← Chapters

အခန်း (၇၀၆-၇၁၀)

Vol. 29 Ch. 706-710

အခန်း (၇၀၆-၇၁၀)

Vol. 29 Ch. 706-710

အပိုင်း(၇၀၆) အရူးတစ်ယောက်ကဲ့သို့ပြုမူခြင်း

——————————————————————

နီချူဖုန်းသည် မသေမျိုး ပထမအဆင့် ပညာရှင် တစ်ယောက်ဖြစ်၏။ ထိုအဆင့်သည် အရမ်း မမြင့်သော်လည်း တုန်းရွှမ်လောကကြီး အတွင်းတွင် သူမအား မသေမျိုး ပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်၍ ရပေသေး၏။

တိယောင်သည် ရန်ကိုင်ကဲ့သို့ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်ပေ၏။ ထို့ကြောင့် သူတို့ကြားမှ ခွန်အား ကွာခြားချက်သည် အတော့်ကို ကြီးမားလေရာ နီချူဖုန်း သူမ၏ အစစ်အမှန်ချီကို စတင် စုစည်းလိုက်သည်နှင့် တိယောင်၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့လေ၏။

နီချူဖုန်း တိုက်ခိုက်လာမည်ကိုပင် မစောင့်တော့ဘဲ တိယောင်က နီချူဖုန်းဆီ တစ်ခုခု လှမ်းပစ်ပေးလိုက်၏။

နီချူဖုန်း၏ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး ထိုပစ္စည်းကို အလွယ်တကူ ဖမ်းယူလိုက်၏။ သို့သော်လည်း ထိုပစ္စည်းကို မြင်ပြီးနောက် သူမ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေ၏။

“ရွှေနဂါးတံဆိပ်လား” နီချုန်က အလန့်တကြား အော်ပြောလိုက်လေ၏။

“ဒီလောက် ရူးရူးမိုက်မိုက် လုပ်ရဲတာလည်း အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ လတ်စသတ်တော့ ဒီကောင်လေးက ဝဲပျံတိမ်တိုက် မြို့တော်ရဲ့ ရွှေနဂါး တံဆိပ်ပြားကို ပိုင်ဆိုင်ထားတာကိုး” ဖေးယု ရုတ်တရက် နားလည်သွားခဲ့၏။ နီချူဖုန်း လက်ထဲရှိ ရွှေနဂါး တံဆိပ်ပြားကို ငေးကြည့်နေရင်း သူမ၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့လေ၏။

“သူ့နောက်ခံက တကယ်မသေးဘူးပဲ” ရန်ကိုင် ပြုံးလိုက်၏။

ရွှေနဂါးတံဆိပ်ပြားကို ကိုင်ဆိုင်ထားသူ အားလုံးသည် မြို့သခင်စံအိမ်၏ အထူးဧည့်သည်တော်များ ဖြစ်ကြပေ၏။ တိယောင်နှင့် ဝဲပျံတိမ်တိုက်မြို့တော်၏ မြို့သခင်တို့ မည်ကဲ့သို့ ဆက်စပ်သည်ကို ရန်ကိုင် မသိသော်လည်း နတ်ဆိုးမျိုးနွယ်စုဝင် အောင်းကု အကြောင်းကိုတော့ ကြားဖူး၏။

ရွှေနဂါးတံဆိပ်ပြားကို မြင်ပြီးနောက် နီချူဖုန်း၏ သတ်ဖြတ်လိုစိတ်သည် လေလျော့သွားသော ပူပေါင်း တစ်လုံးပမာ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီး တိယောင်ကို အထိတ်တလန့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေ၏ “ဒီရွှေနဂါးတံဆိပ်ပြားကို နင်ဘယ်ကနေ ရခဲ့တာလဲ”

ထိုကဲ့သို့သော လူငယ်လေးတစ်ယောက် အောင်းကုနှင့် အဆက်အသွယ် ရှိနေသည် ဆိုသည်ကို သူမ မယုံနိုင်သေးချေ။ သို့သော်လည်း တိယောင်က ပခုံးသာ တွန့်ပြလျက် “စီနီယာအောင်းကု ပေးခဲ့တာလေ။ မယုံရင် သူ့သွားမေးကြည့်လို့ရတယ်”

“မေးမှာ” နီချူဖုန်းမှာ မရေရာ မသေချာ ဖြစ်နေခဲ့၏။ အနားရှိ ကျင့်ကြံသူတစ်ယောက်ကို လက်ယပ်ခေါ်၍ အမိန့်ပေးလိုက်လေ၏ “လက်ထောက်မြို့သခင် ကျိုးလျန်ကို ဒီအကြောင်း သွားမေးကြည့်စမ်း”

“ဟုတ်ကဲ့ပါ” ပြောပြီးသည်နှင့် ထိုလူသည် အလျင်အမြန် ပျံသန်းထွက်ခွါသွားလေ၏။

ရုန်းရင်းဆန်ခတ် ဖြစ်တော့မည့် မြင်ကွင်းသည် ရုတ်ချည်း ငြိမ်သက်သွားခဲ့ပြီး လူအုပ်ကြီးထဲမှ အသံဗလံ ပေါင်းစုံတို့ ထွက်ပေါ်လာခဲ့လေ၏။

“ဒေါ်လေး၊ သူ့ကို သတ်ပေးရမယ်နော်” နီချုန်က တိယောင်ကို မုန်းတီးစွာ စိုက်ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ရပ်လိုက်တော့၊ သူ့မှာ ရွှေနဂါးတံဆိပ်ပြား ရှိနေတယ်” နီချူဖုန်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက် မျက်မှောင် ကြုံ့လိုက်လေ၏။

“ဘာဖြစ်လို့လဲ” နီချုန်က သူ့နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်၏ “သူ့မှာ ရွှေနဂါးတံဆိပ်ပြား ရှိနေလို့ ဆိုပြီး ကျွန်တော့်လက် ဖြတ်ခံလိုက်ရတာကို ဒီအတိုင်း ငြိမ်ခံနေရမှာလား။ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ ကျွန်တော်သူ့ကို သေစေချင်တယ်”

နီချူဖုန်း သူမတူလေးကို ဖြေသိမ့်စကား ပြောမည်အပြု၊ နီချုန် မျက်နှာထက်ရှိ နာကျင်ရန်လို နေသည့် အမူအရာကို မြင်တွေ့လိုက်သည်နှင့် သူမ နှလုံးသားလေး ဒေါသတို့ဖြင့် ပွက်ပွက်ဆူလာခဲ့ရ၏။

မွေးကင်းစမှ အရွယ်ရောက်သည်ထိ နီချုန်သည် သူမ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ တစ်ခါမှ ရန်စ မခံခဲ့ရချေ။ ဝဲပျံတိမ်တိုက်မြို့တော်၌ သခင်လေးနီချုန် ဆိုသော နာမည်ကို ကြားလိုက်သည်နှင့် မည်သူမဆို သူ့အား ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံမည် ဖြစ်၏။

သို့သော်လည်း ယနေ့၌ သူ့လက်ဖြတ်ခံလိုက်ရလေ၏။

“သူ့ကို တကယ်သေစေချင်တာလား” နီချူဖုန်း၏ မျက်ဝန်းအစုံထဲ အန္တရာယ်များသည် အရိပ်အယောင်တို့ လင်းလက်သွားခဲ့လေ၏။

“သူသေရမယ်၊ မဟုတ်ရင် ဒီအမုန်းတရားကို ကျွန်တော် ဘယ်တော့မှ ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး”

“ကောင်းပြီလေ။ ဒေါ်လေး သားကို ကူညီပေးမယ်” နီချူဖုန်း၏ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့၏။ ထိုကောင်စုတ်ကို သတ်မည်ဆိုပါက ကျိုးလျန် မရောက်ခင် သတ်ပစ်ရန် လိုပေ၏။

ထိုကောင်စုတ်နှင့် အောင်းကုကြား မည်ကဲ့သို့သော ဆက်ဆံရေးပဲ ရှိပါစေ၊ သူသေသွားသည်နှင့် ဘာမှ အရေးမကြီးတော့ချေ။

သူသေသွားပြီ ဆိုသည်နှင့် ကျိုးလျန်ကို စကားအနည်းငယ် ပြောခိုင်း၍ အောင်းကု ဒေါသကို ဖြေသိမ့်ခိုင်းနိုင်၏။ တကယ်တော့ ထိုလူငယ်လေးသည် အောင်းကု၏ ဧည့်သည်တော် တစ်ယောက် သက်သက်သာ ဖြစ်ပေ၏။

ထိုကဲ့သို့သော လူတစ်ယောက်အတွက်၊ အထူးသဖြင့် သေပြီးသား လူတစ်ယောက် အတွက် အောင်းကုသည် ကျိုးလျန်နှင့် အချင်းများမည်လား။

ထိုအကြောင်းကို စဉ်းစားပြီးနောက် နီချူဖုန်း ဆက်လက်၍ တုန့်ဆိုင်းမနေတော့ချေ။ အစစ်အမှန် အစိမ်းရောင်ချီတို့ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မည်သူမှ သတိပြုမိခင်မှာပင် ၎င်းတို့သည် မြွေဟောက် တစ်ကောင်အသွင် ပြောင်းလျက် တိယောင်ဆီ ပြေးဝင်သွားခဲ့လေ၏။

တိယောင် မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ပူပြင်းလှသော အစစ်အမှန်ချီတို့ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ့ပတ်လည် သုံးလွှာ အကာအရံတစ်ခု ဖြစ်တည်သွားခဲ့လေ၏။

ထိုအစိမ်းရောင် မြွေဟောက်သည် ပါးစပ်ကို ဟလျက် အရံအတားကို ကိုက်ဖျက်ပြီး တိယောင်ဆီ ဆက်လက် တိုးဝင်သွားခဲ့၏။ ၎င်း၏ ပါးစပ်မှ ထွက်ပေါ်လာသော အော့အန်ချဉ်စရာ အရည်များသည် တိယောင်၏ မီးဓါတ် အစစ်အမှန်ချီကို ချက်ချင်း တိုက်စားသွားခဲ့လေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် တိယောင်၏ အတားအဆီးအားလုံး ချိုးဖျက်ခံလိုက်ရပြီး မြွေဟောက်သည် သူ့ရှေ့သို့ ရောက်ချလာခဲ့၏။ တိယောင် မျက်ဆံတို့ ကျုံ့ဝင်သွားခဲ့ပြီး ချက်ချင်း တိမ်းရှောင်လိုက်သဖြင့် ထိုအသေတိုက်ကွက်ကို ပွတ်ကာသီကာလေး ရှောင်တိမ်းလိုက်နိုင်လေ၏။

အသက်ပင် ကောင်းကောင်း မရှူရသေးခင်မှာပင် သူ့ခြေထောက်အောက်ရှိ မြေကြီးထဲမှ အစိမ်းရောင်မြွေ များစွာတို့ ပေါက်ကွဲထွက်လာခဲ့ပြီးသူ့အား တင်းတင်းကြပ်ကြပ် ဝိုင်းပတ်လိုက်ကာ အရပ်ရပ်မှ တိုက်ခိုက်ကြတော့လေ၏။

တိယောင်၏ ပျာယာခတ်နေသော အမူအရာသည် ရုတ်ချည်း တည်ငြိမ်သွားခဲ့ပြီး နက်နဲဆန်းကြယ်သော လှုပ်ရှားမှု ပညာရပ်တစ်ခုကို အသက်သွင်းကာ တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားခဲ့လေ၏။

လူအုပ်ကြီးထဲမှ အလန့်တကြား အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေ၏။ ထိုလူငယ်လေးသည် နီချူဖုန်း၏ တိုက်ခိုက်မှုများကို ယခုထိတိုင် ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူတို့တစ်တွေ မထင်ထားခဲ့ချေ။

အားလုံး ထိတ်လန့်ရာမှ အသိပြန်မဝင်လာခင်မှာပင် မြေကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည်လာပြီး များစွာသော လှိုင်းလုံးလေးများ ပျံ့ထွက်လာခဲ့လေ၏။ ထိုလှိုင်းလုံးများနှင့် မြွေလေးများ ထိတွေ့သွားသည်နှင့် အစိမ်းရောင်မြွေများ မလှုပ်မယှတ် ဖြစ်သွားခဲ့ပြီး တဖြည်းဖြည်းချင်း ဖိနှိပ်ခံလိုက်ရလေ၏။

ချက်ချင်းဆိုသလို မျက်စိကျိန်းမတတ် အလင်းရောင် တစ်ခုသည် အထက်ရှဆုံးသော ဓါးသွားတစ်ခုပမာ တိုက်ခိုက်မှုဆယ်ခုအဖြစ် ခွဲထွက်သွားခဲ့ပြီး ကောင်းကင်ထက်မှ စီးမိုး ကျဆင်းလာခဲ့လေ၏။

နေလကြယ်တာရာတို့ ပေါက်ကွဲသွားသည့်အလား ထွက်ပေါ်လာသော အလင်းရောင်ကြောင့် အားလုံး မျက်စိကျိန်းစပ်သွားခဲ့ရလေ၏။ အစိမ်းရောင် မြွေအားလုံးသည်လည်း အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွားခဲ့လေပြီ။

မျက်စိအကျိန်း ပြေသွားသည့်အချိန်၌ နောက်ထပ် လူငယ်လေးတစ်ယောက်သည် တိယောင်ရှေ့၌ ရပ်နေသည်ကို အားလုံး တွေ့လိုက်ရ၏။ ထိုလူငယ်လေးသည် တိယောင်နှင့် မြေမီးတောက် အမြူတေကို ယှဉ်လုခဲ့သော လူငယ်လေးပင် ဖြစ်ချေ၏။

“ညီအစ်ကိုရန်…” တိယောင်သည် ရန်ကိုင် နောက်ကျောကို မဲ့ရွဲ့နေသော နှုတ်ခမ်းအစုံဖြင့် စိုက်ကြည့်နေ၏။

အစောပိုင်းက ထွက်ပေါ်လာသော ပေါက်ကွဲအားကို ကြည့်ပြီး ရန်ကိုင် တိုက်ပွဲစွမ်းအားကို တိယောင် နားလည်လိုက်၏။ ရန်ကိုင်၏ တိုက်ပွဲစွမ်းအားသည် သူ့ထက် အများကြီး ပိုမို သာလွန်နေခဲ့၏။

ရန်ကိုင်သည် သူ့ထက် ခွန်အားလည်းကြီး၊ ဆေးပညာလည်း တော်လေရာ ကျိယောင်စိတ်ထဲ အနည်းငယ် မတင်မကျ ဖြစ်သွားသည်မှာ သဘာဝပင်။

ရန်ကိုင်သည်လည်း မျက်မှောင်ကြုံ့လိုက်၏။ သူ့စိတ်ထဲတွင်လည်း အတော့်ကို ကူကယ်ရာ မဲ့နေခဲ့ရ၏။

ဖြစ်သာဖြစ်နိုင်လျှင် ဤပြဿနာထဲ ဝင်မပါချင်ချေ။ သို့သော်လည်း နီချုနှင့် နီချူဖုန်းတို့၏ အပြုအမူအရ သူထွက်မလာလျှင်ပင် တစ်ဖက်လူသည် သူ့အား လာရှာပေလိမ့်မည်။

နီချုနှင့် မြေမီးတောက် အမြူတေကို ယှဉ်လုလိုက်သည့် အချိန်မှစ၍ ဤမကျေနပ်ချက်ကို ခွန်အားသုံး၍သာ ဖြေရှင်းနိုင်တော့ပေမည်။

ကောင်းကင်ဂိုဏ်းတော်၏ ကာကွယ်သူ လေးယောက်သည် ဝဲပျံတိမ်တိုက်မြို့တော်၏ သူတော်စင် အဆင့်ပညာရှင်ကို မယှဉ်ပြိုင်နိုင်မှန်း သိရာ ရန်ကိုင် အနေဖြင့် သူ့မျှော်လင့်များကို တိယောင်တွင်သာ စုပြုံထားလိုက်လေ၏။

ဖေးယုလည်း ပြတင်းပေါက်မှ ဆင်းလာပြီး ရန်ကိုင်နှင့် တိယောင်တို့ရှေ့ ရပ်လျက် အပြုံးလေးဖြင့် ပြောလိုက်၏ “ကောင်လေး၊ နင်က တကယ်ကို ပြဿနာ အရှာတော်တာပဲနော်”

တိယောင်က သူ့နှုတ်ခမ်းအစုံကို ကွေးလိုက်ပြီး “သူကျုပ်ကို မသတ်ရဲဘူး”

