← Chapters

အခန်း (၆၆၆-၆၇၀)

Vol. 27 Ch. 666-670

အခန်း (၆၆၆-၆၇၀)

Vol. 27 Ch. 666-670

အပိုင်း(၆၆၆) အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်

————————————————————

ကျောက်စိမ်းသေတ္တာလေးကို ကိုင်ရင်း အံအားသင့်နေသည့် အမူအရာဖြင့် အလျင်စလို မေးလိုက်၏ “ဒါဘာကြီးလဲ”

“လေမိုးကြိုးတောင်ပံလေ” ဟန်ဖေးက မတိုးမကျယ် လေသံဖြင့် ပြန်ပြောလိုက်၏ “အဲ့ဒါက နက်နဲဆန်းကြယ်တဲ့ ရတနာတစ်မျိုးပဲ။ အဲ့တောင်ပံတွေကို ဘာနဲ့ လုပ်ထားလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ငါနဲ့လီရုန်တို့ နှစ်ယောက်စလုံး အဲ့တောင်ပံတွေကို သန့်စင်ဖို့ ကြိုးစားခဲ့ပေမယ့် အခုထိ တစ်ခါမှ မအောင်မြင်သေးဘူး။ နင့်မှာ ကောင်းကင်တာအို ဥပဒေသ ကနေ ဖြစ်တည်လာတဲ့ တောင်ပံတစ်စုံ ရှိနေတာကို မြင်တော့ ဒီတောင်ပံတွေကို နင့်ကို သန့်စင်ခိုင်းလိုက်ရင် ကောင်းမယ်လို့ စဉ်းစားမိလို့ နင့်ဆီ ပေးလိုက်တာ”

ရန်ကိုင်က ဟန်ဖေးဆီ တစ်ချက် လှမ်း၍ ကြည့်လိုက်၏။ သူနှင့် မထိုက်တန်သော ပစ္စည်းတစ်ခုခုကို ရလိုက်သည့်အလား သူ့မျက်နှာ တွေဝေတုန့်ဆိုင်းနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ငြင်းဆန်ရန် ကြိုးစားနေစဉ်မှာပင် တစ်ခုခုသည် သူ့ပခုံးနားမှ ထိုးဖောက်ရန် အသည်းအသန် ကြိုးစားနေသည့်ပမာ သူ့ပခုံးနားတစ်ဝိုက် ရုတ်တရက် စူးအောင့်သွားခဲ့၏။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူမထိန်းချုပ်နိုင်သေးခင်မှာပင် ယန်မီတောက် တောင်ပံများသည် သူ့အလိုလို ထွက်ပေါ်လာခဲ့လေ၏။

ယန်မီးတောက် တောင်ပံနှင့် လေမိုးကြိုး တောင်ပံများကြား ဆက်နွယ်မှု တစ်ခုခု ရှိနေသည့် ပုံပင်။

ရန်ကိုင်လည်း ကျောက်စိမ်း သေတ္တာလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လေမိုးကြိုးတောင်ပံများဆီ လှမ်းလိုက်လေ၏။

ထိပင်မထိရသေးခင်မှာပင် လေမိုးကြိုးတောင်ပံ များသည် အလင်းတန်း တစ်ခုအသွင် ပြောင်းလျက် သူ့ရင်ဘတ်ထဲသို့ ရုတ်တရက် နစ်မြုပ်စိမ့်ဝင် သွားခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့ပခုံးမျာသည် ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်း ခံနေရသည့်အလား မခံစားနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုသည် သူ့ကျောက်ပြင် တစ်လျှောက် ပျံနှံ့လာခဲ့လေ၏။ ။

သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ပုတီးစေ့အရွယ် ချွေးသီးလုံးတို့ သူ့နဖူးထက်မှ စတင် စီးကျလာခဲ့ပြီး သူ့တစ်ကိုယ်လုံးသည်လည်း ပြင်းပြင်း ထန်ထန်ကို တုန်ခါလို့ နေလေ၏။

လီရုန်နှင့် ဟန်ဖေးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ နှစ်ယောက်စလုံး ဘာဆိုဘာမှ မကူညီနိုင်လေရာ စိုးရိမ်တကြီး စောင့်ဆိုင်းရင်း ရန်ကိုင် အောင်မြင်ပါစေဟု ဘေးကနေ ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့လေ၏။

သူတို့အတွက် တစ်ခဏ၊ ရန်ကိုင်အတွက် တစ်သက်တာဟု ထင်ရသည့် အချိန်အတိုင်းအတာ တစ်ခု ကုန်ဆုံးသွားပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း ထလာခဲ့၏။ သူ့ပခုံးများသည် လွန်စွာကိုမှ နာကျင်နေဆဲ၊ သို့သော် အစောပိုင်းတုန်းကနှင့် စာလျှင်မူ အတော် သက်သာသွားသည်ဟု ဆိုနိုင်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရမှပဲ လီရုန် သက်ပြင်း ချလိုက်နိုင်ပြီး ဖွဖွလေး ရယ်လျက် “နင်နဲ့ လေမိုးကြိုး တောင်ပံက အတူရှိဖို့ ကံပါလာတဲ့ပုံပဲနော်”

“အခုထိ မသန့်စင်ရသေးဘူး” ရန်ကိုင်က မျက်မှောင် ကြုံ့လိုက်၏။ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဗြောင်းဆန်အောင် လုပ်နေသည့် သူ့ပခုံးသားများထဲ ပုန်းအောင်းနေသော ကြောက်မက်ဖွယ် စွမ်းအင်နှစ်ခုကို သူသေသေချာချာ ခံစားမိနေ၏။ ထိုလေမိုးကြိုး စွမ်းအင်များသည် ရံဖန်ရံခါ ထထပေါက်ကွဲလာရာ ထိုကဲ့သို့ ပေါက်ကွဲလိုက်သည့် အချိန်တိုင်း ရန်ကိုင်မှာ အတော့်ကို နာကျင်ရ၏။

သူ၏ အားကောင်းလှသော ခန္ဓာကိုယ်နှင့် ခုခံနိုင်စွမ်းကြောင့်သာ ယခုကဲ့သို့ နေနိုင်နေခြင်း ဖြစ်၏။

“ငါသိတယ်” လီရုန်က ပြုံးလျက် “ဒါပေမယ့် ဟန်ဖေးနဲ့ငါ သန့်စင်ဖို့ ကြိုးစားတဲ့ အချိန်တုန်းကဆိုရင် အဲ့တောင်ပံတွေကို ငါတို့ခန္ဓာကိုယ်ထဲမှာ တစ်နာရီလောက်ပဲ ထားနိုင်တယ်။ ပြီးတာနဲ့ အတင်းအကြပ် ပြန်ထုတ်ရတော့တာပဲ။ မဟုတ်ရင် ငါတို့ နှစ်ယောက်စလုံး သေသွားတာ ကြာနေလောက်ပြီ။ အဲ့တောင်ပံတွေ နင့်အပိုင် လုံးလုံးဖြစ်လာဖို့အတွက် နင်ဘယ်လောက်အထိ တောင့်ခံရမလဲ ဆိုတာကိုတော့ ငါလည်းမသိဘူး”

“ကျုပ်သေချာ မှတ်ထားလိုက်မယ်” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်၏။

လေမိုးကြိုးတောင်ပံများကို သန့်စင်ခြင်းသည် လက်နက်ကိရိများကို သန့်စင်ခြင်းနှင့် တူ၏။ ထိုတောင်ပံများနှင့် အသားကျသွားစေရန် အစစ်အမှန်ချီကို ပုံမှန် ထောက်ပံ့ထားရန်သာ လိုအပ်၏။

ထိုတောင်ပံကို မသန့်စင်ခင် အချိန်၌ လေမိုးကြိုး တောင်ပံသည် သူ့ခန္ဓာကိုယ်ထဲ ရောက်နေသော ပြင်ပ ပစ္စည်းတစ်ခုနှင့် တူညီ၏။ ထိုတောင်ပံများသည် အသုံးပြု၍ မရရုံမက သူ့ခန္ဓာကိုယ်ကိုပင် အန္တရာယ် ပေးနိုင်သေး၏။

“အနားယူဖို့ ငါနင့်ကို ပြန်ပို့ပေးမယ်လေ။ နင့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးပေမယ့် စိုးရိမ်နေစရာ မလိုပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်သာ သွားလိုက်။ ဘယ်သူကမှ တစ်ညတည်းနဲ့ သန်မာလာတာမှ မဟုတ်တာ” လီရုန်က သိမ်မွေ့စွာဖြင့် သတိပေးစကား ဆိုလိုက်ပြီး ရန်ကိုင် လက်ကို ကိုင်၍ လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်လေ၏။

ကျောက်တုံးခန်းဆီသို့ ပြန်ရောက်သည်နှင့် ဘာကိုမှ အာရုံစိုက်မနေတော့ပဲ ချက်ချင်း ကုတင်ပေါ် တက်ထိုင်လိုက်ကာ မျက်လုံးပိတ်လိုက်၏။

ရှစ်ထောင့်သဏ္ဍာန် အဆောက်အအုံထဲ လီရုန်နှင့် ဟန်ဖေးတို့ လက်ဖက်ရည် သောက်နေခဲ့ကြ၏။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် လီရုန်က လေးနက်သည် အမူအရာဖြင့် ရုတ်တရက် မေးလိုက်၏ “ဟန်ဖေး၊ သူ့ကို နင်ဘယ်လိုထင်လဲ”

ဟန်ဖေးက သောက်လက်စခွက်ကို ချလိုက်ပြီး တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် “အရည်အချင်း၊ ဇွဲ၊ ရဲရင့်မှု၊ သတ္တိ၊ အားလုံးက ငါတို့ ကလန်က ဂျူနီယာတွေ အကုန်လုံးထက် သာလွန်တယ်။ ဂျူနီယာတွေတင် မဟုတ်ဘူး ငါတို့ ငယ်ငယ်တုန်းက ထက်တောင် ပိုသာလွန်နေသေးတယ်။ သူသာ ငယ်ငယ်နဲ့ မသေရင် သူ့အနာဂတ်က လုံးဝကို တောက်ပနေမှာ”

လီရုန်လည်း လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး စာပွဲခံကို လက်ချောင်းလေးဖြင့် တတောက်တောက် ခေါက်ရင်း ခံစားချက်တို့ ရှုပ်ထွေး၊ ရောထွေးနေသည့် အမူအရာဖြင့် “သူလူသားအဖြစ်နဲ့ မွေးလာလိုက်တာ ကံဆိုးသွားတာပဲ။ သူသာ ရှေးဟောင်းနတ်ဆိုး ကလန်သား အဖြစ် မွေးလာခဲ့ရင် အားလုံးက လုံးဝကို ပြီးပြည့်စုံသွားမှာ”

ဟန်ဖေး အမူအရာ ပြောင်းလဲသွားခဲ့ပြီး “လီရုန်၊ နင်...”

လီရုန်က ရယ်ရယ်မောမောဖြင့် ခေါင်းခါရမ်းလိုက်ပြီး “နင်ဘာတွေ ထင်နေတာလဲ။ ငါအဲ့လောက် မရက်စက် ပါဘူးနော်။ ငါ့တွေးမိတာလေးကို ပြောလိုက်ရုံလေးပါပဲ။ ငါက ကိုယ့်စကား ကိုယ်မတည်တဲ့လူမှ မဟုတ်တာ”

ဟန်ဖေး အမူအရာ ပြေလျော့သွားခဲ့၏။ လီရုန် ပြောသည်ကို ကြားသည်နှင့် လီရုန်စိတ်ထဲ ကလိမ်ကျချင်သည့် အတွေးများ ရှိနေသည်ဟု သူမ ထင်မိသွားခဲ့ခြင်း ဖြစ်၏။

လီရုန်က ရုတ်တရက် ဆိုသလို အဓိပ္ပါပါပါ ပြုံးလိုက်ပြီး “ရုတ်တရက်ကြီး နင်သူ့ကို ဘာလို့ အရမ်း ကာကွယ်ပေးချင်နေရတာလဲ”

“မီးတောင် အောက်ခြေမှာတုန်းက သူငါ့အသက်ကို ကယ်ခဲ့တယ်လေ။ သူ့ကြောင့်သာ မဟုတ်ရင် ဒီလောကကြီးထဲမှာ ငါဆိုတာ ရှိတော့မှာ မဟုတ်ဘူး” ဟန်ဖေးက ပြန်ရှင်းပြလိုက်၏။

လီရုန် အပြုံး ပိုပိုတောက်ပ နက်နဲလာခဲ့ပြီး ဆက်ပြောလိုက်၏ “ငါ့အတွက်တော့ အဲ့လောက်ကြီး မရိုးရှင်းလောက်ဘူးလားလို့။ လေမိုးကြိုးတောင်ပံ တွေကိုတောင် သူ့ဆီ ပေးခဲ့တာဆိုတော့လေ...” ပြောပြီးသည်နှင့် ဟန်ဖေးအား အဓိပ္ပါပါပါ ကြည့်လိုက်၏။

“နင်အတွေးလွန်နေတာပဲ။ သူက ကလေးပဲ ရှိသေးတာ” ဟန်ဖေး အကြည့်လွှဲလိုက်လေ၏။

“သူက သာမန်ကလေး တစ်ယောက် မဟုတ်ဘူးလေ” လီရုန်က ခေါင်းခါရမ်းလိုက်ပြီး “ကဲကဲ၊ အဲ့ကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ရအောင်။ ငါလည်း တော်တော်လေးကို ကူကယ်ရာမဲ့နေတာ။ ငါတို့က သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်ပေမယ့် သူကတော့ ငါတို့ ရှေးဟောင်းနတ်ဆိုးကလန်သားတွေကို အပြင်လူလို့ မြင်နေတုန်း။ သူက ဒီနေရာကို နည်းနည်းလေးတောင် တွယ်တာစိတ် မရှိဘူး။ မှီခိုလိုစိတ်ဆိုရင် ဝေးပေါ့။ သူ့ကိုယ်ပိုင် ယုံကြည်ချက်နဲ့ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ချင်တဲ့ စိတ်ကလည်း အရမ်းကို ထက်သန်အားကောင်းနေတာ”

“အဲ့ဒါက သဘာဝပဲလေ။ သူ့မှာ အဲ့လို ယုံကြည်ချက်မျိုး ရှိဖို့ လုံလောက်တဲ့ စွမ်းရည် ရှိတယ်လေ။ ပြီးတော့ သူက ခေါင်းတလားအစေခံ စီနီယာ ဖမ်းတာ ခံလိုက်ရလို့ ဒီနေရာကို ရောက်လာခဲ့တာနော်။ ငါတို့ သူ့အပေါ် ဘာကျေးဇူးကြွေးမှ ရှိသေးတာ မဟုတ်ဘူး။ အဲ့ဒါကို နင်က သူ့ကို ငါတို့အပေါ် တွယ်တာစေချင်တယ်ပေါ့” ဟန်ဖေးက အနည်းငယ် ခါးသီးနေသည့် လေသံဖြင့် ပြောလိုက်၏။

ယခုအချိန်၌ ရှေးဟောင်းနတ်ဆိုးကလန်သား အားလုံး၏ မျှော်လင့်ချက်နှင့် အိမ်မက်များသည် ရန်ကိုင် အပေါ်၌ မူတည်နေသည်ကို သူမနှင့် လီရုန်တို့ နှစ်ယောက်စလုံး သိကြပေ၏။ သို့သော်လည်း တစ်ဖက်လူသည် သူမတို့ကလန်နှင့် နည်းနည်းလေးမှ ရင်းနှီးမှု မရှိသလို တွယ်တာမှုလည်း မရှိပေ။ တစ်ဖက်နှင့်တစ်ဖက် သေချာလောက်သည့် တွယ်တာမှု၊ ယုံကြည်မှု မရှိသရွေ့ ရန်ကိုင်သည် သူမအပေါ် ဆက်ပြီး သတိထားနေဦးမည် ဖြစ်၏။ အနည်းဆုံး သူမတိုအား ကူညီရန် အပြည့်အဝ အားထုတ်ကြိုးစားပေးလိမ့်မည် မဟုတ်ချေ။

သူသာ ထွက်သွားနိုင်လျှင် သူမတို့အား နည်းနည်းမှပင် ပြန်လှည့်မကြည်ဘဲ ချက်ချင်း ထွက်သွားမည် ဆိုသည်ကို ဟန်ဖေး သံသယ မရှိချေ။

“နင်က သူနဲ့ငါတို့ကလန်ကြား ဆက်ဆံရေး တစ်မျိုးမျိုး တည်ဆောက်ချင်နေတာလား” လီရုန်၏ အစီအစဉ်ကို ဟန်ဖေး ရုတ်တရက် နားလည်သွားလေ၏။

“ငါအဲ့လိုလုပ်ဖို့ စဉ်းစားနေတာ” လီရုန်က မငြင်းဆန်ခဲ့ဘဲ ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည့် ပုံစံဖြင့် နဖူးလေးကို အသာအယာ ပွတ်လိုက်ပြီး “ဒါပေမယ့် သူက ငါတို့နဲ့ မပူ‌ပေါင်းတော့ ငါလည်း တော်တော်လေးကို အကြံအိုက်နေရတယ်။ လူသားမျိုးနွယ်က လူငယ်လေးတွေက တဏှာကြီးပြီး မိန်းမလှလေးတွေကို အရမ်းနှစ်သက်တယ်လို့ ရှေးဟောင်း စာအုပ်တွေထဲမှာ ရေးထားတာပဲ။ ဒါပေမယ့် သူကြည့်ရတာ မိန်းမလှတွေကို စိတ်မဝင်စားတဲ့ ပုံပဲ။ သူ့ကို အဖော်ပြုပေးဖို့ ကွမ်းအာကို သူ့ဆီလွှတ်ထားတာ တစ်နှစ်တောင် ကျော်နေပြီ။ ရံဖန်ရံခါ ဟာသလုပ်တာက လွဲလို့ သူတို့ကြား အခြေအနေက နည်းနည်းလေးတောင် တိုးတက်မလာဘူး”

“ကွမ်းအာက သူ့ကြိုက်တဲ့ပုံစံမျိုး မဟုတ်လို့လား” ဟန်ဖေး စိတ်ရှုပ်သွားခဲ့၏။

သူမတို့ တစ်ဘဝလုံးကို ဤလောကငယ် အတွင်း၌သာ ကုန်ဆုံးခဲ့ရသဖြင့် အပြင်လောကရှိ လူသားအကြောင်း များများစားစား မသိထားကြချေ။ ရှေးဟောင်းစာအုပ်ထဲတွင် ဖော်ပြထားသည်များကိုသာ သူမတို့ သိကြ၏။ ထိုစာအုပ်များထဲ လူသားများသည် ကောက်ကျစ်၊ ဥာဏ်များပြီး တဏှာရမက်ကြီးကြသည်ဟု ပြောကြ၏။

“အဲ့လိုဆိုရင် ဘယ်လို မိန်းကလေးမျိုးကို သူကြိုက်လောက်မလဲ။ ငါတို့ နတ်ဆိုးနတ်ဘုရား မြို့တော်ထဲမှာ စရိုက်အမျိုးမျိုး၊ ရုပ်အမျိုးမျိုးနဲ့ မိန်းမငယ်လေးတွေ အများကြီးပဲ။ ဒါပေမယ့် သူမိန်းကလေး တစ်ယောက်ကို အထူးတလည် အရေးပေး ဆက်ဆံတာမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး” လီရုန်က ရေရွတ်လိုက်၏။

