← Chapters

အခန်း (၇၃၁-၇၃၅)

Vol. 30 Ch. 731-735

အခန်း (၇၃၁-၇၃၅)

Vol. 30 Ch. 731-735

အပိုင်း(၇၃၁) နိုင်ထက်စီးနင်းပြုမူခြင်း

——————————————————————

ရေခဲတောင်ဘက်၏ အပြင်ဘက်၊ ရန်ကိုင်ကို စုဖွဲ့၍ ရင်ဆိုင်နေသော ရေခဲဂိုဏ်းမှ တပည့်များသည် သူတို့၏ စိတ်ထဲ အဆက်မပြတ် အထွန့်တက်နေခဲ့ကြ၏။

မူလက ထိုလူငယ်လေးသည် မိုက်မဲသည့် လူငယ်လေး တစ်ယောက် သက်သက်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုလူငယ်လေးသည် အရမ်းကိုမှ အားကောင်းလှသာ သူတို့ သုံးယောက်ကိုပင် ပြန်လည် ဖိနှိပ်ထားနိုင်လိမ့်မည်ဟု နီရန်နှင့် သူ့အပေါင်းအများ တစ်ခါမှ မတွေးခဲ့ဖူးကြ၏။

ထိုအမှန်တရားသည် သူတို့အား လုံးဝကို မှင်သက်နေစေခဲ့၏။

သူတို့သည် ရေခဲဓါတ်ကို ကျင့်ကြံကြပြီး ရန်ကိုင်သည် ယန်ဓါတ်ကို လေ့ကျင့်ထားသဖြင့် မည်သည့်ဘက်ကမှ သာသည်ဟု ဆို၍မရ။ သို့သော်လည်း ရန်ကိုင်၏ အစစ်အမှန်ချီသည် သူတို့၏ အစစ်အမှန်ချီထက် အဆများစွာ ပိုမိုသိပ်သည်းသန့်စင်လှရာ တိုက်ခိုက် လိုက်သည့်အချိန်တိုင်း ရေခဲဂိုဏ်းသားများ၏ သိုင်းပညာရပ်များသည် နေလာနှင်းပျောက်ဆိုသလို အရည်ပျော်သွားကြရ၏။ သူတို့၏ အစစ်အမှန်ချီ အကာအရံ ပင်လျှင် ရန်ကိုင်၏ ပူပြင်းလှသော ယန်ချီ အရှိန်အဝါအောက်၌ ဖိနှိပ်ခြင်း ခံနေခဲ့ရ၏။

“ငါ့ကို တားရဲတဲ့လူမှန်သမျှ သေရမယ်”

ရန်ကိုင်မှာ စိတ်မရှည်ဖြစ်လာခဲ့ရာ ဒေါသတကြီး အော်ဟစ်ခြိမ်းခြောက် လိုက်လေ၏။ သူ့အကြည်သည်လည်း အေးစက်သွားခဲ့ပြီး ရက်စက် ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်သွားခဲ့၏။

နီရန်လည်း ရင်တဒုတ်ဒုတ် ခုန်သွားခဲ့ရ၏။ သူ့မသိစိတ်၏ သတိပေးမှုကြောင့် အစစ်အမှန်ချီကို အဆုံးစွန်ထိ လှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်၏။ ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်အောက်၍ အခြေအနေသည် သူတို့ ကိုင်တွယ်နိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားသလို နီရန် ခံစားလိုက်ရ၏။

ရန်ကိုင် ခွန်အားသည် အရမ်းကိုမှ ကြောက်မက်ဖွယ် ကောင်းလှ၏။ သူ့ထက် အသက်အများကြီး ပိုငယ်သော လူငယ်လေး တစ်ယောက်သည် မည်သည့်အတွက်ကြောင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေရသည်ကို နီရန် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

“ဒါက ငါတို့ရေခဲဂိုဏ်း ပိုက်နက်ကွ။ မင်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး” နီရန်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် အံတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်၏။

“မင်းတစ်ကြိမ် ပြောပြီးသွားပြီပဲ” ရန်ကိုင်က နီရန်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး “ငါလုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူး ဟုတ်လား။ ရေခဲဂိုဏ်းက အဲ့လောက်တောင် ကြီးကျယ် နေလို့လား။ စိတ်ထင်တိုင်းကြဲတာက ဘာလဲဆိုတာ ငါမင်းကို ပြရသေးတာပေါ့”

ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ လေမိုးကြိုး စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး နီရန်နှင့် သူ့အပေါင်းအပါ နှစ်ယောက်ကို လွှမ်းခြုံသွားခဲ့၏။ လေဓါးသွား၊ လျှပ်စီးတန်းတို့ဖြင့် ပြည့်နေသော ဖျက်အားပြင်း မုန်တိုင်းထဲဝယ်၊ နီရန်နှင့် သူ့အပေါင်းအပါ နှစ်ယောက်၏ အကာအကွယ် လက်နက်များ မှိတ်တုတ် မှိတ်တုတ် ဖြစ်လာခဲ့လေ၏။ မကြာခင်မှာပဲ ထိုလက်နက်များ၏ အကာအကွယ် စွမ်းရည် ဆုံးရှုံးသွားခဲ့ရ၏။

ထို့နောက် ရေခဲဂိုဏ်းသားများသည် အစစ်အမှန် ရေခဲချီကိုသုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်ရန် ကြိုးစားလိုက်သော်ငြား တစ်ခဏအတွင်းမှာပင် လေမိုးကြိုး စွမ်းအင်၏ တိုက်စားခြင်း ခံလိုက်ရ၏။ သူတို့၏ အဝတ်အစားများ တစ်စစီ ဖြစ်ကုန်ဖြစ်ကုန်ပြီး ဒဏ်ရာများစွာတို့ သူတို့ ခန္ဓာကိုယ်ထက် ထွက်ပေါ်လာခဲ့လေ၏။

သေမင်း အငွေ့အသက်ကို ရလိုက်လေရာ နီရန်နှင့် သူ့အပေါင်းအပါ နှစ်ယောက် ကြောက်ရွံ့မှုကြောင့် သွေးဆုတ် ဖြူလျော်သွားခဲ့လေ၏။

ထိုထူးထူးဆန်းဆန်း သတ်ဖြတ်ကွင်းကြီးထဲမှ ရုန်းထွက်ရန် မည်သို့ပင် ကြိုးစားစေကာမူ သူတို့ မရုန်းထွက်နိုင်ခဲ့၏။

ရန်ကိုင်က သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်၍ နီရန်တို့ ရှိရာအရပ်ဆီ ရိုက်ချလိုက်၏။ ရွှေရောင် အလင်းတန်းတို့ဖြင့် တလက်လက် တောက်ပနေသော ကြောက်မက်ဖွယ် အပူစွမ်းအားနှင့် အဖျက်စွမ်းအားကို သယ်ဆောင်ထားသည့် လက်ဝါးကြီးသည် ရေခဲဂိုဏ်းမှ တပည့်သုံးယောက်ပေါ်သို့ ကျဆင်းလာခဲ့လေ၏။

လက်ဝါးချက်မှာ မြေပြင်ပေါ်သို့ မရောက်သေးခင်မှာပင် ဘေးပတ်ဝန်းကျင်ရှိ ရေခဲထုကြီး စတင်အရည်ပျော်ကျလာခဲ့လေ၏။

နီရန်နှင့် သူ့အပေါင်းအပါများ၏ ဒူများ ပျော့ခွေသွားခဲ့ပြီး မြေကြီးပေါ် လဲပြိုကျခါနီး ဖြစ်သွားခဲ့ရ၏။ သုံးယောက်စလုံး၏ ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် တုန်ရီနေကြပြီး သူတို့ဆီ ကျဆင်းလာနေသာ လက်ဝါးကြီးကို တွေဝေငေးကြောင် ကြည့်နေမိလိုက်ကြ၏။

“ရပ်လိုက်စမ်း” အားလုံး၏ နားထဲ အသံအကျယ်ကြီး တစ်သံ ထွက်ပေါ်လာခဲ့၏။ ရေခဲတောင်ထဲမှ အဖြူရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး နီရန်တို့ ရှေ့သို့ မျက်တောင် တစ်ခတ်အတွင်း ရောက်ရှိလာပြီးနောက် ရန်ကိုင် တိုက်ခိုက်မှုဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ဘုန်း…

ရွှေရောင်လက်ဝါး ပျက်စီးသွားခဲ့ပြီး ရန်ကိုင်လည်း ခြေလှမ်း အတော်များများ နောက်ပြန် ဆုတ်လိုက်ရ၏။ သူ့နှုတ်ခမ်းထောင့်၌ သွေးစီးကြောင့်လေး တစ်ခု ရှိနေခဲ့၏။

သို့သော် အံ့ဩဟန်မပြ။ အဲ့အစား ပြုံးပြင် ပြုံးလိုက်သေး၏။

ထိုအမျိုးသမီးသည် စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး ရင့်ကျက်သော အလှလေး တစ်ယောက် ဖြစ်၏။ ယခုအချိန်၌ အမျိုးသမီးသည် ရန်ကိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့၏။ နီရန်တို့ သုံးယောက်အဖွဲ့ကို ရန်ကိုင် တစ်ယောက်တည်း တစ်ဖက်သတ် ဖိနှိမ်နိုင်မည်ဟု သူမလည်း မထင်ထားသည့်ပုံပင်။

နီရန်နှင့် သူ့အပေါင်းအပါ နှစ်ယောက်သည် မသေမျိုး ပထမအဆင့် ပညာရှင်များ ဖြစ်ကြရာ သူတို့၏ ခွန်အားသည် ရေခဲဂိုဏ်းတွင်ပင် မနိမ့်ကျသော အဆင့်၌ ရှိနေခဲ့၏။ ရန်ကိုင်လို လူတစ်ယောက်ကို အလွယ်တကူ ကိုင်တွယ်လိုက်နိုင်သင့်သော်လည်း မကိုင်တွယ်နိုင်ရုံမက ရန်ကိုင်လက်ထဲ၌ သေခါနီးပင် ဖြစ်သွားခဲ့ရ၏။ သူမလည်း ထိုအမှန်တရားကို လက်မခံနိုင် ဖြစ်နေခဲ့၏။

ထိုကဲ့သို့သော ထူးချွန်ထက်မြက်လွန်းလှသည့် လူငယ်တစ်ယောက် တုန်းရွှမ်လောကကြီး၌ မည်သည့် အချိန်ကများ ပေါ်ထွက်လာခဲ့လေသနည်း။

“နောက်ဆုံးတော့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်၏။

“အကြီးအကဲချန်ယွဲ့” နီရန်နှင့် ကျန်တဲ့ လူနှစ်ယောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြ၏။ သူတို့၏ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား သုံးယောက် စလုံး၏ မျက်လုံးများသည် ပျော်ရွှင်မှု၊ အံ့အားသင့်မှုတို့ဖြင့် ပြည့်နေခဲ့၏။

“ပြန်ဆုတ်တော့” ချန်ယွဲ့က သူမလက်ကို ဝေ့ရမ်း၍ နီရန်တို့အား ဝိုင်းရံထားသည့် လေမိုးကြိုးမုန်တိုင်းကို ဖျက်စီးပစ်လိုက်၏။

ရန်ကိုင် အမူအရာ လေးနက်တည်ကြည် သွားခဲ့၏။ ထိုမိန်းမသည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ရာ ထိုကဲ့သို့ လုပ်နိုင်ခြင်းသည် အံ့ဩစရာ မဟုတ်။ သူနီရန်တို့အား သတ်ဖြတ်ရန် လုပ်ခဲ့သည့် အတွက်ကြောင့်သာ ထိုမိန်းမ ထွက်လာခဲ့ခြင်း ဖြစ်၏။

ထိုမိန်းမသည် သူနှင့် နီရန်တို့ကြား တိုက်ပွဲကို စောင့်ကြည့်နေသော တစ်ယောက် ဖြစ်ပေ၏။

နီရန်နှင့် သူ့အပေါင်းအပါ နှစ်ယောက်သည် ဂိုဏ်းတွင်း၌ အစစ်အမှန် အာဏာကို ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ထိုမိန်းမကမူ ပိုင်ဆိုင်ထားပေ၏။

“နင်ဘယ်အင်အားစုကနေ လာတာလဲ။ ဘာလို့ ဓါတ်သုံမျိုးတောင် ကျွမ်းကျင်နေရတာလဲ” ချန်ယွဲ့က မျက်မှောင်ကြုံ့လျက် ရန်ကိုင်ကို ကြည့်ကာ မေးလိုက်၏။

“ကျုပ်ဘယ်ကလာလာ အရေးမကြီးဘူး။ ကျုပ်ဒီကို တစ်ယောက်ယောက်နဲ့ တွေ့ချင်လို့ပဲ လာခဲ့တာ” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး “ခင်ဗျားတို့ ရေခဲဂိုဏ်းတံခါးကို ဖွင့်ပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ ကျုပ်သူနဲ့တွေ့ချင်တယ်။ သူသာ အဆင်ပြေရင် ကျုပ်သူ့ကို ဒီကနေ ခေါ်သွားမယ်။ ဒီကိစ္စက ဒီမှာတင် ပြီးသွားပြီလို့ပဲ မှတ်လိုက်ပေါ့။ အဆင်မပြေဘူး ဆိုရင်တော့ ခင်ဗျားတို့ ရေခဲဂိုဏ်းလည်း တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရလိမ့်မယ်”

“ရူးမိုက်လိုက်တာ” ချန်ယွဲ့က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး လှောင်ပြောင် ပြောဆိုလိုက်၏ “ငါတို့ ရေခဲဂိုဏ်းက အပြင်လောကကြီးနဲ့ အဆက်အသွယ် မလုပ်တော့ပေမယ့် ငါတို့ကို အလွယ်တကူ အနိုင် ကျင့်လို့ရမယ်လို့တော့ မဆိုလိုဘူးနော်။ နင်ရှာနေတဲ့လူက ဒီမှာမဟုတ်ဘူး။ နင်လာတဲ့အရပ်ဆီ ပြန်လှည့်လိုက်တော့။ မဟုတ်ရင် လူကြီးဖြစ်ပြီး ဂုဏ်သိက္ခာကိုမထောက်၊ ဂျူနီယာတစ်ယောက်ကို တိုက်ခိုက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့ဗျာ။ စုယန် ရေခဲဂိုဏ်းထဲမှာရှိမှန်း ခင်ဗျားရော၊ ကျုပ်ရော သိပြီးသားပါ” ရန်ကိုင်က ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

“နင်ရှာနေတဲ့လူက ငါတို့ ရေခဲဂိုဏ်းထဲမှာ မဟုတ်ဘူး” ချန်ယွဲ့က နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။ ပြောနေရင်း ဒေါသလည်း ထွက်လာမိ၏။

“အို၊ တကယ်ကြီးလား” ရန်ကိုင်က လှောင်ရိပ် သန်းနေသည့် အမူအရာဖြင့် “သူအခု ဘယ်မှာ ရှိနေလဲ ဆိုတာကို ကျုပ်ညွှန်ပြပေးရဦးမှာလား”

ပြောရင်းဖြင့် ရန်ကိုင်က အရပ်မျက်နှာတစ်ခုဆီ လက်ညိုးထိုး ညွှန်ပြလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏ “ကျုပ်ရှာနေတဲ့လူက ဒီကနေ (၁၅) ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ရေခဲတောင်တစ်ခုထဲမှာ ရှိနေတယ်။ ပြီးတော့ အခုလောလောဆယ် သူမေ့မြောနေတယ်”

ချန်းယွဲ့၏ မျက်နှာလှလှလေး ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်ကို အံဩတကြီး စိုက်ကြည့်လိုက်၏။

ကောင်းလေးပြောသည်မှာ မှန်၏။ မှန်ရုံမက အတိအကျပင် တူနေသေး၏။ ရန်ကိုင် မည်ကဲ့သို့ သိသွားသလဲ ဆိုသည်ကို ချန်ယွဲ့ အဖြေမထုတ်နိုင် ဖြစ်နေခဲ့၏။

“ပြောချင်တာ ရှိသေးလား” ရန်ကိုင်က ထိုမိန်းမကို ပြန်စိုက်ကြည့်လိုက်ပြီး တစ်ခဏကြာ တိတ်ဆိတ် နေပြီးနောက် အခိုင်အမာ ပြောဆိုလိုက်၏ “ကျုပ်က သူ့နဲ့တွေပြီး သူအဆင်ပြေမပြေကို သိချင်ရုံပဲ”

“နင်ဘာပြောနေလဲ ငါမသိဘူး” ချန်ယွဲ့က သူမ အမူအရာကို အမြန်အဆန် ပြန်ထိန်းလိုက်ပြီး ထပ်မံ ငြင်းလိုက်ပြန်၏။

“ခင်ဗျားက ခေါင်းမာနေမှတော့ ကျုပ်လည်း အားပဲ သုံးရတော့မှာပေါ့” ရန်ကိုင် အမူအရာ ရုတ်ချည်း တည်ငြိမ်သွားခဲ့ပြီး “ခင်ဗျားတို့ ရေခဲဂိုဏ်းက အဲ့တန်ဖိုးကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“စည်းမဲ့ကမ်းမဲ့ လာလုပ်ရင်တော့ နင့်အသက်ကို အာမမခံနိုင်ဘူးနော်” ချန်ယွဲ့က အံတင်းတင်းကြိတ်လျက် ခြိမ်းခြောက်လိုက်လေ၏။

