှာ သဘာဝပင် ဖြစ်လေ၏။

“ရှင်းယု၊ နင့်အဖွဲ့က ဒီနေရာကို စောရောက်ပြီး အခြေအနေတွေကို ကြိုတင် လေ့လာရမယ့် အပိုင်းကို တာဝန် ယူထားရတာဆိုတော့ အခြေအနေကို အကျဉ်းချုံးလေး ရှင်းပြပါဦး” စွန်းရင်သည် ကောင်းကင်စိတ်အာရုံကို သုံး၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးပြီးသွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း သူကိုယ်တိုင် များများစားစား ဝင်ပါချင်သည့် အတွက် ရွမ်ရှင်းယုကိုသာ တာဝန်လွှဲပြောင်း ယူခိုင်းလိုက်လေ၏။

အလုပ်ကိစ္စပိုင်းသို့ ရောက်လာသည်နှင့် ရွမ်ရှင်းယု၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြီး အခြေအနေကို စတင် ရှင်းပြတော့လေ၏ “ဒီနေရာက အခြေအနေက အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာတဲ့ လူတွေ ပြောတာနဲ့ အတူတူပဲ။ ဒီနေရာမှာ ရုတ်တရက် ပေါ်လာတဲ့ မွန်းစတားသားရဲတွေက သတ္တုတွေကို အဓိကဝါးမြိုတဲ့ သတ္တုဝါးမြိုသားရဲတွေပဲ။ ငါတို့ နေမီးတောက် သံဖြူသတ္တုတွင်းဆိုရင်လည်း သူတို့တွေ အပိုင်သိမ်းတာ ခံလိုက်ရပြီးပြီ။ မွန်းစတားသားရဲ စုစုပေါင်း အကောင်(၅၀)၊ (၆၀)လောက် ရှိမယ်။ အများစုကတော့ အဆင့်(၆)သားရဲတွေ၊ နည်းနည်းလောက်ပဲ အဆင့်(၅)သားရဲ။ အဆင့်(၇)သားရဲရဲ့ အရိပ်အယောင်ကိုတော့ အခုထိ မတွေ့ရသေးဘူး”

“သတ္တုဝါးမြိုသားရဲတွေလား” ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ရွှမ်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့လေ၏။

“ဟုတ်တယ်၊ သတ္တုဝါးမြို သွားရဲတွေပဲ။ ဒီမှာရှိနေတဲ့ လူအားလုံး စိတ်ဝါးမြိုသားရဲအကြောင်း ကြားဖူးမှာပေါ့၊ ပြီးတော့ အဲ့ကောင်တွေ ဘယ်လောက် အဖိုးတန်တယ် ဆိုတာကိုလည်း သိလောက်မှာပေါ့၊ ဟုတ်တယ်မလား”

ရုတ်တရက်ဆိုသလို ကျိုးလော့ စိတ်လှုပ်ရှားသွားခဲ့ပြီး “သိတာပေါ့။ ဒါက တကယ့်ကို ကံကောင်မှုကြီးပဲ။ အဲ့သတ္တုဝါးမြိုသားရဲတွေ အကုန်လုံးကိုသာ ဖမ်းလိုက်နိုင်မယ် ဆိုရင် ငါတို့ လွတ်လပ်သော အဖွဲ့အစည်းရဲ့ လက်နက် သန့်စင်သူတွေကို အရမ်း အကူအညီပေးနိုင်လိမ့််မယ်။ အဲ့မွန်းစတား သားရဲတွေကိုသာ ကောင်းကောင်း မွေးမြူထားနိုင်ရင် နေမီးတောက် သံဖြူတွေကို အရည်ကျိုချက်တဲ့ ကိစ္စနဲ့ပက်သက်ပြီး စိတ်ပူစရာ မလိုတော့ဘူး။ ဒါက ငါတို့အတွက် ဂွင်အကြီးစားကြီးပဲ”

စွန်းယင်တောင် ယဲ့ယဲ့လေး ပြုံးလျက် “မင်းတို့ အဖွဲ့သုံးဖွဲ့ အသီးသီးရဲ့ ခွန်အားက အားမနည်းတော့ အဝိုင်းသာ မခံရသရွေ့ အဆင့်(၆)သားရဲ အချို့ကို ကိုင်တွယ်ဖို့က မင်းတို့အတွက် ပြဿနာ မရှိလောက်ဘူးမလား။ ကောင်းပြီ။ ငါတို့ရဲ့ ရည်ရွယ်ချက်က အဲ့မွန်းစတားသားရဲတွေကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ဖို့ပဲ။ အဲ့ကောင်တွေကို မသတ်မိစေဖို့ သေချာ သတိထားကြနော်။ အဲ့ထဲက တစ်ကောင်သာ သေသွားခဲ့ရင် ငါတို့ အဖွဲ့အစည်းအတွက် ကြီးကြီးမားမား ဆုံရှုံးသွားတာနဲ့ အတူတူပဲ။ နားလည်လား”

အားလုံး ခေါင်းညိတ်လိုက်ကြပြီး စိတ်အားတက်ကြွ သွားခဲ့ကြလေ၏။ ထိုသတ္တုဝါးမြိုသားရဲများသည် သူတို့အတွက် အလွန်ကို အရေးပါလှပေ၏။

ရန်ကိုင် တစ်ယောက်သည်သာ စိတ်ရှုပ်နေခဲ့လေ၏။

“ယွန်ရွှမ်၊ ကျိုးလော့၊ ရှင်းယု၊ မင်းတို့သုံးယောက်စလုံး အဖွဲ့သားတစ်ဝက်ဆီ ငါ့ဆီပို့ပေး။ အဲ့မွန်းစတားသားရဲတွေ ထွက်မပြေးနိုင်အောင် အရံအတား တစ်ခုဖန်တီးရမယ်။ မှောင်နေပြီဆိုတော့ အရံအတား လုပ်ပြီးတာနဲ့ ဒီညနားပြီး မနက်ဖြန်မှ လှုပ်ရှားကြတာပေါ့” စွန်းယင်က ပြောလိုက်လေ၏။

တစ်ခဏကြာပြီးနောက် လွတ်လပ်သော အဖွဲ့အစည်း၏ တပည့်တစ်ဝက်သည် စွန်းယင်နှင့်အတူ သတ္တုတွင်းအနား အရံအတား တည်ဆောက်ရန် ထွက်သွားကြလေ၏။

