အခန်း (၆၉၁-၆၉၅)
Vol. 28 Ch. 691-695
အပိုင်း(၆၉၁) တောင်ထွတ်တစ်ရာ စိတ်ဝိဥာဉ် အစီအရင်
——————————————————————
ဤနေရာ၌ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်လောက် ကျင့်ကြံသူ အရေအတွက် မများလှသော်လည်း တစ်ယောက်ချင်းစီတိုင်း၏ ခွန်အားသည် မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များထက် ပိုမို သာလွန်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် မြစ်ပြင်ကျယ်ထဲ စီးဆင်းနေသော ရေပမာ သိပ်သည်းလွန်းလှလေရာ လက်ဖြင့်ပင် ထိတွေ့ကိုယ်တွယ် ရလုနီးနီးအထိ ဖြစ်နေခဲ့၏။
ရောက်ရောက်ချင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ့တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားသလို ရန်ကိုင် ခံစားလိုက်ရ၏။
တောင်ကြားသည် လွန်စွာကိုမှ ကြီးမားလေရာ ကောင်းကင်ထက် ပျံဝဲပြီး ငုံ့ကြည့်နေသည့် ရန်ကိုင်ပင် အဆုံးကိုမမြင်ရချေ။
တောင်ကြားဟု ခေါ်မည့်အစား ချိုင့်ခွက်လွင်ပြင်ကြီး ဟုသာ ခေါ်ဆိုသင့်ပေ၏။
တောင်ကြားပတ်လည်၌ မိုးထိမတတ် မြင့်မားလှပြီး ဓါးသွားများသဖွယ် ကောင်းကင်ပေါ်သို့ ထောင်တက်နေသော တောင်ထွတ်အလုံးတစ်ရာ ရှိနေခဲ့၏။ ထိုတောင်ထွတ်များသည် သားရဲမျိုးစုံ၊ စိတ်ဝိဥာဉ် ဆေးပင်မျိုးစုံတို့ဖြင့် ပြည့်နေခဲ့ကာ လွန်စွာကိုမှ အသက်ဝင်စိုပြည်နေခဲ့၏။
ထိုတောင်ထွတ်များသည် ရှိချင်သည့်နေရာ၌ ရှိနေသည်ဟု ထင်ရသော်ငြား အနီးကပ် စစ်ဆေး ကြည့်လိုက်သည့်အခါ တောင်ထွတ်များ၏ စီးတန်းပုံနှင့် ပက်သက်ပြီး တစ်ခုခု ထူးခြားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ အဝေးတွင် ရှိနေသော မိုးမြေစွမ်းအင် များသည်ပင် မမြင်နိုင်သော စွမ်းအား တစ်မျိုးမျိုး၏ ဆွဲငင်ခြင်းကို ခံရပြီး တောင်ထွတ်များထဲ စီးဝင်ကာ ထိုမှတစ်ဆင့် တောင်ကြားထဲသို့ စီးဆင်းနေခဲ့၏။
ချန်းယန်နှင့် ဖေးယုတို့ အချင်းချင်း နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြန်၏။
ထိုနေရာ၏ ထူးခြားမှုကို ခဏအတွင်း မြင်တွေ့နိုင်ရာ ရန်ကိုင်၏ အမြင်အာရုံသည် အတော့်ကို စူးရှ လွန်းလှသည်ဟုသာ ဆိုရပေမည်။
“အဲ့တောင်ထွတ်အလုံးတစ်ရာ ငါတို့ ကောင်းကင် ဂိုဏ်းတော်ရဲ့ အုတ်မြစ်ပဲ” ချန်းယန်က ရှင်းပြလိုက်၏။
“အို၊ အဲ့တောင်ထွတ်တွေက ကောင်းကင်ဂိုဏ်းတော် အတွက် အရေးပါတာလား”
“အင်း” ချန်းယန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “အပြင်ဘက်က မိုးမြေစွမ်းအင်တွေ တောင်ကြားထဲကို စီးဝင်နေတာ မင်းလည်း သတိပြုမိလောက်မှာပေါ့။ အဲ့ဒါက အဲ့တောင်ထွတ် အလုံးတစ်ရာကြောင့်ပဲလေ။ အဲ့တောင်ထွတ် အလုံးတစ်ရာနဲ့ ဒီတောင်ထွတ်တစ်လုံးက မဟာစိတ်ဝိဥာဉ် အစီအရင်ကြီးရဲ့ အဓိက အမှတ်နေရာတွေပဲ။ ပြီးတော့ တောင်ထွတ်တွေရဲ့ တစ်ဝက်လောက်ကပဲ သဘာဝအတိုင်း ဖြစ်လာတာ”
“ကျန်တဲ့တစ်ဝက်ကကော”
“ငါတို့ဘိုးဘေး ဖန်တီးခဲ့တာလေ” ချန်းယန်က သွားပေါ်အောင် ပြုံးလိုက်၏။
ရန်ကိုင် မျက်ခမ်းတို့ တဆတ်ဆတ် လှုပ်ခါသွားခဲ့ပြီး အလန့်တကြား အော်ပြောလိုက်လေ၏ “စီနီယာတို့ရဲ့ ဘိုးဘေးက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ”
“ဟုတ်ရမယ်လေ။ ဘယ်ကျင့်ကြံသူမဆို၊ သူတို့ ခွန်အားက အဆင့်တစ်ခုအထိ ရောက်သွားပြီ ဆိုတာနဲ့ ပင်လယ်ကို ပွက်ပွက်ဆူအောင် လုပ်ချင်လည်း ရတယ်။ တောင်တွေကို ပင့်မြှောက်ချင်လည်း ရတယ်။ ကြယ်တွေကို ဆွတ်ယူချင်တယ် ဆိုရင်တောင်မှ ရသေးတယ်။ အဓိကက မင်းမှာ လုံလောက်တဲ့ ခွန်အား ရှိဖို့ပဲလိုတာ။ အရမ်းကို အားကောင်းလွန်းတဲ့ အစစ်အမှန် ပညာရှင်ကြီးတွေဆိုရင် ဒီလောကကြီးကနေ ထွက်ခွါပြီး အရင်းအမြစ်၊ အခွင့်အရေးတွေအတွက် ကြယ်တာရာ ကောင်းကင်ထဲ ခရီးထွက်နိုင်တယ်လို့တောင် ကောလဟာလတွေ ထွက်နေသေးတယ်”
“ကြယ်တာရာကောင်းကင်ကြီးကို ဖြတ်သွားတာလား” ရန်ကိုင် မျက်လုံးအစုံး စူးရှတောက်ပသွားခဲ့ရလေ၏။ သူ့အသိဥာဏ်ကို ပိတ်ဆို့ထားသော တံခါးကြီးတစ်ချပ် ပွင့်သွားခဲ့ရလေပြီ။ နားကို သေချာစွင့်၍ ချန်းယန် ပြောသည့် စကားတစ်လုံးမကျန်ကို အသေအချာ မှတ်သားလိုက်လေ၏။
“ဟုတ်တယ်၊ ကြယ်တာရာကောင်းကင်ကို ဖြတ်သွားတာ” ချန်းယန်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် မှာတုန်းက လူအိုကြီးတုသုံးခဲ့တဲ့ မိုးပြာရောင် ကျောက်တုံးကို မင်းတွေ့တယ်မလား။ အဲ့ကျောက်တုံးကို ကြယ်တာရာကောင်းကင်ကနေ ရတာပဲ။ အဲ့ဒါက တုန်းရွှမ်လောကကြီးမှာ ရှိတာမဟုတ်ဘူး။ ကျောက်တုံးက အရမ်းကို အဖိုးတန်ပေမယ့် ဖျက်စီးခံလိုက်ရတာ နှာမြောစရာပဲ”
“ကြယ်တာရာကောင်းကင်မှာ သူတော်စင်အဆင့်ကို ကျော်လွန်တဲ့ သတ္တုရိုင်းတွေ၊ ဆေးပင်တွေ အများကြီး ရှိသေးတယ်။ သူတော်စင်အဆင့်ကိုတောင် ကျော်လွန်နေတဲ့ သားရဲကြီးတွေလည်း ရှိသေးတယ်။ အဲ့ကောင်တွေထဲက အသေးဆုံးဆိုတဲ့ အကောင်ကကောင် ငါတို့ ကောင်းကင်ဂိုဏ်းတော် တောင်ကြားထက်တောင် ပိုကြီးသေးတယ်”
ရန်ကိုင်မှာ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရလေပြီ။ သူမျက်နှာထက် မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုတို့သည် ယင်ယန်စက်ဝန်းပမာ တစ်လှည့်စီ ဖြစ်ပေါ်နေခဲ့လေ၏။
ချန်းယန် ပြောသွားခဲ့သော အရာများသည် လုံးဝကို မယုံကြည်နိုင်စရာကောင်းသည့် အရာများပင် ဖြစ်ပေ၏။
“ဒါတွေအားလုံးက ဒဏ္ဏာရီသက်သက်တွေပဲ။ ကြယ်တာရာကောင်းကင်က ဘာနဲ့တူလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ ဘယ်ပညာရှင်ကမှလည်း ကြယ်တာရာကောင်းကင်ကို ဖြတ်ပြီး မသွားဖူးကြဘူး။ ဒါကြောင့် ငါတို့ထဲက ဘယ်သူမှလည်း ကြယ်တာရာ ကောင်းကင်အကြောင်း မသိကြဘူး” ချန်းယန်က နှာခေါင်းလေးကို ပွတ်ပြီး ထပ်ပြောလိုက်၏။
ရန်ကိုင် ယာယီ မှင်သက်သွားခဲ့ရပြီး ခဏအကြာမှာပဲ ရယ်ရယ်မောမောဖြင့် ခေါင်းညိတ်လိုက်ကာ “အဲ့လို ဆိုရင်တောင် စီနီယာတို့ရဲ့ ကောင်းကင်ဂိုဏ်းတော်က အံ့ဩစရာ ကောင်းနေတုန်းပါပဲဗျာ။ ကျုပ်လာခဲ့တဲ့ နေရာမှာရှိနေတဲ့ လူတွေဆိုရင် ဒီလို စိတ်ဝိဥာဉ် အစီအရင်မျိုး ရှိနေလိမ့်မယ်လို့ ယုံကြမှာကို မဟုတ်တာ”
“မင်းဘယ်ကလာတာလဲ” ချန်းယန်က မေးလိုက်ရာ ရန်ကိုင်က မသေမချာသာ ပြန်ပြောလိုက်၏ “ချောင်ကျပြီး ဒီနေရာထက် အများကြီး နိမ့်ကျတဲ့ နေရာလေး တစ်ခုကလေ”
“ငါသိပြီ” ချန်းယန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “တောင်ထွတ်တစ်ရာ စိတ်ဝိဥာဉ် အစီအရင်က အရမ်းကို ပြောင်မြောက်လွန်းတယ်။ တုန်းရွှမ်းလောကကြီး တစ်ခုလုံးမှာတောင် ဒီစိတ်ဝိဥာဉ် အစီအရင်နဲ့ ယှဉ်နိုင်တဲ့ စိတ်ဝိဥာဉ်အစီအရင် နည်းနည်းလေးပဲ ရှိတယ်။ ဒီစိတ်ဝိဥာဉ် အစီအရင်တွေက မိုးမြေစွမ်းအင်ကို စုပ်ယူပေးရုံတင် မဟုတ်ဘူး၊ ဂိုဏ်း အန္တရာယ်ကျပြီ ဆိုရင်လည်း ကာကွယ်ပေးနိုင်သေးတယ်။ ဒါပေမယ့် ဘယ်သူကမှ ငါတို့ မိုကြိုးဂိုဏ်းတော်ဆီ မကျူးကျော်ရဲကြဘူးလေ။ ဒါပေမယ့် တောင်ထွတ်တစ်ရာ စိတ်ဝိဥာဉ်အစီအရင် အပြည့်အဝ အသက်ဝင်သွားတာကို ငါလည်း တစ်ခါမှ မတွေ့ဖူးဘူး”
“နင်တို့ စကားပြောတာ တော်လောက်ပြီ၊ သွားကြမယ်” ဖေးယုက စိတ်မရှည်သည့် အမူအရာဖြင့် ရန်ကိုင်တို့ စကားဝိုင်းကို ဝင်ဖျက်လိုက်လေ၏။
“ကောင်းပြီ။ နောက်မှပဲ မင်းကို ဒီက အကြောင်းတွေ ရှင်းပြပေးတော့မယ်” ချန်းယန်က ရင်းရင်းနှီးနှီး အမူအရာဖြင့် ပြောလိုက်၏။ ရန်ကိုင်နှင့် ဆက်ဆံရေးကောင်း တစ်ခုထူးတောင်ရန် ချန်းယန် ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
ချန်းယန်သည် ထိုကိစ္စများအကြောင်း ဆက်မပြောတော့ဘဲ ရန်ကိုင်နှင့် ဖေးယုကို ဦးဆောင်ကာ တောင်ကြားဆီသို့ ဆင်းသွားလေ၏။
မိုးမြေစွမ်းအင်သည် လွန်စွာကိုမှ သိပ်သည်း နေသောကြောင့်လား မသိသော်လည်း အပေါ်မှ ငုံ့ကြည့်လျှင် တောင်ကြားအပေါ်ဘက်၌ မြူခိုးလွှာ တစ်လွှာ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။
ခဏအကြာ၌ သူတို့သုံးယောက် မြေကြီးပေါ်သို့ ရောက်လာခဲ့လေ၏။
ချန်းယန်က စိတ်ပြေလက်ပျောက် အပျင်းပြေ လမ်းလျှောက်နေစဉ် လမ်းတွင် တွေ့လိုက်သော ကောင်းကင်ဂိုဏ်းတော်မှ တပည့်များ အားလုံးက သူ့အား ရိုရိုသေသေဖြင့် ဦးညွှတ်နှုတ်ဆက်သွားခဲ့ကြ၏။ ထိုကျင့်ကြံသူများသည် တော်တော်လေးကို သန်မာပေရာ အများစုသည် အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်ထားကြပေ၏။ သူတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သိပ်သည်းလှရာ သူတို့သည် သာမန် အဆင့်တူ ကျင့်ကြံသူများထက် အဆများစွာ ပိုသန်မာသည် ဆိုသည်မှာ သံသယ ရှိစရာ မလိုချေ။
ရန်ကိုင်စိတ်ထဲ ကြိတ်၍ အံ့အားသင့်နေခဲ့ရ၏။
ကောင်းကင်ဂိုဏ်းတော်မှ တပည့်တစ်ယောက်ချင်းစီ တိုင်း၏ အစစ်အမှန်ချီသည် သိပ်သည်းသန့်စင်လှပြီး သူတို့၏ ခန္ဓာကိုယ်သည် အလွန့်အလွန့်ကို ကြံခိုင်ရာ သူတို့၏ တိုက်ပွဲစွမ်းရည်ကို သွားအထင်မသေးသင့်ချေ။
ကယ်လာခဲ့သော တပည့်ငါးယောက်ကို တပည့်အချို့ဆီ ပေးလိုက်ပြီးနောက် ချန်းယန်သည် ရန်ကိုင်အား အခြားနေရာများနှင့်ယှဉ်လျှင် ချောင်ကျသော နေရာတစ်ခုဆီသို့ ခေါ်သွားလိုက်ပြီး ပြောလိုက်၏ “အခုလောလောဆယ်တော့ ဒီမှာနေနှင့်ဦး။ ဘိုးဘေးကို သွားအကြောင်းကြားပြီးတာနဲ့ မင်းကို လာပြန်ရှာမယ်”
“စီနီယာတို့ရဲ့ လေးစားရတဲ့ ဘိုးဘေးကို အခု တွေ့စရာ မလိုသေးဘူးလား” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။ ကောင်းကင်ဂိုဏ်းတော်သို့ ရောက်လျှင် ရောက်ချင်း သူတို့၏ ဘိုးဘေးကို တန်းတွေ့ရလိမ့်မည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်၏။
သူ့စိတ်ထဲ သံသယများစွာ ရှိနေခဲ့လေရာ ရန်ကိုင်မှာ ထိုသူတော်စင်အဆင့် ပညာရှင်ဖြစ်သည် ကောင်းကင် ဂိုဏ်းတော်၏ ဂိုဏ်းချုပ်ကို အတော်လေး တွေ့ချင်နေမိ၏။ သို့သော် ချန်းယန် ပြောပုံအရ သူအနေဖြင့် ထိုဘိုးဘေးဆိုသူကို တွေ့ရန်အတွက် စောင့်ဖိုလိုသေးသည့် ပုံပင်။
“ဘိုးဘေး မင်းကို ဆင့်ခေါ်တဲ့အခါကျ သူနဲ့တွေ့ဖို့ ငါမင်းကို ခေါ်သွားပေးမယ်” ချန်းယန်က ပြုံးလိုက်ပြီး ဘာမှထပ်ပြောမနေတော့ဘဲ ထိုနေရာမှ ထွက်သွားလိုက်၏။
ဖေးယု ရန်ကိုင်ကို ကြည့်၍ ကြင်ကြင်နာနာဖြင့် နှစ်သိမ့်ပေးလိုက်၏ “နင့်ကိုယ်နင် စိတ်ပူနေစရာ မလိုဘူး။ နင့်လို လူငယ်လေးတစ်ယောက်ကို ဘိုးဘေးက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်ရှုပ်ခံပြီး ဆင့်ခေါ်လိုက်မှာ မဟုတ်ဘူး။ အဲ့လိုသာဆိုရင် နင့်ကိုရှာဖို့ ချန်းယန်ကိုလည်း လွှတ်လိုက်မှာ မဟုတ်ဘူး။ ကဲကဲ၊ နင်မပျင်းရအောင် ငါနင့်ကို လက်ဆောင်လေး ပေးခဲ့လိုက်မယ်”
ပြောပြီးသည်နှင့် ပစ္စည်းနှစ်ခုကို ရန်ကိုင်ဆီ ရုတ်တရက် ပစ်ပေးလိုက်လေ၏။
ရန်ကိုင်လည်း ထိုပစ္စည်းနှစ်ခုကို အလိုလို လှမ်းဖမ်းမိလိုက်၏။ ဖမ်းမိပြီးမှ ငုံကြည့်လိုက်ရာ ထိုပစ္စည်းနှစ်ခုသည် ဘာမှန်မးမသိသော ကျောက်တုံးတစ်ခု ထုလုပ်ထားသည့် ကျောက်ကွင်းတစ်စုံ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“ဘာတွေလဲ” ထိုပစ္စည်းများကို စစ်ဆေး ကြည့်လိုက်သော်လည်း ဘာထူးခြားမှုမှ မတွေ့ရသဖြင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေ၏။ ထိုကျောက်ကွင်း တစ်ခုချင်းစီသည် ကီလိုဝက်လောက်သာ လေးပြီး မျက်နှာပြင်ထက် မည်သည့် စိတ်ဝိဥာဉ် အစီအရင်မှ ထိုးထွင်းထားခြင်း မရှိချေ။ ထိုကျောက်ကွင်းတစ်စုံသည် သာမန်ကျောက်ကွင်းများနှင့်ပင် တူနေသေး၏။
“အစစ်အမှန်ချီ ဖြည့်သွင်းကြည့်လိုက်။ များများသာ ဖြည့်ကြည့်နော်” ဖေးယုက ပြောလိုက်၏။
