အခန်း (၆၃၆-၆၄၀)
Vol. 26 Ch. 636-640
အပိုင်း(၆၃၆) အလောင်းသယ်လူ
——————————————————————
အတွင်း၌ ဖြစ်ပျက်နေသည်များကို လမင်းကြီးကသာ မြင်တွေ့နေခဲ့ရ၏။ အခန်းအပြင်ဘက်၌ ရှိနေသော ရွမ်ရှင်းယုမှာမူ အခန်းတွင်းမှ ထွက်ပေါ်လာနေသော အရိုးပင် ပျော့ခွေသွားရလောက်သည့် အသံများကို နားထောင်ရင်း သူမ၏ မျက်နှာတစ်ပြင်လုံး ရဲရဲနီနေခဲ့လေ၏။
တစ်ခဏကြာပြီးနောက် ခိုးနားထောင်ခြင်းသည် မကောင်းသည့် လုပ်ရပ်တစ်ခုမှန်း နားလည်လိုက်ကာ ခေါင်းခါရမ်း၍ တိုးတိုးလေး ပြောလိုက်၏ “လူငယ်တွေက ကာမအမှုကိစ္စတွေနဲ့ ပက်သက်လာရင် တကယ်ကို မလွန်ဆန်နိုင်ကြတာပဲ”
ပြောပြီးသည်နှင့် အခန်းထဲသို့ အလျင်အမြန် ပြန်ပြေးသွားလိုက်ပြီး နားလေးကို ပိတ်ကာ အသက်ရှူနှုန်းကို တည်ငြိမ်သွားအောင် လုပ်လိုက်လေ၏။
ညသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သော်လည်း ရွမ်ရှင်းယု အတွက်မှာမူ ထိုညသည် အိမ်မရသည့် ညတစ်ည ဖြစ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော ဘေးဘက်အခန်းဆီမှ ညည်းသံများကို ညလုံးပေါက် ကြားနေရသောကြောင့် ဖြစ်၏။ သူတို့ နှစ်ယောက်ကြော်င့ မြေပြင်တစ်ခုလုံး မဆိုသလောက်ကလေး တုန်ခါနေခဲ့ကာ သူမ၏ ငြိမ်းငြိမ်းချမ်းချမ်းကို မနေနိုင် ဖြစ်ခဲ့ရ၏။
မိုးသောက်ခါနီးချိန်မှပဲ တစ်ဖက်အခန်းမှ လှုပ်ရှားမှုများ တည်ငြိမ်သွားခဲ့ရာ ရွမ်ရှင်ယုလည်း သက်ပြင်းတစ်ချက် ချမိလိုက်၏။ သူမကိုသူမ တည်ငြိမ်အောင်လုပ်ပြီး အနားယူဖို့ လုပ်နေစဉ်မှာပဲ မြေပြင်က နောက်တစ်ကြိမ် ထပ်မံ တုန်ခါလာခဲ့ပြန်လေ၏။
“မပြီးသေးတာလား” ရွမ်ရှင်းယုမှာ အော်ငိုပစ်လိုက် ချင်သော်လည်း မျက်ရည်က ထွက်မလာခဲ့။ တစ်ဖက်အခန်းမှ နှစ်ယောက်အတွဲသည် ဤမျှ သက်လုံကောင်းလိမ့်မည်ဟု သူမ ထင်ကို မထင်ထားခဲ့ချေ။ သို့သော်လည် သူမ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ပုံမှန်မဟုတ်သည့်အရာ တစ်ခုခုကို ရုတ်တရက် နားလည်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် မြေပြင် လှုပ်ခါမှုသည် ယခင်တစ်ကြိမ်နှင့် မတူသောကြောင့် ဖြစ်၏။ ယခုတစ်ကြိမ်သည် ငလျင်လှုပ်သလို လှုပ်ခါနေခြင်း ဖြစ်ကာ သူမမှာ ကြက်သီးမွှေးညင်းများပင် ထသွားခဲ့ရ၏။ ထို့အပြင် သူမစိတ်ထဲ အန္တရာယ်များသည့်အရာ တစ်ခုခု ချဉ်းကပ် လာနေပြီဟု ခံစားနေခဲ့ရ၏။
ရွမ်ရှင်းယု မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အခန်းထဲမှ အလျင်စလို ထွက်လာလိုက်လေ၏။
အခန်းထဲမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် ယွန်ရွှမ်တို့ နှစ်ယောက်သည်လည်း ရန်ကိုင် အခန်းမှ အတူတူ ထွက်လာခဲ့ကြ၏။ ရန်ကိုင် အမူအရာက လေးနက်တည်ကြည် နေခဲ့ပြီး ယွန်ရွှမ်၏ မျက်နှာလေးကမူ နွေဦးပန်းလေး တစ်ပွင့်အလား ရွန်းစိုတောက်ပ ကျေနပ်နေခဲ့၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရွမ်ရှင်းယုမှ လေးစား အားကျမိသလို ကိုးယိုးကားယားလည်း ဖြစ်မိ၏။ သို့သော်လည်း ဘာမှ မပြောလျှင် အကောင်းဆုံး ဖြစ်သည်ကို သိထားလေရာ မိုးကုတ်စက်ဝိုင်းဆီကိုသာ လှမ်း၍ ကြည့်လိုက်လေ၏။
ကောင်းကင်တစ်ခုလုံးသည် သွေးစိမ်းရှင်ရှင်များဖြင့် ဖြန်းပက်ထားခြင်း ခံထားရသည့်အလား ကြက်သွေးရောင် ရဲတောက်နေခဲ့၏။ ပိုဆိုးသည်ကာ ထိုကြက်သွေးရောင် အပိုင်းသည် အလျင်အမြန် ပျံ့နှံ့လာနေခြင်း ဖြစ်၏။
ထိုအဖြစ်အပျက်ကြောင့် လောင်ကျွမ်းမီးတောက် မြို့တော် တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ရ၏။ မရေမတွက်နိုင်သော ပညာရှင်များသည် ထိုအခြင်းအရာကို သတိပြုမိသွားကာ ထိုထူးဆန်းသည့် ဖြစ်စဉ်ကို သွားစစ်ဆေးကြည့်ပြီးနောက် ပညာရှင်များစွာတို့၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ရ၏။
“ဘာတွေ ဖြစ်နေတာလဲ” ရွမ်ရှင်းယု မျက်မှောင် ကြုံ့လိုက်၏။
“အဲ့ဘက်ကနေ တစ်ယောက်ယောက် လာနေတယ်” ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့လေ၏။ ကောင်းကင် စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်ရာ လွန်စွာကိုမှ အန္တရာယ်များပြီး အားကောင်းလှသော အရှိန်အဝါတစ်ခု လောင်ကျွမ်းမြို့တော်ဆီ လာနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ ထိုအရှိန်အဝါသည် လွန်စွာကိုမှ အားကောင်းလှရာ ဤအကွာအဝေးမှပင် ထိုအရှိန်အဝါကို ခံစားမိရုံဖြင့် သူနှလုံးခုန် မြန်သွားခဲ့ရလေ၏။
“ဘယ်လိုအရာကများ ဒီလောက် ကြောက်ဖို့ကောင်းရဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားရတာလဲ” ယွန်ရွှမ်က အလန့်တကြား ရေရွတ်လိုက်လေ၏။
“ငါလည်းမသိဘူး” ရန်ကိုင်က ခေါင်းခါပြလိုက်လေ၏။
မြို့တော်သခင်စံအိမ် တစ်ခုလုံးသည် အဝတ်စသံများနှင့် ညံနေခဲ့လေ၏။ ကျိယန်သည် အိမ်ထဲတွင် ရှိနေသော ပညာရှင် အားလုံးကို ခေါ်၍ သွားစစ်ဆေးနေခဲ့လေပြီ။
“ငါတစ်ချက်သွားကြည်နှင့်မယ်။ နင်တို့ ဒီမှာနေခဲ့” တစ်ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ ကျိယန်နောက် လိုက်ရန် လုပ်နေစဉ်မှာပင် ယွန်ရွှမ်က သူ့လက်ကို အလျင်အမြန် လှမ်းဖမ်းကိုင်လိုက်ပြီး ပြောလိုက်၏ “သွားမယ်ဆို အတူသွားကြတာပေါ့။ အဲ့လိုဆိုရင် ပိုပြီး လုံခြုံနိုင်တယ်”
ရန်ကိုင် မျက်မှောင်သာ ကြုံ့လိုက်ပြီး ပြန်၍ ငြင်းဆိုခြင်း မပြုခဲ့ချေ။
လူငယ်သုံးယောက်သည် ကျိယန် နောက်မှ အလျင်အမြန် လိုက်ပါသွားခဲ့လေ၏။
တစ်ခဏကြာပြီးနောက် သူတို့သုံးယောက် မြို့ပြင်သို့ ရောက်ရှိလာခဲ့လေ၏။
ယခုအချိန်တွင် လောင်ကျွမ်းမြို့တော် အပြင်ဘက်၌ ကျင့်ကြံသူပေါင်း များစွာ ရှိနေခဲ့၏။ အများစုသည် လူသုံးယောက်မှ ငါးယောက်ထိ ရှိကြသည့် အဖွဲ့လေးများနှင့် ဖြစ်ကြပြီး အနည်းငယ်သာ အဖွဲ့ကြီးများနှင့် ရှိကြ၏။ အဖွဲ့ကြီးများတွင်မူ လူအရေအတွက် ဆယ်ယောက်အထက် ရှိလေ၏။ အားလုံးသည် လေထဲတွင် ဝဲလျက် မိုးကုတ် စက်ဝိုင်းဆီကို ငေးမော ကြည့်နေခဲ့ကြ၏။
ထိုကျင့်ကြံသူများထဲမှ အချို့သည် လွန်လပ်သော အဖွဲ့အစည်း၏ တပည့်များ ဖြစ်ကြသော်လည်း အခြား အင်အားစု အသီးသီးများ ကျင့်ကြံသူပေါင်း များစွာလည်း ရှိနေခဲ့၏။
အားလုံးသည် အနီရောင် မိုးသားကောင်းကင်ကြီးကို လက်ညိုးထိုးရင်း သူတို့အချင်းချင်း ကြိတ်တိုး ပြောနေခဲ့ကြ၏။
လက်ရှိ ရှိနေသူများအနက် မသေမျိုးပထမအဆင့် ဖြစ်သော ကျိယန်သည် အားအကောင်းဆုံး ဖြစ်လေ၏။ သူပင်လျှင် မျက်မှောင်ကြီး ကျုံ့လျက် ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အစဉ်မပြတ် စစ်ဆေးနေခဲ့၏။ တစ်ခဏကြာပြီးနောက် ကျိယန်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။
“မြို့သခင်၊ ကျုပ်တို့ဆီ ဘာကြီး လာနေတာလဲ” တစ်ယောက်ယောက်က ကျိယန်ကို မေးလိုက်ရာ ကျိယန်က ခေါင်းခါရမ်း၍ ပြန်ပြောလိုက်၏ “ငါလည်း မသိဘူး။ ဒါပေမယ့် အားလုံး သတိထားသင့်တယ်။ ကိုယ့်အသက်ကို တန်ဖိုးထားရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားသင့်တယ်”
ကျိယန်ပြောသည်ကို ကြားပြီးနောက် လူပေါင်းများစွာ ထွက်သွားခဲ့ကြ၏။ သို့သော်လည်း လူအတော်များများကမူ ကျန်နေခဲ့ကြ၏။
အန္တရာယ်နှင့် အခွင့်အလမ်းသည် အမြဲဒွန်တွဲ တည်ရှိနေတတ်၏။ ထိုအချက်ကို စဉ်းစားမိသူများသည် ကျိယန်၏ စကားကြောင့် ကြောက်ပြီး ထွက်ခွါသွားလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ဤနေရာ၌ လူပေါင်းများစွာ ရှိနေခဲ့ရာ အန္တရာယ် ရှိလျှင်ပင် ထွက်ပြေးစရာ မလိုချေ။
သူ့စကားသည် အရမ်းကြီး အကျိုးသက်ရောက်မှု မရှိသည်ကို မြင်သည်နှင့် ကျိယန်လည်း ဘာမှ ဆက်မပြောတော့ဘဲ တိတ်တဆိတ်သာ စောင့်နေလိုက်၏။
ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ရာ ယွန်ရွှမ်တို့ အဖွဲ့ကို သတိပြုမိသွားပြီး သူတို့သုံးယောက်ကို အလျင်အမြန် လက်ယပ်ခေါ်လိုက်လေ၏။
ယွန်ရွှမ်က အသာအယာပြုံး၍ ရန်ကိုင်နှင့် ရွမ်ရှင်းယုတို့ကို ဦးဆောင်ကြာ ကျိယန်ရှိရာဆီ သွားလိုက်ကြ၏။
“ယွန်မိန်းကလေး၊ နင်က ဒဏ်ရာရထားတုန်းလေ။ ဘာလို့ ဒီကို ရောက်လာရတာလဲ” ကျိယန်က စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်ရာ ယွန်ရွှမ်က ပြုံး၍ “ကျွန်မ ဒဏ်ရာတွေ သက်သာ သွားပြီလေ။ အခုလို စိတ်ပူပေးတဲ့ အတွက် ဦးလေးကျိကို ကျေးဇူးတင်ပါတယ်”
“ကောင်းပြီလေ။ နင့်ပုံစံက မနေ့ကထက် အများကြီး မကောင်းပေမယ့် နင့်အသားအရေက ပိုပြီး စိုစိုပြေပြေ ရှိလာတာတော့ အမှန်ပဲ” ကျိယန်က ပြုံးကာ ခေါင်းညိတ် ပြလိုက်လေ၏။
“ဟဲဟဲ” ယွန်ရွှမ်က ကိုးယိုးကားယား အမူအရာဖြင့် တခစ်ခစ် ရယ်မောလိုက်ပြီး “ရှင်းယုကို ကျေးဇူးတင်ရမှာပဲ”
ရွမ်ရှင်းယုက နှုတ်ခမ်းလေးကွေးပြီး ရွတ်တွတ်တွတ် အမူအရာဖြင့် ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်၏။
“သူက နင့်အဖွဲ့သားအသစ်လား” ကျိယန်က ရန်ကိုင်ကို ကြည့်၍ ခေါင်းညိတ်လိုက်ပြီး “မဆိုးဘူး။ လူငယ်လေး၊ ယွန်မိန်းကလေး နောက်ကိုသာလိုက်၊ မင်းအနာဂတ်က တည်ငြိမ်ပြီးသားပဲ။ မင်းအပေါ်ထားတဲ့ သူ့ရဲ့ မျှော်လင့်ချက် တွေကိုသာ ပျက်စီးအောင် မလုပ်မိစေနဲ့”
ရန်ကိုင်က ထိုအကြံပေးချက်ကို ငြင်ဆိုခြင်းလည်း မပြုသလို လက်ခံခြင်းလည်း မပြုချေ။
ရန်ကိုင်က မပြောသင့်သည်ကို ပြောလိုက်မိမည် စိုးသည့်အတွက် ယွန်ရွှမ်က အလျင်စလို ဖြတ်ပြောလိုက်လေ၏ “ဦးလေးကျိ၊ ကျွန်မတို့ဆီ ဘာလာနေတာလဲဟင်”
“ကျိယန်က ယွန်ရွှမ်ကို ကြည့်၍ လေသံတိုးတိုးဖြင့် “ငါလည်း သေချာမသိဘူး။ ဒါပေမယ့် ချဉ်းကပ်လာနေတဲ့ အရာက အန္တရာယ်များတယ် ဆိုတာကိုတော့ သံသယ ရှိစရာ မလိုဘူး။ ပြီးတော့ အဲ့နောက် လိုက်လာနေတဲ့ ပညာရှင်တွေ အများကြီးကနေလည်း မိစ္ဆာအရှိန်အဝါတွေကို ရနေတယ်”
တကယ်တော့ ကျိယန်သည် ထိုပညာရှင်များ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည့် အတွက်ကြောင့်သာလျှင် ယခုကဲ့သို့ တည်ငြိမ်နေနိုင်ခြင်း ဖြစ်၏။
ထိုချဉ်းကပ်လာနေသော အရှိန်အဝါ သက်သက်ဆိုလျှင် ကျိယန်သည် လောင်ကျွမ်းမြို့တွင်း၌ ရှိနေသူအားလုံးကို ရွေ့ပြောင်းရန် အမိန့်ပေးပြီးလောက်ပေပြီ။ အဘယ်ကြောင့် ဆိုသော် ထိုချဉ်းကပ်လာနေသော အရာ၏ အရှိန်အဝါသည် သူ့ထက် အဆပေါင်းများစွာ ပိုပြင်းထန်နေသောကြောင့် ဖြစ်ပေ၏။
“အဲ့လူနောက် လိုက်နေတဲ့ ပညာရှင်တွေ ရှိတာလာ” ယွန်ရွှမ် အံ့အားသင့်သွားခဲ့လေ၏။
ကျိယန်က အသာအယာ ခေါင်းညိတ်လျက် “ဒါပေမယ့် အံ့အားသင့်စရာ အကောင်းဆုံးက နှစ်ဖက်စလုံးက မတိုက်ခိုက်ကြတာဘဲ။ နောက်က လူတွေကလည်း အဲ့မိစ္ဆာအရှိန်အဝါနဲ့ လူကို စောင့်ကြည့်လေ့လာ နေကြတဲ့ပုံပဲ။ ငါတကယ်ကို နားမလည်နိုင်တော့ဘူး”
ပြောပြီးသည်နှင့် ခေါင်းကိုသာ တရမ်းရမ်းဖြင့် ခါလိုက်လေ၏။
ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ အကြည့်ချင်း ဖလှယ် လိုက်ကြပြီး အခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစား မိလိုက်ကြ၏။
ရန်ကိုင်၏ အမူအရာသည် တစ်ချိန်လုံး တည်ငြိမ် နေခဲ့ရာ ကျိယန်ကို ရန်ကိုင်ကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်၏။
အချိန်တွေ ကြာလာသည်နှင့် ကောင်းကင်ထက်မှ ကြက်သွေးရောင် အကွက်ကြီးသည် ပို၍ ကျယ်ပြန့်လာခဲ့ပြီး မိစ္ဆာအရှိန်အဝါသည်လည်း သူတို့နှင့် နီးကပ်သထက် နီးကပ်လာခဲ့လေ၏။
မကြာခင်မှာပင် အားလုံးမြင်ကွင်းရှေ့ အနက်ရောင် အစက်လေးတစ်စက် ထွက်ပေါ်လာခဲ့လေ၏။
“ဘာကြီးလဲဟ” တစ်ယောက်ယောက်က အလန့်တကြား ဆိုလိုက်ရာ အခြားတစ်ယောက်က “လူတစ်ယောက်လို့ ထင်တာပဲ”
