← Chapters

အခန်း (၇၂၆-၇၃၀)

Vol. 30 Ch. 726-730

အခန်း (၇၂၆-၇၃၀)

Vol. 30 Ch. 726-730

အပိုင်း(၇၂၆) နင်မသေဘူးလား

——————————————————————

ရန်ကိုင်နှင့် ရွှေးလင် ခွဲခွါခဲ့သည်မှာ သုံးနှစ်တင်းတင်း ရှိသွားခဲ့လေပြီ။

ရန်ကိုင်သည် သူတို့ မင်းသမီးလေး ပြောပြောနေသည့် လူဖြစ်မှန်း သိလိုက်ရသည်နှင့် ဟဲဖူ၏ သဘောထားသည် လက်ခုံလက်ဖဝါး လှန်လိုက်သလို ချက်ချင်းကို အပြောင်းကြီး ပြောင်းလဲသွားတော့၏။

ဟဲဖူသည် စကားပြောကောင်းသူ တစ်ယောက် ဖြစ်၏။ ရန်ကိုင် မည်သူမှန်း သိသွားသည်နှင့် ရန်ကိုင်အား လွန်စွာကိုမှ ပါရမီထူးကဲ့လှသည့် သဘောမနောကောင်းသူ ကိုယ်လူချောအဖြစ် မျက်နှာပြောင်ပြောင်နှင့် ချီးမွမ်းခန်း ဖွင့်တော့လေ၏။

ဟဲဖူ၏ ချီးမွမ်းစကားများကို နားမခံနိုင်တော့သည့် အဆုံး ရန်ကိုင်က ဖြတ်မေးလိုက်၏ “မင်းတို့ မင်းသမီးလေးနဲ့ တွေ့ချင်လို့ ငါ့ကို ခေါ်သွားပေးလို့ ရမလား”

ဟဲဖူက ရှက်သွားသည့် ပုံစံဖြင့် “မင်းသမီးလေးက ပြောထားတာရယ်၊ ဒီတံဆိပ်ပြားရယ် ရှိနေတာဆိုတော့ ဒီဟဲဖူက သခင်လေးကို မင်းသမီးလေးနဲ့ တွေ့ဖို့ ခေါ်သွားပေးလို့ရတယ်… ဒါပေမယ့် အခုလောလောဆယ် မင်းသမီးလေးက သူ့ကျွန်းမှာ ရှိမနေဘူး။ လူလွှတ်ပြီး မင်းသမီး ရှိတဲ့နေရာကို မေးမြန်းခိုင်းလိုက်ရမလား”

“မေးလိုက်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ရေဝိဥာဉ်ဘုရားကျောင်းဆီသို့ ရောက်ပြီဖြစ်ရာ ရွှေးလင်နှင့် တွေ့နိုင်သရွေ့ မန်ဝူရ၊ ရှနင်းချန်၊ စုယန်နှင့် နတ်ဆိုးအိုကြီးတို့အကြောင်း မေးမြန်းနိုင်၏။ အချိန်သာ လိုအပ်သည် ဖြစ်လေရာ ရန်ကိုင်အနေဖြင့် စောင့်ရုံသာ တတ်နိုင်၏ “အဲ့လိုဆိုရင် ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဗျားကို ဒုက္ခပေးရဦးမှာပဲ”

“ဘာပြဿနာမှ မရှိပါဘူး။ ညီအစ်ကို အရင်နားနှင့်လေ၊ ခဏအတွင်း ငါပြန်လာခဲ့မယ်” ပြောပြီးနောက် ဟဲဖူသည် ရန်ကိုင်အား ဧည့်ခံထားရန် တစ်ယောက်ယောက်အား အမိန့်ပေးလိုက်ပြီး လူတစ်ဖွဲ့ကို ခေါ်ကာ အနက်ရောင်တိမ်တိုက်ကျွန်းမှ အလျင်စလို ထွက်ခွါသွားလေ၏။

အနက်ရောင်တိမ်တိုက်ကျွန်းသည် ရေဝိဥာဉ် ဘုရားကျောင်း၏ အပြင်ဘက်ပိုင်းတွင် ရှိနေသော သဘာဝ အရံအတားကြီး တစ်ခုဖြစ်သလို လူပေါင်းများစွာ ကူးသန်းသွားလာနေသည့် ကုန်သွယ်ရေး ကျွန်းကြီး တစ်ကျွန်းလည်း ဖြစ်၏။

နေ့တစ်ဝက်ကြာအောင် စောင့်နေပြီးနောက် ဟဲဖူက အပြုံးကြီးပြုံးလျက် ပြန်လာခဲ့၏။ ထို့နောက် ရယ်ရယ်မောမောဖြင့် “ညီအစ်ကို မင်းသမီးလေးကို ငါတွေ့သွားပြီ။ ညီအစ်ကို ရောက်လာတဲ့အကြောင်း မင်းသမီးလေးကို သွားပြောတော့ မင်းသမီးလေးက မင်းကို တွေ့ဖို့ စောင့်တောင် မစောင့်နိုင်တော့တဲ့ပုံပဲ။ အခုမင်းကို သူ့ဆီ ချက်ချင်း ခေါ်လာခိုင်းလိုက်တယ်။ သွားကြမလား”

“အင်း” ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ဟဲဖူနှင့်အတူ ထွက်သွားလိုက်လေ၏။

ပုံမှန်ဆိုလျှင် အနက်ရောင်တိမ်တိုက်ကျွန်းမှ ထွက်ခွါမည်ဆိုပါက လှေစီးပြီးမှ သွားလေ့ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပေါ်မှ ပျံသန်းရန် ကြိုးစားလိုက်သည်နှင့် မိုးကြိုးပစ်ချခံရတတ်သောကြောင့် ဖြစ်၏။ သို့သော်လည်း အနက်ရောင်တိမ်တိုက်များထဲရှိ လျှပ်စီးအားလုံးကို ယခုလေးတင် ရန်ကိုင်က စုပ်ယူ ပြီးသွားခဲ့ပြီ ဖြစ်လေရာ ဟဲဖူသည် ရန်ကိုင်အား ကောင်းကင်မှ ပျံသန်း၍ ခေါ်သွားရဲခဲ့၏။

လမ်းတစ်လျှောက်၌ ဟဲဖူသည် ရေဝိဥာဉ် ဘုရားကျောင်းနှင့် ပက်သက်သည့် အကြောင်းအရာ မျိုးစုံကို ရှင်းပြသွားခဲ့၏။

ပတ်ပတ်လည် ကီလိုမီတာ ထောင်ကျော်ရှိ ကျွန်းကြီး၊ ကျွန်းသေး အကုန်လုံးကို ရေဝိဥာဉ်ဘုရားကျောင်း ပိုင်ဆိုင်၏။ ကျွန်းများစွာသည် မိုးမြေစွမ်းအင် သိပ်သည်းသလို စိတ်ဝိဥာဉ် ဆေးပင်များ ပေါများလှရာ ကျင့်ကြံသူများအတွက် သုခဘုံကြီး ဖြစ်နေခဲ့၏။

ကျွန်းအများကြီး ရှိသည့်အတွက် တစ်ယောက်ယောက်ကို ရှာခြင်းသည် အတော့်ကို ခေါင်းခဲစရာ ကောင်းလှ၏။

ရေဝိဥာဉ် ဘုရားကျောင်း၏ မင်းသမီးလေး ဖြစ်သည်နှင့်အညီ ရွှေးလင်၌ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ရှိသည်မှာ မထူးဆန်းချေ။ သူမ နေထိုင်သည့် ကျွန်းသည် ရေဝိဥာဉ်ဘုရားကျောင်း ပိုင်ဆိုင်သော အကောင်းဆုံး ကျွန်းများအနက်မှ တစ်ကျွန်းဖြစ်၏။ သို့သော် ယခုအချိန်၌ ရွှေးလင်သည် သူမကျွန်း၌ ရှိမနေဘဲ လေတိမ်တိုက်ကျွန်း ဟုခေါ်သော ကျွန်းတစ်ကျွန်း၌ ရှိနေခဲ့၏။

ရေဝိဥာဉ်ဘုရားကျောင်း၏ အုတ်မြစ်ကို ကျွန်းစုများ ပေါ်တွင် အခြေတည်ထား၏။ ထို့ကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်တို့ဖြင့် ရှုပ်ယှတ်ခတ်နေသော ကုန်းတွင်းမြေကြီးမှ ကင်းဝေးကာ သာယာလှပသော ပတ်ဝန်းကျင်၊ သဘာဝအလှတရားကို ခံစားနိုင်၏။ သို့သော် အရာရာသည် အကောင်းနှင့်အဆိုး ဒွန်တွဲနေသည် ဖြစ်ရာ အားသာချက်လည်း ရှိသလို အားနည်းချက်လည်း ရှိ၏။

ပင်လယ်ထဲရှိ ကျွန်းများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် ပင်လယ်နေ သားရဲများ၏ ရန်ကို မကြာခဏ ကြုံတွေ့ရ၏။

ပင်လယ်နေသားရဲများသည် ကုန်းတွင်းသားရဲများနှင့် အရမ်းကို ကွဲပြားလှ၏။ ပင်လယ်နေသားရဲများသည် အကောင်းကြီးပြီး ရေဓါတ်ကို အထူးနိုင်နင်း ကျွမ်းကျင်ကြ၏။ ထို့ကြောင့် ၎င်းတို့နှင့် ရင်ဆိုင်ရခြင်းသည် အတော်လေးကိုမှ ခေါင်းကိုက်စရာ ကောင်းလှ၏။

အားနည်းသည့် ပင်လယ်နေသားရဲ တစ်ကောင် သောင်းကျန်းပါက အလွယ်တကူ ဖြေရှင်းနိုင်သော်လည်း အားကောင်းသည့် ပင်လယ်နေ သားရဲတစ်ကောင်သာ ဆိုပါက်က ဂိုဏ်းထဲရှိ ကျင့်ကြံသူများပင် အတော့်ကို အားစိုက်ပြီးမှ သတ်နိုင်၏။

ယခုအချိန်၌ ရွှေးလင်သည် အိမ်များစွာ အရွယ်အစားရှိသော ပင်လယ်နေသားရဲကြီး တစ်ကောင်ကို တိုက်ခိုက်ရန် ကျင့်ကြံသူ တစ်အုပ်အား အမိန့်ပေးနေခဲ့၏။

လေတိမ်တိုက်ကျွန်းပေါ်ရှိ ကျောက်ဆောင်၊ ကျောက်တန်း များသည် အပိုင်းပိုင်းအစစ ဖြစ်နေပြီး လှိုင်းလုံးကြီးများသည် ကျွန်းပေါ်သို့ အဆက်မပြတ် ရိုက်ခတ်လာနေခဲ့၏။

အန္တရာယ်များလှသော မြင်ကွင်း တစ်ခုပင်တည်း။

ထိုပင်လယ်နေသားရဲတွင် လက်တံရှစ်ခုရှိ၏။ ၎င်း၏ ပါးစပ်မှ အဖျက်စွမ်းအင် ပြင်းထန်လှသော ရေမြှားများကို အဆက်မပြတ် ပစ်လွှတ်နေခဲ့၏။

ရွှေးလင် လက်အောက်၌ အားကောင်းသော ကျင့်ကြံသူ များစွာ ရှိနေသော်လည်း ထိုပင်လယ်နေ သားရဲသည် အတော့်ကို ခုခံနိုင်စွမ်း ကောင်းမွန်းလှရာ တစ်ခဏအတွင်း တိုက်ပွဲကို အပြီးမသတ်နိုင် ဖြစ်နေခဲ့၏။

ဟဲဖူလာပို့သည့် သတင်းစကားကို ကြားပြီးနောက် ရွှေးလင်မှာ သူ့နားသူ မယုံနိင်အောင် ဖြစ်သွားခဲ့၏။ အတွေးများ ယောက်ယတ်ခတ်သွားရာ ပေးလိုက်သည့် အမိန့်များသည်လည်း တလွဲတစ်ချော် ဖြစ်ကုန်၏။ ထို့အတွက်ကြောင့် သူမလက်အောက်ရှိ ကျင့်ကြံသူများ ဒုက္ခရောက်ကုန်ပြီး အချို့ဆိုလျှင် သူတို့၏ အသက်ကိုပင် ဆုံးရှုံးလုမတတ် ဖြစ်သွားခဲ့ရ၏။

“လျူကျော၊ ရှင်အမိန့်ပေးလိုက်တော့” ရွှေးလင်၏ စိတ်တစ်ခုလုံး‌ ယောက်ယတ်ခတ်နေခဲ့ရာ မည်ကဲ့သို့ အမိန့်ကို ဖြောင့်ဖြောင့်တန်းတန်း ပေးနိုင်တော့မည်နည်း။ သူမ၏ မျက်လုံးလေးများသည်လည်း အံ့အားသင့်မှု၊ မျှော်လင့်နေသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့၏။ နေရာတွင်သာ ဒီအတိုင်း ရပ်နေသော်လည်း ခြေဖျားလေး ထောက်၍ အဝေးသို့ လှမ်းလှမ်းမျှော်ကြည့်နေတတ်၏။

ရွှေးလင် အမိန့်ပေးသော လျူကျောဆိုသော ကျင့်ကြံသူသည် သူမအနေ ဝင်အစားယူလိုက်လေ၏။

ရွှေးလင်ဆီ လှမ်းကြည့်လိုက်ရာ မင်းသမီးလေးမှာ ပျော်လည်းပျော်၊ စိတ်ဂနာမငြိမ်လည်း ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်တော့ဘဲ မေးလိုက်မိ၏ “သခင်မလေး၊ ဟဲဖူ လာပြောသွားတာ ဘယ်သူမို့လို့ အဲ့လူအတွက် ဒီလောက် စိုးရိမ်နေရတာလဲ”

“မိတ်ဆွေတစ်ယောက်ပဲ” ထိုစကားကို ပြောလိုက်သည်နှင့် ဗဟိုမြို့တော်၌ ထိုရန်ကိုင်ဆိုသော သကောင့်သာ သူမအား မည်ကဲ့သို့ ရိုင်းရိုင်းပြပြ ဆက်ဆံခဲ့သည်ကို ပြန်စဉ်းစားမိသော် အံတင်းတင်း ကြိတ်၍ ပြောလိုက်၏ “အရမ်းကို မုန်းစရာကောင်းတဲ့ မိတ်ဆွေတစ်ကောင်ပဲ”

လျူကျော ကြောင်သွား၏။ မိတ်ဆွေသာဆိုလျှင် အဘယ်ကြောင့် မုန်းစရာ ကောင်းနေရသနည်း။ မင်းသမီးလေး၏ အတွေးကို နားမလည်နိုင်ရာ ခေါင်းသာ ခါရမ်းလိုက်၏။

သို့သော် ၎င်းသည် မင်းသမီးလေး၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်လေရာ သူဝင်စွက်ဖက်ရန် မသင့်တော။ ထို့ကြောင့် ထိုကိစ္စကို ထိုနေရာ၌ပင် ရပ်ထားလိုက်၏။ ဟဲဖူ လာပြောသွားသည့် လူအကြောင်းကိုလည်း သိချင်စိတ် ဖြစ်မိသွား၏။ မင်းသမီးအတွက် တာဝန်ထမ်းဆောင်ပေးနေသည်မှာ နှစ်တော်တော် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း သူမ ထိုကဲ့သို့ ဖြစ်နေသည်ကို တစ်ခါမှ မမြင်ဖူး။

နာရီဝက်ကြာပြီးနောက် မိုးကုတ်စက်ဝိုင်းအောက်၌ အနက်ရောင်အစက်လေးနှစ်စက် ထွက်ပေါ်လာခဲ့၏။ ၎င်းကို သတိပြုမိလိုက်သည်နှင့် ရွှေးလင် ခန္ဓကိုယ်လေး ကတုန်ကရင် ဖြစ်သွားခဲ့ပြီး ခပ်မြန်မြန် လှမ်းကြည့်လိုက်ရာ ဟဲဖူသည် တစ်ယောက်ယောက်ကို ဦးဆောင်၍ သူမရှိရာ အရပ်ဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။

နီးလာသည်နှင့် ထိုလူ၏ မျက်နှာကို သူမ မြင်လိုက်ရ၏။

နှလုံးသားလေး တင်းကြပ်သွားခဲ့ပြီး ရွှေးလင်၏ မျက်လုံးလေးများ အရည်လဲ့လာခဲ့၏။

သူ့ရုပ်သည် ပြောင်းလဲသွားခြင်း မရှိခဲ့။ ပိုရင့်ကျက် သွားသည့်ပုံသာ ပေါက်လာခဲ့၏။

ရွှေးလင်ကို မြင်သည်နှင့် အရှိန်မြှင့်ချလိုက်ရာ ဟဲဖူ နောက်တွင် ကျန်ရစ်ခဲ့ရလေ၏။

“မိန်းမလှလေး မတွေ့ရတာတောင် ကြာသွားပြီနော်” ရန်ကိုင်က ခင်မင်ရင်နှီးစွာ ပြုံးလျက် နှုတ်ဆက်စကား ဆိုလိုက်၏။