ရန်ကိုင်က ခေါင်းသာ တစ်ချက်ညိတ်လိုက်ပြီး ဘာမှ မပြောတော့ဘဲ အစစ်အမှန်ချီကို အဆုံးစွန်ထိ မြှင့်တင်လိုက်၏။

လေမိုးကြိုးတောင်ပံများကို ဖွင့်လိုက်သည့်အခိုက် အကုန်လုံး၏ အာရုံသည် သူ့တောင်ပံများဆီသို့ ရောက်လာခဲ့၏။ အကုန်လုံး တွေဝေမိန်းမောနေစဉ်မှာပင် ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

ချန်းယွဲ့၏ မျက်နှာလှလှလေး အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်နောက် အလျင်စလို ပြေးလိုက်တော့လေ၏။

အုန်း…

အနီးအနာရှိ မီတာထောင်ကျော်မြင့်သော ရေခဲတောင်ကြီးမှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။ ထိုကြောက်မက်ဖွယ် စွမ်းအား အောက်၌ ရေခဲတောင်၏ အပေါ်ပိုင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပြီး ရေခဲတုံး၊ ရေခဲစရေခဲနတို့ အဘက်ဘက်သို့ လွင့်စင်ထွက်လာခဲ့လေ၏။

အုန်း… အုန်း… အုန်း…

ပေါက်ကွဲသံတို့ ရေခဲတောင်တန်းတစ်လျှောက် မြည်ဟည်း ပဲ့တင်ထပ်နေချိန် နီရန်တို့မှာ ငေးကြောင်ကောင်းတုန်း ရှိသေး၏။ မည်သူမှ ရန်ကိုင်၏ လှုပ်ရှားမှုကို မမြင်တွေ့လိုက်ရ။ ထိုထူးဆန်းသော တောင်ပံတစ်စုံကို သုံးလိုက်သည်နှင့် တစ်ဖက်လူ၏ အရှိန်သည် မယုံနိုင်စရာ အဆင့်တစ်ခုအထိသို့ ရောက်ရှိသွားခဲ့လေ၏။

ကောင်းကင်စိတ်အာရုံကို သုံး၍ပင် ရန်ကိုင်၏ တည်နေရာကို အာရုံမခံနိုင် ဖြစ်နေခဲ့၏။

ပုံရိပ်တစ်ခုသည် လက်ခနဲ၊ လက်ခနဲ ဖြစ်နေခဲ့ပြီး ရေခဲတောင်များသည်လည်း တစ်လုံးတစ်လုံး တိုက်ခိုက်ခံနေခဲ့ရ၏။ ရန်ကိုင်သည် မီးဘောလုံး တစ်လုံးပမာ သူ့ခန္ဓာကိုယ်ကို သုံး၍ ရေခဲတောင် တစ်တောင်ပြီးတစ်တောင်ကို ဖျက်စီးနေခဲ့၏။

အသက်ရှူစာ အကြိမ်အနည်းငယ် အတွင်းမှာပင် မီတာခြောက်ထောင်မြင့်သော ရေခဲတောင်ကြီး အပြည့်အဝ ဖျက်စီးခြင်း ခံလိုက်ရလေပြီ။ ထိုတောင်ထဲ၌ ကျင့်ကြံနေကြသော ရေခဲဂိုဏ်းမှ တပည့်များသည် အပျက်အစီးပုံများကြာထဲမှ အော်ဟစ်ကျိန်းဆဲရင်း ပြေးထွက်လာခဲ့ကြ၏။ သို့သော်လည်း မကြာခင်မှာပင် အကုန်လုံး သတိလစ်ကုန်ကြလေ၏။

နီရန်နှင့် သူ့အပေါင်းအပါလည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ ရန်ကိုင်ကို တစ်ခဏကြာ စိုက်ကြည့်နေပြီးနောက် သူတို့ သုံးယောက်စလုံး သတိလစ်သွားခဲ့၏။

ချန်ယွဲ့သည် ရန်ကိုင်ကိုသာ အပြည့်အဝ အာရုံစိုက်ထားသဖြင့် ထိုအချက်ကို သတိမပြုမိချေ။ သူမသည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး ခွန်အားကို ထိန်ချန်ထားခြင်း မရှိသော်ငြား လေမိုးကြိုးတောင်ပံကို အသုံးပြုထားသော ရန်ကိုင်ကို ဖမ်းလိုခြင်းသည် သိပ်ပြီး လက်တွေ့မဆန်လှချေ။

လေမိုးကြိုးတောင်ပံကို သုံး၍ ပျံသန်းနေသော ရန်ကိုင်၏ အမြန်နှုန်းသည် စကားဖြင့် ဖော်ပြ၍ပင် မရသော အဆင့်တစ်ခုအထိ ရောက်ရှိနေခဲ့လေပြီ။

ရေခဲတောင်များထဲ ပုံရိပ်နှစ်ခုသည် လက်ခနဲ လက်ခနဲ ဖြစ်နေခဲ့၏။ တစ်ယောက်သည် နောက်မှ လိုက်၍ တစ်ယောက်သည် ထွက်ပြေးနေခဲ့၏။ ရန်ကိုင်သည် စက်ဝိုင်းပုံစံ ပတ်ပြေးရင်း ရေခဲတောင် များကို တစ်တောင်ပြီးတစ်တောင် ဖျက်စီးနေခဲ့၏။

အစကတည်းမှ ရန်ကိုင်သည် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် မစဉ်းစားထားခဲ့ခြင်း ဖြစ်၏။

သူ့လက်ရှိခွန်အားသည် အတော့်ကိုမှ အံ့အားသင့်ဖွယ် ကောင်းပြီး သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်သော ကျင့်ကြံသူများကိုပင် တိုက်ခိုက်အနိုင်ယူနိုင်သော်ငြား သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ကိုမူ မည်သို့မှ မတိုက်ခိုက်နိုင်သေးချေ။

သူတော်စင်အဆင့် ပညာရှင်ထဲ စီးဆင်းနေသော စွမ်းအင်များသည် မသေမျိုးအဆင့်များထဲ စီးဆင်နေသည်နှင့် အတော့်ကိုမှ ကွာခြားလှ၏။ ထို့ကြောင့် သူတော်စင်အဆင့် ပညာရှင်တစ်ယောက်သည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက်ထက် အဆများစွာ ပိုသန်မာ၏။

သူတော်စင်အဆင့်သည် မသေမျိုးအဆင့်ကို လုံးဝ လွှမ်းမိုးထား၏။

သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ကို ချက်ချင် မရှုံးဘဲ ယှဉ်တိုက်နိုင်ရန်အတွက် သူ့အနေဖြင့် မသေမျိုး တတိယအဆင့်သို့ အနည်းဆုံးရောက်ရန် လိုအပ်၏။

ထိုအမျိုးသမီးကို နိုင်နိုင်ချေမရှိလေရာ ရန်ကိုင် အနေဖြင့် အခြားနည်းလမ်းဖြင့်သာ ကြိုးစားရတော့၏။

ဝရုန်းသုန်းကား ဖြစ်နိုင်သမျှဖြစ်အောင် လုပ်ရပေမည်။

“ကောင်စုတ်လေး၊ ရပ်လိုက်စမ်း” ချန်ယွဲ့မှာ အတော်လေးကို စိတ်ချဉ်ပေါက်နေခဲ့၏။ ရန်ကိုင်ကို လိုက်မမှီနိုင်သဖြင့် ဒေါသတကြီး အော်ဟစ်ရုံသာ တတ်နိုင်ခဲ့၏။

“ကျုပ်ပြောခဲ့ပြီးပြီလေ။ ကျုပ်သာ စုယန်ကို မတွေ့ရရင် ခင်ဗျားတို့ ရေခဲဂိုဏ်းရဲ့ တောင်တွေ အကုန်လုံးကို ဖျက်စီးပစ်မှာ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ နည်းနည်းလေးမှ အရှိန်လျှော့ချခြင်းမရှိဘဲ ပို၍ပင် အရှိန်မြှင့်လိုက်သေး၏။

သူ့တစ်ကိုယ်လုံးကို ပူပြင်းလှသော အစစ်အမှန်ချီဖြင့် လွှမ်းခြုံ၍ ရှေ့တည့်တည့်ရှိ ရေခဲတောင်ကို ဝင်တိုက်လိုက်၏။ မည်သည့်တောင်မှ မခုခုံနိုင်ခဲ့။ သူဝင်တိုက်သည့်တောင်တိုင်း ပြိုကျရစမြဲသာ။

ရေခဲဂိုဏ်း၏ နှစ်ထောင်ကျော်ကြာ အုတ်မြစ် ဖျက်စီးခံနေရသည်ကို ကြည့်ရင်း ချန်ယွဲ့၏ မျက်ဝန်းများ နီရဲလာခဲ့၏။

လိုက်နေစဉ် ချန်ယွဲ့က ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ မျက်လုံးလေးများသည် အေးစက်စက် အလင်းရောင်ဖြင့် လက်သွားခဲ့ကာ ရန်ကိုင် ပုံရိပ်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေ၏ “ဖိနှိပ်လိုက်စမ်း”

ဘေးပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များ ရုတ်ချည်း ပြောင်းလဲကုန်လေရာ ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေ၏။ အလျင်စလို ရပ်တန့်၍ အခြားဘက်သို့ လှည့်လိုက်သော်လည်း ထိုရေခဲနံရံများသည် အဘက်ဘက်မှ သူ့ဆီသို့ တိုးဝင်လာနေခဲ့၏။

သူတော်စင်အဆင့် ပညာရှင်တစ်ယောက် နည်းလမ်းများသည် သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့၏။

အုန်း… ဘုန်း… ဘုန်း…

ထိုရေခဲနံရံများ ရန်ကိုင်ကို ဝင်တိုက်သည်၌ ရန်ကိုင်လည်း လေထဲ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ရ၏။ သွေးတစ်ပွက် အန်လိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ရွှေရောင်အလင်းများ ပျောက်ကွယ်သွားခဲ့ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ရလေ၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၃၂) ခင်ဗျားနား တစ်ချက်ကြည့်လိုက်ဦး

——————————————————————

ရန်ကိုင် မြေကြီးပေါ် ပြုတ်ကျသွားသည်ကို မြင်မှပဲ ချန်ယွဲ့ စိတ်သက်သာရာ ရသွားခဲ့၏။

ယခုတစ်ကြိမ်၌ သူမသည် မှားယွင်းသောသူ ဖြစ်၏။ စုယန်မရှိဟု ငြင်းဆန်ပြီး ရန်ကိုင်ကို စုယန်နှင့် ပေးမတွေ့ခြင်းသည် သူမ၏ တစ်ကိုယ်ကောင်းဆန်မှု ဖြစ်၏။ ထို့ကြောင့် ရန်ကိုင်သည် ဒါဇင်မကသော ရေခဲတောင်ထွတ်များကို ထပ်မံ ဖျက်စီးမည်ဆိုလျှင်ပင် သူ့အား သတ်မည် မဟုတ်ချေ။

စုယန်ကိုလည်း ရန်ကိုင်လက်ထဲ အလွယ်တကူ မထည့်ပေးနိုင်ချေ။ တကယ်တော့ စုယန်ကဲ့သို့သော အရမ်းကိုမှ ထူးချွန်လှသည့် ပါရမီရှင်တစ်ယောက်ကို တွေ့ရန် ခက်ခဲလှသည် မဟုတ်ပေလော။ စုယန်ကို သူမတို့ ရေခဲဂိုဏ်းထဲ ဝင်ခိုင်းမည့်အကြံကို ချန်ယွဲ့ လက်မလျှော့သေးပါချေ။

ရန်ကိုင်ကို ဒဏ်ရာရအောင် လုပ်ပြီးနောက် သူ့အား မောင်းထုတ်လိုက်ရုံပင်ဟု ချန်ယွဲ့တွေးနေခဲ့ခြင်း ဖြစ်၏။ သို့သော် အခြေအနေကို မစစ်ဆေးရသေးခင်မှာပင် သူမ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေ၏။

မြေကြီးပေါ်သို့ ပြုတ်ကျပြီး တစ်ခါတည်း တန်းသတိလစ်သွားသင့်သော ရန်ကိုင်သည် သတိလစ်သွားခြင်း မရှိသေးဘဲ နောက်တစ်ကြိမ် ထပ်မံ ပျံသန်းလာခဲ့ပြန်လေ၏။

“မဖြစ်နိုင်ဘူး” ချန်ယွဲ့၏ မျက်ဝန်းအစုံထဲ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်သွားခဲ့၏။ သူမ သုံးလိုက်သည့် ခွန်အား အတိုင်းအဆကို ချန်ယွဲ့ သေချာသိ၏။ ထိုခွန်အားသည် မသေမျိုး ပထမအဆင့် ပညာရှင် တစ်ယောက်ကို တစ်ခါတည်း တန်းသတိလစ်သွားစေနိုင်၏။

သို့သော် ရန်ကိုင်သည် ဘာဒဏ်ရာမှ မရသည့်အပြင် သူ့ပုံစံသည် ယခင်ကထက်ပင် ပို၍ ကြမ်းတမ်းလာခဲ့သေး၏။ သူ့ခန္ဓာကိုယ်သည် မည်မျှ သန်မာနေ၍များ မြေကြီးပေါ်သို့ ပြုတ်ကျပြီးသည့်တိုင် သတိမလစ်ရသေးသနည်း။

အုန်း… အုန်း… အုန်း…

ရေခဲတောင်များ တစ်ထောင်ပြီးတစ်တောင် ပြိုကျနေလေရာ ချန်လွဲ့မှာ မတည်ငြိမ်နိုင်တော့ဘဲ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်လေ၏ “ကောင်လေး၊ နင်သေချင်နေတာပဲ။ ရပ်တန်းက ရပ်လိုက်ရင် ကောင်းမယ်။ မဟုတ်ရင် ငါကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့နော်”

ရန်ကိုင်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး “ကျုပ်ကို သတ်ချင်တာလား။ ကြိုးစားလိုက်လေ။ ကျုပ်ပဲ အရင်သေမလား။ ခင်ဗျားတို့ ရေခဲဂိုဏ်းပဲ အရင် ပျက်စီးမလား ကြည့်ရတာပေါ့။ ခင်ဗျားက ကျုပ်ကို စုယန်နဲ့ တွေ့ခွင့်မပေးမှတော့ ကျုပ်ကလည်း ခင်ဗျားတို့ တစ်ဂိုဏ်းလုံးကို ဖျက်စီးပစ်ရုံပေါ့”

“မောက်မာလိုက်တာ” ချန်ယွဲ့က အော်ဟစ်လိုက်၏။ ရေခဲဂိုဏ်း၏ အုတ်မြစ် ဆယ်ပုံတစ်ပုံသည် ရန်ကိုင်ကြောင့် ပျက်စီးသွားသည်ကို မြင်ပြီးနောက် သူမ၏ အရှိန်အဝါထဲ သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့လေ၏။

ထိုကောင်လေးကိုသာ လက်လျှော့သွားအောင် မလုပ်နိုင်ပါက တစ်နာရီအတွင်းမှာပင် သူမတို့ တစ်ဂိုဏ်းလုံး ပျက်စီးသွားရပေလိမ့်မည်။

တဝုန်းဝုန်း ပြိုကျပေါက်ကွဲနေသည့် အသံများကြောင့် တစ်ဂိုဏ်းလုံး နိုးကြားသွားခဲ့ကြ၏။

အမျိုးမျိုးသော ရေခဲတောင်ထွတ်များဆီမှ ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့လေ၏။

“ချန်ယွဲ့၊ ဘာတွေ ဖြစ်နေတာလဲ။ ဒီငရိုင်းကောင် ဘယ်က ရောက်လာတာလဲ” သုန်မှုန်နေသည့် အမူအရာဖြင့် သက်လတ်ပိုင်းလူကြီး တစ်ယောက်က အေးစက်စက် လေသံဖြင့် အော်ဟစ်လိုက်၏။

“အစ်ကိုကြီး၊ ဒီကောင်စုတ်လေးကို ဖမ်းပေးစမ်းပါ။ ပြီးရင် ရှင်းပြမယ်” ရန်ကိုင်ကို လိုက်ဖမ်းနေသည့် ချန်ယွဲ့က အလျင်စလို အော်ဟစ်လိုက်လေ၏။

ထိုစကားကို ကြားလိုက်သည်နှင့် သက်လတ်ပိုင်း လူကြီး မျက်မှောင် ကြုံ့လိုက်၏။ ဂျူနီယာတစ်ယောက်နှင့် ကိုယ်တိုင်ကိုယ်ကျ မရင်ဆိုင်ချင်သော်လည်း ဂိုဏ်တစ်ခုလုံး ပျက်စီးရတော့မည်ကို ကြည့်ရင်း ချက်ချင်း ပြန်ပြောလိုက်လေ၏ “ကောင်းပြီလေ”

