အခန်း (၆၃၁-၆၃၅)
Vol. 26 Ch. 631-635
အပိုင်း(၆၃၁) ဒါဘာကြီးလဲ
——————————————————————
သွေးအိုင်ထဲတွင် လဲလျက် ယွန်ရွှမ်သည် မျက်လုံး အပြူးသားဖြင့် ကောင်းကင်ကြီးကို ငေးကြောင် ကြည့်နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်လေးထက် မည်သည့် အဝတ်အစားမှ ရှိမနေခဲ့။ ဝမ်းဗိုက်နေရာရှိ ဒဏ်ရာမှ သွေးများသည် အစဉ်မပြတ် စီးကျနေခဲ့ရာ သူမ၏ ခန္ဓာကိုယ်လေးကို အနက်နီရောင် သန်းသွားစေခဲ့၏။
အသက်ရှူနေသေ၏။ ချက်ချင်း သေစရာ အကြောင်းမရှိ။ သို့သော်လည်း သူမ ဆက်၍ အသက်မရှင်ချင်တော့သည်ကို ရန်ကိုင် အသေအချာ သတိပြုမိ၏။
ယခုလေးတင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် သူမ၏ အသက်ရှင်ချင်စိတ်ကို ပျောက်ဆုံးသွားစေသည့် ပုံပင်။
သူ့ခန္ဓာကိုယ်ကို မနည်း ထောက်ကန်ထားလျက် ရန်ကိုင်သည် သူမဆီသို့ လမ်းလျှောက်သွားလိုက်၏။ ထို့နောက် သူ၏ အဝတ်အစားများကို ကောက်ယူ၊ ဘောင်းဘီကို ဝတ်လိုက်ပြီး အပေါ်အင်္ကျီကို နှစ်ပိုင်းဖြဲလိုက်၏။
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ဆေးပေါင်းရည် အချို့ကို ထုတ်ယူ၍ ယွန်ရွှမ်၏ ဒဏ်ရာပေါ် သုတ်လိမ်းပေးလိုက်၏။
သူ၏ အထိအတွေ့ကြောင့် ယွန်ရွှမ်၏ ခန္ဓာကိုယ်လေး တသိမ့်သိမ့် တုန်ရင်သွားခဲ့ရကာ နောက်ဆုံး၌ သူမလည်း အသိပြန်ဝင်လာခဲ့လေ၏။ ဘေးပတ်ဝန်းကျင်အား ဝေ့ကြည့်ရာ သူမ၏ လက်ရှိ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်သည်နှင့် သူမ မျက်ဝန်းထဲ ရှုပ်ထွေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။
“နင်ဘာပြောချင်နေလဲ ဆိုတာကို ငါသိတယ်။ ဒါပေမယ့် အခုက စကားပြောလို့ ကောင်းတဲ့ အချိန်မဟုတ်သေးဘူး။ နင့်ဒဏ်ရာကို ကုသပြီးတော့မှပဲ ငါ့ကို ဆဲချင်ဆဲ၊ ရိုက်ချင်ရိုက်၊ ငါပြန်မတိုက်ဘူး။ တကယ်တော့ ဖြစ်ပြီးသွားတာတွေက ဖြစ်ပြီးသွားပြီပဲလေ။ ဒါပေမယ့် ဒီကိစ္စကို အကြောင်းပြပြီး နင့်နား ယင်ကောင်လို တဝဲလည်လည် လုပ်နေမှာကို စိုးရိမ်စရာ မလိုဘူး။ ဒီကိစ္စကို အိမ်မက်ဆိုး တစ်ခုလို့သာ စဉ်းစားပြီး ကိစ္စအားလုံး ပြီးပြတ်သွားတာနဲ့ ဒီမှာပဲ လမ်းခွဲကြတာပေါ့” ရန်ကိုင်က သေသေချာချာ စဉ်းစားပြီးတော့ကို ပြောလိုက်၏။
အင်္ကျီတစ်ဝက်နှင့် သူမ၏ ဝမ်ဗိုက်ကို သန့်ရှင်းရေး လုပ်ပေးလိုက်ပြီးနောက် ကျန်တစ်ဝက်ကို သုံးပြီး သူမ၏ ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်လေ၏။
ယွန်ရွှမ်အနေဖြင့် ပြန်၍ ခုခံချင်သောငြား သူမတွင် အားအင် ရှိမနေခဲ့ချေ။ သူမတစ်ကိုယ်လုံး နုံးခွေနေခဲ့၏။
တစ်ကြိမ်တစ်ခါမှ မရောက်ရှိသေးဘူးသော ကာမအထွဋ်အထိပ်ကို ရောက်ရှိခဲ့ရာ ယခုအချိန်၏ သူမ၏ ခန္ဓာကိုယ်သည် လွန်စွာကိုမှ ထိလွယ်ရှလွယ် ဖြစ်နေခဲ့၏။ ထို့ကြောင့် ရန်ကိုင်၏ လက်ချောင်းများက သူမ၏ ခန္ဓာကိုယ်ကို အသာအယာ ထိတွေ့လိုက်သည်နှင့် သူမ တစ်ကိုယ်လုံး နွေးဦးစမ်းရေထဲ စိမ်လိုက်သလို ခံစားလိုက်ရ၏။
ထိုခံစားချက်ကို စဉ်းစားမိလိုက်သည်နှင့် ယွန်ရွှမ်မှာ သေချင်စိတ် ပေါ်လောက်တဲ့အထိ ရှက်ရွံ့သွားခဲ့ရာ သူမ၏ မျက်ဝန်းလေးများကိုသာ ပိတ်၍ တိတ်တဆိတ် ငိုကြွေး နေတော့၏။
ယွန်ရွှမ်အား အသေအချာ အဝတ်ပေးပြီးနောက် ရန်ကိုင် အမောတကော အသက်ရှူလိုက်ပြီး မြေကြီးပေါ် ပြုလဲကျသွားခဲ့လေ၏။
ကျင့်ကြံခြင်း ခရီးလမ်းကို စတင်ကတည်းက ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုး သူတစ်ခါမှ မရဖူးခဲ့။ သူ၏ သွေကွင်းသေကွက် နေရာများကို အချိန်ကိုက် ရွေ့ပြောင်း နိုင်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကဝေမွန်းစတား၏ လက်သွယ်သွယ်လေးသည် သူ့အသက်ကို နှုတ်ယူသွားပေလိမ့်မည်။
ယခုတစ်ကြိမ် အစီအစဉ်သည် လွန်စွာ လွန်စွာကိုမှ အရဲစွန့်ရ၏။ ယွန်ရွှမ်၏ ရှင်းပြချက်ကြောင့် ရန်ကိုင်လည်း ဤအကြံကို စဉ်းစားမိခြင်း ဖြစ်၏။
သို့ရာတွင် ကဝေမွန်းစတားကို အလွယ်တကူ မသတ်ဖြတ်နိုင်ခဲ့ဘဲ ထပ်မံအားစိုက်ထုတ်ပြီးတော့မှသာ သတ်နိုင်ခဲ့လေ၏။
ယွန်ရွှမ် လဲလျောင်းနေသော နေရာသည် ကဝေမွန်းစတား ဖန်တီးခဲ့သည့် အရံအတားကြောင့် အပြင်လောကကြီးနှင့် သီးခြား ဖြစ်နေခဲ့၏။
ကဝေမွန်းစတား သေဆုံးသွားပြီးနောက် အရံအတားသည် တဖြည်းဖြည်းချင်း အားလျော့လာသည်ကို တွေ့လိုက်ရ၏။ ထူးဆန်းသည်ကား ရွမ်ရှင်းယုနှင့် ကျိုးလော့တို့ နှစ်ယောက် စလုံး နိုးမလာသေးခြင်းပင် ဖြစ်၏။၊
အစစ်အမှန်ချီကို လှည့်ပတ်၍ ဘေးပတ်လည်ရှိ အရံအတားကို ဖျက်စီးလိုက်ရာ ရွမ်ရှင်းယုနှင့် ကျိုးလော့တို့ နှစ်ယောက်၏ အခြေအနေကို မြင်လိုက်ရမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေ၏။
ရန်ကိုင်နှင့် ယွန်ရွှမ်တို့၏ သွေးအဆီအနှစ်ကို စုပ်ယူနေချိန် ထိုနှစ်ယောက် ထွက်ပြေးသွားမည် ဆိုးသဖြင့် ကဝေမွန်းစတားသည် နည်းလမ်းတစ်ခုခုကို သုံးကာ ထိုနှစ်ယောက်ကို သတိလစ်အောင် လုပ်ထားခဲ့လေ၏။
“ခဏလောက် နားနေလိုက်။ သူတို့ နှစ်ယောက် မကြာခင်မှာပဲ နိုးလာလိမ့်မယ်” ရန်ကိုင်က သက်ပြင် ချလိုက်လေ၏။
ယွန်ရွှမ်ကမူ လဲလျောင်းနေရင်း တိတ်တဆိတ် ငိုကြွေးနေခဲ့၏။ ရန်ကိုင် ရှိနေသည်ကို ဂရုမစိုက်ဘဲ စိတ်ရှိလက်ရှိသာ အဆက်မပြတ် ငိုကြွေးနေခဲ့ရာ မျက်ရည် စီးကြောင်းများသည် သူမ၏ မျက်ဝန်းမှ ရေတံခွန်ပမာ စီးကျနေတော့လေ၏။
သူမ စိတ်မငြိမ်သေးသည်ကို သိထားရာ ရန်ကိုင်လည်း ဆက်၍ စကားမပြောတော့ချေ။
ငြိမ်သက်စွာဖြင့် ထိုင်၍ ဆေးပေါင်းရည်၏ အာနိသင်ကိုသာ စုပ်ယူနေတော့လေ၏။
ရန်ကိုင်သည် ဆေးပေါင်းရည်ကို သုံး၍ ယခုမှသာ ပထမဆုံးအကြိမ်ဖြင် ဒဏ်ရာကုသဖူးခြင်းဖြစ်၏။ ဆေပေါင်းရည်သည် စိတ်ဝိဥာဉ်အဆင့် ဆေးတစ်လုံး၏ အစွမ်းနှင့် ယှဉ်နိုင်သည်ကို သိသော်လည်း ဆေးပေါင်းရည်၏ အစွမ်းကို အထင်သေးမိနေဆဲ ဖြစ်ကြောင်းကို ယခုမှပင် သူနားလည်သွားခဲ့ရ၏။
သူ့ဝမ်းဗိုက်မှ တဆစ်ဆစ် နာကျင်ကိုက်ခဲမှုသည် အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပြီး အေးမြသည့် ခံစားချက်တို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။ ပျက်စီးသွားသော ကြွက်သားများ တဖြည်းဖြည်း ပြန်ကောင်း လာနေသည်ကိုပင် သူခံစားမိနေခဲ့၏။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်သည် သူ့အသိစိတ် ပင်လယ်ထဲတွင် ရှိနေသော ကဝေမွန်းစတား သေသွားရာမှ ကျကျန်ခဲ့သည့် စိတ်စွမ်းအင် အစုအဝေးကို စုပ်ယူလိုက်လေ၏။
နေ့တစ်ဝက်ကြာပြီးနောက် ရွမ်ရှင်းယုနှင့် ကျိုးလော့တို့ သတိလစ်ရာမှ ပြန်နိုးလာခဲ့လေ၏။
ဘာတွေ ဖြစ်ပျက်သွားသည်လဲ ဆိုသည်ကို နားမလည်နိုင်သဖြင့် နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ဘေးပတ်ဝန်းကျင်တစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်သည့် အခါ မြင်လိုက်ရသည့် အရာကြောင်း ကျိုးလော့ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ရလေ၏။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်များကို လွယ်လင့်တကူ သတ်ဖြတ်သွားသော မသေမျိုးအဆင့် ကဝေမွန်းစတားသည် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည်ကို တွေ့လိုက်ရ၏။ ကဝေမွန်းစတား၏ လှပခဲ့ဖူးသော ခန္ဓာကိုယ်လေးသည် မမှတ်မိနိုင်လောက်သည် အထိပင် စုတ်ပြတ်နေခဲ့ပြီး ခေါင်းဆိုလျှင်လည်း တစ်စစီ ကွဲကြေနေခဲ့လေပြီ။
ယွန်ရွှမ်ကမူ အဝေး တစ်နေရာ၌ ဒူးလေးကို ခွေခွေလေး ပိုက်လျက် ကူကယ်ရာမဲ့စွာဖြင့် ထိုင်နေခဲ့၏။ သူမသည် မငိုတော့သော်ငြား သူမ၏ မျက်လုံးများသည် နီရဲမို့အစ်နေခဲ့၏။
ယခုအချိန်၌ ယွန်ရွှမ်သည် သူမနှင့် မနီးမဝေး၌ တင်ပလင်ခွေ ထိုင်နေသော ရန်ကိုင်ကို စိုက်ကြည့်နေခဲ့လေ၏။
“ယွန်ရွှမ်၊ နင်အဆင်ပြေရဲ့လား” ကျိုးလော့သည် ယွန်ရွှမ်ဆီ အလျင်စလို ပြေးသွားလိုက်ပြီး မေးလိုက်သော်ငြား ယွန်ရွှမ်က ပြန်မဖြေခဲ့။
“ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ။ ကဝေမွန်းစတားကကော ဘယ်လိုသေသွားတာလဲ။ ဖြတ်သွားဖြတ်လာ ပညာရှင် တစ်ယောက်ကများ ငါတို့ကို ကယ်သွားခဲ့တာလား” ကျိုးလော့က မေးခွန်းများစွာကို တရစပ် မေးမြန်းလိုက်လေ၏။ ယခု သူတို့အားလုံး သေပြီဟု ထင်မှတ်ထားခဲ့ရာမှ ယခုအချိန်ထိ အသက်ရှင်နေသေးသည်ကို တွေ့လိုက်ရသဖြင့် ကျိုးလော့ မပျော်ဘဲမနေချေ။
“မေးနေတာ ရပ်ထားလိုက်ဦး” ရွမ်ရှင်းယုက မျက်လုံး မှေးစဉ်း၍ ကြားဖြတ်ပြောလိုက်လေ၏။ ယွန်ရွှမ် ပုံမှန်မဟုတ်သည်ကို သတိပြုမိလိုက်ရာ ယွန်ရွှမ်ဆီ အလျင်အမြန် လမ်းလျှောက်သွားလိုက်ပြီး သူမရှေ့တွင် ဒူးလေးထောက်လိုက်လျှက် နှုတ်ခမ်းလေးကိုကိုက်၊ တစ်ခဏတာ တွေဝေတုန့်ဆိုင်းနေပြီးနောက် မေးလိုက်လေ၏ “ယွန်ရွှမ်၊ ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတာ ငါတို့ကို ပြောပြလို့ရမလား”
သို့သော်လည်း ယွန်ရွှမ်ကမူ ဘာမှ ပြန်မပြောဘဲ ရန်ကိုင်ကိုသာ စိုက်ကြည့်နေခဲ့လေ၏။
ယွန်ရွှမ်၏ အကြည့်ကြောင့် ကျိုးလော့မျက်နှာ သုန်မှုန် သွားခဲ့ပြီး ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စူးစူးရဲရဲ လှည့်ကြည့်လိုက်လေ၏။
“အာ၊ နင်ဒဏ်ရာရထားတာလား” ယွန်ရွှမ် ဝမ်းဗိုက်မှ ဒဏ်ရာကို သတိပြုမိသည်နှင့် ရွမ်ရှင်းယုက အလန့်တကြား ပြောလိုက်လေ၏။ သူမ၏ ဒဏ်ရာသည် ဆေးပေါင်းရည်ကြောင့် အတော်လေး ပြန်လည်ပျောက်ကင်းသွားပြီ ဖြစ်သလို ပတ်တီးလည်း စီးထားပြီးပြီ ဖြစ်သော်လည်း ခြောက်သွေ့နေသော သွေးကွက်များ ကျန်ရှိနေသေး၏။
“ဒဏ်ရာရသွားတာလား။ ငါတစ်ချက် ကြည့်ရအောင်” ကျိုးလော့လည်း ထိတ်လန့်သွားခဲ့ပြီး ယွန်ရွှမ်၏ ဒဏ်ရာကို အလျင်စလို စစ်ဆေးဖို့ လုပ်လိုက်လေ၏။
ကျိုးလော့၏ အရှက်မဲ့သော စကားများကို ကြားသည်နှင့် ရွမ်ယုရှင်းသည် ထိုကောင့်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ နှာခေါင်းရှုံ့လိုက်လေ၏။
လက်ဆန့်ထုတ်၍ ယွန်ရွှမ်၏ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် ရွမ်ရှင်းယုက တိုးတိုးလေး ပြောလိုက်၏ “ဘာပြဿနာမှ မရှိဘူး။ နည်းနည်းလေး အားနည်းနေရုံပဲ။ ရက်နည်းနည်းလောက် အနားယူလိုက်ရုံနဲ့တင် ပြန်ကောင်းလာနိုင်တယ်။ ဟန်၊ ထူးဆန်းလိုက်တဲ့ အနံအသက်ပါလား”
ယွန်ရွှမ် ခန္ဓာကိုယ်ဆီမှ ထူးဆန်းသည့် အနံ့အသက်ကို ခံစားမိလိုက်သည်နှင့် ရွမ်ရှင်းယု မျက်မှောင် ကြုံ့သွားခဲ့လေ၏။
