← Chapters

အခန်း (၆၇၆-၆၈၀)

Vol. 28 Ch. 676-680

အခန်း (၆၇၆-၆၈၀)

Vol. 28 Ch. 676-680

အပိုင်း(၆၇၆) မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်

————————————————————

“မိတ်ဆွေလေးသာ မိုးကြိးစိတ်ဝိဥာဉ် ကျောင်းတော်ဆီ ဂုဏ်သရေရှိ ဧည့်သည့်အဖြစ် လာရောက်မယ်ဆိုရင် ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်ကလည်း တွန့်တိုနေမှာ မဟုတ်ဘူး” တွမ့်ဟိုင်က ရိုးရိုးသားသား ပြောလိုက်၏။ သူသည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက် ဖြစ်သလို ရန်ကိုင်ထက် အနည်းဆုံး မျိုးဆက်တစ်ခုစာ ပိုအသက်ကြီးသော်လည်း ရန်ကိုင်အား မိတ်ဆွေဟု ခေါ်ရန် တုန့်ဆိုင်းမနေခဲ့ချေ။

“မိတ်ဆွေလေးရန် ဆုံးဖြတ်နိုင်ဖို့အတွက် ညီအစ်ကို တွမ့်ဘက်က ကမ်းလှမ်းချက်တွေကို အရင် နည်းနာဖို့ လိုတယ်လေ” ရန်ကိုင်သည် ထိုကိစ္စများနှင့် ပက်သက်လာလျှင် ဘာမှမသိသူ တစ်ယောက် ဖြစ်သည်ကို သိထားသဖြင့် လူအိုကြီးတုကသာ ရန်ကိုင်အစား ဝင်ပြောပေးလိုက်လေ၏။

တွမ့်ဟိုင်က အားတင်းပြုံးလိုက်ပြီး ပြန်ပြောလိုက်၏ “သူက မင်းလူပဲလေကွာ။ ငါ့သူ့အပေါ် ကောင်းကောင်း မွန်မွန် မဆက်ဆံဘဲ ဘယ်နေပါ့မလဲကွ”

ရန်ကိုင်ကို လေးလေးနက်နက် စိုက်ကြည့်နေရင်း တွမ့်ဟိုင်က ဆက်ပြောလိုက်၏ “ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်က မိတ်ဆွေလေး လိုအပ်တဲ့ ဆေးအမယ်တွေ အကုန်လုံးကို ထောက်ပံ့ပေးမယ်။ ဖော်စပ်ပြီးသား ဆေးလုံးတွေရဲ့ ရောင်းရငွေ (၂၀) ရာခိုင်နှုန်းကို မိတ်ဆွေလေး ယူလို့ရတယ်။ ဆေးလုံး တစ်လုံးရဲ့ တန်ဖိုးက သလင်းကျောက် အတုံး(၁၀၀) ကျသင့်မယ်ဆိုရင် ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်က သလင်းကျောက် အတုံး(၂၀)ကို လက်ဆောင်အဖြစ် မိတ်ဆွေလေးဆီ ပေးမယ်၊ အဲ့လိုမျိုးပေါ့”

လူအိုကြီးတု အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ခေါင်ညိတ်လိုက်၏။

လူအိုကြီးတု၏ အမူအရာကို ကြည့်ပြီး ထိုကမ်းလှမ်းချက်သည် အတော်လေးကို ကောင်းမွန်မှန်း သူနားလည်လိုက်၏။

“ဒါက အခြေခံအကျဆုံး ကမ်းလှမ်းချက်ပဲ ရှိသေးတယ်။ ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်က မိတ်ဆွေလေးအတွက် ဆေးဖော်စပ်လို့ ကောင်းမယ့် အကောင်းဆုံး နေရာကိုလည်း ပေးဦးမှာ။ ပြီးတော့ မိတ်ဆွေလေး လိုအပ်တာတွေကိုလည်း အကောင်းဆုံး ဖြည့်ဆည်းပေးမှာ။ ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်ကို မထိခိုက်သရွေ့ အားလုံး ဆွေးနွေးညှိနှိုင်းလို့ ရတယ်။ ဘယ်လိုလဲ”

ပြေားပြီးသွားသည်နှင့် ရန်ကိုင်ဘက်သို့ လှည့်၍ သူ့အား မျှော်လင့်တကြီး စိုက်ကြည့်လိုက်၏။

ရိုးရိုးသားသား ပြောရလျှင် သူ့ကမ်းလှမ်းချက်သည် အတော်လေးကို ရက်ရောသည်ဟု ဆိုနိုင်၏။ (၂၀) ရာခိုင်နှုန်းသည် ပုံမှန်ကမ်းလှမ်းသည်ထက် အတော်လေးကို များနေ၏။ စိတ်ဝိဥာဉ် အထွဋ်အထိပ် အဆင့် ဆေးပညာရှင် တစ်ယောက်ပင်လျှင် ထိုကဲ့သို့သော ရာခိုင်နှုန်းမျိုး မရကြချေ။

ရန်ကိုင်တွင် အခြားလိုအပ်ချက်များ ရှိနေသေးသည် ဆိုလျှင်လည်း ဆွေးနွေးလို့ ရပေးသေး၏။

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ခဏလောက် စဉ်းစားပြီးနောက် လူအိုကြီးတုဘက်လှည့်ကာ “စီနီယာကော ဘယ်လိုထင်လဲ”

“သူ့ကမ်းလှမ်းချက်တွေက တော်တော်လေးကို ကောင်းတယ်” လူအိုကြီးတုက အမှန်အတိုင်း ပြောခဲ့၏ “ဒါပေမယ့် သဘောတူမယ်၊ မတူဘူး ဆိုတာကတော့ မင်းဆန္ဒအပေါ်ပဲ မူတည်တာပေါ့”

“လူအိုကြီးတုရဲ့ မိတ်ဆွေဆိုမှတော့... ဘာပြဿနာ ရှိတော့မလဲ” ရန်ကိုင်က ပြုံးလိုက်၏။ သူကိုယ်တိုင်က အင်အားစုတစ်ခုဆီ ဝင်ရန် စဉ်းစားထားလေရာ လူအိုကြီးတု ထောက်ခံပေးသော အင်အားစုသည် အနည်းဆုံး ပို၍ လုံခြုံနိုင်ပေ၏။

တွမ့်ဟိုင် အပျော်ကြီးပျော်သွားခဲ့ပြီး အပြုံးကြီး ပြုံးလျက် “မိတ်ဆွေက တကယ်ကို ပြောရဆိုရ လွယ်တာပဲ”

“ဒါပေမယ့် အခြေအနေကိုတွေ နည်းနည်း ပြောင်းချင်တယ်” ရန်ကိုင်က ထပ်ပြောလိုက်၏။

“ပြောလေ” တွမ့်ဟိုင်က လေးလေးစားစားဖြင့် ပြောလိုက်၏။

“(၂၀)ရာခိုင်နှုန်းကို... ကျုပ်မလိုဘူး။ (၁၀) ရာခိုင်နှုန်းပဲ ယူမယ်” ရန်ကိုင်က လက်ညိုးတစ်ချောင်း ထောင်ပြလိုက်၏။

တွမ့်ဟိုင်နှင့် လူအိုကြီးတုတို့ နှစ်ယောက်စလုံး မှင်သက်သွားခဲ့ကြ၏။ သို့သော် ဝင်ရောက် ကြားဖြတ် ပြောဆိုခြင်း မပြုဘဲ ရန်ကိုင် ဆက်ပြောမည်ကိုသာ စောင့်နေလိုက်၏။

“အပြန်အလှန်အနေနဲ့၊ ကျုပ်ကို ကိစ္စတစ်ခုနဲ့ ပက်သက်ပြီး ကူညီပေး။ ကျုပ်တောင်းဆိုမယ့် ကိစ္စက ခင်ဗျားတို့ကို ဘာအန္တရာယ်မှ မဖြစ်စေဘူး ဆိုတာကိုတော့ စိတ်ချထားလိုက်”

“ဘာကိစ္စလဲ” တွမ့်ဟိုင်က မေးလိုက်၏။

“အချိန်တန်ရင် ကျုပ်ပြောပြမယ်။ ပြီးတော့ မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော် အနေနဲ့ ကျုပ်ရဲ့ လွတ်လပ်မှုကို မကန့်သတ်ဖို့ မျှော်လင့်ပါတယ်။ ကျုပ်ထွက်သွားချင်တဲ့ အခါ ဘာအတားအဆီးမှ မတွေ့ချင်လို့”

“ဟုတ်တာပေါ့” တွမ့်ဟိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး “ကျုပ်တို့ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်မှာ လေးစားရတဲ့ ဧည့်သည့်တွေ အများကြီး ရှိပြီးနေပြီ။ သူတို့ သွားချင်သွား၊ နေချင်နေ၊ ကျုပ်တို့ မိုးကြိုးဝိဥာဉ်ကျောင်းတော်က သူတို့ရဲ့ လွတ်လပ်မှုကို တစ်ခါမှ မကန့်သတ်ထားဘူး”

“အဲ့လို ကြားရတာ ဝမ်းသာစရာပဲ” ရန်ကိုင်က ရယ်မောလိုက်၏။

တွမ့်ဟိုင် ပျော်သွားခဲ့ပြီး “အဲ့လိုဆိုရင်၊ အပေးအယူ ကိစ္စ အဆင်ပြေသွားပြီပေါ့”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

လူအိုကြီးတုက ပြုံးကာ ပြောလိုက်၏ “ညီအစ်ကိုတွမ့် အတွက် ဂုဏ်ယူပါတယ်။ တကယ်တော့ ဒီလူအိုကြီး အနေနဲ့ ဒီက‌ မိတ်ဆွေလေးကို ထွက်မသွားစေချင်ဘူး။ ဒါပေမယ့် မိတ်ဆွေးလေးမှာလည်း သူ့အစီအစဉ်နဲ့ သူရှိနေတော့ ဒီလူအိုကြီးအနေနဲ့ မလွှတ်ချင်လွှတ်ချင်နဲ့ပဲ သူ့ကို လွှတ်လိုက်ရတော့မှာပေါ့”

တွမ့်ဟိုင်က အဓိပ္ပါယ်ပါပါ ပြန်ပြောလိုက်၏ “လူအိုကြီးတု၊ မင်းစိတ်ရှိရင် ငါတို့ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ဆီ ဘာလို့ မလာလဲ”

“မင်းအရမ်း လောဘကြီးနေတယ် မထင်ဘူးလား” လူအိုကြီးတုက ရယ်မောလိုက်ပြီး “ဒီလူအိုကြီးကိုတောင် ခေါ်ချင်နေတာလား”

“သူတော်စင်အဆင့် ဆေးပညာရှင်ကို ဘယ်အင်အားစုက မလိုချင်ဘဲ နေမလဲကွ”

“သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်ကို မင်းငှားနိုင်လို့လား” လူအိုကြီးက အသာအယာလေး ပြုံးလိုက်၏။

တွမ့်ဟိုင်အပြုံး ခါးသီးသွားခဲ့ပြီး “ဟုတ်တော့လည်း ဟုတ်တာပဲ”

ခေါင်းလေးတရမ်းရမ်းဖြင့် ရန်ကိုင်ဘက်လှည့်၍ “ဒီက မိတ်ဆွေအနေနဲ့ ဘယ်အချိန်လောက် သွားလို့ အဆင်ပြေမလဲ”

“အချိန်မရွေး သွားလို့ရတယ်”

“အခုဆိုရင်ကော” တွမ့်ဟိုင် ထပ်မစောင့်ချင်တော့ချေ။ ထို့ကြောင့် ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ရ၏။

“ကောင်းပြီ။ အရေးကြီးတဲ့ ကိစ္စတွေက နှောင့်နှေး မနေသင့်ဘူး။ မြန်မြန် သွားကြတာပေါ့” ပြောပြီးသည်နှင့် တွမ်ဟိုင်က အလျင်စလို မတ်တပ်ရပ်လိုက်လေ၏။

“အင်း၊ ခဏလောက် စောင့်ပါဦး။ ကျုပ်မိတ်ဆွေကို နှုတ်ဆက်စကား ပြောလိုက်ဦးမယ်” ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ မိနာဆီ သွားလိုက်၏။ ဤနှစ်လအတွင်း သူတို့နှစ်ယောက်သည် တတွဲတွဲ ဖြစ်နေခဲ့ရာ သူထွက်မသွားခင် သူမကို အသိပေးသင့်သည်မှာ သဘာဝပင် ဖြစ်၏။ မဟုတ်လျှင် ရိုင်းရာ ကျနေပေလိမ့်မည်။

အခန်းတွင်၌ လူအိုကြီးတုနှင့် တွမ့်ဟိုင်တို့ ငြိမ်သက်စွာ ထိုင်နေခဲ့ကြ၏။

ရုတ်တရက် လူအိုကြီးတုက လေသံတိုးတိုးဖြင့် ပြောလိုက်၏ “တွမ့်ဟိုင်၊ ဒီလူအိုကြီးက မင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်။ ဒီက မိတ်ဆွေလေးက သာမန်လူတစ်ယောက် မဟုတ်ဘူး။ မင်းတို့ စိတ်ဝိဥာဉ် ကျောင်းတော်ထဲ ခေါ်ထားတဲ့ အချိန်ကျ သူ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့”

လူအိုကြီး၏ စကားကို ကြားကြားချင် တွမ့်ဟိုင် ကြောင်သွားခဲ့ပြီး အလျင်စလို ပြန်မေးလိုက်၏ “လူအိုကြီးတု၊ မင်းဘာပြောချင်တာလဲ”

လူအိုကြီးတုက ဖြည်းဖြည်းချင်းသာ ခေါင်းရမ်းလိုက်ပြီး ဘာမှ ထပ်မပြောခဲ့လေရာ တွမ့်ဟိုင်မှာ စိတ်ရှုပ်ရှုပ်ဖြင့်သာ ကျန်ရစ်ခဲ့ရလေ၏။

ခဏအကြာ၌ သူ့မိတ်ဆွေများကို သွားနှုတ်ဆက်သော ရန်ကိုင် ပြန်ရောက်လာခဲ့၏။ သူ့ပစ္စည်းအားလုံးသည် အနက်ရောင် စာအုပ်ထဲတွင်သာ ရှိနေသည် ဖြစ်လေရာ သူ့တွင် ဘာမှ ထုပ်ပိုးစရာ မရှိတော့ချေ။ မိနာမှာ ရန်ကိုင်အား မသွားစေချင်သော်လည်း သူ့တွင် သူ့ကိစ္စနှင့် သူရှိနေလေရာ သူမအနေဖြင့် သူ့ကိစ္စများတွင် သွားဝင်ပါ၍ မရချေ။ ရန်ကိုင်နှင့် အချိန်အတော်များများ အတူကုန်ဆုံးခဲ့ပြီးနောက် သူမ၏ ဆေးပညာစွမ်းရည်သည် သူမဆရာ သင်ပေးသည်ထက် ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် တိုးတက်လာခဲ့ရ၏။ ထို့ကြောင့် မိနာ ရန်ကိုင်ကို ထွက်မသွားစေချင်သည်မှာ အထူးအဆန်း မဟုတ်ချေ။

တွမ့်ဟိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရန်ကိုင်အား သူ့အစစ်အမှန်ချီဖြင့် ရစ်ပတ်ကာ ကျောက်တုံးမြို့တော်မှ အလျင်အမြန် ပျံသန်းပျောက်ကွယ်သွားခဲ့လေ၏။

လမ်းတစ်လျှောက် တွမ့်ဟိုင်သည် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ ခွန်အားနှင့် အမျိုးမျိုးသော အကြောင်းအရာများကို သေသေချာချာ ရှင်းပြခဲ့၏။

ရန်ကိုင်အား မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် အပေါ် တွယ်တာလိုစိတ် ရှိစေရန် တွမ့်ဟိုင်သည် မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်၏ ကောင်းကြောင်းများကို ဇွဲ့မလျော့တမ်း ရှင်းပြသွားခဲ့၏။

နှင်းတောင်တန်း အနီး၌၊ တစ်ထောင်မကသော တောင်ကုန်ကြီး၊ တောင်ကုန်းသေးလေးများ ရှိနေခဲ့ရာ မိုးကြိုးဝိဥာဉ်ကျောင်းတော်သည် ၎င်းတို့ထဲမှ အစိတ်အပိုင်း တစ်ခုကို ပိုင်ဆိုင်ထား၏။

တစ်နာရီကြာ ပျံသန်းပြီးနောက် သူတို့ နှစ်ယောက်သည် မိုးကြိုးစိတ်ဝိဥာည်ကျောင်းတော် ပိုက်နက်အတွင်းသို့ ရောက်ရှိလာခဲ့လေ၏။

တောင်ထွတ်ကြီးတစ်ခုထိပ်တွင် ဆင်းလိုက်သည်နှင့် စိမ်းစိုလှသော မြက်ခင်းတောတန်းများကို မြင်တွေ့လိုက်ရသလို သိပ်သည်းလှသော မိုးမြေစွမ်းအင်နှင့် အဆက်မပြတ် တိုက်ခတ်နေသော လေးအေးများကိုလည်း ခံစားမိလိုက်၏။

တောင်အောက်ခြေမှ တောင်အလယ်အပိုင်းအထိ ဆေးပင်များ စိုက်ပျိုးထားခဲ့ပြီး အလယ်ပိုင်းမှ ထိပ်ပိုင်း အထိတွင်မူ၊ နေရာစရာ အိမ်လေးများ ရှိနေခဲ့၏။

တွမ်ဟိုင်က အလျင်အမြန် ရှင်းပြလိုက်၏ “ဒီနေရာက ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဆေးပညာရှင် ဧည့်သည်တစ်ယောက် နေခဲ့တဲ့နေရာပဲ။ ဒါပေမယ့် သူက လွန်ခဲ့တဲ့ လနည်းနည်းလောက်က ဂုဏ်သရေရှိ ဧည့်သည့်အဖြစ်ကနေ နှုတ်ထွက်သွားတော့ ဒီနေရာက နေရာလွတ်ကြီး ဖြစ်နေတာ။ ဘယ်လိုလဲ၊ ဂုဏ်သရေရှိဧည့်သည့်ရန် ဒီမှာ နေမလား။ ဒီနေရာက အရမ်း ရိုးရှင်းတယ်ဆိုရင် ပိုပြီးအသက်ဝင်တဲ့ နေရာတစ်ခု စီမံပေးလို့ရတယ်”

“မလိုဘူး၊ ဒီနေရာက အဆင်ပြေပါတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ သူသည် လူမရှိလျှင် မနေတတ်သည့် လူမျိုး မဟုတ်ချေ။ လူအများကြီး ရှိနေသည်ကမှ ပိုပြီး စိတ်ညစ်စရာ ကောင်းခြင်း ဖြစ်၏။ ထို့ကြောင့် လူအုပ်ကြီးနှင့် ဝေးလေ၊ သူ့အတွက် ပိုအဆင်ပြေလေပင်။