ပြောပြီးသည်နှင့် သူ့ပုံရိပ် လက်ခနဲ ဖြစ်သွားခဲ့ပြီး ရန်ကိုင်ရှေ့၍ ထွက်ပေါ်လာခဲ့လေ၏။ နှာခေါင်းရှုံ့ကာ “ကောင်စုတ်လေး၊ ချက်ချင်း ရပ်လိုက်ရင်ကောင်းမယ်။ မဟုတ်ရင်…”

သူပြော၍ မပြီးသေးခင်မှာပင် ရန်ကိုင်က သူ့ကို ဖြတ်ကျော်သွားခဲ့လေ၏။

ဘုန်းဆိုသော မြည်သံနှင့်အတူ သက်လတ်ပိုင်း လူကြီး၏ နောက်ဘက်ရှိ ရေခဲတောင်ကြီး တစ်စစီ ပျက်စီးသွားခဲ့လေ၏။

“မောက်မာလွန်းလိုက်တာ” သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံးလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ဘေးရောက်သွားခဲ့ကာ တစ်ဖက်လူရင်ဘတ်ကို ရိုက်ချလိုက်၏။

ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့အမြန်နှုန်းသည်လည်း သိသိသာသာကို လျော့သွားခဲ့၏။ တစ်ချိန်တည်းမှာပင် အေးစက်စက် စွမ်းအင်တစ်ခုသည် အရိုက်ခံလိုက်ရသည့် နေရာမှ ပျံ့နှံ့လာခဲ့ကာ သူ့အစစ်အမှန်ချီ လှည့်ပတ်နှုန်းသည်လည်း နှေးကွေး သွားခဲ့ရလေ၏။

ပါးလျသော ရေခဲလွှာလေးသည် ရန်ကိုင် ခန္ဓာကိုယ်ထက် တဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့လေ၏။

သူတော်စင် ဒုတိယအဆင့်…

ရန်ကိုင်ရင်ထဲ တင်းကြပ်သွားခဲ့ပြီး သက်လတ်ပိုင်း လူကြီ၏ တိုက်ခိုက်ရေးစက်ကွင်းမှ အသည်းအသန် ရုန်းထွက်လိုက်၏။ တစ်ချိန်တည်းမှာပင် အစစ်အမှန်ချီကို အဆုံးစွန်ထိ လှည့်ပတ်၍ သူ့ကိုယ်တွင်းရှိ အအေးဓါတ်များကို ထုတ်ပယ်လိုက်၏။

ထိုအခြင်းအရာကို မြင်သော်လည်း သက်လတ်ပိုင်း လူကြီး အံ့ဩသွားခဲ့ပြီး “ဘယ်လောက်တောင် ကြမ်းတဲ့ကောင်လဲ”

သူတော်စင် ဒုတိယအဆင့် ကျင့်ကြံခြင်း အဆင့်ပင် ထိုကောင်စုတ်လေး၏ ကိုယ်ထဲသို့ အအေးစွမ်းအင် ထည့်သွင်းလိုက်သော်လည်း တစ်ဖက်လူအား တစ်ခဏတာ နှောင့်နှေးနိုင်၏။

သူ့လက်ရှိ အဆင့်အတန်းနှင့် ခွန်အားအရ ရန်ကိုင်ကို တိုက်ခိုက်ခြင်းသည် သူ့ဂုဏ်သရေအပေါ် အမဲစက် စွန်းထင်းသွားခဲ့လေပြီ။ ထပ်မံ လှုပ်ရှားမည်ဆိုပါက မျက်နှာ လုံးလုံး ပျက်ရပေလိမ့်မည်။

သူ့ကဲ့သို့သော ပညာရှင် ကိုယ်ပိုင်မာနရှိ၏။ ထို့ကြောင့် အားနည်းသူအား အနိုင်ကျင့်ရသည်ကို သူမနှစ်သက်ချေ။

“အစ်ကိုကြီး၊ ဘာလို့ရပ်လိုက်တာလဲ” သက်လတ်ပိုင်း လူကြီး ထပ်မံ မလှုပ်ရှားသည်ကို မြင်သော် ချန်ယွဲ့က အထွန့်တက်လိုက်လေ၏။

သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုံ့ကာ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်၏ “အခြေအနေတွေက ဒီအတိုင်းအတာထိ ဖြစ်မှာတော့ ကောင်လေး၊ မင်းသာ ရပ်လိုက်ရင် ငါမင်းကို ထပ်တိုက်မှာ မဟုတ်ဘူး။ ကံကို ယုံပြီး စူးပုံမနင်းချင်နဲ့။ ထိုင်ဆွေးနွေးလို့ရရင် ဆွေးနွေးကြတာပေါ့”

သက်လတ်ပိုင်းလူကြီး စကားပြောနေစဉ် ရေခဲဂိုဏ်းမှ သူတော်စင်အဆင့် ပညာရှင်နှစ်ယောက် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ ပြေးပေါက်ကို ပိတ်ဆို့လိုက်၏။ နှစ်ယောက်စလုံးသည် ချက်ချင်း မလှုပ်ရှားသေးဘဲ ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

သူတော်စင်အဆင့် ပညာရှင်လေးယောက်…

ရေခဲဂိုဏ်း မည်မျှ အားကောင်းသည်ကို တစ်ချက် ကြည့်ရုံဖြင့်လျှင် တန်းသိနိုင်ပေပြီ။

ရန်ကိုင်လည်း ရပ်နေလိုက်၏။ သူတော်စင်အဆင့် ပညာရှင် လေးယောက်၏ ဝိုင်းရံခြင်းခံထားရရာ သူ့စိတ်ရှိတိုင်း လုပ်လို့ရတော့မည် မဟုတ်မှန်း သိလိုက်၏။ ထို့ကြောင့် လေထဲတွင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေလိုက်၏။

“ခင်ဗျားပြောတာ ဘာလို့ နားထောင်ရမှာလဲ” ရန်ကိုင်က သက်လတ်ပိုင်းလူကြီးအား ထူးမခြားနားဟန်ဖြင့် ပြန်မေးလိုက်၏။

သက်လတ်ပိုင်းလူကြီးက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ငါက ရေခဲဂိုဏ်းရဲ့ အကြီးအကဲ ချန်ဟောင်ပဲ”

ရန်ကိုင်က သတ်လတ်ပိုင်း အမျိုးသမီးဆီ လှမ်းကြည့်လိုက်ကာ လှောင်ပြောင်ပြောဆိုလိုက်၏ “သူလည်း ရေခဲဂိုဏ်းရဲ့ အကြီးအကဲပဲလေ။ ခင်ဗျားတို့ နှစ်ယောက် အတူတူအနူနူ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ”

ချန်းယွဲ့၏ မျက်နှာလှလှလေး အေးစက်သွားခဲ့ပြီး ပြန်ပြောချင်သော်ငြား ချန်ဟောင်က ဖြတ်ပြောလိုက်၏ “ငါတို့နှစ်ယောက် မောင်နှမအရင်းတွေပဲ။ ဘာလို့ တစ်ဖက်တည်း မရှိရမှာလဲ”

“အစ်ကိုကြီး” ချန်ယွဲ့က ချန်ဟောင်ကို ခါးခါးသီးသီး စိုက်ကြည့်လိုက်၏။

“ဒါပေမယ့် မင်းမှာ ရွေးခွင့်မရှိဘူး” ချန်ဟောင် အမူအရာ အေးစက်သွားခဲ့ပြီး “မင်းက ငါတို့ရေခဲဂိုဏ်းရဲ့ အုတ်မြစ်တော်တော်များများကို ဖျက်စီးသွားခဲ့တာ ဆိုတော့ အကြောင်းပြချက် ကောင်းကောင်းမပေးနိုင်ဘူး ဆိုရင် ငါမင်းကို လွှတ်ပေးမယ် ထင်လား။ အကြောင်းပြချက် ကောင်းရင်တော့ မင်းရဲ့ မိုက်မဲတဲ့ အပြုအမူကို ခွင့်လွှတ်ပေးလို့ရတယ်။ မဟုတ်ရင်တော့ မင်းသေတဲ့နေ့အထိ ဆိုးဆိုးရွားရွားကို နှိပ်စက်ခံရမှာ”

ရန်ကိုင်က လေမိုးကြိုးတောင်ပံကို ပြန်ရုတ်လိုက်ပြီး ချန်ယွဲ့ကို ကြည့်ကာ “ကျုပ်က တစ်ယောက်ယောက်ကို ရှာဖို့လာခဲ့တာ။ ဒါပေမယ့် သူက ကျုပ်က တားနေတယ်လေ”

“ဘယ်သူ့ကို ရှာချင်တာလဲ” ချန်ဟောင် မျက်မှောင် ကြုံ့သွားခဲ့၏။

“စုယန်”

ထိုနာမည်ကို ကြားသည်နှင့် တစ်ပြိုင်နက် ချန်ဟောင်နှင့် သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြ၏။

“အစ်ကိုကြီး၊ သူက ဟိုလူအိုကြီး ပြောခဲ့တဲ့လူ ဖြစ်လောက်တယ်” ချန်ယွဲ့က ချန်ဟောင်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။ တစ်ဖက်လူက အသာအယာ ခေါင်းညိတ်လိုက်ပြီး မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် “အဲ့လိုဆိုရင် ဘာလို့ တွေ့ခွင့် မပေးလိုက်တာလဲ။ အဲ့ကိစ္စလေးအတွက်နဲ့ အခုလိုမျိုး ဖြစ်အောင် လုပ်ဖို့လိုလို့လား”

“စုယန်… မတော်တဆ တစ်ခုခု ဖြစ်သွားလို့” ချန်ယွဲ့ ကိုးယိုးကားယား အမူအရာဖြင့် ပြန်ပြောလိုက်၏။

“မတော်တဆလား” ချန်ဟောင် အံ့အားသင့်သွားခဲ့ပြီး “ဘာဖြစ်သွားတာလဲ”

ချန်ဟောင်သည် ရေခဲဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သော်လည်း သူသည် အမြဲတမ်းလိုလို တံခါးပိတ်ကျင့်စဉ် ဝင်နေခဲ့ပြီး ဂိုဏ်း၏ အထွေထွေ ကိစ္စများနှင့် အရမ်းကြီး မရင်းနှီးချေ။ ရန်ကိုင် ဖန်တီးလိုက်သည့် ဝရုန်းသုန်းကား ဖြစ်ရပ်ကြောင့်သာ မဟုတ်ပါက သူလည်း ပေါ်လာလိမ့်မည် မဟုတ်ချေ။

“ဟူး… ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။ နောက်မှ ရှင်းပြမယ်။ အခုလောလောဆယ် စုယန်က ဘယ်သူနဲ့မှကို တွေ့လို့မတာ။ ပြီးတော့ အဲ့ကောင်စုတ် ရုပ်ကိုပဲကြည့်၊ ရက်စက်ပြီး ကောက်ကျစ်မယ့် ပုံစံမျိုး။ သူလို လူတစ်ယောက်ကို စုယန်နား ဘယ်လိုလုပ်ပြီး ကပ်ခွင့်ပေးလို့ ဖြစ်မှာလဲ”

“သူတို့နှစ်ယောက်က သိပြီးသားလေ” ချန်ဟောင်က လေးပင်စွာ သက်ပြင်းချလိုက်၏။

“ကျွန်မတော့ ဖားပြုတ်က ငန်းသားစားချင်နေတာလို့ပဲ မြင်တယ်” ချန်ယွဲ့ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။ ရန်ကိုင်ကို ကြည့်လေကြည့်လေ ပိုပိုပြီး မုန်းစရာ ကောင်းသည်ဟု ချန်ယွဲ့ ထင်နေခဲ့၏။

ချန်ယွဲ့ ရန်ကိုင်အား ထိုမျှ မုန်းတီးနေသည်ကို မြင်သော် ချန်ဟောင်လည်း ဘာမှ ထပ်မပြောတော့ချေ။ ယခုတစ်ကြိမ် အဖြစ်အပျက်သည် သူ့ညီမ အမှားကြောင့် ဖြစ်၏။ ထိုလူငယ်လေးသည် ရေခဲဂိုဏ်းကို မျက်လုံးထဲ မထည့်သည်မှာလည်း မှန်ပေ၏။ ရေခဲဂိုဏ်း၏ ရေခဲတောင် အမြောက်အများ ဖျက်စီးခံရပြီးနောက် ကြီးသည်ကိစ္စကိုငယ်အောင်၊ ငယ်သည့် ကိစ္စကို ပပျောက်အောင် လုပ်လိုက်မည်ဆိုပါက ရေခဲဂိုဏ်းသားများအား မည်ကဲ့သို့ ရှင်းပြရမည်နည်း။

ထိုအချက်အားလုံးကို စဉ်းစားလိုက်ပြီးနောက် ချန်ဟောင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “အဲ့အတွက်လေးနဲ့ ငါတို့ ရေခဲဂိုဏ်းရဲ့ အုတ်မြစ်ကို စိတ်ရှိတိုင်း ဖျက်စီးခဲ့တယ်ပေါ့”

“ကျပ်မပျော်ရမှတော့ ခင်ဗျားတို့လည်း မပျော်သင့်ဘူး”

“ကောင်လေး၊ မင်းက တကယ်ကို ရူးနေတာပဲ။ အကျိုးအဆက်ကို မင်းရင်ဆိုင်နိုင်မှာလား၊ မရင်ဆိုင်ဘူးလား ဆိုတာကို ငါမသိပေမယ့် မင်းကို ရွေးချယ်ခွင့် နှစ်ခုပေမးယ်။ ဂိုဏ်းထဲဝင်ပြီး မင်းဖျက်စီးခဲ့တာတွေ ကြေသွားတဲ့အထိ အစေခံလုပ်။ ဒါမှမဟုတ်ရင် မင်းလက်နှစ်ဖက်စလုံးကို ဖျက်ပစ်မယ်။ မင်းကြိုက်တာရွေး”

ပြောပြီးသည်နှင့် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“ဘာမှမရွေးဘူး”

ချန်ဟောင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ရွေးတာ၊ မရွေးတာက မင်းထိန်းချုပ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ ကေငါ်းပြီလေ။ မင်းအရည်အချင်းက ကေင်းမှတော့ ပထမ တစ်ခုနဲ့ပဲ သွားကြတာပေါ့။ မင်းကျင့်စဉ်က ငါတို့ ရေခဲဂိုဏ်းနဲ့ ကီးမကိုက်ပေမယ့် မင်းရဲ့ အရည်အချင်းက တော်တော်လေးကို ကောင်းတာဆိုတော့ မင်းကို ဖျက်စီးပစ်ရမှာ နှာမြောစရာပဲ”

ပြောပြီးသည်နှင့် မမြင်နိုင်သော စွမ်းအင်တစ်ခု သူ့ဆီမှ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင် တစ်ကိုယ်လုံးကို ချုပ်နှောင်ထားလိုက်လေ၏။

ရန်ကိုင်သည် ရှောင်ရန်မကြိုးစား၊ အေးအေးဆေးဆေးသာ အချုပ်ခံလိုက်၏။ သို့သော် သူ့မျက်နှာထက် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင် နည်းနည်းလေးမျှမရှိဘဲ အောင်နိုင်သည့် အပြုံးပြုံးလျက် ရယ်ပင်ရယ်နေလိုက်သေး၏။

“မင်းဘာကို ရယ်နေတာလဲ” ချန်ဟောင် မျက်မှောင် ကြုံ့သွားလိုက်ပြီး “အခုကနေစပြီး ငါ့နောက်ကလိုက်ပြီး ငါ့ကို အလုပ်အကျွေး ပြုပေတော့။ စိတ်မပူပါနဲ့။ မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ မင်းက ငါတို့ ရေခဲဂိုဏ်းထဲ အစေခံတစ်ယောက် အဖြစ်နဲ့ ဝင်လာတာမို့ မင်းမြင်ချင်တဲ့လူကို တစ်နေ့ မြင်နိုင်မှာပါ။ ဟုတ်တာပေါ့။ မင်းဘက်က ရိုးရိုးသားသား ပြုမူနေထိုင်ဖို့လည်း လိုတာပေါ့။ မဟုတ်ရင် မင်းခံစားရမှာလေ”

“ခင်ဗျားကို အလုပ်အကျွေး ပြုစေချင်တာလား” ရန်ကိုင်က အကျယ်ကြီး အော်ရယ်လိုက်ပြီး “ကိုယ့်ကိုယ်ကိုယ် သောက်ရမ်း အထင်ကြီးနေတာပါလား”

ချန်ဟောင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါ့ကို အလုပ်အကျွေး ပြုခိုင်းတာ မင်းအရည်အချင်းကို နှာမြောနေလို့ပဲ။ ငါ့စိတ်ရှည်မှုကို လာမစမ်းသပ်ရင် ပိုကောင်းလိမ့်မယ်”

နောက်ထပ်သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ကလည်း ထပ်မံ အော်ဟစ်လိုက်လေ၏ “ကောင်စုတ်လေး၊ ချန်ဟေင် မင်းကို လက်ခံပေးတာနဲ့တင် မင်းအတွက် ဂုဏ်ရှိနေပြီ။ ပေးကမ်းရင် ယူလိုက်၊ ပေးတဲ့လက်ကို လာမပုတ်ထုတ်နဲ့”

နောက်ထပ်သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ကလည်း “ကေင်လေး၊ ချန်ဟောင်ကို ဒေါသထွက်အောင် လုပ်ရင် မင်းအတွက် မကောင်းဘူနော်”