ရွှေးလင်သည် သူ့မိတ်ဆွေများထဲမှ တစ်ယောက် ဖြစ်၏။

“သူတောစင်းစားကောင်း” ရွှေးလင်သည် အ့တင်းတင်းကြိတ်လျက် ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သူ့ဆီပြေးဝင်သွားကာ အားပါးတရ ကန်ကျောက်၊ ထိုးကြိတ်တော့လေ၏။

လူကျောနှင့် ဟဲဖူမှာ ထိုမြင်ကွင်းကို ကြည့်ရင်း လုံးဝကို ကြောင်အနေခဲ့ကြရ၏။

သူတို့၏ မင်းသမီးလေး လူငယ်လေးတစ်ယောက်နှင့် ပရောပရည် လုပ်နေသည်ကို မြင်သော် သူတို့ မကြောင်ဘဲ ဘယ်နေမည်နည်း။

“ဘာလဲ” ရန်ကိုင်က ရှောင်ရှားခြင်း မပြုဘဲ အထု၊ အရိုက်သာ ခံလိုက်၏။

“နင်မသေသေးဘူးလား။ နင်ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”

“ငါသေတယ်လို့ ဘယ်သူပြောတာလဲ” ရန်ကိုင်က ဒေါသတကြီး ပြန်မေးလိုက်၏။

“လွတ်လပ်သော အဖွဲ့အစည်းက အလှလေးက ငါ့ကို ပြောခဲ့တာလေ” ရွှေးလင်က အမောတကာ အသက်ရှူရင်း “လွတ်လပ်သော အဖွဲ့အစည်းဆီ ငါသွားခဲ့တုန်းက နင်ဖမ်ခေါ်သွားခံရတယ်လို့ သူငါ့ကို ပြောတယ်လေ။ နင့်အကြောင်း ဘာသတင်းမှ မကြားတော့ သူလည်း နင်သေပြီလို့ ယူဆလိုက်တာပေါ့”

လူအများကြီး ရှိနေသည်ဖြစ်ရာ ခေါင်းတလားသယ် လူကြီးအကြောင်း ထုတ်မပြောရဲခဲ့။

“အို၊ အဲ့လိုဖြစ်ခဲ့တာလား” ရန်ကိုင်က ခေါင်းလေး တညိတ်ညိတ်နှင့် ပြန်ပြောလိုက်၏။

“နင်ဘယ်လိုလွတ်လာတာလဲ”

“ငါ့ကံကောင်က ကောင်းလွန်းနေတော့ သူတို့က ငါ့ကို သွားခွင့်ပေးလိုက်တာလေ” ရန်ကိုင်က စိတ်ထဲပေါက်သလို ပြန်ပြောလိုက်၏။

“ဟူး… လူကောင်း အသက်မရှည်၊ လူဆိုးတွေသာ အသက်ရှည်တယ်ဆိုတာ အမှန်ပါလားနော်” ရွှေးလင်က သက်ပြင်းချလိုက်ပြီး “အဲ့အလှလေး ငါ့ကို အဲ့အကြောင် ပြောတုန်းက သူ့မှာ အဆက်မပြတ်ကို ငိုနေခဲ့တာ။ နင်တို့ နှစ်ယောက်ကြား တစ်ခုခု ဖြစ်ခဲ့သေးလား။ ဒါမဟုတ် နင်သေသွားတယ်လို့ တွေးပြီး သူဘာလို့ ဝမ်းနည်း နေရတာလဲ။ ငါထွက်လာတုန်းက နင်တို့ နှစ်ယောက် ကြားက ဆက်ဆံရေးက အဲ့လောက်ကြီးကောင်းတာ မဟုတ်ပါဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ ငါ့ကို မြန်မြန် ပြောစမ်းပါဟာ။ နင်တို့ နှစ်ယောက် ဟို…ဟိုဟာ ဖြစ်ခဲ့တယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်”

ရန်ကိုင်က မသေမှန်း သိရပြီးနောက် ရွှေးလင်လည်း ပျော်နေခဲ့၏။ ထို့ကြောင့် ရန်ကိုင်ကို မြင်သည်နှင့် မေးခွန်းများကို တရစပ် မေးမြန်းတော့လေ၏။

“ကောင်မလေး၊ နင်ဘာလို့ ဒီလောက်တောင် အမေးအမြန်းထူရတာလဲ” ရန်ကိုင်က ရွှေးလင်ကို မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့၏။

“ဟုတ်သွားပြီ။ အဖြေကို ငါသိသွားပြီ” ရွှေးလင်က အထင်အမြင် သေးသေးဖြင့် “အရှက်မရှိတဲ့ သေနာကောင်။ ဘယ်သွားသွား မိန်းမနဲ့ မကင်းဘူး။ သူ့ကို နင့်နားမလွှတ်လိုက်သင့်ဘူး။ ငါသူ့ကို ဒုက္ခရောက်အောင် လုပ်မိလိုက်တာပဲ”

“မတော်တဆ ဖြစ်သွားတား။ မတော်တဆ ဖြစ်သွားရုံပဲ” ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ပြောလိုက်။ ထိုအချိန်၌ ကဝေမွန်းစတားကြောင့် ရန်ကိုင် အမှန်တကယ်ကို ကူကယ်ရာ မဲ့ခဲ့ရ၏။

“ဟန့်၊ ယုံစရာလား” ရွှေးလင်က နှာခေါင်းရှုံ့လိုက်ပြီး ရုတ်တရက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ဘာပဲဖြစ်ဖြစ် နင်အသက်ရှင်နေသေးတယ် ဆိုတဲ့ကိစ္စက လူတော်တော်များများကို ကျိန်းသေ ပျော်စေလိမ့်မယ်”

“နင်ရောမပျော်ဘူးလား” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် မေးလိုက်၏။

“ပျော်ရမှာလား။ နင်သေရင် ဆိုင်းတွေ၊ ဗုံတွေတီးပြီး ပွဲတောင် ကျင်းပလိုက်ဦးမှာ” ရွှေးလင်က နှုတ်ခမ်းလေး ဆူလျက် ရှက်အမ်းအမ်း အမူအရာဖြင့် ပြန်ပြောလိုက်၏။

မင်းသမီးလေး၏ ပုံစံကိုကြည့်ရင်း ဟဲဖူနှင့် လျူကျောတို့ ပို၍ အံ့အားသင့်သွားခဲ့၏။ သူတို့ ပြောဆိုဆက်ဆံနေရပုံ မင်းသမီးလေးနှင့် ထိုလူငယ်လေးကြား ဆက်ဆံရေးသည် သာမန် မဟုတ်ကြောင်း သူတို့နှစ်ယောက် နားလည်လိုက်၏။ ထိုလူငယ်လေးက ဘယ်လိုနောက်ခံတွေ ပိုင်ဆိုင်ထားလို့များ မင်းသမီးလေး ယခုကဲ့သို့ ဖြစ်နေရသနည်း။

“ဒီနေရာက တော်တော်လေးကို အသက်ဝင်နေတာပဲ” ပင်လယ်နေသားရဲကြီး တစ်ကောင်ကို ဝိုင်းတိုက်နေသည့် ကျင့်ကြံသူများကိုကြည့်ရင်း ရန်ကိုင်က ပြောလိုက်၏။ ထိုကျင့်ကြံသူများသည် အားမနည်းကြ။ မသေမျိုးအဆင့် ကျင့်ကြံသူတစ်ယောက်က ဦးစီးဦးဆောင် အမိန့်ပေးနေပြီး ကျန်သူများသည် အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်နေကြ၏။ သို့သော် သူတို့တိုက်ခိုက်နေသော မွန်းစတားသားရဲသည် အဆင့်(၇) သားရဲတစ်ကောင် ဖြစ်သလို ရေထဲတွင် တိုက်ခိုက်ရာ၌ ကျွမ်းကျင်သည့် သားရဲတစ်ကောင်လည်း ဖြစ်၏။

ကျင့်ကြံသူများသည် ထိုမွန်းစတားသားရဲကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့၏။ သို့သော် မသတ်နိုင်ခဲ့ကြ။ အပြာရောင်သွေတို့ ဒဏ်ရာများမှ စီးကျနေခဲ့၏။ သို့သော်လည်း ၎င်း၏ အသားသည် နည်းနည်းလောက် ကျုံ့ဝင်သွားခဲ့ပြီးနောက် ရှိသမျှ ဒဏ်ရာအကုန် ပျောက်ကင်းသွားခဲ့၏။

တစ်ခဏလောက် စောင့်ကြည့်နေပြီးနောက် ထိုမွန်းစတား သားရဲကို ထိုအဖွဲ့သတ်နိုင်မည် မဟုတ်မှန်း ရန်ကိုင် နားလည်လိုက်၏။

“အင်း၊ အဲ့သူတောင်းစားက ကျွန်ပေါ်မှာရှိတဲ့ စိတ်ဝိဥာဉ်ဆေးပင်တွေကို မျက်စိကျနေတာ။ အချို့ ဆေးပင်တွေကိုဆို ယူတောင် ယူပြီးသွားပြီ” ရွှေးလင်က ထိုမွန်းစတားသားရဲကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်၏။

“သခင်မလေး၊ ဒီသားရဲကို မောင်းထုတ်ဖို့ဆိုရင် အကူလိုလိမ့်မယ်နဲ့တူတယ်” လျူကျောက အလျင်အမြန် ပြောလိုက်၏။

ရွှေးလင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“ဘာလို့ သွားနေမှာလဲ” ရန်ကိုင်က လျူကျောကို ကြောင်အမ်းအမး အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ ထိုလူသည် မသေမျိုး ပထမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ သူသာ တိုက်ပွဲထဲ ဝင်ပါလိုက်မည် ဆိုပါက ထိုမွန်းစတားသားရဲကို နှင်ထုတ်ဖို့ မပြောနှင့်၊ သတ်ပင်သတ်နိုင်ဦးမည်။ သို့သော်လည်း ထိုသူသည် ဝင်ပါရန် မစဉ်းစားထားသည့်ပုံပင်။ ဘေးကနေသာ ရပ်ကြည့်ပြီး အမိန့်များသာ ပေးနေခဲ့၏။

လျူကျောက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် လေသံဖြင့် “ငါသွားရင် မင်းသမီးလေးကို ဘယ်သူ ကာကွယ်ပေးမှာလဲ”

ထိုစကားကြောင့် ရန်ကိုင် ကြောင်သွားခဲ့ပြီး ဘာမှမပြောတော့ဘဲ တိတ်တိတ်လေးသာ နေလိုက်၏။

ရွှေးလင်သည် မသေမျိုးအဆင့်သို့ မချိုးဖျက် ရသေးသည့်ပုံပင်။ သူမ၏ ကျင့်ကြံခြင်းသည် ရန်ကိုင်နှင့် ခွဲခွါလာသည့် အချိန်မှစ၍ ပြောင်းလဲသွားခြင်း မရှိခဲ့။ တစ်နည်းဆိုရသော် ရွှေးလင် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်၌ တစ်နေခဲ့သည်မှာ သုံးနှစ်ကြာသွားခဲ့လေပြီ။ ထိုအခြင်းအရာကို ကြည့်လျှင် မသေမျိုးအဆင့်သို့ ချိုးဖျက်ရန် မည်မျှ ခက်ခဲကြောင်း တွေ့မြင်နိုင်ပေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၂၇) မန်ဝူရချန်ရစ်ခဲ့သည့် သတင်းစကား

——————————————————————

ရွှေးလင်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ မင်းသမီးလေး ဖြစ်ရာ သူမ၏ လုံခြုံရေးကို လျူကျော စိုးရိမ်သည်မှာ မထူးဆန်း။ ထိုကြောင့်ပဲ ရန်ကိုင်သည် လျူကျောနှင့် ဆက်လက် ငြင်းခုံမနေတော့ခြင်း ဖြစ်၏။ ဤနေရာသည် တစ်ပါးသူ၏ ပိုင်နက်ဖြစ်သည်။ သူသာ မဆင်မခြင် ကြားဝင်စွက်ဖက်ပါက တစ်ဖက်လူ၏ ရန်ငြိုးထားခြင်းကို ခံရပေလိမ့်မည်။

ရွှေးလင်ကမူ ရန်ကိုင်အား လျှာလေး တစ်လစ်တစ်လစ် ထုတ်ပြုလိုက်ပြီးနောက် လျူကျောဘက် လှဉ့်ကာ ပြောလိုက်၏ “သူတို့ကို သွားကူတိုက်ပေးလိုက်။ အဲ့ကောင်ကို ရှင်းထုတ်ဖို့ဆိုရင် ဒီနည်းလမ်းပဲ ရှိလိမ့်မယ်”

“ဒါပေမယ့် သခင်မလေး…” လျူကျော မျက်မှောင် ကြုံ့သွားခဲ့၏။ ရွှေးလင်ကို ကာကွယ်ဖို့သည် အဓိကဖြစ်ပြီး ကျန်အရာအားလုံးသည် ဒုတိယဖြစ်သည်။

“ငါပြောနေမှတော့ သွားလိုက်တော့။ ဒီကောင်စုတ်နဲ့ ဆွေးနွေးစရာအချို့ ရှိသေးတယ်” ရွှေးလင်က ရန်ကိုင်ကို ကြည့်၍ ပြောလိုက်၏ “စိတ်ပူမနေနဲ့။ ငါဒီမှာပဲနေမှာ။ ပြီးတော့ ဒီကောင်စုတ် ဒီမှာရှိနေမှတော့ အဲ့မွန်းစတားကောင် ပြေးဝင်လာရင်တောင် ငါဘာမှ ဖြစ်မှာမဟုတ်ဘူး”

ရန်ကိုင်ကမူ ပြုံးသာပြုံးနေခဲ့ပြီး ဘာမှပြန်မပြောခဲ့။

အဆင့်(၇)မွန်းစတားသားရဲသည် အကောင်ကြီးမား၍ အားကောင်းသော်လည်း ရန်ကိုင်သာ ဆန္ဒရှိပါက ၎င်းကို သတ်ပစ်နိုင်၏။ သို့သော်လည်း တစ်ဖက်သူ၏ ကိစ္စထဲ ကြားဝင်စွက်ဖက်ရန် မသင့်တော်သဖြင့် ဘေးမှသာ ရပ်ကြည့်နေခဲ့ခြင်း ဖြစ်၏။

“သွားတော့လေ။ ဘာလုပ်နေသေးတာလဲ” လျူကျော မသွားသေးသည်ကို မြင်သော် ရွှေးလင်က နောက်တစ်ကြိမ် ထပ်မံ တိုက်တွန်းလိုက်၏။

လျူကျော အမူအရာ အေးစက်သွားခဲ့ပြီး ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ ရေရွတ်ပြောဆိုလိုက်၏ “ကောင်လေး၊ သခင်မလေးကို သေချာစောင့်ရှောက်ရင် ကောင်းလိမ့်မယ်။ သူ့ကို ဘာမှမဖြစ်စေနဲ့”

“စိတ်ပူစရာမလိုဘူး” ရန်ကိုင်က ပခုံးတွန့်ပြလိုက်၏။

ထို့နောက် လျူကျောသည် လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ တိုက်ပွဲထဲ ပြေးဝင်သွားလေ၏။

သူတိုက်ပွဲထဲ ဝင်လာသည်နှင့် တိုက်ပွဲ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြန်လည် ပြောင်းလဲသွားခဲ့၏။ မသေမျိုးအဆင့် ပညာရှင် နှစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ များစွာ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ ထိုပင်လယ်နေသားရဲမှာ ချက်ချင်း ဆိုသလို အောက်စည်း ရောက်သွားခဲ့ရ၏။

ရန်ကိုင်သည် ဘေးတွင်ရပ်၍ တိုက်ပွဲကို စောင့်ကြည့် လေ့လာနေခဲ့၏။ ပြဿနာမရှိတော့မှန်း သေချာသွားသည်နှင့် ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်၏ “အဲ့လူက နင့်အပေါ် တော်တော့်ကို သစ္စာရှိတာပဲနော်”

“သူက ငါ့လက်အောက်ငယ်သားပဲလေ။ ငါ့အပေါ် သစ္စာရှိရမှာပေါ့” ရွှေးလင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်၏ “သခင်မလေးက ဗဟိုမြို့တော်မှာတုန်းကနဲ့ အတူတူပဲလို့ နင်ထင်နေသေးတာလား။ ငါနင်ကို သတိပေးလိုက်မယ်။ ငါ့ကို ထပ်ပြီး အနိုင်ကျင့်ရဲတယ်ဆိုရင် ငါနင့်ကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ပိုင်းပစ်မှာ”

“ငါနင့်ကို ဘယ်တုန်းက အနိုင်ကျင့်ခဲ့လို့လဲ” ရန်ကိုင် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိ။

ရွှေးလင်က အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “နင်ငါ့ကို အနိုင်ကျင့်လား၊ မကျင့်ဘူးလားကို နင်အသိဆုံးပဲလေ။ နှစ်တွေ တော်တော်လေး ကြာသွားပြီဆိုတော့ နင့်ကျင့်ကြံခြင်း အဆင့် အခုဘယ်ရောက်နေပြီလဲ”