“အို၊ အပြေကတော့ ကြီးသားပဲ။ နင့်ပုံစံက ငါ့ဂိုဏ်းတူတူလေးနဲ့ တကယ်ကို ဆင်တာပဲဟ” ဖေးယုက ပြုံးလိုက်၏။

“ဒေါ်လေး၊ အဲ့နှစ်ယောက်က သူ့အဖော်တွေပဲ” ရန်ကိုင်ကို မြင်ပြီးနောက် နီချုန်က ရန်ကိုင်နှင့် ဖေးတို့အား ညွှန်ပြလိုက်လေ၏။

ရန်ကိုင် အမူအရာသည် ပြောင်းလဲသွားခြင်းမရှိ။ အမှန်အတိုင်း ပြောရမည်ဆိုပါက ရန်ကိုင်သည် နီချုန်ကို တွန်းရုံလေးသာ တွန်းထုတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ဖက်လူအား ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း တစ်ဖက်လူသည် ထိုကိစ္စလေး အတွက်ဖြင့် သူ့အား ပြဿနာ လာရှာနေလေရာ ရန်ကိုင်မှာလည်း အတော့်ကို ကူကယ်ရာ မဲ့နေခဲ့ရ၏။

“စိတ်ချထားလိုက်၊ ဒေါ်လေး သားအတွက် လက်စားချေပေးမယ်” နီချူဖုန်း၏ မျက်နှာလှလှလေး အေးစက်သွားခဲ့ပြီး သူမလက်ကို ဝှေ့ရမ်းကာ အော်ပြောလိုက်လေ၏ “အားလုံးကို သတ်ပစ်လိုက်”

သူမ အမိန့်ပေးလိုက်သည်နှင့် သူမနှင့်အတူ လိုက်လာသော ကျင့်ကြံသူအားလုံး သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်လျက် ရန်ကိုင်နှင့် ဖေးယုတို့ဆီ ပြေးဝင်သွားလေ၏။

ဖေးယု၏ အပြုံးသည် နည်းနည်းမျှပင် လျော့ပါး ပျောက်ကွယ်သွားခြင်း မရှိ။ ဒါဇင်ကျော်သော ကျင့်ကြံသူတို့ သူမဆီ ပြေးဝင်လာနေသာ်လည်း ထိတ်လန့်သွားသည့် အရိပ်အယောင် စိုးစဉ်းမျှ မပြဘဲ သူမ၏ လက်လေးကိုသာ အသာအယာ ဝှေ့ရမ်းလိုက်၏။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး သိပ်သည်းလှသော မြူခိုးတို့ဖြင့် ပြည့်သွားခဲ့လေ၏။

ထိုမြူခိုးများသည် ထောင်ပေါင်းများစွာသော ရေစက်များအဖြစ်သို့ လျင်မြန်စွာ သိပ်သည်းသွားခဲ့ပြီး ဖေးယု၏ ညင်သာသိမ်မွေ့သော ထိန်းချုပ်မှုအာက်၌ အဘက်ဘက်သို့ ပျံထွက်သွားခဲ့ပြီး သူမတို့ဆီ ပြေးဝင်လာနေသော ကျင့်ကြံသူများကို ထိမှန်သွားခဲ့၏။

“မသေမျိုး တတိယအဆင့်လား” နီချူဖုန်း၏ မျက်နှာ လှလှလေး နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ရပြန်၏။

ဖေးယု၏ ခွန်အားကို မြင်လိုက်သည်နှင့် သူမတူလေး နီချုန်အတွက် လက်စားချေပေးနိုင်တော့မည် မဟုတ်မှန်း နီချူဖုန်း နားလည်လိုက်၏။

သူမခေါ်လာသော လူများထဲမှ အားအကောင်းဆုံး ဆို၍ မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက်သာ ပါဝင်၏။ ကျန်နှစ်ယောက်သည် မသေမျိုး ပထမအဆင့် ပညာရှင်များဖြစ်၍ ကျန်သူအားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များ ဖြစ်ကြပေ၏။

ထိုကဲ့သို့သော အင်အားစုဖြင့် မသေမျိုး တတိယ အဆင့် ပညာရှင်တစ်ယောက်ကို သွားစိန်ခေါ်၍ မရချေ။

နီချူဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် ရူးသွပ်လုမတတ် ဖြစ်သွားခဲ့ရ၏။

နှစ်ပေါင်းများစွာ ကြာသည်အထိ ဝဲပျံတိမ်တိုက် မြို့တော်ထဲတွင် မည်သူကမှ သူမအား ကလန်ကဆန် မလုပ်ရဲချေ။ အဘယ်ကြောင့် သူမသည် ကျိုးလျန်၏ အလေးပေးမှုကို ရရှိထားသောကြောင့်ပင် ဖြစ်၏။ မသေမျိုး တတိယအဆင့် ပညာရှင်များပင်လျှင် သူမအား လေးလေးစားစားဖြင့် ဆက်ဆံရပေ၏။

သို့သော်လည်း ယခုအချိန်၌ အခြေအနေသည် သူမ မထိန်းချုပ်နိုင်တော့သည်အထိ ကြီးထွားလာခဲ့လေ၏။

ထိုမုန်းစရာကောင်းသော လူတစ်သိုက်သည် ‘သူတို့၏ အရှင်သခင်ရှေ့မောက်၌ပင် အရူးတစ်ယောက်ကဲ့သို့ ပြမူနေရဲ’ရာ သူတို့သည် သေဖို့ စိတ်မရှည်တော့သည့် ပုံပင်။

ရွှစ်… ရွှစ်… ရွှစ်…

ရေစက်များကြောင့် သူတို့အား တိုက်ခိုက်လာသည့် ကျင့်ကြံသူအားလုံး နောက်ပြန် လွင့်ထွက်သွားခဲ့ကြပြီး မြေကြီးပေါ်၌ နာကျင်စွာ အော်ဟစ် ညီးတွားနေခဲ့ရ၏။ မသေမျိုးအဆင့် ပညာရှင် သုံးယောက်သည်သာ ထိုတိုက်ခိုက်မှုအောက်မှ အကောင်းပကတိအတိုင်း လွတ်မြောက်လာနိုင်ခဲ့၏။

သူတို့ လွတ်မြောက်နိုင်ရခြင်းမှာလည်း ဖေးယုသည် သူတို့အား မသတ်လိုသည့် အတွက်ကြောင့်သာ ဖြစ်ပေ၏။ တကယ်တော့ သူတို့သည် တစ်ပါးသူ၏ ပိုက်နက်ထဲတွင် ရှိနေသည် ဖြစ်ရာ ထိုသူများအား သင်ခန်းစား ပေးရုံဖြင့် လုံလောက်နေလေပြီ။

“ကစားချင်နေသေးတုန်းပဲလား” ဖေးယုက အသာအယာလေး ပြုံးလိုက်ပြီး စနောက်လိုက်၏ “နောက်တစ်ကြိမ်ဆို အစ်မကြီးက ကြင်နာနေတော့မှာ မဟုတ်ဘူးနော်”

“ဒေါ်လေး” နီချုန်က ယူကြုံးမရ ဖြစ်နေသည့် လေသံဖြင့် အော်ခေါ်လိုက်၏။

နီချူဖုန်းလည်း ဘာဆက်လုပ်၍ လုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။ သို့သော်လည်း သူမ ဘာမှ ထပ်မပြောရ သေးခင်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏ “မင်းတို့အားလုံး ရပ်လိုက်ကြစမ်း”

ထိုအသံထွက်ပေါ်လာသည်နှင့် မယုံနိုင်ဖွယ်ရာ ဖိအားတစ်ခု အားလုံးပေါ် စီးမိုးကျဆင်းလာရာ အားလုံးမှာ သူတို့အပေါ်သို့ တောင်တစ်လုံး ကျဆင်းလာသလို ခံစားလိုက်ရပြီး အသက်ပင် ကောင်းကောင်းမရှူနိုင် ဖြစ်သွားခဲ့ရလေ၏။

ချက်ချင်းဆိုသလို ထိုမြေကွက်လပ်ထဲသို့ ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့လေ၏။

နီချူဖုန်း၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့ပြီး အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးလိုက်လျက် အလျင်စလို အော်ခေါ်လိုက်လေ၏ “ကျိုးလျန်”

ကျိုးလျန်သည် သူမအား တစ်ချက်သာ ကြည့်လိုက်ပြီး ဖေးယုနှင့် ရန်ကိုင်နောက်တွင် ရပ်နေသော တိယောင်ဆီ လှမ်းကြည့်လိုက်ပြီး သူ့ဆီ အလျင်အမြန် လမ်းလျှောက် သွားလိုက်လေ၏။

ဖေးယုနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး၏ မျက်ဝန်း အစုံ မှေးကျဉ်းသွားခဲ့၏။ ရက်စက်ကြမ်းကြုတ်သည့် မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသကဲ့သို့ ခံစားလိုက်ရကာ ဖေးယုနှင့် ရန်ကိုင်တို့မှာ တံတွေးပင် မမြိုချနိုင်တော့ချေ။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ကျိုးလျန်သည် ထိုနှစ်ယောက်ကို သူမကိုယ်စား အပြစ်ပေးတော့မည်ဟု ထင်မှတ်ကာ နီချူဖုန်းမှာ လွန်စွာကိုမှ စိတ်လှုပ်ရှားသွားခဲ့ပြီး နီချုန်၏ ခေါင်းကို အသာအယာ ပုတ်ပေးလျက် အားဆုံး အဆင်ပြေသွားပြီ ဖြစ်ကြောင်း တိတ်တဆိတ် အချက်ပြလိုက်လေ၏။

နီချုသည် မြေပွေးတစ်ကောင်ကဲ့သို့ အဆိပ်ပြင်းသည့် အပြုံးကို ဆင်မြန်းလျက် မျက်လုံးကျယ်ကျယ်ဖွင့်ကာ အသေအချာ စူးစိုက်ကြည့်နေခဲ့၏။

ကျိုးလျန်သည် နီချူဖုန်းအား အရမ်းကို ချစ်ခင် နှစ်သက်၏။ သူမ တစ်ခုခုကို တောင်းဆိုလိုက်တိုင်း ကျိုးလျန်က ဖြည့်ဆည်းပေးမြဲပင်။ ဤတစ်ကြိမ် သည်လည်း ထူးခြားလိမ့်မည် မဟုတ်ချေ။

နီချုန်သည် တစ်ဖက်လူ ကံဆိုးတော့မည်ကို ဝမ်းသာအားရ ကျေနပ်စွာဖြင့် ငေးကြည့်နေခဲ့လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၀၇) ထပ်မံရှုံးနိမ့်ခြင်း

——————————————————————

ခက်ထန်သည့် အမူအရာဖြင့် သူ့တို့ဆီ လျှောက်လာနေသော ကျိုးလျန်ကြောင့် ရန်ကိုင်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရကာ လှုပ်ပင် မလှုပ်နိုင်တော့သည်အထိ ဖြစ်သွားခဲ့ရ၏။

သူတော်စင်အဆင့် ပညာရှင်တစ်ယောက်သည် သူ့ထက် အဆင့်ကြီးနှစ်ဆင့် ပိုမြင့်ပေ၏။ ကျိုးလျန်သာ သူ့ကို သတ်ချင်သည် ဆိုပါက ရန်ကိုင် အနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ဖေးယုပင်လျှင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်မှာပင် ရန်ကိုင်နှင့် ဖေးယုတို့နောက်၌ ရပ်နေသော တိယောင်က စကားလုံးအချို့ကို တိုးတိုးလေး ပြောလိုက်ရာ ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရလေ၏။

ကျိုးလျန်သည် ရန်ကိုင်နှင့် ဖေးယုတို့ကို လျစ်လျူရှုကာ တိယောင်ဆီ တိုက်ရိုက်သွားလိုက်ပြီး အလျင်စလို မေးလိုက်လေ၏ “သခင်လေးတိ ဒဏ်ရာများ ရသွားသေးလား”

သူ့မေးလိုက်သည့် လေသံထဲ စိုးရိမ်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့ရာ ကျိုးလန်သည် တိယောင် ထိခိုက်သွားမည်အား လွန်စွာကိုမှ စိုးရိမ်နေသည့်ပုံပင်။

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးတစ်ခုလုံး ကြောင်သွားခဲ့ရပြီး နီချူဖုန်း မျက်နှာထက်ရှိ အပြုံးသည်လည်း တောင့်တင်းသွားခဲ့ရလေ၏။ သူမမှာ ဘာကိုမှ မလုပ်နိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြင့်သာ ထိုမြင်ကွင်းကို ငေးစိုက်ကြည့်နေခဲ့လေ၏။

“ဘာမှမဖြစ်ပါဘူး။ ကျွန်တော် အဆင်ပြေပါတယ်” တိယောင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။

“ဟူး တော်သေးတာပေါ့” ယခုမှ ကျိုးလျန် စိတ်သက်သာရာ ရသွားခဲ့လေ၏။ ထို့နောက် ချက်ချင်းပဲ တိယောင်အား နှစ်သိမ့်ပေးလိုက်၏ “သခင်လေးတိ ကြောက်လန့်သွားမှာပဲ။ ဒီကျိုးလျန်လည်း အခုလို ဖြစ်တာကို သတိမပြုမိလိုက်ဘူး ဖြစ်သွားတယ်။ သခင်လေးတိ စိတ်မဆိုးဖို့ပဲ ဒီကျိုးလျန် မျှော်လင့်ပါတယ်”

တိယောင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းပြလိုက်ကာ “ဘာမှမဖြစ်ပါဘူး”

ထို့နောက် ကျိုးလျန်သည် ရန်ကိုင်နှင့် ဖေးယုတို့ဘက် လှည့်၍ အသာအယာ ခေါင်းညိတ်ကာ မေးလိုက်၏ “သူတို့တွေက သခင်လေးတိရဲ့ မိတ်ဆွေတွေလား”

“အင်း” တိယောင်က ပြုံးကာ ပြန်ပြောလိုက်၏ “မိတ်ဆွေသစ်တွေလေ”

တိယောင်၏ မိတ်ဆွေသစ်မှန်း သိသွားသည်နှင့် ကျိုးလျန်သည် ရင်းနှီးဖော်ရွေသော အမူအရာဖြင့် ရန်ကိုင်တို့အား ခေါင်းညိတ်ပြလိုက်ကာ “အင်း၊ မင်းတို့တွက သခင်လေးတိရဲ့ မိတ်ဆွေဆိုမှတော့ ငါတို့ ဝဲပျံတိမ်တိုက်မြို့တော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေပဲပေါ့။ ဒီကိစ္စအတွက် ငါဘက်ကနေ ပြန်ပြီး ဖြေရှင်းချက် ပေးပေးမယ်”

ပြောပြီးသည်နှင့် ကျိုးလျန်၏ မျက်နှာ အေးစက်သွားခဲ့ပြီး နီချူဖုန်းတို့ လှည့်ထွက်သွားလေ၏။

တိယောင်သည် အောင်းကု၏ ရွှေနဂါးတံဆိပ်ပြားကို ထုတ်ပြခဲ့သော်လည်း ထိုလူငယ်လေးသည် အောင်းကု၏ ဧည့်သည် သက်သက်ဟုသာ သူမ ထင်နေခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ကျိုးလျန်ကပါ ထိုလူငယ်လေးကို ရိုးသေဖားယား နေရသနည်း။

ထိုလူငယ်လေး၏ ကျောထောက်နောက်ခံသည် ကျိုးလျန်ကိုပင် ကြောက်ရွံ့သွားအောင် လုပ်နိုင်စွမ်း ရှိသလော။ သူမ အသိပြန်ဝင်လာသည့် အချိန်၌ ကျိုးလျန်သည် သူမတို့ရှေ့၌ ရောက်နေခဲ့လေပြီ။

“ဦးလေးကျိုး…” ကျိုးလျန် ဒေါသထွက်နေသည်ကို ခံစားမိလိုက်သည်နှင့် နီချုန်မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ဒူးထောက်ကျသွားကာ ကတုန်ကရင်ဖြင့် အော်ခေါ်လိုက်လေ၏။

ဖြန်း…

ပါးရိုက်သံနှင့်အတူ နီချုန်မှာ လေထဲ နှစ်ပတ်၊ သုံးပတ်လောက် လွင့်ပျံထွက်သွားခဲ့ပြီး မြေကြီးပေါ် ကျသည်နှင့် တစ်ခါတည်း တန်းသတိလစ်သွားလေ၏။