ချန်ဟောင်က လှောင်ပြုံးပြုံးလျက် “ရေခဲဂိုဏ်းကို ဘာအကြောင်းကြောင့်ပဲ လာခဲ့လာခဲ့၊ မတရားပဲ ခံရခံရ၊ မင်းဒီမှာ စိတ်ကြိုက်သောင်းကျန်းလို့ မရဘူးဆိုတာကတော့ အမှန်တရားပဲ။ မင်းကို ချက်ချင်း သတ်မပစ်လိုက်တာနဲ့တင် ကြင်နာပေးရာ ရောက်နေပြီ။ မင်းပြောတဲ့ မဟုတ်တုတ်က စကားတွေကတော့ မင်းမှာ ဘာအရည်အချင်းရှိလို့ ငါတို့နဲ့ လာညှိနှိုင်းချင်နေတာလဲ။ ဘာလဲ၊ မင်းရဲ့ မဖြစ်စလောက် ခွန်အားလေးနဲ့ ငါ့လက်က ထွက်ပြေးချင်နေတာလား”

“ခင်ဗျား ပတ်လည်ကို အရင်ကြည့်လိုက်ဦး” ရန်ကိုင်က ကြိတ်ရယ်ရင်း အောက်ဘက်ကို လက်ညိုး ထိုးပြလိုက်၏။

ထိုစကားကို ကြားသော် သူတော်စင်အဆင့် ပညာရှင် လေးယောက်စလုံး နားမလည်နိုင်စွာဖြင့် အောက်ကို ငုံကြည့်လိုက်ကြ၏။

သို့သော်လည်း သူတို့လေးယောက်စလုံး၏ တည်ငြိမ်နေသော အမူအရာများ ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့ရလေ၏။

အခြေအနေ တစ်ခုခု မှားနေသည်ဟု လေးယောက် စလုံး ထင်မိသော်လည်း ရန်ကိုင်ကိုသာ အာရုံထားနေသဖြင့် သူတို့ ပတ်ဝန်းကျင်ကို သတိမမူမိ ဖြစ်သွားခဲ့ရ၏။

သို့သော် ရန်ကိုင် သတိပေးပြီးနောက် ပတ်ဝန်းကျင်သည် အရမ်းကိုမှ တိတ်ဆိတ်လွန်းနေသည်ကို လေးယောက်စလုံး သတိပြုမိလိုက်၏။ ရေခဲဂိုဏ်းမှ တပည့်များသည် ရန်ကိုင် စိတ်ကြိုက် သောင်းကျန်းသွားသည်ကို တစ်ခွန်းမှ မပြောဘဲ ငြိမ်နေသည်မှာ မထူးဆန်းပေလော။

ထို့ပြင် သူတော်စင်လေးယောက်စလုံး ငုံ့ကြည့်လိုက်သည်အခါ တပည့်အားလုံး သတိလစ်နေပြီး သူတို့၏ မျက်နှာများသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်ကို တွေ့လိုက်ရလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၃၃) ရေခဲဂိုဏ်း၏ ဂိုဏ်းချုပ်ချင်းယ

——————————————————————

တစ်ချက်ကြည့်လိုက်ရုံနှင့် ဂိုဏ်းသားပေါင်း နှစ်ရာကျော် သတိလစ်မေ့မြောနေသည်ကို သူတော်စင် အဆင့်ပညာရှင် လေးယောက်စလုံး တွေ့လိုက်ရ၏။ အသက်မည်မျှပင် ဖြစ်စေ၊ ကျင့်ကြံခြင်း ဘယ်အဆင့်ပင် ဖြစ်ပါစေ၊ အကုန်လုံး သတိလစ်နေခဲ့ကြ၏။ မသေမျိုး အဆင့် ပညာရှင်များပင်လျှင် ချွင်းချက်မဟုတ်။

အကြောင်းပြချက်မရှိ ဂိုဏ်းသားပေါင်းများစွာ ဤကဲ့သို့ သတိလစ်နေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှင်းပြစရာ တစ်ခုသာ ရှိတော့၏။ ထိုကောင်စုတ်လေး ကြောင့်သာ ဂိုဏ်းတပည့်များ ထိုကဲ့သို့ ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေမည်။

သို့သော် မည်သို့သော နည်းလမ်းများသုံး၍ သူတော်စင်အဆင့် ပညာရှင် လေးယောက်ရှေ့၌ပင် ဂိုဏ်းသားများကို သတိလစ်သွားအောင် လုပ်ခဲ့သနည်း။ ချန်ဟောင်နှင့် ကျန်သူများအားလုံး လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့၏။

“မင်းဘာလုပ်လိုက်တာလဲ” ရန်ကိုင်နှင့် ကျန်သူတော်စင်အဆင့် ပညာရှင်နှစ်ယောက်သည် ရန်ကိုင်ကို တစ်ဖန်ပြန်လည် အာရုံစိုက်လိုက်၏။

“မှန်းကြည့်လေ”

“မင်းလုပ်လိုက်တာကို ငါတို့ဘယ်လိုသိမှာလဲ။ ပြီးတော့ သူတို့အားလုံး ဘာလို့ နာကျင်နေတဲ့ပုံ ပေါက်နေတာလဲ” ချန်ဟောင်က ထပ်မေးလိုက်၏။ သို့သော် ယခုတစ်ကြိမ်၌ သူ့လေသံသည် ယခင်ထက် ပို၍ ခက်ထန်နေခဲ့၏။

သို့သော် ရန်ကိုင်က သူ့အား လှောင်ပြောင်လိုဟန်ဖြင့်သာ ပြုံးကြည့်နေခဲ့၏။

တစ်ချိန်းတည်းမှာပင် သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်သည် သတိလစ်နေသော တပည့်များကို သွားစစ်ဆေးလိုက်၏။ သို့သော်လည်း အဆိပ်မိနေသည့် မည်သည့် အရိပ်အယောင်ကိုမှ မတွေ့ရချေ။

နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ အကြည့်ထဲ တုန်လှုပ်ချောက်ချားမှုတို့ဖြင့် ပြည့်နေခဲ့၏။

အဆိပ်လည်း မခတ်ခံရ၊ ဒဏ်ရာလည်း မရဘဲ ထိုတပည့်များ မည်သည့်အတွက်ကြောင့် ယခုလို ဖြစ်နေခဲ့ရသနည်း။

လက်မလျှော့သေးဘဲ သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်သည် သူတို့၏ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ သတိလစ်နေသော တပည့်များကို စစ်ဆေးကြည့်လိုက်၏။ သို့သော် ထိုကဲ့သို့ လုပ်လိုက်သည်နှင့် နှစ်ယောက်စလုံး ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်ကြတော့လေ၏ “ဘာကြီးတွေလဲ”

အော်ဟစ်နေရင်း ကြောက်မက်ဖွယ်အရာကြီး တစ်ခုခု သူတို့နောက် လိုက်နေသည့်အလား အလျင်စလို ပြန်ဆုတ်လာခဲ့ကြလေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ချန်ယွဲ့နှင့် ချန်ဟောင် နှစ်ယောက်စလုံး ကျောရိုးတစ်လျှောက် စိမ့်တက် သွားခဲ့ကြ၏။

“ဘာဖြစ်တာလဲ” ချန်ယွဲ့က စိုးရိမ်တကြီး အော်မေးလိုက်၏။

“ပြန်ဆုတ်နေ။ ဘာလုပ်လုပ် ကောင်းကင်စိတ်အာရုံကို မသုံးလိုက်နဲ့” သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်ထဲမှ တစ်ယောက်က ဖြူလျော်နေသော မျက်နှာ အမူအရာဖြင့် ပျံသန်းရင်း အော်ပြောလိုက်၏ “ငါတို့ ကောင်းကင် စိတ်အာရုံတွေကို ပစ်မှတ်ထားနေတဲ့ဟာတွေ ရှိနေတယ်။ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်တာနဲ့ မင်းတို့လည်း ပစ်မှတ်ထားခံရလိမ့်မယ်”

တစ်ချိန်တည်းတွင် အခြား သူတော်စင်အဆင့် ပညာရှင် တစ်ယောက်သည် နာနာကျင်ကျင် အော်ဟစ်လိုက်လေ၏။

သူတော်စင်အဆင့် ပညာရှင်နှစ်ယောက် အတော့်ကိုမှ ဒုက္ခရောက်နေခဲ့၏။ ချန်ယွဲ့မှာ ကူညီပေးချင်သော်ငြား ဘယ်ကနေစလို့ စရမှန်းမသိ ဖြစ်နေခဲ့၏။

ချန်ဟောင်သည် ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း အတွေးနက်သွားခဲ့၏။ သူ့ကိုယ်တိုင်လည်း စိတ်မသက်မသာ ဖြစ်လာခဲ့ရာ အစစ်အမှန်ချီကို တိတ်တဆိတ် စုစည်း၍ သူ့ကိုယ်သူ ကာကွယ်ထားလိုက်၏။

ထိုကောင်လေး၏ နည်းလမ်းများသည် အရမ်းကိုမှ ထူးဆန်းလှ၏။ သူတော်စင် ပထမအဆင့် ပညာရှင် နှစ်ယောက်ကိုပင် ဒုက္ခရောက်အောင် လုပ်နိုင်ရာ သူလည်း သတိမထားဘဲနေ၍ မဖြစ်ချေ။

တစ်ခဏတာ ရုန်းကန်နေပြီးနောက် သူတော်စင် ပထမအဆင့် ပညာရှင်နှစ်ယောက် အဆင်ပြေသွားခဲ့၏။ သို‌သော် သူတို့မျက်နှာထက် နာကျင်နေသည့် အမူအရာများသည် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ မျက်ခုံးနှစ်ခုကို ထိစပ်လုမတတ် ကျုံ့ထားကာ သူတို့၏ မျက်လုံးများထဲ ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင် တစ်စွန်းတစ်စတို့ ထင်ဟပ်နေခဲ့၏။

“ကောင်လေး၊ မင်းသူတို့ကို ဘာလုပ်လိုက်တာလဲ” သူတော်စင်အဆင့် ပညာှရင် နှစ်ယောက်ထဲမှ တစ်ယောက်က မေးလိုက်၏။ သူ့မျက်လုံးထဲ ရှုံ့ချ အထင်သေးလို့သည့် အရိပ်အယောင်တို့ လုံးလုံး မရှိတော့ချေ။

“သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဆိုတဲ့အတိုင်း အခုထိ သတိမလစ်သေးဘူးနော်” ရန်ကိုင်က အသာအယာလေး ပြောလိုက်၏။

သူတော်စင်အဆင့် ပညာရှင်နှစ်ယောက်သည် သူတို့၏ အသိစိတ်ကို ထိန်းထားနိုင်ရုံမက သူတို့၏ တိုက်ပွဲဝင် စွမ်းရည်သည်လည်း သိသိသာသာသာ လျော့ကျသွားခြင်း မရှိချေ။ တစ်နည်းဆိုရသော် သူတို့သည် ယခင်နှင့် သိပ်မကွာ။ သူတို့၏ တိုက်ပွဲဝင် စွမ်းရည် အနည်းအကျဉ်းလေးသာ လျော့ကျသွားခဲ့ခြင်း ဖြစ်၏။

“ဘာတွေဖြစ်နေလို့လဲ” ချန်ယွဲ့က စိုးရိမ်တကြီး မေးလိုက်၏။ ထိုအကြီးအကဲနှစ်ယောက် မည်မျှ သန်မာသည် ဆိုသည်ကို သူမသိ၏။ သူမသာ ထိုနှစ်ယောက် နေရာ၌ ဆိုပါက သူတို့ကဲ့သို့ ယခုလိုမျိုး ရပ်နေနိုင်တော့မည် မဟုတ်ချေ။

“ဘာမှန်းမသိရတဲ့ အင်းဆက်အချို့ တပည့်တွေရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်သွားတာလေ။ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်လည်း ကြည့်ရော ချက်ချင်း တိုက်ခိုက်ခံရတော့တာပဲ” သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်ထဲမှ တစ်ယောက်သည် ရန်ကိုင်ကို မုန်းတီးစွာ စိုက်ကြည့်ရင်း ရှင်းပြလိုက်၏ “အဲ့အင်းဆက်တွေကို ယာယီ ဖိနှိပ်ထားနိုင်ပေမယ့် ရှင်းပစ်ဖို့ဆိုရင်တော့ အချိန်လိုလိမ့်မယ်။ ဒါပေမယ့် တပည့်တွေထဲက ဘယ်သူကမှ အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး”

“ထူးဆန်းတဲ့ အင်းဆက်တွေလား” ချန်ယွဲ့၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး “ဘယ်လို အင်းဆက်မျိုးလဲ”

“ငါလည်းမသိဘူး။ သူ့ကို မေးကြည့်မှပဲ သိလိမ့်မယ်”

ချန်ဟောင် သက်ပြင်းချလိုက်၏။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်ကို ပိတ်လှောင်ထားသော အချုပ်အနှောင်ကို ဖျက်သိမ်းကာ ပြောလိုက်၏ “ကောင်လေး၊ မင်းနိုင်တယ်။ အခု မင်းကို လွှတ်ပေးသွားပြီ ဆိုတော့ ငါတို့ မေးခွန်းကို ဖြေပေးလို့ရမလား”

“လူတော်မှန်ရင် အခြေအနေ၊ အချိန်အခါကို လိုက်ပြီး နေထိုင်တတ်ရတယ်” ရန်ကိုင်က ပြောလိုက်ရာ သူတော်စင်အဆင့် ပညာရှင်လေးယောက်စလုံး အရုပ်ဆိုးသွားခဲ့ရ၏။

သူတော်စင်အဆင့် ပညာရှင်လေးယောက်ပေါင်း၍ မသေမျိုး ပထမအဆင့် ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်ခဲ့သော်ငြား တစ်ဖက်လူအား မဖိနှိပ်နိုင်ရုံမက ရန်သူ့ ထောင်ချောက်ထဲပင် သက်ဆင်းသွားခဲ့ရ၏။ ဂိုဏ်း၏ အုတ်မြစ်ဖြစ်သော ရေခဲတောင်များ ဖျက်စီးခံရသည့်အပြင် တပည့်ရာပေါင်းများစွာသည်လည်း အသက်အန္တရာယ်ရှိနေခဲ့၏။

ရန်ကိုင်၏ လှောင်ပြောင်စကားသည် သူတို့အား အကြီးအကျယ် ဒေါသထွက်စေခဲ့သော်လည်း မည်သူမှ ပြန်မပြောခဲ့ကြ။

“အဲ့ဒါ ဘာအင်းဆက်တွေလဲ” ချန်ဟောင်က မေးလိုက်၏ “မင်းက သူတို့ကို လွှတ်ပေးလိုက်တဲ့လူ ဆိုတော့ အနည်းဆုံးတော့ မင်းသိလောက်မှာပေါ့၊ ဟုတ်တယ်မလား”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ယဉ်ကျေးရိုင်းပြခြင်းမရှိသည့် ပုံမှန်လေသံဖြင့် “ဝိဥာဉ်ဝါးမျို အင်းဆက်တွေပဲ။ အဲ့ကောင်တွေအကြောင်း ခင်ဗျားတို့ ကြားဖူးမှာပေါ့၊ ဟုတ်တယ်မလား”

ထိုစကားကို ကြားသော် သူတော်စင်အဆင့် ပညာရှင် လေးယောက်စလုံး၏ မျက်နှာများ သုန်မှုန်သွားခဲ့၏။

သူတို့သည်လည်း ဝိဥာဉ်ဝါးမြို အင်းဆက်များ အကြောင်း ကြားဖူးပေ၏။ ထိုနယ်ခြားရှေးဟောင်း အင်းဆက်များသည် အရမ်းကိုမှ သေးငယ်ပြီး စိတ်စွမ်းအင်ကို စားသုံးကြ၏။ တစ်ဖက်လူ၏ အသိစိတ် ပင်လယ်ထဲ ရောက်သွားသည့်အချိန် အလျင်အမြန် မျိုးပွါးလာလေရာ ရှင်းထုတ်ပစ်ရန် အရမ်းကိုမှ ခက်ခဲလှပေ၏။

သို့သော် ထိုရှေးဟောင်းအင်းဆက်များကို သူတော်စင်အဆင့် ပညာရှင် လေးယောက်ပင် ကြားသာကြားဖူးကြပြီး တစ်ခါမှ မမြင်ဖူးကြချေ။

“ကောင်လေး” ဝိဥာဉ်ဝါးမျိုအင်းဆက်၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့် သူတော်စင်အဆင့် ပညာှရင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏ “ငါတို့ ရေခဲဂိုဏ်းက အပြင်လောကကြီးနဲ့ ခွဲထွက်နေခဲ့ပေမယ့် ငါတို့တွေက ဘာဗဟုသုတမှ မရှိတဲ့ ကောင်တွေ မဟုတ်ဘူး။ ဝိဥာဉ်ဝါးမြိုအင်းဆက်တွေက ကြောက်ဖို့ ကောင်းရင်ကောင်းလိမ့်မယ်။ ဒါပေမယ့် အဲ့ကောင်တွေ သုံးပြီး သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ကို ထိခိုက်အောင် လုပ်ဖို့ဆိုတာ စိတ်ကူးယဉ်အိမ်မက် သက်သက်ပဲ။ အဲ့ကောင်တွေက ဝိဥာဉ်ဝါးမြိုအင်းဆက်တွေ မဖြစ်နိုင်ဘူး”

