← Chapters

အခန်း (၆၅၆-၆၆၀)

Vol. 27 Ch. 656-660

အခန်း (၆၅၆-၆၆၀)

Vol. 27 Ch. 656-660

အပိုင်း(၆၅၆) ခင်ဗျားဒဏ်ရာက အဲ့လောက်တောင် ပြင်းတာလား

——————————————————————

ရန်ကိုင် ထွက်သွားရန် လုပ်နေသည်ကို မြင်သည်နှင့် ဟန်ဖေးက ရန်ကိုင်လက်မောင်းအား အလျင်စလို ဖမ်းဆွဲလိုက်ပြီး နှုတ်ခမ်းလေးကို ကိုက်ရင်း သူ့အား မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်၏။ ကြည့်နေသည့် ပုံစံမှာ မသိလျှင် သူမပဲ မတရားခံရသယောင်ယောင်။

လုံးဝကို ကူကယ်ရာမဲ့နေသည့် အခါမျိုးမှလွှဲ၍ ဟန်ဖေးကဲ့သို့ အေးစက်စက် မိန်းမတစ်ယောက် အနေဖြင့် ယခုကဲ့သို့ အမူအရာမျိုး လုပ်ပြရန် မဖြစ်နိုင်ချေ။

ယခု ထိုကဲ့သို့ အချိန်မျိုး ရောက်ရှိလာခဲ့လေပြီ။

ရန်ကိုင်သာ ထွက်သွားခဲ့လျှင် သူမလည်း သူ့နောက်သို့ လိုက်သွားရပေလိမ့်မည်။ သို့သော်လည်း သူ့နောက်လိုက်သွားလျှင် ဤနေရာ၌ ရှိနေသော သလင်းကျောက်တုံးများစွာကို လက်လွှတ်ရပေလိမ့်မည်။ ထိုသလင်းကျောက်တုံးများကိုသာ လက်လွှတ်လိုက်ရမည် ဆိုပါက သူမအနေဖြင့် မည်သို့မျှ ဖြေဆယ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

သူမ၏ ကလန်သားများသည် ထိုသလင်းကျောက်များအား အရမ်းအရမ်းကို လိုအပ်နေပေ၏။

“ခင်ဗျားဘာပြောချင်တာလဲ” ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် ဟန်ဖေးအား စောင်းငဲ့ကြည့်၍ မေးလိုက်၏။

“နင်‌ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ရသူယူပဲ” ဟန်ဖေးက အံတင်းတင်းကြိတ်ပြီး အမျက်ဒေါသမီး တဟုန်းဟုန်း တောက်လောင်နေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

“အဲ့လိုဆိုတော့လည်း စကြတာပေါ့” ရန်ကိုင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို အားရဝမ်းသာ ပွတ်သပ်လိုက်၏။

ဟန်ဖေးသည် ဘာမှပြန်မပြောခဲ့၊ အဲ့အစား သလင်းကျောက် ပါဝင်နေသာ ကျောက်နံရံကိုသာ စတင်၍ တိုက်ခိုက်တော့လေ၏။ ကျောက်တုံးကျောက်စ များစွာ လွင့်ပျံထွက်လာခဲ့ပြီး မကြာခင်မှာပင် သလင်းကျောက်တုံး အချို့ကို ဟန်ဖေးတွေ့ရှိလိုက်၏။ သူမ မျက်နှာထက် အပြုံးပန်းတို့ ပွင့်လန်းလာခဲ့ပြီး ထိုသလင်းကျောက်များကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်လေ၏။

ရှိသမျှ သလင်းကျောက် အားလုံးကို အပိုင်သိမ်းချင်နေသည့် ဟန်ဖေးကို ကြည့်ရင်း ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ထို့နောက် ကျောက်နံရံဆီ သွားလိုက်ပြီး လုပ်ငန်းစလိုက်လေ၏။

သလင်းကျောက်များကို အခြား သတ္တုရိုင်းများဖြင့် ရော၍ တွေ့ရှိရလေ့ရှိ၏။ ထို့ကြောင့် သလင်းကျောက်တွင်း တစ်ခု၌ သလင်းကျောက် (၁၀)ရာခိုင်နှုန်း ပါသည်ဆိုလျှင်ပင် အတော်လေး ကောင်းနေသည်ဟု ဆိုနိုင်၏။

သို့သော်လည်း ဤမီးတောင် အောက်ခြေ၌ ရှိနေသော သလင်းကျောက်တွင်းသည် သာမန်သလင်းကျောက်တွင်း များထက် သလင်းကျောက် ထွက်နှုန်း ပိုများ၏။ ဤနေရာရှိ သလင်းကျောက် ပါဝင်နှုန်းသည် (၃၀)ရာခိုင်နှုန်းအထိပင် ရောက်ရှိနေခဲ့၏။

ရန်ကိုင်၏ ‘ရသူယူ’ ဆိုသော စကားကြောင့် ဟန်ဖေးသည် သူမ၏ ဒဏ်ရာကိုပင် ဂရုမစိုက်တော့ဘဲ သလင်းကျောက်များကို အားသွန်ခွန်စိုက် တူးထုတ်နေခဲ့လေ၏။ သလင်းကျောက်တုံးကို မြင်သည်နှင့် ရန်ကိုင် လုယူသွားမှာကို ကြောက်သည့်အလား အရွယ်အစားကိုပင် မစစ်တော့ဘဲ သိုလှောင်လက်စွပ်ထဲ တစ်ခါတည်း ပစ်ထည့်လိုက်၏။

ရန်ကိုင်ကမူ လောခြင်းမရှိဘဲ အေးအေးဆေးဆေးဖြင့်သာ လုပ်နေခဲ့၏။ ရန်ကိုင်သည် သလင်းကျောက် အများစုကို ဟန်ဖေးအတွက် ချန်ထားပေးခဲ့ပြီး အနည်းအကျဉ်းကိုသာ ယူခဲ့၏။

သလင်းကျောက်ရှာရင်း အလုပ်ရှုပ်နေစဉ် ရန်ကိုင်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ မျက်နှာထက် လှောင်ပြုံး ယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့၏။ စိတ်ထဲတွင်မူ ‘နင်လို့ အားနည်းလှတဲ့ ကျင့်ကြံခြင်း အဆင့်လေးနဲ့ လူသား တစ်ယောက်ကများ ငါနဲ့ လာယှဉ်ချင်သေးတယ်။ တုံးလိုက်တာ’ ဟု တွေးနေလိုက်သေး၏။

သို့သော်လည်း သူမ တွေးနေသည်များကို မျက်နှာထက် မပေါ်လွင်စေအောင် အတတ်နိုင်ဆုံး ဂရုစိုက်၏။ ရန်ကိုင်အား ဒေါသထွက်မိသွားအောင် မလုပ်မိစေရန် ဟန်ဖေးသည် သလင်းကျောက် တူးရာ၌ တစ်ဖန်ပြန်လည် အာရုံစိုက်လိုက်၏။

အချိန်ကြာလာသည်နှင့် ဟန်ဖေး စုဆောင်းမိသော သလင်းကျောက် ပမာဏသည် ရန်ကိုင် စုဆောင်းမိသည်ထက် အဆများစွာ ပိုမို များပြားလာခဲ့၏။ ယခုအချိန်၌ ထိုသလင်းကျောက်များအား ရန်ကိုင် ခွဲဝေယူမည့် ကိစ္စကို ဟန်ဖေး နည်းနည်းမျှပင် စိတ်မပူတော့ချေ။ တကယ်တော့ ရန်ကိုင် ထိုပစ္စည်းများအား သူမဆီ လုယူချင်နေသည်မှာ ယုတ္တိမတန်ချေ။

နက်သထက်နက်အောင် တူးလာသည်နှင့် သလင်းကျောက် ထွက်နှုန်းသည် ပိုမို မြင့်မားလာခဲ့ပြီး သလင်းကျောက် အရွယ်အစားသည်လည်း ပိုပို၍ ကြီးမားလာခဲ့လေ၏။

ခေါင်းတစ်လုံးစာ အရွယ်အစား ရှိသော သလင်းကျောက် တစ်တုံးကိုပင် ရန်ကိုင် တွေ့ခဲ့လိုက်ရရာ ဟန်ဖေးပင် အံ့အားသင့်သွားခဲ့ရ၏။

ထိုမျှ ကြီးမာသော သလင်းကျောက်တုံး ရှိသည်ဟု သူမ တစ်ခါမှ မကြားဖူးခဲ့ချေ။

နှစ်ယောက်သည် သလင်းကျောက် တူရား၌ စိတ်နှစ်နေရာ သူတို့ မည်သို့သော အခြေအနေထဲ ရောက်နေသည်ကို လုံးလုံး မေ့လျော့သွားခဲ့ကြလေ၏။

သို့သော်လည်း ဟန်ဖေး ထူးဆန်သည်ဟု ခံစားနေရသည့် တစ်ချက်မှာ ထိုလူသားကောင်လေး၏ ရိတ်သိမ်းမှုသည် သူမထက် အဆများစွာ နည်းပါးသော်လည်း သူ့မျက်နှာထက် အလျင်လိုခြင်းမရှိသည့် အမူအရာသည် တစ်ကြိမ်တစ်ခါမျှပင် ပျောက်ကွယ်သွားခြင်း မရှိချေ။

သူမနှင့် ပြိုင်ပြီး သလင်းကျောက် လုယူ၍ မရနိုင်သည်ကို သိသွား၍ ထိုပမာဏ နည်းနည်းလေးနှင့်သာ ရောင့်ရဲတင်းတိမ် သွားခဲ့ခြင်းလား။

ဟန်ဖေး တွေးလိုက်၏။

ထိုခန့်မှန်းချက်သည် အကျိုးအကြောင်း မသင့်သည့် ယူဆချက် တစ်ခုမဟုတ်ချေ။ ဟန်ဖေး စုဆောင်းမိထားသော သလင်းကျောက် အရေအတွက်သည် ရန်ကိုင်ထက် အဆများစွာ ပိုများသော်လည်း ရန်ကိုင်သည် သူ့တစ်ကိုယ်ရေ တစ်ကာယ အတွက်သာ စုဆောင်းနေခြင်း ဖြစ်ပြီး ဟန်ဖေးမှာမူ သူမ၏ ကလန်တစ်ခုလုံးအတွက် စုဆောင်းနေခြင်း ဖြစ်၏။

အချိန်အတော်ကြာအောင် တူးဖော်လာပြီးနောက် သူမ မည်မျှပင် အားကောင်းသော်လည်း ဟန်ဖေး မူးနောက်နောက် ဖြစ်လာခဲ့ရ၏။

သူမနှင့် မသင့်တော်သော နေရာ၌ ရောက်နေသလို ရန်ကိုင်လည်း မျက်စိဒေါက်ထောက် ကြည့်နေရသေး၏။ ထိုကြောင့် ဟန်ဖေးမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွယ်လာခဲ့ရလေ၏။

ရုတ်တရက် ဟန်ဖေး သလင်းကျောက် တူးနေသည်ကို ရပ်တန့်လိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်၏။ သူမသည် သလင်းကျောက်တုံးကြီး တစ်တုံးကို ကိုင်ပြီး နေရာတွင်သာ တွေတွေကြီး ရပ်နေခဲ့၏။

“ဘာဖြစ်လို့လဲ” ရန်ကိုင်က ကျီစယ်ပြုံးပြုံးရင်း မေးလိုက်၏။

“ငါပင်ပန်းနေပြီ။ အနားယူတော့မယ်” ပြောပြီးသည်နှင့် နေရာတစ်ခုရှာကာ တင်ပလင်ခွေထိုင်ချလိုက်၏။ ထို့နောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ မလိုအပ်သော ပစ္စည်းများကို ထုတ်ယူ၍ လွင့်ပစ်တော့လေ၏။

တစ်ခဏကြာပြီးနောက် နောက်တစ်ကြိမ် သလင်းကျောက် ထပ်တူးပြန်လေ၏။

သို့သော်လည်း တစ်နာရီပင် မပြည့်တတ်‌သေးခင်မှာပဲ ဟန်ဖေး နောက်တစ်ကြိမ် ထပ်မံရပ်တန့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြန်၏။

“ခင်ဗျားရဲ့ သိုလှောင်လက်စွပ် ပြည့်နေပြီလား” ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် ပြဿနာကို ချက်ချင်း တန်းသိလိုက်၏။

ဟန်ဖေးသည် ရန်ကိုင်အား ယဲ့ယဲ့လေး ကြည့်လိုက်ပြီး “နင့်မှာ သိုလှောင်အိတ်လေး ဘာလေးများ မရှိဘူးလား။ ရှိရင် ငါကို နည်းနည်းလောက် ငှားပါဦး”

ရန်ကိုင်က ပခုံးသာ တွန့်ပြလိုက်၏။

“အဲ့ဒါဆိုရင် အဲ့သလင်းကျောက်တွေကို သိုလှောင်ဖို့ နင်ဘာကို သုံးနေတာလဲ” ဟန်ဖေးသည် ရန်ကိုင်အား အထက်အောက် အစုံအဆန် ဝေ့ကြည့်လိုက်သော်လည်း သူ့ကိုယ်ထက်၌ မည်သည့် သိုလှောင်အိတ်၊ သိုလှောင်လက်စွပ်ကိုမှ မမြင်တွေ့ခဲ့ရချေ။ သူစုဆောင်းထားသော သလင်းကျောက်များသည် လေထဲ ဒီအတိုင်းကြီးသာ ပျောက်ကွယ်သွားသည့်အလား၊ ထိုသလင်းကျောက်များကို မည်သည့်နေရာ၌ သူသိမ်းထားသည်ကို ဟန်ဖေး မစဉ်းစားတတ်အောင် ဖြစ်နေခဲ့၏။

“လျှို့ဝှက်ချက်လေ၊ ပြောလို့မရဘူး”

“ဟွန့်၊ လာပြီးတော့များ ဆန်းကြယ်ပြချင်သေးတယ်” ဟန်ဖေးက နှာခေါင်းရှုံ့ပြလိုက်၏။ သိုလှောင်လက်စွပ်သည် အဆင့်မြင့် သိုလှောင်ရေး ပစ္စည်းကိရိယာ တစ်ခုဖြစ်လောရာ လက်စွပ်၏ အတွင်းပိုင်း သိုလှောင်နေရာလွတ်သည် အခန်းငယ် တစ်ခန်းစာမျှ ကျယ်ဝန်းပေ၏။

ထို့ကြောင့် ရန်ကိုင်လို လူငယ်လေးတစ်ယောက် သိုလှောင် လက်စွပ်ထက် ပိုအဆင့်မြင့်သော သိုလှောင်ရေး ပစ္စည်းကိရိယာ တစ်ခုအား ပိုင်ဆိုင်ထားလိမ့်မည်ဟု ဟန်ဖေး မယုံပါချေ။

တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဟန်ဖေး အံတင်းတင်းကြိတ်လျက် ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်၏ “ဘာလို့လဲ မသိပေမယ့် အေးလာသလိုပဲ”

“ခင်ဗျားဒဏ်ရာက အဲ့လောက်တောင် ပြင်းတာလား” ရန်ကိုင် အလန့်တကြား ပြန်မေးလိုက်၏။ ဟန်ဖေးကို ဤနေရာ၌ မသေစေချင်ပေ။ ထိုမိန်းမသည် ဆန်းကြယ်လောကငယ်၏ ဗိုလ်ချုပ်ကြီး လေးဦးထဲမှ တစ်ဦးဖြစ်၏။ သူမသာ ဤနေရာ၌ သေသွားမည် ဆိုပါက သူအနေဖြင့် လီရုန်ကို မည်သို့မည်ပုံ ရှင်းပြရမှန်း သိလိမ့်မည် မဟုတ်ချေ။ ထိုအဖြစ်အပျက်ကြောင့် ရှေးဟောင်းနတ်ဆိုးကလန် တစ်ခုလုံး သူ့အား မကျေမနပ် ဖြစ်သွားနိုင်ပေ၏။

ဤလောကငယ်လးမှ ထွက်ခွါနိုင်မည်း နည်းလမ်းကို မသိသေးခင် အချိန်အထိ ရှေးဟောင်းနတ်ဆိုးကလန်နှင့် ရန်သူ မဖြစ်ချင်ချေ။

“ငါလည်း မသိဘူး” ပြောပြီးသည်နှင့် ဟန်ဖေး၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီလာခဲ့လေ၏။

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး သလင်းကျောက် တူးနေသည်ကို ရပ်တန့်လိုက်ကာ သူ့အင်္ကျီကို ချွတ်၍ ဟန်ဖေးဆီ လှမ်းပစ်ပေးလိုက်လေ၏။

ဟန်ဖေး အမူအရာ မဆိုသလောက်ကလေး ရှုပ်ထွေးသွားခဲ့ပြီး တိုးတိုလေး ဆိုလိုက်၏ “ကျေးဇူးပဲ”

“မလိုပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်၏။ သို့သော် ချက်ချင်းဆိုသလို သူ့အပြုံးတစ်ခုလုံး တောင့်တင်းသွားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် ယခုလေးပင် ချမ်း၍ တုန်ရီနေဟန် ရသော ဟန်ဖေးသည် ချက်ချင်းဆိုသလို လူကောင်းတစ်ယောက် အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး သူပေးလိုက်သော အင်္ကျီကို သိုလှောင်၍ရသော အထုပ်အပိုး တစ်ခုပုံစံအဖြစ် ချည်နှောင်လိုက်ကာ သလင်းကျောက်များကို သူ့အင်္ကျီထဲ ထိုးထည့်နေသောကြောင့် ဖြစ်၏။

ရန်ကိုင် မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး ထိုမိန်းမ သူ့အား လှည့်စားသွားခဲ့သည်ကို ချက်ချင်း နားလည်လိုက်၏။

“ခင်ဗျား အဲ့လောက်တောင် လောဘကြီးလွန်းတာလား” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် ပြောလိုက်၏။

“နင်ဘာနားလည်လို့လဲ။ ငါတို့ ကလန်သားတွေက သလင်းကျောက်တွေကို အသည်းအသန် လိုအပ်နေတာ။ ဒါကြောင့် ငါ့ဘက်က တတ်နိုင်သလောက် ယူသွားမှ ဖြစ်မှာပေါ့။ ငါရှာလိုက်တဲ့ သလင်းကျောက်တုံး တစ်တုံးချင်းစီတိုင်းက ငါတို့ကလန်အပေါ် အရမ်းအရမ်းကို အကျိုးရှိလိမ့်မယ်” ဟန်ဖေးသည် သလင်းကျောက် တူးနေခြင်းအား တစ်ချက်ကလေးမျှပင် ရပ်တန့်ခြင်းမပြုဘဲ ပြန်၍ ပြောလိုက်၏။

“ကျုပ်ရဲ့ ဘောင်ဘီတွေကိုကော လိုချင်သေးလား။ အဲ့လိုဆိုရင် ခင်ဗျား နောက်ထပ် အိတ်တစ်လုံးလောက် ထပ်လုပ်လို့ ရလိမ့်မယ်” ရန်ကိုင်က လှောင်ပြောင် ပြောဆိုလိုက်ရာ ဟန်ဖေးက အတည်ပေါက်ကြီးဖြင့် “ပေးလေ”ဟု ပြန်ပြောလိုက်လေ၏။

ရန်ကိုင် တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး ဟန်‌ဖေးအား လက်ညိုးငေါက်ငေါက် ထိုးရင်း “ကျုပ်ဒီကိစ္စကို မှတ်ထားမယ်။ ခင်ဗျားက တကယ်ကို ကောက်ကျစ်တဲ့ မိန်းမယုတ်ပဲ။ ခင်ဗျားပြောသမျှ ဘယ်စကားကိုမှ ကျုပ်မယုံတော့ဘူး။ ခင်ဗျားမှာ ကိုယ့်ကျင့်တရား နည်းနည်းလေးတောင် မရှိဘူးလား”

ရန်ကိုင်မှာ သူ့စိတ်ထဲမှာ နာကျည်းချက်များကို မအောင့်အည်း နိုင်တော့ဘဲ ဖွင့်ထုတ်ပစ်တော့လေ၏။

“ကိုယ်ကျင့်တရားဆိုတာ ဘာလဲ ဟန်ဖေးက ရန်ကိုင်ကို သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။

ဂုဏ်သိက္ခာနှင့် သစ္စာတရားကို နားလည်ပေမယ့် နတ်ဆိုး မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သည်နှင့်အညီ ကိုယ်ကျင့်တရား ဆိုသော ခေါင်းစဉ်က သူမနှင့် လုံးဝကို အစိမ်းသက်သက်ပင်...