ထိုစကားကို ကြားလိုက်သည်နှင့် တွမ့်ဟိုင်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ဂုဏ်သ‌ရေရှိဧည့်သည်ရန်က ဆေးပညာနည်းလမ်းကို လိုက်စားလေ့လာတော့ လူနေထူထပ်တဲ့ နေရာတွေကို ပိုကြိုက်မယ် ထင်နေတာ”

“အို” ရန်ကိုင်က တွမ့်ဟိုင်ကို သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်၏။

“ဆေးပညာရှင်တွေက ချမ်းသာမှု၊ စွမ်းအားနဲ့ ကျော်ကြားမှုနောက် လိုက်တဲ့လူတွေဆိုတော့ ပုံမှန်ဆို သူတို့တွေက လူနေထူထပ်တဲ့ နေရာမျိုးမှာ နေရတာကို ပိုနှစ်သက်ကြတယ်လေ။ အဲ့လိုလူတွေကို ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်က အရမ်းကြီး အာရုံစိုက်လေ့ မရှိဘူး။ ဒါပေမယ့် ဂုဏ်သရေရှိဧည့်သည့် ရန်လို၊ အချိန်ရှိသရွေ့ ကိုယ်ကိုယ်ကို တိုးတက်အောင် လုပ်နေတဲ့ လူမျိုးတွေကိုတော့ ကျုပ်တို့ ဝိဥာဉ်ကျောင်းတော်က အသေအချာ အာရုံစိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဂုဏ်သရေရှိ ဧည့်သည်ရန်လို လူမျိုးတွေရဲ့ အနာဂတ်က ထွန်းတောက် နေမယ်ဆိုတာ ယုံမှားသံသယ ရှိစရာမှ မလိုတာ။ ဒါကို အချိန်တိုင်း သယ်သွားပေးပါ။ ဂုဏ်သရေရှိဧည့်သည် ရန်မှာသာ ဒါရှိနေသရွေ့ ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ထဲ အချို့ တားမြစ်နေရာတွေက လွဲလို့ ကြိုက်တဲ့နေရာ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်”

ပြောပြီးသည်နှင့် အနက်ရောင် တံဆိပ်ပြားတစ်ခုကို ရန်ကိုင်ဆီ ပေးလိုက်၏။

တံဆိပ်ပြားကို ရသည်နှင့် တစ်ချက် စစ်ဆေး ကြည့်လိုက်ပြီးနောက် သိမ်းထားလိုက်လေ၏။

“ခဏကြာရင် ကူညီပေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။ လိုအပ်တာရှိရင် သူတို့ကနေ ဖြစ်ဖြစ်၊ သတင်းပေးလိုက်လေ။ ဒီက မိတ်ဆွေ ကိုယ်တိုင် မလုပ်နိုင်တာ ရှိရင်လည်း သူတို့ကို ခိုင်းလို့ရတယ်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ဂုဏ်သရေရှိဧည့်သည်ရန်၊ ဘာမှမရှိတော့ရင် ကျုပ် အရင်သွားလိုက်ပါဦးမယ်” တွမ့်ဟိုင်က ရန်ကိုင်အား လေးလေးစားစားဖြင့် ပြောလိုက်၏။

“အခုလောလောဆယ်တော့ ဘာမှ တောင်းဆိုစရာ မရှိသေးဘူး”

တွမ့်ဟိုင်က ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ထွက်ခွါသွားလေ၏။

တွမ့်ဟိုင် ထွက်သွာပြီးနောက် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။

ထိုတောင်ထွတ်သည် အရမ်းကြီး မမြင့်သလို အရမ်းကြီးလည်း မနိမ့်ချေ။ စုစုပေါင်း မီတာ (၂၀၀၀) လောက်သာ အမြင့်ရှိ၏။ တိမ်တိမ်ဖြူတို့ဖြင့် ဝန်းရံနေသည့် တောင်ထိပ်ပေါ်တွင် ရပ်ရင်း ရှုမောဖွယ် သဘာဝရှုခင်းကို ရန်ကိုင် ခံစားနေခဲ့၏။

ဒီနေရာက တကယ်ကို မဆိုးဘူးပဲ ရန်ကိုင်က သူ့ဘာသာတွေးရင်း ပြုံးလိုက်၏။

တွမ့်ဟိုင် ပြောသည်များအရ ဤတောင်ကို ယခင်က ဂုဏ်သရေရှိဧည့်သည်တစ်ဦး ပိုင်ဆိုင်ခဲ့၏။ သို့သော် ထိုစိတ်ဝိဥာဉ် မြက်ပင်မျိုးများနှင့် စိတ်ဝိဥာဉ် ဆေးပင်များသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပေ၏။

ရန်ကိုင်က တောင်တစ်ဝိုက် လှည့်ပတ် လမ်းလျှောက်ရင်း ဆေးဥယျာဉ်ကို လှည့်ပတ် စစ်ဆေးလိုက်၏။ ဤတောင်ထိပ်သည် မိုးမြေစွမ်းအင် ပေါကြွယ်လှရာ ကျင့်ကြံခြင်းအတွက် အရမ်းကို သင့်တော်ပေ၏။

သူ့တောင်ထိပ်ကို စစ်ဆေးပြီးနောက် ရန်ကိုင်သည် အနီးအနားရှိ တောင်များတစ်ဝိုက် လှည့်ပတ် စစ်ဆေးတော့လေ၏။

အနီးအနားရှိ ထောင်ထွတ်များတွင် မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်၏ ဂုဏ်သရေရှိဧည့်သည်များ နေထိုင်နေကြ၏။ ရန်ကိုင်သည် စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်မှန်း သိသွားသည်နှင့် ထိုဂုဏ်သရေရှိဧည့်သည်များ အတော်လေး အံ့အားသင့်သွားခဲ့ကြ၏။ တော်တော်များများသည် ရန်ကိုင်အား အံ့အားသင့်တကြီး၊ လေးစားတကြီး စိုက်ကြည့်နေခဲ့ကြ၏။ ရန်ကိုင်သည်လည်း သူတို့ကြား စကားဝိုင်းမှ မိုကြိုးစိတ်ဝိဥာဉ်ကျောင်းတော် အကြောင်း အတော်များများ သိခဲ့ရ၏။

ယေဘုယျအားဖြင့် ဤဂိုဏ်းသည် အတော်လေးကို ကောင်းလှသည်ဟု ဆိုရမည်။ တွမ့်ဟိုင် ပြောခဲ့သလို မိုးကြိုစိတ်ဝိဥာဉ်ကျောင်းတော်သည် ဂုဏ်သရေရှိ ဧည့်သည့်များအပေါ် အတော်လေးကို ရက်ရော၏။ ဂုဏ်သရေရှိဧည့်သည့်တစ်ယောက် ထွက်သွားချင်သည် ဆိုပါက တားဆီးခြင်းမပြုဘဲ လွတ်လွတ်လပ်လပ် ထွက်သွားခွင့်ပေး၏။

ထို့ပြင် ဂုဏ်သရေရှိ ဧည့်သည်တိုင်း၌ အကူအညီ တစ်ယောက်စီ ရှိကြသလို ကူညီသူတိုင်းသည် မိန်းမလှလေးများ ဖြစ်ကြပေ၏။

ထိုကူညီသူများသည် ထိုတာဝန်ကို လိုလိုလားလားဖြင့် လက်ခံကြသူများ ဖြစ်ကြ၏။ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ထဲ ဂုဏ်သရေရှိဧည့်သည့် တစ်ယောက်၏ ကူညီသူတစ်ယောက် ဖြစ်လာနိုင်ရန် ပြိုင်ဆိုင်သည့် ပြင်းထန်သော ယှဉ်ပြိုင်မှုများပင် ရှိသေး၏။

တကယ်တော့ ဆေးပညာရှင်များသည် ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြရာ သူတို့၏ မျက်နှာသာ ပေးခံရခြင်း သို့မဟုတ် ဆေးပညာရှင် တစ်ယောက်၏ မိန်းမ ဖြစ်လာရခြင်းကို ထိုမိန်းငယ်လေး မျှော်လင့်မိကြသည်မှာ သဘာဝပင် ဖြစ်၏။

အနည်းဆုံး အနေဖြင့် ထိုတောင်ထွတ်များသည် ဂိုဏ်းတွင်းရှိ အကောင်းဆုံး ကျင့်ကြံခြင်း နေရာများ ဖြစ်လေ၏။ လူနေထူထပ်သည့် နေရာမျိုး၌ မိုးမြေစွမ်းအင်ကို အားလုံးအတူတူ မျှဝေသုံးစွဲရသည့် အတွက် သူတို့ စုပ်ယူနိုင်သည့် မိုးမြေစွမ်းအင် ပမာဏသည် အတော်လေးကို နည်းပါး၏။

သူတို့သည်သာ ဆေးပညာရှင်များ နေထိုင်သည့် နေရာတွင်သာ လေ့ကျင့်နိုင်ပါက သူတို့၏ ခွန်အားသည် လျင်မြန်စွာ တိုးတက်လာနိုင်ပေလိမ့်မည်။ ဆေးပညာရှင် တစ်ယောက်နှင့် နီးကပ်ရခြင်းဖြင့် ဆေးလုံး ပြတ်လပ်ခြင်း ပြဿနာများကို ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။

ထိုအကျိုးအမြတ်များကြောင့် ထိုလူများသည် ဆေးပညာရှင်များနှင့် နီးကပ်ချင်ကြ၏။

ထိုနှစ်ရက်၊ သုံးရက်အတွင်း ရန်ကိုင်သည် သူ့စံအိမ် ပတ်လည်နှင့် သူ့ကဲ့သို့ ဆေးပညာရှင် အတော် များများကို သွားရောက် လည်ပတ်ပြီးသွားခဲ့လေပြီ။ သူတို့ဆီမှ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် မည်ကဲ့သို့ လည်ပတ်သည်၊ မည်မျှ ကြွယ်ဝချမ်းသာသည်ကိုလည်း ကြားသိခဲ့ရ၏။

ဗဟိုမြို့တော်ရှိ အင်အားစုများသည် ဤနေရာရှိ အင်အားစုများနှင့် လုံးဝကို မယှဉ်နိုင်ပါချေ။ ကျင့်ကြံခြင်း အဆင့် အကွာကြီး ကွာခြားသည့်အပြင် မိုးမြေစွမ်းအင် သိပ်သည်းမှု၊ ကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝမှု၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များ... တုန်းရွှမ် လောကကြီးမှ ဂိုဏ်းသေးသေးလေး တစ်ဂိုဏ်းပင်လျှင် မိသားစုကြီးရှစ်ခုထက် အဆပေါင်းများစွာ သာလွန်၏။

ထိုကွာခြားမှုကို သိလိုက်ရသည်နှင့် ရန်ကိုင် အနည်းငယ် စိတ်ပျက်မိသွားခဲ့၏။

သုံးရက်ကြာပြီးနောက် သူ့အိမ်အသစ်ဆီသို့ ရန်ကိုင် ပြန်လာခဲ့လေ၏။

တောင်ထိပ်ပေါ်သို့ ရောက်သည်နှင့် အရှိန်အဝါ အသစ်တစ်ခုကို အာရုံခံမိလိုက်ရာ ရန်ကိုင်အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ရလေ၏။

တွမ်ဟိုင်ပြောတဲ့ ကူညီပေးမယ့်လူ ရောက်လာတာ များလား

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၇၇) ငြိမ်နေချင်သော်လည်း လေက တိုက်လာခဲ့ပြီ

————————————————————

သေချာ အနီးကပ်ကြည့်လိုက်ပြီးနောက် အသစ်ရောက်လာသည့် သူ၏ အရှိန်အဝါသည် သူနှင့် ရင်းနှီးနေသည်ကို သတိပြုမိလိုက်ကာ ရန်ကိုင် အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ရ၏။

ခဏလောက်သာ စဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု အလျင်အမြန် ချလိုက်ကာ တံခါးကို ဖွင့်၍ အခန်းထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေ၏။

အော်သံ ယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့ပြီး အိမ်ထဲ၌ တင်ပလင်ခွေ ထိုင်နေသောလူသည် ထိုင်နေရာမှ အလျင်အမြန် ထခုန်လိုက်ကာ တံခါးရှိရာဘက်ဆီသို့ သတိအပြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ရန်ကိုင် မျက်နှာကို မြင်လိုက်သည်နှင့် မှင်သက်သွားခဲ့ပြီး အလိုလို အော်ပြောမိလိုက်၏ “နင်ဘာလို့ ဒီကိုရောက်နေတာလဲ”

“ငါတို့ ထပ်တွေ့ပြန်ပြီနော်” ရန်ကိုင်က သူမကို ပြန်ပြုံးပြလိုက်၏။

တွမ့်ဟိုင် ပို့လိုက်သော အကူသည် နှင်းတောင်တန်း ထဲတွင် သူတွေ့ခဲ့သော ကျိမုန် ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။

သူမ ဝတ်ဆင်ထားသော ရွှေရောင် ဝတ်ရုံများသည် သူမ၏ စွဲဆောင်မှုရှိသော ကိုယ်လုံးလေး၊ မို့မောက်နေသော ရင်အစုံ နှင့် သူမ၏ ခြေတံရှည်များကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

မြင်းမှီးပုံသဏ္ဍာန် ချည်နှောင်ထားသော ပျော့ပျောင်း၊ နူးညံ့လှသည့် ပိတုန်းရောင် ဆံကေသာများသည် သူမ၏ ခါးနှင့် စွံ့ကားနေသော တင်ပါးများထိတိုင် ရောက်ရှိနေခဲ့ကာ ပျိုရွယ်ဝင် အပျိုပေါက်လေး တစ်ယောက်၏ အရောင်အဝါ၊ အသွင်အပြင်ကို ပေးစွမ်းနေခဲ့၏။

ကျိမုန်သည် ရန်ကိုင်ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးဟု ထင်မှတ်ထားသည့်အလား အံ့အားသင့်နေသည့် အကြည့်ဖြင့် သူ့အား စိုက်ကြည့်နေခဲ့၏။

ရုတ်တရက် ဆိုသလို ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်မှောက် ကြည့်လိုက်ပြီး အလျင်စလို မေးလိုက်၏ “နင်ဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲ။ ဒါက နင်ဝင်လာချင်တိုင်း ဝင်လာလို့ ရတဲ့နေရာ မဟုတ်ဘူးနော်”

“အန်” ရန်ကိုင် ကြောင်သွားခဲ့၏။

ကျိမုန်က သူ့ဘေး ပြေးလာခဲ့ပြီး သူ့အဝတ်အစားကို အလျင်စလို ဆွဲကာ “နင်က ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလေ။ ပြီးတော့ ဒီတောင်ထွတ်က ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေ နေဖို့ စီစဉ်ပေးထားတဲ့နေရာ။ နင်မြန်မြန် ထွက်သွားရင် ကောင်းလိမ်မယ်။ သူနင့်ကို မြင်သွားရင် နင့်အတွက် ပြဿနာတွေ တစ်ပြုံကြီး ရောက်လာလိမ့်မယ်နော်”

“ဂုဏ်သရေရှိဧည့်သည့်လား” ရန်ကိုင်မျက်နှာထက် ဆန်းပြားသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး “ဘယ်လို ဂုဏ်သ‌ရေရှိ ဧည့်သည်မျိုးလဲ”

ကျိမုန်၏ ပျာတီးပျာယာ ဖြစ်နေသည့် အမူအရာကို ကြည့်ရင်း သူမသည် ထိုဂုဏ်သရေရှိ ဧည့်သည့်အကြောင်း ဘာမှမသိထားမှန်း ရန်ကိုင် နားလည်လိုက်၏။

“သူက စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ။ သူ့နောက်ခံကလည်း သေးတာမဟုတ်ဘူး။ သူ့လိုအပ်တဲ့ ကိစ္စတွေကို ကူညီပေးဖို့ အကြီးအကဲ တွမ့်ဟိုင်က ငါ့ကို လွှတ်လိုက်တာ” ပြောနေရင်းဖြင့် ရန်ကိုင် ထွက်သွားမည့် အရိပ်အယောင် မပြသေးသည်ကို သတိပြုမိလိုက်ကာ သူမစိတ်ထဲ စိုးရိမ်မိသွားခဲ့ပြီး အော်ပြောလိုက်လေ၏ “နင်ဘာလို့ ရပ်နေသေးတာလဲ။ နင်သေချင်နေတာလား”

“အဲ့လောက် အရေးတကြီး လုပ်စရာ လိုလို့လား” ရန်ကိုင်က ပြုံးကာ ပြန်မေးလိုက်၏။

“အရေးကြီးတာပေါ့၊ စိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည့်တွေ နေတဲ့နေရာကို ကျူးကျော် ဝင်ရောက်လာရင်၊ စိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ တပည့်တွေတောင် ချက်ချင်း သေဒဏ်ပေးခံရတာ။ တောင်ကို စောင့်နေတဲ့ တပည့်တွေ ဘာလုပ်နေကြတာလဲ။ နင်ဝင်လာတာကိုတောင် သူတို့ ဘယ်လိုလုပ်ပြီး မသိရတာလဲ”

“အဲ့ဒါဆို နင်ဘာလို့ ငါ့ကို မတိုက်ခိုက်တာလဲ”

“ဘာလို့ နင့်ကို တိုက်ခိုက်ရမှာလဲ။ နင်က အရမ်းကို ထူးဆန်းလွန်တာကို။ ဘာပဲဖြစ်ဖြစ် သူပြန်မလာခင် နင်မြန်မြန် ထွက်သွားဖို့လိုတယ်။ သူသာ နင့်ကို မြင့်သွားတာနဲ့ ပြဿနာတွေ တက်ကုန်လိမ့်မယ်”

ပြောပြီးသည်နှင့် ရန်ကိုင်ကို တံခါးဆီ စတင် တွန်းတော့လေ၏။ သူမ၏ မျက်နှာပြင်လေးသည်လည်း စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့လေ၏။

“ငါ့ကို အရမ်း မောင်းထုတ်ချင်နေတာပါလား။ ငါနဲ့နင် အတူရှိနေတာကို ဂုဏ်သရေရှိ ဧည်သည့် ဆိုတဲ့လူ မြင်သွားပြီး ငါတို့အပေါ် အထင်လွဲသွားမှာကို နင်ကြောက်နေတာလား။ နင်ပြောနေတဲ့ ဂုဏ်သရေရှိ ဧည့်သည့် ယောကျာ်းတစ်ယောက် ဟုတ်မဟုတ် ဆိုတာကို နင်သိလို့လား” ရန်ကိုင်က ရွှတ်နောက်နောက် လေသံဖြင့် မေးလိုက်၏။