“တွေးကြည့်ရအောင်၊ ငါတို့ မီးတောင်အောက်မှာ အတူရှိနေတုန်းကလည်း ငါ့အပေါ် သာမန် မိန်းကလေး တစ်ယောက်လိုပဲ ဆက်ဆံတာ...” ဟန်ဖေးက ပြောလိုက်ရာ လီရုန်က ဟန်ဖေးကို အပြုံးလေးဖြင့် ကြည့်လျက် “နင်သူ့ကို ထပ်စမ်းကြည့်ချင်တာလား”

“မဟုတ်တုတ်က စကားတွေ လျှောက်ပြောမနေနဲ့” ဟန်ဖေး မျက်နှာ နီမြန်းသွားခဲ့ပြီး “ငါနောက်နေတာ မဟုတ်ဘူးနော်” လီရုန် မျက်နှာ ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး “သူ့အနေနဲ့ ငါတို့ကလန်အပေါ် မှီခိုလိုစိတ် မရှိဘူးဆိုရင်တောင် တွယ်တာစိတ် နည်းနည်းလေး ရှိမှ ဖြစ်မှာ။ သူ့ကို ထိခိုက်စေမယ့် နည်းလမ်းကလွဲပြီး အခြား ဘယ်နည်းလမ်းပဲသုံးသုံး၊ သုံးလို့ရတယ်”

လီရုန်က အတည်ပေါက်ဖြင့် ပြောနေသည်ကို မြင်လိုက်ရာ ဟန်ဖေး ထိတ်လန့် သွားခဲ့ရလေ၏။

“ငါသွားမှာ မဟုတ်ဘူး” ဟန်ဖေး မျက်မှောင် ကြုံ့သွားခဲ့လေ၏။ ရန်ကိုင်ကို ဆွဲဆောင်ဖြာယောင်း ခိုင်းခြင်းသည် သူမ မည်သို့မှ မလုပ်နိုင်သော အလုပ် ဖြစ်၏။

လီရုန် ပြုံးသာပြုံးလိုက်ပြီး ထိုကိစ္စအကြောင်း ထပ်မပြောတော့ချေ။ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ခေါင်းလေး တရမ်းရမ်းသာ လုပ်လိုက်၏။ လက်ရှိအခြေအနေအရ ထိုကဲ့သို့ အစီအစဉ်မျိုးကိုပဲ သူမခေါင်းထဲ စဉ်းစားမိပေ၏။

ထိုနည်းလမ်းသည် သူမအား အတော်လေးကို အရှက်ရှစေရာ သူမသာ ထောင့်သို့ တွန်းပို့ခံမနေရပါက ထိုကဲ့သို့ ပျားရည်ထောက်ချောက်မျိုးကို ဘယ်တော့မှ အသုံးပြုလိမ့်မည် မဟုတ်ချေ။

----------------------------------

ပခုံများသည် အတော့်ကို နာကျင်နေသေးသော်လည်း ရန်ကိုင် အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့၏။ ထိုနာကျင်မှုနှင့် အသားကျသွားပြီ ဖြစ်ရာ ယခင်ကကဲ့သို့ ညည်းမနေရတော့ချေ။

ဆေးဖော်စပ် စွမ်းရည်အား တိုးတက်အောင် လုပ်ဆောင်ခြင်း၌သာ စိတ်နှစ်ထားခဲ့လေရာ နေ့တစ်ဝက် ကြာပြီးနောက် သူ့ဆေးမီးဖိုမှ သင်းပျံ့သည့် ဆေးရနံ့တို့ ထွက်ပေါ်လာခဲ့၏။

ဆေးလုံးအရည်အသွေးကို စစ်ဆေးပြီးနောက် ရန်ကိုင် အတော်လေးကို ကျေနပ်သွားခဲ့၏။ ထိုဆေးလုံးသည် စိတ်ဝိဥာဉ် ဒုတိယအဆင့် ဆေးလုံး ဖြစ်ပေ၏။

ယခု စိတ်ဝိဥာဉ် အစီအရင်များကို အားမကိုးဘဲ စိတ်ဝိဥာဉ် အလယ်အလတ်အဆင့် ဆေးလုံးများကို သူဖော်စပ်နိုင်နေလေပြီ။

စိတ်ဝိဥာဉ်အစီအရင်နှင့် ဆေးပေါင်းရည် တစ်စက်ကိုပါ ထည့်သွင်း အသုံးပြုမည် ဆိုလျှင်တော့ စိတ်ဝိဥာဉ် အထွတ်အထိပ်အဆင့် ဆေးလုံးကို ဖော်စပ်ကောင်း ဖော်စပ်နိုင်ပေလိမ့်မည်။ ဆိုလိုသည်မှာ သူသည် သူတော်စင်အဆင့် ဆေးပညာရှင်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့ပေ၏။

သလင်းကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်ပြီး အားပြန်ဖြည့်လိုက်၏။ အားပြန်ဖြည့်ပြီးသည်နှင့် ကျောက်တုံးခန်းထဲမှ ထွက်၍ လီရုန် သူ့ကို ခေါ်သွားခဲ့သည့် ရှစ်ထောင့်ပုံသဏ္ဍာန် အဆောက်အဦးဆီ သွားလိုက်၏။

ရှစ်ထောင့်ပုံသဏ္ဍာန် အဆောက်အဦးအောက်ရှိ လျှို့ဝှက်ခန်းထဲသို့ ရောက်သည်နှင့် မိစ္ဆာ အသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ဆက်လက် လေ့ကျင့်၏။

ချူကျန်း သေသွားခဲ့သည်မှာ လတော်တော်များများ ကြာခဲ့လေပြီ။ လွန်ခဲ့သည့် လများအတွင်း ရန်ကိုင်၏ ဘဝကြီးသည် လွန်စွာကိုမှ ငြိမ်းချမ်းနေခဲ့၏။ ထိုအချိန်အတွင်း၌ သူ့အချိန်ကို နှစ်ခြမ်းခွဲကာ ဆေးပညာကို လေ့ကျင့်လိုက်၊ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို လေ့ကျင့်လိုက် လုပ်နေခဲ့၏။

လေမိုးကြိုးတောင်ပံများကိုလည်း အစစ်အမှန်ချီဖြင့် အဆက်မပြတ် သန့်စင်အားဖြည့်ပေးနေခဲ့ရာ တိုးတက်မှုလေးများ ရှိလာခဲ့ပြီဖြစ်၏။

ရန်ကိုင်သည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို တောက်လျှောက် လေ့ကျင့်လာခဲ့သဖြင့် ယခုဆို အတော်လေးကို တိုးတက်လာနေခဲ့လေပြီ။ သူ့သွေး၏ သုံးပုံတစ်ပုံ လောက်သည် ရွှေရောင်ပြောင်းနေခဲ့လေပြီ။

ထို့ပြင် သူ၏ မနားမနေ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်မှုကြောင့် ယခုအချိန်တွင် ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့လေပြီ။

သူ့အခြေခံအုတ်မြစ်သည် လွန်စွာကိုမှ ခိုင်မာပြီး သူ့ခန္ဓာကိုယ်သည် သာမန် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်ထက် အဆပေါင်းများစွာ အားကောင်းကာ သိုင်းတာအိုအပေါ် သူ၏ ထိုးထွင်း သိမြင်နိုင်စွမ်းသည် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်အောက် မနိမ့်ကျချေ။

သူ့ဘဝကြီးသည် အတော်လေးကိုမှ သာယာပြီး ပြီးပြည့်စုံနေသော်လည်း တစ်ခုခုကို လိုအပ်နေသေည်ဟု ရန်ကိုင် အမြဲတစေ ခံစားနေခဲ့ရ၏။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်ကို ရောက်ရှိပြီးနောက် သူ့ကျင့်ကြံခြင်းသည် တစထက်စတ နှေးကွေးလာသည်ကို ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှင့် မသေမျိုး အဆင့် ကြားက ကွာခြားချက်သည် လွန်စွာကိုမှ ကြီးမားလှ၏။

ဗဟိုမြို့တော်၌ မသေမျိုးအဆင့် ပညာရှင်များသည် အထွဋ်အထိပ် ပညာရှင်များ ဖြစ်ကြ၏။ ထိုလောကကြီး၏ အချုပ်အနှောင်ကြောင့် လူအနည်းငယ်သာ မသေမျိုး အဆင့်သို့ ရောက်ရှိနိုင်ကြ၏။ မိသားစုကြီးများတွင် မသေမျိုးအဆင့် ပညာရှင် သုံးလေးယောက်လောက်သာ ရှိတတ်ကြပြီး ပထမအဆင့် အင်အားစုများတွင်မူ တစ်ယောက်၊ အများဆုံးမှ နှစ်ယောက်သာ ရှိတတ်၏။ အများစုသည် မသေမျိုး ပထမအဆင့် ပညာရှင်များ ဖြစ်ကြ၏။

သို့သော်လည်း မိုးမြေစွမ်းအင် ပေါက်ကြွယ်ဝသော တုန်းရွှမ်လောကကြီးတွင်ပင် မသေမျိုးအဆင့်သို့ မရောက်ရှိနိုင်ခဲ့သည့် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ပညာရှင်များစွာ ရှိနေသေး၏။

သို့သော်လည်း တုန်းရွှမ်းလောကကြီး အတွင်းရှိ မသေမျိုးအဆင့် ပညာရှင် အ‌ရေအတွက် မနည်းလှချေ။ သူရောက်ရှိလာသည့် အချိန်မှစ၍ မသေမျိုးအဆင့် ပညာရှင် ဒါဇင်ကျော်နှင့် သူတော်စင်အဆင့် ပညာရှင် အနည်းငယ်ကို မြင်တွေ့ခဲ့ဖူးပြီးသွားခဲ့ပြီ ဖြစ်၏။

ယနေ့တွင် ရန်ကိုင်သည် မသေမျိုးအဆင့် တံခါးသို့ ရောက်ရှိလာခဲ့လေပြီ။ သို့သော်လည်း တံခါးကို တွန်းဖွင့်ဖို့ရာ ခက်ခဲနေသေး၏။

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၆၇) လမ်းကြောင်း

————————————————————

ရှစ်ထောင့်ပုံသဏ္ဍာန် အဆောက်အဦး၏ မြေအောက် အခန်းထဲတွင် ရန်ကိုင်သည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားလျက် ထိုင်နေခဲ့၏။

ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီး သုံးယောက်သည် ထိုမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်ရင်း တစ်ယောက်ချင်းစီတိုင်းက ထပ်ခါထပ်ခါ ခေါင်းညိတ်လို့ နေခဲ့၏။

ဤလများအတွင်း ရန်ကိုင်၏ တိုးတက်မှုကို ၎င်းတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရရာ အားလုံးသည် ဆာနတ်ဆိုး နတ်ဘုရား၏ ဆက်ခံသူနှင့် ပက်သက်ပြီး အတော်လေးကို ကျေနပ်နေခဲ့ကြ၏။

ရန်ကိုင်နှင့် ပက်သက်၍ အားလုံး အဆင်ပြေနေ၏။ အဆင်မပြေသည့် တစ်ခုတည်းသော အရာသည်ကား ယခုအချိန်ထိတိုင် ရန်ကိုင်ကို ရှေးဟောင်းနတ်ဆိုး ကလန်အား တွယ်တာသွားအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ခု ရှာမတွေ့သေးခြင်းပင်။

ဘုန်း...

ဘုန်းဆိုသော မြည်သံနှင့်အတူ ရန်ကိုင်ကို ဗဟိုပြု၍ အားကောင်းသော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲ ထွက်လာခဲ့ရာ ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေသော ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး သူတို့၏ အစစ်အမှန်ချီကို စွမ်းအင်ချုပ် ကျောက်တုံးထဲ အလောသုံးဆယ် ဖြည့်သွင်းလိုက်ကာ အရံအတားကို အားဖြည့်လိုက်ရလေ၏။

ထိုစွမ်းအင်လှိုင်းများသည် အရံအတားအတွင်း အချိန်အတော်ကြာအောင် သောင်းကျန်းနေပြီး အချိန် တစ်ခဏကြာမှာသာ ပြန်လည် ငြိမ်သက်သွားခဲ့၏။

လီရုန်၊ ဟန်ဖေးနှင့် ဟွာမိုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရန်ကိုင်ဆီ အလျင်အမြန် ပျံသန်းသွားလိုက်၏။ ရောက်သည်နှင့် အားလုံးသည် စိုးရိမ်တကြီးဖြင့် မေးလိုက်ကြ၏ “အဆင်ပြေလား”

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး တစ်ခဏတာ တိတ်ဆိတ်နေပြီး နောက်ဆုံး၌ ခေါင်းခါရမ်းလိုက်ကာ “အဆင်ပြေပါတယ်။ နည်းနည်းလေး စိတ်ဂနာမငြိမ် ဖြစ်နေရုံပါပဲ”

“ဂနာမငြိမ် ဖြစ်နေတာလား” လီရုန် ကြောင်သွားခဲ့လေ၏။ ရန်ကိုင်ကဲ့သို့ တည်ငြိမ်ပြီး စဉ်းစဉ်းစားစား လုပ်တတ်သည့် လူ၌ ထိုကဲ့သို့ စိတ်မငြိမ်သည့် ဘက်ခြမ်းမျိုး ရှိနေလိမ့်မည်ဟု လီရုန် တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။

“ဘာမှ အရေးမကြီးပါဘူး။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ပြီး ပြန်နှင့်တော့မယ်” ပြောပြီးသည်နှင့် ထကာ အခန်းတွင်းမှ ထွက်သွားလိုက်လေ၏။

ရန်ကိုင်၏ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော ပုံရိပ်ကို ငေးကြည့်နေရင်း ဗိုလ်ချုပ်ကြီးသုံးယောက် ဆွံ့အနေခဲ့ကြလေ၏။

“ဟူး၊ သူက လွတ်လွတ်လပ်လပ်နဲ့မှ နေတတ်တဲ့ လူမျိုးနဲ့တူတယ်” ဟွာမိုက သက်ပြင်းအရှည်ကြီး ချလိုက်၏။

“ဒီမှာနေရတာက သူ့အတွက် မလွတ်လပ်သလို ခံဏားနေရလို့နဲ့ တူတယ်” ဟန်ဖေးက အသာအယာလေး ခေါင်းညိတ်လိုက်၏။ ချူကျန်း သေပြီးသည့် အချိန်မှစ၍ ဗိုလ်ချုပ်ကြီးသုံးယောက်သည် ရန်ကိုင်၏ လွတ်လပ်ခွင့်ကို နည်းနည်းမှ ကန့်သတ်မထားတော့ချေ။ ထို့အပြင် သူ့အတွက် သက်သောင့်သက်သာ ဖြစ်အောင် သူတို့ တတ်နိုင်သမျှ အကောင်းဆုံးပင် ကြိုးစားပေးသေး၏။ ဤလောကငယ်ထဲ ပိတ်လှောင်ထားခံရခြင်းသည် သူ့အား အကျဉ်းသားတစ်ယောက်ကဲ့သို့ ခံစားစေရသည့် ပုံပင်။

ရှေးဟောင်းနတ်ဆိုးကလန်သားများသည် ဤနေရာ၌ ကြီးပြင်းလာကြသည့်အတွက် ယခုနေရာမှ ထွက်ခွါချင်ကြသော်လည်း သူတို့ကလန်သားများထဲမှ မည်သူကမှ ရန်ကိုင်ကဲ့သို့ မခံစားရချေ။ သူတို့ ရှေးဟောင်း နတ်ဆိုးကလန်သားများသည် ဤနေရာတွင် နေရလျှင်လည်း အဆင်ပြေ၏။

သို့သော်လည်း ရန်ကိုင်ကမူ ကွဲပြားသွား၏။ လွတ်လွတ်လပ်လပ် နေရသော ဘဝကြီးမှ ဤကျဉ်းမြောင်းလှသော လောကငယ်ထဲ ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ရခြင်းသည် သူ့အား လွန်စွာကိုမှ စိတ်ဂနာမငြိမ် ဖြစ်စေ၏။

ဗိုလ်ချုပ်ကြီးသုံးယောက်သည် မတုံးအကြချေ။ ထို့ကြောင့် ရန်ကိုင် မည်သည့်အတွက်ကြောင့် စိတ်ဂနာမငြိမ် ဖြစ်နေရသည်ကို သူတို့ နားလည်ပေ၏။

“ကြည့်ရတာက သူ့ကို ဒီနေရာမှာ အကြာကြီး ခေါ်ထားလို့ မရတော့တဲ့ပုံပဲ” လီရုန်က ခါးသီးစွာ ပြုံးလိုက်၏။

“ငါသူနဲ့စကားသွားပြောမယ်” ဟန်ဖေးက ရုတ်တရက် အံကြိတ်လျက် ဆိုလိုက်၏။

“ကောင်းပြီလေ။ သူဘာလို့ အခုလို ဖြစ်နေရတာလဲ ဆိုတာကို မေးမြန်းကြည့်ပေါ့။ ငါတို့ ကူညီနိုင်တာရှိရင် ပြောသာပြောလို့” လီရုန်က သတိပေးလိုက်၏။

ဟန်ဖေးက ခေါင်းပြန်ညိတ်ပြလိုက်၏။

ကျောက်တုံးခန်းထဲသို့ ပြန်ရောက်သည်နှင့် ဆေးပင်တစ်ဆုပ်ကို ထုတ်ယူလိုက်၏။ သို့သော် ဆေးပင်များကို ကိုင်ရင်ဖြင့်သာ တွေတွေကြီး ထိုင်နေမိပြီး သူ့ကိုယ်သူ မည်သို့မှ ဆေးဖော်စပ်ခိုင်း၍ မရအောင် ဖြစ်နေခဲ့၏။

ရုတ်တရက်ဆိုသလို သင်းပျံ့သည့် မွှေးရနံ့လေး သူ့နှာခေါင်းထိပ်ဖျားကို ပွတ်သပ်ကျီးစယ်သွားဖြင့် မော့ကြည့်လိုက်ရာ အေးစက်စက် အမူအရာဖြင့် သူ့ရှေ့၌ တိတ်တဆိတ် ရပ်နေသော ဟန်ဖေးကို တွေ့လိုက်ရ၏။

“နင်စိတ်ထဲ စိုးရိမ်စရာတွေ ရှိနေတာလား” ဟန်ဖေးက ညင်သာသိမ်မွေ့စွာ မေးလိုက်၏။

“စိုးရိမ်စရာလား” ရန်ကိုင် ကြောင်သွားခဲ့ပြီး ခဏအကြာ၌ ယဲ့ယဲ့လေး ပြုံးလိုက်ကာ “ဘာစိုးရိမ်စရာတွေ ရှိရမှာလဲ”

“အဲ့ဒါဆို နင်ဘာလို့ စိတ်ဂနာမငြိမ် ဖြစ်နေတာလဲ”

“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်၏။

“မပြောပြချင်တာလား” ဟန်ဖေးက ရန်ကိုင်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလိုက်၏။

