အခန်း (၆၄၁-၆၄၅)
Vol. 26 Ch. 641-645
အပိုင်း(၆၄၁) လွတ်လပ်သော သီးခြားလောကတစ်ခု
——————————————————————
အချိန်များသည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့လေရာ မကြာခင်မှာပင် တစ်လပြည့်သွားခဲ့လေပြီ။
လသစ်၏ ပထမနေ့၌ ရန်ကိုင် နေထိုင်ရာ ကျောက်တုံး အခန်းဆီမှ မီတာရာဂဏန်း အနည်းငယ်အကွာ၌ မိန်းမငယ်လေး ကွမ်းအာသည် အာရုံစူးစိုက်၍ စာဖတ်နေသော ရန်ကိုင်ကို စိုက်ကြည့်နေခဲ့လေ၏။
စားပွဲရှည်ကြီးထက်တွင် ရှေးဟောင်းစားအုပ်ပေါင်းများစွာ ရှိနေခဲ့၏။ သို့သော် အချိန်အတော် ကြာပြီးသည့်နောက် ရန်ကိုင်သည် ထိုစာအုပ် အားလုံးကို ဖတ်ပြီးသွားခဲ့လေပြီ။ သူဖတ်ပြီးသွားသော စာအုပ်ကိုများကို သူ့ဘယ်ဘက်တွင် စုပုံထားခဲ့လေရာ ဟိုးအဝေးကြီးမှပင် လှမ်း၍ မြင်နိုင်ပေသည်။
ထိုစာအုပ်တွေထဲ ပါဝင်နေသော အသိဥာဏ်ဗဟုသုတ များကို သူ့စိတ်ထဲ မြဲနေအောင် မှတ်သားပြီးသွားခဲ့လေပြီ။
ကွမ်အာ သက်ပြင်းယဲ့ယဲ့လေး တစ်ချက်ချလိုက်၏။ တစ်လလုံးလုံး ထိုစာအုပ်များကို မနားမနေဖတ်နေသည်မှာ ရန်ကိုင် အတော်ကြိုးစားသည်ဟု ပြော၍ ရပေ၏။
ရုတ်တရက် အနားရှိ လေဟာနယ် တွန့်လိမ်သွားခဲ့ပြီး စွမ်းအင်လှိုင်းဖျော့ဖျော့တို့ ထွက်ပေါ်လာခဲ့လေ၏။ ကွမ်းအားသည် ပျော်ရွှင်စွာပြုံးရင်း လေးစားသည့် ပုံစံဖြင့် ရပ်နေလိုက်လေ၏။
မကြာခင်မှာပင် တွန့်လိမ်သွားသည့် လေဟာနယ်ထဲမှ ရင့်ကျက်၍ ကျော့ရှင်းလှပသော မိန်းမပျိုလေး တစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေ၏။ ထိုမိန်းမပျိုသည်ကား စီနီယာလီ ဆိုသူပင် ဖြစ်ချေ၏။
“သခင်မကို နှုတ်ဆက်ပါတယ်” ကွမ်အာ အလျင်အမြန် ဦးညွှတ်ပြလိုက်လေ၏။
“အင်း” စီနီယာလီက ခေါင်းညိတ်သည် ဆိုရုံလေး ခေါင်းညိတ်ပြလိုက်ပြီး အဝေးတွင် ရှိနေသော ရန်ကိုင်ကို လှမ်းကြည့်၍ “သူ့အခြေအနေ ဘယ်လိုလဲ”
“သူက တော်တော့်ကို စိတ်ဝင်စားဖို့ ကောင်းတယ် သခင်မရဲ့...” ကွမ်းက ရိုးသားစွာ ပြန်ဖြေလိုက်၏ “ဒီကို ရောက်လာခဲ့ဖူးတဲ့ အခြားလူသားတွေနဲ့ အရမ်းကို ကွာတယ်”
“အို၊ ဘယ်လိုလဲ ဆိုစမ်းပါဦး” စီနီယာလီက စိတ်ဝင်စားဟန်ဖြင့် မေးလိုက်လေ၏။
“သူက ဒီတစ်လလုံးလုံး အဲ့ရှေးဟောင်းစာအုပ်တွေကို ဖတ်ရင်းနဲ့ပဲ အချိန်ကုန်နေတာ။ အခန်းအပြင်ဘက်ကို ခြေတစ်လှမ်းတောင် လှမ်းတာ မဟုတ်ဘူး။ သူ စိတ်ချောက်ချားတာတို့၊ သွေးပျက်နေတာတို့ကိုလည်း တစ်ခါမှ မတွေ့ရဘူး။ သူရူးနေတာလို့ သခင်မထင်လား”
စီနီယာလီက ရန်ကိုင်အား အသေအချာကို စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး မျက်မှောင်ကြုံ့လိုက်၏။ မကြာခင်မှာပင် သူမ၏ မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး “သူက လုံးဝကို မရူးဘူး။ ဒါပေမယ့် သူ့က ဆေးပညာကို အတော် စိတ်ဝင်စားတဲ့ပုံပဲ။ ဒီလို ဆိုမှတော့ ငါတို့လည်း ကရိကထများစရာ မလိုတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် သူ့ကို သွားတွေ့ကြတာပေါ့။ သူက ကောင်းကောင်းမွန်မွန် ပြုမူနေမှတော့ အကြောင်းအရာ အချို့အကြောင်း သူ့ကို ပြောသင့်ပြီလို့ ထင်တယ်”
“ဟုတ်ကဲ့ပါ” ကွမ်းအားက အလျင်အမြန် ပြန်ဖြေလိုက်၏။
မိန်းကလေးနှစ်ယောက်၊ ရင့်ကျက်ပြီး လှပသော မိန်းမပျို တစ်ယောက်နှင့် မိန်းမငယ်လေး တစ်ယောက်တို့သည် ရန်ကိုင်ဆီ လမ်းလျှောက်သွားခဲ့ကြရာ မကြာခင်မှာပင် သူ့အခန်း ရှိရာဆီသို့ ရောက်လာခဲ့လေ၏။
ရန်ကိုင်ကမူ ထိုနှစ်ယောက်ကို မသိကျေးကျွံပြုလျက် သူ့စာအုပ်ကိုသာ အာရုံစိုက်၍ ဆက်ဖတ်နေခဲ့၏။
ကွမ်းအာ အသာအယာ ချောင်းဟန့်၍ အော်ခေါ်လိုက်၏ “အပြင်လူ”
“ခဏနေဦး” ရန်ကိုင်က သူမအား တစ်ချက်ပင် မကြည့်ဘဲ ပြန်ပြောလိုက်လေ၏။
ကွမ်အား ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ရုတ်တရက် စိတ်တိုသွဦးခဲ့ကာ “စီနီယာလီက နင့်ကို တွေ့လာနေတယ်လေ။ မြန်မြန်ထပြီး နှုတ်ဆက်လိုက်”
ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူမအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့စာအုပ်ကို ပြန်ဆက်ဖတ်လိုက်၏။
ကွမ်းအားလည်း မနေနိုင်တော့ဘဲ ရန်ကိုင်အား ဆူပူ ပြစ်တင် ကြိမ်းမောင်းရန် လုပ်နေစဉ်မှာပင် စီနီယာလီက လက်မြှောက်၍ သူမကို တားထားလိုက်လေ၏။ အသာအယာ ပြုံးလျက် နေရာတွင်သာ ရပ်စောင့်နေလေ၏။
ကွမ်းအားသည် အံတကြိတ်ကြိတ် လုပ်နေသော်လည်း စီနီယာလီ၏ အမိန့်ကို နာခံခဲ့၏။ သို့သော်ငြား သူမအနေဖြင့် ထိုအပြင်လူသားအား အတော့်ကို အစာမကြေ ဖြစ်သွားခဲ့လေပြီ။ အခွင့်သာ ရလျှင် ထိုအပြင်လူသားကို ခပ်ပြင်းပြင်း ရိုက်ပြီး သင်ခန်းစား ပေးရပေလိမ့်မည်။
အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နေ့တစ်ဝက် ကြာသွားပြီးနောက် ရန်ကိုင်သည် စာအုပ်ကို ပိတ်ကာ သက်ပြင်း အရှည်ကြီး ချလိုက်လေ၏။
“ပြီးသွားပြီလား” နောက်ဆုံး၍ စီနီယာလီက ကြင်နာ သိမ်မွေ့သည့် လေသံဖြင့် ပြောလာခဲ့လေ၏။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“အခြေအနေ ဘယ်လိုလဲ”
“နည်းနည်းပါးပါးပေါ့” ရန်ကိုင်က ပြန်ပြောလိုက်၏။
စီနီယာလီက လှပနှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး “နင့်ကြည့်ရတာ ဆေးပညာနဲ့ ပက်သက်ပြီး အခြေခံတစ်ချို့ ရှိနေတဲ့ ပုံပဲနော်”
ဆေးပညာရှင်တွင် သေချာသော အခြေခံတစ်ခု မရှိဘဲ ထိုရှေးဟောင်းဟာအုပ်များကို နားလည်ရန် မဖြစ်နိုင်ချေ။
ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ခင်းဗျားတို့ကို ကြည့်ရတာ အရင်တုန်းက တေဇောဓါတ်အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတဲ့ လူတော်တော်များများကို ဖမ်းဆီးခဲ့တဲ့ပုံပဲ။ ပြီးတော့ သူတို့ကို ဒီနေရာဆီ ခေါ်လာပြီး ဆေးပညာရှင် ဖြစ်အောင် လေ့ကျင့်ပေးတာမလား... အင်း၊ အခုတော့ ခင်ဗျားတို့ ကျုပ်ကို ဘာလုပ်စေချင်နေလဲ ဆိုတာကို ကျုပ် နည်းနည်းပါးပါးတော့ နားလည်သွဦးပြီ”
ဤတစ်လအတွင်း ရန်ကိုင်သည် ထိုရှေးဟောင်း စာအုပ်များကို ဖတ်ခဲ့၏။ အချို့စားအုပ်များကို ကျော်ကြားသော ဆေးပညာရှင်တွင် အဆင့်အတိုင်းအတာ တစ်ခုအထိ ရောက်ပြီးသော ပညာရှင်များက ချန်ထားခဲ့ခြင်း ဖြစ်ပြီး ကျန်သည့် စာအုပ်များကိုမူ ရန်ကိုင်နှင့် တူညီသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည့် လူများက သူတို့၏ အတွေ့အကြုံ၊ ထိုးထွင်း နားလည်မှုများကို ရေးသားထားခဲ့ခြင်း ဖြစ်၏။
သူတို့သည် အလောင်းသယ်လူကြီး၏ ဖမ်းဆီးခြင်း ခံရပြီး ဤနေရာသို့ ပို့ဆောင်ခြင်း ခံလိုက်ရလေ၏။ ထိုနတ်ဆိုး မျိုးနွယ်စု၏ လေ့ကျင့်ပေးမှုဖြင့် သူတို့သည် ဆေးပညာရှင် ဂရမ်းမာစတာများ ဖြစ်လာနိုင်ခဲ့ကြ၏။ သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် လိုအပ်ချက်များကို မပြည့်မှီနိုင် ဖြစ်ခဲ့ရကာ ဤနေရာတွင်ပင် ပျောက်ကွယ်သွားခဲ့ရလေ၏။
တစ်လဆိုသော အချိန်သည် သူ့မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့ရသည်ကို နားလည်သွားစေခဲ့၏။ ထို့ကြောင့် သူလည်း အတော့်ကို စိတ်ငြိမ်သွားခဲ့ရလေ၏။
ထိုလူများသည်သာ သူ့အကူအညီကို လိုသရွေ့ သူ၏ လုံခြုံရေးကိုလည်း စိတ်ပူစရာ မလိုချေ။ သူ့လုံခြုံရေးကို စိုးရိမ်စရာ မလိုသည့်အပြင် အကျိုးအမြတ် များစွာကိုပင် ရနိုင်သေး၏။
“ဟုတ်တယ်၊ ငါတို့တွေက အားကောင်းတဲ့ ဆေးပညာရှင် တွေကို လေ့ကျင့်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားတဲ့ လူပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်” စီနီယာလီက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံခဲ့လေ၏။
“ဘာလို့လဲ၊ ဆေးပညာရှင်ကို လိုအပ်တဲ့ ကိစ္စတစ်ခုခုကိုများ ဖြေရှင်းစရာ ရှိလို့လား” ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး “ဥပမာ၊ ဆေးလုံးတွေ သန့်စင်တာမျိုးပေါ့”
စီနီယာလီက ရန်ကိုင်ကို အံ့အားသင့်တကြီး စိုက်ကြည့်လိုက်ပြီး အချိန်အတော်ကြာပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်ကာ “ဟုတ်တယ်၊ ဆေးလုံးအချို့ကို ဖော်စပ်ဖို့ လိုလို့ဦ။ ဒါပေမယ့် ဆေးပညာရှင်တိုင်း သန့်စင်ပေးနိုင်တဲ့ ဆေးလုံးမဟုတ်ဘူး။ တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားတဲ့ ဆေးပညာရှင်တွေပဲ ဖော်စပ်ပေးနိုင်တဲ့ ဆေးလုံးပဲ။ ဒါကြောင့်ပဲ ငါတို့ နင့်ကို ဖမ်းဆီးခဲ့ရတာ”
“ကောင်းပြီလေ။ ကျုပ်ကလည်း ဆေးပညာရှင် တစ်ယောက် ဖြစ်ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့။ ခင်ဗျားရဲ့ အခြေအနေတွေကသာ ကောင်းမယ်ဆိုရင် ကျုပ်ဘက်ကလည်း ကူညီပေးဖို့ ပြဿနာ မရှိပါဘူး” ရန်ကိုင်က စီးပွါးရေး ပုံစံမျိုးဖြင့် ပြောလိုက်၏။
“အရှက်မရှိ ကြွားလိုက်တာများ ကမ်းကုန်အောင်ပဲ” ကွမ်းအားက အထင်အမြင် သေးသေးဖြင့် “တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေက ရှားတယ်။ ဒါပေမယ့် ခေါင်းတလားအစေခံ စီနီယာက တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတဲ့ လူတွေကို ဖမ်းပြီး ငါတို့ဆီ ပို့ပေးလာခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ။ အခုအချိန်ထိ ငါတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့လူ မရှိသေးဘူး။ သူတို့တွေ အကုန်လုံး ကျရှုံးခဲ့ရတာကို နင်က အောင်မြင်နိုင်မယ်လို့ တရသေ မှတ်ယူပြီး ပြောနေရဲရတာလဲ”
“အဲ့ဒါက ကျုပ်ပြဿနာ၊ ခင်ဗျားတို့ စိတ်ပူစရာ မလိုဘူး။ ပြီးတော့ ကျုပ်အောင်မြင်ဖို့ကိုလည်း ခင်ဗျားတို့ မျှော်လင့် နေတာမလား” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် မေးလိုက်လေ၏။
“အမှန်ပဲ။ နင်အောင်မြင်ပြီး ငါတို့ကို ဒီအကျဉ်းထောင်ကြီး ထဲကနေ လွတ်မြောက်အောင် လုပ်ပေးမှာကို ငါတို့ မျှော်လင့်နေတာ။ အဲ့လိုမှပဲ ငါတို့လည်း အပြင်လောကကြီးဆီ ထွက်ပြီး အတွေ့အကြုံသစ် ရှာထွက်လို့ ရမှာလေ” စီနီယာလီက အသာအယာ ခေါင်းညိတ်လိုက်၍ မျှော်လင့်ချက်တို့ဖြင့် ရစ်သိုင်းနေသည့် မျက်ဝန်းအစုံဖြင့် “အရင်ဆုံး ငါတို့ကိုယ်ငါတို့ မိတ်ဆက်ပေးပါရစေ။ ငါတို့ရဲ့ ဘိုးဘေးတွေက မဟာနတ်ဆိုး နတ်ဘုရားရဲ့ တပည့်နဲ့ လက်ရွေးစင် အစောင့်အကြပ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့တဲ့ လူတွေပဲ။ ဒါပေမယ့် အကြောင်း အချို့ကြောင့် မဟာနတ်ဆိုး နတ်ဘုရားက ငါတို့ဘိုးဘေးတွေကို ဒီလွတ်လပ်တဲ့ လောကငယ်လေးထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ အဲ့အချိန်ကနေပြီး ဒီနေရာကနေ ငါတို့ ထွက်သွားလို့ မရတာပဲ”
