အခန်း (၆၇၁-၆၇၅)
Vol. 27 Ch. 671-675
အပိုင်း(၆၇၁) တောင်းဆိုချက်များ
————————————————————
အမှားတိုင်းမှာ တရားမျှတမှုရှိ၏။ အကြွေးတိုင်းမှာ အကြွေးတောင်းသူ ရှိ၏။ သူ့အား လှည့်စားခဲ့သော ခွေးသူတောင်းစားကောင်သည် သေသွားခဲ့ပြီ ဖြစ်ရာ သူလုပ်ခဲ့သည့် ကိစ္စကို ထိုမိန်းကလေး နှစ်ယောက်အား တာဝန်ယူခိုင်း၍ မဖြစ်ချေ။ မပြောဘဲ ငြိမ်နေခဲ့သည့် အတွက်ကြောင့်သာ သူတို့အား သင်ခန်းစာ နည်းနည်းပါးပါး ပေးလိုခဲ့ခြင်း ဖြစ်၏။ ထို့ပြင် သူရောက်နေသည့် နေရာနှင့် ပက်သက်၍ မေးမြန်း သတင်းစုံစမ်းရန်လည်း လူလိုသေး၏။
ရန်ကိုင် ကူပေးမည်ဟု ပြောလာသဖြင့် ကျိမုန် အပျော်လွန်သွားခဲ့ပြီး အလန့်တကြား ပြန်မေးလိုက်၏ “နင်တကယ် ပြောနေတာလား”
“အင်း။ ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာအချို့ ရှိတယ်”
“ဘာတောင်းဆိုချင်တာလဲ” ကျိမုန်က အလျင်စလို မေးမြန်းလိုက်၏။ သေမင်းဓါးကောက် သူမတို့ လည်ပင်းနား ကပ်နေသဖြင့် ကျုယင်ယွဲ့သာ မထိခိုက်သရွေ့ ထိုလူ၏ တောင်းဆိုချက် မည်မျှ လွန်ကဲပါစေ ဖြည့်ဆည်းပေးမည်ဟု ကျိမုန် တွေးလိုက်၏။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရမှာနော်” ရန်ကိုင်က မေးစေ့ကို ပွတ်သပ်၍ မိစ္ဆာပြုံးပြုံးရင်း ပြောလိုက်၏။
ကျိမုန် အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့၏။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း တကယ်တမ်း ကြားလိုက်ရသည့်အခါ၌ သူမစိတ်ထဲ မထိတ်လန့်ပဲ မနေပါချေ။ ထိုသကောင့်သားသည် ဤမျှ အရှက်မဲ့သော တောင်းဆိုမှုမျိုး လုပ်လိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့ပါချေ။
သူမစိတ်ထဲ ဒေါသထွက်နေပေမယ့် ဒေါသထွက်ကြောင်း မပြရဲ။ ရေခဲသလင်း ဝံပုလွေဆီမှ ရိုက်ချက်များကို ခုခံပြီးနောက် ပြန်အော်ပြောလိုက်၏ “ငါဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ဒါပေမယ့်... ယင်ယွဲ့နဲ့ ပက်သက်ပြီး နည်းနည်းလေးတောင်မှ မစဉ်းစားနဲ့”
“အို” ရန်ကိုင်က သူမအား အံ့အားသင့်တကြီး စိုက်ကြည့်လိုက်၏။ ထိုစကားများကို စနောက်လိုရုံသာ ပြောခဲ့ခြင်း ဖြစ်ကာ ပြောသည့်အတိုင်း လုပ်ရန် မရည်ရွယ်ထားခဲ့ချေ။
“နင်ငါ့တို့ကို ကူမှာလား၊ မကူဘူးလား။ မကူဘူး ဆိုရင်လည်း ငါတို့သေသွားရင် နင်ဘာမှ ရတော့မှာ မဟုတ်ဘူး” ကျိမုန်လည်း ထောင့်စွန်း ရောက်နေသည့် အတွက် ဆွဲမိဆွဲရာကြိုး ဆွဲလိုက်လေပြီ။ ရေခဲသလင်း ဝံပုလွေ၏ တိုက်ခိုက်မှုများသည် အချိန်နှင့်အမျှ ပြင်းထန်လာနေခဲ့ရာ ၎င်း၏ တိုက်ကွက်အားလုံးကို သူမတို့ မကာကွယ်နိုင်တော့ချေ။ ရန်ကိုင်သည်သာ ထိုအတိုင်း ဆက်၍ ရပ်ကြည့်နေမည် ဆိုပါက သူမတို့ နှစ်ယောက်စလုံး အသတ်ခံရပေလိမ့်မည်။
“ကဲ၊ ကောင်းပြီလေ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး ကောင်းကင်ထက်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
ဧရာမမွန်းစတား သာရဲကြီးသည်နှင့် ကျုယင်းယွဲ့ ဆီသို့ အလျင်အမြန် ပြေးဝင်လာနေခဲ့လေ၏။ ပါးစပ်ကြီးကို ဟလျက် မာန်ဖီလိုက်လေရာ ကျုယင်းယွဲ့မှာ ကြောက်လန့်တကြား အော်ဟစ်ပြီး ငိုယိုပါတော့၏။
သို့သော် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို မသိသေးခင်မှာပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ရုတ်တရက် ပေါ့ပါးသွားခဲ့ပြီး အခြားတစ်ယောက်၏ ပခုံးပေါ် ရောက်နေသည်ကို သတိပြုမိလိုက်၏။ ဘေးပတ်ဝန်းကျင် ရှုခင်းများသည် သူမနောက်၌ အလျင်အမြန် ကျန်ရစ်ခဲ့လေ၏။ ဖြစ်ပျက်သွားသည်မှာ လွန်စွာကိုမှ မြန်ဆန်လှသဖြင့် ကျုယင်းယွဲ့မှာ သူမ၏ မျက်လုံးလေးများကို ကြောက်ရွံ့မှုအဟုန်ဖြင့် ပိတ်မိလိုက်၏။
ကျိမုန်သည်လည်း ထိုပုံစံအတိုင်း ကြုံတွေ့ခဲ့ရ၏။ သူမဘက်မှ မတုန့်ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေ၏။
ထိုကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားသဖြင့် ရေခဲသလင်း ဝံပုလွေမှာ တစ်ခဏတာ မှင်သက်နေခဲ့ရ၏။ အသိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရန်ကိုင်တို့နောက် အလျင်အမြန် ပြေးလိုက်ပါတော့၏။ သို့သော် သူတို့ကြား အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်မလာရုံမက ပို၍ပင် ဝေးဝေးသွားခဲ့ရ၏။ ထိုအခြင်းအရာကို မြင်လိုက်ရမှပင် ကျိမုန် စိတ်သက်သာရာ ရသွားခဲ့ပြီး ထပ်မံ တိုက်တွန်းလိုက်၏ “မြန်မြန်၊ ဟိုကောင်ကြီး လိုက်နေတုန်းပဲ”
ရန်ကိုင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ကာ “ပြောရတာ လွယ်တာပေါ့။ ဒါက ကျုပ်ရဲ့ အရှိန်ကုန်ပဲ”
ကျိမုန်မှာ သူမ၏ ပါးစပ်လေးကို ချက်ချင်း ပိတ်လိုက်ပြီး သူမတို့နောက် ပြေးလိုက်လာနေသော ရေခဲသလင်း ဝံပုလွေကိုသာ စိုက်ကြည့်နေလိုက်၏။ ဝံပုလွေကြီး နောက်တွင် တဖြည်းဖြည်း ပြတ်ကျန်ခဲ့သည်ကို မြင်လိုက်ရမှပဲ သက်ပြင်း ချလိုက်နိုင်၏။
တစ်ခဏကြာပြီးနောက် ရေခဲသလင်း ဝံပုလွေသည် သူတို့နောက် လိုက်နေခြင်းကို ရပ်တန့်လိုက်၏။ နေရာတွင်သာ ရပ်လိုက်လျက် ကောင်းကင်ပေါ်မော့ကာ ဒေါသတရား၊ မုန်းတီးမှုတို့ဖြင့် ပြည့်နေသည့် အသံဖြင့် ဆွဲဆွဲငင်ငင် ဟစ်ကြွေးအော်မြည်လိုက်၏။
နှင်းဖုံးတောင်တန်းများ၏ နေရာတစ်ခု၌ ရန်ကိုင်သည် စုတ်ပြဲနေသော အဝတ်အစားများနှင့် မိန်းကလေး နှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်စောင့်ကြည့်နေခဲ့၏။
သူမတို့ နှစ်ယောက် နှင်းဖုံးတောင်ထဲ ကျင်လည်လာသည်မှာ အချိန်အတော်ကြာနေသည့် ပုံပင်။ ဝံပုလွေလက်မှ လွတ်လာသည်နှင့် ချက်ချင်း ဆိုသလို မြေအောက်လိုဏ်ခေါင်းတစ်ခု တူးလိုက်၏။ အတွင်းပိုင်သည် နေရာကျယ်ဝန်းပြီး အပြင်ပိုင်းသည် မာကျောကြံ့ခိုင်၏။
ခဏအကြာ၌ နှင်းလိုဏ်ဂူလေးတစ်လုံး ဖြစ်လာခဲ့၏။
ကျိမုန်က ရန်ကိုင်အား သတိထားလျက် ကြည့်ရင်း အားနည်းဖျော့တော့နေသည့် လေသံဖြင့် မေးလိုက်၏ “ငါတို့ အဝတ်အစားလဲပြီး ဒဏ်ရာကို ဆေးထည့်ရဦးမယ်။ ငါတို့ မပြီးသေးတဲ့ အချိန်အထိ အထဲကို ဝင်မလာနဲ့နော်။ နင်ချောင်းကြည့်တာနဲ့ နင်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မှာ”
“ဟေး၊ ခင်ဗျားက ကျုပ်မိန်းမ ဖြစ်နေပြီနော်။ တစ်ချက်၊ နှစ်ချက်လောက် ချောင်းကြည့်တာ ဘာများ ဖြစ်သွားမှာ မို့လို့လဲ” ရန်ကိုင်က ပြန်၍ စနောက်လိုက်၏။
“နင်...” ကျိမုန်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်သံပင် ကြားရသည်အထိ သွားချင်ကြိတ်လိုက်ပြီး အော်ပြောလိုက်လေ၏ “ငါပဲဆိုရင် ကိစ္စမရှိပေမယ့် ယင်ယွဲ့ရှိသေးတယ်”
ပြောပြီးသည်နှင့် မိန်းကလေး နှစ်ယောက်စလုံး နှင်းလိုဏ်ဂူအတွင်းပိုင်းထဲသို့ ဝင်သွားခဲ့လေ၏။
ရန်ကိုင် ကျိမုန်တို့ ဝင်သွားရာ လိုဏ်ဂူပေါက်ဆီ ငေးကြောင်ကြည့်နေမိ၏။ ထိုမိန်းမသည် သူပြောသည်အား အတည်မှတ်ထားယူသည့်ပုံပင်။
သူမ ခန္ဓာကိုယ်ကို ယခုကဲ့သို့ ပေးလိုက်ရန် ဆန္ဒရှိလေသလော။ သူသာ သူမနှင့် ရှုပ်မိသွားခဲ့ပါက ရလိုက်သည်ထက် ပို၍ ပြဿနာများနိုင်သည်ဟု တွေးမိလိုက်ကာ သူ့မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ရ၏။
ယခု ရန်ကိုင်သည် ရှက်ရွံ့ဖွယ် အခြေအနေထဲသို့ ရောက်နေခဲ့၏။ သူ့ပါးစပ်ပုတ်ကြီးကို ထိုကဲ့သို့ တောင်းဆိုချက်မျိုး မည်သူက တောင်းဆိုခိုင်းခဲ့သနည်း။ ယခု ကိုယ့်ထောင်ချောင်နှင့် ကိုယ်ပြန်ပိတ်မိသည့် အဖြစ်မျိုး ရောက်နေခဲ့လေပြီ။
နာရီဝက်လောက် ကြာပြီးနောက် လိုဏ်ဂူတွင်းမှ ကျိမုန်၏ အသံထွက်ပေါ်လာခဲ့လေ၏ “နင်ဝင်လာလို့ရပြီ”
ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်ပြီး နှင်းလိုဏ်ဂူထဲသို့ ခုန်ဝင်သွားလိုက်လေ၏။
လိုဏ်ဂူအတွင်းပိုင်းသည် အတော်လေးကို ကျယ်ဝန်ပြီး အေးလည်းမအေးသလို စိုစွတ်ခြင်းလည်း မရှိချေ။ အပြင်ဘက်နှင့်ယှဉ်လျှင် လိုဏ်ဂူ အတွင်းပိုင်သည် အတော်လေးကို နွေးထွေးလှပေ၏။
မိန်မကလေး နှစ်ယောက်စလုံး အဝတ်လဲပြီးသွားပြီ ဖြစ်ပြီး ဒဏ်ရာများကိုမူ ဆေးထည့်နေဆဲသာ ရှိသေး၏။
ပထမအကြိမ် စတွေ့စဉ်က ချီချောင်သည် သူနှင့် ထိုမိန်းကလေးများကြား ပိတ်ရပ်ထားသဖြင့် ထိုနှစ်ယောက် မည်သည့်ပုံစံရှိမှန်း သေချာ မသိခဲ့ရချေ။ ဒုတိယအကြိမ် တွေ့ဆုံစဉ်အခါ၌လည်း မိန်းကလေး နှစ်ယောက်စလုံး ပုံပန်းပန်းပျက်၊ သွေးချင်းနီနေဖြင့် သူတို့၏ အစစ်အမှန် အသွင်အပြင်ကို အသေအချာ မမြင်ခဲ့ရပြန်ချေ။
ဒါပေမယ့် ယခု သေချာကြည့်မိလိုက်သည့် အခါမှ အရပ်ရှည်ရှည်နှင့် တစ်ယောက်သည် အချိုးအစား ကျနလှပသော ကိုယ်လုံးကိုယ်ပေါက်၊ ကျော့ရှင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထား၏။ အရပ်ပုပုနှင့် တစ်ယောက်ကမူ နူးညံ့ပြီး ချစ်စဖွယ်ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ သူမ၏ မျက်နှာလေးသည် အပြစ်ကင်းစင်သော လစန္ဒာနှင့် တူ၏။
သို့သော်လည်း ယခုအချိန်၌ အရပ်ရှည်ရှည်နှင့် တစ်ယောက်သည် သူ့အသားကိုစား၊ သူ့သွေးကိုသောက်ပြီး သူ့အရိုးများကို တဂျွတ်ဂျွတ် မြည်အောင် ကိုက်ဝါးချင်နေသည့် အကြည့်မျိုးဖြင့် ရန်ကိုင်ကို စူးရဲစွာ စိုက်ကြည့်နေခဲ့လေ၏။ သွားများကို တင်းတင်း ကြိတ်ထားလေရာ သူမ၏ အံကြိတ်သံကိုပင် ကြားနေရ၏။ မိန်းကလေးကမူ သူမ၏ စီနီယာအစ်မနောက် ပုန်းလျက် ရန်ကိုင်အား တစ်ချက်တစ်လေ ချောင်းချောင်း ကြည့်နေခဲ့၏။
“ကဲ၊ အခုလောလောဆယ်တော့ မင်္ဂလာပါလို့ ပြောရတာပေါ့နော်” ရန်ကိုင်က တင်ပလင်ခွေ ထိုင်လိုက်ပြီး ထူးထူးဆန်းဆန်း စကားများကို စပြောလိုက်၏။
“နင့်ကို အားကောင်းတဲ့ ပညာရှင်တစ်ယောက်လို့ ထင်နေတာ။ ဒါပေမယ့် ရေခဲသလင်း ဝံပုလွေနဲ့ ရင်ဆိုင်ရရော အမြီးကုတ်ပြီး ပြေးတာပဲ တတ်နိုင်ခဲ့တာပါလား” ကျိမုန်က လှောင်ပြောင် ရန်စစကား ဆိုလိုက်၏။
အဆင့်(၇) မွန်းစတား သားရဲရှေ့၌ပင် ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးမှ မပြုဘဲ တည်တည်ငြိမ်ငြိမ်နှင့် ပြုမူနေသဖြင့် ရန်ကိုင်သည် ထိုအဆင့်(၇) မွန်းစတား သားရဲကို အနိုင်ယူနိုင်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း တကယ် ရလဒ်သည် သူမမျှော်လင့်ထားခဲ့သည်နှင့် တက်တက်စင်အောင် လွဲမှားနေခဲ့ရ၏။
ထိုလူငယ်လေးသည် အပြေးသာမြန်ပြီး အဆင့်(၇) မွန်းစတား သားရဲနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိသည့်သူတစ်ယောက် ဖြစ်နေခဲ့၏။
“အမြန်အဆန် ပြေးနိုင်တဲ့ ကျုပ်စွမ်းရည်ကပဲ ခင်ဗျားတို့ အသက်ကို ကယ်သွားခဲ့တာနော်” ရန်ကိုင်က သူမ ဒေါသထွက်နေသည်ကို နည်းနည်းမျှပင် ဂရုမစိုက်ချေ။
လူစိမ်းများနှင့် တွေ့ကြုံရာ၌၊ အထူးသဖြင့် သူ့အား လှည့်စားခဲ့သည့် သူစိမ်းများနှင့် တွေ့ကြုံရာတွင် သူ့ခွန်အား အကုန်အစင်ကို မည်သည့်အတွက်ကြောင့် ထုတ်ပြရမည်နည်း။
အဆင့်(၇) မွန်းစတားသားရဲ တစ်ကောင်သည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက်နှင့် ညီမျှ၏။ သူသာ ထိုမွန်းစတားသားရဲကို မိန်းကလေး နှစ်ယောက် ရှေ့၌ သတ်လိုက်မည်ဆိုပါက သူ့ခွန်အား အပြည့်အဝကို ထုတ်ပြသလို ဖြစ်သွားပေလိမ့်မည်။
သူတို့၏ စိတ်နေစိတ်ထား၊ မည်သူမည်ဝါ ဆိုသည်ကို မသိရသေးခင်အထိ သူ့ဝှက်ဖဲကို ထုတ်မပြလိုချေ။
“ကဲတော်လောက်ပြီ။ ငါတို့ ကယ်ခဲ့အတွက် ကျေးဇူးပါပဲ” ရိုးရိုးသားသားဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် သူမနောက်တွင် ပုန်းနေသော ကျုယင်းယွဲ့ကို ရှေ့တို့ အသာအယာ တွန်းပို့လိုက်၏။
ကျုယင်းယွဲ့သည် ယခုအချိန်ထိ အကြောက်မပြေသေး။ အရှေ့တွန်းပို့ခံလိုက်ရသည်အခါ သူမ၏ ခန္ဓာကိုယ်လေး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့၏။ သို့သော် ကျိမုန်၏ ရည်ရွယ်ချက်ကို သတိပြုမိသည်နှင့် သူမ၏ ဟန်အမူအရာကို ပြန်ထိန်းလိုက်ပြီး ရှက်သွေးဖြာနေသည့် မျက်နှာလေးဖြင့် တိုးတိုးလေး ပြောလိုက်၏ “ကျေးဇူးပါပဲ”
“ဘာမှအားစိုက်ထုတ်လိုက်ရတာမှ မဟုတ်တာ။ အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး” သူတို့၏ ရိုးသားပွင့်လင်းသော စရိုက်ကို မြင်တွေ့ရပြီးနောက် ရန်ကိုင် စိတ်အခြေအနေလည်း အတော်လေးကို ကောင်းမွန်လာခဲ့ရ၏။
“ပြီးတော့ အရင်ကိစ္စအတွက်လည်း တောင်းပန်ပါတယ်” ကျိမုန်က သူမ၏ နီစွေးစွေး နှုတ်ခမ်းပါးလေးကို ကိုက်လျက် “ချီချောင် နင့်ကို လိမ်လိုက်တုန်းက နင့်ကို သတိပေးချင်ပေမယ့် နင်ဘယ်သူလဲ ဆိုတာကို မသိသေးတာရယ်၊ နှင်းတောင်တန်းထဲကို နင်ဘာလို့ ရောက်လာရလဲ ဆိုတာကို မသိသေးတာရယ်၊ နင့်ဘယ်လောက်အထိ သန်မာတယ် ဆိုတာကို မသိသေးတာရယ်ကြောင့်...”
