← Chapters

အခန်း (၇၁၁-၇၁၅)

Vol. 29 Ch. 711-715

အခန်း (၇၁၁-၇၁၅)

Vol. 29 Ch. 711-715

အပိုင်း(၇၁၁) လှုပ်ရှားမှု

——————————————————————

“ဟုတ်တာပေါ့” လူအိုကြီးမျက်နှာ တစ်ဒင်္ဂတာ ရှုံ့မဲ့သွားခဲ့သော်ငြား သူ့အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်၏။ တုဝမ်၏ ကလိမ်ကျခြင်း ခံလိုက်ရမှန်း သိသော်ငြား ရန်ကိုင်ကဲ့သို့သော လွန်စွာကိုမှ အရည်အချင်း ရှိလှသည့် လူငယ်လေးတစ်ယောက်ရှေ့၌ မျက်နှာမပျက်ချင်ချေ။ ထို့ကြောင့် “ဒီချန်က ရက်ရောမှုမှာ ထွဋ်ခေါင်ဆိုတာ မင်းမကြားဖူးဘူးလား”

ထိုစကားလုံးများကို ပြောပြီးသည်နှင့် သူ့ပါးစပ် တစ်ခုလုံး မဲ့ရွဲ့သွားခဲ့၏။ ယခုအချိန်၌ သူအနေဖြင့် ထိုတုဝမ်ဆိုသော လူအိုကြီးကို အသားပြားဖြစ်အောင် ရိုက်နှက်ချင်နေလေပြီ။

“အဲ့လိုဆိုရင် ကျုပ်ဒီပစ္စည်းနှစ်ခု ယူလိုက်မယ်” ရန်ကိုင်က ဆေးပင်နှစ်ပင်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ထုတ်ယူလိုက်၏။

ထိုဆေးပင်များကို မြင်သည်နှင့် လူအိုကြီးချန်၏ မျက်နှာ အမူအရာ ပြေလျော့သွားခဲ့ပြီး သိုလှောင်အိတ်ကို ကမန်းကတန်း ဆွဲယူလိုက်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် “ယူလေ၊ ယူယူ”

လူအိုကြီး၏ အမူအရာကို ကြည့်ရင်း ထိုဆေးပင်များသည် သူ့အတွက် အရမ်းကြီး အဖိုးမတန်မှန်း ရန်ကိုင် နားလည်လိုက်၏။

သူသည် တစ်လက်မပေးသဖြင့် တစ်မိုင် မျှော်သည့် လူစားမဟုတ်။ ယခုအကြိမ် သူတော်စင်အဆင့် ဆေးပင် နှစ်ပင် ရသည်နှင့်ပင် သူတော်တော်လေး ကျေနပ်မိနေပြီ။ ထို့ထက် ပိုမမျှော်တော့။

ထိုသူတော်စင်အဆင့် ဆေးပင်နှစ်ပင်ကို သုံး၍ နောက်ပိုင်းကျ သူတော်စင်အဆင့် ဆေးလုံးနှစ်လုံးကို သူဖော်စပ်နိုင်ပေမည်။

ပထမသိုလှောင်အိတ်ပြီးနောက် ဒုတိယ သိုလှောင်အိတ်ဆီ စခန်းပြောင်းလိုက်၏။ ထိုသိုလှောင်အိတ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေကြည့်ပြီးနောက် ရန်ကိုင်၏ အကြည့် ဝင်းပသွားခဲ့ရ၏။

ထိုသိုလှောင်အိတ်ထဲ၌ သူအဆောတလျင် လိုအပ်နေသော နှင်းခဲမြက်ရိုင်းပင်၏ ရိုးတံတစ်ချောင်း ရှိနေခဲ့၏။

ထိုရိုးတံသည် ရှေးဟောင်းနတ်ဆိုးကလန်အတွက် လိုအပ်သော ဆေးလုံး၏ ဆေးအမယ်များထဲမှ တစ်ခု ဖြစ်၏။ ထိုနှင်းခဲမြက်ရိုင်းပင်သည် အလွန့်ကိုမှ နေရာရွေးလေရာ ၎င်းတို့သည် တုန်းရွှမ်လောကကြီး အတွင်း၌ ရှိသော်ငြား အရမ်းကိုမှ ရှားပါးလွန်းလှ၏။

ပို၍ ကောင်းသွားသည်ကား ထိုနှင်းခဲမြက်ရိုင်းပင်၏ ရိုးတံသည် အရွယ်အစားကော၊ သက်တမ်းပါ လုံးဝကို ပြီးပြည့်စုံနေခြင်း ဖြစ်၏။

ထိုရိုးတံနှင့်အတူ အခြားသူတော်စင်အဆင့် ဆေးပင် တစ်ပင်ကို ထုတ်ယူပြီးနောက် နောက်သိုလှောင်အိတ် တစ်လုံးဆီ အကြည့်ပြောင်းလိုက်၏။

တတိယသိုလှောင်အိတ်နှင့် စတုတ္ထသိုလှောင်အိတ် တို့၌ ရန်ကိုင် စိတ်ဝင်စားသည့် ပစ္စည်းများ မရှိသည့် အတွက် တွေ့ရာ သူတော်စင်အဆင့် ဆေးပင် နှစ်ပင်ကိုသာ ကောက်ယူလာခဲ့၏။

နောက်ဆုံးသိုလှောင်အိတ်သို့ ရောက်သည့်အခါ ယခင်နည်းအတိုင်း ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်၏။ သို့သော် သူစိတ်ဝင်စားသည့် မည်သည့် ပစ္စည်းကိုမှ မတွေ့ခဲ့ရသဖြင့် ရန်ကိုင် စိတ်ပျက်သွားခဲ့ရ၏။ သို့သော် တွေ့ရာ ပစ္စည်းနှစ်ခုကို ကောက်ယူပြီး သိုလှောင်အိတ်ကို ပိုင်ရှင်ဆီ ပြန်ပေးရန် လုပ်နေစဉ်မှာပင် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သိုလှောင်အိတ်၏ ထောင့်တစ်နေရာဆီ လှမ်းကြည့်လိုက်၏။

ထိုနေရာရှိ ပစ္စည်းကို သေသေချာချာ စစ်ဆေးပြီးနောက် သူ့မျက်နှာထက် အပြုံးယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်၏ “တကယ်ကို အတူတူပဲဟ”

ရေရွတ်ရင်း ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်၏။

ရန်ကိုင် ထုတ်ယူလိုက်သည့် ပစ္စည်းနှစ်ခုကို မြင်ပြီးနောက် အားလုံး၏ အမူအရာ ထူးဆန်းသွားခဲ့၏။ ရန်ကိုင် ထုတ်ယူလိုက်သည့် ပစ္စည်းနှစ်ခုအနက် တစ်ခုသည် သူတော်စင်အဆင့် ဆေးပင်ဖြစ်ပြီး အခြား တစ်ခုသည် အနက်ရောင်ကျောက်တုံးလေး တစ်တုံး ဖြစ်နေခဲ့၏။

“ဘာကြီးလဲ” တုဝမ်က ထိုကျောက်တုံးကို စိုက်ကြည့်ရင်း သိချင်စိတ်ဖြင့် မေးလိုက်၏။

ကျန်လူအိုကြီးများသည်လည်း ထိုကျောက်တုံးကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းခါရမ်း လိုက်ကြ၏။

ထိုအနက်ရောင်ကျောက်တုံးသည် မည်ကဲ့သို့သော ပစ္စည်းမျိုး ဖြစ်သည်ကို မည်သူမှ မသိသည့်ပုံပင်။

သိုလှောင်အိတ် ပိုင်ရှင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ပြောလိုက်၏ “ငါ့ကို လာမကြည်နဲ့။ ငါလည်း သိတာ မဟုတ်ဘူး။ တွေ့တွေ့ချင်းတုန်းက တော်တော်လေး ထူးဆန်းလို့ ကောက်ယူထားလိုက်တာ။ ဒီလောက် နှစ်တွေ အများကြီးကြာတာတောင် အဲ့ကျောက်တုံးက ဘယ်လိုပစ္စည်းမျိုးမှန်း ငါမသိသေးဘူး။ မိတ်ဆွေးရန်က အဲ့ဒါ ဘာပစ္စည်းလဲ ဆိုတာကို သိတာလား”

မေးရင်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်၏။

“ကျုပ်လည်း မသိဘူး။ ပုံမှန်မဟုတ်ဘူး ထင်လို့သာ ရွေးလိုက်တာ”

“ကောင်းပြီလေ။ ယူချင်လည်း ယူသွားလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ဘာလည်းဆိုတာကို ငါမှ မသိတာ။ သိမ်းထားလို့လည်း အပိုပဲ” သိုလှောင်အိတ်ပိုင်ရှင်က ပြောလိုက်၏။

“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြုံးကာ အနက်ရောင်ကျောက်တုံးကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းလိုက်လေ၏။

လောင်းကြေးကို ယူပြီးနောက် ခွင့်ပြုချက်တောင်းကာ စင်မြင့်ပေါ်မှ ဆင်းလာလိုက်၏။

လူအိုကြီးများသည် ရန်ကိုင်အား ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာရန် ထပ်ပြောချင်သော်ငြား ပါးစပ်ပင် မဟရေးသေးခင်မှာဘဲ ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့လေပြီ။ ထို့ကြောင့် တဟူးဟူးဖြင့်သာ သက်ပြင်းချ ကျန်ရစ်ခဲ့၏။

“တုဝမ်၊ သူ့လမ်းကြောင်းကို သွေဖယ် မသွားစေနဲ့နော်။ သူ့လို လူတစ်ယောက်က ဆေးပညာကိုသာ လိုက်စားရင်း အထွဋ်အထိပ်ကို ရောက်နိုင်လိမ့်မယ်။ သူ့အနာဂတ် သူဖျက်စီးတာမျိုး ငါတို့ထဲက ဘယ်သူမှ မမြင်ချင်ကြဘူး”

“ဟုတ်တယ်၊ တုဝမ်။ ပြန်ရင် ထပ်ပြောကြည့်လိုက်ဦး။ မင်းမလုပ်ရင် သူ့ကို ငါတို့ မြစ်သုံးစင်းမြို့တော်ဆီ ခေါ်သွားမယ်”

“ဒီလူအိုကြီးက အကောင်းဆုံးလုပ်မှာ စိတ်ချထားလိုက်” ရန်ကိုင် မည်သည့်အတွက်ကြောင့် သိုင်းတာအိုကိုသာ လေ့လာချင်နေမှန်း တုဝမ် နားမလည်နိုင်ခဲ့၏။ ဤလောကြီးအတွင်း ရှိနေသော လူအားလုံး၏ (၈၀) ရာခိုင်နှုန်းသည် သိုင်းတာအိုကို လေ့လာကြပြီး ထိုလူများကို ကျင့်ကြံသူများဟု ခေါ်ကြ၏။

သို့သော် ထိုလူများထဲ၌ ဆေးပညာရှင်ဆိုသည်မှာ အရမ်းကို ရှားပါလှ၏။

ကျင့်ကြံသူ အယောက်(၁၀၀၀၀)ထဲ၌ ဆေးပညာရှင် ဖြစ်နိုင်ချေရှိသူ တစ်ယောက်ပင် မရှိတတ်ချေ။ ဆေးပညာ၌ အရည်းအချင်း ရှိသောလူများမှာမူ ပို၍ပင် ရှားပါးသေး၏။

ဆေးပညာရှင်များသည် မည်သည့်နေရာသို့သွားသွား လေးစားခံရ၏။ ထို့ကြောင့် ရန်ကိုင်သည် ဆေးပညာရှင်နှင့် ကျင့်ကြံသူတစ်ယောက်ကြား ကွာခြားချက်ကို နားမလည်ရန်မှာ မဖြစ်နိုင်ချေ။ သို့ပင်လျှင် သူသည် သိုင်းတာအိုကိုသာ အဓိကအဖြစ် လေ့လာချင်သေးပြီး ဆေးပညာကို အကူအဖြစ်သာ လေ့ကျင့်ချင်ခဲ့၏။

----------------------------------

ဖေးယုနှင့် တွေ့ပြီးနောက် ရလဒ်အကြောင်း ချန်းယန်တို့ဆီ ပြန်ပြောရန် တည်းခိုဆောင်ဆီ ပြန်သွားလိုက်၏။ ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် ချန်းယန်က အသာအယာ ခေါင်းညိတ်လိုက်ကာ “အဲ့လိုသာဆိုရင် နှစ်တစ်သောင်း နတ်ဆိုးပန်းပွင့်ကို ရနိုင်ချေ ပိုမြင့်သွားပြီ။ အဲ့ကောင်လေးက မြို့သခင်အောင်းကုရဲ့ အထူးဧည့်သည် ဆိုမှတော့ မြို့သခင်ကလည်း သူနဲ့ပက်သက်ပြီး ကုပ်စေးနဲနေမှာ မဟုတ်လောက်ဘူး။ ဒါကြောင့် သူ့သက်တော်စောင့်တွေထဲမှာ မသေမျိုး တတိယအဆင့် တစ်ယောက်၊ နှစ်ယောက်လောက်တော့ ပါလိမ့်မည်”

“ဂိုဏ်းတူဦးလေး၊ နှစ်တစ်သောင်းနတ်ဆိုးပန်းပွင့် ပွင့်ဖို့ ဘယ်လောက်လိုသေးလဲ”

“ဘယ်လောက်ကြာမယ် ဆိုတာကိုတော့ ငါလည်း မသိဘူး။ ဒါပေမယ့် ငါဖတ်ခဲ့ဖူးသလောက်တော့ နှစ်တစ်သောင်း နတ်ဆိုးပန်းပွင့် မပွင့်ခင်မှာ သဘာဝတရာကြီးက အရင်ဆုံး သရုပ်သကန် ပြလိမ့်မယ်။ ဒါကြောင့် အချိန်တန်ရင် ငါတို့ သိရလိမ့်မယ်”

“အခု နှစ်တစ်သောင်းနတ်ဆိုးပန်းပွင့် ပွင့်မယ့် အချိန်ကို လူအများကြီးက စောင့်နေကြတာ။ အချို့ဆို ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ်မှာ စခန်းတွေတောင် ချနေကြတယ်။ ဒါပေမယ့် ပစ်မှတ်နဲ့ နီးနီးနေလေ ပိုအန္တရာယ်များလေပဲ။ ဒါကြောင့် ငါတို့ စိုးရိမ်နေစရာ မလိုဘူး” လီဝမ်က ယုံကြည်အချက် အပြည့်ဖြင့် ပြုံးလိုက်ပြီး “ဂိုဏ်းတူတူလေး၊ အခု လောလောဆယ် အရင်အနားယူနှင့်လိုက်ဦး။ အချိန်ရောက်ရင် ငါတို့ မင်းကို လိုက်ပို့ပေးမယ်”

“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

အခန်းဆီ ပြန်ရောက်သည်နှင့် တင်ပလင်ခွေ ထိုင်လိုက်ပြီး အနက်ရောင် ကျောက်တုံးဝိုင်းဝိုင်းလေး နှစ်တုံးကို အနက်ရောင်စာအုပ်ထဲမှ ထုတ်ယူလိုက်၏။

“ဟေး၊ အဲ့ကျောက်တုံးကို ရှေးဟောင်းလိုဏ်ဂူ စံအိမ်ထဲမှာ ရခဲ့တာ မဟုတ်ဘူးလား” ဖေးယုက သိချင်စိတ်ဖြင့် “ဘယ်လိုလုပ်ပြီး နောက်တစ်လုံး ရှိနေရသေးတာလဲ”

“ဆေးပညာရှင် စီနီယာတစ်ယောက်ရဲ့ သိုလှောင်အိတ် ထဲကနေ အခုလေးတင် ရလာခဲ့တာလေ” ရန်ကိုင်က ရှင်းပြလိုက်လေ၏ “ဒီပစ္စည်းကို ဘယ်လို အသုံးပြုရလဲဆိုတာကို ဂိုဏ်းတူဒေါ်လေး သိလား”

“ရိုးရိုးသားသားပြောရရင် ငါ့အနေနဲ့ ဒီလို ပစ္စည်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ” ဖေးယုက ခေါင်းခါရမ်းလိုက်၏။

