အခန်း (၇၂၁-၇၂၅)
Vol. 29 Ch. 721-725
အပိုင်း(၇၂၁) မမျှော်လင့်ထားသော သဲလွန်စ
——————————————————————
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီနောက် ရန်ကိုင် မျက်လုံးများ ပြန်လည် ကြည်လင်လာခဲ့၏။ အတွေးနက်နေသည့် အမူအရာဖြင့် ဆေးမီးဖိုနှင့်တကွ အနက်ရောင်စာအုပ်ထဲရှိ ဆေးပင်များကိုပါ ထုတ်ယူလိုက်၏။
ထို့နောက် တေဇောဓါတ် ကောင်းကင် အသိစိတ်ကို သုံး၍ ထိုဆေးပင်များကို ဆေးအရည်အဖြစ် သိပ်သည်းလိုက်၏။ ထို့နောက် ဆေးမီးဖိုထဲ ပစ်ထည့်လိုက်လေ၏။
တေဇောဓါတ် ကောင်းကင်စိတ်အာရုံကို သုံး၍ ဆေးမီးဖိုတွင်းရှိ အမျိုးမျိုးသော ဆေးရည်များကို သန့်စင်၊ ပေါင်းစပ်ခြင်းများ ပြုလုပ်၏။
ခဏအကြာ၌ ဆေးမီးဖိုမှ ဆေးသင်းရနံ့ စတင် ထွက်ပေါ်လာခဲ့၏။
ဝှစ်…
ဆေးလုံးလေးတစ်လုံး ဆေးမီးဖိုမှ ခုန်ထွက် လာခဲ့သော်လည်း ရန်ကိုင်က ထိုဆေးလုံးကို အမြန်အဆန် ဖမ်းယူနိုင်၏။ ဆေးလုံးကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့၏။
သူတော်စင်အဆင့် ဆေးလုံး… အစစ်အမှန်ချီကို သုံး၍ သန့်စင်ရခြင်းထက် အများကြီး ပိုရိုးရှင်း၊ တိုက်ရိုက် ဆန်ပေ၏။ ထို့အပြင် ဤနည်းလမ်းဖြင့် တေဇောဓါတ် ကောင်းကင်စိတ်အာရုံကို ထိန်းချုပ်ရာ၌ ပို၍နိုင်နည်း ကျွမ်းကျင်လာသည်ဟု ရန်ကိုင် ခံစားမိလိုက်၏။ သူသန့်စင်ဖော်စပ်နိုင်သော ဆေးလုံးအဆင့်သည်လည်း ပို၍ မြင့်မားလာခဲ့၏။
တေဇောဓါတ် ကောင်းကင်စိတ်အာရုံဖြင့် ဆေးဖော်စပ်ခြင်းသည် အစစ်အမှန်ချီကို သုံး၍ ဆေးဖော်စပ်ခြင်းထက် အများကြီး ပိုထိရောက်၏။
တိယောင်မှာ ရန်ကိုင် လုပ်သည်ကို ကြည့်ရင်း လုံးဝကို ထိတ်လန့်နေခဲ့ရ၏။ သူ့ဆရာ တေဇောဓါတ် ကောင်းကင်စိတ်အာရုံကို သုံး၍ ဆေးလုံးဖော်စပ်သည်ကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးသော်လည်း မြင်လိုက်တိုင်း မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။ ရန်ကိုင်၏ တေဇောဓါတ် အသိစိတ်ပင်လယ်ကို သူတော်တော်လေး အားကျမိနေခဲ့၏။
လူအိုကြီးလီက ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်လုံး များသည် တဖျက်ဖျတ် လင်းလက်နေခဲ့၏။ ရန်ကိုင် ပြသခဲ့သည်ကို မြင်ပြီးနောက် သူ့အတွေ့အကြုံများကို ထိုလူငယ်လေးဆီ ဝေမျှပေးလိုက်ခြင်းက ထိုက်တန်သည်ဟု လူအိုကြီးလီ တွေးလိုက်မိ၏။
ထိုလူငယ်လေးသည် သူ့အတွေ့အကြုံများကို ကိုးကား၍ သူ့ကိုယ်ပိုင် နည်းစနစ်သစ်များကို ကျိန်းသေ တီထွင်ဖန်းတီး နိုင်ပေလိမ့်မည်။
“အခုလို ညွှန်ကြားပေးတဲ့အတွက် လူအိုကြီးလီကို ကျေးဇူးအများကြီး တင်ပါတယ်” ဆေးလုံးကို သိမ်းလိုက်ပြီး ရန်ကိုင်က လက်သီးဆုပ်ကာ လူအိုကြီးလီကို နှုတ်ဆက်လိုက်၏။
“ဟဲဟဲ။ ညီငယ်လေးက အရမ်း ယဉ်ကျေးနေတာပဲ။ ဒီလူအိုကြီး မင်းကို အခုလို သင်ပေးရတာကလည်း အကြောင်းပြချက် ရှိသေးတယ်လေ”
“ပြောပါ လူအိုကြီးလီ”
“ဒီလူအိုကြီး မေးချင်တာက မင်းရဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ဘယ်လိုရခဲ့လဲ ဆိုတာကိုပဲ။ ပြီးတော့ မင်းတေဇောဓါတ် အသိစိတ်ပင်လယ်ရဲ့ ခွန်အားက ငါ့အောက် မကျမှန်း ငါသိတယ်။ မင်းအသက်နဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ဒီလောက်အထိ အားကောင်းအောင် လေ့ကျင့်နိုင်ဖို့ဆိုတာ ရှားမှရှားပဲ။ ဒါကြောင့် အဲ့လောက်အထိ အားကောင်းလာအောင် ဘယ်လို လေ့ကျင့်ခဲ့လဲ ဆိုတာ မင်းငါ့ကို ပြောပြပေးလို့ရမလား”
ရန်ကိုင်က တစ်ခဏလောက် စဉ်းစားလိုက်ပြီး “ပထမမေးခွန်းကတော့၊ မမျှော်လင့်ပဲ ရခဲ့တယ်လို့ ပြောရမှာပဲ။ အရင်တုန်းက အစစ်အမှန် စိတ်ဝိဥာဉ် ရှိတဲ့ ယန်သလင်းကျောက်တုံး တစ်တုံးကို ရခဲ့တယ်လေ။ အဲ့ယန်သလင်းကျောက်တုံးကို စုပ်ယူပြီး အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်ကို သန့်စင်ဖို့ ကြိုးစားရင်းကနေ မမျှော်လင့်ပဲ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ရလာခဲ့တာပဲ”
“အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်လား” ထိုစကားကို ကြားသော် လူအိုကြီးလီ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “မင်းသတ္တိက မသေးပါလား။ အဲ့လိုဟာကိုတောင် သွားစုပ်ယူရဲတယ်”
“အဲ့တုန်းက အများကြီး မတွေးမိခဲ့ဖူး။ အခု ပြန်စဉ်းစားကြည့်တော့မှ အဲ့တုန်းက ဘယ်လောက် နမော်နမဲ့ နိုင်ခဲ့မှန်း သိတော့တယ်” ရန်ကိုင်က မဲ့ပြုံး ပြုံးလိုက်ပြီး “အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်က အရမ်းကြီး အားမကောင်းသေးတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ကျွန်တော် ဒီနေ့ ဒီနေရာမှာတောင် ရှိနေနိုင်တော့မှာ မဟုတ်ဘူး”
လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏ “အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်ကို သန့်စင်ရင် တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမယ့် ဒီနည်းလမ်းက အရမ်း အန္တရာယ်များလွန်းတယ်”
လူအိုကြီးလီက တိယောင်အတွက် မေးပေးနေခြင်း ဖြစ်၏။ တိယောင်သည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို အရမ်း လိုချင်နေခဲ့၏။ သို့သော် ရန်ကိုင် နည်းလမ်းသည် အရမ်းကိုမှ အန္တရာယ် များလှပေ၏။
အန္တရာယ်အားလုံးကို ကျော်ဖြတ်ခဲ့ပြီးမှ တေဇောဓါတ် အသိစိတ်ပင်လယ်ကို မရခဲ့လျှင် သူကြိုးစားခဲ့ရသမျှ အကုန် ရေစုန်မျောကုန်ပေလိမ့်မည်။ အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်ကို သန့်စင်ရင်း တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်သွားခဲ့ခြင်းည် ရန်ကိုင် အတွက် တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်၏။
“ဒုတိယမေးခွန်းကတော့…” ရန်ကိုင်က ဖြည်းဖြည်းချင်း ပြောလိုက်၏ “ကျွန်တော့် တေဇောဓါတ် အသိစိတ်ပင်လယ် အရမ်း အားကောင်းနေရတဲ့ အကြောင်းအရင်းကို ပြောရမယ်ဆိုရင် ကျွန်တော်က ဒီအတိုင်း လေ့ကျင့်ခဲ့တာ မဟုတ်ဘဲ အခြားသူတွေရဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်တွေကို ဝါးမြိုခဲ့လို့ပဲ”
“အခြားတစ်ယောက်ရဲ့ တေဇောဓါတ် အသိစိတ် ပင်လယ်တွေကို ဝါးမြိုတာလား” လူအိုကြီးလီ မျက်မှောင် ကြုံ့သွားခဲ့၏။
“အထင်မလွဲပါနဲ့ဦး။ ကျွန်တော်က အခြားလူတွေရဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်ကို သွားဓါးမြတိုက်တာ မဟုတ်ဘူး။ နေရာကတော့ ဘယ်နေရာလဲ မသိတော့ဘူး။ အဲ့နေရာမှာ ပိတ်လှောင်ထားတဲ့ တေဇောဓါတ် အသိစိတ် ပင်လယ် အကြွင်းအကျန် အများကြီးကို တွေ့ခဲ့တာလေ။ အဲ့ဒါတွေကို စုပ်ယူခဲ့လို့ပဲ ကျွန်တော်ရဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်က ဒီအတိုင်းအတာအထိ အားကောင်း လာခဲ့ရတာပဲ” ရန်ကိုင်က ရှင်းပြလိုက်၏။
“မင်းကံကတော့ တကယ်ကြီးကို ကောင်းလွန်းနေတာပဲ” တိယောင်က မနာလို အားကျစွာဖြင့် ပြောလိုက်၏။
ဤလောကကြီး၌ တေဇောဓါတ် အသိစိတ် ပင်လယ် ပိုင်ဆိုင်ထားသူ များများစားစား မရှိချေ။ တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည့် အဆင့်မြင့် ဆေးပညာရှင်များကို ပြပါဆိုလျှင် ရန်ကိုင်နှင့် လူအိုကြီးလီ တို့ကိုသာ လက်ညိုးထိုး ညွှန်ပြရပေလိမ့်မည်။
တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည့် အခြားသူများ ရှိကောင်းရှိနေနိုင်သော်လည်း သူတို့ အားလုံသည် ဆေးပညာရပ်၍ ပါရမီ မပါကြချေ။
“အင်း၊ ဒီလူအိုကြီး နားလည်သွားပြီ” လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဒီလူအိုကြီးရဲ့ မေးခွန်းတွေကို ဖြေပေးလို့ ညီငယ်လေးကို ကျေးဇူးတင်ပါတယ်။ မင်းပြောသွားတာတွေက ငါ့အတွက် တော်တော်လေးကို အကူအညီ ဖြစ်စေတယ်”
“လူအိုကြီးလီက အရမ်း ယဉ်ကျေးနေတာပဲ။ ဂျူနီယာလည်း လူအိုကြီးလီဆီကနေ အကျိုးအမြတ် တော်တော်များများ ရပြီးသွားပြီလေ” ရန်ကိုင်က အလျင်အမြန် ပြောလိုက်၏ တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏ “စီနီယာ မေးချင်တာများ ရှိသေးလား”
လူအိုကြီးလီသည် သူကောင်းကင်ဂိုဏ်းတော် ဝင်ရသည့် အချိန်ကို အမှန်အကန် ခန့်မှန်းနိုင်ခဲ့၏။ သို့သော် ဘာကြောင့် ထိုကဲ့သို့ ခန့်မှန်းရသည် ဆိုသည်ကို ပြောမသွားခဲ့၏။
လူအိုကြီးလီကဲ့သို့သော လူတစ်ယောက်သည် ထိုကဲ့သို့ စိတ်ထင်တိုင်း လိုက်ခန့်မှန်းမည် မဟုတ်သလို အဓိပ္ပါယ်မဲ့သော စကားများကိုလည်း ပြောလိမ့်မည် မဟုတ်ချေ။ သူသည် ထိုမေးခွန်းကို မေးခဲ့သဖြင့် သူ့တွင် အကြောင်းပြချက် ကျိန်းသေ ရှိရပေမည်။
“အင်း၊ ဒါက မင်းနဲ့ ဆက်စပ်ကောင်း ဆက်စပ်နိုင်သလို မင်းနဲ့ ဘာမှ မဆိုင်တာလည်း ဖြစ်နိုင်တယ်” လူအိုကြီးလီက ပြုံးလိုက်ပြီး ရန်ကိုင် လက်ထဲ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်၏။
ထိုဆေးလုံးကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်က မေးလိုက်လေ၏ “ဒါက ကျွန်တော် သန့်စင်ခဲ့တဲ့ ဆေးလုံး မဟုတ်ဘူးလား”
ထိုဆေးလုံးသည် တုယောင်နှင့် ယှဉ်ပြိုင်စဉ်က သူသန့်စင်ခဲ့သော ဆေးလုံး ဖြစ်၏။
“အဆင်ပြေရင် ဒီဆေးလုံးကို အသုံးပြုတုန်းက မင်းအသုံးပြုခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်ကို ထပ်လုပ်ပြလို့ ရမလား” လူအိုကြီးလီက အမြန်အဆန် ထပ်ပြောလိုက်၏ “မင်း လျှို့ဝှက်ချက်တွေကို ဒီလူအိုကြီး ချောင်းမြောင်း ကြည့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ မင်းနည်းလမ်းနဲ့ ပက်သက်ပြီး သံသယ နည်းနည်း ရှိနေရုံပဲ”
“အဆင်ပြေပါတယ် ကိစ္စမရှိပါဘူး” ရန်ကိုင်က ပြုံးလိုက်၏။ လူအိုကြီးကဲ့သို့သော လူမျိုးသည် ထိုကဲ့သို့သော လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်။ ထို့ကြောင့် အစစ်အမှန်ချီကို သုံး၍ ဆေးမီးဖိုထက် စိတ်ဝိဥာဉ် အစီအရင်အချို့ကို ရေးထွင်းလိုက်လေ၏။
စိတ်ဝိဥာဉ် အစီအရင်ကို ရေးထွင်းပြီးသည်နှင့် ရန်ကိုင်က ဆေးမီးဖိုကို လူအိုကြီးလက်ထဲ ထည့်ပေးလိုက်၏။
ဆေးမီးဖိုကို တစ်ချက် စစ်ဆေးကြည့်ပြီးနောက် လူအိုကြီးလီ အတွေးနက်သွားခဲ့၏။ ထို့နောက် တိယောင် လက်ထဲ ထည့်ပေးလိုက်ပြီးနောက် ပြောလိုက်လေ၏ “တစ်ချက် ကြည့်ကြည့်ဦး”
တိယောင်က စိတ်ရှုပ်နေသည့် အမူအရာဖြင့် ထိုဆေးမီးဖိုကို စစ်ဆေးကြည့်လိုက်၏။
“ဘယ်လိုလဲ” ထိုဆရာနှင့် တပည့်ကြောင့် ရန်ကိုင်မှာ အတော်လေးကို စိတ်ရှုပ်နေခဲ့ရ၏။
“စိတ်ဝင်စားစရာပဲ” တိယောင်က ရန်ကိုင်ကို အပြုံးဖြင့် စိုက်ကြည့်လိုက်ပြီး “ညီအစ်ကိုရန် အသုံးပြုနေတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေက ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေနဲ့ သိပ်မတူဘူး။ ရှင်းရှင်းပြောရရင် ညီအစ်ကိုရန် အသုံးပြုနေတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေက ပိုပြီး ရှေးကျတယ်”