ရန်ကိုင်ကမူ တင်ပလင်ခွေထိုင်၍ သူ့ကိုယ်သူ အားပြန်ဖြည့်နေခဲ့လေ၏။

ခဏအကြာ၌ မုတ်ဆိတ်ကြီးသည် သုန်မှုန်သော အမူအရာဖြင့် လမ်းလျှောက်လာခဲ့ပြီး ရန်ကိုင်နှင့် ဆန့်ကျင်ဘက် အရပ်၍ ထိုင်ချလိုက်လေ၏။

ယွန်ရွှမ်သည် သူ့ကို ခေါ်မသွားခဲ့လေရာ မုတ်ဆိတ်ကြီးမှာ အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေခဲ့လေ၏။

“ညီအစ်ကိုကျိ၊ သတ္တုဝါးမြိုသားရဲဆိုတာ ဘယ်လိုသားရဲမျိုးလဲ။ အဲ့နာမည်ကို ကြားလိုက်တာနဲ့ ဘာလို့ အကုန်လုံး စိတ်လှုပ်ရှားသွားကြတာလဲ” တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က မေးလိုက်၏။

ဤနေရာသို့ လာနေစဉ်အတွင်း သူတို့၏ တာဝန်သည် မွန်းစတားသားရဲများကို သုတ်သင်၍ ထိုကောင်များ၏ အမြူတွေကို ထုတ်ယူဖို့မှန်း သိထားပြီး ဖြစ်၏။ သို့သော်လည်း ရောက်သည့်အခါ၌ သူတို့၏ တာဝန်သည် မွန်းစတားသားရဲ များကို သတ်ဖို့မဟုတ်တော့ဘဲ ဖမ်းဖို့ ဖြစ်သွားခဲ့လေ၏။ ထို့ကြောင့် ရန်ကိုင်လည်း ထိုသတ္တုဝါးမြိုးသားရဲများသည် မည်ကဲ့သို့သော သားရဲများ ဖြစ်သည်ကို အတွေးများသွားခဲ့ရ၏။

ရန်ကိုင်၏ မေးခွန်းကို ကြားလိုက်သည်နှင့် ကျိဟုန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး ရန်ကိုင်ကို ကြောင်အမ်းအမ်း အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်ကာ “သတ္တုဝါးမြိုသားရဲအကြောင်း တစ်ခါမှ မကြားဖူးဘူးလား”

ရန်ကိုင် ခေါင်းခါပြလိုက်လေ၏။

“ဘယ်လိုတွင်းပေါက်ထဲများ မင်းကုန်းထွက်လာခဲ့တာလဲ” ကျိဟုန် လုံးဝကို ဆွံ့အနေခဲ့ရလေ၏။ ရန်ကိုင်အား ဘာဆိဘာမှကို မသိသည့် တောသားတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့်သာ ငေးကြည့်နေတော့လေ၏။

“ဟားဟား…” ရန်ကိုင်က အရှက်ပြေ ရယ်မောလိုက်လေ၏။

“ငါမင်းကို တကယ် နားမလည်နိုင်တော့ဘူး” ကျိဟုန်က ခေါင်းခါရမ်း၍ စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်လေ၏ “သတ္တုဝါးမြိုသားရဲ နာမည်နဲ့တင် အဲ့မွန်းစတားသားရဲရဲ့ ထူးခြားတဲ့အချက်ကို မင်းလည်း အဖြေထုတ်မိလောက်မှာပေါ့။ အဲ့မွန်းစတားသားရဲတွေက အပင်တွေ၊အသားတွေကို မစားဘူး။ တွင်းထွက်သတ္တုတွေကိုပဲ စားတယ်။ ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေက တော်တော်လေးကို ထူးခြားတယ်။ လုံလောက်တဲ့ သတ္တုပမာဏကို စားပြီးတဲ့အခါကျ အဲ့ကောင်တွေက ပစ္စည်းတစ်ခုအဖြစ် ပြန်ထုတ်ပေးတယ်”

“သတ္တုချီးကို ပြောတာလား” ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့လေ၏။

“ရှင်းရှင်းပြောရရင်တော့ ဟုတ်တယ်။ ဒါပေမယ့် အဲ့ချီးကပဲ ငါတို့အတွက် အများကြီး အသုံးဝင်တယ်လေ။ သာမန်လက်နက် သန့်စင်သူတွေ သန့်စင်တဲ့ သတ္တုတွေနဲ့ ယှဉ်လိုက်ရင် အဲ့သတ္တုဝါးမြိုသားရဲတွေ သန့်စင်ပေးတဲ့ သတ္တုတွေက ပိုပြီး အညစ်အကြေး ကင်းစင်တယ်။ အညစ်အကြေး ပိုကင်းစင်တော့ ပိုပြီး အဆင့်မြင့်တဲ့ လက်နက်တွေကို သွန်းလုပ်လို့ ရတာပေါ့။ ငါတို့ အဲ့မွန်းစားသားရဲတွေကို ဘာလို့ အရှင်ဖမ်းချင်လဲ ဆိုတာကို အခု မင်းနားလည်သွားလောက်ပြီပေါ့”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “မင်းတို့တွေက အဲ့မွန်းစတားသားရဲတွေကို အဖွဲ့အစည်းဆီ ပြန်ခေါ်သွားပြီး သတ္တုရိုင်းတွေကို သန့်စင်ခိုင်းဖို့အတွက် အသုံးပြုချင်တာပေါ့”

“အမှန်ပဲ။ အဲ့သတ္တုဝါးမြိုသားရဲတွေသာ ရှိနေရင် ငါတို့ အဖွဲ့အစည်း လူအင်အား တော်တော်သက်သာသွားမှာ။ လက်နက် သန့်စင်တဲ့ သူတွေကိုလည်း ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေမှာ အာရုံစိုက်လို့ရပြီလေ” ကျိဟုန် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် “သတ္တုဝါးမြိုသားရဲ အကောင်း(၄၀)၊ (၅၀)ဆိုတဲ့ ပမာဏက နည်းတာမဟုတ်ဘူး။ ပိုပြီး ဖမ်းမိလေး ငါတို့ရမယ့် ဆုက ပိုများလေပဲ။ ဒီတစ်ကြိမ်ကျ ငါတို့အားလုံး ခေါင်းဆောင် ရာထူး တိုးပေးခံရရင်တောင် တိုးပေးခံရနိုင်တယ်။ အဲ့အခါက ငါတို့အားလုံး ခေါင်းဆောင် ဖြစ်လာပြီး ယွန်ရွှမ်နဲ့ တန်းတူ ယှဉ်စကားပြောနိုင်ပြီပေါ့”