ကျိမုန်မျက်နှာ ရဲတက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်၏ “အဲ့ဒါ နင်နဲ့ဘာဆိုင်လို့လဲ။ သူများ ကိစ္စတွေမှာ ဝင်ရှုပ်ရလောက်တဲ့အထိ နင်အားယား နေတာလား”

“ငါက မေးရုံလေးပဲ မေးလိုက်တာလေ” ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး ရယ်မောလိုက်ကာ “ဂုဏ်သရေရှိ ဧည့်သည့်ရဲ့ အကူအဖြစ် တာဝန်ထမ်းဆောင်ပေးတဲ့ လူတွေက ဂုဏ်သရေရှီဧည့်သည်တွေရဲ့ လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်းပေးရတယ်ဆို။ နောက်ပိုင်းကျ နှစ်ယောက်သား ရင်းနှီးသွားပြီး အချင်းချင်း လက်ထပ် ပေါင်းသင်းသွားနိုင်တယ် ဆိုလားပဲ။ အဲ့ဂုဏ်သရေရှိ ဧည့်သည့်က ထိပ်ပြောင်ပြောင်နဲ့ လူအိုကြီးတစ်ယောက် ဖြစ်နေမှာကို နင်မကြောက်ဘူးလား”

ကျိမုန် ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရင်သွားခဲ့ပြီး သူမ မျက်ဝန်းထဲ ထိတ်လန့် တုန်လှုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ကာ ခေါင်းခါရမ်းလျက် “မဖြစ်နိုင်ဘူး။ အဲ့လူက အသက် မကြီးသေးဘူးလို့ အကြီးအကဲတွမ့်ဟိုင် ငါ့ကို ပြောခဲ့တာ။ မဟုတ်ရင် ဒီနေရာကို လာဖို့ သဘောတူခဲ့မှာ မဟုတ်ဘူး။ အဲ့လူက ဘယ်လိုလူမျိုးလဲ ဆိုတာကို ငါမသိပေမယ့် အသက်မကြီးသေးဘူး ဆိုတာကိုတော့ ငါသိတယ်။ နင်အရမ်း မုန်းဖိုးကောင်းတာပဲ။ အခြားလူတွေကို အကြောင်းပြချက်မရှိ လိုက်ပြီး အပုပ်ချနေတယ်”

ရန်ကိုင်က သူမကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

“ဘာလဲ”

“ဘာမှမဟုတ်ပါဘူး။

“ဘာမှမဟုတ်ရင် သွားတော့။ နင့်အပေါ် လှုပ်ရှားရအောင် ငါ့ကို တွန်းအားပေးမလာနဲ့နော်” ကျိမုန်က မကျေမနပ်သံ ပြုလိုက်၏။ သူမလေသံသည်လည်း အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့လေပြီ။

“ကောင်းပြီ၊ ကောင်းပြီ၊ ငါဒီမှာပဲ ရပ်လိုက်တော့မယ်” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူမ၏ ဆက်လက်စနောက်ရန် စိတ်မဝင်စားတော့သဖြင့် သူ့အင်္ကျီထဲမှ အကြီးအကဲ တွမ့်ဟိုင်ပေးခဲ့သည့် တံဆိပ်ပြာကို ထုတ်ယူလိုက်ပြီး ကျိမုန်ဆီ ပေးကာ “နင်ဒါကို မှတ်မိလား။ တွမ့်ဟိုင်က နင့်ကို များများစားစား မပြာခဲ့ဘူးနဲ့တူတယ်”

“ဂုဏ်သရေရှိဧည့်သည့် တံဆိပ်ပြားလား” ကျိမုန် သူမ၏ ပါးစပ်ကို လက်လေးဖြင့် အုပ်လိုက်ပြီး ရန်ကိုင်ကို အံ့ဩတကြီး စိုက်ကြည့်ရင်း “နင်ဘယ်လိုလုပ်ပြီး...”

ရုတ်တရက် သူမ မျက်ဝန်းထဲ ရှုပ်ထွေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်ကာလိုက်ကာ အော်ပြောလိုက်၏ “အသစ်ရောက်လာတဲ့ ဂုဏ်သရေရှိ ဧည့်သည့်က နင်တော့ မဟုတ်လောက်ဘူးမလား”

“ငါပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး တံဆိပ်ပြားကို ပြန်သိမ်းထားလိုက်လေ၏။

ကျိမုန် ကြက်သေသေနေခဲ့၏။ ဤနေရာ၌ နှစ်ရက်ကြာအောင် ထိုင်စောင့်ပြီး အသစ်ရောက်လာသည့် ဂုဏ်သရေရှိ ဧည့်သည်သည် မည်ကဲ့သို့သော လူဖြစ်မည်၊ သူမထက် အသက်မည်မျှ ကြီးလိမ့်မည်ဟု စဉ်းစား တွေးတောနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုလူသည် ရန်ကိုင် ဖြစ်နေလိမ့်မည် ဆိုသည်ကိုမူ သူမ တစ်ခါမှပင် စိတ်မကူးခဲ့ဖူးချေ။ ထိုလူသည် လူအိုကြီးတစ်ယောက် ဖြစ်ရန်ကို အသာထား၊ ရန်ကိုင်သည် သူမထက်ပင် ငယ်ရွယ်နေသေး၏။

“ဂုဏ်သရေရှိဧည့်သည့်ကို နှုတ်ဆက်ပါတယ်” ကျိမုန်က သူမ၏ မျက်နှာ အမူအရာကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး ရန်ကိုင်အား လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်၏။

“ယဉ်ကျေးနေစရာ မလိုပါဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။ သူမည်သူ မည်ဝါဆိုသည်ကို သိပြီးသွားသည်နှင့် ပြောင်းလဲသွားသော ကျိမုန်၏ အမူအရာကို ကြည့်ရင်း ရန်ကိုင် စိတ်မသက်မသာ ဖြစ်သွားခဲ့၏။

“ငါတောင်းပန်ပါတယ်။ နင်က အကြီးအကဲတွမ့် ပြောခဲ့တဲ့လူ ဖြစ်နေလိမ့်မယ်လို့ ငါမတွေးလိုက်မိဘူး... နင်က ဒီနေရာကို ဘယ်သူမှ မသိအောင် ခိုးဝင်လာတာ လို့ပဲ ငါထင်နေခဲ့တာ။ ငါတကယ်ကို မသိခဲ့လိုပါ..” ကျိမုန်က အလျင်စလို ရှင်းပြလိုက်လေ၏။

“ရှင်းပြစရာ မလိုပါဘူး” ရန်ကိုင်က သူမကို ပြုံးပြလိုက်ပြီး အတွင်းဘက်သို့ လမ်းလျှောက် ဝင်သွားလိုက်လေ၏။

အပြင်ဘက် အခန်းထဲ၌ ကျိမုန်သည် ရန်ကိုင်အား ငေးကြောင် ကြည့်နေရင်း အော်ငိုလိုက်ချင်ပါသော်လည်း မျက်ရည်က ကျမလာခဲ့။ ဂုဏ်သရေရှိ ဧည့်သည့်နှင့် တွေ့တွေ့ချင်း တစ်ဖက်လူ အထင်အမြင်‌ကောင်းအောင် လုပ်ပြချင်သော်ငြား၊ ထိုကဲ့သို့ ဖြစ်မလာနိုင်ခဲ့ရုံမက ထိုလူသည် သူမနှင့် ဆိုးရွားသော ဆက်ဆံရေး ရှိနေသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေခဲ့ဖူးချေ။

သူမ၏ ရည်ရွယ်ချက်များကို မတော်တဆ ထုတ်ဖော်ပြောဆိုမိခဲ့သည့် အကြောင်းကို ပြန်တွေးရင်း ကျိမို နောင်တရနေခဲ့၏။ သူမသည် အကျိုးအမြတ် ရရန်အတွက် မိမိခန္ဓာကိုယ်ကိုပင် ရောင်းစားသည့် မိန်းမပျက်မတစ်ယောက်ဟု တစ်ဖက်လူ ထင်သွားမည်ကို ကျိမုန် တွေးပူမိနေခဲ့၏။

----------------------------------

မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ အဓိက နေရာတစ်ခု၌...

ခန်းမတွေထဲမှ တစ်ခုထဲ၌ တွမ့်ဟိုင်သည် ထိုင်ချရုံပင် ရှိသေး၊ အခန်းထဲသို့ တစ်ယောက်ယောက် ဝင်လာသည်ကို သတိပြုမိလိုက်၏။

တွမ့်ဟိုင်က မော့ကြည့်လိုက်ပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်၏ “ဂျူနီယာညီလေး ရှုပါလား”

“စီနီယာအစ်ကိုတွမ့်၊ ကျုပ်ပြောခဲ့တဲ့ ကိစ္စ အခြေအနေ ဘယ်လိုလဲ” ရှုချီက အလျင်အမြန် မေးလိုက်၏။ သူ့လေသံထဲ စိုးရိမ်ရိပ် တစ်စွန်းတစ်စတို့ ထင်ဟပ်နေခဲ့၏။

တွမ့်ဟိုင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ဂျူနီယာ ညီလေးရှုက စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ကိစ္စတွေကို အာရုံစိုက်လေ့ မရှိဘူးမလား။ ဒီတစ်ကြိမ်ကျ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စိတ်ပူနေရတာလဲ။ ဒါပေမယ့် ဒီတစ်ကြိမ် မင်းသတင်း အပေးမြန်သွားလို့ ငါလည်း ငါ့တာဝန်ကို မကျရှုံးခဲ့ဘူး”

“တကယ်လား” ရှုချီ ပျော်ရွှင်စွာ ပြုံးလိက်၏။

“အင်း၊ လွန်ခဲ့တဲ့ သုံးရက်လောက်ကလည်း သူ ငါတို့ ဝိဥာဉ်ကျောင်းတော်ဆီ ရောက်နေတာ။ အခု လောလောဆယ် ဂုဏ်သရေရှိ ဧည့်သည့်တွေကို ထားတဲ့ တောင်တစ်လုံးမှာ နေနေတယ်။ သူ့ကိစ္စတွေကို ကူညီပေးဖို့ ရုပ်ချောချော မိန်းကလေး တပည့် တစ်ယောက်ကိုလည်း ငါလွှတ်ထားပေးလိုက်သေးတယ်။ နောက်ပိုင်းကျ သူဒီကနေ ခွါချင်မှာတောင် မဟုတ်တော့ဘူးလို့ ငါယုံတယ်” ပြောပြီးသည်နှင့် အနားရှိ စားပွဲခုံဆီ သွားလိုက်ပြီး လက်ဖက်ရည် တစ်ခွဲ့ငှဲ့ကာ ရှုချီကို ပေး၍ ကျေးဇူးတင်စကား ဆိုလိုက်လေ၏ “ဂျူနီယာညီလေး၊ ဒီတစ်ကြိမ်တော့ မင်းကို ကျေးဇူးပဲကွာ။ ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်က မျိုးစေ့ကောင်းလေး တစ်စေ့ကို မင်းကြောင့် စုဆောင်းမိလိုက်နိုင်သွားခဲ့တယ်။ နောင်ပိုင်းကျ သူက ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်အတွက် အရမ်းကို အရေးပါလာမှာ။ ငါလည်း ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ ပြန်သတင်းပို့ပြီး မင်းကို ကောင်းကောင်း ဆုချခိုင်းရမယ်”

ထိုစကားများကို ကြားလိုက်သည်နှင့် ရှုချီ အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့၏။ သူ့မျက်နှာထက် ပျော်ရွှင်သည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရလေရာ တွမ့်ဟိုင်လည်း နားမလည်နိုင် ဖြစ်သွားခဲ့ပြီး “ဘာလို့လဲ။ တစ်ခုခု မှားနေလို့လား”

“စီနီယာအစ်ကိုတွမ့်၊ ကျုပ် ရိုးရိုးသားသားပဲ ပြောတော့မယ်။ အဲ့လူငယ်လေးကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ခိုင်းရတာက သူက ဆေးပညာရှင်တစ်ယောက် ဖြစ်နေလို့ မဟုတ်ဘူး”

“တကယ်ကြီးလား၊ အဲ့လိုဆိုရင် ဘာလို့လဲ”

ရှုချီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး အနီးအနား၌ ဘယ်သူမှ မရှိကြောင်း သေချာသွားမှ တွမ့်ဟိုင်ကို အနားလာရန် လက်ယပ်ခေါ်ပြလိုက်၏။

ရှုချီ အရမ်း သတိထားနေသည်ကို ကြည့်ရင် တွမ့်ဟိုင်လည်း အနည်းငယ် လေးနက်သွားခဲ့ပြီး ယခုကိစ္စကသည် ထင်ထားသလောက် မရိုးရှင်းကြောင်း အလျင်အမြန်ပဲ နားလည်သွားလိုက်ကာ ရှုချီနား တိုးကပ်သွားလိုက်လေ၏။

“ခေါင်းတလားသယ်လူကြီးကြောင့်ပဲ”

တွမ့်ဟိုင် ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး ရှုချီကို စိုက်ကြည့်လိုက်၏။

အချိန်အတော်ကြာပြီးနောက် တိုးတိုးလေး ပြန်မေးလိုက်၏ “မင်းဘာပြောချင်တာလဲ။ ဒီကိစ္စက ခေါင်းတလားသယ်လူကြီးနဲ့ ဘာဆိုင်လို့လဲ”

“အရင်အကြိမ်တုန်းက ခေါင်းတလာသယ်လူကြီးကို ကျုပ်မတော်တဆ တွေ့လိုက်မိတဲ့ ကိစ္စကို စီနီယာအစ်ကို မှတ်မိသေးလား မသိဘူး”

“အင်း၊ ငါမှတ်မိတယ်”

“အခြားသူတွေနဲ့အတူ ကျုပ်လည်း ခေါင်းတလားသယ်လူကြီးနောက်ကို လိုက်သွားခဲ့တာ။ ခေါင်းတလားသယ်လူကြီး လွတ်လပ်သော အဖွဲ့အစည်း ပိုင်မြေဖြစ်တဲ့ လောင်ကျွမ်းမီးတောက် မြို့တော်မှာ ရပ်တန့်ပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို စီနီယာအစ်ကိုလည်း ကြားလောက်မှာပေါ့”

“ငါမှတ်မိသလောက်ဆို ခေါင်းတလားသယ် လူကြီးက လွတ်လပ်သော အဖွဲ့အစည်းက တပည့်တစ်ယောက်ကို ဖမ်းပြီး ပျောက်သွားတယ်ဆိုလားပဲ”

“တကယ်ဆိုရင် အဖမ်းခံလိုက်ရတဲ့လူက လွတ်လပ်သော အဖွဲ့အစည်းရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး။ အဲ့ကိစ္စနောက်ပိုင်း စုံးစမ်းကြည့်လိုက်တော့ ဖမ်းခံလိုက်ရတဲ့ လူရဲ့ နောက်ခံက မရှင်းမလင်းပဲ။ ပြီးတော့ သူက လွတ်လပ်သော အဖွဲ့အစည်းက မိန်းကလေးတပည့် နှစ်ယောက်နဲ့ ရင်းနှီးနေတာပဲ ရှိတာ။ အဖွဲ့အစည်းရဲ့ တပည့်မဟုတ်ဘူး။ ဒါပေမယံ် အရေးအကြီးဆုံးက ခေါင်းတလာသယ်လူကြီး ဖမ်းခေါ်သွားခဲ့တဲ့ လူက စီနီယာအစ်ကို ခေါ်လာခဲ့တဲ့ ဂုဏ်သရေရှိ ဧည်သည့်ပဲ”

“ဘယ်လို” တွမ့်ဟိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး “သူဆိုတာ သေချာလို့လား။ မင်းအထင်မှားနေတာ မဟုတ်ပါဘူးနော်”

ရှုချီက ခေါင်းခါလိုက်ပြီး “ရိုးရိုးသားသား ပြောရရင်၊ ကျုပ်လည်း မျက်စိအမြင်မှားလာများလား ဆိုပြီးတော့တောင် ထင်လိုက်မိသေးတယ်။ ကျောက်တုံးမြို့တော်မှာ သူ့ကို မြင်လိုက်တုန်းက ကျုပ်မျက်လုံးတောင် ကျုပ် မယုံနိုင် ဖြစ်သွားတာ။ ဒါပေမယ့် သေချာလေ့လာကြည့်ပြီးတော့မှ သူက ခေါင်းတလာသယ်လူကြီး ဖမ်းခေါ်သွားခဲ့တဲ့ လူမှန်း (၁၀၀)ရာခိုင်နှုန်း သေချာသွားတာ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ခေါင်းတလားသယ်လူကြီး ဖမ်းခေါ်သွားခြင်း ခံရပြီဆိုလျှင် အဆုံးသတ် တစ်ခုသာ ရှိတော့၏။ ထိုအဆုံးသတ်သည်ကား သေခြင်းတရားပင်။ သို့သော်လည်း ရန်ကိုင်သည် မသေရုံမက လုံးဝကို အကောင်းအတိုင်း ရှိနေခဲ့လေ၏။

“စီနီယာအစ်ကိုလည်း ခေါင်းတလားသယ်လူကြီး အကြောင်း ကောင်းကောင်း သိလောက်မှာပေါ့။ ခေါင်းတလားသယ်လူကြီးက အရမ်းကို ထိတ်လန့်ဖို့ ကောင်းတဲ့ ရတနာတစ်ခုကို ကာကွယ်စောင့်ရောက် နေတယ်ဆိုပြီးတော့တောင် သတင်းတွေ ထက်နေတာလေ။ အဲ့ရတနာကို ရလိုက်တဲ့ ဘယ်သူမဆို အစစ်အမှန် အရှင်သခင် တစ်ပါး ဖြစ်လာမှာတဲ့။ သူက ခေါင်းတလားသယ်လူကြီး ဖမ်းတာ ခံရပြီးတာတောင် အသက်ရှင်နေသေးတယ် ဆိုတော့ အဲ့ရတနာအကြောင်း သူလည်း သိလောက်မှာပေါ့။ အနည်းဆုံး ခေါင်းတလားသယ်လူကြီး ဘယ်နေရာမှာ ပုန်းနေလဲ ဆိုတာကို သူသိလောက်မှာပေါ့။ ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်ကသာ အဲ့ရတနာကို အောင်အောင်မြင်မြင် ရယူနိုင်လိုက်ရင် ကောင်းကင်ဂိုဏ်းတော်၊ လော့ရှုန်း ဂိုဏ်းနဲ့ ရှေးဟောင်းလကောင်းကင်လိုဏ်ဂူတို့ကို ရှင်းထုတ်ပစ်ပြီး ဒီလောကကြီးတစ်ခုလုံးကို စိုးမိုးနိုင်လိမ့်မယ်”