“မဟာနတ်ဆိုးနတ်ဘုရား.... ပြီးတော့၊ လွတ်လပ်သော လောကငယ်လေးလား” ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့လေ၏။
“မဟာနတ်ဆိုးဘုရင်က ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ အန္တိမ အရှင်သခင်တစ်ပါးပဲ။ ငါတို့ ဘိုးဘေးတွေရဲ့ ဆရာသခင်ပေါ့” စီနီယာလီလေက လေးစားအားကျမှုအပြည့်ဖြင့် “လွတ်လပ်သော လောကငယ်လေးကတော့၊ အခု ငါတို့ နေနေတဲ့ နေရာကို ခေါ်တဲ့ နာမည်ပေါ့။ ဒဏ္ဏာရီအရ ရှေးဟောင်းအချိန်တွေမှာတုန်းက အရမ်းအရမ်းကို အားကောင်းလွန်းတဲ့ ပညာရှင်တွေ တိုက်ခိုက်တဲ့အခါကျ လေဟာနယ်တွေကို စုတ်ဖြဲမိပြီး သီးခြားကမ္ဘာလေးတွေကို ဖြစ်သွားစေတယ်တဲ့။ ငါတို့တွေက အဲ့လေဟာနယ်တွေကို သီးခြားလောကငယ်လေးတွေလို့ ခေါ်တာပဲ။ နင်အဲ့အကြောင်းကို အရင်က ကြားခဲ့ဖူးလား”
“အဲ့လို နေရာမျိုးတွေကိုတော့ ကြားဖူးတယ်။ အဲ့နေရာတွေကို သီးခြားလောကငယ်လေးတွေလို့ ခေါ်တယ် ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးခဲ့ဘူး” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။
ကောင်းကင်အမွေခံလိုဏ်ဂူနှင့် သေမင်းတောင်မှ သီးခြား လောလကြီးသည် လွတ်လပ်သော လောကငယ်လေးများ ဖြစ်ပေ၏။
ရုတ်တရက် တစ်ခုခုကို နားလည်သွားကာ ရန်ကိုင်က ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး “မဟာနတ်ဆိုးနတ်ဘုရားက ခင်ဗျားတို့ ဘိုးဘေးတွေရဲ့ ဆရာသခင်ဖြစ်မှတော့ ခင်ဗျားတို့ကို ဘာလို့ ဒီနေရာမှာ ပိတ်လှောင်ထားခဲ့တာလဲ”
စီနီယာလီက ပြုံး၍ ခေါင်းခါရမ်းကာ “ငါတို့ရဲ့ ရှေးဟောင်း စာအုပ်တွေထဲ ခန့်မှန်းပြောဆိုထားတာတွေ ရှိပေမယ့် တိကျတဲ့ အဖြေကိုတော့ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် နှစ်တွေ အများကြီး ကြာပြီးတဲ့နောက် အကြောင်းပြချက်ဆိုတာ အရေးပါတော့တာ မဟုတ်ဘူး။ အခုလောလောဆယ် ငါတို့ရဲ့ အကြီးမားဆုံး ဆန္ဒက ဒီနေရာကနေ ထွက်သွားရဖို့ပဲ။ ငါတို့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ငါတို့တွေက အပြင်လောကကြီးမှာ အရှင်သန်နိုင်ကြဘူး။ ဒါကြောင့် ငါတို့ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်ကို ပြင်ဆင်ပေးနိုင်မယ့် အထူးဆေးလုံးတစ်လုံးကို သောက်ဖို့ လိုအပ်တယ်။ အဲ့ဆေးလုံးကို နင်သန့်စင်ရမှာ”
“ကျုပ်နားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်၍ မေးလိုက်၏ “အလောင်းသယ်လူကြီးကကော။ သူက ခင်ဗျားတို့ထဲက တစ်ယောက်မလား။ သူကျတော့ အပြင်လောကကြီးမှာ ဘာလို့ လမ်းလျှောက်နိုင်ရတာလဲ။ ပြီးတော့ အဲ့အနီရောင် ခေါင်းတလားကြီးကို သူသွားတဲ့ နေရာတိုင်း ဘာလို့ သယ်သွာရတာလဲ”
စီနီယာလီ စိတ်ဓါတ်ကျသွားခဲ့ပြီး တည်ကြည်လေးနက်သည့် အမူအရာဖြင့် ရှင်းပြလိုက်လေ၏ “ခေါင်းတလား အစေခံ စီနီယာကို ပြောနေတာမလား။ တကယ်တော့ သူက သေသွားခဲ့တာ ကြာပြီ။ ဒါပေမယ့် အထူး နည်းစနစ်တစ်ခုကို သုံး၍ အရမ်းကို အကန့်အသတ်ရှိတဲ့ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ သူက အပြင်လောကကြီးမှာ လှည့်ပတ်သွားပြီး တေဇောဓါတ် အသိစိတ်ပင်လယ်ရှိတဲ့ လူတွေကို ရှာဖွတယ်။ သူ့ဘယ်သူလဲ ဆိုတာကတော့ ငါတို့လည်း မသိဘူး။ သူ့အသက် ဘယ်လောက် ရှိပြီလဲ၊ သူအခုတာဝန်ကို ဘယ်အချိန်ကတည်းက စတင် လုပ်ဆောင်ခဲ့လဲ ဆိုတာကိုတောင်မှ ငါတို့မသိဘူး။ သူက အမြဲးတမ်း တည်ရှိနေတယ်လို့ပဲ ရှေးဟောင်းစာအုပ်တွေထဲမှာ ဖော်ပြထားတယ်။ သူအမြဲတမ်း သယ်ထားတဲ့ အနီရောင် ခေါင်းတလားက တကယ်တော့ ဒီလွတ်လပ်သော လောကငယ်လေးကို ပိတ်လှောင်ထားတဲ့ အရာပဲ။ ခေါင်းတလား အစေခံ စီနီယာက ငါတို့ ထောင်ပေါင်းများစွာသော ကလန်သားတွေရဲ့ ကံကြမ္မာကို ထမ်းပိုးထားတယ်လို့တောင် ပြောလို့ရတယ်”
“ခင်ဗျားပြောချင်တာက တစ်ယောက်ယောက်သာ အဲ့အနီရောင် ခေါင်းတလာကြီးကို အောင်အောင်မြင်မြင်နဲ့ ရယူနိုင်ပြီး ဖျက်စီးပစ်နိုင်ခဲ့ရင်...” ရန်ကိုင် ရုတ်တရက် ထိတ်လန့်ဖွယ်ရာ ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်၏။
“အဲ့အခါကျ ဒီလောကငယ်လေး တစ်ခုလုံး ပျက်စီးပြီး ငါတို့အားလုံးလည်း လေဟာနယ်စွမ်းအားကြောင့် သေဆုံးသွားရလိမ့်မယ်” စီနီယာလီက ရှင်းပြလိုက်လေ၏။
ရန်ကိုင် ကြောင်သွားခဲ့ပြီး သူ့ကျောတစ်ပြင်လုံး စိမ့်တက်သွားခဲ့ကာ “ခင်ဗျားတို့က ကိုယ်ကံကြမ္မာ ကိုယ်မပိုင်တာပါလား”
“နင်လည်း အတူတူပဲလေ” စီနီယာလီက အသာအယာ ပြုံးလိုက်ပြီး “ဒါကြောင့် ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ခွါနိုင်ဖို့အတွဥ် နင်အလုပ်ကြိုးစားသင့်တယ်။ နင်က ဒီနေရာဆီ အရင်တုန်းက ရောက်လာခဲ့တဲ့ လူတွေနဲ့ ကွဲပြားပြီး ငါတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်တယ်”
ထိုအချိန်မှာပဲ စီနီယာလီက ရုတ်တရက် မေးလိုက်လေ၏ “ဟုတ်သားပဲ၊ နင်အခု ဘယ်အဆင့် ဆေးပညာရှင် ဖြစ်နေပြီလဲ။ ဘယ်အဆင့် ဆေးလုံးကိုရော နင်သန့်စင်နိုင်နေပြီလဲ”
ရန်ကိုင်က ချောင်းဟန့်လိုက်၍ “ကျုပ်က မြေကမ္ဘာအဆင့် ဆေးလုံးတွေကို သန့်စင်နိုင်ရုံပဲ ရှိသေးတယ်”
မိန်းမငယ်လေး ကွမ်းအာမှာ သူမး၏ပါးစပ်လေးကို လက်ကလေးဖြင့် အုပ်လိုက်ပြီး စီနီယာလီပင် ရန်ကိုင်ကို မယုံကြည်နိုင်စွာဖြင့် ငေးစိုက်ကြည့်နေခဲ့လေ၏။
ရန်ကိုင်က တကယ့်ကို ယုံကြည်ချက်အပြည့်ဖြင့် ပြောနေခဲ့သဖြင့် သူသည် အဆင့်မြင့် ဆေးပညာရှင် တစ်ယောက် ဖြစ်မည်ဟု သူမတို့တွေ ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုမူက ရန်ကိုင်သည် သူမတို့ ထင်ထားခဲ့သလို မဟုတ်ချေ။
ထိုအပြင်လူသည် ဆေးပညာလမ်းကြောင့် စတင် ခြေချရုံသာ ရှိသေးသည့် ဆေးပညာရှင်လေး တစ်ယောက်သာ ဖြစ်သေး၏။ ထို့ကြောင့် သူမတို့ နှစ်ယောက်စလုံး စိတ်မပျက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြရ၏။
သို့သော် ရန်ကိုင်က ရယ်သာရယ်လိုက်ပြီး “အင်မော်တယ် တက်လှမ်းခြင်း အဆင့် မရောက်ခင်အထိ ဆေးပညာကို မလေ့ကျင့်ရဘူးလို့ ကျုပ်ဆရာက သင်ထားပေးခဲ့တာလေ။ ဒါကြောင့် ကျုပ်က ဆေးပညာကို လေ့လာချင်ပေမယ့် အခုမှပဲ လေ့လာနိုင်ခဲ့တာ”
“သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာဖို့ ရှင့်အတွက် အချိန်ဘယ်လောက်လောက် လိုမလဲ” ကွမ်းအားက မေးလိုက်လေ၏ “သူတော်စင်အဆင့် ပညာရှင်ကပဲ ကျွန်မတို့ လိုအပ်တဲ့ ဆေးလုံးကို သန့်စင်ပေးနိုင်မှာ”
“မကြာလောက်ပါဘူး” ရန်ကိုင်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်လေ၏။
“နင်ပြောတာ မှန်ပါစေလို့ပဲ ငါတကယ်ကို ဆုတောင်းပေးတယ်။ ငါတို့ရဲ့ တောင်းဆိုချက်ကို ဆယ်နှစ် အတွင်း ဖြစ်အောင် လုပ်ပေးနိုင်မှ ရမယ်။ မဟုတ်ရင်... နင်သေရလိမ့်မယ်” စီနီယာလီက လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး “ငါတို့က နင်တို့အပေါ် ကန့်သတ်ရက် သတ်မှတ်ထားချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလောကငယ်လေး တစ်ခုလုံး နတ်ဆိုးချီတွေနဲ့ ပြည့်နေတယ် ဆိုတာကိုတော့ နင်လည်း သတိထားမိ လောက်မှာပေါ့။ နင်သာ ဒီနတ်ဆိုးချီနဲ့ အချိန်အကြာကြီး ထိတွေ့မိသွားရင် နင့်ရဲ့ အသိစိတ်က ပိုပြီး စိတ်တို လွယ်လာပြီး နင်ကိုယ်တိုင်ကလည်း ပိုပိုပြီး ဒေါသကြီဂလာလိမ့်မယ်။ နောက်ဆုံး ဖျက်စီးဖို့၊ သောင်းကျန်းဖို့ပဲ သိတော့တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်တယ်။ ခေါင်းတလား အစေခံ စီနီယာ ပို့လိုက်တဲ့ လူတွေအားလုံးက အဲ့လို ကံကြမ္မာနဲ့ ကြုံတွေ့ခဲ့ရလို့ ငါတို့က သူတို့တွေကို သတ်ပစ်လိုက်ရတာပဲ”
“ဒီကိစ္စနဲ့ပက်သက်ပြီး ခင်ဗျားတို့ စိတ်အေးအေး ထားလို့ ရပါတယ်။ ဒီနတ်ဆိုးချီထဲမှာ နှစ်တစ်ရာကြာအောင် နေရင်တောင် ကျုပ်ဘာမှ ဖြစ်မှာမဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။
“ရှင့်ရဲ့ ယုံကြည်ချက်က မသေးလှပါလား...” ကွမ်အာက ရန်ကိုင်ကို အထင်အမြင် သေးသေးဖြင့် ကြည့်လိုက်ပြီး “ရှင်တို့ လူသားတွေက အမြဲတမ်းပဲ စကားကြီးစကားကျယ်တွေ ပြောကြတာပဲနော်။ ဒါပေမယ့် နောက်ဆုံးကျတော့လည်း လေသာကြီးကြတာ၊ ဘာမှ ဖြစ်မြောက်အောင် လုပ်နိုင်ကြတာ မဟုတ်ဘူး”
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၂) ဆေးပညာကို လေ့လာခြင်း
——————————————————————
ကျောက်တုံးခန်းထဲ၌၊ ရန်ကိုင်သည် ရေတိုင်ကီ အရွယ်အစားရှိ ဆေးမီးဖိုရှေ့ တစ်ခု၌ တင်ပလင်ခွေ ထိုင်နေခဲ့လေ၏။ ဆေးမီးဖိုထဲသို့ အစစ်အမှန်ချီကို ဖြည်းဖြည်းချင်း ထည့်သွင်းရင် ရိုးရှင်းသော စိတ်ဝိဥာဉ် အစီအရင် တစ်ခုအား တည်ဆောက်အာရုံ အာရုံစိုက်နေခဲ့၏။
တစ်ခဏကြာပြီးနောက် စိတ်ဝိဥာဉ် အစီအရင် ဖြစ်ပေါ်လာခဲ့ပြီး ရန်ကိုင်သည် ဆေးပင်များကို ဆေးမီးဖိုထဲသို့ အစီအစဉ်တကျ ထည့်သွင်းကာ ဆေးအစီအနှစ်များကို သူ၏ အစစ်အမှန်ချီဖြင့် စတင် သန့်စင်တော့လေ၏။
မကြာခင်မှဦပင် ဆေးပင်များသည် ဆေးအရည်များ အဖြစ် ပြောင်းလဲသွားခဲ့ပြီး အစုအဝေးတစ်ခုအဖြစ် စုစည်းသွားခဲ့လေ၏။ စိတ်ဝိဥာဉ်အစီအရင်နှင့် ရန်ကိုင်၏ အစစ်အမှန်ချီကြောင့် ထိုဆေးအရည်လုံးလေးသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့ရလေ၏။
ဆေးရနံ့ သင်းသင်း ဆေးမီးဖိုမှ စတင်ထွက်ပေါ်လာခဲ့ကာ ရန်ကိုင်လည်း ပို၍ အာရုံစိုက်လိုက်လေ၏။
တစ်ခဏကြာပြီးနောက် ရန်ကိုင် မျက်လုံးပွင့်သွားခဲ့ပြီး လက်ကွက်များ ဖန်တီးလိုက်ကာ ဆေးမီးဖိုထဲသို့ အစစ်အမှန်ချီကို မြန်နှုန်းမြှင့်ကာ ဖြည်းသွင်းလိုက်လေ၏။ ခဏအကြာ၌ အဝါရောင်ဆေးလုံးလေးတစ်လုံး ဆေးမီးဖိုမှ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်လည်း ထိုဆေးလုံးကို အလျင်အမြန်ပဲ ဖမ်းယူလိုက်လေ၏။
ဆေးလုံးလေးသည် စဖြစ်ကာစဖြစ်ရာ နွေးထွေးနေခဲ့၏။ ဆေးလုံးကို တစ်ချက်ရှူပြီး အရည်အသွေးကို စစ်ဆေးပြီးနောက် ရန်ကိုင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
မြေကမ္ဘာ အထွတ်အထိပ် အဆင့်...