“အင်း” လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်ပြီး “အဲ့ဒါတွေက အရမ်းကို ရှေးကျတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေပဲ။ အဲ့ဒါတွေနဲ့ ငါတို့ အသုံးပြုနေတဲ့ ဟာတွေထက် ပိုသာလွန်တယ်”
“အဲ့ဒါတွေကို ရှေးဟောင်းစာအုပ်ကို လေ့လာခဲ့တာ” ရန်ကိုင်က ရှင်းပြလိုက်၏ “လူအိုကြီးလီသာ ဆန္ဒရှိရင် ကျုပ်လေ့လာခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်တွေ အားလုံးကို ရှင်းပြလို့ရတယ်”
လူအိုကြီးလီက အသာအယာ ရယ်မောလိုက်ပြီး “မလိုပါဘူး။ ဒီလူအိုကြီး မင်းကို မေးရတာက မင်းနည်းလမ်းတွေကို သိချင်လို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလူအိုကြီးနဲ့ ယောင်အာက ဒီလို စိတ်ဝိဥာဉ် အစီအရင် မျိုးကို ကြုံတွေ့ခဲ့ရလို့ပဲ။ ဒါကြောင့် အဲ့အဖြစ်အပျက်က ညီငယ်လေးနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ငါတွေးလိုက်တာ”
ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး “အသေးစိတ်ကို ကျွန်တော် သိချင်တယ်”
“ညီအစ်ကိုရန်ရေ ဒီလိုကွ” တိယောင်က ပြန်လည် အကျဉ်းချုံး ရှင်းပြတော့လေ၏ “ကျုပ်က မွေးကတည်းက တောတောင်တွေထဲမှာ လေ့ကျင့်လာခဲ့တာ။ ပြီးတော့ ငယ်ငယ်ကလည်းက ဆေးပညာကို လေ့လာခဲ့တာ။ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက ဆရာက အတွေ့အကြုံရအောင် ဆိုပြီး ငါ့ကို အပြင်လောကဆီ ခေါ်လာခဲ့တယ်လေ။ ဆေးပညာနဲ့ ပက်သက်လာရင် မျိုးဆက်တူမှာ ငါ့ကိုယ်ငါ ပြိုင်ဘက်ကင်းလို့ အမြဲ ထင်နေခဲ့တာ။ ဒါပေမယ့် ဝဲပျံတိမ်တိုက်မြိုတော်မှာ ညီအစ်ကိုရန်ကို ရှုံးခဲ့တယ်… အဲ့မတိုင်ခင်၊ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နောက်ထပ် တစ်ယောက်ကို ရှုံးခဲ့တယ်”
ထိုစကားကို ကြားသော် ရန်ကိုင် ထိတ်လန့် သွားခဲ့ပြီး “ငါတို့မျိုးဆက်မှာ ညီအစ်ကိုရန်ထက် ပိုသာတဲ့ လူရှိနေသေးတာလား”
“ဟုတ်တယ်။ ငါ့ကို စိတ်ဓါတ်ကျအောင် လုပ်တာက အဲ့မိန်းကလေးက မိန်းမငယ်လေး တစ်ယောက်ပဲ” တိယောင်က ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် စိုက်ကြည့်လိုက်၏။
ရန်ကိုင် ကြောင်အသွားခဲ့၏။ သို့သော် ရုတ်တရက် တစ်ခုခုကို သတိရလိုက်ကာ သူ့မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး “ဘယ်လိုမိန်းမမျိုးလဲ”
“ငါလည်း မသိဘူး။ သူ့မျက်နှာကို မျက်နှာကာ တစ်ခုနဲ့ ဖုံးအုပ်ထားတယ်။ ဒါပေမယ့် သူ့နဖူးပေါ်မှာ မိုးပြာရာကျောက်လေး တစ်လုံးကိုလည်း ဝတ်ထားသေးတယ်။ သူ့မျက်လုံးတွေက အရမ်းကို တောက်ပပြီး သန့်စင်နေသေးတယ်။ ရှင်းရှင်းပြောရရင် ကြက်သရေအပေါင်း ခညောင်းနေတဲ့ နတ်သမီးလေးလိုပဲ”
ရန်ကိုင်၏ အသက်ရှူသံ မြန်ဆန်လာခဲ့ပြီး သူ့အသံလည်း တုန်တုန်ရင်ရင် ဖြစ်လာခဲ့ကာ မေးလိုက်လေ၏ “သူ့ဘေးနာမှာ ညစ်ပတ်ပတ် လူအိုကြီး တစ်ယောက်ကော ရှိသေးလား”
“ညစ်ပတ်ပတ်လား” တိယောင် အံ့ဩသွားခဲ့ပြီး “အင်း၊ ကောက်ကျစ်ဥာဏ်များတဲ့ မျက်လုံးတွေနဲ့ လူအိုကြီး တစ်ယောက်ကိုတော့ ငါတွေ့လိုက်တယ်”
“အဲ့လူအိုကြီးရဲ့ မျိုးရိုးနာမည်က မန်မလား” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူကာ မေးလိုက်၏။
“ဟုတ်သွားပြီ။ သူတို့တွေက ညီငယ်လေးနဲ့ ဆက်စပ်နေတာလား” လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်၏ “မင်းအသုံးပြုလိုက်တဲ့ စိတ်ဝိဥာဉ် အစီအရင်ကို မြင်လိုက်တဲ့ အချိန်တုန်းက ဒီလူအိုကြီးလည်း နည်းနည်းပါးပါးတော့ ခန့်မှန်း မိလိုက်တယ်။ ဒါပေမယ့် သေတော့ မသေချာဘူး။ အခု ညီငယ်လေးနဲ့ အဲ့မိန်းကလေးက တစ်ဂိုဏ်းတည်းက လာမှန်း သေချာသွားပြီ။ တကယ်တော့ မင်းတို့ နှစ်ယောက်စလုံး သုံးခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်တွေက အတူတူပဲလေ”
“ဟုတ်တယ်။ သူက ကျွန်တော့် စီနီယာ အစ်မပဲ” ရန်ကိုင်က ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။
အမှားမရှိနိုင်ချေ။ လွန်ခဲ့သော နှစ်နှစ်က တိယောင်ကို ဆေးပညာတွင် အနိုင်ယူခဲ့သော မိန်းမငယ်လေးသည် ရှနင်းချန်ပဲ ဖြစ်ရပေမည်။ ဤလောကကြီး၌ ရှနင်းချန်သာ ထိုကဲ့သို့ လုပ်နိုင်၏။
“မင်းတို့ဂိုဏ်းက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းနေတာလဲကွာ” ရန်ကိုင် မှင်သက်သွားခဲ့၏ “အဲ့မိန်းကလေးက သူ့ကိုယ်ပိုင် အစစ်အမှန်ချီတင် မကဘူး။ ဘေးပတ်ဝန်းကျင်က မိုးမြေစွမ်းအင်တွေကိုပါ စုပ်ယူ အသုံးပြုနေနိုင်တာ။ ဆေးသွေးကြောတွေကိုပါ စိတ်ရှိသလို လုပ်နေနိုင်တာ။ သုံးပွဲ ပြိုင်ခဲ့ပေမယ့် သုံးပွဲလုံး ရှုံးသွားတယ်။ အဲ့ပြိုင်ကြောင့် ငါ့ကိုယ်ငါတောင် တော်တော်လေး ယုံကြည်ချက် ကင်းမဲ့သွားခဲ့ရတယ်။ အဲ့နောက်ကျတော့ မင်းနဲ့ ထပ်ဆုံပြန်ရော။ မင်းကလည်း တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားပြန်တယ်။ မင်းတို့ စီနီယာ၊ ဂျူနီယာ မောင်နှမ နှစ်ယောက်နဲ့ ငါတကယ်ကို မယှဉ်နိုင်ပါဘူးကွာ”
“သူ့မှာ ဆေးပညာနဲ့ ပက်သက်သည် အထူး တည်ဆောက်ပုံတစ်ခု ရှိတယ်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ သူတော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့လေပြီ။ အချိန်အတော်ကြာပြီးနောက် သူ့စီနီယာမမလေးနှင့် ပက်သက်သည့် သဲလွန်စ အချို့ကို ရခဲ့လေပြီ။
“ထွတ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ပဲ” လူအိုကြီးလီ ရုတ်တရက် ပြောလိုက်၏ “အံ့ဩစရာ မဟုတ်တော့ပါဘူးလေ… သူက ထွတ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလေ။ အချိန် ကြာတာနဲ့ သူ့အောင်မြင်မှုတွေက ဒီလူအိုကြီးရဲ့ အောင်မြင်မှုတွေကို ကျိန်းသေ ကျော်လွန်သွားလိမ့်မယ်။ အဲ့ခွေးအိုကြီး မန်ဝူက ဒီလို အရေးကြီးတဲ့ အချက်ကို ငါမသိအောင် ဖုံးထားဖို့ ကြိုးစားခဲ့တာပဲ”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့လေ၏။ လူအိုကြီးလီ ပြောပုံအရ သူသည် မန်ဝူရနှင့် အသိအကျွမ်း ဖြစ်သည့်ပုံပင်။
“စီနီယာ၊ သူတို့ကို တွေ့တုန်းက အခြား တစ်ယောက် ကိုကော တွေ့မိလိုက်သေးလား။ သူတို့နဲ့ အတူ ရှိလောက်မယ့် စီနီယာအစ် တစ်ယောက်နဲ့ အခြား မိတ်ဆွေ တစ်ယောက် ရှိသေးတယ်”
“သူတို့တွေကလည်း ဆေးပညာမှာ ကျွမ်းကျင်ကြတာပဲလား” တိယောင်က စိုးရိမ်တကြီး မေးလိုက်၏။
“ဟင့်အင်း” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
“ကံဆိုးစွာနဲ့ပဲ အဲ့တုန်းက မန်ဝူရနဲ့ မျိုးရိုးနာမည်ရှနဲ့ မိန်းကလေး တစ်ယောက်ကိုပဲ တွေ့ခဲ့ရတယ်” ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့နှလုံးသားသည်လည်း မြင်ရိုင်းတစ်ကောင်ပမာ စတင် ခုန်ပေါက်လာတော့လေ၏။
မန်ဝူရသာ ရှနင်းချန်နှင့် ဆိုပါက် စုယန်နှင့် နတ်ဆိုးအိုကြီးတော့ ဘယ်မည်နည်း။ ထိုနှစ်ယောက် ဘယ်ရောက်သွားလေသနည်း။
နတ်ဆိုးအိုကြီးကို အရမ်း စိတ်မပူချေ။ တစ်ဖက်လူသည် မူလကတည်းက တုန်းရွှမ် လောကကြီးမှ ဖြစ်သည့်အပြင် နတ်ဆိုးဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကိုပါ အပိုင်စီးထားသေးသည် မဟုတ်ပါလား။ သူတော်စင်အဆင့် ပညာရှင်များမှလွဲ၍ မည်သူကမှ သူ့အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် စုယန်ကမူ ကွဲပြား၏။ သူမသည် အရမ်းကိုမှ လှပသလို အားနည်းသော မိန်းမသား တစ်ယောက်လည်း ဖြစ်၏။ သူမသာ အန္တရာယ် တစ်ခုခုနှင့် ကြုံရပါက…။
သူမသည် မည်သည့်အတွက်ကြောင့် မန်ဝူရတို့နှင့် အတူ ရှိမနေရသနည်း။ ဒါမမဟုတ် မတော်တဆ တစ်ခုခုများ သူမ ကြုံတွေ့ခဲ့ရတာများ ဖြစ်လေမလား။
ရန်ကိုင် နှလုံးသား ဟိုးချိုင်းဝှမ်း အနက်ပိုင်းထိ နစ်မြုပ်သွားခဲ့ပြီး အဆိုးမြင်အတွေးတို့ သူ့ခေါင်းထဲ စတင် ဝင်ရောက်လာခဲ့လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၂၂) ရေပြာမြို့တော်
——————————————————————
ရန်ကိုင် စိုးရိမ်နေသည်ကို မြင်သော လူအိုကြီးလီက အလျင်အမြန် နှစ်သိမ့်စကား ပြောလိုက်၏။
တွေးနေရုံဖြင့် ဘာမှမလုပ်နိုင်၊ မန်ဝူရကို ကိုယ်တိုင် ရှာပြီး မေးမြန်းကြည့်မှသာ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ဖမ်းဆုပ်မိမည် ဖြစ်ကြောင်း ရန်ကိုင်လည်း နားလည်၏။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီး စိတ်ကို ငြိမ်အောင် ထားက မေးလိုက်၏ “လူအိုကြီးလီနဲ့ ညီအစ်ကိုတိတို့ သူတို့ကို ဘယ်မှာ တွေ့ခဲ့တာလဲ”
“ရေပြာမြို့တော်မှာ”
“ရေပြာမြို့တော်လား” ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင် ကြုံ့သွားခဲ့၏။
“ဟုတ်တယ်။ ဒီကနေ သွားမယ်ဆိုရင် လနည်းနည်း လောက်တော့ ကြာလိမ့်မယ်။ ဒါပေမယ့် အဲ့ကိုသွားမယ် ဆိုရင်တောင် သူတို့ကို တွေ့မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ (၂)နှစ် ငါတို့ တွေ့ခဲ့တဲ့ အချိန်တုန်းက ခဏအတွင်း သူတို့ သွားတော့မယ်လို့ မန်ဝူရက ပြောခဲ့သေးတယ်။ အခု အချိန်လောက်ဆို ရေပြာမြို့တော်ကနေ သူတို့ ထွက်သွားလောက်ပြီ” လူအိုကြီးလီက ပြောလိုက်၏။ ရန်ကိုင် ဖြစ်နေပုံကိုကြည့်ရင် မန်ဝူရနှင့် မျိုးရိုးနာမည် ရှဆိုသော မိန်းကလေးသည် သူ့အတွက် အတော်လေး အရေးကြီးသည့် ပုံပင်။
“ဘာပဲဖြစ်ဖြစ်၊ သူတို့နဲ့ ပက်သက်တဲ့ သဲလွန်စတော့ ရခဲ့ပြီပဲလေ။ ဒါကြောင့် သူတို့ ထွက်သွားပြီ ဆိုရင်တောင် ကျွန်တော်ကတော့ အဲ့ရေပြာမြို့ဆီ သွားကြည့်ရဦးမှာပဲ” ရန်ကိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။
“အင်း” လူအိုကြီးလီက ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “အဲ့လိုဆိုရင် ညီငယ်လေး ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်တော့မယ်”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ မျှော်လင့်ရတာပေါ့” ရန်ကိုင်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။
လူအိုကြီးလီနှင့် တိယောင်ကို နှုတ်ဆက်ပြီးနောက် တည်းခိုခန်းဆီ အမြန်အဆန် ပြန်ပြေးတော့လေ၏။
ယခုတစ်ကြိမ် လူအိုကြီးလီဆီသို့ ခရီး၌ တေဇောဓါတ် အသိစိတ်ပင်လယ်နှင့် ပက်သက်သည့် အသိသညာအပြင် မန်ဝူရ၊ ရှနင်းချန်တို့နှင့် ပက်သက်သော သဲလွန်စကိုပါ ရခဲ့၏။ သတင်းရပြီဖြစ်ရ ရန်ကိုင်လည်း ဆက်လက်၍ နှောင့်နှေးမနေချင်တော့။ ထို့ကြောင့် ချန်းယန်နှင့် ဖေးယုတို့ကို ရှင်းပြပြီးသည်နှင့် ရေပြာမြို့တော်ဆီသို့ ချက်ချင်း ခရီးနှင်တော့လေ၏။
ရန်ကိုင်သည် သူ့စီနီယာအစ်မ နှစ်ယောက်ကို ရှာဖွေနေမှန်း ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး သိထားကြ၏။ ယခု သူ့၌ သူတို့နှင့် ပက်သက်သည့် သဲလွန်စ ရှိလာခဲ့လေပြီ။ ရှာတွေ့နိုင်ချေ နည်းသော်လည်း သူ့အား တားဆီးရန် မကြိုးစားခဲ့ဘဲ ရေပြာမြို့တာ်သို့ပင် လိုက်ပါ ပို့ဆောင်ပေးဖို့ လုပ်သေး၏။