ရန်ကိုင်က နှာခေါင်းပွတ်လိုက်ပြီး မဖြေပဲ ပြန်မေးလိုက်၏ “နင်ဘာလို့ သိချင်နေတာလဲ”

ဤမျှ ရိုးရှင်းသော အရာကို ရွှေးလင်ဆီမှ ဖုံးကွယ်မထားချင်ချေ။ သို့သော်လည်း သူသာ ပြောလိုက်လျှင် ရွှေးလင် စိတ်ဓါတ်ကျသွားမှာကို ကြောက်ရသေး၏။ စစတွေ့စဉ်က သူသည် အစစ်အမှန် ဒြပ်စင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပြီး ရွှေးလင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈) ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့၏။ သို့သော် ငါးနှစ်အတွင်းမှာပင် ရန်ကိုင်သည် ရွှေးလင်ကို ကျော်သွားခဲ့၏။ သူ့တိုးတက်နှုန်းကို တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းနေ၏။

ရန်ကိုင် ဘာမှ မပြောသော်လည်း ရွှေးလင်သည် တုံးအသည့် လူတစ်ယောက်မဟုတ်။ အသာအယာလေး ပြုံးလိုက်ပြီး ပြောလိုက်၏ “နင့်ကျင့်ကြံနှုန်းအရဆို နင်ဘယ်လောက်အထိ ခရီးပေါက်လောက်ပြီလဲ ဆိုတာကို ငါခန့်မှန်းလို့ ရလောက်တယ်။ နင်ဘယ်သွားသွား ရောက်တဲ့နေရာတိုင်းကို မုန်တိုင်းထန်အောင် လုပ်နိုင်တာ တကယ်ကို မနာလိုစရာပဲ။ ငါကတော့ နင်နဲ့မတူဘူး။ ငါသာ ရေဝိဥာဉ်ဘုရားကျောင်းကနေ ထွက်သွားတာနဲ့ ငါဆိုတာ ဘာမှမဟုတ်တော့ဘူး”

“အရူးမလေး၊ ကျင့်ကြံခြင်းမြင့်ပြီး ဘာလုပ်ချင်လို့လဲ”

“မပြောပါဘူး။ ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းရဲ့ ခွန်အားကိုမြင်ပြီး အခုငါတို့ဆီ ဝင်ချင်သွားပြီလား။ ငါ့ကမ်းလှမ်းချက်က အကျုံးဝင်တုန်းနော်။ နင့်အတွက် အကောင်းဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ငါပေးနိုင်တယ်။ ငါတို့မှာ ဘယ်သူမှ နေရာမယူရသေးတဲ့ ကျွန်းတွေ အများကြီး ရှိသေးတယ်။ နင်ကြိုက်တယ်ဆိုရင် ကိုယ်ပိုင်ကျွန်းအဖြစ် ယူလိုက်လို့ရတယ်”

လွန်ခဲ့သော သုံးနှစ်က ရွှေးလင်သည် သူ့အား ရေဝိဥာဉ်ဘုရားကျောင်းဆီ ဝင်ရန် ကမ်းလှမ်းခဲ့၏။

ရွှေးလင် ထိုမျှ မျှော်လင့်ချက် ကြီးကြီးမားမား ထားရသည့် လူမျိုး တစ်ယောက်မှ မရှိခဲ့ဖူးချေ။ ရန်ကိုင် တစ်ယောက်သာ ရှိ၏။ ထိုကောင်သည် မုန်းစရာ ကောင်းသော်လည်း သူ့အရည်အချင်းသည် မေးခွန်းထုတ်စရာ မလိုအောင် ကောင်းမွန်လှ၏။

“ဒီနေရာဆီ ဝင်လိုက်တာက ငါ့ကိုယ်ငါ ဖျက်စီးလိုက်တာနဲ့ အတူတူပဲ” ရန်ကိုင်က ပြုံးကာ ရွှေးလင်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏ “ရေဓါတ်ချီစွမ်းအင်တွေ ဒီလောက် သိပ်သည်းနေတာ ငါဘယ်လိုလုပ်ပြီး ကျင့်ကြံရမှာလဲ”

“ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းမှာ နင်နဲ့ သင့်တော်မယ့် နေရာတွ ရှိပြီးသား။ တစ်နှစ်ပတ်လုံး ပူနေတဲ့ မီးတောင်ကျွန်းတွေမှ အများကြီးပဲ”

“အဲ့လိုဆိုရင်တောင် ငြင်းရဦးမှာပဲ”

“ငါ့မှာ နေစရာ ရှိသွားပြီ”

“ရွှေးလင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏ “ဘယ်လို နေရာမျိုးမို့လို့ နင်ကြိုက်သွားရတာလဲ”

ရန်ကိုင်က ကောင်းကင်ဂိုဏ်းတော်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ရှင်းပြလိုက်၏။ ကောင်းကင်စံအိမ်ကို တည်ထောင်ခဲ့သည့် သူသည် ကောင်းကင်ဂိုဏ်းတော် ဂိုဏ်းတော်၏ လက်ရှိ ဂိုဏ်းချုပ် ဖြစ်နေမှန်း သိလိုက်ရသော် ရန်ကိုင်ကို သူမတို့ဂိုဏ်းထဲ ခေါ်မည့် အကြံကို ချက်ချင်း လက်လျှော့လိုက်၏။

ကောင်းကင်စံအိမ်ဆိုသည်မှာ ရန်ကိုင်အတွက် အိမ်ပမာ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဂိုဏ်းတော်ထဲ ဝင်ရန် ဆုံးဖြတ်ခြင်းသည် ယုတ္တိရှိ၏။ ထို့ပြင် ကောင်းကင် ဂိုဏ်းတော်ဆိုသည်မှာ တုန်းရွှမ်လောကကြီးထဲပင် အင်အားစုကြီးတစ်ခုဖြစ်၏။

သူတို့ စကားပြောလို့ ပြီးသွားသည့် အချိန်၌ တိုက်ပွဲလည်း ပြီးသွားခဲ့၏။

လျူကျောပါ တိုက်ပွဲထဲ ဝင်လာပြီးနောက် ရေနေမွန်းစတားသားရဲမှာ ချက်ချင်းဆိုသလို အောက်စည်း ရောက်သွားပြီး ထွက်ပြေးသွားခဲ့ရ၏။ ထိုကောင်ကို မသတ်လိုက်နိုင်သည်မှာ နောင်တရစရာ‌ ကောင်းသော်ငြား သူတို့ဘက်မှ ဘာကိုမှ မဆုံးရှုံးလိုက်ရခြင်းသည် ဝမ်းသာစရာ ဖြစ်၏။

ရွှေးလင်သည် သူ့လက်အောက်ငယ်သားများကို ဤနေရာတစ်ဝိုက်အား ရှင်းလင်းရန် ညွှန်ကြားပြီးနောက် ရန်ကိုင်ကို ဦးဆောင်ကာ ထွက်သွားလိုက်၏။

ရေဝိဥာဉ်ဘုရားကျောင်း ပိုင်ဆိုင်သည် ကျွန်း ထောင်ပေါင်းများစွာအနက် ရေဝိဥာဉ်ကျွန်းသည် အကြီးဆုံးဖြစ်သလို မိုးမြေစွမ်းအင် အသိပ်သည်းဆုံးလည်း ဖြစ်၏။ ရွှေးလင်၏ နာမည်သည်လည်း ထိုကျွန်းမှ လာခြင်းဖြစ်၏။

ထို့ကြောင့် ရွှေးလင်သည် ထိုကျွန်း၌ နေထိုင် ကျင့်ကြံလေ့ရှိ၏။

ထိုကျွန်းတွင် နေထိုင်သူ အများစုသည် ရေဝိဥာဉ်ဘုရားကျောင်း၏ တပည့်များနှင့် ထိုတပည့်များ၏ မိသားစုများ ဖြစ်ကြ၏။ ကျွန်း၏ အမြင့်ဆုံးနေရာတွင် နန်းတော်ပုံစံ အဆောက်အအုံးများ ရှိနေခဲ့ပြီး ထိုအဆောက်အအုံထဲမှ တစ်လုံးသည် ရွှေးလင် အပိုင်ဖြစ်၏။

ရွှေးလင် ရန်ကိုင်အား ခေါ်လာသည်ကို မြင်သည်နှင့် အစေခံမလေးတစ်ယောက်သည် သူတို့အား ဆီးကြို၍ နှုတ်ဆက်လိုက်၏။ ထို့နောက် အရသာရှိသော စားကောင်းသောက်ဖွယ်များဖြင့် ရန်ကိုင်ကို ဧည့်ခံလေ၏။

သို့သော် သူ့မှာ ရှနင်းချန်တို့ အကြောင်း တွေးပူနေရသဖြင့် ဘာကိုမှ မစားနိုင်၊ မသောက်နိုင် ဖြစ်နေခဲ့၏။

ထိုအခြင်းအရာကို သတိပြုမိသော် ရွှေးလင်က အစေခံများကို ထွက်သွားခိုင်းလိုက်၏ “နင်ဒီကို ဘာအတွက် ရောက်နေမှန်း ငါသိတယ်။ ငါနင့်ကို အခုပဲ ပြောပြပေးလို့၇တယ်”

ရန်ကိုင် အသက်ရှူသံ မြန်ဆန်လာခဲ့ပြီး ရွှေးလင်ကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားတကြီး မေးမြန်းလိုက်၏ “မန်ဝူရ ငါ့အတွက် သတင်းစကားတစ်ခု တကယ်ပဲ ချန်ထားခဲ့တာလား”

“အင်း၊ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သူက နင့်စီနီယာ မမလေးနဲ့ ငါတို့ကျွန်းဆီ ရုတ်တရက်ကြီး ပေါက်ချလာတယ်လေ။ စကား နည်းနည်း ချန်ခဲ့ပြီးတာနဲ့ အမြန်အဆန် ပြန်ထွက်သွားတော့တာပဲ။ သူက အဲ့သတင်းစကားကို ငါကနေတစ်ဆင့်ကို နင့်ဆီ ပို့ပေးစေချင်တာ။ အဲ့ဒါကြောင့် ငါလည်း နင့်ကိုရှာဖို့ လွတ်လပ်သော အဖွဲ့အစည်းဆီ သွားခဲ့တာ။ ဒါပေမယ့် ဟိုရောက်လည်းရောက်ရော နင်သေသွားပြီဆိုပြီး ယွန်ရွှမ်က ငါ့ကို ပြောတယ်လေ” ရွှေးလင်က အသာအယာ သက်ပြင်းချလိုက်ပြီး “ဒါပေမယ့် ကံကောင်းပြီးတော့ နင်မသေခဲ့ဘူး။ ကောင်းကင်က နင့်ကို မစွန့်ပစ်ခဲ့တဲ့ပုံပဲ”

“မန်ဝူရ နင့်ကို ဘာပြောခိုင်းခဲ့တာလဲ” ရန်ကိုင်က အဆောတလျင် မေးမြန်းလိုက်၏။

“နတ်ဆိုးအိုကြီးက သူတို့နဲ့ ခွဲထွက်သွားတယ်တဲ့။ နင်ရောက်လာမှာကို စောင့်ရင်း နတ်ဆိုးကုန်းမြေမှာ အင်အားစုတစ်ခု ကြိုထောင်ထားမယ်တဲ့” ရွှေးလင်က မဲ့ပြုံးပြုံးရင်း ပြောလိုက်၏။

“အဲ့လူအိုကြီးကတော့..” ခေါင်းက ခေါင်းခါရမ်းရင်း ပြုံးလိုက်၏။ နတ်ဆိုးအိုကြီး၏ ရည်မှန်းချက်သည် အမှန်ကယ် ဖြစ်လာနိုင်၏။ တကယ်တော့ သူသည် နတ်ဆိုးဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပေလာ။ ထိုအချက်နှင့်တင် လုံလောက်နေလေပြီ။ အနည်းဆုံး နတ်ဆိုးမျိုးနွယ်ထဲ ရောက်သွား၍ မည်သည့် ပြဿနာမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။

“စုယန်ကော။ စုယန်ဘယ်မှာလဲ”

ရွှေးလင်က ရန်ကိုင်ကို ကြည့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်၏ “သူဘယ်မှာလဲ ဆိုတာကိုတော့ ငါနင့်ကို မပြောနိုင်ဘူး။ ဒါပေမယ့် သူအဆင်ပြေနေတယ်လို့တော့ ငါနင့်ကို ပြောနိုင်တယ်။ နင့်စီနီယာမမလေးနဲ့ မန်ဝူရတို့က တစ်ခုခု လုပ်စရာရှိတဲ့ ပုံပဲ။ ဒါကြောင့် စုယန်ကို သူ့မိတ်ဆွေဟောင်း တစ်ယောက်ရှိတဲ့ ဂိုဏ်းတစ်ခုမှာ အပ်ထားခဲ့တယ်။ အဲ့ဂိုဏ်းကလည်း စုယန်အတွက် အရမ်းကို သင့်တော်တာ။ ဘာအန္တရာယ်မှ မရှိတဲ့အပြင် အကျိုးတောင် ရှိဦးမယ်”

“ဒါဆိုရင် သူဘယ်မှာလဲ ဆိုတာကို ငါ့ကို ဘာလို့ မပြောပြနိုင်ရတာလဲ”

“ဘာလို့လဲဆိုတော့ ငါပြောပြလိုက်ရင် နင့်သူ့ကို ချက်ချင်း သွားရှာမှာမလား။ သူ နေနေတဲ့ ဂိုဏ်းက သူတို့ပိုင်နက်ထဲ ဘယ်အပြင်လူကိုမှ ဝင်ခွင့် မပြုဘူး။ အဲ့က လူတွေကလည်း အကျိုးသင့်အကြောင်းသင့် လုပ်တတ်တဲ့ လူတွေ မဟုတ်ဘူး။ ပြီးတော့ သူတို့ ခွန်အားက ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းထက်တောင် သာသေးတယ်။ ဂိုဏ်းထဲမှာ ရှိနေတဲ့ ပညာရှင်တွေ ဆိုရင်လည်း အများကြီးပဲ။ နင့်စိတ်နေစိတ်ထားနဲ့ ဆိုရင် နင်အဲ့ကိုသွားတာနဲ့ စုယန်နဲ့ တွေ့ခွင့်ရမှာ မဟုတ်ဘူး။ နင်သာ ပြဿနာရှာရင် ဒုက္ခရောက်သွားနိုင်တယ်”

“တကယ်ကြီးလား။ ငါ့စီနီယာအစ်မကို တွေ့ချင်ရုံ သက်သက်နဲ့ အဲ့ကိုသွားတာလေ။ ငါ့ကို ခက်ခဲအောင် ဘာလို့ လုပ်ချင်ရတာလဲ”

“ငါနင့်ကို ပြောခဲ့ပါတယ်။ အဲ့လူတွေကို အကျိုးသင့် အကြောင်းသင့် ပြောလို့ရတဲ့လူတွေ မဟုတ်ဘူးလို့။ သူတို့ အတွေးတွေကို သာမန်အမြင်နဲ့ သွားဆုံးဖြတ်လို့ မရဘူး”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။ တစ်ခဏလောက် စဉ်းစားနေပြီးနောက် ရေရွတ်လိုက်လေ၏ “မန်ဝူက စုယန်ကို အဲ့ဂိုဏ်းဆီ ပို့ပြီးမှ ဒီနေရာဆီ လာတာဆိုတော့ အဲ့ဂိုဏ်းက ဒီနေရာနဲ့ မဝေးလောက်ဘူး။ စုယန်က ရေခဲနှလုံးသား ကျင့်စဉ်ကို ကျင့်ကြံထားတာ ဆိုတော့ သူနဲ့ အလိုက်ဖက်ဆုံး ပတ်ဝန်းကျင်က အရမ်းကို အေးလွန်းတဲ့ ပတ်ဝန်းကျင်ပဲ… ရေခဲနယ်မြေတစ်ခုမှာ တည်ဆောက်ထားပြီး နင်တို့နဲ့ မဝေးတဲ့ ဂိုဏ်းတစ်ခု၊ အဲ့ဂိုဏ်းက နင်တို့ဂိုဏ်းထက်လည်း ပိုအားကောင်းတယ် ဆိုတော့…”

“ရပ်တော့၊ ရပ်လိုက်တော့” ရွှေးလင်က ကူကယ်ရာ မဲ့စွာဖြင့် အော်ပြောလိုက်၏။ စုယန်နေနေသည့် နေရာကို သူမ မပြောလည်း ထူးတော့လိမ့် မဟုတ်သဖြင့် ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံကာ ပြောလိုက်၏ “နင်က အရမ်း တော်လွန်းနေတာပဲ”

“အဲ့လိုဆိုရင် ငါ့ကိုပြောပြ။ အဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ ဂိုဏ်းတစ်ခုကို ငါကိုယ်တိုင် စဉ်းစားမရတော့ အခြားတစ်ယောက်ကို သွားမေးရမယ့်အတူတူ နင့်ကိုပဲ မေးလိုက်တာ ပိုမကောင်းသွားဘူးလား” ရန်ကိုင်က ပြုံးလိုက်၏။

“ရေခဲဂိုဏ်းပဲ” ရွှေးလင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်၏ “အဲ့ဂိုဏ်းအကြောင်း နင်ကြားဖူးလား”