သူ၏ လက်ရှိ အရည်အချင်း၊ အတွေ့အကြုံအရ သူသည် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးလုံးများကို အလွယ်တကူ သန့်စင်နိုင်နေလေပြီ။
ထိုဆေးလုံးကို အနားရှိ ကျောက်စိမ်းပုလင်းထဲ ထည့်ပြီးနောက် စိတ်ငြိမ်သွားအောင် လုပ်လိုက်၏။ ပြီးသည်နှင့် ဆေးသန့်စင်သည့် လုပ်ငန်းစဉ်ကို နောက်တစ်ကြိမ် ပြန်စလိုက်လေ၏။
သူနေထိုင်သည်နှင့် ကျောက်တုံးခန်းထဲ နတ်ဆိုးမျိုးနွယ်စုက ပေးထားသည့် ဆေးပင်အပုံလိုက်ကြီး ရှိနေခဲ့လေ၏။ လိုအပ်သည့် ဆေးပင်များ ရှိနေလေရာ ရန်ကိုင် အနေဖြင့် သူ့ဆေးပညာကို တိုးတက်အောင် လုပ်ရုံသာ ရှိတော့လေ၏။
ရန်ကိုင်သည် စိတ်မရှည်သည့် အရိပ်အယောင် မပြသလို စိတ်မသက်မသာ ဖြစ်သည့် အရိပ်အယောင်လည်း မပြချေ။ အလောင်းသယ်လူကြီးသည် သူ့ကို ဤနေရာသို့ ပို့လိုက်သည် ဖြစ်လျှင်ပင်၊ လှပသော အမျိုးသမီးငယ်လေး ပေးသည့် တာဝန်သည် မရိုးရှင်းသော်လည်း ဤနေရာသည့် သူ့အတွက် သက်သောင့်သက်သာ ဖြစ်သည်ဟု ရန်ကိုင် ခံစားနေရဆဲပင်။
ယခုအချိန်ထိတိုင် သူသည် ဆေးပညာကို လေ့လာချင်သော်ငြား သူ့တွင် လုံလောက်သည့် ဆေးအမယ် မရှိချေ။ ဆေးလုံးကို သန့်စင်ရန်အတွက် သူ့အတွက် ဗဟုသုတသာ ရှိပြီး လက်တွေ့အသိပညာ မရှိချေ။
ယခုမူ ရုတ်တရက် ယခုလို အခြေအနေမျိုး ရောက်ရှိလာခဲ့ရ၏။ နတ်ဆိုးမျိုးနွယ်စုသည် သူ့အား သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာအောင် အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ပေးမည် ဖြစ်လေရာ ရန်ကိုင်က အဘယ်ကြောင့် ဤနေရာမှ အလျင်စလို ထွက်သွားရမည်နည်း။ ထို့အပြင် သူထွက်သွားချင်လျှင်ပင် ထွက်သွား၍ မရနိုင်သေးချေ။
သူတွေ့ခဲ့သော ရင့်ကျက်သည့် မိန်းမလှလေး ဖြစ်သော စီနီယာလီ၊ အေးစက်စက် အလှလေး၊ လူအိုကြီးနှင့် သောက်မြင် ကတ်ဖွယ်ကောင်းသည် ချူကျန်း ဆိုသူတို့ အားလုံးသည် သူတော်စင် အဆင့် ပညာရှင်များ ဖြစ်သည်ကို ရန်ကိုင် သိနေခဲ့လေပြီ။
ထိုကဲ့သို့သော အားကောင်းသည့် ပညာရှင်များနှင့် ရင်ဆိုင်နေရရာ၌ ရန်ကိုင်သည် သူ့ကိုယ်သူ အရှက်ကွဲအောင် လုပ်ရမည်ကို စိတ်မဝင်စားချေ။
ယခုလုပ်ရန် လိုအပ်သည်မှာ သူ့ဆေးပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်ရန်ပင် ဖြစ်၏။ ဆေးပညာသည် ပျော်ရွှင်ဖွယ် ကောင်းရုံမက အစစ်အမှန်ချီကို သုံး၍ စိတ်ဝိဥာဉ် အစီအရင်များကို ဖန်တီးပါ များလာသောကြောင့် သူ့ကိုယ်ပိုင် ခွန်အားနှင့် စိတ်စွမ်းအင်ပါ တိုးတက်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရလေ၏။
မိန်းမငယ်လေး ကွမ်းအားသည် ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် တာဝန်ပေးထားခြင်း ခံရရာ သူမသည် ရန်ကိုင်နှင့် မီတာအနည်းငယ် အကွာမှ အမြဲနေလေ့ ရှိလေ၏။
ရန်ကိုင်သည် နောက်ထပ် ဆေးလုံးတစ်လုံးကို အောင်မြင်စွာ သန့်စင်နိုင်သည်ကို မြင်လိုက်သည်နှင့် ကွမ်းအာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။ လက်သီးလေး တင်းတင်းဆုပ်ရင်း သူမကိုယ်တိုင် ကာယကံရှင် ဖြစ်နေသည့် အလား ပျော်ရွှင်နေခဲ့လေ၏။
တစ်ခဏကြာပြီးနောက် စီနီယာလီ ပေါ်လာခဲ့လေ၏။ ယခုတစ်ကြိမ်တွင် သူမနှင့်အတူ အေးစက်စက် အမျိုးသမီးနှင့် အဖိုးကြီးတို့ပါ ပါလာခဲ့လေ၏။
“သခင်တို့သုံးယောက်ကို နှုတ်ဆက်ပါတယ်” ကွမ်းအားက အလျင်အမြန် နှုတ်ဆက်လိုက်လေ၏။
လူသုံးယောက်စလုံးသည် ကွမ်းအားကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်ဆီ လှမ်း၍ ကြည့်လိုက်၏။ ထို့နောက် စီနီယာလီက ကွမ်းအားကို မေးလိုက်လေ၏ “သူ့အခြေအနေ ဘယ်လိုရှိလဲ”
“အရမ်းကောင်းတယ်” ကွမ်းအားက လေးလေးနက်နက်ဖြင့် ပြန်ပြောလိုက်၏ “သူက တကယ်ကို အံ့အားသင့်စရာ ကောင်းပေမယ့် ဆေးပညာမှာလည်း အရမ်းကို ပါရမီပါတယ်။ အရင်တုန်းက သူ့မှာ အတွေ့အကြုံ မရှိဘူး ဆိုတာကို ကျွန်မ ပြောနိုင်တယ်။ ဒါပေမယ့် တစ်လအတွင်းမှာပဲ သူက မြေကမ္ဘာအဆင့် အထွတ်အထိပ် ဆေးလုံးကို အလွယ်တကူ သန့်စင်နိုင်နေပြီ။ ရက်အနည်းငယ် အတွင်းမှာပဲ ကောင်းကင်အဆင့် ဆေးလုံးကို သူသန့်စင်နိုင်လောက်လိမ့်မယ်”
“သူတကယ်ကို အဲ့လောက်တောင် ပါရမီပါတာလား” စီနီယာလီ၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူမ မျက်နှာထက် မျှော်လင့်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေ၏။
နောက်ဆုံးအကြိမ် ဤနေရာသို့ လာခဲ့စဉ်အခါက ရန်ကိုင်နှင့် စကားအရှည်ကြီး ပြောပြီးနောက် သူ၏ အရည်အချင်းနှင့် အတော်လေး ကျေနပ်မိသော်လည်း ရန်ကိုင်သည် ဆေးပညာလောကထဲသို့ ခြေချရုံထဲသာ ရှိသေးသည်ကို သိလိုက်ရသည့် အချိန်၌ သူမ စိတ်မပျက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေ၏။
ရန်ကိုင် မတိုင်ခင် ဤနေရာသို့ ရောက်လာခဲ့သော တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် လူများထဲ၌ ဆေးပညာကို တစ်ခါမှ မထိတွေ့ဖူးသေးသည့် လူများ ရှိခဲ့၏။ ထိုလူအားလုံး တစ်ယောက်ပင် ချွင်းချက် မရှိဘဲ အကုန်လုံးသည် ဆယ်နှစ်တာ ကြာပြီးနောက် ဘာမှ ဖြစ်မြောက် မလာခဲ့ပါချေ။
ထို့ကြောင့် ယခုတစ်ကြိမ်၌ စီနီယာလီသည် ရန်ကိုင်အပေါ် အများကြီး မမျှော်လင့်ထားခဲ့ချေ။ ရန်ကိုင်သည် ထိုလူများ ကဲ့သိုသာ ဖြစ်မည်ဟု တွေးနေခဲ့လေ၏။
သို့သော်လည်း ကွမ်းအားပြောသည်ကို နားထောင်ပြီးနောက် စီနီယာလီ လုံးဝကို အံ့အားသင့်သွားခဲ့ရ၏။
ထိုလူငယ်လေးသည် သူ့အရင်ရှေ့လူများနှင့် လုံးဝကို ကွဲပြားသည့် ပုံပင်။
“စီနီယာလီ၊ ဒီကောင်လေးသာ ဒီအတိုင်း ဆက်ပြီး တိုးတက်နေမယ် ဆိုရင် ဆယ်နှစ်အတွင်း သူတော်စင်အဆင့် ဆေးလုံးတွေကို တကယ်ပဲ သန့်စင်နိုင်လိမ့်မယ်” လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း အသာအယာ ခေါင်းညိတ်လိုက်လေ၏။ သူ့၏ ပါးရေတွန့်နေသော မျက်နှာထက် မျှော်လင့်ချက်တို့ ရစ်သိုင်းနေခဲ့လေ၏။
“သူ့စွမ်းဆောင်ရည်က တကယ်ကို ယုံကြည်ရတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ငါတို့ရှေ့မှာ ပြဿနာ တစ်ခု ရှိသေးတယ်...” အေးစက်စက် အမျိုးသမီးက ဝင်ပြောလိုက်လေ၏။
သူမစကားများကို နားထောင်ရင်း စီနီယာလီနှင့် အဖိုးကြီးတို့ နှစ်ယောက်စလုံး၏ အမူအရာ သုန်မှုန်သွားခဲ့၏။
“ဘာပြဿနာလဲ” ကွမ်းအာက စိတ်ရှုပ်ရှုပ်ဖြင့် မေးလိုက်၏။ ထိုလူသုံးယောက်၏ မျက်နှာကို ကြည့်ရုံဖြင့် ပြဿနာသည် အတော့်ကို မသေးသည်ကို သူမ သိလိုက်လေ၏။
စီနီယာလီက အသာအယာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏ “ဆေးအမယ် ပြဿနာပဲ။ လွတ်လပ်သော လောကငယ်လေးက ကျယ်ပြောပေမယ့် အကန့်အသတ်တော့ ရှိသေးတယ်လေ။ ဒီလောက် နှစ်တွေအကြာကြီး စုဆောင်းပြီးမှတော့ အထွက်နှုန်းကလည်း အရင်ကလို ဘယ်ကောင်းပါတော့မလဲ။ ငါတို့ဆီမှာ ရှိနေတဲ့ ဆေးအမယ်တွေက သူ့ကို သူတော်စင် အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးဖို့ လုံလောက်ပ့ါမလားတောင် မသိဘူး”
ပြဿနာ မည်မျှ ကြီးမားသည်ကို ကွမ်းအာ ရုတ်တရက် နားလည်သွားခဲ့လေ၏။
ထိုအပြင်လူသာ သူ့စွမ်းရည်ကို ထပ်မံမြှင့်တင်ချင်သည် ဆိုပါက သူသည် များပြားလွန်းလှသော ဆေးပင်များကို လိုအပ်ပေလိမ့်မည်။ လက်တွေ့များများ လုပ်နိုင်မှသာ သူ့ဆေးပညာ အရည်အချင်းသည် သူတို့လိုအပ်သည့် အဆင့်သို့ ရောက်ရှိလာပေလိမ့်မည်။
နတ်ဆိုးမျိုးနွယ်စုသည် သူတို့ ခွန်အားအပေါ် ယုံကြည်၏။ သူတို့ကိုယ်ထဲရှိ နတ်ဆိုးချီ၏ သဘာဝကြောင့် သူတို့သည် ဆေးပညာလေ့ကျင့်ရန် မသင့်တော်ကြချေ။ ထို့ကြောင့် သူတို့သည် ဆေးပင်များကို ရသည်နှင့် သန့်စင်ခြင်း မရှိဘဲ တိုက်ရိုက်သာ စားသုံးလေ့ ရှိကြ၏။
ထို့ကြောင့် နတ်ဆိုးမျိုးနွယ်စုမှ တော်တော်များများသည် လူသားမျိုးနွယ်စု၏ ဆေးဖော်စပ်နိုင်စွမ်းအား အတော့်ကို မနာလို အားကျကြ၏။ သူတို့သည် ထိုဆေးလုံးများကို ရရှိရန် လူသားမျိုးနွယ်စုဆီမှ အကျိုးအမြတ် ကြီးကြီးပေး၍ ဝယ်ကြရ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် နတ်ဆိုးမျိုးနွယ်စုသည် သူတို့ စုဆောင်းထားသော ဆေးပင်များစွာကို စားသုံးခဲ့ပြီးလေပြီ။ စီနီယာလီသည် ဆေးဥယျာဉ်များကို ပြုစုပျိုးထောင်၍ ဆေးပင်များ စိုက်ပျိုးထားသော်ငြား ထိုဆေးပင်များသည် ရန်ကိုင်ကို သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်ဖြစ်သည်အထိ ပျိုးထောင်ရန် မလုံလောက်ပါချေ။
“ကျွန်မတို့ ဘာလုပ်သင့်လဲ” ကွမ်းအာ ပျာတီးပျာယာ ခတ်သွားလေ။ မျှော်လင့်ချက် တွေ့ရသည့်အခါမှ ကုန်ကြမ်း မလုံလောက်သည့်အတွက် သူတို့၏ အစီအစဉ် ကျရှုံးရပေတော့မည်။
“ခေါင်းတလားအစေခံ စီနီယာကို အပြင်လောကကြီးက ဆေးပင်တွေ စုဆောင်းခိုင်းလို့ မရဘူးလား” ကွမ်းအားက အကြံပေးလိုက်၏။
စီနီယာလီက အသာအယာ ခေါင်းခါရမ်း၍ “ခေါင်းတလား အစေခံ စီနီယာက သေသွားတာ ကြာနေပြီ။ သူအခုလို လုပ်နေတာကလည်း သူ့အသုံးပြုခဲ့တဲ့ အထူးနည်းစနစ်ကြောင့်ပဲ။ ပြီးတော့ သူက ခဏတာပဲ လှုပ်ရှားနိုင်တာ”
လူအိုကြီးက တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဒေါသတကြီး ရေရွတ်လိုက်လေ၏ “ဒီနှစ်အတောအတွင်း ချူကျန်းက နတ်ဆိုးနတ်ဘုရား တပ်တွေဆီ ဘာဆေးပင်မှ မပေးခဲ့ဘူး။ သူ့မှာ စုမိဆောင်းမိထားတာ တော်တော် များနေလောက်ပြီ”
“ရှင်သူ့ဆီက တောင်းချင်နေတာလား” အေးစက်စက် အမျိုးသမီက မျက်ဝန်းမှေးစဉ်းလိုက်၍ “သူရှင်ပြောတာကို နားထောင်မှာ မဟုတ်ဘူး”
“စီနီယာလီက နတ်ဆိုးနတ်ဘုရားတပ်မတော်ရဲ့ အရှင်သခင်ပဲ။ ငါတို့ ကလန်သားတိုင်း သူ့ရဲ့ အမိန့်ကို နာခံရမယ်။ ချူကျန်းက အာခံရဲရင် သူကို ပုန်ကန်တယ်လို့ပဲ သတ်မှတ်ရတော့မှာပေါ့”
အေးစက်စက် အမျိုးသမီးက နှာခေါင်းရှုံ့၍ “သူပုန်ကနေတာ ရက်နည်းနည်းလေးတင် မကတော့ဘူး”
စီနီယာလီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူမ၏ ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့လေ၏။ ထို့နောက် သက်ပြင်း တစ်ချက် ရှူထုတ်လလျက် “ချူကျန်း ကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ဦး။ ငါတို့မှာ ရှိနေတဲ့ ဆေးပင်တွေက သူ့ကို ခဏလောက်အထိ ထောက်ပံ့ပေးထားလို့ ရသေးတယ်။ ဒီကိစ္စကို နောက်မှပဲ ရှင်းကြတာပေါ့”
အေးစက်စက် အမျိုးသမီးနှင့် လူအိုကြီးတို့ နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ကြလေ၏။
သူမလို ကြင်နာသည့်လူမျိုးသည် နတ်ဆိုးမျိုးနွယ်စုသည် လွန်စွာကိုမှ ရှားပါလှပေ၏။
“ကွမ်းအာ၊ သူ့ကို ဆက်ပြီး ဂရုစိုက်ထားလိုက်။ သူလိုအပ်တာရှိရင် လွန်လွန်ကဲကဲ မဖြစ်သရွေ့ သူ့ကို ကျေနပ်အောင် လုပ်ပေးလိုက်” စီနီယာလီက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ သခင်မ” ကွမ်းအာက အလျင်အမြန် ပြန်ပြောလိုက်၏။
ရင့်ကျက်သော မိန်းမလှလေးသည် ရန်ကိုင်ကို တစ်ချက် ကြည့်လိုက်ပြီး ကျန်နှစ်ယောက်နှင့်အတူ ထွက်သွားလေ၏။ ရန်ကိုင်သည် သူတို့၏ အကြည့်ကို သတိပြုမိလိုက်သည့်အလား အသံအကျယ်ကြီးနှင့် လှမ်း၍ အော်ပြောလိုက်လေ၏ “အချိန်ကိုက်ပဲ။ ကျုပ်ကလည်း ခင်ဗျားတို့ဆီကနေ အကူအညီ တောင်းချင်နေတာ”
စီနီယာလီက အသာအယာ ပြုံးလိုက်ပြီး အေးစက်စက် အမျိုးသမီး၊ အဖိုးကြီးနှင့်အတူ ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့ပြီး ကြင်နာသိမ်မွေ့စွာ မေးလိုက်လေ၏ “ဘာကိစ္စလဲ”
ရန်ကိုင်က ချက်ချင်း ပြန်မဖြေသေးဘဲ ဟိုကြည့်ဒီကြည့်သာ လုပ်နေခဲ့၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လူအိုကြီး မကျေမနပ် ဖြစ်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေ၏ “လူသားကောင်စုတ်လေး၊ မင်းရဲ့ ယုတ်ညစ်တဲ့ အကြည့်ကို ပြန်ရုတ်လိုက်စမ်း။ မဟုတ်ရင် ဒီလူအိုကြီးကိုယ်တိုင် မင်းကို သင်ခန်းစာ ပေးရလိမ့်မယ်”
ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်ပြီး ပြန်ပြောလိုက်လေ၏ “ခင်ဗျားကို ဘယ်လိုခေါ်သင်လဲလို့ ကျုပ်က စဉ်းစားနေတာပါ”
စီနီယာလီ တစ်ခဏတာလောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး အသာအယာ ပြုံးလျက် “ငါ့နာမည် လီရုန်”။ ပြောပြီးသည်နှင့် အေးစက်စက် အမျိုးသမီးနှင့် လူအိုကြီးကို ညွှန်ပြ၍ “သူတို့ နှစ်ယောက်က ဟန်ဖေးနဲ့ ဟွာမိုတို့ပဲ။ ကွမ်းအာကိုတော့ နင်သိပြီးသား ဖြစ်လောက်မှာပေါ့။ ငါတို့ကို စီနီယာလို့ ခေါ်ချင်ခေါ်၊ နာမည်နဲ့ တပ်ပြီးတော့ပဲ ခေါ်ချင်ခေါ်။ ကြိုက်သလိုသာ ခေါ်။ တကယ်တော့ ငါတို့တွေက နှစ်ဖက် အကျိုးတူ ပူးပေါင်းနေကြတာလေ”
“ဟန်ဖေးလား...” ရန်ကိုင်က အေးစက်စက် အမျိုးသမီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်၍ “လှလိုက်တဲ့ နာမည်ပါလား...”