“ဒါက ဒဏ္ဏာရီ သက်သက်ပဲလေ...” တွမ့်ဟိုင်က သူ့ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းလိုက်၏။

“ဒါပေမယ့် ကြိးစားကြည့်ဖို့ ထိုက်တန်တယ်လေ”

“သူက စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေရင်တောင်မှလား”

“ဘယ်လို၊ တကယ်ကြီးလား” ယခုတစ်ကြိမ်တော့ ရှုချီ အံ့အားသင့်ရမည့် အလှည့်ဖြစ်၏။

“ဟုတ်တယ်။ ကျောက်တုံးမြို့တော်က လူအိုကြီးတုက သူ့ကို အရမ်းပစားပေးထားတာ။ ထွက်မသွားခင်တုန်း ကတောင် သူ့အပေါ် မရိုးမသား မဆက်ဆံဖို့ အတန်တန် သတိပေးခဲ့သေးတယ်။ အဲ့လူငယ်လေးရဲ့ နောက်ခံက ပုံမှန် မဟုတ်လောက်ဘူးတဲ့”

“လူအိုကြီးတုတောင် သူ့ကို အခုလိုမျိုး ချီးကျူးတာလား” ရှုချီ မှင်သက်သွားခဲ့ပြီး “ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျုပ်တို့ ရထားတဲ့ သတင်းတွေအရဆို၊ သူ့နောက်ခံက မရှင်းမလင်း ဆိုတော့ ဘာအရေးစိုက်စရာမှ မလိုဘူးမလား”

“မရှင်းမလင်း ဖြစ်နေလို့ကို သတိထားနေရတာလေ” တွမ့်ဟိုင်က လေးနက်တည်ကြည်စွာဖြင့် ပြန်ပြောလိုက်၏။

ရှုချီမှာ ရေအေးအေးဖြင့် လောင်းချခံလိုက်ရသည့် အလား သူ့မျက်နှာထက်ရှိ အပြုံးတို့သည် တစတစ ပျောက်ကွယ်သွဦးခဲ့လေ၏။ ရန်ကိုင် နောက်ခံကို စုံစမ်းခဲ့စဉ်က သူရရှိခဲ့သည့် သတင်းများထဲ မေးခွန်ထုတ်စရာ အချက်ပေါင်းများစွာ ရှိနေသည်ကို သူရုတ်တရက် တွေ့ရှိလိုက်ရ၏။

“စီနီယာပဲ ဆုံးဖြတ်တော့။ သူ့ကို ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ အနာဂတ် ထောက်တိုင် တစ်ခုအဖြစ်ပဲ ပြုစုပျိုးထောင်ပေးမလား။ ဒါမှတော့ ကံပဲ စမ်းကြည့်မလား။ စီနီယာပြောတဲ့အိုင်းပဲ ဂျူနီယာလုပ်မယ်” ရှုချီလည်း ထိုကိစ္စအကြောင်း ဆက်မပြောတော့ဘဲ ဆုံးဖြတ်မည့် ကိစ္စကို တွမ့်ဟိုင် လက်ထဲသာ ထည့်ပေးလိုက်လေ၏။

ထိုကဲ့သို့သော ငယ်ရွယ်သည့် စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်သည် လွန်စွာကိုမှ ရှားပါးလှ၏။ သူ့အား ဤနေရာသို့ ဖိတ်ခေါ်ပြီးနောက် ရန်စလိုက်မည် ဆိုပါက သူတို့ စိတ်ဝိဥာဉ် ကျောင်းတော် အတွက် ကြီးကြီးမားမား ဆုံးရှုံးသွားနိုင်ပေ၏။

တွမ့်ဟိုင် အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းပြလိုက်၏။

ရှုချီ ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်၏။

ရှုချီ ထွက်သွားပြီးနောက် တွမ့်ဟိုင် မျက်လုံး ပိတ်လိုက်ပြီး ထိုအကြောင်းကို စဉ်းစားလိုက်၏။ သူ့မျက်ခုံးကြောတို့ တင်းတင်းကြပ်ကြပ် ကူးကပ်နေခဲ့လေရာ သူ့မှာ ထိုကိစ္စနှင့် ပက်သက်ပြီး အတော်လေးကို ဆုံးဖြတ်ရ ခက်နေဟန် ရ၏။

ဒဏ္ဏာရီအဆိုအရ ခေါင်းတလားသယ်လူကြီးသည် တုန်ရွှမ်းလောကကြီးကို နှစ်ပေါင်းများစွာကြာအောင် လှည့်ပတ်သွားလာခဲ့၏။ သူနှင့် ပက်သက်၍လည်း ကောလဟာလပေါင်းများစွာ ရှိ၏။ သို့သော် ခေါင်းတလားသယ် လူကြီးသည် အနီရောင် ခေါင်းတလားထဲ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသည်ဟု ပညာရှင်ပေါင်းများစွာက ယုံကြည်ထားကြ၏။

ထို့အတွက်ကြောင့်သာ မဟုတ်လျှင် မသေမျိုးအဆင့် ပညာရှင်ပေါင်း များစွာသည် အချိန်ကုန်ခံပြီး အလောင်းသယ်လူကြီးနောက် မည်သည့်အတွက်ကြောင့် လိုက်နေရမည်နည်း။

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၇၈) ဒါကို နင်လိုချင်နေတာ မဟုတ်ဘူးလား

————————————————————

မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်သို့ ရန်ကိုင် ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်ကျော် ရှိသွားခဲ့လေပြီ။

ကျိမို အရင်အကြိမ် ရောက်လာခဲ့စဉ်က တွမ့်ဟိုင် ပေးလိုက်သော ဆေးပင်များစွာကို ယူလာခဲ့၏။ မလိုလားအပ်သော အာရုံစိုက်မှုများ မရရှိစေရန်အတွက် ရန်ကိုင်သည် သာမန် ဆေးပညာရှင် တစ်ယောက်ကဲ့သို့ တစ်နေ့တွင် စိတ်ဝိဥာဉ်အဆင့် ဆေးလုံး နှစ်လုံး၊ သုံးလုံးသာ သန့်စင်ခဲ့၏။

ကျန်အချိန်အများစုကို အစစ်အမှန် ဆေးပညာ နည်းလမ်းအား လေ့လာခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့၏။

တစ်လလောက် အချိန်အတူတူ ကုန်ဆုံးခဲ့ပြီးနောက် သူ့နားရောက်တိုင်း ကျိမုန် ပိုပို သတိကြီးလာသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ သူမ၏ မျက်နှာထက် တုန့်ဆိုင်း ကြောက်လန့်နေသည့် အရိပ်အယောင်တို့ကို အမြဲတမ်း မြင်တွေ့နေရကာ နှင်းတောင်တန်းထဲ ရှိစဉ်က လွန်လွတ်လပ်လပ် ပုံစံဖြင့် တခြားစီ ဖြစ်နေခဲ့၏။

တကယ်တော့ ကျိမုန်သည် သူမ၏ အချိန်အများစုကို အခြားတစ်ခန်းတွင်သာ ကုန်ဆုံးလေ့ရှိရပြီး ရန်ကိုင်အား လုံးဝကို လိုအပ်သည်ဆိုသည့် အခါမျိုး၌သာ လာတွေ့လေ့ရှိ၏။

ရန်ကိုင်သည် သူ့ကိစ္စများနှင့် လုံးပတ်လည် လိုက်နေသဖြင့် ကျိမုန်အား အာရုံမစိုက်အားလေရာ ကျိမုန်အဖို့ ပိုပိုပြီး ကိုးယိုးကားယား ဖြစ်လာခဲ့ရ၏။ တစ်ခါတစ်ရံ ရန်ကိုင်ဆီသွားပြီး နှစ်ယောက်သားကြား ဆက်ဆံရေး ပိုပြီး ရင်းနှီးလာစေရန် စကားသွားပြောချင် မိသော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်နေခဲ့ရ၏။

လသစ်၏ ပထမဆုံးနေ့၊ အခန်းထဲ တင်ပလင်ခွေ ထိုင်နေစဉ် တံခါးခေါက်သံကို ရန်ကိုင် ကြားလိုက်ရ၏။

“ဝင်လာခဲ့”

ကျိမုန် အခန်းတံခါးကို တွန့်ဖွင့်ကာ ဝင်လာပြီးနောက် လေးလေးစားစား ဦးညွှတ်လိုက်ကာ “ဂုဏ်သ‌ရေရှိ ဧည့်သည့်ကို နှုတ်ဆက်ပါတယ်”

“တစ်ခုခုလိုအပ်လို့လား” ရန်ကိုင်က ပြုံးကာ မေးလိုက်၏။

“ဒီနေ့က ဆေးလုံး စုဆောင်းရမယ့် နေ့ဆိုတော့ ဂုဏ်သရေရှိဧည့်သည့် အရင်လအတွင်း သန့်စင်ခဲ့တဲ့ ဆေးလုံးတွေကို စိတ်ဝိဥာဉ်ကျောင်းတော် ဌာနချုပ်ဆီ ပြန်သယ်သွားဖို့ လိုလို့ပါ” ကျိမိုက အသာအယာ ပြန်ဖြေလိုက်၏။

၎င်းသည် သူမ၏ တာဝန်တစ်ခုဖြစ်၏။ ဂုဏ်သရေရှိ ဧည့်သည်များဆီ စေလွှတ်ထားခြင်းခံရသော အကူအားလုံး တစ်လပြည့်သည်နှင့် ထိုဆေးပညာရှင်များ သန့်စင်ထားသော ဆေးလုံးကို စုဆောင်ပြီး တွမ့်ဟိုင်ဆီ ပြန်သယ်လာပေးရပေမည်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ယခင်လအတွင်း သူသန့်စင်ထားခဲ့သော ဆေးလုံးများကို ထုတ်ကာ ကျိမုန်ဆီ လှမ်းပစ်ပေးလိုက်၏။

ဆေလုံးများကို လက်ခံယူပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်၏။ သို့သော်လည်း ချက်ချင်း ထွက်မသွားသေးဘဲ နှုတ်ခမ်းလေးကို ကိုက်ကာ တစ်ခုခု ပြောရန် တုန့်ဆိုင်းနေသည့်အလား ထိုနေရာ၌ ငေးကြောင် ရပ်နေခဲ့၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်က မေးလိုက်၏ “ကာယကံရှင်သာ ခွင့်ပြုရင် အကူတွေလည်း သူတို့အတွက် ဆေးလုံးနည်းနည်းလောက် ယူလို့ရတယ်လို့ အခြားဆေးပညာရှင်တွေဆီက ငါကြားခဲ့တယ်။ အဲ့ဒါ အမှန်ပဲလား”

ကျိမုန်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “အဲ့လိုဆိုရင် နင့်အတွက် ဆေးလုံးငါးလုံး နှုတ်ယူထားလိုက်”

ဆေးအမယ်များကို စိတ်ဝိဥာဉ်ကျောင်းတော်မှ ထောက်ပံ့ခြင်း ဖြစ်သော်လည်း ဆေးဖော်စပ်ခြင်း ကျရှုံးသည်မှာ သဘာဝပင်ဖြစ်လေ၏။

ထို့ကြောင့် ဆေးပညာရှင်တစ်ယောက် တစ်လတစ်လ ဆေးလုံးမည်မျှ ဖော်စပ်နိုင်သည် ဆိုသည်ကို ဆေးဖော်စပ်သူ ကာကယံရှင် ကိုယ်တိုင်နှင့် သူတို့၏ လက်ထောက်များသည်သာ အသိဆုံး ဖြစ်၏။

ထို့ကြောင့် ဆေးပညာရှင်များသည် သူတို့ ဖော်စပ်၍ ရသော ဆေးလုံးများထဲမှ နည်းနည်းပါးပါးကို နှုတ်ယူ၍ သူတို့လက်ထောက်ကို ပေးလေ့ရှိကြ၏။ အရမ်းကြီး လွန်လွန်ကဲကဲ မဖြစ်သရွေ့ မိုးကြိုးစိတ်ဝိဥာည် ကျောင်းတော်က ထိုကိစ္စကို လျစ်လျူရှုထားလိမ့်မည်သာ ဖြစ်၏။ ထိုကဲ့သို့ လုပ်ခြင်းဖြင့် ဆေးပညာရှင်နှင့် လက်ထောက်ကြား ဆက်ဆံရေးသည် ပို၍ တိုးတက်လာနိုင်သလို သူတို့၏ တာဝန်ကိုလည်း ကြိုးစားပမ်းစား လုပ်ဆောင်လာနိုင်၏။

ထိုအချက်သည် တွမ့်ဟိုင်တို့ပင် သိထားသော လျှို့ဝှက်ချက် မဟုတ်သည် လျှို့ဝှက်ချက် တစ်ခုဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ထိုဆေးပညာရှင်များ ထိန်ချန်ထားသော ဆေးလုံးများကို အသုံးပြုသူမှာ သူတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ တပည့်များပင် ဖြစ်သောကြောင့်ပင်။ ထို့ပြင် ထိုတပည့်များ၏ အလားအလာသည် အတော့်ကို ကောင်းမွန်လေရာ ဆေးလုံး နည်းနည်းပါးပါးလောက် ကုန်သွား၍ တွမ့်ဟိုင်အတွက် ဘာမှဖြစ်မသွားချေ။

လွန်ခဲ့သည့် လအနည်းငယ်က အခြား ဆေးပညာရှင်များနှင့် စကားပြောနေစဉ် ထိုအကြောင်းကို ရန်ကိုင် ကြားသိခဲ့ရခြင်း ဖြစ်၏။

ရန်ကိုင်က ထိုကဲ့သို့ ပြောလာသည်ကို ကြားလိုက်သည်နှင့် ကျိမုန် ပျော်သွားခဲ့ပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏ “ဂုဏ်သရေရှိ ဧည့်သည်ကို ကျေးဇူးအများကြီး တင်ပါတယ်။ အဲ့ဆေးလုံးတွေကို အကျိုးရှိရှိ အသုံးပြုမှာပါ”

သူမသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးရာ ထိုဆေးလုံး (၅)လုံးသည် သူမအတွက် အရမ်းကို အဖိုးတန်ပေ၏။

ရန်ကိုင်က အပိုစကား ထပ်မပြောတော့ဘဲ ယခင်က သန့်စင်ခဲ့သော ဆေးလုံးများ၏ အဆင့်၊ အသုံးပြုပုံတို့ကို ကျိမုန်အား ပြောပြပြီးနောက် တွမ့်ဟိုင်ဆီ လွှတ်လိုက်၏။

ကျိမုန်သည် ရန်ကိုင်အား ကျေးဇူးတင်‌လေးစားစွာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး တောင်ဆီမှ အလျင်အမြန် ထွက်ခွါသွားလေ၏။

စိတ်ဝိဥာဉ် ကျောင်းတော် ဌာနချုပ်ဆီသို့ ပြန်ရောက်သည်နှင့် ရန်ကိုင် ဖော်စပ်ခဲ့သော ဆေးလုံးများ၏ အဆင့်နှင့် အသုံးပြုပုံများကို တွမ့်ဟိုင်အား ပြန်လည် တင်ပြပေးလိုက်၏။ တွမ့်ဟိုင်ကမူ ခေါင်းသာ ညိတ်ပြခဲ့၏။

သို့သော်လည်း သူမ ထွက်သွားရန် လုပ်နေစဉ်မှာပင် တွမ့်ဟိုင်က သူမအား လှမ်းတားလိုက်၏။

“အခြားကိစ္စတစ်ခုခု ရှိသေးလို့လား၊ အကြီးအကဲတွမ့်” ကျိမုန်က မေးလိုက်ရာ တွမ့်ဟိုင်က ကျိမုန်အား မှင်သက်သွားစေသော မေးခွန်းတစ်ခုကို ရုတ်တရက် ကောက်မေးလိုက်၏ “နင်သူ့ကို ဘယ်လိုထင်လဲ”

“သူက အဆင်ပြေပါတယ်။ စကားနည်းပြီး အခြားသူတွေနဲ့ အဆက်အဆံ သိပ်မလုပ်တာက လွဲလို့ပေါ့။ သူနဲ့ နေခဲ့တဲ့ တစ်လအတွင်း စကား (၁၀)ခွန်းထက်တောင် ပိုပြောခဲ့တာ မဟုတ်ဘူး”

“သူနဲ့ စကားတောင် မပြောခဲ့တာလား” တွမ့်ဟိုင် အံ့ဩသွားခဲ့ပြီး “အဲ့လိုဆိုရင် နင့်အပေါ် သူ...”