ကျိဟု ထိုသတ္တုဝါးမြိုသားရဲများကို ချက်ချင်း ပြေး၍ပင် ဖမ်းနေချင်နေခဲ့လေ၏။

“ယွန်ရွှမ်ရဲ့က တယ်ဘယ်သူလဲ” ရန်ကိုင်က ရုတ်တရက် မေးလိုက်လေ၏။ ယွန်ရွှမ်၏ အဆင့်အတန်းသည် လွန်လပ်သော အဖွဲ့အစည်း၏ သာမန်တစ်ယောက်နှင့် မတူညီဘူးဟု သူစိတ်ထဲ ခံစားမိနေခဲ့၏။

ကျိဟုန်မျက်နှာထက်မှ စိတ်အားထက်သန်နေသည့် အမူအရာတို့ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ကိုးယိုးကားယား အမူအရာဖြင့် “ခေါင်းဆောင်အကြောင်း ပြောလို့ မကောင်းဘူး။ သိချင်ရင် ကိုယ်တိုင်သွားမေးလိုက်လေ။ သူမင်းကို ပြောမယ်လို့တော့ ငါမထင်ဘူး”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ထိုခေါင်းစဉ်ကို ဘေးဖယ်ထားလိုက်လေ၏။

ညနေပိုင်းကျ စွန်းယင် အခြားသူများ ပြန်လာခဲ့လေ၏။ ယခု အားလုံးသည် နေထွက်မည့်အချိန်ကို စောင့်ဖိုသာ လိုတော့လေ၏။

ထိုည၌ အားလုံးသည် တိတ်တဆိတ် ထိုင်နေလျက် မနက်ဖြန် ရောက်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေ၏။

သင်းပျံ့သည့် မွှေးရနံ့ သူ့နှာခေါင်းဖျားကို ပွတ်သပ် သွားသဖြင့် ရန်ကိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တွင် ရပ်နေသော ယွန်ရွှမ်ကို တွေ့လိုက်ရလေ၏။ ဘေးပတ်ဝန်းကျင် တစ်ခွင်သည် မည်းမှောင်နေဆဲ။ နေမထွက်ခင် အမှောင်ဆုံး အချိန်ပင် ဖြစ်လောက်၏။

“ဘာကိစ္စလဲ” ရန်ကိုင်က မေးလိုက်လေ၏။

“ကျွန်မတို့ စတော့မယ်။ စတဲ့အခါကျ ရှင့်အနေနဲ့ သေချာ ဂရုစိုက်လှုပ်ရှားပြီး ကျွန်မရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုတယ်။ ဘာအမှားမှ မလုပ်မိစေနဲ့။ ရှင်သာ သေသွားခဲ့ရင် မိန်းကလေး ရွှေကို ဘယ်လိုရှင်းပြရမလဲ ကျွန်မမသိဘူး”

“နားလည်ပြီ”

“ကောင်းတယ်။ မနေ့တုန်းက လွတ်လပ်သော အဖွဲ့အစည်းထဲ ရှင်ဝင်ချင်တယ်လို့ ပြောလိုက်တာက အခြေအနေ အရပ်အရပ်ကြောင့်ပဲ။ ရှင်ဝင်မယ်၊ မဝင်ဘူး ဆိုတာက ရှင့်အပေါ်ပဲ မူတည်တယ်” ယွန်ရွှမ်က သူမ၏ ဆံပင်ကို နားသယ်နောက် အသာအယာ သပ်တင်လိုက်၏။

ရောင်နီထွက်ပေါ်လာရာ မိုးကုတ်စက်ဝိုင်းဆီ လှမ်း၍ ငေးကြည့်ရင်း ယွန်ရွှမ်က ရုတ်တရက် မေးလိုက်လေ၏ “ဒီနှစ် ရှင့်အသက် ဘယ်လောက်လဲ”

“နှစ်ဆယ်” ရန်ကိုင်က ဖြစ်သလို ပြန်ပြောလိုက်၏။

“အသက်နှစ်ဆယ်နဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ၊ ဟတ်၊ အချိန်က တကယ်ကို အကုန်မြန်တာပဲ” ရန်ကိုင်ကို ငေးစိုက်ကြည်နေသည့် ယွန်ရွှမ်၏ မျက်ဝန်းလှလှလေးများ ရုတ်တရက် ရီဝေသွားခဲ့လေ၏။ အချိန်အကြောင်းအရာ အချို့ကို ပြန်တွေးမိသည့်ပုံပင်။ ခဏအကြာမှပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး “ရှင်က ငယ်သေးတယ်။ ဒါကြောင့် သေလို့မဖြစ်ဘူး။ သေရင် အားလုံး အဆုံးသတ်သွားလိမ့်မယ်”

ယွန်ရွှမ်၏ စကားကို ကြားသည်နှင့် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။ သူမ၏ စကားထဲ လေနက်သည့် အဓိပ္ပါယ်တို့ ပါဝင်နေသလိုပင်။ မေးဖို့ လုပ်မည်အပြုမှာပဲ စွန်းယင်၏ အသံထွက်ပေါ်လာခဲ့၏ “အားလုံး ထွက်ဖို့ အသင့်ပြင်ကြတော့”

မနိုးသေးသော လူအားလုံး စိတ်အားတက်ကြွစွာဖြင့် မျက်လုံး ဖွင့်လိုက်ကြလေ၏။

ယွန်ရွှမ်၏ အမူအရာသည်လည်း လေးနက်တည်ကြည် သွားခဲ့ပြီး သူမအဖွဲ့သားများကို အလျင်အမြန် စုဝေးလိုက်၏။

ခဏအကြာ၌ အားလုံး ထွက်ခွါရန် အဆင်သင့် ဖြစ်နေခဲ့လေပြီ။ စွန်းယင်၏ ဦးဆောင်မှုအောက်၌ အားလုံးသည် နေမီးတောက်သံဖြူသတ္တုတွင်း ရှိရာဆီသို့ ဦးတည်လိုက်လေ၏။