ဟွာမို အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့ပြီး ဟန်ဖေးကမူ ရန်ကိုင်ကို အေးစက်စက် လေသံဖြင့် စိုက်ကြည့်ကာ “နင်ငါ့ကို မကြောက်တာလား။ အဲ့စကားကို အခြား တစ်ယောက် ကသာ လာပြောခဲ့ရင် နင့်လိုမျိုး သနားစရာကောင်းတဲ့ ခွန်အားမျိုးနဲ့ဆို၊ အဲ့လူ အခုအချိန်လောက်ဆို သေသွားလောက်ပြီ”
ရန်ကိုင်က ခေါင်းသာ ခါရမ်း၍ “ကျုပ်က ခင်ဗျားကို နည်းနည်း ရင်းနှီးနေသလို ခံစားရရုံလေးပါပဲ”
ယခုတစ်ကြိမ်တွင်မူ လူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရလေပြီ။
“နားလည်မှု လွဲမနေနဲ့။ ခင်ဗျားနဲ့ စိတ်ထားချင်း အရမ်းဆင်တဲ့ မိန်းကလေး တစ်ယောက်ကို ကျုပ်သိတယ်လို့ ပြောချင်တာ။ ပြီးတော့ ခင်ဗျားတို့လို လူမျိုးတွေက အပြင်ပိုင်းမှာသာ အေးစက်စက်နဲ့ ပြုမူနေကြတာ။ ဒါပေမယ့် အတွင်းပိုင်းကတော့... ဟဲဟဲ” ထိုအကြောင်း ပြောနေရင်း စုယန်၏ မျက်နှာလေးကို ရန်ကိုင် မြင်ယောင်မိလိုက်၏။
ရန်ကိုင် စကားကြောင့် ဟန်ဖေးမှာ ဒေါသတကြီး ပြန်ပက်ဖို့ လုပ်မည်အပြုမှာပ်င၊ ရန်ကိုင်က အလျင်အမြန်ပဲ စကား လမ်းကြောင်း လွှဲလိုက်လေ၏ “အဓိကအကြောင်းအရာ ဆီကိုပဲ သွားကြတာပေါ့”
“နင်ဘာပြောချင်နေတာလဲ” လီရုန်က မေးလိုက်ရာ ရန်ကိုင်က “ကျုပ်တို့က အကျိုးတူ ပူးပေါင်းနေတယ်လို့ ခင်ဗျားတို့က ပြောလာမှတော့ ခင်ဗျားတို့တွေ တစ်ခုခုကို ကျုပ်ဆီကနေ ဖုံးကွယ်ထားနေသေးတယ် ဆိုတာကို ကျုပ်သိတယ်။ ဒါပေမယ့် ဒီနေရာမှာ ဆေးပညာကို ဘာကိုမှ စိတ်မပူဘဲ စိတ်အေးလက်အေးနဲ့ လေ့လာလို့ ရတယ်။ ခင်ဗျားတို့ လျှို့ဝှက်ထားတာနဲ့ ပက်သက်ပြီး ကျုပ်ဘာကိုမှ မေးမှာ မဟုတ်ဘူး။ လူတိုင်းမှာ ကိုယ်စီ လျှို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပဲလေ”
လီရုန်က အသာအယာ ခေါင်းညိတ်လိုက်၏။
နတ်ဆိုးနတ်ဘုရားမြို့တော်၏ သခင် တစ်ယောက် အနေဖြင့် သူမသည် အပြင်လူတစ်ယောက်ဖြစ်သော ရန်ကိုင်အား အရေးကြီးသည့် အကြောင်းအရာများကို ပြောပြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကိစ္စအချို့အား ဖုံးကွယ်ထားသည်မှာ သဘာဝင်ပင် ဖြစ်ပေ၏။
“ဒါပေမယ့် ခင်ဗျားတို့သာ ကျုပ်ကို လျင်လျင်မြန်မြန်နဲ့ တိုးတက်စေချင်တယ် ဆိုရင် ကျုပ်ကို နည်းနည်းပိုပေးဖို့ လိုလိမ့်မယ်။ တကယ်တော့ ခင်ဗျားတို့ ကျုပ်အပေါ် ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကျုပ်က ဖမ်းဆီးထားခံ တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ကျုပ်သာ အကျိုးအမြတ်အချို့ မယူရင် ကျုပ်အနေဲ့ သက်သောင့်သက် ဖြစ်မှာမဟုတ်ဘူး” ရန်ကိုင်က ပြုံးလိုက်လေ၏။
“ငါတို့ဆီကနေ အကျိုးအမြတ်တွေ ထပ်ရိတ်ချင်သေးတာလား” ဟွာမိုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “လူသားကောင်စုတ်လေး၊ တစ်လက်မပေးလို့ တစ်ကိုက် လာမတောင်းနဲ့နော်။ ငါတို့တွေက မင်းရဲ့ လွတ်လပ်မှုကို ကန့်သတ်မထားတာနဲ့တင် မင်းအပေါ် တော်တော်လေး ကြင်နာလေးစားရာ ရောက်နေပြီ”
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၃) သူသေချင်နေတာလား
——————————————————————
ရန်ကိုင်သည် အကျဉ်းသား ဖြစ်နေသော်လည်း သူတို့အား ဈေးဆစ်ရဲသည့် သူ့အပြုအမူကို ဟွာမိုတကယ် မကြိုက်ချေ။
ရန်ကိုင်က အသာအယာလေးသာ ပြုံးလိုက်ပြီး “အဲ့လိုဆိုရင် ကျုပ်သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါ ခင်ဗျားတို့ လိုအပ်တဲ့ ဆေးလုံးကို သန့်စင်ပေးနေတဲ့ အချိန် မတော်တဆ အမှားတစ်ခုခုကို လုပ်မိရင် လုပ်မိနိုင်မှာပေါ့”
ထိုစကားကို ကြားလိုက်သည်နှင့် ခန်းမထဲတွင် ရှိနေသော အားလုံး၏ အမူအရာ မဲမှောင်သွားခဲ့လေ၏။ ဟန်ဖေးဆိုလျှင် ရန်ကိုင်ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်ပင် ကြည့်လာခဲ့လေပြီ။
“မင်းလုပ်ရဲလား” ဟွာမိုက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
သို့သော်လည်း လီရုန်က ဟွာမိုကို လှမ်းတားလိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ “ဒီလို ကိစ္စတွေ ဖြစ်လာဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။ ပြီးတော့ ငါတို့သာ နင်တောင်းဆိုတာကို ဖြည့်ဆည်းပေးနိုင်ရင် အဲ့လိုကိစ္စတွေ ဖြစ်မလာနိုင်ဘူးမလား”
“ကျုပ်စိတ်အခြေအနေပေါ် မူတည်တယ်” ရန်ကိုင်က ပုခုံးတွန့်ပြလိုက်လေ၏။
“အဲ့လိုဆိုမှတော့ ပြောကြည့်ပေါ့။ နင့်တောင်းဆိုချက်က အရမ်းကြီး မလွန်ကဲသရွေ့ နင့်ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ကွမ်းအာကို ငါပြောခဲ့တယ်။ အခု အခွင့်သင့် လာမှတော့ ငါကိုယ်တိုင်ပဲ နင့်တောင်းဆိုချက်ကို ဖြည်းဆည်းပေးနိုင်၊ မဖြည့်ဆည်းပေးနိုင်ကို နားထောင် ကြည့်ရတာပေါ့” လီရုန်က အသာအယာ ပြုံးလိုက်ပြီး နည်းနည်းလေးပင် ဒေါသထွက်သည့် အရိပ်အယောင် မပြခဲ့ချေ။
ရန်ကိုင်က လီရုန်ကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။ ထိုမိန်းမလှလေးသည် တကယ်ကို အကြင်နာတရား ကြီးမားသည့် မိန်းမတစ်ယောက်ပင် ဖြစ်၏။ သူမ၏ ကြင်နာတတ်သော စိတ်ထားသည် အပေါ်ယံမဟုတ်၊ မွေးရာပါ ဖြစ်၏။ ထို့အပြင် သူမသည် မွေးရာပါ ခေါင်းဆောင် အရည်အချင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ကာ ယွန်ရွှမ်ထက်ပင် ပို၍ ရင့်ကျက်သေး၏။ သူမ၏ မျက်ဝန်းများသည် တည်ငြိမ်ပြီး အသိဥာဏ်ကြွယ်ဝဟန် ရ၏။
အသာအယာ ပြုံးလျက် ရန်ကိုင်က အလျင်အမြန်ပင် ပြောလိုက်လေ၏ “တေဇောဓါတ်အသိစိတ်ပင်လယ်တွေကို ကျုပ်လိုချင်တယ်”
လီရုန်၊ ဟန်ဖေးနှင့် ဟွာမိုတို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း လီရုန်က ရယ်သွမ်းသွေးလိုက်လျက် “နင့်မှာ တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားပြီးသား မဟုတ်ဘူးလား။ ငါတို့ကို တေဇောဓါတ်အသိစိတ်ပင်လယ် ရုတ်တရက်ကြီး လာတောင်းနေတယ် ဆိုတာ့ ငါတို့ကို ခက်ခဲအောင်ပဲ လုပ်ချင်နေတာလား”
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် လီရုန်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လျက် “အချိန်တွေ မဖြုန်းဘဲ နေကြရင် ပိုမကောင်းဘူးလား။ ကျုပ်လိုချင်တာကို ခင်ဗျားသိပါတယ်”
စီနီယာသုံးယောက်စလုံး တိတ်ဆိတ်သွားခဲ့လေ၏။
သူတို့ တိတ်ဆိတ်နေသည်ကို မြင်သည်နှင့် အခွင့်ဆိုက်လာပြီးမှန်း သိလိုက်ကာ သံကိုပူနေစဉ် ထုရိုက်ရန် ကြိုးစားလိုက်လေ၏ “ခင်ဗျားတို့ တေဇောဓါတ် အသိစိတ် ပင်လယ်တွေကို သိမ်းထားလို့ကော ဘာထူးမှာမို့လို့လဲ။ တေဇောဓါတ်အသိစိတ်ပင်လယ်ကို သုံးပြီး ဆေးပညာရှင် တွေကို ပြုစုပျိုးထောင်ချင်နေတာလား။ ဟတ်၊ အခု လက်လျှော့ရင် ကောင်းလိမ်မယ်လို့ ကျုပ်အကြံပေးချင်တယ်။ ကျုပ်ခန့်မှန်းတာသာ မမှားရင် ခင်ဗျားတို့လည်း အကျိုးဆက်ကို သိလောက်မှာပေါ့။ ရှင်းရှင်းပြောရရင် ခင်ဗျားတို့ နတ်ဆိုး မျိုးနွယ်စုရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဆေးပညာအတွက် မသင့်တော်ဘူး”
“မင်းကြည့်ရတာ အတော့်ကို ဗဟုသုတ စုံတဲ့ပုံပဲ” ဟွာမိုလည်း အံ့အားသင့်သွားခဲ့လေ၏။ ရန်ကိုင် ပြောသည်မှာ အခြေခံအားဖြင့် မှန်ပေ၏။ ရန်ကိုင်သည် သူတို့၏ လျှို့ဝှက်ချက် အများစုကို သိထားလေရာ ဟွာမိုမှာ ဆွံ့အနေခဲ့ရလေ၏။
“ဒီမှာ ကျန်နေခဲ့တဲ့ ရှေးဟောင်း စာအုပ်တွေကို ကျေးဇူးတင်ရမှာပဲ။ အဲ့ထဲမှာ အကြောင်းအရာ တော်တော် များများကို မှတ်တမ်းတင်ထားတယ်လေ”
“မုန်းစရာကောင်းလိုက်တဲ့ လူသားတွေ” ဟွာမိုက အံကြိတ်လိုက်လေ၏။ ဤနေရာတွင် ကျန်ရစ်ခဲ့သော ရှေးဟောင်းစာအုပ်ထဲ သူတို့ နတ်ဆိုးနတ်ဘုရားမြို့တော်နှင့် သက်ဆိုင်သော အကြောင်းအရာ အချက်အလက်များ ပါမပါကို သူတို့တစ်တွေ အသေအချာ စစ်ဆေးပြီးသွားခဲ့ပါပြီ။ မဟုတ်လျှင် ထိုစာအုပ်များကို ရန်ကိုင်အား ဖတ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဆေးပညာရှင်တွေသာ နားလည်နိုင်သော အကြောင်းအရာ အချို့သည် ထိုစာအုပ်များထဲ ကျန်ရှိနေသေးသည့် ပုံပင်။
နောက်ဆုံး၌ လီရုန်က ခေါင်းညိတ်လိုက်၍ “ငါတို့ဆီမှာ သိမ်းဆည်းထားတဲ့ တေဇောဓါတ်အသိစိတ်ပင်လယ် ဒါဇင်ကျော် ရှိတယ်။ အဲ့တေဇောဓါတ် အသိစိတ်ပင်လယ်တွေ အကုန်လုံးကို ခေါင်းတလား အစေခံ စီနီယာ ပို့လိုက်တဲ့ လူသားတွေဆီကနေ ရထားခဲ့တာ။ အထူးနည်းလမ်းတွေသုံးပြီး ငါတို့တွေက အဲ့တေဇောဓါတ်အသိစိတ်ပင်လယ်တွေကို အကောင်းအတိုင်း နီးပါး ထိန်းသိမ်းထားနိုင်တယ်”
ရန်ကိုင် မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက် တောက်ပသွားခဲ့ပြီး နှုတ်ခမ်းလေးကို သပ်လျက် “အားလုံးကို ကျုပ်လိုချင်တယ်။ ခင်ဗျားတို့သာ ကျုပ်ကို ပေးနိုင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဆန္ဒတွေကို ကျုပ်ကျိန်းသေ ဖြည့်ဆည်းပေးမယ်”
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး” လီရုန်က အသာအယာ မျက်မှောင် ကြုံ့လျက် “နင်ပြောခဲ့သလိုပဲ။ ငါတို့တွေက တေဇောဓါတ် အသိစိတ်ပင်လယ်တွေကို သုံးပြီး ဆေးပညာရှင်တွေကို ပြုစုပျိုးထောင်ဖို့ ကြိုးစားနေတာ။ ဒါပေမယ့် ငါတို့ နတ်ဆိုး မျိုးနွယ်စုရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ငါတို့တွေက ဆေးပညာကို လေ့ကျင့်လို့ မရဘူး။ ဒါကြောင့် ငါတို့ ကလန်သားတွေထဲက တစ်ယောက်က အဲ့တေဇောဓါတ် အသိစိတ်ပင်လယ်ကို သန့်စင်ဖို့ ကြိုးစားလိုက်တာနဲ့ သူတို့ရဲ့ အသိစိတ်ပင်လယ် လောင်ကျွမ်း ခံရပြီး သေတော့တာပဲ”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်လေ၏။
ဤလောကငယ်ထဲ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိခံရပြီးနောက် ထိုနတ်ဆိုးမျိုးနွယ်စုသည် လူသားများ အပေါ်သက်သက်တွင်သာ အားကိုမည်ကို ရန်ကိုင် လုံးဝ မယုံကြည်ပါချေ။ သူတို့နည်း သူတို့ဟန်ဖြင့် ဤလောကဆီမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းများကို အဖြေရှာမည်မှာ မလွဲမသွေပင် ဖြစ်လေ၏။ သို့သော်လည်း မည်နည့်နည်းလမ်းမှ ရှာမတွေ့ခဲ့သည့်ပုံပင်။