အားလုံးသည် အနက်ရောင်အစက်လေးကို ဝိုင်း၍ အာရုံစိုက်ကြည့်နေခဲ့ကြ၏။ သို့သော် ဝေးကလည်းဝေး၊ ကောင်းကင်တစ်ခုလုံးကလည်း နီရဲနေသဖြင့် ချဉ်းကပ်လာနေသာ အရှိန်အဝါသည် ဘာဖြစ်သည်ကို မည်သူမှ မသိနိုင်ကြသေးချေ။
ထိုအနက်ရောင်အစက်လေး၏ နောက်တွင်မူ ဒါဇင်ကျော်သော ပညာရှင်တို့ ရှိနေခဲ့ပြီး တော်တော် များများသည် မသေမျိုးအဆင့်များ ဖြစ်ကြ၏။
ကျိယန်၏ အမူအရာ လေးနက်သထက် လေးနက် လာနေခဲ့၏။
တစ်ခဏကြာပြီးသည့်နောက် ထိုအနက်ရောင် အစက်၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်း မြင်တွေ့လိုက်ရ၏။ ထိုပုံရိပ်၏ အစစ်အမှန် အသွင်အပြင်ကို မြင်တွေ့လိုက်ရပြီးနောက် ကျိယန်က အလန့်တကြား အော်ပြောလိုက်လေ၏ “အလောင်းသယ်လူကြီးလား”
ကျိယန်ပါးစပ်မှ ထိုစကား ထွက်ပေါ်လာသည်နှင့် အခြေအနေသည် သူထင်မှတ်ထားသည်ထက် ပိုဆိုးရွားပြီးမှန်း သူရုတ်တရက် နားလည်လိုက်၏။
ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ ကျင့်ကြံသူပေါင်း များစွာသည့် စိတ်လှုပ်ရှားစွာဖြင့် လေထဲ ခုန်တက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
ယွန်ရွှမ်လည်း အံ့အားသင့်သွားခဲ့ပြီး “ဦးလေးကျိ၊ အဲ့ဒါက ဒဏ္ဏာရီလာ အလောင်းသယ်လူကြီးလား”
ရွမ်ရှင်းယုပင် ထိတ်လန့်သွားခဲ့လေ၏။ ထိုပုဂ္ဂိုလ်သည် ဒဏ္ဏာရီထဲတွင်သာ ရှိသော လူကြီး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“ဖြစ်နိုင်တယ်” ကျိယန်၏ မျက်နှာသည် ယခုအချိန်၌ လွန်စွာကိုမှ အရုပ်ဆိုးနေခဲ့၏။ ဘေးပတ်ဝန်းကျင်ကို တစ်လချက် လှည့်ပတ်ကြည့်ပြီးနောက် “ဒီအရှိန်အဝါ၊ ဒီခွန်အားကို သူတို့တွေပဲ ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဟူး... အလောင်းသယ်လူကြီး ဒီနေရာမှာ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ ငါတစ်ခါမျ မထင်ထားခဲ့ဘူး”
လူပေါင်းများစွာ၏ ပြောစကားကို နားထောင်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ထိလူကြီး၌ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော ထူးဆန်းသည့် နာမည်မျိုး ရှိနေသည်ကို ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေ၏။
အဘယ်ကြောင့်ဆိုသော် ထိုလူသည် ကျောဘက်၌ အနီရောင် ခေါင်းတလားကြီး တစ်လုံးကို သယ်ထားသောကြောင့်ပင် ဖြစ်၏။ အားကောင်းလှသော နတ်ဆိုးအရှိန်အဝါသည်လည်း အလောင်းသယ် လူကြီးဆီမှ ဖြာထွက်နေခဲ့၏။
အလောင်းသယ်လူကြီးသည် အရပ်ရှည်ပြီး တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထား၏။ သူ့ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်ထက် အဆများစွာ ပိုကြီးရာ သူလည် လူသားမျိုးနွယ်မှ ဟုတ်ပုံမရ။
သူ၏ အရပ်အမောင်းသည် သုံးမီတာရှည်ပြီး သူ့ကြွက်သားများသည် သာမန်နှင့် ကွဲပြားစွာ ထစ်ဖုနေ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက် များစွာဖြင့် ပြည့်နေခဲ့သလို့ သူ့မျက်နှာ တစ်ခုလုံးသည်လည်း ရှုံ့မဲ့နေခဲ့လေ၏။ ပွင့်အာနေသော သူ့ပါးစပ်မှ ထက်ရှသော အစွယ်များကိုလည်း မြင်တွေ့နေရ၏။
သူ့လှုပ်ရှားမှုသည် နှေးကွေးဟန်ရကာ သူခြေတစ်လှမ်း လှမ်းဖို့ရာ အလွန့်အလွန်ကိုမှ ကြာညောင်းသည်ဟု ထင်ရ၏။ သို့သော်လည်း သူ့ခြေလှမ်းတိုင်းထဲ လွန်စွာကိုမှ နက်နဲလှသော ဥပဒေသတို့ ပါဝင်နေကော ခြေလှမ်းများသည် နှေးကွေးသော်လည်း သူ့၏ တကယ့် အမြန်နှုန်းသည် အလွန့်အလွန်ကိုမှ မြန်ဆန်လှလေ၏။
ထိုအလောင်းသယ်လူကြီး၏ ခြေလှမ်းများကို လေ့လာနေရင်း ရန်ကိုင် ခေါင်းမာလာခဲ့လေ၏။
ကျိယန်က အလျင်စလို အော်ဟစ် သတိပေးလိုက်လေ၏ “သူ့ရဲ့ သိုင်းတာအိုကို နားလည်ဆင်ခြင်ဖို့ မကြိုးစားနဲ့။ အဲ့ဒါ မင်နားလည်နိုင်တဲ့ အရာမဟုတ်သေးဘူး”
ရန်ကိုင်လည်း အလျင်စလို အကြည့်ပြန်ယုတ်လိုက်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ဘေးဘက်သို့ လှည့်၍ ယွန်ရွှမ်ကို မေးလိုက်၏ “ဒီအလောင်းသယ်လူကြီးက အရမ်း နာမည်ကျော်တာလား”
ယွန်ရွှမ်က ရန်ကိုင်ကို ကြောင်အမ်းအမ်း အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်၏။ သို့သော် ရန်ကိုင်သည် တောကြိုအုံကြားမှ လာသည်ဟူသော အချက်ကို ပြန်သတိရလိုက်သည်နှင့် သူ့အား အသေအချာ ရှင်းပြလိုက်လေတော့၏ “သူက ဒဏ္ဏာရီလာ တည်ရှိမှုတစ်ခုပဲ။ တုန်းရွှမ်လောကကြီးမှာ သူ့ကို မသိတဲ့လူ မရှိသလောက်ပဲ။ သူ့ရဲ့ နောက်ခံက ဘာလဲ၊ အဲ့အနီရောင် ခေါင်းတလားကြီးကို ဘာလို့ အမြဲသယ်ထားရလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ သူ့ပုံစံကြောင့်ပဲ လူတွေက သူ့ကို ခေါင်းတလားသယ်လူကြီးလို့ ခေါ်ကြတာ။ ငါလည်း သူ့ကို အခုမှ မြင်ဖူးတာ။ ဒါပေမယ့် အလောင်းသယ်လူကြီးက ဆယ်နှစ်တိုင်း၊ ဆယ်နှစ်တိုင်း တစ်ကြိမ်ပေါ်တယ်၊ ပေါ်လာတိုင်းလည်း နေရာမတူဘူး ဆိုတာကို ငါသိတယ်။ သူက သူ့အမှတ်အသားကို တုန်းရွှမ်လောကကြီး အနှံ့ ထားရစ်ခဲ့တာ။ ဒါပေမယ့် ရောက်လာတဲ့လူက သူဖြစ်နေမှတော့ အရမ်းကြီး စိတ်ပူစရာ မလိုတော့ဘူး”
“ဘာလို့လဲ” ရန်ကိုင်က သင်္ကာမကင်း ပြန်မေးလိုက်ရာ ယွန်ရွှမ်က “ဘာလိုလဲ့ဆိုတော့ အလောင်းသယ်လူကြီးက ကြောက်ဖို့ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားပေမယ့် သူက လူတွေကို အရင်စပြီး ဘယ်တော့မှ မတိုက်ခိုက်ဘူး”
“အခြားသူတွေကို ဘယ်တော့မှ မတိုက်ဘူးလား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။
“ဟုတ်တယ်။ တော်တော်လေးကို ထူးဆန်းတယ်။ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေကများ သူ့ကို ချုပ်နှောင်ထားလဲ ဆိုတာကို ငါမသိပေမယ့် သူအခြားသူတွေကို တိုက်ခိုက်တာ ဘယ်သူမှ မမြင်ဖူးဘူး။ ဒါပေမယ့် အလောင်းသယ်လူကြီး ပေါ်လာတိုင်း သူ့ဘေးနားမှာ ရှိနေတဲ့ လူတွေဆီ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ သယ်လာပေးတယ်”
“ဘယ်လိုအကျိုးအမြတ်မျိုးလဲ” ရန်ကိုင်က ရုတ်တရက် စိတ်ဝင်စားသွားခဲ့လေ၏။
“အလောင်းသယ်လူကြီးက သူပေါ်လာချင်တဲ့ နေရာတိုင်းမှာ ပေါ်လာတယ်။ သူရပ်လိုက်ပြီး ဆိုတာနဲ့ လူတွေက သူ့ကို မရမက တောင်းဆိုကြတော့တာပဲ။ အဲ့အခါကျ သူက လက်နက်တွေ၊ သိုင်းပညာရပ်တွေ၊ လျှို့ဝှက်ကျင့်စဉ်တွေ၊ ဆေးလုံးတွေ ပစ်ချပေးတော့တာပဲ။ နင်အခု မြင်နေရတဲ့ ကျင့်ကြံသူတွေအားလုံးက အဲ့ပစ္စည်းတွေကို ယူဖို့ စောင့်နေကြတာ”
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၇) သူတော်စင်အဆင့် ပညာရှင်
——————————————————————
လောင်ကျွမ်းမြို့ အပြင်ဘက်တွင်၊ အလောင်းသယ်လူကြီးသည် ရန်ကိုင်တို့ ရှိရာဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့ပြီး သူ့နောက်တွင်မူ အားကောင်းသော ပညာရှင် ဒါဇင်ကျော် လိုက်ပါလာခဲ့၏။ ၏
လောင်ကျွမ်းမြို့တော်ထဲ ရှိနေသူအားလုံးကမူ ထိုဒဏ္ဏာရီလာ ဖြစ်တည်မှုကြီးကို မြင်ချင်နေခဲ့ကြလေပြီ။
အလောင်သယ်လူကြီးအကြောင်း ကြာလိုက်းရသည်နှင့် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “သူဘာလို့ အဲ့လိုလုပ်ရတာလဲ”
“လျော်ကြေးအနေနဲ့ ဖြစ်မှာပေါ့” ယွန်ရွှမ်က ပြန်ပြောလိုက်ရာ ရန်ကိုင်က မျက်ခုံးပင့်၍ “လျော်ကြေးလား၊ ဘာလျော်ကြေးလဲ”
“သူရောက်တဲ့ နေရာတိုင်းကို ပျက်စီးစေတဲ့အတွက် လျော်ကြေးလေ” ကျိယန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိုးရိမ်တစ်ဝက်၊ စိတ်ပူတစ်ဝက် အမူအရာဖြင့် “အလောင်းသယ်လူကြီး ရောက်နေတဲ့ နေရာမှန်သမျှရဲ့ ပတ်လည် ကီလိုမီတာ(၁၀၀) ဝန်းကျင်က ဆယ်နှစ်တိုင်တိုင် စွန့်ပစ်မြေတစ်ခု ဖြစ်သွားရတာပဲ။ အဲ့ဆယ်နှစ်လုံးလုံး ဘာအပင်မှ မပေါက်ဘူး”
ရန်ကိုင် ထိတ်လန့်သွားခဲ့ရလေပြီ။
ကျိယန်က နဖူးလေးကို ပွတ်လိုက်ပြီး “သူဒီနေရာကို ဖြတ်ပဲဖြတ်သွားပြီး မရပ်စေဖို့ပဲ ငါမျှော်လင့်ရတော့မယ်”
အလောင်းသယ်လူကြီးသာ လောင်ကျွမ်မြို့တော်နှင့် နီးကပ်သော နေရာတွင်သာ ရပ်လိုက်ပါက ဤနေရာပတ်လည်၌ ရှိနေသမျှ အရာအားလုံး ဖျက်စီးခံရပေလိမ့်မည်။
အခြားကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေသော်လည်း ကျိယန်မျက်နှာ အဘယ်ကြောင့် သုန်မှုန်နေရသည်ကို ရန်ကိုင် ယခုမှပင် နားလည်သွားတော့လေ၏။ သူသည် လောင်ကျွမ်း မြို့သခင် ဖြစ်သည့်အတွက် လောင်ကျွမ်းမြို့တော် ပျက်စီး သွားမည်ကို မမြင်ချင်သည်မှာ သဘာဝပင် ဖြစ်လေ၏။
သူတို့ နှစ်ယောက် စကားပြောနေစဉ် တစ်ယောက်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရ၏ “သူရပ်သွားပြီ။ သူရပ်သွားပြီ”
ကျိယန်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရင်သွားခဲ့ပြီး သူ့အမူအရာသည်လည်း ဖြူလျော်သွားခဲ့လေ၏။
ကျိယန် အစိုးရိမ်ဆုံးသော ကိစ္စဖြစ်လာခဲ့လေပြီ။ အလောင်းသယ်လူကြီး ဘယ်ကလာသည်ကို မည်သူမှမသိ၊ သူဘယ်ကို သွားနေလဲ ဆိုသည်ကိုလည်း မည်သူမှ မသိ။ သို့သော် ယခုအချိန်၌ အလောင်းသယ်လူကြီးသည် လောင်ကျွမ်းမြို့အနီး၌ ရပ်တန့်ရန် ဆုံးဖြတ်လိုက်လေပြီ။
ကျိယန်အနီးတွင် ရှိနေသော လွတ်လပ်သော အဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ မျက်နှာများသည်လည်း အရုပ်ဆိုးနေခဲ့ကြလေ၏။
“ဦးလေးကျိ...” ယွန်ရွှမ်က အသာအယာ လှမ်း၍ အော်ခေါ်လိုက်လေ၏။
ကျိယန်သည် သူ့ရှေ့တွင် ရှိနေသော အလောင်းသယ် လူကြီးကိုသာ စိုက်ကြည့်နေခဲ့ပြီး ချက်ချင်း ပြန်မထူးခဲ့ချေ။ အချိန်အတော်ကြာအောင် လွန်ဆွဲတွေဝေ နေပြီးမှသာ သက်ပြင်းအရှည်ကြီးချလျက် ရေရွတ်လိုက်လေ၏ “မြို့ထဲကို ပြန်သွားပြီး မြို့ထဲကနေ ချက်ချင်းဆုတ်ခွါဖို့ မြို့သားတွေ အားလုံးကို သတိပေးလိုက်။ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေယူပြီး မြို့ထဲကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးကြပေတော့လို့”
“မြို့သခင်...”
“အရမ်းနောက်မကျသေးခင် အခုသွားတော့။ ဒီမှာ ငါအချိန်ဆွဲထားပေးမယ်” ပြောပြီးသည်နှင့် ကျိယန်သည် အလောင်းသယ်လူကြီးနောက်တွင် ရှိနေသော ပညာရှင်များဆီ ပျံသန်းသွားလိုက်လေ၏။
ယွန်ရွှမ်သည်လည်း ကူကယ်ရာမဲ့ကာ ရင်ထဲ ခါးသီးနေခဲ့ရ၏။ အလောင်းသယ်လူကြီးသည် ဤနေရာ၌ ရပ်တန့်လိုက်သဖြင့် ဤနေရာသည် မကြာခင် စွန့်ပစ်မြေတစ်ခု ဖြစ်လာတော့မည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
ထိုအချိန်အတွင်း၌ ရန်ကိုင်သည် အလောင်းသယ်လူကြီးနှင့် သူ့ကျောဘက်ရှိ သွေးနီရောင် ခေါင်းတလားကြီးကို သေသေချာချာ စစ်ဆေးနေခဲ့၏။ ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်သည့်အခါ အလောင်းသယ် လူကြီးဆီမှ များပြလှသော သေခြင်းချီနှင့် အလောင်းချီတို့ ဖြာထွက်နေသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။ သူရထားသော ဒဏ်ရာများသည် အတော့်ကို ကြားညောင်းနေခဲ့လေပြီ။ အသိသာဆုံး အချက်သည် အလောင်းသယ်လူကြီး၌ အသက်စွမ်းအင် အရှိန်အဝါ ရှိမနေခြင်းပင် ဖြစ်သည်။
တစ်နည်းဆိုရလျှင်ပင် ထိုလူကြီး သေသွားခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း သူ့ကိုယ်ထဲ၌ ကိန်းအောင်းနေသော ကြောက်မက်ဖွယ် ခွန်အားသည် လူများစွာကို ဖိန့်ဖိတ်တုန် ကြောက်လန့်သွားစေရန် လုံလောက်၏။
ကျိယန်သည် အလောင်းသယ်လူကြီးနောက်တွင် ရှိနေသော ပညာရှင်ဒါဇင်ကျော်ဆီ ပျံသန်းသွားသည့်အခါ အလောင်းသယ် လူကြီးသည် သူ့ဘေးပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း စစ်ဆေးလိုက်၏။ ပြီးသည်နှင့် မြေကြီးပေါ်သို့ ရုတ်ချည်း ခုန်ဆင်းသွားလိုက်လေ၏။
ဘုန်း...
မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး ပင့်ကူအိမ်ပမာ အက်ကြောင်းတို့သည် အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့လေ၏။ အလောင်းသယ်လူကြီးသည်နှင့် ထိုနေရာ၌ မျက်စိပိတ်ကာ လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ဆောင့်ကြောင့် ထိုင်လိုက်၏။
ကျင့်ကြံသူပေါင်း များစွာတို့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြပြီး အခြားကျင့်ကြံသူများကမူ လောဘတကြီး အမူအရာများဖြင့် သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်ားကြ၏။ သို့သော်လည်း အလောင်းသယ်လူကြီး နောက်တွင် ရှိနေသော ပညာရှင်များကို ကြောက်ရွံ့သည့် အတွက်ကြောင့် မည်သူမှ ရှေ့သို့ ပြေးမတက်သွားရဲကြချေ။
ကျိယန်သည် ထိုပညာရှင်များနှင့် အသိအကျွမ်းများ ဖြစ်ဟန်တူလေ၏။
“အဲ့လူတွေက ဘယ်သူလဲ” ရန်ကိုင်က မေးလိုက်၏။
“သူတို့တွေက အနီးအနားမှာ ရှိနေတဲ့ အင်အားစုတွေက ပညာရှင်တွေပဲ။ မိုးကြိုးစိတ်ဝိဥာဉ်အဖွဲ့အစည်းက မသေမျိုး ဒုတိယအဆင့် ရှုချီ၊ ကောင်းကင်မဟာမိတ် အဖွဲ့အစည်းက မသေမျိုးတတိယအဆင့် ဇို့ရှင်း၊ တိုက်ပွဲဝိဥာဉ်ဘုရားကျောင်းက မသေမျိုးတတိယအဆင့် ယောင်တီ...” ယွန်ရွှမ်က ရောက်လာသည့် ပညာရှင်များထဲမှ အားအကောင်းဆုံး ပညာရှင်အများစု တော်တော်များများကို မျက်စပစ်ပြလိုက်လေ၏။
“ကျန်တဲ့လူတွေက ဘယ်သူတွေလဲ ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမယ့် သူတို့တွေက အဲ့လူတွေနဲ့ အတူတူ ပေါ်လာတယ် ဆိုမှတော့ သူတို့တွေကလည်း နာမည်မရှိတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်လောက်ဘူး” ယွန်ရွှမ်က အသာအယာ လေရှူသွင်းလိုက်ပြီး “အလောင်းသယ်လူကြီး ဒီနေရာဆီ ရောက်နေတယ် ကြားလို့ သူတို့အားလုံး ဒီနေရာကို ရောက်လာခဲ့တာ ဖြစ်ရမယ်”
“သူတို့တွေလည်း အလောင်းသယ်လူကြီးပေးတဲ့ ‘လျော်ကြေး’ကို စိတ်ဝင်စားကြတာလား” ရန်ကိုင် အံ့ဩသွားခဲ့လေ။ ထိုအဖွဲ့ထဲ၌ မသေမျိုးတတိယအဆင့် ပညာရှင် များစွာရှိပေ၏။ ထိုသို့ဆိုလျှင် ထိုပညာရှင်များသည် မဆိုသလောက်သော အကျိုးအမြတ်လေးကို အဘယ်ကြောင့် ဂရုစိုက်နေရပါသနည်း။
“သူတို့တွေက အလောင်းသယ်လူကြီးပေးမယ့် ‘လျော်ကြေး’ကို စိတ်ဝင်စားကြတာ မဟုတ်ပေမယ့် အလောင်းသယ် လူကြီးကိုယ်တိုင်က ဆန်းကြယ်မှုတစ်ခုပဲလေ။ အလောင်းသယ်လူကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ချင်တဲ့ လူတွေမှ တစ်ပုံကြီးပဲ”
ရန်ကိုင်က နားလည်ဟန်ဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ကျိယန်သည် ထိုလူများဖြင့် လေးလေးစားစား ဆွေးနွေးနေခဲ့၏။ သူသည် လွန်လပ်သော အဖွဲ့အစည်း၏ လက်အောက်တွင် ရှိသော လောင်ကျွမ်းမြို့တော်၏ သခင် ဖြစ်သော်ငြား သူသည် မသေမျိုးပထမအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေး၏။ ထို့ကြောင့် ထိုပညာရှင်များ ရှေ့မောက်၌ သွားမာန်တက်ပြ၍ မရချေ။
အချိန်အတော်ကြာအောင် စကားပြောပြီးနောက် ကောင်းကင်မဟာမိတ် အဖွဲ့အစည်းမှ ဇို့ရှင်းက ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုမှတော့ ငါတို့ တစ်နာရီလောက် စောင့်ပေးမယ်လေ။ မြို့သခင်လည်း မြန်မြန်ဆန်ဆန် လှုပ်ရှားမယ်လို့ ကျုပ်ယုံကြည်တယ်”
တိုက်ပွဲဝိဥာဉ်ဘုရားကျောင်းမှ ယောင်တီကလည်း ခေါင်းညိတ်ပြလိုက်ပြီး “ကောင်းကင်ကြီးက မျှတပါတယ်။ ငါတို့လည်း အရမ်းကာရော လှုပ်ရှားမှာ မဟုတ်တာကို မြို့သခင် စိတ်ချထားလို့ရပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်” ကျိယန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်သီးဆုပ် ကျေးဇူးတင်စကား ဆိုလိုက်ပြီး မြို့ဆီပြန်သွားကာ စီစဉ်စရာ ရှိသည်များကို စီစဉ်တော့လေ၏။
လောင်ကျွမ်းမြို့တော်ထဲ ကျင့်ကြံသူများစွာ နေကြ၏။ အများစု၏ ခွန်အားသည် သိပ်မမြင့်လေရာ အဖြစ်အပျက် စသည်နှင့် ဤနေရာတွင် ရှိနေသော အားနည်းသည့် ကျင့်ကြံသူထဲမှ ဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
လိုလိုလားလားဖြင့် ထွက်သွားမည့် သူများအတွက် ဘာမှ ထပ်၍ ပြောစရာ မလိုတော့ချေ။ ထွက်သွားရန် ငြင်းဆန်သူများ အတွက်လည်း ကျိယန်လုပ်ပေးနိုင်သည့်အရာ ဘာမှ မရှိချေ။ လွတ်လပ်သော အဖွဲ့အစည်းမှ မဟုတ်သည့် ပညာရှင်များကို သွားပြီး အမိန့်မပေးနိုင်ချေ။
တစ်နာရီသည် တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့၏။
အားလုံးသည် အလောင်းသယ်လူကြီးကို စက်ဝိုင်းပုံစံ ဝိုင်းပတ်လိုက်ကြလေ၏။ အားလုံးသည် ထိုလူကြီးကို ရှားပါး အဖိုးတန် ရတနာတစ်ခုအလား လောဘတကြီး ငေးစိုက် ကြည့်နေခဲ့ကြလေ၏။
ကျိယန်သည် မြို့ထဲမှ စိတ်လေးလံစွာ ပြန်လာခဲ့လေ၏။ ထိုအခြေအနေကို မြင်လိုက်သည်နှင့် ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်လေ၏။
သူလုပ်နိုင်တာ အားလုံးကို လုပ်ပြီးသွားခဲ့လေပြီ။
ဤနေရာတွင် ရှိနေသော လူများသည် ထွက်သွားမည့် လူများ မဟုတ်လေရာ ကျိယန်သည်လည်း ထိုသူများကို သွား၍ ဖြောင့်ဖြလို့ရမည် မဟုတ်ချေ။
“ယွန်မိန်းကလေး၊ ငါနဲ့ အဝေးကြီးမှာ မနေနဲ့။ အလောင်းသယ်လူကြီးက လူတွေကို ဘယ်တော့မှ အရင်စမတိုက်ဘူး ဆိုပေမယ့် အန္တရာယ်မရှိဘူးလို့တော့ မဆိုလိုဘူး” ကျိယန်က ယွန်ရွှမ်ကို ခက်ထန်စွာ အမိန့်ပေးလိုက်လေ၏။
ရှိနေသည့် ပညာရှင်များထဲမှ ဇို့ရှင်းသည် ရုတ်တရက် ရှေ့တက်၍ အလောင်းသယ်လူကြီးကို ချိန်နေသည့် လူများကို ကြည့်၍ “အလောင်းသယ်လူကြီးအကြောင်း မင်းတို့ ကြားဖူးကြမှာပါ၊ ဟုတ်တယ်မလား။ ဟားဟား၊ ဒီနေ့ တကယ်ကို ရှားပါးလှတဲ့ အခွင့်အရေးတစ်ခု ပေါ်လာခဲ့ပြီ။ မင်းတို့သာ ဒီအခွင့်အရေးကို မဖမ်းဆုပ်ဘူးဆိုရင်၊ ငါတို့ လူအိုကြီးတွေကပဲ ဦးဆောင်ရတာပေါ့”
ဇို့ရှင်းသည် အခြားကျင့်ကြံသူများကို ဆွဲဆောင်လို ရငြား ကြိုးပ်မ်းကြည့်လိုက်။ ဇိုရှင်းသည် သူတို့အတွက် ထောက်ထား၍ ထိုစကားကို ပြောနေမှန်း မဟုတ်သည်ကို သိထားသော်ငြား အလောင်းသယ်လူကြီး၏ ဒဏ္ဏာရီကို စဉ်းစားမိသည်နှင့် အတော် များများသည် သူတို့ကိုသူတို့ မထိန်းချုပ်နိုင်တော့ဘဲ သိုင်းပညာရပ်များကို အသုံးပြု၍ တိုက်ခိုက်ကြလေတော့၏။
များစွာသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး အလောင်းသယ်လူကြီး၏ မှုန်မှိုင်းနေသော မျက်နှာဆီ ပြေးဝင်သွားခဲ့ကြလေ၏။ ထိုတိုက်ခိုက်မှု တစ်ခုစီတိုင်းသည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်၏ အားကုန်သုံး တိုက်ခိုက်မှုနှင့် တူညီသော်လည်း ပစ်မှတ်ဆီ ရောက်သည့်အချိန်၌ ရေထဲပစ်ချခံလိုက်ရသည့် ကျောက်တုံးပမာ၊ လှိုင်းတွန့်လေးများကိုသာ ဖြစ်သွားစေခဲ့၏။
အလောင်းသယ်လူကြီးသည် နည်းနည်းမျှပင် လှုပ်ရှားခြင်း မပြုခဲ့။ သူ့ခန္ဓာကိုယ်သည် ကျောက်ရုပ်ကြီးတစ်ခုပမာ ရှိနေခဲ့ပြီး သူ့မျက်နှာများသည်လည်း ပိတ်နေခဲ့၏။
တိုက်ခိုက်ပြီးသည်နှင့် ဒါဇင်ကျော်သော ပညာရှင်များသည် ချက်ချင်း နောက်ပြန်ဆုတ်လိုက်ကြလေ၏။ သို့သော် အချိန် အတော်ကြာအောင် စောင့်ဆိုင်းနေပြီးသော်လည်း အလောင်းသယ်လူကြီးက တုန့်ပြန်မလာခဲ့ရာ အကုန်လုံး အူမြူသွားခဲ့ပြီး ကောလဟာလများ အမှန်ဖြစ်နေကြောင်း နားလည်လိုက်ကြ၏။ သူတို့ ဘယ်လိုပင် တိုက်ခိုက်ပါစေ အလောင်းသယ်လူကြီးသည် ပြန်၍ မတိုက်ခိုက်ချေ။
နောက်တစ်ကြိမ် အရောင်တလက်လက် ဖြာသော တိုက်ခိုက်မှုများ အလောင်းသယ်လူကြီးဆီသို့ ထပ်မံ ကျရောက်လာခဲ့ပြန်လေ၏။
အုန်း... အုန်း... အုန်း... အုန်း...
ထိုတိုက်ခိုက်မှုများကြောင့် မြေပြင်တစ်ခုလုံး အက်ကွဲသွားခဲ့ပြီး အလောင်းသယ်လူကြီး ဘေးနားပတ်လည်ရှိ မြေပြင်သည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့ရ၏။ စိတ်ကူးနှင့်ပင် ခန့်မှန်း၍ မရနိုင်သော အားကောင်းလှသည့် အဖျက်စွမ်းအင်တို့ ပါဝင်နေသာ စွမ်းအင်များသည် ပတ်ပတ်လည်သို့ ပျံ့နှံ့လာခဲ့၏။
သို့သော်လည်း အလောင်းသယ်လူကြီးသည် နည်းနည်းမျှပင် လှုပ်မသွားခဲ့ချေ။
မကြာခင်မှာပင် ဤနေရာ၌ စုဝေးနေသည့် ကျင့်ကြံသူ အားလုံး တိုက်ခိုက်လာခဲ့ကြလေပြီ။
နောက်ဆုံး၌ အလောင်းသယ်လူကြီး ဖြည်းဖြည်းချင် မျက်လုံးဖွင့်လာခဲ့လေ၏။ အမောတကော အသက်ရှူ နေရသည့်အလား အခိုးအငွေ့များ သူ့နှာခေါင်းမှ ထွက်ပေါ်လာခဲ့၏။ သူအသက်တစ်ချက် ရှူလိုက်တိုင်း ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားသယောင် ထင်ရ၏။
တိုက်ခိုက်နေသူများသည်လည်း အလောင်းသယ်လူကြီးက တန်ပြန်တိုက်ခိုက်လာမှာကို စိုးရွံ့သည့်အတွက် သူတို့၏ တိုက်ခိုက်မှု အရှိန်ကို လျှော့ချပစ်လိုက်လေ၏။ သို့သော်လည်း ဤမျှ တိုက်ခိုက်ခံရပြီးသည့် အချိန်တွင်ပင် အလောင်းသယ် လူကြီးသည် ပြန်လည်တိုက်ခိုက်မည့် အရိပ်အယောင် ပြမလာခဲ့ချေ။ နေရာတွင်သာ တွေတွေကြီး ငေးကြောင် ရပ်နေကာ သူ့ဘေးပတ်လည် ရှိလူများကို ဝေ့ကြည့်လိုက်၏။
ယခုအချိန်မှပင် အလောင်းသယ်လူကြီး မည်မျှ ကြောက်ဖို့ကောင်းမှန်း ရန်ကိုင် နားလည်သွားခဲ့လေ၏။
“သူက သူတော်စင်အဆင့် ပညာရှင်တစ်ယောက်လား” ရန်ကိုင်က ယွန်ရွှမ်ဘက်လှည့်၍ မေးလိုက်၏။
“ဟုတ်တယ်” ယွန်ရွှမ်က ခေါင်းပြန်ညိတ်ပြလိုက်၏။
ထိုစကားကို ကြားသည်နှင့် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့လေသည်။
သူတော်စင်အဆင့် ပညာရှင်တစ်ယောက်တောင် ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုး ရောက်ခဲ့ရအောင် ဘာတွေကိုများ သူကြုံတွေ့ခဲ့ရတာလဲ မသိဘူး။ ဘဝက တကယ်ကို အလှည့်အပြောင်းတွေနဲ့ ပြည့်နေတာပဲ
“အဲ့လူတွေ ဘာလို့ မလှုပ်ရှားသေးတာလဲ” ရွမ်ရှင်းယုက မိုးကြိုးစိတ်ဝိဥာဉ် အဖွဲ့အစည်းနှင့် ကောင်းကင်မဟာမိတ် အဖွဲ့အစည်းဘက်လှည့်၍ မေးလိုက်၏။
“သူတို့တွေက စောင့်နေကြတာ” ကျိယန်က သက်ပြင်းချ၍ “သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ရဲ့ အကာအကွယ်ကို ချိုးဖျက်ဖို့ဆိုရင် အရမ်းကို အားစိုက်ဖို့လိုတယ်။ အခု သူတို့ကို လာကူပေးနေတဲ့ အများကြီး ရှိနေမှတော့ သူတို့ကလည်း ပျော်ပျော်ကြီး ထိုင်ကြည့်နေကြတာပေါ့။ ဒါပေမယ့် သူတို့လည်း မကြာခင် စတော့မှာပါ”
ကျိယန် ပြောပြီးသည်နှင့် အလောင်းသယ်လူကြီးနောက် လိုက်လာခဲ့သည် ဒါဇင်ကျော်သော မသေမျိုးအဆင့် ပညာရှင်များ စတင်လှုပ်ရှားလာခဲ့ကြလေပြီ။
ရပ်စောင့်ကြည့်နေသည့် တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းမှ ယောင်တီက “ငါတို့လည်း ဝင်ကူပေးသင့်ပြီ။ မဟုတ်ရင် ငါတို့က သူထွက်ပေါ်လာတာကို ကြားလို့ အခြားပညာရှင်တွေပါ ရောက်လာခဲ့ရင် အခြေအနေက ငါတို့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတားကို ကျော်လွန်သွားလိမ့်မယ်”
“ဟုတ်တယ်” ရှုချီက အသာအယာ ခေါင်းညိတ်၍ “မြန်မြန်စလေ၊ မြန်မြန်ပြီးပြီး မြန်မြန် အိမ်ပြန်ရလေပဲ။ ငါတို့ သူ့နောက်လိုက်လာတာ တစ်လလောက် ရှိနေပြီ”
“ကောင်းပြီလေ၊ စကြတာပေါ့” ဇို့ရှင်းက ခေါင်းညိတ်လိုက်၏။
ထိုသုံးယောက် သဘောတူညီချက် ရသွားသည်နှင့် ကျန်သည့် ပညာရှင်များလည် မည့်သည့်ကန့်ကွက်စကားမှ မဆိုဘဲ သူတို့၏ လက်နက်အသီးသီးကို ထုတ်ကာ အစစ်အမှန်ချီကို စတင် လှည့်ပတ်ကြလေတော့၏။
အားကောင်းလှသော အရှိန်အဝါတစ်ခု ထိုပညာရှင်အုပ်မှ ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုမျိုးစုံသည် ဥက္ကာခဲများပမာ အလောင်းသယ်လူကြီးဆီသို့ တိုးဝင်သွားခဲ့လေ၏။ သူတို့၏ တိုက်ခိုက်မှုသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုထက် ပို၍ အားကောင်းမည်မှာ သံသယရှိစရာ မလိုချေ။
အုန်း... အုန်း... အုန်း...