ရန်ကိုင် ခေါင်းခါပြလိုက်၏။

“ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းရဲ့ အနောက်ဘက် ကီလိုမီထောင်ဂဏန်း အကွာမှာ ရေခဲလွင်ပြင်ကြီးတစ်ခု ရှိတယ်။ ရေခဲဂိုဏ်းက အဲ့မှာပဲ။ ရေခဲဂိုဏ်းက အပြင်လူတွေနဲ့ သိပ်ပြီး အဆက်အဆံ လုပ်လေ့မရှိဘူး။ ဒါကြောင့် အပြင်လောကကြီးနဲ့ အရမ်းကြီး မနီးကပ်ဘူးလို့ ပြောလို့ရတယ်။ ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းက အဲ့ဂိုဏ်းနဲ့ နီးနေလို့သာ နည်းနည်းပါးပါး အဆက်အဆံ လုပ်ဖြစ်တာ။ တစ်ခါတစ်ခါ အဲ့ဂိုဏ်းနဲ့ စီးပွားရေး လုပ်ကြတယ်လေ။ ဒါပေမယ့်၊ ဘယ်သူနဲ့ပဲလုပ်လုပ် အဲ့ဂိုဏ်းသားတွေ အကုန်လုံးက ရေခဲတုံးတွေကြီးပဲ။ နင့်စီနီယာအစ်မ အဲ့ဂိုဏ်းထဲကို ဝင်သွားတာ သူ့အတွက် တကယ်ကို သင့်တော်တယ်”

“ဘဏ္ဏာထိန်းမန်က စီနီယာအစ်မကို အဲ့လိုနေရာမျိုးမှာ ဘာလို့ ထားခဲ့တာလဲ မသိဘူး”

“ဘဏ္ဏာထိန်းမန်က ဂိုဏ်းခေါင်းဆောင်နဲ့ အသိအကျွမ်း ထင်တယ်။ အဲ့ဒါကြောင့်ပဲ စုယန်ကို သူတို့ဆီ အပ်ခဲ့တာ ဖြစ်ရမယ်” ပြောပြီးသွားသည်နှင့် ရန်ကိုင်ကို ကြည့်၍ မေးလိုက်၏ “နင်သွားချင်တုန်းပဲလား”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။

ဤလောကသို့ ရောက်ပြီး နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် သူ့စီနီယာအစ်နှင့် ပက်သက်သည့် သဲလွန်စအချို့ကို ရခဲ့လေပြီ။ စုယန် အခြေအနေ ဘယ်လိုရှိလဲ သူကျိန်းသေ သွားကြည့်ရပေမည်။ ရေခဲဂိုဏ်းသာ သူမအတွက် သင့်တော်လျှင် စုယန်အား ထိုနေရာ၌ လေ့ကျင့်ခိုင်း၍ ဘာမှမဖြစ်ပေ။ သို့သော် သူမလည်း သူနဲ့အတူ လိုက်ထွက်လာချင်သည် ဆိုပါက စုယန်ကို သူနှင့်အတူ ကောင်းကင်ဂိုဏ်းတော်ဆီ ခေါ်သွားရပေမည်။

ချူလင်းရှောင်သည် ကောင်းကင်စံအိမ်၏ တည်ထောင်သူ ဖြစ်သဖြင့် စုယန်၏ ဂိုဏ်းတူဘို‌ဘေးလည်း ဖြစ်ပေ၏။

“နင်ဘယ်တော့သွားမယ် စဉ်းစားထားလဲ”

“အခုပဲ”

“ဘယ်သွားရမလဲကော သိလို့လား” ရွှေးလင်က မျက်ခွံလေး လှန်းပြန်လိုက်ပြီး “ရက်နည်းနည်းလောက် ထပ်စောင့်လိုက်။ နင့်ကို လမ်းပြပေးမယ့် တစ်ယောက်ယောက် ရှာပေးမယ်။ ကိုယ့်ဘာသာ ပျံသန်းသွားရင် အချိန်အရမ်းပုပ်တယ်”

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ သူ့အား လမ်းပြပေးမည်သူရှိလျှင် ပို၍ပင် ကောင်းသေး၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၂၈) မင်းလာတာ နေရာမှားသွားပြီ

——————————————————————

ကျယ်ပြောလှသော သမုဒ္ဒရာပြင်ကြီးထက် သင်္ဘောကြီးတစ်စီးသည် လေဒစ်၊ လှိုင်းဒဏ်ကို အံတု၍ လွန်စွာကိုမှ လျင်မြန်လှသော အမြန်နှုန်းဖြင့် အနောက် အရပ်ဆီသို့ ခရီးဆက်နေခဲ့၏။

ထိုသင်္ဘောသည် ရေဝိဥာဉ်ဘုရားကျောင်း၏ သင်္ဘောပင် ဖြစ်၏။

ရန်ကိုင်သည် သင်္ဘောရှေ့ပိုင်းတွင် ရပ်လျက် အနောက်အရပ်ဆီသို့ ငေးကြည့်နေခဲ့၏။ အတွေးများသည် တဝဲလည်လည်၊ စုယန်နှင့် စတွေ့စဉ်မှစ၍ သူမနှင့် အမျှ အချိန်အကြာကြီး တစ်ခါမှ မခွဲခဲ့ဖူး။ သူ့နှလုံးသားတွင်းရှိ မျှော်လင့်တောင့်တမှု၊ တဆစ်ဆစ် ကိုက်ခဲနေသော နာကျင်မှု ဝိုင်ကောင်းတစ်ခုပမာ၊ နှစ်ကြာလေ၊ ပို၍ သိပ်သည်းလာလေ ဖြစ်နေခဲ့၏။

ရေဝိဥာဉ်ဘုရားကျောင်း၌ လဝက်လောက်ကြာအောင် နေပြီး နောက်ဆုံး၌ သူ့အခွင့်အရေး ရောက်ရှိလာခဲ့၏။ ရေဝိဥာဉ်ဘုရားကျောင်းနှင့် ရေခဲဂိုဏ်းကြား ကုန်သွယ်ရေး ဖလှယ်တော့မည့် အကြောင်း သိလိုက်ရချိန် ထိုအခွင့်အရေးကို ရန်ကိုင် လက်မလွှတ်တမ်း ဆုပ်ကိုင်ခဲ့၏။

လွန်ခဲ့သော လဝက်အတွင်း ရွှေးလင်သည် ရန်ကိုင် အတွက် အဆင်ပြေမည်ဟု ထင်ရသည့် အရာမှန်သမျှကို ထောက်ပံ့ပေးခဲ့၏။ ရန်ကိုင်ကို ရေဝိဥာဉ်ဘုရားကျောင်းထဲ ခေါ်ရန် နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်သော်လည်း ရန်ကိုင်က ထပ်မံ ငြင်းပယ်ခဲ့ပြန်၏။

သူထွက်သွားသည့် အချိန်၌ ရွှေးလင်သည် သူ့ဆီ တစ်ခုခု ပစ်ပေးခဲ့ပြီး နှုတ်ဆက်စကားကိုမူ ပြောမသွားခဲ့။ ရေဝိဥာဉ်ဘုရားကျောင်းတွင် နားနေစဉ်အတွင်း ရန်ကိုင်သည် ရွှေးလင်၏ အကူအညီဖြင့် ရှေးဟောင်းနတ်ဆိုးကလန်သားများ လိုအပ်သော သူတော်စင်အဆင့် ဆေးလုံးဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်များစွာကို စုစည်းနိုင်ခဲ့၏။

ထိုဆေးပင်များကို ရေပြာမြို့တော်တွင် မရနိုင်သော်လည်း ရေဝိဥာဉ်ဘုရားကျောင်း ကဲ့သို့ မဟာအင်အားစုကြီးတစ်ခုကမူ အရမ်းကြီး မခက်ခဲဘဲ ရနိုင်၏။

သင်္ဘော၏အရှိန်သည် အရမ်းကြီး မမြန်သော်လည်း နှေးလည်း မနှေးပါချေ။ သင်္ဘောသည် ကျွမ်းကျင် ပညာရှင်များ ပြုလုပ်ထားသည့် လက်နက် တစ်ခုနှင့်ပင် တူသေး၏။ ပင်လယ်နေ သားရဲများ၏ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်ငြား သင်္ဘောသည် ဘာမှဖြစ်မသွားခဲ့။

မတော်တဆ မဖြစ်ရလေအောင် သင်္ဘောပေါ်၌ မသေမျိုးအဆင့် ပညာရှင်များစွာ လိုက်ပါလာခဲ့၏။

အနက်ရောင်တိမ်တိုက်ကျွန်း၏ ဟဲဖူသည်လည်း ဤနေရာ၌ ရှိနေ၏။ သူသည် ယခုတစ်ကြိမ် ကုန်သွယ်ရေး အတွက် တာဝန်ရှိသူ ဖြစ်၏။ ရေခဲဂိုဏ်းသည် အားကောင်းပြီး အဆင့်မြင့် ပညာရှင်များစွာကို ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ခုဖြစ်၏။ ရေခဲဂိုဏ်းသား တစ်ယောက်ချင်းစီတိုင်းသည် အေးစက်သော စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားကြ၏။ သို့သော် သူတို့၏ အေးစက်စက် စိတ်နေစိတ်ထားကြောင့်ပင် ရေခဲဂိုဏ်းသားတို့သည် ကုန်ပစ္စည်း ဖလှယ်ရာ၌ အရမ်းကို ပွင့်လင်း၍ တည့်တိုးဆန်လှ၏။

ရေဝိဥာဉ်ဘုရားကျောင်းသည် ရေခဲဂိုဏ်းနှင့် နှစ်အတော်ကြာအောင် ပူပေါင်းလုပ်ဆောင်လာခဲ့ရာ သူတို့ကြား ယုံကြည်မှု အတိုင်းအတာ တစ်ခုထိ ရှိနေလေပြီ။ ရေဝိဥာဉ်ဘုရားကျောင်းက အမျိုးမျိုးသော ကျင့်ကြံခြင်း အရင်းအမြစ်များ ပေးသည့်အချိန် ရေခဲဂိုဏ်းက ရေခဲဓါတ် ဆေးပင်အမျိုးမျိုးကို ပြန်ပေး၏။

ရေခဲဂိုဏ်း၌ ရေဝိဥာဉ်ဘုရားကျောင်းအတွက် အသုံးဝင်သည် ရေခဲဓါတ် သတ္တုရိုင်းများစွာ ရှိ၏။

“သခင်လေးရန်” ဟဲဖူက ရန်ကိုင်နား ပြုံးလျက် ရောက်လာခ့ပြီး “လဝက်လောက်ကြာရင် ရေခဲပြင် အစွန်းပိုင်းကို ရောက်လိမ့်မယ်။ အဲ့ကနေစပြီး ကိုယ့်ဘာသာကိုယ် ဆက်သွားရတော့မှာ။ သခင်လေးရန် ရှာနေတဲ့ လူတွေက အဲ့ရေခဲပြင် အတွင်းပိုင်းမှာ နေကြတာ”

“ရေခဲဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ” ရန်ကိုင်က လှည့်မေးလိုက်၏။

“ကျုပ်လည်း သူတို့အကြောင်း သေသေချာချာ မသိဘူး” ဟဲဖူက ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်၏။

“သူတို့အကြောင်း အများကြီး မသိဘူးလား။ မင်းပဲ သူတို့နဲ့ ခဏခဏ ကုန်သွယ်နေတာ မဟုတ်ဘူးလား”

“ရေခဲဂိုဏ်းနဲ့ ကုန်သွယ်ပေမယ့် ရေခဲဂိုဏ်းထဲ တစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူး။ ကုန်သွယ်မယ် ဆိုတိုင်း ရေခဲဂိုဏ်းကနေ အတော်ဝေးဝေးက ရေခဲပြင် အပြင်ဘက်ပိုင်းမှာ လုပ်လေ့ရှိတာ။ အဲ့ရေခဲဂိုဏ်းက ကောင်တွေက တကယ်ကို အထက်စီးဆန်ပြီး သောက်ချိုး မပြေကြတဲ့ ကောင်တွေပါဗျာ။ သူတို့နဲ့ တွေ့လိုက်တိုင်း သူတို့ပဲ အကြွေး အများကြီး တင်ထားသလိုလို ရုပ်ကြီးနဲ့ ကျုပ်တို့ကို ကြည့်ကြတာ။ ပြီးတော့ ကျုပ်တို့လို အပြင်လူတွေကိုလည်း အကောင်းမမြင်ဘူး။ သူတို့ ရေခဲဂိုဏ်းက သန့်စင်တဲ့ ကုန်းမြေတဲ့။ အပြင်လူတွေက သူတို့ဂိုဏ်းကို ညစ်ညမ်းမှုတွေပဲ သယ်ဆောင် လာလိမ့်မယ်တဲ့။ ဒါကြောင့် တစ်ယောက်ယောက်သာ သူတို့ပိုင်နက်ထဲ ချဉ်းကပ်လာရင် သူတို့ကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး”

“ဒီတော့ မင်းပြောချင်တာက ရေခဲဂိုဏ်းရဲ့ တည်နေရာကို မင်းမသိဘူးပေါ့ ဟုတ်လား” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။

ဟဲဖူက ခေါင်းခါရမ်းလိုက်ပြီး အသာအယာ ချောင်းဟန့်လျက် “အခြေအနေ မကောင်းရင် ရေဝိဥာဉ် ဘုရားကျောင်းဆီ ပြန်လာခဲ့တဲ့။ သူစောင့်နေမယ်လို့ သခင်မလေးက မှာလိုက်တယ်”

ထိုစကားကို ကြားသော် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး “အဲ့ကောင်မလေးက ငါ့ကို လက်မလျှော့သေးသဘူပဲ”

ဟဲဖူ ပါးစပ် မဲ့ရွဲ့သွားခဲ့၏။ သခင်မလေးကို ‘မိန်းကလေး’ဟု ခေါ်ရဲသည့် လူတစ်ယောက်ကိုမှ သူမတွေ့ခဲ့ဖူးသေးချေ။ ပိုထူးဆန်းသည်ကား ရန်ကိုင်သည် သူမအား ‘မိန်းကလေး’ဟု ခေါ်နေသော်လည်း သူတို့ သခင်မလေးက ဒေါသမထွက်ခြင်းပင်။

“လေတော်တော်လေး ပြင်းတယ်ဟ။ အထဲ ဝင်ကြရအောင်” ဟဲဖူက အပြုံးလေးနှင့် ပြောလိုက်၏ “ကျုပ်ဂျူနီယာ ညီလေးတွေက ကျုပ်တို့အတွက် ဝိုင်နဲ့ အစားအသောက်တွေ ပြင်ပေးထားပြီးလောက်ပြီ။ သခင်လေးရန် မငြင်းဖို့ ကျုပ်မျှော်လင့်ပါတယ်”

ရန်ကိုင်ကလည်း ငြင်းမနေဘဲ ဟဲဖူနှင့်အတူ သင်္ဘောခန်းထဲ ဝင်သွားလိုက်၏။

ရန်ကိုင်နှင့် ရွှေးလင်ကြားက ဆက်ဆံရေးကို ဟဲဖူ မသိသော်လည်း နည်းနည်းပါးပါးတော့ ခန့်မှန်းမိ၏။ အနည်းဆုံး ရွှေးလင်သည် ရန်ကိုင်ကို သာမန်ဧည့်သည့် တစ်ယောက်နှင့် မတူကွဲပြားစွာ ဆက်ဆံ၏။ ထို့ကြောင့် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားည်မှာ မဆိုးလောက်ဘူးဟု တွေးလိုက်ခြင်း ဖြစ်၏။

ရန်ကိုင်သည် မာနတစ်ခွဲသားဖြင့် ပြုမူပြောဆိုခြင်း မရှိသဖြင့် မကြာခင်မှာပင် သင်္ဘောသားများနှင့် ပွဲကျသွားခဲ့ပြီး ရယ်ရယ်မောမောဖြင့် သောက်စား ကြတော့လေ၏။

ရက်အလီလီ ကုန်ဆုံးသွားခဲ့ပြီး လေသည်လည်း အေးသထက် အေးလာခဲ့၏။

ပင်လယ် လှိုင်းတံပိုးများ သေးငယ်သထက်၊ အားပျော့သထက် သေးငယ်အားပျော့လာခဲ့ပြီး ရေထဲ မျောနေသော ရေခဲတုံးလေးများကို မြင်ရစ ပြုလာခဲ့၏။

ရေခဲကမ္ဘာကြီးနှင့် တဖြည်းဖြည်း နီးကပ်လို့ လာပြီးမှန်း သိထားရာ ရန်ကိုင် နှလုံးသားတစ်ခုလုံး အကန့်အသတ်မဲ့ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လာခဲ့၏။

လဝက်ကြာပြီးနောက် သင်္ဘောကြီးသည် ရေခဲပြင် တစ်ခုရှေ့ ရပ်တန့်သွားခဲ့၏။ ငန်းမွှေးစာတမျှ ကြီးမားသော နှင်းပွင့်လေးများသည် ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်းနေခဲ့၏။ ရေခဲပြင်သည်လည်း မီတာရာပေါင်းများစွာ ထူထဲလှ၏။

