အခန်း (၆၈၆-၆၉၀)
Vol. 28 Ch. 686-690
အပိုင်း(၆၈၆) လျော်ကြေး
————————————————————
ရန်ကိုင်က မည်သူ့ကိုမှ အရေးမစိုက်ဘဲ ယုံကြည်ချက် အပြည့်ဖြင့် ပြောနေသည်ကို မြင်ပြီးနောက် ချန်းယန် မျက်နှာ ပြုံးလိုက်မိ၏။
ဒီကောင်လေးရဲ့ စိတ်နေစိတ်ထားက ငါနဲ့ တကယ်တူတာပဲ... ဟားဟား ချန်းယန် စိတ်ထဲ ကြိတ်၍ ရယ်မောလိုက်၏။
အကြီးအကဲချုပ် တစ်ယောက်ကို သတ်ပြီးတာတောင် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ဂိုဏ်းချုပ်ကို အကြောက်အရွံ့ ကင်းကင်းဖြင့် ရင်ဆိုင်ရဲသေး၏။
ဒီလို အခြေအနေမျိုးမှာတောင် အကြောက်အလန့် ကင်းနေသေးတယ် ဆိုတော့ ဒီကောင်လေးရဲ့ နောက်ခံက ဘာများ ဖြစ်လောက်မလဲ ရန်ကိုင်အား ကြည့်ရင်း ချန်းယန် စိတ်ထဲ ကြိတ်တွေးနေခဲ့၏။
သူ့ဘိုးဘေးသည် သူ့အား ရန်ကိုင်ကို ရှာခိုင်းခဲ့၏။ သို့သော် ရန်ကိုင်ကို ရှာတွေ့ရန် နှစ်လတိတိ အချိန်ယူခဲ့ရ၏။ ထို့ကြောင့် ချန်းယန်မှာ အတော်လေး စိတ်ညစ်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူစိုက်ထုတ်ခဲ့ရသည့် နှစ်လတာအချိန်သည် ထိုက်တန်သည်ဟု ချန်းယန် ရုတ်တရက် ခံစားလိုက်ရ၏။
“ကောင်စုတ်လေး၊ မင်းငါ့ကို အကြောင်းပြချက် ကောင်းကောင်း မပေးရင် ဒီနေရာကနေ အကောင်းအတိုင်း ထွက်သွားဖို့ မစဉ်းစားနဲ့” ရှချုန်းယင် မျက်နှာ နီရာမှ ပြာနှမ်းသွားခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်ရင်း အံတင်းတင်းကြိတ်လျက် ဒေါသတကြီး အော်ပြောလိုက်လေ၏။
“ဘာတွေ ထပ်ပြီး ရှင်ပြစေချင်သေးတာလဲ” ရန်ကိုင်က ပြုံးလျက် “ကျုပ်ရှင်းပြပြီးသွားပြီပဲ မဟုတ်ဘူးလား”
“အဲ့ဒါက မင်းရဲ့ တစ်ဖက်သတ် ပုံပြင်ကြီးလေ။ ဒီဂိုဏ်းချုပ်က မင်းပြောတိုင် ယုံမယ်လို့ ထင်နေတာလား” တုဝမ် မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်အား ထပ်မေးလိုက်၏ “မိတ်ဆွေလေး၊ မင်းပြောတာ အမှန်ပဲလား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“အဲ့လိုဆိုရင် ဘာကြောင့်လဲ။ သူတို့ ဘာလို့ မင်းကို လေမျက်လုံးထဲ ပစ်ထည့်ပြီး မင်းဝိဥာဉ်ကို ရှင်းလင်းချင်တာလဲ” တုဝမ်က သေသေချာချာ မေးလိုက်၏။ ရှချုန်းယင်ကိုသာ အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်လျှင် ထိုကောင်သည် ရန်ကိုင်ကို လွှတ်ပေးမည် မဟုတ်မှန်း တုဝမ်းသိထား၏။
ရန်ကိုင်ကမူ တုန့်ဆိုင်းနေခဲ့၏။
ခေါင်းတလားသယ် လူကြီးနှင့် သက်ဆိုင်သည့် အကြောင်းအရာကိုသာ ထုတ်ပြောခဲ့လျှင် အကောင်းထက် အဆိုးများသွားနိုင်ပေ၏။
“မိတ်ဆွေလေး စိတ်ချထားလိုက်။ မိတ်ဆွေလေး ပြောတာသာ အမှန်ဖြစ်နေမယ်ဆိုရင်၊ မိတ်ဆွေလေး ကလည်း မှားနေတဲ့လူ မဟုတ်ဘူးဆိုရင် ဒီနေရာကနေ ဘာမှမဖြစ်ဘဲ ထွက်သွားလို့ ရစေရမယ်လို့ ဒီလူအိုကြီး အာမခံတယ်။ ချန်းယန်လည်း ကူညီပေးလိမ့်မယ်” တုဝမ်က ချန်းယန်ဘက်လှည့်ပြီး ပြောလိုက်၏။
ချန်းယန်ကမူ ပို၍ပင် တိုက်ရိုက်ဆန်သေး၏ “မင်းမှားနေရင်တောင် ငါ့ရှေ့မှာ ဘယ်သူကမှ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
ရန်ကိုင် ချန်းယန်ကို စိတ်ဝင်တစား ကြည့်လိုက်၏။ ထိုလူစိမ်းသည် သူ့အား အဘယ်ကြောင့် ကာကွယ်ရန် ကြိုးစားနေသည်ကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က ရှချုန်းယင်ဘက်လှည့်၍ အေးစက်စက် အကြည့်ဖြင့် မေးလိုက်၏ “မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်၊ ဟုတ်တယ်မလား။ တွမ့်ဟိုင်နဲ့ ရှုချီတို့ ကျုပ်ကို အန္တရာယ်ပေးဖို့ ကြိုးစားတယ် ဆိုတာကို သက်သေပြနိုင်ရင် ကျုပ်ကို ဘယ်လို အလျော်ပေးဖို့ စဉ်းစားထားလဲ”
“မင်းကို အလျော်ပေးရမှာလား” ရှချုန်းယင် မျက်ဝန်းများ နီရဲသွားခဲ့ပြီး “မင်း အခုလေးတင်ပဲ ငါတို့ရဲ့ အကြီးအကဲချုပ်ကို သတ်ခဲ့တာလေ။ အဲ့ဒါကို ထပ်ပြီး ဘာလျော်ကြေး လိုချင်နေသေးတာလဲ။ မင်းမှားများ မှားနေတာလား ကောင်စုတ်လေး။ မင်းကြောင့် ငါတို့ မိုးကြိုး စိတ်ဝိဥာဉ် ကျောင်းတော် ဆုံးရှုံးသွားခဲ့ရတာကို ဘယ်လို ပြန်အလျော်ပေးမလဲ ဆိုတာကိုပဲ ဆွေးနွေးသင့်တာ မဟုတ်ဘူးလား”
“အဲ့ဒါကတော့ သူ့ကိုပဲ သွားအပြစ်တင်ပေါ့။ ကျုပ်ကံကောင်းသွားလို့သာ မဟုတ်ရင် လေမျက်လုံးထဲမှ သေသွားနှင့်ပြီ။ ကျုပ်ကို သတ်ဖို့ကြိုးစားလို့ ကျုပ်က ပြန်သတ်တာ သဘာဝပဲလေ”
တုဝမ်ကလည်း ခေါင်းညိတ်လိုက်ပြီး “တွမ့်ဟိုင်နဲ့ ရှုချီတို့က မိတ်ဆွေလေးကို သတ်ဖို့ကြိုးစားမှတော့ သူတို့ ပြန်အသတ်ခံရတာ သဘာဝပဲ။ ဂိုဏ်းချုပ်ရှ မင်းဘယ်လိုထင်လဲ။ မိတ်ဆွေလေးရန်ကို မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်ထဲ ဝင်ဖို့ ဒီလူအိုကြီးကိုယ်တိုင် အကြံပေးခဲ့တာ ဆိုတော့ ဒီလူအိုကြီးကလည်း သူ့လုံခြုံရေးနဲ့ ပက်သက်ပြီး နည်းနည်းပါးပါးတော့ တာဝန်ယူရမှာပေါ့။ မဟုတ်ဘူးလား”
တုဝမ်၏ လေသံသည် တည်ငြိမ်နေသော်လည်း သူ့စကား ကြားလိုက်သည့် မည်သူမဆို သူမရွှင်မပြ ဖြစ်နေသည်ကို ပြောနိုင်ပေ၏။
သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် အနေဖြင့် တက်သစ်စ ဆေးပညာရှင် တစ်ယောက်အား မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်သို့ သွားရန် အကြံပေးသည်မှာ ဖြစ်ခဲလှသည့် အဖြစ်အပျက် တစ်ခု ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် ထိုကဲ့သို့သော ကံဆိုးမှုမျိုး ကြုံတွေ့ခဲ့ရာ ယခုအဖြစ်အပျက်သည် လူအိုကြီးတု၏ ဂုဏ်သတင်းကို အတော်လေးကို ထခိုက်သွားစေနိုင်ပေ၏။
ရှချုန်းယင် ဒေါသထွက်နေသော်လည်း သူ့ဒေါသကို လူအိုကြီးတုအပေါ် သွားမဖောက်ထုတ်ရဲချေ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ကာ “လူအိုကြီးတုပြောတာ မျှတတယ်။ ဒီကိစ္စက မင်းပြောတဲ့အတိုင်း အမှန်ဆိုရင်တော့... အပြင်လူတွေတောင် ဝင်ပါစရာ မလိုဘူး။ ဒီဂိုဏ်းချုပ် ကိုယ်တိုင် ဂိုဏ်းကို ရှင်းလင်းရေးလုပ်ပြီး လူအိုကြီးတုကို ကျေနပ်လောက်မယ့် အကြောင်းပြချက် ပေးမှာပါ”
တုဝမ်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ “အခု မိတ်ဆွေလေး အားလုံး ရှင်းပြလို့ရပြီ”
“ကျုပ်လျော်ကြေး လိုချင်တုန်းပဲ” ရန်ကိုင်က အသာအယာ ပြုံးလိုက်ပြီး “ဒီကိစ္စကို ဒီအတိုင်း ကျေအေးလိုက်လို့ မရဘူးလေ”
“ဒီဂိုဏ်းချုပ်က လူအိုကြီးတုမို့ မျက်နှာသာ ပေးခဲ့တာ။ မင်းက ဘာကောင်မို့လို့လဲ။ မင်းကိုယ်မင်း အထင် စွတ်ကြီးမနေနဲ့” ရှချုန်းယင်က ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်လိုက်၏။ ယခုချက်ချင်း ထိုသကောင့်သားဆီ ခုန်ဝင်သွားပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားအောင် စုတ်ဖြဲပစ်လိုက်ချင်မိ၏။
“ငါလည်း မင်းပြောတာကို ထောက်ခံတယ်” ချန်းယန်က ရန်ကိုင်ကို ခေါင်းညိတ်ပြလိုက်၏ “ဂိုဏ်းချုပ်ရှသာ လျော်ကြေးမပေးဘူးဆိုရင် တစ်လအတွင်း မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် အနေနဲ့ ဒီတုန်းရွှမ်လောကကြီးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားစေရမယ်”
“ဦးလေးက ဘယ်လိုစကား ပြောရမလဲ တကယ်သိတာပဲ” မိနာက ချန်းယန်အား စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်၏။
ဦးလေး... ချန်းယန် နှုတ်ခမ်းအစုံ မဲ့ရွဲ့သွားခဲ့ပြီး သူ့မျက်နှာလည်း သုန်မှုန်သွားခဲ့ရ၏။ ထိုမမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် သူ၏ အေးစက်စက် ဟန်အမူအရာကို ဆက်မထိန်းထားနိုင်တော့ချေ။
ရန်ကိုင်ကမူ ပို၍ သင်္ကာမကင်း ဖြစ်သွားခဲ့ပြီး ချန်းယန်အား နားမလည်နိုင်စွာ စိုက်ကြည့်မိလိုက်၏။
“ချန်းယန်” ရှချုန်းယင် လက်သီးတင်းတင်း ဆုပ်လိုက်ပြီး ချန်းယန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
“တိုက်ချင်တာလား။ တိုက်ချင်တယ်ဆိုရင် ဒီကလဲ အဆင့်သင့်ပဲ” ချန်းယန်က လှောင်ပြောင်လိုက်လေ၏။
“မင်းတို့နှစ်ယောက် နည်းနည်းလေးတောင် စိတ်ရှည်ကြပါဦး” လူအိုကြီးက ကူကယ်ရာမဲ့စွာဖြင့် ဝင်ပြောလိုက်၏။ ရွေးချယ်စရာ မရှိတော့သည်နှင့် ဝင်ရောက်ဖြန်ဖြေသူ လုပ်ရပေတော့မည် “ဂိုဏ်းချုပ်ရှ၊ မိတ်ဆွေးလေးရန် ပြောတာသာ မှန်မယ်ဆိုရင် မင်းဘက်က လျော်ကြေးပေးမယ်လို့ ဒီလူအိုကြီး မျှော်လင့်တယ်”
“လူအိုကြီးတုလည်း ဒီလို ဖြစ်စေချင်နေတာလား” ရှချုန်းယင် မျက်ဝန်းထဲမှ အမုန်းတရားတို့ ပို၍ သိပ်သည်းလာခဲ့ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ကောင်းပြီလေ။ လူအိုကြီးတုပါ ပါလာပြီ ဆိုမှတော့ ဒီဂိုဏ်းချုပ်ကလည်း လက်ခံပေးရတော့တာပေါ့။ ဒါပေမယ့် လူအိုကြီးတု၊ သူပြောတာ တစ်ခုခု မှားနေမှန်း တွေ့လိုက်ရင်တော့ လူအိုကြီးတုကို မျက်နှာသာ မပေးဘူးဆိုပြီး ကျုပ်ကို လာအပြစ်မတင်နဲ့နော်”
“အဲ့အချိန်ကျ မင်းသဘောအတိုင်းပဲ” တုဝမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက်လှည့်၍ နောက်တစ်ကြိမ် ထပ်ပြောလိုက်၏ “ပြောလို့ရပြီ၊ လွတ်လွတ်လပ်လပ်သာပြော”
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က ကူကယ်ရာ မဲ့နေသည့် အမူအရာဖြင့် “သူတို့ နှစ်ယောက်က ကျုပ်ရဲ့ အသိစိတ်ပင်လယ်ကို လိုချင်နေတာလေ”
ပြောပြီးသည်နှင့် သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး “ဘာလို့လဲဆိုတော့ ကျုပ်မှာ တေဇောဓါတ် အသိစိတ်ပင်လယ် ရှိနေလို့ပဲ”
အားလုံး မှင်သက်သွားခဲ့၊ အကုန်လုံး သူတို့ ကြားလိုက်ရသည်စကားကို မယုံနိုင်အောင် ဖြစ်နေခဲ့ကြ၏။
သို့သော်လည်း ထိုပူပြင်းလှသည့် အရှိန်အဝါကို ခံစားမိသည်နှင့် မယုံဘဲနေ၍ မရတော့ချေ။
လူအိုကြီးတု၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ရန်ကိုင်အား အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးအလား စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်၏။
ချန်းယန်သည်ပင် စိတ်လှုပ်ရှားနေခဲ့လေပြီ။ သူ့လို ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသည့် ပညာရှင် တစ်ယောက်၏ စိတ်အခြေအနေကို ပျက်ယွင်းအောင် လုပ်နိုင်သည့် အရာ အနည်းငယ်သာ ရှိ၏။ သို့သော် ရန်ကိုင်၏ အသိစိတ်ပင်လယ်သည် တေဇောဓါတ် အသိစိတ်ပင်လယ် ဖြစ်နေသည်ဟု ကြားလိုက်ရသည့် အချိန်၌ သူစိတ်လွတ်လုသွားမတတ် ဖြစ်ခဲ့ရ၏။
သူ့စိတ်ထဲ အားရပါးရ အော်ဟစ်ရယ်မောရင် သူ့ဘိုးဘေး ထိုကောင်လေးအား အဘယ်ကြောင့် တွေ့ချင်နေလဲ ဆိုသည်ကို ယခုမှပင် ချန်းယန် နားလည်သွားခဲ့ရ၏။ လတ်စသတ်တော့ ထိုကောင်လေးသည် တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေသည်ကိုး။
ဆိုလိုသည်ကား သူ၏ စမှတ်သည် ထျန်းဇန် လူအိုကြီးနှင့် အတူတူ ဖြစ်သည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ တစ်နေ့ကျ သူသည် ထန်းဇန် လူအိုကြီး ရောက်နေသည့် အဆင့်သို့ ရောက်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်လေပြန်လော။ လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုဝင် အားလုံးက လေးစားရသည့် လူတစ်ယောက်ပေါ့။
တေဇောဓါတ် အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည့် လူအရေအတွက်မှာ အရမ်းအရမ်းကို နည်းပါးလှ၏။ ထို့ပြင် တေဇောဓါတ် အသိစိတ် ပင်လယ်ကို ပိုင်ဆိုင်ထားလျှင်ပင် ထိုလူသည် ဆေးဖော်စပ်တတ်လိမ့်မည်ဟု အာမမခံနိုင်ချေ။
ရှချုန်းယင်သည်လည်း မှင်သက်နေခဲ့ရ၏။ နောင်တတရားတို့ဖြင့် ပြည့်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား စိတ်ပျက်လက်ပျက် စိုက်ကြည့်နေခဲ့၏။
“ကျုပ်မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်မှာ အကြာကြီး နေနိုင်မှာ မဟုတ်ဘူးလို့ တွမ့်ဟိုင်ကို ပြောခဲ့တော့ သူက ရှုချီနဲ့ ပေါင်းပြီး လေမျက်လုံး အကူအညီနဲ့ ကျုပ်ရဲ့ အသိစိတ်ပင်လယ်ကို ထုတ်ယူဖို့ ကြိုးစားခဲ့တာပဲ” ရန်ကိုင်က ရှင်းပြလိုက်၏။
သူပြောသည်မှာ အကုန်လုံးလုံး အမှန် မဟုတ်သော်လည်း ၎င်းသည် တွမ့်ဟိုင်နှင့် ရှုချီတို့ နှစ်ယောက် သူ့ကို သတ်ရန် ကြံစည်ခဲ့သည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်း ဖြစ်လေရာ အခြေခံအားဖြင့် မှန်သည်ဟု ဆိုနိုင်ပေ၏။
ခေါင်းတလားသယ်လူကြီးနှင့် ပက်သက်သည့် မည်သည့် အကြောင်းအရာကိုမှ ဖွင့်ထုတ်ရန် မဖြစ်နိုင်ရာ တေဇောဓါတ် အသိစိတ်ပင်ယ် ပိုင်ဆိုင်ထားသည့် အကြောင်းကို ထုတ်ပြောရန်သာ ရှိတော့လေ၏။
“လတ်စသတ်တော့ ဒီလိုကိုး” လူအိုကြီးတုက ခေါင်းညိတ်လိုက်၏။ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး လူအိုကြီးတုက ရှချုန်းယင်ဘက် လှည့်ကာ “ကဲ၊ ဂိုဏ်းချုပ်ရှ၊ မင်းဘာထပ်ပြောချင်သေးလဲ။ ဒါမှမဟုတ် မိတ်ဆွေးလေးရန် ပြောတဲ့အရာကို မယုံသေးတာလား”
“ဘာမှထပ်ပြောစရာ မရှိတော့ဘူး” ရှချုန်းယင်က ရန်ကိုင်အား စိတ်ရှုပ်ရှုပ်ဖြင့် စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူသာ တစ်ဖက်လူအပေါ် ထပ်၍ ခက်ခဲအောင် လုပ်နေမည် ဆိုပါက လူအိုကြီးတုနှင့် ချန်းယန်တို့ နှစ်ယောက်စလုံးကို ရန်စမိပေလိမ့်မည်။ ထိုနှစ်ယောက်ကို ရန်စမိ၍ ရလာမည့် အကျိုးဆက်ကို သူမခံစားနိုင်ပါချေ။
ထို့ပြင် အနာဂတ်၌ ထိုရန်ကိုင်ဆိုသော လူသည် လွန်စွာကိုမှ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသော လူတစ်ယောက် ဖြစ်လာနိုင်ချေ ရှိ၏။ သူသာ ယခုနေ ထိုလူငယ်လေးကို ထပ်မံ ရန်စလိုက်မည် ဆိုပါက်က မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ အနာဂတ်သည် ငြိမ်းအေးနေတော့လိမ့်မည် မဟုတ်ချေ။
“အဲ့လိုဆိုရင် ကောင်းတာပေါ့” လူအိုကြီးက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် “ဒီနေ့ အဖြစ်အပျက်တွေ အကုန်လုံးကို ဒီမှာ ရှိနေတဲ့ လူတွေပဲ သိပါစေ။ တစ်ယောက်ယောက်သာ ပေါက်ကြားသွားစေခဲ့ရင် ဒီလူအိုကြီးကို ရိုင်းတယ်လို့ လာအပြစ်မတင်နဲ့”
“လူအိုကြီးတု ပြောတဲ့အတိုင်းပါပဲ” ချန်းယန်နှင့် ရှချုန်းယင်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြ၏။
တေဇောဓါတ် အသိစိတ်ပင်လယ်သည် ရှားပါလှသော ရတနာတစ်ခု ဖြစ်လေရာ ဤလောက အနှံ့ရှိ လူပေါင်းများစွာ လိုချင်တပ်မက်သည့် အကြည့်များကို ဆွဲဆောင်နိုင်ပေ၏။ ရန်ကိုင် တေဇောဓါတ် အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည် ဆိုသော သတင်းသာ ပေါက်ကြားသွားခဲ့ပါ မရေမတွက် နိုင်သော ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပေ၏။
ရွှစ်...