မြေပြင်တစ်ခုလုံး အက်ကွဲသွားခဲ့ပြီး ကီလီုမီတာပေါင်း များစွာတစ်ခွင် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေ၏။
ထိုတိုက်ခိုက်မှုကြောင့် အလောင်းသယ်လူကြီး၏ ခန္ဓာကိုယ်ထက် ဒဏ်ရာဒဏ်ချက် များစွာ ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်ထက်မှ ဒဏ်ရာဟောင်းများ ပွင့်ထွက်သွားခဲ့ပြီး အစိမ်းရောင်အငွေ့တို့ ထွက်ပေါ်လာခဲ့လေ၏။
ထိုအစိမ်းရောင် အငွေ့များ ထွက်ပေါ်လာသည်နှင့် ပတ်ပတ်လည်၍ ရှိနေသော လူများ သေခြင်းတရား အနံ့အသက်ကို ရလိုက်ကြ၏။
အစိမ်းရောင်အငွေ့များ ဖြတ်သွားသည့် နေရာတိုင်း အသက်မဲ့ဇုန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ဆိုသလို အစိမ်းရောင်သန်းသွားခဲ့၏။
ထို့အပြင် ထိုအငွေ့ပျံ့နှုန်းသည် ပေါက်ကွဲမှုတစ်ခု ပျံ့နှံ့သည့်အလား လွန်းစွာကိုမှ မြန်ဆန်လှလေ၏။
အနား၌ ရှိနေသော ကျင့်ကြံသူများသည် ရှောင်ချိန်ပင် မရလိုက်ပဲ ထိုအစိမ်းရောင်အငွေ့ တိမ်တိုက်ခြင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။ သူတို့ အော်ပင်မအော်နိုင်သေးခင်မှာဘဲ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး၊ အရိုးပါမကျန် အရည်အဖြစ် ပျော်ကျသွားခဲ့ရ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၈) ရန်ကိုင် ဖမ်းခေါ်သွားခံရလေပြီ
——————————————————————
ထိုမသေမျိုးအဆင့် ပညာရှင်များ စတိုက်သည်နှင့် အသက်သုံးကြိမ် ရှူရှိုက်စာ အတွင်းမှာပင် ကံမကောင်း အကြောင်းမလှသော ပညာရှင်ဒါဇင်ကျော် သေဆုံး သွားခဲ့ရလေပြီ။
တိုက်ခိုက်အား ပြင်းထန်လာသည်နှင့်အမျှ အလောင်းသယ် လူကြီးဆီမှ အစိမ်းရောင်အငွေ့ ထွက်ပေါ်လာနှုန်းသည်လည်း ပို၍ မြင့်တက်၊ မြန်ဆန်လာခဲ့လေ၏။
သွေပျက်ဖွယ် အော်ဟစ်သံများ နားမခံသာအောင် ထွက်ပေါ်နေခဲ့ပြီး ကျင့်ကြံသူများစွာသည်လည်း လှုပ်ရှားမှု ပညာရပ်များကို အသက်သွင်းကာ စတင် ထွက်ပြေးကြတော့လေ၏။
ကျိယန်က သူ့လက်ကို ဝှေ့ရမ်း၍ ရန်ကိုင်တို့ သုံးယောက် အဖွဲ့ကို အစစ်အမှန်ချီ အရံအတားဖြင့် ဖုံးလွှမ်းလိုက်၏။ ထို့နောက် သူတို့ သုံးယောက်ကို မီတာတစ်ထောင်ကျော် အကွာအဝေးသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့လေ၏။
အောက်ဘက်သို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ကျိယန်က နှာခေါင်းရှုံ့လိုက်၏ “အရူးတွေပဲ။ အလောင်းသယ် လူကြီးက ပြန်မတိုက်တာနဲ့ ဘာအန္တရာယ်မှ မရှိတော့ဘူးလို့ တကယ်ပဲ ထင်နေကြတာလား မသိဘူး”
ကျိယန်သည် အလောင်းသယ်လူကြီးအကြောင်း အတော့်ကို သိထားသည့်ပုံပင်။
ရှုချီ၊ ဇို့ရှင်းနှင့် ယောင်တီတို့သည် သူတို့၏ တိုက်ခိုက်အားကို လျှော့မချရုံမက ပို၍ပင် တိုးမြှင့်လိုက်၏။
မကြာခင်မှာပင် အလောင်းသယ်လူကြီးကို ဗဟိုပြု၍ ကီလိုမီတာပေါင်းများစွာ ဘေးပတ်ပတ်လည်သည် အစိမ်းရောင် လွင်ပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။
ရန်ကိုင်သည်လည်း လောကကြီး မည်မျှရက်စက်သည်ကို နားလည်သဘောပေါက်သွားရခဲ့လေ၏။ အဆင့်မြင့် ပညာရှင်များအတွက် သူတို့လိုချင်သည်ကို ရနိုင်သရွေ့ အခြားသူများ၏ အသက်သည် အရေးမပါလှချေ။
ပညာရှင်များပေါင်း များစွာ အသတ်ခံရပြီးနောက် ကျင့်ကြံသူများစွာသည် ကျိယန်ကဲ့သို့ တိုက်ပွဲကို အဝေးကနေသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြလေ၏။
“နည်းနည်းလေးလေးပဲ” ဇို့ရှင်းက အလောင်းသယ် လူကြီးကို တိုက်ခိုက်နေရင်း မျှော်လင့်တကြီးဖြင့် ရေရွတ်လိုက်၏။
“မလိုတော့ဘူး” ယောင်တီကလည်း ခေါင်းညိတ်လိုက်၏။
အလောင်းသယ်လူကြီးသည် တိုက်ခိုက်မှုပေါင်းများစွာ ခံရသည့်အတွက် စတင် လှုပ်ရှားလာခဲ့လေပြီ။ သူ့လက်နှစ်ဖက်သည် ဖြည်းဖြည်းချင်း မြင့်တက်သွားခဲ့ပြီး သူ့ပါစပ်မှ အက်ရှရှအသံကြီး ထွက်ပေါ်လာခဲ့လေ၏ “ယူလိုက်... ယူလိုက်ကြ...”
ထိုအသံသည် ကူကယ်ရာမဲ့နေသည့် အော်ဟစ်သံတစ်သံ ပမာ သောကတရားတို့ဖြင့် ပြည့်နေခဲ့ကာ အားလုံး၏ စိတ်နှလုံး အစုံကို တုန်ရင်သွားစေခဲ့၏။
ကောင်းကင်ထက် ရှုပ်ထွေးသော အင်းအက္ခရာများဖြင့် ဖွဲ့စည်းထားသော စိတ်ဝိဥာဉ်အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအင်းအက္ခရာများသည် နက်နဲဆန်းကြယ် လှလေရာ ဤနေရာ၌ ရှိနေသော မည်သူကမှ ထိုအင်းအက္ခရာများ ဘာကိုဆိုလိုသည်ကို နားမလည်ကြချေ။
သို့သော်လည်း ထိုအင်းအက္ခရာများ ထွက်ပေါ်လာသည်နှင့် မသေမျိုးအဆင့် ပညာရှင်များ၏ မျက်ဝန်းအစုံ လင်းလက် သွားခဲ့ပြီး ထိုအင်းအက္ခရာများ၏ ဖွဲ့စည်းပုံကို သူတို့စိတ်ထဲ မှတ်သားထားနိုင်ဖို့ရာ အသေအချာ အာရုံစိုက်လိုက်လေ၏။
ထိုနောက် ထိုအင်းအက္ခရာများ တဖျတ်ဖျတ် လတ်သွားခဲ့ပြီး လေထုထဲ စွမ်းအင်လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့၏။ ထိုစွမ်းအင်လှိုင်းတွန့်လေးများနှင့်အတူ များစွာသော ထူးဆန်းသည့် လက်နက်များ၊ ဆေးလုံးများ၊ ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ ထွက်ပေါ်လာခဲ့၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ထွက်ပြေးရန် ကြံနေသော ကျင့်ကြံသူများသည် သူတို့၏ လှုပ်ရှားမှု ပညာရပ်များကို အသက်သွင်း၍ ထိုတလက်လက် တောက်နေသော အဖိုးတန် ရတနာများသည် အသည်းအသန် ပြေးကြတော့လေ၏။
ထိုပစ္စည်းများသည် ဤနေရာကို ဖျက်စီးမိသည့်အတွက် အလောင်းသယ်လူကြီးမှ ပေးသော လျော်ကြေးဖြစ်၏။ ထိုပစ္စည်းများ မည်သည့်နေရာမှ ရောက်လာသည်ကို မည်သူမှ မသိသော်လည်း ထိုပစ္စည်းများထဲ ပစ္စည်းကောင်းများစွာ ပါဝင်သည်ကို သူတို့ သိထားကြ၏။
အလင်းတန်း အနည်းငယ်သည် ရန်ကိုင်တို့ ရှိနေသည့် နေရာဆီသို့ ပျံသန်းလာခဲ့၏။ လွတ်လပ်သော အဖွဲ့အစည်းမှ တပည့်များသည် ကျိယန်ဆီသို့ လှမ်း၍ ကြည့်လိုက်ရာ ကျိယန်က အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။
ရန်ကိုင်ကမူ ထိုပစ္စည်းများကို ဂရုမစိုက်ဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့၏။ သို့သော်ငြား ရွမ်ရှင်းယုနှင့် ယွန်ရွှမ်တို့ မျက်နှာထက် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့၏။
ထိုကဲ့သို့ အမည်မသိ ရတနာများနှင့် ရင်ဆိုင်ရချိန် လူအနည်းငယ်သာ ထူးမခြားနားဟန်ဖြင့် နေနိုင်ကြ၏။ မိန်းကလေးနှစ်ယောက်စလုံး ထိုလက်နက်များကို လိုချင်သည်မှာ အံ့အားသင့်စရာ မလိုချေ။
မကြာခင်မှာပင် အလောင်းသယ်လူကြီး ပေးလိုက်သည့် လက်နက်အားလုံးကို လုယူပြီးသွားခဲ့လေပြီ။ သို့သော်လည်း မသေမျိုးအဆင့် ပညာရှင်နှစ်ယောက်၏ တရစပ် တိုက်ခိုက်မှုအောက်၌ အလောင်းသယ်လူကြီးသည် ထိုစကားနှစ်ခွန်းသာ ရေရွတ်ရင်း လက်နက်များကို အဆက်မပြတ် ပစ်လွှတ်ပေးနေ၏။
အစောပိုင်းတုန်းကလိုပင် တလက်လက် တောက်ပနေသော လက်နက်တစ်သိုက် ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။ ယခုတစ်ကြိမ်၌ ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ ငြိမ်မနေတော့ချေ။ ကျိယန်၏ အကာအကွယ် အတွင်းမှ ခုန်ထွက်လိုက်ပြီး ထိုပျံသန်းနေသည့် လက်နက်များဆီ ပြေးထွက်သွားလိုက်၏။
ရန်ကိုင်က ခေါင်းခါရမ်း၍ သူ၏ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ကာ မိန်းကလေးနှစ်ယောက်၏ ရတနာများကို စစ်ဆေးကြည့်လိုက်လေ၏။
မကြာခင်မှာပင် မိန်းကလေးနှစ်ယောက်သည် ထိုအမည်မသိ ရတနာကို ဖမ်းယူသွားနိုင်ခဲ့ပြီး ပျော်ရွှင် အူမြူးစွာဖြင့် ပြန်လာခဲ့လေ၏။
“နင်တို့ဘာရခဲ့လဲ” ရန်ကိုင်က အပြုံးလေးဖြင့် မေးလိုက်၏။
“ကျင့်စဉ်တစ်ခုမျိုးမျိုး ဖြစ်မယ်ထင်တာပဲ။ ဒါပေမယ့် ငါ့အတွက် အသုံးဝင်မယ်၊ မဝင်ဘူး ဆိုတာကိုတော့ ငါလည်း မသိဘူး” ရွမ်ရှင်းယုက သူမလက်ထဲမှ ပစ္စည်းကို မြှောက်ပြ၍ “အလောင်းသယ်လူကြီးက ပျက်စီး၊ အသုံးမဝင်ဖြစ်နေတဲ့ ပစ္စည်းတွေကိုလည်း လွင့်ပစ်ပေးတယ်လေ”
“အဲ့လိုလည်း ဖြစ်တာလား” ရန်ကိုင် ကြောင်သွားခဲ့လေ၏။
“ဟုတ်တယ်။ အဲ့ပစ္စည်းတွေကို သူစုဆောင်းထားတာ အချိန်တော်တော်ကြာနေပြီနဲ့တူတယ်။ ဒါကြောင့် အချို့က ပျက်စီးနေတာလည်း မထူးဆန်းပါဘူး” ယွန်ရွှမ်က အသာအယာ ပြုံး၍ ပြောလိုက်လေ၏။
သူတို့ နှစ်ယောက် စကားပြောနေစဉ်မှာပင် တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်၏။ မျက်မှောင်ကြုံ့၍ တိုက်ပွဲကွင်းပြင်ဆီ လှမ်း၍ ကြည့်လိုက်သည့် အခါ သူ့နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ရ၏။
ထိုအစိမ်းရောင်အငွေ့များကြားမှ အလောင်းသယ် လူကြီးသည် စိတ်လှုပ်ရှားသည့် အကြည့်အစုံဖြင့် သူ့အား စိုက်ကြည့်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။
အားလုံးသည်လည်း အလောင်းသယ်လူကြီး၏ ပုံမှန်မဟုတ်သည့် အပြုအမူကို သတိပြုမိလိုက်၏။ ရှုချီ၊ ဇို့ရှင်းနှင့် ယောင်တီတို့သည်ပင် တိုက်ခိုက်သည်ကို ခဏတာ ရပ်တန့်ထားလိုက်ကြ၏။ အလောင်းသယ်လူကြီး၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ အားလုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့လေ၏။
“ညီအစ်ကိုဇို့၊ ဘာတွေ ဖြစ်နေတာလဲ” ရှုချီက မျက်မှောင်ကြုံ့၍ “လွတ်လပ်သော အဖွဲ့အစည်းက ကောင်လေးကို သူဘာလို့ စိုက်ကြည့်နေရတာလဲ”
“ဒီလူအိုကြီးလည်း မသိဘူး။ သူက တစ်ခုခုများ ထူးခြားနေလို့လား” ဇို့ရှင်းက ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ရန်ကိုင်အား စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းခါရမ်းလိုက်လေ၏။
ရန်ကိုင်ဆီမှ မည်သည့်ထူးခြားမှုကိုမှ သူရှာမတွေ့ခဲ့ချေ။
လေထဲ၌ လက်နက်နောက် လိုက်နေသည့် ပညာရှင်များသည် တစ်ခုခု မှားယွင်းနေသည်ကို နားလည်လိုက်ကာ ရန်ကိုင်ဆီ လှမ်း၍ လှည့်ကြည့်လိုက်ကြ၏။
ယွန်ရွှမ်က တိုးတိုးလေး မေးလိုက်၏ “ရန်ကိုင်၊ သူနင့်ကို စိုက်ကြည့်နေတာလား”
“ဖြစ်နိုင်တယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ ပြန်နေလိုက်သည်နှင့် သူ့ကျောရိုးတစ်လျှောက် စိမ့်တက် သွားခဲ့ရလေ၏။
ရုတ်တရက်ဆိုသလို ဆန်းကြယ်သော ပညာရှင်၏ စိုက်ကြည့်ခံရခြင်းသည်ကို လူတိုင်းကို မသက်မသာ ဖြစ်စေမည်မှာ ဧကန်မုချပင်။ ရန်ကိုင်သည်ပင် အတော့်ကို စိတ်ရှုပ်နေခဲ့ရလေ၏။ ဘာကိုများ လုပ်မိလိုက်သဖြင့် အလောင်းသယ်လူကြီး၏ အာရုံကို ဆွဲဆောင်မိသွားလဲ ဆိုသည်ကို ရန်ကိုင် နားမလည်ပါချေ။ အစကတည်းက ရန်ကိုင် လုပ်ခဲ့သည်ဆို၍ သူ့စိတ်စွမ်းအင် အနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။
“တစ်ယောက်... တွေ့သွားပြီ...” အလောင်းသယ်လူကြီးက အက်ရှရှလေသံဖြင့် ပြောလိုက်၏။ ကြောက်မက်ဖွယ် ကောင်းသည့် ပုံစံဖြင့် တိတ်တဆိတ် ရယ်မောနေသည့် အလား သူ၏ ပျက်စီးယိုယွင်း နေပြီဖြစ်သော ပါးစပ်သည် ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခု အဖြစ်သို့ ဖြည်းဖြည်းချင်း ကွေးတက်သွားခဲ့လေ၏။
ချက်ချင်းဆိုသလို အလောင်းသယ်လူကြီး၏ အရှိန်အဝါသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး သူ့ဒူးများသည်လည်း ခြေထောက်၌ စွမ်းအင်များကို စုဆောင်းလိုက်သည့်အလား ဖြည်းဖြည်းချင်း ကွေးသွားခဲ့၏။
“သူဘာလုပ်နေတာလဲ” တစ်ယောက်ယောက်က ရေရွတ်လိုက်၏။
အလောင်းသယ်လူကြီးသည် သူ၏ လုပ်ရိုးလုပ်စဉ်များ အတိုင်း မလုပ်ဆောင်ပဲ ရုတ်တရက် ဆိုသလို ရှင်းမပြနိုင်သော လှုပ်ရှားမှုများကို စတင်လုပ်ဆောင်နေခဲ့လေပြီ။
“ငါနဲ့ဝေးဝေးနေ” ရန်ကိုင်က အလျင်စလို အော်ဟစ်လိုက်၏။ အလောင်းသယ်လူကြီး လှုပ်ရှားလာသည်နှင့် ရန်ကိုင်သည် အစစ်အမှန်ချီကို ရူးသွပ်စွာ လှည့်ပတ်၍ လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းကာ ထွက်ပြေးရန် ပြင်လိုက်၏။
ဝှစ်...