သူတို့သိသလောက်ဆိုရင် သူဝိဥာဉ်အဆင့် ပညာရှင်များသည် ဝိဥာဉ်ဝါးမြိုအင်းဆက်များနှင့် အလွယ်ကို ရင်ဆိုင်နိုင်၏။ ဒဏ်ရာမရရုံမက ထိုနယ်ခြားရှေးဟောင်းအင်းဆက်များကို အလွယ်တကူပင် သတ်နိုင်သေး၏။

ထိုကြောင့် ရန်ကိုင် လိမ်နေသည်ဟု သူတော်စင်အဆင့် ပညာရှင်လေးယောက် ထင်သွားခဲ့ခြင်းပင်။

ရန်ကိုင်က ရိုးရိုးလေသာ ပြုံးလိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် “တောင်းပန်ပါတယ်ဗျာ။ ကျုပ်ရဲ့ ဝိဥာဉ်ဝါးမြိုအင်းဆက်တွေက ခင်ဗျားတို့ ကြားဖူတဲ့ ကောင်တွေထက် နည်းနည်းလေး ပိုအစွမ်းထက်တယ်ဗျ”

ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များကို သူရခဲ့သည်မှာ နှစ်နှစ်ကျော်သွားခဲ့လေပြီ။ လွန်ခဲ့သည့် (၂)နှစ်အတွင်း ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များသည် ငါးရောင်ခြယ် ကြာပန်းထက်၌ အမြဲတမ်း နေနေခဲ့ကြရာ ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ အားဖြည့်ပေးမှုကြောင့် ၎င်းတို့သည် ယခင်ကထက် ပိုမိုသန်မာလာခဲ့၏။

ချန်ယွဲ့လိုက်ဖမ်း၍ ရေခဲတောင်များကို ဖျက်စီးကာ ပတ်ပြေးနေစဉ်အတွင်း ရန်ကိုင်သည် ထိုဝိဥာဉ်ဝါးမြို အင်းဆက်များကို တိတ်တဆိတ် ထုတ်လွှတ်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုရေခဲတောင်များထဲမှ ထွက်လာသော ရေခဲဂိုဏ်းသားများအားလုံး ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။

“အဲ့ကောင်တွေက ဝိဥာဉ်ဝါးမြိုအင်းဆက်တွေပေါ့။ ဒါဆိုရင် မင်းကကော ဘာလို့ ဘာမှမဖြစ်တာလဲ။ မင်းသူတို့ကို ဘယ်လိုလွှတ်ပေးလိုက်တာလဲ” ထိုလူက အေးစက်စက် အမူအရာဖြင့် မေးလိုက်၏။

“မေးနေတာ တော်လောက်ပြီ။ ကျုပ်မဖြေချင်တော့ဘူး” ရန်ကိုင်က ထိုလူအား အထင်အမြင် သေးသေးဖြင့် စိုက်ကြည့်လိုက်ပြီး “နောက်နာရီဝက်အတွင်း ခင်ဗျားတို့ တပည့်တွေအကုန်လုံး အသက်န္တရာယ် ကျိန်းသေ ရှိလာလိမ့်မယ်။ အဲ့အချိန်ကျ ကျုပ်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး”

“မင်း… မင်းသေချင်နေတာပဲ။ ငါ့တို့ရေခဲဂိုဏ်းသား တွေသာ တစ်ခုခုဖြစ်ရဲဖြစ်ကြည့် မင်းလည်း အသေဆိုးနဲ့ သေရလိမ့်မယ်”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်၍ လှောင်ပြောင် ပြောဆိုလိုက်၏ “ကျုပ်နဲ့အတူ လိုက်သေးပေမယ့် လူရာကျော်ကြီးတောင် ရှိနေတာပဲ။ ကျုပ်က ဘာကိုကြောက်ရဦးမှာလဲ။ ခင်ဗျားတို့သာ ဆန္ဒရှိရင် အဲ့တပည့်တွေကို အခုချက်ချင်း သေသွားအောင် လုပ်ပေးလိုက်လို့ ရတယ်နော်”

သူတော်စင်အဆင့် ပညာရှင် လေးယောက်စလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့၏။

ရေခဲဂိုဏ်း၌ တပည့်များများစားစား မရှိချေ။ စုစုပေါင်းမှ အယောက်(၅၀၀)သာ ရှိ၏။ ထိုထဲမှ တပည့်နှစ်ရာကျော်၊ သုံးရာသာ ရုတ်တရက်ကြီး သေသွားမည် ဆိုပါက ရေခဲဂိုဏ်း အတော့်ကို အထိနာသွားပေလိမ့်မည်။ ထိုကောင်စုတ်လေးသည် သူလိုချင်တာ ရရန်အတွက် ရသမျှ နည်းလမ်းအကုန် သုံးမည် နတ်ဆိုးတစ်ကောင်ပင် ဖြစ်၏။

သူတော်စင်အဆင့် ပညာရှင် လေးယောက်စလုံး ရန်ကိုင်ကို အမုန်းကြီး မုန်းတီးနေခဲ့လေပြီ။ သို့သော် အလျင်စလို မလှုပ်ရှားရဲ။ သူတို့သာ ရူးရူးမိုက်မိုက် လှုပ်ရှားလိုက်ပါက တပည့်နှစ်ရာကျော် ချက်ချင်း တန်းသေသွားရပေလိမ့်မည်။

သူတို့သာ ထိုကောင်လေးကို သတ်လိုက်သည်နှင့် ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များကို မည်သူ ထိန်းချုပ်မည်နည်း။

သို့သော် အရှုံးကို ဝန်ခံရန်မှာ သူတို့အတွက် အရှက်ရဖွယ် လုပ်ရပ်တစ်ခုဖြစ်သဖြင့် မည်သူမှ အရှုံးကို ဝန်မခံလိုကြချေ။ အံတင်းတင်းကြိတ်၍သာ ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်နေခဲ့၏။ ထိုအချိန်၌ မိန်းမ တစ်ယောက်၏ အသံရုတ်တရက် ထွက်ပေါ်လာခဲ့၏ “ကောင်လေး၊ နင့်မျိုးရိုးနာမည်က ရန်လား”

ရန်ကိုင်မျက်နှာ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ ထိုလူရောက်လာသည်ကို အာရုံမခံမိလိုက်။ အသံကြားမှပဲ အသံကြားရာအရပ်ဆီ လှမ်းကြည့်လိုက်သည့်အခါ ထိုနေရာ၌ အရမ်းကိုမှ လှပလှသော ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုမိန်းမသည် အတော်လေးကို ငယ်သေး၏။ အများဆုံးမှ သူနှင့် စုယန်လောက်သာ ရှိပေမည်။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် အံ့ဩဖွယ်ရာ မှင်သက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။ သူ့အား တမင် မဖိနှိပ်နေသော်ငြား အရှိန်အဝါ သက်သက်ကပင် သူ့အား ဖိအားပေးနေခဲ့၏။

ထိုကဲ့သို့သော ဖိအားမျိုးကို ရေခဲဂိုဏ်းမှ အကြီးအကဲ လေးယောက်ဆီကပင် မခံစားဖူးခဲ့ချေ။

ထိုနေရာ၌ ရပ်နေစဉ် အမျိုးသမီးသည် ရေခဲကမ္ဘာနှင့် ပေါင်းစပ်သွားသည့်အလား၊ ဤနေရာအတွင်း၌ သူမသည်သာ အရာရာကို စိုးမိုးသည့် အရှင်သခင် တစ်ပါးဟု ထင်မှတ်ရ၏။

သူတော်စင် တတိယအဆင့်…

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

ကြောက်မက်ဖွယ် ကောင်းလှသည့် ရန်သူ တစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ရန်ကိုင်စိတ်ထဲ အနည်းငယ် ထူးဆန်းသွားခဲ့ရ၏။ ထိုအမျိုးသမီး၏ အသံကို ကြားပြီးနောက် သူ့ရင်ထဲ ဟုန်းဟုန်း တောက်နေသည့် ဒေါသမီးတောက်တို့ အမှန်တကယ်ကို လျော့ပါးသွားခဲ့ရ၏။

သူမ၏ အသံလေးသည် လွန်စွာကိုမှ နာဝင်ချိုသာစရာ ကောင်းလှသည့်အပြင် ထိုအသံထဲ မှော်စွမ်းအင် တစ်မျိုးမျိုး ပါနေသည့်အလား ရန်ကိုင်စိတ်ထဲရှိ မကျေနပ်ချပ်တို့အား အတော့်ကို ပြေလျော့၊ ပြေပျောက် သွားစေခဲ့၏။

“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်” ချန်ဟောင်နှင့် ကျန်သည့် သူတော်စင်အဆင့် သုံးယောက်စလုံး ထိုအမျိုးသမီဂအား လေးလေးစားစားဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။

အမျိုးသမီးက ယဲ့ယဲ့လေး ပြုံးကာ လက်ဝှေ့ရမ်း၍ “ယဉ်ကျေးနေစရာ မလိုဘူး။ ဒီနေရာမှာ ဆူညံ့ဆူညံ ဖြစ်နေလို့ လာကြည့်တာ”

သူမလေသံထဲ အပြစ်လိုသည့် အရိပ်အယောင် မပါဝင်သော်ငြား ချန်ဟောင်နှင့် ကျန်သူ သုံးယောက်စလုံး တွင်းတစ်တွင်း တူပြီးတော့သော ထိုတွင်းထဲ ပြေးပုန်းနေချင်ခဲ့၏။

ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့ပြီး တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် မေးလိုက်၏ “ခင်ဗျားက ရေခဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”

“ဟုတ်တယ်။ ငါက ရေခဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ ချင်းယပဲ” အမျိုးသမီးက အသာအယာ ခေါင်းညိတ်၍ ပြုံးလိုက်၏။ သူမဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်ရှိ ရေခဲသားများပမာ သန့်စင်နေရာ သူမအား မြင်သူတိုင်း၊ သူမ၏ အသံလေးကို ကြားလိုက်သည့် သူတိုင်း၏ စိတ်ကို လန်းဆန်သွားစေ၏ “နင်မျိုးရိုးနာမည်က ရန်လား”

ရန်ကိုင် မျက်နှာထက်ရှိ ဒေါသတို့သည်လည်း အတော့်ကို လျော့ပါးသွားခဲ့ပြီး အသာအယာ ခေါင်ညိတ်ပြလိုက်၏။

“နင်က မန်ဝူရ ပြောခဲ့တဲ့လူလား”

“ဟုတ်တယ်”

“သူပြောတာထက်တောင် နင်က ပိုပြီး အထင်ကြီးစရာ ကောင်းတာပဲ။ ဒီနေရာကို ဒီလောက် မြန်မြန် ရှာတွေလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး” ချန်းယက သူမ၏ နှုတ်ခမ်းလေးများကို အသာအယောလေး ကွေးလိုက်၏။

“ရေခဲဂိုဏ်းရဲ့ ဂိုဏ်းက ဒီလောက် ငယ်ရွယ်၊ လှပနေလိမ့်မယ်လို့လည်း ကျုပ်တကယ်ကို မထင်ထားဘူး။ ဘဏ္ဏာထိန်းမန်ရဲ့ မိတ်ဆွေဆိုတော့ ဆံပင်ဖြူဖြူနဲ့ အဖွားကြီးတစ်ယောက် ဖြစ်နေမယ်လို့ ထင်ထားခဲ့တာ။ ဒီတော့ တကယ်ကို အမြင်ကျယ်သွားပြီ” ရန်ကိုင်က ချင်းယကို အထောက်အောက်စုံဆန် ကြည့်ရင်း အံ့အားသင့်နေသည့် အမူအရာဖြင့် ချီးကျူး ပြောဆိုလိုက်၏။

“နင်အဲ့လိုထင်တာလား” ချင်းယသည် ရန်ကိုင်၏ ချီးကျူးစကားကြောင့် ပျော်သွားဟန်ပင်။

“လျှာကတော့ ထက်ချက်” ချန်းယွဲ့က သူမ၏ နှုတ်ခမ်းလေးကို ကွေးကာ သူမဘာသာသူမ ရေရွတ်ပြောဆိုလိုက်၏ “တကယ့်ကို ကောင်းတဲ့ကောင် မဟုတ်ဘူးပဲ”

“ဘဏ္ဏာထိန်းမန်က ခင်ဗျားလို လူတစ်ယောက်ကို တကယ်သိနေတာပဲနော်။ ကျုပ်သူ့ကို တကယ် အထင်သေးမိသွားတာပဲ” ရန်ကိုင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

ရန်ကိုင်စကားကြောင့် ချန်းယ တခစ်ခစ် ရယ်မောသွားခဲ့၏။

ရန်ကိုင်နှင့် သူတို့ ဂိုဏ်းချုပ် ပြောနေသည်ကို နားထောင်ရင်း ချန်ဟောင်တို့ ကွတီးကွကျ ဖြစ်နေခဲ့ကြ၏။ ဂိုဏ်းချုပ် ရယ်မောသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့။ ထိုကောင်စုတ်လေးသည် ဂိုဏ်းချုပ်ကို ရယ်မောအောင် လုပ်နိုင်လိမ့်မည်ဟုလည်း တစ်ခါမှ ထင်မထားခဲ့၏။

ဒီကောင်စုတ်က မိန်းမပွေတဲ့ ကောင်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို ဒီလောက် နားလည်ထားမှာ မဟုတ်ဘူး အမျိုးသား သူတော်စင်အဆင့် ပညာရှင်များက ရန်ကိုင်အား အထင်အမြင် သေးသေးဖြင့် စိုက်ကြည့်ရင်း စိတ်ထဲက‌နေ ကျိန်ဆဲလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၃၄) အေခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား

——————————————————————

ရေခဲတောင်တန်းများ အပြင်ဘက်၌ ရေခဲဂိုဏ်းချုပ် ချင်းယသည် မည်သူမှ မသိအောင် ပေါ်လာခဲ့၏။ ရန်ကိုင်သည် သူမတို့ ရေခဲဂိုဏ်း၏ အုတ်မြစ်များစွာကို ဖျက်စီးသွားခဲ့သော်လည်း ဂိုဏ်းချုပ်ရှင်းယသည် ရန်ကိုင်ကို ရန်လိုသည့် အရိပ်အယောင် စိုးစဉ်းမျှမပြဘဲ အခင်အမင်မပျက် အမူအရာဖြင့် ဆက်ဆံနေလေရာ ရန်ကိုင်မှာ ပြဿနာ ဆက်ရှာရ အခက်ဖြစ်နေခဲ့၏။

ရေခဲဂိုဏ်းနှင့် ဆက်ဆံရေးဖျက်တောက်ပြီး ဂိုဏ်းတစ်ခုလုံးကို စိတ်ကြိုက်ဖျက်စီးပြီးနောက် စုယန်ကို ခေါ်ထုတ်သွားရန် စဉ်းစားနေခြင်းဖြစ်၏။

သို့သော် ရေခဲဂိုဏ်းချုပ်၏ သဘောထားကြောင့် သူ့အစီအစဉ်အတိုင်း ဆက်လုပ်ရန် ခက်ခဲသွားခဲ့ရ၏။ တစ်ဖက်လူက သူ့အား ကြင်ကြင်နာနာ၊ ဖော်ဖော်ရွေရွေဖြင့် ဆက်ဆံနေသည့်တိုင် သူ့ဘက်က အလျော့မပေးသေးဘူး ဆိုပါက ယခုတစ်ကြိမ်သည် သူ့အလွန် ဖြစ်သွားပေလိမ့်မည်။

“စုယန်ကို လာရှာတာလား။ မန်ဝူရ ပြောခဲ့တဲ့လူက နင်ပေါ့” ချင်းယက ကြင်နာသိမ်မွေ့သည့် လေသံဖြင့် ဆက်လက် မေးမြန်းလိုက်၏။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ငါနင့်ကို ရိုးရိုးသားသားပဲ ပြောမယ်။ စုယန် တစ်ခုခု ဖြစ်သွားတယ်”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင်အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ရာ ချင်းယမှာ အလျင်စလို ထပ်ပေါင်းပြောလိုက်ရလေ၏ “ဒါပေမယ့် အသက်အန္တရာယ်တော့ မရှိဘူး။ အေးခဲသွားတဲ့ ပုံစံမျိုးထဲ ရောက်သွားရုံလေး တစ်ချက်ပဲ”

“အေးခဲနေတဲ့ အခြေအနေလား” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။

“သူအခုလို ဖြစ်သွားခဲ့ရတာက သူ့ဆုံးဖြတ်ချက် ကြောင့်ပဲ။ ငါတို့ ရေခဲဂိုဏ်းကြောင့်လည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ်၊ စကားနဲ့ ရှင်းပြရခက်တော့ နင်ကိုယ်တိုင် သွားကြည့်လိုက်တာ အကောင်းဆုံးပဲ။ မြင်ရင် သိသွားပါလိမ့်မယ်”