ရန်ကိုင်က စိတ်ဝင်စားသွားသည့် အမူအရာဖြင့် ပြန်မေးလိုက်၏ “ဘာလဲ၊ ဗိုလ်ချုပ်ကြီး ဟန်ဖေးက ငါ့ကို အလင်းပြပေးမယ့် တာဝန်ကို ယူထားတာများလား။ ခင်ဗျား အဲ့လိုကိစ္စတွေကို မကိုင်တွယ်နိုင်လောက်ဘူး။ တစ်ယောက်ယောက်ကသာ ကျုပ်ကို စိတ်အား တက်ကြွအောင် လုပ်ပေးချင်တယ်ဆိုရင် လီရုန်က အသင့်တော်ဆုံးပဲ”

“ငါကကော မကောင်းလို့လား” ဟန်ဖေး မကျေမနပ် ဖြစ်သွား၏။

“ခင်ဗျားက ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး နေတာနဲ့ပဲ ကီးကိုက်တဲ့လူလေ။ အခြားသူတွေ ရင်ဖွင့်လာအောင် ဘယ်လိုလုပ်ပြီး ကူပေးနိုင်မှာလဲ” ရန်ကိုင်က ပြန်၍ ငြင်းချက်ထုတ်လိုက်၏။

ဟန်ဖေးက ရုတ်တရက် ပြုံးဖြီးလိုက်ပြီး “ဒါနဲ့ အဲ့ဒါက မတူဘူးလေ။ လူငယ်တွေမှာ ပြဿနာတွေ ရှိတယ်ဆိုတာ သဘာဝပဲလေ။ ငါက အနည်းဆုံး နှစ်ပေါင်းများစွာ ကြအောင် နေလာခဲ့တဲ့ လူနော်။ ငါ့ရဲ့ ဘဝ အတွေ့အကြုံက နင့်ထက် အများကြီး ပိုကြွယ်ဝတယ်။ နင်သာ ငါနဲ့ပြောဆို ဆွေးနွေးမယ်ဆိုရင် ငါနင့်ကို မညွှန်ပြပေးနိုင်တဲ့အရာ ဘာမှ မရှိစေရဘူး”

“အဲ့လိုဆိုမှတော့ ယောကျာ်းနဲ့ မိန်းမကြားက ကိစ္စတွေကို ခင်ဗျား နားလည်လား” ရန်ကိုင်က ရွှတ်နောက်နောက်လေသံဖြင့် မေးလိုက်၏။

ဟန်ဖေး ကြက်သေသေသွားခဲ့ပြီး ဘာမှ ပြန်မပြောနိုင် ဖြစ်သွားခဲ့ရ၏။ သူ၏ ခန္ဓာကိုယ်လေးဆိုလျှင် တဆတ်ဆတ်ပင် တုန်ရင်နေသေး၏။ သူမ ဘဝ တစ်လျှောက်လုံး မည်သည့် ယောကျာ်းသားအပေါ်မှ ခံစားချက် မရှိဖူးခဲ့ရာ သူမသည် အချစ်ဆိုသည်မှာ ဘာလဲ ဆိုသည်ကိုပင် မသိသော မိန်းမတစ်ယောက် ဖြစ်‌၏။ ရန်ကိုင် ပြဿနာ ဖြစ်နေသည့် ကိစ္စမှာ ထိုအကြောင်းအရာနှင့်သာ သက်ဆိုင်နေသည် ဆိုပါက သူမ ဘာမှ ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။

“နင်ဒီလောကငယ်ထဲကနေ ထွက်သွားချင်နေတာ မဟုတ်ဘူးလား” ဟန်ဖေးက ရုတ်တရက် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

“ကျုပ်ဘယ်တုန်းက အဲ့လို ပြောခဲ့လို့လဲ” ရန်ကိုင်က မတွေးတတ်အောင် ဖြစ်သွားခဲ့ရ၏။

“အဲ့ဒါကလွဲပြီး ဘာဖြစ်နိုင်သေးလို့လဲ။ ဒီလောကက နင့်ကို အကျဉ်းချထားတယ်လို့ ခံစားနေရလို့ နင့်စိတ် ဂနာမငြိမ် ဖြစ်နေတာမလား”

“နည်းနည်းပါးပါးပေါ့” ရန်ကိုင်လည်း လှည့်ပတ် ပြောဆိုမနေဘဲ ဝန်ခံလိုက်လေ၏ “ကျုပ်တကယ် အဲ့လို ခံစားနေရတာ”

“ငါတို့က နင့်အပေါ် ရိုးရိုးသားသား၊ ကောင်းကောင်း မွန်မွန် ဆက်ဆံနေတာကိုတောင်မှလေ”

“ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်မှာ လုပ်စရာ၊ ရှာစရာ လူတွေ ရှိနေသေးတာကြောင့်ပဲ” ရန်ကိုင်က ခေါင်းခါရမ်း၍ ရှင်းပြလိုက်၏။

“ငါနားလည်ပြီ” ဟန်ဖေး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူမ၏ မို့မောက်ပြည့်ဖြိုးလှသော ရင်အစုံသည် သူမ၏ အသက်ရှူသံနှင့်အတူ လှိုင်းလုံးပမာ နိမ့်ချည်မြည့်ချည် ဖြစ်နေခဲ့လေ၏။ “ဒါပေမယ့် နင်စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ နင်လည်း ဒီလောကငယ်ထဲမှာ အကြာကြီး နေရတာတော့မှာ မဟုတ်လို့ပဲ။ နင်ထွက်သွားရဖို့ မကြာတော့ဘူး”

“ခင်‌ဗျား ဘာပြောချင်တာလဲ” ရန်ကိုင် ရုတ်တရက် ပျော်သွားခဲ့လေ၏။

ဟန်ဖေးက ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး “ခေါင်းတလားအစေခံ စီနီယာ နင့်ကို ဒီနေရာဆီ ပို့လိုက်ရတဲ့ အကြောင်းအရင်းက နင့်ဆီမှာ တေဇောဓါတ် အသိစိတ်ပင်လယ် ရှိနေလို့ပဲ။ ဒါပေမယ့် နင့်ဆေးပညာစွမ်းရည် တိုးတက်တဲ့နှုန်းက အရမ်းကို မြန်ဆန်လွန်းနေတော့ ဒီဆန်းကြယ်လောကငယ်ထဲမှာ ဆေးပင်တွေ ပြတ်လပ်ကုန်ရော။ မကြာခင်မှာပဲ ငါတို့ နင့်ကို ဆေးပင်တွေ ဆက်ပြီး ထောက်ပံ့ပေးနိုင်တော့မှာ မဟုတ်ဘူး။ ဆေးပင်တွေ မရှိဘဲနဲ့၊ နင်လည်း နင့်ရဲ့ ဆေးပညာစွမ်းရည်ကို ဆက်ပြီး တိုးတက်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် တစ်ခုတည်းသော အဖြေက နင့်အနေနဲ့ ဒီနေရာကနေ ထွက်သွားပြီး နင့်ဘာသာနင် အရင်းအမြစ်တွေ ရှာကြံဖို့ပဲ ရှိတော့တယ်”

ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင် မျက်ဝန်း အစုံ တောက်ပသွားခဲ့လေ၏။

“ပျော်သွားတယ်မလား” ဟန်ဖေးက ရန်ကိုင်အား အထင်တသေး စိုက်ကြည့်လိုက်ပြီး “လီရုန်၊ ဟွာမို၊ ငါတို့ သုံးယောက်စလုံးက နင့်ရဲ့ လွတ်လပ်မှုကို ဘယ်တုန်းကမှ ချုပ်ချယ်ကန့်သတ်ဖို့ မစဉ်းစားထားခဲ့ဘူး။ နင်ထွက်သွားချင်ရင် ငါတို့ နင့်အတွက် ချက်ချင်း ပြင်ဆင်ပေးလို့ရတယ်။ နင်ဒီမှာ နေနေရတဲ့ အကြောင်းအရင်းက နင်ပဲငါတို့အပေါ် သံသယဝင်ပြီး မတောင်းဆိုရဲလို့လေ”

ရန်ကိုင် ရုတ်တရက် ကိုးကိုးကားယား ဖြစ်သွားခဲ့ရ၏။

ဟန်ဖေး ပြောသည်မှာ မမှားပေ။ ရှေးဟောင်း နတ်ဆိုးကလန်သည် သူတို့အားလုံး၏ မျှော်လင့်ချက်ကို သူ့အပေါ် စုပုံထားသဖြင့် ရန်ကိုင်လည်း ထိုကဲ့သို့ တောင်းဆိုချက်မျိုး မတောင်းဆိုရဲချေ။ သူ့အပေါ် လေးစားပြီး သူ့အား သစ္စာရှိပါမည်ဟု ပြောနေလျှင်ပင် သူသာ ထိုကဲ့သို့ တောင်းဆိုချက်မျိုး လုပ်လိုက်သည်နှင့် သူတို့၏ စကားကို ပြန်ရုတ်သိမ်းသွားမည်လား ဆိုသည်ကို မည်သူမှ အတပ်မပြောနိုင်ပေ။

သို့သော်လည်း ယခု ဟန်ဖေးသည် သူ့အတွေး၊ သံသယများကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသွားခဲ့၏။

“နင်ဘာတွေးတွေး၊ ဘာပဲလုပ်လုပ်၊ နင်က ဆာနတ်ဆိုး နတ်ဘုရားရဲ့ အမွေခံ ဖြစ်မှတော့ ငါတို့ ရှေးဟောင်း နတ်ဆိုးကလန်ကလည်း ဘိုးဘေးတွေရဲ့ သင်ကြားမှုအတိုင်း လိုက်နာရမှာပေါ့။ အဲ့လောက်ကိုမှ နင်နားမလည်သေးဘူး ဆိုရင်တော့ ငါတို့ ကလန်ရဲ့ ကံကြမ္မာက နင့်လက်ထဲမှာပဲ အဆုံးသတ် သွားရလိမ့်မယ်” ဒေါသတကြီးဖြင့် ထိုစကားများကို ပြောပြီးနောက် ဟန်ဖေး အခန်းထဲမှ လှည့်ထွက်သွားလေ၏။

ရန်ကိုင်မှာ အချိန်အတော်ကြာသည်အထိ ခေါင်းလေး တကုတ်ကုတ်ဖြင့် ကျန်ရစ်ခဲ့လေ၏။

ချူကျန်း သေပြီးနောက် အပြောင်းကြီး ပြောင်းလဲသွားသော ဗိုလ်ချုပ်ကြီး သုံးယောက်၏ သူ့အပေါ် သဘောထားကို ပြန်စဉ်းစားလိုက်ပြီးနောက် ရန်ကိုင် ရှက်သွားသလို ခံစားလိုက်ရ၏။

သူတို့သည့် သူ့အပေါ် ရိုးရိုးသားသားဖြင့် ဆက်ဆံနေသော်လည်း ရန်ကိုင်ကမူ သူတို့နှင့် ခပ်ခွါခွါသာ နေခဲ့၏။

တစ်ခဏကြာပြီးနောက် ရန်ကိုင် ရှေ့ဘက်ရှိ လေဟာနယ် တွန့်လိမ်သွားခဲ့ပြီး ဗိုလ်ချုပ်ကြီးသုံးယောက် အတူတူ ထွက်ပေါ်လာခဲ့လေ၏။ ရန်ကိုင် မော့ကြည့်လိုက်ရာ ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး၏ အမူအရာ လေးနက်နေသည်ကို တွေ့လိုက်ရ၏။

လီရုန်က အရင်စ၍ ရန်ကိုင်အား အလျင်စလို တောင်းပန်လိုက်လေ၏ “ဟန်ဖေး နင့်အပေါ် ပြောသွားခဲ့တာ နည်းနည်း ကတိုက်ကရိုက် ဆန်သွားတယ်။ ဒါပေမယ့် သူက ငါတို့ကလန်သားတွေ အတွက် တွေးပူပြီး ပြောသွားခဲ့တာဆိုတော့ နင့်ဘက်က နားလည်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်”

ဟန်ဖေးက ရှေ့တက်၍ အနည်းငယ် ဂွတီးဂွကျ အမူအရာဖြင့် “တောင်းပန်ပါတယ်”

“တောင်ပန်သင့်တာကျုပ်ပါ” ရန်ကိုင်က ခေါင်းခါရမ်း၍ “ကျုပ်သာ အတွေးလွန်ပြီး ခင်ဗျားတို့ရဲ့ ရိုးသားမှုကို စိတ်ပျက်အောင် လုပ်ခဲ့မိတာလေ”

“ငါတို့တွေကလည်း ငါတို့ ကလန်သားတွေရဲ့ အနာဂတ်ကို ဦးစားပေးလိုက်မိတာဆိုတော့ နင့်အပြစ်တင် မဟုတ်ပါဘူး” လီရုန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “ဒါပေမယ့် အခုကနေစပြီး နင့်ဘက်ကပါ ထည့်သွင်း စဉ်းစားပေးပါ့မယ်။ ကောင်းပြီလေ၊ နင်ဒီကနေ ထွက်သွားချင်နေတာမလား”

သူမ ထိုမေးခွန်းကို မေးလိုက်သည်နှင့် သုံးယောက် စလုံး၏ အကြည့်သည့် ရန်ကိုင်ပေါ်သို့ စုပြုံရောက်ရှိ လာခဲ့လေ၏။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

ဟန်ဖေး အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး ဟွာမိုကမူ သူမည်မျှ စိတ်ပျက်သွားသည်ကို သူ့မျက်နှာထက် အထင်းသား မြင်တွေ့နေခဲ့ရ၏။

လီရုန်၏ အမူအရာသာ ပြောင်းလဲသွားခြင်း မရှိဘဲ အသာအယာလေး ပြုံးလျက် “နင်ထွက်သွားချင်တာကလည်း သဘာဝကျပါတယ်လေ။ ကောင်းပြီလေ၊ အပြင်လောကကြီးဆီ ငါတို့ နင့်ကို မြန်နိုင်သမျှ မြန်မြန် ပြန်ပို့ပေးမယ်။ နင်က ငါတို့ ကလန်သား တစ်ယောက် မဟုတ်တော့ ဒီလောကငယ်ရဲ့ ကန့်သတ်မှုတွေက နင့်အပေါ် သက်ရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် နင့်စိတ်ကြိုက် လာချင်လာ၊ သွားချင်သွားလို့ ရတယ်”

“အခုချက်ချင်း ထွက်သွားမယ်လို့ ကျုပ်မပြောပါဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။

ထိုစကားကို ကြားလိုက်သည်နှင့် ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး၏ အမူအရာ ဝင်းပသွားခဲ့ပြီး အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် လုပ်ရင်း ရန်ကိုင်အား ဆက်ပြောစေလိုက်၏။

“ခင်ဗျားတို့မှာ ရှိတဲ့ ဆေးပင်တွေ ကုန်တော့မယ်လို့ ဟန်ဖေးပြောခဲ့တယ်။ အဲ့ဒါ အမှန်ပဲလား”

“အင်း” လီရုန်က ခေါင်းညိတ်လိုက်ပြီး “နတ်ဆိုးနတ်ဘုရား မြို့တော်မှာ ဆေးပင်တွေ သိပ်မကျန်တော့ဘူး။ ချူကျန်း သိမ်းထားတဲ့ ဆေးပင်တွေကို ယူပြီးတာတောင် အချိန် နည်းနည်းပဲ ထပ်ပြီး ဆွဲဆန့်ထားနိုင်တာ။ ဒါပေမယ့် နင့်နှုန်းနဲ့ဆိုရင် နေက်တစ်လအတွင်းမှာပဲ အကုန်ကုန်သွားလိမ့်မယ်”

“အဲ့လိုဆိုရင် ကျန်တဲ့ ဆေးပင်တွေ သုံးပြီး ခင်ဗျားတို့ လိုအပ်တဲ့ ဆေးလုံးတွေကို ကျုပ်ဖော်စပ်ပေးခဲ့မယ်”

“ရပါတယ်” လီရုန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒီတစ်နှစ်နဲ့တစ်လအတွင်း နင့်ဆီကနေ ရထားတာနဲ့တင် လုံလောက်နေပါပြီ။ အခုဆို ငါတို့ကလန်မှာ ဆေးလုံးတွေ အများကြီး ရှိနေပြီ။ ဒါကြောင့် ငါတို့အားလုံးရဲ့ ခွန်အားကလည်း အတော်လေးကို တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ငါတို့ ကလန်သားတွေ အားလုံးကိုယ်စား နင့်ကို ကျေးဇူးတင်ပါတယ်”

“ခင်ဗျားပြောတဲ့ပုံအရ ကျုပ်က အပြင်လူ တစ်ယောက် ဖြစ်နေတဲ့အတိုင်းပဲ”

“နင့်ကိုယ်နင် အပြင်လူလို့ တွေးနေတာလေ။ အခုကျမှ ဘာဖြစ်နေရပြန်တာလဲ” ဟန်ဖေးက ခါးသီးနေသည့် လေသံဖြင့် ဝင်ပြောလိုက်၏။ ယခုလေးပင် တောင်းပန်စကား ပြောခဲ့သော်လည်း ရန်ကိုင် ထွက်သွားမည့် ဆုံးဖြတ်ချက်ကြောင့် သူမ ဒေါသမထွက်ဘူးဟု မဆိုလိုပေ။

“ခင်ဗျားတို့မှာ ရှိနေတဲ့ ဆေးပင်တွေ အားလုံး ကုန်သွားတော့မှတော့ ကျုပ်ဒီမှာ ဆက်နေလို့လည်း ဘာမှ မထူးတော့ဘူး။ ခင်ဗျားတို့ ဆေးပင်တွေ အားလုံး ပြန်ပေါက်လာတဲ့အထိ ဒီမှာ နှစ်တွေအများကြီး ကြာအောင် ကျုပ်ကို ထိုင်စောင့်ခိုင်းမှာတော့ မဟုတ်ဘူးမလား။ “ ရန်ကိုင်က ပြုံးလိုက်ကာ “အဲ့လိုဆိုရင် အချိန် တော်တော်ပုပ်မှာ။ ကျုပ်ဒီကနေ ထွက်သွားတာနဲ့ ကျုပ်ဘာသာကျုပ် ဆေးပင်တွေ ရှာပြီး ဆေးဖော်စပ်စွမ်းရည်ကို တိုးတက်အောင် လုပ်လို့ရတယ်။ အဲ့လိုမှပဲ သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ပိုမြန်မြန် ကျုပ်ဖြစ်လာနိုင်မှာ”

သူ့အမူအရာ ရုတ်တရက် လေးနက်တည်ကြည် သွားခဲ့ပြီး ရန်ကိုင်က ကြုံးဝါး ပြောဆိုလိုက်လေ၏ “ကျုပ်သာ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပြည့်မှီတဲ့ ဆေးပညာရှင် တစ်ယောက် ဖြစ်လာတာနဲ့ ဒီနေရာဆီ ပြန်လာပြီး ခင်ဗျားတို့ အားလုံးကို ခေါ်ထုတ်ပေးသွားမှာပါ”

ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး တုန်ရီသွားကြပြီး ပျော်ရွှင်ဝမ်းသာသည့် အကြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်၏။

“နင်တကယ် ပြောနေတာလား” လီရုန်က အလျင်စလို ပြန်မေးလိုက်၏။

“အင်း၊ အတည်ပြောနေတာ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ကျုပ်အခုလိုမျိုး ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။ ကျုပ်အခုလို ပြောဖူးတာ ပထမဆုံးအကြိမ်ပဲ။ ပြီးတော့ ကျုပ်ပြောခဲ့တဲ့ စကားကို မတည်ပဲ မနေစေရဘူး”