“အဲ့ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။ အပြင်မှာ လှည့်လည်သွားလာတဲ့ အခါကျ အခုလိုမျိုး သတိထားတာ အမှားမှ မဟုတ်တာ” ရန်ကိုင်က ရယ်မောလိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ အဲ့ကောင်လည်း သေသွားပြီဆိုတော့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့”
ကျိမုန်က အသာအယာလေး ခေါင်းညိတ်လိုက်၏။ ထိုလူငယ်လေးသည် ထင်ရသေလာက် အေးစက်၊ ရက်စက်ခြင်း မရှိဘဲ ပြောရဆိုရ လွယ်ကူသည်ဟုပင် တွေးလိုက်မိသေး၏။
“ငါတို့တွေက မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ကပဲ။ ငါ့နာမည်က ကျိမုန်၊ သူက ကျုယင်းယွဲ့၊ နင်ကကော” ကျိမုန်က သူမတို့သူမ မိတ်ဆက်လိုက်ပြီး ရန်ကိုင်ကို ပြန်မေးလိုက်၏။
ရန်ကိုင်ကလည်း ပြန်မိတ်ဆက်လိုက်၏။
“နင်ဘယ်ဂိုဏ်းကနေ လာတာလဲ” ကျိုမုန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
“ကျုပ်မှာ ဂိုဏ်းမရှိဘူး။ ကျုပ်က တစ်ယောက်တည်း သွားလာနေတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲ”
“ဂိုဏ်းမရှိဘူးလား” ကျိမုန် မဆိုသလောက်ကလေး အံ့အားသင့်သွားခဲ့ပြီး “နင်နည်းလမ်းတွေကို မြင်ပြီး နင့်ကို ဂိုဏ်ကြီးတစ်ခုကလို့ ထင်နေရင်တော။ ငါတွေ့ခဲ့ဖူးတဲ့ လူတွေထဲမှ နင်က အားအကောင်းဆုံး မဟုတ်ပေမယ့် အတော်လေးကိုတော့ သန်မာတယ်လို့ ပြောလို့ရတယ်”
ရေခဲသလင်း ဝံပုလွေလက်ထဲမှ လူနှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကယ်ထုတ်သွားသည့် အလုပ်ကို ချီချောင် မည်သို့မှ မလုပ်နိုင်ချေ။ ရန်ကိုင်သာ လေ့ကျင့်ပေးခြင်း၊ ညွှန်ကြားပြသပေးခြင်း မခံရသော လေလွင့်ကျင့်ကြံသူ တစ်ယောက်ဆိုပါက မည်သည့် အတွက်ကြောင့် သူဤမျှ အားကောင်းနေရသနည်း။
“နှင်းတောင်ထဲမှာ နင်ဘယ်လိုလုပ်ပြီး လမ်းပျောက်နေတာလဲ။ ပြီးတော့ အခုနင်ဘယ်ကို ဦးတည်သွားနေတာလဲ” ရန်ကိုင် အကြောင်းကို ပိုသိချင်နေသည့်အလား ကျိမုန်က တရစပ် မေးမြန်းလိုက်၏။
“မတော်တဆ ဒီနေရာကို ဝင်လာမိပြီး လမ်းပျောက်သွားတာလေ။ ကျုပ်ဘယ်သွားနေလဲ ဆိုတာကတော့... အခုထိ မဆုံးဖြတ်ရသေးဘူး။ ခင်ဗျားမှာ အကြံလေးဘာလေးများ မရှိဘူးလား။ ရှိရင် တစ်ချက် ပြောပြပါလား” ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြောလိုက်၏။
“အင်း” ကျိမုန်က ခေါင်းညိတ်၍ ရှင်းပြလိုက်၏ “ဒီနှင်းတောင်တန်းရဲ့ ကီလိုမီတာ (၁၀၀၀၀) ပတ်လည်ကို ဘယ်အင်အားစုကမှ မပိုင်ဘူး။ ဒါပေမယ့် ဒီအနီးအနားမှာ အင်အားစုကြီး နှစ်ခု၊ သုံးခုလောက်ပဲ ရှိတာ။ ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်က အဲ့အင်အားစုကြီးတွေထဲက တစ်ခုဆိုတော့ ဒီနယ်မြေ တစ်ခုလုံးက ငါတို့အပိုင်လို့တောင် ပြောလို့ရတယ်။ ငါတို့ဂိုဏ်းက တပည့်တော်တာ်များများက နှင်းတောင်တန်းထဲ လာပြီး ရှားပါတဲ့ဆေးပင်တွေ၊ အခြား အဖိုးတန်တဲ့ အရာတွေ လာရှာလေ့ရှိကြတယ်လေ။ နင့်မှာ ရေရာသေချာတဲ့ ဦးတည်ချက်တစ်ခု မရှိသေးဘူးဆိုရင် ငါတို့နဲ့ လိုက်လာလိုက်တာ ပိုကောင်းလိမ့်မယ်”
ရန်ကိုင် မိန်းကလေး နှစ်ယောက်ကြား ဟိုကြည့်လိုက်၊ ဒီကြည့်လိုက် လုပ်လိုက်ပြီးနောက် ကျိမုန် သူ့အား ဖိတ်ခေါ်ရခြင်းသည် သူ့အပေါ် အမြင်ကောင်းရှိ၍ မဟုတ်ဘဲ အရင်သဘောတူထားသည့် ကိစ္စကြောင့်မှန်း နားလည်လိုက်၏။ သူမတို့၏ လက်ရှိဒဏ်ရာများ မသက်သာသေးသည့်အတွက် သူမတို့အား ကာကွယ်ပေးရန် တစ်ယောက်ယောက်ကို လိုအပ်နေသည့် အတွက်ကြောင့်လည်း ပါပေ၏။
“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်” ကျိမုန် စိတ်သက်သာရာ ရသွားခဲ့ပြီး သူမမျက်နှာထက် တောက်ပသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေ၏။
ဤရက်များအတွင်းသည် ရန်ကိုင်တို့ သုံးယောက် အဖွဲ့သည် သူတို့၏ ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ရှာဖွေစူးစမ်းလေ့လာနေခဲ့ကြ၏။
နှင်းတောင်တန်းသည် ကျယ်ပြောလှပြီး အဘက်ဘက်သို့ ဖြန့်ကားထွက်နေလေရာ ဒဏ်ရာရနေသော မိန်းကလေး နှစ်ယောက်ကိုပါ အတူ တွဲခေါ်လာရသဖြင့် ရန်ကိုင်တို့အဖွဲ့သည် အရမ်ကြီး မမြန်ကြချေ။ သွားနေစဉ်အတွင်း နှင်းများဖုံးနေသော ဆေးပင်များကို ရံဖန်ရံခါ တွေ့ရတတ်၏။
ရန်ကိုင်သည် အလျင်မလိုပါချေ။ သူ့ဘာသာ ဦးတည်ရာမဲ့ သွားနေခြင်းထက် တစ်ယောက်ယောက်၏ ဦးဆောင်မှုနောက် လိုက်ခြင်းသည် ပို၍ ကောင်းပေ၏။
ငါးရက်ကြာပြီးနောက် ရန်ကိုင်တို့အဖွဲ့သည် နှင်းတောင်တန်၏ အန္တရာယ်ဇုံမှ ထွက်လာနိုင်ခဲ့၏။
လမ်းလျှောက်နေစဉ် အချိန်၌ ရန်ကိုင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အဝေတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ကာ ကျိမုန်ကို ပြောလိုက်၏ “အဲ့ဘက်မှာ ခင်ဗျားတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်က လူတွေ ရှိနေတဲ့ပုံပဲ”
“တကယ်လား” ကျိမုန် အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင် ကြည့်သည့် အရပ်ဆီ လှမ်းကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ခဲ့ရချေ။
“ဟုတ်တယ်။ သူတို့ အဝတ်အစားတွေက ခင်ဗျားတို့ကို စတွေ့တုန်းကလို ရွှေရောင်တွေပဲ”
“အဲ့ဒါဆို သေချာတယ်။ သူတို့တွေက ငါတို့ မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်ကပဲ” ကျိုမုန်က ကျုယင်းယွဲ့၏ လက်လေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။ ဤရက်များအတွင်း စိတ်ဖိစီးခဲ့ရသမျှ အားလုံးကို နောက်ဆုံး၌ လျှော့ချနိုင်ခဲ့လေပြီ။
ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး မေးလိုက်၏ “ဒီနှင်းတောင်းတန်ထဲမှ အပြင်လူတစ်ယောက် ရောက်နေတာကို သူတို့တွေ့သွားရင် ပြဿနာ တက်ပြီမလား”
ကျိမုန် ကြောင်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်၏ “ကိစ္စမရှိဘူး။ ငါတို့နဲ့သာ အတူနေလိုက်။ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
“အဲ့လိုလည်း မဖြစ်သေးဘူး။ အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့” ပြောပြီးသည်နှင့် ရန်ကိုင်သည် လိုဏ်ဂူထဲမှ ချက်ချင်း ပြေးထွက်သွားလေ၏။
ကျိမုန် အသိပြန်ဝင်လာသည့် အချိန်၌ ရန်ကိုင် မရှိတော့လေပြီ။
“အာ...” ကျုယင်းယွဲ့က ရန်ကိုင် ပျောက်ကွယ်သွားရာ အရပ်ဆီ ငေးကြည့်ရင်း “သူဘယ်လိုလုပ်ပြီး ဒီအတိုင်း ထွက်သွားရက်တာလဲ”
လွန်ခဲ့သော ရက်အတွင်းမှ အကြောင်းအရာများကို ပြန်စဉ်းစားရင် ကျိမုန်၏ အမူအရာသည် အနည်းငယ် ရှုပ်ထွေးလို့ နေခဲ့၏။ သို့သော် ရုတ်တရက် အံတင်းတင်း ကြိတ်၍ မကျေမနပ်ဖြင့် ပြောလိုက်၏ “သူတောင်းစားကောင်၊ တစ်ချိန်လုံး ငါ့ကို နောက်နေတာပဲ။ ငါ့မှာတော့ အဟုတ်ထင်နေရတာ။ ဒင်းကတော့ ငါစိတ်ပူနေတာကို ကြည့်ပြီး ကြိတ်ရယ်နေခဲ့တာပဲ”
“သူက စီနီယာအစ်မကို လှည့်စားခဲ့တာလား။ ဘယ်လို လှည့်စားခဲ့တာလဲဟင်”
“ငါတို့ကို ကယ်ပေးတဲ့အတွက် င့ါခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရမယ်လို့ ပြောခဲ့တာလေ။ သူကလည်း အတည်ပေါက်ကြီးနဲ့ ပြောနေတော့ ငါကလည်း အဟုတ် ထင်နေတာပေါ့” ကျိမုန်က ရှက်ရှက်ဖြင့် ရှင်းပြလိုက်၏။ ရန်ကိုင် သူမအား တစ်ချိန်လုံး နောက်နေခဲ့မှန်း ယခုမှပင် နားလည်သွားခဲ့ရလေ၏။
ရန်ကိုင်သည် ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိနေခဲ့ပါက ယခုကဲ့သို့ အလွယ်တကူ ထွက်သွားမည်လော။
“သူက လူကောင်းတစ်ယောက်ပဲနော်” ပြောရင်း ကျုယင်းယွဲ့က ကျိမုန်ကို စနောက်လိုက်၏ “ဘာလဲ စီနီယာအစ်မ သူ့ကို နှစ်သက်နေတာလား။ နှစ်သက်ရင် မြန်မြန်လိုက်သွားနော်၊ မှီနိုင်သေးတယ်”
“အပိုတွေ ပြောနေတာ ရပ်လိုက်တော့” ကျိမုန်က ပါလေးမို့၊ နှုတ်ခမ်းလေးဆူလျက် ပြန်ဆူပူလိုက်၏။
သို့သော်လည်း ရန်ကိုင်က မဆိုးဘူးဟု တွေးနေမိသည်မှာ အမှန်ဖြစ်၏။ သူနှင့်အတူ ရက်အနည်းငယ်လောက် အတူ သွားလာခဲ့ပြီးနောက် ရန်ကိုင်သည် မြင်ရသလောက် မုန်းစရာ မကောင်းသည်ကို သူမ တွေ့ရှိခဲ့ရ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၇၂) ခမ်းနားလှသော ကျောက်တုံးမြို့တော်
————————————————————
နှင်းတောင်တန်း၏ အစွန်ဖျား၌ ကျောက်တုံးမြို့တော် တည်ရှိ၏။
ထိုမြို့တော်သည် ဤပတ်ဝန်းကျင် ကီလိုမီတာ ထောင်ဂဏန်းအတွင်းရှိ တစ်ခုတည်းသော အဓိက မြို့တော်ကြီး ဖြစ်လေရာ ကျင့်ကြံသူပေါင်း များစွာတို့ ထိုမြို့ကို ဖြတ်သန်းသွားလေ့ ရှိကြ၏။
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သည် နှင်းတောင်တန်းနားရှိ တစ်ခုတည်းသော အင်အားစုကြီး မဟုတ်ပေ။ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ကဲ့သို့ အခြား အင်အားစုကြီး နှစ်ခု၊ သုံးခု ရှိနေသေး၏။ ထို့ကြောင့် ကျောက်တုံးမြို့တော်သည် အင်အားစုကြီး သုံးခုကြား ကူးသန်းသွားလာ၊ ဆက်သွယ်ရေး မှတ်တိုင် တစ်ခုဖြစ်လာခဲ့လေ၏။
ကျင့်ကြံရာတွင် တစ်ယောက်တည်း တံခါးတွင်းပိတ်၊ ဂူအောင်းပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေရုံဖြင့် မလုံလောက်သေး၊ အကူပစ္စည်းများလည်း လိုသေး၏။
ဆေးလုံးနှင့် လက်နက်များသည် အကူပစ္စည်း အမျိုးအစားထဲ ပါဝင်ကြ၏။ ထိုကဲ့သို့သော ပစ္စည်းများကို ရောင်ဝယ်ရန် လိုအပ်သဖြင့် ရောင်ဝယ်ဖောက်ကားရေး ဈေးကွက်တစ်ခု ဖြစ်ပေါ်လာသည်မှာ သဘာဝပင်။
ကျိမုန်နှင့် ကျုယင်းယွဲ့တို့ဆီမှ ခွဲထွက်လာပြီး လေးရက်အကြာ၌ ကျောက်တုံးမြို့တော်သို့ ရန်ကိုင် ရောက်ရှိလာခဲ့၏။
ကြက်ပျံမကျ စည်းကားနေသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရသည်နှင့် ရန်ကိုင် မျက်နှာထက် အပြုံး ယဲ့ယဲ့လေး တစ်ခု ထွက်ပေါ်လာခဲ့၏။ ဤရက်များ အတွင်း သူသည် တစ်ကိုယ်တည်း သွားလာနေခဲ့ရသည် မဟုတ်လေလော။
အဖော်တစ်ယောက်ကို အထူးတလည် ရှာနေခြင်း မဟုတ်။ သို့သော်လည်း လူသူကင်းမဲ့သည့် ကီလိုမီတာ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ကျယ်ဝန်းသော နှင်းလွင်ပြင်တောင်တန်းတွေထဲ တစ်ယောက်တည်း ရှိနေရသည်မှာ လွန်စွာကိုမှ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှ၏။
မြို့တော် ဂိတ်ပေါက်ဝ၌ အစောင့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူများစွာသည် မြို့ထဲဝင်မည့် ကျင့်ကြံသူများကို စစ်ဆေးနေခဲ့ကြ၏။ ရန်ကိုင်အလှည့် ရောက်သည့်အခါ သူ့ရှေ့မှ ဝင်သွားသည့် လူများအတိုင်း အစောင့်လက်ထဲသို့ သလင်းကျောက်တုံးတစ်လုံးကို အလျင်အမြန် ထည့်ပေးလိုက်၏။
သလင်းကျောက်တုံးကို မည်သူမှ မသိအောင် အမြန်အဆန် သိမ်းလိုက်ပြီးနောက် အစောင့်သည် ရန်ကိုင်အား ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး အထဲသို့ ဝင်သွားခိုင်းလိုက်၏။
“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြုံးကာ မြို့ထဲသို့ ဝင်သွားလိုက်၏။
ဒေသခံအင်အားစုများမှ ကျင့်ကြံသူများသာ ကျောက်တုံးမြို့တော်သို့ လာကြခြင်း မဟုတ်။ ရေခြားမြေခြားမှ ကျင့်ကြံသူများသည်လည်း ကျောက်တုံးမြို့တော်သို့ လာရောက်ကြ၏. နှင်းတောင်တန်း၌ များစွာသော ရေခဲဓါတ် စိတ်ဝိဥာည် ဆေးပင်များ၊ မြက်မျိုးရိုးအပင်များ ပေါက်ရောက်လေရာ ထိုကဲ့သို့သော ပစ္စည်းများကို လိုအပ်သူ ကျင့်ကြံသူ များစွာအဖို့ ဤနေရာသို့ လာရောက်လေ့ရှိကြ၏။ ထို့ကြောင့် ကျောက်တုံးမြို့တော်သည် ဤနေရာ၏ အချက်အချာကျသော ရောင်းဝယ်ဖောက်ကားရေး မြို့တော်ကြီးတစ်ခု ဖြစ်နေခဲ့လေ၏။
ကျောက်တုံးမြို့တော်သည် ကျင့်ကြံသူအားလုံးကို ကြိုဆို၏။ အစောင့်များ၏ မေးခွန်များကို ဖြေရမှာ စိတ်မရှည်ဘူး ဆိုပါက သူတို့ဆီ သလင်းကျောက်အချို့ ပေးရန် လိုအပ်၏။ ဤနည်းဖြင့် ကျောက်တုံးမြို့သည် တရားမဝင် မဟုတ်သော်လည်း ငွေအတော် ရှာနိုင်သည်ဟု ပြောလျှင် မမှားပါချေ။
