← Chapters

အခန်း (၇၃၆-၇၄၀)

Vol. 30 Ch. 736-740

အခန်း (၇၃၆-၇၄၀)

Vol. 30 Ch. 736-740

အပိုင်း(၇၃၆) အချိန်ဖြုန်းမနေနဲ့

——————————————————————

ဤတစ်လအတွင်း ရန်ကိုင်သည် ရေခဲဂိုဏ်းထဲနေ၍ စုယန်ဘေးတွင် တစ်ချိန်လုံး အချိန်ဖြုန်းခဲ့၏။

ထိုအချိန်အတွင်း ရေခဲခန်းတစ်ခုတွင်း၌၊ ရေခဲဂိုဏ်းချုပ်၊ သူတော်စင်အဆင့် အကြီးအကဲ လေးယောက်တို့သည် အချင်းချင်း ငြင်းခုံနေခဲ့ကြ၏။ အကြီးအကဲလေးယောက်သည် သူတို့၏ ဆိုင်ရာဆိုင်ရာ အထင်အမြင်များကို အသည်းအသန် ပြောဆိုနေချိန် ဂိုဏ်းချုပ်သည် သူမ၏ ရေခဲသလင်းထိုင်ခုံထက် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။

ရန်ကိုင် ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် သူတော်စင်အဆင့် အကြီးအကဲတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “အဲ့ကောင်လေးက အရမ်းကို ရက်စက်တယ်။ ဘယ်လို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံး၍ ဝိဥာဉ်ဝါးမြို အင်းဆက်တွေကို ထိန်းချုပ်ထားလဲ ဆိုတာကိုလဲ မသိဘူး။ ပြီးတော့ ကျုပ်တို့ ဂိုဏ်းသားတွေကိုလည်း ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သေးတယ်။ အဲ့ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ကို ရေခဲဂိုဏ်းကနေ မြန်မြန် ထုတ်ပယ်သင့်တယ်”

ရန်ကိုင်ကြောင့် ဒုက္ခရောက်ခဲ့ရသည့် အခြား သူတော်စင် အဆင့် ပညာရှင်တစ်ယောက်ကလည်း “ကျုပ်လည်း အဲ့လိုပဲထင်တယ်”

ပြောပြီးသည်နှင့် ချင်ဟောင်ဘက်လှည့်၍ မေးလိုက်၏ “ညီအစ်ကိုနဲ့ညီမချန်တို့ကော ဘယ်လိုထင်လဲ”

“သူထွက်သွားရမယ်” ချန်ဟောင်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏ “ငါတို့ ရေခဲဂိုဏ်းက သန့်စင်တဲ့ ကုန်းမြေတစ်ခု၊ ဒါပေမယ့် သူက စိတ်ရှိတိုင်း သောင်းကျန်းဖျက်စီးသွားတာ။ သူ့လုပ်ရပ်က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး”

ချန်ယွဲ့က ဘာမှမပြောသော်ငြား သူမ မျက်နှာ အမူအရာ သူမသည်လည်း ရန်ကိုင်ကို ရေခဲဂိုဏ်းမှ ထွက်သွားစေချင်သည့် ပုံပင်။

“ဂိုဏ်းချုပ်” ချန်ဟောင်က ချင်းယဘက်လှည့်၍ “အခု သူ့ကို ထွက်သွားခိုင်းရင် မကောင်းဘူးလား။ ရေခဲဂိုဏ်းထဲမှာ သူ့ကို နေခိုင်းတာက တကယ်ကို မသင့်တော်ဘူးနော်”

ချင်းယက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဘာလို့ သူ့ကို ဒီလောက်တောင် မောင်းထုတ်ချင်နေရတာလဲ။ သူ့နည်းလမ်းတွေက ရက်စက်တယ် ဆိုပေမယ့် သူ့ဘက်က ကြည့်မယ်ဆိုရင် သူ့မှာလည်း ရွေးစရာမှ မရှိတော့တာ။ ပြီးတော့ ငါတို့ တပည့်တွေရဲ့ အသက်နဲ့ ငါတို့ကို ခြိမ်းခြောက်ခဲ့တယ် ဆိုပေမယ့် ဘယ်တပည့်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာမျိုး မရှိဘူးလေ။ ရက်နည်းနည်းလောက် နားလိုက်တာနဲ့ ပြန်သက်သွားမယ့် လူတွေချည်းပဲ။ တံခါးကို ဖြတ်ကူးပြီးပြီးချင်း ဖျက်စီးပစ်တာက သင့်လျော်တဲ့ လုပ်ရပ်တစ်ခု မဟုတ်ဘူးနော်”

သူမ၏ မျက်းဝန်းလှလှလေးများ လက်သွားခဲ့ပြီး ဆက်ပြောလိုက်၏ “ပြီးတော့ သူက သူ့စီနီယာအစ်မကို ရှာဖို့ ဒီကို လာခဲ့တာလေ။ ဒါပေမယ့် အခုလောလောဆယ် စုယန်က အိမ်မောကျနေတယ်။ သူဘယ်အချိန် နိုးလာမလဲ ဆိုတာကိုလဲ ငါတို့ သိတာမဟုတ်ဘူး။ သူ့ကိုသာ အတင်းအကြပ် မောင်းထုတ်မယ်ဆိုရင် တော်ကြာ စိတ်လွှတ်ပြီး ဟိုအင်းဆက်တွေကို နောက်တစ်ကြိမ် ထပ်လွှတ်နေမဖြင့် အကုန် ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်လိမ့်မယ်”

“အဲ့လိုဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။ သူ့ကို ဒီအတိုင်းပဲ ဆက်နေခိုင်းရမှာလား”

“စုယန်ကိုပါ သူနဲ့ထည့်ပေးပြီး ထွက်သွား ခိုင်းသင့်တယ်လို့ ထင်တာပဲ” ချန်ဟောင်က အကြံပေးလိုက်၏ “အဲ့လူအိုကြီး လာတုန်းက တစ်ယောက်ယောက်က စုယန်ကို လာရှာလိမ့်မယ်လို့ ပြောသွားခဲ့တယ်လေ။ သူ့ကို အရှက်မခွဲသင့်ဘူး။ ဒီကိစ္စကို ဒီမှာတင်ရပ်ပြီး စုယန်ကိုပါ သူနဲ့အတူ ဘာလို့ မထည့်ပေးလိုက်ရမှာလဲ”

ထိုစကားကို ကြားသော် ချန်ယွဲ့ မျက်မှောင် ကြုံ့သွားခဲ့ပြီး “အစ်ကိုကြီး၊ စုယန်က အခုပုံစံမျိုးနဲ့ သူ့ကို အဲ့ကောင်လေး လက်ထဲ မထည့်ပေးရက်ဘူး”

သူမသည် ရန်ကိုင်ကို မုန်းသော်လည်း စုယန်ကို အရမ်း နှစ်သက်ပေ၏။ ထို့ကြောင့် စုယန် အသက် အန္တရာယ်ရှိမည့် မည်သည့် ဆုံးဖြတ်ချက်ကိုမှ သူမ သဘောတူလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပြတ်ပြတ်သားသားဖြင့် ခေါင်းခါရမ်းလိုက်၏ “အဲ့ဆုံးဖြတ်ချက်ကို ကျွန်မ သဘောမတူဘူး”

“ကောင်းပြီ” ချင်းယက သူမလက်ကို ဝှေ့ရမ်းလိုက်ပြီး “ငါတို့ဘာသာ အရင်မဆုံးဖြတ်သေးဘူး။ ငါမြင်သလောက်ဆို အဲ့ကောင်လေးက စုယန်ကို အရမ်း တန်ဖိုးထားတဲ့လူပဲ။ လွန်ခဲ့တဲ့ တစ်လလုံးလုံး အခန်းထဲကနေ မထွက်ဘဲ နေတာကိုကြည့်ရင် နင်တို့လည်း သိမှာပေါ့။ သူ့မှာ ဘာအစီအစဉ် ရှိသေးလဲ သိရအောင် ငါသူနဲ့ အရင်စကား သွားပြောလိုက်မယ်။ သူ့ဘာသာ ရေခဲဂိုဏ်းကနေ ထွက်သွားချင်ရင်လည်း ထွက်သွားမှာပေါ့”

ထိုစကားကို ကြားသော် အကြီးအကဲလေးယောက် ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့၏။

အမျိုးသား အကြီးအကဲလေးယောက် ထွက်သွားပြီး ချန်ယွဲ့ နေရစ်ခဲ့။ ထို့နောက် အမြန်အဆန် ပြောလိုက်၏ “ဂိုဏ်းချုပ်၊ ကျွန်မလည်း လိုက်မယ်”

ချင်းယက အသာအယာ ခေါင်းညိတ်၍ စုယန် ရှိရာအရပ်ဆီ ပျံသန်းသွားလိုက်လေ၏။

ခဏအကြာ၌ သူတို့နှစ်ယောက် ရေခဲခန်းရှေ့ ရောက်လာခဲ့၏။ တံခါးကို အသာအယာ ခေါက်လိုက် သော်လည်း မည့်သည့် တုန်ပြန်မှုမှ မရရှိခဲ့၏။ အခန်းထဲရှိ ပုံမှန်မဟုတ်သော ချီစွမ်းအင်လှိုင်းများကို ခံစားမိရာ ချင်းယ မျက်မှောင်ကြုံ့သွားခဲ့ပြီး တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားလေ၏။

ယခုအချိန်တွင် အခန်းထဲ၌ အရိုးကွဲမတတ် အအေးဓါတ်အပြင် ပူပြင်းလှသော စွမ်းအင်တို့လည်း စီးဆင်းနေခဲ့၏။ တစ်ချက် ကြည့်ကြည့်လိုက်ပြီးနောက် ချင်းယ သူမ၏ ပါးစပ်လေးကို အလန့်တကြား လက်ဖြင့် အုပ်လိုက်၏။

ရန်ကိုင်သည် သူ့လက်အစုံကို စုယန် ရင်ဘတ်ပေါ် တင်၍ သူ့ကိုယ်မှ အစစ်အမှန်ချီလှိုင်းတို့ ရူးသွပ်စွာ လှိုက်တက်နေခဲ့၏။

“အရူးကောင်၊ နင်ဘာလုပ်နေတာလဲ” ချန်ယွဲ့က အလန့်တကြား အော်ဟစ်ရင်း ပြေးထွက်သွားကာ ရန်ကိုင်ကို ပိတ်ရိုက်ရန် ပြင်လိုက်၏။

ရန်ကိုင်က ခုခံမည့် အရိပ်အယောင် မပြဘဲ အေးစက်စက် အကြည့်ဖြင့်သာ သူမကို ပြန်စိုက်ကြည့်လိုက်၏။

ချန်ယွဲ့ နှလုံး ခုန်ပေါက်သွားခဲ့ပြီး သူမလက်ကို ရန်ကိုင်အား မထိခင်မှာပင် ရပ်တန့်လိုက်၏။ ထို့နောက် အံတင်းတင်းကြိတ်ကာ နောက်တစ်ကြိမ် ထပ်မေးလိုက်၏ “နင်ဘာလုပ်နေတာလဲ”

“ခင်ဗျားသောက်ကြောင်း မဟုတ်ဘူး” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်၏။

ချင်ယက အမြန်အဆန် ရှေ့တက်လာလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏ “အဲ့လိုမလုပ်နဲ့၊ အဲ့လိုလုပ်ရင် စုယန်ကို ထိခိုက်သွားစေနိုင်တယ်နော်”

“ကျုပ်လုပ်နေတာ ကျုပ်သိတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏။

စုယန်ကို မနာကျင်ဆုံးကို လူကို ပြောပါဆိုလျှင် သူ့ကိုသာ လက်ညိုးထိုးပြရပေမည်။ တစ်ခုခုကို ကြိုးစားကြည့်လိုက်သည့် အခါတိုင်း စုယန်အား မထိခိုက်အောင် သတိကြီးကြီးထားပြီး လုပ်လေ့ ရှိ၏။

“စုယန်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာလား” ချင်းယက တွေးတွေးဆဆဖြင့် မေးလိုက်၏။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။

သူနှင့် စုယန်သည် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လေ့ကျင့်ထား၏။ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်တွင် အဆင့်သုံးဆင့် ရှိ၏။ ပထမအဆင့်တွင် ခန္ဓာကိုယ်ချင်း ထိကပ်ရန် လိုအပ်၏။ ဒုတိယအဆင့်တွင်မူ ခန္ဓာကိုယ်ချင်း ထိကပ်ရန် မလိုအပ်တော့ဘဲ အကွာအဝေး တစ်ခုအတွင်း ရှိရန်သာ လိုတော့၏။ ထိုသို့ ရှိနေစဉ် သူတို့၏ အစစ်အမှန်ချီသည် စက်ဝန်းတစ်ခုပမာ ပေါင်းစပ် လည်ပတ်နေမည်ဖြစ်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် သန့်စင်ပေးနိုင်၏။ ကျင့်ကြံသည်ဖြစ်သည်၊ တိုက်ခိုက်သည် ဖြစ်စေ၊ ထိုစိတ်ချင်းဆက်စပ်နေသော အခြေအနေ၌ သူတို့၏ တိုက်ပွဲစွမ်းအားသည် သာမန်ထက် ပိုမို မြင့်မားနေပေလိမ့်မည်။

လက်ရှိအချိန်၌ စုယန်သည် ရေခဲလွှာထဲ အေးခဲနေ၏။ ထို့ကြောင့် ပထမအဆင့်ကို သုံး၍မရ၊ ရေခဲသည် သူမ၏ အစစ်အမှန်ချီမှ ဖြစ်ပေါ်လာသည်ဖြစ်ရာ ရန်ကိုင်လည်း သူမအား ထိခိုက်မည် ဆိုးသဖြင့် ထိုရေခဲလွှာကို မဖျက်စီးရဲချေ။

ထို့ကြောင့် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်၏ ဒုတိယအဆင့်ကို သုံး၍ စုယန်နှင့် ဆက်သွယ်ရန် ကြိုးစားရုံသာ ရှိတော့၏။

သို့သော် အချိန်အတော်ကြာအောင် ကြိုးစားပြီးနောက် မည်သည့် တိုးတက်မှုမှ မရှိခဲ့။ စုယန်သည် သူ့အား တစ်ကြိမ်တစ်ခါမှ မတုန့်ပြန်ခဲ့။

“အကျိုးမရှိတဲ့ အလုပ်ကို ဆက်လုပ်နေစရာ မလိုဘူး။ နင်တို့ တူနှစ်ကိုယ်ကျင့်စဉ်က ဘယ်လိုကျင့်စဉ်မျိုးလဲ ငါမသိပေမယ့် အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ်ကို ငါတို့ ရေခဲဂိုဏ်းရဲ့ အဓိကသိုင်းပညာရပ်ကြီး တွေထဲက တစ်ခုပဲ။ သုံးလိုက်ပြီးဆိုတော့ အာရုံအလုံးစုံကို ဆုံးရှုံးလိုက်ရပြီပဲ။ နင်တို့ တူနှစ်ကိုယ်ကျင့်စဉ်က ငါတို့ အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ်နဲ့ နှိုင်းယှဉ်နိုင်မှာ မို့လို့လား” ချန်ယွဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောဆိလိုက်၏။

ရန်ကိုင်ကမူ မျက်မှောင်သာ ကြုံ့လျက် သူမ ပြောသည်ကို မကြားချင်ယောင် ဆောင်နေခဲ့၏။

လွန်ခဲ့သည့် လဝက်အတွင်း မည်သည့် တိုးတက်မှုမှ မရှိခဲ့။ သို့သော်လည်း သူ့မျှော်လင့်ချက်ဆို၍ ယင်ယန် ပေါင်းစည်းခြင်း တတိယအဆင့်ကို စတင်ရန် ကြိုးစားရုံသာ ရှိတော့၏။ အလုပ်မဖြစ်လျှင် လက်လျှော့၍ စုယန် နိုးလာမည်ကို စောင့်ရန်သာ ရှိတော့၏။

စုယန်ကို အတင်းကြပ် မနိုးချင်ချေ။ အေးခဲခန္ဓာကိုယ် ပိတ်လှောင်နှလုံးသား ပညာရပ်သည် စုယန်ကို မည်သည့် ထိခိုက်မှုမဖြစ်စေသည့် အပြင် သူမကိုပင် အကျိုးပြုနေသေး၏။ ထို့ကြောင့် မဆင်မခြင် လှုပ်ရှားစရာ မလိုချေ။

ရန်ကိုင်သည် သူမနှင့် ဆက်သွယ်၍ သူမ ဘာတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ ဆိုသည်ကို သိချင်ရုံပင်။