တောင်သေးသေးလေး တစ်လုံး၏ လမ်းတစ်ဝက်၌ အနက်ရောင် လိုဏ်ဂူတစ်လုံး ရှိနေခဲ့လေ၏။ ထိုနေရာသည် ရွက်တစ်ထောင် တောအုပ်အတွင်း၌ ရှိနေသည့် လွတ်လပ်သော အဖွဲ့အစည်း၏ သတ္တုတွင်း ရှိနေရာဆီသို့ သွားသည့် ဝင်ပေါက် ဖြစ်၏။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တောင်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ မွန်းစတား သားရဲများစွာ၏ အရှိန်အဝါကို အာရုံခံမိလိုက်လေ၏။ သူတို့ ရထားသည့် သတင်းသာ မှန်ကန်မည်ဆိုပါက ထိုမွန်းစတား သားရဲများသည် သတ္တုဝါးမြိုသားရဲများ ဖြစ်ရပေမည်။ အများစုသည် တကယ်ပင် အဆင့်(၆) သားရဲများ ဖြစ်ကြ၏။

“ပွင့်စမ်း” စွန်းယင်က အော်ဟစ်လိုက်လေ၏။ သူ့လက်ကို မြှောက်လျက် အရံအတားထဲသို့ အစစ်အမှန်ချီများကို ထည့်သွင်းလိုက်ရာ အရံအတား မျက်နှာပြင်ထက် အပေါက်တစ်ပေါက် ပွင့်လာခဲ့လေ၏။

================================

အပိုင်း(၆၂၅) သတ္တုဝါးမြိုသားရဲ

——————————————————————

တောင်တစ်ဝိုက်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ပြီးနောက် ထိုနေရာ၌ အရံအတား တစ်ခုထက်မက ရှိနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

သားကောင်များ ထွက်ပြေးမည်ကို စိုးရွံ့သဖြင့် စွန်းယင်သည် မနေ့ညက အရံအတား တစ်ခုကိုသာ ဖွင့်လှစ်ခဲ့သည်ကို ရန်ကိုင် သိထား၏။

တစ်ခုခု မူမမှန်သည်ကို ခံစားမိသည်နှင့် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။

“ဝင်တော့” စွန်းယင်က သူ့လက်ကို ဝှေ့ရမ်း၍ လိုဏ်ဂူထဲသို့ လမ်းလျှောက် ဝင်သွားလိုက်ပြီး ကျန်သူများကမူ သူ့နောက်မှ အနီးကပ် လိုက်ပါသွားခဲ့ကြလေ၏။

သတ္တုတွင်းသည် တော်တော့်ကို နက်ရာ လမ်းကြောင်း သည်အလည်း ရှည်လျားသော မြွေလိမ်မြွေကောက် လမ်းတစ်ခု ဖြစ်၏။

လမ်းတစ်လျှောက် နံရံပေါ်၌ ကုန်ခြစ်ရာများကိုသာ တွေ့ခဲ့ရပြီး မည်သည့် နေမီးတောက် သံဖြူသတ္တုများကိုမှ မတွေ့ခဲ့ရချေ။ သတ္တုဝါးမြိုသားရဲများသည် နေမီးတောက် သံဖြူ သတ္တုများကို အကုန်အစင် ဝါးမြိုသွားသည့် ပုံပင်။

ထိုမွန်းစတား သားရဲများသည် အစာအတွက် သတ္တုများကို စား၏။ စားပြီးသည်နောက် ထပ်မံစားသောက်ရန် အတွက် အခြားနေရာသို့ သွား၍ သတ္တုများကို ထပ်မံ ရှာဖွေကြ၏။ ထို့ကြောင့် ယခုအချိန်၌ ထိုမွန်းစတားသားရဲများသည် အစာရှာ ထွက်နေကြရာ နေရာအနှံ့ အကွဲကွဲ အပြားပြား ပျံ့နှံ့နေခဲ့လေ၏။ လက်ရှိ အခြေအနေသည် ထိုမွန်းစတား သားရဲများကို တစ်ကောင်ချင်း ဖမ်းဆီးဖို့ရာ လွတ်လပ်သော အဖွဲ့အစည်း အတွက် အတော့်ကို လွယ်ကူနေခဲ့လေ၏။

တစ်ခဏကြာမျှ လမ်းလျှောက်လာပြီးနောက် သူတို့ရှေ့၌ လမ်းခွဆုံ တစ်ခု ပေါ်လာခဲ့လေ၏။

စွန်းယင်သည် သွားနေခြင်းကို ရပ်တန့်၍ သူ့ရှေ့ရှိ မြေနေရာတစ်ဝိုက်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်၏ “ယွန်မိန်းကလေး၊ နင့်အဖွဲ့က လူအင်အား အများဆုံးဆိုတော့ အခြေအနေတွေကို နင့်ဘာသာနင် ကိုင်တွယ်နိုင်လောက်မှာပါ။ ရှင်းယုအဖွဲ့က လူအနည်းဆုံးဆိုတော့ သူတို့နဲ့အတူ ငါလိုက်သွားလိုက်မယ်။ ကြိုမမျှော်လင့်ထားတဲ့ မတော်တဆ အဖြစ်အပျက် တစ်ခုခု ကြုံတွေ့ပြီ ဆိုတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်။ ငါချက်ချင်း နင်တို့ကို လာကူပေးမယ်”

ယွန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး သူမ အဖွဲ့သားများနှင့် ရန်ကိုင်ကိ ဦးဆောင်ကာ ဘယ်ဘက်ရှိ လိုဏ်ခေါင်းထဲသို့ ဝင်သွားလေ၏။

“ယွန်ရွှမ်။ ဂရုစိုက်နော်” ကျိုးလော့က ရင်တမမ စိုးရိမ်တကြီး ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။

ယွန်ရွှမ်ကတော့ တစ်ခွန်းပင် ပြန်မပြောခဲ့။ မကြားသလိုသာ ပြုမူနေခဲ့၏။ ထိုမြင်ကွင်းကို ကြည့်လျက် ရွမ်ရှင်းယုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အထင်အမြင် သေးသေးဖြင့် “အကျိုးမရှိတဲ့ အလုပ်ကို လုပ်နေတာ ရပ်လိုက်စမ်းပါတော့ဟာ”

“ငါတို့လည်း သွားကြတာပေါ့” ထိုအဖွဲ့တွေကြား အတွင်းရေး ပြဿနာ အရှုပ်များစွာ ရှိနေမှန်း သိနေရာ စွန်းယင်သည် ၎င်းတို့အား စကားများရန်ဖြစ်ရန် အချိန်မပေးခဲ့။ အားလုံးကို ချက်ချင်း အချက်၍ သူတို့၏ တာဝန်ကို ဆက်လက် လုပ်ဆောင်လိုက်လေ၏။