ရွမ်ရှင်းယု ပြောသည်ကို ကြားသဖြင့် ကျိုးလော့လည်း ရှူရှိုက်ကြည့်လိုက်ရာ ထိုထူးဆန်းသော အနံ့အသက်ကို ခံစားမိသည်နှင့် သူ့မျက်နှာ သုန်မှုန်သွားခဲ့လေ၏။
ယွန်ရွှမ်၏ လက်ရှိ အခြေအနေ၊ ရန်ကိုင်၏ ဗလာကျင်းနေသော ရင်အုပ်ပိုင်းနှင့် ပုံပန်းပျက်နေသော ကဝေမွန်းစတား၏ အလောင်းတို့ကို မြင်ပြီးနောက် သူတို့ သတိလစ်နေစဉ် အတွင်း ဘာတွေ ဖြစ်ပျက်သွားခဲ့သည်ကို ကျိုးလော့ နားလည်လိုက်လေ၏။
သူသည် ဤနေရာ၌ ဆရာတစ်ပါး ဖြစ်၏။ သူသည် မိန်းမပေါင်း သောင်းခြောက်ထောင်နှင့် ပျော်ပါးခဲ့ဖူးရာ ရွမ်ရှင်းယုသည်သာ ဤကဲ့သို့သော ကိစ္စမျိုး၌ အတွေ့အကြုံ မရှိလျှင် မရှိမည်။ သူကမူ ဝါရင့်တစ်ယောက် ဖြစ်၏။
သူ့မျက်နှာတစ်ခုလုံး ဒေါသကြောင့် ရှံ့မဲ့သွားခဲ့ပြီး အစစ်အမှန်ချီတို့သည်လည်း သူ့ခန္ဓာကိုယ်မှ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာခဲ့လေ၏။
“နင်ဘာတွေ လုပ်နေတာလဲ” ကျိုးလော့ မည်သည့် အတွက်ကြောင့် ရုတ်တရက် ဒေါသထွက်လာမှန်းကို မသိလေရာ ရွမ်ရှင်းယုက စိတ်ရှုပ်နေသည့် လေသံဖြင့် မေးလိုက်လေ၏။
ကျိုးလော့သည် သုန်မှုန်နေသည့် အမူအရာဖြင့် ယွန်ရွှမ်ကို စိုက်ကြည့်၍ “ယွန်ရွှမ်၊ အဲ့ကောင်က နင့်ခန္ဓာကိုယ်ကို... စွန်းထင်းသွားစေခဲ့တာလား”
ထိုစကားကို ကြားလိုက်သည်နှင့် ငေးကြောင်နေသည့် ယွန်ရွှမ်၏ ခန္ဓာကိုယ်သိမ့်သိမ့်လေး တုန်ရင်လာခဲ့လေ၏။
ထိုရုတ်တရက် ပြောင်းလဲမှုကို သတိပြုမိသည်နှင့် ရွမ်းရှင်းယုသည် သူမ၏ ပါးစပ်လေးကို လက်နှင့် ချက်ချင်း အုပ်လိုက်လေ၏။ ရုတ်တရက် ဆိုသလို သူမတို့တွေ သတိလစ်နေစဉ်အတွင်း ဘာတွေ ဖြစ်ပျက်သွားခဲ့သည်ကို ရွမ်ရှင်းယု နားလည်လိုက်၏။
ယွန်ရွှမ်နှင့် ရန်ကိုင်ဆိုသော လူငယ်လေးသည် ကဝေ မွန်းစတား၏ ထိန်းချုပ်မှုအောက် ကျရောက်နေခဲ့ပြီလေပြီ။ ကဝေမွန်းစတား၏ အကျင့်ကို သိနေလေရာ နောက်ဘာ ဆက်ဖြစ်မည်ကို ရွမ်ရှင်းယု နားလည်သည်မှာ သဘာဝပင် ဖြစ်၏။
သေဘေးမှ လွတ်မြောက်လာခဲ့ရသည့်အတွက် အူမြူး ပျော်ရွှင်နေခဲ့လေရာ ထိုအချက်ကို လျစ်လျူရှုထားခဲ့မိ၏။
“ယွန်ရွှမ်၊ အဲ့ဒါအမှန်ပဲလား” ရွမ်ရှင်းယု၏ မျက်နှာ လှလှလေး ဖြူလျော်သွားခဲ့ပြီး တုန့်ဆိုင်းတု့န်ဆိုင်းဖြင့် တိုးတိုးလေး မေးလိုက်လေ၏။ ယွန်ရွှမ်နှင့် သူမကြား ပြဿနာအချို့ ရှိသော်ငြား အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူမအနေဖြင့် ယွန်ရွှမ်ကို လေးစားသေး၏။ အဘယ်ကြောင့် ဆိုသော် ယွန်ရွှမ်၏ အဆင့်အတန်းသည် သူမနှင့် ခြားနားသည်လေ။
ယွန်ရွှမ်၏ မျက်ဝန်းများဆီမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ထပ်မံ ကျဆင်းလာခဲ့ပြီး ဒူးခေါင်းကြား ခေါင်းတိုးကာ ထပ်မံ ငိုကြွေးတော့ပြန်လေ၏။
“ဟုတ်သွားပြီ...” ကျိုးလော့မှာ ရူးသွပ်လုတော့မတတ် ဖြစ်နေခဲ့၏။ ယွန်ရွှမ်ကို သူပိုးပန်းနေသည်မှာ အချိန် အတော်ကြာခဲ့လေပြီ။ သို့သော်လည်း ယွန်ရွှမ်ဆီမှ မည်သည့် မျက်နှာသာမှ မရခဲ့။ သို့သော်လည်း ယခုလို အခြေအနေမျိုး၌ သူမ၏ အပျိုစင်ပန်းလေးကို ဘယ်ကမှန်းမသိသော ကောင်စုတ် တစ်ကောင်က ခူးဆွတ်သွားခဲ့၏။
သူ့နှလုံးသားထဲ လွန်စွာကိုမှ အရှက်ရသလို ခံစားလိုက်ရကာ သူ၏ အရှိန်အဝါသည်လည်း ကြောက်မက်ဖွယ် ကောင်းလာခဲ့လေ၏။
တင်ပလင်ခွေ ထိုင်နေသော ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် ကျိုးလော့သည် ရက်စက်ဟန်ဖြင့် ပြုံးလိုက်ပြီး သူဆီ လမ်းလျှောက်သွားလိုက်လေ၏။
“ကျိုးလော့၊ နင်ဘာလုပ်ချင်နေတာလဲ” ရွမ်ရှင်းယုက အလန့်တကြား ဆိုလိုက်လေ၏။
ကျိုးလော့က ပြန်၍ လှောင်ပြောင်လိုက်လေ၏ “ငါဘာလုပ်ချင်တာလဲ ဟုတ်လား။ ဟားဟား၊ ငါဘာလုပ် ရဦးမှာလဲ။ ဒီကောင်စုတ်လေးက ယွန်ရွှမ်ရဲ့ အပျိုစင်ဘဝကို ခိုးယူသွားတဲ့ကောင်လေ။ ငါဘာလုပ်သင့်တယ်လို့ နင်ထင်လဲ။ သူလုပ်ခဲ့တဲ့ အပြစ်အတွက် သူ့အသက်နဲ့ ပြန်ပြီး ပေးဆပ်ခိုင်းချင်တာ”
ပြောနေစဉ်အတွင်း သူ့အရှိန်သည် ရုတ်တရက် မြန်ဆန် သွားခဲ့ပြီး ရက်ရက်စက်စက် ပြုံးလျက် ရန်ကိုင်ဆီ ပြေးဝင်သွားလေ၏။
“ရပ်လိုက်စမ်း” ရွမ်ရှင်းယုက ယွန်ရွှမ်ဘေးမှ ခွါ၍ ကျိုးလော့၏ လက်မောင်းကို ပြေးဖမ်းလိုက်ကာ “အဲ့လို မလုပ်နဲ့”
“နင့်သူ့ကို ကာကွယ်ပေးချင်နေသေးတာလား” ကျိုးလော့က ထေ့ငေါ့လှောင်ပြောင်လိုက်လေ၏ “ဒီကောင်စုတ်က နင်နဲ့ ဘယ်လိုတွေများ ပက်သက်နေလို့လဲ။ ဘာအတွက်ကြောင့်များ နင်သူ့ကို ကာကွယ်ပေးချင်နေတာလဲ”
“ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ ဆိုတာကို ငါတို့ သိသေးတာ မဟုတ်ဘူး။ ဘာမှမသိဘဲနဲ့ သူ့ကို ဒီအတိုင်းကြီး သတ်လိုက်တာက ဟုတ်တော့၊ မဟုတ်လောက်ဘူး ထင်တယ်နော်”
“ဘာတွေကိုများ သိစရာ လိုသေးလို့လဲ။ ယွန်ရွှမ်ကိုယ်တိုင် ဝန်ခံပြီးသွားပြီလေ” ကျိုးလော့က ပြန်အော်လိုက်လေ၏။
“ပြီးတော့ အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ” ရွမ်ရှင်းယုက အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်ကာ အထင်အမြင် သေးသေးဖြင့် ကျိုးလော့ကို စိုက်ကြည့်၍ “နင်က ယွန်ရွှမ်ရဲ့ ဘာလို့ ကိုယ်ကိုယ်ကို ထင်နေတာလဲ”
“ဖယ်စမ်း” ကျိုးလော့က ဒေါသတကြီး အော်ဟစ်၍ အားကုန်သုံးကာ ရွမ်ရှင်းယုကို ကျော်ဖြတ်သွားလိုက်ပြီး “ငါက ယွန်ရွှမ်အတွက် ဘာမှ မဟုတ်ပေမယ့် အခြားယောကျာ်းတွေ သူ့ကို ထိမှာကိုလည်း ငါဘယ်လိုမှကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီသူတောင်းစားကောင် သေကိုသေရမယ်။ မဟုတ်ရင် ငါ့ဒေါသကို ဖြေနိုင်မှာ မဟုတ်ဘူး”
ပြောရင်းနှင့် ကျိုးလော့သည် ရန်ကိုင် မျက်နှာတည့်တည့်ဆီ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ထိုးချလိုက်လေ၏။
“မလုပ်နဲ့” ယွန်ရွှမ်၏ ထိတ့်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေ၏။
သူမ၏ အသံကို ကြားလိုက်သည်နှင့် ကျိုးလော့၏ လက်သီးမှာ ရပ်တန့်မသွားသည့်အပြင် ပို၍ပင် အရှိန်မြန် ပြင်းထန်သွားလေ၏။
ထိုကောင်စုတ်ကို လက်သီးတစ်ချက်ဖြင့် တစ်ခါတည်း ငရဲရောက်အောင် တန်းပို့ရပေမည်။
ဟန်ချက်မညီသဖြင့် မြေကြီးပေါ် လဲကျသွားသည့် ရွမ်ရှင်းယုသည် ဆက်ဖြစ်လာမည့် မြင်ကွင်းကို မမြင်ရက်သဖြင့် ချက်ချင်း အကြည့်လွှဲလိုက်လေ၏။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)သို့ ရောက်နေသာ ကျိုးလော့၏ အလစ်ချောင်း တိုက်ခိုက်မှုကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ တစ်ယောက်က မည်သည့်အတွက်ကြော်င့ တောင့်ခံနိုင်ပါမည်နည်း။
ကျိုးလော့၏ လက်သီးချက်သည် ရန်ကိုင်မျက်နှာနှင့် ထိခါနီးဆဲဆဲမှာပင် ရန်ကိုင်၏ မျက်ဝန်းအစုံ ရုတ်တရက် ပွင့်လာခဲ့ပြီး တိုးဝင်လာနေသော လက်သီးချက်ဆီ သူ့လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်လေ၏။
ကျိုးလော့၏ ပြင်းလှစွာသော အရှိန်သည် တောင်နှင့် တွေ့လိုက်သော လေပြင်းတစ်ခုအလား ချက်ချင်း ဆိုသလို ရပ်တန့်ခြင်း ခံလိုက်ရလေ၏။
ရန်ကိုင်သည် မလှုပ်ရှားခဲ့။ သူ့ရှေ့တွင် ရှိနေသော ကျိုးလော့အား အေးစက်စက် အကြည့်ဖြင့်သာ စိုက်ကြည့်၍ ပြုံးဖြီးလိုက်ရင်း “ရောင်းရင်က ဘာတွေများ လုပ်ချင်နေတာလဲ”
ကျိုးလော့ လုံးဝကို မှင်သက်သွားခဲ့ရလေ၏။ သူအားကုန်သုံး၍ ထိုးလိုက်သော လက်သီးကို သူ့ထက် အဆင့်ငယ် နှစ်ဆင့်နိမ့်သော လူငယ်လေးက အလွယ်တကူ ဖမ်းဆုပ်ခဲ့လေ၏။
သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၂) နင့်မှာ အဲ့လို အရည်အချင်း မရှိဘူး
——————————————————————
တစ်ခဏတာ မှင်သက်နေရာမှ အသိပြန်ဝင်လာပြီးနောက် ကျိုးလော့က ဒေါသတကြီး အော်ဟစ်လေ၏ “ငါမင်းကို သတ်ချင်နေတာကွ”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်ကို သတ်ချင်တာလား။ ခင်ဗျားမှာ အဲ့လို အရည်အချင်းမရှိဘူး”
“လေလုံးထွားလိုက်တာ” ကျိုးလော့က နောက်ပြန် ခုန်ဆုတ်လိုက်ပြီး သုံးခွခရင်း တစ်ခုကို ထုတ်ယူလိုက်လေ၏။
အစစ်အမှန်ချီကို သုံးခွခရင်းထဲ ဖြည့်သွင်းလိုက်သည့်အခါ ခရင်း၏ ခေါင်းပိုင်းတစ်ခုလုံး တလက်လက် တောက်ပလာခဲ့၏။ ပြီးသည်နှင့် ခွန်အားအကုန်အစင်ကို သုံး၍ ထိုသုံးခွခရင်းကို ရန်ကိုင်ဆီ လှမ်းပစ်လိုက်လေ၏။
ကျိုးလော့သည် ရန်ကိုင်နှင့် ဆက်၍ အချိန်မဖြုန်း ချင်တော့ချေ။ သူသည် ရန်ကိုင်ကို မြန်နိုင်သမျှ မြန်မြန် သတ်ချင်နေခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်က နှာခေါင်း ရှုံ့လိုက်ပြီး သူ၏ အမူအရာသည်လည်း တဖြည်းဖြည်း အေးစက်သွားခဲ့လေ၏။ ကျိုးလော့၏ လုပ်ရပ်သည် သူ့အား အမှန်အကန်ကို ဒေါသထွက်သွားစေခဲ့လေပြီ။
ရန်ကိုင်၏ ပုံရိပ် လက်ခနဲဖြစ်သွားခဲ့ပြီး ကျိုးလော့၏ တိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းလိုက်၏။
သူ့ခွန်အားတို့ ပေါက်ကွဲထွက်လာသည်နှင့် ရန်ကိုင်၏ အရှိန်အဝါသည် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရာ ကျိုးလော့ပင် ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ရ၏။
ရန်ကိုင်ကို ဗဟိုပြု၍ မမြင်နိုင်သော ဖိအားတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး လေးပြင်းများအား အလိုလို တိုက်ခတ်လာစေခဲ့လေ၏။
ယွန်ရွှမ်သည်လည်း မငိုတော့ဘဲ ရန်ကိုင်ကိုသာ အံ့အားသင့်စွာဖြင့် ငေးစိုက်ကြည့်နေခဲ့လေ၏။ ရန်ကိုင်၏ ပြောင်းလဲသွားသော အရှိန်အဝါကြောင့် ယွန်ရွှမ် လုံးဝကို ထိတ်လန့် တုန်လှုပ်နေခဲ့ရလေပြီ။
ရွမ်ရှင်းယုသည်ပင် သက်ပြင်း မရှိုက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကာ မှင်သက်စွာ ရန်ကိုင်ကို ငေးကြည့်နေခဲ့မိ၏။
ရန်ကိုင် ပြေးထွက်လိုက်လေရာ သူပုံရိပ်များစွာသည် နောက်၌ ကျန်ရစ်ခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျိုးလော့ဘေးသို့ ရောက်လာခဲ့လေ၏။ ကျိုးလော့၏ ငေးကြောင်နေသည့် အကြည့်အောက်မှာပင် ပြင်းထန်လှသော အစစ်အမှန်ချီတို့သည် သူ့ရင်ဘတ်ကို ရိုက်ချလာခဲ့လေ၏။
နာနာကျင်ကျင် အော်ဟစ်လျက် ကျိုးလော့သည် ကြိုးပြတ်သွားသော စွန်တစ်ခုပမာ အဆက်မပြတ် သွေးအန်လျက် လွင့်ပျံထွက်သွားခဲ့လေ၏။
ရန်ကိုင်က လွင့်ပျံထွက်သွားသော ကျိုးလော့၏ ပုံရိပ်ကို အေးစက်စက် အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့ပြီး သူ့နောက် ဆက်မလိုက်ခဲ့ချေ။
ဘုန်း...
