အခန်း (၆၉၆-၇၀၀)
Vol. 28 Ch. 696-700
အပိုင်း(၆၉၆) အတူတူ ခရီးသွားခြင်း
——————————————————————
ရန်ကိုင် ပေါ်လာသည်နှင့် အချိန်မဖြုန်းတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်ကာ ချက်ချင်း စထွက်တော့လေ၏။
မသေမျိုးအဆင့် ပညာရှင်လေးယောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ကြပြီး ရန်ကိုင်က နောက်မှလိုက်သွာခဲ့၏။
ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်ရာ ကာကွယ်သူလေးယောက်စလုံး အံ့အားသင့်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ရန်ကိုင်သည် ဖေးယု ပေးထားသော မူလကျောက်ကွင်းများကို ဝတ်ဆင်ထားလျက် ပျံသန်းနေသောကြောင့်ပင် ဖြစ်၏။ ကီလိုဂရမ် ထောင်ပေါင်းများစွာ လေးလံသော ကျောက်ကွင်းများကို သယ်၍ ပျံသန်းနေသော်လည်း သူ့အမူအရာသည် ပုံမှန်အတိုင်းသာ ရှိနေခဲ့၏။
ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတာပဲ။ နတ်ဆိုးမျိုးနွယ်စုက ကောင်တွေထက်တောင် ပိုကြံ့ခိုင်သေးတယ်
သူတို့လေးယောက်စလုံး ထိုကဲ့သို့ အလိုလို တွေးမိလိုက်ကြ၏။
ပျံသန်းပြီး မကြာခင်မှာပဲ ချန်းယန် ရုတ်တရက် ရပ်တန့်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။ ထိုအချိန်မှာပင် ရန်ကိုင်လည်း သူတို့အား အော်ခေါ်နေသော အသံများကို ကြားလိုက်ရ၏။ ငုံကြည့်လိုက်ရာ မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်နေသည့် လူအိုကြီးတစ်ယောက်နှင့် သူတို့အား လက်ဝှေ့ရမ်း ပြနေသည့် မိန်းမငယ်လေး တစ်ယောက်ကို တွေ့လိုက်ရ၏။
“လူအိုကြီးတုပဲ” ချန်းယန် အံ့အားသင့်သွားခဲ့ပြီး လက်ဝှေ့ရမ်းလိုက်ကာ “ဆင်းကြည့်ရအောင်”
ဤသို့ဖြင့် ရန်ကိုင်တို့လည်း မြေကြီးပေါ် ဆင်းလိုက်ကြလေ၏။ ရန်ကိုင် ဆင်းလာသည်ကို မြင်သည်နှင့် မီနာက ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး စတင် စောဒကတက်တော့လေ၏ “အစုတ်ပလုတ်ကောင်၊ အားရင် ကျောက်တုံးမြို့တော်ဆီလာပြီး ငါ့ကို လာတွေ့မယ်ဆို။ အခုတော့ လနဲ့သာချီသွားတယ်။ ငါ့ကို တစ်ကြိမ်လေးတောင် လာမတွေ့ဘူး”
“အ… အာ၊ ငါလည်း နည်းနည်း အလုပ်ရှုပ်နေတော့ အဲ့ကိစ္စကို မေ့သွားလို့၊ ဟဲဟဲ” ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ပြန်ပြောလိုက်တယ်။
“တကယ်ရော ဟုတ်လို့လား။ ဒါမှမဟုတ် ငါ့ဆေးပညာ အရည်အချင်းက နင့်လောက် မမြင့်လို့ ငါကို မတွေ့ချင် ဖြစ်နေတာလား” မိနာက လက်လေးပိုက်လျက် စွပ်စွပ်စွဲစွဲ လေသံဖြင့် ရန်ကိုင်အား မေးမြန်းလိုက်၏။
“အဲ့လိုမဟုတ်ဘူး” ရန်ကိုင်က သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းပြလိုက်ပြီး “ငါတကယ်ကို အလုပ်ရှုပ်နေလို့ပါဟာ”
“အမှန်အတိုင်း ပြောရင် ပိုကောင်းလိမ့်မယ်နော်။ နင်ငါ့ကို လိမ်နေမှန်း ငါသိသွားခဲ့ရင်တော့ နင်တစ်သက် မမေ့လောက်မယ့် သင်ခန်းစာမျိုး ပေးလိုက်မှာ” မိနာက နှာခေါင်းရှုံ့လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏ “ငါလည်း နင်နဲ့အဆင့်တူ စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပါပြီနော်။ ဒါကြောင့် အရမ်းကြီး မောက်မာပြမနေနဲ့။ သတိမထားရင် နင့်နေရာကိုတောင် ငါယူသွားနိုင်တယ်”
ထိုမြင်ကွင်းကို ကြည့်ရင်း လူအိုကြီးတု ပြုံးလိုက်ပြီး သူမျက်ဝန်းအစုံ ရုတ်တရက် လက်သွားခဲ့ကာ “မိနာ၊ မိတ်ဆွေးလေးရန်က အရင်နဲ့ မတူတော့ဘူး”
“ဘယ်လို၊ ဘာတွေ မတူတော့တာလဲ” မိနာက နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်မေးလိုက်၏။
“မိတ်ဆွေးလေးရန်၊ မင်းအခုဆို စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီမလား” လူအိုကြီးတုက ရန်ကိုင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
ရန်ကိုင်လည်း ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကုတ်လိုက်ပြီး လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏ “လူအိုကြီးတုကို အားနာစရာပဲ။ ဆေးပညာရှင် အစည်းအရုံးမှာကလည်းက ကျုပ်က ဟိုလျှိုဒီလျှို လုပ်ခဲ့တာ။ တကယ်တော့ ကျုပ်က ဟိုးလတွေကလည်းက စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေခဲ့တာ”
လူအိုကြီးတု မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို အလန့်တကြား စိုက်ကြည့်လိုက်လေ၏။ မိနာကမူ ပါးစပ်လေးကို လက်ဖြင့်အုပ်လျက် ဘာမှပင် မပြောနိုင်တော့ဘဲ ရန်ကိုင်ကိုသာ တွေတွေကြီး စိုက်ကြည့်နေခဲ့လေ၏။
“အဲ့လိုကိုး” လူအိုကြီးတုက ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ဒီလူအိုကြီးတုက မိတ်ဆွေးလေးကို အထင်သေးမိတဲ့ပုံပဲ။ အဲ့ကိစ္စကို မိတ်ဆွေးရန် စိတ်ထဲ ထားစရာ မလိုပါဘူး။ အခုလိုမျို အမှန်အတိုင်း ပြောပေးတာနဲ့တင် ဒီလူအိုကြီး အတော့်ကို ကျေနပ်မိနေပါပြီ”
“ကျုပ်စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်မှန်း လူအိုကြီးတု ဘယ်လိုလုပ်ပြီး သိတာလဲ” ရန်ကိုင်က မေးလိုက်၏။
“ချန်းယန်နဲ့ မင်းတို့က ဝဲပျံတိမ်တိုက်မြို့တော်ဆီ သွားနေတာမလား။ အခုလောလောဆယ် အဲ့ကို သွားနေတဲ့ ဆေးပညာရှင်တွေ အကုန်လုံးက အနည်းဆုံး စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တွေပဲလေ” လူအိုကြီးတုက ပြုံးကာ ပြောလိုက်၏။
ထိုစကားကို ကြားသည်နှင့် ချန်းယန် အမူအရာ ပြောင်းလဲသွားခဲ့ပြီး “လူအိုကြီးတုလည်း အဲ့ကိုသွားဖို့ စီစဉ်နေတာလား”
“အမှန်ပဲ။ ဒီလူအိုကြီးက မင်းတို့ကို ဒီနေရာမှာ ကြိုစောင့်နေတာ။ သွားရမှာ အဝေးကြီးဆိုတော့ ငါနဲ့ အဖော်ပြုပေးမယ့် သက်တော်စောင့် နည်းနည်းလောက် ရှာချင်လို့လေ” လူအိုကြီးက အတည်ပေါက်လိုလို၊ နောက်ပြောင်နေသလိုလိုဖြင့် ပြောလိုက်၏ “ဒါပေမယ့် ဒီလူအိုကြီး အဲ့ကိုသွားတာ ပွင့်လာတော့မယ့် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်နဲ့ ဘာမှမဆိုင်ဘူး။ မိနာကို အမြင်ကျယ်သွားအောင် ခေါ်သွားပြချင်ရုံပဲ။ ဒီကောင်မလေးက ကောင်းကင်နဲ့မြေပြင်ရဲ့ နက်ရှိုင်းမှုကို မသိဘဲ သူ့ကိုယ်သူ တစ်မိုးအောက်မှာ အတော်ဆုံး ဆေးပညာရှင်လို့ ထင်နေတာလေ။ ဒီခရီးက သူ့အတွက် အတော်လေး အကျိုးရှိမယ်လို့ ငါယုံကြည်တယ်”
“လူအိုကြီးတု၊ ကျွန်မ အဲ့လို မတွေးပါဘူးနော်” မိနာက မတရားခံရသည့် အမူအရာလေးဖြင့် ကန့်ကွက်စကား ဆိုလိုက်လေ၏။
ရန်ကိုင်ကို မတွေ့ခင်က မိနာသည် အမှန်ပင် သွေးနားထင် ရောက်နေသော မိန်းကလေးတစ်ဦး ဖြစ်၏။ သူမသည် အတော်လေးကို ငယ်သေးသော်လည်း ဆန်းကြယ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေသည့်အပြင် လူအိုကြီးတုနှင့် သူမ ဆရာရီရှုန်းတို့သည် သူမအား မျှော်လင့်ချက်ကြီးကြီး ထားပြီး ဆေးပညာရှင်အစည်းအရုံး အခွဲ၏ ဆက်ခံသူအဖြစ် ပျိုးထောင်လေ့ကျင့်ပေးနေရာ မိနာ သွေးနားထင်ရောက်နေသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော်လည်း ရန်ကိုင်နှင့် တွေ့ပြီးနောက် သူမ၏ မာနတို့ အစိတ်စိတ် ကျိုးကြေသွားခဲ့ရ၏။ လအနည်းငယ် ကြာပြီးနောက် ရန်ကိုင်နှင့် ပြန်တွေ့သည့်အခါ သူမသည် စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပြီဟု ရန်ကိုင်အား ကြွားလုံးထုတ်ခဲ့၏။ သို့သော်လည်း ထိုသကောင့်သားသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မိနာ မထင်ထားခဲ့ချေ။
ထိုအကြောင်းကို ပြန်စဉ်းစားမိသည်နှင့် မိနာ၏ မျက်နှာလေး ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့ပြီး တွင်းတစ်တွင်းလောက် တူးပြီးတော့သာ ပြေးပုန်းလိုက်ချင်မိတော့လေ၏။ လူအများကြီးရှေ့၌ သူမကိုယ်သူမ အရှက်ရအောင် လုပ်မိခဲ့လေ၏။
လူအိုကြီးတုက ရယ်မောလိုက်ပြီး “နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်က ပွင့်တော့မှာဆိုတော့ အဲ့နေရာမှာ ဆေးပညာရှင်တွေ အများကြီး ရှိနေမှာ အသေအချာပဲ။ ဒီလို အခိုက်အတန့်မျိုးဆိုတာ အရမ်းအရမ်းကို မြင်ရခဲလှတာ ဆိုတော့ ဒီလူအိုကြီးလည်း တစ်ချက်လောက် သွားကြည့်ချင်လို့။ အဆင်ပြေရင် ငါတို့ အတူသွားကြမယ်လေ”
“လူအိုကြီးတုက အရမ်း ယဉ်ကျေးနေတာပဲ” ချန်းယန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ကျုပ်တို့ အားလုံးက ဝဲပျံတိမ်တိုက်မြို့တော်ဆီ သွားမှာဆိုတော့ အတူတူသွားကြတာပေါ့။ အဲ့လိုဆိုရင် လမ်းမှာ တစ်ယောက်ကို တစ်ယောက် အချင်းချင်း ကူညီရိုင်းပင်းလို့ ရတယ်လေ”
လူအိုကြီးတု ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။
ထို့နောက် မသေမျိုးအဆင့် ကောင်းကင်ဂိုဏ်းတော်၏ ကာကွယ်သူလေးယောက်သည် လူအိုကြီးတုနှင့် မိနာတို့အား အစစ်အမှန်ချီဖြင့် ရစ်ပတ်၍ ဝဲပျံတိမ်တိုက်မြို့ ရှိရာဆီ ပျံသန်းသွားလိုက်လေ၏။
မိနာ စိတ်နှင့်ကိုယ် မကပ် ဖြစ်နေသည်ကို မြင်သော် ရန်ကိုင်လည်း သူ့စိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရပြီး အလျင်အမြန် မေးလိုက်လေ၏ “နင်အဆင်ပြေရဲ့လား”
“မပြေဘူး။ နင်အရမ်းလွန်တာပဲ” မိနာက နှုတ်ခမ်းလေးကို ကွေးလိုက်လျက် ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်လေ၏။
“ငါအရမ်းလွန်တာလား” သူမစကားကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရ၏။
မိနာ တပ်တလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး ရုတ်တရက် ခက်ထန်သည့် အမူအရာဖြင့် ပြောလိုက်၏ “ဒါပေမယ့် နင့်ကိုယ်နင် ဘဝင်လေဟပ် မနေနဲ့ဦး။ လူအိုကြီးတု ပြောတဲ့ပုံအရဆို ငါသာ ကြိုးကြိုးစားစား လေ့ကျင့်နေသရွေ့ တစ်နေ့ နင့်ကို ကျော်တက်သွားနိုင်လိမ့်မယ်”
“ငါက ဘဝင်လေဟင်နေတဲ့ လူနဲ့ တူလို့လား” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်မေးလိုက်၏။
“နင်မျက်နှာပေါ်မှာ ဘာမှမဖော်ပြပေမယ့် နင့်စိတ်ထဲမှာ အရမ်းကို ဂုဏ်ယူနေမယ်ဆိုတာ ငါသိတယ်”
ရန်ကိုင် မိနာအား တစ်ခဏကြာသည်အထိ ငေးကြောင် စိုက်ကြည့်နေပြီးနောက် ခေါင်းခါရမ်း၍ သက်ပြင်းချလိုက်၏ “နင့်က အကောင်းဘက်က နည်းနည်းလေးမှ မတွေးနိုင်ဘဲကိုး”
ဂျူနီယာနှစ်ယောက် ငြင်းခုံနေသည်ကို ကြည့်ရင်း အဖွဲ့ထဲရှိ ကျန်လူများအားလုံး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။ ဤခရီးသည် လုံးဝကို ခြောက်ကပ်ကပ်ကြီး ဖြစ်မည့်ပုံမရတော့ပါချေ။
ကောင်းကင်ဂိုဏ်းတော်သည် သူတို့ သွားနေသည့် နေရာနှင့် အတော်လေးကို ဝေး၏။ ကာကွယ်သူ လေးယောက်ကဲ့သို့ အားကောင်းသော လူများပင်လျှင် ဝဲပျံတိမ်တိုက်မြို့သို့ ရောက်ရန် အနည်းဆုံး တစ်လ ခရီးနှင်ရပေ၏။
တစ်လဆိုသည်မှာလည်း အရှိန်ကုန်သုံး၍ ပျံသန်းသည့် အချိန်ကိုသာ ဆိုလို၏။
ကံကောင်းစွာဖြင့် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ပွင့်လာရန် အချိန်လိုနေသေးရာ ချန်းယန်နှင့် ကျန်သူများလည်းလည်း ပျာယာခတ်မနေခဲ့ချေ။
နားလိုက်ပျံသန်းလိုက် လုပ်နေရင်း နောက်ဆုံး၌ တုန်းရွှမ်လောကကြီး၏ သဘာဝတရားကို ရန်ကိုင် ခံစားနေခဲ့လေ၏။ ဤတုန်းရွှမ် လောကကြီး၌ မရေမတွက်နိုင်သော အင်အားစုကြီး၊ အင်အားစုငယ်ပေါင်း များစွာ ရှိနေခဲ့ပြီး နေ့စဉ်နှင့်အမျှ ထိုအင်အားစုပေါင်းများစွာ ဖျက်စီးခံနေခဲ့ရ၏။ သို့သော်လည်း မိုးပြီးနောက် အသစ်ပေါက်လာသည့် ဝါးစို့လေးများပမာ အင်အားစုများ မည်မျှပင် ပျက်စီးပါစေ အသစ်အသစ်သော အင်အားစုများသည် ထွက်ပေါ်မြဲ ထွက်ပေါ်လာနေဆဲပင်။