မြို့တွင်းရှိ အမျိုးမျိုးသော ဆိုင်းများသည်သာ အစစ်အမှန် ငွေရှာသူများဟု ခေါ်ထိုက်၏။
ထိုဆိုင်ပိုင်ရှင်များသည် အနီးအနားမှ အင်အားစု များ၏ တပည့်များ ဖြစ်ကြသလို အပြင်လူအချို့ ကွပ်ကဲသည့် ဆိုင်များလည်း ရှိ၏။
ရန်ကိုင်သည် မြို့ထဲတွင် လှည့်ပတ်သွားနေရင်း သူလိုသမျှ ဆေးပင်များကို ဝယ်ယူနေခဲ့၏။
သူ့သလင်းကျောက် အများစုကို ရှေးဟောင်း နတ်ဆိုးကလန်အတွက် ချန်ထားခဲ့သော်လည်း သူ့တွင် အတော်များများ ကျန်နေသေး၏။ ထိုပမာဏသည် သူ့ကျင့်ကြံခြင်းအဆင့် လူတစ်ယောက်အတွက် အတော်လေးကို များသည်ဟု ဆိုရပေမည်။
ဆေးပင်များကို ဝယ်ယူရာ၌ ရန်ကိုင်သည် ရှေးဟောင်း နတ်ဆိုးကလန် တောင်းဆိုထားသော သူတော်စင်အဆင့် ဆေးလုံးသန့်စင်ရန် လိုအပ်သည် ဆေးအမယ်များကို အထူးအလေးပေး ရှာဝယ်ယူခဲ့၏။
ဆန်းကြယ်လောကငယ် အတွင်းမှ မထွက်လာခင် သူတို့လိုအပ်သည့် သူတော်စင်အဆင့် ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးအမယ်များကို လီရုန် သူ့အား ပြောပြခဲ့၏။ သူတို့ လိုအပ်သော ဆေးလုံးသည် သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးလုံးတစ်လုံး ဖြစ်ပေ၏။
လက်ရှိသူသည် စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးလုံး များကိုသာ သန့်စင်နိုင်သေးပြီး သူတော်စင် အထွဋ်အထိပ် ဆိုသည်မှာ သူနှင့် အတော်လေးကို အလှမ်းဝေးနေသေး၏။
လမ်းတစ်လျှောက် ဆေးဆိုင်ပေါင်း ဒါဇင်ကျော် လောက်ကို တွေ့ခဲ့ရပြီး ဆေးပင် အတော်များများ ကိုလည်း ဝယ်ယူခဲ့၏။
ခပ်ကြီးကြီး ဆိုင်တစ်ဆိုင်ဆီသို့ ရောက်သည့်အချိန်၌ သူလိုအပ်သော ပစ္စည်းများအတွက် သလင်းကျောက် အတော်များများကို သုံးဖြုန်းခဲ့ပြန်၏။
“ညီငယ်လေးကို ကြည့်ရတာ မရင်းနှီးသလိုပဲ။ ညီလေးက ဆေးဖော်စပ်ဖို့အတွက် ဆေးပင်တွေ ဝယ်ချင်နေတာလား” အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈) ကျင့်ကြံခြင်း အဆင့်ရှိ မီခိုးရောင်သန်းနေသည့် ဆံပင်နှင့် ဆိုင်ရှင်က ရန်ကိုင်ကို စိတ်ဝင်တစား ကြည့်၍ သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း မေးလိုက်၏။
“ဆိုင်ရှင်အိုကြီး၊ ခင်ဗျားက စီးပွါးရေး လုပ်နေတာလား သတင်းမေးနေတာလား” ရန်ကိုင်က ထိုလူအိုကြီးကို အပြုံးလေးဖြင့် ပြန်မေးလိုက်၏။
တစ်ဖက်လူသည် ထိုကဲ့သို့သော စကားများ ရုတ်တရက်ကြီး ပြောလာသဖြင့် ရန်ကိုင်လည်း ချက်ချင်း သတိချပ်မိလိုက်၏။ သို့သော်လည်း ကျောက်တုံး မြို့တော်သည် အတော်လေးကို စည်းကမ်း တင်းကြပ်လေရာ အချင်းများသည့် ကိစ္စမျိုး ဖြစ်ပွါးလေ့ မရှိချေ။ ကျင့်ကြံသူများကြား အချင်းများလျှင်ပင် မြို့ပြင်၌သာ ဖြေရှင်းလေ့ရှိ၏။
ထို့ကြောင့် ရန်ကိုင် အရမ်းကြီး မစိုးရိမ်နေခြင်း ဖြစ်၏။
“မေးရုံသက်သက်ပါပဲ။ ညီငယ်လေး မဖြေချင်ရင် ကိစ္စမရှိပါဘူး” ရန်ကိုင် သတိထားနေသည်ကို မြင်လိုက်သည်နှင့် ဆိုင်ပိုင်ရှင်က ကိုးယိုးကားယား အမူအရာဖြင့် ပြန်ပြောလိုက်၏။ ရန်ကိုင် အထင် လွဲသွားမည်ကိုဆိုး၍ အလျင်စလို ထပ်ပေါင်း ပြောလိုက်၏ “ဒါပေမယ့် ညီငယ်လေးက ဆေးပညာရှင် တစ်ယောက် ဆိုရင်တော့ ဆေးပင်တွေကို လျှော့ဈေးနဲ့ ဝယ်လို့ရတယ်”
“လျှော့ဈေးလား၊ ဘာလို့ လျှော့ဈေး ရတာလဲ” လူအိုကြီး ပြောသည်ကို ကြားပြီး ရန်ကိုင်လည်း စိတ်ဝင်စားမိသွား၏။
ဆေးပညာရှင်များ လျှော့ဈေးရနိုင်သည်ဟု အခြား ဆေးဆိုင်များ ပြောသည်ကို သူတစ်ခါမှ မကြားခဲ့ချေ။
ဆိုင်ရှင် ပြန်မပြောရသေးခင်မှာပင် အနား၌ ဆေးပင်ရွေးနေသော ကျင့်ကြံသူတစ်ယောက် ရုတ်တရက် ဝင်ပြောလိုက်၏ “ဘာလို့လဲဆိုတော့ ဒီဆိုင်ကို ဆေးပညာရှင် အစည်းအရုံးက ဖွင့်ထားတာလေ။ ဆေးပင်ဝယ်တဲ့လူက ဆေးပညာရှင်ဆိုရင် အခြား သာမန်လူတွေထက် ဦးစားပေးခံရတယ်။ ခင်ဗျား မသိဘူးလား”
ပြောပြီးသည်နှင့် သူရွေးချယ်ထားသော ဆေးပင်များနှင့်အတူ ဆိုင်ရှင်ဆီ သွားလိုက်ပြီး ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပေးလိုက်၏။
ရန်ကိုင်လည်း ကျောက်စိမ်းပြားကို တစ်ချက် လှမ်းကြည့်လိုက်ရာ ကျောက်စိမ်းပြားထက် ‘ဆေးလုံး’ ဆိုသော စကားလုံး ထိုးထွင်းထားသည်ကို အသေအချာ မြင်တွေ့လိုက်ရ၏။
ဆိုင်ရှင်က ဆေးပင်များကို တွက်ချက်ပြီးနောက် ကျောက်စိမ်းပြားကိုယူကာ စစ်ဆေးကြည့်လိုက်၏။ ကျောက်စိမ်းပြားထဲ အစစ်အမှန်ချီ ထည့်သွင်း လိုက်သည်နှင့် တံဆိပ်ပြား တောက်ပလာခဲ့ပြီး ဆိုင်ပိုင်ရှင်က အသာအယာ ခေါင်းညိတ်လိုက်ကာ “စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပညာရှင်ဆိုတော့ အဖွဲ့အစည်း စည်းမျဉ်းတွေအရ (၂၀) ရာခိုင်နှုန်း လျှော့ဈေးရမယ်”
ထိုလူက ကျသင့်သည့် တန်ဖိုးကို ပေးချေပြီးနောက် ထွက်သွားလိုက်လေ၏။
ရန်ကိုင် ကြက်သေသေနေခဲ့၏။
“ဆေးပညာရှင် အစည်းအရုံး ဆိုတာ ဒီလောကကြီးက ဆေးပညာရှင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ အဖွဲ့ထဲကို ဆေးပညာရှင်တွေပဲ ဝင်ပြီး အဖွဲ့သား တစ်ယောက် ဖြစ်နေသရွေ့ အဖွဲ့ကပိုင်တဲ့ ဆိုင်တွေမှာ ဈေးဝယ်ရင် အထူးအခွင့်အရေးတွေ ရနိုင်တယ်။ ပြီးတော့ အဖွဲ့ရဲ့ ဆိုင်ခန်းတွေကလည်း ဒီလောကကြီးအနှံ့မှာ ပျံ့နေတာဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေရှိရင် အဓိကမြို့ကြီး အများစုမှာရှိတဲ့ ဆေးပညာအစည်းအရုံးက ဖွင့်ထားတဲ့ ဆိုင်တွေမှာ လျှော့ဈေးနဲ့ သွားဝယ်လို့ ရတယ်လေ” ဆိုင်ပိုင်ရှင် အပြုံးမပျက် အမူအရာဖြင့် ရှင်းပြလိုက်၏။
“ကျုပ်ဆေးပညာရှင်မှန်း ခင်ဗျား ဘယ်လိုလုပ်ပြီး သိနေတာလဲ” ရန်ကိုင်က ထပ်မေးလိုက်၏။ သူသည် ဆေးဖော်စပ်ရန် ပြင်နေသည် သို့ ဆေးဖော်စပ်ကို ကျိန်းသေ သိနေရပေမည်။ မဟုတ်လျှင် ထိုကဲ့သို့သော မေးခွန်းမျိုး မေးခဲ့လိမ့်မည် မဟုတ်ချေ။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သာ ရှိသေးသော ထိုလူအိုကြီးက သူဆေးပညာရှင် တစ်ယောက်မှန်း မည်ကဲ့သို့ သိသွားသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိ၏။
“ဆေးပညာရှင်တွေက သာမန် ကျင့်ကြံသူတွေနဲ့ မတူဘူးလေ။ ဒီလူအိုကြီးက ဒီဆိုင်ပိုင်ရှင်လုပ်လာတာ နှစ်တွေ အများကြီး ကြာနေပြီ။ ငါ့ဆိုင်မှာ ဆေးပင် လာဝယ်တဲ့ ဆေးပညာရှင်တွေ အများကြီးကိုလည်း တွေ့ခဲ့ဖူးတယ်။ ဒါကြောင့် ငါက အဲ့လိုအရာမျိုးနဲ့ အတော်လေးကို ရင်းနှီးနေတာ” ဆိုင်ရှင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ညီငယ်လေးက အတော်လေးကို ငယ်သေးပေမယ့် မင်းရွေးခဲ့တဲ့ ဆေးပင်တွေအရတော့ အနည်းဆုံး မင်းက ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်လောက်မှာပေါ့၊ ဟုတ်တယ်မလား”
ရန်ကိုင်က ဟုတ်သည်ဟု ဝန်းမခံခဲ့သလို့ မဟုတ်ဘူး ဟူ၍လည်း ပြန်မငြင်းခဲ့ချေ။
ဆိုင်ရှင်က ခေါင်းလေး တညိတ်ညိတ်ဖြင့် ရန်ကိုင်ကို ချီးကျူးစကား ဆိုလိုက်လေ၏ “ဒီလူအိုကြီးဆိုရင် ဆေးပညာကို လေ့လာနေခဲ့တာ နှစ်တွေ အများကြီး ရှိနေပြီ။ ဒါပေမယ့် အခုမှ ဆန်းကြယ် အထွတ်အထိပ် အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ ဖြစ်သေးတယ်။ ငါမင်းကို တကယ် မနာလိုမိတယ်ကွာ”
ဆေးပညာလမ်းစဉ်၌ မည်မျှ ဝေးဝေး လျှောက်လှမ်းနိုင်သလဲ ဆိုသည်မှာ မွေးရာပါ ပါရမီနှင့် အတော်လေးကို သက်ဆိုင်၏။
“ကျောက်တုံးမြို့တော်မှာ ဆေးပညာရှင် အစည်းအရုံးရဲ့ အခွဲတစ်ခုရှိတယ်။ ဆေးပင်တွေကို လျှော့ဈေးနဲ့ ဝယ်ချင်တယ်ဆိုရင် အဲ့ကိုသွားပြီး ကျောက်စိမ်းပြား အရင်ထုတ်ယူသင့်တယ်။ အဲ့လိုဆိုရင် သလင်းကျောက်လည်း သက်သာမယ်၊ သွားလာတဲ့အခါ ပိုပြီးတော့လည်း အန္တရာယ် ကင်းလိမ့်မယ်။ ဆေးပညာရှင်တွေကို နေရာတိုင်းလိုလိုမှာ အရမ်း အလေးထားကြတာလေ။ ဒါကြောင့် မင်းရဲ့ အဆင့်အတန်းကို သက်သေပြနိုင်သရွေ့ ဘယ်သူကမှ မင်းကို ပြဿနာ ရှာချင်လိမ့်မှာ မဟုတ်ဘူး” လူအိုကြီးက အပြုံးဖြင့် ပြောလိုက်၏။
“အခုလို အကြံပေးစကားအတွက် ကျေးဇူး အများကြီးတင်ပါတယ်” ရန်ကိုင်က လက်ဝါးနှစ်ဖက် ပူးကပ်၍ လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။
“ရပါတယ်”
ဆိုင်အပြင်ဘက် ရောက်သည်နှင့် ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့လေ၏။
ဆိုင်ရှင်၏ စကားများသည် သူ့အား အမှန်တကယ်ကို စိတ်ဝင်စားသွားစေခဲ့၏။ ဆေးပင်များကို လျှော့ဈေးဖြင့် ဝယ်ယူနိုင်ခြင်းသည် အတော်လေးကို ကောင်းမွန်လှ၏။ သူ့တွင် သလင်းကျောက် အများကြီး ရှိသေးသည် ဆိုသော်လည်း သူလိုအပ်နေသည့် ဆေးပင်များသည် တောင်လိုပုံထပ်နေပါက သူ့သလင်းကျောက်များ ကုန်ဆုံးသွားနိုင်သည့် အချိန်တစ်ချိန်သို့ ရောက်ရှိလာနိုင်၏။ လျှော့ဈေးဖြင့်သာ ဝယ်ယူနိုင်ပါက သလင်းကျောက်များလည်း အရမ်းကြီး ကုန်လိမ့်မည် မဟုတ်ချေ။
သို့သော် သူစိတ်ဝင်စားသည်ကား ဆေးပညာရှင် အစည်းအရုံး၏ လွှမ်းမိုးမှုပင် ဖြစ်သည်။ ဆေးပညာရှင် အစည်းအရုံး၏ လွှမ်းမိုးမှုသည် မည်သည့် အင်အားစုထက်မဆို သာလွန်၏။
သူတုန်းရွှမ်းလောကကြီးသို့ ရောက်လာရခြင်းသည် စုယန်နှင့် သူ၏ စီနီယာမမလေးကို ရှာရန်ဖြစ်၏။
သို့သော် ဤလောကကြီးသည် လွန်စွာကိုမှ ကျယ်ပြောလှရာ သူမတို့တစ်တွေအား သူ့ဘာသာ ရှာတွေ့နိုင်ချေ အရမ်းကို နည်းလှ၏။
ယခုအချိန်သည် သူ့တွင် စေခိုင်းနိုင်သော လက်အောက်ငယ်သား များစွာရှိသည့် ဗဟိုမြို့တော်က အချိန်နှင့် မတူညီတော့ချေ။
ယခုနေရာ၌ သူ့ကိုယ်သူသာ အားကိုးရပေမည်။
ရွှေးလင်နှင့် ယွန်ရွှမ်တို့ သူ့အား ရေဝိဥာဉ် ဘုရားကျောင်းနှင့် လွတ်လပ်သော အဖွဲ့အစည်းဆီ ဝင်ပါလားဟု ဖိတ်ခေါ်စဉ်က ရန်ကိုင်သည် သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့၏။
ထိုအချိန်က ရန်ကိုင်သည် သူ့အားသူကိုးကာ စုယန်ကို ရှာချင်ခဲ့၏။
သို့သော်လည်း သူ့အကြံသည် အနည်းငယ် လက်တွေ့မကျမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။
ဆေးပညာရှင်ဟူသော အဆင့်အတန်းကို သုံး၍ အင်အားစုတစ်ခုဆီ ဝင်နိုင်၏။ ပြီးသည်နှင့် ထိုအင်အားစု၏ အကူအညီကို သုံး၍ စုယန်နှင့် စီနီယာမမလေးတို့အား ရှာနိုင်ပေလိမ့်မည်။
စားသောက်ဆိုင် တစ်ခုထဲ နားနေရင်း ရန်ကိုင်သည် ထိုအကြောင်းကို အချိန်အတော်ကြာကြီး စဉ်းစားနေခဲ့၏။ နောက်ဆုံး ဆေးပညာရှင် အစည်းအရုံးသို့ သွားရန် ဆုံးဖြတ်လိုက်၏။ ဘာပဲဖြစ်ဖြစ်၊ ကျောက်စိမ်းပြားသည် သူ့အား ပြဿနာ တော်တော်များများမှ သက်သာ စေနိုင်လေရာ တစ်ခုလောက် ယူထား၍ သူ့အတွက် အကျိုးမယုတ်ချေ။
ကျောက်တုံးမြို့တော်ထဲ လှည့်ပတ် မေးမြန်းပြီးနောက် ဆေးပညာရှင် အစည်းအရုံး၏ တည်နေရာကို သူရှာတွေ့သွား၏။
ဆေးပညာရှင် အစည်းအရုံးရှေ့သို့ ရောက်သည်နှင့် ခမ်းနားကြီးကျယ်လှသော အဆောက်အအုံးကြီးကို ငေးကြောင် ကြည့်နေမိလိုက်ကာ အချိန်အတော်ကြာပဲ အသိပြန်ဝင်လာနိုင်ခဲ့၍ မဲ့ပြုံးပြုံးလျက် ခေါင်းခါရမ်း လိုက်၏။
ဆေးပညာရှင်များသည် အရမ်းအရမ်းကိုမှ ချမ်းသာကြွယ်ဝသော လူများဟု သိထားသော်လည်း ဤမျှ ချမ်းသာလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
ဆေးပညာရှင် အစည်းအရုံး၏ အဆောက်အဦး အပြင်ပိုင်းသည်ပင် ကျောက်တုံးမြို့တော်ထဲရှိ အခြား အဆောက်အဦးများနှင့် အတော်လေးကို ကွဲပြား၏။
အဆောက်အဦး အပြင်ဘက်၌ ရှားပါးသော သတ္တုရိုင်းများဖြင့် ပြုလုပ်ထားသော အမျိုးမျိုးသော ရှေးဟောင်းသားရဲ ရုပ်ထုများ ရှိနေခဲ့ပြီး ထိုရုပ်ထုများ ဆီမှ သိမ်မွေ့လှသော စွမ်းအင်လှိုင်းများ ဖြာထွက်လို့ နေလေ၏။ ထိုရုပ်ထုများထက် အားကောင်းသော စိတ်ဝိဥာဉ်အစီအရင်များ ထိုးထွင်းထားသည့် ပုံပင်။
တစ်ယောက်ယောက်သည် မလိုတမာ အကြံအစည်ဖြင့် အဆောက်အဦးဆီသို့ ချဉ်းကပ်လာရဲပါက နောင်တ အကြီးကြီး ရသွားရပေလိမ့်မည်။
အတွင်းပိုင်းတွင်...