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သူမပြောသည့် အတိုင်း ထိုကျောက်ကွင်းနှစ်ခုထဲ အစစ်အမှန်ချီများကို အလျင်အမြန် ဖြည့်သွင်းလိုက်လေ၏။ ချက်ချင်းဆိုသလို ထိုကျောက်ကွင်းနှစ်ခုစလုံး အလွန်အမင်း လေးလံလာသလို ရန်ကိုင် ခံစားလိုက်ရ၏။ ဆက်၍ မမထားနိုင်တော့ရာ သူပါ ထိုကျောက်ကွင်းများနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ရလေ၏။
လေပေါ်မှ ကျွမ်းပစ်ပြုတ်ကျလာသော်လည်း ကံကောင်းထောက်မ၍ မြေကြီးနှင့် ခေါင်း မိတ်ဆက်မသွားခဲ့ချေ။
ဘုတ်… ဘုတ်…
မြည်သံသဲ့သဲ့ နှစ်သံနှင့်အတူ သံကွင်းနှစ်ခုလုံး မြေကြီးထဲ ကျွံဝင်သွားခဲ့လေ၏။
ရန်ကိုင် မျက်နှာ မဆိုးသလောက်ကလေး ဖြူလျော်သွားခဲ့ပြီး အံ့အားသင့်၊ ထိတ်လန့်တုန်လှုပ် နေသည့် အမူအရာတို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေ၏။
စွဲမက်ဖွယ် ရယ်သံလေးကို ကြားလိုက်သဖြင့် ဘေးသို့ လှည့်ကြည့်လိုက်ရာ ဖေးယုသည် သူ့ကိုကြည့်ပြီး တခစ်ခစ် တခစ်ခစ်ဖြင့် ပျော်ပျော်ရွှင်ရွှင် ရယ်မောနေသည်ကို တွေ့လိုက်ရ၏။
“ခင်ဗျား ကျုပ်ကို လှည့်စားလိုက်တာပဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ထိုမိန်းမလှလေးကို စိုက်ကြည့်လိုက်လေ၏။
ထိုမိန်းမသည် သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိသည့်အတွက် ရန်ကိုင်လည်း သူမပေးသည့် ကျောက်ကွင်းနှစ်ကွင်းနှင့် ပက်သက်ပြီး များများစားစား မတွေးခဲ့ဘဲ သူမပြောသည့်အတိုင်းသာ လုပ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သတိမမူမိလိုက်သည့် အတွက် သူမ၏ လှည့်စားခြင်းကို ခံလိုက်ရလေ၏။ ထိုကျောက်ကွင်းနှစ်ကွင်းသည် သာမန်ကျောက်ကွင်း မဟုတ်ဘဲ အဖိုးတန်သည့် ပစ္စည်းများ ဖြစ်နေခဲ့လေ၏။
“ဒီနေ့ မမ မောင်လေးကို သင်ပေးလိုက်တဲ့ သင်ခန်းစာကတော့ လူတိုင်းကို ဘယ်တော့မှ အလျင်စလို မယုံကြည်ရဘူးတဲ့” ဖေးယုက တခစ်ခစ် ရယ်မောရင်း ပြောလိုက်၏။
ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ကျုပ်တကယ်ကို သင်ခန်းစာ ရသွားတာ။ အန်တီလို ကောက်ကျစ်တဲ့ လူတစ်ယောက်ကို မယုံဖို့ပေါ့”
ဖေးယု၏ ရယ်သံ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး သူမ၏ မျက်ဝန်းလှလှလေးများသည်လည်း အန္တရာယ်များသည့် အရိပ်အယောင်တို့ဖြင့် တဖျတ်ဖျတ် လက်သွားခဲ့ပြီး ရန်ကိုင်အား ဒေါသတကြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
ရုတ်တရက် အနီးအနားရှိ သစ်ပင်တစ်ပင်မှ ဝါးလုံးကွဲ ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
ဖေးယုမှာ ထိုသစ်ပင်ရှိရာဆီသို့ လှည့်၍ သူမ၏ လက်သွယ်သွယ်လေးများကို ရှေ့သို့ ဆန့်ထုတ်လိုက်ကာ ရေနဂါးတစ်ကောင် ပစ်လွှတ်လိုက်လေ၏။
“နင်ထပ်ရယ်ရဲရယ်ကြည့်၊ နင့်ပါးစပ်ကို စုတ်ဖြဲမပစ်ရင် ကြိုက်သလိုပြော” ဖေးယုက ထိုလူကို အေးစက်စူးရဲစွာ စိုက်ကြည့်လိုက်၏။
ထိုလူ လည်ပင်းလေး ပုဝင်သွားခဲ့ပြီး ထပ်မရယ်ရဲတော့ဘဲ ဖေးယု ပစ်လွှတ်လိုက်သည့် ရေနဂါးဆီ အလင်းတန်းတစ်ခု ပစ်လွှတ်ကာ ဖျက်စီးပြီးနောက် လျှပ်စီးတန်းတစ်ခု အသွင်ပြောင်းလျက် ချက်ချင်း ထွက်ပြေးသွားတော့လေ၏။ ပြေးနေရင်းမှ လှမ်း၍ ပြောလိုက်သေး၏ “ကောင်လေးရေ၊ အသက်ရှည်ရှည်နေချင်ရင် အဲ့မိန်းမရူးဆီကနေ ဝေးဝေးသာနေ။ ဝေးနိုင်လေ ပိုကောင်းလေပဲ”
“လီဝမ်၊ ဒီနေ့က နင့်သေနေ့ပဲ” ဖေးယု၏ ခန္ဓာကိုယ်လေး ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ထွက်ပြေးသွားသော ပုံရိပ်နောက်ဆီသို့ ချက်ချင်း ပြေးလိုက်သွားလေ၏။
ရန်ကိုင်ကမူ ငေးကြောင်ကြောင်ဖြင့်သာ တောက်လျှောက် ရပ်ကြည့်နေခဲ့ရလေ၏။
နောက်ထပ် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက်လား
ထိုလူသည် ရန်ကိုင်အနီးရှိ သစ်ပင်၌ ပုန်းအောင်းနေခြင်း ဖြစ်သော်ငြား ထိုလူ့ကို ရန်ကိုင် သတိမပြုမိခဲ့ချေ။ ထိုလူ၏ ကိုယ်ယောင်ဖျောက် ပညာရပ်သည် တကယ်ကို ပြီးပြည့်စုံလှပေ၏။
တစ်ချက်သာ ဆိုပေမယ့် ထိုလူ၏ မျက်နှာကို ရန်ကိုင် မြင်လိုက်ရ၏။ ထိုလူ့ ကိုယ်လုံးကိုယ်ပေါက်သည် အရပ် ခပ်ပုပု ပိန်ပိန်းပါးပါးနှင့် ဖြစ်ပြီး သူ့ပါးစပ်ထက် ထင်ရှားသော နှုတ်ခမ်းမွှေးများ ရှိနေခဲ့ရာ သူ့ရုပ်သည် လူကြမ်းရုပ်နှင့်ပင် တူနေသေး၏။
လမ်းတွင် ကောင်းကင်ဂိုဏ်းတော်၌ မသေမျိုး အဆင့် ပညာရှင် လေးယောက်ရှိကြောင်း ချန်းယန် ရန်ကိုင်ကို ပြောပြခဲ့၏။ သူနှင့် ဖေးယုတို့သည် ထိုလေးယောက်ထဲမှ နှစ်ယောက် ဖြစ်ပေ၏။
လီဝမ် ဆိုသောလူသည်လည်း ထိုလေးယောက်ထဲမှ တစ်ယောက် ဖြစ်ဟန်တူ၏။
သို့သော်လည်း ထိုလေးယောက်စလုံးသည် ကိုယ်ပိုင် နယ်ပယ်အသီးသီး၌ ကျွမ်းကျင်သူများ ဖြစ်သည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။
ချန်းယန်သည် မီးဓါတ်ကို ကျင့်ကြံပြီး ဖေးယုသည် ရေဓါတ်ကို ကျင့်ကြံ၏။ လီဝမ်သည် အရှိန် သို့မဟုတ် ပေါက်ကွဲစွမ်းအားကို လေ့ကျင့်ထားသူ ဖြစ်ရပေမည်။ သူဖန်တီးခဲ့သော ပေါက်ကွဲမှုအရ သူ့မည်မျှ အားကောင်းကြောင်း ရန်ကိုင် ခံစားမိ၏။
ထိုနေရာ၌ ခဏကြာအောင် ရပ်နေသော်လည်း မည်သူမျှ သူ့အား လာရောက်မနှောင့်ယှတ်သဖြင့် ရန်ကိုင်၏ အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့ရ၏။
သူကိုယ်တိုင်ပင် ထိန်းချုပ်မရနိုင်သည့် ထူးဆန်းသော အဖြစ်အပျက်များကြောင့် အလွန့်အလွန်ကို အားကောင်းလှသော ဂိုဏ်းတစ်ခုဆီသို့ ရောက်လာခဲ့ရ၏။ သို့သော်လည်း အကြောင်းပြချက် အချို့ကြောင့် ဤနေရာသည် ရန်ကိုင်အား တစ်မျိုးတစ်မည် စိတ်မသက်မသာ ဖြစ်နေစေခဲ့၏။
သို့သော်လည်း ဤနေရာသို့ ရောက်နေခဲ့ပြီ ဖြစ်လေရာ တွေးနေ၍လည်း ဘာမှ ထူးလာမည် မဟုတ်သဖြင့် များများစားစား တွေးမနေတော့ချေ။ သူ့မျှော်လင့်ချက် အားလုံးကို ကောင်းကင်ဂိုဏ်းတော်၏ ဘိုးဘေးထံတွင်သာ ပုံအပ်ထားလိုက်လေ၏။
သူ့မျက်ဝန်းအစုံ လက်သွားခဲ့ပြိး ဖေးယုထားခဲ့သည့် ကျောက်ကွင်းနှစ်ကွင်းကို လှမ်းကြည့်လိုက်၏။
မကြည့်လိုက်သည့်အခါ ထူးဆန်းစွာပင် ကျောက်ကွင်း နှစ်ကွင်းသည် ယခင်ကဲ့သို့ လေးလံမနေတော့သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
တစ်ခဏကြာအောင် မျက်မှောင် ကြုံ့နေပြီးနောက် ထိုကျောက်ကွင်းများထဲ အစစ်အမှန်ချီကို ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်၏။
နောက်တစ်ခဏ၌ ရန်ကိုင် မျက်ခုံးကြောတို့ ပြေလျော့သွားခဲ့ရ၏။ အစစ်အမှန်ချီ ထည့်သွင်းလိုက်သည်နှင့် ကျောက်ကွင်းနှစ်ခုသည် သိသိသာသာ လေးလံလာခဲ့ရာ အားစိုက်၍ မထားရသဖြင့် ရန်ကိုင် လက်မောင်းနှစ်ဖက်သည်ပင် ကတုန်ကရင် ဖြစ်ချင်နေခဲ့၏။
အစစ်အမှန်ချီ ဆက်လက်၍ ဖြည့်သွင်းနေသည်နှင့် ကျောက်ကွင်းနှစ်ခု၏ အလေးချိန်သည်လည်း တဖြည်းဖြည်း တိုးများလာခဲ့ရ၏။
အစစ်အမှန်ချီကို အဆုံးစွန်ထိ မဖြည့်သွင်းရ သေးခင်မှာပင် ထိုကျောက်ကွင်းနှစ်ခုလုံးကို ဆက်၍ မကိုင်ထားနိုင်တော့ချေ။ ယခုအချိန်၌ ထိုကျောက်ကွင်း နှစ်ခုသည် အနည်းဆုံး ကီလိုဂရမ် (၅၀၀၀)၊ (၆၀၀၀) လောက် လေးနေခဲ့လေပြီ။
ရန်ကိုင် ရပ်နေသော မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့ပြီး သူ့ကိုဗဟိုပြု၍ ပင့်ကူအိမ်ပမာ အက်ကြောင်းတို့ အဘက်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လာခဲ့၏။ မြေပြင်သည်ပင် ထိုကျောက်ကွင်းများ၏ အလေးချိန်ကို မခံနိုင်တော့သည့် ပုံပင်။
ထိုကျောက်ကွင်းများ၏ အသုံးဝင်ပုံနှင့် မည်ကဲ့သို့ အသုံးပြုရမည်ကို နားလည်ပြီးနောက် ရန်ကိုင် ပျော်သွားခဲ့၏။ ထိုကျောက်တုံးများနှင့် ဆိုလျှင် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်၍ ရလေပြီ။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၂) ဂိုဏ်းတည်ထောင်သူလား
——————————————————————
ကောင်းကင်ဂိုဏ်းတော်၏ သီးခြားအခန်းတစ်ခုတွင်း၌ …
ချန်းယန်သည် လေးလေးစားစား အမူအရာဖြင့် မတ်တပ်ရပ်လျက် ရန်ကိုင်ကို ရှာတွေ့ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအကုန်အစင်ကို ပြန်သတင်းပို့နေခဲ့၏။
ရန်ကိုင်က တွမ့်ဟိုင်နှင့် ရှုချီကို ရှချုန်းယင် ရှေ့တည့်တည့်၌ပင် သတ်ဖြတ်သွားခဲ့သည့် အကြောင်းကို ကြားလိုက်ရပြီးနောက် ကောင်းကင်ဂိုဏ်းတော် ဂိုဏ်းချုပ်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။
ထို့နောက် ချန်းယန်သည် ရှေးဟောင်လိုဏ်ဂူ စံအိမ်ထဲ၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ထပ်မံ ရှင်းပြလိုက်ရာ ကောင်းကင်ဂိုဏ်းတော် ဂိုဏ်းချုပ်က အံ့အားသင့်နေသည့် လေသံဖြင့် “သူ့မှာ တေဇောဓါတ် အသိစိတ်ပင်လယ် ရှိနေတလား”
ချန်းယန် မျက်ခုံးပင့်လိုက်ပြီး “ဘိုးဘေး မသိဘူးလား”
“ဟင့်အင်း၊ ငါမသိဘူး” လူအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီကိစ္စကို သူဖြေရှင်းနိုင်လိမ့်မယ်လို့ ငါမသိစိတ်က ပြောနေလို့ ငါလည်း ဖေးယုကို မင်းတို့ ပြန်လာနေတဲ့ အချိန်မှာပဲ လွှတ်ပေးလိုက်တာ”
“အဲ့ကောင်လေးကို ဘိုးဘေးတစ်ခါမှ မတွေ့ဖူးဘူးလား”
“တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမယ့်… သူနဲ့ ဒီလူအိုကြီးက တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်”
ဘိုးဘေးနှင့် ရန်ကိုင်တို့ မည်ကဲ့သို့ ဆက်စပ်နေသည်ကို နားမလည်နိုင်ရာ ချန်းယန်မှာ အတော်လေးကို စိတ်ရှုပ်သွားခဲ့ရလေ၏။
“ကောင်းပြီလေ။ ငါတို့နှစ်ယောက်အပြင် တုဝမ်ရယ်၊ ရှချုန်းယင်တို့ နှစ်ယောက်ရယ်၊ အဲ့လူတွေကလွဲ၌ပြီး သူ့တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတားကို သိတဲ့ အခြားလူတွေ ရှိသေးလား” ကောင်းကင်းဂိုဏ်းတော် ဘိုးဘေးက မေးလိုက်၏။
ချ်းယန် အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ခေါင်းပြန်ညိတ်ပြလိုက်ကာ “ရှိသေးတယ်။ ဆေးပညာရှင် အစည်းအရုံးက မိန်းကလေးရယ်၊ ဖေးယုရယ်၊ သူတို့ နှစ်ယောက်လည်း အဲ့အကြောင်းကို သိထားတယ်”
“ငါနားလည်ပြီ။ မင်းသွားတော့”
“တပည့်သွားပါတော့မယ်” ချန်းယန်က နောက်ပြန်ဆုတ်လိုက်ပြီး လှည့်ထွက်သွားလိုက်၏။ အခန်းအပြင်ဘက်သို့ ရောက်သည်နှင့် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည့် အကြည့်ဖြင့် မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော် ရှိရာဆီ အလိုလို လှမ်းကြည့်လိုက်လေ၏။
----------------------------------
ကောင်းကင်ဂိုဏ်းတော်သို့ ရန်ကိုင် ရောက်နေခဲ့သည်မှာ (၂)ရက် ကြာမြင့်သွားခဲ့လေပြီ။ ထိုနှစ်ရက်အတွင်း ဖေးယုသူ့အား တစ်ကြိမ် လာတွေ့ခဲ့၏။ ချန်းယန်ကမူ ဘယ်ပျောက်၍ ပျောက်နေမှန်း မသိရ။ အခြားမည်သူကမှလည်း သူ့အား လာရောက် နှောင့်ယှတ်ခြင်း မရှိချေ။
ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲတွင် ကူညီပေးခဲ့သည့် အတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ဖေးယုသည် သူ့အား ဆူးတစ်ထောင်ပန်းဝိုင် တစ်ကရားကို လက်ဆောင်အဖြစ် ပေးခဲ့လေ၏။
ထိုမိန်းမလှလေးသည် အခြားမိန်းကလေးများနှင့် တစ်မျိုးတစ်မည် ကွဲပြား၏။ အခြားမိန်းကလေးများကဲ့သို့ အိန္ဒြေရရ မနေဘဲ ရန်ကိုင်ကို လာတွေ့အချိန့်၌ လုံးဝကို မူးနေခဲ့၏။ သူမ၏ လည်တိုင်ကျော့ကျော့လေး ဆိုလျှင် ယမကာအရှိန်ကြောင့် နီသွေးပင်သန်းနေခဲ့သေး၏။
“တစ်ကြိမ်တည်း အများကြီး မသောက်နဲ့။ မဟုတ်ရင် နင်တစ်ခါတည်း ပြန်မထနိုင် ဖြစ်သွားလိမ့်မယ်” ဖေးယုက ပြုံးလိုက်ပြီး ဆူးတစ်ထောင်ပန်းဝိုင်ကို ချကာ အခြားတစ်နေရာသို ထွက်သွားလေ၏။
ရန်ကိုင် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့၏။ လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ ဆိုသည့်အကြောင်း မေးပင် မမေးရသေးခင်မှာပဲ သူမက ပျောက်ကွယ်သွားခဲ့လေပြီ။ ဆူးတစ်ထောင်ပန်းဝိုင်ကို အနက်ရောင်စာအုပ်ထဲ ထည့်သိမ်းထားလိုက်ပြီဂနောက် သူ့ခြံဝန်းအတွင်း ဇိမ်ပြေနပြေနှင့် အပျင်းပြေ လမ်းထွက်လျှောက်လိုက်၏။