လေညင်းတိုက်သံနှင့်အတူ ရှုချီ သေသွားခဲ့ရရာ ရှချုန်းယင်၏ မျက်ဝန်းအစုံ လက်ခနဲ ဖြစ်သွားခဲ့ရ၏။ ရန်ကိုင် ဤမျှ မြန်မြန်၊ ပြတ်ပြတ်သားသား လှုပ်ရှားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ ကံမကောင်းစွာဖြင့် သူဒေါသထွက်လျှင်ပင် သူလုပ်နိုင်သည့်အရာ ဘာမှ မရှိချေ။
“အားလုံး ပြီးသွားပြီဆိုတော့ လျော်ကြေး အကြောင်း ပြောကြတာပေါ့” ရန်ကိုင်က ပြုံးလိုက်၏။
ရှချုန်းယင် မျက်နှာ ရှုံ့မဲ့သွားခဲ့ရပြီး စိတ်ထဲ လွန်စွာကိုမှ မလိုလားသော်လည်း ရွေးချယ်စရာ မရှိလေရာ “မင်းဘာလျော်ကြေး လိုချင်တာလဲ။ ငါတို့ စိတ်ဝိဥာဉ်ကျောင်းတော်မှာ ရှိတဲ့ အရာဆိုရင်တော့ ပေးနိုင်မယ်။ ဒါပေမယ့် ငါမပေးနိုင်တဲ့ အရာကို ပေးရအောင် လာတွန်းအားမပေးနဲ့။ ငါပေးနိုင်တဲ့ အရာကိုပဲ မင်းတောင်းဆိုလို့ရမယ်”
“ဟုတ်တာပေါ့” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ကျုပ်မိုးကြိုးမျက်လုံးဆီ သွားပြီး ကျင့်ကြံချင်တယ်။ ဒါကြောင့် ဂိုဏ်းချုပ် လမ်းဖွင့်ပေးလို့ ရမလား”
ထိုစကား ထွက်သွားသည်နှင့် အားလုံး ရန်ကိုင်အား အံ့အားသင့်တကြီး စိုက်ကြည့်လိုက်၏။
“မိုးကြိုးမျက်လုံးဆီ သွားချင်တာလား” ရှချုန်းယင်လည်း ကြောင်သွားခဲ့ရပြီး “မင်း မိုးကြိုးဓါတ် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတာလား”
“အဲ့ဒါ ကျုပ်ကိစ္စ၊ ဂိုဏ်းချုပ်ရှက ကျုပ်ကိုယ်ရေး ကိုယ်တာ လျှို့ဝှက်ချက်တွေကို သိချင်နေတာလား” ရန်ကိုင်က ခေါင်းခါလိုက်၏။
“လေမျက်လုံး ပျောက်ကွယ်သွားက မင်းနဲ့ ဆက်စပ်နေတာလား” ရှချုန်းယင်က ရန်ကိုင်အား သတိထား၍ စိုက်ကြည့်လိုက်၏။
“ဆိုင်လည်း ဆိုင်နိုင်တယ်။ မဆိုင်လည်း မဆိုင်နိုင်ဘူး။ ကျုပ်လည်း သေချာမသိဘူး”
“ဆိုလိုတာ မင်းသာ မိုကြိုးမျက်လုံးဆီ သွားတာနဲ့ မိုးကြိုးမျက်လုံးလည်း ပျောက်ကွယ်သွားမှာပေါ့”
“အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ စိတ်ချထားလိုက်ပါ ဂိုဏ်းချုပ်ရှရယ်”
လေမျက်လုံးထဲတွင် ရန်ကိုင်သည် လေမျက်လုံးအား မတော်တဆ လှုံ့ဆော်မိလိုက်သည့် အတွက်ကြောင့်သာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ထိုအချိန်အခါက ရန်ကိုင်သည် လက်စားချေချင်ရုံ သက်သက်သာ ဖြစ်၏။ သူသာ လေမျက်လုံးကို မလှုံ့ဆော်ခဲ့လျှင် လေမျက်လုံးလည်း ပျောက်ကွယ်သွားခဲ့ရလိမ့်မည် မဟုတ်ချေ။ သို့သော် လေမျက်လုံးသည် ယခင်ကလောက် အားကောင်းတော့လိမ့်မည် မဟုတ်သည်ကား အမှန်တရားပင် ဖြစ်၏။
“ဂိုဏ်းချုပ်ရှက ကိုယ့်ပြောခဲ့တဲ့ စကားကို မတည်ချင်တာလား။ အဲ့လိုဆိုရင် ငါသဘောတူမတူ အရင်မေးဦးနော်” ချန်းယန်က ရှချုန်းယင်အား ရက်စက်တော့မည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
“လေမျက်လုံးနဲ့ မိုးကြိုးမျက်လုံးတို့က ငါတို့ မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ အုတ်မြစ်တွေပဲ။ အခု လေမျက်လုံးက သူ့ကြောင့် ပျောက်သွားရပြီ။ အဲ့ဒါကို သူ့ကို မိုးကြိုးမျက်လုံးဆီ ဘယ်လိုလုပ်ပြီး လွှတ်ပေးရဲတော့မှာလဲ။ မင်းတို့ ဒီဂိုဏ်းချုပ်ကို အရူးမှတ်နေတာလား”
“မင်းသဘောတူဖို့ ရည်ရွယ်ထားရင် သဘော တူကိုတူရလိမ့်မယ်။ သဘောမတူဘူး ဆိုရင်လည်း သဘောတူရလိမ့်မယ်” ချန်းယန်က လှောင်ပြုံးပြုံးလိုက်ပြီး ရန်ကိုင်လက်ကို ကိုင်ကာ ပျံသန်းသွားလိုက်လေ၏။
“ချန်းယန်၊ မင်းလွန်မလာနဲ့နော်” ရှချုန်းယင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အလျင်စလို ပြေးလိုက်သွားလေ၏။
“ဟူး...” လူအိုကြီး သက်ပြင်း အရှည်ကြီး ချလိုက်၏။ သူလည်း အတော်လေး ကူကယ်ရာမဲ့နေခဲ့ရ၏။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် မိနာကိုခေါ်ကာ သူတို့နောက် လိုက်သွားလေ၏။
ချန်းယန်၏ အရှိန်သည် လွန်စွာကိုမှ မြန်ဆန်လှရာ ရန်ကိုင်မှာ သူ့မျက်လုံးကို မနည်းအားတင်း ဖွင့်နေခဲ့ရ၏။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာ ကြာပြီးနောက် သူတို့နှစ်ယောက် မိုးကြိုးမျက်လုံး ရှိရာဆီ ရောက်လာခဲ့၏။
ဤနေရာ၌ စုဝေးနေသော မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ တပည့်အများအပြား ရှိနေခဲ့၏။
အားကောင်းသော တပည့်များသည် မိုးကြိုး မျက်လုံးနှင့် ပို၍ နီးကပ်သည့် နေရာ၌ ကျင့်ကြံနေခဲ့ကြပြီး အားနည်းသော တပည့်များကမူ ခပ်ခွါခွါတွင် ထိုင်လျက် ကျင့်ကြံနေခဲ့ကြ၏။
ကောင်းကင်ထက် လျှပ်စီးတန်းတို့ တဖျတ်ဖျတ် လက်နေသော လျှပ်စီးဝဲကတော့ကြီးတစ်ခု ရှိနေခဲ့၏။ မိုးချိန်းသံတို့ အဆက်မပြတ် မြည်ဟည်းနေခဲ့ပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း ပြင်းထန်လှသော မိုးကြိုးစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့၏။
ချန်းယန် ရောက်လာသည်နှင့် ကျင့်ကြံနေကြသော မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များအားလုံး နိုးလာခဲ့ကြပြီး ရန်ကိုင်နှင့် ချန်းယန်တို့ကို အံ့ဩတကြီး စိုက်ကြည့်လိုက်ကြ၏။
“ကောင်လေး၊ မင်သွားချင်တာ သေချာလား။ ဒီနေရာက ဟာသမဟုတ်ဘူးနော်။ တစ်ချက် မှားသွားရုံနဲ့ ယမမင်းနဲ့ ပြေးတွေ့ရမှာ” ချန်းယန်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် မိုးကြိုး မျက်လုံးကို စိုက်ကြည့်ရင်း ရန်ကိုင်ကို သတိပေးလိုက်၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၇) သံသယများစွာ
————————————————————
မိုးကြိုးမျက်လုံးထဲရှိ စွမ်းအင်များသည် လေမျက်လုံးထဲရှိ စွမ်းအင်များထက်ပင် ပို၍ ပြင်းထန်သေး၏။ လေမျက်လုံးထဲသို့ ကောင်ကင် စိတ်အာရုံကို ပို့လွှတ်၍ စစ်ဆေးကြည့်ရဲသော်လည်း မိုးကြိုးမျက်လုံးကိုမူ ထိုကဲ့သို့ မလုပ်ရဲချေ။
လေမျက်လုံးနှင့် ယှဉ်လျှင် မိုးကြိးမျက်လုံးက ပို၍ အန္တရာယ်များ၏။
“မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်က ကျုပ်တို့နောက် လိုက်လာနေပြီ။ ကျုပ်သွားတော့မယ့် စီနီယာ” နောက်ပြန်လှည့်ကြည့်လိုက်ရာ ရှချုန်းယင် သူတို့ဆီ စိုးရိမ်ဒေါသတကြီး အဆောတလျင် ပျံသန်းလာနေသည်ကို မြင်သည်နှင့် ရန်ကိုင်က ပြောလိုက်၏။
ချန်းယန်ကမူ ရှချုန်းယင်ကို မျက်လုံးထဲ မထည့်ချေ။ ပြုံးလိုက်ပြီး “မင်းက တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ။ ကောင်ပြီလေ။ ငါမင်းကို ကူညီပေးရတာပေါ့။ ဒါပေမယ့် မသေစေနဲ့နော်။ မဟုတ်ရင် ဘိုးဘေးကို ဘယ်လို ပြန်ရှင်းပြရမှန်း သိမှာမဟုတ်ဘူး”
ပြောပြီးသည်နှင့် ရန်ကိုင်ကို မိုးကြိုးမျက်လုံးထဲသို့ ပစ်ချပေးလိုက်လေ၏။
ရန်ကိုင် မိုးကြိုးမျက်လုံးထဲ ကျသွားသည်ကို မြင်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ တပည့်များထံမှ အလန့်တကြား အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေ၏။
ခဏအကြာ၌ ရှချုန်းယင် ရောက်လာခဲ့၏။ သို့သော် ရန်ကိုင်သည် မိုးကြိုးမျက်လုံးထဲ ဝင်သွားပြီဖြစ်ရာ သူလည်း ဘာမှမလုပ်နိုင်တော့ချေ။
မိုးကြိုးမျက်လုံးထဲ ရောက်သည်နှင့် လေမျက်လုံးထဲ ရှိစဉ်ကထက် အဆများစွာ ပိုအားကောင်းသော ဖိအားကို ခံစားမိလိုက်၏။
လျှပ်စီးစွမ်းအင်တို့ သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ရာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့ရပြီး သူ့ဝိဥာဉ်သည်လည်း ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ရကာ သူ့အရေးပြာဆီမှ ညှော်နံ့တို့ပင် ထွက်ပေါ်လာခဲ့၏။
သူ့ဒဏ်ရာများကို လျစ်လျူရှုထားလိုက်ပြီး ဆေးပေါင်းရည် တစ်စက်ကို သောက်သုံးကာ တင်ပလင်ခွေ ထိုင်ချလိုက်၏။
ရန်ကိုင် နောက်ကျောဘက်မှ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်မှ မိုးကြိုးစွမ်းအင် များကို သူ့ကိုယ်ထဲသို့ စုပ်ယူတော့လေ၏။
ဝှစ်...