အနီရောင် ကော်ဇောရှည်ကြီးများကို ခင်းကျင်း ထားပြီး နံရံများကို အမျိုးမျိုးသော ကျောက်မျက် ရတနာများဖြင့် စီခြယ်ထားခဲ့၏။
အဝင်အထွက် လုပ်နေကြသည့် ဆေးပညာရှင်းတိုင်း၏ မျက်နှာထက် ဂုဏ်ယူဝံ့ကြွားမှု၊ မောက်မာမှုတို့ဖြင့် ပြည့်နေခဲ့၏။
အဆင့်မြင့် ဆေးပညာရှင် များသည် ကြွယ်ဝချမ်းသာရုံမက မြင့်မားသော အဆင့်အတန်းကိုပါ ပိုင်ဆိုင်ထားကြ၏။ ထိုအရာက အပြောစကား သက်သက် မဟုတ်၊ လက်တွေ့ အမှန်တရား ဖြစ်၏။
ဗဟိုမြို့တော်၌၊ ဆေးပညာရှင်များနှင့် လက်နက် သန့်စင်သည့် ပညာရှင်များသည် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ကြ၏။ တုန်ရွှမ်လောကကြီး တွင်လည်း အတူတူပင် ဖြစ်၏။
“ကောင်လေး၊ မင်းဘာတွေ လာချောင်းနေတာလဲ” ဒေါသသံတစ်သံနှင့်အတူ လူကြီးတစ်ယောက်က ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်၏ “မင်းဘယ်အင်အားစုကလဲ။ ဒီနေရာက ဘယ်နေရာလဲ ဆိုတာကို မင်းမသိဘူးလား”
“မင်္ဂလာပါ” ထိုလူကြီး၏ အော်ငေါက် ပြောဆိုမှုကြောင့် ရန်ကိုင် အမူအရာ နည်းနည်းမျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက် “ကျုပ် ဒီကို ကျောက်စိမ်းပြား ယူမလို့ လာခဲ့တာ”
“ကျောက်စိမ်းပြား ယူဖို့ဆိုတော့... မင်းက ဆေးပညာရှင် တစ်ယောက်လား” ထိုစကားကို ကြားလိုက်သည်နှင့် လူကြီးက ရန်ကိုင်ကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်ကာ “အင်း၊ ကောင်းတယ်၊ မင်းကိုယ်ထဲက အစစ်အမှန်ချီထဲမှာ အားကောင်းတဲ့ ယန်ဓါတ်တွေ ပါနေတာပဲ။ ဒါပေမယ့် မင်းကြည့်ရတာ ငယ်ငယ်လေးပဲ ရှိသေးတာပါလား။ မင်းအခုမှ ဆေးပညာကို စလေ့ကျင့်တာလား”
“ဟားဟား၊ ဟုတ်တယ်၊ ကျုပ်လေ့ကျင့်တာ အရမ်းကြီး မကြာသေးဘူးဗျ” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ၊ ဝင်လာခဲ့” လူကြီးက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အထဲသို့ လမ်းလျှောက် ဝင်သွားလိုက်၏။
အထဲသို့ ဝင်လာသည့် လမ်းတစ်လျှောက် ရန်ကိုင် အတော်လေးကို အံ့အားသင့်နေခဲ့ရ၏။ အပြင်ဘက်မှ အဆောက်အဦးကို မြင်စဉ်က ဆေးပညာရှင်များ အရမ်းကို ချမ်းသာကြွယ်ဝပါလားဟု ထင်မှတ်ခဲ့ရာ အထဲရောက်မှပင် ထိုဆေးပညာရှင်များ၏ ကြွယ်ဝမှုကို အထင်သေးမိနေသေးမှန်း ရန်ကိုင် နားလည်လိုက်၏။
ရန်ကိုင် ဆေးပညာရှင် တစ်ယောက် ဖြစ်ကြောင်း သိလိုက်ပြီးနောက် ရန်ကိုင်အပေါ် လူကြီး သဘောထား အတော်လေးကို ပျော့ပျောင်းသွားခဲ့၏။ “မင်က ဆေးပညာ အစည်းအရုံးရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်ချင်မှတော့ ငါတို့ စမ်းသပ်တာကို အရင်ဆုံး အောင်မှရလိမ့်မယ်။ စမ်းသပ်ချက်ကို အောင်မှပဲ မင်းအဆင့်နဲ့ ကိုက်ညီတဲ့ ကျောက်စိမ်းပြားကို ရမှာ။ ဒါပေမယ့် အစည်းအရုံရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီ ဆိုတာနဲ့ လူသားမျိုးနွယ်စုကို ဒုက္ခရောက်စေနိုင်တဲ့ ဘာကိုမှ မလုပ်ရဘူးဆိုတာကိုတော့ မြဲမြဲမှတ်ထားနော်။ နတ်ဆိုးမျိုးနွယ်စု၊ ဒါမှမဟုတ် မွန်းစတား မျိုးနွယ်စု အတွက် ဆေးဖော်စပ်ပေးရဲတယ် ဆိုရင်တော့ အစည်းအရုံးကို အပြစ်မနဲ့ပေါ့”
“အဟွတ်၊ အဟွတ်၊ ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” ရန်ကိုင်က အလျင်စလို ခေါင်းညိတ်ပြလိုက်၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၇၃) သူအဲ့လောက်တောင် တော်တာလား
————————————————————
လူကြီးသည် ရန်ကိုင်အား သတိပေးချင်ရုံ သက်သက်ဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူပြောသည်မှာ တကယ့် အမှန် ဖြစ်နေသည်ကို ဆိုသည်ကိုတော့ မသိခဲ့ပါချေ။
ရန်ကိုင် ဆေးပညာအား အဓိက အားသွန်ခွန်စိုက် လေ့လာနေရသည့် အကြောင်းအရင်းမှာ နတ်ဆိုး မျိုးနွယ်စုအတွက် ဆေးဖော်စပ်ပေးရန် ဖြစ်၏။ ထို့ပြင် အထူးသဖြင့် မဟာနတ်ဆိုးနတ်ဘုရား အစေခံများ ဖြစ်ကြသော ရှေးဟောင်းနတ်ဆိုးကလန်ကို ကူညီပေးရန် ဖြစ်၏။
ဆေးပညာ အစည်းအရုံးထဲ တစ်ခုလုံး ဆေးရနံတို့ သင်းပျံ့နေခဲ့၏။ ရံဖန်ရံခါ အဆောက်အဦး၏ အခြားအပိုင်းများဆီမှ ပျံ့ထွက်လာသော အပူလှိုင်းများကို ရန်ကိုင် ခံစားမိ၏။ အဆောက်အဦးထဲ ဆေးဖော်စပ် လေ့ကျင့်နေသော ပညာရှင်များ ရှိနေသည့်ပုံပင်။
ထိုလူကြီး၏ ဦးဆောင်မှုနှင့်အတူ နောက်ဆုံး၌ ရန်ကိုင်သည် ချောင်ကျသော အခန်းတစ်ခန်းဆီသို့ ရောက်ရှိလာခဲ့ပြီး “ဒီမှာစောင့်နေနှင့်၊ ခဏကြာရင် တစ်ယောက်ယောက် မင်းကို လာတွေ့လိမ့်မယ်”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလျက် အနီးရှိ ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်ချလိုက်လေ၏။
အခန်းသည် မကြီးချေ။ ပရိဘောဂ ပစ္စည်း များများစားစားလည်း မရှိပါချေ။ အခန်းသည် ဘာမှမရှိသော သိုလှောင်ခန်းတစ်ခုနှင့်ပင် တူနေသေး၏။
(၂)နာရီလောက် စောင့်နေပြီးနောက် ရန်ကိုင် စိတ်မရှည်ဖြစ်လာခဲ့၏။ ထိုအချိန်မှာပင် ခြေသံများကို သူရုတ်တရက် ကြားလိုက်ရ၏။
ခဏအကြာ၌ အခန်းတံခါး ပွင့်သွားခဲ့ပြီး စိတ်တိုနေသည့် မိန်းကလေးတစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့လေ၏။ ရန်ကိုင်ကို မြင်သည်နှင့် မည်သည့် အပိုစကားမှ ပြောမနေဘဲ ခပ်ပြတ်ပြတ်သာ မေးလိုက်၏ “အစည်းအရုံးထဲ ဝင်ချင်တဲ့လူက ရှင်လား”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်ကာ မေးလိုက်၏ “စမ်းသပ်ချက်ကို အခုစလို့ ရပြီလား”
“ရှင်းဆေးပညာကို လေ့လာတာ ဘယ်လောက် ကြာပြီလဲ” အမျိုးသမီး မျက်မှောင်ကြုံ့သွားခဲ့ပြီး ရွှင်ပြဟန် မရှိသည့် အမူအရာဖြင့် ပြန်မေးလိုက်၏။
“သိပ်မကြာသေးဘူး။ ဘယ်လောက်ကြာပြီလဲ ဆိုတာကတော့ ကျုပ်ကိုယ်တိုင်လည်း သေချာမသိဘူး”
သူဘယ်အချိန် ဆေးစတင် ဖော်စပ်ခဲ့လဲဟု မေးလာခဲ့လျှင် တစ်နှစ်ကျော်ကြာပြီဟု ဆိုရလိမ့်မည်။ သို့သော် ဆေးပညာရပ်နှင့် ပက်သက်သည့် အခြေခံများကို လေ့လာရင်း ကုန်ဆုံးခဲ့သည့် အချိန်မှာ အတော်လေးကို များ၏။ အစစ်အမှန် ဆေးပညာ နည်းလမ်းကို ရရှိခဲ့သည့် အချိန်မှစ၍ ရေတွက်ကြည့်လျှင် လေးနှစ်၊ ငါးနှစ်လောက် ကြာသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း သူသည် အစစ်အမှန် ဆေးပညာနည်းလမ်းကို မကြာခဏ ဆိုသလို လေ့လာတတ်၏။
ထို့ကြောင့် မိန်းမငယ်လေး၏ မေးခွန်ကို ရန်ကိုင် အသေအချာ မဖြေဆိုနိုင်ခြင်း ဖြစ်၏။
“လာပြီး လျှို့ဝှက်ပြချင်နေသေးတယ်” ရန်ကိုင်က သူမ၏ အဖေကို တိတိကျကျ မဖြေပဲ အယောင်ယောင် အဝါးဝါး လုပ်ပြနေသဖြင့် မိန်းမငယ်လေးမှာ အတော်လေးကို မကျေမနပ် ဖြစ်သွားခဲ့ရကာ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ သူမ၏ သိုလှောင်အိတ်ထဲ ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်၍ ရန်ကိုင်ကို ပေးကာ လိုရင်းကိုသာ ရှင်းပြလိုက်၏ “ဒါက ကြယ်အေးမြက်ရဲ့ ရိုးပဲတံပဲ။ ကောင်းကင်အဆင့်နိမ့် ဆေးအမယ်ဆိုရင်လည်း ဟုတ်တယ်။ အဲ့ဒါကို ဆေးအရည်အဖြစ် သန့်စင်ပေး”
ရန်ကိုင်က ထိုရိုးတံကို ယူပြီးနောက် သူမအား ငေးကြောင်ကြည့်ကာ မေးလိုက်၏ “ဒီအတိုင်းပဲ သန့်စင်ရမှာလား”
မိန်းမငယ်လေးက လှောင်ပြောင်လိုက်လေ၏ “ဒါလေးတောင် မလုပ်နိုင်ရင် အစည်းအရုံးထဲဝင်ဖို့ စိတ်တောင် မကူးနဲ့တော့။ အစည်းအရုံးထဲကို လူတိုင်း ဝင်နိုင်တယ်လို့ ထင်နေတာလား။ ကောင်းကင်အဆင့် ဆေးပညာရှင်တွေပဲ ကျောက်စိမ်း တံဆိပ်ပြားတွေ ရနိုင်တာ။ လုပ်မယ်ဆိုရင် မြန်မြန်လုပ်၊ ကျွန်မက အားယားနေတာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေ၏ “ဆရာက အရမ်းလွန်တာပဲ။ ဒီလို လူငယ်လေးတစ်ယောက်ပဲကို၊ ဘာလို့ တစ်ခါတည်း မောင်းမထုတ်လိုက်တာလဲ မသိဘူး။ သူ့ကြောင့် ငါ့ရဲ့ အဖိုးတန်တဲ့ အချိန်လေးတွေ ကုန်ပါပြီ”
သူမပြောနေသည်ကို နားထောင်ရင်း ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ထိုမိန်းမငယ်လေး အဘယ်ကြောင့် မပျော်မရွှင် ဖြစ်နေသည်ကို သူယခု နားလည်သွားခဲ့လေပြီ။ သူ့ကြောင့် ဆေးဖော်စပ် လေ့ကျင့်နေသည်ကို ရပ်တန့်၍ ဤနေရာသို့ ရောက်လာရသောကြောင့်ပင် ဖြစ်လေ၏။
ဆေးပညာရှင်တစ်ယောက် ဆေးဖော်စပ် လေ့ကျင့်နေစဉ် မလုပ်သင့်ဆုံးသော အရာသည် သူတို့အား မနှောင့်ယှတ်မိစေရန် ဖြစ်၏။ ထို့ကြောင့် မိန်းမငယ်လေး စိတ်မရွှင်ပြ ဖြစ်နေသည်ကို သူနားလည်ပေးနိုင်ပေ၏။
သို့သော်လည်း သူမ၏ စကားနှင့် အပြုအမူအရ သူမသည် သူ့အား အထင်သေးနေသည်ကို ရန်ကိုင် သိလိုက်၏။
သူ့အား ဆေးပညာကို စလေ့ကျင့်ရုံသာ ရှိသေးသည့် ဆေးပညာရှင် ပေါက်စဟု ထင်နေသည်လား။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် အစစ်အမှန်ချီကို လှည့်ကာ ကြယ်အေးမြက်ကို ဖြည်းဖြည်းချင်း သန့်စင်လိုက်လေ၏။
မကြာခင်မှာပင် ရနံ့သင်းသင်းလေး ထွက်ပေါ်လာခဲ့ရာ ထိုအချိန်မှပင် မိန်းမငယ်လေးသည် ရန်ကိုင်အား တစ်ဖန်ပြန်အာရုံစိုက်မိလေ၏။
ကြယ်အေးမြက်သည် အရည်ပျော်သွားပြီး အရည်ဖြစ်ကာ ရန်ကိုင် လက်ဝါးထဲ မျောနေခဲ့၏။ အညစ်အကြေး အားလုံးကမူ ရန်ကိုင်၏ အစစ်အမှန်ချီ ကြောင့် အငွေ့ပျံသွားခဲ့ရလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ ကြယ်အေးမြက်သည် အစိမ်းရောင် တောက်နေသည့် သန့်စင်သော ဆေးအရည် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ရန်ကိုင်၏ လက်ရှိ ကျွမ်းကျင်မှုနှင့် ဆိုပါက ကောင်းကင်အဆင့် ဆေးပင်တစ်ပင်ကို ဆေးအရည် အဖြစ် သန့်စင်ခြင်းသည် ငှက်ပျောသီး အခွံနွှာစားသည် ထက်ပင် ပို၍ လွယ်နေသေး၏။ ဆေးမီးဖို မရှိဘဲနှင့်ပင် အညစ်အကြေး အားလုံးကို သန့်စင်နိုင်ပေ၏။
လက်ဖက်ရည် တစ်ခွက်စာ ဆူချိန်လောက် ကြာပြီးနောက် ဆေးအရည် လုံးဝကို ဖြစ်တည်လာခဲ့၏။ ဆေးအရည်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်ပြီးနောက် မိန်းမငယ်လေး အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်လိုက်လေ၏။
“ဒါဆို အဆင်ပြေလား” ရန်ကိုင်က မေးလိုက်၏။
ထိုဆေးအရည်ကို ထပ်ပြီး သန့်စင်နိုင်သေး၏။ သူထပ်မလုပ်သည်မှာ ဤအဆင့်နှင့် မိန်းမငယ်လေး၏ တောင်းဆိုချက်ကို ပြည့်မှီလောက်သည်ဟု ထင်သောကြောင့်ပင် ဖြစ်၏။
“ရှင်ဘယ်အဆင့် ဆေးလုံးကို သန့်စင်နိုင်လဲ” မိန်းမငယ်လေးက ရန်ကိုင်ကို အလေးအနက်ထားကာ မေးလိုက်၏။
“စိတ်ဝိဥာဉ်အဆင့်”
“ဘယ်လို” မိန်းမငယ်လေးမှာ ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း အလန့်တကြား ထအော်လိုက်လေ၏။
“စိတ်ဝိဥာဉ် အဆင့်နိမ့်ပဲ။ ဒါပေမယ့် တစ်ခါတစ်လေတော့ မအောင်မြင်ဘူး” ရန်ကိုင်က အလျင်စလို ထပ်ပေါင်းပြောလိုက်၏။ မလိုလားအပ်သည့် အာရုံစိုက်မှုကို မလိုချင်သည့်အတွက် သူ့စွမ်းရည်ကို လွန်လွန်ကဲကဲ ချဲ့ကား မပြောခဲ့ချေ။ ကံမကောင်းစွာဖြင့် စိတ်ဝိဥာဉ်အဆင့်သည့် မိန်းမငယ်လေး လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေဟန် ရလေ၏။
“မဖြစ်နိုင်ဘူး၊ ရှင့်ပုံစံက အသက်(၂၀)လောက်ပဲ ရှိသေးတာလေ။ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို ဘယ်လိုလုပ်ပြီး သန့်စင်နေနိုင်ရတာလဲ’
“မယုံရင် လက်တွေ့လုပ်ပြလို့ရတယ်” ရန်ကိုင်က ပခုံးတွန့်လိုက်၏။
ရန်ကိုင်ကများ နောက်ပြောင် လိမ်ညာ ပြောနေသည်လား သိရအောင် မိန်းမငယ်လေးသည် ရန်ကိုင်အား နက်နက်နဲနဲကို စိုက်ကြည့်နေခဲ့၏။ ခဏအကြာ၌ လေးနက်သည့် အမူအရာဖြင့် “ကွှန်မနဲ့လိုက်ခဲ့။ ရှင်သာ စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင်ဆိုရင် ကျွန်မလက်ခံပေးနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေပြီ”
သူမသည် ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်သာ ဖြစ်သေးရာ စိတ်ဝိဥာဉ် အဆင့် ဆေးပညာရှင် တစ်ယောက်ကို မည့်ကဲ့သို့ သွား၍ ဝေဖန်ဆန်းစစ်ရမည်နည်း။
အခြားအခန်းတစ်ခန်း၌ ရန်ကိုင်အား အရင်ဆုံး နှုတ်ဆက်ခဲ့သော လူကြီးသည် ရှေးဟောင်း ဆေးဘက်ဆိုင်ရာ စာအုပ်တစ်အုပ်ကို ကိုင်ရင်း အတွေးနက်နေခဲ့၏။
အခန်တံခါး ခေါက်သံ ကြားလိုက်ရသည့် အချိန်၌ လူကြီးက ခေါင်းမော့၍ အရေးမစိုက်ဟန်ဖြင့် အော်မေးလိုက်၏ “ဘာကိစ္စလဲ”
“ဆရာ” မိန်းမငယ်လေးက ခပ်ပျော့ပျော့ လေသံဖြင့် လှမ်းအော်ပြောလိုက်၏ “ဆရာခေါ်လာတဲ့ လူငယ်လေး အကြောင်း ပြောမလို့ပါ”
“အို၊ စမ်းသပ်ချက်ကို သူအောင်မြင်သွားလား” လူကြီးက ပြန်မေးလိုက်၏။
“အဲ... အဲ့လိုကြီးတော့ မဟုတ်ဘူး...”