ထို့ပြင် လမ်းတစ်လျှောက်၌ ဆေးပညာရှင် ကိုယ်စီနှင့် ဝဲပျံတိမ်တိုက်မြို့သို့ ခရီးနှင်နေသည့် အဖွဲ့ပေါင်း များစွာကိုလည်း သူတို့ တွေ့ခဲ့ရ၏။ ထိုကဲ့သို့ အဖွဲ့တစ်ခုနှင့် တွေ့လိုက်သည်နှင့် အားလုံး သတိချပ်လိုက်ကြပြီး တစ်ဖွဲ့ကိုတစ်ဖွဲ့ အလျင်စလို ရှောင်ရှားသွားခဲ့ကြ၏။
အချိန်တွေ ကြာလာသည်နှင့်အမျှ ဝဲပျံတိမ်တိုက် မြို့တော်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ နီးကပ်လာသည်နှင့် အန္တရာယ် အငွေ့အသက်သည်လည်း ပို၍ ပြင်းထန်လာခဲ့၏။ ချန်းယန်၊ ဖေးယု၊ လီဝမ်နှင့် ဖေးကျန်တို့သည် အစဉ်မပြတ် သတိထားနေရင်း ရန်ကိုင်၊ လူအိုကြီးတုနှင့် မိနာတို့၏ လုံခြုံရေးကို အထူးဂရုစိုက်နေခဲ့ကြ၏။
ရက်နှစ်ဆယ်ကြာပြီးနောက် မသေမျိုးအဆင့် ပညာရှင်များကြားမှ တိုက်ပွဲတစ်ပွဲကို ရန်ကိုင်တို့ မြင်တွေ့လိုက်ရ၏။
နှစ်ဖက်အဖွဲ့သည် လူအင်အားရာ၊ ခွန်အားချင်းပါ တူညီလုနီးနီး ဖြစ်နေခဲ့ရာ တိုက်ပွဲမှ မပြီးပြတ်နိုင် ဖြစ်နေခဲ့ရ၏။
သို့သော်လည်း သူတို့မှာ တိုက်ပွဲပြီးသည်နှင့် ရပ်စောင့်ကြည့်ရန် အားယားမနေလေရာ ထိုတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို သူတို့ မသိလိုက်ရချေ။
ပထမတိုက်ပွဲနောက်ပိုင်း၊ မသေမျိုးအဆင့် ပညာရှင်များကြား တိုက်ပွဲများ အကြီးအကျယ် ဖြစ်လာသည်ကို ရန်ကိုင်တို့အဖွဲ့ သတိပြုမိလိုက်၏။ ပထမတစ်နေ့ပြီးနောက် နောက်ရက်တိုင်းလိုလို လမ်းတစ်လျှောက်၌ တိုက်ပွဲဖြစ်ပွါးခဲ့သည့် အရိပ်အယောင်များကို တွေ့ခဲ့ရ၏။
ချန်းယန် ပြောပုံအရ ထိုပညာရှင်များသည် တိုက်ပွဲမစမီ သူတို့၏ ပြိုင်ဘက်များကို ကြိုတင် သုတ်သင်ထားခြင်း ဖြစ်၏။
ရန်ကိုင် တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီး နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် မည်မျှ ဆွဲဆောင်အား ပြင်းလဲဆိုသည်ကို တဖြည်းဖြည်း နားလည်လာခဲ့၏။
သို့သော်လည်း ရန်ကိုင်ကို နားမလည်နိုင် ဖြစ်စေသည်ကား ထိုအဖြစ်အပျက်သည် လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုဝင် များကိုပင် ဆွဲဆောင်နိုင်သော်လည်း သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ကိုမှပင် မတွေ့ခဲ့ရခြင်းပင်။
ချန်းယန်ကို မေးကြည့်သည့်အခါ ချန်းယန်က ပြုံး၍ ပြန်ပြောလိုက်၏ “ဒီကိစ္စမှာ သူတော်စင်အဆင့် ပညာရှင်တွေ ဝင်ပါမှာမမဟုတ်ဘူး။ ဒါပေမယ် အားလုံး မပြောဘဲ သဘောတူထားတဲ့ စည်းမျဉ်းတစ်ခုပဲ။ နှစ်တစ်တောင်နတ်ဆိုးပန်းပွင့်က သူတော်စင်အဆင့် ချိုးဖျက်တော့မယ့် မသေမျိုးအဆင့် ပညာရှင်တွေ အတွက်ပဲ အသုံးဝင်တာ။ လူသားဖြစ်ဖြစ်၊ နတ်ဆိုးဖြစ်ဖြစ်၊ မွန်းစတားဖြစ်ဖြစ်၊ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ကို လိုချင်တယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးမှပဲ ရလိမ့်မယ်”
“အဲ့ဒါက တစ်ချက်ပဲ ရှိသေးတယ်” လူအိုကြီးတုက ရုတ်တရက် ဝင်ပြောလိုက်၏ “နောက်ထပ်ပိုအရေးကြီးတဲ့ အချက်တစ်ချက် ရှိသေးတယ်”
“အို… ရှင်းပြပေးပါဦး လူအိုကြီးတု” ချန်းယန်လည်း နောက်ထပ်အချက်တစ်ချပ် ထပ်ရှိနေသေးလိမ့်မည်ဟု မထင်ထားခဲ့ရာ လူအိုကြီးတု ပြောသည်ကို ကြားသည်နှင့် အံ့အားသင့်သွားခဲ့လေ၏။
ရန်ကိုင်နှင့် မီနာတို့သည်လည်း လူအိုကြီးတုဆီ လှမ်း၍ ကြည့်လိုက်ကြ၏။
“နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်က တုန်းရွှမ်လောကကြီးက မဟုတ်ဘူး” လူအိုကြီးတုက အလျင်အမြန် ရှင်ပြးလိုက်၏။
အားလုံး အတွေးနက်သွားခဲ့ကြလေ၏။ တစ်ခဏလောက် စဉ်းစားနေပြီးနောက် ဖေးယုက အံ့ဩတကြီးဖြင့် ပြောလိုက်၏ “ကြယ်တာရာ ကောင်းကင်ကလား”
“ဟုတ်တယ်။ အဲ့လို ပြောလို့ရတယ်” လူအိုကြီးတုက အသာအယာ ခေါင်းညိတ်လိုက်ပြီး “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကြယ်တာရာကောင်းကင်ကနေ ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ် အစေ့တစ်စေ့ ပြုတ်ကျလာခဲ့တယ်။ အဲ့နောက်ပိုင်း နှစ်ပေါင်းတစ်ထောင်လောက် ကြာပြီးတဲ့နောက်ပေါ့… ဘယ်သူမှ မမြင်ဖူးတဲ့ အပင်တစ်ပင် အဲ့မှာ ပေါက်လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့ သာမန်လူတစ်ယောက်ကြောင့် အဲ့အပင်က မမျှော်လင့်ပဲ အပွင့်ပွင့်လာခဲ့တယ်လေ။ အဲ့နောက်ပိုင်း အဲ့ပန်းပွင့်ရဲ့ မှော်ဆန်ဆန် စွမ်းရည်အကြောင်းကို တစ်လောကလုံး သိသွားခဲ့ကြတယ်။ သတင်းပျံ့သွားတာနဲ့ မျိုးနွယ်စုသုံးခုကြား အကြီးအကျယ် ဂယက်ရိုက်သွားပြီး မြင်ရလေ့မရှိတဲ့ သူတော်စင်အဆင့် ပညာရှင်တွေတောင် မသေမျိုးအဆင့် သူတို့ ဂျူနီယာတွေ အဆင့်ချိုးဖျက်ရာမှာ ဝင်ကူပေးဖို့ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ဆီ သွားခဲ့ကြတယ်လေ။ ဒီလိုနဲ့ နောက်ထောင်စုနှစ် ကုန်ဆုံးသွားပြီးတဲ့နောက် သူတော်စင်အဆင့် ပညာရှင်အများကြီးက နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို ရယူဖို့ ကြိုးစားကြတာပေါ့။ နောက်ဆုံး လူသားမျိုးနွယ်စုက အောင်နိုင်သူ တစ်ယောက် ထွက်ပေါ်လာပြီး ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ် တက်သွားတယ်။ ဟိုရောက်လည်း ရောက်ရော နှစ်တစ်ထောင်ပန်းပွင့်က ပွင့်ပြီးတာနဲ့ ညိုးခြောက်သွားတာပဲ”
“ဘာလို့ အဲ့လိုဖြစ်တာလဲ” အကုန်လုံး နားမလည်နိုင် ဖြစ်သွားခဲ့ကြလေ၏။
“ဘာကြောင့်မှန်း ဘယ်သူမှမသိကြဘူး။ အဲ့အချိန်ကစပြီး နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်နဲ့ ပက်သက်တဲ့ တိုက်ပွဲမှာ ဘယ်သူတော်စင်အဆင့် ပညာရှင်မှ ဝင်မပါတော့တာပဲ။ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ရဲ့ အရှိန်အဝါ ထွက်ပေါ်လာပြီ ဆိုတာနဲ့ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ပွင့်လာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးဆီ သွားတဲ့ကျင့်ကြံသူ အားလုံးက အများအားဖြင့် မသေမျိုးအဆင့်တွေပဲ ဖြစ်နေကြတာ”
“ဒီလို ထူးထူးဆန်းဆန်း ဖြစ်စဉ်ကြီးက တကယ့် အမှန်တရားကြီးလား” လီဝမ်က ရေရွတ်လိုက်၏။
“ကြယ်တာရာကောင်းကင်က ပစ္စည်းကို သာမန် အမြင်နဲ့ သွားကြည့်လို့ မရဘူးလေ” လူအိုကြီးတက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။
“လူအိုကြီးတု၊ ကြယ်တာရာကောင်းကင်ထဲ ဖြတ်သွားဖူးတဲ့ ကျင့်ကြံသူတွေ ရှိခဲ့ဖူးလား” ချန်းယန်က မျက်ခုံးကြုံ့လျက် မေးလိုက်လေ၏ “ကြယ်တာရာ ကောင်းကင်နဲ့ ပက်သက်တဲ့ ဇာတ်လမ်းတွေ အများကြီး ကြားခဲ့ဖူးပေမယ့် ကြယ်တာရာကောင်းကင်က ဘယ်လို နေရာမျိုးလဲ ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြဘူး”
“ဒီလူအိုကြီးလည်း သေချာသိတာ မဟုတ်ဘူး” လူအိုကြီးတုက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “နတ်ဆိုး မျိုးနွယ်စုဝင်တွေကတော့ သူတို့ရဲ့ တစ်ခါတစ်ခါ ထွန်းတောက်ခဲ့တဲ့ အကြီးကျယ်ဆုံးသော ပညာရှင် မဟာနတ်ဆိုးနတ်ဘုရားက ကြယ်တာရာ ကောင်းကင်ထဲ အောင်အောင်မြင်မြင် ဝင်သွားနိုင်ခဲ့တယ်လို့ ပြောကြတာပဲ။ လူသားမျိုးနွယ်စုနဲ့ မွန်းစတားမျိုးနွယ်စုဝင် ကြားမှာတောင် အဲ့လိုကောလဟာလတွေ ပျံ့နေတာ။ ဒါပေမယ့် မှန်မမှန်ကိုတော့ ဘယ်သူမှ မသိကြဘူး”
ရန်ကိုင် မျက်ဝန်းအစုံ လင်းလက်သွားခဲ့သော်ငြား ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ချေ။
မဟာနတ်ဆိုး နတ်ဘုရားသည်သည် ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်နိုင်ခဲ့ပြီး သေသွားပြီကို သိသော်လည်း ထိုကိစ္စသည် ထုတ်ပြော၍ ကောင်းသည့် အရာ မဟုတ်။ လူသားမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့ကြား မသင့်မြတ်နိုင့်သည့် အမုန်းတရားတို့ ရှိနေလေရာ တစ်ဖက်မှ အောင်မြင်သွားချိန် အခြားတစ်ဖက် မအောင်မြင်ဟု မည်သူမှ ဝန်ခံချင်လိမ့်မည် မဟုတ်ချေ။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၇) အမှန်တကယ် ကံဆိုးခြင်း
——————————————————————
ကောင်းကင်ဂိုဏ်းတော်နှင့် လူအိုကြီးတုတို့သည် ရန်ကိုင်အပေါ် အတော်လေး ကောင်းကြ၏။ ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုးကလန်နှင့် အဆက်အသွယ် ရှိနေကြောင်း သိသွားမည်ဆိုပါက သူ့အား ရှေးဟောင်းနတ်ဆိုးကလန်အပေါ် သစ္စာဖောက်ရန် တိုက်တွန်းကြပေလိမ့်မည်။
ထိုကဲ့သို့ အဖြစ်အပျက်မျိုး ရန်ကိုင် မမြင်ချင်ချေ။
နတ်ဆိုးနတ်ဘုရားမြို့တော်ထဲ နေစဉ်အတွင်း လီရုနှင့် ဟန်ဖေးတို့သည် သူ့အား အတော်လေးကို ဂရုစိုက်ခဲ့၏။ သူ့စိတ်ထဲတွင် ရှေးဟောင်းနတ်ဆိုးကလန်သည် လေးစားယုံကြည်မှုနှင့် ထိုက်တန်သည်ဟု ခံစားနေခဲ့ရ၏။
သူတို့ စကားပြောနေစဉ် အားလုံး အနားယူနေခဲ့ကြ၏။
ညအချိန်၌ မငြိမ်းနိုင်သော မီးပုံမှ မီးရောင်ကြောင့် တောအုပ်ကြီးထဲ၌ အရောင်ဖြိုးဖြိုးဖျက်ဖျက် လက်နေခဲ့၏။
မိနာသည် ရန်ကိုင်တဲထဲ ခိုးဝင်လာခဲ့ပြီး ကျင့်ကြံနေသော သူ့အား လာနှိုးခဲ့၏။ ရန်ကိုင်လည်း မျက်လုံးဖွင့်ပြီး သူမအား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
“ငါ့နောက်လိုက်ခဲ့” တိုးတိုးလေး ပြောလိုက်ပြီးနောက် အနီးအနာရှိ တောအုပ်ထဲ လမ်းလျှောက်သွားခဲ့လေ၏။
ရန်ကိုင်လည်း သူမနောက် လိုက်သွားခဲ့၏။
မီတာတစ်ထောင် အကွာလောက် ရောက်သည်နှင့် သစ်ပင်ကြီးတစ်ပင်အောက် ထိုင်ချလိုက်ပြီး ပင်စည်ကို မှီလျက် သူမဘေးရှိ နေရာကို ပုတ်ပြကာ ရန်ကိုင်ကို ထိုနေရာ၌ လာထိုင်ရန် အချက်ပြလိုက်၏။
“ဘာကိစ္စလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဘာမှမဟုတ်ပါဘူး။ နင်နဲ့ စကားပြောချင်ရုံ သက်သက်ပဲ။ ဟိုမှာ ပြောရင် သူတို့တွေကို နှောင့်ယှတ်မိသွားမှာစိုးလို့” မိနာက ပြုံးကာ ပြန်ပြောလိုက်၏။
“နင်ဘာအကြောင်း ပြောချင်တာလဲ” ရန်ကိုင်က မြင်ပင်ရှည်တစ်ပင်ကို နှုတ်ယူ၍ သူ့လက်ထဲ ဆော့ကစားလိုက်ရင်း မေးလိုက်၏။
“ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး” မိနာက သူမ၏ လက်မောင်းနှင့် ခြေတံရှည်လေးများကို ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ မေးလိုက်၏ “ဆေးပညာကို နင်ဘယ်သူ့ဆီကနေ သင်ခဲ့တာလဲ။ နင်က ငါ့ထက်ပိုငယ်တာတောင် ဘာလို့ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေရတာလဲ”
“ငါ့ဘာသာငါ သင်ခဲ့တာလို့ ပြောပြီးသွာပြီလေ။ နင်ငါ့ကို မယုံဘူးလား” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်၏။
ရန်ကိုင် ပြောသည်ကို မယုံသည့်အလား မိနာက ကျိတ်ရယ်လိုက်လေ၏။
“အဲ့လိုဆိုရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး” ရန်ကိုင်က ပခုံးတွန့်ပြလိုက်၏။
“နင့်ကို သင်ပေးတဲ့ ဆရာက သူ့ထက်တောင် ပိုတော်တဲ့ အဆင့်မြင် ဆေးပညာရှင် တစ်ယောက် ဖြစ်ရမယ်လို့ လူအိုကြီးတုက ပြောတယ်”
“ဟုတ်သွားပြီ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။
ရန်ကိုင်၏ အစစ်အမှန် ဆေးပညာနည်လမ်းကို မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့ခြင်း ဖြစ်၏။ ဆေးပညာကို သူ့ဘာသာ လေ့လာခဲ့သည်ဟု ပြော၍ ရသလို မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့သည့် အမွှေအနှစ်ကို ရခဲ့သည်ဟု ပြောလျှင်လည်း မမှားချေ။
“အဲ့လူကို လူအိုကြီးတု အရမ်းတွေ့ချင်နေတာ” ရန်ကိုင် စကားကို ကြားပြီးနောက် မိနာက အလျင်စလို ပြောလိုက်၏ “ဒါပေမယ့် သူတို့လို ပုဂ္ဂိုလ်မျိုးတွေက အလွယ်တကူ လူရှေ့ထွက်ပြေလေ့ မရှိမှန်း လူအိုကြီးတုလည်း သိတယ်။ အပြင်လူတွေကို ညွှန်ကြား ပြသပေးဖို့ဆိုရင်တော့ ဝေလာဝေးပေါ့”