သင်္ဘောဆက်၍ မသွားနိုင်တော့ချေ။

ကုန်ပစ္စည်းများကို သိုလှောင်အိတ်များဖြင့် ထုပ်ပိုး သယ်လာခဲ့ရန် သင်္ဘောသားများကို အမိန့်ပေးပြီးနောက် ဟဲဖူသည် ရေခဲပြင်ထက် ဆင်းသက်ရန် ပြင်လိုက်၏။

သင်္ဘောကို စောင့်ကြပ်ရန် လူအနည်းငယ် ချန်ထားရစ်ခဲ့ပြီးနောက် ရေဝိဥာဉ်ဘုရားကျောင်း အဖွဲ့သည် သင်္ဘောပေါ်မှ ခုန်ဆင်း၍ ရေခဲပြင်ထက် ခရီးဆက်ကြတော့၏။

ဤနေရာသည် အရမ်းကိုမှ အေးလှ၏။ ဟဲဖူကဲ့သို့သော လူမျိုးပင် အဝတ်ထူထူကြီးများကို တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်ထားရ၏။ ရန်ကိုင် တစ်ယောက်သည်သာ ပုံမှန်အတိုင်း ဝတ်စားထားခြင်း ဖြစ်သည်။ ထိုရာသီဥတုကိုပင် ပျော်မွေ့ နေလိုက်သေး၏။ ရန်ကိုင်ကို ငေးစိုက်ကြည့်ရင်း မည်ကဲ့သို့သော ကျင့်ကြံခြင်းများ ပိုင်ဆိုင်ထား၍များ ထိုအအေးဒဏ်ကို မရှိသလို သဘောထားနိုင်သနည်းဟု ဟဲဖူတို့စိတ်ထဲ အတွေးများသွားရ၏။

မြင်မြင်သမျှ အရာတိုင်းသည် ဖြူဖွေးသန့်စင်လှကာ ရေခဲကမ္ဘာကြီးသည် အညစ်အကြေး လုံးဝဥဿုံ ကင်းစင်နေခဲ့၏။

မသေမျိုးအဆင့် ပညာရှင်များမှ ဦးဆောင်၍ ရက်ပေါင်းများစွာကြာအောင် ပျံသန်းလာပြီးနောက် ရေဝိဥာဉ်ဘုရားကျောင်းအဖွဲ့ ရုတ်တရက် ရပ်တန့်လိုက်၏။

အဖွဲ့သားအားလုံး ရပ်တန့်လိုက်ပြီး သူတို့ရှေ့ကို လှမ်းကြည့်လိုက်ကြ၏။

နှင်းလွှမ်း ကမ္ဘာကြီးထဲ နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝေဝါးဝါး ပုံရိပ်အချို့ ရှိနေခဲ့၏။ ရေခဲကမ္ဘာကြီး၏ နောက်ခံပုံသဏ္ဏာန်၊ အရောင်အဆင်း ကြောင့် ထိုလူများကို သတိမပြုမိနိုင်လုလု ဖြစ်ခဲ့ရ၏။

ထိုလူများကို ရန်ကိုင်ကို အစောကြီကတည်းက အာရုံခံမိခဲ့ခြင်း ဖြစ်၏။ သို့သော် ဘာမှမပြောဘဲ ဒီအတိုင်းလေးသာ ငြိမ်နေလိုက်၏။

တစ်ဖက်လူသည် ရေခဲဂိုဏ်းမှ ဖြစ်မှန်း အတည်ပြုပြီးနောက် ရေဝိဥာဉ်ဘုရားကျောင်း အဖွဲ့ခေါင်းဆောင်သည် ပျော်ရွှင်စွာ ပြုံး၍ ထိုလူများဆီ သွားလိုက်၏။

မကြာခင်မှာပင် ရေခဲဂိုဏ်းမှ တပည့်များရှေ့သို့ သူတို့ ရောက်လာခဲ့၏။

ထိုလူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့၏။

တစ်ဖက်အဖွဲ့ရှိ လူများသည် ဟဲဖူပြောခဲ့သလို့ အမှန်တကယ်ကို အထက်စီးဆန်ကြ၏။ သူတို့၏ အမူအရာကို ကြည့်ရုံနှင့်ပင် သိနိုင်၏။ ထို့ပြင် သူတို့အား ကြိုဆိုချင်သည့်ပုံပင် မပေါက်။ သို့သော်လည်း အားလုံး၏ အစစ်အမှန်ချီသည် အရမ်းကိုမှ သိပ်သည်းလှပြီး လျစ်လျူမရှုနိုင်သည်အထိ အရမ်းကိုမှ အေးစက်လှသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့၏။

ပတ်ဝန်းကျင်ဆိုးကြီးထဲ ရှင်သန်ခဲ့သဖြင့် သူတို့ဤမျှ အားကောင်းနေသည်မှာ အံ့ဩစရာ မဟုတ်။

ဘဏ္ဏာထိန်းမန် စုယန်အား ဤနေရာ၌ ထားခဲ့ခြင်းသည် အကြောင်းမဲ့သက်သက် မဟုတ်။ စုယန်၏ ကျင့်စဉ်နှင့်ဆိုပါက ဤနေရာသည် သူမအတွက် သုခဘုံပင်။

နှစ်ဖက်စလုံးသည် လုပ်ရိုးလုပ်စဉ်နှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်နေသည့်ပုံပင်။ ရေဝိဥာဉ်ဘုရားကျောင်း အဖွဲ့ ရောက်လာသည်ကို မြင်သော် ချက်ချင်း တန်းမေးလိုက်၏ “မင်းတို့ ဘာလို့ ဒီလောက်တောင် နောက်ကျနေကြတာလဲ”

ဟဲဖူက အမြန်အဆန် ရှေ့တက်၍ ဖားဖားယားယား ပြုံးလျက် “တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ဗျာ။ အချို့ကိစ္စတွေကြောင့် ခရီးနှောင့်နှေးသွားလို့ နောက်ကျသွားရတာပါ”

“နောက်တစ်ကြိမ် ထပ်မဖြစ်ရင် ကောင်းလိမ့်မယ်” ထိုလူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။

ဟဲဖူမှာ စကားသီးမတတ် ဖြစ်သွားခဲ့ရ၏။ ဘာစကားမှ ထပ်မပြောတော့ဘဲ ပစ္စည်းချင်း ဖလှယ်ရန် သူ့လူများကို အချက်ပြလိုက်၏။ သူ့လူများသည်လည်း ပစ္စည်းများ ထုပ်ပိုးလားသော သိုလှောင်အိတ်များကို ရေခဲဂိုဏ်းသားများလက်ထဲ ထည့်ပေးလိုက်လေ၏။

သိုလှောင်အိတ်များကို စစ်ဆေးကြည့်ပြီးနောက် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူတို့ သယ်လာသည့် သိုလှောင်အိတ် နှစ်အိတ်ကို ဟဲဖူတို့ လက်ထဲ ထည့်ပေးလိုက်၏။

သိုလှောင်အိတ်ထဲရှိ ပါဝင်ပစ္စည်းများကို စစ်ဆေးပြီဂနောက် ပြုံးကာ ပြောလိုက်၏ “နှုတ်ဆက်ပါတယ်။ အခုလို နောက်တစ်ကြိမ် ထပ်မံ ပူးပေါင်းလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

သို့သော် ရေခဲဂိုဏ်းမှ တပည့်များသည် ဘာမှ မပြောဘဲ လှည့်ထွက်သွားလေ၏။

“ခဏနေပါဦး” ဟဲဖူက အော်ပြောလိုက်၏။

ရေခဲဂိုဏ်းမှ တပည့်များကို ဦးဆောင်လာသည့်လူက သုန်မှုန်နေသည့် အမူအရာဖြင့် ပြန်လှည့်ကာ မေးလိုက်၏ “ဘာလဲ”

“အဟမ်း၊ တစ်ယောက်ယောက်အကြောင်း မေးချင်လို့ပါ” ရန်ကိုင်က ရှေ့တက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။

“ဘယ်သူ့အကြောင်း မေးချင်တာလဲ” ထိုလူ မျက်မှောင် ကြုံ့သွားခဲ့၏။ စိတ်မရှည်တော့သည့် ပုံပင်။

“စုယန်ဆိုတဲ့ နာမည်နဲ့ မိန်းကလေး တစ်ယောက် အကြောင်းလေ။ အခု သူက မင်းတို့ ရေခဲဂိုဏ်းမှာ ရှိနေလောက်တယ်”

“စုယန်လား”

“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက မင်းတို့ ရေခဲဂိုဏ်းထဲ ဝင်သွားခဲ့တာလေ။ ဖြစ်နိုင်ရင် သူနဲ့ ငါ့ကို တွေ့ခွင့်…”

“ရေခဲဂိုဏ်းထဲမှာ အဲ့လိုနာမည်နဲ့ လူတစ်ယောက်မှ မရှိဘူး။ မင်းနေရာမှားနေပြီ” ပြောပြီးသည်နှင့် ရန်ကိုင် ပြန်ပြောမှာကိုပင် မစောင့်တော့ဘဲ သူ့လက်ကို ဝှေ့ရမ်း၍ ချက်ချင်း လှည့်ထွက်သွားလေ၏။

ရန်ကိုင် ဒေါသထွက်သွားခဲ့၏။ သို့သော် ချက်ချင်း မလှုပ်ရှားသေးဘဲ တစ်ဖက်အဖွဲ့ ထွက်သွားသည်ကိုသာ ရပ်စောင့်ကြည့်နေလိုက်၏။

မကြာခင်မှာင်ပင် ထိုလူများ နှင်းဝေနေသော ကမ္ဘာကြီးထဲ ပျောက်ကွယ်သွားခဲ့၏။

“သခင်လေးရန်၊ ဒါက…” ဟဲဖူက ရန်ကိုင်အား ဂရုဏာသက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ရေခဲဂိုဏ်းမှ လူများသည် ပြောရဆိုရ လက်ပေါက်ကပ်မှန်း သိသော်ငြား ထိုအဖွဲ့သည် တစ်ဖက်လူကို စကားပြောခွင့်ပင် မပေးသည်အထိ အေးစက်လှ၏။

“မင်းတို့ အရင်ပြန်နှင့်။ ရွှေးလင်ကို ကျေးဇူးတင်စကား ပြောပေးပါဦး။ အခွင့်အရေးရရင် ငါကိုယ်တိုင် ကျေးဇူးလာတင်ဦးမယ်လို့လည်း ပြောပေးပါဦး”

“ဒါပေမယ့် အဆင်မပြေရင် သခင်လေးရန်ကို ပြန်ခေါ်လာဖို့ သခင်မလေး ကျုပ်တို့ကို မှာထားတယ်” ဟဲဖူ တုန့်ဆိုင်းနေခဲ့၏။

“သူ့စေတနာကို ငါမမေ့ပါဘူး။ ပြန်သွားရင် ငါကို ခေါ်လာလို့ မရဘူးလို့သာ ပြောလိုက်” ရန်ကိုင်က ပြုံးကာ ဟဲဖူ၏ ပခုံးကို ပွတ်လိုက်ပြီး “မင်းအလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီးသွားပြီပဲ”

ရန်ကိုင်က ရင်းရင်းနှီးနှီး ဆက်ဆံနေသဖြင့် ဟဲဖူမှာ ရင်ထဲ မြောက်သွားခဲ့ပြီး ရယ်ရယ်မောမောဖြင့် “သခင်လေးရန်က အရမ်း ယဉ်ကျေးနေတာပဲ။ သခင်လေးရန်ရဲ့ မျှော်လင့်ချက်တွေ ပြည့်ပါစေလို့ ဒီဟဲဖူက ဆုတောင်းပေးလိုက်ပါတယ်။ မဖြစ်နိုင်ရင် ထွက်လာဖို့ တုန့်ဆိုင်းမနေနဲ့ သခင်လေးရန်၊ အဲ့ရေခဲဂိုဏ်းက လူတွေက ရန်စလို့ကောင်းတဲ့လူတွေ မဟုတ်ဘူး”

“အင်း၊ ငါသိတယ်။ အခွင့်အရေးရင် နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့” ပြောပြီးသည်နှင့် ရေခဲဂိုဏ်းသားများနောက် အမြန် ပြေးလိုက်သွားလေ၏။

ရန်ကိုင်၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းလေး တရမ်းရမ်းဖြင့် သင်္ဘောရှိရာဆီ ပြန်လှည့်သွားခဲ့၏။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထို့အဖွဲ့သားများနောက် လိုက်သွားခဲ့၏။

တစ်ဖက်လူသည် စုယန်ကိုသိမှန်း သူသေချာ၏။

သူနှင့် စကားပြောခဲ့သော လူသည် ဟန်မပျက် အမူအရာဖြင့် ပြန်ပြောနိုင်ခဲ့သော်လည်း စုယန်ဆိုသော နာမည်ကို ကြားလိုက်သည့်အချိန်၌ သူ့နောက်တွင် ရှိနေသော မိန်းမငယ်လေး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်သွားခဲ့သည်ကို ရန်ကိုင် အသေအချာ သတိပြုမိ၏။

သူမ အမူအရာကို အမြန်အဆန် ပြန်ထိန်းလိုက်သော်ငြား ရန်ကိုင် မျက်လုံးအောက်မှ ပြေးမလွတ်နိုင်ခဲ့ပေ။

စုယန် ရှိနေသည့်အကြောင်းကို မည်သည့် အတွက်ကြောင့် လိမ်ညာပြောဆိုရသည်ကို မသိသော်ငြား သူ့စိတ်ထဲ ရတက်မအေးနိုင် ဖြစ်နေခဲ့၏။

မန်ဝူရသည် စုယန်ကို ရေခဲဂိုဏ်းလက်ထဲ အပ်ခဲ့၏။ ရေခဲဂိုဏ်းချုပ်နှင့် မန်ဝူရသည် အတော့်ကို ခင်မင် ရင်းနှီးသည့်ပုံပင်။ မဟုတ်ပါက စုယန်ကို ရေခဲဂိုဏ်း လက်ထဲ မန်ဝူရ အပ်ခဲ့လိမ့်မည် မဟုတ်။

ဘဏ္ဏာထိန်းမန်ကို ရန်ကိုင် ယုံကြည်၏။

ထိုသို့သာဆိုလျှင် စုယန်သည် ဂိုဏ်းထဲတွင် အဆင်ပြေနေသင့်၏။ သို့သော်လည်း သူ့စိတ် ဂနာမငြိမ် ဖြစ်နေသဖြင့် ရန်ကိုင်သည် စုယန် ဘယ်လိုရှိနေသလဲ ဆိုသည်ကို သူကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၂၉) ရေခဲဂိုဏ်း

——————————————————————

ရေခဲပြင်ထက် ရေခဲဂိုဏ်းမှ တပည့်များ အမြန်အဆန် သွားလာနေခဲ့၏။

သက်လတ်ပိုင်းလူကြီး၏ ဦးဆောင်မှုအောက်၌ ထိုအဖွဲ့သည် နှင်းဝေနေသော လွင်ပြင်ထက် ဟိုကွေ့ပတ်၊ ဒီကွေ့ပတ် သွားလာနေခဲ့၏။

ရေခဲလွင်ပြင်ထက် ရေခဲစူးချွန် အသေး၊ အကြီး များစွာ ရှိနေသလို သူတို့၏ အဖြူရောင်ဝတ်စုံနှင့် အရှိန်အဝါ ဖုံးကွယ် နည်းလမ်းများကြောင့် သေသေချာချာသာ မစစ်ဆေးပါက သူတို့ကို သတိထားမိရန် မဖြစ်နိုင်ချေ။

ရေခဲဂိုဏ်းသားများကို ဦးဆောင်၍ သွားလာနေစဉ် သက်လတ်ပိုင်းလူကြီး မျက်မှောင် ကြုံ့လိုက်၏။ တစ်ယောက်ယောက်က သူတို့ကို နောက်ယောင် ခံလိုက်နေသည်ဟု ခံစားနေရသော်လည်း ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် ထပ်ခါတဲလဲ စစ်ဆေးပြီးသည့်တိုင် မည်သူ့ကိုမှ အာရုံမခံမိခဲ့။

အချိန်အတော်ကြာအောင် သွားလာပြီးနောက် သူတို့သည် ရေခဲဂိုဏ်းနှင့် နီးမလာရုံမက ပို၍ပင် ဝေးလာသေး၏။

သူ့နှင့် ဘေးကပ်ရပ်တွင် လိုက်ပါလာသော မိန်းမငယ်လေးက မအောင့်အည်းနိုင်တော့သည့် အဆုံး မေးလိုက်လေ၏ “ဂိုဏ်းတူဦးလေးနီရန်၊ ဘာလို့ ဒီလမ်းအတိုင်း သွားနေရတာလဲ”