“မအောင်ဘူးလား။ အဲ့လိုဆိုရင် ငါ့ကို လာမနှောင့်ယှတ်နဲ့တော့။ နင့်ဘာသာ လုပ်စရာရှိတာ သွားပြန်လုပ်တော့”
ထိုစကားကို ကြားလိုက်သည်နှင့် မိန်းမငယ်လေးမှာ အံကို တင်းတင်းကြိတ်လျက် အခန်းတံခါးကို အားပြင်းပြင်နှင့် ကန်ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေ၏။ ရန်ကိုင်မှာမူ ဝင်ပေါက်တွင်သာ မှင်သက်နေသည့် အမူအရာဖြင့် ကျန်ရစ်ခဲ့လေ၏။
သူ့တပည့် အခန်းထဲသို့ ရိုင်းပြစွာ ဝင်လာသည်ကို မြင်သည်နှင့် လူကြီးက သူ့ရှေ့ရှိ စားပွဲကို ဒေါသတကြီး ထုချလိုက်ပြီး “ဘယ်လောက်တောင် ရိုင်းလိုက်လဲ။ ကိုယ့်ဆရာ ပြောတာကိုတောင် နားမထောင်ဘူး။ နင့်ဆရာကိုရော မျက်လုံးထဲ ထည့်ထားသေးရဲ့လား”
မိန်းမငယ်လေးက စိတ်ညစ်ညစ်ဖြင့် မကျေမချမ်းသံ ပြုလိုက်ပြီး ခါးလေးထောက်လျက် “ဆရာ၊ ဆရာပြောတော့ အဲ့လူငယ်လေးက ဆေးပညာကို လေ့ကျင့်တာ သိပ်မကြာသေးဘူးဆို”
“ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ”
“အဲ့လိုဆိုရင် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သူဘယ်လိုလုပ်ပြီး ဖော်စပ်နေနိုင်ရတာလဲ။ သူ့ကို ကောင်းကင်အဆင့်နိမ့် ကြယ်အေးမြက်ပင်နဲ့ သွားစပ်သပ်မိလို့ တပည့် အရှက် ဗြန်းဗြန်း ကွဲခဲ့ရပြီ”
“အာ” လူကြီး ကြက်သေသေသွားခဲ့ပြီး ထိုင်ရာမှ အလျင်အမြန် ထလိုက်ကာ “သူက စိတ်ဝိဥာဉ် အဆင့် ဆေးလုံးကို သန့်စင်နိုင်တာလား။ မဖြစ်နိုင်ဘူး။ မိန်းကလေး၊ နင်ငါ့ကို ညာရဲတယ်လား”
“လူကိုယ်တိုင် ခေါ်လာတယ်။ ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်။ သူ့ဖော်စပ်နိုင်လား၊ မဖော်စပ်နိုင် ဘူးလားဆိုတော့ကို ဆရာဘာသာဆရာ စစ်ဆေး ကြည့်ပေတော့” မိန်းမငယ်လေးက ရန်ကိုင်ကို အချက်ပြလိုက်ရာ ရန်ကိုင်က သက်ပြင်းချလျက် အခန်းထဲသို့ ဝင်သွားလိုက်လေ၏။
လူကြီးသည် ရန်ကိုင်အား လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့်၍ မေးလိုက်၏ “မင်းက စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်နိုင်တယ်ပေါ့”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
လူကြီး မျက်နှာအမူအရာ ပို၍ မှုန်မှိုင်းသွားခဲ့ပြီး “ကောင်းလေး၊ ဒါက ဆေးပညာရှင် အစည်းအရုံး ဆိုတာကို မင်းနာလည်တယ်မလား။ မင်းဘာသာမင်း ဘယ်အင်အားစုကပဲ လာလာ၊ ငါတို့ ဆေးပညာရှင် အစည်းအရုံးထဲမှ လာပြီး ရုတ်ရုတ်ရုတ်ရုတ် လုပ်လို့ကတော့ ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးနော်”
ရန်ကိုင်က ခေါင်းကိုက်ကိုက်ဖြင့် နဖူးလေးကို ပွတ်သပ်မိလိုက်၏။ သူက ကျောက်စိမ်းပြားကိုသာ ရယူလိုခြင်း ဖြစ်၏။ သို့သော်လည်း ယခုလို အချိန်ကုန် လူပင်ပန်းရသည့် အဖြစ်မျိုး ရောက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“မေ့လိုက်တော့၊ အဲ့ကျောက်စိမ်းပြားကို ကျုပ်မလိုအပ်တော့ဘူး။ ခင်ဗျားကို နှောင့်ယှတ်မိလို့ တောင်းပန်ပါတယ်။ ကျုပ်ဘာသာပဲ ထွက်သွား လိုက်တော့မယ်”
“မင်းလုပ်ရဲလား” လူကြီးက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ့အော်သံသည် အနီးရှိ ခန်းမတစ်ခွင် ပဲ့တင်ထပ်သွားခဲ့ပြီး လှောင်ပြုံးပြုံးလျက် “ဆေးပညာရှင် အစည်းအရုံး မင်းလာချင်လာ၊ သွားချင်တိုင်း သွားလို့ရတဲ့ နေရာတစ်ခုလို့ ထင်နေတာလား။ အဖော်ခံရမှာ ကြောက်လို့ နောက်ပြန်ဆုတ်ဖို့ ကြိုးစားနေတာလား၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းအတွက် ဆေးအမယ်တွေ ငါပြင်ပေးမယ်။ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို မင်းဘယ်လို သန့်စင်မလဲ ငါကြည့်ရတာပေါ့။ ငါစိတ်မကျေနပ်ဘူး ဆိုရင်တော့၊ ဟဲဟဲ...”
“ရှင် ဘယ်လိုစွမ်းရည်တွေ ပိုင်ဆိုင်ထားလဲ ဆိုတာကို ကျွန်မလည်း မြင်ချင်မိသား” မိန်းမငယ်လေးက ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်၏။
ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်၏။
“မိနာ၊ နင့်ရဲ့ စိတ်ဝိဥာဉ်အဆင့် ဆေးအမယ်တွေ ထုတ်လိုက်”
လူကြီးက ရန်ကိုင်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်ရင်း မိန်းမငယ်လေးကို အမိန့်ပေးလိုက်၏။
မိန်းမငယ်လေးက အသာအယာ ခေါင်းညိတ်၍ သူမ၏ သိုလှောင်အိတ်ထဲမှ စိတ်ဝိဥာဉ် အဆင့် ဆေးအမယ် အပုံလိုက်ကို ထုတ်ယူ၍ စားပွဲခုံပေါ် တင်ထားလိုက်လေ၏။
လူကြီးက သူ့ခေါင်းအရွယ်လောက် ရှိမည့် ဆေးမီးဖို တစ်လုံးကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်၏ “ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဆေးမီးဖိုပဲ။ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ရှစ်နှစ်လောက် စုဆောင်းပြီး သူတော်စင်အဆင့် လက်နက်သန့်စင် ပညာရှင် တစ်ယောက်ကို ဆင့်ခေါ်ပြီး ဒီဆေးမီးဖိုကို ထုလုပ်ခဲ့ရတာ။ ဒီဆေးမီးဖိုနဲ့ သန့်စင်ရင် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချေ ပိုများတယ်။ ဒါကြောင့် ငါမင်းကို သီးသန့်ခက်ခဲအောင် လုပ်နေတယ်လို့ လာမတွေးနဲ့။ ဒီဆေးမီးဖိုနဲ့တောင် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို မသန့်စင်နိုင်ဘူး ဆိုရင်တော့ မင်းခေါင်းနဲ့ကိုယ် အိုးစားကွဲရပြီသာမှတ်”
ပြောပြီးသည်နှင့် လူကြီးသည် ဆေးမီးဖိုကို ရန်ကိုင်ဆီ ပစ်ပေးလိုက်၏။
ရန်ကိုင်က ဆေးမီးဖိုကို လှမ်းဖမ်းလိုက်ပြီး ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် အသာအယာလေး ခေါင်းညိတ်လိုက်၏။
ထိုဆေးမီးဖိုသည် သူမြင်တွေ့ခဲ့သော သာမန် ဆေးမီးဖို အားလုံးထက် သာလွန်၏။ မီးဖိုထဲ ထိုးထွင်းထားသော စိတ်ဝိဥာဉ် အစီအရင်သည် ဆေးလုံးအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်သည့် အခွင့်အရေးကို တိုးစေ၏။ သို့သော်လည်း ထိုဆေးမီးဖိုထဲရှိ စိတ်ဝိဥာဉ် အစီအရင်သည် ပြီးပြည့်စုံခြင်း မရှိသည်ကို ရန်ကိုင် သတိပြုမိ၏။
“ဒီမှာ၊ ဆေးငါးစုံစာ။ ငါ့စမ်းသပ်ချက်ကို အောင်မြင်ဖို့ အတွက် အနည်းဆုံး သုံးကြိမ်အောင်မြင်မှ ရလိမ့်မယ်။ မအောင်မြင်ရင်တော့ ဟဲဟဲ...” လူကြီးက လှောင်ပြုံးပြုံးလျက် သူ့လက်ကို ဝှေ့ရမ်းကာ ပြောလိုက်၏ “မင်းစလို့စပြီ။ ငါမင်းကို အနီးကပ် စောင့်ကြည့်နေမှာမို့ မလှိမ့်တပတ် လာလုပ်ဖို့ နည်းနည်းလေးတောင် မစဉ်းစားမိစေနဲ့”
အခြေအနေက ယခုအတိုင်းအတာထိ ရောက်လာခဲ့ပြီ ဖြစ်ရာ ရန်ကိုင်အနေဖြင့် ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ ဆေးမီးဖိုကို စားပွဲခုံထက် တင်ပြီးနောက် ဆေးငါးစုံကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။
ခဏကြာပြီးနောက် မျက်မှောင်ကြုံကာ ဆေးအမယ် ပုံစံကို ပြန်၍ နေရာချထားလိုက်၏။
လူကြီးနှင့် မိန်းမငယ်လေးတို့ နှစ်ယောက်စလုံး ရန်ကိုင်အား မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်ကြ၏။ ထိုဆေးအမယ်များသည် အကောင်းဆုံး ပုံစံဖြင့် စီထားခြင်း ဖြစ်လေရာ ထိုကောင်သည် မည်သည့် အတွက်ကြောင့် နေရာပြောင်းပစ်လိုက်ရသနည်း။
သို့သော်လည်း ရန်ကိုင်ကသာ ကာယကံရှင် ဖြစ်လေရာ သူတို့ နှစ်ယောက်စလုံး ဘာမှမပြောဘဲ ဘေးမှ ငြိမ်ငြိမ်လေးသာ စောင့်ကြည့်နေလိုက်၏။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင် စလှုပ်ရှားလိုက်လေပြီ။ ဆေးပင်များအား မီးဖိုထဲသို့ စည်းစနစ်ကျကျဖြင့် တစ်ပင်ပြီးတစ်ပင် ပစ်ထည့်ကာ ထိုဆေးပင်များကို ဆေးအရည်အဖြစ် စတင် သန့်စင်တော့လေ၏။ အပူချိန်နှင့် အချိန်ကိုက် မှန်မမှန်ကိုလည်း သေချာ ဂရုစိုက်ထားခဲ့၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လူကြီးနှင့် မိန်းမငယ်လေးတို့ အမူအရာ တောက်ပသွားခဲ့ရ၏။
သူလုပ်ပြသွားသည့် ပုံစံအရ ထိုလူငယ်လေးသည် အလကားသက်သက် ကြွားလုံး ထုတ်နေခြင်း မဟုတ်ဘဲ အမှန်တကယ် အရည်အချင်းရှိကြောင်း သက်သေ ပြနေခဲ့၏။ သူ၏ မမြန်လွန်း၊ မနှေးလွန်း နည်းစနစ်နှင့် တည်ငြိမ်သော အမူအရာသည် များစွာသော အတွေ့အကြုံများအပေါ် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်၏။
မကြာခင်မှာပင် ဆေးပင်အားလုံး မီးဖိုထဲသို့ ရောက်သွားခဲ့လေပြီ။ ရန်ကိုင်၏ တိကျသော ထိန်းချုပ်မှုအောက်၌ ဆေးရနံ့ သင်းသင်းလေး စတင် ထွက်ပေါ်လာခဲ့လေ၏။
လူကြီးနှင့် မိန်းမငယ်လေးတို့သည် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့ရ၏။ သူတို့၏ အမူအရာများသည် တဖြည်းဖြည်းချင်း လေနက်လာခဲ့ပြီး သံသယ၊ အထင်အမြင် သေးသည့် အရိပ်အယောင်တို့ သူတို့ မျက်နှာထက် နည်းနည်းမျှပင် မရှိတော့ချေ။
အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာ အချိန် ကြာပြီးသည့်နှင့် ရန်ကိုင်က ဆေးမီးဖို့ကို ပုတ်လိုက်ရာ လုံးဝန်း၍ ရွှေရောင်တောက်နေသော ဆေးလုံးလေး တစ်လုံး ခုန်ထွက်လာခဲ့လေ၏။ လူကြီးက ထိုဆေးလုံးကို ခပ်မြန်မြန်ပဲ လှမ်းဖမ်းလိုက်၏။
သေချာ စစ်ဆေးကြည်လိုက်ပြီးနောက် လူကြီး၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်၏ “တကယ်ကို စိတ်ဝိဥာဉ်အဆင့် ဆေးလုံးပါလား”
“ဒီကောင်လေးက ဒီလောက်တောင် တော်တာလား” မိနာ မှင်သက်နေခဲ့၏။ ရန်ကိုင်သည် စိတ်ဝိဥာဉ် ဆေးလုံးကို အမှန်တကယ် သန့်စင်နိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးလုံးသာ ဖြစ်သော်လည်း ထိုအဆင့်သည် သူမနှင့် အလှမ်းဝေးနေသေး၏။
“ဆေးအာနိသင်ကလည်း ကောင်းတယ်။ ဆေးအဆီအနှစ် နည်းနည်းလေးမှ အလဟဿ ဖြစ်မသွားဘူး။ ဆေးသွေးကြောတွေ ဖြစ်လာဖို့ နည်းနည်းလောက်ပဲ လိုတော့တာပါလား။ ဘယ်လောက်တောင် နှာမြောစရာ ကောင်းလိုက်လဲကွာ” လူကြီးက ဆေးလုံးကို စစ်ဆေးရင်း နောင်တ ရနေသည့် လေသံဖြင့် ပြောလိုက်၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၇၄) သူဘယ်လိုနောက်ခံမျိုးကိုများ ပိုင်ဆိုင်ထားတာလဲ
————————————————————
ဆေးသွေးကြော ပါသော ဆေးလုံးသည် ဆေးသွေးကြော မပါသော ဆေးလုံးထက် နှစ်ဆပိုစွမ်း၏။ လူကြီးသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သော်လည်း ရံဖန်ရံခါမှသာ ဆေးသွေးကြော ပါသော ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်၏။ ဖော်စပ်နိုင်သည် ဆိုသည်မှာလည်း လွန်စွာကိုမှ ထူးထူးခြားခြား ကံကောင်းနေ၍ ဖြစ်၏။
ဒဏ္ဏာရီလာ ဆေးတိမ်တိုက် ဆေးလုံးကိုမူ ဖော်စပ်ရန် မပြောနှင့်၊ မြင်ပင်မမြင်ဖူးချေ။
ဆေးလုံးကို ကိုင်ရင်း လူကြီးမှာ အချိန် အတော်ကြာသည်အထိ ဆွံ့အစကားမပြောနိုင် ဖြစ်နေခဲ့၏။
တစ်နာရီကျော်လောက် ကြာပြီးနောက် ရန်ကိုင် ဆေးဖော်စပ်၍ ပြီးစီးသွားခဲ့၏။
ဆေးငါးစုံကို သုံး၍ ဆေးဖော်စပ်ရာ၍ ဆေးလုံး လေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်သန့်စင် နိုင်ခဲ့သော်လည်း နောက်ဆုံးဆေးလုံး တစ်လုံးကိုမူ ရည်ရွယ်ချက်ရှိရှိဖြင့် ကျရှုံးအောင် လုပ်ခဲ့၏။
ယခုအချိန်၌ လူကြီးနှင့် မိန်းမငယ်လေးသည် ရန်ကိုင်အား မှင်သက်အံ့ဩနေသည့် အကြည့်ဖြင့် ငေးကြောင် ကြည့်နေကြလေ၏။
“ဆရာ၊ ဒီလူ ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတာများလား။ သူ့အသက်လေးနဲ့ စိတ်ဝိဥာဉ် အဆင့် ဆေးလုံးကို ဘယ်လိုလုပ်ပြီး ဖော်စပ်နိုင်ရတာလဲ”
“မဖြစ်နိုင်လောက်ဘူး။ ဒါက သူ့အသက် အမှန် ဖြစ်လောက်တယ်။ ဒါပေမယ့် သူဘာလို့ ဒီလောက်တောင် တော်နေရတာလဲ” ပြောပြီးသည်နှင့် မျှော်လင့်ချက် မဲ့နေသည့် အမူအရာဖြင့် သူ့တပည့်ကို စိုက်ကြည့်လိုက်၏။
“ဆရာ။ တပည့်ကို ဘာလို့ အဲ့လို လာကြည့်နေရတာလဲ။ ကျွန်မလည်း ကြိုးကြိုးစားစား လေ့ကျင့်နေပါတယ်နော်” မိနာ မကျေမနပ် ဖြစ်သွားခဲ့၏။
ဆေးပညာနှင့် ပက်သက်လျှင် သူမ၏ အရည်အချင်းသည် အတော်လေးကို ထူးချွန်ပေ၏။ ဤကီလိုမီတာ တစ်ထောင်ပတ်လည်းအတွင်း မိနာ ဆိုသော နာမည်သည် အတော်လေးကို ကျော်ကြားပေ၏။ အနီးအနားရှိ အင်အားစုများသည် သူမအား ဂုဏ်သရေရှိ ဧည့်သည့်အဖြစ်ပင် ဖိတ်ကြားရန် ကြိုးစားခဲ့ကြ၏။ သူမ၏ ပါရမီကြောင့် မိနာသည် အမြဲတမ်း စိတ်ကြီးဝင် ကိုယ့်ကိုယ်ကို အထင်ကြီး၏။ သို့သော်လည်း သူမ၏ မာနသည် သူမရှေ့၌ ရှိနေသော စိတ်ဝိဥာဉ်အဆင့် ဆေးလုံးလေးလုံးကြောင့် ကျိုးပျက်သွားခဲ့ရလေပြီ။
ဆရာနှင့်တပည့် တိုးတိုး တိုးတိုး ပြောနေသည့် အချိန်၌ ရန်ကိုင်က သူတို့ စကားပြော၍ ပြီးသည်အထိ ငြိမ်ငြိမ်လေး ထိုင်စောင့်နေလိုက်၏။ သူတို့ စကားပြော၍ ပြီးလောက်သည် အထင်မှပဲ မေးလိုက်၏ “ဒီစမ်းသပ်ချက်ကို ကျုပ်အောင်ရဲ့လား”
ရန်ကိုင် မေးခွန်းကို ကြားသည့်အခါမှပဲ လူကြီး အသိပြန်ဝင်လာခဲ့ပြီး ဟက်ဟက်ပက်ပက် ရယ်မောလျက် ရိုးသားစွာ ပြုံးကာ ခေါင်းညိတ်၍ “အောင်တယ်။ လုံးဝကို အောင်သွားတာ”
“အဲ့လိုဆိုရင် ကျောက်စိမ်းပြားလေး...”