ကျိုးလော့၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြုတ်ကျ သွားခဲ့လေ၏။ သို့သော်လည်း အလျင်အမြန် ပြန်ထလာလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်ကာ ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားဖြင့် “ကျားသားစားချင်လို့ ဝက်ယောင် ဆောင်နေတာပဲ။ ဘယ်လောက်တောင် ရွံစရာကောင်းလိုက်တဲ့ သူတောင်းစားလဲ”
ရန်ကိုင်၏ အစစ်အမှန် ခွန်အားသည် သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်သည့်သည်ထက် ကျော်လွန်နေသည်ကို ယခုမှပင် သူနားလည်သွားခဲ့လေ၏။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉) ကျင့်ကြံသူ တစ်ယောက်ကို လက်သီးတစ်ချက်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခြင်းသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
“ရှင်းယု၊ ငါ့ကို ကူပြီး သူ့ကို သတ်ပေးပါလား” ရန်ကိုင်၏ ခွန်အားကို မြည်းစမ်းရပြီးနောက် ကျိုးလော့သည် လက်မလျှော့ ရုံသာမက ရွမ်ရှင်းယုကိုပင် အကူခေါ်လိုက်သေး၏။
ယခု သူသည် ထိုကောင်စုတ်လေး၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ သို့သော်လည်း ရွမ်ရှင်းယု၏ အကူအညီနှင့်ဆို ထိုကောင်စုတ်ကို အနိုင်ယူနိုင်လောက်ပေ၏။
ရန်ကိုင်သည် ရှားပါလှသော ပါရမီရှင် တစ်ဦး ဖြစ်လျှင်ပင် သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သေး၏။
ယနေ့၌ ရန်ကိုင်၏ အသက်ကို ယူရန် ကျိုးလော့ ယတိပြတ် ဆုံးဖြတ်ချက် ချထားခဲ့၏။
ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့လေ၏။ လွတ်လပ်သော အဖွဲ့အစည်းကို ရန်စမိမှာ စိုးသည့်အတွက် သူ့ထိုးလိုက်သည့် လက်သီးချက်ထဲ သူ့ခွန်အား တော်တော်များများကို ထိန်ချန်ထားခဲ့၏။ မလိုအပ်ဘဲ ပြဿနာ ရှာရသည်ကို ရန်ကိုင် မနှစ်သက်ချေ။ သို့ရာတွင် ညှာတာ ပေးသော်ငြား ထိုကောင်သည် ကျေးဇူးတရားကို နားမလည်ဘဲ သူ့ရန်သူပင်ကို ပြန်၍ အထင်သေးနေလိုက်သေး၏။
ရွမ်ရှင်းယုဆီ လှမ်းကြည့်လိုက်ရာ ရွမ်ရှင်းယုသည် ထိန်လန့်နေရာမှ ယခုအချိန်ထိ အသိပြန်မဝင်သေးသည်ကို ရန်ကိုင် တွေ့လိုက်ရလေ၏။
ထိုမိန်းမသာ ကျိုးလော့၏ တောင်းဆိုချက်ကို လက်ခံလိုက်လျှင် ရန်ကိုင်သည်လည်း နှစ်ယောက်စလုံးကို နှစ်ယောက်စလုံးကို သတ်ပစ်ရန် စိတ်ကူးထား၏။
“ရှင်းယု” ကျိုးလော့က နောက်တစ်ကြိမ် အော်ဟစ်လိုက်၏။
ယခုမှပင် ရွမ်ရှင်းယု အသိပြန်ဝင်လာခဲ့၏။ မျက်မှောင် ကြုံ့လျက် ပြန်အော်ပြောလိုက်လေ၏ “နင်ရူးနေတာလား။ ဘာအတွက်အကြောင့် ငါသူ့ကို သတ်ရမှာလဲ”
ကျိုးလော့ မျက်နှာ နီရာမှ ပြာနှမ်းသွားခဲ့ပြီး ရွမ်ရှင်းယုကို မုန်းတီးစွာ စိုက်ကြည့်၍ “နင်တောင်မှ သူ့အတွက် ကူပြောပေးချင်နေတာလား။ ငါသတိလစ်နေတုန်း သူက နင့်ကိုပါလုပ်သွားတာလား”
ကျိုးလော့၏ အယုတ်တမာ စကားလုံးများကြောင့် ရွမ်ရှင်းယုမှာ ဒေါသပုန်ထသွားခဲ့ပြီး ချက်ချင်းဆိုသလို ပြန်အော်ပြောတော့လေ၏ “မဟုတ်တာတွေ။ အသိပြန်ဝင်လာစမ်းပါ ကျိုးလော့။ မဟုတ်တရုတ်တွေ လျှောက်လုပ်မနေနဲ့တော့”
“ဟားဟား၊ မဟုတ်တရုတ်လား” ကျိုးလော့က ညစ်ကျယ်ကျယ် ပြုံးလိုက်လေ၏။
ထိုအချိန်မှာပင် ယွန်ရွှမ်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်ကာ သက်ပြင်းအရှည်ကြီး ချလျက် “ကျိုးလော့၊ ရပ်လိုက်တော့။ နင်သာ သူ့ကို ဆက်တိုက်ရဲမယ်ဆိုရင် ငါ့ကို မယဉ်ကျေးဘူး ဆိုပြီး အပြစ်မတင်နဲ့နော်”
ကျိုးလော့ တစ်ကိုယ်လုံး တောင့်တောင်ကြီး ဖြစ်သွားခဲ့ပြီး ကြောင်အနေသည့် အမူအရာဖြင့် ယွမ်ရွှမ်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေခဲ့၏။ ခဏအကြာ၌ ခေါင်းခါရမ်း၍ ရေရွတ်လိုက်လေ၏ “နင်လည်း မိန်းမပျက်တစ်ယောက်နဲ့ ဘာမှမထူးပါလား။ နင့်ခန္ဓာကိုယ်က သူ့ကြောင့် စွန်းထင်သွားတာနဲ့ နင့်နှလုံးသားကို သူ့ဆီ ချက်ချင်းဆိုသလို ပေးလိုက်ပါရောလား”
ကျိုးလော့စကားကြောင်း ယွန်ရွှမ် ဒေါသထွက်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေ၏ “အခု ဖြစ်သွားတာတွေ အားလုံးက ငါ့ကိစ္စပဲ။ နင့်အပူပါလို့လား။ ငါ့ကိစ္စကို ငါ့ဘာသာငါ ကိုင်တွယ်နိုင်တယ်”
“ကိုယ့်ကိစ္စကိုယ် ကိုင်တွယ်နိုင်တာလား” ကျိုးလော့သည် အရူးတစ်ယောက်ပမာ ရယ်မောလိုက်လေ၏။
သူလုံးဝကို ရူးသွပ်သွားခဲ့လေပြီ။
သူ့အကြည်သည်လည်း တဖြည်းဖြည်း ရန်လိုလာခဲ့ပြီး ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ နှစ်ယောက်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေ၏။ ပြီးသည်နှင့် သူ၏ သုံးခွခရင်းကို ပြန်ဆင့်ခေါ်လိုက်ပြီး လှောင်ပြောင် ပြောဆိုလိုက်၏ “နင်တို့က အခုလို လုပ်နေမှတော့ ငါ့ကို မလေးစားဘူးလို့ မပြောနဲ့တော့ပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ ဒီကောင်စုတ်ကို ငါကျိန်းသေ သတ်ရမယ်”
ကျိုးလော့ကို ကြည့်ရင်း ယွန်ရွှမ်က ခေါင်းခါရမ်း၍ “နင့်မှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး”
“နင်တောင် ပြောလာတာလား” ကျိုးလော့က ပြန်အော်ပြောလိုက်လေ၏။ ရန်ကိုင်သည် ယခုလေးတင် သူ့အား ထိုစကား ပြောခဲ့၏။ ယခု ယွန်ရွှမ်သည်လည်း ရန်ကိုင် ပြောခဲ့သည့် စကားကိုပင် သူ့အား ထပ်လာပြောနေခဲ့ပြန်၏။
သူ့တစ်ဘဝလုံး ယခုလောက် တစ်ကြိမ်တစ်ခါမျှပင် အရှက်မရဖူးခဲ့ချေ။ ဒေါသတကြီး အံတင်းတင်းကြိတ်လျက် အော်ပြောလိုက်လေ၏ “နင်တို့က အဲ့လို တွေးနေမှတော့ ငါဆိုတဲ့ ကျိုးလော့က အဲ့ကောင်ကို ဘယ်လို သတ်မလဲ ဆိုတာ နင်တို့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး ကြည့်ထားလိုက်”
ပြောပြီးသည်နှင့် ပြင်းထန်သော အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ပန်ကန်ပြားအရွယ် အလင်းလုံး များစွာတို့သည် သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာဲ့လေ၏။
“မကောင်းတော့ဘူး” ရွမ်ရှင်းယု၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး “ကျိုးလော့ ရူးသွားပြီ”
ထိုအကွက်သည် ကျိုးလော့၏ အားအကောင်းဆုံး သိုင်းပညာရပ် တစ်ခုဖြစ်ပြီး ကျိုးလော့သည် ထိုအကွက်ကို တစ်ခါမှ ထုတ်မသုံးခဲ့ဖူးချေ။ သို့သော်လည်း ယခုအချိန်၌ ကျိုးလော့သည် စဉ်းစားဆင်ခြင်း နိုင်စွမ်းမရှိတော့ဘဲ ဒေါသနှင့် အမုန်းတရားကိုသာ ရှေ့ထားပြီး ပြုမူနေခဲ့လေပြီ.
အော်ပြောပြီးသည်နှင့် ရွမ်ရှင်းယုသည် အလျင်စလို ယွန်ရွှမ်ကိုဆွဲခေါ်၍ အလျင်စလို နောက်ပြန်ဆုတ်လိုက်လေ၏။
ရန်ကိုင်ကမူ တိတ်တဆိတ်ဖြင့်သာ စောင့်ကြည့်နေခဲ့၏။ ကျိုးလော့ ခန္ဓာကိုယ် ပတ်လည်ရှိ စွမ်းအင်လုံးတို့ အပြည့်အဝ ဖြည်တည်သွားပြီးသည့် အခါ သူ၏ အမူအရာလည်း လေးနက် သွားခဲ့ရလေ၏။
ထိုစွမ်းအင်လုံးလေးများထဲ ကြောက်မက်ဖွယ် စွမ်းအင်တို့ ပါဝင်နေသည်ကို သူပြောနိုင်၏။
သို့သော်လည်း သူမကြောက်ချေ။
စွမ်းအင်လုံးလေးများ ရန်ကိုင်ဆီသို့ ရုတ်တရက် ပြေးဝင်လာခဲ့၏။ တစ်ချိန်တည်းမှာပင် ကျိုးလော့သည် သုံးခွခရင်းကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်၏။
ထိုတိုက်ကွက်ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉) ပညာရှင်တစ်ယောက်၏ ခွန်အား အကုန်အစင်တို့ ပါဝင်နေခဲ့၏။
“သတိထား” ယွန်ရွှမ်က အလန့်တကြား ဆိုလိုက်၏။ ထိုကဲ့သို့ ဆိုလိုက်စဉ် သူမ၏ မျက်နှာလေး ရှက်သွေး ဖြန်းဖြန်း ဖြာသွားခဲ့ရ၏။ မည်သည့်အတွက်ကြောင့် ရန်ကိုင်ကို သတိပေးရန် ကြိုးစားခဲ့မှန်း နားမလည်နိုင်ချေ။ ဖြစ်ပျက် သွားပြီးသော ကိစ္စများကြောင့် ရန်ကိုင်နှင့် သူမကြားက ဆက်ဆံရေး ထူးခြားလာသည်ဟု ယွန်ရွှမ် ခံစားလိုက်ရ၏။
သူမ၏ အပျိုစင်ဘဝကို ရယူသွားသည် ထိုကောင်လေးကို သူမ မုန်းသည်မှာ သံသယ ရှိစရာ မလိုချေ။ အထူးသဖြင့် အဘယ်ကြောင့်ဆိုသော် သူသည် သူမထက် အနည်းဆုံး (၇)နှစ်၊ (၈)နှစ် ငယ်နေသေးသောကြောင့်ပင် ဖြစ်ချေ၏။
သို့ရာတွင် သူသေမှာကိုလည်း သူမ မကြည်ရက်နိုင်ချေ။
အစကမူ ရန်ကိုင်ကို တစ်ယောက်ယောက်က သတ်မည် ဆိုလျှင် ထိုလူသည် သူမပင် ဖြစ်ရမည်ဟု တွေးထားခြင်း ဖြစ်၏။ ထိုနည်းဖြင့် သူမ၏ အရှက်တရားကို ဖယ်ရှားနိုင်ပြီး၊ ကိစ္စများ ပြီးပြတ်သွားသည်နှင့် ကိုယ်ကိုယ်ကို သက်သေပစ်နိုင်၏။
သူမစိတ်ထဲ ထိုကဲ့သို့သော ခံစားချက် များစွာတို့ ထွက်ပေါ်လာသော်ငြား ရန်ကိုင် သေသွားမည်၊ အန္တရာယ်ထဲ ရောက်သွားမည်ကို သူမ မကြည့်ရက်နိုင်ပါချေ။
ရွမ်ရှင်းယုက သူမကို ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည်နေသည်ကို မြင်လိုက်ရသည့်အခါ ယွန်ရွှမ်မှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူးပြီးတော့သာ ထိုတွင်းထဲ ပြေးပုန်းအောင်းချင်မိတော့၏။
“နင်... ဟဲ...” မိန်းမဆိုသည်မှာ စပ်စုတတ်သည့် အမျိုးပင် မဟုတ်လေလော။
“ငါ့ကို မမေးနဲ့” ယွန်ရွှမ် မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့၏။ ထိုမှတစ်ဆင့် လည်တိုင်များ တစ်လျှောက်ပါ နီမြန်းသွားခဲ့ပြီး သူမ၏ နှလုံးသားလေးသည်လည်း စက်ရထား ခုတ်မောင်း နေသလို တဒုတ်ဒုတ် ခုန်နေခဲ့လေ၏။
“အင်း...” စပ်စုချင်သော်လည်း ဆိတ်ဆိတ်နေရန်သာ ရွမ်ရှင်းယု ရွေးချယ်လိုက်လေ၏။
အုန်း အုန်း အုန်း အုန်း
ကျိုးလော့၏ တိုက်ခိုက်မှုသည် ပစ်မှတ်ကို ထိသွားသည်နှင့် အလင်းလုံးလေးထဲ ပါဝင်နေသာ စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ကာ ရန်ကိုင်၏ ပြေးလမ်းမှန်သမျှကို ပိတ်ဆို့သွားခဲ့လေ၏။
မိန်းကလေး နှစ်ယောက်စလုံး ပါးစပ်လေးကို အုပ်လျက် တုန်တုန်ရီရီဖြင့် ထိုမြင်ကွင်းကို ငေးစိုက်ကြည့်နေခဲ့၏။
ဘန်း ဘန်း ဘန်း
မြည်သံများနှင့်အတူ ပေါက်ကွဲထွက်လာသော စွမ်းအင် များသည် အလျင်အမြန် ဖယ်ရှားခံလိုက်ရပြီး ရန်ကိုင်၏ ပုံရိပ် အားလုံးရှေ့ ထွက်ပေါ်လာခဲ့လေ၏။
ကဝေမွန်းစတားကြောင့် ရထားသည့် သူ့ဝမ်းဗိုက်မှ ဒဏ်ရာက လွဲ၍ ရန်ကိုင်သည် အကောင်းအတိုင်း ရှိနေသေး၏။ လှုပ်ရှားမှု များသွားသည့်အတွက် ဝမ်းဗိုက်မှ ဒဏ်ရာသည် နောက်တစ်ကြိမ် ပြန်ပွင့်ထွက်လာခဲ့ရာ ရန်ကိုင်၏ မျက်နှာ သည်လည်း အနည်းငယ် ဖြူလျော်သွားခဲ့ရလေ၏။
ကျိုးလော့သည် ရန်ကိုင်အား ကြောက်လန့်တကြား ငေးကြည့်ရင်း အလိုလို နောက်ဆုတ်မိလိုက်၏။ ပါစပ်မှလည်း “မဖြစ်နိုင်ဘူး” ဆိုသော စကားကို ထပ်တလဲလဲ ရေရွတ်နေခဲ့၏။
အင်မော်တယ် တက်လှမ်းခြင် အဆင့်အတွင်း၌ ရှိနေသည့် မည်သူကမှ သူ၏ အသေသတ်တိုက်ကွက်ကို မခုခံနိုင်ချေ။ အကောင်းအတိုင်း ရှိနေသေးဖို့ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့။ သို့သော်ငြား သူ့ရှေ့မှ ကောင်စုတ်လေးသည် သူ၏ အသေသတ် တိုက်ကွက်ကို မည်သည့် ဒဏ်ရာမှ မရဘဲ ခုခံပြသွားခဲ့လေ၏။
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။ သူ့အမူအရာသည် လွန်စွာကိုမှ ရုပ်ဆိုးမည်းမှောင် နေခဲ့လေပြီ။ သူ့ဒဏ်ရာများသည် ပြန်ကောင်းလုဆဲဆဲ ဖြစ်နေသော်လည်း ထိုသကောင့်သား၏ မဆင်မခြင် တိုက်ခိုက်မှုကြောင့် သူ့အခြေအနေသည် ပို၍ ဆိုးသွားခဲ့ရ၏။ ထို့ကြောင့် သူအနေဖြင့် လက်ရှိ ကိစ္စများကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ရပေမည် “အစကတော့ မင်းအသက်ကို မယူဘူးလို့ စဉ်းစားထားတာ။ ဒါပေမယ့် မင်းက သေချင်နေမှတော့ ငါလည်း မင်းအသက်ကို ချမ်းသာပေးစရာ မလိုတော့ဘူးပေါ့”
ပြောပြီးသည်နှင့် သူ့ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
သေခြင်း အခိုက်အတန့်ကို ခံစားမိသည်နှင့် ကျိုးလော့၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့လေ၏။ သို့သော်လည်း ခုခံဟန်ပေးပင် မပြင်ရသေးခင်မှာဘဲ ပြင်းထန်လှသော သက်ရောက်မှုတစ်ခု သူ့ရင်ဘတ်ပေါ်သို့ ကျဆင်းလာသည်ကို ခံစားမိလိုက်၏။
အရိုးကျိုးကြေအက်ကွဲသံတို့ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင်၏ ပုံရိပ် ကျိုးလော့ရှေ့ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။ သို့သော်လည်း ကျိုးလော့သည် ထပ်မံ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ သူ အသတ်ခံလိုက်ရလေပြီ။
အဟွတ်... အဟွတ်...
ရန်ကိုင်လည်း ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး ခြေနှစ်လှမ်းလောက် နောက်ဆုတ်ပြီးမှသာ သူ့ကိုယ်သူ ငြိမ်အောင် ထိန်းလိုက်နိုင်၏။ ဝမ်းဗိုက်သို့ ဖိထားသည့် သူ့လက်ချောင်းများကြားမှ သွေးများ စီးကျလာခဲ့လေ၏။
ယွန်ရွှမ်ဆီ လှမ်း၍ ကြည့်လိုက်သည် သူမ၏ မျက်နှာထက် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်ကို မြင်တွေ့လိုက်ရ၏။ ပျော်၍လည်း၊ မည်သည့် အတွက်ကြောင့်ဖြစ်မှန်း မပြောနိုင်ရာ ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းခါရမ်းလိုက်ပြီး အလျင်စလို ထိုင်ချ၍ သူ့ဒဏ်ရာများကိုသာ ပြန်ကုသနေလိုက်၏။
“ယွန်ရွှမ်...” ဖြစ်ပျက်သွားသော အမျိုးမျိုသော ဖြစ်ရပ်များကြောင့် ရွမ်ရှင်းယု အသေအချာ မစဉ်းစားနိုင်တော့ကာ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေ၏ “ဒီကိစ္စနဲ့ပက်သက်ပြီး ငါတို့ ဘာလုပ်သင့်လဲ”
“ဘာလုပ်ရမှာလဲ” ယွန်ရွှမ်က အသာအယာ သက်ပြင်းရှိုက်လျက် ပြန်မေးလိုက်၏။
“သူကျိုးလော့ကို သတ်လိုက်တယ်လေ”
“သူ့အတွက် လက်စား ပြန်ချေပေးချင်လို့လား” ယွန်ရွှမ်က ရွမ်ရှင်းယုကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
“ငါအဲ့ဒါကို ပြောချင်တာ မဟုတ်ဘူး” ရွမ်ရှင်းယုက ဆိုလိုရင်းကို အလျင်အမြန် ရှင်းပြလိုက်လေ၏ “ကျိုးလော့က စိတ်ပျက်စရာကောင်းတဲ့ ကောင်စုတ်ဆိုပေမယ့် သူက ငါတို့ လွတ်လပ်သော အဖွဲ့အစည်းက အဖွဲ့တစ်ခုရဲ့ အဖွဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်နေတုန်းပဲလေ။ သူငါတို့ရှေ့မှာတင် သေသွားတာက...”