“ဂိုဏ်းချုပ်…” ချန်ယွဲ့က အလျင်စလို အော်လိုက်၏။ ရန်ကိုင်အား စုယန်နှင့် ပေးမတွေ့စေချင်သည့်ပုံပင်။ သို့သော် ချင်းယက သူမအား တစ်ချက် လှမ်းကြည့်လိုက်ရာ ချန်ယွဲ့မှာ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့၏။

“ဟုတ်သားပဲ။ အခု နင့်ရဲ့ အင်းဆက်တွေကို ဂိုဏ်းတပည့်တွေရဲ့ အသိစိတ်ပင်လယ်ထဲကနေ ပြန်ထုတ်ပေးလို့ရမလား။ အဲ့ကောင်တွေကို လွှတ်ပေးလိုက်တဲ့လူက နင်ဆိုတော့ သူတို့ကို ဘယ်လို ဖယ်ထုတ်ရမလဲ ဆိုတာကို နင်သိမှာပေါ့၊ ဟုတ်တယ်မလား” ချင်းယက ရန်ကိုင်ကို အပြုံးနှင့် ကြည့်လိုက်၏။

“ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ စီနီယာအစ်မစုယန် ဘယ်လိုအခြေအနေ ရှိလဲဆိုတာကို မသိရသေးခင်အထိ အဲ့အင်းဆက်တွေကို ပြန်ခေါ်မှာ မဟုတ်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ ဂိုဏ်းသားနှစ်ရာကျော်၏ အသက်ကို ထိန်းချုပ်ထားနိုင်သော ဝိဥာဉ်ဝါးမြို အင်းဆက်များသည်သာ သူ၏ လုပ်ကွက်ဖြစ်၏။ ထိုအင်းဆက်များကို ပြန်ယူလိုက်သည်နှင့် သူ့လုပ်ကွက်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ချင်းယသည် ယုံကြည်ထိုက်သည့် လူတစ်ယောက်ဟု သူ့စိတ်ထဲ ခံစားမိသော်ငြား အပြင်ပန်းကို ကြည့်ရုံဖြင့် လူတစ်ယောက်၏ နှလုံးကို မသိနိုင်။ ဝိဥာဉ်ဝါးမြို အင်းဆက်များကို ပြန်လည်ထုတ်ယူပြီးမှ တစ်ဖက်လူသည် သူ့အား ရုတ်တရက် တိုက်ခိုက်ပါက ရန်ကိုင် လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“အရမ်းကို သတိကြီးတာပဲ” ချင်းယက ခေါင်းခါရမ်းလိုက်ပြီး “အဲ့လိုဆိုရင် ငါ့ရေခဲဂိုဏ်းသားတွေ ဘာမှမဖြစ်ဖို့တော့ အာမခံပေးလို့ရလား”

“ကျုပ်ပြောပြီးသွားပြီလေ။ နာရီဝက်အတွင်း သူတို့တွေ ဘာမှဖြစ်မှာ မဟုတ်ဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။

“ကောင်းပြီလေ။ ငါ့နောက်လိုက်ခဲ့။ ချန်ယွဲ့၊ နင်လည်း လိုက်လာခဲ့။ ချန်ဟောင်၊ အဲ့တပည့်တွေကို ဂရုစိုက်ထားလိုက်”

“ဟုတ်ကဲ့ပါ” အကြီးအကဲများအားလုံး လေးလေးစားစားဖြင့် ပြန်ပြောလိုက်ကြ၏။ ချန်ဟောင်က ရန်ကိုင်ဘက်လှည့်၍ အေးစက်စက် လေသံဖြင့် ခြိမ်းခြောက်စကား ဆိုလိုက်၏ “ကောင်စုတ်လေး၊ လာလှည့်စားဖို့တော့ မကြိုးစားနဲ့နော်။ မဟုတ်ရင် ငါမင်းကို တစ်ခါတည်း ရှင်းပေးလိုက်မှာ”

ရန်ကိုင်ကမူ ဘာမှ ပြန်မပြောခဲ့ပေ။

ချင်းယသည် ရှေ့မှဦးဆောင်၍ ရန်ကိုင်အား ရေခဲတောင် တစ်လုံးဆီ ခေါ်လာခဲ့၏။ သူမ၏ ကျောက်စိမ်းသဖွယ် သွယ်လျချောမွတ်လှသော လက်လေးကို ဝှေ့ရမ်းလိုက်ရာ သူတို့ရှေ့၌ တံခါးပေါက် တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ထိုတံခါးကို ရေခဲသလင်းဖြင့် ထွင်းထုထားပြီး တံခါး မျက်နှာပြင်ထက် အစီအရင်များ ရေထွင်းထား၏။ ထိုစိတ်ဝိဥာဉ် အစီအရင်သည် အပြင်ဘက်မှ ကောင်းကင် စိတ်အာရုံကို အတွင်းဘက်သို့ မဝင်နိုင်အောင် တားဆီးပေးနိုင်၏။

ရေခဲတောင်ထဲ ဝင်လာသည်နှင့် သူ့ဆီသို့ ပြေးဝင် ရိုက်ခတ်လာသော အအေးဓါတ်များကြောင့် ရန်ကိုင်မှာ တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ရပြီး အစစ်အမှန်ချီကို အလျင်အမြန် လှည့်ပတ်၍ သူ့ကိုယ်တွင်းရှိ အအေးဓါတ်ချီများကို ထုတ်ပယ်လိုက်ရ၏။

ရန်ကိုင်ကိုယ်မှ ထွက်ပေါ်နေသော အပူဓါတ်ကို ခံစားမိသည်နှင့် ချန်ယွဲ့သည် ရန်ကိုင်အား မနှစ်မြို့စွာ စိုက်ကြည့်လိုက်၏။

ရေခဲဂိုဏ်းသားတိုင်းသည် ရေခဲဓါတ်ကျင့်စဉ်များကို လေ့ကျင့်ကြရာ အပူဓါတ်ကို မုန်းတီးသည်မှာ မဆန်းချေ။

ရေခဲတောင်အတွင်းပိုင်သည်း သလင်းကျောက်ပမာ ကြည်လင်သန့်ရှင်းနေပြီး လမ်းတစ်လျှောက်၌ မှိန်ဖျဖျ အရောက်တောက်နေသော သလင်းကျောက်တုံးများကို စီခြယ်ထားခဲ့၏။ အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့် ရန်ကိုင်၏ အသက်ရှူသံ လေးလံသထက် လေးလံလာခဲ့၏။

လက်ဖက်ရည်တစ်ခွက်ဆူစာ ကြာချိန်တစ်ဝက်မျှ လမ်းလျှောက်လာပြီးနောက် သူတို့သုံးယောက် ရေခဲတံခါးကြီးတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့၏။ ချင်းယက ရန်ကိုင်ကို လှည့်ကြည့်လိုက်ကာ “စုယန်က ဒီမှာပဲ။ ဒါပေမယ့် သူ့ကို မြင်တာနဲ့ ကမူးရှူးထိုး မလုပ်ဖို့ငါ့ကို ကတိပေးရမယ်”

“ကျုပ်သိတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။

ချင်းယန်က အသာအယာ ခေါင်ညိတ်၍ တံခါးကို တွန်းဖွင့်လိုက်၏။ ရန်ကိုင်က အရင်ဝင်သွားလိုက်ပြီး သူမနှင့် ချန်ယွဲ့က နောက်မှလိုက်သွား၏။

ရေခဲခန်းထဲ၌ ဘာမှရှိမနေခဲ့၊ ရေခဲသလင်း ကုတင်တစ်လုံးသာ ရှိ၏။ ထိုကုတင်ထက်၌ ရေခဲလွှာဖြင့် ရစ်ပတ်လွှမ်းခြုံနေသာ စုယန်သည် မျက်လုံးလေးပိတ်လျက် ငြိမ်သက်စွာ လဲလျောင်းနေခဲ့၏။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ဒေါသမီးတောက်တို့ သူ့ရင်ထဲ ပေါက်ကွဲလာခဲ့သော်ငြား ထိုအဆိုးမြင်ခံစားချက်များကို အမြန် ပြန်ဖိနှိပ်ထားလိုက်ပြီဂ ရေခဲကုတင်ရှိရာဆီ လမ်းလျှောက် သွားလိုက်လေ၏။

ချင်းယနှင့် ချန်ယွဲ့တို့ နှစ်ယောက်စလုံး ရန်ကိုင်ကို အတော်လေး အံ့အားသင့်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြ၏။ ယခုလေးတင် လူကြမ်းတစ်ယောက် ပမာ စိတ်ရှိတိုင်း သောင်းကျန်း နေသော လူငယ်လေးသည် စုယန်ကို မြင်သည်နှင့် ထိုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူမတို့ နှစ်ယောက်စလုံး မထင်ထားခဲ့ချေ။

ရန်ကိုင်သည် စိတ်လှုပ်ရှားလိုက်၊ စိုးရိမ်လိုက်၊ တောင်းတလိုက် ဖြစ်နေခဲ့၏။

စုယန်ဘေးသို့ ရောက်သော် သူ့အမူအရာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့၏။

ရေခဲကုတင်ဘေး ရောက်သည်နှင့် အိမ်စက်နေသော နတ်မိမယ်လေးတမျှ လှပသည့် စုယန်ကို ငေးကြည့်ရင်း ရန်ကိုင် မျက်နှာထက် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့၏။

စုယန်သည် အိမ်စက်လဲလျောင်းနေသော်ငြား သူမ၏ အသက်စွမ်းအင်သည် အားကောင်းနေဆဲ။ ရေခဲလွှာထဲ ပိတ်မိနေ၍ ပြင်လူခေါ်သံကို မကြားနိုင်သည်မှတစ်ပါး အသက်အန္တရာယ် မရှိပါချေ။

ရန်ကိုင်မှာ စုယန်၏ မျက်နှာလေးကို ထိတွေ့ ချင်သော်ငြား မထိနိုင် ဖြစ်နေခဲ့ရ၏။

စုယန်၏ အမူအရာသည် တည်ငြိမ်နေခဲ့၏။ လက်နှစ်ဖက်ကို အဆီအပိုမရှိ၊ ချပ်ချပ်ရပ်ရပ် ဖြစ်နေသော ဝမ်းဗိုက်ပေါ် တင်ထားခဲ့၏။ သူမ ဆုံးဖြတ်ထားသည်ကို လုပ်လိုက်သည်နှင့် ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုသိထားသည့် ပုံပင်။

ထူးဆန်းသည်ကား ယခုအချိန်၌ စုယန်၏ အစစ်အမှန်ချီသည် သာမန်ပင် ပိုမိုမြန်ဆန်သည့် နှုန်းဖြင့် လှည့်ပတ်နေခြင်းပင်။

ရန်ကိုင် စိတ်မတည်မငြိမ် ဖြစ်နေမှန်း သိလေရာ ချန်ယွဲ့နှင့် ချင်းယတို့ နှစ်ယောက်စလုံး တိတ်ဆိတ်ငြိမ်သက် နေခဲ့ကြ၏။

အချိန် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ ချင်းယ အမူအရာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ချန်းယွဲ့ စိတ်မရှည် ဖြစ်လာခဲ့လေပြီ။

တပည့်ပေါင်း နှစ်ရာကျော်သည် မေ့မြောနေတုန်းပင်။ ရန်ကိုင်သာ သူ့ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ပြန်မခေါ်ပါက နာရီဝက်ကြာပြီးနောက် ထိုတပည့်အားလုံး သေဆုံးသွားရပေလိမ့်မည်။ ထို့ကြောင့် ချန်ယွဲ့လည်း မနေနိုင်တော့ဘဲ ရန်ကိုင်ကို တိုက်တွန်းနှိုးဆော်လိုက်၏ “ကောင်လေး၊ ကြည့်လို့မဝသေးဘူးလား။ နင်ဘယ်လောက်ပဲ ကြည့်ကြည့် သူနိုးလာမှာမှ မဟုတ်တာ။ သူ့ခန္ဓာကိုယ်တင် အေးခဲနေတာ မဟုတ်ဘူး။ အသိစိတ်ပါ အေးခဲနေတာ”

ရန်ကိုင်က အေးစက်စက် အကြည့်ဖြင့်သာ သူမကို ပြန်စိုက်ကြည့်လိုက်၏။

ချန်ယွဲ့မှာ ရန်ကိုင်နှင့် အကြည့်ချင်း မဆုံရဘဲ ချက်ချင်း အကြည့်လွှဲလိုက်၏။

“ဒါက သိုင်းပညာရပ် တစ်မျိုးမျိုးလား” ရန်ကိုင်က ချင်းယကို ကြည့်၍ မေးလိုက်၏။

ချင်းယက ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ငါတို့ ရေခဲဂိုဏ်းရဲ့ အမွေအနှစ် သိုင်းပညာရပ်တစ်ခုပေါ့။ အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ဆိုတဲ့ ပညာရပ် တစ်ခုပဲ။ အဲ့ပညာရပ်ကို အသုံးပြလိုက်တာနဲ့ အစစ်အမှန်ချီက ရေခဲလွှာအဖြစ် သိပ်သည်းသွားပြီး စိတ်ရောကိုယ်ကိုပါ အေးခဲသွားစေလိမ့်မယ်။ အပြင်ဘက်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို လုံးဝ သိတော့မှာမဟုတ်ဘူး”

“အဲ့လိုဆိုရင် ကျုပ်စီနီယာအစ်မရဲ့ ကျင့်စဉ်က ဘာလို့ လှည့်ပတ်နေသေးတာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။

ချင်းယက ပြုံးလိုက်ပြီး “အေးခဲခန္ဓာကိုယ်ပိတ်လှောင် နှလုံးသားက အကူပညာရပ် တစ်ခုပဲ။ ငါတို့ ရေခဲဂိုဏ်းသားတွေ ဒီပညာရပ်ကို အသုံးပြုပြီး လေ့ကျင့်မယ်ဆိုရင် သူတို့ကိုယ်သူတို့ ဈာဝန်စားတဲ့ အခြေအနေထဲ နစ်မြောသွားပြီး ပိုမြန်မြန် လေ့ကျင့်နိုင်တယ်။ တပည့်အများစုက တံခါးပိတ် ကျင့်စဉ်ဝင်ရင် ဒီပညာရပ်ကို အသုံးပြုလေ့ရှိတယ်။ အဲ့သိုင်းပညာရပ်ကို အစစ်အမှန်ချီ ဘယ်လောက်လောက်နဲ့ နှိုးဆွနိုင်လဲ ဆိုတဲ့အပေါ် မူတည်ပြီး အေးခဲနေတဲ့ ကြာချိန်လည်း ပြောင်းလဲ သွားလိမ့်မယ်”

“ကျုပ်စီနီယာအစ်မ ဘယ်လောက်ကြာအောင် ဒီအတိုင်း ဖြစ်နေမှာလဲ” ရန်ကိုင်က မှုန်မှိုင်းနေသည့် အမူအရာဖြင့် မေးလိုက်၏။

ချင်းယလည်း သုန်မှုန်သွားခဲ့ပြီး ခေါင်းခါရမ်း၍ “ငါလည်း မသိဘူး။ နှစ်နဲ့ချီ ကြာနိုင်တယ်။ နှစ်ဒါဇင် ကျော်လည်း ကြာသွားနိုင်တယ်။ ထာဝရတောင် ဖြစ်သွားနိုင်တယ်… စုယန်၏ အစစ်အမှန်ချီက စက်ဝန်းတစ်ခု ပုံစံမျိုး လည်ပတ်ပြီး ဒီပညာရပ်ကို အဆက်မပြတ် အသက်ဝင်အောင် လုပ်နေတာ”

ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး “ဘာလို့ သူ့ကိုယ်သူ ခဲပစ်လိုက်ရတာလဲ။ ရေခဲဂိုဏ်းက သူ့ကို ဘာတွေလုပ်လိုက်လို့မျာ သူ့ကိုယ်သူ ခဲပစ်လိုက်ရတာလဲ”

ပြောနေရင်း ချန်ယွဲ့အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“ကောင်စုတ်လေး၊ ဘာလို့ ငါ့ကို လာကြည့်နေတာလဲ။ ငါက သူ့အတွက် ကောင်းမယ့်အရာကိုပဲ လုပ်ပေးခဲ့တာ။ သူ့ကို ဘာလို့ မတရား ဆက်ဆံရမှာလဲ” ချန်ယွဲ့ စိတ်ညစ်သွားခဲ့ရ၏။

“နင်အရမ်း စိုးရိမ်မနေသင့်ဘူး ကောင်လေး။ အကြီးအကဲ ချန်ယွဲ့က စုယန်အပေါ် ဘယ်တော့မှ မတော်မတရား မဆက်ဆံခဲ့ဘူး။ တကယ်တော့ နင့်စီနီယာအစ်မကို သူ့တပည့်အဖြစ်တောင် လက်ခံနေချင်သေးတာ”

“သူ့ကံက အဲ့လောက်မကောင်ပါဘူး” ရန်ကိုင် ချန်ယွဲ့အား အမှန်တကယ်ကို မနှစ်မြို့ရွံရှာနေခဲ့၏။

“ဒီကိစ္စက အကြီးအကဲချန်ယွဲ့နဲ့ နည်းနည်းတော့ ဆက်စပ်နေတယ်” ချင်းယက အသာအယာ သက်ပြင်း ချလိုက်ပြီး “စုယန် အခုလိုဖြစ်လာရတာ သူ့ကြောင့်လည်း ပါတယ်”