“ကျောက်စိမ်းပြားကို ငါတို့ ကျိန်းသေ ပေးမှာပါ။ ဒါပေမယ့် ကျောက်စိမ်းပြား မပေးခင်လေး တစ်ယောက်ယောက်ကို မင်းတွေ့သင့်တယ်။ ခဏစောင့်၊ ငါအခုပဲ သူ့ကိုခေါ်လိုက်မယ်” ပြောပြီးသည်နှင့် လူကြီးသည် အပြင်သို့ အလျင်စလို ပြေးထွက်သွားလေ၏။
ယခု အခန်းထဲ၌ မိန်းကလေး မိနာနှင့် ရန်ကိုင်တို့ နှစ်ယောက်သာ ကျန်တော့လေ၏။
ရန်ကိုင် နောက်တစ်ကြိမ် ဆွံ့အသွားခဲ့ရပြန်၏။
“ရှင်က တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ” မိန်းမငယ်လေးက လေးစားအားကျမှုအပြည့်ဖြင့် သူမ၏ လက်လေးကို ဆန့်ထုတ်၍ တည်ကြည်လေးနက်စွာဖြင့် “ကျွန်မကိုယ်ကျွန်မ ပြန်မိတ်ဆက်ပေးပါရစေ၊ ကျွန်မ နာမည်က မိနာ၊ ဆေးပညာ အစည်းအရုံး အခွဲရဲ့ ဆန်းကြယ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်”
“ရန်ကိုင်ပါ” ရန်ကိုင်က ရယ်မောလိုက်ပြီး လက်ချင်းဆွဲ နှုတ်ဆက်လိုက်၏။
“ရှင်ဘယ်ကလာတာလဲ” မိနာက မေးလိုက်ရာ ရန်ကိုင်က “အနောက်ဘက်က”
ရန်ကိုင်ကို စိုက်ကြည့်ရင်း မိနာက သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး အပြုံးလေးနှင့် ပြောလိုက်၏ “ရှင်က တော်တော်လေးကို သတိကြီးတာပဲနော်။ မေ့လိုက်တော့၊ ကျွန်မ မမေးဘူးလို့ဘဲ သဘောထားလိုက်”
ဤနေရာ၏ အနောက်ဘက်သည် နှင်းဖုံးတောင်တန်း ဖြစ်၏။ အနောက်ဘက်မှာ လာသည်ဟု ပြောခြင်းသည် သူစိတ်ကူးပေါက်သလို ဖြေလိုက်သော အဖြေမှန်း သိသာနေ၏။
“ဟုတ်သားပဲ၊ ဆေးအမယ်တွေရဲ့ ပုံစံ အထားအသိုကို ဘာလို့ ပြောင်းပစ်လိုက်တာလဲ”
“အဲ့ဒါက စမ်းသပ်ချက်ထဲ ပါလို့လား” ရန်ကိုင် ကြောင်သွားခဲ့လေ၏။
မိနာက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အဲ့ဆေးပင်တွေကို အကောင်းဆုံး ဖြစ်မယ်ထင်ရတဲ့ ပုံစံအတိုင်း ကျွန်မ စီထားခဲ့တာလေ။ ဒါပေမယ့် ရှင်ပြောင်းလဲပြီးတဲ့ နောက်ပိုင်း ဆေးသန့်စင်ရတာ ပိုပြီး ချော့မွေ့သွားသလိုပဲ။ ရှင့်ကို ဘယ်သူ သင်ပေးခဲ့တာလဲ”
“မသိစိတ်အရ လုပ်လိုက်တာလေ...” ရန်ကိုင်က အနည်းငယ် ရှက်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၏။ ထိုအချိန်တုန်းက တစ်ဖက်လူသည် ဆေးအမယ်များကို ရည်ရွယ်ချက်ရှိရှိ နေရာမှားချထားသည်ဟု ထင်ကာ များများစားစား တွေးနေခြင်း မရှိပြုဘဲ ဆေးပင်များကို ပြန်စီခဲ့ခြင်း ဖြစ်၏။ ကြည့်ရသည်မှာ သူထင်ထားသလို မဟုတ်သည့် ပုံပင်။
“ဘာလို့ အဲ့လို စီလိုက်တာလဲ။ အဲ့ဆေးညွှန်းကို ကျွန်မဆရာက ကျွန်မကို သင်ပေးခဲ့တာလေ။ ကျွန်မ ဆရာရဲ့ ဆေးညွှန်းကများ မှားနေတာလား” မိနာ မျက်မှောင်လေး ကြုံ့လိုက်၏။
ရန်ကိုင်လည်း တစ်ခဏလောက် စဉ်းစားပြီးနောက် ဖုံးကွယ်ထားရန် မစဉ်စားတော့ဘဲ မည်သည့် အတွက်ကြောင့် ထိုကဲ့သို့ လုပ်ခဲ့ရသည်ကို အသေအချာ ရှင်းပြလိုက်၏။ သူရှင်းပြသည်ကို နားထောင်ရင်း မိနာ၏ မျက်ဝန်းအစုံ ရုတ်တရက် တောက်ပသထက် တောက်ပလာခဲ့၏။
မကြာခင်မှာပဲ သူမနှင့် ရန်ကိုင်တို့သည် ဆေးညွှန်းနှင့် ပက်သက်၍ အမေးအဖြေလုပ်ရင်း အချိန်ကုန်၍ ကုန်မှန်းမသိ ဖြစ်သွားခဲ့၏။ ထိုအချိန်အတွင်း လူကြီးနှင့် နောက်ထပ် လူအိုကြီးတစ်ယောက်သည် အခန်း အပြင်ဘက်တွင် ရပ်လျက် သူတို့ပြောသည်ကို နားထောင်နေခဲ့ကြ၏။ နားထောင်လေ နားထောင်လေ သူတို့ ပို၍ အံ့အားသင့်လာရလေ ဖြစ်နေခဲ့၏။
ထိုဆေးညွှန်းတွင် မည်သည့် အမှားမှ မရှိရလေအောင် သေချာပြင်ဆင်ထားခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင် ပြုပြင်သွားသည့် အချက်များကို သိလိုက်ရပြီးနောက် သူပြုပြင်ထားသည့် ဆေးညွှန်သည် မူလဆေးညွှန်းထက် ပိုကောင်းနေသည်ကို တွေ့ရှိလိုက်ရ၏။
အနည်းဆုံး သူတို့သာ ရန်ကိုင် နည်းလမ်းအတိုင်း ထိုဆေးလုံးကို သန့်စင်ပါက အောင်မြင်နိုင်ချေ ပိုများသလို ဆေးအာနိသိလည်း ပိုပြင်းနိုင်ပေ၏။
“အဲ့ကောင်လေးကို မင်းဘယ်ကနေ ရှာလာတာလဲ” လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း လူကြီးကို ကြည့်ကာ မေးလိုက်၏။
“သူ့ဘာသာသူ ရောက်လာတာ” လူကြီးက ပခုံးတွန့်ပြလိုက်ပြီး “ကျုပ်တို့ ရတနာတုံးကြီးကိုများ ကောက်မိတာလား”
လူအိုကြီးက ပြန်မဖြေခဲ့ဘဲ အခန်းတံခါးကို တွန်းဖွင့်၍ အထဲကိုသာ လမ်းလျှောက်ဝင်သွားလိုက်၏။
တံခါးဘက်မှ လှုပ်ရှားသံ ကြားလိုက်သည်နှင့် ရန်ကိုင်လည်း တံခါးဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ အစောပိုင်းတုန်းက ထွက်သွားသည့် လူကြီးနှင့် နောက်ထပ် လူအိုကြီး တစ်ယောက်ကို တွေ့လိုက်ရ၏။
မိနာက ရန်ကိုင်အား အလျင်အမြန် မိတ်ဆက်ပေးလိုက်၏ “ဒါက လူအိုကြီးတုပဲ။ လူအိုကြီးတုက ဒီအစည်းအရုံး အခွဲရဲ့ တာဝန်ရှိသူ တစ်ယောက် ဖြစ်သလို သူတော်စင့်အဆင့် ဆေးပညာရှင် တစ်ယောက် ဆိုလည်း ဟုတ်တယ်”
သူတော်စင်အဆင့် ဆေးပညာရှင် ဟူသော စကားကို ကြားလိုက်သည်နှင့် ရန်ကိုင် သက်ပြင်းရှိုက်လိုက်ပြီး အလျင်အမြန် ပြန်နှုတ်ဆက်လိုက်၏။
တုဝမ်က ပြုံးကာ ခေါင်းညိတ်၍ “မိတ်ဆွေလေး ယဉ်ကျေးစရာ မလိုပါဘူး။ ဒီမှာရှိနေတဲ့ လူအားလုံးက အခုကနေစပြီး မိသားစုတွေပဲလေ”
“ဒါကတော့ ကျွန်မရဲ့ဆရာ၊ ရှင်သူ့ကို တွေ့ပြီးသွားပြီလေ။ သူက စိတ်ဝိဥာဉ် အထွတ်အထိပ် အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ”
ရီရှုံးက ရန်ကိုင်အား သွားပေါ်အောင် ပြုံးပြလိုက်၏။
“ထိုင်ကြလေ” လူအိုကြီးတုက အချက်ပြလိုက်၏။
နေရာကိုယ်စီ ယူထိုင်လိုက်ကြပြီး အချိန် တစ်ခဏ ကြာပြီးနောက် မိနာက သင်းပျံ့သည့် လက်ဖက်ရည်ခွက် အချို့ကို ယူလာခဲ့ပြီး အားလုံးကို ကမ်းပေးလိုက်၏။ တစ်ငုံလောက် သောက်လိုက်ပြီးနောက် လူအိုကြီးတူက ရင်းနှီးဖော်ရွေစွာ ပြုံးကာ ပြောလိုက်၏ “မိတ်ဆွေလေး ငါတို့ ဆေးပညာရှင် အစည်းအရုံးဆီ ဘာလို့ ရောက်လာလဲ ဆိုတာကို ငါလည်း သတိပြုမိပါတယ်။ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်နိုင်တာနဲ့တင် ကျောက်စိမ်းပြားရဖို့ အရည်အချင်း ပြည့်မှီနေပြီ။ ခဏနေရင် ဆေးပညာရှင် အစည်းအရုံးကိုယ်စား ကျောက်စိမ်းပြားကို မင်းဆီ ပို့ပေးလိုက်မယ်”
“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်၏။
“မင်းဆရာ ဘယ်သူလဲ ဆိုတာကို ဒီလူအိုကြီး သိလို့ရမလား”
ထိုမေးခွန်းကို မေးလိုက်သည့် အချိန်၌ ရန်ကိုင်ကို ကြည့်နေသည့် တုဝမ်၏ အကြည့် တောက်ပသွားခဲ့၏။
ရီရှုံး တင်ပြသည်ကို နားထောင်ပြီးနောက် ထိုလူငယ်လေးသည် မရိုးရှင်းလောက်ဘူးဟု တုဝမ် တွေးမိလိုက်၏။ သို့သော် ဆေးညွှန်းအပေါ် ရန်ကိုင် ရှင်းပြသွားသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ဆိုသော လူငယ်လေး မည်မျှ ထူးချွန်သည်ကို တုဝမ် ရုတ်တရက် နားလည်သွားခဲ့ရ၏။
သူရှင်းပြသွားသော အကြောင်းအရာများကို သူပင် မရှင်းမလင်း ဖြစ်နေလေရာ လူငယ်လေး တစ်ယောက်က မည်သည့် အတွက်ကြောင့် နားလည်နေရသနည်း။
တစ်ခုတည်းသော ဖြစ်နိုင်ချေကား လွန်စွာကိုမှ အဆင့်မြင့်လှသော ဆေးပညာရှင်အိုကြီး တစ်ယောက်က သူ့အား သင်ကြားပေးခဲ့သည့် အတွက်ကြောင့် ဖြစ်ရပေမည်။
မည်သို့သော ဆရာမျိုးက ဤမျှ ထူးချွန်လှသော တပည့်တစ်ယောက်အား သင်ပေးခဲ့သည်ကို တုဝမ် အလွန်သိချင်နေမိ၏။
အသက်ငယ်ငယ်၌ပင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)ကို ရောက်ရှိထားပြီး စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေလေရာ ထိုလူငယ်လေး၏ နောက်ခံသည် လွန်စွာကိုမှ အားကောင်းလွန်းရမည် ဖြစ်သလို သူ့ဆရာသည်လည်း လွန်စွာကိုမှ အဆင့်မြင့်လှသော ပုဂ္ဂိုလ်ထူး တစ်ယောက် ဖြစ်ရပေမည်။
လူအိုကြီးတုသည် သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်ဖြစ်သလို မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း ဤတုန်းရွှမ် လောကကြီး အတွင်း၌ သူ့ထက်ပို၍ ကျော်ကြားသော ဆေးပညာရှင် အချို့ ရှိနေသေး၏။ တောတောင်တွေထဲ အောင်းနေသည့် မွန်းစတားအိုကြီးများကိုပင် ထည့်မပြောသေးချေ။ ထိုမွန်းစတား အိုကြီးများသည် လူရှေ့သူရှေ့ နှစ်ရာပေါင်းများစွာကြာအောင် မထွက်ပေါ်လာသော်ငြား သူတို့ ထွက်ပေါ်လာသည်နှင့် အများတကာ မှင်သက် အံ့ဩရသည့် ဆန်းကြယ်နက်နဲသော နည်းလမ်းများ၊ နတ်ဘုရား စွမ်းရည်များကို ထုတ်ပြတတ်၏။
ထို့ပြင် ထိုမွန်းစတားအိုကြီးများသည် သူတို့၏ တပည့်များကို ဘဝအတွေ့အကြုံရအောင် အပြင်လောကကြီးဆီသို့ စေလွှတ်လေ့ ရှိကြ၏။ သူတို့၏ ဆက်ခံသူများသည် အပြင်လောကကြီးဆီသို့ ရောက်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် မုန်တိုင်းထန်အောင် လုပ်ကာ ဤလောကတစ်ခွင် ကျော်ကြားသွားလေ့ ရှိကြ၏။
ရန်ကိုင်ဟုခေါ်သော သူ့ရှေ့ရှိ လူငယ်လေးသည် ထိုကဲ့သို့သော မွန်းစတားအိုကြီး တစ်ယောက်ယောက်၏ ဆက်ခံသူ ဖြစ်နိုင်ချေ များလှ၏။
သူသည် စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သော်လည်း သူနှင့် ပက်သက်သော ဘာမှတ်တမ်းမှ ဆေးပညာရှင် အစည်းအရုံးထဲ ရှိမနေခဲ့ချေ။ သူ့တွင် ကျောက်စိမ်း တံဆိပ်ပြားပင် မရှိချေ။ ထိုအချက်က ရန်ကိုင်ဆိုသော လူငယ်လေးသည် မကြာသေးခင် အချိန်ကမှ အစွန်အဖျား ကျသော နေရာတစ်ခုမှ ထွက်ပေါ်လာသည်ဟု အတိအကျ ဖော်ပြနေခဲ့၏။
လူအိုကြီးတု ရန်ကိုင်ကို ကြည့်လိုက်သည့်အခါ ရန်ကိုင် နောက်ကွယ်၌ ပုန်းအောင်းနေသော မွန်းစတား အိုကြီး တစ်ယောက်ယောက် ရှိနေမည်ဟု တွေးမိလိုက်၏။ ထို့ကြောင့် ရန်ကိုင်၏ အစစ်အမှန် ဇာတ်မြစ်ကို သိလိုခြင်း ဖြစ်၏။
ရီရှံဒးနှင့် မိနာတို့သည်လည်း ရန်ကိုင်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့၏။
“ကျုပ်ဆရာလား” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်မှာ ဆရာမရှိဘူး၊ ဘယ်သူကမှ ကျုပ်ကို မသင်ပေးခဲ့ဖူးဘူး”
“ဆရာမရှိဘူးလား... ဟဲဟဲ” လူအိုကြီးက ယဲ့ယဲ့လေး ပြုံးလိုက်၏။ ရန်ကိုင်၏ နောက်ခံကို အလွယ်တကူ သိရမှာသာလျှင် ထူးဆန်းနေမည် ဖြစ်၏။ ရန်ကိုင် ထိုကဲ့သို့ ပြောလိုက်ခြင်းသည် လူအိုကြီးတု၏ ခန့်မှန်းချက် မှန်ကန်သည် ဆိုသည်ကို အတည်ပြုပေးလိုက်သလို ဖြစ်သါားခဲ့၏။
သို့သော်လည်း ထိုကဲ့သို့သော စကားလုံးများသည် ပြောလိုက်ခြင်းသည် သူအရမ်းကို တုံးအနေခြင်းလား။
လူငယ်များသည် သူတို့ကိုယ်သူတို့ မည်ကဲ့သို့ ဖုံးကွယ်ရမည်ကို အမှန်တကယ်ပင် မသိပါလေတကား။
ထိုကဲ့သို့သော ဆက်ခံသူများသည် အပြင်လောကကြီး ဆီသို့ ခြေဆန့်သည့်အခါ သူတို့ဆရာနာမည်နှင့် သူတို့ လာခဲ့သော ဂိုဏ်းနာမည်ကို ထုတ်ဖော်ပြောဆိုလေ့ မရှိကြချေ။ သို့သော် တစ်ယောက်ယောက်သာ ထိုလူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့လျှင် သူ့နောက်ခံအင်အားစုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လိုက်ခြင်း မည်ပေ၏။
လွန်ခဲ့သော နှစ်တစ်ရာက ထိုကဲ့သို့သော ဆန်းကြယ်သည့် ဆက်ခံသူတစ်ယောက်နှင့် မိတ်ဆွေ ဖြစ်ခဲ့ဖူးသည် အင်အားစုလေး တစ်ခုရှိခဲ့၏။ ဆယ်နှစ်ကြာပြီးနောက် ထိုအင်အားစုလေးသည် ၎င်းထက် ပိုအားကောင်းသော အင်အားစုတစ်ခုနှင့် ရန်သူ ဖြစ်သွားခဲ့ရလေရာ ပြင်းပြင်းထန်ထန်ကို ဖိနှိပ်ခံခဲ့ရကာ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရ၏။ သို့သော် ထိုအင်အားစုကြီးသည် ညတွင်းချင်း လုံးဝ ဖျက်စီးခံလိုက်ရပြီး တုန်းရွှမ်လောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရ၏။
လူအိုကြီးတုသည် သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် မည်သူကမှ သူ့အား လာ၍ ပြဿနာရှာလေ့ မရှိသလို ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် သူနှင့် ရန်ငြိုးရန်စ ရှိသူလည်း မရှိချေ။ ထို့ကြောင့် ပြင်ပအင်အားစုများ၏ အကာအကွယ်ကို ယူပြီး သူ့ကိုယ်သူ ကာကွယ်စရာ မလိုအပ်ချေ။ သူတန်ဖိုးထားသည်ကား ရန်ကိုင်ကို ဆေးပညာ သင်ပေးခဲ့သော ပုဂ္ဂိုလ်ပင်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဤလောကကြီးအတွင်းရှိ မဟာဆေးပညာရှင်းများထဲမှ တစ်ပါး ဖြစ်ရပေမည်။