“ကျိုးလျန်၊ ရှင်ဘာလုပ်နေတာလဲ” နီချူဖုန်းလည် တဖြည်းဖြည်းချင်း အသိပြန်ဝင်လာခဲ့၏။ နီချုန် ပါးရိုက်ခံရသည်ကို မြင်သည်နှင့် ထအော်တော့လေ၏။

ဖြန်း…

နောက်ထပ် ပါးရိုက်သံနှင့်အတူ နီချူဖုန်း၏ မျက်နှာထက် လက်ဝါးရာကြီး ထွက်ပေါ်လာခဲ့ပြီး သွေးစီးကြောင်းလေးသည်လည်း သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ စီးကျလို့ နေခဲ့၏။

သူမ၏ ပါးလေးကို လက်လေးဖြင့် အုပ်ရင်း နီချူဖုန်းသည် သူမရှေ့တွင် ရပ်နေသော လူကို ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့်လိုက်၏။ သူမအား အမြဲလိုလို ပစားပေး၊ မျက်နှာသာ ပေးခဲ့သောသူသည် ရုတ်ချည်း သူစိမ်းတစ်ယောက် အဖြစ် ပြောင်းလဲသွားသည်ဟု နီချူဖုန်း ခံစားလိုက်ရ၏။

ကျိုးလျန် မျက်နှာထက်ရှိ အေးစက်မှုကြောင့် ရေခဲချောက်ထဲ ကျသွားသလို နီချူဖုန်း ခံစားလိုက်ရ၏။

“မိန်းမပျက်မ၊ နင်ဘာလုပ်လိုက်မှန်း နင်သိလား” ကျိုးလန်က အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။

နီချူဖုန်းမှာ ငေးကြောင်ကြောင်ဖြင့် ခေါင်းခါရမ်းရုံသာ တတ်နိုင်ခဲ့၏။

“မိုက်လိုက်တဲ့ မိန်းမကွာ” ကျိုးလျန်၏ မျက်ဝန်းအစုံ ထက်ရှသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် အော်ပြောလိုက်လေ၏ “ဒီနှစ်တွေအကုန်လုံး နင်နဲ့ နင်တူ ခွေးသူတောင်းစားကောင် နှစ်ကောင် ငါ့နာမည်ကိုသုံးပြီး ဝဲပျံတိမ်တိုက်မြို့တော်ထဲမှာ လုပ်ချင်လုပ်နေတာကို ငါမသိကျေးကျွံပြုပေးခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ ငါဒီအတိုင်း ငြိမ်နေပေးလို့ မဖြစ်တော့ဘူး”

“ဘာလို့လဲ” နီချူဖုန်းက အော်ဟစ်လိုက်လေ၏။

“လုံးဝကို မစော်ကားသင့်တဲ့ လူတစ်ယောက်ကို နင်တို့ သွားရန်စမိလိုက်လို့ပဲ” ကျိုးလျန်က ပြောင်းလဲခြင်း မရှိသော အေးစက်စက် အမူအရာဖြင့် “ထွက်သွားတော့။ နင့်တူ ခွေးသူတောင်းစားကောင်ကို ခေါ်ပြီး ထွက်သွားလိုက်တော့။ ဒီနေ့ကနေစပြီး နင်တို့ နှစ်ယောက်စလုံးကို ဝဲပျံတိမ်တိုက်မြို့တော်ထဲ ဝင်ခွင့် ပိတ်လိုက်ပြီ။ နင်တို့ကို ဒီမြို့ထဲမှာ နောက်တစ်ကြိမ် ထပ်တွေ့တယ် ဆိုရင်တော့ အကျိုးဆက်ကို နင်သိတယ်နော်”

နီချူဖုန်း၏ မျက်နှာ လှလှလေး သွေးဆုတ် ဖြူလျော်သွားခဲ့၏။ ကျိုလျန်ပါးစပ်မှ ထိုကဲ့သို့သော စကားမျိုး ပြောထွက်လာလိမ့်မည်ဟု နီချူဖုန်း အိမ်မက်ထဲပင် ထည့်မမက်ဖူးချေ။

“ဘာလို့ မထွက်သွားသေးတာလဲ” နီချူဖုန်း မလှုပ်သည်ကို မြင်သော် ကျိုးလျန်က နောက်တစ်ကြိမ် ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။

ကျိုးလျန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်နှင့် နီချူဖုန်း၏ ခန္ဓာကိုယ်လေး တသိမ့်သိမ့် တုန်ရင်သွားခဲ့၏။ ယခု ကျိုးလျန် နောက်ပြောင် ပြောနေခြင်း မဟုတ်မှန်း သူမ သိသွားခဲ့လေပြီ။

အောင်းကု မိသားစုမှ တစ်ယောက်ယောက်ကို သူမ ရန်စမိခဲ့လျှင်ပင် ကျိုးလျန်သည် သူမအပေါ် ဤမျှ ရက်ရက်စက်စက် ဆက်ဆံလိမ့်မည် မဟုတ်မှန်း နီချူဖုန်း သိ၏။ သို့သော် ယခု ကျိုလျန်၏ အပြုအမူကို ကြည့်ခြင်းဖြင့် တိယောင်ဆိုသော လူငယ်လေး၏ ကျောထောက်နောက်ခံ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို နီချူဖုန်း နားလည်လိုက်၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် နီချူဖုန်းမှာ ချုံးပွဲချငိုယိုလျက် တောင်းပန်တော့လေ၏ “ကျိုးလျန်ရယ်၊ ကျေးဇူးပြုပြီး ဒီလောက် မရက်စက်ပါနဲ့လား။ ငါမှားမှန်း ငါသိပါပြီ။ အဲ့လူငယ်လေးကို တောင်းပန်ပြီး သူ့ကို ဘယ်တော့မှ ရန်မစတော့ပါဘူးလို့ ငါကတိပေးပါတယ်။ ဒီတစ်ကြိမ်လောက်တော့ ခွင့်လွှတ်ပေးလို့ မရဘူးလားဟင်”

နီချူဖုန်းသည် မသေမျိုးပထမအဆင့် ပညာရှင် တစ်ယောက်သာ ဖြစ်၏။ ကျိုးလျန်၏ အချစ်ကို ရရှိခဲ့သည့် အတွက်ကြောင့်သာ ဝဲပျံတိမ်တိုက်မြို့တော်ထဲ စိတ်ရှိသလို လုပ်နေနိုင်ခြင်း ဖြစ်၏။ သို့သော် ကျိုးလျန်၏ ကျောထောက်နောက်ခံကို ဆုံးရှုံးသွားသည်နှင့် သူမ ဆိုသည်မှာ ဘာကောင်မှ မဟုတ်တော့ချေ။

လွန်ခဲ့သော နှစ်ပေါင်းများအတွင်း လူပေါင်းများစွာကို သူမ ရန်စမိထား၏။

ကျိုးလျန်၏ မျက်နှာသာပေးခြင်းကို မရတော့လျှေင် နောက်ဘာဆက်ဖြစ်မည်ကို သူမ ကောင်းကောင်း သိထား၏။

ထို့ကြောင့် လူမြင်ကွင်းနှင့် နီချူဖုန်းသည် ဒူးထောက်လျက် ငိုးကြီးချက်မဖြင့် ကျိုးလျန်၏ ခြေထောက်ကို ဖက်တွယ်၍ တောင်းပန်နေခြင်းပင်။

သူမ လုပ်ခဲ့သော မကောင်းမှုတိုင်းကို ဝဲပျံတိမ်တိုက် မြို့တော်တွင် ရှိနေသူအားလုံး သိကြ၏။

ကျိုးလျန်၏ မျက်နှာသည် ပြောင်းလဲသွားခြင်းမရှိ။ အေးစက်စက် အမူအရာဖြင့်သာ သူမအား စိုက်ကြည့်နေခဲ့၏။

နီချူဖုန်း လုံးဝကို သွေးပျက်ချောက်သွားခဲ့၏။ ကျိုးလျန် သူ့စိတ်ကို ပြောင်းတော့မည် မဟုတ်မှန်း သိလိုက်သည်နှင့် သူမကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ရှုပ်ပွပေရေနေသော ဆံပင်ကို သပ်တင်လိုက်ကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လျက် ပြောလိုက်၏ “ကျိုးလျန်၊ နင်ငါ့ကို မောင်းထုတ်ရင်လည်း မောင်းထုတ်လိုက်၊ ငါဘာမှ ပြောမနေတော့ဘူး။ ဒါပေမယ့် ငါတို့ နှစ်ပေါင်းများစွာ ချစ်ခင်လာတာကို ထောက်ထာပြီး နောက်ဆုံးအနေနဲ့ ငါ့ကို ကတိတစ်ခုလောက် ပေးလို့ ရမလား။ နင်ကတိပေးတာနဲ့ ငါအခုချက်ချင်း ထွက်သွားပေးလိုက်မယ်”

သူ့ရှေ့ရှိ မိန်းမလှလေးကို စိုက်ကြည့်နေရင်း ကျိုးလျန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ရ၏။ ထို့နောက် သက်ပြင်းတစ်ချက် ချလျက် “ပြောလေ၊ ငါလုပ်နိုင်ရင် လုပ်ပေးမယ်”

နီချူဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေ၏ “မနေ့ညတုန်းက မြို့သခင်စံအိမ်ဆီ အရမ်း အဆင့်မြင့်‌တဲ့ ဆေးပညာရှင် တစ်ယောက် ရောက်လာတယ်လို့ ငါကြားတယ်။ ငါ့တူ့ရဲ့ ပြတ်သွားတဲ့လက်ကို ပြန်ဆက်ဖို့ သူ့ကို ဆေးလုံးတစ်လောက် ဖော်စပ်ခိုင်းလို့ ရမလား။ သူက အဆင့်မြင်တယ်လို့ နင်ကတောင် ပြောနေမှတော့ ဒီလို ဆေးလုံးမျိုးကို ကျိန်းသေ ဖော်စပ်နိုင်မှာပေါ့ ဟုတ်တယ်မလား”

“ဟုတ်တယ်၊ သူဖော်စပ်ပေးနိုင်တယ်” ကျိုးလျန်က ခေါင်းညိတ်လိုက်၏။

“အဲ့ဒါဆိုရင်…” နီချူဖုန်းက ပျော်ရွှင်စွာ ပြုံးလိုက်၏။

“ဒါပေမယ့် နင့်တောင်းဆိုချက်ကို ငါမဖြည့်ဆည်းပေးနိုင်ဘူး”

“ဘာလို့လဲ” နီချူဖုန်း စိတ်ပျက်သွားခဲ့ပြီး “တစ်နေ့ လင်မယား ဖြစ်ခဲ့ရင် တစ်သက်လုံး လင်မယားပဲလေ။ ဒီတောင်းဆိုချက်လေးကိုတောင် ဖြည်းဆည်း မပေးနိုင်ဘူးလား”

“ငါမလုပ်ပေးချင်တာ မဟုတ်ဘူး။ နင်ကိုယ်ကကို အရမ်း တုံးအလွန်းတာ” ကျိုးလျန်က နီချူဖုန်းနား တိုးကပ်လိုက်ပြီး တိုးတိုးလေး‌ ပြောလိုက်၏ “နင်ရန်စလိုက်တဲ့လူငယ်လေးက အဲ့ဝိဇ္ဇာအဆင့် ဆေးပညာရှင်ကြီးရဲ့ တစ်ယောက်တည်းသော တပည့်ပဲ။ အဲ့ဆေးပညာရှင်ကြီးလည်းက ငါ၊ အောင်ကုနှင့် ကျင်းကျောင်တို့တောင် ရန်စလို့ မရတဲ့ ဖြစ်တည်မှုကြီး”

နီချူဖုန်း၏ မျက်ဝန်းအစုံ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့လေ၏။

“ထွက်သွားလိုက်တော့” ကျိုးလျန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “အခုကနေစပြီး နင်ထပ်မရူးမိုက်ဖို့ ငါမျှော်လင့်တယ်”

ယူကျုံးမရဖြစ်မှု၊ နောင်တတို့ နီချူဖုန်း၏ မျက်နှာထက် လှိုက်တက်လာခဲ့ရာ သူမမှာ နှုတ်ခမ်လေးကို သွေးထွက်သည်အထိ ကိုက်ရင်း တွေတွေကြီး ရပ်နေလိုက်၏။ ထို့နောက် သတိလစ်နေသော နီချုန်းကို ကုန်းကောက်ယူလိုက်ပြီး ကျိလျန်နှင့် တိယောင်အား မုန်းတီးစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီး လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းကာ လူအုပ်ထဲ ပျောက်ကွယ် သွားလေ၏။

နီချူဖုန်း ထွက်သွားသည်ကို မြင်သည်နှင့် လူပေါင်း များစွာတို့ သူမနောက် လိုက်သွားခဲ့ကြ၏။

မကျေနပ်ချက်တိုင်းကို လက်စားချေခြင်းဖြင့် ဖြေရှင်းကြရာ ယခု သူတို့ ခံစားခဲ့ရသည်များအတွက် ပြန်လည် လက်စားချေရန် အချိန်ရောက်လာခဲ့လေပြီ။

ထိုအခြင်းအရာကို မြင်လိုက်သော်လည်း ကျိုးလျန်က ရပ်တန့်ရန် မကြိုးစားခဲ့၏။

“အဲ့မိန်းမတော့သေပြီပဲ” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်၏။

“သူ့ထိုက်နဲ့သူ့ကံပဲလေ” ဖေးယုက အထင်တသေးဖြင့် ဆိုလိုက်၏။ အားကြီးသူကို ဖားယားပြီး ဘာကိုယ်ကျင့် သိက္ခာတရားမှ မရှိသော နီချူဖုန်းကဲ့သို့သော မိန်းမမျိုးကို သူမ အရမ်းရွံရှာပေ၏။

ကျိုးလျန်က ရန်ကိုင်နှင့် ဖေးယုတို့ဆီ ရောက်လာပြီး ရင်းနှီးဖော်ရွေစွာဖြင့် “မင်းတို့နှစ်ယောက်က သခင်လေးတိရဲ့ မိတ်ဆွေတွေ ဆိုမှတော့ မြို့သခင် စံအိမ်မှာ လာနားကြပါလား။ နှစ်တစ်ထောင် နတ်ဆိုး ပန်းပွင့် ပွင့်ဖို့ကလည်း နည်းနည်း ကြာဦးမှာ”

သို့သော် ရန်ကိုင်က ခေါင်းသာ ခါရမ်းလိုက်ပြီး “အလုပ်ကိစ္စနဲ့ အပြင်သွားနေတဲ့ ကျုပ်ရဲ့ ဂိုဏ်းတူဦးလေးတွေကို သွားပြန်စောင့်ရဦးမှာ ဆိုတော့ ခင်းဗျားရဲ့ ကမ်းလှမ်းချက်ကို အားနာနာနဲ့ပဲ ငြင်းရတော့မယ်ဗျာ”

“အဲ့လိုဆိုမှတော့ ဒီလူအိုကြီး တိုက်တွန်း မနေတော့ပါဘူး။ အချိန်ရှိရင် မြို့သခင်စံအိမ်ဆီ လာခဲ့နော်” ထို့နောက် တိယောင်ဘက် လှည့်လိုက်ပြီး “သခင်လေးတိ၊ အရင်ပြန်ကြတာပေါ့”

တိယောင်က သက်ပြင်းတစ်ချက် ချလျက် ရန်ကိုင်နှင့် ကျိုးလျန်တို့အား ခေါင်းညိတ်ပြကာ ကျိုးလျန်နှင့်အတူ ထွက်သွားလိုက်လေ၏။

လူအုပ်ကြီးတစ်ခုလုံး ယခုထိ အံ့ဩမပြေသေး။ ပြပွဲကောင်းတစ်ခု ကြည့်ရလိုကြည့်ရငြား လာခဲ့သော်လည်း ယခုကဲ့သို့ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရမည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

အမည်မသိ လူငယ်လေးကြောင့် ကျိုးလျန်သည် သူချစ်ရသော မိန်းမကို ပါးရိုက်ရုံမျှမက ဝဲပျံတိမ်တိုက် မြို့တော်မှပင် နှင်ထုတ်လိုက်သေး၏။

ထို့ပြင် ထိုလူငယ်လေး၏ မိတ်ဆွေများ ဖြစ်နေသည့် အတွက် ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ရင်းနှီးဖော်ရွေစွာ ဆက်ဆံခံခဲ့ရ၏။