အလောင်းသယ်လူကြီးလည်း ပြေးထွက်သွားခဲ့၏။ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းအလား လွန်စွာကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် ရန်ကိုင်ဆီ ပြေးဝင်သွားလေ၏။ ဇို့ရှင်းနှင့် အခြား မသေမျိုးအဆင့် ပညာရှင်များသည်ပင်လျှင် သူမည်ကဲ့သို့ လှုပ်ရှားသွားသည်ကို အသေအချာ မမြင်တွေ့ခဲ့ကြချေ။
မျက်တောင် တစ်ခတ်အတွင်းမှာပင် အလောင်းသယ် လူကြီးသည် ထွက်ပြေးနေသော ရန်ကိုင်ကို လိုက်မှီသွားခဲ့၏။ သွားပေါ်အောင် ပြုံးကာ သူ့ကျောဘက်၌ သယ်ထားသော အနီရောင် ခေါင်းတလားကြီးကို ဖွင့်လိုက်၏။
သွေးနီရောင်ခေါင်းတလားကြီးဆီမှ အားကောင်းလှသော စုပ်အားတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ကို အထဲသို့ ဆွဲသွင်းသွားလေ၏။
ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့၏။ အားကုန်သုံး၍ ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း သူ့ကြိုးစားမှုအားလုံး အချည်းနှီး ဖြစ်သွားခဲ့ရ၏။
နောက်အကြံတစ်ခုကို မစဉ်စားရသေးမှာပင် သူ့လောကကြီးတစ်ခုလုံး မဲမှောင်သွားခဲ့ပြီး ခေါင်းတလား ထဲသို့ ဆွဲသွင်းခံလိုက်ရလေ၏။
အုန်း...
အလောင်းသယ်လူကြီးသည် ခေါင်းတလားကို သူ့ကျောဘက်တွင် ပြန်ထားလိုက်ြီး မည်သူမှ စကားတစ်ခွန်းပင် မဆိုနိုင်သေးခင်မှာဘဲ အစိမ်းရောင်အလင်းတန်း တစ်ခုအသွင် ပြောင်းလျက် မိုးကုတ်စက်ဝိုင်းအောက်သို့ တိုးဝင် ပျောက်ကွယ် သွားလေ၏။
ရန်ကိုင် အော်ပြောလိုက်သည့် အချိန်မှ သူအဖမ်းခံလိုက်ရသည့် အချိန်ထိ အသက်သုံးရှိုက်စာပင် ကုန်ဆုံးမသွားခဲ့ချေ။ ဇို့ရှင်းနှင့် ကျန်သူများ အသိပြန်ဝင်လာချိန်၌ အလောင်းသယ်လူကြီး ပျောက်ကွယ်သွားခဲ့လေပြီ။
အားလုံးသည် နေရာတွင်သာ မှင်သက်စွာဖြင့် ငေးကြောင် ရပ်နေခဲ့လေ၏။
တစ်ခဏကြာပြီးနောက် ယွန်ရွှမ်က အလန့်တကြား စူးစူးဝါးဝါး အော်ဟစ်လျက် လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းကာ အလောင်းသယ်လူကြီးနောက် ပြေးလိုက်ရန် ပြင်လိုက်၏။
သို့သော် ရွမ်ရှင်းယုက သူမ၏ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး “နင်ဘာလုပ်ဖို့လဲ”
“ရန်ကိုင်၊ သူ...”
“သူအဖမ်းခံလိုက်ရမှန်း ငါသိတယ်။ ဒါပေမယ့် သေချာလည်း စဉ်းစားကြည့်ဦး။ နင်လိုက်သွားလို့ သူတို့နောက် လိုက်နိုင်မှာ မို့လို့လား” ရွမ်ရှင်းယုက ပြန်အော်လိုက်လေ၏။
ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ရွှမ် မျက်နှာလေး ငိုက်ကျသွားခဲ့ပြီး ကျိယန်ဘက် လှည့်ကာ “ဦးလေးကျိ...”
သို့သော်လည်း ကျိယန်ကမူ ခေါင်းသာ ခါလိုက်လေ၏။
အနားတွင် ရှိနေသော မသေမျိုးအဆင့် ပညာရှင် များသည်လည်း အလားတူ ကြက်သေသေနေခဲ့ကြ၏။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှပဲ ဇို့ရှင်းက ရေရွတ်လိုက်လေ၏ “အလောင်းသယ်လူကြီး တစ်ယောက်ယောက်ကို ဖမ်းသွားတဲ့အကြောင်း မင်းတို့ ကြားဖူးကြလား”
သူ့နားတွင် ရှိနေသာ လူအားလုံး ခေါင်းခါပြလိုက်၏။ သို့သော် ယောင်တီက ပြန်စဉ်းစားနေဟန်ဖြင့် ပြောလိုက်၏ “လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အလောင်းသယ်လူကြီးက သူပျောက်မသွားခင် လူတစ်ယောက်ကို ဖမ်းခေါ်သွဦးခဲ့တယ်”
“အဲ့လို ဖြစ်ခဲ့ဖူးတာလား” ဇို့ရှင်း မျက်ခုံးပင့်လိုက်ပြီး “ဘယ်လိုလူကိုများ သူဖမ်းခေါ်သွားရတာလဲ”
“ငါလည်း မသိဘူး။ ကောလဟာလတွေပဲ ကြားဖူးတာ”
“အရမ်းကို ထူးဆန်းလွန်းတယ်...” ဇို့ရှင်းက စိတ်ရှုပ်ရှုပ်ဖြင့် အလောင်းသယ်လူကြီး ပျောက်ကွယ်သွားရာ အရပ်ဆီ လှမ်း၍ ကြည့်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏ “လွတ်လပ်သော အဖွဲ့အစည်းက အဲ့ကောင်လေးများ ဘာတွေများ ထူးခြားနေလို့လဲ”
“လွတ်လပ်သော အဖွဲ့အစည်းက လူတွေကို သွားမေးရင် ကောင်းမယ်” ရှုချီက ကျိယန်ဆီ လှမ်း၍ ကြည့်လိုက်၏။
ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် ကျိယန်ဆီ ပြေးသွားလိုက်ပြီး ရန်ကိုင်အကြောင်းကို မေးမြန်းလိုက်လေ၏။
ကံမကောင်းစွာဖြင့် ကျိယန်သည် ရန်ကိုင်အကြောင်း ဘာဆိုဘာမှ သိမနေခဲ့ချေ။ သူသည် လောင်ကျွမ်းမီးတောက် မြို့တော် ပျက်စီးသွားခဲ့၍ စိတ်မကြည်သော်ငြား ထိုလူများကို သွား၍ ရန်မစရဲသဖြင့် ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ကိုသာ လှမ်း၍ ကြည့်လိုက်လေ၏။
ယွန်ရွှမ်သည် ဝိဥာဉ်လွတ်သွားသည့် လူတစ်ယောက်ပမာ ဘာကိုမှ မတုန့်ပြန်၊ မထူးနိုင်ခဲ့။ ရွမ်ရှင်းယုကမူ ရန်ကိုင်နှင့် ပက်သက်၍ များများစားစား နားမလည်ထားခဲ့ချေ။ ထို့ကြောင့် သူမလည်း ရန်ကိုင်အကြောင်း အများကြီး ရှင်းမပြနိုင်ချေ။
ထို့ကြောင့်ပင် အားလုံး ပို၍ စိတ်ရှုပ်သွားခဲ့ရ၏။
“စီနီယာ၊ အလောင်းသယ်လူကြီး သူ့ကို ဖမ်းသွားတော့... သူဘာဖြစ်သွားမှာလဲဟင်” ယွန်ရွှမ်က ရုတ်တရက် မေးလိုက်၏။
ဇို့ရှင်းက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါလည်း မသိဘူး။ တကယ်တော့ အခုလို အဖြစ်အပျက်မျိုးကို ငါလည်း အခုမှ ပထမဆုံး ကြုံဖူးတာလေ”
ရှုချီက တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်မေးလိုက်လေ၏ “အလောင်းသယ်လူကြီးက အခြားလူတွေကို မတိုက်ပေမယ့် သူ့နားမှာ ရှိနေရတာက အန္တရာယ်များတာတော့ အမှန်ပဲ။ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ သေခြင်းချီ၊ အလောင်းချီကိုတောင် သာမန်မသေမျိုးအဆင့် ပညာရှင်တွေ မခုခံနိုင်ဘူး။ အင်မော်တယ် တက်လှမ်းခြင်း တက်လှမ်းခြင်း ကျင့်ကြံသူတွေ ဆိုရင်တော့ ပြောစရာကို မလိုတော့တာ။ အဲ့ကောင်လေး သေဖို့များတယ်”
ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ရွှမ် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။
“နင်တို့နှစ်ယောက်ကြားမှ ဘယ်လိုဆက်ဆံရေးတွေ ရှိနေလို့လဲ” ယောင်တီက ယွန်ရွှမ်ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်လေ၏။
“သူ... ကျွန်မတို့က မိတ်ဆွေတွေပါပဲ” ယွန်ရွှမ်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေ၏။ ရန်ကိုင် သေသွားခဲ့ပြီဟု တွေးလိုက်မိသည်နှင့် ယွန်ရွှမ် မျက်ဝန်းများမှ မျက်ရည်စတို့ ပိုးပိုးပေါက်ပေါက် ကျလာခဲ့လေ၏။
“ညီအစ်ကိုတို့၊ အဆင်ပြေမယ်ဆိုရင် လွတ်လပ်သော အဖွဲ့အစည်းဆီ လိုက်ခဲ့ကြပါလား။ အဲ့မှာ အေးအေးဆေးဆေး ထိုင်ဆွေးနွေးလို့ရတာပေါ့” ကျိယန်က ဖိတ်ခေါ်လိုက်လေ၏။
လောင်ကျွမ်းမီးတောက် မြို့တော်သည် ပျက်စီးသွားခဲ့လေပြီ။ သူသည် ထိုးအကြောင်းကို လွတ်လပ်သော အဖွဲ့အစည်းဆီ သွားပြန်တင်ပြရပေမည်။ ထိုလူများသည် အင်အားစု အသီးသီးမှ ပညာရှင်များ ဖြစ်ကြ၏။ ထို့ကြောင့် ယခုအချိန်အခိုက်အတန့်ကို သုံး၍ ထိုလူများနှင့် ဆက်ဆံရေး တစ်ခု ထူထောင်ခြင်းသည် အကျိုးမယုတ်ချေ။
အားလုံးသည်လည်း ရန်ကိုင်အကြောင်း နားလည်ချင်သည်နှင့် တိုက်ဆိုက်သွားသဖြင့် ထိုလူအားလုံးသည် ကျိယန်၏ ကမ်းလှမ်းချက်ကို အလျင်စလို သဘောတူလိုက်လေ၏။ ဤသို့ဖြင့် အားလုံးသည် လွတ်လပ်သော အဖွဲ့အစည်းဆီ ခရီးနှင်ကြလေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၃၉) နတ်ဆိုးများနှင့် အတူတကွ
——————————————————————
အချိန်အတိုင်းအတာ တစ်ခုအထိ ကြာသွားပြီးနောက် ရန်ကိုင် နိုးလာခဲ့၏။
နိုးပြီးပြီးချင်း ခေါင်းတာလားထဲသို့ ဆွဲသွင်းခံလိုက်ရခြင်းကို မှတ်မိလိုက်သည်နှင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်လေ၏။
သို့သော်လည်း မီတာရာဂဏန်း အနည်းငယ်အထိ ဖြန့်ကျက်ပြီးနောက် သူ၏ ကောင်းကင်စိတ်အာရုံသည် မမြင်နိုင်သော အရံအတားတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
သူမည်သည့် နေရာသို့ ရောက်ရှိနေလဲ ဆိုသည်ကို ဆန်းစစ်မရလေအောင် ထိုအရံအတားက တားဆီးနေသည့် ပုံပင်။
မရုတ်ချင်၊ ရုတ်ချင်ဖြင့် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်လိုက်ပြီးနောက် မျက်လုံးဖွင့်လိုက်လေရာ လိမ္မော်ရောင် မှိန်မှိန်လေးကို မြင်လိုက်ရ၏။ ယခုလက်ရှိအချိန်၍ ရန်ကိုင်သည် အေးစက်စက် ကျောက်တုံးခန်းတစ်ခုထဲ ရောက်ရှိနေခဲ့ကာ အခန်းမျက်နှာပြင်ကိုမူ အလင်းကျောက်တုံးများဖြင့် စီချယ် ထားခဲ့လေ၏။
တင်ပလင်ခွေထိုင်၍ သူ့ဒဏ်ရာများကို ကုသမည်ပြုရာ မည်သည့် ဒဏ်ရာမျှ မရရှိထားသည်ကို အံ့အားသင့်ဖွယ် ရန်ကိုင် တွေ့ရှိလိုက်ရ၏။ မည်သည့် ဒဏ်ရာမျှ မရရှိထားရုံမက သူ၏ အစစ်အမှန်ချီသည်လည်း ပိတ်ဆို့ထားခြင်း မခံရချေ။
အလောင်းသယ်လူကြီး သူးအား ဖမ်းခေါ်သွားသည်ကို ရန်ကိုင် သိ၏။ သို့သော် ဒဏ္ဏာရီလာ သူတော်စင်အဆင့် ပညာရှင်သည် မည်သည့်အတွက်ကြောင့် သူ့အား ရုတ်တရက် ပစ်မှတ်ထားရသည်ကိုမှ ရန်ကိုင် နားမလည်နိုင်ပါသေးချေ။
အလောင်းသယ်လူကြီးသည် လူအများကြီး ရှိသည့် အနက်မှ မည်သည့်အတွက်ကြောင့် သူ့ကို ရွေးချယ်ခဲ့ရပါသနည်း။ အစကနေ အဆုံးထိတိုင် သူသည် စိတ်စွမ်းအင် နည်းနည်းလေးကိုသာ အသုံးပြုခဲ့၏။
မျက်မှောင်ကြုံ၍ ခေါင်းခြောက်အောင် စဉ်းစားနေခဲ့ သော်လည်း မည်သည့်ဖြစ်နိုင်ချေကိုမှ သူမစဉ်းစားနိုင်ခဲ့။
မြေပေါ်တွင် တင်ပလွင်ခွေ ထိုင်လျက် အတွင်းစိတ်ကို တည်ငြိမ်အောင် လုပ်ကာ တိတ်တဆိတ်ဖြင့် စောင့်ဆိုင်းနေခဲ့၏။
အလောင်းသယ်လူကြီးသည် သူ၏ အစစ်အမှန်ချီကို ပိတ်ဆို့မသွားခဲ့သဖြင့် သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိဟု ထင်ရ၏။ ထို့ကြောင့် သူ့ကို အခြားသီးသန့် ရည်ရွယ်ချက် တစ်ခုကြောင့် ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်ရပေမည်။
ထို့အတွက်ကြောင့် ထိုလူသည် သူ့ကို အနှေးနှင့်အမြန် လာတွေ့ပေလိမ့်မည်။ ထို့အတွက်ကြောင့် ဘာတွေ ဖြစ်ပျက်နေသည်ကို မသိခင်အချိန်အထိ အလျင်စလို မလှုပ်ရှားရန် ရန်ကိုင် ဆုံးဖြတ်လိုက်၏။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး အချိန် တစ်ခဏကြာ ကုန်ဆုံးသွားပြီးနောက် တဖြည်းဖြည်းချင်း လှမ်းလာနေသော ခြေသံများကို သူကြားလိုက်ရ၏။
ခြေသံများထွက်ပေါ်လာရာဆီ မျက်လုံးဖွင့်၍ လှမ်းကြလိုက်၏။
“အလောင်းအစေခံ စီနီယာက နောက်ထပ်လူတစ်ယောက် ထပ်ပို့လိုက်ပြန်ပြီနဲ့ တူတယ်။ အသစ်ရောက်လာတဲ့လူက ဂျပိန်ရိုး ဖြစ်လောက်မယ်။ သူ့မှာ အရည်အချင်းလေး ဘာလေးများ ရှိမရှိကို ဘယ်သူသိမှာလဲ”
“စိုးရိမ်နေလို့ ဘာမှထူးလာမှာ မဟုတ်ဘူး။ ငါတို့အလုပ်က သူ့ကို ခေါ်သွားရုံသက်သက်ပဲ။ ဘာပဲဖြစ်ဖြစ် ငါလည်း သူ့အပေါ် မျှော်လင့်ချက် မထားပါဘူး။ သူသာ အသုံးမဝင်ရင် ဆယ်နှစ်ကြာ အကန့်အသတ် ရောက်လာတဲ့အခါကျ သူသေရမှာပေါ့”
“ဟုတ်တယ်။ ဒါပေမယ့် စီနီယာလီက ဘိုးဘေးတွေ မျှော်လင့်တောင့်တခဲ့ရတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချထားတဲ့ပုံပဲ။ ပြီးတော့ ဆာချူက ပိုပြီးတော့တောင် ဆိုးသေးတယ်။ တဥယ်တော့ ဒီမှာ နေနေလို့လည်း ဘာမှဖြစ်သွားတာမှ မဟုတ်တာ”
“ဟေး၊ စကားကို အဲ့လို လက်လွတ်စပယ် မပြောနဲ့။ နံရံတွေမှာတောင် နားတွေရှိတယ်ဟ။ သတိထားပြီး ကြည့်ပြော။ တစ်ယောက်ယောက်သာ မင်းအခုလို ပြောတာကို ကြားသွားရင် မင်းတော့ ပြီးပြီပဲ”
ယောကျာ်းနှစ်ယောက်၏ ပြောစကားကို နားထောင်ရင်း ရန်ကိုင်မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းလာခဲ့လေ၏။
အစကမူ ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် အလောင်းသယ်လူကြီး ဖြစ်သည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ ယခုမှသာ သူထင်နေသလို မဟုတ်မှန်း ရန်ကိုင် နားလည်ုလိုက်၏။