ယွန်ရွှမ်တို့ အဖွဲ့ အကွာအဝေး တစ်ခုအထိ သွားပြီးနောက် ရန်ကိုင်သည် ယွန်ရွှမ်နောက် အလျင်အမြန် အမှီလိုက်လျက် တိုးတိုးလေး ပြောလိုက်လေ၏ “စီနီယာစွန်းရဲ့ အရံအတား ကာတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဘာပြဿနာမှ မရှိလောက် ပါဘူးနော်”

“ဘာပြဿနာ ရှိမှာမို့လို့လဲ” ယွန်ရွှမ်က ရန်ကိုင်ကို ငေးကြောင် စိုက်ကြည့်လိုက်လေ၏။

“ဒီလိုလေ၊ အရံအတားကို ဖွင့်ပေးမယ့်လူ မရှိတော့၊ သတ္တုဝါးမြိုသားရဲတွေလည်း ထွက်လို့မရဘူး ဆိုရင် ငါတို့လည်း မထွက်နိုင်တော့တာဘဲ မဟုတ်ဘူးလား”

“ငါတို့တွေက သတ္တုဝါးမြိုသားရဲတွေကို ဖမ်းဖို့ လာခဲ့တာလေ။ ဘာလို့ ပြန်ထွက်မယ့် ကိစ္စကို စိတ်ပူနေရတာလဲ” ယွန်ရွှမ်က မျက်မှောင်ကြုံ့လိုက် နေစဉ်မှာပဲ ရုတ်တရက် တစ်ခုခုကို နားလည်သွားကာ “မတော်တဆ အန္တရာယ်တွေ့ရမှာကို ရှင်စိုးရိမ်နေတာလား”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်လေ၏။

ယွန်ရွှမ်က ရယ်ချင်စိတ်ကို အောင့်အည်းထားခဲ့သော်ငြား မရယ်ဘဲ မနေနိုင်ခဲ့ကာ “နင်အစိုးရိမ် လွန်နေတာပဲ။ ရွမ်ယုရှင်းတို့ အဖွဲ့က ဒီနေရာကို (၁၀)ရက်ကျော်လောက် ကတည်းက ကြိုစစ်ဆေးထားတာ၊ ဦးလေးစွန်းကလည်း ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပြီးသွားပြီ။ အဲ့လို စစ်ဆေးပြီး ဘာအန္တရာယ်မှ မတွေ့လို့သာ အခုလို အရံအတား ချထားတာပေါ့။ စိတ်မပူမနေစမ်းပါနဲ့၊ အန္တရာယ်တစ်ခုခုနဲ့ တွေ့ရင်တောင် ငါတို့ကို လာကူညီပေးမယ့် ဦးလေးစွန်း ရှိနေပြီးသား”

သူမ ပြောသည်ကို နားထောင်ပြီးနောက် ဤကိစ္စကို ဆက်၍ ပြောဆိုရန်မှာ ကောင်းသည့် အကြံဥာဏ်တစ်ခု မဟုတ်သည့်အတွက် ပါးစပ်ပိတ်၍သာ ခေါင်းညိတ်လိုက်၏။

ယွန်ရွှမ်က ရန်ကိုင်ကို တစ်ခဏတာမျှ စိုက်ကြည့် နေပြီးနောက် တိုးတိုးလေး ပြောလိုက်လေ၏ “သတိရှိတယ် ဆိုတာ ကောင်းတဲ့အရာပဲ။ ဒါပေမယ့် နင်သာ ယောကျာ်းစစ်၊ ယောကျ်ားမှန် တစ်ယောက်ဆိုရင် ပိုပြီး ရဲရင့်ဖို လိုအပ်တယ်။ မဟုတ်ရင် ဘာဆိုဘာမှကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”

အသံကျယ်ကျယ်လောင်လောင်နှင့် ပြောလျှင် အနီးအနားရှိ သတ္တုဝါးမြိုသားရဲများကို အနှောင့်အယှတ် ဖြစ်သွားမည် ဆိုးသည့်အတွက် အသုံးကို နိမ့်ချခြင်း မပြုဘဲ ရန်ကိုင် နားနားသာ ကပ်၍ ပြောလိုက်လေ၏။

သူမ၏ စွဲမက်ရစ်မူးဖွယ် ကိုယ်သင်းရနံ့ ရန်ကိုင် နှာခေါင်းဖျားသို့ ဆွတ်ပျံ့လာသည်နှင့် ရန်ကိုင် မျက်နှာ တစ်ခုလုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေ၏။

သူမ၏ အပြုမအမူကို သတိပြုမိသည်နှင့် ယွန်ရွှမ် မျက်နှာ ပန်းရောင်သန်းသွားခဲ့ပြီး ရန်ကိုင်ဆီမှ အလျင်အမြန် ဖယ်ခွါလိုက်ကာ ချောင်းဟ့န်လိုက်လျက် “ငါ့နောက်လိုက်ခဲ့။ ငါအမိန့်မပေးသရွေ့ တစ်ခုခု လုပ်ဖို့ မကြိုးစားနဲ့”

ရန်ကိုင်က တိတ်တဆိတ် ပြုံးလိုက်၏။ ထိုမိန်းမငယ်လေးသည် သူ့ကို ကလေးတစ်ယောက် တကယ်ကို သဘောထားနေတာပဲ ဟူ၍လည်း တွေးနေလိုက်လေ၏။ သူသည် အသက်မကြီးသေးသော်လည်း သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများသည် နည်းလှသည် မဟုတ်။

“ခေါင်းဆောင်” ထိုအချိန်တွင် မုတ်ဆိတ်ကြီးက ရုတ်တရက် အော်ခေါ်လိုက်လေ၏။ အဖွဲ့တစ်ခုလုံး သွားနေသည်ကို ရပ်တန့်၍ သူတို့ရှေ့နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

ထောင့်တစ်နေရာမှ ကိုက်ဝါးသံတို့ ထွက်ပေါ်နေခဲ့၏။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့၏ ပစ်မှတ်ကို တွေ့လိုက်ရ၏။