“ဘယ်လောက်တောင် ထူးဆန်းနေတာလဲ” ရန်ကိုင်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။ နှစ်ပေါင်းများစွာ နေလာခဲ့သော စီနီယာဆေးပညာရှင်ကြီးပင် ထိုပစ္စည်း ဘာပစ္စည်းမှန်း မသိချေ။

ထိုကျောက်တုံးလေးနှစ်တုံးသည် မရိုးရှင်းဟု သူ့မသိစိတ်က ရန်ကိုင် ပြောနေခဲ့၏။

အစစ်အမှန်ချီဖြင့် စစ်ဆေးကြည့်သော်လည်း ဘာမှ မထူးခြားခဲ့။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်ရာတွင်လည်း ထူးခြားသည့် မည်သည့်အရာကိုမှ မတွေ့ခဲ့ရ၏။ နည်းမျိုးစုံသုံး၍ စစ်ဆေးကြည့်သော်ငြား အချိန်ကုန်ရကျိုး မနပ်ခဲ့။

နေ့ဝက်ကြာပြီးနောက် ထိုကျောက်တုံးများကို ဆက်လက် စစ်ဆေးခြင်း မပြုတော့ဘဲ ပြန်ပြီးတာ့သာ သိမ်းထားလိုက်လေ၏။

နောက်ရက်များအတွင်း ရန်ကိုင်သည် တည်းခိုဆောင် အတွင်းသာ နေ၍ တိတ်တိတ်လေး ကျင့်ကြံနေခဲ့၏။

မနက်င်းတစ်ခု၌၊ ရန်ကိုင် တင်ပလင်ခွေထိုင်နေစဉ် သူ့ပတ်လည်ရှိ မိုးမြေစွမ်းအင် ပြောင်းလဲမှုကို ခံစားမိသဖြင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။

မမြင်နိုင်သော စွမ်းအင်တစ်မျိုးသည် မိုးမြေစွမ်းအင်များကို အရပ်တစ်ခုဆီ ဆွဲနေသလိုပင်။

ဘာဖြစ်နေမှန်း မသိရသေးခင်မှာပင် အခြေအနေက ရုတ်တရက် ဆိုးရွားလာခဲ့၏။

လေးပြင်းများ တိုက်ခတ်လာခဲ့ပြီး တံခါးများနှင့် ပြတင်းပေါက်များပင် ကွဲအက်တော့မည့် အရိပ်အယောင်များ ပြလာခဲ့၏။

ဖေးယုသည်လည်း မျက်လုံး ဖွင့်လျက် ရေရွတ်လိုက်၏ “ဒါက…”

ပြောနေရင်း ပြတင်ပေါက်ဆီ ခုန်သွားလိုက်ပြီး အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ပြီးနောက် “နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် ပွင့်တော့မယ်”

ရန်ကိုင် ရင်ခုန်သွားခဲ့၏။

သူတို့ ဘေးအခန်းသည်လည်း လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့၏။ ရန်ကိုင်နှင့် ဖေးယုတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ပြတင်ပေါက်မှတစ်ဆင့် ပျံသန်း ထွက်ခွါသွားလေ၏။

တစ်ချိန်တည်းမှာပင် ဝဲပျံတိမ်တိုက်မြို့တော် တစ်ခုလုံး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်လာခဲ့လေ၏။ နေရာပေါင်းစုံမှ ကျင့်ကြံသူများသည် လမ်းမပေါ်သို့ ပြေးထွက်လာခဲ့ကြပြီး တောင်ထိပ်ပေါ်သို့ လှမ်း၍ ကြည့်လိုက်လေ၏။

“နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ပွင့်တော့မယ်” တစ်ယောက်ယောက်က အော်ပြောလိုက်၏။

ထိုစကားသည် လူအားလုံးကို စိတ်လှုပ်ရှား သွားစေခဲ့လေ၏။

ရန်ကိုင် မျက်ဝန်း မှေးစဉ်းလိုက်ပြီး တောင်ထိပ်ပေါ် လှမ်းကြည့်လိုက်ရာ တောင်ထိပ်ရှိ တိမ်တိုက်များပေါ်၌ ငါးရောင်ခြယ် အလင်းတန်းများ တလက်လက် လက်နေသည်ကို တွေ့လိုက်ရ၏။ အရပ်မျက်နှာ မျိုးစုံမှ မိုးမြေစွမ်းအင်များသည် ထိုနေရာဆီသို့ စီးဆင်းနေခဲ့ကြပြီး ဝဲပျံတိမ်တိုက်မြို့တော် တစ်ခုလုံးသည်လည်း လှုပ်လှုပ် ရှားရှား ဖြစ်လာခဲ့လေ၏။

“သွားကြစို့” ပြောပြီးသည်နှင့် ချန်းယန်သည် အလင်းတန်း တစ်ခုအသွင် ပြောင်းလျက် တောင်ပေါ် ပြေးတက်သွားလေ၏။

လူအုပ်ကြိးသည်နှင့် တောင်ထိပ်ပေါ်သို့ အလျင်အမြန် ပြေးတက်ကြလေ၏။

ရွှစ် ရွှစ် ရွှစ်…

မရေမတွက်နိုင်သော လူများ စတင် လှုပ်ရှားကြလေပြီ။

နှစ်တစ်ထောင်းနတ်ဆိုးပန်းပွင့်ကို ရယူရန် မည်မျှ ခက်ခဲမည်ကို ယခုမှပင် ရန်ကိုင် နားလည်သွားခဲ့၏။ မြင်မြင်ရာအရပ်၌ မသေမျိုးအဆင့် ပညာရှင်များ ရှိနေခဲ့၏။ မသေမျိုး တတိယအဆင့် ပညာရှင် အနည်းငယ်သာ ရှိသော်လည်း စုစုပေါင်း ကျင့်ကြံသူ အရေအတွက် ချန်းယန် တွက်ချက်ခဲ့သည်ထက် အများကြီး ပိုများနေခဲ့၏။

ဝဲပျံတိမ်တိုက်မြို့တော်မှ ပြေးထွက်လာသည့် ကျင့်ကြံသူများနှင့်ပင် (၄၀၀)ကျော် ရှိနေခဲ့လေပြီ။ ထိုသို့ဆိုလျှင်ပင် တောင်ပတ်လည်၌ အရင် စခန်းချနေသော လူများကို ထည့်မတွက်ရသေးချေ။

စုစုပေါင်း မသေးမျိုးအဆင့် ပညာရှင် အရေအတွက်ကို တွက်ချက်ကြည့်ရမည် ဆိုပါက အနည်းဆုံး (၅၀၀) ကျော်ပေလိမ့်မည်။

ထိုကြောက်မခန်းလိလိ အရေအတွက်ကို တွေးကြည့်ရင်း ရန်ကိုင် ဦးရေပြားပင် ထုံသွားခဲ့ရ၏။

မြို့သခင်စံအိမ်ပေါ်၌ အောင်းကု၊ ကျိုးလျန်နှင့် ကျင်းကျောင်တို့သည် အဝေးရှိ တောင်ထိပ်ပေါ်သို့ လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့် နေခဲ့ကြ၏။

“ဆေးဝိဇ္ဇာလည်း သွားပြီနဲ့တူတယ်” ပုံရိပ်တစ်ခုသည် မြို့သခင်စံအိမ်မှာ ထွက်ခွါရန် ပြင်နေသည်ကို မြင်သည်နှင့် ကျိကျောင်က ပြောလိုက်၏။

“အန်၊ ဆေးဝိဇ္ဇာကြီးက သူတော်စင်အဆင့် ပညာရှင် တစ်ယောက် မဟုတ်ဘူးလား။ အရင်တုန်းက သူတော်စင် အဆင့် ပညာရှင်တစ်ယောက်က နှစ်တစ်ထောင် နတ်ဆိုး ပန်းပွင့်က ပွင့်မလာခဲ့တာနော်” ကျိုးလျန် ထိတ်လန့်သွားခဲ့၏။

“အဲ့ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ ဆေးဝိဇ္ဇာက ဆေးတစ်လုံးလုံး သောက်ပြီး သူ့ကျင့်ကြံခြင်းကို ယာယီဖိနှိပ်ထားတယ်” အောင်းကုက တိုးတိုးလေး ပြောလိုက်၏ တကယ်တော့ အရင်အကြိမ် နှစ်တစ်သောင်းနတ်ဆိုးပန်းပွင့် ပွင့်တုန်းက ဆေးအရည်ကို သန့်စင်ခဲ့တဲ့လူက သူပဲလေ။ ဒါကြောင့် အဲ့အကြောင်းက သူက အခြားလူတွေထက် ပိုသိပြီးသား…”

ထိုစကားကို ကြားမှပဲ ကျိုးလျန်နှင့် ကျင်းကျောင်းတို့ နှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြ၏။

ဆေးဝိဇ္ဇာနှင့် တွေ့ရသည်မှာ မကြောသေးသော်လည်း သူ့ဆီမှ အကျိုးအမြတ် များစွာကို သူတို့ ရခဲ့ပြီးဖြစ်၏။ ဆေးဝိဇ္ဇာသန့်စင်ပေးခဲ့သည့် သူတော်စင်အဆင့် ဆေးလုံးကြောင့် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိဥာဉ်တို့ တိုးတက် အားကောင်းလာခဲ့ရ၏။ သူတော်စင်အဆင့် ပညာရှင် သုံးယောက်စလုံး၏ ကျင့်ကြံခြင်း တိုးတက်သွားမှု မရှိသော်ငြား ယခင်ကထက် သိသိသာသာ ပို၍ သန်မာလာသည် ဆိုသည်ကို သုံးယောက်စလုံး သတိပြုမိထားကြ၏။

ဆေးဝိဇ္ဇာ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန် မြို့သခင် စံအိမ်သည် သူ့တပည့်အတွက် အသန်မာဆုံး အစောင့် အကြပ်များကို သူ့တပည့်၏ ကိုယ်ရံတော်အဖြစ် စေလွှတ်ခဲ့၏။

မျိုးနွယ်စု(၃)ခုမှ မသေမျိုးအဆင့် ပညာရှင် (၆)ယောက် စေလွှတ်ခဲ့ပြီး နှစ်ယောက်သည် မသေမျိုး တတိယအဆင့် ပညာရှင်များဖြစ်ကာ ကျန်လေးယောက်သည် မသေမျိုး ဒုတိယအဆင့် ပညာရှင်များ ဖြစ်ကြပေ၏။

ဝဲပျံတိမ်တိုက်မြို့တော်မှ မသေမျိုးအဆင့် ပညာရှင်များ အားလုံးသည် တောင်ထိပ်ပေါ်သို့ အသည်းအသန် ပြေးတက်နေခဲ့ကြ၏။

တောင်ပေါ်သို့ ခြေချမိသည်နှင့် တိုက်ပွဲကြီးတို့ စတင် ဖြစ်ပွားလာခဲ့လေပြီ။

မည်သူကမှ အခြားတစ်ယောက်ကို ကိုယ့်ထက် အရင်မသွားစေချင်ကြချေ။ ထို့ကြောင့် ပတ်လည်၌ ရှိနေသော လူအားလုံးသည် မိမိ၏ ရန်သူများပင် ဖြစ်၏။ သွေးဆူလွယ်သော လူများသည် သူတို့၏ ပြိုင်ဘက်ကို အရင်သုတ်သင်ရန် ကြိုးစားကြ၏။ တိုက်ပွဲသေးများ ဖြစ်ပွားရာမှ ဘေးပတ်လည်မှ လူများကိုပါ ထိခိုက်မိသဖြင့် တိုက်ပွဲထဲ ပညာရှင်များ ပိုပိုပါဝင်လာခဲ့လေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၁2) ဒီတော့ အဲ့ဒါကသူပေါ့

——————————————————————

ချန်းယန်နှင့် ကျန်သူများ၏ အကူအညီကြောင့် ရန်ကိုင်မှာ တိုက်ပွဲကွင်းပြင်ထဲသို့ အလွယ်တကူ ပြေးဝင်သွားနိုင်ခဲ့၏။

မသေမျိုး တတိယအဆင့် လေးယောက်ဆိုသော လူအင်အားသည် အတော့်ကိုမှ တောင့်တင်းလေရာ မည်သူကမှ သူတို့အား အလွယ်တကူ ပြဿနာ မရှာဝံ့ချေ။ ထို့ကြောင့် အများစုသည် သူတို့အား ရှောင်ကွင်း၍သာ သွားခဲ့ကြ၏။

အော်ဟစ်သံများ ဟိုမှ၊ သည်မှ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။ တောင်အောက်ခြေမှ ကီလိုမီတာ ရာပေါင်းများစွာ အကွာသို့ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစွာပင် မရှိတတ်သည့်အချိန်၌ ရန်ကိုင်တို့ ရောက်ရှိလာခဲ့၏။

ရောက်သည့်အခါ တစ်ချက်ရပ်လိုက်ပြီး ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ်သို့ ဆက်လက်ပြေးတက်သွားနေသည့် ကျန်သူများကို ကြည့်လိုက်၏။

ချန်းယန်က ရန်ကိုင်ဘက် လှည့်လိုက်ပြီး “ဂိုဏ်းတူတူလေး၊ မင်းနဲ့ ပူးပေါင်းမယ်လို့ သဘောတူထားတဲ့ လူရော”

“မတွေ့သေးဘူး” ရန်ကိုင်က ခေါင်းခါရမ်းပြလိုက်၏။

“ငါတို့ ဆက်သွားသင့်လား” လီဝမ်က အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ခဏလောက် စောင့်ကြတာပေါ့” ချန်းယန်က မျက်မှောင်ကြုံ့လိုက်ပြီး “ဂိုဏ်းတူတူလေး ပြောတာသာ မမှားဘူးဆိုရင် အဲ့ကောင်လေးက အခြားသူတွေ မသိတဲ့ လျှို့ဝှက်ချက် တစ်ခုခုကို သိထားလိမ့်မယ်။ ငါတို့သာ သူနဲ့ အတူတူ ပူးပေါင်းရင် ကျိန်းသေ အားသာရာ ရလိမ့်မယ်”

တောင်ပေါ်သို့ အရင်ဆုံး ပြေးဝက်သွားသည့်သူသည် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို ရချင်မှ ရပေလိမ့်မည်။ တောင်ပေါ်တွင် မရေတွက်နိုင်သော အန္တရာယ်များစွာ ရှိနေသဖြင့် တောင်ထိပ်ပေါ်သို့ ရောက်မည်၊ မရောက်မည်ကို ကံတရားသာ သိ၏။

နေရာ၌ ငြိမ်သက်စွာ ရပ်စောင့်နေရင်း ကျန်အဖွဲ့များ တောင်ပေါ်သို့ အဆောတလျင် ပြေးတက်နေကြသည်ကို ရန်ကိုင်တို့ အဖွဲ့ စောင့်ကြည့်နေခဲ့ကြ၏။

လက်ဖက်ရည် တစ်ခွက် ဆူပွက်စာလောက် ကြာပြီးနောက် တိယောင်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏ “ညီအစ်ကိုရန်”

“ဒီမှာ” ရန်ကိုင်က အလျင်အမြန် လက်ဝှေ့ရမ်းပြလိုက်၏။ တိယောင် ခေါ်လာသော လူအင်အားကို မြင်လိုက်သည်နှင့် သူ့မျက်ဝန်းအစုံ ဝင်းပသွားခဲ့၏။

တိယောင်၏ နောက်ခံကို အထင်သေးမိနေမှန်း ယခုအချိန်၌ သူနားလည်သွားခဲ့၏။

ပညာရှင်(၆)ယောက်သည် မျိုးနွယ်စုကြီး (၃)ခုမှ ဖြစ်ပေ၏။ တစ်ယောက်ချင်းစီတိုင်းသည် မသေမျိုး ဒုတိယအဆင့် သို့ တတိယအဆင့် ပညာရှင်များ ဖြစ်ကြပြီး နောက်ဆုံးတစ်ယောက်ကမူ ဆန်းကြယ်လှ၏။ ထိုလူ၏ ကျင့်ကြံခြင်း အဆင့်ကို ရန်ကိုင် မမြင်ရချေ။ တစ်ဖက်လူသည် သူ့တစ်ကိုယ်လုံးကို ဝတ်ရုံကြီးဖြင့် လွှမ်းခြုံထားလေရာ သူ့မျက်နှာကိုလည်း မမြင်ရချေ။