အပြင်လူအမြင်အရ ကြည့်မည်ဆိုလျှင် ရန်ကိုင်က အပျင်းပြေလမ်းလျှောက်နေသည် ဟုသာ မြင်ကြလိမ့်မည်။ သို့သော် သေချာအနီးကပ် ကြည့်မဆိုပါက သူ့တစ်ကိုယ်လုံးသည် ကြောက်မခန်းလိလိ ဖိအားကို တင်းခံနေရသည့်အလား သူ့ကြွက်သားများ တောင့်တင်းနေသည်ကို တွေ့မြင်ရပေလိမ့်မည်။
သို့သော်လည်း ထူးဆန်သည်ကား သူ့တစ်ကိုယ်လုံးသည် ကြီးစွာကို ဖိအားကို ထမ်းပိုးထားရဟန် ထင်ရသော်ငြား သူနောက်၌ မည်သည့် ခြေရာမှ မထင်ကျန်ရစ်ခဲ့၊ ပုံမှန် လမ်းလျှောက်သည်နှင့်ပင် တူသေး၏။
(၃)ရက်ကြာပြီးနောက် ချန်းယန် ရုတ်တရက် ပြန်ပေါ်လာခဲ့ပြီး ရန်ကိုင်ကို လက်ယပ်ခေါ်လိုက်ကာ “ဘိုးဘေး မင်းကို တွေ့ချင်နေတယ်”
ရန်ကိုင်လည်း ဝမ်းပန်းတသာနှင့် ပြုံးလိုက်ပြီး ချက်ချင်းပဲ လမ်းလျှောက်သွားလိုက်လေ၏။
သူ့စိတ်ထဲ မေးချင်နေသည့် မေးခွန်းပေါင်း မြောက်များစွာ ရှိနေခဲ့၏။ ကောင်းကင်ဂိုဏ်းချုပ်၏ ဘိုးဘေးဆိုသူသည် မည်ကဲ့သို့သော လူမျိုး ဖြစ်သည်ကိုလည်း သူသိချင်နေမိ၏။
အဝေးကြီး မသွားရသေးခင်မှာပင် ချန်းယန်က သူ့အား ထူးထူးဆန်းဆန်း စိုက်ကြည်ပြီး မေးလိုက်၏ “မင်းစိတ်လှုပ်ရှားနေတာလား”
“မဟုတ်ပါဘူး” ရန်ကိုင်က ခေါင်းခါပြလိုက်၏။
“ဒါဆိုရင် မင်းရဲ့ အစစ်အမှန်ချီက ဘာလို့ မတည်မငြိမ် ဖြစ်နေရတာလဲ။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကလည်း တင်းကြပ်တောင့်တင်းနေသလို… မဟုတ်သေးဘူး၊ နေဦး…” ချန်းယန် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ရင်း မေးလိုက်၏ “ဖေးယုက သူရဲ့ မူလကျောက်ကွင်းတွေကို မင်းဆီ ပေးလိုက်တာလား”
“အဲ့ဒါတွေကို မူလကျောက်ကွင်းတွေလို့ ခေါ်တာလား”
ချန်းယန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “အစစ်အမှန်ချီ ပိုထည့်လေ၊ အဲ့ဒါတွေက ပိုလေးလာလေပဲ။ မင်းအခု ဘယ်အလေးချိန်လောက် သယ်နိုင်လဲ”
“လေးထောင်နဲ့ ငါးထောင် ကီလိုဂရမ်ကြားပေါ့”
“ကောင်လေး၊ မင်းက တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ သိလား” ချန်းယန် ထိတ်လန့် သွားခဲ့ပြီး “ခန္ဓာကျင့်ကြံခြင်းများ မင်းလေ့ကျင့်ခဲ့တာလား”
“အင်း၊ လေ့ကျင့်ခဲ့ဖူးတယ်”
ရွှေရောင်အရိုးခြောက်၏ ခန္ဓာသန့်စင်ခြင်း မှတ်တမ်းသည် ခန္ဓာကိုယ်ခွန်အား တိုးတက်အောင် လေ့ကျင့်ပေးသော ကျင့်စဉ္တစ်ခုဖြစ်၏။
ချန်းယန် စိတ်ထဲကနေ ရန်ကိုင်ကို တိတ်တဆိတ် ချီးကျူးမိလိုက်၏။ သူသည်လည်း ထိုမူလ ကျောက်ကွင်းများကို စမ်းကြည့်ဖူးခဲ့ရာ ၎င်းတို့အကြောင်း ကောင်းကောင်း နားလည်ထား၏။ သူရန်ကိုင် အဆင့်တုန်းကဆိုလျှင် ရန်ကိုင်လိုမျိုး လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ဒါပေမယ့် ဒီကောင်က ဆေးပညာရှင်လည်း ဟုတ်သေးတယ်။ အဲ့ဒါကို သူ့ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ မသိဘူး
ချန်းယန် တွေးလိုက်၏။
ဆေးပညာရှင်များသည် အားနေလျှင် ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာနေရာ သူတို့အတွက် ကျင့်ကြံဖို့မှာ အချိန်မရှိသလောက်ပင်။ ထို့ကြောင့် ဆေးပညာရှင်တိုင်၏ တိုက်ပွဲစွမ်းရည်သည် အတော်လေးကို နိမ့်ကျပေ၏။ သာမန်ကျင့်ကြံသူနှင့် ဆေးပညာရှင်သာ ယှဉ်ပြိုင်တိုက်ခိုက်မည် ဆိုပါက ရှုံးနိမ့်သွားရမည့်သူမှာ ဆေးပညာရှင်သာ ဖြစ်ပေ၏။
သို့သော်လည်း ရန်ကိုင် တွမ့်ဟိုင်နှင့် ရှုချီတို့အား သတ်သွားသည်ကို မြင်ပြီးနောက် ထိုရန်ကိုင်ဆိုသော လူငယ်လေးသည် စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်ထက် ပိုဦးမည်ကို သူသိလိုက်၏။ အနည်းဆုံး သူသည် ရိုးရှင်းသော စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက် မဟုတ်ချေ။
ခဏအကြာ၌ အိမ်လေးတစ်လုံးရှေ့သို့ ချန်းယန်နှင့် ရန်ကိုင်တို့ ရောက်လာခဲ့၏။ ရောက်သည်နှင့် ချန်းယန် ရပ်လိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ ပြောလိုက်၏ “ဝင်သွားလိုက်တော့၊ ဘိုးဘေးမင်းကို စောင့်နေတယ်”
ရန်ကိုင်လည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး အသက်ပြင်းပြင်းရှုကာ အထဲသို့ ဝင်သွားလိုက်လေ၏။
အိမ်ထဲဝင်ပြီးသည်နှင့် ထောင့်ချိုးတစ်ခုသို့ ကွေ့ဝင်လိုက်ပြီး အတွင်းပိုင်းထဲတွင် ရှိနေသော သီးခြားအခန်းတစ်ခုဆီ ဦးတည်လိုက်၏။ ဖယောင်းတိုင် မီးသည် အချိန်မရွေး ငြိမ်းသွားနိုင်သည့် အလား လေညင်းနှင့်အတူ ယိမ်းနွဲ့နေ၏။
ဖယောင်းမီးသာ ထွန်းထားလေရာ အခန်းသည် သိပ်မလင်း၊ ခပ်မှောင်မှောင် ဖြစ်နေခဲ့၏။ သို့သော်လည်း တင်ပလင်ခွေ ထိုင်နေသော ဆံပင်ဖြူနေသော ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် လူအိုကြီးတစ်ယောက်ကိုမူ သူတွေ့နိုင်သေး၏။ ထိုလူအိုကြီးဆီမှ မည်သည့် အရှိန်အဝါမှ ဖြာထွက်မနေခဲ့၊ ရှေးဟောင်း ကန်ရေတွင်း တစ်ခုပမာ ပကတိ တည်ငြိမ်နေခဲ့လေရာ သာမန် သေမျိုးတစ်ယောက်ဟုပင် ထင်မှတ်သွားရနိုင်၏။
သို့သော်လည်း ထိုလူအိုကြီးသည် ကောင်းကင် ဂိုဏ်းတော်၏ ဘိုးဘေး ဖြစ်လိမ့်မည်မှာ သံသယရှိစရာ မလိုချေ။ သေသေချာချာ စူးစမ်းကြည့်လိုက်ပြီး သတိထားလျက် ရှေ့တက်သွားလိုက်၏။
လူအိုကြီးရှေ့ ရောက်သည်နှင့် လက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်၏ “ဂျူနီယာရန်က စီနီယာကို နှုတ်ဆကပ်ါတယ်”
လူအိုကြီးက သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်။ ခဏအကြာ၌ သူ့မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး “အရည်အချင်းက ထိပ်တန်းပဲ။ စိတ်ကလည်း တည်ငြိမ်တယ်။ ရဲရင့်ပြီး သတ္တိလည်းရှိတယ်။ ကောင်းတယ်၊ ကောင်းတယ်။ မင်းလို လူငယ်လေးတွေကို အခုအချိန်မှာ မြင်ရဖို့က တကယ်ကို ရှားသွားပြီ”
“စီနီယာက အရမ်းချီးကျူးနေတာပဲ”
“အင်း၊ ထိုင်လေ”
ရန်ကိုင်က လူအိုကြီးရှေ့ရှိ ကြမ်းပြင်ပေါ်၌ တင်ပလင်ခွေ ထိုင်ချလိုက်လေ၏။ သို့သော်လည်း ထိုင်ထိုင်ချင်းမှာပင် သွေးနံ့ရလိုက်သဖြင့် သူ့အမူအရာ တင်းကြပ်သွားခဲ့ရလေ၏။
“မင်းမှာ မေးစရာ မေးခွန်းတွေ အများကြီး ရှိနေမှန်း ငါသိတယ်။ ဒါပေမယ့် စိုးရိမ်နေစရာ မလိုဘူး။ အရင်ဆုံး မင့်ရှေ့က အထုပ်ကို အရင်ဖွင့်ကြည့်လိုက်” လူအိုကြီးက အပြုံးလေးဖြင့် ပြောလိုက်၏။
ငုံကြည့်လိုက်ရာ သေတ္တာလေးတစ်လုံးကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ ထိုသေတ္တာပေါ်၌ သွေးကွက်များ ရှိနေခဲ့ရာ သူရလိုက်သော သွေးနံ့သည် ထိုသေတ္တာမှ လာသည်ဆိုသည်မှာ သံသယရှိစရာ မလိုချေ။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သော်လည်း တုန့်ဆိုင်းမနေဘဲ ထိုသေတ္တာကို ဖွင့်ကြည့်လိုက်၏။ သို့သော်ထဲ သေတ္တာထဲရှိ အရာကြောင့် သူ့လက် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ပြီး ကောင်းကင်ဂိုဏ်းတော်၏ ဂိုဏ်းချုပ်အား အံ့အားသင့်တကြီး ကြည့်လိုက်၏။
အထဲ၌ရှိနေသည်ကာ လူဦးခေါင်း တစ်ခုပင်။
ထို့ပြင် ထိုဦးခေါင်းသည် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော် ဂိုဏ်းချုပ် ရှချုန်းယင်၏ ဦးဆောင် ဖြစ်နေခဲ့၏။
“မင်းအရွယ်မရောက်သေးခင် မင်းတေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတာကို အခြားသူတွေ သိလို့ မဖြစ်ဘူး” လူအိုကြီးက အပြုံးဖြင့် ပြောလိုက်၏။
“စီနီယာကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်က အလျင်စလို ကျေးဇူးတင်စကား ဆိုလိုက်၏။
ယခင်ကမူ မသေမျိုးအဆင့်သို့ အလျင်အမြန် ချိုးဖျက်ပြီး မျက်မြင်သက်သေကို လက်စဖျောက်ရန် ကြံနေခြင်းပင်။ သို့သော်လည်း ကောင်းကင်ဂိုဏ်းတော် ဂိုဏ်းချုပ်သည် သူ့အစား ဝင်လုပ်ပေးသွားလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ကောင်းကင်ဂိုဏ်းတော် ဂိုဏ်းချုပ်၏ အကူအညီကြောင့် သူလည်း ထိုကိစ္စအား ဆက်လက် စိတ်ပူနေစရာ မလိုတော့ချေ။
ထိုအချိန်က ရွေးချယ်စရာ မရှိခဲ့ဖြင့် တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည် ဆိုသော အချက်ကို ထုတ်ပြရုံသာ တတ်နိုင်ခဲ့၏။ ရှေးဟောင်းနတ်ဆိုး ကလန်နှင့် ခေါင်းတလားသယ်လူကြီး အကြောင်းကို လုံးဝ ထုတ်ပြော၍ မဖြစ်သည့်အတွက်ကြောင့် တေဇောဓါတ် အသိစိတ်ပင်လယ် အကြောင်းကိုသာ ချပြလိုက်ရ၏။
“ဘာမှမဟုတ်ပါဘူး” လူအိုကြီးက အသာအယာ ခေါင်းရမ်းလိုက်၏။
သူ့ခွန်အားနှင့် ဆိုပါက် မသေမျိုး တတိယအဆင့်သာ ရှိသေးသော မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ဂိုဏ်းချုပ်ကို သတ်ခြင်းသည် ငှက်ပျောသီး အခွံနွှာစားသကဲ့သို့ လွယ်ကူသော ကိစ္စတစ်ခုဖြစ်ပေ၏။ ရှချုန်းယင် မတုန့်ပြန်နိုင်သေးခင်မှာပင် သူ့ခေါင်းသည် ကိုယ်နှင့် အိုးစားကွဲသွားခဲ့ရလေပြီ။
“စီနီယာ” ရန်ကိုင်က ရိုသေလေးစားသည့် အမူအရာဖြင့် ထိုင်လိုက်ပြီး လေးနက်တည်ကြည်စွာ မေးလိုက်၏ “ဘာလို့ အခုလိုတွေ လုပ်ခဲ့ရတာလဲ ဆိုတာကို ကျုပ်သိလို့ရမလား။ ချန်းယန်ကို လွှတ်ပြီး ကျုပ်ကို ဘာလို့ ရှာခိုင်းခဲ့တာလဲရယ်၊ ချန်းယန်က ကျုပ်အပေါ် ဘာလို့ အရမ်းဂရုစိုက်ရတာလဲ ဆိုတာရယ်၊ ကျုပ်အတွက် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ကိုပါ ဘာလို့ သတ်ပေးခဲ့ရတာလဲ ဆိုတာရယ်ကို ကျုပ်သိလို့ရမလား။ ပြီးတော့ ကျုပ်တို့ကလည်း တစ်ခါမှ တွေ့ခဲ့ဖူးတာ မဟုတ်ဘူးလေ”
“ဟဲဟဲ” လူအိုကြီးက ရယ်မောလိုက်ပြီး “ဒီလူအိုကြီး အခုလိုလုပ်ရတာ အကြောင်းပြချက် ရှိလို့ပေါ့။ အရင်ဆုံး ဒီလူအိုကြီးကို ချူလင်းရှောင်တို့ ခေါ်တယ်။ ဒီနာမည်ကို ကြားပြီး မင်းတစ်ခုခုကို နားလည်သွားမိလား”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး တစ်ခုခုကို နားလည်သွားလိုက်လေ၏။ လူအိုကြီးကို စိုက်ကြည့်နေရင်း ရန်ကိုင် မျက်ဝန်းအစုံသည် တဖြည်းဖြည်းချင်း တောက်ပလာခဲ့လေ၏။
“မင်းစိတ်ထဲ ထင်တော့ ထင်နေပေမယ့် မသေချာသေးဘူးမလား။ အဲ့လိုဆိုရင် ဒီလူအိုကြီးကပဲ သဲလွန်စအချို့ ပေးရတော့မှာပေါ့” ချူလင်းရှောင်က ပြုံးလိုက်ပြီး သူ့လက်ကို ရုတ်တရက် ဆန့်ထုတ်ကာ ရန်ကိုင်ကိုယ်ထဲသို့ စွမ်းအင်လှိုင်းတစ်လှိုင်း ပို့လွှတ်လိုက်၏။
ရန်ကိုင် မတုန့်ပြန်နိုင်သေးခင်မှာပင် အခန်းလေးထဲ ချိန်းကြိုးမည်သံတို့ ထွက်ပေါ်လာခဲ့လေ၏။
ရွှေရောင်တောက်နေသော ချိန်းကြိုးတစ်ခု ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့ပြီး ချူလင်းရှောင်ဆီ ပျံဝဲသွားခဲ့လေ၏။
“မိစ္ဆာချုပ်နှောင်ချိန်းကြိုးလား” ရန်ကိုင်က အလန့်တကြား အော်ပြောလိုက်၏။
ထိုလက်နက်သည် မိစ္ဆာကို ဖိနှိပ်နိုင်သည့် လက်နက်တစ်ခုပြီး ကောင်းကင်စံအိမ် ရစ်ခွေနဂါး စမ်းချောင်းအောက်ခြေမှ ရခဲ့ခြင်း ဖြစ်၏။ ထိုလက်နက်ကို ရရှိပြီသည့် အချိန်မှစ၍ နှစ်ကြိမ် အသုံပြုပြီးသွားခဲ့ပြီ ဖြစ်၏။ တစ်ကြိမ်သည် မိစ္ဆာလိုဏ်ဂူထဲ နတ်ဆိုး ဗိုလ်ချုပ် မန်ကဲ၏ ကိုယ်ပွါးကို သတ်စဉ်က ဖြစ်ပြီး ဒုတိယ် တစ်ကြိမ်သည် ဗဟိုမြို့တော်အောက်ဘက်၌ နတ်ဆိုး အရှင်သခင် ရန်ပိုင်ကို သတ်စဉ်က ဖြစ်၏။
ရန်ပိုင်နှင့် ရင်ဆိုင်ပြီးနောက်ပိုင်း ထိုချိန်းကြိုးကို တစ်ခါမှ ထပ်မဿုံးရသေးချေ။
သို့သော်လည်း ယခုအချိန်၌ ထိုချိန်းကြိုးကို ကောင်းကင်ဂိုဏ်းတော် ဂိုဏ်းချုပ်က အလွယ်တကူ ဆင့်ခေါ်သွားခဲ့၏။
“ဒါက ဒီလူအိုကြီးရဲ့ ပစ္စည်းလေ” ချူလင်းရှောင်က ရန်ကိုင်ကို ပြောလိုက်၏။
ယခု အားလုံး ရှင်းသွားခဲ့ရလေပြီ။
ရန်ကိုင်က ခေါင်းလေးကုတ်လျက် တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် လူအိုကြီးကို မေးလိုက်၏ “ဂိုဏ်းတည်ထောင်သူဘိုးဘေးလား”