သို့သော် ရန်ကိုင်က ယဉ်ယဉ်ကျေးကျေးဖြင့်သာ ငြင်းဆိုလိုက်၏။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်ကို တစ်နှစ်နောက်ကျပြီးမှ ယူလာနိုင်ခဲ့၏။ ထိုဆေးအရည်သည် သူတော်စင်အဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်မည့် သော့ချက်တစ်ခု ဖြစ်သည့် အတွက် သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ ၎င်းကို တောင့်တ နေခဲ့သည်မှာ အတော့်ကို ကြာနေခဲ့လေပြီ။ ယခု အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်ရာ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နှင့် မည်သည့် အတွက်ကြောင့် သူတို့ကို နှောင့်နှေးအောင် လုပ်ရမည်နည်း။
ရန်ကိုင်က ခေါင်းမာမာနှင့် ဘူးခံ ငြင်းနေသဖြင့် ချန်းယန်နှင့် ဖေးယုတို့လည်း လက်လျှော့လိုက်ရ၏။ မသွားခင် သူ့လုံခြုံရေးကို သတိထားရန်၊ အပြင်၌ ပြဿနာ တစ်ခုခု ဖြစ်ခဲ့ရင် ဂိုဏ်းကို ပြန်အသိပေးရန် အတန်တန် သတိပေးခဲ့၏။
သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့၏ နွေးထွေးကြင်နာမှုကြောင့် ရန်ကိုင်ရင်ထဲ နွေးသွားခဲ့ရ၏။
အပြင်လောကကြီးထဲ တစ်ကိုယ်တည်း လှုပ်ရှားခြင်းသည် ရန်ကိုင် အကျွမ်းကျင်ဆုံး အရာပင် ဖြစ်၏။ ယခင်လောကကြီး၌ ရှိနေစဉ်က သူသည် သူ့အချိန် အများစုကို အမြဲတည်း တစ်ကိုယ်တည်း လှုပ်ရှားဖြတ်သန်း ခဲ့သည် မဟုတ်ပါလော။
အားလုံး ပြင်ဆင်ပြီးသည်နှင့် ရေပြာမြို့ဆီသို့ ချက်ချင်း ထွက်ခွါတော့လေ၏။
ဝဲပျံတိမ်တိုက်မြို့တော် အပြင်ဘက်… ရန်ကိုင် ထွက်သွားသည်ကို ငေးကြည့်နေပြီးနောက် ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ကောင်းကင်ဂိုဏ်းတော် ရှိသည့် အရပ်ဆီ လှည့်ပြန်ကြလေ၏။ သူတော်စင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုတင် ပြင်ဆင်ရဦးပေမည်။
မြို့သခင်စံအိမ်ထဲ၊ လူအိုကြီးလီနှင့် တိယောင်သည် အောင်းကုနှင့် ကျန်သူများကို နှုတ်ဆက်စကား ဆိုပြီးနောက် နောက်တစ်ကြိမ် ခရီးထွက်ကြပြန်၏။
ရန်ကိုင်သည် လွန်စွာကိုမှ စိတ်မရှည်နိုင် ဖြစ်နေသဖြင့် ရေပြာမြို့ဆီသို့ အမြန်ရောက်အောင် တစ်နေကုန် အရှိန်ကုန်မြှင့် ပျံသန်းနေခဲ့။
အချိန်အတော်ကြာသွားပြီ ဖြစ်သည့်အတွက် မန်ဝူရ၊ ရှနင်းချန်တို့ကို တွေ့နိုင်ချေ များများစားစား မရှိသော်ငြား သူတို့နှင့် ပက်သက်သည့် အရေးပါသော သဲလွန်စအချို့ ရလိုရငြား ရေပြာမြို့ဆီသို့ မြန်နိုင်သမျှ မြန်မြန် ရောက်အောင် အကောင်းဆုံး ကြိုးစားနေခဲ့၏။
မြစ်ချောင်း၊ တောင် အသွယ်သွယ်ကို ဖြတ်ကျော်၍ အမောတကော ခရီးနှင်နေခဲ့၏။
မသေမျိုးအဆင့်သို့ ချိုးဖျက်သွားခဲ့ပြီ ဖြစ်ရာ သူ့အမြန်နှုန်းသည်လည်း ယခင်ထက် အများကြီး ပိုမို မြန်ဆန်လာခဲ့လေ၏။ လူသူကင်းမဲ့နေသည့် နေရာများသို့ ရောက်သည့်အခါ လေမိုးကြိုးတောင်ပံကို သုံး၍ အရှိန်ထပ်မြှင့်၏။
မသေမျိုးအဆင့် ပညာရှင်များသည် အားမနည်းသော်ငြား တုန်းရွှမ်လောကကြီးအတွင်း၌ မသေမျိုးအဆင့်သို့ ရောက်နေသူ ပညာရှင် အများကြီး ရှိ၏။
တုန်းရွှမ်လောကကြီးအတွင်း စိတ်ရှိတိုင်း လှုပ်ရှားချင်သည် ဆိုပါက အနည်းဆုံး သူတော်စင် အဆင့်သို့ ရောက်ရန် လိုအပ်ပေ၏။
ဤလောကကြီး၌ အခြေကုပ် ရပ်တည်နိုင်ရန်အတွက် သန်မာသထက် သန်မာလာဖို့ လို၏။ ကောင်းကင်ဂိုဏ်းတော်၏ တပည့်တစ်ယောက် ဖြစ်လာသလို သူ့ဂိုဏ်းတည်ထောင်သူနှင့် ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့သည် သူ့အပေါ် ကောင်းသော်လည်း ၎င်းတို့ အားလုံးသည် သူ့ကိုယ်ပိုင်ခွန်အားများ မဟုတ်ကြချေ။
ရန်ကိုင် လိုချင်သည်မှာ သူ့ကိုယ်ပိုင် စွမ်းအားပင် ဖြစ်၏။
အချိန်ကြာလာသည်နှင့် ရန်ကိုင်လည်း ယခင်လို အလျင်မလိုတော့ချေ။
စိတ်ငြိမ်သွားသော် ရန်ကိုင် ပိုပိုပြီး ရွှင်ရွှင်ပြပြ ရှိလာခဲ့၏။ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ မယိမ်းယိုင်သော ဆုံးဖြတ်ချက် စသည့် ယခင်က သူအားကိုးခဲ့သော အရာများ သူ့ဆီ ပြန်ရောက်လာခဲ့လေပြီ။ သူသာ အချိန်လုံလုံလောက်လောက် ရသရွေ့၊ တစ်နေ့ကျ ဤလောကကြီး၏ အထွဋ်အထိပ်၌ ရပ်တည်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိ၏။
သူ့တွင် ရွှေရောင်အရိုးခြောက်နှင့် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး ရှိနေ၏။ ၎င်းတို့သည် မဟာနတ်ဆိုး နတ်ဘုရား၏ အမွေအနှစ်များ ဖြစ်ကြကာ ၎င်းတို့၏ အလားအလာကို အပြည့်အဝ ထုတ်ဖော်နိုင်သရွေ့ သူ့အနာဂတ်သည် အကန့်အသတ် မဲ့နေပေလိမ့်မည်။
လမ်းတစ်လျှောက် ရန်ကိုင်သည် ပတ်ဝန်းကျင်ကို ငေးကြောင်ကြည့်ရင်း တွေဝေမနေခဲ့။ ကြယ်တာရာ ကောင်းကင်မှ သူရခဲ့သော ဥာဏ်အလင်းများ၊ လူအိုကြီးလီ သင်ကြားပေးခဲ့သည့် တေဇောဓါတ် အသိစိတ်ပင်လယ်နှင့် ပက်သက်သော အကြောင်းအရာများကို ဆင်ခြင်နေခဲ့၏။
ရလဒ်အနေဖြင့် မကြာခင်မှ အဆင့်ချိုးဖျက်လာသော သူ့ကျင့်ကြံခြင်းသည် အမြန်အဆန် တည်ငြိမ်သွားခဲ့လေ၏။
အဆုံးမဲ့ တောအုပ်ကြီးတစ်လျှောက် မိုးထိမတတ် မြင့်မားလှသော ရှေးသစ်ပင်ကြီးများ၊ မြစ်ပြင်ကျယ်များ၊ နတ်စမ်းရေပမာ ကြည်လင်လှသော ရေစက်တို့ဖြင့် ပြည့်နေသည့် ကန်များ ရှိနေခဲ့၏။ မှင်သက်အံ့ဩဖွယ် ရှုခင်းအဖုံဖုံ၊ သိပ်သည်းလှသော မိုးမြေစွမ်းအင်နှင့် လန်းဆန်းတက်ကြွစရာ လေထုသည် ရန်ကိုင်ကို ဝန်းရံနေခဲ့၏။ မွန်းစတားသားရဲနှင့် လူသား အရိပ်အယောင် တို့ကိုလည်း ဟိုတစ်စ ဒီတစ်စ မြင်တွေ့နေခဲ့ရ၏။
ထိုနေရာများကို ဖြတ်သန်းပြီးနောက် ရန်ကိုင်ရင်ထဲရှိ လေးလံပင်ပန်းမှုတို့သည်လည်း တဖြည်းဖြည်း ပြေလျော့ ပျောက်ကွယ်လာခဲ့ရ၏။
တစ်လအကြာ၊ ကျယ်ပြောလှသော တောရိုင်းလွင်ပြင်၊ တိမ်ယံထက်သို့ ရောက်ရှိနေသည့် တောင်စဉ်အသွယ်သွယ်ကို ဖြတ်ကျော်လာပြီးနောက် သူ့တစ်ကိုယ်လုံးကို လေတစ်ချက် ဖြတ်တိုက်သွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ထိုလေညင်းထဲ ဆားနှံ့ဖျော့ဖျော့ သင်းနေခဲ့၏။
ထိုရနံ့ကို ရှူရှိုက်မိချိန် ရန်ကိုင် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ရ၏။
ငယ်ရွယ်ပြီး အားနည်းသည့် အချိန်၊ ကောင်းကင်စံအိမ်မှ ပထမဆုံးအကြိမ်အဖြစ် ထွက်လာပြီး ပင်လယ်မြို့တော်သို့ ရောက်ရှိစဉ်တုန်းက ထိုကဲ့သို့သော ရနံ့မျိုး သူရခဲ့ဖူး၏။
လေညင်းသည် ပင်လယ်ပြင်မှ လာသည့်အတွက် ဆားနံ့၊ ငါးညှီနံ့ သင်းနေခြင်း ဖြစ်၏။
ဟိုးအဝေးဆီ လှမ်းမျှော်ကြည့်လိုက်သည့်အခါ မိုးကုတ်စက်ဝိုင်း၏ အစွန်းအဖျား နေရာ၌ အဆုံးမရှိသော တလက်လက် တောက်ပနေသည့် အပြာရောင်ကြီးကို မြင်တွေ့လိုက်ရ၏။
လေသည် ထိုအရပ်မှ တိုက်ခတ်နေခြင်း ဖြစ်၏။ ရှည်လျားလှသော တောင်စဉ်တောင်တန်းကြီးကို ဖြတ်ကျော်ပြီးမှပဲ ထိုသမုဒ္ဒရာကြီးကို သူသတိပြုမိခဲ့၏။
သမုဒ္ဒရာလား ရန်ကိုင် မျက်ခုံးပင့်လိုက်၏။
ရေပြာမြို့တော်သည် ပင်လယ်ကမ်းခြေမြို့တစ်မြို့ ဖြစ်နေလိမ့်မည်ဟု သူမတွေးခဲ့ဖူးချေ။ အလျင်စလို ထွက်လာခဲ့ရာ ရေပြာမြို့နှင့် ပက်သက်သည့် အကြောင်းအရာများကို မေးမြန်းစုံစမ်းဖို့ သူမေ့သွားခဲ့၏။
ချန်းယန်နှင့် ဖေးယုသည်လည်း သူ့အား မပြောခဲ့။ ထို့ကြောင့် ထိုမြင်ကွင်းကို မြင်လိုက်ချိန် အတိတ် အကြောင်းအရာများကို ရန်ကိုင် ပြန်အမှတ်ရမိလိုက်၏။
ရုတ်တရက် ပင်လယ်မြို့တော်ဆီ နောက်တစ်ကြိမ် ပြန်ရောက်သွားသလို ရန်ကိုင် ခံစားလိုက်ရ၏။
အဆုံးမဲ့ပင်လယ်ကျွန်းမှ ပညာရှင်များနှင့် ဒေါင်းကို ပြုစုစောင့်ရှောက်ပေးနေသော မိန်းကလေး ကျုံးမြောင်ကို ပြန်စဉ်းစားမိသည်နှင့် ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ခဏအကြာ အသာအယာ ခေါင်းခါရမ်းလျက် ထပ်မံ ပျံသန်းလိုက်၏။
ရေပြာမြို့တော်နှင့် နီးကပ်လာလေ လေထဲရှိ ရေဓါတ် စွမ်းအင်တို့သည်လည်း ပိုမိုသိပ်သည်းလာလေပင်။ ဤနေရာသည် ရေဓါတ်ကျင့်ကြံသူများအတွက် သုခံဘုံပင်။
သုံးရက်ကြာပြီးနောက် ရေပြာမြို့တော်ဆီသို့ သူရောက်လာခဲ့၏။ သလင်းကျောက် အနည်းငယ် ပေးချေပြီးနောက် မြို့ထဲသို့ ဝင်ရောက်လာခဲ့၏။
ရေပြာမြို့တော်သည် အရမ်းကိုမှ စည်ကား၏။ ဤနေရာရှိ ကျင့်ကြံသူ အများစုသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားကြ၏။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ရေဓါတ်ကျင့်စဉ်၊ သိုင်းပညာရပ်များကို လေ့ကျင့်ကြရာ ထိုအရောင်ကို အထူးနှစ်သက် သောကြောင့်ပင် ဖြစ်၏။
ယခုနေရာ၌ သူ့အစစ်အမှန်ယန်ကျင့်စဉ်သည် အနည်းငယ် ဖိနှိပ်ထားခံရသလို ခံစားနေရသော်လည်း ရန်ကိုင်အပေါ် များများစားစား အကျိုးသက်ရောက်မှု မရှိ။
သူ့ကဲ့သို့ ယန်ဓါတ် သို့ မီးဓါတ်ကို ကျင့်ကြံထားသူ အားလုံးသည် ယခုကဲ့သို့ နေရာမျိုး၌ မနေချင်ကြပေ။ သူတို့သာ ဤနေရာ၌ အချိန်အကြာကြီး နေမည်ဆိုပါက သူတို့၏ ခွန်အားပင် ကျဆင်းသွားနိုင်၏။
သူ့မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာနိုင်ချေ အရမ်းကိုမှ နည်းပါးသည်ကို သိထားသော်လည်း သူမျှော်လင့်ထားသလို ဖြစ်မလာသည့်အခါ ရန်ကိုင် စိတ်ပျက်မိဆဲ။
ကောင်းကင်စိတ်အာရုံကို မဖြန့်ကျက်ရသေး သော်ငြား မန်ဝူရနှင့် ရှနင်းချန်တို့ ဤနေရာ၌ မရှိမှန်း သူသိလိုက်လေပြီ။
မန်ဝူရ၏ ကောင်းကင်နန်းတော်သည် သူ့လက်ထဲ ရှိနေဆဲ။ ရေပြာမြို့တော်သို့ ရောက်ရောက်ချင်း ကောင်းကင်နန်းတော်ကို အနက်ရောင်စာအုပ်ထဲမှ ထုတ်ယူလိုက်၏။
မန်ဝူရသာ ဤနေရာ၌ ရှိမည်ဆိုပါက ကောင်းကင် နန်းတော်သည် တုန့်ပြန်ပေလိမ့်မည်။ တကယ်တော့ ကောင်းကင်နန်းတော်သည် မန်ဝူရ စိတ်ဝိဥာဉ် အမှတ်အသား ခတ်နိုင်ထားသည့် လက်နက်တစ်ခုပင် မဟုတ်လေလော။
ကောင်းကင်နန်းတော်မှ တုန့်ပြန်မှု မရှိသဖြင့် မန်ဝူရနှင့် ရှနင်းချန်တို့ ဤနေရာ၌ မရှိတော့လေပြီ။
စိတ်ဓါတ်ကျမိသွားသော်လည်း စိတ်တင်းတင်းထား၍ ရေပြာမြို့ထဲ သတင်းအချက်အလက် လိုက်ပတ် ရှာကြည့်လိုက်၏။
မန်ဝူရနှင့် ရှနင်းချန်တို့ ထွက်သွားပြီ ဖြစ်သော်ငြား သူတို့ကို သူရှာနိုင်ရန် သဲလွန်စအချို့ ချန်ထားကောင်း ချန်ထားနိုင်၏။
ယခု သူ့၌ ဆေးပညာရှင် အဖွဲ့အစည်း၏ တံဆိပ်ပြား ရှိနေပြီဖြစ်ရာ သတင်းရရန်အတွက် ဟိုသွားမေးလိုက်၊ ဒီသွားမေးလိုက် လုပ်နေစရာ မလိုတော့ချေ။
တစ်ခဏလောက် လှည့်ပတ်သွားလာပြီးနောက် ရေပြာမြို့တော် ဆေးပညာရှင် အစည်းအရုံးဆီသို့ ရန်ကိုင် ရောက်လာခဲ့၏။ ဆေးပညာရှင် တံဆိပ်ပြားကို ပြလိုက်သည်နှင့် အစည်းအရုံးတွင်း ရှိနေသော အခြား ဆေးပညာရှင်များနှင့် ပက်သက်သည့် သတင်း အချက်အလက်များကို အလွယ်တကူ သူရလိုက်၏။
ရန်ကိုင်၏ ဆေးပညာရှင် အစည်းအရုံး တံဆိပ်ပြားသည် ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးသို့ စရောက်စဉ်က လုပ်ခဲ့သော တံဆိပ်ပြား ဖြစ်ရာ သူ့ဆေးပညာရှင် အဆင့်အတန်းအား စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးပညာရှင်ဟုသာ ဖော်ပြထား၏။