သို့သော်လည်း တစ်စွန်းတစ်စ ထွက်ပေါ်နေသော အသားအရေအရ ထိုလူသည် လူအိုကြီးတစ်ယောက် ဖြစ်နိုင်သည်ကို သူတို့ ပြောနိုင်၏။

ချန်းယန်တို့ အဖွဲ့နှင့် မြို့သခင်စံအိမ်ရှိ လူများသည် တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် နှစ်ဖက်စလုံး ပြုံးလိုက်ကြ၏။ နှစ်ဖွဲ့စလုံး တစ်ဖက် အဖွဲ့အသီးသီး၏ ခွန်အားနှင့် ပက်သက်၍ အတော်လေး ကျေနပ်သွားသည့် ပုံပင်။

“ဒီကိစ္စက အရမ်းကို အရေးအကြီးတော့ ဒီမှာ ရှိနေတဲ့ လူအားလုံး ရိုးရိုးသားသားနဲ့ ပူပေါင်းနိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ ဒီကိစ္စတွေ အားလုံ ပြီးသွားရင်တောင် ညီအစ်ကိုရန်နဲ့ ကျုပ်မိတ်ဆွေ ဖြစ်ချင်သေးတယ်” တိယောင်က အပြုံးဖြင့် ပြောလိုက်၏။

သူခေါ်လာသော ပညာရှင် ခြောက်ယောက်စလုံးက အခိုင်အမာ ခေါင်းညိတ်လိုက်ကြပြီး “သခင်လေးတိ၊ စိတ်ချထားလိုက်ပါ”

ချန်းယန်ကလည်း ခေါင်းညိတ်လိုက်ပြီး “ညီငယ်လေး အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါအတည်ပြုချင်သေးတယ်။ ညီငယ်လေး နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ ဆေးအရည်ကို မလိုတာ တကယ်ပဲလား”

“တကယ်ပါ။ ညီအစ်ကိုရန်ကိုတောင် ကျုပ်ရှင်းပြပြီးသွားပြီ” တိယောင်က ပြန်ပြောလိုက်၏။

“ကောင်းပြီလေ။ အဲ့လိုဆိုရင် ဘာကိစ္စမှ မရှိတော့ဘူး” ချန်းယန်က ကျေနပ်သွားသည့် လေသံဖြင့် “သဘောတူညီချက် ရသွားပြီ ဆိုမှတော့ သွားကြတာပေါ့”

“အလျင်စလိုစရာ မလိုပါဘူး” တိယောင်က ပြုံး၍ ခေါင်းခါရမ်းလိုက်ပြီး “ခဏနေပါဦး။ အချိန်မကျသေးဘူး”

“စောင့်ရမှာလား” ချန်းယန် မျက်မှောင် ကြုံ့သွားခဲ့၏။ ပြေးတက်သွားတိုင်း နှစ်တစ်ထောင် နတ်ဆိုး ပန်းပွင့်ကို မရနိုင်သော်လည်း သဘာဝ တရားကြီး၏ သရုပ်သကန် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သဖြင့် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်လည်း ပွင့်တော့ပေမည်။ ပညာရှင်များစွာ ရှေ့တက်သွားနေခဲ့ရာ သူတို့သာ အရမ်း နှောင့်နှေးနေခဲ့ပါက အသားပင် အသာထား၊ အရည်ပင် သောက်ရလိမ့်မည် မဟုတ်ချေ။

“အရမ်း စောလွန်းသေးတယ်။ ဒါက ရှေ့ပြေးနိမိတ်ပဲ ရှိသေးတယ်။ သဘာဝတရားက တကယ့် သရုပ်သကန် ပြလာမှပဲ သွားလည်း နောက်မကျသေးဘူး” တိယောင်က များများစားစား ရှင်းပြမနေခဲ့ချေ။

ချန်းယန်နှင့် ကျန်သူများ ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး မနေနိုင်ဘဲ မေးလိုက်မိကြ၏ “ညီငယ်လေး ငါတို့ မင်းကို မယုံတာတော့ မဟုတ်ဘူး။ သိချင်တာလို့ပဲ ပြောရမလား။ ဒီနှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် အကြောင်းကို မင်းဘယ်လောက် များများသိထားလဲ”

“အင်း၊ ပြောရရင် အနည်းဆုံးတော့ ခင်ဗျားတို့ အားလုံးထက် ပိုသိထားတယ်လို့ ပြောလို့ရတယ် ဟဲဟဲ” တိယောင်က ယုံကြည်ရှိစွာ ပြုံးလိုက်၏။

သူတို့ စကားပြောနေစဉ်အတွင်း ရန်ကိုင်သည် ဝတ်ရုံခြုံထားသည့် လူအိုကြီးကို သင်္ကာမကင်း အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ ထိုလူသည် တိယောင်၏ ဆရာဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲ အလိုလို ခံစားနေမိ၏။

တိယောင် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်အကြောင်း သိနေရခြင်းမှာ ထိုလူအိုကြီးကြောင့်ပင် ဖြစ်ရပေမည်။

ရန်ကိုင်၏ အကြည့်ကို သတိပြုမိသည့်အလား လူအိုကြီ၏ နှုတ်ခမ်းထောင့်စွန်း အသာအယာ ကွေးတက်သွားခဲ့ပြီး ပြောလိုက်၏ “မိတ်ဆွေလေးက ဟိုနေ့က ဆေးဖော်စပ်ပြိုင်ပွဲကို အနိုင်သွားတဲ့ ညီငယ်လေးလား”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“အင်း၊ လူငယ်မျိုးဆက်မှာ ပါရမီရှင်တွေ မရှားဘူးဘဲ” လူအိုကြီးက ပြောလိုက်၏။

ချန်းယန်နှင့် ကျန်သူများသည်လည်း ထိုလူအိုကြီးအား မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်ကြ၏။

“ရန်ကိုင်” ရုတ်တရက် ချိုသာသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့၏။ အသံကြားရာဆီ လှမ်းကြည့်လိုက်ရာ သူတို့ လှမ်းလာနေသော မိနာနှင့် လူအိုကြီးတုတို့ကို တွေ့လိုက်ရ၏။ သူတို့နား မရောက်ခင်မှာပင် မိနာသည် အဝေးမှ ကြို၍ နှုတ်ဆက်နေပြီးလေပြီ။

သို့သော် သူတို့ရှေ့ ရောက်သည်အခါက ရန်ကိုင်က မနေနိုင်ဘဲ မေးလိုက်မိ၏ “ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

လူအိုကြီးတုက သက်ပြင်းတစ်ချက် ချလျက် ရှင်းပြလိုက်၏ “ဒီကောင်မလေးက မရမကကို ပူဆာနေတော့ ဒီလူအိုကြီးလည်း မလာလို့ မရတော့ဘူးလေ”

“နင်က တကယ့်ကို ပြဿနာကောင်မလေးပဲ” ရန်ကိုင်က မိနာကို ကြည့်ကာ ပြစ်တင်လိုက်၏။

မိနာက လျှာလေးတစ်လစ်တစ်လစ် ထုတ်ရင်း ကလေးဆိုလေး တစ်ယောက်ပမာ “ငါက ကြည့်ရုံပဲ လာကြည့်တာလေ။ အပေါ်တက်မှာမှ မဟုတ်တာ”

“အတူတူပဲ။ သေချာသတိထားဦး” ရန်ကိုင်က သက်ပြင်းချလိုက်၏။

မိနာက ဘေးပတ်လည်ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏ “နင်သာ အခုနေ မတက်သွားရင် နေရာကောင်းရမှာ မဟုတ်ဘူးနော်”

“မတက်သေးတာ မဟုတ်ဘူး။ စောင့်နေတာ” ရန်ကိုင်က ပြန်ပြောလိုက်ရာ မိနာက ပြန်မေးလိုက်၏ “ဘာကို စောင့်နေတာလဲ”

“သဘာဝတရားကြီး တကယ့် သရုပ်သကန် ပြလာမယ့် အချိန်ကိုလား” တုဝမ်က ငေးကြောင်ကြောင် အမူအရာဖြင့် မေးလိုက်၏။ သူသည်ပင် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်အကြောင်း အနည်းအကျဉ်းသာ သိထား၏။ ထိုစကားကို ရေရွတ်လိုက်ပြီး ဝတ်ရုံခြုံထားသည့် လူအိုကြီးဆီ လှမ်းကြည့်လိုက်၏။ ထို့နောက် အတွေးနက်သွားပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် စိုးရိမ်တကြီးဖြင့် မေးလိုက်၏ “ဒီက ဆရာကြီးရဲ့ နာမည်ကို သိလို့ရမလားမသိဘူး”

ရန်ကိုင်၏ မျက်ဝန်းအစုံလည်း လင်းလက်သွားခဲ့၏။

“ဟဲဟဲ၊ ဒီလူအိုကြီးရဲ့ နာမည်က ပြောဖို့တောင် မထိုက်တန်ပါဘူးကွား” လူအိုကြီးက ရယ်မောလိုက်ရင်း ပြန်ပြောလိုက်၏။

တုဝမ် ခန္ဓာကိုယ် တစ်ခုလုံး မိုးကြိုးပစ်ချ ခံလိုက်ရသည့်အလား တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် လူအိုကြီးကို စိုက်ကြည့်ရင်း မယုံတယုံဖြင့် “ခင်ဗျား… ခင်ဗျားက…”

“ရှူး…” တိယောင်သူ့ ပါးစပ်ဖျားထက် လက်ညိုး တင်ပြလိုက်၏။

သို့သော် တုဝမ် လွန်စွာကိုမှ စိတ်လှုပ်ရှားနေခဲ့၏။ သူ့ကိုးကိုယ်ယုံကြည်ရသူကို တွေ့လိုက်ရသည့်အလား ချက်ချင်းပဲ ဦးညွှတ်လိုက်ကာ အော်ပြောလိုက်၏ “တပည့် တုဝမ်က ဝိဇ္ဇာကြီးကို နှုတ်ဆက်ပါတယ်”

ရန်ကိုင်နှင့် ချန်းယန်တို့အားလုံး နေရာတွင်ပင် အေးခဲသွားခဲ့ကြပြီး လုံးဝကို မှင်သက်နေခဲ့ကြရ၏။

တုဝမ်သည် ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံး၏ တာဝန်ခံဖြစ်သလို တုန်းရွှမ်လောကကြီး အတွင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။ သူတော်စင်အဆင့် ဆေးပညာများသည် လွန်စွာကိုမှ ရှားပါလှရာ သူတို့ သွားသည့်နေရာတိုင်း ဂုဏ်သရေရှိဧည့်သည့်အဖြစ် ဆက်ဆံခံရသလို အခြားသူများသည်လည်း သူတို့အား လေးစားသမှုဖြင့် ဆက်ဆံကြ၏။ သို့သော် ထိုသူတော်စင်အဆင့် ဆေးပညာရှင်သည် ထိုလူအိုကြီးအား ဦးညွှတ်၍ သူ့ကိုယ်သူ တပည့်ဟု ခေါ်ဆိုနေခဲ့၏။

အရမ်းကို ထိတ်လန့်ဖွယ် ကောင်းပေ၏။

အားလုံး လုံးဝကို ကြောင်အနေခဲ့ကြ၏။ တိယောင် နှင့်အတူ လိုက်ပါလာသော မသေမျိုးအဆင့် ပညာရှင် (၆)ယောက်ပင်လျှင် လုံးဝကို ကြောင်အနေခဲ့ကြ၏။

လူအိုကြီးက ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ပြီး “အခုလို လုပ်စရာ မလိုပါဘူး။ ဒီလူအိုကြီး လူအာရုံစိုက် မခံရအောင် ကိုယ့်ကိုယ်ကို ပုန်းကွယ်နေတာကို မင်းလည်း မြင်တာပဲလေ”

အိမ်မက်မှ နိုးလာသည့်အလား တုဝမ်က မတ်မတ် ရပ်လိုက်၏။ ချွေးစေးတို့ သူ့နဖူးမှ စီးကျနေခဲ့ပြီး သူ့ကိုယ်သူ ပြစ်တင်ပြောဆိုလိုက်၏ “တပည့် လောသွားမိုလို့ ဝိဇ္ဇာကြီးအနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

“ဘာမှမဖြစ်ဘူး” လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရယ်မောလိုက်ရင်း “မင်းငါ့ကို ဘယ်လိုလုပ်ပြီး မှတ်မိတာလဲ”

“ဝိဇ္ဇာကြီး မမှတ်မိတော့ဘူးလား” တုဝမ်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “တပည့် ငယ်ငယ်တုန်းက ဝိဇ္ဇာကြီးဆီကနေ နည်းနည်းပါးပါး အတွေ့အကြုံ ဆည်းပူးခဲ့ရတယ်လေ။ ဆယ်ရက်ပဲ ဆိုပေမယ့် ဝိဇ္ဇာကြီး သင်ကြားပေးခဲ့တာကို တပည့် ဘယ်တော့မှ မမေ့ပါဘူး”

“လတ်စသတ်တော့ အဲ့လိုပေါ့” လူအိုကြီးက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

ချန်းယန် မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား အော်ပြောလိုက်၏ “လတ်စသတ်တော့ သူပေါ့”

တုဝမ် ပြောသည်ကိုကြားပြီး ထိုလူအိုကြီး၏ ဇာစ်မြစ်ကို ချန်းယန် ချက်ချင်း ခန့်မှန်းမိလိုက်၏။ အောင်ကု တိယောင်ကို မည်သည့်အတွက် အထူးတလည် ဂရုစိုက်နေမှန်းကိုလည်း သူနားလည်သွားခဲ့၏။

လတ်စသတ်တော့ တိယောင်၏ ဆရာသည် အစစ်အမှန် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်ကိုး။

ထိုကဲ့သို့သော လူတစ်ယောက်သည်သာ တိယောင် ကဲ့သို့ လူမျိုးကို သင်ကြားပေးနိုင်၏။ ယခု ချန်းယန် အားလုံး နားလည်သွားခဲ့လေပြီ။

“သူဘယ်သူလဲ” ဖေးယုက လီဝမ်နှင့် ဖေးကျန်ကို တိုးတိုးလေး မေးလိုက်၏။

လူအိုကြီးဆီ လှမ်းကြည့်လိုက်သည့်အခါ လူအိုကြိးက တားမည့် အရိပ်အယောင် မပြသဖြင့် ချန်းယန်က တိုးတိုးလေး ပြောလိုက်၏။ ထိုစကားကို ကြားပြီးနောက် ဖေးယု၊ တုဝမ်နှင့် ဖေးယုတို့အားလုံး မှင်သက် သွားခဲ့ကြလေ၏။

ရန်ကိုင်သည်လည်း ချန်းယန် ပြောသည်ကို ကြားပြီး ထိတ်လန့်သွားခဲ့ရ၏။

ထျန်းဇန်လူအိုကြီး…

ထိုဆေးဝိဇ္ဇာပညာရှင်ကြီးကို လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုဝင် အားလုံးက လေးစားကြပြီး သူသည် ရန်ကိုင်ကဲ့သို့ပင် တေဇောဓါတ် အသိစိတ် ပင်လယ် ပိုင်ရှင်တစ်ဦး ဖြစ်ပေ၏။

ထိုလူအိုကြီး မည်သူဆိုသည်ကို သိသွားသည်နှင့် ချန်းယန်သာမက အားလုံး စိတ်လှုပ်ရှားသွားခဲ့ကြ၏။

တကယ်တော့ သူတို့ရှေ့၌ ရှိနေသော လူအိုကြီးသည် ဒဏ္ဏာရီလာပုဂ္ဂိုလ် ထျန်းဇန် လူအိုကြီးပင်။ ထိုလူအိုကြီး မည်သူမှန်း သိပြီးနောက် ချန်းယန်နှင့် ကျန်သူများအားလုံး အကုန်လုံး သူတို့၏ အရှိန်အဝါကို ပြန်ရုတ်လိုက်ကြပြီး လူအိုကြီးအား လေးလေးစားစားဖြင့် ကြည့်လိုက်ကြ၏။