ချူလင်းရှောင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “နှစ်တွေ ဒီလောက်ကြာပြီးတဲ့ နောက်ပိုင်း၊ အဲ့လောကကြီးကနေ ဒီတုန်းရွှမ်းလောကကြီးဆီ ရောက်လာနိုင်တဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ ငါတကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ မင်းလည်း တော်တော်လေးကို ခက်ခဲခဲ့မှာပဲ”
“ကျုပ်အတွက် အရမ်းကြီး မခက်ခဲပါဘူး။ ဒီကို ရောက်လာဖို့အတွက် လူအများကြီးက ကျုပ်ကို ကူညီခဲ့တာလေ” ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် ချူလင်းရှောင်ကို စိုက်ကြည့်နေခဲ့၏။ ယခုအချိန်၌ အိမ်ပြန်ရောက်လာလိုက်ရသလို သူခံစားလိုက်ရလေပြီ။
“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့” ချူလင်းရှောင်က အသာအယာ သက်ပြင်းချလိုက်ပြီး “လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက အဲ့ဘက်ခြမ်းကို ဒီလူအိုကြီး သွားခဲ့ဖူးတယ်။ အဲ့ဒါကြောင့် အဲ့နေရာ ဘယ်လောက်တောင် ခြောက်ကပ်မှန်း ငါသိတယ်။ အဲ့နေရာကနေ ဒီနေရာအထိ တက်လာနိုင်တာနဲ့တင် တော်တော်လေးကို အံ့အားသင့်စရာ ကောင်းနေပြီ”
“အဲ့လိုဆိုရင် ကောင်းကင်စံအိမ်ကို တည်ထောင်ခဲ့တဲ့ လူက စီနီယာပေါ့” ရန်ကိုင် မျက်ဝန်းအစုံ တဖျတ်ဖျတ် တောက်ပသွားခဲ့လေ၏။
“ဟုတ်တယ်” ချူလင်းရှောင်က ခေါင်းညိတ်လိုက်ပြီး “အဲ့ဂိုဏ်းကို ငါ့နာမည်နဲ့ ထောင်ခဲ့တာလေ။ အစတုန်းက မိစ္ဆာဗိုလ်ချုပ်တစ်ယောက်နောက် လိုက်နေခဲ့တာ။ လိုက်နေရင်းနဲ့ လေဟာနယ်လလျှောက်လမ်း တစ်ခုကို ဖြတ်ပြီး မင်းတို့ လောကကြီးဆီ ရောက်သွားခဲ့တာလေ။ အဲ့မှာ သူနဲ့တိုက်ခိုက်ပြီးတဲ့နောက်တော့ သူ့ဝိဥာဉ်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်လိုက်နိုင်ပေမယ့် သူ့ခန္ဓာကိုယ်ကိုတော့ မဖျက်စီးလိုက်နိုင်ဘူး။ ဒါကြောင့် မိစ္ဆာချုပ်နှောင် ချိန်းကြိုးကို သုံးပြီး သူ့ကို ချောက်နက်ကြီးထဲမှာ ချုပ်ထားလိုက်တာ။ ပြီးတာနဲ့ ကောင်းကင်စံအိမ်ကို တည်ထောင်ပြီး အဲ့မိစ္ဆာဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ကို စောင့်ကြပ်နေခဲ့သေးတယ်။ အဲ့လိုနဲ့ နှစ်ဒါဇင်ကျော်လောက်ကြာပြီး မိစ္ဆာဗိုလ်ချုပ်ရဲ့ ဝိဥာဉ်အစိတ်ပိုင်းတွေလည်း ပျောက်သွားတဲ့အခါကျမှ ဒီကို ပြန်လာခဲ့တာ” ချူလင်းရှောင်က ရှင်းပြလိုက်၏။ ထို့နောက် စိတ်ဝင်တစားဖြင့် “အချိန်တွေ ကုန်တာ အရမ်းမြန်တာပဲ။ မင်က ကောင်းကင်စံအိမ်ရဲ့ လက်ရှိ တပည့်တွေထဲက တစ်ယောက်ပဲလား”
“ဟုတ်ပါတယ်”
“ကောင်းတယ်၊ ကောင်းတယ်။ မိစ္ဆာချုပ်နှောင် ချိန်းကြိုးကို ရခဲ့မှတော့ မင်းနဲ့ငါ ရေစက်ပါနေလို့ပဲ ဖြစ်မှာပေါ့” ချူလင်းရှောင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရုတ်တရက် မေးလိုက်၏ “ကောင်းကင်စံအိမ် အခု ဘယ်လိုနေသေးလဲ”
“အခုတော့ အားလုံး အဆင်ပြေနေပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဂိုဏ်းဖျက်စီးခံရလုနီးပါး ဖြစ်သွားခဲ့ရသေးတယ်”
“ကြည့်ရတာ ဒီလူအိုကြီးက ကိုယ်ထောင်ခဲ့တဲ့ ဂိုဏ်းကိုတောင် ဂရုမစိုက်နိုင်ခဲ့တဲ့ပုံပဲ။ ငါ့ကို အဲ့အကြောင်းလေး ပြောပြပါဦး”
ဤသို့ဖြင့် ရန်ကိုင်သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်လည် ရှင်းပြလိုက်လေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၃) ပွဲကျင်းပသင့်တယ်
——————————————————————
ကောင်းကင်စံအိမ်၏ လက်ရှိဂိုဏ်းချုပ်သည် မသေမျိုး ဒုတိယအဆင့်သို့ ရောက်နေကြောင်း ကြားလိုက်သည်နှင့် ချူလင်းရှောင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ထိုလောကကြီး၏ အခြေအနေများကို ကောင်းကောင်း သိထားရာ မသေမျိုးအဆင့်သို့ ချိုးဖျက်နိုင်သူများသည် အတော့်ကို ပါရမီပါသူများ ဖြစ်ကြောင်း သူသိ၏။
ချူလင်းရှောင် ထိုလောကကြီးမှ ထွက်ခွါစဉ်က ပစ္စည်း များများစားစား မချန်ထားခဲ့ချေ။ လင်းတိုင်ရှု ရန်ကိုင်အား လက်ဆောင် ပေးခဲ့ပြီး လက်ရှိ စုယန်အသုံးပြုနေသော သိုလှောင်အိတ် တစ်အိတ်သာ ချန်ထားပေးခဲ့၏။
“လတ်စသတ်တော့ မင်းက မိသားစုကြီးရှစ်ခုထဲက တစ်ခုဖြစ်နေတာကိုး။ ဒီလူအိုကြီး အဲ့မှာရှိနေတုန်းက သူတို့ ခွန်အားအကြောင်း တော်တော်လေး ကြားခဲ့ဖူးတယ်” ချူလင်းရှောင်က အသာအယာ ခေါင်းညိတ်လိုက်၏။
“ဒီဘက်နဲ့အဲ့ဘက်က ယှဉ်လို့ကို မရတာပါဗျာ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။ ဤနေရာရှိ ကြုံရာ အင်အားစုတစ်ခုသည်ပင်လျှင် မိသားစုကြီး (၈)ခုပေါင်း အင်အားစုထက် ပိုသာနေပေသေး၏။
“မင်းဒီဘက်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” ချူလင်းရှောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
ရန်ကိုင်လည်း ရှုလင်နှင့် လေဟာနယ်လျှောက်လှမ်း တစ်ခုကို မည်ကဲ့သို့ တွေ့ခဲ့ကြောင်း၊ သူတို့ ခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသည်များကို ရှင်းပြလိုက်၏။
“ရေဝိဥာဉ်ဘုရားကျောင်းလား။ ကောင်းတယ်။ ဒီလူအိုကြီးလည်း သူတို့အကြောင်း ကြားဖူးတယ်။ အဲ့ဂိုဏ်းက ရေဓါတ်ကို အထူးပြုကျင့်ကြံကြတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ” ချူလင်းရှောင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒီအဆင့်ထိ ရောက်လာဖို့ မင်းတကယ်ကို ကြိုးစားအားထုတ်ခဲ့တာပဲ”
“ဒါက တပည့်ရွေးချယ်ထားတဲ့လမ်းပဲလေ” ရန်ကိုင်က ပြန်ပြောလိုက်၏။
“နောက် မင်းဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ” ချူလင်းရှောင်က မေးလာခဲ့ရာ ရန်ကိုင်က “အခု လောလောဆယ်တော့ ဘာမှ မစဉ်းစားထားရသေးဘူး။ ဒါပေမယ့် ကျွန်တော်ရှာချင်နေတဲ့ လူနှစ်ယောက်တော့ ရှိတယ်”
“မင်းဘယ်သူ့ကို ရှာချင်နေတာလဲ”
“ကျွန်တော့် စီနီယာအစ်မ နှစ်ယောက်ပဲ။ သူတို့လည်း ဒီဘက်ကို ရောက်လာခဲ့တယ်လေ” ရန်ကိုင်က ပြန်ပြောလိုက်၏။
ချူလင်းရှောင်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “သူတို့ ပုံစံက ဘယ်လိုမျိုးလဲ။ ငါ့ဂိုဏ်းက လူတွေကို သူတို့အကြောင်း နားစွံ့ခိုင်းထားလိုက်မယ်”
ရန်ကိုင်က စုယန်နှင့် ရှနင်းချန်တို့၏ ပုံစံကို အလျင်အမြန် ရှင်းပြလိုက်ပြီး ထပ်ပြောလိုက်၏ “တကယ်တမ်း ပြောရရင် ကျွန်တော်က လူလေးယောက် ရှာချင်နေတာ။ ကျွန်တော့် စီနီယာအစ်မအပြင် ဘိုးဘေး သတ်ခဲ့တဲ့ နတ်ဆိုးဗိုလ်ချုပ် ခန္ဓာကိုယ်ကို အပိုင်စီးထားတဲ့ မိစ္ဆာအရှင်သခင် တစ်ယောက်လည်း ရှိသးတယ်”
“မိစ္ဆာအရှင်သခင်လား”
“အဲ့လူနဲ့ ပက်သက်ပြီး ဘိုးဘေး စိတ်ပူစရာ မလိုပါဘူး။ သူက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် မဟုတ်ဘူး။ သူကျင့်ကြံခြင်း နည်းလမ်းတွေက နည်းနည်း မိစ္ဆာဆန်နေတာလေး တစ်ချက်ပဲ။ သူက ကျွန်တော့်ကို တော်တော်လေး ကူညီပေးခဲ့တာ။ ကျွန်တော့် မိတ်ဆွေ လို့တောင် ပြောလို့ရတယ်။ သူ့ကိုယ်သူတော့ နတ်ဆိုးအိုကြီးလို့ ခေါ်တာပဲ။ သူ့နာမည်အရင်းကိုတော့ တစ်ခါမှ မပြောဖူးဘူး”
“နတ်ဆိုးအိုကြီးလား။ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် မင်းပြောတာကို ယုံလိုက်ပါမယ်လေ။ နောက်ဆုံး တစ်ယောက်ကကော”
“မန်ဝူရဆိုတဲ့ လူအိုကြီးတစ်ယောက်ပဲ။ သူက တကယ်ကို ဆန်းကြယ်တဲ့လူဗျ”
“မန်ဝူရလား” ချူလင်းရှောင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “မန်ဝူရလို့ မင်းပြောလိုက်တာလား”
“ဘိုးဘေးသူ့ကို သိလို့လား”
“မန်ဝူရဆိုတဲ့ နာမည်နဲ့ တစ်ယောက်ကို ငါတကယ်သိတယ်။ ဒါပေမယ့် မင်းပြောတဲ့လူနဲ့ ငါသိတဲ့ လူက တစ်ယောက်တည်း ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ငါလည်း သေချာမသိဘူး။ သူ့ပုံစံက ဘယ်လိုမျိုးလဲ”
ရန်ကိုင်လည်း မန်ဝူရ၏ အသွင်အပြင်ကို အလျင်အမြန် ရှင်းပြလိုက်လေ၏။ ချူလင်းရှောင်၏ အမူအရာ ထူးဆန်းသွားခဲ့ပြီး သူ့ဘာသာ တစ်ယောက်တည်း ရေရွတ်ပြောဆိုလိုက်လေ၏ “တကယ်ပဲ သူပါလား။ အားလုံးက သူသေသွားပြီလို့ ထင်နေကြတာ။ အသက်ရှင်နေဦးမယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ကြည့်ရတာ အဲ့မြေခွေးအိုကြီး မင်းတို့ဘက်ကို ရောက်သွားခဲ့တာ ထင်တယ်”
ရန်ကိုင်လည်း အတော်လေးကို အံ့အားသင့်သွားခဲ့ပြီး “ဘိုးဘေးက ဘဏ္ဏာထိန်းမန်နဲ့ ရင်းနှီးတာလား…”
“အင်း၊ သူနဲ့တောင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသေးတယ်။ ဒါပေမယ့် ငါတို့ကြားမှာ ဘာမုန်းတီးမှု မရှိဘူး။ တိုက်ခိုက်တယ် ဆိုတာကလည်း လက်ရည်ဖလှယ်ရုံသက်သက်ပဲ။ အဲ့ကောင်…အင်း၊ သူက တကယ်ကို ကိုင်တွယ်ရခက်တဲ့ လူစားပဲ။ လွန်ခဲ့တဲ့ နှစ်(၂၀၀)လောက်တုန်းက သူနဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီးတို့ တိုက်ခိုက်ခဲ့ကြတယ်လေ။ အဲ့တိုက်ပွဲနောက်ပိုင်း သူပျောက်သွားတော့ သူသေသွားပြီလို့ ငါတို့အားလုံး ထင်နေခဲ့ကြတာ”
“သူနဲ့ဘိုးဘေးတို့ တိုက်ခိုက်ခဲ့ဖူးတယ်လေး” ရန်ကိုင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ပြီး “ဘိုးဘေးနဲ့ လက်ရည်ဖလှယ်တုန်းက သူ့အဆင့်က ဘယ်အဆင့်လဲ”
“သူတော်စင်အဆင့်ပဲ” ချူလင်းရှောင်လည်း ရန်ကိုင်၏ တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားခဲ့ပြီး “ဘာလို့လဲ။ ဘာမှားနေလို့လဲ”
ရန်ကိုင် ပါးစပ် မဲ့ရွှဲ့သွားခဲ့ပြီး “ကျွန်တော့် သူ့ကို စစတွေ့ချင်တုန်းက သူ့ကျင့်ကြံခြင်းက အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်ပဲ ရှိသေးတယ်။ ကျုပ်တို့ ခွဲပြီး နောက်တစ်ကြိမ် ပြန်တွေ့လည်း တွေ့ရာ သူ့အဆင့်က မသေမျိုး ဒုတိယအဆင့်နား ရောက်နေပြီ။ ဒါပေမယ့် သူ့အစစ်အမှန် ခွန်အားကို ချိတ်တံဆိပ် တစ်ခုခုက ဖိနှိပ်ထားတဲ့ပုံပဲ”
“ဟား ဟား ဟား ဟား” ချူလင်းရှောင် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “သူ့ထိုက်နဲ့သူကံပဲ။ နတ်ဆိုး ဗိုလ်ချုပ်ကြီးရဲ့ အလွှာသုံးလွှာ ချိတ်တံဆိပ်ဖြစ်တဲ့ ကောင်းကင် ချိတ်တံဆိပ်စာ မိသွားတာပဲ ဖြစ်ရမယ်။ မင်းပြောတဲ့ပုံအရဆို ပထမအလွှာကို သူဖြေပြီးသွားပြီနဲ့ တူတယ်။ နတ်ဆိုးဗိုလ်ချုပ်ကြီးဆီကနေ အဲ့လို အခြေအနေမျိုးနဲ့ အသက်လုထွက်ပြေး လွတ်မြောက်နိုင်ခဲ့တာ တော်ရုံတော့ မဟုတ်ဘူး။ သူ့ကံက ကောင်းနေတုန်းပါပဲလား”
ရန်ကိုင် လုံးဝကို ထိတ်လန့်တုန်လှုပ်နေခဲ့ရ၏။ သူကြားလိုက်ရသည့် အချက်အလက်၊ သတင်း အသစ်များကို ယခုအချိန်အထိ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ရ၏။
မန်ဝူရသည် အလွန်တရာကိုမှ ဆန်းကြယ်လှသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ လတ်စသတ်တော့ သူကလည်း ထိပ်တန်းအဆင့် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည်ကိုး။ ပထမအဆင့်ကို ဖြေပြီးနောက် မသေမျိုး ဒုတိယအဆင့်ကို ရောက်ခဲ့၏။ ဒုတိယအဆင့်ကို ဖြေပြီးလျှင် သူတော်စင်အဆင့်သို့ ပြန်ရောက်လောက် ပေမည်။ တတိယအဆင့်ကိုသာ ဖြေပြီးလျှင်တော့ တုန်းရွှမ်လောကကြီး၏ အထွဋ်အထိပ် ပညာရှင်များထဲမှ တစ်ပါး ပြန်ဖြစ်သွားပေလိမ့်မည်။
“မင်းငါ့အတွက် သတင်းကောင်းအချို့ သယ်လာတာပဲ” ချူလင်းရှောင်က ပျော်ရွှင်စွာဖြင့် ပြောလိုက်၏ “ဒါပေမယ့် သူ့ကို ရှာဖို့က လွယ်မှာတော့ မဟုတ်ဘူး။ လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီးနဲ့ တိုက်တုန်းက အဲ့နတ်ဆိုးကောင်လည်း နည်းနည်းပါးပါး ခံးစားခဲ့ရသေးတယ်။ နတ်ဆိုးမျိုးနွယ်စုက တော်တော်လးကို အငြိုးကြီးတာကွ။ ဒါကြောင့် သူ့ခွန်အား အထွဋ်အထိပ် အခြေအနေကို ပြန်မရောက်မချင်း အဲ့မြေခွေအိုးကြီး လူရှေ့သူရှေ့ ထွက်လာဦးမှာ မဟုတ်ဘူး။ နတ်ဆိုးမျိုးနွယ်စုတာ သူပြန်လာမှန်း သိရင် သူတို့လိုက်ဖမ်းတာကနေ ထွက်ပြေးဖို့ အတော်ခက်မှာ”
ရန်ကိုင်က မှင်သက်သွားခဲ့၏။