ကျိမုန် မျက်နှာ ရဲရဲနီသွားခဲ့ပြီး အသာအယာ ခေါင်းခါရမ်းလိုက်၏။

တွမ့်ဟိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး မကျေမနပ် ဖြစ်သွားခဲ့ကာ “နင့်ကို သူ့ဆီ ဘာလို့ ပို့လိုက်လဲ ဆိုတာကို နင်ကောင်းကောင်း နားလည် ထားသင့်တယ်။ အဲ့ဂုဏ်သရေရှိ ဧည့်သည်တွေက ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော် မြန်မြန် တိုးတက်လာနိုင်ဖို့ အုတ်မြစ်တွေပဲ။ ဒါပေမယ့် သူတို့တွေက ဂုဏ်သရေရှိ ဧည့်သည်တွေဆိုတော့ ဒီနေရာကနေ ကြိုက်တဲ့အချိန် ထွက်သွားလို့ရတယ်။ နင်သူ့ကို လွှတ်ထားပေးလို့ မရဘူး။ ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်ဆီ လိုလိုလားလားနဲ့ ပူးပေါင်းလာအောင် လုပ်ရမှာ။ ဖြစ်နိုင်ရင် ငါတို့ ကျောင်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက်တောင် ဖြစ်လာစေချင်တာ”

“တပည့်နားလည်ပါတယ်” ကျိမုန်က ဦးညွှတ်ကာ ပြန်ပြောလိုက်၏။

“ဒီတာဝန်ကို နင်လုပ်နိုင်ရဲ့လား။ မလုပ်နိုင်ရင် အခြားတစ်ယောက် လွှတ်ပေးလို့ရတယ်။ ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်မှာ မိန်းမလှမရှားဘူး”

“တပည့် အကြီးအကဲကို စိတ်မပျက်စေရပါဘူး” ကျိမုန်က အံတင်းတင်းကြိတ်ကာ ဆိုလိုက်၏။

“အဲ့လိုဆို ပြန်သွားတော့။ နင့်စွမ်းဆောင်ရည်ကို ငါစောင့်ကြည့်နေမယ်” တွမ့်ဟိုင်က သူ့လက်ကို ဝှေ့ရမ်းပြလိုက်၏။

ကျိမုန်မှာ စိတ်လေးလေးလံလံနှင့် ပြန်ထွက်လာခဲ့ရ၏။ သူမ ထွက်သွားပြီးနောက် တွမ့်ဟိုင်က ခေါင်းခါရမ်းလိုက်ပြီး သူတို့ပြောသည်ကို နားထောင်နေသည့် ရှုချီဘက်လှည့်ကာ “ဂျူနီယာညီလေးရေ၊ ဒီလူက ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်မှာ အကြာကြီးနေဖို့ မစဉ်းစားထားတဲ့ ပုံပဲ။ ငါသူ့ကို ခေါ်လာတုန်းက သူထွက်သွားရင် မတားဖို့တောင် ငါ့ကို ပြောခဲ့သေးတယ်။ မဟုတ်ရင် သူလို လူငယ်လေး တစ်ယောက်က အလှအပရဲ့ စွဲဆောင်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး”

“ဒီအချက်ကတင် သူ့မှာ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိနေပြီးသား ဆိုတာကို ဖော်ပြနေတယ်လေ။ ဒီလို လူမျိုးတွေက စိတ်ဓါတ် ခိုင်မာပြီး ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ပြင်းထန်ကြတဲ့ လူတွေဖြစ်တာ များတယ်။ သူတို့လို လူမျိုးတွေက ထိန်းချုပ်ရ လွယ်တဲ့ လူတွေ မဟုတ်ဘူး” ရှုချီက သက်ပြင်းချလိုက်၏။

“ဒါပေမယ့် အချိန်တန်လို့ရှိရင် ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော် အနေနဲ့ သူ့ကို ကိစ္စတစ်ခုနဲ့ ပက်သက်ပြီး ကူညီပေးရမယ်လို့ သူပြောခဲ့သေးတယ်။ ဘယ်လို ကိစ္စမျိုး သူငါ့ကို တောင်းဆိုမလဲ ငါစဉ်းစားနေတာ...” တွမ့်ဟိုင် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

“စီနီယာအစ်ကို ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ”

“ပြန်သွားပြီး နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်။ လွတ်လပ်သော အဖွဲ့အစည်းဆီ လူနည်းနည်းလောက် လွှတ်ပြီး သူ့နောက်ခံကို သေချာ စစ်ဆေးကြည့်လိုက်။ ဒီလောက်အသက်ငယ်တဲ့ စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်... ငါတကယ်ကို မဆုံးဖြတ် တတ်တော့ဘူး”

ရှုချီက ခေါင်းညိတ်လိုက်၏။ ဖြစ်နိုင်လျှင် ရန်ကိုင်ကို ရန်စမချင်ပေ၏။ သူနှင့် ဆက်ဆံကောင်းတစ်ခုပင် ထူထောင်ချင်မိသေး၏။

ကျိမုန် ပြန်လာပြီးနောက် သူမ မျက်နှာအမူအရာ မကောင်းသည်ကို ရန်ကိုင် အသေအချာ သတိပြုမိလိုက်၏။

သို့သော်လည်း ရန်ကိုင်က ဘာမှ မမေးခဲ့ချေ။ လူတိုင်းတွင် တွေးပူရမည့် ကိစ္စအသီးသီး ရှိလေရာ သူမ မည်သည့်အတွက်ကြောင့် စိတ်ညစ်နေရသည်ကို သွားမေးမှ သူမ ကိစ္စထဲ ဝင်ပါနေရပေလိမ့်မည်။

လူအိုကြီးတုနှင့် တွမ့်ဟိုင်ကြားက ဆက်ဆံရေးကြောင့် နည်းနည်းပါးပါး စိတ်သက်သာမိသော်လည်း တွမ့်ဟိုင်အား (၁၀၀)ရာခိုင်နှုန်း ယုံစားရသည်အထိ သူမရူးမိုက်ပါချေ။ ယခုလောလောဆယ် အချိန်အတွင်း မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သည် ယုံကြည်ထိုက်၊ မယုံကြည်ထိုက်ကို လေ့လာစောင့်ကြည့်နေခြင်း ဖြစ်၏။

အခြေအနေ မဟန်လျှင် ဤနေရာမှ ထွက်သွားရန် ရန်ကိုင် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

လွတ်လပ်သော အဖွဲ့အစည်းဆီ ပြန်သွား၍ မဖြစ်ချေ။ သူ့အား ခေါင်းတလားသယ်လူကြီးမှ ဖမ်းခေါ်သွားသည်ကို ထိုနေရာရှိ လူပေါင်းများစွာ မြင်တွေ့လိုက်ရ၏။ သူသာ ပြန်သွားလျှင် အားလုံး၏ အာရုံစိုက်ခြင်း ကျိန်းသေ ခံရပေလိမ့်မည်။

ရုတ်တရက် သူ့ခုံးထက်မှ စူးအောင့်သွားဖြင့် ရန်ကိုင် တင်ပလင်ခွေ ထိုင်နေရာမှ နိုးလာခဲ့၏။ သို့သော်လည်း မျက်လုံးပင် မဖွင့်ရသေးခင်မှာပင် ရစ်မူးဖွယ် သင်းရနံ့လေးကို ရလိုက်၏။

မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ သူ့ကုတင် ထောင့်စွန်း၌ ထိုင်နေသာကို ကျိမုန်ကို တွေ့လိုက်ရ၏။ ကျိမုန်သည် ခံစားချက်မျိုးစုံ ရောထွေးနေသည့် အကြည့်တစ်စုံဖြင့် သူ့အား စိုက်ကြည့်နေခဲ့၏။

“နင်ဘာလုပ်နေတာလဲ” ရန်ကိုင်က မေးလိုက်ရာ ကျိမုန်၏ မျက်နှာလေး ရဲတက်သွားခဲ့ရ၏။ သို့သော်လည်း အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွားခဲ့ပြီး အံတင်းတင်း ကြိတ်လျက် ရန်ကိုင်အပေါ် ဖြည်းဖြည်းချင်း မှီလိုက်ကာ အားတင်းပြုံးလျက် “နင်နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား”

“နင်ဘာပြောချင်နေတာလဲ” ရန်ကိုင်က သူမအား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်၏။

“နင်ဘယ်လိုထင်လဲ” ကျိမုန်က ရန်ကိုင်အား မှုန်ကုပ်နေသော်ငြား နှစ်လိုစွဲမက်ဖွယ်ကောင်းသည့် အ ကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်ပြီး ရန်ကိုင်ကို လက်ကို ကိုင်ကာ သူမ၏ နို့နှစ်ရောင် ရင်သားထက်ပေါ် တင်ပေးလိုက်၏။

“နင်တကယ်ကြီးလား” သူ့လက်ဝါး တစ်ဖက်လုံး ပြည့်သွားခဲ့ပြီး လွန်စွာကိုမှ ကြည်နူးဖွယ်ကောင်းသည့် ပျော့အိအိ အထိအတွေ့ကြောင့် တစ်ခဏတာမျှ တွေဝေငေးမိုက် မိသွားခဲ့ရ၏။

ကျိမုန် ရုတ်တရက်ကြီး ဤကဲ့သို့ ပြုမူလာလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

သူ့လက်ဝါးတစ်ဖက်လုံး ပျော့ပျောင်းလှသည့် ဝါဂွမ်းပင်လယ်ထဲ ရောက်နေရသည့်အလား ခံစားနေခဲ့ရပြီး သူ့ညီငယ်လေးသည်လည်း တဖြည်းဖြည်း ထောင်မတ် လာခဲ့ရလေ၏။

ကျိမုန်၏ အသက်ရှူသံ တဖြည်းဖြည်း လေးလံလာခဲ့ပြီး သူမ၏ လည်တိုင်တစ်လျှောက် နီးမြန်းလာခဲ့ရ၏။ သူမ၏ အကြည့်သည် ရန်ကိုင်၏ ညီငယ်လေးဆီသို့ အလိုလို ရောက်ရှိသွားခဲ့ပြီး လက်လေးကို ကတုန်ကရင် ဆန့်ထုတ်လိုက်၏။ အသက် တစ်ချက်ရှူလိုက်ပြီး ကျိမုန်က ပြောလိုက်၏ “ဂုဏ်သရေရှိ ဧည့်သည်တွေဆီ လက်ထောက်တွေအဖြစ် ပို့လိုက်တဲ့ တပည့်တွေ အကုန်လုံးကို ဒီအတွက် ပြင်ဆင်ပေးထားတာလေ။ ဒါကြောင့် နင်တို့ ဂုဏ်သရေရှိ ဧည့်သည်တွေ ငါတို့နဲ့ စိတ်ရှိသလောက် ကစားလို့ ရတယ်”

ရန်ကိုင်က သူမ၏ လက်လေးကို ဆိတ်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်ကာ “ဒါက နင်စိတ်ရှိလို့ လုပ်တာလား။ တွမ့်ဟိုင်ရဲ့ အမိန့်ကြောင့် လုပ်တာလား”

“အရေးကြီးလို့လား”

“ကျိမုန်၊ ဒါက နင်မဟုတ်ဘူးနော်။ နင့်ကိုယ်နင် အရှက်ရအောင် ဘာလို့ လုပ်နေရတာလဲ”

ကျိမုန်က ရန်ကိုင်အား တွေးဝေငေးငိုင်စွာ စိုက်ကြည့်နေလိုက်ပြီး အံကြိတ်ကာ ပြန်ပြောလိုက်၏ “ဒီလို အခြေအနေမျိုးမှာတောင် နင်နည်းနည်းလေးမှ စိတ်မပါသေးဘူးလား။ နင်ယောကျ်ားကော စစ်ရဲ့လား”

ရန်ကိုင်က ပြုံး၍ “ငါယောကျာ်း ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို ဘာအကြောင်းကြောင့် သက်သေပြပေးရမှာလဲ”

“အရင်အကြိမ် နှင်းတောင်တန်းမှာတုန်းက၊ ငါတို့သာ အသက်ရှင် လွတ်မြောက်နိုင်ခဲ့ရင် နင်ယောကျာ်း ဟုတ်မဟုတ် ငါ့ကို သက်သေပြမယ်ဆို” ကျိမုန်က သူ့အပေါ် ထပ်မှီလိုက်ရာ သူမ၏ ကိုယ်သင်းရနံ့လေးကို ရန်ကိုင်က အသေအချာ ရှူရှိုက်မိလိုက်ရ၏။

“နန့်တန့်တန့် မိန်းမတွေကို ငါမကြိုက်ပေမယ့် နင်က ငါနဲ့ကစားချင်နေမှတော့ ငါလည်း ကစားပေးရတာပေါ့” ရန်ကိုင်က လှောင်ပြုံးပြုံးပြလိုက်၏။

“စိန်လိုက်လေ” ကျိမုန်က ခါးခါးသီးသီး ပြုံးလိုက်၏။

ရန်ကိုင် မျက်နှာထက်ရှိ ညစ်ကျယ်ကျယ် အပြုံးသည် ပိုပြီး ပြုံးဖြီးသွားခဲ့ပြီး ကျိမုန်ကို သူ့ကုတင်ပေါ်သို့ ပစ်တင်လိုက်၏။ ပြီးသည်နှင့် သူမအပေါ် တက်ခွကာ သူ့လက်ကြီးနှစ်ဖက်ဖြင့် သူမရင်သားအစုံကို အားရပါးရ ပွတ်သပ်ဆုပ်နယ်တော့လေ၏။

“နင်ဘာလုပ်နေတာလဲ” ကျိမုန် ထိတ်လန့်သွားခဲ့၏။ စောနလေးတင် ထိုသူတောင်းစားသည် သူမအား ဂရုမစိုက်သလိုလို ဘာလိုလို ပြုမူနေခြင်း ဖြစ်၏။ သို့သော်လည်း ချက်ချင်းဆိုသလို မုန်ယိုနေသည့် သားရဲ တစ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ရာ သူမအနေဖြင့် အပြောင်းအလဲမြန်သော သူ့ဇာတ်အတိုင်း အလျင်မှီအောင် လိုက်မကနိုင် ဖြစ်နေခဲ့၏။

“နင်ပဲ စကားချင်တယ်ဆို” ရန်ကိုင်က လူကြမ်းတစ်ယောက်ကဲ့သို့ ရယ်မောလိုက်၏။

“အဲ့လိုဆိုရင် နင်ငါ့ကို အရင်ဆုံး ကတိတစ်ခု ပေးရမယ်”

ကျိမုန်က အလျင်စလို ပြောလိုက်၏။ ရန်ကိုင်က သူမ၏ ရင်အစုံကို ရုတ်တရက်ကြီး ပွတ်သပ် ဆုပ်နယ် လိုက်သည့်အတွက် ကျိမုန်၏ မြင်ကွင်းအစုံ ဝေဝါးသွားခဲ့ရပြီး စကားပင် ကောင်းကောင်း မပြောနိုင် ဖြစ်သွားခဲ့ရ၏။ သူမ၏ ခန္ဓာကိုယ် အပူချိန် မြင့်တက်လာခဲ့ပြီး ပန်းရောင်သန်းနေသော အသားအရေ လေးသည်လည်း ရဲရဲတောက် နီမြန်သွားခဲ့လေ၏။

“ဘာလဲ”

“နင်ငါ့နဲ့ ဆော့ကစားပြီးတာနဲ့ ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်ဆီ ဝင်ပြီး စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ တပည့် ဖြစ်လာရမယ်”

“ငါငြင်းမယ်ဆိုရင်ကော”

“အဲ့လိုဆိုရင် နင်သဘောတူတဲ့အထိ ငါစောင့်မှာပေါ့။ အဲ့အချိန်ကျ နင့်ဆန္ဒရှိတဲ့ အချိန်တိုင်း ငါ့ကို ခေါ်လို့ရတယ်။ နင့်စိတ်ကြိုက် ငါ့ကို ဆော့ကစားလို့ ရတယ်”

သူမပြောသည်ကို နားထောင်ပြီးနောက် လောင်မြိုက်လာသော ရမက်မီးတောက်များ ချက်ချင်း ဆိုသလို ငြိမ်းသွားခဲ့ရ၏။ သူ့မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ကျိမုန်ပေါ်ကနေ ထလိုက်ကာ သူမအား ဘေးသို့ တွန်းဖယ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏ “နောက်ကျနေပြီ၊ နင်အရင်ပြန်ပြီး အနားယူလိုက်တော့”

ကျိမုန်က ရန်ကိုင်အား စိတ်ပျက်မှု၊ ခါးသီးမှုတို့ဖြင့် ပြည့်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

သူမ အရမ်းအစိုးရိမ်လွန်နေမှန်း ကျိမုန် နားလည်လိုက်၏။

ရှုပ်ထွေးသော စိတ်ခံစားချက်တို့ သူမစိတ်ထဲ လှိုက်တက်လာခဲ့ပြီးနောက် ကျိမုန်သည် ကုတင်ပေါ်မှ ထ၍ ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို ပုံစံကျအောင် ပြင်လိုက်ပြီး အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်သွားလိုက်လေ၏။

သူမ ထွက်သွားပြီးနောက် ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်၏။ ယခုတစ်ကြိမ် သင်ခန်းစာ ပြီးနောက် ထိုမိန်းမသည် နောက်တစ်ကြိမ် ဤကဲ့သို့ မောက်မာတကြီး လုပ်ရဲတော့လိမ့်မည် မဟုတ်ချေ။

ကျိမုန်အပေါ် ရန်ကိုင် အတော်လေးကို အမြင်ကောင်း၏။ သူမသည် ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိသလို ပြောဆိုတတ်ပြီး ဖြောင့်မတ်သည့် လူစားမျိုး ဖြစ်၏။ သို့သော် ယခုကိစ္စပြီးနောက် သူမနှင့် အရမ်းကြီး မပက်သက်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ ချုပ်ကွက်ထဲ မိသွားရပေလိမ့်မည်။

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၇၉) ဒါဘာအဓိပ္ပါယ်လဲ

————————————————————

ရန်ကိုင် စိတ်ဝိဥာဉ်ကျောင်းတော်၌ ရှိနေသည်မှာ နှစ်လရှိသွားခဲ့လေပြီ။ နှစ်လသည် မကြာလွန်း၊ မတိုလွန်း သော်လည်း စုယန်နှင့် စီနီယာမမလေးတို့အား ရှာခိုင်းမည့် ကိစ္စကို မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်အပေါ် အပ်သင့်၊ မအပ်သင့် ရန်ကိုင် မဆုံးဖြတ်ရသေးချေ။

သူ့စူးစမ်းမှုအရ မိုးကြိုး စိတ်ဝိဥာဉ် ကျောင်းတော်သည် ယခုနောက်ပိုင်း လူမသိသူမသိအောင် အရိပ်ထဲ ပုန်းအောင်း၍ တက်တက်ကြွကြွ လှုပ်ရှားနေခဲ့ကြရာ ရန်ကိုင်လည်း သူတို့အပေါ် သိပ်ပြီး မယုံချင်တော့ချေ။

ယခုလအတွက် ဆေးလုံးများကို ပြန်ပို့ပြီးနောက် ရန်ကိုင်သည် ကျိမုန် ပြန်သယ်လာသော သတင်းကြောင့် အံ့အားသင့်သွားခဲ့ရ၏ “အကြီးအကဲတွမ့်က နင့်ကို ဌာနချုပ်မှာ တွေ့ချင်နေတယ်”

“အို” ရန်ကိုင် မျက်ခုံး ပင့်လိုက်မိပြီး “ဘာအတွက်လဲ”

“ငါလည်း မသိဘူး” ကျိမုန်က ခေါင်းခါရမ်းလိုက်ပြီး “နင့်ကို မြန်နိုင်သမျှ မြန်မြန် မြင်ချင်တယ်လို့ပဲ ပြောလိုက်တယ်။ နင်နဲ့ ဆွေးနေစရာ အရေးကြီးကိစ္စ တစ်ခုခု ရှိနေလို့ပဲ နေမှာပေါ့”

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်၏။ ဤနေရာသို့ ရောက်ပြီးသည့် အချိန်မှစ၍ အကြီးအကဲ တွမ့်နှင့် တစ်ကြိမ်တစ်ခါမှ ထပ်မတွေ့ရသေးချေ။ သို့သော် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်နှင့်အညီ သူ့တွင် လုပ်စရာ ကိစ္စများစွာရှိ၍ မအားလပ်နိုင် ဖြစ်နေသည်မှာ သဘာဝပင်။ ထို့ကြောင့် ထိုကိစ္စကို ရန်ကိုင် ဂရုမစိုက်ချေ။

“ငါတို့ အခုသွားကြမလား” ကျိမုန်က မေးလိုက်ရာ “ရတယ်လေ၊ သွားကြတာပေါ့” ဟု ရန်ကိုင်က ပြန်ပြောလိုက်၏။ မသွားရမည့် အကြောင်းပြချက် မရှိလေရာ ကျိမုန်နှင့်အတူ ဂိုဏ်း၏ အဓိကခန်းမ ရှိရာဆီသို့ ပျံသန်းသွားလိုက်လေ၏။