ရန်ကိုင်သည်လည်း ထိုဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီးကို တိတ်တဆိတ် လေ့လာနေခဲ့၏။

တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသူ များများစားစား မရှိချေ။ တေဇောဓါတ် အသိစိတ် ပင်လယ် ပိုင်ဆိုင်ထားသည့် ဆေးပညာရှင်ဆိုလျှင်ပင် ပို၍ နည်းသေး၏။

ထို့ကြောင့် ရန်ကိုင်လည်း တေဇောဓါတ် အသိစိတ် ပင်လယ်နှင့် ပက်သက်၍ ထိုလူအိုကြီးကို မေးချင်မိသွားခဲ့၏။

ရန်ကိုင်သည် တေဇောဓါတ် အသိစိတ်ပင်လယ် အကြောင်း များများစားစား မသိသေးသော်လည်း ထိုဆေးဝိဇ္ဇာကမူ သူ့ထက် ပိုသိ၏။ တစ်ဖက်လူသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် နေထိုင်လာခဲ့ရာ အတွေ့အကြုံနှင့် ဗဟုသုတပိုင်းတွင် သူ့ထက် အများကြီး ပိုသာပေ၏။ သူသာ ထိုလူအိုကြီးနှင့် ဆွေးနွှေးနိုင်မည် ဆိုပါက သူ့အတွက် အကျိုးကျေးဇူး အများကြီး ရနိုင်၏။

သို့သော် သူ့တွင် တေဇောဓါတ် အသိစိတ်ပင်လယ် ရှိသည့်အကြောင်းကို ဖွင့်ပြောသင့်၊ မသင့် ရန်ကိုင် သေချာ မဆုံးဖြတ်ရသေးချေ။

သူ့စိတ်ထဲ အတွေးများနေစဉ်မှာပင် ထျန်းဇန် လူအိုကြီးက ရုတ်တရက် ရယ်မောလိုက်ပြီး “မင်းတို့ အားလုံးက ငါ့ကို မှတ်မိသွားမှတော့ ငါကလည်း ဆော့ကစားမနေတော့ပါဘူး”

ပြောပြီးသည်နှင့် ဝတ်ရုံကြီးကို ချွတ်လိုက်ပြီး သူ့မျက်နှာကို ထုတ်ဖော်လိုက်၏။

“ဝိဇ္ဇာကြီးကို တပည့်တွေ့ချင်နေတာကြာပြီ။ ပြီးတော့ ဝိဇ္ဇာကြီးရဲ့ သင်ကြာပြသမှုတွေကိုလည်း နောက်တစ်ကြိမ် ထပ်နားထောင်ချင်နေတာ…” တုဝမ်မှာ စိတ်လှုပ်ရှား လွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့လေ၏။

“ဒီကိစ္စကြီး ပြီသွားရင် စကားပြောချိန် ရမှာပါ။ မင်းအခုထိ ရောက်လာခဲ့တာ ဒီလူအိုကြီးလည်း တော်တော်လေး ကျေနပ်မိတယ်။ ဒီလူအိုကြီးက မင်းကို ဆယ်ရက်ပဲ သင်ပေးခဲ့တာလေ။ ဒီအတိုင်းအတာအထိ ရောက်လာခဲ့တာ မင်းကိုယ်တိုင် ကြိုးစားအားထုတ် ခဲ့လို့လည်း ပါတယ်” ထျန်းဇန် လူအိုကြီးက ပြောလိုက်၏။

“ငါ့ကို ဝိဇ္ဇာကြီးလို့ မခေါ်တော့နဲ့။ အခြားသူတွေ ကြားရင် ရှုပ်ကုန်လိမ့်မယ်။ အင်း၊ ဒီလူအိုကြီးရဲ့ နာမည် အရင်းက လီရွေပဲ။ ငါ့ကို လူအိုကြီးလီလို့ ခေါ်လို့ရတယ်”

“ဟုတ်ကဲ့ပါ” တုဝမ်က လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၁၃) နတ်ဆိုးပန်းပွင့်ပွင့်လာခြင်း

——————————————————————

“အဲ့စီနီယာ ဘယ်သူလဲဆိုတာကို နင်သိလား။ လူအိုကြီးတုက သူ့ကိုယ်သူ တပည့်လို့ ဘာလို့ ပြောနေတာလဲ” အခြေအနေကို နားမလည်သေးသော မိနာက ရန်ကိုင်ကို တိုးတိုးလေး မေးလိုက်၏။

“အခြားအချိန်မှ လူအိုကြီးတုကို သွားမေးကြည့်လိုက်” ရန်ကိုင်က တိုးတိုးလေး ပြန်ပြောလိုက်၏။

“ဟွန့်၊ ဟိုလျှိုဒီလျှိုနဲ့” မိနာက အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်၏။

ယခင် အချိန်မျိုး၌သာ ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ရပါက မိနာ၏ စရိုက်အရဆိုလျှင် “ဟေး လူအိုကြီး၊ ရှင်ဘယ်သူလဲ” ဆိုပြီး ရှေ့တက်ပြီး မေးမှာ အသေအချာပင်။

သို့သော် လူအိုကြီးတု ပြုမူနေပုံကို ကြည့်ရင်း ထိုကဲ့သို့ တဇွတ်ထိုး သွားမမေးရဲချေ။

သူမက ပွင့်ပွင့်လင်းလင်း ပြောတတ်သော်ငြား အရူးတစ်ယောက်တော့ မဟုတ်။

အားလုံး စိတ်ငြိမ်သွားသည့်အခါ ရန်ကိုင်က ထျန်းဇန် လူအိုကြီးကို ကြည့်၍ မေးလိုက်၏ “လူအိုကြီးလီ၊ ညီအစ်ကိုတိ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်အကြောင်း သိထားတာ စီနီယာ ပြောပြထားလို့မလား”

“အမှန်ပဲ” လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏ “မိတ်ဆွေလေးရဲ့ အရှိန်အဝါက ငါနဲ့ တော်တော်လေး ဆင်တယ်နော်။ ဒီကိစ္စပြီးရင် ငါတို့ စကားနည်းနည်းပါးပါးလောက် ပြောကြမလား။ မင်းသာ စိတ်ထဲမထားရင် ငါမင်းကို ကူညီပေးနိုင်တာတွေ အများကြီး ရှိလိမ့်မယ်”

ချန်းယန်နှင့် ကျန်သူများ၏ မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး ရန်ကိုင်အား သဘောတူရန် တိတ်တဆိတ် အချက်ပြလိုက်၏။

ရန်ကိုင်သည် အရည်အချင်း ရှိလှသော ဆေးပညာရှင် ငယ်ငယ်လေး တစ်ယောက်ဖြစ်၍ တစ်ဖက်လူသည် ဤလောကကြီး၏ အကျော်ကြားဆုံး ဆေးဝိဇ္ဇာကြီး တစ်ဦး ဖြစ်၏။ မည်သည့် ဆေးပညာရှင်မဆို ထျန်းဇန်လူအိုကြီး ဆီမှ အတွေ့အကြုံ ယူချင်သည်သာ ဖြစ်၏။ ထိုကဲ့သို့သော အခွင့်အရေးမျိုး သူတို့ ဂိုဏ်းတူတူလေးရှေ့ ရောက်ရှိ လာခဲ့လေရာ သူတို့ကကော မည်သည့်အတွက်ကြောင့် လက်ခံရန် မတိုက်တွန်းရမည်နည်း။

ရန်ကိုင် မဲ့ပြုံးမပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားကြောင်းကို ဖွင့်ပြောရလေမလား၊ မဖွင့်ရဘူးလား တွေဝေနေစဉ်မှာပင် တစ်ဖက်လူသည် သူ့လျှို့ဝှက်ချက်ကို သိနေခဲ့လေပြီ။

ဘာကိုမှ ဆက်လက်၍ ဖုံးကွယ်ထားစရာ မလိုတော့သလို တစ်ဖက်လူဆီမှလည်း မကောင်းသည့် ရည်ရွယ်ချက်ကို မခံစားမိသဖြင့် ရန်ကိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး “ကျုပ်ဘက်က ဘာမှကို ထပ်ပြောစရာ မလိုတော့တာပါ”

“ကောင်းတယ်၊ ကောင်းတယ် ကောင်းတယ်” လူအိုကြီးလီက အပြုံးကြီးပြုံးလျက် ခေါင်းညိတ်လိုက်၏။

“ဆရာ၊ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်အကြောင်း ပြောရအောင်။ အခုအချိန်လောက်ဆို သူတို့လည်း တော်တော်လေး စိတ်ရှုပ်နေလောက်ပြီ” တိယောင်၏ အကြံပြုလိုက်၏။

ထိုစကားကို ကြားလိုက်သည်နှင့် အားလုံး၏ အကြည့်သည် လူအိုကြီးလီဆီသို့ စုပြုံ ရောက်ရှိ လာခဲ့လေ၏။

လူအိုကြီးလီက အသက်ဖွဖွလေး ရှူသွင်းလိုက်ပြီး “ ကောင်းပြီလေ၊ တိယောင်ကို ဒီမှာစောင့်ဖို့ ဒီလူအိုကြီးကပဲ ပြောခဲ့တာ။ ဘာလို့လဲတော့ သဘာဝတရာကြီးရဲ့ တကယ် အဟသရုပ်သကန်က ပေါ်မှ ပေါ်မလာသေးတာကိုး။ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်က ပွင့်ဖို့ ပြင်နေတုန်းပဲ ရှိသေးတယ်။ နောက်ထပ် နေ့ဝက်လောက်ကြမှပဲ ပွင့်လိုက်မယ်။ အဲ့အချိန်ကျမှ တောင်ပေါ်တက်လည်း နောက်မကျသေးဘူး။ အခု အားလုံးက တောင်ပေါ် တက်နေတာဆိုတော့ ဟိုအပေါ် တိုက်ပွဲတွေ ဖြစ်နေမှာ ကျိန်းသေပဲ။ အဲ့တိုက်ပွဲတွေထဲ ဝင်တိုက်နေလို့လည်း အကျိုးရှိတာ မဟုတ်သေးဘူး”

“နှစ်တစ်ထောင်လောက်၊ နတ်ဆိုးပန်းပွင့် နောက်ဆုံး ပွင့်သွားတဲ့ အခေါက်တုန်းကပေါ့။ ဆရာကပဲ အဲ့နတ်ဆိုးပန်းပွင့်ရဲ့ ဆေးအရည်ကို သန့်စင်ခဲ့တာလေ။ ဒါကြောင့် ဆရာက အဲ့အကြောင်းကို အခြားသူတွေထက် ပိုသိတယ်” တိယောင်က ထပ်ပြောလိုက်၏။

ချန်းယန်နှင့် ကျန်သူများ ထပ်မံ အံ့အားသင့်သွား ခဲ့ရပြန်၏။

လီအိုကြီးလီက ပြုံး၍ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏ “နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်က ကြယ်တာရာကောင်းကင်ကတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက ကောင်းကင်ပေါ်ကနေ ကောင်းကင် တက်လှမ်းခြင်း ချောက်ကမ်းပါးဆီ အစေ့တစ်စေ့ ပြုတ်ကျလာတယ်လို့ ဒဏ္ဏာရီတွေက ပြောကြတယ်။ အဲ့အစေကနေမှ နတ်ဆိုးပန်းပွင့် ဖြစ်လာခဲ့တာ။ အဲ့ပန်းပွင့်ကနေ သိပ်သည်းထားတဲ့ ဆေးအရည်က သူတော်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ချေ ပိုများအောင် လုပ်ပေးနိုင်တော့ နှစ်တစ်ထောင်တိုင်း၊ နှစ်တစ်ထောင်တိုင်းမှာ အဲ့ဆေးရည်ကို ရဖို့ အကြီးအကျယ် တိုက်ပွဲတွေ စကြတာပဲ”

“လူတော်တော်များများက နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို မောင်ပိုင်စီးဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် နှစ်တွေကြာအောင် သူတို့ ဘယ်လိုပဲ ရှာရှာ အဲ့ပန်းပွင့်ကို ရှာလို့မတွေ့ခဲ့ဘူး။ အချိန်မတိုင်ခင်အထိ အဲ့ပန်းပွင့်နဲ့ ပက်သက်တဲ့ ဘာသဲလွန်စကိုမှ မတွေ့ရဘူး။ အရင် ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးက မီတာသောင်းကျော်လောက် မြင့်တာ။ ဒါပေမယ့် အခုတော့ ရှစ်ထောင်ကျော်လောက်ပဲ ရှိတော့တယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက တောင်ထိပ်ကို ဖျက်စီးပြီး နှစ်တစ်ထောင်နတ်ဆိုး ပန်းပွင့်ကို ရှာလို့ ကြိုးစားခဲ့ကြလို့ပဲလေ”

အားလုံးသည် လူအိုကြီးလီ ပြောသည်ကို အသေအချာ နားစိုက်ထောင်နေခဲ့၏။

“ဘာလို့ ရှာလို့မတွေ့တာလဲ။ ကျွန်မလည်း အဲ့ဒါနဲ့ ပက်သက်ပြီး အမြဲသိချင်နေခဲ့တာ။ နတ်ဆိုးပန်းပွင့်က ဒီလောက် အရေးပါတာ ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ်ကနေ အဲ့ပန်းပွင့်ကို ဘာလို့ အခုအချိန်ထိ တစ်ယောက်မှ မရယူနိုင်ရသေးတာလဲ” မိနာက မေးလိုက်၏။

“ဘာလို့လဲဆိုတော့ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်က ဒီနေရာက မဟုတ်လို့ပဲ” လူအိုကြီးက မိနာကို ကြည့်၍ ပြုံးလျက် “နင်တို့ မြင်နေတာက တကယ့် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် မဟုတ်ဘူး”

“တကယ့် အစစ်အမှန် မဟုတ်ဘူးလား” အကုန်လုံး ကြက်သေသေသွားခဲ့၏။

“ဟုတ်တယ်။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ဆိုတာ အရမ်းကို ဆန်းကြယ်လွန်းတဲ့ စွမ်းအင်တွေနဲ့ ပြည့်နေတဲ့ မိုးမြေမဟာရတနာတစ်ခုပဲလေ။ ခဏလောက် စောင့်ကြည့်လိုက်။ အဲ့အချိန်ကျ ဒီလူအိုကြီး ဘာကို ပြောချင်လဲ ဆိုတာကို မင်းတို့ နားလည်လာလိမ့်မယ်”

ချန်းယန်နှင့် ကျန်သူများသည်လည်း ဘာမှ မပြောတော့ဘဲ အသာအယာသာ ခေါင်းညိတ်လိုက်ကြ၏။

သူတို့ စကားပြောနေစဉ်အတွင်း တောင်ပေါ်၌ မသေမျိုးအဆင့် ပညာရှင်များ အချင်းချင်း အကြီးအကျယ် တိုက်ပွဲဖြစ်နေခဲ့ကြ၏။

တဖြည်းဖြည်းနှင့် တိုက်ပွဲ ငြိမ်သက်သွားခဲ့၏။ တောင်ပေါ်ရှိ လူများသည်လည်း တစ်ခုခု မူမမှန်သည်ကို သတိပြုမိသည့်ပုံပင်။

နေ့ဝက်ကြာပြီးနောက် တောင်ထိပ်ဆီမှ ငါးရောင်ခြယ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး လှပသော ပန်းဖူးတစ်ခု ကောင်းကင်ထက် ထွက်ပေါ်လာခဲ့၏။

ထိုပန်းဖူးသည် လွန်စွာကိုမှ ကြီးလှလေရာ ကီလိုမီတာ များစွာ အကွာရှိ ဝဲပျံတိမ်တိုက်မြို့တော်ထဲ၌ ရှိနေသူများပင် ၎င်းကိုလှမ်းမြင်နေခဲ့ရ၏။

ထိုပန်းပွင့်သည် ရုပ်အသွင်သဏ္ဏာန် မရှိဘဲ သန့်စင်သော စွမ်းအင်သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်၏။