ရန်ကိုင် တောင်ပံများ နောက်တစ်ကြိမ် ပြန့်ကား ထွက်လာခဲ့ပြီး လေးစွမ်းအင်တို့သည် ဘယ်ဘက် တောင်ပံထက် လွတ်လွတ်လပ်လပ် ကခုန်နေခဲ့၍ ညာဘက်တောင်ပံသည် လျှပ်ပန်းလျှပ်နွယ်တို့ တဖျတ်ဖျတ် လက်နေခဲ့၏။
မကြာခင်မှာပင် ကျင့်ကြံခြင်းထဲ နစ်မျောသွားခဲ့ပြီး မိုးကြိုးနှင့် လျှပ်စီးတို့၏ နက်နဲဆန်းကြယ်သော သဘောတရားများကို စတင်လေ့လာတော့လေ၏။
မိုးကြိုးမျက်လုံးအပြင်ဘက် ချန်းယန်နှင့် ရှချုန်းယင်တို့ မြေကမ္ဘာတုန်လှုပ်ဖွယ် တိုက်ပွဲကြီးကို ဆင်နွှဲနေကြသဖြင့် အနီးအနားရှိ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ တပည့်အားလုံး ထွက်ပြေးကုန်ကြ၏။ လူအိုကြီးတု ရောက်လာပြီး ဝင်ရောက် ဖြန်ဖြေပေးမှသာ သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲ ရပ်တန့်သွားခဲ့ရ၏။
နှစ်ယောက်သားကြား မည်သူနိုင်မည်ကို မပြောနိုင်သော်လည်း လေ့လာကြည့်ရသလောက် ရှချုန်းယင်သည် ချန်းယန်ထက် ပိုပြီး အခြေအနေ ဆိုးနေခဲ့၏။
တိုက်ပွဲသာ ယခုကဲ့သို့ ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက နောက်ဆုံးကျ ရှချုန်းယင် ရှုံးနိမ့်သွားရ ပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် မိုးကြိုး စိတ်ဝိဥာဉ် ကျောင်းတော် ဂိုဏ်းချုပ်သည် လူအိုကြီးတု ဝင်ရောက်ဖြန်ဖြေပေးသည့် အချက်ကို အခွင့်ကောင်း ယူကာ ချက်ချင်း နောက်ပြန်ဆုတ်လိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးမျက်လုံးထဲရှိ လျှပ်စီးစွမ်းအင်များ တဖြည်းဖြည်း အားနည်းလာသည်ကို အပြင်ဘက်ရှိလူများ သတိပြုမိလိုက်၏။ အသိသာဆုံး အချက်သည်ကား မိုးကြိုးမျက်လုံးမှ ပစ်ပစ်ချသော လျှပ်စီးတန်း အရေအတွက် သိသိသာသာကို နည်းပါးသွားခြင်းပင်။
ရှချုန်းယင် အမူအရာ အရုပ်ဆိုးသွားခဲ့ရ၏။
ယနေ့ အကြီးအကဲနှစ်ယောက်သေ၍ လေမျက်လုံး ပျက်စီးပြီး မိုးကြိုးမျက်လုံး၏ စွမ်းအား သိသိသာသာကို လျော့နည်းသွားခဲ့ရ၏။ တစ်ခုတည်းသော ကျန်ရှိနေသည့် မေးခွန်းသည်ကာ မိုးကြိုးမျက်လုံးသည်လည်း လေမျက်လုံးကဲ့သို့ ပျောက်ကွယ်သွားမည်လား ဆိုသော မေးခွန်းပင် ဖြစ်၏။
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ဆုံးရှုံးမှုသည် တွက်ချက်၍ မရသည့် အတိုင်းအတာအထိ ရောက်ရှိနေခဲ့လေပြီ။
တစ်ရက်ကြာပြီးနောက် မိုးကြိုးမျက်လုံး၏ ပြင်းအားသည် မူလထက် တစ်ဝက်လောက် လျော့သွားခဲ့၏။ ယခုအချိန်၌ ရှချုန်းယင်၏ သွေးရောင် ရဲတောက်နေသည့် မျက်လုံးများဖြင့် ရူးသွပ်နေသော သားရဲတစ်ကောင်ပမာ မိုးကြိုးမျက်လုံးကို စိုက်ကြည့်နေခဲ့၏။
ဂိုဏ်းတစ်ခု၏ အုတ်မြစ်ကို ဖျက်စီးခြင်းသည် မလျော်ကန်ဟု လူအိုကြီးတု တွေးလိုက်မိသော်လည်း သူကိုယ်တိုင် ထောက်ခံပေးထားသော လူငယ် ဆေးပညာရှင် ဂျီးနီးယပ်တစ်ယောက်အား တွမ့်ဟိုင်တို့ မည်ကဲ့သို့ သတ်ရန် ကြိုးစားခဲ့သည်ကို ပြန်စဉ်းစားမိသည်နှင့် ဆိတ်ဆိတ်သာ နေလိုက်တော့၏။
မိုးကြိုးမျက်လုံးအတွင်း၌၊ ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်ဝန်းအစုံကို ဖွင့်လိုက်ရာ လျှပ်ပန်းလျှပ်နွယ်တို့ လက်ဖြာသွားခဲ့ရ၏။ တစ်ရက်ကြာအောင် စုပ်ယူပြီးနောက် လေမိုးကြိုး တောင်ပံသည် သူ့ကိုယ်ထဲသို့ အပြည့်အဝ ပေါင်းစပ်သွားပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်၏။
ယခုအချိန်မှစ၍ ထိုလေမိုးကြိုးတောင်ပံကို သူ့စိတ်ရှိသလို အသုံးချလို့ ရပေပြီ။
သူ့ကျောဘက်ရှိ တောင်ပံများထဲ ယန်ဓါတ် စွမ်းအင်များ ပါဝင်နေသေး၏။ ဘယ်တောင်ပံ၏ တစ်ဝက်သည် လေစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပြီး ညာတောင်ပံ၏ တစ်ဝက်သည် လျှပ်စီးစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့၏။
လေ၊ မိုးကြိုးနှင့် ယန်ချီတို့ အတူတကွ ပေါင်းစပ်သွားခဲ့ရာ ပြောင်းလဲမှုအချို့ ဖြစ်သွားခဲ့ရ၏။ ဓါတ်စွမ်းအင် သုံးခုသည် တစ်ခုချင်းစီ သီးခြား မတည်ရှိတော့ဘဲ အသစ်တစ်ခု အဖြစ်သို့ ပေါင်းစည်းသွားခဲ့၏။ လေနှင့် မိုးကြိုးစွမ်းအင်များထဲ ပူပြင်းလှသော အပူဓါတ်တို့ပါ ပါဝင်နေခဲ့လေပြီ။ ယခင်ကကဲသို့ လေနှင့်လျှပ်စီး စွမ်းအင် သက်သက်စီ မဟုတ်တော့ဘဲ လေမီးတောက်နှင့် လျှပ်စီးမီးတောက် ဆိုပြီး ဖြစ်သွားခဲ့ရလေပြီ။
သူ့ယန်မီးတောက် တောင်ပံများကို လေမိုးကြိုး တောင်ပံများက အပြည့်အဝ အစားထိုး နေရာယူသွားခဲ့လေပြီ။
ရန်ကိုင် နားလည်ရ ခက်ခဲနေသည့် တစ်ခုတည်းသော အရာမှာ ထိုတောင်ပံများသည် ဘာဖြစ်သည် ဆိုသည်ကိုပင် ဖြစ်လေ၏။ လေမိုးကြီုးတောင်ပံများသည် လက်နက်ပစ္စည်း တစ်ခုနှင့် ဆင်တူသလို သိုင်းပညာရပ် တစ်ခုနှင့်လည်း ဆင်တူ၏။
သို့သော် ဟန်ဖေး သူ့အား လက်ဆောင်ကောင်းကြီး တစ်ခုပေးလိုက်သည် ဆိုသည့် အချက်ကမူ ငြင်းပယ် မရနိုင်သော အမှန်တရား ဖြစ်ပေ၏။
ဟန်ဖေးနှင့် လီရုန်တို့ လေမိုးကြိုးတောင်ပံအား မသန့်စင်နိုင်ခဲ့ခြင်းသည် သူတို့၌ ရန်ကိုင်ကဲ့သို့ အခွင့်အရေး မရရှိခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်၏။
အားလုံးသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သော်လည်း ရှောင်ရှား၍ မရနိုင်ဟု ခံစားမိနေပြန်၏။
လေမိုးကြိုးတောင်ပံကို ပြန်သိမ်းလိုက်ပြီးနောက် အတော့်ကို အားနည်းနေသော မိုးကြိုးမျက်လုံးထဲမှ ပြန်ထွက်လာလိုက်၏။
အပြင်ဘက်တွင် အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းနေသော လူများသည် ရန်ကိုင် ထွက်လာသည်ကို မြင်သည်နှင့် ပြုံးလိုက်ကြ၏။ ရှချုန်းယင်သည်လည်း သက်ပြင်းတစ်ချက် ချလိုက်၏။
နောက်ဆုံး၌ မိုးကြိုးမျက်လုံး မပျောက်ကွယ် သွားခဲ့ချေ။ ယခင်ကလောက် အားမကောင်းတော့ သော်လည်း လေမျက်လုံးကဲသို့ ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။
ရန်ကိုင်ကို စိုက်ကြည့်နေရင်း ရှချုန်းယင် အမျိုးမျိုးသော ခံစားချက်တို့ကို ခံစားနေခဲ့ရ၏။ စိတ်ပျက်မှု၊ အမုန်းတရား၊ သံသယ၊ အားလုံးကို သူခံစားနေခဲ့ရ၏။
“မင်းက ငါတို့ကို တကယ်အံ့အားသင့်အောင် လုပ်တာပဲ” ရန်ကိုင် ထွက်သွားသည်ကို မြင်သည်နှင့် ချန်းယန်က ရုတ်တရက် ရယ်မောလိုက်ပြီး “မင်းအရှိန်အဝါလည်း တော်တော်လေးကို ပြောင်းလဲသွားတာ ဆိုတော့ အထဲမှာများ အချီကြီး ရိတ်သိမ်းလိုက်နိုင်တာလား”
“အင်း၊ အဲ့လိုမျိုးပဲပေါ့” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကျုပ်ကျင့်ကြံခြင်းအဆင့် မတိုးလာပေမယ့် မိုးကြိုးစွမ်းအင်အပေါ် အတော်လေးကို နားလည်သွားခဲ့ရပြီ။ စောင့်နေအောင် လုပ်မိလိုက်လို့ တောင်းပန်ပါတယ်”
“မိတ်ဆွေးရန်က အရမ်း ယဉ်ကျေးနေတာပဲ” တုဝမ်က ပြုံးကာ ခေါင်းခါရမ်းလိုက်၏။
“ပြီးပြီဆိုမှတော့ သွားကြတာပေါ့” ချန်းယန်က လက်ဝှေ့ရမ်းပြလိုက်၏။
ရန်ကိုင်က မှုန်ကုန်နေသော ရှချုန်းယင်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး နောက်ဆုံး၌ ဘာစကားတစ်ခွန်းမှ မပြောခဲ့ဘဲ ထွက်သွားလိုက်၏။
ချန်းယန် ရှိနေသည့်အတွက် ရန်ကိုင်ကို တားချင်လျှင်ပင် တားနိုင်လိမ့်မည် မဟုတ်ချေ။ ဤနှစ်ရက်အတွင်း မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော် အတော်လေးကို အဆုံးအရှုံးများခဲ့ရ၏။ ချန်းယန်နှင့်သာ ထပ်ပြဿနာတက်ပြီး ကောင်းကင်ဂိုဏ်းတော်နှင့် ရန်မီးပွားသွားမည် ဆိုပါက ဖြစ်လာမည့် အကျိုးဆက်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
မိုးကြိုးဂိုဏ်းတော်၏ လူရူးလေးယောက် စလုံးသည် သူ့ထက် အားမနည်းလေရာ တိုက်ပွဲသာ ဖြစ်ပါက မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် ကျိန်းသေ ဖျက်စီးခံရပေလိမ့်မည်။
ထို့ကြောင့် ရှချုန်းယင် အနေဖြင့် ကြိတ်မှိတ်ပြီး သည်းခံရုံသာ တတ်နိုင်ခဲ့၏။
“ဂိုဏ်းချုပ်ရှ၊ ဒီတစ်ကြိမ် ကိစ္စအတွက် ကျေးဇူးအများကြီးတင်ပါတယ်” လူအိုကြီးတုက ရှချုန်းယင်ကို ခေါင်းညိတ်လိုက်ပြလိုက်၏။
“သွားတော့၊ ကျုပ်ခင်ဗျားတို့ကို လိုက်မပိုတော့ဘူး” ရှချုန်းယင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်လုံးပိတ်လိုက်၏။
ချန်းယန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်၊ တုဝမ်နှင့် မိနာတို့အား သူ့အစစ်အမှန်ချီဖြင့် ရစ်ပတ်ကာ ကောင်းကင်ထက်သို့ ပျံဝဲတက်သွားလေ၏။
သူတို့ ထွက်သွားပြီးနောက် ရှချုန်းယင်မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော သူတို့၏ ကျောပြင်ကို အချိန်တစ်ခဏကြာအောင် စိုက်ကြည့်လိုက်၏။ ထို့နောက် လှုပ်ရှားမှု ပညာရပ်ကို ရုတ်တရက် အသက်သွင်းလိုက်ရာ လေမျက်လုံး ရှိရာ အရပ်ဆီ အပြေးနှင်လေ၏။
ရန်ကိုင် ပြောပြသွားသော ဇာတ်လမ်းနှင့် ပက်သက်ပြီး သူ့စိတ်ထဲ သံသယများစွာ ရှိနေခဲ့၏။ ယခုတစ်ကြိမ်၌ တုဝမ်ပါ ဝင်ပါနေသဖြင့် ထိုကိစ္စကို ထိုနေရာမှာတင် ရပ်တန့်ထားလိုက်ခြင်း ဖြစ်၏။ သို့သော် ယခု သူ့တွင် အခွင့်အရေးတစ်ခု ရှိလာပြီဖြစ်ရာ ထိုကိစ္စကို ထပ်မံ၍ စစ်ဆေးရပေမည်။
တွမ့်ဟိုင်နှင့် ရှုချီတို့ သေသွားသည်မှာ တစ်ရက်ကြာပြီ ဖြစ်သော်လည်း သူတို့၏ ပျံ့ကြဲနေသော ဝိဥာဉ် အစိတ်အပိုင်းများကို စုစည်းပြီး ရန်ကိုင်နှင့် သူတို့ကြား မည်ကဲ့သို့သော မကျေနပ်ချက်များ ရှိနေသည်ကို သူစူးစမ်းနိုင်၏။
အကြီးအကဲနှစ်ယောက် သေသွားသည့် နေရာဆီသို့ ရောက်သည်နှင့် ရှချုန်းယင်က နက်နဲဆန်းကြယ်သော စကားအချို့ကို ရွတ်ဆိုလိုက်၏။
ဆန်းကြယ်သော စွမ်းအင်တို့ လှည့်ပတ်လာခဲ့ပြီး တစ်ခဏကြာပြီးနောက် ဘေးပတ်ပတ်လည် ကီလိုမီတာ (၃၀)ပတ်လည်ကို ဖုံးလွှမ်းသွားသည့် အရံအတား တစ်ခု ဖြစ်လာခဲ့သည်။ ရှုချီနှင့် တွမ့်ဟိုင်တို့၏ ဝိဥာဉ် အစိတ်အပိုင်းများကို စုစည်းနိုင်ရာ ရှချုန်းယင် အနေဖြင့် ဤနေရာ၌ အတားအဆီး တစ်ခု ချထားရပေမည်။
နှစ်ယောက်စလုံးသည် မသေမျိုး ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်လေရာ သူတို့ သေသွားသည်မှာ တစ်ရက်ကြာပြီ ဖြစ်သော်လည်း သူတို့၏ ဝိဥာဉ် လုံးဝ မပျောက်ကွယ်သေးဘူးဟု ရှချုန်းယင် ယုံကြည်နေဆဲ။
သို့သော် ရှချုန်းယင်ကို စိတ်ဓါတ်ကျသွားစေသည်ကား သူမည်သို့ပင် ကြိုးစားပါစေ တွမ့်ဟိုင်နှင့် ရှုချီတို့၏ ဝိဥာဉ် အစိတ်အပိုင်း အနည်းငယ်ကိုပင် မစုစည်းနိုင်ခဲ့ခြင်းပင် ဖြစ်လေ၏။ နှစ်ယောက်စလုံး၏ ဝိဥာဉ်များသည် အပြီးတိုင် ရှင်းပစ်ခံလိုက်ရသည့်ပုံပင်။
----------------------------------
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ထက် လူလေးယောက် ပျံသန်းနေခဲ့၏။
တောင်ထွတ်တစ်ခုဆီကို ဖြတ်သွားချိန် ထိုတောင်ထွတ်ပေါ်၌ မိန်းမလှလေးတစ်ယောက် ရပ်နေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
တစ်ဖက်လူသည်လည်း သူ့ကို သတိပြုမိသည့် ပုံပင်။ သူမ၏ မျက်ဝန်းများထဲ အပြစ်ရှိသလို ခံစားနေရသည့်၊ အံ့ဩနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ဝမ်းနည်းရိပ်တို့ သူမ မျက်နှာထက် ထွက်ပေါ်လာခဲ့၏။
ရုတ်တရက် လေပေါ် ခုန်တက်လိုက်ပြီး အားကုန်သုံးကာ ရန်ကိုင်တို့နောက် ပြေးလိုက်ရန် ကြိုးစားလိုက်၏။ သူမ၏ မျက်နှာလှလှလေးသည် စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့လေ၏။
သို့သော် ချန်းယန်၏ အမြန်နှုန်းကို သူမ မည်ကဲ့သို့ လိုက်မှီနိုင်နည်း။ အသက်ရှူရှိုက်စာ အကြိမ် အနည်းငယ် အတွင်းမှာပင် ရန်ကိုင်တို့နောက် ပြတ်ကျန်ခဲ့လေ၏။
“ဟေး၊ အစုတ်ပလုတ်ကောင်၊ အခုလေးတင်ပဲ နင့်နောက်ပြေးလိုက်နေတဲ့ မိန်းကလေး တစ်ယောက်ကို ငါတွေ့လိုက်တယ်” မိနာက ရုတ်တရက် ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်၏။