ယခုမှ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ အဓိက ခန်းမဆီ ပထမဆုံးအကြိမ် သွားဖူးခြင်း ဖြစ်ရာ ရန်ကိုင်သည် ထိုလမ်းကြောင်းနှင့် အစိမ်းသက်သက် ဖြစ်နေခဲ့၏။ ထို့ကြောင့် လမ်းပြရန် ကျိမုန်ကို လိုအပ်ပေ၏။ တစ်ခဏတာမျှ ပျံသန်းပြီးနောက် သူတို့ နှစ်ယောက်သည် လူသူစည်ကားသည့် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့၏။

ကောင်းကင်ထက်မှ ငုံကြည့်လိုက်ရာ အဆောက်အဦး ပေါင်းမျာစွာနှင့် ရွှေရောင်ဝတ်စုံ ဝတ်ထားသည့် ကျင့်ကြံသူ များစွာကို မြင်တွေ့လိုက်ရလေ၏။ အားလုံးသည် ဟိုမှသည်သို့ သွားလာရင် ကိုယ့်အလုပ်နှင့် ကိုယ်ကိုယ်တိုင် မအားလပ်နိုင် ဖြစ်နေခဲ့ကြ၏။

ထိုမြင်ကွင်းကို မြင်ပြီးနောက် သူ့စိတ်ထဲ ကြိတ်၍ ချီးကျူးမိလိုက်၏။

မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သည် ထုန်းရွှမ် လောကကြီးအတွင်းရှိ အင်အားစုကြီးများထဲ၌ မပါဝင်သလို ဒေသတွင်း အားအကောင်း အင်အားစုထဲတွင်ပင် မပါဝင်ချေ။ ဒေသတွင်း အားအကောင်းဆုံး ဂိုဏ်းနေရာကို သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ပိုင်ဆိုင်ထားသည့် ကောင်းကင် ဂိုဏ်းတော်က ချုပ်ကိုင်ထားပေ၏။ လော့ရှုံးဂိုဏ်းနှင့် ရှေးဟောင်းလကောင်းကင် လိုဏ်ဂူပင် မိုးကြိုး စိတ်ဝိဥာည်ကျောင်းတော်ထက် ပိုသန်မာသေး၏။

အင်ာအးစုကြီးလေးခုထဲ မိုးကြိုးစိတ်ဝိဥာည် ကျောင်းတော်သည် အားအနည်းဆုံး ဖြစ်၏။ သို့သော် အားအနည်းဆုံး ဖြစ်လျှင်ပင်မူ ၎င်း၏ အမွေအနှစ်သည် အတော်လေးကို ပေါကြွယ်ဝပေ၏။ အနည်းဆုံး ရန်ကိုင် လာခဲ့သည့် လောကကြီးမှ မည်သည့် အင်အားစုထက်မဆို အဆပေါင်းများစွာ ပိုမို သာလွန်၏။

ခမ်းနားကြီးကျယ်သည့် အဆောက်အဦး တစ်ခုရှေ့ ဆင်းလိုက်သည်နှင့် ရန်ကိုင်က ဂုဏ်သရေရှိဧည်သည့် တံဆိပ်ပြားကို ထုတ်ပြလိုက်ရာ အစောင့်တပည့်များမှာ ပျာသလဲလဲ ဖြစ်သွားခဲ့ပြီး အလျင်စလို လက်သီးဆုပ် နှုတ်ဆက်ကာ ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ကြ၏။ ထိုကဲ့သို့သော ငယ်ရွယ်သည့် ဂုဏ်သ‌ရေရှိဧည့်သည် တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးလေရာ အားလုံးသည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့ကြ၏။

“နင်ဘာသာနင် ဆက်သွားလို့ ရလောက်မှာပေါ့။ အကြီးအကဲတွမ့်က နင့်ကို အထဲမှာ စောင့်နေတယ်” ကျိမုန်က ပြောလိုက်၏။

“နင်မလိုက်ဘူးလား”

“ငါက အထဲဝင်ဖို့ အရည်အချင်း မရှိဘူး” ကျိမုန်က အသာအယာ နောက်ပြန်ဆုတ်လိုက်၏။

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် အပြင်မှာပဲ စောင့်နေလိုက်၊ ငါတို့ အတူတူ ပြန်ကြမယ်”

“ကောင်းပြီလေ” ကျိမုန်က ပျော်ရွှင်စွာ ပြုံးလိုက်၏။

လှေကားအတိုင်း တက်သွားပြီးနောက် တံခါး ဖွင့်ထားသည့် ခန်းမတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။

တွမ့်ဟိုင်က အထဲတွင် စောင့်နေခဲ့ပြီး ရန်ကိုင် ရောက်လာသည်ကို မြင်လိုက်သည်နှင့် ပြုံးလိုက်ကာ အလျင်အမြန် မတ်တပ်ရပ်လိုက်၏။

“အကြီးအကဲတွမ့်” ရန်ကိုင်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။

“ဂုဏ်သရေရှိဧည့်သည့်ရန်၊ မင်းနဲ့ စကားပြောခွင့် မရတာ နှစ်လတောင် ရှိသွားပြီ။ ဒီနှစ်အတွင်း အခြေအနေ ဘယ်လိုလဲ”

“အဆင်ပြေပါတယ်”

“ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ တပည့်နဲ့ ပက်သက်ပြီး မကျေနပ်ရင် ပြောနော်၊ အခြားတစ်ယောက် ပို့ပေးလိုက်မယ်”

“မလိုပါဘူး၊ ကျိမုန်က အဆင်ပြေပါတယ်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။

“သဘောအတိုင်းပဲပေါ့” တွမ့်ဟိုင်က ပြုံးလိုက်ပြီး ရန်ကိုင်ကအား ထိုင်ရန် အချက်ပြလိုက်၏။ ထို့နောက် တစ်ယောက်က သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်၏။ ခဏလောက်ကြာအောင် လက်ဖက်ရည် သောက်နေပြီးနောက် ရန်ကိုင်က မေးလိုက်၏ “အကြီးအကဲတွမ့် ဘာပြောချင်လို့များ ကျုပ်ကို ခေါ်လိုက်တာလဲ မသိဘူး”

“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ဆီ ရောက်လာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တိုင်းက အဖိုးတန်ကြတယ်လေ။ သူတို့နဲ့ အချိန် နည်းနည်းပါးပါးလောက် အတူတူဖြုန်းပြီး တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးအောင် လုပ်တာမျိုးက ကျုပ်တို့ လုပ်သင့်တာပဲလေ”

ရန်ကိုင်က အမူအရာ နည်းနည်းမှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သူ့အား မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ဆီမှ ထွက်ခွါချင်စိတ် မရှိစေရန် သူနှင့် ဆက်ဆံရေးတစ်ခု တွမ့်ဟိုင် တည်ဆောက်ချင်နေမှန်း ရန်ကိုင် သိပြီးသားပင်။

“ဂုဏ်သရေရှိဧည့်သည့်က ကျုပ်တို့ မိုးကြိုး စိတ်ဝိဥာဉ် ကျောင်းတော်မှာ အကြာကြီး နေမှာ မဟုတ်ဘူးလို့ ကျုပ်တစ်ခါ ကြာလိုက်ရတယ်။ ဂုဏ်သရေရှိဧည့်သည် ရန်ကများ ကျုပ်တို့ရဲ့ ဝန်ဆောင်မှုနဲ့ ပက်သက်ပြီး မကျေမနပ်လို့များလား” တွမ့်ဟိုင်က အပြုံးလေးနှင့် မေးလိုက်၏ “မကျေနပ်တာ ရှိရင် ယဉ်ကျေးနေစရာ မလိုဘူးနော်။ ပြောသာပြောလိုက်၊ ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်က ဂုဏ်သရေရှိဧည့်သည်ရန် စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးမှာပါ”

“အချိန်တန်လာတဲ့ အခါကျ ကျုပ်လည်း ယဉ်ကျေးမနေတော့ဘူးနော်” ရန်ကိုင်က ပြန်ပြောလိုက်၏။

“ပြောသာပြောလိုက်” တွမ့်ဟာက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်သားပဲ၊ ဂုဏ်သရေရှိဧည့်သည့်ရန် တစ်ခါပြောခဲ့ဖူးတယ်လေ။ အချိန်တန်ရင် ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ကို အကူအညီ တစ်ခုတောင်းမယ်ဆို၊ အဲ့ဒါ ဘယ်အချိန်လဲ ဆိုတာကို ကျုပ်သိလို့ရမလား”

ရန်ကိုင် ခေါင်းခါရမ်းလိုက်၏။

“ကျုပ်နားလည်ပြီ” တွမ့်ဟိုင်က ရယ်ရယ်မောမောဖြင့် “ဂုဏ်သရေရှိဧည့်သည်ရန်က ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်အပေါ် တွယ်တာစိတ် အများကြီး မရှိတဲ့အပြင် သိပ်ပြီးတော့တောင် မယုံကြည်သလိုပဲနော်”

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကေးသွားခဲ့ပြီး တွမ့်ဟိုင်အား လေးလေးနက်နက် စိုက်ကြည့်လိုက်၏။ တွမ့်ဟိုင် ထိုစကားများကို ပြောလိုက်သည်နှင့် ရန်ကိုင်သည် ချက်ချင်း သတိချပ်ထားလိုက်၏။

“ဖြစ်နိုင်ရင်၊ ဒီတွမ့်က ဂုဏ်သရေရှိ ဧည့်သည်ရန်ကို ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ဆီ ပူးပေါင်း စေချင်တာ” တွမ့်ဟိုင် အမူအရာ ရုတ်ချည်း သုန်မှုန်သွားခဲ့ပြီး သူ့လေသံသည်လည်း လေးနက် တည်ကြည်သွားခဲ့ကာ “ဒါပေမယ့် ဂုဏ်သရေရှိ ဧည့်သည်ရန်က အဲ့လိုမှ မလုပ်ချင်တော့ ဒီတွမ့်ကလည်း ဂုဏ်သရေရှိ ဧည့်သည်ရန်ရဲ့ လျှို့ဝှက်ချက်ကို သိရဖို့ အခြားနည်းလမ်းတွေကို သုံးရတော့မှာပေါ့”

ပြောပြီးသည်နှင့် တွမ့်ဟိုင်က ကြမ်းပြင်ကို အသာအယာ ဆောင့်နင်းလိုက်၏။

ရုတ်တရက် ရန်ကိုင်ကို ဗဟိုပြု၍ စိတ်ဝိဥာဉ် အစီအရင် မျဉ်းကြောင်းတို့ လင်းလက်တောက်ပ ထွက်ပေါ်လာခဲ့၏။ ထိုစိတ်ဝိဥာဉ် အစီအရင် မျဉ်းကြောင်းများသည် အလျင်အမြန် ကျုံ့ဝင်သွားကာ ရန်ကိုင် ခန္ဓာကိုယ်ထဲ နစ်မြုပ်သွားခဲ့လေ၏။

ရန်ကိုင် အမူအရာ ဖြူလျော်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်အမြန် လှည့်ပတ်ရန် ကြိုးစားလိုက်၏။

သို့သော် သူ့အစစ်အမှန်ချီကို လှည့်ပတ်လိုက်သည်နှင့် သူ့သွေးကြောများ စူးအောင့်သွားခဲ့ရ၏။ ပုရွက်ဆိတ် သန်းပေါင်းများစွာ ကိုက်ခဲနေသလို ခံစားလိုက်ရကာ သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရင်သွားခဲ့ပြီး သူစုဆောင်းလိုက်သည့် စွမ်းအင်အားလုံးသည်လည်း ချက်ချင်း ပြိုကွဲပျောက်ကွယ် သွားခဲ့ရ၏။

“အကြီးအကဲတွမ့်၊ ဒါဘာသဘောလဲ” ရန်ကိုင်က တုန်လှုပ်ချောက်ချားသွားဖြင်း မရှိဘဲ တွမ့်ဟိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

တွမ့်ဟိုင်က စိတ်ပျက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး တုန့်ဆိုင်းနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏ “တောင်းပန်ပါတယ် ဂုဏ်သရေရှိဧည့်သည်ရန်၊ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီတွမ့်ကလည်း ဒီလို မလုပ်ချင်ခဲ့ဘူး။ အသက်ငယ်ငယ် စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်ကို ခေါ်ယူနိုင်တာက ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်အတွက် အတော်းလေး ကံကောင်းနေပြီလို့ ပြောလို့ရတယ်။ ဂုဏ်သရေရှိ ဧည့်သည်ရန်က ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်နဲ့ ပူးပေါင်းလိုစိတ် မရှိမှတော့ ဆက်ပြီး ပြောနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ”

“ဟားဟားဟား” ရန်ကိုင်က ရယ်မောလိုက်ပြီး “အကြီးအကဲတွမ့်၊ ခင်ဗျားကို မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ကို အန္တရာယ်ပေးတဲ့ ကိစ္စတစ်ခုခုကို ကျုပ်လုပ်ခဲ့မိလို့လား”

“မလုပ်ခဲ့ဘူး၊ ဒါပေမယ့် ကျုပ်ပြောခဲ့သလိုပဲ ဒီတွမ့် တကယ်ကို ကူကယ်ရာမဲ့နေလို့ပါ” တွမ့်ဟိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။

မည်သည့် အတွက်ကြောင့် တွမ့်ဟိုင် ဤကဲ့သို့ လုပ်ရသည်ကို နားမလည်သော်လည်း တွမ့်ဟိုင် သူ့အား ထောင်ချောက်ဆင်ခဲ့သည်မှာ အမှန်တရားပင် ဖြစ်၏။

သူမိုးကြိုးစိတ်ဝိဥာည်ကျောင်းတော်ဆီ ရောက်လာခဲ့ရခြင်းသည် လူအိုကြီးတုကြောင့် ဖြစ်ရာ ဤကိစ္စသည် လူအိုကြီးတုနှင့် ပက်သက်နေသည် များလား။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က တွမ့်ဟိုင်နောက်ဘက်ရှိ လိုက်ကာဆီ ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “ပုန်းနေတဲ့ မိတ်ဆွေ၊ ထွက်လာပြီး စကားလာပြောပါလား။ ဆက်ပြီး ပုန်းနေလို့လည်း ဘာမှ ထူးလာမှာမှ မဟုတ်တာကို”

တွမ့်ဟိုင် သဘောထား ရုတ်ချည်း ပြောင်းလဲ သွားရခြင်းသည် ထိုလိုက်ကာနောက် ပုန်းနေသော လူနှင့် သက်ဆိုင်နေရမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်၏။

ထိုစကားကို ကြားလိုက်သည်နှင့် ရှုချီ ထိတ်လန့်သွားခဲ့၏။ ရန်ကိုင် ဤမျှ အသိစိတ်အာရုံ ထက်ရှလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သို့သော် ပုန်းနေ၍လည်း ဘာမှ ထူးလာလိမ့်မည် မဟုတ်ရာ လူလုံးထွက်ပြရန်သာ ဆုံးဖြတ်လိုက်၏။

ရှုချီ မျက်နှာကို မြင်ပြီးနောက် ရန်ကိုင် ရုတ်တရက် နားလည်သွားလိုက်၏။

ထိုလူကို သူမြင်ခဲ့ဖူး၏။

ထိုလူသည် ခေါင်းတလားသယ် လူကြီးနောက် လိုက်လာခဲ့သော လူများထဲမှ တစ်ယောက်ဖြစ်ပေ၏။

မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် နာမည်ကို ရင်းနှီးနေဟုသည် ခံစားနေရသည်မှာ မထူးဆန်း တော့ပါချေ။ ထိုနာမည်ကို ယွန်ရွှမ်ဆီမှ သူကြားခဲ့ဖူးသည် မဟုတ်ပါလော။

အားလုံး ပြဿနာ အရင်းအမြစ်သည် ခေါင်းတလားသယ် လူကြီး အဖြစ်အပျက်ကြောင့် ဖြစ်သည်ကို ရန်ကိုင် ရုတ်တရ်က် နားလည်သွားလိုက်လေ၏။

“လတ်စသတ်တော့ ဒီကိုကိုး” ရန်ကိုင် ခါးခါးသီးသီး ပြုံးလိုက်၏။ တုန်းရွှမ်လောကကြီးသည် အရမ်းကိုမှ ကျယ်ပြောလှသော်လည်း ဆန်းကြယ်လောကငယ်မှ ထွက်လာလာချင်း တစ်ယောက်ယောက်က သူ့အပေါ် ပစ်မှတ်ထားလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ချေ။

ခေါင်းတလားသယ်လူကြီး သူ့အား ဖမ်းခေါ်သွားသည်ကို မြင်လိုက်ရသည့်သူ အနည်းငယ်သာ ရှိသော်လည်း ထိုအနည်းငယ်ထဲမှ တစ်ယောက်သည် ယနေ့ သူ့ရှေ့တည့်တည့်၌ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားခဲ့လိမ့်မည်နည်း။

ရန်ကိုင် ပို၍ သတိထားခဲ့လျှင်ပင် ထိုကဲ့သို့သော တိုက်ဆိုင်မှုမျိုးကို ရှောင်လွှဲနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ်၊ ဂုဏ်သရေရှိဧည့်သည်ရန် နားလည်တာ အကောင်းဆုံးပဲ။ အခုလောလောဆယ် ဂုဏ်သရေရှိ ဧည့်သည်ရန်က ကျုပ်တို့ ဂိုဏ်းရဲ့ ပြိုင်ဘက်ပင်း ချုပ်နှောင် နည်းစနစ် မိထားတာကို သိလောက်မှာပေါ့။ ချိုးဖျက်ဖို့ ကြိုးစားမနေနဲ့။ အစစ်အမှန်ချီကို ပိုသုံးလေ၊ ပိုပြီး နာကျင်ရလေပဲ” တွမ့်ဟိုင်က ရန်ကိုင်အား နောင်တရနေသည့်ပုံစံဖြင့် စိုက်ကြည့်လိုက်ပြီး “ဒီတွမ့်က ဂုဏ်သရေရှိဧည့်သည်ရန်ကို အရှက်ရအောင် ဆက်မလုပ်ချင်တော့ဘူး။ ဂုဏ်သရေရှိဧည့်သည်ရန်သာ ကျုပ်တို့နဲ့ အတူတူပူးပေါင်းသရွေ့ ခင်ဗျား ဒုက္ခမရောက်စေရဘူးလို့ ကျုပ်အာမခံတယ်”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်လေ၏ “အကြီးအကဲတွမ့်၊ အခုလိုတွေ လုပ်လို့ လူအိုကြီးတု ဒီကိစ္စကို စစ်ဆေးမှာ ခင်ဗျား စိတ်မပူဘူးလား”