ရန်ကိုင်အား အသေအချာ စိုက်ကြည့်လိုက်ရာ လိမ်နေသည့်ပုံ မပေါက်သဖြင့် လီရုန်၏ မျက်ဝန်းလေးများ မျက်ရည်စတို့ဖြင့် ဝဲတက်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်၏ “ကျေးဇူးပါပဲ”

ဟန်ဖေးနှင့် ဟွာမိုတို့သည်လည်း ရန်ကိုင်အား အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

“ငါတို့ကလန်က ငါတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဘိုးဘေးတွေရဲ့ သင်ကြားမှုကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတာဆိုတော့ ငါတို့ လွတ်လပ်မှု ပြန်ရခဲ့ရင်တောင် နင့်နောက်ကို သစ္စာရှိရှိ လိုက်နေဦးမှာ” လီရုန်က အလျင်စလို ထပ်ပေါင်းပြောလိုက်၏။

“အဲ့အကြောင်းကို နောက်မှ ပြောကြတာပေါ့” ရန်ကိုင်က ပြုံလိုက်ပြီး “အခုလောလောဆယ်တော့၊ ခင်ဗျားတို့ရဲ့ ဆေးပင်တွေ ကျုပ်ကိုပေး”

“ငါယူလာတယ်” လီရုန်က ပြောလိုက်ပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးပင်အပုံလိုက်ကြီးကို ထုတ်ယူလိုက်လေ၏။

“ဒါငါတို့မှာ ရှိတာ အကုန်ပဲ”

“ကျုပ်မြန်မြန် ဖော်စပ်ပေးမယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ယခုမှပင် စိတ်လက်ပေါ့ပါသွားခဲ့ရလေ၏။

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၆၈) လက်ဆောင်ကြီး

————————————————————

မိုးထိလုမတတ် မြင့်မားလှသော နှင်းဖုံးတောင်များကြား၊ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိပြီ ဖြစ်သော၊ မီတာရာပေါင်းများစွာ ထူထဲသည့် ရေခဲလွှာထုကြီးများ၏ အောက်ခြေ၌၊ ဘယ်တော့မှ အဆုံးသတ်မည့်ဟန် မရသည့် ဧရာမ နှင်းမုန်တိုင်းကြီးတစ်ခု တိုက်ခတ်နေခဲ့ကာ ဘေးပတ်ပတ်လည် တစ်ခုလုံး နှင်းများဖြင့် ဖုံးလွှမ်းနေသဖြင့် မည်သူမဆို မိမိ၏ မီတာတစ်ရာ ပတ်လည်ကျော်ထက် ပိုမမြင်ရချေ။

ဤနေရာရှိ အပူချိန်သည် လွန်စွာကိုမှ နိမ့်ကျလေရာ အားကောင်းသော ကျင့်ကြံသူများပင် ထူးထူးခြားခြား အကြောင်းအရင်း မရှိဘဲ ယခုနေရာသို့ ခြေမချချင်ကြချေ။ ကောင်းကင်ထက်ရှိ တိမ်စိုင်များပေါ်မှ ရပ်ကာ အောက်သို့ ငုံ့ကြည်မည် ဆိုပါက အဆုံးမရှိသော နှင်းဖုံးနေသည့် ရေခဲကမ္ဘာကြီးကိုသာ မြင်တွေ့ရပေလိမ့်မည်။

ထိုနှင်းဖုံးတောင်များထဲမှ တောင်တစ်လုံး၏ အလယ်လောက် နေရာ၌ တောင်အတွင်းပိုင်းထဲသို့ ဦးတည်နေသည့် လိုဏ်ခေါင်းလေးတစ်ခု ရှိနေခဲ့၏။ လိုဏ်ခေါင်း၏ အတွင်းပိုင်းသည် သန့်စင်ပြီး ထွင်းဖောက် မြင်ရသော ရေခဲတို့ဖြင့် ဖုံးလွှမ်းနေခဲ့ကာ လွန်စွာကိုမှ အေးစက်လှသော အအေးဓါတ်ကို ပေးစွမ်းနေခဲ့၏။

ရုတ်ချည်း ဆိုသလို လိုဏ်ဂူတစ်ခုလုံး လေဟာနယ် စွမ်းအားတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး အနီရောင်အလင်း တစ်ချက် လက်ဖြာသွားခဲ့လေရာ မှုန်မှိုင်းနေသော လိုဏ်ဂူ တစ်ခုလုံးကို လင်းလက်တောက်ပသွားစေခဲ့လေ၏။

လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်သည် သူ့အရှိန်ကို မထိန်းချုပ်နိုင်ခဲ့သဖြင့် ရေခဲမျက်နှာပြင်နှင့် ပြေးတိုက်မိလေ၏။

လဲကျနေရာမှ ပြန်ထလာပြီးနောက် ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် ချက်ချင်း စစ်ဆေးကြည့်လိုက်၏။ စစ်ဆေးကြည့်ပြီးမှသာ သူ့အမူအရာ ပြေလျော့သွားခဲ့ရပြီး ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်လိုက်လေ၏။

“ငါနှင်းဖုံးတောင်တွေထဲ ရောက်နေတာပဲ” ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။

ဆန်းကြယ်လောကငယ်မှ မထွက်လာစဉ်က ခေါင်းတလား အစေခံ စီနီယာသည် လွန်စွာကိုမှ အေးလှသော လူသူကင်းမဲ့နေရာ နေရာတစ်ခု၌ ပုန်းအောင်းနေသည်ဟု လီရုန် သူ့ကိုပြောခဲ့၏။

သူမပြောသည်မှာ မှန်နေသည့်ပုံပင်။

ခေါင်းတလား အစေခံ စီနီယာ သေသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့လေပြီ။ သို့သော်လည်း မသေခင်အချိန်က သူသည် အားကောင်းသော သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ခဲ့သလို့ ရှေးဟောင်းနတ်ဆိုးကလန် အဖွဲ့သား တစ်ယောက်လည်း ဖြစ်ခဲ့လေရာ သူ့ခန္ဓာကိုယ်သည် လွန်စွာကိုမှ အားကောင်းလှ၏။ မည်သို့ပင် ဆိုစေကာမူ အချိန်၏ တိုက်စားမှုဒဏ်ကို မည်သူမှ မတောင့်ခံနိုင်လေရာ သူ့ခန္ဓာကိုယ်အား ပုပ်သိုးဆွေးမြေ့ခြင်းမှ ကာကွယ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းသည် သူ့လက်ကျန် အချိန်အများစုကို အေးခဲသည့် နေရာဒေသတစ်ခုတွင် ကုန်ဆုံးရန်ပင် ဖြစ်လေ၏။

ရေခဲကန္တာရ၏ အလယ်တွင် ရှိနေသော နှင်းဖုံးတောင် တစ်လုံး၏ အထဲတွင် ရှိနေသည့် လိုဏ်ဂူသည် သူ့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေ၏။

ခေါင်းတလား အစေခံ စီနီယာသည် ဆယ်နှစ်ကြာတိုင်း တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသော ကျင့်ကြံသူတစ်ယောက်ကို ထွက်ရှာလေ့ရှိ၏။ တစ်ယောက် ရှာတွေ့ပြီးမှ၊ သို့မဟုတ် ဆက်သွားရန် ခွန်အား မရှိတော့မှသာ သူနားနေရာ နေရာသို့ ပြန်လာလေ့ရှိသည်ဟု လီရုန် သူ့ကို ပြောပြခဲ့၏။

နောက်ဆယ်နှစ်စုနှစ် အချိန်တစ်ခုစာ အကြာ၌ နောက်တစ်ကြိမ် သူထပ်မံ ခရီးထွက်ပေလိမ့်မည်။

ခေါင်းတလား အစေခံ စီနီယာသည် ထိုပုံစံအတိုင်း အကြိမ်အရေအတွက် မည်မျှအထိ လုပ်ခဲ့ပြီးသည်ကို လီရုန် မသိသော်လည်း လွန်ခဲ့သော နှစ်များအတွင်း သူသည် တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ ဒါဇင်ကျော်ကို သူမတို့ဆီ ပို့ခဲ့ပေ၏။

ဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ တင်ပလင်ခွေ ထိုင်နေသော ခေါင်းတလား အစေခံ စီနီယာကို ရုတ်တရက် တွေ့လိုက်ရ၏။ သူ့တစ်ကိုယ်လုံး ချဉ်စော်နံနေခဲ့ပြီး ဒဏ်ရာပရဗွတို့ဖြင့် ပြည့်နေခဲ့လေ၏။

ထိုခန္ဓာကိုယ်ကြီး အချိန်မည်မျှ ကြာသည်အထိ ဆက်လက် တည်ရှိနိုင်မည် ဆိုသည်ကို မည်သူမှ မသိနိုင်ရာ။

သူ့အား ထိုပုံစံဖြင့် မြင်တွေ့လိုက်ရပြီးနောက် ခေါင်းတလား အစေခံ စီနီယာသည် သူ့ကလန်အပေါ် မည်မျှ တွယ်တာလွန်း၍ သေသွားသည့်တိုင် ယခုကဲ့သို့ တာဝန်ကို ဆက်လက်လုပ်ဆောင်နေသည်အား သူမသိသော်လည်း ထိုကဲ့သို့သောလူသည် လေးစားမှုနှင့် လုံးဝကို ထိုက်တန်ပေ၏။

ခေါင်းတလားအစေခံ စီနီယာ၏ နောက်၌ သွေးနီရောင် ခေါင်းတလားကြီး ရှိနေခဲ့၏။

ထိုခေါင်းတလား အတွင်း၌ ဘာတွေရှိနေသလဲ၊ မည်ကဲ့သို့သော ဆန်းကြယ်မှုများ ဖုံးကွယ်နေလဲ ဆိုသည်ကို လောကကြီးက မသိသော်လည်း ထိုခေါင်းတလား အတွင်း၌ ဆန်းကြယ်လောကငယ် တစ်ခုရှိနေသည် ဆိုသည်ကိုတော့ ရန်ကိုင် သိပေ၏။

လီရုန်၊ အခြား ဗိုလ်ချုပ်ကြီး နှစ်ယောက်နှင့် နားလည်မှု ရရှိပြီးနောက် ရန်ကိုင်သည် လက်ကျန် ဆေးပင်များကို ဆေးလုံးအဖြစ် လဝက်ကြာအောင် သန့်စင်ခဲ့ရ၏။ ဆေးလုံးများ သန့်စင်ပြီးသည်နှင့် တစ်ရက်လောက် အနားယူလိုက်ပြီး နောက်တစ်နေ့၌ ဗိုလ်ချုပ်ကြီးသုံးယောက်သည် အတူတကွ ပူးပေါင်း၍ လေဟာနယ်ကို ချိုးဖျက်ကာ သူ့အား ဆန်းကြယ် လောကငယ်ထဲမှ အပြင်သို့ ပို့ပေးခဲ့၏။

ငါသူတို့အတွက် ချန်ထားခဲ့တဲ့ လက်ဆောင်ကိုများ တွေ့ကြရဲ့လား မသိဘူး သူ့ဘာသာ တွေးလိုက်ပြီးနောက် ပြုံးကာ ခေါင်းတလား အစေခံ စီနီယာကို သတိထား ကြည့်နေရင်း လိုဏ်ဂူပေါက်ဝဆီသို့ ဖြည်းဖြည်းချင်း သွားလိုက်လေ၏။

ထိုသူတော်စင်အဆင့် အလောင်းကောင်ကြီးကို သူလုံးဝ မနိုးစေချင်ပေ။

နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ ခေါင်းတလားအစေခံ စီနီယာကို ဖိနှိပ်၍ ရသော်လည်း အနီးအနား၍ အားကောင်းသော ပညာရှင် တစ်ယောက်သာ ရှိနေပါက သူ့အရှိန်အဝါကို အာရုံခံမိသွားပေလိမ့်မည်။ ထိုအခါ ခေါင်းတလားအစေခံ စီနီယာ ပုန်းနေသည့် နေရာလည်း ပေါ်သွားပေလိမ့်မည်။

ကံကောင်းစွာဖြင့် ခေါင်းတလား အစေခံ နိုးမလာခဲ့ချေ။

အချိန်အတော်ကြာအောင် တက်လာပြီးနောက် လိုဏ်ဂူထဲမှ ရန်ကိုင် ထွက်လာနိုင်ခဲ့၏။

အရိုးကွဲမတတ် အေးစိမ့်လှသော လေအေးများသည် ရန်ကိုင် ခန္ဓာကိုယ်ကို ပွတ်သပ်တိုက်ခတ်သွားခဲ့ရာ သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတို့ ထသွားခဲ့လေ၏။ အေးစက်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီနေခဲ့ရာ အစစ်အမှန် ယန်ကျင့်စဉ်ကို လှည့်ပတ်၍ သူ့ပတ်လည်ရှိ အအေးဓါတ်များကို ဖယ်ထုတ်လိုက်ရလေ၏။

အပြင်းအထန် တိုက်ခတ်နေသော နှင်းမုန်တိုင်းကို ကြည့်ရင်း သူ့တည်နေရာကို ရှာမည့် အကြံအစည်ကို လက်လျှော့လိုက်လေ၏။

တုန်းရွှမ်လောကကြီးသို့ သူရောက်သည်မှာ တစ်နှစ်နှင့် နှစ်ဝက် ကျော်သွားပြီ ဖြစ်သော်လည်း သူ့အချိန်အများစုကို ဆန်းကြယ်လောကငယ် အတွင်း၌သာ ကုန်ဆုံးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဤလောကကြီးသည် သူနှင့် အစိမ်းသက်သက် ဖြစ်နေသည်ဟု ပြောလျှင်ပင် မှားမည်မဟုတ်ချေ။ သူ့မည်သည့် နေရာသို့ ရောက်နေလဲ ဆိုသည်ကို သိလျှင်ပင် နောက်ဘယ်နေရာသို့ ဆက်သွားရမည် ဆိုသည်ကို မသိချေ။

စဉ်းစားမရတော့သည်နှင့် ခြေဦးတည့်ရာသာ သွားရန် ဆုံးဖြတ်လိုက်ပြီး နှင်းမုန်တိုင်းထဲသို့ လျှပ်စီးတန်း တစ်ခုအလား ပြေးဝင်သွားလိုက်ပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေ၏။

----------------------------------

ရှေးဟောင်းနတ်ဆိုးနတ်ဘုရား မြို့တော်ထက်တွင် ဗိုလ်ချုပ်ကြီး (၃)ယောက်သည် ကောင်းကင်ထက်ရှိ တဖြည်းဖြည်းချင်း ပိတ်နေသော အက်ကြောင်းကြီးကို ငေးကြည့်နေခဲ့ကြ၏။

“သူသွားပြီ” ဟန်ဖေးက ရေရွတ်လိုက်၏။

“ဟုတ်တယ်” လီရုန်က ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် သူပြန်လာလိမ့်မယ်”

ဟွာမိုသည် တစ်ခဏတာ တုန့်ဆိုင်းနေသော်လည်း နောက်ဆုံးမှာတော့ မပြောဘဲမနေနိုင်လိုက်ချေ “ကျုပ်ကိုကျုပ် လူကောင်းလို့တွေးပြီး သူ့ကို ကောက်ကျစ်တဲ့ လူယုတ်တစ်ယောက်လို့ တွေးနေတာ မဟုတ်ပေမယ့်၊ စီနီယာလီ၊ သူပြောခဲ့အတိုင်း ဒီနေရာကို သူပြန်လာမယ်လို့ ခင်ဗျား ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ”

“မသိစိတ်လေ” လီရုန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “အဲ့နေ သူကျိန်ဆိုပြတဲ့အချိန်တုန်းက သူ့မျက်လုံးတွေကို ငါကြည့်နေခဲ့တာ။ ဒါပေမယ့် သူ့မျက်လုံးတွေက လုံးဝကို ကြည်လင်နေတာ။ ဒါကြောင့်ပဲ သူ့ကိုယုံကြည်ဖို့ ငါရွေးချယ်လိုက်တာ။ စောင့်သာစောင့်နေလိုက်၊ သူကျိန်းသေ ပြန်လာပြီး ကတိပေးထားတဲ့ အတိုင်း ငါတို့ကို ဒီလောကငယ်ထဲကနေ ခေါ်ထုတ်ပေးသွားလိမ့်မယ်”

ဟွာမို မျက်မှောင် ကြုံ့လိုက်ပြီး ဘာမှတော့ ထပ်မပြောခဲ့ချေ။

သူသည်လည်း ရန်ကိုင်ကို ယုံကြည်ချင်သော်ငြား လူသားများသည် ရက်စက်ပြီး ကောက်ကျစ်ဥာဏ်များပြီး မယုံကြည်ထိုက် ဟူသော အတွေးသည် သူ့စိတ်ထဲ နက်နက်နဲနဲ စွဲထင်နေခဲ့ကာ ရန်ကိုင် မည်သို့ပင် ကျိန်ဆို ပြောခဲ့ပါစေ သူ့အနေဖြင့် လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့ရလေ၏။

“သခင်မ... သခင်မ....” ထိုအချိန်မှာပင် ကွမ်းအားသည် ပျာတီးပျာယာဖြင့် ဗိုလ်ချုပ်ကြီး သုံးယောက်ဆီ ရုတ်တရက် ပြေးလာခဲ့လေ၏။

“ဘာဖြစ်လို့လဲ” လီရုန်က ကွမ်းအာဘက်လှည့်၍ ဆံပင်ကို သူမ၏ နားသယ်နောက် အသာအယာ သပ်တင်လိုက်ပြီး မေးလိုက်၏။

“ဒီမှာကြည့်” ပြောပြီးသည်နှင့် သူမလက်ထဲတွင် ကိုင်ထားသော အရာကို ဗိုလ်ချုပ်ကြီး (၃)ယောက်အား ပြလိုက်လေ၏။

“သလင်းကျောက်တုံးလား” လီရုန် အံ့အားသင့်သွားခဲ့ပြီး “နင်ဘယ်က ရလာတာလဲ”

ယခင်အကြိမ်တုန်းက ဟန်ဖေးသည် သလင်းကျောက်တုံးများကို ပြန်သယ်လာခဲ့သော်လည်း သူတို့ ကလန်တစ်ခုလုံး၏ လိုအပ်ချက်နှင့် ယှဉ်လိုက်လျှင် ထိုပမာဏသည် မလုံလောက်သေးပါချေ။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး သုံးယောက်သည် ကလန်၏ ထောက်တိုင် သဖွယ် ဖြစ်လာမည့် သူများကို အချိန်အတိုင်းအတာ တစ်ခု၌ ပေးကြ၏။

ကွမ်းအားသည်လည်း သလင်းကျောက်တုံး နည်းနည်းပါးပါး လက်ခံရရှိခဲ့၏။ သို့သော်လည်း အသုံးမြန်သွားသဖြင့် သူမတွင်း နည်းနည်းသာ ကျန်တော့လေ၏။