ရန်ကိုင် အသက်ရှူရပ်လုမတတ် ဖြစ်သွားခဲ့ရပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူ့ဘာသာ သလင်းကျောက် တူးရာ၌သာ ပြန်၍ အာရုံစိုက်လိုက်၏။

ဟန်ဖေးသည်လည်း ကူကယ်ရာ မဲ့နေခဲ့၏။ သူမ၏ သိုလှောင်လက်စွပ်ထဲ နေရာလွတ် မကျန်တော့သဖြင့် ရန်ကိုင် အင်္ကျီဖြင့်ပင် ထုပ်ပိုးထားရလေ၏။ ထို့ကြောင့် ရန်ကိုင် သလင်းကျောက် တူးနေသည်ကို ဘေးနားမှ ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့၏။ ထိုကဲ့သို့ ကြည့်နေစဉ်အတွင်း သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း သွေးရောင်ရဲတက်လာခဲ့၏။

တစ်ရက်.... နှစ်ရက်... သုံးရက်...

လူသားကောင်စုတ်လေးသည် တစ်ခဏလေးပင် အနားယူခြင်း မရှိဘဲ သလင်းကျောက်များကို မရပ်မနား တူးထုတ်နေသည်ကို ကြည့်ရင်း ဟန်ဖေး အံ့အားသင့်နေခဲ့ရ၏။ သူစုဆောင်းလိုက်သော သလင်းကျောက်များသည်လည်း ဘယ်ဆီဘယ်ရောက်လို့ သွားမှန်းမသိ၊ လေထဲပင် ပျောက်ကွယ် သွားလေသလား၊ ဟန်ဖေး မသိခဲ့၏။

ဤရက်များအတွင်း ရန်ကိုင် တူးထုတ်ခဲ့သော စုစုပေါင်း သလင်းကျောက် ပမာဏသည် ဟန်ဖေး တူးထုတ်ခဲ့သော သလင်းကျောက် ပမာဏ၏ နှစ်ဆရှိပေသည်။

ဘယ်လို သိုလှောင် ကိရိယာပစ္စည်းကို သုံးနေ၍များ ဤမျှ များပြားသော သလင်းကျောက်များကို သိုလှောင်နိုင်နေသနည်း ဟူသော မေးခွန်းမှာ ဟန်ဖေးအတွက် အဖြေမရှိသော ပုစ္ဆာတစ်ပုဒ် ဖြစ်နေခဲ့၏။ ဤရက်များအတွင်း ရန်ကိုင်သည် မရမ်းမနား တူးနေသော်လည်း သူ့သိုလှောင်ရတနာ နေရာလွတ် ပြည့်သွားသည် ဟူ၍ တစ်ခါမှ မရှိချေ။

“ငါနင့်ကို ကူပြီးတူးထုတ်ပေးမယ်။ ငါတို့ ထွက်သွားတဲ့အခါ ဝေရဲ့ တစ်ဝက်ကို ငါ့ကိုပေး၊ ဘယ်လိုလဲ၊ အဲ့လို အလဲအလှယ် လုပ်ကြမလား” ဟန်ဖေးလည်း ဆက်၍ ငြိမ်မကြည့်နိုင်တော့ရာ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ကမ်းလှမ်းလိုက်၏။

သို့သော်လည်း ရန်ကိုင်သည် သူမအား အေးစက်စက် အကြည့်ဖြင့်သာ တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်လေ၏။

“လေးဆယ်ရာခိုင်နှုန်း” ဟန်ဖေးက အံတင်းတင်းကြိတ်ပြီး နောက်တစ်လှမ်း ဆုတ်ပေးလိုက်၏ “သုံးဆယ်ရာခိုင်နှုန်း၊ ငါနင့်ကို ကူညီပေးရင်း သလင်းကျောက် တူးနှုန်းက ပိုမြန်သွားမှာနော်။ ငါနဲ့ ပူပေါင်းလိုက်လို့ နင့်အတွက် အကျိုးယုတ်စရာ ဘာမှ ရှိတာ မဟုတ်ဘူး”

“နှစ်ဆယ်ရာခိုင်နှုန်း ဆိုရင်ကော ဘယ်လိုလဲ။ ကောင်းပြီ၊ တစ်ဆယ်ရာခိုင်နှုန်း၊ တစ်ဆယ်ရာခိုင်နှုန်းထက် ထပ်မလျော့ နိုင်တော့ဘူး”

“ကျုပ်ကို လာပြောမနေနဲ့။ ခင်ဗျား ပြောတဲ့ စကားမှန်သမျှကို ကျုပ်မယုံတော့ဘူး” ရန်ကိုင်က ပြန်ပြောလိုက်ရာ ဟန်ဖေးက “နင်အစုတ်ပလုတ်ကောင်၊ ဒီလောက် သလင်းကျောက် အများကြီးယူပြီး ဘာလုပ်ဖို့လဲ။ နင့်စုဆောင်းထားတဲ့ ပမာဏက နောင်နှစ်ပေါင်းများစွာလောက် လွတ်လွတ်လပ်လပ် သုံးဖို့ လုံလောက်နေပြီကို”

“ကျင့်ကြံဖို့ မသုံးရင်တောင် အခြားအရာတွေအတွက် သုံးလို့ရတယ်လေ” ရန်ကိုင်က လက်ချိုးရေတွက်ပြလိုက်၏ “ဆေးပင်ဝယ်တာတို့၊ လက်နက် ဝယ်တာတို့၊ သိုင်းပညာရပ်တွေ ကျင့်စဉ်တွေ ဝယ်တာတို့၊ မိန်းမတွေ ဝယ်တာတို့လေ”

ဟန်ဖေး လက်သီးတင်းတင်း ဆုပ်လိုက်ပြီး အံတင်းတင်း ကြိတ်ရင်း ပြန်အော်ပြောလိုက်လေ၏ “အရှက်မရှိတဲ့ကောင်”

“ခင်ဗျားမှာ ကျုပ်ကို အဲ့လိုစကားမျိုး ပြောဖို့ အခွင့်အရေး မရှိဘူး” ရန်ကိုင်က လှောင်ပြောင်လိုက်လေ၏ “ကျုပ်ခင်ဗျားကို ကာကွယ်ပေးနေလို့သာ ခင်ဗျားလုံခြုံနေတာ။ ကျုပ်ကို ဆက်မပြောတော့နဲ့၊ မဟုတ်ရင် ခင်ဗျားကို ဒီမှာပဲ ထားခဲ့လိုက်မယ်”

သူမတစ်ဘဝလုံး ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမျှ ခါးခါးသီးသီး မခံစားခဲ့ရဖူးချေ။ သို့သော်လည်း ဘာမှတော့ ထပ်၍ မပြောရဲတော့။

တကယ်တော့ သူမ၏ သူတော်စင်အဆင့် ကျင့်ကြံခြင်း အဆင့်ဖြင့်ဆိုလျှင် ရန်ကိုင်ကို အသာလေး ဖိနှိပ်၍ ရ၏။ သို့သော် သူပြောခဲ့သလိုပင် ဟန်ဖေးသည် မာနကြီးသော မိန်းမတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူမကိုယ်သူမ အောက်ကျအောင် လုပ်၍ ကျေးဇူးတရားကို ရန်ကြွေးဖြင့် မတုန့်ပြန်နိုင်ချေ။ ဟန်ဖေးသည် ကျေးဇူးတရားနှင့် ရန်ကြွေးကို ခွဲခြားနိုင်သည့် အတွက်ကြောင့် ရန်ကိုင်သည် စိတ်ညစ်စရာ ကောင်းသော်လည်း သူ့အပေါ် အရမ်းကြီး အမြင်မကတ်ခြင်း ဖြစ်၏။

“ဟန်” ရန်ကိုင် အာမေဋိတ်သံ ပြုလိုက်ရင်း သူ့ရှေ့ရှိ ကျောက်ပုံထဲမှ ပုံမှန်မဟုတ်သော သလင်းကျောက်တုံး တစ်တုံးကို ကောက်ယူလိုက်၏။ ထိုသလင်းကျောက်သည် အရမ်းကြီး မကြီးချေ။ အနည်းဆုံး သူစုဆောင်းထားခဲ့သော သလင်းကျောက်များနှင့်ပင် နှိုင်းယှဉ်၍ မရကာ ထိုသလင်းကျောက်၏ အရွယ်အစားသည် လက်သည်းခွံမျှသာ ရှိ၏။ သို့သော် ထိုသလင်းကျောက်ထဲ ပါဝင်နေသော စွမ်းအင်များသည် သူကြုံတွေ့ခဲ့ဖူးသော သလင်းကျောက်များထဲ ပါဝင်သော စွမ်းအင်ထက် အဆပေါင်းများစွာ ပို၍ သိပ်သည်း သန့်စင်နေသည်ကို တွေ့ရှိလိုက်ရ၏။ ထို့ထဲတွင် ပါဝင်သော စွမ်းအင်ပမာဏသည် လက်ဆေးဇလုံ အရွယ်အစားရှိသော သလင်းကျောက်ထဲတွင် ပါဝင်နေသော စွမ်းအင်ပမာဏနှင့်သာ ညီမျှနိုင်၏။

“သူတော်စင် သလင်းကျောက်လား” ဟန်ဖေးသည် ပါးစပ်လေးကို လက်ဖြင့်အုပ်၍ ရန်ကိုင်လက်ထဲရှိ သလင်းကျောက်ကို မျက်လုံအပြူးသားဖြင့် ငေးစိုက်ကြည့်ရင်း အလန့်တကြား အော်ပြောလိုက်လေ၏။

“သူတော်စင်သလင်းကျောက်လား” ရန်ကိုင်လည်း မျက်ခုံးပင့်လိုက်၏။ “ခင်ဗျားပြောချင်တာက ဒါက သလင်းကျောက်တွေထက် နောက်တစ်ဆင့် ပိုမြင့်တဲ့ ဒဏ္ဏာရီထဲက သူတော်စင် အဆင့် သလင်းကျောက်ပေါ့”

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၅၇) သူသေရင် နင်လည်းသေရမယ်

——————————————————————

လွတ်လပ်သော အဖွဲ့အစည်းထဲ ရှိနေစဉ်အခါက သလင်းကျောက်နှင့် ပက်သက်၍ အတော်များများ လေ့လာခဲ့ရာ သူတော်စင်အဆင့် သလင်းကျောက်များ အကြောင်းကိုလည်း သူသိပေ၏။

သူတော်စင်အဆင့် သလင်းကျောက်ထဲ ပါဝင်နေသော စွမ်းအင်ပမာဏသည် တူညီသော အရွယ်အစား ရှိသည့် သလင်းကျောက်ထဲတွင် ပါဝင်နေသော စွမ်းအင်ထက် အဆ(၁၀၀) ပိုများပေ၏။

ထိုအရာသည် စွမ်းအင်သက်သက်ချင်း နှိုင်းယှဉ်သေးခြင်းပင် ရှိသေး၏။

တကယ်တမ်း အဖိုးတန်မှုအရ သူတော်စင်အဆင့် သလင်းကျောက် တစ်တုံးသည် တစ်ရာထက် မကသော သလင်းကျောက်များနှင့် ညီမျှ၏။ အဘယ်ကြောင့်ဆိုသော် သလင်းကျောက်များအား နေရာအနှံ့တွင် တွေ့နိုင်သော်လည်း သူတော်စင်အဆင့် သလင်းကျောက်များကို တွေ့ရခဲသောကြောင့်ပင် ဖြစ်၏။

ရှားပါးသည့် မည်သည့်အရာမဆို အဖိုးတန်ပေ၏။

“ဒီမှာ သူတော်စင် သလင်းကျောက်တွေ တကယ်ပဲ ရှိနေတာလား” ဟန်ဖေး ဆက်၍ ထိုင်မနေနိုင်တော့ချေ။ ရန်ကိုင် သလင်းကျောက် တူးနေသည်ကို ဤအတိုင်း ထိုင်ကြည့်နေရသည်မှာ သူမအတွက် နှိပ်စက်မှုတစ်ခုပင် ဖြစ်၏။ သို့သော်လည်း ယခုသည် သူတော်စင်အဆင့် သလင်းကျောက် တစ်တုံးကို သူမ ရခဲ့လေပြီ။

ထိုကဲ့သို့သော ရှားပါးရတနာများသည် သူမတို့ကဲ့သို့ သူတော်စင်အဆင့် ပညာရှင်များကို ကြီးကြီးမားမား အကူအညီ ပေးနိုင်၏။ သူတော်စင်အဆင့် သလင်းကျောက်ထဲတွင် ပါဝင်သော စွမ်းအင်များကို စုပ်ယူခြင်းဖြင့် သူမ၏ ခွန်အားကို အလျင်အမြန် တိုးတက်အောင် လုပ်ဆောင်နိုင်၏။

ရန်ကိုင် ထိုကဲ့သို့သော ရတနာတစ်ခုအား ရလိုက်ခြင်းသည် သူမအား မနာလိုအားကျ ဖြစ်စေခဲ့၏။

သလင်းကျောက်ထည့်ရန် နေရာလွတ် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဂရုစိုက်ခြင်း မရှိတော့ဘဲ ဟန်ဖေးသည် ပြေးထွက်သွားပြီး နံရံကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ထုရိုက်တော့လေ၏။

ရန်ကိုင်သည်လည်း နောက်ကျ ကျန်မနေခဲ့၏။ ယခင်ကကဲသို့ ဇိမ်ပြေနပြေဖြင့် လုပ်မနေတော့ဘဲ အင်အား စိုက်ထုတ်ကာ စတင်၍ သလင်းကျောက် တူးတော့လေ၏။

များစွာသော သလင်းကျောက်တုံးကြီး၊ ကျောက်တုံးသေး များနှင့်အတူ ကျောက်စကျောက်နများ လွင့်ပျံထွက်လာခဲ့၏။ ဟန်ဖေးသည် ကောင်းကင်စိတ်အာရုံကို သုံး၍ မုန်တိုင်း ဝေနေသော ကျောက်စကျောက်နားများကို စစ်ဆေးနေခဲ့၏။ သို့သော် သာမန်ကျောက်ဖြစ်စေ၊ သလင်းကျောက် ဖြစ်စေ၊ အားလုံးကို လျစ်လျူရှုထားခဲ့၏။

ရန်ကိုင်သည် အစစ်အမှန်ချီကို ကျွမ်းကျင်စွာ ထိန်းချုပ်၍ ကောင်းကင်စိတ်အာရုံကိုသုံးကာ ဟန်ဖေး လျစ်လျူရှုထားသော သလင်းကျောက်များကို သူ့အနက်ရောင်စာအုပ်၏ နေရာလွတ်၍ ထိုးထည့်နေခဲ့၏။

ထင်...

ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဟန်ဖေး၏ မျက်ဝန်းအစုံသည် ပစ်မှတ်ပေါ် ရောက်ရှိခဲ့သွားခဲ့၏။ ရန်ကိုင် မြင်နိုင်သည်ထက်ပင် ပိုမြန်သော အမြန်နှုန်းဖြင့် သူမ၏လက်ကို ဆန့်ထုတ်၍ ထိုကျောက်မြတ်တုံးလေးကို ဖမ်းယူလိုက်ပြီး တောက်ပစွာ ပြုံးလိုက်၏။

သူမသည်လည်း သူတော်စင် သလင်းကျောက်တစ်တုံးကို ရရှိခဲ့လေပြီ။

သို့သော်လည်း သူမ ရပြီးသည်နှင့် ချက်ချင်းဆိုသလို ရန်ကိုင်လည်း သူတော်စင်အဆင့် သလင်းကျောက်တစ်တုံး ရသွားသည့်အတွက် ဟန်ဖေး အံတကြိတ်ကြိတ် ဖြစ်သွားခဲ့ရ၏။

“နင်စောင့်နေစမ်းပါ” ဟန်ဖေးက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို တိုးမြှင့်လိုက်၏။

ရန်ကိုင်နှင့် ဟန်ဖေးတို့သည် လောကကြီးကို သတိမမူမိတော့သည့်အလား သလင်းကျောက် တူးရာ၌သာ စိတ်လုံးလုံး ရောက်နေခဲ့၏။ အစွမ်းကုန်တိုက်ခိုက်ရင်း ထွက်ပေါ်လာသမျှ သလင်းကျောက်နှင့် သူတော်စင် သလင်းကျောက်များကို ရန်ကိုင်နှင့် ဟန်ဖေးတို့ စုဆောင်းနေခဲ့ကြ၏။

သူတော်စင် သလင်းကျောက် အရေအတွက်သည် အတော့်ကို နည်းကာ ရံဖံရံခါမှသာ တစ်တုံး၊ နှစ်တုံး ထွက်ပေါ်လာတတ်၏။ သို့သော်လည်း အချိန် ကြာလာသည်နှင့် အမျှ ရန်ကိုင်သည် သူတော်စင် သလင်းကျောက် ဒါဇင်ကျော် စုဆောင်းလိုက်နိုင်ပြီး ဟန်ဖေးကမူ သူ့ထက်များများ ပို၍ စုဆောင်းနိုင်ခဲ့၏။

သူမ၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အများကြီး ပိုမို မြင့်မားသလို သူမ၏ ကောင်းကင်စိတ်အာရုံသည်လည်း ရန်ကိုင်ထက် ပို၍ အားကောင်းလေးရာ သူမ တူးဖော်ရရှိထားသည့် သူတော်စင် သလင်းကျောက် အရေအတွက် ရန်ကိုင်ထက် ပိုများနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

သို့သော်လည်း သူမတွင် နေရာလွတ် မရှိတော့သဖြင့် သာမန် သလင်းကျောက်များကို မစုဆောင်နိုင်တော့လေရာ ထိုသလင်းကျောက်များအားလုံး ရန်ကိုင်လက်ထဲ ရောက်သွားခဲ့ရ၏။

ဝုန်း...

ဝုန်းဆိုသော မြည်သံကြီးနှင့်အတူ သူတို့ရှေ့ရှိ နံရံကြီး ပြိုကျသွားခဲ့၏။

အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ထိုအက်ကွဲကြောင်းထဲမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတို့ ဖြာထွက်နေခဲ့လေ၏။

သူတို့နှစ်ယောက်သည် ထိုလမ်းကြောင်းကို ဖျက်စီး လိုက်သည့်အတွက် လိုဏ်ဂူထဲ စီးဆင်းနေသော စွမ်းအင်လှိုင်းတို့ မတည်မငြိမ် ဖြစ်လာသည့်ပုံပင်။

ခရက်...

အက်ကွဲသံတို့ အရပ်ရပ်မှ ထွက်ပေါ်လာခဲ့လေ၏။

ရန်ကိုင်နှင့် ဟန်ဖေးတို့၏ အမူအရာ တောင့်တင်း သွားခဲ့ပြီး တစ်ချိန်တည်းဆိုသလို နှစ်ယောက်စလုံးသည် လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကာ အသက်ပင် မရှူရဲတော့ဘဲ နေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့ကြ၏။

ခရက်ခရက်ခရက်...

အက်ကွဲသံတို့ ကျယ်သထက် ကျယ်လောင်လာခဲ့ပြီး လိုဏ်ဂူတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ကာ မျက်နှာကြက်မှ ကျောက်စကျောက်နများသည်လည်း စတင် ပြုတ်ကျလာခဲ့လေ၏။

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့အမူအရာ သုန်မှုန်သွားခဲ့ကာ တိုးတိုးလေး ပြောလိုက်၏ “ဒါ... အခြေအနေ မကောင်းတော့ဘူး... ထင်တယ်...”

“ငါလည်း အဲ့လိုပဲ ထင်တယ်... ငါတို့ ထွက်သွားတော့ရင် ကောင်းမယ် ထင်တယ်နော်...” ဟန်ဖေးက အသာအယာ ခေါင်းညိတ်လိုက်၏။

“အင်းးးး... ပြေးတော့” ရန်ကိုင်က အလန့်တကြား အော်ဟစ်လိုက်ပြီး လျှပ်စီးတန်းတစ်ခုအလား လိုဏ်ဂူ ထွက်ပေါက်ဆီ ခြေကုန်သုတ်ပြေးတော့လေ၏။

ဟန်ဖေးသည်လည်း နည်းနည်းမျှပင် တုန့်ဆိုင်းမနေဘဲ ရန်ကိုင်နောက်မှ လိုက်ပါသွားခဲ့၏။

မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့ပြီး မိုးမြေစွမ်းအင်တို့လည်း မတည်မငြိမ် ဖြစ်လာခဲ့၏။ ကျောက်စကျောက်နတို့ လိုဏ်ဂူ မျက်နှာကြက်မှ အဆက်မပြတ် ပြုတ်ကျလာခဲ့ပြီး လိုဏ်ဂူ နရံများထက် အက်ကြောင်းများစွာ ထွက်ပေါ်လာခဲ့ရ၏။

ရန်ကိုင်သည် ပြေးလွှားနေစဉ်အတွင်း သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးသွားခဲ့၏။

ယခုလောလောဆယ်၌ သူတို့သည် မတည်ငြိမ်သော မီးတောင်ရှင် တစ်လုံးအတွင်း၌ ရှိနေသည်ကို ရန်ကိုင်ိ၏။ သူနှင့် ဟန်ဖေးတို့၏ မဆင်မခြင် အပြုအမူကြောင့် ဤမီးတောင် အတွင်းရှိ မျှချေအခြေအနေကို ကျိုးပျက်သွားခဲ့ရပြီး မီးတောင်အား ထပေါက်ရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့၏။

ထို့ကြောင့် မီးတောင်အောက်ရှိသည် လိုဏ်ဂူသည်လည်း လုံခြုံမှုမရှိတော့ချေ။

သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ရသည့် အချိန်၌ နှစ်ယောက်စလုံး ဘာကိုမှ ထိန်ချန်ထားခြင်း မပြုတော့ဘဲ အမြန်းဆုံး နည်းလမ်းများကိုသုံးကာ ထွက်ပြေးလိုက်ကြ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ အနားယူခဲ့သည် လိုဏ်ဂူနေရာသို့ ရောက်ရှိလာခဲ့ပြီး ဆက်၍ ပြေးသွားလိုက်ရာ မကြာခင်မှာပင် ချော်ရည်များရှေ့သို့ ရောက်ရှိလာခဲ့လေ၏။

“ဒီကိုလာခဲ့” ရန်ကိုင်သည် ဟန်ဖေး၏ ခါးကျဉ်ကျဉ်လေးကို ဖမ်းကိုင်လိုက်ပြီး ယန်မီးတောက်တောင်ပံဖြင် သူတို့ ခန္ဓာကိုယ်များကို ရစ်ပတ်လျက် မီးတောင်ဝဆီသို့ တစ်ဟုန်ထိုး ထိုးတက်သွားလိုက်လေ၏။

မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အရှိန်ကြောင့် နှစ်ယောက်စလုံး၏ အမြန်နှုန်းသည် ဆင်းလာစဉ်အခါကနှင့် ယှဉ်၍ အဆများစွာ ပို၍ မြန်၏။

ဝုန်း... ဝုန်း... ဝုန်း...

နားအူမတတ် ပေါက်ကွဲသံတို့ ပဲ့တင်ထပ်နေခဲ့ပြီး အဖျက်စွမ်းအင် သိပ်သည်းလှသော စွမ်းအင်စီးကြောင်း များကြောင့် ရန်ကိုင်နှင့် ဟန်ဖေးတို့၏ အမူအရာ လွန်စွာကိုမှ လေးနက်သွားခဲ့ရ၏။

တစ်ချိန်တည်းမှာပင်၊ မီးတောင်ဝ၌ များစွာသော လူရိပ်တို့ လေထဲ ဝဲနေခဲ့လေ၏။

ထိုလူများသည် အဖွဲ့နှစ်ဖွဲ့ခွဲလျက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လိုစွာ ငေးစိုက်ကြည့်နေခဲ့ကြ၏။

တစ်ဖက်တွင် အစွန်းရောက်၊ စစ်သွေးကြွနေသူ ချူကျန်း ဦးဆောင်သော အဖွဲ့ရှိနေခဲ့ပြီး အခြားတစ်ဖက်တွင်မူ နတ်ဆိုးနတ်ဘုရား မြို့တော်၏ လက်ရှိခေါင်းဆောင် လီရုန် ဦးဆောင်သော အဖွဲ့ရှိနေခဲ့၏။

ရန်ကိုင် မျှော်လင့်ထားခဲ့သလိုပင် လီရုန်သည် ချူကျန်းအား မျက်ခြေမပြတ် အာရုံစိုက်နေခဲ့၏။ ချူကျန်သည် ပညာရှင်ပေါင်း များစွာကို ခေါ်ဆောင်လျက် သူ့နယ်မြေမှ ရုတ်တရက် ထွက်သွားသည်ကို သိလိုက်သည်နှင့် ချူကျန်း ဘာလုပ်ချင်နေလဲ ဆိုသည်ကို လီရုန် ချက်ချင်း နားလည်လိုက်၏။

ဟွာမိုကို ဆင့်ခေါ်ပြီး နတ်ဆိုးနတ်ဘုရားမြို့တော်မှ သူမ၏ လက်အောက်ငယ်သားကို ဦးဆောင်ကာ ဤနေရာဆီသို့ အလျင်အမြန် ပြေးလာခဲ့သော်လည်း သူမ ခြေတစ်လှမ်း နောက်ကျသွားခဲ့ရ၏။

သူမနှင့် ဟွာမိုတို့ ရောက်လာသည့် အချိန်၌ ရန်ကိုင်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ချူကျန်းကြောင့် မီးတောက် အောက်သို့ထဲ ခုန်ဆင်းသွားခဲ့ရပြီးလေပြီ။ သူတို့ သေသည်၊ ရှင်သည် ဆိုသည်မှာလည်း ယခုထိတိုင် မသေချာသေးချေ။

အကြင်နာတရား ကြီးမားသည့် လီရုန်သည် ယခုအချိန်၌ ချူကျန်းအား အလွန်အမင်း သတ်ချင်နေခဲ့၏။

သို့သော်လည်း ရန်ကိုင်နှင့် ဟန်ဖေးတို့အကြောင်း အသေအချာ မသိရသေးသည့် အတွက် လီရုန်သည် သူမ၏ သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်ထားပြီး ရန်ကိုင်တို့အား ကူရှာပေးရန် ချူကျန်းအား အမိန့်ပေးလိုက်၏။

ထိုရက်များအတွင်း ရှေးဟောင်း နတ်ဆိုးကလန်မှ ပညာရှင်များသည် မီးတောင်ပေါက်ထဲသို ထပ်တလဲလဲ ဆင်းရှာကြသော်လည်း ဘာကိုမှ မတွေ့ခဲ့ရ။ လီရုန်ကိုယ်ပိုင်ပင် ဆင်းရှာခဲ့သော်လည်း ရလဒ်သည် အတူတူပင် ဖြစ်၏။

ယခုအချိန်၌ ထိုလူသားနှင့် ဗိုလ်ချုပ်ကြီး ဟန်ဖေးသည် မီးတောင်ထဲ၌ သေသွားကြပြီဟု ရှေးဟောင်း နတ်ဆိုး မျိုးနွယ်စုဝင် တော်တော်များများ ယုံကြည်နေခဲ့ကြလေပြီ။

ချူကျန်း၏ မျက်နှာထက် စိုးရိမ်သည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိခဲ့ချေ။ အဲ့အစား သူမ ဘာဆက်လုပ်မည်ကို စိတ်ထဲ၌ တွေးတောရင်း စိတ်လှုပ်ရှားမှုတို့ဖြင့် လက်နေသော မျက်ဝန်းအစုံဖြင့် လီရုန်ကို ငေးစိုက်ကြည့်နေခဲ့၏။

အဖြစ်အပျက်များသည် ယခုအခြေအနေထိ ရောက်လာခဲ့ပြီ ဖြစ်ရာ ချူကျန်းအနေဖြင့် ဆက်၍ ဟန်ဆောင်မနေတော့ချေ။ လွန်ခဲ့သော နှစ်အများအတွင်း၌ သူ့ခွန်အားကို တဖြည်းဖြည်းချင်း စုဆောင်းရင်း လီရုန်၏ အောက်စည်းကို စမ်းသပ်နေခဲ့၏။ ယခုအချိန်၌ လီရုန်၏ စွမ်းဆောင်ရည်နှင့် ပက်သက်ပြီး ချူကျန်း အတော့်ကို နားလည်နေခဲ့လေပြီ။

သူသည် တိုက်ခိုက်ရမည် ဆိုပါက ချူကျန်း လီရုန်း နည်းနည်းမျှပင် မကြောက်ချေ။

ဤလောကငယ်ထဲ၌ နှစ်ပေါင်းများစွာကြာအောင် ပိတ်လှောင်ထားခံရပြီးနောက် ရှေးဟောင်းနတ်ဆိုး ကလန်သားများသည် သံချေးတက်နေသော ဓါးများပမာ ဖြစ်လာခဲ့ကြ၏။ ယခုသည် ရှေးဟောင်းကလန်သားများ၏ အစစ်အမှန် သဘာဝကို ပြန်လည်နိုးထလာအောင် လုပ်ဆောင်ရမည့် အချိန်ဖြစ်၏။

“စီနီယာလီ...” ဟွာမိုမျက်နှာ မည်းမှောင်သွားခဲပြီး သက်ပြင်းတစ်ချက် ချလျက် ပြောလိုက်၏ “ဗိုလ်ချုပ်ကြီး ဟန်ဖေး သေသွားလောက်ပြီ”

လီရုနသ်ည် မျက်လုံးအစုံကို တင်းတင်းပိတ်လျက် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ရှိ ယန်ယွမ်ချီများကို လျစ်လျူရှုကာ မီးတောင်အား အသည်းအသန် ရှာဖွေနေခဲ့၏။ ကံမကောင်းစွာဖြင့် သူမ၏ အားစိုက်ထုတ်မှုအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

ဟွာမိုပြောသည်ကို ကြားသည်နှင့် လီရုန် မျက်လုံး ပြန်ပွင့်လာခဲ့၏။ သူမ မျက်နှာ သုန်မှုန်သွားခဲ့ပြီး ခန္ဓာကိုယ်လေးသည်လည်း တဆတ်ဆတ် တုန်ရီသွားခဲ့ကာ အံတင်းတင်းကြိတ်လျက် ချူကျန်းအား အေးစက်စက် အကြည့်ဖြင့် ဒေါသတကြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်ရင်း “ချူကျန်း၊ နင်ဘာလုပ်ခဲ့တယ်ဆိုတာ နင်သိလား”

ချူကျန်ကမူ လှောင်းပြုံးသာပြုံးရင်း ခေါင်းညိတ်၍ “ငါလုပ်ခဲ့တာကို ငါသိတယ်။ စီနီယာလီအနေနဲ့ ငါ့ကိုလာပြီး သတိပေးနေစရာ မလိုဘူး”

လီရုန် အမူအရာ အေးစက်သထက် အေးစက်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ရင်း တိုးတိုးလေး ပြောလိုက်၏ “နင်မသိပါဘူး။ အဲ့လူသားသာ လုံခြုံနေရင် နင့်အသက်ကို ချမ်းသာပေးနိုင်သေးတယ်။ ဒါပေမယ့် သူသာ တစ်ခုခု ဖြစ်သွားရင်တော့ ငါလည်း နင့်ကိုသူနဲ့အတူ ဒီနေရာမှပဲ မြေမြှပ်ပေးလိုက်မယ်”

ပြောပြီးသည်နှင့် ဆူနာမနီ လှိုင်းလုံးပမာ ပြင်းထန်လှသော စွမ်းအင်လှိုင်းတို့ သူမခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ရာ ချူကျန်း အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို နောက်ဆုတ်လိုက်ရ၏။ သူ့လက်ကို ဝှေ့ရမ်း၍ ထိုမမြင်နိုင်သော စွမ်းအင်လှိုင်းများကို တားဆီးလိုက်ရာ သူ့အင်္ကျီစသည် ဖုန်မှုန်များအဖြစ် ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်ပါသွားခဲ့ရ၏။

ချူကျန်း မဆိုသလောက်ကလေး မျက်လုံး ပြူးမိလိုက်၏။ အမြဲလိုလို သည်းခံ၍ အကြင်နာတရား ကြီးမားသော မိန်းမ၏ ခွန်အားသည် သူ့ထက်ပင် သာလွန်နေသည်ကို ယခုမှပင် ချူကျန်း နားလည်သွားခဲ့၏။

သို့သော် သူသည်လည်း မသေမျိုး ဒုတိယအဆင့် ပညာရှင် ဖြစ်နေပြီဖြစ်ရာ သူ့ကိုသူ အလျင်အမြန် တည်ငြိမ်အောင် လုပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြန်ပြောလိုက်၏ “စီနီယာလီ၊ ဟန်ဖေးသေတာရှင်တာကို ဂရုစိုက်ရမယ့်အစား အဲ့လူသားကိုပဲ ဘာလို့ ဂရုစိုက်နေရတာလဲ”