“ခင်ဗျားတို့ နတ်ဆိုးမျိုးနွယ်စုက တကယ်ကို စိတ်ဝင်စားစရာပဲ။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ် ခွန်အားက အခြား မျိုးနွယ်စုတွေထက် အများကြီး ပိုသန်မာပေမယ့် ခင်ဗျားတို့တွေက ဆေးပညာကို ဘာလို့ လေ့ကျင့်လို့ မရတာလဲ” ရန်ကိုင်က ပြုံးလိုက်ပြီး တစ်ဖက်လူ၏ ကံဆိုးမှု လှောင်ပြောင်လိုက်လေ၏။
“ဒါက သဘာဝပဲ မဟုတ်ဘူးလား။ ငါတို့ ခန္ဓာကိုယ်တွေက ဒီလောက်တောင် အားကောင်းနေတာ ငါတို့သာ ဆေးပညာကို လေ့ကျင့်နိုင်ခဲ့ရင် ဒီလောကကြီးမှာ အခြားမျိုးနွယ်စုတွေအတွက် နေရာ ရှိပါဦးမလား”
“အဲ့လို ပြောရုံနဲ့ ငါတို့ နတ်ဆိုးမျိုးနွယ်စုက ဘယ်သူကမှ ဆေးပညာကို လေ့ကျင့်လို့ မရဘူးလို့တော့ မဆိုလိုဘူးလေ။ ထုန်းရွှမ် လောကကြီးရဲ့ နံပါတ်တစ်ဆေးပညာရှင်က ငါတို့ နတ်ဆိုးမျိုးနွယ်စုကပဲ။ နင်တို့ လူသားမျိုးနွယ်စုတွေရဲ့ ဂရမ်းမာစတာအဆင့် ဆေးပညာရှင်တွေတောင် သူ့ရှေ့မှာ ထိုင်ငိုသွားရလိမ့်မယ်” ဟန်ဖေးက ပြန်ပြောလိုက်လေ၏။
“အို။ အဲ့လို ပုဂ္ဂိုလ်မျိုး ရှိနေသေးတာလား။ သူဘယ်သူလဲ”
လီရုန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ဘာမှ ထပ်၍ မပြောတော့ချေ။ ချက်ချင်း မူလခေါင်းစဉ်ဆီ ပြန်သွားလိုက်ပြီး “ငါတို့မှာ ရှိတဲ့ တေဇောဓါတ် အသိစိတ် ပင်လယ်တွေက ငါတို့အတွက် သိပ်ပြီး အသုံးဝင်လှတာ မဟုတ်ဘူး။ နင်လိုချင်တယ် ဆိုရင် ပေးလို့ရတယ်။ ဒါပေမယ့် အဲ့တေဇောဓါတ် အသိစိတ်ပင်လယ်တွေကို အန္တရာယ် ကင်းကင်းနဲ့ သန့်စင်နိုင်လိမ့်မယ်လို့ နင်အာမခံနိုင်လား။ နင်သာ သေသွားရင် ငါတို့ တကယ်ကို ပြဿနာတက်မှာ။ တကယ်တော့ နင့်လို လူမျိုးတစ်ယောက်ကို ရှာဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ခေါင်းတလား အစေခံ စီနီယာတောင် ဆယ်စုနှစ် တစ်ခုကြာမှာ တစ်ယောက် ရှာတွေ့တာ”
“ကျုပ်က ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့လူလို့ ခင်ဗျား ထင်နေတာလား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်လေ၏။
လီရုန်က ရန်ကိုင်ကို အချိန်အတော်ကြာအောင် နက်နက်နဲနဲ စိုက်ကြည့်နေလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၍ “အဲ့လို ဆိုမှတော့လည်း နင်တောင်းဆိုတာကို ဖြည့်ဆည်းပေးရတာပေါ့။ တစ်လက်မပေးလို့ နောက်တစ်ကြိမ် တစ်ကိုက်ထပ်မလိုချင်ဖို့ ငါမျှော်လင့်ပါတယ်”
“ခင်ဗျားတို့နဲ့ စီးပွါးရေးလုပ်ရတာ တကယ်ကို ပျော်စရာ ကောင်းတာပဲ”
လီရုန်က ပြုံးကာ လှည့်ထွက်သွားလိုက်လေ၏။ သူမ ထွက်သွားနေစဉ်မှာပဲ သူမ၏ အသံသည် ရန်ကိုင်နားထဲသို့ ပျံ့လွင့်လာခဲ့လေ၏ “မနက်ဖြန်ကျ တေဇောဓါတ် အသိစိတ် ပင်လယ်တွေကို နင့်ဆီ ပို့ပေးလိုက်မယ်”
“ကောင်းတယ်”
ဟန်ဖေးက ရန်ကိုင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်၍ သတိပေးလိုက်လေ၏ “နင့်မှာ အချိန်ဆယ်နှစ်ပဲ ရှိတာ သတိရနော်။ ဆယ်နှစ်အတွင်း ငါတို့တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ရင် သေခြင်းတရားထက် ဆိုရွားတာက ဘာလဲဆိုတာ နင့်ကို ပေးမြည်းစမ်းခိုင်းမှာ”
သူမသည် ရန်ကိုင် ပြောခဲ့သော ‘အပြင်ပိုင်းမှာသာ အေးစက်စက်နဲ့၊ အတွင်းစိတ်ကျ နွေးထွေးတာ’ ဆိုတဲ့ စကားနဲ့ပက်သက်ပြီး ရန်ကိုင်ကို အငြိုးထားနေသေးသည့် ပုံပင်။ ယခုလို အငြိုးတေးထားခံရသည့်အခါ ရန်ကိုင်လည်း ဘာမှ မတတ်နိုင်ခဲ့ချေ။
သူတော်စင်အဆင့် ပညာရှင် သုံးယောက် ပျောက်ကွယ် သွားပြီးနောက် ကွမ်းအားလည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေ၏။
နောက်တစ်နေ့၌၊ ကွမ်းအားသည် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော လက်သီးတစ်လုံးစာ အရွယ်ရှိသည့် ပုလင်း ဒါဇင်ကျော်ကို သယ်လာခဲ့လေ၏။ ထိုပုလင်းအားလုံးထက် စိတ်ဝိဥာဉ် အစီအရင်များစွာဖြင့် စည်းတံဆိပ် ခတ်ထားခဲ့၏။
ထိုပုလင်းများကို ရန်ကိုင်ရှေ့၌ ချပေးလိုက်ပြီးနောက် ကွမ်းအာက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ “ဒီမှာ နင်တောင်းထားတဲ့ အရာတွေ”
ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပုလင်း တစ်လုံးကို အလျင်အမြန် ကောက်ယူလိုက်၏။ အစစ်အမှန်ချီကို သုံး၍ ပုလင်းပေါ် ခတ်နှိပ်ထားသော စည်းတံဆိပ်များကို ဖြေရန် လုပ်နေစဉ်မှာပင် ကွမ်းအာ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အော်ပြောလိုက်လေ၏ “ရှင်ဘာလုပ်နေတာလဲ”
“စည်းတံဆိပ်ကို ဖြေပြီး အထဲကဟာကို စုပ်ယူမလို့လေ” ရန်ကိုင်က တောက်ပစွာ ပြန်ပြုံးပြလိုက်လေ၏။
“ရှင်ရူးနေလား” ကွမ်းအာက စိုးရိမ်တကြီး အော်ဟစ်လိုက်လေ၏ “အဲ့တေဇောဓါတ်အသိစိတ် ပင်လယ် ပိုင်ရှင်တွေ အကုန်လုံးက မသေမျိုးအဆင့် ပညာရှင်တွေပဲ။ သူတို့ရဲ့ အသိစိတ်ပင်လယ်တွေက ရှင့်ထက် အများကြီး ပိုသန်မာတယ်ဟ၊ ရှင်သာ ဂရုမစိုက်ဘဲ စုပ်ယူလိုက်မယ်ဆိုရင် ကျွန်မတို့ ကလန်အဖွဲ့သားတွေလိုမျိုး လောင်ကျွမ်းပြီး သေသွားရလိမ့်မယ်။ ရှင်နောက်နေတာမလားဟင်”
“ကျုပ်နောက်တာမဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်လေ၏။
“အခြားပိုပြီး အန္တရာယ်ကင်းတဲ့ နည်းလမ်းလေးများ မရှိတော့ဘူးလား” ကွမ်းအာက အဆောတလျင် မေးလိုက်လေ၏ “ရှင်အဲ့အသိစိတ်ပင်လယ်တွေကို လိုချင်တယ်လို့ ပြောခဲ့တုန်းက ရှင့်မှာ အဲ့အသိစိတ်ပင်လယ် တွေကို အန္တရာယ်ကင်းကင်းနဲ့ စုပ်ယူနိုင်မယ့် နည်းလမ်းတစ်ခု ရှိနေတယ်လို့ စီနီယာလီက ထင်နေတာ။ မဟုတ်ရင် ဒီလောက် လွယ်လွယ်နဲ့ ရှင်ဆီ ပေးလိုက်မှာ မဟုတ်ဘူး။ ဒါသာ ရှင်အစီအရင်ဆိုရင်...”
“ကျုပ်က အစကတည်းက အခုလိုလုပ်ဖို့ စဉ်းစားထားတာ။ အခု၊ ခင်ဗျား မသေချင်သေးဘူးဆိုရင် ကျုပ်ဆီကနေ ဝေးဝေးဖယ်နေ”
“နေဦး၊ စီနီယာလီကို အကြောင်းကြားပြီး သူ့ဆီကနေ အကူအညီ လှမ်းတောင်းရမယ်” ကွမ်းအား အလျင်စလို ပြောပြီး ကျောက်တုံးခန်းလေးထဲမှ ပြေးထွက်သွဦးလေ၏။
“စီနီယာလီမရောက်ခင် ဘာမှမလုပ်နဲ့ဦးနော်”
သူမ ထိုစကား ပြောပြီးပြီးချင်းမှာပင် ချစ်ချစ်တောက် ပူလောင်သော အရှိန်အဝါတစ်ခုကို ကွမ်းအား ခံစားလိုက်ရ၏။
ထိုအပူသည် ခန္ဓာကိုယ်ကို မသက်ရောက်၊ ဝိဥာဉ်ကိုသာ သက်ရောက်၏။ ထိုအပူစွမ်းအင်ကြောင့် ကွမ်းအာ၏ စိတ်ဝိဥာဉ်သည် မဖော်ပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရ၏။
သူ၏ မျက်ဝန်းလှလှလေးများ ပြူးကျယ်သွားခဲ့ပြီး သူမ၏ ဝိဥာဉ် လောင်ကျွမ်းခံရမည် စိုးသည့်အတွက် အလျင်အမြန် ထွက်ပြေးတော့လေ၏။
ပြန်လှည့်ကြည့်လိုက်သည့်အခါ ကျောက်တုံးခန်းလေး တစ်ခုလုံး အနီရောင်ပင်လယ် ဖြစ်နေခဲ့ပြီး လေဟာနယ်ပင် ပြင်းထန်လှသော အပူလှိုင်းတို့၏ လွှမ်းခြုံထားခြင်း ခံရသည်ကို တွေ့လိုက်ရလေ၏။ မီးတောက် အစုအဝေးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ထိုမီးတောက် ပင်လယ်ထဲ အားကောင်းလှသော ကျင့်ကြံသူများ၏ တေဇောဓါတ် အသိစိတ်ပင်လယ် အကြွင်းအကျန်များ ပါဝင်နေသလို ထိုကျင့်ကြံသူသေသွားပြီးနောက် ကျန်ရစ်ခဲ့သည့် လက်ကျန် အတွေးအစအနများ ပါဝင်နေခဲ့လေ၏။
သို့သော်လည်း ကွမ်းအားကို ကြောက်လန့်တကြား ဖြစ်စေခဲ့သော ပြင်းထန်လှသည့် အပူသည် ထိုလူသား ကောင်စုတ်အပေါ် အကျိုးသက်ရောက်မှု မရှိသည့်ပုံပင်။
လူငယ်လေးသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့်သာ နေရာ၌ ထိုင်နေခဲ့၏။
ရုတ်တရက် သူ့နဖူးဆီမှ အားကောင်းလှသော စုပ်အား တစ်ခုထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုတေဇောဓါတ် အသိစိတ်ပင်လယ် တစ်ခုလုံး ဝါးမြိုခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့လေ၏။
ကွမ်းအာ မှင်သက်သွားခဲ့ပြီး အသက်ပင် မရှူနိုင်တော့ဘဲ ထိုမယုံကြည်နိုင်စရာ မြင်ကွင်းကို ငေးကြောင် ကြည့်နေခဲ့၏။
ကျောက်တုံးခန်းလေး နောက်တစ်ဖန် ပြန်လည် တည်ငြိမ် သွားခဲ့လေ၏။ သို့သော်လည်း ရန်ကိုင်သည် မကျေနပ်သေးသည့် အလား ကျန်ကျောက်စိမ်းပုလင်းလေးများကို ထပ်မံ ဖွင့်လိုက်လေ၏။
ကွမ်းအာမျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်တော့လေ၏ “အရူးကောင်ပဲ”
ကွမ်းအာသည် နောက်ပင် လှည့်မကြည့်တော့ဘဲ ထိုနေရာမှ အလျင်စလို ထွက်ပြေးတော့လေ၏။
တေဇောဓါတ် အသိစိတ်ပင်လယ် တစ်ခုတည်းနှင့်ပင် သူမမှာ သေလောက်အောင် ကြောက်နေခဲ့ရပြီးလေပြီ။ တေဇောဓါတ် အသိစိတ်ပင်လယ်ပေါင်း များစွာသာ တစ်ပြိုင်တည်း ထွက်ပေါ်လာမည် ဆိုပါက သူမအနေဖြင့် ကျိန်းသေ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ခဏကြာပြီးနောက် ကျောက်တုံးခန်းလေးထဲမှ အပူ စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့လေ၏။ ကြောက်လန့်တကြား ထွက်ပြေးနေသော ကွမ်းအာသည် ရိုက်ခတ်လာသော အပူလှိုင်းကြောင့် အားယားမှောက်လဲလုမတတ် ဖြစ်သွားခဲ့ရ၏။ သူမ မတ်တပ်ကောင်းကောင်း ပြန်ရပ်နိုင်သည့် အချိန်တွင်မူ ရန်ကိုင် လုပ်ရပ်ကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့သည့် နတ်ဆိုးနတ်ဘုရားမြို့တော်မှ လူပေါင်းများစွာ ရောက်ရှိ နေခဲ့ပြီးလေပြီ။
လီရုန်လည်း ရောက်ရှိလာခဲ့ပြီး တည်ကြည်လေးနက်သည့် အမူအရာဖြင့် မေးလိုက်လေ၏ “ဘာတွေ ဖြစ်နေတာလဲ။ ငါတို့ သိုလှောင်ထားတဲ့ တေဇောဓါတ်အသိစိတ် ပင်လယ်တွေကို သူ့ဆီ ပို့ပေးလိုက်တာ မဟုတ်ဘူးလား။ စည်းတံဆိပ်တွေအားလုံး ဘာလို့ ပွင့်သွားရတာလဲ”
“စည်းတံဆိပ် ပွင့်သွားတာ မဟုတ်ဘူး။ သူကိုယ်တိုင်ကကို အဲ့စည်းတွေကို ဖြည်ချလိုက်တာ...” ကွမ်းအာမှာ အော်ငိုချင်သော်ငြား မျက်ရည်က ကျမလာနိုင်ခဲ့။ ထို့ကြောင့် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို အလျင်စလိုသာ ရှင်းပြလိုက်လေ၏ “ကျွန်မသူ့ကို တားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့်...”