ထိုလူငယ်လေးသည် မည်ကဲ့သို့သော ကြောက်မက်ဖွယ်ရာ နောက်ခံကို ပိုင်ဆိုင်ထားသနည်း ဆိုသော အချက်သည် အားလုံး၏ စိတ်ထဲ တဝဲလည်လည် လည်နေခဲ့၏။

ခဏအကြာ၌ လူအုပ်ကြီးလည်း သူတို့နေရာ အသီးသီးဆီ ပြန်ထွက်သွားကြလေ၏။ လူအချို့သည် တိယောင်၏ နောက်ခံကို မေးမြန်းချင်ကြသော်လည်း အခွင့်အရေးတောင် မရသေးခင်မှာဘဲ ရန်ကိုင်နှင့် ဖေးယုတို့က ပျောက်ကွယ်သွားခဲ့ကြလေပြီ။

ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံးလည်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြ၏။

တိယောင်တွင် အားကောင်းသည် ကျောထောက် နောက်ခံ ရှိသည်ကို သိသော်လည်း သူ့နောက်ခံသည် ထိုမျှ အားကောင်းနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့၏။

တစ်ခဏလောက် စဉ်းစားလိုက်သော်လည်း စဉ်းစားမရသဖြင့် ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ထိုကိစ္စကို လျစ်လျူရှုထားလိုက်တော့လေ၏။

မြို့သခင်စံအိမ်ဆီသို့ ပြန်ရောက်သည်နှင့် တိယောင်သည် သူ့ဆရာကို ချက်ချင်း သွားတွေ့၏။

တိတ်ဆိတ်သော အခန်းတစ်ခုအတွင်းသို့ တိယောင် လမ်းလျှောက် ဝင်လာသည့် အချိန်၌ သူ့ဆရာသည် တင်ပလင်ခွေ ထိုင်လျက် ဈာန်ဝင်းစားနေခဲ့၏။ ခဏအကြာ၌ လူအိုကြီး ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့၏။

“ဆရာ၊ ကျွန်တော် ထပ်ရှုံးပြန်ပြီ” တိယောင် အသာအယာ သက်ပြင်းချလိုက်၏။

“ထပ်ရှုံးတာလား” ထိုစကားကို ကြားလိုက်သည်နှင့် လူအိုကြီး အတော်လေး အံ့အားသင့်သွားခဲ့၏။

“ဟုတ်တယ်။ ဆရာ၊ ဒီဆေးလုံးကို တစ်ချက် ကြည့်ကြည့်လိုက်” တိယောင်သည် မကြာသေးခင်ကမှ ရန်ကိုင် သန့်စင်ခဲ့သော ဆေးလုံးကို သူ့ဆရာ ပေးလိုက်၏။

ဆေးလုံးကို မြင်သည်နှင့် လူအိုကြီး၏ အကြည့် ချက်ချင်း တောက်ပသွားခဲ့ပြီး “ဆေးသွေးကြောတွေလား”

ထိုဆေးလုံးကို ကောင်ကင်စိတ်အာရုံဖြင့် ခဏတာမျှစစ်ဆေးကြည့်လိုက်ပြီးနောက် တိယောင်ဆီ ပြန်ပေးလိုက်ကာ မေးလိုက်၏ “ဒီဆေးလုံးကို မင်းပြိုင်ဘက်က သန့်စင်ခဲ့တာလား”

“ဟုတ်တယ်”

“သူက ဘယ်လိုလူမျိုးလဲ”

“ကျွန်တော့် အသက်လောက်ပဲ ရှိဦးမယ်” တိယောင်သည် ရန်ကိုင် ပုံပန်းသွင်ပြင်ကို အကျဉ်းချုံး ရှင်းပြလိုက်လေ၏။

တိယောင် ရှင်းပြသည်ကို နားထောင်ပြီးနောက် လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး ခဏအကြာ၌ ပြန်ပြောလိုက်၏ “ဒီလူငယ်လေးက တကယ့် မွန်းစတားပဲ”

“ဘာလို့လဲ ဆရာ”

“သူ့ဆေးဖော်စပ်တဲ့ နည်းလမ်းက နည်းနည်း ဖြစ်ကတတ်ဆန်းနိုင်တယ်။ သူ့ပုံစံက တစ်ခါမှ သင်ပေးဖူးတာ မခံရတဲ့ပုံပဲ။ ပြောရင် သူက ဆရာတစ်ယောက် ဆီကနေ ဘယ်တော့မှ သင်ကြားပြသခြင်း ခံခဲ့ရဖူးတာ မဟုတ်ဘူး”

“ဘယ်လိုတောင်လား” ကျိယောင် အလန့်တကြား ထအော်လိုက်လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၀၈) ဒီကောင်လေးက ဘယ်သူများလဲ

——————————————————————

ဆရာမရှိသည့်တိုင် ဤမျှ ထူးချွန်နေခဲ့ပါက ရန်ကိုင်သည်သာ သူကဲ့သို့ အထူးချွန်ဆုံးသော ဆေးပညာရှင်၏ နှစ်ပေါင်းများစွာ အနီးကပ် သင်ကြားပေးခြင်း ခံခဲ့ရလျှင် ယခုအချိန်၌ သူမည်မျှ ထူးချွန်နေမည်နည်း။

“ငါထင်တာသာ မှန်မယ်ဆိုရင် ဒီအဆင့်ထိ ရောက်ဖို့ ပညာရှင်ကြီးတွေ ထားခဲ့တဲ့ မှတ်စုတွေ၊ ရှေးဟောင်း စာအုပ်တွေကို သူလေ့လာခဲ့တာ ဖြစ်ရမယ်” လူအိုကြီးက ခန့်မှန်းကြည့်လိုက်၏။

“ဆရာ၊ ကျွန်တော် ရုတ်တရက် စိတ်ဓါတ်တောင် ကျချင်လာပြီ” တိယောင်က စိတ်အားငယ်စွာဖြင့် သက်ပြင်း ချလိုက်လေ၏။

“အို၊ စိတ်ဓါတ်ကျစရာ မလိုဘူး” လူအိုကြီးက အသာအယာ ပြုံးလိုက်ကာ “မနာလိုစရာ ကောင်းလောက်အောင်ကို အရည်းအချင်း ရှိလွန်းတဲ့ ပါရမီရှင် တစ်ယောက်၊ နှစ်ယောက်လောက်ကတော့ ဒီလောကကြီးမှာ ရှိစမြဲပဲလေ။ ဘယ်တော့မှ သေသေချာချာ သင်ကြားပေးခြင်း မခံခဲ့ရပေမယ့် စိတ်ဝိဥာဉ် အစီအရင်နဲ့ အစစ်အမှန်ချီကို ထိန်းချုပ်တဲ့ နေရာမျိုးမှာ သူ့အရည်အချင်းက တကယ့် ထိပ်တန်းပဲ”

“ဟူး…” တိယောင်က လေးပင်စွာ သက်ပြင်းချလိုက်ပြီး “ဆရာ၊ အပြင်လောကြီးဆီ ကျွန်တော်တို့ ထွက်လာတာ တစ်နှစ်ကျော်လေးပဲ ရှိသေးတယ်။ အခု လူနှစ်ယောက်ကို ကျွန်တော် ရှုံးပြီးသွားပြီ။ အရင်အကြိမ် ရှုံးခဲ့တာက ခံသာသေးတယ်။ သူ့ခန္ဓာကိုယ်က သာမန်ထက် ထူးခြားနေတာကိုး။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ကျွန်တော့်ကို တော်တော်လေး စိတ်ဓါတ်ကျသွားစေတာ”

ပြိုင်ပွဲကို နိုင်မည်ဟု ယုံကြည်ချက် ရှိသော်ငြား ရန်ကိုင်သည် ဆေးသွေးကြောပါသော ဆေးလုံးကို သန့်စင်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

“အခု အမြဲမပြတ် ကြိုးစားအားထုတ် နေသင့်တယ် ဆိုတာကို မင်းနားလည်သင့်ပြီ။ ကောင်းကင်တစ်ခုရဲ့ အလွန်မှာ နောက်ကောင်းတစ်ခု ရှိသလိုပဲ လူတစ်ယောက် ထက် ပိုတော်တဲ့ လူတစ်ယောက် ဆိုတာလည်း ရှိစမြဲပဲ” လူအိုကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

တိယောင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “ဆရာ စိတ်ချထားလိုက်ပါ။ အခုကနေစပြီး တပည့် အရင်ကထက် နှစ်ဆကြိုးစားပါ့မယ်”

လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း အသာအယာ ပြုံးလိုက်လေ၏။

လူအိုကြီးစိတ်ထဲ တွေးမိသည့် အကြောင်းအရာ အချို့ ရှိသော်လည်း သူ့တပည့်ကို မပြောရန်သာ ဆုံးဖြတ်လိုက်၏။

ကျိယောင် ပြန်သယ်လာသော ဆေးလုံးမှ ရင်းနှီးနေသည့် တစ်ခုခုကို လူအိုကြီး ရှာတွေ့ခဲ့၏။ အထူးသဖြင့် ထိုလူငယ်လေး အသုံးပြုသွားခဲ့သော စိတ်ဝိဥာဉ် အစီအရင်များမှပင်။

သူအသုံးပြုသွားခဲ့သော စိတ်ဝိဥာဉ် အစီအရင်များသည် လွန်ခဲ့သော တစ်နှစ်က တိယောင်ကို အနိုင်ယူသွားခဲ့သော တစ်ယောက် အသုံးပြုခဲ့သည့် နည်းစနစ်နှင့် တူညီနေခဲ့၏။

သူတို့ကြားမှာ တစ်ခုခု ဆက်စပ်နေတာများလား လူအိုကြီး အတွေးနက်သွားခဲ့၏။

နှစ်ရက်ကြာပြီးနောက် ချန်းယန်တို့ ပြန်ရောက်လာခဲ့၏။ သို့သော် သူတို့၏ အမူအရာ သိပ်မကောင်းလှ။

ခဏတစ်ဖြုတ် အနားယူပြီး လက်ဖက်ရည် အချို့ သောက်ပြီးနောက် လီဝမ်က သက်ပြင်းအရှည်ကြီး ချကာ ပြောလိုက်၏ “နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ရဲ့ ဆွဲဆောင်မှုကို ငါတို့ အထင်သေးမိလိုက်တဲ့ပုံပဲ။ ဒီကိစ္စက ထင်ထားသလောက် လွယ်တော့မှာ မဟုတ်ဘူး”

“ဘာလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

“ဒီကို ရောက်နေတဲ့လူ တအား များလွန်းတယ်။ အနည်းဆုံး မသေမျိုးအဆင့် ပညာရှင် (၁၀၀)လောက် ရှိနေပြီ။ တကယ်ပွင့်မယ့်နေ့ကျရင် ဒီလူအရေအတွက်က နောက်ထပ် သုံးဆလောက် ထပ်တက်သွားနိုင်တယ်” ချန်းယန်က ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလျက် ပြောလိုက်၏။

ရန်ကိုင် မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။

မသေမျိုးအဆင့် (၃၀၀)ကျော်၊ (၃၀)ရာခိုင်နှုန်းသာ မသေမျိုး တတိယအဆင့် ဖြစ်ပါစေဦး၊ အနည်းဆုံး အယောက် (၃၀) ရှိပေလိမ့်မည်။

ကောင်းကင်ဂိုဏ်းတော်မှ ပညာရှင် လေးယောက်သည် အတော့်ကို သန်မာ၍ အဆင့်တူချင်းကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း ထိုကဲ့သို့သော ပညာရှင်များစွာကြား ရန်ကိုင်ကို ကောင်းကင် တက်လှမ်းခြင်း ချောက်ကမ်းပါးဆီ ကာကွယ် ခေါ်ဆောင်သွားပြီး နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို ရယူရန်မှာ အရမ်းကို ခက်ခဲလှပေ၏။

အခြေအနေသာ မကောင်းရင် ထိုနေရာမှပင် တစ်ခါတည်း တန်းအသက်ပျောက်သွားနိုင်၏။

ရန်ကိုင်ကဲ့သို့ ပါရမီရှင်မျိုးသည် လွန်စွာကိုမှ ရှားပါးလှရာ ရသည်နှင့် ပေးဆပ်ရသည် တန်မတန် အရင်တွေးရပေမည်။ အကျိုးဆက်ကိုသာ မရင်ဆိုင်ပါက ဝဲပျံတိမ်တိုက်မြို့တော်မှ ထွက်သွားသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“အတူပူးပေါင်းမယ့် တစ်ယောက်ယောက်ကို ရှာရင်ကော” ရန်ကိုင် အမူအရာ တစ်ဖန် ပြောင်းလဲသွားခဲ့ပြီး အကြံပေးကြည့်လိုက်၏။

“ဘယ်သူနဲ့ ပူးပေါင်းရမှာလဲ” ချန်းယန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အားလုံးက နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို ပစ်မှတ်ထား နေကြတာလေ။ အတူပူးပေါင်းဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ဘူး။ ပူးပေါင်းတယ် ဆိုမှတော့ ဆေးအရည်ကို ခွဲယူရမှာပေါ့။ ငါတို့နဲ့တင် လေးယောက် ရှိနေပြီ။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ကနေ သိပ်သည်းနိုင်တဲ့ ဆေးအရည်က လောက်မလောက်ကို ဘယ်သူသိမှာလဲ။ မလောက်ရင် နောက်ထပ် ပြဿနာ ထပ်ဖြစ်ဦးမှာ”

“နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို စိတ်မဝင်စားတဲ့ လူနဲ့ဆိုရင်တော့ ပူးပေါင်းလို့ရတယ်မလား” ရန်ကိုင်က ပြုံးလိုက်၏။

“အဲ့လိုလူကို ဘယ်မှာ သွားရှာရမှာလဲ”

“မဝေးဘူး”

“အဲ့ကောင်လေးကို ပြောချင်တာလား” ဖေးယုက တွေးတွေးဆဆဖြင့် မေးလိုက်၏။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

“ဟျောင့်၊ မင်းဘယ်က ကောင်လေးကို ပြောနေတာလဲ” လီဝမ်က ဝင်မေးလိုက်၏ “ငါတို့ ပြန်မလာခင်အထိ တည်းခိုဆောင်ထဲမှာပဲ နေဖို့ မင်းတို့ကို ပြောခဲ့တာ မဟုတ်ဘူးလား”

“ဘာတွေ ဖြစ်နေတာလဲ။ အပြင်လေးဘာလေး ထွက်လည်ရုံပဲကို” ဖေးယုက ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းလိုက်၏ “တကယ်တော့ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ ငါတို့ တွေ့ခဲ့တယ်”

“နားထောင်ကြည့်ရအောင်” ချန်းယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

ရန်ကိုင်က ဖြစ်ကြောင်းကုန်စဉ်ကို အကျဉ်းချုံး ရှင်းပြလိုက်လေ၏။ ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးနောက် သူ့ဂိုဏ်းတူဦးလေး လေးယောက်စလုံး အတော့်ကို အံ့အားသင့်သွားခဲ့ကြလေ၏။ အထူးသဖြင့် လူငယ်လေးကြောင့် ကျိုးလျန်က သူချစ်ရသော မိန်းမကို ဝဲပျံတိမ်တိုက်မြို့တော်မှ နှင်ထုတ်လိုက်သည့် အကြောင်းကို ရှင်းပြနေစဉ်တွင်ပင်။

ထို့ပြင် ထိုလူငယ်လေးသည် ကျိုးလျန်၏ ဧည့်သည် မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်စုဝင် အောင်းကု၏ ဧည့်သည် ဖြစ်နေပေ၏။ လူသားမျိုးနွယ်စုဝင် ဖြစ်သော ကျိုးလျန်က နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်၏ ဧည့်သည့်ကို ရှေ့တက်၍ အသည်းအသန် ကာကွယ်ပေးသည်မှာ ရန်ကိုင် ဂိုဏ်းတူဦးလေးတို့ကို ပို၍ စိတ်ဝင်စားစေခဲ့၏။

ထိုလူငယ်လေးနှင့် တစ်ခါမှ မတွေ့ဖူးသော်ငြား ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ထိုလူငယ်လေးနောက်တွင် အရမ်းကို အားကောင်းလှသော ကျောထောက်နောက်ခံ ရှိနေလိမ့်မည်ဟု သူတို့အားလုံး နားလည်လိုက်ကြ၏။

“သူက ယုံရလို့လား” ချန်းယန်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် မေးလိုက်၏။