လီရုန်ဘေးတွင် ရှိနေသော ဟွာမိုသည်ပင် ထိုအချက်ကို နားမလည်နိုင် ဖြစ်နေခဲ့၏။

လီရုန်၏ စကားများသည် အာလုံး၏ အာရုံကို ဆွဲယူသွားခဲ့၏။ သူမသည် ဟန်ဖေးနှင့် ပက်သက်သော မည်သည်ကိုမှ ပြောဆိုခဲ့ခြင်း မပြုဘဲ လူသားကောင်လေး၏ သေခြင်း၊ ရှင်ခြင်းကိုသာ ပြောဆိုသွားခဲ့၏။

“ဘာကြောင့်လဲဆိုတာကို နင်သိစရာ မလိုဘူး” လီရုန်သည် ထိုအကြောင်းအား ရှင်းပြရန် မကြိုးစားဘဲ ပရမ်းပတာ ဖြစ်နေသော ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်လေ၏။ သူမ၏ မျက်ဝန်းများ အနည်းငယ် ဝေဝါးရီဝေသွားခဲ့ပြီး တည်ကြည်လေးနက်စွာ ကြုံးဝါးပြောဆိုလိုက်၏ “နင်သိဖို့ လိုတာဆိုလို့ နင်လုပ်တဲ့ အမှားတွေကို ငါသည်းခံပေးနိုင်တယ်။ ငါနဲ့လာပြိုင်နေတာ၊ ငါ့ကို အကွက်ချ ကြံစည်ဖို့ လုပ်နေတာကိုတောင် ငါသည်းခံပေးနိုင်တယ်။ ဒါပေမယ့် အဲ့လူသားကောင်လေးကို နင်သတ်မှာကိုတော့ ငါဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး... သူသေရင်၊ နင်လည်း သေရမယ်”

ချူကျန်း အသက်မရှူနိုင် ဖြစ်သွားခဲ့၏။ လီရုန် ထိုကဲ့သို့ စကားများကို ပြောလိုက်ခြင်းသည် အလကားသက်သက် ခြိမ်းခြောက်နေခြင်း မဟုတ်... ကြည့်ရသည်မှာ ချူကျန်းသည် လီရုန်၏ အောက်စည်းကို ကျော်လွန်သော တစ်ခုခုအား မရွယ်ရွယ်ဘဲ လုပ်မိလိုက်သည့်ပုံပင်။

လီရုန် ရူးသွားပြီလားဟု တွေးတောရင်း ချူကျန်း တိတ်တဆိတ် ခေါင်းခါရမ်းလိုက်၏။ သူတို့ ကလန်သား အများကြီးရှေ့မှာပင် ထိုစကားကို ပြောရဲသည်မှာ သူမ၏ ဂုဏ်သတင်း စွန်းထင်းသွားမည်ကို မကြောက်လေလော။

ဟွာမိုပင် စိတ်ရှုပ်နေလေရာ ကျန်ကလန်သားများဆိုလျှင် ပြောဖွယ်ရာ မရှိတော့ချေ။

“ငါနင့်ကို သုံးရက်အချိန်ပေးမယ်။ သုံးရက်ကြာပြီးတာနဲ့ သူအသက်ရှင်နေသေးရင် ငါကိုယ်တိုင် သူ့ကို လူချင်း မြင်ချင်တယ်။ သူသေသွားပြီဆိုရင် သူ့အလောင်းကို လိုချင်တယ်။ အဲ့နှစ်ခုထဲက ဘာတစ်ခုကိုမှ မလုပ်နိုင်ဘူး ဆိုရင်တော့ ငါကိုယ်တိုင် နင့်ကိုသတ်မယ်” လီရုန်က ချူးကျန်းအား အေးစက်စက် စိုက်ကြည့်ရင်း အတိအလင်း ကြေညာ ပြောဆိုလိုက်၏။

ချူကျန်းသည် လီရုန်၏ ခြိမ်းခြောက်စကားကို ကြားသော်လည်း နည်းနည်းလေးမှ မကြောက်သည့်အပြင် သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လျက် ထိုအခိုက်အတန့်သို့ ရောက်ရှိလာမည့် အချိန်အား မျှော်ပင်မျှော်လင့်နေမိသေး၏။

သို့သော်လည်း သူဘာကိုမှ ပြန်မပြောရသေးခင်မှာဘဲ မီးတောင်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့ပြီး ဘေးပတ်းကျင်မှ မိုးမြေစွမ်းအင်များသည်လည်း စတင်၍ ကသောင်းကနင်း ဖြစ်လာတော့လေ၏။

အားလုံး၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အောက်ကို ငုံကြည့်လိုက်ရာ မီးတောင်ဝအတွင်းမှ ချော်ရည်များ လျှံထွက်လာနေသည်ကို တွေ့လိုက်ရလေ၏။

ချော်ရည်များသည် မီတာတစ်ထောင်ကျော် အမြင့်ထိ ပေါက်ကွဲထွက်လာခဲ့ပြီး မိုးရေစက်များပမာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေ၏။

မကြာခင်မှာပင် များစွာသော ချော်ရည်စီးကြောင်းများ အဆက်မပြတ် ပေါက်ကွဲလျှံထွက်လာတော့လေ၏။

“စီနီယာလီ၊ ပြန်ဆုတ်” ဟွာမိုမျက်နှာ ဖြူလျော်သွားခဲ့ပြီး အလျင်အမြန် အော်ဟင်ရင်း အစစ်အမှန်ချီကို လှည့်ပတ်ကာ မီးတောင်၏ အမျက်ဒေါသမှ ရှောင်ပြေးရန် ကြိုးစားလိုက်၏။

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၅၈) ပြင်းထန်သော တိုက်ပွဲ

——————————————————————

နှစ်ပေါင်းများစွာကြာအောင် တိတ်ဆိတ်နေခဲ့သော မီးတောင်ကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အနီရောင် ချော်ရည်စီးကြောင်း များသည် မီတာထောင်ယံတိုင် ပန်းထွက်လာခဲ့၏။ ကောင်းကင်ယံထက် မီးခိုးလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးတန်းတို့သည်လည်း တဖျတ်ဖျတ် လက်နေခဲ့လေ၏။

ရှေးဟောင်းနတ်ဆိုးကလန်သား များသည်လည်း မြှားမိုးရွာချခံရရာမှ ထွက်ပြေးနေသော စစ်သားများပမာ ချော်ရည်စီးကြောင်းများကို ရှောင်တိမ်းရင်း အူးယားဖားယား ပြေးလွှားနေခဲ့ကြ၏။ ချော်ရည်များဖြင့် ထိမိသွားသော သူများမှာမူ သေတိမ်တိုက်များအဖြစ် ပေါက်ကွဲသွားခဲ့ရာ အရိုးပင် မကျန်ရစ်ခဲ့ပါချေ။

အသက်ရှင်ကျန်သော ရှေးဟောင်းနတ်ဆိုးကလန်သား များသည် ထိုမြင်ကွင်းကို မျက်လုံအပြူးသားဖြင့် ငေးကြည့်ရင်း အစစ်အမှန်ချီကိုသုံး၍ မြနိုင်သမျှ မြန်မြန် ထွက်ပြေးတော့လေ၏။

ချော်ရည်နှင့် လျှပ်စီးတန်းတို့သည် ကျချင်တိုင်းကျ၊ ပစ်ချင်တိုင်း ပစ်နေလေရာ ထိုဧရိယာတစ်ခုလုံး သေခြင်းတရား ဇုံတစ်ခု ဖြစ်သွားခဲ့လေ၏။

လောကကြီး၏ စွမ်းပကားသည် အမှန်အကန်ကိုပင် ပြိုင်ဘက်ကင်းပေ၏။

ဗိုလ်ချုပ်ကြီးသုံးယောက် ဖြစ်သော လီရုန်၊ ဟွာမိုနှင့် ချူကျန်းတို့သည် လွန်စွာကိုမှ လေးနက်တည်ကြည်သော အမူအရာဖြင့် သူတို့၏ နောက်လိုက်ငယ်သားများကို ခေါ်ကာ မီးတောင်နားမှ ထွက်ပြေးကြတော့လေ၏။ ဤနေရာ၌ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူတို့ မသိသော်လည်း သဘာဝရားနှင့် မဆင်မခြင် စွမ်းအားချင်း သွားမပြိုင်ရဲပါချေ။

ပြာတိမ်တိုက်ကြီးအလယ် လျှပ်စီးတန်းတို့ အဆက်မပြတ် လက်ဖြာနေခဲ့ပြီး မိုးချိန်းသံတို့ တရစပ် မြည်ဟည်းနေခဲ့ကာ ချော်ရည်များသည်လည်း မီးတောင်ပေါက်မှ မရပ်စတမ်း ဖြာထွက်နေခဲ့၏။

ထိုကဲ့သိုသော မဟာကောင်းကင်၏ အမျက်ဒေါသသည် ရှေးဟောင်းနတ်ဆိုးကလန်သား များစွာကို ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေခဲ့၏။ ဆန်းကြယ်လောကငယ် အတွင်း၌ သူတို့အား ဒုက္ခပေးနိုင်သော အန္တရာယ် များများစားစား မရှိချေ။ သတ်ဖို့ဆိုလျှင်မူ ပြောစရာပင် မလိုတော့ပေ။ သို့သော်လည်း ယနေ့ အစစ်အမှန် အန္တရာယ်ဆိုသည်မှာ ဘာလဲ ဆိုသည်ကို သူတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရလေ၏။

ခဏအကြာ၌ ချူကျန်း၊ လီရုန်နှင့် ဟွာမို့တို့ အဖွဲ့သုံးဖွဲ့ မီးတောင်ပေါက်မှ ကီလိုမီတာအနည်းငယ် အကွာသို့ ရောက်ရှိလာခဲ့လေ၏။ နှစ်ဖက်စလုံးသည် မီးလျှပ်စီး ပင်လယ်အား အံ့အားတကြီးဖြင့် ငေးစိုက်ကြည့်နေခဲ့ကြ၏။

လီရုန်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့၏။ ရန်ကိုင်နှင့် ဟန်ဖေးတို့ အသက်ရှင်နိုင်သေးသည်ဟု မျှော်လင့်ထားခဲ့ မိသော်လည်း ယခုမူ ထိုမျှော်လင့်ချက်လေး စုံးစုံးမြှုပ် ပျောက်ကွယ်သွားခဲ့ရလေပြီ။

ထိုကဲ့သို့သော ဘေးကပ်ဆိုးမှ ဟန်ဖေးနှင့် ရန်ကိုင်တို့ မည်သည့်နည်းနှင့်မျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ဟု လီရုန် တွေးလိုက်၏။

ထိုအချိန်မှာပင် မီးတောက်ပေါက်၏ အလယ်ဗဟိုမှ ပုံရိပ်နှစ်ခု ရုတ်တရက် ခုန်ထွက်လာခဲ့၏။

အားလုံးသည် မိုးကောင်းကင်၏ အမျက်ဒေါသကြောင့် သွေးပျက်ကြောက်လန့် နေခဲ့ရာ ချော်ရည်လျှပ်စီးများထဲရှိ ထိုလပုံရိပ်နှစ်ခုကို မည်သူမှ သတိမပြုမိခဲ့ချေ။

မီးတောင်ပေါက်ဝမှာ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ရ၏။

သူတို့ ထွက်လာလာချင်းမှာပင် ထိုကဲ့သို့သော ကမ္ဘာပျက် မြင်ကွင်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု နှစ်ယောက်စလုံး မထင်ထားခဲ့ချေ။ သေခြင်းတရားရိပ်တို့ ရစ်ဝဲနေသည့် အဖျက်စွမ်းအင်များကြောင့် ရန်ကိုင်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး အလိုလို ကြောက်လန့်တုန်ရီသွားခဲ့ကြ၏။

“ဆက်သွားထား” ဟန်ဖေးက အော်ပြောလိုက်၏။ ယခု မီးတောင်ထဲမှ ထွက်လာပြီဖြစ်၍ သူမအနေဖြင့် ရန်ကိုင်၏ အကူအညီကို ထပ်မံမလိုတော့ချေ။ ထို့ကြောင့် သူမ၏ နတ်ဆိုးချီကို လှည့်ပတ်၍ ရန်ကိုင် ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ကြုံရာ အရပ်မျက်နှာတစ်ခုဆီ ပြေးထွက်သွားလိုက်လေ၏။

ရန်ကိုင်သည်လည်း မခုခံခဲ့ချေ။ အရိုးဒိုင်းကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး ထိုအရိုးဒိုင်းထဲ အစစ်အမှန်ချီများကို ဖြည့်သွင်းလိုက်လေ၏။

လျှပ်စီးကြောင်းတို့ အရိုးဒိုင်းမျက်နှာပြင်ကို ရိုက်ခတ် လာခဲ့သော်လည်း အရိုးဒိုင်း၏ စုပ်ယူခြင်းကိုသာ ခံလိုက်ရ၏။ သို့သော်လည်း ငါးချက်မြောက်ပြီးသည်နှင့် ဆန်းကြယ် အထွတ်အထိပ် အဆင့်သို့ မကြာခင်မှ အဆင့်တိုးမြှင့်လာသော အရိုးဒိုင်း ပျက်စီးတော့မည့် အရိပ်အယောင် ပြလာသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။

ကံကောင်းစွာဖြင့် ဟန်ဖေးသည် အန္တရာယ်အများဆုံး နေရာများကို ရှောင်ရှား၍ ထိုအန္တရာယ်ဇုံထဲမှ အလျင်အမြန် ထွက်ပြေးလာနိုင်ခဲ့၏။

“ငါတို့ရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ်” ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး အော်ပြောလိုက်၏။ သို့သော်လည်း သူ့မျက်နှာ အမူအရာ ချက်ချင်းဆိုသလို တစ်ဖန်ပြန်လည် ဖြူချော်သွားခဲ့ရ၏ “ချူကျန်းပဲ”

“ဆိုးလိုက်တဲ့ကံ” ဟန်ဖေး အမူအရာ တည်ကြည် လေးနက်သွားခဲ့လေ၏။ ချူကျန်း သူတို့အား ဤနေရာ၌ ဆက်၍ စောင့်နေသေးမည်ဟု ဟန်ဖေး မထင်ထားခဲ့ချေ။

သူမနှင့် ရန်ကိုင်သည် မီးတောင်ထဲ၌ လဝက်ကြာအောင် နေခဲ့သည်ဖြစ်ရာ ချူကျန်း ဤမျှစောင့်နေနိုင်သည်မှာ သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့လေ၏။

“ကျုပ်တို့ ပြေးဖို့လိုတယ်” ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့ပြီး ဟန်ဖေးနားထဲ တိုးတိုးလေး ကပ်ပြောလိုက်၏။

ဟန်ဖေးလည်း ခေါင်းညိတ်ပြလိုက်၏။

သူတို့ ချူကျန်းကို သတိပြုမိပြီး ချက်ချင်းဆိုသလို တစ်ဖက်လူသည်လည်း သူတို့ကို သတိပြုမိသွားခဲ့၏။ ရန်ကိုင်နှင့် ဟန်ဖေးတို့ကို မြင်လိုက်သည်နှင့် ချူကျန်း ရက်စက်စွာ ပြုံးလိုက်ပြီး “မင်းတို့နှစ်ယောက် အသက်ရှင်နေသေးတာပဲ။ ဟားဟားဟား၊ ကောင်းကင်က ငါတို့ကို တကယ် ကူညီပေးနေတာပဲ”

ပြောပြီးသည်နှင့် မီးတောင်၏ အခြားတစ်ဖက်ဆီ လှမ်း၍ ကြည့်လိုက်၏။ သို့သော်လည်း လီရုနှင့် ဟွာဖေးတို့ကို မတွေ့ရချေ။

ချူကျန်း စိတ်လက်ပေါ့ပါးသွားခဲ့၏။ ထိုနှစ်ယောက်ကို သူမတွေ့ရသဖြင့် သူတို့သည်လည်း သူတို့ကို တွေ့ရလိမ့်မည် မဟုတ်ချေ။ ဆိုလိုဆသည်မှာ လီရုန် မတုန့်ပြန်နိုင်သေးမှာပင် သူ့၌ ရန်ကိုင်နှင့်ဟန်ဖေးတို့ကို ဖမ်းရန် အခွင့်အရေး ရှိပေ၏။

သူသာ ထိုနှစ်ယောက်ကို ဖမ်းထားနိုင်သရွေံ့ လီရုန်နှင့် အလဲအလှယ် လုပ်နိုင်ပေ၏။

လီရုန်သည် ထိုလူသားကောင်လေးကို ဟန်ဖေးထက်ပင် ပို၍ ဂရုစိုက်နေလေရာ ချူကျန်းလည်း အတော်လေးကို သိချင်နေမိ၏။

မီးတောင်ထဲမှ ထွက်လာပြီးပြီးချင်း သူတို့၏ ရန်သူနှင့် ရင်ဆိုင်ရလေရာ ရန်ကိုင်နှင့်ဟန်ဖေးတို့ ထပ်မံ ခြေကုန်သုတ်ပြေး ရတော့ပြန်လေ၏။

ချူကျန်းသည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း အသက်သွင်းလိုက်လေ၏။

သူ့ပုံရိပ် လက်ခနဲဖြစ်သွားခဲ့ပြီး ချက်ချင်းဆိုသလို ရန်ကိုင်နှင့် ဟန်ဖေးတို့ရှေ့ ရောက်သွားခဲ့ကာ လှောင်ပြောင် ထေ့ငေါ့လိုက်လေ၏ “မင်းတို့ကံက တော်တော်ကောင်းတဲ့ ပုံပဲ။ ဒါပေမယ့် မင်းတို့ရဲ့ ကောင်းနေတဲ့ ကံလေးက ဒီမှာတင် ရပ်တန့်သွားပြီ။ ဟန်ဖေး၊ သူ့ကို ငါ့လက်ထဲ ထည့်ပေးလိုက်ပေတော့”

ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်၍ ဟန်ဖေးကို လှမ်းဖမ်းဟန် ပြုလိုက်၏။

ဟန်ဖေးကမူ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ ရန်ကိုင်ကို ဘေးဘက်ဆီ ပစ်ထုတ်လိုက်ပြီး နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို သုံးကာ ချူကျန်း၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်၏။