ထိုသို့ဆိုလျှင်ပင် ရေပြာမြို့တော် ဆေးပညာရှင် အစည်းအရုံးရှိ ဆေးပညာရှင်များသည် သူ့ပါရမီကြောင့် မအံ့ဩဘဲ မနေနိုင်ကြချေ။ ဤဆေးပညာရှင် အစည်းအရုံး၏ တာဝန်ခံသည် အသက်(၁၀၀) ပြည့်ပြီ ဖြစ်သော စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ပညာရှင်သာ ဖြစ်၏။ ထို့ကြောင့် သူသည် ရန်ကိုင်အား နွေးနွေးထွေးထွေး ကြိုဆိုခဲ့လေ၏။
ဆေးပညာရှင် တံဆိပ်ပြား ရှိခြင်းသည် ဘယ်နေရာ သွားသွား အရမ်းကိုမှ အဆင်ပြေသည် ဟူသော အချက်ကို ရန်ကိုင် ဝန်ခံရပေမည်။
လောကကြီးသည် ကျယ်ပြောသော်ငြား မြို့တိုင်းလိုလို၌ ဆေးပညာရှင် အစည်းအရုံး အခွဲများ ရှိနေခဲ့၏။
သို့သော် ဆေးပညာရှင် အစည်းအရုံး အခွဲတိုင်း၏ တာဝန်ခံသည် လူအိုကြီးတုကဲ့သို့ သူတော်စင်အဆင့် ဆေးပညာရှင် မဟုတ်ချေ။ ဥပမာ ပြရလျှင် ရေပြာ မြို့တော် ဆေးပညာရှင် အစည်းအရုံး၏ တာဝန်ခံသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်သာ ဖြစ်လေ၏။
အချို့ ဆေးပညာရှင် အစည်းအရုံး အခွဲများ၌ ဆိုလျှင် စိတ်ဝိဥာဉ် အလယ်အလတ်အဆင့် ဆေးပညာရှင်များပင် ရှိတတ်၏။ ဤနေရာ၌ သတင်းလာစုံစမ်းရသည့် အကြောင်းအရင်းမှာ လွယ်ကူအဆင်ပြေသောကြောင့်ပင်။ ဒုတိယအနေဖြင့် ရှနင်းချန်သည်လည်း ဆေးပညာရှင် တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဤဆေးပညာရှင် အစည်းအရုံးသည် သူမအကြောင်း သိကောင်းသိနိုင်၏။
သို့သော် လှည့်ပတ်မေးကြည့်ပြီးနောက် အားလုံးသည် ခေါင်းသာ ခါရမ်းပြ၏။ ထိုလူအိုကြီးနှင့် မိန်းမငယ် အတွဲကို မြင်ဖူးခဲ့သည့်လူ တစ်ယောက်သာ ရှိ၏။ သို့သော် မြင်သာ မြင်ဖူးခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ၎င်းသည် လွန်ခဲ့သော နှစ်နှစ်က ဖြစ်၏။
ရန်ကိုင်မှာ ကူကယ်ရာမဲ့သွားခဲ့သော်ငြား ကျေးဇူးတင်စကားတော့ ပြောလိုက်သေး၏။
လူအိုကြီးလီမှ ရခဲ့သော သဲလွန်စသည် ဤနေရာ၌ လမ်းပိတ်သွားသည့်ပုံပင်။ ရန်ကိုင်မှာ အားတင်း၍သာ ပြုံးလိုက်ရ၏။
စိတ်ပျက်မှုများကြောင့် နည်းနည်းပါးပါး စိတ်ဓါတ်ကျသွားခဲ့ရသော်လည်း သိမ်ငယ်စိတ် ဝင်မသွားခဲ့။ တစ်နေ့ကျ စုယန်၊ ရှနင်းချန်တို့နှင့်အတူ ပြန်ပေါင်းစည်နိုင်မည်ဟု သူ့စိတ်ထဲ ယုံကြည်နေဆဲ။ သူတောင်စားအိုကြီး နတ်ဆိုးအိုကြီးပါ အပါအဝင်ဖြစ်၏။
နောက်ရက်များအတွင်း ရန်ကိုင်သည် ရေပြာမြို့ထဲ လှည့်ပတ်၍ ရှနင်းချန်တို့နှင့် ပက်သက်သည့် သဲလွန်စကို ရှာဖွေရင်း ဆေးပင်များစွာကိုလည်း လိုက်ရှာ ဝယ်ယူခဲ့၏။
ထိုဆေးပင်များသည် ရှေးဟောင်းနတ်ဆိုးကလန် လိုအပ်သည့် သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ရန် လိုအပ်သော ဆေးအမယ်များပင် ဖြစ်၏။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့၏။ သို့သော် မန်ဝူရ၊ ရှနင်းချန်တို့နှင့် ပက်သက်သော မည်သည့် သဲလွန်စကိုမှ မရခဲ့သည့်အပြင် သူလိုနေသည့် ဆေးပင်များကိုလည်း ရှာမတွေ့ခဲ့ချေ။ ထိုဆေးပင်များကို မေးလိုက်တိုင်း ဆိုင်ပိုင်ရှင်များက သူ့အား ထူးထူးဆန်းဆန်း အကြည့်ဖြင့် ကြည့်၍ ထိုဆေးပင်များသည် မျိုးတုန်းပျောက်ကွယ် သွားလောက်ပြီဟု ပြောကြ၏။ အချို့ဆို နာမည်ပင် မကြားဖူးကြချေ။
တစ်လကြာပြီးနောက် ဆေးဆိုင်တစ်ဆိုင်၌ ဆေးပင်ဝယ်စဉ် သူ့ကို နောက်ယောင်ခံလိုက်နေသည့် လူတော်တော်များများကို ရန်ကိုင် သတိပြုမိလိုက်၏။
မျက်မှောင်ကြုံ့၍ ပြန်လှည့်ကြည့်လိုက်ရာ ထိုကျင့်ကြံသူများကို သက်လတ်ပိုင်းလူကြီးတစ်ဦးက ဦးဆောင်လာသည်ကို တွေ့လိုက်ရ၏။ သူ့နောက် လိုက်နေသည်ကို နည်းနည်းမျှပင် ဖုံးကွယ်ရန် မကြိုးစားခဲ့။
ထိုလူများသည် အရမ်းကြီး အားမကောင်းကြ။ အားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။ သို့သော် သူတို့၏ မျက်နှာထားအရ ကောင်းသောလာခြင်း ဖြစ်ဟန်မတူ။
ရန်ကိုင်ရှေ့ ရောက်သည်နှင့် သက်လတ်ပိုင်း လူကြီးက ရန်ကိုင်အား ခက်ထန်သည့် မျက်နှာထားဖြင့် စိုက်ကြည့်လိုက်၏။
“ခင်းဗျာဘာလိုချင်လို့” ရန်ကိုင်ကလည်း ခပ်ဆတ်ဆတ် လေသံဖြင့် ပြန်မေးလိုက်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၂၃) မင်းလည်း သူတို့ကို ရှာနေတာလား
——————————————————————
တစ်ဖက်လူသည် သူ့အပေါ် ရင်းနှီးဖော်ရွေဟန် မပြမှဖြင့် သူကကော ပြရမည်လော။ သူစိတ်ကြည်နေတာလည်း မဟုတ်ချေ။ ထို့ကြောင့် တစ်ယောက်ယောက်ကသာ သူ့ကို လာရန်စပါက သူကလည် ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။
“ကောင်စုတ်လေး၊ လူအိုကြီးတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ကို မင်းလိုက်ရှာနေတယ်ဆို” သက်လတ်ပိုင်းလူကြီးက ရန်ကိုင်ကို စိုက်ကြည့်၍ မေးလိုက်၏။
“ခင်ဗျား သူတို့ကို တွေ့သွားပြီလား” ရန်ကိုင် မျက်ဝန်းအစုံ လင်းလက်သွားခဲ့၏။
“ညစ်ပတ်ပတ် လူအိုကြီးနဲ့ မျက်နှာကာ ဝတ်ထားတဲ့ မိန်းကလေးမလား” လူကြီးက မေးလိုက်၏။
“သူတို့ပဲ” ရန်ကိုင် ပျော်သွားခဲ့၏။ သူ့ရှေ့မှ လူများသည် နှစ်လိုဖွယ် ကောင်းသည်ဟုပင် ထင်မြင်လာမိသေး၏။
“ငါတို့လည်း သူတို့ကို တွေးဖူးတယ်” သက်လတ်ပိုင်း လူကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “မင်းသူတို့ကို ဘာလို့ ရှာနေတာလဲ။ မင်းနဲ့ သူတို့က ဘာတွေလဲ”
“ခင်ဗျား သိစရာ မလိုဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “သူတို့နဲ့ ပက်သက်တဲ့ သဲလွန်စသာ ပြောပြနိုင်ရင် တန်ကြေးတစ်ခုကို ကျုပ်ကျိန်းသေ ပြန်ပေးမယ်”
“မင်းက ငါတို့ကို ပေးမှာလား” လူအိုကြီးက ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ပြီး “ဘယ်လို တန်ကြေးမျိုး မင်းငါ့ကို ပေးမှာလား”
“သလင်းကျောက်လား၊ ဆေးလုံးလား။ ခင်းဗျားတို့ ပေးတဲ့ အချက်အလက်သာ အသုံးဝင်တယ်ဆိုရင် ခင်ဗျားတို့ လိုချင်တာ ပေးလို့ရတယ်”
ထိုစကားကို ကြားသည်နှင့် သက်လတ်ပိုင်း လူကြီး အံ့အားသင့်သွားခဲ့၏။ ရန်ကိုင် အသက်နှင့် ဝတ်စား ဆင်ယင်ထားပုံအရ ထိုလူငယ်လေးသည် ထိုမျှ ထိုက်တန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“မင်းက တော်တော်လေးကို စဉ်းစား တွေးခေါ်တတ်တာပဲ” လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “လူအိုကြီးနဲ့ မိန်းကလေးကို မြင်ဖူးတယ်ဆိုပေမယ့် သူတို့ အခုဘယ်မှာ ရှိနေလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး”
“အဲ့လိုဆို ကျုပ်အချိန် လာမဖြုန်းနဲ့တော့” ရန်ကိုင် ချက်ချင်း စိတ်ပျက်သွားခဲ့၏။
သက်လတ်ပိုင်းလူကြီးက ရယ်မောလိုက်ပြီး ဆက်ပြောလိုက်၏ “သူတို့အကြောင်း အများကြီး မသိပေမယ့် အခြားသူတွေ မသိဘူးလို့ မပြောဘူးလေ။ မင်းစိတ်ဝင်စားရင် ငါတို့နောက် လိုက်ခဲ့လေ”
ရန်ကိုင် မျက်ဝန်းများ လက်သွားခဲ့၏။ ထို့နောက် ပြုံးဖြီးလိုက်ကာ “ကောင်းပြီလေ။ သူတို့ အကြောင်းသိတဲ့ သူဆီ ခေါ်သွားပေးပါဦး”
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ပြလိုက်၏။ ရန်ကိုင်လည်း သက်လတ်ပိုင်း လူကြီးနောက် လိုက်သွားလိုက်၏။ သက်လတ်ပိုင်းလူကြီးနောက် ပါလာသော လူများသည် ရန်ကိုင်၏ ပြေးပေါက်ကို ပိတ်ထားသည့် ပုံစံမျိုးဖြင့် သွားကြ၏။
ထိုလူများသည် ကောင်းသော ရည်ရွယ်ချက်ဖြင့် လာကြခြင်း မဟုတ်။ ရန်ကိုင်သည် ထိုအချက်ကို ကောင်းကောင်း သတိပြုမိထား၏။ သို့သော်လည်း မန်ဝူရ၊ ရှနင်းချန်းတို့နှင့် ပက်သက်သည့် အကြောင်းအရာများကို သိထားဟန်ရ၏။ မဟုတ်လျှင် သူတို့နှစ်ယောက်၏ ပုံပန်းသွင်ပြင်ကို အတိအကျ ဖော်ပြနိုင်လိမ့်မည် မဟုတ်ချေ။
လူအိုကြီးမန် သူတို့နှင့် ဘာများ ဖြစ်ခဲ့သနည်း။ ထိုလူများသည် မန်ဝူရတို့နှင့် ရန်ငြိုးရှိသည်ဟု အဘယ်ကြောင့် သူခံစားနေရသနည်း။
သူ့အား လှည့်ဖျား ခေါ်ဆောင်နေသည်ကို သိထားသော်လည်း ရန်ကိုင်က သူတို့နောက် ရဲရဲပင် လိုက်သွားလေ၏။ နည်းနည်းမျှပင် စိုးရိမ်ဟန်မပြဘဲ ထိုလူများနောက်မှ လိုက်သွားခဲ့လေ၏။
ရေပြာမြို့တော်တွင် ရှိနေသည်မှာ တစ်လ ကြာသွားပြီ ဖြစ်သည့်အတွက် ဤနေရာ၌ သူတော်စင် အဆင့် ပညာရှင် မသိသည်ကို သူသိပြီးဖြစ်၏။
ထိုလူနောက် အချိန်အတော်ကြာအောင် လိုက်လာပြီးနောက် ဧရာမ စံအိမ်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့လေ၏။
စံအိမ်ထဲ ဝင်လာသည်နှင့် သက်လတ်ပိုင်း လူကြီးသည် ရန်ကိုင်အား ခြံဝန်းတစ်ခုထဲရှိ ဥယျာဉ် တစ်ခုဆီသို့ ခေါ်လာခဲ့လေ၏။
ဥယျာဉ်ထဲ၌ လူငယ်လေးတစ်ယောက် ရှိနေခဲ့၏။ ထိုလူငယ်လေးရှေ့၌ မပေါ့်တပေါ် ဝတ်ဆင်ထားသော မိန်းကလေးနှစ်ယောက် ရှိနေခဲ့၏။
ထိုမိန်းကလေး နှစ်ယောက်သည် အရမ်းကြီး မသန်မာကြချေ။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။ သို့သော် ယခုအချိန်၌ မိန်းကလေး နှစ်ယောက်၏ နှင်းဖြူရောင် လည်ပင်လေးများကို လည်ပတ်တစ်ခုခုဖြင့် စွပ်ထား၏။ ထိုလည်ပတ်ကို ကြိုးတစ်ချောင်းဖြင့် ဆက်ထားပြီး ထိုကြိုးကို လူငယ်လေးက ကိုင်ထား၏။
မိန်းမငယ်လေး တစ်ယောက်၏ တင်ပါးသည် အပေါ်သို့ ကော့တက်နေခဲ့ကာ တစ်ဝက်ထိုင် ထိုင်လျက် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ပမာ ထိုင်နေခဲ့၏။ ကျန်သည့် မိန်းကလေး တစ်ယောက်ကမူ လူငယ်လေး၏ ပေါက်ကြားဝယ် ခေါင်းငုံ့လျှိုးရင်း ခေါင်းအား ရှေ့တိုး နောက်ဆုတ်လုပ်နေခဲ့၏။
ထိုမိန်းကလေး နှစ်ယောက်သည် သူမတို့၏ တောင်မို့မို့လေးများ၊ ပေါင်တံနှစ်ချောင်းကြားမှ မြက်ခင်းပြင်လေးများကို အထင်းသား လှစ်ဟာထားသည့် အလွန့်အလွန် ပါးလျသော အဝတ်အစားများကို ဝတ်ဆင်ထား၏။
သူတို့ ရောက်လာသည့်အချိန်၌ လူကြီးနှင့် သူ့နောက်လိုက်များ၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့၏။ နှုတ်ခမ်းကို လျှာဖြင့်သပ်လျက် သူတို့၏ မျက်လုံးများသည်လည်း တဏှာရိပ်တို့ဖြင့် လွှမ်းလာခဲ့၏။
လူငယ်လေးကမူ စိတ်လွတ်နေသည့်၊ မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့၏။
ရန်ကိုင်မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့၏။
ကြွယ်ဝချမ်းသာသော မိသားစုများမှ သခင်လေးများသည် ထိုကဲ့သို့ မဟုတ်တရုတ်၊ အထူးအဆန်းများကို လုပ်လေ့ရှိမှန်း အစောကြီးကတည်းက သူကြားခဲ့ဖူးဖြစ်၏။
သို့သော်လည်း ကြားသာ ကြားဖူးခြင်း ဖြစ်၏။ မြင်ဖူးချင်းမဟုတ်။ သို့သော်လည်း မြင်လိုက်ရချိန် သူ့စိတ်ထဲ တကယ်ကို ရွံ့ရှာစိတ်ပျက်မိသွား၏။
“သခင်လေး တွေ့ချင်နေတဲ့လူကို ကျုပ် ခေါ်လာခဲ့ပါပြီ” ရောက်သည်နှင့် သက်လတ်ပိုင်းလူကြီးက အလျင်အမြန် owif; ပို့လိုက်၏။
ထိုင်ခုံပေါ်တွင် ထိုင်နေသော လူငယ်လေးသည် လူကြီးပြောသည်ကို မကြားသည့်အလား ထိုအတိုင်းသာ ဆက်ထိုင်နေခဲ့၏။
ရုတ်တရက် လူငယ်လေး၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဒေါသထွက်လာခဲ့၏။ သူ့ပေါင်ကြားထဲ ခေါင်းငုံ့နေသော မိန်းကလေး၏ ဆံပင်ကို ဆောင့်ဆွဲကာ သူမပါးကို အကြိမ်ကြိမ် ရိုက်ချလိုက်ပြီးနောက် “စောက်မိန်းမပျက်မ၊ နင့်သွားမသုံးဖို့ ငါနင့်ကို အကြိမ်ဘယ်လောက်တောင် ပြောနေရမှာလဲ”