“မင်းစီနီယာအစ်မ နှစ်ယောက်အကြောင်းကို နားစွံ့ထားဖို့ ဂိုဏ်းကတပည့်တွေကို ငါပြောထားလိုက်မယ်။ သူတို့အကြောင်း သတင်းကြားတာနဲ့ မင်းလည်း သိမှာပေါ့။ မင်းက ငါ့ကောင်းကင်ဂိုဏ်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်တာဆိုတော့ အခုကစပြီး မင်းဒီမှာ စိတ်အေးအေးနဲ့ နေလို့ရတယ်။ စိတ်ကျဉ်းကြပ်နေစရာ မလိုဘူး။ ဒီနေရာကို မင်းအိမ်လို့သာ သဘောထားပြီး နေလိုက်က်”
“တပည့်နားလည်ပါပြီ” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ခေါင်းညိတ်ပြလိုက်၏။
ထိုလူအိုကြီးသည် သူ့ဘိုးဘေးဖြစ်ကြောင်း သိရပြီးနောက် ရန်ကိုင်လည်း သူ့ကိုယ်သူ အပြင်လူ တစ်ယောက်ဟု မခံစားရတော့ချေ။
မိစ္ဆာချုပ်နှောင် ချိန်းကြိုး၏ တည်ရှိမှုကို ချူလင်းရှောင် အာရုံခံမိခဲ့သည်မှာ ကံကောင်းသွားပေ၏။ သူသာ အာရုံမခံမိလျှင် ရန်ကိုင်အနေဖြင့် အိမ်ရာမဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်နေပေဦးမည်။
“ချန်းယန်” ချူလင်းရှောင်က လှမ်းခေါ်လိုက်ၑ။
အပြင်ဘက်တွင် စောင့်နေသော ချန်းယန် ချက်ချင်း အထဲဝင်လာခဲ့ပြီး “ဘိုးဘေးကို တပည့်နှုတ်ဆက်ပါတယ်”
“အင်း၊ မင်းရဲ့ ဂိုဏ်းတူတူလေးကို ဂရုစိုက်ပေးလိုက်ဦး”
“တပည့် နားလည်ပါပြီ”
“ဟုတ်သားပဲ၊ ဘိုးဘေး၊ တပည့်မှာ တောင်းဆိုစရာ တစ်ခုရှိလို့” ရန်ကိုင်က ရုတ်တရက် ပြောလိုက်၏။
“အို၊ ပြောလေ”
“အကြောင်းအချို့ကြောင့် ကျုပ်ဆေးပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ လိုနေလို့ ကျုပ်ကို ဆေးဖော်စပ်ဖို့ ဆေးပင် နည်းနည်းလောက် ထောက်ပံ့ပေးလို့ ရမလား မသိဘူး”
“ချန်းယန်ကို စီစဉ်ခိုင်းလိုက်မယ်။ ဒါက ငါတို့ ကောင်းကင်ဂိုဏ်းတော်အတွက်လည်း ကောင်းတာပဲလေ” ချူလင်းရှောင်က ပြုံးကာ ခေါင်းညိတ်လိုက်၏။
ရန်ကိုင်က အခမဲ့ ဆေးဖော်စပ်ပေးမည် ဖြစ်ရာ ချူလင်းရှောင်က ပို၍ပင် ပျော်သေး၏။
ချူလင်းရှောင်ကို နှုတ်ဆက်ပြီးနောက် ရန်ကိုင်နှင့် ချန်းယန်တို့ ထိုအိမ်လေးဆီမှ ထွက်လာလိုက်၏။ ထွက်လာသည်နှင့် ချန်းယန်က ရန်ကိုင်အား သိချင်စိတ်ဖြင့် မေးလိုက်၏ “မင်က အဲ့လောကကြီးဆီက လာတာလား”
“အင်း”
“မင်းအကြောင်းကို ငါတစ်ခါမှ မကြားဖူးတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ဒီလောက်တောင် ထူးချွန်တဲ့ မင်းလို့ ပါရမီရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး လူမသိသူမသိ ဖြစ်နေရတာလဲလို့ ငါတွေးနေတာ။ လတ်စသတ်တော့ မင်းက အဲ့ဘက်က ဖြစ်နေတာကိုး။ အခု ငါတို့အားလုံးက တစ်မိသားစုတည်း ဖြစ်သွားပြီဆိုတော့ ဂိုဏ်းတူဦးလေးက မင်းကို စောင့်ရှောက်ပေးရမှာပေါ့။ မင်းကို တစ်ယောက်ယောက် လာရှုပ်ရဲရင် ဂိုဏ်းတူဦးလေးကိုသာ ပြောလိုက်။ သူ့တစ်မိသားစုလုံးကို ငါရှင်းပစ်ပေးမယ်” ချန်းက သွားပေါ်အောင် ပြုံးလိုက်၏။
ချန်းယန် ပြောလိုက်သည့် စကားကြောင့် ရန်ကိုင် မျက်နှာ အနည်းငယ် မဲ့ရွဲ့သွားခဲ့ရ၏။
သူ့နေနေသည့် ခြံဝန်းဆီ ပြန်လာသည့်အခါ ဖေးယုသည် စင်္ကြန်လမ်းဘေးရှိ ညောင်စောင်း ထက်တွင် လဲလျောင်းနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။ သူမ မျက်နှာတစ်ခုလုံး အရက်အရှိန်အကြောင့် နီမြန်းနေခဲ့ပြီး ထူးခြားလှပ စွဲမက်ဖွယ်ကောင်းလှသော ကောက်ကြောင်း အဖြာဖြာတို့နှင့် မို့ထွက်နေသော ရင်အစုံကို ပါးလျ၍ ဖရိုဖရဲဖြစ်နေသော အဝတ်ပါးလေးက အသေအချာ အနားသတ်ထားလေရာ မြင်ရသူတိုင်း၏ စိတ်ထဲ ရွစိရွစိ ဖြစ်သွားစေနိုင်မှာ အသေအချာပင် ဖြစ်၏။
လက်ထဲတွင် ဝိုင်တစ်ပုလင်ကိုး ကိုင်လျက် ပျော်ရွှင်စွာ မော့သောက်နေခဲ့လေ၏။
“ထပ်သောက်နေပြန်တာလား” ချန်းယန် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ရန်ကိုင်နားနား ကပ်ပြောလိုက် “မင်းရဲ့ ဂိုဏ်းတူဒေါ်လေးက တစ်ခါမှ မိန်းမတစ်ယောက်လို အိန္ဒြေရှိရှိနဲ့ နေတာ မဟုတ်ဘူး။ ဆယ်နှစ်ရာသီ အမြဲလိုလိုကို သောက်နေတာ။ ဒီလို ပုံစံနဲ့ဆိုရင် သူ့ကိုယူမယ့်လူ တစ်ယောက်တောင် ရှိမှာ မဟုတ်ဘူးလို့ ငါလောင်းကြေးထပ်ရဲတယ်”
သူအသံ မပျောက်ကွယ်သေးခင်မှာပင် ဖေးယု၏ ဝိုင်ပုလင်းသည် သူ့ဆီ လွင့်ပျံထွက်လာခဲ့လေ၏။ ချန်းယန်က ဝိုင်းပုလင်းကို လှမ်းဖမ်းလိုက်ပြီး တစ်ချက်လောက် နမ်းရှုံ့ကြည့်လိုက်ပြီးနောက် မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏ “ဆူးပန်းတစ်ထောင် ဝိုင်လည်း မဟုတ်ဘူး”
“ဟန့်” ဖေးယုက ထထိုင်လိုက်ပြီး ချန်းယန်အား မျက်လုံးလေးကို မှေးစဉ်းလျက် စိုက်ကြည့်လိုက်ပြီး “အားနေရင်း ငါ့မကောင်းကြောင်း အတင်းတုပ်နေတဲ့ နင့်လို လူယုတ်တစ်ယောက်အတွက် ဆူးပန်းတစ်ထောင်ဝိုင်ကို ပေးမယ်၊ အားကြီးကြီး”
“ဒါပေမယ့် နင်ငါ့ကို ကတိပေးခဲ့တယ်လေ” ချန်းယန်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်ရာ ဖေးယုက “အဲ့ဆူးပန်းတစ်ထောင်ဝိုင်ကို မောင်ငယ်လေးဆီ ပေးလိုက်ပြီ”
“သူ့ကို ပေးလိုက်တာလား” ချန်းယနက ရန်ကိုင်အား ငေးကြောင်စိုက်ကြည့်နေလိုက်ပြီး ရုတ်တရက်ဆိုသလို ဖားယားလို့သည့် အပြုံးဖြင့် “ဂိုဏ်းတူတူလေးရေ၊ မင်းမြင်သလိုပဲ… ဂိုဏ်းတူဦးလေးက မင်းကို နှစ်လကြီးတောင် လိုက်ရှာခဲ့တာဆိုတော့လေ၊ ငါကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုလေးများ ဘာလေးများ မပေးချင်ဘူးလားဟင်”
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြန်ပြုံးလိုက်ပြီး “ကျုပ်က ပစ္စည်းကောင်းတွေဆိုရင် ကျုပ်ကိုယ်တိုင်အတွက်ပဲ သိမ်းထားလေ့ရှိတာ ဆိုးသွားတယ်ဗျာ”
ရန်ကိုင်စကားကြောင့် ချန်းယန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့ရ၏။
တစ်ဖက်တွင်မူ ဖေးယုက မျက်မှောင်ကြုံ့လျက် သင်္ကာမကင်းဖြင့် မေးလိုက်လေ၏ “နေပါဦး၊ သူက ဘယ်လိုလုပ်ပြီး ဂိုဏ်းတူတူလေး ဖြစ်သွားရတာလဲ။ ဒီမောင်ငယ်လေးက ငါတို့ ကောင်းကင်ဂိုဏ်းတော်ဆီ ဝင်လိုက်လို့လား”
“တကယ်တမ်းပြောရရင် သူက ငါတို့ကောင်းကင် ဂိုဏ်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီးသား”
“အို၊ ဘာတွေ ဖြစ်သွားလို့လဲ” ဖေးယု အတော်လေးကို အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား စပ်စုလိုစိတ်ဖြင့် စူးစိုက်ကြည့်လိုက်လေ၏။
ချန်းယန်က ဘာတွေ ဖြစ်ပျက်သွားခဲ့သည် ဆိုသည်ကို အကျဉ်းချုံးရှင်းပြလိုက်ရာ ဖေးယု ရုတ်တရတ် ပျော်သွားခဲ့ပြီး “ဒီတော့ ငါကလည်း သူ့ရဲ့ ဂိုဏ်းတူ ဒေါ်လေးပေါ့်နော်”
“ဟုတ်တယ်” ချန်းယန်က ခေါင်းညိတ်လိုက်၏။
“ဟားဟား၊ ကြည့်ရတာ နောက်ထပ် ဂိုဏ်းတူတူလေး တစ်ယောက် ထပ်ရပြီနဲ့တူတယ်ဟေ့” ဘယ်ကနေမှန်း မသိ ထွက်ပေါ်လာသော လီဝမ်က ပြောလိုက်၏။ သူ့အရပ်သည် အတော့်ကိုမှ ပုလှရာ သူ့ခေါင်းသည် ရန်ကိုင်ပခုံးပင် မကျော်ချေ။ လက်လေးပိုက်လျက် ဥာဏ်ပညာကြီးမားသည့် လူကြီးတစ်ယောက်ပမာ ရန်ကိုင်အား ခေါင်းအစခြေအဆုံး အသေအချာ စစ်ဆေးလိုက်ပြီးနောက် ပြောလိုက်၏ “မဆိုးဘူး”
“ဂိုဏ်းတူဦးလေးတို့နဲ့ ဂိုဏ်းတူဒေါ်လေးကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ် နှုတ်ဆက်လိုက်လေ၏။
လူသုံးယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်မောလိုက်ကြ၏။ ဖေယုဆိုလျှင် ပို၍ တောက်ပစွာပင် ပြုံးနေလိုက်သေး၏။
ရုတ်တရက်ကြီး လီဝမ်က ကောက်ပြောလိုက်၏ “ဂိုဏ်းတူတူလေး သူ့ဘိုးဘေးတွေကို အသိအမှတ်ပြုပွဲ ကျင့်ပသင့်တယ်လို့ မထင်ကြဘူးလား။ ပြီးတော့ သူ့နေရာမှန်ဆီ ပြန်ရောက်လာတဲ့ အထိန်းအမှတ်ရယ်ပေါ့”
“ကောင်းတယ်” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်၏ “ရှုယဉ်သာတောင်ထွတ်မှာ ကျင်းပသင့်တယ်လို့ ထင်တာပဲ”
“မကောင်ဘူး” ဖေးယုအမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ကန့်ကွက်လိုက်၏။
သို့သော်လည်း ချန်းယန်က ပျံသန်းသွားခဲ့ပြီ ဖြစ်၏။ အတော်ဝေးဝေးကို ရောက်မှ လှမ်း၍ အော်ပြောလိုက်၏ “ငါသားကောင်း နည်းနည်းလောက် သွားအမဲလိုက်လိုက်ဦးမယ်”
လီဝမ်လည်း ထွက်သွားပြီးမှ လှမ်းပြောလိုက်၏ “ငါဖေးကျန်းကို သွားရှာလိုက်ဦးမယ်။ ဒီလို့ပွဲမျိုး သူ့ကို လွတ်သွားခွင့် ပေးလို့မဖြစ်ဘူး”
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့် ဖေးယုတို့သာ ကျန်ခဲ့လေ၏။
မိန်းမလှလေးသည် နှုတ်ခမ်းလေးကို ကိုက်လျက် ချန်းယန်နှင့် လီဝမ်တို့ ပျောက်ကွယ်သွားရာ အရပ်ဆီ ငေးစိုက်ကြည့်ရင်း ကျိန်ဆဲလိုက်၏ “သေနာကောင်တွေ”
တစ်ခဏကြာသည်အထိ ကျိန်ဆဲနေပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ငါဆူးတစ်ထောင်ပန်းဝိုင်ကို အကျင့်ယုတ်ပြီး လိုချင်နေတဲ့ အရှက်မရှိတဲ့ ယောကျာ်းတွေပဲ”
သက်ပြင်းချလိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ ပြောလိုက်လေ၏ “သွားကြရအောင်။ ငါသာ သူတို့ချင်တာ မပေးရင် ငါ့ရှုယဉ်သာတောင်ပေါ်မှာ တစ်ချိန်ကုန် ငုတ်တုတ် ထိုင်နေကြမှာ”
“ကျုပ်လည်း သွားရမှာလား” ရန်ကိုင်က ကြက်သေသေသွားခဲ့၏။
“သူတို့တွေက နင့်နာမည်ကို အခွင့်ကောင်းယူပြီး အခုလိုလုပ်တာဆိုတော့ နင်မသွားလို့ ဘယ်ဖြစ်ပါ့မလဲ” ဖေးယုက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် အင်္ကျီကော်လံကို ဆွဲကိုင်ကာ အဝေးတစ်နေရာရှိ တောင်ထွတ်ဆီ ပျံသန်းသွားလိုက်လေ၏။
ပျံသန်းနေစဉ်မှာပင် သူမတစ်ကိုယ်လုံးကို ဝိတ်အလေးကြီးက ဆွဲချလိုက်သလို ခံစားလိုက်ရသဖြင့် သူမ၏ မျက်နှာလှလှလေး ရှုံမဲ့သွားခဲ့ပြီး အလျင်အမြန် အားစိုက်ထုတ်လိုက်ရလေ၏။
ရန်ကိုင်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဖေးယုက မျက်မှောင်ကြုံ့ကာ မေးလိုက်၏ “ငါ့ပေးလိုက်တဲ့ မူလကျောက်ကွင်းတွေကို နင်ဝတ်ထားတာလား”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“အဲ့ကျောက်ကွင်းတွေထဲ အစစ်အမှန်ချီ ထည့်နေတာ ရပ်လိုက်တော့။ မဟုတ်ရင် ငါတို့ နှစ်ယောက်စလုံး ပြုတ်ကျသွားရလိမ့်မယ်”
ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ထိုကျောက်ကွင်းများထဲ အစစ်အမှန်ချီ ဖြည့်သွင်းနေခြင်းကို ရပ်တန့်လိုက်၏။ တစ်ခဏကြာ ပျံသန်းပြီးနောက် ရန်ကိုင်နှင့် ဖေးယုတို့ လှပသည့် တောင်ထွတ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၄) ရှုယဉ်သာတောင်ထွတ်
——————————————————————
တောင်ထွတ်သည် လွန်စွာကိုမှ လှပပေသည်။ သလင်းကျောက်ပမာ ကြည်လင်လှသော စမ်းချောင်း လေးများသည် တာဝါတိုင်ကြီးများပမာ မြင့်မားလှသော ချိုင့်ဝှမ်းထဲသို့ စီးဆင်းနေသည့် ရေတံခွန်ထဲ စီးဆင်းနေခဲ့သည်။ ပြန့်ကျဲနေသော မြူမှုန်းများသည်လည်း နေအလင်းရောင်အောက် ညယံအချိန်၌ တောက်ပနေသော ကြယ်လေးများပမာ တလက်လက် တောက်ပနေခဲ့ရာ လွန်စွာကိုမှ စိတ်ကြည်နူးဖွယ်ကောင်းသော သဘာဝရသကို ပေးစွမ်းနေခဲ့လေသည်။
ဖေးယုသည် စမ်းချောင်းလေးကို ကျော်ဖြတ်၍ ရေတံခွန်ကြီးတစ်ခု အောက်ချေရှိ တောင်အလယ်၌ ရှိနေသော လိုဏ်ဂူရှေ့၌ ဆင်းလိုက်၏။
အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ရာ သူ့တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားသလို ရန်ကိုင် ခံစားလိုက်ရ၏။ ထို့နောက် ဘေးပတ်လည်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရချေ။
“ဒါက ရှုယဉ်သာတောင်ထွတ်ပဲ၊ ငါနေတဲ့ နေရာပေါ့။ ကာကွယ်သူတစ်ယောက်ချင်းစီတိုင်းမှာ တောင်ထွတ် တစ်ခုစီ ရှိကြတယ်လေ။ ဟိုသုံးကောင်ရဲ့ နေရာက အမြဲတမ်း အသက်ဝင်တက်ကြွနေပေမယ့် ငါက တိတ်ဆိတ်ငြိမ်သက်တာကို နှစ်သက်တော့ တစ်ယောက်တည်းပဲ နေတယ်။ ငါ့နောက်လိုက်ခဲ့” ပြောပြီးသည်နှင့် ရန်ကိုင်ကို ဦးဆောင်၍ လိုက်ဂူထဲသို့ ဝင်သွားလိုက်လေ၏။
လိုဏ်ဂူအတွင်းပိုင်းသည် ကျယ်ဝန်းပြီး သန့်ရှင်း၏။ တောင်အတွင်းပိုင်း၌ ကျောက်တုံးခန်းများစွာ ရှိနေခဲ့ပြီး နံရံအားလုံးသည် တလက်လက် တောက်ပနေသော ကျောက်တုံးများဖြင့် စီချယ်ထားခဲ့ရာ လွန်စွာကိုမှ မျက်စိပဿဒ ဖြစ်စရာ ကောင်းလှပေ၏။