သက်လတ်ပိုင်းလူကြီးက ပြန်မဖြေခဲ့။

မိန်းမငယ်လေးက လက်မလျှော့သေးဘဲ နားမလည်နိုင်သည့် အမူအရာဖြင့် ထပ်မေးလိုက်၏ “ပြီးတော့ အဲ့ကောင်လေးက ဂျူနီယာညီမ စုယန် အကြောင်းမေးတုန်းက ဘာလို့ ဘာမှ ပြန်မပြောခဲ့တာလဲ။ စုယန်က ရေခဲဂိုဏ်းမှာ ရှိတယ်လေ။ လွန်ခဲ့တဲ့ တစ်နှစ် လောက်တုန်းကတောင် သူနဲ့ ကျွန်မ စကားပြောဖြစ်လိုက်သေးတယ်”

နီရန်က ထိုမိန်းကလေးကို‌ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ ကောင်မလေးမှာ ချက်ချင်း ပါစပ်ပိတ်သွားလေ၏။

မိန်းမငယ်လေး ဘေးနားရှိ လူငယ်လေးက အမြန်အဆန် ရှင်းပြလိုက်လေ၏ “အများကြီး မေးမနေနဲ့ ဂျူနီယာညီမလေး။ ဂိုဏ်းတူဦးလေးမှာ သူ့အကြောင်းနဲ့ သူရှိတယ်။ သူလုပ်နေတာက ငါတို့တွေကို ကာကွယ်ဖို့ အတွက်ပဲ။ အပြင်လူတွေ အကုန်လုံးက ကောက်ကျစ်ပြီး ဥာဏ်များကြတဲ့လူတွေ။ တစ်ချက်ကြည့်ရုံနဲ့တင် အဲ့လူက လူကောင်းမဟုတ်မှန်း တန်းပြောလိုံရတယ်။ တကယ်တော့ ငါတို့ ရေခဲဂိုဏ်းထဲဝင်ပြီး သူဘာလုပ်ချင် နေတာလဲ ဆိုတာကို ဘယ်သူသိမှာလဲ”

“အို…အန်” မိန်းမငယ်လေးက အို၊အာ၊အန်သာ လုပ်နိုင်၏။ လူငယ်လေး ပြောသည်ကို သူမစိတ်ထဲ သဘောမတူသော်ငြား ထပ်မပြောရဲတော့ချေ။

နောက်ထပ် တတ်သိနားလည်သည့် တပည့် တစ်ယောက်က နီရန်နား ကပ်သွားလိုက်ပြီး တိုးတိုးလေး မေးလိုက်၏ “ဂိုဏ်းတူဦးလေး၊ ကျုပ်တို့ နောက်ယောင် ခံလိုက်ခံနေရတာလား”

နီရန် မျက်မှောင်ကြုံ့လိုက်ပြီး ရေရွတ်ပြောလိုက်၏ “ငါလည်းမသိဘူး။ ငါ့စိတ်ထင်နေတာ သက်သက်လည်း ဖြစ်နိုင်တာပဲ။ အဲ့အဖွဲ့ထဲမှ ငါမသိဘဲ ဘယ်သူကမှ ငါ့နောက် နောက်ယောင်ခံလိုက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါတို့ တစ်ပတ်လောက်တော့ ပတ်ကြည့်ကြတာပေါ့”

“ဟုတ်ကဲ့ပါ”

နီရန် စိတ်မပြေနိုင်သေး။ သို့သော် ရန်ကိုင် ပုံစံကို ပြန်စဉ်းစားလိုက်ပြီးနောက် ခေါင်းသာရမ်းလိုက်၏။

ရန်ကိုင်သည် သာမန်မဟုတ်ဟု ထင်ရသော်လည်း၊ လက်ရွေးစင် ပါရမီရှင် တစ်ယောက်ပင် ဖြစ်နိုင်သော်ငြား သူ့အသက်သည် အရမ်း ငယ်နေသေး၏။ ထိုအသက် အရွယ်ဖြင့် သူ့ထက် ကျင့်ကြံခြင်း မမြင့်နိုင်ချေ။

သို့သော် နီရန် တကယ် ဂရုစိုက်သည်ကား ထိုလူငယ်လေးသည် စုယန်ကို ရှာနေသည့်အချက်ပင်။

လွန်ခဲ့သော နှစ်နှစ်က မိန်းမငယ်လေးတစ်ယောက် ရေခဲဂိုဏ်းထဲသို့ ဝင်ခဲ့၏။

ဝင်ပြီးသိပ်မကြာခင်မှာပင် မိန်းမငယ်လေးသည် အများ ဩချလောက်သည့် စွမ်းဆောင်ရည်ကို ထုတ်ပြခဲ့၏။ တစ်နေ့ကျ သူမသည် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ကျိန်းသေ ဖြစ်လာလိမ့်မည်ဟု ဂိုဏ်းချုပ်နှင့် အကြီးအကဲများပင် ပြောခဲ့ကြ၏။

သူမ၏ အရည်အချင်းသည် အမှန်တကယ်ကို မှင်သက်စရာ ကောင်းလှ၏။ စုယန် ဂိုဏ်းထဲဝင်စဉ်က သူမသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သာ ဖြစ်သေး၏။ သို့သော် တစ်နှစ်အတွင်းမှာပင် မသေမျိုးအဆင့်သို့ ချိုးဖျက်ပြသွား၏။ အကြီးအကဲ ချန်ယွဲ့ ပြောပုံအရ သူမသည် တံခါးပိတ်ကျင့်စဉ် ဝင်နေဆဲ။ သူမ မည်သည့်အဆင့်ထိ ရောက်နေပြီလဲ ဆိုသည်ကိုမိ နီရန်မသိချေ။

ထို့ပြင် စုယန်သည် ရေခဲကျင့်စဉ်၊ ရေခဲသိုင်းပညာရပ် အားလုံးကို အလွယ်တကူ တတ်မြောက်ကျွမ်းကျင်ခဲ့၏။ တစ်ချက်ကြည့်ရုံနှင့်ပင် အများစုကို ကျွမ်းကျင်သွားခဲ့၏။

သူမကဲ့သို့သော လူမျိုး ရေခဲဂိုဏ်းသမိုင်းတစ်လျှောက် တစ်ယောက်ပင် မပေါ်ထွန်းခဲ့ဖူးပေ။

သူမ၏ ပါရမီအရည်အချင်းသည် ဒဏ္ဏာရီလာ ရေခဲသလင်းကျောက်စိမ်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူနှင့် ဘာမှမခြားချေ။ ကံမကောင်းစွာဖြင့် ရေခဲသလင်း ကျောက်စိမ်း ခန္ဓာကိုယ်သည် အရမ်းကိုမှ ရှားပါးလှရာ မြင်ရခဲလှ၏။

နီရန်သည် စုယန်နှင့် အဆက်အသွယ် မရှီချေ။ သို့သော် သူမသည် ရေခဲဂိုဏ်းနှင့် အရမ်းအရမ်းကိုမှ သင့်တော်ကြောင်းကို အကြီးအကဲချန်ယွဲ့ဆီမှ သိခဲ့ရ၏။ အစက ဂိုဏ်းချုပ်သည် အကြီးအကဲများ၏ ကန့်ကွက်မှုကို ငြင်းပယ်၍ သူမအား ဂိုဏ်းထဲသို့ ခေါ်ခဲ့ခြင်း ဖြစ်၏။ သို့သော် သူမ၏ အံ့မခန်း ပါရမီကို မြင်တွေ့ပြီးနောက် အကြီးအကဲများအားလုံး စိတ်ပြောင်းကြကုန်၏။ စုယန်အား ဂိုဏ်းရှိ ကျင့်စဉ်၊ အားလုံးကို စိတ်ကြိုက် ဖတ်ရှူခွင့် ပေးထားရုံမက ဂိုဏ်း၏ ထွတ်မြတ်နယ်မြေ ဖြစ်သော ရေခဲလိုဏ်ဂူထဲပင် ဝင်ခွင့်ပေးခဲ့၏။

ကံမကောင်းစွာဖြင့် စုယန်သည် ရေခဲဂိုဏ်းထဲ မဝင်ချင်ရာ သူမမှာ ဘာမှမတတ်နိုင် ဖြစ်ခဲ့ရ၏။

ရန်ကိုင် စုယန်နာမည်ကို ပြောလိုက်သည့်အချိန်၌ နီရန် ချက်ချင်း နိုးကြားသတိရှိသွားခဲ့၏။

အခြားတပည့်တစ်ယောက် ဆိုပါက နီရန်သည် လိမ်ပြောခဲ့လိမ့်မည် မဟုတ်။ သို့သော် စုယန်အကြောင်း ဖြစ်လေရာ ဤကိစ္စကို အကြီးအကဲ ချန်ယွဲ့ဆီ အရင် တင်ပြရပေမည်။

ထိုအကြောင်းကို အဆက်မပြတ် စဉ်းစားနေသော်ငြား သွားနေသည်ကို မရပ်တန့်ခဲ့။ ရေခဲလွင်ပြင်တစ်လျှာက် ဟိုကွေ့ပတ်၊ ဒီကွေ့ပတ် သွားလာနေခဲ့၏။

သူတို့ကို နောက်ယောင်ခံနေသာ ရန်ကိုင်သည် နီရန်၏ အပြုအမူကို ကြည့်ရင်း ကြိတ်ရယ်နေခဲ့၏။

ကံမကောင်းစွာဖြင့် ရန်ကိုင်သည် သူတို့အား သူ့ကောင်းကင်စိတ်အာရုံဖြင့် တံဆိပ်ခတ်သလို အမှတ်အသား ပြုထားရာ နီရန် ကြိုးစားသမျှ အားလုံး အချည်းနှီး ဖြစ်ခဲ့ရ၏။

သုံးရက်ကြာပြီးနောက် သူနောက်ယောင် ခံလိုက်နေသော ရေခဲဂိုဏ်းမှ တပည့်များသည် ရေခဲတောင်တစ်တောင်ထဲ တိုးဝင် ပျောက်ကွယ် သွားသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

ခဏရပ်ပြီးနောက် ထိုနေရာတစ်ဝိုက်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်၏။

တစ်ခဏကြာသည်အထိ စစ်ဆေးကြည့်သော်ငြား မည်သည့် ထူးခြားချက်ကိုမှ ရှာမတွေ့ခဲ့။ သူသိသည်ကား ထိုရေခဲတောင်များသည် လျှို့ဝှက်ချက် တစ်ခုခုအား ဖုံးကွယ်ထားသည်ကိုပင်။

သို့သော် သူ့ကြိုးစားအားထုတ်မှုသည် အချည်းနှီး မဖြစ်ခဲ့။ စုယန်၏ အရှိန်အဝါကို အာရုံခံမိလိုက်နိုင်၏။

သူတို့သည် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို ကျင့်ကြံထားရာ အကွာအဝေး တစ်ခုအတွင်း ရှိနေသရွေ့ တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက် အာရုံခံနိုင်၏။

ယင်ယန်မွန်းစတားဂျင်ဆင်းကို စုပ်ယူပြီးနောက် သူတို့ကြားမှ မမြင်နိုင်သော ထိုကြိုးသည် ပို၍ ခိုင်မာလာခဲ့၏။

စုယန်သည် ထိုတောင်များအတွင်း ရှိနေခဲ့၏။ သူမ၏ အရှိန်အဝါသည် လွန်စွာကိုမှ တည်ငြိမ်လှရာ အိပ်နေသလားဟုပင် ထင်မှတ်ရ၏။ သို့သော် ရန်ကိုင်က သူမနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်သည့် အချိန်၌ မည်သည့် တုန့်ပြန်မှုကိုမှ မရရှိခဲ့ပေ။

ရန်ကိုင် အမူအရာ ချက်ချင်း သုန်မှုန်သွားခဲ့၏။

စုယန် မတော်တဆ တစ်ခုခု ဖြစ်သွားခြင်း ဖြစ်နိုင်၏။ မဟုတ်လျှင် သူ့ရှိနေကြောင်း အာရုံခံမိသည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ အပြေးလှမ်းလာပေလိမ့်မည်။

သူ့ရင်ထဲ ဒေါသတို့ လှိုက်တက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ် တို့သည်လည်း သူ့ကိုယ်မှ လှိုက်ဖြာလာခဲ့လေ၏။ သူ့မျက်လုံးများသည်လည်း ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။

ရေခဲတောင်တွေထဲ နှင်ဝေနေသော နိဗ္ဗာန်ဘုံကြီး တစ်ခု ရှိနေခဲ့၏။

ရေခဲဂိုဏ်းသည် ထိုရေခဲတောင်အတွင်း ရှိနေခဲ့၏။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးနောက် ရေခဲဂိုဏ်းသည် တုန်းရွှမ်လောကကြီးအတွင်း၌ မဟာအင်အားစုတစ်ခု ဖြစ်လာခဲ့၏။ သို့သော် မတော်တဆ အဖြစ်အပျက် တစ်ခုကြောင့် ရေခဲဂိုဏ်းသည် ၎င်း၏ မူလနေရာကို စွန့်ခွါပြီး ဤတောင်ထဲ၌ အခြေချခဲ့၏။ ထိုအချိန်မှစ၍ အပြင်လောကကြီးနှင့် အဆက်အဆံ မပြုတော့သလို အပြင်လူများကိုလည်း ၎င်းတို့ ပိုင်နက်ထဲသို့ ဝင်ခွင့်မပြုတော့ပေ။

ဆယ်နှစ်ကြာတိုင်း ရေခဲဂိုဏ်း၏ အကြီးအကဲများသည် အပြင်လောကကြီး၍ တပည့် ထွက်ရှာလေ့ရှိ၏။ ထိုတပည့်များ အားလုံးသည် မိသားစုမရှိသည့် မိဘမဲ့များ ဖြစ်ကြ၏။

ရေခဲဂိုဏ်းသည် တပည့်ရွေးချယ်ရာ၍ အရမ်းကို တင်းကြပ်ပြီး တပည့်တစ်ယောက်ချင်းစီတိုင်းသည်လည်း လက်ရွေးစင်များ ဖြစ်ကြ၏။

ရေခဲဂိုဏ်းတွင် တပည့်များများစားစား မရှိချေ။ ဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းအကြီးအကဲများအပါ စုစုပေါင်း လူအယောက်ငါးရာလောက်သာ ရှိ၏။ သို့သော် သူတော်စင်အဆင့် ပညာရှင် တော်တော်များများနှင့် မသေမျိုးအဆင့် ပညာရှင် အယောက် (၂၀)၊ (၃၀)လောက် အနည်းဆုံးရှိ၏။ ထိုတစ်ချက်နှင့်တင် ရေခဲဂိုဏ်း မည်မျှ အင်အားကောင်းသည်ကို မြင်တွေ့နိုင်ပေ၏။

ယခုအချိန်၌ ရေခဲဂိုဏ်း အလယ်ဗဟိုရှိ တောင်များထဲမှ တစ်လုံး၏ ရေခဲခန်းတစ်ခုအတွင်း၌ နီရန်သည် ရေဝိဥာဉ်ဘုရားကျောင်းနှင့် ကုန်သွယ်ရေး အကြောင်းကို အကြီးအကဲ ချန်ယွဲ့ဆီ ပြန်လည် တင်ပြနေခဲ့၏။

ချန်ယန်သည် ရင့်ကျက်သော အလှပိုင်ရှင် တစ်ယောက် ဖြစ်၏။ အသက်မကြီးဟန် ရသော်ငြား သူမသည် သူတော်စင် ပထမအဆင့် ပညာရှင် တစ်ယောက် ဖြစ်နေလေပြီ။ ဖေးယုကဲ့သိုပင် သူမ၏ ရုပ်ရည်ကို သေချာထိန်းသိမ်းထားခြင်း ဖြစ်၏။

နီရန် တင်ပြသည်ကို နား‌ထောင်ပြီးနောက် ချန်ယွဲ့က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်။ နင်တာဝန်ပြီးသွားပြီ။ နင်နဲ့အတူ သွားခဲ့တဲ့ တပည့်တွေကို ခေါ်ပြီး ကျင့်ကြံဖို့ အရင်းအမြစ်အချို့ ယူသွားလိုက်”

“အကြီးအကဲချန်ယွဲ့ကို ကျေးဇူးအများကြီး တင်ပါတယ်” ပြောပြီးသော်ငြား ထွက်မသွားသေးဘဲ တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် ရပ်နေခဲ့၏။

“အခြားကိစ္စရှိသေးလို့လား” ချန်ယွဲ့က နီရန်ကို စိုက်ကြည့်ပြီး မေးလိုက်၏။

“ဒီလိုပါ အကြီးအကဲ။ အခု ကုန်ပစ္စည်းချင်း အလဲအလှယ် သွားလုပ်တုန်းက တပည့်ကို စိတ်ထင့်စေတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့လိုပါ”

“ဆက်ပြော”

“စုယန်အကြောင်း လာမေးနေတဲ့ လူငယ်လေး တစ်ယောက်ကို ကျွန်တော် တွေ့ခဲ့တယ်။ စုယန်အကြောင်း ဘာလို့ သိချင်နေလဲ မသိပေမယ့် စုယန် ကျွန်တော်တို့ ရေခဲဂိုဏ်းမှာ ရှိနေတယ် ဆိုတာကို သေချာသိနေတဲ့ပုံပဲ”

“စုယန်ကို ရှာနေတာလား” ချန်းယွဲ့၏ မျက်နှာ လှလှလေး ညိုးကျသွားခဲ့ပြီး အသာအယာ မျက်မှောင် ကြုံ့လိုက်ကာ “ဘယ်လိုလူမျိုးလဲ”