တစ်ခဏကြာပြီးနောက် ကျီဆိုသော မြည်သံနှင့်အတူ ကျောက်တုံးတံခါး ပွင့်သွားခဲ့လေ၏။ ဝင်ပေါက်တွင်မူ ယောကျာ်းနှစ်ယောက် ရပ်နေခဲ့၏။ တစ်ယောက်သည် အရပ်ရှည်ပြီး အခြားတစ်ယောက်သည် အရပ်ပုကာ နှစ်ယောက်စလုံးသည် ရန်ကိုင်ကို အေစက်စွာ စိုက်ကြည့်နေခဲ့၏။
ထိုနှစ်ယောက်၏ အရှိန်အဝါကို အာရုံခံလိုက်မိသည်နှင့် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။
ထိုလူနှစ်ယောက်ဆီမှ ထွက်ပေါ်သည့် အရှိန်အဝါသည် သူတွေ့ခဲ့ဖူးသူများ၏ အရှိန်အဝါနှင့် မတူညီဘဲ သူတို့၏ အရှိန်အသည် မှိုင်းမှုအေးစက်နေခဲ့ကာ ပြင်းထန်သည့် မိစ္ဆာစွမ်းအင် အရိပ်အယောင်တို့လည်း ပါဝင်နေခဲ့၏။
နှိုင်းယှဉ်ပြရမည် ဆိုလျှင် ထိုနှစ်ယောက်၏ အရှိန်အဝါသည် နတ်ဆိုးအိုကြီး သို့မဟုတ် မိစ္ဆာအသွင်းပြောင်းလဲခြင်းကို သူအသုံးပြုပြီးနောက် ထွက်ပေါ်လာသော အရှိန်အဝါနှင့် တူညီ၏။
ထိုနှစ်ယောက်၏ အသွင်အပြင် ဆိုလျှင်လည်း သာမန် လူများနှင့် သိပ်မတူချေ။ သူတို့၏ နှာခေါင်းပြားပြား မျက်လုံးမှေးမှေး ပုံစံကြောင့် ရက်စက်သည့် အသွင် ပေါက်နေခဲ့၏။ သူတို့၏ မျက်နှာများ ထွက်တွင်လည်း ထူးဆန်းသော တက်တက်များ ရှိနေသေး၏။
ထိုတက်တူများကို မြင်လိုက်သည်နှင့် ရန်ကိုင် ပို၍ စိတ်ရှုပ်သွားခဲ့ရလေ၏။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည်နှင့် သူ့မျက်နှာမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံး ထိုတက်တူများဖြင့် လွှမ်းခြုံသွားခဲ့ရ၏။ ထိုတက်တူးထဲ စွမ်းအင်များစွာ ပါဝင်နေသည်ကို သူသိ၏။
ထိုအတွေးတို့ သူ့စိတ်ထဲ ဖြတ်ပြေးသွားသော်လည်း ရန်ကိုင်သည် သူ့မူဟန်ကို ပျက်သွားစေခြင်း မရှိဘဲ ထိုနှစ်ယောက်ကိုသာ ဖြည်းဖြည်းချင် ပြန်စိုက်ကြည့်လိုက်လေ၏။
“နိုးလာပြီလား” အရပ်ရှည်ရှည်နှင့် လူကြီးက တခစ်ခစ် ရယ်မောလိုက်ပြီး “ကောင်းတယ်။ မင်းနိုးလာမှတော့ ထပြီး ငါတို့နဲ့ လိုက်ခဲ့သော။ ငါတို့ရဲ့ သခင်က မင်းကို တွေ့ချင်နေတယ်”
ရန်ကိုင် မျက်မှောင် ကြုံ့လိုက်သော်ငြား ပြန်၍ မငြင်းဆိုခဲ့။
ထိုလူနှစ်ယောက်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ပညာရှင်များသာ ဖြစ်လေရၕာ သူသည် ထိုနှစ်ယောက်ကို သတ်ချင်သည် ဆိုပါက အရမ်းကြီး အားစိုက်ထုတ်ရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း လက်ရှိ အခြေအနေကို မသိသေးခင်အထိ ဘာကိုမှ အလျင်စလို လုပ်ရန် မရည်ရွယ်ထားချေ။
ထိုလူကြီးနှစ်ယောက်သည် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်သွားခဲ့၏။ တစ်ယောက်သည် ရှေ့မှ သွားနေသည့် အချိန်၌ ကျန်တစ်ယောက်သည် အနောက်ဆုံးမှ လိုက်ပါခဲ့၏။
လမ်းလျှောက်နေစဉ်အတွင်း ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးသွဦးခဲ့၏။
ကျောက်တုံးခန်းထဲမှ ထွက်လာသည်ပြီး ခဏကြာမျှ လမ်းလျှောက်ပြီးသည်နှင့် ရန်ကိုင်နှင့် လူကြီး နှစ်ယောက်တို့သည် လှေကားရှည်ကြီးတစ်ခုပေါ်သို့ စတက်တော့လေ၏။ သူတို့ ရောက်နေသော နေရာသည် မြေအောက်ခန်းတစ်ခု ဖြစ်ဟန်ရ၏။
အချိန်အတော်ကြာသွားပြီးနောက် သူတို့သုံးယောက်သည် လှေကားရှည်ကြီးမှ ထွက်လာနိုင်ခဲ့ပြီး မျက်နှာပြင်ပေါ်သို့ ရောက်ရှိလာခဲ့လေ၏။
သူထွက်လာပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော သူနှင့် ရင်းနှီးနေဟန်တူသော မြင်ကွင်းကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်၏။
ယခုအချိန်သည် ညအချိန် ဖြစ်သော်လည်း ကောင်းကင်ထက် မည်သည့်ကြယ်၊ လကိုမှ မတွေ့ရ။ အနက်ရောင် ကောင်းကင်ပြင်ကြီးသာ ရှိနေခဲ့၏။
ရန်ကိုင် တစ်ခဏတာမျှ ငေးငိုင်သွားခဲ့ရ၏။
ဤဘဝ၌ ထိုကဲ့သို့သော မြင်ကွင်းကို နှစ်ကြိမ်တိုင်တိုင် သူမြင်တွေ့ခဲ့ဖူး၏။
ပထမတစ်ကြိမ်သည် ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲ ဝင်စဉ်အခါကဖြစ်၍ ကျန်တစ်ခါသည် သီးခြားကမ္ဘာထဲသို့ သွားစဉ်က ဖြစ်သည်။
နှစ်ကြိမ်စလုံးသည် သီးခြားကမ္ဘာထဲသို့ သွားခြင်း ဖြစ်သည်။ သူလက်ရှိ မြင်နေရသော မြင်ကွင်းသည် သီးခြားကမ္ဘာထဲသို့ သွားစဉ်အခါက တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် တူညီနေ၏။
ယခုအချိန်၌ ကောင်းကင်အမွေအနှစ် လိုဏ်ဂူ သို့မဟုတ် သီးခြားကမ္ဘာထဲသို့ ပြန်ရောက်သွားခဲ့ရသလို ရန်ကိုင် ခံစားနေခဲ့ရ၏။
“မင်းဘာတွေ ငေးကြောင်ရပ်နေတာလဲ။ ဆက်သွားထားလေ” ရန်ကိုင်နောက်တွင် ရှိနေသော လူကြီးက စိတ်မရှည်ဟန်ဖြင့် အော်ဟစ်လိုက်၏။
ထိုလူကြီး အော်ဟစ်လိုက်မှပဲ ရန်ကိုင် အသိပြန်ဝင်လာခဲ့ရလေ၏။ မျက်မှောင်ကြုံ့၍ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့နှင့် မနီးမဝေး၌ သူ့ကို စိတ်ဝင်တစား လက်ညိုးတထိုးထိုးဖြင့် သူတို့ကြား တီးတိုးပြောနေကြသော ယောကျာ်း၊ မိန်းမများကို တွေ့လိုက်ရ၏။
မည်သည့် ယောကျာ်း၊ မိန်းမပင် ဖြစ်စေကာမူ သူတို့၏ အသားအရေထက် အနက်ရောင် တက်တူးများ ရှိနေခဲ့၏။
အဲ့လူတွေက ဘယ်သူများလဲ ရန်ကိုင် တွေးတော မိလိုက်၏။
စိတ်လွတ်မသွားစေဘဲ ဘေးပတ်းကျင်ကို စစ်ဆေးရင် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်လိုက်လေ၏။
မကြာခင်မှာပင် အရပ်ရှည်ရှည် လူကြီး၏ ဦးဆောင်မှုနှင့် ရန်ကိုင်သည် ခမ်းနားသည့် အဆောက်အအုံထဲရှိ ကျယ်ကျယ်ဝန်းဝန်း ရှိလှသော ခန်းမတစ်ခုထဲသို့ ရောက်ရှိလာခဲ့လေ၏။ ထိုအဆောက်အအုံပုံစံသည် အပြင်ပိုင်း ဖြစ်စေ၊ အတွင်းပိုင်း ဖြစ်စေ၊ သူမြင်တွေ့ခဲ့ဖူးသော အဆောက်အအုံ ပုံစံများနှင့် အနည်းငယ် ကွဲပြားနေခဲ့၏။
ခန်းမတွင်း၌ လူတန်းရှည် များစွာ ရှိနေခဲ့၏။
ခန်းမအလယ် အမြင့်ဆုံးခုံ၌ ထိုင်နေသူကား ကျော့ရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် မိန်းမလှလေး တစ်ယောက် ဖြစ်၏။ သူ၏ ကိုယ်လုံးကိုယ်ပေါက်သည် အချိုးအစား ကျနလှပြီး ဟန်ပန် အမူအရာသည် ကျော့ရှင်းပြေပြစ်ကာ အရှိန်အဝါမှာမူ ပုံမှန်သာ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်သည် သိမ့်မွေ့ပျော့ပျောင်းဟန် ရသော်လည်း သူ့ကိုယ်ပင် စိုးရိမ်စိတ် ဝင်သွားစေသော ကြောက်မက်ဖွယ် စွမ်းအားတို့ သူမကိုယ်တွင်း၌ ကိန်းအောင်း နေသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။ ထိုမိန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ တိတ်ဆိတ်စွာ ရပ်နေကြသည့် လူပေါင်းများစွာ ရှိနေခဲ့လေ၏။
ရန်ကိုင် လမ်းလျှောက်ဝင်လာသည့်အခါ ခန်းမထဲရှိ မျက်ဝန်းပေါင်းများစွာ လင်းလက်သွားခဲ့၏။ မိန်းမလှလေး၏ နှစ်လိုစွဲမက်ဖွယ်ကောင်းသော မျက်ဝန်းအစုံထဲ၌ပင် မျှော်လင့်ရိပ်စားနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။
ရန်ကိုင်လည်း စိတ်ထဲတွင် ကြိတ်၍ အံ့အားသင့်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် အလောင်းသယ်လူကြီးကို ခန်းမထဲတွင် မတွေ့ရသောကြောင့်ပင် ဖြစ်၏။
သူ့ကို ခေါ်လာသည့် လူကြီးနှစ်ယောက် ပြောနေသည့် သခင်ဆိုသူမှာ အလောင်းသယ်လူကြီး ဖြစ်နေသည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ရှေ့တွင်ပေါ်လာသော သူသည် အလောင်းသယ်လူကြီး မဟုတ်ဘဲ ရင့်ကျက်ပြီး တော်ဝင်ဆန်သည့် မိန်းမလှလေး တစ်ယောက် ဖြစ်နေသည့် အခါ ရန်ကိုင်လည်း အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။
ခန်းမထဲတွင် ရှိနေသူ အားလုံး၏ ခန္ဓာကိုယ်ထက် သူမြင်တွေ့ခဲ့ရသည့် လူများလို အနက်ရောင် တက်တူးများ ရှိမနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
ရင့်ကျက်သော မိန်းမလှလေး ဘေးတွင်မူ ချစ်စဖွယ် ကောင်းသော အဝါရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ယောက် ရှိနေခဲ့၏။ ရန်ကိုင် မြင်သည်နှင့် သူမ၏ ပြာလဲ့လဲ့ မျက်ဝန်းအစုံဖြင့် သူ့ကို အသေအချာ စိုက်ကြည့်လိုက်ပြီးနောက် သူမဘေးတွင် ထိုင်နေသော အမျိုးသမီးကို တိုးတိုးလေး ပြောလိုက်လေ၏ “သခင်မ၊ ဒီတစ်ယောက်က ခေါင်းတလားအစေခံစီနီယာ သယ်လာတဲ့ တစ်ယောက်ပါ”
ရင့်ကျက်သော အလှလေးက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး “သူ့အတွက်လည်း အတော့်ကို ခက်ခဲမှာပဲ။ ဒီတစ်ကြိမ် ခေါင်းတလားအစေခံစီနီယာ ဒဏ်ရာတွေများ ရသွားခဲ့သေးလား”
သူမလေ၏ လေသံသည် သူမ၏ မျက်နှာလေးကဲ့သို့ ပျောပျောင်း ညင်သာနေခဲ့၏။
မိန်းမငယ်လေးက ခေါင်းခါရမ်း၍ “ဒဏ်ရာ အသေးအမွှား လေးတွေပါပဲ။ အဲ့လူသား မျိုးနွယ်စုတွေက အရမ်းမုန်းဖို့ ကောင်းတာပဲ။ ခေါင်းတလားအစေခံစီနီယာက ပြန်တိုက်ဖို့ အဆင်မပြေတာနဲ့ သူတို့ကိုယ်သူ ဟုတ်လှပြီထင်ပြီး တိုက်ခိုက်ကြတော့တာပဲ။ မဟုတ်ရင်၊ ခေါင်းတလားအစေခံ စီနီယာက သူတို့တွေကို အလွယ်လေး သတ်ပစ်လိုက်လို့ရတယ်”
“ဟုတ်တယ်။ ငါတို့တွေ အကုန်လုံး ခေါင်းတလားအစေခံ စီနီယာကို ခက်ခဲပင်ပန်းစေမိခဲ့တာပဲ” မိန်းမလှလေးက အသာအယာ သက်ပြင်းချလိုက်လေ၏။
သူမနား၌ ရှိနေသော လူများသည်လည်း လေးနက် တည်ကြည်သည့် အမူအရာဖြင့် ခေါင်းခါရမ်းလိုက်ကြ၏။
ရင့်ကျက်သော အမျိုးသမီးသည် သူမ၏ ဟန်ပန် အမူအရာကို ပြန်ထိန်း၍ ရန်ကိုင်ဘက် လှည့်ကာ သိမ်မွေ့သော လေသံဖြင့် မေးလိုက်လေ၏ “လူသား၊ နင့်နာမည် ဘယ်လိုခေါ်လဲ”
ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့လေ၏။ ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်သော်ငြား သူကြားခဲ့ရသလောက် ဤနေရာတွင် ရှိနေသော လူများသည် လူသားမျိုးနွယ်စု မဟုတ်သည်ကို ရန်ကိုင် အလျင်အမြန် နားလည်သွားခဲ့၏။ မျက်ခုံးလေး ပင့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေ၏ “နတ်ဆိုးမျိုးနွယ်စုလား”
နတ်ဆိုးမျိုးနွယ်စု သို့မဟုတ် မွန်းစတား မျိုးနွယ်စုမှ လူများသာ လူသားတွေနှင့် စကားပြောနေသည့် အချိန်၌ ‘လူသား’ ဟူ၍ သုံးနှုန်းခေါ်ဆိုပေလိမ့်မည်။ ထို့အပြင် ထိုလူများ၏ ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီ အရိပ်အယောင်တို့ကို အာရုံခံမိနေခဲ့၏။
ရင့်ကျက်သော မိန်းမလှလေး၏ မျက်ဝန်းထဲ အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားခဲ့၏။ သူမတို့ မည်သူမည်ဝါ ဆိုသည်ကို ထိုလူငယ်လေးသည် ချက်ချင်းဆိုသလို နားလည်သွားသလို ထိုကဲ့သို့ သိနားလည်သွားသော်လည်း ထိတ်လန့် ကြောက်ရွံ့သည့် အရိပ်အယောင် မပြဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေး၏။
ယခင်ကဆိုလျှင် အလောင်းသယ်လူကြီး သယ်လာသော လူအားလုံးသည် အသက်ချမ်းသာပေးပါရန် တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်လျှင် ကြောက်လန့်တကြား အော်ဟစ်ငိုးကြွေး၊ အချို့ဆိုလျှင် သူမတို့အား ပြန်တိုက်ခိုက်ဖို့ရန် လုပ်ခဲ့ကြသေး၏။ ထိုလူငယ်လေးကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်သော လူများကို သူမတို တစ်ခါမှ မကြုံခဲ့ဖူးချေ။
“ခင်ဗျားတို့က တကယ့်ကို နတ်ဆိုးမျိုးနွယ်စုကပဲ” သူတို့၏ တုန့်ပြန်မှုကို မြင်လိုက်သည်နှင့် ရန်ကိုင်သည်း သူအထင် မှန်ကန်ကြောင်း သိသွားခဲ့လေပြီ “ဒီနေရာက နတ်ဆိုးကုန်းမြေ ထဲမှာလား။ ကျုပ်ကို ဘာလို့ ဖမ်းလာရတာလဲ”
“ရိုင်းလိုက်တာ” မိန်းမငယ်လေးက အော်ဟစ်လိုက်ပြီး ရန်ကိုင်ကို ဒေါသတကြီး အော်ဟစ်၍ ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ “သခင်မေးရင် မေးတာကိုပဲ ပြန်ဖြေ၊ မလိုအပ်တဲ့ မေးခွန်းတွေ လာမမေးနဲ့။ နောက်ထပ် အပိုတွေ ထပ်ပြောရဲရင် နင့်လျှာကို ငါဖြတ်ပစ်မှာ”
သို့သော်ငြား ရန်ကိုင်ကမူ ရယ်သာ ရယ်လိုက်လေ၏။
“နင်ဘာရယ်နေတာလဲ” မိန်းမငယ်လေးက ပို၍ ဒေါသတကြီး အော်ဟစ်လိုက်ပြီး “ငါနင့်ကို ခြောက်နေတယ်လို့ ထင်နေတာလား”
“ဟုတ်တယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။
“နင်...”