ရိုက်ချက်မှာ ပြင်းလှသဖြင့် မိန်းမငယ်လေး၏ ပါးသည် ချက်ချင်း ရောင်ကိုင်းလာခဲ့လေ၏။ သို့သော် အထွန့်မတက်ရဲသဖြင့် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ချက်ချင်း လူငယ်လေး၏ ခြေထောက်ဆီ ဦးညွှတ်လိုက်၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်ဝန်းများ တဖြည်းဖြည်း မှေးစဉ်းသွားခဲ့ပြီး သူ့အရှိန်အဝါသည်လည်း ကြောက်မက်ဖွယ် ကောင်းလာခဲ့လေ၏။
လူငယ်လေးလည်း ရန်ကိုင်ကို သတိပြုမိသွားပြီး ပျင်းရိပျင်းတွဲဖြင့် သူ့ဘက်လှည့်ကာ အထက်စီး လေသံဖြင့် “ မင်းက အဲ့လူအိုကြီးနဲ့ မိန်းကလေးကို ရှာနေတာလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “သူတို့ ဘယ်မှာရှိလဲဆိုတာ မင်းသိလား”
“မသိဘူး။ ငါလည်း သူတို့ကို ရှာနေတာ” လူငယ်လေးက ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး “သူတို့ ဘယ်မှာလဲသိရင် မင်းငါ့ကို ပြောလို့ရမလား”
“မင်းလည်း သူတို့ကို ရှာနေတာလား” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး “မင်းသူတို့ကို ဘာလို့ ရှာနေတာလဲ”
“ငါက မေးသင့်တာ” လူငယ်လေး၏ မျက်နှာ အုံ့ဆိုင်းမှုံ့မှိုင်းသွားခဲ့ပြီး “ဒါပေမယ့် မင်းက မေးတဲ့လူ ဆိုမှတော့ ငါကလည်း ပြောပြရမှာပေါ့”
ပြောနေစဉ်အတွင်း လူငယ်လေး၏ အမူအရာသည် အရုပ်ဆိုးသထက် အရုပ်ဆိုးလာခဲ့၏။ ထိုင်နေသော ခုံလက်ရန်းကို အက်ကြောင်းများ ထပ်လာသည်အထိ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး “ငါဘာလို့ သူတို့ကို ရှာနေရလဲ ဆိုတော့ သူတို့ကို သေစေချင်လို့လေ။ သခင်လေး အခုလို လုပ်ခိုင်းရတာက အဲ့ခွေးသူတောင်းစားအိုကြီးကြောင့်လေ။ ကောင်စုတ်လေး၊ မင်းနဲ့သူတို့နဲ့ ဘာတော်လဲ ငါ့ကို ပြောပြစမ်းပါ။ မဖြေခင် သေချာတွေးနော်။ သူတို့နဲ့ မိတ်ဆွေပဲဖြစ်နေနေ၊ ဆွေမျိုးပဲဖြစ်နေနေ၊ သေတာထက် ဆိုးတဲ့ ကံကြမ္မာကို မင်းခံစားရလိမ့်မယ်”
“အဲ့လူအိုကြီးက မင်းကို ဘာလို့ တိုက်ခိုက်တာလဲ” ထိုလူငယ် ပြောသည်ကို ကြားသော် ရန်ကိုင် ကြောင်သွားခဲ့လေ၏။
မန်ဝူရဆိုတာ ဘယ်လိုလူမျိုးလဲ။ သူလို့ လူမျိုး တစ်ယောက်သည် အကြောင်းပြချက်မရှိဘဲ ဂျူနီယာ တစ်ယောက်အပေါ် လက်ပါလိမ့်မည် မဟုတ်ချေ။
တစ်ခုတည်းသော အကြောင်းပြချက်သည်ကား ထိုလူငယ်လေးသည် မန်ဝူရ ဒေါသထွက်အောင် လုပ်လိုက်သည့် အတွက်ကြောင့်ပင် ဖြစ်ရပေမည်။
မန်ဝူရသည် ရှနင်းချန်အား ရတနာတစ်ပါးကဲ့သို့ ဆက်ဆံ၏။ ထိုလူငယ်လေးသည် သူ့စီနီယာ မမလေးအပေါ် တစ်ခုခု ကြံရွယ်ရဲပါက မန်ဝူရ ဒေါသမထွက်ဘဲ နေလိမ့်မည် မဟုတ်ချေ။
ထို့ပြင် ထိုလူငယ်လေး၏ ယခုလက်ရှိ ပုံစံအရ ဘာတွေ ဖြစ်ပျက်သွားခဲ့သည်ကို ရန်ကိုင် အကြမ်းဖျင်း ခန့်မှန်းမိသွားလေပြီ။ သူ့စီနီယာမမလေးသည် သူ့မျက်နှာကာအား တစ်ခါမှ မချွတ်ဖူးသော်လည်း သူမအား မြင်လိုက်သူမှန်သမျှ သူမသည် မှင်သက်ဖွယ် အလှနတ်သမီးလေးတစ်ပါး ဖြစ်ကြောင်း ပြောနိုင်၏။ အထူးသဖြင့် မြင်သူတိုင်းကို အလိုလို ဆွဲဆောင်နိုင်သည့် သူမ၏ ချစ်စဖွယ် အပြစ်ကင်းစင်သည့် အမူအရာလေးပင်။
ထိုအချက်အားလုံးကို စဉ်းစားပြီးနောက် ရန်ကိုင်လည်း ဒေါသထွက်လာခဲ့၏။
“ငါတို့ ချန်မိသားစုက သူ့ကို ဂုဏ်သရေရှိ ဧည့်သည့်အဖြစ် ဆက်ဆံခဲ့ပေမယ့် သူက ငါတို့ သခင်လေးကို ဒုက္ခပေးရဲတယ်” ရန်ကိုင်ကို ဦးဆောင် ခေါ်လာသည် လူကြီးက ရန်ကိုင်ကို ရှင်းပြလိုက်၏ “ကောင်စုတ်လေး၊ မင်းနဲ့ အဲ့လူအိုကြီးက ဘာတွေလဲ။ လိမ်ရဲလိမ်ကြည့်၊ မင်းအဖိုးငါက မင်းကို သင်ခန်းစာ ကောင်းကောင်းပေးမှာ”
“ခင်ဗျားတို့ သခင်လေးကို ဘာလို့ ဒုက္ခရောက်အောင် လုပ်ခဲ့တာလဲ။ ကျုပ်ကို ရှင်းပြလို့ရမလား” ရန်ကိုင်က ထိုလူအိုကြီး၏ အန္တရာယ်ရိပ်တို့ လက်နေသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်၏။
သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို သတိမပြုမိသည့်အလား ထပ်ရှင်းပြလိုက်၏ “ကျုပ်တို့ သခင်လေးက အဲ့မိန်းကလေးကို နှစ်သက်သဘောကျပြီး သူ့အစာထဲ ဆေးနည်းနည်း ခတ်လိုက်တာလေ”
“သူ့အစာထဲ ဆေးခတ်လိုက်တာလား” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ခင်းဗျားတို့ သခင်လေးက အဲ့လိုလုပ်မယ့်ပုံမျိုး တကယ်ပေါက်တယ်ၑ
ရှနင်းချန်သည် ထွတ်မြတ်စိတ်ဝိဥာည်ဆေးခန္ဓာကိုယ် အား ပိုင်ဆိုင်ထားလေရာ သူမအစာထဲ ဆေးခတ်ရန် ကြိုးစားခြင်းသည် မည်မျှ ရူးမိုက်လေသနည်း။ သူ့စီနီယာ မမလေး ဘာမှမဖြစ်ခဲ့မှန်း ရန်ကိုင် သိသော်ငြား သူဒေါသမထွက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
“အဲ့လူအိုကြီး ခင်ဗျားကို သမပေးလိုက်တာ နည်းနည်း ကြင်နာလွန်းသွားတယ်။ သူ့နေရာမှာ ကျုပ်သာဆိုရင် အဲ့လို လုပ်ခဲ့မှာ မဟုတ်ဘူး” ရန်ကိုင်က မိစ္ဆာပြုံးပြုံးရင်း ပြောလိုက်၏။
“ကောင်စုတ်လေး မင်းဘာပြောလိုက်တာလဲ” လူကြီး၏ အမူအရာ အေးစက်သွားခဲ့ပြီး ဒေါသတကြီးေ အာ်မေးလိုက်လေ၏။
လူငယ်လေးက ရန်ကိုင်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်ပြီး မေးလိုက်၏ “မင်းသာဆိုရင် ဘာလုပ်မှာလဲ”
“တစ်ခါတည်း သတ်ပစ်မှာလေ”
ရန်ကိုင် ပြောသည်နှင့် အကုန်လုံး ဝါးလုံးကွဲ ရယ်မောကြတော့လေ၏။
“ကောင်လေး၊ မင်းရူးနေတာ ကုလို့မရတော့ဘူး။ ငါ့ချန်မိသားစုထဲမှာ ဒီလိုစကားမျိုး လာပြောရဲတယ် ဆိုတော့ မင်းက သေမှာကို တကယ်ပဲ မကြောက်တာလား။ ဒီရေပြာမြို့တော်မှာ ငါတို့ ချန်မိသားစုက…” လူအိုကြီးက မာနတကြီးဖြင့် ကြွားလုံးထုတ်ရန် လုပ်နေခဲ့သော်ငြား ပြောလို့ပင် မပြီးသေးခင်မှာဘဲ သူ့စကားလုံးတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့၏။
လေထဲ သွေးနံ့သင်းသင်းလေး ပျံ့နေခဲ့ပြီး လူကြီး၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ကာ သူ့မျက်နှာသည်လည်း ရဲရဲတောက် နီနေခဲ့၏။ ယခုအချိန်၌ သူ့ကိုယ်ထဲရှိ သွေးကြောအားလုံး အဆက်မပြတ် ကျယ်ပြန့်လာနေသည်ကို သူခံစားနေမိ၏။ မည်မျှပင် ဖိနှိပ်စေကာမှု ထိုသွေးကြောများ ကျယ်ပြန့်လာနေသည်ကို မရပ်တန့်နိုင်ခဲ့ချေ။
ဘုန်း…
အသွေးအသားတို့ ဥယျာဉ်ထဲ ပြန့်ကျဲသွားခဲ့၏။ ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို မသိသော်လည်း သူတို့ ဘေးနားတွင် ရပ်နေသော လူကြီး ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ အရိုးအသားတို့ အကုန် ပျောက်ကွယ်သွားခဲ့ပြီး လူကြီး ရပ်နေသည့် နေရာ၌ သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့လေ၏။
သူနဲ့အနီးကပ်တွင် ရပ်နေသော လူအားလုံးမှာမူ အသားစ၊ သွေးစများဖြင့် ညစ်ပတ်နေလေပြီ.
ထိုမြင်ကွင်းကြောင့် အကုန်လုံး မှင်သက်နေခဲ့ကြ၏။ ထိုင်ခုံပေါ်တွင် ထိုင်နေသော လူငယ်လေးသည်လည်း ထိုမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့၏။
“ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်။ အဲ့လူအိုကြီးနဲ့ မိန်းကလေး ဘယ်သွားလဲ မင်းသိလား။ ပြောရင်း မင်းတို့အလောင်းကို အကောင်းအတိုင်း ချန်ရစ်ပေးမယ်” ရန်ကိုင်သည် လူအုပ်ကြီးကို ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် ဝေ့ကြည့်လိုက်၏။
“သူ့ကိုသတ်” ရန်ကိုင်စကားကြောင့် အသိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် လူငယ်လေး၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး သူ့နောက်လိုက်များကို ရန်ကိုင်အား တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးတော့လေ၏။
သူတို့ သခင်လေး အော်သံကြားမှ လက်အောက်ငယ်သားများ အသိပြန်ဝင်လာရာ အယောင်အယောင် အယမ်းယမ်းဖြင့် စတင် လှုပ်ရှားကြတော့လေ၏။
လေမိုးကြိုးအားအင်တို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့၏။ လေမိုးကြိုးတောင်ပံကို မဆင့်ခေါ်သော်လည်း သူထုတ်လွှတ်လိုက်သော လေမိုးကြိုးစွမ်းအားသည် ဥယျာဉ်တစ်ခုလုံးကို သေခြင်းနယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်၏။
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် အားလုံး ခုခံချိန်ပင် မရလိုက်ဘဲ အသားစအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။
ထိုင်ခုံပေါ်တွင် ထိုင်နေသော လူငယ်လေးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေခဲ့၏။ ထိုကဲ့သို့သော ကြောက်မက်ဖွယ် လူတစ်ယောက်ကို သွားရန်စမိလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
ရန်ကိုင်သည် အရမ်းငယ်သေးသည်ဟု ကြားသည့် အတွက်ကြောင့် သူ့နောက်လိုက်များကို ရန်ကိုင်အား သွားခေါ်စေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုလူငယ်လေးသည် သူ့အသက်နှင့် မလိုက်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် ပုံပင်။
“မသေမျိုးအဆင့် ပညာရှင်လား။ မဖြစ်နိုင်ဘူး” လူငယ်လေးများ မျက်လုံးကျွတ်ထွက်မတတ် ဖြစ်သွားခဲ့ကာ သူ့မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုဖြင့် ပြည့်သွားခဲ့၏။
တစ်ချက်ပင် မလှုပ်ဘဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်နိုင်ဖို့ ဆိုသည်မှာ မသေမျိုးအဆင့် ပညာရှင်သာ လုပ်နိုင်သော အရာမျိုး ဖြစ်၏။ သို့သော်လည်း ဤလောကကြီး ထိုမျှ ငယ်ရွယ်သော မသေမျိုးအဆင့် ပညာရှင်တစ်ယောက် အမှန်တကယ် ရှိသည်လော။
ရန်ကိုင်က ရေခဲတမျှ အေးစက်သည့် အမူအရာဖြင့် သူ့ဆီ လမ်းလျှောက်လာနေသည်ကို မြင်သော် လူငယ်လေးက “မလာနဲ့။ အဲ့နှစ်ယောက် ဘယ်သွားလဲ ငါမသိဘူး။ ငါ့နားမလာနဲ့”
“အဲ့လိုဆို မင်းသေလို့ရပြီ” တစ်ဖက်လူ မလိမ်နေမှန်း သိသည်နှင့် ရန်ကိုင်က လူငယ်လေး၏ ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်၏။
ဆိတ်ငြိမ်သော ဥယျာဉ်ထဲ သွေးညှီနံ့တို့ မွှန်နေခဲ့ပြီး ရန်ကိုင် တစ်ယောက်သည်သာ ကျောက်ရုပ်ထုကြီး တစ်ရုပ်ကဲ့သို့ ရပ်နေခဲ့။ ထိုအဖြစ်အပျက်ကို တိုက်ပွဲဟု ခေါ်၍မရ၊ တစ်ဖက်လူသည် သူ့အား ရန်လာစရဲရာ သူတို့ သွေးတွင်း သူတို့တူးခြင်းဟုသာ ဆိုရပေမည်။
မိန်းကလေး နှစ်ယောက်ကမူ အကောင်းအတိုင်း ရှိနေဆဲ။ သို့သော် ဖြစ်ပျက်သွားခဲ့သော အခြေအနေ အလုံးစုံကြောင့် နှစ်ယောက်စလုံးသည် တွေဝေမိန်းမောစွာဖြင့် ရန်ကိုင်အား ငေးကြောင် စိုက်ကြည့်နေခဲ့၏။ ထိုမိန်းကလေး နှစ်ယောက်ကို သတ်ရန် သူမစဉ်းစားခဲ့။
ရုတ်တရက်ဆိုသလို ရန်ကိုင်အကြည့် ထက်ရှသွားခဲ့ပြီး နေရာတစ်ခုဆီ စိုက်ကြည့်လိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၂၄) စိတ်ပျက်ပြီးနောက် ပျော်ရခြင်း
——————————————————————
သူစိုက်ကြည့်နေရာ အရပ်မှ ပြင်းထန်သော အရှိန်အဝါ တစ်စုံ သူ့ရှိရာအရပ်ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့၏။