“ရန်ကိုင် ဆေးဖော်စပ်တဲ့ အခန်းထဲမှာ ရှာတွေ့ခဲ့တာ။ သခင်မလည်း လာကြည့်သင့်တယ်။ အဲ့မှာ သလင်းကျောက်တုံးတွေ အများကြီး ရှိသေးတယ်” ကွမ်းအာ၏ မျက်နှာလေးသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ဝင်းလက် တောက်ပနေခဲ့ပြီး လီရုန်အား အဆောတလျင် တိုက်တွန်းလိုက်လေ၏။

လီရုန်နှင့် ဟန်ဖေးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရန်ကိုင် အခန်းရှိရာဆီသို့ အလျင်အမြန် ပျံသန်းသွားလိုက်လေ၏။

ခဏအကြာ၌ ဗိုလ်ချုပ်ကြီးသုံးယောက် ရန်ကိုင် နေထိုင်ခဲ့ရာ ကျောက်တုံးခန်းလေးဆီသို့ ရောက်လာခဲ့၏။ အခန်းထဲရှိ အခြေအနေကို မြင်ပြီးနောက် အကုန်လုံး မှင်သက်သွားခဲ့ကြရ၏။

အခန်းထောင့်၌ တောင်ပမာ ပုံထပ်နေသည့် သလင်းကျောက်ပုံကြီး ရှိနေခဲ့ရာ သလင်းကျောက် အရေအတွက်သည် အံမခန်းလိလိ များပြားလှ၏။

“အဲ့ဒါတွေ...” လီရုန်မှာ စကားပင် ပြောမထွက်တော့။ ထိုသလင်းကျောက်များကို ကြည့်ရင်း သူမ၏ ခန္ဓာကိုယ် သွယ်သွယ်လေးသည် တဆတ်ဆတ် တုန်ရင်နေခဲ့လေ၏။

“ဒါတွေက မီးတောင်အောက်ခြေမှာတုန်းက သူစုဆောင်းခဲ့တဲ့ဟာတွေ ဖြစ်ရမယ်” ဟန်ဖေးက ရှင်းပြလိုက်၏။

“ဒီလောက်တောင် များတာလား” ဟွာမိုမှာ သူ့လျှာပင် ပြန်ကိုက်မိလုမတတ် ဖြစ်သွားခဲ့ကာ သူ့မျက်နှာ တစ်ခုလုံးသည်လည်း ရှုံ့မဲ့လို့ နေလေ၏။

မီးတောင်အောက်ခြေမှ ပြန်လာစဉ်က ဟန်ဖေးသည် တောင်အောက်ခြေ၌ သူမနှင့် ရန်ကိုင်တို့ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် ရန်ကိုင် သလင်းကျောက် အများကြီး ရခဲ့ကြောင်းကို ပြန်ပြောပြခဲ့၏။ သို့သော် သူတို့ထဲက မည်သူကမှ ထိုအကြောင်းကို ပြန်အစမဖော်ခဲ့သလို့ သူ့အား မေးပင်မမေးခဲ့ချေ။

သို့သော်လည်း ရန်ကိုင်သည် သူထွက်မသွားခင် ထိုသလင်းကျောက်များကို သူတို့အတွက် ချန်ထားပေးခဲ့ပုံ ရ၏။

သူချန်ထားရစ်ခဲ့သည့် သလင်းကျောက် အ‌ရေအတွက်သည် ဟန်ဖေး ပြန်သယ်လာသည်ထက် လေးဆလောက် များနေ၏။

“ဒီလောက် အများကြီး ချန်ထားခဲ့မှတော့ သူ့မှာ အများကြီး မကျန်လောက်တော့ဘူး” ဟန်ဖေးက ရေရွတ်လိုက်၏။ သူမ မျက်နှာထက် ရန်ကိုင်အား ကျေးဇူးတင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့၏။ ရုတ်တရက် သူမ၏ အကြည့်သည့် ပိုပြီး သိသာသည့် နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ပြီး “သူတော်စင်အဆင့် သလင်းကျောက်တွေကိုတောင် ချန်ထားရစ်ခဲ့တာလား”

မီးတောက်အောက်ခြေတွင် ဖြစ်ပျက်ခဲ့သည်များနှင့် သလင်းကျောက် ထည့်ရန် နေရာလွတ် မရှိတော့သည့် အတွက် ရန်ကိုင်၏ အင်္ကျီအား လှည့်စားပြီး ရယူခဲ့သည့် အကြောင်းတို့အား ပြန်တွေးလိုက်မိသည်နှင့် အချိန်၌ ရှက်ရွံ့မှုကြောင့် ဟန်ဖေး၏ ပါးလေးများ ပူစပ်ပူလောင် ဖြစ်လာခဲ့ရ၏။

“စီနီယာလီ...” ဟွာမိုက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်လိုက်ပြီး မြင်းရိုင်ပမာ ကဆုန်ပေါက်နေသည့် သူ့စိတ်ကို ငြိမ်အောင် အရင်လုပ်လိုက်ကာပြီးနောက် ပြောလိုက်၏ “သူကျိန်းသေ ပြန်လာလိမ့်မယ်လို့ ဒီလူအိုကြီး ယုံသွားပြီ”

“ဟုတ်တယ်၊ လုံးဝကို အသေအချာပဲ” လီရုန်က ပြုံးကာ ပြန်ပြောလိုက်၏။ ဝမ်းသာလွန်းသဖြင့် သူမ၏ မျက်လုံးထောင့်စွန်းများထက် မျက်ရည်စများပင် ဝေ့သီလာခဲ့ရ၏။

ရန်ကိုင်သည် ပြန်လာရန် အစီအစဉ် မရှိလျှင် ထိုကဲ့သို့ လက်ဆောင်ကြီးကို ချန်ထားပေးခဲ့လိမ့်မည် မဟုတ်ချေ။

ထိုသလင်းကျောက်များကို သူချန်ထားပေးခဲ့ရသည့် အကြောင်းအရင်းသည် ဤသလင်းကျောက်များဖြင့် ရှေးဟောင်းနတ်ဆိုးကလန်သည် သူတို့၏ ခွန်အားကို တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့် နေသောကြောင့် ဖြစ်၏။ အဲ့လိုမှသာလျှင် သူတို့တစ်တွေကို သူပြန်လာခေါ်ပြီး ဤလောကငယ်ထဲမှ ထွက်သွားသည့် အချိန်၌ သူ့တို့ကိုယ်သူတို့ ပိုပြီးကောင်းကောင်း ကာကွယ်နိုင်ပေလိမ့်မည်။

သူ့မျှော်လင့်ချက်ကို ပျက်စီးသွားစေလို့ မဖြစ်ဘူး လီရုန် စိတ်ထဲမှ တွေးလိုက်၏။ ယခု နတ်ဆိုးနတ်ဘုရား မြို့တော်ထဲ လုံလောက်သော ဆေးလုံး၊ သလင်းကျောက် တို့ရှိနေခဲ့လေပြီ။ နှစ်အနည်းငယ်အတွင်းမှာပင် သူတို့ ရှေးဟောင်း နတ်ဆိုးကလန်၏ ခွန်အား အတိုးတက်ကြီး တိုးတက်လာပေလိမ့်မည်။

ရန်ကိုင် ပြန်လာသည့်အခါက၊ ရှေးဟောင်း နတ်ဆိုးကလန်က သူ့အား လက်ဆောင်အကြီးကြီး ပြန်ပေးရပေမည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လီရုန် စိတ်ဒုံးဒုံးချလိုက်လေ၏။

----------------------------------

နှင်းဖုံးတောင်များထက် ရန်ကိုင် ခရီးဆက်နေခဲ့၏။ ရေခဲပြင်ကြီးသည် လွန်စွာကိုမှ ကျယ်ပြန့်ကြီးမားပြီး အရိုးကွဲမတတ် အေးစိမ့်လှသော လေအေးများသည် အဆက်မပြတ် တိုက်ခတ်နေလေရာ အချိန်အတော် ကြာအောင် ပျံသန်းပြီးနောက် ရန်ကိုင် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ် လာခဲ့ရလေ၏။

သူ့ခွန်အားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ရန်ကိုင်သည် ပျံသန်းနေရာမှ ဆင်းလိုက်ပြီး လမ်းဆင်းလျှောက်လိုက်၏။ သို့သော်လည်း မည်မျှပင် ဝေးဝေး သွားခဲ့ပါစေ၊ သက်ရှိ အရိပ်အယောင် စိုးစဉ်မျှကို မမြင်တွေ့ခဲ့ရချေ။ လူသား၊ နတ်ဆိုး၊ သို့မဟုတ် မွန်းစတား သားရဲများကိုပင် မမြင်တွေ့ခဲ့ရချေ။

သူသာ ဤအဖြူရောင် လောကကြီးထဲ၌ တစ်ယောက်တည်း ရှိနေသည့်အလား...

ဤနေရာ၌ မိုးမြေစွမ်းအင် လွန်စွာကိုမှ သိပ်သည်းသော်လည်း ပတ်ဝန်းကျင်သည် လုံးကို ခြောက်ကပ်နေ၏။ ရေခဲကျင့်စဉ်နှင့် သိုင်းပညာရပ်ကို လေ့ကျင့်သော ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော ဆိုးရွားလှသည့် ရာသီဥတုဒဏ်ကို တောင့်ခံနိုင်ရန် ခဲယဉ်းလှ၏။

ရန်ကိုင်သည် ဝမ်းနည်းပျော်ရွှင်ခြင်း မရှိဘဲ ပုံမှန် အမူအရာတိုင်း နှင်းဖုံးတောင်နှင့် ရေခဲပြင်ကြီးကို ဖြတ်၍ ခရီးဆက်နေခဲ့၏။ သူပခုံးထက်မှ တစ်ချက်တစ်ချက် စူးစူးအောင့်လာသည့် အချိန်မျိုးမှသာ သူ့အမူအရာ ပြောင်းလဲသွားတတ်လေ၏။

လေမိုးကြိုးတောင်ပံကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူထားခဲ့သည်မျာ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာနေခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ထိုတောင်ပံအား သန့်စင်သည့် လုပ်ငန်းသည် လုပ်နေဆဲသာ ရှိသေး၏။ သို့သော်လည်း လေမိုးကြိုးတောင်ပံကို သန့်စင်ခြင်းသည် အစစ်အမှန်ချီဖြင့် အားဖြည့်ခြင်း သက်သက် မဟုတ်လောက်ဟု ရန်ကိုင် အလိုလို ခံစားနေခဲ့ရ၏။ ထိုတောင်ပံများကို အပြည့်အဝ သန့်စင်နိုင်ရန် ထူးခြားသော နည်းလမ်းတစ်ခုခု လိုအပ်နေပေ၏။

နှင်းဖုံးတောင်များကြား ရက်အနည်းငယ်လောက် သွားလာပြီးနောက် လေနှင့်နှင်းတို့ တဖြည်းဖြည်းချင်း အားနည်းလာခဲ့လေ၏။

တစ်ထောင်တည်း ထီးထီးကြီး ဖြစ်နေသော တောင်တစ်လုံး၏ ထိပ်တွင် ရန်ကိုင်သည် မလှုပ်မယှတ် အမူအရာဖြင့် ရပ်နေခဲ့၏။ ရက်ပေါင်းများစွာ ကြာအောင် မခံစားခဲ့ရသော နွေးထွေးလှသည့် နေရောင်ကို အေးအေးဆေးဆေး ခံစားနေခဲ့၏။

“ဟင်...”

ရုတ်တရက် ကီလိုမီတာ အနည်းငယ် အကွာမှ အရှိန်အဝါ များစွာကို သူအာရုံခံမိလိုက်၏။

ရန်ကိုင် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့၏။ ယခု မည်သည့် နေရာသို့ ရောက်နေ၍ ရောက်နေမှန်း မသိရလေရာ ရန်ကိုင်သည် တစ်ယောက်ယောက် ရှာပြီး ဤနေသည် မည်သည့်နေရာ ဖြစ်သည်ကို မေးမြန်းချင်နေခြင်း ဖြစ်၏။ သို့သော်လည်း ရက်ပေါင်း များစွာကြာအောင် လမ်းလျှောက် လာပြီးသည့်တိုင် လူတစ်ယောက်တစ်လေကိုမှ မတွေ့ခဲ့ရ၏။ သို့သော်လည်း နောက်ဆုံး၌ လူအရိပ်အယောင်ကို သူတွေ့ခဲ့ရလေပြီ။

ထိုလူများ၏ အရှိန်အဝါအရ ၎င်းတို့သည် မသေမျိုးအဆင့် ပညာရှင် မဟုတ်သဖြင့် ရန်ကိုင်မှာ အတော့်ကို စိတ်သက်သာရာ ရသွားခဲ့ရလေ၏။

ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်သည် သူရပ်နေရာဆီမှ ထိုအဖွဲ့ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားလိုက်လေ၏။

ကီလိုမီတာ ဒါဇင်ကျော်အကွာရှိ နှင်းများထက်၊ ယောကျ်ားတစ်ယောက်၊ မိန်းမနှစ်ယောက်တို့ အတူတကွ လမ်းလျှောက် နေခဲ့ကြပြီး အားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)၊ အဆင့်(၈) ကျင့်ကြံသူများသာ ဖြစ်ကြ၏။ ယောကျာ်းသည် ရုပ်ချောပြီး အမျိုးသမီးများက လှပကြ၏။ အားလုံးသည် ဖြူလှလှ နှင်းလွင်ပြင်ထဲ မျက်စိဖမ်းစားစရာ ကောင်းလှသော ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားကြလေ၏။ ထိုလူများသည် တူညီသော မိသားစု၊ သို့မဟုတ် ဂိုဏ်းတစ်ခုခုမှ ဖြစ်ရပေမည်။

ယခုအချိန်၌ မိန်းကလေးနှစ်ယောက်သည် လက်ချင်း ချိတ်လျက် အတူတကွ လမ်းလျှောက်နေခဲ့ကြ၏။ ယခုကဲ့သို့ အေးစက်သော နေရာမျိုးတွင်ပင် အမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက်၏ အဝတ်အစားမျာသည် လွန်စွာကိုမှ ပါးလှပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်၊ ပြီးပြည့်စုံစွာ ဖွံ့ထားလှသော ကောက်ကောင်း၊ အမို့အမောက်များကို အထင်သား ဖော်ပြထားသလို ဖြစ်နေခဲ့၏။ လမ်းလျှောက်နေစဉ်၌ အမျိုးသမီးသည် သေးကျဉ်လှသော ခါလေးနှင့် စွံကားလှသော တင်ပါးလေးများကို စွဲမက်ဖွယ်ကောင်းစွာ ဘယ်မှညာသို့ လှုပ်ရမ်းနေခဲ့လေရာ အနောက်မှ လိုက်လာနေသော ယောကျာ်း၏ မျက်ဝန်းအစုံသည် သူမ၏ တင်ပါးများဆီမှ မခွါနိုင် ဖြစ်နေခဲ့ရလေ၏။

ကျန်မိန်းကလေး တစ်ယောက်မူ နည်းနည်းလေး ပုပြီး သူမ၏ ချစ်စဖွယ် မျက်နှာလေးသည် သိလိုစိတ်၊ အံ့ဩမှုတို့ဖြင့် ပြည့်နေခဲ့ကာ လမ်းလျှောက်နေစဉ်အတွင်း အရပ်မျက်နှာ အမျိုးမျိုးကို လက်ညိုးထိုးလျှက် တခစ်ခစ် ရယ်မောနေခဲ့လေ၏။

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၆၉) လောကကြီးက ကျဉ်းကျဉ်းလေးပါလား

————————————————————

ထိုသုံးယောက်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း သွားလာနေခဲ့ကြ၏။ ခဏအကြာ၌ အဝတ်ပါးပါးကို ဝတ်ဆင်ထားသည့် အမျိုးသမီး၏ မျက်နှာ တောက်ပသွားခဲ့ပြီး နေရာတစ်ခုဆီ ညွှန်ပြ၍ “အဲ့မှာ စိတ်ဝိဥာဉ်ဆေးပင်တွေ ရှိလောက်တယ်”

ပြောပြီးသည်နှင့် ထိုနေရာဆီသို့ အလျင်စလို ပြေးသွားလိုက်လေ၏။

နှင်းထုကြီးကို အတူတူ ကျော်ဖြတ်ရှင်းလင်းပြီး ကီလိုမီတာ ရာပေါင်းများစွာ သွားလာပြီးနောက် ရေခဲသလင်းတုံးလေးနှင့် ဆင်တူသော အပင်တစ်ပင်ကို တွေ့လိုက်ရ၏။ အပင်၏ ရိုးတံနှင့် အရွက်များသည် တလက်လက် တောက်ပနေခဲ့ရာ လွန်စွာကိုမှ လှပလှပေ၏။

အပင်ထိပ်ပိုင်းနဲ့ လက်သည်းခွံ အရွယ်အစား ရှိသော နှင်းဖြူရောင် အသီးလေးများ သီးနေခဲ့၏။

“စီနီယာအစ်မကျိက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။ နှင်းတွေကြားထဲ နစ်မြုပ်နေတဲ့ ကျောက်စိမ်းဖြူသီးပင်ကိုတောင် ရှာနိုင်တယ်” မိန်းမငယ်လေးက ပျော်ရွှင်စွာ ချီူးကျူးစကား ဆိုလိုက်၏။

ကျိမုန်က ပြုံးလိုက်ပြီး ကျုယင်ယွဲ့ကို ကြည့်လျက် နွေးထွေးကြင်နာစွာ ပြန်ပြောလိုက်၏ “နင်လည်း ဘေးပတ်ဝန်းကျင်ကို သေချာအာရုံစိုက်ရင် ရှာတွေ့မှာပဲလေ”

ကျုယင်ယွဲ့က သူမ၏ နှုတ်ခမ်းလေကိုး ကွေးလိုက်ပြီး ပါးလေးဖောင်းလိုက်ကာ “ကျွန်မလည်း အကောင်းဆုံး ကြိုးစားတာပဲ။ ဒါပေမယ့် စီနီယာအစ်မကျိပဲ အမြဲ အရင်တွေ့နေတာကို။ စီနီယာအစ်ကိုချီတောင် အစ်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

ထိုစကားကြောင့် ချီချောင်ဝမ် မကျေမနပ် ဖြစ်သွားခဲ့ပြီး “ငါက အသုံးမကျဘူးလို့ စောင်းပြောနေတာလား”

ကျုယွဲ့ယင်က နှာခေါင်းရှုံ့၍ “ရှင်က အနည်းဆုံးတော့ စီနီယာအစ်မကျိလောက် မတော်ဘူး”

ကျိမုန်က မိန်းမငယ်လေးရဲ့ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး “ပြန်ရောက်တဲ့အခါကျ နင်လည်း ဝေစုရမှာလေ။ ဘာလို့ စိတ်ပျက်အားငယ်နေရမှာလဲ”

ချီချောင်က ရှေ့တက်၍ ပြောလိုက်၏ “အရင်ခူးကြရအောင်၊ အမြစ်နဲ့ ရိုးတံကို မထိခိုက်စေနဲ့နော်။ နောက်နှစ် နည်းနည်းလောက် ကြာရင် အပင်ကနေ ကျောက်စိမ်းဖြူသီးတွေ ထပ်သီးဦးမှာ”

ကျိမုန်က ခေါင်းညိတ်၍ သူမ၏ ကျောက်စိမ်းသား ကဲ့သို့ ချောမွတ်နေသော လက်ကလေးကို ဆန့်ထုတ်လျက် အသီးများကို ခူးကာ သိုလှောင်အိတ်ထဲ ထည့်သိမ်းထားလိုက်လေ၏။