စုယန်သာ ရေခဲဂိုဏ်း၌ ဆက်မနေချင်ဘူး ဆိုပါက သူမကို ဂိုဏ်းထဲမှ ချက်ချင်း ခေါ်ထုတ်သွားပေမည်။ သို့သော သူမက နေချင်သည်ဆိုလျှင် ရန်ကိုင်လည်း သူမ၏ ဆန္ဒကို လေးစားရပေမည်။ တကယ်တော့ ရေခဲဂိုဏ်းသည် စုယန်အတွက် သုခဘုံကြီးပင် မဟုတ်လေလော။ တုန်းရွှမ်လောကကြီးသည် အရမ်းကိုမှ ကျယ်ပြောလှရာ ရေခဲဂိုဏ်းကဲ့သို့ စုယန်နှင့် လုံးဝ လိုက်ဖက်သည့် နေရာတစ်ခုကို ထပ်ရှာရန် အရမ်းကိုမှ ခက်ခဲပေလိမ့်မည်။

ရန်ကိုင် အတွေးနက်နေသည်ကိုမြင်သော ချန်ယွဲ့က အေးစက်စက်ဖြင့်သာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

ချင်းယက အသာအယာ သက်ပြင်းချလိုက်ပြီး “ရန်ကိုင်၊ အလျင်လိုရင် အမှားပါတတ်တယ်တဲ့။ နင်အရမ်းကြီး စိတ်စောမနေသင့်ဘူး”

ရန်ကိုင်က ပြုံးကာ ချင်းယကို ကြည့်၍ “ဒါက ခင်ဗျားတို့ ရေခဲဂိုဏ်းရဲ့ သိုင်းပညာရပ်တစ်ခု ဖြစ်မှတော့ ဒီသိုင်းပညာရပ်ကို ပြန်ဖြေနိုင်မယ့် နည်းလမ်း ရှိလား”

ချင်းယက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီး “ဒီပညာရပ်ကို သုံးလိုက်တဲ့လူကိုယ်တိုင် မဖြေသရွေ့ ဒီအတိုင်း ဆက်ရှိနေဦးမှာပဲ”

“ကျုပ်နားလည်ပြီ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။

“ရန်ကိုင်၊ ငါ့မှာ မေးစရာတစ်ခုရှိတယ်” ချင်းယန်က ကိုးယိုးကားယား အမူအရာဖြင့် တစ်ခဏတာ တုန့်ဆိုင်း နေပြီးနောက် မေးလိုက်၏။

“ကျုပ်ဘယ်တော့ ထွက်သွားမလဲလို့ မေးချင်နေတာ မလား” ရန်ကိုင်က ရွှတ်နောက်နောက် အပြုံးဖြင့် ကြားဖြတ် ပြောလိုက်၏။

ချင်းယက ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ သူမ မေးမည့် မေးခွန်းကို ထိုလူငယ်လေး ကြိုသိနေမည်ဟု ချင်းယ မထင်ထားခဲ့။ ထိုကြောင့်အ မြန်အဆန် ပြောလိုက်၏ “ငါနင့်ကို မောင်းထုတ်ချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ ရေခဲဂိုဏ်းမှ အပြင်လူတွေ လက်မခံတာကို နင်းလည်သိတာပဲလေ။ စုယန်က နင်နဲ့မတူဘူး။ နင့်ရဲ့ တည်ရှိမှုက ငါတို့ ရေခဲဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်နေတယ်”

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိတ်ပူမနေနဲ့။ ကျုပ်က ဒီမှာ အကြာကြီး နေမှာမဟုတ်ဘူး။ ဒီအေးခဲနေတဲ့ ပတ်ဝန်းကျင်ကြီးက ကျုပ်အတွက် တကယ်ကို မကောင်းတာ” ရန်ကိုင်က နှုတ်ခမ်းအစုံကို ကွေးလိုက်ပြီး “ဒါပေမယ့် အခုလောလောဆယ်တော့ ကျုပ်ထွက်သွားဦးမှာ မဟုတ်သေးဘူး။ ရက်နည်းနည်းလောက် တံခါးပိတ်နေလိုက်ဦးမယ်။ ကျုပ်ကို ဘယ်သူမှ လာမနှောင့်ယှတ်ဖို့ မျှော်လင့်ပါတယ်”

“ဒီမှာ တံခါးပိတ်နေမှာလား” ချင်းယက ရန်ကိုင် ဆိုလိုရင်းကို အမြန်အဆန် သဘောပေါက်သွားပြီး မေးလိုက်၏ “စုယန် အသိစိတ်နဲ့ ဆက်သွယ်မိအောင် က ကြိုးစားချင်နေသေးတာလား”

“ကောင်စုတ်လေး၊ လက်လျှော့ပြီး ထွက်သွားဖို့ ငါအကြံပေးချင်တယ်” ချန်ယွဲ့က ပြောလိုက်၏ “အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ်ကို အသုံးပြုထားတဲ့လူနဲ့ ဘယ်သူမှ မဆက်သွယ်နိုင်ဘူး။ အချိန်ဖြုန်းနေတာ ရပ်လိုက်ရင် ကောင်းမယ်။ စုယန်ကို ဒီမှာပဲ ထားခဲ့လိုက်။ ရေခဲဂိုဏ်းထဲ ဝင်ဝင်မဝင်ဝင်၊ ငါသူ့ကို စောင့်ရှောက်ပေးမယ်။ နင်ဝင်ရှုပ်ဖို့ မလိုဘူး”

“ခင်ဗျား စောင့်ရှောက်ပေးစရာ မလိုဘူး” ရန်ကိုင်က ချန်ယွဲ့အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည်လိုက်ပြီး ချင်းယဘက်လှည့်ကာ “ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး ဒီဂျူနီယာရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ”

“ကောင်းပြီလေ” ချင်းယက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်၏ “ငါနင့်ကို ဂိုဏ်းထဲမှာ နေခွင့် ပေးမယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ပဲနော်။ နင်တံခါးပိတ် နေတာထက် ထွက်လာရင် စုယန် အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ကို ထွက်သွားရလိမ့်နော်။ စုယန်ကို ခေါ်ပြီးထွက်သွားသွား ဒီမှာပဲထားထား၊ ငါတို့ ရေခဲဂိုဏ်းက ဝင်ရှုပ်မှာ မဟုတ်ဘူး”

“ဂိုဏ်းချုပ်ချန်ကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။ ချင်းယသည် ချန်ယွဲ့ထက် ပြောရဆိုရ ပိုလွယ်၏။ ထို့ပြင် သူမက ငယ်ရွယ်လှပပြီး နွေးထွေးကြင်နာလှ၏။ သူမသည် ဘဏ္ဏာထိန်းမန်၏ မိတ်ဆွေတစ်ယောက် မည်ကဲ့သို့ ဖြစ်နေသည်ကို ရန်ကိုင် ဘယ်လိုမှ စိတ်မကူးနိုင် ဖြစ်နေခဲ့၏။

လူအိုကြီးမန်ဝူနှင့် ဂိုဏ်းချုပ်ချင်းယတို့ အတူယှဉ်တွဲ ရပ်နေသည်ကို စဉ်းစားမိရုံနှင့်ပင် ရန်ကိုင် သနားမိသွား၏။ နွားချေးပုံထဲ မှာ ပန်းလှလှလေးတစ်ပွင့် ပွင့်နေသလိုပါလား…

ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ရန်ကိုင် မျက်နှာ အမူအရာ ထူးဆန်းသွားခဲ့၏။

ရန်ကိုင်၏ ထူးဆန်းသော အမူအရာကိုမြင်သော ချင်းယ မျက်မှောင်ကြုံ့လိုက်၏။ သို့သော် ဘာမှ မမေးဘဲ ချန်ယွဲ့ကိုခေါ်ကာ အခန်းထဲမှ ထွက်သွားလေ၏။

သူတို့ ထွက်သွားပြီးနောက် ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ့ရှေ့ထက် လဲလျောင်း အိမ်စက်နေသော ရေခဲနတ်သမီးလေးကို ကြည့်လိုက်၏။ ကြည့်နေရင်း သူ့အကြည့်ထဲ ကြင်နာရိပ်တို့ ရစ်သိုင်းလာခဲ့၏။

တစ်ခဏတာ စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က မျက်လုံးပိတ်၍ စုယန်ရင်ဘတ်ပေါ် လက်တင်ကာ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်လိုက်၏။

ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်၏ တတိယ အဆင့်သည် ဝိဥာဉ်နှစ်ခုကို ပေါင်းစပ်ခြင်းပင်။

အတိတ်တုန်းက ရန်ကိုင်နှင့် စုယန်သည် နှလုံးသားနှင့် ဝိဥာဉ်တစ်သားတည်း အဆင့်သို့ ရောက်ရှိခဲ့၏။ သို့သော် ဝိဥာဉ်ချင်းတော့ တစ်ခါမှ မပေါင်းစပ်ဖူးချေ။

ယခုအချိန်၌ ရန်ကိုင်သည် ထိုနည်းလမ်းကို သုံး၍သာ စုယန်နှင့် ဆက်သွယ်ရုံ တတ်နိုင်ခဲ့၏။

စုယန်ကိုယ်ထဲ အစစ်အမှန်ချီ အဆက်မပြတ် ဖြည့်သွင်း၍ ကောင်းကင်စိတ်အာရုံဖြင့် သူမအား ထပ်တလဲလဲ ခေါ်နေခဲ့သော်ငြား စုယန်ထံမှ မည်သည့် တုန့်ပြန်မှုကိုမှ မရရှိခဲ့၏။

ယခုအချိန်၌ စုယန်သည် အိပ်စက်နေသော ရေခဲအရုပ်မလေး တစ်ခုနှင့်ပင် တူနေသေး၏။

ရန်ကိုင် စိတ်ဓါတ်ကျမသွားခဲ့။ ထိုနည်းလမ်းကိုသုံး၍ စုယန်နှင့် ဆက်သွယ်နိုင်ရန် ထပ်ခါတလဲလဲ ကြိုးစားနေခဲ့၏။

သူနှင့်စုယန်၏ ဖြတ်မရသော နှောင်ကြိုးကြောင့် ဤအခက်အခဲကို ကျော်လွှားနိုင်မည်ဟု ရန်ကိုင်စိတ်ထဲ ယုံကြည်နေခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၃၇) ဝိဥာဉ်ချင်းပေါင်းစပ်ခြင်း

အချိန်ကြာလာသည်နှင့် ရေခဲဂိုဏ်းသည်လည်း တဖြည်းဖြည်း ပြန်လည်ဆိတ်ငြိမ်လာခဲ့၏။ ရေခဲတောင်၏ အခန်းတစ်ဆီမှ ထွက်ပေါ်နေ‌သော ပူပြင်းလှသည့် အရှိန်အဝါတစ်ခုကို အကြီးအကဲများ ခံစားမိနေသာ်လည်း ဂိုဏ်းချုပ် ချင်းယ၏ အမိန့်ကြောင့် ထိုနေရာသို့ မည်သူမှ မသွားခဲ့ကြ။

ဆယ်ရက်၊ တစ်လ၊ နှစ်လ… ထိုပူပြင်းလှသည့် အရှိန်အဝါသည် တစ်ကြိမ်တစ်ခါမှ ရပ်တန့်သွားခဲ့ခြင်း မရှိခဲ့။ အချိန်နှင့်အမျှ ပိုမို ပြင်းထန်သထက်သာ ပြင်းထန် လာနေခဲ့၏။

ရေခဲဂိုဏ်း၏ သူတော်စင်အဆင့် ပညာရှင်များသည် ရန်ကိုင်ကို အမြင်မကြည်သော်ငြား သူ၏မဆုတ်မနစ်သော ဇွဲလုံ့လကို အထင်ကြီးမိ၏။

အချိန်နှင့်အမျှ ချင်းယနှင့် ချန်ယွဲ့သည် စုယန်ရှိရာ ရေခဲတောင်ဆီ လှမ်းလှမ်းကြည့်ပြီး သက်ပြင်းချတတ်၏။

ရေခဲခန်းထဲ၌ ရန်ကိုင်သည် တူညီသော လှုပ်ရှားမှုများကိုသာ ထပ်တလဲလဲ လုပ်ဆောင်နေခဲ့၏။ အစစ်အမှန်ချီကို ထုတ်လွှတ်လိုက်၊ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်လိုက် လုပ်ရင်း စုယန်၏ အသိစိတ်နှင့် ဆက်သွယ်နိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားနေခဲ့၏။

အစပိုင်း၌ မည်သည့် တုန့်ပြန်မှုမှ မရှိခဲ့။ သို့သော် အချိန်ကြာလာသည့်အခါ သူ့တုန့်ပြန်မှုကို အကြောင်းပြန်ရန် ကြိုးစားနေသည့် အားနည်းလှသော ကောင်းကင်စိတ်အာရုံလှိုင်း ယဲ့ယဲ့လေးများကို ရန်ကိုင် ခံစားမိလိုက်၏။

ထိုအချက်ကို သဘောပေါက်သည်နှင့် ရန်ကိုင် အားတက်သွားခဲ့ပြီး ချက်ချင်း အားစိုက်ထုတ်တော့၏။

အချိန် စီးဆင်းမှုကိုပင် မေ့လျောသွားခဲ့ပြီး နွမ်းနယ် ပင်ပန်းမှုတစ်ခုကိုသာ ခံစားမိနေခဲ့၏။

ရုတ်တရက် သူ့ကောင်းကင်စိတ်အာရုံသည် နက်ရှိုင်းလှသော အမှောင်ထုကြီးတစ်ခုထဲ ကျဆင်းသွားသလို ခံစားလိုက်ရ၏။

ရေခဲတမျှ အေးစက်သော အအေးဓါတ်သည် သူ့ဝိဥာဉ်အတွင်းပိုင်းထဲသို့ စိမ့်ဝင်လာခဲ့၏။ မျက်းလုံးဖွင့်၍ ပတ်ပတ်လည်ကို လှည့်ပတ် ကြည့်လိုက်မိ၏။ သို့သော် မြင်မြင်သမျှ အရာတိုင်းသည် မှောင်မိုက်မှုမှတစ်ပါး အခြားမရှိ။ ခံစားမိနေသည့် တစ်ခုတည်းသော အရာသည်ကား သူ့နှလုံးသားကို ဖျစ်ညစ်ဆုပ်ကိုင်ရန် ကြိုးစားနေသည့် အအေးဓါတ်ပင်တည်း။

ထိုဘာမှမရှိသော အမှောင်ထုကြီးသည် အဖော်မဲ့၊ အထီးကျန် ခံစားချက်ကို ထုတ်လွှတ်နေသော်လည်း ထိုခံစားချက်များကြား တစ်ယောက်ယောက် ခေါ်သံ ယဲ့ယဲ့လေးကို သူကြားနေမိ၏။

သူ့စိတ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ဤနေရသည် စုယန်၏ စိတ်စွမ်းအင်လောကကြီး ဖြစ်မယ်မှန်း တန်းသိလိုက်၏။

အေးခဲခန္ဓာကိုယ် ပိတ်လှောင်နှလုံးသား ပညာရပ်ကို အသုံးပြုထားသည့်အတွက် စုယန်၏ စိတ်စွမ်းအင် လောကကြီး မောင်မိုက်ဗလာဖြစ်နေသည်မှာ နားလည်၍ ရ၏။ သို့သော် ရန်ကိုင်၏‌ ခေါ်သံကို တုန့်ပြန်ရန် ကြိုးစားနေသည့် အသိစိတ် အမျှင်တန်းလေး တစ်ခု ရှိနေခဲ့၏။ သို့သော် ၎င်းသည် အိမ်မက်ဆိုးထဲ ကျဆင်းသွားသည့် အလား အနက်ရောင် အကျဉ်းထောင်ကြီးမှ ရုန်းမထွက်လာနိုင် ဖြစ်နေခဲ့၏။

ရန်ကိုင်သည် သွေးရူးသွေးတန်းဖြင့် ထိုအော်သံ အမျှင်တန်းလေးကို ခေါင်းမပါသည့် ယင်ကောင် တစ်ကောင်လို ရှာဖွေနေခဲ့၏။ သို့သော် သူ့သွားနေသည့် လမ်းခရီးသည် ဘယ်တော့မှ အဆုံးသတ်မည့် ပုံမပေါ်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း အမှောင် ထုကြီးထဲ အယောင်ယောင် အဝါးဝါးဖြင့် ရှာဖွေနေခဲ့၏။

နောက်ဆုံး၌ နေရာတစ်ခုစီမှ ပုံမှန်မဟုတ်သည့် စိတ်စွမ်းအင်လှိုင်း အချို့ကို ခံစားမိလိုက်ရာ ရန်ကိုင် သွားနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးပိတ်ကာ ထိုနေရာကို သေချာ စစ်ဆေးလေ၏။

ခဏအကြာ၌ မျက်လုံးဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်၏။ သူ့ရှေ့ရှိ မည်းမှောင်နေသော လေဟာနယ်သည် လင်းထိန်လာခဲ့၏။

ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ထိုအလင်းရှိရာဆီသို့ အမြန်အဆန် ပြေးသွားလေ၏။ တဖြည်းဖြည်း နီးကပ် လာသည်နှင့် ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းသည် စုယန်၏ စိတ်စွမ်းအင်ပင်။

အလင်းသည် တောက်ပသထက် တောက်ပလာခဲ့ပြီး နောက်ဆုံး ၎င်းကို ရန်ကိုင် ဖြတ်သွားသည့်အချိန်၌ သူ့အား ဝန်းရံနေသည့် အမှောင်ထုကြီး ပျောက်ကွယ် သွားခဲ့၏။

ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် အရမ်းကိုမှ ရင်းနှီးနေသော နေရာတစ်ခုကို ရောက်နေသောကြောင့်ပင်။

ကောင်းကင်စံအိမ်…

ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်၍ စစ်ဆေး ကြည့်လိုက်သည့်အခါ သူနေထိုင်ခဲ့သော အိမ်ငယ်လေး၊ စုယန်နေခဲ့သော အခန်း၊ ဘဏ္ဏာထိန်းမန် နေခဲ့သော နေရာနှင့် အခြားအဆောက်အအုံ များစွာကို တွေ့လိုက်ရ၏။ လမ်းများ၊ မြက်ခင်းများနှင့် သစ်ပင်၊ ပန်းပင်များပင် သူ့မှတ်ဥာဏ်ထဲကအတိုင်း ရှိနေခဲ့၏။

တစ်ခုတည်းသော ခြားနားချက်သည် ဤနေရာ၌ လူသူ ကင်းမဲ့နေခြင်းပင်။ ပတ်ဝန်းကျင်တစ်ခွင်သည် လွန်စွာကိုမှ တိတ်ဆိတ်နေပြီး နေရာတိုင်းကို နှင်းများ ဖုံးနေခဲ့၏။

ဤနေရာသည် စုယန်၏ အစစ်အမှန် စိတ်စွမ်းအင် လောကကြီးပင်။ အားလုံးသည် သူမ၏ စိတ်အတိုင်း ဖြစ်တည်နေခြင်းပင် ဖြစ်၏။

စုယန်၏ စိတ်စွမ်းအင် လောကကြီး ဤကဲ့သို့ ဖြစ်နေရခြင်းမှာ သူမသည် ကောင်းကင်စံအိမ်တွင် နေထိုင်ခဲ့ရသော အချိန်များကို လွမ်းသောကြောင့်ပင် ဖြစ်ရပေမည်။ ထို့ကြောင့် သူမ၏ စိတ်စွမ်းအင် လောကကြီးသည် ကောင်းကင်စံအိမ်နှင့် တစ်ထပ်တည်း တူနေခြင်းဖြစ်၏။

ဤနေရာကို သူမ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ခြင်း မဟုတ်ချေ။ သူမ၏ မသိစိတ်အရ ဖန်တီးလိုက်ခြင်းသာ ဖြစ်၏။

ကံမကောင်းစွာဖြင့် ဤနေရာသို့ ရောက်လာပြီးသည့်တိုင် စုယန်၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။

ရပ်လျက် ခဏလောက် စဉ်းစားလိုက်ပြီးနောက် စုယန် ရှိမည့် နေရာကို သူသိလိုက်၏။

ချက်ချင်းပဲ သူအရင်နေခဲ့သည့် ရစ်ခွေနဂါး စမ်းချောင်းဆီသို့ ပြေးလေ၏။

ရစ်ခွေနဂါးစမ်းချောင်း အစွန်အဖျား၌ အနီရောင် အသီးများ သီးနေသည့် အပင်များ ရှိနေခဲ့၏။ ထိုအပင်များကို ရန်ကိုင် စိုက်ပျိုးခဲ့ခြင်း ဖြစ်၏။ သို့သော် နတ်ဆိုးအရှင်သခင် လွတ်မြောက်လာခဲ့စဉ်က ထိုအပင်များ အားလုံး ပျက်စီးသွားခဲ့၏။ သို့သော် ၎င်းတို့သည် စုယန်၏ စိတ်စွမ်းအင် လောကကြီးထဲ တစ်ဖန်ပြန်လည် ပေါ်လာခဲ့လေပြီ။

ထိုအပင်များအောက်၌ ရပ်နေခြင်း အတိတ်က အကြောင်းအရာများကို ရန်ကိုင် ပြန်စဉ်းစားမိလိုက်၏။ ထို့နောက် ရစ်ခွေနဂါးစမ်းချောင်းထဲ ခုန်းဆင်း သွားလိုက်လေ၏။

ဆင်းလာနေရင်း နေရာတစ်ခု အရောက်၍ ရပ်တန့်လိုက်ပြီး ရစ်ခွေနဂါးစမ်းချောင်း ဘေးဘက်ရှိ လိုဏ်ဂူတစ်ခုထဲ ပြေးဝင်သွားလေ၏။

ထိုနေရာသည် ရန်ကိုင် ယခင် နေထိုင်ခဲ့သော နေရာပင် ဖြစ်၏။ ငယ်ရွယ်ပြီး အားနည်းစဉ်က ထိုလိုဏ်ဂူကို ဖန်တီးရန် သူအတော်လေး အားစိုက်ထုတ်ခဲ့ရ၏။

ထိုလိုဏ်ဂူသည် အရမ်းကြီး မကြီးချေ။ အခန်း နှစ်ခန်းသာ ရှိ၏။ အပြင်ဘက်သည် ရန်ကိုင် ကျင့်ကြံလေ့ ရှိသော နေရာဖြစ်ပြီး အတွင်းဘက်သည် သူအိမ်စက်လေ့ ရှိသော နေရာဖြစ်၏။

သူ့စီနီယာမမလေး ရှနင်းချန်သည် ထိုနေရာရှိ ကျောက်ကုတင်ထက်တွင် မကြာခဏ အိပ်စက်လေ့ ရှိ၏။

အပြင်ဘက်ခန်းကို ဖြတ်လာပြီးနောက် အတွင်းပိုင်သို့ ရောက်လာခဲ့၏။ ရောက်သည်နှင့် ကျောက်ကုတင်ထက် လဲလျောင်းနေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

စိတ်စွမ်းအင် လောကကြီးတွင်ပင် စုယန်သည် အိပ်စက်နေခဲ့၏။ အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ်ကို အသုံးပြီးနောက် သူမ၏ ဝိဥာဉ်ပါ အိပ်စက်သွားသည့်ပုံပင်။ မဟုတ်ပါက ရန်ကိုင်၏ ခေါ်သံကို ပြန်တုန့်ပြန်ပေလိမ့်မည်။

ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်ပြီး ကုတင်းဘေး ရောက်သည်နှင့် ထိုင်ချလိုက်၏။ ထို့နောက် ကြင်နာယုယစွာဖြင့် အိပ်စက်နေသော အလှလေးကို ငေးစိုက်ကြည့်နေလိုက်၏။

အပြင်လူတစ်ယောက် ရောက်ရှိလာသည်ကို သတိပြုမိသည့်အလား စုယန်၏ မျက်တောင်လေးများ လှုပ်ခတ်သွားခဲ့၏။ မျက်မှောင်လေး ကြုံ့သွားပြီးနောက် သူမ၏ နှုတ်ခမ်းအစုံသည် အပြုံးယဲ့ယဲ့လေး တစ်ခုအဖြစ် ကွေးတက်သွားခဲ့လေ၏။

စုယန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကုတင်ဘေး၌ ထိုင်နေသာ ရန်ကိုင်ကို ကြည့်လိုက်၏။

ရန်ကိုင် ကြောင်ကြောင်ကြီး ဖြစ်သွားခဲ့ရလေ၏။

မျက်လုံးချင်း ဆုံသွားသည့်အခိုက် ရန်ကိုင့် အတွေးအားလုံး ရပ်တန့်သွားခဲ့ရ၏။

ရန်ကိုင်ပုံစံကို ကြည့်ရင်း စုယန်က ချစ်စဖွယ် ကောင်းစွာ တခစ်ခစ် ရယ်မောလိုက်၏။ သူမ ပြုံးလိုက်သည့်အခါ အခန်းတွင်းရှိ အအေးဓါတ်တို့ အလျင်အမြန် ပျောက်ကွယ်သွားလေ၏။

“စုယန်၊နင်…” ရန်ကိုင် မှင်သက်နေခဲ့၏။

“ခွင့်ပြုချက်မရှိဘဲ အခြားတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ထဲ ချိုးဖျက်ဝင်လာတယ် ဆိုတော့ ဂျူနီယာမောင်လေး၊ နင်အတော့်ကို ရဲနေပါလား၊ ဟန်” စုယန်က စနောက်လိုသည့် လေသံဖြင့် ရန်ကိုင်ကို ပြစ်တင်ဟန် ပြုလိုက်၏။

“နင်… နင်ဘယ်လိုနိုးလာတာလဲ” ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့ပြီး “အေးခဲခန္ဓာကိုယ်ပိတ်လှောင် နှလုံးသား ပညာရပ်ကို သုံးထားတာ မဟုတ်ဘူးလား”

ရန်ကိုင်က ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး ပြုံးကာ “ဟုတ်တယ်။ ဒါပေမယ့် အထူးစည်းတစ်ခု ချခဲ့တယ်”

“ဘယ်လိုစည်းမျိုးလဲ” ရန်ကိုင်က မေးလိုက်၏။

“ငါကို သတိပေးမယ့် စည်းလေ။ နင့်ကောင်းကင် စိတ်အာရုံသာ ငါ့အသိစိတ်ပင်လယ်ထဲ ဝင်လာတာနဲ့ ငါ့ကို ချက်ချင်း နိုးစေမှာ”

“နင့်အသိစိတ်ကို နိုးလာစေမှာလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။

“ဟုတ်တယ်” စုယန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ငါ့ဝိဥာဉ်နဲ့ အသိစိတ်ပဲ နိုးလာမှာ။ ငါ့ခန္ဓာကိုယ်ကတော့ အေးခဲနေတဲ့ အခြေအနေမှာပဲ ရှိနေဦးမှာ။ ဒါကို အကြီးအကဲ ချန်ယွဲ့တောင် သိမှာ မဟုတ်မှန်း ငါလောင်းရဲတယ်”

စုယန်က အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ်အား ဤအတိုင်းအတာအထိ အသုံးပြုနိုင်မည်ဟု အကြီးအကဲ ချန်ယွဲ့ ထင်ထားခဲ့လိမ့်မည် မဟုတ်ချေ။

“နင်ဘာလို့ အခုလိုလုပ်ရတာလဲ” ရန်ကိုင်က နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်၏။

“ဒီအခြေအနေတိုင်းမှာဆို ပိုပြီး မြန်မြန် လေ့ကျင့်နိုင်တယ်လေ” စုယန်က ရန်ကိုင်အား ကြင်နာစွာ စိုက်ကြည့်လိုက်ပြီး “နင်သန်မာလာတာ အရမ်းမြန်တယ်။ ငါသာ ကြိုးကြိုးစားစားမ လေ့ကျင့်ရင် နင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်သွားမှာပေါ့”

စုယန် ပြောစကားကြောင့် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

“နင့်အသိစိတ်ပင်လယ်ထဲ တစ်ယောက်ယောက် ဝင်လာရင်ကော” ရန်ကိုင် ရုတ်တရက် ဖြစ်နိုင်ချေ တစ်ခုကို တွေးမိသွား၏။ စုယန်သည် အိပ်စက်နေဆဲ အခြေအနေတွင် ရှိနေပြီး အပြင်လောကကြီးကို သတိမပြုမိနိုင်ချေ။ တစ်ယောက်ယောက်သာ သူမအပေါ် မကောင်းကြံပါက သူမလည်း ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ငါ့အသိစိတ်ပင်လယ်ထဲကို ဘယ်သူမှ မလာနိုင်ဘူး။ နင်တစ်ယောက်ပဲ လာနိုင်တာ။ အရမ်းအရမ်းကို အားကောင်းတဲ့ ပညာရှင်တွေကတော့ ချိုးဖျောက် ဝင်လာနိုင်တာပေါ့။ ဒါပေမယ့် အဲ့လိုသာ ဖြစ်လာခဲ့မယ် ဆိုရင် ငါကလည်း ရှိရှိသမျှ အစွမ်းကုန်ထုတ်ပြီး ပြန်တိုက်ခိုက်မှာ” စုယန်က အတိအလင်း ပြောဆိုလိုက်၏။

“နင်က ပြဿနာကို မီးမောင်းထိုးရှာနေတာပဲ” ရဣ်ကိုင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။

စုယန်က ရန်ကိုင်၏ ပြစ်တင်စကားကို လျစ်လျူရှု ထားလိုက်ပြီး သူမ၏ လက်လေးကို ဆန့်ထုတ်၍ ရန်ကိုင် ပါးလေးကို ညင်ညင်သာသာ ပွတ်သပ်လိုက်ကာ ကြင်နာသိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်၏ “နင့်ကြည့်ရတာ အခက်အခဲအများကြီးကို ရင်ဆိုင်ခဲ့ရတဲ့ပုံပဲ”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဘာအခက်အခဲမှ မကြုံတွေ့ခဲ့ရဘူး။ တကယ်တော့ ငါက တော်တော်လေးကို သာယာနေတာ”

“အဲ့လိုဆိုရင် ကောင်းတာပဲ။ အပြင်ဘက်မှာ အချိန်ဘယ်လောက်လောက် ကြာသွားပြီလဲ”

“နင်အိမ်ပျော်သွားတဲ့ အချိန်ကတည်းကဆိုရင် တစ်နှစ်လောက် ရှိသွားပြီ”

“တစ်နှစ်… နင်ရောက်လာတာ အတော်မြန်တာပဲ…” စုယန်က ချိုသာစွာ ပြုံးလိုက်၏။

“ဟုတ်တယ်။ ဒါကြောင့် စီနီယာအစ်မ ငါ့ကို ဆုပေးရမှာပေါ့နော်” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။

“ဘယ်လိုဆုမျိုး လိုချင်တာလဲ”

“နင်ဘယ်လိုထင်လဲ”

စုယန် လည်တိုင်မှ မျက်နှာတစ်လျှောက် နီမြန်းသွားခဲ့ပြီး သူမ၏ မျက်လုံးလေးများသည်လည်း ချာလပတ်လေး ရမ်းသွား၏။

“ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ရဲ့ တတိယအဆင့်ကို တစ်ခါမှ မကြိုးစားကြည့်ရ သေးဘူးနော်” ရန်ကိုင်က စုယန်ကို တပ်မက်လိုစိတ် ပြင်းပြသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“ဂျူနီယာမောင်လေး…” စုယန်က ရှက်သွားခဲ့၏။

တတိယအဆင့်သည် ဝိဥာဉ်ချင်း ပေါင်းစပ်ခြင်း ဖြစ်၏။ စုယန်သည်လည်း ထိုအချက်ကို နားလည်ထား၏။ ရန်ကိုင်ကို သူမယောကျာ်းအဖြစ် လက်ခံထားပြီး ဖြစ်သော်ငြား ဝိဥာဉ်ချင်းပေါင်းစပ်မည့် ကိစ္စနှင့် ပက်သက်၍ အနည်းငယ် စိုးရိမ်မိနေသေး၏။

ဝိဥာဉ်ချင်းပေါင်းစပ်ခြင်းသည် တစ်ယောက်၏ လျှို့ဝှက်ချက် အားလုံကို တစ်ယောက်သိသွားမည်ဟု ဆိုလိုက်ခြင်းပင်။ သူတို့ကြား ဖုံးကွယ်ထားသည့် အကြောင်းအရာ ဘာမှရှိတော့လိမ့်မည် မဟုတ်ချေ။

“စုယန်” ရန်ကိုင်က စုယန်၏ ကျောက်စိမ်း လက်သွယ်သွယ်လေးကို ဖမ်းဆွဲ၍ ပွတ်သပ်လိုက်၏။ မျက်လုံးများကမူ ဆာလောင်နေသော ဝံပုလွေ တစ်ကောင်ပမာ စုယန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။

စုယန်သည် ခုခံဟန် လုပ်ပြသော်ငြား ရန်ကိုင် လက်ထဲမှ အမှန်တကယ် ရုန်းထွက်ရန် မကြိုးစားခဲ့။ နှုတ်ခမ်းလေးကိုသာ ကိုက်လျက် ကျောက်ကုတင် ထက်ပေါ် တိတ်တိတ်လေး ထိုင်နေခဲ့၏။ သူမ၏ မျက်နှာလေး ဆိုလျှင် လုံးဝကို ကြက်သွေးရောင် တောက်နေခဲ့လေပြီ။

သူမပုံစံကို ကြည့်ရင်း ရန်ကိုင်သွေးတို့ ဆူပွက်လာခဲ့ရ၏။ ဆက်လက်၍ တုန့်ဆိုင်းမနေတော့ဘဲ စုယန်ကို ကျောက်ကုတင်ပေါ် လှဲချကာ သူမ၏ ခန္ဓာကိုယ်လေးကို စိတ်ရှိတိုင်း ပွတ်သပ်နေလိုက်၏။

ဝိဥာဉ်ချင်းပေါင်းစပ်ခြင်းကို ကြားသာကြားဖူးပြီး တစ်ခါမှ မကြိုးစားခဲ့ဖူးချေ။ သို့သော် ဝိဥာဉ် ပေါင်းစပ်ခြင်းမှ ခံစားရသော ကြည်နူးသာယာမှုသည် ခန္ဓာကိုယ်ချင်း ထိတွေ့ချင်းထက် အဆပေါင်းများစွာ သာလွန်၏။ တစ်ကြိမ်ကြိုးစားပြီးသည့်နှင့် ဘိန်းပမာ ဖြတ်မရ ဖြစ်သွားနိုင်ပေသည်။