ဤနေရာ၌ ချဉ်စုပ်စုပ်အနံ နည်းနည်းလေးကိုမှမရ။ အားလုံးသည် နှစ်လိုစွဲမက်ဖွယ် ရနံ့တို့ဖြင့် သင်းထုံနေခဲ့၏။
ရန်ကိုင်သည် သူ့ပတ်ပတ်လည်အား ချီးကျူး၊ အံ့အားသင့်နေသည့် အမူအရာဖြင့် လှည့်ပတ်ကြည့်နေခဲ့၏။ ဝိုင်သောက်ရသည်ကို နှစ်သက်သော ဖေးယုကဲ့သို့ မိန်းကလေး၌ ဤကဲ့သို့သော မိန်းမဆန်သည့် ဘက်ခြမ်း ရှိနေလိမ့်မည် သူမထင်ထားခဲ့ချေ။ သို့သော်လည်း သူမအိမ်သည် လွန်စွာကိုမှ ကျော့ရှင်းသပ်ရပ်ပြီး စွဲမက်ဖွယ် သင်းရနံ့တို့ဖြင့် သင်းကြိုင်နေသည်မှာ အမှန်တရားပင် ဖြစ်ပေ၏။
“ဂိုဏ်းတူတူလေး၊ ဒီနေရာကို နှစ်သက်ရင် နောက်ပိုင်း ငါနဲ့အတူ လာနေလို့ရတယ်နော်။ ဂိုဏ်းတူဒေါ်လေးလည်း အခုနောက်ပိုင်း တစ်ယောက်တည်း နေရတာကို အတော်လေး ပျင်းလာပြီ” ဖေးယုက ရုတ်တရက် ပြောလိုက်၏။ သူမ အရွှန်းဖောက်ခြင်း ဖြစ်နိုင်သလို အတည်ပေါက် ပြောနေခြင်းလည်း ဖြစ်နိုင်၏။
“ကျုပ် ဒီမှာနေရမှာလား”
“အင်း၊ တောင်ကြားထဲမှာ နင့်အတွက် စီစဉ်ပေးလိုက်ရတာက နင့်အကြောင်းမှ သေချာ မသိရသေးတာကိုး။ ဒါပေမယ့် အခု နင်က ငါတို့ ကောင်းကင်ဂိုဏ်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီဆိုမှတော့ နင့်စိတ်ကြိုက် တောင်တစ်လုံးကို ရွေးပြီးနေလို့ရပြီလေ။ နင်က ဆေးပညာကို လေ့ကျင့်ချင်နေမှတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်မှာပေါ့၊ မဟုတ်ဘူးလား။ ငါနေတဲ့ နေရာက နင်နဲ့ အသင့်တော်ဆုံးပဲ။ ချန်းယန်တို့ နေတဲ့ နေရာကျတော့ နေ့စဉ်နဲ့အမျှ လူတွေနဲ့ ရှုပ်ယှတ်ခတ်နေတာ။ အဲ့ဒါကြောင့် နင်ဆေးဖော်စပ်ရင် စိတ်ဖြောင့်ဖြောင့်နဲ့ ဖော်စပ်နိုင်မှာ မဟုတ်ဘူး”
“ဒီနေရာက တကယ်ကို ရှယ်ပဲ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“စဉ်းစားကြည့်လိုက်ပေါ့။ ဂိုဏ်းတူဒေါ်လေးက နောက်ပြောနေတာ မဟုတ်ဘူး” ဖေးယုက ပြုံးကာ ပြောလိုက်၏။
တောင်ပတ်လည် တစ်ပတ်ပတ်ပြီးနောက် ဖေးယုက ရန်ကိုင်အား အခန်းကျယ်ကြီး တစ်ခန်းဆီ ခေါ်သွားလိုက်၏။
ဖေးယုသည် ယခုလေးတင်ပင် ချန်းယန်၊ လီဝမ်နှင့် ဖေးကျန်းတို့သည် သူမ၏ ဆူးတစ်တောင်ပန်းဝိုင်ကို သားရည်ကျနေသော အရှက်မရှိသည့် ယောကျာ်းများ ဖြစ်သည်ဟု ကျိန်ဆဲနေခဲ့သော်လည်း ဤနေရာသို့ ရောက်သည်နှင့် ချက်ချင်းပဲ စားပွဲခုံ၊ ထိုင်ခုံးများကို စိတ်အားထက်သန်စွာဖြင့် သေသေချာချာ စီစဉ်တော့လေ၏။ ပြီးသည်နှင့် သူမကိုယ်တိုင် ဖော်စပ်ထားသော ဆူးတစ်တောင်ပန်းဝိုင်အချို့ကို ထုတ်ယူလာရုံမက ရနံ့သင်းထုံသော သစ်သီးများကိုပင် ယူလာခဲ့သေး၏။
အားလုံး ပြင်ဆင်ပြီးရုံပင် ရှိသေး၊ အပြင်ဘက်မှ ခြေသံတို့ ထွက်ပေါ်လာခဲ့လေ၏။ ခဏအကြာ၌ ချန်းယန်၊ လီဝမ်နှင့် အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန် လူတစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့လေ၏။
“မွှေးလိုက်တဲ့ဝိုင်နံ့ကွာ” လီဝမ်သည် မျက်လုံးကို မှေးစဉ်းလျက် ဝိုင်းနံ့လေးကို အားပါးတရ ရှူရှိုက်လိုက်၏။
ချန်းယန်သည် သူနှင့်အတူ ရန်ကိုင် တစ်ခါမှ မမြင်ဖူး၊ မကြားဖူးခဲ့သော မွန်းစတားသားရဲများကို သယ်လာခဲ့၏။
စားပွဲပေါ်ရှိ ဝိုင်ပုလင်းများကို မြင်ပြီးနောက် နှစ်ယောက်စလုံး ပြိုင်တူပြုံးလိုက်ကြပြီး နှုတ်ခမ်းများကို သပ်လျက် ဖေးယုအား ချီးကျူးထောပနာ ပြုလိုက်ကြ၏ “ဖေးယုက တကယ်ကို ရက်ရောတဲ့ မိန်းမကောင်းလေပဲ”
ဖေးယု မျက်နှာ အမူအရာ အေးစက်သွားခဲ့ပြီး နှာခေါင်းရှံ့ကာ “တစ်ယောက် တစ်ပုလင်းပဲရမယ်။ မြန်မြန်သောက်ပြီး မြန်မြန်ပြန်ကြပေတော့”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ ရှင်မကြီးရယ်” လီဝမ်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး စားပွဲထက်ရှိ ဝိုင်တစ်ပုလင်းကို ခပ်မြန်မြန်ပဲ လှမ်းယူထားလိုက်၏။
ရန်ကိုင်ကမူ အသစ်တစ်ယောက်ကိုသာ အသေအချာ လေ့လာနေ၏။ ထိုလူသည် ကောင်းကင်ဂိုဏ်းတော်၏ ကာကွယ်သူလေးယောက်ထဲမှ နောက်ဆုံးတစ်ယောက် ဖြစ်လေရာ သူသည် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ ထိုလူ၏အရှိန်အဝါသည် ချန်းယန်၏ ဖိနှိပ်လိုမှု၊ ဖေးယု၏ ပျော့ပျောင်းမှု၊ လီဝမ်၏ လျင်မြန်မှု တို့နှင် ကွဲပြားသည်ကို ရန်ကိုင် အမြန်အဆန်ပင် သတိပြုမိလိုက်၏။ ထိုလူ၏ အရှိန်အဝါသည် ထက်ရှသော ခံစားချက်ကို သူ့အား ပေးစွမ်းနေခဲ့ပေ၏။
တစ်ဖက်လူသည် ရန်ကိုင်သူ့အား စူးစမ်းနေသည်ကို သတိပြုမိသွားဟန်ရကာ ရုတ်တရက် ပြုံးလိုက်ပြီး “ဒါက ငါတို့ရဲ့ အသစ်ရောက်လာတဲ့ ဂိုဏ်းတူတူလေး မလား”
သူပြုံးလိုက်သည့်အခါ ရန်ကိုင်မှာ ရယ်မိလုမတတ် ဖြစ်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော သူ့အပြုံးသည် တကယ့် လူယုတ်လူညစ် တစ်ယောက်အပြုံးနှင့် တူနေသောကြောင့်ပင် ဖြစ်၏။
လီဝမ် အမူအရာသည် လူကြမ်းရုပ်နှင့် တူသည်ဟု ထင်မှတ်ထားခဲ့ရာ ယခုမှပင် ထိုလူသည် လီဝမ်ထက် ပိုဆိုးနေမှန်း ရန်ကိုင် သိလိုက်ရ၏။
“ဂျူနီယာရန်က ဂိုဏ်းတူဦးလေးကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်လေ၏။
ဖေးကျန်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် လေးတင်သည့်ဟန် လုပ်လိုက်၏။
ဝုန်း…
လောကကြီး တုန်ခါသွားဟန်ရကာ ဘေးပတ်လည်ရှိ မိုးမြေစွမ်းအင်တို့ ရုတ်ချည်း ငြိမ်ကျသွားခဲ့လေ၏။
ရန်ကိုင် မျက်ဝန်းအစုံ ချက်ချင်း မှေးစဉ်းသွားခဲ့၏။ ထိုအချိန်မှာပင် အန္တရာယ်ကျတော့မည်ဟု သူ့စိတ်ထဲ ရုတ်တရက် ခံစားလိုက်ရ၏။
ချန်းယန်၊ ဖေးယုနှင့် လီဝမ်တို့သည် ငြိမ်သက်စွာ ဖြင့်သာ ရန်ကိုင်ကို စိတ်ဝင်တစား စိုက်ကြည့်နေခဲ့ကြ၏။
ဖေးချန်၏ လက်ညိုး ကွေးသွားသည်နှင့် မမြင်နိုင်သော တိုက်ခိုက်မှုတစ်ခုသည် ရန်ကိုင်ဆီသို့ တည့်တည့် တိုးဝင်လာခဲ့လေ၏။
ရန်ကိုင် မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး သွေးရူးသွေးတန်းဖြင့် အစစ်အမှန်ချီကို လှည့်ပတ်၍ တိုးဝင်လာနေသော တိုက်ခိုက်မှုအား လက်သီးဖြင့် ထိုးချလိုက်လေ၏။
အုန်း…
စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ကမူ နောက်တစ်လှမ်းပင် မဆုတ်လိုက်ရဘဲ နေရာတွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေနိုင်သေး၏။
ကာကွယ်သူ လေးယောက်စလုံး တောက်ပစွာ ပြုံးလိုက်လေ၏။
ဖေးကျန်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “မဆိုးဘူး။ မင်းခွန်အားက သာမန်အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတွေထက် အများကြီး ပိုသာတယ်လို့ ချန်းယန်က ပြောလာလို့ ငါလည်း စမ်းကြည့်လိုက်တာ။ တကယ်ဖြစ်နေမယ်လို့ မထင်ထားဘူး။ ငါတို့ ကောင်းကင်ဂိုဏ်းတော်က တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို ရလိုက်တာပဲ”
“ဂိုဏ်းတူဦးလေးက လေးပညာကို လေ့ကျင့်ထားတာလား” ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့လေ၏။
ဖေးကျန် ပွင့်ပွင့်လင်းလင်းပင် ခေါင်းညိတ်ပြလိုက်၏။
ဖေးယုက ရှေ့တက်၍ ရန်ကိုင်နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏ “အဲ့ကောင် အရမ်းကို ကောက်ကျစ်တဲ့လူ။ တိုက်ပြီဆိုရင် ဘယ်တော့မှ ရှေ့ကနေ မတိုက်ဘူး။ ပုန်းပြီးတော့ပဲ ချောင်းချောင်းတိုက်တာ။ ဘယ်သူမှလည်း သူ့မြှားတွေဆီကနေ လွတ်အောင် မရှောင်နိုင်ကြဘူး။ ဘယ်လိုချောင်းတိုက်ရမလဲ၊ ကိုယ့်ရန်သူတွေကို ဘယ်လို လုပ်ကြံရမလဲ သင်ချင်ရင် သူ့ကိုသာ မေးလိုက်”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ ကောင်းကင်ဂိုဏ်းတော်၏ ကာကွယ်သူ တစ်ယောက်ချင်းစီသည် အထင်သေး၍ မရသည့်လူများ ဖြစ်ကြပေ၏။
“အဲ့ဒါက ကိုယ့်စိတ်အပေါ်ပဲ မူတည်တယ်” ဖေးယုက အပြုံးလေးနှင့် အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
“ဟဲ့၊ မဟုတ်တာတွေ ပြောနေတာ ရပ်လိုက်တော့” လီဝမ်က မပျော်မရွှင်ဖြင့် ပြောလိုက်၏။
“ကောင်းပြီ၊ ကောင်းပြီ၊ ဒီလောက်ဆို ရပြီ။ ဆူးပန်းတစ်ထောင်ကို သောက်ရဖို့ နှစ်ငါးဆယ်တောင် စောင့်ခဲ့ရတာ။ ထပ်မစောင့်ချင်တော့ဘူး။ မြန်မြန် သောက်ကြစို့” ပြောပြီးသည်နှင့် ရှေ့တက်၍ ပုလင်း တစ်ပုလင်းကို ကောက်ယူလိုက်ကာ အဖုံးဖွင့်လိုက်ပြီး တစ်ခါတည်း မော့ချလိုက်၏။ သူ့မျက်နှာ ချက်ချင်း နီမြန်သွားခဲ့ပြီး အသံအကျယ်ကြီး အော်ဟစ် ချီးကျူးလိုက်လေ၏ “ဝိုင်းကောင်းပဲ”
ချန်းယန်ပင် စသောက်နေသဖြင့် လီဝမ်နှင့် ဖေးကျန်တို့လည်း ငြိမ်မနေတော့ သောက်တော့လေ၏။
ရန်ကိုင်လည်း ထိုင်ချလိုက်ပြီး အသီးတစ်လုံး ကောက်ယူကာ ဖြည်းဖြည်းချင်း စားနေလိုက်၏။
သုံးကြိမ်လောက် သောက်ပြီးသည်နှင့် အကုန်လုံး မူးနေကြလေပြီ။ မည်သူမှ ရုပ်မတည်နိုင်တော့ကြ။
ဝိုင်အရှိန်ကြောင့် အသားအရေ တစ်ပြင်လုံး နီလာရောင် သန်းနေသည့် ဟန်ဖေးက ရစ်မူးနေသည့် အကြည့်ဖြင့် ရန်ကိုင်အား လှမ်းကြည့်လိုက်ပြီး သူ့ဆီ ဝိုင်တစ်ပုလင်း ပစ်ပေးလိုက်ကာ “ဂိုဏ်းတူတူလေးလည်း သောက်လေ”
ရန်ကိုင် ဝိုင်ပုလင်းကို ဖမ်းယူလိုက်ပြီး ဖေးယုအား သင်္ကာမကင်း အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး ပါးစပ်ပြည့် တစ်ငုံ မော့ချလိုက်လေ၏။
ဝိုင်ကို သောက်လိုက်သော်လည်း ဝိုင်အရသာမရ။ ပြည့်ရင့်ပြီး ရနံ့ထုံသည့် သင်းရနံ့လေးသာ သူ့လျှာထက် စွဲထင်ကျန်ရစ်ခဲ့၏။ သို့သော်လည်း ဝိုင်အစပ်ကောင်းသည်ဟု ချီးကျူးစကား ပြောမည် အပြုမှာပင် သူ့ဝမ်းဗိုက်တစ်ခုလုံး လောင်မြိုက်သလို ခံစားလိုက်ရပြီး ထိုမှတစ်ဆင့် သူ့တစ်ကိုယ်လုံး မီးတောက်ထဲ ရောက်သွားသလို ခံစားလိုက်ရ၏။
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါနေသလို ခံစားလိုက်ရ၏။ နောက်တစ်ခဏ၌ သူ့ကိုယ်သူ ဆက်၍ မထိန်းချုပ်နိုင်တော့ဘဲ သူ့တစ်ကိုယ်လုံး တောင့်တင်း သွားခဲ့ကာ မြေကြီးပေါ် ဒူးထောက်လဲကျပြီး သတိလစ်သွားခြ့လေ၏။
ရန်ကိုင် လက်ထဲမှ ဝိုင်ပုလင်း မြေကြီးပေါ် မရောက်သေးခင်မှာပင် ဖေးယုက အလျင်အမြန် ဖမ်းယူလိုက်လေ၏။
မသေမျိုးအဆင့် ပညာရှင် လေးယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရုတ်တရက် ဝါးလုံးကွဲ ရယ်မောလိုက်လေ၏။
ရယ်မောပြီးနောက် နောက်တစ်ကြိမ် ထပ်မော့ကြပြန်လေ၏။ ရန်ကိုင်ကို မည်သူမျှ ဂရုမစိုက်ကြတော့ချေ။
----------------------------------
ရန်ကိုင် နိုးလာသည့်အချိန်၌ သူ့ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။ ချန်းယန်နှင့် ကျန်သူများ ထွက်သွားကြပြီ ဖြစ်ရာ ရှုပ်ပွနေသော ပန်းကန်များ၊ ပုလင်းများသာ ကျန်ခဲ့လေ၏။ ဖေးယုသည် အနားရှိ ထိုင်ငုံတစ်ခုံပေါ် ဖြစ်သလို ထိုင်နေခဲ့၏။ ခေါင်းလေးကို ကျောက်စိမ်းလက်သွယ်သွယ်လေးထက် တင်ထားရင်း ရန်ကိုင်အား ရီဝေဝေအကြည့်ဖြင့် ငေးစိုက် ကြည့်နေခဲ့လေ၏။
“နင်နိုးလားပြီလား” ဖေးယုက အသာအယာလေး ပြုံးလိုက်၏။
ရန်ကိုင်မျက်နှာ နီမြန်းနေသေးသော်လည်း ခေါင်းညိတ်လိုက်နိုင်သေး၏။
ဆူးတစ်ထောင်ပန်းဝိုင်သည် ဤမျှ ပြင်းလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ တစ်ငုံသာ သောက်လိုက်သော်လည်း တစ်ခါတည်း တန်းသတိလစ် သွားခဲ့ရလေ၏။
“ဘယ်လိုခံစားရလဲ”
“အရမ်းကောင်းတယ်” သူ့ကိုယ်သူ စစ်ဆေး ကြည့်လိုက်ရာ သူ့အစစ်အမှန်ချီသည် ယခင်ကထက် ပို၍ မြန်မြန်ချောချာမွေ့မွေ့ စီးဆင်းနေပြီး သူ့ခန္ဓာကိုယ်နှင့် သွေးကြောများသည်လည်း ယခင်ထက် ပို၍ ကြံ့ခိုင် မာကျောလာသည်ကို တွေ့ရှိလိုက်ရ၏။
“ကောင်းတယ်။ ငါပေးတဲ့ ဆူးတစ်ထောင်ပန်းဝိုင်ကို တစ်လမှ သုံးငုံစာလောက်ပဲသောက်။ အဲ့ထက်ပိုသောက်ရင် နင့်ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်။ ကောင်းပြီ၊ ငါခဏလောက် အိပ်လိုက်ဦးမယ်။ နင့်အိမ်လို သဘောထားပြီးတော့သာနေ” ဖေးယုက ပြုံးလိုက်ပြီး တစ်ချက်ရပ်ကာ ထပ်ပြောလိုက်၏ “ဟုတ်သားပဲ၊ နင်ဒီမှာနေမယ်လို့ ချန်းယန်နဲ့ ဟိုနှစ်ကောင်ကို ငါပြောလိုက်တယ်။ နောက်ပိုင်းကျ နင်ဆေးဖော်စပ်ဖို့အတွက် ဆေးပင်တွေကို သူတို့ ယူလာပေးလိမ့်မယ်”