ထိုပန်းဖူးထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်အားလုံး ၎င်းဆီသို့ ချက်ချင်း အရူးအမူး စီးဆင်းတော့လေ၏။ ထိုပန်းဖူးထဲသို့ စီးဝင်နေသော မိုးမြေစွမ်းအင်များကို အကုန်လုံး အထင်သား မြင်တွေ့နေခဲ့ရ၏။

တစ်ချိန်တည်းမှာပင် တောင်ထိပ်ပေါ်တွင် ရှိနေသော ပညာရှင်များသည်လည်း ထိုပန်းဖူးဆီသို့ ပြေးဝင် ကြတော့လေ၏။

မသေမျိုးအဆင့် ရာပေါင်းများစွာ ပါဝင်သော အဖွဲ့ပေါင်းများစွာသည် ပန်းဖူးဆီသို့ အရူးအမူ ပြေးဝင်နေခဲ့ကြ၏။

ငြိမ်သက်စ ပြုပြီးရုံးရှိသေးသော တိုက်ပွဲသည် နောက်တစ်ဖန်ပြန်လည် စတင်လာခဲ့ပြန်လေ၏။ ဤတစ်ကြိမ်သည် ယခင်အကြိမ်နှင့် စာလျှင် ပို၍ပင် ရက်စက်သွေးလွှမ်းသေး၏။

ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေသလို သိုင်းပညာရပ်များမှ ထွက်ပေါလာသော အလင်းတန်းများ၊ လက်နက်ရောင်များသည်လည်း ကောင်းကင်ထက် တဖျတ်ဖျတ် လင်းလက်နေခဲ့ကြ၏။ ထိုတိုက်ပွဲအတွင်း ဆေးပညာရှင်များပင်လျှင် သေဆုံးကြရ၏။

မျက်တောင်းတစ်ခတ်အတွင်း၌ အဖွဲ့ပေါင်းများစွာ အပြီးတိုင် သုတ်သင်ခံလိုက်ရ၏။ ရှင်သန်ကျန်ရစ်သူ တစ်ယောက်မှ မရှိ။

“လူအိုကြီးလီ…” ချန်းယန်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။

“အလျင်လိုစရာ မလိုဘူး” လူအိုကြီးလီက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းပြလိုက်၏။

ချန်းယန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ့စိတ်ကို ငြိမ်အောင်လုပ်ကာ ဆက်လက် စောင့်ဆိုင်း နေလိုက်၏။

ခဏအကြာ၌ အဖွဲ့တစ်ဖွဲ့သည် ပန်းဖူးဆီသို့ ပြေးထွက်သွားနိုင်ခဲ့၏။ သို့သော် ထိုအဖွဲ့သည် ပျော်ပင် မပျော်ရသေးခင်မှာဘဲ သူ့နောက်မှ လိုက်လာသည့် လူအုပ်ကြီး၏ တိုက်ခိုက်မှုပေါင်းစုံကြောင့် တစ်ခါတည်း လက်စတုန်းသွားခဲ့ရ၏။

ပန်းဖူးပတ်လည်၌ မရေမတွက်နိုင်သော လူများ သွေးသံတရဲရဲ တိုက်ပွဲကို ဆင်နွှဲနေခဲ့ကြ၏။

ဤတိုက်ပွဲကြောင့် အင်အားစုများစွာ ထိခိုက် သွားခဲ့ရပြီး မသေမျိုးအဆင့် ပညာရှင်ပေါင်းများစွာ သေဆုံးသွားရသည်မှာ သံသယရှိစရာ မလိုချေ။

တစ်နာရီလောက် ကြာပြီးနောက် ပန်းဖူး ပတ်လည်ရှိ မိုးမြေစွမ်းအင် တဖြည်းဖြည်း သိပ်သည်းလာခဲ့၏။ နောက်ဆုံး ပိတ်နေသော ပန်းဖူးသည် ပွင့်တော့မည့် အရိပ်အယောင်တို့ ပြလာခဲ့၏။

“အခုပဲ” လူအိုကြီးလီက အသာအယာ ပြောလိုက်၏။

“သွားကြစို့” ချန်းယန်က အော်ပြောလိုက်ပြီး ရန်ကိုင်နှင့် တိယောင်ကို အလယ်၌ထားကာ ပန်းဖူးဆီသို့ စတင် ချီတက်တော့လေ၏။

သူတို့အဖွဲ့ထဲ လူ(၁၂)ယောက် ပါဝင်၏။ ရန်ကိုင်နှင့် တိယောင်မှလွဲ၍ ကျန်သူအားလုံးသည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြ၏။ (၆)ယောက်သည် မသေမျိုး တတိယအဆင့် ပညာရှင်များ ဖြစ်ကြပြီး (၄)ယောက်သည် မသေမျိုး ဒုတိယအဆင့်များ ဖြစ်ကြ၏။ လူအရေအတွက် အရဖြစ်စေ၊ ခွန်အားအရ ဖြစ်စေ ရန်ကိုင်တို့ အဖွဲ့သည် အားအကောင်းဆုံးထဲ အဖွဲ့ထဲ ပါဝင်နေခဲ့၏။

သို့သော်လည်း ချန်းယန်နှင့် ကျန်သူများ နည်းနည်းမျှပင် သတိမလျှော့ပေါ့ရဲခဲ့။ ရန်ကိုင်နှင့် တိယောင်တို့ နှစ်ယောက်ကို အတတ်နိုင်ဆုံး လုံခြုံအောင် ကာကွယ်ထားခဲ့၏။

ပိတ်နေသော ပန်းဖူး၏ ပွင့်ချပ်များသည် ဖြည်းဖြည်းချင်း ပွင့်အာလာနေခဲ့၏။ ချန်းယန်တို့အဖွဲ့ လမ်းတစ်ဝက်သာ ရောက်သေးချိန် ပန်းဖူးသည် ပွင့်လုနီးနီး ဖြစ်နေခဲ့လေ၏။

ရုတ်တရက် ရောင်စုံအလင်းတန်းတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး ဆန်းကြယ်သော စွမ်းအင်တန်းတို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့လေ၏။ ထိုထူးဆန်းသော စွမ်းအင်များကို ကြည့်ရင်း အားလုံး ငြိမ်ကျသွားခဲ့၏။

ကျန်ရှိနေသော ပညာရှင်အားလုံးသည် ဖူးပွင့်ပြီးသော နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ကို စိုက်ကြည့်နေခဲ့ကြ၏။ ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားရင်း သူတို့၏ ဆေးပညာရှင် အသီးသီးကို ဆေးအရည် သိပ်သည်းရန် အချက်ပြလိုက်၏။

ကံမကောင်းစွာဖြင့် မည်သည့် ဆေးပညာရှင်ကမှ မည်ကဲ့သို့ စတင်ရမှန်း မသိခဲ့ချေ။ သူတို့ ပို့လွှတ်လိုက်သော အစစ်အမှန်ချီတို့သည် ပန်းပွင့်၏ ပွင့်ချပ်များကို ရစ်ပတ်လွှမ်းခြုံသွားခဲ့သော်ငြား သန့်စင်မည့် အရိပ်အယောင်မပြ။

ထိုအဖြစ်အပျက်ကြောင့် အားလုံး၏ အမူအရာ သုန်မှုန်သွားခဲ့ရ၏။

ဤနေရာသို့ လာရောက်ရန်အတွက် သူတို့ အဖွဲ့သား များစွာ သေဆုံးခဲ့ရ၏။ ထိုကဲ့သို့ အရင်းအနှီးများစွာ စိုက်ထုတ်ခဲ့ရပြီးမှ ဘာမှပြန်မရခဲ့လျှင် သူတို့ ကြိုးစား အားထုတ်ခဲ့သမျှ အာလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ရန်ကိုင်တို့ အဖွဲ့ ရောက်လာသည့်အချိန်၌ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို အကုန်လုံး ဝိုင်းရံပြီးသွားခဲ့ပြီ ဖြစ်ကာ နေရာလွတ်ပင် မကျန်တော့ချေ။

“ပန်းပွင့်အလယ်နားဆီ သွားလိုက်” တိယောင်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။

ဘာလုပ်ရ ဘာကိုရန်မှန်းမသိ ဖြစ်နေစဉ် ထိုစကားကို ကြားလိုက်သည်နှင့် ချန်းယန်သည် အားလုံးကို ဦးဆောင်၍ တိယောင်ပြောသည့် နေရာဆီသို့ သွားလိုက်လေ၏။

ပန်းပွင့်၏ အလယ်ဗဟိုသည် လွန်စွာကိုမှ မျက်စိ ဖမ်းစားစရာ ကောင်းလှသော နေရာတစ်ခုဖြစ်၏။ ယခု အချိန်၌ ထိုနေရာကို အားကောင်းသော အဖွဲ့နှစ်ဖွဲ့က အပိုင်သိမ်းထားခဲ့လေပြီ။ နှစ်ဖွဲ့စလုံးသည် ဆေးအရည် သိပ်သည်းနိုင်မည့် နည်းလမ်းကို ရှာနေဆဲ။

ရန်ကိုင်တို့ အဖွဲ့ ရောက်လာသည်နှင့် နှစ်ဖွဲ့စလုံး ချက်ချင်း သတိချပ်လိုက်ကြ၏။

တစ်ဖက်အဖွဲ့၏ လူအရေအတွက်နှင့် ကျင့်ကြံခြင်းကို သတိပြုမိသည်နှင့် ချန်းယန် မျက်မှောင် ကြုံ့လိုက်၏။ သူ့ဓါးကို ထုတ်ယူလိုက်ပြီး အစစ်အမျန်ချီကို လှည့်ပတ်ကာ ချက်ချင်း တိုက်ခိုက်နိုင်ရင် ပြင်ဆင်လိုက်၏။

“အားသုံးပြီး ဖြေရှင်းစရာ မလိုပါဘူး” တိယောင်က ရုတ်တရက် ပြောလိုက်၏ “ကျုပ်တို့အတွက် နေရာတစ်နေရာပေး။ အဲ့လိုဆိုရင် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ကို ဘယ်လိုသန့်စင်ရမလဲ ခင်ဗျားတို့ကို ပြောပြမယ်”

“ဘယ်လိုသန့်စင်ရမလဲ၊ မင်းသိတာလား” တိယောင် ပြောသည်ကို ကြားသည်နှင့် တစ်ဖက် နှစ်ဖွဲ့စလုံး အံ့အားငသ့်သွားခဲ့ကြ၏။

“အင်း” တိယောင်က အသာအယာ ပြုံးလိုက်ပြီး “ဒါပေမယ့် ခင်ဗျားတို့ သဘောမတူဘူး ဆိုရင်တော့ တိုက်ဖို့ပဲ ရှိတော့မယ်”

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၁၄) ဝင်ရောက်ခြင်း

——————————————————————

တိယောင်သည် အနုနည်းရော၊ အကြမ်းနည်းပါ သုံး၍ တစ်ဖက်လူကို ဆွဲဆောင်ခဲ့၏။

တိယောင်ပြောသည်ကို ကြားသည်နှင့် တစ်ဖက် အဖွဲ့သားများ၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့၏။ ရန်ကိုင်တို့ အဖွဲ့အခြေအနေကို တစ်ချက် စစ်ဆေးပြီးနောက် အခြေအနေ မကောင်းမှန်း ထိုလူတို့ နားလည်လိုက်၏။ တစ်ဖက်နှင့်တစ်ဖက်သည် ကျင့်ကြံသူ အရေအတွက်နှင့် ခွန်အားချင်း ညီမျှနေသော်လည်း သူတို့ ဘက်သည် နှစ်ဖွဲ့ပေါင်းထားခြင်း ဖြစ်သည့်အတွက် အတူပူးပေါင်းလုပ်ဆောင်နိုင်ရန် ခက်ခဲ၏။ တစ်ဖက်တွင်မူ ချန်းယန်တို့ အဖွဲ့သည် တစ်သင်းတည်းဖြစ်၏။ ထို့ကြောင့် တိုက်ပွဲသာ ဖြစ်ပါက ပြန်ဆုတ်ရမည့်သူမှာ သူတို့ ဖြစ်သွားပေလိမ့်မည်။

နှစ်ဖွဲ့စလုံးမှ ပညာရှင်များသည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး တိယောင်၏ တောင်းဆိုချက်ကို အလျင်အမြန် သဘောတူလိုက်၏။

နှစ်ဖွဲ့ အတူပေါင်းလိုက်ပြီး ရန်ကိုင်တို့ အဖွဲ့အတွက် နေရာတစ်ခု ဖယ်ပေးလိုက်၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် တိယောင်၏ အမူအရာ ဝင်းလက်သွားခဲ့၏။ ပြောသာ ပြောလိုက်ခြင်း ဖြစ်ပြီး ဤမျှ ချောချောမွေ့မွေ့နှင့် သဘောတူညီချက် ရသွားလိမ့်မည်ဟု မထင်ထားခဲ့ရာ အလျင်အမြန် ပြောလိုက်၏ “ကျေးဇူးပါပဲ”

ပြောပြီးသည်နှင့် ထိုလွတ်နေသော ကြားကွက်လပ်ထဲ နေရာဝင်ယူလိုက်၏။

ထိုပွင့်ချပ်ကျယ်ကြီးထဲ ခြေချလိုက်သည်နှင့် ရန်ကိုင် စိတ်ထဲ ထူးဆန်းသည့် ခံစားချက် တစ်ခုကို ရလိုက်၏။

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်သည် စွမ်းအင် သက်သက်ဖြင့်သာ ဖွဲ့စည်းထားသော ပန်းတစ်ပွင့်ဖြစ်၏။ ၎င်းတွင် ဒြပ်ခန္ဓာမရှိ။ စွမ်းအင်သည် လွန်စွာကိုမှ သိပ်သည်းလွန်းလှရာ အစိုင်းအခဲ အခြေအနေနှင့် မခြားတော့။

“သဘောတူထားတဲ့အတိုင်း နေရာတစ်ခု ပေးပြီးသွားပြီ။ အခု၊ ဆေးအရည်ကို ဘယ်လို သိပ်သည်း ရမလဲဆိုတာကို မင်းတို့ဘက်က ပြောပြရမယ့် အချိန်ပဲ” တစ်ဖက်အဖွဲ့ထဲမှ ပညာရှင်တစ်ယောက်က ချန်းယန်ကို သတိထား စောင့်ကြည့်ရင်း မေးမြန်းလိုက်၏။

“ခဏစောင့်” တိယန်က ပြုံးလိုက်သော်လည်း ပြန်မဖြေခဲ့၏။

တိယောင် ထိုကဲ့သို့ ပြုမူနေသည်ကို မြင်သော် တစ်ဖက်အဖွဲ့မှ ပညာရှင်များသည် အချိန်မရွေး အဆင်သင့် ဖြစ်နေစေရန် သူတို့၏ အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်ကြ၏။

အသက်ဆယ်ကြိမ်ရှူရှိုက်စာ အချိန် ကြာသွားပြီးနောက် ပွင့်ချပ်များ၏ အလယ်ဗဟိုမှ ပုံမှန် မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့ရာ ၎င်းသည် အားလုံး၏ အာရုံကို ဆွဲဆောင်ခဲ့သလို့ အားလုံးအား ပို၍ သတိထားသွားစေခဲ့၏။

တိယောင်က ရန်ကိုင် နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။

ထို့နောက် တိယောင်သည် အဖွဲ့ထဲမှ အခြားသူများဆီ သွားပြီး တစ်ယောက်ချင်းစီအား တိုးတိုး‌လေး ပြောလိုက်၏။

ထိုအပြုအမူကို တစ်ဖက်အဖွဲ့မှ လူများ သတိထားမိသွားပြီး သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်လေ၏ “မင်းဘာလုပ်နေတာလဲ။ ငါတို့ကို လှည့်စားရဲ လှည့်စားကြည့်၊ မင်းတို့ ပြန်ပေးဆပ်ရမယ်”

တိယောင်က ရယ်ရယ်မောမော့ဖြင့်သာ ပြန်ပြောလိုက်၏ “စိတ်ချထားစမ်းပါ။ ငါမင်းကို ဆေးအရည် ဘယ်လိုဖွဲ့စည်းရမလဲ ဆိုတာကို ပြောပြမှာပါ။ ဘာတွေ လောနေတာလဲ”

“အေး၊ ပြောတဲ့အတိုင်းလုပ်ရင် ပိုကောင်းလိမ့်မယ်”

