← Chapters

အခန်း (၇၆၆-၇၇၀)

Vol. 31 Ch. 766-770

အခန်း (၇၆၆-၇၇၀)

Vol. 31 Ch. 766-770

အပိုင်း(၇၆၆) နတ်ဘုရားသစ်ပင်

အဖွဲ့ကို ဦးဆောင်လာသော လူသည် ရန်ကိုင်၏ စည်းကို ဖြေပေးခဲ့သည့် လူဖြစ်၏။ မှုန်ကုတ်နေသည့် မျက်နှာထားဖြင့် အခန်းရှေ့သို့ ရောက်လာပြီး သူ့ကလန်သားများကို အကျဉ်းခန်း တံခါအား ဖွင့်ခိုင်းလိုက်၏။

“ကောင်လေး၊ မင်းသေနေ့ရောက်ပြီ” ထိုလူက အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီး “ငါတို့ အရင်းအမြစ်တွေကို ဖြုန်း၊ ဒီလောက်ကြာအောင် ဇိမ်ကျကျနဲ့ နေလာခဲ့တာဆိုတော့ မင်းဘက်က ဘယ်လောက် ပြန်ပေးနိုင်မလဲ ငါမြင်ချင်သေးတယ်”

ပြောနေရင်း ရန်ကိုင် အစစ်အမှန်ချီကို နောက်တစ်ကြိမ် စည်းခတ်လိုက်ပြီး သူ့ကလန်သားများကို အမိန့်ပေးလိုက်၏ “သူတို့ အားလုံးကို ခေါ်သွားတော့”

ကျိုးချဲနှင့် သူ့နောက်လိုက်များ ခုခံနေသဖြင့် နေမင်းကလန်သာများက ကန်ကျောက်လေရာ ညည်းသံများ ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်နှင့် အန်လင်းအာကမူ နည်းနည်းမှပင် ခုခံခြင်းမပြုဘဲ ငြိမ်ငြိမ်လေး လိုက်သွားလိုက်၏။

လမ်းတစ်လျှောက် ကျိုးချဲသည် ရုန်းကန်နေခဲ့သဖြင့် ကျာပွတ်စွာ မိသွားခဲ့ပြီး နောက်ဆုံး အနက်ရောင် စင်္ကြန်လမ်းမှ ထွက်လာသည့် အချိန်၌ ကျိုးချဲတစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်နေခဲ့လေပြီ။ သို့သော် ခေါင်းမာမာဖြင့် ခုခံနေဆဲ။ ပါးစပ်ကလည်း ငြိမ်ငြိမ်နေမနေခဲ့ဘဲ အဆက်မပြတ် ကျိန်ဆဲနေခဲ့၏။

နေမင်းကလန်မှ ပညာရှင်တစ်ယောက်က နှာခေါင်းရှုံ့၍ “ဆက်ဆဲ၊ မနက်ဖြန်ကို မြင်ရတော့မှာ မဟုတ်လို့ မင်းစိတ်ကြိုက်သာဆဲ။ နတ်ဆိုးဗိုလ်ချုပ်ရဲ့ သားလား။ ဟန့်၊ မင်းက လမ်းလျှောက်နေတဲ့ လူသေ တစ်ယောက်ကလွဲပြီး ဘာမှကို မဟုတ်တာ။ ဘယ်သူမှ မင်းကို လာကယ်မှာ မဟုတ်ဘူး”

“ဇရှိရင် ငါ့ကိုလွှတ်ပေးလိုက်။ ငါလွတ်တာနဲ့ ငါ့အဖေစစ်တပ်ကို ဦးဆောင်ပြီး မင်းတို့အားလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်မှာ” ကျိုးချဲက အော်ဟစ်လိုက်၏။

“သောက်ရူး” ထိုလူက အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်၏။

ကျိုးဆဲသည် ကျိန်ဆဲအော်ဟစ် ပြောဆိုနေစဉ်အတွင်း ရန်ကိုင်ဆီ လှုပ်ရှားရန် လှမ်းလှမ်း အချက်ပြခဲ့၏။ သို့သော် ရန်ကိုင်ကမူ လှုပ်ရှားရန် အချိန်မကျသေးဘူးဟူ၍သာ ပြန်အချက်ပြခဲ့၏။

ယခုအချိန်တွင် သူတို့အား ဝိုင်ထားသော ပညာရှင် အားလုံး သတိအပြည့် ရှိနေခဲ့ကြ၏။ ခွန်အားအပြည့် ရှိနေသည် ဆိုလျှင်ပင် လွတ်မြောက်ရန် မသေချာချေ။ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် ချိတ်ပိတ်ထား ခံရသည့် အချိန်၌ သူဘာလုပ်ရမည်နည်း။

ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ထုတ်လွှတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေပြီး နေမင်းကလန်သား များစွာကို ဓါးစာခံအဖြစ် အရင် ဖမ်းဆီးရပေမည်။

ရန်ကိုင်က ငြိမ်ငြိမ်လေးသာ ရှိနေသေးသည်ကို မြင်သော် ကျိုးချဲသည် ရန်ကိုင်ကို ဆက်၍ အချက် မပြတော့ချေ။ အဲ့အစား သူ့ကို သံသယအကြည့်ဖြင့် စတင် စိုက်ကြည့်လာခဲ့၏။

အချိန်ကြာလာသည်နှင့် ယန်စွမ်းအင်လှိုင်းများသည် ပိုပို၍ အားကောင်းလာသလို ပိုပို၍လည်း မတည်မငြိမ် ဖြစ်လာခဲ့၏။

နေမင်းကလန်များသည်လည်း အလျင်လိုနေဟန် ရကာ ရန်ကိုင်တို့အား မြန်မြန်သွားရန် အဆက်မပြတ် တိုက်တွန်းနေခဲ့၏။

ခဏအကြာ၌ မီတာတစ်ထောင် ပတ်လည်အတွင်း ဧရာမရွှေရောင်သစ်ပင်ကြီး တစ်ပင်မှလွဲ၍ ဘာဆိုဘာမှ မရှိသော နေရာလပ်တစ်ခုသို့ ရန်ကိုင်တို့ ရောက်လာခဲ့၏။

ထိုဧရာမသစ်ပင်ကြီးဆီမှ ယန်ဓါတ်စွမ်းအင်တို့အား ထုတ်လွှတ်ပေးနေသည်ကို ရန်ကိုင် အာရုံခံမိ၏။

ထိုသစ်ပင်ကြီးသည် ဧရာမထီးကြီးတစ်လက်ပမာ ၎င်း၏ လက်တံသစ်ကိုင်းများဖြင့် ကောင်းကင် တစ်ခုလုံးကို စီးမိုးလွှမ်းခြုံထားခဲ့၏။ ထို့ပြင် သိပ်သည်းလွန်းလှသော ယန်ဓါတ်တို့လည်း ထုတ်လွှတ်နေရာခဲ့၏ ထိုယန်ဓါတ်စွမ်းအင်များသည် အလွှာပါး အရံအတားတစ်ခုပမာ ဖြစ်နေ၍ နေမင်း ကလန်သားများ နေထိုင်ရာနေရာတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့လေ၏။

ထိုနေရာသို့ ရောက်သည်နှင့် ရန်ကိုင် ကိုယ်ထဲရှိ အစစ်အမှန်ချီ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ပြီး ခဏအကြာ၌ သူ့အစစ်အမှန်ချီကို စည်းခတ်ထားသည့် စည်းတံဆိပ် ပျက်စီးသွားခဲ့၏။

ရန်ကိုင် မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်မှုတို့ ဖြတ်ပြေးသွားခဲ့၏။

ထိုကဲ့သို့သော ထူးဆန်းသည့် သစ်ပင်မျိုး ဤလောကကြီးတွင် တည်ရှိလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်ထားခဲ့ချေ။ ထိုသစ်ပင်ကြီးသည် နေမင်းကလန်၏ နတ်ဘုရားသစ်ပင်ဖြစ်ကာ သူတို့ မျိုးနွယ်စု၏ အုတ်မြစ်လည်း ဖြစ်ပေ၏။

နေမင်းကလန်သားများ ကျင့်ကြံသည့် လျှို့ဝှက် ကျင့်စဉ်ကြောင့် သူတို့သာ ထိုနတ်ဘုရားသစ်ပင်အနား ရှိနေသရွေ့ သူတို့၏ ခွန်အားသည် အလျင်အမြန် တိုးတက်လာပေလိမ့်မည်။ ရန်ကိုင်ကဲ့သို့ ယန်ဓါတ် အရင်းအမြစ်များကို တကူးတက လိုက်လံရှာဖွေနေစရာ မလိုချေ။

ဤနေရာသည် ရန်ကိုင်ကဲ့သို့သော လူများအတွက် သုခဘုံပင် ဖြစ်လေ၏။

ကောင်းကင်နတ်ဘုရားသစ်ပင်ကို မော့ကြည့်လိုက်ရာ သစ်ကိုင်းများထက် အသီးများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအသီးများသည် ရန်ကိုင်စားခဲ့သည့် အသီးနှင့် အတူတူပင်။ နတ်ဘုရားသစ်ပင်၏ အမြစ်များနှင့် မနီးမဝေးတွင် နေမင်းကလန်၏ အကြီးအကဲများ ရှိနေခဲ့၏။ ရန်ကိုင်နှင့် အကျဉ်းသားများ ရောက်လာသည်ကို သတိပြုမိသော် အားလုံးသည် သူတို့၏ မျှော်ချင့်ချက်တို့ ရစ်သိုင်းနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကြ၏။

ခဏအကြာ၌ နတ်ဘုရားသစ်ပင်မှ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့၏။ လိုချင် တောင့်တေ နေသည့်အလား နတ်ဘုရားသစ်ပင်သည် သန့်စင်သော ယန်ဓါတ်စွမ်းအင်လှိုင်းတစ်လုံးကို ကြိုးတစ်ချောင်း အသွင်ပြောင်းစေ၍ ရန်ကိုင်ကို ရစ်ပတ်လိုက်၏။

ထိုအခြင်းအရာကို မြင်သော် နေမင်းကလန်မှ အကြီးအကဲများ စိတ်အားတက်ကြွသွားခဲ့ကြ၏။

ခေါင်းဆောင်အိုကြီးက ပြုံးလိုက်ပြီး ခေါင်းညိတ်၍ ရေရွတ်လိုက်၏ “နတ်ဘုရားသစ်ပင်က ဒီလူသားကို ကြိုက်တဲ့ပုံပဲ”

“ဘုရားမတာပဲ။ ဒီလူသားနဲ့ဆိုရင် နတ်ဘုရား သစ်ပင်လည်း ခဏလောက်တော့ အဆင်ပြေသွားမှာပဲ။ အဲ့လိုဆို ငါတို့လည်း အကျဉ်းသားအသစ်တွေ ထပ်ဖမ်းလို့ ရတာပေါ့”

“နတ်ဘုရားသစ်ပင်ရဲ့ အာဟာရဖြစ်ရတာကို ကျေနပ်ဂုဏ်ယူသင့်တယ်” ရန်ကိုင်နှင့် အခြားသူများကို ခေါ်ဆောင်လာသည့် လူက လှောင်ပြောင်လိုက်၏။

“ကျုပ်တော့ အဲ့လိုမထင်ဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်၏။ သို့သော် နတ်ဘုရားသစ်ပင် သူ့အား ချုပ်နှောင်ထားသည့် ကြိုးများမှ ရုန်းထွက်ရန် မကြိုးစားခဲ့ချေ။

ထိုကြိုးများသည် သူ့လှုပ်ရှားမှုကို မချုပ်နှောင် ထာရုံမက သူ့အား သက်သောင့်သက်သာပင် ဖြစ်စေသေး၏။

လှည့်ပတ်ကြည့်လိုက်ရာ သူနှင့် မနီးမဝေး တစ်နေရာ၌ အရိုးပုံကြီးတစ်ပုံနှင့် သွေးချင်းနီနေသော မြေပြင်ကို မြင်တွေ့လိုက်ရ၏။

ထိုအရုံပုံကို မြင်သည်နှင့် အန်လင်းအာ၏ မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး သူလည်း ထိုဘဝသို့ မကြောက်ရောက်တော့မည်ဟု တွေးရင်း သူမစိတ်ထဲ တုန်လှုပ်ချောက်ချားလာခဲ့၏။

ခရက်… ခရက်…

ဆက်သွားနေရင်း အရိုးကျိုးသံများကို ရန်ကိုင်တို့ ကြားလိုက်ရ၏။

ကျိုးချဲ၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲလာခဲ့ပြီး သူ့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါ သည်လည်း တဖြည်းဖြည်းဖြင့် ပိုပို၍ ကြမ်းတမ်း လာခဲ့၏။

ထိုသွေး၊ ထိုအရိုးများသည် သူတို့ ကလန်သားများ သေဆုံးရာမှ ကျန်ရစ်ခဲ့သော အရာများ ဖြစ်လေရာ ကံမကောင်းအကြောင်းမလှခဲ့ရသော သူ့ကလန်သားများ အကြောင်းကို တွေးရင်း ကျိုးချဲ ဒေါသထွက်လာသည်မှာ သဘာဝပင် ဖြစ်လေ၏။

နတ်ဘုးရားသစ်ပင်နှင့် နီးကပ်လာသည်နှင့်အမျှ ရန်ကိုင် အမူအရာလည်း တဖြည်းဖြည်း ထူးဆန်း လာခဲ့၏။ နတ်ဘုရားသစ်ပင်သည် သူ့အား တစ်ခုခု ပြောရန် ကြိုးစားနေသလို ရန်ကိုင် ခံစားရ၏။ သို့သော် နတ်ဘုရား သစ်ပင် ပြောချင်နေသည့် အရာကို သူနားမလည် နိုင်အောင် ဖြစ်နေခဲ့၏။

မကြာခင်တွင် အကျဉ်းသားများ နတ်ဘုရား သစ်ပင်ရှေ့သို့ ရောက်လာခဲ့၏။

နေမင်းကလန်သည် နည်းနည်းလေးမှ အချိန် မဖြုန်းတော့ဘဲ ချက်ချင်း လုပ်ငန်းစလိုက်၏။ ခေါင်းဆောင် လူအိုကြီးက ကျိုးချဲကို ကြည့်၍ “သူနဲ့စလိုက်”

ချက်ချင်းပဲ တစ်ယောက်ယောက် ကျိုးချဲကို မြေကြီးပေါ် အားယားမှောက်အောင် ရိုက်ချလိုက်၏။

“ကောင်လေး၊ မင်းအခု မလုပ်ရှားရင် ဘယ်တော့မှ လှုပ်ရှားမှာလဲ” ကျိုးချဲက ရန်ကိုင်ကို ရုတ်တရက် လှမ်းအော်ပြောလိုက်၏။ ပြောနေစဉ်အတွင်း သူ့ခန္ဓာကိုယ် ရုတ်တရက် ဖောင်းကားလာကာ နတ်ဆိုးချီကို စည်းခတ်ထားသော စည်းများကို အလွယ်တကူ ဖျက်စီးပစ်လိုက်၏။

တုန့်ဆိုင်းမနေဘဲ ကျိုးချဲသည် အနားရှိ နေမင်းကလန်သား၏ ရင်ဝတည့်တည့်ကို အားကုန်သုံး၍ ထိုးချလိုက်၏။

သို့သော် ရှိနေသည့် နေမင်းကလန်သားအားလုံး မျက်တောင် တစ်ချက်ပင် မခတ်ဘဲ ကျိုးချဲကို အရူး တစ်ယောက်ပမာ စိုက်ကြည့်နေခဲ့ကြ၏။ ခေါင်းဆောင် လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ကျိုးချဲ၏ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့ပြီး နည်းနည်းလေးမှ ဆက်လက် မလှုပ်ရှားနိုင် ဖြစ်သွားခဲ့၏။ ချွေးသီးတို့ သူ့နဖူးမှ မိုးသီးမိုးပေါက်ပမာ စီးကျလာခဲ့ပြီး သူ့မျက်လုံးများသည်လည်း သွေးရောင်ပမာ နီရဲလာခဲ့၏။ သို့သော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှ မရှိချေ။

“မင်းနဲ့အတူတူ တစ်ယောက်ယောက်ကိုပါ ခေါ်သွားဖို့ ကြိုးစားနေချင်တယ်ပေါ့” ခေါင်းဆောင်လူအိုကြီးက လှောင်ပြောင်လိုဟန် အပြည့်ဖြင့် “ရူးမိုက်လိုက်တာ။ မင်းမှာ အဲ့လိုအခွင့်အရေး ရှိမယ်ထင်နေလား”

“ခွေးသူတောင်းစားကြီး” ကျိုးချဲက အံကြိတ်၍ ကျိန်ဆဲလိုက်၏။ နတ်ဆိုးချီကို အဆုံးစွန်ထိ မြှင့်တင်၍ ခေါင်းဆောင် လူအိုကြီး၏ အချုပ်အနှောင်မှ လွတ်မြောက်ရန် ကြိုးစားနေဖြင့် သွေးကြောကြီးတို့ သူ့နဖူးထက် ထိုးထွက်လာခဲ့၏။