“ထင်ရတာလဲ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“တကယ်တမ်း ပြောရရင် ငါလည်း သူ့ကို ယုံတယ်။ အဲ့ကောင်လေးက မဆိုးတတ်ဆိုးတတ်ပါပဲ” ဖေးယုက အပြုံးလေးဖြင့် ဝင်ပြောလိုက်၏။

“မင်းတို့ နှစ်ယောက်က အခုလို ပြောနေမှတော့ သူက တကယ်ယုံရလို့ပဲ ဖြစ်မှာပေါ့” ချန်းယန်က ခေါင်းညိတ်လိုက်ပြီး “သူက မင်းနဲ့ အတူပူးပေါင်းချင်းတယ်လို့ အချက်ပြခဲ့တယ်မလား”

“အင်း”

“သူလည်း ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးအပေါ်ကို အခြားရည်ရွယ်ချက် တစ်ခုနဲ့ သွားနေတဲ့ပုံပဲ။ အဲ့လိုသာဆိုရင် သူနဲ့ သွားစကား ပြောကြည့်သင့်တယ်။ အတူတူ ပူးပေါင်းနိုင်ရင်တော့ အကောင်းဆုံးပဲ” ချန်းယန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “ဒါပေမယ့် သူက ဆေးအရည်ကို မလိုချင်ဘူးဆိုရင် ဘာကို လိုချင်နေတာလဲ။ ဒီကိစ္စကို သေသေချာချာ စစ်ဆေးစုံစမ်းဖို့ လိုလိမ့်မယ်”

“အဲ့လိုဆိုရင် မြို့သခင်စံအိမ်ဆီ သွားပြီး သူနဲ့ စကားပြောကြည့်လိုက်မယ်” တိယောင် ဘာကို ပြောသွားခဲ့လဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမသိလို သူ့နောက်ကွယ်ရှိ အင်အားစု အကြောင်းကိုလည်း သိချင်နေမိ၏။

သူ့နောက်၌ အားကောင်းသည့် နောက်ခံ တစ်ခုခုသာ မရှိလျှင် ကျိုးလျန်အနေဖြင့် ထိုလူငယ်လေးအား ထိုမျှ ခခယယဖြင့် ဆက်ဆံနေလိမ့်မည် မဟုတ်ချေ။

သူ့ဂိုဏ်းတူဦးလေးတို့နှင့် ဆွေးနွေးပြီးနောက် ရန်ကိုင်သည် ဖေးယုနှင့်အတူ မြို့သခင်စံအိမ်ဆီသို့ ဦးတည်သွားလေ၏။

သို့သော်လည်း ခပ်ဝေးဝေးသို့ မသွားရသေးခင်မှာပင် လူအိုကြီးတု၊ မိနာတို့နှင့် သွားတိုး၏။ သူတို့ကို မြင်သည်နှင့် မိနာက သူတို့ဆီ ပျော်ရွှင်စွာ ပြေးလာလိုက်ပြီး ဖေးယုနှင့် စကားအချို့ ပြောပြီးနောက် ရန်ကိုင်ဘက် လှည့်ကာ “ဒီက အပျော်ကောင်လေးက ဘယ်သူများလဲ မသိဘူး”

ရန်ကိုင်မျက်နှာ ချက်ချင်းဆိုသလို မည်းမှောင် သွားခဲ့ပြီး “နင်ဘာပြောလိုက်တာလဲ”

မိနာက ပါးစပ်လေးကို လက်ဖြင့်အုပ်၍ ရန်ကိုင်အား အထိတ်တလန့်ဖြင့် စိုက်ကြည့်ရင်း လက်ညိုးထိုးလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏ “နင်… ဒါပေမယ့်… ဘယ်လိုလုပ်ပြီး…”

ရုတ်တရက် တစ်ခုခုကို မှတ်မိသွားကာ လက်ခုပ်တစ်ချက် တီးလိုက်ကာ ခေါင်းညိတ်၍ “ဟုတ်သားပဲ။ လူအိုကြီးတုက အဲ့ပစ္စည်းကို နင့်ဆီ ပေးခဲ့တာပဲ။ ငါမေ့တော့မလို့”

ပြောပြီးသည်နှင့် သူမလက်ကို ဆန့်ထုတ်၍ ရန်ကိုင် မျက်နှာကို ဆွဲကြည့်၊ ဖျစ်ကြည့် လုပ်လိုက်လေ၏။

လူအိုကြီးတုနှင့် ဖေးတို့ကမူ ဝင်ရှုပ်မည့်ဟန် မပြဘဲ ဘေးတွင်သာ ရပ်လျက် မဲ့ပြုံးပြုံးနေခဲ့ကြ၏။

“ကောင်စုတ်လေး၊ ဝဲပျံတိမ်တိုက်မြို့တော် ရောက်ရောက်ချင်း ပြဿနာကို ရှာတော့တာပဲနော်” ရန်ကိုင်၏ ရုပ်ချောချာ မျက်နှာလေးနှင့် ဆော့ကစားရင်း မိနာက ပျော်ရွှင်စွာ ပြုံးလိုက်၏။

“နင်တို့ အဲ့အကြောင်း ကြာပြီးသွားတာလား” ဖေးယုက မိနာအား အပြုံးလေးဖြင့် မေးလိုက်၏။

“အင်း၊ အဲ့အကြောင်းကို ဝဲပျံတိမ်တိုက် တစ်မြို့လုံး သိနေပြီ” ခေါင်းညိတ်လိုက်ပြီးသည်နှင့် ကစားစရာ အသစ်တစ်ခုကို ရလိုက်သည့်အလား ရန်ကိုင် မျက်နှာကို ဆက်လက် ဆော့ကစားနေလိုက်လေ၏။

ရန်ကိုင် တဖြည်းဖြည်း စိတ်ညစ်လာခဲ့လေ၏။ သို့သော် ဒေါသထွက်ခြင်း မရှိဘဲ ညစ်ပြုံးသာ ပြုံးလျက် မိနာကို ကြည့်ကာ ပြောလိုက်၏ “နင်ငါ့ကို ဆက်ဆိတ်နေမယ်ဆိုရင် ငါလည်း ပြန်တိုက်တော့မှာနော်။ ကောင်မလေး၊ တစ်လက်မပေးလို့ တစ်ကိုက် လိုချင်မလာနဲ့နော်”

ပြောပြီးသည်နှင့် သူမ၏ မို့မောက်မောက် ရင်အစုံဆီ စိုက်ကြည့်လိုက်လေ၏။

မိနာ ချက်ချင်း နောက်ပြန်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့ဝယ် ကြက်ခြေခတ် သဏ္ဍာန် ပြုလျက် အံကြိတ်ရင်း “သောက်ကျင့်မကောင်းတဲ့ကောင်”

“လူအိုကြီးတို့ ခင်ဗျားတို့ ဘယ်ကိုသွားမလို့လဲ” ရန်ကိုင်က ထိုမိန်းကလေးကို ဆက်ဂရုမစိုက်တော့ဘဲ တုဝမ်ဆီ အာရုံပြောင်းလိုက်လေ၏။

“အဓိက မြေကွက်လပ်မှာ ဆေးပညာရှင် အစည်းအရုံးက ကြီးမှူးကျင်းပပေးတဲ့ ဆေးဖော်စပ် ပြိုင်ပွဲ တစ်ခုရှိတယ်လေ။ ဒီလူအိုကြီးက မိနာကို ခေါ်ပြီး အဲ့ကို သွားနေတာ။ ဒီကောင်မလေးက အပြင်ထွက်လေ့ မရှိတော့ အတွေ့အကြုံအရအောင် ခေါ်သွားပေးမလို့” တိဝမ်က ရှင်းပြလိုက်၏။

ရုတ်တရက် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် စိုက်ကြည့်လိုက်ပြီး “မိတ်ဆွေလေးရန်ကော၊ ဝင်ပြိုင်ချင်လား။ စားရင်းပေးသွင်းရမယ့် ရက်ကို ကျော်သွားပြီ ဆိုပေမယ့် ဒီလူအိုကြီးသာ ထောက်ခံပေးမယ် ဆိုရင် ဝင်ပြိုင်လို့ ရနိုင်သေးတယ်”

“ဟုတ်တယ်။ နင်သွားရမယ်။ ဝင်ပြိုင်တဲ့လူ အားလုံးက လူငယ်မျိုးဆက်ကချည်းပဲ ဆိုတော့ နင်သာ ဝင်ပြိုင်မယ်ဆိုရင် ကျောက်တုံးမြို့တော်က ဆေးပညာရှင် အစည်းအရုံးလည်း ကျော်ကြားလာရလိမ့်မယ်”

ရန်ကိုင်က နှာခေါင်းပွတ်လိုက်ပြီး ပြုံးကာ “လူအိုကြီးတု၊ ခင်ဗျား ဒီကို သီးသန့် ရောက်လာတာလား”

တုဝမ်းက မရှက်စတမ်း ပြုံးလိုက်ပြီး “ဒီလူအိုကြီးရဲ့ ရည်ရွယ်ချက်ကို မိတ်ဆွေလေးရန် မြင်သွားတာပဲ”

လူအိုကြီးတုသာ အဓိကမြေကွက်လပ်ဆီ သွားမည် ဆိုပါက ဤနေရာ၌ ပေါ်လာစရာ အကြောင်းမရှိချေ။ ကုန်သွယ်ရေး နယ်ပယ်ကို သွားစဉ်က ဆေးဖော်စပ် ပြိုင်ပွဲအကြောင်း သူလည်း ကြားခဲ့၏။ ထိုပြိုင်ပွဲလုပ်သည့် နေရာသည် ဤအနီးအနား ပတ်ဝန်းကျင်၌ မဟုတ်ချေ။

“တကယ်တော့ ဒီလူအိုကြီးက အခြား ဆေးပညာရှင် အစည်းအရုံး အခွဲတွေက မိတ်ဆွေအချို့နဲ့ အလောင်းအစား လုပ်ခဲ့တာလေ။ လောင်ကြေးကတော့ သိုလှောင်အိတ်ထဲက ပစ္စည်းတစ်ခုကြေးပဲ။ အဲ့လူအိုကြီးတွေက တော်တော်လေးကို ချမ်းသာတာကွ” တုဝမ်က ရန်ကိုင်ကို စတင် မြူဆွယ်တော့လေ၏။

မိနာကလည်း ဝင်၍ ထောက်ခံ ပြောဆိုလိုက်၏ “နင်သာ နောက်ဆုံးအောင်နိုင်သူ ဖြစ်မယ်ဆိုရင် ဆေးပညာရှင် အစည်းအရုံးက ရှားပါးဆေးပင်တွေ နင့်ကို ဆုချဦးမှာ။ အဆင့်မြင့် ဆေးမီးဖိုတွေတောင် ပါသေးတယ်”

ပြောပြီးသည်နှင် မရှက်စတမ်း ရန်ကိုင် လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး တောင်းဆိုလိုက်လေ၏ “အစ်ကိုကြီးရန်ကိုင်ရယ်၊ လိုက်ခဲ့ပါနော်။ ဂျူနီယာ ညီမလေးက အဲ့ဆေးမီးဖိုကို အရမ်း လိုချင်နေလို့ပါ။ အဲ့ဆေးမီးဖိုက သူတော်စင်အဆင့်ကြီးရှင့်၊ အစ်ကိုကြီးရန်ကိုင်ရဲ့”

မိနာလုပ်သည့်ပုံစံကို ကြည့်ရင်း ရန်ကိုင် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတို့ ထသွားခဲ့ရ၏။ သို့သော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး မဲ့ပြုံးပြုံးလျက် “လူအိုကြီးတုက ပြောလာမှတော့ ကျုပ်ဘက်ကလည်း ဘယ်ငြင်းရက်ပါ့မလဲ။ ငါ့ကို ထပ်မလှုပ်နဲ့တော့၊ ငါခေါင်းမူလာပြီ”

“နင်တကယ်လာမှာလား။ ကောင်းလိုက်တာ” မိနာက စိတ်လှုပ်ရှားတကြီး အော်ဟစ်လိုက်၏။

တစ်ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က ခေါင်းညိတ်လိုက်ကာ “အင်း၊ ငါနောက်ဆုံး အနိုင်ရသူ ဖြစ်သွားရင် အလောင်းအစားထဲက ငါလိုအပ်တဲ့ ဆေးပင်တွေကို ငါယူမယ်။ ဆေးမီးဖိုကတော့ နင်ယူချင်ရင် ယူလိုက်”

“ရတယ်၊ ရတယ်၊ ပြဿနာမရှိဘူး” မိနာက ကြက်အစာကောက်နေသည့် ပမာ သူမ၏ ခေါင်းကို ထပ်တလဲလဲ ညိတ်လိုက်လေ၏။

“အရမ်း စိတ်လှုပ်ရှားမနေနဲ့ဦး။ ဒီလောကကြီးမှာ ပါရမီရှင် ဆေးပညာရှင်ဆိုတာ အများကြီးပဲ။ နောက်ဆုံး ရယ်နိုင်တဲ့လူက ငါဖြစ်မယ်ဆိုတာ သေချာသေးတာ မဟုတ်ဘူး”

“နင်ပဲနိုင်မှာ။ ဒီပြိုင်ပွဲက လူငယ်မျိုးဆက်ကြားက ပြိုင်ပွဲလေ။ ဘယ်သူမှ နင့်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး” မိနာက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၀၉) အပျော်ဝင်နွှဲခြင်း

——————————————————————

မြို့သခင်စံအိမ်သို့ သွားပြီး တိယောင်နှင့် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်အကြောင်း ဆွေးနွေးမည့် ကိစ္စကို ခဏတာ ဘေးဖယ်ထားလိုက်၏။ ဘာပဲဖြစ်ဖြစ် ရန်ကိုင်သည် အလျင်မလိုသေးချေ။

လူအိုကြီးတု၏ တောင်းဆိုချက်ကို လက်ခံလိုက်ရသည့် အကြောင်းမှာ လူအိုကြီးတုသည် သူ့အပေါ် အရမ်းကောင်းခဲ့သောကြောင့်ပင် ဖြစ်၏။ ကျောက်တုံးမြို့တော်၌ ရှိစဉ်က လူအိုကြီးတု၏ အကူအညီကြောင့်သာ မဟုတ်လျှင် ထိုမြို့ထဲ၌ အလွယ်တကူ အခြေချနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ထို့ပြင် လူအိုကြီးတုကြောင့်သော ချန်းယန် သူ့အား ရှာတွေ့ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ပြိုင်ပွဲမှ ရလာမည့် ဆုလာဒ်များကိုလည်း ရန်ကိုင် အတော် စိတ်ဝင်စားနေမိ၏။

ရှေးဟောင်းနတ်ဆိုးကလန်သားများ လိုအပ်သည့် ဆေးပင်များကို စုဆောင်းမိပြီ ဖြစ်သော်လည်း အကုန်လုံးကို မစုဆောင်းရသေးချေ။

လူအိုကြီးတု၏ မိတ်ဆွေများ၌ သူလိုအပ်နေသော ဆေးပင်များ မရှိနိုင်သော်လည်း ထိုဆေးပင်များအား ရယူမည့် နည်းလမ်းကို ထိုသူများမှ သိနိုင်၏။ ထို့ကြောင့် ထိုလူအိုကြီးများနှင့် မိတ်ဆွေဖွဲ့ထား၍ အကျိုးမယုတ်ချေ။

ကျန်သည့် ဆေးပင်များကို စုဆောင်ပြီး သူ့ဆေးပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်သည့်တစ်နေ့ နှင်းတောင်းတန်ဆီ ပြန်သွားပြီး ရှေးဟောင်းနတ်ဆိုး ကလန်ကို ဤလောကကြီးထဲသို့ ခေါ်ထုတ်လာနိုင်မည် ဖြစ်၏။

သူနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော ဤလောကြီးထဲ၌ သူ့ကိုယ်ပိုင်ခွန်အားကို အလျင်စလို မြှင့်တင်ရန် လိုအပ်နေသော အထောက်အပံ ကောင်းကောင်း တစ်ခုရှိရန်လည်း လိုအပ်နေ၏။

ဝဲပျံတိမ်တိုက်မြို့တော်၏ အနောက်မြောက် အစွန်ပိုင်းရှိ မီတာသုံးရာ ပတ်လည် ကျယ်ဝန်းသော မြေကွပ်ပတ်လည်၌ လူပေါင်းများစွာ စုဝေးနေခဲ့ကြ၏။ ထို့ပြင် ထိုနေရာ၌ စီတန်းထားသော စားပွဲခုံ အကြမ်းဖျင်း ရာကျော်ရှိပေ၏။