“အို၊ ဘယ်နားမှာလဲ” ရန်ကိုင်ကမူ မသိချင်ယောင်သာ ဆောင်နေလိုက်၏။
“မသိချင်ယောင်ဆောင်မနေနဲ့” မိနာက နှာခေါင်းရှုံ့လိုက်ပြီး “သူနင့်နာမည်ကို ခေါ်နေတာ နင်ကြားမှန်း ငါသိတယ်။ မိန်းကလေး တစ်ယောက်နဲ့ ပျော်ပါးပြီး ကျေနပ်သွားတာနဲ့ အခုလိုမျိုး ရက်ရက်စက်စက် စွန့်ပစ်လိုက်တာပဲ။ ဟန့်၊ နင်အဲ့လို သားရဲကောင်မှန်း ငါမသိခဲ့ဘူး။ နောက်ပိုင်းကျ နင်နဲ့ ခပ်ခွါခွါနေမှပဲ ဖြစ်တော့မယ်”
“လာပြီး စိတ်ထင်တိုင်း လိုက်စွပ်စွဲမနေနဲ့။ ငါက လူကြီးလူကောင်းတစ်ယောက် မဟုတ်ရင်တောင် အဲ့လောက်တောင့် မယုတ်ညစ်ဘူး။ ငါ့ကို အဲ့လို လာမပြောနဲ့” ရန်ကိုင်က အလေးအနက် ပြန်ပြောလိုက်၏။
မိနာက မယုံသည့်ဟန်ဖြင့် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။
မိန်းမတို့ ဗီဇသည် အတင်းအဖျင်း ပြောလို့ရသည်ကို နှစ်သက်သည် မဟုတ်ပါလော။ ဆေးပညာ အစည်းအရုံးထဲ သူမ၏ ဆရာဖြင့်သာ အချိန်အတော်ကြာသည်အထိ အချိန်ကုန်ခဲ့ရသဖြင့် သူမ၏ အတင်းအဖျင်း ပြောလိုစိတ်သည် အခြား မိန်းမသားများထက် ပို၍ ထက်သန်ပေ၏။ ယနေ့ ရန်ကိုင်၏ သင်္ကာမကင်းဖြစ်ဖွယ် အဖြစ်အပျက်ကို မြင်တွေ့လိုက်ရရာ မည်သည့်အတွက်ကြောင့် အလွယ်တကူ လက်လွှတ်ပေးလိုက်ရမည်နည်း။
ရန်ကိုင်က သူမ၏ အတွေးများကို လျစ်လျူ ရှုထားလိုက်ပြီး ချန်းယင်ကိုသာ သင်္ကာမကင်း အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ ယခုအချိန်ထိ ထိုလူသည် အကြောင်းပြချက်မရှိဘဲ သူ့အား အဘယ်ကြောင့် ကူညီနေမှန်း သူနားမလည်ချေ။ ထိုလူသည် သူ့အတွက်ဖြင့် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ကို ရန်စဖို့ပင် တုန့်ဆိုင်းမနေခဲ့ချေ။
အချိန်အတော်ကြာသည်အထိ တုန့်ဆိုင်းနေပြီး နောက်ဆုံး၌ ရန်ကိုင်က မေးလိုက်၏ “စီနီယာ၊ ကျုပ်ကို ဘာလို့ ကူညီပေးခဲ့ရလဲ ဆိုတာကို ပြောပြလို့ ရမလား။ ကျုပ်ကို ကူညီပေးလို့ ခင်ဗျားအတွက် ဘာအကျိုးအမြတ်များ ရမှာမို့လဲ”
ချန်းယန်က ရန်ကိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပျံသန်းနေလိုက်၏။ သူ့အေးစက်စက် မျက်နှာထက် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့ပြီး “မင်းက တော်တော်လေး သတိကြီးတာပဲ”
“အင်း” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်၏။
လူအိုကြီးတုက ရယ်မောလိုက်ပြီး “ချန်းယန်ကို မိတ်ဆွေးလေရန် သံသယဝင်နေစရာ မလိုဘူး။ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ဆီ သွားဖို့ ထောက်ခံပေးလိုက်မိတာ ငါ့အမှားဆိုပေမယ့် သူက မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဆိုတာကိုတော့ ငါအာမခံပေးလို့ရတယ်”
“လူအိုကြီးတုရဲ့ စကားကို ကျုပ်မယုံဘဲ ဘယ်နေပါ့မလဲ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ကျုပ်တကယ်ကို နားမလည်နိုင်သေးတာ။ စီနီယာက ကျုပ်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိမှတော့ ကျုပ်ကို ဘာလို့ ကူညီပေးနေရလဲ ဆိုတာ ရှင်းပြပေးလို့ရမလား”
“ပြောလိုက်လို့လည်း ဘာမှဖြစ်ပါဘူး။ ငါက တာဝန်တစ်ခုကို ပြီးပြတ်အောင် လုပ်နေတာပဲလေ”
“တာဝန်လား” ရန်ကိုင် အံ့အားသင့်သွားခဲ့၏။
“အင်း၊ အခြားဘာမှ မပြောနိုင်သေးပေမယ့် ဦးတည်ချက်ဆီ ရောက်တဲ့အချိန်ကျ မင်းနားလည်လိမ့်မယ်။ တကယ်တော့ ငါလည်း ဒီလောက် အများကြီးသိတာ မဟုတ်ဘူး”
“ခင်ဗျားကို ဘယ်သူက အဲ့တာဝန် ပေးလိုက်တာလဲ”
“ငါ့ဘိုးဘေးလေ”
“ကောင်းကင်ဂိုဏ်းတော်ရဲ့ ဂိုဏ်းချုပ်လား” ရန်ကိုင် ကြက်သေသေသွားခဲ့၏။
ချန်းယန်က ပြန်မဖြေခဲ့ဘဲ ဆက်ပြီးတော့သာ ပျံသန်းနေခဲ့၏။ ရန်ကိုင်က မေးခွန်း နည်းနည်းပါးပါးလောက် ထပ်မေးခဲ့သော်လည်း ချန်းယန်က ဘာမှ ပြန်မပြောသဖြင့် လက်လျှော့လိုက်ရုံသာ တတ်နိုင်ခဲ့၏။ ထို့နောက် လူအိုကြီးတုဆီ လှည့်ကာ မေးလိုက်၏ “ကောင်းကင်ဂိုဏ်းတော်ရဲ့ ဂိုဏ်းချုပ်က ဘယ်လို လူမျိုးလဲဆိုတာကို လူအိုကြီးတုသိလား”
“သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ပဲ” တုဝမ်က ပြန်ပြောလိုက်၏ “သူတော်စင် ဘယ်အဆင့်လဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ တွေ့တဲ့အခါကျ မင်းဘာသာမင်း မေးကြည့်လိုက်ပေါ့”
ချန်းယန်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြောလိုက်၏ “လူအိုကြီးတု၊ ဒီမှာပဲ လမ်းခွဲကြတာပေါ့။ ကျုပ်ကို ဂိုဏ်းဆီ ပြန်ခေါ်သွားဖို့လိုတယ်”
လူအိုကြီးတုက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ ပြောလိုက်၏ “မိတ်ဆွေလေးရန်၊ ဒီတစ်ကြိမ် မင်းကို ဒုက္ခရောက်အောင် လုပ်မိလို့ ဒီလူအိုကြီးလည်း တကယ်ကို စိတ်မကောင်ပါဘူး။ ဆေးပညာရှင် အစည်းအရုံးက မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားပေးတယ် ဆိုတာကို သိထားရင် ရပြီ။ မင်းအားရင်လည်း နှုတ်ဆက်စကားလေးဘာလေး ဝင်ပြောသွားပေါ့”
လူအိုကြီးတု၏ စကားကြောင့် ရန်ကိုင်စိတ်ထဲ နွေးထွေးသွားခဲ့ရပြီး “ဒါက လူအိုကြီးတုရဲ့ အမှားမှ မဟုတ်တာ။ စိတ်ထဲထားမနေနဲ့။ နောင်ကျ ဆေးပညာရှင် အစည်းအရုံးဆီ ကျိန်းသေလာလည်ဦးမယ်”
လူအိုကြီးတုက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ချန်းယန်ကို ပြောလိုက်၏ “ဒီလူအိုကြီးလည်း အသက်တွေ ကြီးလာပြီ ဆိုတော့ ဒီတစ်ကြိမ် သူ့ဆီ လာမလည်တော့ဘူးလို့ မင်းတို့ရဲ့ ဘိုးဘေးကို ပြောပေးစမ်းပါ၊ ချန်းယန်”
“လူအိုကြီးတုရဲ့ စကားကို ကျိန်းသေ ပြန်ပြောပေးပါ့မယ်” ချန်းယန်က ပြောလိုက်၏ “ဒါဆိုရင် ကျုပ်တို့ သွားတော့မယ်နော်”
ပြောပြီးသည်နှင့် ရန်ကိုင်ကို ခေါ်ကာ အခြားအရပ် တစ်ခုစီ ပျံသန်းသွားလိုက်လေ၏။
“ရန်ကိုင်၊ ပြန်လာဖို့သတိရနော်” မိနာက လက်ဝှေ့ရမ်းပြရင်း ရန်ကိုင်ကို လှမ်းအော်ပြောလိုက်၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၈) ဖေးယု
————————————————————
ကောင်းကင်ဂိုဏ်းတော်သည် ကျောက်တုံးမြို့တာ် အနီးအနားရှိ အဓိကအင်အားစုကြီးများထဲမှ တစ်ခုဖြစ်၏။
သို့ရာတွင် ‘အင်အားစု(၄)ခု’ဟု ခေါ်နေသော်လည်း ကျန်အင်အားစုသုံးခုသည် ကောင်းကင်ဂိုဏ်းတော်နှင့် နည်းနည်းမှပင် မယှဉ်နိုင်ချေ။ အမွေအနှစ်ပိုင်းအရ ဖြစ်စေ၊ ပညာရှင်အဆင့် ဖြစ်စေ၊ ကောင်းကင် ဂိုဏ်းတော်သည် ကျန်ဂိုဏ်းများထက် အပြတ်အသတ် သာလွန်ပေ၏။
ရှေးဟောင်းလကောင်းကင်ဂိုဏ်ဂူ၊ လော့ရှုန်းဂိုဏ်းနှင့် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် တို့တွင် သူတော်စင်အဆင့် ပညာရှင် မရှိသော်လည်း ကောင်းကင်ဂိုဏ်းတော်တွင် သူတော်စင်အဆင့် ပညာရှင် အနည်းဆုံး နှစ်ယောက်ရှိသည်ဟု ကောလဟာလများပင် ထွက်နေခဲ့၏။
ထို့ပြင် ကောင်းကင်ဂိုဏ်းတော်၌ မသေမျိုး တတိယအဆင့်သို့ ရောက်နေသည့် လူရူးလေးယောက် ရှိသေး၏။
ချန်းယန်သည် ထိုလေးယောက်ထဲမှ တစ်ယောက် ဖြစ်၏။
ထိုအချက်များကို မသိနားမလည်ထားသည့် သူများအတွက်မူ ကောင်းကင်ဂိုဏ်းတော်သည် ကျန်အင်အားစု သုံးခုနှင့် အဆင့်အတူတူပင် ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဂိုဏ်းတော်ရှိ ဂိုဏ်းသားအရေအတွက်သည် ကျန်ဂိုဏ်းသုံးဂိုဏ်းထက် အဆများစွာ နည်းပါးသောကြောင့် ဖြစ်ပေ၏။
သွားနေစဉ်အတွင်း ရန်ကိုင်သည် ကောင်းကင် ဂိုဏ်းတော်နှင့် ပက်သက်သည့် အကြောင်းအရာ မျိုးစုံကို ချန်းယန်အား အဆက်မပြတ် မေးမြန်းခဲ့၏။
ချန်းယန်သည် စကားလုံးများကို ရွှေကဲ့သို့ တန်ဖိုးထားသူ ဖြစ်သည်ဟု ထင်ရသော်ငြား ရန်ကိုင် မေးသည့် မေးခွန်းများကိုမူ စိတ်ရှည်ရှည်ဖြင့် ပြန်လည် ဖြေကြားပေးခဲ့၏။
တစ်ချိန်တည်းမှာပင် ရန်ကိုင်ကိုလည်း စောင့်ကြည့် လေ့လာနေသေး၏။
သူ့ဘိုးဘေးသည် ထိုလူငယ်လေးကို အဘယ်ကြောင့် ရှာခိုင်းရသည်ကို ချန်းယန် နားမလည်နိုင် ဖြစ်နေခဲ့၏။
နေ့ဝက်ကြာပြီးနောက် ကောင်းကင်ဂိုဏ်းတော်၏ နယ်နိမိတ် အပြင်စပ်သို့ ရောက်ရှိလာခဲ့၏။ ရောက်သည်နှင့် ချန်းယန်သည် ပျံသန်းနေခြင်းအား ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ရှေ့တည့်တည့်ကို သင်္ကာမကင်း စိုက်ကြည့်လိုက်၏။
မကြာခင်မှာပင် သူတို့ဆီသို့ အားကောင်းသာ အရှိန်အဝါတစ်ခု ချဉ်းကပ်လာနေသည်ကို ရန်ကိုင်လည်း အာရုံခံမိလိုက်၏။ ထိုအရှိန်အဝါသည် ချန်းယန်အောက် မနိမ့်ကျချေ။ သို့သော် နိုင်ထက်စီးနိုင်းနိုင်သည် ချန်းယန်၏ အရှိန်အဝါလိုမျိုး မဟုတ်ဘဲ ကျယ်ပြန့်သော မြစ်ပြင်ကြီးထဲ စီးဆင်းနေသော ရေအသွင်ပမာ ပျော့ပျောင်းလှ၏။
ရန်ကိုင် သိချင်မိသွားခဲ့သော်ငြား ဘာမှမမေးခဲ့ဘဲ ငြိမ်သက်စွာဖြင့်သာ စောင့်ကြည့်နေခဲ့၏။
ခဏအကြာတွင် သူတို့ရှေ့တည့်တည့်၌ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်သည် သူတို့ဆီသို့ အလျင်အမြန် ပျံသန်းလာခဲ့ကာ ချန်းယန်ရှေ့၌ ရပ်တန့်သွားခဲ့၏။ အလင်းပျောက်ကွယ်သွားသည်နှင့် ပုံမှန်နှင့် မတူညီစွာ ဝတ်စားဆင်ယင်ထားသည့် မိန်းမလှလေးတစ်ယောက် ထွက်ပေါ်လာခဲ့၏။
ထိုမိန်းမလှလေး၏ အသားအရေသည် နှင်းသားကဲ့သို့ ဖြူဖွေးနေပြီး မျက်ဝန်းလေးများသည် ရေကဲ့သို့ ကြည်လင်သန့်စင်နေကာ သောင်းပေါင်း များစွာသော စွဲမက်ညို့မြူရိပ်တို့ ပါဝင်နေသလားဟုပင် ထင်မှတ်ရ၏။ သူမ၏ ပါးစပ်ထောင့်စွန်းတွင် ရှိနေသော မှဲ့သေးသေးလေးသည် သူမ၏ ဆွဲဆောင်မှုကို ပို၍ တိုးစေခဲ့၏။
ကောင်မလေးသည် ပျင်းရိပျင်းတွဲ ပြုံးနေခဲ့ပြီး သူမ၏ အဝတ်အစားများဆိုလျှင် အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့ကာ ဟိုပေါ်ဒီပေါ် ဖြစ်နေခဲ့၏။ ထို့ကြောင့် သူမ၏ ဖြူဖွေးလုံးဝန်းလှသော ပေါက်စီလေး နှစ်လုံးကို ရန်ကိုင်လည်း တစ်စွန်းတစ်စ မြင်တွေ့နေခဲ့ရ၏။ သူမ၏ ဝတ်ဆင်ထားသော စကတ်တွင် ပေါင်ထိတိုင် ရောက်ရှိနေသော ခွဲကြောင်းအရှည်ကြီး ရှိနေခဲ့ရာ သူမ၏ ခြေတံရှည်များကိုသာမက ဖြူလွလွ ပေါင်တံလေးများကိုပင် လှမ်းမြင်နေရ၏။
ရန်ကိုင် မှင်သက်သွားခဲ့ပြီး သူမအား ငေးကြောင် စိုက်ကြည့်မိနေလိုက်၏။
မိန်းကလေးက ရန်ကိုင်၏ အကြည့်ကို ရှောင်ရှာခြင်း မပြုသလို ရှက်ရွံ့ခြင်းလည်း မပြဘဲ ရန်ကိုင်ကိုသာ စွဲမက်ဖွယ်ရာ အပြုံးဖြင့် ပြန်ကြည့်လိုက်၏။
ချန်းယန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “ဖေးယု၊ နင်ဘာလို့ ထွက်လာရတာလဲ။ ဘိုးဘေးက နင့်ကို နှစ်ဝက် အကျယ်ချုပ် ချထားတာ မဟုတ်ဘူးလား။ နင်ခိုးထွက်လာတယ်လို့ ငါကို မပြောနဲ့နော်”
“ငါခိုးထွက်လာတာ မဟုတ်ဘး” ဖေးယုက နှုတ်ခမ်းလေးကို အသာအယာ ကိုက်လျက် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။ ချက်ချင်းဆိုသလို သူမ မည်ကဲ့သို့ လှုပ်ရှားသွားသည်ကို မမြင်လိုက်ဘဲ ဖေးယုသည် ရန်ကိုင်ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့၏။ သူမ၏ ကျောက်စိမ်း လက်ကလေးကို ဆန့်ထုတ်၍ ရန်ကိုင်၏ မေးကို အသာအယာလေး မော့လိုက်ကာ “ဒီမောင်ငယ်လေးကို နင်ဘယ်ကနေ ရှာလာတာလဲ။ သူ့ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
ဘာကြောင့်မှန်း မသိသော်ငြား သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့ရ၏။
ချန်းယန်က ရန်ကိုင်ကို သူ့နောက်သို့ အလျင်အမြန် ဆွဲခေါ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ “ပြဿနာ လာမရှာနဲ့။ သူက ဘိုးဘေးတွေ့ချင်နေတဲ့ လူပဲ”
“ဘိုးဘေးလား” ထိုစကားကို ကြားလိုက်သည်နှင့် ဖေးယု၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက်သွားခဲ့ပြီး “ဘိုးဘေးက သူ့ကို ဘာလို့ တွေ့ချင်နေရတာလဲ”