လူအိုကြီးတုသည် သူတော်စင် အဆင့်နိမ့် အဆင့်တွင် ရပ်တန့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့လေပြီ။ သူသာ ထိုဆေးပညာရှင်အိုကြီးဆီမှ အကြံဥာဏ်လေးများ ရခဲ့လျှင် သူတော်စင် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ကောင်း ချိုးဖျက်နိုင်ပေလိမ့်မည်။
“ဒီက မိတ်ဆွေလေး ဘယ်မှာ နေဖို့စဉ်းစားထားလဲ” လူအိုကြီးတု ဖော်ဖော်ရွေရွေဖြင့် မေးမြန်းလိုက်၏။
“ကျုပ်လည်း မသိသေးဘူး။ အခုလောလောဆယ်တော့ ကျောက်တုံးမြို့တော်ထဲမှ နေရင်ကောင်းမလားလို့” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်က အရမ်း ချောင်ကျနေတဲ့ နေရာတစ်ခုကနေ ထွက်လာတာ မကြာသေးတော့ ဒီလောကကြီးနဲ့ အရမ်းကြီး မရင်းနှီးသေးဘူး။ အစောပိုင်းတုန်းကဆိုရင် ဒီလောကကြီးမှာ ရှိတဲ့ အင်အားစုကြီးတွေရဲ့ နာမည်နဲ့ ဆေးပညာရှင် အစည်းအရုံးကို ကျုပ်သိသေးတာတောင် မဟုတ်ဘူး”
လူအိုကြီးတု၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက် တောက်ပသွားခဲ့ပြီး ပြုံးကာ ခေါင်းညိတ်၍ “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး ဘာမှ ရှက်နေစရာ မလိုဘူးလေ။ မိတ်ဆွေးလေးသာ ကျောက်တုံးမြို့တော်ထဲမှာ ရှိနေသရွေ့ မင်းနားမလည်တာ ရှိရင် ဒီလူအိုကြီးကို လာမေးလို့ ရတယ်။ ဒီလူအိုကြီးက မင်းသိချင်တာတွေကို ဖြေပေးမှာပေါ့”
ထိုသူတော်စင်အဆင့် ဆေးပညာရှင်သည့် မည်သည့် အတွက် သူ့အပေါ် ကောင်းနေရသည်ကို နားမလည်နိုင်ရာ ရန်ကိုင် အမူအရာ တစ်မျိုးတစ်မည် ထူးဆန်းသွားခဲ့ရ၏။
“လူအိုကြီးတု၊ သူ့ကို ဆေးပညာရှင် အစည်းအရုံးထဲမှာ နေခိုင်းလို့ရလား” မိနာက ရုတ်တရက် မေးလိုက်ရာ လူအိုကြီးတုက ပြုံးလိုက်လျက် “သူနေချင် မနေချင်တဲ့ အပေါ်ဘဲ မူတည်လိမ့်မယ်”
“ကျုပ်ဒီမှာ နေလို့ရတယ်လား” ရန်ကိုင် ကြက်သေသေသွားခဲ့၏။
ရန်ကိုင်၏ မှင်သက်နေသည့် အမူအရာကို ကြည့်ရင်း မိနာက အလျင်အမြန် ရှင်းပြလိုက်လေ၏ “ရှင်သာ ဆေးပညာရှင် တစ်ယောက် ဖြစ်နေသရွေ့ ဒီမှာ နေလို့ရတယ်။ ကျောက်တုံးမြို့တော်ရဲ့ ဆေးပညာရှင် အစည်းအရုံး တစ်ခုလုံးမှာ ကျွန်မတို့ သုံးယောက်ပဲ ရှိတယ်။ အခြားဆေးပညာရှင်တွေက အနီးအနားက ဂိုဏ်းတွေမှာ ဂုဏ်သရေရှိ ဧည့်သည်တွေ သွားလုပ်နေကြတယ်လေ။ အခြားနေရာကနေ ရောက်လာတဲ့ ဆေးပညာရှင်အချို့တော့ ရှိတာပေါ့။ ဒါကြောင့် အခုလောလောဆယ် ဘယ်သွားရမှန်း မသိသေးဘူးဆိုရင် ဒီမှာနေလိုက်တာ ပိုကောင်းလိမ့်မယ်။ ရှင်သာ ဒီမှာနေမယ်ဆိုရင် ကျွန်မတို့ အချင်းချင်း အသိပညာ ဗဟုသုတတွေ ဖလှယ်လို့ ရတယ်။ အဲ့လိုဆို နှစ်ဖက်စလုံးအတွက် အကျိုးရှိတာပေါ့၊ မဟုတ်ဘူးလား”
မိနာသည် ရန်ကိုင်အား ဤနေရာ၌ နေစေချင်မိ၏။ အစောပိုင်းတုန်းက ရန်ကိုင် ရှင်းပြသွားခဲ့သည်ကို နားထောင်ပြီးနောက် သူမ အတော်လေး အကျိုးများခဲ့ရလေရာ ရန်ကိုင်နှင့် ဆက်ပြီး ဗဟုသုတ ဖလှယ်ချင်သည်မှာ သဘာဝပင်ဖြစ်၏။
“ခင်ဗျားတို့ဘက် ဖော်ရွေပျူငှာနေမှတော့ ကျုပ်ဘက်ကလည်း လက်ခံပေးရမှာပေါ့” တစ်ဖက်လူက သူ့အား နွေးထွေးစွာ ကြိုဆိုနေလေရာ ရန်ကိုင်ကကော မည်သည့်အတွက် ငြင်းဆန်ရမည်နည်း။ ထို့အပြင် လူအိုကြီးတုနှင့် ရီရှုံးတို့သည့် သူ့အပေါ် မည်သည့် မကောင်းသော ရွယ်ရွယ်ချက်မှ မရှိသည်ကို ရန်ကိုင် ခံစားမိ၏။
“မိတ်ဆွေးလေးက အရမ်း ယဉ်ကျေးလွန်း နေတာပဲ” လူအိုကြီးတုက ပြုံးလိုက်၏။
“ဒါပေမယ့် ကျုပ်ဒီမှာ အကြာကြီး နေမှာ မဟုတ်ဘူးနော်” ရန်ကိုင်က ထပ်ပေါင်းပြောလိုက်၏။
“မိတ်ဆွေလေ သဘောအတိုင်းပေါ့။ လွတ်လွတ် လပ်လပ်သာနေ” ပြောပြီးသည်နှင့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ ပေးလိုက်ရင်း “ဒါက ဆေးပညာရှင် အစည်းအရုံးရဲ့ တံဆိပ်ပဲ။ ဒါနဲ့ဆိုရင် အစည်းအရုံးက ဖွင့်ထားတဲ့ ဆိုင်တွေမှာ အထူးအခွင့်အရေးတွေ ရနိုင်တယ်။ အန္တရာယ်များတဲ့ အခြေအနေထဲ ရောက်နေပြီဆိုရင် ဒီကျောက်စိမ်းပြားက မင်းကို လုံခြုံမှု ပေးစွမ်းကောင်း ပေးစွမ်းနိုင်လိမ့်မယ်”
“လူအိုကြီးတုကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ကျောက်စိမ်းပြားကို လက်ခံယူလိုက်၏။ ကျောက်စိမ်းပြားထဲ အစစ်အမှန်ချီ ထည့်သွင်းလိုက်ရာ အတွင်း၌ ပိုင်ရှင် မည်သူမည်ဝါ ဆိုသည်ကို ခွဲခြားပေးနိုင်သည့် ဆန်းကြယ်သော စွမ်းအင် အမှတ်အသားများ ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၇၅) ဖိတ်ခေါ်မှု
————————————————————
ကျောက်တုံးမြို့တော်မှ ကီလိုမီတာ (၅၀၀)အကွာရှိ နှင်းတောင်တန်း၏ အစွန်းတစ်ချက်၌၊ နွေဦးပေါက် အချိန်အခါပမာ သာယာလှပသော ရှုခင်းတစ်ခု ရှိနေခဲ့၏။ ထိုရှုခင်းအလယ်၌ အဆောက်အဦး များစွာတို့ဖြင့် ပြည့်နေသည့် တောင်ကြားကြီး တစ်ခုရှိနေခဲ့၏။ အချိန်နှင့်မျှ အားကောင်းသော ကျင့်ကြံသူများသည် ထိုတောင်ကြားကြီးထဲမှ ဝင်လိုက်ထွက်လိုက် လုပ်နေခဲ့ကြ၏။
ထိုနေရာသည် မဟာအင်အားစုကြီး တစ်ခု၏ အဓိကအုတ်မြစ် နေရာဖြစ်ပေ၏။
ယခုအချိန်၌ အလုံပိတ်ထားသော အခန်းတစ်ခုထဲမှ တင်ပလင်ခွေထိုင်နေသော လူအိုကြီးသည် ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သူ့မျက်ဝန်းထဲ တောက်ပသည့် အလင်းရောင်တို့ လက်ဖြာသွားခဲ့ပြီး ကျောက်တုံးမြို့တော်ရှိရာ အရပ်ဆီ လှမ်း၍ ကြည့်လိုက်၏။
ထိုအရပ်ဆီမှ အနည်းငယ် ရင်းနှီးနှီးသော ဝေဝါးလှသည့် စွမ်းအင်လှိုင်းများကို ယခုလေးတင် သူအာရုံခံမိလိုက်၏။
တစ်ခဏလောက် စဉ်းစားပြီး နက်နဲဆန်းကြယ်သော လက်ကွက်များကို ဖန်တီး၍ စွမ်းအင်များကို သူ့လက်ထိပ်၌ စုဝေးလိုက်၏။
ခဏအကြာ၌ လူအိုကြီးသည် စွမ်းအင်များ စုဝေးနေသော လက်ချောင်းဖြင့် သူ့ရှေ့တည့်တည့်ကို ဖြတ်ချလိုက်ရာ သူ့ရှေ့ရှိ ဟင်းလင်းပြင်တစ်ခုလုံး အက်ကွဲလာဟန်ရကာ လှိုင်းတွန့်လေးများ တရစပ် ထွက်ပေါ်လာခဲ့လေ၏။ ထိုပျက်ယွင်းသွားသော ဟင်းလင်းပြင် အလယ်ဗဟိုမှ ဝေဝါးနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
လူအိုကြီးသည် ထိုပုံရိပ်ကို သင်္ကာမကင်း စိုက်ကြည့်နေရင်း သူ့မျက်နှာထက် နားမလည်နိုင်သည့် အရိပ်အယောင်တို့ တိုးသထက် တိုးများလာခဲ့၏။ ထိုပုံရိပ်အား သေချာမြင်ရရန်အတွက် သူ့ခွန်အားကို ထပ်တိုးရန် လုပ်နေစဉ်မှာပင် ဟင်လင်ပြင် တုန်ခါသွားခဲ့ပြီး သူလေ့လာနေသော ပုံရိပ်သည် ရုတ်တရက် သူ့ဘက်သို့ လှည့်ကြည့်လိုက်လေ၏။
“အရမ်းကို သတိကြီးတာပဲ” လူအိုကြီး အံ့အားသင့်သွားခဲ့၏။
လူအိုကြီး မြင်သလောက်အရဆိုလျှင် တစ်ဖက်လူသည် အသက်မကြီးသေးသလို သူ့ကျင့်ကြံခြင်းသည်လည်း မြင့်မားလှခြင်း မရှိချေ။ သူသည် အားကောင်းလှသော နတ်ဘုရားစွမ်းရည် တစ်ခုကိုသုံး၍ တစ်ဖက်လူအား ကီလိုမီတာ (၁၀၀) အကွာမှ စစ်ဆေးလေ့လာနေခဲ့သော်လည်း ထိုလူသည် သူ့အား အမှန်အကန်ကို သတိပြုမိသွားခဲ့၏။
ချက်ချင်းဆိုသလို ဟင်းလင်ပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့ပြီး ထိုပုံရိပ်လည်း ပျောက်ကွယ်သွားခဲ့လေ၏။
“စိတ်ဝင်စားစရာပဲ” လူအိုကြီးက ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းအော်ခေါ်လိုက်၏ “ချန်းရန်”
အခန်းတံခါး ပွင့်လာခဲ့ပြီး လူတစ်ယောက် လမ်းလျှောက် ဝင်လာခဲ့ကာ လူအိုကြီးကို လေးလေးစားစားဖြင့် မေးလိုက်၏ “ဘိုးဘေး ဘာများ ညွှန်ကြားချင်လို့ပါလဲ”
“ကျောက်တုံးမြို့ကို သွားပြီး ဒီလူကို ငါ့ဆီ ဖိတ်ခေါ်လာခဲ့ပေး” လူအိုကြီးက သူ့လက်ချောင်းကို ဆ့န်ထုတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံ အမျှင်တန်း တစ်ခုကို ချန်းရန်စိတ်ထဲ ပို့လွှတ်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ၊ ဘိုးဘေး” ချန်းရန်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်၏။
“ကောင်းပြီ၊ သူ့ကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံနော်” လူအိုကြီးက ထပ်ဆောင်း သတိပေးလိုက်၏။
ချန်းရန် အမူအရာ အနည်းငယ် ထူးဆန်း သွားခဲ့သော်ငြား ဘာမှထပ်မမေးခဲ့ဘဲ အခန်းထဲမှသာ လှည့်ထွက်သွားလိုက်လေ၏။
ဆေးပညာရှင် အစည်းအရုံး...
ရန်ကိုင်နှင့် ဆေးပညာနည်းလမ်းအကြောင်း ဆွေးနွေးနေသော မိနာက ရုတ်တရက် မေးလိုက်၏ “ဘာဖြစ်လို့လဲ”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ဟင်းလင်းပြင်ထဲကို စိုက်ကြည့်လိုက်၏။ တစ်ယောက်ယောက်သည် သူ့အား ချောင်းမြောင်းလေ့လာနေသည်ဟု ယခုလေးတင် သူ့စိတ်ထဲ ခံစားမိလိုက်၏။
သို့သော် စစ်ဆေးကြည့်လိုက်သည့်အခါ ဘာကိုမှ မတွေ့ခဲ့ရချေ။
“ဘာမှမဟုတ်ပါဘူး” သူ့စိတ်ထဲ ဇဝေဇဝါ ဖြစ်နေသေးသော်ငြား ရန်ကိုင်က ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်၏။ သူ၏ လက်ရှိကောင်းကင် စိတ်အာရုံဖြင့် ဆိုပါက သူ့အား ချောင်းမြောင်း စူးစမ်းရန် ကြိုးစားခဲ့သော်လူသည် မသေမျိုးအဆင့် ပညာရှင် ဖြစ်လျှင်ပင် ထိုလူအား ခြေရာခံနိုင်သေး၏။ သူတော်စင် အဆင့် ပညာရှင်တစ်ယောက်က သူ့ကို တိတ်တဆိတ် ချောင်းမြောင်း လေ့လာနေမှသာ သူရှာမတွေ့နိုင်မှာ ဖြစ်၏။ သို့သော်လည်း ထိုကဲ့သို့သော ပညာရှင် တစ်ယောက်သည် မည်သည့်အတွက်ကြောင့် သူ့အား တိတ်တဆိတ် ချောင်းမြောင်းလေ့လာနေရသနည်း။
တုန်းရွှမ်းလောကကြီးအတွင်းသို့ ရောက်သည့် အချိန်ကတည်းက ကဝေးမွန်းစတားမှ လွဲ၍ မည်သူနှင့်မှ ရန်ငြိုးမဖွဲ့မိသေး။ သို့သော်လည်း ကဝေမွန်းစတားသည် သေသွားခဲ့လေပြီ။
“အို” မိနာလည်း ဆက်မမေးတော့ဘဲ ရန်ကိုင်နှင့် ဆေးပညာ နည်းလမ်းကြောင်း ဆက်လက် ဆွေးနွေးလိုက်၏။ ရန်ကိုင်က သူ့စွမ်းရည်များကို ဖုံးကွယ်ထားခြင်း မပြုဘဲ သူမမေးသမျှ မေးခွန်းများကို တတ်စွမ်းသလောက် ပြန်လည် ဖြေကြားပေးခဲ့၏။
အစစ်အမှန် ဆေးပညာနည်းလမ်း၏ နက်နဲဆန်းကြယ်သော လျှို့ဝှက်ချက် အချို့ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မပြုခဲ့ချေ။
အစစ်အမှန် ဆေးပညာ နည်းလမ်းသည် မဟာ နတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့သော အမွေအနှစ် တစ်ခု ဖြစ်လေရာ အများကြီး ထုတ်ဖော်ပြောလိုက်ခြင်းသည် သူကိုယ်တိုင်ဆီသို့ ဘေးဒုက္ခများ သယ်ဆောင်လာနိုင်၏။
ဆေးပညာရှင် အစည်းအရုံး၌ နေခဲ့သော လဝက်အတွင်း လူအိုကြီးတုဖြစ်စေ၊ ရီရှုံးဖြစ်စေ၊ မိနာ ဖြစ်စေ အားလုံးသည် သူ့အား မိသားစုဝင် တစ်ယောက်ပမာ ဆက်ဆံခဲ့ကြ၏။
သို့သော် မိနာမှလွဲ၍ လူအိုကြီးတုနှင့် ရီရှုံးတို့သည့် သူ့အား အဆင့်တူကဲ့သို့ သဘောထား ဆက်ဆံနေခဲ့ရာ ရန်ကိုင်မှာ အနည်းငယ် ဂွကျနေခဲ့ရလေ၏။
ထိုရက်များအတွင်း ရန်ကိုင်သည် ဆေးပညာကို အဆက်မပြတ် လေ့ကျင့်နေခဲ့ရာ သူဝယ်ခဲ့သော ဆေးပင်များသည်လည်း အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။
နတ်ဆိုးနတ်ဘုရားမြို့တော်၌ ရှိနေစဉ်အခါက သူလိုအပ်သမျှ ဆေးပင်များကို လီရုန်တို့မှ ထောက်ပံ့ခဲ့သဖြင့် ဆေးပင်တန်ဖိုး အရမ်းကြီး နားမလည်ခဲ့ချေ။ ယခု သူလိုအပ်သည့် ဆေးပင်များကို ကိုယ်တိုင် ရှာဝယ်ယူရသည့် အချိန်မှပဲ သူဘယ်လောက် အသုံးအဖြုန်းကြီးလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့၏။
သူ့တွင် သလင်းကျောက် အတော်များများ ရှိနေသော်လည်း သူသုံးနေသည့်နှုန်းဖြင့် ဆိုပါက မကြာခင်မှာပဲ သူ့တွင် ရှိသမျှ သလင်းကျောက်တုံး အားလုံး ပြောင်သွားပေလိမ့်မည်။
သို့သော်လည်း သူ့ဆေးပညာ စွမ်းရည် တိုးတက်နိုင်ဖို့ရာ ဆေးဖော်စပ်ခြင်းကို အဆက်မပြတ် လုပ်ဆောင်နေခဲ့၏။