“တစ်ကောင်တည်းပဲ” ယွန်ရွှမ်က ပြုံးလိုက်ပြီး “ငါတို့ကံက တော်တော်လေးကို ကောင်းနေတာပါလား”

“ဟဲဟဲ” ကျိဟုန်က ကြိတ်ရယ်လိုက်ပြီး အင်္ကျီလက်ကို လိပ်တင်လိုက်၏။ ကျန်သူများ၏ မျက်နှာများသည်လည်း စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့လေ၏။

ယွန်ရွှမ်က လက်ဟန် အမူအရာအချို့ လုပ်ပြလိုက်ရာ အဖွဲ့သားအားလုံး ခေါင်းညိတ်၍ အလျင်အမြန် လူခွဲလိုက်ကြ၏။

မှိတ်ဖျော့ဖျော့ စွမ်းအင်လှိုင်းအချို့ကို ခံစားမိသည်နှင့် ထိုလူများသည် အနီးအနား၌ တစ်ခုခု စီစဉ်နေမှန်း ရန်ကိုင် နားလည်လိုက်၏။ ထောင်ချောက် တစ်ခုဆင်နေသည်မှာ ဖြစ်နိုင်၏။ အားလုံးသည် သတ္တုဝါးမြိုသားရဲအား အထိတ်တလန့် မဖြစ်သွားရစေအောင် သူတို့၏ လှုပ်ရှားမှုများကို အသေအချာ ဂရုစိုက်နေခဲ့ကြ၏။

ခဏအကြာ၌ အားလုံး ပြင်ဆင်ပြီးသွားခဲ့လေပြီ။

ကျိဟုန်က ယွန်ရွှမ်ဆီ လှမ်း၍ ကြည့်လိုက်ရာ ယွန်ရွှမ်က ခေါင်းပြန်ညိတ်ပြလိုက်လေ၏။

ကျိဟုန်က အားမာန်ပါစွာ လူကြမ်းအပြုံး ပြုံးလိုက်ပြီး နှုတ်ခမ်းများကို သပ်လျက် သူ၏ ဧရာမပုဆိန်ကြီးကို ထုတ်ယူလိုက်၏။ ပုဆိန်ထွက်ပေါ်သည်နှင့် တစ်ပြိုင်နက် အေစက်စက် သတ်ဖြတ်လိုစိတ်နှင့် သွေးလွှမ်းသည့် အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့လေ၏။

ကျိဟုန်သည် ပုဆိန်ကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် မာန်သွင်းသံပြု၍ သားကောင်းဆီ ပြေးခုန်ဝင်သွားလေ၏။

ကိုက်ဝါးသံတို့ ရပ်တန့်သွားခဲ့ပြီး သတ္တုဝါးမြိုသားရဲမှ ထွက်ပေါ်နေသည့် အရှိန်အဝါ ရုတ်တရက် ပြင်းထန်လာသည်ကို ရန်ကိုင် အသေအချာ ခံစားမိလိုက်၏။

ကျိဟုန်၏ ရန်စသည့် အပြုအမူသည် သတ္တုဝါးမြိုသားရဲကို ဒေါသထွက်သွားစေသည့် ပုံပင်။

ဒုန်း… ဒုန်း… ဒုန်း…

မြေပြင်တစ်ခွင် အသာအယာ တုန်ခါသွားခဲ့သော်ငြား တုန်ခါသံသည်နှင့် ပိုပို၍ ပြင်းထန်လာခဲ့၏။ မကြာခင်မှာပဲ ထောင့်စွန်းတစ်ခုမှ ငွေရောင်ခေါင်းတစ်လုံး ထွက်ပေါ်လာခဲ့လေ၏။ ထိုခေါင်းထက်၌ ရွှေရောင် တောက်နေသည့် ဦးချိုနှစ်ချောင် ရှိ၏ သားရဲ မျက်လုံးများသည် သတ္တုရောင်တောက်နေခဲ့၏။

သတ္တုဝါးမြိုသားရဲ…

ထိုကဲ့သို့သော သာရဲမျိုးကို ရန်ကိုင် ပထမဆုံးအကြိမ် အဖြစ် တွေ့ဖူးခြင်း ဖြစ်၏။ တစ်ချက် ကြည့်ရုံနှင့်ပင် ထိုသားရဲသည် (၆)မီတာရှည်၍ တစ်မီတာခွဲ မြင့်သည်ကို ရန်ကိုင် တန်းသိလိုက်လေ၏။ သားရဲသည် အနည်းငယ် ဝဝဖိုင့်ဖိုင့် ဖြစ်၍ ပြေးနေစဉ် အတွင်း၌ ဝမ်းဗိုက်သားသည် တအိအိ လှုပ်ခါနေခဲ့သော်လည်း ၎င်း၏ အမြန်နှုန်းသည် နိမ့်ကျခြင်း မရှိ။

ရန်ကိုင်၏ အမြင်အာရုံကို ဖမ်းစားသွားသည်မှာ အခြား မဟုတ်၊ သားရဲ ခန္ဓာကိုယ်ပေါ်ရှိ သတ္တုအကာအကွယ်ပင် ဖြစ်ချေ။ ထိုအကာအကွယ်သည် အတော့်ကို ခိုင်မာပြီး ချိုးဖျက်ဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့သော အကာအကွယ်သည် လိပ်ခွံနှင့်တူကာ သားရဲ ဝမ်းဗိုက်နှင့် အမြီးမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကာ ထားလေ၏။

ကျိဟုန်သည် သားရဲနှင့် (၁၀)မီတာ အကွာအဝေး အတွင်းသို့ ရောက်သည်နှင့် ရုတ်တရက် ပြန်လှည့်ပြေးတော့၏။

အစကတည်းမှပင် ထိုအဆင့်(၆)သားရဲ ထိပ်တိုက် ရင်ဆိုင်ဖို့ရာ မစဉ်းစားခဲ့ခြင်း ဖြစ်၏။

“လာစမ်းပါ” ကျိုဟုန်က ပြေးနေရင်း အော်ဟစ်လိုက်၏။ သူနှင့် အားလုံး၏ မျက်နှာများသည်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေ၏။

ထောင်ချောက်နား ရောက်သည်နှင့် ချက်ချင်း ခုန်ကျော် သွားလိုက်ပြီး အဆင့်(၆)သားရဲကမူ ၎င်း၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကြောင့် ထောင်ချောက်ကို ခုန်ကျော်နိုင်ခြင်း မပြုနိုင်ဘဲ တည့်တည့်ကြီးကို ဝင်ဆောင့်မိလေ၏။