“ငါမသိဘူး” ချန်းယန်က ခေါင်းခါလိုက်ပြီး “ဒါပေမယ့် သူက နင့်အရုပ်တော့ မဟုတ်ဘူး”
“ကောင်းပြီလေ” ဖေးယုက မျက်မှောင်လေး အသာအယာ ကြုံ့လျက် စိတ်မရှည်သည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“တော်လောက်ပြီ။ နင်ဘာလို့ ဂိုဏ်းထဲမှာ ငြိမ်ငြိမ်လေး မနေဘဲ အပြင်ထွက်လာပြန်ရတာလဲ”
“ဘိုးဘေးက ငါ့ကို လွှတ်လိုက်တာ” ဖေးယုက တခစ်ခစ် ရယ်မောလိုက်ပြီး “လူအိုကြီးဆီက အမိန့်မရဘဲနဲ့ ငါဘယ်လိုလုပ်ပြီး ထွက်လာရဲမှာလဲ”
ရုတ်တရက် သူမ၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လက်သွားခဲ့ပြီး “ဟုတ်သားပဲ။ ဘိုးဘေးက ငါ့ကိုပြောတယ်... ငါသာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တာနဲ့ နှစ်ဝက် အကျယ်ချုပ်ကနေ လွှတ်ပေးမယ်တဲ့”
“နင့်ကို ဘာပြဿနာ ဖြေရှင်းခိုင်းလိုက်တာလဲ” ချန်းယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။ သို့သော်လည်း သူ့ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် သူ့မျက်နှာ သူပြန်ရိုက်ချင်မိသွားခဲ့၏။ သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ပြီး “ငါမမေးဘူးလို့ပဲ သဘောထားလိုက်။ ငါဂိုဏ်းကို အရင်ပြန်နှင့်တော့မယ်။ နင့်ဘာသာ ဆက်လုပ်တော့”
“မသွားနဲ့ဦး” ဖေးယုက ချန်းယန် လက်မောင်းကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး နွေးထွေးစွာပြုံးကာ ပြောလိုက်၏ “နင်က မေးလာမှတော့ ငါကလည်း ပြောပြရမှာပေါ့”
ပြောပြီးသည်နှင့် ချန်းယန်အား ငြင်းဆိုခွင့်ပင် မပေးတော့ဘဲ သူမ၏ တာဝန်ကို ပျော်ရွှင်စွာဖြင့် ရှင်းပြတော့လေ၏။
ကောင်းကင်ဂိုဏ်းတော်မှ အကြမ်းဖျင်း မီတာ (၁၀၀) အကွာ၍ တပည့်တစ်ယောက်သည် လိုဏ်ဂူတစ်ခုကို တွေ့ခဲ့၏။ ထိုလိုဏ်ဂူနားတစ်ဝိုက်၌ အရံအတားတစ်ခု ရှိနေခဲ့ရာ ထိုနေရာသည် အားကောင်းလှသော ပညာရှင် တစ်ယောက်ယောက် ချန်ထားခဲ့သည့် နေရာ ဖြစ်လောက်၏။
ထိုတပည့်သည့် အရံအတားကို တစ်ယောက်တည်း မဖွင့်နိုင်သဖြင့် ဂိုဏ်းဆီပြန်ပြီး အကူခေါ်ကာ အရံအတားကို သွားပြန်ဖွင့်ခဲ့၏။ သို့သော် အရံအတား ပွင့်သွားသည်နှင့် ဖုံးကွယ်နေသော ထောင်ချောက်ထဲ ကျသွားခဲ့ရ၏။ လိုဏ်ဂူထဲ ဝင်သွားသည့် တပည့် အားလုံးသည် နယ်ခြားရှေးဟောင်းအင်းဆက်များ ဖြစ်သည့် ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ထိုသတင်း ကောင်းကင်ဂိုဏ်းတော်ဆီ ရောက်သွားသည့်အခါ ကောင်ကင်ဂိုဏ်းတော် ဂိုဏ်းချုပ်သည် ထိုကိစ္စအား ကိုယ်တွယ်ရန် ဖေးယုကို လွှတ်လိုက်လေ၏။
“ဝိဥာဉ်ဝါးမြိုအင်းဆက်တွေလား” ချန်းယန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “အဲ့နယ်ခြားရှေးဟောင်း အင်းဆက်တွေက မျိုးတုန်း ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား”
“ဘယ်သူသိမှာလဲ” ဖေးယုက ပခုံးတွန့်ပြလိုက်ပြီး “ဘယ်သောက်ကျင့်မကောင်းတဲ့ သူတောင်းကမစား အဲ့သောက်ပြဿနာကောင်တွေကို ငါတို့ ကောင်းကင် ဂိုဏ်းတော်နား လာထားခဲ့မှန်း မသိဘူး။ ဒါပေမယ့် ငါသာ သူ့အရိုးကို တွေ့တာနဲ့ အမှုန့်မဖြစ်ဖြစ်အောင်ကို နင်းခြေပစ်မှာ”
“ဒီကိစ္စကို ဖြေရှင်းဖို့ ဘိုးဘေးက နင့်ကို လွှတ်လိုက်တာလား။ ဒါဆိုရင် နင်ဘာဆက်လုပ်မယ် စဉ်းစားထားလဲ။ အဲ့အင်းဆက်တွေက သာမန် ကျင့်ကြံသူတွေ ကိုင်တွယ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးနော်။ နင်ဆိုရင်တောင် သတိမထားတာနဲ့ ဒုက္ခအကြီးကြီးကို ရောက်သွားမှာ”
“ဟုတ်တယ်” ဖေးယုက မြင်သူတိုင်း ဂရုဏာ သက်လောက်သည့် သနားစဖွယ် အမူအရာလေးဖြင့် တိုးတိုးလေး ပြောလိုက်၏ “အဲ့ဒါကြောင့်၊ ချန်းယု၊ နင်ငါ့ကို ကူညီပေးရမယ်နော်”
“ငါဘယ်လိုလုပ်ပြီး ကူညီပေးရမှာလဲ။ အဲ့နယ်ခြား ရှေးဟောင်းအင်းဆက်တွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို ငါလဲသိတာမှ မဟုတ်တာ”
“နင်က မီးဓါတ်ကျင့်ကြံသူလေ။ အဲ့ကောင်တွေကို တစ်ခါတည်း လောင်ကျွမ်းပစ်လိုက်လို့ ရမှာပေါ့”
“အစစ်အမှန်ချီကနေ ဖန်တီးထားတဲ့ မီးတောက်တွေက အဲ့ကောင်တွေကို လောင်ကျွမ်းပစ်နိုင်မယ်လို့ နင်ထင်နေတာလား။ နင်အိမ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်” ချန်းယန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း ထိုစကားများကို ပြောလိုက်သည့်အခိုက် သူ့အကြည့်သည် ရန်ကိုင်ဆီသို့ အလိုလို ရောက်ရှိသွားခဲ့၏။
“ဒါပေမယ့် နင်ကလွဲပြီး အခြားဘယ်သူကမှ ငါ့ကို ကူညီပေးနိုင်တာ မဟုတ်ဘူးလေ။ လီဝမ်နဲ့ ဖေးကျန် သေနာကောင် နှစ်ကောင်ကလည်း ငါဒီတာဝန်ကို လက်ခံလိုက်တဲ့ အကြောင်း ကြားတာနဲ့ ချက်ချင်း တန်းပုန်းနေတော့တာပဲ။ မုန်းစရာကောင်းလိုက်တာ” ဖေးယုက အံကြိတ်လိုက်၏။
“ငါလည်း နင့်ဆီကနေ ပုန်းနေသင့်တာ” ချန်းယန်က ရေရွတ်လိုက်၏။ သူခေါင်းစားနေခဲ့ရလေပြီ။ အစေားကြီး ကတည်းကသာ သိခဲ့လျှင် သူမအား မေးခဲ့မိလိမ့်မည် မဟုတ်ချေ။ ထိုမိန်မနှင့် နှစ်ပေါင်းများစွာကြာအောင် အချိန်ဖြုန်းလာခဲ့ပြီးနောက် သူမ၏ အမူအရာကြောင့် အကြိမ်မည်မျှ လှည့်စားခံခဲ့ရပြီး အန္တရာယ်များသည့် အခြေအနေထဲသို့ ရောက်သွားခဲ့ရသည်ကို ချန်းယန် မှတ်ပင် မမှတ်မိနိုင်တော့ချေ။
“အရမ်းနောက်ကျသွားပြီ” ဖေးယုက ချန်းယန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း ပြောလိုက်၏ “နင်ကူညီချင်ရင် ကူညီပေးလိုက်တော့။ ဒါပေမယ့် မကူညီချင်ဘူး ဆိုရင်တောင် ကူညီပေးရမယ်”
(နှစ်ယောက်စလုံးက အတူတူပဲ... အဲ့စကားကို ချန်းယန် သူ့ဆီကနေ သင်ခဲ့တာ ဖြစ်ရမယ်)
ချန်းယန် သက်ပြင်းချလိုက်ပြီး “ဒီတစ်ကြိမ် တကယ် အဆင်မပြေလို့ပါဟာ။ ဒီကောင်လေးကို ဘိုးဘေးဆီ မြန်မြန် ပြန်ခေါ်သွားရဦးမယ်လေ”
“နင်သူ့ကို ရှာနေတာ နှစ်လတောင် ရှိနေပြီပဲ။ နည်းနည်းလောက် ထပ်နောက်ကျသွားရင် ဘာဖြစ်သွားမှာ မို့လို့လဲ။ ငါနဲ့သာ လိုက်ခဲ့စမ်းပါ။ အခြေအနေက ငါတို့တောင် မကိုင်တွယ်နိုင်တဲ့အထိ ဆိုးရွားနေတယ်ဆိုရင် ငါနင့်ကို ထပ်ပြီး ခက်ခဲအောင် မလုပ်တော့ဘူး” ဖေးယုက ဆက်ပြောလိုက်၏။
ချန်းယန် မျက်မှောင်ကြုံ့သွားခဲ့ပြီး အတွေးထဲ မျောသွားခဲ့လေ၏။ မျှော်လင့်ချက်ကို မြင်သည်နှင့် ဖေးယုသည် သံကိုပူတုန်း အလျင်အမြန် ထုရိုက်ရန် ကြိုးစားလိုက်လေ၏။
အချိန်အတော်ကြာပြီးနောက် ချန်းယန်က အသာအယာ ခေါင်းညိတ်လိုက်ကာ “ကောင်ပြီလေ။ ဒီတစ်ကြိမ်တော့ ငါနင့်ကို ကူညီပေးလိုက်မယ်။ ဒါပေမယ့် ...ငါတို့ အောင်မြင်မယ်လို့တော့ ငါအာမမခံနိုင်ဘူးနော်”
ဖေးယု ပျော်သွားခဲ့ပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကာ “နင်ငါ့ကို စွန့်ပစ်မှာ မဟုတ်မှန်း ငါသိသားပဲ။ နင်အကောင်းဆုံးပဲ။ လီဝမ်းနဲ့ ဖေးကျန်၊ အဲ့မသာကောင်နှစ်ကောင် ဘယ်နေရာမှာ သွားသေနေလဲ မသိဘူး”
“ဒါပေမယ့် ငါနင့်ကို တစ်ခုလောက် တောင်းဆိုချင်တယ်”
“ဘာတောင်းဆိုချင်တာလဲ”
ချန်းယန်က အသာအယာ ချောင်းဟန့်လိုက်ပြီး “လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက နင်ဆူးတစ်ထောင် ပန်းဝိုင်ကို နင်ဖျော်စပ်ခဲ့သေးတယ်မလား”
ဖေးယု၏ မျက်နှာလှလှလေး ရှုံ့မဲ့သွားခဲ့ပြီး အံကြိတ်ကာ ရေရွတ်လိုက်လေ၏ “လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ကိစ္စကို မှတ်မိအောင် နင်အကျင့်လုပ်ထားတာလား”
“ကိစ္စကောင်းတွေဆို ငါမေ့လေ့မရှိဘူး” ချန်းယန်က ပြန်ပြောလိုက်၏ “အင်း၊ ငါတို့အောင်မြင်ခဲ့ရင် အဲ့ဝိုင် တစ်ဝက် ငါ့ကိုပေးလို့ရမလား”
“မရဘူး။ အဲ့ဆူးတစ်ထောင်ပန်းထိုင်ကို ဖျော်စပ်ဖို့ တိုက်ကြီးတစ်ခုလုံးကို မွှေနောက်ပြီး ပန်းအမျိုးပေါင်း ထောင်ကျော်ကို လိုက်ပတ်ရှာခဲ့ရတာ။ ဖျော်ပြီးတော့လည်း နှစ်ငါးဆယ် ထပ်စောင့်ရသေးတယ်။ အဲ့နှစ်ငါးဆယ်ကြာမှ ကစော်ဖောက်လို့ရမှာ။ ငါတောင် တစ်ငုံမှ မသောက်ရသေးတာကို နင်က နင့်ပါးစပ်ကြီးကို ဟပြီး ငါ့ဆီကနေ လာတောင်းဆိုရဲတယ်ပေါ့။ ငါ့စကားကို ပြန်ရုတ်သိမ်းလိုက်ပြီ။ နင်ဆိုတဲ့အကောင်ကလည်း လီဝမ်၊ ဖေးကျန်းတို့နဲ့ အတူတူအနူနူပဲ။ မဟုတ်ဘူး၊ နင်က ပိုတောင် ဆိုးသေးတယ်။ အဲ့ဒါကသာ ကူညီပေးခ ဆိုရင် ငါလည်း နင့်ကို လုံးဝကူညီခိုင်းတော့မှာ မဟုတ်ဘူး”
ရန်ကိုင်မှာ ထိုမိန်းမလှလေးကို ငေးကြောင် စိုက်ကြည့်နေမိ၏။ သူ့စိတ်ထဲတွင်လည်း ထိုဆူးတစ်ထောင် ပန်းဝိုင်သည် သူမအသက်ထက်ပင် ပိုအရေးကြီးသည်ဟုပင် တွေးနေလိုက်သေး၏။
“အဲ့တုန်းက ကရားနှစ်ဆယ်တောင် နင်ဖော်စပ်ခဲ့တာလေ။ ငါ့ကို တစ်ဝက်လောက် ပေးလိုက်ရင်တောင် နင့်မှာ ဆယ်ကရားကျန်ဦးမှာပဲကို”
“အများဆုံးမှ တစ်ကရားပဲရမယ်။ တစ်ဝက်လား... စိတ်တောင်မကူးနဲ့”
“ရှစ်ကရား”
“တစ်ကရားပဲ”
“ငါးကရားဆိုရင်ရော”
----------------------------------
အချိန်အတော်ကြာအောင် ဈေးဆစ်နေပြီး နောက်ဆုံး၍ ချန်းယန် လက်လျော့လိုက်လေ၏။ သူ့နှာခေါင်းကို ပွတ်လိုက်ရင်း “ကောင်းပြီလေ။ တစ်ကရားဆိုလည်း တစ်ကရားပဲပေါ့”
“အဲ့ဒါတောင် နင့်စွမ်းဆောင်ရည်အပေါ် မူတည်ဦးမှာနော်” ဖေးယုက အထင်အမြင် သေးသေးဖြင့် သူမ၏ နှုတ်ခမ်လေးကို ကွေးလိုက်ပြီး “နင်သာ မကူညီနိုင်ဘူးဆိုရင်တော့ နင့်ကို တစ်စက်တောင် တိုက်မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ရုတ်တရက် ရန်ကိုင်ဘက် လှည့်လိုက်ကာ “ကောင်စုတ်လေး၊ နင်ဘာတွေ ပြုံးနေတာလဲ။ ရယ်စရာကောင်းတယ်လို့ ထင်နေတယ်ပေါ့”
“မဟုတ်ပါဘူး။ စိတ်ဝင်စားစရာ ကောင်းလို့ပါ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်၏။ မသေမျိုး တတိယအဆင့် ပညာရှင်နှစ်ယောက် ငြင်းခုံရန်ဖြစ်နေသည်ကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ နွေးထွေးသွားခဲ့ရ၏။ သူတို့ နှစ်ယောက်သည် အစစ်အမှန် မိတ်ဆွေများ ဖြစ်ကြပေ၏။
ထိုကဲ့သို့သော ခံစားချက်မျိုး မခံစားခဲ့ရသည်မှာ အတော်လေးကို ကြာခဲ့လေပြီ။ တုန်းရွှမ်လောကကြီးဆီသို့ ရောက်လာသည့် အချိန်မှစ၍ အဖော်မဲ့၊ အထီးကျန်သလို အမြဲတမ်း ခံစားနေခဲ့ရ၏။
“သွားကြစို့။ နင်ပြောတဲ့နေရာက ဘယ်မှာလဲ” ချန်းယန်က ဆက်ပြီး အချိန်မဖြုန်းချင်တော့သည်နှင့် မေးလိုက်လေ၏။
“ငါ့နောက်လိုက်ခဲ့” ပြောရင်း ဖေးယုသည် ရှေ့မှ ဦးဆောင်သွားလိုက်လေ၏။
ထိုမိန်းမလှလေး ပျံသန်းနေစဉ်အတွင်း သူမ၏ အချိုးအစား ပြီးပြည့်စုံပြီး အိကစ်နေသော တင်ပါးလေးများသည် ဘယ်ညာဘယ်ညာဖြင့် စည်းချက်မှန်မှန် ယိမ်းနွဲ့နေလေရာ လွန်စွာကိုမှ ဆွဲဆောင်မှု ရှိလှပေသည်။ သူမ၏ ပိတုန်းရောင် ဆံကေသာများသည် လေနှင့်အတူ ကကြိုးဆင်နေခဲ့ပြီး ဖြူကျော့ကျော့ လည်တိုင်လေးသည် အသန့်စင်ဆုံး၊ အကောင်းဆုံး ကြွေသားလေးမှ ထုလုပ်ထားသည်ဟုပင် ထင်မှတ်ရ၏။
“သွားစိုက်ကြည့်မနေနဲ့။ သတိမထားရင် မင်းမျက်လုံးကို တူးထုတ်ပစ်လိမ့်မယ်” ချန်းယန် ရန်ကိုင်နားနား တိုးတိုးလေး ကပ်ပြောလိုက်၏။
“ကြည့်ရုံလေးကိုတောင်လား” ရန်ကိုင် မှင်သက်သွားခဲ့၏။
“ကြာတောင် မကြာလောက်သေးဘူး။ လော့ရှုန်းဂိုဏ်းက အကြီးအကဲတစ်ယောက်လေ၊ သူ့ကို တဏှာမျက်လုံးနဲ့ ကြည့်လိုဆိုပြီး...” ချန်းယန် ဆက်မပြောတော့ဘဲ ရန်ကိုင်၏ ပေါင်ကြားနေရာကိုသာ ပိုင်းဖြတ်သည့်ပုံစံ လုပ်ပြလိုက်လေ၏။
ရန်ကိုင်မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့ရ၏။
“အဲ့ဒါကြောင့် ဘိုးဘေးက သူ့ကို တစ်ယောက်တည်း နှစ်ဝက်အကျယ်ချုပ် ချထားခဲ့တာ” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “တကယ်တော့ သူဝတ်တဲ့ ဟိုပေါ်ဒီပေါ် ပုံစံကလွဲလို့၊ သူက တကယ့်ကို...”