“သူသေချင်နေတာလား” အမြဲလိုလို တည်ငြိမ်နေသည် လီရုန်ပင် စိုးရိမ်စိတ် ဝင်သွားခဲ့ရလေပြီ။
ရန်ကိုင်ကို တေဇောဓါတ်အသိစိတ်ပင်လယ်များ ပေးရန် သဘောတူညီခဲ့သော်လည်း ရန်ကိုင်သည် ဤမျှ မဆင်မခြင် လှုပ်ရှားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
သူသာ ထိုစည်းအားကို ဖြည်လိုက်ပါက မည်ကဲ့သို့ အသက်ရှင်နိုင်မည်နည်း။
သို့သော်လည်း ရန်ကိုင်၏ ကျောက်တုံးခန်းလေးဆီသို့ အလျင်စလို ပြေးထွက်သွားပြီးနောက် လီရုန် ထိတ်လန့် တုန်လှုပ်သွားခဲ့ရလေ၏။
အဘယ်ကြောင့်ဆိုသော် အစောနလေးကပင် ခံစားခဲ့ရသော ပြင်းထန်လှသော အပူစွမ်းအင်တို့ ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့်ပင် ဖြစ်လေ၏။ ထိုလူသား ကောင်စုတ်လေးသည် မည်သည့် ဒဏ်ရာမှ မရရှိထားရုံမက ပျော်ရွှင်မှုအပြည့်နှင့်ပင် ထိုင်နေလိုက်သေး၏။
ထိုကောင်စုတ်သည် တေဇောဓါတ်အသိစိတ် ပင်လယ် အားလုံးကို စုပ်ယူပြီးသွားသည့် ပုံပင်။
လီရုန်အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး မျက်မှောင်လည်း ကြုံ့သွားခဲ့လေ၏။
ဒါဇင်ကျော်သော မသေမျိုးအဆင့်များ၏ တေဇောဓါတ် အသိစိတ်ပင်လယ် ဆိုသည်မှာ သူမပင် အလွယ်တကူ မကိုင်တွယ်နိုင်ရဲသည့် အရာမျိုးဖြစ်၏။ သို့သော်လည်း ထိုလူသားမျိုးနွယ်စုမှ ကောင်လေးသည် ထိုအသိစိတ်ပင်လယ် အားလုံးကို သူ့အသိစိတ်ပင်လယ်ထဲသို့ လွယ်လင့်တကူ ဆွဲယူသွားခဲ့လေ၏။
ဘယ်ကနေများ ယုံကြည်ချက်ရနေ၍ ဤမျှ ရဲတင်းစွာ လှုပ်ရှားဝံ့သနည်း။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၄) မမျှော်လင့်သော အဖြစ်အပျက်များ
——————————————————————
လီရုန်မျက်နှာ အဆက်မပြတ် ပြောင်းလဲနေခဲ့လေ၏။ မျက်မှောင်ကြုံ့သွားလိုက်၊ ပြေလျော့သွားလိုက်၊ နားမလည်နိုင် ဖြစ်လိုက်၊ စသဖြင့် အမျိုးမျိုး ပြောင်းလဲနေခဲ့လေ၏။
လူသားမျိုးနွယ်စုမှ ကောင်စုတ်လေးသည် တေဇောဓါတ် အသိစိတ်ပင်လယ် ဒါဇင်ကျော်ကို နည်းနည်းလေးပင် ပူပန် ကြောင့်ကြစိုးရိမ်ခြင်း မရှိဘဲ စုပ်ယူနိုင်ခဲ့၏။ ထို့ကြောင့် သူ့အသိစိတ်ပင်လယ်ထဲ၌ တေဇောဓါတ် အသိစိတ်ပင်လယ်၏ လောင်ကျွမ်းမှုကို ခုခံပေးနိုင်သည့် လျှို့ဝှက်ချက် တစ်ခုခု ရှိနေရပေမည်။
ရင့်ကျက်ပြီး ခံ့ညားကျက်သရေ ရှိသော မိန်းမလှလေးသည် ရန်ကိုင်၏ လျှို့ဝှက်ချက်ကို မသိချင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူမလက်ကို ဝှေ့ရမ်းလိုက်ပြီး ကျောက်တုံးခန်းလေး ပတ်လည်၌ အရံအတား တစ်ခု ဖန်တီးလိုက်လေ၏။ ထို့နောက် ရန်ကိုင်ရှေ့၌ တင်ပလင်ခွေ ထိုင်ချလိုက်ပြီး သူမ၏ ကျောက်စိမ်းသဖွယ် ချောမွတ်လှသော လက်လေးကို ဆန့်ထုတ်၍ သူမ၏ လက်ချောင်းလေးကို ရန်ကိုင်၏ နဖူးပေါ် အသာအယာ တင်လိုက်လေ၏။
ချက်ချင်းဆိုသလို လီရုန်၏ အသိစိတ်ပင်လယ်မှ ကောင်းကင်စိတ်အာရုံ အမျှင်တန်းလေးတစ်ခုသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ပြေးဝင်သွားခဲ့လေ၏။
ထိုလူငယ်လေး မည်သည့် အရာကို ဖုံးကွယ်ထားနေလဲ ဆိုသည်ကို သူမကိုယ်တိုင် မြင်တွေ့ချင်ပေသည်။
ရန်ကိုင် အသိစိတ်ပင်လယ်တစ်ခုလုံးကို တောက်လောင် ပူပြင်းလှသော အရှိန်အဝါတို့က လွှမ်းခြုံထားခဲ့ကာ အောက်ဘက်ရှိ ရေသည်ပင် ဆူပွက်နေခဲ့လေ၏။
ထိုအသိစိတ်ပင်လယ်ကို ကြည့်လျက် လီရုန်၏ စိတ်ထဲ မုန်တိုင်းထန်သွားခဲ့ရလေ၏။
ထိုကောင်စုတ်လေး၏ အသိစိတ်ပင်လယ် မည်မျှ အားကောင်းသည်ကို ယခု သူမသိသွားခဲ့ရလေပြီ။ ထိုကောင်စုတ်လေးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သော်ငြား သူ့စိတ်စွမ်းအင်သည် မသေမျိုး အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်၏ စိတ်စွမ်းအင်အောက် မနိမ့်ကျချေ။
ရန်ကိုင်သည် သူမတို့ရှေ့၌ သူ့စိတ်စွမ်းအင်ကို ထုတ်ပြခဲ့သော်လည်း ထိုအချိန်က ရန်ကိုင်သည် သူ့စိတ်စွမ်းအင်အား ထိန်ချန်ထားကြောင်းကို ယခုမှပင် လီရုန် နားလည်သွားခဲ့ရလေ၏။
လူသားကောင်စုတ်လေးသည် အမှတ်တကယ်ကို ဥာဏ်နီဥာဏ်နက် များလွန်းလှပေ၏။
အသိစိတ်ပင်လယ်၏ နေရာတစ်ခု၌ ဝိဥာဉ်ပုံရိပ်တစ်ခု ရှိနေခဲ့လေ၏။ ထိုဝိဥာဉ်ပုံရိပ်သည် ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွါးပင် ဖြစ်လေ၏။
ယခုအချိန်၌ ရန်ကိုင်ဝိဥာဉ်ကိုယ်ပွါးရှေ့၌ ဒါဇင်မကသော မီးတောက်များ ရှိနေခဲ့လေ၏။ ထိုတေဇောဓါတ် အသိစိတ် ပင်လယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အဖျက် စွမ်းအင်များကြောင့် ရန်ကိုင် အသိစိတ်ပင်လယ်သည် အချိန်မရွေး ပြိုတော့ကျမည့်အလား လှိုင်းထန်နေခဲ့လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လီရုန်လည်း စိတ်ပူမိသွားခဲ့လေ၏။
“စီနီယာလီ၊ အခြားတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ထဲကို ခိုးဝင်လာတာ မသင့်တော်ဘူးလို့ မထင်ဘူးလား” ရုတ်တရက်၊ ရန်ကိုင်ဝိဥာဉ်ကိုယ်ပွါး၏ မျက်ဝန်းအစုံ ပွင့်သွားခဲ့ပြီး လီရုန် ရှိနေသည့် နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
လီရုန်လည်း ကြောင်သွားခဲ့ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေ၏။ ရန်ကိုင် မသိဘဲ သူ့အသိစိတ်ပင်လယ်ထဲသို့ ခိုးဝင်နိုင်မည်ဟု သူမ တွေးနေခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် သူတို့ကြားက ခွန်အား ကွာခြားချက်သည် သေးမှ မသေးသည်လော။ သို့သော်လည်း ရန်ကိုင်၏ စိတ်စွမ်းအင်သည် လွန်စွာကိုမှ အားကောင်းနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ရန်ကိုင်သည် သူမကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သဖြင့် သူမလည်း ဆက်၍ ပုန်းနေစရာ မလိုတော့ချေ။ ပုန်းနေရာမှ ထွက်လာလိုက်ပြီး ရန်ကိုင်ဆီ ပျံသန်းသွားလိုက်ကာ သူမ၏ လက်ကို ဝှေ့ရမ်း၍ ရိုးရိုးသားသားဖြင့် ပြောလိုက်လေ၏ “တောင်းပန်ပါတယ်။ အဲ့တေဇောဓါတ် အသိစိတ်ပင်လယ်တွေ အကုန်လုံးကို ဘာမှမဖြစ်ဘဲ နင်ဘယ်လို စုပ်ယူလိုက်တာလဲ ဆိုတာကို ငါသိချင်လွန်းသွားလို့ပါ။ တကယ်တော့ ဒါက ငါတို့ နတ်ဆိုးနတ်ဘုရားမြို့တော်က နင့်အပေါ် ရင်းနှီးထားတာလေ။ နတ်ဆိုးနတ်ဘုရား မြို့တော်ရဲ့ သခင်တစ်ယောက်အနေနဲ့ အဲ့အသိစိတ်ပင်လယ်တွေကို နင်ဘယ်လို အသုံးပြုလဲ ဆိုတာ သိဖိုလိုအပ်တယ်လေ”
“စီနီယာလီက ငါ့ကို မယုံတာလား” ရန်ကိုင်က ပြုံးလိုက်လေ၏။
“အပြည့်အဝတော့ ဘယ်ယုံရဲပါ့မလဲ။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် အပြည့်အဝ ယုံကြည်လို့ရတဲ့ အဆင့်ထိ ရောက်သေးတာမှ မဟုတ်တာ။ အတိတ်တုန်းက သင်ခန်းစာ ရထားတော့ အခု စေ့စေ့စပ်စပ် လုပ်မှဖြစ်မယ်လေ”
ရန်ကိုင်က ပြန်၍ ခေါင်းညိတ်ပြလိုက်လေ၏။
“ဒီတော့၊ နင်ရဲ့ နည်းလမ်းလေးတွေ ငါ့ကို ပြလို့ရမလား။ ငါက စောင့်ပဲကြည့်နေမှာ၊ နင့်ကို မနှောင့်ယှတ်ဘူး ဆိုတာကိုတော့ စိတ်ချထားလို့ရတယ်” လီရုန်က ပြောလိုက်၏။ ရန်ကိုင် တေဇောဓါတ် အသိစိတ်ပင်လယ်ကို သန့်စင်နေစဉ် မတော်တဆ တစ်ခုခု ဖြစ်သွားမည်ကို သူမ စိုးရိမ်နေသည့် ပုံပင်။ အကယ်၍ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမသာ အနား၌ ရှိနေမည် ဆိုပါက သူ့ကို ကူညီပေးနိုင်ပေလိမ့်မည်။
သူမသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပြောနေသည်ကို သူသိသော်ငြား ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အားလုံးမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတယ်လေ။ ကျုပ်အသိစိတ်ပင်လင်ထဲကို ခင်ဗျား ခိုးဝင်လာတုန်းက ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေကို စီနီယာလီက ချောင်းကြည့်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ကျုပ်ထင်တယ်။ ဒါကြောင့်ပဲ စီနီယာလီကို ကျုပ်ချက်ချင်း မောင်းမထုတ်ခဲ့တာ။ ဘာလို့လဲ ဆိုတော့ စီနီယာလီက ယုံကြည်ထိုက်တဲ့ မိန်းမ တစ်ယောက် မို့လို့ပဲ။ အခု ကျုပ်တို့ကြားက အခြေအနေက ဒီအထိ ရောက်နေပြီ။ ဒါကြောင့် ခင်ဗျားအပေါ်ထားတဲ့ ကျုပ်ရဲ့ ယုံကြည်မှုကို ပျက်စီးသွားစေရအောင် ကျုပ်ကို တွန်းအား မပေးပါနဲ့”
ထိုတေဇောဓါတ်အသိစိတ်ပင်လယ်ထဲမှ အသိစိတ်များကို ဖယ်ရှားဖို့ရာ သူ့အနေဖြင့် ရွှေရောင်မျက်လုံးကို အသုံးပြုရပေမည်။
လီရုန် သူ့အသိစိတ်ပင်လယ်ထဲသို့ ခိုးဝင်လာသည်နှင့် ရန်ကိုင်သည် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းနှင့် ရွှေရောင် မျက်လုံးကို အလျင်အမြန် ဖုံးကွယ်ထားလိုက်ခြင်း ဖြစ်၏။
ထိုအရာများသည် မည်သူမှ အသိခံ၍ မရသော သူ၏ အလျှို့ဝှက်ဆုံးသော လျှို့ဝှက်ချက်များ ဖြစ်ပေ၏။ လီရုန်သာ ရည်ရွယ်ချက် ရှိရှိဖြင့် သူ့လျှို့ဝှက်ချက်များကို ချောင်းမြောင်း ကြည့်ရှုရန် မကြိုးစားသရွေ့ သူမအနေဖြင့် ထိုအရာများကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်၏ ချီးကျူးစကားကို ကြားလိုက်ရသည်တွင် လီရုန်၏ မျက်နှာ တစ်မျိုးတစ်မည် ထူးဆန်းသွားခဲ့ရလေ၏။ တကယ်တော့ သူမသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ခိုးဝင်လာခြင်း ဖြစ်သော်ငြား ရန်ကိုင်က သူမအား ချီးကျူး နေသေးသောအခါ သူမက ကိုးယိုးကားယား မဖြစ်ဘဲ မနေနိုင်ချေ။
“နင်တကယ်ပဲ ငါ့ကို နှင်ထုတ်မှ ဖြစ်မှာလား” လီရုန်သည် လွယ်လင့်တကူ လက်မလျှော့ချင်သေးရာ နှုတ်ခမ်းလေးကို ကိုက်လျက် ရန်ကိုင်ကို ထပ်မေးလိုက်လေ၏။
ရန်ကိုင်ကမူ ခေါင်းသာ ညိတ်ပြလိုက်၏။
လီရုန် သက်ပြင်းချလိုက်ပြီး “ကောင်းပြီလေ။ ဒီလိုဆို ငါလည်း ဆက်မနေတော့ဘူး။ သေချာတော့ ဂရုစိုက်ဦဂ”
ပြောပြီးသည်နှင့် သူမဆီမှ သိပ်သည်းလှသည့် စိတ်စွမ်းအင်တို့ ထွက်ပေါ်လာခဲ့ပြီး တေဇောဓါတ် အသိစိတ်ပင်လယ်များကို လွှမ်းခြုံသွားခဲ့လေ၏။
သူမသည် ရန်ကိုင်ကို မကောင်းကြံလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ခြင်း မဟုတ်လေရာ ရန်ကိုင်လည်း သူမ၏ အပြုအမူကို ရပ်တန့်ရန် မကြိုးစားခဲ့ချေ။
သို့သော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွါးသွားခဲ့လေ၏။ ရုတ်တရက် ဆိုသလို လီရုန်၏ ဝိဥာဉ်ကိုယ်ပွါး တုန်ခါသွားခဲ့ပြီး ရန်ကိုင် ဖုံးကွယ်ထားသည့် ရွှေရောင်မျက်လုံး အမှန်အကန်ကို ထွက်ပေါ်လာခဲ့လေ၏။
ရွှေရောင်မျက်လုံးသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေ၏။ ရန်ကိုင်သည် ထိုမျက်လုံးကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်ငြား ထိန်းချုပ် မရနိုင်ခဲ့ချေ။
ရွှေရောင်မျက်လုံးနှင့် ရင်ဆိုင်ရသည့်အခါ လွန်စွာကိုမှ အားကောင်းလှသော လီရုန်သည်ပင် ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ရလေ၏။
ဒါဇင်ကျော်သော တေဇောဓါတ် အသိစိတ်ပင်လယ် များသည်လည်း မုဆိုး၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့်အလား အကုန်လုံး တိတ်ဆိတ်သွားကာ အတူတူ စုဝေးသွားခဲ့ကြလေ၏။
လီရုန်သည် ထိုရွှေရောင်မျက်လုံးကို ငေးကြောင် စိုက်ကြည့်နေခဲ့လေ၏။
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်မျက်လုံးနှင့် ဆက်သွယ်ရန် အသည်းအသန် ကြိုးစားခဲ့သော်လည်း မည်သည့် တုန်ပြန်မှုမှ မရခဲ့ချေ။
ရွှေရောင်မျက်လုံးဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တေဇောဓါတ် အသိစိတ် ပင်လယ်များအားလုံးကို လွှမ်းခြုံသွားခဲ့လေ၏။ ရွှေရောင် မျက်လုံးသည် ရပ်တန့်သွားခြင်း မရှိဘဲ လီရုန်၏ ဝိဥာဉ်ကိုယ်ပွါးကိုပါ ဆက်လက် ရိုက်ခတ်သွားခဲ့လေ၏။
ရန်ကိုင်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေခဲ့လေ၏။
လီရုန်၏ ဝိဥာဉ်ကိုယ်ပွါးသည် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် အလျင်အမြန် ပျောက်ကွယ်သွားလေ၏။
လီရုန် ပျောက်ကွယ်သွားသည်နှင့် ရွှေရောင် မျက်လုံး သည်လည်း ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့လေ၏။ ရန်ကိုင်သည် ထိုအရာကြီးကို သုန်မှုန်နေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
တစ်ခဏကြာပြီးနောက် ရန်ကိုင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်ကာ သန့်စင်ပြီးသော တေဇောဓါတ် အသိစိတ် ပင်လယ်များကို လျစ်လျူရှုကာ သူ့အသိစိတ် ပင်လယ်ထဲမှ ပြန်ထွက်လိုက်လေ၏။