ထိုစားပွဲခုံကိုများကို ပြိုင်ပွဲ၌ လာရောက် ယှဉ်ပြိုင်မည့် လူများအတွက် စီစဉ်ပေးထားခြင်း ဖြစ်၏။

မြေကွက်လပ် အပြင်ဘက်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ဆေးပညာရှင်များသည် ပြိုင်ပွဲ စမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြစဉ် ဆံဖြူ လူအိုကြီးများသည် ပြိုင်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြ၏။

ရန်ကိုင်သည် အကြွင်းမဲ့ တည်ငြိမ်နေခဲ့၏။ တစ်ဖက်တွင်မူ မိနာသည် မြို့ရောက်သည့် တောသူပမာ မြင်မြင်ရာသည် သူမအတွက် အထူးအဆန်း ဖြစ်လို့နေ၏။

“ညီအစ်ကိုရန်” တစ်ယောက်ယောက်၏ အော်ခေါ်သံကို ရန်ကိုင် ရုတ်တရက် ကြားလိုက်ရ၏။

အသံကြားရာဆီသို့ လှည့်ကြည့်လိုက်သည့်အခါ အနက်ရောင် သံကြပ်ကာအင်္ကျီ ဝတ်ဆင်ထားသော မသေမျိုးအဆင့် ပညာရှင်နှစ်ယောက်နှင့်အတူ ရပ်နေသော တိယောင်ကို တွေ့လိုက်ရ၏။

ယမန်နေ့ အဖြစ်အပျက်ပြီးနောက် မြို့သခင် စံအိမ်သည် တိယောင်အတွက် ထိုသက်တော်စောင့် နှစ်ယောက်ကို အထူးတလည် ပြင်ဆင်ပေးခဲ့သည့် ပုံပင်။ ထိုအခြင်းအရာကို ကြည့်လျှင် တိယောင်၏ နောက်ခံသည် လွန်စွာကိုမှ ထူးခြားကြောင်း သိနိုင်ပေ၏။

“မင်းလည်းလာတာလား” ရန်ကိုင်က ပြုံးလိုက်၏။ ရန်ကိုင်လည်း အံ့အားသင့်နေခဲ့ရ၏။ သူသာ မြို့သခင် စံအိမ်သို့ တိုက်ရိုက်သွားလိုက်မည် ဆိုပါက တိယောင်နှင့် လွဲသွားပေလိမ့်မည်။

“အပျော်လာကြည့်တာ” တိယောင်က ပြုံးလျက် “ဘာလည်း၊ မင်းကော အပျော်လာကြည့်တာပဲလား”

“ငါက လာပြိုင်တာ” ရန်ကိုင်က ပြန်ပြောလိုက်၏။

“တကယ်ကြီးလား” တိယောင် အံ့အားသင့်သွားခဲ့ပြီး “မင်းသာ ဝင်ပြိုင်ရင် ပြိုင်ပွဲ ကျင်းပနေလို့ကော ဘာထူးဦးမှာလဲ”

လူငယ်မျိုးဆက်ထဲ စိတ်ဝိဥာဉ်အဆင့်သို့ ရောက်နေသည့် လူအရေအတွက် အတော့်ကို နည်းလှပေ၏။ ရန်ကိုင်ကဲ့သို့သော လူထူးလူဆန်း များဆိုလျှင်မူ ဆိုဖွယ်မရှိတော့ချေ။

ဤပြိုင်ပွဲ၌ ရန်ကိုင် ဝင်ပြိုင်ခြင်းသည် အားနည်သူကို အနိုင်ကျင့်ခြင်းနှင့် မခြားပေ။

“ဝင်ဆော့တာလေ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်၏။

တိယောင် မျက်ဝန်းထဲ ဆော့ကစားလို့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “မင်းဝင်ပြိုင်မယ် ဆိုရင်… ငါလည်း ဝင်ပြိုင်ချင်တယ်”

“ရန်ကိုင်၊ သူဘယ်သူလဲ” မိနာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း တိယောင်ကို စိုက်ကြည့်လိုက်၏။

“သူက လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းက ငါနဲ့ မြေမီးတောက် အမြူတေကို ယှဉ်လုခဲ့တဲ့လူလေ။ တိယောင်တဲ့” ရန်ကိုင်က မိတ်ဆက်ပေးလိုက်၏။ ထို့နောက် တုဝမ်နှင့် မိနာကို ညွှန်ပြလိုက်ကာ “သူတို့ကတော့ ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးရဲ့ တာဝန်ခံ လူအိုကြီးတုဝမ် နဲ့ စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးပညာရှင် မိနာတို့ပဲ”

တိယောင်က လေးလေးစားစားဖြင့် လက်သီး ဆုပ်လုက်ပြီး “ဒီတော့ ဒါက ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးရဲ့ တာဝန်ခံပေါ့။ ဂျူနီယာတီက လူအိုကြီးတုကို နှုတ်ဆက်ပါတယ်”

“မင်းငါ့ကို သိတာလား” တုဝမ်က အသာအယာ ပြုံးလိုက်လေ၏။

“ဆရာ ကျွန်တော့်ကို တစ်ခါပြောဖူးတယ်လေ။ ခင်ဗျားက ဒီလောကကြီးမှာရှိတဲ့ ဆေးပညာရှင်တွေထဲက သူတော်စင် အလယ်အလတ်အဆင့် ဖြစ်လာနိုင်ချေ ရှိတဲ့ ဆေးပညာရှင်တစ်ယောက်တဲ့”

“မင်းရဲ့ လေးစားရတဲ့ ဆရာက…” လူအိုကြီးတု အမူအရာ ပြောင်းလဲသွားခဲ့၏။

“အားတော့နာမိပေမယ့် ဆရာက သူ့နာမည်ကို လျှောက်ပြောခွင့် မပြုထားဘူး” တိယောင်က ပြန်ရှင်းပြလိုက်၏။

တုဝမ်မှာ စိတ်ပျက်သွားခဲ့သော်လည်း သူ့ဟန်အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်ပြီး “ကိစ္စမရှိပါဘူး။ မင်းဆရာက အခုလို ပြောမှတော့ သူက ငါ့စီနီယာပဲ နေမှာပေါ့။ အဲ့လိုဆိုမှတော့ မင်းဆရာ မျှော်လင့်ထားတဲ့အတိုင်း ဒီတုဝမ်က သူတော်စင် အလယ်အလတ်အဆင့်ကို ရအောင် ချိုးဖျက်ရမှာပေါ့”

“လူအိုကြီးတု ပြောလိုက်တာကို ကျုပ်ဆရာဆီ ပြန်ပြောပေးပါ့မယ်” တိယောင်က ယဉ်ယဉ်ကျေးကျေးဖြင့် ခေါင်းညိတ်လိုက်၏။

“ငါမင်းကို တော်တော် လေးစားသွားပြီ” တုဝမ်က သက်ပြင်းချလိုက်ပြီး “လူငယ်မျိုးဆက် ဆေးပညာရှင် တွေထဲမှာ မိတ်ဆွေလေးရန်ကို အကောင်းဆုံးလို့ ထင်ထားတာ။ ဒါပေမယ့် မိတ်ဆွေလေးတိကို မြင်ပြီးတော့ ဒီလူအိုကြီး အရမ်းကို အတွေ့အကြုံ နုနေသေးမှန်း နားလည်လိုက်ပြီ။ မိတ်ဆွေလေးတုလည်း မိတ်ဆွေလေးရန်အောက် လုံးဝကို မနိမ့်ကျဘူးလေ”

“လူအိုကြီးတု၊ သူ့က ရန်ကိုင်နှင့် ယှဉ်နိုင်တယ် ဆိုတာကို ရှင်ဘယ်လိုလုပ်ပြီး သိသွားတာလဲ” မိနာက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဟဲဟဲ၊ ဆေးပညာရှင်တွေက သာမန် ကျင့်ကြံသူတွေနဲ့ မတူဘူးလေ။ နင်ငါ့အသက်အရွယ် ရောက်လာရင် နားလည်လာလိမ့်မယ်” တုဝမ်က ပြုံးလိုက်၏။

မိနာက တိယောင်ဆီ တစ်ချက် လှမ်းကြည့်လိုက်ရာ တစ်ဖက်လူက ငြင်းဆန်မည့်ဟန် မပြသဖြင့် မိနာသည် မကျေနပ်သည့် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း ပြောလိုက်လေ၏ “နင်က တော့်တော့်ကို မောက်မာတာပဲနော်”

“ငါလား” တိယောင်က မှင်သက်သွားခဲ့၏။

မိနာက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏ “နင်ကပဲ ပိုတော်လား၊ ရန်ကိုင်ကပဲ ပိုတော်လား ငါမြင်ချင်သေးတယ်။ လူအိုကြီးတု၊ သူ့ကိုပါ ဝင်ပြိုင်ခိုင်းလိုက်ပါလား။ ဘယ်သူမှသိမှာလဲ၊ သူက လေတစ်လုံးမိုးတစ်လုံး ပြောနေတဲ့ လူသက်သက်လည်း ဖြစ်နိုင်တာပဲလေ”

“မိနာ၊ မရိုင်းရဘူးလေ” လူအိုကြီးတုက အလျင်အမြန် ပြန်ပြောလိုက်လေ၏။

“အင်း၊ ညီအစ်ကိုရန်က ဝင်ပြိုင်နေမှတော့ ငါလည်း ဝင်ပြိုင်ရမှာပေါ့” တိယောင်က ပျော်ရွှင်စွာဖြင့် ကြားဖြတ် ပြောလိုက်လေ၏ “စီနီယာတု၊ ခင်းဗျာတို့ ဆေးပညာရှင် အစည်းအရုံးခွဲ နာမည်နဲ့ ကျုပ်ဝင်ပြိုင်ရင် အဆင်ပြေလား”

ထိုစကားကို ကြားလိုက်သည်နှင့် လူအိုကြီးတုမှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး ခေါင်လေး တရမ်းရမ်းဖြင့် “ဒီနေ့တော့ ငါ့မိတ်ဆွေအိုကြီးတွေ အသည်းခိုက်အောင် ခံစားရတော့မယ်နဲ့ တူတယ်”

ရန်ကိုင် ဝင်ပြိုင်ရုံနှင့်ပင် ပထမနေရာသည် သူတို့အတွက် သေချာနေခဲ့လေပြီ။ ယခု တိယောင်ကပါ အပျော်ဝင်ပြိုင်မည် ဖြစ်လေရာ အခြား မည်သူမှ ပထမနေရာကို ရနိုင်တော့လိမ်မည် မဟုတ်ချေ။

သူတို့ အရမ်းကြီး စိတ်မပျက်သွားဖို့ မျှော်လင့်ရတာပဲ လူအိုကြီးတု တွေးလိုက်၏။

တိယောင်သည် စင်မြင့်ထက်သို့ တက်သွားလိုက်ပြီး ဝင်ခွင့်စာရင်း သွားသွင်းလေ၏။ ခဏအကြာ၌ နံပါတ်ပြား နှစ်ခုနှင့် ပြန်လာခဲ့၏။

လူငယ်လေး နှစ်ယောက်စလုံး အခြား ဆေးပညာရှင်များနှင့် ကွဲပြား၏။ နှစ်ယောက်စလုံးသည် စိတ်တင်းကြပ်ခြင်း၊ စိတ်လှုပ်ရှားခြင်း အရှင်းမရှိဘဲ အပျော်ဝင်ဆော့နေသည့်ပင် တူနေသေး၏။

သူတို့ စောင့်ဆိုင်းနေစဉ် လူအိုကြီး တစ်သိုက်သည် လူငယ်ဆေးပညာရှင် အချို့ကို ဦးဆောင်၍ ရောက်လာခဲ့လေ၏။

ထိုလူများသည် လူအိုကြီးတု ပြောခဲ့သည် သူ့မိတ်ဆွေများ ဖြစ်ရမည်မှန်း ရန်ကိုင် ရုတ်တရက် နားလည်လိုက်၏။

လူအိုကြီးတို့ အဖွဲ့ရောက်လာသည့် အချိန်၌ လူအိုကြီး အချင်းချင်းသည် ခင်ခင်မင်မင်း ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြသော်လည်း လူငယ်မျိုးဆက်များကမူ တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကြ၏။

လူအိုကြီးများသည် ထိုအခြင်းအရာကို သတိပြုမိ သော်လည်း ဝင်တားရန် မကြိုးစားခဲ့။ အဲ့အစား လူငယ်မျိုးဆက်များကို စကားလုံးများသုံး၍ သွေးထိုးလှုံ့ဆော် ပေးနေလိုက်သေး၏။

လူငယ်မျိုးဆက်များသည် ကမ္ဘာမကြေ ရန်သူများ ကဲ့သို့ တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေချိန် လုံးဝကို တည်ငြိမ်နေသော ရန်ကိုင်နှင့် တိယောင်သည် လူအိုကြီးများ၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။ ထိုလူအိုကြီးများသည် ရန်ကိုင်နှင့် တိယောင်တို့၏ အကြောင်းကို လူအိုကြီးတုအား မေးမြန်း ကြည့်သော်လည်း လူအိုကြီးတုက ရယ်ရယ်မောမောဖြင့် အမြဲတမ်း ခေါင်းစဉ်ပြောင်းပြောင်းသွားလေ၏။

ရုတ်တရက် မောင်းသံတစ်သံ မြည်ဟည်းသွားခဲ့ကာ လွန်စွာကိုမှ အသက်ဝင်နေသော မြင်ကွင်းတစ်ခုလုံး အလျင်အမြန် ငြိမ်ကျသွားခဲ့လေ၏။

စင်မြင့်ထက်ပေါ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏ “အားလုံးကို နှုတ်ဆက်ပါတယ်။ ကျုပ်တော့က ဝဲပျံတိမ်တိုက်မြို့တော် ဆေးပညာရှင် အစည်းအရုံး အခွဲရဲ့ တာဝန်ခံ လျူဖုပါ။ အနယ်နယ်အရပ်ရပ်က ရောက်ရှိလာကြတဲ့ ဆေးပညာရှင်အားလုံးကို ဒီလျူက နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝဲပျံတိမ်တိုက်မြို့တော်ကို ဘာရည်ရွယ်ချက်နဲ့ပဲ ရောက်လာရောက်လာ၊ နေရာမျိုးစုံက မိတ်ဆွေပေါင်းစုံက တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ စုဝေးဖို့ဆိုတာ အရမ်းကို ခဲယဉ်းလှတဲ့အတွက် ကျုပ်တို့ ဆေးပညာရှင် အစည်းအရုံးက ဒီအခွင့်အရေးကို အသုံးချပြီး ဆေးဖော်စပ်ပြိုင်ပွဲတစ်ခု ကျင်းပလိုက်ရတာ ဖြစ်ပါတယ်။ အားလုံးအနေနဲ့ မင်းတို့ရဲ့ ဆေးပညာ စွမ်းရည်ကို အကုန်အစင် ထုတ်သုံးပေးဖို့ ဒီလျူ မျှော်လင့်ပါတယ်။ အဲ့လိုမှပဲ လူငယ်မျိုးဆက်ထဲမှာ ထူးချွန်တဲ့ ဆေးပညာရှင် ဘယ်လောက်များများ ရှိနေလဲ ဆိုတာကို ငါတို့ သိနိုင်မှာလေ”

နှုတ်ဆက်စကား နည်းနည်းပါးပါး ပြောဆိုပြီးနောက် ပြိုင်ပွဲစည်းမျဉ်းများနှင့် နောက်ဆုံးဆုလာဒ်ကို ကြေညာ ပေးလိုက်လေ၏။

သူတော်စင်အဆင့် ဆေးမီးဖိုသော စကားကို ကြားလိုက်သည့် အချိန်၌ မရေမတွက်နိုင်သော ဆေးပညာရှင်များ၏ မျက်ဝန်းများ လောဘမီးတောက် တို့ဖြင့် လောင်မြိုက်သွားကြရ၏။

မိနာသည်လည်း အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့၏။ အားလုံးကို စိတ်ဓါတ်တက်ကြွသွားအောင် လုပ်ပြီးနောက် လျူဖုက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ပြုံးကာ ကြေညာလိုက်၏ “အခု ပြိုင်ပွဲစတင်ပါပြီ။ ယှဉ်ပြိုင်မယ့် လူအားလုံး မင်းတို့ နံပါတ်ပြားအတိုင်း နေရာယူပေးကြပါ”