တွမ့်ဟိုင်က ခေါင်းခါရမ်းလိုက်ပြီး “လူအိုကြီးတုက ဂုဏ်သရေရှိ ဧည့်သည်အပေါ် အကောင်းမြင်ပေမယ့် သူမေးလာခဲ့ရင် အကြောင်းပြချက် မျိုးစုံနဲ့ ပြန်ဖြေပေးလိုက်လို့ ရတယ်လေ။ ဒါကြောင့် ဒီကိစ္စနဲ့ ပက်သက်ပြီး ဂုဏ်သရေရှိ ဧည့်သည်ရန် စိုးရိမ်နေစရာ မလိုပါဘူး”

ရန်ကိုင် နှလုံးသားတစ်ခုလုံး တင်းကြပ်သွားခဲ့လေ၏။

လူအိုကြီးတုသည် ဤအကြောင်းကို သိလိမ့်မည် မဟုတ်ချေ။ ဤကိစ္စ၌ လူအိုကြီးတုပါ ပါဝင်နေလျှင် ထုံအလှသည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။

တွမ့်ဟိုင်နှင့် ရှုချီတို့၏ ကျင့်ကြံခြင်းကို အာရုံခံမိလိုက်သည်နှင့် သူ့ဒေါသကို ယခု လောလောဆယ် အရင်မြိုသိပ်ထားရန် ဆုံးဖြတ်လိုက်၏။

ထိုနှစ်ယောက်စလုံးသည် မသေမျိုးအဆင့်များ ဖြစ်ကြလေရာ အားကုန်ထုတ်သုံး၍ ထွက်ပြေးမည် ဆိုလျှင်ပင် ဤနေရာမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ပိုဆိုးသည်ကား သူသည် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ အလယ်ဗဟို၌ ရှိနေခြင်း ဖြစ်၏။ ထို့ကြောင့် အနီးအနား၌ မရေမတွက်နိုင်သော ပညာရှင် များစွာ ရှိနေမည်ဆိုသည်မှာ သံသယ ရှိစရာ မလိုချေ။ သူ့အစစ်အမှန် ချိတ်ပိတ်ထားခံရသည့် အချိန်၌ အလျင်စလို ပြုမူလှုပ်ရှားခြင်းသည် အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေနိုင်၏။

“ကျုပ်ကို ခေါ်လာလာချင်းတုန်းက ချက်ချင်း မလှုပ်ရှားခဲ့ဘဲ အခုကျမှ ဘာလို့ လှုပ်ရှားရလဲ ဆိုတာကို ကျုပ်သိလို့ရမလား” ထွက်ပြေးဖို့ နည်းလမ်းရှာရန် အချိန်ဆွဲလိုသည့် ရည်ရွယ်ချက်ဖြင့် ရန်ကိုင်က မေးလိုက်၏။

တွမ့်ဟိုင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ခေါင်းခါလိုက်ပြီး “ဒီတွမ့် ပြောခဲ့သလိုပဲ ကျုပ်က ဂုဏ်သရေရှိဧည့်သည် အပေါ် အရမ်းကို အထင်ကြီးတာလေ။ တကယ်ဆိုရင် ကျုပ်က အခုလိုမျိုးတောင် လုပ်ချင်တာ မဟုတ်ဘူး။ ခင်‌ဗျားရဲ့ နောက်ခံက ပုံမှန်မဟုတ်ဘူးလို့ လူအိုကြီးတုက ကျုပ်ကို ပြောခဲ့သေးတယ်။ ဒါပေမယ့် နှစ်လလောက်ကြာအောင် ကြိုးစားပြီးတာတောင် ကျုပ်တို့ရဲ့ ကြိုးစားမှုတွေက နည်းနည်းမျှ အရာမထင်ခဲ့ဘူးလေ။ အနှေးနဲ့အမြန်ဆိုသလို ဂုဏ်သရေရှိ ဧည့်သည်ရန်က ဒီနေရာကနေ ထွက်သွားတော့မှာလေ။ ပြီးတော့ လူအိုကြီးတု ပြောခဲ့သလို မဟုတ်ဘဲ ဂုဏ်သရေရှိ ဧည့်သည်ရန်က ချောင်ကျတဲ့ နေရာတစ်ခုက လာခဲ့တဲ့လူ ဖြစ်နေတယ်လေ”

“ဒီတော့ အကြီးအကဲတွမ့်လည်း ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူးပေါ့”

တွမ့်ဟိုင်က သဘောတူခြင်း မပြုသလို ငြင်းဆိုခြင်းလည်း မပြုချေ။ “ဂုဏ်သရေရှိဧည့်သည်ရန်၊ ငါမင်းနဲ့ အပိုစကားတွေ ထပ်ပြောနေတတော့မှာ မဟုတ်ဘူး။ ငါမင်းကို အခုလို ဖမ်းလိုက်ရတဲ့ အကြောင်းအရင်းက အလောင်းသယ်လူကြီးရဲ့ လျှို့ဝှက်ချက်ကို သိချင်လို့ပဲ။ မင်းကို ဖမ်းပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့လဲ။ သူ့လက်ထဲကနေ မင်းဘယ်လို လွတ်မြောက်လာခဲ့တာလဲ။ မင်းလွတ်လာတဲ့အချိန် သူဘယ်နေရာမှာ ပုန်းနေတာလဲ။ ဂုဏ်သရေရှိဧည့်သည် ရန်သာ အဲ့ဒါတွေကို ဖြေပေးမယ်ဆိုရင် မင်းကို လွှတ်ပေးမယ်လို့ ငါကတိပေးမယ်”

“ကျုပ်မသိဘူး” ရန်ကိုင်က ရယ်မောလိုက်ပြီး ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်၏။ မျက်မြင်သတ်သေကို သတ်ပစ်မည့် အလုပ်မျိုးကို ယခုလို အခြေအနေထဲသို့ ရောက်နေသည့် လူတိုင်း လုပ်ကြမည်မှာ မလွဲမသွေပင် ဖြစ်၏။ ထို့ကြောင့် တွမ့်ဟိုင်၏ ‘ကတိ’ ဆိုသော စကားကြီးကို သူမယုံပါချေ။ တွမ့်ဟိုင်ကသည် ဤကဲ့သို့ လုပ်ရဲမှပင် ကိစ္စအားလုံးကို ရှင်းလင်းရန် သူပြင်ဆင်ပြီးသည့် အတွက်ကြောင့်ပဲ ဖြစ်ရပေမည်။

ရန်ကိုင်သာ ပါးစပ်တင်းတင်း ပိတ်ထားသရွေ့ ထိုနှစ်ယောက်သည်လည်း အလျင်စလို လှုပ်ရှားရဲလိမ့်မည် မဟုတ်ချေ။ သို့သော် သူပြောလိုက်သည်နှင့် ချက်ချင်း သေရလိမ့်မည် ဆိုသည်ကိုတော့ ရန်ကိုင် သိ၏။

“စီနီယာအစ်ကို၊ ဆက်ပြီး မေးမနေတော့နဲ့။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် လေးပဲကို၊ ကျုပ်ရဲ့ ဝိဥာဉ်ရှာဖွေနဲ့ နည်းစနစ်ကို သုံး၍ သူ့လျှို့ဝှက်ချက်တွေကို တူးထုတ်ပစ်လိုက်လို့ရတယ်” ရှုချီက အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်၏။

တွမ့်ဟိုင်က သက်ပြင်း ယဲ့ယဲ့လေး ချလိုက်ပြီး “ဂုဏ်သရေရှိဧည့်သည်ရန်၊ မင်းမြင်သလိုပဲ ငါ့ရဲ့ ဂျူနီယာညီလေးက ငါလိုမျိုး စိတ်ရှည်ပြီး သဘောကောင်းတဲ့ လူစားမျိုး မဟုတ်ဘူး။ သူ့ရဲ့ ဝိဥာဉ် ရှာဖွေခြင်းနည်းစနစ်ကြောင့် အရူးတစ်ယောက် ဖြစ်မလာချင်ဘူးဆိုရင် ငါတို့နဲ့အတူ လိုက်ပါ ဆောင်ရွက်ပေးသင့်တယ်နော်”

================================

Martial Peak

အထွတ်အထပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ- Mo Mo

ဘာသာပြန်ဆိုသူ- Little devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

————————————————————

အပိုင်း(၆၈၀) အစောကြီးကတည်းက ဘာလို့ မပြောခဲ့တာလဲ

————————————————————

တစ်ဖက်လူ၏ မှတ်ဥာဉ်များကို အတင်းအကြပ် ဖတ်ယူခြင်းသည် ပြီးပြည့်စုံသော နည်းလမ်းတစ်ခု မဟုတ်ချေ။ ထို့ကြောင့် ဖြစ်သာဖြစ်နိုင်လျှင် တွမ့်ဟိုင်နှင့် ရှုချီတို့ နှစ်ယောက်စလုံး ထိုနည်းလမ်းကို မသုံးချင်ကြချေ။

ရန်ကိုင် အနေဖြင့် သူတိုနှင့်အတူ ပူးပေါင်း ပါဝင်ပေးရန် လိုအပ်၏။ ထို့ပြင် သူတို့၏ အမြင်အရ ရန်ကိုင်သည် တောအိုအုံကြားမှ လာသည့်သူဖြစ်သလို အတော်လေးလည်း ငယ်ရွယ်သေးသည် ဖြစ်လေရာ အရမ်းကြီး အားကောင်းလိမ့်မည် မဟုတ်ချေ။

သို့သော် သူတို့၏ အကြံအစည်ကို လက်တွေ့ အကောင်အထည် ဖော်ပြီးနောက် ရန်ကိုင်သည် အလွယ်တကူ ဝါး၍ ရသော အရိုးပျော့တစ်ချောင်း မဟုတ်မှန်း သူတို့ သိလိုက်၏။ သူတို့နှင့် နည်းနည်းမျှပင် ပါဝင် မပူးပေါင်းပေးချေ။ မည်သို့ပင် ခြိမ်းခြောက် ခြိမ်းခြောက်၊ မည်သို့ပင် ဆွဲဆောင်ဆွဲဆောင်၊ ရန်ကိုင်သည် ခေါင်းတလားသယ်လူကြီးနှင့် ပက်သက်သည့် လျှို့ဝှက်ချက် တစ်ခုတစ်လေကိုပင် မပြောခဲ့ချေ။

တွမ့်ဟိုင်သည် ရန်ကိုင်ကဲ့သို့သော အလားအလာ ကောင်းသည့် ဆေးပညာရှင် ငယ်ငယ်လေး တစ်ယောက်ကို ရန်မစချင်ချေ။ အစကမူ ရန်ကိုင်အား မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းထဲသို့ သွတ်သွင်းခေါ်ယူလိုခြင်း ဖြစ်၏။

ရန်ကိုင်သည် ဂိုဏ်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူ့ဆီမှ ထိုလျှို့ဝှက်ချက်များကို ရယူရန် တွမ့်ဟိုင်တွင် အခွင့်အရေး များစွာရှိ၏။

သို့သော်လည်း ရန်ကိုင်သည် ဂိုဏ်းတွင် ခဏသာ နေမည်ကို သိပြီးနောက် လက်ဦးမှု ရယူရန် တွမ့်ဟိုင် ချက်ချင်း ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဖြစ်စေ ရန်ကိုင်သည် ဤနေရာမှ အနှေးနှင့် အမြန် ထွက်သွားလိမ့်မည် ဖြစ်ရာ သူသည် မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်အတွက် အသုံးဝင်တော့မည် ဟုတ်။ ထို့ကြောင့် သူ့ကို ရန်စလိုက်၍လည်း ဘာမှ မဖြစ်ချေ။

“ခေါင်းတလားသယ်လူကြီးကို ဘာလို့ ဒီလောက်‌တောင် ရှာချင်နေရတာလဲ။ သူ့ဆီကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ်လို့ မျှော်လင့်နေတာလဲ” ရန်ကိုင်က တွမ့်ဟိုင်ကို စိုက်ကြည့်၍ မေးလိုက်၏။

တွမ့်ဟိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောလိုက်၏ “ခေါင်းတလားသယ်လူကြီးက အရမ်းကို ထိတ်လန့်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို စောင့်ကြပ်နေတယ်လို့ ပြောကြတယ်လေ။ အဲ့လျှို့ဝှက်ချက်ကို ဆုပ်ကိုင်နိုင်တဲ့ ဘယ်သူမဆို ကြောက်မခန်းလိလိ စွမ်းအားတွေကို ရနိုင်တယ်တဲ့”

ရန်ကိုင်က ရယ်မောလိုက်၏။ အပေါက်မရှိဘဲ အိမ်ထဲသို့ လေဝင်လိမ့်မည် မဟုတ်ရာ တွမ့်ဟိုင်သည် အလောင်းသယ်လူကြီး မည်ကဲ့သို့သော လျှို့ဝှက်ချက်ကို စောင့်ကြပ်နေလဲ ဆိုသည်အား နည်းနည်းမျှပင် မသိချေ။ သို့သော် သူ့စကားများသည် လုံးလုံးကြီး မှားနေသည် ဆိုသည်လည်း မဟုတ်ပြန်ချေ။

ရှေးဟောင်းနတ်ဆိုးကလန်သည် အမှန်အကန်ကို ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုတစ်ခု ဖြစ်၏။ သို့သော် ထိုကလန်သည် လူတိုင်း ထိန်းချုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

“ဂုဏ်သရေရှိဧည့်သည့်ရန်၊ မင်တစ်ခုခုသိထားရင် ငါတို့ကို ပြောပြပါလား” တွမ့်ဟိုင်က ရန်ကိုင်အား လောဘမီးတောက်တို့ လောင်မြိုက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

ရန်ကိုင်က ခေါင်းသာ ခါရမ်းပြလိုက်ပြီး “ခင်ဗျား လူမှားမေးနေမိပြီ။ ငါကျုပ်ဘာမှကို မသိဘူး”

“စီနီယာအစ်ကို” ရှုချီ စိတ်မရှည်တော့သည့်ပင်။ ဒေါသတကြီး အော်ခေါ်လိုက်ပြီး တွမ့်ဟိုင်အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။

တွမ့်ဟိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး စိတ်လေးလံနေသည့် လေသံဖြင့် “ဂုဏ်သရေရှိ ဧည့်သည်ရန်၊ ရန်စမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ”

ရှုချီက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ကာ အေးစက်စက် လေသံဖြင့် “မင်းက ကမ်းပေးတဲ့ ခွက်ကို ပုတ်ထုတ်ချင်နေမှတော့ အတင်းအကြပ်ပဲ တိုက်ရတော့မှာပေါ့။ ငါ့ရဲ့ ဝိဥာဉ်ရှာဖွေနဲ့ နည်းစနစ်ကိုသာ အသုံးပြုလိုက်ရင် မင်းရဲ့ ဝိဥာဉ်ပျက်စီးသွားပြီး မင်းလည်း အရူးတစ်ယောက် ဖြစ်သွားနိုင်တယ်။ ဘုရားသာမပေတော့”

ထိုစကားကို ကြားလိုက်သည် ရန်ကိုင် တုန်လှုပ် ချောက်ချားသွားခဲ့ရာ ရှုချီလည်း ထိုရလဒ်နှင့် ပက်သက်ပြီး အတော်လေး စိတ်ကျေနပ်မိသွားခဲ့၏။

ရန်ကိုင်ရှေ့ရပ်၍ သူ့လက်ကို ရန်ကိုင် ခေါင်းထက် တင်လိုက်၏။ ချက်ချင်းဆိုသလို သူ့ဆီမှ မသေမျိုး ဒုတိယအဆင့် စိတ်စွမ်းအင်တို့ တာတမံကျိုးပေါက်သလို ရန်ကိုင် စိတ်ထဲသို့ တရဟော တိုးဝင်လာခဲ့လေ၏။

ချက်ချင်းဆိုသလို ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ရ၏။

ဤအချိန်သည် အခွင့်အ‌ရေးပင်။ သူ့အစစ်အမှန်ချီသည် ပိတ်ဆို့ထားခြင်း ခံရပြီး ကျင့်ကြံခြင်းအရ ပြိုင်မည်ဆိုလျှင်လည်း ရှုချီ၏ ပြိုင်ဘက် မဟုတ်ချေ။ စိတ်စွမ်းအင်ချင်း ဆိုလျှင်တော့ နှစ်ယောက်စလုံးအောက် မနိမ့်ကျဘူးဟု ရန်ကိုင် ယုံကြည်ချက် ရှိပေ၏။

ရှုချီသာ သူ့အသိစိတ်ပင်လယ်ထဲ ချိုးဖောက် ဝင်လာသရွေ့ သူ့အသက်နှင့် ပြန်ပေးဆပ်ရအောင် လုပ်လိုက်မှာ ဖြစ်၏။ မဟာနတ်ဆိုးနတ်ဘုရား၏ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို သူတော်စင်အဆင့် ပညာရှင်များပင် မခုခံနိုင်လေရာ ရှုချီကဲ့သို့ မသေမျိုး ဒုတိယအဆင့် ပညာရှင်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့။

ရှုချီကို သတ်ပြီးသည်နှင့် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို သုံး၍ သူ့အား ချုပ်နှောင်ထားသော ချိတ်တံဆိပ်ကို ချိုးဖျက်ပေမည်။ အဲ့လိုဆိုလျှင် မသေမျိုး ဒုတိယအဆင့် ဖြစ်သော တွမ့်ဟိုင် တစ်ယောက်သာ ကျန်တော့မည် ဖြစ်ရာ တွမ့်ဟိုင်လက်မှ ထွက်ပြေးလွတ်မြောက်မည်ဟု ရန်ကိုင် ယုံကြည်၏။

သို့သော်လည်း ရှုချီ စတင်လိုက်သည်နှင့် ရှုချီ၏ ဝိဥာဉ်သည် သူ့ကိုယ်ဝင်ထဲ ဝင်ရောက်လာခြင်း မရှိသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ ရှုချီ၏ စိတ်စွမ်းအင်သည် စိတ်ဝိဥာဉ် အစီအရင်တစ်ခုကို အမှီပြုလျက် မမြင်နိုင်သည့် ဝဲကတော့တစ်ခုကို ဖန်တီး၍ သူ့ဝိဥာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲမှ ဆွဲထုတ်လိုက်၏။

ရန်ကိုင် အသိစိတ်ပင်လယ်ထဲ... မြင်ကွင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေခဲ့ပြီး လှိုင်းလုံးများသည်လည်း တဝုန်းဝုန်းမြည်အောင် ရိုက်ခတ်နေခဲ့၏။

ပြောပြမရနိုင်လောက်အောင် နာကျင်သွားခဲ့သဖြင့် ရန်ကိုင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ကာ သွေးကြောတို့ သူ့နဖူးထက် ထောင်တက်လာခဲ့ရ၏။

ဝိဥာဉ် နာကျင်ခြင်းသည် ခန္ဓာကိုယ် နာကျင်ခြင်းထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်၏။