ကျိုးချဲသည် ကျင့်ကြံခြင်းအဆင့်သည် နိမ့်ကျခြင်း မရှိ။ မသေမျိုး တတိယအဆင့်သို့ပင် ရောက်နေလေပြီ။ သို့သော် သူတော်စင်အဆင့် ပညာရှင်တစ်ယောက်၏ ရှေ့မှောက်၍ ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ချေ။ ထို့ပြင် ဤနေရာသည် ယန်ဓါတ်စွမ်းအင် အရမ်းကိုမှ ကြွယ်ဝသည့် နေရာတစ်ခု ဖြစ်လေရာ သူ့နတ်ဆိုးချီသည် အလိုလို ဖိနှိပ်ခြင်း ခံနေရ၏။

“သူ့ကို သတ်လိုက်တော့” ခေါင်းဆောင် လူအိုကြီးက စိတ်မရှည်တော့ဟန်ဖြင့် အော်ဟစ်လိုက်၏။

နေမင်းကလန်သား နှစ်ယောက်သည် ကျိုးချဲကို ဘယ်တစ်ဖက်၊ ညာတစ်ဖက်မှ ကိုင်ဆွဲ၍ လက်ကို မြှောက်လိုက်၏။ အစစ်အမှန်ချီတို့ လက်နှစ်ဖက်စလုံးမှ ထွက်ပေါ်လာခဲ့ပြီး ကျိုးချဲခေါင်းကို ဖြတ်ရန် ပြင်လိုက်၏။

“နေဦး” ကျိုးချဲ ခေါင်းဖြတ်ခံရတော့မည်ကို မြင်သော် ရန်ကိုင်က ရုတ်တရက် အော်ဟစ်လိုက်၏။

ခေါင်းဆောင်အိုကြီးက သုန်မှုန်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်လိုက်ပြီး “ဘာလဲ၊ ကောင်လေး၊ မင်းက သူ့အစား အရင်သေးပေးချင်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်”

ရန်ကိုင်က ပြုံးသာပြုံးလိုက်ပြီး “ကျုပ်နဲ့ သူ့ကြားက ဆက်ဆံရေးက အကောင်းကြီးမှ မဟုတ်တာ။ သူသေတာ ရှင်တာကို ဘာလို့ ဂရုစိုက်နေရမှာလဲ”

“ဒါဆိုရင် မင်းဘာလို့ ပါးစပ်ဟလိုက်တာလဲ”

“ခင်ဗျားတို့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း တစ်ခုကို စဉ်းစားမိလိုက်လို့ပါပဲ။ ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး” ရန်ကိုင်က အသာအယာ ပြုံးလျက် ပြန်ပြောလိုက်၏။

ထိုစကားကို ကြားသော် နေမင်းကလန်သား အားလုံး၏ မျက်နှာ အမူအရာ သုန်မှုန်သွားခဲ့ကြ၏။ ခေါင်းဆောင်လူအိုကြီးကလည်း ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး “ကောင်လေး၊ စကားကြီး စကားကျယ်တွေ လာပြောမနေနဲ့။ ဒီနေရာမှာ လာပြီး ပြဿနာရှာရဲရင် မင်းကို သေရတာထက် ဆိုးအောင် လုပ်ပေးလိုက်မယ်”

“ကျုပ်ကြွားနေလား၊ မကြွားနေဘူးလား၊ ကြိုးစားကြည့်ရင် သိလာမှာပဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ဘက်က အရှုံးမှ မရှိတာ” ရန်ကိုင်က ပုခုံးတွန့်ပြလျက် ပြောလိုက်၏။

ချက်ချင်းဆိုသလို ရန်ကိုင် ခန္ဓာကိုယ်မှ အစစ်အမှန်ချီ လှိုင်းတို့ လှိုက်ထွက်လာခဲ့၏။

“မင်း…” ရန်ကိုင်ကို ဤနေရာသို့ ခေါ်လာသည့် ပညာရှင်က ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။ သူစည်းခတ်ထားသည်ကို သူမသိအောင် ထိုကောင်စုတ်လေး မည်ကဲ့သို့ ချိုးဖျက်သွားမှန်း ထိုလူ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

“အံ့ဩမနေနဲ့။ ကျုပ်ဘာသာ ချိုးဖျက်ခဲ့တာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ နတ်ဘုရားသစ်ပင်က ကူညီပေးခဲ့တာ” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သူ့အား ရစ်ပတ်ထားသော စွမ်းအင်ကြိုးများကို ညွှန်ပြလိုက်၏။

“ထူးဆန်းလိုက်တာ” ထိုလူက စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းခါရမ်းလိုက်၏။

“အခု ကျုပ်ကို ကြိုးစားခွင့် ပေးမှာလား။ ရိုးရိုးသားသား ပြောရရင် အခု ခင်ဗျားတို့သာ ကျုပ်ကို သတ်လိုက်မယ်ဆိုရင် အများဆုံးမှ ကျုပ်ဘက်က သေသွားရုံပေါ့။ ဒါပေမယ့် ကျုပ်ကို ကြိုးစားခွင့် ပေးမယ်ဆိုရင်တော့ မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တယ်နော်။ ပြီးတော့ အလုပ်မဖြစ်ရင်တောင် နောက်မှ ကျုပ်တို့ကို သတ်လို့လည်း ရတယ်လေ။ ခင်ဗျားတို့ ကြိုက်သလို ဆုံးဖြတ်”

ရန်ကိုင်က ထိုကဲ့သို့ တည်တည်ငြိမ်ငြိမ် ပြုမူနေသည်ကို မြင်သော် နေမင်းကလန်အကြီးအကဲများ တုန့်ဆိုင်းသွားခဲ့ကြ၏။

အရေးအကြီးသည်ကား နတ်ဘုရားသစ်ပင်၏ အပြုအမူပင် ဖြစ်၏။ တစ်ယောက်ယောက်ကို နတ်ဘုရား သစ်ပင် ထိုကဲ့သို့ ဆက်ဆံသည်ကို သူတို့ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ နေမင်းကလန်၏ အားအကောင်းဆုံး ပညာရှင်လျှင်ပင် ထိုကဲ့သို့ အဆက်ဆံမခံရချေ။

ထို့ကြောင့် သူတို့လည်း ရန်ကိုင် စကားကို ယုံချင်ချင် ဖြစ်နေခဲ့၏။

ရန်ကိုင်သည် သူပြောသည့်အတိုင်း နတ်ဘုရား သစ်ပင်ကို ကုသပေးနိုင်ကောင်း ကုသပေးနိုင်၏။

ချက်ချင်းဆိုသလို လူအုပ်ကြီးတစ်ခုလုံး သူတို့ အချင်းချင်း တီုးတိုးဆွေးနွေးကြတော့လေ၏။

လူအိုကြီးသည်လည်း အတွေးထဲ မျောသွားခဲ့၏။ ရန်ကိုင်ကို မယုံကြည်သည့် အမူအရာဖြင့် စိုက်ကြည့် နေပြီးနောက်ဆုံး၌ ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ။ မင်းကို ကြိုးစားခွင့် ပေးလိုက်မယ်။ ဒါပေမယ့် မင်းဘယ်လို လုပ်မလဲ ဆိုတာကိုတော့ ငါတို့ကို အရင်ဆုံး ပြောပြရမယ်”

“ရှင်းပြလို့ မရဘူး။ စောင့်သာကြည့်နေ” ရန်ကိုင်က ပြုံးလိုက်ပြီး နေမင်းကလန်သားများ၏ စူးရဲသည့် အကြည့်များကို လျစ်လျူရှုကာ နတ်ဘုရားသစ်ပင်ဆီ လမ်းလျှောက်သွားလိုက်၏။

“နတ်ဘုရားသစ်ပင်ကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်၊ မင်းဝိဥာဉ်ကို ဆွဲထုတ်ပြီး ထာဝရ နှိပ်စက်ပြမယ်” လူအိုကြီးက ရန်ကိုင်ကို အေးစက်စက် လေသံဖြင့် ခြိမ်းခြောက်လိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၆၇) အသုံးဝင်လာသော ယန်အရည်စက်

အားလုံးရှေ့မှာပဲ ရန်ကိုင်သည် နတ်ဘုရား သစ်ပင်ဆီသို့ လမ်းလျှောက်သွာလိုက်ပြီး သစ်ပင်ရှေ့ ရပ်လိုက်၏။

ကျိုးချဲနှင့် အန်လင်းအားတို့ နှစ်ယောက်စလုံး လက်သီးတင်းတင်း ဆုပ်၍ ရန်ကိုင် ဆက်လုပ်မည့် အရာကို စောင့်ဆိုင်းနေခဲ့ကြ၏။

သစ်ပင်ရှေ့တွင် မျက်မှောင်ကြုံကာ ခဏလောက် ရပ်နေပြီးနောက် နတ်ဘုရားသစ်ပင်၏ ပင်စည်ကို သူ့လက်ဝါးနှင့် ထိကပ်လိုက်၏။

ထိကပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် ခန္ဓာကိုယ် တုန်ခါသွားခဲ့၏။

နတ်ဘုရားသစ်ပင်သည် ဧရာမရတနာကြီးတစ်ခု ဖြစ်၏။ ထို့ပြင် ထိုနတ်ဘုရားသစ်ပင်ထဲ သိုလှောင်ထားသည့် ယန်ဓါတ်စွမ်းအင်သည် ကြောက်မခန်းလိလိ များပြားလှ၏။ ရန်ကိုင်ပင်လျှင် ထိုရတနာကို တပ်မက်မိ၏။ သေသေချာချာ နားနားထောင်ကြည့်ပါက နတ်ဘုရား သစ်ပင်ထဲ ယန်စွမ်းအင်များ စီးဆင်းနေသည့် အသံကိုပင် ကြားနိုင်၏။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ထိုနတ်ဘုရားသစ်ပင်ထဲရှိ ယန်စွမ်းအင် အကုန်လုံးကိုသာ စုပ်ယူလိုက်ပါက သူ့ခွန်အား မည်သည့် အတိုင်းအတာအထိ တိုးတက်သွားမည်ဖြစ်ကြောင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

သို့သော်လည်း ရန်ကိုင်သည် အလျင်အမြန် ခေါင်းခါရမ်းလိုက်၏။ ဤနတ်ဘုရားသစ်ပင်သည် နေမင်းကလန်၏ နတ်ဘုရားသစ်ပင် ဖြစ်လေရာ ရန်ကိုင် အနေဖြင့် နေမင်းကလန်သားများ ရှေ့မှောက်၍ ထိုနတ်ဘုရားသစ်ပင်၏ စွမ်းအင်များကို စုပ်ယူ နိုင်လိမ့်မည် မဟုတ်ချေ။ စုပ်ယူလိုက်သည်နှင့် အလောင်းကောင် ဘဝသို့ တန်းပြောင်းသွားရ ပေလိမ့်မည်။

ရန်ကိုင် ရပ်နေစဉ်အတွင်း နေမင်းကလန်သားများ၏ ကောင်းကင်စိတ်အာရုံ အားလုံးသည် သူ့အပေါ်သို့ စုပြုံ ကျရောက်နေခဲ့၏။ သူသာ သံသယဝင်စရာ တစ်ခုခုကို လုပ်လိုက်ပါက တစ်ခါတည်း တန်သတ်ခံရပေလိမ့်မည်။

သို့သော် ရန်ကိုင်သည် စစ်ဆေးရုံသာ စစ်ဆေးခဲ့ပြီး အခြား ထူးထူးခြားခြား ဘာကိုမှ မလုပ်ခဲ့ချေ။

အချိန်ကြာလာသော် နေမင်းကလန်သားများ စိတ်မရှည်ဖြစ်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရား သစ်ပင်မှ ထွက်ပေါ်နေသော စွမ်းအင် လှိုင်းများသည် နည်းနည်းမျှပင် လျော့ကျသွားခြင်း မရှိသောကြောင့်ပင်။

ရန်ကိုင်သည်လည်း ဆက်အချိန် ဖြုန်းမနေတော့ဘဲ အသိစိတ်ပင်လယ်ထဲရှိ စည်းကို ချိုးဖျက်၍ နတ်ဘုရား သစ်ပင်ထဲ စိတ်စွမ်းအင် ပို့လွှတ်လိုက်၏။

နတ်ဘုရား သစ်ပင်ထဲသို့ ရောက်သော သိပ်သည်းလှသော ယန်ဓါတ်စွမ်းအင်တို့ဖြင့် ပြည့်နေသည့် ရွှေရောင်လောကကြီးတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ ထိုလောကကြီးထဲတွင် ရှိနေသော ယန်ချီသည် လွန်စွာကိုမှ သိပ်သည်းလှရာ အရည် အဖြစ်သို့ပင် ပြောင်းလဲနေခဲ့လေပြီ။ ရန်ကိုင်သည် ယန်ချီမြစ်ပြင်ကျယ်မှတစ်ဆင့် စွမ်းအင် အရင်းအမြစ် ရှိသည့်နေရာသို့ ကူးခတ်သွားလိုက်၏။

ခဏအကြာ၌ ဆန်းကြယ်သည့် နေရာတစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့၏။

ထိုနေရာသည် နတ်ဘုရား သစ်ပင် တည်ရှိနေသည့် နေရာဖြစ်၏။ ရှင်းရှင်းပြောရလျှင် နတ်ဘုရားသစ်ပင်၏ အူတိုင်ပင် ဖြစ်လေ၏။

ရွှေရောင်မြစ်ထဲ အသာအယာ မျောလွင့်နေသော လောင်မြိုက်ဖွယ်ရာ အပူရှိန်ကို ထုတ်လွှတ်နေသည့် စွမ်းအင်အစုအဝေ တစ်ခု ရှိနေခဲ့၏။

ထိုစွမ်းအင်အစုအဝေးသည် သက်ရှိတို့၏ နှလုံးသား တစ်ခုပမာ တဒုတ်ဒုတ် ခုန်နေခဲ့၏။

ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့ရ၏။

ဖြစ်ပျက်ပြောင်းလဲလာရခြင်း၏ နောက်ကွယ်၌ အကြောင်းအရင်တစ်ခု ရှိစမြဲပင်။

နတ်ဘုရားသစ်ပင်ဆီသို့ ရောက်စဉ်က နတ်ဘုရား သစ်ပင်သည် သူ့အား အရင်ဦးစွာ ဆက်သွယ်လာခဲ့၏။ ထိုစဉ်က ဘာတွေ ဖြစ်နေလဲဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိခဲ့သော်ငြား မသေချာခဲ့။ ယခု ထိုစွမ်းအင် အစုအဝေးကို မြင်ပြီးနောက် သူ့ခန့်မှန်းချက်တို့ သေချာ သွားခဲ့လေပြီ။

ယခု နတ်ဘုရားသစ်ပင် မည်သည့်အတွက်ကြောင့် မတည်မငြိမ် ဖြစ်နေရလဲ ဆိုသည်ကို ရန်ကိုင် နားလည် သွားခဲ့လေပြီ။

နေမင်းကလန်သားများသည့် နတ်ဘုရားသစ်ပင် ဘာဖြစ်နေလဲ မသိသည့်အတွက် သွေးစတေးမှု ပြုလုပ်၍ နတ်ဘုရားသစ်ပင်ကို အားဖြည့်ပေးနေခဲ့ကြ၏။

သက်ပြင်းအရှည်ကြီးတစ်ချက် ချလျက် ထိုစွမ်းအင် အစုအဝေးကို ခဏကြာသည်အထိ ဆက်ကြည့်နေခဲ့၏။ ယခုအချိန်၌ ထိုစွမ်းအင် အစုအဝေးသည် တည်ငြိမ်မှု၊ စည်းစနစ်ကျမှု မရှိသေးဘဲ အနည်းငယ် ပရမ်းပတာ ဖြစ်နေခဲ့၏။ သို့သော် အချိန်နှင့် အရင်းအမြစ်သာ လုံလုံလောက်လောက် ရပါက ထိုစွမ်းအင် အစုအဝေးသည် ပြီးပြည့်စုံသော အသိစိတ် တစ်ခုဖြစ်လာမည်မှန်း ရန်ကိုင် သိ၏။

ဤလောကကြီးသည် အရမ်းကိုမှ ကျယ်ပြောလှပြီး ယခုကဲ့သို့ ထူးခြားဆန်းပြားလှသော သက်ရှိမျိုးကိုပင် မွေးထုတ်ပေးနိုင်၏။

ရန်ကိုင်သည် ထူးခြားသော တည်ရှိမှုများဖြစ်သည့် အစစ်အမှန် ကျောက်စိမ်း စိတ်ဝိဥာဉ်နှင့် အရိုးမျိုးနွယ်စုမှ အရိုးခြောက်တစ်ကောင်ကို ကြုံတွေ့ခဲ့ဖူး၏။ ယခု ပြီးပြည့်စုံသော သက်ရှိ အသွင်သဏ္ဍာန် တစ်မျိုးအဖြစ်သို့ ဆင့်ကဲပြောင်းလဲနေသည့် နတ်ဘုရားသစ်ပင်နှင့် ကြုံတွေ့ရပြလေပြီ။