“စကြစို့” ရန်ကိုင်က လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

စုယန်က အသာအယာ ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်း၌ နှစ်ယောက်စလုံးသည် ယင်ယန် ပေါင်းစည်းခြင်း ကျင့်စဉ်ကို စတင် လှည့်ပတ် ကြတော့လေ၏။ ချက်ချင်းဆိုသလို နှစ်ယောက်စလုံး၏ ဝိဥာဉ်များဆီမှ အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့ကာ အခန်းတစ်ခန်းလုံးကို လင်းထိန်သွားစေခဲ့လေ၏။ ထိုတလက်လက် တောက်ပနေသော အလင်းနှစ်သည် တစ်ခုနှင့်တစ်ခု စတင် ပေါင်းစပ်လာပြီး အပြန်အလှန် ပေါင်းစပ်နေကြ၏။ ဝိဥာည်နှစ်ု ပေါင်းစပ်သွားသည့် အချိန်၍ ကောင်းကင်နှင့် မြေပြင်အကြား ခမ်းနားကျက်သရေရှိလှသော ပဲ့တင်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

ရန်ကိုင်မှာ စိတ်ပင်မကူးနိုင်သည့် အချိုမြဆုံးသော ဝတ်ရည်အိုင်ထဲ နစ်မွန်းသွားသည့်အလား သူ့ကိုယ်သူ ရုန်းမထွက်နိုင်အောင် ဖြစ်နေခဲ့၏။ ယခုအချိန်၌ သူ့စိတ်ထဲ အတွေးတစ်ခုသာ ရှိ၏။ ၎င်းသည် ဤကြည်နူးသာယာမှုထဲ ဆက်လက် မိန်းမောနေဖို့ပင်။

အသားချင် ထိတွေ့မရသော်ငြား သူတို့ ယခု ခံစားနေရသော ကြည်နူးသာယာမှုသည် အသားချင်း ထိတွေ့ရသည့်ထက် အဆများစွာ ပိုမိုသာလွန်၏။

နှစ်ယောက်စလုံးသည် ဝိဥာဉ်ချင်း ပေါင်းစပ်နေသော်ငြား အခြားတစ်ယောက်၏ လျှို့ဝှက်ချက်များကို ကြည့်လိုစိတ် မရှိသေး။ သာယာမှုအပေါင်း ခညောင်းသည့် ကြည်နူးဖွယ်ရာ မြစ်ပြင်ကျယ်ကြီးထဲတွင်သာ သူတို့၏ အသိစိတ်ကို ဆက်လက် ကူးခတ်နေစေခဲ့၏။

ဝိဥာဉ်ပေါင်းစပ်ခြင်း အရသာကို ခံစားမိသူတိုင်း ထိုအရသာကို ထပ်တလဲလဲ မြည်းစမ်းနေချင်ပေလိမ့်မည်။

ဝိဥာဉ်ချင်း ပေါင်းစပ်နေစဉ် စုယန်နှင့် ရန်ကိုင်၏ ဝိဥာဉ်များသည် ဖြည်းဖြည်းချင်း မသိမသာ ပြောင်းလဲနေခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၃၈) အရှိန်အဟုန်ပြင်းပြင်း

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်၏ တူနှစ်ကိုယ် ကျင့်စဉ် နည်းလမ်းများသည် ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ အစစ်အမှန်ချီကို အတူတကွ ပေါင်းစပ်ပေးနိုင်ရုံမက သန့်စင်ကာ တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သေး၏။ ကောင်းကင်စိတ်အာရုံလည်း ထိုနည်းတူပင်။

နက်နဲဆန်းကြယ်သော စိတ်ဝိဥာဉ်ဆိုင်ရာ သဘောတရားများကို နားလည်သဘောပေါက်မိနေသလို စုယန် ခံစားနေခဲ့ရ၏။

ရန်ကိုင်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှုများကို သူမ နားလည်ခံစားမိနေခြင်းပင်။

စုယန်သည် ခုခံရန် မကြိုးစားခဲ့။ စိတ်နှလုံးသားကို ဖွင့်ပေးထားကာ ထိုအဖိုးတန် ရတနာများကို သူမ စိတ်ဝိဥာဉ်ပေါ် တံဆိပ်ခတ်နှိပ်ထားလိုက်၏။

ရန်ကိုင် ဝိဥာဉ်သည်လည်း အတော်လေး အကျိုးများခဲ့ရ၏။ စုယန်၏ နားလည်သဘောပေါက်မှု များသည် သူ့အပေါ် များများစားစား အကျိုးမရှိသော်ငြား နှစ်ယောက်သား အတူတကွ ကျင့်ကြံနေစဉ်အတွင်း သူ့ဝိဥာဉ် သန်မာသထက် သန်မာလာပြီး သူ့စိတ်စွမ်းအင်သည်လည်း သန့်စင်သထက် သန့်စင်လာနေသည်ကို ရန်ကိုင် ခံစားမိ၏။

ရေခဲခန်းထဲတွင် ရှိနေသော ရန်ကိုင်နှင့် စုယန်တို့၏ ကိုယ်ထဲရှိ အစစ်အမှန်ချီတို့သည်လည်း ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်အတိုင်း အလိုလို လည်ပတ်လာခဲ့ကြ၏။

တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီးသွားတိုင်း သူတို့၏ အစစ်အမှန်ချီသည် ပိုပို၍ သန့်စင်လာခဲ့၏။

တူနှစ်ကိုယ်ကျင့်ကြံခြင်းမှ ရန်ကိုင်နှင့် စုယန်တို့ ရရှိခဲ့သော အကျိုးအမြတ်များသည် မခန့်မှန်းနိုင်အောင် များပြားလှ၏။

ရုတ်တရက် ရန်ကိုင် နောက်ဘက်၌ နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး စုယန် အနောက်ဘက်၌ ဖီးနစ်ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုပုံရိပ်နှစ်ခုသည် သူတို့ထုတ်လွှတ်နေသော အစစ်အမှန်ချီကို စုပ်ယူ၍ အရွယ်အစား ကြီးမားလာခဲ့ရာ မကြာခင်မှာပင် အခန်းတစ်ခန်းလုံး မဆံ့ဖြစ်လာခဲ့၏။

နဂါးဟိန်းသံနှင့် ဖီးနစ်မြည်ကြွေးသံတို့ ရေခဲတောင် တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့ပြီး ရေခဲပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။

ဘုန်းဆိုသော မြည်သံနှင့်အတူ ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုသည် ရေခဲတောင်တစ်ခုထဲမှ ကောင်းကင် ထက်သို့ ပျံသန်းတက်သွားခဲ့၏။

ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် ဂိုဏ်းချုပ် ချင်းယမှ စ၍ ဂိုဏ်းသားအားလုံး အထိတ်တလန့် ဖြစ်သွားခဲ့ကြပြီး သူတို့ နေထိုင်ရာ အခန်းအသီးသီးဆီမှ အပြင်သို့ ပြေးထွက်လာကြလေ၏။

ချန်ယွဲ့ ထိတ်လန့်နေခဲ့၏။ သူမ၏ ကိုယ်ပိုင် အခန်းတွင်၌ တိတ်တဆိတ် ကျင့်ကြံနေခြင်း ဖြစ်‌သော်ငြား ရုတ်တရက် ထွက်ပေါ်လာသော ပုံမှန်မဟုတ်သည့် စွမ်းအင်နှစ်ခုကြောင့် ကျင့်ကြံနေရာမှ အပြင်သို့ အလောတကြီး ပြေးထွက်လာခဲ့ခြင်း ဖြစ်၏။

လှည့်ပတ်ကြည့်လိုက်သည့်အခါ ရေခဲဂိုဏ်း၏ အကြီးအကဲသုံးယောက်သည် လေထဲတွင်ဝဲလျက် ကောင်းကင်ပေါ်သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ဂိုဏ်းချုပ်ချင်းယ၏ အမူအရာပင်လျှင် လေးနက်နေခဲ့၏။

“ဂိုဏ်းချုပ်” ချန်ယွဲ့က အလျင်စလို ပျံသန်းသွားပြီး အော်ဟစ်လိုက်သော်ငြား ပြန်ထူးသံ မကြားခဲ့ရ။ ထိုလူများ ကြည့်နေရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ချန်ယွဲ့ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ရ၏။

လေထဲ၌ မီးတောက်အရှိန်အဝါကို ထုတ်လွှတ်နေသော မီတာတစ်ရာကျော် ရှည်လျားသည့် နဂါးကြီးတစ်ကောင် နှင့် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမဖီးနစ်ကြီးတစ်ကောင် ရှိနေခဲ့၏။

နဂါးနှင့်ဖီးနစ်သည် လိုက်တမ်းပြေးတမ်း စကားနေခဲ့ပြီး သူတို့အား မြင်လိုက်သည့် သူတိုင်းအား အသက်ရှူမဝစေသည့် အရှိန်အဟုန်ကို ထုတ်လွှတ်နေခဲ့၏။

နဂါးနှင့်ဖီးနစ်ဆီမှ အလွန်အမင်းကို ပြင်းထန်လှသော အပူဓါတ်နှင့် အအေးဓါတ်တို့ကို ထုတ်လွှတ်နေခဲ့ရာ ၎င်းတို့ကို ဤနေရာ၌ ရှိနေသော မည်သူကမျှ လျစ်လျူမရှုထားနိုင်ချေ။

ချင်းယကို ထိတ်လန့်စေသည်ကား နဂါးနှင့် ဖီးနစ်တို့မှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူမနှင့် ရင်းနှီးနေခြင်းပင်။ ထိုအရှိန်အဝါ နှစ်ခုသည် ရန်ကိုင်နှင့် စုယန်တို့၏ အရှိန်အဝါ အသီးသီးပင် ဖြစ်လေ၏။

အားလုံးသည် ကြောင်အမ်းအမ်းဖြင့် ရပ်နေကြ၏။ လိုက်တမ်းပြေးတမ်း စကားနေသော နဂါးနှင့်ဖီးနစ်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ချင်းယနှင့် ရေခဲဂိုဏ်းဆီ အကြီးအကဲများဆီ လှည့်ပျံသန်းသွားလေ၏။

အကြီးအကဲများအားလုံး ကတုန်ကရင် ဖြစ်သွားခဲ့ပြီး သူတို့၏ အစစ်အမှန်ချီကို တိတ်တဆိတ် စုစည်း ထားလိုက်ကြ၏။

ရွှေနဂါးနှင့် ရေခဲဖီးနစ်သည် သူတော်စင် အကြီးအကဲ ငါးယောက်နှင့် မီတာအနည်းငယ်တွင် ရပ်တန့်လိုက်၏။ နဂါးသည် အရှေ့တွင်နေ၍ ဖီးနစ်သည် အနောက်တွင် ရပ်နေကာ တစ်ယောက်နှင့်တစ်ယောက် မှီနေခဲ့ကြ၏။

ရွှေနဂါးသည် ချင်းယနှင့် သူတော်စင် အကြီးအကဲများကို အသေအချာ စိုက်ကြည့်နေခဲ့၏။ ထိုကဲ့သို့ စိုက်ကြည့်ခံနေရသဖြင့် အကြီးအကဲများ စိုးရိမ်လာခဲ့ကြ၏။ ထိုအကြည်သည့် သူတို့အား အားနည်းသွားသလို၊ သေးငယ်သွားစေသလို ခံစားရစေ၏။

အထူးသဖြင့် ချန်ယွဲ့ပင်၊ သူမကို စိုက်ကြည့်နေသည့် ထိုအကြည့်ထဲ သတိပေးချက်တို့ ပါဝင်နေခဲ့၏။

ချင်းယ မျက်မှောင် ကြုံ့လိုက်ပြီး အစစ်အမှန်ချီကို လှည့်ပတ်ကာ နဂါးနှင့်ဖီးနစ်တို့၏ ဖိနှိပ်မှုကို ခုခံ၍ တုန့်ဆိုင်းတု့န်ဆိုင်းဖြင့် မေးလိုက်၏ “ရန်ကိုင်လား”

ရွှေနဂါး၏ မျက်ဝန်းအစုံ တစ်ချက် လက်သွားခဲ့ပြီး အကြီးအကဲများကို ဆက်လက် အာရုံစိုက်မနေတော့ဘဲ ရေခဲဖီးနစ်နှင့်အတူ ကောင်းကင်ပေါ်သို့ ပျံဝဲတက်သွားလေ၏။

နဂါးဟိန်းသံ၊ ဖီးနစ်ငှက် မြည်ကြွေးသံနှင့်အတူ နဂါးနှင့်ဖီးနစ်သည် အားလုံး၏ မြင်ကွင်းမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့၏။

နဂါးနှင့်ဖီးနစ်တို့ ပျောက်ကွယ်သွားသည်ဟု သေချာသွားမှာပဲ အားလုံး သက်ပြင်းချလိုက်နိုင်ကြ၏။ ယခုမှပင် သူတို့ ကျောပြင်တစ်ခုလုံး ချွေးစေးတို့ဖြင့် စိုရွှဲနေသည်ကို အားလုံး သတိပြုမိလိုက်ကြ၏။

နဂါးနှင့်ဖီးနစ် ပျောက်ကွယ်သွားရာ အရပ်ဆီ စိုက်ကြည့်နေရင်း ချင်းယ အတွေးနက်သွားခဲ့၏။

ထိုနှစ်ကောင် ပျောက်ကွယ်သွားသည်ဟု သူမ မထင်။ နဂါးနှင့်ဖီးနစ်သည် ဤရေခဲပြင်ကြီး၏ တစ်နေရာရာတွင် ရှိနေဦးမည်ဟု သူမစိတ်ထဲ ခံစားနေရ၏။

တွေးနေတုန်းပင်ရှိသေး၊ အဝေးတစ်နေရာမှ တသိမ့်သိမ့် လှုပ်ခါသံများကို ကြားလိုက်ရ၏။

ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းရင်း ချင်းယက ရေခဲဂိုဏ်းမှ အကြီးအကဲများဘက်လှည့်၍ လက်ဝှေ့ရမ်းပြလိုက်ပြီး ပြုံးကာ “အားလုံး အဆင်ပြေသွားပြီ။ ပြန်ကြတော့”

“ဂိုဏ်းချုပ်၊ အဲ့… အဲ့ရွှေနဂါးက ဟိုကောင်လေးလား” ချန်ဟောင် မျက်မှောင် ကြုံ့လိုက်ပြီး မသေချာ၊ မရေရာသည့် လေသံဖြင့် မေးလိုက်၏။ နဂါးနှင့်ဖီးနစ်သည် ရန်ကိုင်နှင့် စုယန်တို့ ရှိနေသည့် အခန်းတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သို့သော် ထိုဂျူနီယာ နှစ်ယောက်သည် ဤမျှ ကြီးကျယ်ခမ်းနားသော ပုံရိပ်ကို မည်ကဲ့သို့ ထုတ်ဖော်နိုင်သနည်း။

“ဖြစ်နိုင်လောက်တယ်” ချင်းယက ပြုံးလိုက်ပြီး “သူတို့ မကြာခင် ပြန်လာကြလိမ့်မယ်”

“သူတို့ ပြန်လာမှာလား” ချန်ဟောင် အမူအရာ တောင့်တင်းသွားခဲ့၏။

“နင်သတိမထားမိဘူးလား။ အဲ့ကလေးနှစ်ယောက်ရဲ့ အသိစိတ်က အဲ့နဂါးရယ်၊ ဖီးနစ်ရယ်နဲ့ ပေါင်းစပ်နေတာ။ သူတို့ရဲ့ အစစ်အမှန်ချီတွေကတော့ အဲ့သက်ရှိနှစ်ကောင်ပေါ့။ ပြောရမယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေက ရေခဲဂိုဏ်းထဲမှာပဲ ရှိနေဦးမှာလေ။ ဘယ်လိုလုပ်ပြီး ပြန်မလာရမှာလဲ”

“ဆိုလိုတာက စုယန်ကို သူနှိုးလိုက်နိုင်တယ်ပေါ့” ချန်ယွဲ့က အလျင်စလို မေးမြန်းလိုက်၏။

“ငါလည်းမသိဘူး။ သူတို့ ပြန်လာတဲ့အထိ စောင့်ပြီးမှ မေးကြည့်ရလိမ့်မယ်” ချင်းယက သိမ်မွေ့စွာ ပြုံးလိုက်၏။

“အစုတ်အပြတ်ကောင်စုတ်လေး၊ သူအရမ်းကို လွန်လွန်းတယ်။ အခုလိုမျိုး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်အောင် လုပ်ပြီး စုယန်ကို မတရား မဆက်ဆံဖို့ ငါတို့ကို သတိပေးချင်နေတာပဲ” ချန်ယွဲ့က အံတင်းတင်းကြိတ်၍ ရွှေနဂါးပျံသန်းထွက်သွားရာ အရပ်ဆီ တွေးတွေးဆဆဖြင့် စိုက်ကြည့်လိုက်၏။