ပြောလို့ မပြီးသေးခင်မှာပင် သေးသွယ်လှသော ဖြူဖွေးဖွေး လက်သီးလေးတစ်လုံး သူ့မျက်နှာတည့်တည့် ကျလာခဲ့ရာ ချန်းယန်မှာ မီတာထောင်ပေါင်းများစွာအထိ လွင့်ပျံထွက်သွားခဲ့ရလေ၏။
ဖေးယုပတ်လည်ရှိ လေထုသည် အေးခဲတော့မည့် အလားပင် ထင်မှတ်ရကာ အေးစက်စက် အကြည့်ဖြင့် ချန်းယန်အား စိုက်ကြည့်လိုက်ရင်း နှာခေါင်းရှုံ့ကာ “ငါ့ကို နားပင်းနေတယ်လို့ ထင်နေတာလား”
ရန်ကိုင်လည်း တံတွေးတစ်လုတ် မျိချမိလိုက်၏။ သူ့စိတ်ထဲ ချန်းယန်အတွက်ပင် စိုးရိမ်မိသွားခဲ့၏။
“မောင်ငယ်လေး၊ ဒီကိုလာခဲ့၊ မမနဲ့ အတူသွားကြမယ်” ဖေးယုက ရုတ်တရက် ပြုံးလိုက်ပြီး ရန်ကိုင်ဆီ ပြေးသွားလိုက်သည်။ ထို့နောက် ရန်ကိုင် ပြန်ဖြေမှာကိုပင် မစောင့်တော့ဘဲ သူမလက်ကို ဝှေ့ရမ်း၍ ရန်ကိုင်အား အစစ်အမှန်ချီ ရစ်ပတ်ကာ ပျံသန်းထွက်သွားလိုက်လေ၏။
အနီးကပ် ဆွဲခေါ်ခံလိုက်သည်က တစ်ကြောင်း၊ သူမ၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်သင်းရနံ့လေးကို ရှူရှိုက်မိလိုက်သည်ကတစ်ကြောင်း ရန်ကိုင်၏ မျက်နှာမှာ တစ်မျိုးတစ်မည် ထူးခြားလာခဲ့ရလေ၏။ သို့သော်လည်း ဥာဏ်ရှိရှိနှင့်ပင်၊ လေးနက်ချင်ယောင် ဆောင်နေလိုက်၏။
“အဲ့သူတောင်စားကောင် ပြောတဲ့ မဟုတ်တရုတ်တွေကို နားမထောင်နဲ့။ သူက မမကို အပုပ်ချနေတာ” ဖေးယုက တိုးတိုးလေး ပြောလိုက်၏။ သူမ ရှူထုတ်လိုက်သည့် ပန်းရနံ့တို့ သင်းပျံနေသော လေပူကြောင့် ရန်ကိုင်စိတ်ထဲ ကျလိကျလိ ဖြစ်သွားခဲ့ရ၏။ “မောင်လေး ကြည့်ရင် ကိစ္စမရှိဘူး။ မမက မောင်လေးကို အပြစ်ပေးမှာ မဟုတ်ဘူး။ မမက ကြင်နာတတ်ပါတယ်”
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၉) ဝိဥာဉ်ဝါးမြိုအင်းဆက်များ
————————————————————
ချန်းယန်၊ ဖေးယုနှင့် ရန်ကိုင်တို့သည် တစ်လုံးတည်း ထီးထီးကြီး တည်ရှိနေသော တောင်ထွတ် အလယ်၌ ရပ်တန့်လိုက်ကြ၏။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်လောက် စစ်ဆေပြီးနောက် ချန်းယန်နှင့် ဖေးတို့ ၎င်းတို့၏ ပစ်မှတ်ကိုတွေ့သွားခဲ့၏။
ချန်းယန်နှင့် ဖေးယုတို့ ညွှန်ပြနေသည့် နေရာမှ ပျော့ပျောင်းညင်သာသည့် စွမ်းအင် တစ်မျိုးမျိုး ရှိနေသည်ကို ရန်ကိုင်လည်း ယဲ့ယဲ့လေး ခံစားမိလိုက်၏။
သို့သော် အနီးကပ် တိုးကြည့်လိုက်ရာတွင် ထိုနေရာသည် ဘေးပတ်ဝန်းကျင် နေရာများနှင့် ဘာဆိုဘာမျှ ကွဲပြားခြားနားခြင်း မရှိသည်ကို တွေ့ရှိလိုက်ရ၏။ သိသာ မသိခဲ့လျှင် ထိုနေရာသည် သာမန်ကုန်းမြေ တစ်ခုဖြစ်သည်ဟုသာ ထင်မှတ်သွားမှာ ဖြစ်၏။
“နည်းစနစ် တစ်ခုခုနဲ့များ ဖုံးကွယ်ထားတာလား မသိဘူး။ လုပ်ထားတဲ့ ပုံစံက ရှယ်ကြီးပဲ။ ဒီလောက် နှစ်တွေအများကြီး ကြာသွားတာတောင် ဒီနေရာကို ဘယ်သူမှ ရှာမတွေ့သွားခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ချန်းယန်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ဒီစိတ်ဝိဥာဉ် အစီအရင်က အချိန်တွေ ကြာလာတော့ အားနည်းလာတာ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်ပဲ ဂိုဏ်းက တပည့်တွေ ရှာတွေ့သွားခဲ့တာ” ဖေးယုကလည်း သဘောတူထောက်ခံလိုက်ပြီး “သွားကြမယ်။ ဆက်ပြီး အချိန်ဖြုန်းမနေသင့်တော့ဘူး”
ချန်းယန်က မြေကြီးပေါ် ခြေဆောင့်လိုက်ရာ ပူပြင်းလှသည့် အရှိန်အဝါတို့ ပျံ့နှံ့လာခဲ့ပြီး အရောင် တောက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများ ထွက်ပေါ်လာသည်ကို ရန်ကိုင် အလျင်အမြန် တွေ့ရှိလိုက်ရ၏။
ထိုအက္ခရာများသည် ရေကန်ထဲရှိ ဖားလောင်းကလေးများပမာ မြေကြီးထဲ ရွေ့မျော သွားလာနေခဲ့ကြပြီး တစ်ခဏတာ ရုန်းကန်နေပြီးနောက် ချန်းယန်၏ ပညာရပ်အောက်၌ ပြာမှုန် အဖြစ် ကူးပြောင်းသွားခဲ့ရလေ၏။
ချန်းယန်သည် မီးဓါတ်ကျင့်စဉ်ကို လေ့ကျင့်ထားသည့် အတွက် သူ့အစစ်အမှန်ချီသည် လွန်စွာကိုမှ ပြင်းထန်လှ၏။ သူ၏ မသေမျိုး တတိယအဆင့် ကျင့်ကြံခြင်းပါ ထပ်ပေါင်းလိုက်ရာ သူအနေဖြင့် အားနည်းပြီး ထိခိုက်ထားသော စိတ်ဝိဥာဉ် အစီအရင်ကို အလွယ်တကူ ဖျက်စီးလိုက်နိုင်သည်မှာ သဘာဝင်ပင် ဖြစ်၏။
မြေပြင်ထက် လူတစ်ယောက် ဝင်နိုင်ရုံကျယ်သော အနက်ရောင် အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့၏။
ဖေးယုသည် ဘာတစ်ခွန်းမှ မပြောဘဲ အပေါက်ထဲသို့ တန်းခုန်ချသွားလေ၏။
ချန်းယန်က လက်ဝှေ့ရမ်းပြလိုက်ပြီး “ဝင်ကြမယ်”
“ကျုပ်လည်း သွားရမှာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့၏။ ချန်းယန်နှင့် ဖေးယုတို့ အထဲဝင်ပြီး သူတို့တာဝန်ကို ပြီးပြတ်အောင် လုပ်နေစဉ်အတွင်း သူက အပြင်မှ စောင့်နေရမည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်၏။ တကယ်တော့ ထိုအထဲ၌ ကောင်းကင်ဂိုဏ်းတော်မှ တပည့်များစွာပင် ဆိုးဆိုးရွားရွား ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပေလော။ သူသာ ထိုပညာရှင် နှစ်ယောက်နောက် မဆင်မခြင် လိုက်သွားမည်ဆိုပါက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေပေလိမ့်မည်။
“ဟုတ်တာပေါ့၊ မင်းလည်း ဝင်ရမှာပေါ့” ချန်းယန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဒီတစ်ကြိမ် ငါတို့ မင်းအပေါ် အားကိုးရကောင်း အားကိုးရနိုင်တယ်”
“ကျုပ်အပေါ် အားကိုးဖို့လား” ရန်ကိုင် ပို၍ စိတ်ရှုပ်သွားခဲ့ပြီး “စီနီယာ နောက်နေတာမလားဟင်”
“ငါနောက်နေတာ မဟုတ်ဘူး။ ငါတစ်ယောက်တည်း ဆိုရင် ဖေးယု တောင်းဆိုတာကို ဘယ်တော့မှ သဘောတူခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းရှိနေမှတော့ အခြေအနေက မတူတော့ဘူးလေ။ လိုက်သာလိုက်ခဲ့၊ အထဲရောက်ရင် မင်းနားလည်လာလိမ့်မယ်” ပြောပြီးသည်နှင့် ချန်းယန်သည် ရန်ကိုင်ကို အပေါက်ထဲသို့ ပစ်ချလိုက်လေ၏။
ရန်ကိုင်လည်း ဘာမှမတတ်နိုင်ခဲ့ရာ အစစ်အမှန်ချီကိုသာ လှည့်ပတ်ပြီး သူ့ခွန်အားကို တိတ်တဆိတ် စုစည်းထားလိုက်လေ၏။
အပေါက်သည် တော်တော်လေး နက်သည့်ပုံပင်။ အမွှေးတိုင် တစ်ချောင်း လောင်ကျွမ်းစာလောက် ကြာပြီးမှသာ ရန်ကိုင် မြေကြီးပေါ်သို့ ရောက်ခဲ့၏။ မြေကြီးပေါ် ရောက်သည်နှင့် ချက်ချင်း ဘေးသို့ ရွေ့လိုက်ပြီး မကြာခင်မှာပင် ချန်းယန် ရောက်လာခဲ့လေ၏။
“နှေးလိုက်တာ” ဖေးယုက နှုတ်ခမ်းလေး ဆူလိုက်ပြီး မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။
ချန်းယန်က ဘာမှပြန်မပြောခဲ့ဘဲ မီးဘောလုံး တစ်လုံးကိုသာ ဖန်တီးလိုက်ပြီး အလင်းရောင် ရအောင် လုပ်လိုက်၏။
“တကယ်ကို ကောင်းလိုက်တဲ့ မြေပါလား။ ဘယ်စီနီယာကများ ဒီနေရာမှာ ကျင့်ကြံသွားလဲ မသိဘူး” သိပ်သည်းလှသည့် မိုးမြေစွမ်းအင်ကို ခံစားမိသည်နှင့် ချန်းယန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့၏။
ဖေးယုသည်လည်း အားတက်သွားပုံရကာ “ဒီနေရာက ထွတ်မြတ်နယ်မြေ တစ်ခုလို ဖြစ်နေမှတော့ ရတနာတွေလည်း ရှိနေမှာပေါ့၊ ဟုတ်တယ်မလား”
“ဟုတ်လောက်တယ်” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “သွားကြစို့”
ပြောပြီးသည်နှင့် ရှေ့မှ ဦးဆောင်သွားလိုက်ပြီး ဖေးယုနှင့် ရန်ကိုင်တို့က သူ့နောက်မှ လိုက်လာခဲ့၏။ သုံးယောက်စလုံးသည် သတိကြပ်ကြပ် ထားလျက် ခရီးဆက်နေခဲ့ကြ၏။
လမ်းလျှောက်နေစဉ် ဖေးယုသည် ရန်ကိုင်နား တိုးကပ်သွားခဲ့ပြီး သူ့နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏ “ကောင်ကင်စိတ်အာရုံသုံးပြီး လျှောက်မစစ်ဆေးနဲ့နော်။ ဝိဥာဉ်ဝါးမြို အင်းဆက်တွေ အကြိုက်ဆုံးအစာက စိတ်စွမ်းအင်။ နင့်ဝိဥာဉ်နဲ့ အသိစိတ်ပင်လယ်ထဲကိုသာ အဲ့ကောင်တွေ ရောက်လာခဲ့ရင် ဒီကို ရောက်လာခဲ့တဲ့ တပည့်တွေလိုပဲ နင်လည်း သေသွားရလိမ့်မယ်”
ရန်ကိုင် အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ “ဒီနေရာကို လာတဲ့ တပည့်တွေက သေသွားမှတော့ စီနီယာတို့က ဒီမှာ ဝိဥာဉ်ဝါးမြိုအင်းဆက်တွေ ရှိနေတယ်ဆိုတဲ့ အကြောင်းကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ။ သူတို့ထဲက တစ်ယောက်ယောက်ကများ မသေခင် သတင်းပေးလိုက်လို့လား”
“မဟုတ်ဘူး” ဖေးယုက ခေါင်းခါရမ်းလိုက်ပြီး “ဒီအကြောင်းကို ဘိုးဘေး ရှာတွေ့ခဲ့တာ။ ဘိုးဘေးရဲ့ စွမ်းအားနဲ့ဆိုရင် ကီလိုမီတာ (၅၀၀)အတွင်းမှာ ရှိနေတဲ့ အရာမှန်သမျှကို သိနိုင်တယ်”
ရန်ကိုင် ထိတ်လန့်သွားခဲ့၏။
ကောင်းကင်ဂိုဏ်းတော်၏ ဘိုးဘေးသည် အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပေ၏။ ရနက်ိုင်၏ လက်ရှိ ကောင်းကင်စိတ်အာရုံသည် အတော်လေးကို ကံကောင်းနေလေရာ သူနှင့် ကီလိုမီတာ (၁၀၀) အတွင်းရှိ အရာများကို သိနိုင်ပေ၏။ သို့သော် ပိုဝေးဝေးတွင် ရှိနေသည့် အရာတစ်ခုကို စူးစမ်းရန် ကြိုးစားပါက စိတ်စွမ်းအင် ပိုကုန်ပေ၏။ စိတ်စွမ်းအင် ပိုကုန်သည့်အပြင် သေသေချာချာလည်း မြင်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်တွင်မူ ကောင်းကင်ဂိုဏ်းတော်၏ ဂိုဏ်းချုပ်သည် သူ့ပတ်လည် ကီလီုမီတာ (၅၀၀) အတွင်းရှိ အရာမှန်သမျှကို သိနိုင်၏။ သူတို့ကြားက ကွာခြားချက်သည် ကောင်းကင်နှင့် မြေပြင်တမျှ ခြားနား လွန်းလှပေ၏။
ချန်းယန် ရုတ်တရက် ရပ်လိုက်၏။ သူ့ရှေ့၌ ကောင်းကင်ဂိုဏ်းတော်၏ ဝတ်ရုံကို ဝတ်ဆင်ထားသော မလှုပ်မယှတ် လဲလျောင်းနေသေည့် တပည့်တစ်ယောက် ရှိနေခဲ့၏။ ထိုတပည့်၏ မျက်လုံးများသည် အသက် အရိပ်အယောင်တို့ ကင်းမဲ့နေ၏။ ထိုတပည့်အပေါ် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ချန်းယန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်လေ၏။
ထိုလူ သေသွားနေခဲ့လေပြီ။ ဖေးယုသည်လည်း ရန်ကိုင်အား စကားပြောမနေတော့။ သူမ၏ မျက်နှာလေးသည် လုံးဝကို တည်ကြည်လေးနက်နေခဲ့၏။ ချက်ချင်းပဲ ခေါင်းလောင်းပုံစံ အရာဝတ္ထုလေးတစ်ခုကို ထုတ်ယူလိုက်ပြီး အစစ်အမှန်ချီ ဖြည့်သွင်းကာ သူတို့နှစ်ယောက် ပတ်လည်၌ အရံအတား တစ်ခုဖန်တီးလိုက်ပြီး ချန်းယန်တို့နောက် ချက်ချင်း ပြေးလိုက်သွားလေ၏။
ထိုခေါင်းလောင်ပုံစံ အရာဝတ္ထုသည် ဝိဥာဉ် အမျိုးအစား အရာဝတ္တုတစ်ခုဖြစ်ပြီး အနည်းဆုံး စိတ်ဝိဥာဉ်အဆင့်လောက် ရှိပေမည်။ ထိုအရာဝတ္ထုကို အသက်သွင်းလိုက်သည်နှင့် ရေနွေးကန်ထဲ စိမ်လိုက်ရသလို ရန်က်ိုင်ခံစားလိုက်ရကာ သူ့တစ်ကိုယ်လုံးသည်လည်း အတော်လေးကို လွတ်လပ် ပေါ့ပါးသွားခဲ့ရ၏။
“ငါနဲ့ အဝေကြီးမနေနဲ့။ နင့်ရဲ့ ကျင့်ကြံခြင်းနဲ့ ဆိုရင် အဲ့ဝိဥာဉ်ဝါးမြို အင်းဆက်တွေသာ နင့်ကို ပစ်မှတ် ထားလိုက်တာနဲ့ နင်သေရလိမ့်မယ်” ဖေးယုက လေးလေးနက်နက် သတိပေးလိုက်၏။
ရန်ကိုင်လည်း ခေါင်းပြန်ညိတ်ပြလိုက်၏။
ဤသို့ဖြင့် ချန်းယန်သည် ရှေ့မှ ဦးဆောင်သွားနေသည့် အချိန်တွင် ရန်ကိုင်နှင့် ဖေးယုတို့က နောက်မှ လိုက်ပါလာခဲ့လေ၏။ သွားနေစဉ်အတွင်း ကောင်းကင်ဂိုဏ်းတော်မှ တပည့် တစ်ယောက်စ၊ နှစ်ယောက်စကို တွေ့မိတတ်ကြ၏။ အများစုသည် သေနေခဲ့လေပြီ။ သို့သော်လည် မသေသေးဘဲ သတိလစ်နေသေးသော တပည့်အချို့ကိုလည်း တွေ့ခဲ့ရ၏။
ထိုတပည့်များကို ဆေးအချို့ တိုက်ပြီးနောက် သူတို့ သုံးယောက် ဆက်လက်၍ ခရီးဆက်ခဲ့ကြ၏။
အချိန်အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ကြေးတံခါးကြီးတစ်ချပ်ရှေ့သို့ သူတို့ သုံးယောက် ရောက်ရှိလာခဲ့လေ၏။
ကြေးတံခါးရှေ့ ရောက်သည်နှင့် အနက်ရောင် မြူခိုးတို့သည် ကြေတံခါးဆီမှ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့လေ၏။ ထိုအနက်ရောင် မြူခိုးသည် သာမန် မျက်လုံးဖြင့်ပင် မမြင်နိုင်သော လွန်စွာကိုမှ သေးငယ်လှသည့် မရေမတွက်နိုင်သော အရာဝတ္ထုများဖြင့် ဖွဲ့စည်းခဲ့၏။
ချန်းယန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အစစ်အမှန်ချီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရင် အလျင်စလို နောက်ပြန်ဆုတ်လိုက်၏။ သို့သော် ကံမကောင်းစွာဖြင့် ထိုလက်ဝါးချက်သည် အနက်ရောင်မြူခိုး၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ လောင်ကျွမ်းပစ်နိုင်ခဲ့ပြီး ကျန်အပိုင်းများသည် မလျော့သော အရှိန်ဖြင့် ရှေ့ဆက်တိုးလာခဲ့ကြ၏။
“ဝိဥာဉ်ဝါးမြိုအင်းဆက်တွေလား” ဟန်ဖေး၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ ရေမြှားများစွာကို အနက်ရောင် မြူခိုးထဲ ပစ်လွှတ်လိုက်လေ၏။
“ဘာလို့ ဒီလောက် အများကြီး ရှိနေရတာလဲ” ဖေးယုသည် အဆက်မပြတ် တိုက်ခိုက်ရင်း အော်ပြောလိုက်လေ၏ “ချန်းယန်၊ ပြန်ဆုတ်ကြမယ်”