နှစ်ယောက်သာ စကားပြောနေစဉ်အတွင်း ပွင့်ချပ် အလယ်ဗဟိုမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် ပိုပို၍ စိတ်လာခဲ့၏။

စွမ်းအင်လှိုင်းများ ထွက်ပေါ်ရာ ပွင့်ချပ် အလယ်ဗဟိုမှ ဆန်းကြယ်သော စွမ်းအင်တစ်မျိုး စတင်ထွက်ပေါ် ပျံ့နှံ့လာခဲ့၏။

“သွားတော့” တိယောင်က ရုတ်တရက် အော်ပြောလိုက်ပြီး ရန်ကိုင်နှင့်အတူ ပွင့်ချပ် အလယ်ဗဟို ဆီသို့ တိုးဝင်သွားခဲ့လေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ယောက်စလုံး ပွင့်ချပ် အလယ်ဗဟိုဆီသို့ ရောက်သွားခဲ့၏။

ထို့နောက် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားသွားခဲ့၏။ ပွင့်ချပ် အလယ်ဗဟိုဆီသို့ ပြေးဝင်သွားသော လူငယ်လေးနှစ်ယောက်သည် ရေဝဲချောက်နက်ကြီးထဲ ကျဆင်းသွားသည့်အလား လုံးဝကို ပျောက်ကွယ်သွားခဲ့လေ၏။

အဖွဲ့နှစ်ဖွဲ့မှ ပညာရှင်များ ချက်ချင်း သတိထားလိုက်၏။ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ထဲမှ မည်သူမှ မမျှော်လင့်ထားခဲ့၏။ သူတို့ အသိပြန်ဝင်လာချိန်၌ ထိုနှစ်ယောက်ကို တားရန် အရမ်း နောက်ကျသွားခဲ့လေပြီ။

တစ်ဖက်အဖွဲ့ ဒေါသထွက်သွားပြီး တိုက်ခိုက်တော့မည် အပြု ချန်းယန်က ရုတ်တရက် ပြောလိုက်၏ “နေပါဦး”

“ငါတို့ကို ညာပြီးတော့များ အခုမှ ဘာပြောချင်ရပြန်တာလဲ”

“မင်းတို့ဘက်က ဆေးပညာရှင်တွေလည်း ဝင်သွားလို့ ရတယ်။ အဲ့ပွင့်ချပ်ထဲ ဝင်သွားမှပဲ ဆေးအရည်ကို သိပ်သည်းနိုင်လိမ့်မည်။ မင်းတို့ကတော့ ကျန်ခဲ့ပြီး ဒီဝင်ပေါက်ကို စောင့်။ အခြားသူတွေ တိုးဝင်လာမှာမျိုး မင်းတို့လည်း မဖြစ်စေချင်ဘူးမလား” ချန်းယန်က သူတော်စင်အဆင့် လက်နက်ကို လက်ထဲ ကိုင်စွဲရင်း တိုးတိုးလေး ပြောလိုက်၏။

ချန်းယန် ပြောလာသည့်စကားကြောင့် တစ်ဖက် အဖွဲ့သားများ တဒင်္ဂတာ ကြောင်အသွားခဲ့သော်ငြား တွေးချိန် မရှိတော့သည်နှင့် ခေါင်းညိတ်၍သာ လက်ခံလိုက်လေ၏ “ကောင်းပြီလေ”

“ကျေးဇူးပဲ” ချန်းယန်က ပြန်ပြောလိုက်၏။

ထိုနှစ်ဖွဲ့မျ စိတ်ဝိဥာဉ်အဆင့် ပညာရှင်များသည် ပွင့်ချပ်အလယ်ဗဟိုဆီ အလျင်အမြန် ပြေးလိုက်သွားကြပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။

စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် လေးယောက် ပန်းပွင့်ထဲ တိုးဝင်ပျောက်ကွယ်သွားခြင်းသည် ဘေးပတ်လည်ရှိ အဖွဲ့များစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။

ဘာတွေ ဖြစ်နေလဲ ဆိုသည်ကို မည်သူမှ နားမလည်သော်လည်း ထိုပန်းပွင့်ထဲသို့ ဝင်သွားမှသာ ဆေးအရည်ကို သိပ်သည်းနိုင်မည်ဟု သူတို့၏ မသိစိတ်က သူတို့ကို ပြောနေခဲ့၏။

ဒါဇင်ထက်မကသော အကြည့်များ ပွင့်ချပ် အလယ်ဗဟိုဆီသို့ ပြုံရောက်လာခဲ့ပြီးနောက် မရေမတွက် နိုင်သော အဖွဲ့များသည် ချန်းယန်တို့ဆီသို့ ပြေးဝင်လာခဲ့ကြလေ၏။

ချန်းယန်က ကြမ်းကြုတ်စွာ ပြုံးလိုက်၏။ ထို့နောက် သူ့လက်ထဲရှိ သူတော်စင်အဆင့် ဓါးသည် မီးနဂါး တစ်ကောင်အသွင် ပြောင်းလျက် ပြေးဝင်လာနေသော လူအုပ်ကြီးထဲသို့ တိုးဝင်သွားခဲ့လေ၏။

ရွှစ်.. ရွှစ်.. ရွှစ်.. ရွှစ်…

ဖေးကျန်ကလည်း သူးလေးကိုကိုင်းကို ဆွဲတင်၍ မမြင်နိုင်သည့် အားကောင်းလှသော မြှားများစွာကို ပစ်လွှတ်လိုက်၏။

လီဝမ်၏ ပုတိုတို ခန္ဓာကိုယ်လေးမှ ရွှေရောင်တို့ ဖြာထွက်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးသည် ချက်ချင်း ဆိုသလို ဧရာမလူသန်ကြီးတစ်ယောက်ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဖေးယုသည် သူမ၏ပါးစပ်မှ ရေမြူတစ်ခုကို မှုတ်ထုတ်လိုက်၏။ ထိုရေမြူသည် ဧရာမမြွေနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး မာန်ဖီလျက် လျှပ်စီးတန်းတစ်ခုပမာ အနီးအနားရှိ ကျင့်ကြံသူများဆီ ပြေးဝင်သွားလေ၏။ ထိုရေနဂါးတိုက်ခိုက်ခြင်း ခံရသည့် ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းသည် အရက် မူးသွားသည့်အလား သူတို့၏ မျက်နှာတစ်ခုလုံး နီရဲလာခဲ့ကာ မတ်တပ်ပင် နိုင်အောင် မရပ်နိုင်တော့ချေ။

လေထုထဲ သင်းပျံ့ရစ်မူးဖွယ် ဝိုင်ရနံ့တို့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ကောင်းကင်ဂိုဏ်းတော်မှ ပညာရှင်းလေးယောက် တိုက်ခိုက်သည်ကို ကြည့်ရင်း နတ်ဆိုးပန်းပွင့်ကို စောင့်ကြပ်နေသည့် အနီးအနားမှ ကျင့်ကြံသူများ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။

အကုန်လုံး မည်သူမှ မတုန်ဆိုင်းရဲတော့။ နှစ်ဖွဲ့ပေါင်းအဖွဲ့နှင့် မြို့သခင်စံအိမ်မှ လွှတ်လိုက်သော မသေမျိုးအဆင့် ပညာရှင်များ အားလုံးသည် သူတို့၏ လက်နက်နှင့် သိုင်းပညာရပ် အသီးသီးကို ထုတ်ဖော်ကာ တိုက်ခိုက်ကြတော့လေ၏။

ချက်ချင်းပဲ မြေကမ္ဘာတစ်ခုလုံးကို တုန်ဟီးသွားစေနိုင်သည့် တိုက်ပွဲကြီးတစ်ခု နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်နား ဖြစ်ပေါ်လာခဲ့၏။

ကောင်းကင်ဂိုဏ်းတော်မှ ပညာရှင်လေးယောက်၊ မြို့သခင်စံအိမ်မှ လွှတ်လိုက်သော ခြောက်ယောက်နှင့် တစ်ဖက်အဖွဲ့မှ ပညာရှင် ရှစ်ယောက်၊ စုစုပေါင်း (၁၈)ယောက် ရှိသလို သူတို့၏ ခွန်အားသည်လည်း နိမ့်ကျခြင်း မရှိသော်ငြား ကျားအနည်းငယ်သည် ဝံပုလွေအုပ်လိုက်ကြီးကို မည်သို့မှ ပြန်မတိုက်နိုင်ချေ။ ထို့ကြောင့် တိုက်ပွဲစသည်နှင့် ချက်ချင်းဆိုသလို ချန်းယန်တို့ အောက်စည်းရောက်သွားခဲ့ရ၏။

အသက်ရှူရှိုက်စာ အကြိမ်(၂၀)လောက် ကုန်ဆုံးပြီးနောက် အကုန်လုံး ဒဏ်ရာအသီးသီး ရနေခဲ့ကြလေပြီ။ ထိပ်ဆုံးမှ တိုက်ခိုက်နေသည့် လီဝမ်ဆိုလျှင် သူ့တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့၏။

ချန်းယန်ဆိုလျှင်လည်း အခြေအနေမဟန်။ သို့သော် တိုက်ခိုက်နေရင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပွင့်ချယ်အလယ်ဗဟိုရှိ အခြေအနေကို စစ်ဆေးနေခဲ့၏။

ဆေးပညာရှင်လေးယောက် ဝင်သွားပြီးနောက် ပွင့်ချပ် အလယ်ဗဟိုမှ လှိုင်းတွန့်များ ထွက်လာနှုန်းသည် တဖြည်းဖြည်း လျော့ကျလာခဲ့၏။ အချိန်ကြာလသည်နှင့် အမျှ ထိုလှိုင်းတွန့်လေးများ ပျောက်ကွယ်စ ပြုလာခဲ့၏။

မကြာခင်မှာပင် လှိုင်းတွန့်လေးများ လုံးဝ ပျောက်ကွယ်သွား၏။

“ပြန်ဆုတ်တော့” ချန်းယန်က အော်ပြောလိုက်၏။ အော်ပြောပြီးသည်နှင့် နည်းနည်းမျှပင် တုန့်ဆိုင်း မနေတော့ဘဲ လီဝမ်ကို ကိုင်ကာ လေအလျင်ဖြင့် တစ်ဟုန်ထိုး ထွက်ပြေးတော့လေ၏။

ဖေးယု၊ ဖေးကျန်းနှင့် မြို့သခင်စံအိမ်မှ အစောင့် ခြောက်ယောက်သည်လည်း သူတို့နောက်မှ အနီးကပ် လိုက်သွားခဲ့ကြ၏။

ထိုအခြင်းအရာကို ကြည့်၍ ကျန်နှစ်ဖွဲ့ ကြောင်သွားခဲ့ရ၏။ ချန်းယန်တို့ မည်သည့်အတွက် ရုတ်တရက်ကြီး ပြန်ဆုတ်သွားသည်ကို နားမလည် နိုင်သော်ငြား ချန်းယန်တို့ မရှိဘဲ ဤနေရာကို ဆက်လက် ကာကွယ်ရန် မဖြစ်နိုင်သဖြင့် သူတို့လည်း အလျင်စလို ထွက်ပြေးကြတော့လေ၏။

နတ်ဆိုးပန်းပွင့်ကို ကာကွယ်နေသူများ ထွက်ပြေး သွားသည်ကို မြင်သော် ရောက်လာသည့် ကျင့်ကြံသူ အားလုံး အူမြူးသွားခဲ့ကြပြီး သူတို့၏ ဆေးပညာရှင် အသီးသီးကို ခေါ်ကာ ရန်ကိုင်နှင့် တိယောင်တို့နောက် လိုက်သွားရန် ပြင်လိုက်ကြ၏။

သို့သော် လှိုင်းတွန့်လေးများ ရပ်တန့်သွားသည်နှင့် မည်မျှပင် ကြိုးစားပါစေ၊ အထဲသို့ ဝင်လို့ မရတော့သည်ကို အားလုံး တွေ့ရှိလိုက်ရ၏။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အော်ဟစ်၊ ကျိန်ဆဲသံများ တောင်ထိပ်တစ်ဝိုက် ညံသွားခဲ့၏။

ထိုအချိန်အတွင်း ချန်းယန်နှင့် ကျန်သူများသည် တောင်အောက်ခြေသို့ ပြန်ရောက်နေခဲ့လေပြီ။ တစ်ယောက်ချင်းစီတိုင်းသည် သွေးချင်းနီနေခဲ့၏။ မိန်းမလှလေး ဖေးယုပင်လျှင် ယခင်ကဲ့သို့ ကျော့ကျော့ရှင်းရှင်းဖြင့် မရှိနိုင်တော့။ သူမ စိတ်ထဲလည်း ယခုအချိန်ထိ ကြောက်စိတ် မပြေနိုင်သေး။

ဝင်ပေါက်အား အသက်(၃၀)ရှိုက်စာသာ ကာကွယ်ရန်သာ လိုအပ်သဖြင့် ကံကောင်းသွားခဲ့ရ၏။ ထိုဝင်ပေါက်ကို ဆက်၍သာ ကာကွယ်ရဦးမည် ဆိုပါက သူတို့ထဲက မည်သူမှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

အကုန်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည့်အနက် လီဝမ့် ဒဏ်ရာ အပြင်းဆုံးဖြစ်၏။ ဧရာမရွှေလူသား အသွင်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် ချက်ချင်းဆိုသလို မြေကြီးပေါ် လဲပြိုကျသွားခဲ့လေ၏။

လူအိုကြီးလီက အလျင်အမြန် ရှေ့တက်၍ တစ်ယောက် ချင်းစီတိုင်းကို ဆေးတစ်လုံးဆီ ပေးလိုက်၏။

ချန်းယန်နှင့် ကျန်သုံးယောက် လူအိုကြီးလီကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ထိုကုသရေး ဆေးလုံးများကို အလျင်အမြန် မြိုချလိုက်လေ၏။

ခဏအကြာ၌ အကုန်လုံး၏ အခြေအနေ အနည်းနှင့် အများ ပြန်ကောင်းလာခဲ့၏။ လီဝမ့် အခြေအနေသည်လည်း အတော့်ကို ပြန်ကောင်းလာခဲ့၏။ အနည်းဆုံး ချက်ချင်း လက်ငင်းကြီး အသက်အန္တရာယ် မရှိသေးချေ။

“လူအိုကြီးလီ၊ ဒါပဲလား” ချန်းယန်က မျက်လုံးဖွင့်၍ ကောင်းကင်ထက် ဝဲနေသော နှစ်တစ်ထောင် နတ်ဆိုး ပန်းပွင့်ကို လှမ်းကြည့်လိုက်၏။ ယခုထိချိန်တိုင် မရေမတွက်နိုင်သော ပညာရှင်များသည် ထိုပန်းပွင့်ထဲသို့ ဝင်ရန် နည်းလမ်းရှာနေကြဆဲ။

“အင်း” လူအိုကြီးလီက ခေါင်းညိတ်ပြလိုက်ပြီး “ကျန်တာက သူတို့ကံအပေါ် မူတည်သွားပြီ”

“အခြားဆေးပညာရှင် နှစ်ယောက်လည်း ဝင်သွားတယ်။ ကျုပ်တို့ အဲ့နှစ်ယောက်ကို မတားလိုက်နိုင်ဘူး” ချန်းယန်က စိတ်ပျက်နေသည့် လေသံဖြင့် ရေရွတ်လိုက်၏။

“ဘာမှမဖြစ်ဘူး။ ဝင်သွားရငတောင် ဘာမှရမှာ မဟုတ်ဘူး” လူအိုကြီးလူက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်၏။

“ဟုတ်တာပဲ” ချန်းယန်က အသာအယာ ခေါင်းညိတ်လိုက်၏။ ရန်ကိုင် ရှိနေသည်ဖြစ်ရာ ထိုဆေးပညာရှင် နှစ်ယောက်အနေဖြင့် ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင် ဆိုသူက မသေမျိုး ဒုတိယအဆင့် ပညာရှင်များကိုပင် သတ်နိုင်သည် မဟုတ်ပါလား။