“အခြားလူတွေကော မသေလို့လား။ ကျိုးလော့က မှားတဲ့ လူပဲလေ။ အခု သူသေသွားပြီဆိုတော့ ကိစ္စအားလုံးလည်း ရှင်းသွားပြီပေါ့။ ဒီလို အမှိုက်မျိုးကို ဘယ်သူက လွမ်းနေမှာလဲ။ သူရှိနေတာကကောင် အဖွဲ့အစည်းအတွက် ပြဿနာတွေကို လက်ယပ်ခေါ်သလို ဖြစ်နေမှာ။ အဖွဲ့အစည်းဆီ ပြန်ရောက်တာနဲ့ အထက်ပိုင်းတွေဆီ အစီအရင်ခံ တင်ပြလိုက်မယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး တွေးပူနေစရာ မလိုဘူး” ယွန်ရွှမ်က ပြောလိုက်၏။
နေ့တစ်ဝက်ကြာပြီးနောက် ယွန်ရွှမ် တော်တော်လေး ပြန်သက်သာလာခဲ့လေ၏။ ဖြစ်ပျက်သွားခဲ့သည်များကို ပြန်လည် စဉ်းစားတွေးတောလိုက်ပြီးနောက် လုံးဝ ကူကယ်ရာမဲ့သလို မခံစားရတော့ချေ။ စိတ်ရှုပ်ပြီး ဘာလုပ်ရ ဘာကိုင်မှန်း မသိသေးသော်ငြား အနည်းဆုံး သူမ၏ တည်ငြိမ်မှုကို ပြန်လည် ရရှိခဲ့လေပြီ။
“နင်... နင်တကယ်ပဲ... သူ့ကို...” ရွမ်ရှင်းယုက မရေရာ မသေချာသော အကြည့်ဖြင့် “သူက ဘာများကောင်းနေလို့လဲ”
ယွန်ရွှမ် ရှက်သွေးဖြာသွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏ “ဒီအကြောင်းကို ဆက်မပြောနဲ့တော့”
ပြောပြီးသည်နှင့် ရန်ကိုင်ဆီ တစ်ချက် ချောင်းကြည့်လိုက်ပြီး ချက်ချင်း အကြည့်လွှဲလိုက်လေ၏။
“နင်အနားယူနှင့်ဦး။ ဒီမှာ ရှိနေတဲ့ အခြားကိစ္စတွေကို ငါကိုင်တွယ်ထားလိုက်မယ်” ရွမ်ရှင်းယုက သက်ပြင်းချ၍ အသက်မရှိတော့သည့် အလောင်းခန္ဓာကိုယ်များဖြင့် ပရမ်းပတာ ဖြစ်နေသော ကွင်းပြင်ကြီးကို ကြည့်လျက် နားထင်နေရာကို ပွတ်လိုက်လေ၏။ သူမ ခေါင်းကိုက်လာရလေပြီ။
ယွန်ရွှမ်က အသာအယာ ခေါင်းညိတ်၍ တင်ပလင်ခွေ ထိုင်ချကာ မျက်စိပိတ်လျက် အသက်ရှူနှုန်းကို ငြိမ်သွားအောင် ထိန်းချုပ်လိုက်လေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၃) နင်က တကယ်ကို့ တိရိစ္ဆာန်ကောင်ပဲ
——————————————————————
တောအုပ်အတွင်း၌ ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့သည် သစ်ပင်ကြီး တစ်ပင်ကို ပင်ပန်းနွမ်းလျစွာဖြင့် မှီနေခဲ့ကြ၏။
နှစ်ယောက်စလုံးသည် စိတ်ရောကိုယ်ပါ ပင်ပန်းနေခဲ့ကြ၏။ အချိန်တစ်ခဏကြာအောင် နားပြီးမှသာ နှစ်ယောက်စလုံး အားပြန်ပြည့်လာခဲ့ကြ၏။
ရွမ်ရှင်းယု၏ စိတ်ထဲ တဝဲလည်လည် လည်နေသည့် မေးခွန်းတစ်ခု ရှိနေခဲ့၏... မသေမျိုးအဆင့် စွန်းယင်ကို သတ်သွားသည့် ကဝေမွန်းစတားသည် အဘယ်ကြောင့် ဤမျှ ရုပ်ပျက်ဆင်းပျက် သေဆုံးနေခဲ့ရသနည်း။
ထိုအချိန်တုန်းက သူမ သတိလစ်နေခဲ့၏။ ထို့အပြင် ကဝေမွန်းစတားသည် ရန်ကိုင်နှင့် ယွန်ရွှမ်းတို့ ပတ်လည်၌ အရံအတား တစ်ခု ဖန်တီးထားခဲ့ရာ သူမ သတိရနေလျှင်ပင် ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကို သိရလိမ့်မည် မဟုတ်ချေ။
ဤနေရာက ကိစ္စများကို ရှင်းပြီးသည်နှင့် ရွမ်ရှင်းယုသည် ယွန်ရွှမ်ကို မေးလိုက်လေ၏။
ယွန်ရွှမ် တစ်ခဏတာမျှ တွေဝေနေပြီးနောက် ဖြစ်ပျက် ခဲ့သည့် အကြောင်းစုံကို အကျဉ်းချုံး ရှင်းပြလိုက်လေရာ ရွမ်ရှင်းယုမှာ လွန်စွာကိုမှ ထိတ်လန့်အံ့ဩသွားခဲ့ပြီး “သူက ကဝေမွန်းစတားကို သတ်ခဲ့တာလား”
“အင်း” ယွန်ရွှမ်က အသာအယာ ခေါင်းညိတ်၍ အဝေး၌ ထိုင်နေသည့် ရန်ကိုင်ကို နားမလည်နိုင်သည့် အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်၏။
“နင်နောက်တာမလားဟင်” တစ်ခုခု မှားနေသည်ကို ရွမ်ရှင်းယု အလျင်အမြန် နားလည်သွားလိုက်လေ၏။ “ကဝေမွန်းစတားရဲ့ ခန္ဓာကိုယ်က အရမ်းကို အားပျော့တယ် ဆိုရင်တောင်မှ သူ့ရဲ့ ကောင်းကင်စိတ်အာရုံက သာမန် မသေမျိုးအဆင့် တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံထက် ပိုအစွမ်းထက်တယ်လေ။ မသေခင်လေးမှာ ရန်ကိုင်ကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ပြန်တိုက်လို့ရတာပဲ။ ဘယ်လို အစွမ်းတွေကိုများ ပိုင်ဆိုင်ထားလို့ ကဝေမွန်းစတားရဲ့ ကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှုကနေ လွတ်မြောက် လာနိုင်ရတာလဲ”
“ငါလည်း မသိဘူး” ယွန်ရွှမ်က ခေါင်းခါရမ်း၍ “ကဝေမွန်းစတားကို သူသတ်လိုက်တာပဲ မြင်လိုက်ရတာ။ အခြား ဘာကိုမှ မတွေ့လိုက်ရဘူး”
“အဲ့လိုဆိုရင် နင်နဲ့သူ...”
“မမေးနဲ့” ယွန်ရွှမ် မျက်နှာ ချက်ချင်း မှုန်ကုပ်သွားခဲ့၏။ ထိုအချိန်က သူမသည် အဆိပ်ခတ်ထားခံရ၍ သူမ၏ မှတ်ဥာဏ်သည်လည်း ဝေဝေဝါးဝါး ဖြစ်နေခဲ့သော်ငြား ဝိုးတဝါး ပုံရိပ်များကိုမူ မှတ်မိနေသေး၏။ အများကြီး မမှတ်မိလျှင်ပင် သူမ၏ စိတ်ခံစားချက်များကိုတော့ အသေအချာကို မှတ်မိနေသေး၏။ အထူးသဖြင့် သူမ၏ ထွတ်မြတ်နေရာလေးမှ ခံစားခဲ့ရသည် စူးရှသော နာကျင်မှုပင်။
ထိုအဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်နှင့် ယွန်ရွှမ်၏ မျက်နှာလေး ရှက်သွေးဖြာသွားခဲ့လေ၏။
“သူက တကယ့်ကို လူထူးလူဆန်းပဲ” ရွမ်ရှင်းယုသည်လည်း ရန်ကိုင်အပေါ် စိတ်ဝင်စားလာသည့် ပုံပင်။ “အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)လေးနဲ့ ကဝေမွန်းစတားကို သတ်နိုင်တဲ့ အပြင်ကိုမှ... ကျိုးလော့တောင် သူ့လက်သီးတစ်ချက်ကို မခုခံနိုင်ဘူး”
ကျိုးလော့သည် လွတ်လပ်သော အဖွဲ့အစည်းရှိ အဖွဲ့ငယ် တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ ခွန်အားပိုင်းအရ ယွန်ရွှမ်ကော၊ ရွမ်ရှင်းယုကပါ သူ၏ ပြိုင်ဘက်မဟုတ်။ ထို့ကြောင့် ရန်ကိုင်သည် ကျိုးလော့ကို လက်သီးတစ်ချက်ဖြင့် သတ်နိုင်ခြင်းသည် သူသာ ဆန္ဒရှိပါက သူမတို့ နှစ်ယောက် စလုံးကို သတ်ပစ်နိုင်သည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
“နင်က ရတနာတုံးကြီးကို ကောက်မိတာပဲဟေ။ နင်သာ သူ့ကို အဖွဲ့အစည်းထဲ ဆွဲသွင်းလိုက်နိုင်တာနဲ့...” ထိုစကားကို ပြောလိုက်သည့်အခိုက် ရွမ်ရှင်းယု၏ မျက်ဝန်းအစုံ နေလပမာ လင်းလက် တောက်ပသွားခဲ့ရလေ၏။
“သူ့ကို အဖွဲ့အစည်းထဲ ဆွဲခေါ်နိုင်ရင်တောင် ဘာထူးမှာ မို့လို့လဲ။ ကျိုဟုန်... သူတို့အားလုံး... သေသွားကြကုန်ပြီလေ...” ပြောနေစဉ်အတွင်းမှာပင် ယွန်ရွှမ်၏ မျက်နှာလေး ညိုးကျသွားခဲ့ရလေ၏။ သူမနှင့်အတူ နှစ်အတော်ကြာအောင် အချိန်ကုန်ဆုံးလာခဲ့သော သူမ၏ လက်အောက်ငယ်သားများ တစ်ယောက်ပြီးတစ်ယောက် သူမရှေ့မှာပင် အသတ်ခံနေရသည်ကို ပြန်စဉ်းစားမိသည်နှင့် သူမ၏ နှလုံးသားလေး တဆစ်ဆစ် ကိုက်ခဲလာခဲ့ရလေ၏။
“ပြီးတော့ သူ့ကို အဖွဲ့အစည်းထဲ ဆွဲခေါ်နိုင်မယ်၊ မခေါ်နိုင်ဘူး ဆိုတာက သေချာသေးတာမှ မဟုတ်တာ”
“နင်မလုပ်နိုင်ရင်လည်း ငါကြိုးစားကြည့်မယ်လေ” ရွမ်ရှင်းယုက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် “ငါတို့အဖွဲ့သားတွေ အကုန်လုံး သေသွားခဲ့ရတာ ဆိုတော့ လူသစ်ခေါ်ဖို့ လိုနေပြီလေ။ မဟုတ်ဘူးလား”
“သူနဲ့ ပက်သက်ပြီး နည်းနည်းလေးတောင်မှ မစဉ်းစားနဲ့” ယွန်ရွှမ်က ချက်ချင်း ကန့်ကွက်ပြောလိုက်ရာ “ကျွတ်၊ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးပါလား... ပြောတော့ သူ့ကို စိတ်မဝင်စားဆို၊ သူ့ကို ချည်နှောင် မထားချင်ဘူးဆို။ အဲ့လိုဆို ဘာလို့ ငါ့ကို မကြိုးစားကြည့်ခိုင်း ရတာလဲ။ ဟန်... ပြောလေ”
“ဘာပဲဖြစ်ဖြစ်၊ သူ့အပေါ် အကွက်ရွေ့ဖို့ နည်းနည်းလေးတောင် မစဉ်းစားနဲ့”
“ကောင်းပြီ။ ကောင်းပြီ။ နင်က ဒဏ်ရာရထားမှတော့ ငါနင်နဲ့ ပြိုင်ငြင်းမနေချင်တော့ဘူး။ ငါ့ဘက်ကပဲ အလျှော့ ပေးလိုက်ရတာပေါ့” ရွမ်ရှင်းယုက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။
ဤဘေးကပ်ဆိုးကြီးကို ကျော်ဖြတ်ပြီးသည့်နောက် နှစ်ယောက်သားကြားမှ မကျေနပ်ချက်တို့သည်လည်း အတော့်ကို လျော့ကျသွားခဲ့ရလေ၏။ ယခုဆို သူတို့နှစ်ယောက် အတော့်ကို ပလဲပနံသင့်နေခဲ့လေပြီ။
စကားပြောနေစဉ် အတွင်းမှာပင် သက်ပြင်းအရှည်ကြီး ချလိုက်သည့် အသံတစ်သံကို သူမတို့ နှစ်ယောက် ကြားလိုက် ရလေ၏။ အသံကြားရာဆီသို့ လှမ်း၍ ကြည့်လိုက်သည့်အခါ ရန်ကိုင် မျက်လုံးပွင့်လာသည်ကို တွေ့လိုက်ရ၏။ ရန်ကိုင်၏ ဒဏ်ရာများသည် အပြည့်အဝ မပျောက်ကင်းသေးသော်လည်း သူ့အသားအရေကမူ အရင်ကလို ဖြူဖတ်ဖြူလျော် ဖြစ်မနေတော့ချေ။ အနည်းငယ် စိုစိုပြေပြေလေး ရှိလာခဲ့လေပြီ။
မိန်းကလေးနှစ်ယောက်၏ အကြည့်ကို သတိပြုမိသည့် အလား ရန်ကိုငက် ထိုနှစ်ယောက်ကို ပြန်လှည့်ကြည့်လိုက်၏။ ယွန်ရွှမ်နှင့် အကြည့်ချင်း ဆုံမိသည်နှင့် ရန်ကိုင်၏ အမူအရာ အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး ယွန်ရွှမ်ကမူ ချက်ချင်း ဆိုသလို အကြည့်လွှဲပစ်လိုက်လေ၏။
နှစ်ယောက်သား အတူတကွ ဆင်နွှဲခဲ့သည့် ရမက်တိုက်ပွဲကို ပြန်စဉ်းစားမိသည်နှင့် ယွန်ရွှမ်၏ ခန္ဓာကိုယ်လေး ပူစပ်ပူလောင် ဖြစ်လာခဲ့လေ၏။
သူမ၏ တုန့်ပြန်မှုကို သတိပြုမိလိုက်သည့် ရွမ်ရှင်းယုကမူ ယဲ့ယဲ့လေးသာ ပြုံး၍ ရန်ကိုင်ကို လက်ယပ်ပြကာ အော်ခေါ်လိုက်လေ၏ “မောင်ငယ်လေး၊ ဒီကို လာပါဦး”
ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ မတ်တပ်ရပ်ကာ ထိုနှစ်ယောက်ဆီ လမ်းလျှောက်သွားလိုက်လေ၏။ ရောက်သည်နှင့် တည်တည်ငြိမ်ငြိမ် အမူအရာနှင့်ပင် ဟန်မပျက် ထိုင်ချလိုက်လေ၏။
ရန်ကိုင်၏ ဗလာကျင်းနေသော ရင်အုပ်ကျယ်ကြီးကို ကြည့်ရင်း ရွမ်ရှင်းယုသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူး လိုက်လေ၏။ ထိုလူငယ်လေးသည် ဤမျှ အချိုးအစား ပြီးပြည့်စုံလှသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားမည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ ဝမ်းဗိုက် ကြွက်သားများဆိုလျှင် ဖုလိုက်၊ ပိတ်လိုက်၊ ဖောင်းထွက်နေခြင်းဖြစ်လိုက် မရှိဘဲ လုံးဝကို အချိုးအစား ညီမျှစွာ ရှိနေခဲ့၏။
“နင့်ဒဏ်ရာ ဘယ်လိုနေလဲ” ရွမ်ရှင်းယုက မေးလိုက်ရာ ရန်ကိုင်က “ဒီဒဏ်ရာလောက်နဲ့ မသေနိုင်သေးပါဘူး”
“နင့်ခန္ဓာကိုယ်က မဆိုးဘူး” ရွမ်ရှင်းယုက ကလူတူတူ ညူတူတူ အကြည့်ဖြင့် ရန်ကိုင်ကို ကြည့်လျက် ပြောလိုက်၏။
သူမ၏ အပြုအမူကြောင့် ယွန်ရွှမ်မှာ မပျော်မရွှင် ဖြစ်သွားခဲ့ရကာ ရွမ်ရှင်းယုကို တိတ်တဆိတ် လိမ်ဆွဲလိုက်လေ၏။
ရန်ကိုင်သည် ကိုးယိးကားယား အမူအရာဖြင့် နှာခေါင်းကို ပွတ်လျက် စပြောလိုက်၏ “မနေ့တုန်းက...”