ထိုကဲ့သို့သော အပင်များသည် အစဉ်မပြတ် အသီးသီး တတ်ကြ၏။ ထို့ကြောင့် ကျင့်ကြံသူများသည် အပင်များကိုပါ တစ်ခါတည်း နှုတ်ယူမသွားကြချေ။ ထိုကဲ့သို့ နှုတ်ယူခြင်းသည် ဥဥပေးနေသော ကြက်ကိုပါ တစ်ခါတည်း သတ်လိုက်သည်နှင့် တူ၏။

ခူးပြီးသည်နှင့် လူသုံးယောက်စလုံး အရမ်း ပျော်သွားခဲ့ကြ၏။ သို့သော် ချူချောင်နှင့် ကျိမုန်တို့ နှစ်ယောက် ရုတ်တရက် မျက်မှောင်ကြုံ့လိုက်ကြပြီး အဝေးတစ်နေရာဆီ လှမ်း၍ ကြည့်လိုက်ကြ၏။

တစ်ယောက်ယောက် သူတို့နား အလျင်အမြန် ချဉ်းကပ်လာနေသည်ကို နှစ်ယောက်စလုံး အာရုံခံမိ၏။

ဝေဝါးသည့် ပုံရိပ်တစ်ခု မိုးကုတ်စက်ဝိုင်းအောက် ထွက်ပေါ်လာခဲ့ပြီး တစ်ခဏကြာပြီးနောက် လူငယ်လေး တစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူတို့နှင့် မီတာဒါဇင်ကျော် အကွာ၌ ရပ်လိုက်၏။

ထိုအဖွဲ့သည် သူ့အား သတိထားနေသည်ကို သိသော်လည်း ရန်ကိုင်က ဂရုမထားခဲ့။ ယခုကဲ့သို့ လူမရှိသူမရှိ ရေခဲပြင်ကြီးထဲ လူစိမ်းတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရ၍ ထိုလူအား သတိထားသည်မှာ သဘာဝပင် ဖြစ်၏။

သူ့အတွက်လည်း အတူတူပင်။ တစ်ဖက်အဖွဲ့၏ ခွန်အားသည် အရမ်းကြီး မမြင့်သည့်အတွက်ကြောင့်သာ ယခုကဲ့သို့ ပေါ်ပေါ်ထင်လင် လူလုံးထွက်ပြခဲ့ခြင်း ဖြစ်၏။

တစ်ဖက်အဖွဲ့တွင်သာ မသေမျိုးဒုတိယအဆင့် ပညာရှင်တစ်ယောက် ရှိနေမည်ဆိုပါက ရန်ကိုင်သည် ထိုအဖွဲ့ကို ရှောင်ကွင်းသွားပေလိမ့်မည်။

ထိုသုံးယောက်သည် အရမ်းကြီး အသက်မကြီးကြချေ။ အနည်းဆုံး သူ့ထက် အများကြီး အသက်မကြီးချေ။ ထို့ကြောင့် ထိုလူများနှင့် ပြောရဆိုရ လွယ်ကူနိုင်ပေ၏။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် ရင်းရင်းနှီးနှီး ပြုံးပြလိုက်၏။

“မင်းဘယ်သူလဲ” ချီချောင်က ရှေ့တက်၍ ရန်ကိုင်နှင့် ကျိမုန်၊ ကျုယင်းယွဲ့တို့ကြား ပိတ်ရပ်လိုက်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်၏ “မင်းဘာလို့ ဒီကို နှင်းဖုံးတောင်းတန်းထဲ ရောက်နေရတာလဲ”

“ငါက ဖြတ်သွားဖြတ်လာ ခရီးသွား တစ်ယောက်ပါပဲ။ သွားနေရင်းနဲ့ မတော်တဆ လမ်းပျောက်သွားလို့” ရန်ကိုင်က ရိုးသားချင်ယောင် ဆောင်ကာ ပြန်ပြောလိုက်လေ၏။

“ဖြတ်သွားဖြတ်လာ ခရီးသွားတစ်ယောက်လား” ချီချောင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်အား တစ်ချက် ဝေ့ကြည့်လိုက်ကာ မယုံသင်္ကာဖြင့် မေးလိုက်၏ “မင်းကြည့်ရတာ ခရီးသွားနဲ့လည်း မတူပါလား။ မင်းဘာလို့ နှင်းဖုံးတောင်တန်းထဲ ဝင်လာရတာလဲ”

ထိုလူငယ်လေးသည် သူ့အား အတော်လေးကို သတိထားနေပြီး ရန်လည်းလို၏။ ထို့ကြောင့် ရန်ကိုင်မှာ သူဘယ်တုန်းကများ ထိုလူကို ရန်စမိလိုက်ပါလိမ့်ဟု တွေးတောရင်း ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။

စိတ်မလွတ်သွားစေပဲ အလျင်အမြန် ပြန်ရှင်းပြလိုက်၏ “ငါဒီနေရာကို ဖြတ်သွားနေတုန်း တကယ်ပဲ လမ်းပျောက်သွားခဲ့ရတာ။ မင်းတို့ရဲ့ အရှိန်အဝါကို အာရုံခံမိလို့ မင်းတို့ဆီ လာပြီး ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကို လာမေးကြည့်တာ။ ငါဒီနှင်းဖုံးတောင်တန်းထဲမှာ ပိတ်မိနေတာ ရက်တော်တော်ကြာနေပြီ”

ရှင်းပြနေစဉ်အတွင်း ထိုသုံးယောက်နောက်ရှိ ကျောက်စိမ်းဖြူအသီးပင်ကို သတိပြုမိလိုက်၏။

ချီချောင်သည် ရန်ကိုင်၏ လှုပ်ရှားမှု၊ အပြုအမူနှင့် တုန့်ပြန်မှုကို အသေအချာ စောင့်ကြည့်နေခဲ့ပြီး ရန်ကိုင်ကမူ စိုးရိမ်သည့် အရိပ်အယောင် နည်းနည်းမှ မပြဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့၏။

သူလိမ်နေခြင်း မဟုတ်ချေ။ ဆန်းကြယ် လောကငယ်ထဲမှ ထွက်လာနိုင်ပြီ ဖြစ်သဖြင့် သူ့လက်ရှိ ရည်ရွယ်ချက်သည် သူရောက်နေသည့် နေရာကိုရှာ၍ အဆုံးမရှိဟန် ရသော ဤနှင်းဖုံးတောင်တန်းထဲမှ ထွက်သွားရန်ဖြစ်၏။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ချီချောင်က ရန်ကိုင်အား ရန်လိုဟန် မပြတော့ဘဲ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး “အခု မင်းပြောတာကို ယုံလိုက်မယ်။ ဒါပေမယ့် ဒီနှင်းဖုံးတောင်တန်းက အပြင်လူတွေ ဝင်လို့ ရတဲ့ နေရာမျိုး မဟုတ်ဘူး။ မင်ထွက်သွားချင်ရင် အဲ့လမ်းတိုင်းသာ သွားလိုက်”

ပြောပြီးသည်နှင့် လမ်းကြောင်းတစ်ခုဆီ ညွှန်ပြလိုက်၏။

ရန်ကိုင်လည်း ချီချောင်ညွှန်ပြရာ အရပ်ဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လက်သီးဆုပ်ကာ “ကျေးဇူးပါပဲ။ ဒီအကြွေးကို တစ်နေ့ပြန်ဆပ်ကောင်း ပြန်ပေးနိုင်မှာပါ”

ပြောပြီးသည်နှင့် လှုပ်ရှားမှုပညာရပ်ကိုသုံးကာ ထွက်သွားတော့၏။

“နေဦး” ချီချောင်က ရုတ်တရက် အော်ပြောလိုက်၏။

“ဘာဖြစ်လို့လဲ” ရန်ကိုင် ရပ်တန့်လိုက်ြီး မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်၏။

“ဒီနှင်းဖုံးတောင်းတန်းတွေထဲကနေ မင်းဆေးပင်တွေ စုဆောင်းမိသေးလား။ စုဆောင်းမိတယ် ဆိုရင် အဲ့ဆေးပင်တွေကို ငါတို့ဆီ ပေးလိုက်။ ဒါက ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ပိုင်နက်ပဲ။ ဒါကြောင့် ဒီမှာ ရှိနေတဲ့ အရာအားလုံးကို ငါတို့ စိတ်ဝိဥာည် ကျောင်းတော်ကပိုင်တယ်။ အပြင်လူတွေ အနေနဲ့ ဒီက မြက်ပင်တစ်ပင်ကိုတောင် ယူသွားခွင့်မရှိဘူး”

ရန်ကိုင် အထင်တသေး မျက်မှောင် ကြုံ့မိလိုက်၏။ သူဘာမှ မစုဆောင်းခဲ့ဘူးဟူ၍ လာမပြောနှင့်။ စုဆောင်းခဲ့လျှင်ပင် သူစုဆောင်းရရှိထားသမျှကို ထိုကောင့်ဆီ လုံးဝပေးလိမ့်မည် မဟုတ်ချေ။ ဤနှင်းဖုံးတောင်တန်းသည် လွန်စွာကိုမှ ကျယ်ပြန်ရာ အင်အားစု တစ်ခုတည်းမှ ပိုင်ဆိုင်ထားဖို့ရာ မဖြစ်နိုင်ချေ။

သူ့နောက်တွင် ရပ်နေသော မိန်းမငယ်လေး နှစ်ယောက်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြဿနာရှာဖို့ရာ ပျင်းလှသဖြင့် ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်လေ၏ “မရှိဘူး”

ချက်ချင်းဆိုသလို ကောင်းကင်စိတ်အာရုံတစ်ခုသည် သူ့အား ပေါ်တင်ကြီး လာရောက်စစ်ဆေးနေသည်ကို အာရုံခံမိလိုက်၏။

ဒီကောင် ရဲလွန်းမနေဘူးလား ရန်ကိုင် မှင်သက် သွားခဲ့၏။ ဒေါသထွက်ပြီး သူပြန်လုပ်မှာကို ထိုကောင် မကြောက်သည်လော။

တစ်ခဏကြာပြီုနောက် ချီချောင်က ကျေနပ်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး “မင်းသွားလို့ရပြီ”

ရန်ကိုင်က ဘာမှမပြောခဲ့ဘဲ လမ်းလျှောက် ပြီးတော့သာ ထွက်သွားလိုက်၏။

သူထွက်သွားပြီးနောက် ကျုယွဲ့ယင်က “စီနီယာ အစ်ကိုချီ၊ အဲ့မှာက...”

“ရှူး” ချီချောင်က သူ့နှုတ်ခမ်းပေါ် လက်ညိုး တင်ပြလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်၏။ တစ်ဖက်သို့ ပြန်လှည့်ကြည့်ပြီးနောက် မိန်းကလေး နှစ်ယောက်ကို ဦးဆောင်ကာ အခြားဦးတည်ချက် တစ်ခုဆီ ထွက်သွားလိုက်လေ၏။

ကျုယွဲ့ယင်သည် ချီချောင်က သင်္ကာမကင်း စိုက်ကြည့်လိုက်သော်လည်း နာနာခံခံနှင့်ပင် သူ့နောက်မှ လိုက်သွားခဲ့၏။ ရံဖန်ရံခါက ရန်ကိုင် ထွက်သွားသည့် အရပ်ဆီ လှမ်းလှမ်း၍ ကြည့်လိုက်၏။

တစ်နာရီလောက်ကြာအောင် လမ်းလျှောက်လာပြီး နောက်ဆုံး၌ ကျုယွဲ့ယင်သည် သိချင်စိတ်ကို ဆက်လက် မအောင့်အည်းနိုင်တော့သဖြင့် မေးလိုက်လေ၏ “စီနီယာအစ်ကိုချီ၊ ဘာလို့ သူ့ကို လမ်းမှားဘက်ဆီ ညွှန်ပြလိုက်ရတာလဲ”

ကျိမုန်ကလည်း ဝင်ပြောလိုက်တယ် “နင်ဘာတွေ တွေးနေလဲ ဆိုတာကို ငါလည်းသိချင်နေတာ။ ချီချောင်”

“အဲ့လူက အရမ်း သံသယဝင်ဖို့ ကောင်းတယ်လို့ နင်တို့ မထင်ဘူးလား” ချီချောင်က မိန်းကလေး နှစ်ယောက်ကို ကြည့်၍ ပြောလိုက်၏ “သူပြောသွားတဲ့ စကားတွေကလည်း လုံးဝကို ယုံချင်စရာ မကောင်ဘူး”

ကျိမုန် ဆွံ့အသွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် “သူက သံသယရှိစရာ ကောင်းနေတယ် ဆိုရင်တောင် ရည်ရွယ်ချက်ရှိရှိနဲ့ အလဟဿ သူ့ကို သွားဒုက္ခ မပေးသင့်ဘူးလေ။ နင်အခုလုပ်လိုက်တာက သူ့ကို သေလမ်းပို့လိုက်တာနဲ့ ဘာမှ မထူးဘူး။ နင်ညွှန်ပြလိုက်တဲ့ လမ်းက မွန်းစတား သားရဲတွေက သောင်းကျန်းနေတဲ့ နေရာလေ။ သူသာ အားကောင်းတဲ့ သားရဲတစ်ကောင်နဲ့တွေ့ရင် ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ”

“သူသေတာ၊ ရှင်တာ ငါ့ကိစ္စမဟုတ်ဘူး” ချီချောင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ဒီလို နေရာမျိုးတွေမှာ သွားရင် အမြဲတမ်း သတိထားရတယ်။ သူ့ခွန်အားက ငါတို့ထက် ပိုမြင့်နေမှတော့ လုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ဒီလိုပဲ လုပ်ရတော့တာပေါ့”

“နင်ဘယ်လိုလုပ်ပြီး သိတာလဲ။ ငါတောင် သိတာ မဟုတ်ဘူး”

“ဘာလို့လဲဆိုတော့ သူက ငါတို့ကို အရင်ရှာတွေ့သွားလို့ပဲ” ချီချောင်က အကျဉ်းချုံး ရှင်းပြလိုက်၏ “သူက ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟူတ်ဘူး။ ဒါကြောင့် သူနှင်းဖုံး တောင်တန်းဆီ လာခဲ့တာက ဆေးပင်တွေ စုဆောင်းဖို့ ဟုတ်ရင်ဟုတ် မဟုတ်ရင် အခြားအကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်ရမယ်။ ကျောက်စိမ်းဖြူအသီးပင်ကို မြင်လိုက်တုန်းက သူလောဘတက်သွားတာကို နင်တို့ သတိပြုမိဘူးလား။ ငါသာ သူ့ကို ခပ်မြန်မြန် မောင်းမထုတ်လိုက်ရင် ငါတို့ကိုသတ်ပြီး ရတနာတွေကိုတောင် လုယူချင်လုယူနေမှာ။ ငါက ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ ငါက သေပဲသေသွားရမှာလေ။ နင်တို့နှစ်ယောက်သာ သူတို့လို လူတစ်ယောက်ရဲ့ လက်ထဲ ရောက်သွားတာနဲ့၊ ဟူး...”

ကျုယင်ယွဲ့၏ မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီသွားခဲ့ကာ ရန်ကိုင် ပုံစံသည် လူကြမ်းရုပ်နှင့် အတော်လေးကို တူသည်ဟု သူမစိတ်ထဲ တွေးလိုက်၏။

ကျိမုန်ကမူ စိတ်ချဉ်ပေါက်သွာသည့် ရုပ်ဖြင့် “နင်ဘာလို့သူ့အပေါ် အဆိုးမြင်နေရတာလဲ။ အကယ်၍ သူသာ တကယ် လမ်းပျောက်နေတဲ့ ခရီးသွားတစ်ယောက် ဖြစ်နေရင်ကော။ နှင်းဖုံးတောင်တန်းထဲမှာ လမ်းပျောက်တာ သာမန်မဟုတ်တဲ့ ကိစ္စမှမဟုတ်တာ”

“အဲ့လိုဆိုရင် ငါတို့ သူ့ကို ငရဲတံခါးဆီ ညွှန်ပြမိလိုက်ပါတယ်လို့ နင်သူ့ကို သွားပြောလိုက်လေ” ချီချောင်က နှာခေါင်းရှုံ့လိုက်၏။

ကျိမုန် စိတ်ညစ်သွားခဲ့ပြီး “ငါသူ့ကို ဘယ်လို သွားရှာရမှာလဲ”

“ငါသူ့ကို လိမ်နေတုန်းကတော့ နင့်ပါးစပ်က ပိတ်နေပြီး အခုကျမှ အပြင်လူဘက်ကနေ ဘာလို့ လာကူပြောပေးနေရဝာာလဲ” ချီချောင် ဒေါသထွက်လာခဲ့လေပြီ။

“ငါတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေ မို့လို့ နင့်ကို အပြင်လူတစ်ယောက်ရှေ့မှာ မျက်နှာ မပျက်စေချင်လို့ပေါ့”

“ငြင်းနေတာ ရပ်လိုက်ကြတော့” နှစ်ယောက်သားကြားက အခြေအနေ မဟန်တော့သည်ကို သတိပြုမိသည်နှင့် ကျုယင်ယွဲ့က အလျင်အမြန် ဝင်တားလိုက်လေ၏။

“ပြန်ကြမယ်။ သူ့ဘာသာ ဘာပဲဖြစ်ဖြစ် ငါတို့ကိစ္စ မဟုတ်ဘူး။ သူသာ လူကောင်းတစ်ဆိုရင် သေမှာ မဟုတ်ဘူး” ချီချောင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်ပြီး အရင်စထွက်သွားလိုက်လေ၏။

ကျိမုန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ရန်ကိုင် ထွက်သွားရာ အရပ်ဆီ တစ်ချက် လှမ်းကြည့်လိုက်၏။ တစ်ခဏကြာပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းကာ ချီချောင်နောက်သို့ လိုက်သွားလိုက်လေ၏။

“စီနီယာအစ်မကျိ၊ သူသေမှာလားဟင်” ကျုယင်ယွဲ့က တိုးတိုးလေး မေးလိုက်၏။

“ဖြစ်နိုင်လောက်တယ်”

“စီနီယာလုပ်တာ မှားသွားလားဟင်”

“မမှားဘူး။ သူမှာလည်း သူ့အကြောင်းပြချက်နဲ့ သူရှိတယ်” ကျိမုန်က အသာအယာလေး ပြုံးလိုက်၏။ သို့သော် သူတို့ စတွေ့တွေ့ချင်းက ထိုလူငယ်လေးသည် သူ၏ ကောင်းကင်စိတ်အာရုံကို ရည်ရွယ်ချက် ရှိရှိဖြင့် ထုတ်လွှတ်ပြီး သူတို့အား သတိပေးခဲ့လေရာ ထိုလူသည် သူတို့အပေါ် မကောင်းသည့် ရွယ်ရွယ်ချက် ရှိသည့်သူ မဖြစ်တန်ရာ။

သူ့တွင်သာ မကောင်းသည့် ရည်ရွယ်ချက် ရှိနေမည် ဆိုပါက သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး သူမတို့အား အလစ်ချောင်း တိုက်ခိုက်ပေလိမ့်မည်။