အပင်တစ်ပင်မှ ကိုယ်ပိုင် အသိစိတ်ပိုင်ဆိုင်ထားသော သက်ရှိအဖြစ်သို့ ကူးပြောင်းခြင်း။

ထိုစွမ်းအင် အစုအဝေးသည် နတ်ဘုရားသစ်ပင်၏ အူတိုင်ဖြစ်ကာ နှလုံးသားဟု ခေါ်လျှင်လည်း မမှားချေ။ ၎င်းသာ အသွင်ပြောင်းခြင်း ပြီးဆုံးသွားပါက နတ်ဘုရား သစ်ပင်၏ ဝိဥာဉ် ဖြစ်လာပေလိမ့်မည်။

ရန်ကိုင် လုံးဝကို မှင်သက် အံ့အားသင့်နေခဲ့၏။ သစ်ပင် တစ်ပင်သည် ကိုယ်ပိုင် အသိစိတ်ပိုင်ဆိုင်သော တည်ရှိမှုအဖြစ်သို့ ဆင့်ကဲ့ပြောင်းလဲနိုင်လိမ့်မည်ဟု သူ့အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့ချေ။

နတ်ဘုရားသစ်ပင်မှ မတည်မငြိမ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာရခြင်းသည် နတ်ဘုရား သစ်ပင် ထိခိုက်ထားသောကြောင့် မဟုတ်သလို သေဆုံးတော့မည် ဖြစ်သောကြောင့်လည်း မဟုတ်ချေ။ ပြီးပြည့်စုံသော သက်ရှိ အသွင်သဏ္ဍာန်တစ်မျိုးသို့ ကူးပြောင်းရန် မြောက်မြားလှစွာသော စွမ်းအင်များကို လိုအပ်သည့် အတွက်ကြောင့်သာ ဖြစ်၏။

နတ်ဘုရားသစ်ပင်သည် ဤနေရာ၌ အမြစ်တွယ်ထားသည့် အတွက် အနီးအနား ပတ်ဝန်းကျင်၌ သူစုပ်ယူနိုင်သည့် စွမ်းအင် များများစားစား မရှိချေ။ ထို့ကြောင့် စွမ်းအင် လိုအပ်သည့် အချိန်တိုင်း အချက်ပြခြင်း ဖြစ်၏။ ထိုကြောင့်ကြောင့်ပဲ နေမင်းကလန် သွေးစတေးမှု ပြုလုပ်လိုက်တိုင်း နတ်ဘုရားသစ်ပင် တစ်ခဏတာ တည်ငြိမ်သွားခဲ့ခြင်း ဖြစ်၏။

လုံလောက်အောင် စားသောက်ပြီးနောက် ခဏတာ တည်ငြိမ်သွားသည်မှာ သဘာဝပင် ဖြစ်၏။

သို့သော်လည်း ထိုနည်းလမ်းသည် ပြဿနာအတွက် အဖြေမဟုတ်ချေ။ ထို့ကြောင့် နတ်ဘုရားသစ်ပင်သည် စတင်၍ အထွန့်တက်လာသည်ဟုပင် ဆိုရလေမလား၊ မတည်ငြိမ်သော စွမ်းအင်လှိုင်းများကို ခဏခဏ ထုတ်လွှတ်လာခဲ့၏။ နတ်ဘုရားသစ်ပင်သည် မကြာခဏ မတည်မငြိမ် ဖြစ်လာရာ နေမင်းကလန်သားများမှာလည်း မီးခုဖင်ခုထိုင်နေရသကဲ့သို့ ရတက်မအေးနိုင် ဖြစ်လာခဲ့ကြလေ၏။

နတ်ဘုရားသစ်ပင် ဆင့်ကဲ့ပြောင်းလဲရန် လိုအပ်သော စွမ်းအင်ပမာဏသည် အရမ်းကိုမှ များပြားလှ၏။ သို့သော် နတ်ဘုရားသစ်ပင် ခဏခဏ မတည်မငြိမ် ဖြစ်လာနေပုံကို ထောက်ရှုကြည့်လျှင် ဆင့်ကဲ့ပြောင်းလဲခြင်း ဖြစ်စဉ် ပြီးရန် သိပ်မဝေးတော့ချေ။

ရန်ကိုင်သည် ပြဿနာ၏ ဇာတ်မြစ်ကို ခဏအတွင်း သိရှိသွားခဲ့၏။ သို့သော် နေမင်းကလန်သားများ မည်သည့် အတိုင်းအတာအထိ သိထားသလဲ ဆိုသည်ကိုမူ သူမသိချေ။

နတ်ဘုရားသစ်ပင် ဘာဖြစ်နေလဲ သိရရန်အတွက် စိတ်စွမ်းအင်ကို ထုတ်လွှတ်ကြည့်ရုံဖြင့်လျှင် သိနိုင်သည်ဟု ပြောသည်မှာ မမှားချေ။ သို့သော် နေမင်းကလန်သားများသည် နတ်ဘုရားသစ်ပင်၏ ပြဿနာကို ယခုအချိန်ထိတိုင် မသိသေးသည့်ပုံပင်။

ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ရန်ကိုင် အမှန်တကယ်ကို ခေါင်းရှုပ်သွားခဲ့ရ၏။

ထို့ကြောင့် သွားမေးကြည့်ရုံသာ ရှိတော့၏။

စဉ်းစားပြီးသည်နှင့် နတ်ဘုရားသစ်ပင်ထဲမှ သူ့အသိစိတ်ကို ပြန်ရုတ်လိုက်၏။

သူမျက်လုံး ဖွင့်လိုက်သည်နှင့် နေမင်းကလန်သားများ ဆီမှ ဒေါသတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

“ဘာတွေ ဒီလောက် စိုးရိမ်နေတာလဲ” ရန်ကိုင်က မျက်လုံး မှေးစဉ်းလိုက်ပြီး “အခုမှ စစ်ဆေးပြီးလို့ ဘယ်လိုဆက်လုပ်ရမလဲ စဉ်းစားပြီးရုံပဲ ရှိသေးတယ်။ နည်းနည်းလောက် ထပ်စောင့်ဦး”

နေမင်းကလန် ခေါင်းဆောင်က ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ “လက်ဖက်ရည် တစ်ခွက်ဆူစာပဲ ရမယ်။ အဲ့အချိန်အတွင်း နတ်ဘုရား သစ်ပင်ကို တည်ငြိမ်အောင် မလုပ်ပေးရင် ဒီနေ့ မင်းတို့ အားလုံး သေရလိမ့်မယ်”

“လက်ဖက်ရည် တစ်ခွက်စာလား…” ရန်ကိုင်က ရယ်မောလိုက်ပြီး “လောက်တာပေါ့”

ပြောပြီးသည်နှင့် နတ်ဘုရားသစ်ပင်၏ ပင်စည်ပေါ် ပျံတက်သွားလိုက်ပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့၏။ ရန်ကိုင်ကို မမြင်ရတော့သော်လည်း သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်ကို စစ်ဆေးနိုင်သေး၏။

နတ်ဘုရားသစ်ပင်၏ ပင်စည်ပေါ် ရောက်သည်နှင့် ရန်ကိုင်သည် စွမ်းအင်အစုအဝေး ရှိမည့်ဟု ထင်ရသော နေရာဆီ သွားလိုက်၏။

ရောက်သည်နှင့် ပင်စည်ထက် အက်ကွဲရာလေး တစ်ခု လုပ်လိုက်၏။ ပြီးသည်နှင့် ထိုအပေါက်ထဲသို့ ယန်အရည် တစ်စက်ချပေးလိုက်၏။

အပြင်ပန်း၌ တည်ငြိမ်ဟန် ရသော်လည်း ရင်ထဲတွင်မူ ကုလားဘုရားလှည့်နေသလို ရင်တဒုန်းဒုန်း ခုန်နေခဲ့၏။ သူ့အစီအစဉ် အလုပ်ဖြစ်၊ မဖြစ်ကို ရန်ကိုင် မသေချာချေ။

ယခုကဲ့သို့ လုပ်လိုက်ရခြင်းမှာလည်း စဉ်းစားရန် အချိန်များများစားစား မရသည်က တစ်ကြောင်း၊ လက်ရှိ အစီအစဉ်အပြင် အခြားအစီအစဉ်တစ်ခုကို မစဉ်းစား ရသေးသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်၏။ ထို့ပြင် ယခုသူ့အစီအစဉ်သည် ဖြစ်နိုင်ချေ များသည့် အတွက်ကြောင့်လည်း ပါပေ၏။

အစစ်အမှန်ယန်ကျင့်စဉ်ကို စတင် လေ့ကျင့်ပြီး၍ ယန်အရည်စက်များ သိပ်သည်းပြီးစဉ်က ထိုယန်အရည်စက်ကို သုံး၍ ယန်ဓါတ်အသီးပင် များစွာကို အချိန်တိုအတွင်း လျင်လျင်မြန်မြန် ကြီးထွားလာအောင် လုပ်ခဲ့ဖူး၏။ ထို့ကြောင့် ယန်အရည်စက်သည် ယန်ဓါတ် ပါဝင်သော အပင်များကို အချိန်တိုအတွင်း လျင်လျင်မြန်မြန် ကြီးထွားလာအောင် လုပ်ပေးနိုင်မှန်း ရန်ကိုင်သိ၏။

စိတ်ဝိဥာဉ်အသီးပင်တစ်ပင်သည် အပြည့်အဝ ကြီးထွားပြီး အသီးသီးရန် နှစ်ပေါင်းများစွာ လိုအပ်၏။ သို့သော် ယန်အရည်စက်၏ အကူအညီဖြင့် တစ်လအတွင်း အသီးသီးအောင် သူလုပ်နိုင်ခဲ့၏။

ယခုအချိန်၌ နတ်ဘုရားသစ်ပင်သည် စွမ်းအင်များစွာကို လိုအပ်နေ၏။ ထို့ကြောင့် ယန်အရည်စက် တစ်စက်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ ထို့အပြင် ရန်ကိုင်၏ ယန်အရည်စက်သည် ယခင်ကထက် အဆများစွာ ပို၍ သိပ်သည်း၊ သန့်စင် လာခဲ့လေပြီ။

ဤနည်းဖြင့် နတ်ဘုရားသစ်ပင်၏ လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်လောက်၏။

ဤနည်းနှင့်မျှ မရလျှင်တော့ ရန်ကိုင်လည်း အခြားနည်း မစဉ်းစားတတ်တော့ချေ။

စောင့်ဆိုင်းနေစဉ် အတောအတွင်း ရန်ကိုင်လည်း အတော့်ကိုမှ ရင်ခုန်နေမိ၏။ နေမင်းကလန်သားများနှင့် တိုက်ခိုက်ရမည်ကို ထိတ်လန့်နေသောကြောင့် မဟုတ်။ ယန်အရည်စက် အကူအညီဖြင့် နတ်ဘုရားသစ်ပင် အသွင်ပြောင်းလဲနိုင်မည်လား၊ မပြောင်းလဲနိုင်ဘူးလား ဆိုသည်ကို တွေးတော ရင်ခုန်နေခဲ့ခြင်း ဖြစ်၏။ ထို့ပြင် အသွင်ပြောင်းလဲနိုင်ခဲ့လျှင်လည်း နတ်ဘုရား သစ်ပင်သည် မည်ကဲ့သို့သော် သက်ရှိ ဖြစ်လာမည် ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိ၏။

ရုတ်တရက် နတ်ဘုရားသစ်ပင်မှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများ ပိုပို၍ ပြင်းထန်လာခဲ့၏။ ယန်အရည်စက်ကြောင့် နတ်ဘုရားသစ်ပင် ဒေါသထွက်သွားသည့်အလား ဘေးပတ်ဝန်းကျင် တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေ၏။

“ကောင်လေး၊ မင်းဘာလုပ်လိုက်တာလဲ” အောက်ဘက်တွင် စောင့်နေသော နေမင်းကလန်၏ အကြီးအကဲများထဲမှ တစ်ယောက်သည် ထိုအခြင်းအရာကို မြင်သော် ဒေါသတကြီး အော်ဟစ်၍ ရန်ကိုင်ဆီသို့ ဒေါနှင့်မောနှင့် ပျံသန်းလာလေ၏။

“နေဦး” နေမင်းကလန်ခေါင်ဆောင်က မျက်မှောင် ကြုံ့လျက် ထိုအကြီးအကဲကို ရုတ်တရက် တားလိုက်၏။

“ခေါင်းဆောင်၊ အဲ့ကောင်လေးက ကျုပ်တို့ရဲ့ နတ်ဘုရားသစ်ပင်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာနော်။ သူ့ကို ချက်ချင်း သတ်ခွင့်ပေးပါ”

“စောင့်နေလို့ ငါပြောနေတယ်လေ” ခေါင်းဆောင်က လေသံခပ်မာမာနှင့် ပြောလိုက်ရာ ထိုအကြီးအကဲလည်း ချက်ချင်း ပါးစပ်ပိတ်သွားလေ၏။

အောက်ဘက်ရှိ ဆူညံသံများကို ကြာလိုက်သော်ငြား ရန်ကိုင်က မသိချင်ယောင်သာ ဆောင်နေခဲ့၏။

နတ်ဘုရားသစ်ပင် သောင်းကျန်းလိုက်ခြင်းမှာ ယန်အရည်စက်ကို မကြိုက်သောကြောင့် မဟုတ်ဘဲ ထပ်လိုချင်နေသောကြောင့်ပင် ဖြစ်လေ၏။

ရန်ကိုင် ဖန်တီးလိုက်သည့် အက်ကွဲကြောင်းသည် သူ့အလိုလို ပိုကျယ်လာခဲ့၏။ ထိုကဲ့သို့ လုပ်ခြင်းဖြင့် ရန်ကိုင်ဆီမှ ယန်အရည်စက်များ ပိုရနိုင်မည်ဟု နတ်ဘုရား သစ်ပင် တွေးနေသည့် ပုံပင်။

နတ်ဘုရားသစ်ပင်၏ အသိစိတ်သည် ဘာကိုမှ မသိသေးသည့် အခြေအနေတွင်သာ ရှိသေ၏။ ၎င်းသည် ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှကို ဝေဝေဝါးဝါးသာ အာရုံခံနိုင်၏။ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို သေသေချာချာ မသိနိုင်ချေ။ အက်ကြောင်း ပို၍ ကျယ်လာရခြင်းမှာလည်း မသိစိတ်အရ တု့န်ပြန်မှု တစ်ခုသာ ဖြစ်၏။

ရန်ကိုင်က ပြုံးလိုက်ပြီး ထိုအက်ကွဲကြောင်းထဲသို့ နောက်ထပ် ယန်အရည်စက်တစ်စက် ထည့်ပေးလိုက်၏။

ခဏကြာပြီးနောက် နတ်ဘုရားသစ်ပင်၏ အရှိန်အဝါ ပိုပို၍ တည်ငြိမ်လာခဲ့၏။

ယခုတစ်ကြိမ် နေမင်းကလန်သား အားလုံး၏ အမူအရာ ထူးဆန်းသွားခဲ့၏။ ကန်လန်ခေါင်းဆောင် လူအိုကြီး၏ မျက်လုံးထဲ မျှော်လင့်ချက် အရိပ်အယောင်တို့ လက်သွားခဲ့၏။

မမြင်နိုင်သော လက်ကြီးတစ်ဖက်သည် နတ်ဘုရား သစ်ပင်ကို ချော့သိပ်ရန် ကြိုးစားနေသည့်အလား နတ်ဘုရား သစ်ပင်သည် တဖြည်းဖြည်းနှင့် တည်ငြိမ်စ ပြုလာခဲ့၏။

အားလုံးသည် မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေစဉ် ရန်ကိုင်သည် သစ်ပင်ထက်မှ ခုန်ဆင်းလာခဲ့၏။ သူ့မျက်နှာ ဖြူလျော်နေခဲ့ပြီး နဖူးတစ်ခုလုံး ချွေးသီးချွေးပေါက်တို့ဖြင့် ပြည့်နေခဲ့၏။

မြေကြီးပေါ် ရောက်သည်နှင့် စကားတစ်ခွန်းမှပင် မပြောတော့ဘဲ ချက်ချင်း ထိုင်ချကာ အစစ်အမှန်ချီကို လှည့်ပတ်လိုက်၏။

မည်သူမှ သူ့ကို သွားမနှောင့်ယှတ်ရဲခဲ့ကြချေ။ နေမင်းကလန်သားများသည်ပင် အသက်အောင့်ရင်း ရန်ကိုင် စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်း နေခဲ့၏။

ကျိုးချဲနှင့် အန်လင်းအာတို့ နှစ်ယောက်စလုံး သက်ပြင်းချလိုက်၏။ ယခုတစ်ကြိမ် သေမင်းခံတွင်းမှ ကပ်သီးလေး လွတ်မြောက်ခဲ့ပြီမှန်း နှစ်ယောက်စလုံး နားလည်လိုက်၏။

ခဏကြာပြီးနောက် ရန်ကိုင် မျက်လုံး ပွင့်လာခဲ့၏။ သူ့အသားအရေသည် အနည်းငယ် ဖြူလျော်နေသေး၏။ မျက်နှာ အမူအရာသည်လည်း အတော်လေးကို မှုန်ကုတ်ကုတ် ဖြစ်နေခဲ့၏။