“မနေ့တုန်းက ဘာမှမဖြစ်ခဲ့ဘူး” ရန်ကိုင်မှာ စကားပင် အသေအချာ မစရသေးခင်မှာဘဲ ယွန်ရွှမ်က ချက်ချင်း ဖြတ်ပြောလိုက်လေ၏။
ထိစကားကို ကြားလိုက်သည်နှင့် ရန်ကိုင်လည်း တစ်ခဏတာမျှ မှင်သက်သွားခဲ့ပြီး ရုတ်တရက် ရယ်မောလိုက်ကာ “အဲ့လိုဆို အကောင်းဆုံးပဲ”
ယွန်ရွှမ်သည် မျက်ရည်ချူ၍ သူ့အပေါ် ကပ်တွယ်နေမည်ဟု ရန်ကိုင် ထင်နေခြင်း ဖြစ်၏။ သို့သော်လည်း ယွန်ရွှမ်သည် ယမန်နေ့ကိစ္စကို မဖြစ်သလိုသာ သဘောထားချင်ခဲ့ရာ သူမ၏ အတွေးများသည် ရန်ကိုင်၏ အတွေးနှင့် လုံးဝကို လိုက်ဖက်ညီနေခဲ့၏။
ယမန်နေ့ ကိစ္စသည် ရန်ကိုင် လုပ်ချင်သဖြင့် လုပ်ခဲ့ခြင်း မဟုတ်ချေ။ ကဝေမွန်းစတား၏ စိတ်စွမ်းအင် အဆိပ်ကြောင့် နှစ်ယောက်စလုံး မတတ်သာ၍ လုပ်ခဲ့ရခြင်း ဖြစ်၏။ ထို့အပြင် ရန်ကိုင်သည် ကဝေမွန်းစတားကို ထိုနည်းဖြင့် သူ့နား ရောက်လာစေရန် ဆွဲဆောင်လိုခြင်း ဖြစ်၏။ ထို့ကြောင့်သာ ထိုအခြေအနေဆိုးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏။
ကဝေမွန်းစတားလို ရန်သူမျိုးနှင့် ရင်ဆိုင်ရာတွင် သူမနား မကပ်နိုင်သလို သူမကို သတိပေါ့လျော့သွားအောင် မလုပ်နိုင်ပါက ရန်ကိုင်သည် သူမကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဟွန့်...” ရွမ်ရှင်းယုက မကျေမချမ်းသံ လုပ်လိုက်ပြီး ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်၍ “ဘာမှ မဖြစ်ခဲ့ဘူး ဟုတ်လား။ ထမင်းစားပြီး ပိုက်ဆံမရှင်းဘဲ ထွက်သွားချင်နေတာပေါ့၊ ဟုတ်လား။ ယွန်ရွှမ် ပြောတာက လက်ခံနိုင်သေးတယ်။ နင်ကျတော့ကော။ နင့်အမှားကို နင်ဝန်မခံရဲတာလား”
“နင်ဘာပြောချင်တာလဲ” ရန်ကိုင်က ပြန်မေးလိုက်၏။ ယွန်ရွှမ်က ထိုကိစ္စကို ဤတွင် ဤမျှနှင့် ပြီးသွားစေချင်သော်လည်း ရွမ်ရှင်းယုသည် ရုတ်တရက်ကြီး ကြားဝင်ပါလာခဲ့ရာ ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ရ၏။
“ငါနင့်ကို တာဝန်ယူခိုင်းချင်နေတာလေ” ရွမ်ရှင်းယုက ပြန်ပြောလိုက်လေ၏ “ယွန်ရွှမ် နှစ်သုံးဆယ်ကြာအောင် ထိန်းသိမ်းလာခဲ့တဲ့ အပျိုပန်းကို နင်က ဓါးပြတိုက်ယူသွားတာလေ။ နည်းနည်းလေးတောင် တာဝန်ယူချင်စိတ် မရှိဘူးလို့ ငါ့ကို လာမပြောနေဲ့နော်”
ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး ရွမ်ရှင်းယုကို စိတ်ဝင်တစား ကြည့်ကာ “နင်တို့ နှစ်ယောက်ကို ရန်သူတွေ မဟုတ်ဘူးလား။ နင်သူ့အတွက်ဘာလို့ ကူပြောပေးနေရတာလဲ”
ရွမ်ရှင်းယုက ပြန်၍ လှောင်ပြောင်လိုက်လေ၏ “သူ့အတွက် ဝင်ပြောပေးတာ၊ မပြောပေးတာက နင့်ကိစ္စမဟုတ်ဘူး။ အခုလောလောဆယ် ငါက မိန်းမသား တစ်ယောက်အနေနဲ့ သူ့ဘက်ကနေ ရပ်တည်ပေးနေတာ။ သူ့ကို ကူပြီး တရားမျှတမှု ရှာပေးတာက သဘာဝပဲလေ”
“နင်လည်း အပျိုစင်ပဲလား” ရန်ကိုင်က မိစ္ဆာဆန်ဆန် ရယ်မောလိုက်လေ၏။
ရွမ်ရှင်းယုမျက်နှာ တောင့်တင်းသွားခဲ့ပြီး ပြန်၍ ဆူပူကြိမ်းမောင်းလိုက်လေ၏ “ခွေးသူတောင်းစားကောင်”
ရန်ကိုင် မျက်နှာကို ပိတ်ရိုက်ရန် လက်ကို မြှောက်လိုက်ပြီးမှ သူမသည် ရန်ကိုင်၏ ပြိုင်ဘက်မဟုတ်ကြောင်း ပြန်စဉ်းစားမိရာ ဒေါသတကြီး အံကြိတ်ရင်းဖြင့်သာ လက်ကို ပြန်ရုတ်လိုက်လေ၏။
“တော်လောက်ပြီ” ယွန်ရွှမ်က ဝင်ပြောလိုက်လေ၏ “ရှင်းယု၊ ဒါက ငါ့ကိစ္စပဲ။ ဒါကြောင့် ဒီကိစ္စကို ငါ့ဘာသာငါ ဖြေရှင်းမယ်။ နင်ထပ်ဝင်ပြောစရာ မလိုတော့ဘူး”
ယွန်ရွှမ်က ဤကဲ့သို့ ပြောလာမှဖြင့် သူမလည်း ဘာမှ မတတ်နိုင်တော့ချေ။ ရန်ကိုင်ကိုသာ မုန်းတီးစွာ စူးစူးရဲရဲ စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ အကြည့်လွှဲဖယ် လိုက်လေ၏။
ရန်ကိုင်ဆီ လှည့်ကြည့်မိလိုက်သည့်အခိုက် ယွန်ရွှမ်၏ လှပသော မျက်ဝန်းလေးများ တိမ်ဖုံးသွားသည့်အလား၊ ငေးငိုင်မိန်းမောစွာဖြင့် ရန်ကိုင်ကို ငေးကြည့်နေလိုက်မိ၏။
အချိန်အတော်ကြာပြီး နောက်ဆုံး၌ ယွန်ရွှမ်က ပြောလာခဲ့၏ “ငါနင့်ကို မေးခွန်းအချို့ မေးချင်တယ်။ ငါ့ဘက်က ဒီလောက် အရှုံးကြီး ရှုံးထားရမှတော့ ငါမေးတဲ့ မေးခွန်းတွေကို ရိုးရိုးသားသား ဖြေပေးမယ်လို့ ငါမျှော်လင့်တယ်”
“မေးလေ။ အဆင်ပြေရင် ငါဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်၍ ပွင့်ပွင့်လင်းလင်းသာ ပြန်ပြောလိုက်လေ၏။
“နင်ဘယ်သူလဲ။ နင့်ရဲ့ အစစ်အမှန် ကျင့်ကြံခြင်းက ဘာလဲ” ယွန်ရွှမ်က အလေးအနက် လေသံဖြင့် မေးလိုက်၏။ သူမ၏ အပျိုစင်ဘဝကို ရယူသွားသော လူအကြောင်းကို သူမ သိချင်သည်မှာ ထူးတော့ မထူးဆန်းပါချေ။
“ငါပြောခဲ့သလိုပဲ ငါက အရမ်းကို ချောင်ကျတဲ့ နေရာတစ်ခုက ရောက်လာတဲ့လူပဲ။ ငါ့ဘယ်က လာတာလဲ ဆိုတာကတော့ ငါလည်း အသေအချာ မရှင်းပြတတ်ဘူး။ ငါ့ကျင့်ကြံခြင်း အဆင့်ကို ပြောရမယ် ဆိုရင်တော့ နင်မြင်သလိုပဲ ငါက အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ တစ်ယောက်လေ။ ငါဘာကိုမှ ရည်ရွယ်ချက် ရှိရှိနဲ့ ဖုံးကွယ်ဖို့ မကြိုးစားထားခဲ့ဘူး” ရန်ကိုင်က အမှန်အတိုင်း ပြောပြလိုက်၏။
ထို့နောက် တစ်ချက်ရပ်လိုက်ပြီး ဆက်ပြောလိုက်၏ “ဒါပေမယ့် ငါ့ရဲ့ အင်မော်တယ် တက်လှမ်ခြင်း အဆင့်က သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်နဲ့ မတူဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ကြားမှာ ငါက ပြိုင်ဘက်ကင်းပဲ”
“လေလုံးထွားနေလိုက်တာ” ရွမ်ရှင်းယုက နှာခေါင်းရှုံ့လိုက်၏။
ရန်ကိုင်သည် ချဲ့ကားပြောနေသည်ဟု ထင်မိသော်ငြား သူပြသခဲ့သည့် ခွန်အားကို ပြန်အမှတ်ရလိုက်သည်နှင့် ရန်ကိုင် ပြောသည်ကိုပင် ယုံချင်ချင် ဖြစ်လာခဲ့လေ၏။
“ရေဝိဥာဉ်ဘုရားကျောင်းက ရွှေးလင်နဲ့ နင့်ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ သူက နင့်ကို ဘာလို့ အရမ်းကြီး ဂရုစိုက်နေရတာလဲ” ယွန်ရွှမ်က ထပ်မေးလိုက်လေ၏။
“ငါနဲ့ သူ့ကြား ဆက်ဆံရေးက... နင်တို့ ထင်နေသလို မဟုတ်ဘူး။ ငါတို့တွေက သာမန် မိတ်ဆွေတွေပဲ။ သူင့ါကို ဂရုစိုက်ရတဲ့ အကြောင်းအရင်းက သူကျဉ်းထဲကြပ်ထဲ ရောက်နေတုန်းက ငါသူ့ကို ကူညီပေးလိုက်လို့လေ”
ရန်ကိုင်၏ အဖြေနှင့် ပက်သက်၍ အတော့်ကို ကျေနပ်သွားသည့်အလား ယွန်ရွှမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်၍ ပြောလိုက်၏ “ပြီးတော့ ငါတို့နဲ့အတူ ဒီတာဝန်ကို ဘာလို့ လုပ်ချင်ခဲ့တာလဲ။ မိုင်းတွင်းထဲမှာတုန်းက အဲ့မှာ ဘယ်လို အန္တရာယ်မျိုး ရှိတယ် ဆိုတာကို နင်ဘာလို့ အသေအချာ မရှင်းပြခဲ့တာလဲ။ နင်က အရမ်း သန်မာနေမှတော့ ငါတို့ လွတ်လပ်သော အဖွဲ့အစည်းက တပည့်တွေ အသတ်ခံနေရတဲ့ အချိန် ဘာလို့ စောစော မလှုပ်ရှားပဲ အဲ့အချိန်... အဲ့အချိန်... ကဝေမွန်းစတား သတိပေါ့လျော့ သွားတဲ့အချိန်ထိ ဘာလို့ စောင့်နေခဲ့တာလဲ”
ဒီတစ်ကြိမ် မေးခွန်းမေးနေစဉ်အတွင်း ယွန်ရွှမ်၏ လေသံသည် စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားလာခဲ့လေ၏။
သို့သော်လည်း ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ရှင်းပြလိုက်လေ၏ “နင့်က ငါ့ရည်ရွယ်ချက်တွေကို သံသယ ဝင်နေတာ ဟုတ်တယ်မလား။ ငါက အခြားရည်ရွယ်ချက် တစ်ခုနဲ့ လွတ်လပ်သော မြို့တော်ထဲ ဝင်လာတယ်လို့ နင်ထင်နေတာမလား။ ဒါပေမယ့် ငါနင့်ကို ပြောခဲ့တာတွေ အားလုံးက အမှန်တွေ ဖြစ်တယ် ဆိုတာကိုတော့ စိတ်ချ ယုံကြည်ထားလို့ရတယ်။ ဒီတာဝန်အတွင်း နင်တို့နောက် လိုက်ခဲ့တယ် ဆိုတာက ငါနင့်အပေါ် တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်ချင်လို့ပဲ။ အခု နင့်အသက်ကို ကယ်ပြီးပြီ ဆိုတော့ ငါတို့ အကြွေးတွေ ရှင်းသွားပြီ။ မိုင်းတွင်းထဲမှာတုန်းက နင်တို့ကို ဘာလို့မပြောခဲ့တာလဲ ဆိုတာနဲ့ ပက်သက်ပြီး ရှင်းပြရမယ် ဆိုရင်၊ ငါမှတ်မိသလောက်တော့၊ ငါနင့်တို့ကို သတိမပေးဖို့ မကြိုးစားခဲ့တာ မဟုတ်ဘူး။ ငါက သက်သေမပြနိုင်လို့ ဆိုပြီး နင်တို့ကပဲ ငါ့ကို မယုံခဲ့တာလေ။ ငါသာ ဆက်ပြောနေမယ် ဆိုရင် နင်တို့ ငါ့ကို သံသယပိုဝင်လာတာက လွဲပြီး ဘာထူးမှာလဲ။ ဒါကြောင့် ငါဘာမှကို မပြောတော့တာ။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ဆက်ဆံရေးက အဲ့လောက် မရင်းနှီးဘူးလေ။ ငါတို့တွေက မိတ်ဆွေလို့တောင် သတ်မှတ်လို့ ရတာ မဟုတ်ဘူး။ ဒါတော့ နင်တို့ လွတ်လပ်သော အဖွဲ့အစည်းက တပည့်တွေ သေသေ၊ ရှင်ရှင်က ငါနဲ့မှ မသက်ဆိုင်တာ”
“နောက်ဆုံး၊ ကဝေမွန်းစတား သတိလျော့ပေါ့သွားတဲ့အထိ ဘာလို့ စောင့်ရလဲ ဆိုတော့... သူသာ သတိထားနေရင် ငါသူ့ကို ဘယ်လိုလုပ်ပြီး သတ်လို့ရမှာလဲ။ သူနဲ့ ထိပ်တိုက် ပြန်ပြီး ရင်ဆိုင်မယ်ဆိုရင်တောင် ငါက သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကဝေမွန်းစတားရဲ့ စိတ်စွမ်းအင် ဘယ်လောက်တောင် အားကောင်းလဲ ဆိုတာကို နင်လည်း သိတာပဲလေ။ နင့်ရဲ့ အပျိုစင်ဘဝကို ရယူလိုက်တာက၊ အဲ့ဒါက ငါ့ရဲ့ ရည်ရွယ်ချက် မဟုတ်ပေမယ့် ငါ့ရဲ့ အပြစ်ဆိုတာတော့ ဟုတ်တယ်။ ဒါကြောင့် နင့်ကို ဆဲချင်ဆဲ၊ ရိုက်ချင်ရိုက်၊ ငါမတားဘူး။ ဘာပဲဖြစ်ဖြစ် လုပ်ပြီးသွာတာက လုပ်ပြီးသွားပြီလေ” ရန်ကိုင် ပြောလိုက်လေ၏။
ရန်ကိုင်၏ ပုံစံကို ကြည့်ရင်း ရွမ်ရှင်းယုမှာ အံတင်းတင်း ကြိတ်၍ ထိုသကောင့်သားကို အားရပါးရ ကျိန်ဆဲ ပစ်ချင်သော်လည်း သူမ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် ပျော်ရွှင်သွားခဲ့ရလေ၏။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ယွန်ရွှမ်ကို ရွေးချယ်သွားခဲ့၏။ ယွန်ရွှမ်ကို မရွေးဘဲ သူမကိုသာ ရွေးချယ်ခဲ့လျှင် ခံစားရမည့်သူသည် သူမသာ ဖြစ်သွားပေမည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်တိုင်း သူမစိတ်ထဲ ကြောက်လန့်စိတ်တို့ ဆူဝေလာခဲ့ရ၏။
သူမသည် ထိုကောင်စုတ်လေး၏ အရည်အချင်းကို နှစ်သက် သဘောကျိမိသော်ငြား သူ့ကို အဖွဲ့အစည်းထဲ ဆွဲခေါ်ချင်ရုံ သက်သက်ဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပေးဆပ်ချင်သည့် အဆင့်ထိ မရောက်သေးချေ။ ထိုကဲ့သို့ အဖြစ်အပျက်သာ အမှန်အကန် ဖြစ်ပျက်လာခဲ့မည် ဆိုပါက သူမအနေဖြင့် ထိုကောင့်ကို သူမ၏ ဓါးဖြင့် အပိုင်းပိုင်း အစစ ဖြစ်သွားအောင် ခုတ်ထစ်မိပေမည်။
သူမနှင့်ယှဉ်လျှင် ယွန်ရွှမ်က ပို၍ သည်းခံနိုင်စွမ်း ရှိ၏။
ယွန်ရွှမ်သည်လည်း အတော့်ကို စိတ်ပျက်သွားခဲ့ရ၏။ သူမသည်သာ ခံစားခဲ့ရသည့်သူ ဖြစ်သော်ငြား ရန်ကိုင်က မတရားခံရသည့် ပုံစံမျိုး လုပ်ပြနေခဲ့လေ၏။
အသက်ပြင်းပြင်း တစ်ချက်ရှူ၍ ယွန်ရွှမ်သည် သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ဆောင်လိုက်၏။
“ရန်ကိုင်...” ယွန်ရွှမ်က ခေါ်လိုက်၏။
“ပြောလေ...” ရန်ကိုင်က အသာအယာ ပြန်ပြောလိုက်၏။
“နင်က တကယ့် တိရိစ္ဆာန်ကောင်ပဲ” ယွန်ရွှမ်က ဒေါသသံ မပါသည့် လေသံဖြင့် ပြောလိုက်၏။
“အာ...” သူမ၏ စကားကြောင့် ရန်ကိုင် ရှက်သွားခဲ့ရ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၄) နင်သိပြီးသားပါ
——————————————————————
ယခုလို အဖြစ်အပျက်ကြီး ပြီးသွားသည့် နောက်ပိုင်း အကုန်လုံး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့ကြ၏။ ကျောက်တုံးအောက်တွေကြား မြှပ်နေသော သတ္တဝါးမြိုသားရဲများ အလွယ်တကူ သေမည် မဟုတ်မှန်းကို သိထားသော်ငြား ကျောက်ပုံကြီးကို တူ၍ ထိုသားရဲများကို ဖော်ချင်စိတ် ယွန်ရွှမ်ရော၊ ရွမ်ရှင်းယုတွင်ပါ မရှိတော့။
ထို့အစား ရွမ်ရှင်းယုသည် သိုလှောင်အိတ်လေး တစ်အိတ်ကို ထုတ်ယူ၍ ရန်ကိုင်ကို ပေးလိုက်၏။
“ဘာကြီးလဲ” ရန်ကိုင်က နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်ရာ ရွမ်ရှင်းယုက ပြုံးဖြီးလျက် “နင့်ဝေစုလေ။ နင်အနားယူနေတုန်း ငါက ကဝေမွန်းစတားကို သွားပြီး အမဲပေါ်တာလေ။ ငါဘာတွေ့ခဲ့တယ် ထင်လဲ’
ရန်ကိုင်က တစ်ခတာမျှ စဉ်းစားလိုက်ပြီးနောက် “သန့်စင်ပြီးတဲ့ သတ္တုတွေလား”
“နင်ဘယ်လိုလုပ်ပြီး သိတာလဲ” ရွမ်ရှင်းယုမှာ ရန်ကိုင်ကို အံ့အားသင့်အော် လုပ်ချင်သော်လည်း သူမသည်သာ အံ့အားသင့်သွားခဲ့ရသောသူ ဖြစ်ခဲ့ရ၏။