သူအော်ပြောလိုက်သည်နှင့် ရာပေါင်းများစွာသော လူတို့သည့် မြေကွပ်လပ်ထဲ အသီးသီး နေရာဝင်ယူလိုက်ကြ၏။ အားလုံးသည် လူငယ်မျိုးဆက်များ ဖြစ်ကြပြီး အကုန်လုံးသည် အသက်(၄၀) မကျော်ကြချေ။ အားလုံးသည် အနည်းဆုံး ဆန်းကြယ်အဆင့်သို့ ရောက်ရှိထားကြပြီး (၁၀) ရာခိုင်နှုန်းသည်သာ စိတ်ဝိဥာဉ်အဆင့်သို့ ရောက်ထားကြ၏။

ရန်ကိုင်နှင့် တိယောင်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီး ကိုယ်ပိုင် နေရာအသီးသီးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်လေ၏။

နှစ်ယောက်စလုံးသည် နောက်ဆုံးမှ စာရင်းပေးသွင်းခဲ့ကြသဖြင့် သူတို့ နေရာသည်လည်း အတော်လေးကို နောက်ရောက်နေခဲ့၏။

လူအိုကြီးတုကြောင့်သာ မဟုတ်လျှင် နှစ်ယောက်စလုံး ဝင်ပြိုင်ခွင့်ပင် ရလိမ့်မည် မဟုတ်ချေ။

စားပွဲပေါ်၌ သိုလှောင်အိတ်တစ်အိတ် ရှိနေခဲ့၏။ ထိုသိုလှောင်အိတ်ကို ယူစစ်ဆေးကြည့်လိုက်ရာ အထဲ၌ ဆေးပင်များစွာနှင့် ဆေးမီးဖိုတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရ၏။

ဆေးမီးဖိုသည် ဆန်းကြယ်အလယ်အလတ်အဆင့် ဖြစ်ပြီး ဆေးပင်များသည်လည်း အရမ်းကြီး အဆင့် မမြင့်ကြဘဲ စိတ်ဝိဥာဉ်အဆင့်သို့ ရောက်နေသည့် ဆေးပင် အနည်းအကျဉ်းသာ ပါပေ၏။

ဆေးဖော်စပ်ပြိုင်ပွဲကို အပိုင်းများစွာ ခွဲထား၏။ ပထမ အပိုင်းသည် ဆေးအရည်သန့်စင်ခြင်းပင်။ သတ်မှတ်ထားသည့် အချိန်တစ်ခုအတွင်း ဆေးအရည် များများသန့်စင်နိုင်လေ၊ ပိုမိုသန့်စင်သော ဆေးအရည်ကို သန့်စင်နိုင်လေ အမှတ်ပိုရလေပင်။

အားလုံး၏ စမှတ်သည် အတူတူပင်။ နောက်ဆုံး ရလဒ်သည်သာ ကွဲပြားသွားမည် ဖြစ်၏။

နောက်ဆုံး စကားကို ပြောလိုက်ပြီးနောက် လျူဖုက ပြိုင်ပွဲကို တရာဝင် စတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်လေ၏။

ရန်ကိုင်က သိုလှောင်အိတ်ထဲမှ ဆေးပင် အနည်းငယ်ကို ထုတ်ယူ၍ သူ့လက်ဖဝါးပေါ် တင်ကာ အစစ်အမှန်ချီကို သုံးလျက် စတင်သန့်စင်တော့လေ၏။

တိယောင်ဆီ လှည့်ကြည့်လိုက်ရာ တိယောင်လည်း ထိုအတိုင်း လုပ်နေသည်ကို တွေ့လိုက်ရ၏။

အဆင့်မြင့် ဆေးပညာရှင်များသည် ဆေးပင်များစွာကို ဆေးအရည်အဖြစ်သို့ တစ်ချိန်တည်း သန့်စင်နိုင်ကြ၏။

မိနာသည်လည်း အထင်ကြီးလောက်ဖွယ် စွမ်းရည်ကို ထုတ်ဖော်ပြသနေခဲ့၏။

ရန်ကိုင်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိသော်လည်း ဤနေရာ၌ စုဝေးနေသော အခြား ဆေးပညာရှင်များနှင့် ယှဉ်လျှင် သူမသည် အထူးချွန်ဆုံးထဲ ပါဝင်ဝင်သည်မှာ သံသယရှိစရာ မလိုချေ။

“ညီအစ်ကိုတိ” ရန်ကိုင်က ဆေးအရည်ကို သန့်စင်နေရင်း လှမ်းခေါ်လိုက်၏ “မင်းပြောခဲ့တာ ပူပေါင်းမယ့်ကိစ္စလေ”

“ငါ့ကမ်းလှမ်းချက်ကို ဆုံးဖြတ်ပြီးသွားပြီလား” တိယောင်က ဆေးအရည်ကို သန့်စင်နေရင်း ပြန်မေးလိုက်၏။

“ပူးပေါင်းလို့ရတယ်။ ဒါပေမယ့် မင်းပစ်မှတ်က နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ ဆေးအရည် မဟုတ်ရင် ဘာလို့ ဝင်ပြိုင်နေရသေးတာလဲ”

“အခုလောလောတော့ ပြောလို့မရသေးဘူး။ ငါပြောနိုင်တာဆိုလို့ ဆေးအရည် ဖွဲ့စည်းတာက မင်းရော၊ ငါရော နှစ်ယောက်စလုံးအတွက် အကျိုးရှိတယ်။ ဖွဲ့စည်းပြီးသာ ဆေးအရည်တွေကိုတော့ မင်းပဲ ယူလိုက်ပေါ့။ မင်းဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ လိုနေတယ်မလား”

“ကောင်ပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို မျက်မှောင်ကြုံ့လျက် “အဆင်ပြေရင် ဘယ်လိုအကျိုးအမြတ်တွေ ရမယ်ဆိုတာ ပြောပြပေးလို့ ရမလား”

“အဆင်မပြေတာ မဟုတ်ဘူး။ ငါမသိတာ” တိယောင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ငါ့ဆရာက ငါ့ကို အဲ့လောက်ပဲ ပြောပြထားတာ။ ငါက သူ့ပြောတဲ့အတိုင်း လိုက်ပြောရုံပဲ”

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၁၀) ဆွဲဆောင်ခြင်း

——————————————————————

သူ့ဆရာအကြောင်း ထပ်ပြောလာပြန်ရာ ရန်ကိုင်မှာ တိယောင် ဆရာ မည်သူဆိုသည်ကို အတော်လေး သိချင်မိသွားခဲ့၏။ သို့သော် သူသာ တိုက်ရိုက် မေးမည် ဆိုပါက ဘာအဖြေမှ ပြန်ရလိမ့်မည် မဟုတ်သည်ကို ရန်ကိုင် သိ၏။

“ငါ့ကို ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးဆီ လိုက်ပို့ပေးမယ့် မသေမျိုး တတိယအဆင့် ပညာရှင် လေးယောက် ရှိတယ်။ မင်းမှာကော ညီအစ်ကိုတိ” အဖြေရနိုင်မည့် ကိစ္စအပေါ်တွင်သာ ယခုလောလောဆယ် အာရုံစိုက်ထားရန် ရန်ကိုင် ဆုံးဖြတ်လိုက်၏။

“ငါ့ကို လိုက်စောင့်ရှောက်ပေးမယ့် မသေမျိုးအဆင့် ပညာရှင်အချို့ကို စီနီယာအောင်းကု ပေးမယ် ထင်ရတာပဲ။ ဒါပေမယ့် ဘယ်နှစ်ယောက် ရှိမလဲ ဆိုတာကိုတော့ ငါလည်း သေချာမသိဘူး။ ဒါပေမယ့် ငါတို့သာ အတူတူ ပူပေါင်းသရွေ့ အောင်မြင်နိုင်ချေက ပိုမြင့်ပြီးသား။ အစပိုင်းမှာတော့ မသေမျိုးအဆင့် ပညာရှင်တွေကြားက တိုက်ပွဲပဲ။ ဒါပေမယ့် တောင်ထွတ်ပေါ် ရောက်တာနဲ့ ဆေးပညာရှင်တွေကြားက ပြိုင်ပွဲလို့ ပြောလို့ရသွားပြီ။ ဆေးပညာရှင် အများစုရဲ့ တိုက်ပွဲစွမ်းရည်က အရမ်းကြီး မမြင့်တော့ သူတို့ဆီကနေ နှစ်တစ်ထောင်နတ်ဆိုး ပန်းပွင့်ကို ငါတို့ အလွယ်တကူ လုယူလို့ရတယ်” တိယောင် ပြောလိုက်၏။

“အဲ့လိုဆိုမှတော့ ဒီအတိုင်းပဲ သွားကြတာပေါ့။ ပန်းပင်တဲ့နေ့အထိ အတူတူ ပူးပေါင်းရလိမ့်မယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သူသန့်စင်ထားသည့် ဆေးအရည်ကို ချကာ လက်မြှောက်ပြလိုက်၏။

တိယောင် ကြက်သေသေသွားခဲ့ပြီး “မြန်လိုက်တာ”

စကားပြောနေစဉ် အတွင်းမှာပင် ရန်ကိုင်သည် ဆေးပင်အားလုံးကို ဆေးအရည်အဖြစ် သန့်စင် ပြီးသွားခဲ့လေပြီ။

ပြိုင်ပွဲကို ကြီးကြပ်ကွပ်ကဲသည့် လူအိုကြီးများမှာ ဤမျှ အချိန်တိုအတွင်း တစ်ယောက်ယောက်သည် ဆေးအရည်အား သန့်စင်ပြီးသွားသည်ကို သူတို့မှာ မယုံကြည်နိုင် ဖြစ်နေခဲ့ရ၏။ ထို့ကြောင့် ရန်ကိုင် လက်မြှောက်ပြလိုက်သည့်အခါ အကုန်လုံးမှာ ရန်ကိုင်ကို တွေတွေကြီး ငေးကြောင် စိုက်ကြည့်နေခဲ့ကြ၏။

သို့သော် သူတို့ အသိပြန်မဝင်လာသေးခင်မှာပင် တိယောင်က သူ့လက်ကို အလျင်စလို မြှောက်ပြလိုက်၏။

ချက်ချင်းဆိုသလို စင်မြင့်ထက်မှ သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဆင်းလာပြီး ရန်ကိုင်နှင့် တိယောင်တို့၏ ဆေးအရည်ကို လာစစ်ဆေး၏။ စစ်ဆေးပြီးနောက် အင်တင်တင်လေသံဖြင့် သူတို့ အောင်မြင်ကြောင်း ကြေညာပေးလိုက်၏။

စင်မြင့်ထိပ်ပိုင်းပေါ်တွင် ထိုင်လျက် တုဝမ်က အပြုံးကြီးပြုံးရင်း သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်နေခဲ့၏။ သူ့အမူအရာသည် နည်းနည်းလေးမှပင် ပြောင်းလဲလှုပ်ခတ် သွားခြင်းမရှိဘဲ တောက်လျှောက် တည်ငြိမ်နေခဲ့၏။

သို့သော် လူအိုကြီးတု၏ မိတ်ဆွေများမှာမူ ဖင်ငြိမ်ငြိမ် မထိုင်နိုင်တော့ဘဲ မျက်နှာဝါဝါနှင့် လူအိုကြီး တစ်ယောက်က မေးလိုက်၏ “အဲ့မွန်းစတား နှစ်ကောင်ကို မင်းဘယ်ကနေ ရှာတွေ့လာခဲ့တာလဲ ညီအစ်ကိုတု၊ ဒီကောင်တွေ သန့်စင်တဲ့ အမြန်နှုန်းက ငါတို့နီးနီး ရှိတယ်”

“ဟဲဟဲ ဒါက လျှို့ဝှက်ချက်လေ” တုဝမ်က ပြုံးကာ ခေါင်းခါရမ်းလျက် “မင်းတို့အားလုံး ထုတ်ပေးဖို့ ပြင်ဆင်ထားသင့်ပြီ”

ထိုစကားကို ကြားသည်နှင့် လူအိုကြီးများ၏ မျက်နှာ အမူအရာ ခါးသီးသွားခဲ့ကြ၏။ တုဝမ်သည် ဤပြိုင်ပွဲကို နိုင်မည်မှန်း ကြိုသိထားမှန်း အလောင်းအစား လုပ်ခဲ့ခြင်း ဖြစ်ပြီး သူတို့သည်လည်း တုဝမ်ဆင်ထားသည့် အကွက်ထဲ တည့်တည့်ကြီး လျှောက်ဝင်သွားမိသည်ကို အားလုံး နားလည်သွားခဲ့ကြလေပြီ။

သို့သော် သူတို့အားလုံးသည် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြသော မိတ်ဆွေများ ဖြစ်လေရာ ဤကိစ္စလေးသည် သူတို့အတွက် အပျော်ကစားပွဲ သက်သက်တစ်ခုသာ ဖြစ်လေ၏။

ရှုံးသည့်အတွက် စိတ်မညစ်သည့်အပြင် ထိုလူငယ်လေး နှစ်ယောက်အပေါ် ပို၍ပင် စိတ်ဝင်စားမိသွားခဲ့၏။

ပထမတစ်ပိုင်း၌ လူရာပေါင်းများစွာထဲမှ တစ်ဝက်ကျော် ထုတ်ပယ်ခံခဲ့ရ၏။ ထိုလူများသည် သတ်မှတ်ထားသည့် အချိန်အတွင်း ဆေးအရည်ကို မသန့်စင်ခဲ့ခြင်း သို့မဟုတ် ဆေးအရည်ကို သန့်စင်နေချိန် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သောကြောင့် ဆေးလုံး မလုံလောက်တော့ခြင်း စသည်တို့ကြောင့် ထွက်ခဲ့ရခြင်း ဖြစ်၏။

မိနာသည် ဒုတိယအပိုင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ရာ သူမမှာ အတော်လေး ပျော်နေခဲ့၏။

ပထမအပိုင်းပြီးနောက် ဒုတိယအပိုင်း ချက်ချင်း စတင်လာခဲ့၏။ ဒုတိယအပိုင်းသည်ကား… စိတ်ဝိဥာဉ် အစီအရင် ခင်းကျင်းခြင်းပင် ဖြစ်လေ၏။

ဤသို့ဖြင့် ယှဉ်ပြိုင်သူ အားလုံးတို့သည် ဆန်းကြယ် အလယ်အလတ်အဆင့် ဆေးမီးဖိုထဲ စိတ်ဝိဥာဉ် အစီအရင်များကို စတင်ခင်းကျင်းကြတော့လေ၏။ ဤတစ်ကြိမ်၌ အချိန်ကန့်သတ်မှု မရှိချေ။ စိတ်ဝိဥာဉ် အစီအရင်များများ ခင်းကျင်းနိုင်လေ၊ ခင်းကျင်းလိုက်သည့် စိတ်ဝိဥာဉ် အစီအရင်က ပို၍ ရှုပ်ထွေးလေ ပိုကောင်းလေပင်။

ရန်ကိုင်နှင့် တိယောင်တို့သည်သာ ဗိုလ်စွဲနေခဲ့ပြန်၏။

တတိယအပိုင်းသည် မီးထိန်းချုပ်ခြင်းဖြစ်၏။

စတုတ္ထအပိုင်းသည်… ဆေးပင်များ၏ အထားအသိုကို ပြင်ဆင်ခြင်း…

ပဉ္စမအပိုင်း၊ ဆဠမအပိုင်း…

နောက်ဆုံးအပိုင်းသည် ဆေးလုံးများကို သန့်စင်ခြင်းပင် ဖြစ်၏။

ပြိုင်ပွဲအတွင်း နားချိန်မပေးခဲ့ချေ။ တစ်ရက်နှင့်ပင် ဆေးဖော်စပ်ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့၏။ နောက်ဆုံး၌ ရန်ကိုင်နှင့် တိယောင်တို့သာ ကျန်ရစ်ခဲ့လေ၏။

မိနာသည် စတုတ္ထအပိုင်း၌ ထုတ်ပယ်ခံခဲ့ရ၏။ ထို့ကြောင့် မိနာမှာ အတော်လေးကို ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရသော်ငြား ထိုရလာဒ်သည် သူမအတွက် အတော့်ကို ကောင်းနေလေပြီ။ လူအိုကြီးတုမှ နှစ်သိမ့်စကား အနည်းငယ် ပြောဆိုပြီးနောက် မိနာ ချက်ချင်း ပျော်သွားခဲ့၏။