“ဒါပေမယ့် ဂိုဏ်းချုပ်၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဆိုရင် ဒီလိုပုံရိပ်နှစ်ခုကို ဘယ်လိုလုပ်ပြီး ဖန်တီးနိုင်မှာလဲ” ချန်ဟောင် လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့၏။ ချင်းယ ပြောသည်သာ အမှန်ဆိုပါက ထိုနဂါးနှင့်ဖီးနစ်သည် ရန်ကိုင်နှင့် စုယန်တို့၏ အစစ်အမှန်ချီမှ ဖြစ်တည်လာခြင်း ဖြစ်ရပေမည်။ သို့သော် ထိုကလေး နှစ်ယောက်၏ အစစ်အမှန်ချီဖြင့် သူတော်စင်အဆင့် ပညာရှင်များကိုပင် ဖိအားပေးနိုင်နေသော ထိုသားရဲပုံရိပ်နှစ်ခုကို မည်ကဲ့သို့ ဖန်တီးလိုက်သနည်း။

စုယန်သည် ရေခဲဓါတ်ကျင့်စဉ်ကို လေ့ကျင့်ထားသည့် အတွက် အစစ်အမှန်ချီ မလုံလောက်ပါက ဘေးပတ်ဝန်းကျင်ရှိ ရေခဲချီများကို စုပ်ယူ အသုံးပြုနိုင်၏။ သို့သော် ရန်ကိုင်ကကော မည်ကဲ့သို့ လုပ်ခဲ့သနည်း။

လုံးဝ နားမလည်နိုင်ရာ ချန်ဟောင်မှာ ကူကယ်ရာမဲ့စွာ ခေါင်းခါရုံသာ တတ်နိုင်ခဲ့၏။

နဂါးနှင့်ဖီးနစ်တို့သည် လိုက်တမ်းပြေးတမ်း ကစားလို့ ကောင်းနေတုန်းပင်။

ယခုအချိန်မတိုင်ခင်အထိ တူနှစ်ကိုယ် ကျင့်ကြံလိုက်တိုင်း သူတို့ကျောဘက်ရှိ နဂါးနှင့် ဖီးနစ် ပုံရိပ်တို့ အသက်ဝင်လာပြီး သူတို့ ခန္ဓာကိုယ်ထက် ကူးခတ်သွားလာလေ့ရှိ၏။ သို့သော် သူတို့၏ ဝိဥာဉ်များသည် နဂါးနှင့်ဖီးနစ် အသွင်သဏ္ဏာန် ယူနိုင်မည်ဟု ရန်ကိုင်နှင့် စုယန်တို့ နှစ်ယောက်စလုံး တစ်ခါမှ မထင်ထားခဲ့ကြချေ။

သို့ရာတွင် ထိုကဲ့သို့ လုပ်နိုင်ခြင်းမှာ သူတို့ နှစ်ယောက်သည် ဝိဥာဉ်ချင်းပေါင်းစပ်၍ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်၏ တတိယအဆင့်ဆီ ရောက်ရှိသွားခဲ့သောကြောင့်ပင် ဖြစ်၏။

ထိုအဖြစ်အပျက်ကြောင့်ပဲ မမျှော်လင့်သော တွေ့ရှိမှု တစ်ခုကို သူတို့ တွေ့ရှိခဲ့ရ၏။ သူတို့၏ ဝိဥာဉ်များ ထိုသားရဲနှစ်ကောင် အသွင်သဏ္ဏာန်ကို ယူလိုက်သည်နှင့် နဂါးနှင့်ဖီးနစ် တက်တူးများသည် အမှတ်သင်္ကေတ သက်သက်တင် မဟုတ်ဘဲ ကြောက်မခန်းလိလိ စွမ်းအင်များ ကိန်းအောင်းပါဝင်နေသော သီးခြား သက်ရှိ နှစ်ကောင်ဖြစ်သည်ကို တွေ့ရှိလိုက်ရ၏။ ထို့ပြင် သူတို့ နှစ်ယောက်သည် သူတို့ကိုယ်သူတို့ ထိုနဂါးနှင့်ဖီးနစ် သားရဲ အသွင်သဏ္ဏာန်သို့လည်း ကူးပြောင်းနိုင်၏။

ရန်ကိုင်သည် ရေခဲဂိုဏ်းအကြီးအကဲများရှေ့ ဟန်ကိုယ်ဖို့ ပြခဲ့ခြင်းမှာ ချန်ယွဲ့ ခန့်မှန်းခဲ့သလိုဘဲ စုယန်၏ အရေးကိစ္စများ၌ ဝင်မပက်သက်ရန် ရေခဲဂိုဏ်း အကြီးအကဲများကို သတိပေးလိုသောကြောင့် ဖြစ်၏။

စုယန်ကမူ ထိုကဲ့သို့ မလုပ်ရန် ရန်ကိုင်ကို ပြောခဲ့သော်ငြား ရန်ကိုင်ကမူ လုပ်ကိုလုပ်ခဲ့၏။

ဤသို့ဖြင့် ရန်ကိုင်နှင့် စုယန်တို့သည် ရေခဲတောင်တန်း တစ်လျှောက် ဆက်လက် ပျံသန်းသွားလာနေခဲ့၏။

လက်ရှိ နဂါးနဲ့ဖီးနစ် အသွင်ပုံစံ၌ ဤလောကကြီး တစ်ခုလုံးသည် သူတို့အတွက် တစ်မျိုးတစ်ဖုံ ကွဲပြားသွား၏။ ယခင်ကဲ့သို့ သေးငယ်လှသော ကျင့်ကြံသူလေးများ မဟုတ်တော့ဘဲ ဤလောက၏ အရှင်သခင်များကဲ့သို့ ခံစားနေခဲ့ရ၏။

ခဏအကြာတွင် ရန်ကိုင်သည် ရေခဲတုံးများထဲမှ တစ်တုံးရှေ့၌ ရပ်တန့်လိုက်၏။ ထိုရေခဲတုံးထဲတွင် အလွန့်ကိုမှ သိပ်သည်းလှသော စွမ်းအင်များ ကိန်းအောင်း တည်ရှိနေသည်ကို သူအာရုံခံမိ၏။

သာမန်အခြေအနေတွင်သာ ဆိုပါက သူ၏ အားကောင်းလှသော ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် ထိုအချက်ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် သူ့ဝိဥာဉ်ကို နဂါးအသွင်သို့ ပြောင်းလဲထားပြီးနောက် ရန်ကိုင်၏ စိတ်အာရုံခံစားမှုသည် အရမ်းကိုမှ ထူးထူးခြားခြား ထက်ရှလာခဲ့၏။

စုယန်သည်လည်း ထိုအချက်ကို သတိပြုမိရာ ရန်ကိုင်ဘေး၌ ရပ်တန့်လိုက်၏။ “ရေခဲတုံးတွေကနေ ရေခဲဓါတ် အဖိုးတန် ရတနာတွေကို တစ်ခါတစ်ရံ ထုတ်ပေးတတ်တယ်လို့ ငါကြားဖူးတယ်။ ဂိုဏ်းချုပ်၊ အကြီးအကဲချန်ဟောင်နှင့် အကြီးအကဲချန်ယဲ့တို့သည် ဒီရေခဲတုံးတွေထဲကနေ အဖိုးတန် ရတနာတွေ ရခဲ့ဖူးတယ်။ ဒီရေခဲတုံးလည်း အဲ့လို အဖိုးတန် ရတနာ ရှိနေတာ ဖြစ်လိမ့်မယ်”

“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က မေးလိုက်၏။

“ရေခဲဓါတ်ကျင့်စဉ်ကို လေ့ကျင့်တဲ့လူတိုင်းအတွက် အသုံးဝင်တဲ့ ကျောက်သလင်းစိမ်းရေခဲလို့ ထင်တာပဲ”

ရန်ကိုင် စိတ်အားတက်ကြွသွားခဲ့ပြီး “စမ်းကြည့်ရင် သိရမှာပေါ့”

ပြောနေရင်း ရေခဲတုံးဆီ ရွှေရောင်အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်၏။ ပြင်းထန်လှသော အပူဓါတ်ကို ထုတ်လွှတ်နေသော ထိုအလင်းတန်းနှင့် ဖြတ်းသန်သွားသည့် လမ်းတစ်လျှောက်၌ ရှိနေသော အရာမှန်သမျှ အကုန် အရည်ပျော်ကျခဲ့ရ၏။

အုန်း…

ထိုအလင်းတန်နှင့် ထိမှန်ခြင်း ခံလိုက်ရသည်နှင့် အရမ်းကိုမှ မာကျောလှသော ရေခဲတုံး မျက်နှာပြင်ထက် အက်ကြောင်တို့ ပင့်ကူအိမ်ပမာ ထွက်ပေါ်လာခဲ့၏။

ရေခဲတုံးသည် အက်သာအက်သွားခဲ့ပြီး ပြိုကျသွားခြင်း မရှိခဲ့။ နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့သော ထိုရေခဲတုံးသည် ရန်ကိုင် ထင်မှတ်ထားသည်ထက် ပို၍ မာကျောနေခဲ့၏။

စုယန်သည် ဘာမှမပြောဘဲ ဘေးတွင်သာ ရပ်နေခဲ့၏။ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး ပြိုင်တူ လှုပ်ရှားလိုက်ကြ၏။ ရွှေနဂါးနှင့် ရေခဲဖီးနစ်တို့ နှစ်ကောင်စလုံးသည် လျှပ်စီးတန်းပမာ ပြိုင်တူ ပြေးထွက်သွားကြ၏။

နှစ်ပေါင်း၏ ခွန်အားသည် ရန်ကိုင် တစ်ယောက်တည်း ထုတ်လွှတ်လိုက်သည့် ခွန်အားထက် အဆများစွာ ပိုအားကေင်း၏။

အသံတစ်ချက်ပင် မထွက်ဘဲ ရန်ကိုင်နှင့် စုယန်သည် ရေခဲတုံးကို ဖြတ်ကျော်ပြီး အခြားတစ်ဖက်တွင် ပြန်ထွက်ပေါ်လာခဲ့၏။

တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် တဝုန်းဝုန်း မြည်သံတို့ ထွက်ပေါ်လာခဲ့ပြီး ရေခဲတုံး ပြိုကျသွားခဲ့၏။

ရေခဲတုံး ပြိုကျသွားသည့်နှင့် တစ်ပြိုင်နက် ရန်ကိုင် ခံစားမိနေသော စွမ်းအင်လှိုင်းတို့သည်လည်း ပို၍ ကြည်လင်ပြတ်သားလာခဲ့၏။

သို့သော် မရှာရသေးခင်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး ယိမ်းထိုးသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ပင်ပန်း နွမ်းနွယ်လာခဲ့ရ၏။

ရန်ကိုင်သည်သာမက စုယန်သည်လည်း မူးနောက်နောက် ဖြစ်နေခဲ့၏။ ရွှေနဂါနှင့် ရေခဲဖီးနစ်တို့၏ အရောင်အဝါ သိသိသာသာ မှိန်ကျသွားခဲ့ကာ ပြိုကွဲတော့လုနီးနီး ဖြစ်သွားခဲ့၏။

“ဂျူနီယာမောင်လေး၊ ငါပင်ပန်းနေပြီ”

“အရင်ပြန်ကြတာပေါ့” ရန်ကိုင်က အလျင်စလို ပြောလိုက်၏။ သူတို့၏ ဝိဥာဉ်များကို နဂါးနှင့်ဖီးနစ် အသွင်အဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲခြင်း ဖြစ်သည့်အတွက် ဤပုံစံဖြင့် အကြာကြီး နေ၍ မရချေ။ ထို့ကြောင့် ယခု သူတို့၏ ခန္ဓာကိုယ်ဆီ အမြန်ပြန်ပြီး အားပြန်ဖြည့်ရပေမည်။ မဟုတ်လျှင် သူတို့၏ ဝိဥာဉ် ထိခိုက်နိုင်၏။

စုယန်က အသာအယာ ခေါင်းညိတ်၍ ရန်ကိုင်နှင့် အတူ သူတို့နေထိုင်ရာ အခန်းဆီ ပြန်သွား၏။

တစ်ခဏကြာ တိတ်ဆိတ်ငြိမ်းချမ်းနေပြီးနောက် ရေခဲဂိုဏ်းတစ်ခုလုံး ဝရုန်းသုန်းကား ထပ်ဖြစ်ပြန်၏။ မကြာသေးခင်ကပင် ပျောက်ကွယ်သွားခဲ့သော ရွှေနဂါးနှင့် ရေခဲနဂါးတို့သည့် ရေခဲဂိုဏ်းကောင်းကင်ယံထက် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေ၏။ သို့သော် ပေါ်လာပြီးပြီးချင်း မကြာခင်မှာပင် ရေခဲတောင်တစ်ခုထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေ၏။

ထိုသားရဲပုံရိပ်နှစ်ခု ပျောက်ကွယ်သွားရာ အရပ်ဆီသို့ စိုက်ကြည့်ရင်း ချင်းယက ခေါင်းခါရမ်းလိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်ကာ “အဲ့ကလေးနှစ်ယောက်ပဲ… ချန်ယွဲ့၊ ငါနဲ့လိုက်ခဲ့။ သူတို့ကို သွားတွေ့ကြမယ်”

“အင်း” ချန်ယွဲ့က အမြန်အဆန် ခေါင်းညိတ်ပြလိုက်၏။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၃၉) အနက်ရောင်အရိုးခြောက်

အခန်းထဲ ပြန်ရောက်သည်နှင့် သူတို့၏ ခန္ဓာကိုယ် အသီးသီးထဲ ပြန်ဝင်လိုက်ကြ၏။ စုယန်သည် ထပ်မံ အိပ်စက်သွားခဲ့ပြန်လေပြီ။

စုယန်နှင့် အချိန်အတော်ကြာအောင် စကား ပြောပြီးမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့၏။ စုယန်သည် နောက်တစ်ဆင့် မချိုးဖျက်နိုင်ခင်အထိ ဤအေးခဲနေသည့် အခြေအနေတွင် ရှိနေမည်ဖြစ်၏။ ဆိုလိုသည်မှာ သူမသည် မသေမျိုး ဒုတိယအဆင့်သို့ မရောက်မချင်း နိုးလာလိမ့်မည် မဟုတ်ချေ။

ထိုအရာသည် အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ်ကို မသုံးခင်ကတည်း သူမ ကြိုတင်စီစဉ် ထားခဲ့သည့် အရာဖြစ်၏။

အမှန်တရားကို သိပြီးနောက် စုယန်ကို ရန်ကိုင် ထပ်စိတ်မပူတော့ချေ။ ထို့အတူ စုယန်အား ရေခဲဂိုဏ်းမှ ခေါ်သွားရန်လည်း မတွေးတော့ချေ။ ဤနေရာသည် စုယန်အတွက် အမှန်တကယ်ကို လိုက်ဖက်လှသည် မဟုတ်ပေလော။ ဤနေရာတွင် လေ့ကျင့်ခြင်းသည် အခြားနေရာ၌ လေ့ကျင့်သည်ထက် သူမအတွက် ပိုအကျိုးရှိပေလိမ့်မည်။

ထို့ပြင် သူနှင့် ရေခဲဂိုဏ်း အကြီးအကဲချန်ယွဲ့ကြား မကျေနပ်ချက် နည်းနည်းပါးပါး ရှိသော်လည်း အကြီးအကဲချန်ယွဲ့နှင့် ချင်းယသည် စုယန်အပေါ် အမှန်ကတယ် ကောင်းသည် မဟုတ်ပါလား။ ထို့ပြင် စုယန်သည် အကြီးအကဲချန်ယွဲ့အတွက် အများကြီး ပြောပေးခဲ့ရာ ရန်ကိုင်လည်း ထိုမိန်းမအပေါ် ဆက်လက် အငြိုးမထားတော့ရန် ဆုံးဖြတ်လိုက်၏။

ခဏလောက် ကျင့်ကြံပြီးနောက် သူ့ဝိဥာဉ် ပြန်လည် အားပြည့်လာခဲ့၏။

အခန်းအပြင်ဘက်ရှိ ရင်းနှီးနေသော အရှိန်အဝါ နှစ်ခုကို အာရုံခံမိလိုက်သော် ထိုင်ရာမှထ၍ အခန်းတံခါး ဖွင့်ပေးလိုက်၏။

ချင်းယနှင့် ချန်ယွဲ့တို့ အခန်းအပြင်ဘက်တွင် မတ်တပ် ရပ်နေခဲ့၏။ ရန်ကိုင် မြင်ပြီးနောက် အမျိုးသမီး နှစ်ယောက်၏ မျက်ဝန်းများထဲ ရှုပ်ထွေးသည့် အလင်းတန်းတို့ ဖြတ်ပြေးသွားခဲ့၏။