“အန်” ရှုချီလည်း အံ့အားသင့်သွားခဲ့ပြီး လှောင်ပြောင်ပြောဆိုလိုက်၏ “ခုခံဖို့ ကြိုးစားမနေနဲ့။ ခုခံဖို့ ပိုကြိုးစားလေ မင်းပိုပြီး နာကျင်ရလေပဲ။ အသိစိတ်ပင်လယ် အတားအဆီးကိုသာ ဖြေလျော့ပြီး မင်းမှတ်ဥာဏ်တွေကို ထုတ်ယူခွင့် ပေးလိုက်စမ်းပါ။ အဲ့လိုဆိုရင် အခုလိုမျိုး နာကျင်ရတော့မှာ မဟုတ်ဘူးနော်”

သူ့စကားတွေထဲ ရန်ကိုင်အား နာခံအောင် လုပ်နေသည့် မမြင်နိုင်သော စွမ်းအားတို့ ပါဝင်နေခဲ့ရာ ရန်ကိုင်လည်း ချက်ချင်း ပိုသတိချပ်လိုက်၏။

“ခေါင်းမာချင်တာလား” ရှုချီ ဒေါသထွက်သွားခဲ့ပြီး သူ့စိတ်စွမ်းအင် ပမာဏတာကို တိုးမြှင့်လိုက်ရာ စုပ်အားသည်လည်း ယခင်ကထက် ပို၍ အားကောင်းလာခဲ့ရ၏။

ရန်ကိုင် စိတ်စွမ်းအင်သည် မသေမျိုး တစ်ယောက်နှင့် ညီမျှသော်လည်း သူနှင့်ရှုချီကြား ကွာဟချက် ရှိနေသေး၏။ ထို့ပြင် တွမ့်ဟိုင်ကပါ ဘေးမှ အနီးကပ် စောင့်ကြည့်နေလေရာ ရန်ကိုင် ဆက်ပြီး ခုခံချင်သည် ဆိုလျှင်ပင် နောက်ဆုံးကျ ရှုံးနိမ့်သွားရပေလိမ့်မည်။

ထိုအချက်အားလုံးကို စဉ်းစားပြီးနောက် ရန်ကိုင်သည် ခုခံခြင်းကို လက်လျှော့လိုက်ပြီး တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရှုချီက အထင်အမြင် သေးသေးဖြင့် ရယ်မောလိုက်ပြီး “မောက်မာလှချည်လား”

“ဂျူနီယာညီလေး၊ သတိထား” တွမ့်ဟိုင် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး အထိတ်တလန့် အော်ဟစ် သတိပေးလိုက်၏။ ထိုအချိန်မှာပင် ပူပြင်း တောက်လောင်သော အရှိန်အဝါတစ်ခု လေထဲ ပျံ့နှံ့လာသည်ကို အာရုံခံမိလိုက်၏။ ဒုက္ခရောက်တော့မည်ကို သိလိုက်ရာ ရန်ကိုင်ဆီမှ အလျင်စလို ဆုတ်ခွါလိုက်ပြီး သူနှင့် အကွာအဝေးတစ်ခု ခြားလိုက်၏။

ချစ်ချစ်တောက် ပူလောင်လှသော စွမ်းအင်တန်း တစ်ခု ပေါက်ကွဲထွက်လာခဲ့ရာ ရှုချီ၏ ပမာမခန့် အမူအရာ ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့ရ၏။ သူ့မျက်နှာ တစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပြီး ခေါင်းကိုကိုင်ကာ သနားစဖွယ် နာနာကျင်ကျင် အော်ဟစ်တော့လေ၏။

“တေဇောဓါတ် အသိစိတ်ပင်လယ်လား” တွမ့်ဟိုင် မျက်လုံး ပြူးကျယ်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။

နာကျင်မှုသည် တစ်ခဏတာသာ ကြာမြင့်ခဲ့ပြီးနောက် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

အစောပိုင်းတုန်းက သတိမထားမိလိုက်သဖြင့် မီးဓါတ်တို့ ပါဝင်နေသည့် ရန်ကိုင် ကောင်းကင် စိတ်အာရုံ၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ သို့သော် သူ့စိတ်စွမ်းအင်သည် ရန်ကိုင်ထက် ပိုပြီး သန်မာအားကောင်းနေခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရ၏။

ထိုသို့ဆိုလျှင်ပင် ရှုချီတစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့၏။

သူ့ပျက်ကိန်း သူပြန်ဖန်တီးမည့် အခွင့်အရေးနှင့် သီးသီးလေး ကပ်လွဲသွားခဲ့ရသည်မှာ ကံကောင်းပေ၏။

“ဂုဏ်သရေရှိ ဧည့်သည့်ရန်က တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားတာလား” ရန်ကိုင်ကို ကြည့်နေသည့် တွမ့်ဟိုင် အမူအရာ ရှုပ်ထွေး တွေဝေသွားခဲ့ရ၏။

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ခြင်း မရှိ။ မုန်းတီးမှုတို့ဖြင့် ပြည့်နေသော မျက်ဝန်းအစုံဖြင့်သာ သူ့ရှေ့တွင် ရှိနေသော လူနှစ်ယောက်ကို စိုက်ကြည့်မြဲ စိုက်ကြည့်နေခဲ့၏။

“အဲ့လိုဆို ဘာလို့ အစောကြီးကတည်းက မပြောလိုက်တာလဲ” တွမ့်ဟိုင် မျက်နှာထက် နောင်တတရားတို့ဖြင့် ပြည့်နေခဲ့ပြီး “မင်းသာ စောစောပြောလိုက်ရင် ငါဘယ်တော့မှ...ဟူး...”

ရေရွတ်လိုက်ရင်း ဖြည်းဖြည်းချင်း ခေါင်းခါ သက်ပြင်းချလိုက်၏။

ရန်ကိုင်သည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသော ဆေးပညာရှင် တစ်ယောက်ဖြစ်မှန်း အစောကြီးကတည်းက သိခဲ့မည်ဆိုပါက ခေါင်းတလားသယ် လူကြီး၏ လျှို့ဝှက်ချက်ို သိချင်ရုံ သက်သက်ဖြင့် ရန်ကိုင်ကို ရန်စခဲ့လိမ့်မည် မဟုတ်ချေ။

တကယ်တော့ လျှို့ဝှက်ချက် အာလုံးသည် ဒဏ္ဏာရီ သက်သက်ပင် မဟုတ်ပေလာ။ ခေါင်းတလားသယ် လူကြီးသည် အံ့ဩဖွယ်ကောင်းသော ရတနာတစ်ခုကို ကာကွယ်နေလား၊ ကာကွယ်မနေဘူးလား ဆိုသည်ကို ကောင်းကင်သာသိ၏။ တွမ့်ဟိုင် ယခုကဲ့သို့ လုပ်လိုက်သည်မှာ အလောင်းအစား ထပ်လိုက်ခြင်းသာ ဖြစ်၏။

တစ်ဖက်တွင်မူ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသော အရည်အချင်းရှိသည် ဆေးပညာရှင် တစ်ယောက်သည် သူတို့ဂိုဏ်းအား လွန်စွာကိုမှ အကူအညီ အကြီးကြီး ပေးနိုင်၏။

ဤလောကကြီး၏ လက်ရှိအချိန်ထိ ရှင်သန်နေသေးသော ဆေးပညာရှင်များထဲမှ အကြီးကျယ်ဆုံးသော ဆေးပညာရှင်ဖြစ်သော ထျန်ဇန်း လူအိုကြီးသည် တေဇောဓါတ် အသိစိတ်ပင်လယ် ကြောင့်သာ ယခုကဲ့သို့သော အောင်မြင်မှုကို ရခဲ့ခြင်း ဖြစ်၏။

လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ မွန်းစတားမျိုးနွယ်၊ မည်သည့် မျိုးနွယ်စုဖြစ်ဖြစ် အကုန်လုံးသည် ထျန်ဇန်း လူအိုကြီးကို လေးစားကြ၏။ လူတိုင်းသည် သူ့အား လေးလေးစားစား၊ ဖော်ရွေပျူငှာစွာဖြင့် ဆက်ဆံကြရ၏။

ရန်ကိုင် တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားကြောင်း အစောကြီးကတည်းကသာ သိခဲ့လျှင် သူအား မရရအောင် သူတို့ဘက်အပါ ဆွဲခေါ် ထားခဲ့မိပေလိမ့်မည်။ သူ့အား အကြီးအကဲချုပ်ရားထူး အပ်ရမည်ဆိုလျှင်ပင် တွမ့်ဟိုင်အနေဖြင့် တုန့်ဆိုင်းခြင်း မရှိ သဘောတူမည် ဖြစ်၏။

တေဇောဓါတ်အသိပင်လယ် ပိုင်ဆိုင်ထားသော ဆေးပညာရှင် တစ်ယောက်သည် မည်ကဲ့သို့သော ဆေးပညာရှင် တစ်ယောက်မှန်း တုန်ရွှမ်လောကကြီး အတွင်း ရှိနေသည့် ပညာရှင်အားလုံး သိထားကြ၏။

ယခုအချိန်၌ တွမ့်ဟိုင် လွန်စွာကိုမှ နောင်တ ရနေခဲ့ကာ လုံးဝကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။

“စီနီယာအစ်ကို၊ လုပ်ပြီးသွားတာက လုပ်ပြီးသွားပြီ။ သူနဲ့ ပြန်လည်သင့်မြတ်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တော့ဘူး” ရှုချီက ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်၏။ ယခုလေးတင် သင်ခန်းစာ ရသွားပြီ ဖြစ်လေရာ ဝိဥာဉ်ရှာဖွေခြင်း ပညာရပ်ကိုကို နောက်တစ်ကြိမ် ထပ်မံ အသုံးမပြုရဲတော့ချေ။ တေဇောဓါတ် အသိစိတ်ပင်လယ်သည် အလွယ်တကူ ထိနိုင်သည့် အရာမျိုး မဟုတ်ချေ။

တွမ့်ဟိုင်သည် သူ့ဂျူနီယာညီလေးကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ယခုအချိန်၌ သူ့စိတ်ထဲ ထိုကောင့်ကို မသေမချင်း ပါးရိုက်သတ်ပစ်ချင်နေမိ၏။

ယခင်က ရန်ကိုင်ကို မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် ထဲသို့ အောင်အောင်မြင်မြင် ဖိတ်ခေါ်နိုင်ခဲ့ပြီးနောက် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ အနာဂတ်ကိုတွေးရင် စိတ်ပျော်နေခဲ့ခြင်း ဖြစ်၏။ သူ့စိတ်ထဲတွင်လည်း ရန်ကိုင်အား သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာသည်အထိ ပြုစုပျိုးထောင် ပေးရန်ပင် စိတ်ကူးထားပြီး ဖြစ်၏။ ရှုချီ၏ တိုက်တွန်းမှု ကြောင့်သာ မဟုတ်လျှင် မသေချာ မရေသည့် အကျိုးအမြတ် အတွက်ကြောင့် ယခုကဲ့သို့ အလျင်စလို ဆုံးဖြတ်ချက်မျိုး ချခဲ့လိမ့်မည် မဟုတ်ချေ။

ယခု အခြေနေသည် ဤအတိုင်းအတာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်လေရာ သူတို့ကြားမှ မကျေနပ်ချက် များကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိတော့ချေ။

“သူ့မှာ တေဇောဓါတ် အသိစိတ်ပင်လယ် ရှိမှန်း ကျုပ်လည်း မသိခဲ့လိုက်ဘူး” ရှုချီလည်း စိတ်ဓါတ်ကျသွားခဲ့ပြီး “သိသာသိခဲ့ရင်...”

“ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး” တွမ့်ဟိုင်က ခေါင်းခါရမ်းလိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ “ဂုဏ်သ‌ရေရှိဧည့်သည်ရန်၊ ဒီနေ့ ငါတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို မင်းခွှင့်မလွှတ်ဘူးမလား”

“ကျုပ်ကို လွှတ်ပေးလိုက်။ ဘာမှမဖြစ်ခဲ့သလို သဘောထားပေးလိုက်မယ်။ ဘယ်လိုလဲ” ရန်ကိုင် နှုတ်ခမ်းအစုံသည် လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့၏။

တွမ့်ဟိုင်က ခေါင်းခါရမ်းလိုက်ပြီး အစစ်အမှန်ချီ အချို့ကို ကြိုးသဖွယ် ဖန်တီး၍ ရန်ကိုင်ကို ရစ်ပတ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏ “အဲ့လိုဆိုမှတော့ ငါတို့ဘက်က ထပ်ပြီး ရန်စသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါဦး”

မြေအောက်ခန်းတစ်ခုထဲ ရန်ကိုင် အကျဉ်းကျနေခဲ့၏။

ထိုမြေအောက်ခန်းသည် ထူးခြားသော သတ္တုရိုင်များကို သုံး၍ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ဆန်းကြယ်နက်နဲသော စွမ်းအင်တို့သည် အမျိုးမျိုးသော ရှေးအက္ခရာတို့ဖြင့် ဖုံးလွှမ်းထားသော နံရံတစ်လျှောက် ဖြတ်သန်းစီးဆင်းနေခဲ့၏။

ထိုမြေအောက်ခန်းကို မသေမျိုးအဆင့် ပညာရှင် များပင် ဖောက်မထွက်နိုင်ရာ ထိုမြေအောက်ခန်းထဲမှ ရန်ကိုင် ရုတ်တရက် ထွက်ပြေးသွားမည်ကို တွမ့်ဟိုင်နှင့် ရှုချီတို့ စိတ်မပူပါချေ။

သူ့အစစ်အမှန်ချီကို ပိတ်လှောင်ထားသည့် ချိတ်တံဆိပ်ကို အကြိမ်ကြိမ်အခါခါ ဖျက်စီးရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့ရ၏။ သူ့အစစ်အမှန်ချီကို အသုံးပြုလိုက်တိုင်း သည်းခံနိုင်လောက်အောင် နာကျင်လွန်းလှပေ၏။

သူ့အခြေအနေသည် အကောင်းဘက် ရောက်မနေသော်လည်း ရန်ကိုင် ပျာယာခတ်မနေခဲ့ချေ။

ယခုထက် ပိုမိုဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်တွေ့ခဲ့ဖူးသလို သေဘေးနှင့် အကြိမ်းပေါင်းများစွာ နီးကပ်ဖူးခဲ့၏။ သို့သော် အကြိမ်တိုင်း နည်းလမ်းတစ်ခု ရှာကြံကာ ထွက်ပြေးလွတ်မြောက်နိုင်ပြီး ထိုကဲ့သို့ အပြောင်းအလဲများကို ကျော်ဖြတ်ရင်း သန်မာသထက် သန်မာလာခဲ့၏။

ရှင်သန်နိုင်မည့် အခွင့်အရေးသည် အချိန်တန်လျှင် ရောက်လာပေလိမ့်မည်။ ထိုအခိုက်အတန့် ရောက်ရှိလာမည့် အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန် လိုအပ်ပေ၏။

ထို့ပြင် တွမ့်ဟိုင်နှင့် ရှုချီတို့သည် သူ့အား မသတ်ချင်ကြချေ။ ရန်ကိုင်သည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည်ဟု သိရပြီးနောက် ရန်ကိုင်အပေါ် သူတို့၏ သဘောထား မဆိုသလောက် ပြောင်းလဲသွားခဲ့ရ၏။

လက်ရှိ သူနှင့်ပက်သက်၍ မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်ရမည်ကို မသိသေးသဖြင့် နှစ်ယောက် စလုံသည် သူ့အား မသတ်သေးဘဲ ဤနေရာတွင်သာ ချုပ်နှောင်ထားခဲ့လေ၏။

ရက်အနည်းငယ် ကြာသည်အထိ အလင်းရောင် မရှိသော အမှောင်ခန်းကြီးထဲ ရန်ကိုင် နေခဲ့ရ၏။

ယနေ့၌ မြေအောက်ခန်းတံခါး ဖြည်းဖြည်းချင်း ပွင့်လာခဲ့၏။ မျက်တောင်ခတ်ရင်း ပွင့်လာသော တံခါးကို သေချာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် ဆိုသလို ရန်ကိုင် စိတ်ရှုပ်ထွေးသွားခဲ့ရ၏။

ရှည်သွယ်သွယ် လှပသော ပုံရိပ်လေးတစ်ခုသည် အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့လေ၏။ ကောင်မလေးသည် လှပသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား တွေဝေစွာ စိုက်ကြည့်နေခဲ့၏။

ကျိမုန်...

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျိမုန် ထိုင်ချလိုက်ပြီး သူမသယ်လာသော ပစ္စည်းအချို့ကို အောက်ချလိုက်ကာ ညင်သာစွာ စကားဆိုလိုက်၏ “နင့်အတွက် အစာအချို့ ယူလာတယ်။ ဒါတွေက မလိုအပ်လောက်ဘူး ဆိုပေမယ့် ငါသေသေချာချာ ပြင်ဆင်ပေးထားတယ်။ အရသာကိုလည်း အတော်လေးကို ကောင်းမွန်အောင် ငါသေသေချာချာ လုပ်ပေးထားတယ်”

“တွမ့်ဟိုင် နင့်ကို ငါ့အကြောင်း ပြောခဲ့သေးလား” ရန်ကိုင်က သူမအား စိတ်ဝင်တစား စိုက်ကြည့်လိုက်၏။

“အင်း” ကျိမုန်က ခေါင်းပြန်ညိတ်ပြလိုက်၏။

“သူနင့်ကို ဘာလုပ်စေချင်နေတာလဲ”

“နင့်ကို ဆွဲဆောင်ဖြာယောင်း စေချင်တာ” ကျိမုန်က အသံတိုးတိုးဖြင့် “မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ထဲမှာ နင်နဲ့ ရင်းနှီးတဲ့လူဆိုလို့ ငါပဲ ရှိတာလေ။ ဒါကြောင့် ငါပဲ လာရတာပေါ့”

“အဲ့လိုဆိုရင် နင်ဘာလုပ်ဖို့ စဉ်းစားထားလဲ”

“နင်ကို ဆွဲဆောင်ရမှာပေါ့”

“ကောင်းပြီလေ။ နင်ကိုယ်တိုင် လာမှတော့ ငါလည်း ခေါင်းမာနေလို့ ဘယ်ဖြစ်ပါတော့မလဲ။ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ထဲ ငါဝင်မယ်လို့ တွမ့်ဟိုင်ကို သွားပြောလိုက်” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ပြန်ပြောလိုက်၏။

ကျိမုန်က အသာအယာလေး ခေါင်းရမ်းလိုက်ပြီး “နင့်စကားကို သုံးနှစ်သားကလေးတောင် ယုံမှာမဟုတ်ဘူး။ နင်ငါ့ကိုတောင် အရူးမလုပ်နိုင်တာ အကြီးအကဲတွမ့်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”

=============================

All Chapters