အနား၌ စောင့်နေသည့် ကျင့်ကြံသူ နှစ်ယောက်သည် ယွန်ရွှမ်၏ အမိန့်ကို မစောင့်တော့ဘဲ ထောင်ချောက်ကို ချက်ချင်း အသက်သွင်းလိုက်လေ၏။

အလင်းတစ်ချက် လက်သွားခဲ့ပြီး မြေကြီးထဲမှ ကြိုးပေါင်းများစွာ ထွက်ပေါ်လာ၍ သတ္တုဝါးမြိုသားရဲ တစ်ကောင်လုံးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားလေ၏။

ခြေလေးချောင်းစလုံးသည်လည်း ရစ်ပတ်ခံလိုက်ရ၏။ ကြီးမားလှသော သားရဲ၏ ခန္ဓာကိုယ်ကြီးသည် ပြေးလက်စ အရှိန်ကြောင့် မီတာဒါဇင်ကျော်သာ ဆက်သွားနိုင်ခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ရလေ၏။

“ဦးချိုတွေကို ချိုးပစ်လိုက်” ယွန်ရွှမ်က အော်ပြောကာ ဦးဆောင်မှုပြုလိုက်၏။ သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်လေးမှ ပြင်းထန်သည့် အားတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး သတ္တုဝါးမြိုသားရဲဆီ ပြေးဝင်သွားလိုက်လေ၏။

ကျန်အဖွဲ့သားများသည်လည်း အလျင်စလို လှုပ်ရှား လိုက်ကြလေ၏။

သတ္တုဝါးမြိုသားရဲ၏ အပြင်းအထန် ရုန်းကန်မှုကြောင့် လိုဏ်ခေါင်းတစ်ခုလုံး အပျက်အစီးပုံ ဖြစ်သွားခဲ့ရ၏။ ဦးချိုနှစ်ချောင်းမှ ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲ ထွက်လာခဲ့ရာ နံရံ၊ ကြမ်းပြင်၊ မျက်နှာကြက်၌ အပေါက်များစွာ ဖြစ်သွားခဲ့ရလေ၏။ သို့သော်လည်း အဆင့်(၆)သားရဲသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တစ်ယောက် နှင့်သာ ခွန်အား တူညီလေရာ ယွန်ရွှမ်တို့လို အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း။

အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပင် သတ္တုဝါးမြိုသားရဲ၏ ဦးချိုနှစ်ချောင်းစလုံး ကျိဟုန်၏ ပုဆိန်ကြီးဖြင့် ပိုင်းဖြတ်ခြင်း ခံလိုက်ရလေ၏။

ဦးချိုနှစ်ချောင်း ပိုင်းဖြတ်ခံလိုက်ရာ သတ္တုဝါးမြိုသားရဲသည် နာနာကျင်ကျင် အသံအကျယ်ကြီး အော်ဟစ် မြည်တမ်းလေ၏။

ယွန်ရွှမ်က ရှေ့ခုန်းသွား၍ သားရဲ ပါးစပ်ကို အလျင်အမြန် ပိတ်ဆို့ထားလိုက်၏။

“ခေါင်းဆောင်” ကျိဟုန်က ရှက်ကိုးရှက်ကန်း ပြုံးလျက် သူပိုင်းဖြတ်ခဲ့သည့် ဦးချိုနှစ်ချောင်းကို ယွန်ရွှမ်သည် ပေးလိုက်ရာ ယွန်ရွှမ်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်၍ ထိုဦးချိုနှစ်ချောင်းကို သိုလှောင်အိတ်ထဲ ထည့်သိမ်း ထားလိုက်လေ၏။

သတ္တုဝါးမြိုသားရဲများ၏ ဦးချိုသည် လက်နက့်သန့်စင်ရာ၌ လွန်စွာကိုမှ အသုံးဝင်လှသော ပစ္စည်းများဖြစ်ရာ သူတို့လည်း ထိုဦးချိုမျိုးကို စွန့်ပစ်ထားခဲ့လိမ့်မည် မဟုတ်ချေ။

“လွယ်ချက်ပဲ” ကျိဟုန်က ခေါင်းခါရမ်း၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်လေ၏။

“အဆင့်(၆)မွန်းစတား သားရဲတစ်ကောင်ရဲ့ အသိဥာဏ်က သိပ်မမြင့်လို့ အခုလို ထောင်ချောက်နဲ့ ထောင်ဖမ်း နိုင်လိုက်တာ။ ထိပ်တိုက်သာ ရင်ဆိုင်မယ်ဆိုရင် ငါတို့အတွက် တော်တော့ကို ခက်ခဲမှာ။ သူ့ကိုယ်ပေါ်က အကာအကွယ်က ချိုးဖျက်ဖို့ မလွယ်။ ဦးချိုးကနေ ပစ်လွှတ်တဲ့ အလင်းတန်းတွေကလည်း လျစ်လျူရှုထားလို့မရ။ သာမန်အင်မော်တယ် တက်လှမ်းခြင်း တစ်ယောက်သာဆိုရင် အဲ့ကောင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ သတ္တုတွင်းထဲလို နေရာကျဉ်းကျဉ်းထဲမှာ ဆိုတော့ ပိုဆိုးတာပေါ့။ ဒီတစ်ကြိမ် အလွယ်လေး အနိုင်ယူနိုင်လို့ ရန်သူကို သွားအထင်မသေးလိုက်နဲ့” ယွန်ရွှမ်က ကျိဟုန်ကို မာမာထန်ထန် လေသံဖြင့် အမိန့်ပေးလိုက်လေ၏။ သူတို့၏ ဂရုမဲ့သည့် အပြုအူမကြောင့် မလိုလားအပ်သော ဆုံရှုံးမှုများ ဖြစ်လာမည်ကို သူမ မလိုလားချေ။

“ဟုတ်ကဲ့ပါ” ကျိဟုန်က ထပ်တလဲလဲ ခေါင်းညိတ် ပြလိုက်လေ၏။

ယွန်ရွှမ်က ပြုံး၍ “ကောင်းတယ်။ ဆက်သွားကြတာပေါ့။ အခုလောလောဆယ်တော့ ဒီကောင့်ကို ဒီအတိုင်းပဲ ထားခဲ့ကြမယ်။ ကိစ္စအားလုံး ပြီးတော့မှပဲ ဒီကောင့်ကို လွတ်လပ်သော အဖွဲ့အစည်းဆီ ပြန်ပို့နိုင်မယ့် နည်းလမ်းတစ်ခု ရှာကြတာပေါ့”