“ဟဲဟဲ။..” ရန်ကိုင် ရယ်မောလိုက်လေ၏။ လူအိုကြီးတု သူ့စိတ်ကူးယဉ် ဆရားအား အဘယ်ကြောင့် တွေ့ချင်နေသည်ကို ရန်ကိုင် နားလည်ပေ၏။ လူအိုကြီးတုသည် ဆေးပညာရပ်၌ တစ်ဆို့နေသည့်ပုံပင်။ ထို့ကြောင့် ပိုအဆင့်မြင့်သည့် ဆေးပညာရှင် တစ်ယောက်ဆီမှ နည်းနာပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနေခြင်း ဖြစ်လောက်၏။
လူအိုကြီးတု ဝဲပျံတိမ်တိုက် မြို့တော်သို့ သွားရခြင်းမှာ ဤအကြောင်းကြောင့်လည်း ဖြစ်နိုင်၏။ တကယ်တော့ ထိုနေရာ၌ ဆေးပညာရှင်ပေါင်းများစွာ ရှိနေမည် မဟုတ်ပေလော။
“အခွင့်အရေးသာရှိရင် လူအိုကြီးတုကို နင့်ဆရာနဲ့ မိတ်ဆက်ပေးလို့ ရမလား” မိနာက ရန်ကိုင်ဘက် လှည့်၍ ပွင့်ပွင့်လင်းလင်း တောင်းဆိုလိုက်၏။
ရန်ကိုင် တိတ်ဆိတ်သွားခဲ့ပြီး အချိန်အတန် ကြာသည်အထိ ပြန်စကားမပြောခဲ့၏။
ထိုတောင်းဆိုချက်ကို သူဘယ်လိုမှ မဖြည့်ဆည်း ပေးနိုင်ချေ။
“မဖြစ်နိုင်ဘူးလား” ရန်ကိုင် တိတ်ဆိတ်နေသဖြင့် သူမ တောင်းဆိုတာ လွန်သွားပြီးများလားဟု တွေးမိလိုက်ကာ မိနာ စိုးရိမ်သွားခဲ့ရလေ၏။
“အင်း၊ ငါ့ကို ဆေးပညာ သင်ပေးခဲ့တဲ့လူက သေသွားခဲ့ပြီ”
“အာ…” မိနာ သူမ၏ ပါးစပ်လေးကို အုပ်လိုက်ပြီး အလျင်အမြန် တောင်းပန်လိုက်လေ၏ “တောင်းပန်ပါတယ်နော်။ ငါမသိလိုက်ဘူး”
“ရပါတယ်…” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
ထိုအချိန်မှာပင် နှစ်ယောက်စလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အဝေးတစ်နေရာဆီ အလျင်စလို လှမ်းကြည့်လိုက်ကြ၏။ ထိုနေရာမှ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသော စိတ်စွမ်းအင် တစ်ခုသည် ရန်ကိုင်နှင့် မီနာတို့ဆီ အလျင်အမြန် ပြေးဝင်လာနေခဲ့လေ၏။
မိနာလည်း သူမ၏ လက်နက်များကို အလျင်စလို ထုတ်ယူ၍ သူမကိုယ်သူ ကာကွယ်ထားလိုက်လေ၏။
သူမ၏ တိုက်ပွဲစွမ်းရည်သည် လွန်စွာကိုမှ နိမ့်ကျသော်လည်း သူမ၏ တုန်ပြန်မှုသည်ကား အတော့်ကို မြန်ပေ၏။ တုန်လှုပ်ချောက်ချားနေသာ်ငြား တစ်ခဏအတွင်းမှာပင် သူမကိုယ်သူမ အပြည့်အဝ ကာကွယ်လိုက်နိုင်၏။
တုန်လှုပ်ချောက်ချားနေသော မိနာကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူ့အကြည့်သည် တဖြည်းဖြည်း အေးစက်လို့ သွားခဲ့လေ၏။
ထိုစိတ်စွမ်းအင်သည် နည်းနည်း ထူးဆန်းနေပြီး ၎င်းသည် သာမန်ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုနှင့် ကွဲပြားနေခဲ့၏။
သူတွေးနေစဉ်မှာပင် ထိုစိတ်စွမ်းအင်သည် ရန်ကိုင်နှင့် မိနာတို့ကို လွှမ်းခြုံသွားခဲ့ပြီးနောက် ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
“ရန်ကိုင်” မိနာ၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး ထိတ်လန့်တကြား အော်ခေါ်လိုက်လေ၏။
ရန်ကိုင်၏ မျက်ဝန်းအစုံ ဝေဝါးသွားခဲ့ပြီး နေရာတွင်သာ မလှုပ်မယှတ် ထိုင်နေခဲ့လေ၏။
ဝှစ်… ဝှစ်… ဝှစ်…
သူမအော်သံကြောင့် ချန်းယန်သည် သူတို့ဆီသို့ အလျင်အမြန် ပြေးလာခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏ “ဘာဖြစ်တာလဲ”
စောနလေးတင်က အားကောင်းလှသော စိတ်စွမ်းအင်လှိုင်း တစ်ခုကို သူလည်း ခံစားမိလိုက်၏။ ထိုအချိန်မှာပင် မိနာ၏ အော်သံကို ကြားလိုက်သဖြင့် ဤနေရာသို့ အလျင်စလို ပြေးလာခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ရောက်သည်နှင့် ဘာကိုမှ မတွေ့ခဲ့ရချေ။
မိနာမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်လေ၏။
“ခန္ဓာကိုယ် ဝင်စီးတာလား” လီဝမ် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေ၏။
ပညာရှင်တစ်ယောက်သည် သေလောက်သည့် ဒဏ်ရာရပြီး သူ့ခန္ဓာကိုယ်ကို စွန့်ပစ်၍ ထွက်ပြေးလာသည့် ပုံပင်။ ထိုပညာရှင်သည် သွေးရူးသွေးတန်းဖြင့် ထွက်ပြေးနေရင်း ရန်ကိုင်နှင့် မိနာတို့ကို တွေ့သွားပြီး ရန်ကိုင် ခန္ဓာကိုယ်ကို အပိုင်သိမ်းရန် ကြိုးစားခဲ့ခြင်း ဖြစ်လောက်၏။
“ခန္ဓာကိုယ်ကို ဝင်စီးတာလား၊ အဲ့ဒါ…” ဖေးယုက သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်ကာ “အဲ့လိုဆိုရင်တော့ ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး”
ချန်းယန်လည်း စိတ်သက်သာရာ ရသွားခဲ့ပြီး အသာအယာ ခေါင်းညိတ်လိုက်၏။
လီဝမ်နှင့် ဖေးကျန်းတို့ နှစ်ယောက်မူ ကြိတ်၍သာ ရယ်နေခဲ့ကြ၏။
“ရှင်တို့… ရှင်တို့အားလုံး ဘာလို့ နည်းနည်းလေးမှ စိတ်မပူကြတာလဲ” မိနာမှာ စိုးရိမ်လွန်းသဖြင့် မငိုမိအောင် မနည်းထိန်းနေခဲ့ရ၏။ ခန္ဓာကိုယ်ဝင်စီးခြင်း၏ နောက်ဆက်တွဲ ရလဒ်အကြောင်းကို သူမလည်း သိထားပေရာ အခြေအနေသာ မကောင်းလျှင် ရန်ကိုင် ဝိဥာဉ် ဖျက်စီးခံရပေလိမ့်မည်။
သို့သော်လည်း ကောင်းကင်ဂိုဏ်းတော်မှ ပညာရှင် လေးယောက်စလုံး စိုးရိမ်ဟန်မရ။ လှောင်ပြုံးပင် ပြုံးနေခဲ့ကြသေး၏။
လူအိုကြီးတုက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး မိနာကို နှစ်သိမ့်ပေးလိုက်၏ “မိနာ၊ စိတ်ရှည်လေ”
“ဒါပေမယ့် လူအိုကြီးတုရယ်၊ သူတို့တွေက…” မိနာက ဒေါသတကြီး ခြေဆောင့်လိုက်၏။
“မိတ်ဆွေးရန်ရဲ့ ခန္ဓာကိုယ် အစီးခံရမှာ မဟုတ်ဘူး။ နင်တစ်ခုခုကို မေ့နေတာလား” လူအိုကြီးတုက သူ့ခေါင်းကို အသာအယာ ပုတ်ပြလျက် အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
မိနာလည်း တစ်ခဏလောက် စဉ်းစားလိုက်ပြီး ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်ကာ “ဟုတ်သားပဲ။ အဲ့ကောင်စုတ်ရဲ့ အသိစိတ်ပင်လယ်က…”
လူအိုကြီးတုက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဝင်စီးတဲ့လူက သူတော်စင်အဆင့် ပညာရှင်တစ်ယောက် မဟုတ်သရွေ့ မိတ်ဆွေးလေရန်လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး။ ငါတို့ ထိုင်စောင့်နေရုံပဲ”
“ဟိုကောင်က တကယ်ကို ကံဆိုးတဲ့ ကောင်ပါလား။ လူတွေ အားလုံးထဲမှာမှ ဂိုဏ်းတူတူလေးကို သွားရွေးရတယ်လို့ကွာ။ ငါသာဆိုရင် ဒီနူးနူးညံ့ညံ့ မိန်းကလေးကို ရွေးလိုက်မှာ” လီဝမ်က ပြုံးကာ ပြောလိုက်ရာ မိနာက လီဝမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး နှာခေါင်းရှုံ့လိုက်လေ၏ “အသက်ကြီးပြီး ရိုင်းလိုက်တာ”
“ဟေး၊ ငါက ငယ်ငယ်လေးပဲ ရှိပါသေးတယ်နော်” လီဝမ် ချက်ချင်း မကျေမနပ် ဖြစ်သွားခဲ့၏။
သူ့အသိစိတ်ပင်လယ်ထဲ၌၊ ရန်ကိုင်သည် လှောင်ပြုံးပြုံးရင်း သူ့အစိတ်ပင်လယ်ထဲ ဝင်လာလာချင်း ပိတ်မနေနေသော ဝိဥာဉ်ပုံရိပ်ကို စိုက်ကြည့်နေခဲ့၏။
ထိုလူသည် ရန်ကိုင် ဝိဥာဉ်ကို ဝါးမြိုပြီး သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်သော်လည်း ချစ်ချစ်တောက် ပူပြင်းလှသော သူ့အသိစိတ်ပင်လယ်ထဲ ဝင်လာလာချင်းမှာပင် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း တန်းနားလည်လိုက်၏။
ငရဲကြီး ကိုးထပ်ထဲရှိ ဝိဥာဉ်များအား သန့်စင်ရာ ဘုံထဲသို့ ခြေချမိလိုက်သည့်အလား… သူ့ဘေးပတ်လည် တစ်ခုလုံးသည် မီးတောက်မီးလျှံတို့ဖြင့် ပြည့်နေခဲ့၏။ ချစ်ချစ်တောက် ပူပြင်းလှသော အရှိန်အဝါကြောင့် သူ့မှာ နာနာကျင်ကျင် အော်ဟစ်နေခဲ့ရပြီး သူ့ဝိဥာဉ်သည်လည်း ဖြည်းဖြည်းချင်း အကင်ခံနေခဲ့ရ၏။
“မသေချင်ရင်၊ လူလုံးထွက်ပြလိုက်တော့” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။
စိတ်စွမ်းအင် အစုအဝေးကြီး လှုပ်ခါသွားခဲ့ပြီး မကြာခင်မှာပင် ကြည်လင်သော ဝိဥာဉ်ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့လေ၏။ ထိုပုံရိပ်၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပြီး အံတင်းတင်း ကြိတ်လျက် ရန်ကိုင်အား ကြောက်ရွံ့တုန်လှုပ်မှု အပြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။
ထိုလူသည် အသက် ငါးဆယ်၊ ခြောက်ဆယ် လောက်သာ ရှိသေးသော်လည်း သူ့ဝိဥာဉ်သည် မသေမျိုး ဒုတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ တစ်နည်းဆိုရသော် ထိုလူအသက်ရှင်စဉ်က သူသည် အတော့်ကို အားကောင်းသော ပညာရှင်တစ်ယောက် ဖြစ်လောက်ပေ၏။
“ခင်းဗျာကံက တကယ့်ကို ဆိုးလွန်းတာပဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းရင်း လှောင်ပြောင် ထေ့ငေါ့လိုက်၏။
ရန်ကိုင်ဒေါသကို သတိပြုမိသည်နှင့် နာကျင်မှုကို တောင့်ခံရင် ချောက်ကပ်ကပ် ရယ်မောလိုက်ပြီး “ညီငယ်လေးရယ်၊ နားလည်မှု လွဲသွားတာပါကွာ။ မင်းထင်သလို မဟုတ်ပါဘူး”
“အို၊ တကယ်လား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ရာ သူ့အသိစိတ်ပင်လယ်သည် ပို၍ လှိုင်းထန်လာခဲ့ပြီး မီးတောက်များသည်လည်း ယခင်ထက် ပို၍ ပူပြင်းလာခဲ့လေ၏။
“ကျေးဇူးပြုပြီး ငါ့ကို ရှင်းပြခွင့်ပေးပါကွာ” လူအိုကြီးက အော်ဟစ်လိုက်၏။
ရန်ကိုင်ကမူ မကြားချင်ယောင်သာ ဆောင်နေခဲ့၏။ ထိုလူသည် သူ့ခန္ဓာကိုယ်ကို ဝင်စီးချင်လေရာ ရန်ကိုင်ကလည်း မည်သည့်အတွက်ကြောင့် ယဉ်ကျေးနေရမည်နည်း။
ရန်ကိုင်၏ တေဇောဓါတ် အသိစိတ်ပင်လယ်သည် ထိုကျူးကျော်သူ၏ ဝိဥာဉ်ဆီ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့လေ၏။
“နေဦး၊ နေပါဦး၊ မင်းငါ့ကို အသက်ရှင်ခွင့် ပေးမယ်ဆိုရင် ငါမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြပေးမယ်”
“စိတ်မဝင်စားဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး သူ့အမူအရာသည်လည်း နည်းနည်းမှပင် ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။
“မင်းရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တယ်နော်” လူအိုကြီးက ထပ်မံ အော်ပြောလိုက်ပြန်၏။
ရန်ကိုင် မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး သူ့အသိစိတ် ပင်လယ်ကို တည်ငြိမ်စေလိုက်ကာ ကျူးကျော်သူ၏ ဝိဥာဉ်ကို စိုက်ကြည့်လျက် ပြောလိုက်၏ “အချိန် ဆွဲနေတာပဲ ဖြစ်ဖြစ်၊ ကျုပ်ကို လိမ်ဖို့ကြိုးစားနေတာပဲ ဖြစ်ဖြစ်၊ နှစ်ခုထဲ ဘယ်တစ်ခုကိုပဲ လုပ်လုပ် ကျုပ်ခင်ဗျားကို သတ်မှာမဟုတ်ဘူး။ သေတာထက် ဆိုးရွားအောင်ပဲ လုပ်ပေးလိုက်မှာ”
“ငါမလုပ်ရဲပါဘူးကွာ” ရန်ကိုင်က သူ့အား ချက်ချင်း မသတ်သေးသည်ကို မြင်လိုက်သည်နှင့် လူကြီးသည် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး အလျင်အမြန် ဆက်ပြောလိုက်၏ “မင်လည်း ဝဲပျံတိမ်တိုက်မြို့ဆီ သွားဖို့ လုပ်နေတာမလား”
“ဘာဖြစ်လို့လဲ”
“သွားမယ်ဆိုရင် အခုပြန်လှည့်တာ ကောင်းလိမ့်မယ်။ ဟိုးရှေ့မှာ ဝဲပျံတိမ်တိုက်မြို့ဆီ သွားနေတဲ့ လူတွေကို အမဲလိုက်နေတဲ့ ပညာရှင်တစ်အုပ်ကြီး ရှိတယ်။ အဖွဲ့ တော်တော်များများကလည်း သူတို့ကြောင့်ပဲ ရှင်းထုတ်ပစ်ခံလိုက်ရတာ။ ငါ့အဖွဲ့လည်း အတူတူပဲ။ ငါတို့အားလုံးက ဝဲပျံတိမ်တိုက်မြို့ဆီ သွားနေခဲ့ကြတာ။ အခုတော့ အားလုံး သေသွားခဲ့ရပြီ။ ငါ့ဝိဥာဉ်ပဲ လွတ်မြောက်နိုင်ခဲ့တယ်…”
“လူဘယ်လောက်များလဲ”
“ဒါဇင်ကျော်လိမ့်မယ်။ ပြီးတော့ သူတို့ထဲက တော်တော်များများ မသေမျိုး တတိယအဆင့် ပညာရှင်တွေပဲ။ ပြီးတာ့ တစ်ယောက်ချင်းစီတိုင်းက အရမ်းအရမ်းကို ရက်စက်ကြမ်းကြုတ်တာ”
“မသေးပါလား” ရန်ကိုင်က သူ့ဘာသာသူ ရေရွတ်လိုက်၏။
“အဲ့လိုပဲ။ ဒီတော့… ညီငယ်လေး မင်းမြင်သလိုပဲ။ ငါမင်ကို အမှန်အတိုင်း ပြောခဲ့ပြီးပြီဆိုတော့ ငါ့ကို…” ထိုလူက ရန်ကိုင်အား အထိတ်တလန့်ဖြင့် စိုက်ကြည့်ရင်း တောင်းဆိုလိုက်၏။ ရန်ကိုင်သာ သူ့အား သတ်ရန် ကြိုးစားပါက သူလည်း ရန်ကိုင်ပါ တစ်ခါတည်း ဆွဲခေါ်သွားရန် ကြိုးစားပေလိမ့်မည်။
ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာ ပြုံးပြီး သူ့အား စိုက်ကြည့်နေခဲ့၏။
ထိုလူ စိတ်တစ်ခုလုံး တင်းကြပ်သွားခဲ့ပြီး နောက်ဆုံး သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ရွှေရောင်အလင်းတန်းတစ်ခု သူ့အား ထိမှန်သွားခဲ့၏။
ချက်ချင်းဆိုသလို ထိုလူ၏ ဝိဥာဉ် လုံးဝကို သန့်စင်ခံလိုက်ရ၏။
ထိုလူကြီး သေသွားရာမှ ကျန်ရစ်ခဲ့သော စိတ်စွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်၏။
ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ရာ အားလုံးသည် သူ့အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“သူပဲ” လီဝမ်က သူ့ပေါင်ကို ရိုက်ချလိုက်ပြီး အားပါးတရ ရယ်မောလိုက်ကာ “ဟိုကောင်က တကယ်ကို ကံဆိုးတဲ့ကောင်ပဲကွ”
“နင်အဆင်ပြေလား” ဖေးယုက ကြင်ကြင်နာနာဖြင့် မေးလိုက်၏။
“အဆင်ပြေပါတယ်။ ဒါပေမယ့် ကျုပ်တို့အတွက် ပြဿနာလေးတော့ ရှိနေပြီ” ရန်ကိုင်က ခေါင်းခါရမ်း၍ သူရလိုက်သည့် သတင်းကို ပြန်ပြောပြလိုက်၏။
“ဒါဇင်ကျော်လား” ချန်းယန် မျက်ခုံးပင့်လိုက်ပြီး “တော်တော်များများပဲ”
“ဟုတ်တယ်၊ နင်သာ ဒီသတင်း မရလိုက်ရင် ငါတို့ သူတို့ထောင်ချောက်ထဲ တိုးဝင်မိသွားမှာ” ဖေးယုက အသာအယာ ခေါင်းညိတ်လိုက်၏။
“ဒီတော့ ကျွန်မတို့ ကွေ့ပတ်သွားကြမလား” မိနာက တိုးတိုးလေး မေးလိုက်၏။
“ဘာလို့ ကွေ့ပတ်သွားရမှာလဲ” လီဝမ်က ရက်စက်ကြမ်းကြုတ်စွာ ပြုံလိုက်၏။
“အာ… အဲ့ဒါဆိုရင် သူတို့ကို ဘယ်လို ကျော်သွားရမှာလဲ”
“အရင်နားကြတာပေါ့။ ပြီးမှ ခရီးဆက်ကြမယ်။ ငါတို့ကို လာရန်မစရင် ငါတို့လည်း ဘာမှလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ကို လာရှုပ်ရဲရင်တော့…” ချန်းယန်၏ အရှိန်အဝါ ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။ သူ့မျက်ဝန်းအစုံသည် ဓါးတစ်စင်းပမာ ထက်ရှသွားခဲ့ပြီး အေးစက်စက် သတ်ဖြတ်လိုစိတ်တို့သည် သူ့တစ်ကိုယ်လုံးမှ ဖြာထွက်လာခဲ့လေ၏။
ကြောက်ရွံ့မှုကို သူမသိ။
ထိုလူများနှင့်ပင် တိုက်ခိုက်ချင်နေသေး၏။
လီဝမ်နှင့် ဖေးကျန်းတို့သည်လည်း အတူတူပင် ဖြစ်၏။ မိန်းကလည်း ဖြစ်သော ဖေးယုသည်လည်း ချွင်းချက်မဟုတ်။
ကောင်းကင်ဂိုဏ်းတော်မှ သူ့စီနီယာ(၄)ယောက်သည် တိုက်ခိုက်ခြင်းကို နှစ်သက်သော တကယ့် လူရူးများ ဖြစ်သည်ဟုပင် ရန်ကိုင် တွေးလိုက်မိ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၈) ဖေးကျန်၊ သောက်ကျင့်မကောင်းတဲ့ကောင်
——————————————————————
ငြိမ်သက်တိတ်ဆိတ်နေသော တောအုပ်ကြီးထဲ အဖွဲ့လေးတစ်ခုသည် တိတ်ဆိတ်စွာဖြင့် ရှေ့ဆက်နေခဲ့ကြ၏။
ချန်းယန်သည် ရှေ့ဆုံးမှ ဦးဆောင်နေပြီး လီဝမ်နှင့် ဖေးယုတို့သည် နောက်ဆုံးမှ လိုက်လာနေခဲ့ကြကာ ရန်ကိုင်၊ လူအိုကြီးတုနှင့် မိနာတို့ကမူ အလယ်တွင် ရှိနေခဲ့၏။
မိနာတစ်ယောက်မှ လွဲ၍ ကျန်လူအားလုံးသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့်သာ ရှိနေခဲ့ကြ၏။ သူတို့ဆီ ချဉ်းကပ်လာနေသော အန္တရာယ်ကို သတိ မမူမိသည့်အလား…
လမ်းလျှောက်နေစဉ် ရန်ကိုင် မျက်ဝန်းများ ရုတ်တရက် လက်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော ဖေးကျန်းကို မတွေ့ရတော့သောကြောင့်ပင်။ ထိုမသေမျိုး တတိယအဆင့် ပညာရှင် ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားလဲ ဆိုသည်ကို ရန်ကိုင်ပင် သတိမပြုမိခဲ့ချေ။
လေသည် တဝှီးဝှီး တိုက်ခတ်နေခဲ့သလို သစ်ပင်များသည်လည်း လှုပ်ခတ်ယိမ်းနွဲ့နေခဲ့၏။ သစ်ရွက်ချင်း ပွတ်တိုက်သံများသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့လေရာ သရဲ၊ တစ္ဆေများ သူတို့အား ခြောက်လှန့်ရန် ကြိုးစားနေသလားဟုပင် ထင်မှတ်ရ၏။
မိနာမှာ ကြောက်လွန်းသဖြင့် သူမ၏ မျက်နှာ လှလှလေးသည် လုံးဝကို သွေးဆုတ်ဖြူလျော်နေခဲ့ရ၏။ အလိုလို ရန်ကိုင်ဆီ တိုးကပ်သွားခဲ့ပြီး သူ့အား မှီလိုက်လေ၏။ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေသော သူမ၏ မျက်လုံးလေးများသည် ဟိုမှသည်သို့ ကူးကလန် ခတ်နေခဲ့လေ၏။
မိနာ ကြောက်လန့်နေသည်ကို သတိပြုမိသည်နှင့် ရန်ကိုင်က သူမ၏ လက်လေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။ ထို့ကြောင့် မိနာမှာ အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့၏။ သို့သော် ရန်ကိုင်လက်မှ ရုန်းထွက်ရန် မကြိုးစားခဲ့ပေ။
ထိုရင်တုန်ထိတ်လန့်ဖွယ် အခြေအနေကို ကြည်နူးနေသည့်အလား ချန်းယန်၏ နှုတ်ခမ်းအစုံသည် ယဲ့ယဲ့လေး ကွေးတက်နေခဲ့၏။ လီဝမ်နှင့် ဖေးယု တို့သည်လည်း အားမာန်တက်ကြွစွာဖြင့် သူတို့၏ ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းနေခဲ့၏။
အတွေ့အကြုံ ရင့်ကျက်သော ဆေးပညာရှင် တစ်ယောက် ဖြစ်သည်နှင့်အညီ လူအိုကြီးတုသည် ပျာယာခတ်ခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့၏။
ရုတ်တရက် ဆိုသလို တစ္ဆေအော်မြည်သံပမာ ထိတ်လန့်ဖွယ်ကောင်းသော ထူးဆန်းသည့် ရယ်မောသံတို့ ဘေးပတ်ပတ်လည်မှ ထွက်ပေါ်လာခဲ့လေ၏။ ထိုအချိန်၌ ညလေညင်းသည် ပိုမိုပြင်းထန်းလာပြီး ပို၍ အေးချမ်းလာပုံ ရ၏။
မကြာခင်မှာပင် ရယ်မောသံ များစွာတို့သည် သူတို့နားထဲ ပဲ့တင်ထပ်လာခဲ့ပြီး သူတို့၏ စိတ်အခြေအနေကို ပျက်ယွင်းသွားအောင် လုပ်လာခဲ့၏။
သို့သော်လည်း ကောင်းကင်ဂိုဏ်းတော်မှ ပညာရှင် သုံးယောက်တို့၏ အမူအရာ နည်းနည်းမျှပင် ပျက်ယွင်းသွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှေ့ဆက်သွားနေခဲ့၏။
နာရီဝက်ကြာပြီးနောက် ထိုရယ်သံတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ထိုလှည့်ကွက်သည် ရန်ကိုင်တို့ အဖွဲ့အပေါ် အလုပ်မဖြစ်မှန်း တစ်ဖက်လူသည်လည်း သိသွားသည့်ပုံပင်။
“မျက်နှာတောင် မပြရဲတဲ့ ငကြောက် တစ်သိုက်ပါလား” ချန်းယန်က မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။ ဤနေရာသို့ ဝင်ရောက်လာသည်နှင့် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရမည်ဟု ထင်ခဲ့ကာ ရင်ခုန် စိတ်လှုပ်ရှားပြီး သူ့သွေးများပင် ဆူပွက်ခဲ့ရ၏။ သို့သော် တစ်ဖက်လူသည် သူတို့အား ချက်ချင်း မတိုက်ခိုက်သေးဘဲ သူတို့၏ တုန့်ပြန်မှုကို စစ်ဆေးရန် ဘာမှမဟုတ်သည့် လှည့်ကွက်လေးများကို အသုံးပြုနေခဲ့ရာ ချန်းယန်မှာ အတော်လေးကို စိတ်ပျက်သွားခဲ့ရ၏။
“လီဝမ်၊ တစ်ချက်သွားကြည့်လိုက်” ချန်းယန်က ပြောလိုက်၏။
လီဝမ်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ် သေးသေးလေးသည် အမှောင်ထုထဲသို့ ရုတ်ချည်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ခဏအကြာ၌ တောအုပ်ထဲမှ စူးစူးရှရှ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့ရာ ကြားလိုက်ရသူတိုင်းအား ကြက်သီးမွှေးညင်း ထသွားစေခဲ့၏။
ထိုအော်သံများသည် မကြာရှည်ခဲ့။ ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီးနောက် ချက်ချင်းဆိုသလို အခြား အရပ်တစ်ခုဆီမှ နောက်ထပ် အော်ဟစ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်၏။
ရန်ကိုင် မျက်ဝန်းအစုံ လင်းလက်သွားခဲ့၏။ ထိုအော်သံ နှစ်သံသည် အနည်းဆုံး မီတာ ထောင်ဂဏန်းလောက် ခြားပေ၏။ တစ်ခဏအတွင်းမှာပင် ပုန်းနေသော ထိုလူများ၏ နေရာအတိအကျကို ရှာတွေ့နိုင်ရာ လီဝမ် မည်မျှ အားကောင်းသည်ကို တွေ့မြင်နိုင်၏။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် လီဝမ် ပြန်ရောက်လာခဲ့၏။ ရောက်သည်နှင့် ပခုံးတွန့်ပြလိုက်ပြီး “မသေမျိုး ပထမအဆင့် အမှိုက်နှစ်ကောင်ပဲ။ သွားကြားတောင် မညက်လိုက်ရဘူး”
ပြောပြီးသည်နှင့် မကျေနပ်သေးသည့်အလား သူ့နှုတ်ခမ်း အစုံကို လျှာဖြင့် သပ်လိုက်၏။
ထိုစကားကို ကြားလိုက်သည်နှင့် မိနာ မျက်ဖြူလှန်ကာ တစ်ခါတည်း တန်းသတိလစ်သွားလေ၏။
“ဒီမိန်းကလေးရဲ့… သတ္တိက တကယ်ကို လန့်စရာကြီးပါလား” လီဝမ် ဆွံ့အသွားခဲ့ရလေ၏။
ရန်ကိုင်ကမူ ခေါင်းသာရမ်းလျက် မိနာကို ပခုံးပေါ် ထမ်းတင်လိုက်၏။
ဖေးယုက ညင်ညင်သာသာလေး ပြုံးလိုက်ပြီး ရယ်ချင်စိတ်ကို အောင့်အည်းထားရင်း ရှင်းပြလိုက်လေ၏ “နင်က သူတို့ကို တကယ်ကြီး စားပစ်လိုက်တာလို့ သူထင်သွားတာ နေမှာပေါ့”
လီဝမ်မျက်နှာ မည်းမှောင်သွားခဲ့ပြီး သူ့ပြောခဲ့သည့် စကားလုံးများသည် ထိုကဲ့သို့ အဓိပ္ပါယ်မှားကောက်၍ ရမှန်း နားလည်လိုက်လေ၏။ သူ့ကိုယ်သူ ခုခံကာကွယ် ချင်သော်လည်း နားလည်မှုလွဲသွားသောသူသည် သတိလစ်နေပြီ ဖြစ်ရာ စိတ်ပျက်ပျက်ဖြင့် ညည်းနေရုံမှလွဲ၍ သူလုပ်နိုင်သည့်အရာ ဘာမှ မရှိချေ။
သူတို့ အဖွဲ့သည် ဆက်၍ ရှေ့ဆက်နေခဲ့၏။ သို့သော်လည်း သူတို့အဖွဲ့ နှစ်ယောက်ကို လီဝမ် သတ်သွားသည့်အတွက် တစ်ဖက်အဖွဲ့သည် ပို၍ သတိထားလာခဲ့၏။
နှစ်နာရီကြာသည်အထိ ဘာမှ မဖြစ်ခဲ့ပေ။
သို့သော်လည်း သူတို့အပေါ် စီးမိုးနေသော သတ်ဖြတ်လိုသည့် အရှိန်အဝါသည် ပျောက်ကွယ်သွားခြင်း မရှိသေးလေရာ တစ်ဖက် အဖွဲ့သည် ယခုအချိန်ထိ လက်မလျှော့သေးမှန်း ရန်ကိုင် နားလည်လိုက်၏။
သူတို့အဖွဲ့သာ သတိလျော့ပေါ့လိုက်သည်နှင့် တစ်ဖက် အဖွဲ့သည် သူတို့အားသတ်ရန် လုံးဝ တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီးနောက် ချန်းယန်လည်း စိတ်မရှည် ဖြစ်လာခဲ့ကာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ အော်ပြောလိုက်လေ၏ “ငါတို့ကို သတ်ပြီး ရတနာလုချင်တယ်ဆိုရင် ထွက်လာပြီး လာတိုက်လိုက်တော့။ ငကြောက်ကောင်တွေလိုပဲ ဆက်ပုန်းနေမယ် ဆိုရင်တော့ ငါတို့ သွားတော့မှာ”
သို့သော်လည်း တိတ်ဆိတ်နေဆဲ။
ချန်းယန် စိတ်ပျက်ပျက်ဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ဓါးရှည်တစ်ချောင်းကို ထုတ်ယူ၍ ခုတ်ပိုင်းချလိုက်ရာ မီတာပေါင်းများစွာ ရှည်လျားသော ဖြတ်ကြောင်းရာကြီး မြေကြီးပေါ် ထင်ကျန်ရစ်ခဲ့သွားလေ၏။
ထိုလက်နက်ကို မြင်လိုက်သည်နှင့် ရန်ကိုင် ချက်ချင်း တန်းမှတ်မိလိုက်၏။ ၎င်းသည် ချန်းယန်နှင့် ဖေးယုတို့ ရှေးဟောင်လိုဏ်ဂူစံအိမ်ထဲတွင် ရခဲ့သော လက်နက်များထဲမှ တစ်ခုဖြစ်ပေ၏။
“ဒါက သူတော်စင်အဆင့် လက်နက်တစ်ခုပဲ။ ရှင်းရှင်းပြောရရင် ငါဒါကို အခုထိ သန့်စင်ရသေးတာ မဟုတ်ဘူး။ မလိုချင်ဘူးလား… ငါ့ကို သတ်နိုင်ရင် ဒါက မင်းတို့အပိုင် ဖြစ်သွားပြီပဲ။ မြန်မြန်လုပ်နော်။ သူတော်စင်အဆင့် လက်နက်တွေက တွေ့ရလွယ်တာ မဟုတ်ဘူး” ချန်းယန်က သွေးဆောင်လိုက်၏။
“ငါ့မှာလည်း တစ်ခုရှိတယ်” ပြောပြီးသည်နှင့် ဖေးယုသည် သူမ၏ သူတော်စင်အဆင့် လက်နက်ကို အလျင်အမြန် ထုတ်ပြလိုက်၏။
မသန့်စင်ရသေးသော သူတော်စင်အဆင့် လက်နက် နှစ်ခု ထွက်ပေါ်လာသည်နှင့် များစွာသော ကောင်းကင် စိတ်အာရုံတို့သည် သမုဒ္ဒရာ ရေလှိုင်းများပမာ သူတို့ဆီ တိုးဝင်လာခဲ့လေ၏။
တစ်ဖက်အဖွဲ့သားများ၏ အသက်ရှူသံများ မြန်ဆန်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
“ဟေး၊ မင်းတို့ နှစ်ယောက်မှာ သူတော်စင်အဆင့် လက်နက်တွေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ” လီဝမ်က မနာလိုအားကျစွာဖြင့် ထိုလက်နက်နှစ်ခုကို စိုက်ကြည့်ရင်း “ငါတောင် မသိရပါလား”
“လွန်ခဲ့တဲ့ လနည်းနည်းလောက်တုန်းကလေ” ဖေးယုက ပြုံးလိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ “ဂိုဏ်းတူ တူလေးကို သွားပြန်ခေါ်တုန်းက ရခဲ့တာလေ”
“ကောင်းကင်ဘုံက မမြင်တတ်တာပဲ။ ငါ့ကျတော့ ဘာလို့ မပေးရတာလဲ မသိဘူး” လီဝမ်က အော်ဟစ် ကျိန်ဆဲလိုက်လေ၏။