ရန်ကိုင်က ပြုံး၍ “သတ္တုဝါးမြို သားရဲတွေ အကုန်လုံးက သူ့အပိုင်လို့ ကဝေမွန်းစတားက ပြောခဲ့တယ်လေ။ သူ့အပိုင် ဆိုမှတော့ အဲ့သားရဲအားလုံး ဒီမှာပေါ်လာတာ မတော်တဆ မဟုတ်တော့ဘူး။ ကဝေမွန်းစတားက ပေါ်ခိုင်းလို့ပဲ သူတို့ ဒီမှာ ပေါ်လာခဲ့ရတာ။ ကဝေမွန်းစတားက အဲ့သားရဲတွေကို သတ္တုတွေ ဝါးမြိုခိုင်းပြီး သန့်စင်ပြီးတဲ့ သတ္တုတွေကို သူက ယူတာလေ။ ပြီးတော့ သတ္တုတွင်းကို စစ်ဆေးနေတုန်းကလည်း သန့်စင်ပြီးတဲ့ သတ္တုအရိပ်အယောင် နည်းနည်းလေးကိုမှ ငါတို့ တွေ့ခဲ့ရတာ မဟုတ်ဘူး။ ဒါကြောင့် သန့်စင်ပြီးတဲ့ သတ္တု အားလုံးကို ကဝေမွန်းစတားက ယူထားတာပဲ ဖြစ်ရမယ်”
ရန်ကိုင်၏ ရှင်းပြသုံးသပ်မှုကြောင့် ရွမ်ရှင်းယု၏ မျက်ဝန်း အစုံတောက်ပသွားခဲ့ရ၏။
“နင်... ခန့်မှန်းတဲ့ နေရာမှာ နင်ဒီလောက် တော်လိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး”
ထို့နောက် ပြုံး၍ ဆက်ပြောလိုက်၏ “အဲ့သိုလှောင်အိတ် ထဲမှာ သန့်စင်ပြီး နေမီးတောက်သတ္တုတွေ အများကြီး ရှိတယ်။ နင်သာ ယူပြီးရောင်းလိုက်ရင် သလင်းကျောက်တွေ အများကြီး ရမှာ”
ရန်ကိုင်က တစ်ခဏလောက် စဉ်းစားပြီးနောက် သိုလှောင်အိတ်ကို ရွမ်ရှင်းယုဆီ ပြန်ပစ်ပေးလိုက်ကာ ခေါင်းခါရမ်းလျက် “ဒီတစ်ကြိမ် နင်တို့ အများကြီး ဆုံးရှုံးခဲ့ရတာ။ အဖွဲ့အစည်းဆီ ပြန်ရောက်ရင်လည်း ဟိုကလူတွေကို ပြန်ရှင်းပြရဦးမယ်။ ဒါကြောင့် ဒါတွေကို နင်တို့ပဲ ယူထားလိုက်တော့”
ရွမ်ရှင်းယုက ပျော်ရွှင်စွာ ပြုံး၍ လက်ခံထားလိုက်လေ၏။ သူမသည်လည်း ထိုအချက်ကို စဉ်းစားမိ၏။ သို့သော် ကဝေမွန်းစတားကို ရန်ကိုင်က မည်သူ၏ အကူအညီကိုမှ ရယူခြင်း မရှိဘဲ တစ်ယောက်တည်း သတ်ဖြတ်သွားခဲ့ရာ တိုက်ပွဲအတွက် ဝေစုကို သူ့ဆီအရင်ပေးလိုက်ခြင်း ဖြစ်၏။
ယွန်ရွှမ်က ပါးစပ်ဟပြီး တစ်ခုခုကို ပြောဖို့ လုပ်ခဲ့သော်ငြား သူမ၏ ပါးစပ်ဖျားမှ မည်သည့် စကားမှ ထွက်မလာနိုင်ခဲ့ချေ။
“ငါတို့ အခုထွက်သွားသင့်တယ်။ နင်တို့နှစ်ယောက်ကို အနားမှာ ရှိနေတဲ့ မြို့ဆီ ငါပြန်လိုက်ပို့မယ်” ရန်ကိုင်က မတ်တပ်ရပ်ကာ ပြောလိုက်၏။ သူ့စကားကြောင့် ယွန်ရွှမ်မှာ စိတ်ရှုပ်သွားခဲ့ပြီး ရန်ကိုင်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်၏။
ဤနေရာသည် လွတ်လပ်သော အဖွဲ့အစည်း၏ ပိုက်နက် ဖြစ်၏။ ဤနေရာမှာ နှစ်ရက်၊ သုံးရက်ကြာ သွားရသည့် ခရီးလမ်း၌ သူတို့ ဖြတ်ကျော်လာခဲ့သည့် မြို့လေးတစ်မြို့ ရှိနေခဲ့၏။
နေ့တစ်ဝက် ကြာပြီးနောက် သူတို့သုံးယောက်သည် တောအုပ်ဆီမှ အနီးနားရှိ မြို့လေးတစ်မြို့ဆီသို့ ရောက်လာခဲ့၏။ ရန်ကိုင်သည် လှည်းတစ်စီးကို ငှား၍ ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ကို အထဲ၌ ထိုင်စေကာ မြို့ဆီသို့ ဦးတည် မောင်းနှင်လိုက်လေ၏။
သူ၏ အပြုအမူကြောင့် ရန်ကိုင်အပေါ် ရွမ်ရှင်းယု၏ အကောင်းမြင်စိတ်တို့ တိုးလာခဲ့ရပြီး ယွန်ရွှမ်သည်ပင် ကြင်နာသိမ်မွေ့စွာ ပြုံးမိလိုက်လေ၏။
မိန်းကလေးနှစ်ယောက် တစ်ခဏတာမျှ အတူတကွ စကားစမည် ပြောဆိုပြီးနောက် ယွန်ရွှမ် အိပ်မောကျသွားခဲ့၏။ ရွမ်ရှင်းယုလည်း ပျင်းလာသဖြင့် လှည်းထဲမှ ထွက်၍ ရန်ကိုင်ဘေးနား ထိုင်လိုက်၏။ ထို့နောက် လက်ပေါ် ခေါင်းတင်လျက် လှည်းပေါင်းရာတွင် အာရုံစိုက်နေသည့် ရန်ကိုင်ကို စိုက်ကြည့်နေလိုက်လေ၏။
“ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ” ယခုလိုမျိုး စိုက်ကြည့်ခံနေရရာ ရန်ကိုင်သည်လည်း နေမထိထိုင်မထိ ဖြစ်လာခဲ့၏။
“နင်ဘယ်သူလဲ၊ နင်က ဘာလဲ ဆိုတာကို ငါတွေးနေရုံပါ” ရွမ်ရှင်းယုက ပြုံးဖြီးလိုက်ပြီး “နင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမယ့် အခု နင့်တစ်ကိုယ်လုံး စွမ်းအင်တွေနဲ့ကို ပြည့်လို့”
“ငါ့ရဲ့ ခံနိုင်ရည်အားက သာမန်လူတွေထက် ပိုသာတယ်လေ”
“ငါသိတယ်” ရွမ်ရှင်းယုက အသာအယာ ခေါင်းညိတ်၍ “ငယ်ရွယ်ရတာ တကယ်ကို ကောင်းတာပဲ”
“နင့်ကိုနင် အိုနေပြီလို့ တွေးနေတာလား” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ရွမ်ရှင်းယုကို ကြည့်ကာ ပြောလိုက်၏။
“နင်နဲ့ယှဉ်ရင်ပေါ့။ ငါက အသက်သုံးဆယ် တင်းတင်း ဖြစ်နေပြီ။ ယွန်ရွှမ်နဲ့ အတူတူပဲ” ရွမ်ရှင်းယုက ရယ်ရယ် မောမောဖြင့် ပြန်ပြောလိုက်လေ၏။
“နင်နဲ့ယွန်ရွှမ်ကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ အစကတော့ နှစ်ယောက်သား မြင်တာနဲ့ ခွပ်နေလိုက်ကြတာ။ အခုလည်း ကျရော မသိရင် ညီအစ်မတွေလားလို့တောင် မှတ်ရတယ်။ မိန်းမတွေအားလုံးက ဒီလောက်တောင် စိတ်ပြောင်း လွယ်တာလား”
ရန်ကိုင် ထိုမေးခွန်းကို မေးလိုက်သည်နှင့် ရွမ်ရှင်းယု တိတ်သွားခဲ့ာ သူမ၏ မျက်နှာလေးထက် ဝမ်းနည်းနေသည့် အရိပ်အယောင်တို့ ထင်ဟပ်လာခဲ့လေ၏။
သူမ၏ အပြုအမူကြောင့် မမေးသင့်သည့် အရာကို မေးလိုက်မိပြီမှန်း သိလိုက်ကာ ရန်ကိုင်က ပုခုံးတွန့်၍ “နင်မပြောချင်ဘူးဆိုလည်း ရတယ်။ ငါမမေးဘူးလို့ပဲ သဘောထားလိုက်လေ”
သို့သော်လည်း ရွမ်ရှင်းယုက ခေါင်းခါရမ်း၍ တိုးတိုးလေး ရေရွတ်လိုက်၏ “ငါတို့တွေက မိသားစုတစ်ခုတည်း ဖြစ်သင့်တာ... ယွန်ရွှမ်ရဲ့ တကယ့် အဆင့်အတန်းကို နင်သိလား”
“သူရဲ့ အဆင့်အတန်းက မရိုးရှင်းဘူး ဆိုတာကိုပဲ ငါသိတယ်” ရန်ကိုင်က သူထင်သလို ပြန်ပြောလိုက်။ ဂရမ်းမာစတာမာဖြစ်စေ၊ မသေမျိုးအဆင့် ပညာရှင်ဖြစ်စေ၊ နှစ်ယောက်စလုံး၏ ယွန်ရွှမ်အပေါ် သဘောထားသည် အတော့်ကို ယဉ်ကျေး၏၊ လေးစားသည်ဟုပင် ဆိုနိုင်၏။ သူမသည်သာ လွတ်လပ်သော အဖွဲ့အစည်း၏ သာမန် တပည့်တစ်ယောက် ဖြစ်လျှင် ထိုလူများသည် သူမအပေါ် ဤသို့ မဆက်ဆံသင့်ချေ။
“တကယ်ကို မရိုးရှင်းတာ” ရွမ်ရှင်းယုက အနောက်ကို တိတ်တဆိတ် ပြန်လှည့်ကြည့်လိုက်၍ ယွန်ရွှမ် အိမ်နေသေးမှန်း မြင်သည်နှင့် တိုးတိုလေး ပြောလိုက်၏ “ယွန်ရွှမ်က လက်ရှိ အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ သမီးပဲ”
ရန်ကိုင်လည်း ရွမ်ရှင်းယုကို ငေးကြောင် ကြည့်မိလိုက်၏။
“အမှန်ပဲ။ လွတ်လပ်သော အဖွဲ့အစည်းရဲ့ သမီးပဲ”
“ဒါဆိုရင် သူကဘာလို့...”
ထိုကဲ့သို့သော အဆင့်အတန်းမျိုးနှင့် ဆိုလျှင် ယွန်ရွှမ်သည် ယခုလို တာဝန်မျိး လုပ်မနေသင့်ချေ။ သူမအနေဖြင့် ပို၍ အရေးပါသော ရာထူးကိုပင် လက်ခံရယူထားသင့်၏။ ထို့အပြင် သူမ၏ ပုံစံသည် အင်အားစုတစ်ခု၏ သခင်မလေးတစ်ယောက် ရှိသင့်သည့် ဟန်ပန်အမူအရာနှင့် လာလားမျှ မအပ်စပ်။
“သူ့မှာလည်း သူ့အကြောင်းနဲ့သူရှိတယ်” ရွမ်ရှင်းယုက အသက်တစ်ချက် ရှူလိုက်ပြီး “ငါနင့်ကို ပြောပြလို့ရတယ်။ ဒါပေမယ့် လျှောက်မဖွဘူးလို့တော့ ငါ့ကို ကတိပေးရမယ်”
“ငါက ပါးစပ်ဖွာတဲ့ လူနဲ့ တူနေလို့လား” ရန်ကိုင်က သူမကို ပြန်စိုက်ကြည့်၍ မေးလိုက်၏။
ရွမ်ရှင်းယုက လေးနက်သည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ “ယွန်ရွှမ်က အရမ်းကို ပါရမီပါလွန်းတဲ့ မောင်လေးတစ်ယောက် ရှိတယ်။ အသက်ငယ်ငယ်လေးနဲ့တင် ပထမအဆင့် အင်အားစုတွေရဲ့ အဓိကတပည့်တွေနဲ့ ယှည်ရင်နိုင်တဲ့ ပါရမီကို ပြသခဲ့တာ။ ဒါပေမယ့် လွတ်လပ်သော အဖွဲ့အစည်းရဲ့ အထူး ဖွဲ့စည်းပုံကြောင့် အဖွဲ့အစည်းခေါင်းဆောင် သူ့ကို အောက်ဆုံး အဆင့်ကနေ စတင်ခိုင်းခဲ့တယ်။ အဲ့ဒါကြောင့် သူလည်း အခြားတပည့်တွေလို့ အဖွဲ့တစ်ခုထဲ ဝင်ပြီး တာဝန်တွေ လုပ်ဆောင်ရတာပေါ့။ သူ့က အရည်အချင်း ရှိပြီးသား ဆိုတော့ ခဏလေးမှာပဲ အဖွဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်လာတယ်လေ။ သူ့အဖွဲ့သားတွေကလည်း သူ့ကို တော်တော်လေး လေးစားတယ်”
ထိုအကြောင်းကို ပြောနေစဉ်အတွင် ရွမ်ရှင်းယု၏ မျက်နှာလေးသည် အပြုံးချိုချိုလေးတို့ဖြင့် ပြည့်နေခဲ့၏။
ထိုအကြောင်းအရာများသည် ရန်ကိုင်နှင့် မသက်ဆိုင်သော်ငြား ရန်ကိုင်ကမူ ဆိတ်ဆိတ်သာ နေခဲ့၏။
“ဒါပေမယ့် မြစ်နား ခဏခဏ သွားမှတော့ ဖိနပ်လည်း စိုမှာပေါ့” ရွမ်ရှင်းယု၏ လေသံ ရုတ်တရက် တိုးကျသွားခဲ့ပြီး “အဲ့လိုမျိုး ပုံမှန် တာဝန်တစ်ခုကို လုပ်ဆောင်တဲ့ နေ့မှာပဲ။ သခင်ငယ်လေး ရုတ်တရက် သေသွားခဲ့တယ်။ သူ့အဖွဲ့သားတွေ အားလုံးနီးပါး အသတ်ခံလိုက်ရပြီး တစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်”
“ယွန်ရွှမ်က သူ့မောင်လေးကို အရမ်းချစ်တာ။ ဒါကြောင့် သူ့မောင်လေး သေလည်းသေရာ၊ သူ့အဖေကို အပြစ်တင်တော့ရော။ အဲ့ကိစ္စပြီးနောက်ပိုင်း ယွန်ရွှမ်က သူ့ရဲ့ ပထမသခင်မလေးဆိုတဲ့ ရာထူးကို စွန့်ပစ်ပြီး လွတ်လပ်သော အဖွဲ့အစည်းရဲ့ သာမန်တပည့်တွေလိုပဲ အဖွဲ့လေးတစ်ဖွဲ့ထဲ ဝင်ပြီး တာဝန်တွေ လုပ်ဆောင်တော့တာပဲ” ပြောနေရင်းနှင့် ရွမ်ရှင်းယု၏ မျက်လုံးများ နီရဲလာခဲ့ပြီး သူမ၏ လေသံသည်လည်း တဖြည်းဖြည်းနှင့် အထစ်အထစ် ဖြစ်လာခဲ့၏။
ရန်က်ိုင်ကမူ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်သာ ထိုင်နေခဲ့၏။ သူ့အမူအရာသည်လည်း နည်းနည်းမျှပင် ပြောင်းလဲခြင်း မရှိခဲ့။
“သူက အဖွဲ့အစည်းသခင်ကို အရွဲ့တိုက်ချင်လို့ကို အခုလို လုပ်ခဲ့တာ။ ပြီးတော့ သူ့မောင်လေး မပြီးပြတ်ခဲ့တဲ့ တာဝန်ကို လုပ်ဆောင်ချင်လို့လည်း ပါတယ်” ရွမ်ရှင်းယုက သက်ပြင်းချလိုက်ပြီး “သူ့ရဲ့ အပျိုစင်ဘဝကို ယူသွားတာတောင် ယွန်ရွှမ် ဘာလို့ နင့်ကို မမုန်းပဲ၊ နင်လုပ်ခဲ့တာတွေအတွက် တာဝန်ယူဖို့ ဘာလို့ မပြောလဲ ဆိုတာကို နင်သိလား”
“ဘာလို့လဲ”
“ဘာလို့လဲ ဆိုတော့ သူ့ရဲ့ မောင်လေး သေသွားတဲ့ အချိန်တုန်းက သူက အသက်(၂၀)၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)ပဲ ရှိသေးတာလေ” ရွမ်ရှင်းယုက စိတ်ပျက်စွာ ပြုံးလိုက်ပြီး “အခုနင့်ကို မြင်တော့၊ သူလည်း နင့်ကို မမုန်းရက် ဖြစ်သွားခဲ့တာ”
ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည်နှင့် ရွမ်ရှင်းယုဘက် လှည့်ကာ “သူ့မောင်လေး အဖွဲ့ထဲ အသက်ရှင်ကျန်ရစ်တဲ့လူက နင်မလား”
ရန်ကိုင် စကားကြောင့် ရွမ်ရှင်းယု မှင်သက်သွားခဲ့သော်ငြား မကြာခင်မှာပင် အသိပြန်ဝင်လာခဲ့ပြီး “နင်က တကယ်ကို ပါးတဲ့ လူပဲ။ ဟုတ်တယ်။ ငါက သခင်လေးအဖွဲ့ထဲ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ တစ်ယောက်တည်းသောလူပဲ။ ငါဘာလို့ အသက်ရှင်ခဲ့ရလဲ ဆိုတော့ သူငါ့ကို ကယ်ခဲ့လို့လေ။ အဲ့ဒါကြောင့်ပဲ ယွန်ရွှမ်နဲ့ငါက မတည့်ချင်သလို ဖြစ်နေကြတာ။ ဒါပေမယ့် သူငါ့ကို အပြစ်တင်ဖို့ ကြိုးစားနေတာ မဟုတ်မှန်း ငါသိတယ်။ သူက ငါ့ကို မျက်နှာချင်း မဆိုင်ရင် ဖြစ်နေတာ။ ဘာလို့လဲ ဆိုတော့ ငါ့ကို မြင်လိုက်တိုင်း သူ့မောင်လေး အကြောင်းကို မတွေးဘဲ မနေနိုင်လို့လေ”
“နင်နဲ့သူက ချစ်ကြိုက်နေကြတာမလား” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်ရင်း မေးလိုက်၏။
ရွမ်ရှင်းယု ရှက်သွေး ဖြာသွားခဲ့ပြီး “ဘာလို့ လာမေးတာလဲ။ အဲ့ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ”
“ကောင်းပြီလေ။ ဒါဆိုရင် နင်ဘာလို့ ငါ့ကို လာပြောပြ နေရသေးတာလဲ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
“နင်က ဥာဏ်ကောင်းပြီးသားပါ။ ဒီလောက် ပြောပြီးတာတောင် အခုထိ ဘာလို့ နားမလည်ရသေးတာလဲ” ရွမ်ရှင်းယုက ရန်ကိုင်ကို မုန်းတီးစွာ စိုက်ကြည့်ရင် အချင်ဆောင် ဆောင်နေသည့် သကောင့်သားကို စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်လေ၏။
ရန်ကိုင် မျက်နှာထက်မှ ပျော်ပြက်ပြက် အမူအရာ ပျောက်ကွယ်သွားခဲ့ပြီး တည်ကြည်လေးနက်သည် အမူအရာဖြင့် ခေါင်းခါရမ်း၍ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏ “လွတ်လပ်သော အဖွဲ့အစည်းထဲ ငါဝင်မှာ မဟုတ်ဘူး။ နင်ဘာပြောပြော ငါ့စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ယွန်ရွမ်ရဲ့ ဘဝနောက်ကြောင်းနဲ့ ပက်သက်ပြီး သူ့အပေါ် ဂရုဏာသက်မိပေမယ့် ငါ့မှာလည်း လုပ်စရာတွေ ရှိသေးတယ်”
“ခွေးသူတောင်းစားကောင်” ရွမ်းရှင်းယုက ဒေါသတကြီး ဆဲရေးတော့လေ၏ “ဒီလောက် အမြတ်ကြီးကြီး ရပြီးတာတောင် ဒီအတိုင်းပဲ လမ်းလျှောက်ထွက်သွားနိုင်ရလား”
“ဘယ်လိုအမြတ်ကြီ ရသွားလို့လဲ ပြောစမ်းပါဦး”
“နင်မေးရဲသေးတယ်။ နင်နဲ့ ယွန်ရွှမ်... နင်...”