“ကျုပ်သိပြီ” ရန်ကိုင် အသာအယာ ပြန်ပြောလိုက်၏။
ချက်ချင်းဆိုသလို ဖေးယုက သူမ၏ မျက်လုံးလေးများကို ပိတ်လိုက်ပြီး သူမ၏ အသက်ရှုသံသည်လည်း တဖြည်းဖြည်းချင်း နှေးကွေးသွားခဲ့လေ၏။
သူ့ခန္ဓာကိုယ်ထဲ ကျစ်ရစ်နေသော ဆေးအာနိသင်ကို စုပ်ယူလိုက်ပြီးနောက် ထိုင်ရာမှထကာ ရှုပ်ပွနေသော ပန်ကန်းများ၊ ပုလင်းများကို စတင်ရှင်းလင်းတော့လေ၏။
နှစ်နာရီကြာပြီးနောက် ဖေးယု နိုးလာခဲ့၏။ မိန်းကလေး ဖြစ်သည်ဆိုသော အချက်ကိုပင် ဂရုမစိုက်တော့ဘဲ ရန်ကိုင်ရှေ့၌ အားရပါးရ အကြောဆန့်လိုက်ပြီး သန်းဝေလိုက်၏။ ထိုကဲ့သို့ အကြောဆန့်နေစဉ်အတွင်း သူမ၏ ကောက်ကြောင်း အသွယ်သွယ်ကို အတော်မဆ လှစ်ဟာဖော်ပြမိသွားခဲ့၏။
“ငါ့နောက်လိုက်ခဲ့။ နင်ကျင့်ကြံလို့ရမယ့် နေရာတစ်ခုဆီ ငါနင့်ကို ခေါ်သွားပေးမယ်” ဖေးယုက ရန်ကိုင်အား လက်ယပ်ပြလိုက်ပြီး ရှေ့မှ ဦးဆောင် ထွက်သွားလိုက်၏။
တောင်အတွင်းပိုင်းသို့ ရောက်လာသည်နှင့် မိုးမြေစွမ်းအင် ပို၍ သိပ်သည်းလာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
မကြာခင်မှာပင် သူတို့နှစ်ယောက်သည် တောက်ပသော သလင်းကျောက်များဖြင့် စီချယ်ထားသည့် ကျောက်တုံးခန်းတစ်ခန်းရှေ့သို့ ရောက်လာခဲ့လေ၏။
ထိုကျောက်တုံးခန်း၏ နံရံ၊ ကြမ်းပြင်နှင့် မျက်နှာကြက်သည် သလင်းကျောက်တုံးများဖြင့် အပြည့်အဝ စီချယ်ထားခဲ့၏။ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်များသည် ကျောက်တုံးခန်းလေးထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့ရာ ထိုကျောက်တုံးများသည် စိတ်ဝိဥာဉ်အစီအရင် တစ်ခုပုံစံအတိုင်း စီချယ်ထားဟန် ထင်ရ၏။ အစစ်အမှန်ချီကို မလှည့်ပတ်ဘဲနှင့်ပင် ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်များ သူ့ကိုယ်ထဲသို့ စီးဝင်နေသည်ကို ရန်ကိုင် ခံစားနေမိ၏။
ကောင်ကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေး ကြည့်လိုက်ရာ ဤကျောက်တုံးခန်းအား သလင်းကျောက် အလွှာဒါဇင်ကျော်ဖြင့် လွှမ်းခြုံထားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ကျောက်တုံးခန်းတစ်ခုလုံးကို လှည့်ပတ် စူးစမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင် ထိတလန့်သွားခဲ့ရ၏။
“နင်ဘယ်လိုထင်လဲ” ဖေးယုက မေးလိုက်၏။
“ဒီနေရာက ဂိုဏ်းတူဒေါ်လေး ပုံမှန် ကျင့်ကြံတဲ့ နေရာမလား။ ကျုပ်သာ ဒီနေရာကို အသုံပြုမယ်ဆိုရင် ဂိုဏ်းတူဒေါ်လေးက ဘယ်နေရာမှာ ကျင့်ကြံမှာလဲ”
“အခုလောလောဆယ်တော့ ဒီနေရာကို ငါမလိုသေးဘူး” ဖေးယုက ပြုံးလိုက်ပြီး “သူတော်စင်အဆင့်ရဲ့ ဆန်းကြယ်မှုတွေကို နားလည်တဲ့ တစ်နေ့ကျ ဒီနေရာကို ပြန်လိုလာနိုင်တယ်”
ဖေးယုနှင့် ကျန်ကာကွယ်သူ သုံးယောက်သည် မသေမျိုး တတိယ အထွဋ်အထိပ်အဆင့်၌ ရှိနေသူများ ဖြစ်ကြ၏။ သို့သော်လည်း သူတော်စင်အဆင့် ဆိုသော အတားအဆီးကို သူတို့ လေးယောက်စလုံး မချိုးဖျက်သေးနိုင် ဖြစ်နေခဲ့ရ၏။
ကာကွယ်သူလေးယောက်စလုံးသာ သူတော်စင် အဆင့်သို့ ချိုးဖျက်နိုင်မည် ဆိုပါက် ကောင်းကင် ဂိုဏ်းတော်၏ ခွန်အားသည် တစ်ဟုန်ထိုး တိုးမြှင့်သွားမည်မှာ သံသယရှိစရာ မလိုချေ။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုမှတော့ ကျုပ်လည်း ယဉ်ကျေးမနေတော့ဘူးနော်”
“ဒီမှာ နင်ဘာကိုမှ စိုးရိမ်စရာ မလိုဘူး။ စိတ်အေးအေးနဲ့သာ ထိုင်ကျင့်ကြံနေ။ ပျင်းလာရင် ငါ့ကိုလာရှာပေါ့။ ငါက ဒီရှုယဉ်သာတောင်ထွတ် တစ်ဝိုက်မှာပဲ ရှိတတ်တယ်။ ငါ့ကို ရှာမတွေ့ရင် ကျန်တဲ့ သုံးယောက်ဆီ သွားလို့ရတယ်။ သူတို့လည်း နင့်ကို အများကြီး သင်ပေနိုင်ပေးလိ့မယ်” ပြောပြီးသည်နှင့် အခန်းထဲမှ အလျင်အမြန် ပြန်ထွက်သွားလိုက်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၅) ကျုပ်သွားမယ်
——————————————————————
နောက်တစ်နေ့၌ ရန်ကိုင်ဆီသို့ ဆေးပင်အများကြီး ချန်းယန် ပို့လာခဲ့၏။ ဆေးပင်ရသည်နှင့် ရန်ကိုင်လည်း ချက်ချင်း စတင်ဆေးဖော်စပ်တော့လေ၏။
ဆေးဖော်စပ်ရ ပင်ပန်းလာလျှင် ခဏနား၍ အားပြန်ဖြည့်လိုက်၏။ ပြီးသည်နှင့် ပြန်ဖော်စပ်ပြန်၏။
ရှုယဉ်သာတောင်ထွတ်သည် တကယ်ကို တိတ်ဆိတ်သော နေရာတစ်ခု ဖြစ်ပေသည်။ တောင်ပေါ်တွင် သူနှင့်ဖေးယုတို့ နှစ်ယောက်သာ ရှိပြီး ရန်ကိုင် ဆေးဖော်စပ်နေသည့် အချိန်၌ ဖေးယုသည် သူ့အားတစ်ခါမှ လာမနှောင့်ယှတ်ခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်လည်း ဆေးဖော်စပ်ရာတွင် အပြည့်အဝ အာရုံစိုက်နိုင်၏။
ရန်ကိုင်စားသော အစားအစာများကို ရှားပါးသော မွန်းစတားသားရဲများ၏ အသား၊ ဆေးပင်များနှင့် ချက်ပြုတ်ထားရာ ရန်ကိုင်အတွက် အတော်လေးကို အာဟာရ ဖြစ်စေ၏။ ရန်ကိုင်၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် ဘာမှမစားဘဲ လပေါင်းများစွာ နေနိုင်သော်ငြား ဖေးယုသည် ထိုအစားအစာများကို သူ့ဆီ ပို့ပေးနေဆဲ။
အစားအစာများကို သူ့တံခါးရှေ့ အရောက်ပို့ထားပေးရာ ရန်ကိုင် အနေဖြင့် ထိုင်ရာမှထ၍ သွားယူစားလိုက်ရုံပင်။
တစ်ခါတစ်ရံ ကျောက်တုံးခန်းမှ ထွက်ပြီး ကာကွယ်သူ လေးယောက်ဆီမှ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူတို့၏ နားလည်သဘောပေါက်မှု များကို သွား၍ နည်းနာကြည့်၏။
ဤနေရာ၌ ရန်ကိုင်အဖို့ ဘာမှကိုလုပ်စရာ မလိုဘဲ အေးအေသက်သက်သာသာ နေနိုင်နေခဲ့၏။
ကောင်ကင်ဂိုဏ်းတော်သည် သူ့အတွက် ကျင့်ကြံခြင်းရော၊ ဆေးဖော်စပ်ခြင်းတွင်ပါ အကောင်းဆုံး ဖြစ်မည့် နေရာတစ်ခုကို စီစဉ်ပေးထား၏။
ထို့ကြောင့် ရန်ကိုင်လည်း အရမ်းကို ကျေးဇူးတင်နေမိ၏။ သူ့အား ယခုကဲ့သို့ ဆက်ဆံရသည့် တစ်စိတ်တစ်ပိုင်းမှာ သူ့ပါရမီနှင့် ဆေးပညာရှင် ဆိုသော အဆင့်အတန်းကြောင့် ဖြစ်ကြောင်း သိထားသော်လည်း သူ့ဂိုဏ်းတူဦးလေး လေးယောက်သည် သူ့အပေါ် တကယ်ကို ကောင်းပေ၏။
လပေါင်းများစွာ ကြာပြီးနောက် သူတော်စင် အဆင့်နိမ့် ဆေးလုံးတစ်လုံးကို မည်သည့် စိတ်ဝိဥာဉ် အစီအရင်၏ အကူအညီကို မယူဘဲ ဖော်စပ်နိုင်ခဲ့၏။
ဤသို့ဖြင့် ရန်ကိုင်လည်း သူ့ပန်းတိုင်ဆီ ခြေတစ်လှမ်း ပိုနီးကပ်သွားခဲ့ရ၏။
ထိုလအတောအတွင်း ရန်ကိုင်သည် ကောင်းကင် ဂိုဏ်းတော်အတွက် ကြောက်မခန်းလိလိ ဆေးလုံး ပမာဏကို ဖော်စပ်ပေးခဲ့လေရာ သူ့ဂိုဏ်းတူးဦးလေး၊ ဒေါ်လေးတို့ လေးယောက်စလုံး သူဖော်စပ်ခဲ့သည့် ဆေးလုံး အရေအတွက်ကြောင့် ထိတ်လန့် အံ့အားသင့် သွားခဲ့ကြရလေ၏။
ရန်ကိုင်သည် ဆေးပညာရှင် အစည်းအရုံးမှ အသိအမှတ် ပြုထားသော စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည်ဟုသာ သူတို့ သိထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် စိတ်ဝိဥာဉ် အလယ်အလတ်အဆင့်၊ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်သန့်စင်နေသည့်အခါ သူတို့ မည်မျှ အံ့အားသင့်နေမည်ကို တွေးကြည့်နိုင်ပေ၏။
ထို့အပြင် ရန်ကိုင် ဖော်စပ်ခဲ့သည့် ဆေးလုံး တော်တော်များများ၌ ဆေးသွေးကြောတို့ ပါနေခဲ့၏။
အခြေအနေ မည်မျှ အရေးကြီးကို နားလည် လိုက်သည်နှင့် ကာကွယ်သူ လေးယောက်စလုံး တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် ရန်ကိုင်၏ တည်ရှိမှုနှင့် သူ့အရည်အချင်းသည် ကောင်းကင် ဂိုဏ်းတော်၏ ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်လာခဲ့ရ၏။ မကြာခင်၌ ဖေးယုသည်ပင် ရန်ကိုင်၏ အထူးသက်တော်စောင့် တစ်ယောက် ဖြစ်လုနီးနီး ဖြစ်လာခဲ့ရသည်။ ထို့နောက်ပိုင်း ဖေးယုသည် ရှုယဉ်သာတောင်ထွတ်ဆီမှ ခွါလေ့မရှိတော့ဘဲ ရန်ကိုင်နှင့် အနီးကပ်သာ နေနေတော့လေ၏။
ဤလများအတွင်း ဖေးယုနှင့် အကြိမ်းပေါင်းများစွာ သူတွေ့ခဲ့၏။ သို့သော် တွေ့လိုက်တိုင်း ဖေးယု အမြဲမူးနေခဲ့၏။ သူမဘဝ၌ အနှစ်သက်၊ အမြတ်နိုးဆုံး အရသည် ဝိုင်သောက်ခြင်းပင် ဖြစ်လေသလားဟုပင် ရန်ကိုင် တွေးလိုက်မိ၏။ မူးနေတိုင်လည်း ဂိုဏ်းတူ ဒေါ်လေးတစ်ယောက် ရှိသင့်ရှိထိုက်သည့် ပုံစံမျိုး နည်းနည်းမျှ မရှိတော့။ တစ်ခါတစ်ရံ ရန်ကိုင်ကိုပါ ဆွဲခေါ်ပြီး ဝေးလားဝါးလား လုပ်လေရာ ရန်ကိုင်မှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေခဲ့လေ၏။
အမူးပြေသွားခဲ့သည့် အခါ၌ သူမလုပ်ခဲ့သည်များကို နည်းနည်းမျှပင် မမှတ်မိတော့လေရာ ရန်ကိုင်မှ လုံးဝကို လက်မှိုက်ချလိုက်ရလေ၏။
တစ်ခါတစ်ရံ အပြင်ထွက် အပန်းဖြေသည့် အခါ၌ ချူလင်းရှောင်ဆီ သွားလည်ပြီး သူ့ဆီမှ နည်းနာကြည့်၏။
သိုင်းပညာလမ်းစဉ်ထဲသို့ စတင်ခြေချစဉ်ကတည်းက ရန်ကိုင်သည် သူ့လမ်းသူထွင်း၍သာ ကျင့်ကြံခဲ့ခြင်း ဖြစ်ပြီး မည်သူ့ဆီကမှ စနစ်တကျ သင်ကြားပို့ချခြင်း မခံခဲ့ရ၏။ ကိုယ့်ဘာသာ စမ်းတဝါးဝါး လေ့လာနေခြင်းထက် ဆရာတစ်ယောက်နှင့် သင်ကြားရသည်က ပို၍ သာလွန်မည်မှာ သံသယရှိစရာ မလိုချေ။
သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို ရန်ကိုင် ရခဲ့သည်မှာ ကံကောင်းသွားခဲ့ပေ၏။ ထို့ကြောင့် သေဆုံးသွားသော ပညာရှင်များ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်မှုများကို စုပ်ယူနိုင်ခဲ့ကာ သူ့အတွက်လည်း အတော်လေး အကျိုးများခဲ့ရ၏။
ရန်ကိုင်ကို စိတ်ဓါတ်ကျစေသည့် တစ်ခုတည်းသော အရာကား ချူလင်းရှောင်သည် စုယန်နှင့် ရှနင်းချန်တို့ အကြောင်း လူလွှတ်၍ မေးမြန်းစုံစမ်းကြည့်ခဲ့သော်လည်း သူတို့နှင့် ပက်သက်သည့် သတင်းတစ်ခုတစ်လေကိုမှ မရခဲ့။
တုန်းရွှမ်လောကကြီးသည် လွန်စွာကိုမှ ကျယ်ပြောလှရာ ဤလောကကြီးထဲ လူနှစ်ယောက်ကို ရှာရန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက်ပင် ပို၍ ခက်ခဲမည်မှာ သံသယရှိစရာ မလိုချေ။
ဤနေရာသို့ ရောက်ပြီး လပေါင်းများစွာအကြာ၊ တစ်နေ့၌ ဆေးဖော်စပ်နေစဉ်တွင် ခပ်ဖွဖွခြေသံများကို ရန်ကိုင် ကြားလိုက်ရ၏။
ခြေသံပိုင်ရှင်သည် ဖေးယုပင် ဖြစ်ပေ၏။
သူဖော်စပ်နေစဉ်အတွင်း ဖေးယု သူ့အား တစ်ခါမှ လာမနှောင့်ယှတ်ခဲ့ချေ။ ယခုမူ ရည်ရွယ်ချက်ရှိရှိဖြင့် ဆူညံသံလုပ်ပြသည်မှာ သူ့နှင့် ဆွေးနွေးစရာ အရေးကြီး ကိစ္စ ရှိနေလို့ပင် ဖြစ်ရပေမည်။
သို့သော်လည်း ရန်ကိုင်သည် ဆေးဖော်စပ်ခြင်းကို မရပ်တန့်လိုက်ပဲ ဆက်လက် ဖော်စပ်မြဲ ဖော်စပ်နေခဲ့၏။ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကြာပြီးနောက် ဆေးမီးဖိုထဲမှ စိတ်ဝိဥာဉ် အထွဋ်အထိပ် အဆင့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။
ဆေးလုံးကို ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းပြီးသည်နှင့် ထိုင်ရာမှ ထ၍ တံခါးကိုဖွင့်ကာ အပြင်ဘက်မှ စောင့်နေသော ဖေးယုကို မေးလိုက်၏ “ဂိုဏ်းတူဒေါ်လေး ကျုပ်နဲ့ ဆွေးနွေးစရာ ရှိလို့လား”
“နင့်ကို နှောင့်ယှတ်မိသွားသေးလား”
ရန်ကိုင်က ခေါင်းခါပြလိုက်၏။
“အဲ့လိုဆို ကောင်းတာပေါ့” ဖေးယုက သက်ပြင်း ယဲ့ယဲ့လေး ချလိုက်ပြီး “ချန်းယန် နင့်ကိုရှာနေလို့။ သူအပြင်မှာ စောင့်နေတယ်”
“ကျုပ်သူ့ကို သွားတွေ့လိုက်မယ်လေ” ပြောပြီးသည်နှင့် အလျင်စလို လမ်းလျှောက် ထွက်သွားလိုက်၏။
ခဏအကြာ၌ ချန်းယန်ကို ရန်ကိုင် တွေ့လိုက်ရ၏။ သို့သော် ချန်းယန်တင်ကမ လီဝမ်နှင့် ဖေးကျန်းတို့ပါ ရှိနေခဲ့ပြီး အားလုံး၏ အမူအရာသည် တစ်မျိုးတစ်ဖုံ လေးနက်တည်ကြည် နေခဲ့လေ၏။
ထိုသုံးယောက်၏ အမူအရာကို မြင်ပြီးနောက် ရန်ကိုင်စိတ်ထဲ အတွေးများသွားခဲ့ရ၏။
“ဂိုဏ်းတူတူလေး” ရန်ကိုင်ပေါ်လာသည်ကို မြင်သည်နှင့် ချန်းယန်က နှုတ်ဆက်လိုက်၏။
“ဂိုဏ်းတူဦးလေး ကျုပ်ကို ရှာနေတယ်ဆို”