ချီချောင် ထိုလူစိမ်းအား လမ်းမှားဆီ မည်သည့် အတွက်ကြောင့် ညွှန်ပြလိုက်သည် ကျိမုန် အမှန်ပင် နားမလည်နိုင်ခဲ့ချေ။ ထိုလူစိမ်းအတွက်တော့ သူမစိတ်ထဲ အနည်းငယ် စိတ်မကောင်း ဖြစ်မိ၏။

----------------------------------

အမောတကော အသက်ရှူနေရင်း သူ့ရှေ့ရှိ အဆင့်(၇) မွန်းစတားသားရဲ အကောင်းကောင်ကို ရန်ကိုင် စိုက်ကြည့်နေခဲ့၏။

သူ့ဒဏ်ရာများမှ သွေးများ စီးကျနေခဲ့ပြီး ယခုလေးတင် တိုက်ခိုက်လိုက်ရသော တိုက်ပွဲသည် သူ့အတွက် အတော်လေးကို ခက်ခဲခဲ့ပေ၏။

အဆင့်(၇) မွန်းစတားသားရဲ တစ်ကောင်သည် လူသား မသေမျိုးအဆင့် ပညာရှင် တစ်ယောက်နှင့် အဆင့်တူ၏။ ကံကောင်းစွာဖြင့် ထိုအဆင့်(၇) မွန်းစတား သားရဲသည် အရမ်းကြီး မသန်မာနေခဲ့ချေ။

အဝါရောင်ဝတ်ရုံနှင့်လူ ညွှန်ပြသည့် လမ်းအတိုင်း သုံးရက်ကြာအောင် သွားပြီးနောက် မွန်းစတားသားရဲ များ၏ တိုက်ခိုက်ခြင်းကို (၇)၊ (၈)ကြိမ်အထိ ခံခဲ့ရ၏။

ထိုမွန်းစတား သားရဲအားလုံးသည် အတော့်ကို သန်မာကြရာ အကုန်လုံးသည် သူ့အား အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် သားရဲများ ဖြစ်ကြ၏။ သူ့နေရာ၌ အခြား အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက်သာ ဆိုပါက ထိုလူသည် ဆိုးရွားလှသော ပတ်ဝန်းကျင်နှင့် မွန်းစတား သားရဲများ၏ တိုက်ခိုက်မှုကြောင့် (၁၀)ခါမက သေသွားပြီးလောက်ပေပြီ။

အချိန်တွေ ကြာလာသည်နှင့်အမျှ နှင်းမုန်တိုင်းများသည် ပိုပိုအားကောင်းလာခဲ့လေရာ ဆန်းကြယ်လောကငယ်မှ ထွက်လာလာချင်း နေရာသို့ ပြန်ရောက်သွားသလားဟုပင် ထင်ရလေ၏။

ထိုတွေ့ရှိမှုကြောင့် ရန်ကိုင် အမူအရာ အရုပ်ဆိုးသွားခဲ့ရ၏။

ယခု ထိုလူ၏ လှည့်စားခြင်းကို ခံလိုက်ရပြီးမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။

မတော်တဆ တွေ့ခဲ့ပြီး လမ်လေး တစ်ချက် မေးခဲ့၏။ သူတို့အပေါ် ရန်လိုသည့် အရိပ်အယောင် နည်းနည်းမှ မပြခဲ့ချေ။ သို့သော်လည်း ထိုလူသည် သူ့အား ငရဲလမ်းဆီ ညွှန်ပြသည်အထိ ကောက်ကျစ်လိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။

မွန်းစတားသားရဲ အမြူတွေကို ထုတ်လူလိုက်ပြီး ဦးချိုနှစ်ချောင်းကို ချိုးလိုက်ပြီးနောက် အေးစက်စက် အမူအရာဖြင့် လာလမ်းအတိုင်း ပြန်လှည့်လိုက်လေ၏။

သုံးရက်ကြာပြီးနောက် ရန်ကိုင် ရုတ်တရက် ရပ်တန့်လိုက်၏။

သူ့ရှေ့မှ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေသံများ ကြားလိုက်ရသဖြင့် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ ရုတ်ချည်းဆိုသလို သူ့အမူအရာ ပြောင်းလဲသွားခဲ့ရလေ၏။

ကီလိုမီတာ ဒါဇင်ကျော် အကွာ၌ ရင်းနှီးသော အရှိန်အဝါ နှစ်ခုကို သူအာရုံခံမိလိုက်သည်။ သို့သော်လည်း ထိုအရှိန်အဝါနှစ်ခုသည် တစ်မျိုးတစ်မည် မတည်ငြိမ် ဖြစ်နေခဲ့လေ၏။ ထိုအရှိန်အဝါ နှစ်ခုသည် တစ်ခုခု၏ လိုက်လံခြင်း ခံနေရသည့်အလား သူရှိရာ အရပ်ဆီသလို အလျင်အမြန် ပြေးလာနေခဲ့လေ၏။

မကြာခင်မှာပင် ထိုနှစ်ယောက်နောက် လိုက်နေသော အားကောင်းသည့် အရှိန်အဝါတစ်ခုကို ရန်ကိုင် အာရုံခံမိလိုက်လေ၏။

လောကကြီးက ကျဉ်းကျဉ်းလေးပါလား

ရန်ကိုင်က ထူးထူးခြားခြား ပြုံးလိုက်လျက် နေရာတွင် ရပ်စောင့်နေလိုက်လေ၏။

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၇၀) ငါစိတ်ပြောင်းသွားပြီ

————————————————————

ဟိန်းသံကျယ်ကြီး နှင့်အတူ မြေပြင်တစ်ခွင် လှုပ်ခါသွားခဲ့ကာ နှင်မုန်နှင်းစတို့ အဘက်ဘက်သို့ လွင့်ပျံထွက်ကုန်၏။ ကျိမုန်နှင့် ကျုယင်းယွဲတို့သည် ရန်ကိုင်နှင့် စတွေ့စဉ်ကကဲ့သို့ မတည်ငြိမ်နိုင်တော့ဘဲ အမောတကော အသက်လု ပြေးနေခဲ့ရလေ၏။ အဝတ်အစားများဆိုလျှင် နေရာများစွာ၌ စုတ်ပြဲနေခဲ့ပြီး များစွာသော ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျနေခဲ့ကာ လှစ်ဟာထားသော သူတို့တစ်ကိုယ်လုံး သွေးချင်း နီနေခဲ့လေပြီ။

သူမ မျက်နှာကို ပွတ်သပ်တိုက်ခတ်သွားသည့် လေအေးကြောင့် ကျုယင်းယွဲ့၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ရ၏။

“မြန်မြန်” ကျိမုန်က ပြေးလွှားနေရင်း လှမ်းအော်ပြောလိုက်၏။

“စီနီယာအစ်ကိုချီ၊သူ...” ကျုယွဲ့ယင်က နောက်ပြန်လှည့်ကြည့်ရင်း အော်ပြောလိုက်၏။ သို့သော် သူမတို့နောက် လိုက်လာသည့် မွန်းစတားသားရဲကို မြင်သည်နှင့် သူမ၏ မျက်နှာလှလှလေး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး ကြောက်ရွံ့မှုတို့ သူမ၏ မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့၏။

“သူသေပြီ။ ပြန်လှည့်ကြည့်မနေတော့နဲ့” ကျိမုန်သည် အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် ကြိုးစားနေသော်လည်း သူမစိတ် တစ်ခုလုံးဟာတော့ ယောက်ယတ်ကို ခတ်လို့ နေ၏။ ရေခဲသလင်းဝံပုလွေကို ဤနေရာ၌ ရုတ်တရက် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။

ရေခဲသလင်းဝံပုလွေများသည် အဆင့်(၇) မွန်းစတား သားရဲများ ဖြစ်ကြပြီး သူတို့၏ ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မာကျောလှသော သွားမွှေးများဖြင့် ဖုံးအုပ်ထား၏။ သာမန်လက်နက်နှင့် သိုင်းပညာရပ်များသည် သူတို့၏ ခန္ဓာကိုယ်ထက် ခြစ်ရာပင် ထင်စေလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ထိုဝံပုလွေများသည် အလွန်အမင်း မြန်ဆန်သလို သူတို့၏ လက်သည်းနှင့် အစွယ်များသည် အရမ်းကို ထက်ရှပေ၏။

သူတို့သုံးယောက် ရေခဲသလင်းဝံပုလွေနှင့် ရင်ဆိုင် တွေ့ပြီး အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပင် ချီချောင်သည် သူတို့၏ မျက်စိရှေ့၌ အပိုင်းပိုင်း ဆွဲဖြဲခံလိုက်ရ၏။

ဤနှင်းတောင်တန်းကို အကြိမ်များစွာ စူးစမ်းရှာဖွေ ခဲ့သော်လည်း မည်သည့် ပြဿနာမှ မကြုံတွေ့ခဲ့ရ၏။ သို့သော်လည်း ယခုအကြိမ်၌ လွန်စွာကိုမှ ဆိုးရွားလှသော အန္တရာယ်ကြီးကို သူတို့ ရင်ဆိုင်တွေ့ခဲ့ရလေပြီ။

ကျိမုန်နှင့် ယှဉ်လျှင် ကျုယင်းယွဲ့သည် လုံးဝကို ပျာယာခတ်နေခဲ့လေ၏။ သေမင်းခံတွင်းနှင့် နီးကပ်နေသည့် အချိန်၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံခြင်း၏ ခွန်အားတစ်ဝက်ကိုပင် ထုတ်မသုံးနိုင်တော့ဘဲ အားကုန်သုံး၍သာ ထွက်ပြေးနေခဲ့၏။ ကျိမုန်က သူမ၏ လက်နက်ကို သုံး၍ ရေခဲသလင်းဝံပုလွေအား မကြာခဏ နှောင့်နှေးအောင် လုပ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျုယင်းယွဲ့ အစောကြီးကတည်းက ဖမ်းခံရပြီးသွားပေပြီ။

“စီနီယာအစ်မကျိ” ကျုယင်းယွဲ့က ငိုသံလေးနှင့် လှမ်းအော်ခေါ်လိုက်၏။

“မသေချင်ရင် မငိုနဲ့” ကျိမုန်က ပျာယာခတ်ခြင်း မရှိသည့် လေသံဖြင့် ပြန်အော်ပြောလိုက်၏။

လေနှင့်နှင်းများကြား ပုံရိပ်တစ်ခုကို ကျိမုန် ရုတ်တရက် မြင်တွေ့လိုက်ရ၏။ သူမ၏ မျက်ဝန်း လှလှလေးများ လင်းလက်တောက်ပသွားခဲ့ပြီး အလျင်အမြန် အော်ခေါ်လိုက်လေ၏ “ရှေ့ကမိတ်ဆွေ၊ ငါတို့ကို ကူညီပေးလို့ရမလား”

ယခုအချိန်၌၊ ကျိမုန်သည် မျှော်လင့်ချက် အလင်းရောင် မှိန်မှိန်လေးကို မြင်တွေ့လိုက်ရသည့် အလား...

တစ်ဖက်လူသည် ရေခဲသလင်းဝံပုလွေကို မကြောက်သည့် အတွက်ကြောင့်သာ ထိုနေရာ၌ ရပ်စောင့်နေရဲခြင်း ဖြစ်၏။ ထိုလူသည် စိတ်ဝိဥာဉ် ကျောင်းတော်မှ စီနီယာတစ်ယောက်ပင် ဖြစ်နိုင်သေး၏။ ထိုကဲ့သို့သာ ဆိုလျှင် ကျုယင်းယွဲ့နှင့် သူမတို့ အန္တရာယ် မရှိတော့ချေပြီ။

သူမ ပြောလိုက်စဉ်မှာပင် အစစ်အမှန် အလင်းတန်း တစ်ခု သူမဆီသို့ ပြေးဝင်လာခဲ့၏။

ထိုလူဆီမှ ထွက်ပေါ်နေသော ရန်လိုသည့် အရှိန်အဝါကို ခံစားမိသည်နှင့် ကျိမုန်သည် ကျုယွဲ့ယင်ကို သူမဘေးသို့ ဆွဲခေါ်လိုက်ပြီး နေရာတွင်ပင် ရပ်တန့်လိုက်၏။

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲနော်” လှောင်ရယ်သံနှင့်အတူ ယောကျာ်းတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေ၏။

ကျိမုန် မျက်မှောင် ကြုံ့သွားခဲ့ပြီး သတိထားလျက် အရှေ့ကို အားရုံစူးစိုက်ကြည့်၍ ကြည့်လိုက်၏။

သို့သော်လည်း ထိုလူ၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်သည်နှင့် ကျိမုန် ကြက်သေသေသွားခဲ့ရ၏။ ကျုယင်းယွဲ့သည် သူမ၏ ပါးစပ်လေးကို အုပ်လျက် အလန့်တကြား အော်ပြောလိုက်၏ “ရှင်အသက်ရှင် နေသေးတယ်လား”

“ငါသေမှာကို နင်တို့ မျှော်လင့်နေတာမလား” ရန်ကိုင်က လှောင်ပြောင်ထေ့ငေါ့စကား ဆိုလိုက်၏။

“မဟုတ်ဘူး။ ကျွန်မပြောချင်တာက...” ကျုယင်းယွဲ့က သူမ၏ လက်လေးများကို အလောတကြီး ဝှေ့ရမ်းပြလိုက်၏။

“ဟိုကောင်ကော” လှည့်ပတ်ကြည့်လိုက်သော်လည်း ချီချောင် အရိပ်အယောင်ကို မမြင်ရသဖြင့် ရန်ကိုင်က မေးလိုက်၏။

“သူသေသွားပြီ” ကျိမုန်က ကျုယင်းယွဲ့ကို သူမနောက်သို့ ပို့ထားလိုက်ပြီး အေးစက်စက် လေသံဖြင့် “ငါတို့နောက်ကို လိုက်နေတဲ့ ရေခဲသလင်းဝံပုလွေကပဲ သူ့ကို သတ်သွားခဲ့တာ”

“သူသေသွားပြီလား” ရန်ကိုင် မဆိုသလောက်ကလေး အံ့အားသင့်သွားခဲ့ရ၏။

“အရင်အကြိမ်တုန်းက နင့်အပေါ် အဲ့လိုမလုပ်ခဲ့သင့်မှန်း ငါဝန်ခံတယ်။ ချီချောင်အနေနဲ့ နင့်ကို လမ်းမှားဘက်ဆီ မညွှန်ပြလိုက်သင့်ဘူး။ ငါလည်း ဒီအတိုင်းကြီး ရပ်နေပြီး နင့်ကို သွားခွင့်မပြုလိုက်သင့်ဘူး။ ဒါပေမယ့် အဲ့အကြောင်းကို နောက်မှ ဆွေးနွေးလို့ မရဘူးလား” ကျိမုန်က အလျင်စလို ပြောလိုက်၏ “ငါတို့သာ အခုမထွက်သွားရင် အရမ်း နောက်ကျ သွားလိမ့်မယ်။ ငါတို့နောက်လိုက်နေတဲ့ ရေခဲသလင်း ဝံပုလွေက အဆင့်(၇) မွန်းစတားသားရဲနော်။ ငါတို့ကို မှီသွားတာနဲ့ ငါတို့အကုန်လုံး သေရလိမ့်မယ်”

ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး ခေါင်းခါရမ်း၍ “အရမ်း နောက်ကျသွားပြီ”

သူပြောပြီးသည်နှင့် မိန်းကလေးနှစ်ယောက် နောက်ဘက်မှ လေတိုးသံတို့ ပေါက်ကွဲထွက်လာခဲ့၏။

အေးစက်စက် သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်နှင့် ကျိမုန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို နောက်လှည့်၍ သူမတို့ဆီ တိုးဝင်လာနေသာ ရေခဲဓါးသွားများကို ပိုးချည်မျှင်များ ပစ်လွှတ်၍ တားဆီးလိုက်လေ၏။

အုန်း... အုန်း... အုန်း...

မရေမတွက်နိုင်သော ရေခဲဓါးသွားများ ကြေမွ ပျက်စီးသွားခဲ့ပြီး အဖြူရောင်မြူခိုးထုကြီး ဖြစ်သွားခဲ့၏။ ရေခဲဓါးသွားတစ်စင်းသည် သူမ၏ ပခုံးကို ဖြတ်ရှသွားခဲ့သဖြင့် သွေးစိမ်းရှင်းရှင်းတို့ ပန်းထွက်လာခဲ့ပြီး ကျိမုန် တစ်ချက် ညည်းတွားလိုက်၏။

ပုံရိပ်ကြီးတစ်ခု သူတို့ရှေ့ ရုတ်တရက် ဆင်းသက်လာခဲ့ပြီး ရေခဲသလင်းဝံပုလွေသည် ကျိမုန်နှင့် ကျုယင်းယွဲ့တို့ကို စိုက်ကြည့်လျက် မာန်ဖီလိုက်၏။ သူ့မေးရိုးမှ သရေများ တွဲကျနေခဲ့လေရာ ထိုရေခဲသလင်း ဝံပုလွေ၏ ပုံစံသည် အတော်လေးကို ကြောက်မက်ဖွယ် ကောင်းနေခဲ့လေ၏။

ရေခဲသလင်းဝံပုလွေ ပေါ်လာသည်နှင့် ရန်ကိုင်က ကောင်းကင်ပေါ် ခုန်တက်လိုက်ပြီး အောက်ကို ငုံ့စိုက်ကြည့်လိုက်၏။ ထိုမွန်းစတား၏ ခန္ဓာကိုယ်သည် သလင်းကျောက်ပမာ ကြည်လင်နေပြီး ချောမွတ်သာ သားမွှေးများသည် အရောင်ဖျော့ဖျော့ တောက်နေခဲ့ရာ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကြောင့်သာ မဟုတ်ပါက ထိုသားရဲသည် အတော့်ကို ကြည့်ကောင်းမည့် သားရဲဖြစ်၏။

ရန်ကိုင်၏ နှောင့်ယှတ်မှုကြောင့် ထိုရေခဲသလင်း ဝံပုလွေလက်မှ ဆက်၍ ထွက်ပြေးနိုင်တော့မည် မဟုတ်မှန်း သိလိုက်ရာ ကျိမုန်နှင့် ကျုယင်းယွဲ့တို့၏ အမူအရာ ဖြူလျော်သွားခဲ့ရလေ၏။ အလဟဿ အသေမခံနိုင်ရာ ကျိမုန်သည် သူမ၏ လျှပ်စီးကျာပွတ်ကို ထုတ်ယူလိုက်ပြီး ရေခဲသလင်းဝံပုလွေကို တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှုကြောင့် တုန်ရီနေသော ကျုယင်းယွဲ့သည် သူမ၏ ကိုယ်ပိုင် လက်နက်ဖြစ်သည့် ယပ်တောင်လေးကို ထုတ်ယူလိုက်ပြီး လေဓါးသွားများ ဖန်တီးကာ မွန်းစတားသားရဲဆီ ပစ်လွှတ်လိုက်၏။

သူတို့နှစ်ယောက် ပူးပေါင်းလိုက်သည့်အခါ နှစ်ယောက်သား၏ ပူပေါင်းတိုက်ခိုက်မှဒသည် အတော်လေးကို ကောင်းမွန်လှပေ၏။