အလျင်အမြန် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် ထိုင်နေသော လီရုန်ကို တွေ့လိုက်ရ၏။ ယခု အချိန်၌ သူမ၏ မျက်ဝန်းအစုံသည် ပြူးကျယ်နေခဲ့ပြီး သူမ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်နေခဲ့လေ၏။ ချွေးသီးတို့သည် သူမ၏ နဖူးပြင်မှ အဆက်မပြတ် စီးကျနေခဲ့ပြီး ယခုလေးတင် ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးတစ်ခုမှ နိုးထားလာသည့် အလား သူ၏ မျက်နှာလှလှလေးသည် သွေးဆုတ် ဖြူလျော်နေခဲ့လေ၏။
ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ကျောက်တုံးခန်းလေးကို မမြင်နိုင်သော အရံအတားတစ်ခုက ကာဆီးထားကြောင်း သိလိုက်ရမှဘဲ ရန်ကိုင် အနည်းငယ် စိတ်ပေါ့ပါးသွားခဲ့ရ၏။
ရွှေရောင်မျက်လုံး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ကောင်းကောင်း သိထားရာ လီရုန်၏ ဝိဥာဉ်၏ ဝိဥာဉ်ကိုယ်ပွါး ဖျက်စီးခံလိုက်ရပြီမှန်း သူသိပေ၏။
ထိုမိန်းမသည် နတ်ဆိုးဘုရင် မြို့တော်၏ သခင်ဖြစ်ရာ သူမသာ သူ့ရှေ့တွင် သေသွားမည် ဆိုပါက သူသည်သာ တရားခံ ဖြစ်သွားရမည်ဖြစ်ကာ မည်သူကမှ သူဘာရှင်းပြပြ၊ ယုံကြည်လိမ့်မည် မဟုတ်ချေ။ ဆေးပညာကို ဆက်လက် လေ့လာရန် အသာထား၊ စုယန်နှင့် စီနီယာမမလေးတို့အား ရှာမည့် အကြံကိုလည်း အသာထား၊ သူ့အသက်ကိုပင် သူပိုင်တော့မည် မဟုတ်ချေ။ ဟွမ်ဖေးနှင့် ဟွာမိုတို့သည် စီနီယာလီအတွက် သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်ပေလိမ့်မည်။
သူ့စိတ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး လီရုန်ကို စစ်ဆေးကြည့်လိုက်ရာ လီရုန်သည် အကောင်းအတိုင်း ရှိနေသေးသည်ကို ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။
သူမ၏ ကြောက်လန့်တုန်လှုပ်နေသည့် အမူအရာမှလွဲ၍ သူမ၏ ရုပ်ခန္ဓာရော၊ စိတ်ဝိဥာဉ်ပါ နည်းနည်းမှ ဒဏ်ရာ ရထားခြင်း မရှိချေ။ အကြောင်းပြချက် အချို့ကြောင့်သာ သူမ၏ အတွေးများ ပရမ်းပတာ ဖြစ်နေသည့် ပုံပင်။
ဘာတွေ ဖြစ်သွားခဲ့တာလဲ ရန်ကိုင် စိတ်ရှုပ်နေခဲ့လေ၏။
ရွှေရောင်မျက်လုံး လှုပ်ရှားပြီ ဆိုသည်နှင့် သူ့အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်လာသည့် ပြင်ပကောင်းကင် စိတ်အာရုံ အားလုံး၏ အသိစိတ်များကို ရှင်းထုတ်ပစ်ပြီး သန့်စင်သော စိတ်စွမ်းအင် သက်သက်ကိုသာ ချန်ရစ်ထားလေ့ ရှိ၏။ သို့သော်လည်း လီရုန်နှင့်ကျ ထိုကဲ့သို့ ဖြစ်မလာခဲ့ချေ။
သူမ၏ ကျင့်ကြံခြင်းသည့် သူနှင့်ယှဉ်ရင် အရမ်းကြီး အားကောင်းနေလွန်း၍ များလား။ အခြား အကြောင်းအရင်းများ ရှိနေသေးသလော။
မည်သို့ပင် ဖြစ်စေ၊ လီရုန်သည် ဘေးကင်းနေသေးရာ ရန်ကိုင်မှာ အတော့်ကို စိတ်သက်သာရာ ရသွားခဲ့လေ၏။
သတိလစ်လုမတတ် ဖြစ်နေသော သူ့ရှေ့ရှိ အလှလေးကို ကြည့်ရင်း ရန်ကိုင်၏ အရှိန်အဝါသည် ဖြည်းဖြည်းချင်း ဆိုသလို အန္တရာယ်များလာခဲ့လေ၏။
ယခုလေးတင် လီရုန်သည် ရွှေရောင်မျက်လုံးကို မြင်သွားခဲ့ရာ ရန်ကိုင်စိတ်ထဲ သူမအား သတ်ပစ်မည့် အတွေးတို့ ချည်းနင်း ဝင်ရောက်လာခဲ့လေ၏။
သို့သော်လည်း တစ်ခဏတာ တွေဝေနေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ကာ သူမအား သတ်ပစ်မည့် အကြံကို စွန့်ပစ်လိုက်လေ၏။
သူမကို သတ်ပစ်လိုက်မည် ဆိုပါက ပို၍ ပြဿနာ ကြီးသွားနိုင်ပေ၏။
ပြန်ထိုင်လိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်၏။ ဤနေရာမှ ဆူညံသံကြီးကြောင့် နတ်ဆိုးနတ်ဘုရား မြို့တော်မှ လူများလည်း အထိတ်တလန့် ဖြစ်ကာ ရောက်လာကြသည့် ပုံပင်။ ကွမ်းအာ၏ အသံကိုပင် မကြာခဏ သူကြားနေခဲ့ရ၏။
ရန်ကိုင်ကမူ သူမ၏ အော်ခေါ်သံများကို လျစ်လျူသာ ရှုထားခဲ့လေ၏။
အချိန်တစ်ခဏကြာ စောင့်ဆိုင်းပြီးသည်နှင့် လီရုန် နိုးမလာခဲ့သေးချေ။ ထို့ကြောင့် ရန်ကိုင်သည် သူမကို လျစ်လျူရှု ထားလိုက်ပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ ပြန်ဝင်သွားလိုက်ပြီး သန့်စင်ထားခံရသည့် တေဇောဓါတ်အသိစိတ် ပင်လယ်များကို စုပ်ယူလိုက်လေ၏။
ရှေးဟောင်းစာအုပ်များထဲ၌ မိမိ၏ တေဇောဓါတ် အသိစိတ် ပင်လယ်ကို အခြားတေဇောဓါတ် အသိစိတ် ပင်လယ်များကို ဝါးမြိုပြီး အားကောင်းအောင် လုပ်နိုင်သည်ဟု ဖော်ပြထားသဖြင့် ရန်ကိုင်သည် ထိုတေဇောဓါတ် အသိစိတ် ပင်လယ်များကို တောင်းယူခဲ့ခြင်း ဖြစ်လေ၏။
သူ့တေဇောဓါတ် အသိစိတ်ပင်လယ်သာ ပို၍ အားကောင်းလာသည်နှင့် သူ့ဝိဥာဉ်ခွန်အားလည်း တိုးတက် လာနိုင်သလို ဆေးပညာရပ်ကို လေ့လာရာ၌လည်း ပို၍ လွယ်ကူ တိုးတက်နိုင်ပေ၏။
ထို့ကြောင့် လီရုန်တို့ဆီ၌ ဒါဇင်ကျော်သော တေဇောဓါတ် အသိစိတ်ပင်လယ်များ ရှိကြောင်း သိလိုက်ရသည်နှင့် ထိုတေဇောဓါတ် အသိစိတ်ပင်လယ် အားလုံးကို တောင်းယူခဲ့ခြင်း ဖြစ်ပေ၏။
တေဇောဓါတ် အသိစိတ်ပင်လယ်များကို စုပ်ယူခြင်း ဖြစ်စဉ်သည် လုံးဝကို ရိုးရှင်းလွယ်ကူ၏။ အကျိုးသက်ရောက်မှု သည်လည်း သိသာထင်သာလှလေ၏။
ပင်လယ်ပြင် မျက်နှာထက်မှ လောင်ကျွမ်းနေသော မီးတောက်မျက်နှာပြင်သည် ပိုပို၍ ကြီးမားလာခဲ့ပြီး ထိုထဲတွင် ကိန်းအောင်းနေသော စွမ်းအားများသည်လည်း ပို၍ အားကောင်းလာခဲ့လေ၏။
သူ့အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လာသည့် အချိန်၌ လီရုန် နိုးနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ ယခုအချိန်၌ ထိုရင့်ကျက်သော မိန်းမလှလေးသည် စိတ်ရှုပ်မှုအပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေခဲ့လေ၏။
အကြည့်ချင်း ဆုံသွားခဲ့သည့်အခိုက် လီရုန်သည် ကြောက်လန့်တုန်လှုပ်သွားသည့်အလား ချက်ချင်းဆိုသလို အကြည့် လွှဲဖယ်ပစ်လိုက်လေ၏။
“ခင်ဗျား အဆင်ပြေရဲ့လား” ရန်ကိုင်က မေးလိုက်ရာ လီရုန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်လေ၏။
“ခင်ဗျားမင်ခဲ့တဲ့ အရာကို မှတ်မိသေးလား” ရန်ကိုင်က လေးနက်တည်ကြည်စွာဖြင့် မေးလိုက်၏။
လီရုန်မှာ တစ်ခဏတာမျှ တွေဝေနေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ သို့သော် လည်း ချက်ချင်းပဲ ထပ်၍ ပြောလိုက်၏ “နင်စိတ်ပူစရာ မလိုပါဘူး။ ဒီကိစ္စအကြောင်း ဘယ်သူ့ကိုမှ ငါလိုက်ပြောမှာ မဟုတ်ဘူး”
“အိုး” ရန်ကိုင်က စပ်စုလိုသည့် အမူအရာလေးဖြင့် ပြောလိုက်လေ၏။
“နင်ငါ့ကို မယုံဘူးလား” လီရုန်က မျက်မှောင်ကြုံ့လျက် “နင့်ရဲ့ ခွင့်ပြုချက် မပါဘဲ ဒီအကြောင်းကို အခြားတစ်ယောက်ဆီ လျှောက်မပြောပါဘူးလို့ နတ်ဆိုးနတ်ဘုရားမြို့တော်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်”
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၅) ရူးသွပ်မနာလိုလောက်စရာ အလေးပေးမှု
——————————————————————
လီရုန်သည် အတည်ပေါက်ကြီးဖြင့် ထိုစကားများကို ပြောလိုက်၏။
မဟာနတ်ဆိုးနတ်ဘုရားကို တိုင်တည်ပြီး သစ္စာဆိုခြင်းသည် ဘာကို ဆိုလိုသည်မှန်း သူမသိသော်လည်း လီရုန် အမှန်ကို ပြောနေသည်ဟု သူခံစားမိ၏။
ရွှေရောင်မျက်လုံးကြောင့်ပဲ ကြောက်သွားတာများလား။ နတ်ဆိုးနတ်ဘုရား မြို့တော်သခင်ရဲ့ ငါ့အပေါ် သဘောထားက အခုလိုမျိုး ရုတ်တရက်ကြီး ပြောင်းလဲသွားစေရလောက်တဲ့ အခြားအကြောင်းအရင်းများ ရှိနေသေးတာလား ရန်ကိုင် မျက်မှောင်သာ ကြုံ့နေခဲ့လေ၏။ လီရုန်၏ ပြောင်းလဲသွားသော သဘောထားကို သူနားလည်ရ ခက်နေခဲ့လေ၏။
သို့သော် ထိုခန့်မှန်းချက်သည်လည်း မယုံကြည်နိုင်စွာရာ ကောင်းနေပြန်၏။ လီရုန်သည် သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်လေရာ သူမသည် ဤမျှ သွေးနည်းလိမ့်မည် လူတစ်ယောက် မဟုတ်ချေ။
အသာအယာ ခေါင်းညိတ်လျက် ရန်ကိုင်က ပြုံးလိုက်ပြီး “စိုးရိမ်စရာ မလိုပါဘူး။ ကျုပ် ခင်ဗျားကို ယုံပါတယ်”
ထိုစကားကြားမှာပဲ လီရုန် သက်ပြင်းချလိုက်နိုင်၏။ တစ်ခဏကြာပြီးနောက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရန်ကိုင်ဘက်လှည့်၍ ဆက်ပြောလိုက်၏ “အခု့ နင့်အရည်အချင်းကို ငါသိသွားပြီ။ ခုကနေစပြီး ငါတို့ နတ်ဆိုးနတ်ဘုရားမြို့တော်က နင့်ကို တတ်စွမ်းသလောက် ထောက်ပံ့ပေးမယ်။ နင့်အနေနဲ့ ဆေးပညာကိုသာ စိတ်အေးလက်အေးနဲ့ လေ့လာတော့။ ကျန်တဲ့ကိစ္စတွေ အားလုံးကို ငါပဲ ကြည့်ရှင်းလိုက်မယ်”
ပြောပြီးသည်နှင့် လီရုန်သည် သူမလက်ကို ဝှေ့ရမ်း၍ အရံအတားကို ဖမ်ရှားလိုက်ကာ ကျောက်တုံးခန်းလေးထဲမှ ထွက်သွားတော့လေ၏။
သူမ ထွက်သွားဖို့ လုပ်နေစဉ်မှာပင် ရန်ကိုင်ဘက် ပြန်ကြည့်၍ “ဟုတ်သားပဲ၊ နင်ပျင်းနေလို့ လျှောက်ပတ် ကြည့်ချင်တယ်ဆိုရင် ကွမ်းအာကို အကူအညီ တောင်းလို့ ရတယ်နော်။ နတ်ဆိုးနတ်ဘုရားမြို့တော်က နင့်ရဲ့ လွတ်လပ်မှုကို ကန့်သတ်မထားဘူး”
“အင်း၊ ကျေးဇူးပါပဲ” ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့လေ၏။
လီရုန် ထွက်သွားပြီးနောက် ရန်ကိုင် ခေါင်းခါရမ်းလိုက်၏။ ထိုရင့်ကျက်သော မိန်းမလှလေး သူ့အပေါ်ထားသည့် သဘောထားသည့် အပြောင်းကြီး ပြောင်းလဲသွားသည်ကို ရန်ကိုင် သေသေချာချာကို သတိပြုမိ၏။ သူသည် ထိုအချက်ကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း သူမ၏ အပြုအမူက ထိုအချက်ကို ဖော်ပြနေခဲ့လေ၏။
သူမည်ကဲ့သို့ တွေးတွေး နားမလည်နိုင်သည်နှင့် ရန်ကိုင်လည်း ထိုကိစ္စကို ဆက်၍ အာရုံမစိုက်တော့ဘဲ ဆေးပညာကို လေ့လာရာတွင်သာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်၏။
အခန်းအပြင်ဘက်၍ လီရုန်သည် လမ်းလျှောက်နေရင်း ရန်ကိုင် ကျောက်တုံးခန်းလေးဆီ ပြန်ပြန်၍ လှည့်ကြည့်နေခဲ့၏။ သူမ၏ မျက်ဝန်းများသည်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် လက်နေခဲ့လေ၏။ မကြာခင်မှာပင် ကွမ်းအာ သူမဆီ ရောက်ရှိလာခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏ “သခင်မ၊ အားလုံးအဆင်ပြေလား”
“အဆင်ပြေတယ်” လီရုန်က အသာအယာလေး ခေါင်းခါလိုက်ပြီး အလေးအနက်ဖြင့် ပြောလိုက်၏ “သူ့ကို ဆက်ပြီး ဂရုစိုက်ထားလိုက်”
“အော်၊ အင်း”
ပြောပြီးသည်နှင့် လီရုန်၏ ခန္ဓာကိုယ်လေး ရိပ်ခနဲ လက်သွားကာ ကွမ်းအာရှေ့မှ ပျောက်ကွယ်သွားလေ၏။
လက်ဖက်ရည် တစ်ခွက်သောက်စာ ကြာပြီးချိန်၌ လီရုန်သည် နတ်ဆိုးနတ်ဘုရား မြို့တော်၏ အတွင်းပိုင်း အကျဆုံး အခန်းထဲ၌ ပြန်ပေါ်လာခဲ့လေ၏။ ရောက်သည်နှင့် ကျောက်တုံးတံခါးကို အလျင်စလို ဖွင့်လိုက်ပြီး အခန်းထဲသို့ ပြေးဝင်သွားလေ၏။
ထိုလျှို့ဝှက်အခန်းကို အရံအတားပေါင်း များစွာဖြင့် ကာရံထားပြီး ထိုအခန်းထဲ နတ်ဆိုးနတ်ဘုရား မြို့တော်၏ အဖိုးအတန်ဆုံးသော ရတနာများ ရှိနေခဲ့၏။ နတ်ဆိုး နတ်ဘုရားမြို့တော်၏ သခင်သည်သာ ထိုအခန်းထဲ ဝင်ခွင့် ရှိလေ၏။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် အခန်းထောင့်ဆီ လမ်းလျှောက်သွားလိုက်ပြီး စာအုပ်စဉ်မှ စာအုပ်ထူထူကြီး တစ်အုပ်ကို လှမ်းဆွဲယူလိုက်လေ၏။ ထိုစာအုပ်ကြီး တစ်ခုလုံး ဖုန်များနှင့် ပြည့်နေခဲ့၏။ သို့သော်လည်း လီရုန်သည် အလျင် လိုနေဟန်ရကာ ထိုဖုန်များကိုပင် အလျင်စလိုသာ သုတ်လိုက်ပြီး စာအုပ်ကို စလှန်လိုက်၏။
တစ်ခဏကြာပြီးနောက် လီရုန်၏ မျက်ဝန်းအစုံသည် ရှေးဟောင်းစာအုပ်၏ စာမျက်နှာတစ်ခု၌ ရပ်တန့်သွားခဲ့၏။ ထိုစာသားကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လာခဲ့ကာ အသက်ရှူနှုန်းသည်လည်း မြန်ဆန်လာခဲ့ရလေ၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှပဲ လီရုန်သည် စာအုပ်ကိုချ၍ မျက်လုံး ပိတ်လိုက်၏။ အသက်ပြင်းပြင်း တစ်ချက်ရှူ၍ စိတ်ငြိမ်အောင် လုပ်လိုက်ပြီးနောက် အတွေးထဲ နစ်မြောသွားခဲ့လေ၏။
မျက်လုံးပြန်ဖွင့်လာသည်နှင့် လီရုန်၏ မျက်လုံးတို့သည် ပြတ်သားသော အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပနေခဲ့၏။ သူမသည် ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ပြီးသွားသည့် ပုံပင်။ စာအုပ်ကို စာအုပ်စဉ်ပေါ် ပြန်ထားပြီးသည်နှင့် အခန်းထဲမှ အလျင်အမြန် ထွက်သွားလေ၏။
နောက်တစ်နေ့...