“နှစ်ယောက်ပဲ ရှိတာဆိုတော့ ဖေးယုနဲ့ငါ တစ်ယောက်တစ်ခု ခွဲယူလိုက်တာလေ။ ဒါပေမယ့် ဖေးယုမှာ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် လက်နက် တစ်ခုရှိနေသေးတယ်”
“အဲ့ဒါ ငါ့ကိုပေး” လီဝမ်က ဖေးယုဆီ အလျင်အမြန် ပြေးလာလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်၏။
“ဖေးကျန်းကကော ဘယ်လိုလုပ်မျာလဲ” ဖေးယု မျက်မှောင်ကြုံ့လိုက်၏။
“သူ့ကို ဂရုစိုက်မနေနဲ့။ သူက လေးပဲသုံးတဲ့ကောင်”
“ဒီလိုလုပ်ကြမယ်။ ရန်သူ အများဆုံးကို သတ်နိုင်တဲ့ လူကို အဲ့လက်နက်ပေးမယ်လေ” ဖေးယုက ပြုံးကာ ပြောလိုက်၏။
လီဝမ်က လက်ခုပ်တီးလိုက်ပြီး ခေါင်းညိတ်ကာ “အကြံကောင်းပဲ။ ဒီလိုဆိုရင် ငါက နှစ်ယောက် သတ်ပြီးသွားပြီ”
ထိုအချိန်မှာပင် ဘေးပတ်ပတ်လည်မှ များစွာသော လူရိပ်တို့သည် လျှပ်စီးတန်းအလား ပြေးထွက်လာခဲ့ပြီး သူတော်စင်အဆင့် လက်နက်နှစ်ခုကို လုယူရန် ကြိုးစားလိုက်ကြ၏။
ချန်းယန် မျက်လုံးထဲ စူးရှသည့် အလင်းရောင်တို့ လက်သွားခဲ့ပြီး သူ့နှုတ်ခမ်းအစုံသည် ဖြည်းဖြည်းချင်း ကွေးတက်သွားခဲ့လေ၏။
တိုးဝင်လာနေသော ပညာရှင် တစ်ယောက်ချင်းစီသည် မသေမျိုးအဆင့် အရှိန်အဝါကို ထုတ်လွှတ်ထားခဲ့ကြလေ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အားလုံးသည် သူတော်စင်အဆင့် လက်နက် နှစ်ခုရှေ့သို့ ရောက်ရှိလာခဲ့လေ၏။
မရေမတွက်နိုင်သော လက်များသည် ထိုလက်နက် နှစ်ခုကို ဖမ်းယူရန် ကြိုးစားလိုက်ကြ၏။
ရွှစ်… ရွှစ်… ရွှစ်…
လေတိုးသံများစွာနှင့် အတူ များစွသော ရွှေရောင် အလင်းတန်းတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့ပြီး လက်နက်ကို ဖမ်းယူရန် ကြိုးစားလိုက်သော ပညာရှင်များ၏ ရင်ဘတ် နေရာ၌ လက်သီးဆုပ်အရွယ် ပေါက်တစ်ပေါက်စီ ရှိနေခဲ့ကြ၏။
ထို့အပြင် ထိုအပေါက်အားလုံးသည် သူတို့၏ နှလုံးတည့်တည့်၌ ရှိနေခဲ့ကြခြင်း ဖြစ်၏။
မြေပေါ်သို့ လဲကျမသေးခင်မှာပင် အကုန်လုံး သေသွားခဲ့ရလေပြီ။
တစ်ကောင်၊ တစ်ချက်…
သေသွားသော်လည်း ထိုတိုက်ခိုက်မှုများ မည်သည့် နေရာမှ ရောက်ရှိလာသည်ကို ထိုမသေမျိုးအဆင့် ပညာရှင်များ သိမသွားခဲ့ရ။
လီဝမ် မျက်နှာအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ပြေးဝင်သွားရင်း ဒေါသတကြီး အော်ဟစ်လိုက်လေ၏ “ဖေးကျန်၊ သောက်ကျင့် မကောင်းတဲ့ကောင်။ အရည်အချင်းရှိရင် ပုန်းပြီး ချောင်းပစ်မနေနဲ့။ ယောကျာ်းတစ်ယောက်လို ရင်ဆိုင်တိုက်ကွ”
ဖေးကျန်က ပြန်မဖြေခဲ့ဘဲ အမှောင်ထဲကနေသာ မြှာတစ်စင်းပြီးတစ်စင်း ပစ်လွှတ်ရင်း သူ့ရန်သူ၏ အသက်များကို ချွေယူနေခဲ့လေ၏။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို အလျှင်အမြန် ဖြန့်ကျက်၍ ဖေးကျန် ပုန်းနေသည့် နေရာကို ရှာဖွေရန် ကြိုးစားလိုက်သော်လည်း ရှာမတွေ့နိုင်ခဲ့။ ယခု သူလုံးဝကို ထိတ်လန့် သွားခဲ့ရသလို သူ့ဂိုဏ်းတူဦးလေး မည်မျှ အားကောင်းကြောင်းကိုလည်း ရုတ်တရက် နားလည်သွားခဲ့ရ၏။
တိုက်ပွဲသည် စပင်မစရသေးခင်မှာပင် ပြီးသွားခဲ့လေပြီ။ အသက်ရှူစာ အကြိမ်ဆယ်ရှိုက်စာ ကုန်ဆုံးပြီးနောက် လီဝမ်သည် ရန်သူတစ်ယောက်ကိုသာ သတ်နိုင်ခဲ့ပြီး ဘေးပတ်ဝန်ကျင်သည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့ပြန်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ညှီစို့စို့ သွေးနံဖြင့်သာ ကျန်ရစ်လေတော့…
တစ်ခုတည်းသော အသံသည်ကား ပုန်းနေရာမှ ထွက်မလာသေးသော ရန်သူများ အလျင်စလို ထွက်ပြေးရာမှ ထွက်ပေါ်လာသော အင်္ကျီစ လှုပ်ခတ်သံများပင်။
ကောင်းကင်ဂိုဏ်းတော်မှ ထိုလေးယောက်သည် သူတို့ မကိုင်တွယ်နိုင်သည့် လူများဖြစ်ကြောင်း နားလည်လိုက်သည်နှင့် တစ်ချက်ကလေးပင် နောက်ပြန် လှည့်မကြည့်တော့ဘဲ ခြေကုန်သုတ်ပြေးတော့လေ၏။
အစမှအဆုံးထိ လူနှစ်ယောက်သာ တိုက်ခိုက် ခဲ့သော်လည်း အားလုံးကို အပြတ်ရှင်းထုတ်နိုင်ခဲ့၏။ လေးယောက်စလုံးသာ လှုပ်ရှားမည် ဆိုပါက ပို၍ ဆိုးသွားပေလိမ့်မည်။
များပြားလှသော စိတ်စွမ်းအင်တို့ ရန်ကိုင့် အသိစိတ်ပင်လယ်ထဲ စီးဝင်လာခဲ့ပြီး တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် သေသွားသည့် ရန်သူ အားလုံးသည် မသေမျိုး ပထမအဆင့်၊ ဒုတိယအဆင့် များသာ ဖြစ်ကြပြီး တတိယအဆင့် တစ်ယောက်မှ မပါသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ထို့ကြောင့် ရန်ကိုင်လည်း အနည်းငယ် နောင်တရချင်မိသွားခဲ့၏။ တတိယအဆင့်သာ ဆိုပါက သူတော်စင်အဆင့်သို့ မည်ကဲ့သို့ ချိုးဖျက်နိုင်မည် ဆိုသည်ကို အနည်းငယ် ဥာဏ်အလင်းရထားပေလိမ့်မည်။
ထိုထိုးထွင်းသိမြင်မှု ဥာဏ်အလင်းများသည် ရန်ကိုင် လိုအပ်နေသော အရာများ ဖြစ်ပေ၏။
မသေမျိုးအဆင့်နှင့် ပက်သက်သော ကောင်းကင် လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်မှုများကိုသာ ရန်ကိုင် နားလည်ထားခြင်း ဖြစ်၏။ သူတော်စင်အဆင့် ကိုမူ နည်းနည်းမျှပင် နားလည်ထားခြင်း မရှိချေ။ ထို့ကြောင့် သူတော်စင်အဆင့်သို့ မရောက်ခင်အထိ အဆင့်ချိုးဖျက်ရာ၌ မည်သည့် အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ချ။ သူတော်စင်အဆင့်သို့ မည်ကဲ့သို့ ချိုးဖျက်ရမလဲ ဆိုသည့်ကိစ္စနှင့် ပက်သက်၍မူ ရန်ကိုင်လည်း သဲလွန်စ ကင်းမဲ့နေ၏။
ဆန်းကြယ်လောကငယ်လေးထဲ ရှိစဉ်က ရှေးဟောင်း နတ်ဆိုးကလန်မှ ချူးကျန်းကို သတ်၍ သူတော်စင် ဒုတိယအဆင့်နှင့် ပက်သက်သည့် ဥာဏ်အလင်းများကို ရရှိခဲ့သော်လည်း သူတော်စင်အဆင့် အပေါ် ရန်ကိုင်၏ နားလည်မှုသည် အတော်လေးကို နိမ့်ကျနေသေး၏။
ထိုအချိန်၌ ချူကျန်းနှင့် ဖေးယုတို့က သူတို့၏ လက်နက်များကို ပြန်သိမ်းလိုက်လေပြီ။
“ဒီသူတော်စင်အဆင့်လက်နက်ကို မသန့်စင်ရသေးဘူးလို့ ပြောလိုက်တာနဲ့ တကယ်ယုံပြီး လာလုကြတော့တာပဲ။ တကယ့်ငတုံးတွေပါလား” ချန်းယန်က လှောင်ပြောင်လိုက်ပြီး ထိုလက်နက်ကို သူ့ကိုယ်ထဲ ပြန်သိမ်းလိုက်လေ၏။
လီဝမ်က သက်ပြင်း အရှည်ကြီး ချလိုက်ရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် အမူအရာဖြင့် ပြန်သွားလိုက်၏။
နောက်ဆုံး ဖေးကျန်ပေါ်လာခဲ့ပြီး အပြုံးကြီးပြုံးရင်း ဖေးယုဆီ လက်ဆန့်ထုတ်လိုက်ကာ “ငါ့ကိုပေး”
ဖေးယုက ပြုံးလိုက်ပြီး သူမရရှိခဲ့သည့် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် လက်နက်ကို ဖေးကျန်းလက်ထဲ ထည့်ပေးလိုက်လေ၏။
လီဝမ်သည် လူသုံးယောက်သာ သတ်နိုင်ခဲ့ပြီး ဖေးကျန်သည် လူခြောက်ယောက် သတ်နိုင်ခဲ့၏။
ရန်ကိုင်လည်း သက်ပြင်းအရှည်ကြီး ချလိုက်၏။ ယခုတိုက်ပွဲသည် လွန်စွာကိုမှ လွယ်ကူသည်ဟု ထင်ရသော်လည်း ၎င်းသည် ကောင်းကင်ဂိုဏ်းတော်မှ ပညာရှင်လေးယောက် အတွက်သာ ဖြစ်၏။
အခြားမသေမျိုး တတိယအဆင့်များသာ ဆိုပါက ယခုကဲ့သို့ အလွယ်တကူ နိုင်ပွဲရခဲ့လိမ့်မည် မဟုတ်ချေ။
ထို့ပြင် မသေမျိုးအဆင့် အဆင့်တစ်ခုနှင့်တစ်ခုကြား ခွန်အား မည်မျှကွာခြားသည်ကို ရန်ကိုင် ပို၍ နားလည်စ ပြုလာခဲ့လေပြီ။ မသေမျိုးအဆင့် မရောက်ခင်အချိန်၌ အဆင့်ကြီးတစ်ဆင့်ကို အဆင့်ငယ်ကိုးဆင့် ထပ်ခွဲထားခဲ့ပြီး ထိုအဆင့်ငယ်များကြားမှ ခွန်အား ကွာခြားချက်သည် အရမ်းကြီး မကြီးမားလှချေ။
သို့သော်လည်း မသေမျိုးအဆင့်ကမူ ကွားခြားပေ၏။ မသေမျိုးအဆင့်ကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဆိုပြီး ခွဲခြားထားခဲ့ကာ တစ်ဆင့်နှင့် တစ်ဆင့်ကြား ခွန်အားကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလှပေ၏။
ဤတိုက်ပွဲပြီးနောက် သူတို့၏ အသွားခရီးသည် အတော့်ကို ဖြောင့်ဖြူးသွားခဲ့၏။ လမ်းတစ်လျှောက်၌ တိုက်ပွဲများကိုလည်း သိပ်မတွေ့ရတော့ချေ။ ထိုလူများ၏ ဦးတည်ချက်သည် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဖြစ်လေရာ အားနည်းသူများကို သုတ်သင်ပြီးနောက် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ပွင့်မလာခင် အချိန်အထိ မည်သူကမှ အားကောင်းသူများနှင့် ပြဿနာ မတက်ချင်တော့ချေ။
အစစ်အမှန် ပညာရှင်များကြား တိုက်ပွဲဖြစ်လျှင် အခြားတစ်ယောက်က ဝင်အမြတ်ထုတ်သွားမည်ကို အားလုံး နားလည်ထားကြ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၉၉) ဝဲပျံတိမ်တိုက်မြို့တော်
——————————————————————
ကောင်းကင်ဂိုဏ်းတော်မှ ထွက်လာပြီး (၁)လကြာပြီးသည့်နောက်… ရန်ကိုင်တို့ အဖွဲ့သည် နောက်ဆုံး၌ မျိုးနွယ်စုကြီး (၃)ခုစလုံး မပိုင်သည့် နယ်မြေထဲသို့ ရောက်ရှိလာခဲ့၏။
ထိုနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် လေထုထဲ ပုံမှန်မဟုတ်သည့် စွမ်းအင်များ စီးဆင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။
လေထုထဲတွင် လူသားများစုပ်ယူသည့် ယွမ်ချီ၊ သူနှင့် ရင်းနှီးနေသည့် နတ်ဆိုးချီနှင့် သူတစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော ချီစွမ်းအင်တစ်မျိုး ရှိနေခဲ့၏။ ထိုချီစွမ်းအင်သည် မွန်းစတားချီ ဖြစ်လောက်ပေ၏။ နတ်ဆိုးချီနှင့် မွန်းစတားချီကို လူသားများ မစုပ်ယူ နိုင်ကြသော်လည်း ထိုချီစွမ်းအင်များသည် နတ်ဆိုး မျိုးနွယ်စုဝင်များနှင့် မွန်းစတားမျိုးနွယ်စုများ ကျင့်ကြံရန် လိုအပ်သည့် ချီစွမ်းအင်များ ဖြစ်ကြပေ၏။
ထိုနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ချန်းယန်နှင့် ကျန်သူများအားလုံး သတိချပ်လိုက်ကြ၏။
ဤနေရာသည် တုန်းရွှမ်လောကကြီး အတွင်းရှိ အခြားမည်သည့် နေရာထက်မဆို ပို၍ အန္တရာယ်များရာ နည်းနည်းလေး ဂရုမစိုက်မိသည်နှင့် မရဏလမ်း တစ်ခါတည်း မြန်းသွားရနိုင်၏။
ရက်နည်းနည်းလောက် ထပ်သွားပြီးနောက် မိုးထိလုမတတ် မြင့်မားလှသော တောင်ထွတ်ကြီး တစ်လုံးကို တွေ့လိုက်ရ၏။
ထိုတောင်ထွတ်ဆီမှ ကီလိုမီတာ ဒါဇင်ကျော် အကွာ၌ သူတို့၏ ဦးတည်ချက်ဖြစ်သော ဝဲပျံတိမ်တိုက်မြို့ ရှိနေခဲ့၏။
ချန်းယန်လည်း သွားနေသည့် အမြန်နှုန်းကို တိုးမြှင့်လိုက်ရာ နေ့ဝက်အတွင်းမှာပင် ဝဲပျံတိမ်တိုက် မြို့တော်ဆီသို့ ရောက်ရှိလာခဲ့လေ၏။
ရောက်သည်နှင့် သလင်းကျောက် အနည်းငယ် ပေးချေပြီးနောက် မြိုထဲသို့ ဝင်သွားလိုက်၏။
မြို့ထဲသို့ ခြေချပြီးမှပဲ ချန်းယန်နှင့် ကျန်သူများ စိတ်ဖြေလျော့လိုက်နိုင်သည်ကို ရန်ကိုင် အသေအချာ သတိပြုမိလိုက်၏။
လူအိုကြီးတုက ပြုံးလျက် ရှင်းပြလိုက်လေ၏ “မြို့ထဲဝင်လာတာနဲ့ လုံခြုံသွားပြီပဲ။ ဝဲပျံတိမ်တိုက်မြို့ကို မျိုးနွယ်စုကြီး (၃)ခုစလုံးက စီမံကွပ်ကဲတာလေ။ ပြီးတော့ မြို့အရှင်ကလည်း သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဆိုတော့ ဒီနေရာမှ ဘယ်သူမှ မဆင်မခြင် မသောင်းကျန်းရဲကြဘူး”
“မြို့သခင်ရာထူးကို ဘယ်မျိုးနွယ်စုက ပိုင်တာလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“အဲ့ဒါနဲ့ ပက်သက်ပြီး ဒီလူအိုကြီးလည်း သေချာ မသိဘူး။ ဝဲပျံတိမ်တိုက်မြို့တော်ရဲ့ မြို့သခင်ရာထူးက (၃)နှစ်တစ်ခါ ချိန်းတယ်။ မြို့သခင်ရာထူးကို ဘယ်သူ ရယူရမလဲ ဆိုတာကိုတော့ ပြိုင်ပွဲကျင်းပပြီး ရွေးချယ်ကြတာပဲ။ မျိုးနွယ်စု တစ်ခုတည်းက မြို့သခင် ရာထူးကို အမြဲတမ်း ယူထားလို့ မရဘူး။ မဟုတ်ရင် ကျန်မျိုးနွယ်စုကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူးလေ”