ရန်ကိုင် ဟန်ဆောင်နေခြင်း မဟုတ်၊ အမှန်တကယ် ညစ်နေခြင်း ဖြစ်၏။ နတ်ဘုရားသစ်ပင်ကို တည်ငြိမ်စေရန် အတွက် ယန်အရည်စက် စုစုပေါင်း အစက်(၂၀)လောက်ကို သူအသုံးပြုခဲ့ရ၏။

ထိုအစက်(၂၀)ဆိုသော ပမာဏသည် သူ့အအတွက် အတော်လေးကို အရှုံးများလှ၏။

“ကောင်လေး၊ မင်းဘာလုပ်ခဲ့တာလဲ” နေမင်းကလန် ခေါင်းဆောင်က ချက်ချင်းပဲ မေးလိုက်၏ “နတ်ဘုရား သစ်ပင်ကို တည်ငြိမ်သွားအောင် ဘယ်လို လုပ်လိုက်တာလဲ”

“ပြောမယ်ထင်နေလား” ရန်ကိုင်က လှောင်ပြောင်လိုက်၏။

“မေးနေတုန်း ဖြေရင်ကောင်းလိမ့်မယ်။ မဟုတ်ရင် အဆိုးရွားဆုံး နှိပ်စက်မှုကို ပေးမြည်စမ်းခိုင်းမှာ” တစ်ယောက်ယောက်က ခြိမ်းခြောက်လိုက်၏။

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်၏ “ခင်ဗျားတို့ လုပ်ချင်သလိုသာလုပ်။ နတ်ဘုရားသစ်ပင်က အပြည့်အဝ ပြန်ကောင်းဦးမှာ မဟုတ်သေးဘူး။ ယာယီလောက်ပဲ တည်ငြိမ်နေတာ။ နတ်ဘုရားသစ်ပင်ရဲ့ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် ကျုပ်ကို အသက်ရှင်လျက် ထားတာ အကောင်းဆုံးပဲ။ ကျုပ်ခေါင်းက အမွှေးတစ်မျှင်ကိုပဲ ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်လိုက်၊ နောက်တစ်ကြိမ် နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်လာရင် ကျုပ်ဒီအတိုင်း ထိုင်ကြည့်နေမှာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၆၈) နင့်အတွက်ဘာကောင်းလို့လဲ

ရန်ကိုင်၏ အကြောင့်အလန့်ကင်း၊ ယုံကြည်ချက် ရှိသည့် အမူအရာကြောင့် နေမင်းကလန်သားများ တုန့်ဆိုင်းသွားခဲ့၏။

ခေါင်းဆောင်လူအိုကြီးက ထူးထူးဆန်းဆန်း အမူအရာဖြင့် ပြုံးလိုက်ပြီး ရန်ကိုင် ပြောနေသည်ကို အရေးမစိုက်သည့်အလား “ကောင်လေး၊ မင်းသတ္တိက မသေးပါလား။ ဒီလောက်လေးနဲ့ ငါ့တို့ကို ခြောက်လို့ ရမယ် ထင်နေလား။ မင်းမှာအသက် အသက်တစ်သက်ပဲ ရှိတာ။ အခွင့်အရေး ပေးနေတုန်း ယူလိုက်သင့်တယ်။ ဒီနေရာမှာ ငါတို့ ပြောတဲ့အတိုင်းပဲ မင်းလုပ်သင့်တယ်။ ပြန်အထွန့်တက်မနေသင့်ဘူး”

ရန်ကိုင်ကမူ ခေါင်းဆောင်လူအိုကြီးကို ထူးမခြားနား ဟန်ဖြင့်သာ ပြန်စိုက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောခဲ့ချေ။ ချုပ်ကွက်ကို မိထားပြီ ဖြစ်လေရာ အပိုင်ကိုင်ထားခြင်းသည် အကောင်းဆုံး ဖြစ်၏။

နေမင်းကလန်သားများသာ သူဘာလုပ်ခဲ့မှန်း သိသွားသည်နှင့် နတ်ဘုရားသစ်ပင်ကို အားဖြည့်ပေးရန် သူ့အား ယန်အရည်စက်များ အဆက်မပြတ် ထုတ်လုပ် ခိုင်းပေလိမ့်မည်။

ထိုကဲ့သို့ ရန်ကိုင် မဖြစ်ချေ။

သို့သော် သူတို့၏ လေသံအရ နတ်ဘုရားသစ်ပင် ဆင်ကဲ့ပြောင်းလဲနေသည်ကို သူတို့ မသိသေးမှန်း ရန်ကိုင် နားလည်လိုက်၏။ တစ်ခဏလောက် မျက်မှောင် ကြုံ့သွားပြီးနောက် ရန်ကိုင် ရုတ်တရက် နားလည်သွား၏။

နတ်ဘုရားသစ်ပင်၏ ပြဿနာဇာတ်မြစ်ကို သူသိနိုင်ခဲ့ခြင်းမှာ နတ်ဘုရားသစ်ပင်ထဲသို့ သူ့စိတ်စွမ်းအင် ပို့လွှတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။

သို့သော်လည်း နေမင်းကလန်သားများသည် သူ့ကဲ့သို့ မလုပ်နိုင်ချေ။ နတ်ဘုရားသစ်ပင်ထဲရှိ ယန်စွမ်းအင် စီးဆင်းနှုန်းသည် အရမ်းကိုမှ ပြင်းထန်သိပ်သည်းလှရာ သူတို့ စိတ်စွမ်းအင်ကိုသာ အထဲသို့ ပို့လွှတ်လိုက်ပါက ချက်ချင်း လောင်ကျွမ်းသွားပေလိမ့်မည်။

သို့သော် ရန်ကိုင်ကမူ တေဇောဓါတ်အသိစိတ် ပင်လယ်ကို ပိုင်ဆိုင်ထားသည့်အတွက် ထိုကဲ့သို့ မဖြစ်ခဲ့ချေ။

ထိုအချက်အားလုံးကို စဉ်းစားပြီးနောက်း သူ့စိတ်ထဲ ကြွင်းကျန်နေသည့် စိုးရိမ်စိတ်အားလုံး ပျောက်ကွယ် သွားခဲ့ပြီး သတ္တိတို့က အစားထို ဝင်ရောက်လာခဲ့၏။

လက်ရှိ ပြဿနာ၏ အမှန်တရားကို မသိသေးသရွေ့ နေမင်းကလန်သားများသည် သူ့အား ဘာမှ လုပ်ရဲလိမ့်မည် မဟုတ်ချေ။

နေမင်းကလန် ခေါင်းဆောင်သည် မျက်မှောင် ကြုံ့လျက် ရန်ကိုင်ကို မှုတ်ကုတ်ကုတ် အမူအရာဖြင့် စိုက်ကြည့်နေခဲ့၏။ ခဏကြာမှပဲ ရုတ်တရက် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “မင်းရှင်းမပြချင်လည်း ဘာမှ မဖြစ်ဘူး။ အကြောင်းအရင်းကို သိနိုင်မယ့် နည်းလမ်းတွေ ငါတို့မှာ အများကြီး ရှိပြီးသား”

ဤနေရာသည် သူတို့၏ အိမ်ဖြစ်၏။ သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အများကြီး ပိုမြင့်နေသေးရာ ရန်ကိုင်သည် သူ့နည်းလမ်းများကို အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ဟု ခေါင်းဆောင်လူအိုကြီး ယုံကြည်နေမိ၏။

ရန်ကိုင်ကမူ ပခုံးသာ တွန့်ပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

“နတ်ဘုရားသစ်ပင်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်လို့ မင်းတို့ ကံကောင်းသွားတယ်။ ဒါကြောင့် ဒီနေ့ မင်းတို့ကို မသတ်တော့ဘူး။ ဒါပေမယ့် ငါမင်းကို သတိပေးလိုက်မယ်။ ငါတို့ကို လာကစားဖို့ မကြိုးစားနဲ့။ မဟုတ်ရင် ပြန်ပေးဆပ်ရမယ့် တန်ဖိုးကို မင်းတတ်နိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်၏ “စိတ်ချထားလိုက်စမ်းပါ။ ကျုပ်တန်ဖိုး ကျုပ်သိတယ်။ ခင်ဗျားတို့သာ ကျုပ်နဲ့ ကျုပ်အပေါင်းအပါတွေကို ဒုက္ခမပေးသရွေ့ ကျုပ်ကလည်း ခင်ဗျားတို့နဲ့ ပူးပေါင်းပေးမှာ”

“မင်းက စိတ်ဝင်စားစရာပဲ၊ ကောင်းလေ” ခေါင်းဆောင် လူအိုကြီးက လှောင်ပြုံးပြုံးလိုက်၏။

“ဒါပေမယ့် အဲ့မတိုင်ခင် တောင်းဆိုစရာလေး နည်းနည်းပါးပါး ရှိတယ်”

“တစ်လက်မပေးလို့ တစ်ကိုက် မလိုချင်လာနဲ့။ ငါတို့နဲ့ လာပြီး ဆွေးနွေးဖို့ အခွင့်အရေး မင်းမှာမရှိဘူး။ ကြည့်ရတာ ကိုယ့်အခြေအနေကို အခုထိ ကောင်းကောင်း နာမလည်သေးတဲ့ပုံပဲ” ခေါင်းဆောင် လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ကျုပ်အတွက် ပြောနေတာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ နတ်ဘုရားသစ်ပင်အတွက် ပြောနေတာ။ ခင်ဗျားတို့ နတ်ဘုရားသစ်ပင်ကို မြန်မြန် ပြန်ကောင်းစေချင်ရင် ကျုပ်ပြောတာကို နားထောင်ဖို့လိုတယ်။ မကောင်းစေချင်ဘူး ဆိုရင်လည်း ကျုပ်ဘက်မှ ဘာမှ မဖြစ်ဘူးနော်”

နေမင်းကလန်သားအားလုံး မျက်မှောင် ကြုံ့သွားခဲ့ပြီး ရန်ကိုင်ကို မယုံသင်္ကာဖြင့် ကြည့်လိုက်ကြ၏။

“ပြော” ခေါင်းဆောင်လူအိုကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

“အရင်ဆုံး၊ ဒီနေ့ကစပြီး ခင်ဗျားတို့ ကလန်သားတွေ အားလုံး နတ်ဘုရားသစ်ပင်ကနေ ယန်ချီတွေ စုပ်ယူတာ ရပ်တန့်သင့်တယ်။ ကျင့်ကြံချင်တယ်ဆိုရင် ခပ်ဝေးဝေး သွားပြီး ကျင့်ကြံကြ”

“ဘာလို့လဲ”

“နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်ရတာနဲ့ သက်ဆိုင်တာကြောင့်လိုပဲ ပြောနိုင်မယ်” ရန်ကိုင်က ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြန်ပြောလိုက်၏။

နတ်ဘုရားသစ်ပင် ဆင့်ကဲပြောင်းလဲရန်အတွက် စွမ်းအင် အများကြီး လိုအပ်၏။ နေမင်းကလန်သား များသာ နတ်ဘုရားသစ်ပင်မှ ယန်ချီများကို ဆက်လက် စုပ်ယူနေပါက ခံရမည့်သူက သူသာ ဖြစ်ပေလိမ့်မည်။ နတ်ဘုရားသစ်ပင်ကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်သော ယန်အရည်စက်ကို ပေးရသည့် သူသည် သူပင် မဟုတ်လေလော။ နတ်ဘုရားသစ်ပင်နားမှ ယန်ချီများကို နေမင်းကလန်သားများက စုပ်ယူလေ၊ သူပေးရသည့် ယန်အရည်စက် ပိုများလေပင်။

“ဘယ်လိုဟာသလဲ။ စကားလေး တစ်ခွန်းနဲ့ ငါတို့ နေမင်းကလန်ကို မကျင့်ကြံရတော့ဘူးလို့ တားမြစ် လိုက်တာလား” နေမင်းကလန်မှ ပညာရှင် တစ်ယောက်က အော်ဟစ်လိုက်၏။

“ခင်ဗျားတို့သဘော။ ခင်ဗျားတို့ဘာသာ ဘယ်လိုပဲ ဆုံးဖြတ်၊ ဆုံးဖြတ်၊ ကျုပ်ဘက်က အနေသာကြီး။ ကျုပ်က အကြံပေးရုံလေးပဲ”

“ငါတို့ ဘယ်လောက် ရပ်ထားရမှာလဲ” နေမင်းကလန် ခေါင်းဆောင်က မေးလိုက်၏။

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး “နတ်ဘုရားသစ်ပင် မတည်မငြိမ်ဖြစ်တာ ဘယ်လောက် ကြာပြီလဲ”

ခေါင်းဆောင်လူအိုကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏ “သုံးနှစ်လောက်ရှိပြီ။ အစပိုင်းမှာ အရမ်း မသိသာပေမယ့် အချိန်ကြာလာတာနဲ့ အကြိမ်ရေက ပိုပိုပြီး စိပ်လာတယ်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။ နတ်ဘုရားသစ်ပင် စတင် ဆင့်ကဲ့ပြောင်းလဲသည်မှာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သည့်အတွက် ဤနည်းအတိုင်းသာ ဆက်ထိန်းထားပါက မကြာခင်အချိန်အတွင်း နတ်ဘုရား သစ်ပင် ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးသွားပေလိမ့်မည်။

“ကျုပ်ခန့်မှန်းတာသာ မှန်မယ်ဆိုရင် အများဆုံး တစ်နှစ်၊ နှစ်ဝက်လောက် စောင့်ဖို့လိုလိမ့်မယ်။ နှစ်ဝက်တောင် မကြာရင် မကြာတတ်ဘူး”

“ရတယ်” ခေါင်းဆောင်လူအိုကြီးက ခေါင်းညိတ်၍ ရန်ကိုင် တောင်းဆိုချက်ကို သဘောတူလက်ခံလိုက်၏။ တစ်နှစ်ဆိုသောအချိန်သည် သူတို့အတွက် အရမ်းကြီး မကြာလှချေ။

“ဒုတိယအနေနဲ့ ကျုပ်ရဲ့ အစစ်အမှန်ချီကို ပြန်ဖြည့်ဖို့ တစ်ခုခု လိုအပ်တယ်။ နတ်ဘုရားသစ်ပင်က အဲ့သစ်သီး တွေဆို အကောင်းဆုံးပဲ။ ခပ်များများ ရနိုင်ရင် ပိုကောင်းတယ်” ရန်ကိုင်က ထပ်ပြောလိုက်၏။

ရန်ကိုင်၏ ဒုတိယတောင်းဆိုချက်ကို ကြားသော် နေမင်းကလန်သားအားလုံး၏ မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်သွားလေ၏။

ခေါင်းဆောင်လူအိုကြီးက ရယ်မောလိုက်ပြီး “ပိုများလေ ပိုကောင်းလေ ဟုတ်လား။ နတ်ဘုရား သစ်ပင် အသီးတွေကို လိုချင်တိုင်းရတယ်လို့ ထင်နေတာလား။ အသီးတိုင်းက နှစ်ရာပေါင်းများစွာ ကြာပြီးမှ သီးလာတာကွ။ ငါတောင် တစ်လုံးတစ်လုံးကို အလွယ်လေး မခူးရဲဘူး။ အဲ့ဒါကို မင်းက အဲ့အသီးတွေကို လိုချင်နေတယ်ပေါ့။ အိမ်မက်သာ မက်နေလိုက်”

“ဒီမှာ အများကြီး ရှိနေတာ မဟုတ်ဘူး” ရန်ကိုင် အမူအရာ မှုန်ကျသွား၏။ ထိုလူအများသည် အရမ်းကို ကပ်စေးနှဲလွန်းလှ၏။ နတ်ဘုရားသစ်ပင်ထက်တွင် ရင့်မှည့်နေသော သစ်သီးအလုံးရေ ဒါဇင်ကျော် ရှိနေသော်ငြား ရန်ကိုင်ကို တစ်လုံးပင် မပေးချင်ခဲ့။

“အဒါတွေကိုရဖို့ နှစ်ထောင်ပေါင်းများစွာကြာအောင် ငါတို့ အားထုတ်လာခဲ့ရတာကွ။ အပြင်လူတစ်ယောက်ကို ဘာလို့ ယူခွင့် ပေးရမှာလဲ” ခေါင်းဆောင်လူအိုကြီးက ခပ်ပြတ်ပြတ်သာ ပြောချလိုက်၏။

“ကောင်ပြီလေ။ အဲ့အသီးတွေ မရနိုင်မှတော့ မယူတော့ရုံပေါ့။ ယန်ဓါတ်စိတ်ဝိဥာဉ်ဆေးပင်တွေ၊ အသီးတွေ၊ ဆေးလုံးတွေ ဆိုရင်လည်း အဆင်ပြေတယ်။ အဲ့ဒါတွေလည်း မပေးနိုင်ဘူးလို့တော့ လာမပြောနဲ့နော်” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။