နီရန်က ရန်ကိုင် ပုံပန်းသွင်ပြင်ကို အလျင်အမြန် သရုပ်ဖော်ပြလိုက်လေ၏ “အသက်ကတော့ မကြီးလောက်သေးဘူး။ ဒါပေမယ့် သူနဲ့ ပက်သက်ပြီးတော့ တစ်ခုခု မှားယွင်းနေသလိုပဲ။ တပည့်က အရမ်းကြီး အားမကောင်းတော့ သူ့ခွန်အားကို မစစ်ဆေးနိုင်ခဲ့ဘူး။ ဒါပေမယ့် သူနား ရပ်နေတုန်းက သူ့ကို နည်းနည်း ထိတ်လန့်မိနေတယ်”

“နင့်ကို ထိတ်လန့်စေတာလား” ချန်းယွဲ့လည်း ထိတ်လန့်သွားခဲ့ပြီး သူမဘာသာ ရေရွတ်လိုက်၏ “သူက ဂိုဏ်းချုပ်ကို အဲ့လူအိုကြီး ပြောခဲ့တဲ့လူလား မသိဘူး။ သူဘာလို့ ဒီလောက် မြန်မြန် ရောက်လာတာလဲ”

ထိုလူအိုကြီး စုယန်ကို ရေခဲဂိုဏ်းဆီ ခေါ်လာပြီး ဂိုဏ်းချုပ်လက်ထဲ အပ်လိုက်စဉ်က တစ်နေ့ကျ သူမကို လူငယ်လေးတစ်ယောက် လာရှာလိမ့်မည်ဟု ပြောသွားခဲ့၏။ သူရောက်လာခဲ့လျှင် ဂိုဏ်းချုပ် အနေဖြင့် သူ့အား ဝင်ခွင့်မပေးဘဲ မနေသင့်၊ မဟုတ်လျှင် ဆိုးရွာသည့်အရာများ ဖြစ်လာနိုင်သည်ဟု ပြောသွားခဲ့၏။

ထိုစဉ်က ဂိုဏ်းချုပ်နှင့် အကြီးအကဲချန်ယွဲ့သည် စုယန်၏ အရည်အချင်းကို သတိမပြုမိသည့်အတွက် သဘောမတူချင်တူချင်ဖြင့် သဘောတူခဲ့၏။ သို့သော် စုယန်၏ ပါရမီကို မြင်တွေ့ပြီးနောက် မည်သူမှ သူမအား ဂိုဏ်းမှ မထွက်ခွါစေချင်တော့ချေ။ စုယန်သာ ရေခဲဂိုဏ်းထဲ ရှိနေသရွေ့ သူမ၏ အရည်အချင်းနှင့် ဂိုဏ်းချုပ် ရာထူးကို ကျိန်းသေ ဆက်ခံနိုင်ပေလိမ့်မည်။

ချန်းယွဲ့ကို ကူကယ်ရာမဲ့စေသည်ကား စုယန်သည် မတော်တဆ တစ်ခုခု ကြုံတွေ့ခဲ့ပြီး မည်သူနှင့်မှ မတွေ့နိုင်ခြင်း ဖြစ်၏။

ထိုလူငယ်လေးသည် စုယန်နှင့် အရမ််းကို ရင်းနှီးရပေမည်။ သူသာ စုယန် တစ်ခုခုဖြစ်နေမှန်း သိသွားပါက မလိုလားအပ်သည် ပြဿနာများ ဖြစ်လာနိုင်ပေ၏။

ချန်ယွဲ့မှာ ထိုအကြောင်းကို စဉ်းစားရင်း ခေါင်းကိုက်လာခဲ့၏။ ထို့နောက် နီချန်ကို မေးလိုက်၏ “အဲ့လူငယ်လေးကို ဂိုဏ်းဆီ ခေါ်လာခဲ့လား”

“ခေါ်မလာခဲ့ပါဘူး” နီရန်က ခေါင်းခါလိုက်ပြီး “အကြီးအကဲဆီ အရင်ပြန်တင်ပြရင် ကောင်းမယ်ထင်လို့ အကြီးအကဲဆီ အရင်လာတင်ပြတာပါ။ သူ့ကိုတော့ အမှန်အတိုင်း မပြောခဲ့ပါဘူး”

“ကောင်းတယ်။ တော်တယ်” ချန်ယွဲ့က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း နီရန် တော်သည်ဟု ချီးပင်မချီးကျူရသေးခင်မှာပင် သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးလိုက်ပြီးနောက် အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “နီရန်၊ နီရန်၊ နင်အရမ်း သတိမဲ့ပါလား။ တစ်ယောက်ယောက် နင့်ကို နောက်ယောင် ခံလိုက်လာတာကိုတောင် နင်သတိမပြုမိဘူးနော်”

“အာ” နီရန် ကြောင်သွားခဲ့၏ “မဖြစ်နိုင်ဘူး။ ကျွန်တော့်နောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်မှာ စိုးလို့တောင် နှင်းလွင်ပြင်ထဲ ရက်တော်တော်များများ ကွေ့ပတ်သွားလာနေတာ။ သူဘယ်လိုလုပ်ပြီး…”

“ဟန့်” ချန်ယွဲ့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “သူ့နင့်နောက် လိုက်လာတယ်ဆို လိုက်လာတယ်ပေါ့။ ပြီးတော့ အဲ့ကောင်စုတ်လေးက ငါတို့ ရေခဲဂိုဏ်းကို တော်တော်လေး မကျေမနပ် ဖြစ်နေတဲ့ပုံပဲ။ သူ့ဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါအရ ငါတို့ကို တော်တော်လေး ဒေါသထွက်နေတဲ့ပုံပဲ”

“စိတ်ထိန်းပါဦး အကြီးအကဲ။ သူကို တပည့် သွားမောင်းထုတ်လိုက်ပါမယ်”

ပြန်လာစဉ်က အရမ်းကိုမှ သတိထားခဲ့သော်ငြား တိတ်တဆိတ် နောက်ယောင်ခံလိုက်ခံရသေး၏။ သတိပင် မပြုမိဘဲ နောက်ယောင်ခံလိုက်ခံရခြင်းသည် သူ့အတွက် မျက်နှာပျက်စရာပင် ဖြစ်လေ၏။

“သွားမောင်းထုတ်လိုက်။ အဲ့ကောင်စုတ်လေးက ဖော်ဖော်ရွေရွေ ဆက်ဆံလို့ကောင်းတဲ့လူမျိုး မဟုတ်ဘူး။ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်။ ဒါပေမယ့် သင်ခန်စာပေးရုံပဲလုပ်၊ အသက်အန္တရာယ်ရှိအောင် မလုပ်နဲ့” ချန်ယွဲ့က အမိန့်ပေးလိုက်၏။ တကယ်တော့ ထိုလူငယ်လေးသည် ဟိုလူအိုကြီးနှင့် ဆက်စပ်နေသည် မဟုတ်ပေလော။ သူတို့သာ ထိုလူငယ်လေးကို သတ်လိုက်မည် ဆိုပါက ဂိုဏ်းချုပ်အနေဖြင့် ထိုလူအိုကြီးကို ရှင်းပြရခက်ပေလိမ့်မည်။

စုယန်၏ မတော်တဆ ဖြစ်ရပ်ကြောင့် ဂိုဏ်းချုပ်သည် ချန်းယွဲ့ကို ဆူပူပြီးသွားခဲ့လေပြီ။ ထို့ကြောင့် နောက်ထပ် ထပ်မံ အဆူပူမခံချင်တော့ချေ။

နီရန် အလျင်စလို ခေါင်းညိတ်လိုက်ပြီး ပြေးထွက်သွားလိုက်၏။ သူ့မျက်နှာသည် ပြိုတော့မည် မိုးကဲ့သို့ သုန်မှုန်နေခဲ့၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၃၀) ဒီနားက ပညာရှင်က ဘယ်သူများလဲ

——————————————————————

ရေခဲတောင်တန်း အပြင်ဘက်၌ ရန်ကိုင်သည် သုန်မှုန်နေသော အမူအရာဖြင့် မျက်လုံးမှိတ်လျက် စုယန်၏ အခြေအနေကို တိတ်တဆိတ် စူးစမ်းနေ၏။ စုယန် အသက်အန္တရာယ် မရှိသည်ကို သိသော်လည်း သူ့ခေါ်သည်ကိုပင် မတုန့်ပြန်နိုင်သည်အထိ ဘာဖြစ်သွားလဲ ဆိုသည်ကို သူနားမလည်နိုင်ချေ။ သတိမေ့မြောနေသည့် ပုံစံနှင့်ပင် တူကာ သူ့တည်ရှိမှုကို နည်းနည်းလေးမှပင် သတိမပြုမိချေ။

တစ်ခဏကြာပြီဂနောက် အားမနည်းသော အရှိန်အဝါများ သူ့အသိစိတ်အာရုံ စက်ကွင်းထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ ထိုအရှိန်အဝါများသည် သူ့ဆီသို့ အလျင်အမြန် ပျံသန်းလာနေခဲ့၏။

ရန်ကိုင်က မျက်လုံးဖွင့်လိုက်ပြီး သူ့ဆီ ပျံသန်းလာနေသည့် ရေခဲဂိုဏ်းမှ တပည့်များကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

မကြာခင်မှာပင် ထိုအဖွဲ့သည် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။

“ကောင်စုတ်လေး၊ သေချာသွားပြီ။ မင်းပဲ” နီရန်က နှာခေါင်းရှံ့ကာ သူ့ရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်လိုက်၏။ ထိုလူငယ်လေး၏ အေးစက်စက်၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသော မျက်နှာကို ကြည့်ရင်း ဤကိစ္စကို လွယ်လွယ်နှင့် ကြေအေးလို့ ရတော့မည် မဟုတ်မှန်း သိလိုက်၏။

ရန်ကိုင်ကို နီရန်လည်း ကြည့်မရချေ။

“ငါကို နောက်ယောင်ခံလိုက်ရဲတယ် ဆိုတော့ မင်းသတ္တိက မသေးပါလား” နီရန်က အေးစက်စက် အမူအရာဖြင့် နှားခေါင်းရှုံ့၍ မကျေမနပ် လေသံဖြင့် ပြောလိုက်၏ “ကြည့်ရတာ ရေဝိဥာဉ်ဘုရားကျောင်းနဲ့ စကားပြောရတော့မယ့်ပုံပဲ။ မင်းလို သောက်ကျင့် မကောင်းတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ပျိုးထောင်ပေးလိုက်လဲ မသိဘူး”

ရန်ကိုင်နှင့် တွေ့စဉ်က သူသည် ရေဝိဥာဉ် ဘုရားကျောင်းမှ တပည့်များနှင့် အတူတူ ရှိနေသည့် အတွက် ရန်ကိုင်သည် ရေဝိဥာဉ်ဘုရားကျောင်း၏ တပည့်တစ်ယောက် ဖြစ်သည်ဟု ထင်သွားခဲ့ခြင်း ဖြစ်၏။

“ရေဝိဥာဉ်ဘုရားကျောင်းနဲ့ ငါက ဘာမှမဆိုင်ဘူး” ရန်ကိုင် နှာခေါင်းရှံ့လိုက်၏။

နီရန် မျက်မှောင်ကြုံ့လျက် ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏ “မင်းဘယ်ဂိုဏ်းကလာလာ ငါဂရုမစိုက်ဘူး။ ဒါက ငါတို့ ရေခဲဂိုဏ်း ပိုက်နက်ပဲ။ မင်းလာတဲ့နေရာဆီ ပြန်သွားလိုက်။ မဟုတ်ရင် ငါတို့ကို ရိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့နော်”

“ငါမြင်ချင်တဲ့လူကို မမြင်ရသေးခင်အချိန်ထိ ဘယ်ကိုမှ သွားမှာမဟုတ်ဘူး” နီရန်ကို စိုက်ကြည့်ရင်း သူ့ရင်ထဲ ဒေါသတို့ လှိုက်တက်လာခဲ့ရ၏။ ထိုလူသည် စုယန်ရေခဲဂိုဏ်းတွင် ရှိနေသည်ကို သိသော်လည်း သူစုယန်အကြောင်း မေးလိုက်သည့်အချိန်၌ မေးခွန်ကိုပင် ပြီးအောင် မေးခွင့်မပြုခဲ့ချေ။ ထိုလူသည် သူ့အား ရှင်းပြချက်ပင် မပေးဘဲ အတင်းမောင်းထုတ် ချင်နေခဲ့၏။

ထိုသကောင့်သာ အရမ်းကို မောက်မာလွန်းနေပေပြီ။

ရန်ကိုင်မှာ အတော့်ကိုမှ ဒေါသထွက်နေသော်လည်း ချက်ချင်း မလှုပ်ရှားသေချ။ တကယ်တော့ မန်ဝူရနှင့် ရေခဲဂိုဏ်းချုပ်သည် ခင်မင်ရင်းနှီးကြသူများ မဟုတ်ပေလော။ ထို့ကြောင့် ရေခဲဂိုဏ်းအနေဖြင့် သူ့လက်ခံနိုင်သည့် အကြောင်းပြချက်သာ ပေးသရွေ့ ပြဿနာရှာရန် ကြိုးစားမည် မဟုတ်ပေ။

အခု စုယန် ဘာဖြစ်နေလဲ၊ သူမ အခြေအနေ ဘယ်လိုရှိလဲ သူသိချင်၏။

သို့သော် ရန်ကိုင်ကပင် ဒေါသမထွက်ရသေးခင်မှာပဲ နီရန်က အကျယ်ကြီး‌ အော်ပြောလိုက်၏ “ကောင်စုတ်လေး။ ပေးကမ်းနေတုန်းက လက်ကို ပုတ်မထုတ်နဲ့နော်။ ရေခဲဂိုဏ်း ပိုက်နက်ထဲမှာ ငါ့ကို အခုလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာ မင်းပထမဆုံးပဲ။ မဟုတ်တရုတ်တွေ ထပ်ပြောနေမယ်ဆိုရင် ငါမင်းကို သင်ခန်းစာ ကောင်းကောင်းပေးမှာ”

“ကြိုးစားကြည့်လိုက်လေ” ရန်ကိုင်က လှောင်ပြောင်လိုက်၏။

နီရန်သည် ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့် အသာအယာ ခေါင်ညိတ်လိုက်ပြီး “ကောင်ပြီ။ မင်းကို ဒုက္ခရောက်အောင် မလုပ်ချင်ပေမယ့် မင်းက တောင်းဆိုနေမှတော့ ငါကလည်း မလုပ်လို့ မရတော့ဘူးပေါ့။ ဘာမဟုတ်တဲ့ ဂျူနီယာ တစ်ယောက်များ ငါ့ရှေ့မှာ လာမောက်မာနေရဲတယ်။ မင်းက ကိုယ့်အကန့်ကိုယ် မနေတတ်တဲ့ကောင်ပဲ။ ဒီနေ့ ဒီနေရာမှာ ဘယ်သူက ဆရာလဲ ဆိုတာကို ငါမင်းကို သင်ပေးရမှာပေါ့”

ပြောပြီးသည်နှင့် နီရန်၏ မျက်ဝန်းအစုံမှ အဖြူရောင် အလင်းတို့ ပေါက်ကွဲထွက်လာခဲ့၏။ ထိုအဖြူရောင် အလင်းတန်းမှာ သတိပြုမိရန် အရမ်းကို ခက်ခဲလှ၏။

ထိုအလင်းသည် အေးစက်မှုတို့ဖြင့် ပြည့်နေခဲ့ပြီး လေထုကို ဓါးတစ်စင်းပမာ ထိုးခွဲသွားကာ ရန်ကိုင်၏ ခေါင်းမှတစ်ဆင့် သူ့အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့လေ၏။

“ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုအလား…”

ရန်ကိုင် နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး အသာအယာ ခေါင်းခါရမ်းလျက် “မင်းတို့ ရေခဲဂိုဏ်းက အရမ်း သန်မာမယ်လို့ ထင်နေခဲ့တာ။ တကယ်တမ်းတော့ မင်းက ဘာမှမဟုတ်ဘူးပဲ။ ဒီလောက်ပဲ ဆိုရင်တော့ မင်းစိတ်ပျက်ရတော့မှာပဲ”

နီရန်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုသည် ရန်ကိုင် အသိစိတ်ပင်လယ်ကို အလွယ်တကူ ထိုးဖောက်သွားသော်ငြား တစ်ခဏအတွင်း လောင်ကျွမ်းခြင်း ခံလိုက်ရ၏။ ရန်ကိုင်အား နည်းနည်းမျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ထိုအကြောင်းကို နားလည်လိုက်သည်နှင့် နီရန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ကျန်သည့် ရေခဲဂိုဏ်း တပည့်များသည်လည်း ရန်ကိုင်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်လေ၏။