“ဘာလဲ၊ ပြောလေ”
“နင်သိပြီးသား ဖြစ်မှာပါ” ထိုလူငယ်လေး၏ အရှက်မဲ့သည့် လုပ်ရပ်ကြောင့် ရွမ်ရှင်းယု လွန်စွာကိုမှ ဒေါသထွက်နေခဲ့ရ၏။ သူမ ပြောချင်သည်ကို သိသော်ငြား မသိချင်ယောင်သာ ဆောင်နေခဲ့၏။
“ဘာပဲဖြစ်ဖြစ် နင်တာဝန် ယူကိုယူရမယ်” ရွမ်ရှင်းယုက လူကြမ်းဇာတ် ကလာခဲ့လေပြီ “လွတ်လပ်သော အဖွဲ့အစည်းထဲ မဝင်ရင် ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ခေါင်းဆောင်ဆီ ပြန်တင်ပြပြီး နင့်နောက် အမဲလိုက်ခိုင်းမှာ”
ရန်ကိုင်က ရွမ်ရှင်းယုဆီ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်၏။
ရန်ကိုင်၏ အပြုံးကြောင့် ရွမ်ရှင်းယု ကျောချမ်းသွားခဲ့ရကာ လက်သီးတင်းဆင်းဆုပ်၍ ကတုန်ကရင်ဖြင့် မေးလိုက်လေ၏ “နင်ဘာပြောချင်နေတာလဲ”
ရန်ကိုင်က ကောင်းကင်ကြီးကို မော့ကြည့်၍ တိုးတိုးလေး ရေရွတ်လိုက်လေ၏ “လကလည်းမရှိဘူးဆိုတော့ တကယ့်ကို ညကောင်းတစ်ညပဲနော်”
အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစား မိသည်နှင့် ရွမ်ရှင်းယု၏ မျက်နှာလေး ဖြူလျော်သွားခဲ့ရ၏။ ထိုလူငယ်လေးသာ သူမကို နှုတ်ပိတ်ချင်သည် ဆိုပါက သူမအနေဖြင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
သူသာ သူမကို ဤနေရာ၌ နှုတ်ပိတ်မည် ဆိုပါက မည်သူကမျှ သူမအလောင်းကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
ထိုအချိန်မှာပင် သူမနောက်ဘက်မှ ယွန်ရွှမ်၏ အသံ ထွက်ပေါ်လာခဲ့လေ၏ “နင်တို့နှစ်ယောက်... အဲ့လို စကားတွေနဲ့ မနောက်သင့်ဘူးနော်”
ရွမ်ရှင်းယု တစ်ခဏတာ ကြောင်အသွားခဲ့ပြီး လျှာလေး တစ်လစ်တစ်လစ် ထုတ်ကာ လှည်းထဲသို့ ပြန်ဝင်သွားလေ၏။
တစ်ခဏကြာပြီးနောက် ယွန်ရွှမ်ကို တွဲကာ ပြန်ထွက်လာခဲ့၏။
“နင်တကယ် ထွက်သွားချင်တာလား” ယွန်ရွှမ်က ညိုးငယ် ဝမ်းနည်းနေသည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်၍ မေးလိုက်၏။
“အင်း” ရန်ကိုင်က ပြတ်ပြတ်သားသားကို ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ။ လွတ်လပ်သော အဖွဲ့အစည်းအနေနဲ့ နင့်လို လူတစ်ယောက်ကို တကယ် ချုပ်မထားနိုင်တာ အမှန်ပဲ။ နင့်အတွက်တော့ ဒီလောကကြီးအနှံ့ ခြေဆန့်တာ အကောင်းဆုံးပဲ” ယွန်ရွှမ်က အဝတ်စလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်၏ “ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီတစ်ကြိမ်တော့ နင့်ကို ကျေးဇူးတင်မိတယ်”
“နင်ရူးနေလား” ရွမ်ရှင်းယုက ယွန်ရွှမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။
“သူ့ကြောင့်သာ မဟုတ်ရင် ဦးလေးစွန်းနဲ့ ကျိဟုန်တို့ရဲ့ သေခြင်းတရားအတွက် ပြန်ပြီး လက်စားချေပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့တွေ အားလုံးလည်း သေသွားရလောက်ပြီ။ ဒါကြောင့် ငါသူ့ကို ကျေးဇူးတင်သင့်တာ သဘာဝပဲလေ”
ရွမ်ရှင်းယု မျက်မှောင် ကြုံ့သွားခဲ့ပြီး ယွန်ရွှမ် ပြောသည်မှာလည်း ဟုတ်သည်ဟု တွေးမိလိုက်၏။ ရန်ကိုင် ကြောင့်သာ မဟုတ်လျှင် လွတ်လပ်သော အဖွဲ့အစည်းမှ လူအားလုံး တစ်ယောက်မကျန် အကုန် အသတ်ခံရပေလိမ့်မည်။
“ကျေးဇူးတင်စရာ မလိုပါဘူး။ ငါက ငါ့ကိုယ်ငါ ကာကွယ်နေတာပဲလေ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
ယွန်ရွှမ်က ပြုံးလိုက်ပြီး ဘာမှတော့ ထပ်မပြောခဲ့။ ခဏတာအကြာမှသာ တိုးတိုးလေး ရေရွတ်လိုက်၏ “ရှင်းယု၊ ငါတို့ကို အထဲဆီ ပြန်တွဲခေါ်ပေးပါဦး။ ဒီညက နည်းနည်း အေးနေတယ်”
“ဟုတ်တယ်” ရွမ်ရှင်းယုက ခေါင်းညိတ်၍ ယွန်ရွမ်ကို အထဲသို့ ပြန်တွဲခေါ်သွားပေးလိုက်လေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၅) လောင်ကျွမ်းမီးတောက်မြို့တော်
——————————————————————
သုံးရက်ကြာအောင် ခရီးသွားပြီးနောက် ရန်ကိုင်တို့ သုံးယောက်သည် လောင်ကျွမ်းမီးတောက် မြို့တော်သို့ ရောက်ရှိလာခဲ့၏။
မြို့နားမရောက်ခင်မှာပင် သူ့မျက်နှာကို လေပူများ ဖြတ်သန်းတိုက်ခတ်သွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ သူ့ခြေထောက်အောက်ရှိ မြေသားပြင်ပင် နွေးထွေးနေခဲ့၏။
ထိုကဲ့သို့သော အပူမျိုးသည် ရန်ကိုင်ကို လွန်စွာမှ သက်သောင့်သက်သာ ရှိစေကာ ဒေသလေညင်းကို တဝကြီး မရှူဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။
ထိုထူးခြားလှသော ပတ်ဝန်းကျင်ကြောင့် လောင်ကျွမ်း မီးတောက်မြို့တော်သည် မီးကျင့်စဉ်၊ သိုင်းပညာရပ်များကို လေ့ကျင့်သော ပညာရှင်များ၏ သုခဘုံ ဖြစ်နေခဲ့၏။ လောင်ကျွမ်းမီးတောက် မြို့တော်သည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ဖြစ်နေရလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ ဤနေရာနှင့် မီးဓါတ်နှင့် သက်ဆိုင်သော သိုင်းပညာရပ်၊ ကျင့်စဉ်များကို လေ့ကျင့်ရခြင်းသည် အခြားနေရာများ၌ လေ့ကျင့်ရခြင်းထက် ပိုကောင်းသည်ဟုသာ သိကြ၏။
လောင်ကျွမ်းမီးတောက် မြို့တော်၌ ရှိနေသော လေထုသည်ပင် မီးဓါတ်တို့နှင့် ရောနှောနေခဲ့လေ၏။
ဧရာမချော်ည်မြစ်ကြီးတစ်စင်း လောင်ကျွမ်းမီးတောက် မြို့တော် အောက်ဘက်၌ ဖြတ်စီးသွားသဖြင့် လောင်ကျွမ်း မီးတောက်မြို့သည် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်ဟု ကောလဟာလများ ရှိကြ၏။ သို့သော် ကောလဟာလများသည် ကောလဟာလများသာ ဖြစ်လေရာ ထိုကောလဟာလ မှန်သည်၊ မှားသည်ကို မည်သူမှ အတည်မပြုနိုင်ကြချေ။
ထိုနေရာတွင် ရပ်လျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ သိပ်သည်းလှသော မီးဓါတ်ယွန်ချီများ မြို့အောက်ခြေ၌ ရှိနေသည်ကို ရန်ကိုင် အာရုံခံလိုက်မိ၏။
သူ၏ မူလအစီအစဉ်သည် ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့အား မြို့ဆီ ပို့ပြီးသည်နှင့် ထွက်သွားရန် ဖြစ်၏။ တကယ်တော့ ဤမြို့၌ လွတ်လပ်သော အဖွဲ့အစည်း၏ အဖွဲ့ခွဲ တစ်ခု ရှိနေသည်လေ။ ထို့ကြောင့် ဤနေရာသို့ ရောက်လာခြင်းသည် လွတ်လပ်သော အဖွဲ့အစည်းဆီ ပြန်ရောက်ခြင်းနှင့် အလား သဏ္ဍာန်တူ၏။
သို့သော်လည်း မိန်းကလေး နှစ်ယောက်သည် သူ့အား ဤနေရာ၌ ခဏတစ်ဖြုတ် နားပြီးမှ ထွက်သွားချင်၊ ထွက်သွားပါဟု မရမက တောင်းဆိုလာသဖြင့် ရန်ကိုင်လည်း ထိုနှစ်ယောက်ကို လက်မှိုင်ချခဲ့ရ၏။
တကယ်တော့ သူ့ဒဏ်ရာများသည်လည်း အကုန်အစင် ပျောက်ကင်း မသွားသေးချေ။
သူတို့၏ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို အတည်ပြုပြီးသည်နှင့် သုံးယောက်စလုံး လောင်ကျွမ်း မြို့တော်ထဲ ဝင်လာခဲ့ကြလေ၏။ လောင်ကျွမ်းမြို့တော်၏ သခင်ဖြစ်သော မြို့သခင် ကျိယန်သည် သူတို့အား ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုခဲ့လေ၏။
ကျိယန်သည် စွန်းယင်နှင့် အဆင့်တူသော မသေမျိုး ပထမအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ သူသည် မီးဓါတ်ကို လေ့ကျင့်သူ ဖြစ်သလို သူ့ခွန်အားသည်လည်း အတော့်ကို ကောင်းမွန်းလှသဖြင့် လောင်ကျွမ်းမြို့သခင် ရာထူးကို ရခဲ့လေ၏။
ကျိယန်သည် အရပ်ရှည်ကြီး ထွား၏။ သူသည် မီးဓါတ် ကျင့်စဉ်ကို လေ့ကျင့်သည့်အတွက် သူ့အသားအရေသည် နီကျင့်ကျင့်အရောင် သန်းနေ၏။ ကျိယန်သည် ရန်ကိုင်တို့ သုံးယောက်ကို မြို့သခင်အိမ်တော်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်သွားပေးခဲ့ပြီး သူ့အတွက် နေထိုင်စရာအချို့ စီစဉ်ပေးခဲ့၏။
ရန်ကိုင်တို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် ကျိယန် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဖြစ်ပျက်သွားခဲ့သည်များနှင့် ပက်သက်၍ အကြောင်းစုံကို မေးမြန်းတော့လေ၏။
ရွမ်ရှင်းယုနှင့် ယွန်ရွှမ်သည် အတိုင်းအဖောက် ညီညီဖြင့် ရန်ကိုင်၏ အစစ်အမှန် ခွန်အားအကြောင်းကို မထုတ်ဖော်ခဲ့။ ထို့အစား အားကောင်းသော ပညာရှင်တစ်ယောက်သည် လမ်းကြုံသဖြင့် ကဝေမွန်းစတားကိုသတ်ကာ သူတို့ကို ကယ်ပေးသွားခဲ့သည်ဟု လိမ်ညာ ပြောဆိုလိုက်၏။
သူမတို့ နှစ်ယောက်၏ စကားကြောင်း ရန်ကိုင်လည်း ထိုနှစ်ယောက်ကို ကျေးဇူးတင်တင်ဖြင့် ကြည့်လိုက်၏။
ယွန်ရွှမ်နှင့် ရွမ်ရှင်းတို့သည့် ဖြစ်ပျက်ခဲ့သည်များကို အမှန်အတိုင်း ပြန်လည် ထုတ်ဖော်ပြောဆိုမည်ကို သူကြောက်နေခဲ့ခြင်း ဖြစ်၏။ သူတို့သာ အမှန်အတိုင်း ထုတ်ဖော် ပြောဆိုခဲ့မည် ဆိုပါက ကျိယန် ယုံယုံ၊ မယုံယုံ၊ သူကတော့ လွတ်လပ်သော အဖွဲ့အစည်းမှ ထွက်ခွါခွင့် ရတော့လိမ့်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ နှစ်ယောက်သည် သူ့ကို ရောင်းမစားခဲ့ချေ။
သူတို့၏ ရှင်းပြချက်သည် ယုတ္တိရှိသဖြင့် ကျိယန်လည်း ယုံသွားခဲ့၏။ ဖြတ်သွားသော ပညာရှင်၏ ပုံပန်းသွင်ပြင်ကို မေးမြန်းလာသည့်အခါတွင်မူ ယွန်ရွှမ်က အကျဉ်းရှင်း ရှင်းပြလိုက်၏။ ထို့နောက် ကျိယန်က ထိုအမည်မသိ ပညာရှင်ကို လွတ်လပ်သော အဖွဲ့အစည်း၏ ကျေးဇူးရှင်စာရင်းထဲ ထည့်သွင်းပေးမည်ဟု ကြေညာလိုက်၏။
“ဒီအကြောင်းတွေကို အဖွဲ့အစည်းဆီ ပြန်သတင်းပို့ရမယ်။ ယွန်မိန်းကလေး နင်ကတော့ ဒီမှာပဲ နားနေပြီး နင့်ဒဏ်ရာတွေကို ကုသနှင့်လိုက်ဦး။ နင့်ဒဏ်ရာတွေ ပြန်ကောင်းသွားပြီ ဆိုတာနဲ့ အဖွဲ့အစည်းဆီ နင့်ကို ငါကိုယ်တိုင် လိုက်ပို့ပေးမယ်” ပြောပြီးသည်နှင့် ကျိယန် ထွက်သွားလိုက်လေ၏။
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် အယောက် (၂၀)နီးပါးနှင့် မသေမျိုးအဆင့် ပညာရှင် တစ်ယောက် သေသွားသည့် ကိစ္စသည် ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ချေ။ ထို့ကြောင့် ကျိယန်အနေဖြင့် ထိုသတင်းကို အဖွဲ့အစည်းဆီ အမြန်အဆန် ပြန်ပို့ရပေမည်။
“နင်အခု ကျေနပ်သွားပြီလား” ရွမ်ရှင်းယုက ရန်ကိုင်ဘက် လှည့်၍ နှာခေါင်ရှုံ့လိုက်လေ၏။
“အင်း၊ ကျေနပ်သွားပြီ” ရန်ကိုင်က နှာခေါင်းကို ပွတ်လျက် “ငါ့ဒဏ်ရာတွေ အပြည့်အဝ ပြန်သက်သွားတာနဲ့ ဒီနေရာကနေ ထွက်သွားတော့မယ်”
“သွား၊ သွား။ ဝေးနိုင်သမျှ ဝေးဝေးသာသွား” ရွမ်ရှင်းယုက ရန်ကိုင်အား အတော့်ကို အမြင်မကြည် ဖြစ်နေခဲ့၏။
ယွန်ရွှမ်က ခေါင်းသာခါ၍ သူမ၏ အခန်းဆီ ပြန်သွားလိုက်ပြီး ရောက်သည်နှင့် ချက်ချင်းဆိုသလို အိပ်ရာပေါ် လှဲချလိုက်လေ၏။
ရန်ကိုင်လည်း သူ့အခန့်ဆီ ပြန်သွားလိုက်ပြီး ကဝေမွန်းစတားဆီမှ ရရှိခဲ့သော အကျိုးအမြတ်များကို စတင် စစ်ဆေးတော့လေ၏။
ကဝေမွန်းစတား၏ စိတ်စွမ်းအင်ထဲ အဆိပ်တစ်ချို့ ပါနေခဲ့၏။ သို့သော်လည်း ထိုအဆိပ်များကို သူ၏ တေဇော အသိစိတ်ပင်လယ်နှင့် ရွှေရောင်မျက်လုံးက လွယ်လင့်တကူ ရှင်းထုတ်ပစ်ခဲ့ရာ သန့်စင်လှသော စိတ်စွမ်းအင် အစုအဝေးနှင့် ကောင်းကင်ဥပဒေသအပေါ် ကဝေမွန်းစတား၏ နားလည်မှုသာ ကျန်ရစ်တော့လေ၏။
ထိုစိတ်စွမ်းအင် အစုအဝေးကို စုပ်ယူပြီးသည်နှင့် သူ့အသိစိတ်ပင်လယ်နှင့် ကောင်းကင်စိတ်အာရုံတို့ ပြောင်းလဲမှု အချို့ကို ရန်ကိုင် စတင် နားလည်စ ပြုလာခဲ့လေ၏။
ယခုအချိန်မတိုင်ခင်ထိ သူ့အသိစိတ်ပင်လယ်သည် မည်သည့် ဓါတ်သဘာဝကိုမှ မပိုင်ဆိုင်ထားချေ။
ကျင့်ကြံသူတစ်ယောက် အင်မော်တယ် တက်လှမ်းခြင် အဆင့်သို့ ချိုးဖျက်သွားသည်နှင့် သူတို့၏ စိတ်ထဲ အသိစိတ် ပင်လယ် ဖြစ်ပေါ်လာပြီး ကောင်းကင်စိတ်အာရုံကို ဖွဲ့တည် နိင်ပေလိမ့်မည်။ အသိစိတ်ပင်လယ် အများစုသည် အကြမ်းဖျင်း တူညီကြပြီး မည်သည့် အထူးဓါတ်သဘာဝကိုမှ မပိုင်ဆိုင် ထားကြချေ။ သို့သော်လည်း အမျိုးမျိုးသော အခွင့်အလမ်း တွေကြောင့် ကွဲပြားခြားနားသော ဓါတ်သဘာဝများကို ပိုင်ဆိုင်သည့် အသိစိတ်ပင်လယ် အဖြစ်သို့ ဆင့်ကဲပြောင်းလဲ သွားနိုင်သော လူအချို့ ရှိကြ၏။