သူမနှင့် ချန်းယန်တို့သည် မသေမျိုး တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း ထိုကဲ့သို့သော နယ်ခြား ရှေးဟောင်းအင်းဆက်အုပ်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ နောက်ပြန်ဆုတ်ရုံသာ တတ်နိုင်ခဲ့၏။
ချန်းယန်သည် တုန်လှုပ်ချောက်ချား သွားခဲ့ခြင်း မရှိ၊ ရန်ကိုင်နားသို့ တိုးကပ်သွားလိုက်ပြီး အလျင်အမြန် တိုးဝင်လာနေသော ဝိဥာဉ်ဝါးမြိုအင်းဆက်အုပ်ကြီးကို ကြည့်ရင်း ရန်ကိုင်အား အော်ပြောလိုက်၏ “မင်းရဲ့ ကောင်းကင်စိတ်အာရုံနဲ့ အဲ့ကောင်တွေကို လောင်ကျွမ်းပစ်လိုက်တော့”
ရန်ကိုင် ယာယီမျှ မှင်သက်သွားခဲ့သော်လည်း ချက်ချင်းပဲ ထိုအင်းဆက်အုပ်အား သူ့ကောင်းကင် စိတ်အာရုံဖြင့် တိုက်ခိုက်လိုက်၏။
ပူပြင်းလှသော မီးတောက် အရှိန်အဝါတို့ လေထု တစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး မီးတောက်မီးလျှံတို့ လေထဲ ပေါက်ကွဲထွက်လာခဲ့ကာ ချန်းယန်နှင့် ဖေးယုတို့ပင် ရင်မဆိုင်နိုင်ခဲ့သော အနက်ရောင်မြူခိုးများကို အလွယ်တကူ လောင်ကျွမ်းပစ်လိုက်လေ၏။
“တေဇောဓါတ် အသိစိတ်ပင်လယ်လား” ဖေးယု၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက်တောက်ပသွားခဲ့ပြီး ရန်ကိုင်အား အံ့အားသင့်တကြီး စိုက်ကြည့်လိုက်လေ၏။
ထိုလူငယ်လေးသည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
“ဝှက်ဖဲမရှိဘဲနဲ့ နင်နောက်လိုက်အသေခံမလားဟ” ချန်းယန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်နှာထက် မာနတစ်ခွဲသား အမူအရာ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင်ကမူ လုံးဝကို အာရုံစိုက်နေခဲ့၏။ တေဇောဓါတ် အသိစိတ်ပင်လယ်သည် ဝိဝိဥာဉ် ဝါးမြို အင်းဆက်များ၏ အိမ်မက်ဆိုးဖြစ်ကြောင်း သိလိုက်ရသည်နှင့် နည်းနည်းလေးပင် စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ ကြေးတံခါးကြီးဆီကိုသာ လှမ်းကြည့်လိုက်လေ၏။
ထိုတံခါကြီးနောက်ဘက်၌ မရေမတွက်နိုင်သော ဝိဥာဉ်ဝါးမြိုအင်းဆက်များ ရှိနေသေးသည်ကို သူအာရုံခံမိ၏။
ထိုကြေးတံခါးကြီးသည် ကောင်းကင်ဂိုဏ်းတော် တပည့်များ ဒုက္ခရောက်ခဲ့ရသည့် အဓိက အကြောင်းအရင်း ဖြစ်မည်မှာ သံသယရှိစရာ မလိုချေ။
ရန်ကိုင် ကောင်းကင်စိတ်အာရုံ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်၌ ဝိဥာဉ်ဝါးမြိုအင်းဆက်များဆီ ကြေးတံခါးကြီးဆီ ပြန်ပြေးချိန်ပင် မရလိုက်ပဲ ဗလာနတ္ထိအဖြစ်သို့ လောင်ကျွမ်းခြင်း ခံလိုက်ရလေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဟန်ဖေးနှင့် ချန်းယန်တို့ နှစ်ယောက်စလုံး ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားခဲ့၏။
ခဏကြာပြီးနောက် ရန်ကိုင်က သူ့ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်ကာ “အဲ့ကောင်တွေ အကုန်လုံး သေသွားလောက်ပြီ”
“မောင်ငယ်လေးက အရမ်းတော်တာပဲ” ဖေးယုက သူမ၏ တင်းပါးလေးများကို လှုပ်ခါရမ်းရင်း ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး သူ့ပခုံးအား ရင်းရင်းနှီးနှီး ပုတ်လိုက်ကာ “မမက မောင်ငယ်လေးလို အလားအလာ ကောင်းတဲ့ လူငယ်လေးတွေကိုမှ နှစ်သက်တာ။ နောက်ပိုင်းကျ မမတို့ ပိုပြီးရင်းနှီးအောင် လုပ်ရမယ်နော်”
“ဟဲဟဲ...” ရန်ကိုင်က အနှစ်မပါသည့် ရယ်သံဖြင့် ရယ်မောလိုက်၏။
ချန်းယန်လည်း ရှေ့တက်ပြီး ကြေးတံခါးကြီးကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ့မျက်ဝန်းထဲ စူးစမ်းလို့သည့် အရိပ်အယာင်တို့ လက်သွားခဲ့လေ၏။
ဤနေရာသည် အစစ်အမှန် ကျွမ်းကျင်သူ တစ်ယောက် နေထိုင်နေသည့် ရှေးဟောင်းလိုဏ်ဂူ အိမ်တစ်ခု ဖြစ်နိုင်လေရာ ထိုကြေးတံခါးကြီး နောက်ကွယ်၌ အဖိုးတန် ရတနာများစွာ ရှိနိုင်လောက်ပေ၏။
“အထဲသွားကြည့်ချင်လား” ချန်းယန်က ဖေးယုဘက် လှည့်၍ မေးလိုက်၏။
“ဒီလောက်အထိ လာပြီးမှတော့ နည်းနည်းပါးပါး မစူးစမ်းဘဲနဲ့ ဘယ်ပြန်လို့ ဖြစ်ပါ့မလဲ၊ မဟုတ်ဘူးလား” ဖေးယုက သွားပေါ်အောင် ပြုံးလိုက်၏။
ရန်ကိုင် မျက်ဝန်းအစုံ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ချက်ချင်းပဲ ပြတ်ပြတ်သားသား ပြောလိုက်၏ “ကျုပ်ဒီမှာပဲ စောင့်နေရစ်ခဲ့မယ်”
ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ရန်ကိုင်အား စိတ်ဝင်တစား စိုက်ကြည့်လိုက်ကြရာ ရန်က်ိုင်က အလျင်အမြန် ပြန်ရှင်းပြလိုက်လေ၏ “အထဲမှာ အခြား ထောင်ချောက်တွေ ရှိနိုင်သေးတယ်။ ခင်ဗျားတို့နဲ့ အတူ လိုက်သွားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာပေါ့”
“ကောင်းပြီလေ” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် ဒီမှာပဲ စောင့်နေလိုက်ပေါ့။ ငါတို့ မကြာဘူး”
“သတိထားဦးနော်။ နည်းနည်းလေးတောင် သတိမပေါ့လျော့မိစေနဲ့” ဖေးယုက ရန်ကိုင်အား သတိပေးလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ကြေးတံခါးကို တွန့်ဖွင့်ပြီး အထဲသို့ အလျင်အမြန် ပြေးဝင်သွားကြလေ၏။
သူတို့ ထွက်သွားပြီးနောက် ရန်ကိုင်က ကြေးတံခါးဆီ ဖြည်းဖြည်းချင်း သွားလိုက်ပြီး ၎င်းကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူ့နှုတ်ခမ်းအစုံသည် ဖြည်းဖြည်းချင်း ကွေးတက်သွားခဲ့လေ၏။
သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ထိုကြေးတံခါးမှ အနက်ရောင်မြူခိုးတို့ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေ၏။
ဝိဥာဉ်ဝါးမြိုအင်းဆက်အားလုံး မသေကြသေးချေ။
ချန်းယန်နှင့် ဖေးယုတို့ သူတို့၏ ကောင်းကင် စိတ်အာရုံအား မထုတ်လွှတ်ရဲသည်ကို အခွင့်ကောင်းယူ၍ ထိုနှစ်ယောက်အား ပါးနပ်စွာ လှည့်စားလိုက်ခြင်း ဖြစ်၏။
ကောင်းကင်ဂိုဏ်းတော်၏ ဂိုဏ်းချုပ် မည်သည့် အတွက်ကြောင့် သူ့ကို တွေ့ချင်နေလဲ၊ သူဘာတွေ စီစဉ်နေလဲ ဆိုသည်ကို ရန်ကိုင် နားမလည်သော်လည်း တုန်းရွှမ်လောကကြီး အတွင်း၌ သူ့ခွန်အားသည် အရမ်း အရမ်းကို အားနည်းလှသည် ဆိုသည်ကိုတော့ နားလည်ထား၏။ သို့သော် ထိုဝိဥာဉ်ဝါးမြို အင်းဆက်များသည် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက်ကိုပင် တွန်းအားပေးနိုင်ခဲ့ရာ ၎င်းတို့သည် သူ၏ ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ချေရှိ၏။
သူအရမ်း သံသယ လွန်ကဲနေခြင်းလည်း ဖြစ်နိုင်၏။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ နောင်ရေးအတွက် အစီအစဉ်အချို့ ချထားရပေမည်။
ထို့ကြောင့်ပဲ ကြေးတံခါးနောက်ကွယ်၍ ရတနာများ ရှိနေသည်ကို သိသော်ငြား ချန်းယန်တို့နှင့်အတူ အထဲသို့ လိုက်မဝင်သွားခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ရတနာတွေကြောင့် ချန်းယန်၊ ဖေးယုတို့နှင့် ရန်မီး ပွားရမည့် အဖြစ်မျိုး ရန်ကိုင် မလိုလားချေ။
သူတို့သာ ရတနာအချို့ ရခဲ့ပြီး သူ့အား ခွဲမပေးခဲ့လျှင် ရန်ကိုင် စိတ်ပျက်မိမှာ အမှန်ပင်။ သို့သော်လည်း ဤနည်းဖြင့် သူသည် ထိုနှစ်ယောက် မည်ကဲ့သို့သော ရတနာများ ရခဲ့သည်ကို မသိတော့လေရာ စိတ်ပျက်စရာလည်း မလိုတော့ချေ။
စိတ်စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်ရင်း ထိုဝိဥာဉ်ဝါးမြို အင်းဆက်များကို သူ့အသိစိတ် ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားခဲ့၏။
ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သက်ရှိ သတ္တဝါများ ဖြစ်ကြ၏။ သို့သော် ယင်ယန်မွန်းစတား ဂျင်ဆင်းကဲ့သို့ အနက်ရောင်စာအုပ်ထဲတွင် ထည့်သိမ်းထား၍ မရချေ။
ရန်ကိုင် စိတ်စွမ်းအင်၏ လွှမ်းမိုးမှုအောက်၌ ဝိဥာဉ်ဝါးမြိုအင်းဆက်မျာသည် လွန်စွာကိုမှ နာခံလာပုံရကာ အားလုံးသည် သူ့အသစိတ်ပင်လယ်ထဲရှိ သူသွားစေချင်သည့် နေရာသို့ အစီအစဉ်တကျ သွားနေခဲ့ကြ၏။
စိတ်စွမ်းအင်ကိုသုံး၍ ထိုဝိဥာဉ်ဝါးမြို အင်းဆက်များကို တေဇောဓါတ် အသိစိတ် ပင်လယ်ကြောင့် ဒဏ်ရာမရသွားအောင် ကာကွယ်ထားရင်း အသစ်ရောက်လာသည့် ဧည့်သည်များကို ငါးရောင်ခြယ်ကျွန်းပေါ် နေရာ ချထားပေးလိုက်လေ၏။
ရန်ကိုင် အသိစိတ်ပင်လယ်ထဲ မီးလောင်ကျွမ်းခြင်း မရှိသည့် နေရာဆို၍ ငါရောင်ခြယ်ကျွန်းသာ ရှိလေရာ ထိုကျွန်းတစ်ခုသည်သာ ဝိဥာဉ်ဝါးမြိုအင်းဆက်များ နေထိုင်ရန် သင့်တော်ပေ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၉၀) ကျုပ်လည်း ဝေစုရမှာလား
————————————————————
ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် စိတ်စွမ်းအင်ကို စားသုံးကြ၏။ ငါးရောင်ခြယ်ကြာပန်းသည် ညင်သာ သိမ်မွေ့သည့် စိတ်စွမ်းအင်ကို အစဉ်မပြတ် ထုတ်လွှတ်ရင်း ရန်ကိုင် ဝိဥာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနေခဲ့၏။
ထိုနယ်ခြားရှေးဟောင်း အင်းဆက်များ ငါးရောင်ခြယ် ကျွန်းပေါ် ရောက်သည်နှင့် ချက်ချင်း ကျွန်းမှပင် မထွက်ခွါချင်အောင် ဖြစ်သွားခဲ့၏။
ရန်ကိုင် မျှော်လင့်ထားသည်မှာ ထိုကဲ့သို့ မဟုတ်သော်ငြား ၎င်းသည်လည်း မဆိုးလှပါချေ။
ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များကိုသာ သေသေချာချာ ပြုစုပျိုးထောင်ပြီး ထိန်းချုပ်နိုင်သွားမည် ဆိုပါက ၎င်းတို့သည် သူ့အတွက် အန္တရာယ်မရှိနိုင်တော့သည့် အပြင် သူ့ဝှက်ဖဲတစ်ခုပင် ဖြစ်လာနိုင်သေး၏။
သူ့ခန္ဓာကိုယ်ခွန်အားနှင့် ကျင့်ကြံခြင်းအဆင့်သည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ် အဆင့်ကိုသာ ရောက်သေးသော်ငြား ဝိဥာဉ်ချင်း ထိပ်တိုက်ရင်ဆိုင်မည် ဆိုပါက သူတော်စင်အဆင့် ပညာရှင်များကိုပင် ကြောက်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။
တေဇောဓါတ် အသိစိတ်ပင်လယ်နှင့် ဝိဥာဉ် ဝါးမြိုအင်းဆက်များကို အသိစိတ်ပင်လယ် အပြင်ဘက်၌ တိုက်ခိုက်ရာတွင် အသုံးချနိုင်၏။ ရွှေရောင်မျက်လုံးသည် အသိစိတ်ပင်လယ်အတွင်းသာ အသုံးဝင်သော်လည်း ကိုယ်ကိုယ်ကို အထင်ကြီးပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ မဆင်မခြင် တိုးဝင်လာသော ပညာရှင်များကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေ၏။
တစ်ခဏလောက် စဉ်းစားပြီးနောက် ချင်ချင်း ထိုင်မကျင့်ကြံဘဲ လာလမ်းအတိုင်း ပြန်လျှောက်သွားလိုက်၏။
အသက်ရှင်နေသော ကောင်းကင်ဂိုဏ်းတော် တပည့်များ၏ အသိစိတ်ပင်လယ်ကို တိုက်ခိုက်နေသေးသည့် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သူစုဆောင်းချင်သေး၏။
မူလအရေအတွက် ဒါဇင်ကျော်၏ တစ်ဝက် မရှိတတ် လောက်သာ တပည့်များသာ အသက်ရှင်တော့၏။ သို့သော် ထိုအသက်ရှင်နေသေးသော သူများကို ဤအတိုင်း ထားရစ်ခဲ့ပါက သူတို့လည်း ကျိန်းသေသေရပေလိမ့်မည်။ သူတို့၏ အခြေအနေနှင့် ပက်သက်ပြီး ကောင်းကင် ဂိုဏ်းတော်၏ ဂိုဏ်းချုပ်ပင် ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် သူ့ကိုယ်ကျိုးအတွက်သာ လုပ်နေခြင်း ဖြစ်သော်လည်း သူသာ အောင်မြင်ခဲ့ပါက ကောင်းကင် ဂိုဏ်းတော်မှ တပည့်များ၏ အသက်ကိုပါ ကယ်တင် နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်သွားပါက ကောင်းကင် ဂိုဏ်းတော် ဂိုဏ်းချုပ် မျက်နှာသာပေးခြင်းကို ခံရလိမ့်မည် ဖြစ်ကာ သူ့အတွက် အရှုံးမရှိသော အခြေအနေပင် ဖြစ်၏။
ဘာမှစိုးရိမ်စရာ မရှိသည်နှင့် ရန်ကိုင်လည်း ပြတ်ပြတ်သားသား လုပ်ချလိုက်၏။
ကြေးတံခါကြီးထဲသို့ ဝင်သွားပြီးသည်နှင့် ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး လျှို့ဝှက်ရတနာများကို အသည်းအသန် လိုက်လံရှာဖွေကြတော့လေ၏။
နှစ်ယောက်စလုံးသည် အကျိုးအမြတ် အချို့စီ ရခဲ့လေရာ အတော်လေးကို ဝမ်းသာပျော်ရွှင် နေခဲ့ကြ၏။
“ချန်းရန်၊ ရုတ်တရက်ကြီး ငါတစ်ခုခုကို တွေးလိုက်မိတယ်၊ သိလား။ ဘိုးဘေးက ဒီကိစ္စကို ကိုင်တွယ်ဖို့ အခုလေးတင် ငါ့ကို လွှတ်လိုက်တာ။ ဒါပေမယ့် အဲ့အချိန်မှာပဲ နင်ရယ်၊ အဲ့ကောင်လေးရယ်ကို သွားတိုးတယ်ဆိုတော့... ဒါက တိုက်ဆိုင်မှု သက်သက်ပဲလား” ဖေးယုက ရတနာရှာနေရင်း သူမ အတွေးများကို ထုတ်ဖော်ပြောလိုက်၏။
“တိုက်ဆိုင်မှု မဖြစ်လောက်ဘူး” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “ဘိုးဘေးက ဒီအခြေအနေကို သုံးပြီး အဲ့ကောင်လေးရဲ့ အလားအလာကို လေ့လာကြည့်ချင်တာနဲ့ တူတယ်”