ရန်ကိုင်သည် အပေးအကမ်း ရက်ရောသူ မဟုတ်သလို သဘောမနာကောင်းသူလည်း မဟုတ်ချေ။ နတ်ဘုရား သစ်ပင် ဆင့်ကဲပြောင်းလဲရန်အတွက် သူ့ဘက်မှ ယန်အရည်စက် ထောက်ပံ့နေရသဖြင့် နေမင်း ကလန်သားများသည်လည်း သူ့အား တစ်ခုခု ပြန်ပေးသင့်ပေ၏။

“ခင်ဗျားတို့ မြင်တဲ့အတိုင်း နတ်ဘုရားသစ်ပင်ကို တည်ငြိမ်သွားအောင် လုပ်ဖို့အတွက် အစစ်အမှန်ချီ အားလုံးကို အကုန်သုံးပစ်လိုက်ရတာ။ အထောက်အပံ့ ပစ္စည်းတစ်ခုခု မရှိဘဲနဲ့ ကျုပ်ဘာသာကျုပ် ဘယ်လိုလုပ်ပြီး ပြန်ဖြည့်ရမှာလဲ”

ခေါင်းဆောင်လူအိုကြီးလည်း နောက်ဆုံး သဘော မတူချင်တူချင်ဖြင့် သဘောတူလိုက်ရလေ၏ “ကောင်းပြီလေ။ မင်းပြောတာက အဓိပ္ပါယ်ရှိတယ် ဆိုတော့ ငါတို့ဘက်က မင်းကို ထောက်ပံ့ပေးရမှာပေါ့”

“တတိယမြောက်အနေနဲ့…”

“ရပ်လိုက်တော့။ ငါတို့ရဲ့ သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့။ မင်းစိတ်ရှိတိုင်း တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေကို အကုန် လိုက်လျောပေးရအောင် ငါတို့ကို သောက်ရူးတွေလို့ ထင်နေတလား” ခေါင်းဆောင် လူအိုကြီးက မျက်နှာ ရှစ်ခေါက်ချိုး အမူအရာဖြင့် ပြန်ပြောလိုက်၏။

ရန်ကိုင်က ပြန်၍ ခနဲ့လိုက်၏ “ခင်ဗျားတို့က ကျုပ်ကို လိုအပ်တဲ့အတွက် ကျုပ်ကို နေစရာထိုင်စရာ ကောင်းကောင်း ပေးသင့်တယ် မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျုပ်က ဒီနေရာကနေ ထွက်ပြေးနိုင်တာမှ မဟုတ်တာ။ ခင်ဗျားတို့ရဲ့ လှောင်အိမ်ထဲမှာ ကျုပ်ကို ပိတ်ထားချင်နေသေးတာလား”

“ကောင်းပြီလေ”

“ကျုပ်နဲ့ပါလာတဲ့ မိန်းကလေး အဖော်ရယ်၊ နတ်ဆိုး မျိုးနွယ်စုက နှစ်ယောက်ရယ်၊ အဆင်ပြေမယ်ဆိုရင် ကျုပ်တို့ လေးယောက်ကို အတူတူနေခွင့်ပေး”

ထိုစကားကို ကြားသော် ကျိုးချဲ ရန်ကိုင်ကို အံ့အားသင့်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

“ကောင်းပြီလေ” ခေါင်းဆောင်လူအိုကြီးသည် စိတ်မရှည်တော့လေရာ ရန်ကိုင် ထပ်ပြောမည်ကိုပင် မစောင့်တော့ဘဲ “မင်းတောင်းဆိုတဲ့အတိုင်း ငါတို့ လုပ်ပေးမယ်။ ဒါပေမယ့် ငါတို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး ဆိုရင်တော့… မင်းနားလည်ပါတယ်”

“အင်း၊ ကျုပ်ကောင်းကောင်း နားလည်ပြီးသား” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“သူတို့ကို ခေါ်သွားပြီး တောင်းဆိုချက်အတိုင်း လုပ်ပေးလိုက်” ခေါင်းဆောင်လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်၏။

ရန်ကိုင်နှင့် နတ်ဆိုးမျိုးနွယ်စုများကို ခေါ်လာခဲ့သည့် ခေါင်းဆောင်ကပဲ သူတို့ကို ပြန်ခေါ်သွားခဲ့၏။

သူတို့ ထွက်သွားပြီးနောက် နေမင်းကလန် အကြီးအကဲ တစ်ယောက်က မှုတ်ကုတ်ကုတ် မျက်နှာထားဖြင့် ရေရွတ်လိုက်၏ “ဒီကောင်စုတ်လေးက အရမ်း ရိုင်းတာပဲ။ ဓါးစားခံ ဖြစ်တာတောင်မှ ကျုပ်ကို ပြန်အကြပ်ကိုင်သွားတယ်။ သူ့တောင်းဆိုချက် အားလုံးကို ဘာလို့ သဘောတူပေးလိုက်ရတာလဲ ခေါင်းဆောင်”

“ငါသဘောတူပေးလိုက်တာ ငါ့အကြောင်းနဲ့ ငါရှိတယ်။ ပြီးတော့ သူတောင်းဆိုခဲ့တာက အရမ်းကြီး မများဘူးလေ။ သူဘယ်လို နည်းလမ်း သုံးသွားလဲ ဆိုတာကို သိရတဲ့ အချိန်ထိပါပဲ။ နောက်တစ်ကြိမ် နတ်ဘုရားသစ်ပင်ကို တည်ငြိမ်အောင် သူလုပ်တဲ့အခါကျ ငါကိုယ်တိုင် အနီးကပ် စောင့်ကြည့်မယ်။ သူတို့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ အထူးသဖြင့် အဲ့လူငယ်လေးကိုပဲ။ အခုကနေစပြီး သူဘာတွေ လုပ်လဲ ငါအကြောင်းစုံ သိချင်တယ်”

“ဟုတ်ကဲ့ပါ”

----------------------------------

နန်းတော်ငယ်လေး တစ်ခုထဲတွင်၊ ရန်ကိုင်တို့ လေးယောက်သား ထိုင်နေခဲ့ကြ၏။

ရန်ကိုင်တို့အတွက် နေစရာ ပြင်ဆင်ပေးပြီးသည်နှင့် နေမင်းကလန်သားများ ချက်ချင်း ထွက်သွားခဲ့ကြ၏။

သို့သော်လည်း အပြင်ဘက်တွင် သူတို့အား စောင့်ကြည့်နေသော ပညာရှင်များစွာ ရှိနေသည်ကို ကျိုးချဲနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး သိကြ၏။ ထိုလူများသည် ကောင်းကင်စိတ်အာရုံကို အချိန်ပြည့် ဖြန့်ကျက်၍ သူတို့ကို စောင့်ကြည့်နေကြ၏။

သေမင်းခံတွင်းမှ လွတ်မြောက်ပြီးသော်လည်း အကုန်လုံး ကြောက်စိတ်မပြယ်ကြသေး။ အထူးသဖြင့် ကျိုးချဲနှင့် အမည်မသိ နတ်ဆိုးမျိုးနွယ်စုဝင်ပင်။ မည်သည့် အတွက်ကြောင့် ရန်ကိုင်သည် သူတို့အား ကယ်ခဲ့သည်ကိုလည်း နှစ်ယောက်စလုံး နားမလည်ကြသေးချေ။

အခန်းထဲရောက်သည်နှင့် လေးယောက်သား စုထိုင်လိုက်ကြ၏။ ကျိုးချဲသည် ရန်ကိုင်ကို နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်နေခဲ့ပြီး နောက်ဆုံး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် သူ့စိတ်ထဲ အဖြေရှာမရ ဖြစ်နေသော မေးခွန်းကို ထုတ်မေးလိုက်၏။

ရန်ကိုင်ကမူ ပြုံးသာပြုံးလိုက်ပြီး “အကြောင်းပြချက် မယ်မယ်ရရ မရှိဘူး။ ငါတို့အားလုံးက တစ်လှေတည်း စီးနေကြတဲ့ လူတွေလေ။ မင်းတို့ နှစ်ယောက်ကို ကယ်လိုက်လို့လည်း ငါ့ဘက်က အပိုအားစိုက်လိုက်ရတာမှ မဟုတ်တာ။ ဒါကြောင့် မင်းတို့ နှစ်ယောက်ကို ကယ်ခဲ့တာပဲ။ ညီအစ်ကိုကျဲက အခြားရှင်းပြချက် လိုချင်သေးလို့လား”

ကျိုးချဲက ကြောင်အမ်းအမ်း အမူအရာဖြင့် ပါးကို ကုတ်၍ ရုတ်တရက် ကောက်ပြောလိုက်၏ “ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ကြိမ် အကြွေးကို ငါကျိုးချဲ ဘယ်တော့မှ မမေ့ဘူး။ နောက်ပိုင်း အခွင့်အရေးရခဲ့ရင် ဒီကျေးဇူးကြွေးကို ကျိန်းသေ ပြန်ပေးမယ်”

ယခုတစ်ကြိမ်၌ ရန်ကိုင် ဝင်ရှုပ်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျိုးချဲ သေနေလောက်ပေပြီ။

“ညီအစ်ကိုကျိုးက အရမ်းကြီး လေးနက် လွန်းနေတာပဲ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ “ငါတို့ ဒီထဲက ထွက်နိုင်၊ မထွက်နိုင်သေးမှ မသိသေးတာ။ မထွက်နိုင်ခဲ့ရင် ငါတို့အားလုံး သေရမှာ”

“အဲ့အချိန်ကျ သူတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ရတာပေါ့”

“နောက်ကိစ္စ နောက်မှ ရှင်းကျတာပေါ့။ ဟုတ်တယ်။ ဒီနန်းတော်က တော်တော်လေး ကျယ်တော့ မင်းတို့ နှစ်ယောက် နေရာတစ်ခုရှာပြီး နေနှင့်ကြလေ။ အခု လောလောဆယ်တော့ ဘာအန္တရာယ်မှ ရှိဦးမှာ မဟုတ်သေးဘူး။ ငါအမြန် အားပြန်ဖြည့်ဖို့ လိုသေးတယ်”

“အဲ့လိုဆိုရင် ညီအစ်ကိုကို ဆက်မနှောင့်ယှတ် တော့ဘူးနော်။ ကောင်းကောင်း အနားယူလိုက်ပါဦး” ပြောပြီးသည်နှင့် သူ့နောက်လိုက်နှင့်အတူ အမြန် ထွက်သွားလေ၏။

အန်လင်းအာက ထွက်မသွားသေးဘဲ သူမ၏ မျက်ဝန်းလှလှလေးများဖြင့်သာ ရန်ကိုင်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့၏။

“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်ရာ အန်လင်းအာက ဗွင်းဗွင်းရှင်းရှင်းကြီးကို ပြောချလိုက်၏ “နင်လိမ်နေတာပဲ။ နင်ဆိုတဲ့ကောင်က ကျိုးချဲကို အကြောင်းပြချက် မရှိဘဲ ကယ်ရလောက်တဲ့အထိ ကြင်နာတဲ့လူ မဟုတ်မှန်း ငါသိပြီးသား။ နင်ဘာတွေ ကြံစည်နေတာပဲ”

“အလှလေး၊ သိတာများလွန်းရင် နှုတ်ပိတ် ခံရတတ်တယ် ဆိုတာကို မကြားဖူးဘူးလား” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်၏။

“လာနောက်မနေနဲ့။ နင်အဲ့လိုလုပ်မှာ မဟုတ်မှန်း ငါသိတယ်” အန်လင်းအာက အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်၏။ ရန်ကိုင်၏ ဟန်ဆောင် အပြုအမူကို အကြိမ်များစွာ မြင်ဖူးသွားခဲ့ပြီးပြီး ဖြစ်လေရာ မည်သည့် အတွက်ကြောင့် သူခြောက်သည်ကို ကြောက်ရမည်နည်း။ လေသံလေးကို တိုး၍ “နင်ဘာတွေစီစဉ်နေတာလဲ။ သူ့ဆီကနေ ဘာတွေ ညစ်ထုတ်ဖို့ ကြံနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး “ငါ သူကျေးဇူးတင်တာကို လိုချင်နေတာ”

“သူကျေးဇူးတင်တာ ဘာကောင်းလို့လဲ။ ဒီမှာ သူကျေးဇူးတင်ခံရလို့ နင့်အသက်ကို ကယ်မပေး နိုင်ဘူးနော်”

“ဒီနေရာမှာ မကယ်နိုင်ပေမယ့် အပြင်ရောက်ရင်ကော” ရန်ကိုင်က အန်လင်းအာက အဓိပ္ပါယ်ပါပါ ကြည့်၍ ပြောလိုက်၏။

“အပြင်ဘက်လား…” အန်လင်းအာ မျက်မှောင် ကြုံ့သွားခဲ့၏။ ရန်ကိုင် ဘာကို ပြောချင်နေမှန်း သူမ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

“ငတုံး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ရင်သားကြီးတဲ့ မိန်းမတွေက ဦးနှောက်မရှိဘူးလို့ ပြောကြတာ တကယ်ကို မှန်တာပဲ”

“ငါ…” အန်လင်းအာ ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး သူမ၏ တောင်ပို့နှစ်လုံးကို ငုံကြည့်လိုက်ကာ အံကြိတ်၍ ရေရွတ်လိုက်၏ “ဘယ်လောက် ကြီးလို့လဲ”

“မသေးတာတော့ အသေအချာပဲ။ အင်း၊ နင့်ရင်လုံးလေးတွေ ထွားကိတ်နေတာပဲ ” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်၏။

“လူယုတ်မာ။ အရှက်မရှိတဲ့ သူတောင်းစားကောင်” အန်လင်းအာက ဒေါသတကြီး အော်ဟစ်လိုက်၏။ ရှက်လွန်းသဖြင့် သူမ မျက်နှာ၊ လည်တိုင်တစ်လျှောက် ရဲရဲနီမြန်းနေခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၆၉) နတ်ဘုရားသစ်ပင်ကို ကူညီပေးခြင်း

နန်းတော်ထဲတွင်… ရန်ကိုင် အမောဖောက်အောင် ရှင်းပြပြီးနောက် အန်လင်းအာ နားလည်သွားခဲ့၏။

သူခန့်မှန်းချက်သာ မှန်မည်ဆိုလျှင် ဤနေရာမှ လွတ်မြောက်ပြီးနောက် သူတို့ရောက်မည့် နေရာသည် နတ်ဆိုးကုန်းမြေ ဖြစ်ပေလိမ့်မည်။

နတ်ဆိုးကုန်းမြေကို နတ်ဆိုးမျိုးနွယ်စုက အုပ်ချုပ်၏။ ရှေးယခင် အချိန်များကတည်းမှစ၍ လူသားနှင့် နတ်ဆိုးများသည် ရန်သူများ ဖြစ်ခဲ့ကြ၏။ တုန်းရွှမ် လောကကြီးထဲတွင် ကြားဇုံမှလွဲ၍ လူသားနှင့် နတ်ဆိုး ထိပ်တိုက်တွေ့ပြီ ဆိုသည်နှင့် တိုက်ပွဲဖြစ်ကြ၏။

ရန်ကိုင်နှင့် အန်လင်းအာ ကဲ့သို့သော လူသား နှစ်ယောက်သာ နတ်ဆိုးကုန်းမြေထဲ ထွက်ပေါ်လာပါက နတ်ဆိုးမျိုးနွယ်စု၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားလျှင်ပင် လုံလုံခြုံခြုံဖြင့် လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် ကျိုးချဲ၏ အကူအညီကို ရပါက ကွဲပြားသော ဇာတ်လမ်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

ထိုကောင်၏ အဖေသည် နတ်ဆိုးမျိုးနွယ်စု၏ မဟာထိပ်သီး ခေါင်းဆောင်ကြီး လေးဦးထဲမှ တစ်ဦး ဖြစ်၏။ ရန်ကိုင်သာ တစ်ဖက်လူ၏ အကူအညီကို ရပါက အနည်းဆုံး သူတို့အသက် ဆုံးရှုံးရမည်ကို ပူစရာ မလိုတော့ချေ။

ထို့ကြောင့် ရန်ကိုင်သည် ကျိုးချဲအပေါ် ကောင်းပြနေခြင်း ဖြစ်၏။

ထိုစကားကို ကြားသော် အန်လင်းအာသည်ကို ရန်ကိုင်ကို အထင်အမြင် သေးသေးဖြင့် “အဲ့ကျေးဇူးတရား ဆိုတဲ့ စကားအပေါ် မှီခိုချင်နေတာလား။ နင့်ခေါင်းမှာ ပန်းတွေ ပွင့်နေတာလား”

ရန်ကိုင်က နှာခေါင်းရှုံ့၍ “ငါက နင့်ထက် ပိုပြီး ကြိုတွေးထားရုံပဲ။ အရင်ဆုံး ဒီနေရာက ထွက်နိုင်၊ မထွက်နိုင် ဆိုတာလည်း ရှိသေးတယ်လေ။ ငါတို့သာ ဒီဆန်းကြယ် လောကငယ်လေးထဲကနေ မလွတ်မြောက် နိုင်ဘူးဆိုရင် ကျိုးချဲဆိုတဲ့လူက ငါ့သွေးသောက် ညီအစ်ကို ဖြစ်လာရင်တောင် ဘာမှထူးမှာ မဟုတ်ဘူး”