“စုယန် နိုးလာပြီလား” ချန်ယွဲ့က အနည်းငယ် အလျင်လိုနေသည့် အမူအရာဖြင့် မေးလိုက်၏။

“ခဏပဲ နိုးလာတာ။ ပြီးတာနဲ့ ပြန်အိပ်သွားရော” ရန်ကိုင်က ရှင်းပြလိုက်၏။

ချန်ယွဲ့က ရန်ကိုင်ကို ကြည့်နေရင်း မျက်မှောင် ကြုံ့လိုက်၏။ ထိုကောင်လေးသည် သူမအား ယခင်ကလို ရန်မူခြင်း မရှိတော့သည်ကို ချန်ယွဲ့ သတိပြုမိလိုက်၏။ ဘာတွေများ ဖြစ်ခဲ့လေသနည်း။

“စုယန်နဲ့ စကားကောင်းကောင်း ပြောခဲ့ရလား” ချင်းယက မေးလိုက်ရာ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“ဒီတော့ နင်တို့နှစ်ယောက် ဘယ်လိုဆုံးဖြတ် ထားပြီလဲ”

“စုယန်က ဒီမှာနေခဲ့မယ်တဲ့။ ဒါကြောင့် သူ့ကို ဂရုစိုက်ပေးဖို့ အကြီးအကဲတွေကိုပဲ တောင်းဆိုရတော့မယ်”

ချင်းယက ညင်သာသိမ်မွေ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “စိတ်မပူနဲ့။ ရေခဲဂိုဏ်းက အပြင်လူကို လက်မခံပေမယ့် မန်ဝူရမျက်နှာကို ထောက်ပြီး သူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးမှာပါ”

“ဂိုဏ်းချုပ်ချင်းကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြောလိုက်၏။

“အင်း၊ အေးခဲခန္ဓာကိုယ်ပိတ်လှောင်နှလုံးသား ပညာရပ် အသုံးပြုထားတဲ့ လူတစ်ယောက်ကို အခြား တစ်ယောက်က နှိုးနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒီအချက်နဲ့တင် နင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပုံမှန်မဟုတ်မှန်း သိသာနေပြီ” ထိုသို့ ပြောနေစဉ်အတွင်း ချင်းယ၏ မျက်နှာလှလှလေးထက် အေးစားအားကျသည့် အရိပ်အယောင်တို့ ရှိနေခဲ့၏။

ရန်ကိုင်က ပြုံးသားပြုံးလိုက်ပြီး ထပ်ရှင်းမပြတော့ချေ။ တစ်စိတ်တစ်ပိုင်းသည် သူ့အားစိုက်ထုတ်မှုကြောင့် ဖြစ်သော်လည်း အဓိက အကြောင်းအရင်းသည် စုယန်၏ ကြိုတင် စီစဉ်ထားမှုကြောင့် ဖြစ်၏။

စုယန်က ပြင်ဆင်ထားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမ၏ ဝိဥာဉ်နှင့် ဆက်သွယ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ သူမ၏ စိတ်စွမ်းအင်လောကကြီးထဲ ချိုးဖျက်ဖို့ဆိုလျှင် ဝေလာဝေးပင်။

“ငါနင့်ကို မေးချင်နေတာ တစ်ခုရှိတယ်” ချင်းယက ရုတ်တရက် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“အန်” ချင်းယ၏ လေးနက်နေသည့် အမူအရာကို မြင်သော် ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီး “ဂိုဏ်းချုပ် ဘာသိချင်တာလဲ”

“နင်နဲ့စုယန် ဘယ်လို တူနှစ်ကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားတာလဲ”

“ဂိုဏ်းချုပ်ဘာလို့မေးတာလဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့၏။ ရေခဲဂိုဏ်းသားများသည် သန့်စင်မှုကို အလေးထားသည့် ရေခဲဓါတ်ကျင့်စဉ်များကိုသာ လေ့ကျင့်ကြ၏။ ထို့ကြောင့် ထိုကျင့်စဉ်ကို ချင်းယ အဘယ်ကြောင့် ရုတ်တရက်ကြီး စိတ်ဝင်စားလာသည်ကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

စုယန်နှင့် သူလေ့ကျင့်နေသာ ကျင့်စဉ်ကို သိသွားလျှင်ပင်၊ သူဘက်က သင်ကြားပေးလိုက်သည့်တိုင် ထိုကျင့်စဉ်ကို လေ့ကျင့်ရန် ချင်းယ၌ အဖော် မရှိချေ။

“ဒီလောက်ကြီး သတိကြီးနေစရာ မလိုဘူး။ ငါက နင့်ကျင့်စဉ်ကို ရယူဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ငါ့ကို စိတ်အနှောင်အယှတ် ပေးနေတဲ့ တစ်ခုခုကို ရှင်းသွားစေချင်လို့ပဲ” ချင်းယက အသာအယာ မျက်မှောင်ကြုံ့၍ တစ်ခဏ စဉ်းစားနေလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏ “ဟိုးအချိန်တွေတုန်းက တုန်းရွှမ်လောကကြီးမှာ အရမ်းကို ကျော်ကြားတဲ့ အင်အားစုတွေ အများကြီးရှိတယ်”

“အို၊ ဘယ်လိုအင်အားစုတွေလဲ”

“တုန်းရွှမ်လောကကြီး တစ်ခုလုံးကို ကိုင်လှုပ်နိုင်တဲ့ အင်အားစုတွေပေါ့” ချင်းယက အလျင်အမြန် ရှင်းပြလိုက်၏ “အဲ့အင်အားစုတွေက တုန်းရွှမ် လောကကြီးမှာ အားအကောင်းဆုံး အင်အားစုတွေပဲ။ သူတို့ ခေတ်တုန်းကဆိုရင် နတ်ဆိုးမျိုးနွယ်စုတွေ၊ မွန်းစတား မျိုးနွယ်စုတွေ အကုန်လုံးက ငါတို့အောက်မှာပဲ။ နတ်ဆိုးမြေနဲ့ မွန်းစတားမြေ အများစုကို ငါတို့ပဲ ပိုင်ထားကြတာ”

“အဲ့လိုအင်အားစုတွေ ရှိတာလား” ရန်ကိုင် အရမ်းကိုမှ အံ့အားသင့်နေခဲ့၏။

“အင်း” ချင်းယက အသာအယာ ခေါင်းညိတ်လိုက်ပြီး “အဲ့တုန်းက တစ်ခုခု ဖြစ်သွားခဲ့ပြီး အားကောင်းတဲ့ အဲ့ဒီ အင်အားစုတွေ အကုန်လုံး ပြင်းပြင်းထန်ထန် ခံစား သွားခဲ့ရတယ်လေ။ သူတို့ရဲ့ အမွေအနှစ်တွေကိုတောင် ဆုံးရှုံးသွားခဲ့ရတယ်။ အုတ်မြစ်က ပျက်စီးသွားတော့ အဲ့အင်အားစုတွေ အကုန်လုံး သိသိသာသာကို အားနည်းကုန်ကြတာပေါ့။ အားနည်းသွားတယ် ဆိုပေမယ့် လုံးဝကြီး ပျောက်ကွယ်သွားတာမျိုးတော့ မဖြစ်ခဲ့ဘူး။ အင်အားစု အများစုက အားနည်းတဲ့ အခြေအနေနဲ့ ဆက်လက် တည်ရှိနေကြတုန်းပဲ”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ရေခဲဂိုဏ်းလည်း အဲ့အင်အားစုတွေထဲက တစ်ခုပဲမလား”

ရန်ကိုင်၏ ထက်ရှသော အမြင်ကြောင့် ချင်းယ အံ့အားသင့်သွားခဲ့ပြီး ပြုံးကာ ခေါင်းညိတ်၍ “ဟုတ်တယ်၊ ငါတို့ရေခဲဂိုဏ်းက အဲ့အင်အားစုတွေထဲက တစ်ခုပဲ။ အဲ့တုန်းကဆို ငါတို့ရေခဲဂိုဏ်းရဲ့ တပည့် အရေအတွက်က သောင်းဂဏန်းကျော်တယ်။ ဒါပေမယ့် အဲ့ကပ်ဆိုးကြီး နောက်ပိုင်း အသက်ရှင်ကျန်ရစ်နေတဲ့ ရေခဲဂိုဏ်း ဘိုးဘေးတွေက ဒီနေရာကို ပြောင်းရွှေ့လာခဲ့ကြပြီး အပြင်လောကကြီးနဲ့ အဆက်အသွယ် ဖြတ်လိုက်တာ”

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး “ဘယ်လို ကပ်ဘေးကို ကြုံတွေ့ခဲ့ရလို့ အဲ့လို အင်အားစုကြီးတွေ ပျောက်ကွယ် ကုန်ရတာလဲ”

ချင်းယ ခေါင်းခါရမ်းလိုက်ပြီး “ငါလည်းမသိဘူး။ အဲ့တုန်းက ဖြစ်ပျက်သွားခဲ့တဲ့ ကပ်ဘေးအကြောင်း ဘာမှတ်တမ်းမှ မရှိခဲ့ဘူး”

“ဂိုဏ်းချုပ်ချင်းယ ဘာလို့ အဲ့အကြောင်း လာပြောနေရတာလဲ”

“ဘာလို့လိုတော့ အဲ့ခေတ်တုန်းက မဟာအင်အာကြီး အင်အားစုတစ်ခုက အရမ်းကို ဆန်းကြယ်နက်နဲတဲ့ တူနှစ်ကိုယ်ကျင့်စဉ်ကို ကျင့်ကြံကြတယ်။ အဲ့အင်အားစုရဲ့ ထိပ်တန်း ပညာရှင် နှစ်ယောက်ကို နဂါးဧကရာဇ်နဲ့ ဖီးနစ်ဧကရီလို့ ခေါ်ကြတယ်။ နှစ်ယောက်စလုံးက သူတို့ အင်အားစုရဲ့ အဓိက ကျင့်စဉ်ကြီးကို လေ့ကျင့်ထားတာလေ။ သူတို့ နှစ်ယောက် ပူးပေါင်းတိုက်မယ်ဆိုရင် ပြိုင်ဘက်ကင်းလုလုပဲ။ ပြီးတော့ တိုက်ခိုက်နေတဲ့အချိန်… နှစ်ယောက်စလုံးက နဂါးနဲ့ဖီးနစ် အသွင်ပြောင်းပြီး တိုက်ခိုက်ကြတာ” ပြောနေရင်း ချင်းယက ရန်ကိုင်ကို အသေအချာ စူးစိုက်ကြည့်နေခဲ့၏။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ဂိုဏ်းချုပ်ချင်း ပြောချင်တာက…”

ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ခန့်မှန်းရုံ သက်သက်ပဲ။ သေချာသေးတာ မဟုတ်ဘူး။ ဒါပေမယ့် သာမန် တူနှစ်ကိုယ်ကျင့်စဉ်တွေက အစစ်အမှန်ချီကို သန့်စင်စေတာမှ မဟုတ်ဘဲ။ ဒါပေမယ့် နင်နဲ့ စုယန် လေ့ကျင့်ထားတဲ့ တူနှစ်ကိုယ်ကျင့်စဉ်ကတော့ အရမ်းကို ထူးခြားလွန်းတယ်။ ရွှေနဂါးနဲ့ ရေခဲဖီးနစ်ကို မြင်ပြီးတဲ့ နောက်ပိုင်း အဲ့အကြောင်းကို မတွေးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တာ။ အဲ့ဒဏ္ဏာရီလာ အင်အားစုကြီးကများ နင်တို့ နှစ်ယောက်နဲ့ ပက်သက်နေလားပေါ့”

“ကျုပ်မသိဘူး” ရန်ကိုင်က မျက်နှာအမူအရာ တစ်ချက် ပျက်ယွင်းသွားခြင်း မရှိဘဲ ရုပ်တည်ကြီးဖြင့် ငြင်းဆန်လိုက်၏။

ချင်းယက ရန်ကိုင်ကို ပြုံး၍သာ ကြည့်လိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။ ထိုကိစ္စနှင့် စပ်လျှင်း၍ ရန်ကိုင်ကို မေးကြည့်ရုံသာ မေးကြည့်ခဲ့ခြင်း ဖြစ်၏။ ဆက်၍သာ မေးနေမည်ဆိုပါက တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို ရယူလိုသည့် သဘော သက်ရောက်သွားနိုင်ပေ၏။

“ဂိုဏ်းချုပ်ချင်း၊ အဲ့အင်အားစု နာမည်ကို မှတ်မိသေးလား”

“ငါမှတ်မိတာသာ မှန်မယ်ဆိုရင် အဲ့အင်အားစုကို နဂါးဖီးနစ်ကောင်းကင်ဘုံလို့ ခေါ်တယ်။ အခုထိလည်း တည်ရှိနေတုန်းပဲ။ နင်ရှာချင်ရင် ရှာကြည့်လို့ရတယ်။ အရမ်းကြီး ရှာရမခက်ပါဘူး”

ရန်ကိုင်လည်း ခဏလောက် စဉ်းစားနေပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ “နေပါဦး၊ ဂိုဏ်းချင်ချင်း၊ မိုးမြေတစ်ခွင်မှာ နံပါတ်တစ် အားအကောင်းဆုံး ပညာရှင်က နတ်ဆိုးမျိုးနွယ်စုရဲ့ မဟာနတ်ဆိုးနတ်ဘုရားဆို။ အဲ့ဒါကို လူသား မျိုးနွယ်စုက တုန်းရွှမ်လောကကြီး တစ်ခုလုံးကို ဘယ်လိုလုပ်ပြီး အုပ်စိုးနိုင်ရတာလဲ”

ချင်းယက တခစ်ခစ် ရယ်မောလိုက်ပြီး “မဟာနတ်ဆိုး နတ်ဘုရားက ဒဏ္ဏာရီလာ ပုဂ္ဂိုလ်တစ်ပါးပဲ။ ဒါပေမယ့် ငါပြောနေတဲ့ ခေတ်က သူ့ပျောက်ကွယ်သွားတဲ့ နောက်ပိုင်းခေတ်ပဲ”

“အဲ့လိုပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

မဟာနတ်ဆိုးနတ်ဘုရား ပျောက်ကွယ်သွားပြီး ရှေးဟောင်းနတ်ဆိုးကလန်လည်း ဆန်းကြယ် လောကငယ် တစ်ခုထဲ ချိတ်ပိတ်ခံလိုက်ရ၏။ နတ်ဆိုးမျိုးနွယ်စုသည် သိသိသာသာကို အားနည်းသွားခဲ့ပြီး လူသားမျိုးနွယ်စု၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

“ဂိုဏ်းချုပ်ချင်း၊ ကျုပ်လုပ်စရာ ကိစ္စလေး တစ်ခု ရှိလို့ သွားလိုက်ဦးမယ်။ အဲ့ကနေ ပြန်လာတာနဲ့ ရေခဲဂိုဏ်းကနေ ထွက်သွားပေးမယ်” ချင်းယကို ပြောပြီးနောက် ရေခဲခန်းထဲကနေ ထွက်သွားလေ၏။

ပျောက်ကွယ်သွားသော ရန်ကိုင့် ကျောပြ်ငကို ကြည့်ရင်း ချင်းယက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါနင့်ကို အခုချက်ချင်း ထွက်သွားပါလို့ ပြောမှ မပြောတာကို”

“သူမြန်မြန် ထွက်သွားလေ ကောင်းလေပဲ” ချန်ယွဲ့က မကျေမနပ်ဖြင့် ရေရွတ်လိုက်ပြီးနောက် အခန်းထဲသို့ ပြေးဝင်ကာ စုယန်၏ အခြေအနေကို သွားစစ်ဆးလိုက်၏။ စုယန် အဆင်ပြေနေသည်ကို တွေ့လိုက်ရမှပဲ စိတ်သက်သာရာ ရသွားခဲ့၏။

ရေခဲတုံးထဲရှိ စုယန် ပြုံးလိုက်၏။

ရန်ကိုင်သည် စုယန်နှင့်သူ သွားခဲ့သည့် လမ်းကြောင်း အတိုင်း သွားရင်း သူတို့ ဖျက်စီးခဲ့သည့် ရေခဲတုံးရှိရာဆီ ဦးတည်နေခဲ့၏။ နေ့တစ်ဝက်ကြာပြီးနောက် ရေခဲတုံး ရှိရာဆီ ရောက်ရှိလာခဲ့၏။

ကောင်းကင်စိတ်အာရုံကို မထုတ်လွှတ်ဘဲနှင့်ပင် ထိုရေခဲပုံအောက်ခြေမှ ထွက်ပေါ်နေသော အားကောင်း လှသည့် စွမ်းအင်လှိုင်းများကို ရန်ကိုင် ခံစားမိနေ၏။

ပျော်ရွှင်စွာ ပြုံးရင်း ထိုနေရာဆီသို့ ပြေးသွားလေ၏။

ခဏအကြာ၌ ရေခဲတုံးများကို တူးဖုတ်ပြီးနောက် တောက်ကြက်မောက်အရွယ် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ကျောက်မြက်တစ်လုံးကို တွေ့လိုက်ရ၏။

စွမ်းအင်လှိုင်းများသည် ထိုရေခဲသလင်းတုံးမှ ထွက်ပေါ်နေခြင်းပင်။

ဒါက စုယန်ပြောတဲ့ ကျောက်သလင်းရေခဲများ ဖြစ်နေမလား မသိဘူး ထိုကျောက်မြက်တုံးကို လက်နှစ်ချောင်းဖြင့် ကိုင်ရင်း အသေအချာ စစ်ဆေးနေခဲ့၏။