“မိနာ၊ နင်တို့ ဆေးအမယ်တွေကို ဘယ်လို လောက်အောင် သုံးကြတာလဲ”
“ရှင်ကိုယ်တိုင်ကကို လူထူးလူဆန်း ဖြစ်နေတာကိုး” မိနာက မျက်ခွံလေး လှန်ပြလိုက်ပြီး “ရှင်ဆေးဖော်စပ်တဲ့ နှုန်းက အရမ်းမြန်လွန်းတယ်။ ကျွန်မဆရာ စိတ်ဝိဥာဉ် အဆင့် ဆေးလုံး တစ်ခါဖော်စပ်ရန် အနည်းဆုံး နေ့တစ်ဝက်လောက် ကြာတယ်။ ဒီတော့ အများဆုံး တစ်ရက်နှစ်လုံးလောက်ပဲ သန့်စင်နိုင်တာပေါ့”
ရန်ကိုင် ကြက်သေသေသွားခဲ့၏။
“ဒါပေမယ့် ကျွန်မ ခေါင်းစဉ်လွဲသွားလို့ ဟီးဟီး။ ကျွန်မတို့ ဖော်စပ်ထားတဲ့ ဆေးလုံးတွေကို သလင်းကျောက်တုံးတွေနဲ့ ပြန်ရောင်ပြီး လိုအပ်တဲ့ ဆေးအမယ်တွေ ပြန်ဝယ်လို့ရတယ်လေ”
သူမ ပြောမှပင် ထိုအချက်ကို ရန်ကိုင် စဉ်းစားမိသွား၏။ သူသည် ဆေးပညာကိုသာ တစ်ချိန်လုံး လေ့ကျင့်နေခဲ့ပြီး ဖော်စပ်ထားသော ဆေးလုံးများကို တစ်ခါမှ မရောင်းချဖူးခဲ့ချေ။ ထို့ကြောင့် ထိုအချက်ကို သူလုံးလုံးမေ့လျော့နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ယခုအချိန် မတိုင်ခင်အထိ ရန်ကိုင်သည် ဆေးအမယ်ကိစ္စနဲ့ ပက်သက်၍ တစ်ကြိမ် တစ်ခါမှ စိုးရိမ်စရာ မလိုအပ်သောကြောင့်ပင်။ ထို့ကြောင့် မည်ကဲ့သို့ ပိုက်ဆံရှာရမည် ဆိုသည်ကို တစ်ခါမှ မစဉ်းစားဖူးခဲ့ချေ။
သူ့တွင် ရှိနေသော ဆေးလုံးအများစုသည် စိတ်ဝိဥာဉ် အဆင့် ဆေးလုံးများ ဖြစ်ကြ၏။ အရည်အသွေးဖြစ်စေ၊ အဆင့်ဖြစ်စေ၊ အားလုံးသည် ကျင့်ကြံသူအများစု လိုအပ်သည်နှင့် ကိုက်ညီ၏။ ထို့ကြောင့် ထိုဆေးလုံးများကို ရောင်းချရာ၌ လုံးဝ ပြဿနာ မရှိပါချေ။
မိနာ၏ ဦးဆောင်မှုနှင့် ရန်ကိုင်သည် ဆေးပညာရှင် အစည်းအရုံး ကွပ်ကဲသည့် ဆေးဆိုင်သို့ ရောက်ရှိလာခဲ့၏။ သူတွေ့ခဲ့ဖူးသော ဆိုင်ရှင်အိုကြီးသည် ရန်ကိုင်အား သလင်းကျောက် ပိုတိုးပေးခဲ့ရာ သူရင်းခဲ့သမျှ ဆေးပင် အားလုံး၏ တန်ဖိုးနှင့် ပြန်ကာမိရုံမက အတော်လေးပင် မြတ်သွားခဲ့သေး၏။
လိုအပ်သည့် ဆေးအမယ်များကို ဝယ်ယူပြီးနောက် ရန်ကိုင် ဆေးပညာရှင် အစည်းအရုံးသို့ ပြန်လာခဲ့လေ၏။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး နောက်တစ်လ ထပ်မံ ကုန်ဆုံးသွားခဲ့၏။
ဆေးပညာရှင် အစည်းအရုံးမှ လူများသည် သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိမှန်း သေချာသွားသည်နှင့် ရန်ကိုင်သည် လူအိုကြီးတုနှင့် စကားပြောရန် ဆုံးဖြတ်လိုက်၏။
ရန်ကိုင်သည် ဆေးပညာကို ဆေးပညာရှင် အစည်းအရုံး၌ တစ်သက်လုံး လေ့လာရန် မစဉ်းစားထားခဲ့ချေ။ သူ့ရည်ရွယ်ချက်သည် ဆေးပညာရှင် ဟူသော အဆင့်အတန်းကို သုံး၍ စုယန်နှင့် စီနီယာမမလေးကို ရှာရန် ဖြစ်၏။
“မိတ်ဆွေလေးက တစ်ယောက်ယောက်ကို ရှာချင်နေတာလား” ရန်ကိုင် စကားများကို ကြားသည်နှင့် လူအိုကြီးတု အံ့အားသင့်သွားခဲ့ရ၏။
“ဟုတ်တယ်။ ကျုပ်စီနီယာအစ်မ နှစ်ယောက်နဲ့ ကျုပ်ရဲ့ စီနီယာဦးလေးပဲ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ နတ်ဆိုးအိုကြီးနှင့် ပက်သက်သည့် သလင်းအချက် နည်းနည်းကိုမှ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။ မန်ဝူရသည် ရှနင်းချန်၏ ဆရာဖြစ်လေရာ သူ၏ စီနီယာဦးလေးအဖြစ် သတ်မှတ်၍ ရပေ၏။
ရန်ကိုင်နှင့်အတူ အပြင်လောကကြီးဆီသို့ ထွက်လာသည့် မဟာဆေးပညာရှင်ကြီး၏ နောက်ထပ် ဆက်ခံသူသုံးယောက် ရှိနေသေးတာပဲဟု တွေးလိုက်မိသည်နှင့် လူအိုကြီးတု၏ မျက်ဝန်းအစုံ လင်းလက်သွားခဲ့ရ၏။ မိန်းကလေး နှစ်ယောက်ကို အကြီးအကဲတစ်ယောက်ကပါ လိုက်ပါ စောင့်ရှောက် ပေးနေရာ ထိုမိန်းကလေး နှစ်ယောက်၏ အဆင့်အတန်းသည် ရိုးရှင်းဟန် မရချေ။ ထို့ပြင် ထိုအကြီးအကဲသည် ရန်ကိုင်ထက်ပင် ပိုပြီး အဆင့်မြင့်နိုင်၏။
“မိတ်ဆွေလေးက လူရှာချင်နေမှတော့ အစည်းအရုံးကလည်း ကူညီပေးရမှာပေါ့။ အခြား အခွဲတွေဆီ ဒီလူအိုကြီး စာရေးပို့လိုက်မယ်လေ။ သတင်းရတာနဲ့ မိတ်ဆွေးလေးကို ချက်ချင်း အကြောင်းကြားလိုက်မယ်။ ဒါပေမယ့် အစည်းအရုံးမှာ လုပ်စရာ အခြားကိစ္စတွေ ရှိနေသေးတာဆိုတော့ အခြား အခွဲတွေက မိတ်ဆွေလေးရဲ့ စီနီယာအစ်မနဲ့ စီနီယာ ဦးလေးကို ရှာပေးလိမ့်မယ်လို့ ဒီလူအိုကြီး အာမမခံနိုင်ဘူး။ မိတ်ဆွေလေးက သူတို့ကို ရှာချင်တယ်ဆိုရင် ကိုယ့်ဘာသာ အဖြေရှာတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါနဲ့တင် တော်တော်လေး အကူအညီ ဖြစ်နေပါပြီ” ရန်ကိုင်က ရိုးရိုးသားသား ပြန်ပြောလိုက်၏။
လူအိုကြီးတုက တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်အား အကြံပေးလိုက်၏ “မိတ်ဆွေလေးသာ လူအင်အား များများနဲ့ ရှာချင်တယ်ဆိုရင် အနီးအနားက အင်အားစုတစ်ခုခုရဲ့ အကူအညီကို ယူပြီးရှာတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် ဆိုတော့ ဘယ်အင်အားစုကမှ မိတ်ဆွေးလေးကို ငြင်းဆန်မှာမဟုတ်ဘူး။ မိတ်ဆွေလေး သွားတဲ့နေရာတိုင်း အားလုံးက လေးလေးစားစားနဲ့ ဖိတ်ခေါ်ကြမှာ”
“ကျုပ်လည်း အဲ့လိုစဉ်းစားနေတာ။ ဒါပေမယ့် အနီးအနားက အင်အားစုတွေနဲ့ မရင်းနှီးတော့ ဘယ်တစ်ခုကို ရွေးရမှန်း မသိဘူး ဖြစ်နေတယ်။ စီနီယာ နည်းနည်းလောက် အကြံပေးလို့ရမလား”
ရန်ကိုင်သည် အနီးအနားရှိ ထိုအင်အားစုများနှင့် လုံးဝကို မရင်းနှီးချေ။ ထို့ကြောင့် ကောက်ကျစ် ဥာဏ်နီဥာဏ်နက် များသည့် အင်အားစုတစ်ခုထဲသာ ဝင်မိလိုက်ပါက နောက်ပိုင်းကျ ထိုအင်အားစုထဲမှ ပြန်ထွက်ရန် ခဲယဉ်းပေလိမ့်မည်။ အခြေအနေ အရပ်ရပ်ကြောင့်သာ မဟုတ်လျှင် အခြား အင်အားစု တစ်ခုထဲသို့ ဝင်မည့်အတွေးကို ရန်ကိုင် ဘယ်သောအခါမှ စဉ်းစားလိမ့်မည် မဟုတ်ချေ။
“ငါသိပြီ” လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “အနီးအနားက အင်အားစုတွေထဲမှာ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရယ်၊ မဟာကောင်းကင် ဂိုဏ်းတော်ရယ်၊ ရှေးဟောင်းလလိုဏ်ဂူရယ်၊ လော့ရှုန်း ဂိုဏ်းတို့ရယ်က လွှမ်းမိုးနိုင်စွမ်း အကြီးမားဆုံးပဲ။ အင်အားစု တစ်ခုခုထဲ ဝင်ချင်တယ်ဆိုရင် အဲ့လေးခုထဲက တစ်ခုကို ရွေးသင့်တယ်။ ဒါပေမယ့် လော့ရှုန်းဂိုဏ်းကိုတော့ မသွားစေချင်ဘူး။ အဲ့လူတွေက ပြောရဆိုရ လွယ်တဲ့လူတွေ မဟုတ်ဘူး။ ကျန်တဲ့ သုံးခုထဲကျတော့... အင်း၊ သူတို့ အင်အားစု တစ်ခုချင်းစီနဲ့ ဒီလူအိုကြီး နည်းနည်းပါးပါး ရင်းနှီးတယ်ကွ။ အဲ့ဒါကြောင့် ဘယ်တစ်ခုကို အကြံပေးရမလဲ ဆိုတာတော့ အခက်သား”
“အဲ့သုံးခုထဲက ဘယ်အင်အားစုကိုမဆို ရွေးလို့ရလား” ရန်ကိုင်က ပြန်မေးလိုက်ရာ လူအိုကြီးတုက “အင်အားစု သုံးခုစလုံးရဲ့ ဂုဏ်သတင်းက တော်တော်လေးကို ကောင်းတယ်။ ဒီလူအိုကြီးကို ရက်နည်းနည်းလောက် အချိန်ပေး၊ ပြီးရင် ငါမင်းကို အဖြေပြန်ပေးမယ်။ အဆင်ပြေလား”
“အဲ့လိုဆိုရင် လူအိုကြီးတုကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“မိတ်ဆွေလေးက အရမ်းယဉ်ကျေးနေတာပဲ”
ဤသို့ဖြင့် နောက်ထပ် ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားခဲ့ပြန်၏။ ထိုရက်များအတွင်း ရန်ကိုင်သည် ဆေးပညာကိုသာ နေ့စဉ်ရက်ဆက် လေ့ကျင့်နေခဲ့ပြီး မိနာက ရန်ကိုင်ဆီမှ အကြံဥာဏ်တောင်းရန် သူ့ဆီ ရံဖန်ရံခါ လာလေ့ရှိ၏။
တစ်နေ့ လူအိုကြီးတုသည် ရန်ကိုင်အား ရုတ်တရက် ခေါ်လိုက်သဖြင့် ရန်ကိုင်လည်း လုပ်လက်စ အလုပ်များကို ချလျက် လူအိုကြီးတု အခန်းဆီ ချက်ချင်း ပြေးတော့လေ၏။
လူအိုကြီးတု ဆုံးဖြတ်ချက် ချပြီးသဖြင့် သူ့အား ခေါ်ခြင်း ဖြစ်ရမည်ဟု ရန်ကိုင်တွေးလိုက်၏။ သို့သော် တံခါးကို ဖွင့်လိုက်သည့် အခါ၌ အခြား မရင်းနှီးသည့် လူစိမ်းတစ်ယောက်ကိုပါ ရန်ကိုင် တွေ့လိုက်ရ၏။
ထိုလူကြီး၏ အရှိန်အဝါသည် အတော်လေးကို ချုပ်တည်းထာလေရာ သူ့မျက်ဝန်းနက်များထဲ အားကောင်းသည့် အသက်ရိပ် အလင်းရောင်တို့ပင် မြင်တွေ့နေရ၏။ ရန်ကိုင် အခန်းထဲသို့ ဝင်လာသည်နှင့် ထိုလူသည် ချက်ချင်းပဲ ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်၏။
မသေမျိုးအဆင့် ပညာရှင်... ရန်ကိုင် ချက်ချင်း တွေးမိလိုက်၏။ ထိုလူဆီမှ ခံစားနေရသည့် အရှိန်အဝါ အရ ထိုလူသည် အနည်းဆုံး မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်ရမည်ဟု ရန်ကိုင် တွေးမိလိုက်၏။
“လူအိုကြီးတု” ရန်ကိုင်က နှုတ်ဆက်လိုက်၏။
“မိတ်ဆွေလေးလည်း ထိုင်လေ” လူအိုကြီးတုက ပြုံးကာ ပြန်ဖိတ်ခေါ်လိုက်လေ၏။
“သူက ဆေးပညာရှင် အစည်းအရုံးရဲ့ အဖွဲ့ဝင် အသစ်လား” လူအိုကြီးက ရန်ကိုင်ကို ဝေ့ကြည့်လိုက်ပြီး မေးလိုက်၏။
“ဟုတ်တယ်။ သူ့ပါရမီက တကယ်ကို ကောင်းတာ။ ဒီအရွယ်လေးနဲ့တင် စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီ” လူအိုကြီးတုက ပြန်ရှင်းပြလိုက်၏။
“စိတ်ဝိဥာဉ်အဆင့်လား” လူအိုကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။
“ဒီလူအိုကြီး လိမ်နေတာ မဟုတ်ဘူး”
“လူအိုကြီးတု ပြောတာကို မယုံဘဲ ဘယ်နေရမှာလဲ” လူကြီးက အလျင်စလို ပြန်ပြောလိုက်၏။
“မိတ်ဆွေလေး၊က သူက မိုးကြိုးဝိဥာဉ် ကျောင်းတော်ရဲ့ အကြီးအကဲ တွမ့်ဟိုင်လေ”
ရန်ကိုင်က ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်၏။
“ဒီလူအိုကြီးနဲ့ အကြီးအကဲတွမ့်က မိတ်ဆွေတွေကွ။ အကြီးအကဲတွမ့် ဘယ်ကနေ သတင်းတွေရလဲ ငါမသိပေမယ့် မင်းဒီမှာ နေနေတယ် ဆိုတာကို ကြားပြီး မင်းကို ဂုဏ်သရေရှိ ဧည့်သည့်အဖြစ် သူတို့ဂိုဏ်းဆီ ဖိတ်ခေါ်ဖို့ ဒီကို ရောက်လာခဲ့တာ”
တွမ့်ဟိုင်က ပြုံးကာ ပြောလိုက်၏ “ကျုပ်က ဆေးပညာရှင် အစည်းအရုံးကို တောက်လျှောက် စောင့်ကြည့်နေတာ မဟုတ်ပါဘူး။ ဒါက တိုက်ဆိုင်သွားတာလို့ပဲ ပြောရမလား၊ ကျုပ်ဂျူနီယာ ညီလေး ကျောက်တုံးမြို့တော်ဆီ လာတုန်းက ဒီက မိတ်ဆွေနဲ့ မိနာတို့ ဆေးပညာရှင် အစည်းအရုံးထဲ အတူတူ ဝင်သွားတာကို မြင်လိုက်တယ်လေ။ ကျုပ်နဲ့ လူအိုကြီးတုက မိတ်ဆွေတွေမှန်း သိထားတော့ ကျုပ်ဂျူနီယာ ညီလေးက ကျုပ်ကို အလောတကြီး တိုက်တွန်းတော့တာပဲ။ ဒီက မိတ်ဆွေလေးကို အခြားသူတွေ လက်ဦးမသွားခင် ကျုပ်တို့ ဂိုဏ်းဆီ အရင်ရောက်အောင် ခေါ်သင့်တယ်လို့ ပြောနေလို့ ဒီနေ့ ကျုပ်ရောက်ချလာခဲ့တာ”
လူအိုကြီးတုက ယဲ့ယဲ့လေး ရယ်လိုက်၏။
ရန်ကိုင် ဆေးပညာရှင် အစည်းအရုံးထဲသို့ ဝင်သည့် အချိန်မှစ၍ တစ်ကြိမ်တည်းသာ အပြင်သို့ ထွက်ဖူး၏။ သို့သော်လည်း ထိုထွက်သည့် အချိန်မှပင် သူ့အား ဂုဏ်သရေရှိ ဧည့်သည့်အဖြစ် ဖိတ်ခေါ်ရန် စိတ်ဝင်စားနေသော တစ်ယောက်ယောက်က တွေ့သွားခဲ့၏။ တိုက်ဆိုင်သည်ဟုပဲ ဆိုရတော့လေမလား။
“ဒီက မိတ်ဆွေ ကျုပ်တို့ စိတ်ဝိဥာည် ကျောင်းတော်ဆီ လာချင်လား” တွမ့်ဟိုင်က ရန်ကိုင်ကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်၏။ စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် ဆိုသည်မှာ သူတို့ဂိုဏ်းအတွက် အဖိုးတန်လှ၏။ သို့သော်လည်း ပို၍ အဖိုးတန်သည်ကား ထိုလူငယ်လေသည် အသက် ငယ်ငယ်လေး ဖြစ်နေခြင်းပင်။ ထို့ကြောင့် သူ့အရည်အချင်းသည် လွန်စွာကိုမှ ကောင်းမွန်ရပေမည်။ တွမ့်ဟိုင်သည်သာ သူ့အား မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ထဲသို့ ဖိတ်ခေါ်နိုင်ပါက အချိန်သာရလျှင် သူ့အား သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်အဖြစ်သို့ပင် ပြုစုပျိုးထောင် ပေးနိုင်၏။ ထိုကဲ့သို့သော အဆင့်ရှိသည့် ဆေးပညာရှင်မျိုး မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ထဲ တစ်ခါမှ ပေါ်မလာဖူးခဲ့ချေ။
ဤသည်ကား ရေရှည်ရင်းနှီးမြှပ်နှံမှု ဖြစ်၏။
သို့သော်လည်း တွမ့်ဟိုင်သည် ထိုကဲ့သို့ လုပ်ကို လုပ်ရဲပေ၏။
================================