“ငါတို့ ထွက်သွားနိုင်မယ်လို့ နင်ထင်လား” အန်လင်းအာက မျက်လုံးမှေးစဉ်းလျက် နှုတ်ခမ်လေးကို ကိုက်ရင်း စိုးရိမ်ပူပန်နေသည့် လေသံဖြင့် မေးလိုက်၏။

“ငါလည်း မသိဘူး။ အခုကနေစပြီး ငါတို့ ကြိုးစားအားထုတ်နိုင်တဲ့အပေါ် မူတည်လိမ့်မယ်” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်၏။ ယခုလောလောဆယ် အာမမခံရဲသေးချေ။ အကောင်းဆုံး ကြိုးစားမည်ဟုသာ ပြောနိုင်၏။

“အခု တော်ဝင်နယ်မြေ ဘယ်လိုဖြစ်နေမလဲ ငါသိချင်လိုက်တာ” အန်လင်းက ယဲ့ယဲ့လေး သက်ပြင်းချလိုက်၏။

သူတော်စင်မနန်သည် တွေ့ကရာလူ လိုက်သတ်နေသဖြင့် တော်ဝင်သခင် သေဆုံးသွားခဲ့ပြီဟု ဆိုနိုင်၏။ ဆိုလိုသည်မှာ ခေါင်းဆောင် မရှိသဖြင့် ယခုအချိန်၌ တော်ဝင်နယ်မြေ တစ်ခုလုံး ပရမ်းပတာ ဖြစ်နေလေပြီ။

“တော်ဝင်နယ်မြေအကြောင်း မသိပေမယ့် နင့်သူတော်စင်မ ညီအစ်မ သုံးယောက်ကတော့ လုံးဝကို ဒုက္ခအကြီးကြီး ရောက်နေလိမ့်မယ် ဆိုတာတော့ သေချာတယ်”

“အာ…” အန်လင်းအာ၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ တွေးကြည့်လိုက်မှပဲ ရန်ကိုင် ပြောသည်မှာ အရမ်းကို ဖြစ်နိုင်သည်ဟု စဉ်းစားမိ၏။

သူမတို့ အားလုံသည် တူညီသော ကျင့်စဉ်ကို ကျင့်ကြံထားကြသဖြင့် သူတော်စင်မနန်သည် အခြား သူတော်စင်မ အားလုံး၏ နေရာကို အလွယ်တကူ အာရုံခံနိုင်ပေ၏။ အန်လင်းအာသည် ရန်ကိုင်နှင့် လေဟာနယ်လိုဏ်ခေါင်း၏ အကူအညီကြောင့် သူတော်စင်မနန်လက်မှ သီသီလေး လွတ်မြောက် နိုင်ခဲ့၏။ သို့သော် သူမ၏ အခြားညီအစ်မ သုံးယောက်ကမူ သူမကဲ့သို့ ကံကောင်းမည်ဟု မဆိုလိုချေ။ သူတို့ကို လိုက်လံစောင့်ရှောက်နေသည့် သူတော်စင်အဆင့် ပညာရှင် မရှိလေရာ သူတော်စင် ဒုတိယအဆင့် ပညာရှင် တစ်ယောက်၏ တိုက်ခိုက်မှုကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

သူတော်စင်မနန်သည် အခြား သူတော်စင်မ တစ်ယောက်၊ နှစ်ယောက်ကို သတ်ပြီးမှ အန်လင်းအာ ဆီသို့ ရောက်လာခဲ့ခြင်းလည်း ဖြစ်နိုင်၏။

ရန်ကိုင် စကားကြောင့် သေဘေးမှ လွတ်ပြီဟု တွေးကာ ပျော်နေသော အပျော်လေးများ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရကာ သူမ၏ စိတ်အခြေအနေသည်လည်း ဟိုးအောက်ဆုံးသို့ တစ်ဖန် ပြန်လည် ထိုးကျသွားခဲ့ပြန်၏။

“အင်း၊ ငါမပြောဘူးလို့ပဲ သဘောထားလိုက်နော်။ သူတို့ အခြေအနေက ငါတို့ထင်တာထက် ပိုကောင်းရင်လည်း ကောင်းနေနိုင်တယ်လေ၊ မဟုတ်ဘူးလား” ရန်ကိုင်က သူ့စကားကို ပြန်ဖာထေးရန် ကြိုးစားလိုက်၏။ လျှာရှည်ပြီး ပြောလိုက်သည်ကိုပင် နောင်တ ရချင်သွားခဲ့၏။ ထိုကိစ္စသည် သူ့အား မည်သို့မျှ မဖြစ်စေသော်လည်း အန်လင်းအာ အတွက်မှ စိတ်ဓါတ်ကျစရာ ကိစ္စတစ်ခု ဖြစ်ပေ၏။

“အားလုံးက နင့်အပြစ်ပဲ… ငါ့မှာ စိတ်သက်သာရာ ရသေးရုံပဲ ရှိတာကို… အခုတော့ နင်ကြောင့် စိတ်ညစ်ရပြန်ပြီ” အန်လင်းအာက ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး လှည့်ပြေးထွက်သွားလေ၏။

ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့်‌ ခေါင်းခါရမ်းလိုက်ပြီး နောက်တစ်ကြိမ် စကားမများမိစေဖို့ သူ့ကိုယ်သူ သတိပေးလိုက်၏။

နေမင်းကလန်သည် သူတို့စကား သူတို့ တည်ပေ၏။ ရန်ကိုင်တို့ နေရာအသစ်သို့ ပြောင်းပြီး မကြာခင်မှာပဲ ယန်ဓါတ်ဆေးလုံးများ သူ့ဆီ လာပို့ပေးလေ၏။

စုစုပေါင်း ဆေးပုလင်း ဆယ်ပုလင်းရှိပြီး တစ်ပုလင်ချင်းစီထဲတွင် စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးလုံး ဆယ်လုံးစီ ရှိနေခဲ့၏။

ထိုဆေးလုံးများသည် အရမ်းကြီး အဆင့်မမြင့် သော်ငြား အရမ်းကြီးလည်း မဆိုးချေ။

စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးလုံးပုလင်း ဆယ်ပုလင်းကို အကုန်သောက်ရန် သူ့အတွက် နာရီဝက်ပင် မလိုချေ။ ထိုဆေးပုလင်း ဆယ်ပုလင်းလုံးကို သောက်သုံးရင် ကုန်ဆုံးသွားသော ယန်အရည်စက်များကို ပြန်လည် ဖြည့်တင်းလိုက်၏။

သို့သော် ရန်ကိုင် မကျေနပ်သေး။ ယခု အခွင့်အရေးကို အသုံးချ၍ နေမင်းကလန်ကို ရနိုင်သလောက် ညစ်ထုတ်ချင်သေး၏။

တကယ်တော့ နောက်ပိုင်းကျ နတ်ဘုရားသစ်ပင်ကို အကြိမ်ပေါင်းများစွာ ကူညီပေးရမည် မဟုတ်ပေလော။ ထိုသို့ဖြစ်လေရာ ဘာမဟုတ်သော စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးပုလင်း ဆယ်ပုလင်းနှင့် မည်သည့်အတွက်ကြောင့် ကျေနပ်နေရမည်နည်း။

တစ်ဖက်လူ သူ့အား အရမ်းကြီး သံသယ မဝင်သွားစေရန်အတွက် သုံးရက်လောက် စောင့်နေလိုက်၏။ သုံးရက်ကြာပြီးနောက် နေမင်းကလန်ကို ဆေးလုံးများ ထပ်မံ တောင်ဆိုလေရာ သူ့အား စောင့်ကြည့်ရန် တာဝန်ပေးထားခြင်း ခံရသော နေမင်းကလန်သားများ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ကြ၏။

ဆေးပုလင်းဆယ်ပုလင်းသည် သူတို့အတွက် လပေါင်းများစွာ အသုံးခံသော်လည်း ထိုလူသား ကောင်လေးသည် သုံးရက်အတွင်း အကုန်ကုန်အောင် သုံးပြသွားခဲ့၏။

သို့သော်လည်း ရန်ကိုင်သည် ထိုဆေးပုလင်းများကို ဖုံးကွယ်ထားခြင်း၊ ဖျက်စီးပစ်ခဲ့ခြင်း မလုပ်သည်ကို သူတို့ သိ၏။ သူတို့သည် ရန်ကိုင်ကို အချိန်ပြည့် စောင့်ကြည့် နေသည် မဟုတ်ပေလော။ ထို့ပြင် ရန်ကိုင်သည် အပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့သလို သူ့တွင် မည်သည့် သိုလှောင်ပစ္စည်းမှလည်း မရှိချေ။

အသုံးအဖြုန်းကြီးသည့် ရန်ကိုင်ကို ကျိန်ဆဲ လိုက်ပြီးနောက် နောက်ထပ်ဆေးပုလင်း ဆယ်ပုလင်း ထပ်ယူလာပေးခဲ့၏။ ယူလာပေးပြီးသည့်နောက် ချွေချွေတာတာ သုံးရန်ပင် ပြောသွားခဲ့လေ၏။ နေမင်းကလန်အတွက် ထိုဆေးပုလင်း ဆယ်ပုလင်းကို သန့်စင်ရန်မှာ မလွယ်ကူလှချေ။

ရန်ကိုင်က လေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြ လိုက်သော်ငြား စိတ်ထဲတွင်မူ ကြိတ်၍ လှေင်ပြောင် နေခဲ့၏။ အစောင့်များ ထွက်သွားသည်နှင့် ဆေးလုံးများကို ပဲလှော်စားသလို ဝါးစားတော့လေ၏။

စိတ်ဝိဥာဉ်အဆင့်နိမ့် ဆေးလုံးများကို စိတ်ရှိသည့် အတိုင်း ဖော်စပ်နိုင်လေရာ ထိုဆေးလုံးများကို မည်သည့် အတွက်ကြောင့် ချွေတာနေရမည်နည်း။ ဆေးလုံးများကို အပျင်းပြေ ဝါးစားနေခဲ့ရာ နှစ်ရက်အတွင်း အကုန် ကုန်သွားခဲ့၏။

ပြောရလျှင် နေမင်းကလန်မှ ဆေးပညာရှင်များ၏ အရည်အချင်းသည် အရမ်းကိုမှ နိမ့်ကျလွန်းပေ၏။

ဤသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့၏။ ငါးရက်ကြာပြီးနောက် နတ်ဘုရားသစ်ပင် ထပ်မံ မတည်မငြိမ် ဖြစ်လာခဲ့ပြန်၏။

ထိုအခြင်းအရာကို သတိပြုမိသော် ရန်ကိုင်သည် သူ့ကိုယ်သူ ကြိုတင်ပြင်ဆင်ထားလိုက်၏။

ခဏအကြာမှာဘဲ တစ်ယောက်ယောက် သူ့အား လာခေါ်လေ၏။

ယခုတစ်ကြိမ်တွင် အန်လင်းအာနှင့် အခြားသူများ မလိုက်တော့ဘဲ နန်းတော်ထဲတွင်သာ နေကျန်ရစ်ခဲ့လေ၏။

နတ်ဘုရားသစ်ပင်အောက်ဤ နေမင်းကလန်မှ ပညာရှင်များသည် သူတို့ခေါင်းဆောင်နား စိုးရိမ်တကြီး စုဝေးနေခဲ့ကြ၏။ ရန်ကိုင် ရောက်လာသည်ကို မြင်သော် အားလုံး၏ ကောင်းကင်စိတ်အာရုံသည် သူ့ဆီသို့ တစ်ချိန်တည်း စုပြုံကျရောက်လာခဲ့လေ၏။

ရန်ကိုင်ကမူ နည်နးည်းလေးမှ ရှက်ကြောက် စိုးရိမ်ဟန် မပြဘဲ ပေါ့ပေါ့ပါးပါး အမူအရာဖြင့်သာ ရှိနေခဲံ၏။

သူ့အား စောင့်ကြည့်မည်ကို ရန်ကိုင် စိတ်မပူ။ အဘယ်ကြောင့်ဆိုသော် ဤလောကကြီးထဲတွင် သူ့အပြင် အခြားဘယ်သူမှ သူ့ကဲ့သို့ မလုပ်နိုင်သောကြောင့်ပင် ဖြစ်၏။

ထို့ကြောင့် သူ့နည်းလမ်းအား သိသွားမည်ကို ရန်ကိုင် မစိုးရိမ်ချေ။

ရောက်သည်နှင့် မည်သည့် အပိုစကားမှ ပြောမနေတော့ဘဲ နတ်ဘုရားသစ်ပင်ပေါ်သာ တိုက်ရိုက် ခုန်တက်လိုက်၏။ အက်ကွဲကြောင်းကို တွေ့သည်နှင့် ထိုထဲသို့ ယန်အရည်စက် တစ်စက် ထည့်ပေးလိုက်၏။

ယန်အရည်စက် တစ်စက်ချင်းစီတိုင်းသည် ရန်ကိုင် သွေးကြောများထဲရှိ အစစ်အမှန်ယန်ချီ အားလုံးကို ကိုယ်စားပြု၏။

ထိုသို့ဆိုလျှင်ပင် နတ်ဘုရားသစ်ပင်သည် ထိုယန်အရည်စက်ကို အလွယ်တကူ စုပ်ယူသွားခဲ့၏။

နတ်ဘုရားသစ်ပင်မှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် ပိုပို၍ ကြမ်းတမ်းလာခဲ့၏။ နတ်ဘုရားသစ်ပင်သည် ပိုလိုချင်နေသည့် ပုံပင်။

သို့သော် ရန်ကိုင်ကမူ အလျင်လိုခြင်း မရှိဘဲ ယန်အရည်စက်ကို အက်ကြောင်းထဲသို့ တစ်စက်ချင်း၊ တစ်စက်ချင်းသာ ထည့်ပေးနေခဲ့၏။

နေမင်းကလန်သားများသည် ရန်ကိုင်၏ အပြုအမူကို စောင့်ကြည့်နေသော်ငြား ဘာကိုမှ နားမလည်နိုင်ခဲ့ရာ အကုန်လုံး မျက်မှောင် ကြုံ့မိလိုက်ကြ၏။ သိပ်သည်း များပြားလှသော စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ပြန်လည် ပျောက်ကွယ်ဿွားခဲ့၏။

ထိုထပ်တလဲလဲ ဖြစ်နေသော အခြင်းအရာကို ကြည့်ရငန်း အကုန်လုံး မျက်မှောင် ကြုံ့သွားခဲ့၏။

အများစုသည် အနီးသို့ ပိုတိုးကပ်သွား၍ ကြည့်ချင်သော်ငြား ရန်ကိုင်ကို ညစ်ရှုပ်အောင် လုပ်မိမည်ကို စိုးရိမ်နေကြသဖြင့် သူ့အနား ကပ်မသွားနိုင် ဖြစ်နေခဲ့ရ၏။

နာရီဝက်လောက် ကြာပြီးနောက် နတ်ဘုရားသစ်ပင် တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့၏။

ရန်ကိုင်သည် နတ်ဘုရားသစ်ပင်ထဲသို စိတ်စွမ်းအင် ပို့လွှတ်၍ စစ်ဆေးကြည့်ရာ နတ်ဘုရားသစ်ပင်၏ အူတိုင်သည် ပို၍ ကျစ်လစ်သိပ်သည်းလာပြီး ယခင်က ကဲ့သို့ အရမ်းကြီး ပရမ်းပတာ ဖြစ်မနေတော့သည်ကို တွေ့လိုက်ရ၏။

ရန်ကိုင်လည်း ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။ ဤနည်းအတိုင်းသာ ဆက်သွားပါက နတ်ဘုရားသစ်ပင်သည် အသိစိတ်ပိုင်ဆိုင်သည့် ပြီးပြည့်စုံသော သက်ရှိတစ်မျိုးအဖြစ် ပြောင်းလဲရန် အရမ်းကြီး ကြာတော့မည် မဟုတ်ချေ။

ရန်ကိုင် ပြန်ဆင်းလာသည့်အခါ သူ့အမူအရာသည် ယခင်တစ်ကြိမ်ကကဲသို့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာ ဖြူလျော်နေခဲ့ပြီး အစစ်အမှန်ချီလည်း အတော့်ကိုမှ လျော့ပါးနေခဲ့၏။

ရန်ကိုင် ပြန်သက်သာအောင် စောင့်ပြီးနောက် အကုန်လုံး ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ကြ၏။

နေမင်းကလန်၏ ခေါင်းဆောင်လူအိုကြီးက “ကောင်လေး၊ ဆေးလုံးတွေကို မင်းသုံးတဲ့နှုန်းက အရမ်းကို မြန်တယ်ဆို။ ငါတို့ နေမင်းကလန်သားတွေကို အရူးမှတ်နေတာလား”