ချန်မိသားစု၏ ရေပြာမြို့တော်၏ အရှင်သခင် တစ်ပါး ဖြစ်လေရာ ၎င်းတို့အား စောင့်ရှောက်ကာကွယ်နေသည့် မသေမျိုးအဆင့် ပညာရှင်များ ရှိသည်မှာ မထူးဆန်းချေ။ ဥယျာဉ်ထဲ တိုက်ပွဲဖြစ်နေသည်ကို သတိပြုမိသဖြင့် ဤနေရာသို့ လာရောက် စစ်ဆေးခြင်းပဲ ဖြစ်ရပေမည်။
မရောက်သေးခင်မှာပင် ပညာရှင် နှစ်ယောက်ထဲမှ တစ်ယောက်က လှမ်း၍ အော်ပြောလိုက်၏ “ဘယ်ကောင်က ငါတို့ ချန်မိသားစုထဲမှာ လာသောင်းကျန်းရဲတာလဲကွ”
ရန်ကိုင်သည် ထွက်ပြေးမည့် အရိပ်အယောင် မပြဘဲ မျက်ခုံးပင့်လျက်သာ ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလိုက်၏။
သူ့ဆီလာနေသော ပညာရှင်များသည် မသေမျိုး ပထမအဆင့် ပညာရှင်များသာ ဖြစ်လေရာ နှစ်ယောက် ဆိုလျှင်ပင် ရန်ကိုင် မကြောက်ပါချေ။
သူ့အား အဆင့်တူအတွင်း မည်သူမှ အနိုင်မယူနိုင်ပေ။
ခဏအကြာတွင် ဘယ်နှင့် ညာဘက်မှ လူအိုကြီး နှစ်ယောက် ရောက်လာခဲ့၏။ တစ်ယောက်သည် ညိုမွဲမွဲ အရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးသည် မိုးပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထား၏။ စုတ်ပြတ်နေသော ဥယျာဉ်တစ်ခုလုံးကို မြင်ပြီးနောက် လူအိုကြီးနှစ်ယောက်စလုံး ကြောင်သွားခဲ့ကြ၏။
တစ်ဖက်တွင်မူ ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လူအိုကြီးနှစ်ယောက်စလုံး ဒုက္ခတိ ဖြစ်နေသောကြောင့်ပင်။ တစ်ယောက်သည် လက်တစ်ဖက်ပြတ်နေကာ ကျန်တစ်ယောက်သည် ခြေထောက်တစ်ဖက် ပြတ်နေ၍ ပြတ်နေသော လက်၊ ခြေထောက်နေရာ၌ ပစ္စည်းကိရိယာများ အစားထိုး တပ်ဆင်ထားကြ၏။
“ကောင်လေး၊ အဲ့လူတွေကို မင်းသတ်လိုက်တာလား” ညိုမွဲမွဲအရောင်နှင့် ဝတ်ရုံကို ဝတ်ဆင်ထားသော လူအိုကြီးက ရန်ကိုင်အား အသံကျယ်ကျယ်နှင့် မေးခွန်းထုတ်လိုက်၏။
ရန်ကိုင်က ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။
“ငါတို့ ချန်မိသားစုဝင်တွေကို ဘာလို့ သတ်ရတာလဲ။ မင်းနဲ့ ငါတို့ ချန်မိသားစုကြားမှာ ဘာမကျေနပ်ချက် ရှိလို့လဲ” မိုးပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသည် လူအိုကြီးက ဒေါသတကြီး အော်မေးလိုက်၏။
“ဘာရန်ငြိုးမှ မရှိသလို ဘာမကျေနပ်ချက်မှလည်း မရှိဘူး”
“ဒါဆိုရင် သူတို့ကို ဘာလို့ သတ်လိုက်တာလဲ။ ငါတို့ ချန်မိသားစုကို အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား” ပြောနေစဉ်အတွင်း လူအိုကြီး နှစ်ယောက်စလုံး သူတို့၏ အစစ်အမှန်ချီကို ဖြည်းဖြည်းချင်း စုစည်းလိုက်ကြ၏။
ရန်ကိုင်၏ တည်ငြိမ်သော အပြုအမူကြောင့် လူအိုကြီး နှစ်ယောက်စလုံး စိတ်ထင်သလို မလုပ်ရဲကြ။ ရန်ကိုင် ကျင့်ကြံခြင်းအဆင့်ကို သိရအောင် ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း အာရုံ မခံနိုင်ခဲ့။ ထို့ကြောင့် လူအိုကြီးနှစ်ယောက်စလုံး စိတ်မသက်မသာ ဖြစ်လာခဲ့ကြ၏။
“မင်းသာ အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် ငါတို့ ချန်မိသားစုက မင်းကို မရရအောင် သတ်ပစ်မှာ” ညိုမွဲမွဲဝတ်ရုံနှင့် လူအိုကြီးက အံ့ကြိတ်၍ ခြိမ်းခြောက်ပြောလိုက်၏။
“ကျုပ်ကို သတ်မှာလား” ရန်ကိုင်က လေသံ တိုးတိုးဖြင့် ပြန်၍ လှောင်ပြောင် ပြောဆိုလိုက်၏ “ကောင်းပြီလေ။ ခင်ဗျားတို့ နှစ်ယောက်ကို ဆုံးမပြီးတော့မှပဲ မေးရတော့မှာပေါ့”
သူသတ်လိုက်သော လူငယ်လေးသည် မန်ဝူရနှင့် ရှနင်းချန်တို့ ဘယ်သွားသည်ကို မသိသော်လည်း ထိုလူအိုကြီးနှစ်ယောက် မသိဘူးဟု မဆိုလိုချေ။
ပြောပြီးသည်နှင့် သူ့စိတ်စွမ်းအင်ကို စုစည်း၍ လူအိုကြီးနှစ်ယောက်ဆီ ပစ်လွှတ်လိုက်၏။
တစ်ဖက်လူသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာသော မသေမျိုးအဆင့် လူအိုကြီးများ ဖြစ်ကြ၏။ ထို့ပြင် သူတို့၌ စိတ်ဝိဥာဉ် အကာအကွယ် လက်နက်များပင် ရှိကြသေး၏။ သို့သော် ထိုဝိဥာဉ်လက်နက်များသည် အလင်း တစ်ချက်သာ လက်သွားခဲ့ပြီး အစိတ်စိတ် ဖြစ်သွားခဲ့ရာ လူအိုကြီးနှစ်ယောက်စလုံး အမူအရာ ပျက်ယွင်းသွားခဲ့ရ၏။
လူအိုကြီးလီ၏ အတွေ့အကြုံ ဗဟုသုတများကြောင့် တေဇောဓါတ် အသိစိတ်ပင်လယ်ကို အသုံးချရာ၌ သူပို၍ ကျွမ်းကျင်လာခဲ့၏။
သူ့တေဇောဓါတ် အသိစိတ်ပင်လယ်သည် ဆေးဖော်စပ်ရာတွင်သာမက တိုက်ခိုက်ရာတွင်ပါ အသုံးဝင်လာခဲ့လေပြီ။
ဤတိုက်ပွဲသည် ရန်ကိုင်အတွက် မသေမျိုးအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီး စတင်တိုက်ခိုက်သော ပထမဆုံး တိုက်ပွဲ ဖြစ်၏။ သူ့ပြိုင်ဘက် နှစ်ယောက်သည်လည်း သူနှင့် အဆင့်တူဖြစ်လေရာ ရန်ကိုင်သည် ထိုနှစ်ယောက်ကို သုံး၍ သူ့စွမ်းအားကို စမ်းသပ်ချင်ခဲ့၏။
ထို့ကြောင့် ရန်ကိုင်သည့် သူ့ခွန်အားကို နည်းနည်းမျှပင် ထိန်ချန်မထားခဲ့ချေ။
သူမထင်ထားခဲ့သည်ကား သူ့စိတ်စွမ်းအင်သည် ထိုလူအိုကြီး နှစ်ယောက်၏ အသိစိတ်ပင်လယ်ကို ထိုမျှ လွယ်လွယ်ဖောက်ထွက် သွားလိမ့်မည်ကိုပင်။ ဝိဥာဉ် အကာအကွယ် လက်နက်များ ဝတ်ဆင်ထားသည့် အတွက်ကြောင့် မဟုတ်လျှင် ထိုတိုက်ကွက်သည် နှစ်ယောက်စလုံး၏ ဝိဥာဉ်ကို ခြွေယူသွားပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် လူအိုကြီး နှစ်ယောက်စလုံး၏ နဖူးများ ချွေးအေးတို့ဖြင့် စိုရွှဲလာခဲ့၏။
ရန်ကိုင်၏ တိုက်ခိုက်မှုမှ အသိပြန်ဝင်လာသည့် အချိန်၌ ရန်ကိုင်သည် သူတို့ နှစ်ယောက်ရှေ့ ရောက်နေခဲ့လေပြီ။
လက်ဝါးနှစ်ချက်သည် သူတို့၏ ခံစစ်ကို အလွယ်တကူ ထိုးဖောက်သွားခဲ့ပြီး နှစ်ယောက်စလုံးအား လေထဲ လွင့်ပျံထွက်သွားစေခဲ့လေ၏။
မြေကြီးပေါ်သို့ ပြုတ်ကျပြီးနောက် ပြန်မထရသေးခင်မှာပင် ရန်ကိုင်ပုံရိပ်သည် သူတို့ မျက်စိရှေ့သို့ ထပ်ရောက်လာခဲ့ပြန်၏။
ငါတို့ သူ့ကိုမနိုင်ဘူး လူအိုကြီး နှစ်ယောက်စလုံး ထိုကဲ့သို့ တွေးမိလိုက်သော်ငြား အမှန်တရားကို လက်မခံနိုင်။
ရန်ကိုင်သည်လည်း မကျေမနပ် ဖြစ်နေခဲ့၏။ အဆင့်တူများနှင့် ယှဉ်ပြိုင်ရန် ကြိုးစားခြင်းသည် အမှားတစ်ခုဟု သူတွေးနေခဲ့၏။
ထိတ်လန့်ဖွယ် အရှိန်အဝါက သူတို့အား ရစ်ပတ်ထားလေရာ လူအိုကြီး နှစ်ယောက်စလုံး မလှုပ်ရဲကြ။ မြေကြီးပေါ် ငြိမ်ငြိမ်လေးသာ လှဲနေခဲ့၏။
“မင်းဘယ်သူလဲ” ညိုမွဲမွဲဝတ်ရုံနှင့် လူအိုကြီးက ကြောက်ရွံ့မှုကို အံတု၍ မေးလိုက်၏။
ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်ဘယ်သူလဲ ခင်ဗျား သိစရာ မလိုဘူး။ ကျုပ်မေးတာကိုသာဖြေ။ အဖြေကို စိတ်ကျေနပ်ရင် ခင်ဗျားတို့ကို သွားခွင့် ပေးမယ်။ စိတ်မကျေနပ်ရင်တော့၊ ဟဲ ဟဲ… ဒီနေ့က ခင်ဗျားတို့ ချန်မိသားစုရဲ့ နောက်ဆုံးနေ့ ဖြစ်သွားလိမ့်မယ်”
လူအိုကြီး နှစ်ယောက်စလုံး ချက်ချင်း ခေါင်းညိတ်လိုက်ကြ၏။ ရန်ကိုင် ပြသခဲ့သော ခွန်အား အရ သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိပေ၏။
“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းလောက်တုန်းက လူအိုကြီး တစ်ယောက်နဲ့ မျက်နှာကာ တပ်ထားတဲ့ မိန်းကလေး တစ်ယောက်ကို ခင်ဗျားတို့ ချန်မိသားစုက လက်ခံထားခဲ့တယ်မလား” ရန်ကိုင်က လူအိုကြီး နှစ်ယောက်ရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး မေးလိုက်၏။
ထိုစကားကို ကြားလိုက်သည်နှင့် လူအိုကြီး နှစ်ယောက်စလုံး၏ မျက်နှာ ဖြူလျော်သွားခဲ့၏။ ကြောက်မက်ဖွယ် တစ်ခုခုကို ပြန်အမှတ်ရလိုက်သည့် အလား နှစ်ယောက်စလုံး၏ မျက်လုံးများ ကြောက်လန့် တုန်လှုပ်မှုတို့ဖြင့် ပြည့်လာခဲ့၏။
ညိုမွဲမွဲဝတ်ရုံနှင့် လူအိုကြီးက အလန့်တကြား အော်ပြောလိုက်လေ၏ “လတ်စသတ်တော့ မင်းက သူတို့နဲ့ အတူတူပဲကိုး။ ညီငယ်လေးရယ်၊ အဲ့တုန်းက ငါတို့ ချန်းမိသားစုဘက်ကမှ မှားခဲ့တာပါ။ အဲ့အတွက်လည်း တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရပြီးပါပြီ။ ငါတို့ နှစ်ယောက်ယောက်တောင် အဲ့ကိစ္စကြောင့် အခုလိုမျိုး ဖြစ်သွားခဲ့ရတာပါ။ နှစ်နှစ်တောင် ကြာသွားပြီလေ။ ဒီလောက်အထိ ရက်စက်စရာ လိုသေးလို့လား”
မိုးပြာရောင်ဝတ်ရုံနှင့် လူအိုကြီးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး “ငါတို့ ချန်မိသား တကယ်ကို သင်ခန်းစာ ရသွားပါပြီ။ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်လို့ မရဘူးလား”
လူအိုကြီးနှစ်ယောက် သူ့ရည်ရွယ်ချက်ကို နားလည်မှု လွဲနေမှန်း သတိပြုမိလိုက်သည်နှင့် ရန်ကိုင် မျက်မှောင် ကြုံ့မိသွားလိုက်၏။
သူ့မျက်ဝန်းကို မှေးစဉ်းလိုက်ပြီး ရန်ကိုင်က မေးလိုက်၏ “ခင်ဗျားတို့ရဲ့ လက်နဲ့ခြေထောက်ကို အဲ့လူအိုကြီး ဖြတ်သွားတာလား”
လူအိုကြီး နှစ်ယောက်စလုံး ခေါင်းညိတ်ပြလိုက်၏။
ရှနင်းချန်ကို ဆေးခတ်ခဲ့သည့်အတွက် မန်ဝူရသည် ထိုလူငယ်လေး၏ ခြေထောက်များကိုသာမက မသေမျိုး အဆင့် ပညာရှင်နှစ်ယောက်၏ ခြေလက်များကိုပင် ဖြတ်သွားခဲ့၏။
ညိုမွဲမွဲဝတ်ရုံနှင့် လူအိုကြီးက အမြန်အဆန် ထပ်ပြောလိုက်၏ “အဲ့စီနီယာက ငါတို့ရဲ့ ဘိုးဘေးတွေနဲ့ သိနေတဲ့ပုံပဲ။ ဒါကြောင့် ဒီရေပြာမြို့တော်ဆီ လာခဲ့တာ။ ငါတို့ ချန်မိသားစုကလည်း သူ့ကို ဂုဏ်သရေရှိ ဧည့်သည် အဖြစ်လက်ခံပေးခဲ့တယ်။ ဒါပေမယ့် ငါတို့ တစ်ခါမှ မတွေးခဲ့မိဘူး… ငါတို့ သခင်လေးမိုက်က အဲ့စီနီယာ တပည့်စားမယ့် အစာထဲ ဆေးခတ်လိုက်လိမ့်မယ်လို့လေ။ စီနီယာက အဲ့အကြောင်းကို သိသွားတော့ ဒေါသပုန်ထရော။ အဲ့တုန်းက ရေဝိဥာဉ်ကျောင်းတော်က အကြီးအကဲတစ်ယောက် ရှိနေခဲ့တာ ကံကောင်းသွားတယ်။ အဲ့အကြီးအကဲ ကြားဝင်ဖြန်ဖြေပေးတာကြောင့်သာ မဟုတ်ရင် ငါတို့ ချန်မိသားစု တစ်ခုလုံး အမြစ်ဖြတ်ခံရမှာ။ အဲ့လို ဆိုရင်တောင် ငါတို့ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရ သေးတယ်။ ပြီးတော့ ငါတို့ ဘိုးဘေးတွေနဲ့ သူ့ကြားက ဆက်ဆံရေးကြောင့် စီနီယာက ငါတို့ အသက်တွေကို ချမ်းသာပေးခဲ့တာ”
“ရေဝိဥာဉ် ဘုရားကျောင်းလား” ရန်ကိုင် မျက်ဝန်း အစုံ လက်သွားခဲ့ပြီး “ရေဝိဥာဉ်ဘုရားကျောင်းလို့ ခင်ဗျား ပြောလိုက်တာလား”
“ဟုတ်တယ်” မည်သည့် အတွက်ကြောင့် ရန်ကိုင် ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာမှန်း သူတို့ နှစ်ယောက်စလုံး နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
“အဲ့လူအိုကြီးက ရေဝိဥာဉ်ဘုရားကျောင်းဆီ သွားတာလား” ရန်ကိုင်က အမြန်အဆန် မေးလိုက်၏။
“ဖြစ်နိုင်လောက်တယ်။ ရေဝိဥာဉ်ဘုရားကျောင်းက အကြီးအကဲက သူတို့အတွက် သက်သက်နဲ့ ရေပြာမြို့ဆီ ရောက်လာတဲ့ပုံပဲ။ ပြီးတော့ ဒီမြို့ကလည်း ရေဝိဥာဉ် ဘုရားကျောင်းရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိနေတာလေ။ ကျုပ်တို့ ချန်မိသားစုက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ လက်အောက်ခံ အင်အားစုတွေထဲက တစ်ခုပဲ”
ရန်ကိုင်က မေလေးကို ပွတ်ရင်း အတွေးနက်သွားခဲ့၏။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရန်ကိုင် ရုတ်တရက် ရယ်မောလိုက်ပြီး “လတ်စသတ်တော့ အဲ့လိုပေါ့”
ယခု သူလုံးဝကို ပျော်နေခဲ့၏။