သူတို့နှစ်ယောက်ကြား အဆင့်တစ်ဆင့် ကွာခြား နေသော်လည်း ဟန်ဖေးသာ အစွမ်းကုန်ထုတ်တိုက်မည် ဆိုပါက ချူကျန်းကို တစ်ခဏကြာအောင် နှောင့်နှေးနိုင်ပေလိမ့်မည်။

ယခင်အကြိမ်က ချူကျန်း သူမအား တစ်ကွက်တည်းဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် တိုက်ခိုက်နိုင်ခြင်းဟာ ချူကျန်းသည် သူ့ခွန်အား အစစ်အမှန်ကို ရုတ်တရက် ထုတ်ဖော်၍ သူမအား တိုက်ခိုက်လိုက်သောကြောင့် ဖြစ်၏။

ရန်ကိုင်သည်လည်း တိုက်ပွဲကွင်းပြင်မှ ချက်ချင်းဆိုသလို ထွက်ပြေးတော့လေ၏။ သို့သော်လည်း ဝေးဝေးပင် ထွက်မပြေးရသေးခင် ရှေးဟောင်းနတ်ဆိုးကလန်သားများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရလေ၏။

ထိုလူအားလုံးသည် ချူကျန်း၏ လက်အောက်ငယ်သားများ ဖြစ်ကြ၏။ အားအနည်းဆုံးသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သုံးယောက်သည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြ၏။

ရန်ကိုင်သည် လေထဲတွင် ဝဲလျက် မျက်မှောင်ကြုံ့ကာ သူ့ရန်သူများကို စိုက်ကြည့်နေခဲ့လေ၏။ ထိုလူများဆီမှ အားကောင်းလှသော ဖိအားကို ခံစားနေရလေရာ သူ့စိတ်လည်း အတော့်ကို လေးလံနေခဲ့ရ၏။

“လူသား၊ လက်လျှော့လိုက်တော့၊ ဆာချူကျန်းမှာ မင်းကို လုပ်ခိုင်စရာ တစ်ခုခုရှိနေတယ်” မသေးမျိုး တတိယအဆင့် ပညာရှင်သည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။

“ကျုပ်ငြင်းရင်ရော” ရန်ကိုင်က မျက်လုံးမှေစဉ်းလိုက်ပြီး ပြန်၍ ပြောလိုက်၏။

“မင်းက အသားမနာဘဲ မလိုက်ချင်ဘူးနဲ့တူတယ်” ထိုမသေမျိုး တတိယအဆင့် ပညာရှင်က လှောင်ပြောင်လိုက်ပြီး ရှေ့တက်ကာ ရန်ကိုင်ကို လှမ်းဖမ်းရန် ပြင်လိုက်၏။

ထိုလက်ကြီး သူ့ဆီတိုးကပ်လာနေသည့် အချိန်မှာပဲ လက်အရိပ်ပေါင်းများစွာကို မြင်တွေ့လိုက်ရရာ မည်သည့် လက်သည် အစစ်ဖြစ်မှန်းကို ရန်ကိုင် မခွဲခြားနိုင်တော့ချေ။

အရိုးဒိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အစစ်အမှန်ချီကို ဒိုင်းထဲ အရူးအမူး ဖြည့်သွင်းကာ စုပ်ယူခဲ့သော လျှပ်စီးတန်းများကို ပြန်၍ ပစ်လွှတ်လိုက်၏။

လျှပ်စီးတန်းတို့ ဒိုင်းမျက်နှာပြင်ပေါ်မှ ပေါက်ကွဲ ထွက်လာခဲ့ပြီး လက်ဝါးရိပ်များကို အလွယ်တကူ ချေဖျက်သွားကာ မသေမျိုး တတိယအဆင့် ပညာရှင်လူကြီးဆီ တိုးတင်သွားခဲ့လေ၏။

ထိုမသေမျိုး တတိယအဆင့် ပညာရှင်သည် အလျင်စလို ပြန်ဆုတ်၍ သူ့ကလက်ို ပြန်ရုတ်ကာ ထိုမမျှော်လင့်ထားသည့် တိုက်ခိုက်မှုကို ခုခံရန် ပြင်လိုက်၏။

ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ စွမ်းအင်တန်းနှစ်ခု တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့၏။

ပြီးသည်နှင့် ရန်ကိုင်သည် သူ့စွမ်းအင်အားလုံးကို အသိစိတ် ပင်လယ်ထဲရှိ ဓါးတိုလေးထဲ ဖြည့်သွင်းလိုက်ပြီး ထိုဓါးတိုးလေးကို မသေမျိုး တတိယအဆင့် ပညာရှင်ဆီ ပစ်လွှတ်လိုက်လေ၏။

“ဘယ်လောက်တောင် ရွံ့စရာကောင်းလိုက်တဲ့ အရှိန်အဝါလဲ” ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုထဲ မီးဓါတ်တို့ ပါဝင်နေသည်ကို သတိပြုမိသည်နှင့် ထိုမသေမျိုး တတိယအဆင့် လူကြီး၏ အမူအရာ အရုပ်ဆိုးသွားခဲ့ပြီး သူ့စိတ်စွမ်းအင်အားလုံးကို စုစည်း၍ ထိုတိုက်ခိုက်မှုကို ထိပ်တိုက် ခုခံလိုက်လေ၏။

ထိုထိပ်တိုက် ရင်ဆိုင်မှုအပြီး၌ ရန်ကိုင် မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ရပြီး သွေးအပွက်လိုက် အန်လိုက်ရ၏။

ရန်ကိုင်၏ ဝိဥာဉ်နှင့် စိတ်စွမ်းအင်သည် သာမန် မသေမျိုး အဆင့် ပညာရှင်တစ်ယောက်နှင့် နှိုင်းယှဉ်၍ ရသော်လည်း မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက်ထက် အားနည်းနေတုန်းပင်။ ရန်ကိုင်၏ စိတ်စွမ်းအင်ထဲ အထူး ဓါတ်ဂုဏ်သတ္တိ ပါဝင်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အသိစိတ်ပင်လယ် တစ်ခုလုံး ပြိုကျသွားနိုင်ပေ၏။

သို့သော်လည်း ထိုမသေမျိုးအဆင့် ပညာရှင်လည်း ခံစားသွားခဲ့ရ၏။

သူသည် ရန်ကိုင်၏ တေဇောဓါတ် အသိစိတ်ပင်လယ်ကို အထင်သေးခဲ့ရာ ထိုထိပ်တိုက်တွေ့ဆုံမှု အပြီး၌ ခေါင်းကို လက်ဖြင့် ဆုပ်ကိုင်၍ နာကျင်စွာ အော်ဟစ်နေရတော့လေ၏။

တေဇောဓါတ် အသိစိတ်ပင်လယ်ကိုသာ အဆုံးထိတိုင် လေ့ကျင့်နိုင်မည် ဆိုပါက ၎င်းသည် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်ပေ၏။ ရန်ကိုင် တေဇောဓါတ် အသိစိတ် ပင်လယ်ကို စတင်လေ့ကျင့်သည်မှာ တစ်နှစ်ပင် မပြည့်တတ် သေးသော်လည်း နတ်ဆိုးနတ်ဘုရားမြို့တော်မှ တေဇောဓါတ် အသိစိတ် ပင်လယ်များကို စုပ်ယူပြီးနောက် သူ့ကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှုသည် ယခင်ထက် အများကြီး ပို၍ အားကောင်းလာခဲ့လေ၏။

“သူ့ကိုဖမ်းလိုက်။ သူ့အရိုးတစ်ချောင်းချင်းစီကို ငါချိုးပစ်ချင်နေပြီ” ထိုမသေမျိုး တတိယအဆင့် ပညာရှင်သည် ဒေါသတကြီး အော်ဟစ်ရင်း သူ့နောက်လိုက်များကို အမိန့်ပေးလိုက်လေ၏။

ရန်ကိုင်သည် ယန်အရည်စက်ပေါင်း များစွာကို ထုတ်ယူလိုက်ပြီး ထိုယန်အရည်စက်များကို ထက်ရှသော လှံတံများအဖြစ် ဖန်တီးလိုက်ကာ ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်၍ ရှေးဟောင်းနတ်ဆိုးကလန်သားများဆီ ပစ်လွှတ်လိုက်လေ၏။

ယန်အရည်စက်ဖြင့် ဖန်တီးထားသော လှံတံများသည် လျှပ်စီးတန်းများပမာ ရှေးဟောင်းနတ်ဆိုး ကလန်သားများဆီ ပြေးဝင်သွားလေ၏။

မရှောင်နိုင်တော့သည်နှင့် ရှေးဟောင်းနတ်ဆိုး ကလန်သားများ အားလုံး ထိုတိုက်ခိုက်မှုကို အလျင်စလို ခုခံလိုက်ကြလေ၏။ သို့သော်လည်း သန့်စင်သော ယန်ယွမ်ချီသည် သူတို့၏ နတ်ဆိုးချီကို ပြင်းပြင်းထန်ထန် ဖိနှိပ်နိုင်လေရာ သူတို့ထဲမှအချို့ ဒဏ်ရာရသွားခဲ့ကြရလေ၏။

ရှေးဟောင်းနတ်ဆိုးကလန်သားများ ဂုဏ်ယူဝံ့ကြွားရသည့် အားကောင်းလှသေား ခန္ဓာကိုယ်များကို ယန်အရည်စက်ဖြင့် ဖွဲ့စည်းထားသည့် လှံတံသည် စက္ကူတစ်ရွက်ကို ဖောက်ထွက်သွားရသည့် ပမာ အလွယ်တကူ ဖောက်ထွက်သွားခဲ့လေ၏။

ထိုတိုက်ခိုက်မှုကြောင့် ရှေးဟောင်းနတ်ဆိုးကလန်သား သုံးယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရလေ၏။

ထိုဒဏ်ရာများကို အခြားအကြောင်းကြောင့် ရခဲ့သည် ဆိုပါက ရှေးဟောင်းနတ်ဆိုးကလန်သားများ အနေဖြင့် ၎င်တို့ကို လျစ်လျူရှုထားလိုက်ပေလိမ့်မည်။

သို့သော်လည်း ပူပြင်းလှသော ယန်ချီသည် ရှေးဟောင်း နတ်ဆိုးကလန်သားများ၏ အိမ်မက်ဆိုးဖြစ်လေရာ သူတို့ အနေဖြင့် သောင်းကျန်းရုန်းကြွနေသော ယန်ယွမ်ချီများကို အရင် မရှင်းထုတ်ပစ်သရွေံ့ သူတို့ဒဏ်ရာကို ပြန်သက်သာအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

လှံသွားကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှ သွေးစိမ်းရှင်ရှင်တို့ ပြန်းထွက်လာခဲ့လေ၏။

ကျန်ရှိနေသော ရှေးဟောင်းနတ်ဆိုးကလန်သားများ အားလုံး ပို၍ ကြမ်းတမ်းရက်စက် သွားခဲ့ကြ၏။ သူတို့၏ အဖော် သေသည်ရှင်သည်ကိုပင် ဂရုမစိုက်တော့ဘဲ ရန်ကိုင်ကိုသာ မဲပြီး တိုက်ခိုက်တော့လေ၏။

ရန်ကိုင်သည် ယန်အရည်စက်ဖြင့် အရံအတား နှစ်ခုသာ ဖန်တီးလိုက်နိုင်၏။

ထိုအလွှာနှစ်ခုသည် မသေမျိုးအဆင့် ပညာရှင် နှစ်ယောက်နှင့် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင် ရှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ ချက်ချင်းဆိုသလို ပျက်စီသွားခဲ့ရလေ၏။

သွေးတစ်ပွက် အန်လိုက်ရပြီး ကြိုးပျက်သွားသည့် စွန်ပမာ မီတာဒါဇင်ပေါင်း များစွာအကွာသို့ လွင့်စင်ထွက်သွား ခဲ့ရလေ၏။

“သူ့ကို အသက်ရှင်လျက် ဖမ်းဖို့ လိုတယ်” ဒဏ်ရာရထားသော မသေမျိုး တတိယအဆင့် ပညာရှင်က အော်ပြောလိုက်ပြီး ရန်ကိုင်နောက်သို့ အလျင်အမြန် ပြေးလိုက်သွားလေတော့၏။

တစ်ချိန်တည်းမှာပင် မီးတောင်၏ အခြားတစ်ဖက်၌ ရှိနေသော လီရုန်နှင့် ဟွာမိုတို့သည်လည်း တစ်ခုခု မူမမှန်သည်ကို သတိပြုမိသွားခဲ့လေ၏။

“စီနီယာလီ၊ အဲ့ဘက်မှာ တစ်ယောက်ယောက် တိုက်ခိုက်နေတဲ့ပုံပဲ” ဟွာမိုက ဖြစ်ပျက်နေသည်များကို နားမလည်နိုင်သည့် အမူအရာဖြင့် ပြောလိုက်၏။

“ဒီအရှိန်အဝါ...” လီရုန် မျက်မှောင်ကြုံ့လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ မီးတောင် တစ်ဖက်ခြမ်းဆီ လှမ်း၍ စစ်ဆေးကြည့်လိုက်၏။ မကြာခင်မှာပဲ ရင်းနှီးနေသော အရှိန်အဝါကို အာရုံခံမိလိုက်ပြီး သူမ၏ မျက်နှာလှလှလေး ဝင်းလက်သွားခဲ့ကာ “ဟန်ဖေးပဲ”

“ဗိုလ်ချုပ်ကြီး ဟန်ဖေး မသေသေးဘူးလား” ဟွာမိုလည်း ဝမ်းသာသွားခဲ့၏။

“သူသာ အဆင်ပြေနေသေးရင် လူသားကောင်လေးလည်း ကျိန်းသေ အဆင်ပြေနေရလိမ့်မယ်” လီရုန်၏ ခန္ဓာကိုယ်လေးသည် အလင်းအတန်းတစ်ခု အသွင်းသို့ ပြောင်းလဲသွားခဲ့ပြီး မီးတောင်၏ တစ်ဖက်ခြမ်းဆီ လျှပ်စီးတန်းတစ်ခုပမာ ပျံထွက်သွားခဲ့လေ၏။

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၅၉) စော်ကားခွင့်မရှိ

——————————————————————

ရန်ကိုင် အသိစိတ်ပင်လယ်ထဲရှိ ရွှေရောင်မျက်လုံးကို မြင်လိုက်သည့် အချိန်မှစ၍ လီရုန်စိတ်ထဲ သံသယစိတ်တို့ ကိန်းအောင်းလာခြင်း ဖြစ်၏။

ထိုရွှေရောင်မျက်လုံးဆီမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် သူမတို့ကလန်၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် စာအုပ်ထဲ ဖော်ပြထားသည်များနှင့် ချွတ်စွပ်တူနေသည်ကို လီရုန် တွေ့ရှိလိုက်ရ၏။

ထို့ကြောင့် ရန်ကိုင် ကျောက်တုံးခန်းလေးထဲမှ ထွက်လာသည်နှင့် ထိုရှေးဟောင်းစာအုပ်များ သိမ်းဆည်းထားရာ အခန်းဆီ ချက်ချင်း ပြေးသွားပြီး လှန်လှောကြည့်လိုက်ရာ သူမ ခန့်မှန်းထားခဲ့သလိုပင် ရွှေရောင်မျက်လုံး၏ ပုံစံ၊ စွမ်းရည်များကို တွေ့ရှိခဲ့ရ၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် လီရုန်သည် မသေမျိုး တတိယအဆင့် ဖြစ်သော တွမ့်ရကို ရန်ကိုင်၏ ကျောက်တုံးခန်းအား စောင့်ကြပ်ရန် အမိန့်ပေးခဲ့ပြီး မီးတောင်သို့ သွားမည့်အခါ၌ပင် ဟန်ဖေးကို ရန်ကိုင်အား လိုက်လံစောင့်ကြပ် ကာကွယ်ပေးရန် တောင်းဆိုခဲ့၏။

ဤကိစ္စနှင့် ပက်သက်သော အမှန်တရားကို မထုတ်ဖော် နိုင်သေးခင် အချိန်အထိ ထိုလူသားကောင်လေး ဘာမှဖြစ်၍ မရချေ။ သူမ၏ ခန့်မှန်းချက်များကိုမူ မည်သူ့ကိုမှ အသိမပေးရဲချေ။ ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဟွာမိုနှင့် ဟန်ဖေးတို့ကိုပင် အသိမပေးခဲ့ချေ။

မသေချာသေးသည့်အတွက် ရန်ကိုင်ကို လေ့လာ စစ်ဆေးပြီး သူမ၏ ခန့်မှန်းချက် မှန်မမှန် အတည်ပြုရန် အချိန်လို၏။

သို့သော်လည်း ချူကျန်း၏ ရုတ်တရက် ဝင်ရှုပ်မှုကြောင့် သူမ၏ မျှော်လင့်ချက်လေးများ ပြိုကွဲလုလု ဖြစ်သွားခဲ့ရကာ လီရုန် အမှန်အကန်ကို ဒေါသပုန် ထသွားခဲ့ရ၏။

သို့သော် ယခု ဟန်ဖေးနှင့် ရန်ကိုင်တို့ အသက်ရှင်နေသေးကြောင်း သိလိုက်ရန်သည်နှင့် လီရုန် ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး မီးတောင်တစ်ဖက်ခြမ်းဆီ ချက်ချင်း ဆိုသလို ပြေးထွက်သွားတော့လေ၏။

ဟွာမိုသည် ကြောက်ရွံ့တစ်ဝက်၊ စိုးရိမ်တစ်ဝက် အမူအရာဖြင့် လီရုန်နောက်မှ အနီးကပ် လိုက်ပါလာခဲ့လေ၏။

ထိုလူသားကောင်လေးနှင့် ပက်သက်လာလျှင် အမြဲလိုလို တည်ငြိမ်နေတတ်သော စီနီယာလီ စိတ်လွတ်သွားသည်ကို ဟွာမို အသေအချာ သတိပြုမိ၏။ သူမ၏ လုံခြုံရေးကိုပင် ဂရုမစိုက် နိုင်တော့သည်အထိပင် ဖြစ်ရ၏။

မီးတောင်၏ တစ်ဖက်ခြမ်း၌ ရန်ကိုင်သည် ကောင်းကင် ပေါ်မှ ပြုတ်ကျလာခဲ့ပြီး မြေပြင်နှင့် ပစ်ရိုက်ကာ နှစ်ပတ် သုံးလေးပတ်လောက် လှိမ့်သွားခဲ့ရပြီးမှ ရပ်တန့်သွားခဲ့၏။ လဲကျနေရာမှ အလျင်အမြန် ကုန်းထလိုက်ပြီး ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ကာ ပတ်ဝန်းကျင်အား သတိအပြည့်ဖြင့် အလျင်စလို စစ်ဆေးလိုက်၏။

ရန်ကိုင်နောက်သလို့ လိုက်နေသော ရှေးဟောင်းနတ်ဆိုး ကလန်သားများသည်လည်း အံ့အားသင့်သွားခဲ့ရပြီး သူတို့ထဲမှ တစ်ယောက်သည် ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်လျက် “အပြင်လူရဲ့ ခံနိုင်စွမ်းက ငါတို့ကလန်သားတွေအောက် မနိမ့်ကျဘူးပဲ။ ဒီလောက် အမြင့်ကြီးကနေ ပြုတ်ကျပြီးတာတောင် မနာသေးတဲ့ပုံပဲ”

“အဲ့ကောင် နတ်ဆိုးနတ်ဘုရားမြို့တော်မှာ ရှိနေတုန်းက ဖန်းလန့်နဲ့ သူ့နောက်လိုက်တွေကို ရက်တော်တော်များများ အိပ်ရာထဲက မထနိုင်အောင် သမခဲ့တယ်ဆိုပဲ”

“တကယ်ကြီးလား”

“အဲ့လိုဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းလာတော့မှာပဲ”

အားလုံးသည် ရန်ကိုင်အား လိုက်ဖမ်းရန် အလျင်လိုခြင်း မရှိဘဲ သူတို့၏ ထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုနေခဲ့၏။

လေထဲတွင်ဝဲနေသော ပညာရှင်များထဲမှ တစ်ယောက်သည် ရန်ကိုင်အား အထူးအဆန်း တစ်ကောင်အလား ငုံ့ကြည့်လိုက်၏။

ချူကျန်း...