ချန်ယွဲ့က နာကျင်၊ စိတ်အားငယ်နေသည့် အမူအရာဖြင့် “ကျွန်မလည်း အခုလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အေးခဲခန္ဓာကိုယ်ပိတ်လှောင် နှလုံးသားပညာရပ်ကို သူသင်လို့သင်ထားမှန်းတောင် ကျွန်မ သိတာမဟုတ်ဘူး။ အစောကြီးကတည်းကသာ သိခဲ့မယ်ဆိုရင်၊ အဲ့လောက်ကြီး အရမ်း မတိုက်တွန်း ခဲ့ပါဘူး၊ ဟူး…”

ပြောရင်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏ “ကောင်စုတ်လေး၊ ငါ့ကြောင့်ဖြစ်တယ် ဆိုတာကို ငါဝန်ခံတယ်။ ဒါပေမယ့် ငါလုပ်ခဲ့တာတွေ အားလုံးက သူ့အကျိုးအတွက်ပဲ။ သူ့ကို ဒုက္ခရောက်စေဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး”

“ဘာတွေ ဖြစ်ခဲ့တာလဲ” ရန်ကိုင် နည်းနည်းလေးပင် ဒေါသပြယ်မသွားနိုင်ခဲ့။ ချန်ယွဲ့က ထိုကဲ့သို့ ပြောနေသော်ငြား တကယ်တော့ ထိုအရာက သူမ၏ တစ်ဖက်သတ် ဇာတ်လမ်းကြီးပင် မဟုတ်လေလာ။ ထို့ကြောင့် အားလုံးသေချာသိပြီးမှ ဆုံးဖြတ်နိုင်ပေမည်။

“ချန်ယွဲ့၊ နင်ပဲ ရှင်ပြလိုက်တော့” ချင်းယက သူမ နဖူးကို အသာအယာလေး ပွတ်လိုက်၏။

ချန်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ဖြစ်ကြောင်းကုန်စဉ်ကို စတင် ရှင်းပြတော့လေ၏။

လွန်ခဲ့သော (၂)နှစ်က မန်ဝူရသည် ရှနင်းချန်နှင့် စုယန်ကို ရေခဲဂိုဏ်းသို့ ခေါ်ပြီး ရောက်လာခဲ့၏။ ထို့နောက် ဂိုဏ်းချုပ်ချင်းယနှင့်တွေကာ စုယန်ကို ရေခဲဂိုဏ်းလက်ထဲ အပ်ခဲ့၏။

ရေခဲဂိုဏ်းသည် ဤရေခဲကမ္ဘာကြီးထဲ တစ်သီးတစ်ခြား နေထိုင်ကာ အပြင်လူများကို ၎င်းတို့၏ ပိုက်နက်တွင်းသို့ ဝင်ခွင့်မပြုချေ။ သို့သော် မန်ဝူရသည် ချင်းယနှင့် ရင်းနှီးသောကြောင့် အရှက်မဲ့မဲ့ဖြင့် မရမက တောင်းဆိုခဲ့ရာ နောက်ဆုံး၌ ဂိုဏ်းချုပ်ချင်းယသည် သူ၏ တောင်းဆိုချက်ကို လက်ခံလိုက်ရလေ၏။

စုယန်ကို ရေခဲဂိုဏ်း၌ ထားခဲ့ပြီးနောက် ရှနင်းချန်နှင့်အတူ ထွက်သွားခဲ့၏။

“သူ့တပည့်နဲ့ အန္တရာယ်များတဲ့ ကိစ္စတစ်ခုခု လုပ်စရာရှိလို့လဲ။ စုယန်ကိုပါ ခေါ်သွားရင် သူပါ ဒုက္ခရောက်မှာစိုးလို့ ဒီမှာ ထားခဲ့တာ။ သူထွက်သွားပြီး တော့မှာပဲ စုယန်လည်း အဲ့အကြောင်း သိသွားခဲ့တယ်။ ဒါပေမယ့် သူတို့က ထွက်သွားပြီဆိုတော့ စုယန်လည်း ရေခဲဂိုဏ်းမှာပဲ ကျန်ခဲ့ရတော့တာပေါ့” ချန်ယွဲ့က ရှင်းပြလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ စုယန်၏ စရိုက်နှင့် ဆိုပါက သူမသည် ရေခဲဂိုဏ်းတွင် ကျန်ရစ်ခဲ့မည် မဟုတ်ဘဲ မန်ဝူတို့နောက် ခေါင်းမာမာနှင့် လိုက်ပေလိမ့်မည်။

“ပြီးတော့” ရန်ကိုင်က မေးလိုက်၏။

“ဂိုဏ်းချုပ်က စုယန်ကို ငါ့လက်ထဲ အပ်ခဲ့တယ်လေ။ ရောက်ရောက်ချင်းတုန်းက သူ့ကျင့်ကြံခြင်းအဆင့်က မနိမ့်ကျဘူးဆိုပေမယ့် ဘာမှ အထင်ကြီးစရာ မရှိဘူး။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး၊ အဲ့ကောင်လေးက ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားမှန်း ငါသိလိုက်တယ်။ ကျင့်ကြံနှုန်းက မြန်မှမြန်၊ အရေးအကြီးဆုံးက ဘာလဲဆိုတော့ သူ့ကျင့်ကြံခြင်း နည်းစနစ်တွေက ငါတို့ရေခဲဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ လုံးဝကို လိုက်ဖက်နေတာပဲ။ ပြန်တွေးကြည့်လိုက်တော့ အဲ့လူအိုကြီးက အခုလိုဖြစ်မယ်လို့ သိနေလို့ စုယန်ကို ရေခဲဂိုဏ်းဆီ ခေါ်လာခဲ့တာပဲ ဖြစ်ရမယ်”

ရန်ကိုင် နှုတ်ခမ်း ကွေးတက်သွားခဲ့၏။ ယခုလို ဖြစ်လာရန် မန်ဝူရ အစကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်၏။ ထိုလူအိုကြီးသည် တုန်းရွှမ်လောကကြီးရှိ ပညာရှင် တော်တော်များများကို သိထား၏။ ချူလင်းရှောင်နှင့်ပင် မိတ်ဆွေဟောင်းများ ဖြစ်ကြ၏။ သို့သော် သူ့တွင် မိတ်ဆွေများစွာ ရှိသော်ငြား စုယန်အား ဤနေရာသို့ ခေါ်လာခဲ့၏။ ရေခဲဂိုဏ်းသည် စုယန်အတွက် အသင့်တော်ဆုံး ဖြစ်မယ်မှန်း သိထားသည့်ပုံပင်။

မန်ဝူရ၏ အကူအညီကြောင့် စုယန်သည် ရေခဲဂိုဏ်း၌ အလကားသင့်ကြားခွင့် ရခဲ့၏။ ရန်ကိုင်သာ မန်ဝူရ နေရာတွင် ဆိုပါက သူ့နည်းအတိုင်းသာ လုပ်ပေမည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

မူရင်းစာရေးဆရာ-Mo Mo

ဘာသာပြန်ဆိုသူ- Little Devil

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

——————————————————————

အပိုင်း(၇၃၄) ဘယ်လိုလျှို့ဝှက်ပညာရပ်မျိုးလဲ

——————————————————————

စုယန်၏ အရည်အချင်းကို မြင်တွေ့ပြီးနောက် ချင်ယွဲ့ သူမကို ပို၍ အရေးစိုက်လာခဲ့၏။ ထို့နောက် သူမအား သိုင်းပညာရပ်များပေး၍ လေ့ကျင့်စေခဲ့၏။ သို့သော်လည်း စုယန်သည် သူမပေးလိုက်သည့် သိုင်းပညာရပ်များကို ချက်ချင်း နားလည်နိုင်ခဲ့၏။

ချန်ယွဲ့ လုံးဝကို အံ့အားသင့်သွားခဲ့ရပြီး ရှားပါ ရတနာတစ်ခုကို ကောက်လိုက်မိပြီမှန်း သိလိုက်၏။ ထိုအချိန်မှစ၍ စုယန်ကို ဂရုတစိုက် သင်ကြားပေးခဲ့ကာ ရေခဲဂိုဏ်း၏ တားမြစ်နေရာဖြစ်သော ရေခဲလိုဏ်ဂူကိုပင် အလိုရှိသလို ဝင်ခွင့်ပေးခဲ့၏။

အချိန်တစ်ခုကြာပြီးနောက် ချန်ယွဲ့သည် စုယန်အား သူမ၏ တိုက်ရိုက်အဖြစ် လက်ခံလိုကြောင်း ကမ်းလှမ်းခဲ့၏။ သို့သော် စုယန်က ငြင်းဆန်းခဲ့ရာ သူမ စိတ်ပျက်ခဲ့ရ၏။

သို့ရာတွင် သူမသည် စုယန်၏ အရည်အချင်းကို လွန်စွာကိုမှ နှစ်သက်အလေးထားသဖြင့် ချန်ယွဲ့သည် စုယန်အား အပြစ်မတင်ခဲ့။ သူမအား ယခင်ကဲ့သို့သာ ဆက်ဆံနေသေး၏။ ထိုအတွက်ကြောင့် စုယန်သည် သူမအား အရမ်းကို ကျေးဇူးတင်ခဲ့၏။ သူတို့ နှစ်ယောက်သည် ဆရာတပည့် ဖြစ်မလာခဲ့သော်ငြား ဂျူနီယာ၊ စီနီယာ ကဲ့သို့ ရ င်းနှီးလာခဲ့၏။

“အဲ့ကလေးရဲ့ အရည်အချင်းက မယုံနိုင်စရာကြီး။ သူ့ရဲ့ ခန္ဓာကိုယ်ဆိုရင်လည်း တော်တော်လေးကို ထူးခြားတာ။ ဘယ်လိုအခွင့်အရေးမျိုး ကြုံတွေ့ခဲ့မှန်း ငါမသိပေမယ့် သူ့ခန္ဓာကိုယ်က ဒဏ္ဏာရီလာ ရေခဲသလင်းကျောက်စိမ်း ခန္ဓာကိုယ်ကို မှီလုနီးနီးပဲ” ချန်ယွဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထို့နောက် သင်္ကာမကင်း အမူအရာဖြင့် “ဒါပေမယ့် ရှေးဟောင်း စာအုပ်အချို့ကို ဖတ်ပြီးတဲ့နောက် သူမရဲ့ ခန္ဓာကိုယ်က ရေခဲသလင်းကျောက်စိမ်း ခန္ဓာကိုယ် မဟုတ်မှန်း ငါသိလိုက်တယ်”

ထိုစကားကို ကြားသော် ရန်ကိုင်က နှာခေါင်းရှုံ့လိုက်၏။

စုယန်သည် ဆေးပေါင်းရည်နှင့် ဆေးပေါင်းနို့နှစ်ကို နှစ်ပေါင်းများစွာကြာအောင် သုံးစွဲလာပြီးနောက် သူမ၏ ခန္ဓာကိုယ် ထိုမှ မထူးခြားနေမှသာ ထူးဆန်းလိမ့်မည် ဖြစ်၏။

“ပြီးတော့ သူတစ်ယောက်တည်း ရှိနေတဲ့ အချိန်မျိုးဆို အတွေးထဲ မျောမျောနေတတ်သေးတယ်။ အဲ့လိုအချိုမျိုးဆို သူ့ဘာသာ တစ်ယောက်တည်း ပြုံးနေလို့” ချန်ယွဲ့က ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး “တစ်ခုခုကို သတိရနေတဲ့ ပုံစံမျိုးပဲ”

ထိုစကားကို ကြားသော် ရန်ကိုင် ကြိတ်ပြုံးလိုက်၏။

ချင်းယ နှုတ်ခမ်းလေး ကွေးလိုက်ပြီး ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်၏။ သူမစိတ်ထဲလည်း သံသယတို့ ရှိနေခဲ့၏။ ရန်ကိုင်သည် မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် စုယန်သည် သူ့အား ဤမျှ နှစ်သက်နေရသနည်း။

“ငါတို့ ရေခဲဂိုဏ်းတပည့်တွေ လေ့ကျင့်တဲ့ ရေခဲကျင်စဉ်တွေက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိဖို့ ဆိုရင် လူတစ်ယောက်ရဲ့ နှလုံးသားက သန့်စင်ပြီး အနှောင့်အဖွဲ့ ကင်းနေမှဖြစ်မှာ။ အဲ့ကလေးရဲ့ ချစ်ဆိပ်တက်နေတဲ့ ပုံစံက နင့်ကြောင့်ပဲ ဖြစ်လာရတာ” ချန်ယွဲ့က ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်ရင်း ဒေါမာန်တကြီး ပြောလိုက်၏။ စုယန်၏ ကျင့်ကြံခြင်း နှောင့်နှေးနေရခြင်းသည် ရန်ကိုင်ကြောင့်ဟု တွေးနေသည့် ပုံပင်။

ရန်ကိုင်ကမူ သူမအား အထင်အမြင် သေးသေးဖြင့် စိုက်ကြည့်၍ ရက်ရက်စက်စက် ပြန်ပြောလိုက်၏ “ခင်ဗျားလို ဘွားတော်ကြီးက အချစ်ဆိုတဲ့အရာ ဘယ်လောက်ဆန်းကြယ်မှန်း ဘယ်လိုလုပ်ပြီး သိပါ့မလဲ”

“နင်…” ချန်ယွဲ့၏ ခန္ဓာကိုယ်လေး ပြင်းပြင်းထန်ထန် တုန်ရင်သွားခဲ့ပြီး အံတင်းတင်းကြိတ်လျက် ရန်ကိုင်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမ၏ မျက်နှာသည် ဖြူလျော်နေခဲ့ပြီး အစစ်အမှန်ချီလှိုင်းတို့သည့် မတည်မငြိမ် ဖြစ်လာခဲ့လေ၏။

“ကောင်ဆိုးလေး၊ နင်အဲ့လောက်ပြီး မပြောသင့်ဘူးလားလို့” ချင်ယက ရန်ကိုင်ကို အသာအယာ ပြစ်တင်လိုက်၏။

ရန်ကိုင်ကမူ စိတ်မရှည်သည့် အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ၊ ဆက်ပြောပါဦး”

ချန်ယွဲ့၏ ရင်အစုံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပြီး နှုတ်ခမ်းလေးကို ခပ်တင်းတင်း ကိုက်ထားခဲ့၏။ ချင်ယက နှစ်သိမ့်ပြီးမှပဲ သူမ မျက်ဝန်းထဲရှိ အမုန်းတရားတို့ တည်ငြိမ်လျော့ပါးသွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်၏ “ကျွန်မ ထပ်ပြောဖို့ စိတ်မပါတော့ဘူး”

ရန်ကိုင်က အောင်နိုင်သူတစ်ယောက်ပမာ ရယ်မောရင်း ချင်းယကို ကြည့်လိုက်၏။

ရေခဲဂိုဏ်း၏ ဂိုဏ်းချုပ် ချင်းက သက်ပြင်း ယဲ့ယဲ့လေး ချလိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏ “ငါပဲ ရှင်းပြရတော့မှာပေါ့။ စုယန်ရဲ့ အရည်အချင်းက အရမ်းကို မြင့်လွန်းတယ်။ သူ့ကျင့်ကြံနှုန်းကလည်း အတူတူပဲ။ ဒါကြောင့် အကြီးအကဲချန်လည်း သူ့ကို တပည့်အဖြစ် လက်ခံချင်သွားတာပေါ့။ အငြင်းခံလိုက်ရပေမယ့် ဘာမှ ပြောင်းလဲမသွားခဲ့ဘူး။ သူ့ဘက်သာ ရိုးသားမယ်ဆိုရင် တစ်နေ့ကျ စုယန် ငါတို့ရေခဲဂိုဏ်းထဲ ဝင်လာလိမ့်မယ်လို့ အကြီးအကဲချန်ယွဲ့က ထင်ခဲ့တယ်လေ”

“ကံမကောင်းစွာနဲ့ အဖြစ်အပျက်တွေက ငါတို့ ချောချောမွေ့မွေ့ ဖြစ်မလာခဲ့” ချင်ယက အသာအယာ မျက်မှောင်ကြုံ့လိုက်ပြီး “တစ်နှစ်ကြာပြီးတဲ့နောက်၊ အကြီးအကဲ ချန်ယွဲ့နဲ့ငါက ပြဿနာတစ်ခုကို ရှာတွေ့လိုက်တယ်”

“ဘာပြဿနာလဲ” ရန်ကိုင်က အဆောတလျင် မေးမြန်းလိုက်၏။

“စုယန်က ကျင့်စဉ်တစ်ခုထက်မက လေ့ကျင့်ထားတဲ့ ပုံပဲ။ သူ့ခန္ဓာကိုယ်မှာ မူရင်းရေခဲကျင့်စဉ်နဲ့ အတူပူးတွဲ တည်ရှိနေတဲ့ နောက်ထပ်ကျင့်စဉ် တစ်ခုရှိနေတယ်” ချင်ယက အသာအယာ ခေါင်းခါရမ်းလိုက်ပြီး “အခြား ဘာကျင့်စဉ်ကိုမှ ထပ်မလေ့ကျင့်ဘဲ ရေခဲဓါတ်ကျင့်စဉ် သီးသန့်ကိုသာ လေ့ကျင့်မယ်ဆိုရင် စုယန်ရဲ့ ကျင့်ကြံနှုန်းက ဒီထက် ပိုမြန်မှာ။ အဲ့ကျင့်စဉ်က သူ့ရဲ့ တိုးတက်နှုန်းကို နှောင့်နှေးအောင် လုပ်နေသလိုပဲ”