နောက်ဆုံးပြိုင်ပွဲ စသည့်အချိန်၌ စပင် မစရသေးခင်မှာပင် တိယောင်က အရှုံးပေးလိုက်၏။

ယခင် ပြိုင်ပွဲများအရ သူသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်မှန်း တိယောင် သိထားပြီးလေပြီ။ သူတို့ အရည်းအချင်းသည် အရမ်းကြီး မကွာခြားသော်လည်း ကွာခြားချက်ကမူ ရှိနေဆဲပင်။

တိယောင်သည် သူ့အရည်အချင်း အားလုံးကို လူအများရှေ့၌ ထုတ်မပြချင်ချေ။ ရန်ကိုင်လည်း ထိုနည်းတူပင်။ ယခင်အကြိမ်များသည် တစ်ပိုင်းစ၊ နှစ်ပိုင်းစ လေးများသာ ဖြစ်သည့်အတွက် ကိစ္စမရှိချေ။ သို့သော် သူတို့သည်သာ မီးကုန်ယမ်းကုန် ယှဉ်ပြိုင်ရမည် ဆိုပါက သူတို့၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြမိသွားပေလိမ့်မည်။

သူတို့၏ ဆေးဖော်စပ်နှုန်းသည် နည်းလမ်းများသည် အတော့်ကို ပုံမှန်မဟုတ်ချေ။

တိယောင်ဘက်မှ အရှုံးပေးလိုက်သည့်အတွက် ဆေးပညာရှင် အစည်းအရုံးမှ ပညာရှင်များ အတော့်ကို အံ့အားင့်နေခဲ့ကြ၏။

“ညီအစ်ကိုရန်၊ နှုတ်ဆက်ပါတယ်။ နောက်ကျမှ ပြန်တွေ့ကြတာပေါ့။ ငါ အရင် ထွက်သွားနှင့်တော့မယ်။ မဟုတ်ရင် ဆရာငါ့ကို ထပ်အော်နေဦးမယ်” ပြောပြီးသည်နှင့် မသေမျိုးအဆင့် အစောင့်အကြပ် များနှင့်အတူ မြို့သခင်စံအိမ်ဆီသို့ ပြန်သွားလိုက်၏။

လျူဖုန်းသည် ရန်ကိုင်အား အနိုင်ရသူအဖြစ် ကြေညာပြီးနောက် သက်ဆိုင်ရာ ဆုလာဒ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့၏။

ရှားပါးဆေးပင်များနှင့် သူတော်စင်အဆင့် ဆေးမီဖိုပါသော သိုလှောင်အိတ်တစ်အိတ်ပင်။

မရေမတွက်နိုင်သော ဆေးပညာရှင်များသည် ရန်ကိုင်ကို မနာလိုအားကျစွာဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

ရန်ကိုင်က ထိုသူတော်စင်အဆင့် ဆေးမီးဖိုကို မိနာဆီ ချက်ချင်း ပစ်ပေးလိုက်ရာ မိနာမှာ ပျော်လွန်းသဖြင့် ရန်ကိုင်ကို ပြေးဖက်လိုက်ပြီး သူ့ပါးကိုပင် အနမ်း ပေးလိုက်လေ၏။

“မိတ်ဆွေလေး၊ ဒီကိုလာဦး” တုဝမ်က ပြုံးလျက် ရန်ကိုင်ကို လက်ယပ်ခေါ်လိုက်၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး တုဝမ်ဆီ လမ်းလျှောက်သွားလိုက်လေ၏။

“ကောင်းလေး၊ မင်းဆရာဘယ်သူလဲ”

“ငါတို့ မြစ်သုံးစင်းမြို့တော်က ဆေးပညာရှင် အစည်းအရုံး အခွဲဆီ လာခဲ့ပါလား။ ငါတို့က ကျောက်တုံးမြို့တော်က ဆေးပညာရှင် အစည်းအရုံးထက် အများကြီး ပိုချမ်းသာတယ်နော်။ မိန်းမလှလေးတွေ ဆိုရင်လည်း အများကြီးပဲ”

“မင်းသာ တုဝမ်နောက် ဆက်လိုက်နေမယ်ဆိုရင် မင်းအနာဂတ်က အကန့်အသတ်နဲ့ ဖြစ်သွားလိမ့်မယ်။ ဒီလူအိုကြီးက သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီ။ ဒါကြောင့် သူ့ဆီမှာ မနေဘဲ ငါတို့ဆီ လာသင့်တယ်”

ရန်ကိုင် ရောက်သည်နှင့် တုဝမ်ဘေးနားရှိ လူအိုကြီးများသည် ရန်ကိုင်ကို သူတို့ အစည်းအရုံးဆီ လာရန် အတင်း ဆွဲခေါ်ကြတော့လေ၏။

“မင်းတို့ ဒီလောက်အသက်ကြီးပြီး နည်းနည်းလေးတောင် အရှက်မရှိကြဘူးလား” လူအိုကြီးတုက ကြားဖြတ်ဝင်ပြောလိုက်၏ “ငါက ဘယ်တုန်းက သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတဲ့ လူအိုကြီး ဖြစ်သွားရတာလဲ။ ရတနာတစ်ပါးကို ငါ့ရှေ့မှာတင် လုယူနေချင်တာလား။ မင်းတို့ ထပ်ပြောရဲပြောရင်၊ ဒီလူအိုကြီးကလည်း ငြိမ်နေတော့မှာ မဟုတ်ဘူး”

“တုဝမ်၊ မင်းခွန်အားကို ထိမ်းသိမ်းထားစမ်းပါကွာ။ ဒီအသက်အရွယ်ကြီးနဲ့ အရမ်း စိတ်လှုပ်ရှားလို့ မကောင်းဘူးကွ။ ကိုယ့်ကိုယ်ကို ထိန်းဦး” တစ်ယောက်ယောက် ရယ်မောလိုက်၏။

“မင်းကော ဘာထူးလို့လဲ” တုဝမ်က အားကျမခံ ပြန်ပြောလိုက်၏။

“အခုလို ကြင်နာပေးလို့ စီနီယာတို့ အားလုံးကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်က ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဝင်ပြောလိုက်လေ၏ “ဒါပေမယ့် ဂျူနီယာက ဆေးပညာလမ်းစဉ်ကိုပဲ တစိုက်မတ်မတ် လေ့ကျင့်ဖို့ မစဉ်းစားထားဘူး။ ကျုပ်က သိုင်တာအိုကိုပဲ အဆုံးထိ လျှောက်လှမ်းချင်တာ။ ဆေးပညာလမ်းစဉ် ဆိုတာ ကျုပ်အတွက်တော့ သိုင်းတာအိုရဲ့ ဖြည့်ဖက်ပဲ။ ဒါကြောင့် ဂျူနီယာက စီနီယာတို့ရဲ့ ကြင်နာမှုကို အားနာနာနဲ့ပဲ ငြင်းပယ်ရတော့မယ်”

လူအိုကြီး အကုန်လုံး မှင်သက်သွားခဲ့၏။ တုဝမ်ပင်လျှင် ချွင်းချက် မဟုတ်ချေ။

“မင်းက သိုင်းတာအိုကို လမ်းစဉ်ကိုပဲ အဆုံးထိ လျှောက်လှမ်းချင်တာလား။ မင်းဆေးပညာ အရည်အချင်းက ဒီလောက် ကြောက်ဖို့ ကောင်းနေတာကို သိုင်းတာအိုကို ဘာလို့ လိုက်စားနေရသေးတာလဲ။ လူငယ်လေး၊ မင်းဘယ်လောက်တောင် ထူးချွန်လဲ ဆိုတာကို မင်းနားမလည်တာလား”

“ဟုတ်တယ်။ သိုင်းတာအိုကို လေ့လာတယ် ဆိုတာ မင်းအတွက်တော့ ကောင်းကင်က ပေးကမ်းထားတဲ့ လက်ဆောင်တွေကို လွင့်ပစ်လိုက်တာနဲ့ အတူတူပဲ။ မင်းရဲ့ ရည်ရွယ်ချက်က တစ်ယောက်ယောက်ကို ကာကွယ်ပေးဖို့ ဆိုရင် မင်းဆေးပညာ အရည်အချင်းကို တိုးမြှင့်ရုံနဲ့ အလွယ်တကူ လုပ်လို့ရတယ်လေ။ မင်းဆေးပညာ အဆင့်သာ မြင့်သွားသည့် ဒီလောကကြီးမှာ မင်း မရနိုင်တာ မရှိတော့ဘူး။ ချမ်းသာကြွယ်ဝမှုလား၊ ဂုဏ်အဆင့်အတန်းလား၊ ကျော်ကြားမှုလား၊ အထူး အခွင့်အရေးလား၊ မိန်းမလှလေးတွေလား။ ပြီးတော့ အဲ့ဒါတွေကို ရဖို့ ရုန်းကန်နေစရာတောင် မလိုဘူးနော်။ မင်သာ စကားလေး နည်းနည်းပါးပါးလောက် ပြောလိုက်တာနဲ့ အားလုံးက မင်းဆီ အလိုလို ရောက်လာမှာ”

“ဝိဇ္ဇာအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပြီ ဆိုတာနဲ့ အားလုံး စိုပြေသွားပြီပဲ။ မင်းဘယ်သွားသွား၊ နတ်ဆိုးနယ်မြေ၊ ဒါမှမဟုတ် မွန်းစတားနယ်မြေဆီပဲ သွားလည်ပတ်မလား။ အဲ့မျိုးနွယ်စုတွေ အကုန်လုံးက မင်းကို တလေးတစားနဲ့ ဆက်ဆံကြမှာ”

ထိုလူအိုကြီးများသည် ရန်ကိုင်အား ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာရင် အဆက်မပြတ် စည်းရုံး သွေးဆောင်နေခဲ့ကြ၏။

“ကျုပ်ရဲ့ ရည်ရွယ်ချက် သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို ရောက်ရှိဖို့ပဲ” ရန်ကိုင်က အခိုင်အမာ ပြောဆိုလိုက်၏။

အားလုံး လုံးဝကို ဆွံ့အသွားခဲ့ရ၏။

သိုင်းတာအို အထွဋ်အထိပ်အား ဆေးပညာကို လေ့လာရုံဖြင့် မရောက်ရှိနိုင်ချေ။

ရန်ကိုင်က ယတိပြတ် စိတ်ဆုံးဖြတ်ထားသည်ကို မြင်သော် ထိုလူအိုကြီးတို့ အကုန်လုံး သက်ပြင်းသာ ချလိုက်ကြ၏။

“တုဝမ်၊ သူနဲ့ စကားနည်းနည်းပါးပါးလောက် ပြောကြည့်ဦး။ သူက အရမ်းငယ်သေးတယ်။ ပြီးတော့ စိတ်မြန်လက်မြန်လည်း ရှိသေး။ သူ့အနာဂတ်ကို သူသေချာ မခွဲခြားနိုင်မှာ စိုးရတယ်” မြစ်သုံးစင်း မြို့တော်ဆီ ရန်ကိုင်ကို ဖိတ်ခေါ်ခဲ့သည် လူအိုကြီးက တုဝမ်နားထဲ တိုးတိုးလေး ကပ်ပြောလိုက်၏။

တုဝမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “အခွင့်အရေးရင် ငါပြောကြည့်လိုက်မယ်”

ရန်ကိုင်လို လူမျိုးတစ်ယောက်အတွက် သိုင်တာအိုကို လိုက်စားခြင်းသည် ကောင်းကင်က ပေးသနားထားသည့် လက်ဆောင်ကို ပစ်ပယ်လိုက်ခြင်းဟု တုဝမ်လည်း ခံစားနေမိ၏။

အသာအယာ ချောင်းဟန့်၍ တုဝမ်က ပြောလိုက်၏ “ဒီကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ဦး။ မိတ်ဆွေးလေးရန် မှာ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိတာလည်း ကောင်းတာပဲလေ။ လူငယ်တွေမှာ သူတို့ ကိုယ်ပိုင် အတွေးတွေ ဆိုတာ ရှိသင့်တာပဲလေ”

ထိုလူအိုကြီးများကြောင့် ရန်ကိုင် စိတ်ညစ်သွားမည် ဆိုး၍ တုဝမ်က အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်၏ “မင်းတို့ အားလုံးက အလောင်းအစား လုပ်ထားမှတော့ ရှုံးဖို့ ပြင်ထားပြီးပြီပေါ့၊ ဟုတ်တယ်မလား”

ထိုစကားကို ကြားလိုက်သည်နှင့် လူအိုကြီးအားလုံးသည် မျက်နှာရှစ်ခေါက်ချိုး အမူအရာဖြင့် အံတင်းတင်းကြိတ်လျက် လူအိုကြီးတုကို ပြောလိုက်လေ၏ “မြေခွေးအိုကြီး”

ပြောသာပြောသော်လည်း အားလုံးသည် သူတို့၏ သိုလှောင်အိတ် အသီးသီးကို ထုတ်ယူပြီး ရန်ကိုင်ဆီ ပစ်ပေးလိုက်၏။

“ဟဲဟဲ၊ မင်းတို့ကို ဘယ်သူက အရမ်းကြီး ယုံကြည်ချက် လွန်ကဲခိုင်းလို့လဲ” တုဝမ်က ပျော်ရွှင်စွာ ရယ်မောရင်း ရန်ကိုင်ကို ပြောလိုက်လေ၏ “မိတ်ဆွေလေးရန်၊ ယဉ်ကျေးနေစရာ မလိုဘူး။ မင်းကြိုက်တာရှိရင် ယူသာယူလိုက်၏။ အဲ့သိုလှောင်အိတ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်လုံးက သူတို့ လက်ဆောင်ရထားတာတွေချည်းပဲ”

“အဲ့လိုဆိုရင်… ကျုပ် မယဉ်ကျေးတော့ဘူးနော်” ရန်ကိုင်က ပြုံးလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ ထိုသိုလှောင်အိတ်များကို စစ်ဆေးကြည့်လိုက်၏။

သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေး ပြီးသည်နှင့် ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရ၏။

သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်၏ သိုလောင်အိတ်ဟု ခေါ်ထိုက်ပေ၏။ အိတ်ထဲတွင် ရှိနေသော ပစ္စည်းအားလုံးသည် စိတ်ဝိဥာဉ် အဆင့်နိမ့် အောက် မနိမ့်ကျချေ။ ဆေးလုံးဖြစ်စေ၊ ဆေးပင်ဖြစ်စေ၊ ကျင့်စဉ် သို့မဟုတ် လက်နက်ဖြစ်စေ၊ သူတော်စင်အဆင့် မရောက်သည့် ပစ္စည်းမရှိချေ။

ရန်ကိုင် မသိသည့် ထူးဆန်းသော ပစ္စည်း များစွာပင် ရှိနေသေး၏။

သူလိုအပ်သော ဆေးပင် ရှိမရှိ အရင် စစ်ဆေးလိုက်၏။ မရှိသည့်နောက် အခြားပစ္စည်းများထဲမှ တစ်ခုကို သေသေချာချာ ရွေးချယ်ယူတော့၏။

“လူငယ်လေး၊ မြန်မြန်လုပ်စမ်းပါ။ မင်းကို ကြည့်ရင်း ဒီလူအိုကြီး စိုးရိမ်လာပြီ” သိုလှောင်အိတ်ပိုင်ရှင်က မနေနိုင်တော့ဘဲ ပြောလိုက်လေ၏။

“လူအိုကြီးတု၊ ကျုပ်တစ်ခုပဲ ယူလို့ရတာလား”

“အင်း၊ အလောင်းအစားက တစ်ခုစီပဲ” တုဝမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ညစ်ပြုံးပြုံးလိုက်ပြီး “ဒါပေမယ့် ငါ့မိတ်ဆွေ အကုန်လုံးက ပါရမီရှင်တွေအပေါ် အရမ်းကို မြတ်နိုးတဲ့လူတွေ ဆိုတော့ ပါရမီရှင်တွေ တွေ့ရင် ရက်ရက်ရောရော ပေးကမ်းကြတတ်တယ်လေ။ ဒါကြောင့် မင်းအနေနဲ့ တစ်ခုနှစ်ခုလောက် ပိုယူလိုက်လို့ ဘာမှ မဖြစ်ဘူး။ ဟုတ်တယ်မလား ညီအစ်ကိုချန်”

ပြောပြီးသည်နှင့် လူအိုကြီးတုသည် သိုလှောင်အိတ် ပိုင်ရှင်းအား ညစ်ကျယ်ကျယ်ပြုံးလျက် ကြည့်လိုက်၏။

================================

All Chapters