“တော်လောက်ပြီ” ရင့်ကျက်သော မိန်းမလှလေးက လက်မြှေက်၍ မိန်းမငယ်လေးအား တားထားလိုက်၏။ ထို့နောက် ရန်ကိုင်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ပြီး မေးလိုက်၏ “နင်လုံးဝ မကြောက်ဘူးလား”
ရန်ကိုင်က ပုခုံးသာ ပြန်တွန့်ပြလိုက်လေ၏။
“ကွမ်းအာ နင့်ကို ခြောက်နေတယ်လို့ ဘာလို့ ထင်နေရတာလဲ”
“သိသာနေတာပဲ မဟုတ်ဘူးလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားတို့က ကျုပ်ကို ဖမ်းထားပေမယ့် ကျုပ်ကို ဒဏ်ရာရအောင် မလုပ်ထားသလို ကျုပ်ရဲ့ အစစ်အမှန်ချီကိုလည်း ချိတ်ပိတ်မထားဘူး။ ကျုပ်ရောက်လာတုန်းက ခင်ဗျားအားလုံးရဲ့ မျက်နှာတွေမှာ မျှော်လင့်နေတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်လေ။ ခင်ဗျားတို့တွေ ကျုပ်ဆီက ဘာလိုချင်နေတယ် ဆိုတာကို ကျုပ်မသိပေမယ့် တစ်ခုခု လိုနေတယ် ဆိုတာကိုတော့ ကျုပ်သိတယ်။ ဒါကြောင့် ခင်ဗျားတို့က ကျုပ်အကူအညီကို လိုနေမှတော့ ခင်ဗျားတို့အနေနဲ့ ဘာမှမမေးမြန်းရသေးဘဲနဲ့ ကျုပ်ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”
ခန်းမထဲတွင် ရှိနေသော လူအားလုံး ရုတ်တရက် ရယ်မောလိုက်ကြလေ၏။
မိန်းမငယ်လေးလည်း ရန်ကိုင်ကို မှင်သက်စွာ စိုက်ကြည့်မိလိုက်လေ၏။
ကျော့ရှင်းသော အပြုံးကို ဆင်မြန်းလိုက်ရင်း ရင့်ကျက်သော မိန်းမလှလေးက ခေါင်းညိတ်၍ “လူသားမျိုးနွယ်စုက ဥာဏ်များတယ် ဆိုတဲ့အတိုင်း သူတို့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ”
ထိုစကားသည် ချီးကျူးသည်လား၊ လှောင်ပြောင်သည်လား၊ အထင်အမြင် သေးသည်လား မသိလေရာ ရန်ကိုင်မှာ စိတ်မသက်သာ ဖြစ်သွားခဲ့ရလေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၀) အမှန်တရားကို လက်ခံခြင်း
——————————————————————
မိန်းမလှလေး၏ စကားသည် ချီးကျူးဟန် ထင်ရသော်ငြား အစစ်အမှန်သည် ပြောင်းပြန်ဖြစ်လေ၏။ ထို့ကြောင့် ရန်ကိုင်က “လူသားမျိုးနွယ်စုရဲ့ ဥာဏ်များတဲ့ လှည့်ကွက်တွေက နတ်ဆိုး မျိုးနွယ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လုံးဝကို ကွက်တိပဲလေ”
“နင်သတ္တိက မသေးပါလား” မိန်းမလှလေးက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး “မေ့ထားလိုက်တော့။ ဒီဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ ဆက်ပြီး အချိန်ကုန်နေစရာ မလိုတော့ဘူး။ ငတုံးကောင်တွေနဲ့ စကားပြောရတာထက် ဥာဏ်ပြေးတဲ့ လူတွေနဲ့ အလုပ်လုပ်ရတာ ပိုပြီး လွယ်ကူတယ်။ ကောင်းပြီလေ၊ နင်က ဥာဏ်ကောင်းမှတော့ ငါတို့ ဘာကြောင့် နင့်အကူအညီ လိုတာလဲ ဆိုတာကို သိလား”
“အဲ့ဒါကို ကျုပ်စဉ်းစားမရ ဖြစ်နေတာ” ရန်ကိုင်က ခေါင်းခါရမ်း၍ ရိုးရိုးသားသားပင် ပြန်ဖြေလိုက်လေ၏ “သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ကိုတောင် ကျုပ်ကို ဒီနေရာဆီ ခေါ်လာစေရအောင် ကျုပ်နဲ့ပက်သက်ပြီး ခင်ဗျားတို့ ဘာကို အကြိုက်တွေ့နေလဲ ဆိုတာကို ကျုပ်မသိပေမယ့် အဆင်ပြေမယ်ဆိုရင် ကျုပ်ကို ပြောပြပေးလို့ရမလား”
ရန်ကိုင်က ယခုလို ယုံကြည်ချက်ရှိသည့် လေသံမျိုးနှင့် ပြောလာသဖြင့် အမျိုးသမီးသည်လည်း ရန်ကိုင်ကို ပို၍ စိတ်ဝင်စားသွားခဲ့ရလေ၏။
ရန်ကိုင်ကို တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် မိန်းမလှလေးသည် ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်လေ၏။
သူမဘေးတွင် ရှိနေသော အေးစက်စက် အမူအရာနှင့် မိန်းမပျိုလေး စတင်၍ ရှင်းပြတော့လေ၏ “ရှင့်ရဲ့ စိတ်စွမ်းအင်က သာမန်လူတွေရဲ့ စိတ်စွမ်းအင်နဲ့ ကွဲပြားတယ်။ အဲ့အချက်ကပဲ ကျွန်မတို့ကို စိတ်ဝင်စားစေတာ”
“ဟုတ်သွားပြီ...” ရန်ကိုင်က ခါးသီးစွာ ပြုံးလိုက်လေ၏။
ထိုအချက်နှင့် ပက်သက်ပြီး အနည်းအကျဉ်း ခန့်မှန်းထားခဲ့ပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော သူစိတ်စွမ်းအင် အသုံးပြုပြီးသည့် အချိန်မှသာ အလောင်းသယ် လူကြီးက သူ့ကို စိတ်ဝင်စားသွားသောကြောင့်ပင် ဖြစ်၏။
“မင်းမှာ တေဇောဓါတ်အသိစိတ် ပင်လယ် ရှိနေတာလား” မုတ်ဆိတ်ဖြူကြီးနှင့် လူအိုကြီးတစ်ယောက်က မေးလိုက်လေ၏ “မင်းမှာသာ တေဇောဓါတ်အသိစိတ်ပင်လယ် မရှိရင် ခေါင်းတလားအစေခံ စီနီယာက မင်းကို ဒီနေရာဆီ ခေါ်လာခဲ့မှာ မဟုတ်ဘူး”
ယခုလို အချိန်မျိုး၌ ငြင်းဆို၍ ဘာမှ ထူးမည် မဟုတ်သဖြင့် ရန်ကိုင်က ခေါင်းသာ ညိတ်၍ “ဟုတ်တယ်၊ ကျုပ်မှာ တေဇောဓါတ်အသိစိတ် ပင်လယ် ရှိတယ်”
ရန်ကိုင်က နည်းနည်းမျှပင် ငြင်းဆိုရန် မကြိုးစားပဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလာသဖြင့် ခန်းမထဲတွင် ရှိနေသော လူများပင် အံ့အားသင့်သွားခဲ့ရလေ၏။ ရင့်ကျက်သော မိန်းမလှလေးက ရန်ကိုင်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ပြီး “နင့်ရဲ့ စိတ်စွမ်းအင် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးပြလို့ ရမလား။ ဒီလိုမှပဲ နင့်ရဲ့ အလားအလားကို ငါတို့ ဆုံးဖြတ်လို့ ရမှာလေ”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး တစ်ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ။ ဒါပေမယ့် ကျုပ်မှာ မေးစရာ အချို့ရှိတယ်”
“နင့်မေးခွန်းတွေကို ငါဖြေပေးနိုင်တယ်” ရင့်ကျက်သော မိန်းမလှလေးက ခေါင်းညိတ်လိုက်လေ၏။
“ကောင်းပြီလေ” ရန်ကိုင်က ပြုံးလိုက်ပြီး ချက်ချင်းပဲ သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်လေ၏။
မီးတောင်တစ်ခုထဲသို့ ကျသွားသည့်အလား ခန်းတစ်ခုလုံး ရုတ်ချည်းဆိုသလို ချစ်ချစ်တောက် ပူလောင်လာခဲ့လေ၏။
ထိုစိတ်စွမ်းအင်ကို ခံစားမိသည်နှင့် ရင့်ကျက်သော မိန်းမလှလေး၏ မျက်နှာထက် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။ ရန်ကိုင်၏ စိတ်စွမ်းအင်သည် ဤမျှအားကောင်းနေမည်ဟု မထင်ထားသဖြင့် သူ့စိတ်စွမ်းအင် ထွက်ပေါ်လာသည့်အခါ၌ သူမ၏ စိတ်စွမ်းအင်ကို သုံး၍ ဘေးနားရှိ မိန်းမငယ်လေးကိုပါ ကာကွယ်ပေးထားလိုက်ရလေ၏။ အေးစက်စက် မိန်းမပျိုနှင့် အဖိုးကြီးသည်လည်း ချက်ချင်းဆိုသလို ခန်းမထဲရှိ အခြားသူများကို ကာကွဘ်ပေးထားလိုက်ကြလေ၏။
စွမ်းအား အပြည့်အဝကို ထုတ်လွှတ်ပြီး ခဏအကြာ၌ ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေ၏။
ရင့်ကျက်သော မိန်းမလှလေး၊ အေးစက်စက် အမျိုးသမီးနှင့် အဖိုးကြီးတို့သည် ရန်ကိုင်ကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေခဲ့ကြလေ၏။
“ဘယ်လိုတောင်လဲ။ နင့်ရဲ့ ကောင်းကင်စိတ်အာရုံက နင့်ကျင့်ကြံခြင်း အဆင့်ထက် အများကြီး သာလွန်နေတာပါလား။ ရှားပါးတဲ့ အခွင့်အရေး တစ်ခုခုကိုများ ကြုံခဲ့ရတာလား” မိန်းမလှလေးက ခန့်မှန်း ပြောဆိုလိုက်လေ၏။
သာမန် အခြေအနေမျိုး၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူတစ်ယောက်သည် ထိုမျှ အားကောင်းလှသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားဖို့ရာ မဖြစ်နိုင်ချေ။ ရှားပါးသည့် အခွင့်အလမ်းများကို တွေ့ကြုံမှသာ ထိုကဲ့သို့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားနိုင်ပေ၏။
“အဲ့ဒါက ကျုပ်ကိစ္စ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်လေ၏ “အခု ကျုပ်မေးခွန်းကို ဖြေပေးလို့ရပြီလား”
ရင့်ကျက်သော မိန်းမလှလေးက ဥာစ်ကျယ်ကျယ်ပြုံးလျက် “နင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာကိုပဲ ပြောနိုင်တယ်။ အဲ့ဒါတင် မကသေးဘူး နင့်ကျင့်ကြံခြင်းအဆင့် တိုးတက်လာအောင်လည်း ငါတို့ ကူညီပေးမယ်”
ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ဒေါသတကြီး ပြန်၍ အော်ဟစ်လိုက်လေ၏ “ခင်ဗျား ကျုပ်ကို လိမ်တာပဲ”
မိန်းမလှလေးက နှုတ်ခမ်းလေးကို ကွေးလျက် တခစ်ခစ် ရယ်မောလိုက်ကာ “အခြားသူတွေကို လှည့်စားတဲ့ နည်းလမ်းကို နင်တို့ လူသားတွေဆီကနေ သင်ခဲ့တာလေ”
“ကျုပ်ခင်ဗျားကို မှတ်ထားမယ်” ရန်ကိုင်သည် ဘာကိုမှ ဆက်၍ မပြောတော့ဘဲ ရင့်ကျက်သော မိန်းမလှလေးကိုသာ အေးစက်စွာ စိုက်ကြည့်နေခဲ့လေ၏။
သူထိုစကားကို ပြောလိုက်စဉ်မှာပင် ပြင်းထန်ပြီး ရက်စက်သော အရှိန်အဝါတစ်ခုသည် ခန်းမဆီသို့ ရုတ်တရက် ဆိုသလို အလျင်အမြန် ချဉ်းကပ်လာခဲ့လေ၏။
ခန်းမထဲတွင် ရှိနေသူအားလုံး မျက်မှောင် ကြုံ့သွားခဲ့၏။ ရင့်ကျက်သော မိန်းမလှလေးပင် ကူကယ်ရာ မဲ့နေခဲ့လေ၏။
မကြာခင်မှာပင် ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်နှင့် သားရဲ အရေခွံ ဘောင်းဘီတို့ကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်သည် ခန်းမထဲသို့ မောက်မာဟန် အထင်းသားဖြင့် လမ်းလျှောက် ဝင်လာခဲ့လေ၏။ သူ့မျက်နှာထက် သွေးနားထင် ရောက်နေသည့် အမူအရာတို့ ရှိနေခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။
ခန်းမထဲသို့ ရောက်သည်နှင့် ရန်ကိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလျက် မေးလိုက်လေ၏ “ဒီလူသားက ခေါင်းတလားအစေခံစီနီယာ ပို့လိုက်တဲ့ တစ်ယောက်လား။ သူက အရင်တစ်ယောက်ထက်တောင် ပိုပြီး အားနည်းတာပဲ။ ဒီလို အမှိုက်မျိုးက ဘာအသုံးဝင်မှာ မို့လို့လဲ”
“ချူကျန်း၊ လေးစားစမ်း” လူအိုကြီးက ဒေါသတကြီး အော်ပြောလိုက်လေ၏။
ချူကျန်းဆိုသော လူကြီးက စိတ်မပါလက်မပါဖြင့် လက်သီးဆုပ်၍ “စီနီယာလီကို နှုတ်ဆက်ပါတယ်”
ရင့်ကျက်သော အမျိုးသမီးသည် အသာအယာ ခေါင်းညိတ်လိုက်ပြီး ထူးမခြားနားဟန်ဖြင့် “ထတော့၊ နင့်ထိုင်ခုံမှာ သွားထိုင်နေလိုက်”
“မလိုပါဘူး” ချူကျန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ခေါင်းတလား အစေခံ စီနီယာက လူတစ်ယောက် ပို့လိုက်တယ် ကြားလို့ လာကြည့်တာ။ ဒါပေမယ့် သူ့ကို မြင်ရုံနဲ့တင် ကျုပ်အတော့်ကို စိတ်ပျက်သွားခဲ့ရပြီ။ စီနီယာလီ၊ ဒီလို ကောင်စုတ်မျိုးကို တိုက်ရိုက် သတ်ပစ်လိုက်သင့်တယ်။ သူ့ကို သတ်လိုက်ရင် ပြဿနာ အားလုံး ရှင်းလင်းသွားလိမ့်မယ်။ အဲ့လိုဆိုရင် ကျုပ်တို့ လူတွေကိုလည်း နောက်ဆယ်နှစ်တာလုံး မျှော်လင့်ချက် အမှားကြီးနဲ့ နေခိုင်းစရာ မလိုတော့ဘူးလေ။ အဖိုးတန်ရတနာတွေ ဒီလောက် အများကြီး သုံးဖြုန်းပြီး မျှော်လင့်ချက်တွေ အများကြီး စိုက်ထုတ်ခဲ့ရလေ၊ ကျုပ်တို့ ပိုပြီး စိတ်ပျက်ရလေပဲ။ ဒီလောက် အကြိမ်များစွာ ကျရှုံးပြီးတာတောင် စီနီယာလီက ဒီရို ရိုးရှင်းတဲ့ အမှန်တရားကို မသိသေးဘူးလို့တော့ ကျုပ်ကို မပြောနဲ့နော်”