ဥပမာ ပြရမည်ဆိုလျှင်၊ အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်ကို စုပ်ယူပြီးနောက် ရန်ကိုင်၏ အသိစိတ်ပင်လယ်သည် မီးဓါတ်သဘာဝကို ပိုင်ဆိုင်လာခဲ့၏။
အခြားသူများသည်လည်း ရေခဲဓါတ်အသိစိတ်ပင်လယ်၊ လျှပ်စီးဓါတ် အသိစိတ်ပင်လယ်၊ သို့မဟုတ် လေဓါတ် အသိစိတ်ပင်လယ် တို့ကိုပင် ပိုင်ဆိုင်ထားနိုင်ကြ၏။
ထိုကဲ့သို့ ဓါတ်သဘာဝ အမျိုးအစား အသိစိတ် ပင်လယ်များသည် အားသာချက်၊ အားနည်းချက် အသီးသီးကို ပိုင်ဆိုင်ထားကြ၏။ သို့သော် ထိုအသိစိတ်ပင်လယ် အားလုံးသည် သာမန် အသိစိတ်ပင်လယ်များထက် ပို၍ အားကောင်းသလို အဖျက်အား ပြင်းထန်ကြလေ၏။
တေဇောဓါတ်အသိစိတ် ပင်လယ်ကို သုံး၍ ဆေးဖော်စပ်မည် ဆိုလျှင် ပြောင်းလဲမှု တစ်ခုခုများ ဖြစ်လာနိုင်မလားဟုပင် ရန်ကိုင် တွေးလိုက်မိ၏။
သူသည် ဆေးပညာရှင် ဂရမ်းမာစတာ များစွာ၏ အတွေ့အကြုံ၊ ထိုးထွင်းသိမြင်မှုများကို လေ့လာထားခဲ့ရာ ထိုဂရမ်းမာစတာအနက် ဘယ်သူကမှ တေဇောဓါတ် အသိစိတ်ပင်လယ်ကို မပိုင်ဆိုင်ထားကြချေ။ ထို့ကြောင့် ရန်ကိုင်လည်း မှီခြမ်းဖို့ရာ ဦးတည်ချက် ပျောက်နေခဲ့၏။
သို့သော်လည်း တေဇောဓါတ် အသိစိတ်ပင်လယ်ကို သုံး၍ ဆေးဖော်စပ်မည် ဆိုပါက ယခင်ကလောက် လက်ဝင်တော့မည် မဟုတ်ဟု ရန်ကိုင် တွေးလိုက်မိ၏။
တစ်ခဏကြာအောင် စဉ်းစားနေပြီးနောက် ထိုအတွေးများ အားလုံးကို ဘေးချထားလိုက်၏။ တကယ်တော့ သူသည် ဆေးပညာကို စတင် လေ့လာရုံသာ ရှိသေး၏။ ထို့ကြောင့် ယခုအချိန်သည် စပ်းသပ်ချက်လုပ်ရန် အချိန်ကောင်း မဟုတ်သေးချေ။
ဆေးဖော်စပ်ရာ၌ အတွေ့အကြုံ လုံလုံလောက်လောက် ရှိမှသာလျှင် ထိုကဲ့သို့သော စမ်းသပ်ချက်မျိုးကို လုပ်ဆောင် နိုင်ပေလိမ့်မည်။
ထိုအမျိုးမျိုးသော ဥာဏ်အလင်းများကို သုံးသပ် ဆင်ခြင်နေသည့်အချိန်၌ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး သူ့ဝမ်းဗိုက်မှ ဒစ်ရာသည်လည်း မြန်ဆန်သော အမြန်နှုန်းဖြင့် သက်သာ ပျောက်ကင်းလာနေခဲ့၏။
ဆေးပေါင်းရည်၏ အစွမ်းအာနိသင်သည် လွန်စွာကိုမှ အံ့ဩဖွယ် ကောင်းလှပေ၏။
သုံးရက်ကြာပြီးနောက် ရန်ကိုင်၏ အခန်းရှေ့သို့ ယွန်ရွှမ် ရောက်လာခဲ့၏။ လက်ကလေးကို ဆန့်ထုတ်၍ အခန်းတံခါးကို ဆွဲဖွင့်မည် လုပ်သော်လည်း သူမ၏ လက်လေးသည် ရှေ့ဆက် မတိုးနိုင် ဖြစ်နေခဲ့၏။
ဝင်ရင်ကောင်းမလား၊ ပြန်ပဲ ထွက်သွားရမလား လွန်ဆွဲ နေစဉ်မှာပင် ရွမ်ရှင်းယုသည် သူမဘေးဘက်၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မဲ့ပြုံးပြုံးလိုက်ရာ ယွန်ရွှမ် ထိတ်လန့် တုန်လှုပ် သွားခဲ့ရလေ၏။
“နင်ငါ့ကို လန့်သေအောင် လုပ်နေတာပဲ။ ဘာလို့ အခုလိုမျိုး ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ” ယွန်ရွှမ် ရှက်သွားဖြာသွားခဲ့ပြီး ရွမ်ရှင်းယုကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
“တကယ်မေးရမှာက ငါမဟုတ်ဘူးလား။ နင်ဘာလုပ်နေတာလဲ” ရွမ်ရှင်းယုက လေသံတိုးတိုးဖြင့် မရေမရာသော စကားကို ဆိုလိုက်၏ “ဘာလဲ၊ ညဘက် တိတ်တခိုး ချောင်းမြောင်း တိုက်ခိုက်ဖို့ စီစဉ်နေတာလား”
“မပြောနဲ့တော့” ယွန်ရွှမ်၏ မျက်နှာလေး ရဲသထက် ရဲလာခဲ့လေ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ပြန်စဉ်းစားမိသည်နှင့် သူမ၏ ခန္ဓာကိုယ်လေး ကတုန်ကရင် ဖြစ်သွားခဲ့လေ၏။
ရွမ်ရှင်းယုက အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏ “နှစ်ပေါင်းများစွာကြာအောင် နင်ထိန်းသိမ်းလာခဲ့တဲ့ အပျိုစင်ပန်းလေးက ဆွတ်ခူးခံလိုက်ရပြီ။ အခုတော့ အဲ့အရသာကို နောက်တစ်ကြိမ် ထပ်ပြီး ခံစားချင်နေတာမလား”
“နင်ဘာပြောချင်နေတာလဲ” ယွန်ရွှမ်က ဘေးပတ်ကို ကျီးကန်းတောင်းမှောက် ကြည့်လျက် ပြန်ငြင်းဆိုဖို့ ကြိုးစားလိုက်လေ၏ “သူက မနက်ဖြန်ကျ ထွက်သွားတော့မှာလေ။ ငါ... ငါ....”
“နင်တို့ နှစ်ယောက်ကြားမှ စည်းမှ မရှိတော့တာ။ ဘာတွေ လွန်ဆွဲနေသေးတာလဲ။ ဘာပဲဖြစ်ဖြစ်၊ နင်သူ့ကို တစ်ကြိမ် ခွင့်ပြုခဲ့ပြီးပြီလေ။ နောက်တစ်ကြိမ် ထပ်ခွင့်ပြုလိုက်လို့ ဘာမှ ထူးခြားသွားမှာမှ မဟုတ်တာ။ ဒီတစ်ကြိမ် သူ့နှလုံးသားကို နင်အပိုင်သိမ်းနိုင်၊ မသိမ်းနိုင်ကို ဘယ်သူသိမှာလဲ” ရွမ်ရှင်းယုက ယွန်ရွှမ်းနားထဲ တိုးတိုးလေး ကပ်ပြောလိုက်၏။
တကယ်တော့ ယွန်ရွှမ်လည်း ထိုကဲ့သို့ ဖြစ်စေချင်မိ၏။ ရန်ကိုင်ကို မတားရန် စဉ်းစားထားသော်လည်း သူမ၏ အပျိုစင်ဘဝကို ရယူသွားခဲ့သည့် ယောကျာ်းကို သူမနား ရှိစေချင်မိ၏။
နှစ်ပေါင်းများစွာကြာအောင် အားစိုက်ထုတ်၊ ရုန်းကန်၊ စတေးလာခဲ့ပြီးနောက် သူမ တော်တော့်ကို ပန်ပန်းနေခဲ့လေပြီ။ အားကိုးအားထား ပြုနိုင်လောက်သည် လူတစ်ယောက်ကို ရှာပြီး အခြေတကျ နေထိုင်ဖို့ အကြံမှာ မဆိုးလောက်ဘူးဟု ယွန်ရွှမ် တွေးမိ၏။ သို့သော်လည်း မည်သူကိုမှ သူမ စိတ်မဝင်စားနိုင်ခဲ့ချေ။
ယခုည ရောက်လာခဲ့ခြင်းသည် သူမ၏ နောက်ဆုံးအကြိမ် အားထုတ် ကြိုးပမ်းမှုဖြစ်၏။ သို့သော်လည်း ရွမ်ရှင်းယုနှင့် ရုတ်တရက်ကြီး သွားတိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ရွမ်းရှင်းယုက အခန်းတံခါးတစ်ဖက်ကို အလျင်အမန် စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင်သည် တင်ပလင်ခွေထိုင် ဈာန်ဝင်စားနေသည်ကို တွေ့လိုက်ရ၏။ ယွန်ရွှမ်ကို မျက်စပစ်ရင်း အခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ရန် တိတ်တဆိတ် အားပေးလိုက်လေ၏။
သို့သော်လည်း ယခုအချိန်၌ ယွန်ရွှမ်သည် ကြောက်လန့် နေသော ယုန်လေးတစ်ကောင်ပမာ ခေါင်းကိုသာ အဆက်မပြတ် ခါယမ်းနေတော့လေ၏။
သူမ နှလုံးသား ဘာလိုချင်နေသည်ကို သူမ နားမလည်နိုင်ချေ။ သူမ၏ စိတ်ကို ဆန့်ကျင့်ပြီးသွားလေပြီ။ သို့သော်လည်း သူမ၏ အပျိုစင်ဘဝကို ရယူသွားခဲ့သည် လူငယ်လေးကို ယွန်ရွှမ် မမုန်းရက်နိုင်ခဲ့ချေ။ ယခင် တစ်ကြိမ် ခံစားမှုမျိုးကို နောက်တစ်ကြိမ်ပင် ထပ်၍ ခံစားနေချင်ခဲ့မိ၏။
ထိုကဲ့သို့သော ပဋိပက္ခ စိတ်ဆန္ဒများကြောင့် ယွန်ရွှမ်မှာ ရှက်ကြောက်စိုးရွံ့ နေခဲ့ရ၏။
“နင်ဒီည မကြိုးစားရင် နင့်တစ်ဘဝလုံး နောင်တ ရနေရလိမ့်မယ်နော်” ရွမ်ရှင်းယုက အသာအယာ သက်ပြင်း ချလျက် “နင့်အနာဂတ်အတွက် မဟုတ်ရင်တောင် အဖွဲ့အစည်း အတွက် လုပ်လိုက်ပါ။ ဒီလူရဲ့ အလားအလာက တကယ်ကို ကြောက်ဖို့ကောင်းတာနော်။ သူ အပြည့်အဝ ကြီးပြင်းလာတဲ့အခါ အဖွဲ့အစည်းရဲ့ ထောက်တိုင်တစ်တိုင် ဖြစ်လာနိုင်တယ်”
ပြောနေစဉ်အတွင်းမှာပင် ရွမ်ရှင်ယု၏ အသံသည် ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့ကာ အံကြိတ်လျက် “နင်မသွားရင်၊ ငါသွားမယ်”
“နင်လား၊ ဘာလို့လဲ” ယွန်ရွှမ်က ရွမ်ရှင်းယုကို မှင်သက်စွာ ငေးကြောင်ကြည့်နေလိုက်၏။
“ဟွန့်” ရွမ်ရှင်းယုက ခါးလေးကိုမတ်၍ ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ကာ ပြတ်သားတဲ့ အပျိုစင် မိန်းမပျိုလေး တစ်ယောက်၏ ပုံစံဖြင့် “ငါအပိုတွေ လျှောက်ပြောနေတယ်လို့ ထင်မနေနဲ့။ ဒီလို အကူကောင်းကြီး တစ်ယောက်ကို နင်မလိုချင်ရင်တောင် ငါလိုချင်တယ်။ ငါ့အနာဂတ်အတွက် အဆိုးဆုံး နည်းနည်းလေး စတေး လိုက်ရုံပေါ့။ ဘာပဲဖြစ်ဖြစ်၊ ငါလည်း လက်ထပ်ဖို့ လူတစ်ယောက် ရှာဖို့လိုသေးတယ်လေ။ သူက ရွေးချယ်စရာကောင်းတစ်ခုပဲ။ ငယ်သေးတယ် ဆိုပေမယ့် တော်တော်လေး ရင့်ကျက်နေပြီပဲကို”
ယွန်ရွှမ်က မယုံကြည်နိုင်စွာဖြင့် “ဒါက နင့်ပုံစံမျိုး မဟုတ်ပါဘူး”
ရွမ်ရှင်းယုမျက်နှာ ရဲရဲနီသွားခဲ့ပြီး ပြန်ပက်လိုက်လေ၏ “ဘာလဲ၊ နင်သွားမှာလား၊ မသွားဘူးလား”
ယွန်ရွှမ်က သူမ၏ နှုတ်ခမ်းပါးလေးကို ကိုက်လိုက်ပြီး တစ်ခဏတာ တွေဝေနေပြီးသော်လည်း ရွမ်ရှင်းယုက အနုအကြမ်း နည်းလမ်းများကြောင့် သူမ၏ စိတ်လည်း ယိမ်းယိုင်လာခဲ့ရလေ၏။
အချိန်အတော်ကြာအောင် စဉ်းစားပြီး နောက်ဆုံး၌ ယွန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေ၏။
“ဟန့်၊ ငါသာနင့်ကို တွန်းအားမပေးရင် နင့်စိတ်နင် ဘယ်တော့မှ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး” ရွမ်ရှင်းယု၏ နှာခေါင်းရှုံ့၍ သူမ၏ အရှိန်အဝါကို ဖုံးကွယ်၍ အခန်းတံခါးနား ကပ်ကာ ချောင်းနားထောင်လိုက်လေ၏။
အခန်းအတွင်း၌ ရန်ကိုင် မျက်ဝန်းအစုံ ရုတ်တရက် ပွင့်သွားခဲ့ပြီး သူ့လက်ကို ဆန့်ထုတ်ကာ အခန်းထဲသို့ ဝင်လာသော သူကို လှမ်းဖမ်းလိုက်ပြီး ကုတင်ပေါ် ပစ်တင်လိုက်လေ၏။ ထို့နောက် ဓါးတစ်ချောင်းကို ကိုင်ရင် ထိုလူ၏ ရင်ဘတ်ပေါ် ထောက်ထားလိုက်ပြီး ကျူးကျော် ဝင်ရောက်လာသူ၏ မျက်နှာကို စိုက်ကြည့်လိုက်၏။
သို့သော်လည်း ယွန်ရွှမ်ကို မြင်လိုက်သည်နှင့် ရန်ကိုင် ကြက်သေသေသွားခဲ့ရပြီး “နင်ဒီမှာ ဘာလုပ်နေတာလဲ”
ယွန်ရွှမ်က သူမကိုယ်သူမ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။ သူမ၏ လည်ပင်းလေးနှင့် မျက်နှားလေးဆိုလျှင် ရှက်လွန်းသဖြင့် ရဲရဲကို နီနေခဲ့လေ၏။ ရန်ကိုင်နှင့် အကြည့်ချင်း မဆုံရဲသည်နှင့် နှုတ်ခမ်းလေးကို ကိုက်ကာ အခြားတစ်ဖက်သို့ အကြည့်လွှဲဖယ်လိုက်ပြီး ဆိတ်ဆိတ်သာ နေလိုက်လေ၏။ သူမ၏ မျက်လုံးများသည်သာ ချစ်မေတ္တာတို့ဖြင့် ပြည့်နေခဲ့ကာ သူမ၏ အတွင်းစိတ်တို့ကို ဖော်ပြနေခဲ့လေ၏။
ရန်ကိုင် ကြောင်သွားခဲ့ပြီး ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်လေ၏ “နင်...”
ယခုလို ကိုးယိုးကားယား အခြေအနေပုံစံသို့ ရောက်နေသော်လည်း ယွန်ရွှမ်က နည်းနည်းလေးပင် ခုခံရန် မပြင်သည်ကို ကြည့်ရင်း အခြေအနေ မည်မျှ လေးနက်သည်ကို ရန်ကိုင် နားလည်လိုက်လေ၏။
“ငါဘာဖြစ်လဲ” ယွန်ရွှမ် ရုတ်တရက် ရဲတင်းသွားခဲ့ကာ ရန်ကိုင်၏ လည်ပင်းကို သိုင်းဖက်၍ သူ့ကို အောက်သို့ တွန်းလှဲလိုက်လေ၏။ ရန်ကိုင်၏ ရင်ဘတ်ပေါ် သူမ၏ လက်အစုံဖြင့် ဖိထားလိုက်ပြီး သူ့ခါးပေါ် ထိုင်လျက် ရန်ကိုင် မျက်နှာကို စိုက်ကြည့်ရင်း “နောက်ဆုံးအကြိမ်တုန်းက ကဝေမွန်းစတားရဲ့ အဆိပ်ကြောင့် ဘာမှ သေချာ မခံစားခဲ့ရဘူး။ ဒီတစ်ကြိမ်... ဒီတစ်ကြိမ်...”
ပြောနေစဉ်အတွင်းမှာပင် သူမ အသစ်ရရှိထားသော သတ္တိလေးများ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကွယ် သွားခဲ့ပြီး ဘာတစ်ခွန်းမှ ဆက်၍ မပြောနိုင်တော့ချေ။ လက်ကလေးနှစ်ဖက်ဖြင့် သူမ၏ မျက်နှာလေးကို အလျင်အမြန် အုပ်ထားလိုက်လေ၏။
သူမကို ငေးစိုက်ကြည့်နေရင်း သူ့နှုတ်ခမ်းများမှ လေပူများ ရှိုက်ထွက်လာခဲ့ပြီး သူ့၏ အသက်ရှုသံသည်လည်း တဖြည်းဖြည်း လေးလံလာခဲ့ရလေ၏။
“ဒါပေမယ့် နင့်ဒစ်ရာ...”
“ငါ့ဒဏ်ရာက ကိစ္စမရှိဘူး။ ဘာလု့လဲ မသိပေမယ့် ဒီတစ်ကြိမ်တော့ ငါ့ဒဏ်ရာက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ သက်သာသွားတယ်” ယွန်ရွှမ်က သူမ၏ အဝတ်များကို ဖြည်းဖြည်းချင်း ချွတ်ချရင်း စွဲမက်ဖွယ်ကောင်းစွာ တိုးတိုးလေး ပြောလိုက်လေ၏ “နင်မယုံရင် ကိုယ့်ဘာသာကိုယ် ကြည့်လိုက်လေ...”
ပြောပြီးသည်နှင့် အသိစိတ်ပင် ဗလာကျင်းသွား ရလောက်သော ပုံရိပ်လေးတစ်ခု ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့၏။
“နင်ကိုယ်နင့် ငါ့ရှေ့အရောက်ပို့ဖို့ ဆုံးဖြတ်ပြီးမှတော့ ငါက ငြင်းနေရင် ရိုင်းရာကျသွားမှာပေါ့” ပြောပြီးသည်နှင့် ယွန်ရွှမ်ကို ဘေးသို့ လှဲချစေလိုက်ပြီး သူ့ခန္ဓာကိုယ်ကို သူမပေါ် ဖိချလိုက်လေ၏။