“နင်အစကတည်းက သိနေတာလား” ဖေးယုက ချန်းယန်က ပျာသကာကဲ့သို့ ချိုမြိန်သော အပြုံးလေးဖြင့် ကြည့်လျက် မေးလိုက်၏။
“သိတာပေါ့၊ ဝိဥာဉ်ဝါးမြိုးအင်းဆက် အကြောင်း ကြားလိုက်ကတည်းက ဘိုးဘေး ဘာလုပ်ချင်နေလဲ ဆိုတာကို ငါနားလည်လိုက်တာ။ ဝိဥာဉ်ဝါးမြိုအင်းဆက် တွေကို တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတဲ့ လူတွေပဲ ရင်ဆိုင်နိုင်တာလေ။ အဲ့ဒါက ဘယ်လိုလုပ် တိုက်ဆိုင်မှု ဖြစ်နိုင်တော့မှာလဲ။ ငါကလည်း ရှားပါတဲ့ အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို ပြန်ခေါ်သွားရုံပဲ ရှိသေးတာလေ” ချန်းယန်က အလျင်အမြန် ရှင်းပြလိုက်၏ “ငါခေါ်လာတာကြောင့်သာ မဟုတ်ရင် ဘိုးဘေးကလည်း ဒီကိစ္စကို ကိုယ်တွယ်ဖို့ နင့်ကို လွှတ်လိုက်မှာ မဟုတ်ဘူး”
“အဲ့လိုသာဆိုရင် ဘိုးဘေးက အဲ့ကောင်လေးနဲ့ မရင်းနှီးဘူးထင်တယ်။ မဟုတ်ရင် နင့်ကို ဘာလို့ သွားရှာခိုင်းရမှာလဲ”
“ငါလည်း အဲ့ဒါကို သိချင်နေတာ။ လွန်ခဲ့တဲ့ နှစ်လတုန်းက ဘိုးဘေးက ငါ့ကို ရုတ်တရက်ကြီး ဆင့်ခေါ်ပြီး သူ့ကို သွားရှာခိုင်းတာလေ။ ငါ့မှာ သူ့ကို တွေ့ဖို့ အတော်တော်လေးကို ကြိုးစားလိုက်ရတယ်” ချန်းယန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “ပြီးတော့ အဲ့ကောင်လေးလည်း ဘိုးဘေးကို မသိဘူးဆိုတာ သေချာတယ်”
“ထူးဆန်းလိုက်တာ။ ဒါပေမယ့် ဘိုးဘေးက အမြဲတမ်း ခန့်မှန်းလို့မရတာပဲလေ” ဖေးယုက သူမ၏ နှုတ်ခမ်းလေးကို အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဒါပေမယ့် နင်တောင် ဘိုးဘေး ဘာလုပ်ချင်နေလဲ ဆိုတာကို နားမလည်တာကို ငါ့အပေါ် လာပြီး အမြတ်ထုတ်ချင် သေးတယ်ပေါ့။ နင်အရမ်း အရှက်မမဲ့လွန်းဘူးလား။ ငါ့ဆီကနေ ဆူးတစ်ထောင်ပန်းဝိုင်ကိုရဖို့ နည်းနည်းလေးတောင် မစဉ်စားနဲ့တော့”
ထိုစကားကို ကြားလိုက်သည်နှင့် ချန်းယန် အမူအရာ ခါးသီးသွားခဲ့၏။
“တေဇောဓါတ် အသိစိတ်ပင်လယ်တဲ့၊ စိတ်ဝင်စားစရာပဲ...” ဖေးယုက အပြုံးလေးဖြင့် ရေရွတ်လိုက်၏။
“သူက စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင်လည်း ဖြစ်နေသေးတာနော်” ချန်းယန်က ရုတ်တရက် ထပ်ပေါင်း ပြောလိုက်၏။
ဖေးယု၏ ခန္ဓာကိုယ်လေး တုန်ရင်သွားခဲ့ပြီး “တကယ်ကြီးလား”
“ဒါကြောင့် ဘိုးဘေး သူ့ကို သွားရှာခိုင်းတာနဲ့ တူတယ်။ အဲ့ကောင်လေးရဲ့ အလားအလာက အဆုံးမဲ့ပဲ။ သူ့ကြောင့် တုန်းရွှမ်လောကကြီးတစ်ခုလုံး ဘယ်လို မုန်တိုင်းထန်ဦးမလဲ ဆိုတာကို ငါတကယ်ကို မြင်ချင်နေပြီ”
“အဲ့လိုသာဆိုရင် ငါလည်း သူနဲ့ ရင်းနှီးအောင် လုပ်ထားသင့်တယ်။ သူလို လူမျိုးတွေက ရှားမှရှားတဲ့ ဂျီးနီးယပ်တွေပဲ” ဖေးယုက လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်၏။ ယခုမှပင် ရန်ကိုင်အား သူမအထင်သေးနေမှန်း ဖေးယု နားလည်သွားလိုက်၏။
“ပြီးတော့... သူ့အလားအလာက အဲ့လောက်နဲ့တင် မကသေးဘူးလားလို့။ အဲ့ကောင်လေးက အရမ်းကို လျှို့ဝှက်ဆန်းကြယ် လွန်းတယ်။ သူ့ကိုသာ သေသေချာချာ လေ့ကျင့်ပေးလိုက်မယ်ဆိုရင် ထိပ်ဆုံးအင်အားစုတွေက လူငယ် ဂျီးနီးယပ်ဆိုတဲ့ လူတွေကိုတောင် ကျော်တက်သွားမှာ အသေအချာပဲ။ အဲ့တင်မကသေးဘူး၊ တုန်းရွှမ်လောကကြီးရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်တောင် ဖြစ်လာနိုင်သေးတယ်”
“ဘိုးဘေးတောင် အာရုံစိုက်ရတဲ့လူက ဘယ်လိုလုပ်ပြီး ပုံမှန်ဖြစ်နိုင်မှာလဲ” ဖေးယုလည်း သဘောတူပေ၏။
ရန်ကိုင် မကျော်ကြားသေးခင် သူနှင့် ရင်းနှီးအောင် လုပ်ထားရမည်ဟု ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက် စိတ်ထဲ တိတ်တဆိတ် ဆုံးဖြတ်ထားလိုက်ကြ၏။ ရန်ကိုင်က လေနဲ့မိုးကိုပင် ဆင့်ခေါ်နိုင်သည်အထိ ကျော်ကြားအားကောင်းသော ပညာရှင် တစ်ယောက် ဖြစ်လာပါက သူတို့အတွက်လည်း အကျိုးရှိပေလိမ့်မည်။
တစ်ရက်လောက်ကြာပြီးနောက် ချန်းယန်နှင့် ဖေးယုတို့ ကြေးတံခါးကြီးဆီမှ ပြန်ထွက်လာခဲ့ပြီး
နှစ်ယောက်စလုံး၏ မျက်နှာများသည် ပြုံးဖြီးနေခဲ့ကြရာ သူတို့ အတော်လေး ရိတ်သိမ်းနိုင်ခဲ့သည့် ပုံပင်။
ငြိမ်သက်စွာ ထိုင်နေသော ကောင်းကင်ဂိုဏ်းတော်မှ တပည့်ငါးယောက်ကို မြင်လိုက်သည်နှင့် ချန်းယန်နှင့် ဖေးယုတို့နှစ်ယောက်စလုံး အံ့ဩသွားခဲ့ကြရ၏။
“ကျုပ်လည်း အားနေတော့ သူတို့ အသိစိတ် ပင်လယ်ထဲမှာ ရှိနေတဲ့ ဝိဥာဉ်ဝါးမြိုအင်းဆက်တွေကို မောင်းထုတ်လို့ ရမလားဆိုပြီး ကြိုးစားကြည့်လိုက်တာ။ အရမ်း လွယ်နေလိမ့်မယ်လို့ မထင်ထားမိလိုက်ဘူး။ တစ်နှစ်၊ တစ်နှစ်ကျော်လောက် ကြာရင် သူတို့တွေ အကုန်လုံး ပြန်ကောင်းသွားလိမ့်မယ်” ရန်ကိုင်က ရှင်းပြလိုက်၏။
“အထင်ကြီးစရာပဲ” ချန်းယန် မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက်တောက်ပသွားခဲ့၏။
သူတို့ကိုယ်တိုင်သည်ပင် ထိုတပည့်များကို ကယ်တင်ရန် မတတ်နိုင်သဖြင့် ဆေးအနည်းငယ် တိုက်၍ သူတို့ နာကျင်မှုကို သက်သာအောင်သာ လုပ်ပေးနိုင်ခဲ့၏။ သို့သော်လည်း ရန်ကိုင်သည် သူတို့ မလုပ်နိုင်သော အရာကို လုပ်ပြသွားခဲ့၏။
“မမ မောင်လေးကို ပိုပိုပြီး ချစ်မိသွားပြီ” ဖေးယုက နွေးထွေးစွာ ပြုံးလိုက်ပြီး “မောင်လေးက အဲ့တပည့်တွေကို ကယ်ပေးခဲ့မှတော့ နောင်ပိုင်းကျ မောင်ငယ်လေး စိတ်ပူစရာမလိုဘူး။ မောင်လေးကို မမ မတော်မတရား ဘယ်တော့မှ မဆက်ဆံဘူး”
ရန်ကိုင်ကမူ ထိုကိစ္စသည့် သူ့အတွက် အရေးမကြီးသည့်အလား ပခုံးသာ တွန့်ပြလိုက်၏။ “အထဲမှာ အခြေအနေ ဘယ်လိုလဲ”
“ကောင်းတယ်” ချန်းယန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူတို့ရရှိခဲ့သည့် ပစ္စည်းများကို ထုတ်ပြလိုက်ကာ “ဒါက ငါနဲ့ဖေးယုတို့ ရှာလို့သမျှ ရခဲ့တဲ့ အရာတွေပဲ။ ဒါပေမယ့် ရတနာအများစုက အမှုန့်တွေ ဖြစ်နေတာ ဆိုးသွားတာပဲ။ ဘာပဲဖြစ်ဖြစ်၊ တစ်ချက်ကြည့်လိုက်ကြည့်ပြီး မင်းလိုချင်တာ ရှိရင် ယူထားလိုက်လေ”
“ကျုပ်အတွက်လည်း ဝေစုပါသေးတာလား” ရန်ကိုင်က သူ့ကိုယ်သူညွှန်ပြရင်း အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်၏။
“ပါတာပေါ့၊ မပါပဲဘယ်နေမလဲ။ ရသမျှ ပစ္စည်းတွေ အကုန်လုံးကို မမတို့ပဲ သိမ်းကျုံးယူမယ်လို့ နင်ထင်နေတာလားဟင်၊ မောင်လေး” ဖေးယုက တခစ်ခစ် ရယ်မောလိုက်ပြီး “မောင်လေးကြောင့်သာ မဟုတ်ရင် မမတို့လည်း ဒီတံခါးကို ဖြတ်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ မောင်လေးက မမတို့ ဂိုဏ်းသားတွေရဲ့ အသက်ကို ကယ်ပေးခဲ့သေးတယ်လေ။ ဒီခရီးအတွက် မောင်လေးက အများဆုံး ကူညီပေးခဲ့တာပဲ မဟုတ်ဘူးလား”
“အဲ့လိုဆိုရင်တော့ ကျုပ်လည်း အားနာမနေတော့ဘူးနော်” ရန်ကိုင်က ပြုံးလိုက်ပြီး သူ့ရှေ့ရှိ ပစ္စည်းများကို တစ်ချက် ဝေ့ကြည့်လိုက်၏။
ရန်ကိုင်ရှေ့၌ ပစ္စည်းငါးခု ရှိနေခဲ့၏။ သုံးခုသည် အသုံးအဆောင် လက်နက်ကိရိယာများ ဖြစ်ကြပြီး တစ်ခုသည် ကျင့်စဉ်တစ်ခုဖြစ်ကာ နောက်တစ်ခုသည် အနက်ရောင်ကျောက်တုံးတစ်တုံး ဖြစ်၏။
အသုံးအဆောင် လက်နက်ကိရိယာ သုံးခုထဲ၌ တစ်ခုသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဖြစ်ပြီး ကျန်နှစ်ခုသည် သူတော်စင်အဆင့် လက်နက်များ ဖြစ်ကြ၏။
ချန်းယန်နှင့် ဖေးယုကဲ့သို့သော ပညာရှင်များပင်လျှင် သူတော်စင်အဆင့် လက်နက်များကို မပိုင်ဆိုင်ဖူးကြချေ။
ကျင့်စဉ်သည်လည်း စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ရောက်နေသည့် ရှားပါးရတနာတစ်ခု ဖြစ်ပေ၏။
ထိုပစ္စည်းငါးခုကို တစ်ခဏကြာအောင် စစ်ဆေးပြီး နောက်ဆုံး၌ ရန်ကိုင်အကြည့်သည့် အနက်ရောင် ကျောက်တုံးပေါ်သို့ ရောက်ရှိသွားခဲ့၏။ ထိုကျောက်တုံးသည် ဝိုင်းစက်နေပြီး ဘာပစ္စည်းနှင့် လုပ်ထားလို့ လုပ်ထားမှန်း မသိရ။ အစစ်အမှန်ချီ ထည့်သွင်းကြည့်သော်လည်း တုန့်ပြန်မှုမရှိ။ ကောင်းကင်စိတ်အာရုံဖြင့် စူစမ်းကြည့်သော်လည်း ဘာထူးခြားမှုမှ မတွေ့ခဲ့ရ။
“ဘာကြီးလဲ” ရန်ကိုင်က စီနီယာနှစ်ယောက်ကို မေးလိုက်၏။
ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ခေါင်းခါရမ်းပြလိုက်၏။ သူတို့သည်လည်း ထိုကျောက်တုံးနှင့် ပက်သက်ပြီး ဘာမှမသိချေ။ ထိုကျောက်တုံးသည် အရမ်းကို ချောင်ကျသည့် နေရာတစ်ခုတွင် ရှိနေသည့် အတွက်ကြောင့်သာ တစ်ခါတည်း သယ်ယူလာခဲ့ခြင်း ဖြစ်၏။
“အဲ့လိုဆိုရင် ကျုပ်ဒါယူမယ်” ရန်ကိုင်က အပြုံးနှင့် ပြောလိုက်၏။
ချန်းယန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “မင်းကိုယ်မင်း ကာကွယ်ဖို့ အကာအကွယ် လက်နက်ပစ္စည်း တစ်ခုလောက် ရွေးသင့်တယ်နော်။ သူတော်စင်အဆင့် လက်နက်တွေကို အသုံးမပြုနိုင်သေးပေမယ့် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် လက်နက်တွေကလည်း ဆိုးတာမှ မဟုတ်တာ”
“သူပြောတာမှန်တယ်၊ မောင်လေး အင်တင်တင် လုပ်နေစရာ မလိုပါဘူး။ လိုချင်ရင် ယူသာယူလိုက်” ဖေးယု စိတ်ရှုပ်နေခဲ့၏။ ယခုလေးတင် ပြတ်ပြတ်သာသား ဆုံးဖြတ်ချက် ချသွားခဲ့သော လူငယ်လေး၏ စရိုက်သည် မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ရသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
မည်ကဲ့သို့ သုံးရမှန်း မသိသော ကျောက်တုံးကိုသာ ယူလိုက်လျှင် သူ့အတွက် ကျိန်းသေ နစ်နာသွားပေလိမ့်မည်။
“ကျုပ် အင်တင်တင် လုပ်နေတာ မဟုတ်ဘူး” ရန်ကိုင်က ရယ်မောလိုက်ပြီး “ဒါဘာလဲ ဆိုတာကို စီနီယာတို့ နှစ်ယောက်တောင် မသိမှတော့ ဒီကျောက်တုံးက အသုံးမဝင်တာ၊ ဒါမှမဟုတ် အရမ်း အဖိုးတန်တာပဲ ဖြစ်ရမယ်။ ကျုပ်သာ ဒီကျောက်တုံးကို ရွေးချယ်လိုက်ရင် စီနီယာတို့ ထင်ထားတာထက် ပိုတန်ဖိုးကြီးတဲ့ အရာတစ်ခုကိုတောင် ရနိုင်တယ်လေ”
“မင်းလောင်းကြေးထပ်ချင်တလား” ချန်းယန်က သဘောမတူသည့် ပုံစံဖြင့် “ကိုယ့်လက်ထဲမှာ ရှိတဲ့ အကျိုးအမြတ်ကပဲ တကယ့် အကျိုအမြတ် ဖြစ်တာနော်”
“အမှန်ပဲ။ ဒါပေမယ့် ဒီပစ္စည်း ဒီနေရာ ရောက်နေရတဲ့ အကြောင်းအရင်းကို ပြောရမယ်ဆိုရင် စီနီယာ တို့ နှစ်ယောက်စလုံး သယ်လာခဲ့လို့လေ။ စီနီယာတို့ သယ်လာခဲ့မှတော့ ဒီပစ္စည်းက တစ်ခုခု အဖိုးတန်လို့ပဲ နေမှာပေါ့။ ဘာမှအဖိုးမတန်တဲ့ ပစ္စည်းတစ်ခုကို အလှုပ်ရှုပ်ခံပြီး စီနီယာလို့ ဘာလို့ ယူလာရမှာလဲ” ရန်ကိုင်က ပြုံးလိုက်ပြီး အနက်ရောင် ကျောက်တုံးလေးကို ကောက်ယူလိုက်ကာ “အဲ့လက်နက်တွေကို ကျုပ်မလိုသေးဘူး။ ဒီကျင့်စဉ်ကလည်း ကျုပ်အတွက် အသုံးမဝင်ဘူး ဆိုတော့ ဒီကျောက်တုံးလေးကိုပဲ ယူလိုက်တော့မယ်”
“မင်းက အဲ့ပစ္စည်းကိုပဲ ယူချင်နေမှတော့ ငါတို့လည်း ဘာမှ ထပ်မပြောတော့ပါဘူးလေ။ အလောင်းအစား ရှုံးနိမ့်သွားတဲ့ နေကျကမှ ငါတို့ဆီ လာအော်မငိုနဲ့နော်” ဖေးယုက နှာခေါင်းလေးရှုံ့လိုက်ပြီး ကျန်ပစ္စည်း လေးခုကို ချန်းယန်နှင့် အညီအမျှ ခွဲယူလိုက်လေ၏။
ချန်းယန်နှင့် ဖေးတို့နှစ်ယောက်သည် သူတော်စင် အဆင့်လက်နက်ကို တစ်ယောက်တစ်ခုစီ ခွဲဝေ ယူလိုက်ကြပြီးမှ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် လက်နနှင့် ကျင့်စဉ်ကို ဝေစုခွဲခဲ့၏။
အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းလိုက်နိုင် သဖြင့် ချန်းယန်နှင့် ဖေးယုတို့ နှဏ်ယောက်စလုံး ပျော်နေခဲ့ကြ၏။
“သွားကြမယ်။ ဘိုးဘေး ငါတို့ကို စောင့်နေလောက်ပြီ” ပြောပြီးသည်နှင့် သတိလစ်နေသော တပည့်နှစ်ယောက်ကို သယ်ကာ ရှေ့မှဦးဆောင် ထွက်သွားလိုက်၏။
ဖေးယုသည်လည်း တပည့်နှစ်ယောက်ကို သယ်လိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ ပြုံးဖြီးလိုက်လျက် “နောက်ဆုံးတစ်ယောက်ကိုတော့ မောင်လေးပဲ သယ်လိုက်နော်။ မောင်လေးအတွက် အလှလေး တစ်ယောက်ကို မမ သီးသန့် ချန်ထားပေးထားတယ်။ အများကြီး စိတ်ပူနေစရာ မလိုဘူး။ အဲ့မိန်းကလေးက မခူးရသေးတဲ့ ပန်းလေးတစ်ပွင့်ပဲ။ သတိလစ်နေတုန်း အခွင့်အရေးကို လက်မလွှတ်တမ်း အရယူထားနော်”
ပြောပြီးသည်နှင့် ညစ်ကျယ်ကျယ် ပြုံးလိုက်လေ၏။
ရန်ကိုင်ကမူ ခြောက်ကပ်ကပ်ဖြင့်သာ ရယ်မောလိုက်ပြီး ထိုမိန်းကလေးတတပည့်ကို ကျောပေါ် သယ်ကာ ကောင်းကင်ဂိုဏ်းတော်ဆီသို့ ချန်းယန်၊ ဖေးယုတို့နှင့်အတူ ဦးတည်သွားလိုက်လေ၏။
တစ်နာရီလောက် ကြာပြီးသည်နှင့် သူတို့ သုံးယောက် ဧရာမတောင်ကြားချိုင့်ဝှမ်းတစ်ခုဆီ ရောက်လာခဲ့၏။ ထိုနေရာ၌ သီးခြားဖြစ်နေသည့် အိမ်လေးများစွာ ရှိနေခဲ့ပြီး ကိုယ်စီကိုယ်ငှ ကိစ္စအသွယ်သွယ်ကို ဆောင်ရွက်နေသည့် ကျင့်ကြံသူများစွာလည်း ရှိနေခဲ့၏။
================================