ရန်ကိုင်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး အသက်တစ်ချက် ရှူသွင်းလိုက်ကာ ပြန်၍ ငြင်းဆိုလိုက်၏ “ကျုပ်ဆေးလုံးတွေ သုံးတာမှန်တယ်။ ဒါပေမယ့် ကျုပ်က နည်းနည်းပဲ အကျိုးအမြတ် ရတာ။ တကယ့် အကျိုးအမြတ် ရနေတာက ခင်ဗျားတို့ရဲ့ နတ်ဘုရား သစ်ပင်ပဲ။ အခုပဲ ကျုပ်ပြောလိုက်မယ်။ ကျုပ်စုပ်ယူလိုက်တဲ့ ဆေးလုံးတွေထဲက စွမ်းအင်စုစုပေါင်းရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ခင်ဗျားတို့ရဲ့ နတ်ဘုရားသစ်ပင်ကပဲ စုပ်ယူသွားတာ။ ကျုပ် အကျိုးအမြတ် နည်းနည်းပါးပါးလေး ရလိုက်တာကိုက အစ ခင်ဗျားတို့က လိုက်ဂရုစိုက်နေတော့မှာလား”

ထိုစကားကို ကြားသော် နေမင်းကလန်မှ အကြီးအကဲများ မျက်မှောင် ကြုံ့သွားခဲ့၏။ ရန်ကိုင် ရှင်းပြချက်နှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသလို ခံစားရသော်ငြား အမှန်တကယ် ဘာဖြစ်သည်ကို ပြန်၍ ငြင်းချက် မထုတ်နိုင် ဖြစ်နေခဲ့၏။

“ဒီတစ်ကြိမ် တစ်ခါတည်း ပြောလိုက်ဦးမယ်။ ကျုပ်ပြောတာကို လေးလေးနက်နက် ထားရင် ကောင်းလိမ့်မယ်။ ဆေးလုံးတွေကို ကျုပ်ပိုလိုတယ်။ များလေ ပိုကောင်းလေပဲ။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ နတ်ဘုရားသစ်ပင် နောက်တစ်ကြိမ် မတည်မငြိမ် ဖြစ်တဲ့အခါကျ ကျုပ်ရဲ့ အစစ်အမှန်ချီက အဲ့ဒါကို ကူညီပေးဖို့ လောက်မယ်လို့ အာမ မခံနိုင်ဘူး”

ရန်ကိုင် တောင်းဆိုချက်ကို ကြားသည်နှင့် နေမင်းကလန် အကြီးအကဲများအားလုံး သုန်မှုန် သွားခဲ့ကြ၏။ ရန်ကိုင်သည် အရမ်းကိုမှ ရိုင်းပြ မောက်မာလာ၏။ ထို့ကြောင့် သူတို့စိတ်ထဲ မကျေမနပ် ဖြစ်သည်မှာ မထူးဆန်းချေ။

“နတ်ဘုရားသစ်ပင်အတွက်သာ တကယ်ဆိုရင် မင်းလိုအပ်တာကို ငါတို့ ထောက်ပံ့ပေးလို့ ရတယ်။ ဒါပေမယ့် မင်းသုံးတဲ့နှုန်းက အရမ်းမြင့်တော့ ငါတို့ဆီက ဆေးပညာရှင်တွေတောင် မင်းနှုန်းအတိုင်း အမှီ မလိုက်နိုင်ဘူး” နေမင်းကလန်ခေါင်းဆောင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

“ဆေးလုံး လုံလုံလောက်လောက် မရှိရင် ဆေးပင်တွေပဲပေး။ ကျုပ်ဘာသာ သန့်စင်မယ်” ရန်ကိုင်က ပြောလိုက်၏။

“မင်းက ဆေးပညာရှင် တစ်ယောက်လား” နေမင်းကလန် ခေါင်းဆောင်က ရန်ကိုင်ကို ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။

“ခင်ဗျားကိစ္စမဟုတ်ဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်၏။

“ကောင်းပြီလေ။ ပြင်ဆင်ပြီးတာနဲ့ မင်းဆီ ပို့ပေးလိုက်မယ်” ကလန်ခေါင်းဆောင်က ခေါင်ညိတ်း၍ ထပ်မေးလိုက်၏ “ဟုတ်သားပဲ။ နတ်ဘုရားသစ်ပင် မတည်မငြိမ်ဖြစ်တာ ဘာလို့ ဒီလောက်မြန်တာလဲ မင်းတို့ ငါ့ကို ရှင်ပြပေးလို့ရမလား”

“ဘာတွေ ရှင်းပြစရာ လိုသေးလို့လဲ။ နတ်ဘုရား သစ်ပင်ကို တစ်ကြိမ် တည်ငြိမ်အောင် လုပ်ပေးပြီးတာနဲ့ နောက်တစ်ကြိမ် ထပ်ပြီး မတည်မငြိမ် ဖြစ်လာတော့ ဘူးလို့ ခင်ဗျားတို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်ဟုတ်ပါ့မလဲ။ ဖြစ်တဲ့နှုန်းက ပိုကြာသင့်တယ်လို့ ထင်လို့ပါ”

အရူးပဲ” ရန်ကိုင်က လှောင်ပြောင်လိုက်၏ “အဲ့လို မတည်မငြိမ် ဖြစ်တာက မြန်လေကောင်းလေပဲ။ နောက်ဆုံး အကြိမ်တစ်ခုအထိ ရောက်သွားပြီမှပဲ ရပ်တန့်သွားမှာ။ တကယ်သာ ဖြစ်နိုင်မယ်ဆိုရင် တစ်နေ့တစ်ကြိမ်တောင် ဖြစ်စေချင်တာ”

“တစ်နေ့တစ်ကြိမ်လား” စုဝေးနေသည့် ပညာရှင် အားလုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။

“အင်း”

“ဟုတ်ပြီ။ မင်းတောင်းဆိုချက်ကို ငါတို့ သဘောတူတယ်။ မင်းသာ နတ်ဘုရားသစ်ပင် ပြန်ကောင်းလာအောင် ကူညီပေးနေသရွေ့ ငါတို့ နေမင်းကလန်လည်းက မင်းကို ပစ်ပယ်မထာပါဘူး။ မင်းက ယန်ဓါတ်ကျင့်စဉ်ကို လေ့ကျင့်ထားမှတော့ ငါတို့ နေမင်းကလန်မှာ မင်းအတွက် သင့်တော်မယ့် သိုင်းပညာရပ်တွေ၊ အထောက်အကူ ပညာရပ်လေးတွေ ရှိချင်ရှိမှာပေါ့” ရန်ကိုင်ကို ကျေးဇူးတင်နေသည့်အလား နေမင်းကလန်ခေါင်းဆောင်သည် ချီကျူးစကားလေးများ၊ အကျိုးအမြတ်လေးများ စတင်ပြောဆို ပေးကမ်း လာခဲ့၏။

ရန်ကိုင်က အပြင်ပန်းတွင် ပြုံးနေသော်ငြား စိတ်ထဲတွင်မူ ကြိတ်၍ လှောင်ပြောင်နေခဲ့၏။ သူသိသလောက်အရ ထိုလူများသည် သူ့အား အစေခံ အလုပ်သမားဟုသာ သဘောထားနေကြသူများ ဖြစ်၏။ သူ့အား သိုင်းပညာရပ်များ ပေးမည် ဆိုလျှင်ပင် အဆင့်နိမ့် သိုင်းပညာရပ်များကိုသာ ပေးပေလိမ့်မည်။

ထိုကြောင့် သူတို့ပေးမည့် သိုင်းပညာရပ်များကို ရန်ကိုင် နည်းနည်းမှပင် စိတ်မဝင်စားချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၀)

ဆန်းကြယ်လောကငယ်အတွင်း အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့၏။

ကျိုးချဲနှင့် အခြားနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည် တစ်နေကုန် ဘာမှ မလုပ်ကြပေ။ နတ်ဆိုးချီနှင့် ကောင်းကင်စိတ်အာရုံ နှစ်ခုစလုံး စည်းခတ်ထားခြင်း ခံရသဖြင့် ကျင့်ပင် မကျင့်ကြံနိုင်ကြရာ နှစ်ယောက်စလုံး အလွန့်ကိုမှ ပျင်းရိငြီးငွေ့ နေခဲ့ကြ၏။

အန်လင်းအာ အတွက်လည်း အတူတူပင် ဖြစ်၏။ ကောင်မလေးသည် သူမ၏ အချိန်အများစုကို ငေးငေးငိုင်ငိုင်ဖြင့်သာ ကုန်ဆုံးနေခဲ့၏။

သူတို့နှင့် နှိုင်းယှဉ်လျှင် ရန်ကိုင်သည် အလွန့်ကိုမှ အလုပ်ရှုပ်နေခဲ့၏။

နေမင်းကလန်သည် စိတ်ဝိဥာဉ် ဆေးပင်များစွာ သူ့ဆီ ပို့ပေးထားသဖြင့် မအားလပ်နိုင်အောင် ဆေးဖော်စပ် နေခဲ့ရ၏။ ထို့အပြင် နေ့စဉ်နေ့တိုင်း နတ်ဘုရားသစ်ပင် ဆီသို့ သွား၍ ယန်အရည်စက်ဖြင့် အားဖြည့်ပေးရ၏။

နေမင်းကလန်သားများ ပို့လိုက်သည့် ဆေးပင် အရည်အသွေးသည် အမြင့်တန်းစားများ ချည်းပင်။ ထို့ကြောင့် ရန်ကိုင်လည်း အတော်လေး ကျေနပ် နေမိ၏။

နေမင်းကလန်မှ ပညာရှင်များသည် ရန်ကိုင်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြ၏။ သို့သော် သူတို့ မည်သို့ပင် စောင့်ကြည့်လေ့လာစေကာမူ ရန်ကိုင်သည် မည်ကဲ့သို့သော နည်းလမ်းကို သုံး၍ နတ်ဘုရား သစ်ပင်အား တည်ငြိမ်အောင် လုပ်ပေးနေသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

ထို့ပြင် နတ်ဘုရားသစ်ပင်ဆီသို့ ရန်ကိုင်နေ့စဉ် သွားသည့် အချိန်မှစ၍ ၎င်းသည် မတည်ငြိမ်သော စွမ်းအင်လှိုင်းများကို တစ်ခါမှ ထုတ်လွှတ်ခြင်း မပြုတော့ချေ။

ထိုအဖြစ်အပျက်ကြောင့် နေမင်းကလန်သားများ အရမ်းကို ပျော်ရွှင်နေခဲ့ကြကာ ရန်ကိုင်အား မသတ်မိခဲ့သည်ကိုပင် ဝမ်းသာနေခဲ့ကြ၏။

သူတို့အား မပျော်မရွှင် ဖြစ်စေသည့် တစ်ခုတည်းသော အရာသည်ကား ရန်ကိုင်၏ ဆေးပင် အသုံးပြုနှုန်းသည် အရမ်းကိုမှ မျာပြားလွန်းနေခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်သည် မည်မျှဖြည့်ဖြည့် မပြည့်နိုင်သော အကန့်အသတ်မဲ့ တွင်းပေါက်ကြီး တစ်ခုနှင့်ပင် တူသေး၏။

ရန်ကိုင်ကို စောင့်ကြည့်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့သုံးစွဲနှုန်းကြောင့် ယခုအချိန်လောက်ဆို ရန်ကိုင်လည်း အကြိမ်ပေါင်းများစွာ စစ်မေးခံရ ပြီသွားလောက်ပေပြီ။

မျက်တောင် တစ်ခတ်အတွင်းမှာပင် လေးလ ကုန်ဆုံးသွား၏။

ယနေ့တွင် ရန်ကိုင်သည် နတ်ဘုရားသစ်ပင်ကို ယန်အရည်စက်ဖြင့် သွားအားဖြည့်ပေးရင်း အခြေအနေကိုပါ တစ်ခါတည်း ဝင်စစ်ဆေးကြည့်လိုက်၏။ မြင်လိုက်ရသော အခြေအနေကြောင့် ရန်ကိုင် ပျော်ရွှင်စွာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

တစ်ချိန်က ပရမ်းပတာ ဖြစ်ခဲ့ဖူးသော စွမ်းအင်အစုအဝေးသည် ယခုအချိန်တွင် စည်းချက်ညီညီ တဒုတ်ဒုတ် မြည်နေခဲ့လေပြီ။ ထို့ပြင် ရန်ကိုင် ရောက်ရှိလာသည်ကို သတိပြုမိပြီးနောက် ရန်ကိုင်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားကြည့်သေး၏။

၎င်းသည် ရန်ကိုင်နှင့် ဆက်သွယ်ရန် ကြိုးစား နေသော်ငြား သူ့ကိုယ်သူ မည်ကဲ့သို့ ဖော်ပြရန်မှန်း မသိ ဖြစ်နေခဲ့၏။

၎င်းသည် နတ်ဘုရားသစ်ပင် ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးတော့မည့် အရိပ်လက္ခဏာ ဖြစ်မှန်း သိသည်နှင့် ရန်ကိုင် စိတ်အားတက်ကြွသွား၏။ လက်ရှိ အရှိန်ဖြင့်ဆိုပါက နတ်ဘုရားသစ်ပင် အနေနှင့် ပြီးပြည့်စုံသော အသိစိတ်ကို ရရှိရန် အလွန်ဆုံး နှစ်လလောက်သာ လိုတော့ပေမည်။

ခဏအကြာ၌ အားနည်းဖျော့တော့နေသည့် မျက်နှာဖြင့် သစ်ပင်ပင်စည်ထက်မှ ခုန်ဆင်းလာခဲ့၏။ အောက်သို့ရောက်သော် သူ့ကိုယ်သူ အရင် ပြန်အားဖြည့်လိုက်ပြီးနောက် နေမင်းကလန်မှ အကြီးအကဲဘက် လှဉ့်ကာ ပြောလိုက်၏ “အခုကနေစပြီး ကျုပ်ဒီမှာပဲ နေတော့မယ်”

“ဒီမှာနေမှာလား” နေမင်းကလန် အကြီးအကဲက အံ့အားသင့်နေသည့် အမူအရာဖြင့် ပြောလိုက်၏။

“ဟုတ်တယ်။ ကျုပ်စိုးရိမ်နေတဲ့ အရာလေးတွေ ရှိ့နေလို့။ ဖြစ်နိုင်ရင် နေ့စဉ် ပြေးလွှားနေရမယ့်အစား ဒီမှာပဲနေပြီး နတ်ဘုရားသစ်ပင်ကို အနီးကပ် စောင့်ကြည့် လေ့လာချင်တာ။ ပြီးတော့ အဲ့လိုဆိုရင် နတ်ဘုရားသစ်ပင် တစ်ခုခု ဖြစ်တာနဲ့ ကျုပ်ဘက်ကလည်း ချက်ချင်း တုန့်ပြန်နိုင်မယ်လေ”

“ဒီမှာနေတာက ပြဿနာမရှိဘူး။ ဒါပေမယ့် မင်းတစ်ခုခု ကြံနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ”

နေမင်းကလန် အကြီးအကဲက ရန်ကိုင်ကို မယုံကြည်သည့် ဟန်ဖြင့် စိုက်ကြည့်လိုက်၏။

“ကျုပ်အကြောင်း ကျုပ်သိတယ်။ ခင်ဗျားတို့က ကျုပ်ကို တစ်ချိန်လုံး စောင့်ကြည့်နေကြတာပဲ မဟုတ်ဘူးလား။ ခင်ဗျားတို့ရဲ့ အကြည့်အောက်မှာ ကျုပ်ဘာလုပ်နိုင်မှာ မို့လို့လဲ” ရန်ကိုင်က ရယ်မောလိုက်၏။

“မင်းနေရာ မင်းသိရင် ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်နဲ့ အရင်တိုင်ပင်ရလိမ့်မယ်” အကြီးအကဲက ပြောလိုက်၏။

“အဲ့လိုဆိုရင် သတင်းကောင်းကို ကျုပ်စောင့်နေမယ်” ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ သူနားနေသည့် နေရာသို့ ပြန်သွားလိုက်၏။

ပြန်ရောက်သည့်အခါ အန်လင်းအာကို နတ်ဘုရားသစ်ပင်အနားတွင် သွားနေတော့မည့် အကြောင်း ပြောလိုက်သည့်အခါ ကောင်မလေးမှာ ချက်ချင်းဆိုသလို စိုးရိမ်ပူပန်လာတော့လေ၏။

“နင်ထွက်သွားရင် ငါဘာလုပ်ရမှာလဲ။ ကျိုးချဲနဲ့ သူ့မိတ်ဆွေက ဒီမှာ နေနေသေးတယ်လေ”

အန်လင်းအာ ပြောမှပဲ သူလည်း ထိုအချက်ကို သတိရလိုက်၏။

ကျိုးချဲသည် ယခုအချိန်ထိ ကောင်းကောင်း ပြုမူပြနေသော်ငြား ရန်ကိုင် မရှိသည့်အချိန် အန်လင်းအာကို တစ်ခုခု မလုပ်ဘူးဟု မည်သူမှ အာမမခံနိုင်ချေ။ ကျိုးချဲက မဆင်မခြင် မလှုပ်ရှားလျှင်ပင် အသက်ရှင်နေသော နောက်ထပ် နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ရှိနေပေသေး၏။