“အားလုံးအတွက် လူအိုကြီးလီကိုပဲ ကျေးဇူးတင်ရမယ်” ဖေးယုက လူအိုကြီးလီကို ကျေးဇူးတင်စကား ဆိုလိုက်၏ “လူအိုကြီးလီကြောင့်သာ မဟုတ်ရင် ခေါင်းမဲ့နေတဲ့ ယင်ကောင်တွေလိုပဲ၊ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေမှာ”

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်ကို သိပ်သည်းရန် ခက်ခဲမည်ဟု မည်သူ ထင်ခဲ့မည်နည်း။ ပန်းပွင့်လာသည်နှင့် အနားတွင် ထိုင်၍ ဆေးအရည်ကို သန့်စင်ရုံဟု အားလုံး ထင်နေခဲ့ခြင်း ဖြစ်၏။ တိယောင်နှင့် ကံကောင်းပြီး မိတ်ဆွေဖွဲ့လိုက်နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကာကွယ်သူ လေးယောက် အနေဖြင့် သူတို့၏ တာဝန်ကို ဤမျှ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

“ဟဲဟဲ၊ ငါက မင်းတို့က နှစ်ကြာကြာလေး ပိုနေရသေးရုံပါပဲ၊ ဘာမှမဟုတ်ပါဘူး” လူအိုကြီးက ယဲ့ယဲ့လေး ရယ်ပြုံးပြုံးလိုက်ပြီး “ကဲ၊ ဘာမှလုပ်စရာ မရှိမှတော့ ဝဲပျံတိမ်တိုက်မြို့တော်ဆီပဲ ပြန်ကြတာပေါ့။ သူတို့ ပြန်ထွက်လာဖို့ ရက်နည်းနည်းလောက် ကြာဦးမယ်”

အားလုံး ခေါင်းညိတ်လိုက်ကြပြီး လူအိုကြီးလီနှင့် အတူ ဝဲပျံတိမ်တိုက်မြို့တော်ဆီသို့ ပြန်ကြလေ၏။

တစ်လျှောက်၌ လူအိုကြီးလီသည် ရန်ကိုင်နှင့် ပက်သက်သည့် အကြောင်းအရာများကို မေးမြန်းခဲ့၏။ အပြင်လူများ ဖြစ်သော်လည်း လူအိုကြီးလီ ဖြစ်နေရာ ချန်းယန် အနေဖြင့် ရိုးရိုးသားသားသာ ပြန်ဖြေပေးလိုက်၏။

“အို၊ သူက ဟိုးချောင်ကျတဲ့ နေရာတစ်ခုက လာတာလား” လူအိုကြီးက ရုတ်တရက် ပြုံးလိုက်ပြီး “ငါသိပြီ”

“ကျုပ်တို့လည်း တော်တာ်လေး အံ့အားသင့်သွားတာ။ သူလို့ လူတစ်ယောက်က အဲ့လို နေရာလေးတစ်ခုကနေ လာတာ ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး” ချန်းယန်က ပြုံးကာ ခေါင်းခါရမ်းလိုက်၏။ ရန်ကိုင်နှင့် ယှဉ်လျှင် ကောင်းကင်ဂိုဏ်းတော်၏ လက်ရွေးစင်ဆိုသူ အားလုံး ရွက်ကြမ်းရေကျိုသာ ဖြစ်ကုန်၏။

“အအဆင့်နိမ့်လောကကြီးမှာ မွေးလာတဲ့လူတွေကို သွားအထင်မသေးသင့်ဘူး။ အဲ့နေရာမှာ ပါရမီရှင်တွေ အများကြီးပဲ။ အမျိုးမျိုးသော ကန့်သတ်ချက်တွေ ကြောင့်သာ သူတို့လည်း ထင်သလောက် မတိုးတက်နိုင်ကြတာ။ ဒါပေမယ့် သူတို့သာ ဒီလိုမျိုး လောကကြီးမှာ မွေးလာကြည့်ပါလား၊ ဒီက လူတွေတောင် ထိုင်ငိုသွားရနိုင်တယ်” လူအိုကြီးက ပြောလိုက်၏။

“လူအိုကြီးလီ ပြောတာ အမှန်ပဲ” ချန်းယန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “အရင်တုန်းကတော့ ဘယ်တော့မှ မယုံခဲ့ဘူး။ ဒါပေမယ့် ဂိုဏ်းတူတူလေးကို တွေ့ပြီးတဲ့ နောက်ပိုင်း လုံးဝကို ယုံသွားတာ။ သူနဲ့အတူ လာတဲ့ သူ့စီနီယာအစ်မ နှစ်ယောက် ရှိသေးတယ်ဆိုပဲ။ နှစ်ယောက်စလုံးကလည်း သူ့အောက်မကျဘူးတဲ့။ အချို့နေရာတွေမှာ သူ့ထက်တောင် ပိုသာနိုင်သေးတယ်”

“သူ့မှာ စီနီယာအစ်မ နှစ်ယောက် ရှိသေးတာလား” လူအိုကြီးလီက မျက်ခုံးပင့်လိုက်၏။

“ဟုတ်တယ်။ ဂိုဏ်းတူတူလေးက သူတို့ကို ရှာနေတာ။ ဒါပေမယ့် ကံကောင်းစွာနဲ့ အခုထိ သူတို့အကြောင်း သဲလွန်စ မရသေးဘူး။ ဟူး… အဲ့နှစ်ယောက်ကို ရှာရတာ ပင်လယ်ထဲ အပ်ပျောက် ရှာသလိုပဲ”

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၁၅) ကြယ်တာရာကောင်းကင်

——————————————————————

ဟင်းလင်းပြင်ထဲ ရန်ကိုင်နှင့် တိယောင်တို့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ပေါ်လာလာချင်းမှာပင် တိယောင်က အကာအကွယ် ပစ္စည်းတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး သူတို့ ပတ်လည်၌ အရံအတား တစ်ခုဖန်တီးလိုက်ကာ လေးနက် တည်ကြည်သည့် အမူအရာဖြင့် အလျင်စလို အော်ပြောလိုက်၏ “ညီအစ်ကိုရန်၊ ဒီအရံအတား အပြင်ဘက်ကို မထွက်သွားနဲ့နော်။ မဟုတ်ရင် ဒုက္ခလှလှ တွေ့လိမ့်မယ်”

ရန်ကိုင်က ပြန်မဖြေခဲ့ဘဲ သူ့ရှေ့ရှိ မြင်ကွင်းကို သေချာအာရုံစိုက်ကြည့်နေခဲ့၏။

အပေါ်၊အောက်၊ လက်ယာ၊ လက်ဝဲဘက်၌ ဘာဆိုဘာမှ ရှိမနေခဲ့ရာ အဆုံးမဲ့ အသူတရာ ချောက်ထဲ ရောက်နေသလားဟုပင် ထင်မှတ်ရ၏။

ပတ်ပတ်လည်၌ တလက်လက် တောက်ပနေသော ကြယ်များ ရှိနေခဲ့ပြီး နည်းနည်း ပိုနီးနီးနေရာ၌ အပူလှိုင်းတို့ ဖြာထွက်နေသည့် နေတစ်စင်း ရှိနေခဲ့ကာ အေးစက်စက် အလင်းရောင်ဖြင့် လင်းဖြာနေသော လတစ်စင်းလည်း ရှိနေသဖြင့် အိမ်မက်ပင် မက်နေသလားဟုပင် ရန်ကိုင် တွေးမိသွားခဲ့ရ၏။

အဆုံးမရှိ၊ အစမရှိသော ပိန်းပိန်ပိတ် မည်းမှောင်နေသည့် ဟင်းလင်ပြင်ကြီးကို ကြည့်ရင်း ရန်ကိုင် စိတ်တစ်ခုလုံး တင်းကြပ်သွားခဲ့ရ၏။

ခြေချစရာ မြေမရှိ၊ သူတို့အား အောက်သို့ ဆွဲချနေသည့် မည်သည့် အားမှမရှိ။ သူသည် ကြုံသလို ဝဲမျောနေခဲ့၏။ ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးနှင့် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်သည် လုံးဝကို ပျောက်ကွယ်သွားခဲ့လေပြီ။ သူမြင်နေသည်ကား မှောင်းမည်းနေသော လိုဏ်ဂူဝင်ပေါက် တစ်ခုနှင့်တူသော ပတ်ဝန်းကျင်တစ်ခုပင်။

၎င်းသည် လေဟာနယ်လျှောက်လမ်းပင် ဖြစ်၏။

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဝတ်ဆံသည် လေဟာနယ်လျှောက်လမ်း၏ ဝင်ပေါက် ဖြစ်နိုင်၏။ ထိုလေဟာနယ်လျှောက်လမ်း သူ့အား မည်သည့် နေရာဆီသို့ ပို့လိုက်သည်ကိုပင် ယခုထိတိုင် ရန်ကိုင် မသိသေးချေ။

“ငါတို့ အခုဘယ်ရောက်နေတာလဲ” ရန်ကိုင်က မေးလိုက်ရာ တိယောင်က အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာဖြင့် စူးစမ်းနေရင်း ပြန်ပြောလိုက်၏ “ကြယ်တာရာ ကောင်းကင်ပဲ”

“ကြယ်တာရာကောင်းကင်လား” ရန်ကိုင် မျက်ခုံကြောတို့ တွန့်ကွေးသွားခဲ့ပြီး “ဒဏ္ဏာရီတွေက အမှန်ပဲလား”

“ဟုတ်တာပေါ့၊ အမှန်ပဲပေါ့” တိယောင်က ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ပြီး “လောကကြီးက ပညာရှင်အများစုက ကြယ်တရာကောင်းကင်နဲ့ ပက်သက်တဲ့ ကောလဟာလတွေကို ကြားဖူးကြတယ်လေ။ ကြယ်တာရာကောင်းကင်ကနေ တုန်းရွှမ်လောကကြီးဆီ ရောက်လာတဲ့ ပစ္စည်းတွေလည်း အများကြီးပဲ။ ဒါပေမယ့် ဘယ်သူကမှ ကြယ်တာရာ ကောင်းကင်ဆီ မရောက်ဖူးကြသလို ကြယ်တာရာ ကောင်းကင်က ဘာနဲ့တူတယ် ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်က ကြယ်တာရာကောင်းကင်ဆီ သွားဖို့ ဝင်ပေါက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ”

“ဒါက ကြယ်တရာကောင်းကင်ဆိုတာ တကယ်ကြီးလား။ ဆန်းကြယ်လောကငယ် တစ်ခုတော့ မဟုတ်ပါဘူးနော်” ရန်ကိုင်မှာ ယခုထိတိုင် မယုံနိုင်သေး။ ဤနေရာသည် မှော်ဆန်သော ဆန်းကြယ်လောကငယ် တစ်ခုဟုသာ ပိုယုံချင်နေမိ၏။

“မင်းကို ဘာလို့ လိမ်ရမှာလဲ” တိယောင်က ပြုံးလိုက်ပြီး “ဒီနေရာ ကြယ်တာရာကောင်ကင်လို့ ဆရာကိုယ်တိုင် ငါ့ကို ပြောခဲ့တာ။ အဲ့ကြယ်ကြီးကို မင်းမြင်လား။ အဲ့ဒါက ငါတို့ တုန်းရွှမ်လောကကြီးပဲ”

ရန်ကိုင်လည်း တိယောင် ညွှန်ပြသည့် အရပ်ဆီ လှမ်းကြည့်လိုက်ရာ ကြယ်ကြီးတစ်လုံးကို မြင်တွေ့ လိုက်ရ၏။ သူရပ်နေသည့် နေရာမှ လှမ်းကြည့်လျှင် ထိုကြယ်သည် လက်သီးတစ်လုံးစာ အရွယ်အစားသာ ရှိ၏။

ယခု သူ့စိတ်အခြေအနေကို မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။

“ဘာလို့ ဝိုင်းနေတာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။ တုန်းရွှမ်လောကကြီးသည် ဝိုင်းဝိုင်းကြီး ဖြစ်နေလိမ့်မည်ဟု သူ့စိတ်ထဲ တစ်ခါမှ မတွေးခဲ့ဖူး။

၎င်းသည် ဝိုင်းဝိုင်းကြီး ဖြစ်နေပါက ၎င်းအပေါ်ရှိ လူများ မည်သည့်အတွက်ကြောင့် အောက်သို့ ပြုတ်မကျ ရသနည်း။

“ငါလည်းမသိဘူး” တိယောင်က ပခုံးတွန့်ပြလိုက်၏။

နှစ်ယောက်သား စကားပြောနေစဉ် သူတို့၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး လေဟာနယ် လျှောက်လမ်းဆီ အမြန်အဆန် လှမ်းကြည့်လိုက်ကြ၏။

တိယောင်က အကာအကွယ် လက်နက်ကို ထိန်းချုပ်၍ ရန်ကိုင်ကိုပါ ခေါ်ကာ ခပ်ဝေးဝေးသို့ ဆုတ်သွားခဲ့၏။

မကြာခင်မှာပဲ လေဟာနယ်လျှောက်လမ်းဆီမှ လူနှစ်ယောက် ပေါ်လာခဲ့၏။

ထိုနှစ်ယောက်စလုံး ရန်ကိုင်တို့နှင့် အတူပူးပေါင်းခဲသည့် အဖွဲ့နှစ်ဖွဲ့မှ ဆေးပညာရှင်များ ဖြစ်ပေ၏။ ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို တိုက်ခိုက်မည့်ဟန် ပြင်ထားလိုက်၏။

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်ကို ရယူရန် ရန်ကိုင်နှင့် တိယောင်ကို တိုက်ခိုက်ရမည်မှန်း နှစ်ယောက်စလုံး သိထားသည့်ပုံပင်။

ထိုစိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် နှစ်ယောက်သည် မငယ်ကြသလို သူတို့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နိမ့်ကျခြင်းမရှိ။ နှစ်ယောက်စလုံးသည် မသေမျိုး ပထမ အဆင့် ပညာရှင်များ ဖြစ်ကြ၏။ သို့သော် သူတို့သည် ဆေးပညာကိုသာ တစိုက်မတ်မတ် အာရုံစိုက် လေ့ကျင့်နေခဲ့ကြသဖြင့် သူတို့၏ တိုက်ပွဲစွမ်းရည်သည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ပညာရှင်ထက် သာရုံလေးသာ ရှိ၏။

သို့သော်လည်း ရန်ကိုင်နှင့် တိယောင်ကဲ့သို့ ကောင်လေး နှစ်ယောက်၌ ရင်ဆိုင်ရာတွင် နည်းနည်းမျှပင် ကြောက်ရွံ့ခြင်းမရှိ။ မာန်ပင် တက်နေလိုက်သေး၏။

ရန်ကိုင်က တိုက်တော့မည်အပြု၊ တိယောင်က သူ့ကို ဝင်တားလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် သွားပေါ်အောင်ပြုံးရင်း “သူတို့နဲ့ တိုက်စရာ မလိုဘူး”

“အန်၊ ဘာလို့လဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့၏။

တိယောင်က ရယ်ရယ်မောမောဖြင့်သာ ပြန်ပြောလိုက်၏ “ဘာလို့လဲဆိုတော့ သူတို့က သေလူတွေ ဖြစ်နေပြီလေ”

ပြောပြီးသည်နှင့် ထိုနှစ်ယောက်ဘက်လှည့်ကာ အော်ပြောလိုက်၏ “ရောင်းရင်းတို့ရေ၊ မင်းတို့ရဲ့ အကာအကွယ် လက်နက်တွေကို ထုတ်ယူသင့်ပြီနော်။ မဟုတ်ရင် မင်တို့ အသေဆိုးနဲ့ သေရမှာ”

တိယောင်စကားကြောင်း နှစ်ယောက်စလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြ၏။ သို့သော် သူတို့၏ လက်ရှိ အခြေအနေကို သတိပြုမိပြီးနောက် နှစ်ယောက်စလုံး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့ကြ၏။

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ထဲ ဝင်လာပြီးနောက် ကြယ်တာရာကောင်းကင်ထဲ ရောက်လာလိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် မတွေးဖူးခဲ့။

ထိုကျယ်ပြောပြီး အဆုံးမရှိသော အသူတရာ ချောက်နက်ကြီးသည် သူတို့အား အကြီးအကျယ် တုန်လှုပ်ချောက်ချား သွားစေခဲ့၏။