သို့သော်လည်း ရေခဲသလင်းဝံပုလွေ၏ ထူထဲလှသော သွားမွှေးများကြောင့် သူတို့၏ တိုက်ခိုက်မှုများ အရာမထင် ဖြစ်ခဲ့ရ၏။

မီးပွင့်လေးများသာ လွင့်စင်ထွက်လာခဲ့ပြီး ရေခဲသလင်း ဝံပုလွေကမူ နေရာတွင်သာ အကောင်းအတိုင်း ရပ်နေခဲ့၏။ ပါးစပ်ကျယ်ကြီးကို ဟလျက် ဟိန်းသံပြုကာ ရေခဲလှံတစ်ချောင်း ဖန်တီးလိုက်ပြီး ကျိမုန်နှင့် ကျုယင်းယွဲ့တို့ဆီ ပစ်လွှတ်လိုက်၏။

အဆင့်ကြီးတစ်ဆင့် ကွာခြားနေခဲ့လေရာ မိန်းကလေး နှစ်ယောက်စလုံး မည်သို့မှ မခုခံနိုင်ခဲ့ဘဲ နောက်သို့ လွင့်ပြန်ထွက်သွားခဲ့ရ၏။ သွေးညှီနံ့ကြောင့် ရေခဲသလင်း ဝံပုလွေသည် ယခင်ထက် ပိုပြီး ရက်စက်ကြမ်းကြုတ် လာခဲ့လေ၏။

နှစ်ယောက်စလုံး ကောင်းကောင်းပင် မတ်တပ် မရပ်နိုင်သေးခင်မှာပင် ရေခဲဓါးသွား နောက်တစ်လှိုင်း ထပ်မံ တိုးတင်လာခဲ့ပြန်၏။ ထိုကဲ့သို့ ဖြစ်လာသဖြင့် မိန်းကလေး နှစ်ယောက်သည် တန်ပြန်ပင် မတိုက်ခိုက် နိုင်တော့ဘဲ အသည်းအသန်သာ ရှောင်ရှားရတော့၏။

နှင်းပွင့်လေးများ ပျံဝဲနေခဲ့ပြီး မြင်ကွင်း တစ်ခုလုံးသည် လုံးဝကို ယောက်ယတ်ခတ်နေခဲ့၏။

ကျိမုန်သည် စိုးရိမ်မှုအပြည့် ကောင်းကင်ပေါ်သို့ ရုတ်တရက် မော့ကြည့်ကာ ရန်ကိုင်အား လှမ်းအော်ပြောလိုက်လေ၏ “ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါဦး”

ရန်ကိုင်ကမူ သူမအား အေးစက်စက် အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်၏။

ချီချောင်သည် သူ့အား လှည့်စားခဲ့သူ ဖြစ်သော်လည်း ထိုမိန်းမနှစ်ယောက် ချီချောင်နှင့် အလိုတူအလိုပါပင် ဖြစ်၏။

သူတို့၏ လှည့်စားမှုကြောင့် သူ့မှာ (၆)၊ (၇)ရက်လောက် အချိန်နှောင့်နှေးခဲ့ရသလို အန္တရာယ်တွင်းထဲသို့ အကြိမ်ပေါင်းများစွာ ကျရောက်ခဲ့ရလေ၏။

ရန်ကိုင်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်ကို မြင်သော် ရန်ကိုင်သည် သူမတို့၏ ယခင်အပြုအမူအား အငြိုးထားနေသည်မှန်း သိလိုက်ကာ အလျင်အမြန် အော်ပြောလိုက်လေ၏ “ငါတို့နင်တို့ကို လိမ်ခဲ့မိတာ မှားပါတယ်။ ချီချောင်က လိမ်ညာခဲ့တဲ့လူ ဖြစ်ပေမယ့် ငါတို့မှာလည်း တာဝန်ရှိပါတယ်။ ဒါပေမယ့် အဲ့မှာ ရပ်နေပြီး ငါတို့ သေမှာကို ဒီအတိုင်း ထိုင်ကြည့်နေမှာလား”

“ခင်ဗျားတို့ကို ဘာလို့ ကယ်ရမှာလဲ။ ကျုပ်တောင် ခင်ဗျားတို့ကြောင့် သေတော့မလို ဖြစ်ခဲ့ရတာလေ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏။

ထိုအချိန်မှာပဲ ရေခဲသလင်းဝံပုလွေက တစ်ဟုန်ထိုး ပြေးဝင်လာခဲ့ရာ ကျိမုန်က အလျင်အမြန် နောက်ပြန် ဆုတ်လိုက်ရလေ၏။ သို့သော်လည်း လက်သည်း တစ်ချောင်း ရှပ်ထိသွားခြင်း ခံလိုက်ရရာ သူမ၏ အဝတ်အစားများ စုတ်ပြဲသွားခဲ့ပြီး အဆီအပို မရှိသော ပြားချပ်ချပ် ဝမ်းဗိုက်သားလေးနှင့် ချက်လေး ပေါ်သွားခဲ့ရလေ၏။

လက်သည်းချက်ကြောင့် သွေးစိမ်းရှင်းရှင်းတို့ ပန်ထွက်လာခဲ့လေ၏။ သို့သော်လည်း ကျိမုန်အဖို့ အံတင်းတင်းကြိတ်၍ နာကျင်မှုကို တောင့်ခံရင်း ရေခဲသလင်းဝံပုလွေဆီမှ ခပ်ခွါခွါနိုင်ဖို့သာ အသည်းအသန် ကြိုးစားနေခဲ့ရ၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ကျုယင်းယွဲ့သည် သူမ၏ ယပ်တောင်လေးကို ဝှေ့ရမ်းလျက် ကျိမုန်အား ကူညီရန် ကြိုးစားလိုက်လေ၏။

မိန်းကလေး နှစ်ယောက်သည် အတူတကွ ပူးပေါင်း၍ ရေခဲသလင်းဝံပုလွေ၏ တိုက်ခိုက်မှုများကို အသည်းအသန် ခုခံနေခဲ့ရသော်လည်း မကြာခင်မှာပင် ထိုရေခဲသလင်းဝံပုလွေသည် သူမတို့အား အတည်ပေါက်နှင့် တိုက်ခိုက်မနေမှန်း တွေ့ရှိလိုက်ရ၏။

ထိုဝံပုလွေသည် သူမတို့အား ချက်ချင်း မသတ်သေးဘဲ သူမတို့အား ကြောင်က ကြွက်ကို ဆော့ကစားသလို ဆော့စကားနေခဲ့၏။ ၎င်း၏ မျက်လုံးများသည်လည်း အထင်အမြင် သေးမှုတို့ဖြင့် ပြည့်နေခဲ့လေ၏။

အဆင့်(၇)သားရဲ ဖြစ်သည်နှင့်အညီ ရေခဲသလင်း ဝံပုလွေ၏ အသိဥာဏ်သည် မနိမ့်ကျတော့ချေ။ ၎င်းတို့သာ အချို့သော အခြေအနေများနှင့် ကိုက်ညီသွားပြီး လုံလောက်သည့် အရင်းအမြစ်သာ ရှိခဲ့ပါက လူအသွင်ယူနိုင်ပြီး မွန်းစတားမျိုးနွယ်စုထဲပင် ဝင်ရောက်နိုင်ပေ၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ကျိမုန်က ရန်ကိုင်ဆီမှ နောက်တစ်ကြိမ် ထပ်မံ အကူအညီ တောင်းခံလိုက်ပြန်၏ “ငါတို့တွေက မိုးကြိုးစိတ်ဝိဥာည် ကျောင်းတော်ရဲ့ တပည့်တွေပဲ။ နင်သာ ငါတို့ကို ကယ်မယ်ဆိုရင် နင့်ဆုံးရှုံးခဲ့ရတာတွေအတွက် ကျိန်းသေ အလျော်ပြန်ပေးမှာပါ။ ချီချောင်က သေသွားပြီလေ။ ရန်ငြိုးတွေကို ဘေးချိတ်ထားပြီး ငါတို့ကို ကူညီပေးလို့ မရဘူးလား”

“မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်လား” ရန်ကိုင် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့၏။ ထိုဂိုဏ်းကို တစ်နေရာရာတွင် ကြားဖူးခဲ့သလို့ ခံစားနေရသော်လည်း မည်သည့်နေရာ၊ မည်သည့် အချိန်က ကြားခဲ့ဖူးမှန်း သတိမရတော့ချေ။

ရန်ကိုင်၏ စဉ်းစားနေသည့် အမူအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်သည် သူမတို့၏ ဂိုဏ်းနှင့် တစ်မျိုးတစ်ဖုံ သိကျွမ်းနေသည်ဟု ထင်မိလိုက်ကာ ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့ပြီး “နင်က ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်နဲ့ အသိအကျွမ်းတွေလား”

“မဟုတ်ပါဘူး” ရန်ကိုင်က ခေါင်းခါပြလိုက်၏။

“ခွေးသူတောင်းစားကောင်” ကျိမုန်က ကျိန်ဆဲလိုက်လေ၏။ သူမ၏ နှလုံးသားလေးတစ်ခုလုံး ဆေးခါးကြီး စားလိုက်ရသလို ခံစားလိုက်ရပြီး အံတင်းတင်းကြိတ်လျက် ထိုအရှက်မရှိ သူတောင်းစားကောင်၏ မျက်နှာကို ရှစ်စိတ်ကွဲသွားသည် အထိသာ အားရပါးရ ပိတ်ရိုက်ပစ်လိုက်ချင်မိလေ၏။

သူ့အား လိမ်ညာမိသည့်အတွက် သူမစိတ်ထဲ အပြစ်ရှိသလို ခံစားနေခဲ့ရခြင်းဖြစ်၏။ သို့သော်လည်း သူ့ရဲ့ စိတ်သဘောထား သေးသိမ်သော ပုံစံကို မြင်တွေ့လိုက်ရပြီးနောက် ‘နှင်းတောင်တန်းထဲမှာ တစ်ခါတည်း သေသွားရမှာ’ဟုပင် တွေးလိုက်မိလေ၏။

“မိန်းကလေး နှစ်ယောက် ဒုက္ခရောက်နေတာကို မြင်တာတောင် မကူညီချင်ဘူးဆိုတော့ နင်တကယ် ယောကျာ်းရော ဟုတ်ရဲ့လား” ကျိမုန်က အော်ပြောလိုက်ပြန်၏။

ရန်ကိုင်ကမူ နေရာတွင်သာ ၇ပ်လျက် “ခင်ဗျားတို့ကို ကယ်တာက မခက်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ကျုပ်က တော်တော်လေး စိတ်ပျက်နေတာ။ ကျုပ်က စိတ်ပျက်နေမှတော့ ခင်ဗျားတို့လည်း မပျော်သင့်ဘူးလေ။ ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ ဒီကပ်ဆိုးကနေ အသက်ရှင်နိုင်ခဲ့ရင်တော့ ကျုပ်ယောကျာ်း စစ်လား၊ မစစ်ဘူးလား ဆိုတာကို ခင်ဗျား သိသွားစေရမှာပါ”

ရန်ကိုင် ပြောနေစဉ်အတွင်း မိန်းကလေး နှစ်ယောက်၏ အခြေအနေ ပိုပို ဆိုးရွားလာခဲ့ရ၏။ ကျိမုန်သည် သွားများကျိုးကြေလုမတတ် အံတင်းတင်း ကြိတ်လျက် လက်မလျှော့်သေးဘဲ ထပ်မံ အော်ပြောလိုက်ပြန်၏ “ငါတို့ ကူညီပေးဖို့အတွက် နင့်ကို ငါတို့ကို ဘာပေးရမှာလဲ။ နင်လိုချင်တာကို ပြောလိုက်၊ ငါတတ်နိုင်ရင် ငါဖြည့်ဆည်းပေးမယ်”

“ကျုပ်ဘာမှ မလိုချင်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလျက် လက်လေးပိုက်လိုက်ပြီး ပြပွဲကောင်း တစ်ခုကို ကြည့်နေရသည့်အလား လုပ်ပြလိုက်၏။

ကျိမုန်မှာ ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်လိုက်ရလေ၏။

ရန်ကိုင်၏ တည်ငြိမ်သည့် အပြုအမူသည် သူ့အတွင် ရေခဲသလင်းဝံပုလွေအား ရင်ဆိုင်ရန် လုံလောက်သော ခွန်အားရှိသည် ဟူသော အချက်ကို ကျိမုန်အား နားလည်သွားစေခဲ့၏။ အနည်းဆုံးသည် သူသည် ထိုအဆင့်(၇) သားရဲဆီမှ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်၏။ မဟုတ်လျှင် ထိုနေရာတွင် ရပ်၍ ကိုယ့်သေတွင်း ကိုယ်တူးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျိမုန်မှာ ပို၍ ကူကယ်ရာ မဲ့သွားခဲ့၇လေ။

“ငါနင့်ကို တောင်းပန်တာတောင် အဆင်မပြေဘူးလား” ကျိမုန်သည် နှုတ်ခမ်လေးများကို သွေးထွက်သည်အထိ ခပ်တင်းတင်း ကိုက်လိုက်ပြီး သူမကိုယ်သူမ နှိမ့်ချကာ တောင်းဆိုလိုက်ပြန်၏။

“ဒီက စီနီယာအစ်ကိုကြီးရယ်၊ ကျွန်မတို့ကို ကူညီပေးပါနော်” ကျုယင်းယွဲ့က ရန်ကိုင်အား သနားစဖွယ် စိုက်ကြည့်လိုက်လေ၏။ သူမ၏ မျက်ဝန်းများသည် မျက်ရည်များဖြင့် ပြည့်တက်နေခဲ့ပြီး ကြောက်လန့်နေသော်လည်း သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့၏။

မျက်ရည်စတို့ဖြင့် ပြည့်ရွှဲနေသည့် လှပသော ထိုမျက်ဝန်းအစုံကို စိုက်ကြည့်ရင်း ရန်ကိုင်၏ အမူအရာ အနည်းငယ် ပျော့ပျောင်းသွားခဲ့ရကာ သူ့မျက်ဝန်းထဲမှ အေးစက်မှုများသည်လည်း တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့ရလေ၏။

ထိုမိန်းမငယ်လေး၏ ကြည်လင်ရှင်းသန့်ပြီး အညစ်အကြေး မြူတစ်မှုန်စာမျှပင် စွန်းထင်ခြင်း မရှိသော အပြစ်ကင်းစင်လှသည့် မျက်ဝန်းလေးများကို ကြည့်ရင်း ရှနင်းချန်ကို ရုတ်တရက် သူသတိရမိသွား၏။

ရန်ကိုင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ သို့သော် ကျိမုန်တို့အား ကူညီမည့် အရိပ်အယောင် မပြသေး။ ထို့ကြောင့် ရန်ကိုင်သည် လွန်စွာကိုမှ ရက်စက်သွေးအေးကာ သူမတို့ သေမည်ကို ထိုအတိုင်း ရပ်စောင့်ကြည့်နေတော့မည်ဟု ကျိမုန် ထင်မှတ်သွားခဲ့၏။

သူမနှလုံးသား တစ်ခုလုံး အေးစက်သွားခဲ့ပြီး ခါးခါးသီးသီး ပြုံးလျက် ပြောလိုက်၏ “ယင်ယွဲ့၊ သူ့ဆီကနေ အကူအညီ တောင်းမနေနဲ့တော့။ ငါတို့ ဒီနေ့ သေမင်းလက်ကနေ ပြေးမလွတ်လောက်တော့ဘူး။ ငါမသေခင်လေး သူ့ပုံစံကို သေချာမှတ်သွားရမယ်။ အဲ့ဒါမှ ငါသေတဲ့အခါက မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင် ဖြစ်လာနိုင်ပြီး သူ့တစ်ဘဝလုံးကို လိုက်လံနှောင့်ယှတ်လို့ ရမှာ”

ပြောနေရင်းဖြင့် ရန်ကိုင်ဘက်သို့ လှည့်၍ သူ့အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေ၏။

ရန်ကိုင်က ဖွဖွလေး ရယ်မောလိုက်ပြီး “မိန်းကလေး၊ ခင်ဗျားက တကယ်ကို ရက်စက်ပြီး ကောက်ကျစ်တဲ့ မြွေဟောက်တစ်ကောင်ပါလား”

“နင်က ငါ့ထက်တောင် ပိုဆိုးတဲ့ကောင်လေ” ကျိမုန်က ခါးခါးသီးသီး ပြန်ခွန်းတုန့်ပြန်လိုက်၏။

ရန်ကိုင် အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး “ခင်ဗျားခွန်အားနဲ့ဆိုရင် ထွက်ပြေးလို့ ရတယ်မလား”

ထိုမိန်းမနှစ်ယောက်သည် ခွန်အားသည် အရမ်းကြီး မကွာခြားချေ။ သို့သော် သေရေးရှင်းရေး အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ ကျိမုန်သည် သူမ၏ တည်ငြိမ်သော ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ခွန်အား အပြည့် ထုတ်သုံးနိုင်၏။ ရေခဲသလင်းဝံပုလွေသည် အဆင့်(၇) မွန်းစတားသားရဲတစ်ကောင် ဖြစ်လျှင်ပင် သူမ၏ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈) ကျင့်ကြံခြင်းဖြင့် ထိုသားရဲလက်မှ ထွက်ပြေးချင်သည် ဆိုပါက ထွက်ပြေးနိုင်၏။

ကံမ‌ကောင်းစွာဖြင့် ကျုယင်းယွဲ့ကမူ သူမကဲ့သို့ မလုပ်နိုင်ချေ။ ထိုမိန်းကလေးသည် လွန်ကိုမှ ကြောက်ရွံ့လန့်ဖြန့်နေခဲ့ရာ သူမ၏ အတွေးများသည် ယောက်ယတ်ခတ်နေခဲ့ပြီး သူမ၏ တိုက်ပွဲဝင်စွမ်းရည်သည်လည်း သိသိသာသာကို လျော့ကျသွားခဲ့ရ၏။ တစ်ချက်ကြည့်နှင့်ပင် သူမသည် တစ်ပါးသူ၏ ကာကွယ်မှုအောက်၌ အမြဲလိုလို နေထိုင်ခဲ့ရသော မိန်းကလေးတစ်ယောက်မှန်း သိသာ၏။ ဂိုဏ်းတွင်းရှိ သူမ၏ အဆင့်အတန်းသည်လည်း နိမ့်ကျလောက်မည် မဟုတ်ချေ။ ထို့ကြောင့်သာ ယခုကဲ့သို့သော သေရေး၊ ရှင်ရေး အခြေအနေကို သူမ မကြုံတွေ့ခဲ့ဖူးခြင်း ဖြစ်၏။

“ငါသာ ထွက်ပြေးရင် ယင်ယွဲ့ ဘာဖြစ်သွားမလဲ။ ငါက နင့်လိုမျိုး အကျင့်မကောင်းတဲ့လူ မဟုတ်ဘူး” ကျိမုန်က လက်သီးတင်းတင်းဆုပ်လျက် ပြန်အော်ပြောလိုက်လေ၏။

“ခင်ဗျားမှာလည်း ကောင်းတဲ့ဘက်ခြမ်း ရှိနေသေးတာပါလား” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်လျက် ရုတ်တရက် ပြုံးလိုက်ကာ “ကျုပ်စိတ်ပြောင်းသွားပြီ။ ခင်ဗျားတို့ကို ကယ်ပေးမယ်”

================================

All Chapters