“နှောင့်နှေးအောင် လုပ်တာလား”

“ဟုတ်တယ်။ ရေတိုမှာ ပြဿနာ မရှိသေးပေမယ့် အဲ့အတိုင်း ဆက်သွားရင် ဖြေရှင်းရ ခက်သွားလိမ့်မယ်။ စုယန်ရဲ့ တိုးတက်နှုန်း ရပ်တန့်သွားရုံမက သူ့ကျင့်ကြံခြင်းပါ ပြန်ယုတ်လျော့သွားနိုင်တယ်” ချင်းယက ရန်ကိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြီး “နင်နဲ့အဲ့ကောင်မလေးက စီနီယာနဲ့ ဂျူနီယာတွေမလား။ အဲ့တော့ သူဘာကျင့်စဉ်ကို လေ့ကျင့်နေလဲ ဆိုတာကို နင်သိမှာပေါ့၊ ဟုတ်တယ်မလား”

“ကျုပ်သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

“ဘာကျင့်စဉ်လဲ” ချင်းယနှင့် ချန်ယွဲ့တို့ နှစ်ယောက်စလုံး မေးလိုက်၏။

“တူနှစ်ကိုယ်ကျင့်စဉ်လေ” ရန်ကိုင်က ရှက်ရွံ့ခြင်း နည်းနည်းမျှပင် မရှိဘဲ ပြောလိုက်၏။

အမျိုးသမီး နှစ်ယောက်စလုံး ရှက်သွေးဖြာသွားခဲ့ပြီး ချန်ယွဲ့က အကျယ်ကြီး အော်ဆဲလိုက်၏ “သူတောင်းစားကောင်း၊ နင်က စုယန်ကို ဒုက္ခရောက်အောင် လုပ်တဲ့ တရာခံပဲ။ နင် သူ့ရဲ့ အပျိုစင်ကို ရယူသွားတာကြောင့်သာ မဟုတ်ရင် အခုအချိန်လောက်ဆို စုယန်က အရမ်းကို ထူးချွန်နေမှာ”

“ခင်ဗျားဘာသိလို့လဲ” ရန်ကိုင်က ပြန်ပြောလိုက်၏။

ယင်ယန်ပေါင်းစည်ခြင်း ကျင့်စဉ်ကို စတင်လေ့ကျင့်ချိန်မှစ၍ စုယန် ဘာမှမဖြစ်ခဲ့ရုံမက သူမအတွက်ပင် အကျိုးရှိခဲ့၏။ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်သည် စုယန်နှင့် ရန်ကိုင်တို့၏ တိုးတက်မှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဟုပင် ဆို၍ ရ၏။

“တူနှစ်ကိုယ်ကျင့်စဉ်လား” ချင်းယ မျက်မှောင် ကြုံ့လိုက်ပြီး “အဲ့လို မကောင်းတဲ့ကျင့်စဉ်ကြီးကို ဘာလို့ လေ့ကျင့်ကြရတာလဲ။ တူနှစ်ကိုယ်ကျင့်စဉ်တွေက ခွန်အားကို မြန်မြန် တိုးတက်အောင် လုပ်ပေးနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ ပုံမှန်ဆိုရင် တူနှစ်ကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ လူတွေရဲ့ အုတ်မြစ်က ခိုင်မာကျစ်လစ်လေ့ မရှိဘူး။ နောက်ပိုင်းကျ ဒုက္ခရောက်လာနိုင်တယ်နော်”

“မဟုတ်တရုတ်တွေ၊ မိန်းမတစ်ယောက်နဲ့ ယောကျာ်း တစ်ယောက် ချစ်ကြိုက်တာက ဘယ်လိုလုပ်ပြီး မကောင်းတာ ဖြစ်သွားရတာလဲ။ ခင်ဗျားတို့ အရမ်းကြီး ရှေးရိုးဆန်လွန်း မနေဘူးလား” ရန်ကိုင်က ချင်းယကို ကြည့်၍ “ပြီးတော့ စုယန်နဲ့ ကျုပ်ရဲ့ အုတ်မြစ် ကျစ်လစ်ခိုင်မလား၊ မကျစ်လစ်ဘူးလား ဆိုတာကို ခင်ဗျားတို့ ကောင်းကောင်းသိမှာပေါ့”

ချင်းယ အတွေးနက်သွားခဲ့၏။

ဘာမဟုတ်သည့် တူနှစ်ကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားမည် ဆိုပါက စုယန် အနေဖြင့် လက်ရှိ ကျင့်ကြံခြင်းနှင့် အုတ်မြစ်ကို ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ချေ။

သို့သော်လည်း စုယန်သည် အဘက်ဘက်၌ လုံးဝကို ပြည့်စုံနေလေ၏။

ရန်ကိုင်ကမူ၊ မသေမျိုး ပထမအဆင့် ကျင့်ကြံခြင်းဖြင့် ချန်ယွဲ့ ကဲ့သို့သော သူတော်စင် ပထမအဆင့် ပညာရှင် တစ်ယောက်ကို ရင်ဆိုင်ရန်မှာ သာမန်ပါရမီရှင်များ လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိတော့၏။ သူတို့ နှစ်ယောက် လေ့ကျင့်ထားသည့် တူနှစ်ကိုယ် ကျင့်စဉ်သည် သူတို့အား ဒုက္ခမရောက်စေရုံမက နှစ်ယောက်စလုံးဆီသို့ အကျိုးကျေးဇူးများပင် သယ်ဆောင်လာပေးသေး၏။

ထိုကဲ့သို့သော ကျင့်စဉ်မျိုး ဤလောကကြီး၌ အမှန်တကယ်ပင် ရှိ၏။ သို့သော် တူနှစ်ကိုယ်ကျင့်စဉ် ဆိုသည်ကို ကြားကြားချင်း အားလုံး တွေးလိုက်မိသည်ကား ဆိုးညစ်သည့် ကျင့်စဉ်များပင် ဖြစ်ပေ၏။ ထို့ပြင် တူနှစ်ကိုယ်ကျင့်စဉ်များ၌ ဘေးထွက်ဆိုးကျိုးများ ရှိနေတတ်သည် မဟုတ်ပေလော။

“ဒီကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ကြတာပေါ့။ ငါတို့ကလည်း တူနှစ်ကိုယ်ကျင့်စဉ်တွေကို လေ့လာဖူးတာမှ မဟုတ်တာ” ချင်းယ၏ မျက်နှာလေးသည် အနည်းငယ် နီးမြန်နေသေး၏။ အမြန်အဆန်ပဲ ခေါင်းစဉ် ချိန်းလိုက်လေ၏ “ဘာပဲဖြစ်ဖြစ်၊ အကြီးအကဲချန်ယွဲ့ အဲ့ကျင့်စဉ်ကို ရှာတွေ့တုန်းက စုယန်ကို အဲ့ကျင့်စဉ် စွန့်လွှတ်ပြီး ရေခဲဓါတ် ကျင့်စဉ်ပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်စေချင်ခဲ့တယ်။ စုယန်သာ အဲ့ကျင်စဉ်ကို စွန့်လွှတ်ပြီး ငါတို့ ရေခဲဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ရေခဲဓါတ်ကျင့်စဉ်ကိုပဲ လေ့ကျင့်မယ် ဆိုရင် သူ့အတွက် မဆုံးနိုင်တဲ့ အကျိုးအမြတ်တွေ ရမှာ”

“ကျုပ်စီနီယာအစ်မ ငြင်းလိုက်တယ်မလား” ရန်ကိုင်က သူမကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“အင်း”

“သူဘာလို့ အဲ့လောက် ခေါင်းမာမာနဲ့ ငြင်းဆန်နေမှန်း ချန်ယွဲ့ကော ငါရော မသိခဲ့ဘူး။ ဒါပေမယ့် အဲ့ကျင့်စဉ်က နင်တို့ နှစ်ယောက်ကို ဆက်သွယ်ပေးနေလို့ အဲ့ကျင်စဉ်ကို သူမစွန့်လွှတ်ချင် ဖြစ်နေတာမှန်း အခုမှပဲ ငါနားလည် သွားတော့တယ်” ချင်ယက အသာအယာ သက်ပြင်းချလိုက်ပြီး “အဲ့ကလေးမလေးက အရမ်းကို အချစ်ကြီးတာပဲ”

“သူ့အချစ်က နင့်လိုလူနဲ့ မထိုက်တန်တာ သနားစရာပဲ” ချန်ယွဲ့က အခွင့်ရေးရလျှင်ရချင်း ရန်ကိုင်အား ချက်ချင်း ပြစ်တင်စကား ဆိုလိုက်၏။

“မဟုတ်တရုတ်တွေ ထပ်ပြောရဲပြောကြည့်၊ ခင်ဗျားတို့ ရေခဲဂိုဏ်းသားတွေကို ကျုပ်ချက်ချင်း သတ်ပစ်လိုက်မှာ” ရန်ကိုင်က ချန်ယွဲ့ကို အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။ ချန်ယွဲ့မှာ အံတင်းတင်းကြိတ်၍ ရန်ကိုင်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေ၏။

ထိုနှစ်ယောက်ကို လျစ်လျူရှု၍ ချင်းယက ဆက်ပြောလိုက်၏ “အကြီးအကဲချန်ယွဲ့ စုယန်ကို အကြိမ်ကြိမ် အကြံပေးခဲ့ပေမယ့် အဲ့ကောင်မလေးက တစ်ခါမှ သဘောမတူခဲ့ဘူးလေ။ ဒီလို့နဲ့ နောက်ဆုံးတော့ အကြီးအကဲချန်ယွဲ့က အဲ့ကျင့်စဉ်ကို အတင်းအကြပ် ဖယ်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် စုယန်က ကြိုသိနေတဲ့ပုံပဲ။ အကြီးအကဲချန်ယွဲ့ ဘာမှ မလုပ်ရသေးခင်မှာပင် အေးခဲခန္ဓာကိုယ်ပိတ်လှောင် နှလုံးသား ပညာကို သုံးပြီး သူ့ကိုယ်သူ အေးခဲပစ်လိုက်တယ်လေ”

ရန်ကိုင်က ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး “ဒီတော့ ကျုပ်စီနီယာအစ်မ အခုလို ဖြစ်သွားရတာ ဒီအမျိုးသမီးကြောင့်ပေါ့”

ပြောနေစဉ်အတွင်း သူ့ဆီမှ သတ်ဖြတ်လိုစိတ်တို့ စတင် စီးထွက်လာခဲ့လေ၏။

ချင်းယ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ပြောလိုက်လေ၏ “စိတ်ငြိမ်ငြိမ်ထားဦး။ အကြီးအကဲ ချန်ယွဲ့လုပ်တာ မဟုတ်မှန်း ငါလည်း သိပေမယ့် သူက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလေ။ ငါတို့ ရေခဲဂိုဏ်းရဲ့ ကျင့်စဉ်က လူတိုင်း သင်ကြားနိုင်တဲ့ အရာမျိုး မဟတု်ဘူး။ သူက စုယန်အတွက်ကို အကောင်းဆုံးကိုမှ လုပ်ပေးဖို့ ကြိုးစားရင်းကနေ စုယန်ကို မတော်တဆ ထိခိုက်အောင် လုပ်သွားမိတာပဲ”

“ခင်ဗျားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေက တကယ်ကို ချီးကျူးစရာပဲ။ ကျုပ်စီနီယာအစ်မအစား ခင်ဗျားကြီးကို ကျေးဇူးတင်ပါတယ်ဗျာ” ရန်ကိုင်က အံကြိတ်၍ နှာခေါင်းရှုံ့လိုက်၏။ သူ့လေသံဆိုလျှင်လည်း ရေခဲတမျှ အေးစက်နေခဲ့၏။

သို့သော်လည်း ယခုတစ်ကြိမ်၌ ချန်ယွဲ့သည် ရန်ကိုင်အား ဘာမှ ပြန်မပြောခဲ့ဘဲ ဆိတ်ဆိတ်သာ နေနေခဲ့၏။

သူမသာ ပြန်ငြင်းလိုက်ပါက ရန်ကိုင် စိတ်လွတ်ပြီး ချက်ချင်း တိုက်ခိုက်နိုင်ပေ၏။ သို့သော် ချန်ယွဲ့ နောင်တရနေသည်ကို မြင်ပြီးနောက် ရန်ကိုင်၏ သတ်ဖြတ်လိုစိတ် သိသိသာသာကို လျော့ကျသွားခဲ့၏။

ထိုမိန်းမသည် စက်ဆုပ်ဖို့ကောင်းသော်ငြား သူမသည် စုယန်အား အမှန်ကတယ် ဂရုစိုက်သည့်ပုံပင်။

ထို့ကြောင့် ရန်ကိုင်လည်း သူမအား ခက်ခဲအောင် ထုပ်လုပ်မနေတော့ချေ။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ရန်ကိုင်က ဖြည်းဖြည်းချင်း ပြောလိုက်၏ “ကျုပ်အခု နားလည်သွားပြီ”

ချင်းယက မျက်ခုံးကြုံ့၍ အသာအယာလေး ပြောလိုက်၏ “တကယ်တော့ ဒါကလည်း ဆိုတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလေ။ အေးခဲခန္ဓာကိုယ် ပိတ်လှောင်နှလုံးသား ပညာရပ်က စုယန်ကို ထိခိုက်အောင် လုပ်မှာမှ မဟုတ်တာ။ သူသာ ဒီအတိုင်း ဆက်နေနေသရွေ့ သူ့ကျင့်ကြံခြင်းက အမြန်အဆန် တိုးတက်လာနေမှာ။ သူနိုးလာတဲ့အချိန်ကျ သူ့ခွန်အား သိသိသာသာကို တိုးတက်လာလိမ့်မယ်”

“သူနိုးလာတဲ့အခါကျ၊ ဟုတ်လား” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်၏ “ဘယ်အချိန် နိုးလာမှာလဲ။ ဆယ်နှစ်လား၊ အနှစ်နှစ်ဆယ်လား။ ဒါမှမဟုတ် အဲ့ထက် ပိုကြာပြီးမှလား”

ချင်းယနှင့် ချန်ယွဲ့တို့ နှစ်ယောက်စလုံး တိတ်နေခဲ့၏။

ရန်ကိုင် မေးခွန်းအတွက် သူမတို့ နှစ်ယောက်စလုံး၍ အဖြေမရှိသေးချေ။

မည်သည့် ရေခဲဂိုဏ်းသားမှ အေးခဲခန္ဓာကိုယ် ပိတ်လှောင်နှလုံးသား ပညာရပ်ကို အဆုံးစွန်အထိ အသုံးမပြုဖူးသဖြင့် စုယန် ဘယ်အချိန် နိုးလာမလဲ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့၏။ ထိုကိစ္စကို ဖြေရှင်းရန် နည်းလမ်းတစ်ခု မရှာနိုင်ပါက စုယန် တစ်သက်လုံး နိုးမလာနိုသည်မှာလည်း ဖြစ်နိုင်၏။

“ကတိပေးထားတဲ့အတိုင်း ရှင်းပြပြီးသွားပြီ ဆိုတော့ ငါတို့ရေခဲဂိုဏ်းသာ နှစ်ရာကျော်တွက်…” ချင်းယက မေးလိုက်၏ “ရေခဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့ ငါ့တပည့်တွေကိုသာ လွှတ်ပေးသဖြင့် ဘယ်သူမှ နင့်ကို ခက်ခဲအောင် မလုပ်စေရဘူးလို့ ငါအာမခံတယ်”

ရန်ကိုင်က ချင်းယကို နက်နက်နဲနဲ စိုက်ကြည့် နေပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်၏။

ချင်းယ၊ ချန်ယွဲ့နှင့် အခန်းထဲမှ ပြန်ထွက်လာပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ပြန်ဆင့်ခေါ်လိုက်လေ၏။

ချွင်းချက် နှစ်ယောက်ဖြစ်သော ရေခဲးဂိုဏ်း၏ သူတော်စင်အဆင့် ပညာရှင်နှစ်ယောက်တော့ မပါချေ။ နှစ်ယောက်စလုံးသည် ရန်ကိုင်၏ အကူအညီကို ငြင်းဆန်ခဲ့၏။ သူတို့၏ ကိုယ်ပိုင် စိတ်စွမ်းအင်ဖြင့် ထိုနယ်ခြားရှေးဟောင်း အင်းဆက်များကို သူတို့၏ အသိစိတ်ပင်လယ်ထဲ ရှင်းထုတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည့်ပုံပင်။

တပည့်များ ဘာအန္တရာယ်မှ မရှိမှန်း သေချာသွားတော့မှပဲ ချန်းယွဲ့ ကျန်သူများ စိတ်သက်သာရာ ရသွားခဲ့၏။

All Chapters