သူ့အား ထူးဆန်းစေသည်ကား ထိုကျောက်မြက် အတွင်း၌ ထွင်းဖောက်မြင်နေရသော အရည်ကြည်တို့ ရှိနေခြင်းပင်။

ထိုအရည်ကြည်များမှ ထွက်ပေါ်နေသော အအေးဓါတ်ကြောင့် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးရန် ကြိုးပမ်းကြည့်လိုက်သည့်အခါ သူ့ကောင်းကင်စိတ်အာရုံပင် အေးခဲလုမတတ် ဖြစ်သွားခဲ့ရ၏။

တေဇောဓါတ် အသိစိတ်ပင်လယ် အဖြစ်သို့ ဆင်းကဲ့ပြီးနောက် ဖြစ်ပေါ်လာသော သူ့ကောင်းကင် စိတ်အာရုံကိုပင် အေးခဲအောင် လုပ်ဆောင်နိုင်သည်ကို ကြည့်လျှင် ထိုအရည်ကြည်လေးများ မည်မျှ အေးစက်ကြောင်း မြင်တွေ့နိုင်၏။

စစ်ဆေးမည့်အကြံကို လက်လျှော့၌ ထိုရေခဲသလင်းတုံးလေးကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းထားလိုက်၏။ ပြန်ဖို့ လုပ်နေစဉ်မှာပဲ တစ်ခုခုက သူ့အာရုံကို ဖမ်းစားသွားခဲ့၏။

ရေခဲထဲ၌ ကတ္တရာစေးကဲ့သို့ မည်းနက်နေသော အရိုးခြောက်တစ်ခု ရှိနေခဲ့၏။

အရိုးခြောက်၏ အရိုးများပေါ်၍ သွေးကြောများစွာ ရှိနေခဲ့၏။ သို့သော် ထိုအရိုးခြောက်၌ အသားမရှိ၊ အရိုးပေါ်တွင် အသားမရှိဘဲ သွေးကြောသာ ရှိနေခြင်း ဖြစ်သည်။

မတော်တဆ ဖြစ်သွားတဲ့ ရေခဲဂိုဏ်းက တပည့် တစ်ယောက်များ ဖြစ်နေမလား ရန်ကိုင် တွေးလိုက်၏။ ရေခဲတုံးသည် ရေခဲဓါတ်အဖိုးတန် ရတနာများကို ထုတ်ပေးရာ ဤနေရာ၌ ရတနာလာရှာရင်း သေသွားသည့် ရေခဲဂိုဏ်းသားများ ရှိသည်မှာ မထူးဆန်းချေ။

သို့သော် ရန်ကိုင်ကို မသေမချာ ဖြစ်စေသည်က ထိုအရိုးခြောက်တွင် အသားမရှိဘဲ အရိုးထက် သွေကြောများ ရှိနေခြင်းပင်။

ထိုအရိုးခြောက်ကို လျစ်လျူရှုထားလိုက်ချင်သော်ငြား တစ်ခဏကြာ စဉ်းစားပြီးနောက် ထိုအနက်ရောင် အရိုးခြောက်ကို ရေခဲတုံးထဲမှ ထုတ်ကာ ပခုံးပေါ်တင်၍ ရေခဲဂိုဏ်းဆီသို့ ပြန်သွားလေ၏။

မည်သို့ပင် ဆိုစေကာမူ စုယန်သည် ချင်းယနှင့် ရေခဲဂိုဏ်း၏ စောင့်ရှောက်မှုအောက်၌ ရှိနေလိမ့်မည်။ ထိုလူသာ ရေခဲဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ပါက သူ့အား ရေခဲဂိုဏ်းသို့ ပြန်ခေါ်သွားပြီး ကောင်းကောင်း မြှပ်နှံပေးရပေလိမ့်မည်။

တစ်ရက်ကြာပြီးနောက် ရေခဲဂိုဏ်းသို့ ပြန်ရောက်လာခဲ့၏။

ရောက်ရောက်ချင်း ရေခဲဂိုဏ်း၏ အကြီးအကဲ ချန်ဟောင်နှင့် သွားတိုး၏။

ရန်ကိုင်ကို မြင်သည်နှင့် ချန်ဟောင် မျက်မှောင် ကြုံ့သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏ “ကောင်လေး၊ မင်းဘာလို့ ငါတို့ ရေခဲဂိုဏ်းမှာ ရှိနေသေးတာလဲ”

“အခုပဲ ထွက်သွားတော့မှာ” ရန်ကိုင်လည်း ချန်ဟောင်ကို အမြင်မကြည်ချေ။ ထို့ကြောင့် ပခုံပေါ် ထမ်းထားသည့် အရိုးခြောက်ကို ချန်ဟောင်ဆီ ပစ်ပေးလိုက်ပြီး “ဒါနဲ့၊ ခင်းဗျာတို့ ရေခဲဂိုဏ်းသားလို့ ထင်ရတဲ့ လူတစ်ယောက်ရဲ့ အရိုးကို တွေ့လို့ ယူလာလိုက်တယ်။ အဲ့လူ မတော်တဆ တစ်ခုခု ကြုံတွေ့ခဲ့ရတဲ့ပုံပဲ”

ရန်ကိုင် ပြောသည်ကိုကြားလျှင် ချန်ဟောင် မျက်မှောင် ကြုံ့သွားပြီး အရိုးခြောက်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း အရိုးခြောက်ကို မြင်မြင်ချင်း သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲ သွားခဲ့ပြီး ကြောက်မက်ဖွယ် တစ်ခုခုကို မြင်တွေ့လိုက်ရသည့် အလား လက်ထဲတွင် ကိုင်ထားသော အရိုးခြောက်ကို ချက်ချင်း လွှတ်ချလိုက်လေ၏။

ဘုန်း…

အရိုးခြောက် ရေခဲပြင်နှင့် ရိုက်ခတ်သွားခဲ့၏။ ချန်ဟောင်၏ အမူအရာကို ကြည့်ရင်း ရန်ကိုင်လည်း အတွေးနက်သွားခဲ့ရ၏။ ထိုအရိုးခြောက်က ဘာဖြစ်၍များ သူတော်စင် ဒုတိယအဆင့် ဖြစ်သည့် အကြီးအကဲ ချန်ဟောင်ကို ဤမျှ ကြောက်ရွံ့သွားစေရသနည်း။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၄၀) ရေခဲဂိုဏ်း၏လျှို့ဝှက်ချက်

လေထဲတွင်ဝဲလျက် ချန်ဟောင်သည် နားလည်ရ ခက်သည့် အမူအရာဖြင့် လွှတ်ချလိုက်သော အရိုးခြောက်ကို ငုံ့ကြည့်နေခဲ့၏။ ရန်ကိုင်သည် ချန်ဟောင်ကို ကြည့်ရင်း မျက်မှောင် ကြုံ့နေခဲ့၏။

“ကောင်လေး၊ မင်းဒီဟာကို ဘယ်ကနေ တွေ့လာတာလဲ” ရုတ်တရက် ချန်ဟောင်ကို ရန်ကိုင်ကို ကြည့်၍ အလေးအနက် မေးလိုက်၏။

“ဒီကနေ နေ့ဝက်လောက်တော့ သွားရလိမ့်မယ်။ သွားပြီးတာနဲ့ အဲ့မှာတွေ့ရတဲ့ ရေခဲတုံးထဲကပဲ” ရန်ကိုင်က ပြန်ပြောလိုက်၏ “ဘာလို့လဲ။ ဘာမှားနေလို့လဲ”

ချန်ဟောင် ပြန်မဖြေခဲ့။ သူ့အမူအရာက ပို၍ပင် လေးနက်သွားခဲ့၏။ ရုတ်တရက် လှည့်၍ အသံ အကျယ်ကြီး အော်ဟစ်လိုက်၏။

ရန်ကိုင် အကြည့်တို့ တဖျတ်ဖျတ် လက်သွားခဲ့၏။ ရေခဲဂိုဏ်း၏ လျှို့ဝှက်တစ်ခုခုကို မမျှော်လင့်ဘဲ သူတွေ့သွားခဲ့သည့် ပုံပင်။

ဒီခဲနေတဲ့ အရိုးတွေက ဘယ်သူ့အရိုးတွေလဲ မသိဘူး။ အရိုးကို မြင်တာနဲ့ ချန်ဟောင် ဘာလို့ အခုလိုမျိုး ဖြစ်သွားရတာလဲ။ ငါနားမလည်နိုင်တော့ဘူး ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံဖြင့် အနက်ရောင်အရိုးခြောက်ကို စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့ခဲ့ရချေ။

ချန်ဟောင်၏ အော်သံကို ကြားသည်နှင့် ရေခဲဂိုဏ်း တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ဿွားခဲ့ပြီး မသေမျိုးအဆင့် ပညာရှင်များစွာသည် ဂိုဏ်းချုပ်ချင်းယနှင့်အတူ ထွက်ပေါ်လာခဲ့လေ၏။

“ဘာဖြစ်လို့လဲ” ချင်းယက အလျင်စလို မေးလိုက်၏။

အရမ်းကို အရေးကြီးသည့် ကိစ္စတစ်ခုသာ မဟုတ်လျှင် ချန်ဟောင်အနေဖြင့် ရေခဲဂိုဏ်းတစ်ခုလုံးကို အလန့်တကြား ဖြစ်သွားအောင် လုပ်လိမ့်မည် မဟုတ်ချေ။

“ကျုပ်နဲ့လိုက်ခဲ့” ပြောပြီးသည်နှင့် အစစ်အမှန်ချီကို လှည့်ပတ်၍ အောက်သို့ ချက်ချင်း ဆင်းလိုက်၏။

ရန်ကိုင် အမူအရာ မှုန်ကျသွားခဲ့ပြီး ရေခဲဂိုဏ်းမှ ပညာရှင်များနောက် အမြန်ပြေးလိုက်လေ၏။

အောက်ဘက်၌ ရေခဲဂိုဏ်းမှ ပညာရှင်များစွာသည် အနက်ရောင် အရိုးခြောက်ကို နားမလည်နိုင်သည့် အမူအရာဖြင့် ဝိုင်းအုံကြည့်နေခဲ့ကြ၏။ သို့သော် ချင်းယနှင့် ကျန်သူတော်စင် ပညာရှင်များ ထိုအရိုးခြောက်ကို မြင်သော် သူတို့၏ အမူအရာ သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။

“အားလုံးပြန်ဆုတ်” ချင်းယက အမြန်အဆန် အမိန့်ပေးလိုက်၏။

မသေမျိုးအဆင့် ပညာရှင်များ စိတ်ရှုပ်နေသည့် အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သို့သော် ဘာမှ ပြန်မပြောခဲ့။ နာနာခံခံဖြင့်သာ နောက်ပြန်ဆုတ်သွားကြ၏။

ခဏအကြာတွင် ချင်းယ၊ သူတော်စင်အဆင့် ပညာရှင် လေးယောက်နှင့် ရန်ကိုင်တို့သာ ကျန်တော့လေ၏။

“ဒါကို ဘယ်ကနေ ရလာတာလဲ” ချင်းယ၏ မျက်နှာလေးသည် ယခင်နှင့်မတူစွာ လွန်စွာကိုမှ လေးနက်နေ၏။

“ဒီကောင်လေး သယ်လာတာ” ချန်ဟောင်က ရန်ကိုင်ကို လက်ညိုးထိုးပြလိုက်၏။

“ရန်ကိုင်၊ ဒါကို နင်ဘယ်ကနေ တွေ့လာခဲ့တာလဲ။ ဘယ်လို ရှာတွေ့ခဲ့တာလဲ” ချင်းယက အမြန်အဆန် ပြောလိုက်၏။

လွန်စွာကိုမှ လေးနက်နေသော ချင်းယ၏ အမူအရာကို မြင်သော် ဤကိစ္စသည် မည်မျှ အရေးကြီးမှန်း ရန်ကိုင် နားလည်လိုက်၏။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စဉ်ကို အမြန်အဆန်ပဲ ရှင်းပြလိုက်လေ၏။ ရန်ကိုင် ရှင်းပြနေသည်ကို နားထောင်ရင်း အားလုံး၏ အမူအရာ လေးလံသထက် လေးလံလာခဲ့၏။

“ဘာမှားနေလို့လဲ။ ဒါက ရေခဲဂိုဏ်းက တပည့်တစ်ယောက် မဟုတ်ဘူးလား” ရန်ကိုင်က မျက်မှောင်ကြုံ့ကာ မေးလိုက်၏။ ရေခဲဂိုဏ်းသား တစ်ယောက်၏ အရိုးခြောက်ဟုထင်၍ စေတနာဖြင့် ပြန်သယ်လာခဲ့သော်ငြား သူသယ်လာခဲ့သော အရိုးခြောက်သည် ရေခဲဂိုဏ်းကို ဤမျှ ပြဿနာ တက်သွားစေလိမ့်မည်ဟု ထင်မထားခဲ့လေရာ ရန်ကိုင်လည်း ရှက်မိသွားခဲ့၏။

“ဒီနိမိတ်မရှိတဲ့ သတ္တဝါက ငါတို့ ရေခဲဂိုဏ်းရဲ့ တပည့် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ချန်ဟောင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၏။ သူ့လေသံထဲ ဒေါသရိပ်တို့ ပါဝင်နေခဲ့ပြီး အမုန်းတရားတို့သည့် သူ့မျက်နှာထက် တရိပ်ရိပ် တက်လာနေခဲ့၏။

“နိမိတ်မရှိတဲ့ သတ္တဝါလား” ရန်ကိုင် ထိတ်လန့် သွားခဲ့ပြီး “ခင်ဗျားတို့နဲ့ ဒီကောင်ကြား ဘယ်လို မကျေနပ်ချက်တွေ ရှိနေလဲ ကျုပ်မသိပေမယ့် ကျုပ်က ခင်ဗျားဂိုဏ်းရဲ့ တပည့်တစ်ယောက်ထင်ပြီး စေတနာနဲ့ သယ်လာပေးခဲ့တာ။ သူက ခင်ဗျားတို့ ရေခဲဂိုဏ်းရဲ့ တပည့်မဟုတ်မှတော့ သွားပြန်ထားလိုက်ရုံပေါ့”

“အဲ့ကောင်ကို မထိနဲ့” ချင်းယက ရန်ကိုင်ကို အလျင်အမြန် တားလိုက်၏။

ချင်းယ၏ ပြုမူပုံကို မြင်သော် ရန်ကိုင် မဲ့ပြုံးပြုံးလိုက်ပြီး “ဘာမဟုတ်တာလေးကို ခင်ဗျားတို့က ပုံကြီးချဲ့နေတာပဲ။ ဒီကောင် ဘယ်လို မကောင်းမှုတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ သေသွားတဲ့လူက ပြန်ရှင်လာမှာမှ မဟုတ်တာ။ ခင်ဗျားတို့သူ့ကို ဒီလောက်ကြီး စိုးရိမ်နေစရာ မလိုဘူးလေ”

“သူသေပြီလို့ မင်းကိုဘယ်သူလဲ” ချန်ဟောင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။

ရန်ကိုင် မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်း မျက်မှောင်ကြုံ့သွားခဲ့ကာ “ခင်ဗျား ဘာပြောချင်တာလဲ”

“သေသွားပြီလို့ ထင်ရပေမယ့် ဒီကောင်က သေသေးတာ မဟုတ်ဘူး။ အသက်ရှင်နေတုန်းပဲ” ချင်းယက ရေရွတ်လိုက်၏။ သူမ၏ မျက်နှာ လှလှလေးသည် အနည်းငယ် ဖြူလျော်နေသေး၏။

ရန်ကိုင် မှင်သက်သွားခဲ့ပြီး ကျန်လူများဆီ လှမ်းကြည့်လိုက်၏။ သို့သော် ထိုလူများသည်လည်း ငြင်းဆန်မည့် အရိပ်အယောင်မပြ။

“သူမသေသေးဘူးလား။ ဒါပေမယ့် ဒီကောင့်မှာ ဘာအသားမှ မရှိတော့ဘူးလေ။ သွေးကြောတွေနဲ့ အရိုးခြောက် သက်သက်ကြီးပဲဟာကို။ ဘယ်လိုလုပ်ပြီး…”

ချင်းယ အသာအယာ သက်ပြင်းချလိုက်ပြီး ရန်ကိုင်စကားကို ဖြတ်ပြောလိုက်၏ “ဒီလောကကြီးမှာ နင်တစ်ခါမှ မကြားဖူးတဲ့ သက်ရှိပုံစံတွေ အများကြီးပဲ။ ဒါပေမယ့် အဲ့လို ထူးဆန်းတဲ့ သက်ရှိတွေက အရမ်း အသက်ပြင်းကြတယ်။ ပြီးတော့ သူတို့ပိုင်ဆိုင်ထားတဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ်တွေကြောင့် အသွေးအသား ပိုင်ဆိုင်ထားတဲ့ လူတွေထက်ကို ပိုပြီး အားကောင်းကြတယ်”