ထိုအကြည့်ကို သတိပြုမိသည်နှင့် ရန်ကိုင် အမူအရာ လေးလံသွားခဲ့၏။ အဝေးတစ်နေရာသို့ လှမ်း၍ ကြည့်လိုက်သည့် အခါ အစောပိုင်းလေးတင်က ချူကျန်းကို တားဆီးရန် ကြိုးစားနေသော ဟန်ဖေးသည် သွေးအိုင်ထဲ လဲလျောင်းနေရသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ သူမ၏ အေးစက်စက် မျက်ဝန်းအစုံသည် ဖြည်းဖြည်းချင်း မျက်တောင် ခတ်ရင်း ဖြူလျော်နေသော နှုတ်ခမ်‌လေးအစုံသည် တစ်ခုခုကို ရေရွတ်နေခဲ့၏။

သူတို့ကြား အကွာအဝေးသည် အရမ်းဝေးသော်လည်း သူမက သူ့အား ထွက်ပြေးခိုင်းနေသည်ကို ရန်ကိုင် သိ၏။

“ဆာ” ရန်ကိုင်ကို ဝိုင်းထားသော ရှေးဟောင်းနတ်ဆိုး ကလန်သားများ အားလုံး ချူကျန်းကို ဦးညွှတ်လိုက်ကြ၏။

ချူကျန်းက ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဆီ တစ်ဖန်လှည့်ကြည့်လိုက်ကာ လှောင်ပြောင်လိုစိတ် အပြည့်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း “မင်းတို့ လူသားတွေမှာ ဆိုရိုးစကား တစ်ခုရှိတယ်လေ။ ဥာဏ်ရှိတဲ့လူဆိုတာ အခြေအနေနဲ့ လိုက်ပြီး သင့်တင့်လျောက်ပတ်အောင် နေထိုင် တတ်ရတယ်တဲ့။ မင်းအနေနဲ့ ဆက်ပြီး မခုခံတော့ဖို့ ငါမင်းကို အကြံပေးချင်တယ်။ ဟန်ဖေးက မင်းကို မကူညီပေးနိုင်သလို လီရုန်ကလဲ မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”

“ဟားဟား...” ထိုကဲ့သို့ ကူကယ်ရာမဲ့နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် အချိန်၌ ရန်ကိုင်က ရုတ်တရက် ထရယ်မောလိုက်လေ၏။

“မင်းဘာရယ်နေတာလဲ” ချူကျန်းက အေးစက်စက်ဖြင့် ပြန်၍ နှာခေါင်းရှုံ့လိုက်၏။

ရန်ကိုင်က ဖြည်းဖြည်းချင်း လက်မြှောက်လိုက်ပြီး ချူကျန်း နောက်ဘက်ရှိ ကောင်းကင်ပေါ်သို့ လက်ညိုးထိုးပြလိုက်ကာ “ကျုပ်ကို ပြောနေမယ့်အစား လီရုန်ကို ကိုယ်တိုင် သွားပြောသင့်တယ်။ သူလာနေပြီ”

ချူကျန်း အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင် လက်ညိုးထိုးပြရာ အရပ်ဆီ လှမ်းကြည့်လိုက်သည့်အခါ လှပသော ပုံရိပ်တစ်ခုသည် သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို တွေ့ရှိလိုက်ရလေ၏။ လီရုန်သည် စိုးရိမ်တကြီးဖြင့် အကျယ်ကြီး လှမ်း၍ အော်ပြောလိုက်၏ “ချူကျန်း၊ နင့်အပြုအမူတွေကို ရပ်တန်းက ရပ်လိုက်တော့။ ဒီတစ်ကြိမ် ငါပြောတာကို နားထောင်မယ်ဆိုရင် နင်စည်းမျဉ်း ဖောက်ဖျက်ခဲ့တာတွေ အားလုံးကို ငါခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် အဲ့လူသားရဲ့ ဆံပင်မွှေးတစ်ချောင်းကိုတောင် ထိရဲတယ် ဆိုရင်တော့ ငါနင့်ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”

“စီနီယာလီပါလား” ချူကျန်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ပြန်အော်ပြောလိုက်လေ၏ “ကျုပ်ချူကျန်းက အခုလိုတွေ ဖြစ်အောင် လုပ်ပြီးမှတော့ ဘာလို့ ပြန်လှည့်ရဦးမှာလဲ။ ဒီနေ့ ခင်ဗျားနဲ့ ကျုပ်၊ နှစ်ယောက်ထဲက ဘယ်သူသေမလဲ ကြည့်ရသေးတာပေါ့”

ပြောပြီးသည်နှင့် လီရုန်ကို ဆက်၍ အာရုံမစိုက်တော့ဘဲ အေးစက်စက် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ဆီ ပြန်လှည့်ကြည့်လိုက်၏။

လီရုန် စကားအရ ထိုလူသားကောင်စုတ်လေးကို လီရုန် လွန်စွာလွန်စွာကို တန်ဖိုးထားနေသည်ကို ချူကျန်း နားလည်လိုက်ရ၏။

သူသည်လည်း လီရုန်နှင့် အမှန်တကယ် မတိုက်ခိုက်ချင်ချေ။ ထိုလူသားကောင်လေးကိုသာ ဖမ်းဆီးလိုက်နိုင်သရွေ့ နိုင်ပွဲက သူ့လက်ထဲ ရောက်ရှိသွားပြီ ဖြစ်၏။

ထိုအကြောင်းကို တွေးလိုက်ရုံဖြင့်ပင် ချူကျန်း လွန်စွာကိုမှ စိတ်လှုပ်ရှားလာခဲ့ရ၏။ ဤလောကငယ်လေးကိုသာ သူ့အမိန့်အောက်၌ စုစည်းနိုင်ပါက သူတို့ကလန်သားများ၏ အစစ်အမှန် သဘာဝကို ပြန်၍ နိုးထလာအောင် လုပ်ဆောင် နိုင်ပေလိမ့်မည်။ ထို့နောက် သူတို့ ဤနေရာမှ ထွက်သွားသည်နှင့် လောကကြီးတစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံ လှုပ်ခါပေလိမ့်မည်။

ထိုအချိန်မှပင် ရှေးကျဟန်ရသော အသံတစ်သံသည် မိုးမြေတစ်ခွင်ကြား ရုတ်တရက် ပျံ့လွင့်လာခဲ့၏။

“မိစ္ဆာအသွင်ပြောင်းလဲခြင်း”

ရန်ကိုင်က သူ့လက်ညိုးဖြင့် နဖူးပြင်ထက် ရေပြင်ညီမျဉ်း ဖြတ်ဆွဲလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ သူ့အသံသည် ငရဲကိုးထပ်မှ ထွက်ပေါ်လာသည့် အသံအလား ရေခဲတမျှ အေးစိမ့်နေခဲ့ရာ ကြားလိုက်သူအပေါင်းတို့အား ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့လေ၏။

မဟာပထဝီ မြေကမ္ဘာတစ်ခွင် တုန်ခါသွားခဲ့ပြီး အားလုံး၏ ရင်ထဲ တသိမ့်သိမ့် ဖြစ်သွားခဲ့ရ၏။

ပရမ်းပတာ ဖြစ်နေသော ကောင်းကင်ယံထက် အားကောင်းလှသော အဖျက်စွမ်းအင်တို့ဖြင့် ပြည့်နေသည့် ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

လေပြင်းများ တိုက်ခတ်လာခဲ့ပြီး မီးတောင်ပေါက်ကွဲ သည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို အားလုံး ခံစားလိုက်ရ၏။

ရန်ကိုင်၏ အထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင် တောက်ပသွားခဲ့ပြီး များစွာသော အနက်ရောင် မျဉ်းကြောင်း များသည် သူ့ကိုယ်ထက်သို့ မြေများပမာ တွယ်တက်လာခဲ့လေ၏။

ထိုအချိန်၌ ရန်ကိုင်၏ အရှိန်အဝါသည် ရက်စက်ကြမ်းတမ်းပြီး သွေးဆာသော အရှိန်အဝါတစ်ခု အဖြစ်သို့ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။

လီရုန် ရောက်လာရန် အချိန်အနည်းငယ် ဆွဲနိုင်ပါစေ ဟူသော မျှော်လင့်ချက်ဖြင့် သူ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးခဲ့ရလေပြီ။

သူသာ လီရုန်ရောက်သည်အထိ အချိန်ဆွဲထားနိုင်ပါက ချူကျန်း၏ ခေါ်ဆောင်ခြင်း ခံရမည်ကို စိုးရိမ်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။

ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင် အနေဖြင့် ရှေးဟောင်းနတ်ဆိုး ကလန်သားများ ရှေ့၌ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးမပြုချင်ချေ။ မိစ္ဆာအသွင်‌ပြောင်းလဲခြင်းသည် သူတို့၏ နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်းနှင့် တူသည် မဟုတ်ပေလော။ ထိုမိစ္ဆာအသွင်းပြောင်းလဲခြင်း၏ ဇာတ်မြစ်ကို သူမသိသေးချေ။ သို့သော် သူသာ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို ထုတ်ပြလိုက်လျှင် သူ့ဆီ ပြဿနာများစွာ ရောက်လာလိမ့်မည်ဟု သူ၏ မသိစိတ်က ပြောနေခဲ့လေ၏။

သူသာ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို ထုတ်ပြလိုက်သည်နှင့် ထိုပညာရပ်သည် သူတို့ဆီမှ ခိုးယူထားခြင်း ဖြစ်သည်ဟု ရှေးဟောင်း နတ်ဆိုးကလန်သားများ ပြောပေလိမ့်မည်။

ထိုသို့ဖြစ်လာခဲ့လျှင် သူသည် ရှေးဟောင်းနတ်ဆိုးကလန်၏ တာမြစ်ထားသော အရာကိုး ချိုးဖောက်သည့်သူ ဖြစ်သွားရပေမည်။

သို့သော် ယခုအချိန်၌ ထိုအကြောင်းကို တွေး၍ စိတ်ပူမနေနိုင်တော့ချေ။

သို့သော်လည်း ယခုတစ်ကြိမ် မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည့်အခါ ယခင်အကြိမ်နှင့် တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။

ဘေးပတ်လည်တွင် ရှိနေသော ရှေးဟောင်းနတ်ဆိုး ကလန်သား အားလုံးမှ စွမ်းအင် အစုအဝေးများသည် ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့၏။ သူတော်စင် ဒုတိယအဆင့် ဖြစ်သော ချူကျန်းပင်လျှင် ချွင်းချက် မဟုတ်ချေ။

မီတာတစ်ရာ အကွာအဝေး၌ ရှိနေသော ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် ဟန်ဖေးပင်လျှင် သူမ၏ စွမ်းအားများ ထုတ်ယူခံလိုက်ရကာ အကျိုဆက် အနေဖြင့် တစ်ခါတည်း တန်းသတိလစ်သွားရတော့လေ၏။

ရန်ကိုင်နား စုဝေးနေသော ရှေးဟောင်းနတ်ဆိုး ကလန်သားများ အားလုံး၏ ခွန်အားများ ရုတ်ချည်းဆိုသလို ထိုးကျသွားခဲ့ရလေ၏။

ရန်ကိုင်ကမူ သူ့ကိုယ်ထဲ၌ ကြောက်မခန်းလိလိ စွမ်းအင်များ လှည့်ပတ်နေသည်ကို ခံစားနေခဲ့ရ၏။ စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်လုမတတ်ပင် ဖစ်သွားခဲ့ရာ သူ့လက်ကိုမြှောက်၍ လက်သီး တင်းတင်းဆုပ်လိုက်မိလေ၏။ ယခုအချိန်၌ သူသာ ဆန္ဒရှိလျှင် ဤလောကကြီး တစ်ခုလုံးကို ထိုးချေမွနိုင်သည်ဟု ခံစားနေခဲ့ရ၏။

ယခုအချိန် သူမလုပ်နိုင်သော အရာ ဘာမှမရှိသလို ရန်ကိုင် ခံစားနေခဲ့ရ၏။

“နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းလား” ချူကျန်းသည် ရန်ကိုင်ကို ထိတ်လန့်တုန်လှုပ်စွာ ငေးစိုက်ကြည့်ရင်း အလန့်တကြား အော်ပြောလိုက်လေ၏။ ယခု အချိန်၌ ရန်ကိုင်၏ မျက်နှာမှလွဲ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး နတ်ဆိုးအမှတ်အသားများဖြင့် ပြည့်နေခဲ့လေ၏။

ထို့ပြင် ရန်ကိုင် ကိုယ်ထက်၌ ရှိနေသော နတ်ဆိုး အမှတ်အသား ပမာဏသည် ချူကျန်းထက်ပင် ပို၍ များသေး၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ချူကျန်း မှင်သက်နေခဲ့၏။

နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် ရှေးဟောင်းနတ်ဆိုး ကလန်သားများသာ ထုတ်ဖော် အသုံပြုနိုင်သော အမွေအနှစ် ပညာရပ် တစ်ခုဖြစ်ပေ၏။ အခြား နတ်ဆိုးမျိုးနွယ်စုဝင်များပင် အသုံးမပြုနိုင်ကြချေ။ တကယ်တွင် နတ်ဆိုး အမှတ်အသား ဆိုသည်မှာ မွေးရာပါ အမှတ်အသား တစ်ခုဖြစ်၏။ ရှေးဟောင်းနတ်ဆိုး ကလန်သားများတွင်သာ နတ်ဆိုး အမှတ်အသား ရှိကြပြီး အခြား နတ်ဆိုးမျိုးနွယ်စုဝင် များတွင် နတ်ဆိုး အမှတ်အသားများ မရှိကြချေ။ ထို့ကြောင့် သူတို့ အနေဖြင့် နတ်ဆိုးနတ်ဘုရား ပြောင်းလဲခြင်းကို အသုံးပြုနိုင်ရန် မဖြစ်နိုင်ချေ။

ထိုသို့ဆိုလျှင် ထိုလူသားကောင်းလေးသည် ထိုပညာရပ်ကို မည်ကဲ့သို့ အသုံးပြုနိုင်နေရသနည်း။ ထို့အပြင် သူ့နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်းသည်... ချူကျန်း မြင်ဖူးသည်ထက် ပို၍ အားကောင်းနက်နဲဟန်ရ၏။

သူ့အား ဖိနှိပ်နေသော စွမ်းအင်တစ်မျိုးကပင် ထိုလူငယ်လေးဆီမှ ဖြာထွက်နေသည်ကို ချူကျန်း ခံစားနေမိ၏။

သူ့မျက်နှာထက်ရှိ နတ်ဆိုး အမှတ်အသားများသည် နေရောင်နှင့်တွေ့သော နှင်းများပမာ အလျင်အမြန် ပျောက်ကွယ် နေသည်ကို ချူကျန်း တွေ့ရှိလိုက်ရ၏။ သူ့သွေးစွမ်းအင်နှင့် နတ်ဆိုးချီသည်လည်း တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့ပြီး မကြာခင်မှာပင် သူ့ခွန်အားသည် မရှိလုနီးနီး အဆင့်ရှိကို ရောက်ရှိသွားခဲ့ရလေ၏။

ချူကျန်းနှင့် လီရုန်တို့ နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ် နေခဲ့ကြ၏။

သို့သော်လည်း လီရုန်မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်၊ အံ့အားသင့်သည့် အရိပ်အယောင် ရှိနေခဲ့၏။

ရင့်ကျက်သော အမျိုးသမီးသည် ရန်ကိုင်အား စွဲမက်ဖွယ် ကောင်းသော မျက်ဝန်းအစုံဖြင့် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်ရင်း သူ့ဆီသို့ အလျင်အမြန် ပျံသန်းနေခဲ့၏။ တစ်ချိန်တည်းမှာပင် သူမမျှော်လင့်နေခဲ့ရသည်ကို ကြုံတွေ့ လိုက်ရသည့်အလား သူမ၏ ခန္ဓာကိုယ်လေးသည် တဆတ်ဆတ် တုန်ရီလို့ နေခဲ့လေ၏။