ရန်ကိုင်သည် ဆေးဖော်စပ်ခြင်းအမှုထဲ နစ်မြောနေစဉ် ကျောက်တုံးတံခါး ပွင့်သွားခဲ့ပြီး ကွမ်းအာက ဦးဆောင်၍ နတ်ဆိုးမျိုးနွယ်စု တစ်သိုက် ဝင်လာခဲ့လေ၏။
ထိုလူများ၏ ရောက်ရှိလာမှုကြောင့် ရန်ကိုင်လည်း ကြောင်သွားခဲ့ရပြီး စိတ်ရှုပ်သွားခဲ့ရလေ၏။ ထိုလူများ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် ရန်ကိုင်လည်း ဆေးဖော်စပ်ရာ၌ သတိလွတ်သွားကာ အနက်ရောင်မီးခိုးတို့သည့် သူရှေ့ရှိ မီးဖိုထဲမှ ထွက်ပေါ်လာခဲ့ရလေ၏။
သူသန့်စင်နေသော ဆေးပင်များ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရလေပြီ။
ကွမ်းအာသည် ရန်ကိုင်ကို လျစ်လျုရှူထားလိုက်ပြီး ထိုနတ်ဆိုးမျိုးနွယ်စုမှ လူများကို အမိန့်ပေးလိုက်လေ၏။
ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း ရန်ကိုင် ပိုပို၍ စိတ်ရှုပ်သွားခဲ့ရလေ၏။
ထိုလူများသည် ပြဿနာရှာရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ သူ့အခန်းကို သန့်ရှင်းပေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏။
ထိုလူများသည် ကြီးမား၍ သက်သောင့်သက်သာ ရှိဟန်ရသော အိပ်ရာကြီးတစ်ခုလုံးကို သယ်လာခဲ့ပြီး သူ့အခန်းထောင့်၌ ချထားလိုက်၏။ စားပွဲခုံအသစ်၊ ထိုင်ခုံ အသစ်များကိုလည်း သယ်လာခဲ့ပြီး အခန်းထဲ၌ အစီအစဉ်တကျ ချထားလိုက်လေ၏။ ပြီးသည်နှင့် လှပသော အစေခံမလေး တစ်သိုက်သည် အရသာရှိလှသော စားကောင်းသောက်ဖွယ် များကို သယ်လာ၍ စားပွဲပေါ်တွင် စီစီရီရီ ချထားပေးလိုက်လေ၏။
မကြာခင်မှာပင် ကျောက်တုံးခန်းလေးသည် သင်းပျံ့သော ရနံ့တို့ဖြင့် ပြည့်သွားခဲ့လေ၏။
ထိုလူများ ပြင်ဆင်ပြီးသည်နှင့် အေးစက်၍ မှုန်မှိုင်းနေသော ကျောက်တုံးခန်းလေးသည် နွေးထွေးပြီး နေချင်စရာ ကောင်းလှသော အခန်းလေးတစ်ခန်းအဖြစ် ပြောင်းလဲသွားခဲ့လေ၏။
ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားခဲ့လေ၏။
အားလုံးပြီးသည်နှင့် ရန်ကိုင်က ကွမ်းအားကို လက်ယပ်ခေါ်လိုက်၏ “ဒီကို လာဦး”
ကွမ်းအာက ရန်ကိုင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းလေးများကို မှေးစဉ်းလိုက်ကာ မေးလိုက်၏ “ဘာကိစ္စလဲ”
“ဒါတွေက ဘာတွေလဲ” ရန်ကိုင်က တိုက်ရိုက်သာ မေးလိုက်လေ၏။
“နင့်ကို ဂရုစိုက်ပေးဖို့ စီနီယာလီက ငါတို့ကို အမိန့်ပေးလိုက်လို့လေ”
“အဲ့လိုဆိုရင်တောင် ဒါက များလွန်းမနေဘူးလား။ ဘာအကြောင်းကြောင့်များ အခုလိုတွေ လုပ်နေရတာလဲ” ရန်ကိုင်က သတိထား၍ မေးလိုက်လေ၏။ နတ်ဆိုး နတ်ဘုရား မြို့တော်သည် သူ၏ လွတ်လပ်မှုကို မကန့်သတ်ဘဲ သူလိုအပ်သော ဆေးအမယ်များကို ပေးနေသည်နှင့်ပင် ရန်ကိုင် မျှော်လင့်ထားသည်ထက် ပိုနေခဲ့လေပြီ။ သို့သော် လီရုန်သည် ထိုမျှပင် မကသေးဘဲ သူ့အား အရေးကြီးသည့် ဧည့်သည့် တစ်ယောက်လို ဆက်ဆံနေလေရာ ရန်ကိုင်စိတ်ထဲ သင်္ကာမကင်း ဖြစ်မိသည်မှာ သဘာဝပင် ဖြစ်လေ၏။
“ငါလည်း သိချင်နေတာ” ကွမ်းအာက ရန်ကိုင်ကို ကြည့်လျက် “အကျင့်မကောင်းတဲ့လူသား၊ စီနီယာလီကို ဘယ်လို အလိမ်စကားတွေ ပြောလိုက်လို့ စီနီယာလီက နင့်ကို အခုလိုမျိုး ဆက်ဆံနေရတာလဲ”
“စီနီယာလီက အလွယ်တကူ လိမ်လို့ရမယ့် လူတစ်ယောက်လို့ နင်ထင်နေတယ်ပေါ့” ရန်ကိုင်က လှောင်ပြောင်လိုက်ရာ ကွမ်းအာက ပြန်အော်လိုက်လေ၏ “နင့်မှာ အဲ့လို အရည်အချင်း မရှိပါဘူးနော်”
“ဘာပဲဖြစ်ဖြစ်၊ ငါ့ကို လာမေးမနေနဲ့။ အခုလောလောဆယ် ငါက သခင်မ အမိန့်အတိုင်း လုပ်နေတာ။ ဘာပဲဖြစ်ဖြစ်၊ ဒီမှာ ရှိနေတဲ့ ပစ္စည်းအားလုံးက နင့်အပိုင်ဆိုတော့ နင့်စိတ်ကြိုက်သာ လုပ်ပေတော့”
ပြောပြီးသည်နှင့် ကွမ်းအာသည် သူမလက်ကို ဝှေ့ရမ်း၍ ထိုအဖွဲ့ကို ဦးဆောင်ကာ အခန်းထဲမှ ပြန်ထွက်သွားလိုက်လေ၏။
သူတို့ ထွက်သွားပြီးနောက် ရန်ကိုင်သည် ကွမ်းအာတို့ ပို့လာသည့် ပစ္စည်းများကို အသေအချာ စတင် စစ်ဆေးတော့လေ၏။
အစားအစာနှင့် ပက်သက်၍ မည်သည့် ပြဿနာမှ မရှိသည့်အပြင် အားလုံးသည် သေချာပြင်ဆင်ပေးထားသည့် ပုံပေါက်၏။ ထိုအစားအသောက်များထဲ အသုံးပြုထားသည့် ဟင်းအမယ် များစွာကို မသိသော်ငြား ထိုဟင်းပွဲမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်း ယဲ့ယဲ့လေးများကို အာရုံခံမိနေခဲ့၏။
ကုတင်အကြီးကြီးသည်လည်း အကောင်းစားပင် ဖြစ်၏။ ထိုကုတင်ကို မည်သည့် ပစ္စည်းများသုံး၍ လုပ်ထားသည်ကို မသိသော်ငြား ကုတင်ပေါ်တွင်မူ စိတ်ဝိဥာဉ် အစီအရင် များစွာကို ရေးထွင်းထားခဲ့၏။ သူသာ ထိုကုတင်ပေါ်ထိုင်၍ ကျင့်ကြံမည် ဆိုပါက သူ့ကိုယ်သူ အားပြန်ဖြည်သည့်နှုန်းသည် လွန်စွာကိုမှ မြန်ဆန်သွားပေလိမ့်မည်။ ကွမ်းအာ သယ်လာခဲ့သည့် ပစ္စည်းများထဲ သလင်းကျောက်များပင် ရှိနေသေး၏။
သူကို တကယ်ပဲ အရေးကြီးသည့် ဧည့်သည် တစ်ယောက် အဖြစ် ယူဆနေခြင်းလော။ ထို ဒါဇင်ကျော်သော သလင်းကျောက်များကို ရန်ကိုင် ဝေ့ကြည့်လိုက်လေ၏။
နတ်ဆိုးနတ်ဘုရား မြို့တော်မှ လူများသည် ဤသီးခြား လောကငယ်လေး၌ ပိတ်မိနေခဲ့ရာ သလင်းကျောက်သည် သူတို့ အတွက် အထူးရှားပါးပေလိမ့်မည်။ သို့သော်လည်း လီရုန်သည် သလင်းကျောက် ဒါဇင်ကျော်ကို သူ့ဆီ ရုတ်တရက်ကြီး ပေးလာခဲ့၏။
ဘာတွေ ဖြစ်နေတာလဲကွာ
တစ်ခဏလောက် စဉ်းစားနေပြီးနောက် ဆက်၍ မစဉ်းစားတော့ဘဲ သူ့ဆီ ယူလာပေးသော အစားအသောက် များကို စားသုံးလိုက်၏။ ဗိုက်ဖြည့်ပြီးသည်နှင့် ကုတင်ပေါ်ထိုင်၍ အားပြန်ဖြည့်လိုက်၏။ ပြီးသည်နှင့် သူ့ဆေးဖော်စပ်ခြင်း လုပ်ငန်းကို ဆက်၍ လုပ်ဆောင်တော့လေ၏။
ထိုကနေ့မှစ၍ ကွမ်းအာသည် အထူးတလည် ပြင်ဆင် ပေးထားသော စားသောက်ဖွယ်ရာများကို သူ့ဆီ နေ့စဉ် ယူဆောင်လာပေးလေ၏။ ရန်ကိုင်သည် ထိုအစားအသောက် များကို စားသုံးပြီသည့်နှင့် တစ်ခတာမျှ သူ့ကို အားပြန်ဖြည့်၍ ဆေးဖော်စပ်ခြင်းကို လုပ်ဆောင်၏။ ဤနည်းဖြင့် ရန်ကိုင်၏ ဆေးဖော်စပ်စွမ်းရည်သည် လျင်မြန်စွာ တိုးတက်လာနေခဲ့၏။
နှစ်လကြာပြီးနောက် ရန်ကိုင်သည် စိတ်ဝိဥာဉ်အစီအရင် ကိုပင် အားကိုးအားထား မပြုဘဲ ကောင်းကင်အဆင့် ဆေးလုံးများကို အလွယ်တကူ သန့်စင်နိုင်နေလေပြီ။
လီရုန်သည် မကြာခဏ သူ့ဆီ လာရောက်၍ သူ၏ တိုးတက်မှုကို စစ်ဆေး၏။
ရန်ကိုင်၏ မြန်ဆန်လှသော တိုးတက်နှုန်းသည် သူမအား အကျေနပ်ကြီး ကျေနပ်စေခဲ့၏။
ရန်ကိုင်သည်သာ ထိုနှုန်းအတိုင်း တိုးတက်နေမည် ဆိုပါက နှစ်အနည်းငယ် အတွင်းမှာပင် သူသည် သူတော်စင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော တိုးတက်နှုန်းသည် သူမ မျှော်လင့် ထားသည်ထက်ပင် ကျော်လွန်နေသေးရာ လီရုန် ပျော်သည်မှာ မထူးဆန်းချေ။
သို့သော်လည်း ထိုရင့်ကျက်သော မိန်းမလှလေးသည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ရမည်အား ကြောက်ရွံ့ဟန် ရသည်ကို ရန်ကိုင် သေချာ သတိပြုမိ၏။ သူ့ကို လာတွေ့သည့် အချိန်တိုင်း ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ လာရောက်ပြီး သူ့အား အဝေးမှသာ ဆန်းစစ်လေ့ရှိ၏။ ပြောစရာရှိသည် ဆိုလျှင်လည်း လူတွေ့၍ မပြောဘဲ ကွမ်းအာကိုသော စေလွှတ်၍ ပြောခိုင်းလေ့ ရှိ၏။
ယခုလ အတောအတွင်း၌ ရန်ကိုင်သည် ဤလောကငယ် အကြောင်းကို ကွမ်းအာဆီမှ အတော့်ကို သိနားလည်ခဲ့ရ၏။
ဤဆန်းကြယ်သော လောကငယ်သည် လုံးဝကို မသေးချေ။ ယခုနေရာ၌ ရှိနေသော နတ်ဆိုးမျိုးနွယ်စုဝင် အားလုံးသည် နတ်ဆိုးနတ်ဘုရားမြို့တော်ထဲတွင် ပါဝင်ကြသော်လည်း ထိုနတ်ဆိုးမျိုးနွယ်စုဝင်များကို လေးဖွဲ့ ခွဲထားလေ၏။
ထိုလေးယောက်စလုံးဖြင့် ရန်ကိုင် တွေ့ခဲ့ဖူးပါသည်။ လီရုန်၊ ဟန်ဖေး၊ ဟွာမိုနှင့် ချူကျန်းတို့ပင် ဖြစ်၏။ ထိုလေးယောက် စလုံးသည် အားကောင်းလှသော သူတော်စင်အဆင့် ပညာရှင်များ ဖြစ်ကြ၏။ တစ်ယောက်ချင်းစီတိုင်း၏ ပိုင်နက်သည် အတော့်ကို ကျယ်ဝန်းရာ ပိုင်နက်တစ်ခုမှ တစ်ခုသို့ သွားချင်သည် ဆိုပါက အနည်းဆုံး နေ့ဝက်လောက် ပျံသန်းရန် လိုအပ်ပေသည်။
ထိုလေးယောက်ထဲ၌ ချူကျန်းသည် လီရုန်နေရာကို ယူ၍ နတ်ဆိုးနတ်ဘုရားမြို့တော်၏ အစစ်အမှန် ခေါင်းဆောင် တစ်ယောက် ဖြစ်လာနေချင်သူ ဖြစ်သည်။ တစ်ဖက်တွင်မူ ဟန်ဆေးနှင့် ဟွာမိုတို့သည် လီရုန်ကိုသာ ထောက်ပံ့ထားရာ သုံးယောက်တစ်ယောက် ဖြစ်နေခဲ့၏။ ထို့ကြောင့် ချူကျန်း အနေဖြင့် ယခုလောလောဆယ်၌ သူ့ရည်ရွယ်ချက်ကို အထမြောက်အောင် မလုပ်ဆောင်နိုင်သေးချေ။
ခေါင်းဆောင်များကြားမှ ဆက်ဆံရေး မသင့်မြတ်ကြသဖြင့် ပိုင်နက်လေးခုမှ လူများသည်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်မကြည်ကြချေ။ ချူကျန်းပိုင်နက်မှ လူများသည် ရန်လိုစိတ်များသော်ငြား ဤလောကငယ်ထဲ၌ အစစ်အမှန် ရန်သူ တစ်ဦးတစ်လေပင် မရှိလေရာ သူတို့ရဲ့ တိုက်ခိုက်ချင်စိတ်များကို ဖိနှိပ်ထားရပေသည်။
လီရုန်နှင့် ကျန်လူများသည် အခြေအနေအား ထပ်တလဲလဲ ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ချေ။
နတ်ဆိုးမျိုးနွယ်စုသည် ထစ်ခနဲဆို တိုက်ခိုက်မည့် လူစားမျိုးများ ဖြစ်ကြသည်။
ရန်ကိုင် ကျောက်တုံး အခန်း၏ အပြင်ဘက်... ကွမ်းအာသည် အစေခံလှလှလေးများကို ဦးဆောင်ကာ ရန်ကိုင် ကျောက်တုံးခန်းဆီသို့ အစားအစာ သွားပို့နေခဲ့လေ၏။ သို့သော်လည်း ရန်ကိုင်၏ ကျောက်တုံးခန်းဆီ မရောက်သေးခင်မှာပင် လူငယ်လေး တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။ ထိုလူငယ်လေးသည် နှာခေါင်းချွန်ချွန်၊ မျက်လုံးမှေးမှေးနှင့် အကြည့်ရဆိုး၏။ ဟက်ဟက်ပက်ပက် ရယ်မောရင်း ကွမ်းအာကို နှုတ်ဆက်လိုက်လေ၏ “မိန်းကလေးကွမ်းအာ၊ မင်္ဂလာ နံနက်ခင်းပါ”
ကွမ်းအာမျက်နှာ ရှံ့မဲ့သွားခဲ့ပြီး နှာခေါင်းရှုံ့ကာ “နင်ဘာဖြစ်ချင်တာလဲ”
“ဘာမှမဖြစ်ချင်ပါဘူး။ နှုတ်ဆက်စကားလေး ပြောချင်ရုံ သက်သက်ပါပဲ” လူငယ်လေးက ရယ်မောလိုက်ပြီး “လလေး နည်းနည်းလောက် မတွေ့လိုက်ရတာနဲ့ မိန်းကလေး ကွမ်းအာရဲ့ အရောင်အဝါ ရွှန်းစို တောက်ပလာပါလား။ ဖြစ်နိုင်တာက ကျင့်ကြံခြင်း အဆင့် ချိုးဖျက်သွားတာများလား”
“နင့်ကိစ္စမဟုတ်ဘူး” ကွမ်းအာက ရွံ့ရှာစက်ဆုပ်၊ ခက်ထန်စွာ ပြန်ပြောလိုက်လေ၏။
“အဲ့လိုမျိုး အေးစက်စက် စကားကြီးတွေ မပြောစမ်းပါနဲ့ လားလို့၊ ငါတို့က မကြာခင်မှာပဲ မိသားစုတွေ ဖြစ်တော့မှာကို” လူငယ်လေးက ကွမ်းအာ၏ စကားကို ဂရုမစိုက်ပဲ ဆက်၍ ရယ်မောနေလိုက်လေ၏။
ကွမ်းအာမျက်နှာ တစ်မုဟုတ်ချည်း အေးစက်သွားခဲ့ပြီး ရေခဲတမျှ အေးစက်သည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏ “ဘယ်သူက နင်နဲ့ မိသားစု ဖြစ်ရမှာလဲ။ နင်ဒီလောက်အထိ အရှက်မမဲ့သင့်ဘူး”
“ငါမသေမျိုးအဆင့်ကို ချိုးဖျက်နိုင်တာနဲ့ စီနီယာလီဆီ သွားပြီး နင့်ကို တောင်းရမ်းပေမယ်လို့ ငါ့အဖေက ပြောတယ်။ ဒီတော့ နင်က ငါ့အပိုင် အနှေးနဲ့အမြန် ဖြစ်လာတော့မှာပေါ့။ ဒီတော့ ငါတို့ မိသားစုတွေ ဖြစ်လာတော့မယ်လို့ ပြောတာနဲ့ ပက်သက်ပြီး ဘာမှားနေလို့လဲ”
ကွမ်းအာက ပြန်၍သာ လှောင်ပြောင်လိုက်လေ၏ “စီနီယာလီက လက်ခံမှာတဲ့လား၊ အဲ့မှာသာ စိတ်ကူးယဉ်နေလိုက်”
လူငယ်လေးက မထိတထိ ပြုံး၍ သူမနှင့် ဆက်လက် ငြင်းခုံခြင်း မပြုတော့ဘဲ “နင်ဒီမှာ ဘာလုပ်နေတာလဲ”
“နင့်ကိစ္စမဟုတ်ဘူး။ အခု ငါ့လမ်းကနေ ထွက်သွားလိုက်တော့” ကွမ်းအာက ထိုလူငယ်လေးကို ဘေးဘက်သို့ တွန်းဖယ်လိုက်ပြီး အခြားသူများကို ဦးဆောင်ကာ ကျောက်တုံးခန်းလေးထဲဆီသို့ သွားလိုက်လေ၏။
လူငယ်လေးက မျက်မှောင်ကြုံ့၍ ရန်ကိုင် အခန်းတံခါးကို တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် အနီးအနားရှိ လူတစ်ယောက်ကို လက်ယပ်ခေါ်လိုက်လေ၏။ ချက်ချင်းပဲ ထိုနတ်ဆိုးမျိုးနွယ်စုဝင်သည် လူငယ်လေးဆီ ပြေးသွားလိုက်ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်လေ၏ “သခင်လေး ဘာများ မှာကြားချင်လို့လဲ”
“ငါတံခါးပိတ် ကျင့်ကြံနေတဲ့ အတောအတွင်း ဘာတွေ ဖြစ်သွားခဲ့တာလဲ။ ဒီမှာ နောက်ထပ် လူသားတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”
ထိုလူက ရန်ကိုင်အကြောင်းကို အလျင်အမြန် ရှင်းပြလိုက်၏။
ထိုလူ ရှင်းပြသည်ကို နားထောင်ပြီးနောက် လူငယ်လေး၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး “ဆိုလိုတာက စီနီယာလီက သူ့ကို သလင်းကျောက်တွေ အများကြီး ပေးလိုက်တယ်ပေါ့”
================================