ချန်းယန်က ပြုံးကာ ထပ်ပြောလိုက်၏ “ငါသိသလောက်ဆိုရင် အခုလက်ရှိ မြို့သခင်က နတ်ဆိုး မျိုးနွယ်စုကပဲ။ ဒါပေမယ့် စိတ်ပူစရာ မလိုဘူး။ မျိုးနွယ်စုကြီး (၃)ခုကြီးကြားက ငြိမ်းချမ်းရေးနဲ့ ပက်သက်နေတာမို့ မြို့သခင် အကျိုးသင့်၊ အကြောင်းသင့် မလုပ်မှာကို စိတ်မပူနဲ့။ သူ့စိတ်ကြိုက်သာ လုပ်မယ်ဆိုရင် တုန်းရွှမ်လောကကြီးတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားမှာလေ”
“ဒီလူအိုကြီးနဲ့ မိနာက ဒီမှာ ရှိနေတဲ့ ဆေးပညာရှင် အစည်းအရုံးဆီ သွားလိုက်ဦးမယ်။ ချန်းယန်၊ မင်းတို့ကော” တုဝမ်က မေးလိုက်လေ၏ “ငါတို့နဲ့ လိုက်မှာလား”
“မလိုက်တော့ဘူး။ ကျေးဇူးပဲ” ချန်းယန်က ခေါင်းခါရမ်းလိုက်၏။ ဆေးပညာရှင်များသည် ဘဝခိုက်နေသူ များ၏။ သူတို့က ကောင်းကင် ဂိုဏ်းတော်မှ ဖြစ်သည်ကိုလည်း နည်းနည်းလေးမှ သောက်ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူတို့သာ ဆေးပညာရှင် အစည်းအရုံးထဲ ဝင်သွားလိုက်သည်နှင့် အထင်သေး၊ အမြင်သေး မျက်လုံးများဖြင့် ကြည့်ခံရမှာ မလွဲမသွေပင်။ ချန်းယန်၏ စိတ်ဆတ်သည့် စရိုက်နှင့် ဆိုပါက ထိုဆေးပညာရှင်များကို ထမရိုက်ဘဲ နေလိမ့်မည် မဟုတ်ချေ။ ထို့သို့သာ ဆိုလျှင် သူတို့ကို ခေါ်လာမိသည့် လူအိုကြီးတုလည်း ပြဿနာ တက်ပေလိမ့်မည်။
ရန်ကိုင်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ချန်းယန်က ပြောလိုက်၏ “ဂိုဏ်းတူတူလေး၊ မင်းသွားချင်ရင် လူကြီးတုနောက် လိုက်သွားလိုက်လေ။ အချိန်ရောက်ရင် ငါမင်းကို လာရှာမယ်”
မိနာကလည်း ဝင်ပြောလိုက်၏ “ဟုတ်တယ်၊ ဟုတ်တယ်။ နင်ကလည်း ဆေးပညာရှင် တစ်ယောက် ဆိုတော့ ငါတို့နဲ့အတူ လိုက်လာလို့ ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး”
သူမသည် ရန်ကိုင်ဆီမှ ဆေးပညာကို ဆက်လက် သင်ကြားလေ့လာချင်နေသည့် ပုံပင်။
“နင်က တော်တော်လေးကို တည့်တိုးဆန်ပဲနော်။ ကောင်မလေး၊ နင်က ငါ့ရဲ့ ဂိုဏ်းတူတူလေးကို ကြိုက်နေတာလား” ဖေးယုက ပြုံးကာ စနောက်လိုက်၏။
မိနာ မျက်နှာလေး ရဲတက်သွားခဲ့ပြီး “မဟုတ်တာတွေ လျှောက်မပြောနဲ့။ အဲ့အစုတ်ပလုတ်ကောင်ကို ဘာလို့ ကြိုက်ရမှာလဲ”
ဖေးယုနှင့် မိနာတို့ နှစ်ယောက် ပြောသည်ကို နားထောင်ရင်း ရန်ကိုင် မှင်သက်နေခဲ့ရ၏။ ထို့ကြောင့် အသာအယာလေး ချောင်းဟန့်လိုက်ပြီး ခေါင်းခါရမ်း၍ ပြောလိုက်၏ “မလိုက်တော့ဘူး။ ကျေးဇူးပါပဲ။ အခု လောလောဆယ်တော့ ကျုပ်ဂိုဏ်းတူဦးလေး၊ ဒေါ်လေး တို့နဲ့ပဲ အတူနေနှင့်လိုက်ဦးမယ်”
တုဝမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “အဲ့လိုမှတော့ ဒီလူအိုကြီးလည်း တိုက်တွန်း မနေတော့ဘူး။ မိတ်ဆွေလေးရန်၊ ဒီကို ခဏလာဦး” ပြောပြီးသည်နှင့် ရန်ကိုင်ကို အသာအယာ လက်ယပ် ပြလိုက်၏။
ရန်ကိုင်က လူအိုကြီးတုဆီ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် လမ်းလျှောက်သွားလိုက်ပြီး “လူအိုကြီးတု ဘာပြောချင်လို့လဲ”
လူအိုကြီးတုက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ အပေါ်ယံ မှန်မျက်နှာပြင်နှင့် သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်ကာ “ဒါက ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါရခဲ့တဲ့ ပစ္စည်းတစ်ခုပဲ။ ဒီတစ်ကြိမ် မင်းအတွက် နည်းနည်းပါးပါးတော့ အသုံးဝင်လောက်လိမ့်မယ်။ အင်း၊ ဖြစ်နိုင်ရင် မြန်နိုင်သမျှ မြန်မြန်သုံးတာ အကောင်းဆုံးပဲ”
“ဘာကြီးလဲ” ရန်ကိုင်က ထိုသေတ္တာလေးကို သိချင်စိတ်ဖြင့် ကြည့်လိုက်၏။
“မြင်ရင်သိလိမ့်မယ်” လူအိုကြီးက ပြုံးလိုက်ပြီး မိနာကိုခေါ်၍ ဆေးပညာရှင် အစည်းအရုံးဆီ ထွက်သွားလိုက်လေ၏။
လူအိုကြီးတုနှင့် မိနာတို့ ထွက်သွားပြီးနောက် ချန်ယန်က ပြောလိုက်၏ “ငါတို့လည်း သွားကြတာပေါ့။ နေဖို့ တည်းခိုဆောင် တစ်ခုလောက် အရင်ရှာရဦးမယ်”
ဖေးယုက ရန်ကိုင်နား တိုးကပ်သွားလိုက်ပြီး တိုးတိုးလေး မေးလိုက်၏ “လူအိုကြီးတု နင့်ကို ဘာပေးခဲ့တာလဲ”
“ကျုပ်လည်း မသိဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
တည်းခိုခန်းတစ်ခုထဲ ချန်းယန်က အခန်းနှစ်ခန်း ငှားလိုက်၏။ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် ပွင့်လာတော့မည် ဖြစ်သောကြောင့် ဝဲပျံတိမ်တိုက်မြို့ရှိ တည်းခိုဆောင်အားလုံး ဧည့်သည်များဖြင့် ပြည့်နေခဲ့၏။ ထို့ကြောင့် တည်းခိုဆောင်တစ်ခုထဲ အခန်းနှစ်ခန်း ရဖို့ဆိုသည်မှာ အတော်လေးကို ခက်ခဲပေ၏။
တစ်ခဏလောက် ဆွေးနွေးတိုင်ပင်ပြီးနောက် ရန်ကိုင်နှင့် ဖေးယုတို့ အတူနေပြီး ချန်းယန်နှင့် ကျန်တဲ့ နှစ်ယောက် အတူနေမည်ဟု ဆုံးဖြတ်လိုက်ကြ၏။
ရန်ကိုင်လည်း မကန့်ကွက်ခဲ့ချေ။ မည်သို့ပင် ဖြစ်စေ သူသည် ကောင်းကင်ဂိုဏ်းတော်၌ ဖေးယုနှင့် အတူနေခဲ့သည် မဟုတ်ပေလော။ ဖေးယုသည် မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း သူတို့ကြား မျိုးဆက်ကြီးတစ်ခု ခြားနေလေရာ ရန်ကိုင်သည်လည်း ထိုကိစ္စကြောင့် စိတ်အနှောင့်အယှတ် မဖြစ်ပါချေ။
အားလုံး ပြင်ဆင်ပြီးသည်နှင့် ရန်ကိုင်သည် အိပ်ရာပေါ်ထိုင်လျက် လူအိုကြီးတု ပေးခဲ့သော သေတ္တာလေးကို ထုတ်ယူလိုက်၏။
ဝဲပျံတိမ်တိုက်မြို့သို့ ရောက်ရောက်ချင်းမှာပင် လူအိုကြီးတုသည် သူ့အား လက်ဆောင်တစ်ခု ပေးလိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။
“မြန်မြန် ဖွင့်ကြည့်လိုက်။ ငါလည်း တော်တော်လေးကို သိချင်နေပြီ” ဖေးယုက ယဲ့ယဲ့လေး ပြုံးလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဖွင့်တော့မည် အပြု၊ ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ပြီး “စိတ်ဝင်စားရင် လာကြည့်ကြလေ”
ဘေးဘက်အခန်းအတွင်း၌၊ ချောင်းနားထောင်နေသော လီဝမ်နှင့် ဖေးကျန်တို့ ဂွတိဂွကျ ဖြစ်သွားခဲ့ပြီး လီဝမ်က နှာခေါင်းရှုံ့ကာ လမ်းလျှောက်ထွက်သွားလိုက်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်၏ “ဒီဂိုဏ်းတူတူလေးက သူ့ဂိုဏ်းတူဦးလေးကို မျက်နှာသာပေးရမှန်း နည်းနည်းလေးတောင် မသိပါလား။ ဒီကောင့်ကို သင်ခန်စားပေးဖို့ လိုနေပြီနဲ့ တူတယ်”
ဖေးကျန်ကမူ ဘာမှမပြောဘဲ နောက်ကနေသာ လိုက်သွားလိုက်လေ၏။
ချန်းယန်က ခေါင်းလေးရမ်းလျက် ကူကယ်ရာမဲ့စွာဖြင့် ထိုနှစ်ယောက်နောက်မှ လိုက်သွားခဲ့လေ၏။
အခန်းတွင်း၌ အားလုံး စုံသွားခဲ့လေပြီ။ အကုန်လုံးသည် ရန်ကိုင်လက်ထဲရှိ သေတ္တာလေးကိုသာ စူးစိုက်ကြည့်နေခဲ့ကြလေ၏။
အားလုံး၏ အကြည့်အောက်မှာပဲ ရန်ကိုင်က သေတ္တာအဖုံးကို ဖွင့်လိုက်ရာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော အလွှာလေးတစ်လွှာကို တွေ့လိုက်ရ၏။
ထိုအလွှာကို ရန်ကိုင် တစ်ခါမှ မမြင်ဖူးသော ပစ္စည်းဖြင့် ထုလုပ်ထားပြီး အနည်းငယ် အေးစက်စက် ဖြစ်နေခဲ့၏။ ထိုအလွှာ၏ မျက်နှာပြင်ကို ဟိုတစ်ပေါက်၊ ဒီတစ်ပေါက် အပေါက်များ ဖောက်ထားခဲ့ပြီး သေချာ ကြည့်မည်ဆိုပါက ထိုအပေါက် ဖောက်ထားသော နေရာများသည် လူမျက်နှာ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် နေရာများ ဖြစ်သည်ကို တွေ့နိုင်ပေ၏။
“အဲ့ဒါကိုး” ချန်းယန် အမူအရာ ပြောင်းလဲသွားခဲ့ပီဲး “လူအိုကြီးတုက တကယ်ကို အမြင်စူးရှတာပဲ”
“ဒါက ရုပ်ပြောင်းရုပ်လွှဲ လုပ်နေတဲ့နေရာမှာ သုံးတာလား” ရန်ကိုင်လည်း ထိုပစ္စည်း၏ အသုံးဝင်ပုံကို နားလည်သွားခဲ့လေ၏။
“ဝတ်ကြည့်လိုက်” ဖေးယုက တိုက်တွန်းလိုက်၏။
ရန်ကိုင်လည်း ခေါင်းညိတ်ပြီး ထိုလွှာကို သူ့မျက်နှာထက် ကပ်လိုက်ရာ သူ့မျက်နှာပြင် တစ်ခုလုံး အေးစိမ့်စိမ့်လေး ဖြစ်သွားခဲ့ပြီး အလွှာပါးပါးလေးသည် သူ့အရေပြားထဲ စိမ့်ဝင်သွားသည်ကို ခံစားမိလိုက်လေ၏။
သူ့မျက်နှာ မည်သို့မည်ပုံ ပြောင်းလဲသွားသည်ကို မသိသော်ငြား သူ့ဂိုဏ်းတူစီနီယာများ၏ မျက်နှာ အမူအရာအရ သူ့ရုပ်သည် မူလပုံစံနှင့် အတော်လေး ကွဲပြားသွားမှန်း ခန့်မှန်းမိလိုက်၏။
“ဒါ…” လီဝမ် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေ၏။
ဖေးကျန်လည်း မျက်လုံးအပြူးသား ဖြစ်နေခဲ့၏။
“အဲ့လောက်တောင် ပြောင်းလဲသွားတာလား” ရန်ကိုင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
“နင့်ဘာသာကြည့်ကြည့်လိုက်” ဖေးယုက သူမလက်ကို ဝှေ့ရမ်းလျက် ရန်ကိုင်ရှေ့တည့်တည့်၌ ရေနှင့် မှန်တစ်ချပ်ကို ဖန်တီးပေးလိုက်၏။ မှန်ထဲရှိ သူ့ပုံစံကို မြင်ပြီးနောက် ရန်ကိုင် ကြောင်အသွားခဲ့ရ၏။
မှန်ထဲရှိ သူ့ပုံသည် လုံးဝကို အခြားတစ်ယောက် ဖြစ်နေခဲ့၏။ ရှင်းရှင်းပြောရလျှင် မှန်ထဲရှိ မျက်နှာသည် ချောမောလှပလှပြီး အသားအရေသည် နှင်သားတမျှ ဖြူဖွေးနေခဲ့ကာ မိန်းမတစ်ယောက်၏ မျက်နှာပမာ အပြစ်အနာအဆာ ကင်းမဲ့နေခဲ့၏။
ရန်ကိုင် အမူအရာ မှုန်ကျသွားခဲ့ပြီး သူ့မျက်နှာကို ဆိတ်ကြည့်လိုက်ရာ မှန်ထဲရှိ ပုံရိပ်သည်လည်း သူ့အတိုင်း လိုက်လုပ်လေ၏။
“အထင်ကြီးစရာပဲ” ချန်းယန်က ပြောလာခဲ့လေ၏ “ဒီပစ္စည်းက တကယ်ကို ရတနာတစ်ပါးပဲ။ မင်းရုပ်ရည်ကို ပြောင်းပေးနိုင်ရုံတင် မဟုတ်ဘူး။ မင်းရဲ့ အသက် အရှိန်အဝါကိုပါ ပြောင်းပေးလိုက်တာပဲ”
“ဒါနဲ့ဆိုရင် မင်းဘယ်သူဘယ်ဝါ ဆိုတာ ပေါ်သွားမှာ ကြောက်စရာ မလိုတော့ဘူး” ဖေးယုက ပြုံးလိုက်ပြီး “ဒီတစ်ကြိမ် လူအိုကြီးတုကို တကယ် ကျေးဇူး တင်ရတော့မယ်။ ငါတို့ ခေါင်းစားနေရတဲ့ ပြဿနာကို သူကပဲ ဖြေရှင်းပေးသွားခဲ့တာ ဆိုတော့လေ”
ရန်ကိုင်သည် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်ကို သိပ်သည်းရန် ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးဆီ သွားမည်ဖြစ်သဖြင့် အခြားလူများ သူ့အား သတိမပြုမိဘဲ နေလိမ့်မည် မဟုတ်ချေ။ သူသာ ထူးချွန်လွန်းနေပါက မလိုလားအပ်သော အာရုံစိုက်မှုများကို ကျိန်းသေ ဆွဲဆောင်မိသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် လူအိုကြီးတု ပေးလိုက်သော ပစ္စည်းသည် သူတို့ခေါင်းစားနေသော ပြဿနာကို ဖြေးရှင်းပေးလိုက်နိုင်၏။
ရုပ်ပြောင်းလဲခြင်း ပညာရပ်ကို သုံး၍ ချန်းယန်တို့ အနေဖြင့် ရန်ကိုင် ရုပ်ရည်ကို ပြောင်းလဲပေး၍ ရသော်လည်း ထိုပညာရပ်သည် သူတို့ထက် အားနည်းသည့် ပညာရှင်များအပေါ်တွင်သာ အကျိုးရှိ၏။ သူတို့နှင့် အဆင့်တူ ပညာရှင်များကို ထိုပညာရပ်ဖြင့် သွားလှည့်စား၍ မရချေ။ ထို့ပြင် ရုပ်ပြောင်းလဲခြင်း ပညာရပ်သည် ရုပ်ကိုသာ ပြောင်းလဲပေးနိုင်ပြီး အသက်အရှိန်အဝါကို ပြောင်းလဲမပေးနိုင်ချေ။
ယခုမူ သူတို့အနေဖြင့် ထိုပြဿနာကို ဆက်လက်၍ စိုးရိမ်နေစရာ မလိုတော့ချေ။
ရန်ကိုင်၏ စွမ်းဆောင်မှုသည် လွန်စွာကိုမှ ထူးချွန် ပြောင်မြောက်နေလျှင်ပင် ထိုကိစ္စနှင့် ပက်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ချေ။ အဘယ်ကြောင့်ဆိုသော လောကကြီးသည် ရန်ကိုင်မဟုတ်သော သူကို လိုက်ရှာနေမည် ဖြစ်သောကြောင့်ပင် ဖြစ်၏။
“လူအိုကြီးတုမှာ ပစ္စည်းကောင်းတွေ တော်တော် များတာပဲ” ချန်းယန် သက်ပြင်းချလိုက်လေ၏။ ယခင် အကြိမ်က လူအိုကြီးတုသည် ကြယ်တာရာကောင်းကင် မှာသာ ရရှိနိုင်သည့် မိုးပြာကျောက်တုံးကို ထုတ်ပြခဲ့ပြီး ယခုအကြိမ်၌ အဆင့်မြင့် ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းတစ်ခုကို ရန်ကိုင်အတွက် အလွယ်တကူ ထုတ်ပေးခဲ့၏။ ဆေးပညာရှင်သည် အမှန်ပင် လူချမ်းသာများ ဖြစ်ကြပေ၏။
အထူးသဖြင့် အဆင့်မြင့် ဆေးပညာရှင်များပင်။ သူတို့ တစ်ခုခု လိုချင်သည်ဆိုလျှင်ပင် ကိုယ်တိုင် လှုပ်ရှားစရာ မလိုချေ။ သတင်းပို့လိုက်ရုံဖြင့် သူတို့အား ဆေးဖော်စပ်ခိုင်းချင်နေသေည့် အားကောင်းသော ပညာရှင်များစွာက သူတို့၏ တောင်းဆိုချက်ကို ဖြည်းဆည်းပေးရန် အသင့်ဖြစ်နေပေလိမ့်မည်။