သူမနောက်တွင် ရှိနေသော ဟာမိုသည်လည်း ထိုမြင်ကွင်းကို မှင်သက်စွာဖြင့် ငေးစိုက်ကြည့်နေလေ၏။

ရန်ကိုင်ဆီမှ မီတာတစ်ထောင် အကွာအဝေး အတွင်းသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လီရုန်နှင့် ဟွာမိုတို့ နှစ်ယောက်စလုံး မြေကြီးပေါ်သို့ အားအင်မဲ့စွာ ပြုတ်ကျသွားခဲ့ရလေ၏။

ရှေးဟောင်းနတ်ဆိုး ကလန်သား အားလုံးသည် ရန်ကိုင်ကို သဘာဝရန်သူ တစ်ယောက်ပမာ ကြောက်ရွံ့မှုအပြည့်ဖြင့် ငေးစိုက်ကြည့်နေကြစဉ် သူတို့ ၏ခန္ဓာကိုယ်များသည်လည်း ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ကြလေ၏။

“တကယ်ပဲ... တကယ်ပဲ... တကယ်ပဲ၊ ငါမမှားခဲ့ဘူး” လီရုန်သည် သူမဘာသာသူမ ထပ်တလဲလဲ ရေရွတ်နေခဲ့ပြီး သူမ၏ မျက်ဝန်းများသည်လည်း မျက်ရည်စများဖြင့် တဖြည်းဖြည်းချင်း ပြည့်လာခဲ့လေ၏။

“စီနီယာလီ... ဘာတွေဖြစ်နေတာလဲ။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို သူဘာလို့ သုံလို့ ရနေတာလဲ။ သူ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းမှ ဒီလို ဖိနှိပ်မှုကြီးကို ဘာလို့ ပေးစွမ်းနေရတာလဲ” ဟွာမိုမှာ တုန်လှုပ်ချောက်ချား သွားခဲ့ပြီး မေးခွန်းများကို တရစပ် အလျင်စလို မေးလိုက်လေ၏။

“ဒါက ဆာနတ်ဆိုးနတ်ဘုရား ငါတို့ရှေးဟောင်းနတ်ဆိုး ကလန်ဆီ ပေးတဲ့ လက်ဆောင်တစ်ခုပဲ ဖြစ်ရမယ်။ ငါတို့ ဘိုးဘေးတွေရဲ့ ဆုတောင်းတွေ နောက်ဆုံး ပြည့်လာရပြီ။ ငါတို့ကလန်ကို ကယ်တင်ဖို့အတွက် ဆာနတ်ဆိုးနတ်ဘုရားက သူ့ကို ငါတို့ဆီ ပို့လိုက်တာပဲ ဖြစ်ရမယ်” လီရုန်မျက်နှာလေးသည် ရိုလေလေးစားမှုတို့ဖြင့် တဖိတ်ဖိတ် လက်နေခဲ့လေ၏။

“ဆာနတ်ဆိုးနတ်ဘုရားလား” ထိုစကားများကို ကြားလိုက်သည်နှင့် ဟွာမို အမူအရာ ပြောင်းလဲသွားခဲ့လေ၏။

ရှေးဟောင်းနတ်ဆိုး ကလန်သားများ၏ ရင်ထဲ၌ ဆာနတ်ဆိုးနတ်ဘုရား၏ အဆင့်အတန်းသည် ပြိုင်ဘက်ကင်း၊ ဘာနှင့်မျှ နှိုင်းယှဉ်၍ မရအပ်သော တည်ရှိမှု တစ်ခုဖြစ်၏။

“ဒါပေမယ့် စီနီယာ၊ အခု ကျုပ်ရဲ့ ခွန်အား နည်းနည်းလေးကိုတောင် ထုတ်သုံးလို့ မရတော့ဘူး” ဟွာမို အမူအရာ လေးနက်တည်ကြည် သွားခဲ့လေ၏။

“နင်တင်မဟုတ်ဘူး။ ငါတို့ကလန်သားအားလုံး ဘာခွန်အားမှ ထုတ်သုံးလို့ မရတော့တာ။ ဆာနတ်ဆိုး နတ်ဘုရားရဲ့ ဘုန်းကျက်သရေကို ဘယ်သူကမှ သွားစော်ကားလို့ မရဘူး” လီရုန်က ခါးလေးကို မတ်လျက် လေစားမှုတို့ ဖိတ်စင် ရွှန်းလဲနေခဲ့သော မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို လှမ်း၍ ငေးစိုက်ကြည့်နေခဲ့လေ၏။

“အဲ့လိုဆိုရင် ချူကျန်း...” ဟွာမိုအမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့၏။

“သူလည်း ချွင်းချက်မဟုတ်ဘူး” လီရုန် လှောင်ပြောင် စကား ဆိုလိုက်ပြီးသည်နှင့် ဘာမှဆက်မပြောတော့ဘဲ ထိုအတိုင်းသာ ရပ်ကြည့်နေတော့၏။

တစ်ဖက်တွင်မူ ရန်ကိုင်က ရုတ်တရက် မာန်သွင်း အော်ဟစ်လိုက်၏။

ယခုအချိန်၌ သူ့စိတ်ထဲ တစ်ကြိမ်တစ်ခါမျှပင် မခံစားဖူးသော ပျော်ရွှင်မှုကို ခံစားနေခဲ့ရ၏။ ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ၊ ယခုတစ်ကြိမ် မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုခြင်းသည် သူ့စိတ်အခြေအနေကို မည်သည့် အတွက်ကြောင့် ယခုလို ပြောင်းလဲသွားစေခဲလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။

သူ့စိတ်ထဲ တိမ်လွှာများထက် မတ်တပ်ရပ်ရင်း အောက်ဘက်ရှိ မသေမျိုးများအား စိုက်ကြည့်နေရသလို ခံစားနေခဲ့ရ၏။

သူ့အား ဖိအားအကြီးကြီး ပေးခဲ့သော ရှေးဟောင်းနတ်ဆိုး ကလန်သားများနှင့် သူ့အား ကူကယ်ရာမဲ့သည့် အခြေအနေထဲ တွန်းပို့ခဲ့သော ချူကျန်းပင်လျှင် ဘာဆိုဘာမှ မဟုတ်တော့ချေ။ သူ့မျက်လုံးထဲ၌ သူတို့၏ အသက်များသည် သူလိုချင်လျှင် အချိန်မရွေး ရယူနိုင်သော အရာများ ဖြစ်ပေ၏။

ထိုကဲ့သို့ မည်သည့်အတွက်ကြောင့် ခံစားနေရသည် ဆိုသည်ကို သူမသိချေ။ လီရုန်ရောက်လာသည်အထိ အချိန်ဆွဲထားနိုင်ရန် ရည်ရွယ်ချက်ဖြင့်သာ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုကဲ့သို့ မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ချေ။

သူ့ပတ်လည်၌ ရှိနေသော ရှေးဟောင်းနတ်ဆိုးကလန်သား အားလုံးသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြ၏။ ရန်ကိုင်လည်း အတွေးများကို စုစည်းလိုက်ပြီး သူ့အား မီတာတစ်ထောင် အကွာအဝေးမှ ငေးကြည့်နေကြသော လီရုန်နှင့် ဟွာမိုတို့ကို လှမ်းကြည့်လိုက်၏။ ထိုနှစ်ယောက်စလုံး နည်းနည်းမျှ ရှေ့ဆက်တိုးမည့် အရိပ်အယောင်မပြ။ သို့သော် လီရုန်သူ့ကို ကြည့်သော အကြည့်သည် ယခင်နှင့် လုံးလုံး ကွဲပြားသွားခဲ့လေပြီ။

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၆၆၀) သူတော်စင်အဆင့် ဆိုတဲ့အတိုင်းပါပဲလား

——————————————————————

ရန်ကိုင် အထင်သာ မမှားလျှင် လီရုန်၏ အကြည့်သည် လေးစားမှုတို့ဖြင့် ပြည့်နေခြင်းပဲ ဖြစ်ရပေမည်။

သူမ၏ လေးစားမှုတို့ ရွှန်းရွှန်းဝေနေသည့် အကြည့်ကြောင့် ရန်ကိုင် ကြောင်သွားခဲ့ရ၏။

“မင်းက လူလား၊ နတ်ဆိုးလား” ချူကျန်း မျက်ခမ်း တဆတ်ဆတ် လှုပ်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ကာ ဒေါသတကြီး အော်မေးလိုက်လေ၏။

“ဘယ်သူသိမှာလဲ” ရန်ကိုင်က ချူကျန်းအား ယဲ့ယဲ့လေး ရယ်ပြုံးပြလိုက်လေ၏။

“ငါတို့ ကလန်ရဲ့ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ။ မင်းရဲ့ နတ်ဆိုး အမှတ်အသားတွေ ဘယ်ကရောက်လာတာလဲ။ မင်းရဲ့ နတ်ဆိုးချီက ငါ့ထက်တောင် ဘာလို့ ပိုပြီးသန့်စင် အားကောင်း နေရတာလဲ” ဘာတွေ ဖြစ်ပျက်နေသည် ဆိုသည်ကို ချူကျန်း အမှန်ပင် နားမလည်နိုင်တော့ချေ။ ထို့ကြောင့် သူ့ရှေ့တွင် ရပ်နေသော လူငယ်လေးအား တရစမ်း မေးမြန်းလိုက်လေ၏။

“ဘာလို့ ပြောရမှာလဲ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး ချူကျန်းဆီ တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက် သွားလိုက်ကာ “ကျုပ်တို့ကြားမှာ အမုန်တရားတွေ မရှိခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး သတ်ဖို့တောင် ကြိုးစားခဲ့မှတော့ ခင်ဗျားလည်း တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရမှာပေါ့”

“မင်းလုပ်ရဲလား” ချူကျန်း၏ မျက်ဝန်းအစုံ သွေးရောင် ရဲတက်သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သူ့ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသော လူသားကို ကြည့်ရင်း ထိုကောင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို ချူကျန်း သိ၏။

နတ်ဆိုးအမှတ်အသားများကို အသည်းအသန် ပြန်ဆင့်ခေါ်ရန် ကြိုးစားလိုက်သော်ငြား အရိုးများသာ အက်ကွဲသွားခဲ့ရပြီး သူမျှော်လင့်ထားခဲ့သလိုတော့ ဖြစ်မလာခဲ့ချေ။ ချူကျန်း မည်မျှပင် ကြိုးစားစေကာမူ သူ့ခွန်အား နည်းနည်းမျှပင်ကို မစုစည်းနိုင်တော့ပေ။

ထိုလူသားကောင်လေး၏ အရှိန်အဝါအောက်၌ သူ့ခွန်အားသည် ချိတ်ပိတ်ထားခံလိုက်ရသည့်အလား နည်းနည်းမျှပင် ထုတ်ဖော်၍ မရတော့ချေ။

ထိုအဖြစ်အပျက်ကြောင့် ချူကျန်း ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏ “လူသား အယုတ်တမာကောင်၊ မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။ ငါ့အစွမ်းတွေ ဘာလို့ ထုတ်သုံးလို့ မရတော့တာလဲ”

“ခင်ဗျားခွန်အားတွေကို မစုစည်းနိုင်တော့ဘူးလား။ ထင်ရုံပဲထင်နေခဲ့တာ၊ တကယ် ဖြစ်နေမယ်လို့ မထင်ထားဘူး” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ကာ သူ့အမူအရာလည်း ပြေလျော့သွားခဲ့ရလေ၏။

သူဖြည်းဖြည်းချင်း လမ်းလျှောက်နေရသည့် အကြောင်းအရင်းသည် ချူကျန်း၏ တုန့်ပြန်မှုကို စောင့်ကြည့်ရန် ဖြစ်၏။

ယခုမူ သူ့အထင် မှန်နေသည့်ပုံပင်။ ထို့ကြောင့် လက်ရှိ ချူကျန်းကို နည်းနည်းမျှပင် ကြောက်စရာ မလိုတော့ချေ။

“သူ့ကိုသတ်” ချူကျန်းက အေးစက်စက် လေသံဖြင့် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်လေ၏။ သူသာ ထိုလူသားကို အခုနေမသတ်ရင် ထိုကောင်က သူကို ထာဝရ ဖိနှိပ်သွားပေလိမ့်မည်။

သူ့ခွန်အားကို ချိတ်ပိတ်ဖို့အတွက် ထိုလူသားသည် မည်ကဲ့သို့သော ယုတ်ညံ့သည့် နည်းလမ်းအား အသုံးပြုသွားသည် ဆိုသည်ကို ချူကျန်း မသိချေ။

“ဆာ၊ ကျုပ်တို့လည်း...” ချူကျန်းကို သွေးရူးသွေးတန်း ဖြစ်သွားစေသည်မှာ သူ့လက်အောက်ငယ်သား အားလုံးသည်လည်း သူတို့၏ ခွန်အား နည်းနည်းမှကို မစုစည်းနိုင်ကြခြင်း ဖြစ်၏။ အားလုံးသည် သစ်သားရုပ်ထုများ အလား နေရာတွင်သည် မလှုပ်မယှတ် ရပ်နေရင်း ရန်ကိုင်ကို ကူကယ်ရာမဲ့စွာဖြင့် ငေးစိုက်ကြည့်နေခဲ့ကြလေ၏။

“ဘယ်သူမှ ခင်ဗျားကို မကယ်နိုင်ဘူး” အော်ပြောပြီးသည်နှင့် သူ့အရှိန်ကို တိုးမြှင့်လိုက်ရာ ချူကျန်း ရှေ့သို့ ချက်ချင်းဆိုသလို ရောက်လာခဲ့လေ။ ရောက်သည်နှင့် နည်းနည်းမျှပင် ကြင်နာမှုမပြဘဲ “ဒီနေ့က ခင်ဗျားသေနေ့ပဲ”

ပြောပြီးသည်နှင့် တစ်ချက်ကလေးပင် တုန့်ဆိုင်းမနေဘဲ နတ်ဆိုးချီအားလုံးကို စုစည်း၍ အနက်ရောင်နဂါးတစ်ကောင် ဖန်တီးလိုက်၏။ ကြောက်မက်ဖွယ် ဟိန်းသံကို ပြုလျက် အနက်ရောင် နဂါးသည် ရန်ကိုင်ခေါင်းထက် ဝဲနေရင်း အောက်ဘက်ရှိ ချူကျန်းကို ငုံ့ကြည့်လိုက်၏။

“မင်းငါ့ကို သတ်လို့မရဘူး။ ငါက သူတော်စင် တစ်ယောက်ပဲ။ ငါ့အသားက သံမဏိထက်တောင် အဆပေါင်းများစွာ ပိုမာသေးတယ်။ မင်းရဲ့ သနားစရာ ခွန်အားလေးနဲ့...”

စွက်...

အနက်ရောင် အလင်းတန်းသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ချူကျန်း၏ ပခုံးကို အလွယ်တကူ ထိုးဖောက်သွားခဲ့၏။

နာကျင်မှုကြောင့် ပြောလက်စ စကားများ လည်ချောင်းတွင် တစ်ဆို့သွားခဲ့ရပြီး မျက်လုံးအပြူးသားဖြင့် ရန်ကိုင်ကို ငေးကြောင် စိုက်ကြည့်နေလိုက်လေ၏။ သူ့ပါးစပ် လှုပ်သွားခဲ့သော်လည်း ဘာအသံမှ ထွက်မလာခဲ့ချေ။

စွက်... စွက်... စွက်...

အနက်ရောင် အလင်းတန်း တစ်ခုပြီးတစ်ခု တရစပ် ထွက်ပေါ်လာခဲ့ရာ မကြာခင်မှာပင် ချူကျန်း ခန္ဓာကိုယ် တစ်ခုလုံး စကာပေါက်ပမာ ဖြစ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး သွေးချင်းနီသွားခဲ့လေ၏။

သို့သော်လည်း ရှေးဟောင်းနတ်ဆိုးကလန်၏ အားကောင်းသော ခန္ဓာကိုယ်ကြောင့် ချူကျန်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း ဆက်လက်၍ မတ်တပ်ရပ်နေနိုင်ဆဲ။

“သူတော်စင်အဆင့် ဆိုတဲ့အတိုင်း ပါပဲလား” ရန်ကိုင် နှုန်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး ချူကျန်းကို စိုက်ကြည့်လျက် “တွေးကြည့်ရအောင်၊ ကျုပ်သာ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ရဲ့ ဝိဥာဉ်ကို ဝါးမြိုလိုက်မယ်ဆိုရင် ဘယ်လို အရသာ ရှိမလဲ မသိဘူးနော်။ ခင်ဗျားက ကျုပ်ပထမဆုံး ဝါးမြိုတဲ့ သူတော်စင်အဆင့် ဝိဥာဉ်တစ်ကောင် ဖြစ်တာကို ဂုဏ်ယူသင့်တယ်။ စိတ်မပူပါနဲ့၊ သိုင်းတာအိုနဲ့ ကောင်းကင် တာအိုအပေါ် ခင်ဗျားရဲ့ နားလည်မှုတွေကို ကျုပ်အကျိုးရှိရှိ အသုံးချပေးမှာပါ”

“မင်းဘာလုပ်ချင်နေတာလဲ” နောက်ဆုံး ချူကျန်း အမူအရာ ပြောင်းလဲသွားခဲ့ရလေပြီ။ သူ့အဆင့်နှင့် သူ့ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း သူ့ဝိဥာဉ်သာ ရှင်သန်နေပါက နတ်ဆိုးအိုကြီး လုပ်ခဲ့သလို အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးနိုင်ပေ၏။ ချူကျန်းသည် ထိုနည်းလမ်းကို သုံးရန် တိတ်တဆိတ် ပြင်ဆင်နေခြင်း ဖြစ်၏။

သူ့နားတွင် ရှိနေသော သူ့ကလန်သားထဲမှ မည်သည့်ကို မဆို ဝင်ပူး၍ ရ၏။ သူ့ကိုယ်သူသာ လုံခြုံအောင် ဖုံးကွယ်နိုင်သရွေ့ အချိန်ကျလာသည့်အခါ တစ်ကျော့ပြန်လာနိုင်၏။ ရန်ကိုင် သူ့အား မည်ကဲ့သို့ ဖိနှိပ်နေသည်၊ ထိုဖိနှိပ်မှုကို မည်ကဲ့သို့ ခုခံရမည် ဆိုသည်ကို သိသွားသည်နှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်လူသားတစ်ယောက်ကို သတ်ရသည် ဆိုသည်မှာ ငှက်ပျောသီး အခွံနွှာစားသည်ထက်ပင် ပို၍ လွယ်နေပေဦးမည်။

သို့သော်လည်း ရန်ကိုင်စကားလုံးများသည် တစ်ခုခု မှားယွင်းနေသည် ဆိုသည့် အချက်ကို သူ့အား နားလည်သွားစေခဲ့၏။

ရန်ကိုင်သည် သူ့ဝိဥာဉ်ကိုပါ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည့်ပုံပင်။

ယခုအချိန်၌ ချူကျန်း လုံးကို သွေးရူးသွေးတန်း ဖြစ်လာခဲ့ရလေပြီ.