“ချူကျန်း၊ အခုနောက် မင်းပိုပြီး ရိုင်းလာပါလား။ ငါတို့ ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မင်းမေ့သွားတာလား” လူအိုကြီးက သူ့လက်ထဲတွင် ခွန်အားကို စုစည်းရင်း ဒေါသတကြီး အော်ပြောလိုက်လေ၏။
ချူကျန်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည်လည်း ကြမ်းကြုတ် ခက်ထန်လာခဲ့ပြီး ပြန်ပြောလိုက်လိုက်လေ၏ “ကျုပ်က အမှန်တရားကို ပြောနေတာ။ ကျုပ်တို့ကလန်ရဲ့ ကံတရားကို ဘယ်ကမှန်း မသိတဲ့ လူသားမျိုးနွယ်စုက ကောင်စုတ်လေး တစ်ယောက်ရဲ့ လက်ထဲဆီ ထည့်မပေး လိုက်သင့်ဘူး။ အပြင်လူရဲ့ အကူအညီ မယူဘဲနဲ့တောင် ကျုပ်ကိုယ်တိုင် ကလန်ကို ဦးဆောင်ပြီး ဒီလှောင်အိမ်ထဲကနေ ဖောက်ထွက်ပြမယ်။ စီနီယာလီ၊ ခင်ဗျား ဘာပြောချင်လဲ”
မိန်းမလှလေး၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သော်လည်း တည်တည်ငြိမ်ငြိမ် ပြုံးနေသေးကာ “ဆာချူကျန်းက ကလန်အပေါ် ဒီလိုမျိုး ခံစားချက်မျိုး ရှိတာကို ကြားရတာ ကျွန်မ တကယ်ကိုပဲ ဝမ်းသာအားတက်မိတယ်။ ကျွန်မတို့ လူတွေအတွက်လည်း သတင်းကောင်းတစ်ခုပဲ။ အဲ့လို ဆိုမှတော့ ကျွန်မတို့ ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်ကို ဆာချူကျန်း ဖြည့်ဆည်းပေးနိုင်မယ့် နေ့ကို ကျွန်မ စောင့်နေပါ့မယ်”
ချူကျန်းက အဓိပ္ပါယ်ပါပါ ပြုံးလျုက်ပြီး ရက်စက် ကြမ်းကြုတ်သည့် အပြုံးဖြင့် ရန်ကိုင်ကို စိုက်ကြည့်၍ “လူသား မျိုးနွယ်စုက ကောင်စုတ်လေး၊ အတတ်နိုင်ဆုံး ဂရုစိုက်ရင် ကောင်းလိမ့်မယ်။ မင်းက အပြင်ကမ္ဘာမှာ ရှိနေတော့တာ မဟုတ်ဘူးဆိုတာကို သိထားသင့်တယ်။ ဒီလို နေရာမျိုးမှာ မင်းရဲ့ အသက်လေးကို အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ် ဆိုတာကို သေချာ သိထားဖို့ လိုလိမ့်မယ်”
ပြောပြီးသည်နှင့် ချူကျန်း လှည့်ထွက်သွားလေ၏။
ခန်းမထဲတွင် ရှိနေသူ အားလုံး၏ မျက်နှာများသည် အတော့်ကို အကျည်းတန် ရုပ်ဆိုးနေခဲ့ကြလေ၏။
ချူကျန်း၏ ရောက်ရှိလာမှုကြောင့် ခန်းမထဲတွင် ရှိနေသော လူများသည်လည်း လက်ရှိ အကြောင်းအရာကို ဆက်၍ မဆွေးချင်တော့ချေ။ ရင့်ကျက်သော မိန်းမလှလေးက ကူကယ်ရာမဲ့စွာဖြင့် သူမ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး “ကွမ်းအာ၊ သူ့ကို အနားယူဖို့ ခေါ်သွားပေးလိုက်တော့”
“ဟုတ်ကဲ့ပါ” မိန်းမငယ်လေးက ယဉ်ကျေးသည့် အမူအရာ လုပ်ပြ၍ မိန်းမလှလေး၏ ဘေးနားမှ ခွါ၍ ရန်ကိုင်ကို လက်ယပ်ပြလိုက်လေ၏ “ငါနဲ့လိုက်ခဲ့”
ရန်ကိုင်လည်း ဘာမှ ပြောမနေဘဲ သူမနောက်ကနေသာ တည်တည်ငြိမ်ငြိမ်ဖြင့် လိုက်သွားခဲ့လေ၏။
ရန်ကိုင် ထွက်သွားပြီးနောက် လူအိုကြီးက သက်ပြင်း အရှည်ကြီး ချလျက် “စီနီယာလီ၊ ချူကျန်း အခုနောက်ပိုင်း ပိုပိုပြီး အထိန်းအကွပ် မဲ့လာတယ်နော်။ ဒီပြဿနာကို အခုပဲ ဖြေရှင်းလိုက်ရင် ကောင်းမယ်။ သူ့ကို ဒီအတိုင်း ဆက်ပြီး လွှတ်ထားပေးလိုက်ရင် နောက်ပိုင်းကျ ပြဿနာတွေ မလွဲမသွေ ဖြစ်လာလိမ့်မယ်”
ရင့်ကျက်သော အမျိုးသမီး၏ မျက်နှာထက် တုန့်ဆိုင်းသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သော်လည်း ပြန်တော့ မဖြေခဲ့ချေ။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အေးစက်စက် အမျိုးသမီးက ထပ်ပြောလိုက်၏ “သခင်မက ပိုပြီး ကြင်နာပြလေ ချူကျန်းက ပိုပြီး မောက်မာလာလေပဲ။ သူ့နေရာသူ သိသွားအောင် သင်ခန်းစာ ပေးသင့်ပြီနော်”
“ငါစဉ်စားလိုက်ဦးမယ်” ရင့်ကျက်သော အမျိုးသမီးက ခါးခါးသီးသီး ပြုံးလိုက်ပြီး “ငါတို့ ကလန်သားတွေ အများကြီး မကျန်တော့ဘူး။ ငါတို့သာ ချူကျန်းနဲ့ တစ်ခုခု ဖြစ်လိုက်ရင် ငါကြောက်တာက... နင်တို့ နှစ်ယောက်စလုံး အရင်ပြန်နှင့်လိုက်။ သေချာ စဉ်းစားပြီးတာနဲ့ နင်တို့ကို လူလွှတ် အကြောင်းကြား လိုက်မယ်”
“ဟုတ်ကဲ့ပါ” အေးစက်စက် အမျိုးသမီးနှင့် လူအိုကြီးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြ၏။ မိန်းမလှလေးသည် အတွင်းရေး ပဋိပက္ခဖြစ်ခြင်းကို မနှစ်သက်သော လူဖြစ်မှန်း သူတို့ နားလည်ထား၏။ ထို့ကြောင့် သူမသည် သူမ၏ ကလန်သားများ ဆုံးရှုံးရမည်ကို ကြောက်လေရာ နှစ်ယောက်စလုံး ချူကျန်းကို ပို၍ အခဲမကြေ ဖြစ်သွားခဲ့ရလေ၏။
ချူကျန်း၏ ခွန်အားနှင့် လွှမ်းမိုးနိုင်စွမ်း တိုးတက်လာသည်နှင့် အမျှ ချူကျန်းစိတ်ထဲ မျှော်မှန်းချက် အသစ်တို့ ပေါက်ဖွားလာခဲ့လေ၏။
မိန်းမပျိုလေး ကွမ်းအာ၏ အကူအညီနှင့် ရန်ကိုင်သည် ကျောက်တုံး မြို့တစ်ဝိုက် လျှောက်ပတ်နေခဲ့လေ၏။ သွားနေစဉ် အတွင်း၍ ကွမ်းအာသည် လေသံတိုးတိုးဖြင့် ကြိတ်၍ ကျိန်ဆဲ သွားခဲ့လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်လေ၏ “အဲ့ချူကျန်းက နင်တို့ သခင်မကိုတောင် မျက်လုံးထဲ မထည့်ဘူးနော်”
“အဲ့ခွေးသူတောင်းစားကောင်” ကွမ်းအာက ဒေါသတကြီး အော်ဟစ် ဆဲရေးလိုက်လေ၏ “သူ့ကိုယ်သူ ဟုတ်လှပြီလို့ ထင်နေတာ။ သူက စွမ်းအားကို လုယူချင်တဲ့ လောဘကြီးတဲ့ ဝံပုလွေတစ်ကောင်ကလွဲပြီး ဘာမှမဟုတ်ဘူး။ ငါ့သခင်မက ကြင်နာတတ်လို့သာပေါ့၊ မဟုတ်ရင် သူဘယ်နှစ်ကြိမ် သေလို့ သေသွားမှန်းတောင် သိတော့မှာ မဟုတ်ဘူး”
“ဟုတ်တယ်။ မိန်းမတွေရဲ့ ကြင်နာမှုက တစ်ခါတစ်ရံကျ အခုလို ပြဿနာတွေကို ဖြစ်စေနိုင်တယ်” ရန်ကိုင်က သဘောတူလိုက်လေ၏။
“သခင်မ မကောင်းကြောင်း လာမပြောနဲ့။ သခင်မက ဒီလောကကြီးမှာရှိတဲ့ အကြင်နာဆုံး အမျိုးသမီးတစ်ယောက်ပဲ” ကွမ်းအာက ရန်ကိုင်ကို ပြန်၍ စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေ၏။
“ကောင်းပြီလေ၊ ငါဘာမှ ထပ်မပြောတော့ဘူး” ရန်ကိုင်က လက်မြှောက်ပြ၍ “ဒါပေမယ့် ဒီနေရာက ဘယ်နေရာလဲ ဆိုတာကို ငါ့ကို ပြောပြလို့ရမလား။ နင်တို့အားလုံးက ငါ့ကိုဖမ်းပြီး ဘာလုပ်ခိုင်းစေချင်နေတာလဲ”
ကွမ်းအာက တောက်ပစွာပြုံး၍ တခစ်ခစ် ရယ်မောလိုက်ပြီး “သခင်မ ခွင့်မပြုသေးဘဲနဲ့ နင့်ကို ဘာမှ ပြောပြမှာ မဟုတ်ဘူး။ နင်တို့ လူသားမျိုးနွယ်စုက ကောက်ကျစ်ပြီး ဥာဏ်များပေမယ့် ငါက သုံးနှစ်သား ကလေးတစ်ယောက် မဟုတ်ဘူး။ ငါ့ဆီကနေ လာပြီး သတင်းတွေ အစ်အောက်ထုတ်လို့ ရမယ်များ ထင်နေလား”
ရန်ကိုင်က ခါးသီးစွာ ပြုံးလိုက်လေ၏။
“ဒါပေမယ့် ငါတို့ နင့်ကို ဒုက္ခပေးမှာ မဟုတ်ဘူး ဆိုတာကိုတော့ စိတ်ချထားလို့ရတယ်။ ဒုက္ခမပေးတဲ့အပြင် နင့်ကိုတောင် ကူပြီး လေ့ကျင့်ပေးဦးမှာ။ နင်သာ သခင်မပေးတဲ့ တာဝန်ကို ပြီးမြောက်နိုင်တာနဲ့ အကျိုးအမြတ် အများကြီးကို ရလိမ့်မယ်”
“ငါကို လေ့ကျင့်ပေးမယ့် အရင်တစ်ကြိမ်က ပြောခဲ့ပြီးပြီလေ။ ဒါပေမယ့် ဘာကို လေ့ကျင့်ပေးမှာလဲ” ရန်ကိုင်က မေးလိုက်လေ၏ “ငါ့ရဲ့ ဝောဇောအသိစိတ် ပင်လယ်ကို လိုအပ်ရအောင် နင်တို့က ငါ့ကို ဘာလုပ်ခိုင်းစေချင်နေတာလဲ”
သို့သော်ငြား ကွမ်းအာက နှုတ်ခမ်းလေးကိုသာ တင်းတင်း စေ့ထားခဲ့လေ၏။
မကြာခင်မှာပင် ရန်ကိုင်ကို ကျောက်တုံးခန်းတစ်ခုဆီ ခေါ်လာပေးပြီးသည်နှင့် ကွမ်းအား ပြောလိုက်လေ၏ “အထဲဝင်သွားလိုက်။ အခုကနေစပြီး ဒီနေရာက နင့်နေရမယ့် နေရာပဲ။ အခြားကိစ္စတွေနဲ့ ပက်သက်ပြီး အခုလောလောဆယ် ဘာကိုမှ စိတ်ပူမနေနဲ့။ နင်လိုအပ်တာ အားလုံးကို ငါတို့ ပြင်ဆင်ပေးမယ်။ ဟုတ်တယ်။ ဘယ်သူကမှ နင့်ကို စောင့်ကြည့်မနေလို့ ဆိုပြီး ထွက်ပြေးဖို့တော့ မကြိုးစားလိုက်နဲ့နော်။ နင်ဘယ်နေရာကိုမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ဒီနေရာက ပိတ်လှောင်ထားခံရတဲ့ နေရာတစ်ခုပဲ။ နင်ဘယ်ကိုမှ ထွက်သွားလို့ ရမှာ မဟုတ်ဘူး”
ရန်ကိုင်က မကျေမနပ်ဖြင့် သူမကို စိုက်ကြည့်လိုက်လေ၏။
ကွမ်းအာက သွားပေါ်အောင် ပြုံး၍ “ငါ့ကို စိုက်ကြည့်နေလို့ ဘာမှ မထူးဘူး။ သခင်မ ပြောသလိုသာလုပ်။ ကဲ၊ မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့”
ပြောပြီးသည်နှင့် ရန်ကိုင်ကို ကျောက်တုံးခန်းထဲ တွန်းပို့လိုက်ပြီး တံခါးကို ပိတ်ပြီးသည်နှင့် ကွမ်းအားလည် ပြန်ထွက်သွားလေ၏။
သူမ ထွက်သွားပြီးသည်နှင့် ရန်ကိုင်က ကျောက်တုံးတံခါးကို ဆွဲဖွင့်ကြည့်လိုက်၏။ တံခါးကို သော့ခတ်မထားခဲ့ချေ။ သူ့ကို စောင့်ကြည့်နေသည့် သူလည်း မရှိချေ။
သို့သော်လည်း ဤကဲ့သို့ ပိတ်လှောင်ထားခံရသော လောကကြီး အတွင်း၌၊ သူလုံးဝ မရင်းနှီးသော နေရာတစ်ခု၌၊ သူထွက်ပြေးချင်လျှင်ပင် မည်သည့် နေရာသို့ ထွက်ပြေးရမည်နည်း။
သူဘယ်နေရာဆီသို့ ထွက်ပြေးပြေး ထိုလှပေသာ အမျိုးသမီးသည် သူ့အား အသာလေး ပြန်ဖမ်းနိုင်၏။
အမှန်တရားကို လက်ခံ၍ သူ့စိတ်ကို တည်ငြိမ်အောင်သာ လုပ်လိုက်၏။ ပြီးသည်နှင့် ကျောက်တုံးတံခါးကို ပြန်ပိတ်လိုက်ပြီး သူနေရမည့် အိမ်အသစ်ကို စတင်လေ့လာတော့လေ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာသည် အခန်းကျယ်ကြီး တစ်ခုဖြစ်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ ဤအခန်းသည် သူရောက်ခဲ့သည့် ခန်းမထက်ပင် ပို၍ ကျယ်ကာ အခန်းထဲ ဆေးရနံ့တို့ သင်းထုံနေလေ၏။
အခန်းထောင့်တစ်နေရာ၌ ဆေးအိုးများစွာ ရှိနေခဲ့၏။
အကြီးဆုံးအိုသည် ရေတိုင်ကီတစ်အိုးစာ ကြီး၍ အသေးဆုံးသည် လက်ဝါးထက်သာ နည်းနည်းလေး ကြီး၏။
အနားရှိ မြေပြင်တွင်မူ လောင်ကျွမ်းထားခံရသော ပစ္စည်းပုံကြီးတစ်ပုံ ရှိနေခဲ့လေ၏။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်လေ၏။
ဤနေရာသည် ဆေးပညာရှင်တစ်ယောက် နေထိုင်ရာ နေရာဖြစ်သည့်ပုံပင်။
အခန်း၏ အခြားထောင့်တစ်ခု၌ ရှေးဟောင်းစာအုပ်တို့ကို ရောနှောပုံထပ်ထားသည့် စားပွဲခုံတစ်ခုံ ရှိနေသည်ကို တွေ့လိုက်ရလေ၏။