မိုးပြာကျောက်တုံးဖြစ်စေ၊ ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်း ဖြစ်စေ၊ နှစ်ခုစလုံးသည် ဆေးဖော်စပ်ခအဖြစ် လူအိုကြီးတု ရလာခဲ့ခြင်း ဖြစ်ပေ၏။
“ဂိုဏ်းတူတူလေးက အရမ်းကို ကြည့်ကောင်းတာပဲ” ဖေးယုက ကြင်နာစွာ ပြုံးလိုက်ပြီး “ဂိုဏ်းတူဒေါ်လေး ဒီမျက်နှာကို အရမ်းကြိုက်တာပဲ”
ရနက်ိုင်၏ ယခင်ပုံစံသည် ရုပ်မဆိုးသော်လည်း လက်ရှိ မျက်နှာကဲ့သို့ ပြီးပြည့်စုံမှု မရှိချေ။ နှစ်ပေါင်း များစွာကြာအောင် အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ် တိုက်ခိုက်လာခဲ့ရသဖြင့် ရန်ကိုင်၏ အသွင်အပြင်သည် ကြမ်းရမ်းပြီး ရဲစွမ်းသတ္တိရှိသည့် စစ်သည်တော် တစ်ယောက် ပုံစံမျိုး ပေါက်နေခဲ့၏။
သို့သော်လည်း ယခု အသွင်အပြင်သည် မြင်သူ မိန်းမသားတိုင်း နှစ်သက်သွားရလောက်သည်အထိ၊ မည်သည့် ပြစ်ချက်မှ ရှာမရသည်အထိ ချောမော လွန်းလှပေသည်။
သူမစကားကြောင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခြင်း မရှိခဲ့။ ခဏလောက် စဉ်းစားပြီးနောက် အစစ်အမှန်ချီကို အာရုံစိုက်လှည့်ပတ်၍ သူ့မျက်နှာ အသွင်အပြင်ကို ဟိုပြောင်း၊ ဒီပြောင်း လုပ်လိုက်၏။
“အင်း၊ ပြည့်စုံသွားပြီ” မှန်ထဲရှိ သူ့ပုံစံကို ကြည့်ရင်း ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။
“ဘာလို့ ပြောင်းပစ်လိုက်တာလဲ။ အရင်ပုံစံက ပိုချောတာကို။ ဒါက မဆိုးပေမယ့် အရင်လောက် မလှတော့ဘူး” ဖေးယုက နှုတ်ခမ်းလေးကို ကွေးလျက် အထွန့်တက်လိုက်၏။
“ပြစ်ချက် တစ်ခုလေးတောင် မရှိတာကမှ အကြီးမားဆုံး ချို့ယွင်းချက်ကြီးပဲ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ဒါကမှ သဘာဝပိုဆန်သွားတာ”
သူပြောသည်ကို နားထောင်ပြီး ဖေးယုလည်း အတွေးနက်သွားခဲ့ရ၏။ ခဏအကြာ၌ သူမလည်း ခေါင်းညိတ်လိုက်လေ၏။
“ဒီကိစ္စနဲ့ပက်သက်ပြီး တစ်နေ့ကျ လူအိုကြီးတုကို ကျေးဇူးတင်ရမယ်။ ဒီပစ္စည်းကြောင့်သာ မဟုတ်ရင် ငါတို့ အခုအချိန်အထိ ဦးနှောက်ခြောက်နေရဦးမှာ” ချန်းယန်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ဆက်ပြောလိုက်၏ “မနက်ဖြန်ကျ၊ ငါရယ်၊ လီဝမ်ရယ်၊ ဖေးကျန်ရယ်၊ ကောင်းကင်တက်လှမ်းခြင်းချောက်ကမ်းပါး မှာ အခြေအနေတစ်ချက် သွားစူးစမ်းကြည့်မယ်။ နယ်မြေအကြောင်းသိရင် ငါတို့အတွက် ပိုပြီး အားသာရာ ရနိုင်တယ်။ ဖေးယု၊ နင်ကတော့ ဂိုဏ်းတူတူလေးနဲ့ပဲ မြို့ထဲမှာ နေခဲ့။ သူ့ကိုလည်း သေချာစောင့်ရှောက် ထားလိုက်ဦး။ ဝဲပျံတိမ်တိုက်မြို့တော်က ငြိမ်းချမ်းတယ် ဆိုပေမယ့် လုံးဝကို လုံခြုံသေးတာတော့ မဟုတ်ဘူး”
“ငါသိတယ်” ဖေးယုက ခေါင်းညိတ်ပြလိုက်၏။
တစ်ခဏတာ ဆွေးနွေးပြီးနောက် အားလုံး ကိုယ့်အခန်း အသီးသီးဆီ ပြန်သွားကြ၏။
ရန်ကိုင်သည် ထိုရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းကို ချွတ်မပစ်သေးဘဲ နေသားကျသွားအောင် ဆက်ဝတ်ထားလိုက်၏။
ညရောက်သည့်အချိန်၌၊ ဝဲပျံတိမ်တိုက်မြို့တော်ထဲ လူအိုကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက် ထွက်ပေါ်လာခဲ့လေ၏။ လူအိုကြီး၏ ဆံပင်များသည် အနည်းငယ် ဖြူဖွေးနေခဲ့ပြီး ရိုးရှင်းသော အဝတ်အစား ကိုသာ ဝတ်ဆင်ထားခဲ့ကာ လူငယ်လေးကမူ အသက်(၂၀)လောက်သာ ရှိသေးဟန် ရ၏။ သို့သော် လူငယ်လေးသည် အမြင်စူးရှသည့် ပုံစံမျိုးပေါက်ပြီး အသံဗလံညံနေသော ဝဲပျံတိမ်တိုက်မြို့တော်ကို စိတ်ဝင်တစားဖြင့် စူးစမ်းကြည့်နေခဲ့လေ၏။
လူအိုကြီးကမူ လေထဲဝဲလျက် အောက်ဘက်ကို ဝေ့ကြည့်လိုက်၏။ တစ်ခဏအကြာ၌ အတိတ်က အကြောင်းများကို ပြန်သတိရလိုက်သည့်အလား သူ့မျက်ဝန်း အစုံသည် အနည်းငယ် လင်းလက်တောက်ပ လာခဲ့လေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၀၀) အကြီးတစ်ယောက်၊ အငယ်တစ်ယောက်
——————————————————————
“ဆရာ၊ ဒါက ဝဲပျံတိမ်တိုက်မြို့တော်လား” လူငယ်လေးက ရှုပ်ယှတ်ခတ်နေသော လူအုပ်ကြီးကို စိတ်ဝင်တစားဖြင့် ကြည့်ရင်း မေးလိုက်၏။
“ဟုတ်တယ်၊ မြို့နာမည်က မပြောင်းသေးပေမယ့် လူတော်တော်များများကတော့ ပြောင်းလဲကုန်ပြီ။ နှစ်တစ်ထောင်ကြားပြီးတဲ့နောက်ပိုင်း၊ ငါထင်ထားသလို တော်တော်များများ ပြောင်းလဲသွားတာပဲ” လူအိုကြီးက သက်ပြင်းချလိုက်၏။
“အဲ့လိုဆိုရင် အဲ့တောင်က ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါး ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား” လူငယ်လေးက မိုးထိလုမတတ် မြင့်မားလှသည့် ထီးထီးကြီး တည်ရှိနေသော တောင်ထွတ်ဆီ လှမ်းကြည့်၍ မေးလိုက်၏။
“အမှန်ပဲ။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်က အဲ့တောင်ပေါ်မှာ ရှိတာ” လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ယောင်အာ၊ ဒီတစ်ကြိမ် ငါမင်းကို ခေါ်လာခဲ့ရတဲ့ အဓိကအကြောင်းအရင်းက နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကြောင့်ပဲ။ မင်းက ငယ်ငယ်လေးကတည်းက ငါ့နောက်လိုက်ပြီး တောတောင်တွေထဲမှာ လေ့ကျင့်လာခဲ့တာ။ ဒါကြောင့် လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ ဆိုတာကို မင်းကောင်းကောင်း သိဦးမှာမဟုတ်ဘူး။ မြို့ထဲရောက်ရင် ပြဿနာ မဖြစ်အောင်နေ။ ကောက်ကျစ်တဲ့ လူတွေကိုလည်း သတိထားဖို့ လိုသေးတယ်”
“တပည့် နားလည်ပါပြီ” လူငယ်လေးက လေးလေးစားစားဖြင့် ခေါင်းညိတ်လိုက်ပြီး “ဆရာ၊ ဆရာလည်း နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်ကို ဖွဲ့စည်းဖူးတယ်မလား။ အဲ့တုန်းက အခြေအနေလေး ကျွန်တော့်ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား။ ကျွန်တော်အရမ်းသိချင်နေလို့”
လူအိုကြီးက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “သေသေချာချာတော့ ပြောပြလို့မရဘူး။ ဒါပေမယ့် ကိုယ်တိုင် ကြုံတွေ့တဲ့အခါကျ မင်းနားလည်လာမှာပါ။ ကေင်းပြီလေ။ ဒီမှာရှိနေတဲ့ မြို့သခင်ဆီ တစ်ချက်လောက် သွားလည်ကြတာပေါ့။ ငါမှတ်မိသလောက်ဆို လက်ရှိ မြို့သခင်က ဒီလူအိုကြီး အသိမိတ်ဆွေ တစ်ယောက်ရဲ့ မျိုးဆက်ပဲ”
“ဖြည်းဖြည်းလျှောက် ဆရာ” လူငယ်လေးက လူအိုကြီးကို တွဲရင်း မြို့ထဲသို့ ဝင်သွားလိုက်လေ၏။
မြို့ထဲရှိ လူတော်တော်များများက ထိုလူအိုကြီးနဲ့ လူငယ်အတွဲကို စိတ်ဝင်တစား မော့ကြည့်လိုက်ကြ သော်ငြား မည်သူကမျှ သူတို့အား ဆက်၍ အာရုံမစိုက်ခဲ့ကြချေ။ တကယ်တော့ ဝဲပျံတိမ်တိုက် မြို့တော်ထဲ ဝင်ထွက်သွားလာနေသည့် ကျင့်ကြံသူ များစွာ ရှိသည် မဟုတ်ပေလော။ လူအိုကြီးသည် သင်္ချိုင်းကုန်း ခြေတစ်လှမ်းဖက်နေသည့် ပုံစံပေါက်နေသော်လည်း တစ်ချိန်တည်းမှာပင် အစစ်အမှန် ပညာရှင်တစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
မြို့သခင်စံအိမ်ထဲတွင်၊ လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုမှ ပညာရှင်တစ်ယောက်စီ ထိုင်နေခဲ့ကြ၏။
မြို့သခင်အောင်းကုသည် နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင် တစ်ယောက်ဖြစ်ပြီး လက်ထောက်မြို့သခင် ကျိုးလျန်နှင့် ကျင်းကျောင်သည် လူသားမျိုးနွယ်စုနှင့် မွန်စတားမျိုးနွယ်စုမှ အသီးသီးဖြစ်ကြ၏။ သုံးယောက် စလုံးသည် သူတော်စင်အဆင့် ပညာရှင်များ ဖြစ်ကြ၏။
ယခုအချိန်၌ ထိုလူသုံးယောက်သည် အရေးကြီး ကိစ္စတစ်ခုကို ဆွေးနွေးနေခဲ့ကြ၏။ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် ပွင့်လာတော့မည် ဖြစ်လေရာ ဝဲပျံတိမ်တိုက် တစ်ခုလုံးသည် လူများစွာဖြင့် ပို၍ စည်းကား သိုက်မြိုက်လာတော့မည်မှာ သံသယ ရှိစရာ မလိုချေ။ ထို့ကြောင့် သူတို့အနေဖြင့် မြို့ထဲ၌ လုံခြုံရေး ပိုတိုးမြှင့်ရန် လိုအပ်ပေ၏။ သို့မှသာ ဝဲပျံတိမ်တိုက် မြို့တော်၏ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင် ပေလိမ့်မည်။
ထို့အပြင် အရေးကြီးသည့် အခိုက်အတန့်၌ ဝဲပျံတိမ်တိုက် မြို့တော်မှ ကီလိုမီတာ (၆၀၀)ပတ်လည် အတွင်း မည်သည့် သူတော်စင်အဆင့် ပညာရှင်မှ ထွက်ပေါ်မလာစေဖို့ သေချာအောင်လည်း လုပ်ထားရပေမည်။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်သည် ဝဲပျံတိမ်တိုက် မြို့တော်၏ လက္ခဏာ ဖြစ်သလို ထိုမြို့တော် ယခုကဲ့သို့ ကြီးပွားချမ်းသာလာခဲ့ရခြင်း၏ အုတ်မြစ်လည်း ဖြစ်ပေ၏။ နှစ်တစ်ထောင်တိုင်း၊ နတ်ဆိုးပန်းပွင့် ပွင့်ချိန် နီးကပ် လာသည်နှင့် နတ်ဆိုး၊ မွန်းစတားနှင့် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများစွာတို့သည် ဝဲပျံတိမ်တိုက်မြို့တော်သို့ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြ၏။ ကျင့်ကြံသူများစွာ ရောက်ရှိလာသဖြင့် ဝဲပျံတိမ်တိုက်မြို့လည်း အကျိုးအမြတ် များစွာ ရခဲ့ရ၏။
ထို့ကြောင့်ပဲ ထိုသုံးယောက်သည် လက်ရှိ အခြေအနေကို အသေအချာ ကိုင်တွယ်ရန် လိုအပ်ပေ၏။ နတ်ဆိုးပန်းပွင့် ပွင့်လာသည်နှင့် မည်သည့် သူတော်စင် အဆင့် ပညာရှင်မှ ထွက်ပေါ်လာ၍ မဖြစ်ချေ။
သူတို့ ဆွေးနွေးနေစဉ်မှာပင် မွန်းစတားမျိုးနွယ်စု အစောင့်တစ်ယောက်သည် အလျင်စလို ရောက်ချလာခဲ့ပြီး လက်သီးဆုပ်လျက် လေးလေးစားစားဖြင့် “မြို့သခင် အောင်းကု၊ လူအိုကြီးတစ်ယောက်က မြို့သခင်ကို တွေ့ချင်လို့တဲ့”
“လူအိုကြီးတစ်ယောက်လား” အောင်းကု မျက်မှောင် ကြုံ့သွားခဲ့ပြီး စိတ်မရှည်ဟန်ဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “ငါသူ့ကို တွေ့မှာမဟုတ်ဘူး။ ပြန်ထွက်သွားခိုင်းလိုက်”
သို့သော် အစောင့်သည် ချက်ချင်း မထွက်သွားသေးဘဲ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်၏ “ဒါပေမယ့်၊ သူက စီနီယာအောင်းစီကို သိတယ်လို့ ပြောနေတယ်။ ပြီးတော့ ဒါကို မြို့သခင်လက်ထဲ ထည့်ပေးဖြစ်အောင် ထည့်ပေးလိုက်တဲ့”
အောင်းကု အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို မတ်တပ်ရပ်ကာ မေးလိုက်၏ “ငါ့အဖိုးကို သူသိတယ်လား”
မျက်မှောင်ကြုံ့လျက် အောင်းကုက ထပ်မေးလိုက်၏ “သူဘာပေးခိုင်းလိုက်တာလဲ။ ငါ့ကိုပေးစမ်း”
အစောင့်လည်း တံဆိပ်ပြားတစ်ခုကို အောင်းဂူလက်ထဲ အလျင်စလို ထည့်ပေးလိုက်၏။ ထိုတံဆိပ်ပြားကို မြင်ပြီးနောက် အောင်းကု အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုံ့သွားခဲ့ကာ အတွေးနက်သွားခဲ့လေ၏။ ခဏအကြာ၌ တံဆိပ်ပြားကို သိမ်းလိုက်ပြီး ကျိုးလျန်နှင့် ကျင်းကျောင်တို့ဘက် လှည့်၍ “ညီအစ်ကိုတို့ရေ၊ ဒီကိစ္စကို နောက်နေ့မှ ဆက်ကြတာပေါ့ကွာ။ အခုလာတွေ့တဲ့ လူတစ်ယောက်ကို ငါသွားကို တွေ့ရမှာမို့လို့ ငါ့ကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်”
“မြို့သခင် အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး” ကျိုးလျန်က အသာအယာ ခေါင်းညိတ်လိုက်လေ၏။
အောင်းကု ထွက်သွားပြီးနောက် ကျင်းကျောင်က တံခါးပေါက်ကို ငေးစိုက်ကြည့်ရင်း တွေးတွေးဆဆဖြင့် ပြောလိုက်၏ “ညီအစ်ကိုလီ၊ အဲ့လူအိုကြီးက အောင်းကု အဖိုးနဲ့ အသိတွေ ဖြစ်နေမှတော သူ့အသက်က နှစ်တစ်ထောင်လောက် ရှိနေပြီလို့ ပြောလိုက်တာပဲ မဟုတ်ဘူးလား”
ကျိုးလျန်က ကျင်းကျောင်အား စိတ်ဝင်တစား စိုက်ကြည့်လိုက်ပြီး “ဒီလောကကြီးမှာ အဲ့အသက်လောက် ရှိနေတဲ့ မွန်းစတားအိုကြီးတွေ အများကြီးပဲ မဟုတ်ဘူးလား”