ပိုဆိုးသည်ကား အဆင်သင့်ပင် မဖြစ်သေးခင်မျာပင် သူတို့၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲရန် ကြိုးစားနေသည့် ဖျက်အားပြင်းထန်လှသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်ခြင်းပင်။

နှဏ်ယောက်စလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူတို့၏ အားအကောင်းဆုံး အကာအကွယ် ပစ္စည်းများကို ချက်ချင်း ထုတ်ယူလိုက်၏။

နှစ်ယောက်စလုံးသည် ဆေးပညာရှင်များ ဖြစ်လေရာ ဆင်းရဲခြင်းမရှိ။ ထို့ကြောင့် သူတို့ ထုတ်ယူလိုက်သည့် ပစ္စည်းများသည်လည်း အဆင့်နိမ့်ကျခြင်း မရှိ။ စိတ်ဝိဥာဉ် အလယ်အလတ်နှင့် အထွဋ်အထိပ်အဆင့် အကာအကွယ် ပစ္စည်းများ ဖြစ်ကြ၏။ ထိုအကာအကွယ် ပစ္စည်းသည် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက်၏ အားကုန်သုံး တိုက်ခိုက်မှုတစ်ချက်ကို ခုခံနိုင်ပေ၏။

ကံမကောင်းစွာဖြင့် ကြယ်တာရာ ကောင်းကင်ထဲ၌ ထိုအကာအကွယ် ပစ္စည်းများသည် သူတို့၏ သေမင်းအား တစ်ခဏတာ နှောင့်နှေးရုံသာ လုပ်နိုင်၏။

ဘေးပတ်ဝန်းကျင်ရှိ အဖျက်အားကြောင့် အကာအကွယ် ပစ္စည်း၏ အရံအတားသည် မုန်တိုင်းထဲ ရောက်နေသည့် မီးတိုင်ပမာ အလျင်အမြန် မှိန်လျော့ လာခဲ့လေ၏။

“ဒါဘယ်နေရာကြီးလဲ” တစ်ယောက်က အော်မေးလိုက်၏။

“ဘယ်သူသိမှာလဲ” တိယောင်က မပြောပြဘဲ ထိုနှစ်ယောက်ကို လက်ဝှေ့ရမ်းပြလိုက်ပြီး ရန်ကိုင်ကို ခေါ်ကာ အခြားတစ်နေရာဆီ ထွက်သွားလိုက်လေ၏။

လူနှစ်ယောက်စလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြ၏။ သူတို့၏ အကာအကွယ်ပစ္စည်းသည် မကြာခင် ကျိုးပျက်တော့မည်မှန်း သိသည်နှင့် ပြန်ဆုတ်ရန် ချက်ချင်း စဉ်းစားလိုက်၏။ သို့သော် နောက်ပြန်လှည့်လိုက်သည့် အချိန်၌ သူတို့နောက်ရှိ လေဟာနယ်လျှောက်လမ်းသည် ပိတ်နေခဲ့လေပြီ။ တစ်ဖက်လှည့်၍ တိယောင်နှင့် ရန်ကိုင်တို့ဆီမှ အကူအညီ တောင်းရန် လုပ်လိုက်သော်ငြား ထိုလူငယ်လေး နှစ်ယောက်သည် သူတို့ရှေ့မှ ပျောက်ကွယ်သွားခဲ့လေပြီ။ ချက်ချင်းဆိုသလို သူတို့ နှလုံးသားထဲ ကြောက်စိတ်တို့ ကိန်းအောင်း ဝင်ရောက်လာခဲ့လေ၏။

အော်ဟစ်သံများ ကြားသဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ရာ ဆေးပညာရှင် နှစ်ယောက်စလုံး ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ အရိုးများပင် မကျန်ခဲ့။ သူတို့ နှစ်ယောက် ထုတ်ယူအသုံးပြုခဲ့သည့် အကာအကွယ် ပစ္စည်းနှစ်ခုဆိုလျှင်လည်း အမှုန်အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေပြီ။

“ဒီအဖျက်စွမ်းအားတွေက ကြယ်တာရာ ကောင်းကင်တစ်လျှောက်မှာ ပျံ့နေတာလား” ပြဿနာ မည်မျှ ကြီးမားမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်၏။ တိယောင် ဖန်တီးထားသည့် အရံအတာသည်လည်း တိုက်ခိုက်ခံရသည့် အရိပ်အယောင်တို့ ပြနေခဲ့၏။ သို့သော် သူ့အကာအကွယ်ပစ္စည်း အဆင့်သည့် အတော့်ကိုမှ မြင့်မားလှလေရာ ပျက်စီးမည့် အရေးကို တွေးပူစရာ မလိုချေ။

“ဟုတ်တယ်။ ကြယ်တာရာကောင်းကင်ထဲ စီးဆင်းနေတဲ့ စွမ်းအင်တွေက ငါတို့ ခုခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက၊ ဆရာတောင် သေမလို ဖြစ်ခဲ့ရတာလေ။ သူ့မှာ အားကောင်းတဲ့ အကာအကွယ်ပစ္စည်းတစ်ခု ရှိနေလို့ပေါ့။ မဟုတ်ရင် ထျန်းဇန် လူအိုကြီးဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။ ကြယ်တာရာကောင်းကင်ထဲက အဖျက် စွမ်းအားကို ခုခံနိုင်ဖို့ဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အနည်းဆုံး မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ယှဉ်နိုင်ဖို့ လိုတယ်တဲ့။ အဲ့လိုမှမဟုတ်ရင် အားကောင်းတဲ့ အကာအကွယ် ပစ္စည်းတစ်ခုခု ရှိနေဖို့လိုတယ်”

ယခု ရန်ကိုင်လည်း ကြယ်တာရာကောင်းကင် အကြောင်း တော်တော်လေးကို သိချင်နေမိလေပြီ။

ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင်သည် ဤမျှ အန္တရာယ်များလိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့။ ရပ်နေရုံလေးတင်ပင် အသက်အန္တရာယ် ရှိနေလေပြီ။

ပြောနေစဉ်မှာပဲ တိယောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြုံးကာ “တွေ့ပြီ”

ပြောရင်း အရှေ့ဘက်သို့ လက်ညိုးထိုးပြလိုက်၏။

တိယောင် ညွှန်ပြသည့် နေရာဆီသို့ လှမ်းကြည့် လိုက်သည်နှင့် ရန်ကိုင် မျက်ဝန်းအစုံ တဖျတ်ဖျတ် လက်သွားခဲ့ပြီး “နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်လား”

သူတို့နှင့် မလှမ်းမကမ်း၍ နှစ်တစ်ထောင်နတ်ဆိုး ပန်းပွင့်နှင့် ချွတ်ဆွတ်တူသော ပန်းတစ်ပွင့် ရှိနေခဲ့၏။ ကွဲပြားသွားသော တစ်ခုတည်းသော အချက်သည်ကား ထိုပန်းပွင့်သည် သူတို့ မြင်ခဲ့ရသော နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ထက် အဆပေါင်းများစွာ သေးငယ်နေခြင်းပင်။

“ဟုတ်တယ်။ ဒါကမှ အစစ်အမှန် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ပဲ” တိယောင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး “တကယ်တော့ ကောင်းကင် တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ်မှာ ငါတို့ မြင်ခဲ့တဲ့ နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်က ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်နဲ့ ငါတို့ တုန်းရွှမ်လောကကြီးက တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်လေ။ ဒါကြောင့် အဲ့ဒါက ငါတို့ လောကကြီးဆီက စွမ်းအင်တွေကို စုပ်ယူနိုင်တယ်။ အဲ့လို စုပ်နေတဲ့အချိန် ပန်းရဲ့ ပုံရိပ်က ကောင်းကင် တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ်မှာ သွားပေါ်တာပဲ။ ဒါပေမယ့် တုန်းရွှမ်လောကကြီးက မိုးမြေစွမ်းအင် တွေကတော့ ဒီနေရာကို တကယ်ပဲ စီးလာတယ်”

ယခုအချိန်၌ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်သည် အစိမ်းရောင် တောက်နေခဲ့၏။ ပွင့်လန်းနေသော ပွင့်ချပ်များ၏ အလယ်ဗဟို၌ သလင်းကျောက်ပမာ ကြည်လင်၍ ပုလဲသီးလေးများပမာ ထင်မှတ်ရသည့် အရည်စက်လေး အနည်းငယ် ရှိနေခဲ့၏။ ထိုအရည်စက်မှ ထွက်ပေါ်နေသော ရစ်မူးဖွယ် သင်းရနံ့သည် ရှူရှိုက်မိသူ အပေါင်း၏ စိတ်အစုံကို တည်ငြိမ်သွားစေနိုင်ပေ၏။

“ညီအစ်ကိုရန်၊ လိုချင်ရင် သွားယူလိုက်တော့။ ဆေးအရည်ကို သိပ်သည်းဖို့က ဘာအထူးနည်းလမ်းမှ မလိုဘူး။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ အစစ်အမှန် ဒြပ်ခန္ဓာကိုယ်ကို ရှာတွေ့နိုင်တာနဲ့ ဆေးအရည်ကို ယူလို့ရပြီပဲ။ အဲ့အရည်စက်တွေက နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်ရဲ့ အဆီအနှစ်တွေပဲ” တိယောင်က ရှင်းပြလိုက်၏။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၍ ပန်းပွင့်ရှေ့ သွားလိုက်ပြီး အရည်စက်များကို ရေတွက်လိုက်၏။ စုစုပေါင်း အရည်(၆)စက် ရှိနေသဖြင့် ရန်ကိုင် အမူအရာ ဝင်းပသွားခဲ့ရ၏။

“မနည်းများတာပဲ။ ကြည့်ရတာ ညီအစ်ကိုရန်ရဲ့ကံက တကယ် မဆိုးဘူးပဲ” တိယောင်က ပြုံးလိုက်၏ “ဆရာ လာခဲ့တုန်းကဆိုရင် သုံးစက်ပဲ ရှိတာ။ ငါတောင် ညီအစ်ကိုရန်ရဲ့ ဂိုဏ်းတူဦးလေး၊ ဂိုဏ်းတူဒေါ်လေးတို့ အတွက် မလောက်မှာကို စိုးရိမ်နေတာ။ အခုတော့ နှစ်စက်တောင် ပိုနေသေးတယ်”

“ဒီနှစ်စက်ကို မင်းယူလိုက်လေ” ပြောပြီးသည့်နောက် ရန်ကိုင်က ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်ကာ ထိုဆေးအရည်စက်ကို သေသေချာချာ စုဆောင်းလိုက်၏။

“ငါ့အတွက်မလိုဘူး” တိယောင်က ခေါင်းခါရမ်းလိုက်ပြီး “ဆေးအရည်အားလုံးကို မင်ယူလို့ ရတယ်လို့ ငါတို့ သဘောတူညီချက် လုပ်ခဲ့တယ်လေ။ ငါ့အတွက်တော့ အဲ့ဆေးအရည်စက်တွေက တကယ်ကို အရေးမပါတာ။ ဆရာက သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေပြီလေ။ ငါကတော့… အင်း၊ ငါလည်း သူတော်စင်ကို ကိုယ့်အားကိုယ်ကိုးပြီး ချိုးဖျက်ချင်တယ်”

ရန်ကိုင်က တိယောင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏ “အဲ့လိုဆိုရင် ငါလည်း ယဉ်ကျေးမနေတော့ဘူးနော်”

ရန်ကိုင်သည်လည်း တိယောင်ကဲ့သို့ပင် သူတော်စင် အဆင့်ကို ကိုယ့်အားကိုယ်ကိုးပြီး ချိုးဖျက်ချင်နေခြင်း ဖြစ်၏။

အဆင့်ကြီးတစ်ဆင့်တိုင်းကို ချိုးဖျက်သည့်အခါ မည်သည့် ပြင်ပအကူအညီကိုမှ ရန်ကိုင် မသုံးခဲ့။ သူ့ကိုယ်သူသာ မှီခိုအားထားခဲ့၏။ ထို့ကြောင့် သူ့အုတ်မြစ်သည် သာမန်ကျင့်ကြံသူများထက် ပို၍ ခိုင်မာကျစ်လစ်၏။ သူသာ ပြင်ပအကူအညီများအပေါ် မိခိုလိုက်ပါက သူ့အနာဂတ်သည် အကန့်အသတ်နှင့် ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း လူအိုကြီးလီ တစ်ယောက်သာ ရှိနေသော တိယောင်ကဲ့သို့ မဟုတ်ဘဲ ရန်ကိုင်တွင် မိတ်ဆွေ၊ မိသားစုဝင်များ ရှိ၏။ ထို့ကြောင့် ထိုအရည်ပို နှစ်စက်သည် တစ်နေ့နေ့ကျ အသုံးဝင်လာနိုင်ပေ၏။

ထိုအရည်ခြောက်စက်ကို စုဆောင်းပြီးနောက် ရန်ကိုင်က မေးလိုက်၏ “အခု ဘယ်လိုပြန်ကြမလဲ”

“ဒီအနားမှာ တုန်းရွှမ်လောကကြီးဆီ ဦးတည်နေတဲ့ နောက်ထပ် လေဟာနယ်လျှောက်လမ်းတစ်ခု ရှိနေတယ်။ အဲ့ဒါကို တွေ့တာနဲ့ ပြန်လို့ရပြီ။ ဒါပေမယ့် အဲ့ဒါ ဘယ်မှာ ရှိနေလဲ ဆိုတာကိုတော့ ဆရာ ပြောမပြခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖို့ပဲ ပြောလိုက်တယ်” တိယောင်က ရုတ်တရက် ပြုံးလိုက်ပြီး “တွေ့မယ်ဆိုရင်တောင် ချက်ချင်း မပြန်ချင်သေးပါဘူး”

“ဘာလို့လဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့၏။

“ဒါက တကယ်ကို ရှားပါးအခွင့်အရေးကွ ညီအစ်ကိုရန်ရဲ့” တိယောင်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ဒါက ကြယ်တာရာကောင်းကင်လေ။ အခု ငါတို့ကို မရေမတွက်နိုင်သော ကောင်းကင်တာအို ဥပဒေသတွေ ပါဝင်နေတဲ့ ကြယ်တာရာကောင်းကင်ရဲ့ စွမ်းအား ဝိုင်းရံနေတာ။ ဒီနေရာမှာ တစ်ရက် ကျင့်ကြံတာက အပြင်မှာ နှစ်ဝက်လောက် ကျင့်ကြံတာနဲ့ အတူတူပဲ။ မင်သာ ဒီနေရာမှာ တစ်ခုခုကို နားလည် နိုင်လိုက်တာနဲ့ မင်းတစ်ဘဝလုံးစာ အကျိုးအမြတ်နဲ့ ညီမျှသွားပြီ”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင် မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့ပြီး စိတ်အားထက်သန်တကြီး ပြန်မေးလိုက်၏ “တကယ်လား”

တိယောင်က ခေါင်းညိတ်လိုက်၏။

“ဒါဆို ငါတို့ ဘာကို စောင့်နေဦးမှာလဲ” ရန်ကိုင်မှာ လွန်စွာကိုမှ စိတ်မရှည်နိုင် ဖြစ်နေကာ ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်ပြီး ကျင့်စဉ်ကို လှည့်ပတ်လိုက်၏။

ရန်ကိုင်ပုံစံကို ကြည့်ပြီး တိယောင် မှင်သက်သွားခဲ့ရ၏။ ချက်ချင်းပဲ ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “အလျင်စလိုစရာ မလိုပါဘူး။ အခု လောလောဆယ် အရံအတားက ကြယ်တာရာ ကောင်းကင်ရဲ့ စွမ်းအင်တွေကို တားဆီးနေတယ်လေ။ ခဏစောင့်၊ အပေါက်လေး ဖွင့်ပေးမယ်”

ပြောပြီးသည်နှင့် တိယောင်၏ အမူအရာ လေးနက် တည်ကြည်သွားခဲ့ပြီး အရံအတား မျက်နှာပြင်ထက် အက်ကြောင်း သေးသေးလေး ဖန်တီးလိုက်လေ၏။

================================

All Chapters