သူမ ရှင်းပြသည်ကို နားထောင်ပြီးနောက် အစစ်အမှန် ကျောက်စိမ်းစိတ်ဝိဥာဉ်ကို ရန်ကိုင် ပြန်စဉ်းစားမိလိုက်၏။

အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်သည်လည်း အသွေးအသား၊ အရိုးကို ပိုင်ဆိုင်ထားခြင်း မရှိသော သက်ရှိ တစ်ကောင်ပင် ဖြစ်၏။ သို့သော် ထိုကောင်သာ အပြည့်အဝ ရင့်ကျက်လာပါက သူထုတ်လွှတ်လိုက်သော အဖျက်စွမ်းအားသည် လွန်စွာကိုမှ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ထို့ကြောင့် ချင်းယ ပြောသည်မှာ ယုံရခက်သော်ငြား ရန်ကိုင် ယုံကြည်ခဲ့၏။

“ဒါပေမယ့် နင်စိုးရိမ်နေစရာ မလိုဘူး။ ဒီတစ်ကောင်က အရမ်းကြီး မသန်မာဘူး” ချင်းယက အသာအယာ ပြုံးလိုက်၏။ ထိုစကားကို ကြားမှပဲ ချန်ဟောင်နှင့် အခြားသူတော်စင်များ စိတ်သက်သာရာ ရသွားခဲ့ကြ၏။

“ရန်ကိုင်၊ နင်က ဒီကောင်ကို သယ်လာတဲ့လူဆိုတော့ ဒီကောင်ကို ကူသတ်ပေး” ချင်းယက ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်၏။

“ကောင်းပြီလေ။ ကျုပ် ဘယ်လိုလုပ်ရမလဲ”

“လောင်ကျွမ်းပစ်လိုက်” ချင်းယက အေးခဲနေသည့် အရိုးခြောက်ကို လက်ညိုးထိုးကာ ပြောလိုက်၏။

ရန်ကိုင်က ဘာမှ ပြန်မပြောခဲ့ဘဲ အစစ်အမှန်ချီကို လှည့်ပတ်၍ အရိုးခြောက်ကို စတင် မီးရှို့လေ၏။

ရေခဲသည် အလျင်အမြန် အရည်ပျော်သွားခဲ့ရာ မကြာခင်မှာပင် အားလုံး မျက်စိရှေ့ မည်းနက်နေသော အရိုးခြောက် ထွက်ပေါ်လာခဲ့၏။

အစစ်အမှန်ချီကို သုံး၍ ထိုကောင်ကို တစ်ထိုင်တည်း လောင်ကျွမ်းဖို့ လုပ်နေစဉ်မှာပင် အရိုးခြောက်ဆီမှ ပြင်းထန်သော အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့၏။

ရန်ကိုင် မှင်သက်သွားခဲ့၏။ ယခင်က ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်လုံးနှစ်လုံးသည် အစိမ်းရောင်မီးတောက်တို့ဖြင့် ရုတ်တရက် ပြည့်သွားခဲ့ပြီး အရိုးခြောက်သည် စတင် လှုပ်ရှားရန် ပြင်နေသည်ကို မြင်သော် ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲ သွားခဲ့ရလေ၏။

ထိုကောင်သည် အမှန်ကတယ်ကို အသက်ရှိပေ၏။

ချင်းယ အမူအရာ မည်းမှောင်သွားခဲ့ပြီး လက်ကို ဝှေ့ရမ်း၍ အရိုးခြောက်ကို မြေပြင်မှ မခွါနိုင်အောင် လုပ်လိုက်၏။

ရန်ကိုင်သည် အစစ်အမှန်ချီကို အဆုံးစွန်ထိ တင်၍ ထိုအရိုးခြောက်ကို လောင်ကျွမ်းပစ်တော့လေ၏။

ရုတ်တရက် သွေးပျက်ချောက်ချားဖွယ် အော်သံကို အားလုံး အားလိုက်ရ၏။ ထိုအသံသည် ကြားလိုက် ရသူတိုင်၏ စိတ်ကို ရူးသွပ်ကြမ်းကြုတ်သွားအောင် လုပ်ဆောင်နိုင်ပေ၏။

သို့သော် ရေခဲဂိုဏ်းမှ အကြီးအကဲများ၏ အမူအရာ ပျက်ယွင်းသွားခြင်း မရှိခဲ့။ ရန်ကိုင်သည်လည်း ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့၏။

ထိုအချက်ကို ချင်းယလည်း သတိပြုမိလိုက်၏။ ထိုအော်သံကြောင့် ရန်ကိုင် စိတ်မတည်မငြိမ် ဖြစ်သွားမည်ဟု ထင်နေခဲ့သော်လည်း ရန်ကိုင်သည် အကောင်းအတိုင်း ရှိနေဦးမည်ဟု သူမ မထင်ထားခဲ့ချေ။

ထိုအသံသည် လွန်စွာကိုမှ စူးရှလွန်းကာ အားလုံး၏ နားထဲ အချိန်အတော်ကြာသည်အထိ ညံနေခဲ့၏။ သို့သော် ခဏအကြာ၌ ထိုအော်သံသည် တဖြည်းဖြည်း အားနည်းလာခဲ့ပြီး နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

ဟူး…

မီးတောက်များကြောင့် အနက်ရောင် အရိုးခြောက် ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး လေနှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားလေ၏။

ရန်ကိုင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း ယခုထိတိုင် မယုံကြည်နိုင် ဖြစ်နေဆဲ။

အသွေးအသား မရှိသော အရိုးခြောက်တစ်ကောင်သည် အသက်ရှိနေမည်ဟု မည်သူ ထင်မည်နည်း။ အသက်ရှိရုံမက ထိုကောင်သည် ကိုယ်ပိုင် အသိစိတ်ကိုပင် ပိုင်ဆိုင်ထားသေး၏။

“ဂိုဏ်းချုပ်ချင်းယ၊ အဲ့ဒါ ဘာကြီးလဲ။ ကျုပ်ကို ရှင်းပြပေးလို့ရမလား” ရန်ကိုင်က မျက်မှောင်ကြုံ့ကာ ချင်းယကို ကြည့်၍ မေးလိုက်၏။

“မေးခွန်းအများကြီး မေးနေလို့ ဘာထူးမှာ မို့လို့လဲ” ချန်ဟောင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

သို့သော် ချင်းယက သူမလက်ကို ဝှေ့ရမ်း၍ ပြန်ပြောလိုက်၏ “ငါနင့်ကို ပြောပြနိုင်တာ များများစားစား မရှိဘူး။ အမှန်အတိုင်း ပြောရရင် ငါတို့တောင် အဲ့ကောင်တွေ အကြောင်း အရမ်းကြီး သိထားတာ မဟုတ်ဘူး။ အဲ့ကောင် အရိုးမျိုးနွယ်စုကလို့ ကြားပဲ ကြားဖူးတာ”

“အရိုးမျိုးနွယ်စုလား” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့၏။

“ဟုတ်တယ်။ အဲ့ကောင်တွေက အစကတည်းက အသွေးအသား မရှိတာ။ အရိုးနဲ့သွေးကြောတွေပဲ ရှိတယ်။ ဒါပေမယ့် အရမ်းကို အားကောင်းကြတယ်။ ငါတို့ ရေခဲဂိုဏ်း အခုလို အားနည်းသွားရတာ အဲ့ကောင်တွေ ကြောင့်ပဲ”

“ဒီမျိုးနွယ်စုက ဘယ်ကနေ ရောက်လာလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ ဟိုးတုန်းက အရိုးမျိုးနွယ်စုအပြင် အခြားမျိုးနွယ်စုတွေလည်း တုန်းရွှမ်လောကကြီးမှာ ပေါ်လာခဲ့သေးတယ်။ အဖြစ်အပျက် တစ်ခုကြောင့် ဒီလောကကြီး အင်အားစုကြီးတွေ ဖျက်စီးခံရလုနီးပါး ဖြစ်သွားခဲ့တယ်လို့ ငါနင့်ကို ပြောခဲ့တယ်မလား။ အဲ့အဖြစ်အပျက် အဲ့ထူးဆန်းတဲ့ မျိုးနွယ်စုတွေနဲ့ ဆက်စပ်နေတယ်။ အရိုးမျိုးနွယ်စုက ပညာရှင်အချို့ လွတ်မြောက် သွားတယ်လို့ ငါတို့ စီနီယာတွေလည်း ပြောခဲ့ဖူးတယ်။ နှစ်သန်းပေါင်းများစွာအတွင်း အေးခဲနေတဲ့ အရိုးမျိုးနွယ်စုတွေ အများကြီးကို တွေ့ပြီး သတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ငါဂိုဏ်းချုပ်ရာထူးကို ရယူပြီးနောက်ပိုင်း အရိုးမျိုးနွယ်စုဝင် တစ်ယောက်ကို အခုမှ ပထမဆုံး တွေ့ဖူးတာပဲ”

“စိတ်ဝင်စားစရာပဲ” ရန်ကိုင် အမူအရာ အနည်းငယ် ထူးဆန်းနေခဲ့၏။

“ဘယ်လိုလုပ်ပြီး စိတ်ဝင်စားစရာ ဖြစ်ရမှာလဲ။ တွေ့မင်းတာ အားနည်တဲ့ မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေလိုပေါ့။ အကောင်းတဲ့ တစ်ကောင်သာ တွေ့ကြည့်ပါလား၊ ငါတို့ တစ်ဂိုဏ်းလုံး အကုန်ကုန်မှာ” ချန်ဟောင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

“ဒါဆိုရင် ဘာလို့ ဒီမှာ နေနေသေးလဲ” ရန်ကိုင် ကြောင်သွားခဲ့၏။

“အရိုးမျိုးနွယ်စုမှာ အားကောင်းတဲ့ ပညာရှင်တွေ ရှိတာ အမှန်ပဲ။ ဒါပေမယ့် အားလုံးက အားကောင်းတာမှ မဟုတ်တာ။ ပြီးတော့… ငါတို့တွေကလည်း အားနည်းကြတာ မဟုတ်ဘူးလေ ။ အဲ့ကောင်တွေ နိုးထပြီး နောက်တစ်ကြိမ် ထပ်မသောင်းကျန်နိုင်အောင် ငါတို့က ဒီနေရာကို စောင့်ကြပ်နေတာပဲ” ချင်းယက အသာအယာ ပြုံးကာ ပြောလိုက်၏။

ထိုစကားကို ကြားသော် ရန်ကိုင် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး “ဒီတော့ ခင်ဗျား ပြောချင်တာက ခင်ဗျားတို့ ဒီမှာ နေနေရတဲ့ အကြောင်းအရင်းက ဒီလောကကြီးကို တိတ်တဆိတ် ကာကွယ်ပေးဖို့ပေါ့”

“ဟဲဟဲ၊ ဘာမှ ဒီလောက် ကြီးကျယ်တာ မဟုတ်ပါဘူး။ ငါတို့က ဘိုးဘေးတွေရဲ့ ဆန္ဒကို လိုက်နာရုံပဲ။ ပြီးတော့ အပြင်လောကကြီးကလည်း အရမ်းကို ဆူးညံ့တယ်လေ။ ဒီမှာ နေတာကြာပြီ ဆိုတော့ အခြားနေရာတစ်ခုဆီ မပြောင်းချင်တော့ဘူ” ချင်းယက ပြန်ပြောလိုက်၏။

ထိုကာကွယ်သူများအား ရန်ကိုင် လေးစားမိသွား၏။

“အကြီးအကဲတို့၊ ဒီနာတစ်ဝိုက်မှာ အရိုး မျိုးနွယ်စုက ရှင်ကျန်သူတွေရှိမရှိ စစ်ဆေးကြည့်လိုက်ပါဦး” ချင်းယက သူတော်စင်အကြီးများကို အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ပါ” အကြီးအကဲ လေးယောက်စလုံး ပြိုင်တူ ဖြေလိုက်ကြပြီး မသေမျိုးအဆင့် ပညာရှင်များကို ခေါ်ကာ ဤနယ်မြေတစ်ဝိုက်ကို စတင် စစ်ဆေးတော့လေ၏။

ရန်ကိုင်က နေရာတွင်ရပ်၍ အချိန်အတော်ကြာအောင် စဉ်းစားနေပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်၏ “စုယန် အဆင်ပြေပါ့မလား”

“စိတ်ပူစရာ မလိုဘူး” ချင်းယက ကောင်းကင်ပေါ် မော့၍ “ငါသာ ဒီမှာရှိနေသရွေ့ စုယန် ဘာမှ မဖြစ်စေရဘူး။ အရိုးမျိုးနွယ်စုက ရှင်ကျန်သူတွေ ရှိနေရင်တောင် ဒီမှာ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ချင်းယက ထိုကဲ့သို့ ပြောလာသဖြင့် ရန်ကိုင် အတော့်ကို စိတ်သက်သာရာ ရသွားခဲ့၏။ ထို့နောက် အနက်ရောင်သိုလှောင် နေရာလွတ်ထဲမှ ရေခဲသလင်းတုံးကို ထုတ်ယူလိုက်ပြီး ချင်းယဆီ ပေးကာ “ဒါကို ရေခဲတုံးထဲကနေ ရခဲ့တာ။ ရေခဲဓါတ်ကျင့်စဉ်ကို လေ့ကျင့်တဲ့ လူတွေအတွက် အသုံးဝင်တယ်လို့ စုယန်က ပြောတာပဲ”

“ကျောက်သလင်းစိမ်းရေခဲလား” ချင်းယ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သို့သော် တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် အလန့်တကြား အော်ပြောလေ၏ “မဟုတ်ဘူး။ ဒါက… ကျောက်သလင်းရေခဲအဆီအနှစ်ပဲ”

“အဲ့ဒါဘာကြီးလဲ”

“ဒီသလင်းကျောက်ရဲ့ အပြင်ဘက်အလွှာကို ကျောက်သလင်းစိမ်းရေခဲနဲ့ ဖွဲ့စည်းထားတာ။ အတွင်းဘက်မှာ ရှိနေတဲ့ အရည်ကြည်တွေက ကျောက်သလင်း ရေခဲအဆီအနှစ်ပဲ။ နင့်ကံက အရမ်းကို ကောင်းလွန်းတယ်” ချင်းယက ရန်ကိုင်ကို တအံ့တဩ ကြည့်လိုက်ပြီး “ဒါနဲ့ဆိုရင် စုယန်ရဲ့ ခွန်အား ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာလိမ့်မယ်။ ဒါက ရေခဲဓါတ်ကျင့်စဉ်ကို လေ့ကျင့်တဲ့လူတွေက အဖိုးတန် ရတနာတစ်ပါးပဲ”

ပြောပြီဂသည်နှင့် ရန်ကိုင်ကို ပြုံးပြ၍ “ငါ့ဆီ ပေးလိုက်လို့ ငါ့အတွက် သုံးပစ်လိုက်မှာ နင်မကြောက်ဘူူးလား။ ဒါက ငါ့အတွက်လည်း အရမ်းကို အသုံးဝင်တာနော်”

ရန်ကိုင်က ပြုံးကာ ပြောလိုက်၏ “ဂိုဏ်းချုပ် သုံးမယ်ဆိုရင်လည်း သုံးပေါ့။ ဘာဖြစ်မှာလဲ။ စုယန်ကို စောင့်ရှောက်ပေးတဲ့အတွက် ပေးတဲ့ လက်ဆောင်လို့ သဘေားထားပြီးတော့ပဲ သုံးလိုက်ပေါ့”

“ဟန့်၊ တကယ်ကို လျှာစောင်းထက်တဲ့ ကောင်လေးပဲ” ချင်းယက နောက်ပြောင်လိုသော လေသံဖြင့် “စိတ်ပူမနေနဲ့၊ စုယန် နိုးလာတဲ့အခါက သူ့ကို ကူပြီး ငါဒါကို သန့်စင်ပေးလိုက်မယ်။ ငါက ဂျူနီယာ တစ်ယောက်ဆီက ယူရလောက်တဲ့အထိ မွဲမနေပါဘူးနော်”

“ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်က တောက်ပစွာပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်။

တစ်ခုခုကို နားလည်သွားဟန်ရကာ ချင်းယက မေးလိုက်၏ “ထွက်သွားခင် နင့်သူ့ကို သွားမတွေ့ တော့ဘူးလား”

“မလိုတော့ဘူး။ သူအဆင်ပြေနေမှန် ကျုပ်သိနေပြီပဲ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ဂျူနီယာ သွားပါတော့မယ်”

ပြောပြီးသည်နှင့် ပြတ်ပြတ်သားသား လှည့်ထွက်သွားလေ၏။

“မန်ဝူရကို တွေ့ရင် ပြောလိုက်ဦး။ ငါ့အပေါ် တင်ခဲ့တဲ့ အကြွေးကို အနှေးနဲ့အမြန် ငါပြန်ယူမယ်လို့” ချင်းယက လှမ်းအော်ပြောလိုက်၏။

ရန်ကိုင်က ပြန်လှည့်မကြည့်ဘဲ လက်ကိုသာ ဝှေ့ရမ်းပြလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

================================

All Chapters