နီရန်သည် မသေမျိုး ပထမအဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။ သူသည် စိတ်စွမ်းအင် တိုက်ခိုက်မှု၌ အရမ်းကြီး အားမကောင်းသော်ငြား သူ့ကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှုသည် အတော့်ကို အားကောင်းသည်ဟု ပြော၍ ရ၏။ ဂျူနီယာ တစ်ယောက်နှင့် ရင်ဆိုင်ရန်အတွက် သူ့ကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှုသည် လုံလောက်နေပေပြီ။ သို့သော် တစ်ဖက်လူသည် ဒဏ်ရာ နည်းနည်းမျှ မရခဲ့ချေ။ သူတို့ကို ပြန်၍ပင် လှောင်ပြောင်နေလိုက်သေး၏။

“ဂျူနီယာညီလေး၊ ဒီကောင်စုတ်လေးက နည်းနည်း ထူးဆန်းတယ်” နီရန်ဘေးနားရှိ မသေမျိုးအဆင့် ပညာရှင်က အမြန်အဆန် ပြောလိုက်၏။

နီရန်က လေးလေးပင်ပင်နှင့် ခေါင်းညိတ်လိုက်၏။ အစောပိုင်းက အကြီးအကဲချန်သည် သူ့အား လူခေါ်၍ ထိုကောင်စုတ်လေးကို မောင်းထုတ်ခိုင်းချင်သည် အရမ်းကြီး ပိုလွန်းနေသည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း အရမ်းကြီး ပိုလွန်းနေသည် မဟုတ်သည်ကို သူသိသွားခဲ့လေပြီ။ ကံကောင်းစွာဖြင့် သူ့ညီအစ်ကိုများကို ခေါ်လာခဲ့မိ၏။ တစ်ယောက်တည်းသာ လာခဲ့မည်ဆိုပါက သူအရှက်တကွဲ အကျိုးနည်း ဖြစ်ရပေလိမ့်မည်။

ထိုသို့တွေးနေစဉ် ရန်ကိုင်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူ့အမူအရာသည် လေးနက်သထက် လေးနက်လာခဲ့ပြီး ပြောလိုက်၏ “ကောင်စုတ်လေး၊ မင်းမှာ အရည်အချင်း နည်းနည်းပါးပါးတော့ ရှိသားပဲ။ ငါမင်းကို အရှက်ရအောင် မလုပ်တော့ဘူး။ ထွက်သွားလိုက်တော့”

“ငါပြောပြီးသွားပြီလေ။ ငါတွေ့ချင်တဲ့လူကို မတွေ့ရသေးရင် ဘယ်ကိုမှ သွားမှာမဟုတ်ဘူး။ မင်းတို့ မကြားကြဘူးလား” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူ့အမူအရာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ထပ်မံ ပြောဆိုလိုက်၏ “သူ့ကို မတွေ့ရရင် မင်းတို့ ရေခဲတောင်တွေကို တစ်စစီ ဖျက်စီးပစ်ရလိမ့်မယ်”

“ရဲတင်းလိုက်တာ။ ငါတို့ ရေခဲဂိုဏ်းက မင်းကို စိတ်ရှိတိုင်း လုပ်ခွင့်ပေးမယ် ထင်နေတာလား” နီရန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

“မင်းတို့နဲ့ စကားပြောနေလို့ ဘာမှမထူးဘူး ထင်တယ်။ အဲ့လိုဆိုမှတော့ မင်းတို့ထက် အဆင့်ပိုမြင့်တဲ့ အခြားတစ်ယောက်ကို ရှာရတော့မှာပေါ့” သူ့အသံ ပျောက်သွားသည်နှင့် ရေခဲတောင်တစ်ခုဆီ ပြေးဝင်သွားလိုက်လေ၏။ ထိုတောင်ဆီမှ သူတို့အား စောင့်ကြည့်စစ်ဆေးနေသော အားကောင်းသည့် ကောင်းကင်စိတ်အာရုံ တစ်ခုကို သူအာရုံခံမိ၏။

“တွေးတောင် မတွေးနဲ့” နီရန် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ကာ “ရေခဲကမ္ဘာ”

အရိုးကွဲမတတ် အေးစက်လှသော လေးများသည် ပို၍ပင် အေးစက်သွားခဲ့ပြီး မျက်တောင် တစ်ခတ် အတွင်းမှာပင် ရန်ကိုင် တစ်ကိုယ်လုံးကို ထူးခြား ဆန်းကြယ်သော စွမ်းအင်များက ဝန်းရံသွားခဲ့၏။ ထိုစွမ်းအင်များသည် မရေမတွက်နိုင်သော ရေခဲဓါးသွားလေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ဆီသို့ အရပ်ရပ်ဆီမှ တိုးဝင်လာခဲ့လေ၏။

ချက်ချင်းဆိုသလို ရန်ကိုင် ပုံရိပ်သည် ထိုဓါးသွား မုန်တိုင်းထဲ ပျောက်ကွယ်သွားခဲ့၏။

သို့သော် နီရန် စိတ်မအေးနိုင်သေး၊ သူ့အမူအရာသည် ပို၍ပင် လေးနက်သွားခဲ့၏။

ရွှစ်… ရွှစ်… ရွှစ်… ရွှစ်…

ရေခဲဓါးသွားများသည် ရန်ကိုင်ဆီသို့ အဆက်မပြတ် တိုးဝင်နေခဲ့၏။ သို့သော် ထိုဓါးသွားမုန်တိုင်း အလယ်ဗဟိုမှ မီတောက်ကြီးတစ်ခု စတင်ဖြစ်ပေါ်လာ၏။ မကြာခင် ထိုမီးတောက်ကြီးသည် နေမင်းပမာ တလက်လက် တောက်ပ ပူပြင်းလှသော မီးဘောလုံးကြီး တစ်လုံး ဖြစ်သွားခဲ့လေ၏။

ဘုန်း…

နီရန် ရေခဲကမ္ဘာ ပေါက်ကွဲသွားသည့်အချိန်၌ ရန်ကိုင်သည် မီးတောက်မီးလျှံတို့ဖြင့် ဝန်းရံလျက် မီးနတ်ဘုရား တစ်ပါးပမာ လေထဲတွင် ဝဲလျက် ရပ်နေကာ နီရန်ကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့၏။

“မသေမျိုးအဆင့်လား” နီရန် အမူအရာ ပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေခဲ့၏။

ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော အစစ်အမှန်ချီလှိုင်းကို အာရုံခံမိပြီးနောက် ရန်ကိုင်သည် မသေမျိုးအဆင့် ပညာရှင် တစ်ယောက်ဖြစ်မှန်း နီရန် နားလည်ုလိုက်၏။

ထိုလူငယ်လေးသည် သူ့ကဲ့သို့ပင် မသေမျိုး ပထမအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ ထို့ပြင် သူ့ပြိုင်ဘက်၏ အစစ်အမှန်ချီသည် သူ့ထက် အဆပေါင်းများစွာ ပို၍ သန့်စင်သိပ်သည်းသေး၏။ နီရန်ကို စိတ်မသက်မသာ ဖြစ်စေသည်ကား ရန်ကိုင်၏ အစစ်အမှန်ချီသည် အရမ်းကိုမှ သိပ်သည်းလှသည့် ယန်ဓါတ် ဖြစ်နေခြင်းပင်။

“ဂျူနီယာညီလေး သတိထား” နီရန် ဟန်ပျက်သွားသည့် အခိုက် ချက်ချင်းဆိုသလို့ သူ့စီနီယာက ရုတ်တရက် အော်ဟစ်၍ သူ့အား ရုတ်တရက် ဆွဲခေါ်လိုက်၏။

ရွှစ်…

မီးနီရောင်လှံတစ်စင်းသည် နီရန်၏ ခန္ဓာကိုယ်ကို ရှပ်သွားကာ မြေကြီးထဲသို့ စိုက်ဝင်သွားခဲ့ရာ နှစ်တစ်သောင်း ရေခဲထုကြီးကို ချက်ချင်းဆိုသလို အရည်ပျော်သွားစေခဲ့ပြီး ရေခဲပြင်ထက် အနည်းဆုံး မီးတာတစ်ထောင်ကျော်နက်သည့် မီတာဒါဇင်ကျော် ကျယ်သည့် အပေါက်ကြီးတစ်ပေါက် ဖြစ်လာခဲ့လေ၏။

ထိုလှံတံ၏ စွမ်းအားကို ခံစားမိသည်နှင့် ရေခဲဂိုဏ်းသား တပည့်တွေ အကုန်လုံး၏ မျက်နှာ ဖြူလျော်သွားခဲ့၏။

သူတို့အားလုံးသည် မသေမျိုးအဆင့်သို့ ချိုးဖျက် ဝင်ရောက်ပြီးသူများ ဖြစ်ကြသော်လည်း သူတို့ထဲက မည်သူကမှ ထိုတိုက်ခိုက်မှုကို မခုခံနိုင်ကြချေ။ သူတို့သာ ထိုလှ့တံနှင့် တိုက်ရိုက်ထိမှန်ခြင်း ခံလိုက်ရပါက အလွယ်တကူ အငွေ့ပျံသွားပေလိမ့်မည်။

အလွန်တရာကိုမှ ပူပြင်းလှသော အစစ်အမှန်ချီတို့သည် မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းလှသော ရေခဲပြင်ကို တစ်ခဏအတွင်း ဖုံးအုပ်သွားခဲ့၏။ ထိုအပူစက်ကွင်းထဲ ရောက်နေသည့် ရေခဲဂိုဏ်းသားတိုင်း၏ အစစ်အမှန်ချီသည် အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခြင်း ခံလိုက်ရ၏။

ရန်ကိုင်က လေထဲတွင် ဝဲလျက် ရေခဲတမျှ အေးစက်သည့် မျက်ဝန်းအစုံဖြင့် ငုံကြည့်ရင်း လေးလေးနက်နက်ဖြင့် ပြောလိုက်၏ “နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်။ စုယန် ဘာဖြစ်သွားတာလဲ”

“ကောင်စုတ်လေး။ စုယန်နာမည်နဲ့ လူတစ်ယောက်ကိုမှ ငါမသိဘူးကွ။ သူ့ကိုတောင် မသိတာ သူဘာဖြစ်မှန်း ငါဘယ်သိမှာလဲကွ။ မင်းတိုက်ချငရင် တိုက်လိုက်။ အပိုတွေ လျှောက်ပြောမနေနဲ့” နီရန်က ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲ။

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လေဖြုန်းမနေတော့။ ယန်အရည်စက် တစ်စက်ကို သူ့လက်ချောင်းထက် စုစည်းလိုက်ပြီး ပစ်လွှတ်လိုက်၏။

ထိုယန်အရည်စက်သည် လေထဲ၌ပင် ထောင်ပေါင်း များစွာသော အရည်စက်လေးများအဖြစ် ပေါက်ကွဲ သွားခဲ့ပြီး အောက်တွင် ရှိနေသော ရေခဲဂိုဏ်းသားများဆီ တိုးဝင်သွားလေ၏။

“ရေခဲပြတင်း”

“ရေခဲသော့ခလောက်”

“ရေခဲသလင်းသားရဲ”

ရန်ကိုင် တိုက်ခိုက်လိုက်သည်နှင့် ရေခဲဂိုဏ်းမှ တပည့်များသည်လည်း ချက်ချင်း တိုက်ခိုက်လိုက်၏။

ရေခဲသားဖြင့် ဖွဲ့စည်းထားသော တံတိုင်းတစ်ခု ရေခဲဂိုဏ်းသားများရှေ့ ထွက်ပေါ်လာခဲ့ပြီး ရေခဲချီဖြင့် ဖွဲ့စည်းထားသော ချိန်းကြိုးများသည် ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေ၏။ တစ်ချိန်တည်း၌ များစွာသော ဟိန်သံများနှင့်အတူ ရေခဲမွန်းစတားသားရဲများစွာ ထွက်ပေါ်လာခဲ့၏။

ထိုမွန်းစတားသားရဲ အားလုံးကို ရေခဲချီဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်၏။ သို့သော်လည်း ထိုသားရဲများသည် အစစ်အမှန် မွန်းစတားသားရဲများနှင့် တကယ့်ကို ဆင်လှပြီး ရေခဲပြင်ထက် ရပ်လျက် ဟိန်းဟောက်နေပြီးနောက် ကောင်းကင်သို့ ပျံတက်ကာ ရန်ကိုင်ကို တိုက်ခိုက်တော့လေ၏။

မရေမတွက်နိုင်သော ယန်အရည်စက်များအဖြစ် ပြောင်းလဲသွားသော ယန်အရည်စက်သည် ရေခဲပြတင်းကို အလွယ်တကူ ထိုးဖောက်သွားခဲ့ရာ နီရန်နှင့် သူ့အပေါင်းအပါ အားလုံး၏ သွေးဆုတ်ဖြူလျော် သွားခဲ့ရ၏။ အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အကာအကွယ် လက်နက်များကို အလျင်အမြန် ထုတ်ယူ၍ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ကြရ၏။

တစ်ချိန်တည်းမှာပင် ထိုချိန်းကြိုးများသည် ရန်ကိုင်ကို ရစ်ပတ်သွားခဲ့၏။ ချိန်းကြိုးပိုင်ရှင်မှာ ပျော်ပင်မပျော်ရသေးခင်မှာဘဲ သူ့သိုင်းပညာရပ်သည် ရန်ကိုင်၏ အစစ်အမှန်ချီကြောင့် ချက်ချင်းဆိုသလို အရည်ပျော်ကျသွားခဲ့ရလေ၏။ ရန်ကိုင်အား တစ်စက္ကန့်မျှပင် ထိန်းမထားနိုင်ခဲ့ချေ။

ရန်ကိုင်က ရှေ့တက်၍ ရေခဲသားများကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

သူ့လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ကောင်းကင်ကျားဖြူနှင့် မြေကမ္ဘာနွားသိုးတို့ ထပ်မံ ထွက်ပေါ်လာခဲ့၏။ ထိုသိုင်းပညာရပ်ကို သူ အသုံးမပြုခဲ့သည်မှာ အတော့်ကို ကြာသွားခဲ့လေပြီ။ ပူပြင်းလှသော အစစ်အမှန်ယန်ချီတို့ ဖြာထွက်နေသာ သားရဲနှစ်ကောင်သည် ရေခဲသားရဲများဆီ ပြေးဝင်သွားလေ၏။

ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသော ရေခဲသားရဲများ အားလုံး ကောင်းကင်ကျားဖြူနှင့် မြေကမ္ဘာနွားသိုးတို့၏ တိုက်ခိုက်မှုကြောင့် တစ်ခဏအတွင်း အငွေ့ပျံသွားခဲ့ရ၏။

အသက်(၃)ရှိုက်စာ အတွင်းမှာပင် ရန်ကိုင်သည် ရေခဲဂိုဏ်းမှ တပည့်များ၏ ပညာရပ်များကို ချိုးဖျက်၍ သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။ ရန်ကိုင်ကိုယ်ထဲ စီးဆင်းနေသည့် အစစ်အမှန်ချီကို ခံစားမိရုံနှင့်ပင် ရေခဲဂိုဏ်းမှ တပည့်များ ကတုန်ကရင် ဖြစ်သွားခဲ့ကြ၏။ အဆင့်တူ ကျင့်ကြံခြင်းဖြင့် သုံးယောက်တစ်ယောက် ယှဉ်တိုက်ခိုက်ခဲ့သော်လည်း သူတို့သုံးယောက်သည် နည်းနည်းမျှပင် ခုခံနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ရ၏။

ရေခဲဂိုဏ်းမှ တပည့်များသည် သာမန် ကျင့်ကြံသူများထက် ပို၍ အားကောင်းကြ၏။ ရေပြာမြို့တော်၌ ရန်ကိုင်တွေ့ခဲ့သော ချန်မိသားစုမှ မသေမျိုး ပထမအဆင့် ပညာရှင် နှစ်ယောက်သည် သူတို့၏ ပြိုင်ဘက်များ မဟုတ်ကြချေ။

ကျင့်ကြံခြင်း အဆင့်တူလျှင်ပင် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူတို့၏ နားလည်မှုများသည် အကွဲပြားကြီး ကွဲပြားနေခဲ့၏။

တိုက်ခိုက်ပြီးနောက် ရန်ကိုင် ဒေါသလည်း အတော်လေးကို လျော့ပါးသွားခဲ့ကာ လှိုင်းထန်နေသော သူ့စိတ်သည်လည်း အတော့်ကို တည်ငြိမ်သွားခဲ့၏။

သူသည် ရေခဲဂိုဏ်းကို တိုက်ခိုက်ရန်အတွက် လာခဲ့ခြင်းမဟုတ်၊ စုယန်ကို ရှာရန်အတွက် လာခဲ့ခြင်း ဖြစ်၏။

ထိုအချက်ကို စဉ်းစားပြီးနောက် သူ့သတ်ဖြတ်လိုစိတ်ည် အတော့်ကို လျော့ပါးသွားခဲ့၏။ နီရန်နှင့် ရေခဲဂိုဏ်းမှ တပည့်များသည် ရန်ကိုင်ကို တားဆီးရန် အကောင်းဆုံး ကြိုးစားခဲ့သော်ငြား ရန်ကိုင်အား မခုခံနိုင်ရုံမက သူတို့ပင် ရှုံးနိမ့်ခဲ့ရသေး၏။

================================

All Chapters