ကျင်းကျောင်က အဓိပ္ပါယ်ပါပါ ပြုံးကာ ဆက်ပြောလိုက်၏ “ရှိတယ်ဆိုပေမယ့် အောင်းကု အဖိုးနဲ့ ရင်းနှီးတဲ့လူက များများစားစား ရှိတာမှ မဟုတ်တာ။ အစောင့်ထုတ်ပြသွားတဲ့ တံဆိပ်က အောင်းကုမိသားစုရဲ့ အဆင့်အမြင့်ဆုံး တံဆိပ်ပြားဆိုတာကို ညီအစ်ကိုလီ သတိပြုမိမလား မသိဘူး။ သူ့မိသားစုအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တဲ့ လူတွေကိုပဲ အဲ့တံဆိပ်ပြားပေးတာ။ ငါမှတ်မိသလောက်ဆိုရင် အောင်းကု မိသားစု အဲ့တံဆိပ်ပြားကို သုံးကြိမ်ပဲ ထုတ်ပေးဖူးသေးတယ်။ နှစ်ခုက သူတို့မိသားစုက နတ်ဆိုးမျိုးနွယ်စုဝင် နှစ်ယောက်ဆီ။ နောက်တစ်ယောက်က လူသားမျိုးနွယ်စုက ပညာရှင် တစ်ယောက်ဆီပဲ”
“အခုရောက်လာတဲ့လူက လူသားမျိုးနွယ်စုကပဲ” အပြင်ဘက်မှ အားကောင်းလှသော နတ်ဆိုးချီကို မခံစားမိသဖြင့် ယခု ရောက်လာသောသူသည် လူသား မျိုးနွယ်စုမှ ဖြစ်ရမည်ဟု ကျိုးလျန် ကောက်ချက် ချလိုက်၏။
“အဲ့လိုဆိုရင် ဒီကိစ္စက သေးတော့ မသေးတော့ဘူး” ကျင်းကျောင် အမူအရာ လေးနက်သွားခဲ့၏။
“မင်းဘာပြောချင်တာလဲ”
“အောင်းကု မိသားစုရဲ့ အဆင့်အမြင့်ဆုံး တံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့ လူသားမျိုးနွယ်စုက ပညာရှင်ကို မင်းသိလား”
တစ်ခဏလောက် တွေးလိုက်ပြီးနောက် ကျိုးလျန်က အလျင်အမြန် ပြန်ပြောလိုက်လေ၏ “အောင်းကု မိသားစုက တံဆိပ်ပြားကို ရထားတဲ့ပုံအရဆို၊ အဲ့လူသား ပညာရှင်က တကယ်ကို ထူးခြားတဲ့လူပဲ ဖြစ်ရမယ်”
“ညီအစ်ကိုလျန်၊ ကောလဟာလ အချို့ကိုတော့ ငါသိထားတယ်။ မင်းမသိရင် ငါမင်းကို ပြောပြမယ်”
ကျင်းကျောင်က ဘေးပတ်ပတ်လည်ကို တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် ကျိုးလျန်ဆီ တိုးကပ်သွားကာ စကားအချို့ ပြောလိုက်၏။
ထိုစကားကို ကြားပြီးနောက် ကျိုးလျန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “မင်းတကယ် ပြောနေတာလား”
“အင်း” ကျင်းကျောင်က ခေါင်းညိတ်ပြလိုက်၏။
“သူသာဆိုရင်…” ကျိုးလျန်နှင့် ကျင်းကျောင်တို့ နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်ကြလိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ဘဲ ထိုင်ရာမှထ၍ အောင်းကုနောက် အလျင်အမြန် လိုက်သွားကြလေ၏။
မြို့သခင်စံအိမ် အပြင်ဘက်သို့ အောင်းကု အလျင်အမြန် ပြေးထွက်သွားခဲ့၏။ သူ့ရှေ့ရှိ လူအိုကြီးကို မြင်ပြီးနောက် မှင်သက်သွားခဲ့ပြီး ခဏအကြာမှသာ အသိပြန်ဝင်လာခဲ့၏။ အသိပြန်ဝင်လာသည်နှင့် အလျင်စလို လက်သီးဆုပ်လိုက်ပြီး ဦးညွှတ်၍ လေးလေးစားစားဖြင့် ပြောလိုက် “ဂျူနီယာအောင်းကုက ဆရာလာမယ်မှန်း မသိလို့ မကြိုဆိုမိလိုက်ဘူး။ ကျေးဇူးပြုပြီး ဒီဂျူနီယာကို ခွင့်လွှတ်ပေးပါ”
စံအိမ်အပြင်ဘက်၌ ရှိနေသော အစောင့်များအားလုံး မျက်လုံးအပြူးသား ဖြစ်နေခဲ့ကြ၏။
နတ်ဆိုးမျိုးနွယ်စုသည် ရက်စက်ကြမ်းကြတ်မှုဖြင့် ကျော်ကြာပြီး နတ်ဆိုးမျိုးနွယ်စုမှ မည်သည့် ပညာရှင်ကမှ အခြားသူများကို အလွယ်တကူ ဦးညွှတ်လေ့မရှိချေ။ ထိုအချက်ကို လူတိုင်းလိုလို သိကြ၏။ သို့သော်လည်း ယခု၌ အောင်းကုသည် လူသားမျိုးနွယ်စုမှ လူအိုကြီး တစ်ယောက်ကို ဦးညွှတ်နှုတ်ဆက်နေခဲ့လေ၏။ သူတို့ မြို့သခင် အခြားလူတစ်ယောက်ကို ဤမျှ ရိုရိုသေသေ ဆက်ဆံသည်ကို သူတို့ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်၏။
ထို့ပြင် ထိုပညာရှင်သည် လူသား တစ်ယောက် ဖြစ်နေ၏။
မည်ကဲ့သို့သော အဆင့်အတန်း ပိုင်ဆိုင်ထား၍များ ထိုလူအိုကြီးကို မြို့သခင်က လေးလေးစားစားဖြင့် ဦးညွှတ်ရသနည်း။
အစောင့်များအားလုံး လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့ကြရလေ၏။
လူအိုကြီးက ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး “မတွေ့ရတာ နှစ်တွေ အများကြီး ကြသွားတာနဲ့ မင်းတောင် ဒီလောက်အထိ ကြီးပြင်းလာပြီပဲ။ ငါ့ပုံစံကို အခုထိ မှတ်မိနေသေးတာ ချီးကျူးစရာပဲ။ ဒါနဲ့၊ အောင်းစီရော ဘယ်လိုနေလဲ”
အောင်းကု အမူအရာ ညိုးကျသွားခဲ့ပြီး စိတ်အားငယ်စွာဖြင့် ပြန်ပြောလိုက်လေ၏ “ကျုပ်အဖိုးက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက ဆုံးသွားခဲ့တာ”
ထိုစကားကို ကြားသည်နှင့် လူအိုကြီး အသာအယာ သက်ပြင်းချလိုက်ပြီး “ငါမိတ်ဆွေတွေ အကုန်လုံး ငါ့ကို ထားပြီး ထွက်သွားကုန်ကြတာပါလား။ ဟူး…”
“စီနီယာ ဆက်ပြီး အသက်ရှင်နေသေးတာ လူသား၊ နတ်ဆိုးနဲ့ မွန်းစတားမျိုးနွယ်စုတွေအတွက် ကောင်းချီးတစ်ခုပဲလေ”
“ဟဲ ဟဲ၊ အသက်ကြီးလာရတာ အမြဲတမ်းတော့ မကောင်းဘူးကွ” လူအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။
“ဒီက ညီငယ်လေးက…” အောင်းကု၏ အကြည့်သည် လူအိုကြီးဘေးနားရှိ လူငယ်လေးဆီသို့ ရောက်သွားခဲ့၏။
“ဂျူနီယာတိယောင်က စီနီယာကို နှုတ်ဆက်ပါတယ်။ ကျုပ်က ဆရာရဲ့ တပည့်ပါ” လူငယ်လေးက လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏။
အောင်းကု၏ မျက်ဝန်းအစုံ ရုတ်တရက် လက်သွားခဲ့ပြီး စိတ်လှုပ်ရှားသွားသည့် အမူအရာဖြင့် “စီနီယာလည်း တပည့်လက်ခံလိုက်ပြီပေါ့”
လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး “ငါ့လည်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးလာနေပြီလေ။ ဒါကြောင့် ငါ့အမွေအနှစ်ကို လက်ဆင့်ကမ်းပေးဖို့ တပည့်တစ်ယောက် ရှာဖို့ ဆုံးဖြတ်လိုက်တာ။ ဒီကောင်လေးရဲ့ အရည်အချင်းက တော်တော်လေး ကောင်းတယ်ကွ။ ဒါကြောင့် သူ့ကို ငါ့ဘေးမှာထားပြီး သင့်ကြားပေးခဲ့တာလေ”
“လူငယ်လေး၊ မင်းကတော့ တကယ့်ကို ကံကောင်းတဲ့ကောင်ပဲ။ စီနီယာလို ပုဂ္ဂိုလ်မျိုးရဲ့ လက်အောက်မှာ သင်ကြားရတာဆိုတော့ ဒီလောကကြီးမှာ မင်းကို မနာလိုတဲ့လူ မရှိမှာ မဟုတ်ဘူးဆိုတာကို ငါရဲရဲကြီး အာမခံရဲတယ်” အောင်းကုက လေးနက်တည်ကြည်စွာ ပြန်ပြောလိုက်၏။
တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် တိယောင်ဆိုသော လူငယ်လေးသည် လူသားတစ်ယောက် မဟုတ်ဘဲ မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေသည်ကို အောင်းကု တွေ့ရှိလိုက်ရ၏။
လူငယ်လေး ကိုယ်ထဲရှိ မွန်းစတားချီကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားရာ သူတို့ခွန်အား အရမ်းကြီး ကွာခြားနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အောင်းကုလည်း ထိုအချက်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
လူသားမျိုးနွယ်စုမှာ မွေးလာပြီး မွန်းစတား မျိုးနွယ်စုက လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံဖို့ ဆိုတာ အခြာလူတွေ လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒီလောကကြီးမှာ စီနီယာတစ်ယောက်ပဲ လူသား၊ နတ်ဆိုး၊ မွန်းစတား မျိုးနွယ်စုဆိုပြီး ခွဲခြားမှု မရှိတာနဲ့ တူပါတယ်။ စီနီယာက အရမ်းကို သဘေားထား ပွင့်လင်းတာပဲ
အောင်းကု သူ့စိတ်ထဲကနေ ကြိတ်၍ ချီးကျူးလိုက်၏။
ထိုကဲ့သို့ သဘောထား ရှိသည့် အတွက်ကြောင့်ပဲ စီနီယာကို တစ်လောကလုံးကို လေးစားကြခြင်း ဖြစ်၏။
အောင်းဂုစိတ်ထဲ ထိုစီနီယာကို နက်နက်နဲနဲ လေးစားသွားခဲ့ရ၏။
သူတို့စကားပြောနေစဉ်မှာပင် ကျိုးလျန်နှင့် ကျင်းကျောင်တို့သည် မြို့သခင် စံအိမ်ထဲမှ ပြေးထွက်လာပြီး လူအိုကြီးရှေ့ ရောက်သည်နှင့် လက်သီးဆုပ်ကာ ဦးညွှတ်၍ “စီနီယာကို နှုတ်ဆက်ပါတယ်”
“မင်းတို့နှစ်ယောက် လက်ထောက်မြို့သခင် ကျိုးလျန်နဲ့ ကျင်းကျောင်တို့မလား” လူအိုကြီးက အသာအယာ ပြုံးလိုက်၏။
“စီနီယာက် တကယ်ကို အမြင်စူးရှတာပဲ” ကျိုးလျန်နှင့် ကျင်းကျောင်တို့ နှစ်ယောက်စလုံး ခါးကို ပြန်မတ်လိုက်ပြီး လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏။
“အင်း” လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး “မင်းတို့ သုံးယောက်ရဲ့ ကြီးကြပ်မှုအောက်မှာ ဝဲပျံတိမ်တိုက် မြို့တော်က တကယ့်ကို ကြီးပွားတိုးတက်လာတာပဲ။ မင်းတို့ တော်တော်လေး ကြိုးစားအားထုတ်ခဲ့ရမှာပဲနော်။ ဒီလောကကြီးမှာ ငါက ဘယ်မျိုးစုက ဆိုပြီး တစ်ယူသန် ဖြစ်မနေတဲ့ မင်းတို့လိုလူတွေ ပိုရှိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ အဲ့အချိန်က ဒီလောကကြီးတစ်ခုလုံး ငြိမ်ငြိမ်ချမ်းချမ်းနဲ့ မိသားစုတစ်ခုတည်းလို နေလို့ရပြီ။ အဲ့လို မြင်ကွင်းမျိုး ဘယ်အချိန်ကျမှ ဒီလူအိုကြီး မြင်နိုင်မလဲ မသိဘူး”
“အဲ့လို အနာဂတ်ရောက်လာအောင် ဂျူနီယာ ကျိန်းသေ ကြိုးစားပါ့မယ်” ကျိုးလျန်နှင့် ကျင်းကျောင်တို့ နှစ်ယောက်စလုံး အလျင်အမြန် ပြောလိုက်ကြ၏ “အပြင်လောကကြီးမှာ အဲ့လို ဖြစ်နိုင်မယ်လို့ မပြောရဲပေမယ့် ဝဲပျံတိမ်တိုက်မြို့ထဲမှာတော့ အဲ့လို မြင်ကွင်းမျိုး စီနီယာ ကျိန်းသေ မြင်ရပါလိမ့်မယ်”
“ဟိုးဟို၊ ဒီလူအိုကြီးလည်း ကြည့်ရတာပေါ့” လူအိုကြီးက ယဲ့ယဲ့လေး ပြုံးလိုက်လေ၏။
“စီနီယာ၊ အထဲဝင်ပြောကြမယ်” အောင်းဂုက လူအိုကြီးကို မြို့သခင်စံအိမ်ထဲ အလျင်အမြန် ဖိတ်ခေါ်လိုက်လေ၏။
လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ့တပည့် အကူအညီဖြင့် စံအိမ်ထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေ၏။
ကျိုးလျန်နှင့် ကျင်းကျောင်တို့ နှစ်ယောက်လည်း အလျင်စလို ပြေးလိုက်သွားကြလေ၏။ သွားနေရင်း ဤအခွင့်အရေးကို သုံး၍ လူအိုကြီးအား ဆေးလုံး တစ်လုံး၊ နှစ်လုံးလောက် ဖော်စပ်ခိုင်းရင် ကောင်းမလားဟုပင် တွေးနေခဲ့ကြသေး၏။
စံအိမ်ထဲ၌ အောင်းဂုသည် လူအိုကြီးနှင့် တိယောင်အတွက် စားသောက်ပွဲတစ်ခု ပြင်ပေးခဲ့၏။
လူအိုကြီးသည် စိတ်ဝိဥာဉ်အသီး တစ်လုံး၊ နှစ်လုံးလောက်သာ စားခဲ့ပြီး တိယောင်ကမူ တစ်ဝတစ်ပြဲကို နင်းကန်စားသောက်ခဲ့လေ၏။
ကျိုးလျန်နှင့် ကျင်းကျောင်းတို့သည်လည်း သူတို့၏ အဆင့်အတန်းကို နိမ့်ချပြီး တိယောင်နှင့် ခွက်ချင်းတိုက် ခဲ့ကြလေ၏။
ဝိုင်သုံးခွက်လောက် သောက်ပြီးနောက် အောင်းကုက မေးလိုက်၏ “စီနီယာ၊ ဒီတစ်ကြိမ် ရောက်လာရတာ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ကြောင့်လား”
“အင်း” လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ဒီရိုးရာအစဉ်အလာကို ငါဝင်ပါဖျက်မှာ မဟုတ်တာကို မင်းစိတ်ချထားလို့ ရတယ်။ ဒီနေရာကို လာခဲ့ရတဲ့ အဓိကအကြောင်းအရင်း ငါ့တပည့်ကို အပြင်လောကကြီးအကြောင်း ပိုသိစေချင်လို့ပဲ”
“စီနီယာအကြောင်း ကျုပ်တို့ သိတာပေါ့” အောင်းကုက ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
လူအိုကြီး၏ အဆင့်အတန်းအရ သူသာ စကားနည်းနည်းပါးပါးလောက် ပြောလိုက်သည်နှင့် မည်သူမှ သူနှင့်ပြိုင်၍ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ကို ယှဉ်လုလိမ့်မည် မဟုတ်ချေ။
“ဒီနေ့ ဒီကို ရောက်လာရတ အခြားကိစ္စတွေကြောင့် မဟုတ်ဘူး။ ငါ့တပည့်ရဲ့ လုံခြုံရေးကို စိတ်မချလို့ပဲ။ ဒီလူအိုကြီး နောက်ထပ် ဆက်ခံသူတစ်ယောက် ထပ်မရှာချင်တော့ဘူး”
“ဝဲပျံတိမ်တိုက်မြို့တော်ထဲမှာ ဘယ်သူမှ ညီငယ်လေး တိယောင်ကို ဒုက္ခမပေးစေရဘူး။ စီနီယာ စိတ်ချထားလို့ရတယ်” အောင်းကုက ပြန်ပြောလိုက်၏။
“အဲ့လိုဆိုရင် မင်းကို ဒုက္ခခံခိုင်းရတော့မှာပဲ။ အင်း၊ အပြန်အလှန်အနေနဲ့ မင်းတို့သုံးယောက်ကို သူတော်စင် အဆင့် ဆေးလုံးတစ်လုံးစီ ငါဖော်စပ်ပေးမယ်လေ”
ထိုစကား ထွက်လာသည်နှင့် အောင်းကု၊ ကျိုးလျန်နှင့် ကျင်းကျောင်းတို့ သုံးယောက်စလုံး၏ မျက်နှာ အမူအရာ လင်းလက် တောက်ပသွားခဲ့ရ၏။ တစ်ယောက်ချင်းစီ တိုင်းသည် ရွှင်ပြနေသော အမူအရာဖြင့် အလျင်စလို တောင်းဆိုလိုက်ကြလေ၏။
================================