“ခင်ဗျား မကြာခင် နားလည်လာမှာပါ” ရန်ကိုင် ပြုံးဖြီးလိုက်ပြီးသည်နှင့် သူ့ခေါင်းထက် ဝဲနေသော အနက်ရောင် နဂါးသည် ဟိန်းသံပြုလျက် ပါးစပ်ကြီးကို ဖွင့်ကာ ချူကျန်းကို မြိုချလိုက်လေ၏။

ချူကျန်းသည် အနက်ရောင်နဂါးကိုယ်ထဲ၌ ရုန်းကန် နေခဲ့သော်လည်း သူ့ခွန်အားသည် လုံးဝကို ချိတ်ပိတ်ထားခြင်း ခံရလေရာ နဂါးဗိုက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ချေ။

ချူကျန်း၏ လှုပ်ရှားမှုများ တဖြည်းဖြည်းချင်း နှေးကွေးလာပြီး နောက်ဆုံး၌ ရပ်တန့်သွားခဲ့၏။ ထိုအချိန်မှာပဲ အနက်ရောင်နဂါးလည်း ပျောက်ကွယ်သွားခဲ့ပြီး သွေးစွန်းနေသော အလောင်းတစ်ခုသာ မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့လေ၏။

“ဆာ” ထိုမယုံကြည်နိုင်စွာ မြင်ကွင်းကို ကြည့်ရင်း ချူကျန်း၏ လက်အောက်ငယ်သားများ အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြ၏။

သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်သည် နည်းနည်းမျှပင် မခုခံနိုင်ခဲ့ဘဲ ရက်ရက်စက်စက် အသတ်ခံလိုက်ရ၏။

ရန်ကိုင်၏ လွှမ်းမိုးနိုင်စွမ်း ကြီးမားသော၊ ရက်စက်သော နည်းလမ်းများသည် သူတို့အားလုံးအား ကြောက်ရွံ့မှုဖြင့် တုန်ရင်သွားစေခဲ့၏။

အလာင်းထဲမှ စိတ်စွမ်းအင် အစုအဝေးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုစိတ်စွမ်းအင်သည် ချူကျန်း၏ ဝိဥာဉ်ဖြစ်ကာ သူ့ကိုယ်သူ အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားနေခဲ့၏။ ချူကျန်းသည် ရန်ကိုင် သူ့ကိုသတ်ပြီး သတိလျော့ပေါ့လိုက်သည့် အချိန်ကို အခွင့်ကောင်းယူကာ သူ့လက်အောက်ငယ်သားများထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်ကို ဝင်အပိုင်စီးရန် ကြံနေခြင်း ဖြစ်၏။

သို့သော် ချူကျန်း၏ ဝိဥာဉ်သည် သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်သွားလိုက်သည်နှင့် မယုံကြည်နိုင်လောက်အောင် အားကောင်းလှသော စုပ်အားတစ်ခု သူ့အပေါ် ကျရောက်လာခဲ့၏။ ချူကျန်းမှာ ကူကယ်ရာမဲ့စွာဖြင့် နည်းနည်းမျှပင် မခုခံနိုင်ဘဲ ထိုစုပ်အား၏ စုပ်ယူခြင်းကို ခံလိုက်ရလေ၏။

ချူကျန်း၏ အော်ဟစ်သံ တိုးတိုးလေးကို အားလုံး ကြားလိုက်ကြရ၏။

သူ့အသိစိတ်ပင်လယ်ထဲ၌ သိပ်သည်းလှသော စိတ်စွမ်းအင် အစုအဝေးတစ်ခု တိုးတင်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။

သူ့အသိစိတ်ပင်လယ်ထဲတွင် ချူကျန်း၏ ဝိဥာဉ်ပုံရိပ်သည် သတိအပြည့်ဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေခဲ့၏။

သူကြည့်လိုက်သည့် နေရာတိုင်း အရှိန်ညီးညီး တောက်လောင်နေသော မီးတောက်မီးလျှံများဖြင့် ပြည့်နေခဲ့၏။ ထိုလူသား၏ အသိစိတ်ပင်လယ်ထဲ ပါဝင်နေသော မီးဓါတ်သည် ချူကျန်းအား ဖြည်းဖြည်းချင်း အရှင်လတ်လတ် ကင်နေလေရာ ချူကျန်းမှာ လွန်စွာကိုမှ မသက်မသာ ဖြစ်နေခဲ့ရ၏။

ထိုမီးပင်လယ်အလယ်၌ လွန်စွာကိုမှ လှပသော ငါးရောင်ခြယ် ကျွန်းတစ်ကျွန်း ရှိနေခဲ့၏။

ကောင်းကင်ယံထက်တွင်ပင် ပိတ်နေသော ဧရာမ မျက်လုံးကြီးတစ်လုံး ရှိနေခဲ့၏။ မျက်လုံးကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ဦးညွှတ်ဒူထောက်မိချင်သွား၏။ သို့သော် သူ့ဟန်အမူအရာကို မထိန်းနိုင်သေးခင်မှာပဲ ပိတ်နေသော မျက်လုံးကြီးသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေ၏။

လုံးဝပွင့်သွားခဲ့သည်နှင့် မှင်သက်အံ့ဩဖွယ် ဘုန်းကျက်သရေတို့ဖြင့် ပြည့်နေသော ရွှေရောင်ခြည်တို့ ဖြာထွန်းလာခဲ့လေ၏။

မျက်လုံးဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချူကျန်း၏ ဝိဥာဉ်ပုံရိပ်ကို ထိမှန်သွားခဲ့၏။

သူ့တစ်ကိုယ်လုံး ပြောပြမရနိုင်လောက်အောင် နာကျင် သွားခဲ့ပြီး သူ့ဝိဥာဉ်သည်လည်း အလျင်အမြန်ပင် သန့်စင်ခံလိုက်ရရာ ချူကျန်းမှာ နာနာကျင်ကျင် အော်ဟစ်မိလိုက်၏။ သူ့ဝိဥာဉ် ဖြည်းဖြည်းချင်း ပျောက်ကွယ်နေစဉ်မှာပင် ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာသော စာအုပ်များထဲ မှတ်တမ်းတင်ထားသည့် အကြောင်းအရာ အချို့ကို ပြန်အမှတ်ရလိုက်ရာ ချူကျန်း၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ရလေ၏။ ရွှေရောင်မျက်လုံးကို အလန့်တကြား ငေးစိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက် “သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးလား”

ဒီတော့ ဒီလိုပေါ့။

ယခုမှပင် ထိုလူသား နတ်ဆိုးနတ်ဘုရားအသွင် ပြောင်းလဲခြင်းအား အဘယ်ကြောင့် အသုံးပြုနိုင်သည်ကို ချူကျန်း နားလည်သွားရတော့၏။ ထို့အပြင် သူ့တို့ ရှေးဟောင်း နတ်ဆိုးကလန်သားများအားလုံး သူတို့၏ စွမ်းအားများကို အဘယ်ကြောင့် ထုတ်သုံးမရသည် ဆိုသောအချက်ကိုလည်း နားလည်သွားခဲ့လေ၏။

လတ်စသတ်တော့ သူက သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို ပိုင်ဆိုင်ထားသည်ကိုး။

ဆာနတ်ဆိုးနတ်ဘုရား၏ ဘုန်းကျက်သရေကို... ယှဉ်ပြိုင်အံတု၊ စော်ကားခွင့် မရှိ။

သူ့အသိစိတ် မပျောက်ကွယ်ခင်မှာပင် ချူကျန်း အားလုံးကို နားလည်သွားခဲ့သလို သူ့အပြုအမူများ မည်မျှ ရူးမိုက်သည် ဆိုသည်ကိုလည်း သဘောပေါက်သွားခဲ့ရ၏။ သို့သော် ယခုမှ နားလည်းလိုက်၍ နောက်ကျသွားခဲ့လေပြီ။

ရန်ကိုင် ချူကျန်းအား သတ်လိုက်သည်ကို မြင်သည်နှင့် ရှေးဟောင်း နတ်ဆိုးကလန်သားများ အားလုံး တုန်ရီသွားခဲ့ကြ၏။

အားလုံးသည် သွေးဆာ၊ တိုက်ခိုက်လိုစိတ် ကြီးမားပြီး သေခြင်းကို မကြောက်ရွံ့သော်လည်း သူတို့၏ အားကောင်းလှသော သူတော်စင် ဒုတိယအဆင့် ဖြစ်သည့် ခေါင်းဆောင်သည် ရှင်းပြမရနိုင်စွာ သေဆုံးသွားရသည်ကို မြင်လိုက်ရရာ အကုန်လုံး မကြောက်ရွံ့ဘဲ မနေနိုင်ခဲ့ကြချေ။ အားလုံးသည် ကြောက်စိတ်မွှန်နေသော အမူအရာများဖြင့် ရန်ကိုင်ကို လှမ်းကြည့်လိုက်ကြ၏။

ရန်ကိုင်ကမူ သူ့အသိစိတ် ပင်လယ်ထဲမှ အခြေအနေများကို လေ့လာရင်း နေရာတွင်သာ တွေတွေကြီး ရပ်နေခဲ့၏။ ချူကျန်း၏ အသိစိတ် ရှင်းပစ်ခံရပြီးနောက် မျက်လုံး ပြန်ဖွင့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ပြီးသည်နှင့် သူ့ပတ်လည်ကို ဝေ့ကြည့်လိုက်‌လေ၏။

သူ့အကြည့်သည် သိုးအုပ်ကို စိုက်ကြည့်နေသည့် သားသတ်သမား တစ်ယောက်၏ အကြည့်ပမာ၊ မည်သည့် ရှေးဟောင်း နတ်ဆိုးကလန်သားမှ သူနှင့် အကြည့်ချင်း မဆိုင်ရဲကြချေ။

ယခုအချိန်၌ ရန်ကိုင်သည် ချူကျန်း၏ နောက်လိုက်များကို သတ်ရန်၊ မသတ်ရန် ဆုံးဖြတ်ရမည့် အလှည့်ဖြစ်၏။

အမှန်အတိုင်းဆိုလျှင် ထိုလူများ သူ့အား တုန့်ပြန်မည်ကို ရန်ကိုင် မစိုးရိမ်ချေ။ ထိုလူများသည် ချူကျန်းနောက်လိုက်၍ လီရုန်ကို ဆန့်ကျင်ခဲ့သော်လည်း ရှေးဟောင်းနတ်ဆိုးကလန်၌ အားကြီးကိုသာ လေးစား၏။ ထိုကျင့်ကြံသူများ သူတို့ မည်သူ့ ဦးဆောင်မှုနောက် လိုက်ချင်သည်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိ၏။

လီရုန်၏ နည်းလမ်းများသည်သာ လုံလောက်အောင် ကောင်းမွန်နေပါက၊ ထိုလူများကို သူမ အမိန့်နာခံလာအောင် မလုပ်နိုင်ပဲ မနေချေ။

ထို့ပြင် ယနေ့ ဖြစ်ပျက်သွားသည်များကို မြင်ပြီးသည့် အချိန်၌ပင် ထိုလူများသည် သူ့အား ဆက်လက်၍ ပြဿနာ ရှာရဲမည်လော။

ထို့ကြောင့် ထိုသူများကို မသတ်လျှင်ပင် သူတို့ သူ့အား လက်စားပြန်ချေမည့် အခွင့်အရေးသည် နည်းပါးလှ၏။ လွန်ခဲ့သော နှစ်များအတွင်း ကွမ်းအာဆီမှ ရှေးဟောင်းနတ်ဆိုး ကလန်သားများ၏ အလေ့အထ၊ သဘာဝကို လေ့လာထားခဲ့ရာ ထိုအချက်ကိုတော့ သူနားလည်ထားပေ၏။

လီရုန်ကို မေးကြည့်လိုက်ရင် ကောင်းမယ်

တစ်ခဏလောက် စဉ်းစားပြီးနောက် လီရုန်ကို မေးကြည့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။

“သူလာနေပြီ” ဟွာမိုက ကြောက်ရွံ့နေသည့် လေသံလေးဖြင့် ပြောလိုက်၏။ ရန်ကိုင် နီးကပ်လာသည်နှင့် သူတို့အား ဖိနှိပ်ထားသော စွမ်းအားည်လည်း ပို၍ အားကောင်းလာသည်ကို သူခံစားမိ၏။ အစောပိုင်းတုန်းက သူ့ခွန်အား နည်းနည်းပါးပါးကို ထုတ်သုံးနိုင်သော်လည်း သူတို့နဲ့ မီတာနှစ်ရာအတွင်းသို့ ရန်ကိုင် ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့လက်ချောင်းလေးများ လှုပ်ဖို့ပင် မနည်း ရုန်းကန်နေရသည်ကို ဟွာမိုတွေ့ရှိလိုက်ရ၏။

“ငါသူကို ပြောလိုက်မယ်၊ နင်တိုးတိုးနေလိုက်” ပြောပြီးသည်နှင့် သူမ၏ နောက်လိုက်များဘက်လှည့်၍ အမိန့်ပေးလိုက်၏ “သူ့ကို ရန်လိုတဲ့အရိပ်အယောင် နည်းနည်းလေးမှ သွားမပြနဲ့နော်”

ရန်ကိုင် ယခု ဘာလုပ်မည်ဆိုသည်ကို မသိသေးရာ လီရုန်အနေဖြင့် ရန်ကိုင်ကို ဒေါသထွက်အောင် သွားမလုပ်ရဲချေ။

ရှေးဟောင်းနတ်ဆိုးကလန်သား အားလုံး လေးနက်တည်ကြည်စွာ ခေါင်းညိတ်လိုက်ကြ၏။

“စီနီဘာလီ”ရန်ကိုင်သည် သူမတို့နှင့် ဆယ်မီတာ အကွာအတွင်းသို့ ရောက်လာသည်နှင့် သူမတို့တစ်တွေအား ဖော်ဖော်ရွေရွေး ရင်းနှီးစွာ နှုတ်ဆက်လိုက်သဖြင့် လီရုန် စိတ်သက်သာရာ ရသွားခဲ့ရ၏။

“ငါ့ကို စီနီဘာလို့ မခေါ်ပါနဲ့တော့၊ လီရုန်လို့သာ ခေါ်တော့” လီရုန်က အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးရင်း ရန်ကိုင်၏ တုန့်ပြန်မှုကို သေသေချာချာ လေ့လာနေခဲ့၏။

ရန်ကိုင်လည်း ကြောင်သွားခဲ့ရပြီး ခဏအကြာ၌ ခေါင်းညိတ်ပြလိုက်ကာ “ခင်ဗျားတို့ရဲ့ သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ကို ကျုပ်မတော်တဆ သတ်မိလိုက်တယ်။ ဒါနဲ့ပက်သက်ပြီး ခင်ဗျား ဘာပြောချင်လဲ’

“ဘာမှမဖြစ်ဘူး။ သူသေသွားတာ နည်းတောင် နည်းသေးတယ်” လီရုန်က အလျင်စလို ပြန်ပြောလိုက်၏။

လီရုန်၏ အဖြေကြောင့် ရန်ကိုင် ကျေနပ်မိသော်လည်း အနည်းငယ် စိတ်ရှုပ်နေခဲ့ရ၏ “ဒီတော့ ခင်ဗျားကျုပ်ကို အပြစ်မတင်ဘူးပေါ့”

“ဘာလို့ အပြစ်တင်ရမှာလဲ”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် မျက်လုံးမှေးစဉ်းလျက် “ခင်ဗျားတို့ကြားက အားပြိုင်မှုတွေက ခင်ဗျားတို့ ကလန်ရဲ့ အတွင်းရေး ပြဿနာတွေလေ။ ဒါပေမယ့် ကျုပ်ကတော့ အပြင်လူ။ အခု ကျုပ်က ချူကျန်းကို မတော်တဆ သတ်မိလိုက်တော့ ခင်ဗျားတို့ ကလန်သားတွေက ကျုပ်ကို လက်တုန့်မပြန်ချင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ကျုပ်ဆိုတဲ့လူက ပြဿနာတွေကို ဖြေရှင်းပြီဆိုရင် အမြစ်ပါမကျန် ရှင်းထုတ်တတ်တာဗျ”

လီရုန်အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “ဘယ်သူမှ နင့်ကို ပြဿနာ လာမရှာစေရဘူးလို့ ငါအာမခံတယ်”

“အို” ရန်ကိုင် မျက်ခုံးပင့်မိလိုက်၏။

“ဒီနေ့မတိုင်ခင် အထိတော့ နင်က အပြင်လူတစ်ယောက်ပဲ။ ဒါပေမယ့် ဒီနေ့ကစပြီး နင်က အပြင်လူတစ်ယောက် မဟုတ်တော့ဘူး”

All Chapters