နတ်ဆိုးမျိုးနွယ်စုဝင်များသည် သူတို့ စိတ်ရှိတိုင်း လုပ်တတ်ကြသည့် ကြမ်းတမ်းပြီး ရက်စက်သော လူများဖြစ်၏။ တစ်ပါးသူ ပြောသည်ကို ငြိမ်ငြိမ်ဆိမ်ဆိမ်ဖြင့် နာခံမည့် လူမျိုး မဟုတ်ကြချေ။

“အဲ့လိုဆို နင်ငါနဲ့လိုက်ခဲ့။ ငါ့ဝေယျာဝစ္စ ကိစ္စတွေကို ကူလုပ်ပေးဖို့ တစ်ယောက်ယောက်ကို လိုအပ်လို့လို့ သူတို့ကို ငါပြောလိုက်မယ်။ ဒီလို ကိစ္စလေးလောက်ကို သူတို့လည်း မကန့်ကွက်လောက်ပါဘူး”

“အင်း” အန်လင်းအာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ယခုမှပင် သူမ စိတ်သက်သာရာ ရသွားခဲ့၏။

နောက်တစ်နေ့၊ သူ့တောင်းဆိုချက်ကို သဘောတူကြောင် နေမင်းကလန် အကြီးအကဲက ရန်ကိုင်ကို လာပြောခဲ့၏။ ရန်ကိုင်ကလည်း အန်လင်းအာကိုပါ သူနှင့်အတူ ခေါ်သွားလိုကြောင်း တစ်ခါတည်း ပြောခဲ့၏။

အကြီးအကဲသည် ခဏလောက်သာ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။ ယခုကဲ့သို့ ကိစ္စလေးအတွက်နဲ့ ကလန်ခေါင်းဆောင်ကို သွားအလုပ်ရှုပ်စရာ မလိုချေ။

ကျိုးချဲတို့ကို ပြောပြီးနောက် ရန်ကိုင်သည် အန်လင်းအာနှင့်အတူ နန်းတော်မှ ထွက်လာခဲ့၏။

အန်လင်းအာကို ရန်ကိုင်နှင့်အတူ နေထိုင်ခွင့် ပေးသော်လည်း ရန်ကိုင်ကဲ့သို့ နတ်ဘုရားသစ်ပင်ပေါ် တက်ခွင့် မပေးခဲ့ဘဲ အောက်ဘက်တွင်သာ နေခိုင်းခဲ့၏။

သို့သော် ၎င်းသည် အန်လင်းအာအတွက် ထူးခြား မသွားခဲ့ပေ။ ရန်ကိုင်နှင့် အဝေးကြီးတွင် မနေရသရွေ့ သူမအတွက် အဆင်ပြေ၏။ သူမ ယခုကဲ့သို့ လုံခြုံနေရခြင်းမှာ ရန်ကိုင်သည် သူမအား ကာကွယ်ပေးထားသောကြောင့် ဖြစ်ကြောင်း အန်လင်းအာ သိ၏။ ရန်ကိုင်သာ မရှိလျှင် သူမသည် ယခုအချိန်၌ နတ်ဘုရားသစ်ပင်အတွက် အာဟာရဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် နေမင်းကလန်အတွက် ကစားစရာ တစ်ခု ဖြစ်နေပေလိမ့်မည်။

ထိုကဲ့သို့ ဘဝမျိုး ရောက်သွားမည်ကို အန်လင်းအာ အရမ်း ကြောက်မိ၏။ ပင်စည်ထက်တွင် ရန်ကိုင်သည် အက်ကြောင်းမှ တစ်ဆင့် နတ်ဘုရားသစ်ပင်ထဲသို့ ယန်အရည်စက် အနည်းငယ် ချပေးလိုက်၏။ ယမန် နေ့ကကဲ့သို့ နတ်ဘုရားသစ်ပင်သည် သူ့နှင့် ဆက်သွယ်ရန် ကြိုးစားလာသေး၏။ သို့သော် နတ်ဘုရားသစ်ပင်သည် သူ့ကိုယ်သူ ကောင်းကောင်း မဖော်ပြတတ်သေးချေ။

ရန်ကိုင်သည် နတ်ဘုရားသစ်ပင် အူတိုင် ရှိရာသို့ စိတ်စွမ်းအင် ပို့လွှတ်၍ နတ်ဘုရားသစ်ပင်ကို ငြိမ်သက်အောင် ကြိုးစားရင်း သူ့ကိုယ်သူ မည်ကဲ့သို့ သရုပ်ဖော်ပြရမည်ကိုလည်း သင်ပေးခဲ့၏။

နတ်ဘုရားသစ်ပင်ကို အချိန်အတော်ကြာအောင် ယန်အရည်စက် ထောက်ပံ့လာပေးခဲ့ပြီးနောက် ၎င်းသည် ရန်ကိုင်အပေါ် မှီခိုလာရုံသာမက ရန်ကိုင်က ၎င်းကို နှစ်သိမ့်ပေးသည့် အချိန်၌ ချက်ချင်း တည်ငြိမ်သွားသည့် အပြင် ပျော်ပင်ပျော်သွားခဲ့သေး၏။

ဤသို့ဖြင့် အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့၏။

နတ်ဘုရားသစ်ပင်နှင့် မဆက်သွယ်သည့်အချိန်၌ ရန်ကိုင်သည် အန်လင်းအာကို အဖော်ပြုပေးနေခဲ့၏။

နတ်ဘုရားသစ်ပင် မြန်နိုင်သမျှ မြန်မြန် ဆင့်ကဲ ပြောင်းလဲစေရန် အလို့ငှာ ရန်ကိုင်သည် အစစ်အမှန် ယန်ကျင့်စဉ်ကို တစ်ချက်ကလေးပင် မလှည့်ပတ်ခဲ့ချေ။

နတ်ဘုရားသစ်ပင်၏ ပြောင်းလဲမှုကို ၎င်းနှင့် ပုံမှန် အဆက်အသွယ် လုပ်နေသည့် ရန်ကိုင် တစ်ယောက်သာ သိ၏။

ပရမ်းပတာ ဖြစ်နေသော စွမ်းအင်များသည် တဖြည်းဖြည်း သိပ်သည်းလာခဲ့ကာ အသွင်သဏ္ဍာန် ပြောင်းလဲမှုတစ်ခုခု ဖြစ်ပွားခါနီး ဖြစ်လာခဲ့၏။

တစ်လနှင့်တစ်ရက်လောက် ကြာပြီးနောက် နတ်ဘုရားသစ်ပင်ထဲသို့ စိတ်စွမ်းအင် ပို့လွှတ်ကြည်သည့် အခါ နတ်ဘုရားသစ်ပင် အူတိုင်မှ စိတ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ ယခု အပြည့်အဝ မွေးဖွားလာခဲ့ပြီ ဖြစ်သော အသိစိတ် သေးသေးလေး တစ်ခုကို ရန်ကိုင် အသေအချာ ခံစားနေမိ၏။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး နတ်ဘုရားသစ်ပင် အူတိုင်ကို ကောင်ကင်စိတ်အာရုံ ထုတ်လွှတ်၍ အသေအချာ စစ်ဆေးကြည့်လိုက်၏။

သူ့ကောင်းကင်စိတ်အာရုံသည် နတ်ဘုရာသစ်ပင်၏ အူတိုင်ကို ထိသွားသည်နှင့် တစ်ပြိုင်နက် အူတိုင်ဆီမှ ပူပြင်းလှသည့် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်ကို ချက်ချင်း ရစ်ပတ်သွားခဲ့၏။

မိဘရင်ခွင်ထဲ ပျော်ရွှင်စွာ ရယ်မောနေသည့် မွေးကင်းစ ကလေးတစ်ယောက်၏ ရယ်သံကဲ့သို့သော အသံတစ်သံ နတ်ဘုရားသစ်ပင် အူတိုင်ဆီမှ ထွက်ပေါ်လာခဲ့၏။

သူ့တွင် တေဇောဓါတ်အသိစိတ်ပင်လယ် ပိုင်ဆိုင်ထား၍သာ ကံကောင်းသွားခဲ့၏။ တေဇောဓါတ် အသိစိတ်ပင်လယ်ကိုသာ ပိုင်ဆိုင်ထားခြင်း မရှိခဲ့လျှင် နတ်ဘုရားသစ်ပင် ထုတ်လွှတ်လိုက်သည့် အရှိန်အဝါ၏ ရစ်ပတ်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ဝိဥာဉ်ပုံရိပ် ချက်ချင်း လောင်ကျွမ်း ခံလိုက်ရပေလိမ့်မည်။

နတ်ဘုရားသစ်ပင်ဆီ သူ့အတွေးကို ပို့လွှတ်လိုက်မှပဲ သူ့အား ရစ်ပတ်ထားသော အရှိန်အဝါသည် တဖြည်းဖြည်း ပြန်လည် လျော့ကျသွားခဲ့၏။

ထိုအခြင်းအရာကြောင်း ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ယခုအချိန်၌ နတ်ဘုရား သစ်ပင်သည် အပြည့်အဝ ဆင့်ကဲပြောင်းလဲသွားခြင်း မရှိသေးချေ။ သို့သော် အသိစိတ်ရရန်အတွက် ခြေတစ်လှမ်းသာ လိုတော့၏။

ထိုအသိစိတ်လေး စိတ်ပျက်သွားသည်ကို သတိပြုမိသော် ရန်ကိုင်က နတ်ဘုရားသစ်ပင်ကို အမြန် ပြန်နှစ်သိမ့်ပေးလိုက်ရာ အသိစိတ်လေးသည် နောက်တစ်ဖန် ပြန်လည် မြူးကြွလာခဲ့၏။

နတ်ဘုရားသစ်ပင်နှင့် နှစ်နာရီလောက်ကြာအောင် အချိန်ဖြုန်း ဆော့ကစားပေးလိုက်ပြီးနောက် နတ်ဘုရား သစ်ပင်အူတိုင်သည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး အိပ်မောကျသွားခဲ့၏။ မည်သည့် စိတ်စွမ်းအင်လှိုင်းကိုမှ မထုတ်လွှတ်တော့ချေ။

ရန်ကိုင် သက်ပြင်းတစ်ချက်လိုက်ပြီး ပင်စည်ထဲမှ သူ့အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်၏။ အပြင်ရောက်သည်နှင့် သူ့တစ်ကိုယ်လုံး အရမ်းကိုမှ ပင်ပန်းနွမ်းနယ်သလို ရန်ကိုင် ခံစားလိုက်ရ၏။

အပြည့်အဝ ဆင့်ကဲပြောင်းလဲသွားခြင်း မရှိသေးသည့် သက်ရှိအသွင်သဏ္ဍာန်နှင့် ဆက်ဆံရခြင်းသည် သူတော်စင် အဆင့် ပညာရှင်တစ်ယောက်ကို တိုက်ခိုက်ရသည်ထက်ပင် ပိုခက်ခဲသလို ရန်ကိုင် ခံစားလိုက်ရ၏။ ထိုအသိစိတ်လေးသည် ဘာကိုမှ မသိသေးဘဲ သူ့ခံစားချက်များကို အမူအရာဖြင့်သာ ဖော်ပြနိုင်၏။

ဤနေရာတွင် ဖြစ်ပျက်သွားသည်များကို နေမင်း ကလန်သားများ မသိစေရန် အလို့ငှာ ရန်ကိုင်သည် ထိုကလေးကြမ်းလေးကို အဆက်မပြတ် ချော့မြူခဲ့ရ၏။ ထိုကဲ့သို့ ချော့မြူခဲ့ရသဖြင့် သူ့စိတ်စွမ်းအင်လည်း အတော့်ကိုမှ ကုန်ခမ်းသွားခဲ့ရ၏။

သို့သော်လည်း အခြေအနေသည် ရန်ကိုင် မျှော်လင့်ထားသည်နှင့် အနည်းငယ် လွဲချော်နေခဲ့၏။

နတ်ဘုရားသစ်ပင်ကို ယန်အရည်စက် တိုက်ကျွေး ရခြင်းသည် သူနှင့် အန်လင်းအာတို့အတွက် အချိန်ဆွဲလိုသည်က တစ်ကြောင်း၊ နတ်ဘုရားသစ်ပင် အပြည့်အဝ ဆင့်ကဲပြောင်းလဲသွားပြီးချိန် မည်ကဲ့သို့သော သက်ရှိမျိုး ဖြစ်လာမည်ကို စောင့်ကြည့်လိုသည်က တစ်ကြောင်း တို့ကြောင့် ဖြစ်ပေ၏။

သို့သော် နတ်ဘုရားသစ်ပင်ကို ယန်အရည်စက် တောက်လျှောက် တိုက်ကျွေးခဲ့သဖြင့် နတ်ဘုရား သစ်ပင်သည် သူ့အပေါ် မှီတွယ်၊ ယုံကြည်ကိုးစား လာလိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။

နတ်ဘုရားသစ်ပင်သည် ရန်ကိုင်အား သူ့မိသားစုဝင် တစ်ယောက်နှင့် အထင်လွဲမှားနေသည့်ပုံပင်။

အချို့သတ္တဝါလေးများ မွေးမွေးလာခြင်း ပထမဆုံး မြင်သည့် မျက်နှာကို မိဘဟု သတ်မှတ်သည့် ပုံမျိုးပင်။

နတ်ဘုရားသစ်ပင်၏ လက်ရှိ အခြေအနေကို ယခုကဲ့သို့သာ ဖော်ပြနိုင်ပေ၏။ သူ့ထင်မြင်ချက်နှင့် ပက်သက်၍ အတပ်မဆိုအပ်သော်ငြား မည်သို့ပင်ဖြစ်စေ ယခုအခြေအနေသည် ဆိုးရွားသော အဖြစ်အပျက် တစ်ခုမဟုတ်ချေ။

ခဏလောက် အနားယူပြီးနောက် ရန်ကိုင် အားပြန်ပြည့်လာခဲ့၏။ နတ်ဘုရားသစ်ပင်သည် ရန်ကိုင်နှင့် အချိန်အတော်ကြာသည်အထိ ဆော့ကစား ခဲသည့်အတွက် အားအင်ကုန်ခမ်း မောပန်းသွားသည့်ပုံပင်။ နောက်ရက်များအတွင်း ပင်စည်ထဲသို့ သူ့အသိစိတ်ကို ရန်ကိုင် ပို့လွှတ်ကြည့်လိုက်သော်လည်း နတ်ဘုရား သစ်ပင်သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့၏။

ငါးရက်ကြာပြီးမှသာ နောက်တစ်ကြိမ် ပြန်နိုးလာခဲ့၏။

ယခုတစ်ကြိမ်၌ ၎င်း၏ အသိစိတ်သည် ပို၍ ကြည်လင် ရှင်းလင်းလာခဲ့လေပြီ။ ရန်ကိုင်၏ ဝိဥာဉ်နှင့် အတူတူ ကစားနိုင်ရုံမက နည်းနည်းပါးပါးပင် ပြောဆိုဆက်သွယ် နိုင်လာခဲ့လေပြီ။

သို့သော်လည်း ၎င်း၏ အတွေးများသည် မသဲမကွဲ၊ ဝိုးတဝါးတား ဖြစ်နေသဖြင့် အများစုကို ရန်ကိုင် နားမလည်နုင်ခဲ့ချေ။ တစ်ယောက်ယောက် သူ့ကိုယ်သူ စကားပြောနေသည်ကို နားထောင်နေရသည်နှင့်ပင် တူ၏။

ရန်ကိုင်လည်း ကူကယ်ရာမဲစွာဖြင့်သာ ပြုံးလိုက်နိုင်ပြီး နတ်ဘုရားသစ်ပင်ကို တတ်နိုင်သလောက် အဖော်ပြုပေးလိုက်၏။

ယခုကဲသို့ အချိန်ဖြုန်းခြင်းသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ရ၏။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့၏။ နေမင်းကလန်သားများသည် နေ့စဉ်နေ့တိုင်း အခြေအနေကို လာရောက်စစ်ဆေး၏။

နတ်ဘုရားသစ်ပင်သည်း ရက်အနည်းငယ်ကြာ တစ်ခါ နိုးလာတတ်ပြီး နိုးလာပြီးသည့် အချိန်တိုင်း ၎င်း၏ ဝိဥာဉ်သည် ယခင်ကထက် ပို၍ ပြီးပြည့်စုံလာ၏။ နိုးလာပြီး ရန်ကိုင်နှင့် စိတ်ရှိသလောက် ဆော့ကစားပြီးနောက် နောက်တစ်ကြိမ် ပြန်အိမ်မောကျသွား၏။

နောက်ပိုင်း နတ်ဘုရားသစ်ပင် အိပ်မောကျသည့် ရက်အပိုင်းအခြားသည် ပိုပို၍ တိုတောင်းလာခဲ့၏။ အစပိုင်းတွင် ငါးရက်ဆက်တိုက် အိပ်စက်သော်ငြား နောက်ပိုင်းရောက်လာသည်နှင့် လေးရက်၊ လေးရက်မှတစ်ဆင့် သုံးရက်၊ ထို့နောက် နှစ်ရက်…

၎င်း၏ အတွေးများသည်လည်း ယခင်ကထက် ပိုမို ကြည်လင်လာခဲ့ရာ နတ်ဘုရားသစ်ပင် ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးတော့မည်မှန်း ရန်ကိုင် သိလိုက်၏။

All Chapters