“အရင်ထိုင်လိုက်ဦး” ချန်းယန်က သူ့လက်ကို ဝှေ့ရမ်းပြလိုက်၏။
အားလုံး ထိုင်ပြီးသည်နှင့် သူ့စီနီယာများ စကားစပြောလာမည်ကိုသာ တိတ်ဆိတ်စွာဖြင့် ရန်ကိုင် စောင့်နေလိုက်၏။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ချန်းယန်က မေးလာလိုက်၏ “ဂိုဏ်းတူတူလေး၊ ဂိုဏ်းတူဦးလေးက မင်းကို သံသယရှိနေတာ မဟုတ်ပေမယ့် အတည်ပြုဖို့အတွက် မေးကိုမေးရဦးမယ်၊ အခု မင်းဘယ်အဆင့် ဆေးပညာရှင် ဖြစ်နေပြီလဲ”
လူအိုကြီးတုပြောသည့်စကားအရ ရန်ကိုင်သည် စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်ကြောင်း ချန်းယန် သိ၏။
သို့သော်လည်း ကောင်းကင်းဂိုဏ်းတော်အတွင်း၌ ရှိနေစဉ်အတွင်း ရန်ကိုင်သည် စိတ်ဝိဥာဉ် အလယ်အလတ် အဆင့်၊ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးများကိုပါ ဖော်စပ်ပြလာခဲ့လေရာ သူသည် စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် မဖြစ်နိုင်တော့ချေ။
လူအိုကြီးတုသည် ချန်းယန်ကို မလိမ်လောက်ချေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေသည်ကား ရန်ကိုင်သည် ဆေးပညာရှင် အစည်းအရုံးမှ စမ်းသပ်ချက်ကို ဖြေဆိုနေစဉ် သူ့စွမ်းဆောင်ရည်ကို ဖုံးကွယ်ထားခြင်းပဲ ဖြစ်ရပေမည်။
ဖေးယု၏ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး ရန်ကိုင်အား ရုတ်တရက် စူးစိုက်ကြည့်လိုက်ကာ ပြောလိုက်၏ “လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက ဂိုဏ်းတူတူလေး သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တယ်မလား”
ထိုစကားကို ကြားသည်နှင့် ချန်းယန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလိုလို မေးလိုက်မိ၏ “အဲ့ဒါ အမှန်ပဲလား”
“အင်း” ရန်ကိုင်က သူဖော်စပ်ထားသည့် သူတော်စင် အဆင့် ဆေးလုံးကို ထုတ်ယူပြလိုက်ပြီး “ကံကောင်းသွားတော့ ဆေးလုံးဖော်စပ်တာ အောင်မြင်သွားခဲ့တယ်လေ”
ချန်းယန်လည်း ဆေးလုံးကို အလျင်စလို စစ်ဆေးကြည့်လိုက်လေ၏။ စစ်ဆေးကြည့်ပြီးနောက် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားကာ သူ့ဘာသာ ရေရွတ်လိုက်၏ “သူတော်စင်အဆင့် ဆေးလုံးကိုတောင် ဖော်စပ်နိုင်တာလား”
“အင်း” ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ ထိုသူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်စဉ်က ရန်ကိုင်သည် မည်သည့် စိတ်ဝိဥာဉ်အစီအရင်၏ အကူအညီကိုမှ မယူခဲ့သလို ဆေးပေါင်းရည်ကိုလည်း အသုံးမပြုခဲ့ချေ။ သူ့ကိုယ်ပိုင်စွမ်းရည်ကိုသာ အားကိုးခဲ့ခြင်း ဖြစ်၏။
စိတ်ဝိဥာဉ်အစီအရင်များသည် အောင်မြင်နိုင်ချေကို တိုးမြှင့်ပေးပြီး ဆေးပေါင်းရည်သည် ဆေးလုံး အရည်အသွေးကို တိုးမြှင့်ပေးနိုင်၏။
ထိုနှစ်ခုစလုံးကိုသာ အတူတူ အသုံးပြုလိုက်မည် ဆိုပါက သူတော်စင်အဆင့်နိမ့် ဆေးလုံးတစ်လုံးကို ရန်ကိုင် အလွယ်တကူ သန့်စင်နိုင်ပေ၏။
“ဒါဆိုရင် မင်းအခု သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီပေါ့” လီဝမ်က အလန့်တကြား ဆိုလိုက်၏။
အားလုံး မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြရလေပြီ။
“ပြောလို့တော့ရတယ်။ ဒါပေမယ့် ကျုပ်ကိုယ်ကျုပ် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်လို့ပဲ တွေးထားသေးတာ” ရန်ကိုင်က ပြန်ပြောလိုက်၏။
ကာကွယ်သူလေးယောက်စလုံး အသက်ပြင်းပြင်း ရှိုက်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဖေးယုက ရုတ်တရက် တောက်ပစွာ ပြုံးလိုက်ပြီး အော်ပြောလိုက်၏ “မျှော်လင့်ချက် ရှိသေးတယ်”
“ဟုတ်တယ်” ချန်းယန်ကလည်း ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
“ဂိုဏ်းတူဦးလေးနဲ့ ဒေါ်လေးတို့အတွက် ကျုပ်ကို ဆေးလုံးတစ်လုံး ဖော်စပ်ခိုင်းစေချင်တာလား”
“ပြောရမယ်ဆိုရင်ကွာ…” ချန်းယန်က ပြန်ပြောလိုက်လေ၏ “အရင်ဆုံး မင်းကိုမေးရဦးမယ်။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ကို မင်းကြားဖူးလား”
ရန်ကိုင်က ခေါင်းခါပြလိုက်ရာ ချန်းယန်လည်း မျက်မှောင်ကြုံ့သွားခဲ့ ရုတ်တရက် ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်ကာ “ဟုတ်သားပဲ။ မင်းက အဲ့ဘက်ခြမ်းက လာတယ်ဆိုတာ ငါမေ့သွားတယ်။ အဲ့ပန်းပွင့်အကြောင်း မင်းမကြားဖူးတာလည်း သဘာဝပါပဲလေ။ တုန်းရွှမ်လောကကြီးမှာ လူသား၊ နတ်ဆိုးနဲ့ မွန်းစတားမျိုးနွယ်စု သုံးခုက မျှခြေ အခြေအနေမှာ ရှိနေတယ်ဆိုတာကို မင်းသိတယ်မလား”
“အင်း” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်၏။
“လူသားပိုင်နက်၊ နတ်ဆိုးကုန်းမြေ၊ မွန်းစတားပိုင်နက် ဆိုပြီး တုန်းရွှမ်လောကကြီးက အစိတ်အပိုင်း(၃)ခု ကွဲနေတယ်ကွာ။ လူသားပိုင်ကနက် ကတော့ အကြီးဆုံးပေါ့။ ဒုတိယနေရာမှ ရှိနေတာက နတ်ဆိုးကုန်းမြေ၊ နောက်ဆုံးကတော့ မွန်းစတား ပိုင်နက်ပေါ့။ အဲ့နယ်မြေကြီး (၃)ခုရဲ့ အလယ်မှာ ဘယ်မျိုးနွယ်စုကမှ မပိုင်တဲ့ နယ်မြေတစ်ခုလည်း ရှိနေသေးတယ်”
ထိုအကြောင်းကို တုန်းရွှမ်လောကကြီးဆီ ရောက်စဉ်က ရွှေးလင်သူ့အား ပြောပြခဲ့ဖူး၏။
“အဲ့ကြားနယ်မြေမှာ ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးလို့ ခေါ်တဲ့ ထူးခြားတဲ့ နေရာတစ်ခု ရှိတယ်။ အဲ့အရမ်းအရမ်းကို မြင့်လှတဲ့ တောင်ထိပ်မှာမှ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် တည်ရှိတာ။ ပြီးတော့ အဲ့ပန်းက နှစ်တစ်ထောင်မှ တစ်ခါပွင့်တာ။ ပိုဆိုးတာက ပွင့်ပွင့်ပြီးချင်း (၂)နာရီကျော်တာနဲ့ ညိုးခြောက်သွားရော”
“နှစ်တစ်ထောင်နတ်ဆိုးပန်းက ဘာအသုံးဝင်တာလဲ” ရန်ကိုင်လည်း အဓိကပြဿနာကို ချက်ချင်း တန်းမြင်သွားခဲ့လေ၏။
“မင်းအတွက်တော့ ဘာမှအသုံးမဝင်ဘူးပေါ့။ တကယ်တော့ မင်းအတွက်တင် မဟုတ်ဘူး။ ဒီလောကကြီးက လူအများစုအတွက် အသုံးကို မဝင်တာ။ ဒါပေမယ့် ငါတို့ကာကွယ်သူ လေးယောက်အတွက်တော့ အရမ်းကို အသုံးဝင်တာ”
“အဲ့ဒါက သူတော်စင်အဆင့်ရဲ့ နက်နဲဆန်းကြယ် မှုတွေကို နာလည်အောင် ကူညီပေးနိုင်တယ်လေ။ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ရဲ့ အကူအညီနဲ့ဆိုရင် သူတော်စင်အဆင့်ကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်တယ်လေ”
ရန်ကိုင်လည်း ထိတ်လန့်အံ့အားသင့်သွားခဲ့လေ၏။
“ဒါပေမယ့် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ အကူအညီကြောင့် ပန်းပွင့် ပွင့်ပွင့်ချင်းချင်းမှာပဲ ဆေးအရည်အဖြစ် သိပ်သည်းပစ်လိုက်ဖို့ လိုတယ်။ အဲ့လိုလုပ်နိုင်ဖို့ အနိမ့်ဆုံးလိုအပ်ချက်က စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်ပဲ”
“ဒီတော့ စီနီယာတို့ ကျုပ်အကူအညီကို လိုတယ်ပေါ့”
“အသေအချာပဲ”
“ဂိုဏ်းမှာ ကျုပ်ထက် ပိုတော်တဲ့ ဆေးပညာရှင်တွေ ရှိတယ်မလား” ရန်ကိုင်က နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်မေးလိုက်၏။
ကောင်းကင်ဂိုဏ်းတော်သည် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လေရာ ၎င်းတွင် သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ရှိနိုင်လောက်ပေ၏။ သူတော်စင်အဆင့် ဆေးပညာရှင် မရှိလျှင်ပင် စိတ်ဝိဥာဉ် အထွဋ်အထိပ် အဆင့် ဆေးပညာရှင် များစွာ ရှိမည်မှာ သေချာပေ၏။ ထိုဆေးပညာရှင်များသည် ရန်ကိုင်ထက် ပို၍ အတွေ့အကြုံ ကြွယ်ဝရင့်ကျက်မည်မှာ သံသယ ရှိစရာ မလိုချေ။
“ဟုတ်တယ်။ ဒါပေမယ့် သူတို့တွေက ငါတို့ဂိုဏ်းရဲ့ ဂုဏ်သရေရှိဧည့်သည်တွေလေ။ ဒီတစ်ခေါက်ခရီးက တော်တော်လေး အန္တရာယ်များမှာ ဆိုတော့ ငါတို့ တောင်းဆိုတာကို သူတို့ အလျင်စလို သဘောတူမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဆေးပညာဆိုင်ရာ နည်းလမ်းတွေက မင်းထက် သာလွန်နေရင်တောင် သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က ကျိန်းသေ နိမ့်ကျနေမှာ”
“ကျုပ်နားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ဂိုဏ်းတူဦးလေး ပြောချင်တာက နှစ်တစ်ထောင်ပန်းပွင့်ကို လိုချင်နေတဲ့လူ အများကြီး ရှိတယ်ပေါ့”
“မင်းထင်တာထက်တောင် များသေးတယ်” ချန်းယန် အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြီး အသာအယာ သက်ပြင်းချလိုက်လျက် “နှစ်တစ်ထောင်မှ တစ်ခါပွင့်တော့ အာရုံစိုက်ခံရတာ မထူးဆန်းဘူးလေ။ ငါတို့တောင် အဲ့ပန်း ပွင့်တော့မယ့်အကြောင်း သတင်းတွေ ရမှတော့ အခြားလူတွေလည်း သတင်းရမှာပေါ့။ သူတော်စင်အဆင့်ကို ချိုးဖျက်ချင်တဲ့ ဘယ်သူမှ အဲ့ပန်းပွင့်ကို ရနိုင်ဖို့ တိုက်ခိုက်ကြမှာပဲလေ”
“ဂိုဏ်းတူတူလေး၊ ဒီတစ်ကြိမ်ခရီးက အတော့်ကို အန္တရာယ်များတာ ဆိုတော့ နင်မလိုက်ချင်လည်း ပြောနော်။ ငါတို့ နင့်ကို တွန်းအားမပေးဘူး” ဖေးယုက ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်၏။
“ကျုပ်သွားမှာပေါ့” ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်၏ “ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ သူတော်စင်အဆင့် ချိုးဖျက်နိုင်မယ့် အခွင့်အရေးကို ကျုပ်က ဘယ်လိုလုပ်ပြီး လက်လွှတ်ပေးလိုက်လို့ ဖြစ်ပါ့မလဲ”
ဖေးယု၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ရန်ကိုင်အား ကျေးဇူးတင်တကြီး ကြည့်လိုက်၏။
“လူလိမ္မာလေးပဲကွ။ ဂိုဏ်းတူဦးလေး မင်းကို ဂရုစိုက်ခဲ့ရတာ အချည်းနှီး မဖြစ်ဘူးပဲ” လီဝမ်က ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။
“အဲ့လိုဆိုရင် မင်းပြင်ထားလိုက်တော့။ အရမ်းကြီးလည်း လောနေစရာ မလိုဘူး။ နောက်ငါးရက်ကြာမှ ထွက်မှာ” ချန်းယန်က ပြောလိုက်၏။
ရန်ကိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်၏။
“ဒီတစ်ကြိမ် ငါတို့အောင်မြင်မြင်၊ မအောင်မြင်မြင် ဂိုဏ်းတူတူလေးကို ကျေးဇူးတင်ပါတယ်” ဖေးယုက သိမ်မွေ့စွာ ဆိုလိုက်၏။
“ဂိုဏ်းတူဒေါ်လေးနဲ့ ဦးလေးတို့က ကျုပ်ကို အရမ်း ဂရုစိုက်ပေးခဲ့တာလေ။ ကျုပ်ကူညီပေးနိုင်တာရှိရင်လည်း ကူညီပေးရမှာပေါ့”
ရန်ကိုင်အား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေပြီးနောက် ဖေးယုက ရုတ်တရက် ပြုံးလိုက်ပြီး မေးလိုက်၏ “ငါရေးသွားချိုးတော့မယ်။ နင်ကော ချိုးချင်လား”
ရန်ကိုင် မျက်နှာ ချက်ချင်းဆိုသလို မည်းမှောင်သွားခဲ့ပြီး “ဂိုဏ်းတူဒေါ်လေး သောက်ထားပြန်တာလား”
“ဟန့်၊ ပျော်စရာလည်း မကေငါ်းဘူး” ဖေးယုက သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး ရန်ကိုင်ရှေ့မှ ပျောက်ကွယ်သွားလေ၏။
ရန်ကိုင်မှာ ခေါင်းလေး တရမ်းရမ်းဖြင့်သာ ကျန်ရစ်ခဲ့လေ၏။ သူ့ဂိုဏ်းတူဒေါ်လေး၏ အထိန်းအကွပ် မရှိ လွတ်လွတ်လပ်လပ် ပြုမူတတ်သော အပြုအမူသည် အရမ်းကို ကိုင်တွယ်ရခက်ပေ၏။ တစ်ခါတစ်ရံ သူမပြောလိုက်သော စကားများကြောင့် ရန်ကိုင်မှာ ဘာမှပင် ပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့ရသည့် အခါမျိုးပင် ရှိခဲ့သေး၏။
နောက်ငါးရက်အတွင်း ရန်ကိုင်သည် ဘာကိုမှ အထူးတလည် ပြင်ဆင်မနေခဲ့ဘဲ ပုံမှန်အတိုင်းသာ ဆေးဖော်စပ်နေခဲ့၏။
ငါးရက်ကြာပြီးနောက်၊ ကျောက်တုံးခန်းထဲမှ လမ်းလျှောက် ထွက်လာလိုက်ရာ အပြင်ဘက်တွင် စောင့်နေသော ဖေးယုနှင့် သွားတိုး၏။ သူပေါ်လာသည်ကို မြင်သည်နှင့် ဖေးယုက နွေးထွေးစွာ ပြုံလိုက်ပြီး လက်ယပ်ခေါ်လိုက်၏။
“ဂိုဏ်းတူဦးလေး ချန်းယန်နဲ့ ကျန်တဲ့လူတွေကော” ရန်ကိုင်က မေးလိုက်၏။
“သူတို့ အပြင်မှာစောင့်နေတယ်”
လိုဏ်ဂူထဲမှ ထွက်လာသည်နှင့် ချန်းရန်၊ လီဝမ်နှင့် ဖေးကျန်းတို့သည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ရေတံခွန်အောက်၌ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
================================