ပထမဆုံး အောင်ပွဲနှင့်အတူ အားလုံး စိတ်ဓါတ် တက်ကြွလို့ နေခဲ့၏။

ထိုနည်းလမ်းအတိုင်း နေ့တစ်ဝက်ကြာပြီးနောက် ယွန်ရွှမ်တို့ အဖွဲ့သည် သတ္တုဝါးမြိုသားရဲ သုံးကောင်ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့လေ၏။

အချိန်တိုင်း ရန်ကိုင်ကမူ တိတ်တဆိတ်သာ နေခဲ့၏။

မလှုပ်ရှားရခြင်းမှာ ယွန်ရွှမ်သည် သူမ၏ အမိန့်မပါဘဲ မလှုပ်ရှားရန် ပြောဆိုခဲ့ခြင်းကြောင့်မဟုတ်၊ သူဝင်ပါရန် လိုကို မလိုအပ်သောကြောင့်ပင် ဖြစ်၏။

ယခုတစ်ကြိမ် သူမတိုနှင့်အတူ ရန်ကိုင် လိုက်ပါလာခဲ့ရသည့် အကြောင်းအရင်းမှာ ယွန်ရွှမ်အပေါ် တင်ထားသည့် အကြွေးကို ပြန်ပေးချင်သောကြောင့် ဖြစ်၏။ သူသာ ဘာဆိုဘာမှ မလုပ်ရဘဲ ဤအတိုင်းသာ ပြီးသွားခဲ့မည် ဆိုပါက သူမ၏ အကြွေးကို ပြန်ပေးနိုင်မည့် နောက်နည်းလမ်း တစ်ခု စဉ်းစားရပေတော့မည်။

သို့သော်လည်း နေ့တစ်ဝက်ကြာအောင် ဆန်းစစ် လေ့လာပြီးနောက် သူတို့အနေဖြင့် ဤနည်းလမ်းလမ်းအတိုင်း သတ္တုဝါးမြိုသားရဲများကို ဆက်ဖမ်းဖို့ရာ မဖြစ်နိုင်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရလေ၏။

ပထမအနေဖြင့်၊ သူတို့ သယ်လာသည့် ထောင်ချောက် အရေအတွက်သည် လုံလောက်မှု မရှိချေ။ ဒုတိယအနေဖြင့် သတ္တုဝါမြိုးသားရဲတိုင်းသည် တစ်ကောင်တည်း လှုပ်ရှားကြခြင်း မဟုတ်။

သူ့သုံးသပ်ချက် မှန်ကန်သည်ကို သက်သေပြနေသည့် အလား မကြာခင်မှာပင် သူတို့ရှေ့၌ သတ္တုဝါးမြိုသားရဲ နှစ်ကောင် ထွက်ပေါ်လာခဲ့လေ၏။ သူတို့သာ တစ်ကောင်ကို တိုက်ခိုက်မည် ဆိုပါက ကျန်တစ်ကောင်ကိုလည်း အသိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

အရှေ့သို့ ကင်းထောက် လွှတ်ထားသည့် ကျိဟုန် ပြန်လာပြီးနောက် အခြေအနေကို ပြောပြလိုက်ရာ ယွန်ရွှမ် မျက်မှောင် ကြုံ့သွားခဲ့ရလေ၏။

“ငါတို့မှာ ထောင်ချောက်ဘယ်နှစ်ခု ကျန်သေးလဲ” ယွန်ရွှမ်က မေးလိုက်လေ၏။

“သုံးခု”

“အားလုံးကို ဆင်လိုက်” တစ်ခဏလောက် စဉ်းစားပြီးနောက် ယွန်ရွှမ်က ပြောလိုက်လေ၏။

“အင်း” ခေါင်းတစ်ချက် ညိတ်လိုက်ပြီး အဖွဲ့သားများသည် လက်ကျန်ထောင်ချောက် အားလုံးကို ဆင်လိုက်ကြလေ၏။

အာလုံး အဆင်သင့် ဖြစ်ပြီးနောက် ကျိဟုန်က ရှေ့သို့ ပြေးတက်၍ သတ္တုဝါးမြို သားရဲနှစ်ကောင်ကို သွားရန်စကာ ထောင်ချောင်များ ရှိရာသို့ မျှားခေါ်လာခဲ့လေ၏။

သို့သော်လည်း သားရဲနှစ်ကောင် ထောင်ချောက်ထဲ မိသွားသော်လည်း ယခင်ကလို အကျိုးသက်ရောက်မှု မရှိခဲ့ချေ။

သားရဲနှစ်ကောင်၏ ပြေးဝင်လားသည့် အားသည် အတော့်ကို ပြင်းလှရာ ဆင်ထားသည့် ထောင်ချောက် မှန်သမျှ ပျက်စီးသွားခဲ့ရလေ၏။

ဒုတိယထောင်ချောက်သည် ထိုသားရဲနှစ်ကောင်၏ အရှိန်ကို အနည်းငယ်သာ လျှော့ချနိုင်ခဲ့ပြီး နောက်ဆုံး ထောင်ချောင်ကမူ သားရဲနှစ်ကောင်ထဲမှ တစ်ကောင်ကို ချုပ်နှောင် နိုင်ခဲ့လေ၏။

ကျန်ရှိနေသည့် သတ္တုဝါးမြိုသားရဲသည် ယွန်ရွှမ်ဆီသို့ ဆက်၍ ပြေးဝင်သွားခဲ့လေ၏။

“တိုက်” ယွန်ရွှမ်က တုန်လှုပ်ချောက်ချားသွားခြင်း မရှိခဲ့။ ယခုလို ဖြစ်လာမည်ကို ကြိုတင် မျှော်လင့်ထားသည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့်သာ အမိန့်ပေးလိုက်လေ၏။ လိုဏ်ခေါင်း၏ ဘယ်ဘက်နှင့် ညာဘက်တွင် ပုန်းအောင်းနေသာ သူမ၏ အဖွဲ့သားများသည်လည်း သိုင်းပညာရပ်၊ လက်နက် မျိုးစုံကို သုံး၍ တရစပ်တိုက်ခိုက် လိုက်ကြလေ၏။

================================

All Chapters