တောင်ပေါ်တွင် လမ်းပျောက်ပြီးနောက် လှည့်တစ်စီးနှင့် သွားတို့သည့် ကိစ္စမျိုးလိုပင်၊ စိတ်ပျက်ပြီးနောက် ပျော်ရွှင်ရခြင်းပင်တည်း။
“ညီငယ်လေး၊ မင်း…” ရန်ကိုင်၏ ရယ်သံကြောင့် ညိုမွဲမွဲဝတ်ရုံနှင့် လူအိုကြီး တုန်တုန်ရီရီ ဖြစ်သွားခဲ့၏။ အခတ်မသင့် ရန်ကိုင် စိတ်ထပေါက်ပြီး သူတို့ ချန်မိသားစုအား ဖျက်စီးပစ်မည်ကို လူအိုကြီး အတော်လေး ကြောက်နေခဲ့၏။
“ဒီကိစ္စက ခင်ဗျားတို့နဲ့ ဘာမှ မပက်သက်တော့ဘူး။ အဲ့လူအိုကြီးက ခင်ဗျားတို့ မိသားစုကို မဖျက်စီးခဲ့မှတော့ ခင်တို့ ဘိုးဘေးနဲ့ သူ့ကြားက ဆက်ဆံရေးက သာမန် မဟုတ်လို့ပဲ ဖြစ်မှာပေါ့။ ဒါကြောင့် ကျုပ်လည်း စည်းကျွံမှာ မဟုတ်ဘူး။ ဒါပေမယ့်… ခင်ဗျားတို့ လက်အောက်ငယ်သား တော်တော်များများနဲ့ သခင်လေးကို ကျုပ်သတ်ပစ်မိသွားပြီ။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး ခင်ဗျားတို့ ဘာပြောချင်လဲ”
“အဲ့အမှိုက်ကောင် သေတာပဲကောင်းတယ်” ညိုမွဲမွဲ ဝတ်ရုံနှင့်လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ နှစ်ယောက်လည်း အခုလိုဘဝမျိုး ရောက်ခဲ့ရမှာ မဟုတ်ဘူး”
လွန်ခဲ့သော နှစ်နှစ်က အကြောင်းကို ပြန်စဉ်းစားမိသည်နှင့် လူအိုကြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့၏။
“ကောင်းတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ကျူပင်ခုတ် ကျုငုတ်ပါမကျန် ရှင်းမည့်အတွေးကို ဖယ်ထုတ်လိုက်ပြီး မေးလိုက်၏ “ရေဝိဥာဉ်ဘုရားကျောင်းက ဘယ်ဘက်မှာလဲ”
“အဲ့ဘက်မှာပါ။ ပင်လယ်ကို ဖြတ်သွားရင် ကျွန်အစုအဝေးကြီး တစ်ခုကို တွေ့လိမ့်မယ်။ အဲ့နေရာက ရေဝိဥာဉ်ဘုရားကျောင်းပဲ” ညိုမွဲမွဲဝတ်ရုံနှင့် လူအိုကြီးက ရန်ကိုင်က အလျင်အမြန် လမ်းညွှန်ပြလိုက်၏။
လူအိုကြီး ပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်သည် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။
အချိန်အတော်ကြာအောင် စောင့်နေပြီး ရန်ကိုင် ထွက်သွားပြီးမှန်း သေချာသွားတော့မှပဲ လူအိုကြီး နှစ်ယောက်စလုံး သက်ပြင်းချနိုင်တော့၏။
အမေနို့ရည်ပင် မစင်သေးသည့် ကောင်စုတ်လေး တစ်ယောက်ကို ရှုံးလိုက်ရသည့်အတွက် သူတို့ လုံးဝ မျက်နှာပျက်ခဲ့ရလေပြီ။ ကံကောင်းစွာဖြင့် သူတို့နှစ်ယောက် ရှုံးသွားသည်ကို ဘယ်သူမှ မမြင်၍သာ တော်သွား၏။ မဟုတ်လျှင် မျက်မြင်သက်သေကို နှုတ်ပိတ်နေရပေဦးမည်။
မည်မျှ ဆိုးလိုက်သည့် ကံပေနည်း။
ရေပြာမြို့တော်မှ ထွက်ခွါပြီးနောက် အစစ်အမှန်ချီ ကုန်ဆုံးမည်ကိုပင် ဂရုမစိုက်တော့ဘဲ ရေဝိဥာဉ် ဘုရားကျောင်းဆီ အပြင်းနှင်တော့လေ၏။
ရေဝိဥာဉ်ဘုရားကျောင်းသည် ရွှေးလင်၏ ဂိုဏ်းဖြစ်၏။
တုန်းရွှမ်လောကကြီးသို့ သူတို့နှစ်ယောက် အတူတူ ရောက်လာခဲ့၏။ သူတို့ နှစ်ယောက် ခွဲခွာခဲ့သည်မှာ သုံးနှစ်တင်းတင်း ရှိသွားခဲ့ပြီ။ မခွဲခင် ရေဝိဥာဉ်ဘုရားကျောင်းသို့ ဝင်ရန် ရွှေးလင်က သူ့အား ဖိတ်ခေါ်လာခဲ့သော်လည်း ရန်ကိုင်က ငြင်းခဲ့၏။
သူသာ မငြင်းခဲ့လျှင် ယခုအချိန်လောက်ဆို မန်ဝူရ၊ ရှနင်းချန်တို့နှင့် ပြန်တွေ့နေရလောက်ပေပြီ။ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် သူ့စိတ်ထဲ နောင်တရချင်မိသွား၏။
မန်ဝူရနှင့် ရှနင်းချန်သည် ရွှေးလင်ကို ရှာရန် ရေဝိဥာဉ် ဘုရားကျောင်းသို့ သွားခြင်း ဖြစ်ရပေမည်။ ရွှေးလင်ဆီ၌ သူ့အတွက် သတင်းစကားတစ်ခု ချန်ရစ်ကောင်း ချန်ရစ်ထားခဲ့နိုင်၏။
တကယ်တော့ ရွှေးလင် မည်သည့်နေရာမှ လာသည် ဆိုသည်ကို ဗဟိုမြို့တော်၌ ရှိနေစဉ်ကပင် မန်ဝူရ သိခဲ့ခြင်း မဟုတ်လေလော။ ထို့ကြောင့် ရန်ကိုင် ရေဝိဥာဉ် ဘုရားကျောင်းသို့ လာမည်ဟု မန်ဝူရ ခန့်မှန်းသည်မှာ မထူးဆန်း။
ထိုအရာအားလုံးသည် ခန့်မှန်းတွက်ချက်မှုသာ ဖြစ်သော်လည်း အမှန်းနှင့် နီးကပ်၏။
ချန်မိသားစု လူအိုကြီးနှစ်ယောက် ပြောခဲ့သော စကားများသည် ရန်ကိုင်၏ ထင်မြင်ချက်ကို ပို၍ ခိုင်မာသွားစေခဲ့၏။
ရေဝိဥာဉ်ဘုရားကျောင်းဆီမှ အကြီးအကဲ တစ်ယောက် မန်ဝူရကို လာနှုတ်ဆက်ခြင်းသည် ရွှေးလင်နှင့် တွေ့ရန် မန်ဝူရ ရေဝိဥာဉ် ဘုရားကျောင်းသို့ သွားပြီဟု ဆိုလိုက်သည်နှင့် အတူတူပင် ဖြစ်၏။
ရွှေးလင်နှင့် တွေ့ပြီးနောက် သူတုန်းရွှမ် လောကကြီးဆီသို့ ရောက်နေကြောင်းကို မန်ဝူရ သိသွားပေလိမ့်မည်။
လုံးဝကို စိတ်မရှည်နိုင်တော့သဖြင့် အရှိန်ကုန်တင်ကာ စိတ်ဝိဥာဉ်ဘုရားကျောင်းဆီသို့ ပျံသန်းနေခဲ့၏။
တစ်ရက်နှင့်တစ်ည ပျံသန်းသပြီးနောက် ကျွန်းစ အရိပ်အယောင်တို့ကို ရန်ကိုင် တွေ့လိုက်ရ၏။ ထိုကျွမ်းများသည် အစီအစဉ်မကျ ရှိချင်သလို ရှိနေခဲ့ကြ၏။
အချို့ကျွန်းများသည် ကြီး၍ အချို့ကျွန်းများက သေးကြ၏။ အချို့ကမူ ကီလိုမီတာ ဒါဇင်ကျော်သာ အလှမ်းကွာ၍ အချို့ကျွန်းများကမူ ကီလိုမီတာ ရာကျော်၊ ထောင်ကျော် ကွာဝေးကြ၏။
ထိုအကျွန်းအနီးအနားတစ်ဝိုက် အမျိုးမျိုးသော လှေ၊ သင်္ဘောများ သွားလာနေခဲ့ကြ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၂၅) အနက်ရောင်တိမ်တိုက်ကျွန်း
——————————————————————
အနက်ရောင် တိမ်တိုက်ကျွန်းသည် ရေဝိဥာဉ် ဘုရားကျောင်း၏ လက်အောက်ခံ ကျွန်းတစ်ကျွန်း ဖြစ်၏။ မသိရသော အကြောင်းပြချက် အချို့ကြောင့် ကျွန်းတစ်ခုလုံးကို အနက်ရောင် တိမ်တိုက်များ အမြဲတမ်း ဖုံးလွှမ်းနေ၏။ ဆယ်ရက်ရှိလျှင် ရှစ်ရက်သည် မိုးဖွဲဖွဲ ရွာနေတတ်ပြီး ကျန်နှစ်ရက်သည် သည်းသည်းမဲမဲ ရွာသွန်းတတ်၏။
ဟဲဖူသည် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။ သို့သော် ကွပ်ကွဲနိုင်စွမ်း ကောင်းမွန်ရကား ရေဝိဥာဉ်ဘုရားကျောင်း၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ယောက် မဖြစ်လာနိုင်သော်လည်း ကြီးကြပ်ရေးမှူး တစ်ယောက်တော့ ဖြစ်လာသေး၏။
ယခုအချိန်၌ သူသည် အနက်ရောင်တိမ်တိုက်ကျွန်း၏ ကိစ္စအထွေထွေကို ကိုင်တွယ်ဦးစီးနေသူ ဖြစ်၏။ ယနေတွင်လည်း ရာသီဥတု မကောင်းချေ။ မိုးသည် မစဲစတမ်း အဆက်မပြတ် ရွာသွန်းနေ၏။ ကုန်ပစ္စည်းများကို သင်္ဘောပေါ်တင်ရန် အမိန့်ပေးနေရင်း ကောင်းကင်ဘုံကို တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
ထိုပစ္စည်းများသည် ရေဝိဥာဉ်ဘုရားကျောင်း၏ လက်ရွေးစင်တပည့်များ အသုံးပြုရန်အတွက် ဖြစ်၏။
မည်သူမှ သတိမပြုမိစဉ် ဟဲဖူသည် သေတ္တာ တစ်လုံးထဲမှ သလင်းကျောက် နှစ်တုံးကို အမြန်အဆန် ထုတ်ယူကာ သူ့အိတ်ထဲ ထည့်လိုက်၏။ ထို့နောက် ဟန်မပျက် အမူအရာဖြင့် ဆက်လက် အမိန့်ပေးနေ၏။
“ကြီးကြပ်ရေးမှူးဟဲ၊ ကြီးကြပ်ရေးမှူးဟဲ...” သူ့နာမည် အော်ခေါ်သံကြားသဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ရာ သူ့အား လက်ဝှေ့ရမ်း ပြနေသော ကင်းမွန်ငါးအမည်ရှိ သူ့ဂျူနီယာတစ်ယောက်ကို တွေ့လိုက်ရ၏။
ရေဝိဥာဉ်ဘုရားကျောင်းသည် စည်းကပ် တင်းကြပ်၏။ အနက်ရောင်တိမ်တိုက်ကျွန်း၏ ကြီးကြပ်ရေးမှူး ဆိုလျှင်ပင် အရင်းအမြစ်များကို အလွဲသုံးစား လုပ်ပါက သေးငယ်သော ပြစ်ဒဏ်ပင်လျှင် ဂိုဏ်းမှနှင်ထုတ်ခံရပြီး ကြီးလေးသော ပြစ်ဒဏ်ဆိုပါက် ခြေလက်လေးချောင်းစလုံး ရိုက်ချိုးခံရပေလိမ့်မည်။
“ကြီးကြပ်ရေးမှူးဟဲ၊ သံသယဝင်စရာ အနက်ရောင် အစက်တစ်စက် ကျုပ်တို့ဆီ လာနေတယ်။ တစ်ယောက်ယောက်က ကျုပ်တို့ဆီ ပျံသန်းလာနေသလိုပဲ” ကင်းမွန်းငါသည် သူ့နာမည် အရင်းမဟုတ်။ သို့သော် သူ့မျက်နှာသည် ငါးမျက်နှာနှင့် တူသဖြင့် တစ်ယောက်ယောက်က ထိုနာမည်ပြောင်ကို သူ့အား ပေးခဲ့၏။ ယခု အားလုံးက သူ့အား ထိုကဲ့သို့ ခေါ်နေကြလေပြီ။ သို့သော် ထိုကဲ့သို့ အခေါ်ခံရသည်ကို စိတ်ထဲမထားချေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့မိတ်ဆွေအများစုသည် သူ့နာမည်အရင်းကိုပင် မေ့နေလောက်ပေပြီ။
“တစ်ယောက်ယောက် ပျံသန်းလာနေတာလား” ဟဲဖူက သူ့မျက်လုံး သေးသေးလေးကို မှေးစဉ်းလိုက်ပြီး ကင်းမွန်ငါး ညွှန်ပြရာ အရပ်ဆီ စူးစိုက်ကြည့်လိုက်၏။ ခဏအကြာ၌ လှောင်ပြုံးပြုံးလျက် “ဘယ်လို အရူးကောင်းလဲဟ။ အနက်ရောင်တိမ်တိုက်ကျွန်းကို ဆန်းကြယ်တဲ့ စွမ်းအင်တွေ ဝန်ရံနေတယ် ဆိုတာကို ဒီကောင် မသိတာလား။ ကဲ၊ ဘာပဲဖြစ်ဖြစ်၊ သူ့ဘာသာ ကောင်းကင်ဘုံအမျက် ခံရပါလေ့စေ”
ဒါပေမယ့်… သူသေသွားရင်” ကင်းမွန်ငါးက အနည်းငယ် စိုးရိမ်နေဟန်ဖြင့် မေးလိုက်၏။
“သူသေတော့လည်း သေတာပဲပေါ့။ ငါဘာလို့ ဂရုစိုက်နေဦးမှာလဲ” ဟဲဖူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါတို့ အနက်ရောင်တိမ်တိုက်ကျွန်းရဲ့ သဘာဝ အကာအရံအကြောင်း မသိဘဲ အခုလို ပျံသန်းနေပုံထောက်ရင် သူက ငါတို့ရဲ့ အသိတစ်ယောက် မဟုတ်လောက်ဘူး။ လူတစ်ယောက် သေသွားရင်တောင် ကိစ္စမရှိဘူး” ပြောပြီးသည်နှင့် ကောင်းကင်ပေါ် လှည့်ကြည့်၍ ရေရါတ်လိုက်၏ “သောက်မိုးကွာ။ တကယ်ကို စိတ်ဓါတ်ကျစရာ ကောင်းလိုက်တာ”
ဟဲဖူ ပြောသည်မှာလည်း မှန်သလိုလို ဖြစ်သည်ဟု ကင်းမွန်ငါး တွေးလိုက်မိ၏။ ထို့ကြောင့် ထိုလူကို ဆက်ဂရုမစိုက်မနေတော့ပေ။
သမုဒ္ဒကို ဖြတ်ကျော် ပျံသန်းလာပြီးနောက် သူပထမဆုံး တွေ့လိုက်ရသော ကျွန်းသည် အနက်ရောင် တိမ်တိုက်ကျွန်း ဖြစ်၏။ ထိုအနက်ရောင် တိမ်တိုက် များကို မြင်ပြီးနောက် ထိုကျွန်းနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေမှန်း သူနားလည်ုလိက်၏။ သို့သော် တစ်ချက်ရပ်ပြီး စစ်ဆေးကြည့်လိုက်သော်လည်း ဘာထူးခြားသည်ကိုမှ မတွေ့ရ၏။
ထို့ကြောင့် အနက်ရောင် တိမ်တိုက်များ ရှိရာဆီ လျှပ်စီးတန်းတစ်ခုပမာ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်၏။
ရန်ကိုင် ပျံသန်းလာနေသည်ကို အောက်ဘက်ရှိ လူအုပ်ကြီးသည်လည်း သတိပြုမိ၏။ အားလုံးသည် သူ့အား လက်ညိုး တထိုးထိုးဖြင့် အော်ပြောနေကြ၏။ သို့သော် သူတို့ကြား အဝေးကြီး ကွာခြားနေသည်က တစ်ကြောင်း၊ လေသံမိုးသံများက ညံမစဲ ဖြစ်နေသည်က တစ်ကြောင်း၊ သူတို့ ပြောနေသည်ကို ရန်ကိုင် မကြားခဲ့။
တစ်ခဏကြာပြီးနောက် အနက်ရောင် တိမ်တိုက်များထက် ရောက်ရှိလာခဲ့၏။ ကျင့်ကြံသူ အားလုံးသည် သနားဂရုဏာသက်သည့် အကြည့်ဖြင့် သူ့အား စိုက်ကြည့်နေကြ၏။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။ ဘာတွေ ဖြစ်ပျက်နေသည်ကို မသိသော်ငြား ထိုလူများဆီမှ ရန်လိုစိတ် မခံစားရသဖြင့် သူတို့အား စိတ်ထဲမထားတော့ဘဲ အောက်ဆင်းရန် လုပ်လိုက်၏။ သို့သော်လည်း သူအောက်ဆင်းမြည်အပြု တဖျစ်ဖျစ် မြည်သံကြီးတစ်သံ ပေါက်ကွဲထွက်လာခဲ့၏။
ချက်ချင်းဆိုသလို ကောင်းကင်ထက်မျှ လျှပ်စီးတန်းတစ်ခု သူ့ခေါင်းပေါ်သို့ ကျဆင်းလာခဲ့၏။ လျှပ်စီးတန်းမှာ အတော့်ကိုမှ ပြင်းလှသဖြင့် ရန်ကိုင်မှာ ပင်လယ်ထဲ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့၏။
သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်အားလုံး ထောင်တက်ကုန်၏။ သို့သော်လည်း တစ်ခဏတာ ထိန်းချုပ်မှု လွတ်သွားပြီးနောက် သူ့တစ်ကိုယ်လုံး သက်သောင့် သက်သာ ဖြစ်သွားသလို ခံစားလိုက်ရ၏။
လေမိုးကြိုးတောင်ပံများသည် လျှပ်စီးဓါတ် အများစုကို စုပ်ယူသွားခဲ့၏။
လျှပ်စီးတန်း သူ့ကို ထိမှန်သွားသည့် အချိန်၌ အောက်ဘက်ရှိ လူအုပ်ကြီးတစ်ခုလုံး အလန့်တကြား ထအော်ကြ၏။ သို့သော်လည်း အော်ပြီးပြီးချင်း ချက်ချင်း ရပ်တန့်လိုက်ကြရ၏။ အားလုံးသည် ရန်ကိုင်အား မှင်သက်စွာ စိုက်ကြည့်နေခဲ့ကြ၏။
လူကြီးလက်မောင်း တစ်လုံးစာလောက် ရှိသော လျှပ်စီးတန်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးနောက် ဆံပင်များ ထောင်တက်ကုန်ရုံမှလွဲ၍ လူငယ်လေးသည် အကောင်းအတိုင်း ရှိနေဆဲ။ ထိုအဖြစ်အပျက်ကို အားလုံး နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
အနက်ရောင်တိမ်တိုက်၏ ထူးခြားမှုသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် အတွက်ကြောင့်သာ မက တိမ်တိုက်များထဲ စုဝေးနေသည့် ပြင်းထန်လှသော လျှပ်စီးစွမ်းအင်ကြောင့်လည်း ပါပေ၏။ ပုံမှန်ဆိုလျှင် အနက်ရောင်တိမ်တိုက်များသည် လျှပ်စီး မပစ်တတ်။ ကံမကောင်း အကြောင်းမလှသူအဖို့ တိမ်တိုက်နှင့် အရမ်း နီးနီးကပ်ကပ် နေမှသာလျှင် လျှပ်စီးပစ်ခံရတတ်၏။
အနက်ရောင်တိမ်တိုက်ကျွန်းသည် ရေဝိဥာဉ် ဘုရားကျောင်း ပိုက်နက်၏ အစွန်အဖျား နေရာတစ်ခုသာ မဟုတ်၊ အပြင်လောကကြီးနှင့် ကုန်သွယ်ရာ နေရာတစ်ခုသာလည်း မဟုတ်၊ သဘာဝ အရံအတားကို ပိုင်ဆိုင်ထားသည့် နေရာတစ်ခုလည်း ဖြစ်ပေ၏။
တစ်ယောက်ယောက်သာ ထိုအချက်ကို သတိပြုမိဘဲ အနက်ရောင်တိမ်တိုက်များထဲ ပျံသန်းလာပါက မိုးကြိုး ပစ်ချခံရပေလိမ့်မည်။
ထိုမိုးကြိုးဒဏ်ကို ရေဝိဥာဉ်ဘုရားကျောင်း၏ အကြီးအကဲများပင် မရင်ဆိုင်နိုင်ကြချေ။
ခြောက်လတိုင်း ခြောက်လတိုင်း ရေဝိဥာဉ် ဘုရားကျောင်း၏ အကြီးများသည် အထူးနည်းလမ်း တစ်ခုကိုသုံး၍ တိမ်တိုက်များထဲ စုဝေးနေသော လျှပ်စီးဓါတ်များကို ထုတ်ပယ်ကြ၏။ သို့မှသာ လျှပ်စီးများ အစုဝေးလွန်ပြီး ပေါက်ကွဲလာမည့်ရန်ကို ကာကွယ် နိုင်ပေလိမ့်မည်။
အကြီးအကဲများ တိမ်တိုက်ထဲမှ လျှပ်စီးစွမ်းအင်ကို ထုတ်ပယ်ခဲ့သည်မှာ အတော်ပင် ကြာနေခဲ့လေပြီ။ ထိုမျှ ကြာသွဦးပြီးနောက် တိမ်တိုက်များထဲ စုဝေးနေသည့် လျှပ်စီးစွမ်းအင်သည် အတော့်ကို သိပ်သည်းနေလေပြီ။ သို့သော်လည်း ထိုကောင်လေးသည် ထိုလျှပ်စီး စွမ်းအင်ကို အဘယ်ကြောင့် ခုခံနိုင်နေရသနည်း။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို ငေးကြောင် ကြည့်နေစဉ် လျှပ်စီးတန်းများသည် ကောင်းကင်ထက်မှ တရစပ် ပစ်ချလာခဲ့၏။
တဂျုန်းဂျုန်း မြည်သံများနှင့် လျှပ်စီးများ အဆက်မပြတ် ပစ်ချနေခဲ့၏။ များလှစွာသော လျှပ်စီးတန်းများကြောင့် အားလုံးမှာ ဘာကိုမှ မမြင်နိုင် ဖြစ်သွားခဲ့ရ၏။
ဟဲဖူသည် အစစ်အမှန်ချီကို လှည့်ပတ်၍ ကြည့်ရန် ကြိုးစားလိုက်သော်ငြား ဘာကိုမှ မမြင်ခဲ့။
အချိန် တစ်ခဏကြာမှသာ လျှပ်စီးတန်းများ ရပ်တန့်သွားခဲ့၏။ သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံး အလန့်တကြား ထအော်မိလိုက်ကြ၏။ အနက်ရောင် တိမ်တိုက်ထဲ မဆင်မခြင် တိုးဝင်လာသော လူငယ်လေးသည် အကြိမ်များစွာ မိုးကြိုးပစ်ချခြင်းကို ခံရပြီးသည့်တိုင် ယခုအချိန်အထိ အကောင်းအတိုင်း ရှိနေသေး၏။ အကောင်းအတိုင်း ရှိနေရုံမက ထိုသကောင့်သားသည် ပြုံးပင် ပြုံးနေလိုက်သေး၏။
“ကြီးကြပ်ရေးမှူးဟဲ၊ လျှပ်စီးဒဏ်ကြောင့် အဲ့ကောင် ဦးနှောက်များ ချောင်သွားတာလား” ကင်းမွန်ငါးက ဟဲဖူနား လာပြီး တိုးတိုးလေး မေးလိုက်၏။
ဟဲဖူသည်လည်း မှ၍်သက်နေခဲ့၏။
ထိုလူငယ်လေးသည် မရူးဘူးဆိုပါက တစ်ခုတည်းသော ရှင်းပြချက်ကား သူ့သည် လျှပ်စီးဒဏ်ကို တောင့်ခံနိုင်သော ခွန်အားအား ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။
သို့သော် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကောင်းကင်အမျက်ကနေ မသေမျိုး တတိယအဆင့် အကြီးအကဲတစ်ယောက်တောင် မလွတ်မြောက် နိုင်ဘူးလို့ ဂိုဏ်းက အကြီးအကဲတွေ ပြောဖူးတယ်။ ဒီကောင်လေးက (၂၃)၊ (၂၄)လောက်ပဲ ရှိဦးမယ်။ သူအဲ့လောက်တောင် အားကောင်းသည်လား။
လူအုပ်ကြီးတစ်ခုလုံး အတွေးထဲ နစ်မြောနေစဉ် ကောင်းကင်ထက်ရှိ လူငယ်လေးက စိတ်ပျက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်၏။ ထို့နောက် သူ့အဝတ်အစားများကို အစီအစဉ်ကျအောင် လုပ်လိုက်ပြီး အနက်ရောင် တိမ်တိုက်ကျွန်းပေါ်သို့ ဆင်းလာခဲ့လေ၏။
လူငယ်လေး ဆင်းလာသည်ကို မြင်သော် အောက်ဘက်ရှိ လူအကုန်လုံး သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်ထားလိုက်ကြ၏။
တစ်ဖက်လူများ သူ့အား သတိထားနေသည်ကို သတိပြုမိရာ ရန်ကိုင်က ရင်းရင်းနှီးနှီးပြုံးလျက် ကျွန်းပေါ်သို့ ဖြည်းဖြည်းချင်း ခြေချလိုက်၏။
“မင်းဘယ်သူလဲ” ဟဲဖူက အေးစက်စက် လေသံဖြင့် မေးလိုက်၏။ ရန်ကိုင်အား စစ်ဆေးကြည့်လိုက်သော်ငြား သူ့အား တစ်ခါမှ မမြင်ဖူးကြောင်း တွေ့လိုက်ရ၏။
အဓိကကုန်းတွင်းမြေမှ ရေဝိဥာဉ်ဘုရားကျောင်း၏ ပိုက်နက်တွင်းသို့ ဝင်လာသူမှန်သမျှ အနက်ရောင် တိမ်တိုက်ကျွန်းကို အရင်ဖြတ်ကျော်ရပေမည်။
“ဒါက ရေဝိဥာဉ်ဘုရားကျောင်းလား မသိဘူးဗျ” ရန်ကိုင်က ပြန်မဖြေဘဲ လူအုပ်ကြီးကို ဝေ့ကြည့်၍ မေးလိုက်၏။ လူအုပ်ထဲ မသေမျိုးအဆင့် ပညာရှင် မရှိမှန်း သိလိုက်ရပြီးနောက် အတော့်ကို စိတ်လက် ပေါ့ပါးသွား၏။ ဤနေရာ၌ ရှိနေသူအများစုသည် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များသာ ဖြစ်ကြ၏။
“ဟုတ်တယ်” ဟဲဖူက ခေါင်းညိတ်လိုက်ပြီး “ဒီနေရာက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ အနက်ရောင် တိမ်တိုက်ကျွန်းပဲ။ ဘာလို့ ငါတို့ ရေဝိဥာဉ် ဘုရားကျောင်းဆီ ရောက်လာတာလဲ”
ရန်ကိုင်၏ စွမ်းဆောင်ရည်ကို မြင်ပြီးနောက် ထိုလူငယ်လေးသည် သူရန်စသင့်သည် လူတစ်ယောက် မဟုတ်မှန်း ဟဲဖူသိလိုက်၏။ ထို့ကြောင့် ထိုလူငယ်လေး ရှေ့၌ အရမ်းကြီး မောက်မာတကြီး မပြုမူရြချေ။ သို့သော် ကျွန်း၏ ကြီးကြပ်ရေးမှူတစ်ယောက် အနေဖြင့် သူ့ကိုယ်သူ အရမ်းကြီး နှိမ့်ချနေ၍ မဖြစ်ချေ။
“နားလည်မှု မလွဲပါနဲ့ဗျာ။ ကျုပ်က ဒီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာ မဟုတ်ပါဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး “ကျုပ်ဒီကို တစ်ယောက်ယောက်ကို ရှာချင်လို့ ရောက်လာတာဗျ”
“တစ်ယောက်ယောက်ကို ရှာဖို့လား” ဟဲဖူ မျက်မှောင်ကြုံ့လိုက်ပြီး “မင်းဘယ်သူ့ကို ရှာနေတာလဲ”
“အင်း၊ ရွှေးလင်းဆိုတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ကျုပ်မှတ်မိတာသာ မှန်မယ်ဆိုရင် သူက ရေဝိဥာဉ် ဘုရားကျောင်း သခင်ရဲ့ သမီးပဲ”
“ရွှေးလင်ကို ရှာနေ… မင်းသမီးလေးကို ရှာနေတာလား” ဟဲဖူ မျက်လုံးပြူးသွားခဲ့၏။ ထို့နောက် ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ရယ်မောလိုက်၏။
အားလုံးသည်လည်း ရန်ကိုင် ပြောသည်ကို ကြားသည့်အချိန်၌ မဲ့ပြုံးပြုံးလိုက်ကြ၏။
“ဟုတ်တယ်။ မင်းသမီးလေးကို ကျုပ်ရှာနေတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အဆင်ပြေရင် သူဘယ်မှာလဲ ကျုပ်ကို ပြောပြလို့ရမလား။ အင်း၊ သူ့ဆီ ခေါ်သွားပေးနိုင်ရင် အကောင်းဆုံးပဲ”
“ကောင်လေး” ဟဲဖူက ပြုံးလိုက်ပြီး လေသံ တိုးတိုးဖြင့် “မင်းဘယ်အင်အားစုက လာလဲ ငါမသိပေမယ့် မင်းမှာ အရည်အချင်းရှိလို့ ငါမင်းကို အရှက်ရအောင် မလုပ်ချင်ဘူး။ ဒါပေမယ့် မင်းလှည့်ပြန်သင့်တယ်။ မင်းသမီးလေးက မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့လူ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ဟဲဖူက သူ့လက်ကို ဝှေ့ရမ်းလိုက်၏။
အားလုံး၏ သဘောထားကိုမြင်သော် ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး “မင်းတစ်ခုခုကို နားလည်မှု လွဲနေတာလား”
ရန်ကိုင် တုန်ဆိုင်းနေသည်ဟု ထင်ကာ ဟဲထူက သွားပေါ်အောင် ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏ “နားလည်မှု လွဲတာလား။ ငါတို့ မင်းသမီးလေးကို ပိုးပန်းကို ဒီကို ရောက်နေတာ မဟုတ်ဘူးလို့ ငါ့ကို ပြောချင်နေတာလား။ ဂိုဏ်းမင်းသမီးလေးက အလှဂလေး တစ်ယောက်ဆိုတော့ လူငယ်လေး သူ့ကို ကြိုက်တာလည်း မဆန်းပါဘူးလေ။ ငါ့ညီအစ်ကိုတွေတောင် တစ်ကြိမ်၊ နှစ်ကြိမ်လောက် စိတ်ကူးယဉ်ဖူးကြတယ်” သက်ပြင်း တစ်ချက်ချလျက် “ဒါပေမယ့် မင်းခံစားချက်ကို ငါနားလည်တယ်။ မင်းကိုတောင် ဂရုဏာသက်မိသေးတယ်။ ဒါပေမယ့် စည်းမျဉ်းတွေကို မျက်ကွယ်ပြုထားလို့ မရဘူးလေ။ မင်းထွက်မသွားရင် မင်းအပေါ် မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့နော်”
ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်အည်း နေရ၏။ ထိုလူများသည် သူ့အား လုံးဝကို အထင်လွဲနေခဲ့၏။
ရွှေးလင်သည် အမှန်တကယ်ကို လှပသော်ငြား သူမအပေါ် ထိုကဲ့သို့ စိတ်မျိုး တစ်ခါမှ မထားခဲ့ဖူး။
ဗဟိုမြို့တော်၌ ရှိစဉ်က သူတို့ နှစ်ယောက်သည် ရန်သူအဖြစ် စတင်ခဲ့ရ၏။ သို့သော် နောက်ပိုင်းကျ မိတ်ဆွေ ဖြစ်လာခဲ့၏။ ထိုမိတ်ဆွေဆက်ဆံရေးကြောင့် တုန်းရွှမ်လောကကြီးဆီသို့ လာခဲ့စဉ် သူမကိုပါ သူနှင့်အတူ ခေါ်လာခဲ့ခြင်း ဖြစ်၏။
ထိုအချိန်မှ ယခုအချိန်ထိ သူမအပေါ် မိတ်ဆွေ ဆိုသော ခံစားချက်သာ ရှိ၏။
တစ်ခဏလောက် စဉ်းစားပြီးနောက် အနက်ရောင် စာအုပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ပေးလိုက်၏ “ဒါကို ကြည့်ကြည့်လိုက်”
ဟဲဖူက ထိုတံဆိပ်ပြားကို သင်္ကာမကင်း အမူအရာဖြင့် လက်ခံယူလိုက်၏။ သေသေချာချာ စစ်ဆေးကြည်ပြီးနောက် အလန့်တကြား ထအော်လေ၏ “မင်းသမီးလေးရဲ့ တံဆိပ်ပြားလား။ မင်းဘယ်ကနေ ရလာတာလဲ”
“ဟန့်၊ ဘယ်ကနေ ရရမှာလဲ။ မင်းတို့ရဲ့ မင်းသမီးလေးပဲ မေးလိုက်တာပေါ့ကွ” ရန်ကိုင်က ကြောင်အမ်းအမ်း အမူအရာဖြင့် ပြန်ပြောလိုက်၏။
“မင်းကို ပေးခဲ့တာလား” ဟဲဖူ မျက်လုံးပြူးသွားခဲ့၏။ ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်ဟန်ဖြင့် သူ့နဖူးကို ရိုက်လိုက်ကာ “ဟုတ်သားပဲ။ မင်းက မင်းသမီးလေး ပြောနေတဲ့တစ်ယောက် ဖြစ်ရမယ်။ ရိုင်းပြသွားသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ညီအစ်ကိုသာ ဒီတံဆိပ်ပြားကို မထုတ်ခဲ့ရင် ညီအစ်ကိုကို ခက်ခဲအောင် လုပ်မိနေဦးမှာပဲ”
“ကိစ္စမရှိပါဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “မင်းတို့ မိသားစုရဲ့ မင်းသမီးလေး ဘာပြောသွားတာလဲ”
“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက၊ မင်းသမီးလေး ပြန်လာတုန်းကပေါ့၊ သူ့တံဆိပ်ပြား ကိုင်ထားတဲ့သခင်လေး တစ်ယောက် ရောက်လာရင် သူ့ကို ကောင်းကောင်းမွန်းမွန် ဆက်ဆံရမယ်လို့ ငါ့ကို ညွှန်ကြားထားတယ်လေ”